← Chapters

အခန်း (၆၅၆-၆၆၀)

Vol. 34 Ch. 656-660

အခန်း (၆၅၆-၆၆၀)

Vol. 34 Ch. 656-660

အခန်း(၆၅၆)

အနက်ရောင်ဝတ်စုံနှင့် yabju၏ တစ်ဝက်သာပွင့်နေသော မျက်ဝန်းက မှေးကျဉ်းသွားပြီးနောက်တွင် သူ၏စိတ်အတွင်း အတွေးတစ်ခုက ဝင်ရောက်လာသည်။ ဒီတောင်က တူညီသောတောင် ဖြစ်နေသေးသည်။ သို့သော် မရေမတွက်နိုင်သော စစ်သည်ပေါင်းများစွာက ပေါ်ထွက်လာသည်။ သူတို့တွင် မတူကွဲပြားသော သံချပ်ကာဝတ်စုံများကို ဝတ်ဆင်ထားကြလျှက် တားကြလျှက် အင်အားစုသုံးခုမှ အပိုင်ဖြစ်ကြောင်း ပြသနေသည်။ ထိုလူများက ပြင်းထန်စွာဖြင့် တိုက်ခိုက်နေကြသည်။

သိပ်သည်းစွာ အပြည့်ရှိနေသော စစ်သည်တော်တိုင်း၏ အလယ်တွင် ကြီးမားလွန်းသော လူထွားကြီး လေးယောက်ကို မြင်လိုက်ရသည်။ ထိုလေးယောက်နှင့် နောက်ထပ် ကြီးမားသော ပုံရိပ်ကြီးတစ်ခုက ရွှေရောင်အလင်းများကို လွှတ်ထုတ်နေပြီး သူတို့ထံဦးတည်ကာ တိုက်ခိုက်နေသည်။

အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သော ကျွမ်းကျင်ပညာရှင်များကသာ ထိုတူရကီ yabju၏ စိတ်ထဲတွင် ပေါ်လာသော မြင်ကွင်းကို ပြန်မြင်ရလျှင် အထိတ်တလန့် ဖြစ်သွားလောက်သည်။ yabjuက ရှင်းလင်းစွာဖြင့်ပင် ထိုနေ့ကတိုက်ပွဲမှ မြင်ကွင်းတိုင်းကို ပြန်လည်သုံးသပ်နိုင်စွမ်း ရှိနေခဲ့သည်။ မြေပြင်မှ ခုတ်ရာခြစ်ရာများ အားလုံးကတင် သူ့ကို ထိုတိုက်ပွဲနယ်မြေကို ခန့်မှန်းသုံးသပ်ရန် လုံလောက်နေပြီဖြစ်သည်။

အရှေ့ဘက်နှင့် အနောက်ဘက်မှ တူရကီ khaganates နှစ်ခုလုံးတွင် လူတစ်ယောက်တည်းကသာ ထိုသို့လုပ်နိုင်သည်။ ထိုလူကလည်း အရှေ့ဘက် တူရကီမှတစ်ဆင့် တစ္ဆေမျက်လုံး yabju ဖြစ်သည်။

တစ္ဆေမျက်လုံး yabjuက ရှေ့သို့တက်လှမ်းပြီးနောက် ရုတ်တရက်ပြောသည်။

“ငါနားလည်ပြီ ခဲ့လော့ဖုန်းက ဒီနေရာမှာ လဲကျသွားခဲ့တာပဲ”

“ဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံး ဒီလိုအင်အားကြီးမားတဲ့ ကျွမ်းကျင်ပညာရှင်နှစ်ယောက်က ပူးပေါင်းလိုက်ပြီး အရှိန်အဟုန်မြင့် မှင်သက်ဖွယ်နတ်ဘုရားနဲ့ ဗာဂျရာ နတ်ဘုရားတစ်ယောက်တို့က ပြင်းထန်တဲ့တိုက်ပွဲကို ထုတ်ဖော်တိုက်ခိုက်ခဲ့တာ။ ဒါကြောင့် ခဲ့လော့ဖုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာ အံ့သြစရာ မရှိတော့ဘူး။ သူက သတိလက်လွတ်နိုင်တာကိုး”

“ဒါပေမဲ့ ခဲ့လော့ဖုန်းက ဘယ်လောက်ဉာဏ်ကောင်းလိုက်တဲ့ အရှင်သခင်လဲ။ သာမာန် ပုဂ္ဂိုလ်လောက်က မာန်ရှဲ့ကျောင်းကို ဒီအဆင့်ထိရောက်အောင် မမြင့်တင်နိုင်ဘူး။ ဒါကိုသူက ဘယ်လိုဖြစ်ပြီး သတိလက်လွတ် ဖြစ်သွားတာလဲ။ မဖြစ်သင့်တဲ့ အရာတစ်ခုခု ဖြစ်ခဲ့တာပဲဖြစ်ရမယ်”

တစ္ဆေမျက်လုံး yabju၏ အနောက်တွင် အရှေ့ပိုင်း တူရကီဗိုလ်ချုပ်တစ်ယောက်က မျက်မှောင်ကျုံ့လျှက် သံသယအပြည့်ကို ထုတ်ပြောသည်။

တစ္ဆေမျက်လုံး yabju က တိတ်ဆိတ်နေသည်။ အမှန်တိုင်းဆိုရသော် သူက အနောက်တောင်ပိုင်းက စစ်ပွဲက ကျရှုံးသွားခဲ့ပြီး ခဲ့လော့ဖုန်းက ပြင်းပြင်းထန်ထန် ဒဏ်ရာရကာ ကိုမာဝင်သွားကြောင်းကြားသော် အလွန်ထူးဆန်းသည်ဟု ခံစားနေရသည်။ အရှင်သခင် တစ်ယောက်အနေနှင့် သူ၏တာဝန်က နောက်ပိုင်းတွင်သာနေပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ခြုံငုံသုံးသပ်ရန်ဖြစ်သည်။ လိုအပ်မှသာသူက ဝင်ပါရမည်ဖြစ်သည်။ ဒါက တိုက်ပွဲမှ အခြေခံအကျဆုံး အချက်လည်း ဖြစ်နေသေးသည်။

ခဲ့လော့ဖုန်းက နောက်တန်းမှာသာ ရှိနေသင့်ပြီး ဒဏ်ရာမရခဲ့သင့်ချေ။ သူ၏စိတ်က ထိုသို့တွေးနေမိသည့်တိုင်အောင် သူက အကြောင်းပြချက်ကို ရှာ၍မရချေ။

တစ္ဆေမျက်လုံး yabjuက ပတ်ဝန်းကျင်ကို မေးခွန်းထုတ်သလို တစ်ချက်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် တောင်ထိပ်တစ်ခုပေါ်သို့ ဖြတ်သန်းရောက်ရှိသွားသည်။ သူက တစ်စုံတစ်ရာကို သတိထားမိလိုက်သည်။ သူက စဉ်းစားဆင်ခြင်ဉာဏ် မဲ့လို့မဟုတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို ငါးစာမျှားခဲ့တာ။ အဲ့ဒီကောင်လေး ဝမ်ချောင်က တော်တော်ကို အကြံအစည်ကြီးတယ်။ ခဲ့လော့ဖုန်းက လက်ထဲက ကစားစရာဖြစ်ခဲ့တာပဲ။

Yabjuက လေးနက်စွာ သက်ပြင်းချသည်။

တိုက်ပွဲပြီးသည်မှာ တစ်လကျော်ခန့် ကြာသွားခဲ့ပြီဖြစ်သည့်တိုင်အောင် သူ့ထံမှ ဘာကိုမျှ မဖုံးကွယ်ထားနိုင်ခဲ့ချေ။ တောင်ထိပ်မှသူ့ကို ခပ်အေးအေး ကြည့်နေသော ပုံရိပ်ကိုမြင်ချိန်တွင် ဒေါသထွက်နေမိသည်။ ခဲ့လော့ဖုန်းကိုပင် သူကမြင်ယောင်သွားသည်။ ထိုဒေါသက ခဲ့လော့ဖုန်း၏ စဉ်းစားဆင်ခြင်နိုင်စွမ်းအားကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

ဝမ်ချောင်ဆိုသော နာမည်က တူရကီများနှင့် မရင်းနှီးသေးချေ။ မည်သူကမျှလည်း ယခင်က မကြားခဲ့ဖူးချေ။ သို့သော် ဒီနေ့တွင် တိုင်းတစ်ပါးသား တိုင်းပြည်တိုင်းက မဟာထန်၏ မြို့ရိုးအနောက်ဘက်တွင် ငြိမ်သက်စွာရှိနေမည့် ထိုလူငယ်လေး၏ နာမည်ကို မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သောအသံဖြင့် မှတ်မိသွားကြမည်ဖြစ်သည်။ သူ၏နာမည်ကို မသိသူပင် မရှိလောက်တော့ချေ။

သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကို အလဲထိုးနိုင်ခဲ့ပြီး မာန်ရှဲ့ကျောင်းနှင့် တိဗက်စစ်သည်တော် သိန်းပေါင်းများစွာကို သတ်ဖြတ်နိုင်ခဲ့သောလူကို လျစ်လျူရှု့၍မရချေ။

သူတို့က သူ့အကြောင်း ဘာမျှမသိထားသည်ဟု စဉ်းစားဆင်ခြင်ကြည့်သောအခါ အားလုံးက ထိတ်လန့်သွားကြပြီး အလျင်စလို သူနှင့်ပတ်သတ်သော သတင်းအချက်အလက်များကို စုစည်းကြသည်။ ထိုကိစ္စက သာမာန်ကိစ္စ မဟုတ်ချေ။ သာမာန်ကင်းထောက်တစ်ယောက်က လုပ်ဆောင်၍ မရနိုင်ချေ။ ထို့ကြောင့် အမျိုးမျိုးသော အင်အားစုတိုင်းက အရေးကြီးသော အင်အားစုများကို စုံစမ်းစစ်ဆေးခဲ့ကြသည်။ ခဲ့လော့ဖုန်းက အရူးမဟုတ်ဘူး။ ဝမ်ချောင်က ဘယ်လိုကြောင့်များ သူ့ရဲ့အကြံအစည်က အောင်မြင်မယ်လို့ ထင်နေခဲ့တာလဲ။

တူရကီဗိုလ်ချုပ်ကလည်း စိတ်ရှုပ်ထွေးစွာ မေးလိုက်သည်။

တစ္ဆေမျက်လုံး yabjuက အနည်းငယ် တိတ်ဆိတ်သွားပြီးနောက် ရယ်သည်။

“အနောက်တောင်ပိုင်းမှာ ပထမဦးဆုံး တင်ပြခဲ့တဲ့ သတင်းပို့ရှိနေသေးလား”

“ဟုတ်ကဲ့အရှင် ဒီမှာပါ”

ထိုတူရကီဗိုလ်ချုပ်က ခပ်မြန်မြန် စာတစ်စောင်ကို ပေးလိုက်သည်။ ထိုစာကို တူရကီဘာသာဖြင့် ရေးထားသည်။

“ဟား ဟား မျှော်လင့်ထားတဲ့အတိုင်းပဲ”

Yabjuက တခဏခန့် စိုက်ကြည့်နေပြီးနောက် ရယ်သည်။

“အရင်ကပို့လာတဲ့ တင်ပြချက်တွေက မာန်ရှဲ့ကျောင်းရဲ့ စစ်တပ်ထဲက မီးခိုးတွေ ထွက်လာခဲ့တယ်လို့ ပြောကြတယ်။ သူတို့ရဲ့ကြည်တွေက တိုက်ခိုက်ခံလိုက်ရတာ။ သူတို့ရဲ့ ရိက္ခာတွေအားလုံး ဖျက်ဆီးခံလိုက်ရတယ်။ မာန်ရှဲ့ကျောင်းက စစ်သည်တော် သိန်းကျော်ရှိတာ။ သူတို့အတွက် လိုအပ်တဲ့ ရိက္ခာက သေချာပေါက် မနည်းပါးဘူး။ ပိုဆိုးတာက ခဲ့လော့ဖုန်းက အမြဲတမ်း ရည်မှန်းချက်ကြီးတဲ့လူ။ သူက အနောက်တောင်ပိုင်းကို သူ့ရဲ့ခုန်ကျော်မဲ့ ဘုတ်ပြားတစ်ခုအဖြစ်သုံးပြီး အကြီးကြီး လှမ်းချင်နေတာ။ ဒီတော့ လူသန်းပေါင်းများစွာအတွက် လုံလောက်မဲ့ ရိက္ခာပေါင်းများစွာက မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့အခါ ရည်မှန်းချက်ကြီးတဲ့ ခဲ့လော့ဖုန်းက ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားသမျှ အလဟာသဖြစ်သွားတာပေါ့။ ဒါကြောင့်ပဲ ခဲ့လော့ဖုန်းက စဉ်းစားဆင်ခြင်နိုင်စွမ်းအား မဲ့သွားတာ”

Yabjuက သက်ပြင်းချသည်။ သူ၏မျက်ဝန်းထဲတွင် ပြင်းထန်သည့် လေးစားမှုနှင့် အသိအမှတ်ပြုမှုကို မြင်နိုင်သည်။

“ဒီတိုက်ပွဲကသာ အထွတ်အထိပ် မရောက်နေခဲ့ရင် ခဲ့လော့ဖုန်းကလည်း ဘာမျှဝင်စွက်ဖက်မှာမဟုတ်ဘူး။ သွမ့်ခဲ့ချွမ်ကသာ တိုက်ပွဲထဲကို မဝင်ရောက်ခဲ့သေးရင် သေချာပေါက် သွမ့်ခဲ့ချွမ်ကသူ့ကို မလှုပ်ရှားဖို့ အကြံပေးခဲ့မှာပဲ။ အန်းနန်အစိုးရစစ်တပ်က မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ အာရုံစိုက်မှုတွေအားလုံးကို ခံလိုက်ရပြီး ဖိအားအရမ်းကို များနေခဲ့လိမ့်မယ်။ ဒီလိုအခြေအနေမျိုးမှာ ရိက္ခာကို ဖျက်ဆီးနိုင်တဲ့လူ မရှိသင့်ဘူး”

“ဒီလိုဆိုမှ ဒီကောင်လေးကသာ ဒီနေရာမှာ မရှိခဲ့ရင် ဘယ်သူကမှ ခဲ့လော့ဖုန်းကို ရန်စမှာမဟုတ်သလို တိုက်ပွဲကလည်း ဒီလိုအဆုံးသတ်မှာမဟုတ်ဘူး။ သူက တောင်ထိပ်မှာရပ်နေပြီး ခဲ့လော့ဖုန်းကို သူကိုယ်တိုင်သုံးဖို့ ငါးစာမျှားနေတဲ့အချိန်မှာ သူက ဝမ်ရန်နဲ့ ရှန်ယွီကျုံ့ထုံးကို ဘေးဘက်ခြမ်းကနေ သူတို့ရဲ့ နတ်ဘုရားလို လူကြီးတွေကို အသင့်ပြင်ခိုင်းထားလိမ့်မယ်။ အကြံအစည်တွေ အားလုံးက ပြီးမြောက်အောင်မြင်ပြီး အနီးဆုံး ရောက်ရှိနေမှာ ဒီကျော်ကြားတဲ့ ငါကတစ်ချိန်က တိုက်ခိုက်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်တွေက ကိုင်တွယ်နိုင်ခဲ့တာပဲ။ သူတို့တွေအားလုံးရဲ့ တိုက်ပွဲကို ငါကအတွေ့အကြုံ ရှိထားပြီးသား။ ဒီလောက်မြင်နိုင်စွမ်းအားရှိပြီး အကြံအစည်ချိနိုင်တဲ့ ပုဂ္ဂိုလ်မျိုး ငါတစ်ခါမှ မကြုံခဲ့ဖူးသေးဘူး။ တကယ်ကို ကြောက်စရာကောင်းတဲ့ ပြိုင်ဘက်ပဲ။ မျှော်လင့်ထားတာက သူက(၁၇)နှစ်ပဲ ရှိသေးတာတဲ့”

တူရကီဘာသာစကားဖြင့် ပို့လာသော ပထမဦးဆုံး ရောက်လာသည့် ထိုသတင်းတွင် ဝမ်ချောင်က နတ်ဘုရားကဲ့သို့ ဗျူဟာများကို ထုတ်နိုင်သောစိတ်ကို ပိုင်ဆိုင်ထားကြောင်း ပြောထားသည်။ သို့သော် တစ္ဆေမျက်လုံး yabjuကမူ တိုက်ပွဲနယ်မြေကို စဉ်းစားသုံးသပ်ပြီးနောက် ထိုသတင်းထဲတွင် ဖော်ပြနိုင်သည်ထက် ပိုသော သတင်းအချက်အလက်များကို သိလိုက်ရသည်။

Yabjuက မဟာထန်မှ ထိုလူငယ်လေးကို သူကဘယ်သောအခါမှ မတွေ့ခဲ့ဖူးသော်လည်း သူက မလှုပ်ရှားခင် ကတည်းက အရာအားလုံးကို ကြိုတင်ကြံစည်ထားခဲ့ကြောင်း သိလိုက်ရသည်။

အ့ဟိုင်မှ ခြင်္သေ့မြို့ နတ်ဘုရားတောင်ပေါ်မှ မတ်စောက်လွန်းသော မြို့ရိုးနံရံကြီးများ တိဗက်တောင်ပေါ်မှ သားရဲကပ်ဘေး မာန်ရှဲ့ကျောင်း၏ ရိက္ခာများ သိုလှောင်ထားရာ ကျီများကို မီးရှို့ခဲ့ခြင်း စသောအရာအားလုံးကို ပြစ်ချက်မရှိအောင် သူကကြိုတင်ကြံစည်ခဲ့သည်။

ထိုသို့ တွေးကြည့်ရုံဖြင့်ပင် yabjuက ကျဉ်းကြပ်သွားပြီး ချွေးစေးများပင် ကျလာသည်။ သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့က သူတို့ရှေ့ရှိ တိုက်ပွဲနယ်မြေကို စဉ်းစားဆင်ခြင်နေချိန်တွင် ထို(၁၇)နှစ်သာရှိသေးသော ကောင်ငယ်လေးက အရာအားလုံးကို ကြိုတင်စီစဉ်ချထားပြီး တစ်လောကလုံးကို ဖြန့်ကျက်ကြည့်နိုင်နေလေပြီ။ သူ့ကို မည်သည့်အရာကမျှ တားဆီးနိုင်မည်မဟုတ်ချေ။

ထိုအတွေးနှင့် အကြံအစည်များကပင် သူ့ကို တုန်လှုပ်သွားစေရန် လုံလောက်နေပြီဖြစ်သည်။

သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့က ကံကောင်းမှုကြောင့် ရှုံးနိမ့်သွားခဲ့ခြင်းမဟုတ်ချေ။ အမှန်တိုင်းဆိုရသော် တစ္ဆေမျက်လုံး yabjuက ထိုစစ်ပွဲက အနောက်တောင်ပိုင်းတွင် ဖြစ်ပျက်ခဲ့ပြီး အရှေ့မြောက်ပိုင်းတွင် ဖြစ်ခဲ့သည့်အတွက် ဂုဏ်ယူမိသွားသည်။

ထိုကောင်လေး ရင်ဆိုင်ရသောလူက သာ့လွန်ရော့ကျန်းနှင့် သွမ့်ခဲ့ချွမ်တို့ ဖြစ်နေပြီး သူနှင့်အရှေ့ဘက် တူရကီမှ khaganade မဟုတ်ခဲ့ပေ။

“ခါကန်းကို ငါတို့ရဲ့အင်အားကို နှစ်ဆုထုတ်ပြီး ဝမ်ချောင်နဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို စုစည်းခိုင်းလိုက်။ ငါတို့ဒီကောင်လေးရဲ့ လှုပ်ရှားမှုတိုင်းကို လိုက်ကြည့်နေဖို့ လိုအပ်တယ်။ ဖြစ်နိုင်ရင် အမြန်ဆုံးသူ့ကို အမြစ်ဖြတ်သုတ်သင်ရမယ်။ ဒါပေမဲ့ ငါတို့ဖြစ်ကြောင်း ပြသမဲ့ခြေရာတွေ ကျန်ရစ်စေခဲ့လို့ မဖြစ်ဘူး”

“ဟုတ်ကဲ့အရှင် yabju”

အနောက်တောင်ပိုင်း နတ်ဘုရားတောင်ပိုင်းမှ မဟာထန်နှင့် မာန်ရှဲ့ယွီစန်း မဟာမိတ်ကြားမှ စစ်ပွဲက အင်အားစုပေါင်းများစွာကို မနေနိုင်ဘဲ လာရောက်စစ်ဆေး ကြည့်ရှု့စေခဲ့သည်။

ထိုအချိန်တွင် အဖွဲ့အစည်းပေါင်း များစွာက ရောက်ရှိနေကြသည်။ ထို့ကြောင့် goguryeons နှင့် တူရကီများသာ မဟုတ်တော့ချေ။

နတ်ဘုရားတောင်တန်း အခြားသော နေရာတွင်လည်း ဟူကုန်သည်ပေါင်းများစွာက အကြည့်ပေါင်းများစွာ ပို့လွှတ်နေပြန်သည်။ မဟာထန်က မည်သည့်ခေတ်တွင်မဆို တိုင်းတစ်ပါးသားများကို လက်ကမ်းကြိုဆိုသည်။ ထိုဟူကုန်သည်များက ဂိတ်များကို ကျော်ဖြတ်ပြီးနောက် မဟာထန် မြို့တော်ထဲသို့ ဝင်ရောက်ခွင့် ရရှိထားပြီးဖြစ်လေရာ စီးပွားရေးလုပ်ငန်းကို လုပ်ဆောင်နိုင်လေပြီ။ မဟာထန်မှ လူများအတွက် အတွင်းပိုင်းသို့ ဝင်ရောက်လာသော ဟူများကိုမြင်ရခြင်းက မစိမ်းသက်ပေ။

သို့သော် ထိုမျက်လုံးစိမ်းများက သူတို့၏နောက်ခံအဆင့်များကို ဖော်ထုတ်ပြသနေသည်။ သူတို့က အာရပ်လူများဖြစ်သည်။

ဟူများအတွက် အာရပ်များက သူတို့နှင့်မတူညီဘဲ မှတ်မိရန် လွယ်ကူသည်။ မဟာထန်မှ လူများအတွက်မူ ဟူနှင့်အာရပ်များက တစ်ပုံစံထဲတူပြီး ခွဲခြားရန်ခက်ခဲပေလိမ့်မည်။

“ငါရှာတွေ့ပြီ”

အာရပ်လူမျိုးတစ်ယောက်က အာရပ်ဘာသာစကားဖြင့် ပြောလိုက်သည်။ ထို့ကြောင့် အခြားသူများက နားလည်ရန် ခက်ခဲသည်။

တောင်ခြေတွင် အာရပ်များက သူတို့ရှာနေသောပစ္စည်းကို ရှာတွေ့သွားသည်။ ထိုအရာက ကွဲကြေနေသော သံချပ်ကာပစ္စည်းဖြစ်သည်။ အန်းနန်အစိုးရစစ်တပ်က တိုက်ပွဲနယ်မြေကို ရှင်းလင်းရေးလုပ်ခဲ့သော်လည်း သိန်းပေါင်းများစွာသော အလောင်းများက အပြည့်ဖုံးနေလေရာ သူတို့အနေဖြင့် အပြည့်အဝ ရှင်းလင်းရန် မဖြစ်နိုင်ခဲ့ချေ။ ထို့ကြောင့် ပိုက်ကွန်ထဲမှလွတ်သွားသော ငါးများကရှိခဲ့သည်။

“ချောမွေ့စွာနဲ့ ဖြတ်တောက်ထားနိုင်ခဲ့တာ ဘယ်လောက်တောင် ထက်ရှတဲ့ဓားလဲ”

အာရပ်လူမျိုးတစ်ယောက်က မြေပြင်မှ ထိုအပိုင်းအစတစ်ခုကို ယူပြီးနောက် လေထဲသို့မြှောက်ကာ စစ်ဆေးကြည့်သည်။ ဒါက အပြားသံချပ်ကာဖြစ်သည်။ ပုခုံးသားမှဖြစ်လောက်သည်။

သူ၏လက်ထဲတွင် ထိုသံချပ်ကာက အလွန်လေးလံကာ ထူထည်းကြောင်း ခံစားမိနေသည်။

တိဗက်များ၏ သံချပ်ကာက အာရပ်များက ကြည့်ရှု့သည့်အမြင်နှင့်ပင် အကြမ်းထည် သံချပ်ကာများကိုသာ ပြုလုပ်ထားကြသည်။ သို့သော် တိဗက်များ၏ ထိုပစ္စည်းများကို သွန်းလုပ်ရာတွင် အဓိကအာရုံစိုက်ထားသည်မှာ သူတို့၏ သံချပ်ကာကို အကြမ်းထည်သာ ပြုလုပ်ထားသော်လည်း အခြားဘက်ထောင့်မှ အရည်အသွေး မြင့်မားစေခြင်းဖြစ်သည်။ ထိုအရာက အလွန်လေးခြင်းဖြစ်သည်။ အလွန်းလေးသည် အကြမ်းခံသည်။

ထိုကဲ့သို့သော သံချပ်ကာများက အာရပ်များကို ပေးလျှင်ပင် သူတို့၏ထက်ရှသော လက်နက်များကို ခေါင်းကိုက်စေပေလိမ့်မည်။ သို့သော် ဒါကသူတို့ဒီနေရာသို့ ရောက်လာသည့် အကြောင်းပြချက်မဟုတ်ပေ။

ထိုအချိန်တွင် အာရပ်တိုင်းက ထိုပုခုံးကာသံချပ်ကာမှ ဖြတ်တောက်နေသည့် အရာကိုသာ အာရုံစိုက်နေကြသည်။

“အရမ်းကို ချောမွေ့နေတယ်။ နောက်ပြီး ထက်လည်းထက်ရှတယ်။ ဒါကမှန်လိုပဲ။ မဟာထန်က အဲ့ဒီကောင်လေး ဖန်တီးထားတယ်ဆိုတဲ့ ဝု့စ်သံမဏိဓားနဲ့ လုပ်ထားတာများ ဖြစ်နေမလား”

အာရပ်တစ်ယောက်က သံချပ်ကာကို စစ်ဆေးကြည့်ပြီးနောက်တွင် သူ၏မျက်ဝန်းအတွင်း အလင်းတန်းက လက်လာသည်။

တိုင်းတစ်ပါးသားများက မဟာထန်နယ်စပ်တွင် ရှိနေသည်နှင့် မတူညီသည်မှာ အာရပ်များက စစ်ပွဲကို စိတ်ဝင်စားကြသည်။ သူတို့အတွက် ပို၍စိတ်ဝင်စားသည့် အရာရှိသည်။ ထိုအရာက ဝု့စ်သံမဏိလက်နက်များဖြစ်သည်။

ဒီစစ်ပွဲက abbasidcaliphade နယ်မြေတစ်ခုလုံးကို ဆွဲဆောင်နိုင်ခဲ့သည်။ လက်ရှိအချိန်တွင် စစ်တပ်မှ စစ်သည်တော် တစ်ထောင်ခန့်ကသာ ဝု့စ်သံမဏိလက်နက်များကို ကိုင်ဆောင်နိုင်ကြလေသည်။ တိုက်ပွဲတွင် သူတို့၏စစ်တပ်က တိဗက်မြင်းတပ်ကို သူတို့ထက် နှစ်ဆခန့်အင်အားများနေသော အရှိန်နှုန်းဖြင့်ပင် အလဲထိုး အနိုင်ရနိုင်ခဲ့သည်။ ထိုအရှိန်နှုန်းက မရပ်တန့်နိုင်လောက်အောင် ပြင်းထန်လွန်းသည်။ တိုက်ပွဲ၏ နောက်ပိုင်းတွင် ထိုစစ်တပ်က မာန်ရှဲ့ယွီစန်းစစ်တပ်ကို အလုံးအရင်းဖြင့် တိုက်ခိုက်နိုင်ခဲ့လေသည်။

Abbasidcaliphade အတွက် လက်နက်သွန်းလုပ်နေသော နေရာက မည်မျှပင် ကျွမ်းကျင်နေစေကာမူ သူတို့ထုတ်လုပ်နိုင်သော လက်နက်များက မည်မျှအရည်အသွေးမြင့်ကာ သတ်ဖြတ်နိုင်စွမ်းအား ရှိနေစေကာမူ ဒီသတင်းက တုန်လှုပ်ဖွယ်ရာဖြစ်သည်။

မည်သို့ပင်ဆိုစေ လက်နက်တစ်ထောင်တည်းနှင့် မဟာထန်မှ အသုံးပြုသူများကဲ့သို့ မြင်းတပ်တွင် ကျွမ်းကျင်ခြင်းမရှိသော လူများက အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သည်။ အာရပ်များကသာ ထိုမျှထက်ရှသော လက်နက်များကို ကိုင်ဆောင်နိုင်ခဲ့လျှင် အရေအတွက်က တစ်သောင်းဆိုလျှင်ပင် သူတို့က abbasidcaliphadeကို ယွီစန်းထက် ပို၍အင်အားကြီးမားအောင် လုပ်နိုင်ပေလိမ့်မည်။ သူတို့က တိုက်ပွဲနယ်မြေတွင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လာပေလိမ့်မည်။

“ငါမယုံဘူး ဒီလောက်ထူတဲ့ သံချပ်ကာကို စက္ကူလို လှီးဖြတ်နိုင်ဖို့က မဖြစ်နိုင်ဘူး”

“ငါတော့ယုံတယ်။ ငါတို့ရဲ့ ပန်းပဲအတက်က မဟာထန်ထက် အဆပေါင်းများစွာမြင့်တယ်။ ဒါပေမဲ့ ငါတို့ရဲ့ ဘယ်လက်နက်ကမှ ဒီလိုမလုပ်နိုင်ဘူး”

“hyderabad တွင်းကျောက်က ပုံမှန်အားဖြင့် ဒီလောက်ထိ လုပ်နိုင်စွမ်းအားရှိတယ်။ ငါကသာ ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ရတာမျိုးမဟုတ်ရင် ယုံကြည်မှာမဟုတ်ဘူး”

“နောက်ပြီး ပန်းပဲဖိုတွေကလည်း အမျိုးမျိုးသော လက်နက်တွေကို ထုလုပ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါပေမဲ့ ဒီအဆင့်ထိ မရောက်ခဲ့ကြသေးဘူး။ ထန်က ဝမ်ချောင်လို့ခေါ်တဲ့ ကောင်လေးက ဘယ်လိုများ လုပ်ခဲ့တာလဲ”

“ဝု့စ်သံမဏိလက်နက်တွေက တိုက်ပွဲနယ်မြေမှာ သူတို့ရဲ့ လုပ်နိုင်စွမ်းအားကို ပြသနိုင်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ဒါကို နည်းနည်းလောက် ရအောင်ယူမှဖြစ်လိမ့်မယ်။ ဘယ်လိုနည်းနဲ့မဆို ငါတို့ ရအောင်ယူမှ ဖြစ်လိမ့်မယ်”

ထိုအဖွဲ့က ထိုသံချပ်ကာများကို ချောမွေ့စွာ လှီးဖြတ်နိုင်သည့် အရာကို လိုက်ကြည့်နေကြသည်။ သူတို့၏ မျက်လုံးထဲတွင် တောက်လောင်မှုကို မြင်နိုင်သည်။ သူတို့က အတိတ်တွင် မည်သို့တွေးနေစေကာမူ ဒီနေ့ကစတင်ပြီး ထိုအာရပ်တိုင်းက သူတို့၏ လက်မှုပညာသည်များကို မဟာထန်မှ ဝမ်ချောင်ဟုဆိုသော ထိုကောင်ငယ်လေးအကြောင်း သိရတော့ပေမည်။ ဒါက ဒီလက်မှုပညာရှင်တိုင်း၏ အစစ်အမှန် နတ်ဘုရားဒိုင်းကဲ့သို့သော တည်ရှိမှုမျိုး ဖြစ်နေသောကြောင့်ဖြစ်သည်။

အခန်း(၆၅၇)

အနောက်နယ်မြေမှ လူများက တစ်ဖွဲ့ပြီးတစ်ဖွဲ့ ထိုတောင်ပတ်ဝန်းကျင်တွင် ပေါ်လာသည်။ ဟူနှင့် အခြားသော မျိုးနွယ်ခြားများကသာ ဒီစစ်ပွဲကို အာရုံစိုက်နေခြင်းမဟုတ်ချေ။ မဟာထန်၏ ကာကွယ်ရေး ဗိုလ်ချုပ်များနှင့် မဟာဗိုလ်ချုပ်ကြီးများဖြစ်သည့် ကျန်းရှို့ကွေး၊ ဖုမန်လင်းချာ၊ ခဲ့ရှု့ဟန်၊ ကောင်းရှန်းကျစ်၊ အန်းစစ်ဟွေးတို့ကဲ့သို့သော ပုဂ္ဂိုလ်ကြီးများကလည်း အနောက်တောင်ပိုင်းက အမှန်တရားကိုသိရရန် သူတို့ ယုံကြည်ရသော ကင်းထောက်များကို စေလွှတ်ခဲ့သည်။

ထိုစစ်ပွဲ အဆုံးသတ်သွားခဲ့သည်မှာ တစ်လကျော်သွားခဲ့ပြီ ဖြစ်သည့်တိုင်အောင် မဟာထန်၏ ထိုအဆင့်မြင့် ဗိုလ်ချုပ်ကြီးများအတွက် ဝမ်ချောင်က မာန်ရှဲ့ယွီစန်းစစ်တပ်ကို မည်သို့အလဲထိုး အနိုင်ယူခဲ့သည်ဆိုသော ကိစ္စက ပဟေဠိဖြစ်နေခဲ့သေးသည်။

သူတို့ကလည်း ဒီစစ်ပွဲနှင့် ပတ်သတ်သည့် သတင်းအချက်အလက်ပေါင်း များစွာကို ရယူခဲ့ထားသည့်တိုင်အောင် ဒါက စာရွက်ပေါ်မှ ရှင်းပြထားသော အချက်များ ဖြစ်နေခဲ့သည်။

ထိုကဲ့သို့သော မဟာဗိုလ်ချုပ်ကြီးများအတွက် ဝမ်ချောင်ဆိုသော နာမည်က ဘာမှမဟုတ်သော သာမာန်လူ ဆယ်ကျော်သက်တစ်ယောက်၏ နာမည်မျှသာ ဖြစ်ခဲ့သည်။ လူအများစုကလည်း အနောက်တောင်ပိုင်းက အရှုံးကို ကြိုတင်ပြင်ဆင်ထားပြီး ဘက်တိုင်းမှာ အားဖြည့်ပေးရန်ပင် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သို့သော် ထိုအချိန်တွင် အနောက်တောင်ပိုင်းက နိုင်သွားခဲ့သည်။ ထိုအခြေအနေက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။

ဝမ်ချောင်က ရိုးရှင်းသော နာမည်ဖြစ်သည်။ သို့သော် ဟူမဟာဗိုလ်ချုပ်ကြီးများကဲ့သို့ ယခင်မတော်တဆမှုတွင် သူ့ကို အရိုးစွဲအောင် မုန်းနေခဲ့သော လူများဖြစ်သည့် ဖုမန်လင်းချာ၊ ကောင်းရှန်းကျစ်၊ ခဲ့ရှု့ဟန်နှင့် အန်းစစ်ဟွေးတို့ကပင် သူ့ကို အထင်မသေးရဲတော့ချေ။

“ငါမယုံဘူး”

“ဘယ်လောက်တောင် ရိုင်းစိုင်းရမ်းကားတဲ့ တိုက်ပွဲလဲ”

“မြေဆီလွှာတွေတောင်မှ နီရဲသွားတယ်။ လူတွေဘယ်လောက်တောင် သေသွားကြတာလဲ”

“အရှင် မှားနေတာများလား။ ဒီဝမ်ချောင်က ငါတို့ထက်တောင် ကြောက်စရာကောင်းနေသေးတယ်”

မရေမတွက်နိုင်သော ကင်းထောက်များ၊ စုံစမ်းစစ်ဆေးသူများ၊ သူလျိုများ အားလုံးက အနောက်တောင်ပိုင်း၏ စစ်မြေပြင်မှ အမှတ်အသားရာများကို အံ့အားတကြီး ကြည့်ကြသည်။ သူတို့အားလုံးကလည်း တိုက်ပွဲနယ်မြေမှ ငရဲလို ကြမ်းတမ်းသော မြေမျက်နှာသွင်ပြင်တွင် ရှင်သန်ကြီးထွားလာခြင်းဖြစ်သည့်အတွက် ဒီလိုနယ်မြေမျိုးကို ကောင်းမွန်စွာ နားလည်ထားကြသည်။

ဒီတိုက်ပွဲနယ်မြေတွင် လူပေါင်းများစွာ သေသွားခဲ့သည်။ အနောက်မြောက်ပိုင်းတွင်ဖြစ်စေ၊ အရှေ့မြောက်ပိုင်းတွင်ဖြစ်စေ၊ ပေ့ထင်းတွင်ဖြစ်စေ နေရာတိုင်းက တစ်နှစ်ပတ်လုံး ယခုကဲ့သို့ စစ်ဖြစ်နေခြင်းဖြစ်သည်။ သို့သော် မည်သည့်နေရာကမှ ယခုလောက်ထိ ကြမ်းတမ်းမဆိုးရွားခဲ့ချေ။ သူတို့ကဲ့သို့ လူဟောင်းများအတွက်ပင် ဒီနယ်မြေမှ သွေးညှီရနံ့က ပြင်းလွန်းကာ အေးစက်လွန်းသည်ဟု ခံစားရသည်။

ရာထူးမြင့် ဗိုလ်ချုပ်ကြီးများနှင့် မတူညီသည်မှာ ထိုရာထူးနိမ့် လူဟောင်းစစ်သည်တော်တိုင်းက နောက်ဆုံးတခဏတွင် ထိုစစ်သည်တော်များ၏ ရုန်းကန်မှု ပြင်းထန်သည့် အော်ဟစ်သံများကို ခံစားမိနိုင်ကြသေးသည်။

အန်းနန်အစိုးရစစ်တပ်မှ စစ်သည်တော် တစ်သိန်းကျော်က မာန်ရှဲ့ယွီစန်းစစ်တပ် ငါးသိန်းနှင့် ရင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသတင်းကိုသူတို့ စကြားချိန်တွင် ယုံကြည်ရန် အလွန်ခက်ခဲခဲ့သည်။ အကြောင်းမူကား နယ်စပ်မှ တိုက်ပွဲများက ထိုအခြေအနေထိရောက်ရန် ခဲယဉ်းသွားသောကြောင့်ဖြစ်သည်။ သို့သော် သူတို့က တိုက်ပွဲ၏ အခြေအနေနှင့် နီရဲနေသော မြေဆီလွှာများကို မြင်ရပြီး ကိုယ်တိုင်ခြေဖြင့် ချနင်းပြီးမှသာ မည်သူမျှ သံသယမဝင်ရဲတော့ခြင်းဖြစ်သည်။

သူတို့ခံစားရသော အံ့အားသင့်မှုက ပြင်းထန်လွန်းလေသည်။

ဝမ်ချောင်ဟုခေါ်သော ကောင်လေးက အန်းနန်အစိုးရစစ်တပ်မှ စစ်သည် တစ်သိန်းထဲသို့ ဦးဆောင်ကာ ဒီသွေးလမ်းကို ထွင်းဖောက်ခဲ့ပြီး မာန်ရှဲ့ယွီစန်းစစ်တပ်၏ စစ်သည်ငါးသိန်းကို အလဲထိုးနိုင်သော ကိစ္စကို တွေးမိရုံဖြင့်ပင် ဝမ်ကလန်မှ ထိုအငယ်ဆုံးသားကို စစ်သည်တော်တိုင်းက လေးစားမိကြသည်။

ဖလပ် ဖလပ်

မရေမတွက်နိုင်သော သတင်းပို့ပင်ဂွင်းများက အရပ်မျက်နှာအနှံ့ ဖြန့်ကျက်သည်။ သူတို့က ရထားသော သတင်းအသစ်များကို သူတို့၏ ဆရာများကို ပြန်လည်တင်ပြရမည်ဖြစ်သည်။ နယ်စပ်မှ ဗိုလ်ချုပ်ကြီးများပင်ဖြစ်စေ တိုင်းတစ်ပါးသား အင်အားစုများပင်ဖြစ်စေ မဟာထန်ပတ်ပတ်လည်တွင် ဝိုင်းနေကြသည်။

ထိုအင်အားစုများ၏ ထိုဉာဏ်ရည်မြင့် သတင်းပို့များထဲတွင် နာမည်တစ်ခုက ထင်ရှားစွာပါသည်။ ထိုနာမည်က ဝမ်ချောင်ဖြစ်သည်။

မဟာထန် အနောက်တောင်ပိုင်းနှင့် နယ်စပ်များမှ ကိစ္စများအားလုံးကို ဘေးဖယ်ထားလိုက်လျှင် အင်ပါယာကိုယ်တိုင်ကပင် အောင်ပွဲခံ ပျော်ရွှင်စည်ကားမှုဖြင့် သိုက်မြိုက်နေသည်။

“လမ်းဖယ် လမ်းဖယ်”

ဝမ်ချောင်၏ ဆုချီးမြှင့် အခမ်းအနားပွဲက ပြီးဆုံးသွားပြီး သိပ်မကြာခင် အနီရောင်သံချပ်ကာများကို ဝတ်ဆင်ထားသော မြင်းတပ်က နန်းတွင်း၏ဂိတ်ပေါက်မှ ထွက်လာပြီး မြို့တော်၏နေရာတိုင်းသို့ ဖြန့်ကျက်သွားသည်။

စွစ်

ထိုမြင်းတပ်မှ ခေါင်းဆောင်က မြင်းပေါ်မှစီးပြီးနောက် မြို့ရိုးနံရံထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားကာ အဝါရောင်စာရွက်ပေါ်တွင် ရေးသားထားသော ကြေညာချက်စာလွှာကို ဖတ်လိုက်သည်။ ထိုနေရာတွင် ရုံးတော်ခြောက်ခုလုံးမှ စည်းတံဆိပ်ကိုလည်း ခတ်နှိပ်ထားသည်။ ထိုသို့လုပ်ပြီးသည်နှင့် မြင်းတပ်က ချက်ချင်းလိုလို ထွက်ခွာသွားသည်။

“ဟား ဟား ဟား ဝမ်ချောင်က နောက်ဆုံးတော့ အမတ်ဖြစ်သွားပြီ။ အမတ်ဘွဲ့ရသွားပြီ”

“လူငယ်အမတ်လား ငါဒါကို အရင်ကမကြားဖူးဘူး။ အရှင်မင်းကြီးက သူ့အတွက် သီးသန့်အမတ်ဘွဲ့ ချီးမြှင့်ပေးလိုက်တာလား”

“ဟေး သူအနောက်တောင်ပိုင်းမှာ လုပ်ခဲ့တဲ့ကိစ္စတွေကို ကြည့်ရုံနဲ့တင် ဒီအမတ်ဖြစ်တာက ဘာများထူးခြားလို့လဲ။ သူက လူငယ်သူရဲကောင်းပဲ။ ဒီလိုခမ်းနားတဲ့ ဆုလဒ်က မျှော်လင့်ထားတဲ့အတိုင်းပါပဲ”

“ဟုတ်တယ် ကောင်းလိုက်တာ ကောင်းလိုက်တာ”

“ဟား ဟား အရှင်မင်းကြီးက သူ့ကို တကယ်ကို မျက်နှာသာပေးလိုက်တာပဲ။ ဒါက အင်ပါယာအတွက် တကယ်ကို ကောင်းခြင်းပဲ”

မြင်းတပ်က ထွက်ခွာသွားပြီးသည်နှင့် လူအုပ်က ထိုနေရာတွင် ဝိုင်းလိုက်ကာ ကြေညာချက်ကို ဖတ်လိုက်သည်။ ထိုအထဲတွင် သာမာန်လူများ ကုန်သည်များ သတင်းပို့များ စားသောက်ဆိုင်ပိုင်ရှင်များ ဖျော်ဖြေရေးသမားများ စာပေပညာရှင်များ ပန်းချီပညာရှင်များ စသဖြင့် လူတိုင်းပါသည်။

“လမ်းဖယ် လမ်းဖယ်”

အပြင်မှအသံထွက်လာသည်။ ဆရာတစ်ယောက်ဖြစ်ဟန်တူသော လူအိုကြီးတစ်ယောက်က လူအုပ်ကို အတင်းတိုးပြီးနောက် ထိုကြေညာချက်ကို လာဖတ်သည်။

“ငါကြည့်ပါရစေ”

“ဟ ဟ အဘိုးကြီး ဘာတွေလာတိုးနေတာလဲ။ ခင်ဗျားအသက်အရွယ်နဲ့လူက အမတ်ဘွဲ့ကို ဘာတွေများ စိတ်ဝင်စားစရာ လိုတော့လို့လဲ”

လူတစ်ယောက်က လှောင်သည်။ ပတ်ဝန်းကျင်မှ ရယ်သံများကလည်း ထွက်လာသည်။ သို့သော် ထိုဆရာဟောင်းကြီးကမူ မကြားသလိုမျိုးဖြင့် ကြေညာချက်ကို မျက်မှောင်ကျုံ့ ကြည့်ပြီးနောက် အမူအရာက လေးနက်သွားသည်။ သူက အဝေးကမြင်ရသည့်တိုင်အောင် စကားလုံးတစ်လုံးကို လက်ညိုးဖြင့် လှမ်းထိုးလိုက်သည်။

“ပိုင်နက်နယ်မြေ အပိုင်စားနယ်မြေပဲ။ ငါမြင်တာမမှားဘူး မဟာထန်ရဲ့ သက်တမ်းသုံးရာမှာ အရှင်မင်းကြီးက နောက်ဆုံးတော့ ယဉ်ကျေးမှုကိုချိုးဖောက်ပြီး သူ့ကို ပိုင်နက်နယ်မြေတစ်ခု ချီးမြှင့်လိုက်ပြီ”

ထိုဆရာ၏အသံက ကျယ်သည်။ အမူအရာကလည်း စိတ်လှုပ်ရှားမှု အပြည့်ပါသည်။

လူအုပ်ထဲမှ လေရှိုက်သံများက ထွက်ပေါ်လာသည်။ ရယ်သံများကလည်း ချက်ချင်းလိုလို တိတ်ဆိတ်သွားသည်။

အပိုင်စားနယ်မြေတဲ့လား။

မြို့တော်တွင် ကြာရှည်စွာ နေခဲ့ဖူးသူတိုင်းအတွက် အနည်းဆုံး ယခုကဲ့သို့ ဆုချီးမြှင့်သည့် အခမ်းအနားပွဲများကို မြင်ခဲ့ဖူးပေလိမ့်မည်။ သို့သော် မည်သည့်အချိန်ကမျှ အပိုင်စားနယ်မြေ မပါဝင်ခဲ့ချေ။ အကြောင်းမူကား ဒါက မဟာထန်၏ ဓလေ့ထုံးတမ်းဖြစ်သည်။ သူတော်စင်ဧကရာဇ်၏ ခေတ်တွင်လည်း မည်သူကမျှ အပိုင်စားနယ်မြေ မပေးအပ်ခံခဲ့ရချေ။

မည်သူကမှလည်း သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို အပိုင်စားနယ်မြေတစ်ခု ချီးမြှင့်လိုက်ကြောင်း မထင်ထားကြချေ။ ဒါက ကြီးလေးစွာ မျက်နှာသာပေးလိုက်ခြင်းဖြစ်သည်။

အမတ်ဘွဲ့ ပေးသည့်အပြင် အပိုင်စားနယ်မြေလည်းရသည်။ ကောင်းကင်၏ သားတော်က ကိုယ်တိုင်ကိုယ်ကျ ဘွဲ့ထူးနာမည် ချီးမြှင့်ပေးခဲ့သေးသည်။

ထိုရက်က ဝမ်ချောင်၏ နေ့ရက်ဖြစ်သွားသည်။ သူရသော ဆုတိုင်းက မဟာထန်၏ သမိုင်းကို ကျော်လွန်သွားသည်။ မည်သူကမျှလည်း မသင့်လျော်ဟု မထင်ကြပြန်ချေ။ အနှစ်ချုပ်ဆိုရသော် လမ်းတိုင်းက ဖဲကြိုးများ၊ မီးအိမ်များဖြင့် အလှဆင်ကာ မီးပန်းဖောက်ရင်း အောင်ပွဲခံကြသည်။ အချို့သော သရုပ်ဆောင်များနှင့် ဖျော်ဖြေရေးသမားများက အလကားဖျော်ဖြေမှုများပင် လမ်းအဆုံးတွင် ပြုပေးခဲ့သည်။

အနောက်တောင်ပိုင်းက စစ်ပွဲကို အမှန်တကယ် ကျော်ဖြတ်ခဲ့ဖူးသူကသာ မြို့တော်က မည်မျှအထိတ်တလန့် ဖြစ်ခဲ့ရကြောင်း နားလည်ပေလိမ့်မည်။ စစ်သားများ၏ လိုအပ်ချက်၊ ရှုံးနိမ့်သော သတင်းများနှင့် အမျိုးမျိုးသော အင်အားစုများ၏ ကျူးကျော်ဝင်ရောက်မှုက မြို့တော်ကို ကြီးမားစွာ လှုပ်ကိုင်နိုင်ခဲ့သည်။

မြို့တော်မှ အအိုဆုံးလူကပင် ဒီလိုအခြေအနေမျိုးကို အတွေ့အကြုံ မရှိခဲ့ဖူးချေ။ ပြည်ပအင်အားစုများက ဘက်တိုင်းက အင်ပါယာကို ကျူးကျော်ခြိမ်းခြောက်ရန် ကြိုးစားနေခဲ့ချိန်တွင် အင်ပါယာကိုယ်တိုင်ကမူ စစ်သည်တော် တစ်ယောက်မျှ မရှာနိုင်ခဲ့ချေ။ ဒါက ကြောက်စရာကောင်းသော အခြေအနေကြီး ဖြစ်ခဲ့သည်။

ထိုသို့သော ကြောက်စရာအကောင်းဆုံးသော ကာလမျိုးတွင် ဝမ်ချောင်က အနောက်တောင်ပိုင်းက အဓိကစစ်ပွဲကြီးကို နိုင်သွားသည်ဆိုသော သတင်းကို သယ်ဆောင်ပေးခဲ့သည်။

ထိုသို့ အန္တရာယ်အများဆုံး၊ အခက်အခဲ အကြပ်တည်းဆုံး ကာလမျိုးတွင် ဝမ်ကလန်က ထိုအငယ်ဆုံးသားက အနောက်တောင်ပိုင်းက အခြေအနေကို ကိုင်တွယ်ထိန်းချုပ် ပေးနိုင်ခဲ့ခြင်းအားဖြင့် အင်ပါယာကို ကယ်တင်ပေးခဲ့သည်။ သူက အမတ်ဘွဲ့ရသည်။ ပိုင်နက်နယ်မြေ ပေးအပ်ခံခဲ့ရသည်။ ဘွဲ့ထူးနာမည် ချီးမြှင့်ခံခဲ့ရသည်။ သို့သော် မည်သူကမျှ မသင့်လျော်ဟု မထင်ကြချေ။ အရာအားလုံးက ထိုက်တန်သည်။

ဖလပ် ဖလပ်

သတင်းပို့ပင်ဂွင်းက တောင်ပံကိုခတ်ပြီးနောက် လေထုကို ထိုးခွဲသွားကာ အစောင့်တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားသော မြို့၏အနောက်ဘက် တစ်နေရာရှိ ခမ်းနားသော စံအိမ်အတွင်းသို့ ဝင်ရောက်သွားသည်။ ဂိတ်တွင်လည်း ဘုတ်ပြားကိုချိတ်ဆွဲထားပြီး မောက်မာထောင်လွှားစွာဖြင့် ရွှီစံအိမ်တော်ဟု ရေးထိုးထားသော စကားလုံးကို မြင်နိုင်သည်။

“သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို ဆုလဒ်ကြီးကြီး ချီးမြှင့်လိုက်တာပဲ။ သူ့ကို အမတ်ဘွဲ့ ချီးမြှင့်တယ်။ အပိုင်စားနယ်မြေပေးတယ်။ ဘွဲ့ထူးနာမည်တောင် ချီးမြင့်ပေးလိုက်သေးတယ်။ ဒါက ပြဿနာပဲ”

ရွှီစံအိမ်ထဲတွင် ရွှီချီချင်း၏ ဦးလေးကြီး ရွှီဟယ်နီရန်က မျက်မှောင်ကျုံ့လျှက် စာလွှာကိုဖတ်ကာ စိုးရိမ်စိတ် ပြင်းထန်လာသည်။ အနောက်တောင်ပိုင်းက စစ်ပွဲအတောအတွင်းတွင် ဘုရင်ချီကပေးသော ဖိအားက အလွန်များပြားပြီး အချို့သော မူဝါဒဆိုင်ရာ အကြောင်းပြချက်များကြောင့် ရွှီကလန်က ရွှီချီချင်းကို အိမ်တွင်းတွင် အကျဉ်းချထားခဲ့ခြင်းအားဖြင့် ဝမ်ကလန်မှ အစောင့်များက လာရောက်ခဲ့ချိန်တွင်လည်း မောင်းထုတ်ခဲ့ခြင်းအားဖြင့် ဆက်ဆံခဲ့သည်။

မာန်ရှဲ့ယွီစန်းစစ်တပ်က အနောက်တောင်ပိုင်းတွင် စစ်သည်တော် ငါးသိန်းကို ပိုင်ဆိုင်ထားခဲ့ပြီး သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ ကျော်ကြားသော ပုဂ္ဂိုလ်ကြီးများက အမိန့်ပေးနေခဲ့ခြင်း ဖြစ်လေရာ မည်သူကမျှ သူနိုင်မည်ဟု မထင်ခဲ့ချေ။ ယခုအချိန်ထိ ရွှီဟယ်နီရန်က ဆုံးဖြတ်ချက် မှားသွားသည်ဟု မထင်သေးချေ။

သူကသာ ဝမ်ကလန်နှင့် ဘုရင်ချီကို ရွေးရမည်ဆိုလျှင် ပို၍ယုံကြည်အားထားရသည့် တော်ဝင်မျိုးရိုးကိုသာ ရွေးချယ်ပေလိမ့်မည်။ ထို့ကြောင့် ရွှီဟယ်နီရန်က ရွှီချီချင်းကို အိမ်တွင်းအကျဉ်းချထားခဲ့ပြီး သူမကို ဝမ်ကလန်နဲ့ အဆက်အသွယ် ဖြတ်ခိုင်းခဲ့သည်။

မမျှော်လင့်ထားသည်မှာ အနောက်တောင်ပိုင်းက စစ်ပွဲက နိုင်သွားခဲ့ပြီး ထိုဝမ်ချောင်ဟုခေါ်သော ကောင်လေးက ကြီးမားသော အကျိုးပြုသူဖြစ်ခဲ့သည်။ အမတ်ဘွဲ့ရ၊ ပိုင်စားနယ်မြေရရှိသည့်အပြင် ဘွဲ့ထူးနာမည်ပင် ရရှိသွားခဲ့လေသည်။

တော်ဝင်နန်းတွင်းမှလာသော သတင်းက ရွှီဟယ်နီရန်၏ နှလုံးသားကို အပ်တစ်ချောင်းအလား ထိုးစိုက်သွားပြီး သူ၏အမူအရာကို ပျက်ယွင်းသွားစေခဲ့သည်။ အရူးကပင် ဝမ်ကလန်က မည်မျှအဆင့်အတန်း မြင့်မားသွားပြီဖြစ်ကြောင်းနှင့် သူတော်စင်ဧကရာဇ်က ဝမ်ကလန်၏ အငယ်ဆုံးသားကို မည်မျှအလေးထားကြောင်း သိနိုင်လေသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်ကလန်က ဧကရာဇ်က မျက်နှာသာ အပေးခံရဆုံး ဖြစ်လာပြီး အချိန်တိုအတွင်း အင်အားကြီးမားလာပေဦးတော့မည်။

“သတင်းပို့”

ရွှီဟယ်နီရန်က စိုးရိမ်တကြီး ထိုင်နေချိန်တွင် အသံတစ်သံက ထွက်လာပြန်သည်။

“သခင် အသစ်စက်စက် ဘွဲ့ထူးချီးမြှင့်ခံထားရတဲ့ လူငယ်အမတ်က လာရောက်လည်ပတ်ပါတယ်။ သူက ဂိတ်ဝမှာပါ”

“ဘာ”

ရွှီဟယ်နီရန်၏ ခန္ဓာကိုယ်က ထိုသတင်းကြောင့် တုန်ယင်သွားသည်။ ချောင်ချောင်အကြောင်း ပြောနေချိန်တွင် ချောင်ချောင်က ရောက်လာသည်ဆိုသည့်အတိုင်း ဖြစ်သည်။ သူက ဒီဆုချီးမြှင့် အခမ်းအနားပွဲမှ အဓိကပုဂ္ဂိုလ်အကြောင်း ပြောနေချိန်တွင် ထိုလူက ဂိတ်ဝသို့ ရောက်နေလေပြီ။

“သူက သူ့ရဲ့ မြင့်တက်နေတဲ့ အရှိန်အဝါကိုသုံးပြီး ငါတို့ကို လူသိရှင်ကြား ရှုံ့ချချင်တာလား”

ရွှီဟယ်နီရန်၏အကြည့်က အေးစက်သွားသည်။

ရွှီချီချင်း၏ ထိုအငယ်ဆုံးသား၏ ဆက်ဆံရေးကို သူက အကြမ်းဖျင်းခန့်မှန်းမိသည်။ နှစ်ယောက်လုံးက သက်တူရွယ်တူဖြစ်ပြီး ချစ်ကြိုက်နေကြခြင်းဖြစ်လောက်သည်။ ထို့ကြောင့် အမျိုးသားနှင့် အမျိုးသမီးကြားမှ ဆက်ဆံရေးက မလွတ်ကင်းနိုင်ချေ။

ရွှီချီချင်းကလည်း အိမ်တွင်းအကျဉ်းချ ခံရပြီး ဝမ်ချောင်က ကိစ္စအားလုံးကို ကိုင်တွယ်ပြီးနောက် အရင်ဆုံး လုပ်သောကိစ္စက ရွှီစံအိမ်တော်သို့ အပြေးလာကာ လည်ပတ်ခြင်းဖြစ်သည်။ သူ၏ပန်းတိုင်က နေ့အလား လင်းချင်းနေသည်။

“သူ့ကိုမတွေ့နိုင်ဘူးလို့ ပြောလိုက်”

ရွှီဟယ်နီရန်က အင်္ကျီလက်ကို ခါယမ်းကာ အမိန့်ထုတ်လိုက်သည်။

ဝမ်ကလန်ကို ဘယ်သူက ကရုစိုက်လို့လဲ။

ရွှီကလန်က ရာစုနှစ်ပေါင်းများစွာတိုင်အောင် အဓွန့်ရှည်တည်တံ့ခဲ့ခြင်းဖြစ်ပြီး စွစ်မင်းဆက်၏ နောက်ဆုံးရက်များသို့ပင် ခြေရာခံကောက်နိုင်သည်။ ထို့အပြင် အမတ်များ၊ ဗိုလ်ချုပ်ပေါင်းများစွာ ရှိနေသော ကလန်တစ်ခု ဆိုနိုင်သည့်တိုင်အောင် ရွှီကလန်က သူတို့ တစ်ဖက်သူကို တွေ့ချင် မတွေ့ချင်သည့်ကိစ္စကို ရွေးချယ်နိုင်သည်။

“ဟုတ်ကဲ့သခင်”

“နေဦး”

အစောင့်က ပြန်လှည့်တော့မည့် အချိန်တွင် ရွှီဟယ်နီရန်က လှမ်းခေါ်လိုက်သည်။

“ဟွန့် အမတ် အပိုင်စားဘွဲ့ရတယ်။ ကောင်းကင်ရဲ့သားတော်က ဘွဲ့ထူးနာမည် ချီးမြှင့်ခံရတယ်။ ဒီကောင်လေးက အောင်မြင်မှုရဲ့ အထွတ်အထိပ်မှာပဲ။ တစ်မြို့တော်လုံးက သူ့ကို စောင့်ကြည့်နေကြလိမ့်မယ်။ သူ့ကိုသာ တံခါးဝကနေ ငြင်းထုတ်လိုက်ရင် ရွှီကလန်က မဟာထန် တစ်ခုလုံးရဲ့ ပစ်မှတ်ထားခံရလိမ့်မယ်။ ဒီကောင်စုတ်လေးက ဒီအတိုင်း လုပ်ချင်နေတာ သေချာတာပဲ။ ဒါကြောင့်သူက အရမ်းကို ယုံကြည်မှုရှိနေတာ”

အနောက်တောင်ပိုင်းက အနိုင်ရမှုနှင့်အတူ ရွှီဟယ်နီရန်ကလည်း ဝမ်ချောင်၏ ကျော်ကြားမှုက မဟာထန်တွင် မည်မျှမြင့်တက်နေကြောင်း သိနိုင်သည်။ ဝမ်ချောင်က ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ခဲ့သော အခြေအနေမျိုးတွင် ရွှီကလန်ကသာ သူ့ကို တွေ့ခွင့်မပေးဘဲ မောင်းထုတ်လိုက်ခဲ့ပါက ရွှီကလန်က လူအများ၏ တံတွေးခွက်ပင် ပက်လက်မျောတော့ပေမည်။

မြို့တော်က မည်သူကမျှ ဝမ်ချောင်ကို မျက်နှာသာမပေးဘဲ မနေရဲချေ။ မည်သို့ပင်ဆိုစေ တစ်ဖက်သူက ကောင်းကင်၏ သားတော်၏ တပည့်ဆိုသော အမှတ်အသားမျိုးဖြင့်ပင် မွန်းမံခံထားရသော အရှိန်အဝါ ကြီးမြတ်စွာ ပိုင်ဆိုင်ထားလေသည်။

အခန်း(၆၅၈)

ဟမ့် မင်းကအမတ်အသစ်ဖြစ်တော့ရော ဘယ်သူက ကရုစိုက်မှာလဲ။ ငါ့ရဲ့ရွှီကလန်က ကိုယ့်သမီးကို အိမ်တွင်းအကျဉ်းချထားတာကို ဘယ်သူက တားဆီးနိုင်လို့လဲ။ မင်းဘယ်လိုလှည့်ကွက်မျိုးများ သုံးမလဲလို့ ကြည့်မယ်။

ရွှီဟယ်နီရန်က စိတ်အတွင်းတွင် အလွန်ဒေါသထွက်နေသည်။

“လာ အမွှေးနံ့သာတိုင် စားပွဲကိုခင်းလိုက်။ ငါအပြင်ထွက်ပြီး ဧည့်သည်တွေကို ကြိုဆိုလိုက်မယ်”

ရွှီဟယ်နီရန်က အစေခံကျွန်အုပ်ကို ဦးဆောင်လျှက် တခမ်းတနားဖြင့် အဓိကစံအိမ် ဝင်ပေါက်ထံသို့ ချီတက်သွားသည်။

ဝုန်း

ရွှီကလန်၏ စံအိမ်တံခါးက ရုတ်တရက်ပွင့်သွားသည်။ သုန်မှုန်သော မျက်နှာနှင့် ရွှီဟယ်နီရန်က အပြင်ထွက်လာလေသည်။ နောက်တွင်လည်း ကလန်အစောင့်များကပါသည်။

အပြင်ဘက်တွင် ကြေးနီရထားလုံးတစ်စီးက ရပ်ထားသည်။ ရွှီဟယ်နီရန်က ချက်ချင်းလိုလို သွေးနီရောင် အခမ်းအနားဝတ်စုံကို ဝတ်ဆင်ထားသည့် လူငယ်က ရထားလုံး၏အနားတွင် တိတ်တဆိတ် ငြိမ်သက်စွာရပ်နေပြီး ဂိတ်ကိုကျောပေးထားကြောင်း မြင်လိုက်ရသည်။ ထိုလူငယ်၏ အင်္ကျီလက်များကို ညင်သာသော လေပြေက တိုက်ခတ်သွားချိန်တွင် သူ၏ကိုယ်မှ ကျော့ရှင်းကြည့်ကောင်းသော မြင့်မားသည့် အရှိန်အဝါကို ထုတ်လွှတ်လာသည်။

“အရှင်ရွှီ ကျွန်တော်တို့ ပထမဦးဆုံး တွေ့ဆုံတဲ့အချိန်မှာတင် အကြာကြီး စောင့်လိုက်ရတာပဲ”

အနောက်မှအသံကို ကြားသောအခါ ဝမ်ချောင်ကပြုံးလျှက် အင်္ကျီလက်ကို တစ်ချက်ခါလိုက်လျှက် နောက်သို့ လှည့်ကြည့်လိုက်သည်။ အသက်(၁၇)နှစ် အရွယ်တွင် ဝမ်ချောင်က အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ပြီး အမတ်နှင့် ဗိုလ်ချုပ်ပေါင်းများစွာရှိသည့် ကလန်ကြီးတစ်ခု၏ ဆက်ခံသူတစ်ယောက် ဖြစ်သည့်အလျောက် သာမာန်သူကောင်းမျိုးများ မပိုင်ဆိုင်နိုင်သော အလွန်မြင့်မားသည့် အရှိန်အဝါမျိုးကို ပိုင်ဆိုင်ထားနှင့်လေပြီ။ ထို့အပြင် သူက မိဘများထံမှ ဆက်ခံထားသော ဖျော့တော့သော အသားအရည်၊ ချောမောလွန်းသော ရုပ်ရည်နှင့် တည်ငြိမ်ကာ ထိန်းချုပ်နိုင်စွမ်းရည် မြင့်သော အတွေ့အကြုံအရ သူဟာ ရက်စက်သော တိုက်ပွဲနယ်မြေတွင် ကောင်းကောင်း လေ့ကျင့်ပေးခံလာရပြီးဖြစ်ကြောင်း သိသာလေသည်။

လက်ရှိဝမ်ချောင်က မည်သူကမဆို လေးစားစေလောက်သည့် ကျော့ရှင်းကြည့်ကောင်းပြီး တည်ငြိမ်အေးချမ်းသော အရှိန်အဝါမျိုးကို ထုတ်လွှတ်နိုင်စွမ်းအား ရှိနေလေပြီ။

အမျိုးသားတွေထဲက နဂါးပဲ။

ဝမ်ချောင်ကို မြင်ဖူးသူတိုင်း ထိုအတွေးကိုသာ ဦးစွာတွေးမိကြသည်။

“ရုပ်ရည်ကို နှလုံးသားက အသိအမှတ်ပြုတယ်။ တစ်စုံတစ်ယောက်ရဲ့ အခြေအနေက လုံလောက်အောင် မြင့်မားနေမှပဲ တစ်စုံတစ်ယောက်ရဲ့ နှလုံးသားကို ထိန်းချုပ်နိုင်လိမ့်မယ်”

အနောက်တောင်ပိုင်းက စစ်ပွဲ၏ လွှမ်းမိုးမှုကြောင့် ဝမ်ချောင်၏ လှုပ်ရှားမှုတိုင်း အပြုအမူတိုင်းက လေးစားဖွယ်ကောင်းသော အရှိန်အဝါဖြင့် လွှမ်းခြုံခံထားရသည်။ သူ၏ကိုယ်ထံမှ ရုပ်ရည်ကလွဲပြီး အသုံးမကျသောကောင်ဆိုသည့် လက္ခဏာမျိုးကို မမြင်ရတော့ချေ။

တခမ်းတနား နေခဲ့ရသည့် ကလန်ကြီးတစ်ခု၏ ခေါင်းဆောင် ရွှီဟယ်နီရန်ပင် ကြောင်တောင်တောင် ဖြစ်သွားသည်။

ဝမ်ချောင်က သူကမျှော်လင့်ထားသည်ထက် ပိုချောပြီး ပိုကြည့်ကောင်းနေသည်။

“ဟမ့် ကျွန်တော်တို့က သခင်လေးဝမ်က ရောက်လာတဲ့အတွက် အရမ်းကို ဂုဏ်ယူသွားမိတာပါ။ သခင်လေးဝမ်က ဘယ်လိုအကြောင်းပြချက်ကြောင့်များ ရောက်လာတာပါလဲ”

ရွှီဟယ်နီရန်က အသိပြန်ဝင်လာပြီးနောက်တွင် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ဝမ်ချောင်ကို မကြင်မနာကြည့်လျှက် အထဲသို့ ဝင်ခွင့်မပြုလိုသော ခံစားချက်မျိုးဖြင့် စကားပြောလိုက်သည်။

ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူကလည်း အလျင်စလိုမလုပ်ချေ။ မည်သို့ပင်ဆိုစေ ဒါက ရွှီချီချင်း၏ ဦးလေးကြီး ရွှီဟယ်နီရန်ဖြစ်နေသည်။

ဝမ်ချောင်က ဂိတ်ဝတွင်ပေါ်လာသော သက်လတ်ပိုင်းလူကိုကြည့်ကာ သုံးသပ်လိုက်သည်။ သူက ရွှီချီချင်းနှင့် အကြိမ်ပေါင်းများစွာ ပေါင်းသင်းဆက်ဆံရေး ပြုခဲ့ပြီး ရွှီကလန်မှ လူအများစုကို သိထားသော်လည်း တစ်ယောက်ကိုမျှ မဆုံခဲ့ဖူးသေးချေ။

ထိုလူက ရည်ရွယ်ချက် ခိုင်မာပြီး တည်ကြည်လေးနက်သော ပုံစံမျိုးကို ပိုင်ဆိုင်ထားသည်။ သို့သော် အနည်းငယ် လှုပ်ကိုင်ရဲသည့်စိတ်ကို လိုအပ်နေသေးသည်။ ဘုရင်ချီက သူ့ကိုအသုံးချပြီး ရွှီကလန်၏ အပြုအမူများကို ပြောင်းလဲစေကာ ရွှီချီချင်းကို အိမ်တွင်းအကျဉ်းချစေခဲ့သည်။

ဝမ်ချောင်က မျက်နှာသေဖြင့် ကြည့်နေသည့်တိုင်အောင် သူ၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးပိုင်းများစွာက စတင် အလုပ်လုပ်နေလေပြီ။

သူကမြို့တော်သို့ ပြန်လာသည့်အချိန်တွင် ရွှီချီချင်းက ရွှီစံအိမ်တော်အတွင်းတွင် သူမ၏ဦးလေးနှင့် အဖေဖြစ်သူ၏ အကျဉ်းချခံထားရကြောင်း သိလိုက်ရသည်။ သူမကို အပြင်လောကနှင့် အဆက်အသွယ် ဖြတ်ထားပြီး အခန်းအပြင်သို့ပင် ခြေချခွင့် မပြုထားပေ။

သူက ရွှီချီချင်းကို သူမ၏ကလန်မှ ကန့်သတ်မှုမှ ချက်ချင်းလိုလို ကူညီပေးချင်ခဲ့သည့်တိုင်အောင် ဝမ်ချောင်က အလျင်စလို မလုပ်ခဲ့ချေ။ သူက ဆုလဒ်ချီးမြှင့်ခံရသည့် အခမ်းအနားပွဲ တက်ရောက်ပြီးဆုံးသည့် အချိန်မှသာ ရွှီကလန်သို့ လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

“အရှင်ရွှီက လေးစားပြလွန်းနေပါပြီ။ ရွှီကလန်က ကျော်ကြားပြီး အဆင့်အတန်း မြင့်မားတဲ့ အထက်တန်းလွှာ ကလန်ကြီးတစ်ခုပါ။ ဒါ့အပြင် အရှင်ကိုယ်တိုင်ကလည်း ထောက်ပံ့ပို့ဆောင်ရေး ရုံးတော်က ဆရာသခင် တစ်ယောက်ပဲမဟုတ်လား။ ဒီဝမ်ချောင်က အရှင့်ကို တွေ့ဖူးချင်နေတာဖြင့် ကြာလှပါပြီ။ ဒီနေ့မှပဲ အခွင့်အရေး ရပါတော့တယ်”

ဝမ်ချောင်က လက်နှစ်ဖက်လုံး ဆုပ်ကိုင်လျှက် တစ်ချက်လေးနက်စွာ ဂါရဝပြုလိုက်သည်။

“ဒါ့အပြင် ဒီဝမ်ချောင်က လွန်ခဲ့တဲ့ အချိန်ပေါင်းများစွာကတည်းက သခင်မလေးရွှီနဲ့ ချိန်းဆိုထားခဲ့တာပါ။ ဒါပေမဲ့ သခင်မလေးရွှီက ရောက်မလာခဲ့သလို စာလည်း မပေးလာခဲ့ဘူး။ ဒါကြောင့် စိုးရိမ်မိပြီး ကိုယ်တိုင်ကိုယ်ကျ လာလည်ခြင်းဖြစ်ပါတယ်”

“ဟ ဒီလိုကိစ္စမျိုး ရှိသလား။ ငါဖြင့် မသိရပါဘူး”

ရွှီဟယ်နီရန်က အေးစက်စွာရယ်ပြန်သည်။ သူ၏မျက်ဝန်းထဲမှ ကြမ်းတမ်းစူးရှသော အလင်းမျိုးက ထွက်လာသည်။ သူကဝမ်ချောင်၏ ဆိုလိုရင်းကို ကောင်းကောင်း နားလည်သည်။ ဘာချိန်းဆိုထားမှုမျှ မရှိလောက်ချေ။ ဒီအတိုင်း အကြောင်းပြချက် ပေးနေခြင်းဖြစ်လောက်သည်။

ရွှီချီချင်းက အိမ်တွင်းတွင် ထိုသို့ အကျဉ်းချခံထားရသည်မှာ တစ်လကျော်ပြီဖြစ်ပြီး ယင်တစ်ကောင်ကပင် ဖြတ်မဝင်သွားလေရာ သတင်းပို့ရန် ခက်ခဲသည်။

“ဒါ့အပြင် ချီချင်းက လက်ရှိအချိန်မှာ ဖျားနာနေလို့ မသက်သာမချင်း ဘယ်ဧည့်သည်နဲ့မှ တွေ့ခွင့်မရှိဘူး။ သခင်လေးဝမ်က တွေ့ချင်ရင်တော့ဖြင့် စံအိမ်တော်ကိုပြန်ပြီး ချီချင်းပြန်ကောင်းလာတဲ့ အချိန်အထိ စောင့်နေဖို့ပဲ မျှော်လင့်ရပါမယ်။ သခင်လေးဝမ်က အဲ့ဒီနောက်ပိုင်းမှာ ပြန်လာလည်နိုင်ပါတယ်”

ရွှီဟယ်နီရန်က ထိုစကားများကို ပြောလိုက်ပြီးသည့် တခဏတွင် သူကချက်ချင်းလိုလို ဧည့်သည်များကို ပြန်ပို့သည်ဆိုသော အမူအရာမျိုး လုပ်လိုက်လေသည်။ အကြောင်းမူကား သူက ဂိတ်ကိုဖွင့်ထားသည်။ ဧည့်သည်ကိုတွေ့ဆုံသည်။ သို့သော် အထဲသို့ ခြေချခွင့်မပြုထားချေ။

ဝမ်ချောင်က ငယ်သေးသည်။ သူကသာ အခြားသူ၏စံအိမ်သို့ အတင်းဝင်ရောက်ခဲ့ပြီး အများအမြင်ရှေ့တွင် ထိုသို့ကျူးကျော်ခဲ့မည်ဆိုလျှင် သူက သခင်၏ရှေ့တွင် လာကြွားဝါပြသည်နှင့် တူသွားပေလိမ့်မည်။ သူက ရွှီကလန်ကို အထင်သေးရာ ရောက်သွားပေလိမ့်မည်။

“အရှင်ရွွှီ ငါ့ရဲ့တူက ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်တာကို အရှင်ရွှီက သူ့ကို တံခါးဝမှာ ငြင်းဆန်ထုတ်ပြီး လက်ဖက်ရည်တောင် တိုက်ဖို့ဆန္ဒ မရှိဘူးပေါ့လေ”

ရုတ်တရက် ရထားလုံးတံခါးက ပွင့်သွားပြီးနောက် လေးလံမြင့်မားသော အသံက ထွက်လာသည်။ ထိုသို့ဖြင့် တည်ငြိမ်ပြတ်သားကာ တည်ကြည်ခိုင်မာသည့် ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ သူ၏လှုပ်ရှားမှုတိုင်းက ခုံရုံးမှ ရာထူးမြင့် အကြီးအကဲတစ်ယောက်၏ အရှိန်အဝါမျိုးက ထောက်ပံ့ပေးထားသည်။

“အရှင်ဝမ်”

ထိုလူကို မြင်လိုက်သောအခါ ရွှီဟယ်နီရန်၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက ဝမ်ချောင်ကိုသာ မြင်ခဲ့ခြင်းဖြစ်ပြီး ဝမ်ချောင်၏ ဦးလေးကြီးက အဖော်ပြုလာမည်ဟုလည်း မထင်ထားခဲ့ချေ။ သို့သော် တစ်ဖက်က ရထားလုံးထဲတွင် တစ်ချိန်လုံး နေခဲ့ခြင်းဖြစ်သည်။ ဝမ်ကန်းက သူတို့နှစ်ယောက်က ပြောသော စကားလုံးတိုင်းကို ကြားလိုက်ရသည်။

“အရှင်ရွှီ ငါ့ရဲ့တူက မင်းရဲ့တူမနဲ့ ချိန်းဆိုထားတယ်ဆိုမှတော့ သူတို့နှစ်ယောက်ပဲ သူတို့ရဲ့ အခက်အခဲကို ဖြေရှင်းပါစေ။ အရှင်ရွှီက ဝင်စွက်ဖက်ပြီး မင်းရဲ့တူမကို ဖိအားပေးလို့ ငြင်းဆန်တာမျိုး မလုပ်သင့်ဘူးမဟုတ်လား”

ဝမ်ကန်းက ရွှီဟယ်နီရန်ကို ကြည့်လိုက်သည်။ သူ၏အမူအရာက အေးစက်နေသည်။ အနီးကပ်သာ ကြည့်မည်ဆိုလျှင် ဒေါသများကိုပင် မြင်နိုင်သည်။

ဝမ်ချောင်က လက်ရှိအချိန်တွင် ဝမ်မျိုးဆက်မှ အလားအလာကောင်းဆုံး ပါရမီအကြီးဆုံးဖြစ်ပြီး ကလန်ထဲရှိ လူတိုင်းက သခင်အိုကြီး၏အမွေကို ဆက်ခံရန် မျှော်လင့်ထားသောသူလည်းဖြစ်သည်။ သူ၏လက်အောက်တွင် ဝမ်ကလန်က ပို၍မြင့်မားလာပေလိမ့်မည်။

ထို့ပြင် ဒီတစ်ပွဲတည်းနှင့် သူတော်စင်ဧကရာဇ်က ဝမ်ချောင်ကို လူငယ်အမတ်ဘွဲ့ အပိုင်စားနယ်မြေနှင့် ဘွဲ့ထူးနာမည်ကိုပင် ချီးမြှင့်ခဲ့သေးသည်။ ထို့အပြင် ဒီနည်းအားဖြင့် ကောင်းကင်၏သားတော်က ဝမ်ချောင်ကို မည်မျှမျက်နှာသာပေးကြောင်း တစ်မြို့တော်လုံးက သိသွားကြသည်။ ဒီမြို့တော်ထဲတွင် မရေမတွက်နိုင်သော အထက်တန်းလွှာများ ကလန်တိုင်းက ဝမ်ကလန်ကို အမြင်သစ်ဖြင့် ကြည့်လာကြပြီး ဆက်ဆံရေးသစ်တစ်ခု ထူထောင်လိုလာကြသည်။ ထို့ကြောင့် ဝမ်ချောင်က မြို့တော်သို့ပြန်လာပြီး ရက်အနည်းငယ်တည်းနှင့် ဝမ်ကလန်က မရေမတွက်နိုင်သော လက်ထပ်ခြင်း ကမ်းလှမ်းစာလွှာများကို ရရှိထားသလို အချို့သော စာလွှာများဆိုလျှင် ရွှီကလန်ထက်ပင် အဆင့်အတန်းမြင့်မားသေးသည့် ကလန်ကြီးများမှ ဖြစ်နေသည်။

ထိုကလန်တိုင်းက သူတို့၏ အလားအလာအကောင်းဆုံး အထူးချွန်ဆုံး သမီးပျိုများကို ဝမ်ချောင်ထံပို့ကာ လက်ထပ်စေချင်နေသည်။ သို့သော် ဝမ်ချောင်ကမူ မည်သူ့ကိုမျှ သဘောမတူခဲ့ချေ။ ထို့ကြောင့် ဝမ်ကန်းကလည်း မည်သူ့ကိုမျှ ခေါင်းညိမ့်၍မရခဲ့ချေ။

ဝမ်ချောင်၏ လက်ရှိအဆင့်အတန်းကြောင့် မည်သည့်သာမာန် အမျိုးသမီးကမျှ သူနှင့်မလိုက်ဖက်ချေ။ ဝမ်ကန်းက ဝမ်ချောင်ဟာ ရွှီကလန်သို့လာပြီး ရွှီချီချင်းကို တွေ့ချင်သည့်အတွက် ဝမ်ချောင်တွင် အတွေးရှိနေမည်ဟု မထင်ထားမိချေ။ သို့သော် မျှော်လင့်ထားသည်မှာ သူမ၏ဦးလေးကြီး ရွှီဟယ်နီရန်က တံခါးဝတွင် ငြင်းလိုက်သည်။ ထိုအခြေအနေက ဝမ်ကန်းကို အလွန်စိတ်ပျက်စေသည်။

“ဒါ... အရှင်ဝမ်က နားလည်မှုလွဲတာပါ။ ဟယ်နီရန်က မလုပ်ရဲပါဘူး”

ဟယ်နီရန်က ဂါရဝပြုလိုက်သည်။ သူ၏နဖူးတွင် ချွေးများရွှဲနေလေပြီ။ ရွှီကလန်၏ အာဏာက လက်ထောက်ရုံးတော်နှင့် ဘဏ္ဍာရေးရုံးတော်တွင် နေရာတကျ ရှိသည့်တိုင်အောင် ဒါက အာဏာအနည်းငယ်ကို ပိုင်ဆိုင်ထားရုံလောက်သာဖြစ်ပြီး ဝမ်ကန်းကဲ့သို့ ခုံရုံးမှ အရေးပါသော အရာရှိကြီး တစ်ယောက်ကဲ့သို့ အစစ်အမှန် အာဏာမျိုးကို မပိုင်ဆိုင်ထားချေ။

ရွှီဟယ်နီရန်က ဝမ်ချောင်ကို ဂိတ်ဝတွင် ငြင်းရဲသည်။ သို့သော် ဝမ်ကန်းကို ထိုသို့မလုပ်ရဲချေ။

ဝမ်ချောင်က လူငယ်မျိုးဆက်ဖြစ်သည်။ သူ့ထက်လည်း မျိုးဆက်တစ်ဆက်နိမ့်သည်။ ထို့ကြောင့်သူက ငြင်းဆန်၍ရသည်။ သို့သော် ဝမ်ကန်းကမူ မျိုးဆက်တူသည့်အပြင် သူကသာ ငြင်းဆန်ခဲ့ပါက သူတို့၏ ဆက်ဆံရေးက အဆုုံးသတ်သွားရုံနှင့် မပြီးလေဘဲ သေစေနိုင်သော ရန်စမှုကြီးကို ကျူးလွန်လိုက်သလို ဖြစ်သွားပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ဝမ်ကလန်က ဘုရင်ချီလောက် အင်အားမကြီးမားသော်လည်း အလွယ်တကူ ရန်စ၍ရသော သာမာန်ကလန်မျိုး မဟုတ်သေးချေ။

“ကျွန်တော်ရဲ့ နိမ့်ကျတဲ့တူမက တကယ်ကို ဖျားနာနေခဲ့တာပါ”

မြားပစ်ပြီးလျှင် ပြန်ယူ၍မရချေ။ ရွှီဟယ်နီရန်က ရွှီချီချင်းက ဖျားနေကြောင်းပြောပြီး ဝမ်ကလန်ကို ရန်စခဲ့ပြီးလေပြီ။ မည်သို့ပင်ဆိုစေ သူက အံ့ကိုသာကြိတ်ပြီး ဆက်လက် ပြောရတော့ပေမည်။ သို့သော် ရွှီဟယ်နီရန်က ဆက်မပြောနိုင်ခင် ကျယ်လောင်သောရယ်သံများဖြင့် ဖြတ်ပြောခံရသည်။

“ဟား ဟား ဟား ရွှီဟယ်နီရန် မင်းက ကောင်းကောင်း ဖုံးကွယ်ထားနိုင်ခဲ့တာပဲ။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ မင်းရဲ့တူမက ဒီလောက်ကြီး အကျိုးပြုထားတာ မင်းက အသံတစ်ချက်တောင် မထွက်ဘူး”

“မင်းက အများကောင်းဖို့အတွက် ကိုယ့်ကိုယ်ကို စတေးခံတာမျိုးတော့ မလုပ်သင့်ဘူး။ နောက်ပြီး ဒီလောက်ကြီးထိပေါ့။ ရွှီဟယ်နီရန်က မင်းကအရမ်းကို နိမ့်ချတတ်ပြီး သိုသိုသိပ်သိပ် နေတတ်မှန်း ငါသိပါတယ်။ ဒါပေမဲ့ တူမရဲ့ အကျိုးပြုမှုတွေကိုတော့ ဒီအတိုင်း မဆွဲချသင့်ဘူးလေ”

“အနောက်တောင်ပိုင်းရဲ့ စစ်ပွဲက အဓိကကိစ္စကြီးဖြစ်တဲ့အပြင် သခင်မလေးရွှီက နေ့ရောညပါ ကောင်းကောင်းကြိုးစား လုပ်ဆောင်ပေးခဲ့တယ်။ သူမက မောပန်းနွမ်းနယ်လွန်းလို့ ဖျားနာသွားတာ ဖြစ်လောက်တယ်”

“ဖျားနေတယ်ဆိုမှတော့ ငါတို့က ပိုပြီးတော့တောင် ဝင်တွေ့ပြီး ကြည့်ပေးသင့်သေးတာပေါ့”

လမ်း၏အဆုံးမှ ရထားလုံး တစ်စီးပြီးတစ်စီး ဆိုက်ရောက်လာပြီးနောက် ရယ်သံများက ထွက်ပေါ်လာသည်။ မြေကမာ္ဘကပင် ထိုရထားလုံးသံများကြောင့် တုန်ယင်သွားရသည်။ ရွှီဟယ်နီရန်၏ အံ့အားတကြီး ဖြစ်နေသည့် ကြောင်တောင်တောင် အကြည့်အောက်တွင် ရထားလုံး တံခါးများက တစ်ခုပြီးတစ်ခု ပွင့်သွားပြီးနောက် တော်ဝင်ဆင်ဆာလူကြီးမင်းများစွာ ထွက်လာကြသည်။ အားလုံးက ခုံရုံးမှ အကဲဖြတ်လူကြီးမင်းများ ဖြစ်ကြသည်။

“ရွှီဟယ်နီရန် မင်းရဲ့လုပ်ဆောင်မှုက အခြေအနေကို သိပေမဲ့ သတင်းမတင်ပြတာဖြစ်သွားပြီ။ မင်းက မင်းရဲ့လုပ်ဆောင်မှုတွေကို ဧကရာဇ်ကို မတင်ပြခဲ့ဘူး။ မင်းရဲ့ရွှီကလန်က ဒီလောက်ကြီးထိ အကျိုးပြုထားတာတောင် ဘာလို့ မတင်ပြခဲ့တာလဲ။ မင်းဘာလို့များ ဖုံးကွယ်ထားခဲ့တာလဲ”

ဘယ်ဘက်လက်မှ လက်သန်းပျောက်နေသော တော်ဝင်ဆင်ဆာ လူကြီးမင်းတစ်ယောက်က အော်ရယ်လျှက် ရှေ့သို့လျှောက်လာသည်။ ရွှီဟယ်နီရန်က တစ်ဖက်ကိုကြည့်လိုက်ရုံဖြင့် ထိုလူက တော်ဝင်ဆင်ဆာ လူကြီးမင်း ကျန်းရှောင်မှန်းသိလိုက်သည်။

တစ်ဖက်လူက လက်သန်းတစ်ချောင်း ပြတ်နေသည့်တိုင်အောင် ခုံရုံးမှ မည်သူကမျှ သူ့ကို အထင်မသေးရဲကြချေ။ တော်ဝင်ဧကရာဇ်ကပင် သူ့ကို ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခိုင်ထားခြင်းအားဖြင့် တော်ဝင်ခုံရုံးကို ဆက်လက် ထိန်းချုပ်ခိုင်းထားခြင်းဖြစ်သည်။ ကျန်းရှောင်က သူ၏သစ္စာရှိမှုကို ပြသရန် လက်သန်းကို ကိုယ်တိုင်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် သူက နန်းတော်ခြေရင်းတွင် ခေါင်းဖြတ်ခံရမည် ဆိုလျှင်ပင် ဘယ်သောအခါမှ မမျှမတ မဖြောင့်မတ်စွာ မပြုမူပါဟု ကျိန်ဆိုပြသခဲ့သည်။ ထိုလုပ်ဆောင်မှုများက နောက်ဆုံးတွင် သူတော်စင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲစေခဲ့သည်။

လူတိုင်းကလည်း ကျန်းရှောင်ကို ထိုမတော်တဆမှုကြောင့် လက်သန်းပြတ် တော်ဝင်ဆင်ဆာ လူကြီးမင်းဟု နာမည်ကျော်ကြားခဲ့ကြောင်း သိထားကြသည်။ ထို့ကြောင့် သူ၏အကဲဖြတ်မှု သူ၏သုံးသပ်မှုတိုင်းက ဖြောင့်မတ်မှန်ကန်ပြီး အလိမ်အညာများ မပါဝင်ခဲ့ချေ။

“အကျိုးပြုမှုဟုတ်လား”

ရွှီဟယ်နီရန်က ရုတ်တရက် တော်ဝင်ဆင်ဆာလူကြီးမင်းပေါင်းများစွာ ပေါ်လာသောကြောင့် အံ့အားသင့်နေပြီးသားဖြစ်သည်။ သူ၏စိတ်ကပင် ဗလာဖြစ်သွားသည်။

အကျိုးပြုတယ်ဟုတ်လား ဘာကိုအကျိုးပြုတာလဲ။ ရွှီကလန်က ဘာလုပ်ထားမိလို့လဲ။

ဘာလို့သူက မသိတာလဲ။

နောက်ပြီး ဘာလို့ ဒီလူတွေက ဒီမှာပေါ်လာတာလဲ။

“ဟား ဟား ဟား မင်းက ဟန်ဆောင်နေတုန်းလား။ ရွှီဟယ်နီရန်က ဒါတော့နည်းနည်း လွန်သွားပြီ။ သခင်လေးဝမ်ကသာ ငါတို့ကို မပြောခဲ့ရင် မင်းက ဘယ်လောက်ထိ မင်းရဲ့တူမ လုပ်ထားခဲ့တာတွေကို ဖုံးကွယ်ထားဖို့ စဉ်းစားနေတာလဲ”

နောက်ထပ် ဆင်ဆာအကဲဖြတ်လူကြီးမင်းက ရှေ့တက်လာသည်။ သူ၏ခေါင်းက ရယ်သောကြောင့် လှုပ်ခါနေသည်။ သူ၏လက်ကမူ ရွှေရောင်စာလိပ်ကို ကိုင်ထားသည်။

“ဒီကိစ္စက မင်းဆုံးဖြတ်ရမဲ့ ကိစ္စမဟုတ်ဘူး။ တော်ဝင်ခုံရုံးက အကျိုးပြုထားတဲ့လူတွေကို ဆုလဒ်ချီးမြှင့်ပြီး အမှားလုပ်ထားတဲ့လူတွေကို အပြစ်ပေးရမယ်။ ရွှီကလန်က သခင်မလေးက ဒီလောက်ထိ အကျိုးပြုမှု လုပ်ထားခဲ့တာ။ ခုံရုံးက ဆုလဒ်မချီးမြှင့်လို့ ဘယ်ဖြစ်ပါ့မလဲ”

“ရွှီဟယ်နီရန် ဆုလဒ်ကိုလက်ခံဖို့ ပြင်ဆင်တော့”

ရွှီဟယ်နီရန်က ကြောင်နေသည်။ ထို့နောက် ဘေးဘက်မှပြုံးနေသော ဝမ်ချောင်ကို မြင်လိုက်ရချိန်တွင် သူက ခပ်ရေးရေး နားလည်သွားသည်။ သူ၏မျက်နှာက စိမ်းပြာရောင်သမ်းသွားသည်။

အရာအားလုံးကို ဝမ်ချောင်က အများရှေ့တွင် တရားဝင်ကြေညာရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ယုံကြည်ထားသည်။ ဝမ်ချောင်က ရွှီကလန်ကို ကူညီပြီး ဆုလဒ်တောင်းခံပေးထားသောကိစ္စ ဖြစ်နေသည်။ ရွှီဟယ်နီရန်က ရွှီကလန်နှင့် ဝမ်ကလန်က ဆက်ဆံရေးကောင်းတစ်ခု မတည်ဆောက်မိရန် အကွာအဝေး ခြားထားရသည်။ အကြောင်းမူကား ဘုရင်ချီကြောင့်ဖြစ်သည်။ တစ်ချိန်ထဲတွင်ပင် မြို့တော်တစ်ခုလုံးကိုလည်း သူတို့က မည်သည့်ဆက်ဆံရေးမျှ မရှိကြောင်း သိလိုစေခဲ့သည်။

သို့သော် ဒီတခဏတွင်မူ ခုံရုံးမှ တော်ဝင်ဆင်ဆာ လူကြီးမင်းပေါင်းများစွာ၏ အရှေ့တွင် ဘုရင်ချီက အမြင်ကျယ်မည်ဆိုလျှင်ပင် ရွှီကလန်ကို ယုံကြည်တော့မည် မဟုတ်ချေ။ လူငယ်မျိုးဆက်များက ရှေးမျိုးဆက်ကို ကျော်သွားသည်။

ရွှီဟယ်နီရန်က မျက်လုံးကိုမှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးကို ချသည်။ သူကလိုချင်ချင် မလိုချင်ချင် ရွှီကလန်နှင့် ဝမ်ကလန်က အများအမြင်တွင် အလွန်အမင်း ဆက်ဆံရေးကောင်းမွန်ကြောင်း သိသာသွားတော့မည်ဖြစ်သည်။ ရွှီဟယ်နီရန်ကပင် ထိုအချက်ကို မပြောင်းနိုင်တော့ချေ။ ရွှီကလန်ကလည်း ဝမ်ချောင်ကပို့လာသော လက်ဆောင်ကို ငြင်း၍မရချေ။

“အရှင် ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ”

ရွှီဟယ်နီရန်က ဘေးတွင်ရပ်ပေးလိုက်သည်။ ဒီနည်းအားဖြင့် လူတိုင်းကို ရွှီစံအိမ်တော်ထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

အခန်း(၆၅၉)

ရွှီကလန်၏ စံအိမ်တော် အတွင်းပိုင်းတွင် ဖျော့တော့သော အသားအရည် အနက်ရောင်ဆံပင်နှင့် ပြိုင်ဘက်ကင်းအောင် လှပသော အလှလေးက စန္ဒကူးသားဖြင့်လုပ်ထားသော အလှပြင်ခုံတွင်ထိုင်နေသည်။ သူမက ကြေးနီရောင်မှန်ကိုကြည့်ရင်း သူမ၏ခေါင်းက အနည်းငယ်စောင်းကာ ရှည်လျားသောဆံပင်ကို ဖြီးနေသည်။

အမွှေးနံ့သာတိုင်မှ မီးခိုးများကလိမ့်ထွက်လာပြီး ထိုမြင်ကွင်းကို ဝေဝါးသွားစေကာ ပို၍ပင် ကျော့ရှင်းကြည့်ကောင်းပြီး ခမ်းနားသွားစေသည်။ ထိုအမျိုးသမီး၏ အကြည့်က ကြေးနီရောင်မှန်တွင်သာ ရှိနေသော်လည်း သူမ၏ နှလုံးသားကမူ တစ်ခြားတစ်နေရာသို့ ရောက်နေသည်။

“သူဘယ်လိုများနေမလဲ သိချင်မိတယ်”

ရွှီချီချင်းက ရုတ်တရက် သက်ပြင်းရှည်ကြီးကို ချလိုက်ပြီးနောက် သူမ၏ မျက်ဝန်းအကြည့်က ဦးတည်ရာမဲ့ ပျောက်သွားသည်။

သူမက သူမ၏ကလန်က ပိတ်ဆို့မှုကြောင့် ဒီအခန်းအတွင်းတွင် ပိတ်ခံထားရသည်မှာ နှစ်လနီးပါးဖြစ်သွားလေပြီ။ အစပိုင်းတွင် သူမ၏အစေခံမှတစ်ဆင့် အပြင်ဘက်မှ သတင်းစကားကို ရသေးသည်။ သို့သော် သူမ၏ဦးလေးကြီးက ထိုအကြောင်းကို သိသွားပြီး သူမ၏အစေခံကိုပင် အဝေးသို့ပို့လိုက်သည်။

ရွှီချီချင်းကမူ လက်ရှိအပြင်လောက၏ သတင်းများကို မသိရတော့ချေ။

ရွှီဟယ်နီရန်က သူမ၏အိမ်အတွင်း အကျဉ်းချထားရုံသာမကလေဘဲ ကလန်မှ လက်ရွေးစင်အစောင့် လေးယောက်ကိုလည်း အခန်း၏ထောင့်တစ်နေရာစီတွင် စောင့်ကြပ်ခိုင်းခြင်းအားဖြင့် သူမကို ထွက်မပြေးနိုင်အောင် လုပ်ထားသည်။

ကြိမ်ဖန်များစွာ ကြိုးစားပြီးနောက် ရွှီချီချင်းက နောက်ဆုံးတွင် ထိုအကြံကို လက်လျော့လိုက်ရသည်။

“ချင်အာ မင်းရဲ့ဦးလေးကြီးကို ရန်ငြိုးမထားပါနဲ့။ မင်းရဲ့ဦးလေးကြီးကလည်း ရွှီကလန်အတွက် လုပ်ရတာပါ။ ဒီတိုင်းပဲ တွေးကြည့်ပါ။ ဒါကဘုရင်ချီလေ ခုံရုံးမှာ သူ့ရဲ့အဆင့်အတန်းက နေ့လည်ခင်းနေမင်းလိုပဲ။ အဖေတို့ရဲ့ ရွှီကလန်က သူ့ကိုရန်သူဖွဲ့လို့မဖြစ်ဘူး”

ရွှီချီချင်း၏ဖခင် ရွှီကျုံးနီရန်က ရွှီချီချင်း၏ အနားတွင်ရပ်လျှက် ခါးသီးစွာပြုံးလျှက်ပြောသည်။

ရွှီချီချင်း၏မျက်နှာက အေးစက်နေသည်။ သူမက မတုန့်ပြန်ရုံသာမကလေဘဲ ဆံပင်ကိုသာ ဆက်ဖြီးနေသည်။ သူမ၏ဖခင်က ထိုစကားများကို ဘယ်သောအခါမှ မပြောခဲ့ဖူးသည့်အလား သူမကရုပင်မစိုက်ချေ။

အိမ်တွင်းအကျဉ်းချခံထားရသည့် အတောအတွင်း ရွှီကျုံးနီရန်က သမီးဖြစ်သူထံ နေ့တိုင်းလာလည်ပြီးနောက် ထိုသို့ သင်ခန်းစာပေးလေ့ရှိသည်။ အတိတ်တွင် ရွှီချီချင်းက စကားအနည်းငယ်ကို နားထောင်ဖြစ်သေးသည်။ သို့သော် ဒီတစ်ကြိမ်တွင်မူ နားပင်မထောင်ချင်တော့ချေ။

“ချင်အာ ခေါင်းမမာပါနဲ့”

ရွှီချီချင်းက နားမထောင်ကြောင်း မြင်သောအခါ ရွှီကျုံးနီရန်က ပိုစိုးရိမ်စိတ်ဝင်လာသည်။

“ဒီတိုင်းတွေးကြည့်ပါ သမီးက သမီးရဲ့ဦးလေးကြီးကို ရင်ဆိုင်ပြီး ရွှီကလန်ကိုတောင် ဆွဲချရလောက်အောင် အဲ့ဒီဝမ်ချောင်က ဘာများတော်နေလို့လဲ။ ဒီလောက်ကြီးရင်းနှီးဖို့ ထိုက်တန်ရဲ့လား။ ဒါ့အပြင် သမီးက စံအိမ်ထဲမှာ အကြာကြီးအကျဉ်းချခံထားရသေးတယ်။ ဒါပေမဲ့ အဲ့ဒီဝမ်ချောင်ရဲ့ ဝမ်ကလန်ကလူတွေက သမီးအတွက် ဘာများလုပ်ပေးခဲ့လို့လဲ”

ရွှီချီချင်းက နောက်ဆုံးတွင် ဝင်ဖြတ်ပြောလိုက်သည်။

“အဖေဘာမှထပ်ပြောဖို့ မလိုတော့ဘူး။ အဖေ့ရဲ့သမီးက ဘာလုပ်သင့်လဲဆိုတာကို နားလည်တယ်။ သူသမီးကို သေချာပေါက် လာရှာမယ်လို့ယုံကြည်တယ်”

“ချင်အာ မရူးပါနဲ့ သမီးရဲ့အဖေက အသုံးမကျကောင်း မကျလိမ့်မယ်။ ဒါပေမဲ့ သမီးကသာ မြို့တော်မှာ လုံလောက်အောင်နေထိုင်ပြီး အရာအားလုံးကို နားလည်နေမှာပဲ။ အဲ့ဒီဝမ်ချောင်က သမီးကို အသုံးချသွားတာ။ သမီးရဲ့အဖေက ဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီးသား။ သူ့မှာ မိန်းကလေးအပေါင်းအသင်းတွေ အများကြီးရှိတယ်။ သမီးက သူတို့ထဲက တစ်ယောက်လောက်ပဲ။ ဖြစ်နိုင်တာက သူကသမီးကိုတောင် မေ့သွားလောက်ပြီး လာတော့မှာတောင် မဟုတ်လောက်ဘူး”

“အဖေ”

ရွှီချီချင်း၏မျက်နှာက အေးစက်သွားပြီး သူမလက်ထဲမှဘီးကို ချက်ချင်းလိုလို ချလိုက်သည်။ ဘီးက စန္ဒကူးသား မှန်တင်ခုံပေါ်သို့ ကျသွားချိန်တွင် ကျယ်လောင်သောအသံက ထွက်ပေါ်လာပြီး ကြာရှည်သော တိတ်ဆိတ်မှုက ကြီးစိုးလာသည်။

ရွှီကျုံးနီရန်က ထိတ်လန့်တကြား ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူတို့က အဖေနှင့်သမီးဖြစ်သော်လည်း ရွှီကျုံးနီရန်က ကြောက်တတ်သော စိတ်သဘောထား ပိုင်ဆိုင်ထားပြီး ကိုယ်ပိုင် ဘာအတွေးဘာအကြံမျှ မထုတ်နိုင်ချေ။ ထို့ပြင် သူရပ်တည်နေသော နေရာကလည်း မခိုင်မာချေ။ သူ၏အကြီးဆုံးအစ်ကို ရွှီဟယ်နီရန်က ရွှီချီချင်း၏အခန်းသို့ နေ့တိုင်းလာခိုင်းပြီး သွေးဆောင်ခိုင်းသောကြောင့်သာ ယခုလို ရောက်လာရခြင်းဖြစ်သည်။

ရွှီချီချင်း၏ ဒေါသများက ဆက်လက်ကြီးထွားလာနေချိန်တွင် တံခါးခေါက်သံက ထွက်လာသည်။

“ဘယ်သူလဲ ငါ့ကိုဘယ်သူမှ လာမနှောက်ယှက်နဲ့လို့ မပြောထားဘူးလား”

ရွှီချီချင်းက ဒေါသတကြီး အော်သည်။

“သခင်မလေး ဒါကသခင်လေးဝမ်...”

ထိုအစေခံ၏စကားက မဆုံးခင် ရွှီချီချင်း၏ အခန်းတံခါးက ဝုန်းကနဲပွင့်သွားသည်။ လေထုက ပြင်းထန်စွာ ဆောင့်ဝင်တိုးလာပြီးနောက်တွင် အရပ်ရှည်မြင့်မားပြီး ကျော့ရှင်းကြည့်ကောင်း ချောမောလွန်းသည့် အနီရောင်ဝတ်စုံဝတ်ထားသည့် ပုံရိပ်တစ်ခုက တံခါးကိုဖြတ်လျှောက်လာသည်။

“ရွှီချီချင်း ငါလာတယ်”

ဝမ်ချောင်က အထဲသို့ဝင်လာကာစ ရှိသေးသည်။ ရွှီချီချင်းကိုမြင်သည်နှင့် ဖျော့တော့စွာ ပြုံးပြလိုက်သည်။

အခန်းကတိတ်ဆိတ်သွားသည်။ ရွှီချီချင်းက ခေါင်းလှည့်လိုက်ပြီး တံခါးဝတွင်ရပ်နေသော တက်ကြွသည့်ပုံရိပ်ကို လှမ်းကြည့်လိုက်သည်။ ထိုပုံရိပ်က သူမနှင့်ရင်းနှီးသလို ထူးဆန်းလွန်းနေသည်။ သူမ၏အမူအရာက မှင်သေသေဖြစ်နေပြီး စိတ်ကလည်း ဗလာဖြစ်နေသည်။

“ဝမ်... ဝမ် ဝမ်ချောင်”

ရွှီချီချင်းက ရေရွတ်လိုက်ပြီးနောက် ဝမ်ချောင်ကို မယုံကြည်နိုင်သလိုကြည့်သည်။ ထိုတခဏတွင် သူမက အိမ်မက် မက်နေသည်ဟုသာ ခံစားရသည်။

“ဝမ်ချောင်”

ရုတ်တရက် ရွှီချီချင်းက အပြေးရှေ့ထွက်သွားပြီး သူကမတုန့်ပြန်နိုင်ခင် ဝမ်ချောင်ကို ပွေ့ဖက်လိုက်သည်။ သူမ၏မျက်နှာတွင် မျက်ရည်များက ကျဆင်းလာသည်။

“နင်ပဲ တကယ်ကို နင်ဖြစ်နေတာပဲ”

ဝမ်ချောင်ကလည်း အံ့ဩသွားသည်။ သူကလည်း ဒီလိုတုန့်ပြန်မှုမျိုးကို မမျှော်လင့်ထားမိချေ။ သို့သော် သူ၏နားထဲမှ ရင်းနှီးကျွမ်းဝင်သော ငိုရှိုက်သံကိုကြားလိုက်ရသည်။

“မျိုးမစစ်ကောင် နင်ကမျိုးမစစ်ပဲ။ ငါနင်သေပြီလို့ထင်နေတာ”

“ဟား ဟား ငါအကောင်းအတိုင်း ပြန်လာမယ်လို့ မပြောခဲ့ဘူးလား။ ငါကဘာကြောင့် သေရမှာလဲ”

ရွှီချီချင်း၏စကားကိုကြားသော် ဝမ်ချောင်က တခဏခန့် အေးခဲသွားပြီးမှသာ ရယ်လျှက် သူမကိုနှစ်သိမ့်ပေးလိုက်သည်။ သူ၏လက်က သူမကိုပေါ့ပါးစွာ ပွေ့ဖက်ထားပေးလိုက်သည်။

ရွှီချီချင်းက မည်သည့်စကားမျှမဆိုဘဲ ဝမ်ချောင်ကိုသာ ဖက်ထားပြီးငိုနေသည်။

အနောက်တောင်ပိုင်းက စစ်ပွဲအတွက် ဝမ်ချောင်က သူနှင့်အတူ ငှားရမ်းထားသော ကျွမ်းကျင်ပညာရှင် ထောင်ကျော်လောက်ကိုသာ ခေါ်သွားပြီး တိုက်ပွဲနယ်မြေသို့ အပြေးထွက်သွားခဲ့ခြင်းဖြစ်သည်။ လူတိုင်းကလည်း သူသေမည်ဖြစ်ကြောင်း ယုံကြည်နေကြသည်။ အကြောင်းမူကား မည်သူကမျှလည်း မာန်ရှဲ့ယွီစန်းစစ်တပ်ကြီးက သူနိုင်မည်ဟု မထင်ထားကြချေ။ ရွှီချီချင်းကပင် မယုံကြည်ခဲ့ချေ။

သူမက ဘာမှမပြောခဲ့သော်လည်း ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် သေချာပေါက် သေမည်ဟု ယုံကြည်ထားခဲ့သည်။ အကြိမ်ပေါင်းများစွာ အနောက်တောင်ပိုင်းက ရခဲ့သည့် သတင်းအချက်အလက်များက ဖြတ်တောက်ခံရပြီးနောက် ရွှီချီချင်းက ဝမ်ချောင်သေသွားပြီဟုသာ ထင်မှတ်ထားခဲ့သည်။

သို့သော် သူမက ဘာကိုမျှ မပြောခဲ့ဘဲ ဝမ်ချောင်က ပြောထားခဲ့သည့်အတိုင်း ရိက္ခာများကို ပို့ပေးခဲ့သည်။ လက်နက်များကို ရအောင်ပို့ပေးခဲ့သည်။

ရွှီချီချင်းကလည်း စိုးရိမ်ကြီးလွန်းသော လူတစ်ယောက်ဟုပင် ကိုယ့်ကိုယ်ကို မယုံကြည်ခဲ့ဖူးချေ။ အနောက်တောင်ပိုင်းက အင်ပါယာတစ်ခုလုံးက မုန်တိုင်းများ၏ တိုက်စားခံနေရချိန်တွင် လူတိုင်းက ကြောက်လန့်မှု၊ စိုးထိတ်မှုဖြင့် ကြီးစိုးနေခဲ့ပြီး သူတစ်ယောက်တည်းကသာ အရာအားလုံးကို ကိုင်တွယ်ရန် ထွက်သွားခဲ့ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် နောက်ပြန်မလှည့်ကြည့်ဘဲ တိုက်ပွဲနယ်မြေသို့ ထွက်ခွာသွားခဲ့သည်။

ရွှီချီချင်းအနေဖြင့် ပထမဦးဆုံးအချိန် ဝမ်ချောင်ကို သိလိုက်ရသလို ခံစားလိုက်ရသည်။ သူ့တွင်ရဲရင့်သော နှလုံးသား ပိုင်ဆိုင်ထားပြီး အကန့်အသတ်မဲ့သည့် စွမ်းအင်နှင့် တာဝန်သိတတ်သောစိတ်ကို ပိုင်ဆိုင်ထားသည်။ ထိုဖိအားတိုင်းက ငယ်ရွယ်သေးသည့် (၁၇)နှစ်သာရှိသေးသော သူ၏ခန္ဓာကိုယ်ပေါ် ကျရောက်နေခဲ့သည်။

အနောက်တောင်ပိုင်းက စစ်ပွဲပြီးနောက် သူမ၏အစေခံက ဝမ်ချောင်က အသက်ရှင်နေသေးကြောင်း လာပြောခဲ့သော်လည်း ရွှီချီချင်းကမူ အိမ်တွင်းအကျဉ်းချခံနေရသာ အခြေအနေမျိုးတွင် အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေလေရာ ကိုယ်တိုင်ဘာကိုမျှ မမြင်ရသည့်အတွက် ထိုအစေခံ၏စကားကို မယုံကြည်နိုင်ခဲ့ချေ။

သို့သော် ယခုအချိန်မှသာ ဝမ်ချောင်က အကောင်းအတိုင်း သူမ၏မျက်စိရှေ့တွင် ပေါ်ထွက်လာခဲ့မှသာ ယုံကြည်သွားရသည်။ သူ၏ခန္ဓာကိုယ်မှ အနွေးဓာတ်ကို ခံစားရသဖြင့် ရွှီချီချင်းကလည်း နောက်ဆုံးတွင် ဝမ်ချောင်က အသက်ရှင်နေသေးကြောင်း လက်ခံလိုက်နိုင်သည်။ သူက အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ရှင်သန်နိုင်ခဲ့သည်။

ခမ်းနားတောက်ပသော အခန်းထဲတွင် ရွှီချီချင်း၏ ငိုရှိုက်သံနှင့် ဝမ်ချောင်က သူမ၏နောက်ကျောကို နှစ်သိမ့်သည့်အနေဖြင့် အသာအယာ ပုတ်ပေးနေသည့်အသံကသာ ထွက်ပေါ်နေသည်။ သို့သော် သူ၏မျက်နှာတွင် နွေးထွေးသောအပြုံးက ရှိနေသည်။

ရွှီကျုံးနီရန်ပင် ထိုမြင်ကွင်းကြောင့် ကြောင်အသွားသည်။ ထိုအချိန်တွင် သူကဘေးတွင်သာ တိတ်တဆိတ် ရပ်နေလိုက်ရသည်။

အချို့သောအချိန်များတွင် တိတ်ဆိတ်နေခြင်းက စကားလုံးများထက် ပို၍သက်ရောက်မှုရှိသည်။

မဟာထန် တစ်ခုလုံးက အောင်ပွဲခံနေချိန်တွင် သမိုင်းလှည့်ဘီးက ဆက်လက်ရွေ့လျားနေခဲ့သည်။ ဝေးကွာလွန်းသော အနောက်နယ်မြေ ချီးရှီကာကွယ်ရေးဌာနချုပ်နှင့် နီးကပ်သော တစ်နေရာတွင် လေထဲတွင် ခေါင်းလောင်းသံများက မြည်ဟီးလာသည်။

ချီးရှီ၏ ကျယ်ပြောလွန်းသော လူခေါင်သည့် ကန္တရတစ်နေရာတွင် ရှေ့သို့တဖြည်းဖြည်းချင်း ရွေ့လာသည့် အဖြူရောင်ကုလားအုပ် တစ်ကောင်ကို မြင်နိုင်သည်။ ထိုကုလားအုပ်၏ လည်ပင်းတွင် ငွေရောင်နှင့်ရွှေရောင် ခေါင်းလောင်းနှစ်လုံးကို ချိတ်ဆွဲထားပြီး ကန္တရလေထဲတွင် တချွင်ချွင်အသံကို ထွက်ပေါ်စေသည်။

“မဟာထန်နဲ့ တို့တွေဘယ်လောက် ဝေးသေးလဲ”

အမျိုးသမီးတစ်ယောက်၏ အသံက ထွက်လာသည်။ သို့သော် သူမ၏အသံက သာယာလွန်းသော သံစဉ်ထက်ပင် နားထောင်၍ကောင်းသေးသည်။ ရုတ်တရက် ထိုအသံက ထိုကုလားအုပ်၏ ကျောပေါ်မှ ထွက်လာခြင်းဖြစ်သည်။

“မင်းသမီး ကျွန်တော်တို့ လဝက်လောက်ကျော်ရင် ရောက်တော့မှာပါ”

မန်ဟုခေါ်သော ထိုအစေခံက ကုလားအုပ်ပေါ်မှ အဖြူရောင်ပုဝါစ အုပ်ထားသည့် အမျိုးသမီးကို ကြည့်လိုက်သည်။ ထိုအမျိုးသမီးက ခန္ဓာကိုယ်သေးသွယ်ပေါ့ပါးပြီး ကြည့်ကောင်းလွန်းသည်။ သူမက ထိုကုလားအုပ်ပေါ်တွင် ပေါ့ပါးစွာထိုင်နေသည်။ သူမက နူးညံ့သောလေသံဖြင့် ပြောလိုက်သည်။ ထိုအသံက ငယ်ရွယ်သော အမျိုးသမီးတစ်ယောက်၏ မကျေမနပ်သံဖြစ်ကြောင်း ရှင်းလင်းနေသည်။

ထိုကုလားအုပ်၏ ခေါင်းလောင်းသံအပြင် ဒီခရီးလမ်းတွင် သခင်နှင့်အစေခံ၏ စကားသံကသာ အဖော်ပြုခဲ့သည်။ သို့သော် ထိုနှစ်ယောက်လုံးက ဗဟိုပြင်ကျယ်၏ ဘာသာစကားဖြင့် ပြောဆိုနေခြင်းမဟုတ်ချေ။

အမှန်တိုင်းဆိုရသော် ထိုနှစ်ယောက်ကိုသာ ကရုတစိုက်ကြည့်မည်ဆိုလျှင် ထိုနှစ်ယောက်ထံမှ တိုင်းတစ်ပါးသား လေထုကို လွှတ်ထုတ်နေကြောင်း သိသာပေလိမ့်မည်။ အထူးသဖြင့် သူတို့၏ နက်မှောင်ကာ ဆွဲဆောင်မှုပြင်းထန်သော အညိုရောင်မျက်ဝန်းများ သူတို့၏ သဘာဝအလျောက် ကောက်နေသောဆံပင်နှင့် မျက်နှာသွင်ပြင် သူတို့၏ အပြုအမူတို့ကိုကြည့်ရုံဖြင့် သိနိုင်သည်။ အရာအားလုံးကို သုံးသပ်ကြည့်လျှင် သူတို့က မဟာထန်မှလူများနှင့် ဆန့်ကျင်ဘက်ဖြစ်လောက်အောင် ကွာခြားသည်။

“မင်းသမီး ဝမ်းမနည်းပါနဲ့။ ဗဟိုပြင်ကျယ်ရဲ့ မဟာထန်က ကျွန်တော်တို့ရဲ့ မွေးရပ်မြေနဲ့ အရမ်းဝေးကွာပေမဲ့လည်း ဒီမှာကျွန်တော်တို့ရဲ့ လူတွေအများကြီး နေထိုင်နေကြတာပဲ။ ဒါ့အပြင် ကျွန်တော်ကြားထားတဲ့အတိုင်းဆိုရင် မဟာထန်က ကျွန်တော်တို့ကို ဖွံ့ဖြိုးတိုးတက်တာပါ။ ဒါကြောင့် အနည်းဆုံး ကျွန်တော်တို့တွေ ဒီနေရာမှာနေရင် ပြဿနာမတက်နိုင်ပါဘူး။ ကျွန်တော်တို့ရဲ့ တာဝန်ကို လုပ်ဆောင်ပြီးတာနဲ့ ကာလစ်က ကျွန်တော်တို့ကို ပြန်ခွင့်ပြုမှာပါ”

မန်ကနှစ်သိမ့်သည်။

အဖြူရောင်ပုဝါနှင့် အမျိုးသမီးက အဝေးသို့ မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ ကုလားအုပ်က လှမ်းနေသော ခြေတစ်လှမ်းချင်းစီတိုင်းက သူမ၏ရန်ငြိုးများကို ဖြေပေနေခဲ့သည်။

“မန် တို့ကိုပြောစမ်းပါ အဲ့ဒီဝမ်ချောင်လို့ခေါ်တဲ့ ထန်ကောင်လေးက ဒီလောက်ထိ အရေးကြီးသလား”

အလီယာက ဖျော့တော့စွာပြောသည်။

“မင်းသမီး မင်းသမီးကလည်း ကာလစ်က ဝု့စ်သံမဏိလက်နက်တွေကို ဘယ်လောက်ထိ အလေးထားလဲဆိုတာကို နားလည်နေတာလဲ။ ကျွန်တော်တို့က လက်နက်သွန်းလုပ်တဲ့နေရာမှာ ကျွန်တော်တို့ရဲ့နာမည်ကို ထင်ရှားသိသာအောင် လုပ်ခဲ့ပြီးသား။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ကျောက်စိမ်းရိုင်းသံမဏိ အမြူတေတွေကို အချိန်အကြာကြီး သုံးစွဲပြီး အရှင်မင်းကြီးက အလားအလာရှိတဲ့ လက်မှုပညာသည်ပေါင်း များစွာကို ကြိုးစားအားထုတ်ခိုင်းခဲ့တာတောင်မှ ဘယ်လက်နက်ကမှ ဒီမှင်သက်စရာကောင်းတဲ့ ဝု့စ်သံမဏိလက်နက်တွေလို မဖြစ်လာခဲ့ဘူး။ နောက်ပြီး ကျောက်ရိုင်းတုံးတွေ အားလုံးကလည်း အလကားဖြစ်သွားခဲ့ရတယ်။ အရှင်သခင်ဆာမာရဲ့ ဘယ်လက်နက်ကမှ မဟာထန်က အဲ့ဒီလူငယ်လေး တီထွင်ခဲ့တဲ့ ဝု့စ်သံမဏိလက်နက်တွေကို မယှဉ်နိုင်ဘူး။ ဒါ့အပြင် သူတို့က အကျည်းတန်ပြီး ရုပ်ဆိုးသေးတယ်။ ဒီလက်နက်တွေမှာ လှပမှုပျောက်ဆုံးနေတယ်”

“ကျွန်တော်တို့ရဲ့ အာဘတ်ဆစ်ကယ်လီဖိတ်က အမြဲတမ်း အရည်အသွေးမြင့်မားတဲ့ လက်နက်တွေကြောင့် လူသိများခဲ့တာ။ ဒါပေမဲ့ ဘယ်ဆရာသခင်ကမှ ဝု့စ်သံမဏိတစ်တုံးကိုတောင် မဖန်တီးနိုင်ခဲ့ဘူး။ ဒါကြောင့် အရှင်မင်းကြီးက လက်သင့်မခံနိုင်ခဲ့တာပါ။ မင်းသမီးလည်း အရှင်မင်းကြီးရဲ့ အမျက်ဒေါသကို မျှော်လင့်ကြည့်နိုင်ပါတယ်”

မန်က ပြန်လည်ငြင်းခုံရင်း ဖြောင့်ဖျပေးသည်။

အလီယာက သက်ပြင်းရှည်ကိုချသည်။ သူမက စကားဆက်မပြောတော့ပေ။

သူမက အာဘတ်ဆစ်ကယ်လီဖိတ်မှ မင်းသမီးတစ်ပါးဖြစ်ပြီး ယေဘုယျကျကျပြောရသော် သူမက ကြွယ်ဝသော အပြင်အဆင်များနှင့် ခမ်းနားစွာသာ နေထိုင်သင့်သည်။ မရေမတွက်နိုင်သော အစေခံများက သူမကို ခစားခြင်းဖြင့် သူမ၏နေ့ရက်တိုင်းကို နန်းတော်အတွင်းတွင် အချိန်ဖြုန်းနေသေးသည်။ ယခုလိုမျိုး အလွန်အမင်းဝေးကွာသော တိုင်းတစ်ပါးသားသို့ ခရီးမဆက်နေသေးချေ။

သို့သော် အလီယာက တိုင်းပြည်မှ မင်းသမီးတစ်ပါး ဖြစ်သည့်အလျောက် အခြားသောအင်ပါယာမှ မင်းသမီးများနှင့် မတူညီခဲ့ပေ။

သူမ၏ဖခင်က တိုင်းပြည်မှ လေးစားခံရသော ကာလစ်စော်ဘွားတစ်ယောက် ဖြစ်သော်လည်း လက်ရှိဧကရာဇ် အာရာဘီရမ်တွင် မင်းသမီးရာကျော်ရှိသည်။ ထို့ကြောင့် အလီယာက ထိုရာကျော်ထဲမှ တစ်ယောက်သာ ဖြစ်နေခဲ့သည်။ ညီမပေါင်းများစွာ ပိုင်ဆိုင်ထားရသည့်အတွက် အလီယာ၏ဘဝက မည်မျှရှုပ်ထွေးနိုင်ကြောင်း သိနိုင်လေသည်။ သူမ၏ဘဝက အမြဲတစေ စုတ်ပြတ်ခံရရင်းဖြင့် ပြီးဆုံးနေခဲ့သည်။

“အဲ့ဒီထန်လူငယ် ဝမ်ချောင်လို့ဆိုတဲ့ကောင်က ဘယ်လိုလူလဲဆိုတာ ဒီမင်းသမီးက သိချင်မိတယ်”

အာဘတ်စစ်မှ အလီယာဟုခေါ်သော မင်းသမီးက ရှေ့သို့သာဆက်ကြည့်နေသည်။ သူမက အမျိုးမျိုးသော အတွေးများကြား နစ်မြုပ်နေသည်။ အရာအားလုံးက ဆုံးဖြတ်ထားပြီးသားဖြစ်ပြီး လက်လျော့၍လည်း မရချေ။ သူမက ရုတ်တရက် သူမ၏ကံကြမ္မာကို အပ်နှင်းရမည့် တိုင်းတစ်ပါးသား လူငယ်လေးအကြောင်းကို ပို၍သာ သိချင်မိတော့သည်။

ချွင် ချွင်

ကုလားအုပ်မှ ခေါင်းလောင်းသံများက ဆက်တိုက်မြည်နေသည်။ ထိုအဖြူရောင်ကုလားအုပ်က တဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေသည်။ သခင်နှင့်ကျွန်က တရားဝင်လမ်းတွင် သွားနေရင်းမှ သူတို့၏အနောက်တွင် အာရာဘီရမ် မြင်းတပ်ဖွဲ့က လိုက်ပါစောင့်ရှောက်ပေးနေခဲ့သည်။

အခန်း(၆၆၀)

ဝမ်ကလန်၏စံအိမ် အနောက်မြောက်ဘက် ထောင့်ပိုင်းအကျဆုံး အခန်းတစ်ခန်းက အလွန်အမင်း တိတ်ဆိတ်နေသည်။ အသက်(၁၆)နှစ် (၁၇)နှစ်သာရှိမည့် လူငယ်လေးတစ်ယောက်က အိပ်ယာပေါ်တွင် တင်ပြင်ခွေထိုင်နေသည်။ သူကမျက်လုံးကိုမှိတ်လျှက် ကျင့်ကြံနေသည်။ ထိုလူငယ်က အလွန်အမင်း ငယ်ရွယ်ပြီး အလွန်အမင်း ငယ်ရွယ်ကာ ခန့်ညားချောမောသော်လည်း သူ၏အပြုအမူများက ပုံမှန်မဟုတ်လောက်အောင် ခိုင်မြဲပြီး ဆုံးဖြတ်ချက်လည်း ပြတ်သားသလို တောင်တန်းတစ်လုံးလို တည်ငြိမ်နေသည်။

ဟစ်

ရုတ်တရက် ထိုလူငယ်၏ ခေါင်းထိပ်မှ အဖြူရောင် မီးခိုးတန်းများ ထွက်လာပြီးနောက် အခန်းထဲတွင် ဝေ့ဝဲသွားသည်။ အခမ်းအနားပွဲမှ ပြန်လာပြီးနောက် ဝမ်ချောင်က အိမ်တွင်သာ ဆက်နေဖြစ်ခဲ့ပြီး ကျင့်ကြံဖြစ်ခဲ့သည်။ ယခုသူတွေးမိသော အခါမှသာ သူက ယခုလိုတိတ်တဆိတ် မကျင့်ကြံရသည်မှာ ကြာပြီဖြစ်ကြောင်း သတိထားမိတော့သည်။

အချိန်က ဖြေးညှင်းစွာဖြင့် ကုန်ဆုံးနေခဲ့ပြီး ပတ်ဝန်းကျင်တွင် ရှိသမျှ စိတ်ဝိညာဉ်စွမ်းအင်များက စီးကြောင်းတစ်ခုလိုမျိုး သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်။ ဒီနည်းအားဖြင့် သူ၏ကျင့်ကြံခြင်း အဆင့်ကို မြင့်မားလာစေတော့သည်။

အချိန်တစ်ခုကြာပြီးနောက် ရုတ်တရက် အပြောင်းအလဲတစ်ခုက ဖြစ်လာသည်။

ဝမ်ချောင်၏ ခေါင်းထဲမှ အဖြူရောင်မီးခိုးများနှင့်အတူ ရောနှောနေသည့် ဖျော့တော့သည့် အနီရောင်စွမ်းအင်များက ရောသွားသည်။ ထိုသို့ဖြင့် အခန်း၏ပုံစံက ပြောင်းလဲသွားသည်။

စွစ်

ထိုအရာများက လက်ချောင်းတမျှထူသည့် သွေးကြောများက ကိုယ်ပိုင်အသက်ဝင်လာသလိုမျိုး ဖောင်းကြွလာပြီးနောက် သူ၏အင်္ကျီကော်လံအောက်မှ ထင်ရှားစွာ ထွက်လာသည်။ ထိုဖောင်းထွက်လာသော သွေးကြောများက သစ်မြစ်များလိုမျိုး လျှင်မြန်စွာဖြင့် အင်္ကျီကော်လံမှတစ်ဆင့် လည်ပင်းအထိ ဆက်တိုက်တက်လာပြီး မျက်နှာတစ်ခုလုံးအနှံ့ ပြည့်နှက်သွားသည်။

ထိုသို့ဖြင့် သူ၏မျက်နှာတစ်ခုလုံးက သွေးနီရောင် ချွေးစေးများ ရွှဲစိုလာသည်။ ဝမ်ချောင်၏မျက်နှာက ချက်ချင်းလိုလို ပျက်ယွင်းလာပြီး အလွန်အမင်း နာကျင်မှုကို တောင့်ခံနေရသည့် ပုံသဏ္ဍန်မျိုးဖြစ်လာသည်။

“အား”

ဝမ်ချောင်က နာကျင်စွာ အော်ဟစ်လိုက်လျှက် မျက်လုံးကိုရုတ်တရက် ဖွင့်လိုက်သည်။ သူ၏ခန္ဓာကိုယ်က ရှေ့သို့အနည်းငယ် ယိုင်ကျသွားသည်။ လက်နှစ်ဖက်လုံးဖြင့် သူက ကုတင်ကိုကိုင်ကာ ထိန်းလိုက်ရသည်။ သူ၏ရင်ဘက်ကလည်း နိမ့်ချည်မြင့်ချည်ဖြင့် လေထုကိုအငမ်းမရ ရှုရသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ဝမ်ချောင်၏ ဝတ်ရုံတစ်ခုလုံး စိုရွှဲသွားပြီး ဖျော့တော့သော သွေးစများကိုပင် မြင်နိုင်သည်။

ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်နေသည်။ သို့သော် သူကစကားတစ်ခွန်းမျှ မဆိုခဲ့ချေ။ နာကျင်သော်လည်း မညဉ်းညူတော့ချေ။

အခန်းက တိတ်ဆိတ်သွားပြီး သူ၏ကိုယ်မှ အိပ်ယာပေါ်သို့ကျသော သွေးစက်သံကိုသာ ကြားရတော့သည်။ ထိုသို့ဖြင့် သွေးကအိုင်လာသည်။ အချိန်တစ်ခုကြာပြီးနောက် သူ၏ကိုယ်မှ နာကျင်မှုများက အတိုင်းအတာ တစ်ခုအထိ ဖျော့တော့သွားမှသာ ဝမ်ချောင်က နောက်ဆုံးတွင် အိပ်ယာပေါ်ကဆင်းပြီး သွေးစိုနေသော ဝတ်ရုံကိုချွတ်သည်။ ထို့နောက်သူက အခန်းထောင့်တစ်နေရာမှ တဘတ်တစ်ခုကို သွားယူလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော ဇလုံထဲကို ရေစွတ်ကာ ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်သည်။

“ငါ ငါလုပ်ပါရစေ”

ရုတ်တရက် သူ၏နောက်မှ အသံထွက်လာသည်။ အသံက အေးစက်သော်လည်း ပြင်းထန်သည့် ဆွဲဆောင်မှုက ပါသည်။ ဝမ်ချောင်က ခေါင်းခါလိုက်သည်။ သို့သော် သူ၏ငြင်းဆန်မှုက အရာမရောက်ခဲ့ချေ။ သွယ်လျသော အမျိုးသမီးတစ်ယောက်၏ လက်ကထွက်လာပြီးနောက် သူ၏လက်ထဲမှ တဘတ်ကိုယူပြီး သူ၏ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးသည်။

ဝမ်ချောင်က တခဏခန့် အေးခဲသွားသည်။ သို့သော် ဘာစကားမျှမပြောဘဲ အခန်းထဲမှ အမျိုးသမီးကိုသာ ဆက်လက်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်သည်။

အချိန်တိုင်းလိုလို ထိုထဲသို့ ရေကိုနှစ်နေရသောကြောင့် ကြည်လင်သောရေက အနီရောင်ပြောင်းသွားသည်။

“ဘာတွေဖြစ်နေတာလဲ နင်အနောက်တောင်ပိုင်းကို သွားတဲ့အချိန်တုန်းက ဒီလိုနာမကျန်းမှုမရှိတာ ငါမှတ်မိပါတယ်။ ဒီခုနှစ်ရက်ထဲနဲ့ ဒီလိုမျိုး သုံးကြိမ်ဆက်တိုက်ဖြစ်ပြီး တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”

မီရာဆာမစ်အာရာကာက စိုးရိမ်တကြီးပြောပြီး ဝမ်ချောင်၏ကိုယ်မှ သွေးစက်များကို ရှင်းလင်းပေးနေသည်။ သူမကမူ သူလျိုတစ်ယောက်၏ ဝတ်စုံလိုမျိုး အနက်ရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည်။

ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် ရှိနေချိန်တွင် မီရာဆာမစ်အာရာကာက အိမ်တွင်စောင့်ကြပ်ပေးခဲ့သည်။ လက်ရှိအချိန်တွင် သူမက ဝမ်ကလန်၏ အရိပ်သဖွယ်ဖြစ်လာခဲ့ပြီး ကလန်မှ လျို့ဝှက်ချက်အနည်းငယ်ကိုသာ သူမထံမှ ဖုံးကွယ်ရလောက်တော့သည်။

“ဟား ဟား မင်းသိဖို့မလိုပါဘူး။ ဒါ့အပြင် မင်းငါ့ကိုလည်း မကူညီနိုင်ဘူး”

ဝမ်ချောင်က ထိုသို့ပြောလိုက်သည်။

“နင်ငါ့ကိုမပြောချင်ဘူးလား”

မီရာဆာမစ်အာရာကာက လှုပ်ရှားနေသည့်လက်က တခဏခန့် ရပ်တန့်သွားပြီးနောက် ဆက်လက်ပြီး ရှင်းလင်းပေးသည်။

“သခင်မက စိုးရိမ်မှာကို နင်စိုးရိမ်နေတာ မဟုတ်လား”

“မင်းသိရင်ကောင်းတယ် ဒါပေမဲ့ အမေသိလို့မရဘူး”

ဝမ်ချောင်ကပြောသည်။

အနောက်တောင်ပိုင်းက စစ်ပွဲက အပြင်းထန်ဆုံး တိုက်ခိုက်နေရသည့် အချိန်တွင် ဝမ်ချောင်က လက်ဗလာဖြင့် လူသောင်းကျော် သတ်ဖြတ်ခဲ့ပြီး ခုခံပေးခဲ့သည်။ အရာအားလုံးက အလကားမရခဲ့ချေ။ သို့သော် ဝမ်ချောင်ကလည်း သူပေးဆပ်ခဲ့ရသည့် တန်ကြေးကို မည်သူ့ကိုမျှ မပြောခဲ့ချေ။

ဒေါက် ဒေါက် ဒေါက်

သူကတွေးတောနေချိန် တံခါးခေါက်သံကို ကြားလိုက်ရသည်။

“သခင်လေး ရထားလုံးက အဆင်သင့်ဖြစ်ပါပြီ။ ကျွန်တော်တို့ ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်ကို အချိန်မရွေး ထွက်ခွာလို့ရပါပြီ”

“အွန်း ငါသိပြီ”

ဝမ်ချောင်က ခေါင်းညိမ့်လိုက်သည်။

“တဘတ် အဝတ်နဲ့ ဒီဇလုံကို ကိုင်တွယ်လိုက်ပါဦး။ အခြားဘယ်သူမှ သိလို့မရဘူးနော်။ အထူးသဖြင့် အမေပဲ”

“ငါသိပါတယ်”

ထိုစကားများနှင့်အတူ ဝမ်ချောင်က အခန်းတံခါးကိုဖွင့်ပြီးနောက် ထွက်သွားသည်။ အပြင်ဘက်တွင် ရထားလုံးက အသင့်စောင့်နေလေပြီး သူကထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်သို့ ထွက်ခွာသွားသည်။ ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်က ဝမ်ချောင်ဖွင့်ထားသည့် စားသောက်ဆိုင်ဖြစ်သည်။ လေးစားဖွယ်ကောင်းသော ပုံစံအသစ်မျိုးဖြင့် တည်ဆောက်ထားသည့်အပြင် ကျော်ကြားသော ဆရာသခင်အဆင့် စာဖိုမှူးပေါင်းများစွာကိုလည်း ငှားရမ်းထားသည်။ ဝမ်ချောင်၏ ငြိမ်းချမ်းမှု သီချင်းသုံးပုဒ်၏ ကျော်ကြားမှုအောက်တွင် ထိုက်ပိုက့် ထာဝရရှင်သန်ခြင်းကျောင်းဆောင်က မြို့တော်မှ အလားအလာကောင်းသော ဆိုင်များထဲမှ တစ်ဆိုင်ဖြစ်လာသည်။

ဝမ်ချောင်၏ အနောက်တောင်ပိုင်းမှ အောင်မြင်စွာ လုပ်ဆောင်ခဲ့မှုများနှင့် ပေါင်းစပ်လိုက်သော် ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်က မြို့တော်မှာ အကျော်ကြားဆုံး နေရာများထဲမှ တစ်ခုဖြစ်လာသည်။

“မင်းထိုက်ပိုက့်ကဝိုင်ကို မသောက်ဖူးရင် ကိုယ့်ကိုယ်ကို ဒီမြို့တော်ကပြည်သားလို့ ခေါ်ဖို့မတန်ဘူး” ဆိုသော စကားစုကပင် မြို့တော်အတွင်း ပျံ့နေခဲ့ပြီးလေပြီ။ ရလဒ်အနေဖြင့် ဝမ်ချောင်၏ ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်က မြို့တော်ထဲမှ ပညာတတ်များ စုစည်းရာနေရာ နာမည်ကြီးကုန်သည်များ ပုဂ္ဂိုလ်ကြီးများ အထက်တန်းလွှာများက တွေ့ဆုံရာနေရာ ပွဲတော်များ ကျင်းပရာနေရာဖြစ်လာသည်။

ထိုနေရာ၏ မြို့တော်အတွင်းရှိ ကျော်ကြားမှုက ယောင်ကလန်မှ ကျယ်ပြောသော ကြိုးကြာစံအိမ်ကိုပင် ကျော်လွန်သွားသည်။ တစ်လချင်းစီတိုင်းတွင် ထိုနေရာမှ ဝမ်ချောင်နှင့် ဝမ်ကလန်ကို ပေးနေသော အကျိုးအမြတ်က ဝမ်ချောင်၏ ကြွယ်ဝမှုကို မြင့်မားလာစေခဲ့သည်။ ဝမ်ချောင်က ထိုဆိုင်ကို စဖွင့်ခဲ့ချိန်က ထိုမျှအထိ မတွေးတောခဲ့ဖူးချေ။

သို့ရာတွင် ထိုဆိုင်က ဝမ်ချောင်က အချို့သောကိစ္စများကို အခြားသောဆိုင်များတွင်လုပ်ရန် အဆင်မပြေသည့်အခါ ဒီနေရာတွင်သာလုပ်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်ထားခဲ့ခြင်းသာဖြစ်သည်။

အကြီးမားဆုံးသော ကွာခြားချက်က ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်၏ ထိပ်ဆုံးထိပ်တစ်ခုလုံးက ဝမ်ချောင်အတွက် သီးသန့်အသုံးပြုရန် ပြင်ဆင်ထားခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်ကသာ လိုအပ်လျှင် ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်တစ်ခုလုံးက အချိန်မရွေး တံခါးပိတ်မည်ဖြစ်ပြီး ဝမ်ချောင်တစ်ယောက်တည်းသာ အသုံးပြုမည်ဖြစ်သည်။ ဒီနည်းအားဖြင့် ဧည့်သည်များက ထိုအချိန်တွင် လာခွင့်မရှိချေ။

ထိုအခြေအနေက လာရောက်သူများထံမှ မည်သည့် မကျေမနပ်မှုကိုမျှ မရစေခဲ့သလို လူအုပ်ကိုပင် ထိုဆိုင်ကို ဝိုင်းစေခဲ့သည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်ကိုယ်တိုင်ကပင် ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်အတွက် အကျိုးပြုမှုကြီး ပြုခဲ့ပြီးသားဖြစ်သည်။ ထိုဆိုင်အတွင်းမှ လူတိုင်းကလည်း ဝမ်ချောင်က အနောက်တောင်ပိုင်းမှ သူရဲကောင်းတစ်ယောက်ဖြစ်ပြီး မဟာထန်၏ သမိုင်းမှ တစ်ဦးတည်းသော လူငယ်အမတ်ဖြစ်ကြောင်း နားလည်ထားကြသည်။

ဝုန်း

ဝမ်ချောင်၏ ရထားလုံးက ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်အရှေ့သို့ ရောက်ကာစရှိသေးသည်။ ရောက်နေကြသော လူအုပ်တစ်ခုလုံးက ဝရုန်းသုန်းကားဖြစ်သွားသည်။

“ကြည့်လိုက် ကြည့်လိုက် အဲ့ဒါက လူငယ်အမတ်လေ”

“ဝါး ဒါကလူငယ်အမတ်စီးတဲ့ ရထားလုံးပေါ့လေ”

“လမ်းဖယ်ကြစမ်း လမ်းဖယ်ကြ ငါကြည့်ပါရစေ။ ငါခုနှစ်ရက်တောင် ဒီနေရာမှာ စောင့်နေခဲ့ရတာ”

“ငါကြားတာတော့ လူငယ်အမတ်က (၁၇)နှစ်ပဲရှိသေးတဲ့အပြင် ကြင်ဖက်မရှိသေးဘူးဆိုပဲ။ သူသာငါ့ကို တွေ့သွားရင် ငါကဝမ်ကလန်ထဲကို ဝင်ရောက်လက်ထပ်နိုင်ပြီး သူနဲ့အတူ ချစ်ခင်မြတ်နိုးတဲ့ စုံဘက်တွေဖြစ်လာနိုင်သေးတယ်”

“ထွက်သွားစမ်း နင်ကဖြင့် အသက်နှစ်ဆယ်ကျော်နေပြီ။ လူငယ်အမတ်ထက်တောင် အသက်ကြီးနေသေးတာ။ နင်ကအဒေါ်အရွယ် ရောက်နေပြီ။ ဝမ်ချောင်က ငါ့ကိုပဲရွေးမှာ ငါ့ကိုပဲကြည့်လိမ့်မယ်”

ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်၏ ဂိတ်ဝန်းကျင်တွင် ရောက်ရှိနေကြသော လူအုပ်ထဲတွင် အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စသဖြင့် အားလုံးတို့က ဝမ်ချောင်၏ ရောက်လာသော ရထားလုံးအတွက် အံ့အားသင့်နေကြသည်။ လူငယ်များမှစတင်ပြီး လက်မထပ်ရသေးသော အမျိုးသမီးအထိ အားလုံးက ထိုနေရာတွင် ဝရုန်းသုန်းကား ဖြစ်သွားလေသည်။

ဝမ်ချောင်က (၁၇)နှစ်သာရှိသေးသည်။ ထို့ပြင် ကလန်များ၊ အမတ်များ ပြည့်နေသော ကလန်ကြီးတစ်ခုမှ မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး အင်ပါယာ၏ သူရဲကောင်းတစ်ယောက်ဖြစ်သလို အလားအလာ အကောင်းဆုံး လူငယ်မျိုးဆက်တစ်ယောက်လည်း ဖြစ်နေခဲ့သည်။ သူက မြို့တော်ထဲကကဲ့သို့ အခြားသော ဗိုလ်ချုပ်ကြီးများရာထူးကို မရခဲ့သေးသော်လည်း အင်ပါယာ၏ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်ဟုပင် လူတိုင်းက သတ်မှတ်ထားပြီးသားဖြစ်သည်။

သူကဲ့သို့ လက်မထပ်ရသေးသော လူကောင်းအမျိုးသားတစ်ယောက်ကို မရေမတွက်နိုင်သော မြို့တော်အတွင်းရှိ အမျိုးသမီးပေါင်းများစွာက စိတ်ကူးယဉ်နေကြသည်။ သူက ထိုအမျိုးသမီးပေါင်းများစွာ၏ စိတ်ကူးယဉ်ချစ်သူဖြစ်သည်။ ဝမ်ချောင်က မည်သည့်နေရာသို့ သွားစေကာမူ အမျိုးသမီးများစွာက ပေါ်ထွက်လာလေ့ရှိသည်။ ထို့ကြောင့်လည်း ဝမ်ချောင်က အမြဲတစေ သူ၏စံအိမ်ထဲတွင်သာ ကျင့်ကြံနေရခြင်းဖြစ်သည်။

“သခင်လေး ကျွန်တော်တို့ ရှေ့ဆက်တိုးလို့မရတော့ဘူး”

ရထားလုံးကို မောင်းနှင်သူကပြောသည်။ လမ်းထဲရှိ မိန်းကလေးများက အလွန်ပြည့်ကြပ်နေသည်။ ထို့အပြင် အချို့သော ဆယ်ကျော်သက်များက ရထားလုံး၏ မြင်းဇာတ်ကြိုးကိုပင် လှမ်းဆွဲကာ လမ်းကိုပင် ပိတ်ထားသေးသည်။

“ငါသိတယ်”

ဝမ်ချောင်ကလည်း မျက်မှောင်အနည်းငယ်ကျုံ့သည်။ သူ၏ကျော်ကြားမှု ပြဿနာနှင့် ရင်ဆိုင်ရသောအခါ သူကလည်း ထိုပြဿနာကို မရှင်းတတ်တော့ချေ။

“ဒါကငါလုပ်နိုင်တာ အကုန်ပဲ”

ဝမ်ချောင်က ရထားလုံးပြတင်းကို ဖွင့်လိုက်သည်။

ပြတင်းကပွင့်သွားပြီးနောက် ပုံရိပ်တစ်ခုက ချက်ချင်းလိုလို ခုန်ထွက်သွားသည်။ သူ၏ညာဘက်လက်က ရထားလုံး၏ ခေါင်မိုးပေါ်ကို ပေါ့ပါးစွာဖိလိုက်ပြီးနောက် အသာခုန်လိုက်သည်။ လူအုပ်က ပါးစပ်အဟောင်းသား ဖြစ်နေချိန်တွင် သူက သိန်းငှက်တစ်ကောင်လိုမျိုး ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်၏ ထိပ်ဆုံးထပ်သို့ တိုက်ရိုက်ခုန်တက်လိုက်သည်။

“ဟား ဟား မဟာထန်ရဲ့ ကျော်ကြားလှတဲ့ လူငယ်အမတ် ကောင်းကင်ရဲ့ သားတော်ရဲ့ တပည့်ဆိုတဲ့ အတိုင်းပဲ ပြတင်းပေါက်ကတောင် ထွက်လိုက်ရတယ်။ ကောင်းကင်းသားတော်ရဲ့ တပည့်က ပြတင်းပေါက်ကနေတောင် ထွက်ဖို့ဖိအားပေးခံလိုက်ရတယ်။ ဒီသတင်းက ပျံ့သွားရင် လူတိုင်းက ရယ်ရလွန်းလို့ ခေါင်းတောင်ပြတ်ကျလောက်တယ်”

အနီးအနားမှ တခစ်ခစ်ရယ်သံများ ထွက်လာသည်။ ကျောင်းရထုံက သူမ၏စရိုက်အတိုင်း သူမ၏ အကျင့်နှင့်လိုက်ဖက်သည့် အနီရောင်အမွှေးများပါသော လှံကိုကိုင်ကာ အနီးအနားရှိ တိုင်ကိုမှီလျှက် တောက်ပစွာဖြင့် ပြုံးလိုက်သည်။

“ဟမ့် ဘယ်သူကသူ့ကို ဒီမိန်းကလေးတွေကို ဒီလောက်ဆွဲဆောင်ခိုင်းနေလို့လဲ။ သူ့ထိုက်နဲ့သူ့ကံပဲ”

ဘေးဘက်မှ မနာလိုနေသော အသံကလည်း ထွက်လာသည်။ အဝါရောင်ဝတ်စုံ ဝတ်ထားပြီး ကျောတွင် ငွေရောင်အမှတ်အသားပါသည့် ဓားကို လွယ်ထားသည့် ဟွမ်ချန်းအာက ဝမ်ချောင်ကို စူးရဲစွာကြည့်လိုက်သည်။

ဝမ်ချောင်ကလည်း ရှက်သွားသည်။ ဒီအချိန်အတောအတွင်း ထိုမိန်းကလေးများက သူ့ကိုဆက်တိုက် လှောင်နေလေသည်။

“ရထုံ ချန်းအာ ကျေးဇူးပြုပြီး ငါ့ကိုမလှောင်ပါနဲ့တော့”

ဝမ်ချောင်က ခါးသီးစွာပြောလိုက်သည်။

“တော်ပြီ လူငယ်အမတ်က ရှေ့တန်းကနေ နတ်ဘုရားတစ်ပါးလိုမျိုး လူအုပ်ကို အမိန့်ပေးခဲ့တာ။ သူက ဒီလိုခရီးမှာ အလဲထိုးခံရဖို့ ထိုက်တန်တာပဲ။ ညီအစ်မတို့ သူ့ကိုခက်ခဲအောင် မလုပ်ရအောင်။ ဝမ်ချောင် မြန်မြန်လေး လူတိုင်းက ဒီနေရာမှာ ရှိနေကြတယ်။ အားလုံးက မင်းကိုပဲစောင့်နေကြတာ”

ထိုက်ပိုက့် ထာဝရရှင်သန်ခြင်း ကျောင်းဆောင်၏ အပေါ်ဆုံးထပ်တွင် ကြီးမားကာ လုံးဝိုင်းသည့် စန္ဒကူးသစ်သားစားပွဲကြီး ရှိသည်။ ထိုနေရာတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်များက ဝိုင်းထိုင်နေကြသည်။ ကောဖုန်း၊ ချိုင်ကျစ်၊ ကျစ်ရီ၊ ကျွမ်းကျန်းပင်း၊ ချီဝေ့စစ်၊ ကျောင်းချင်းသျန်၊ ရွှီကန်း၊ ဖန်းရွယ်လင်းနှင့် ပိုင်စစ်လင်နှင့် ရွှီချီချင်း စသဖြင့်အားလုံးတို့က ရောက်ရှိနေကြသည်။

ပိုင်စစ်လင်က လက်တင်ကုလားထိုင်တွင်ထိုင်လျှက် ဝမ်ချောင်ကို လှောင်ပြုံးနှင့်အတူ ကြည့်နေသည်။ ထိုအချိန်တွင် စားပွဲရှိလူတိုင်းက ခေါင်းကိုအဝေးသို့လှည့်ထားပြီး ဝမ်ချောင်ကို မမြင်ချင်ယောင် ဆောင်နေကြသည်။ ပိုင်စစ်လင်၊ ကျောင်းရထုံ၊ ဟွမ်ချန်းအာနှင့် ရွှီချီချင်း ထိုမိန်းကလေး လေးယောက်ကမူ ဝမ်ချောင်နှင့် ပြောဆိုရခက်သော ဆက်ဆံရေးမျိုးရှိနေသည်။ အရူးကသာ ဒီလိုအချိန်မျိုးတွင် ဝင်စွက်ဖက်ချင်ကြပေလိမ့်မည်။

မြို့တော်မှ ကျော်ကြားသော အလှလေး လေးယောက်လုံးက ထူးခြားသောပါရမီကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သို့တိုင်အောင် ယခုအခြေအနေမျိုးတွင် သူတို့က ဒေါသထွက်နေကြသည်။ မည်သူကမျှ ထိုဒေါသအမျက်ကို လက်သင့်မခံနိုင်ကြချေ။ ထို့ပြင် လူအများစုက ထိုလေးယောက်ကိုပင် စာနာသနားနေကြသေးသည်။

“အမျိုးကောင်းသား အမျိုးကောင်းသမီးတို့ ကျွန်တော်အားလုံးကို စောင့်ဆိုင်းခိုင်းမိပြီ”

အခြားသော ပွဲများဆိုလျှင် ဟာသများပြောပြီး လေထုကို ပေါ့ပါးသွားအောင်လုပ်ရန် လိုအပ်လောက်သော်လည်း ဝမ်ချောင်ကမူ အသာအယာပြုံးလျှက် အင်္ကျီလက်ကို အနည်းငယ် ခါယမ်းရုံလောက်ဖြင့် လုံလောက်လေပြီ။ သူကရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားပြီးနောက် ကောဖုန်းနှင့် ချိုင်ကျစ်ရီတို့၏ဝိုင်းတွင် ဝင်ထိုင်လိုက်သည်။

ဝမ်ချောင်က ရွေးချယ်ထိုင်သော နေရာကိုမြင်သောအခါ မိန်းကလေး လေးယောက်၏ မျက်ဝန်းများက တောက်ပသွားပြီးနောက် စိတ်အခြေအနေကလည်း နူးညံ့သွားသည်။

“တကယ်ကို လေးစားစရာပဲ”

ကောဖုန်းနှင့် ချိုင်ကျစ်ရီက ဝမ်ချောင်ကို လေးစားသလို ချီးကျူးလိုက်သည်။

“ညီငယ်ဝမ် ဒီနေ့ဘာလို့ ငါတို့အားလုံးကို ခေါ်လိုက်တာလဲ”

အဆုုံးတွင် ဖန်းရွယ်လင်းကသာ တိတ်ဆိတ်မှုကို ဖြိုခွဲသူဖြစ်သည်။ ဒီမနက်မှသာ ဝမ်ချောင်က သူတို့ကို ဒီနေရာသို့လာရောက်ရန် ဖိတ်ကြားကြောင်းစာလွှာကို လက်ခံရရှိခဲ့သည်။ မူလက ဒါကသာမာန် တွေ့ဆုံမှုဟုသာ ထင်သော်လည်း ကောဖုန်းနှင့် ချိုင်ကျစ်ရီတို့ ရောက်နေကြောင်း မြင်လိုက်မှသာ ဒီတွေ့ဆုံမှုက ထင်သလောက် မရိုးရှင်းမှန်းသိလိုက်သည်။

ဝမ်ချောင်က အမြဲတစေ အရာအားလုံးကို တွက်ချက်ပြီးမှလုပ်သည်။ စစ်ပွဲက ပြီးဆုံးသွားသဖြင့် ဝမ်ချောင်က နောက်ထပ်တစ်စုံတစ်ရာကို ဆက်လုပ်ရန် ကြံစည်နေခြင်းကို သူတို့က နားမလည်နိုင်ကြတော့ချေ။

All Chapters