အခန်း (၈၃၉-၈၄၀)
Vol. 51 Ch. 839-840
အပိုင်း (၈၃၉)
လူငယ် တပ်မှူးကွေ့နင်က စစ်သည် ငါးထောင်ကို ဦးဆောင်ပြီး စစ်မြေပြင်ရှိ ရန်သူအားလုံးကို ရူးသွပ်စွာ သတ်ဖြတ်နေ၏။ ယခင် ထိုးစစ်တွင် ရန်သူ့ စစ်သည် လေးသောင်း၏ ထက်ဝက်ကျော်က သေကြေဒဏ်ရာ ရခဲ့၏။ သို့သော်လည်း မြို့ကို တိုက်ခိုက်နေသည့် စစ်သည် တစ်သောင်းနှင့်ပေါင်းလျှင် သုံးသောင်းခန့် ကျန်ရှိနေသေး၏။
သို့သော်ငြား မြို့စားကြီး အော်စတင်နှင့် မြို့စားကြီး ကောင့်တို့ ထွက်ပြေးချိန်တွင် ဤလူ သုံးသောင်းက ချက်ချင်း ပြိုကွဲသွား၏။ သူတို့က တိုက်ပွဲကို စွန့်လွှတ်ကာဖြင့် အရပ်မျက်နှာ အသီးသီးဆီသို့ ထွက်ပြေး ကြသည်။
ရှမ့်လန်က အမေဇုန် စစ်သည်တော်များ၏ သဘာဝကို တစ်ဖန် မြင်တွေ့ရ၏။ တခြားသောသူများအတွက် သတ်ဖြတ်ခြင်းက စိတ်မချမ်းမြေ့စရာ ဖြစ်သော်လည်း အမေဇုန် စစ်သည်တော်များအတွက်မူ ထိုအရာက စိတ်ချမ်းသာမှု တစ်ခု ဖြစ်ခြင်းပင်။
ရှမ့်လန်က အကျဉ်းသားဖမ်းရန် အမိန့်မပေးထားသောကြောင့် ထိုသူတို့က ဆက်လက်ကာ လိုက်လံ သတ်ဖြတ်နေ၏။ အထူးသဖြင့် သူ၏ နောက်တွင် ရှိနေသည့် ရှက်ရွံ့တတ်သည့် တပ်မှူးကွေ့နင်ပင်။ သူမက ရင်ခုန်သံများ မြန်ဆန်ကာဖြင့် စိတ်လှုပ်ရှားမှု အထွတ်အထိပ်ဆီသို့ ရောက်ရှိနေကြောင်း ရှမ့်လန်က ခံစားမိ၏။
ရေတွက်ကြည့်လိုက်ချိန်မှာတော့ ဤတပ်မှူးကွေ့နင်က လူတစ်ရာကျော်ကို သတ်ဖြတ်ပြီး ဖြစ်သော်လည်း မြင်မြင်သမျှ ရန်သူများကို စိတ်အားထက်သန်စွာဖြင့် လိုက်လံ သတ်ဖြတ်နေဆဲ ဖြစ်၏။ ရန်သူ အကြွင်းအကျန်တို့က ကြွက်များကဲ့သို့ပင် တစ်ကိုယ်လုံး တုန်ယင်လျက် ရှိနေပြီး အရပ်မျက်နှာ အသီးသီးဆီသို့ အရူးများလို ပြေးကြ၏။
သို့သော်ငြား ဤနေရာက ပင်လယ်ဝန်းရံနေသည့် ကျွန်းဆွယ်တစ်ခု ဖြစ်သောကြောင့် ခြေထောက် နှစ်ချောင်းက ခြေလေးချောင်းကို မကျော်နိုင်ချေ။ သူတို့၏ ခြေနှစ်ချောင်းက အမေဇုန် အမျိုးသမီး စစ်သည်တော်များ၏ ခြေထောက်များကိုလည်း မယှဉ်နိုင်ကြချေ။ အားလုံးက သေကြေပျက်စီးသွားရန် အချိန်ပိုင်းသာ လိုတော့၏။ ထို့ကြောင့် အမေဇုန် စစ်သည်များ စတင် ထိုးနှက်သည့် အချိန် အခိုက်အတန့်တည်းက ဤတိုက်ပွဲက ပြီးဆုံးသွားပြီဟု သတ်မှတ်ရပေမည်။
ခဏအကြာ သတ်ဖြတ်ပြီးနောက် ရှက်တတ်သည့် တပ်မှူးကွေ့နင်က မေး၏။ “အရှင်... အကျဉ်းသားတွေကို ချန်ထားဖို့ လိုလား။”
ရှမ့်လန်က ပြန်ပြောသည်။ “တပ်မှူး... ဒီမေးခွန်းကို အခုမှ မေးတာ နောက်ကျလွန်းနေပြီလို့ မထင်ဘူးလား။ ခင်ဗျား အားလုံးကို သတ်ပြီးတော့မှ မေးရသလား။ ဘယ်သူ့ကိုမှ ချန်မထားပါနဲ့တော့။”
ရှမ့်လန်က သက်ပြင်းချကာ ပြောလိုက်မိ၏။
ဤသည်က လူမျိုးစု စစ်ပွဲတစ်ခုကဲ့သို့ပင်။ သူ့ကဲ့သို့ အရှေ့တိုင်းသားတစ်ဦးအတွက် ဤနေရာတွင် ခြေကုတ်ယူရန် ဆိုသည်က ခက်ခဲ၏။ သူ၏အစ်မ မင်းသမီး ဟယ်လင်ကို မတွေ့မချင်း မည်သည့်လူဖြူကမှ သူ့အပေါ် သစ္စာ ရှိလိမ့်မည် မဟုတ်ချေ။ ရှီလွန်မင်းဆက်၏ လူမျိုးများက တကယ်ကို မာနကြီးသူများပင်။
“အမိန့်တိုင်းပါပဲ။” တပ်မှူးကွေ့နင်က ဝမ်းသာသွားပြီး ရန်သူကို လိုက်လံ သတ်ဖြတ်ရန် ပို၍ စိတ်လှုပ်ရှား နေမိသည်။
............
မြို့စားကြီးအော်စတင်နှင့် မြို့စားကြီးကောင့်တို့က သူတို့၏ မြင်းစီးတပ်စခန်းဆီသို့ အမြန်ဆုံး ပြေး၏။ “ဆုတ်ခွာကြ။ ဆုတ်ခွာကြ။ ပင်လယ်ဆီကို သွားမယ်။ သင်္ဘောအုပ်စုကို အချက်ပြလိုက်။ ပင်လယ်ကမ်းခြေမှာ ငါတို့ကို အမြန်ဆုံး လာကြိုဖို့ ပြောလိုက်။”
မြို့စားကြီးနှစ်ဦးက မြင်းပေါ်ကိုတက်ကာဖြင့် မြင်းစီးစစ်သည် လေးထောင်ကျော်တို့၏ အစောင့်အရှောက်ဖြင့် ကမ်းခြေဆီသို့ ပြေးသွားကြ၏။ သူတို့က အဆင့်မြင့် မှူးမတ်များ ဖြစ်သောကြောင့် အဖမ်းခံ၍ မဖြစ်ချေ။ မဟုတ်ပါက မိသားစု တစ်ခုလုံး အရှက်ရပေလိမ့်မည်။
သို့သော်ငြား မိနစ်အနည်းငယ် အကြာမှာတော့ မင်းသမီးဒိုဟာက အမေဇုန် မြင်းစီးစစ်သည် နှစ်ထောင်ကျော်ကို ဦးဆောင်ပြီး သူတို့နောက်ဆီသို့ ထပ်ကြပ်မကွာ လိုက်လံ တိုက်ခိုက်၏။ မြို့စား နှစ်ဦးတို့၏ မြင်းစီးတပ်က ထိပ်တန်းစစ်သည်များ ဖြစ်သော်လည်း သူတို့၏အရှိန်က အမေဇုန် အမျိုးသမီး တပ်များကို မမီချေ။ နှစ်ဖက်ကြား အကွာအဝေးက ပို၍ နီးကပ်လာ၏။
မြို့စားကြီ ကောင့်က အံကိုကြိတ်ကာဖြင့် အော်ဟစ်သည်။ “မြို့စားကြီး အော်စတင်.. ကျုပ် ခင်ဗျားအတွက် နောက်ချန်ခံစစ် လုပ်ပေးမယ်။”
ပြီးတော့ သူက မြင်းစီးစစ်သည် လေးထောင်ကို ဦးဆောင်ပြီး ပြေးသွားနေသည်ကို ရပ်တန့်၏။ မြို့စားကြီး အော်စတင် ထွက်ပြေးသွားနိုင်ရန် လျှိုမြောင်ဝ တစ်ခုကို စစ်ဗျူဟာ ခင်းကာ ပိတ်ဆို့ထား၏။
မြို့စားကြီးအော်စတင်က ကျေးဇူးတင်စကားပင် မပြောနိုင်ဘဲ မြင်းစီးစစ်သည်တစ်ထောင်ကို ဦးဆောင်ကာ ပင်လယ်ဘက်ဆီသို့ ဆက်လက် ထွက်ပြေးသည်။
..............
မြို့စားကြီးကောင့်က မြင့်မားသည့် စစ်မြင်းပေါ်တွင် စီးနင်းရင်း သူ၏ ရှည်လျားပိန်သေးသည့် ခန္ဓာကိုယ်ကို တည့်မတ်စွာ မတ်ထား၏။ သူက ထက်မြက်သည့် မျက်ဝန်းများဖြင့် မင်းသမီး ဒိုဟာကို လှမ်းကာကြည့်၏။ သူ၏ မှတ်ဉာဏ်များကို ပြန်လည် ကြည့်၏။
သူ ငယ်ရွယ်စဉ်က မျိုးစေ့ကျွန်းပေါ်ရှိ မျိုးဆက်ရှာပွဲတွင် ပါဝင်ခဲ့ဖူး၏။ အဘယ်ကြောင့်ဆိုသော် ထိုအရာက အနောက်တိုင်း အမျိုးသားတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်သောကြောင့်ပင်။ သူက ထိုနေရာဆီသို့ နှစ်ကြိမ် ရောက်ပြီး နှစ်ကြိမ်စလုံး ရွေးချယ်ခံခဲ့ရသည်။
အင်အားကြီးမားသော အမျိုးသားများသာလျှင် အမေဇုန် အမျိုးသမီး စစ်သည်တော်တို့၏ ပစ်မှတ် ဖြစ်ခွင့် ရခြင်းပင်။ ထို့ကြောင့် အမေဇုန် အမျိုးသမီး စစ်သည်တော်တို့ထဲတွင် အနည်းဆုံး နှစ်ဦးက သူ၏ သမီးများ ဖြစ်နိုင်၏။ သူတို့၏ အသက်အရွယ်ကို တွက်ကြည့်ရမည်ဆိုလျှင် အသက် ၃၀ ဝန်းကျင် ရှိပေလိမ့်မည်။ သူတို့က ရှေ့တွင် ရှိနေသည့် လူအုပ်ထဲတွင် ပါဝင်နေလောက်၏။
သို့သော်ငြား အမေဇုန် အမျိုးသမီး စစ်သည်တော်တို့တွင် မိခင်သာရှိပြီး ဖခင်ဟူ၍ မရှိချေ။ သူက ထိုလူအုပ် ထဲတွင် သူနှင့် ရုပ်ချင်းတူသူ ရှိ၊ မရှိကို လိုက်လံ ရှာဖွေကြည့်၏။ ခဏအကြာမှာတော့ လက်လျှော့လိုက်ရ၏။ အမျိုးသမီး နှစ်ထောင်ကို ရှေ့တွင် မြင်နေရသည့် အချိန်တွင် မည်သူက မည်သူမှန်း ခွဲခြားရန် ဆိုသည်က မဖြစ်နိုင်သောကြောင့်ပင်။
သို့သော်ငြား မင်းသမီးဒိုဟာက တကယ်ကို လှပလွန်းသောကြောင့် မြင်ဖူးသူတိုင်း မေ့နိုင်လိမ့်မည် မဟုတ်ချေ။ အော်စတင်က မျိုးဆက်ပွား ပွဲတော်၌ ပါဝင်ချင်ကြောင်း မြို့စားကြီးကောင့်ကို အကြိမ်ကြိမ် ပြောခဲ့ဖူးပြီး သူ၏ပစ်မှတ်ကလည်း ဤမင်းသမီး ဒိုဟာ ဖြစ်၏။
“မင်းက မင်းသမီး ဒိုဟာလား။”
မြို့စားကြီး ကောင့်က ပြောလိုက်၏။ “ငါ မင်းကို တစ်ခါမှ မမြင်ဖူးပေမယ့် မင်းရဲ့ ရုပ်ရည်နဲ့ ငွေရောင် ဆံပင်တွေ အကြောင်းကိုတော့ ကြားဖူးတယ်။”
မင်းသမီး ဒိုဟာက လှမ်းအော်သည်။ “မြို့စားကြီး ကောင့်... ရှင်က ငွေရောင်ဆံနွယ်တွေကို ပိုင်ဆိုင်ထားတာပဲ။ ဒါပေမဲ့ စိတ်ချ။ ရှင်က ကျွန်မရဲ့ အဖေ မဟုတ်ဘူး။ ကျွန်မရဲ့အဖေ ဘယ်သူလဲ ဆိုတာ ကျွန်မ သိပြီးသားမလို့ပဲ။”
မြို့စားကြီး ကောင့်က ပြော၏။ “မင်းသမီး.... ရှီလွန်မင်းဆက်က အမေဇုန် နိုင်ငံတော်ကို သိမ်းပိုက်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ အကုန်လုံး ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ ကျုပ်တို့က မင်းတို့ကို အနောက်လောကရဲ့ ဂုဏ်ယူစရာ တစ်ခုအနေနဲ့ အမြဲတမ်း သတ်မှတ်ခဲ့တယ်။
အနောက်လောကတစ်ခုလုံးရဲ့ အတော်ဆုံး အမျိုးသားတွေက အမေဇုန်နိုင်ငံကို ကူညီဖို့ သူတို့ရဲ့ မျိုးစေ့တွေကို စတေးပေးခဲ့ကြတယ်။ အခုကျမှ ဘာလို့ အရှေ့တိုင်းသားတစ်ယောက်အပေါ် သစ္စာစောင့်သိပြီး ကိုယ့်လူမျိုးချင်းချင်း သတ်ဖြတ်နေကြရတာလဲ။”
မင်းသမီး ဒိုဟာက ပြောသည်။ “ကျွန်မတို့က အမြင်ကျဉ်းတယ်။ အမေဇုန် စစ်သည်တော်တွေကပဲ ကျွန်မတို့ရဲ့ အမျိုးသားတွေပဲ။ ကျွန်မတို့ရဲ့မျက်လုံးထဲမှာ ရှီလွန်လူမျိုးတွေ၊ အရှေ့တိုင်းသားတွေ၊ ဗိုက်ကင်းတွေ၊ အားလုံးက အတူတူပဲ။ ပြီးတော့ ဘာလို့ အရှေ့တိုင်းသား တစ်ယောက်အပေါ် သစ္စာစောင့်သိရလဲ ဆိုတာ ရှင်တို့ကို ရှင်းပြနေဖို့ တာဝန်မရှိဘူးလို့ ထင်တယ်။”
မြို့စားကြီး ကောင့်က ပြော၏။ “အမေဇုန် စစ်သည်တော်တွေက ဂုဏ်သိက္ခာကို တန်ဖိုးထားတယ်လို့ ကျုပ် ကြားဖူးတယ်။ မင်းသမီးဒိုဟာ... ကျုပ် ခင်ဗျားကို တရားဝင် စိန်ခေါ်တယ်။ နှစ်ယောက်ချင်း တိုက်ခိုက်မှုကို လက်ခံကြမလား။” မြို့စားကြီး ကောင့်က သူ၏ လက်အိတ်ကို ချွတ်ကာဖြင့် စိန်ခေါ်၏။
မင်းသမီး ဒိုဟာက ပြောသည်။ “ရှင် အချိန်ဆွဲနေတာ ကျွန်မ သိတယ်။ မြို့စားကြီး အော်စတင်ကို လွတ်မြောက်အောင် အချိန်ပေးချင်နေတာပဲ။ ပြီးတော့ ရှင်တို့ရဲ့ မြင်းစီးစစ်သည် လေးထောင်က ကျွန်မတို့ရဲ့ နှစ်ထောင်ကို မယှဉ်နိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့် ရှင့်ရဲ့ တစ်ကိုယ်ရည် စွမ်းရည်ပေါ်မှာ မျှော်လင့်ချက် ထားနေတာပေါ့။”
မြို့စားကြီး ကောင့်က မေး၏။ “ဒါဆိုရင် လက်ခံမှာလား။”
“လက်ခံတယ်။” မင်းသမီး ဒိုဟာက ပြန်ဖြေသည်။
မြို့စားကြီးကောင့်က ခေါင်းညိတ်၏။ မျက်လုံးကို မှိတ်ပြီးနောက် သူက တခြားသော စိတ်ပိုင်းဆိုင်ရာ နယ်ပယ် တစ်ခုဆီသို့ ဝင်ရောက်သွားသကဲ့သို့ပင်။ မျက်လုံးကို ပြန်ဖွင့်လိုက်ချိန်မှာတော့ အနောက်ယှက် ဖြစ်စေမည့် အတွေးအားလုံးကို ဖယ်ထုတ်လိုက်ပြီ ဖြစ်၏။
“သတ်ကြစမ်း။” မြို့စားကြီးကောင့်က ရုတ်တရက် ဓားကို ဆွဲထုတ်ကာဖြင့် မြင်းကို အရှိန်တင်၏။ တစ်ဦးချင်း တိုက်ပွဲပင်။
မင်းသမီးဒိုဟာက တည်ငြိမ်စွာပဲ မြင်းပေါ်မှ ဆင်း၏။ သူမ၏စစ်မြင်းက ပိုမိုကာ မြန်ပြီး ပိုမို ကြီးမားသောကြောင့် မတရားသလို ဖြစ်မည်ကို အလိုမရှိပေ။ သူမက ရှည်လျားသည့် ခြေတံများဖြင့် မြေပေါ်သို့ လျှောက်သွား၏။ ပြီးနောက် မလှုပ်မယှက် ရပ်လိုက်သည်။
မြို့စားကြီးကောင့်၏ မျက်ဝန်းများက ကျဉ်းမြောင်းသွား၏။ ဤအမေဇုန်မင်းသမီးက ဤမျှမာနကြီး နေသည်လား။ မြင်းပေါ်မှပင် ဆင်းလိုက်သေး၏။
“ရှေ့ကို တက်စမ်း။”
မြို့စားကြီးကောင့်၏ မြင်းက ပိုမို၍ မြန်ဆန်လာပြီး တစ်စက္ကန့်လျှင် ၂၁ မီတာ နှုန်းခန့်ပင် ရောက်ရှိသွား၏။ “သေစမ်း။”
မြို့စားကြီး ကောင့်က ဟိန်းဟောက်၍ လှပသည့် မင်းသမီး ဒိုဟာထံသို့ ပြေးဝင်သွား၏။ သူ၏ လက်ထဲရှိ ဓားကြီးက သွယ်လျသည့် သူမ၏ လည်တိုင်အား ခုတ်ချသည်။
မင်းသမီး ဒိုဟာက မလှုပ်မယှက် ရပ်နေဆဲပင်။ စစ်မြင်းကြီး သူမထံသို့ ပြေးဝင်လာသည်ကို ခွင့်ပြုထား၏။ အကွာအဝေး သုံးမီတာထက် မပိုသည့် အချိန်မှာတော့ .....
“ရွှပ်...” သူမက ရုတ်တရက် ဓားကို ဆွဲထုတ်၏။ လျှပ်စီးလက်သကဲ့သို့ပင် မြန်ဆန်စွာ ခုတ်ပိုင်းပြီး သွေးများ ပန်းထွက်လာခဲ့၏။
မြို့စားကြီးကောင့်က မြင်းကို စီးနင်းရင်း မီတာ အနည်းငယ် ဆက်လက်ပြေးသွား၏။ ထို့နောက်တွင်တော့ ကြီးမားလွန်းလှသည့် မြင်းခေါင်းကြီးက မြေပေါ်ပြုတ်ကျ၏။ မြို့စားကြီး ကောင့်၏ ခန္ဓာကိုယ်ကလည်း နှစ်ခြမ်းကွဲကာဖြင့် ရင်ဘတ အထက်ပိုင်းက ဘေးတစ်ဖက်ဆီသို့ လွင့်စင်သွားခဲ့သည်။
အမေဇုန် အမျိုးသမီး စစ်သည်တော်များက လှည့်ကွက်ကို မနှစ်သက်ကြချေ။ သူတို့က အချိန်နှင့် စွမ်းအင်ကိုသာ ရူးသွပ်စွာ လိုက်စားကြသူများ ဖြစ်၏။ အနောက်တိုင်းလောက၏ မှူးမတ်ဟောင်းကြီး၊ နာမည်ကျော် ဓားသမားကြီး မြို့စားကြီးကောင့်က တစ်ချက်တည်းနှင့် အသတ်ခံလိုက်ရ၏။
မင်းသမီး ဒိုဟာက လေချွန်လိုက်၏။ သူမ၏ စစ်မြင်းက ပြေးထွက်လာပြီး သူမ နားသို့ ရောက်လာ၏။ သူမက ကျောက်စိမ်းကဲ့သို့ လှပသည့် ခြေထောက်လေးများဖြင့် မြင်းကျောပေါ်သို့ အသာပဲ ခုန်တက်လိုက်၏။ ပြီးနောက် သူက ရှေ့ရှိ မြင်းစီးစစ်သည် လေးထောင်ကို ကြည့်ကာ အမိန့်ပေးလိုက်သည်။
“လူကိုပဲ သတ်။ မြင်းကို မထိစေနဲ့။”
ပြီးနောက် သူမက မြင်းစီးစစ်သည် နှစ်ထောင်ကို ဦးဆောင်ကာ တိုက်စစ်ဆင်တော့၏။ တစ်နာရီ၏ လေးပုံတစ်ပုံ၊ ၁၅ မိနစ်ခန့် အကြာမှာပဲ တိုက်ပွဲ ပြီးဆုံးသွား၏။ မြို့စားကြီးကောင့်၏ လက်အောက်ရှိ မြင်းစီးစစ်သည် လေးထောင်လုံးက သုတ်သင် ရှင်းလင်းခံလိုက်ရ၏။
မြင်းအားလုံး နီးပါးကတော့ အကောင်းတိုင်း ကျန်ရှိနေသေး၏။ လူကိုသာ သတ်ပြီး မြင်းကို မသတ်ခဲ့ခြင်းပင်။ ပြီးနောက် သူမက အမေဇုန် မြင်းစီးစစ်သည် နှစ်ထောင်ကို ဦးဆောင်ပြီး ကမ်းခြေဆီသို့ ဆက်လက် ထွက်ခွာသည်။
မြို့စားကြီး ကောင့်၏ ကာကွယ်ပေးမှု အောက်မှာပဲ မြို့စားကြီး အော်စတင်က မြင်းစီးစစ်သည် တစ်ထောင်ကို ဦးဆောင်ကာဖြင့် ကမ်းခြေဆီသို့ အလျင်မြန်ဆုံး ပြေးသွား၏။ နာရီဝက်ခန့်အကြာမှာတော့ သူတို့က ပထမ ကမ်းခြေသို့ ရောက်ရှိလာ၏။ သင်္ဘောအုပ်စုက အမိန့်ကို လက်ခံထားခဲ့ပြီ ဖြစ်သောကြောင့် ကမ်းစပ်တွင် အသင့် စောင့်ဆိုင်းနေကြ၏။ လှေငယ်ပေါင်း ဒါဇင်နှင့်ချီပြီး ကမ်းခြေဆီသို့ ဦးတည် လှော်ခတ်လာနေကြ၏။
“ဘုန်း... ဘုန်း...”
ရုတ်တရက် ကမ်းခြေတွင် ပေါက်ကွဲသံများ မြည်ဟီးသွား၏။ တပ်မှူးလန်ဖုန်းက ပေါက်ကွဲစေနိုင်ရန် ဤနေရာတွင် မိုင်းပေါင်းများစွာကို မြှုပ်နှံထား၏။ မြို့စားကြီးကောင့်က ဤနေရာမှ ကမ်းတက်ရန် မရွေးချယ်ခဲ့သောကြောင့် လွတ်မြောက်ခဲ့ခြင်းပင်။ ယခု မြို့စားကြီးအော်စတင်၏ မြင်းစီးစစ်သည် တစ်ထောင်တို့က နင်းမိခဲ့ကြသည်။
မြို့စားကြီးအော်စတင်၏ သိုင်းပညာက စွမ်းအားကြီးမားလာပြီး သူက ဘေးအန္တရာယ်ကို ကြိုတင် သိမြင်နိုင်သည့် အာရုံရှိ၏။ မပေါက်ကွဲခင် တစ်စက္ကန့်အလိုမှာပဲ သူက မြင်းပေါ်မှ ခုန်ချ၏။ ပြီးနောက် ပင်လယ်ဘက်ဆီသို့ ထွက်ပြေး၏။
“ဘုန်း...”
နောက်တစ်စက္ကန့်မှာပဲ သူ၏ အဖိုးတန် မြင်းကြီးက အပိုင်းပိုင်း ပြတ်တောက်ပြီး ပေါက်ကွဲ၏။ သူ့ကို ခြံရံကာ လိုက်ပါလာခဲ့သည့် မြင်းစီးစစ်သည်တစ်ထောင်လုံးကလည်း အပိုင်းပိုင်း ပျက်ကာ ပေါက်ကွဲကုန်၏။ ဝိုင်းရံနေရန် အချိန်မရှိပေ။ ယမ်းကြိုးကို မီးရှို့လိုက်သူကို လိုက်လံ ဖမ်းဆီးရန်လည်း အချိန်မရှိချေ။
မှန်ပေ၏။ ဤသည်က မြေမြှုပ်မိုင်း မဟုတ်သလို နင်းမိ၍ ပေါက်ကွဲခြင်းလည်း မဟုတ်ချေ။ လှိုဏ်ဂူထဲမှ တစ်စုံတစ်ယောက်က ယမ်းကြိုးကို မီးရှို့လိုက်ခြင်းဖြစ်သည်။
“သွားကြစမ်း။” မြို့စားကြီးအော်စတင်က ကျန်ရှိနေသည့် မြင်းစီးစစ်သည် ၂၀၀ ကျော်တို့နှင့်အတူ ရေတိမ်ပိုင်း ဆီသို့ ထွက်ပြေး၏။ လှေငယ်များပေါ်သို့ တက်ကာ ပင်လယ်ထဲရှိ သင်္ဘောကြီးဆီသို့ အသည်းအသန် လှော်ခတ်ကြ၏။ ထိုအချိန်မှာပဲ မြေပြင်က ပြင်းထန်စွာ တုန်ခါလာခဲ့၏။ အမေဇုန် အမျိုးသမီး စစ်သည်များက လိုက်လာခဲ့ကြ၏။
သို့သော်ငြား နောက်ကျသွားခဲ့၏။ မြို့စားကြီးအော်စတင်က သင်္ဘောပေါ်သို့ ရောက်ရှိသွားခဲ့ပြီးဖြစ်၍ သူတို့က ကမ်းခြေနှင့် မီတာ ရာနှင့်ချီ ဝေးကွာသွားခဲ့၏။ မင်းသမီးဒိုဟာက အမျိုးသမီး စစ်သည်တော် ၂၀၀၀ ကို ဦးဆောင်ပြီး ကမ်းစပ်သို့ ရောက်ရှိသည်။ ပင်လယ်ထဲရှိ သင်္ဘောကို လှမ်းကြည့်သည်။
မြို့စားကြီး အော်စတင်က သူမကို အံ့အားတသင့် ကြည့်လိုက်၏။ “မင်းသမီး ဒိုဟာလား။”
“ကျွန်မပါပဲ။” မင်းသမီး ဒိုဟာက ပြန်ဖြေသည်။
မြို့စားကြီး အော်စတင်က မေးလိုက်၏။ “နောက်တစ်လဆိုရင် မျိုးဆက်ပွားပွဲတော် ကျင်းပတော့မယ်။ မင်း မျိုးစေ့ကျွန်းကို လာမှာလား။”
“မလာဘူး။”
မင်းသမီး ဒိုဟာက ပြောသည်။ “ကျွန်မက အရှင်ရှမ့်လန်ပေါ်မှာ သစ္စာစောင့်သိဖို့ ကတိသစ္စာ ပြုပြီးသွားပြီ။”
အော်စတင်က ပြောလိုက်၏။ “နှမြောစရာပဲ။ မဟုတ်ရင် မင်းကို ငါ့ရဲ့ လှံစွမ်းပြရအုံးမှာ။”
တခြားသောအမျိုးသမီးများအတွက် ဤစကားက ကြီးမားသည့် စော်ကားမှုတစ်ခု ဖြစ်သော်လည်း အမေဇုန် အမျိုးသမီးများအတွက်တော့ ဤအရာက သာမန်စကားသာဖြစ်သည်။
မြို့စားကြီး အော်စတင်က မင်းသမီး ဒိုဟာ၏ ဒေါသကို မခံစားရချေ။ “မင်းသမီး... ခင်ဗျားက ကျုပ်ကို စိတ်ပျက်အောင် လုပ်ခဲ့တာပဲ။ ကျုပ်က တစ်ချိန်တုန်းက ခင်ဗျားကို အနောက်လောကတစ်ခုလုံးမှာ ကျုပ်နဲ့ ထိုက်တန်တဲ့ တစ်ဦးတည်းသော မိန်းကလေးလို့ ထင်ခဲ့တာ။ အခုတော့ အရှေ့တိုင်းသား ရှမ့်လန်ပေါ်မှာ သစ္စာခံနေတယ်ပေါ့။ ဘာလို့ လူလို မနေရတာလဲ။ ဘာလို့ အရှေ့တိုင်းသား တစ်ယောက်ရဲ့ ခွေးမ ဖြစ်ချင်ရတာလဲ။”
အပိုင်း (၈၄၀)
“ရှင် ကျွန်မကို စော်ကားနေတာလား။” မင်းသမီး ဒိုဟာက လှမ်းအော်မေး၏။
“ဟုတ်တယ်။ ကျုပ် မင်းကို စော်ကားနေတာ။ မင်းသမီး ဒိုဟာ...”
မြို့စားကြီး အော်စတင်က ပြောသည်။ “ကျုပ် တစ်ချိန်တုန်းက မင်းနဲ့ အိပ်ချင်ခဲ့တယ်။ ဒါပေမဲ့ အခုတော့ ကျုပ်ရဲ့စစ်တပ်နဲ့ မင်းကို နင်းချေပစ်ချင်တယ်။ မင်းက အနောက်လောကရဲ့ အရှက်ရစရာပဲ။ မင်းသာ ကျုပ်လက်ထဲကို အကျဉ်းသားအဖြစ် ရောက်လာလိမ့်မယ်ဆိုရင် မင်းရဲ့ လည်ပင်းကို ကျုပ်လှံနဲ့ ထိုးဖောက်ပြီး အသက်ရှူရပ်အောင် လုပ်ပစ်မယ်။”
မြို့စားကြီး၏ စစ်သင်္ဘောက ပင်လယ်ထဲသို့ တဖြည်းဖြည်း ပိုကွာဝေးကွာသွား၏။
မင်းသမီး ဒိုဟာက လှမ်းကာ အော်ပြောသည်။ “မြို့စားကြီးအော်စတင်... ရှင့်ရဲ့ စကားတွေက ကျွန်မကို ဒေါသထွက်စေခဲ့ပြီ။”
မြို့စားကြီး အော်စတင်က ပြော၏။ “အဲတော့ ဘာဖြစ်လဲ။ ကျုပ်က ပင်လယ်ထဲ ရောက်နေပြီ။”
သို့သော်ငြား နောက်ထပ် ဖြစ်ပျက်လာမည့် အရာများက သူ့ကို လုံးဝ တုန်လှုပ်သွားစေ၏။ မင်းသမီး ဒိုဟာနှင့် အမျိုးသမီးစစ်သည်တော် ၂၀၀၀ ကျော်တို့က မြင်းပေါ်မှ ဆင်း၏။ ပြီးနောက် ရေသူမများ ကဲ့သို့ပင် ရေထဲသို့ ခုန်ဆင်းကြသည်။
“ဗွမ်း .. ဗွမ်း .. ဗွမ်း ....” ပြီးနောက် သူတို့က သင်္ဘောဆီသို့ ရူးသွပ်စွာ ကူးခတ်လာခဲ့ကြ၏။
“ရူးနေတာပဲ။ လုံးဝကို ရူးနေတာပဲ။”
သူတို့ ပင်လယ်ထဲတွင် ကူးခတ်နေသည့် အချိန်က မယုံကြည်နိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည်။
“ရွက်လွှင့်ကြစမ်း။ အမြန်ဆုံး ထွက်သွားကြ။” မြို့စားကြီးအော်စတင်က အမိန့်ပေးလိုက်၏။ သို့ပေမည့် နောက်ကျသွားခဲ့ပြီ။ မင်းသမီး ဒိုဟာက လိုက်မီခဲ့၏။
“ဝှစ် ဝှစ် ဝှစ်” အမေဇုန် စစ်သည်တော်တို့က အမြှောက်ဆံများကဲ့သို့ပင် ပင်လယ်ထဲမှ ခုန်ထွက်လာ၏။ မြို့စားကြီး အော်စတင်၏ သင်္ဘောကုန်းပတ်ပေါ်၌ ပေါ်လာကြသည်။
ထိုအခိုက်အတန့်မှာတော့ မြို့စားကြီး အော်စတင်က လှပသည့် မင်းသမီး ဒိုဟာကို ရန်စမိသည့်အတွက် နောင်တရသွား၏။ သူက ကြီးကျယ်မြင့်မြတ်ပြီး မာနကြီးလွန်းသည့် အမျိုးသားတစ်ဦး ဖြစ်၏။ ဒဏ္ဍာရီလာ မင်းသမီးဒိုဟာကို စွဲလမ်းနေခဲ့သူ၊ မျိုးဆက်ပွားပွဲတော်တွင် တွေ့ဆုံရန် အမြဲတမ်း မျှော်လင့်ခဲ့သူ ဖြစ်၏။
သို့သော်ငြား ယနေ့ မင်းသမီးဒိုဟာက ရှမ့်လန်အပေါ် သစ္စာခံရုံသာမက ရှမ့်လန်နှင့် မြင်းတစ်စီးတည်း အတူစီးလာသည်ကို မြင်သောကြောင့် မြို့စားကြီး အော်စတင်က စိတ်ထိန်းချုပ်မှုကို လက်လွှတ်လိုက်ပြီး ရိုင်းစိုင်းသည့် စကားလုံးများကို ပြောဆိုမိခြင်းဖြစ်သည်။
“ရှင် ကျွန်မကို စော်ကားခဲ့တယ်။ ဒီတော့ နှစ်ယောက် တိုက်ခိုက်ပွဲကို ဆင်နွှဲကြရအောင်။” မင်းသမီး ဒိုဟာက ကုန်းပတ်ပေါ်ရှိ မြို့စားကြီး အော်စတင်ကို ပြော၏။
............
နှစ်ဦးသားက ၁၀ မီတာခန့် ကွာဝေး၏။ မြို့စားကြီးအော်စတင်က မင်းသမီး ဒိုဟာကို အနီးကပ်ကြည့်၏။ သူမက သူ ထင်မှတ်ထားသည်ထက် ပိုကာ လှပ၏။ အထူးသဖြင့် လည်တိုင်ထိ ဝဲကျနေသည့် ငွေရောင် ဆံနွယ်များက တကယ့်ကို တင့်တယ်လှပပြီး ရဲရင့်လွန်းသည့် အရှိန်အဝါမျိုးကို ပေးအပ်နေသည်။
မြို့စားကြီး အော်စတင်က ပြော၏။ “မင်းသမီး.... ကျုပ် ခင်ဗျားကို တောင်းပန်ပါတယ်။ ကျုပ်ရဲ့ မနာလိုစိတ်ကြောင့် ရိုင်းစိုင်းမိသွားတာပါ။”
“ကျွန်မ နားလည်တယ်။ ရှင့်ရဲ့ တောင်းပန်မှုကို လက်ခံပါတယ်။” မင်းသမီး ဒိုဟာက ပြန်ပြောသည်။
အော်စတင်က ပြောလိုက်၏။ “ကျုပ်ကို အချိန်ခဏလောက် ပေးလို့ရမလား။”
“ရတာပေါ့။”
မြို့စားကြီးအော်စတင်က သူ၏ ဝတ်ရုံကို ချွတ်၏။ လက်ထဲတွင် ဓားကို ကိုင်ပြီး ကုန်းပတ်ပေါ်တွင် ဒူးထောက်၏။ သူက တရားထိုင်ခြင်းကို စတင်ပြုလုပ်နေခြင်းပင်။ ယခုအချိန်မှာတော့ သူ၏ စိတ်များက ရှုပ်ထွေးနေ၏။ စိတ်ငြိမ်သက်စေရန် ၊ အကောင်းဆုံး တိုက်ခိုက်နိုင်စွမ်းကို ပြန်လည်ရရှိရန် လိုအပ်သည်။
“ဝှစ် ဝှစ်” လူတိုင်း၏ တရားထိုင်ပုံက မတူညီကြချေ။ မြို့စားကြီးအော်စတင်၏ တရားထိုင်နည်းက သူ ငယ်စဉ်ဘဝတည်းက မှတ်ဉာဏ်များထဲမှ ဖြစ်၏။ တောင်ထိပ်ရှိ ရဲတိုက်ကြီးတစ်ခု။ သူက သူ့အမေ ရင်ခွင်ထဲတွင် လဲလျောင်းရင်း ကြယ်ရောင်တောက်ပနေသည့် ကောင်းကင်ကြီးကို မော့ကြည့်၏။
“အမေ... ကောင်းကင်ပေါ်မှာရှိတဲ့ ကြယ်တွေက ဘာတွေလဲ။”
“အရှေ့တိုင်းသားတွေရဲ့ အဆိုအရတော့ သူရဲကောင်းတွေ သေဆုံးရင် ကောင်းကင်မှာ ကြယ်တွေ ဖြစ်သွားကြတယ်တဲ့။ ဒါကြောင့် ကောင်းကင်ပေါ်က ကြယ်တွေ အများကြီး ရှိနေတာပေါ့။ ပြီးတော့ ပိုပိုပြီးလည်း များလာတယ်။”
နောက်ထပ် မြင်ကွင်းတစ်ခုကတော့ သူ၏ အဖေဖြစ်သူက မြို့စားကြီးဘွဲ့ကို လက်လွတ်ရသောကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည့် မြင်ကွင်းပင်။ ပြီးနောက် အခြားသော မြင်ကွင်းတစ်ခု။ သူက ရော့ဆို မိသားစုကို နှုတ်ဆက်ကာ လောကအနှံ့ ခရီးထွက်ခဲ့၏။
“ဘရွတ်... ဦးလေး သွားတော့မယ်နော်။” မြို့စားကြီးအော်စတင်က ဒီဘိုရာ၏ ဆံနွယ်များကို ပွတ်သပ်ပေး၏။ တစ်နည်းအားဖြင့် သူ၏ ဖခင်က ဒီဘိုရာ၏ ဖခင်လက်ထက်တွင် သေဆုံးရခြင်း ဖြစ်၏။ သို့သော်လည်း သူက ထိုသူကို မမုန်းတီးပေ။ သူ၏ဖခင်က ပုန်ကန်ခဲ့သူ ဖြစ်ပြီး ရာထူးကို လုယူရန် ကြိုးစားခဲ့သူပင်။
သူ၏ ဖခင်က သူရဲကောင်း မဟုတ်သောကြောင့် ကောင်းကင်မှာ ကြယ်ဖြစ်လိမ့်မည် မဟုတ်ဟု သူတွေးခဲ့မိ၏။ ပုန်ကန်မှုက ရော့ဆို မိသားစုကို နာကျင်စေခဲ့၏။ ထို့ကြောင့် ဆယ်စုနှစ်ကြာ ခရီးလှည့်လည်သွားပြီး ဒီဘိုရာ၏စာကို လက်ခံရရှိချိန်တွင် သူက မိသားစုထံသို့ ပြန်လာခဲ့ခြင်း ဖြစ်၏။
...................
နာရီဝက်အကြာမှတော့ မြို့စားကြီး အော်စတင်က မျက်လုံးကို ဖွင့်၏။ တရားထိုင်ခြင်းက ပြီးဆုံးသွားခဲ့သည်။ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေက အမြင့်ဆုံးသို့ ရောက်ရှိနေ၏။ သူက အသက်ကို ပြင်းပြင်းရှူပြီး မတ်တတ်ထရပ်ရင်း သူ၏ ဓားကို နှေးကွေးစွာ မြှောက်သည်။
နှစ်ယောက်ချင်း တိုက်ပွဲက စတင်ခဲ့ပြီ ဖြစ်၏။
ဘုန်း ဘုန်း ဘုန်း
ပုံရိပ်နှစ်ခုက ကုန်းပတ်ပေါ်တွင် ရူးသွပ်စွာ တိုက်ခိုက်နေကြ၏။ မြို့စားကြီးအော်စတင်၏ ဓားက အလင်းရောင်များ ဖြာထွက်နေသကဲ့သို့ပဲ။ သူ၏ဓားခုတ်ချက်တိုင်းတွင် ပြင်းထန်သည့် စွမ်းအင်များ ပါဝင်နေ၏။ ဤသည်ကား အနောက်လောက၏ တိုက်ခိုက်ရေး စွမ်းရည်ပင်ဖြစ်သည်။
မင်းသမီးဒိုဟာက တိုက်ခိုက်ရေး စွမ်းရည် မရှိချေ။ သို့သော်ငြား သူမ၏ ခုတ်ပိုင်းချက်တိုင်းက ပြင်းထန်လွန်းသည့် အရှိန်နှင့် စွမ်းအင်များ ပြည့်နှက်နေ၏။
ဓားနှစ်စင်းက ထိမှန်၏။ မီးပွားများက ပန်းပဲဆရာတစ်ဦး သံကို ထုနှက်သကဲ့သို့ပင် တောက်ပ၏။။ သူတို့နှစ်ဦး ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကုန်းပတ်များက ကျိုးပဲ့ ပျက်စီးကုန်သည်။
ဘုန်း ဘုန်း ဘုန်း …။
သူတို့နှစ်ဦးက မိစ္ဆာနှစ်ကောင်ကဲ့သို့ သင်္ဘောခန်းအားလုံးကို ထိုးဖောက်ဝင်သွား၏။ နှစ်ဦးလုံးက ဓားများကို ဝှေ့ယမ်းလိုက်သည့်အချိန်တွင် သင်္ဘောခန်း တစ်ခုလုံးက စုတ်ဖြဲခံလိုက်ရကာ ကြီးမားလွန်းသည့် ရွက်တိုင်ကြီးက အလယ်မှ ပြတ်တောက်၏။ ထိုနှစ်ယောက် တိုက်ခိုက်နေသည့် တိုက်ခိုက်မှု စွမ်းအင်ကို မခံနိုင်သောကြောင့် ကုန်းပတ်ကြမ်းပြင်တစ်ချို့က ကျွံကုန်၏။ သူတို့နှစ်ဦးလုံးက သင်္ဘောခန်းဆီသို့ ရောက်ပြီး ဆက်လက် တိုက်ခိုက်နေပြန်၏။
ဘုန်း ဘုန်း ဘုန်း
အပြင်ဘက်မှ ကြည့်မည်ဆိုလျှင် တိုက်ပွဲကို မမြင်ရတော့ဘဲ ကျယ်လောင်သည့် ပေါက်ကွဲသံများကိုသာ ဆက်တိုက် ကြားရသည်။
သင်္ဘောအတွင်းရှိ အခန်းများက တစ်ခန်းပြီး တစ်ခန်း ပျက်စီးသွား၏။
“ဝုန်း” ခိုင်ခံ့သည့် သင်္ဘောအောက်တွင် ကြီးမားသည့် အပေါက်ကြီး နှစ်ပေါက် ရုတ်တရက် ပေါ်လာ၏။ ပြီးနောက် သူတို့နှစ်ဦးက သင်္ဘောအောက်ခြေမှ အမြှောက်ဆံများကဲ့သို့ ထိုးထွက်ကာ ပင်လယ်ထဲသို့ ကျ၏။ သူတို့က ရေထဲသို့ နစ်မြုပ်သွားသည်။
ပင်လယ်အောက် ကြမ်းပြင်ဆီသို့ ရောက်ရှိပြီး ဆက်လက် တိုက်ခိုက်နေကြဆဲပင်။ မြို့စားကြီး အော်စတင်က ရေမျှ စွမ်းအားကြီးသနည်း။ မြို့စားကြီးကောင့်က မင်းသမီးဒိုဟာ၏ တစ်ချက်တည်းသော တိုက်ခိုက်ချက်အောက်တွင် ရှုံးနိမ့်ခဲ့၏။ ယခု သူတို့နှစ်ယောက်က အချီပေါင်း ရာနှင့်ချီ တိုက်ခိုက် နေသော်လည်း အရှုံးအနိုင် မပေါ်သေးချေ။
မင်းသမီး ဒိုဟာက ပင်လယ်ကြမ်းပြင်တွင် သူမ၏ ဓားစွမ်းရည်ကို လေ့ကျင့်ခဲ့သူ ဖြစ်၏။ သို့သော်လည်း မြို့စားကြီး အော်စတင်ကလည်း ရေအောက်တွင် ကျွမ်းကျင်စွာ တိုက်ခိုက်နိုင်စွမ်း ရှိ၏။ ဆယ်စုနှစ် တစ်ခုကျော်ကြာ လောကအနှံ့ လှည့်လည် ဖြတ်သန်းသွားစဉ် သူက မရေတွက်နိုင်သည့် နေရာများသို့ ရောက်ရှိခဲ့ပြီး အန္တရာယ် အရှိဆုံးဆိုသော တိုက်ပွဲများကို ဆင်နွှဲခဲ့ဖူးသူဖြစ်သည်။
ဘုန်း ဘုန်း …..။
ပင်လယ်ကြမ်းပြင်ရှိ ကျောက်ဆောင်များက ဓားကြီးများ၏ ဝှေ့ယမ်းတိုက်ခိုက်မှုအောက်တွင် ကြေမွကုန်၏။ ပင်လယ်ရေမျက်နှာပြင် တစ်ခုလုံးက နောက်ကျိပြီး ဘာကိုမှ မမြင်နိုင်ချေ။
သူတို့နှစ်ဦးက ရုတ်တရက် ငြိမ်သက်၏။ သူတို့က ၁၀ မီတာခန့် အကွာအဝေးတွင် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင်စွာဖြင့် တိတ်ဆိတ်စွာ ရပ်နေ၏။ သတ်ဖြတ်လိုသည့် အငွေ့အသက် အားလုံးက ပျောက်ကွယ်သွားသကဲ့သို့ ရှိ၏။ သွေးနံ့များ ထွက်ပေါ်လာ၏။
မြို့စားကြီး အော်စတင်ရှိ ကိုယ်ပေါ်မှာ ဒဏ်ရာများ ရှိနေ၏။ ဤသည်က အခုတ်ခံရ၍ မဟုတ်ဘဲ သူ၏ စွမ်းအင်များကို အလွန်အကျွံ သုံးစွဲသောကြောင့် ကြွက်သားများက အလိုလျောက် ကွဲထွက်သွားခဲ့ခြင်းသာ ဖြစ်သည်။
မြို့စားကြီး အော်စတင်၏ ပြင်းထန်သည့် တိုက်ခိုက်ရေး စွမ်းရည်များ ရှိသော်လည်း မင်းသမီး ဒိုဟာက မွေးရာပါ ခွန်အားကို ပိုင်ဆိုင်သူပင်။ အကွာအဝေး တစ်ခုရှိ ငါးမန်းတစ်ကောင်က သွေးနံ့များကို ရသွားဟန်ဖြင့် သူတို့နှစ်ဦးထံသို့ ကူးခတ်လာနေ၏။ နောက်ထပ် တစ်စက္ကန့်မှာပဲ သူတို့နှစ်ဦးက အမြှောက်ဆံများ ကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦး တိုက်မိကြ၏။
ပြီးနောက် ငါးမန်းက ထွက်ပြေးရန် ကြိုးစားနေ၏။ သို့သော်ငြား သူတို့နှစ်ဦးက ထိုငါ’မန်း၏ ခန္ဓာကိုယ်တွင်းသို့ တိုက်ရိုက်တိုးဝင်၏။ သနားစရာကောင်းသည့် ငမန်းက အလယ်မှ ပြတ်တောက်၏။ မည်သို့မှ ရုန်းကန်ခွင့်မရလိုက်ဘဲ ကြောက်မက်ဖွယ်ရာကောင်းစွာ သေဆုံးသွားခဲ့၏။ သွေးများ ပန်းထွက်လာပြီး ပင်လယ်ပြင်တစ်ခုလုံးကို ချက်ချင်း နီရဲစေ၏။ သွေးများက လူသား၏ သွေးလား၊ သို့မဟုတ် ငါးမန်း၏ သွေးလား ဆိုသည်ကိုပသ် ခွဲခြားရန် မလွယ်ကူတော့ပေ။
..............
ခဏအကြာမှာတော့ မင်းသမီးဒိုဟာ၏ ခန္ဓာကိုယ်လေးက ရေသူမ ကဲ့သို့ပင် ပင်လယ်ရေထဲမှ ပြန်ထွက်လာ၏။ သူမက သွေးတစ်လုတ်ကို ထွေးထုတ်၏။ စက္ကန့်အနည်းငယ် အကြာမှာတော့ မြို့စားကြီး အော်စတင်၏ ခန္ဓာကိုယ် ပေါ်လာ၏။ ခန္ဓာကိုယ်က ထွင်းဖောက်ခံထားရပြီး သွေးများကလည်း တသွင်သွင် ထွက်ပေါ်နေသည်။
နောက်ဆုံး မင်းသမီး ဒိုဟာက အောင်ပွဲခံခဲ့၏။ ပင်လယ်ကြမ်းပြင်က သူမ၏ အိမ်ကွင်းပင်။ မင်းသမီး ဒိုဟာက မြို့စားကြီးအော်စတင်၏ ဆံပင်ကို ဆွဲကာ ကမ်းစပ်ဆီသို့ လျှောက်သွား၏။ ခဏအကြာမှာတော့ သူမက ကမ်းခြေပေါ်သို့ ဆွဲတင်၏။
“မင်းသမီး... မင်း ကျုပ်ကို သတ်ဖို့ ရက်စက်နိုင်မှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား။”
မြို့စားကြီး အော်စတင်က ပြုံးကာ ပြော၏။ ပြီးနောက် သူက ချောင်းကို ခပ်ပြင်းပြင်း ဆိုး၏။ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
မင်းသမီး ဒိုဟာက တည်ငြိမ်စွာပဲ ပြော၏။ “အော်စတင်... ရှင် အများကြီး တွေးထားပုံပေါ်တယ်။ ရှင်က ရန်သူရဲ့ တပ်မှူးပဲ။ ဧကရာဇ်ရဲ့ အမိန့်မရှိဘဲနဲ့ ရှင်ကို ကျွန်မ သတ်လို့ မရဘူး။ ဒါပေမဲ့ ရှင် အဖမ်းခံလိုက်ရပြီ။”
...........
နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာ၏။ တိုက်ပွဲက လုံးဝ ပြီးဆုံးသွား၏။ ရှက်တတ်သည့် တပ်မှူး ကွေ့နင်၏ လိုက်လံတိုက်ခိုက်မှုက ပြီးဆုံးသွားခဲ့၏။ သူမက စစ်သည် ၅၀၀၀ ကို ဦးဆောင်ပြီး ထွက်ပြေး သွားသည့် ရန်သူအားလုံးကို သတ်ဖြတ်ခဲ့သည်။
ယခုအချိန်မှာတော့ မူလန်မြို့ကို တိုက်ခိုက်ရန် စေလွှတ်ခဲ့သည့် ဒီဘိုရာ၏ စစ်သည် တစ်သိန်းလုံးက အားလုံး သတ်ဖြတ်ခံလိုက်ရ၏။ ရန်သူ၏ စစ်သူကြီး မြို့စားကြီး အော်စတင်ကလည်း အကျဉ်းသား ဖြစ်သွား၏။
.........
နုနယ်လှပသည့် အမျိုးသမီး တစ်ဦးက ရှမ့်လန်၏ ရှေ့တွင် ဒူးထောက်နေ၏။ သူမက မီးနတ်ဘုရား ဘုရားကျောင်းမှ နတ်ဆရာမပင်။
“ခင်ဗျားရဲ့ အသက်ကို ကျုပ် ခန့်မှန်းကြည့်မယ်။”
ရှမ့်လန်က ပြောသည်။ “၃၂ လား။”
နတ်ဆရာမ်မက တုန်လှုပ်သွားခဲ့၏။ ရှမ့်လန်၏ ခန့်မှန်းချက်က တကယ့်ကို တိကျလှသောကြောင့်ပင်။ သို့သော်ငြား သူမ၏ ရုပ်ရည်က အစစ်အမှန်ထက် အသက်များစွာ ငယ်ရွယ်ပုံ ပေါက်၏။
ရှမ့်လန်က ပြောသည်။ “ကျုပ် မီးနတ်ဘုရားကျောင်းရဲ့ စစ်သည်တော် တစ်ယောက်ကိုမှ မသတ်ခဲ့ဘူး။”
နတ်ဆရာမမကြီးက တိတ်ဆိတ်နေဆဲပင်။ သူမက အသနားမခံသလို မည်သည့် ခြိမ်းခြောက် စကားကိုမှ လည်း မပြောချေ။
“နောက်ထပ် ကျုပ်အတွက် တစ်ခု လုပ်ပေးစေချင်တယ်။”
ရှမ့်လန်က ပြော၏။ “ပထမဦးဆုံးအနေနဲ့ မီးနတ်ဘုရားကျောင်းရဲ့ နတ်ဆရာမကြီးဆီကို ကျုပ်ရဲ့ စေတနာ သတင်းစကား ပို့ပေးပါ။ ဒုတိယအနေနဲ့ ကျုပ် ဒီဘိုရာအတွက် လက်ဆောင်တချို့ ရှိတယ်။ ဒါတွေကို သူ့ဆီ ပေးဖို့ ခင်ဗျားကို တောင်းဆိုချင်တယ်။ လက်ဆောင်တွေက ဘာတွေလဲလို့ မမေးတော့ဘူးလား။”
နတ်ဆရာမကြီးက တိတ်ဆိတ်နေဆဲပဲ။ ရှမ့်လန်က သူမ၏လက်ကို ဆွဲပြီး ဝရန်တာ အပြင်သို့ လျှောက်သွား၏။ ပြီးနောက် နတ်ဆရာမကြီးက ရှမ့်လန် ဒီဘိုရာကို ပေးချင်သည့် လက်ဆောင်ကို မြင်တွေ့လိုက်ရသည်။
ဦးခေါင်းများ။ သောင်းနှင့်ချီသည့် ဦးခေါင်းများပင်။ ရထားလုံး ဒါဇင်ပေါင်းများစွာပေါ် ပုံထား၏။ ဤသည်က ကြောက်မက်ဖွယ်ရာကောင်းသည့် မြင်ကွင်းတစ်ခု ဖြစ်၏။
“ကျုပ် တောင်းပန်တယ်။ ကျုပ်တို့က အခု ပိတ်ဆို့ခံထားရတဲ့ အခြေအနေမှာမို့လို့ ပင်လယ်ထဲကို မသွားနိုင်သေးဘူး။ ဒါပေမဲ့ ဒီဦးခေါင်း သောင်းနဲ့ချီကို ပီကျင်းမြို့ရဲ့ ဆိပ်ကမ်းမှာ မြင်တွေ့စေချင်တယ်။ ဒါမှ မြို့ထဲက ရှိတဲ့လူတိုင်းက ဒါကို ရှင်းရှင်းလင်းလင်း မြင်နိုင်လိမ့်မယ်။ ဒါကြောင့် ဒီဦးခေါင်းတွေကို ပီကျင်းမြို့ဆီ ပြန်သယ်သွားဖို့ ခင်ဗျားကို ကူညီတောင်းပါရစေ။”
“စကားမစပ်.. ဒီဘိုရာကို ပြောလိုက်ပါအုံး။ တစ်ညတာ လင်မယားက နှစ်တစ်ရာတိတိ ချစ်ခြင်းမေတ္တာတရား ရှိတယ်လို့။ မကြာခင်မှာ ကျုပ် စစ်တပ်ကို ဦးဆောင်ပြီး ပီကျင်းမြို့ကို လာတိုက်ခိုက်တော့မယ်။ သူ့ကို အိပ်နိုင်၊စားနိုင်အောင် ခန္ဓာကိုယ်ကို ကျန်းမာအောင် ဂရုစိုက်ပြီးနေပါလို့။ ကျုပ်လာမယ့် အချိန်ကို စောင့်နေဖို့ ပြောလိုက်ပါ။ ကျုပ်က နိမ့်ကျတဲ့ လိင်ကျွန်တစ်ယောက် လိုအပ်နေတာ။ သူ့ကို ရွေးချယ်မယ်ဆိုရင် မဆိုးလောက်ပါဘူး။”
.....................
“ဧကရာဇ်... ကျွန်မတို့ ဒေဝါလီ ခံရတော့မယ်။”
ဤအရာကတော့ ရှမ့်လန်နှင့် တွေ့ဆုံချိန်တွင် ကျန်းချွင်းဟွာ ပြောသည့် ပထမဦးဆုံး စကားပင်။
“ကျုပ် သိပါတယ်။” ရှမ့်လန်က လမ်းတစ်လျှောက်လုံး ထိုပြဿနာကို တွေးတောဖြစ်၏။ မူလက မူလန်မြို့ရှိ စားနပ်ရိက္ခာက တစ်လခွဲလောက် လောက်ငသော်လည်း ယခု ၁၀ ရက်စာပင် မကျန်တော့ချေ။ တခြားကြောင့် မဟုတ်ချေ။ အမေဇုန် အမျိုးသမီး စစ်သည်များ၏ စားနိုင်စွမ်းက လွန်ကဲသောကြောင့်ပင်။ ပျမ်းမျှအားဖြင့် အမျိုးသမီး တစ်ဦးလျှင် တစ်နေ့ကို အသား ၅ ပိဿာ၊ ငါး ၅ ပိဿာခန့် အနည်းဆုံး စားသုံး၏။
ယခု ရှမ့်လန် နောက်သို့ လိုက်ပါလာကြသောကြောင့် စားသောက်မှု ပုံစံကို ပြောင်းလဲပေးရမည် ဖြစ်သောကြောင့် အာလူး၊ ဆန်၊ ဂျုံတို့ကို ပြောင်းလဲကျွေးမွေးသော်လည်း လက်ရှိ ရှိနေသည့် ရိက္ခာက ၁၀ ရက်ပင် ခံတော့မည် မဟုတ်ပေ။
အမေဇုန် အမျိုးသမီး စစ်သည်များက တကယ့်ကို အစွမ်းထက်သလို သူတို့၏ အစားအသောက် စားချင်သောက်ချင်စိတ်ကလည်း သာမန်လူများထက် ၁၀ ဆ ကြီးမားသည်။