← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇) - မင်းက ငါ့ရဲ့ ပထမဆုံး အနမ်းကို ယူသွားမှတော့ မင်း ငါ့ကို တာဝန်ယူရမယ်

"ဒေါင်—"

ပုံသဏ္ဍာန်မဲ့ ခေါင်းလောင်းသံတစ်ခုသည် ကျင်းယွမ် တောင်ထွတ်ခုနစ်လုံးတစ်ခွင်၌ ပဲ့တင်ထပ်သွားသည်။

ရှည်လျားပြီး ဆွဲဆောင်မှုရှိသော အသံကြောင့် တောင်ထွတ်အသီးသီးမှ ခေါင်းဆောင်များသည် သတင်းစကားကို ပထမဆုံး အခိုက်အတန့်၌ ပင်လက်ခံရရှိခဲ့ပြီး တုန်းထျန်းတောင်ထွတ်သို့ အလျင်အမြန် ပြေးလာခဲ့ကြ၏။

မကြာခင်မှာပင်

တောင်ထွတ်အသီးသီးမှ ခေါင်းဆောင်များသည် တုန်းထျန်းတောင်ထွတ်ရှိ ယူကျင်းခန်းမသို့ ရောက်ရှိလာကြသည်။

သူတို့သည် ဂျိချန်းဖန်နှင့် အခြားသူများကို မြင်လိုက်သောအခါ သူတို့၏ မျက်နှာများတွင် အနည်းငယ် အံ့သြသွားကြပြီး သူတို့၏ အကြည့်များသည် သူစိမ်းဖြစ်သော ကျင့်ပင်အာအပေါ်သို့ ခဏမျှခန့် အာရုံစိုက်သွားကြသည်။ထို့‌နောက်တောင်ထွတ်ခေါင်းဆောင် အများစုသည် မျက်မှောင်ကြုတ်လိုက်ကြသည်။

သူတို့သည် ကျင့်ပင်အာ၏ ခန္ဓာကိုယ်ပေါ်ရှိ မြှူဆွယ်ခြင်း ဂါထာ၏ အငွေ့အသက်ကို ချက်ချင်း မြင်လိုက်ကြသည်။

သူမသည် ဟဲ့ဟွမ်ဂိုဏ်း၏ မကောင်းဆိုးဝါး ပညာရပ်များကို မကျင့်ကြံထားလျှင်ပင်၊ ဤ မြှူဆွယ်ခြင်း ဂါထာသည် ဟဲ့ဟွမ်ဂိုဏ်း၏ ကိုယ်စားပြု ဂါထာအတတ် ဖြစ်နေဆဲဖြစ်ကာဖုံးကွယ်ထားရန် ခက်ခဲလှသည်။

'ဒါဆိုရင် ဒီမိန်းမက ဟဲ့ဟွမ်ဂိုဏ်းက ဟို ကျင့်ပင်အာ ဆိုတာလား။ ဂိုဏ်းတူ အစ်ကိုကြီး ဂျိ ဒေါသထွက်ခဲ့ရတဲ့ မိန်းမပေါ့'

တောင်ထွတ်ခေါင်းဆောင် အများအပြား၏ အကြည့်များကို ရင်ဆိုင်ရင်း

ကျင့်ပင်အာသည် ဂျိချန်းဖန်၏ နောက်တွင် ကြုံ့ကြုံ့လေးရပ်နေ၏။

"ရွှပ်—"

ထိုစဉ်၌ပင်

အေးစက်သော အကြည့်တစ်ခု ရုတ်တရက် ရောက်ရှိလာသည်။ကြည့်လိုက်သောအခါ လရောင်ကဲ့သို့ဖြူစင်သော တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး အရပ်ရှည်ရှည်နှင့် အေးစက်သော တာအိုသခင်မ တစ်ပါးသည် ယူကျင်းခန်းမထဲသို့ ဝင်ရောက်လာသည်။

သူမ၏ ရုပ်ရည်သည် အသက်နှစ်ဆယ်ခန့်သာ ရှိပုံရပြီး အေးစက်ကာ မာနကြီးသည့် အစ်မကြီး ပုံစံမျိုး ဖြစ်ကာ အလွန်အမင်း အေးစက်သော အော်ရာများ ကို ထုတ်လွှတ်နေသည်။ သူမ၏ အသားအရေသည် နှင်းကဲ့သို့ ဖြူဝင်းပြီး ကျောက်စိမ်းကဲ့သို့ နူးညံ့သည်။

"အစ်မကြီး ရွှေယွဲ့ "

ဂျိချန်းဖန်က ပြုံးလျက် နှုတ်ဆက်လိုက်သည်။

ထိုစကားကို ကြားသောအခါ ရွှယ်ယွဲ့သည် ကျင့်ပင်အာကို တစ်ချက်ကြည့်လိုက်ပြီး ဂျိချန်းဖန်ဘက်သို့ လှည့်ကာ တိုးတိုးလေး နှာမှုတ်လိုက်သည်။ ဘာစကားမှ မပြောဘဲ သူ့ကို ဂရုပင် မစိုက်ပေ။ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ဂျိချန်းဖန်သည် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

သူသည် မျက်နှာပြောင်တိုက်ကာ မေးလိုက်သည်။ "အစ်မကြီး... ပြီးခဲ့တဲ့ တစ်ခေါက်က ကျွန်တော် ပေးလိုက်တဲ့ ရေခဲကျောက်စိမ်းရည် က အဆင်ပြေရဲ့လားဟင်"

ထိုစကားကို ကြားလိုက်သောအခါ

ရွှယ်ယွဲ့၏ ခြေလှမ်းများ တုံ့ဆိုင်းသွား၏။

ရိုးရိုးသားသား ပြောရလျှင် ထိုအရာက တော်တော်လေး အလုပ်ဖြစ်သည်ပင်။ အသုံးပြုပြီးနောက် သူမ၏ ခန္ဓာကိုယ် တစ်ခုလုံး ချောမွေ့သွားပြီး အသားအရေသည် နှင်းကဲ့သို့ ဖြူဝင်းလာသည်ဟု ခံစားခဲ့ရသည်။

"အာနိသင်က မဆိုးပါဘူး"

ရွှယ်ယွဲ့သည် လျစ်လျူရှုထားသည့် လေသံဖြင့် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ဂျိချန်းဖန်သည် ညင်သာစွာ ပြုံးလိုက်ပြီး ပြောသည်။ "အလုပ်ဖြစ်တယ်ဆိုရင် ကောင်းတာပေါ့။ နောက်ရက်နည်းနည်းကြာရင် အစ်မကြီး အတွက် ပုလင်းနည်းနည်းလောက် ထပ်ပို့ပေးပါ့မယ်"

"အင်း..." သူမသည် တည်ငြိမ်စွာ ဖြင့် ခေါင်းညိတ်လိုက်သည်။

'သူများကျွေးတာ စားထားရင် စကားသံ ပျော့သွားတတ်ပြီး၊ သူများလက်ဆောင် ယူထားရင် လက်တိုသွားတတ်တယ် (အားနာတတ်တယ်)' ဆိုတဲ့ စကားကို ထောက်ထားပြီးနောက်ဆုံးတွင် သူမသည် ဂျိချန်းဖန်ကို အရိပ်အမြွက် ပေးရန် ဆုံးဖြတ်လိုက်သည်။ သူမသည် တစ်ချက် လှမ်းကြည့်လိုက်ပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်သည်။ "လုရွှယ်ချီ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီ။ မင်းမှာ လုပ်စရာ ကိစ္စ ဘာမှမရှိရင် လကြည့်မျှော်စင် ကို သွားခွင့်ပြုတယ်..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်။

ဂျိချန်းဖန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။

'ရွှယ်ချီ ကျင့်ကြံရာကနေ ထွက်လာပြီလား။

ဒါဆိုရင် သူ ဖုံးကွယ်ထားလို့ ရတော့မှာ မဟုတ်ဘူးလေ'

ထိုအတွေးနှင့်အတူဂျိချန်းဖန်လည်း ဖြစ်ချင်ရာဖြစ် သဘောထားလိုက်တော့သည်။

'ထားလိုက်ပါတော့

အဆိုးဆုံး အခြေအနေဆိုရင် မိုးကြိုး အပစ်ခံရုံပဲ ရှိတာပေါ့'

'ဘယ်သူက ဘယ်သူ့ကို ကြောက်နေရမှာလဲ'

သူသည် သူ့နောက်ရှိ ကျင့်ပင်အာကို လှည့်ကြည့်လိုက်ပြီး အချက်ပြလိုက်သည်။ အဓိပ္ပာယ်မှာ ပြောပြစရာ မလိုလောက်အောင် ရှင်းလင်းနေသည်။

ထိုအခါ ဆွဲဆောင်မှုရှိသော မိန်းမပျိုလေးသည် ညှို့ဓာတ်ပြင်းစွာ ပြုံးလိုက်ကာသူမ မျက်တောင်ကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"သခင်လေး... အစ်မကြီး လု ရဲ့ မိုးကြိုးထိန်းချုပ်ဓားသိုင်းရဲ့ အရသာက ဘယ်လိုရှိလဲ ဆိုတာ သွားမြည်းကြည့်လိုက်ပါဦး။ ဒီအစေခံမလေးက ဒီမှာ တစ်ယောက်တည်း နေခဲ့လည်း အဆင်ပြေပါတယ်"

ဘာပဲဖြစ်ဖြစ် ကျန့်ပူယီနှင့် ဇနီးသည်တို့ ရှိနေ၏။

ထို့အပြင် တာအိုရွှမ်း ကိုယ်တိုင်က ဤကိစ္စကို အပြင်းအထန် ထောက်ခံထားပြီးသား ဖြစ်‌သောကြောင့် ဟဲ့ဟွမ်မြင့်မြတ်ဂိုဏ်း-ရွှမ်းရှာကို ပြန်လည် တည်ထောင်ခြင်း ကိစ္စက အခြေခံအားဖြင့် သေချာသလောက် ရှိနေပြီဖြစ်၏။

ထိုစကားကို ကြားသောအခါ

ဂျိချန်းဖန်သည် ကျင့်ပင်အာကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

'မှတ်ထားလိုက်...

ငါပြန်လာမှ မင်းကို ကောင်းကောင်းကြီး ကိုင်တွယ်ပြမယ်'

သူသည် တာအိုရွှမ်း၏ ဘေးနားသို့ ဖြည်းဖြည်းချင်း ရောက်လာပြီး တောင်ထွတ်ခုနစ်လုံး စစ်ဆေးဆုံးဖြတ်မှု မစတင်မီတွင် သူသည် ရှောင်ကျူတောင်ထွတ်သို့ သွားရန် စီစဉ်ထားကြောင်း ပြောကြားလိုက်သည်။

ထိုစကားကို ကြားသောအခါ

တာအိုရွှမ်းသည် ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"သွားပါ... သွားပါ။"

ဂျိချန်းဖန်သည် လှည့်ထွက်လိုက်ပြီး ထျန်းပူယီနှင့် ဇနီးသည်တို့ကို ဦးညွှတ်လိုက်ကာ နောက်ဆုံးတွင် ယူကျင်းခန်းမမှ အလျင်အမြန် ထွက်ခွာသွား၏။

သက်တံ့ရောင် တံတားကို ဖြတ်ကျော်ပြီး တိမ်ပင်လယ်ကို ဖြတ်သန်းကာ...

ဂျိချန်းဖန်သည် ရှောင်ကျူတောင်ထွတ်သို့ ဓားစီးပြီး တန်းတန်းမတ်မတ် ပျံသန်းသွားခဲ့သည်။

ရှောင်ကျူတောင်ထွတ် ၊ လကြည့်မျှော်စင်

မှိန်ဖျော့သော မြူခိုးများ ရစ်ဝဲနေပြီး နေရာအနှံ့ ပျံ့နှံ့နေသည်။ နူးညံ့သော နေရောင်ခြည်သည် အလွှာအသီးသီးရှိသော တိမ်တိုက်အတားအဆီးများကို ဖြတ်သန်းကာ မျှော်စင်အောက်ရှိ မိန်းကလေးကို အလင်းပေးနေသည်။

ထိုမိန်းကလေးသည် ရေပြာရောင် နတ်ဓားတစ်လက်ကို ရင်ခွင်ထဲတွင် ပိုက်ထားပြီး အလွန်အမင်း အေးစက်သော အရှိန်အဝါများကို ထုတ်လွှတ်နေ၏။

သူမ၏ လှပသော မျက်နှာသည် ချောမောပြီး သန့်စင်နေသည်။ သူမ၏ ဝတ်စုံသည် နှင်းကဲ့သို့ ဖြူစင်ပြီး သူမ၏ ပုံစံသည် ကျောက်စိမ်းကဲ့သို့ ဖြစ်သည်။ သူမ၏ အသားအရေသည် ကြွေထည်ကဲ့သို့ ဖြူဝင်းနူးညံ့ပြီး နေရောင်အောက်တွင် ညင်သာစွာ ပွတ်သပ်ခံနေရသည့်အလား ဖြစ်နေသည်...

ချင်းလန်(Tl ရှင်းပြချက် : Qing Leng - အေးစက်သော)မိန်းကလေး၏ အကြည့်သည် အဝေးတစ်နေရာသို့ ငေးမောနေသည်။

သူမ၏ ရင်ထဲတွင် မည်သို့ ခံစားနေရသည်ကို သူမ မပြောပြတတ်ပေ။ မသက်မသာ ဖြစ်နေသလား။ ဝမ်းနည်းနေသလား။ နာကျင်နေသလား။ သူမ မသိပေ။

ပို၍ မှန်ကန်စွာ ပြောရလျှင် သူမ၏ မျက်လုံးဖြင့် ကိုယ်တိုင် မမြင်ရသရွေ့ သူမ တကယ် မယုံကြည်နိုင်သေးပေ။

လုရွှယ်ချီသည် တိတ်ဆိတ်စွာ ခေါင်းငုံ့လိုက်၏

သူမသည် ဝက်ဝံဂူအောင်းသကဲ့သို့ တံခါးပိတ်ကျင့်ကြံနေခဲ့သည်မှာ နှစ်ဝက်နီးပါး ရှိနေပြီ ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ် အချိုးအစားသည် ပိုမို သွယ်လျလာပြီး ပိုမို ရင့်ကျက်လာသည်။ သူမ၏ လှပသော ခန္ဓာကိုယ် ကောက်ကြောင်းသည် လူများကို အဆုံးမရှိ စိတ်ကူးယဉ်စေနိုင်သည်။ အနည်းဆုံးတော့ သူမ ငုံ့ကြည့်လိုက်လျှင် သူမ၏ ခြေထောက်ကိုပင် မမြင်ရတော့လောက်အောင်ပင်တစ်စုံတစ်ခုကကြီးမားနေပြီဖြစ်၏။

"ရွှပ်—"

ထိုစဉ်၌ပင်။

ရင်းနှီးသော အငွေ့အသက်တစ်ခု နောက်ကျောဘက်မှ ရောက်ရှိလာသည်။ထိုအခါ လုရွှယ်ချီ အလွန် ဝမ်းသာသွား၏။သို့‌သော်သူမ ခေါင်းမလှည့်နိုင်ခင်မှာပင် သူမသည် တစ်စုံတစ်ယောက်၏ ရင်ခွင်ထဲသို့ ပွေ့ဖက်ခြင်း ခံလိုက်ရသည်။ ထိုပွေ့ဖက်မှုသည် အလွန် သန်မာပြီး လွမ်းဆွတ်မှုကို အပြည့်အဝ ဖော်ပြနေသည်။

"ရွှယ်ချီ... ကိုယ် မင်းကို လွမ်းလိုက်တာကွာ~"

ဝတ်ရုံဖြူ ဝတ်ဆင်ထားသော ကောင်လေးသည် သူမ၏ နားနားတွင် တိုးတိုးလေး ပြောလိုက်သည်။

သူမကို တံခါးပိတ်ကျင့်ကြံရာမှ နောက်ကျမှ ထွက်လာသင့်သည်ဟု ပြောခဲ့သော်လည်း၊ ပြိုင်ဘက်ကင်းပြီး လွတ်လပ်သော ထိုလှပသည့် ပုံရိပ်ကို မြင်လိုက်ရသောအခါ သူ၏ ရင်ထဲရှိ လွမ်းဆွတ်မှုများသည် ချက်ချင်းပင် ပေါက်ကွဲထွက်လာခဲ့သည်...

အခုတော့

သူသည် လုရွှယ်ချီကို သူ့ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားချင်ရုံသာ။တစ်သက်လုံး ခွဲမသွားရမည့် ပုံစံမျိုးပင်။

"ဂိုဏ်းတူ အစ်ကိုကြီး ဂျိ... ညီမလည်း အစ်ကို့ကို လွမ်းနေတာ" ထိုမိန်းကလေး၏ လှပသော မျက်နှာလေး အနည်းငယ် နီမြန်းသွားသော်လည်း သူမသည် ကောင်လေး၏ လွမ်းဆွတ်မှုကို ရဲရင့်စွာ တုံ့ပြန်လိုက်သည်။

သူမသည် သူမ၏ ခါးကို ဖက်ထားသော လက်များကို ညင်သာစွာ ခွာလိုက်ပြီးနောက် လှည့်ကြည့်လိုက်ရာ မိတ်ကပ် လုံးဝမလိမ်းထားသော အပြစ်အနာအဆာ ကင်းမဲ့သည့် မျက်နှာလေး ပေါ်လာသည်။ နောက်ဆုံးတွင် သူမသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ တုံ့ဆိုင်းခြင်း မရှိဘဲ တိုးဝင်သွားတော့သည်...အနောက်ကနေ ဖက်တာနဲ့ ယှဉ်လျှင် သူမက နှစ်ယောက်သား မျက်နှာချင်းဆိုင် ဖက်ထားရတာကို ပိုသဘောကျသည်ဖြစ်၏။

ချင်းလန် မိန်းကလေးသည် သူမ၏ လက်များကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး သူမ၏ မျက်နှာကို ကောင်လေး၏ ရင်ဘတ်တွင် အပ်ထားကာ မျက်လုံးများကို ညင်သာစွာ မှိတ်ထားလိုက်သည်။ သူမ၏ ရှည်လျားသော မျက်တောင်များ ကအနည်းငယ် တုန်ခါနေကာ တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကိုကြီး ဂျိ... ညီမ အစ်ကို့ကို သိပ်လွမ်းတာပဲ"

"အရမ်း အရမ်း လွမ်းတာပဲ!"

"ညီမလေ... နှစ်ဝက်လောက် တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် ရှန်ကျင်းအဆင့်ကို ထိုးဖောက်သွားပြီ"

"မနေ့ကမှ ကျင့်ကြံရာကနေ ထွက်လာတာ။ အစ်ကို ထွက်သွားတဲ့ သတင်းကို ကြားလိုက်ရတယ်၊ ပြီးတော့..."

"ညီမ တခြားသတင်းအချို့ကိုလည်း ကြားခဲ့ရတယ်။"

သူမသည် မူလက တိတ်ဆိတ်ငြိမ်သက်သော လူတစ်ယောက် ဖြစ်သော်လည်း ယနေ့တွင်မူ အသက်တစ်ရှိုက်တည်းဖြင့် စကားအများကြီး ပြောနေသည်။ သို့သော် နောက်ဆုံးစာကြောင်းကို ပြောလိုက်သောအခါ...

လုရွှယ်ချီ၏ လေသံသည် တဖြည်းဖြည်း နိမ့်ကျသွားကာ သူမ မျက်လုံးများကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။

ဆောင်းဦး ရေပြင်ကဲ့သို့ လှပသော မျက်ဝန်းတစ်စုံသည် ကောင်လေးကို ကြည့်လိုက်ပြီး ညင်သာစွာ မေးလိုက်သည်။

"အဲဒီ သတင်းတွေက အမှန်တွေလားဟင်"

ဂျိချန်းဖန်သည် အကြောင်းပြချက်မရှိဘဲ ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။

သူသည် လုရွှယ်ချီ၏ မျှော်လင့်ချက်အပြည့်ပါသော မျက်လုံးများကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် ခေါင်းကို ညင်သာစွာ ညိတ်လိုက်ကာ ပြောလိုက်သည်။

"အမှန်တွေပါ။"

ထိုသို့ ပြောပြီးနောက်

သူသည် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ဘာမှ ချန်မထားဘဲ၊ ရွှမ်ဟော်မှန်(အဇူရာမီးမှော်ကြေးမုံ) နှင့် ရှေးဟောင်း စုန်းကျမ်း အမွေအနှစ် ကိစ္စများ အပါအဝင် အကုန်လုံးကို ပြောပြလိုက်သည်။

ထိုစကားများကို ကြားသောအခါ လုရွှယ်ချီ တိတ်ဆိတ်သွား၏။

"ရွှပ်—"

သို့သော် ထိုအချိန်တွင်

သူမ၏ ရှေ့ရှိ ဝတ်ရုံဖြူ ကောင်လေးသည် ရုတ်တရက် လှုပ်ရှားလိုက်ကာ လုရွှယ်ချီ၏ ကြောင်အမ်းအမ်း ဖြစ်နေသော မျက်လုံးများ ရှေ့တွင်ပင် သူသည် သူမ၏ ပြီးပြည့်စုံသော မျက်နှာလေးကို မော့လိုက်ပြီး ညင်သာစွာ နမ်းရှိုက်လိုက်တော့သည်...

"အွန်း"

ချင်းလန် မိန်းကလေး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။

သူမ ခန္ဓာကိုယ်ပေါ်ရှိ အေးစက်သောအရှိန်အဝါသည်လည်း မှန်တစ်ချပ်ကဲ့သို့ ရုတ်တရက် ကွဲကြေသွားကာ လှပသော မျက်ဝန်းတစ်စုံက အနည်းငယ် ပြူးကျယ်သွားပြီး သူမ၏မျက်နှာသည် ရှက်ရွံ့မှုဖြင့်နီရဲလာ၏။

သူမသည် လက်တစ်ကမ်းအကွာရှိ ဝတ်ရုံဖြူ ကောင်လေးကို ကြည့်လိုက်သည်။

သူမ သူ့ကို တွန်းထုတ်ချင်သော်လည်း သူမ၏ ရင်ထဲရှိ အနက်ရှိုင်းဆုံး လွမ်းဆွတ်မှုများက သူမကို တားဆီးထားသည်။သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် ပျော့ခွေသွားကာသူမသည် ဝတ်ရုံဖြူ ကောင်လေး၏ ရင်ခွင်ထဲတွင် အားမရှိ‌ တော့သကဲ့သို့ မှီတွယ်လိုက်ပြီး နောက်ဆုံးတွင် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်ကာထိုအနမ်းက ထာဝရ ကြာရှည်နေတော့မည့်အတိုင်း သူ့ရင်ခွင်ထဲတွင် ခိုလှုံလိုက်တော့သည်။

အတော်လေး ကြာပြီးနောက်တွင်မှ

ကောင်လေးသည် ထိုနှုတ်ခမ်းနီနီိရဲရဲလေးကို ဖြည်းညှင်းစွာ လွှတ်ပေးလိုက်သည်။ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားကာ ရှက်သွေးဖြာသော အပြုံးတစ်ခုကို ဖော်ပြလျက် တိုးတိုးလေး ပြောလိုက်သည်။

"ရွှယ်ချီ... ဒါက ကိုယ့်ရဲ့ ပထမဆုံး အနမ်းနော်။"

"မင်း ကိုယ့်ရဲ့ ပထမဆုံး အနမ်းကို ယူသွားမှတော့... မင်း ကိုယ့်ကို တာဝန်ယူရမယ်"

"ဟင်.." လုရွှယ်ချီ၏ လှပသော မျက်လုံးများ ပြူးကျယ်သွားကာ သူမသည် သူမရှေ့ရှိ ဂျိချန်းဖန်ကို ဒေါသအနည်းငယ်ဖြင့် ကြည့်လိုက်ရာ အထူးတလည် ချစ်စရာ ကောင်းနေသည်။

'ရှင့်ဟာက ပထမဆုံး အနမ်းဆိုတော့၊ ကျွန်မဟာကရော မဟုတ်လို့လား'

'ပြီးတော့

ရှင် ကျွန်မကို နမ်းလိုက်ရုံနဲ့ ပြီးသွားမယ် မထင်နဲ့နော်

ကျွန်မ ရှင့်ကို အပြစ်မတင်ဘူးလို့ မထင်နဲ့'

'ဒါပေမယ့်...

ရှင် ကျွန်မကို တစ်သက်လုံး နမ်းပေးနိုင်မယ် ဆိုရင်တော့ တစ်မျိုးပေါ့'

အခန်း (၁၄၈) - တောင်ထိပ်ခုနစ်ခု ထောက်ခံမှု... ရွှမ်ချာဂိုဏ်း တည်ထောင်ခြင်း

တုန်းထျန်းတောင်ထွတ် ယူကျင်းခန်းမ

ခန်းမထဲမှ လေထုသည် အနည်းငယ် တိတ်ဆိတ် ငြိမ်သက်နေသည်။

ယခုအခါ တောင်ထိပ်ခုနစ်ခုလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။

တောင်ထွတ်ခေါင်းဆောင် အမျိုးမျိုးတို့သည် သူတို့၏ နေရာအသီးသီး၌ ထိုင်နေကြပြီး သူတို့၏ အကြည့်များသည် ခန်းမဆောင် အလယ်ရှိ ရူချွမ် ဝတ်စုံဖြင့် ချစ်စရာကောင်းသော မိန်းကလေးထံ မကြာခဏ ကျရောက်နေသည်။

ဘာကြောင့်လဲဆိုတော့ ထိုမိန်းမပျိုလေး၏အထောက်အထား(သရုပ်မှန်)သည် အနည်းငယ် ထူးခြားနေသောကြောင့် ဖြစ်သည်။

တာအိုရွှမ်းသည်လည်း သူမအား သင့်တင့်သော လေးစားမှုကို ပြသသည့်အနေဖြင့် သူမအား ခန်းမထဲတွင် ထိုင်ခွင့်ပြုရန် ကုလားထိုင်တစ်လုံးကို ပေးအပ်ခဲ့သည်။

ထိုအရာက ကျင်းယွမ်ဂိုဏ်း တပည့်များ တစ်ခါမှ မရရှိဖူးသော ဂုဏ်ပြုမှု ဖြစ်သည်။

ယခုအချိန်၌...

ကျင့်ပင်အာ သည် ကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာထိုင်နေ၏။

သူမ၏ သေးငယ်နူးညံ့သော လက်ကလေးများက သူမ၏ ဒူးပေါ်ရှိ စကတ်ကို အဆက်မပြတ် ပွတ်သပ်နေသည်။ သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် အနည်းငယ် တင်းမာနေကာသူမ၏ အသက်ရှူသံမှာလည်း အနည်းငယ် မြန်ဆန်နေသည်။ ကျင်းယွမ်တောင်ထိပ်ခုနစ်ခု၏ စူးစမ်းမှုများကို ရင်ဆိုင်ရင်း သူမသည် သိသိသာသာ ထိတ်လန့်နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဤသည်က ကျင်းယွမ်ဂိုဏ်းပင်။လက်ရှိတွင် အထက်လမ်းစဉ်၏ အငြင်းပွားဖွယ်မရှိသော ခေါင်းဆောင် ဂိုဏ်းချုပ် တာအိုရွှမ်းသည် လက်ရှိတွင် အထက် လမ်းစဉ်၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်ပြီး အခြား တောင်ထွတ်များ၏ ခေါင်းဆောင်များပင်လျှင် အများစုမှာ ရှန်ကျင်းအဆင့် ပညာရှင်များ ဖြစ်ကြသည်။

ထိုသို့သော ဖွဲ့စည်းပုံက သူမကို မထိတ်လန့်ဘဲ နေနိုင်ပါမည်လော။

စူးရူ၏ အကြည့်သည်တော့ အနည်းငယ် ညင်သာနေသည်။

သူမသည် ကျင့်ပင်အာ၏ ထိတ်လန့်မှုကို သတိထားမိလိုက်သောကြောင့် သူမအား အရာအားလုံး အဆင်ပြေသွားမည် ဖြစ်ကြောင်း၊ ထိတ်လန့်စရာ မလိုကြောင်း အချက်ပြသည့်အနေဖြင့် အကြည့်တစ်ချက် ပေးလိုက်သည်။

"ဟူး" ကျင့်ပင်အာ အသက်ပြင်းပြင်း ရှူလိုက်သည်။

သူမ တကယ်တမ်းတော့ ဂျိချန်းဖန်ကို ယူကျင်းခန်းမတွင် သူမနှင့်အတူ နေစေချင်ခဲ့သော်လည်း သူမ ကောင်းကောင်းသိသည်။

အစ်မကြီး လုဘက်က ပိုအရေးကြီးသည်။

ထို့ကြောင့်...

သူမ ဘာမှ မပြောခဲ့ပေ။

ဘာပဲဖြစ်ဖြစ် သူမက အငြင်းပွားစရာမရှိသော ဂျိချန်းဖန်စ ဇနီး ဖြစ်သော်လည်း အနည်းငယ် ရှောင်ရှားပေးရဦးမည်။

"အဟမ်း အဟမ်း"

တာအိုရွှမ်းသည် ချောင်းဟန့်လိုက်ရာ လူတိုင်း၏ အာရုံစူးစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်သည်။ တခြားနည်းလမ်းမရှိပေ...

သူ စကားမပြောလျှင်...

မြင်ကွင်းက တိတ်ဆိတ်နေတော့မည့်အလား ဖြစ်နေ၏။

" ဂျူနီယာ ညီ‌လေးနဲ့ ညီမလေးတို့"

တာအိုရွှမ်းသည် ခန်းမအလယ်ရှိ လှပသော မိန်းမပျိုလေးကို လက်ညှိုးထိုးပြကာ ဖြည်းဖြည်းချင်း စတင်ပြောကြားလိုက်သည်။ "ဒီကလေးမက ဟဲ့ဟွမ်ဂိုဏ်းက တပည့် ကျင့်ပင်အာ ဖြစ်တယ်။ သူက ဟဲ့ဟွမ် မြင့်မြတ်အမွေအနှစ်ကို ပိုင်ဆိုင်ထားတယ်။ သူ ဒီနေ့ ငါတို့ ကျင်းယွမ်ဂိုဏ်းကို အရေးကြီးတဲ့ ကိစ္စတစ်ခုနဲ့ ရောက်လာတာ... ငါတို့ရဲ့ အကူအညီကို လိုချင်နေတာပါ"

သူ၏ စကားများ ပြီးဆုံးသွားသည်နှင့် တစ်ပြိုင်နက်

တောင်ထွတ်ခေါင်းဆောင်များ၏ အကြည့်များ အနည်းငယ် ကျဉ်းမြောင်းသွားကြသည်။

သူတို့အားလုံး တစ်ချိန်တည်းမှာပင် အဓိက အချက်ကို သဘောပေါက်လိုက်ကြသည်

'ဟဲ့ဟွမ်မြင့်မြတ် အမွေအနှစ်ကို ပိုင်ဆိုင်ထားသည် ဟုတ်လား'

တောင်ထွတ်ခေါင်းဆောင်များ ဖြစ်ကြသည့်အတိုင်းသူတို့သည် သမိုင်းဝင် ဖြစ်ရပ်အချို့ကို ရှင်းရှင်းလင်းလင်း သိထားကြသည်။

ဟဲ့ဟွမ်ဂိုဏ်းကို လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာခန့်ကမှ စတင် တည်ထောင်ခဲ့သည်ကို ထည့်မတွက်လျှင်တောင် လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာက ဟဲ့ဟွမ်ဂိုဏ်း၏ ဘိုးဘေးသခင်မ ရွှေခေါင်းလောင်းသခင်မ သည် မိစ္ဆာလမ်းစဉ် အဖွဲ့ဝင် မဟုတ်ခဲ့ပေ...

သူမ၏ အကျင့်စရိုက်များမှာ မိစ္ဆာလမ်းစဉ်ကဲ့သို့ သွေးဆာလောင်ခြင်း မရှိသော်လည်း တရားမျှတသော လမ်းစဉ်မှ လူအချို့ကဲ့သို့ ဟန်ဆောင်ခြင်းလည်း မရှိပေ။

ရိုးရိုးရှင်းရှင်း ပြောရလျှင်...

ရွှေခေါင်းလောင်းသခင်မသည် အလွန် လက်တွေ့ကျသောပုံမှန်လူတစ်ယောက် ဖြစ်သည်။

သူမတွင် မိစ္ဆာလမ်းစဉ်၏ သွေးဆာလောင်မှုနှင့် အထက်လမ်းစဉ်၏ ဟန်ဆောင်မှုများ ကင်းမဲ့နေ၏။

ထို့အပြင် သူမ တည်ထောင်ခဲ့သော ဟဲ့ဟွမ်ဂိုဏ်းသည်...

အစပိုင်းတွင် မိစ္ဆာလမ်းစဉ် ဂိုဏ်း မဟုတ်ခဲ့ပေ။

နောက်ပိုင်း အကြောင်းရင်းအချို့ကြောင့်သာ ဟဲ့ဟွမ်ဂိုဏ်းသည် လက်ရှိ မိစ္ဆာလမ်းစဉ် ဂိုဏ်းများထဲမှ တစ်ခု ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ဒါပေမယ့် ယေဘုယျအားဖြင့်...

ဟဲ့ဟွမ်ဂိုဏ်းတွင် အမှန်တကယ်တော့ ဂိုဏ်းခွဲ နှစ်ခုရှိသည်ပင်။တစ်ဖက်က လက်ရှိ မိစ္ဆာလမ်းစဉ် ဂိုဏ်းဖြစ်ပြီး ကျန်တစ်ဖက်က ဟဲ့ဟွမ်မြင့်မြတ်လမ်းစဉ် ဖြစ်သည်။

မိစ္ဆာလမ်းစဉ် ဂိုဏ်းနှင့် နှိုင်းယှဉ်လျှင် မြင့်မြတ်ဟဲ့ဟွမ်ဂိုဏ်းသည် ကြားနေ ဂိုဏ်းတစ်ခုနှင့် ပိုတူသည်။ မိစ္ဆာလမ်းစဉ်တွင်လည်း မပါသလို တရားမျှတသော လမ်းစဉ်တွင်လည်း မပါဝင်ပေ။ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒအတိုင်း အပြည့်အဝ ဆောင်ရွက်ခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာက နတ်ဘုရားနယ်‌မြေမှ တစ်ကိုယ်တော် ကျင့်ကြံသူများသည် ဟဲ့ဟွမ်ဂိုဏ်းမှ တပည့်မတစ်ဦးကို ၎င်းတို့၏ 'တာအို အဖော်' အဖြစ် ရှာဖွေတွေ့ရှိခြင်းကို ဂုဏ်ယူတတ်ကြသည်။အဘယ်‌ကြောင့်ဆို‌သော် ထိုကာလအတွင်း ဟဲ့ဟွမ်ဂိုဏ်း၏ အယူဝါဒသည် 'တစ်ဘဝ တွင် တာအိုလက်တွဲ‌ဖော်တစ်ယောက်' ဖြစ်သောကြောင့် ဖြစ်သည်။

ဝမ်းနည်းစရာက...

အမွေအနှစ် ဆုံးရှုံးသွားသောအခါ...

ဟဲ့ဟွမ်ဂိုဏ်းသည် တဖြည်းဖြည်း လမ်းမှားသို့ ရောက်ရှိသွားသည်။

မကောင်းဆိုးဝါး ပညာရပ်များကို ကျင့်ကြံခြင်းနှင့် ယင် ကို စုဆောင်း၍ ယန် ကို ဖြည့်တင်းခြင်း လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းခဲ့ကြသည်။

ယခုအခါ...

တာအိုရွှမ်၏ စကားကို ကြားပြီးနောက် ပတ်ဝန်းကျင်ရှိ တောင်ထွတ်ခေါင်းဆောင်များသည် ဖြစ်နိုင်ခြေတစ်ခုကို ယေဘုယျအားဖြင့် ခန့်မှန်းမိကြသော်လည်း မည်သူမှ ချက်ချင်း မပြောခဲ့ကြပေ။ရှီဟောင် သည် သူ့ပတ်ဝန်းကျင်ရှိ တောင်ထွတ်ခေါင်းဆောင် အချို့ကို ကြည့်လိုက်သည်။ ခဏတာ တုံ့ဆိုင်းပြီးနောက် သူသည် ပထမဆုံး ထွက်ပေါ်လာပြီး ထောက်ခံခဲ့သည်။

"ဂိုဏ်းချုပ်ကြီးကို မေးပါရစေ... ဘာကိစ္စပါလဲ"

တာအိုရွှမ်းသည် ချီဟောင်ကို ကျေနပ်စွာ ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "သခင်မလေး ကျင့်ပင်အာ ဟာ ဂျိချန်းဖန် ရဲ့ အကူအညီနဲ့ ဟဲ့ဟွမ်ဂိုဏ်းရဲ့ မြင့်မြတ်ကျင့်စဉ် အမွေအနှစ်ကို မိစ္ဆာလမ်းစဉ်ဆီကနေ ပြန်လည် ရယူနိုင်ခဲ့တယ်။ ဒါကြောင့်..."

"သူမ ဒီတစ်ခေါက် ငါတို့ ကျင်းယွမ်ဂိုဏ်းကို လာတာက သူမကို ဟဲ့ဟွမ်ဂိုဏ်း ကို ပြန်လည် တည်ထောင်ရာမှာ ကူညီပေးဖို့ ငါတို့ရဲ့ အကူအညီကို လိုချင်လို့ပါ"

"မင်းတို့မှာ ဘယ်လို အတွေးတွေ၊ သဘောထားတွေ ရှိသလဲ"

ဤစကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်

တောင်ထွတ်ခေါင်းဆောင်များ၏ မျက်လုံးများ အနည်းငယ် လင်းလက်သွားကြသည်။

သူတို့သည် လွန်ခဲ့သောတစ်လတာခန့်က ကောလာဟလ တစ်ခုကို မရည်ရွယ်ဘဲ ပြန်သတိရလိုက်မိကြသည်—'ဟုန်လူဓားနတ်ဘုရား သည် အလှပဂေးတစ်ဦးအတွက် ဒေါသထွက်ခဲ့ရခြင်း'

သူသည် ဟဲ့ဟွမ်ဂိုဏ်း၏ တောင်တံခါးသို့ တစ်ကိုယ်တည်း သွားရောက်ခဲ့ပြီး ဟဲ့ဟွမ်ဂိုဏ်းမှ အကြီးအကဲ တစ်ဦးကို လူသိရှင်ကြား သတ်ဖြတ်ခဲ့သည်။

'ဒါဆိုရင်...ဒီမိန်းကလေးက ဂိုဏ်းတူတူလေး ဂျိနဲ့ နီးစပ်တဲ့ ဆက်ဆံရေး ရှိနေတာလား'

ဂရန်းမာစတာ ရွှယ်ယွဲ့ သည် ခန်းမအလယ်ရှိ ကျင့်ပင်အာကို ကြည့်လိုက်ကာ သူမ စိတ်ထဲတွင် သက်ပြင်းချလိုက်ပြီး နောက်ဆုံးတွင် သူမသည် မျက်လုံးများကို မှိတ်ကာ ငြိမ်သက်စွာ နေခဲ့သည်။

ထိုစဉ်၌ပင်...

ကျန့်ပူယီ သည် လက်အုပ်ချီကာ ပထမဆုံး ထွက်ပေါ်လာပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကြီး... ဒီကိစ္စကို ကျွန်တော် ဘာမှ ကန့်ကွက်စရာ မရှိပါဘူး"

"ကျွန်တော့် အမြင်အရတော့ ဟဲ့ဟွမ် မှာ အခု နောက်ဆုံး ကျန်တဲ့ မျိုးဆက် ဒီတစ်ယောက်ပဲ ရှိတော့တာ။ ကျွန်တော်တို့ ကျင်းယွမ်ဂိုဏ်းအနေနဲ့ လက်ရှိ တရားမျှတသော လမ်းစဉ်ရဲ့ ခေါင်းဆောင် ဖြစ်တာနဲ့အညီ ဟဲ့ဟွမ်ဂိုဏ်းကို ပြန်လည် တည်ထောင်ခြင်းကို ထောက်ပံ့ဖို့ တာဝန်ရှိပါတယ်"

ကျန့်ပူယီသည် အလွန် ရှင်းလင်းပြတ်သားစွာ ပြောကြားခဲ့သည်။

ဟဲ့ဟွမ်ဂိုဏ်းသစ် ကို ပြန်လည် တည်ထောင်ခြင်းကို ထောက်ပံ့ခြင်းသည် အမှန်တကယ်တော့ ကျင်းယွမ်ဂိုဏ်းက လက်အောက်ခံ ဂိုဏ်းငယ်တစ်ခုကို ထောက်ပံ့ပေးနေခြင်းနှင့် တူသည်။ ထိုမျှမက...

ကျင့်ပင်အာသည် လက်ရှိတွင် တကျူတောင်ထွတ် မှ လူတစ်ဦးအဖြစ် သတ်မှတ်နိုင်သည်။

သူမသည် သူ့ကို ဆရာဟု ခေါ်ဝေါ်ရန် အထိပင် ပြောင်းလဲခဲ့သည်။သူက သူမကို အသိအမှတ် မပြုဘဲ နေနိုင်ပါ့မလား။

ဤကိစ္စက တာကျူတောင်ထွတ်နဲ့ ကျင်းယွမ်ဂိုဏ်းအတွက် အကျိုးရှိစေမှာ ဖြစ်ပြီး ဘာဆိုးကျိုးမှ မရှိပေ။

ဒီမြင်ကွင်းကို မြင်လိုက်ရသောအခါ

ရှီ‌ဟောင်လည်း ချက်ချင်း ရှေ့သို့ တိုးလာသည်။

သူသည် အစပိုင်းတွင် ဂျိချန်းဖန်နှင့် ကျင့်ပင်အာတို့ကြား ဆက်ဆံရေးကို မသေချာခဲ့ပေ။ ယခု ကျန့်ပူယီ စကားပြောပြီးနောက် သူ တွန့်ဆုတ်နေစရာ ဘာအကြောင်း မရှိတော့ချေ။

"ဂိုဏ်းချုပ်ကြီး... ဦးလေးငယ် ကျန့် ပြောတာ မှန်ပါတယ်။ ဒီတပည့်လည်း ဒီကိစ္စကို သဘောတူပါတယ်"

ရှီဟောင်သည် လက်အုပ်ချီကာ ပြောလိုက်သည်။

ဤသည်က ဂိုဏ်းခွဲ နှစ်ခုက အတည်ပြုလိုက်ပြီဟု ဆိုလိုသည်။

တောင်သခင်ကျန့် သည်လည်းခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကြီး... ဒီ တာအိုသခင်က လည်း ကန့်ကွက်စရာ မရှိပါဘူး"

ဖန်ဟွေ့တောင်ထွတ် သည်လည်း ဂျိချန်းဖန်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။

အခု...

ကျင့်ပင်အာကို ဂျိချန်းဖန်က ခေါ်ဆောင်လာသည် ဖြစ်သောကြောင့် သူက ကန့်ကွက်မဲ ပေးမည် မဟုတ်သည်မှာ သဘာဝကျသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ...

ကျန်ရှိနေသော ရှန်ကျန့်လျန် နှင့် ထျန်းယွင် တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး နှစ်ဦးစလုံး တစ်ချိန်တည်းမှာပင် ရှေ့သို့ တိုးလာကာ ကိစ္စကို သဘောတူကြောင်း ဖော်ပြလိုက်ကြသည်။

ယခု

ဂိုဏ်းခွဲ ခုနစ်ခုထဲတွင် ရှောင်ကျူတောင်ထွတ်မှ သခင်မကြီး ရွှယ်ယွဲ့ တစ်ဦးတည်းသာ သူမ၏ ရပ်တည်ချက်ကို မပြောရသေးပေ။

တောင်ထွတ်ခေါင်းဆောင်များ အားလုံးသည် သခင်မကြီး ရွှယ်ယွဲ့ဘက်သို့ ကြည့်လိုက်ကြသည်။သူမသည် သူမ၏ နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကာ သူမ၏ မျက်လုံးများ အနည်းငယ် မှေးစင်းနေပြီး စကားတစ်ခွန်းမှ မပြောပေ။

ခန်းမအလယ်ရှိ ကျင့်ပင်အာသည် အနည်းငယ် စိတ်မတည်မငြိမ် ဖြစ်နေသည်။ သူမသည် သခင်မကြီး ရွှယ်ယွဲ့သည် အစ်မကြီး လု၏ ဆရာဖြစ်သည်ကို သိထားသောကြောင့်...

သူမ၏ကိစ္စကို ကန့်ကွက်မည်လော။

ဤအတွေးဖြင့်...

ကျင့်ပင်အာသည် သခင်မကြီး ရွှယ်ယွဲ့ကို မော့ကြည့်လိုက်သည်။ သူမသည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ စေ့ထားလိုက်ပြီး အနည်းငယ် စိုးရိမ်ပူပန်နေသည်။

"အာ—" ရွှယ်ယွဲ့က ညင်သာစွာ သက်ပြင်းချလိုက်ကာ သူမသည် ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အကြည့်များကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏ အကြည့်သည် ခန်းမအလယ်ရှိ ကျင့်ပင်အာအပေါ် ကျရောက်သွားသည်။ အတော်ကြာ စဉ်းစားပြီးနောက် သူမ နောက်ဆုံးတွင် ပြောလိုက်သည်။ "ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မလည်း ကန့်ကွက်စရာ မရှိပါဘူး"

'မဟုတ်ရင် သူမ ဘာလုပ်နိုင်ဦးမှာလဲ။

ကျန်တဲ့ ဂိုဏ်းခွဲတွေ အားလုံးက သဘောတူထားပြီးပြီလေ'

'ဒီကိစ္စက ကျင်းယွမ်ဂိုဏ်းအတွက် အကျိုးရှိစေမှာ ဖြစ်ပြီး ဆိုးကျိုး ဘာမှ မရှိပေ။ သူမ သဘောမတူရင်တောင်မှ ဘာတတ်နိုင်မှာလဲ'

ထိုစကားကို ကြားလိုက်သောအခါ...

ကျင့်ပင်အာ သက်ပြင်းချလိုက်ပြီး စိတ်သက်သာရာ ရသွား‌တော့သည်။

All Chapters