← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း (၁၅၁) ဒိုက်ချီစီကို အောင်နိုင်ခြင်း

ကျန်းဝူကျိသည် သူမ၏မျက်နှာထက်တွင် စိုးရိမ်ထိတ်လန့်မှုများ အထင်းသားပေါ်လွင်ကာ အရောင်အမျိုးမျိုး ပြောင်းလဲနေသည်ကို မြင်သောအခါ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းယမ်းလိုက်မိသည်။

"ကောင်းပြီလေ..... အခုထိတောင် မင်းက ငါ့အပေါ် လှည့်ကွက်တွေသုံးပြီး အမှန်တရားကို ဖုံးကွယ်ချင်နေတုန်းလား"

ကျန်းဝူကျိသည် သူမကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။ "ငါ သိမှာမဟုတ်ဘူးလို့ မင်းထင်နေတာလား..... ငါ့ရဲ့မွေးစားအဖေ ရွှေမွေးခြင်္သေ့ဘုရင်ကို မင်းက စိတ်ဝိညာဉ်မြွေကျွန်းကို ခေါ်သွားခဲ့တယ်။ သူ့ဆီက နဂါးနိုင်ဓားကို မင်း လိုချင်နေတာ မဟုတ်လား"

“ဟင်.......ရွှေမွေးခြင်္သေ့ဘုရင်က စိတ်ဝိညာဉ်မြွေကျွန်းမှာ ရှိနေတာလား”

ထိုစကားကို ကြားလိုက်ရသည်နှင့် အနားရှိ လူအားလုံး အံ့အားသင့်သွားကြသည်။ ဒိုက်ချီစီမှာမူ ပို၍ပင် ဆွံ့အသွားရချေသည်။ သူမ ကြံစည်ထားသည်ကို ကျန်းဝူကျိက မည်သို့ သိရှိနေသနည်းဟု တွေးတောရင်း များစွာ တုန်လှုပ်သွားရသည်။

တကယ်တမ်းတွင် သိုင်းလောကတစ်ခုလုံးကို တုန်လှုပ်စေနိုင်သူဟူ၍ လက်ချိုးရေတွက်ရုံသာရှိရာ ၎င်းတို့အနက် တစ်ဦးမှာ ရွှေမွေးခြင်္သေ့ဘုရင် ရှဲ့ရွှန်းပင် ဖြစ်သည်။ ရှဲ့ရွှန်းသည် လူသတ်မှုများစွာ ကျူးလွန်ခဲ့ပြီး သွေးကြွေးများ နေရာအနှံ့အပြား တွင်ရှိနေသူ ဖြစ်သောကြောင့် သိုင်းလောကသားအားလုံးက ဝိုင်းဝန်းတိုက်ခိုက်မည့်သူလည်း ဖြစ်ပေသည်။

ဝေယိရှောက်သည် လန့်ဖျပ်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားကာ လျင်မြန်စွာ ပြောလိုက်သည်။ "ဂိုဏ်းချုပ်..... အော့မေ့ဂိုဏ်းက တပည့်တွေ အများကြီး ဒီမှာ ရှိနေသေးတယ်။ ဒီသတင်းသာ အပြင်ကို ပေါက်ကြားသွားရင် ဒုက္ခရောက်ကုန်လိမ့်မယ်"

ပြောပြောဆိုဆိုဖြင့် ဝေယိရှောက်သည် အော့မေ့ဂိုဏ်းသားများဘက်သို့ ရက်စက်သော အကြည့်များဖြင့် ဝေ့ဝဲကြည့်လိုက်သည်။ ကျန်းဝူကျိသာ အမိန့်ပေးလိုက်လျှင် သတင်းမပေါက်ကြားစေရန် ၎င်းတို့ကို ချက်ချင်း သတ်ပစ်မည့် ပုံစံမျိုး ဖြစ်ချေသည်။

အော့မေ့ဂိုဏ်းသားများမှာလည်း ထိုအကြည့်ကြောင့် ကျောရိုးများထဲအထိ အေးစိမ့်သွားရသည်။ သတင်းများ ပျံ့နှံ့မည့်ဘေးမှ ကာကွယ်ရန် ကျန်းဝူကျိက ၎င်းတို့ကို သတ်ဖြတ်ပစ်မည်လားဆိုသည်ကို မဝေခွဲနိုင်ဘဲ စိုးရိမ်နေကြသည်။ ၎င်းတို့၏ အသက်ကို ကယ်တင်ပေးခဲ့သောကြောင့် ကျေးဇူးတင်မိသော်လည်း ရက်စက်လှသော မိစ္ဆာဂိုဏ်းချုပ်ကို ကြောက်ရွံ့သည့်စိတ်က ပို၍ ကြီးစိုးနေသည်။

ကျိုးကျစ်လော့က ချက်ချင်းပင် ရှေ့သို့ထွက်၍ ပြောလိုက်သည်။ "ကျွန်မတို့ အော့မေ့ဂိုဏ်းက ဒီကိစ္စကို သေချာပေါက် လျှို့ဝှက်ထားပါ့မယ်၊ ဘယ်သူ့ကိုမှ စကားမဟပါဘူး"

ကျန်းဝူကျိကမူ ဘာမျှမစဉ်းစားဘဲ ခေါင်းယမ်းလိုက်သည်။ "မစိုးရိမ်ပါနဲ့..... ငါ့ရဲ့မွေးစားအဖေသာ အလယ်ပိုင်းဒေသကို ပြန်လာရင် သူ့စိတ်ဓာတ်အရ ဘာကိုမှ ဖုံးကွယ်ထားမှာ မဟုတ်ဘူး။ ဒီသတင်းက လျှို့ဝှက်ထားလို့ ရမှာမဟုတ်ပါဘူး။ ငါကိုယ်တိုင် ထုတ်ပြောလိုက်ကတည်းက ဘယ်သူကြားကြား ငါမကြောက်ဘူး"

ဝေယိရှောက်နှင့် လူအုပ်ကြီးသည် ထိုစကားကို ကြားသောအခါမှ အဓိပ္ပာယ်ရှိသည်ဟု တွေးမိကြသည်။

ထိုစဉ် ဓာတ်ကြီးငါးပါးအလံအဖွဲ့၏ ရွှေစင်အလံမှူး ဖြစ်သူ ကျွမ်းကျန့်က ‌ေြပာလိုက်သည်။ "ဂိုဏ်းချုပ်၊ အကယ်၍ ရှဲ့ဘုရင်က စိတ်ဝိညာဉ်မြွေကျွန်းမှာ ရှိနေတာကို သတင်းပေါက်ကြားသွားရင် တစ်စုံတစ်ယောက်က သွားရောက် လုပ်ကြံမှာကို ကျွန်တော် စိုးရိမ်မိပါတယ်"

ကျန်းဝူကျိက တည်ငြိမ်စွာပင် ပြန်လည် ပြောကြားလိုက်သည်။ "မကြောက်ပါနဲ့.......သတင်းပေါက်ကြားဖို့က အချိန်တစ်ခုတော့ လိုဦးမှာပါ။ ငါတို့ စိတ်ဝိညာဉ်မြွေကျွန်းကို အခုချက်ချင်း ခရီးထွက်ကြမယ်။ ဘယ်သူ့ထက်မဆို အရင် ရောက်အောင်သွားရမယ်။ ငါ ကျန်းဝူကျိ ရောက်နေတဲ့နေရာမှာ ဘယ်သူက လာပြီး ပြဿနာရှာရဲမှာလဲ၊ ဘယ်သူက ငါ့ကို လာပြီး ယှဉ်ရဲမှာလဲ"

ကျွမ်းကျန့်သည် ထိုစကားကို ကြားရမှ စိတ်အေးသွားကာ ခေါင်းညိတ်လိုက်သည်။ "ဂိုဏ်းချုပ်ရဲ့ အမြော်အမြင်က တကယ်ကို ကြီးမားလှပါတယ်။ ဒီအတိုင်းပဲ ဖြစ်သင့်ပါတယ်"

ကျန်းဝူကျိ၏ လက်ရှိ ဂုဏ်သတင်းနှင့် အရှိန်အဝါကို ယှဉ်ပြိုင်ရန် ကြိုးစားခြင်းမှာ အသက်တိုရန် ဆေးသောက်သကဲ့သို့ပင် ဖြစ်သည်။ ထို့ပြင် ကျန်းဝူကျိ၏ ရက်စက်လှသော နာမည်ဆိုးကလည်း ကျော်ကြားလှရာ ရှဲ့ရွှန်းသည် ၎င်း၏ ကျွေးမွေးဖခင် ဖြစ်ကြောင်း လူတိုင်း သိကြသည်။

ရှဲ့ရွှန်းကို မလုပ်ကြံမီ ကျန်းဝူကျိ၏ အငြိုးကြောင့် မိမိတို့၏ တစ်မိသားစုလုံး သို့မဟုတ် တစ်ဂိုဏ်းလုံး ပျက်စီးသွားနိုင်သည်ကို လူတိုင်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ လူအများစုမှာ ထိုကဲ့သို့ စွန့်စားရဲသည့် သတ္တိမရှိကြပေ။

ကျန်းဝူကျိသည် ဒိုက်ချီစီကို ကြည့်ကာ မေးလိုက်သည်။ "ခရမ်းရောင်ဝတ် နဂါးဘုရင်မ...... ငါပြောတာ မှန်တယ်မလား"

ဒိုက်ချီစီ၏ မျက်နှာတွင် အရောင်များ ပြောင်းလဲသွားသော်လည်း နောက်ဆုံးတွင် သက်ပြင်းချကာ ဝန်ခံလိုက်ရသည်။ "ဂိုဏ်းချုပ်က အားလုံးကို သိနေမှတော့ ကျွန်မ ဘယ်လို ငြင်းနိုင်တော့မှာလဲ။ ဒါပေမဲ့ ဂိုဏ်းချုပ် ဒါတွေကို ဘယ်လို သိနေတာလဲဆိုတာကိုပဲ ကျွန်မ စဉ်းစားလို့ မရတာပါ"

"မင်း စဉ်းစားလို့ မရတဲ့ ကိစ္စတွေ အများကြီး ရှိပါသေးတယ်။ ငါက အရာအားလုံးကို မင်းကို လိုက်ပြောပြနေရမှာလား"

ကျန်းဝူကျိက ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် ဆက်လက်၍ နှာခေါင်းရှုံ့ကာ "ရန်ရှောင်က မင်းထက် အစွမ်းထက်နေတာကြောင့် သူ့ကို ယှဉ်နိုင်ဖို့ နဂါးနိုင်ဓားကို မင်း လိုချင်နေတာ ငါ အစကတည်းက သိပါတယ်။ ရန်ရှောင် ရှိနေသရွေ့ မင်း စကြဝဠာ ရွှေ့ပြောင်းခြင်း သိုင်းကျမ်း ကို ရမှာမဟုတ်ဘူးလေ။

ဒါပေမဲ့ ငါ့ရဲ့ မွေးစားအဖေကတော့ မင်းကို နဂါးနိုင်ဓား အသုံးပြုပြီး ဂိုဏ်းတွင်းမှာ အချင်းချင်း ပြန်တိုက်ခိုက်ဖို့ ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါကြောင့် မင်း သူ့ကို လိမ်ညာပြီး လှည့်စားခဲ့တာပဲ။ ငါက မင်းကို စကြဝဠာ ရွှေ့ပြောင်းခြင်း သိုင်းကျမ်း ပေးမယ်လို့ သဘောတူထားရဲ့သားနဲ့ မင်းက ငါ့အပေါ်မှာ ဖုံးကွယ်ထားတုန်းပဲ။ မင်းက ငါ့ကို အနိုင်ကျင့်လို့ရတဲ့ ကလေးလေးလို့ ထင်နေတာလား"

ကျန်းဝူကျိ၏ မေးခွန်းများရှေ့တွင် ဒိုက်ချီစီ၏ လှပသော မျက်နှာလေးမှာ ဖြူလျော်သွားသည်။ သူမ၌ ကိုယ်ပိုင် အကြံအစည်လေးများ ရှိနေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ ကျန်းဝူကျိက သူမကို သိုင်းကျမ်း တကယ်ပေးလိမ့်မည်ဟု မယုံကြည်သောကြောင့် အချက်အလက်အချို့ကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ကျန်းဝူကျိက ဤမျှ ကြီးမားလှသော လျှို့ဝှက်ချက်ကြီးကိုပင် သိရှိနေလိမ့်မည်ဟု သူမ အိပ်မက်ပင် မမက်ခဲ့မိပေ။

ဒိုက်ချီစီ၏ မျက်လုံးထဲတွင် နောက်ဆုံး၌ ကြောက်ရွံ့မှုများ ပေါ်ပေါက်လာသည်။ ကျန်းဝူကျိ၏ ရှေ့တွင် သူမမှာ ဘာလျှို့ဝှက်ချက်မျှ မရှိဘဲ ဖောက်ထွင်း အမြင်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။

"မှန်ပါတယ်..... ဂိုဏ်းချုပ်က အားလုံး သိနေမှတော့ ကျွန်မ ဆက်ပြီး မဖုံးကွယ်တော့ပါဘူး။ အားလုံး အမှန်တွေပါပဲ"

ဒိုက်ချီစီသည် ခေါင်းညိတ်ကာ ဝန်ခံလိုက်သည်။ ကျန်းဝူကျိ၏ ရှေ့တွင် မည်သည့်စကား ပြောပြော အချည်းနှီးသာ ဖြစ်မည်ကို သူမ သိရှိသွားသောကြောင့် ဖြစ်သည်။ သို့သော် သူမ စိတ်ထဲတွင် ဇဝေဇဝါ ဖြစ်နေဆဲပင် ရှိသေးသည်။

လွန်ခဲ့သော နှစ်အနည်းငယ်က လိပ်ပြာချိုင့်ဝှမ်းတွင် ကျန်းဝူကျိနှင့် သူမ ဆုံတွေ့ခဲ့ဖူးသည်။ ထိုစဉ်က ကျန်းဝူကျိမှာ ရိုးသားဖြူစင်ပြီး ကလေးဆန်ကာ သဘောကောင်းပြီး ဝေခွဲမရတတ်သော စိတ်ရှိသူ ဖြစ်သည်။ နှစ်အနည်းငယ်အတွင်းမှာပင် ကျန်းဝူကျိသည် ဤမျှအထိ ပြောင်းလဲသွားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူ၏ အပြောအဆိုနှင့် ရက်စက်လှသော အမူအရာများမှာ သူမ တုန့်ပြန်ရန်ပင် ခက်ခဲလှသည်။

တကယ်တမ်းတွင် လက်ရှိ ကျန်းဝူကျိမှာ ယခင်က ကျန်းဝူကျိနှင့် တစ်ခြားစီ ဖြစ်နေသည်ကို သူမ မသိရှိနိုင်ပေ။ ကျန်းဝူကျိသည် တန်ဖိုးရှိပြီး စွမ်းဆောင်ရည်ရှိသူများကိုသာ လေးစားတတ်သူ ဖြစ်သည်။ သို့သော် ဒိုက်ချီစီမှာမူ ထိုအချက်များနှင့် ကိုက်ညီမှု မရှိချေ။

ကျန်းဝူကျိ၏ အမြင်တွင် ဒိုက်ချီစီသည် မိမိကိုယ်ကျိုးအတွက် အရာရာတိုင်းကို သူမ အလိုကျ ဖြစ်စေချင်သူ ဖြစ်သည်။ ဂိုဏ်း၏ စည်းမျဉ်းများကို ဖောက်ဖျက်ခဲ့ခြင်း၊ သမီးဖြစ်သူကို နာကျင်စေခဲ့ခြင်းနှင့် ရှဲ့ရွှန်းကို လှည့်စားခဲ့ခြင်း စသည်တို့မှာ သူမ၏ အတ္တများကြောင့်သာ ဖြစ်သည်။

ကျန်းဝူကျိသည် ဒိုက်ချီစီ၏ လှည့်စားတတ်သော စရိုက်များကို လုံးဝ လက်မခံနိုင်ပေ။ သို့သော်လည်း ရှောင်ကျောက်နှင့် ပတ်သက်နေမှုကြောင့်သာ ကျန်းဝူကျိက သူမကို သည်းခံနေခြင်း ဖြစ်သည်။ အကယ်၍ သူမသာ ဆက်လက်၍ ပြဿနာရှာနေဦးမည်ဆိုလျှင် ကျန်းဝူကျိက သူမကို လက်ဝါးတစ်ချက်တည်းဖြင့် အသက်ပျောက်အောင် လုပ်လိမ့်မည် ဖြစ်သည်။

ယခုအခါ ဒိုက်ချီစီသည် ကျန်းဝူကျိအပေါ် ကြောက်ရွံ့စိတ်များ ဝင်လာရသည်။ သူမသည် ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်..... နောက်နောင် ကျွန်မအနေနဲ့ ဂိုဏ်းချုပ်အပေါ်မှာ သစ္စာရှိရှိ အလုပ်အကျွေး ပြုပါ့မယ်။ ဘယ်တော့မှ နောက်ထပ် မကြံစည်တော့ပါဘူး။ ကျွန်မရဲ့ အပြစ်တွေကို ဆေးကြောတဲ့အနေနဲ့ တတိယအစ်ကိုတော် ရှဲ့ကို အလယ်ပိုင်းဒေသဆီ ပြန်လည် ခေါ်ဆောင်ဖို့အတွက် ဂိုဏ်းချုပ်ကို လမ်းပြပေးပါရစေ"

အခန်း (၁၅၂) ယင်းလီနှင့် အဖိုးဖြစ်သူ တွေ့ဆုံခြင်း

ကျန်းဝူကျိသည် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။ "ဒီလိုပဲ ဖြစ်သင့်တာပေါ့..... နောင်ကို မင်း ဘယ်လို ပြုမူနေထိုင်မလဲဆိုတာကို ငါ စောင့်ကြည့်ဦးမယ်။ အကယ်၍ မင်းမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေဦးမယ်ဆိုရင်တော့ ငါ့ကို အပြစ်မတင်နဲ့တော့။ ရှောင်ကျောက်ကို ထောက်ထားပြီး မင်းကို ငါ မသတ်ရင်တောင်မှ မင်းရဲ့ သိုင်းပညာတွေကို ဖျက်ဆီးပြီး ကွမ်မင်တောင်ထိပ်မှာ အကျဉ်းချထားဖို့ဆိုတာ ငါ့အတွက် မခက်ခဲဘူး။ အဲဒီလို အခြေအနေမျိုးအထိ မရောက်ပါစေနဲ့လို့ ငါ မျှော်လင့်ပါတယ်"

စကားအဆုံးတွင် ကျန်းဝူကျိ၏ လေသံမှာ ပြတ်သားတင်းမာသွားသဖြင့် ဘေးမှ ကြည့်နေသော လူအုပ်ကြီးမှာ ရင်ထဲတွင် ထိတ်လန့်သွားကြသည်။ သို့သော် မည်သူမျှ ကျန်းဝူကျိကို မဆန့်ကျင်ရဲဘဲ တိတ်ဆိတ်စွာသာ နားထောင်နေကြရသည်။

ဒိုက်ချီစီသည်လည်း ရင်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ဖြစ်ပေါ်လာကာ ခေါင်းညိတ်၍ ဝန်ခံလိုက်သည်။ "ဂိုဏ်းချုပ် စိတ်ချပါ...... ကျွန်မ နောက်နောင် ဘယ်တော့မှ မိုက်မဲတဲ့ အပြုအမူမျိုးတွေ မလုပ်တော့ပါဘူး"

"အင်း"

ကျန်းဝူကျိသည် ခေါင်းညိတ်လိုက်ပြီးနောက် ရှောင်ကျောက်ကို ကြည့်ကာ သူမ၏ ဦးခေါင်းလေးကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ထို့နောက် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြုံးကာ ပြောလိုက်သည်။ "မင်းရဲ့ အမေကို သေချာ နားချပေးပါဦး။ နောက်တစ်ခါ မိုက်မဲတာတွေ မလုပ်မိစေနဲ့။ မဟုတ်ရင် ငါ့မှာ ဆုံးဖြတ်ရ ခက်လိမ့်မယ်"

ရှောင်ကျောက်သည် အလွန်ပင် စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်သည်။ သူမ၏ မိခင်ဖြစ်သူ၏ လျှို့ဝှက်သော အပြုအမူများမှာ အခြားနေရာတွင်ဆိုလျှင် သေဒဏ်ပေးခံရလောက်သည်အထိ ကြီးလေးကြောင်း သူမ ကောင်းကောင်း သိရှိသည်။ မင်ဂိုဏ်းနှင့် ဂိုဏ်းချုပ်အပေါ် လှည့်ကွက်များ သုံးခြင်းမှာ သေလောက်သော ပြစ်မှုပင် ဖြစ်သည်။ သို့သော် သခင်လေးက သူမ၏ မျက်နှာကို ထောက်ထား၍ မိခင်ဖြစ်သူကို ဘာမျှ မလုပ်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုအချိန်တွင် ရှောင်ကျောက်သည် အတိုင်းမသိ ဝမ်းသာပီတိ ဖြစ်သွားရသည်။ သူမသည် မိမိကိုယ်မိမိ နိမ့်ကျသူတစ်ဦးဟုသာ အမြဲ သတ်မှတ်ထားခဲ့သဖြင့် ကျန်းဝူကျိ၏ ယခုကဲ့သို့ ဂရုစိုက်မှုကို ရရှိခြင်းမှာ ကောင်းကင်ဘုံမှ လက်ဆောင်တစ်ခုကဲ့သို့ပင် ထင်မှတ်မိသည်။ အခြားသော အတွေးများလည်း သူမတွင် မရှိတော့ချေ။

ယခုအခါ ကျန်းဝူကျိသည် ဂိုဏ်းချုပ်ဖြစ်ပါလျက် သူမကဲ့သို့ မိန်းကလေးငယ်တစ်ဦးအတွက် ဂိုဏ်း၏ စည်းမျဉ်းများကိုပင် လျစ်လျူရှုပေးခဲ့သဖြင့် ရှောင်ကျောက်မှာ အလွန်ပင် ကျေးဇူးတင်လှသည်။ အကယ်၍ ကျန်းဝူကျိက ယခုချက်ချင်းပင် သူမကို သေခိုင်းလျှင်ပင် သူမ ဝန်လေးမည်မဟုတ်ပေ။

သခင်လေးကို နောင်တွင် အကောင်းဆုံး အလုပ်အကျွေး ပြုစုသွားမည်ဖြစ်ပြီး သခင်လေး ပျော်ရွှင်အောင် ထားမည်ဟု သူမ စိတ်ထဲတွင် ဆုံးဖြတ်လိုက်သည်။ ဂိုဏ်းချုပ်၏ ကျေးဇူးကို တစ်သက်ပတ်လုံး ဆပ်၍ပင် ကုန်နိုင်မည် မဟုတ်ချေ။

"လီအာ ၊ ချင်းအာ၊ မင်းတို့ ငါ့ကို လွမ်းနေကြလား"

ဒိုက်ချီစီကို အောင်နိုင်ပြီးနောက် ကျန်းဝူကျိသည် ပြုံးရွှင်စွာဖြင့် ယင်းလီနှင့် ဝူချင်းရင်တို့ ရှိရာသို့ လျှောက်သွားလိုက်သည်။

"မလွမ်းပါဘူး၊ ကျွန်မက ဘာလို့ ရှင့်ကို လွမ်းရမှာလဲ။ ရှင့်မှာ မိန်းမတွေ အများကြီး ရှိနေတာပဲကို"

ယင်းလီက မခန့်လေးစား ပုံစံမျိုးဖြင့် မေးစေ့ကို မော့ကာ ပြောလိုက်သည်။ သူမသည် ကျန်းဝူကျိ မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သိရှိထားပြီး ဖြစ်သည်။ ရှောင်ကျောက်၊ ရန်ပုဟွေ့နှင့် ကျိုးကျစ်လော့တို့ကို မြင်လိုက် ရကတည်းက ဤလှပသော မိန်းကလေးများအားလုံး ကျန်းဝူကျိ၏ လက်တွင်းမှ လွတ်မည်မဟုတ်ကြောင်း သူမ ခန့်မှန်းမိသည်။

ထို့ကြောင့် သူမ စိတ်ထဲတွင် အနည်းငယ် မနာလို ဖြစ်သွားရသည်။ အကယ်၍ ကျန်းဝူကျိက ဒိုက်ချီစီကို ကိုင်တွယ်စဉ်က သူ၏ အရှိန်အဝါကြောင့် သူမ စကားဝင်မပြောရဲခဲ့ခြင်းသာ ဖြစ်သည်။ အခုတော့ စိတ်ထဲရှိသည့်အတိုင်း ပြောချလိုက်ပြီ ဖြစ်သည်။

စကားပြောနေစဉ် သူမ၏ မျက်လုံးများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်ကိုမူ သူမ မဖုံးကွယ်နိုင်ခဲ့ချေ။ ဝူချင်းရင်အတွက်ကမူ ပို၍ ရိုးရှင်းသည်။ သူမသည် ကျန်းဝူကျိ၏ သင်ကြားပေးမှုများကို ခံယူထားရသူ ဖြစ်သောကြောင့် သူမ၏ နှလုံးသားတစ်ခုလုံးတွင် ကျန်းဝူကျိသာ ရှိတော့သည်။ အထူးသဖြင့် ကျန်းဝူကျိ၏ တစ်ခါတစ်ရံ ကြမ်းတမ်းပြီး တစ်ခါတစ်ရံ နူးညံ့လှသော အပြုအမူများကို သူမ မေ့နိုင်ဘဲ ရှိနေရသည်။

ကျန်းဝူကျိကို မြင်လိုက်ရသောအခါ ဝူချင်းရင်မှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ကျန်းဝူကျိ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အနမ်းများ ခံယူလိုစိတ်များ ပြင်းပြနေမိသည်။ ကျန်းဝူကျိသည် အားနာမနေတော့ဘဲ သူမတို့ နှစ်ဦးလုံးကို တစ်ဖက်တစ်ချက်စီ ဆွဲဖက်လိုက်ကာ ပါးလေးများကို နမ်းလိုက်သည်။ သူ၏ ချစ်ခြင်းမေတ္တာကို မျှတအောင် ပေးဝေလိုက်ခြင်း ဖြစ်သည်။

သို့သော် ကျန်းဝူကျိ မမျှော်လင့်ထားသည်မှာ ထိုမိန်းကလေး နှစ်ဦး၏ တုံ့ပြန်ပုံ ကွဲပြားနေခြင်းပင် ဖြစ်သည်။ ယင်းလီမှာမူ လူအများရှေ့တွင် အနမ်းခံရသဖြင့် ရှက်သွေးဖြာကာ ခေါင်းလေး ငုံ့သွားရသည်။ ဝူချင်းရင်မှာမူ ဆန့်ကျင်ဘက်ပင် ဖြစ်သည်။ သူမသည် အနမ်းခံရပြီးနောက် မျက်နှာလေးမှာ ပို၍ နီမြန်းလာကာ မျက်လုံးများတွင်လည်း တောင့်တမှုများ ပေါ်လွင်နေပြီး ကျန်းဝူကျိက ထိုထက်ပိုသော အပြုအမူများ လုပ်ဆောင်လာမည်ကို မျှော်လင့်နေသည့်ပုံစံ ဖြစ်နေသည်။

ကျန်းဝူကျိက စိတ်ထဲမှ တွေးလိုက်မိသည်မှာ 'ငါ အရင်က သင်ပေးခဲ့တာတွေက များသွားလို့ ဒီကောင်မလေးကတော့ နည်းနည်းတော့ ရဲတင်းလွန်းနေပြီ' ဟူ၍ ဖြစ်သည်။ သို့သော်လည်း သူက ဝူချင်းရင်ကို နောက်ထပ် အနမ်းတစ်ပွင့် ထပ်မံ ပေးလိုက်ပြန်သည်။

ဤမြင်ကွင်းကို ကြည့်နေသော လူအုပ်ကြီးမှာ အံ့အားသင့်သွားကြသည်။ ၎င်းတို့သည် ကျန်းဝူကျိကို အထူးပင် လေးစားသွားကြသည်။ ထိုမိန်းကလေး နှစ်ဦးမှာ ခရမ်းရောင်ဝတ် နဂါးဘုရင်မ၏ တပည့်များသာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ကျန်းဝူကျိ၏ အမျိုးသမီးများ ဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။

မင်ဂိုဏ်းသားများပင် ကျန်းဝူကျိကို အားကျသွားကြသည်။ "ဒါမှ ငါတို့ ဂိုဏ်းချုပ်ကွ.....ဒီလိုမျိုး မျိုးဆက်တွေ ပြန့်ပွားအောင် လုပ်နေမှတော့ နောင်တစ်ချိန်မှာ ဧကရာဇ် ဖြစ်လာတဲ့အခါ နန်းဆောင်တွေ အပြည့် မိဖုရားတွေနဲ့ စည်ကားနေမှာ အသေအချာပဲ" ဟု တွေးမိကြသည်။ ကျန်းဝူကျိ၏ လက်ရှိ အရှိန်အဝါမှာလည်း ဧကရာဇ်တစ်ပါးနှင့် တူညီနေပြီ ဖြစ်သည်။

ယင်းထျန့်ကျိန်းသည်လည်း သူ၏ မုတ်ဆိတ်ကို သပ်ကာ ပြုံးလိုက်သည်။ "ဒါမှ ငါ့ရဲ့ မြေးလေးပေါ့.......ငါ့သက်တမ်းတစ်လျှောက်မှာ လေးဆက်တိုင် မြေးမြစ်တွေကို မြင်တွေ့ရတော့မယ်" ဟု တွေးကာ ဝမ်းသာနေမိသည်။

ကျန်းဝူကျိသည် လူအများရှေ့တွင် အချိန်အကြာကြီး မနေတော့ဘဲ ယင်းလီကို မိတ်ဆက်ပေးလိုက်သည်။ "အခုတော့ အားလုံးနဲ့ တွေ့ပြီဆိုတော့ ရှောင်နေလို့ မဖြစ်တော့ဘူး။ မြန်မြန် လာပြီး အဖိုးကို ဂါရဝပြုလိုက်ဦး"

ထိုအဖိုးမှာ အခြားသူမဟုတ် ယင်းထျန့်ကျိန်းပင် ဖြစ်သည်။ ယင်းလီသည် အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ယင်းထျန့်ကျိန်း၏ ရှေ့တွင် ဒူးထောက်ကာ ပြောလိုက်သည်။ "ယင်းလီက အဖိုးကို ဂါရဝပြုပါတယ်"

ယင်းထျန့်ကျိန်းမှာ ခေတ္တမျှ မှင်တက်သွားကာ မယုံနိုင်သော အမူအရာဖြင့် မေးလိုက်သည်။ "မင်းက ယင်းလီလား"

"မင်းက အဆိပ်သိုင်းပညာကို ကျင့်ကြံရင်း ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့တာ မမဟုတ်လား။ အခုတော့ ဘယ်လိုလုပ်ပြီး မူလရုပ်ရည်အတိုင်း ပြန်ဖြစ်နေတာလဲ"

တကယ်တမ်းတွင် ယင်းထျန့်ကျိန်းသည် လင်းယုန်ဂိုဏ်း၏ အရေးကိစ္စများဖြင့် အမြဲ အလုပ်များနေသဖြင့် သူ၏ မြေးများကို သေချာ ဂရုမစိုက်နိုင်ခဲ့ပေ။ အထူးသဖြင့် ယင်းလီသည် ငယ်စဉ်က ပြဿနာများ ဖြစ်ပွားပြီး အိမ်မှ ထွက်ပြေးသွားခဲ့သဖြင့် သူ သိထားသော်လည်း မည်သို့မျှ မတတ်နိုင်ခဲ့ချေ။ သူ မှတ်မိသော မြေးမလေး၏ ရုပ်ရည်မှာ ငယ်စဉ်ကသာ ဖြစ်ရာ ယခုကဲ့သို့ ချောမောလှပသော မိန်းကလေး ဖြစ်လာမည်ကို သူ မမှတ်မိနိုင်တော့ခြင်း ဖြစ်သည်။

ယင်းလီက ပြန်လည် ဖြေကြားလိုက်သည်။ "ဝူကျိ အစ်ကိုက ကျွန်မကို ကူညီပြီး ဒီလို ရုပ်ဆိုးတဲ့ အသွင်အပြင်ကနေ ကယ်တင်ပေးခဲ့တာပါ"

"ဒီလိုကိုး"

ယင်းထျန့်ကျိန်းက ခေါင်းညိတ်ကာ ယင်းလီကို ကိုယ်တိုင် ထူပေးလိုက်သည်။ ထို့နောက် နောင်တရသလို လေသံဖြင့် ပြောလိုက်သည်။ "လိမ္မာတဲ့ မြေးမလေးရယ်..... အဖိုးက အဲဒီတုန်းက ဂိုဏ်းကိစ္စတွေနဲ့ ရှုပ်နေလို့ မင်းကို သေချာ ဂရုမစိုက်နိုင်ခဲ့ဘူး။ ဒီလိုမျိုး ဖြစ်သွားလိမ့်မည်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့ အဖေက အဲဒီတုန်းက မှားခဲ့တာပါ။ အဘိုးလည်း သူ့ကို ဆူပူကြိမ်းမောင်းခဲ့ပါတယ်။ ဒါပေမဲ့ မင်းရဲ့ အမေနဲ့ ဒုတိယ အမေတို့လည်း ကွယ်လွန်သွားကြပြီဆိုတော့ ငါတို့ မိသားစုရဲ့ အမုန်းတရားတွေကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်လား"

ယင်းထျန့်ကျိန်းသည် တစ်သက်လုံး ဖြောင့်မတ်စွာ နေထိုင်လာသူ ဖြစ်သဖြင့် သူ၏ စကားများမှာ စိတ်ရင်းမှန်ပင် ဖြစ်သည်။ ကျန်းဝူကျိနှင့် ယင်းလီတို့ အတူတူ ရှိနေသည်ကို မြင်ရသဖြင့် သူ အလွန် ဝမ်းသာနေမိသည်။ ကျန်းဝူကျိနှင့် ယင်းလီတို့မှာ မောင်နှမဝမ်းကွဲများ ဖြစ်ကြသော်လည်း ရှေးခေတ်ကာလတွင် လက်ထပ်ခြင်းမှာ မိသားစုချင်း ပို၍ ရင်းနှီးသွားမည်ဟု သူ ယူဆထားသည်။

သို့သော် ယင်းလီ၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားပြီးနောက် ပြန်လည် ပြောလိုက်သည်။ "အဖိုးရဲ့ စကားကို ကျွန်မ နားထောင်သင့်တာ မှန်ပါတယ်။ ဒါပေမဲ့ အမုန်းတရားတွေ ပြီးဆုံးသွားပြီလို့ ကျွန်မ ပြောလိုက်ရင်တောင်မှ ကျွန်မရဲ့ အဖေနဲ့ အစ်ကို နှစ်ယောက်က ခွင့်လွှတ်ပါ့မလား။ ကျွန်မ ပေါ်လာတာနဲ့ သူတို့က ဓားနဲ့ သတ်ကြမှာကို စိုးရိမ်မိတယ်"

ယင်းလီ၏ စိုးရိမ်မှုကို သိရှိသွားသောအခါ ယင်းထျန့်ကျိန်းက ပြုံး၍ ပြောလိုက်သည်။ "မင်း မလိုအပ်တာတွေ စိုးရိမ်နေတာပဲ။ မင်းရဲ့ အဖေက အခုတော့ သူ့အမှားသူ သိနေပါပြီ။ ဂိုဏ်းချုပ်ကလည်း သူ့ကို ဆူပူခဲ့ပြီးသားပါ။ အကယ်၍ သူက မင်းကို ထပ်ပြီး ဒုက္ခပေးဦးမယ်ဆိုရင် ဂိုဏ်းချုပ်ကိုယ်တိုင် မင်းရဲ့ အသုံးမကျတဲ့ အစ်ကို နှစ်ယောက်ကို သတ်ပစ်လိမ့်မယ်လို့ သတိပေးထားပြီးသား ဖြစ်တယ်။ မင်းအဖေကလည်း အခုတော့ သူ့အမှားကို ဝန်ခံဖို့ သဘောတူထားပြီးပြီဆိုတော့ ဒီကိစ္စကို စိတ်အေးလိုက်ပါတော့"

အခန်း (၁၅၃) အော့မေ့ဂိုဏ်းအား ကိုင်တွယ်ဖြေရှင်းခြင်း

ကျန်းဝူကျိသည် ယင်းယဲ့ဝမ်အား ယခင်ကတည်းက သင်ခန်းစာပေးပြီးဖြစ်သည် ။ ကျန်းဝူကျိ၏ တည်ငြိမ်လှသော မျက်နှာထားကို ကြည့်ကာ ဤသည်မှာ သတိပေးရုံမျှသာဖြစ်သည်ဟု ယင်းလီက ထင်မြင်မိသည် ။ ယင်းယဲ့ဝမ်သည်လည်း တစ်စုံတစ်ရာ ပြုလုပ်ရန် မဝံ့ရဲဘဲ နာခံရန်သာ ရှိတော့သည် ။

သို့သော် ယင်းလီမှာမူ စိတ်ထဲတွင် များစွာ တုန်လှုပ်သွားရသည် ။ သူမက "ငါ့အဖေက သူ့ရဲ့ဦးလေးပဲ၊ ဒါကို သူက ငါ့အတွက်နဲ့ အဖေ့ကို အပြစ်တင်ရုံတင်မကဘဲ ငါ့အစ်ကိုနှစ်ယောက်ကို ဒုက္ခပေးမယ်လို့တောင် ပြောခဲ့တယ်" ဟု တွေးတောနေမိသည် ။

ဝူကျိသည် သူမ၏ အစ်ကိုများက သူမကို ရန်ပြုမည်ကို စိုးရိမ်နေသည်မှာ ထင်ရှားလှပေရာ ဤသည်မှာ များစွာ ဘက်လိုက်ကာ အလိုလိုက်ထားခြင်း ဖြစ်သည် ။ ယင်းလီ၏ စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ လှုပ်ခတ်သွားပြီး ကျန်းဝူကျိကို ကြည့်သည့် သူမ၏ အကြည့်များတွင်လည်း ချစ်ခင်မြတ်နိုးမှုများ အပြည့်အဝ ပါဝင်နေတော့သည် ။

ယင်းလီ၏ ရန်လိုသော အမူအရာမှ အံ့သြ တုန်လှုပ်သွားသည့် အမူအရာသို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျန်းဝူကျိသည် စိတ်ထဲမှ ကျေနပ်သွားသည် ။ အရာအားလုံးမှာ သူမ၏ စိတ်ကို လှုပ်ခတ်သွားစေရန် စီစဉ်ထားခြင်းဖြစ်ပြီး ရလဒ်မှာလည်း အတော်ပင် ကောင်းမွန်လှသည် ။

ယင်းလီသည် မျက်ခုံးဖြူ လင်းယုန်မင်း ယင်းထျန့်ကျိန်းကို ဦးညွှတ်လိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည် ။

"ကျွန်မကတော့ အတိတ်ကကိစ္စတွေကို မေ့ပစ်ဖို့ အဆင်သင့်ရှိပေမဲ့ အစ်ကိုနှစ်ယောက်နဲ့ ပြန်တည့်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး၊ အဖိုးကတော့ ကျွန်မရဲ့ အဖိုးအဖြစ် အမြဲရှိနေမှာဖြစ်သလို အစ်ကို ဝူကျိကိုလည်း ကျွန်မ တစ်သက်လုံး ချစ်သွားမှာပါ၊ ကျန်တဲ့လူတွေကတော့ ကျွန်မအတွက် သူစိမ်းတွေနဲ့ ဘာမှမခြားပါဘူး"

ယင်းလီသည် နဂိုကပင် ခေါင်းမာသူဖြစ်ရာ ယင်းထျန့်ကျိန်းကို ဤမျှ ယဉ်ကျေးစွာ ပြောဆိုခြင်းမှာပင် အတော်ပင် ထူးခြားလှပြီဖြစ်သည် ။ ယင်းထျန့်ကျိန်းသည် ထိုစကားကို ကြားသောအခါ သက်ပြင်းချမိသည် ။ သူသည် မိမိ၏ သားမြေးများအပေါ် ဂရုစိုက်မှု အားနည်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကြေကွဲစရာများ ဖြစ်ပျက်ခဲ့ရသည်ကို နောင်တရမိသည် ။

ယင်းလီနှင့် သူမ၏ မိခင်ကိစ္စကို ခေတ္တဘေးဖယ်ထားလျှင်ပင် ထိုစဉ်ကသာ သူသည် ဝူတန်တောင်သို့ သွားခဲ့ပါက ယင်းစုစုသည် ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားပါ့မလားဟု တွေးတောမိသည် ။ ဂိုဏ်းကြီး ခြောက်ဂိုဏ်း၏ ဖိအားများ မည်မျှပင် ပြင်းထန်ပါစေ သူယင်းထျန့်ကျိန်းကို အမှန်တကယ် လွှမ်းမိုးနိုင်ပါ့မလား ။

အမှန်စင်စစ် ယင်းထျန့်ကျိန်းသည် ထိုစဉ်က ဖြစ်ရပ်အသေးစိတ်ကို မသိရှိခဲ့ပေ ။ ယင်းစုစု ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခြင်းမှာ ခင်ပွန်းဖြစ်သူနောက်သို့ လိုက်ပါသွားခြင်းသာ ဖြစ်သည် ။ ကျန်းချွေ့ဆန်းမှာမူ သူ၏ ဇနီးသည် ယွီတိုက်ယန်အပေါ် ပြစ်မှားခဲ့သည်ဟု ခံစားရသဖြင့် အဆုံးစီရင်ခဲ့ခြင်း ဖြစ်သည် ။

ဂိုဏ်းအသီးသီး၏ ဖိအားများမှာ အကြောင်းရင်း တစ်ခုဖြစ်သော်လည်း ကျန်းချွေ့ဆန်းကို သေကြောင်းကြံစည် စေသည်အထိ မပြင်းထန်ခဲ့ပေ ။ ကျန်းချွေ့ဆန်းသည် စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ခြင်းကြောင့် ကျန်းဝူကျိကို မိဘမဲ့ ဖြစ်စေခဲ့သည်ဟုသာ ဆိုရမည် ဖြစ်သည် ။ ဤဖြစ်ရပ်သည် အမှားတစ်ခု ပြုလုပ်မိပါက မိမိကိုယ်ကို ပြစ်ဒဏ်ပေးမည့်အစား အမှားကို ပြင်ဆင်ရန် ကြိုးစားခြင်းကသာ ပို၍ အရေးကြီးကြောင်း ပြသနေသည် ။

ကျန်းဝူကျိသည် ယင်းလီ၏ ပါးပြင်လေးကို အသာအယာ ဆွဲညှစ်လိုက်ရာ ယင်းလီက သူ့ကို မျက်စောင်းထိုး ကြည့်လိုက်သော်လည်း နှုတ်ခမ်းဖျားတွင် အပြုံးလေးတစ်ခု ပေါ်ပေါက်လာသည် ။ သူမ၏ အေးစက်လှသော အမူအရာများ အရည်ပျော်သွားပြီ ဖြစ်သည် ။

ထိုကိစ္စများ ပြီးဆုံးသွားသောအခါ ကျန်းဝူကျိ၏ အကြည့်တို့သည် အနားရှိ အော့မေ့ဂိုဏ်း တပည့်များထံသို့ ရောက်ရှိသွားသည် ။ ထိုသူများသည် ယနေ့ညတွင် အတင်းအဖျင်းများစွာကို ကြားသိခဲ့ရပြီး ဖြစ်သည် ။ သူတို့သည် ထန်မိန်ကျွင်းက ကျိုးကျစ်လော့ကို ရန်ရှာနေသည်ကို ငြိမ်သက်စွာ ခွင့်ပြုခဲ့ကြပြီး ထန်မိန်ကျွင်းက သူ့ကို မိစ္ဆာခေါင်းဆောင်ဟု ခေါ်ဝေါ်သည့်အခါတွင်လည်း တစ်ဦးတစ်ယောက်မျှ ကန့်ကွက်ခြင်း မရှိခဲ့ကြပေ ။

သူတို့သည် ကျေးဇူးတရားကို မသိတတ်သူများသာ ဖြစ်သည် ။ ကျန်းဝူကျိသည် အော့မေ့ဂိုဏ်း တပည့်များအပေါ် မည်သည့် စေတနာမျှ မရှိတော့ပေ ။ သူတို့သည် သေထိုက်သူများ မဟုတ်သော်လည်း နောက်နောင်တွင် ပြဿနာ ထပ်မရှာနိုင်အောင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သည် ။ ကျန်းဝူကျိသည် သွေးဆာနေသူ မဟုတ်သော်လည်း အလွန်အမင်း သဘောကောင်းနေသူလည်း မဟုတ်ပေ ။

ကျန်းဝူကျိ၏ အကြည့်ကို မြင်သောအခါ အော့မေ့ဂိုဏ်း တပည့်များသည် ကျောချမ်းသွားကာ စိုးရိမ်ထိတ်လန့်သွားကြသည် ။ ကျန်းဝူကျိသည် ချောမောခန့်ညားသော်လည်း သူတို့အတွက်မူ သားရဲတစ်ကောင်၏ အကြည့်ကို ခံနေရသကဲ့သို့ ခံစားနေရသည် ။ ကျန်းဝူကျိက ကျိုးကျစ်လော့ကို ကြည့်ကာ မေးလိုက်သည် ။

"ကျစ်လော့....... ဒီအော့မေ့ဂိုဏ်းက လူတွေကို ဘယ်လိုလုပ်ရင် ကောင်းမလဲ၊ သူတို့ အသက်ရှင်မလား သေမလားဆိုတာ မင်းရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်တယ်"

ထိုစကားကို ကြားသောအခါ အော့မေ့ဂိုဏ်း တပည့်များမှာ သွေးပျက်သွားကြသည် ။ ကျန်းဝူကျိသည် သူတို့အားလုံးကို သတ်ပစ်ရန် စဉ်းစားနေခြင်းဖြစ်သည် ။ အော့မေ့ဂိုဏ်း တပည့်များမှာ မျက်နှာများ ဖြူလျော်သွားကာ ထွက်ပြေးရန်ပင် သတ္တိမရှိတော့ဘဲ ကျန်းဝူကျိ၏ စီရင်ချက်ကိုသာ စောင့်စားနေရသည် ။

ကျိုးကျစ်လော့သည် ကျန်းဝူကျိက သူမအား လုပ်ပိုင်ခွင့် ပေးလိုက်ခြင်းမှာ သူမ၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခြင်းဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည် ။ ပါးနပ်လှသော ဝေယိရှောက်ကလည်း ကျန်းဝူကျိ၏ ရည်ရွယ်ချက်ကို သိရှိသဖြင့် ရယ်မောကာ ပြောလိုက်သည် ။

"ဂိုဏ်းချုပ်ကျန်း ပြောတာ မှန်တယ်၊ ဒီအော့မေ့ဂိုဏ်းက လူတွေက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်တွေကို သိသွားတဲ့အပြင် မိန်းကလေးကျိုးကိုလည်း အခက်တွေ့အောင် လုပ်ခဲ့ကြတယ်၊ ဒါဟာ သေဒဏ်ပေးရမယ့် အပြစ်ပဲ၊ ဒီနေ့မှာ ခရမ်းရောင်ဝတ် နဂါးဘုရင်မ လည်း ဂိုဏ်းကို ပြန်ရောက်လာပြီဆိုတော့ ဒီလူတွေကို သတ်ပြီး အောင်ပွဲခံလိုက်ကြတာပေါ့"

အော့မေ့ဂိုဏ်း တပည့်များမှာ ပို၍ တုန်လှုပ်သွားကြသည် ။ ယခင်က ဂိုဏ်းကြီး ခြောက်ဂိုဏ်း ကွမ်မင်တောင်ထိပ်ကို ဝိုင်းရံစဉ်က ဝေယိရှောက် တစ်ဦးတည်းနှင့်ပင် အော့မေ့ဂိုဏ်းကို အကြီးအကျယ် ဒုက္ခပေးခဲ့သည် ။ သီလရှင် မြဲ့ကြွယ်သည် တိမ်လွှာဓားကို ကိုင်ဆောင်ထားသော်လည်း ဝေယိရှောက်ကို မည်သို့မျှ မတတ်နိုင်ခဲ့ဘဲ တပည့်အချို့ပင် ဝေယိရှောက်၏ လက်ချက်ဖြင့် သေဆုံးခဲ့ရသည် ။

အော့မေ့ဂိုဏ်း တပည့်များအတွက် ကျန်းဝူကျိသည် အကြောက်ရဆုံးဖြစ်ပြီး ဝေယိရှောက်မှာ ဒုတိယ အကြောက်ရဆုံး ဖြစ်သည် ။ ယခုအခါ ထိုမိစ္ဆာခေါင်းဆောင် နှစ်ဦးက သတ်ပစ်ရန် ပြောဆိုနေကြသဖြင့် သူတို့မှာ အလွန်အမင်း ကြောက်လန့်နေကြပြီ ဖြစ်သည် ။

သူတို့၏ အကြည့်များသည် ကျိုးကျစ်လော့ထံသို့ ရောက်ရှိသွားသည် ။ သူတို့၏ အသက်မှာ ကျိုးကျစ်လော့၏ စကားတစ်ခွန်းအပေါ်တွင်သာ မူတည်နေကြောင်း သိရှိကြသည် ။ ထိုအချိန်တွင် ကျိုးကျစ်လော့က တွေဝေနေသည့် အမူအရာ ပြုလုပ်လိုက်ရာ အော့မေ့ဂိုဏ်း တပည့်များမှာ အသက်ရှူပင် မဝံ့ကြတော့ပေ ။

"ညီမလေးကျိုး ၊ ငါတို့ မှားသွားပါတယ်၊ နောက်တစ်ခါ မလုပ်တော့ပါဘူး" "ဟုတ်ပါတယ် ညီမလေးကျိုး ၊ နောက်ဆိုရင် ညီမလေး ပြောတာကိုပဲ နာခံပါ့မယ်၊ ညီမလေး ဘာခိုင်းခိုင်း လုပ်ပါ့မယ်" "ဂိုဏ်းချုပ်ကျန်း ၊ ကျွန်မတို့ကို အသက်ချမ်းသာပေးပါ၊ နောက်ဆိုရင် မလုပ်ဝံ့တော့ပါဘူး"

အော့မေ့ဂိုဏ်း တပည့်များသည် အစုလိုက်အပြုံလိုက် အသနားခံလာကြသည် ။ ကျန်းဝူကျိနှင့် မင်ဂိုဏ်းအပေါ် ထားရှိသည့် သူတို့၏ ကြောက်ရွံ့မှုမှာ ယွမ်မင်းဆက်အပေါ် ကြောက်ရွံ့မှုထက်ပင် သာလွန်နေတော့သည် ။ ကျိုးကျစ်လော့သည် သူတို့၏ မျှော်လင့်ချက်အပြည့်ရှိသော အကြည့်များကို မြင်သောအခါမှသာ ကျေနပ်သွားပြီး ပြောလိုက်သည် ။

"အစ်ကိုဝူကျိ ...... ကျွန်မရဲ့ စီနီယာအစ်မကြီးထန်ကလည်း သေသွားပြီဆိုတော့ ကျွန်မမျက်နှာကို ထောက်ပြီး သူတို့ကို အသက်ချမ်းသာပေးလိုက်ပါ"

ထိုစကားမှာ အော့မေ့ဂိုဏ်း တပည့်များအတွက် နတ်တေးသွားကို နားထောင်လိုက်ရသကဲ့သို့ပင် ဖြစ်တော့သည် ။ သူတို့သည် ချက်ချင်းပင် သက်ပြင်းချနိုင်ကြသည် ။ ကျန်းဝူကျိက အော့မေ့ဂိုဏ်း တပည့်များကို ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည် ။ ကျန်းဝူကျိက အေးစက်စွာ ပြောလိုက်သည် ။

"ကျစ်လော့ရဲ့ မျက်နှာကြောင့် ဒီနေ့ မင်းတို့ကို မသတ်ဘူး၊ ဒါပေမဲ့ တစ်ခုတော့ ရှင်းအောင်ပြောထားမယ်၊ ဒီနေ့ကစပြီး ကျစ်လော့ဟာ အော့မေ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ၊ ဘယ်သူ့ရဲ့ အရံမှ မဟုတ်ဘူး၊ သီလရှင် မြဲ့ကြွယ်ဟာ ထန်မိန်ကျွင်းလို လူမျိုးကို မွေးထုတ်ခဲ့တာမို့ ဂိုဏ်းချုပ် လုပ်ဖို့ မသင့်တော်တော့ဘူး၊ သူက တရားထိုင်ချင်တယ်ဆိုလည်း ထိုင်နေပါစေ၊ မင်းတို့ထဲက တစ်ယောက်ယောက်က ပြဿနာရှာဦးမယ်ဆိုရင်တော့ ငါ့အကြောင်း သိစေရမယ်၊ အဲဒီအခါကျရင် အော့မေ့ဂိုဏ်းဆိုတာ ဒီလောကမှာ မရှိတော့သလို မင်းတို့အားလုံးလည်း သေရလိမ့်မယ်၊ ငါ့စကားကို မှတ်ထားကြ"

ကျန်းဝူကျိ၏ စကားကို လူတိုင်းက ငြိမ်သက်စွာ နားထောင်နေကြရသည် ။ အော့မေ့ဂိုဏ်း တပည့်များသည် ကြောက်ရွံ့လွန်းသဖြင့် ချွေးပြန်နေကြပြီး ကန့်ကွက်စကား တစ်လုံးမျှ မပြောဝံ့ဘဲ ခေါင်းကိုသာ တတွတ်တွတ် ညိတ်နေကြတော့သည် ။ အမှန်စင်စစ် သူတို့သည် ကျိုးကျစ်လော့ကို အသက်ပေး၍ ကယ်တင်ခဲ့သည့်အတွက် များစွာ ကျေးဇူးတင်နေကြပြီ ဖြစ်သည် ။

ကျန်းဝူကျိသည် လူသတ်ရန် ဝန်မလေးသူ ဖြစ်ကြောင်း သိထားသဖြင့် သူတို့ မည်သို့မျှ မလှုပ်ဝံ့ကြပေ ။ နောက်နောင်တွင် သူတို့သည် ကျိုးကျစ်လော့၏ စကားကို နာခံကြမည်ဖြစ်ပြီး ဤသည်မှာ ကျန်းဝူကျိကို ကြောက်ရွံ့ခြင်းကြောင့်သာ ဖြစ်သည် ။

ကျန်းဝူကျိသည် ကျိုးကျစ်လော့ကို ကြည့်ကာ

"ကျစ်လော့ ၊ အော့မေ့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် ကောင်းကောင်း လုပ်ဆောင်ပါ၊ တစ်ခုခု ဖြစ်ရင် ငါ့ကို ပြောပါ၊ ဘယ်သူကပဲ ဖြစ်ဖြစ် မင်းကို အခက်တွေ့အောင် လုပ်ရင် ငါ သူတို့ကို အပျောက်ရှင်းပေးမယ်"

ကျိုးကျစ်လော့သည် ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည် ။ ကျန်းဝူကျိ၏ စကားများကြောင့် သူမသည် လုံခြုံမှုရှိသည်ဟု ခံစားရကာ ပျော်ရွှင်နေတော့သည် ။ ကျန်းဝူကျိက ဆက်လက်၍ ပြောလိုက်သည် ။

"ကဲ ..... မင်းတို့လည်း အော့မေ့ဂိုဏ်းကို ပြန်ကြတော့၊ ငါတို့လည်း သွားရဦးမယ်၊ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို လူတိုင်း သိပြီးသားပဲ၊ သတင်းပေါက်ကြားမှာကို ငါမကြောက်ပေမဲ့ မင်းတို့ အော့မေ့ဂိုဏ်းက လူတွေ အတင်းအဖျင်း ပြောတာကို ကြားရင်တော့ ငါ အလွတ်ပေးမှာ မဟုတ်ဘူး"

ကျန်းဝူကျိက ခြိမ်းခြောက်လိုက်ပြန်ရာ အော့မေ့ဂိုဏ်းသားများမှာ ဘာမျှ မပြောဝံ့ကြတော့ပေ ။ သူတို့သည် ကျန်းဝူကျိကို ကြောက်လွန်းသဖြင့် ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားကြသည် ။ အော့မေ့ဂိုဏ်းသားများ ထွက်သွားပြီးနောက်မှသာ မင်ဂိုဏ်းသားများ စိတ်အေးလက်အေး ဖြစ်သွားကြသည် ။

ဒိုက်ချီစီသည် ကျန်းဝူကျိက အော့မေ့ဂိုဏ်းကို ဤမျှ လွှမ်းမိုးထားနိုင်သည်ကို မြင်သောအခါ အံ့သြသွားရသည် ။ ယင်းထျန့်ကျိန်းနှင့် ဝေယိရှောက်တို့မှာမူ ဤသည်မှာ ပုံမှန်ကိစ္စ တစ်ခုကဲ့သို့ပင် တည်ငြိမ်နေကြသည် ။ အမှန်စင်စစ် ဒိုက်ချီစီ၏ သတင်းအချက်အလက်များမှာ ခေတ်နောက်ကျနေပြီ ဖြစ်သည် ။ သူမသည် ကျန်းဝူကျိက မင်ဂိုဏ်းကို ပြန်လည် စုစည်းနိုင်ခဲ့သည်ကိုသာ သိရှိထားပြီး ကျန်ကိစ္စများကို မသိရှိသေးပေ ။

ကွမ်မင်တောင်ထိပ် တိုက်ပွဲပြီးနောက်တွင် ဂိုဏ်းကြီးများမှာ ကျန်းဝူကျိကို ကြောက်ရွံ့နေကြပြီ ဖြစ်သည် ။ သီလရှင် မြဲ့ကြွယ်ပင်လျှင် ကျန်းဝူကျိကို မည်သို့မျှ မတတ်နိုင်ဘဲ မာန်လျှော့နေရပြီ ဖြစ်သည် ။ ဟွာရှန်းဂိုဏ်း ဆိုလျှင်လည်း ကျန်းဝူကျိကို မြင်သည်နှင့် ကြွက်ကလေးများကဲ့သို့ ကြောက်ရွံ့နေကြသည် ။ မင်ဂိုဏ်းသားများမှာမူ ကျန်းဝူကျိ၏ အစွမ်းအစကို ယုံကြည်ပြီးသား ဖြစ်သောကြောင့် ဂုဏ်ယူနေကြသည် ။ ဒိုက်ကီစီတစ်ဦးတည်းသာ ကျန်းဝူကျိ၏ သြဇာအာဏာကို ယခုမှ သိရှိသွားခြင်း ဖြစ်သည် ။

အခန်း (၁၅၄) ပညာလိုလားသော ဝူချင်းရင်

"ဟဲဟဲ..... ရှင့်ရဲ့ ကျိုးကျစ်လော့ကတော့ တကယ်ကို ပါးနပ်တာပဲ။ အခုဆို အော့မေ့ဂိုဏ်းထဲမှာ ဘယ်သူမှ သူ့ကို ရန်မစရဲတော့ဘူး" ဟု ကျောက်မိန်သည် ကျန်းဝူကျိအနားသို့ တိုးကပ်ကာ တိုးတိုးလေး နောက်ပြောင်လိုက်သည်။

ကျန်းဝူကျိသည် သူမကို တစ်ချက်ကြည့်ကာ ရယ်မောပြီး "ဘာလဲ၊ မင်းက ကျစ်လော့ကို မင်းရဲ့ အကြီးမားဆုံး ပြိုင်ဘက်လို့ မှတ်ယူနေတုန်းလား" ဟု မေးလိုက်သည်။

ကျောက်မိန်၏ အကဲခတ်နိုင်စွမ်းမှာ အလွန်ထက်မြက်သည်ဟု ဆိုရမည် ဖြစ်သည်။ သူမသည် ဉာဏ်ပညာ မြင့်မားသူဖြစ်ရာ ရှောင်ကျောက်နှင့် ရန်ပုဟွေ့တို့မှာ သူမ၏ ပြိုင်ဘက်များ မဟုတ်နိုင်မှန်း တစ်ချက်ကြည့်ရုံနှင့် သိနိုင်သည်။ အကြံအဖန်များလှသော ဤကျိုးကျစ်လော့ တစ်ယောက်သာလျှင် တကယ်တမ်း ခန့်မှန်းရခက်သူ ဖြစ်ပေသည်။

ကျောက်မိန်က နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ဘာလို့ မဟုတ်ရမှာလဲ၊ ရှင်ပဲ သစ္စာမရှိတာလေ။ ငါတို့ အများကြီး ရှိနေတာတောင် မလုံလောက်သေးဘဲ ဒီနေ့ နောက်ထပ် နှစ်ယောက်တောင် တိုးလာသေးတယ်" ဟု ပြောလိုက်သည်။

ကျန်းဝူကျိကမူ "အတိအကျ ပြောရရင် တစ်ယောက်တည်းပါ။ ချင်းရင်ကတော့ မပါဘူး၊ သူက ငါ့ရဲ့ ကျွန်မလေး သက်သက်ပဲ" ဟု ပြင်ပေးလိုက်သည်။

“ကျွန်မလေး ဟုတ်လား”

ကျောက်မိန်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားသည်။ ဝူချင်းရင်၏ ကိုယ်ပေါ်ရှိ အသုံးအဆောင် အချို့ကို ကြည့်ပြီးနောက် သူမ၏ မျက်နှာမှာ ထူးဆန်းသွားကာ 'ရှင် တော်တော် စကားတတ်တာပဲ' ဟု ပြောနေသကဲ့သို့ ရှိသည်။

"ဘာလဲ၊ မင်းက ငါ့ကို မယုံဘူးလား"

ကျန်းဝူကျိသည် ဝူချင်းရင်ကို "ချင်းရင်၊ ဒီကို လာခဲ့ဦး" ဟု လက်ဟန်ပြ ခေါ်လိုက်သည်။

ဝူချင်းရင်သည် လိမ္မာပါးနပ်စွာဖြင့် လျှောက်လာသည်။ ကျန်းဝူကျိ၏ လက်မှာ လေထဲတွင် ရှိနေဆဲ ဖြစ်သည်ကို မြင်သောအခါ သူမ၏ ခေါင်းကို တိုးကပ်ပြီး နှစ်ချက်ခန့် ပွတ်သပ်လိုက်သည်။ သူမ၏ နုနယ်သော မျက်နှာလေးမှာ ပျော်ရွှင်ကြည်နူးမှုများဖြင့် ပြည့်နှက်နေပြီး "သခင်" ဟု ချိုသာစွာ ခေါ်လိုက်သည်။

ထို့နောက် ဝူချင်းရင်သည် သူမ၏ လှပသော မျက်နှာလေးကို ကျန်းဝူကျိ၏ လက်နှင့် ပွတ်သပ်နေကာ အလွန်အမင်း နာခံသူ တစ်ဦးကဲ့သို့ ကြည်နူးနှစ်သက်နေသည့် အမူအရာ ရှိနေသည်။

ကျောက်မိန်မှာ ကြောင်အမ်းသွားရသည်။

“ဘုရားရေ”

ကျောက်မိန်သည် တကယ်ပင် အံ့အားသင့်သွားရသည်။ ကျန်းဝူကျိနှင့် ဝူချင်းရင်တို့မှာ စနောက်နေကြခြင်းသာ ဖြစ်မည်ဟု သူမ ထင်မှတ်ခဲ့သော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမသည် မည်မျှပင် ထက်မြက်ပါစေ၊ ဤကဲ့သို့သော ကိစ္စမျိုးကို မကြုံဖူးသေးသည့် မိန်းကလေးငယ် တစ်ဦးသာ ဖြစ်သေးသည်။ ဝူချင်းရင်၏ လုပ်ရပ်များကြောင့် သူမမှာ ဝေခွဲမရ ဖြစ်သွားရသည်။

တိုင်းပြည်ကိုပင် ပြောင်းပြန်လှန်နိုင်သော ကျောက်မိန်၏ အလှသွေးကြွယ်သည့် မျက်နှာလေးမှာ အလွန်ပင် ထူးဆန်းသွားသည်။ သူမ၏ မျက်နှာမှာ နီမြန်းလာပြီး နောက်ဆုံးတွင် "ရှင် နိုင်ပါတယ်၊ ကျွန်မ ရှင့်ကို အထင်သေးခဲ့မိတယ်" ဟုသာ ပြောနိုင်တော့သည်။

ကျန်းဝူကျိက အနည်းငယ် ပြုံးလိုက်ပြီး "ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်" ဟု ဆိုသည်။

ကျောက်မိန်မှာ ဘာပြောရမှန်း မသိတော့ပေ။ သူမသည် မည်မျှပင် နှုတ်သီးကောင်းလျှာပါး ရှိစေကာမူ ဤကိစ္စမျိုးတွင် ကျန်းဝူကျိကို မယှဉ်နိုင်ပေ။ သူမတွင် ထိုကဲ့သို့သော စွမ်းရည်မျိုး မရှိပေ။

"ကျွန်မက ရှင့်ကို တကယ် ချီးကျူးနေတယ်လို့ ထင်နေတာလား။ ပုံမှန်ဆို ရှင်က တော်တော် ပါးနပ်တယ် ထင်ရပေမဲ့ အခုတော့ လူပိန်း ဖြစ်သွားပြီ။ မိန်းမတွေနဲ့ အရှုပ်အထွေးတွေ များလွန်းလို့ ရှင့်ရဲ့ စိတ်တွေ ပျက်စီးကုန်ပြီ ထင်တယ်"

ကျောက်မိန်သည် ဝူချင်းရင်၏ စွဲလမ်းနေသော အမူအရာကို ကြည့်ကာ နှုတ်ခမ်းကို အနည်းငယ် တွန့်လိုက်ပြီး မကျေမနပ် ရေရွတ်လိုက်သည်။

ထိုစဉ် ကျန်းဝူကျိ၏ စိတ်ထဲတွင် အတွေးတစ်ခု လက်ခနဲ ပေါ်လာသည်။ သူက "ဘာလဲ၊ မင်းရဲ့ ဉာဏ်ရည်က အဲဒီလောက် တော်တာလား။ ဒါဆိုရင် စိတ်ဝင်စားစရာ မေးခွန်းတစ်ခု မေးမယ်၊ မင်း ခန့်မှန်းနိုင်မလား ကြည့်ရအောင်" ဟု မေးလိုက်သည်။

“မေးခွန်း ဟုတ်လား”

ကျောက်မိန်သည် စိတ်ပါဝင်စားသွားပြီး ယုံကြည်ချက်ရှိရှိ ပြုံးကာ "ဒါ မေးခွန်း တစ်ခုပဲ မဟုတ်လား။ မေးကြည့်လေ၊ ကျွန်မ ဖြေနိုင်မလား ဆိုတာ" ဟု ဆိုသည်။

နောက်ပြောင်နေခြင်း မဟုတ်ပေ၊ ကျောက်မိန်သည် ငယ်စဉ်ကတည်းက အလွန် ထက်မြက်သူ ဖြစ်သည်။ မည်သည့် စကားထာမျိုးမဆို သူမ ချက်ချင်း သိနိုင်သည်။ သူမ၏ အစ်ကို ဝမ်ပေါင်းပေါင်းနှင့် ဖခင်ဖြစ်သူ ရုရန်မင်းသားတို့ပင်လျှင် သူမကို မယှဉ်နိုင်ပေ။

ကျန်ရှိနေသော သူများမှာလည်း ဂိုဏ်းချုပ်ကြီး ဘာများ လုပ်ဦးမလဲဟု စိတ်ဝင်တစား ကြည့်နေကြသည်။

ကျန်းဝူကျိသည် ပြုံးလိုက်ပြီး "ဒါက အရမ်း ရိုးရှင်းပါတယ်။ လျူပေ့၊ ကွမ်ယုနဲ့ ကျန်းဖေးတို့ မက်မွန်ဥယျာဉ်မှာ သစ္စာဆိုကြတုန်းက အဓိက စကားပြောတဲ့သူတွေက လျူပေ့နဲ့ ကွမ်ယုတို့ပဲ။ ဒါဆိုရင် သူတို့ တစ်ယောက်နဲ့ တစ်ယောက် ရင်ဖွင့်နေကြတုန်း ကျန်းဖေးက ဘာပြောခဲ့လဲ" ဟု မေးလိုက်သည်။

လျူ၊ ကွမ်၊ ကျန်း တို့ သစ္စာဆိုတုန်းက ကျန်းဖေးက ဘာပြောခဲ့သလဲ။

ကျောက်မိန်နှင့် ရှောင်ကျောက်တို့မှာ အမူအရာများ ထူးဆန်းသွားကြပြီး 'ငါတို့က လျူ၊ ကွမ်၊ ကျန်း တို့ ကိစ္စကို ဘယ်လို သိမှာလဲ။ ပြီးတော့ သမိုင်းမှတ်တမ်းတွေမှာလည်း သူတို့ သစ္စာဆိုခဲ့တာ မပါဘူး၊ ဒါတွေက အရပ်ပြော ပုံပြင်တွေ မဟုတ်လား' ဟု တွေးနေကြသည်။

အခြားသော မင်ဂိုဏ်းသားများမှာလည်း စိတ်ဝင်တစား ရှိနေကြသည်။ ဤသည်မှာ မည်သို့သော စကားထာနည်း။ သမိုင်းမှတ်တမ်းများတွင် ဖြစ်စေ၊ ပုံပြင်များတွင် ဖြစ်စေ ဤအကြောင်းအရာ မရှိပေ။ ပုံပြင်များတွင် သစ္စာဆိုခြင်းမှာ ပုံမှန်အတိုင်းသာ ဖြစ်ပျက်သွားခြင်း ဖြစ်သည်။

ကျန်းဝူကျိက "ဒီကိစ္စက အခုနက မင်း သဝန်တိုနေတဲ့ အပြုအမူနဲ့ ဆက်စပ်နေတယ်" ဟု သတိပေးလိုက်သည်။

ကျောက်မိန်သည် အကြာကြီး စဉ်းစားပြီးနောက် စိတ်ပျက်လက်ပျက်ဖြင့် "ကျွန်မ ခန့်မှန်းလို့ မရဘူး။ ရှင့်ရဲ့ စကားထာက အရမ်း ထူးဆန်းလွန်းတယ်။ အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ဘယ်သူက သိမှာလဲ" ဟု ပြောလိုက်သည်။

ကျန်ရှိနေသော လူအုပ်ကြီးမှာလည်း ထိုနည်းအတိုင်းပင် ဖြစ်သည်။ ဘယ်သူမှ ခန့်မှန်းနိုင်ခြင်း မရှိပေ။

ကျန်းဝူကျိက ဆွဲဆောင်မှုရှိသော အပြုံးဖြင့် "အဖြေကတော့ 'ငါလည်း တူတူပဲ' တဲ့" ဟု ဆိုသည်။

"'ငါလည်း တူတူပဲ' ဟုတ်လား။ အဲဒါက ဘာကို ဆိုလိုတာလဲ"

အားလုံးမှာ ကြောင်အမ်းသွားကြသည်။ 'ငါလည်း တူတူပဲ' ဆိုသည်မှာ ဘာကို ဆိုလိုသနည်း။ ဤသည်မှာ မည်သို့သော အဖြေနည်း။

ထိုအခါ ကျန်းဝူကျိက ထိုအကြောင်းအရာကို ရှင်းပြလိုက်သည်။ "ကွမ်ယုက စစ်သား ဘဝက လာတာ ဖြစ်ပေမဲ့ သူက သူတော်စင်တို့ရဲ့ တရားကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး သစ္စာတရားနဲ့ ပြည့်စုံတဲ့ စကားတွေကို ပြောနိုင်တယ်။ ကျန်းဖေးကတော့ ဝက်သားရောင်းတဲ့ သားသတ်သမား ဖြစ်တဲ့အတွက် အဲဒီလို စကားမျိုးတွေကို မပြောတတ်ဘူး။ ဒါကြောင့် သူက 'ငါလည်း တူတူပဲ' လို့ပဲ ပြောနိုင်တာပေါ့"

“အော်၊ ဒါကြောင့်ကိုး”

ထိုအခါမှသာ လူအုပ်ကြီးမှာ နားလည်သွားကြတော့သည်။ သူတို့မှာ သိုင်းသမားများသာ ဖြစ်ကြပြီး အများစုမှာ စာပေဗဟုသုတ နည်းပါးကြသူများ ဖြစ်ကြသည်။ ထိုကဲ့သို့သော မြင့်မြတ်သည့် စကားမျိုးကို ပြောဆိုရန်မှာ သူတို့အတွက် ခက်ခဲလှသည်။

သို့သော်လည်း သမိုင်းစစ်စစ်တွင်မူ ကျန်းဖေးမှာ ထိုမျှအထိ အစွမ်းအစ မရှိသူ မဟုတ်ပေ။ ဂိုဏ်းချုပ်ကြီးသည် ယနေ့တွင် စိတ်ကြည်လင်နေသဖြင့် သူတို့ကို အရပ်ပြော ပုံပြင်များ ပြောပြနေခြင်း ဖြစ်သည်။

ကျောက်မိန်က "ဒါနဲ့ 'ငါလည်း တူတူပဲ' ဆိုတာက ကျွန်မနဲ့ ဘာဆိုင်လို့လဲ" ဟု စပ်စုလိုက်သည်။

ကျန်းဝူကျိသည် မရယ်ဘဲ မနေနိုင်တော့ဘဲ "မင်းပဲ အခုနက ငါနဲ့ ချင်းရင်ရဲ့ ဆက်ဆံရေးက လွန်လွန်းတယ်လို့ ပြောခဲ့တာလေ။ နောင်ကျရင် မင်းလည်း ငါနဲ့ အဲဒီလိုပဲ ဖြစ်လာမှာဆိုတော့ သဘာဝကျကျ 'ငါလည်း တူတူပဲ' ပေါ့" ဟု ပြောလိုက်သည်။

ပြောနေရင်းဖြင့် ကျန်းဝူကျိ၏ မျက်နှာမှာ နောက်ပြောင်သော အမူအရာ ဖြစ်လာသည်။

ကျောက်မိန်မှာ ကိုယ်လုံးကိုယ်ပေါက် လှပရုံသာမက ဉာဏ်လည်း အလွန်ကောင်းသူ ဖြစ်သည်။ ကျန်းဝူကျိက ထိုသို့ ပြောလိုက်လျှင် သူမ မည်သို့ နားမလည်ဘဲ ရှိပါမည်နည်း။

သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းပင် နီရဲသွားကာ "သွား၊ လူရှုပ်ကြီး" ဟု ဆဲဆိုလိုက်သည်။

သူမသည် ဆဲဆိုပြီးနောက် လှည့်ထွက်သွားသော်လည်း သူမ၏ မျက်နှာမှာ အနီရောင် တိမ်တိုက်ကဲ့သို့ နီမြန်းနေကာ ဟန်မဆောင်နိုင်တော့ပေ။

ကျန်းဝူကျိက ဤကဲ့သို့ ပြောလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။ ထိုသို့သော စကားမျိုးကို မည်သူက တောင့်ခံနိုင်ပါမည်နည်း။

အခြားသူများကို ကြည့်လိုက်လျှင်လည်း အမူအရာများမှာ ဆင်တူနေကြသည်။ ရှောင်ကျောက်နှင့် ရန်ပုဟွေ့တို့မှာလည်း ရှက်သွေးဖြာနေကြပြီး ယင်းလီ၏ မျက်ဝန်းများမှာပင် အနည်းငယ် တုန်လှုပ်နေကာ မထိန်းနိုင် ဖြစ်နေကြသည်။

အဘယ်ကြောင့်ဆိုသော် နောင်တစ်ချိန်တွင် သူတို့လည်း 'ငါလည်း တူတူပဲ' ဖြစ်လာကြမည်ကို သိနေကြသောကြောင့် ဖြစ်သည်။ ထိုနှစ်ယောက်မှာ ကျန်းဝူကျိ၏ လက်ခုပ်ထဲမှ မည်သို့ လွတ်နိုင်ပါမည်နည်း။

ဤမြင်ကွင်းကို မြင်သောအခါ ကျန်းဝူကျိသည် ကျေနပ်အားရစွာဖြင့် အားရပါးရ ရယ်မောလိုက်တော့သည်။

"ကောင်းပြီ၊ မှောင်နေပြီပဲ။ အားလုံး ပြန်နားကြတော့။ ဘယ်လက်ရုံးသံတမန်ရန်က ရေတပ်အလံတော်ရဲ့ ညီအစ်ကိုတွေကို စုစည်းပြီးရင် ငါ့ရဲ့ မွေးစားအဖေ ရွှေမွေးခြင်္သေ့ဘုရင်ကို သွားကြိုကြမယ်"

ကျန်းဝူကျိသည် နောက်ပြောင်နေသော အမူအရာကို ဖျောက်ပစ်ကာ တည်ကြည်စွာ ပြောလိုက်သည်။

မင်ဂိုဏ်းသားများမှာလည်း အမူအရာများ တည်ကြည်သွားကာ လက်သီးဆုပ် ဂါရဝပြုပြီး "ဟုတ်ကဲ့ပါ၊ ဂိုဏ်းချုပ်ကြီးရဲ့ အမိန့်အတိုင်း နာခံပါ့မယ်" ဟု ပြိုင်တူ ဆိုကြသည်။

ထို့ကြောင့် မင်ဂိုဏ်းသားများသည် နားခိုရန် ယခင် တည်းခိုခန်းသို့ ပြန်သွားကြသည်။

နားနားနေနေ ရှိနေကြသည်မှာ လူအုပ်ကြီးသာ ဖြစ်ပြီး ကျန်းဝူကျိမှာမူ မပါဝင်ပေ။

"သခင်..... ချင်းရင် သခင့်ကို အရမ်း သတိရနေတာ"

ရေချိုးပြီးနောက် ဝူချင်းရင်သည် ကျန်းဝူကျိအနားသို့ တိုးကပ်ကာ သူမ၏ လွမ်းဆွတ်မှုကို တိုးတိုးလေး ဖွင့်ဟလိုက်သည်။

ဝူချင်းရင်၏ မျှော်လင့်တောင့်တနေသော အကြည့်များကို မြင်သောအခါ ကျန်းဝူကျိသည် သူမကို လျစ်လျူမရှုနိုင်ဘဲ အခန်းထဲသို့ ခေါ်ဆောင်သွားလိုက်သည်။

ဝူချင်းရင်သည် ထိုစဉ်ကတည်းက ကျန်းဝူကျိထံမှ ဗဟုသုတများစွာ သင်ယူခဲ့ရပြီး ဖြစ်သည်။ ယခုအခါတွင်လည်း ဝူချင်းရင်မှာ ပညာလိုလားနေဆဲ ဖြစ်ပြီး အချိန်မဖြုန်းလိုဘဲ ရှိနေသည်။

ဤမျှ ပညာလိုလားသော တပည့်မလေးအတွက် ကျန်းဝူကျိမှာ ဆရာတစ်ယောက်အနေဖြင့် အလွန်ပင် ချစ်ခင်မိပါသည်။

ကျန်းဝူကျိက ပြုံးကာ သူမ၏ ပါးလေးကို ဆွဲလိုက်ပြီး "မင်း ငါ့ကို ဘယ်လောက်တောင် သတိရနေလို့လဲ" ဟု မေးလိုက်သည်။

"အများကြီး..... အများကြီးပဲ၊ မခံစားနိုင်လောက်အောင်ပါပဲ"

ဝူချင်းရင်က တိုးတိုးလေး ဆိုသည်။ ထိုအချိန်တွင် သူမသည် ကျန်းဝူကျိနှင့် အနားမှာသာ နေလိုပြီး သူမ၏ အသံမှာလည်း ချိုသာအိစက်နေသည်။

ကျန်းဝူကျိသည် ကုတင်ပေါ်တွင် လှဲလျောင်းနေပြီး ဝူချင်းရင်မှာ နွယ်ပင်တစ်ပင်ကဲ့သို့ သူ့အပေါ်တွင် တွယ်ကပ်နေသည်။

ကျန်းဝူကျိ၏ လက်မှာ သူမ၏ ချောမွေ့သော ကျောပြင်ပေါ်တွင် ရှိနေပြီး ပြုံးကာ "အဲဒီလောက်တောင်လား။ ဘယ်နေရာကနေ သတိရနေတာလဲ" ဟု မေးလိုက်သည်။

ဝူချင်းရင်က သူမ၏ ကိုယ်လေးကို လှုပ်ရှားလိုက်ပြီး "နေရာတိုင်းပါပဲ၊ သခင့်ကို သတိရနေတာ..." ဟု ချိုသာစွာ ဆိုသည်။

ထိုအချိန်တွင် သူမ၏ မျက်ဝန်းများမှာ ရီဝေနေပြီး စိတ်လွတ်နေပုံ ရသည်။

ကျန်းဝူကျိမှာမူ မထိန်းနိုင်တော့ပေ။ သူသည် ကိုယ်ကို လှည့်ကာ သူမ၏ အပေါ်သို့ ရောက်ရှိသွားသည်။

"ကောင်းတယ်၊ ငါ့ရဲ့ ချင်းရင်လေးပဲ။ ဒါဆိုရင် ဆရာက ဒီနေ့ မင်းရဲ့ လွမ်းဆွတ်မှု ဝေဒနာတွေကို သက်သာအောင် လုပ်ပေးရတာပေါ့"

ကျန်းဝူကျိသည် ဆွဲဆောင်မှုရှိသော အပြုံးကို ပြုံးလိုက်သည်။ သူသည်လည်း လပေါင်းများစွာ စာမသင်ပေးရသေးသဖြင့် တပည့်မလေးကို ပညာပေးလိုသော ဆန္ဒမှာ မထိန်းချုပ်နိုင်လောက်အောင် ဖြစ်နေသည်။

ဝူချင်းရင်မှာလည်း သူမ၏ တစ်ကိုယ်လုံးကို ပုံအပ်ထားကာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပေသည်။

ကျန်းဝူကျိသည် ဤကဲ့သို့သော ပညာလိုလားသည့် တပည့်များကို အမြဲတမ်း တန်ဖိုးထားတတ်သူ ဖြစ်သည်။

ထို့ကြောင့် ထိုညတွင် သူနှင့် ဝူချင်းရင်တို့မှာ အိပ်စက်ခြင်း မရှိသလောက်ပင် ဖြစ်သည်။

ပြောရမည်ဆိုလျှင် 'မိုးသောက်ယံသို့ တိုင်ခဲ့သည်' ဟုသာ ဆိုရပေမည်။

နောက်တစ်နေ့ နံနက်တိုင်အောင် ကိုးပါးနေဝန်း အလင်းစွမ်းအင် ပိုင်ဆိုင်ထားသော ကျန်းဝူကျိမှာမူ မည်သို့မျှ မဖြစ်ဘဲ တက်ကြွစွာဖြင့် မျက်နှာသစ်ရန် ထလာခဲ့သည်။ ဝူချင်းရင်မှာမူ အနည်းဆုံး နောက်ထပ် တစ်မနက်ခင်းလုံး အိပ်မောကျနေဦးမည် ဖြစ်သည်။

အခန်း (၁၅၅) ဖန့်ယောင်၏ အားငယ်စိတ်

ကျန်းဝူကျိသည် ကိုယ်လက်သန့်စင်ပြီး မနက်စာ သုံးဆောင်ပြီးနောက် ခြံဝင်းအတွင်းရှိ ဇရပ်လေးထဲတွင် ဝေယိရှောက်၊ ယင်းထျန့်ကျိန်း၊ ဒိုက်ချီစီ ဟူသော အစောင့်အရှောက် ဘုရင် သုံးပါးနှင့် ကျိုးတျန် အပါအဝင် ထူးခြားဆန်းပြားသောပုဂ္ဂိုလ် ငါးဦးတို့ စုံညီစွာ ရောက်ရှိနေကြသည်ကို တွေ့လိုက်ရပေသည်။

သူတို့သည် ကျောက်စားပွဲဝိုင်းတွင် ထိုင်ကာ လွန်ခဲ့သော နှစ်ပေါင်းများစွာက အကြောင်းအရာများကို ရယ်မောမြူးထူးစွာ ပြောဆိုနေကြပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှာ သဟဇာတဖြစ်နေပေသည်။ ရှောင်ကျောက်သည် သူတို့ကို ပြုစုလုပ်ကျွေးနေပြီး လူတိုင်းက အရက်ခွက်ကလေးများကို တစ်ငုံစီ သောက်လိုက်တိုင်း သူမက လိမ္မာပါးနပ်စွာဖြင့် ပြန်လည် ဖြည့်တင်းပေးနေပေသည်။

ကျန်းဝူကျိ ရောက်လာသည်ကို မြင်လျှင် အားလုံးက ကမန်းကတန်း ထရပ်ကြပြီး ” .... ဂိုဏ်းချုပ် ....” ဟု နှုတ်ဆက်ကြလေသည်။

“အာ..... အားလုံးက မိသားစုတွေပဲလေ ဘာလို့ ဒီလောက် ယဉ်ကျေးနေကြတာလဲ အထူးသဖြင့် အဖိုးပေါ့ အဖိုးက ကျွန်တော့်ကို ဂါရဝပြုနေရင် ကျွန်တော် နေရခက်ရမှာပေါ့ .... “ ဟု ကျန်းဝူကျိက ပြုံးလျက် ပြောဆိုကာ ယင်းထျန့်ကျိန်းကို ကိုယ်တိုင် ထူပေးလိုက်ပေသည်။

ယင်းထျန့်ကျိန်းက ရယ်မောပြီး ....” ဝူကျိလေး စည်းကမ်းဆိုတာ ပစ်ပယ်လို့ မရဘူးလေ မင်းက ငါ့မြေးလည်း ဟုတ်သလို ငါတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်တယ် အခုလို ခရီးသွားနေတဲ့ အချိန်မှာ ဂိုဏ်းချုပ်ကို ရိုသေတာက သဘာဝပါပဲ ဒါပေမဲ့ နောင်ကျလို့ အိမ်ပြန်ရောက်တဲ့အခါကျရင်တော့ မင်းက ငါ့ကို အရက်တစ်ခွက်လောက် ငှဲ့မပေးဘူးဆိုရင်တော့ မင်းအဖိုးက တစ်ခုခု ပြောရလိမ့်မယ် ဟားဟား .... “ ဟု ဆိုပေသည်။

ယင်းထျန့်ကျိန်း နောက်ပြောင်နေမှန်း အားလုံးက သိကြသဖြင့် ဝိုင်းဝန်း ရယ်မောကြတော့ပေသည်။ ကျိုးတျန်ကပင် ဝင်ရောက် ရယ်မောပြီး ” ဟုတ်တာပေါ့ ဂိုဏ်းထဲမှာတော့ ကျွန်တော်တို့က လက်အောက်ငယ်သားတွေ ဆိုပေမဲ့ အသက်အရွယ်အရ ကြည့်ရင်တော့ ဂိုဏ်းချုပ်က ကျွန်တော်တို့အတွက် လူငယ်လေးပဲ ရှိသေးတာ “ ဟု ပြောလိုက်ပေသည်။

ကျန်းဝူကျိက သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ရာ ကျိုးတျန်သည် ချက်ချင်းပင် ကြက်သီးမွေးညင်းများ ထသွားကာ ကိုယ်ရှိန်သတ်သွားပြီး “ ဒါပေါ့ သူရဲကောင်းဆိုတာ ငယ်ရွယ်စဉ်ကတည်းက ပေါ်ထွက်လာတတ်တာပဲ ဂိုဏ်းချုပ်လို ထူးခြားတဲ့ လူတစ်ယောက်ကို အသက်အရွယ်နဲ့ တိုင်းတာလို့ မရပါဘူး ဂိုဏ်းထဲမှာ ဖြစ်ဖြစ် အပြင်မှာ ဖြစ်ဖြစ် ကျွန်တော် ကျိုးတျန်ကတော့ တကယ်ကို အထင်ကြီး လေးစားမိပါတယ်” ဟု ကမန်းကတန်း ပြင်ပြောလိုက်ရပေသည်။

ထိုအခါမှသာ ကျန်းဝူကျိက အကြည့်ကို လွှဲလိုက်ပြီး ကျိုးတျန်လည်း သက်ပြင်းချနိုင်တော့ပေသည်။ ကျန်ရှိသော သူများမှာလည်း ကျိုးတျန်၏ ရုတ်တရက် ပြောင်းလဲသွားသော အမူအရာကို ကြည့်ကာ မအောင့်နိုင်ဘဲ ပွဲကျသွားကြရာ ဇရပ်လေးအတွင်း ခဏတာ ပျော်ရွှင်စရာ အသံများဖြင့် ပြည့်နှက်သွားလေသည်။

ရှောင်ကျောက်က ရှေ့သို့ တိုးလာပြီး “သခင်လေး..... သခင်လေးနဲ့ ဝူမမလေးတို့ တစ်ခန်းတည်း ရှိနေတာကို တွေ့လို့ ဒီမနက် မနှောင့်ယှက်ရဲတာပါ အဲဒါကို စိတ်မရှိပါနဲ့ “ ဟု အားနာစွာ ပြောလိုက်ပေသည်။ ပုံမှန်ဆိုလျှင် ကျန်းဝူကျိ နိုးထလာချိန်နှင့် ကိုယ်လက်သန့်စင်ချိန်တို့တွင် ရှောင်ကျောက်ကသာ ပြုစုပေးလေ့ရှိပေသည်။

ကျန်းဝူကျိက ပြုံးပြီး “ ဒါက ဘာမှ မဟုတ်ပါဘူး မင်းရဲ့ အမေလည်း ဂိုဏ်းကို ပြန်ရောက်လာပြီဆိုတော့ မင်းက သူ့ကိုပဲ ဦးစားပေးသင့်တာပေါ့ နောက်ဆို အစေခံမလေး တစ်ယောက်လို အလုပ်တွေ လုပ်နေဖို့ မလိုတော့ဘူး ငါကလည်း မင်းကို အစကတည်းက အဲဒီလို သဘောမထားခဲ့ပါဘူး “ ဟု ဆိုပေသည်။

ထိုစကားကို ကြားလျှင် ရှောင်ကျောက်မှာ ထိတ်လန့်သွားရပြီး “ သခင်လေးက ကျွန်မကို တစ်သက်လုံး ပြုစုခွင့်ပေးမယ်လို့ ပြောခဲ့တာလေ အခု ကျွန်မကို စွန့်ပစ်တော့မလို့လား “ ဟု မေးလိုက်ပေသည်။ ကျန်းဝူကျိက အံ့အားသင့်သွားပြီး “ ဒါက ဘယ်လို စကားမျိုးလဲ မင်းက ငါနဲ့အတူ တစ်သက်လုံး ရှိနေမှာပါ မင်း ထွက်သွားချင်ရင်တောင် ငါက သဘောတူမှာ မဟုတ်ဘူး ဒါပေမဲ့ မင်းရဲ့ အဆင့်အတန်းက ငါ့ရဲ့ မိန်းကလေး ဖြစ်ရမှာ အစေခံ မဟုတ်ဘူး နားလည်လား” ဟု ပြောလိုက်ပေသည်။

ထိုအခါမှသာ ရှောင်ကျောက်၏ ဝမ်းနည်းမှုမှာ ပျော်ရွှင်မှုသို့ ပြောင်းလဲသွားပြီး “ သခင်လေး ဘာပဲ ဖြစ်စေချင် ဖြစ်စေချင်ပါ ကျွန်မကတော့ သခင်လေး သက်သောင့်သက်သာ ရှိအောင်ပဲ ပြုစုပေးချင်တာပါ သခင်လေး ပျော်ရင် ကျွန်မက သခင်လေးထက်တောင် ပိုပျော်ပါသေးတယ် “ ဟု ချိုသာစွာ ဆိုလိုက်ပေသည်။ သူမသည် တိုးတိုးလေး ပြောဆိုနေရင်း စကားအဆုံးတွင် ရှက်သွေးဖြာကာ ကြည်နူးမှုများဖြင့် ပြည့်နှက်နေပေသည်။

ဒိုက်ချီစီသည် သူမ၏ သမီးဖြစ်သူမှာ ကျန်းဝူကျိအပေါ် အလွန်အမင်း ချစ်မြတ်နိုးနေသည်ကို မြင်သောအခါ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေပေသည်။ သူမမှာ ဝမ်းသာရမည်လား မည်သို့ ဖြစ်ရမည်လား မဝေခွဲနိုင်သော်လည်း အနည်းဆုံးတော့ စိတ်ထဲမှ ဝန်ထုပ်ဝန်ပိုးတစ်ခု လျော့ပါးသွားသကဲ့သို့ ခံစားရပေသည်။ ကျန်းဝူကျိက သူမအပေါ်တွင် ဖိအားများလွန်းလှပေသည်။ ဒိုက်ချီစီသည် သေခြင်းတရားကို မကြောက်သော်လည်း ကျန်းဝူကျိ ပေးသော ဖိအားမျိုးကိုမူ တကယ်ပင် မတောင့်ခံနိုင်ပေ။

ဝေယီရှောက်က ရယ်မောပြီး “ ဒီကလေးမလေး ရှောင်ကျောက်က တကယ်ကို အလိုက်သိတာပဲ သူရှိနေရင် ဂိုဏ်းချုပ်အနေနဲ့ နေ့စဉ် ကိစ္စအသေးအမွှားတွေကို စိတ်ပူနေစရာ မလိုတော့ဘူး ကျွန်တော်တို့လို လက်အောက်ငယ်သားတွေကတော့ အားကျရုံပဲ ရှိတော့တာပေါ့ ” ဟု ဆိုပေသည်။ ကျိုးတျန်ကလည်း လက်ခုပ်တီးကာ “ ဂိုဏ်းချုပ်က တကယ်ကို ကံကောင်းတာပဲ ကျွန်တော် ကျိုးတျန်သာ အဲဒီတုန်းက ရှောင်ကျောက်လို မိန်းကလေးကောင်းလေးနဲ့ တွေ့ခဲ့ရင် တစ်သက်လုံး လူပျိုကြီး ဖြစ်နေမှာ မဟုတ်ဘူး ဒါပေမဲ့ အဲဒီလို မိန်းကလေးမျိုး ရှိခဲ့ရင်တောင် ကျွန်တော့်ကို ကြည့်မှာ မဟုတ်ပါဘူး ကျွန်တော်က ဂိုဏ်းချုပ်လိုမှ မချောတာ တောက် ဒါက ကံတရားပဲ “ဟု ရယ်မောလျက် ပြောလိုက်ပေသည်။

တည်ငြိမ်ရင့်ကျက်သော ယင်းထျန့်ကျိန်း တစ်ယောက်သာလျှင် သူမကို မနောက်ပြောင်ဘဲ မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေပေသည်။ သူသည် ရှောင်ကျောက်ကို သူ့မြေး၏ မိသားစုဝင် တစ်ဦးအဖြစ် လက်ခံထားပြီး ဖြစ်သည်မှာ ထင်ရှားပေသည်။

ဝေယိရှောက်နှင့် အခြားသူများ၏ စနောက်မှုကြောင့် ရှောင်ကျောက်၏ မျက်နှာလေးမှာ ပို၍ နီမြန်းလာပြီး ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေပေသည်။ သူမသည် အရပ်ရှည်ပြီး ခန့်ညားသော ကျန်းဝူကျိကို တစ်ချက် ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများတွင် စွဲလမ်းမှုနှင့် ကြည်နူးမှုများဖြင့် ပြည့်နှက်နေပေသည်။ သူမအတွက်မူ ကျန်းဝူကျိ၏ အနားတွင် တစ်သက်လုံး ရှိနေခွင့် ရခြင်းကပင် ကမ္ဘာပေါ်တွင် အပျော်ဆုံး အရာ ဖြစ်နေပြီ ဖြစ်ပေသည်။

ကျန်းဝူကျိသည်လည်း စိတ်ထဲတွင် သက်ပြင်းတစ်ချက် ချလိုက်မိပေသည်။ လှပသော အမျိုးသမီးများစွာ ရှိနိုင်သော်လည်း ရှောင်ကျောက်မှာ တစ်ယောက်တည်းသာ ရှိသည်ကို သူ သိပေသည်။ မည်သည့် အရာကိုမျှ မတောင်းဆိုဘဲ သူ့ရဲ့ ကောင်းကျိုးကိုသာ လိုလားပြီး နာခံစွာ ပြုစုပေးတတ်သော ဤကဲ့သို့ နူးညံ့သည့် မိန်းကလေးမျိုးမှာ ကောင်းကင်အောက်တွင် နောက်ထပ် တစ်ယောက် မရှိနိုင်ပေ။

ရုပ်ရည်ပိုင်းတွင်လည်း ရှောင်ကျောက်မှာ မည်သူ့ကိုမျှ မရှုံးပေ။ ထိုထူးခြားသော အလှနှင့် နုနယ်သော အသွင်အပြင်မှာ မြင့်မြတ်ပြီး ရင်သပ်ရှုမောဖွယ် ကောင်းလှသော ကျောက်မိန်ပင်လျှင် သူမကို အသာစီး ရရန် ခက်ခဲလှပေသည်။ လက်ရှိ ကျန်းဝူကျိသည် အနောက်ဆောင်(ဇနီးမယား အမြောက်အများနှင့် ကိုယ်လုပ်တော်များ) ထားရှိရန် တကယ်ပင် အရည်အချင်း ပြည့်မီနေပြီ ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်အတန်းမှာ ထူးခြားလှပြီး နောင်တစ်ချိန်တွင် ကြီးကျယ်သော ကိစ္စရပ်များကို ဆောင်ရွက်မည့်သူ ဖြစ်သောကြောင့် ဖြစ်ပေသည်။

သို့သော်လည်း သူသည် ဇနီးတစ်ယောက်တည်းသာ ယူရမည် ဆိုလျှင်ပင် ရှောင်ကျောက်ကိုသာ ရွေးချယ်မိလိမ့်မည်ဟု ခန့်မှန်းမိပေသည်။ ရှောင်ကျောက်လို မိန်းကလေးမျိုးမှာ အမျိုးသားတစ်ဦးအတွက် အဆုံးမဲ့ ဆွဲဆောင်မှု ရှိပေသည်။ ဤသည်မှာ ရာဂကြောင့် မဟုတ်ဘဲ သူမက သူ့အတွက် စိတ်ပိုင်းဆိုင်ရာနှင့် နေ့စဉ် ဘဝအသေးစိတ် အားလုံးကို အလိုက်သိစွာ စီစဉ်ပေးနိုင်သောကြောင့် ဖြစ်ပေသည်။

ခဏတာမျှ ကျန်းဝူကျိ၏ စိတ်မှာ နူးညံ့သွားရပေသည်။ သူသည် လက်ကို ဆန့်ထုတ်ကာ ရှောင်ကျောက်၏ ခေါင်းကို ကြင်နာစွာ ပွတ်သပ်ပေးလိုက်ရာ ရှောင်ကျောက်မှာ အလွန်ပင် ကျေနပ်ပီတိ ဖြစ်သွားရပေသည်။

“ အော် ဒါနဲ့ ဖန့်လက်ယာသံတမန်က ဘာလို့ ထွက်မလာသေးတာလဲ “

ခဏအကြာတွင် ကျန်းဝူကျိသည် ထိုနေရာ၌ လူအနည်းငယ်သာ ရှိပြီး ဖန့်ယောင် မပါဝင်သည်ကို သတိပြုမိသဖြင့် မေးလိုက်ပေသည်။ ဝေယိရှောက်နှင့် ယင်းထျန့်ကျိန်းတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ဒိုက်ချီစီကို မကြည့်ဘဲ မနေနိုင် ဖြစ်သွားကြပေသည်။

ကျိုးတျန်သည် တစ်ခုခု ပြောရန် ပါးစပ်ပြင်လိုက်သော်လည်း လိန်ချန်းက သူ၏ ပါးစပ်ကို လက်ဖြင့် အမြန် ပိတ်လိုက်သဖြင့် မပြောလိုက်ရပေ။ ကျိုးတျန်မှာ ရိုးအသူ ဖြစ်ပေသည်။ လိန်ချန်းက နှောင့်ယှက်လိုက်သဖြင့် သူက လိန်ချန်းကို ပြန်လည် ဆဲဆိုကာ ရန်ဖြစ်နေတော့ရာ ပြောမည့် စကားများကိုပင် မေ့သွားတော့ပေသည်။

ကျန်းဝူကျိမှာမူ ချက်ချင်းပင် နားလည်သွားပေသည်။ ဤသည်မှာ ဒိုက်ချီစီကြောင့် ဖြစ်ပေလိမ့်မည်။ ဒိုက်ချီစီ၏ အမူအရာမှာမူ မပြောင်းလဲပေ။ သူမတွင် ဖန့်ယောင်အပေါ် ခံစားချက်များစွာ ရှိခဲ့ပေသည်။ ဥပမာအားဖြင့် သူမ စကြဝဠာ ရွှေ့ပြောင်းခြင်း လျှို့ဝှက်ကျမ်းကို ခိုးယူစဉ်က ဖန့်ယောင်က သူမအတွက် အသနားခံပေးခဲ့သည့် ကျေးဇူးနှင့် မင်ဂိုဏ်းတွင် နှစ်ပေါင်းများစွာ အတူရှိခဲ့သည့် သံယောဇဉ်များ ဖြစ်ပေသည်။ သို့သော် ချစ်ခြင်းမေတ္တာ လုံးဝ မရှိခဲ့သည်မှာတော့ သေချာလှပေသည်။

မနေ့က သူမ ပြန်ရောက်လာကတည်းက ဖန့်ယောင်သည် သူမကို စကားများများ မပြောခဲ့ဘဲ နှုတ်ဆက်ရုံသာ ပြုခဲ့ပေသည်။ တစ်ချိန်က ခန့်ညားလှသော အမျိုးသားတစ်ဦးမှာ ယခုကဲ့သို့ အမာရွတ်များဖြင့် မည်သို့ ပြောင်းလဲသွားသည်ကို သူမ အံ့သြမိပေသည်။ သူသာ စကားမပြောခဲ့လျှင် သူမ မှတ်မိနိုင်မည် မဟုတ်ပေ။ သူမသည် ထိုအကြောင်းကို စပ်စုချင်နေပြီး မေးရန် ပြင်နေစဉ်မှာပင် ကျန်းဝူကျိ ရောက်လာသဖြင့် မမေးဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။

ဝေယိရှောက်က ကျန်းဝူကျိအနားသို့ တိုးလာပြီး တိုးတိုးလေး ပြောလိုက်ပေသည်။ “ ဂိုဏ်းချုပ် ညာလက်ရုံးတမန်တော်ဖန့်က စိတ်ဓာတ်ကျနေပုံ ရပါတယ် ကျွန်တော့် အထင်တော့ သူ အခုလို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတဲ့ အချိန်မှာ သူ တစ်ချိန်က ချစ်မြတ်နိုးခဲ့တဲ့သူကို တွေ့လိုက်ရလို့ ဝမ်းနည်းနေတာ ဖြစ်နိုင်ပါတယ် “

ကျန်းဝူကျိက ခေါင်းညိတ်လိုက်ပေသည်။ သူသည် ဘာဖြစ်နေသည်ကို ခန့်မှန်းမိပြီး ဖြစ်သဖြင့် “ မင်းတို့ သူငယ်ချင်းဟောင်းတွေ ဆက်ပြီး စကားပြောနေကြဦး ငါ ညာလက်ရုံးတမန်တော်ဖန့် ဆီကို သွားကြည့်လိုက်ဦးမယ်” ဟု ပြောလိုက်ပေသည်။

“ဟုတ်ကဲ့ပါ “

ဝေယိရှောက်က ခေါင်းညိတ်လိုက်ပြီးနောက် ကျန်းဝူကျိ တည်းခိုခန်းအတွင်းသို့ ဝင်သွားသည်ကို အားလုံးက ကြည့်နေကြကာ ပတ်ဝန်းကျင်မှာ ဆက်လက် စည်ကားနေတော့ပေသည်။

ဒိုက်ချီစီသည်လည်း ဖန့်ယောင်၏ အကြောင်းကို မေးမြန်းရာ ဝေယိရှောက်နှင့် အခြားသူများက သဘာဝအတိုင်း ပြောပြကြပေသည်။ ဖန့်ယောင်သည် ရုယန်မင်းသားအိမ်တော်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကိုယ့်မျက်နှာကိုယ် ဖျက်ဆီးပြီး ဆွံ့အသူအဖြစ် ဟန်ဆောင်နေခဲ့သည်ကို သိလိုက်ရသောအခါ ဒိုက်ချီစီမှာ လေးစားစိတ် ဖြစ်ပေါ်လာပေသည်။ သူမသည် မျိုးချစ်စိတ်နှင့် ပတ်သက်လျှင် အထိမခံသူ မဟုတ်သော်လည်း ဖန့်ယောင်၏ ပြတ်သားမှုနှင့် သတ္တိကိုမူ ချီးကျူးမိပေသည်။

ဖန့်ယောင်၏ ထိုစဉ်က ရုပ်ရည်နှင့် ဆိုလျှင် သူသည် ကမ္ဘာပေါ်တွင် ရှားပါးလှသော အမျိုးသား တစ်ဦး ဖြစ်ပေသည်။ မိမိကိုယ်ကို ထိုကဲ့သို့ ဖျက်ဆီးရန်မှာ တကယ့်ကို ကြီးမားသော သတ္တိ လိုအပ်ပေသည်။ ဒိုက်ချီစီသည် ဂိုဏ်းသားများ၏ ရန်မှ ရှောင်ရှားရန် မျက်နှာဖုံးစွပ်ပြီး အိုမင်းသူအဖြစ် ဟန်ဆောင်ခဲ့ရုံသာ ရှိပေသည်။ သူမကိုသာ မိမိကိုယ်ကို ဖျက်ဆီးရန် ခိုင်းလျှင် သူမ လုံးဝ ဆန္ဒရှိမည် မဟုတ်ပေ။

ဖန့်ယောင်သည် မျက်နှာ ပျက်စီးသွားပြီးနောက် ငါ့ကို မတွေ့ရဲတာ ဖြစ်နိုင်တယ် ဂိုဏ်းချုပ် သွားရောက် ဖျောင်းဖျတာက ပိုကောင်းပါတယ် သူက လူဟောင်း တစ်ယောက်ပဲလေ နောက်ကျရင် တွေ့ရတာ နေရမခက်တော့ဘူးပေါ့ ဟု ဒိုက်ချီစီက တွေးနေမိပေသည်။

သူမသည် စိတ်ထား အလွန်ဖြူစင်သူ မဟုတ်သော်လည်း ဖန့်ယောင်အပေါ်တွင်တော့ အကြွေးတင်နေသကဲ့သို့ ခံစားရပေသည်။ သို့သော်လည်း သူတို့ကြားတွင် ချစ်ခြင်းမေတ္တာ မရှိသဖြင့် သူမအနေဖြင့် မိမိကိုယ်ကို အခက်တွေ့အောင် လုပ်မည် မဟုတ်ပေ။ ဂိုဏ်းချုပ်၏ ဖျောင်းဖျမှုအပြီးတွင် လူတိုင်းသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကကဲ့သို့ သဟဇာတဖြစ်စွာ နေထိုင်နိုင်ကြမည် ဆိုလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ဒိုက်ချီစီသည် စိတ်ထဲမှ ရေရွတ်နေမိတော့ပေသည်။

All Chapters