← Chapters

အခန်း (၈၂၉-၈၃၀)

Vol. 51 Ch. 829-830

အခန်း (၈၂၉-၈၃၀)

Vol. 51 Ch. 829-830

အပိုင်း (၈၂၉)

ဤရှင်းပြချက်ကို ကြားချိန်မှာတော့ ဘုရင်မက ချက်ချင်း နားလည်သွား၏။ ယခုအချိန်မှာတော့ ဘုရင်မအီဒါက ဇာတ်လမ်းတစ်ခုလုံး၏ အကြောင်းရင်းနှင့် ရလဒ်ကို နားလည်သွား၏။ အိမ်မက်ဆိုး တောင်ခြေတွင် နှစ်ပေါင်း တစ်သောင်းကျော် မီးတောင်ကို ထိန်းချုပ်ထားနိုင်သည့် စွမ်းအင်လုံးကြီး ပေါက်ကွဲတော့မှာ ဖြစ်၏။

တစ်စုံတစ်ယောက်က ဤဖြစ်ရပ်ကို အသုံးချပြီး အမေဇုန်နိုင်ငံတော်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်မည့် ထိတ်လန့်ဖွယ်ရာ ပူးပေါင်းကြံစည်မှုကို လုပ်ဆောင်ခဲ့၏။ ရှမ့်လန်နှင့် သူ၏ဖခင်တို့က ဤပူးပေါင်းကြံစည်မှုကို သိရှိသောကြောင့် အမေဇုန်နိုင်ငံတော်ကို ကယ်တင်ရန် အချိန်မီ ရောက်ရှိလာခဲ့ခြင်းပင်။

ထိုအခိုက်မှာတော့ ဘုရင်မအီဒါက ပိုမိုကာ အံ့အားသင့်သွား၏။ ဤကဲ့သို့သော ဉာဏ်ပညာမျိုးက တကယ့်ကို အံ့အားသင့်စရာကောင်းပြီး လျှို့ဝှက်ဆန်းကြယ်၏။ ရှမ့်လန် ပြသခဲ့သည့် ဉာဏ်ပညာက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ရှိသေးကြောင်း သူမ သိရှိသွားသည်။

အမေဇုန်နိုင်ငံတော်ကို ကယ်တင်ရန် ယခုကဲ့သို့ လျှို့ဝှက်သော လုပ်ဆောင်ချက်များကို သာမက လောကကြီး၏ အမှန်တရားကိုပါ နားလည် သဘောပေါက်ရန် လိုအပ်၏။ ထိုအထဲတွင် အဆုံးမဲ့သည့် ရှေးခေတ်၏ အသိပညာနှင့် ဉာဏ်ပညာများလည်း ပါဝင်နေ၏။

ဘုရင်မအီဒါက ဤကဲ့သို့သော ဉာဏ်ပညာမျိုးကသာ တကယ့်အစွမ်းထက်သည့် အရာဟု ခံစားမိ၏။ လူသားတို့၏ တိုက်ခိုက်ရေး စွမ်းရည်က အကန့်အသတ် ရှိသော်လည်း ဉာဏ်ပညာကတော့ အကန့်အသတ် မရှိဘဲ လောကကြီးကို ဖျက်ဆီးပစ်နိုင်သည်။

.................

ပုရောဟိတ်မကြီးက ဘုရင်မအီဒါ၏ ရှေ့တွင် ဒူးထောက်နေ၏။

ဘုရင်မအီဒါက အေးစက်စက်နှင့် မေးသည်။ “ဆရာမကြီးက ကျွန်မရဲ့ ဆရာတင် မကဘူး။ ကျွန်မအမေရဲ့ ဆရာလည်း ဖြစ်ခဲ့တယ်။ ဆရာမကြီးက အမေဇုန် နိုင်ငံတော်တစ်ခုလုံးမှာ အလေးစားခံရဆုံး ပုဂ္ဂိုလ်ပဲ။ ဘာလို့ ကျွန်မတို့ကို သစ္စာဖောက်ရတာလဲ။”

ဤပုရောဟိတ်မကြီးက အသက် ၇၀ ကျော်နေပြီ ဖြစ်၏။ သို့သော်ငြား မထင်ရချေ။ ရှမ့်လန်က သူမကို အသက် ၄၀၊ ၅၀ လောက်သာ ထင်ရ၏။ သူမက ဆွဲဆောင်မှု ရှိသည်ထက်ပို၏။ အမေဇုန် အမျိုးသမီးများ၏ သွေးဆုံးခြင်းက ဤမျှလောက်ပင် ကြာမြင့်သည်လား။

ပုရောဟိတ်မကြီးက ရှမ့်လန်ကို ကြည့်၏။ “လူစိမ်း... မင်းက မရေတွက်နိုင်တဲ့ အမျိုးသမီး စစ်သည်တော်တွေကို ကုသပေးခဲ့တယ်။ ဒါက ကိစ္စမရှိဘူး။ မင်းက ဘုရင်မကြီးကို ကုသပေးခဲ့ပြီး ရွှေရောင်မျိုးဆက်ကို ဆက်ခံခွင့်ပေးခဲ့တယ်။ ဒါက လွဲမှားနေပြီ။ ပြီးတော့ အမေဇုန်နိုင်ငံတော် ပျက်စီးမှာကို မင်း မတားသင့်ခဲ့ဘူး။ ဒါကြောင့် ငါ မင်းကို သတ်ကို သတ်ရမယ်။”

ထိုစကားကို ကြားချိန်မှာတော့ အားလုံးက အံ့အားသင့်သွား၏။ အဘယ်သို့သော ယုတ္တိဗေဒနည်း။

“အမေဇုန်နိုင်ငံတော်လို ပုံသဏ္ဍာန်မမှန်တဲ့ နိုင်ငံမျိုးက ပျက်စီးသင့်တာ ကြာပြီ။”

ပုရောဟိတ်မကြီးက အော်ဟစ်လိုက်သည်။ “ဒါက ဒီလောကကြီးထဲမှာ မရှိသင့်တဲ့နိုင်ငံပဲ။ ပျက်စီးသွားသင့်တာကို ဘာလို့ ကယ်တင်နေတာလဲ။”

ရှမ့်လန်ပင် မျက်လုံးပြူးသွား၏။ အမေဇုန်နိုင်ငံတွင် မိမိနိုင်ငံကို မုန်းတီးနေသူ ရှိနေသည်လား။ ရှမ့်လန်က မေးလိုက်၏။ “လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ပြင်ပလူတွေ ပူးပေါင်းပြီး ပိရမစ်ရဲ့ စွမ်းအင်ဗဟိုချက်ကို ကိုယ့်ဘာသာ ဖျက်ဆီးအောင် လုပ်ဆောင်ခဲ့တာ ဆရာမကြီးပဲ မဟုတ်လား။”

ပုရောဟိတ်မကြီးကပြော၏။ “အဲဒီ ဖျက်ဆီးမယ့် ယန္တရားအကြောင်း ငါ ဘာမှမသိဘူး။ တစ်စုံတစ်ယောက်က အမေဇုန်နိုင်ငံတော်ကို ဖျက်ဆီးချင်တယ်ဆိုရင် ငါ သေချာပေါက် ကူညီမှာပဲ။ ငါက ဒီနိုင်ငံကို ဖျက်ဆီးပစ် ချင်တာကိုး။ ငါကိုယ်တိုင် သေရမယ် ဆိုရင်တောင်မှ လုပ်မှာပဲ။”

မင်းသမီးဒိုဟာရာနှင့် အမျိုးသမီးစစ်သည်တော်များက သူတို့၏ဘဝကိုပင် သံသယ ဝင်လာခဲ့၏။ ဤပရောဟိတ်ကြီး က အမေဇုန်နိုင်ငံ၏ ပညာရှိကြီးပင်။ သူမက ဘုရင်မကြီးပြီးလျှင် အာဏာအရှိဆုံး ပုဂ္ဂိုလ်ပင်။ အဘယ့်ကြောင့် မိမိနိုင်ငံကို ဖျက်ဆီးချင်နေရသနည်း။

ပုရောဟိတ်မကြီးက ဘုရင်မအီဒါကို ကြည့်ကာဖြင့် အော်ဟစ်လိုက်၏။ “မင်းရဲ့ အမေက ငါ့ရဲ့ ကလေးကို သတ်ခဲ့တယ်။ ငါ ဘာမှားခဲ့လို့လ။ ငါလည်း တခြား အမေဇုန် အမျိုးသမီးတွေလိုပဲ မျိုးစေ့ငှားကျွန်းကိုသွားပြီး မျိုးဆက်ပြန်ပွားဖို့ အမျိုးသားတစ်ယောက်ကို ရှာခဲ့တယ်။

အမေဇုန် အမျိုးသမီး အားလုံးက မိန်းကလေးတွေပဲ မွေးကြပေမဲ့ ငါတစ်ယောက်တည်းက ယောက်ျားလေး မွေးခဲ့တယ်။ ငါ ဘာမှားခဲ့လဲ။ ငါ မင်းအမေရဲ့ ရှေ့မှာ ဒူးထောက်ပြီး ငါ့ကလေးကို ခေါ်ပြီး ပြည်နှင်ဒဏ် အပေးခံပါ့မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ မင်းရဲ့အမေက 'ယောက်ျားလေး မွေးတာက ကံမကောင်းတာပဲ' လို့ ပြောတယ်။ သူက ငါ့ကို ဖမ်းချုပ်ပြီး ငါ့ကလေးကို ပင်လယ်လှိုင်းတွေထဲကို ပစ်ချခဲ့တယ်။ ငါ့ကလေးကို သူ သတ်ခဲ့တာပဲ။”

လူတိုင်းက ထိုစကားကို ကြားချိန်မှာတော့ ဘုရင်မအီဒါကို လှမ်းကြည့်၏။ ဤကဲ့သို့သော လျှို့ဝှက်ချက် ရှိနေသည်လား။ ဤပုရောဟိတ်မကြီးက အမေဇုန်နိုင်ငံကို အဘယ်ကြောင့် ဤမျှထိ မုန်းတီးနေရသနည်းကို သိရှိသွားခဲ့ကြသည်။

ဘုရင်မအီဒါက မေး၏။ “ဒါဆိုရင် ကျွန်မ ကိုယ်ဝန်မရအောင် လုပ်ခဲ့တာလည်း ဆရာမကြီးပဲ မဟုတ်လား။”

“ဟုတ်တယ်... ငါပဲ။”

ပုရောဟိတ်မကြီးက ပြောသည်။ “ငါ့ကိုငါ အရမ်းစိတ်ပျော့ခဲ့တဲ့အတွက် အပြစ်တင်ရမယ်။ ငါ မင်းကို မသတ်ရက်ခဲ့ဘူး။ မင်း ကိုယ်ဝန်မရအောင်ပဲ နည်းလမ်းရှာခဲ့တာ။ ငါ အရမ်း စိတ်ပျော့ခဲ့တယ်။ ဟင့်... ဟင့်... ငါ့ကလေးလေး... သနားစရာ ငါ့ရဲ့ ကလေးလေး...”

ဘုရင်မအီဒါက သက်ပြင်းတစ်ချက်ချ၏။ ပြီးနောက် ထိုင်ချလိုက်၏။ “ဆရာမကြီး... ဆရာမကြီးရဲ့ သားလေးက မသေပါဘူး။ ကျွန်မအမေ ပင်လယ်လှိုင်းထဲကို ပစ်ချလိုက်တာ ကလေးအတုပါပဲ။ သူက အပြစ်မရှိတဲ့ကလေး တစ်ယောက်ကို ဘယ်လိုလုပ် သတ်မှာလဲ။ သူက ကလေးကို ပြင်ပလောကကို ပို့ဆောင်ပြီး မွေးစားမယ့် မိသားစုတစ်ခုဆီကို ပေးအပ်ခဲ့တယ်။”

ပုရောဟိတ်မကြီးက ထိုစကားကိုကြားချိန်မှာတော့ အံ့အားသင့်၏။ ဘုရင်မအီဒါကို မယုံကြည်နိုင်သလို ကြည့်သည်။

“ဒါကဆရာမကြီးသားရဲ့ မွေးကင်းစ ဆံပင်လေးပဲ။ အခု ဆရာမကြီးကို ပြန်ပေးတယ်။” ဘုရင်မအီဒါက သေတ္တာတစ်လုံးကို လှမ်းပေး၏။

ပုရောဟိတ်မကြီးက အားလုံးကို ငေးကြည့်နေမိ၏။ သူက သေတ္တာလေးကို ဖွင့်ကာ ကြည့်ရှုသည့် အချိန်မှာတော့ နူးညံ့လှသည့် ရွှေရောင်ဆံပင်များကို မြင်ရသည်။

“အား... အား..” ရုတ်တရက် ပုရောဟိတ်မကြီးက စူးရှစွာ အော်ဟစ်၍ သူမက ခေါင်းနှင့် မြေပြင်ကို ရိုက်ပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ရန် ကြိုးစား၏။ သို့ပေမည့် သူမ၏လုပ်ဆောင်ချက်ကို ဘုရင်မအီဒါက တားဆီးလိုက်၏။

ဘုရင်မ အီဒါက ပြောသည်။ “ဆရာမကြီးမှာ အပြစ်ရှိတယ်။ ဒါကြောင့် ဆရာမကြီးကို ပြည်နှင်ဒဏ် ပေးပါတယ်။ ဆရာမကြီးဆန္ဒရှိတယ်ဆို ဆရာမကြီးရဲ့သားကို သွားရှာလို့ရတယ်။”

ပုရောဟိတ်မကြီးက ငိုယိုပြီး မြေပြင်ပေါ်သို့ ပုံလျက် လဲကျသွား၏။

.................

နောက်တစ်ရက်မှာတော့ ရှမ့်လန်က အမေဇုန်နိုင်ငံတော်မှ ထွက်ခွာခဲ့ပြီး ဘုရင်မအီဒါက သူ့ကို လိုက်ပါ ပို့ဆောင်၏။ သူမက ရုတ်တရက် တည်ကြည်စွာဖြင့် မေးလိုက်သည်။ “ရှင် အရင်က ပြောခဲ့တာတွေက အတည်ပဲလား။”

ရှမ့်လန်က မေးမြန်းလိုက်၏။ “ကျုပ် ဘာပြောခဲ့လို့လဲ။”

ဘုရင်မအီဒါက ပြောသည်။ “ရှင် ပြောခဲ့တာက...”

သာယာလှပသည့် အမေဇုန်ကျွန်းစု၏ကမ်းခြေတွင် ရှမ့်လန်နှင့် ဘုရင်မအီဒါတို့က အနာဂတ်အတွက် သဘောတူညီချက် ကတိကဝတ် တစ်ချို့ကို တိတ်တဆိတ်ဖြင့် ဖလှယ် ညှိနှိုင်းခဲ့ကြ၏။

အနှစ်ချုပ်ရမည်ဆိုလျှင် နှစ်ယောက်သား ကလေးယူရန်ပင်။ သူက ထိုအမှု၌ ကျွမ်းကျင်လှသူဖြစ်၏။ ကံဆိုးသည်မှာ အရှင်မ၏မျိုးဥကြွေချိန်သည် လွန်ခဲ့သော ရက်အနည်းငယ်က ကျော်လွန်သွားခဲ့ချေပြီ။ သို့သော်လည်း အကြိုလေ့ကျင့်ခန်း ပြုလုပ်ထားသည်က အကောင်းဆုံး မဟုတ်ပါလား။ ပွဲမဝင်ခင် အပြင်က ကျင်းပသင့်သည်။

ဤကမ်းခြေ၌ ဖြစ်စေဦးတော့ အဆင်ပြေသည်။ အမေဇုန်ဘုရင်မနိုင်ငံတွင် မည်သည့်အမျိုးသားမှ မရှိသောကြောင့် ဘုရင်မ၏တင်ပါးကို သူတပါးမြင်တွေ့သွားမှာ စိုးရိမ်စရာမလိုချေ။

ဘုရင်မအီဒါက မေးမြန်း၏။ “ဧကရာဇ်ရှမ့်လန်... ကျွန်မတို့အမေဇုန်မျိုးနွယ်စုရဲ့ ရိုးရာဓလေ့ကို ရှင်သိလား။”

ရှမ့်လန်က ပြန်လည်ဖြေကြားသည်။ “သိတာပေါ့။”

ဘုရင်မအီဒါက ဆို၏။ “နောက်တစ်လကြာရင် အမေဇုန်မျိုးနွယ်စုရဲ့ နှစ်ပတ်လည် မျိုးဆက်ရာသီ ရောက်တော့မယ်။ ကျွန်မလည်း မျိုးစေ့ငှားဖို့ အဲဒီကျွန်းကို သွားရလိမ့်မယ်။ အဲဒီအချိန်ကျရင် ရှင်ပေးထားတဲ့ ကတိကို တည်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။”

အခု ချက်ချင်းလုပ်လို့ မရဘူးလား။ ဒီနေရာမှာတင် မရဘူးလား။ ကျုပ် အောင့်ထားရတာ ကြာပြီ။ အခုဆိုရင် နွားတစ်ကောင်လုံးကိုတောင် မျိုချမိတော့မတတ် ဆာလောင်နေတာ။

သို့သော်ငြား ရှမ့်လန်က တည်ကြည်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒါဆိုရင်လည်း ကျုပ် စောင့်ရမှာပေါ့။”

ဤနေရာ၌တစ်ခုခု ပြုလုပ်ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့၏။

သို့သော်ငြား သူ၏နှလုံးသားထဲ၌ မေးခွန်းတစ်ခု ရှိနေသည်။ သူမက တစ်သက်တာတွင် တစ်ကြိမ်တည်းသော သာယာမှုကိုသာ ခံစားမည်လား။ ထိုသို့ဆိုလျှင် နွားကျောင်းသားနှင့် ရက်ကန်းမယ်တို့ထက်ပင် ပို၍ ဆိုးရွားနေမည် မဟုတ်ပါလား။ ထိုသူနှစ်ဦးကမှ အနည်းဆုံး တစ်နှစ်လျှင် တစ်ကြိမ် တွေ့ဆုံနိုင်ကြသေးသည်။ (တရုတ်ပုံပြင် - နွားကျာင်းသားလေးနှင့် နတ်ပြည်မှ ရက်ကန်းမလေးတို့ရဲ့ အချစ်ပုံပြင်၊ တစ်နှစ်လျှင် တစ်ကြိမ်သာ တွေ့နိုင်ပြီး ထိုနေ့ကို ချစ်သူများနေ့အဖြစ်သတ်မှတ်ကြသည်)

ထို့နောက်တွင် ဘုရင်မသည် သင်္ဘောပေါ်တက်၍ ရှမ့်လန်အား ပို့ဆောင်ရန် ဆက်လက်မောင်းနှင်သည်။ အမေဇုန်ကျွန်းနှင့် ပို၍ပို၍ ဝေးကွာလာသည်နှင့်အမျှ နောက်ကွယ်မှ လူအများ၏ လိုက်လံ ပို့ဆောင်သံများမှာလည်း တိတ်ဆိတ် သွားတော့၏။

သင်္ဘောသည် ကျောက်ဆောင်ဘီလူးများကြား၌ လျင်မြန်စွာ မောင်းနှင်သွားခဲ့သည်။

“ဒီကျောက်ဘီလူးတွေဆီကို အလည်အပတ် သွားချင်လား။” ဟု ဘုရင်မ အီဒါက မေးမြန်းလိုက်၏။

ရှမ့်လန် က ဖြေလိုက်သည်။ “သေချာတာပေါ့”

စကားမဆုံးသေးမီမှာပင် ဘုရင်မ အီဒါသည် ရှမ့်လန်ကို ဆွဲပွေ့ကြီး ကျောက်ဘီလူးတစ်ခု၏ ဦးခေါင်းထက်သို့ ရောက်ရှိသွားတော့၏။

“ဒီကျောက်ဘီလူးတွေဟာ ကျွန်မတို့ရဲ့ ပင်လယ်ပြင်တံတိုင်းတွေပဲ။ မျိုးဆက်ပေါင်းများစွာ ရန်သူ့ ကျူးကျော်မှု ကနေ ကာကွယ်ပေးခဲ့တာ” ဘုရင်မ အီဒါက ရှင်းပြသည်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒီဘီလူးရုပ်တုတွေကို ခင်ဗျားတို့ ထွင်းထုထားတာလား၊ ဒါမှမဟုတ် အရင်တည်းက ရှိနေတာလား။”

ဘုရင်မအီဒါက ဖြေသည်။ “အနည်းဆုံးတော့ ကျွန်မတို့သမိုင်းစတည်းက ဒီအတိုင်း ရှိနေခဲ့တာပဲ”

ရှမ့်လန်က ခဏ တုံ့ဆိုင်းသွားပြီးမှ မေးလိုက်၏။ “နတ်ဆရာမကြီးက သားတစ်ယောက်မွေးခဲ့တယ်ဆိုတာ ထူးခြားတဲ့ အဖြစ်အပျက်တစ်ခုလား။”

ဘုရင်မအီဒါက ဖြေသည်။ “မဟုတ်ဘူး။ အရမ်း ရှားပါးပေမယ့် တစ်သန်းမှာ တစ်ယောက်တော့ ရှိတတ်ပါတယ်။”

ရှမ့်လန်က မေးမြန်း၏။ “အဲဒီ မွေးလာတဲ့ယောက်ျားလေးတွေကရော ဘယ်လိုဖြစ်သွားကြလဲ။”

ဘုရင်မအီဒါက ဖြေသည်။ “ရှင် ကျွန်မတို့ရဲ့ ဘိုးဘေးအစဉ်အဆက် သွန်သင်ချက်တွေကို သိသင့်တယ်။ အမေဇုန်ဘုရင်မနိုင်ငံထဲကို ဝင်လာတဲ့ ဘယ်ယောက်ျားမဆို သေရမယ်။ ဒီထဲမှာ မွေးဖွားလာသူတွေလည်း ပါဝင်တာပေါ့။ ဒါကြောင့် ရှေးကျတဲ့ရိုးရာအရဆိုရင် အဲဒီယောက်ျားလေးတွေကို ပြင်းထန်တဲ့ ပင်လယ်လှိုင်းလုံးတွေထဲ ပစ်ချခဲ့ကြတာ အမှန်ပဲ။”

ရှမ့်လန်၏ မျက်နှာက မသိမသာဖြင့် တွန့်ရှုံ့သွားသည်။ မည်သည့်အကြောင်းပြချက်ကြောင့် ဖြစ်စေကာမူ ထိုသို့သော ပြုမူချက်က ရက်စက်လွန်းသည်။

ဘုရင်မအီဒါက ဆက်ကာ ပြော၏။ “ဒါပေမဲ့ ဒီလောကမှာရှိတဲ့ လူအများစုဟာ နှလုံးသားမဲ့သူတွေ မဟုတ်ကြပါဘူး။ ကျွန်မတို့အမေဇုန်တွေလည်း အပါအဝင်ပေါ့။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာလောက်ကစပြီး ယောက်ျားလေးတစ်ယောက် မွေးတိုင်း သူ့ကို ပြင်ပလောကဆီ တိတ်တဆိတ် ပို့ဆောင်ပြီး မိသားစုတစ်ခုခုကို မွေးစားစေခဲ့တယ်။ ဒါက ဘုရင်မတစ်ဦးတည်း သိတဲ့ လျှို့ဝှက်ချက်ပေါ့။ တစ်ဖက်မှာလည်း လူသားဆန်မှုကို မဖောက်ဖျက်သလို၊ အခြားတစ်ဖက်မှာလည်း ဘိုးဘေးတွေရဲ့သွန်သင်ချက်ကို အနည်းငယ် လိုက်နာရာ ရောက်တာပေါ့။”

ရှမ့်လန်က မေးမြန်းသည်။ “အမေဇုန် စစ်သည်တော်တွေဟာ မျိုးဆက်ပေါင်းများစွာ ဒီပိရမစ်ကြီးကို စောင့်ကြပ် လာခဲ့ကြတယ်။ သတ်မှတ်ထားတဲ့ တာဝန်တစ်ခုခု ရှိနေလို့လား။”

ဘုရင်မအီဒါက ဖြေ၏။“ရှိတာပေါ့”

ရှမ့်လန်က မေးလိုက်သည် “ဘာတာဝန်လဲ”

ဘုရင်မ အီဒါက ဖြေ၏။ “အမေဇုန် စစ်နတ်ဘုရားကို ကာကွယ်ဖို့ပဲ”

ရှမ့်လန် မှင်တက်သွားသည်။ ဤသည်မှာ အဘယ်ကဲ့သို့သော ကျိန်စာသင့်တာဝန်နည်း။ ဤလောကတွင် စစ်နတ်ဘုရား ဟူသည် မရှိချေ။

ဂရိဒဏ္ဍာရီထဲတွင်လည်း စစ်နတ်ဘုရား အေရိစ် (Ares) သည် လူကောင်းဇာတ်ကောင် မဟုတ်ပေ။ သူသည် သွေးဆာခြင်း၊ သတ်ဖြတ်ခြင်း၏ ပြယုဂ်ဖြစ်၏။ DC ရုပ်ရှင် Wonder Woman ထဲ၌ပင် စစ်နတ်ဘုရားကို သိက္ခာချရန် မမေ့လျော့ခဲ့ကြပေ။

ဘုရင်မအီဒါက ပြောသည်။ “အမေဇုန်တွေမှာ ဘိုးဘေးသွန်သင်ချက်တွေ အများကြီးရှိတယ်။ အချို့က ကောင်းတယ်၊ အချို့က ဆိုးတယ်။ ဒါပေမဲ့ ကျွန်မတို့ လိုက်နာရမှာပဲ။”

ရှမ့်လန်က ပြောလိုက်၏။ “ဒါဆိုရင် မျိုးစေ့ကျွန်းကို သွားရမယ်ဆိုတဲ့ သွန်သင်ချက်က ကောင်းတယ်လို့ ခင်ဗျား ထင်လား။”

“အင်မတန် ကောင်းတာပေါ့။”

ဘုရင်မအီဒါက ပြန်မေးလိုက်သည်။ “ရှင်က ဒါကို အရမ်းရုပ်ပျက်တယ်လို့ ထင်နေတာလား။”

ရှမ့်လန်က ပြောလိုက်၏။ “ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူး။ ပြီးတော့ ကျုပ်ကလည်း လူယုတ်မာ တစ်ယောက်ဆိုတော့ ဝေဖန်ဖို့ အရည်အချင်း မရှိပါဘူး”

ဘုရင်မ အီဒါက ပြောသည်။ “ရှင် ဘာကိုဆိုလိုတာလဲဆိုတာ ကျွန်မ နားလည်ပါတယ်။ ယောက်ျားနဲ့ မိန်းမ အတူနေဖို့ တစ်ဦးပေါ်တစ်ဦး မေတ္တာရှိရမယ်လို့ ရှင်ထင်နေတာပဲ။ မျိုးပွားဖို့အတွက် ယောက်ျားတစ်ယောက် ဆီက မျိုးစေ့ယူတယ်ဆိုတာ ရယ်စရာကောင်းတယ်လို့ ရှင်မြင်နေတာပေါ့။”

သူ ဆိုလိုသည်မှာ ဤအတိုင်းပင် ဖြစ်၏။

ဘုရင်မအီဒါက ဆိုသည်။ “တကယ်တော့ တချို့သောအမေဇုန်တွေက တစ်ကိုယ်တည်းနေထိုင်သူတွေ ဖြစ်တာကြောင့် မျိုးစေ့ကျွန်းကို တစ်ခါမှ မသွားခဲ့ကြဘူး။ တချို့ကလည်း သူတို့နှစ်သက်တဲ့ ယောက်ျားကို ရှာမတွေ့တာကြောင့် လက်ဗလာနဲ့ ပြန်လာခဲ့ကြတာတွေ ရှိတယ်။

ကျွန်မတို့က ပြင်ပလောကက အမျိုးသမီးတွေနဲ့ အတူတူပါပဲ။ ကျွန်မတို့မှာလည်း ခံစားချက်တွေ ရှိတယ်။ မျိုးပွားတဲ့အချိန်မှာလည်း ကျွန်မတို့က အင်မတန် နှစ်သက်တဲ့ ယောက်ျားတစ်ယောက်ကိုပဲ ရွေးချယ်တာပါ။ ဆွဲဆောင်မှု ရှိရမယ်။ လိင်အင်္ဂါချင်း ဆုံစည်းမှုမှာ သက်ဝင်မှုတွေရှိရမယ်။

ခဏတာ ဆက်ဆံတာမို့ ခံစားချက်မရှိဘူးလို့ ယူဆလို့ မရဘူး။ ပြီးတော့ ကျွန်မတို့က ပြင်ပလောကက အမျိုးသမီးတွေထက် ပိုပြီး သစ္စာရှိကြတယ်။ အနည်းဆုံးတော့ ကျွန်မတို့လူမျိုးတွေဟာ တစ်ကြိမ်မျိုးပွားပြီးရင် မျိုးစေ့ကျွန်းကို ဘယ်တော့မှ ထပ်မသွားကြတော့ဘူး။ အမေဇုန်အများစုက သူတို့ဘဝမှာ ယောက်ျား တစ်ယောက်တည်းကိုပဲ ထိတွေ့ခဲ့ကြတာ။

နောက်တစ်လ မျိုးပွားခြင်းအခမ်းအနားကျရင် ရှင် မျိုးစေ့ကျွန်းကို မပျက်မကွက် လာမှာလား။”

ရှမ့်လန်က ပြောလိုက်သည်။ “သေချာပေါက် လာခဲ့မယ်။”

အပိုင်း (၈၃၀)

ဘုရင်မ အီဒါက ပြော၏။ “ဒါဆိုရင် ဒါဟာ ချိန်းဆိုမှုတစ်ခုပဲ။ အဲဒီအချိန်ကျရင် နောက်ထပ်ပုံစံသစ်တစ်ခုနဲ့ တွေ့ကြတာပေါ့။”

ထို့နောက် သူမက ရှမ့်လန်ကို ပွေ့ချီ၍ ကျောက်ဆောင်ဘီလူးထက်မှ ခုန်ဆင်းပြီး သင်္ဘောပေါ်သို့ ပြန်လည် တက်ရောက်သည်။

သင်္ဘောက ရှေ့သို့ ဆက်လက်ခရီးနှင်သည်။ ကျောက်ဆောင်ဘီလူးများဖြင့် တည်ဆောက်ထားသော ပင်လယ်တံတိုင်းကို ကျော်လွန်ပြီးနောက် သူတို့က အမေဇုန်ဘုရင်မနိုင်ငံမှ ထွက်ခွာခဲ့ပြီဟု ယူဆနိုင်၏။

ဘုရင်မ အီဒါက မေးမြန်းလိုက်သည်။ “ဧကရာဇ်ရှမ့်လန်... ရှင် မပြောရသေးတဲ့ စကားတွေ ရှိသေးလား။”

သူမ ဆိုလိုသည်ကို ရှမ့်လန် သိသည်။ သူ မည်သည့်ကမ်းလှမ်းချက်မှ မတောင်းဆိုသည်မှာ သေချာလားဟု ဘုရင်မက မေးမြန်းနေခြင်းပင်။ သူက အမေဇုန်ဘုရင်မနိုင်ငံကို ယခုတင် ကယ်တင်ပေးခဲ့သည် မဟုတ်ပါလား။

သို့သော်ငြား ပိရမစ်အောက်တွင်ရှိစဉ်တည်းက ရှမ့်လန်က ဘုရင်မနိုင်ငံကို ကယ်တင်ခြင်းနှင့် ပတ်သက်၍ မည်သည့်ကမ်းလှမ်းချက်မှ မရှိကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်၏။

ထွက်ကျလာမည့် မျက်ရည်ကိုအောင့်ထားရလျှင်ပင် သူက သူ၏ကြွားလုံးကို အဆုံးတိုင်အောင် ထိန်းထားရ ပေမည်။

ရှမ့်လန်က အံကိုကြိတ်ပြီး ခေါင်းကို ခပ်ပြင်းပြင်း ညိတ်လိုက်သည်။ “မရှိပါဘူး။”

ဘုရင်မအီဒါက မေးသည်။ “ရှင်က ကျွန်မတို့ ဘုရင်မနိုင်ငံတစ်ခုလုံးကို ကယ်တင်ခဲ့တာပဲ။ တကယ်ပဲ ဘာမှ မတောင်းဆိုဘူးလား။”

ရှမ့်လန်က စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်၏။ “မရှိဘူးဆိုရင်လည်း မရှိဘူးပေါ့။ ထားလိုက်ပါတော့။”

ပေးချင်ရင်လည်း ပေးလိုက်။ မပေးချင်ရင်လည်း အပိုတွေ ပြောမနေနဲ့တော့။

ဘုရင်မအီဒါက ပြောသည်။ “အမေဇုန်ဘုရင်မနိုင်ငံကို လာရတဲ့ ရှင့်ရဲ့ ရည်ရွယ်ချက်က ကျွန်မတို့ကို သိမ်းပိုက်ဖို့လို့ ရှင်အရင်က ပြောဖူးတယ်နော်။”

မှားနေပြီ၊ ခင်ဗျားကို သိမ်းပိုက်ပြီးမှ အမေဇုန်တွေရဲ့ သစ္စာရှိမှုကို သွယ်ဝိုက်ပြီး ရယူဖို့ပဲ။

သို့သော်လည်း ယခုကြည့်ရသည်မှာ သူ အရှင်မကို သိမ်းပိုက်နိုင်လျှင်ပင် အမေဇုန်တစ်ခုလုံးကို သိမ်းပိုက်နိုင်ရန် မသေချာသယောင် ရှိနေ၏။

ဘုရင်မအီဒါက ဆိုသည်။ “အနောက်လောကမှာ ရှင့်ရဲ့ အခြေအနေက... လုံးဝကို...”

အရှင်မက အရှေ့တိုင်းစကားပုံတစ်ခုကို ပြန်လည်အမှတ်ရရန် ကြိုးစားနေသကဲ့သို့ သူမ၏ဦးနှောက်ကို အစွမ်းကုန် အလုပ်ပေးနေ၏။

“လက်ဗလာနဲ့ အစကနေ ပြန်စနေရတာလား။” ဟု ရှမ့်လန်က ထောက်ပေးလိုက်သည်။

“ဟုတ်တယ်၊ ရှင်ဟာ အနောက်လောကမှာ လက်ဗလာနဲ့ အစကနေ ပြန်စနေရတာပဲ။”

ဘုရင်မ အီဒါက ပြောလိုက်၏။ “ဒါကြောင့် ရှင့်အတွက် ကျွန်မတို့ရဲ့ စစ်တပ်ကို သေချာပေါက် လိုအပ်လိမ့်မယ်။ ဒါပေမဲ့ ရှင် ကျွန်မတို့ရဲ့ ဘိုးဘေးသွန်သင်ချက်ကိုလည်း သိထားပါတယ်။ ဘယ်အမေဇုန် စစ်သည်တော်မှ အမေဇုန်ပင်လယ်ပြင်ကနေ ထွက်ခွာခွင့် မရှိဘူး။

ဘိုးဘေးတွေရဲ့ သွန်သင်ချက်ဟာ အင်မတန် တန်ခိုးဩဇာ ကြီးမားတယ်။ မကြိုက်ရင်တောင် အဲဒါကို လိုက်နာရမှာပဲ။ ဒါကြောင့် စိတ်မကောင်းပါဘူး၊ ရှင် စိတ်ပျက်လိမ့်မယ်လို့ ထင်ပါတယ်။ အမေဇုန်ဘုရင်မနိုင်ငံရဲ့ စစ်တပ်ဟာ ရှင့်အပေါ် သစ္စာမခံနိုင်သလို၊ ရှင့်နောက်ကိုလည်း မလိုက်နိုင်ပါဘူး။”

ရှမ့်လန်က တိတ်ဆိတ်သွား၏။

ဘုရင်မအီဒါက မေးမြန်းလိုက်သည်။ “အခုကော …. ရှင် ပြောစရာတစ်ခုခု ကျန်သေးလား။”

ရှမ့်လန်က ပြောလိုက်၏။ “မရှိတော့ပါဘူး”

“ဒါဆိုရင် နှုတ်ဆက်ပါတယ်”

ဘုရင်မ အီဒါက ဆိုသည်။ “နောက်တစ်လလောက်နေရင် ပြန်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်။”

ထို့နောက် ဘုရင်မအီဒါသည် ပေါ့ပါးစွာ ခုန်ထွက်၍ သင်္ဘောပေါ်မှ ထွက်ခွာသွားတော့သည်။ သူမက ကျောက်ဆောင်ဘီလူး၏ ဦးခေါင်းထက်သို့ ခုန်တက်၏။ သူမ၏ နှုတ်ဆက်ခြင်းက ပြီးဆုံးသွားခဲ့ပြီ။

ရှမ့်လန်သည် လှေငယ်ကို စီးနှင်ပြီး ကျောက်ဆောင်ဘီလူးများကြားမှ ဖြည်းညင်းစွာ ထွက်ခွာလာခဲ့၏။ သူက လုံးဝကို ထွက်ခွာလာခဲ့ပြီ ဖြစ်၏။

သူ တစ်ဦးတည်းသာ ထွက်ခွာခဲ့ရသည်။

... ...

ရှမ့်လန်၏ နှလုံးသားက တုန်လှုပ်နေသည်။ ဤသို့တော့ မဖြစ်သင့်ဘူး မဟုတ်လား။

‘ငါ … ငါက ဟန်ဆောင်နေတာလေ။ တကယ်ပဲ ဘာမှ မပေးတော့ဘူးလား။ ငါ မယုံနိုင်ဘူး။’

ဤသည်မှာ မင်္ဂလာပွဲ၌ သူငယ်ချင်းများကို 'ကိုယ်တိုင်လာရင် ရပါပြီ၊ လက်ဆောင်တွေ မပေးပါနဲ့' ဟု ပြောသော်လည်း၊ ရင်ထဲ၌မူ လက်ဆောင်ငွေ မည်မျှရမည်ဟု တွက်ချက်ထားခြင်းနှင့် ဆင်တူ၏။

အဆုံးသတ်တွင် ထိုသူငယ်ချင်းတစ်စုက မင်္ဂလာပွဲသို့လာသော်လည်း လက်ဆောင်ငွေ တစ်ပြားတစ်ချပ်မျှ မပေးကြချေ။ သို့သော် ထိုသူတို့ မင်္ဂလာဆောင်စဉ်ကတော့ သူ လက်ဆောင်ငွေ အမြောက်အမြား ပေးခဲ့ဖူး၏။ ရုတ်တရက်ဆိုသလို အလိမ်ခံလိုက်ရသည်ဟု ခံစားလိုက်ရခြင်းပင်။

ရှမ့်လန်သည် အမေဇုန်ဘုရင်မနိုင်ငံသို့ ပြန်လှည့်သွားပြီး ဘုရင်မထံမှ စစ်တပ်ကို တိုက်ရိုက် တောင်းဆိုချင်စိတ် များ ဖြစ်ပေါ်လာခဲ့၏။

အမေဇုန်ဘုရင်မနိုင်ငံတွင် စုစုပေါင်း လူဦးရေ သုံးသောင်းသာ ရှိသည်။ အရွယ်ရောက်ပြီးသား အမျိုးသမီး စစ်သည်တော် တစ်သောင်းခွဲ ရှိသည်။

ကျုပ် တစ်သောင်းလည်း မလိုချင်ဘူး၊ ရှစ်ထောင်လည်း မလိုချင်ဘူး။ ငါးထောင်လောက်ဆို ရပါပြီ။ မဖြစ်နိုင်ရင်တောင် သုံးထောင်လောက်တော့ ပေးသင့်တာပေါ့။ တစ်ယောက်မှ မပေးဘဲတော့ မနေနဲ့လေ။

ကျုပ်က အမေဇုန်ဘုရင်မနိုင်ငံတစ်ခုလုံးကို ကယ်တင်ခဲ့တာလေ။ ခင်ဗျားရဲ့ ဆုလာဘ်က နောက်တစ်လခွဲကြာမှ အတူအိပ်ရမှာလား။ ပြီးတော့ တစ်ကြိမ်တည်း။ တောက် ….. ဒါ ကျုပ်ဘက်က ရှုံးတာပဲ။

ရှမ့်လန်၏ လှေငယ်သည် အမေဇုန်ဘုရင်မနိုင်ငံနှင့် ပို၍ပို၍ ဝေးကွာလာခဲ့သည်။ ရှမ့်လန်၏ ရင်ထဲ၌ အလိမ်ခံရသည် ဟူသော ခံစားချက်များ ပို၍ပို၍ ပြင်းထန်လာ၏။

ရှမ့်လန်က တစ်ကိုယ်လုံး အေးစက်ပြီး လက်ဗလာဖြင့် ပြန်ရတော့မည်ဟု ခံစားနေရစဉ်မှာပဲ ….

ရှေ့ရှိပင်လယ်ပြင်၌ အမေဇုန်ဘုရင်မနိုင်ငံ၏ သင်္ဘောအုပ်စုတစ်စု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ ထိုသင်္ဘောကြီးပေါ်တွင် မင်းသမီးဒိုဟာ ဦးဆောင်သော အမေဇုန် အမျိုးသမီး စစ်သည်တော်များဖြင့် ပြည့်နှက်နေ၏။

ရှမ့်လန်က လျင်မြန်စွာ တွက်ချက်လိုက်သည်။ သင်္ဘောတစ်စင်းစီတွင် အမေဇုန်စစ်သည်တော် သုံးရာခန့် ပါရှိသည်။ စုစုပေါင်း သင်္ဘော နှစ်ဆယ့်ခြောက်စင်း ရှိသောကြောင့် အမေဇုန် အမျိုးသမီးစစ်သည်တော် ရှစ်ထောင်ခန့် ရှိနေသည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လှည့်ကွက်ပဲ၊ ဒါတွေအားလုံးက လှည့်ကွက်တွေပဲ။

ဘုရင်မအီဒါ …. နောက်တစ်လခွဲကြာရင် ခင်ဗျားကို ကျုပ် လွှတ်မပေးတော့ဘူး။ ခင်ဗျား ဘယ်လိုတောင် ကျုပ်ကို လှည့်စားရဲရတာလဲ။

ရှမ့်လန်က သူ့ဘဝကို သံသယဝင်ခဲ့မိသည်။

အမေဇုန်ဘုရင်မနိုင်ငံကို ကယ်တင်ခဲ့ပေမဲ့ ဘာမှ ပြန်မရခဲ့ပေ။ နောက်ဆိုလျှင် မည်သူက ကောင်းမှု လုပ်ရဲတော့မည်နည်း။ သို့ပေမဲ့ ယခုတော့ …..

ဘုရင်မက အမေဇုန်ဘုရင်နိုင်ငံစစ်တပ်၏ ထက်ဝက်ကျော်ကို ရှမ့်လန်ထံ တိုက်ရိုက် ပေးအပ်လိုက်သည်။ အစွမ်းထက်သော အမေဇုန် အမျိုးသမီး စစ်သည်တော် စုစုပေါင်း ရှစ်ထောင်တိတိ။

နှိုင်းယှဉ်စရာမရှိသော စစ်တပ်ကြီးပင်။

ဤသည်မှာ ကြီးမားသော ရိတ်သိမ်းမှုပင်ဖြစ်သည်။ ရှမ့်လန်က သူ၏နှလုံးသားထဲမှ အော်ဟစ်လိုက်ချင်သည်။ သူက ကောင်းကင်ဘုံကိုပင် ဆန့်ကျင်တော့မည်။ အမေဇုန် စစ်သည်တော် ရှစ်ထောင်သည် ရန်သူ့စစ်သည် တစ်သိန်းကိုပင် အမှုန့်ကြိတ်ရန် လုံလောက်သည်။

ရှမ့်လန်က မင်းသမီးဒိုဟာ၏ သင်္ဘောကြီးပေါ်သို့ တက်လိုက်၏။

မင်းသမီး၏ ရှည်လျားလှပသော ငွေရောင်ဆံနွယ်များ မရှိတော့ချေ။ ထိုနေရာတွင် ကုပ်ဝဲဆံပင်ပုံစံဖြင့် ပြောင်းလဲထားသည်။ သူမက ရှမ့်လန်ကို ကယ်တင်ရန် ကြိုးစားစဉ် ဆံပင်များ မီးလောင်ကျွမ်းခဲ့ရသည်။

ဤသို့ဖြင့် သူမက ပို၍ဆွဲဆောင်မှုရှိကာ ပို၍ကြည့်ကောင်းလာခဲ့၏။

“သတ်မှတ်အရဆိုရင် အမေဇုန်အမျိုးသမီး စစ်သည်တော်တွေက နိုင်ငံကနေ ထွက်ခွာခွင့် မရှိဘူး။ ဒါကြောင့် ကျွန်မတို့ရှစ်ထောင်က ပြည်နှင်ဒဏ် အပေးခံလိုက်ရပြီ။ အခုကစပြီး ကျွန်မက ဒိုဟာ ရိုးရိုး မဟုတ်တော့ဘူး၊ ဒိုဟာ ရိုလန် ပဲ။”

အထက်မှ မူဝါဒရှိလျှင် အောက်မှ တုံ့ပြန်မှု ရှိသည်မှာ သဘာဝပင်။ ဤလောက၌လည်း အတူတူပင် ဖြစ်သည်။ အရာအားလုံးက လှည့်ကွက်များဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပေါင်းသုံးရာတည်းက အမေဇုန်ဘုရင်မများက ယောက်ျားလေး အရုပ်တုများ ပြုလုပ်၍ ပင်လယ်ထဲ ပစ်ချခဲ့သည်။ ယခု ဘုရင်မအီဒါသည် သူမ၏ အဓိက စစ်သည်တော်ရှစ်ထောင်ကို ပြည်နှင်ဒဏ်ပေး၍ ရှမ့်လန်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ ဤအရာက မူဝါဒကို တစ်ဖက်လှည့်ဖြင့် ကျော်ဖြတ်ခြင်းပင်။

ရှမ့်လန်က သူ၏လက်များကို ဆန့်တန်းပြီး မင်းသမီး ဒိုဟာကို ပြောလိုက်၏။ “ကြိုဆိုပါတယ် ညီမတို့။ မင်းတို့အတွက် အမေဇုန်ဘုရင်နိုင်ငံလိုပဲ လှပတဲ့တိုင်းပြည်တစ်ခုကို အိမ်သစ်အဖြစ် ရှာပေးမယ်လို့ ကျိန်ဆိုတယ်။”

မင်းသမီး ဒိုဟာကလည်း သူမ၏ လက်များကို ဆန့်တန်း၍ ရှမ့်လန်ကို ဖက်လိုက်သည်။ “အခုကစပြီး ကျွန်မတို့ရဲ့ အသက်တွေက ရှင့်ရဲ့လက်ထဲမှာပဲ ရှိတော့တယ်၊ အနာဂတ်ရဲ့ ဧကရာဇ်။”

သူတို့နှစ်ဦးက တစ်ဦးနှင့် တစ်ဦး တင်းကျပ်စွာ ဖက်ထားကြ၏။

မင်းသမီး ဒိုဟာက ပြောလိုက်သည်။ “ဧကရာဇ်... ဒီလိုအချိန်မှာတောင် ရှင် ကိုယ့်ကိုကိုယ် နည်းနည်းလောက် မထိန်းတော့ဘူးလား။ ဒါက မသင့်တော်ဘူး။”

ထိုအချိန်မှာတော့ ရှမ့်လန်က ဘုရင်မအီဒါကို တွေးတောနေမိသည်ဟု ဝန်မခံရဲချေ။ အဘယ်ကြောင့်ဆိုသော် ဘုရင်မအီဒါက ဒိုဟာထက် ပို၍ရင့်ကျက်ကာ ဆွဲဆောင်မှုရှိသောကြောင့်ပင်။

‘မင်းသမီးဒိုဟာ... ကျုပ်ကို ဘေးမဲ့ပေးထားသင့်တယ်။။ ခင်ဗျားက အရမ်း လှနေတာကိုး။’

……..

မင်းသမီးဒိုဟာ၏ အမိန့်အရ အမေဇုန် အမျိုးသမီးစစ်သည်တော် ရှစ်ထောင်ကို တင်ဆောင်လာခဲ့သည့် သင်္ဘောအုပ်စုကြီးက မူလန်မြို့ဆီသို့ ခမ်းနားထည်ဝါစွာဖြင့် ခရီးထွက်လာခဲ့သည်။ ရှမ့်လန်၏ အစီအစဉ်က နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်၏။ သူက နောက်ဆုံး၌ အမေဇုန်စစ်တပ်၏ သစ္စာစောင့်သိမှုကို ရရှိခဲ့၏။

...............

ပီကျင်းမြို့မှာတော့ စစ်တပ်ကြီးက စတင်ထွက်ခွာလာသည်။ စုန်းအင်ပါယာဆီသို့ နောက်ဆုံးအချိန် စစ်ချီစဉ်က နယ်စားကြီး ဒီဘိုရာက မြင့်မြတ်သည့် မိန့်ခွန်းကို ပြောကြားခဲ့ပြီး မီးနတ်ဘုရား ပူဇော်ပွဲကို ပြုလုပ်ခဲ့၏။ အဆုံးသတ်မှာတော့ သူတို့က လုံးဝ အောင်ပွဲခံနိုင်ကြသည်။

ယခုအချိန်မှာတော့ သူရဲကောင်းဆန်သည့် စကားလုံးများ မရှိချေ။ နယ်စားကြီး ဒီဘိုရာက စကားတစ်ခွန်းကိုသာ ဆို၏။ “ကျောက်စိမ်းလှိုင်းကျွန်းဆွယ်ရဲ့ တောင်ဘက်ဆုံးမှာ ရှိနေတဲ့ လူပြက်တွေ အားလုံးကို သတ်ပစ်ကြမယ်။ သွားကြစို့။”

သူမ၏ အမိန့်အတိုင်း စစ်သည်တော် တစ်သိန်းတို့က စတင်ကာ ထွက်ခွာ၏။ သူမ၏ ဦးလေးဖြစ်သူ မြို့စားကြီး အော်စတင်က စစ်သည်ငါးသောင်းကို ဦးဆောင်ပြီး ကုန်းလမ်းမှတဆင့် ကျောက်စိမ်းလှိုင်း ကျွန်းဆွယ်ရှိ မူလန်မြို့သို့ တိုက်ခိုက်ရန် ထွက်ခွာသည်။

သွေးသောက်ဘာရွန်၏ သင်္ဘောအုပ်စုက ကျန်စစ်သည်ငါးသောင်းကို တင်ဆောင်၍ မူလန်မြို့၏အနီး ပင်လယ်ပြင်မှတဆင့် ကုန်းပေါ်သို့ တက်ရောက်ကြပေမည်။ စစ်သည်ပေါင်း တစ်သိန်းဖြင့် မြောက်ဘက်နှင့် တောင်ဘက်မှ ညှပ်ပူးညှပ်ပိတ် တိုက်ခိုက်ခြင်းပင်။

ပီကျင်းမြို့၏ မြို့သူမြို့သား အများအပြားတို့က စစ်ချီပွဲကို လာရောက်ကြည့်ရှုကြ၏။ အရှေ့တိုင်းသားအုပ်စုက ကျောက်စိမ်းလှိုင်းကျွန်းဆွယ်ပေါ်၌ မြို့တစ်မြို့ကို တည်ဆောက်ထားကြောင်း ကို သူတို့ ယခုမှသာ သိရှိကြ၏။ ထို့ပြင် ထိုကဲ့သို့ တည်ဆောက်ထားသည့်သူက မီးရှို့သတ်ပြီး ယစ်ပူဇော်ခြင်းကို ခံရသည့် လူမျိုးခြား ဖြစ်နေ၏။

သေချာသည်မှာ မည်သူကမှ ရှမ့်လန်အား နယ်စားကြီးဒီဘိုရာ၏ ခင်ပွန်းအဖြစ် မဆက်ဆံကြတော့ချေ။ နယ်စားကြီးက ပူဇော်ပွဲအတွက်သာ ထိုသူ့အား လက်ထပ်ခဲ့ခြင်းဖြစ်ကြောင်း လူတိုင်းသိသောကြောင့်ပင်။

ပီကျင်းမြို့တစ်ခုလုံးက မည်သူမှ စိတ်လှုပ်ရှားခြင်း မရှိကြချေ။ အဘယ်ကြောင့်ဆိုသော် ဤစစ်ပွဲက ယင်ကောင်ကို ရိုက်သတ်သည်နှင့် ဆင်တူနေသောကြောင့်ပင်။ ထိုအရှေ့တိုင်းသား လူချောတွင် စစ်သည် နှစ်ထောင်ခန့်သာ ရှိ၏။ လူတစ်သိန်းက လူနှစ်ထောင်ကို တိုက်ခိုက်ခြင်းဆိုသည်မှာ ဖုန်မှုန့်ကို လေဖြင့် မှုတ်ထုတ်လိုက်သကဲ့သို့ လွယ်ကူလွန်းနေ၏။

“အဲဒီ အရှေ့တိုင်းသား လူချောလေးက လူပြက်၊ သူခိုးတစ်ကောင်ပဲ။ နယ်စားကြီး ဒီဘိုရာ မရှိတဲ့ အချိန်မှာ ငါတို့ရဲ့မြေကို တိတ်တဆိတ်နဲ့ လာပြီး သိမ်းပိုက်ရဲတယ်ပေါ့။ အရှေ့တိုင်းသားတွေ စွန့်ပစ်တဲ့ မစင်က အမဲရောင်ဖြစ်ပြီး မြေကြီးတွေကိုလည်း ညစ်နွမ်းစေတယ်လို့ ကြားဖူးတယ်။ နှစ်အနည်းငယ်လောက် အထိ ဘာမှစိုက်ပျိုးလို့တောင် မရတော့ဘူးတဲ့။”

“အခု နယ်စားကြီးရဲ့ စစ်တပ်က သတ်ပစ်ရုံတင်မကဘူး။ ပြာဖြစ်တဲ့အထိ မီးရှို့ပြီး ပင်လယ်ပြင်ထဲ ပစ်ချမှာ။ အဲဒါမှ ငါတို့ရဲ့မြေက မညစ်ညမ်းတော့မှာ။ နယ်စားကြီးဒီဘိုရာက စုန်းအင်ပါယာရဲ့ စစ်သည် တစ်သန်းက တောင် အောင်နိုင်ခဲ့တာ။ အရှေ့တိုင်းသား နှစ်ထောင်လောက်ကတော့ ပြောနေစရာတောင် မလိုဘူး။”

နယ်စားကြီးဒီဘိုရာက မြင်းစီးပြီး ရဲတိုက်ဆီသို့ ပြန်လာ၏။ များပြားလွန်းလှသည့် ချီးကျူး စကားများကိုလည်း ကြားနေရ၏။ သူမကိုယ်တိုင် ရှမ့်လန်အား တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ ထိုအရာက သူမ အလေးမထားသောကြောင့် မဟုတ်ပေ။ အလေးမထားပါက သူမက စစ်သည်တစ်သိန်းကို လွှတ်မည် မဟုတ်ပေ။ အဓိကအချက်အားဖြင့် ဘုရင်မ မီဒူဆာက ရှမ့်လန်ထံ စစ်သည် နှစ်ထောင် ပေးအပ်လိုက်ခြင်းပင်။

စုန်းအင်ပါယာ အသူရာလှိုင်းစီရင်စု၌ ပြန်လည်ရှင်သန်လာမည်ကို သူမ စိုးရိမ်မိ၏။ သို့သော်ငြား သူမကိုယ်တိုင် စစ်မြေပြင်ဆီသို့ မဆင်းနိုင်ချေ။ ထိုသို့ ပြုမူခြင်းအားဖြင့် ရှမ့်လန်အား အထင်ကြီးလွန်းရာ ရောက်ပေလိမ့်မည်။ သူမက စုန်းအင်ပါယာကို အနိုင်ယူခဲ့သည့် အမျိုးသမီး စစ်သေနာပတိ ဖြစ်သလို ရှီလွန်အင်ပါယာ၏ တောင်ဘက်နယ်မြေ စောင့်ရှောက်သူလည်း ဖြစ်၏။ ရန်သူနှစ်ထောင်မျှသာရှိသော ပွဲကို သူမ ကိုယ်တိုင် တိုက်ရန်ဆိုသည်မှာ အလွန်ပင် ရယ်မောစရာ ကောင်းပေလိမ့်မည်။

ရဲတိုက်ဆီသို့ ပြန်ရောက်ပြီးနောက် နယ်စားကြီး ဒီဘိုရာက သူမ၏ စားပွဲပေါ်တွင် ထိုင်ပြီး ဆော်ရွှန်ထံသို့ စာတစ်စောင် ရေးသား၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်း သူမက ဆော်ရွှန်ထံ နေ့စဉ် စာတစ်စောင်စီ ရေးသားခဲ့ပြီး သူမ၏ ကြည်ညိုလေးစားမှုနှင့် သစ္စာရှိမှုတို့ကို ဖော်ပြ၏။ သူမက မင်းသားဆော်ရွှန်နှင့် တစ်ခါမှ မတွေ့ဆုံဖူးသော်လည်း စာတိုင်းက စိတ်အားထက်သန်မှုနှင့် ပြည့်နှက်နေသလိုပင်။ စာရေးပြီးနောက် သူမက သေချာစွာ ချိတ်ပိတ်၏။

“ဒါကို မင်းသား ဆော်ရွှန်ဆီကို အမြန်ဆုံးပို့။” နယ်စားကြီးက ခိုင်းစေသည်။

“ကောင်းပါပြီ သခင်မ။”

သင်းကွပ်ခံထားရသည့် မိန်းမဆိုး တာလွန်က ပြော၏။ “အရှေ့တိုင်းသားတွေရဲ့ ဘာသာစကားနဲ့ ပြောရရင်... ကျုပ်ပြောသင့်၊ မပြောသင့် မသိတဲ့ အချက်တစ်ခု ရှိနေပါတယ်။”

နယ်စားကြီး ဒီဘိုရာက ပြောသည်။ “မြှောက်ပင့်စကားတွေဆိုရင် ထားလိုက်တော့။”

တာလွန်က ပြော၏။ “စကားလုံးတိုင်းက ကျုပ်ရဲ့ နှလုံးသားထဲက လာတာပါလို့ ကျိန်ပြောရဲပါတယ်။ ကျုပ်ပါးစပ် ပိတ်ထားရင်တောင် ရင်ဘတ်ထဲကနေ ခုန်ပြီး ထွက်လာပါလိမ့်မယ် သခင်မ။ ဒီတစ်ခါ ပြန်လာပြီးတဲ့နောက်မှာ သခင်မ အရမ်းကို နုပျိုလှပလာတယ်။ ဒီလောကမှာ သခင်မထက် လှတဲ့ အမျိုးသမီး မရှိတော့ဘူးလို့ ကျုပ်ထင်ပါတယ်။ သခင်မက ရှီလွန်အင်ပါယာရဲ့ ဘုရင်မတစ်ယောက် ဖြစ်သင့်ပါတယ်။”

နယ်စားကြီး ဒီဘိုရာက ပြောလိုက်သည်။ “ကျွန်မက သင်းကွပ်ခံထားရတဲ့လူရဲ့ မျက်လုံးတွေကို ယုံကြည်ရမှာလား။ ရှင့်မှာ အမျိုးသမီးတွေကို အကဲဖြတ်နိုင်စွမ်း ရှိလို့လား။”

တာလွန်က ဝမ်းနည်းပက်လက်ဖြင့် ပြန်ပြောလိုက်၏။ “သခင်မ... ကျုပ် သင်းကွပ်ခံထားရတာ ကျုပ်ရဲ့ ရမ္မက်ဖြစ်တယ်။ အလှအပကို ခံစားနိုင်စွမ်း မဟုတ်ပါဘူး။”

“သွားတော့... သွားတော့... ရှင် တစ်မိနစ်လောက် နောက်ကျနေပြီ။” ဒီဘိုရာက ထပ်မံ ခိုင်းစေလိုက်သည်။

“ကောင်းပါပြီ သခင်မ။”

တာလွန်က ပြောလိုက်၏။ “ကျုပ် ဒီတစ်မိနစ်ကို နောက်ထပ် မနှောင့်နှေးစေရတော့ပါဘူး။”

ပြီးနောက် တာလွန်က ဟန်ပန်အမူအရာ အပြည့်ဖြင့် အပြင်သို့ ပြေးထွက်သွားလေသည်။

နယ်စားကြီး ဒီဘိုရာက အော်ဂင်ရှေ့သို့သွားကာ စတင်တီးခတ်၏။ သူမက မင်းသားဆော်ရွှန်အတွက် တီးခတ်ပေးရန် လိုအပ်သလို၊ မင်းသားဆော်ရွှန်၏ အသိအမှတ်ပြုမှုကို ရယူလိုသောကြောင့် နေ့စဉ်ဆိုသလို လေ့ကျင့်တီးခတ်လေ့ရှိ၏။

ယခင်တုန်းက ရှမ့်လန် သူမ တီးခတ်နေသည်ကို မရည်ရွယ်ဘဲ ကြားခဲ့ဖူးသော်လည်း သူမက ချက်ချင်း တီးခတ်ခြင်းကို ရပ်တန့်ပစ်၏။ သူမ၏တေးဂီတက ရှမ့်လန် နားဆင်ရန် မဟုတ်ချေ။ သူမက တစ်ခုတည်းသောနေ့အတွက် ပိုမိုတိုးတက်စေရန် ထပ်တလဲလဲ တီးခတ်ကာ လေ့ကျင့်နေ၏။ ခဏမျှ တုန့်ဆိုင်းပြီးနောက် ဒီဘိုရာက EXODUS သီချင်းကို တီးခတ်လိုက်သည်။

ဂီတနှင့်ပတ်သက်၍ သူမက ပါရမီထူးကဲသူပင်။ ရှမ့်လန်တီးခတ်သည်ကို တစ်ကြိမ်သာ ကြားဖူးသော်လည်း သူမက အကုန် မှတ်မိနေ၏။ ဤသီချင်းက တကယ်ကို ကောင်းမွန်၏။ သူမအနေနှင့် မင်းသားဆော်ရွှန် အတွက် တီးခတ်ပေးရန် ဤသီချင်းကို လေ့ကျင့်နေသည်လား။

မဖြစ်နိုင်ချေ။ ဤသီချင်းက အလွန်ကောင်းသည် ဆိုသော်လည်း ရှမ့်လန် ရေးစပ်ထားသောကြောင့် ဤဂီတက အပြစ်တစ်ခုလိုပင်။ ထို့ကြောင့် ဤသီချင်းသံသည် ရှမ့်လန်နှင့်အတူ မကြာခင် ဤလောကကြီးဆီမှ လုံးဝ ပျောက်ကွယ်သွားရပေမည်။

All Chapters