← Chapters

အခန်း (၆၇၁-၆၇၅)

Vol. 35 Ch. 671-675

အခန်း (၆၇၁-၆၇၅)

Vol. 35 Ch. 671-675

အခန်း(၆၇၁)

လုဝူရဲ့ သားရဲပုံသဏ္ဍန် ပြောင်းလဲခြင်း

လုဝူတွင် အကန့်အသတ်မဲ့အောင် များပြားသော ခွန်အားများကို ပိုင်ဆိုင်ထားပြီး သူ၏လှုပ်ရှားကွက်တိုင်းက တောင်တန်းများကိုပင် အက်ကွဲစေလောက်သည့်တိုင်အောင် ဝမ်ချောင်၊ လီစစ်ယဲ့နှင့် ဝမ်ရှောင်ယောင်တို့၏ လက်ထဲတွင် သူက ကစားစရာ တစ်ခုထက် မပိုတော့ချေ။

ပစ်မှတ်ကို ရွေးချယ်ရသောဖြစ်ရပ်က လုဝူကို ဆုံးဖြတ်ချက်ချရန် ခက်ခဲနေသည်။ သူက သူ၏ခွန်အား အများစုကို ထုတ်သုံးချင်သော်လည်း တုန့်ဆိုင်းမှုက ကြီးစိုးနေခဲ့သည်။

“ဟား ဟား ရယ်ရတယ် အရမ်းရယ်ရတာပဲ”

ဝမ်ရှောင်ယောင်က တခစ်ခစ်ရယ်သည်။ သူမက လုဝူနှင့်အတူ ထိုကစားပွဲတွင် အလွန်ပျော်မွေ့နေသည်။ လုဝူ၏ အန္တရာယ်များသော ခရမ်းရောင်မီးတောက်များကို ပိုင်ဆိုင်ထားပြီး မီးတောက်များအတွက်ကမူ သဘာဝအလောက် နတ်ဘုရားတမျှ ပြင်းထန်လွန်းသည့် ခွန်အားကို ပိုင်ဆိုင်ထားသည့် မကောင်းဆိုးဝါးလို သူမအတွက် သက်ရောက်မှုအနည်းငယ်သာရှိသည်။

လုဝူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှ အေးစိမ့်နေပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသည့် စွမ်းအင်များက အတော်မသပ်နိုင်အောင် များပြားသည့် ပမာဏဖြင့် ဝမ်ချောင်၏ကိုယ်အတွင်းသို့ တိုးဝင်နေသည်။ လုဝူက ချက်ချင်းလိုလို ဟိန်းဟောက်လိုက်သည်။ သို့သော် သူက ဝမ်ချောင်ကို လက်သီးဖြင့်ထိုးရန် ကြိုးစားလိုက်သည့် အချိန်တွင် လီစစ်ယဲ့က တားဆီးလာလေ့ရှိသည်။

လုဝူက အားနည်းလာချိန်တွင် ဝမ်ချောင်ကမူ အင်အားကြီးမားသထက် ကြီးမားလာသည်။ သူက သိုင်းအင်ပါယာနယ်မြေ အဆင့်နှစ်မှ အဆင့်သုံးသို့ တက်ရောက်ရန်လမ်းသို့ ရောက်နေလေပြီ။

ထို့ပြင် အခြားသော အရေးကြီးသည့် အချက်တစ်ချက်က ရှိနေသေးသည်။ ဝမ်ချောင်၏ သတ်ဖြတ်ခြင်း ရောဂါလက္ခဏာက အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် ပြသခဲ့ချိန်က သူက လူတစ်သောင်းကျော် သတ်ဖြတ်ခဲ့သော်လည်း သူ၏ခွန်အားက အလွန်အမင်း ကြီးမားခဲ့ပြီး အရှိန်နှုန်းပင် မြန်ဆန်သွားခဲ့သေးသည်။ သို့တိုင်အောင် ထိုအခြေအနေက သူ၏အရိုးနှင့် သွေးပြန်ကြောများကို ဒဏ်ရာရစေခဲ့သည်။ အလွန်အမင်း အင်အားကြီးသွားသောအခါ ထိုသို့သော အခြေအနေမျိုးကို မရှောင်ရှားနိုင်ချေ။ ထို့အတွက်ကြောင့် ဝမ်ချောင်၏ ခန္ဓာကိုယ်က ကျင့်ကြံချိန်တွင် ဆက်တိုက် သွေးများစိုရွှဲနေခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဝမ်ချောင်က ထိုမကောင်းဆိုးဝါး၏ အေးခဲနေသော စွမ်းအင်များကို စုပ်ယူပြီးနောက် သူ၏ဆဲလ်များက အသက်ပြန်ဝင်လာသလိုမျိုး သန်မာလာကြောင်း ခံစားလိုက်ရသည်။ ဒီလောကတွင် ဒါက ဝမ်ချောင်၏ အတွင်းဒဏ်ရာများအတွက် အကောင်းဆုံး ကုစားခြင်း၊ ဖာထေးခြင်း ဆေးတစ်လက်ဖြစ်သည်။ ဒါက အံ့အားသင့်စရာကောင်းသည့် အကျိုးရလဒ်ဖြစ်သည်။

အံ့ဩစရာပဲ။

ဝမ်ချောင်၏ မျက်ဝန်းအတွင်း တောက်ပသော အလင်းက လက်လာပြီးနောက် သူကစိတ်အားထက်သန်လာသည်။ သူက ဒီအခြေအနေကို ထိန်းထားနိုင်သမျှ ထိုမကောင်းဆိုးဝါး၏ စွမ်းအားတိုင်းကို ခြောက်ကပ်အောင် စုပ်ယူနိုင်ကောင်း စုပ်ယူနိုင်လောက်သည်။

ထိုစွမ်းအင်များက မည်သည့်အင်အားကလာကြောင်း သူက မသိသော်လည်း ဝမ်ချောင်အနေဖြင့် သေချာနေသော အချက်တစ်ချက်ရှိသည်။ ထိုစွမ်းအားများက သူ၏ ထိုသတ်ဖြတ်ခြင်း ရောဂါလက္ခဏာကို ဖိနှိပ်ရန် အလွန်အကျိုးပြုပေးနိုင်ကြသည်။

ရုတ်တရက် လီစစ်ယဲ့က လုဝူ၏ လည်ပင်းမှ အနက်ရောင်အစက်လေးကို သတိထားမိသွားသည်။ သူက မျက်လုံးပြူးသွားပြီးနောက် ချက်ချင်းလိုလို သတိပေးလိုက်သည်။

“သခင်လေး သတိထား ဒီမကောင်းဆိုးဝါးက ကြေးခွံပြန်ပေါက်လာပြီ”

“မလန့်နဲ့ အရင်ဆုံး သူ့ကိုထိန်းထားဖို့ နည်းလမ်းပဲရှာ”

ဝမ်ချောင်၏အသံက အလွန်အေးစက်ကာ တည်ငြိမ်ပြီး မှန်းဆရန်ခက်ခဲသည့် အင်အားမျိုးပါသည်။ သူက လီစစ်ယဲ့ထက် ပို၍အမြင်စူးရှလေသည်။ လုဝူ၏ အသားများက မယုံနိုင်စရာ ကောင်းလောက်အောင် မာကြောထားပြီးသားဖြစ်ပြီး ဝမ်ချောင်၏လက်ချောင်းက သူ၏လည်ပင်းထဲသို့ ထိုးစိုက်ထားချိန်တွင်လည်း သူ့ကို ပြန်ကန်ထုတ်နေသည့် အင်အားအလွှာ တစ်လွှာပြီးတစ်လွှာ ထွက်လာကြောင်းကို ခံစားမိနေခဲ့သည်။ ဒီနည်းအားဖြင့် သူ၏လက်ချောင်းကို အသားထဲမှ ပြန်တွန်းထုတ်နေခြင်းဖြစ်သည်။

သူကလည်း ထိုလက်ချောင်းမှတစ်ဆင့် လုဝူ၏ အကြေးခွံတစ်ခုလို မာကြောသော အရာတစ်ခုကို ခံစားမိလာသည်။ တဖြည်းဖြည်းချင်း မပြီးပြည့်စုံသေးသည့် ကြေးခွံက သူ၏ဝု့စ်သံမဏိဓားကိုပင် တဖြည်းဖြည်းချင်း တားဆီးလာနိုင်တော့မည်ဖြစ်သည်။ ထိုအခါ ဝမ်ချောင်၏ ရှောင်ရင်ယန်သိုင်းက အသုံးဝင်လာမည်မဟုတ်ချေ။

“ညီမလေး”

ဝမ်ချောင်က တုန့်ဆိုင်းမနေဘဲ လှမ်းပြောလိုက်သည်။

ဝှစ်

ဝမ်ရှောင်ယောင်က ချက်ချင်းလိုလို လေထဲသို့ ခုန်တက်လိုက်သည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း နောက်ထပ် အကြေးခွံတစ်ခုက အောက်သို့ကွာကျသွားပြန်သည်။ ဝမ်ရှောင်ယောင်၏ နတ်ဘုရားတမျှ ပြင်းထန်သည့် ခွန်အား၏ နောက်ထပ်အပြစ်သား တစ်ခုအနေဖြင့် သွေးများက တဖန်စီးကျလာသည်။ ဒီနည်းအားဖြင့် အေးခဲသော စွမ်းအင်များကလည်း ပို၍စိမ့်ထွက်လာတော့သည်။

ဒီလိုထပ်ခါတလဲလဲ ဖြစ်လာပြီးနောက် ဝမ်ချောင်၏ အကြံက အသီးအပွင့် ရလာလောက်အောင် အကျိုးဖြစ်ထွန်းလာသည်။ ဝမ်ချောင်က အင်အားကြီးမားသထက် ကြီးမားလာပြီး သူ၏ရှောင်ရင်ယန်သိုင်းကလည်း လုဝူ၏ ဆက်တိုက်မြင့်တက်လာသော စွမ်းအင်တိုင်းကို စုပ်ယူပစ်နေခဲ့သည်။ ဒီနည်းအားဖြင့် သူက တဖြည်းဖြည်းချင်း အင်အားနည်းလာတော့မည့်ပုံစံ ပြလာသည်။

စွစ်

ရုတ်တရက် အလင်းရောင် ဖြတ်ကနဲလက်ပြီးနောက် ဝမ်ချောင်ကသူ၏ ဝု့စ်သံမဏိဓားမြောင်ကို ဆွဲထုတ်လိုက်ကာ အောက်သို့ ထိုးစိုက်လိုက်သည်။ သို့သော် အောက်သို့ဝင်အောင် မစိုက်နိုင်ပြန်ချေ။

ဘယ်လောက်တောင်မာတဲ့အသားလဲ။

ဝမ်ချောင်၏ စိတ်ထဲတွင်လည်း အလွန်အံ့အားသင့်သွားသည်။ သို့သော် သူတစ်ခါထဲ မှတ်သားထားလိုက်သည်။ သူတိုက်ခိုက်ရင်းဖြင့် ကုန်ဆုံးခဲ့သော နှစ်တိုင်းတွင် တိုက်ခဲ့ရသည့် တိုက်ပွဲတိုင်းနှင့် ရင်ဆိုင်ခဲ့ဖူးသည့် ရန်သူတိုင်းကို ပြန်တွေးကြည့်မည်ဆိုလျှင်ပင် သူ၏ဝု့စ်သံမဏိ လက်နက်များဖြင့် မတိုက်ခိုက်နိုင်သော မကောင်းဆိုးဝါးဆိုလျှင် လက်ရှိရှေ့မှ တစ်ကောင်သာ ရှိလောက်သည်။

ကြေးခွံအောက်မှ အသားများက သံမဏိထက်ပင် မာကြောသော အသားအရည်တစ်ခုကဲ့သို့ ဖြစ်နေသေးသည်။ ဝမ်ချောင်ကိုယ်တိုင်ပင် ထိုကဲ့သို့ ထိုသို့ကို့ယို့ကားယားနိုင်သည့် ရန်သူမျိုးကို ရင်ဆိုင်ခဲ့ဖူးခြင်း ရှိမရှိ မမှတ်မိတော့ချေ။ ဒဏ်ရာက အလွန်သေးသည်။ ထို့ကြောင့် သူဖောက်ဝင်၍ မရသေးချေ။

ဝမ်ချောင်၏ စိတ်က သေးငယ်သော ဒဏ်ရာလေးများကို ကြည့်လိုက်သည်။

ဝမ်ချောင်၏ ဝု့စ်သံမဏိဓားမြောင်က အလွန်သေးသည်။ သို့တိုင်အောင် မလုံလောက်သေးချေ။ လက်နှစ်ဆစ်ခန့်ကျယ်သော ဓားမြောင်က လုဝူ၏လည်ပင်းတွင် သေးငယ်သော အပေါက်လေးကိုသာ ပွင့်အောင်ဖွင့်နိုင်သည်။

နားမှာတောင် ကြေးခွံတွေရှိတယ်။

သူ၏အကြည့်က နားထံရောက်သွားသည်။ ဝမ်ချောင်က နားတစ်ခုလုံးကို အပြည့်အဝ အုပ်ထားသော ကြေးခွံများကိုလည်း မြင်နိုင်သည်။ ထိုကြေးခွံများက နား၏ အတွင်းပိုင်းသို့ရောက်အောင် တဖြည်းဖြည်းချင်း ဝိုင်းပတ်လျှက် အုပ်ကာ ဖြန့်ကျက်သွားခြင်းဖြစ်သည်။

ထိုသို့ဖြင့် အထဲသို့ဝင်အောင် လုပ်နိုင်ရန်ပင် မကြာတော့ချေ။

ထို့အပြင် သူကိုယ်တိုင်ကလည်း အထဲကို ရှင်းရှင်းလင်းလင်း မမြင်ရချေ။

သူ့ကိုအမြန်ဆုံးသတ်ဖို့ နည်းလမ်းတစ်ခုရှာရမယ်။ မဟုတ်ရင် လီစစ်ယဲ့က အကြာကြီး ထိန်းနိုင်မှာမဟုတ်ဘူး။

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

လီစစ်ယဲ့က အနာဂတ်မှ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သော်လည်း သူက လုံလောက်အောင် အရွယ်မရောက်သေးချေ။ အချိန်အကြာကြီး တိုက်ခိုက်ပြီးနောက် သူကိုယ်တိုင်၏ ကြယ်တာရာ စွမ်းအင်ပေါင်း များစွာကလည်း ခရမ်းရောင်မီးတောက်များကြောင့် မြောက်များစွာ ဆုံးရှုံးခဲ့ပြီးလေပြီ။ ထို့ကြောင့်သူက ထိန်းနိုင်ရုံမျှသာ လုပ်နိုင်တော့သည်။

ဝမ်ချောင်က အကြည့်ကို ရွေ့လိုက်ပြီးနောက် လုဝူ၏မျက်လုံးထံ ရောက်သွားသည်။ ဒါကလုဝူ၏ အကြီးမားဆုံး အားနည်းချက်များထဲမှ တစ်ခုဖြစ်သည်။ သူကသာ ထိုမကောင်းဆိုးဝါးကို သတ်လိုလျှင် မျက်လုံကသာစတင်သည်။

သို့သော် ဝမ်ချောင်က လုဝူ၏မျက်လုံးကို ကြည့်လိုက်ပြီးနောက် ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ လုဝူ၏ သွေးနီရောင်မျက်လုံးက သွေးမီးပုံကြီးအဖြစ် တောက်လောင်နေပြီး သွေးမျက်ရည်များပင် ကျဆင်းလာသည်။ မျက်လုံးတစ်ခုလုံးက သွေးနီရောင် တောက်ပလေပြီး ဖျက်ဆီးလိုသော စိတ်ဆန္ဒက ကြီးစိုးနေဟန်ရသည်။ ဝမ်ချောင်က အရိုးကွဲအက်သံနှင့် ကြီးထွားသံများကိုပင် ကြားလိုက်ရသည်။

ခလွပ် ခလွပ် ခလွပ်

လုဝူ၏ ခန္ဓာကိုယ်က ၂.၉မီတာခန့် ကြီးထွားပြီးသားဖြစ်သည်။ ထို့ကြောင့် အထဲတွင် မယုံနိုင်စရာ ကောင်းလောက်အောင် ပြိုင်ဘက်ကင်းသည်ဟု ထင်ရသည့် စွမ်းအင်ပေါင်းများစွာ၏ အားဖြည့်ပေးမှုအောက်တွင် ပို၍သာ ကြီးထွားလာလေသေးသည်။

ထိုအရာသာ မကလေဘဲ အခြားသော ခန္ဓာကိုယ်အစိတ်အပိုင်းပေါင်း များစွာကလည်း သံမဏိကဲ့သို့ မာကြောလာပြန်သည်။ ဒီနည်းအားဖြင့် ဒီကြီးမားလွန်းသော ခန္ဓာကိုယ်ကြီးထဲမှ တဖြည်းဖြည်းချင်း ရှည်ထွက်လာသည်။ လုဝူ၏ လူသားပုံသဏ္ဍန်က တဖြည်းဖြည်းချင်း ပြောင်းလဲလာပြီး ခြောက်ခြားဖွယ်ကောင်းသော ကြောက်လန့်မှုအဖြစ် ပြောင်းလဲလာသည်။

“သေစမ်း လီစစ်ယဲ့ ညီမလေး ဖယ်ကြစမ်း လမ်းကဖယ်ကြ”

အလွန်အမင်း ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိလိုက်သည့် ဝမ်ချောင်က ချက်ချင်းလိုလို နောက်သို့ ခုန်ဆုတ်လိုက်သည်။ တခဏခန့် ကြာပြီးနောက် ဝမ်ချောင်က ယခုလေးတင် ရှိနေခဲ့သည့် လုဝူ၏ ကျောကုန်းတစ်နေရာပေါ်သို့ အလွန်အမင်း ရှည်လျားလွန်းလှသော အမွှေးကြမ်းကြီးများက ချက်ချင်းထွက်ပေါ်လာသည်။ ဒီနည်းအားဖြင့် သူ၏ လွတ်နေသော နေရာတိုင်းကို ဖုံးကွယ်သွားသည်။ ထို့အပြင် လေထုကိုပင် ဖြတ်ရိုက်သွားသော အသံမျိုးက ထွက်လာသည့်တိုင်အောင် ထိုခွန်အားကနေ ကမာ္ဘမြေကို လှုပ်ခါစေလိုက်သည်။

“ဝူး ဝူး”

ကောင်းကင်ထံသို့ ကျယ်လောင်သော အသံကြီးက ဟိန်းထွက်သွားသည်။ အလွန်ပြင်းထန်သော ခရမ်းရောင် မီးတောက်များနှင့်အတူ လုဝူ၏ကိုယ်ထဲတွင် ရှိနေပြီးသား ဖျက်ဆီးခြင်းစွမ်းအင်များက ပေါင်းစပ်သွားကာ တဖြည်းဖြည်းချင်း ပျံ့နှံ့သထက် ပျံ့နှံ့လာပြီး ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံလာသည်။

ဘုန်း

ပြင်းထန်သော ခရမ်းရောင်မီးတောက်က တောင်လောက်လာပြီးနောက်တွင် မက်မွန်ပင်တိုင်းက ပြားကပ်သွားသည်။ မြင်ကွင်းကိုပိတ်ထားသော အဝတ်တိုင်းကပင် ပြာအဖြစ် ပြောင်းလဲသွားသည်။

“အား”

ဝမ်ရှောင်ယောင်ကလည်း ကြယ်တာရာစွမ်းအင်လှိုင်း တစ်ခုဖြင့် ထိမှန်ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားသည်။

အခြားတစ်ဖက်တွင် လီစစ်ယဲ့ကလည်း ထိုအားလှိုင်းများ ထိမှန်ခံလိုက်ရပြီး ညဉ်းညူကာ အဝေးသို့ လွင့်ထွက်သွားသည်။ သူကလည်း ကွဲအက်နေသော နံရံတစ်ခုကို ဝင်ဆောင့်တိုက်မိသွားသည်။ သူ၏ အသားက စက္ကူဖြူကဲ့သို့ ဖြူစုတ်သွားသည်။

“အင်အားကြီးလိုက်တာ”

ထိုနှစ်ယောက်က ကံကောင်းသည်ဟု တိတ်တဆိတ် ရေရွတ်လိုက်ကြသည်။ ဝမ်ချောင်က သတိပေးသောကြောင့်သာ မဟုတ်လျှင် သူတို့အားလုံးကလည်း ထိုအားလှိုင်း၏ အင်အားအပြည့်အဝကို ခံစားရမည်ဖြစ်ပြီး ဒဏ်ရာအနည်းငယ် ရရုံနှင့် မဟုတ်လောက်တော့ချေ။ သူတို့လမ်းပင် မလျှောက်နိုင်သည်အထိ ဖြစ်သွားနိုင်သည်။

“ဒါကဘာလဲ”

ဝမ်ရှောင်ယောင်က မြေပြင်မှ ချက်ချင်းလိုလို အလန့်တကြား ခုန်ထလိုက်သည်။ သူမက သူမ၏အရှေ့မှ မြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်လုံးအပြူးသားဖြစ်သွားသည်။ သူမ၏ မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုများကို မြင်နိုင်သည်။ မက်မွန်သစ်ပင် တောအုပ်တစ်နေရာလုံးကို သိပ်သည်းသော မီးခိုးများက လွွှမ်းခြုံနေလေပြီ။

ကြီးမားသော လုဝူက ပျောက်ကွယ်သွားပြီး အလွန်အမင်း ကြီးမားသည့် မိစာ္ဆသားရဲကြီးတစ်ကောင်က အစားထိုး ဝင်ရောက်နေသည်။ ထိုသားရဲကြီး၏ ခန္ဓာကိုယ်ကို ထက်ရှသော အရွယ်အစား အမျိုးမျိုးရှိသည့် ဆူးချွန်များက လွှမ်းခြုံထားပြီး ရှည်လျားသော အမြှီးရှည်ကြီးကိုလည်း မြင်ရသည်။ ထိုအရာကြီးက ဖင်နောက်တွင် တူတစ်ချောင်းကဲ့သို့ ယမ်းခါနေသည်။

ထိုမကောင်းဆိုးဝါးကြီး၏ လက်လေးဘက်က မြေပြင်သို့ ချထားပြီး မျက်လုံးက သွေးနီရောင်သမ်းနေသည်။ သူက သုံးမီတာခန့်မြင့်ပြီး အင်အားကလည်း အလွန်အမင်း ကြီးမားသည်။ ထို့အပြင် အရှည်ကိုသာ အမြှီးထိ ထည့်တွက်လိုက်မည်ဆိုလျှင် ငါးမီတာကျော်နိုင်သည်။ ထိုအကောင်ရှေ့ရှိ မည်သူမဆို ကြောက်လန့်လောက်လေသည်။

ဝမ်ရှောင်ယောင်က နတ်ဘုရားတမျှ ပြင်းထန်သည့် ခွန်အားကို ပိုင်ဆိုင်ထားလောက်သော်လည်း သူမက အသက်ရှစ်နှစ် ကိုးနှစ်အရွယ်သာ ရှိသေးသည့် မိန်းကလေးတစ်ယောက် ဖြစ်နေသေးသည်။ ထိုညအိမ်မက်ဆိုးကဲ့သို့ ထင်ရသည့် သားရဲကောင်ကြီးက သူမ၏နှလုံးသားကို ထိတ်လန့်စေသည်။

“လူသားက မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားတယ်။ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ”

ထိုအချိန်တွင် တည်ငြိမ်နေသောသူက ဝမ်ချောင်သာလျှင်ဖြစ်သည်။ ဝမ်ချောင်ကလည်း ပြောင်းလဲခြင်းဖြစ်စဉ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ရသည်။ ယခုလေးတင် လုဝူက ၂.၉မီတာခန့်မြင့်သော မကောင်းဆိုးဝါးပုံစံမှ ချက်ချင်းလိုလို လူမဟုတ်သော အကောင်ကြီးအဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။

ဝမ်ချောင်၏ဘဝတွင် သက်ရှိလူတစ်ယောက်က အစစ်အမှန် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲသွားသော မြင်ကွင်းကို မြင်ဖူးခြင်းဖြစ်သည်။ ဝမ်ချောင်က သိုင်းပညာများကို နားလည်ထားသော အခြေအနေကို ဒီအခြေနေက ကျော်လွန်သွားသည့်အပြင် သာမာန်အခြေအနေမျိုးတွင် ရှင်းပြ၍မရတော့ချေ။

ဝေါင်း

ထိုအကောင်ကြီးက ပါးစပ်ကြီးကို ဟပြီးနောက် ကျယ်လောင်စွာဖြင့် အော်ဟစ်လိုက်ကာ ဆယ်ကျန်းခန့် အကွာမှ လီစစ်ယဲ့ထံ မီးအလင်းတိုင်ကို မှုတ်ထုတ်လိုက်သည်။

မီးတောက်ကအရှေ့သို့ တိုးဝင်သွားပြီးနောက်တွင် ဖုန်မှုန့်များ၊ ကျောက်တုံးများကိုလည်း ပြာကျသွားစေခဲ့သည်။

ချက်ချင်းလိုလို ထခုန်လိုက်သည့် လီစစ်ယဲ့က ထိုမီးတောက်ကို ရှောင်ရှားလိုက်နိုင်သည်။

ဘုန်း

ထိုမကောင်းဆိုးဝါးကြီးကလည်း ချက်ချင်းလိုလို ခုန်တက်လိုက်ချိန်တွင် မြေကမာ္ဘကပင် တုန်ခါသွားသည်။ ထို့နောက် လျှပ်စီးလက်လိုက်သလို ချက်ချင်းလိုလို လေထဲသို့ ခုန်တက်ပြီးနောက် လီစစ်ယဲ့ထံ ရောက်သွားသည်။

“မကောင်းတော့ဘူး”

လီစစ်ယဲ့က မျက်နှာပျက်သွားသည်။ သူ၏အတွင်းစွမ်းအားများကလည်း ထိုခရမ်းရောင်မီးတောက်ကြောင့် လောင်ကျွမ်းခံထားရပြီးသားဖြစ်သည်။ ထို့ကြောင့် သူ၏ခွန်အားများအရ ထိုမကောင်းဆိုးဝါး၏ ခုန်ချက်ကို မရှောင်နိုင်လောက်တော့ချေ။

လီစစ်ယဲ့က ထိုမကောင်းဆိုးဝါး၏ ခြေထောက်အောက်တွင် သေတော့မည့်အချိန်တွင် ကောင်းကင်တွင် နဂါးဟိန်းသံ ထွက်ပေါ်လာပြီး အေးစက်သော အလင်းက ဖြတ်တိုက်သွားသည်။ ဝမ်ချောင်က ကောင်းကင်မှ ထိပ်တိုက်ရင်ဆိုင်ရန် အောက်သို့ ခုန်ဆင်းလိုက်ပြီး မကောင်းဆိုးဝါး၏ခေါင်းကို ဝင်ဆောင့်တိုက်လိုက်သည်။

ဘန်း

ဝမ်ချောင်၏ဓားနှင့် မကောင်းဆိုးဝါး၏ ခေါင်းတို့ ထိပ်တိုက်ရင်ဆိုင်ရာမှ ပြင်းထန်သော စွမ်းအင်များက ပေါက်ထွက်လာသည်။ မျှော်လင့်ထားသည့်တိုင်း မကောင်းဆိုးဝါးသဏ္ဍန် ပြောင်းလဲသွားသောအခါ လုဝူ၏ ခုခံနိုင်စွမ်းအားက ကြောက်စရာကောင်းသည့် ဝမ်ချောင်၏ ဝု့စ်သံမဏိဓားကပင် အသုံးမဝင်တော့ချေ။

“သားရဲကောင် ဒီဘက်ပဲ”

ဝမ်ချောင်က ကျည်ဆံတစ်ခု ပစ်လွှတ်လိုက်သလိုမျိုး ချက်ချင်းလိုလို နောက်ပြန်လွင့်ထွက်သွားသည်။ သို့တိုင် သူက အနားမယူဘဲ မြေပြင်မှတဖန်ခုန်ကာ ထွက်ပြေးပြန်သည်။ မျက်တောင်တစ်ခတ် အချိန်တွင် သူက အနောက်တောင်ဘက်ပိုင်းသို့ ရောက်သွားသည်။

မကောင်းဆိုးဝါးက အော်ဟစ်ပြီးနောက် အပြေးလိုက်သွားသည်။

ဘုန်း

အချိန်အနည်းငယ်ခန့် ကြာပြီးနောက် နောက်ထပ် စွမ်းအင်အားလှိုင်းများက ဖြာထွက်လာပြန်ကာ အနောက်တောင်ပိုင်းထံမှ မြေငလျှင်က ကျွံ့ကျသလိုမျိုး လှုပ်ခါသွားပြန်ပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။ ကြည့်နေကြသော လူတိုင်းကမူ ဝမ်ချောင်က အနောက်တောင်ပိုင်း၏ နံရံကို လုဝူက ဝင်ဆောင့်တိုက်ရန် မျှားလာကြောင်း မြင်လိုက်ရသည်။

ဝမ်ကလန်၏ ကျန်းပေါင်းများစွာမြင့်သော နံရံကြီးက ထိုသို့ဖြင့် စက္ကူစတစ်ခုလိုမျိုး ပြိုကျသွားသည်။ အရှိန်အဟုန်နှင့်အတူ လုဝူက နံရံအနောက်မှ အနက်ရောင် ပုံရိပ်တစ်ခုကိုပင် ဝင်ဆောင့်လိုက်သေးသည်။

ရှင်းလင်းသော ကောင်းကင်တွင် အားလှိုင်းတစ်ခုက ရုတ်တရက်ပေါ်လာသည်။ ထိုအချိန်တွင် သခင်မဝမ် အိမ်တော်ထိန်းနှင့် ဝမ်ကလန်မှ အစေခံတိုင်း၊ ကျွန်တိုင်းကလည်း ကောင်းကင်မှ အနက်ရောင် အက်ကွဲကြောင်းကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

အခန်း(၆၇၂)

ကျားကိုမောင်းပြီး ဝံပုလွေကိုမြိုခိုင်းမယ်

“ဒါကဘာလဲ”

“ဘာလို့အဲ့ဒါကြီးက ရှိနေတာလဲ။ ငါတို့အပြင်မထွက်နိုင်တာ မအံ့ဩတော့ပါဘူး”

“ဘယ်လိုလူမျိုးကများ ငါတို့ရဲ့ဝမ်ကလန်ကို တိုက်ခိုက်တာလဲ။ သူတို့က ခေါင်းမာလွန်းတယ်”

ဝမ်ကလန်မှ လူတိုင်းက အလန့်တကြား ဖြစ်သွားကြပြီး တစ်ယောက်ချင်းစီတိုင်းက အံ့ဩသွားကြသည်။ နံရံအပြင်ဘက်မှ အနက်ရောင်ဝတ်စုံနှင့် လူများ၏ တုန့်ပြန်မှုကမူ အလန့်တကြား ဖြစ်ရလောက်အောင် မရိုးရှင်းချေ။

ခွပ် ခွပ် ခွပ်

လူပေါင်းများစွာက ငြိမ်ငြိမ်မရပ်နိုင်ကြတော့ချေ။ သူတို့က သွေးအန်သွားသည်။ ထို့နောက် ချက်ချင်းလိုလို ခေါင်မိုးများပေါ်မှ ပြုတ်ကျကြသည်။

“မျိုးမစစ်ကောင် ဒီကောင်က လုဝူကိုသုံးပြီး ငါတိို့ကိုရင်ဆိုင်ခိုင်းတာပဲ”

ခေါင်မိုးပေါ်မှ အနက်ရောင်ဝတ်စုံနှင့် လူများက အလွန်ဒေါသထွက်သွားကြပြီး ဖိအားများသွားကြသည်။

ဝင်္ကပါဖြင့် ပိတ်ဆို့ထားသော အနက်ရောင်အတားအဆီး အကာအကွယ်လွှာထက် သူတို့၏ ကြယ်တာရာ စွမ်းအင်များကိုလည်း အရင်းအမြစ်အဖြစ် ဖြည့်သွင်းထားရခြင်းဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ဝင်္ကပါ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လုဝူက အရန်အတားကို ဝင်ဆောင့်တိုက်လိုက်ခြင်းအားဖြင့် ဝမ်ချောင်က ကျားကိုမောင်းပြီး ဝံပုလွေကို မြိုခိုင်းသလို ဖြစ်သွားသည်။ ဒီနည်းအားဖြင့် သူက လုဝူ၏ခွန်အားကိုသုံးကာ အနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်လိုက်ခြင်းဖြစ်သည်။

ဝမ်ချောင်က အတွင်းတွင် အပိတ်ခံထားရသောကြောင့်သာ မဟုတ်လျှင် သူတို့၏ဒေါသကြောင့် ဝမ်ချောင်ကပင် ပြာကျသွားလောက်သေးသည်။ သို့သော် အခြေအနေကမူ ထိုအခြေအနေနှင့် ဝေးကွာသေးပြန်သည်။

ဘုန်း

မျက်တောင်တစ်ခတ် အချိန်တွင် နောက်ထပ် ကျယ်လောင်သော ထိပ်တိုက်တွေ့ဆုံသည့် အသံကြီးက ပေါက်ထွက်လာပြန်သည်။ မကောင်းဆိုးဝါး လုဝူက ထိုအနက်ရောင် အကာအရံကို နောက်ပြန်ဆုတ်ပြီးနောက် အသားကုန် ဝင်ဆောင့်တိုက်သည်။

“အား”

အနက်ရောင်ဝတ်စုံနှင့်လူ ငါးယောက် ခြောက်ယောက်ခန့်က အသားကုန် အော်ဟစ်လိုက်လျှက် မိုးကြိုးအပစ်ခံရသလိုမျိုး ဖြစ်သွားကြကာ ခေါင်မိုးပေါ်မှ သွေးများအန်လျှက် ပြုတ်ကျသွားကြသည်။ လုဝူ၏ လက်ရှိခွန်အားက မတွေးတောနိုင်လောက်အောင် အလွန်အမင်း ပြင်းထန်လွန်းသည်။ မည်သူကမျှ မခံစားနိုင်ချေ။ ထို့ကြောင့် ဝမ်ချောင်ကပင် မတားနိုင်ချေ။ ထို့အစားသူက လုဝူကိုသာမျှားကာ ထိုအကောင်များကို ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်သည်။ သူတို့မျှော်လင့်ထားသော ဖြစ်ရပ်တစ်ခုက ဖြစ်လာခဲ့ခြင်းဖြစ်သည်။

“ခေါင်းဆောင် ဒီအတိုင်းဆက်ဖြစ်နေရင် ကျွန်တော်တို့နဲ့ လုဝူရဲ့ကြားမှာ တိုက်ပွဲဖြစ်သွားလိမ့်မယ်။ ကျွန်တော်တို့ ဒီကောင်မသေခင် အရင်သေသွားလောက်တယ်။ ကျွန်တော်တို့ လုဝူကို ဒီအကာအကွယ်လွှာကို မတိုက်ခိုက်အောင် ထိန်းချုပ်လို့ ရနိုင်ပါ့မလား”

အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မတ်တပ်ထရပ်ပြီးနောက် ခေါင်မိုးနားတွင်ရပ်နေသော ခေါင်းဆောင်ထံ စိုးရိမ်တကြီး ပြေးသွားကာ ပြောလိုက်သည်။

“နည်းမရှိဘူး ဒီကောင်စုတ်က ကောက်ကျစ်လွန်းတယ်”

ခေါင်းဆောင်က အံ့ကိုကြိတ်သည်။ သူ၏မျက်နှာထားက အလွန်ပြင်းထန်နေသည်။ သူကလည်း လက်အောက်ငယ်သားများထက်ပင် ပို၍ဒေါသ ထွက်နေသေးသည်။

“သူက လုဝူပေါ်လာမဲ့နေရာကို သေချာချိန်ကိုက်ပြီး ထိန်းချုပ်ထားတာ။ ငါလုဝူကို ထိန်းချုပ်လိုက်တာနဲ့ လုဝူက ပျောက်သွားပြီ။ နောက်ပြီး ငါဘာမှမလုပ်နိုင်လောက်အောင် အချိန်က တိုးလွန်းနေတာ။ ဒီသောက်ကျိုးနည်း မျိုးမစစ်ကောင်”

ထိန်းချုပ်ရန် အချိန်လိုသည်။ တိုတောင်းသောအချိန်က သာမာန်အခြေအနေမျိုးတွင် ပြဿနာ မရှိလောက်သော်လည်း လုဝူက ယခင်ထက် အဆပေါင်းများစွာ အင်အားကြီးမားသွားလေရာ သူ့ကို ကိုင်တွယ်ရန် အချိန်ပိုလိုသွားသည်။ ထို့အပြင် ဝမ်ချောင်က ရည်ရွယ်ချက်ရှိရှိဖြင့် မျှားနေသော အချက်ကြောင့် ခေါင်းဆောင်အနေဖြင့် လုဝူကို မည်သို့မျှ မထိန်းချုပ်နိုင်ခဲ့ချေ။

ပို၍ဆိုးသည်မှာ ဝမ်ချောင်က ဒီနေရာသို့ လုဝူကိုတိုက်ခိုက်ရန် မျှားနေခဲ့ခြင်းဖြစ်သည်။ ထို့အပြင် လုဝူက မည်သည့်အချိန်တွင် မည်ကဲ့သို့ ပေါ်လာမည်ဖြစ်ကြောင်းကိုလည်း သူတို့က မသိထားပြန်ချေ။ သို့သော် လုဝူက ပေါ်လာကြောင်း သိလိုက်ချိန်တွင် နောက်ကျသွားပြန်လေပြီ။

ပို၍လက်သင့်မခံနိုင်သော အချက်က ဝမ်ချောင်က ဝမ်ကလန်မှ အစောင့်များကိုပင် အမိန့်ထုတ်ကာ အခြားသော နေရာများကို အဝတ်များ ထပ်ပိတ်ခိုင်းထားသောကြောင့် သူတို့မြင်နိုင်သော ဝန်းကျင်က အကန့်အသတ် ဖြစ်နေခဲ့ခြင်းဖြစ်သည်။

“ငါဒီကောင့်ကိုသတ်ချင်တယ်”

အနက်ရောင်ဝတ်စုံနှင့် လူများ၏ခေါင်းဆောင်က အံ့ကိုကြိတ်သည်။ သူ၏ခန္ဓာကိုယ်အတွင်းတွင် အလွန် ကူကယ်ရာမဲ့သော ခံစားချက်မျိုးက ပြင်းထန်စွာ ထွက်ပေါ်လာသည်။ လုဝူက တိုက်ခိုက်သောအခါ အမြဲတစေ ရှင်သန်ကျန်ရစ်သူ မထားတတ်ချေ။ လက်ရှိကဲ့သို့သော အခြေအနေမျိုးက ဘယ်သောအခါမှ ဖြစ်မလာဖူးခဲ့သေးချေ။

သူကိုယ်တိုင်ကပင် ဖော်ပြရန် ခက်ခဲသော ခံစားချက်မျိုးကို ရနေသည်။ လုဝူကသာ ထိုကောင်စုတ်နှင့် ကိုယ်ပိုင်အဖွဲ့ကဲ့သို့ ဖြစ်လာပြီး သူတို့က လုဝူ၏ပစ်မှတ် ဖြစ်သွားသည်ဟု ခံစားနေရသည်။

ဘုန်း

သူက တွေးနေချိန်တွင် နောက်ထပ် ဘုန်းကနဲအသံကြီးက ထွက်ပေါ်လာပြန်သည်။ နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် လူတစ်သုတ်က သွေးအန်ကာ ပြုတ်ကျသွားပြန်သည်။

တစ်သုတ်ပြီးတစ်သုတ် ဆက်တိုက်ကျနေသောအခါ ဝင်္ကပါက အားနည်းလာတော့သည်။ ထို့ကြောင့် ခြံဝင်းကို ဝိုင်းကာထားသော အနက်ရောင်မြူထုများကလည်း ဖျော့တော့သထက် ဖျော့တော့လာပြီး ယခင်ကလောက် မသိပ်သည်းတော့ချေ။

“ခေါင်းဆောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

အနက်ရောင်ဝတ်စုံနှင့် လူများကလည်း ပို၍စိုးရိမ်လာသည်။

“နည်းနည်းစောင့်လိုက်ရအောင် လုဝူက ပုံသဏ္ဍန်ပြောင်းပြီးရင် ပိုပြီးအင်အားကြီးလာပြီး အချိန်နဲ့အမျှ ပိုမြန်လာလိမ့်မယ်။ ဒီကောင် လုဝူကို အချိန်နဲ့အမျှ ထိန်းချုပ်နိုင်မယ်လို့ ငါမယုံဘူး”

ခေါင်းဆောင်က လက်အောက်ငယ်သားများထက်ပင် ပို၍စိုးရိမ်မိသည်။ သို့သော် သူ၏အသံထဲတွင် စိုးရိမ်မှုကို မထုတ်ပြချေ။

ဒီတစ်ကြိမ် တိုက်ပွဲတွင် သူတို့တွင် ရွေးချယ်စရာမရှိတော့ချေ။ သူတို့က နယ်မြေကိုပင် ဖွင့်လိုက်ပြီး ပစ်မှတ်ကို လွတ်မြောက်သွားစေလိုက်လျှင် သူတို့ကြိုးစားအားထုတ်ထားသမျှက အလဟာသ ဖြစ်သွားတော့ပေမည်။

အနှစ်ချုပ်ဆိုရသော် လုဝူက ပစ်မှတ်ကို မသတ်နိုင်ခဲ့လျှင် သူတို့ဘက်က သေဆုံးမှု အနည်းအကျဉ်းက ပြောပလောက်ခြင်းမရှိချေ။ ထိုအချိန်တွင် ဝမ်ချောင်၏ အခြေအနေက ထင်ထားသည်ထက် ပို၍ အန္တရာယ်များနေသည်။

“ဝူး”

လုဝူက ဝမ်ချောင်ကို ချိန်ရွယ်ကာ ခရမ်းရောင်မီးတောက် တစ်သုတ်ပြီးတစ်သုတ် ပစ်လွှတ်နေသည်။ ထို့အပြင် ဒေါသတကြီး ဟိန်းဟောက်နေသေးသည်။ ထိုခရမ်းရောင်မီးတောက်များနှင့် အနည်းငယ်သာ ထိတွေ့မိလျှင်ပင် သွေးများကို ဆူပွက်လာလေပြီး အရိုးများကို အရည်ပျော်ကျစေနိုင်စွမ်းအားရှိသည်။

ထို့ပြင် ယခုက မီးတိုင်များဖြင့် ပစ်လွှတ်နေခဲ့ခြင်းဖြစ်လေရာ လုဝူက သူ၏ရှည်လျားသော တူလို အမြှီးရှည်ကြီးနှင့်လည်း လွှဲယမ်းရိုက်ခတ်နေသေးသည်။

ဘုန်း ဘုန်း ဘုန်း

လုဝူ၏ ထိုတူလိုအမြှီးက ပြင်းထန်သည့် အလေးချိန်ကို သယ်ဆောင်ထားလေရာ မြေပြင်ကိုပင် တွင်းပေါက် ဖြစ်စေသည်။

ဝမ်ချောင်က ဆက်တိုက်ရှောင်ရှားကာ အပေါ်အောက် ဘေးဘီ ဆက်တိုက်ခုန်ရင်းဖြင့် လုဝူ၏ ခရမ်းရောင် မီးတောက်များ၊ အမြှီးနှင့် လက်သည်းများအားလုံးကို ဆက်တိုက် ရှောင်ရှားနေရခြင်းဖြစ်သည်။ ကြိမ်ဖန်များစွာ ကြာပြီးနောက် လုဝူ၏ ခရမ်းရောင်မီးတောက်များပင်ဖြစ်စေ၊ အမြှီးပင်ဖြစ်စေ ဝမ်ချောင်ကို ထိလုနီးပါး ဖြစ်သွားသည်။ ထို့ကြောင့် လုဝူ၏ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းကို ခံရလုနီးပါး ဖြစ်သွားသည်။ ဒါက ဝမ်ချောင်အနေဖြင့် ကျဉ်းမြောင်းသောနေရာတွင် ကခုန်နေရသလို ဖြစ်လာပြီး သူ့နောက်သို့ သေဆုံးခြင်း အရိပ်ကလည်း လိုက်ကပ်နေသည်။ ခြေလှမ်းအနည်းငယ် မှားသွားလျှင်ပင် သူသေသွားနိုင်သည်။

ဘုန်း ဘုန်း ဘုန်း

ဝမ်ချောင်၏ လမ်းညွှန်ပေးမှုအောက်တွင် လုဝူက ဝမ်ကလန်၏ စံအိမ်တစ်ခုလုံးကို လွှမ်းခြုံထားသည့် နံရံများကိုလည်း ဆက်တိုက် တိုက်ခိုက်နေသေးသည်။ ကြည့်ရှု့နေသူများက ဝမ်ချောင်က သတိအပြည့်ထားကာ အလွယ်တကူ လှုပ်ရှားနိုင်နေကြောင်း မြင်နေရသည့်အခါ ဝမ်ချောင်ကိုယ်တိုင်ကသာ သူ၏အခြေအနေက မည်မျှအန္တရာယ်များကြောင်း သိနိုင်နေသည်။

“အားလုံးပဲ လူစုခွဲကြ အနားမကပ်နေကြနဲ့”

“ဝေ့ကော် ဝေ့ဝူ မြန်မြန် ဒီလွတ်နေတဲ့ နေရာတွေကို ပိုးသားလိပ်တွေ ထိုးထည့်ပြီးကာထားလိုက်။ နောက်ပြီး အခြားလူတွေကိုလည်း ဝေးဝေးကိုဆုတ်နေဖို့ ပြောလိုက်စမ်းပါ”

ဝမ်ချောင်၏အသံက ဝမ်ကလန် စံအိမ်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ဝမ်ချောင်က ရှန်းမိုင်နှင့် မန်လုံကို ကျောင်းကျစ်သို့ပို့ပြီး ကျန်းမူနီရန်ကို စောင့်ကြပ်ခိုင်းထားသည်။ ထို့ကြောင့် ဝမ်ကလန်၏ အစောင့်များကို ဝေ့ကော ဝေ့ဝူက လက်ရှိတွင် ဦးဆောင်ထားခြင်းဖြစ်သည်။

“အစ်ကိုသုံး ငါလာကူမယ်”

ဝမ်ရှောင်ယောင်က အပြေးခုန်ဝင်လိုက်သည်။

“ညီမလေး မရဘူး မြန်မြန် ထွက်သွားစမ်း”

ဝမ်ချောင်၏ မျက်နှာက ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားသည်။ သူ၏ညီမလေးက အမြဲတစေ ခေါင်းမာသည်။ ယခုက ထိုသို့ ခေါင်းမာနေရမည့် အချိန်မဟုတ်ချေ။ ထိုမကောင်းဆိုးဝါး၏ အင်အားက ယခင်အဆင့်နှင့် မတူတော့လောက်အောင် အဆပေါင်းများစွာ မြင့်မားသွားလေရာ ဝမ်ချောင်ကိုယ်တိုင်ကပင် အလွယ်တကူ မခုခံနိုင်ချေ။

သို့သော်လည်း ဝမ်ရှောင်ယောင်က ဝမ်ချောင်၏ စကားကို နားမထောင်မည်မှာ သေချာနေသည်။ သူမက ခုန်ပြေးလာတော့မည့် အနေအထားမျိုးတွင်...

“ရှောင်ယောင် အဲ့ဒီမှာရပ်စမ်း”

သူမ၏အနောက်မှ ရက်စက်ကာ ကြမ်းတမ်းသောအသံက ထွက်လာသည်။ သခင်မဝမ်၏အသံက ဝမ်ရှောင်ယောင်၏ ပုခုံးကို တုန်သွားစေကာ ရပ်သွားစေသည်။

ဘုန်း ဘုန်း ဘုန်း

လုဝူ၏အရှိန်က ပိုမြင့်လာသည်။ အခြေအနေက ပို၍ အန္တရာယ်များသထက် များလာသည်။ သို့သော် ဝမ်ချောင်ကမူ တွေးတောနေရန် အချိန်မရှိချေ။ ဝမ်ကလန်တစ်ခုလုံးတွင် ဘယ်သူကမှ ထိုမကောင်းဆိုးဝါးကို မကိုင်တွယ်နိုင်ချေ။ ထို့ကြောင့် လုဝူကို အနက်ရောင် အကာအရံကိုသာ တိုက်ခိုက်ရန် တစ်ခုတည်းသော နည်းလမ်းအဖြစ်သာ ရှိနေတော့သည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်...

ဝမ်ချောင်က အဘက်ဘက်မှ ခုန်ရှောင်နေရင်း အောင်မြင်စွာဖြင့် လုဝူကို ထိုနံရံကို တိုက်ခိုက်အောင် လုပ်လိုက်နိုင်သည်။ လုဝူက အင်အားပိုကြီးမားလာသည်နှင့်အမျှ သူက ဆောင့်ဝင်တိုက်လိုက်ချိန်တိုင်း ထွက်လာသည့် သက်ရောက်မှုအားက အပြင်ဘက်ရှိ အနက်ရောင်ဝတ်စုံနှင့် လူများအပေါ် ပြင်းထန်စွာ ကျရောက်သွားသည်။

ခွပ်

ပို၍များပြားသော အနက်ရောင်ဝတ်စုံနှင့် လူများက သွေးအန်လျှက် ခေါင်မိုးပေါ်မှ ပြုတ်ကျလာသည်။ ဝမ်ချောင်က လုဝူ၏ခွန်အားများကို သူတို့ထံ လှည့်ပို့ရန် အောင်မြင်စွာ လုပ်လိုက်နိုင်သည်။

ခေါင်မိုးပေါ်မှ ပြုတ်ကျသွားသော အလောင်းများစွာကို မြင်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်၏ အမူအရာက ပို၍ခက်ထန် ကြမ်းတမ်းလာသည်။ သူကလူသေထက်ပင် ပို၍ ဖြူဖျော့သွားသေးသည်။

ဒီညတွင် ရိုးရှင်းစွာ လုပ်ကြံသတ်ဖြတ်ရုံသာ ဖြစ်သော်လည်း ဝမ်ချောင်က ဦးတည်ပေးနေသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ထူးဆန်းလာသည်။ ထို့အပြင် ကာရံထားသော အနက်ရောင် အရံအတားအဆီးက အတွင်းရှိဝမ်ချောင်နှင့် အပြင်ဘက်ရှိ အနက်ရောင်ဝတ်စုံနှင့် လူအများကို ခြားထားသည်။ နောက်ဆုံးကျန်ရစ်မည့် လူကသာ အနိုင်ရသူ ဖြစ်ပေလိမ့်မည်။

ဘုန်း

ထူးဆန်းသော တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးလာပြီးနောက် ညကာလရှိ အနက်ရောင်မြူထုနှင့် ထိုအရံအတားအဆီးက တဖြည်းဖြည်းချင်း တုန်ယင်လာသည်။

တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်...

အချိန်တစ်ခုကြာပြီးနောက် ဘုန်းကနဲ ပေါက်ကွဲသံကြီးနှင့်အတူ အနက်ရောင် အရံအတားအဆီးက ပေါက်ကွဲသွားသည်။

ခလွပ်

နောက်ထပ် အနက်ရောင်ဝတ်စုံနှင့် လူများက သွေးများအန်ထုတ်လျှက် ပြုတ်ကျသွားပြန်သည်။ ထိုအချိန်တွင် ကျန်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူများက ပြာနှမ်းသွားကြသည်။ သူတို့ကလည်း အကြိမ်ပေါင်းများစွာ စိုက်ထုတ်ပြီး တန်ဖိုးကြီးကြီး ပေးဆပ်ထားခဲ့သည့်တိုင်အောင် ဝမ်ချောင်က အောင်မြင်စွာဖြင့် လုဝူကို သူတို့၏ သက်တော်စောင့်များကို ပြိုလဲကျအောင် လုပ်နိုင်စွမ်းအား ရှိနေသေးသည်။ နောက်ပြီး ဒါတင်မဟုတ်သေးဘူး...။

“ခေါင်းဆောင် မကောင်းတော့ဘူး မြို့စောင့်တွေနဲ့ တော်ဝင်စစ်တပ်က ဒီဘက်ကိုလာနေပြီ”

အနက်ရောင်ဝတ်စုံနှင့် လူများထဲမှ တစ်ယောက်ကလည်း အလန့်တကြား လှမ်းအော်လိုက်သည်။

အနက်ရောင် အရံအတားအဆီးက ကွဲအက်သွားသောအခါ ဘုန်းကနဲဖြစ်သွားသော ဝရုန်းသုန်းကား အသံကြီးက လူတိုင်းကို လှုပ်နှိုးလိုက်သည်။ ဒီမြို့တော်က အရေးကြီးသော အရာဖြစ်ပြီး အသေးငယ်ဆုံးသော အထိတ်တလန့် ဖြစ်စေမည့်အသံကတင် မြို့စောင့်တပ်နှင့် တော်ဝင်စစ်တပ်ကို လာရောက်ရန် လုံလောက်နေပြီဖြစ်လေရာ ယခုကဲ့သို့ ဝရုန်းသုန်းကား အသံကြီးဆိုလျှင် ပို၍ဆိုးသည်။

ခွေးဟောင်သံများကိုလည်း ကြားရသည်။ အနီးအနားရှိ အိမ်များက မီးအိမ်များကလည်း တစ်ခုပြီးတစ်ခု လင်းချင်းလာပြီးနောက်တွင် အိပ်ယာမှထလာသော စကားပြောဆိုသံများကို ကြားလိုက်ရသည်။

“ဘယ်သူလဲ”

“ညလယ်ခေါင် အိပ်နေရင်း လူဝင်တာဖြစ်လောက်လား”

“ဒီလောက်ဆူညံနေတာ ဘာတွေဖြစ်နေတာလဲ”

ခေါင်းဆောင်၏မျက်နှာက အလွန်ပျက်ယွင်းသွားသည်။ သူကြည့်လိုက်သော နေရာတိုင်းတွင် မီးအိမ်များက ထိန်လင်းနေလေပြီး ထို့အပြင် ပြတင်းပေါင်းများမှ လူရိပ်များကိုလည်း မြင်နိုင်သည်။ ထို့အပြင် အဝတ်လဲ ပြင်ဆင်ကာ ထွက်လာရန် ကြံစည်နေကြသော လူများကိုလည်း မြင်နိုင်သည်။ ဒီတိုင်းဆက်ဖြစ်နေလျှင် ကိစ္စပေါင်းများစွာက ပေါ်သွားတော့ပေမည်။

“ခေါင်းဆောင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

သူ၏ဘေးမှ စိုးရိမ်တကြီးဖြစ်နေသည့် အလျင်စလိုအသံကို ကြားလိုက်ရသည်။

“ခဏစောင့်ဦး ခဏ ငါလျို့ဝှက်ချက်တစ်ခုကို ထိန်းချုပ်နိုင်သွားပြီ”

အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က အံ့ကိုကြိတ်ကာပြောသည်။

“ဒါပေမဲ့ ကျွန်တော်တို့မှာ အချိန်မရှိတော့ဘူး။ မြို့စောင့်တပ်နဲ့ တော်ဝင်စစ်တပ်က ရောက်နေပြီ”

အနက်ရောင်ဝတ်စုံနှင့် လူကပြောသည်။

မည်သို့ပင်ဆိုစေ သူတို့က မြို့တော်မှ အာရုံစိုက်ခံရ၍မရချေ။ ဒါက သူတို့အပြင်ပိုင်း စီမံကိန်းများအတွက် အခြေခံအကျဆုံး စည်းမျဉ်းဖြစ်သည်။ သူတို့က ပေါ်သွားသည်နှင့် အသတ်ခံရပေမည်။ ထိုအတွက်ကြောင့် သူတို့က အမြဲတစေ ချောင်းမြောင်းကာ လုပ်ကြံသတ်ဖြတ်ခြင်းဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်ချိန်တိုင်း သူတို့က အနက်ရောင်အရံအတားအဆီးကို ချခင်းထားလေ့ရှိသည်။

သူတို့မှာ အချိန်အများကြီး မရှိတော့ဘူး။

ခေါင်းဆောင်က တိတ်တဆိတ်ဖြင့် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက အချိန်အနည်းငယ် ဆွဲချင်သေးသည်။ ဒီနည်းအားဖြင့် လုဝူကိုထိန်းချုပ်ကာ ဝမ်ချောင်ကို သတ်ချင်သေးသည်။ သို့သော် ဝမ်ချောင်ကလည်း ရှင်းလင်းစွာဖြင့်ပင် ထိုသို့လှုပ်ရှားမည်မှန်း ခန့်မှန်းထားပြီးသားဖြစ်သည်။ ထို့ကြောင့် အရန်အတားအဆီးက ပျောက်ကွယ်သွားသည်နှင့် ဝမ်ချောင်က ချက်ချင်းလိုလို နောက်သို့ ဆုတ်လိုက်ပြီး စံအိမ်ထဲသို့ ဝင်သွားသည်။ ထပ်ပေါင်းဆိုရသော် ဝမ်ကလန်၏ အစောင့်တိုင်းကလည်း သူ၏မြင်ကွင်းကို ကာရန် ပိုးသားလိပ်များ အားလုံးကို ဆွဲချလိုက်လေသည်။

ထို့ပြင် ဝမ်ချောင်ကို သုတ်သင်ရန်ကိစ္စက အချိန်တိုအတွင်း လုပ်၍ရသော ကိစ္စမဟုတ်ချေ။ အနည်းဆုံး မြို့စောင့်တပ်နှင့် တော်ဝင်စစ်တပ် မရောက်လာခင် လုပ်၍မပြီးလောက်ချေ။

“ခေါင်းဆောင်”

အနက်ရောင်ဝတ်စုံနှင့်လူက အော်သည်။

“သေစမ်း ငါတို့ဒီကောင်ကို သတ်လို့မရဘူးဆိုရင်တောင်မှ ဝမ်ကလန်ကို မထိန်းနိုင်ဘူး”

ခေါင်းဆောင်က ဆုံးဖြတ်ချက် ချလိုက်ပြီးနောက် သူ၏ရင်ထဲတွင် မသက်မသာဖြစ်သော ခံစားချက်များက ကြီးစိုးလာသည်။

“လုဝူကို အမိန့်ပေးပြီး ဝမ်ကလန်ကို ပြားကပ်အောင် ဖျက်ဆီးခိုင်းလိုက်။ (၁၅)မိနစ်ကြာရင် ဒီနေရာတစ်ခုလုံးကို အပျက်အစီးပုံအဖြစ် မြင်ချင်တယ်။ အားလုံးပဲ နောက်ဆုတ်ကြ”

သူက အတွန့်ဆုတ်ဆုံး ဖြစ်သော်လည်း ထိုခေါင်းဆောင်အနေဖြင့် နောက်ဆုတ်ရန် အမိန့်ထုတ်လိုက်ရသည်။ ကိစ္စများကို သိုဝှက်စွာလုပ်ရမည့် အချက်က သူတို့အတွက် အရေးကြီးဆုံးသော ကိစ္စဖြစ်သည်။ မည်သို့သော အချိန်တွင်မဆို သူတို့ကို လူအများက တွေ့သွား၍မရချေ။

စွစ်

အလောင်းများကို ဖျောက်ဖျက်ရန် အမှုန့်များဖြူးလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူများက ညအမှောင်အတွင်း ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

အခန်း(၆၇၃)

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ရှေ့ထွက်လာသည်။

“ဒီလူတွေ... နောက်ဆုတ်သွားကြပြီ”

ဝမ်ချောင်က လူရှင်းသွားသော ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာတွင် ပျော်ရွှင်မှုက ထွက်ပေါ်လာသည်။ လူအများက ထိုမကောင်းဆိုးဝါးကို အမိန့်ပေးနိုင်ရန် စောင့်နေခဲ့ကြသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း ထိုလူများက ဒီအကာအကွယ်လွှာ ပျက်စီးသွားသည်နှင့် ထိုမကောင်းဆိုးဝါးကို ရအောင်ကိုင်တွယ်နိုင်မည်ဟု ထင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဝမ်ချောင်က ဝေ့ကောနှင့် ဝေ့ဝူတို့ကို အမိန့်ထုတ်ကာ ထိုနံရံတိုင်းကို ပိုးသားအဝတ်များဖြင့် ပိတ်ဆို့ထားခြင်းအားဖြင့် ထိုလူများ၏ မြင်နိုင်စွမ်းအားကို တားမြစ်ခဲ့သည်။

သို့သော်သူက မမျှော်လင့်ထားသည်မှာ ထိုလူများက နောက်ဆုတ်သွားခဲ့သည်။

ဒီလူတွေက အရမ်းကို သတိထားလွန်းတယ်။ သူတို့က သဲလွန်စမချန်ချင်တဲ့ပုံပဲ။

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။

သူက အကြိမ်အနည်းငယ်ကြာအောင် ထိုလူများနှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးပြီးလေပြီ။ သို့တိုင်အောင် ထိုလူများ၏ နောက်ခံကို မသိနိုင်သေးသလို ထိုလူများထံမှ မည်သည့် သတင်းအချက်အလက်မျှ မရသေးချေ။ သူက သူတို့၏နောက်ခံကို အလွန်သိုဝှက်ထားပြီး ခြေရာလက်ရာကို ဖုံးကွယ်နေခဲ့ခြင်းအားဖြင့် အပြင်လူများ သိနိုင်ရန် မည်သည့်သဲလွန်စကိုမျှ မချန်ရစ်ထားခဲ့ချေ။

“သခင်လေး ကျွန်တော်တို့အခု ဘယ်လိုလုပ်ကြမလဲ”

အဝေးမှ အထိတ်တလန့် အသံများ ထွက်လာသည်။ ဝေ့ကောက မြင့်မားလွန်းသော နံရံပေါ်တွင်ရပ်လျှက် လက်ထဲတွင် လေးသည်များကို ကိုင်ထားသည်။ သူနှင့်မျက်နှာချင်းဆိုင်တွင်လည်း သူ့ထံ ခုန်ဝင်လာသော မကောင်းဆိုးဝါး လုဝူကရှိနေသည်။

အပြင်ဘက်ရှိ အနက်ရောင်ဝတ်စုံနှင့် လူများက နောက်ဆုတ်သွားသော်လည်း ဝမ်ကလန်၏ ဒုက္ခများက မဆုံးမသတ်သေးချေ။ လုဝူက လက်ရှိအချိန်တွင် ရပ်တန့်၍ မရနိုင်သော အရှိန်နှုန်းဖြင့် ရှိနေလေရာ သူနှင့်ပက်ပင်းတိုးသောလူတိုင်းက သေမည်မှာ သေချာသည်။

ပို၍ဆိုးသည်မှာ ဝမ်ကလန်၏ ပတ်ဝန်းကျင်တွင်လည်း အခြားသော နေထိုင်သူ လူကြီးပေါင်းများစွာ ရှိနေလေရာ ထိုမကောင်းဆိုးဝါးကသာ ထွက်ပြေးသွားခဲ့ပါက အကျိုးဆက်က မယုံနိုင်စရာကောင်းလောက်အောင် ကြောက်စရာကောင်းသွားပေလိမ့်မည်။

ဝမ်ချောင်၏မျက်မှောင်က ဝမ်ကလန်ကို ကျော်ကြည့်ပြီးနောက် ကျုံ့သွားသည်။ ထိုမကောင်းဆိုးဝါး ရပ်သွားလျှင် မည်သူမျှ ကျန်ရစ်တော့မည်မဟုတ်ချေ။ သူ၏ညီမငယ်လေးက ရှေ့ထွက်၍မရချေ။ လီစစ်ယဲ့၏ အခြေအနေကလည်း စိုးရိမ်စရာကောင်းနေသည်။ မည်သူကမျှ ခရမ်းရောင်မီးတောက်နှင့် ထိပ်တိုက် ရင်ဆိုင်ရာတွင် ပြာမကျဘဲ မနေလောက်ချေ။

ဝမ်ချောင်က အချိန်ဆွဲရုံသာ တက်နိုင်သည်။ ထို့ပြင်ဒါက ရေရှည်ဖြေရှင်းချက် မဟုတ်သေးချေ။ ပို၍ကြောက်စရာ အကောင်းဆုံးကိစ္စက သူကအချိန်ဆွဲလေလေ ထိုမကောင်းဆိုးဝါးက ကြောက်စရာ ကောင်းသွားလေလေဖြစ်သည်။ သူ၏အရှိန်နှုန်းကသာ အဆင့်တစ်ခုထိ ရောက်သွားခဲ့ပါက ဝမ်ကလန်၏ နံရံများကပင် မထိန်းထားနိုင်လောက်ချေ။

“ချောင်အာ ဘေးဖယ်နေ ငါလုပ်လိုက်မယ်”

ရုတ်တရက် ကောင်းကင်အထက်မှ အာဏာအပြည့်ပါသော အကြီးအကဲတစ်ယောက်၏ အသံက ထွက်လာသည်။ သို့သော် အသံက မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းသည်။

ဝှစ်ကနဲ မြည်သံနှင့်အတူ အလင်းက ဖြတ်ကနဲ လက်သွားပြီး ကြီးမားသော ငှက်ကြီးတစ်ကောင်က ရုတ်တရက် ဝမ်စံအိမ်တော်ပေါ်သို့ ခုန်ချလာသလိုမျိုး အနက်ရောင် ပုံရိပ်ကြီးတစ်ခုက ဆင်းသက်လာသည်။

ထိုပုံရိပ်က ဝေဝါးနေသေးသည်။ မည်သူကမျှ မတုန့်ပြန်နိုင်ချေ။ သို့သော် ပေါ်လာသည်နှင့် ချက်ချင်းလိုလို လုဝူရှေ့သို့ ရောက်သွားသည်။ လုဝူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးကြောင့် ထိုပုံရိပ်ကြီးက အလွန်အမင်း ပိန်ပါးကာ အားနည်းသည်ဟု ထင်ရသည်။ သို့သော် ဝမ်ချောင်၏အမြင်တွင် ထိုပုံရိပ်က တောင်တန်းတစ်လုံးကို ခမ်းနားကာ မားမတ်ခိုင်မာလွန်းနေသည်။

“ဆရာ”

ဝမ်ချောင်က အော်လိုက်သည်။ ချက်ချင်းလိုလို ထိုအနက်ရောင်ပုံရိပ်က သူ၏ဆရာဖြစ်ကြောင်း သိထားလိုက်မိသည်။ ထိုပုံရိပ်က မိစာ္ဆဧကရာဇ် လူအိုကြီးမန်ဖြစ်သည်။

“ချောင်အာ နောက်ဆုတ် ဒီသားရဲကောင်ကို ငါနဲ့လွှတ်ထားလိုက်ပါ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ အင်္ကျီလက်က ခါယမ်းလိုက်သည်။ သူက သူ့ထံမှ ပြင်းထန်သည့် ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသည့်စ်ိတ်က ဖြာထွက်လာသည်။ ဒီအတိုင်း ရပ်နေရုံနှင့်တင် အလွန်အမင်း အားနည်းသော ခန္ဓာကိုယ်ဟု ထင်ရသည့်တိုင်အောင် မြေကြီးနှင့် အမြစ်တွယ်နေသလိုမျိုး တောင်တန်းတစ်လုံးနှယ် ခိုင်မာလွန်းနေခဲ့သည်။

ဝေါင်း

ကြီးမားသော သားရဲကြီးက ဟိန်းဟောက်လိုက်သည်။ လုဝူက ထိုလူအိုကြီး၏ကိုယ်မှ ထွက်လာသော စွမ်းအင်ကို ခံစားမိသည်နှင့် ချက်ချင်းလိုလို ခေါင်းလှည့်လိုက်သည်။ သူ၏ သွေးနီရောင်မျက်ဝန်းတစ်စုံက ညအချိန်တွင် အနီရောင်မီးအိမ် နှစ်လုံးလိုမျိုး မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကိုသာ စူးစိုက်ကြည့်နေသည်။

ဘုန်း

တုတ်ခိုင်လွန်းသော ခြေလက်များထံမှ လက်သည်းများက ချက်ချင်းလိုလို ရှေ့ထွက်လာလေပြီး သုံးမီတာခန့်မြင့်သော ထိုမကောင်းဆိုးဝါး သားရဲကြီးက သူ၏စွမ်းအင်တိုင်းကို ညှစ်ထုတ်လိုက်ကာ ကုပ်ချလိုက်သည်။ လေထုကို ဆွဲကုပ်လိုက်ချိန်တွင် လျှပ်စီးကဖြတ်ကနဲ လက်သွားသည်။ ဒီနည်းအားဖြင့် အားနည်းကာ ဖျော့တော့သေးငယ်သူကို ကြည့်ချိန်ရောက်လာသည်။

လေထဲကို တစ်ဝက်ခန့်နီးပါး ခုန်တက်လိုက်သည်။ ထိုကြီးမားသော ခန္ဓာကိုယ်ကြီးနှင့်အတူ သူက ပါးစပ်ကြီးကို ဖြဲလိုက်သည်။

ဘုန်း

သူ၏ပါးစပ်ထဲမှ ခရမ်းရောင်မီးတိုင်က ရှေ့သို့တိုးထွက်သွားလေပြီး မိစာ္ဆဧကရာဇ် လူအိုကြီးမန်ထံ တိုးသွားသည်။

“အား”

ပတ်ဝန်းကျင်မှ အလန့်တကြား အော်ဟစ်သောအသံများနှင့်အတူ အဝေးတွင်ရှိနေသော ဝမ်ချောင်ကပင် သူ၏နှလုံးသားက ခုန်ထွက်တော့မည်ဟု ခံစားလိုက်ရသည်။ လုဝူ၏ ခရမ်းရောင်မီးတောက်က အစပိုင်းကတည်းက လူတစ်ယောက်၏ အတွင်းအားများကို ဖျက်ဆီးနိုင်စွမ်း ရှိပြီးသားဖြစ်သည်။ ယခုအခါ သူ၏ခရမ်းရောင်မီးတောက်က အလွန်အမင်း အန္တရာယ်များလွန်းလေရာ ဝမ်ချောင်ကပင် မထိရဲချေ။

ဘုန်း

ဝမ်ချောင်က ထိုမီးတောင်နှင့်ပတ်သတ်ပြီး သတိမပေးနိုင်ခင် ထိုမီးတောင်က မိစာ္ဆဧကရာဇ် လူအိုကြီးမန်ထံ တိုးဝင်သွားသည်။

“ဆရာ”

ဝမ်ချောင်နှင့် ဝမ်ရှောင်ယောင်တို့က တပြိုင်ထဲလိုလို အော်ဟစ်လိုက်ကြပြီး သူတို့၏ နှလုံးသားက ပြုတ်ကျတော့မည့် အစွန်းနားသို့ ရောက်ရှိသွားသည်။ သို့သော် လူတိုင်းကို အံ့သြသွားစေလောက်သည်မှာ ခရမ်းရောင်မီးတောက်ကဲ့သို့ ဖျက်ဆီးခြင်းစွမ်းအား အပြည့်ပါသော စွမ်းအင်အလင်းလှိုင်းကြီးက မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားချိန်တွင် ရေတံခွန်က တောင်တန်း၏ ဆင်ခြေလျောပေါ်မှ အောက်ဘက်ရှိ မာကြောသော ကျောက်တုံးပေါ်သို့ ဆင်းကျသွားသော ပုံသဏ္ဍန်သာ ဖြစ်သွားသည်။ မမြင်ရသော စွမ်းအင်တစ်ခုက ချက်ချင်း ပိတ်ဆို့တားဆီးလိုက်လေပြီး မရေမတွက်နိုင်သော စွမ်းအင် အမျှင်ပေါင်းများစွာအဖြစ် လှီးဖြတ်လိုက်သည်။

ပထမဦးဆုံးအကြိမ် လုဝူ၏ အလွန်ဒုက္ခပေးနိုင်သော ခရမ်းရောင်မီးတောက်က သက်ရောက်မှု မရှိသွားခြင်းဖြစ်သည်။

“သားရဲကောင် မင်းကများ ငါ့ရဲ့အရှေ့မှာ ရမ်းကားရဲတာလား”

ထိုအသံက ဝမ်ကလန်၏ စံအိမ်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံမျိုးဖြင့် လွှမ်းမိုးလိုက်သည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လက်ဝါးတစ်ချက်ကို ဆန့်ကာ ဖြန့်လိုက်ရုံဖြင့် ထိုခရမ်းရောင်မီးတောက်များကို ကျော်ဖြတ်သွားလေပြီး လုဝူ၏ ခြေထောက်တစ်ဖက်ကို ဖမ်းဆွဲလိုက်သည်။

ဘုန်း

တစ်စုံတစ်ရာက ကွဲအက်သွားသော အသံနှင့်အတူ ဖုန်မှုန့်များက လေထဲသို့ မြောက်တက်လာပြီး ကမာ္ဘမြေကပင် တသိမ့်သိမ့်တုန်သွားသည်။ လူတိုင်းက မျက်လုံးအပြူးသားဖြင့် ကြည့်နေသည့် အချိန်တွင် မကောင်းဆိုးဝါး လုဝူက မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ခြေထောက်မှ ဆွဲကိုင်လိုက်မှုနှင့်အတူ မြေပြင်ပေါ်သို့ ကိုင်ပေါက်ခံလိုက်ရသည်။ သူ၏ခြေလက် လေးဘက်လုံးက ကောင်းကင်ကို မျက်နှာမူထားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ပြန့်ကျဲသွားသည်။

ဆ ဆ ဆ... ရာ...

ဝမ်ချောင်က အဝေးရှိ သူ၏ဆရာကို ကြည့်လိုက်သည်။ အနားတွင် သူ၏ညမငယ်၏ အနားသို့ လာရပ်သော သခင်မဝမ်ကလည်း ရှိနေသည်။ သူမ၏ မျက်လုံးကပင် အပြူးသား ပါးစပ်အဟောင်းသားဖြစ်နေကာ မြေပြင်ပေါ်သို့ ပြုတ်ကျမတက် ဖြစ်နေလေပြီ။

ဝမ်ကလန်မှ သခင်မတစ်ယောက်အနေဖြင့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လှုပ်ရှားသော လှုပ်ရှားမှုမျိုးကို တစ်ကြိမ်သော်မျှ မမြင်ခဲ့ဖူးသေးချေ။ ဝမ်ချောင်က အခြေအနေ ပိုကောင်းသေးသည်။ သူကိုယ်တိုင်ကလည်း သူ၏ဆရာက ကျင့်ကြံခြင်းအဆင့် ပျောက်ဆုံးသွားခဲ့ကြောင်း သိထားပြီးသော်လည်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လျှင်မြန်စွာဖြင့် ပြန်လည်သက်သာလာနေခဲ့ပြီး အန်တိမဝိညာဉ်ပင်လယ်သိုင်းကဲ့သို့ အလွန်အမင်း အရှိန်အဟုန် မြင့်မားလွန်းသောသိုင်းမျိုးကို ကျင့်ကြံထားကြောင်း နားလည်နေသည်။

ဝမ်ချောင်ကလည်း သူ၏ဆရာက သိုင်းပညာအရာတွင် အလွန်မြင့်မားသော အဆင့်သို့ ရောက်နေပြီးကြောင်း သိထားလေသည်။ ထို့ပြင် တစ်ဖက်သူက ခရမ်းရောင်မီးတောက်၏ လောင်ကျွမ်းခံရမည့်အရေးကို မကြောက်လန့်ရုံသာမကသေးလေဘဲ ထိုအလွန်အမင်း ခွန်အားကြီးမားလွန်းသော မကောင်းဆိုးဝါးကောင်ကို လက်ဝါးတစ်ချက်တည်းဖြင့် မြေပြင်ပေါ်သို့ ရိုက်ချလိုက်နိုင်သည်။

“ဒါ ဒါက မယုံနိုင်စရာပဲ”

အအံ့ဩဆုံးက ဝမ်ကလန်မှ အစောင့်များဖြစ်သည်။ သူတို့ကလည်း ထိုမကောင်းဆိုးဝါးကြီး၏ ကြောက်စရာကောင်းမှုကို ကိုယ်တိုင်ကိုယ်ကျ မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ သို့သော် မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကမူ လက်ဝါးတစ်ချက်တည်းဖြင့် မြေပေါ်မှောက်အောင် လုပ်လိုက်နိုင်ခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် မကောင်းဆိုးဝါး၏ ကြောက်စရာကောင်းသော အရာအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

လူတိုင်းကမူ ထိုမြင်ကွင်းကြောင့် အထိတ်တလန့် ဖြစ်သွားကြသည်။

“ဝူး”

လုဝူက ဟိန်းဟောက်လိုက်ကာ သူ၏ခေါင်းကို ယမ်းခါကာ ပြန်လည်ထသည်။ သူက မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကို တိုက်ခိုက်ချင်နေသေးသည်။ သို့သော် နောက်ထပ် လက်ဝါးတစ်ချက်က ထပ်ရောက်လာလေပြီး သူ၏ခေါင်းကိုဖိထားသည်။

ဘန်း

အလွန်အမင်း ခန္ဓာကိုယ်ကြီးမားသော လုဝူက ပြင်းထန်သော ထိုးနှက်ချက်ကို ခံလိုက်ရသလိုဖြစ်သွားပြီး သူ၏တုတ်ခိုင်လွန်းသော ခြေလက်လေးဘက်က ခွင်ကျသွားလေရာ သူကလည်း ပြန်လဲပြိုကျသွားသည်။ ပြင်းထန်သည့် သက်ရောက်မှုအားကြောင့် မြေကမာ္ဘကပင် အောက်သို့ ကျွံ့ကျသွားသလိုဖြစ်သွားပြီး လူတိုင်းကို အောက်သို့ နိမ့်ကျသွားသလို ခံစားလိုက်ရသည်။

အလဲထိုးနိုင်ရန် ခက်ခဲလွန်းသော အလွန်အမင်း အင်အားကြီးသည်ဟု ထင်ရသည့် လုဝူက ယခုအခါ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ လက်ဝါးချက်ကြောင့် နာကျင်လွန်းစွာ ဟိန်းဟောက်နေသည်။

“ချောင်အာ မှတ်ထား လူတွေမှာ အန်တိမ အကြောမှတ်ဆိုတာရှိတယ်။ သားရဲတွေမှာလည်းရှိတယ်။ သားရဲပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲ အင်အားကြီးနေနေ ဘယ်လောက်ပဲ ကိုင်တွယ်ရခက်ခက် သူတို့ရဲ့ ကြေးခွံသံချပ်ကာတွေက ဘယ်လောက်ပဲ အပြည့်ရှိနေပြီး ဘာကိုမျှ မထိုးဖောက်နိုင်ဘူးဆိုရင်တောင်မှ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က အကြောမှတ်တွေကို ပိတ်ထားဖို့က မဖြစ်နိုင်ဘူး။ အကြောမှတ်တိုင်းမှာ ဝိညာဉ်ပင်လယ်ဆိုတာကလည်း ရှိတယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သည့်အသံက ဝမ်ချောင်၏ နားအတွင်းသို့ ရောက်လာသည်။ ထိုမကောင်းဆိုးဝါး၏ မီးတောက်များက တဖြည်းဖြည်းချင်း မှေးမှိန်လာသည်ဟုပင် ထင်ရသည်။ ကြောက်မက်ဖွယ်ကောင်းသော လုဝူက သူ၏အရှေ့တွင် ကြောင်ပေါက်လေးကဲ့သို့ပင် သနားစရာ ကောင်းသွားသည်။

“ဒါက အန်တိမ ဝိညာဉ်ပင်လယ်သိုင်းရဲ့ အနှစ်သာရပဲ။ မင်းက မင်းရဲ့ပြိုင်ဘက်ရဲ့ အကြောအမှတ်တွေကို ဘယ်လိုမြင်အောင် အာရုံခံနိုင်မလဲဆိုတာကို သေချာပေါက် သင်ထားရမယ်။ မင်းရဲ့ဓားကိုပဲ အမြဲတမ်း မမှီခိုနဲ့။ ဒါမှပဲ မင်းက အစစ်အမှန် ကျွမ်းကျင်ပညာရှင် ဖြစ်လာလိမ့်မယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ညာလက်ကို ပြန်ဖိချလိုက်ချိန်တွင် ကြီးမားသော မကောင်းဆိုးဝါး လုဝူက မြေပြင်ပေါ်သို့ ဝပ်ကျသွားပြီး သူ၏စွမ်းအင်များအားလုံးကို ဖျက်ဆီးခံလိုက်ရသည်။

အဝေးမှ လီစစ်ယဲ့က အက်ကွဲနေသောနံရံကိုမှီထားပြီး အမောတကော အသက်ရှုနေကာ ထိုမြင်ကွင်းကြောင့် ကြောင်တောင်တောင် ဖြစ်နေလေသည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လှုပ်ရှားခြင်းကို မြင်ဖူးခြင်းဖြစ်သည်။ ထိုမကောင်းဝါး၏အင်အားကို သူက ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးပြီးသားဖြစ်သည်။ အလွန်အမင်း ထက်ရှပါသော ပြိုင်ဘက်ကင်းသည့် ဝု့စ်သံမဏိဓားကပင် ထိုမကောင်းဆိုးဝါးနှင့်ဆိုလျှင် အသုံးမဝင်ခဲ့ချေ။

သို့တိုင်အောင် လုဝူ၏ ထိုးဖောက်၍မရသော အရေပြားက မိစာ္ဆဧကရာဇ် လူအိုကြီးမန်နှင့် ရင်ဆိုင်ချိန်တွင် အသုံးမဝင် ဖြစ်သွားပြန်သည်။ တစ်ချက်တည်းဖြင့် မကောင်းဆိုးဝါးက ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်။

“မဖြစ်နိုင်ဘူး”

လီစစ်ယဲ့က နေရာတွင်ပင် အေးခဲသွားသည်။

သူကလည်း ဝိညာဉ်သွေးကြော တောင်တန်းတွင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်နှင့် အကြိမ်အနည်းငယ် ဆုံဖူးသည်။ ထိုအချိန်ကဆိုလျှင် ထိုလူအိုကြီးက အလွန်အမင်း အားနည်းပြီး လုပ်ဆောင်နိုင်စွမ်းအား မရှိဟုပင် ခံစားခဲ့ရသည်။ သို့သော် ယခုအခါ လီစစ်ယဲ့အနေဖြင့် သူက အမှားကြီး ကျူးလွန်ခဲ့မိကြောင်း သိလိုက်သည်။

သူ့အနေဖြင့် သူဝိညာဉ်တောင်တန်းတွင် တွေ့ခဲ့ရသော သာမာန်လူအိုကြီးတစ်ယောက်က ထိုမျှအထိ ကြောက်စရာကောင်းနေမည်ဟု မထင်ထားမိချေ။

“မဟုတ်ဘူး ကြောက်စရာကောင်းတယ်ဆိုတာနဲ့တောင် ရှင်းပြလို့မရနိုင်ဘူး”

ဝမ်ချောင်က လီစစ်ယဲ့ထက်မနည်း အံ့အားသင့်နေသည်။ သို့ရာတွင် သူ၏စိတ်ကို အခြားသော အတွေးများက နေရာယူထားခြင်းဖြစ်သည်။

“ဝိညာဉ်ပင်လယ်”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် သူ၏ဆရာ၏ စကားများကို ပြန်လည်တွေးတောသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း အန်တိမဝိညာဉ်ပင်လယ် သိုင်းပင်ဖြစ်စေ နတ်ဘုရားနှင့် မိစာ္ဆဖျက်ဆီးခြင်းသိုင်းပင်ဖြစ်စေ ထိုအဆင့်မြင့် သိုင်းတိုင်းကို ဝမ်ချောင်က ယခင်ဘဝက မထိတွေ့ဖူးခဲ့ချေ။

ထို့ကြောင့် ခွန်အားသီးသန့်အရာတွင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အထွတ်အထိပ် အခြေအနေတွင် တည်ရှိခဲ့ခြင်းက ဒဏ္ဍာရီလာတစ်ခုဖြစ်ခဲ့သည်။ ဝမ်ချောင်က စစ်သူတော်စင် ဖြစ်လာပြီးနောက် သူ့ကို လမ်းညွှန်ပြသပေးနိုင်သော အရေအတွက်က အကန့်အသတ်ရှိသွားပြီး သူ့ဆရာဖြစ်နိုင်သောလူက ပို၍နည်းပါးသည်။ သို့သော် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ထိုလူများထဲမှ တစ်ယောက်ဖြစ်လာခဲ့သည်။

အန်တိမ ဝိညာဉ်ပင်လယ်သိုင်းက အဆင့်အမြင့်ဆုံး သိုင်းများထဲမှ တစ်ခုဖြစ်သည်။

သိုင်းပညာရှင်တိုင်းတွင် ဝိညာဉ်ပင်လယ်ရှိသည်။ သို့သော် သူ၏ဆရာ၏ အန်တိမ ဝိညာဉ်ပင်လယ်သိုင်းကမူ တိကျသေချာသော စွမ်းအင်တစ်ခုရှိပြီး ဝိညာဉ်ပင်လယ်နှင့် ဆက်စပ်ကာ ဖန်တီးထားသည့် အဆင့်မြင့် သိုင်းတစ်ခုဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ခမ်းနားကာ မြင့်မားလွန်းပြီး မိစာ္ဆလမ်းစဉ်၏ အကန့်အသတ်ကိုပင် ကျော်လွန်သွားခဲ့ရာမှ ဖြောင့်မတ်မှန်ကန်သော လမ်းထံသို့ ပြန်လည်ဦးတည်လာခဲ့သည်။

ပို၍ဆိုးသည်မှာ ဝမ်ချောင်ကလည်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လက်ရှိအချိန်တွင် ထိုနည်းလမ်းကို သုံးသွားကြောင်း သတိထားမိခြင်းဖြစ်သည်။ တစ်ဖက်သူက လုဝူ၏ခွန်အားကို မှီခိုပြီး သူ့ကို တင်ပြပေးနေခဲ့ခြင်းဖြစ်သည်။ သူ၏ကိုယ်မှ ကြေးခွံများက သေစေနိုင်လောက်အောင် ခြိမ်းခြောက်နိုင်စွမ်းအားရှိသည်။ သို့သော် သူ၏ခန္ဓာကိုယ်မှ ချီအကြောအမှတ်များကို မပိတ်ဆို့ထားနိုင်ချေ။ ထိုအမှတ်များက ခန္ဓာကိုယ်တွင် ထင်ရှားစွာ ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့် တစ်စုံတစ်ယောက်ကသာ ပြိုင်ဘက်၏အမှတ်များကို သေချာဖမ်းဆုပ်နိုင်လျှင် ပြိုင်ဘက်က လက်နက်များ ပြီးနေနိုင်သည့်တိုင်အောင် တိုက်ခိုက်၍ ရနိုင်ပေလိမ့်မည်။ သူ့ဆရာက ထိုနည်းလမ်းကိုသုံးကာ သူ့ကို ညွှန်ကြားပြသပေးနေခြင်းဖြစ်သည်။

“အန်တိမ ဝိညာဉ်ပင်လယ်သိုင်း... ဒါက ဒီလောက်ထိ အင်အားကြီးမယ်လို့ မထင်ထားဘူး”

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက်တွင် ဆရာဖြစ်သူကို ကြည့်သည်။ သမိုင်းက ပြောင်းလဲသွားလေပြီ။ တည်ဆောက်မှုများက ဖျက်ဆီးမှုမရှိဘဲ ဖြစ်လာလိမ့်မည်မဟုတ်ပေ။ အန်တိမ ဝိညာဉ်ပင်လယ်သိုင်းက စိတ်ဝိညာဉ်ကို ဖျက်ဆီးပြီးနောက် ပြန်လည်တည်ဆောက် ကျင့်ကြံရသော သိုင်းဖြစ်ပြီး ယခင်ရာစုနှစ်ပေါင်းများစွာ အနည်းငယ်တွင် ဖြစ်ပျက်ခဲ့သော အခြေအနေမျိုးလည်း ဖြစ်လေသည်။ ထို့ကြောင့် မည်သူကမျှလည်း ထိုသိုင်း၏ လုပ်နိုင်စွမ်းအားကို မမြင်ခဲ့ဖူးကြချေ။

သို့သော် သံသယဝင်ရန် မလိုလောက်အောင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က သူ၏စွမ်းအား အနည်းငယ်ကိုသာ ထုတ်ပြခဲ့သည့်တိုင်အောင် ထိုမကောင်းဆိုးဝါးကို အညံ့ခံအောင် လုပ်နိုင်ခဲ့သည်။

“ဝူး”

မြေကမာ္ဘက ရုတ်တရက် တုန်ခါသွားပြီးနောက် ဝမ်ချောင်၏ အာရုံကို ပြန်လည်ဆွဲဆောင်သွားပြန်သည်။ သူက အသိပြန်ဝင်လာပြီး ခေါင်းမော့လိုက်ချိန်တွင် ဆရာဖြစ်သူ ရပ်နေသောနေရာမှ ဖုန်မှုန့်များ မြောက်တက်လာသည်ကို တွေ့လိုက်ရသည်။ ကြီးမားသော သားရဲကြီးက ဟိန်းဟောက်လိုက်ပြီး မြေပြင်ကို တူးထုတ်ကာ မျက်တောင်တစ်ခတ် အချိန်တွင် မြေအောက်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အခန်း(၆၇၄)

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ဖန်တီးခြင်း

“မကောင်းတော့ဘူး ဒီကောင်က ထွက်ပြေးချင်နေတယ်”

ဝမ်ချောင်က အံ့ဩသွားသည်။ လုဝူနှင့် ကြာရှည်စွာ တိုက်ခိုက်ခဲ့ပြီးသည့်တိုင်အောင် ထိုအကောင်က ကြွက်လိုမျိုး မြေတူးကာ ထွက်ပြေးနိုင်စွမ်းအား ရှိမည်ဟု မထင်ထားချေ။

ဝှစ်

ဝမ်ချောင်က ချက်ချင်းလိုလို လုဝူထွက်ပြေးတော့မည့် နေရာသို့ အပြေးသွားလိုက်သည်။ သို့သော် သူက ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးသည်။ နားထဲသို့ အသံတစ်သံက ဝင်လာသည်။

“ဟမ့် ငါ့ရဲ့အရှေ့မှာ ထွက်ပြေးလို့ရမယ်လို့ ထင်နေတာလား”

ချွင်

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က သူ၏အရှေ့မှ တိမ်အလုံးလိုက်ဖြင့်ပင် တားဆီးခံရသည်ဟု မခံစားရဘဲ သူ၏အနက်ရောင်ဝတ်ရုံက လေတွင်လွင့်သွားပြီးနောက် အမူအရာက မပြောင်းလဲဘဲ တည်ကြည်နေသည်။ သို့ရာတွင် သူ၏ကိုယ်မှ အလွန်အမင်း ပြင်းထန်တင်းမာလွန်းပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအင်များက ဖြာထွက်လာလေရာ သူ၏ခန္ဓာကိုယ်နှင့် သုံးမီတာအကွာ ဝန်းကျင်တစ်ခုလုံးကို လိမ်တွန့်လာစေသည်။

သူကရှေ့သို့ ခြေလှမ်းတက်လိုက်ချိန်တွင် ပင်လယ်ပြင်ပေါ်သို့ ခင်းထားသော ပျဉ်ကြမ်းများက လှုပ်ခါသွားသလိုမျိုး ပတ်ဝန်းကျင် လေထုကပင် တသိမ့်သိမ့် လှုပ်ခါသွားသည်။ လူတိုင်းက မော့ကြည့်လိုက်ကြချိန်တွင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က မျက်စိကြိမ်းမတက် တောက်ပသော အရှိန်အဝါများကို လွှတ်ထုတ်လိုက်ကြောင်း မြင်လိုက်ရသည်။

ထိုအဖြူရောင် အလင်းတန်းများက စတင်ကာ သိပ်သည်းလာပြီးနောက် တဖြည်းဖြည်းချင်း လူအိုကြီးမန်၏ ညာခြေထောက်မှတဆင့် အောက်သို့စီးဝင်သွားသည်။ ထို့နောက် အရှိန်အဟုန်ပြင်းထန်သည့်မြစ်က ရေထဲသို့ စီးဝင်သွားသလိုမျိုး အသံမျိုးကို လွှတ်ထုတ်လာပြီးနောက်တွင် ကြီးမားသော ကျောက်တုံးကြီးတစ်တုံးက ချော်ရည်ထဲသို့ ပြုတ်ကျသွားသလို အသံမျိုးကို လွှတ်ထုတ်လာသည်။ ထို့နောက် ထိပ်တိုက်တွေ့ဆုံသော အသံက ထွက်ပေါ်လာသည်။ ချက်ချင်းလိုလို မြေကမာ္ဘကပင် ပူခြစ်တက်လာပြီး တသိ့မ်သိမ့် တုန်ခါလာသည်။

“ဝူး”

အလွန်နက်ရှိုင်းသော မြေအောက်ထဲမှ နာကျင်လွန်းသော အသံကြီးက စူးရှစွာ ထွက်ပေါ်လာပြန်သည်။ ဝမ်ကလန်မှ အစေခံများနှင့် ကျွန်များကမူ သိုင်းများအကြောင်းကို မသိကြသည့်တိုင်အောင် မြေအောက်ထဲသို့ ရောက်နေသည့် ထိုမကောင်းဆိုးဝါးကြီးက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေကြောင်း နားလည်လိုက်ကြပြီး မျက်ဝန်းများက တောက်ပသွားကြသည်။

“ဒီနေရာက ထွက်လာကြစမ်း”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်ရဲ့အသံက အေးစက်သည်။ သို့သော် မကျယ်လွန်းသလို မတိုးလွန်းချေ။ သို့တိုင်အောင် ခမ်းနားလွန်းသော အရှိန်အဟုန်ကို သယ်ဆောင်ထားပြီး လူတိုင်း၏ နားအတွင်းသို့ ထူးခြားစွာ ဝင်ရောက်သွားသည်။

ခြိမ်း

မမြင်ရသည့် ကြီးမားသော လက်ကြီးတစ်ဖက်က အောက်သို့ တိုးဝင်သွားသလိုမျိုး မြေကမာ္ဘက အက်ကွဲသွားသည်။

ခလွပ် ခလွပ်

လူတိုင်းက အက်ကွဲလာပြီး တဖြည်းဖြည်း အပေါ်သို့ ဖောင်းတက်လာသော မြေပြင်ကို ကြည့်လိုက်သည်။ တဖြည်းဖြည်း ထိုနေရာဝန်းကျင်၏ ခြောက်ကျန်း ခုနှစ်ကျန်းလောက်က ဆက်တိုက် ဖောင်းတက်လာသည်။ အလယ်ဗဟိုနေရာတွင် ထူးဆန်းသော သားရဲကြီးတစ်ကောင်ကို မြင်လိုက်ရသည်။ သုံးကျန်းခန့်မြင့်ပြီး တစ်ကိုယ်လုံးတွင် မညီမညာဖြစ်နေသည့် ကြေးခွံများဖြင့် အုပ်ထားသော သားရဲကောင်ကြီးက အပေါ်သို့ ရောက်လာလေပြီ။ ထို့အပြင် သူ၏ကိုယ်မှ အမှတ်တိုင်းက အဖြူရောင်အလင်းများကို လွှတ်ထုတ်နေသော ပုံစံမျိုးဖြင့် ပေါ်လာခြင်းလည်းဖြစ်သည်။

ထိုနို့နှစ်ဖြူရောင် အလင်းတန်းများက ချိန်းကြိုးများလိုမျိုး သူ၏အမှတ်တိုင်းသို့ ထိုးဖောက်ဝင်ရောက်ပြီး အချင်းချင်း တွဲဆက်နေသည်။ ထိုသို့ဖြင့် လုဝူက နေရာတွင် အပိတ်ခံလိုက်ရပြီး လှုပ်ရှား၍မရနိုင်တော့ချေ။

“ချောင်အာ မင်းရဲ့အလှည့်ပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ပိန်းပိတ်အောင် မည်းမှောင်နေသော အနက်ရောင်ဆံပင်များက လေတွင် ကခုန်နေသည်။ သူ၏အသံက အေးစက်သော်လည်း တည်ငြိမ်နေသည်။ ထိုထဲတွင် ထူးခြားသော စွမ်းအင်ကလည်း ပေါင်းစပ်ပါဝင်နေသည်။ ထိုသို့ဖြင့်

“အခုငါမင်းကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းရဲ့ ဂါထာကိုသင်ပေးမယ်။ နောက်ထပ် ‘ကောင်းကင်နဲ့မြေပြင်ကို ပြောင်းပြန်လှန်လိုက်၊ သွေးတွေအာလုံး ဒီစည်းချက်အတိုင်း ဆန့်ကျင်ဘက်ကို ပြန်စီးပါစေ၊ ငါဆန္ဒရှိတဲ့အတိုင်း စွမ်းအင်တွေက စီးဆင်းရမယ် သူရဲကောင်းတွေကလည်း ဆင့်ကဲ့ပြောင်းလဲ တိုးတက်လာမယ်...’ ဒီမကောင်းဆိုးဝါးရဲ့ စွမ်းအင်တွေထဲမှာ အရမ်းကိုပြင်းထန်တဲ့ အတက်စွမ်းအားတွေ ပါဝင်နေတယ်။ ဒါက မင်းကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံဖို့ ကူညီပေးနိုင်ပြီး မင်းရဲ့ သတ်ဖြတ်သူ ရောဂါလက္ခဏာကိုလည်း ကုသပေးနိုင်တယ်။ မြန်မြန် ဒီစွမ်းအင်တွေကိုစုပ်ယူ”

လူအိုကြီးမန်၏ နောက်ဆုံးစကားများကို ပြောချိန်တွင် ငြင်းဆန်၍မရသော မျက်နှာထားမျိုး ဖြစ်သွားသည်။

ဘန်း

ဝမ်ချောင်က ဖြတ်ကနဲ အလင်းရောင်လက်ပြီးသည်နှင့် ချက်ချင်းလိုလို မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ အနားသို့ ချက်ချင်းရောက်သွားကာ လုဝူထံသို့ ခုန်ဝင်သွားသည်။

ဝမ်ချောင်က လုဝူ၏ ခန္ဓာကိုယ်ပေါ်သို့ ဇောက်ထိုးခုန်တက်လိုက်ပြီးနောက်တွင် သူ၏လက်မက လုဝူ၏ အရေပြားပေါ်မှ သွေးလွှမ်းသော ဒဏ်ရာများပေါ်သို့ ရောက်သွားသည်။

ဒါက ဒဏ်ရာတစ်ခုသာလျှင်ဖြစ်သည်။ ဒါက လူအိုကြီးမန်နှင့် ထိပ်တိုက်တွေ့ဆုံပြီးနောက် ထွက်လာသော ဒဏ်ရာမှဖြစ်သည်။

“ဒီဒဏ်ရာက သေးလွန်းတယ်။ ငါမင်းကို ကူညီပေးနိုင်တယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ အသံက သူ၏နားထဲတွင် ထွက်ပေါ်လာပြန်သည်။ အသံက ပုံမှန်အတိုင်း တည်ငြိမ်နေသေးသည်။

စွစ်

နဂိုက လက်မတစ်ခုစာသာရှိသော ဒဏ်ရာက ရုတ်တရက် လက်သီးတစ်ဆုပ်စာ ဖြစ်သွားသည်။ ကြီးမားသော လုဝူကြီးက နာကျင်လွန်းသောကြောင့် အော်ဟစ်ချ်ိန်တွင် သူ၏ကိုယ်ထဲမှ ဖျော့တော့သော ခရမ်းရောင်သွေးများက စတင်စီးဆင်းလာပြီဖြစ်သည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အကြောအမှတ်များကို ထိန်းချုပ်ထားသောကြောင့် အနက်ရောင် ကြေးခွံများထက်ပင် သာမာန်ထက်ပင် ပို၍ မာကြောသော ထိုအရန်အတားလွှာက အသုံးမဝင်ဖြစ်သွားသည်။ အန်တိမ ဝိညာဉ်ပင်လယ်သိုင်းနှင့် ရင်ဆိုင်ရာတွင် အသေခံရုံသာရှိတော့သည့်။ မည်သည့်နည်းနှင့်မျှ ခုခံ၍မရချေ။

ခြိမ်း

ထိုသို့ဖြင့် ဝမ်ချောင်၏လက်ဝါးပေါ်သို့ ခရမ်းရောင်ဖြစ်နေသည့် အေးစက်ကာ နာကျင်ကိုက်ခဲလောက်စေမည့် အလွန်အမင်း ကြမ်းတမ်းရိုင်းစိုင်းလွန်းသော စွမ်းအင်များက ဆက်တိုက် စီးဆင်းလာသည်။ ဝမ်ချောင်ကလည်း သူ၏ရှောင်ရင်ယန်သိုင်းက အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိလိုက်ရသည်။ ထို့ပြင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူ၏ဆရာ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ယခုလေးတင် သေချာပေးလိုက်လေရာ သူက ထိုသိုင်းကိုသုံးပြီး မယုံနိုင်စရာ ကောင်းလွန်းသည့် ပမာဏကို စုပ်ယူလိုက်နိုင်လေရာ သူ၏ခွန်အားက ဆက်တိုက် တိုးမြှင့်လာသည်။

သူကလုဝူ၏ ကိုယ်ထဲမှ ထူးဆန်းသော ထိုအေးခဲနေသည့် စွမ်းအင်ကို ယခင်ထက်ပို၍ ဆယ်ဆခန့် မြန်ဆန်သော အရှိန်နှုန်းဖြင့် စုပ်ယူလိုက်နိုင်ပြီး သူ၏ကိုယ်ထဲသို့ အလုံးလိုက် ရူးသွပ်စွာ ဝင်ရောက်လာတော့သည်။

“ဝူး”

ထိုသားရဲကြီး၏ ဟိန်းသံက မြို့တော်တစ်ခုလုံးကို ပဲ့တင်ထပ်သွားပြီး အလွန်ဝေးကွာသော နေရာကပင် ကြားလိုက်ရသည်။ သူက ဆက်တိုက် ရုန်းကန်သည်။ သို့သော် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အကြောမှတ်များကို ဆက်တိုက် ပိတ်ထားခြင်းအားဖြင့် သူက ရုန်းကန်နေလည်း အလဟသသာ ဖြစ်ရသည်။

“သေစမ်း ဒါကဘယ်သူတွေလဲ။ လုဝူကိုတောင် အလွတ်မပေးနိုင်ဘူးလား။ ဘာလို့ ဒီသောက်ကျိုးနည်း ဝမ်ကလန်က ဒီလောက်ထိ အင်အားကြီးမားနေတာလဲ။ သူတို့မှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေတာလဲ”

အဝေးမှ အသားကုန် ထွက်ပြေးနေရသည့် အနက်ရောင်ဝတ်စုံနှင့် လူများက လုဝူ၏ဟိန်းသံကို ကြားလိုက်ကြရသည်။ လုဝူ၏ မကောင်းဆိုးဝါးဆန်သော ခန္ဓာကိုယ်ကြီးက လက်နက်များဖြင့် ထိုးဖောက်၍ မရသည့်အပြင် ပြိုင်ဘက်ကင်းသော ခွန်အားကိုလည်း ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။

တိုက်ပွဲနယ်မြေတွင်သာ ပေါ်လာလေသည့် ထိုလုဝူက သာမာန်စစ်သည် တစ်သောင်းလောက်ကို အသာလေး ဖျက်ဆီးလိုက်နိုင်စွမ်းအားရှိသည်။ ပို၍ဆိုးသည်မှာ လုဝူက မြေလျိုးနိုင်စွမ်းရှိခြင်းဖြစ်သည်။ ဒါက အလွယ်တကူ ထွက်ပြေးနိုင်စွမ်းရှိသည့် သဘာဝကပင် ချီးမြှင့်ထားသည့် စွမ်းရည်ဖြစ်နေသေးသည်။

“ဒါပေမဲ့ အခုတော့...”

ထိုအတွေးဖြင့်ပင် အနက်ရောင်ဝတ်စုံနှင့် လူများက ထိတ်လန့်သွားကြသည်။ ထိုတခဏတွင် သူတို့က တစ်ဖက်လှည့်ပြီး အခြေအနေကို ပြန်ကြည့်လိုက်ချင်သည်။ မည်သူက လုဝူကို ဖမ်းနိုင်သနည်းဟု ကြည့်လိုက်လေသည်။ သို့သော် သူတို့၏ ကျိုးကြောင်းစဉ်းစားနိုင်သောစိတ်က ထိုသို့မလုပ်ရန် ထိန်းထားသည်။

တော်ဝင်စစ်တပ်နှင့် မြို့စောင့်တပ်က ထိုနေရာသို့ အပြေးလာနှင့်ပြီးသားဖြစ်ပြီး သူတို့၏ အပြေးနှင်ကာ ချီတက်သံက ညလေထုထဲတွင်ပင် တသိမ့်သိမ့်တုန်နေသည်။ သူတို့က ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြန်သွား၍မရတော့ချေ။

ဝမ်ကလန်၏ စံအိမ်တော်အတွင်းတွင် ဝမ်ချောင်၏ ခန္ဓာကိုယ်က ဇောက်ထိုးအနေအထားမျိုးဖြင့် လုဝူ၏ ခန္ဓာကိုယ်ထဲမှ အေးခဲနေသော စွမ်းအင်များကို ဆက်တိုက်စုပ်ယူနေသည်။

ခလွပ် ခလွပ်

ဝမ်ချောင်က စွမ်းအင်များများ စုပ်ယူလေလေ သူ၏ကိုယ်အတွင်းမှ ထွက်လာသော ကွဲအက်သည့်အသံက ပြင်းထန်လာလေလေဖြစ်သည်။ သူ၏အရေပြားများကို ရေခဲပြာရောင် ဖျော့တော့သည့် အလင်းလွှာက လွှမ်းခြုံလာသည်။

လုဝူ၏ခန္ဓာကိုယ်ကို ထိထားသော သူ၏လက်ကောက်ဝတ်ကိုပင် ထူထည်းသော ရေခဲပြာရောင် အလွှာက လွှမ်းခြုံနေပြီဖြစ်ပြီး တဖြည်းဖြည်း ပျံ့နှံ့သထက် ပျံ့နှံ့လာသည်။ ထိုနေရာမှစတင်ပြီး ဝမ်ချောင်၏လက်မောင်း ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံးထံ ပျံ့နှံ့သွားသည်။ အကြိမ်အနည်းငယ်ထဲနှင့်တင် ဝမ်ချောင်၏ အသားအရောင်က စတင်ကာ ဖြူဖျော့လာသည်။

အလွန်အေးစက်လွန်းသော ခံစားချက်က သူ၏ခန္ဓာကိုယ်ကို တုန်ယင်လာစေသည်။ လုဝူ၏ စွမ်းအင်အဆင့်က အလွန်အမင်း မြင့်လွန်းပြီး ဝမ်ချောင်၏စွမ်းအင်၏ အဆင့်ကို ကျော်လွန်သွားလေကာ ထိုတောင့်ခံနိုင်သော စွမ်းအင်အဆင့်ကိုပင် ကျော်နေလောက်လေပြီ။

ဝမ်ချောင်၏ ခန္ဓာကိုယ်တစ်ခုလုံးက အေးခဲတော့မည့် အချိန်တွင် နားအတွင်းတွင် အသံတစ်သံက ထွက်လာသည်။

“မင်းရဲ့စွမ်းအင်တွေကို တည်ငြိမ်အောင်လုပ်။ စိတ်ကိုအာရုံပြုထား။ စွမ်းအင်တွေကို စုစည်းလိုက်။ မင်းရဲ့ အကြောအမှတ်တွေကိုပဲ အာရုံစိုက်ထား။ အဲ့ဒီအာရုံစိုက်ရမဲ့ အကြောအမှတ်တွေက ရုန်ချွမ်၊ ရှန်းကျုံး၊ ကြီးဟုန် ဒီအမှတ်သုံးမှတ်ကို အတူပေါင်းပြီးစပ်လိုက်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သမိုင်းကြာရှည်စွာ ရှိနေခဲ့တဲ့ အမွေအနှစ်တစ်ခုပဲ။ သူ့ရဲ့ခွန်အားက အဆင့်လွန်အဆင့်ပဲ။ ဒီလောကမှာ မစုပ်ယူနိုင်တဲ့ အတွင်းအားနဲ့ ကြယ်တာရာစွမ်းအင်ဆိုတာ မရှိဘူး”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က တဖြတ်ဖြတ် လွင့်နေသော အနက်ရောင်ဝတ်စုံနှင့်အတူ အနားတွင် ရပ်နေသည်။ သူ၏အမူအရာက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ပြီး ယုံကြည်မှုအပြည့်က ရှိနေသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ဆုပ်ကိုင်ထားသူ ဆရာသခင်တစ်ယောက်ဖြစ်ပြီး တစ်လောကလုံးမှာ မိစာ္ဆအတက် ကျင့်ကြံသူများထဲမှ နံပါတ်တစ်ဖြစ်သည့်အလျောက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ထိုစကားလုံးများကို ယုံကြည်မှုရှိစွာ ပြောနိုင်သည်။

“ပင်လယ်ဆိုတာက မြစ်တွေအားလုံးကို လက်ခံနိုင်စွမ်းအားရှိတယ်။ ဒီလိုပဲ အားလုံးကို လွှမ်းခြုံနိုင်တဲ့ နှလုံးသားနဲ့မှ ပြင်းထန်တဲ့ အရှိန်အဟုန် အင်အားတွေက မြင့်တက်လာလိမ့်မယ်”

ဒီလောကတွင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက မစုပ်ယူနိုင်သော စွမ်းအားက မရှိချေ။ ဝမ်ချောင်က အေးခဲသွားသည်မှာ သူက ထိုမိစာ္ဆသိုင်းကို မကျွမ်းကျင်သေးသောကြောင့် ဖြစ်သည်။ ထိုစွမ်းအားကို သင့်လျော်အောင် မသုံးနိုင်သေးသောကြောင့်လည်း ဖြစ်သည်။

ဝမ်ချောင်က သူ၏ဆရာ၏ စကားများကို ကြားလိုက်ရချိန်တွင် လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် စွမ်းအင်များက စတင်ပြီး ထိုအမှတ်များထံ စီးဝင်လာကာ ရုတ်တရက် ဘုန်းကနဲမြည်သံနှင့်အတူ ဝမ်ချောင်၏ ကိုယ်အတွင်းတွင် မြစ်တစ်စင်းက တလဟော စီးဝင်သွားသလို ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်သော စွမ်းအင်ကန်များက ဆက်တိုက်စီးဆင်းပြီးနောက် အင်အားကြီးမားကာ ဆွဲဆောင်မှုပြင်းထန်သည့် အားတစ်ခုက ထွက်ပေါ်လာသည်။

ဝမ်ချောင်၏ ခန္ဓာကိုယ်ပေါ် အုပ်ထားသော ထူထည်းသော ရေခဲအလွှာက လျှင်မြန်စွာဖြင့် ကွဲအက်လာသည်။

ဝှစ်

အရှိန်အဟုန် ပြင်းထန်သည့် မြစ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ထဲတွင် စတင်ကာ စီးဆင်းသည်။ တစ်ပတ်လှည့်ပြီးနောက် ထိုစွမ်းအင်များက သူ၏ဒန်တန်ထဲတွင် ပင်လယ်ထဲသို့ တိုးဝင်သွားသော နဂါးတစ်ကောင်ကဲ့သို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

ဝမ်ချောင်၏ စွမ်းအင်များက ဒီရေနှင့်အတူ လွင့်မျောနေသော လှေတစ်စင်းကဲ့သို့ ဆက်တိုက် ယမ်းခါနေသည်။ အင်ပါယာသိုင်းနယ်မြေ အဆင့်နှစ်မှ အဆင့်သုံး ထို့နောက် အဆင့်လေးသို့ ဆက်တိုက် ရောက်သွားပြီးနောက် သူ၏စွမ်းအင်များက လျှင်မြန်စွာဖြင့် ဆက်တိုက် မြင့်တက်နေသေးကာ သူ့ကို အဆင့်ငါးသို့ ဆက်တိုက် တက်နေစေသည်။ လုဝူ၏ကိုယ်ထဲမှ စွမ်းအင်များက အလွန်အမင်း အင်အားကြီးမားလွန်းနေသည်။

ဝမ်ချောင်အတွက် ထိုစွမ်းအင်များက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များတွင် ပိုင်ဆိုင်ထားသော အရည်အသွေးမျိုးဟုပင် ထင်မိလောက်သေးသည်။

အပြင်ဘက်မှ မြင်းခွာသံများကို ကြားလိုက်ရပြီး လူများ၏ အော်သံများကို ကြားလိုက်ရသည်။ သိပ်မကြာခင် နောက်ထပ်တစ်သုတ်က ရောက်လာလေသည်။ ထိုလူများကလည်း ဝမ်ကလန်၏ စံအိမ်ဂိတ်ဝတွင် ရပ်တန့်သွားကြသည်။

“ငါတို့က မြို့စောင့်တပ်ပဲ။ ဒီမှာ တိုက်ခိုက်သံတွေကိုကြားတယ်။ ဒါကြောင့် ကူညီပေးဖို့ ရောက်လာခဲ့တာ”

“ငါတို့က တော်ဝင်တပ်ရင်းကပဲ ဒီမှာဘာတွေ ဖြစ်နေတာလဲ။ ငါတို့ဝင်ပြီး စစ်ဆေးခွင့်ရမလား”

အပြင်ဘက်မှ အသံများကို ဆူညံစွာကြားနိုင်သည်။

ထို့ပြင် ပြိုလဲကျနေသော နံရံများတွင် ရပ်နေသည့် လီစစ်ယဲ့၏ မျက်လုံးများက မည်သည့်အရာကိုမျှ အာရုံစိုက်မရချေ။ သူက ညာလက်ကို နံရံဖြင့်ထောက်ထားပြီးနောက် မတ်တပ်ရပ်လိုက်သည်။

သခင်လေးက ကျင့်ကြံနေတယ်။ အနှောက်အယှက် ခံလို့မရဘူး။ ဒီမကောင်းဆိုးဝါးရဲ့ နောက်ခံက တော်တော်လေးကို ရှုပ်ထွေးလွန်းတယ်။ ငါတို့သေချာ မစစ်ဆေးနိုင်သမျှ လူအများကြီးကို သိခွင့်ပြုလို့မရဘူး။

လီစစ်ယဲ့၏စိတ်ထဲ ထိုအတွေးက လက်လာပြီးနောက် သူကချက်ချင်းလိုလို ဝမ်ကလန်၏ ဂိတ်ဝသို့ ဦးတည်သည်။ သူက လမ်းလျှောက်နေရင်းမှ အမိန့်ပေးနေသည်။ တစ်ချိန်ထဲတွင်ပင် ဝေ့ကောနှင့် ဝေ့ဝူတို့ကလည်း သူ၏လူများကို အမိန့်ပေးနေပြီး နံရံတိုင်းကို သူ၏လူများဖြင့်ဖြည့်ကာ ပိတ်ဆို့ကာရံထားစေသည်။

ဒီနေ့ဖြစ်ပျက်သော ကိစ္စများက လွန်ကဲလွန်းအားကြီးသည်။ ဝမ်ကလန်၏ စံအိမ်တစ်ဝက်ခန့်က ဖျက်ဆီးခံလိုက်ရသည်။ ဝမ်ချောင်၏ ဆုံးဖြတ်ချက်ဖြင့် ထိုကိစ္စများကို ကိုင်တွယ်ရန် လိုအပ်သည်။ ထို့ကြောင့် ဝမ်ချောင်၏အမိန့်ကို စောင့်ရဦးမည်ဖြစ်သည်။

လီစစ်ယဲ့က မြို့စောင့်တပ်နှင့် တော်ဝင်စစ်တပ်မှ လူများနှင့် တွေ့ဆုံလိုက်သည်။

စံအိမ်တော်အတွင်းတွင် ဝမ်ချောင်က လုဝူ၏စွမ်းအင်များကို ဆက်တိုက် စုပ်ယူနေရင်းမှ အလွန်အရေးကြီးသော အဆင့်သို့ရောက်သွားသည်။ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းသော စွမ်းအင် တစ်လှိုင်းပြီးတစ်လှိုင်းက ဝမ်ချောင်၏ အသားများကို အားဖြည့်ပေးနေရင်းမှ သူခံစားနေရသော အတွင်းဒဏ်ရာများကို ကုစားပေးသည်။

အချိန်တိုအတွင်းတွင် ဝမ်ချောင်က သိုင်းအင်ပါယာ အဆင့်ခုနှစ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး သူ၏ခန္ဓာကိုယ်မှ အရှိန်အဝါများက ရုတ်တရက် ပေါက်ကွဲသွားသည်။

ဝမ်ချောင်က သူ၏ယခင်ဘဝမှ အနည်းငယ်မြင့်မားသော အဆင့်အတန်းနှင့် ခမ်းနားထည်ဝါမှုကို အနည်းငယ် ပြန်လည်ရသလို ခံစားလိုက်ရသည်။

ဝှစ်

ဝမ်ချောင်က လုဝူ၏ စွမ်းအင်ကို အာရုံစိုက်ထားပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ကျင့်ကြံနေချိန်တွင် လုဝူ၏ခန္ဓာကိုယ်ထဲတွင် ခရမ်းရောင်မီးတောက်က ရုတ်တရက် တောက်လောင်လာသည်။ ထိုခရမ်းရောင်မီးတောက်က အလွန်ကြောက်စရာကောင်းပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်လွန်းကာ တချွင်ချွင် အသံများကိုပင် ထုတ်လွှတ်နေသေးသည်။

ဖြတ်ကနဲ အလင်းရောင် လက်ပြီးနောက် လုဝူ၏ ခန္ဓာကိုယ်ကြီးက အတွင်းပင်ဖြစ်စေ အပြင်ပင်ဖြစ်စေ စတင်လောင်ကျွမ်းလာသည်။

“မကောင်းတော့ဘူး”

ဝမ်ချောင်က အံ့အားသင့်သွားပြီး ချက်ချင်းလိုလို အေးခဲသော စွမ်းအင်လှိုင်းများကို လွှတ်ထုတ်လိုက်လျှက် မီးတောက်များကို ဖယ်ရှားရှင်းလင်းကာ လုဝူ၏ခန္ဓာကိုယ်ကို အေးခဲသွားစေလိုက်သည်။ သို့တိုင်အောင် နောက်ကျသွားခဲ့ပြီဖြစ်သည်။ မီးတောက်များက မြန်ဆန်လွန်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းနေခဲ့သည်။

မျက်တောင်တစ်ခတ် အချိန်တွင် ကြီးမားသော မကောင်းဆိုးဝါးကြီးက ထိုခရမ်းရောင်နှင့် အနက်ရောင် ရောယှက်နေသော မီးတောက်များက ပြာအဖြစ် ပြောင်းလဲသွားပြီး ပြာပုံကိုသာ ချန်ရစ်ထားခဲ့သည်။

“သေစမ်း”

ဝမ်ချောင်က ခုန်လိုက်ပြီးနောက် ဘေးဘက်သို့ ခုန်လျှောက်လိုက်ကာ အစ်ကိုလုဝူက ရှိနေသော နေရာကို လှမ်းကြည့်လိုက်သည်။ ထိုမကောင်းဆိုးဝါးက အလွန်အမင်း ထူးဆန်းလွန်းသည်။ သူကလူသားပုံသဏ္ဍန် ပြောင်းလဲနိုင်သော သားရဲပုံသဏ္ဍန်လည်း ပြောင်းလဲ၍ရသည်။ မည်သည့်လူသားဆန်သော အင်အားအစုကမှ ထိုသို့မလုပ်နိုင်လောက်ချေ။

သူ၏ကိုယ်အတွင်းတွင်လည်း သာမာန်စစ်သည်တော်များက မပိုင်ဆိုင်နိုင်လောက်သော စွမ်းအားများကို ကျော်လွန်စွာ ပိုင်ဆိုင်ထားသေးသည်။ ထို့ပြင် ဒါက ကြီးမားသော လျို့ဝှက်ချက်တစ်ခုလည်း ဖြစ်နေနိုင်သေးလေသည်။ သူ့ကို အောင်မြင်စွာ ဖမ်းမိလိုက်ပြီးနောက် နောက်မှ လျို့ဝှက်ဆန်းကြယ်သော လူများကို စစ်ဆေးရမည်ဖြစ်သည်။ သို့သော ယခုမူ ဘာမျှမကျန်ရစ်တော့ချေ။

အခန်း(၆၇၅)

“ချောင်အာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဒုက္ခများတယ်လို့ မတွေးနဲ့။ သူ့ရဲ့ခန္ဓာကိုယ်က စွမ်းအင်တိုင်း ဖြစ်ဖျားခံလာတဲ့ အမြူတေလို စွမ်းအင်တွေကို ပိုင်ဆိုင်ထားတယ်။ မင်းကသူ့ရဲ့ စွမ်းအင်တွေကို စုပ်ယူလိုက်တာနဲ့ အဲ့ဒီစွမ်းအင်က ဟန်ချက်မညီတော့ဘဲ သူကပျောက်ကွယ်ဖို့ ဖြစ်လာတာပဲ။ ဒါက ရှောင်လွဲလို့မရတဲ့အချက်ပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ကျောသို့ လက်နောက်ပစ်လျှက် ခပ်အေးအေး ပြောလိုက်သည်။

သူ၏အန်တိမ ဝိညာဉ်ပင်လယ်သိုင်းက လုဝူ၏ ခန္ဓာကိုယ်ထဲရှိ အကြောအမှတ်တိုင်းတွင် စီးဆင်းနေခဲ့ခြင်း ဖြစ်သည့်အလျောက် လုဝူ၏ လျို့ဝှက်ချက်တိုင်းကို သိထားပြီးသားဖြစ်သည်။ ဝမ်ချောင်က စိတ်ပျက်လက်ပျက် ဖြစ်နေလောက်သော်လည်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကမူ ဒီလိုဖြစ်လာမည်ဟု မျှော်လင့်ထားပြီးသားဖြစ်သည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ကို လှည့်ကြည့်ပြီးမေးလိုက်သည်။

“ချောင်အာ ဒီမှာဘာတွေဖြစ်နေတာလဲ။ မကောင်းဆိုးဝါးကို သာမာန်အဖွဲ့အစည်းတွေက မထိန်းချုပ်နိုင်လောက်ဘူး။ မင်းက ဘယ်လိုအဖွဲ့အစည်းကိုများ ရန်စခဲ့မိလို့လဲ”

“ဆရာ ဒီမေးခွန်းကိုလည်း ဒီတပည့်က မေးချင်နေတာပါ”

ဝမ်ချောင်က ခါးသီးစွာသောအပြုံးဖြင့် ပြန်ဖြေလိုက်သည်။ အမှန်တိုင်းဆိုရသော် သူကလည်း အခြားသူများထက်မနည်း အဖြေကို သိချင်နေခြင်းဖြစ်သည်။ သူကပို၍ အဖြေကို သိချင်နေခြင်းဖြစ်လောက်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက လေထဲမှ ဆက်တိုက် ထွက်ပေါ်လာသလို ဖြစ်နေသည်ဟုပင် ခံစားနေရပြီး သူ၏မျက်နှာထက်တွင် မတည်ရှိရုံသာ မကလေဘဲ မည်သည့်အဖွဲ့အစည်းနှင့်တော့ သက်ဆိုင်နေသလို ဖြစ်နေသည်။

ယခုအချိန်ထိ ဝမ်ချောင်က သူတို့၏နောက်ခံကို မသိသေးချေ။ သူက မည်သည့်အဖွဲ့က အပိုင်ဖြစ်ကြောင်းနှင့် သူတို့က ဘာလုပ်ချင်ကြောင်းလည်း မသိသေးပြန်ချေ။ သူရထားသမျှ သတင်းအချက်အလက်များက ဗလာဖြစ်နေသည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဝမ်ကလန်၏ အပျက်အစီးပုံများကို ကြည့်လိုက်ပြီးနောက် သတိလက်လွတ် မျက်မှောင်ကျုံ့လိုက်သည်။ ဝမ်ချောင်၏ အဖြေကို သူကလည်း မမျှော်လင့်ထားမိချေ။

“အိုး ဆရာ ဆရာဘယ်လိုများ ချက်ချင်းရောက်လာတာလဲ”

ဝမ်ချောင်က မေးလိုက်သည်။

မကောင်းဆိုးဝါးက ပုံသဏ္ဍန်ပြောင်းသွားသည်နှင့် သူ၏ခွန်အားက လျှင်မြန်ရူးသွပ်စွာဖြင့် မြင့်တက်သွားလေရာ ဝု့စ်သံမဏိလက်နက်များကပင် အသုံးမပြုနိုင်ခဲ့ချေ။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ရုတ်တရက်ရောက်လာသော ကိစ္စကြောင့်သာ မဟုတ်လျှင် ဝမ်ချောင်ကပင် ထိုမကောင်းဆိုးဝါးက မြို့တော်ကို ဖျက်ဆီးမည့် အခြေအနေကို မခန့်မှန်းမိနိုင်လောက်ချေ။

အနည်းဆုံး ဝမ်ကလန်၏ စံအိမ်ပတ်ဝန်းကျင်တွင် နေထိုင်သော သာမာန်ပြည်သူများကမူ ဆိုးရွားလွန်းသော အကျိုးဆက်ကို ခံစားရလောက်သည်။

“ဟား ဟား ငါကမင်းကို ရှောင်ရင်ယန်သိုင်းကို သင်ပေးခဲ့တယ်ဆိုတာကို မမေ့နဲ့။ ငါက ရှောင်ရင်ယန်သိုင်းရဲ့ စွမ်းအင်ကို လူတိုင်းထက် အထိမခံအဖြစ်ဆုံးပဲ။ ဒါကြောင့် ရုတ်တရက် မင်းကငါ့ရဲ့ အာရုံခံနိုင်စွမ်းအားက ပျောက်ကွယ်သွားတဲ့အချိန်မှာ တစ်ခုခုက မှားနေမှန်း ငါသိလိုက်တယ်။ ဒီအန်တိမ ဝိညာဉ်ပင်လယ်သိုင်းက ကောင်းကင်နဲ့မြေပြင် တစ်သားတည်းဖြစ်နေတဲ့သိုင်းပဲ။ လီပေါင်းများစွာ ဝေးကွာနေရင်တောင်မှ ငါ့ဆီကနေ ဘာကမျှ မဖုံးကွယ်ထားနိုင်ဘူး။ အဲ့ဒီအချိန်မှာပဲ တစ်ခုခုဖြစ်နေပြီဆိုတာကို ငါသိလိုက်တာပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ပေါ့ပါးစွာပြောသည်။

သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် အန်တိမ ဝိညာဉ်ပင်လယ်သိုင်းကို ကိုယ်တိုင်က်ိုယ်ကျ ထုတ်သုံးပြလိုခြင်းဖြစ်သည်။ ဒါက အနည်းငယ်မျှကိုသာ ထုတ်ပြခဲ့ခြင်း ဖြစ်သည့်တိုင်အောင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ စွမ်းအားကပင် မှင်သက်ဖွယ်ကောင်းနေပြီဖြစ်သည်။

လီပေါင်းများစွာ ဝေးကွာသည့် နေရာက လှုပ်ရှားမှုကို အာရုံခံနိုင်ရန်အလို့ငှာ ထိုအန်တိမ ဝိညာဉ်ပင်လယ်သိုင်းက မည်မျှအရှိန်အဝါ ကြီးမြတ်ပြီး သာမာန်သိုင်းများကို ကျော်လွန်နေကြောင်း သိနိုင်လေသည်။

ဝမ်ချောင်ကပင် ဆရာဖြစ်သူ၏ စကားကြောင့် ဖြစ်လာသည့် အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်လောက်ချေ။ သူ၏ဆရာက အန်တိမ ဝိညာဉ်သိုင်းက ကောင်းကင်နှင့် ပင်လယ်နှင့် တစ်သားတည်းဖြစ်နေကြောင်း ဆိုလိုချိန်က နားမလည်ခဲ့ချေ။ သူ့အနေဖြင့် သေချာခဲ့သော အချက်ကမူ ဆရာဖြစ်သူ၏ ဒီလက်ရွေးစင်က ပြန်ရမည်ဟုသော အချက်ဖြစ်သည်။ သူက လောကကို တုန်လှုပ်နိုင်လောက်သော အခြေအနေမျိုးသို့ မရောက်လောက်သေးသော်လည်း အလွန်အမင်း မြင့်မားလွန်းနေပြီဖြစ်သည်။

“ခွန်အားတွေ ပြန်ရသွားတဲ့အတွက် ဂုဏ်ယူပါတယ်ဆရာ”

ဝမ်ချောင်က ပျော်ရွှင်စွာပြောသည်။

“ဟား ဟား နတ်ဘုရားလို ခွန်အားတွေအားလုံး ပြန်ရတယ်လို့ပြောဖို့ စောပါသေးတယ်။ ဒါက မင်းရဲ့ ငါခွန်အားတော်တော်များများတော့ ပြန်ရနေပြီ။ ငါမင်းကိုလည်း ဒီကိစ္စအတွက် ကျေးဇူးတင်ရဦးမယ်။ ဝိညာဉ်သွေးကြော တောင်တန်းထဲမှာရှိတဲ့ သိပ်သည်းတဲ့ ဝိညာဉ်စွမ်းအင်တွေက ဒီအန်တိမ ဝိညာဉ်ပင်လယ်သိုင်းကို ကျင့်ကြံဖို့ အရမ်းကို အကူအညီဖြစ်တယ်။ မင်းကသာ ငါ့ကို အဲ့ဒီနေရာကို မခေါ်သွားခဲ့ရင် ငါအနည်းဆုံး ငါးနှစ်လောက်တော့ အချိန်ယူရလောက်တယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ပြောပြီးနောက် သူ၏တပည့်ပေါ် ကျေးဇူးတင်စိတ်ကို ဖော်ပြလိုက်သည်။

တစ်ဘဝလုံး နောက်ကျောဓားထိုးခံရခြင်း၊ သစ္စာဖောက်ခံရခြင်း၊ အခြေအနေများကို ဆက်တိုက် ကြုံတွေ့ခဲ့ပြီး တပည့်အရင်းက အကွက်ချကြံစည်ခြင်းကို ခံခဲ့ရပြီးနောက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က သူ၏ နောင်းပိုင်းနှစ်များမှ လက်ခံခဲ့မိသော ဝမ်ချောင်ထံမှ ထိုသို့သော ကျေးဇူးတင်စွာဖြင့် ကူညီပေးခဲ့သည့် အခြေအနေမျိုးကို လက်ခံရရှိလိုက်သည်။

ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် ကိုယ်တိုင်နာမည်ကြီးအောင် လုပ်နိုင်ခဲ့ရုံသာ မကလေဘဲ တော်ဝင်ခုံရုံးမှလည်း လူငယ်အမတ်ဘွဲ့ကို ရခဲ့ပြီး သူက အလွန်အမင်း သစ္စာရှိကာ သိတတ်သော လူအဖြစ် သက်သေပြခဲ့ပြီးသားဖြစ်သည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က သူ၏ ယခင်တပည့်များက ထိုသို့သော အခြေအနေမျိုးကို မလုပ်နိုင်ခဲ့ကြောင့် နားလည်နေသည်။

‘မဖျက်ဆီးဘဲ တည်ဆောက်လို့မရဘူး’ မိစာ္ဆဧကရာဇ် လူအိုကြီးမန်အတွက် ထိုဆိုရိုးစကားက သိုင်းပညာ အတွက်သာလျှင် မဟုတ်ဘဲ ကိုယ်ကျင့်စရိုက်မှ စတင်ပြီး စိတ်ဓာတ်အထိလည်းရောက်သည်။ လူတစ်ယောက်က ထိုသို့ အဆင့်ဆင့် ကျော်ဖြတ်ပြီးမှသာ အပြည့်အဝ ပြောင်းလဲနိုင်မည်ဖြစ်သည်။ တစ်စုံတစ်ယောက်ကသာ ဝမ်ချောင်ကို ဒုက္ခပေးရဲလျှင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ကမာ္ဘမြေအဆုံးထိလိုက်ပြီး ထိုလူများကို ကွပ်မျက်ကာ အရိုးကိုပင် အမှုန့်ချေပစ်မည်ဖြစ်သည်။

သူ၏တပည့်နှစ်ယောက်ဖြစ်သည့် ဝမ်ကလန်မှ ထိုမောင်နှမနှစ်ယောက်က သူ၏ အနားယူထားသော ဒီနှစ်များမှ အကြီးဆုံးမျှော်လင့်ချက်လည်းဖြစ်သည်။

“ဒါတွေအားလုံးက ဆရာရဲ့ကိုယ်ပိုင် ကြိုးစားအားထုတ်မှုကြောင့်ပါ။ ဆရာ့ရဲ့တပည့်က ဆရာဝတ်ထားတဲ့ ဘရိုကိတ်ပေါ် ပန်းပွင့်လေး ထိုးပေးဦးမှပဲ”

ဝမ်ချောင်က ရိုးသားစွာပြောသည်။

ဝမ်ချောင်ကလည်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်ထံမှ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ရယူခြင်းအတွက်သာ ချဉ်းကပ်ခဲ့သော ယခုအခါ ဝမ်ချောင်က တစ်ဖက်သူကို သူ၏မိသားစုဝင်တစ်ယောက်လို ဆက်ဆံနေပြီဖြစ်ပြီး သူတို့၏ ဆက်ဆံရေးကလည်း ဆရာနှင့်တပည့်လောက် မရိုးရှင်းတော့ချေ။

ပို၍ဆိုးသည်မှာ သူက အားလုံးကို အတွေ့အကြုံရပြီးနောက် ဝမ်ချောင်အနေဖြင့် သူ၏ဆရာဖြစ်သူ၏ စရိုက်က ပြောင်းလဲသွားကြောင်း သိလိုက်သည်။ မိစာ္ဆလမ်းကြောင်းကို လိုက်သော နတ်ဆိုးတစ်ကောင် အဖြစ်မှ ဖြောင့်မတ်မှန်ကန်သော လမ်းစဉ်သို့ တဖြည်းဖြည်း ရောက်လာနေပြီဖြစ်သည်။ သူက ပြောင်းလဲကာ ဖြစ်ပေါ်လာသော စိတ်သစ်လူသစ်ဖြင့် လူအိုကြီးတစ်ယောက် ဖြစ်နေလေပြီး မြစ်များ၊ ရေကန်များ၊ ပင်လယ်များကဲ့သို့ ကြည်လင်သည့် နှလုံးသားကို ပိုင်ဆိုင်ထားသော အတွေ့အကြုံရှိ အကြီးအကဲ တစ်ယောက်လည်းဖြစ်သည်။

“ဟမ့် မင်းရဲ့ဆရာရှေ့မှာ နှိမ့်ချနေဖို့မလိုဘူး”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ရယ်ကာ ခေါင်းကိုခါသည်။

“ဘာတွေဖြစ်သွားသလဲဆိုတာကို ရှာဖွေဖို့အပြင် မင်းရဲ့ဆရာက ဒီနေရာကို အဓိကလာတာက မင်းကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သင်ပေးချင်လို့ပဲ။ မင်းရဲ့ ရှောင်ရင်ယန်သိုင်းက ပြီးပြည့်စုံတဲ့ အဆင့်ကို ရောက်ပြီးသွားပြီ။ ဒါကြောင့် မင်းအနေနဲ့ ဒီအဆင့်လွန်သိုင်းကို သင်ဖို့အချိန်ကျသွားပြီ။ ဒါကပဲ မင်းကို မင်းရဲ့ကိုယ်ထဲကရှိတဲ့ သတ်ဖြတ်သူသွေးကို ဖယ်ရှားပေးနိုင်လိမ့်မယ်။ ဒါပေမဲ့...”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က စကားကိုရပ်တန့်ပြီးနောက် သက်ပြင်းရှည်ကြီးကိုချသည်။ သူက ဝမ်ချောင်ကို ကြည့်ချိန်တွင် ပြင်းထန်သည့် စိုးရိမ်မှုကို ဖော်ပြနေသည်။

“ဒီတစ်ကြိမ်မှာ ငါ့အနေနဲ့ဒီသိုင်းကို မင်းကိုပေးလည်း ဒါက ကောင်းတာလား ဆိုးတာလားဆိုတာကို မသိပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီမဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက မိစာ္ဆသိုင်းပဲ။ ငါတောင်မှ ငါ့ရဲ့ဘဝတောက်လျှောက် ကျင့်ခဲ့ပြီး ခက်ခဲမှုပေါင်းများစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ အနာဂတ်မှာ မင်းရဲ့သွေးကြောတွေက ပြောင်းပြန်စတင်စီးဆင်းတဲ့အခါ မင်းလည်း ကြီးမားတဲ့ တန်ကြေးကို ပေးဆပ်ရမှာပဲ”

“ဆရာ စိုးရိမ်ဖို့မလိုပါဘူး။ ဒါက ဆရာ့ရဲ့တပည့်ရဲ့ ရွေးချယ်မှုပါ။ ဘယ်လိုရလဒ် ဖြစ်လာမလဲဆိုတာကို ကျွန်တော် အမြဲတစေ သိထားပါတယ်”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်ပြီး မစိုးရိမ်သော ပုံစံမျိုးဖြင့်ပြောလိုက်သည်။

သူ၏ဆရာ၏ အတွေးကိုလည်း သူကသိသည်။ သို့သော် သူကတဖန် ပြန်လည်ရွေးချယ်ရမည် ဆိုလျှင်ပင် ဒီသိုင်းကို ရွေးချယ်ဦးမည်ဖြစ်သည်။ သူ့တွင်လည်း အခြားရွေးချယ်စရာ မရှိနေတော့ချေ။ အကျိုးရလဒ်များကို သူက ဂရုမစိုက်တော့ချေ။

“ဟာ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။

“ငါ့ရဲ့ဘဝတစ်ဝက်တာလုံးနီးပါးကို အသုံးပြုခဲ့ပြီး ဒီမဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အရှုပ်အထွေးတွေ အားလုံးကို ဖြေရှင်းဖို့ ကြိုးစားခဲ့ပေမဲ့ မဖြေရှင်းနိုင်ခဲ့ဘူး။ အခုအချိန်မှာ မင်းရဲ့သွေးစွမ်းအင်တွေက သိပ်သည်းလာပြီး မင်းရဲ့ အတွင်းစွမ်းအားတွေက တန်ပြန်အား မဖြစ်လာဖို့ပဲ မျှော်လင့်တယ်။ အဲ့ဒီအချိန် အတောအတွင်း မင်းနဲ့ကိုက်ညီမဲ့ ဒဏ္ဍာရီလာသိုင်းကို ရှာဖွေနိုင်ပါသေးတယ်”

အဆင့်လွန်အဆင့် ပြိုင်ဘက်ကင်းသော မူလထာဝရရှင်သန်ခြင်းသိုင်းက အဆင့်လွန်သိုင်း ဆယ်ခုထဲမှ အင်အားအကြီးမားဆုံးဖြစ်ပြီး သူကသာ ထိုသိုင်းကို သင်နိုင်မည်ဆိုလျှင် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းမှ ပြစ်ချက်တိုင်းကို တစ်ဘဝလုံး ရှောင်ကျဉ်နိုင်ပေလိမ့်မည်။ သို့သော် ယခုအချိန်အရမူ ထိုသိုင်းက ဘယ်နေရာတွင်ရှိကြောင်း မည်သူမျှ မသိသေးချေ။

ဒဏ္ဍာရီလာသိုင်းက ကြာရှည်သော သမိုင်းမြစ်ထဲတွင် ပျောက်ကွယ်နေခဲ့သည်မှာ ကြာလှချေပြီ။

“ဆရာ အတွင်းအားရဲ့ တန်ပြန်သက်ရောက်မှုအားက အနာဂတ်ကိစ္စပါ။ လက်ရှိအခြေအနေ မဟုတ်သမျှ ကျွန်တော်ကဘာလို့ စိုးရိမ်ရမှာလဲ”

ဝမ်ချောင်ကရယ်သည်။

ဆရာဖြစ်သူက လမ်းဖောက်ပေးပြီးချိန်တွင် ဝမ်ချောင်က အလွယ်တကူ ခပ်အေးအေး အနေအထားမျိုးဖြင့် လမ်းလျှောက်ရန်သာ လိုအပ်ခဲ့သည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အခြားလူတစ်ယောက်၏ ကိစ္စကို ပြောနေသလိုမျိုး သူက သူနှင့်မသက်ဆိုင်သလိုသာ ပြုမူလိုက်သည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကမူ ခေါင်းကိုသာခါပြီး သက်ပြင်းချသည်။ သူက ထိုအကြောင်း ဆက်မပြောတော့ချေ။

“မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို မင်းကို ပေးထားပြီးသား။ ဒီတော့အခု ငါထွက်သွားရမဲ့အချိန်ပဲ။ မင်းလိုအပ်တာရှိရင် ဝိညာဉ်သွေးကြော တောင်တန်းကိုပဲလာပြီး ငါ့ကိုရှာပါ”

အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီးနောက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ထွက်ခွာရန် ကြံစည်သည်။

“ခဏနေပါဦး”

ဝမ်ချောင်က အလျင်စလိုတားလိုက်သည်။

“ဆရာ ကျွန်တော်ဆရာရဲ့ အကူအညီကို လိုတဲ့ကိစ္စ ရှိပါသေးတယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ရပ်တန့်လိုက်သည်။

အချိန်က ဖြေးညှင်းစွာကုန်ဆုံးသွားသည်။ လီစစ်ယဲ့က မြို့စောင့်တပ်နှင့် တော်ဝင်စစ်တပ်ကို အောင်မြင်စွာနှင့် ပြန်လှည့်ခိုင်းလိုက်သည်။ သို့တိုင်အောင် ဝမ်ကလန်မှ ဖြစ်သွားသောကိစ္စက ကြီးမားသော သက်ရောက်မှု ဖြစ်သွားခဲ့လေသည်။ မည်သို့ပင်ဆိုစေ လူအများစုက ထိုညမှ ဒေါသတကြီးဟိန်းသံကို ကြားခဲ့ရလေသည်။ သို့ရာတွင် ဝမ်ကလန်ကမူ ထိုကိစ္စကို ဖိနှိပ်လိုက်သည်။ ထိုသို့ဖြင့် ပြိုကျသော နံရံများအားလုံးကို အပြင်လူများက လာမကြည့်နိုင်အောင် လျှင်မြန်စွာဖြင့် ပြန်လည်ပြင်ဆင်ကြတော့သည်။

ထိုအချိန်အတောအတွင်းမူ... ဝမ်ချောင်က လက်ရှိအချိန်တွင် အမတ်ဘွဲ့ရသွားပြီဖြစ်ပြီး သခင်မဝမ်ကမူ ဝမ်ကလန်စံအိမ်တော်ကို ပို၍ခမ်းနားစွာ တည်ဆောက်ရန် ဆုံးဖြတ်လိုက်သည်။

လူပေါင်းများစွာက ဒါကထူးဆန်းသည်ဟု ခံစားရပြီး အကြောင်းပြချက်က မသင့်လျော်သေးသည်ဟု ထင်သည့်တိုင်အောင် အနည်းဆုံး ရှင်းပြချက်ကို အဖြေရလိုက်ကြသည်။ ရလဒ်အနေဖြင့် လူအများစုက အခြားသော ကိစ္စများကိုသာ ဖြေးညှင်းစွာ အာရုံစိုက်ထားကြသည်။

ထို့ပြင် နောက်တစ်ရက်တွင် ဝမ်ကလန်က လက်မှုပညာရှင်များ၊ ဗိသုကာပညာရှင်ပေါင်းများစွာကို ဆင့်ခေါ်နေသဖြင့် လူပေါင်းများစွာ၏ သံသယကို ဖယ်ရှားပေးလိုက်သည်။

ညအချိန်ရောက်လာသောအခါ ဝမ်ချောင်၏ စာကြည့်တိုက်ထဲတွင် မီးအိမ်၏အလင်းရောင်ကသာ ရှိတော့သည်။

ညနက်သောတိုက်ပွဲတွင် ဝမ်ချောင်၏ စာကြည့်ခန်းကသာ ကျန်ရစ်ခဲ့သော အဆောက်အဦး အနည်းငယ်ထဲမှ တစ်ခုဖြစ်သွားသည်။

“မင်းကဆရာ့ကို ခေါ်လိုက်တာလား”

ဝမ်ချောင်ကပြောသည်။

မျက်နှာချင်းဆိုင်တွင် အနက်ရောင်သံမဏိ မျက်နှာဖုံးကို တပ်ထားသော လူတစ်ယောက်က ရပ်နေသည်။ သူ၏မျက်လုံးတစ်စုံကိုသာ မြင်ရသည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က နေ့အချိန်တွင် အထူးတလည် ဘာကိုမျှ မပြောသွားခဲ့သော်လည်း ဝမ်ချောင်ကမူ သူ၏လုပ်ဆောင်မှုတိုင်းမှ အဖြစ်ကို သိပြီးသားဖြစ်သည်။ အန်တိမ ဝိညာဉ်ပင်လယ်သိုင်းက ဆရာဖြစ်သူကို မြို့တော်မှ ပုံမှန်မဟုတ်ဟု ခံစားမိစေပြီး ဝမ်ချောင်နှင့် ညီမဖြစ်သူ၏ အရှိန်အဝါများ ပျက်ကွက်သွားသော အချက်အလက်ကို သိနေစေသည့်တိုင်အောင် သူကချက်ချင်း ရောက်လာသည့် အကြောင်းပြချက် မဟုတ်သေးချေ။

အဓိက အကြောင်းပြချက်ကမူ လူတစ်ယောက်က ဝိညာဉ်သွေးကြော တောင်တန်းသို့သွားကာ အပြေးအလွှား ခေါ်ခဲ့သည်။ ထိုလူကလည်း ဝမ်ချောင်၏အရှေ့မှ မျက်နှာမဲ့လူ ကျန်းချန်ထောဖြစ်သည်။

အနောက်တောင်ပိုင်းမှ ပြန်လာပြီးနောက် မျက်နှာမဲ့လူက ဝမ်ကလန် စံအိမ်တော်ထဲသို့ မဝင်လာခဲ့ချေ။ ဝမ်ချောင်ကလည်း သူ၏လှုပ်ရှားမှုများကို မကန့်သတ်ထားချေ။ လက်အောက်ငယ်သားများထဲတွင် သူတစ်ယောက်တည်းထဲက အနက်ရောင်ဝတ်စုံနှင့်လူများ၏ စောင့်ကြည့်ခံရခြင်း မရှိသောလူဖြစ်သလို အနက်ရောင် အကန့်အသတ်လွှာဖြင့် အကွယ်ထား မခံရသောလူလည်းဖြစ်သည်။

“ဟုတ်တယ်”

မျက်နှာမဲ့လူက ခေါင်းညိမ့်လိုက်သည်။ သူ့အသံက တည်ကြည်ပြတ်သားသည်။

“ကျွန်တော်တို့က အနောက်တောင်ပိုင်းက ပြန်လာပြီးကတည်းက ကျွန်တော်တို့က စီမံကိန်းတစ်ခု စမယ်ဆိုတာကို သိထားတယ်။ ဒါတွေက ကျွန်တော်အမြဲတမ်း သတိထားနေခဲ့တာ။ သခင်လေး သခင်လေးက သူတို့ရဲ့ သက်ညှာပေမဲ့ ပစ်မှတ်တွေထဲက တစ်ခုဖြစ်နေပြီးသား”

“ငါသိတယ်”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ ထိုမကောင်းဆိုးဝါးထံမှရသော ရိုးရှင်းသည့် သက်သေကတင် သူတို့ကသူ့ကို မည်မျှပင် အလေးအနက်ထားကြောင်း သိနိုင်သည်။

“ငါ့အထင် မှန်မယ်ဆိုရင် လမ်းမပေါ်ပြုတ်ကျတဲ့ အဲ့ဒီကြီးမားတဲ့ ခေါင်းလောင်းကလည်း သူတို့လုပ်တာပဲ ဖြစ်လောက်တယ်။ ဒါပေမဲ့ အခြားလုပ်ကြံ သတ်ဖြတ်တာတွေကတော့ သူတို့လုပ်တာ မဖြစ်လောက်ဘူး။ အဲ့တုန်းက ခင်ဗျားက အနီးအနားမှာရှိတာ ခင်ဗျားဘာမြင်လိုက်လဲ”

“ကျွန်တော် ကောင်းကင်က အရိပ်တစ်ခုကိုပဲ မြင်လိုက်ရတယ်။ သူက လျှင်လျှင်မြန်မြန် လှုပ်ရှားသွားလို့ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး”

မျက်နှာမဲ့လူက ခေါင်းကိုခါလျှက်ပြောသည်။

“သူတို့က အရမ်းကို လျို့ဝှက်လွန်းတယ်။ ငါတို့ကို သဲလွန်စရှာဖို့ ဘာအခွင့်အရေးမှ မပေးဘူး။ ဒါ့အပြင် ကျွန်တော်မနေ့ညက မြင်လိုက်ပေမဲ့လည်း သူတို့က လူအရမ်းများပြီး အရမ်းအင်အားကြီးမားတယ်ဆိုတာကို သိလိုက်တယ်။ ကျွန်တော် ထွက်လာမယ်ဆိုရင်တောင်မှ ဘာမှရလိုက်မှာ မဟုတ်လောက်ဘူး။ ကျွန်တော်ကသာ အလျင်စလိုလုပ်လိုက်ရင် အလောင်းတစ်ခုပဲ ပိုလာလိမ့်မယ်လို့ထင်တယ်”

“အွန်း ခင်ဗျားလုပ်တာ မှန်ပါတယ်”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ အနက်ရောင်ဝတ်စုံနှင့် လူများက သူ့ကိုပစ်မှတ် ထားနေသော်လည်း မျက်နှာမဲ့လူကမူ အခြေအနေကို ကောင်းကောင်းစဉ်းစားပြီး တွေးတောကာ လုပ်ဆောင်နိုင်သည်။

“ဒီတော့ ခင်ဗျား သဲလွန်စတွေ့ခဲ့တယ်ပေါ့”

“အွန်း”

မျက်နှာမဲ့လူက မည်သည့်ခံစားချက်မျှ မပြဘဲ ခေါင်းကိုသာ ညိမ့်ပြသည်။ ရိုးရှင်းသော အမူအရာကတင် ဒီစာကြည့်ဆောင်ထဲမှ အခြေအနေကို ပြောင်းလဲသွားစေသည်။ ညမီးအိမ်အောက်တွင် ဝမ်ချောင်၏ နှုတ်ခမ်းများက ကော့တက်ကာ ပြုံးလိုက်သည်။

သူက ထိုမျက်နှာမဲ့လူထံမှ သတင်းကို အချိန်အတန်ကြာ စောင့်နေခဲ့ခြင်းဖြစ်သည်။ နောက်ဆုံးတွင် သူတို့က လှုပ်ရှားလာခဲ့သည်။

All Chapters