အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
အခန်း (၁၄၃) - ကျင့်ပင်အာ အား ကျင်းယွမ်ဂိုဏ်းထံသို့ခေါ်လာခြင်း
ဂျိချန်းဖန်သည် အလှအပကို မြတ်နိုးသော နှလုံးသား ပိုင်ဆိုင်ထားခြင်းကြောင့် သူသည် အရာအားလုံးအား ထုတ်ဖော် ပြောပြရန် ဆန္ဒရှိသော(ရိုးသားကာ ဂျိချန်းဖန်အား သဘောကျနေခြင်းကို ဆိုလို၏) ကျင့်ပင်အာကဲ့သို့သော မိန်းမလှလေးကို အဘယ်ကဲ့သို့ ငြင်းပယ်နိုင်ပါမည်နည်း။
ဂျိချန်းဖန်၏ စိတ်ထဲတွင်တော့
'ဘာပဲဖြစ်နေပါစေ၊ မင်းကို တော့မငြင်းနိုင်ပါဘူးလေ'ဟုပင်တွေးနေ၏။
"သွားကြစို့..."
"မင်းကို ကျင်းယွမ်ဂိုဏ်းကို ငါ ပြန်ခေါ်သွားမယ်..."
ဂျိချန်းဖန်က ညင်သာစွာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ ကျင့်ပင်အာသည် တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်၏။
သူမ၏ မျက်လုံးများ နီရဲပြီး ရောင်ကိုင်းနေကာ သူမသည် နောက်ကျောဘက်ရှိ ဂျိချန်းဖန်ကို လှည့်ကြည့်လိုက်ပြီး မျက်လုံးများလှန်ကြည့်ကာ သနားစဖွယ် အမူအရာဖြင့် ဝမ်းနည်းမှု စွာ ပြောလိုက်သည်။
"သခင်လေး..."
"ကျွန်မကို တစ်ဘဝလုံး သခင်လေး နောက်လိုက်ခွင့် ရမလား..."
"ဘာဖြစ်လို့လဲဆိုတော့..."
"ဒီလောကမှာ ကျွန်မအပေါ် ကောင်းတဲ့သူ သခင်လေး တစ်ယောက်ပဲ ရှိတာမို့လို့ပါ..."
လှပသော မိန်းမပျိုလေး၏ လေသံသည် လေထဲတွင် ပျံ့လွင့်နေကာ သူမသည် သူမ၏ ကျိုးကြေလွယ်သော နှလုံးသားငို လှစ်ဟပြသထားသည့်ပုံစံဖြစ်နေ၏။
အကယ်၍ ဂျိချန်းဖန်သာ မရှိခဲ့ပါက...
သူမသည် သူမ၏ ခံစားချက်များကို လုံးဝ ဖုံးကွယ်ထားကာ ဆယ်နှစ်ကြာပြီးနောက် မိစ္ဆာဂိုဏ်းမှ ရက်စက်ကြမ်းကြုတ်သော မိန်းမပျိုမြောင် ဖြစ်လာလိမ့်မည် မဟုတ်ပါလော။
"ကောင်းပြီ..."
ဂျိချန်းဖန်သည် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ကာ မိန်းမပျိုလေးထံသို့ ရှေ့သို့ တိုးသွားပြီး သူ၏ လက်ကို မြှောက်ကာ မျက်ရည်များကို သုတ်ပေးလိုက်ပြီး နွေးထွေးစွာ ပြောလိုက်သည်။ "မင်းက ငါ ကယ်တင်ထားခဲ့တဲ့သူပဲ။ ငါ့နောက်ကို မလိုက်ရင် ဘယ်သူ့နောက်ကို လိုက်ချင်သေးတာလဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ ကျင့်ပင်အာ၏ မျက်လုံးများတွင် နွေးထွေးမှုများဖြစ်ပေါ်လာကာ ရှောင်ယောင်စမ်းချောင်း ကို လှည့်ကြည့်လိုက်ပြီး တုံ့ဆိုင်းခြင်း မရှိဘဲ အဝေးတစ်နေရာသို့ လေးစားစွာ အကြိမ်များစွာ ဦးညွှတ်လိုက်ပြီး တီးတိုး ရေရွတ်လိုက်သည်။
"ဆရာ... ကျွန်မ သွားတော့မယ်နော်..."
ကျင့်ပင်အာသည် သူ့ဆရာမ၏ မျှော်လင့်ချက်များကို ဆက်လက်အကောင်အထည်ဖော်တော့မည်ဖြစ်ကာ ၊ ယခုဟဲ့ဟွမ် ဂိုဏ်းအစား ရွှမ်းချာဂိုဏ်း ဟူသောအမည်ဖြင့် ဂိုဏ်းသစ်တစ်ခုကိုလည် တည်ထောင်တော့မည်ဖြစ်သည်ပင်။
...
...
ကျင်းယွမ်ဂိုဏ်း
တုံးထျန်းတောင်ထွတ် ဘိုးဘေးခန်းမတွင်
တောက်ရွှမ်း သည် သူ၏ လက်ထဲရှိ ထောက်လှမ်းရေး(လျှို့ဝှက် အစီအရင်ခံစာ) သတင်းကို ကြည့်လိုက်ပြီး ခေတ္တမျှ ကြောင်အမ်းသွားသည်။ ခဏတာ စဉ်းစားပြီးနောက် သူသည် အကူအညီမဲ့စွာ ထိုသတင်းကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကျယ်လောင်စွာ တွေးပြီး စကားပြောလိုက်၏-
" ဂျိချန်းဖန်က တစ်ခါ အပြင်ထွက်လိုက်တာနဲ့ ဒီလောက်တောင် နာမည်ကြီးသွားတာ ဘာလို့လဲ။ သူက ဟဲ့ဟွမ်ဂိုဏ်းရဲ့ တံခါးဝကို တိုက်ရိုက် သွားပြီး အကြီးအကဲ တစ်ယောက်ကိုပါ သတ်ပစ်လိုက်တယ်။ပြီးတော့ သူတို့ရဲ့ အမွေအနှစ်ကို ခိုးသွားခဲ့တယ်တဲ့လား..."
"သူ့ကို အေးအေးဆေးဆေး နေဖို့ ငါ မပြောခဲ့ဘူးလား..."
ထိုစကားကို ကြားလိုက်သောအခါ...
ဝမ်ကျန့်ယိီ နှင့် ချန်စုန့် တို့သည် မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။
စားပွဲပေါ်ရှိ အစီအရင်ခံစာ ကို ကြည့်ပြီးနောက် သူတို့ အားလုံး ဝါးလုံးကွဲမတတ် ရယ်မောလိုက်ကြသည်။
"ဟားဟားဟား... မဆိုးဘူး မဆိုးဘူး..."
"သူက အရင်က ငါ့ရဲ့ အကျင့်တွေနဲ့ တူတယ်လို့ ထင်ရတာပဲ..."
ချန်စုန့်ကလည်း ပျော်ရွှင်စွာ ပြောလိုက်၏
"အစ်ကိုကြီးဝမ် ရဲ့ တပည့်ပီသပါပေတယ် ဟားဟားဟား..."
သူတို့ အားလုံးသည် အစီရင်ခံစာအတွင်းရှိ မှတ်တမ်းများကို မြင်လိုက်ကြသည်။
ဂိုဏ်းချုပ် ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့ ပူးပေါင်းပြီး ဟဲ့ဟွမ်ဂိုဏ်း၏ အမွေအနှစ်ကို ခိုးယူခြင်းနှင့် ပတ်သက်၍ သူတို့ သိပ် ဂရုမစိုက်ကြပေ။
ထိုအရာက အရေးကြီး ကိစ္စ မဟုတ်ပါချေ။
ဟဲ့ဟွမ်ဂိုဏ်း၏ အမွေအနှစ်သည် မည်မျှ ကောင်းမွန်နိုင်မည်နည်း။
သူတို့ ကျင်းယွမ်ဂိုဏ်း၏ အမွေအနှစ်လောက် ကောင်းမွန်မည်လော။
မည်သို့ပင်ဖြစ်စေ ချန်စုန့်၏ အဆိုအရ - ဂျိချန်းဖန် ထိုကဲ့သို့လုပ်ရသည်မှာ အကြောင်းပြချက်ရှိမည်ပင်ဖြစ်၏။
"သြော်..."
"သူက ကျင့်ပင်အာကို ကယ်တင်ပေးလိုက်တယ်တဲ့လား... သူ တကယ်ပဲ အဲ့ဒီ မိန်းကလေးကို ကျင်းယွမ်ဂိုဏ်းကို ပြန်ခေါ်လာမှာ မဟုတ်ဘူး မဟုတ်လား..."
ဝမ်ကျန့်ယိီသည် အံ့သြစွာ နှုတ်ခမ်းကို လျှာဖြင့် သပ်ကာ ပြောလိုက်သည်။
ထိုသို့သော အရာမျိုးကို လုပ်ရဲအောင် ဂျိချန်းဖန်တွင် သတ္တိ ရှိမည်ဟု သူ မထင်ပေ။ အဘယ်ကြောင့်ဆိုသော် ရှောင်ကျူးတောင်ထွတ် မှ မိန်းကလေးက သဘောတူမည် မဟုတ်ပေ။
လုရွှယ်ချီ သည် ဂျိချန်းဖန်အတွက် အသက်ကိုပေးဆပ်ရန် ဆန္ဒရှိခဲ့သည် အချိန်မှစတင်ကာ
ကျင်းယွမ်ဂိုဏ်းရှိ လူတိုင်းသည် အချက်တစ်ချက်ကို နားလည်ခဲ့ကြသည်ပင်။
ဤစုံတွဲကို မည်သူမျှ ခွဲခြားနိုင်မည် မဟုတ်ချေ။
မည်သူမျှ မခွဲနိုင်ပေ။
အဘယ်ကြောင့်နည်းဟုမေးလျှင်
သူတို့သည် သေရမှာကိုပင် မကြောက်ကြချေ မဟုတ်ပါလော။
အခြား ဘယ်အရာက သူတို့ကို တားဆီးနိုင်မည်နည်း။
ထိုစကားကို ကြားလိုက်သောအခါ...
ချန်စုန့်၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားကာ သူသည် ဝမ်ကျန့်ယိီကို ကြည့်ပြီး တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် မပြောဖြစ်တော့ပေ။
'မေ့လိုက်ပါ... မေ့လိုက်ပါ။
သူက အစ်ကိုကြီးဝမ်ပဲလေ။
သူ့ကို မျက်နှာမပျက်စေသင့်ဘူး'
ရိုးရိုးသားသား ပြောရလျှင် ကျင်းယွမ်ဂိုဏ်း တစ်ခုလုံးတွင် ဂျိချန်းဖန်ကို အများဆုံး နားလည်သူ မှာ တာအိုသခင် ချန်စုန့်ပင်ဖြစ်၏။
ဂျိချန်းဖန်သည် နဂါးသတ်ဓားကိုကဆက်ခံပြီးချိန်မှစ၍ ချန်စုန့်သည် သူ့ကို အမြဲတမ်း အာရုံစိုက်နေခဲ့ပြီး ဂျိချန်းဖန်၏ စရိုက်ကို ကောင်းစွာ နားလည်နိုင်ခဲ့လေ၏။
ထို့ကြောင့် သူသည် ဝမ်ကျန့်ယီကို ပြောချင်ခဲ့သည်မှာ -
'အစ်ကိုဝမ်... ဂျိချန်းဖန်က အဲ့ဒီ မိန်းကလေးကို ကယ်တင်ခဲ့တာဆိုတော့ သူမကို သေချာပေါက် စွန့်ပစ်မှာ မဟုတ်ဘူး' သို့သော် စဉ်းစားပြီးနောက်ချန်စုန့်သည် နောက်ဆုံးတွင်မည်သည့်စကားမျှ မပြောဖြစ်တော့ပေ။ထိုအစား သူသည် ထိုနေရာတွင် ရယ်မောနေနေလိုက်တော့သည်။
တောက်ရွှမ်းသည်လည်း ပြုံးနေသော်လည်း မည်သည်မျှဝင်၍ မပြောပါချေ။
...
...
နှစ်ရက်ကြာပြီးနောက်...
တကျူးတောင်ထွတ် ၊ ရှိုကျင်းခန်းမ ။
"ရွှပ်..."
တောင်ပေါ်တွင် တောက်ပသော ဓားအလင်းတန်းတစ်ခုက လျှပ်ခနဲပေါ်လာ သောကြောင့်ထမင်းစားနေကြသော တကျူးတောင်ထွတ် တပည့်များသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားကြကာ ခန်းမပြင်ပရှိ ကောင်းကင်ကို တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြ၏။
ထိုအခါ သူတို့သွေးရောင် ဓားအလင်း တစ်ချက်သာ မြင်လိုက်ရသည်။
နောက်တစ်ခဏတွင်...
ရှို့ကျင်းခန်းမ အပြင်ဘက်၌ ပုံရိပ်နှစ်ခု ပေါ်လာခဲ့ချေပြီ။
လူငယ်လေး တစ်ဦးသည် ဝတ်ရုံဖြူကို ဝတ်ဆင်ထားပြီး၊ ခါးတွင် သွေးရောင် နတ်ဓားကို ချိတ်ထားကာ တွင်းနက်ကဲ့သို့ နက်ရှိုင်းသော မျက်လုံးတစ်စုံသည် ထက်ရှသော ဓားဆန္ဒ များဖြင့် တောက်ပ နေ၏။
ထိုလူငယ်လေးကို မြင်လိုက်သည့်အခိုက်အတန့်၌ ရှိုကျင်းခန်းမရှိ လူတိုင်း၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာကြသည်။
" ဂျိချန်းဖန်..."
အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျန့်လင်းအာ သည် တွန့်ဆုတ်ခြင်း မရှိဘဲ သူမ၏ ပန်းကန်နှင့် တူများကို ချလိုက်ကာ သူမ၏ လှပသော မျက်နှာသည် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာပြီး ဂျိချန်းဖန်၏ လက်မောင်းထဲသို့ ပြေးဝင်ရန် ပြင်ဆင်နေစဉ်...
သူမ၏ မျက်နှာမှာ အနည်းငယ် တောင့်တင်း(တင်းမာ)သွား၏။
အဘယ်ကြောင့်ဆိုသော် သူမသည် ဂျိချန်းဖန်၏ နောက်တွင် အမျိုးသမီးတစ်ဦး ရပ်နေသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်ပင်။
သူမသည် အလွန်လှပသော မိန်းမပျိုလေးတစ်ဦးဖြစ်ကာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိသည့် မျက်နှာသည် ရှက်ရွံ့မှု အရိပ်အယောင် များပေါ်နေကာ၊ သူမ၏ မျက်လုံးများသည် ရှိုကျင်းခန်းမအတွင်းရှိ လူများကို ရှက်ရွံ့စွာ ကြည့်နေပြီး ပါးပြင်များမှာလည်း အနည်းငယ် နီရဲနေ၏။ယခု ကျင့်ပင်အာသည် ယောက္ခမများနှင့် တွေ့ဆုံရသော ရှက်ရွံတတ်သည့် ချွေးမတစ်ဦးနှင့် လုံးဝ တူနေချေသည်ပင်။
ကျန့်လင်းအာသည် မနာလိုစိတ်ဖြင့် မနေနိုင်ဘဲ တွေးမိလိုက်သည်။
'သူကဘာလို့ ဒီလောက်လှနေရတာလဲ'
"ညီမလေးကျန့်..."
ဂျိချန်းဖန်သည် ကျန့်လင်းအာကို ပြုံးပြလိုက်ကာ သူ၏ လက်များကို ဖွင့်လိုက်ပြီး(လက်ဖွင့်သည်= ပွေ့ဖက်ဖို့စောင့်ဆိုင်းထားတဲ့သဘောပါ) သူမကို ပွေ့ဖက်ရန် ရည်ရွယ်လိုက်သည်။
သို့သော် ကျန့်လင်းအာသည် နှာခေါင်းကို ညင်သာစွာ ရှုံ့လိုက်ပြီး မပျော်မရွှင်ဖြင့် နောက်သို့ လှည့်ကာ ပြန်လျှောက်သွားလေတော့သည်။
ဤမြင်ကွင်းကို မြင်လိုက်သောအခါ ဂျိချန်းဖန်သည် ပြုံး၍သာနေလိုက်တော့၏။
မည်သို့ပင်ဖြစ်စေ သူသည် ဤကဲ့သို့သောအခြေအနေကို ရင်ဆိုင်ရမည်သာ။
ထပ်ပေါင်းပြောရလျှင် သူသည် မိုးကြိုးဓားကျင့်စဉ်(မိုးကြိုးထိန်းချုပ်ရေးဓားသိုင်း) ကိုလည်း ခံနိုင်ရည်ရှိရန် အသင့်ပြင်ထားချေပြီ။
"ဆရာ၊ ဆရာကတော်..."
ဂျိချန်းဖန်သည် စားပွဲခုံအလယ်၌ ထိုင်နေကြသော
ကျန့်ပူယီ နှင့် စူးရူ တို့ကို လှည့်ကြည့်လိုက်ကာ တွန့်ဆုတ်ခြင်း မရှိဘဲ လေးစားစွာ ဦးညွှတ်အရိုအသေပေးလိုက်၏။
ဤမြင်ကွင်းကို မြင်လိုက်သောအခါ...
ကျင့်ပင်အာသည် စိတ်ထဲတွင် ခေတ္တမျှ တုံ့ဆိုင်းနေခဲ့ပြီးနောက် ဒူးထောက်ကာ တိတ်ဆိတ်စွာဦးညွှတ်အရိုအသေပြုလိုက်သည်။ထိုမြင်ကွင်းက ထျန်းလင်းအာကို မျက်လုံးပြူးသွားစေခဲ့သည်(Tl: note. သူတို့ပုံစံက လက်ထပ်ထားတဲ့ဇနီးမောင်နှံက ခင်ပွန်းဖြစ်သူရဲ့ ဆရာ၊ဆရာကတော်တို့နဲ့တွေ့တဲ့အခါ အရိုအသေပြုသလိုမျိုးဖြစ်နေကြလို့ပါ)
'ဘာတွေ လုပ်နေကြတာလဲ... ဘာတွေ လုပ်နေကြတာလဲ။'
သူတို့က ငါ့မိဘတွေလေ၊ ဘာလို့ ဦးညွှတ်ရတာလဲ။' ကျန့်လင်းအာသည်ပင်ကြောင်အသွားချေ၏။
"အဲ..."
ကျန့်ပူယီနှင့် စူးရူတို့သည် မျက်လုံးချင်း ဖလှယ်လိုက်ကြပြီး ဤမြင်ကွင်းကြောင့် အံ့သြသွားကြသည်။
ကံကောင်းစွာဖြင့် စူးရူသည် လျင်မြန်စွာ ပုံမှန် အနေအထားသို့ ပြန်ရောက်လာပြီး ထရပ်ကာ ကိုယ်တိုင် ကျင့်ပင်အာထံသို့ သွားပြီး လက်ကမ်း၍ သူမကို ထူပေးလိုက်သည်။ ထို့နောက် ညင်သာစွာ ပြောလိုက်၏။ "ကောင်းတယ် သမီးလေး... မြန်မြန် ထပါ..."
ထိုသို့ ပြောဆိုပြီးနောက်...
သူမသည် ပတ်ဝန်းကျင်မှ လူများကို လှမ်းကြည့်လိုက်ပြီး ကျင့်ပင်အာကို ထောင့်တစ်နေရာသို့ ဆွဲခေါ်ကာ မေးခွန်းများစွာ မေးလိုက်သည်။
ကျန့်လင်းအာသည် ဤအရာအားလုံးကို ကြည့်နေရင်း ဒေါသတကြီး နှုတ်ခမ်းမစူဘဲ မနေနိုင်တော့ပါချေ။
"မေမေ..."
သူမသည် မကျေမနပ်စွာဖြင့် အော်ပင်ခေါ်လိုက် သေးသည်။
ထိုခဏ၌ပင်...
ပတ်ဝန်းကျင်ရှိ တပည့်များသည် ချက်ချင်း လှမ်းကြည့်လိုက်ကြကာ မျက်လုံးများ တောက်ပလာပြီး သူတို့၏ စိတ်ထဲတွင် အားပေးလိုက်ကြသည်။ - 'တိုက်ကြ... တိုက်ကြ...''ရန်ဖြစ်ကြ ရန်ဖြစ်ကြ'
"အဟမ်း အဟမ်း..."
ကျန့်ပူယီသည်လည်း ဂျိချန်းဖန်ကို လှမ်းကြည့်လိုက်ပြီး 'မင်း ဖန်တီးခဲ့တဲ့ ပြဿနာကို မင်းဘာသာ ရှင်းလိုက်' ဟူသော အမူအရာမျိုး ပြသလိုက်သည်။
"ဟဲဟဲ..." ထိုအခါ ဂျိချန်းဖန်က ပြုံးလျက် ကျန့်လင်းအာကို ဆွဲခေါ်လိုက်ကာ ပြောလိုက်သည်။ "ညီမလေး... အကို အပြင်ထွက်တုန်းက ညီမလေးအတွက် အကောင်းဆုံး ပစ္စည်းတွေ ယူလာခဲ့တယ်။ မြန်မြန် လိုက်ခဲ့... အကို ညီမ ကို ရတနာလေးတွေလိုက် ပြမယ်..."
ကျန့်လင်းအာသည် နှုတ်ခမ်းကိုစူထားလျက် ရှိနေဆဲ ဖြစ်သော်လည်း ဂျိချန်းဖန်က သူမကို ဆွဲခေါ်ပြီး ရှိုကျင်းခန်းမ အပြင်ဘက်သို့ ထွက်သွားနိုင်လိုက်၏။
ထိုခဏ၌ပင်...
ရှိုကျင်းခန်းမရှိ လူတိုင်းသည် မျက်လုံးချင်း ဖလှယ်လိုက်ကြသည်။
'ဒီလောက်ပဲလား' 'ရန်မဖြစ်ကြဘူးလား'
'ရန်ဖြစ်တာ မြင်ချင်နေတာလေကွာ'
အခန်း (၁၄၄) - တံခါးပိတ်ကျင့်ကြံနေတုန်း ငါ့နေရာကို အစားထိုးသွားတယ်လား
တကျူးတောင်ထွတ်တောင်နောက်ဘက်။
ကျန့်လင်းအာသည် သူမ၏ ခြေထောက်အောက်ရှိ ကျောက်စရစ်ခဲများကို မပျော်မရွှင်ဖြင့် ကန်နေသည်။ သူမ၏ အနီရောင် ဝတ်စုံက လေ၌လွင့်နေကာ သူမ၏ချောမောပြေပြစ်သော မျက်နှာသည် မကျေနပ်မှုများ အပြည့်ဖြင့် ရှိနေ၏။
‘ဘာကြောင့်လဲ’
‘ငါက အရင် ဂျိချန်းဖန်နဲ့သိတာ မဟုတ်လား။’
သူမ၏ အတွေးထဲတွင် စဥ်းစားေနသည်မှာ လုအစ်မကြီး တစ်ဦး ရှိနေသည်က အဆင်ပြေသေးသည်၊ ပိယောင် တစ်ဦး ထပ်ရှိခြင်းကလည်းအဆင်ပြေသေးသည်၊ ယခု ကျင့်ပင်အာ တစ်ယောက် ထပ်တိုးလာပြန်ပြီလော။
“ညီမလေး...”
သူမ၏ နောက်ကျောမှ အသံကို ကြားလိုက်ရသော်
ကျန့်လင်းအာသည် မကျေမနပ်ဖြင့် ခေါင်းငုံ့လိုက်ပြီး ခြေလှမ်းကို အရှိန်မြှင့်လိုက်သည်။ ဂျိချန်းဖန်ကို မမြင်ချင်သကဲ့သို့ ပင်ဖြစ်၏။
သို့သော်...
သူမ လမ်းလျှောက်နေစဉ်...
သူမသည် တစ်စုံတစ်ဦးနှင့် ဝင်တိုက်မိကြောင်း ရုတ်တရက် ခံစားမိလိုက်သည်။
“အား...”
ကျန့်လင်းအာသည် ထိတ်လန့်သွားကာ မော့ကြည့်လိုက်ပြီးမှ ဂျိချန်းဖန်၏ ပြုံးနေသော မျက်နှာကို ချက်ချင်း မြင်လိုက်ရသည်။ထိုအခါမှ
ကျန့်လင်းအာ၏ မျက်နှာငယ်လေး ရှုံ့မဲ့သွားပြီး ကြမ်းတမ်းစွာ ပြောလိုက်သည်။ “ဂျိချန်းဖန်... ရှင် ဘာလုပ်နေတာလဲ...”
“ညီမလေး... ဒါကို ကြည့်ပါဦး...”
ဂျိချန်းဖန်သည် မှော်ပညာ ပြသသကဲ့သို့ ဆံထိုးတစ်ခုကို ထုတ်လိုက်သည်။ ဆံထိုးသည် သွေးနီရောင် ကျောက်စိမ်းကဲ့သို့ ဖြစ်၏။ဆံထိုးတစ်ခုလုံးမှ နူးညံ့သော ဝိညာဉ်ချီကို ထုတ်လွှတ်နေပြီး အဆင့်နိမ့်သော မှော်ရတနာ မဟုတ်ကြောင်း ထင်ရှားနေသည်။ ၎င်းသည် ကိုးကောင်းကင် နတ်ဓား နှင့် နီးပါး နှိုင်းယှဉ်နိုင်သည်ဟုပင် ထင်ရ၏။
ဤဆံထိုး မှော်ရတနာကို ဂျိချန်းဖန်သည် ကျန်နေသော ချီရွှမ်းကျောက်စ အကြွင်းအကျန်များမှ ထွင်းထုထားခြင်း ဖြစ်သည်။ ပစ္စည်း မလုံလောက်ခြင်းကြောင့် နောက်ဆုံးတွင် ကိုးကောင်းကင် နတ်ဓားအဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။
ဤသည်မှာ ဂျိချန်းဖန်အတွက် မျှော်လင့်မထားခဲ့သော အရာ ဖြစ်သည်။
သို့သော် ထိုသို့ဖြစ်သော်လည်း...
၎င်း၏ စွမ်းအားသည် အတော်လေး အထင်ကြီးစရာ ကောင်းနေသေးသည်။
မည်သို့ပင်ဖြစ်စေ ၎င်းသည် ကျန့်လင်းအာ၏ ပယင်းကျူလင်း(ကျောက်စိမ်းဖျာ) ထက် အများကြီး ပိုမို အစွမ်းထက်၏။
“အိုး...”
ကျန့်လင်းအာသည် သူမ၏ ရှေ့ရှိ ဆံထိုးကို ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်လုံးများက ချက်ချင်းပင် တောက်ပလာတော့သည်။
သူမသည် ဤဆံထိုး၏ ထူးခြားသော သဘာဝကို မြင်တွေ့လိုက်ရသော်လည်း၊ ယခင် ဖြစ်ရပ်များကြောင့် သူမသည် စိတ်ကောက်နေဆဲ ဖြစ်ရာ နှာခေါင်းကို ညင်သာစွာ ရှုံ့လိုက်ပြီး ခေါင်းလှည့်ကာ မညိသညိ့စကားမျှ မပြောတော့ချေ။
ဂျိချန်းဖန်သည် ညင်သာစွာ ပြုံးကာသူ၏ လက်ကို မြှောက်ပြီး ကျန့်လင်းအာ၏ လှပသော ဆံပင်ထဲသို့ ဆံထိုးကို ထိုးထည့်လိုက်ပြီး ညင်သာစွာ ပြောလိုက်သည်။ “ညီမလေး... ဒါက မင်းအတွက်ပဲ...”
သူသည် မူလက ဤဆံထိုးကို လုရွှယ်ချီအား ပေးရန် ရည်ရွယ်ခဲ့သော်လည်း၊ တောက်ပသော အရောင်သည် အေးစက်သော မိန်းကလေးနှင့် မသင့်တော်ဘဲ၊ တက်ကြွပြီး ချစ်စရာကောင်းသော ကျန့်လင်းအာနှင့် ပိုမို သင့်တော်သည်ဟု စဉ်းစားမိသောကြောင့်...
သူသည် သူ၏ စိတ်ကို ပြောင်းလိုက်သည်။
ကျန့်လင်းအာသည် ဤဆံထိုးကို မြင်လိုက်ရပြီးနောက် သူမ၏ မျက်လုံးများ ချက်ချင်း တောက်ပလာကာ သူမသည် စိတ်ကောက်နေခြင်းကို ဘေးဖယ်ထားလိုက်ပြီး ဆံထိုးကို ပျော်ရွှင်စွာ ချွတ်ယူကာ စစ်ဆေးကြည့်ရှုနေသည်။
“ဟွန့်ဟွန့်...”
“ဒါက ကျွန်မကို ချော့ရတာ လွယ်လို့ပဲ...”
“ဒီကိစ္စ အစ်မကြီး လုဆီ ရောက်သွားရင် ရှင် ဒုက္ခရောက်ပြီသာ မှတ်...”
ကျန့်လင်းအာသည် နှုတ်ခမ်းကိုစူလျက် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်သောအခါ ဂျိချန်းဖန်သည် လည်းပြုံးလိုက်၏။ထို့နောက် သူတွေးမိသည်မှာအများဆုံး မိုးကြိုးတစ်ချက် အပစ်ခံလိုက်လျှင်ပြီးပြီဖြစ်၏ ဟူ၍ပင်။
သို့သော် ရိုးရိုးသားသား ပြောရလျှင်...
သူသည် အခုထိ အလွန် စိတ်ပူနေဆဲ ဖြစ်သည်။
လုရွှယ်ချီသည် ကျန့်လင်းအာနှင့် မတူပေ။ သူသည် ကျန့်လင်းအာကို နှစ်ပေါင်းများစွာ အလိုလိုက်ခဲ့သောကြောင့် သူမ၏ စရိုက်ကို ခိုင်မာစွာ နားလည်ထားပြီး သူမကို မည်သို့ ချော့ရမည်ကို အတိအကျ သိထား၏...
သို့သော် လုရွှယ်ချီသည် မတူပေ။
သူမသည် အထူးသဖြင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အလွန် ရှိပြီး မယုံကြည်နိုင်လောက်အောင် ခေါင်းမာသည်။
သူကို သင့်လျော်စွာ နှစ်သိမ့်မပေးနိုင်ပါက
၎င်းသည် ပြေလည်နိုင်မည် မဟုတ်ပေ။
ဟုတ်ပါသည်
ယခုက စဉ်းစားရန် အချိန် မဟုတ်သေးပေ။
အရေးအကြီးဆုံး အလုပ်မှာ ကျန့်လင်းအာကို အရင် နှစ်သိမ့်ပေးရန် ဖြစ်သည်။
“ညီမလေး...”
ဂျိချန်းဖန်သည် သူ၏ လက်ကို မြှောက်ပြီး ကျန့်လင်းအာ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ သူမ ကို ညင်သာစွာ နှစ်သိမ့်ပေးလိုက်သည်။
ကျန့်လင်းအာ၏ လှပသော မျက်နှာသည် နီမြန်းသွားကာ ခေါင်းငုံ့လိုက်ပြီး သူမ၏ လက်ထဲရှိ ဆံထိုးကို ကစားနေသည်။ သူမ၏ မျက်နှာပေါ်ရှိ မပျော်မရွှင်မှုများသည်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
ရှောင်ကျူးတောင်ထွတ် ၊ လကြည့်မျှော်စင်သည်
တိမ်များနှင့် မြူခိုးများဖြင့်ဖုံးလွှမ်းနေပြီး ပိုးသားကဲ့သို့ ရှိနေ၏။ တိမ်များက ညင်သာစွာ လွင့်မျောကာ ပတ်ဝန်းကျင် တစ်လျှောက် ပျံ့နှံ့နေပြီး တောက်ပသော နေရောင်ခြည်သည် တိမ်များနှင့် မြူခိုးများထဲသို့ ဖြည်းညှင်းစွာ ထွန်းလင်းလာကာ ကျက်သရေရှိသော ပုံရိပ်တစ်ခုကို ထိုအထဲတွင် မှိန်ဖျော့စွာ ပေါ်လာစေသည်။
ကြည့်လိုက်သောအခါ...
တိမ်များနှင့် မြူခိုးများသည် ထိုကျက်သရေရှိသော ပုံရိပ်ကို ညင်သာစွာ ပတ်ရစ်ထားပြီး ရင်းနှီးစွာ တီးတိုးပြောဆိုနေသကဲ့သို့ ဖြစ်ကာ၊ ထိုပုံရိပ်အတွက် အကြောင်းမဲ့ အိပ်မက်ဆန်ပြီး သဘာဝလွန် လျှို့ဝှက်ဆန်းကြယ်မှု အာရုံကို ပေါင်းထည့်ပေးနေချေသည်။
“ဝုန်း...”
ထိုစဉ်၌ပင် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများ တုန်ခါလာ၏။
ဖော်ပြရန် မဖြစ်နိုင်သော အရှိန်အဝါ တစ်ခု ရုတ်တရက် အပြင်သို့ ပျံ့နှံ့သွားပြီး အနီးအနားရှိ တိမ်များနှင့် မြူခိုးများသည် နေရာ၌ပင် ချက်ချင်း ပြန့်ကျဲသွားကာ တောက်ပသော နေရောင်ခြည်သည် လကြည့်မျှော်စင်ကို အပြည့်အဝ ဖုံးအုပ်လိုက်သည်။
“ဝုန်း...”
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီများ ပြင်းထန်စွာ ကျုံ့ဝင်သွားကာ ကောင်းကင်ယံ အလယ်တွင် ချက်ချင်းပင် ကြီးမားသော ဝိညာဉ်ချီ လေပွေကြီး တစ်ခုကို ဖြစ်ပေါ်စေ၏။ လေပွေ ထိုလေပွေအောက်တွင်...
အေးစက်ပြီး အထီးကျန်ဆန်သောပုံရိပ်ရှိသော မိန်းကလေးသည် မြေပြင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေ၏။
သူမသည် ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး၊ သူမ၏ ကျက်သရေရှိသော ပုံရိပ်သည် ပြန့်ကျဲနေသော တိမ်များနှင့် မြူခိုးများကြားတွင် မှိန်ဖျော့စွာ မြင်နိုင်ပေသည်။
ထို မိန်းကလေး၏ မျက်လုံးများသည် တင်းကျပ်စွာ ပိတ်ထားပြီး သူမ၏ အသက်ရှူသံက တည်ငြိမ်နေ၏။
သူမ၏ လှပသော မျက်နှာသည် ကြည်လင် နေကာ၊ သူမ၏ အဝတ်အစားများက ဆီးနှင်းကဲ့သို့ ဖြစ်ပြီး၊ သူမ၏ ကိုယ်ခန္ဓာက ကျောက်စိမ်းကဲ့သို့ ဖြစ်ကာ၊ သူမ၏ အသားအရေက ကြွေထည်ကဲ့သို့ ဖြူဖွေးပြီး နူးညံ့ကာ နေရောင်ခြည် အောက်တွင် အလင်းရောင်က မှိန်ပျပျ ထွက်ပေါ်နေ၏...
“ဝုန်း...”
အဆုံးမဲ့သော ဝိညာဉ်ချီများသည် သူမ၏ နူးညံ့သော ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာသည်။
ထိုအခါ ချက်ချင်းပင် မမြင်နိုင်သော အရှိန်အဝါ တစ်ခု ဖြည်းဖြည်းချင်း မြင့်တက်လာသည်။
အစပိုင်းတွင် ယူကျင်း ကိုးဆင့်၏ ထိပ်ပိုင်းမှ၊ ယခုအခါ ရှန်ကျင်း အဆင့်သို့ နီးကပ်လာခဲ့သည်။
“ရွှပ်...”
တောက်ပသော အပြာရောင် နတ်ဓား တစ်လက် သည် ထို မိန်းကလေး၏ ဒူးနှစ်ဖက်ကြား၌ အလျားလိုက် တည်ရှိနေသည်။ ထိုဓားသည် ပြန့်ကျဲနေသော တိမ်များ၊ မြူခိုးများနှင့် နေရောင်ခြည် အောက်တွင် အိပ်မက်ဆန်ပြီး လှပကာ ရင်ခုန်စရာ ကောင်းနေသည်ဟုပင် ထင်ရပေသည်။
“ဝှစ်...”
ကောင်းကင်နှင့် မြေကြီးကြားရှိ ဝိညာဉ်ချီများသည်လည်း ရေစီးသကဲ့သို့ စီးဆင်းနေပြီး လုရွှယ်ချီ၏ နူးညံ့သော ခန္ဓာကိုယ်ကို ညင်သာစွာ ဆေးကြောပေးနေကာ သူမ၏ ကိုယ်ပေါ်ရှိ အရှိန်အဝါသည် အဆက်မပြတ် ပြောင်းလဲနေသည်။
နောက်ဆုံးတွင်...
“ဝုန်း...”
ယူကျင်း အဆင့်ကို ကျော်လွန်သော အရှိန်အဝါ တစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
ရှန်ကျင်း အဆင့်
ကျင်းယွမ်ဂိုဏ်း၏ ဤမျိုးဆက် ဒုတိယမြောက် ရှန်ကျင်း အဆင့် တပည့်။
ယခုအချိန်အထိ...
လုရွှယ်ချီသည် စုစုပေါင်း ခုနစ်နှစ် ကျင့်ကြံခဲ့သည်။ ခုနစ်နှစ်အတွင်း ရှန်ကျင်း အဆင့်သို့ ထိုးဖောက် ဝင်ရောက်ခြင်းသည် မည်ကဲ့သို့အမြန်နှုန်းပါပင်နည်း။
“ရွှပ်...”
ဝါးတောထဲတွင် ပုံရိပ်ငယ်လေး တစ်ခု လျှပ်ခနဲ ပေါ်လာကာ ခုနစ်နှစ်၊ ရှစ်နှစ် အရွယ်ခန့်ရှိသော မိန်းကလေး တစ်ဦးသည် ခိုးကြောင်ခိုးဝှက် လကြည့်မျှော်စင်သို့ ရောက်ရှိလာသည်။ သူမသည် ကျောက်တုံးကြီး တစ်ခု၏ နောက်တွင် ပုန်းအောင်းနေပြီး ရှေ့တွင် တင်ပလ္လင်ခွေ ထိုင်နေသော မိန်းကလေးကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေ၏...
“အိုး...”
“ဒါက အစ်မကြီး လုလား...”
ရှောင်ရှီသည် မျက်တောင် ခတ်လိုက်ပြီး သူမ၏ မျက်လုံးများတွင် စူးစမ်းလိုစိတ်များ လင်းလက်သွားသည်။
သူမသည် မကြာသေးမီကမှ ရှောင်ကျူတောင်ထွတ်သို့ ရောက်ရှိလာသော တပည့်တစ်ဦး ဖြစ်၏။
သူမသည် လကြည့်မျှော်စင်သည် ကျင်းယွမ်ဂိုဏ်း၏ အံ့ဖွယ် ခုနစ်ပါးထဲမှ တစ်ခုဖြစ်ကြောင်း ကြားသိရသော်လည်း မကြာသေးမီက ‘လုရွှယ်ချီ’ အမည်ရှိ အစ်မကြီး တစ်ဦးသည် ထိုနေရာတွင် တံခါးပိတ် ကျင့်ကြံနေသောကြောင့် ၎င်းသည် ယာယီ ကန့်သတ် နယ်မြေ ဖြစ်နေခဲ့သည်...
“ရွှပ်...”
ထိုစဉ်၌ပင်...
လုရွှယ်ချီသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်သည်။
သူမ၏ အေးစက်သော မျက်လုံးများတွင် ထက်ရှ သောအရိပ်အယောင်တစ်ခု တစ်စွန်းတစ်စ လက်သွားပြီး သူမသည် သူမ၏ နောက်ဘက်ရှိ ကျောက်တုံးကြီးကို ရုတ်တရက် စိုက်ကြည့်လိုက်သည်။
“ဘယ်သူလဲ...”
လုရွှယ်ချီ၏ လေသံသည် အလွန် အေးစက်နေသည်။
ဤသည်က ရှောင်ရှီကို ချက်ချင်းပင် အနည်းငယ် တုန်ယင်သွားစေ၏။
မိန်းကလေးသည် တုန်ယင်စွာဖြင့် ကျောက်တုံးကြီး၏ နောက်ဘက်မှ ထွက်လာပြီး သူမ၏ ကြွေရုပ်လေးကဲ့သို့ မျက်နှာသည် ဖြူဖျော့နေကာ ပြောလိုက်သည်။
“အစ်မ... အစ်မကြီး... ကျွန်မက ရှောင်ရှီပါ...”
ဤ မရင်းနှီးသော မိန်းကလေးကို ကြည့်လိုက်သောအခါ...
လုရွှယ်ချီသည် မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။ခေတ္တမျှ တုံ့ဆိုင်းပြီးနောက် သူမက ပြောလိုက်သည်။ “မင်းက ဆရာမ အသစ် လက်ခံလိုက်တဲ့ တပည့်လား...”
“ဟုတ်... ဟုတ်ပါတယ်...” ရှောင်ရှီသည် လျင်မြန်စွာ ခေါင်းညိတ်လိုက်သည်။ထို့နောက်
သူမသည် လည်ပင်းကို အနည်းငယ် ကျုံ့လိုက်ပြီး သူမ၏ ရှေ့မှ အေးစက်သော မိန်းကလေးကို ကြောက်ရွံ့သော မျက်လုံးများဖြင့် ကြည့် နေ၏။
ထိုစကားကို ကြားလိုက်သောအခါ လုရွှယ်ချီ၏ မျက်နှာ အမူအရာ ပျော့ပြောင်းသွားကာသူမ၏ မျက်နှာတွင် နူးညံ့သော အပြုံးတစ်ခု ပေါ်လာပြီး ညင်သာစွာ ပြောလိုက်သည်။ “ရှောင်ရှီလား... လာပါ... ဒီမှာ အစ်မကြီးနဲ့ လာထိုင်...”
မိန်းကလေးသည် ခဏတာ တုံ့ဆိုင်းနေခဲ့ပြီးမှ နောက်ဆုံးတွင် သတ္တိကို မွေးကာ လျှောက်သွားလိုက်သည်။
ခဏတာကြာပြီးနောက် စကားစမြည် ပြောဆိုပြီးသည့်နောက်...
ရှောင်ကျူးတောင်ထွတ်မှ အစ်မကြီးနှင့် ညီမငယ်လေးတို့ သည် တဖြည်းဖြည်း ရင်းနှီးလာကြသည်။ ရှောင်ရှီသည်လည်း သူမ၏ ရွှင်မြူးပြီး တက်ကြွသော သဘာဝအတိုင်း ပြန်ဖြစ်လာပြီး လုရွှယ်ချီ၏ ဘေးတွင် ထိုင်ကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်ပြောပြနေမိ၏။
“အစ်မကြီး လု... သိလား...”
“မကြာသေးခင်က ဟုန်လူ ဓားနတ်ဘုရား ဆိုတဲ့ ကျင့်ကြံသူတစ်ယောက်က နာမည် အရမ်း ကြီးလာတယ်...”
“အစ်မကြီး ဝမ်မင် က ဟုန်လူ ဓားနတ်ဘုရားက ကျွန်မတို့ ကျင်းယွမ်ဂိုဏ်းက အစ်ကိုကြီး တစ်ယောက်လို့ ပြောတယ်။ အစ်မကြီး လုက သူ့ကို သိလား...”
“အော်... ဟုတ်သားပဲ...”
“မကြာသေးခင်က တောင်အောက်က ကျင့်ကြံသူတွေက ဟုန်လူ ဓားနတ်ဘုရားက အလှပဂေး တစ်ဦးကြောင့် ဒေါသတကြီးနဲ့ ဟဲ့ဟွမ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တယ်လို့ ပြောနေကြတယ်...”
လုရွှယ်ချီ၏ မျက်နှာသည် မူလက အနည်းငယ် ပြုံးရယ်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ရှောင်ရှီတွင် သူမ၏ ယခင် ပုံရိပ်ကို မြင်ခဲ့ရသောကြောင့် ဖြစ်သည်။ (Tl note: ယခင်ပုံရိပ်=သူမငယ်စဉ်က)
သို့သော် နားထောင်နေစဉ်..
သူမ၏ မျက်နှာပေါ်ရှိ အပြုံးသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။
“….”
‘တံခါးပိတ်ကျင့်ကြံနေတုန်း ငါ့လူကိုလုသွားတယ်လို့ကြားလိုက်ရတာလား’
လုရွှယ်ချီ၏ အကြည့်သည် အေးစက်လာပြီး သူမသည် အဝေးတစ်နေရာကို ကြည့်လိုက်ကာ သူမ၏ လက်ထဲရှိ တျန်းယာနတ်ဓား သည်လည်းသခင်၏စိတ်ကိုသိသကဲ့သို့ တုန်ခါကာမငြိမ်မသက် ဖြစ်နေ၏။