← Chapters

နိုင်ငံခြားရေးဝန်ကြီး လျှိုချင်ဟွမ်

Vol. 16 Ch. 215

နိုင်ငံခြားရေးဝန်ကြီး လျှိုချင်ဟွမ်

Vol. 16 Ch. 215

ဟုန်သိုမှာ မိန်းမငယ်လေး၏ လက်သီးတစ်ချက်တည်းနှင့် ထုတ်ပယ်ခြင်း ခံလိုက်ရသည်။

မျက်လုံးများမှာ ဆုံချက်ပျောက်နေပြီး အသိစိတ်လည်း မရှိတော့ချေ။ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ပြိုင်ပွဲကွင်းပြင်သို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။

ကြောက်မက်ဖွယ်ရာ မြင်ကွင်းအား မြင်တွေ့လိုက်ရသည်ကြောင့် တုန်ယန်သည် တုန်လှုပ်ချောက်ချားကာဖြင့် တဆတ်ဆတ် တုန်ယင်လျက်ရှိသည်။ ဧရာမကျောက်တုံးကြီး၏ နောက်တွင် ပုန်းအောင်းကာဖြင့် သူမ၏ အော်ရာများကို ဖိနှိပ်ရန် ကြိုးစားခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။

၈..။ ထိုမိန်းကလေး၏ အမြန်နှုန်းနှင့် စွမ်းအားမှာ တုန်ယန်၏ နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်နေသေးသည်။

ထိုမျှလောက်ကြီးမားသည့် စွမ်းအားနှင့်ဆိုလျှင် တုန်ယန်အနေဖြင့် မည်သည့်နည်းဖြင့် သောက်တော်ရေခွက်အား ရရှိနိုင်ပါ့မည်နည်း။ ကိုယ်ထင်ပြကာဖြင့် သေခြင်းတရားထံ ပြေးဝင်လိုက်ရမည်လား။

သနားစဖွယ် ဟုန်သိုလေးမှာ နှုတ်ဆက်စကား ဆိုရုံနှင့်ပင် ထုတ်ပယ်ခြင်း ခံလိုက်ရသည်။

သူမ၏ အသင်းဖော်အား တစ်မိနစ်မျှ လေ့လာပြီးသည့်နောက်တွင် တုန်ယန်သည် သူမ၏ အာရုံအား မိန်းမငယ်လေးထံသို့ ပြန်ပို့လိုက်သည်။

မဟုတ်ချေ။ တုန်ယန်သည် ရုတ်တရက်ဆိုသလို အသိဝင်လာပြီးနောက် ခေါင်းယမ်းလိုက်သည်။ ငါ့ရဲ့ အာရုံကို ဘုရင်မကြီးဆီ ပို့ရမှာ။ သူမဘာသာ တွေးတောလိုက်သည်။

ဟုန်သို ပျောက်ကွယ်သွားသည်ကို ကြည့်ရင်းဖြင့် ဘုရင်မကြီးသည် နှုတ်ခမ်းတင်းတင်း စေ့ကာဖြင့် ဝက်ကောင်လုံးကင်ထံသို့ အာရုံပြောင်းလိုက်သည်။ သူမ၏မျက်နှာမှာ မပြောင်းမလဲ ရှိနေပြီး တံစို့အား လှည့်နေလေသည်။ သူမအနေဖြင့် အရေးမပါသည့် တစ်စုံတစ်ခုအား ပြုလုပ်လိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် အန်လင်းတို့သည် ဟုန်သို ထုတ်ပယ်ခံရသည့် ကြေညာချက်အား ကြားလိုက်ရပြီး အနည်းငယ် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လာကြသည်။

“ဖန်တီးခြင်းခန်းမက ငါတို့ထက်အရင် ရောက်နှင့်လိမ့်မယ်လို ဘယ်သူထင်မှာလဲ” လျှိုချင်ဟွမ် အံ့ဩတကြီး ဆိုလေသည်။

“သောက်တော်ရေခွက်ကို စောင့်ကြည့်နေတဲ့ စစ်မိစ္ဆာကို ရှုံးနိမ့်သွားတာမျိုး မဖြစ်နိုင်ဘူး။ တခြားအဖွဲ့ကို ရှုံးသွားတာမျိုး ဆိုရင်ကော” ဝမ်ရွှမ်ကျန့်သည် ပြုံးလိုက်ပြီး သူ၏မျက်နှာတွင် အမှုမထားမှုများ ရှိနေသည်။

အန်လင်းမှာလည်း ပခုံးတွန့်ကာဖြင့် “အဲလိုဆိုရင်တော့ ဘယ်အဖွဲ့ကများ လုပ်နိုင်မှာလဲ”

ဗုဒ္ဓလောကနှင့် ဧဒင်ဥယျာဉ်မှ ကိုယ်စားလှယ်များသည်လည်း ထိုသို့သော အတွေးမျိုး ရှိကြသည်။ အံ့ဩသွားသည်မှအပ ကိုယ်စားလှယ်များသည် စိုးရိမ်ပူပန်မှုများ မရှိကြချေ။

ကောင်းကင်ပြာရင်ပြင်တွင် ဖန်တီးခြင်းခန်းမ၏ ဟွမ်ရှန့်နှင့် ဟုန်သိုတို့သည် ကုစားခြင်း မန္တန်ဝင်္ကပါအတွင်း၌ လဲလျောင်းလျက်ရှိကြသည်။ နှစ်ဦးစလုံးမှာ တိတ်တဆိတ်ဖြင့်သာ ဖန်သားပြင်အား ကြည့်နေကြလေသည်။

ခေတ္တမျှ ကြာပြီးသည့်နောက်တွင် ဟုန်သို တီးတိုးဆိုလေသည်။ “အဲဒီအချိန်တုန်းက ငါတို့တွေ အရမ်းကို စွန့်စားခဲ့ကြပြီး သတ္တိရှိခဲ့ကြတယ်။ ပထမဆုံး ကောင်းကင်ဘုံပိုင်နက်နဲ့ ဧဒင်ဥယျာဉ်ကို ထောင်ချောက်ဆင် ဖမ်းနိုင်ခဲ့တယ်။ ပြီးတော့ ဘုန်းကြီးတွေကို ထွက်ပြေးသွားစေနိုင်ခဲ့တယ်။ ဒီပွဲမှာ ငါတို့က သောက်တော်ရေခွက်တွေကို ရယ်မောရင်းနဲ့တောင် လွယ်လွယ်ကူကူ ရနိုင်ခဲ့တယ်။ အခုတော့လည်း ငါတို့က ရမှတ် သုညနဲ့ အဆုံးသတ်ရတော့မှာပါလား”

ဝုန်း ...

ဟုန်သို၏ဦးခေါင်းသို့ ရွှေရောင်လျှပ်စီးကြောင်း ပစ်ခတ်လာလေသည်။ ထို့နောက်တွင် အနက်ရောင်မီးခိုးငွေ့များ တလူလူ ထွက်ပေါ်လာသည်။

“ဘာ.. ဘာလို့လဲ” ဟုန်သိုမှာ ကြောင်အနေမိပြီး မခံမရပ်နိုင်ဖြစ်ကာ ဝမ်းနည်းစွာဖြင့် ငိုကြွေးလေတော့သည်။

“မင်းသောက်ပေါက်ကို ပိတ်လိုက်တော့။ လူတွေအများကြီးသား ရှိမနေဘူးဆိုရင် မင်းကို ထပ်ကာထပ်ကာကန်ပြီး သေအောင်ရိုက်ပစ်မှာ သိရဲ့လား” ဟုန်သို၏အသံသည် ဟွမ်ရှန့်အား ဒေါသထွက်စေသည်။ သူ၏မျက်လုံးများမှာ အလွန်အမင်း အေးစက်လျက်ရှိပြီး ဟုန်သိုအား ကြည့်နေလေသည်။

ဟုန်သိုမှာ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်မှုများ လွှမ်းခြုံလာသည်ဟု ခံစားရပြီး ထိန်းချုပ် မရနိုင်လောက်အောင် တုန်ယင်လာလေသည်။

မှန်သည်။ ယင်းမှာ ဟွမ်ရှန့်၏ သတ်ဖြတ်လိုစိတ် ဆန္ဒများပင် ဖြစ်လေသည်။ နောက်ပြောင်နေခြင်း မဟုတ်ပေ။

ကျုံးလုံတောင်တန်းအလယ်တွင် ကောင်းကင်ဘုံပိုင်နက်၏ ကိုယ်စားလှယ်သုံးဦးတို့မှာ ကောင်းကင်တွင် ပျံသန်းရင်းဖြင့် မသင်္ကာဖွယ်ရာ အခြေအနေများအား ရှာဖွေလျက်ရှိသည်။

“ကျွန်တော်တို့ပျံနေတာ ကျုံးလုံတောင်တန်း အပြင်တောင် ရောက်တော့မယ်။ အခုထိ ဘာမှရှာမတွေ့သေးဘူး။ နေရာမှန်ကို ရောက်နေတာ သေချာရဲ့လား” အန်လင်း စိုးရိမ်စွာဖြင့် မေးလိုက်သည်။

“နည်းနည်းလောက် မှားသွားတော့ကော ဘာဖြစ်လဲ။ ငါက နှစ်ခါတောင် သေသေချာချာ စစ်ကြည့်ပြီးပြီ။ နောက်ထပ် အော်ရာရှာဖွေဝင်္ကပါ ပြင်ဆင်ဖို့လည်း ငါ့မှာ စွမ်းအင်မကျန်တော့ဘူးဟဲ့”

အော်ရာရှာဖွေဝင်္ကပါ ပြင်ဆင်ခြင်းမှာ အလွန်ခက်ခဲပင်ပန်းလှသည်။ လျှိုချင်ဟွမ်သည် နှုတ်ခမ်းဆူကာဖြင့် ဟိုဟိုဒီဒီ ကြည့်နေပြီး အန်လင်းအား လျစ်လျူရှုထားလေသည်။

ယင်းသည် သူတို့ထိန်းချုပ်နိုင်သည့်အရာ မဟုတ်ကြောင်း ဝမ်ရွှမ်ကျန့် နားလည်သည်။ နီးစပ်သည့် ဦးတည်ရာဘက်အား ခန့်မှန်းနိုင်ခြင်းကပင် အလွန်ကံကောင်းလှပြီ ဖြစ်သည်။ သူတို့အားလုံး ပြုလုပ်ရန်မှာ ပတ်ဝန်းကျင်အား ပိုက်စိပ်တိုက်ကြည့်ကာဖြင့် အရိပ်အမြွက်လေးများအား ရှာဖွေရန်သာလျှင် ဖြစ်သည်။

“ဟမ် ဟိုတောင်ပေါ်မှာ မီးတောက်တွေ မြင်နေရသလိုပဲ” မျက်လုံးများ အရောင်လက်လာပြီးနောက် အဝေးတွင်ရှိနေသော ကြီးမားလှသည့် တောင်ကြီးအား မျှော်ကြည့်လိုက်သည်။

“မီးတောက်လား။ တခြားအဖွဲ့တွေရဲ့ စတည်းချရာ မဟုတ်ဘူးမလား” အန်လင်းသည်လည်း အလင်းရောင်ဖျော့ဖျော့အား သတိပြုမိသည်။ အဝေးမှနေ ကြည့်မည်ဆိုလျှင် ယင်းသည် အမှောင်ထုထဲတွင် တောက်ပနေသည့် ကြယ်ပွင့်နှင့်ပင် တူလှသည်။

“သွားကြည့်ကြမယ်လေ။ တကယ်လို့ ဗုဒ္ဓလောကနဲ့ ဧဒင်ဥယျာဉ်တို့ ဖြစ်နေမယ်ဆိုရင် အခွင့်အရေးရှာပြီး ရှင်းပစ်ကြတာပေါ့” လျှိုချင်ဟွမ် စိတ်လှုပ်ရှားစွာဖြင့် ဆိုလေသည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့သည်လည်း လျှိုချင်ဟွမ်၏ အကြံပေးချက်အား ငြင်းပယ်ခြင်း မရှိကြချေ။ ရွှေသောက်တော်ရေခွက် အတွက် တိုက်ခိုက်ရမည့်အစား ပြိုင်ဘက်အဖွဲ့များအား ထုတ်ပယ်ခံရအောင် ပြုလုပ်ခြင်းသည် ပိုမိုလွယ်ကူပေသည်။ မည်သို့ပင်ဖြစ်သည် ယခုအချိန်တွင် သူတို့အဖွဲ့မှာ ရမှတ်အများဆုံး ရရှိထားသည် မဟုတ်ပါလား။ ပြိုင်ဘက်အားလုံးသာ ထုတ်ပယ်ခံရမည်ဆိုလျှင် ပထမနေရာသို့ ရရှိလာမည် ဖြစ်သည်။

ထိုသို့ဖြင့် သူတို့သုံးဦးသားသည် ကြောင့်ကြမဲ့စွာဖြင့် မီးတောက်ရှိရာသို့ ပျံသန်း သွားကြတော့သည်။

မီးပုံနံဘေး ရှိနေသူအား မြင်လိုက်ရသည့်အခါတွင် အန်လင်းတို့သည် စိတ်ရှုပ်ထွေးလာပြီး နေရာတွင်သာ ပါးစပ်အဟောင်းသားဖြင့် ရှိနေကြလေသည်။

မိန်းမငယ်လေး တစ်ဦးသည် တောဝက်ရိုင်း ခြေတစ်ချောင်းအား လက်နှစ်ဘက်ဖြင့် ကိုင်ကာ စားသောက်လျက်ရှိသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမအရှေ့သို့ ရောက်ရှိလာသည့် လူသုံးဦးအား စိတ်မပါစွာဖြင့် ကြည့်လိုက်သည်။

ထိုသုံးယောက် ပေါ်လာသည်ကို မြင်သည့်အခါတွင် တိတ်တဆိတ် စောင့်ကြည့်လျက်ရှိသည့် တုန်ယန်မှာ ဝမ်းမြောက်စွာဖြင့် “‌ရွှေသောက်တော် ရေခွက်ဆီကို မဆင်မခြင်နဲ့ ချဉ်းကပ်လာတယ်။ ပျော်ဖို့ ကောင်းတာလေးတွေ ကြည့်ရတော့မှာပဲ။ ဝမ်ရွှမ်ကျန့်က အတော်လေး သန်မာတယ်ဆိုတော့ လက်သီး နှစ်ချက်လောက်တော့ တောင့်ခံနိုင်မှာပဲ”

ကောင်းကင်ပြာရင်ပြင်ရှိ ကျောင်းသားများသည်လည်း စိုးရိမ်စွာဖြင့် လက်သီးဆုပ်လိုက်ကြသည်။

ထိုမိန်းမငယ်လေး၏ စွမ်းအားကို သူတို့အားလုံး မြင်တွေ့ခဲ့ကြပြီး ဖြစ်သည်။ ယခုအခါတွင် ကောင်းကင်ဘုံပိုင်နက်၏ ကိုယ်စားလှယ်များသည် မဆင်မခြင်ဖြင့် ချဉ်းကပ်သွားကြသည်မှာ ရေခဲပါးပါးပေါ်တွင် စကိတ်စီးနေသလိုပင် ဖြစ်သည်။

မိန်းမငယ်လေးသည် မတ်တတ်ရပ်ကာဖြင့် မဖိတ်ခေါ်ဘဲ ရောက်ရှိလာသည့် ဧည့်သည်သုံးဦးအား ကြည့်နေလေသည်။ ထို့နောက်တွင် ခေါင်းအသာစောင်းလိုက်သည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့မှာ သတိအနေအထား ဖြစ်သွားကြသည်။ အကြောင်းမှာ သူမ၏ ဦးခေါင်းထက်တွင် သရဖူအဖြစ် ဆင်မြန်းထားသည့် ရွှေသောက်တော်ရေခွက်အား မြင်လိုက်ကြရခြင်းကြောင့် ဖြစ်သည်။

လျှိုချင်ဟွမ်သည်လည်း မိန်းမငယ်လေး၏ ဦးခေါင်းထက်ရှိ သရဖူအား သတိပြုမိသည်။ သူမ၏ ခရမ်းရောင်မျက်လုံးများ တောက်ပလာပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် “နင့်ရဲ့ခေါင်းမှာ သရဖူရှိနေတယ်ဆိုတော့... ဖြစ်နိုင်တာတော့... နင်က ခမ်းနားကြီးကျယ် မြင့်မြတ်လှတဲ့ ဘုရင်မကြီးများလား”

အန်လင်း : “…”

ဝမ်ရွှမ်ကျန့် : “…”

တုန်ယန် : “…”

အန်လင်း၊ ဝမ်ရွှမ်ကျန့်နှင့် တုန်ယန်တို့အားလုံး ကြောင်အသွားကြသည်။

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့မှာ လျှိုချင်ဟွမ်၏ ထူးဆန်းသည့် အတွေးအခေါ်ကြောင့် ကြောက်လန့်သွားကြသည်။

တုန်ယန်မှာမူ... ဟိုလီဖာ့ခ်။ ဘယ်လိုတောင် ပွင့်လင်းလွန်းတဲ့ မှတ်ချက်စကားလဲ။ ဒီကောင်မလေးကို ဘုရင်မကြီးလို့ ခေါ်ရမယ်ဆိုတာ သူဘယ်လိုသိလဲ။ လှည့်စားနေတာ မဟုတ်လား။ နောက်ကွယ်မှာ အဆက်အသွယ်တွေ ရှိနေတာများလား။

အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည်လည်း အနည်းငယ် ကြောင်အသွားလေသည်။

သူမ အသိပြန်ဝင်လာသည့်အခါ အမူအရာသည်လည်း အနည်းငယ် ပြေလျော့သွားသည်။ လူတိုင်း အံ့အားသင့်နေစဉ်မှာပင် သူမ ပြုံးလိုက်ပြီးနောက် “နင်က တော်တော်လေး အမျှော်အမြင် ရှိတာပဲ။ ဒီဘုရင်မကြီးက မင်းတို့ကို စကားပြောဖို့ အခွင့်အရေး ပေးလိုက်မယ်။ ကဲ ပြော။ ဒီနေရာကို ဘာလို့ ရောက်လာရတာလဲ”

အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့မှာ နောက်ထပ်တစ်ဖန် ကြက်သေသေသွားကြပြန်သည်။ ထိုမိန်းကလေး အမှန်တကယ်ကို ပြုံးလိုက်သည်။

ထိုကဲ့သို့ မှတ်ချက်စကားသည် အမှန်တကယ် အလုပ်ဖြစ်သွားသည်။ ထို့အပြင် ထိုမိန်းမငယ်လေးမှာလည်း ဘုရင်မကြီး ဖြစ်နေလေသည်။

စိတ်အာရုံများ ရှုပ်ထွေးကာဖြင့် လျှိုချင်ဟွမ်အား လှည့်ကြည့်လိုက်ကြသည်။ မသမာသူတစ်ဦးအား ကြည့်နေသကဲ့သို့ မျက်နှာများတွင် မယုံကြည်နိုင်မှုများ အထင်းသားနှင့် ဖြစ်လေသည်။

ထိုမိန်းကလေးသည် မည်သည်ကြောင့် လာသနည်းဟု မေးလာသည်။ ဘယ်လိုတောင် သောက်အဓိပ္ပာယ်မဲ့လိုက်သလဲ။ သူတို့အနေဖြင့် သောက်တော်ရေခွက်အား ပြန်ယူရန် လာခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ထိုကဲ့သို့ ပြောနိုင်ပါမည်လား။

မည်သည်ကြောင့်ရယ်မသိ အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့ တုံ့ပြန်စကား မဆိုကြပေ။ လျှိုချင်ဟွမ် ပြောဆိုမည်ကိုသာ စောင့်နေကြလေသည်။

လျှိုချင်ဟွမ်၏ ထူးခြားဆန်းပြားသော အတွေးများသာလျှင် ထိုမိန်းကလေးအား ရရှိနိုင်မည် ဖြစ်သည်။ သူမသည် ကောင်းကင်ဘုံ ပိုင်နက်၏ နိုင်ငံခြားရေးဝန်ကြီး တစ်ဦး ဖြစ်နေလေပြီ။

“ဘုရင်မကြီးရှင့် ဘုရင်မကြီးဦးခေါင်းမှာ ဆင်မြန်းထားတဲ့ သရဖူကို ရှုစားဖို့ရန်အတွက် ကျွန်တော်မျိုးမတို့ ရောက်ရှိလာရခြင်း ဖြစ်ပါတယ်” လျှိုချင်ဟွမ်သည် ပြုံးလျက်နှင့် ပြန်ဖြေသည်။

မိန်းမငယ်လေးသည် သူမ၏ မျက်ခုံးများအား အနည်းငယ် ဖိနှိပ်လိုက်သည်။ ထိုအဖြေအား မမျှော်လင့်ထားပေ။ “ဒီဘုရင်မကြီးရဲ့ သရဖူကို ရှုစားဖို့တဲ့လား”

လျှိုချင်ဟွမ် ခေါင်းညိတ်လိုက်သည်။ “မှန်ပါတယ်။ ကျွန်တော်မျိုးမမှာ သရဖူပြုလုပ်တဲ့ အတတ်ပညာကို လေ့လာတဲ့ ဝါသနာတစ်ခု ရှိပါတယ်။ ဘုရင်မကြီးရဲ့ သရဖူကို တစ်စက္ကန့်လောက်ပဲ လေ့လာခွင့်ရရင်တောင် ကျွန်တော်မျိုးမက တစ်သက်လုံး ကျေးဇူးတင်နေမိမှာပါ”

လျှိုချင်ဟွမ်၏ စကားလုံးများကို ကြားသည့်အခါ အန်လင်းနှင့် ဝမ်ရွှမ်ကျန့်တို့ အသိပြန်ဝင်လာကြသည်။ ဂျီးနီးယက်စ်ပဲ။ ငါတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီး ပီသပါပေ့။ ဒီအကြောင်းပြချက်က ကျိုးကြောင်းသင့်ပြီး ယုတ္တိတန်တယ်။ ငြင်းပယ်နိုင်စရာ အကြောင်းလည်း မရှိဘူး။

သူတို့လက်ထဲတွင် ကိုင်ထားသည့် သောက်တော်ရေခွက်အား ရရှိရန် အဆုံးအဖြတ် ပေးသည်နှင့် တူလှသည်။ သွေးအရိုးအခေါင်းနှင့် အပြန်အလှန် ဆက်နွှယ်မှုများမှ မြင်နိုင်ပေသည်။ ပြောရမည်ဆိုလျှင် ယင်းမှာ သောက်တော်ရေခွက်အား လက်နှင့်ထိရန်သာလျှင် ဖြစ်သည်။ ထိုသို့ဖြင့် သူတို့သည် သောက်တော်ရေခွက်အား အောင်မြင်စွာ ရရှိနိုင်မည် ဖြစ်သည်။

အကယ်၍ အလုပ်မဖြစ်လျှင် သောက်တော်ရေခွက်အား ယူကာဖြင့် ထွက်ပြေးကြမည် ဖြစ်သည်။ ထိုမှသာ သောက်တော်ရေခွက်အား ရရှိဖို့ရန် အန္တရာယ်အနည်းဆုံး ဖြစ်နိုင်ပေလိမ့်မည်။ အောင်မြင်စွာ ထွက်ပြေး လွတ်မြောက်သွားမည် ဆိုလျှင် အပြင်ဘက်ရှိ ဒိုင်များအနေဖြင့် ရွေးချယ်ရန်မရှိဘဲ သူတို့၏ အောင်ပွဲကို လက်ခံရမည်ဖြစ်သည်။

သူတို့ သုံးဦးသားသည် မိန်းမငယ်လေးအား မျှော်လင့်ချက် ထက်သန်စွာဖြင့် ကြည့်နေကြလေသည်။

မိန်းမငယ်လေး ရယ်မောလိုက်သည်။ သို့သော်လည်း ထိုရယ်မောမှုမှာ အလွန်အေးစက်ပြီး အရိုးထိတိုင်အောင် အေးစက်လာစေသည်။

“ဟီးဟီး ငါက ကလေးပဲ ရှိနေသေးတော့ နင်တို့တွေက အလွယ်လေး အရူးလုပ်လို့ရမယ်လို့ ထင်တယ်ပေါ့”

ဝမ်ရွှမ်ကျန့်၊ အန်လင်းနှင့် လျှိုချင်ဟွမ်တို့၏ အမူအရာများ အကြီးအကျယ် ပြောင်းလဲ သွားကြလေသည်။

******

All Chapters