← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉) - 'လရောင်အောက်က ပန်းပွင့်ချိန်' ဓားသိုင်း

"ရွှစ်—"

ကျင့်ပင်အာ ဖြည်းညှင်းစွာ ထရပ်လိုက်ကာ

တည်ငြိမ်သည့် အမူအရာဖြင့် သူမသည် မြင့်မားသော စင်ပေါ်ရှိ ဂိုဏ်းခေါင်းဆောင် အမျိုးမျိုးတို့အား လေးနက်စွာ အရိုအသေ ပေးလိုက်သည်။

"အကြီးအကဲများ အားလုံးရဲ့ အကူအညီအတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင်"

"ကောင်းပြီ"

တာအိုရွှမ်းက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

သူသည် သူ၏ လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ပုံသဏ္ဌာန်မရှိသော အင်အားတစ်ခုက ကျင့်ပင်အာအား မတ်တပ်ရပ်နိုင်ရန် ကူညီပေးလိုက်၏။ တစ်ချိန်တည်းမှာပင် သူသည် ဘေးပတ်ဝန်းကျင်ရှိ ဂိုဏ်းခေါင်းဆောင်များကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"လူတိုင်း ကန့်ကွက်စရာ မရှိကြဘူးဆိုရင် ဟဲ့ဟွမ်ကို ပြန်လည် တည်ထောင်ခြင်းနဲ့ ပတ်သက်ပြီး ဘာအကြံပြုချက်တွေ ရှိကြသလဲ"

"ဥပမာ- ဂိုဏ်းနေရာ အနေအထားပေါ့"

ပြောပြီးနောက်...

နတ်ဆရာ တာအိုရွှမ်သည် ကျင့်ပင်အာကို တစ်ဖန် ပြန်ကြည့်လိုက်ပြီး ကြင်နာစွာ မေးလိုက်သည်။ "ကလေးမ... မင်းမှာရော ဘာအတွေးတွေ ရှိသလဲ"

ထိုစကားကို ကြားသောအခါ ကျင့်ပင်အာသည် ခေါင်းကို အသည်းအသန် ခါလိုက်ပြီး နာခံစွာ ပြောလိုက်သည်။ "အကြီးအကဲများ ဆုံးဖြတ်သလိုပါပဲရှင်"

"ကောင်းပြီ"

နတ်ဆရာ တာအိုရွှမ်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

ထိုစဉ်၌ပင်...

ရှီဟောင်သည် စဉ်းစားဟန်ဖြင့် ရှေ့သို့ တိုးလာပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်ကြီး... ကျင်းယွမ် တောင်တန်းတွေရဲ့ အနောက်ဘက် မိုင်အနည်းငယ် အကွာမှာ မြောင်ယင် တောင်ထွတ်ဆိုတာ ရှိပါတယ်။ အဲဒီနေရာကို ဟဲ့ဟွမ်ရဲ့ ဂိုဏ်းနေရာအဖြစ် အသုံးပြုနိုင်ပါတယ်"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တာအိုရွှမ်း ခဏတာ စဉ်းစားလိုက်သည်။

သူ မှတ်မိသည်သာမှန်ပါကထို တောင်ထွတ်သည် ကျင်းယွမ် တောင်တန်းများရှိ တောင်ခုနစ်ခုမှအပ မိုင်တစ်ရာအတွင်း အကြီးဆုံး တောင်ထွတ် ဖြစ်ပုံရသည်။ ၎င်းသည် ဟဲ့ဟွမ်ဂိုဏ်းအသစ်အတွက် တောင်တံခါးအဖြစ် ဆောင်ရွက်ရန် လုံလောက်သည်ထက် ပိုနေပေလိမ့်မည်...

ဤအတွေးဖြင့်...

တာအိုရွှမ်းသည် ကျင့်ပင်အာကို ကြည့်လိုက်သည်။ထို့နောက် သူ ခစ်ခနဲ ရယ်လိုက်ပြီး ပြောလိုက်သည်။ "ကလေးမ... နောက်မှ ဂျိချန်းဖန် က မင်းကို မြောင်ယင်တောင်ထွတ်ကို လိုက်ပို့ပြီး ကြည့်ခိုင်းလိမ့်မယ်။ ဘာပြဿနာမှ မရှိဘူးဆိုရင်"

"ရွှမ်ချာဂိုဏ်း ကို အဲဒီမှာ တည်ထောင်မယ်"

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်

ပတ်ဝန်းကျင်ရှိ ဂိုဏ်းခေါင်းဆောင်များ စဉ်းစားလိုက်ကြသည်။

'ရွှမ်ချာဂိုဏ်း ဟုတ်လား။ ဒါက ဟဲ့ဟွမ်ဂိုဏ်းသစ်ရဲ့ နာမည်လား'

ကောင်းမွန်တဲ့ နာမည်တစ်ခုပါပဲ။

"ဟုတ်ကဲ့ပါ အကြီးအကဲ"

ကျင့်ပင်အာသည် တာအိုရွှမ်းအား လေးစားစွာ အရိုအသေ ပေးလိုက်သည်။ထိုအခါတာအိုရွှမ်းက ရယ်မောလိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။ "ဒီလောက်ယဉ်ကျေးမနေပါနဲ့ ဦးလေးလို့ပဲခေါ်လို့ရတယ်'

သူတို့သည် ကျင့်ပင်အာ၏ စီနီယာမျိုးဆက်များ ဖြစ်ကြသည်မှာ အမှန်ပင်။

ထိုစကားကို ကြားသောအခါ ကျင့်ပင်အာ၏ မျက်လုံးများ လင်းလက်လာကာ သူမသည် တာအိုရွှမ်းအား အလျင်အမြန် ဦးညွှတ်လိုက်ပြီး ပြတ်သားစွာ ပြောလိုက်သည်။

"ဆရာသခင်တာအိုရွှမ်းကို ဂါရဝပြုပါတယ်"

ပြောပြီးနောက်

သူမသည် အခြား တောင်ထွတ်များ၏ ဂိုဏ်းခေါင်းဆောင်များအားလည်း ဦးညွှတ်လိုက်ပြီး "ဦးလေးငယ်များ အားလုံးကို ဂါရဝပြုပါတယ်" ဟု ပြောလိုက်သည်။

ဒီမြင်ကွင်းကို ကြည့်ပြီး

ရှီဟောင် ချက်ချင်း လန့်သွားပြီး အလျင်အမြန် ထရပ်ကာ ဘေးသို့ ဆုတ်လိုက်သည်။

သူသည် အကူအညီမဲ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ညီမငယ် ကျင့် က ကျွန်တော့်ကို အစ်ကိုကြီး လို့ ခေါ်ရုံနဲ့ ရပါပြီ"

" အစ်ကိုကြီးရှီဟောင်" ကျင့်ပင်အာသည် ညင်သာစွာ ပြောလိုက်သည်။

သူမသည် ရှီဟောင်၏ အထောက်အထားကို အနည်းငယ် နားလည်ထား၏။ ဂျိချန်းဖန်ကလည်း သူတို့လူဖြစ်ကြောင်း သူမအား ပြောပြထားပြီးသား ဖြစ်သောကြောင့် အလွန်အကျွံ ယဉ်ကျေးနေရန် မလိုအပ်ပေ။

"နောက်ထပ်... ငါတို့ လူတိုင်းနဲ့ အသေးစိတ် အချက်အလက်အချို့ကို ဆွေးနွေးဖို့ လိုသေးတယ်"

တာအိုရွှမ်း ဖြည်းဖြည်းချင်း စတင် ပြောလိုက်၏ရွှမ်းချာဂိုဏ်းကို တည်ထောင်ခြင်းသည် စကားဖြင့် တည်ထောင်ရုံသာမက၊ အနာဂတ် အယူဝါဒများ၊ ဂိုဏ်းစည်းကမ်းများ စသည်တို့နှင့် ပတ်သက်၍လည်း သူတို့ ဝင်ရောက် ပါဝင်ရပေဦးမည်။

ဤနေ့မှစ၍...

ရွှမ်ချာဂိုဏ်းသည် ကျင်းယွမ်ဂိုဏ်း၏ လက်အောက်ခံ အင်အားစုအဖြစ် သတ်မှတ်ခြင်း ခံရပေလိမ့်မည်။

ဤကိစ္စနဲ့ ပတ်သက်၍ ကျင့်ပင်အာလည်း ကန့်ကွက်စရာ မရှိပေ။

ရှောင်ကျူးတောင်ထွတ် ၊ လကြည့်မျှော်စင်။

ဂျိချန်းဖန်သည် အေးစက်ပြီး မာနကြီးသော မိန်းကလေးကို သူ၏ ရင်ခွင်ထဲတွင် ညင်သာစွာ ပွေ့ဖက်ထားသည်။ သူသည် ခေါင်းကို အနည်းငယ် ငုံ့လိုက်ရာ အပြစ်အနာအဆာကင်းသော မျက်နှာလေးကို မြင်လိုက်ရ၏။

နူးညံ့သော ထိုလှပသော မျက်နှာလေးပေါ်တွင် ရှက်သွေးဖြာနေသော အရိပ်အယောင်လေး ရှိနေသည်။ သူမ၏ နူးညံ့နီထွေးသော နှုတ်ခမ်းများက နမ်းရှိုက်ချင်စရာ ဖြစ်နေကာ သူမ၏ ရှည်လျားသော မျက်တောင်များ အနည်းငယ် တုန်ခါနေပြီး မိန်းကလေး၏ မွှေးရနံ့က ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံနေသည်။

"ရွှစ်—"

ဂျိချန်းဖန်သည် ထိုလှပသော မျက်နှာလေးကို ညင်သာစွာ ပွေ့ဖက်လိုက်ကာ နောက်တစ်ကြိမ် ထပ်မံ၍ ထိုနူးညံ့နီ‌စွေးသော နှုတ်ခမ်းများကို သိမ်းပိုက်လိုက်သည်။

"အွန်း~"

ထိုအခါအေးစက်ပြီး မာနကြီးသော မိန်းကလေးသည် နှုတ်ခမ်း စူလိုက်ပြီး တိုးတိုးလေး ညည်းတွားလိုက်သည်။

သူမ၏ မျက်လုံးများတွင် မကျေနပ်မှု အရိပ်အယောင်လေးတစ်ခု လျှပ်ခနဲ ဖြစ်ပေါ်သွားသော်လည်း သူမ၏ ခန္ဓာကိုယ်ကမူ ဝတ်ရုံဖြူ ကောင်လေး၏ ခန္ဓာကိုယ်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလျက် လှိုက်လှဲစွာ တုံ့ပြန်နေခဲ့၏။

ထိုအနမ်းက အတော်လေး ကြာရှည်ခဲ့ကာ အချိန်တစ်ခုကြာမှ

"ပလပ် ပြွတ်"

ဂျိချန်းဖန်သည် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ လွှတ်ပေးလိုက်သည်။

သူသည် သူ့ရှေ့ရှိ အေးစက်ပြီး မာနကြီးသော မိန်းကလေးကို ပြုံးလျက် ကြည့်လိုက်ရာ သူမသည် အနည်းငယ် ချစ်စရာ ကောင်းနေသည်ဟု အကြောင်းပြချက် မရှိဘဲ ခံစားလိုက်ရသည်။

လုရွှယ်ချီ သည် သူ့ရင်ခွင်ထဲတွင် ခေါင်းကိုတိုးဝှေ့ထားကာ သူမ၏ နှုတ်ခမ်းပါးပါးလေးမှာ အနည်းငယ် စူနေပြီး အလွန်အမင်း နစ်နာနေပုံရသကဲ့သို့ရှိ‌နေသည်။ သူမ၏ ပုံမှန် အေးစက်ပြီး မာနကြီးသော ပုံစံမှာ မှန်တစ်ချပ်ကဲ့သို့ ကွဲကြေသွားပုံရသည်။

'ယခင်က အေးစက်မှု အရိပ်အယောင်လေး ဘယ်မှာလဲ'

"ရွှယ်ချီ"

"လွန်ခဲ့တဲ့ငါးနှစ်က မင်းနဲ့ ကိုယ် ဒီမှာ ပထမဆုံး တွေ့ခဲ့ကြတယ်။ အဲဒီတုန်းက မင်းက ထျန်းယာ ကို ကိုင်ထားပြီး လကြည့်မျှော်စင်ပေါ်မှာ ဓါးကွက်လေ့ကျင့်နေ(ဓားကနေသည်ဟုလည်းသုံးသည်)ခဲ့တယ်။ အခု ငါးနှစ် ကုန်လွန်ခဲ့ပြီ..."

"ကိုယ့်အတွက် ဓားအက ကပြပါဦး"

"ဘယ်လိုလဲ"

ဂျိချန်းဖန်သည် ညင်သာစွာ ပြောလိုက်သည်။

သူသည် သူ့ရင်ခွင်ထဲရှိ မိန်းကလေးကို နူးညံ့စွာ ကြည့်လိုက်ကာ သူ၏ မျက်လုံးများတွင် စွဲမက်မှု အရိပ်အယောင်တစ်ခု ရှိနေ၏။

ကိုးထပ်ကောင်းကင်မှ နတ်မိမယ် ကဲ့သို့သော အလှပဂေးတစ်ဦးကို မည်သူက ငြင်းဆန်နိုင်ပါမည်နည်း။

လုရွှယ်ချီ မဖြေနိုင်ခင်မှာပင်...

ဂျိချန်းဖန်က ထပ်ပြောလိုက်သည်။ "ကိုယ့်အတွက် သီးသန့် ပါပဲ"

ထိုစကားကို ကြားသောအခါ...

လုရွှယ်ချီ နူးညံ့စွာ ပြုံးလိုက်ကာ သူမသည် ပွေ့ဖက်ထားခြင်းကို ညင်သာစွာ လွှတ်ပေးလိုက်ပြီး သူမ၏ အကြည့်သည် သူမရှေ့ရှိ ဝတ်ရုံဖြူ ဝတ်ကောင်လေးအပေါ်သို့ ရောက်ရှိသွားကာ သူမ၏ အပြစ်အနာအဆာကင်းသော မျက်နှာ‌ ပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

"ကောင်းပြီ"

သူမ၏ အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်။သူမသည် ရုတ်တရက် ထျန်းယာနတ်ဓားကို ဆွဲထုတ်လိုက်၏။

"ရွှစ်—"

မျက်စိကျိန်းစရာ ဓားအလင်းရောင်တစ်ခု ဖျပ်ခနဲ ဖြစ်ပေါ်လာကာ တောက်ပသော အပြာရောင် ဓားရောင်ခြည်တစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး တိမ်များကြား သို့ရောက်ရှိသွား၏။ထို့‌နောက်လုရွှယ်ချီသည် သူမ၏ ခြေချောင်းများကို ညင်သာစွာ တို့ထိလိုက်ကာ ရုတ်တရက် လကြည့်မျှော်စင်ပေါ်သို့ ပျံတက်သွားသည်။ တောက်ပသော အပြာရောင် ဓားရောင်ခြည်များက သူမ၏ပတ်ဝန်းကျင်တစ်လျှောက် လင်းလက်လာပြီး သူမ၏ ပြီးပြည့်စုံသော ပုံရိပ်ကို အလေးပေး ဖော်ပြနေသည်။

"ရွှစ်"

ထိုအချိန်၌ပင်နူးညံ့သော လေညင်းက တိုက်ခတ်လာ၍ သူမ၏ ဆံပင်များ လွင့်ပျံသွားပြီး အဖြူရောင် ဝတ်ရုံများ တလူလူ လွင့်သွား၏။ထိုအခါ

ကိုးထပ်ကောင်းကင်မှ နတ်မိမယ် ကဲ့သို့သော သူမ၏ မျက်နှာသည် လုံးဝ ပေါ်လွင်လာသည်။ သူမ၏ပုံရိပ်တွင် အပြစ်အနာအဆာ အနည်းငယ်မျှပင် မတွေ့ရပေ။ ဤမျှပြီးပြည့်စုံသော မိန်းကလေးသည် ဂျိချန်းဖန်၏ မျက်လုံးများရှေ့တွင် ပေါ်လာခဲ့သည်။

ထို့ကြောင့်သူသည် သူ့ရှေ့မှ မြင်ကွင်းကို ကြောင်ကြည့်နေခဲ့သည်။

'လှပလိုက်တာ...တကယ် လှလိုက်တာ'

သံသယဖြစ်ဖွယ် မရှိပေ။

သူမသည် သမိုင်းတစ်လျှောက် သူမြင်ဖူးသမျှထဲတွင် အလှဆုံး ပုဂ္ဂိုလ်ဖြစ်သည်မှာ အမှန်ပင်။

"ဘုန်—"

မမြင်နိုင်သော ချီ အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာကာ ဂျိချန်းဖန်၏ စိတ်သည် ဗလာဖြစ်သွားသည်။ သူ၏ မျက်လုံးများထဲတွင် လှပစွာ ကခုန်နေသော အေးစက်ကာမာနကြီးသော နတ်သမီးလေးသာ ရှိနေပုံရသည်။ ထို့အပြင် မည်သည့်အရာမျှ မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် သူ၏ အသိစိတ် အနက်ရှိုင်းဆုံးမှ အသံတစ်ခုက သူ့ကို ပြောနေပုံရသည်— 'ကမ္ဘာပေါ်တွင် အလှဆုံး လူသာကို ကမ္ဘာပေါ်တွင် အလှဆုံး ဓားသိုင်းနှင့် လိုက်ဖက်ညီအောင် ဓားသိုင်းအသစ်ဖန်တီးသင့်သည်' ဟူ၍ပင်။

"ဒုန်း"

မမြင်နိုင်သော အငွေ့အသက်(အရှိန်အဝါ) တစ်ခု ကပေါက်ကွဲထွက်လာကာ ဝိဉာဏ်ချီများသည် သူ၏ နှလုံးသားထဲသို့ ချက်ချင်း စီးဝင်လာသော်

ထိုအခိုက်အတန့်တွင်ချက်ချင်း ဂျိချန်းဖန်သည် ဉာဏ်အလင်းပွင့်အခြေအနေ ထဲသို့ ရောက်ရှိသွားခဲ့သည်။

ဗဟုသုတ အမျိုးမျိုးသည် သူ၏ စိတ်ထဲတွင် အဆက်မပြတ် စီးဆင်းဝင်ရောက်လာပြီး နွေးထွေးသော ချီသည် သူ့အား လွှမ်းခြုံထားကာ သူသည် ကောင်းကင်တာအို၏ မူလအစ ထဲသို့ ရောက်ရှိသွားသကဲ့သို့ ဖြစ်သွား၏။ထို့နောက်

သူ၏ အသိစိတ် အနက်ရှိုင်းဆုံးမှ အသံတစ်ခု ထွက်ပေါ်လာသည်။

[ ဒင်... သင်သည် ကမ္ဘာပေါ်တွင်၌ အလှပဆုံးသောမိန်းမပျို‌လေး၏ ဓားသိုင်းကပြခြင်းကို ကြည့်ရှုကာ ဤ မိန်းမပျိုလေးအ‌တွက် ဓားသိုင်းဖန်တီးပေးရမည်ကို သဘောပေါက်ပြီး ဓားသိုင်းတစ်ခုကို ဖန်တီးနိုင်ခဲ့သည် - 'လရောင်အောက်က ပန်းပွင့်ချိန်']

အဆုံးမဲ့ ကောင်းကင်တာအို သတင်းအချက်အလက်များသည် သူ၏ စိတ်ထဲတွင် စီးဆင်းလာပြီး နောက်ဆုံးတွင် အမြင့်မြတ်ဆုံးနှင့် အလှပဆုံး ဓားကွက်တစ်ခုအဖြစ် ပုံဖော်သွားတော့သည်။

"ရွှစ်—"

ဂျိချန်းဖန်သည် ဖြည်းဖြည်းချင်း မျက်လုံးများကို ဖွင့်၍ အပြင်ဘက်သို့ ကြည့်လိုက်သောအခါ...

လုရွှယ်ချီက က နေဆဲပင်။သူမ၏အဖြူရောင် ဝတ်ရုံများ၊‌ လေ၌လွင့်နေသောဆံ‌ကေသာများက သူမ၏ ပုံရိပ်၏ လှုပ်ရှားမှုတိုင်းကို အဆုံးမရှိသော အလှတရားများဖြင့် ပြည့်နှက်နေအောင်ဖြည့်စည်းပေးနေ၏။ထိုအခါဂျိချန်းဖန် ညင်သာစွာ ပြုံးလိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

"ရွှယ်ချီ"

"ကိုယ် မင်းကို ဓားကွက်တစ်ခု လက်ဆောင်ပေးမယ် ကြည့်လိုက်"

သူ၏ အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက်

ကြည်လင်သော အသံတစ်ခုသည် ကျင်းယွမ်ဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။ တောင်ခုနစ်ခုမှ တပည့်များ အားလုံးသည် ထိုနေ့တွင် ဝါကျတစ်ခုကိုတည်းကို ကြားလိုက်ကြရသည်-

"ဓား—လာစမ်း"

အခန်း (၁၅၀) - ကျင့်ပင်အာရှောင်ကျူးတောင်ထွတ်သို့ သွားရောက်ခြင်း

“ဓား—လာစမ်း”

လကြည့်မျှော်စင်ပေါ်၌ ဂျိချန်းဖန်သည် တကျူးတောင်ထွတ်ဘက်သို့ ကြည့်ကာ လက်ယပ်ခေါ်လိုက်သည်။

မျက်တောင်တစ်ခတ်အတွင်း ဓားချီ သည် ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံသွားကာ

အကန့်အသတ်မဲ့သော ဓားဆန္ဒတစ်ခု သည် ကောင်းကင်ယံသို့ ထိုးတက်သွားပြီး တောက်ပသော အလင်းရောင်များသည် ဓားဆန္ဒအတွင်းမှ ပေါ်ထွက်လာကာ ရှောင်ကျူးတောင်ထွတ် တစ်ခုလုံးကို လင်းလက်သွားစေပြီး ပတ်ဝန်းကျင်ရှိ တိမ်များနှင့် မြူခိုးများ အားလုံးကို ဖယ်ရှားပစ်လိုက်သည်။

“ကျွမ်—“

ကြည်လင်ပြတ်သားသော ဓားမြည်သံတစ်ခု အဝေးမှ ထွက်ပေါ်လာသည်။

ရုတ်တရက် မျက်စိကျိန်းစရာကောင်းသော ဓားအလင်းရောင်တစ်ခု တကျူးတောင်ထွတ်မှ ထိုးတက်လာပြီး ရှောင်ကျူးတောင်ထွတ်ရှိ လကြည့်မျှော်စင်ဆီသို့ တန်းတန်းမတ်မတ် ပြေးဝင်လာသည်။

ထိုမြင်ကွင်းက...

မရေမတွက်နိုင်သော တပည့်များကို ချက်ချင်း လန့်ဖျပ်သွားစေ၏ယ

သူတို့အထဲတွင် တကျူးတောင်ထွတ်မှ တပည့်အများစုသည် အအံ့သြဆုံး ဖြစ်ကြသည်ပင်။

“ဘာဖြစ်တာလဲ”

“ဘာလို့ ဒီလောက် အားကောင်းတဲ့ အငွေ့အသက်ကြီး ရုတ်တရက် ထွက်ပေါ်လာတာလဲ”

“မိစ္ဆာဂိုဏ်းသားတွေများ ထပ်ပြီး ကျူးကျော်လာကြတာလား”

တကျူးတောင်ထွတ်မှ တပည့်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

သူတို့အားလုံးသည် သူတို့၏ မှော်ရတနာများကို ထုတ်ယူလိုက်ကြပြီး လျိုကျင်းခန်းမ တွင် စုဝေးကာ ပတ်ဝန်းကျင်ကို အာရုံစိုက်ကာ ကြည့်ရှုနေကြသည်။

သို့သော်ထိုအချိန်တွင်

မျက်စိလျင်သော ဒူးဘိုင်ရှု သည် ကောင်းကင်ဘက်သို့ လက်ညှိုးထိုးပြပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “မိစ္ဆာဂိုဏ်းသားတွေ ကျူးကျော်တာ မဟုတ်ဘူးအဲဒါ ခုနစ်ယောက်မြောက် ညီလေးပဲ”

“မြန်မြန် ကြည့်လိုက်”

“အဲဒါ ခုနစ်ယောက်မြောက် ညီလေးရဲ့ မိုရွှယ် (မိုရွှယ် - အမှောင်ဆီးနှင်း) နတ်ဓားပဲ”

ထိုစကားကို ကြားသောအခါ

ပတ်ဝန်းကျင်ရှိ တကျူးတောင်ထွတ် တပည့်များ အားလုံး မော့ကြည့်လိုက်ကြရာ ကောင်းကင်ယံတွင် အလွန်တောက်ပသော ဓားအလင်းရောင်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ကြရပြီး ဓားအလင်းရောင်ထဲတွင် မိုရွှယ် နတ်ဓားက ရှိနေသည်။

ဒီမြင်ကွင်းကို မြင်လိုက်ရတော့...

တကျူးတောင်ထွတ်မှ တပည့်များသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

‘အကယ်၍ ဂျိချန်းဖန်သာ ဆိုရင်တော့...

အဓိပ္ပာယ်ရှိသွားပါပြီ’

“ဟေ..အမှောင်ဆီးနှင်း နတ်ဓားက ရှောင်ကျူးတောင်ထွတ်ဘက်ကို ပျံသွားသလိုပဲ”

လေးယောက်မြောက် အစ်ကိုကြီး ဟဲ့တာကျိ က အံ့သြစွာ ပြောလိုက်သည်။

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက်

တကျူးတောင်ထွတ် တပည့်များ၏ မျက်လုံးများတွင် အားကျမှု အရိပ်အယောင်များ လျှပ်ခနဲ ဖြစ်သွားသည်။

‘ အမှောင်ဆီးနှင်း နတ်ဓားက ရှောင်ကျူးတောင်ထွတ်ဘက်ကို ပျံသွားတယ်တဲ့လား’

‘ဒါဆိုရင် ဂျိချန်းဖန်က လက်ရှိ ရှောင်ကျူတောင်ထွတ်မှာ ရှိနေတာလား’

“ရွှစ်”

တောက်ပသော ဓားအလင်းရောင်သည် ကောင်းကင်ယံသို့ ထိုးတက်သွားကာ

ချက်ချင်းပင် ၎င်းသည် တိမ်များကြားမှ ခမ်းနားထည်ဝါသော အလင်းကွေးတစ်ခုထုတ်လွှတ်လိုက်၏။

ထိုအခါမှသာ

ကျင်းယွမ်တောင် ခုနစ်ခုလုံးမှ တပည့်များအားလုံးနီးပါး သတိထားမိလိုက်ကြကာ သူတို့သည် မျက်လုံးပြူးများဖြင့် ထိုအလင်းတန်းကြီး ရှောင်ကျူးတောင်ထွတ်ဘက်သို့ ကျဆင်းသွားသည်ကို ကြည့်ပြီး မည်သည့်အရာများ ဖြစ်ပျက်‌နေသနည်းဟု တွေးတောနေကြသည်။

တစ်ချိန်တည်းမှာပင်

တုန်းထျန်းတောင်ထွတ်၊ ယူကျင်းခန်းမတွင်

တောင်ထွတ် ခုနစ်လုံး၏ ဂိုဏ်းခေါင်းဆောင်များ အားလုံးသည် ထိုတောက်ပသော ဓား အလင်းတန်းကို ပထမဆုံး အခိုက်အတန့်၌ တွေ့ရှိလိုက်ကြပြီဖြစ်၏။သူတို့က မော့ကြည့်လိုက်ကြပြီး မျက်ခုံးများ ပင့်လိုက်ကြကာ မည်သည့်အရာများ အတိအကျ ဖြစ်ပျက်နေသနည်း ဆိုသည်ကို ခဏတာ မသိနိုင် ဖြစ်သွားကြသည်။

ဂရန်းမာစတာ ရွှယ်ယွဲ့သည်လည်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ထို့နောက်သူမသည် တစ်စုံတစ်ယောက်ကို သတိရသွားပုံ‌ ပေါ်ကာသူမ၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားသည်။

တစ်ဖက်တွင်မူ တာအိုရွှမ်း က...

သူသည် ထို အလင်းတန်း၏ သရုပ်မှန်ကို တစ်ချက်တည်းနှင့် မြင်တွေ့လိုက်သည်။

‘အမှောင်ဆီးနှင်း နတ်ဓားလား

ဟားဟားဟား လူငယ်တွေက တကယ်ကို အားအင်ပြည့်ဝကြတာပဲ’

တာအိုရွှမ်း ပြုံးပြီး ခေါင်းခါမိလိုက်၏။

ရှောင်ကျူတောင်ထွတ်၊ လကြည့်မျှော်စင်

လုရွှယ်ချီသည် ထျန်းယာ ဓားကို ကိုင်ဆောင်လျက် လှပစွာ ကခုန်နေသည်။

ကောင်းကင်ပြာရောင် ဓားအလင်းရောင်များ ဖြာထွက်နေပြီး သူမ၏ ဆံပင်များက လွင့်ပျံနေကာ အဖြူရောင် ဝတ်ရုံများကလည်းတလူလူ လွင့်နေ၏။ သူမသည် ကောင်းကင်မှ နတ်မိမယ် တစ်ပါးကဲ့သို့ လှပနေသည်ပင်။

ဂျိချန်းဖန် လက်ကို အနည်းငယ် မြှောက်လိုက်သောအခါ အမှောင်ဆီးနှင်း နတ်ဓားသည် ကောင်းကင်ကို ချက်ချင်း ထိုးဖောက်ပြီး သူ၏ လက်ထဲသို့ တန်းတန်းမတ်မတ် ပျံသန်းရောက်ရှိလာသည်။

“ဘွမ် ဘွမ် ဘွမ်—“

ကြည်လင်သောဓားသံက ဆက်တိုက်ထွက်ပေါ်လာကာ ဂျိချန်းဖန်က ပြုံးလျက်ပြောလိုက်၏-

“ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးက ကမ္ဘာပေါ်မှာ အလှဆုံး ဓားသိုင်းနဲ့ ထိုက်တန်တယ်။ ရွှယ်ချီ... ဒီဓားသိုင်း နာမည်ကို‌ ပြောပြမယ်”

“လရောင်အောက်က ပန်းပွင့်ချိန် ဓားသိုင်း”

သူ၏ စကားများ ပြီးဆုံးသည်နှင့် တစ်ပြိုင်နက်

ဂျိချန်းဖန်၏ အရှိန်အဝါက ရုတ်တရက် ပေါက်ကွဲထွက်လာကာ

“ဘုန်—“

တစ်ချိန်တည်းမှာပင် လက်ထဲမှနတ်ဓား လှုပ်ရှားသွားသည်ကာ ဓားဆန္ဒ အမျှင်တန်းများကို အဆက်မပြတ် ထုတ်လွှတ်လိုက်၏။

“ရွှစ်”

ဓားဆန္ဒသည် လေထဲတွင် မြင့်တက်သွားကာတဖြည်းဖြည်းချင်း မရေမတွက်နိုင်သော ပန်းရောင် မက်မွန်ပွင့်များအဖြစ် ပြောင်းလဲသွားသည်။

“ဝူး—“

ထိုအခိုက်အတန့်၌နူးညံ့သော လေညင်းတစ်ချက် တိုက်ခတ်သွားကာရှောင်ကျူးတောင်ထွတ် အနောက်ဘက်ရှိ မက်မွန်ခြံတစ်ခုတွင် မက်မွန်ပွင့်များ ရုတ်တရက် ပွင့်လန်းလာပြီး ကောင်းကင်အပြည့် ကြွေကျနေသော ပန်းပွင့်များအဖြစ် ပြောင်းလဲကာ လေနှင့်အတူ လွင့်ပါသွားကြသည်။

“ဟွမ်း—“

ခဏလေးအတွင်းမှာပင်...

ကြီးမားကျယ်ပြန့်သော ဓားချီသည် ရှောင်ကျူးတောင်ထွတ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ကောင်းကင်အပြည့်ရှိ ပန်းပွင့်များသည် မက်မွန်ပွင့်များဖြင့်သာ ဖွဲ့စည်းထားသဖြင့် ရှောင်ကျူတောင်ထွတ် တစ်ခုလုံး၏ အာရုံစိုက်မှုကို ချက်ချင်း ဆွဲဆောင်လိုက်သည်။

“ဝါး ပန်းပင်လယ်ကြီးပါလား”

“ကြည့်ပါဦး! ရှောင်ကျူးတောင်ထွတ်က ပန်းပင်လယ်ကြီး ဖြစ်သွားပြီ!”

“လှလိုက်တာ... သိပ်လှတာပဲ—“

ရှောင်ကျူတောင်ထွတ်မှ တပည့်မလေးများသည် လုံးဝမှင်သက် သွားကြသည်။

အပြင်ဘက်သို့ ကြည့်လိုက်ရာ မက်မွန်ပွင့်များ ကောင်းကင်တွင် ပြည့်နှက်နေပြီး လေညင်းအမျှင်တန်းများက မက်မွန်ပွင့်များကို သယ်ဆောင်သွားကာ ထက်မြက်သော ဓားဆန္ဒများဖြင့် လှပနေ၏။

‘ဒါက ကမ္ဘာပေါ်မှာ အလှဆုံး ဓားကွက်ပဲ’

ထိုအချိန်တွင်

ကျင်းယွမ်ဂိုဏ်း တစ်ခုလုံးရှိ လူတိုင်း လှမ်းကြည့်လိုက်ကြ၏။ယူကျင်းခန်းမရှိ တောင်ထွတ်ခေါင်းဆောင်များပင်လျှင် ရှောင်ကျူတောင်ထွတ်မှ ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိလိုက်ကြသည်။

ကောင်းကင်အပြည့် ပန်းပွင့်နေခြင်းက အံ့သြဖွယ်ကောင်းလှပေ၏။

တောင်ထွတ်ခေါင်းဆောင်များသည် ယူကျင်းခန်းမမှ ဖြည်းညှင်းစွာ ထွက်လာကြကာ

သူတို့၏ အကြည့်များသည် ရှောင်ကျူးတောင်ထွတ်ဆီသို့ ရောက်သွားပြီး ထိုပန်းပင်လယ်ထဲတွင် ပြည့်နှက်နေသော ရင်းနှီးသည့် ဓားဆန္ဒကို ခံစားလိုက်ရကာ သူတို့၏ မျက်လုံးများတွင် နားလည်သဘောပေါက်မှု အရိပ်အယောင်များ ပေါ်လာသည်။

‘ဂျိချန်းဖန်လား

ဟုတ်ပါရဲ့သူတစ်ယောက်တည်းကသာ ဒီလောက် ခမ်းနားထည်ဝါတဲ့ ဓားသိုင်းပညာကို ပြသနိုင်မှာလေ’

“ဝမ်—“

ကြည်လင်ပြတ်သားသော အသံတစ်ခုသည် ကျင်းယွမ်ဂိုဏ်း တစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။

“ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးက ကမ္ဘာပေါ်မှာ အလှဆုံး ဓားသိုင်းနဲ့ ထိုက်တန်တယ်!”

“ရွှယ်ချီ”

“ဒီဓားသိုင်းနာမည်က ‘လရောင်အောက်က ပန်းပွင့်ချိန်’ ပဲ”

ကောင်လေး၏ ကြည်လင်ပြတ်သားသော အသံက ကောင်းကင်နှင့် မြေကြီးကြားတွင် ပဲ့တင်ထပ် နေ၏။

ထိုအချိန်တွင်မှ..

လူတိုင်း နားလည်သွားကြသည်။

‘ဒီဓားသိုင်းနာမည်ကို လုရွှယ်ချီအတွက် ပေးတာပဲ

ပြီးတော့ လုရွှယ်ချီ တစ်ယောက်တည်းသာ ဒီလောက် လှပတဲ့ ဓားသိုင်းပညာနဲ့ ထိုက်တန်နိုင်မှာ’

ရှောင်ကျူးတောင်ထွတ်၊ လကြည့်မျှော်စင်

လုရွှယ်ချီ သည်ပန်းပွင့်ပင်လယ်ကြီးကို ကြည့်ကာမင်သက်နေမိ၏။ထို့နောက်သူမ၏စိတ်ထဲတွင် ချိုမြိန်မှုတို့ကို ခံစားလိုက်ရကာ ဂျိချန်းဖန်ထံသို့ ကျူးရှန်း ဓားအောက်ပေးဝင်စဉ် ချိန်ကကဲ့သို့ ပြေးဝင်သွားတော့သည်။

“ရွှစ်—“

လုရွှယ်ချီသည် ဂျိချန်းဖန်၏ ရင်ခွင်ထဲသို့ တိုးဝင်သွားပြီး သူ့ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်သည်။ သူမ၏ အပြစ်အနာအဆာကင်းသော မျက်နှာပေါ်တွင် ချစ်ခင်မြတ်နိုးမှုများ အပြည့် ရှိနေ၏။

“ဂိုဏ်းတူ အစ်ကိုကြီး ဂျိ—“ မိန်းကလေးက တိုးတိုးလေး ညည်းတွားလိုက်သော် ဂျိချန်းဖန် ပေါ့ပါးစွာ ပြုံးလိုက်သည်။ထို့နောက်

သူသည် လုရွှယ်ချီကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး သူမ၏ လှပသော မျက်နှာလေးကို ညင်သာစွာ ပွေ့ကိုင်လိုက်ကာ ထို နူးညံ့သော နီစွေးစွေးရောင် နှုတ်ခမ်းလေးကို နောက်တစ်ကြိမ် ထပ်မံ သိမ်းပိုက်လိုက်သည်။

“ဘုန်း”

ကောင်းကင်အပြည့် ပန်းပွင့်များသည် ဓားဆန္ဒ၏ အားဖြည့်ပေးမှုကို ဆုံးရှုံးသွားသောပခါချက်ချင်းပင် ၎င်းတို့သည် ကောင်းကင်မှ ကြွေကျလာပြီး အဆုံးမဲ့သော မက်မွန်ပွင့်များ ပြန့်ကျဲသွားကာ ရှောင်ကျူးတောင်ထွတ်ပေါ်တွင် ပန်းမိုး ရွာသွန်းနေသကဲ့သို့ ဖြစ်သွား၏။

ဂျိချန်းဖန်သည် လုရွှယ်ချီကို ညင်သာစွာ ပွေ့ဖက်ထားကာ ပန်းမိုးအောက်တွင် သူတို့သည် အဆုံးမရှိသော အနမ်းတစ်ခုကို ဖလှယ်နေကြသည်။

ပန်းရောင် မက်မွန်ပွင့်များသည် သူတို့၏ ခေါင်းပေါ်သို့ ကြွေကျလာသော်လည်း သူတို့သည် ပြင်ပမှ အရာအားလုံးကို လျစ်လျူရှုကာ တစ်ယောက်အပေါ်တစ်ယောက်အာရုံစိုက်ထားကြသည်။

သူတို့သည် သူတို့၏ရှေ့မှ လူကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားချင်ရုံ စိတ်သက်သက်သာရှိနေကြသည်ပင်။

All Chapters