← Chapters

အခန်း (၆၇၆-၆၈၀)

Vol. 35 Ch. 676-680

အခန်း (၆၇၆-၆၈၀)

Vol. 35 Ch. 676-680

အခန်း(၆၇၆)

ပြန်လည်တိုက်ခိုက်ခြင်း

မြို့၏ တောင်ပိုင်းအကျဆုံးအပိုင်းတွင် ယွမ်မြစ်ကမ်းဘေးနားတွင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော ခမ်းနားသည့် စံအိမ်ကြီးတစ်ခုရှိသည်။ ထိုစံအိမ်က အထက်တန်းလွှာများနှင့် အမတ်ပေါင်း များစွာ၏ စံအိမ်ကြီးများထက်ပင် ပို၍ကြီးမားနေသေးလေသည်။

အကြောင်းမူကား ထိုနေရာက ပရဟိတ ဒါနရှင်ယန်၏ စံအိမ်တော်ကြီး ဖြစ်သောကြောင့်ဖြစ်သည်။ မြို့၏ အနောက်တောင်ပိုင်းတွင် နေသောလူတိုင်းကလည်း ပရဟိတ ဒါနပညာရှင်ယန်က မိုင်းတွင်းလုပ်ငန်း၊ သားသတ်လုပ်ငန်း၊ အဖိုးတန်းကျောက်စိမ်း၊ လက်ဖက်ရွက် စသဖြင့် လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင်ထားသည့် သူဌေးကြီးမှန်း သိထားကြသည်။ သူကထိုသို့ အလွန်အမင်း ကြွယ်ဝနေသည့်တိုင်အောင် သူက အလွန်အမင်း ကြင်နာတတ်ကာ ပရဟိတလုပ်ငန်းကို လုပ်ကိုင်သည်။ သူက မကြာခဏဆိုသလို မြို့၏ သူတောင်းစားများနှင့် ဆင်းရဲနွမ်းပါးသူများကို ဆန်ပြုတ်များ တိုက်ကျွေးလေ့ရှိသည်။ အိမ်ငှားဘဝနှင့် နေထိုင်ရသော လက်လုပ်လက်စားလူများ ထို့အပြင် လယ်သမားများက အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင်လည်း သူက မကြာခဏဆိုသလို ငှားရမ်းခ တောင်းခံခြင်းမှ ကင်းလွှတ်ခွင့်ပေးသေးသည်။ ရလဒ်အနေဖြင့် သူက မြို့တော်၏ ထိုနယ်ပယ်တွင် အလွန်အမင်း ကျော်ကြားသည်။ သို့သော် ထိုတခဏတွင် ပရဟိတဖြင့် ဒါနရှင်ယန်၏ စံအိမ်အတွင်းတွင် အလောင်းများ ပုံနေကြောင်း မည်သူမျှမသိချေ။ ထို့အပြင် နေရာတိုင်းတွင် အစေခံများနှင့် ကျွန်များ၏ အလောင်းများက ပုံနေသည်။ အလောင်းများကြားတွင် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ရှိနေသည်။

“သေစမ်း တစ်နေ့လုံး ကုန်သွားပြီ ဘာလို့လုဝူက ပြန်မလာသေးတာလဲ”

“လုဝူတကယ်ပဲ အသတ်ခံလိုက်ရတာ ဖြစ်နိုင်လား။ မဖြစ်နိုင်သေးဘူး။ လုဝူက လက်နက်ပြီးတယ်။ နောက်ပြီး အတက်စွမ်းအား ဘယ်လောက်ပြင်းထန်လိုက်သလဲ။ ဘယ်လိုလူမျိုးက လုဝူကို သတ်နိုင်မှာလဲ”

“မင်းလူလွှတ်ပြီး တစ်ယောက်ယောက်ကို စုံစမ်းခိုင်းလိုက်ပြီလား”

“မခိုင်းရဲပါဘူး ဝမ်ကလန် ပတ်ဝန်းကျင်က အစောင့်အပြည့် ရှိနေတာ။ နီးကပ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူများက အဓိကခန်းမထဲသို့ လျှောက်ဝင်သွားပြီး အလွန်စိတ်ရှုပ်ကာ မသက်မသာ ဖြစ်နေကြသည်။ လုဝူက ပျောက်သွားသည်။ ထိုကဲ့သို့သော ကိစ္စများ ဖြစ်လာမည်ဟု သူတို့ကို ရိုက်ပြောလျှင်တောင် သူတို့က မယုံရဲလောက်ချေ။

အနက်ရောင်ဝတ်စုံနှင့် ၁.၅မီတာခန့် မြင့်သည့်လူတစ်ယောက်က အထိတ်တလန့်ဖြင့် ပြောသည်။

“ခေါင်းဆောင် တကယ်လို့ ကျွန်တော်တို့ကသာ လုဝူကို ပျောက်သွားမှန်းသိသွားရင် ကျွန်တော်တို့အားလုံး အသတ်ခံရမှာပဲ”

“မင်းကဘာကို ကြောက်နေတာလဲ။ သူတို့ မသိသေးဘူးမဟုတ်လား”

အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က စိတ်မရှည်စွာပြောသည်။

“ဘယ်သူကမှ လုဝူကို မသတ်နိုင်ဘူး။ ဘယ်သူကမှဘဲ။ လူလွှတ်ပြီးကြည့်ခိုင်းလိုက်။ ငါတို့ထွက်သွားပြီး ဘာတွေဖြစ်သွားလဲဆိုတာကို သိချင်တယ်”

“မင်းတို့သိချင်ရင် ငါပြောပြမှာပေါ့”

ခန်းမထဲမှ ဖယောင်းတိုင်၏ အလင်းက ဖြတ်ကနဲ ဖြစ်သွားပြီးနောက်တွင် အပြင်ဘက်မှ တောက်ပကာ ကြည်လင်သာယာသော လူငယ်တစ်ယောက်၏ အသံက ထွက်ပေါ်လာသည်။ အသံကို ကြားသောအခါ ခန်းမတစ်ခုလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။

“ဘယ်သူလဲ”

အော်သံနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူများက တံခါးဝထံသို့ လှည့်ကြည့်လိုက်ကြသည်။ ဆယ်ယောက်ကျော်ခန့်က အပြင်သို့ ခုန်ထွက်ကာ ကြည့်ကြသည်။ သို့သော် သူတို့က အဝေးသို့ မသွားနိုင်ခင် ဘုန်းကနဲ မြည်သံနှင့်အတူ ကျောက်တုံးတစ်တုံးလိုမျိုး အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်၏ အလောင်းက တံခါးပေါ်သို့ ပြုတ်ကျလာကာ ခန်းမအလယ်ဗဟိုသို့ ဆက်တိုက် လိမ့်ဝင်သွားသည်။

“အားလုံးပဲ မတွေ့ရတာ ကြာပြီနော်”

မှိတ်တုပ်မှိတ်တုပ်ဖြစ်နေသော အပြင်ဘက်မှ အလင်းနှင့်အတူ ဝမ်ချောင်က ခရမ်းရောင်ဝတ်ရုံကိုခြုံလျှက် ရှိနေသူတိုင်းထံသို့ ကျေးဇူးရှိစွာ လှမ်းလာရင်း ရယ်ကာပြောလိုက်သည်။

“မင်းပဲ”

ဝမ်ချောင်ကို မြင်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူများက မှင်သက်သွားသော်လည်း ချက်ချင်းလိုလို သူတို့က အမှားလုပ်မိကြောင်း သတိထားမိလိုက်ကြသည်။ သူတို့က ယခင်က ဝမ်ချောင်ကို ဘယ်သောအခါမှ မမြင်ခဲ့ဖူးခဲ့ချေ။ ထို့ကြောင့် သူတို့၏ ယခုစကားက ဝန်ခံလိုက်သလို ဖြစ်သွားသည်။

သို့သော် ထိုအချက်များက မရေးမကြီးတော့ချေ။ ဝမ်ချောင်က ဒီနေရာတွင် ပေါ်ကိုပေါ်မလာသင့်ချေ။

“ဟမ့် မင်းတို့က ထပ်ခါတလဲလဲ ငါ့ကိုလက်ဆောင်တွေ ပေးထားပြီးမှ နောက်ဆုံး ငါနဲ့တွေ့ဖို့ အချိန်ကျပြီပဲ”

ဝမ်ချောင်က ရယ်ကာပြောလိုက်သည်။

သူက အနက်ရောင်ဝတ်စုံနှင့် လူများ၏ သုံးကြိမ်တိုင်တိုင် တိုက်ခိုက်ခံရပြီးနောက်တွင် ဝမ်ချောင်က ပထမဦးဆုံးအကြိမ် သူတို့၏ ပုံစံအစစ်အမှန်ကို မြင်ရခြင်းဖြစ်သည်။

“လီစစ်ယဲ့ တိုက်ခိုက်”

ဝမ်ချောင်၏ အမိန့်နှင့်အတူ ခန်းမ၏ နံရံများက ပြိုကျသွားပြီး မရေမတွက်နိုင်သော လူပေါင်းများစွာက ခုန်ဝင်လာသည်။

“သောက်ကျိုးနည်း ပြေးကြစမ်း”

အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းဆောင်က ခန်းမပြိုကျသွားသည်နှင့် မျက်နှာက ဖြူဖျော့သွားသည်။ သူက ချက်ချင်းလိုလို ဖုန်မှုန့်များကို တစ်ချက်ကျော်ကြည့်လိုက်ပြီးနောက် ခြံဝင်း၏ အပြင်ဘက်တွင် လူအပြည့်ရှိနေကြောင်း မြင်လိုက်ရသည်။ ဝမ်ချောင်က သူနှင့်အတူ လူထောင်ကျော်ကို ခေါ်လာသည်။ အားလုံးက ထိပ်တန်းအဆင့် ကျွမ်းကျင်ပညာရှင်များ ဖြစ်နေသည်။

ဒါက လက်ရွေးစင် ကလန်တစ်ခု၏ အင်အားဖြစ်သည်။ ဝမ်ချောင်က သူတို့၏အသိုက်ကို ရှာတွေ့ကတည်းက သဘာဝအလျောက် တစ်ယောက်တည်း လာလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် သူရှာနိုင်သမျှ အကူအညီတိုင်းကို ရှာလာခဲ့သည်။

ဝမ်ကလန်၏ လက်ရှိ အဆင့်အတန်းနှင့်ဆိုလျှင် ဝမ်ချောင်က ကျွမ်းကျင်ပညာရှင် တစ်ထောင်ကျော်ကို တစ်ချက် လှမ်းခေါ်လိုက်ရုံသာ လိုအပ်သည်။ ယခုခေါ်လာသော ပမာဏက အနည်းငယ်သာ ဖြစ်သေးသည်။

အနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်ရန်အတွက် ဝမ်ချောင်က ယုန်ကိုရင်ဆိုင်ရန် ခြင်္သေ့တစ်ကောင်ကို လွှတ်ထုတ်ပေးလိုက်ခြင်းအားဖြင့် ဘာကိုမျှ မချန်ရစ်ထားလိုချေ။ သူတို့က သူ့ကို တိုက်ခိုက်ရဲကတည်းက သူကလည်း အရှင်မထားသင့်တော့ချေ။

ဘန်း

အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က မြေပြင်ကို ဖနှောင့်ဖြင့် ပေါက်လိုက်ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ခံစားမိကာ ခန်းမထဲမှ ခုန်ထွက်ပြီး လျှင်မြန်စွာဖြင့် ဖုန်မှုန့်တိမ်စိုင်များကြားသို့ ဝင်ရောက်ကာ ပျောက်ကွယ်ရန် ကြိုးစားသည်။

“ဟမ့် မင်းက လွတ်မယ်ထင်လား”

ဝမ်ချောင်က ခေါင်းဆောင် ထွက်ပြေးသောဘက်သို့ ကြည့်လိုက်သည်။ သို့သော် သူက မလိုက်ချေ။ သူက ထိုအနက်ရောင်ဝတ်စုံနှင့် လူများကို ကိုင်တွယ်ရန် ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို စစ်ဆေးလာခဲ့ပြီးသားဖြစ်ပြီး ထိုလူများက ထွက်ပြေးသွားမှသာ ထူးဆန်းတော့ပေမည်။

“အားလုံးပဲ မကြောက်ကြနဲ့ ငါတို့အားလုံးပေါင်းပြီး ဒီကောင့်ကို သတ်ကြမယ်”

“ဒီကောင်စုတ်ကိုဖမ်းပြီး ဓားစာခံအနေနဲ့ လုပ်နိုင်သမျှ ငါတို့လွတ်မြောက်မှာပဲ”

“ဖျက်ဆီးမှုအားလုံးရဲ့ တရားခံ ဒီကလေးကိုသတ်ပြီး ငါတို့ ဆုလဒ်ရအောင် ယူရမယ်။ အဲ့ဒီအချိန်ကျရင် အထက်ကလည်း ငါတို့ကို ဆုလဒ်တွေ ချီးမြှင့်မှာပဲ”

သူတို့အဝိုင်းခံနေရကြောင်း မြင်သောအခါ ခန်းမထဲမှ အနက်ရောင်ဝတ်စုံနှင့် လူများက သူတို့၏ နှလုံးသားထဲမှ ဒေါသများက ပြည့်နှက်လာကြသည်။ သူတို့က ခေါင်းမာစွာဖြင့် အခြေအနေကို ပြောင်းလဲရန် ကြိုးစားကြသည်။ ထို့နောက် အော်ဟစ်ကြပြီးသည်နှင့် ဆာလောင်နေသော ဝံပုလွေများလို ဝမ်ချောင်ထံ ခုန်ဝင်သွားသည်။

အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခြေထောက်အောက်က သံမဏိနှင့် ထိပ်တိုက်တွေ့ဆုံသလို တချွင်ချွင် အသံများနှင့်အတူ လေထုက စတင်တုန်ခါလာကာ ထူးဆန်းသော ပိန်းပိတ်အောင် မည်းမှောင်နေသည့် ဆူးချွန်ချီစက်ကွင်းများက ထွက်လာသည်။

လူဆယ်ယောက်ကျော်၏ စွမ်းအင်များက ဖောင်းပွလာလေပြီး သူတို့က ဝမ်ချောင်ကို သုတ်သင်ရန် ခုန်ဝင်သွားသည်။

“ကိုယ့်ခွန်အားကို မသိတာပဲ”

ဝမ်ချောင်က ရှေ့သို့ ခုန်တက်သွားလျှက် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။

ဘန်း ဘန်း ဘန်း

ဝမ်ချောင်၏ ရိုက်ချက်တစ်ချက်စီကို ခံလိုက်ရပြီးသည်နှင့် အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ချင်းစီတိုင်းက ခံလိုက်ရသည်မှာ အချိန်ကပင် ရပ်တန့်သွားသည်ဟု တွေးလိုက်မိခြင်းဖြစ်သည်။ သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံးက အေးခဲသွားသည်။ သူတို့က နေရာတွင် မလှုပ်နိုင်တော့ချေ။

ဘန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း သူတို့၏ကိုယ်ထဲမှ သွေးမြူက ရုတ်တရက် ပေါက်ထွက်လာပြီး ဝမ်ချောင်၏ ကိုယ်ထဲသို့ မြစ်ကာပေးလျှက် စီးဝင်သွားသည်။

တခွပ်ခွပ် မြည်သံများနှင့်အတူ အနက်ရောင်ဝတ်စုံနှင့် လူများက ကြမ်းပြင်ပေါ်သို့ တဘုန်းဘုန်း ပြုတ်ကျသွားသည်။ သူတို့၏ ကြီးမားသောကိုယ်ကြီးများက အခွံခွာခံလိုက်ရသလို ခြောက်ကပ်သွားသည်။

“ဒါကဘယ်လို မိစာ္ဆသိုင်းလဲ”

“ပြေးတော့”

နဂိုက လုပ်ဖော်ကိုင်ဖက်များနှင့်ပေါင်းကာ တိုက်ခိုက်ရန် စီစဉ်ထားကြသော အနက်ရောင်ဝတ်စုံနှင့် လူအချို့ကလည်း သူတို့၏ မိတ်ဆွေများက ခြောက်ကပ်သည်အထိ အစုပ်ခံလိုက်ရကြောင်း မြင်လိုက်ရသည်က သူတို့ကို ထိတ်လန့်မှုများ ကြီးစိုးလာစေပြီး သူတို့၏ သတ္တိများနှင့် ကြမ်းတမ်းမှုများ အားလုံးက ပျောက်ကွယ်သွားကာ ထွက်ပြေးရန် ကြိုးစားကြသည်။

ဘုန်း

ဝမ်ချောင်၏ မျက်ဝန်းထဲတွင် အေးစက်သောအလင်းက လက်သွားပြီးနောက် သူကချက်ချင်းလိုလို ညာလက်ကို ဆန့်ထုတ်ကာ လှမ်းယူသလို လုပ်လိုက်သည်။ ကြီးမားသော သိန်းငှက်လက်သည်းကြီး တစ်ဖက်က အလွန်ပြင်းထန်သည့် ဆွဲစုပ်အားတစ်ရပ်ကို ထုတ်ဖော်လိုက်တော့သည်။

လူတိုင်းက ကျန်းအနည်းငယ် အကွာသို့ပင် မရောက်သေးခင် နေရာတွင်ပင် တန့်သွားကြပြန်သည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက သူတို့၏ကိုယ်ထဲက သွေးစွမ်းအင်များကို တိုက်ရိုက် စုပ်ယူပြီးနောက် ဝမ်ချောင်၏ ကိုယ်ထဲသို့ လွှဲအပ်စီးဝင်လာစေသည်။

သွေးများက ဝမ်ချောင်၏ မွှေးညှင်းပေါက်များထဲသို့ ရူးသွပ်စွာ စီးဝင်လာပြီးနောက် သူကချက်ချင်းလိုလို အားလုံးကို ခြောက်ကပ်အောင် စုပ်လိုက်သည်။ သွေးစွမ်းအင်များ အားလုံးကို စုပ်လိုက်ပြီးနောက် ဝမ်ချောင်က တဖန်အင်အားကြီးထွားလာကြောင်း ခံစားလိုက်ရပြန်သည်။

ဒါက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းဖြစ်သည်။ ဒီအဆင့်တွင် ရှောင်ရင်ယန်ဓားကို မလိုအပ်တော့ချေ။ ခွန်အားခြင်း ကွာခြားချက်က ကြီးမားသွားသောအခါ ဝမ်ချောင်က ပြိုင်ဘက်ကိုကိုင်တွယ်ရန်အတွက် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးသည့်အခါ သူတို့ကိုထိရန် မလိုအပ်တော့ချေ။

ခွပ် ခွပ် ခွပ်

အနက်ရောင်ဝတ်စုံနှင့်လူ တစ်ယောက်ပြီးတစ်ယောက် မြေပြင်ပေါ်သို့ ပြုတ်ကျသည်။ ဒါက အဆင့်လွန်အဆင့် မိစာ္ဆသိုင်းကြီး၏ အရှိန်အဝါဖြစ်သည်။

အင်အားကြီးမားလိုက်တာ

ဝမ်ချောင်က ပတ်ဝန်းကျင်ရှိ အလောင်းများကို ကြည့်ပြီးနောက်တွင် သူ၏ကိုယ်ထဲမှ ဖောင်းတက်လာသည့် ပုံမှန်မဟုတ်သည့် စွမ်းအားများကို ခံစားလိုက်ရသည်။ ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း တိုက်ကွက်တိုင်းကို လုဝူကိုသုံးကာ မိစာ္ဆသိုင်းကို ကျင့်ပြီးနောက် ပထမဦးဆုံးအကြိမ် ပြန်သုံးခြင်းဖြစ်သည်။

အနက်ရောင်ဝတ်စုံနှင့် လူတိုင်းက အင်အားကြီးသော ကျွမ်းကျင်ပညာရှင်များ ဖြစ်နေကြသည်။ သို့သော် သူတို့က မိစာ္ဆသိုင်းနှင့် ရင်ဆိုင်ရာတွင် အားအင်မဲ့သွားရသည်။ ဝမ်ချောင်က အလွယ်တကူဖြင့် သူတို့ ဆယ်စုနှစ်ပေါင်းများစွာ ကျင့်ကြံထားသော စွမ်းအင်တိုင်းကို စုပ်ယူလိုက်နိုင်သည်။

ထိုစွမ်းအားများကို အလွယ်တကူ ရယူနိုင်ပြီး ပျော်ရွှင်ဖွယ်ကောင်းသော ခံစားချက်မျိုးနှင့်အတူ သူ၏ကိုယ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လူတစ်ယောက်ကသာ ထိုခံစားချက်တွင် မွေ့လျော်သွားခဲ့လျှင် စုပ်ယူရန်ကလွဲပြီး အခြားအကြောင်းအရာကို တွေးမိတော့မည်မဟုတ်ချေ။

ဒီနည်းအားဖြင့် စဉ်းစားဆင်ခြင်နိုင်စွမ်းအား မဲ့လာပြီး သွေးဆာသော လူသတ်သမား ဖြစ်လာပေလိမ့်မည်။

ဝမ်ချောင်၏စိတ်အတွင်း ထိုအတွေးများ ဝင်ရောက်လာသောအခါ သူ၏မျက်ဝန်းက တောက်ပလာသည်။ သူက သွေးစွမ်းအင်များကို ချောမွေ့စွာ ဖိနှိပ်လိုက်ပြီးနောက်တွင် ထိုစိတ်ဆန္ဒ၏ ဆက်တိုက်စုပ်ယူခိုင်းသည့် ခံစားချက်ကိုလည်း ဖိနှိပ်လိုက်သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကြောင့် ဖြစ်လာသော သတ်ဖြတ်ခြင်းတွင် မွေ့လျော်သည့် ထိုခံစားချက်က ရှောင်ရင်ယန်သိုင်းကို အသုံးပြုချိန်ကထက် ပို၍ပြင်းထန်ပြီး အလွန်အမင်း ခက်ခဲသည်။ သို့သော် ဝမ်ချောင်အတွက် ထိန်းချုပ်ရန်မည်မျှ ခက်ခဲနေစေကာမူ သူက ကံကြမ္မာကို ရင်ဆိုင်သည့် အခြေအနေမျိုးကို လုပ်လိမ့်မည်မဟုတ်ချေ။

“အား”

နားထဲမှ ကျယ်လောင်သောအသံကို ကြားလိုက်ရသည်။ တိုက်ပွဲက ဝမ်ချောင်က ထင်ထားသည်ထက် လျှင်မြန်စွာဖြင့် အဆုံးသတ်သွားသေးသည်။ ဒီလူများက ဝမ်ကလန်ကို ညနက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သည့် လုပ်ကြံသတ်ဖြတ်သူများ ဖြစ်သည့် အစစ်အမှန် လူသတ်သမားများဖြစ်ကြောင်း သိထားကြသည့်အလျောက် ဝမ်ချောင်က ခေါ်လာခဲ့သော ကျွမ်းကျင်ပညာရှင်တိုင်းက ဒေါသထွက်နေကြသည်။ အားလုံးက အကောင်းဆုံးကြိုးစားကာ အနက်ရောင်ဝတ်စုံနှင့် လူများကို ဝိုင်းထားပြီး တိုက်ခိုက်ကြသည်။

အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ချင်းစီတိုင်းက ကျွမ်းကျင်ပညာရှင် လူဆယ်ယောက်ထက်မနည်း ဝိုင်းခံလိုက်ရလေရာ သူတို့၏ကံကြမ္မာကို ခန့်မှန်းရန် ခက်ခဲသည်။

“ဖျက်ဆီးခြင်းကလေး မင်းရဲ့မောက်မာမှုက အကြာကြီးမခံပါဘူး”

“သခင်က ငါတို့ရဲ့ကိုယ်စား လက်တုန့်ပြန်ပေးလိမ့်မယ်”

နောက်ထပ် ကျန်ရှိနေသော အနက်ရောင်ဝတ်စုံနှင့် လူများက အော်ဟစ်ကြသည်။ သူတို့က မျက်လုံးအပြူးသားဖြင့် ဒေါသတကြီး ဖြစ်နေကြကာ သွားထဲမှအဆိပ်ကို ကိုက်ချလိုက်ကြသည်။ ဒီနည်းဖြင့် အနက်ရောင်သွေးများက လျှင်မြန်စွာဖြင့် သူတို့၏ ပါးစပ်ထဲမှ ထွက်လာခဲ့ကာ သူတို့က မြေပြင်ပေါ်သို့ အရုပ်ကြိုးပျက် ကျသွားတော့သည်။

“ကြည့်စမ်း မြန်လိုက်တာ”

ဝမ်ချောင်၏မျက်နှာက ဖြူဖျော့သွားသည်။ ထိုလူများက အထီးကျန်ဝံပုလွေက ညွှန်းဆိုသည့်အတိုင်းဖြစ်ပြီး သူတို့၏သွားကြားထဲတွင် အဆိပ်ကို ဖုံးကွယ်ထားလေ့ရှိသည်။ ဝမ်ချောင်ကပင် သူတို့က ထွက်ပြေးရန် မကြိုးစားဘဲ သတ်သေသွားမည်ဟု မထင်ထားမိချေ။

ဝမ်ချောင်က လျှင်မြန်စွာဖြင့် ဟန်ချက်မပျက်အောင် ပြန်ထိန်းလိုက်သည်။ ထိုလူများက မည်မျှပင် ဆုံးဖြတ်ချက် ပြတ်သားနေစေကာမူ မည်မျှပင် သတိကြီးကြီး ထားနေစေကာမူ သူတို့အနေဖြင့် သတင်းအချက်အလက် မချန်လပ်ထားဘဲ မနေချေ။

“ချောင်အာ မင်းလိုချင်တဲ့လူတွေ ငါခေါ်လာခဲ့ပြီ”

ဖုန်မှုန့်ထဲမှ အားအင်တက်ကြွသော အသံက ထွက်လာသည်။ လေထဲသို့ အင်္ကျီလက်ကို တစ်ချက်ခါယမ်းလျှက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ရောက်လာသည်။

ခွပ် ခွပ် ခွပ်

လေထဲတွင်ရှိနေသည့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လက်ကောက်ဝတ်ကို တစ်ချက်ယမ်းပြီးနောက် လူတစ်ယောက်ကို အောက်သို့ပစ်ချလိုက်သည်။ ထိုလူက ထွက်ပြေးရန် ကြိုးစားသေးသည်။ သို့သော် ထွက်ပြေးရန် ကြိုးစားသည့် မျက်နှာဖုံးတပ်ထားသည့် အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်ဖြစ်သည်။

ဒီစီမံကိန်းအတွက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က မည်သူမျှ မထွက်ပြေးနိုင်အောင် တားဆီးပေးထားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ရှေ့တွင် လုဝူကဲ့သို့သော တည်ရှိမှုမျိုးကပင် သိုးတစ်ကောင်ကဲ့သို့ ပြောင်းလဲသွားလေရာ အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်ဆိုလျှင် ပြောရန်ပင် မလိုအပ်တော့ချေ။

ဖုန်မှုန့်ထဲမှ သံချပ်ကာနှင့် လူတစ်ယောက်က ထွက်လာပြီးနောက် ဝမ်ချောင်ကို လေးစားစွာ ဂါရဝပြုပြီးနောက် သတင်းပို့သည်။

“သခင်လေး ကျွန်တော်တို့ အနက်ရောင်ဝတ်စုံနဲ့ လူနှစ်ယောက်ကို ဖမ်းမိထားပါတယ်။ ကျန်တဲ့လူတွေ အားလုံးကတော့ အသတ်ခံလိုက်ရပြီ။ ဒီစီမံကိန်းက အခု ပြီးဆုံးသွားပါပြီ”

အခန်း(၆၇၇)

အပိုင်စားနယ်မြေ

“အင်း သွားရအောင်”

ဝမ်ချောင်က ခေါင်းညိမ့်ကာ အင်္ကျီလက်ကို ခါယမ်းလျှက် ထွက်ခွာသွားသည်။ ဒီတိုက်ပွဲ၏ရလဒ်က မျှော်လင့်ထားသည့်အတိုင်း ဖြစ်သွားသည်။ ရည်ရွယ်ချက် ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အနက်ရောင်ဝတ်စုံနှင့် လူများက ကျန်းချန်သော၏ တည်ရှိမှုကို သတိမထားမိသော ကိစ္စက သေစေနိုင်သော အမှားကြီးဖြစ်သည်။ ယခုအခါ သူတို့က တန်ကြေးကို ပေးဆပ်ရမည့်အလှည့် ဖြစ်သည်။

“အားလုံးပဲ အပြင်ဘက်မှ အသင့်စောင့်နေကြပါ။ လီစစ်ယဲ့ မင်းလည်းအပြင်ကိုသွား။ ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့”

ဝမ်ချောင်က ထိုသို့အမ်ိန့် တစ်သီတစ်တန်း ထုတ်ပြီးနောက်တွင် ဆရာဖြစ်သူကို ပြန်ကြည့်လိုက်သည်။

“ဆရာ ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်”

“အင်း ဒီလိုထူးဆန်းတဲ့ မကောင်းဆိုးဝါးကို ဖန်တီးနိုင်တဲ့လူက ဘယ်လိုလူလဲဆိုတာကိုလည်း ငါက သိချင်နေတာ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဖြေးညှင်းစွာဖြင့် ရှေ့တက်လာသည်။

ဝမ်ချောင်နှင့် ဝမ်ရှောင်ယောင်ကို တိုက်ခိုက်ရဲကတည်းက ထိုလူများက သူ၏သည်းခံနိုင်သော အကန့်အသတ်ကို ကျော်သွားလေပြီ။ ဝမ်ချောင်က ဘာမှမပြောလျှင်ပင် သူက ထိုကိစ္စကို ကိုယ်တိုင် ကိုင်တွယ်ရန် စဉ်းစားထားပြီးသားဖြစ်ပြီး သူတို့၏ အဖွဲ့အစည်းကို အမြစ်မှဆွဲနှုတ်ရန် ကြံစည်ထားပြီးသားဖြစ်သည်။

နဂါးများက သူတို့၏ကြေးခွံကို ထိလိုက်သည်နှင့် ဒေါသထွက်သွားလေ့ရှိပြီး မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ ကြေးခွံကမူ သူ၏အသက်ကြီးမှ ရလာသော တပည့်နှစ်ယောက်ဖြစ်သည့် ဝမ်ချောင်နှင့် ဝမ်ရှောင်ယောင်ဖြစ်သည်။ သူတို့နှစ်ယောက်ကို ထိရဲသူတ်ိုင်း သေရပေမည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လက်ချောင်းများကို ဖြန့်လိုက်ပြီးနောက် မြေပြင်ရှိ အနက်ရောင်ဝတ်စုံနှင့် ခေါင်းဆောင်က ရုတ်တရက် မမြင်ရသော စွမ်းအင်၏ ပင့်မြှောက်မှုကြောင့် လေထဲသို့ မြောက်တက်လာပြီး လူအိုကြီးမန်၏ လက်ဝါးနားသို့ ရောက်လာသည်။

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က မျက်လုံးကိုမှိတ်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့်လူ၏ ခေါင်းထဲသို့ ချက်ချင်းလိုလို ထူထည်းသော အနက်ရောင်များက တိုးဝင်သွားသည်။ မိစာ္ဆလမ်းစဉ်တွင် လူတစ်ယောက်၏ မှတ်ဉာဏ်ကို ရှာဖွေရန် နည်းလမ်းပေါင်းများစွာရှိသည်။

မိစာ္ဆလမ်းစဉ်မှ ယခင်အုပ်စိုးခဲ့သော လူတစ်ယောက်ဖြစ်သည့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဒီနည်းလမ်းပေါင်းများစွာကို သိထားသည်။ သူကဲ့သို့ မိစာ္ဆလမ်းစဉ်မှ အင်အားကြီးသူ တစ်ယောက်အနေဖြင့် အချို့သော မတော်တဆမှုများတွင် အမှန်တရားကို သိလိုလျှင် လက်နက်များသုံးကာ နှိပ်စက်ရန် မလိုအပ်ချေ။ ဒီအတိုင်း အမှန်တရားကိုသိရန် လုပ်နိုင်သေးသည်။

အချိန်က ဖြေးညှင်းစွာဖြင့် ကုန်လွန်သွားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က နေရာတွင် ရပ်နေချိန်တွင် အနက်ရောင်ဝတ်စုံနှင့်လူက လေထဲတွင် မြောက်နေပြီး တစ်ကိုယ်လုံးက ဆက်တိုက် တုန်ယင်နေသည်။ သူ၏နှုတ်ခမ်းများမှလည်း ညဉ်းသံကို ဆက်တိုက်ထုတ်လွှတ်နေပြီး အလွန်အမင်း ပြင်းထန်လွန်းသည့် နာကျင်မှုကို ခံစားနေရသည်နှင့်တူသည်။

မိစာ္ဆလမ်းစဉ်မှ သိုင်းများတွင် ထိုသို့ မှတ်ဉာဏ်ကို ရှာဖွေသော လူများ၏ပန်းတိုင်က နဂိုကတည်းက ရက်စက်ကြမ်းတမ်းပြီးသား ဖြစ်လေရာ ကြီးမားသည့် ဘေးထွက်ဆိုးကျိုးရှိသည်။

ဘေးထွက်ဆိုးကျိုးကို ခံရသောလူကလည်း မှတ်ဉာဏ်ရှာဖွေခံနေရသူဖြစ်သည်။ ထိုသိုင်းကို အသုံးခံရသည့် လူအများစု၏စိတ်က ပြင်းထန်စွာ ထိခိုက်သွားပြီး နောက်ပိုင်းတွင် အရူးများဖြစ်သွားတတ်သည်။

ဝမ်ချောင်က မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ အနားသို့ ရပ်လျှက် ဆရာဖြစ်သူကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်သည်။ သူ၏မျိုးဆက်တွင်ပင် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လူပေါင်းများစွာ လက်လှမ်းမမှီနိုင်သော မျှော်ငေးကြည့်နေရသည့် အဆင့်တွင် ရှိနေသေးသည်။

သူကပင် ထိုလူများထံမှ ဘာသတင်းအချက်အလက်မျှ မရနိုင်လေရာ အခြားသူများက ရနိုင်စရာ အကြောင်းမရှိတော့ချေ။

အရာအားလုံးတွင် အကြောင်းပြချက်ရှိသည်။ ဒီအဖွဲ့မှ ခေါင်းဆောင်ကို ဖမ်းမိသောအခါ သူတို့၏ အစစ်အမှန် ပန်းတိုင်ကို ရှာဖွေနိုင်မည်ဟု ဝမ်ချောင်ကတွေးလိုက်သည်။

ဗဟိုပြင်ကျယ်နှင့် ပတ်ဝန်းကျင်ရှိ တိုင်းတစ်ပါးသား ပြည်တိုင်းတွင် ဝမ်ချောင်မသိသော လျို့ဝှက်ချက်ဟူ၍ အခြေခံအားဖြင့် မရှိချေ။ သို့သော် ပတ်ဝန်းကျင်တွင် အနက်ရောင်ဝတ်စုံနှင့် လူများ၏ တည်ရှိမှုကမူ မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ပေါ်လာသလို ဖြစ်နေလေပြီး ဝမ်ချောင်ကလည်း သူတို့နှင့်ပတ်သတ်သည့် မည်သည့်မှတ်ဉာဏ်မျှ ရှိမနေခဲ့ချေ။ သူတို့နှင့်ပတ်သတ်သော အရာအားလုံးက အလွန်သိပ်သည်းလွန်းသော မြူများအုပ်စိုင်းထားသလို ဖြစ်နေခဲ့သည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က နောက်ဆုံးတွင် မျက်လုံးဖွင့်လာသည်။

ဝမ်ချောင်က ရှေ့သို့ နှစ်လှမ်းတိုးပြီးနောက် လေးနက်သော စိုးရိမ်မှုဖြင့် မေးလိုက်သည်။

“ဆရာ ဘယ်လိုလဲ သူတို့ရဲ့နောက်ခံကို ရှာတွေ့ပြီလား”

ဝမ်ချောင်ကို အံ့ဩစေသည်မှာ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ချက်ချင်းပြန်မဖြေဘဲ သက်ပြင်းရှည်ကြီးကို ချခြင်းဖြစ်သည်။

“ဘယ်လောက်တောင် လေးစားစရာကောင်းတဲ့ သင်္ကေတချိတ်ပိတ်မှုလဲ။ ငါဒီသိုင်းလောကမှာ ဆယ်စုနှစ်ပေါင်းများစွာ ကျင်လည်လာခဲ့တာ။ ဒီလောက် အင်အားကြီးပြီး ထိပ်တန်းအဆင့်ကို ရောက်နေတဲ့ စိတ်စွမ်းအားသိုင်းမျိုးကို မမြင်ဖူးဘူး။ ချောင်အာ မင်းဒီတစ်ခါ ရင်ဆိုင်ရတာက အစစ်အမှန် ပြိုင်ဘက်ပဲ”

ထိုစကားများကို ပြောပြီးနောက် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ဝမ်ချောင်ကို ကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းအတွင်း ပြင်းထန်သည့် စိုးရိမ်မှုများက ပေါ်ထွက်လာသည်။

“ဆရာ ဆရာတောင်မှ ဘာမှရှာမတွေ့ဘူးလား”

ဝမ်ချောင်ကလည်း ထိုစကားကြောင့် ခံစားချက် ဆိုးရွားသွားပြီး နှလုံးခုန်နှုန်းက မြန်ဆန်သွားသည်။ ဆရာဖြစ်သူ၏ တုန့်ပြန်မှုအရ မအောင်မြင်သော ပုံစံအတ်ိုင်းဖြစ်နေသည်။

ဝမ်ချောင်ကလည်း သူ၏ဆရာကဲ့သို့ မိစာ္ဆလမ်းစဉ်မှ ကျွမ်းကျင်ပညာရှင်ကြီးကပင် မဖြေရှင်းနိုင်သော အချက်က ယုံကြည်ရန် အလွန်ခက်ခဲသွားသည်။

“အင်း ဘယ်လိုဖြစ်နိုင်မှာလဲ သူတို့ရဲ့ ချိတ်ပိတ်ထားတဲ့ စည်းတံဆိပ်က ဘယ်လောက်ပဲ အလားအလာကောင်းကောင်း ငါ့ကိုထိန်းထားဖို့က မဖြစ်နိုင်ဘူး”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က မျက်ခုံးများကိုပင့်လျှက် ပြောလိုက်သည်။ သူ၏မျက်နှာမှ အထင်သေးသော ယုံကြည်မှုအပြည့်ရှိသည့် အမူအရာများကို ထုတ်ပြလာသည်။

“တစ်ဖက်က စိတ်စည်းတံဆိပ်ကို ပိတ်နိုင်တဲ့ အရမ်းကိုလေးစားစရာကောင်းတဲ့ ဆရာသခင်တစ်ယောက်ကို ပိုင်ဆိုင်ထားတယ်။ အရေးကြီးတဲ့ မှတ်ဉာဏ်တွေအားလုံးက အပိတ်ခံထားရတယ်။ သတိလက်လွတ်နဲ့ ထိတွေ့မိရင် အဲ့ဒီလူတွေက ပေါက်ကွဲပြီး သေလိမ့်မယ်။ ဆိုလိုတာက ဒီသတင်းတွေက ပေါက်ကြားလို့ မရဘူးဆိုတာပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က လက်ညိုးတစ်ချောင်း ညွှန်လိုက်ပြီးနောက် အနက်ရောင်ဝတ်စုံနှင့် လူကိုညွှန်သည်။

“ဒါပေမဲ့ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး။ သူတို့ရဲ့ခုခံမှုက ဘယ်လောက်ပဲ လေးစားစရာကောင်းကောင်း ငါက အချို့သတင်းတွေကို သိလိုက်ရတယ်။ ဒီလူတွေက သူတို့ကိုယ်သူတို့ နတ်ဘုရားရဲ့ သားသမီးတွေလို့ ခေါ်ကြတယ်။ သူတို့က အစစ်အမှန် နတ်ဘုရားရဲ့ နောက်လိုက်တွေလို့ သူတို့က်ိုယ်သူတို့ ယုံကြည်ထားကြတာ။ ဟား ဟား ရယ်ရလိုက်တာ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ထိုစကားများကြောင့် လှောင်ရယ်လိုက်သည်။

မိစာ္ဆလမ်းစဉ်လျှောက်သော အင်အားကြီးမားသည့် ဆရာသခင်တစ်ယောက်အနေနှင့် မိစာ္ဆဧကရာဇ် လူအိုကြီးမန်က မည်သည့်နတ်ဘုရားကိုမျှ မကိုးကွယ်သလို မည်သည့်နတ်မျှလည်း မယုံကြည်ချေ။ ဒါက ဒီအတိုင်း အရူးတစ်အုပ်က အရူးများကို ဆက်လက်ပြီး အရူးလုပ်သည်ဟုသာ ယုံကြည်သည်။ ပို၍ဆိုးသည်မှာ နတ်ဘုရားက အမှန်တကယ် တည်ရှိလျှင် သူက သူ့ကိုယ်သူပင် နတ်ဘုရားဟု ခေါ်သင့်သေးသည်။

“ဒါကဒီအတိုင်း တစ္ဆေသရဲတွေ နတ်ဘုရားတွေဆိုပြီး အရူးလိုလျှောက်ဆော့နေတဲ့ လူတစ်အုပ်ပဲ”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အထင်တသေးပြောသည်။ သိုင်းပညာလောကတွင် အင်အားကြီးသူက အင်အားနည်းသူကိုစားပြီး ဒါက အခြေခံအချက် ဖြစ်နေပြီးသားဖြစ်သည်။ နတ်ဘုရားကသာ အမှန်တကယ် တည်ရှိလျှင် သူတို့က သိုင်းပညာရှင်များထက် အင်အားကြီးရုံလောက်သာ ဖြစ်လောက်သည်။

“နတ်ဘုရားဟုတ်လား”

ဝမ်ချောင်က မျက်ခုံးပင့်လိုက်ပြီးနောက် အတွေးနက်သွားသည်။ ဒါက မမျှော်လင့်ထားသော သတင်း အချက်အလက်ဖြစ်သည်။

“အို ဟုတ်သားပဲ ဒီအဖွဲ့အစည်းက တော်တော်လေးကို ခေါင်းမာပြီး သမာသမတ်မကျတဲ့လူတွေ ပိုင်ဆိုင်ထားပေမဲ့လည်း သူတို့မှာ ထူးခြားတဲ့အချက် အနည်းငယ်တော့ရှိတယ်။ မင်းရဲ့ဆရာက သူတို့ရဲ့ မှတ်ဉာဏ်တွေကတဆင့် နတ်ဘုရားက ဖန်ဆင်ထားတဲ့ သက်ရှိလို့ခေါ်တဲ့ လုဝူဆိုတဲ့ အရာတစ်ခုကို တော်တော်လေးကို အရေးစိုက်တာတွေ့ရတယ်။ အဲ့ဒါက ငါတို့ရလိုက်တဲ့ အဲ့ဒီမကောင်းဆိုးဝါးပဲ။ ငါ့အနေနဲ့ ဒီလောကက ဘယ်သူကမျှ သူတို့ကိုယ်သူတို့ နတ်ဘုရားလို့ခေါ်တာမျိုးကို မယုံကြည်ပေမဲ့လည်း ဒီမကောင်းဆိုးဝါးက တော်တော်လေးတော့ တော်တယ်”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်ကလည်း အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိမ့်လိုက်သည်။

ထိုမကောင်းဆိုးဝါးက ဝု့စ်သံမဏိ လက်နက်များဖြင့်ပင် တိုက်ခိုက်၍မရသော ရှားပါးသည့် အရာတစ်ခု ဖြစ်နေပြီး သဘာဝအလျောက် ကောင်းချီးများကို ပိုင်ဆိုင်ထားသည်။ မိစာ္ဆဧကရာဇ် လူအိုကြီးမန်က အန်တိမ ဝိညာဉ်ပင်လယ်သိုင်းကို အသုံးပြုခဲ့ပြီး ဒီလောကမှ ခုခံမှုအားလှိုင်းကို ချိုးပြနိုင်ခဲ့သည့် ထိုစွမ်းအားများကိုသာ မထုတ်သုံးခဲ့လျှင် ထိုမကောင်းဆိုးဝါးကို ဖမ်းရန်မဖြစ်နိုင်ချေ။

“ဒါ့အပြင် သူတို့ရဲ့စိတ်ကို ချိတ်ပိတ်တဲ့ စွမ်းရည်ကလည်း သဲလွန်စနည်းနည်း တွေ့လိုက်သေးတယ်။ ငါထင်တာသာ မှန်မယ်ဆိုရင် ဒီလူတွေက အနောက်မြောက်ပိုင်းကလာတယ်။ ဒါကြောင့်ပဲ ဗဟိုပြင်ကျယ်မှာ သူတို့နဲ့ပတ်သတ်တဲ့ မှတ်တမ်းတွေမရှိတာပဲ”

“အနောက်မြောက်ပိုင်း ဟုတ်လား”

ဝမ်ချောင်က မျက်မှောင်အနည်းငယ် ကျုံ့သွားသည်။ ဒါက သူဦးတည်ရမည့် နောက်ထပ် နေရာတစ်ခုဖြစ်သည်။ သူတို့၏ အခြေစိုက်စခန်းကသာ အဲ့ဒီနေရာတွင်ဆိုလျှင် ...

“ဒီတစ်ကြိမ် ဆရာ့ကိုပဲ ဒုက္ခပေးရတော့မယ်”

ဝမ်ချောင်က အသက်ပြင်းပြင်း ရှုပြီးနောက် အတွေးထဲမှ ရုန်းထွက်လိုက်သည်။ တချိန်ထဲတွင် သူက အပြင်ဘက်မှလူများကို လှမ်းခေါ်လိုက်သည်။

“လာ ဒီလူတွေအားလုံးကို ငါတို့နဲ့အတူ ပြန်ခေါ်လာခဲ့”

ခေါင်းဆောင်ထံမှ သတင်းအချက်အလက်များစွာ ရရှိခဲ့သည့်တိုင်အောင် ထိုနှစ်ယောက်ကို ဆက်လက်ပြီး စစ်မေးသေးသည်။ အနည်းဆုံး ဝမ်ချောင်က ပိုကြီးသောသားကောင်ကို ဖမ်းနိုင်ရန် ဒီရန်သူများကို ထိန်းထားသည့် ရိုးရှင်းသော နည်းလမ်းများကိုသုံးရန် နားလည်နေသေးလေသည်။

“ဟုတ်ကဲ့သခင်လေး”

တုန့်ပြန်သည့်အနေဖြင့် ကျွမ်းကျင်ပညာရှင်ပေါင်းများစွာက ရှေ့ထွက်လာကြသည်။ သို့သော် သူတို့က ခေါင်းငုံ့ပြီး မြေပြင်မှ အနက်ရောင်ဝတ်စုံနှင့်လူကို မတော့မည့်အချိန်တွင် ထူးဆန်းသော အရာက ဖြစ်ပျက်လာသည်။

ဘန်း

သူတို့၏ မျက်လုံးရှေ့တွင်ပင် မိစာ္ဆမျက်နှာဖုံးနှင့် အနက်ရောင်ဝတ်စုံနှင့် လူ၏ခေါင်းက ရုတ်တရက် ပေါက်ကွဲသွားပြီး အသားနှင့်သွေးများက ကျန်းပေါင်းများစွာ အကွာသို့ပင် မြောက်တက်သွားသေးသည်။ ထို့ပြင် နောက်ထပ် အခြားနေရာမှလည်း ပေါက်ကွဲသံများက ဆက်တိုက် ထွက်ပေါ်လာသည်။

“အား”

အပြင်မှ အလန့်တကြား အော်သံများကလည်း ထွက်လာသည်။

“သခင်လေး သတင်းပို့”

“သခင်လေး ကျွန်တော်တို့ ဖမ်းမိထားတဲ့ လူနှစ်ယောက်ရဲ့ခေါင်းက ရုတ်တရက် ပေါက်ကွဲသွားပါတယ်”

အစောင့်ပေါင်းများစွာက အပြေးအလွှားလာပြီး တင်ပြကြသည်။

အခြေအနေက ပြောင်းလဲသွားသည်။ ဝမ်ချောင်က မြေပြင်မှ သွေးအပုံကိုကြည့်ပြီးနောက် သူ၏အမူအရာက ပျက်ယွင်းသွားသည်။ သူက ထိုလူများအတွက် အကြံအစည် ရှိသော်လည်း ထိုလူများက အသုံးမဝင်တော့ချေ။

“ငါတော်တော် နှေးသွားတာပဲ။ သူတို့ရဲ့တုန့်ပြန်မှုက ဒီလောက်မြန်မယ် မထင်ထားဘူး”

မိစာ္ဆဧကရာဇ် လူအိုကြီးမန်၏ အမူအရာကလည်း လေးနက်သွားသည်။ သူက ဝမ်ချောင်ထက် လျှင်မြန်စွာ တုန့်ပြန်လိုက်ပြီး ချက်ချင်းလိုလို အနက်ရောင်ဝတ်စုံနှင့် လူ၏ ခေါင်းဆောင်၏ကိုယ်မှ ထူးဆန်းသော သင်္ကေတများကို ရှာတွေ့လိုက်သည့်တိုင် လှုပ်ရှားလိုသော်လည်း နောက်ကျသွားလေသည်။

သူက အင်အားကြီးမားဆုံး မိစာ္ဆကျွမ်းကျင်ပညာရှင်ဟု ကိုယ့်ကိုယ်ကို သတ်မှတ်ထားသော်လည်း သူက စိတ်စွမ်းအား ချိတ်ပိတ်သော သင်္ကေတများတွင် ကျွမ်းကျင်သူတစ်ယောက် မဟုတ်ချေ။ အနက်ရောင်ဝတ်စုံနှင့် လူများ၏ ခေါင်းထဲတွင် ရှိနေသည့် စိတ်စွမ်းအားချိတ်ပိတ်မှုများက ထိုနယ်ပယ်တွင် အလွန်ကျွမ်းကျင်သော လူတစ်ယောက်က လုပ်ဆောင်ထားခြင်းဖြစ်သည်။

“ဒီလူတွေက သတိကြီးကြီးထားလွန်းတယ်”

ဝမ်ချောင်က မျက်ခုံးပြန်ပင့်လိုက်သည်။

အနက်ရောင်ဝတ်စုံ၏ လူ၏ခေါင်းဆောင်၏ ခေါင်းက အကြောင်းပြချက်မရှိ ပေါက်သွားခြင်းမဟုတ်ချေ။ အကြီးမားဆုံးဖြစ်နိုင်ချေက ထိုအဖွဲ့ကလည်း မိစာ္ဆဧကရာဇ် လူအိုကြီးမန်က ရှာတွေ့သွားကြောင်း သိလိုက်ကြပြီး စည်းတံဆိပ်ကို ရှာတွေ့သွားကြောင်း နားလည်သောကြောင့် ဖြစ်ရပေမည်။ ရလဒ်အနေဖြင့် သူတို့က ထိုလူတိုင်း၏ စိတ်ထဲမှ စည်းတံဆိပ်ကို ဖောက်ခွဲလိုက်ပြီး သတ်လိုက်ခြင်းဖြစ်သည်။

ဝမ်ချောင်၏မျက်နှာတွင် သုန်မှုန်မှုက ထွက်ပေါ်လာသည်။ သူ၏ပြိုင်ဘက်များက သူကမျှော်လင့်ထားသည်ထက် သတိကြီးကြီး ထားလွန်းနေသေးသည်။ သဲလွန်စအနည်းငယ်ကို သူက ရှာဖွေနိုင်ခဲ့သော်လည်း ဒါက သူတို့ကို ရင်ဆိုင်ရန် ခက်ခဲနေသေးသည်။

ပြိုင်ဘက်များက လျို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းများကို ပိုင်ဆိုင်ထားကြသည်။ လုဝူပင်ဖြစ်စေ ဒီစိတ်စည်းတံဆိပ်များပင်ဖြစ်စေ ဒါက သာမာန်သိုင်းပညာရှင်များက မလုပ်နိုင်သော အရာဖြစ်နေသည်။ သို့သော် ဝမ်ချောင်ကမူ လျှင်မြန်စွာဖြင့် ဟန်ချက်ပြန်ထိန်းလိုက်သည်။

“ဟွန့် မင်းတို့ရဲ့တုန့်ပြန်မှုက ဘယ်လောက်မြန်မြန် မင်းတို့က သတိကြီးကြီး ဘယ်လောက်ထားထား တစ်ရက်မှာ ငါကမင်းတို့အားလုံးကို အမြစ်ဖြတ်အောင် ဆွဲလှန်ဦးမှာပဲ။ ငါကမင်းတို့ကို တစ်ကြိမ်ဖမ်းနိုင်ရင် နောက်ထပ်တစ်ကြိမ် ထပ်ဖမ်းနိုင်တယ်”

ဝမ်ချောင်က အေးစက်စွာပြောသည်။ သူ၏ပြိုင်ဘက်က အရေးကြီးသော အပိုင်းအစကို ဖျက်ဆီးလိုက်သော်လည်း ဝမ်ချောင်ကမူ သူလိုချင်သောအရာကို ရလိုက်သေးသည်။

“လီစစ်ယဲ့ နောက်ဆုတ်ဖို့အမိန့်ထုတ်လိုက်”

“ဟုတ်ကဲ့သခင်လေး”

ထိုသို့ဖြင့် အကြီးအကျယ် လှုပ်ရှားသော စီမံကိန်းကလည်း အဆုံးသတ်သွားသည်။

“ချောင်အာ မင်းရဲ့ အပိုင်စားနယ်မြေရဲ့ တည်နေရာကို ဆုံးဖြတ်ပြီးပြီလား”

ဝမ်ကလန်စံအိမ်ထဲတွင် ဝမ်ကန်းက စန္ဒကူးသား လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်နေသည်။ သူက သွေးနီရောင် အရာရှိဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ သူ၏မြွေသားရည် ခါးပတ်ကလည်း ရွှေရောင်နှင့် အပြာရောင် ကျောက်များဖြင့် အလှဆင်ထားသေးသည်။ သူက လက်ဖက်ရည်ကို ခပ်အေးအေးသောက်လျှက် အမူအရာက အေးချမ်းနေသည်။

သူ၏စိတ်ထဲတွင်လည်း ပျော်ရွှင်ဖွယ်ကောင်းသော ဖြစ်ရပ်ကို မှတ်မိနေသေးသည်။ ဝမ်ကန်း၏ သွေးရောင်လွှမ်းသော အမူအရာက ပို၍သွေးရောင်လွှမ်းလာကာ စိတ်အခြေအနေ ကောင်းနေကြောင်း ဖော်ပြနေသည်။

တစ်ယောက်က တာအိုကို လက်ခံရရှိသွားသည်နှင့် သူတို့၏ အိမ်တွင်မွေးထားသော ကြောင်နှင့်ခွေးများကပင် ကောင်းကင်ကို သူတို့နှင့်အတူ တက်လှမ်းနိုင်ပေလိမ့်မည်။ ဝမ်ချောင်က အနောက်တောင်ပိုင်းတွင် အကျိုးပြုခဲ့သောကိစ္စက ဝမ်ကလန် တစ်ခုလုံးကို အောင်မြင်မှု လမ်းကြောင်းပေါ်သို့ ဆွဲခေါ်ပေးလိုက်သည်။ သူ၏ဦးလေးကြီး ဝမ်ကန်းကမူ တော်ဝင်ခုံရုံး၏ ဆုလဒ်ချီးမြှင့်ခံရပြီး သူ၏ဝတ်စုံနှင့် ခါးပတ်ကို ပို၍ တောက်ပြောင်သွားစေသည်။

သို့သော် ဝမ်ကန်းက ဝမ်ချောင်၏ အပိုင်စားနယ်မြေအတွက် စိုးရိမ်တကြီး မေးခွန်းထုတ်လိုက်သေးသည်။

ဝမ်ကလန်မှ ဆက်ခံသူများက သွေးအေးရက်စက်နေကြပြီး အောင်မြင်မှုများကို ကျော်ဖြတ်ကာ ရိုးသားစွာဖြင့် တစ်သားတည်းဖြင့် ရှိနေကြသည်။ အနောက်တောင်ပိုင်းက မတော်တဆမှုတွင် သူတို့ယခင်က စိတ်ဝမ်းကွဲသော ကိစ္စများကပင် အားလုံးစည်းလုံးသွားသည်။

အပိုင်စားနယ်မြေ ကိစ္စက ရိုးရှင်းသည်ဟု ထင်ရသော်လည်း အထက်တန်းလွှာ ကလန်ကြီးတစ်ခု၏ အဓွန့်ရှည်စွာ တည်မြဲနေမည့် ကိစ္စနှင့် ဆက်စပ်နေသေးသည်။ မည်သည့် မဟာကလန်ကြီး တစ်ခုအတွက်မူ အပိုင်စားနယ်မြေ ရရှိသော ကိစ္စက သာမာန်ကိစ္စမဟုတ်ချေ။ ဝမ်ကလန်ကလည်း သာမာန်ကိစ္စလို ဆက်ဆံ၍မရချေ။

“ချောင်အာ ငါမင်းအတွက် နေရာတစ်ခု တွေးထားပြီးပြီ။ အရင်ရက်တွေမှာ မဟာထန်ရဲ့ အပိုင်စားနယ်မြေတွေ အားလုံးကို ငါက သုံးသပ်ခဲ့ပြီး နေရာကောင်းတစ်ခု တွေ့ထားတယ်”

ဝမ်ကန်းက ပျော်ရွှင်စွာဖြင့် ပြောလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကိုချသည်။ သူက လက်တစ်ချက် ယမ်းလိုက်သောအခါ စားပွဲပေါ်တွင် စာလိပ်ကို ဖြေထားပြီးသားဖြစ်သွားသည်။ ဒီနည်းအားဖြင့် ဝမ်ချောင်၏ရှေ့တွင် မဟာထန်၏ မြေပုံက ပေါ်လာသည်။

“ဒီတစ်လောကလုံးမှာ လုံရှီထက် ပိုခမ်းနားတဲ့ နေရာဆိုတာမရှိဘူး။ ငါမင်းကို ရွေးပေးချင်တဲ့နေရာက ကျောင်းတိုင်းပြည်ပဲ။ ဒီနေရာက မကြီးဘူး ဒါပေမဲ့ တော်တော်လေးကို ကြွယ်ဝပြီး လူနေထိုင်မှု ထူထပ်တယ်။ အခွန်အခကိုလည်း တင်းတင်းကြပ်ကြပ် ကောက်ခံနိုင်တယ်။ ဒါကြောင့် နှစ်စဉ်ဝင်ငွေက ရွှေထည်နှစ်သိန်း ဝန်းကျင်ရှိတယ်။ မင်းအခု ပိုက်ဆံလိုနေတာ မဟုတ်ဘူးလား။ ဒါကမင်းအတွက် အကောင်းဆုံးနေရာပဲ”

ဝမ်ကန်း၏ နောက်ဆုံးစကားက အလေးချိန်စီးသည်။

ထိုစကားလုံးများက ဝမ်ကန်း၏ နှလုံးသားကိုရင်းကာ အချိန်ပေးပြီး အားအင်စိုက်ထုတ် ရှာဖွေထားရခြင်းမှ ရလာသော ရလဒ်များ ဖြစ်နေသေးသည်။ သူက ဝမ်ချောင်နှင့် ဝမ်မျိုးဆက်တစ်ခုလုံးအတွက် ရှာဖွေပေးခဲ့ခြင်းဖြစ်သည်။

ထိုနယ်မြေကို ပိုင်ဆိုင်လိုက်သည်နှင့် ဝမ်ကလန်က နောက်ထပ် အလားအလာပိုကောင်းသော ဆက်ခံသူများကို မမွေးထုတ်နိုင်ခဲ့လျှင် သို့မဟုတ် နောက်ထပ် အောင်မြင်မှုများ မလုပ်နိုင်ခဲ့တော့လျှင်ပင် ဝမ်မျိုးဆက်က လုံခြုံစွာဖြင့် ဆက်ရှိနေပေလိမ့်မည်။

“ကလန်တစ်ခုရဲ့ အနိမ့်အမြင့် အတက်အကျကို လူတစ်ယောက်တည်းကို မမှီခိုထားနဲ့။ ကလန်တစ်ခုရဲ့ အောင်မြင်မှု ရှုံးနိမ့်မှုကိုလည်း အချိန်တစ်ခုတည်းကို မပုံအပ်လိုက်နဲ့” ထိုဆိုရိုးစကားက ကလန်တိုင်းက ကျင့်သုံးရမည့် ကိစ္စဖြစ်နေသည်။ မျိုးဆက် အဆက်ဆက်တိုင်း ငြိမ်းချမ်းစွာ နေထိုင်နိုင်ရန်ကိုသာ ဦးစားပေးပြီး တွေးတောရပေမည်။

ဝမ်ကလန်ကလည်း နောက်ဆုံးတွင် မမြင်ရသော တံခါးထိပ်အစွန်းမှတ်သို့ ရောက်သွားခြင်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့် ဝမ်ကန်းက အလွန်စိတ်လှုပ်ရှားနေခြင်းလည်းဖြစ်သည်။

အခန်း(၆၇၈)

မြို့ကိုလည်ပတ်အောင် ကိုင်တွယ်ခြင်း

“ဦးလေးကြီး ကျောင်းနယ်မြေတွေက ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော် နေရာတစ်ခုကို တွေ့ထားပြီးပါပြီ”

ဝမ်ချောင်က ရုတ်တရက် ဝမ်ကန်း၏စကားကို ဖြတ်ပြောလိုက်သည်။ ခုံပေါ်တွင်ထိုင်နေသော ဝမ်ကန်း၏ မျက်နှာထားကပင် အေးခဲသွားသည်။ အားလုံးက မှင်သက်သွားသည်။

“နောက်ပြီး အပိုင်စားနယ်မြေနဲ့ ပတ်သတ်တဲ့မေးခွန်းကို ကျွန်တော် အချိန်အကြာကြီး တွေးထားခဲ့တာ။ ကျောင်းတွေက ကောင်းပေမဲ့ ကျွန်တော်အတွက်တော့ ပိုပြီးသင့်တော်တဲ့နယ်မြေ ရှိနေတယ်”

ဝမ်ချောင်က သူ၏လက်ဖက်ရည်ခွက်ပေါ်မှ အမြုပ်များကို အသာအယာ မွေွှပြီးနောက် တစ်ငုံသောက်သည်။ သူ၏အမူအရာက စကားပြောလိုက်ချိန်တိုင်း တူညီနေသည်။

“မင်းမှာ စိတ်ကူးရှိပြီးသားလား”

ဝမ်ကန်းက မျက်လုံးပြူးသွားသည်။ သူ၏စိတ်က ဖြစ်ရပ်ကို လိုက်မှီအောင် မဖမ်းဆုပ်နိုင်သေးချေ။ ဝမ်ချောင်၏ စကားများက သူ့ကိုအံ့အားသင့်ကာ မှင်သက်သွားစေသည်။

“မင်းက မင်းရဲ့အပိုင်စားနယ်မြေအဖြစ် ဘယ်နေရာကို လိုချင်တာလဲ။ ကျောင်းတိုင်းပြည်ထက် ပိုကောင်းတဲ့နေရာက ဘယ်နေရာလဲ”

“ဝူရှန်း”

ဝမ်ချောင်က ဝမ်ကန်း၏ မြေပုံပေါ်မှ မမှတ်ထားသော နေရာတစ်ခုကို လက်ညိုးညွှန်ပြလိုက်သည်။ ထိုနေရာက လုံရှီ၏ အနောက်ဘက်ပိုင်းဖြစ်သည်။ ဝမ်ချောင်က ညွှန်ပြသောနေရာကို မြင်သောအခါ ဝမ်ကန်း၏ ထိတ်လန့်မှုက ကြီးစိုးလာပြီး အပြုံးကလည်း မျက်နှာမှ ပျောက်ကွယ်သွားသည်။

“ချောင်အာ မင်းငါ့ကိုလာနောက်နေတာလား”

ဝမ်ကန်းက မယုံကြည်နိုင်သော မျက်လုံးအပြူးသားဖြင့် ပြောသည်။ သူ၏ပထမဦးဆုံး တုန့်ပြန်မှုကမူ ဝမ်ချောင်ကသူ့ကို နောက်နေခြင်းဟုသာ ထင်နိုင်သည်။ သူက နားကြားမှားသွားခြင်း သို့မဟုတ် ဝမ်ချောင်က နေရာမှားပြီး ထောက်လိုက်မိခြင်းဟုသာ ထင်လိုက်သည်။ သို့သော် ဝမ်ချောင်၏မျက်နှာမှ ရိုးသားမှုက ရှင်းလင်းစွာဖြင့်ပင် သူကမမှားကြောင်း ပြသနေသည်။ ထို့ကြောင့် ဝမ်ကန်းက ချက်ချင်းလိုလို အလေးအနက် ဖြစ်သွားသည်။

“ချောင်အာ အပိုင်စားနယ်မြေကိစ္စက သာမာန်ကိစ္စ မဟုတ်ဘူး။ ကလန်တွေ အထက်တန်းလွှာတွေက ငါတို့ကို ဘယ်လောက်တောင် မနာလိုဖြစ်နေလဲသိလား။ သူတော်စင်ဧကရာဇ်ရဲ့ ရွှေအမိန့်တော် စကားတွေက နောက်ရာစုနှစ်ပေါင်း များစွာအထိ အဓွန့်ရှည်တည်တံ့နိုင်သေးတယ်။ ဒါ့အပြင် ဒီမြို့တော်ကလွဲပြီး မင်းက မဟာထန်တစ်ခုလုံးက ဘယ်နေရာကိုမဆို ရွေးနိုင်နေတာ။ ဒါက ဘယ်လောက်တောင် မျက်နှာသာပေးခံရတဲ့ ကိစ္စကြီးလဲ”

ဝမ်ကန်းက သူ၏တူကို အမြဲတစေ အလေးထားကာ ယုံကြည်သည်။ ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် သူ၏သားအရင်းထက်ပင် ပို၍ အရေးပေးသေးသည်။ အခြားသူများက ပြောကြသည်မှာ သူ၏သားက ဝမ်လီမဟုတ်ဘဲ ဝမ်ကလန်၏ ရှီလင်းသား ဝမ်ချောင်ဟုဆိုကြသည်။ ထို့ပြင် ဝမ်ချောင်က ဝမ်မျိုးဆက်၏ လူငယ်မျိုးဆက်ထဲတွင် နံပါတ်တစ် အလားအလာအကောင်းဆုံး လူတစ်ယောက်ဖြစ်ပြီး ဝမ်ချောင်က အလွန်သဘောကျရုံသာ မကလေဘဲ ချီးကျူးခံရသည့် အခြေအနေတိုင်း အလွန်ဂုဏ်ယူနေလေ့ရှိသည်။ သို့သော် ဒီတစ်ကြိမ်တွင် မတူတော့ချေ။

“ဝူရှန်း ဒါကဘယ်လိုနေရာလဲ သိလား”

“တစ်လောကလုံးက ဘယ်နေရာကမဆို လုံယို့ထက် ပိုခမ်းနားတဲ့နေရာဆိုတာ မရှိဘူး”

“လုံရှီက အပိုင်စားနယ်မြေကို ရွေးတာထက် ပိုကောင်းတာမရှိဘူး။ ပိုဆိုးတာက မင်းက အရင်တစ်ခေါက် မတော်တဆမှုမှာ ခဲ့ရှု့ဟန်နဲ့ မတော်တဆဖြစ်ခဲ့ပြီး ရန်စကားများတာမျိုး ရှိခဲ့တယ်ဆိုပေမဲ့ ဒါက အရှင်မင်းကြီးရဲ့ အမိန့်တော်နဲ့ အပိုင်စားနယ်မြေ ချီးမြင့်တာဖြစ်သွားပြီ။ ဒီတော့ ခဲ့ရှု့ဟန်တောင်မှ မငြင်းရဲဘူး။ ဒီကိစ္စကသာ ကောင်းကောင်း အဆင်ပြေသွားရင် မင်းနဲ့ ငါတို့ရဲ့ဝမ်ကလန်က ဘယ်လောက်တောင် ကြီးလိုက်တဲ့ အကျိုးကျေးဇူးတွေကို ရလိုက်မလဲ။ မင်းက မင်းရဲ့အပိုင်စားနယ်မြေကို ဒီချီးရှီနားက မဖွံ့ဖြိုးတဲ့ လွင်ထီးခေါင်နယ်မြေကို ပြောင်းချင်တယ်ဟုတ်လား။ မင်းဘာတွေ တွေးနေတာလဲ”

ဝမ်ကန်းက လေးနက်သော ပုံစံမျိုးဖြင့် ထိုစကားများကို ပြောလိုက်ခြင်းဖြစ်သည်။ သူကတူကို တိုက်ရိုက်ပင် စူးရှစွာကြည့်လိုက်သည်။

ဝမ်ကန်းကလည်း ထိုဝူရှန်းအမည်ရသော နယ်မြေအပေါ် မည်သည့် အမြင်ကောင်းမျှ မရှိချေ။ သို့သော် ဝမ်ချောင်က မြေပုံပေါ်တွင် လက်ညိုးထိုးပြခဲ့ကြောင်း ကောင်းကောင်း နားလည်ထားသည်။ ဝမ်ချောင်ကသာ အနည်းငယ် ပိုကောင်းသောနေရာကို ရွေးချယ်ခဲ့မယ်ဆိုလျှင် ဝမ်ကန်းက ယခုလို တုန့်ပြန်လိမ့်မည် မဟုတ်ချေ။ သို့သော် ဝမ်ချောင်ရွေးလိုက်သော နေရာက အနောက်ဘက်အကျဆုံး လွင်ထီခေါင်နယ်မြေ ဖြစ်နေသည်။ ဒါက ဝမ်ချောင်နှင့် ဝမ်ကလန်ကိုပေးသော အပိုင်စားနယ်မြေကို အလဟသ ဖြုန်းတီးလိုက်ခြင်း ဖြစ်သွားသည်။

“ဟား ဟား ဦးလေးကြီး လက်ခံဖို့ ခက်ခဲမယ်ဆိုတာကို ကျွန်တော် သိထားပြီးသား။ ဒါပေမဲ့ ကျွန်တော်မှာလည်း အကြောင်းပြချက်ရှိပါတယ်”

ဝမ်ချောင်ကပြုံးကာ ပြန်တုန့်ပြန်လိုက်ပြီး လက်ဖက်ရည်တစ်ငုံ သောက်ပြန်သည်။ သူ၏အမူအရာက တည်ငြိမ်ကာ သဘာဝကျပြီး ထိတ်လန့်မှုလည်း မရှိချေ။

“ဒါဆိုရင်ဘာလဲ”

ဝမ်ချောင်၏ အမူအရာ လွွှမ်းမိုးခံလိုက်ရသည့် ဝမ်ကန်းကလည်း အသက်ပြင်းပြင်းရှုကာ စိတ်အေးသွားသည်။

“ဦးလေးကြီး ဝူရှန်းက မဖွံ့ဖြိုးတဲ့ နေရာဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ ဦးလေးကြီး သေချာကြည့်ပါဦး။ ဘယ်နေရာမှာ ရှိနေတာလဲ”

ဝမ်ချောင်က မြေပုံကို လက်ညိုးညွှန်ပြနေသေးသည်။ ဝမ်ကန်းက အစပိုင်းတွင် သတိမထားမိသော်လည်း တဖြည်းဖြည်းချင်း သူ၏မျက်လုံးက ပြူးသွားပြီးနောက်ပြောသည်။

“မင်းက ပိုးသားလမ်းကို ပြောတာလား”

“ဟုတ်တယ် ပိုးသားလမ်းပဲ”

ဝမ်ချောင်က ရယ်လိုက်ပြီးနောက် ဝူရှန်းနှင့် နီးကပ်သော နေရာတစ်ခုကို တဖန်ညွှန်ပြလိုက်သည်။ ထိုနေရာတွင် လေထန်လမ်းကြီး ရှိနေပြီး မဟာထန်နှင့် တိုင်းတစ်ပါးသား တိုင်းပြည်တိုင်းကို ဆက်ထားသည့် ကျော်ကြားသော အနောက်ဘက်သို့သွားသည့် ပိုးသားလမ်းကြီး ရှိနေသည်။

“မင်းကဒီလမ်းအတွက် အစီအစဉ်ရှိလို့လား”

ဝမ်ကန်းက ဝမ်ချောင်က ထိုကိစ္စကို သုံးသပ်ပြနေခြင်းကို ကြည့်လိုက်ပြီးနောက် သူ၏အမူအရာက တင်းမာမှုကို တဖြည်းဖြည်းချင်း လျော့ချပေးလိုက်သည်။ ထိုပိုးသားလမ်းက အနောက်ဘက်သို့ ဦးတည်ထားပြီး ကျော်ကြားသော ရွှေလမ်းလည်းဖြစ်သည်။ မရေမတွက်နိုင်သော အရှေ့ဘက်နှင့် အနောက်ဘက်မှ ကုန်သည်ပေါင်းများစွာက ဒီလမ်းကိုကျော်ဖြတ်လာပြီး သူတို့နှင့်အတူ ပိုးများ၊ ဟင်းခတ် အမွှေးအကြိုင်ပစ္စည်းများ၊ ရတနာများ၊ ကျောက်စိမ်းများ၊ ကြွေထည်များ၊ ကုလားအုပ်များ၊ လက်ဖက်ရွက်များ စသဖြင့်တို့ကို သယ်ဆောင်ကျော်ဖြတ်လာရသည်။ ဟူကုန်သည်တိုင်းနှင့် အနောက်ပိုင်း နယ်မြေမှ ကုန်သည်တိုင်းက မဟာထန်သို့လာရန် ထိုလမ်းကို သုံးရလုနီးပါးဖြစ်သည်။

အရှေ့ဘက်နှင့် အနောက်ဘက်က ပစ္စည်းများကြားမှ တန်ကြေးကွာခြားမှုကြောင့် များပြားလှသော ကုန်သည်များကို အကျိုးအမြတ်ပေါင်းများစွာ ရရှိစေခဲ့သည်။ မဟာထန်နှင့် ကုန်သွယ်နေသော ထိုဟူကုန်သည်တိုင်းက အလွန်အမင်း ကြွယ်ဝသည်။ ပုလဲ၊ မဟူရာ၊ ကျောက်စိမ်းပစ္စည်း စသဖြင့်တို့ အားလုံးက သူတို့အတွက် မြေသားကျောက်တိုင်များအလားသာ ဖြစ်နေခဲ့သည်။

သူတို့ကုန်သွယ်သော ပစ္စည်းအများစုက အလွန်အမင်း ဈေးကြီးပြီး သူတို့ကပိုင်ဆိုင်သည့် ကုန်ပစ္စည်းကလည်း အလွန်များပြားလွန်းရာ လူအများကပင် မမျှော်လင့်ရဲလောက်ချေ။ ကလန်ကြီးများကပင် ထိုသို့သော ကြွယ်ဝမှုများ၏ရှေ့တွင် ထိတ်လန့်သွားရလောက်သည်။ ပို၍အရေးကြီးသည်မှာ အနောက်ဘက်သို့ ဦးတည်ထားသော ထိုလမ်းက လောက၏ နံပါတ်တစ် လမ်းကြီးဖြစ်နေပြီး အနောက်တောင်ပိုင်း၏ ကျော်ကြားသော လက်ဖက်မျဉ်းလမ်းထက်ပင် ပို၍အရေးပါနေသေးသည်။

ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် မဟာထန်က လက်ရှိအချိန်တွင် အခြားသော တိုင်းပြည်များနှင့် ဆက်ဆံနေသည့် ပိုးသားလမ်း၏ နယ်မြေအမြောက်အများကို ပိုင်ဆိုင်ထားလေသည်။

“ဦးလေးကြီး ကျောင်းနယ်မြေက တော်တော်လေးကို ကောင်းပါတယ်။ ဒါပေမဲ့ ဒါက ဝပ်နေတဲ့ ရေတွေလိုပဲ။ ဘဏ္ဍက နှစ်သိန်းဖြစ်လောက်ပေမဲ့ အနောက်ဘက်ကိုသွားတဲ့ ဒီပိုးသားလမ်းကတော့ မတူတော့ဘူး။ မဟာဟန်မင်းဆက်ပဲဖြစ်ဖြစ် အရင်မင်းဆက်ပဲဖြစ်ဖြစ် ဒီမင်းဆက်မှာပဲဖြစ်ဖြစ် သူတို့နယ်မြေကို စုစည်းပြီးရင် အရင်ဆုံးလုပ်တဲ့ကိစ္စက အရှေ့ဘက်နဲ့ အနောက်ဘက်ကို ဆက်သွယ်ထားတဲ့ ဒီပိုးသားလမ်းကို ပြန်ဖွင့်တာပဲ။ ဒါကိုကြည့်ရုံနဲ့ ဒီကုန်သွယ်ရေးလမ်းက ဘယ်လောက်ကို အရေးကြီးလဲဆိုတာကို သိနိုင်တယ်”

ဝမ်ချောင်က ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“ဦးလေးကြီးလည်း မြို့တော်က ဟူကုန်သည်တွေက ဘယ်လောက်ကြွယ်ဝသလဲ သိနေတာပဲ။ အနောက်ပိုင်း နယ်မြေတွေကလာတဲ့ ဒီဟူကုန်သည်တွေက အာဘတ်ဆစ်ကယ်လီဖိတ်က ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းတွေ ချရာဆယ်ရမ်က ရတနာပစ္စည်းတွေကို သယ်ဆောင်ပြီး နှစ်တိုင်းလိုလို ဒီလမ်းကို ကျော်ဖြတ်ပြီး မဟာထန်ကို ပို့နေရတာ။ အားလုံးက သူတို့နဲ့အတူ ပိုင်ဆိုင်ကြွယ်ဝမှု များစွာကို ပိုင်ဆိုင်ထားတယ်။ ဦးလေးကြီးက သူတို့ နေ့တိုင်းလိုလို ကုန်သွယ်နေတဲ့ လမ်းကြောင်းမှ သယ်ဆောင်လာတဲ့ ကြွယ်ဝမှုက ဘယ်လောက်များမလဲဆိုတာကို သိလား။ ဒီကုန်သည်တွေက ဒီလမ်းကို ဒီတိုင်းသုံးပြီး ဒီတိုင်းသုံးပြီး ကျော်ဖြတ်နေရတယ်လို့ထင်လား”

“...”

ဝမ်ကန်းက ပြောစရာစကား မရှိတော့ချေ။ သူကလည်း ဝမ်ချောင်က မဟာထန်၏ တော်ဝင်ခုံရုံးက အနောက်ဘက်သို့သွားသော ထိုလမ်းကို အလွန်အာရုံစိုက်ထားမည်မှန်း သိနိုင်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ သူတော်စင်ဧကရာဇ် ကိုယ်တိုင်ပင် ဒီလမ်းကြောင်းကို အာရုံစိုက်ထားလောက်သည်။

မဟာထန်မှ ခုံရုံး၏ အတွင်းလူပင်ဖြစ်စေ အပြင်လူပင်ဖြစ်စေ သူတော်စင်ဧကရာဇ်၏ ဆုံးဖြတ်ချက်ကို မေးခွန်းမထုတ်ရဲချေ။ ထိုအတွက်ကြောင့် ဒီကုန်သွယ်လမ်းက ပိတ်ပင်ဟန့်တားရန် လွယ်ကူနေခြင်းဖြစ်သည်။

ပို၍ဆိုးသည်မှာ ဝမ်ချောင်က အနောက်ဘက်သို့သွားသော ထိုလမ်းက ကြွယ်ဝမှုအပြည့် ဖြစ်နိုင်ကြောင်း ပို၍သေချာနေခြင်းဖြစ်သည်။ တော်ဝင်ခုံရုံး၏ ဘဏ္ဍာရေး ရုံးတော်ကပင် နေ့တိုင်းလိုလို ထိုနေရာတွင် စီးဆင်းနေသည့် ကြွယ်ဝမှုများကို တွက်ချက်ရန် ခက်ခဲလောက်သည်။

“ဒီတော့ ချောင်အာ မင်းက မင်းကိုယ်တိုင်အတွက် ဒီကုန်သွယ်ရေး လမ်းကြောင်းက ကြွယ်ဝမှုတွေကို အနည်းငယ် ခွဲယူဖို့ စီစဉ်ထားတာလား”

“အင်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏ ဉာဏ်ရည်မြင့်မားသော အကြည့်နှင့် အမူအရာက အနာဂတ်ကို လှမ်းမြင်နိုင်သလို ထင်ရသည်။

“ဒါပေမဲ့ ဒါက အသီးအပွင့်မရတဲ့ ကိစ္စလည်း ဖြစ်နိုင်သေးတယ်။ အရှေ့နဲ့အနောက် ကုန်သွယ်မှုက ဟူကုန်သည်တွေရဲ့ စီးပွားရေးပဲ။ သူတို့က အခြားသူတွေကို ဝင်ခွင့်ပြုမှာမဟုတ်ဘူး။ အတိတ်မှာ ဒီပိုးသားလမ်း ဖွင့်တဲ့အချိန်တိုင်း အထက်တန်းလွှာ ကလန်တွေနဲ့ အိမ်တော်ကြီးတွေက ဒီလမ်းကို မျက်စိကျကြတယ်။ တော်ဝင်အိမ်တော်စုနဲ့ မင်းသားတွေတောင် ပါဝင်ကြတယ်။ ဒါပေမဲ့ သူတို့က အနောက်တိုင်း နယ်မြေတွေ အာရေ နဲ့ ချရာဆပ်ဆင်းနု ဘာသာစကားတွေကို နားမလည်တာကို သိသွားကြတယ်။ ဒါ့အပြင် ထန်တွေက တိုင်းတစ်ပါးသား ဘာသာတွေကို လေ့လာရတာက ကြာရှည်ပြီး ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းကြီးလို့ ယူဆကြပြီး အာရေ နဲ့ ချရာဆပ်ဆင်းနု တို့ထိရောက်ဖို့ အရမ်းကို ဝေးကွာလွန်းတယ်လို့ ခံစားခဲ့ကြရတာ။ ကျွန်တော်တို့ရဲ့ ဒီပတ်ဝန်းကျင်နဲ့ မရင်းနှီးမှုကြောင့် ကြိုးစားအားထုတ်မှု အားလုံးက အလဟသ ဖြစ်သွားကြတာပဲ။ ဒါကြောင့် ထပ်ခါတလဲလဲ ရှုံးနိမ့်ပြီးတဲ့နောက် ဝမ်ကလန်ရဲ့ အထက်တန်းလွှာ အိမ်တော်စုတွေက ဒီအကြံကို လက်လျော့လိုက်ကြတယ်”

“ချောင်အာ ငါကမင်းရဲ့အကြံကို ငြင်းချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒါကပိုကောင်းတယ် ဆိုပေမဲ့လည်း မဖြစ်နိုင်ချေက များနေတယ်”

ဝမ်ကန်းက ခေါင်းကိုကုပ်ပြီး ဝမ်ချောင်ကို စိုးရိမ်တကြီးကြည့်သည်။ ဝမ်ချောင်၏ အနောက်ဘက်သို့သွားသော ထိုပိုးသားလမ်းကိုသုံးရန် ရည်ရွယ်ချက်ထားခြင်းက သူကိုယ်တိုင်အတွက် ကြွယ်ဝမှုအချို့ကိုယူရန် ကြိုးစားခြင်းမျိုးဖြစ်ပြီး အလွန်အမင်း အကျိုးအမြတ်ရှိသည်။ သို့သော် ရှင်းလင်းစွာဖြင့်ပင် ထိုကိစ္စက ထိုမျှအထိ မရိုးရှင်းချေ။

လူတစ်ယောက်က အကျိုးအမြတ်ကိုရရန် ထိုမျှလွယ်ကူနေလျှင် မဟာထန် တည်ထောင်ပြီးသော ဒီကုန်လွန်ခဲ့သော နှစ်တိုင်းတွင် မြောက်များလှစွာသော အထက်တန်းလွှာပေါင်း များစွာက အကျိုးအမြတ်ရရန် လုပ်ဆောင်ပြီးလောက်လေပြီ။

ဒါဆိုရင် ဝမ်ကလန်ရဲ့အလှည့် ရောက်တဲ့အထိ ကျန်ပါဦးမလား။

အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်က စစ်အနုပညာတွင် သူ၏ ရှားပါးလွန်းသော ထူးခြားပြောင်မြောက်သည့် ပါရမီကို ထုတ်ပြခဲ့သည်။ သို့သော် စစ်အနုပညာက ကုန်သွယ်မှု အနုပညာနှင့် ကွာခြားပြီး ဝမ်ချောင်ကပင် တစ်ချိန်ထဲတွင် နယ်ပယ်နှစ်ခုလုံးတွင် မတော်နေလောက်ချေ။

“ဦးလေး ဟား ဟား ဦးလေးကြီးက နားလည်မှုလွဲနေပြီပဲ”

ဝမ်ချောင်က မမျှော်လင့်ထားစွာရယ်သည်။

“ကျွန်တော်က ဒီပိုးသားကုန်သွယ်မှုလမ်းက ပိုးသား၊ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်း၊ ကျောက်မျက်ရတနာတွေကို ခြေလှမ်းဝင်ပြီး အဲ့ဒီ အာဘတ်ဆစ်ကယ်လီဖိတ် ဒါမှမဟုတ် ချရာဆပ်ဆင်းနုထဲကို ဝင်ပြီးဝယ်ပြီး ပြန်ရောင်းဖို့ ဆန္ဒရှိတာမျိုးမဟုတ်ဘဲ အနောက်ဘက်သို့ သွားတဲ့လမ်းက လီသောင်းကျော်နေတာ မဟုတ်လား။ ဒီတစ်နှစ်တည်းနဲ့ အများဆုံးမှ တစ်ကြိမ် နှစ်ကြိမ်လောက်ပဲ ကုန်သွားနိုင်လိမ့်မယ်။ ဒါ့အပြင် အသွားအပြန်ခရီးကလည်း ဝေးကွာလွန်းတယ်။ ရင်းနှီးမြုပ်နှံမှုကို ပြန်ရတဲ့ အကျိုးအမြတ်ကလည်း ကြာလိမ့်မယ်”

“ရင်းနှီးမြုပ်နှံမှုကို ပြန်ရတဲ့အကျိုးအမြတ် ဟုတ်လား”

ဝမ်ကန်း၏ မျက်ဝန်းအတွင်း အံ့အားသင့်သောအလင်းက ဖြတ်ကနဲ လက်သွားသည်။ သို့သော် သူက ချက်ချင်းလိုလို ဟန်ချက်ပြန်ထိန်းလိုက်သည်။ သူ၏တူက ပြောသောစကားများကြောင့် သူကမှင်သက်ရခြင်းတွင် အသားကျနေပြီးသားဖြစ်သည်။

“နောက်ဆုံးအထိ ရယ်နိုင်တဲ့လူက အတော်ဆုံးပဲ” ဆိုသော စကားကိုပင် မြို့တော်ရှိလူတိုင်းက သိနေကြလေပြီ။

“မင်းက ဒီစီးပွားရေးလုပ်ငန်းတွေကို ဝင်ချင်တာမဟုတ်ရင် မင်းရဲ့အကြံကဘာလဲ”

ဝမ်ကန်းက ပို၍ပင် စိတ်ရှုပ်လာသည်။ အနောက်ဘက်သို့သွားသော ထိုလမ်းမှပေးသော အကျိုးအမြတ်က ပိုးသား၊ ဟင်းခတ်အမွှေးအကြိုင် ပစ္စည်းများနှင့် ကျောက်မျက်ရတနာများဖြစ်သည်။ သူက ထိုနယ်ပယ်တွင် မပါဝင်လိုလျှင် သူက မည့်သည့်နည်းလမ်းမျိုး ရှာချင်နေကြောင်း မသိတော့ချေ။ ဝမ်ကန်းအနေဖြင့် သူ၏တူတော်ကိုပင် ဖောက်မမြင်နိုင်ဟု ခံစားလိုက်ရသည်။

“ဟား ဟား ကျွန်တော်က အဲ့ဒီမှာ မြို့တည်ပြီး ဒီကုန်သည်တွေဆီက အကျိုးအမြတ် ပြန်ယူဖို့ စဉ်းစားထားတာ”

သူက ထိုသို့ဖြင့် ရယ်လိုက်ကာ သူ၏လက်ဖက်ရည်ခွက်ကို ပိုးသားလမ်းရှိရာ နေရာသို့ ချလိုက်သည်။ ထိုလှုပ်ရှားမှုက မျှော်လင့်ထားမှုတိုင်းကို ကျော်လွန်သွားပြီး ဝမ်ကန်းကိုယ်တိုင်ကပင် မြေပုံပေါ်မှ လက်ဖက်ရည်ခွက်ကို မှင်သက်စွာ ကြည့်နေမိသည်။

“ဦးလေးကြီး”

ဝမ်ချောင်က ဆံပင်ကို အနောက်ပြန်ပို့လျှက် မတ်တပ်ထရပ်လိုက်သည်။

“အနောက်ဘက်ကို သွားတဲ့လမ်းက ကံကြမ္မာကောင်းတွေ ရှိတဲ့နေရာပဲ။ ဒါပေမဲ့ လမ်းကရှည်တယ်။ ပြောရမယ်ဆိုရင် ကြာရှည်တဲ့ ညပေါင်းများစွာနဲ့ အိမ်မက်ပေါင်းများစွာကို ယူဆောင်ပေးနိုင်လိမ့်မယ်။ ရလဒ်အနေနဲ့ အနောက်ဘက်ကိုသွားတဲ့ ဒီလမ်းက ဓားမြတွေပေါတယ်။ ပိုင်နက်နယ်မြေ ရှုပ်ထွေးမှုကြောင့် တော်ဝင်ခုံရုံးကလည်း သူတို့ကိုထိန်းဖို့ ခက်သွားတော့ ဖိနှိပ်လို့မရတဲ့ ကိစ္စပေါင်းများစွာက မကြာခဏ ဖြစ်တတ်တယ်”

“အရင်တစ်ခေါက်ကဆိုရင် ကျောက်ရိုင်းတုံးတွေအတွက် ကျွန်တော်က လီစစ်ယဲ့ကို ဒီပိုးသားလမ်းပေါ်က အကြီးမားဆုံး ဓားမြအဖွဲ့ နဂါးနက်ကို ဖျက်ဆီးခိုင်းခဲ့တယ်။ ဒါပေမဲ့ နဂါးနက်ဓားမြအဖွဲ့က သူတို့ရဲ့ အဖွဲ့တွေထဲက တစ်ဖွဲ့ပဲ။ စီးဆင်းခြင်းနဂါးအဖွဲ့၊ မီးတောက်နက် နဂါးအဖွဲ့နဲ့ စတဲ့ ဓားမြအဖွဲ့တွေ အများကြီး ရှိနေသေးတယ်။ အနောက်ပိုင်းမှာ ပိုရှိလာလောက်သေးတယ်။ ဒီတော့ အကျိုးအမြတ်ရှိနေသမျှ ဒီအခြေအနေက ဆက်တိုက်ဖြစ်ပွားနေဦးမှာပဲ။ ဒါကြောင့် ဖိနှိပ်ဖို့ခက်တယ်”

“တကယ်လို့ အနောက်ဘက်ခြမ်းမှာ မြို့တစ်မြို့သာ ရှိနေခဲ့မယ်ဆိုရင် ခရီးသွားတွေ ကုန်သည်တွေအားလုံးက အဲ့ဒီမှာ ပစ္စည်းတွေထားနိုင်ပြီး သူတို့ရိက္ခာတွေကို လုံလုံခြုံခြုံ ရယူနိုင်လိမ့်မယ်။ သူတို့ရိက္ခာတွေကို လုံလုံခြုံခြုံ ကာကွယ်နိုင်လိမ့်မယ်။ ဒီလိုဆိုရင် သူတို့က ဘာလို့မလာဘဲ နေမှာလဲ။ အနောက်ဘက်ကိုလာတဲ့ ဒီကုန်သည်တိုင်းက သူတို့ရဲ့အဖွဲ့ဝင် တစ်ရာကျော်နဲ့ အရင်းအမြစ်ပေါင်းများစွာကို သယ်ဆောင်လာကြတယ်။ အရေအတွက်က တစ်ထောင်ကျော်တဲ့ အခြေအနေမျိုးတောင် ဖြစ်လောက်သေးတယ်။ ဒီလောက်လူတွေ အများကြီး တစ်ရက်တစ်ရက်နေရင် ဘယ်လောက်တောင် အကျိုးအမြတ် ရလိုက်မလဲ။ ကျွန်တော်တို့က ဘာလို့ သူတို့ကို ပစ္စည်းတွေ ဝယ်ရောင်းလုပ်တဲ့ အခြေအနေမျိုးကို ဝင်ခွင့်မကောက်ဘဲ အလကား လွှတ်ထားပေးရမှာလဲ။ ဘာလို့ အဲ့ဒီမှာ လူတွေက စီးပွားရေးစလုပ်ဖို့ ဆန္ဒမရှိတာလဲ။ ဒီကုန်သည်တွေက အနောက်ဘက် တောက်လျှောက် ရှည်လျားတဲ့ ခရီးလမ်းကြီးကို သွားခွင့်ရနေတာကတင် ကျေးဇူးတင်စရာ ကောင်းနေပြီ”

ဒီလူတွေ စုစည်းလိုက်တာနဲ့ ကျွန်တော်တို့က အခွန်အခ ကောက်ခံလို့ရသွားပြီ။ ဒီလို မြို့ကြီးတစ်မြို့က ရနိုင်တဲ့ အကျိုးအမြတ်က ဘယ်လောက်များမယ်လို့ ဦးလေးကြီးကထင်လဲ။ ဘာပဲဖြစ်ဖြစ် ဒါက ကြီးလေးလွန်းတဲ့ စီးပွားရေး လုပ်ငန်းကြီးပဲ”

ဝမ်ချောင်က တစ်ဖက်ပြန်လှည့်ကာ ဝမ်ကန်းကို ဖျော့တော့စွာ ပြုံးပြလိုက်သည်။

အခန်း(၆၇၉)

တစ်လောကလုံးမှာ အင်အားအကြီးဆုံး ဝူရှန်းမြင်းတပ်

ဝမ်ချောင်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ဝမ်ကန်းကမူ ဖိအားများသွားပြီး မျက်လုံးက အပြူးသား ပါးစပ်က အဟောင်းသားဖြစ်သွားသည်။ သူက ဝမ်ချောင်နှင့် သင့်တော်သော အပိုင်စားနယ်မြေကို ရှာဖွေရန် ကြိုးစားခဲ့သည်။ သို့သော် မမျှော်လင့်ထားစွာပင် ဝမ်ချောင်က မြို့ကိုတည်ဆောက်ရန်ပင် စဉ်းစားထားပြီးလေပြီ။

ဝမ်ကန်းကို ပို၍အံ့အားသင့်စေသည့် အချက်က ဝမ်ချောင်၏ နောက်ဆုံးစကားများဖြစ်သည်။ အနောက်ဘက်သို့သွားသော လမ်းက အမှန်ပင် ကြီးမားသော စီးပွားရေးလုပ်ငန်းကြီးကို ကိုယ်စားပြုသည်။ ဝမ်ချောင်ကသာ သူဖော်ပြထားသည့်အတိုင်း အောင်မြင်အောင် လုပ်နိုင်လျှင် အလွန်အမင်း ကြီးမားသည့် စီးပွားရေးလုပ်ငန်းကြီးကို ချုပ်ကိုင်နိုင်သည်ဟု ဆို၍ရသည်။

ပိုးသားလမ်း တစ်ခုလုံးတောက်လျှောက်တွင် မြို့တစ်မြို့တည်းသာ ရှိနေပြီး ရပ်နားရန် နေရာတစ်ခုသာ ရှိနေသည်။ အနောက်ပိုင်းနယ်မြေမှလာလာ ချရာဆပ်ဆင်းနု သို့မဟုတ် ဘာဘတ်ဆစ်ကယ်လီဖိတ်မှလာလာ ထိုကုန်သည်တိုင်းက ကုန်သွယ်ချိန်တွင် ဝမ်ချောင်၏မြို့မှ ဖြတ်မှရပေမည်။

မဟာထန်အင်ပါယာ၏ မရေမတွက်နိုင်အောင် ကြွယ်ဝသည့် ကလန်များနှင့် အထက်တန်းလွှာများက ထိုလမ်းမှ အကျိုးအမြတ်ရအောင် ကြိုးစားခဲ့ကြသော်လည်း မည်သူကမျှ မအောင်မြင်ခဲ့ချေ။ အကြောင်းပြချက်က ရိုးရှင်းသည်။ ပထမဦးဆုံး အချက်အနေဖြင့် မည်သူကမျှလည်း ဝမ်ချောင်ကဲ့သို့ အတွေးမျိုးကို မတွေးမိကြခြင်းဖြစ်သည်။

အခြားသောတစ်ချက်ကမူ မဟာထန်က ချွင်းချက်မဲ့စွာဖြင့် အပိုင်စားနယ်မြေများကို မချီးမြှင့်သည်မှာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သည်။ အပိုင်စားနယ်မြေအဖြစ် မရထားသည့်အခါ မည်သူကမျှလည်း ထိုနေရာတွင် မြို့မဆောက်နိုင်ချေ။

သူတော်စင်ဧကရာဇ်က ပိုးသားလမ်းပေါ်တွင်ရှိသော အရေးကြီးသော ရှု့ထောင့်ဘက်ကြောင့် အကြံတစ်ခု ရလာလျှင်ပင် တော်ဝင်ခုံရုံးက ပယ်ချပေလိမ့်မည်။

ယခုအခါတွင်မူ ဝမ်ချောင်ကမူ အထူးအခွင့်အရေး ရထားသည်။ ဝမ်ကန်းကလည်း သူက ဒီတူကို အထင်သေးမိကြောင်း သိလိုက်ပြန်သည်။ သူ၏အကြံအစည်များက သူ့ထက်ပင် သာနေသေးသည်။

သူကသာ အောင်မြင်သွားခဲ့လျှင် ဝမ်ကလန်က ကျောင်းတိုင်းပြည်တွင် ရနိုင်သည့် အကျိုးအမြတ်ထက် ပို၍များပြားသော ပမာဏကို ရရှိနိုင်ချေ။ အလွန်မြင့်မားနေသည်။

ဝမ်ချောင်က သူ၏ရှင်းလင်းစွာပင် မှင်သက်နေသောအကြည့်ကို ခံစားရသောအခါ ဦးလေးကြီးကို ကြည့်လိုက်ပြီးနောက် စိတ်ထဲတွင်မူ ပြုံးနေမိသည်။ မြို့တည်ဆောက်မည့် အကြံက ဒီလောကတွင် သူ့ထံမှလာသော အကြံမဟုတ်သေးချေ။ ဒီလောကတွင် မည်သူကမျှလည်း မစဉ်းစားဖူးသော အတွေးတစ်ချက် ဖြစ်နေလောက်သေးသည်။

“ငါ့မှာ နောက်ဆုံးမေးခွန်းတစ်ခု ရှိနေသေးတယ်။ မြို့ကိုတည်ဆောက်တာက သေးငယ်တဲ့ ကိစ္စမဟုတ်ဘူး။ အထူးသဖြင့် အဲ့ဒီမှာအရင်က ဘာမျှမရှိခဲ့ဖူးဘူး။ ဒီတော့ ဒီအတွက် ရင်းနှီးမြုပ်နှံမှုက အရမ်းကြီးမားတယ်။ တော်ဝင်ခုံရုံးတောင်မှ အနောက်ဘက်ကိုသွားတဲ့လမ်းမှာ မြို့တည်ဆောက်ဖို့ အကြံကို မယူလာရဲလောက်ဘူး။ ပိုဆိုးတာက မင်းကမင်းရဲ့ ငွေကြေးကို အနောက်တောင်ပိုင်းက စစ်ပွဲကို ထည့်သွင်းထားပြီးပြီ မဟုတ်လား။ မင်း သူတော်စင်ဧကရာဇ်က မင်းကိုချီးမြှင့်ထားတဲ့ ရွှေသုံးသန်းကိုမှီခိုပြီး မြို့ကိုဘယ်လို တည်ဆောက်မှာလဲ”

ဝမ်ကန်းကမေးသည်။

အနောက်တောင်ပိုင်းက ခြင်္သေ့မြို့က အလွန်ကြီးမားခြင်း မရှိသော်လည်း ရွှေထည်သန်းအနည်းငယ် ကုန်ကျခဲ့သေးသည်။ ထို့ပြင်ဒါက ပြောင်ရှင်းသောမြို့ကြီး ဖြစ်ခဲ့သေးပြန်သည်။ ထပ်ပေါင်းဆိုရသော် ဆင်းရဲသောနေရာ၊ ကြမ်းတမ်းသော လမ်းကဲ့သို့ အနောက်ဘက်ကို သွားသောလမ်းတွင် မြို့ကိုတည်ဆောက်ခြင်း ဖြစ်စဉ်က အနောက်တောင်ပိုင်း၏ ခြင်္သေ့မြို့ကို တည်ဆောက်သော ဖြစ်စဉ်ထက် ပို၍ကြမ်းတမ်းပေလိမ့်မည်။ ဝမ်ချောင်က မြို့ထဲတွင်ရှိမည့် တည်းခိုခန်းများကို တည်ဆောက်မည့်အရေးကို စဉ်းစားကြည့်ရုံဖြင့်ပင် ကုန်ကျစရိတ်က ကြီးမားမည်ဖြစ်ကြောင်း သိနိုင်သည်။ ဒါက ဝမ်ကလန် တစ်ခုတည်းက ကိုင်တွယ်နိုင်သော ကိစ္စမျိုးမဟုတ်သေးချေ။

မြို့တော်၏ ရှေးခေတ်ကတည်းက တည်ရှိခဲ့သည့် အဆင့်အတန်းမြင့်မားသော ကုန်သည်ကြီးများကပင် ထိုကဲ့သို့သော မြို့မျိုးကို တည်ဆောက်လျှင် ကုန်ကျမည့်စရိတ်ကြောင့် ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားလောက်လေသည်။

“ဟား ဟား ဒါကလွယ်ပါတယ်။ မြို့တော်မှာ မဟာကလန်တွေ အထက်တန်းလွှာ ကလန်တွေ အများကြီးရှိတာပဲ။ ဦးလေးကြီးက ငွေကိစ္စအတွက် စိုးရိမ်ဖို့လိုအပ်သေးလို့လား”

ဝမ်ချောင်က ယုံကြည်မှုရှိစွာရယ်သည်။ ဒီလောကမှ လူများက အကျိုးအမြတ်ရမည့် အရေးဆိုလျှင် အသည်းအသန် အပြေးရောက်လာကြပေလိမ့်မည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်က ထိုအခြေအနေကို အတွေ့အကြုံရခဲ့ပြီးသားဖြစ်သည်။

သူလိုအပ်သမျှက ထိုနည်းလမ်းကို ထပ်ခါတလဲလဲ ပြန်လည်အသုံးချခြင်းဖြစ်သည်။

အမှန်တိုင်းဆိုရသော် မြို့တော်မှ မရေမတွက်နိုင်သော လူပေါင်းများစွာက သူနှင့်အတူ အလုပ်လုပ်ရန် စောင့်ဆိုင်းနေသည်ဟုပင် ဆို၍ရလောက်လေသည်။

“ကောင်းပြီ”

ဝမ်ကန်းကရုတ်တရက် စားပွဲကို ဖြန်းကနဲရိုက်ပြီးနောက် စားပွဲခုံမှထသည်။ ဝမ်ချောင်က ဝူရှန်းကို အပိုင်စားနယ်မြေအဖြစ် ယူမည်ဟု ပြောသောအခါက သူက ဒေါသထွက်သွားခဲ့သည်။ ယခုမူ သူ၏ဒေါသများက ပျက်ပျယ်သွားပြီး မျက်ဝန်းများထဲတွင် စိတ်လှုပ်ရှားမှုများကို မြင်နိုင်သည်။

“ချောင်အာ မင်းရဲ့ဦးလေးက စစ်အနုပညာပိုင်းက မင်းရဲ့ပါရမီကို သံသယမဝင်ပါဘူး။ ဒါပေမဲ့ ကုန်သွယ်မှုဆိုင်ရာ ဘက်မှာတော့ ဝမ်ကလန်က ဘယ်သူကမှ မင်းထက်ပိုပြီး အမြင်ကောင်းရှိမှာမဟုတ်ဘူး။ ငါ့ကိုစိုးရိမ်စေတဲ့ ကိစ္စက မူဝါဒရေးရာကိစ္စကို မင်းဦးဆောင်တဲ့ကိစ္စမှာပဲ။ ရှေးခေတ်အချိန်ကတည်းက မရေမတွက်နိုင်တဲ့ ကျော်ကြားတဲ့ဗိုလ်ချုပ်တွေက မိသားစုဝင်တွေ အသတ်ခံရပြီး အဆုံးသတ်ရတာက သူတို့က ခုံရုံးက မူဝါဒရေးရာကိစ္စတွေကို ကောင်းကောင်းနားလည်လို့ပဲ။ လူတစ်ယောက်ရဲ့ ပါရမီက စစ်အနုပညာပိုင်းမှာ ကြီးလေလေ အမြင့်ကိုရောက်သွားလေလေ ကြုံလာတဲ့ကပ်ဘေးက ပိုပြင်းလေလေပဲ”

“ဒါကအမြဲတမ်း ငါစိုးရိမ်နေရတဲ့ကိစ္စ။ ဘာပဲဖြစ်ဖြစ် မင်းက ငယ်လည်းငယ်သေးတယ်။ ဒါပေမဲ့အခုတော့ ငါစိတ်အေးနိုင်ပါပြီ”

ဝမ်ကန်း၏ အသားအရောင်က သွေးရောင်ပြန်လွွှမ်းသွားသည်။ သူကလည်း အလွန်ကျေနပ်ပီတိ ဖြာသွားလေသည်။

‘အမျိုးသားတစ်ယောက်က အပြစ်ကင်းစင်ကောင်း အပြစ်ကင်းစင်လောက်တယ်။ ဒါပေမဲ့ လိုချင်တာတွေကို ဖုံးကွယ်ထားမိတဲ့အခါ သူ့ကို အပြစ်မကင်းစိတ် ဖြစ်လာစေတယ်’

အနောက်ဘက်သို့သွားသော ထိုလမ်းမှ ကြီးမားသော စီးပွားရေး လုပ်ငန်းကြီးက အလွန်ကောင်းသည်။ သို့သော် ကြီးမားသော ကပ်ဘေးကြီးလည်း ဖြစ်စေနိုင်သေးသည်။

အကယ်၍ ဝမ်ချောင်က မြို့တော်၏ အထက်တန်းလွှာ အိမ်တော်စုများနှင့် မဟာကလန်ကြီးများနှင့် ပူးပေါင်းကာ လုပ်ဆောင်ခြင်းဆိုလျှင် အခြေအနေများက မတူညီတော့ချေ။ ဒါက ထိုအထက်တန်းလွှာ ကလန်ကြီးများနှင့် မဟာကလန်ကြီးတိုင်းက ဝမ်ချောင်နှင့်အတူ ရှိနေသည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထိုအချက်တစ်ခုနှင့်တင် လက်ရှိခုံရုံးက အဆင့်အတန်းက ပြိုင်ဘက်ကင်းသွားစေသည်။ ဒါက အခိုင်မာဆုံးသော ထာဝရနေရာဟုပင် ဆို၍ရသေးသည်။၏

တစ်ဖက်တွင် ဝမ်ချောင်က ခုံရုံးထဲသို့ အမှန်တကယ် ဝင်ရောက်ပြီး မူဝါဒရေးရာဆိုင်ရာ အင်အားကို စတင်ကာ ဖြန့်ကျက်လျှင်ပင် သူတည်ဆောက်ထားသော အဆက်အသွယ်များကတင် သူ့ကို ခုံရုံးထဲတွင် လွှမ်းမိုးနိုင်စွမ်း ကြီးစေသော ပုံရိပ်ကြီးတစ်ခု ဖြစ်စေသည်။

ဝမ်ကန်းက ဝမ်ချောင်၏ ကိုယ်ပေါ်မှ သခင်ဟောင်း၏ လက္ခဏာများကိုပင် မြင်လိုက်ရသည်။

ဝမ်ကန်းက လျှင်မြန်စွာဖြင့် ဝမ်ကလန်၏ စံအိမ်တော်မှ ပြန်ထွက်ခွာသွားသည်။ သူက အလွန်ကျေနပ် နှစ်သိမ့်နေသည်။ သူ၏တူက အမြဲတစေ ထိုသို့ထူးချွန်နေခဲ့ပြီး သူ့ကိုအမြဲ ဂုဏ်ယူစေသည်။ ဝမ်ကန်း ထွက်သွားသောအခါ သူ၏ခြေလှမ်းများက ခိုင်မာပြီး ခေါင်းကပင် မော့နေသေးသည်။

ဒီလိုတူမျိုးကို ပိုင်ဆိုင်ထားရတာ သူဘာကိုထပ်ပြီး တောင်းဆိုရမှာလဲ။

နောက်ပြီး ဝမ်ကလန်က ဘာကိုစိုးရိမ်စရာ ရှိတော့မှာလဲ။

ထွက်သွားသော ဝမ်ကန်းက မသိလောက်သော်လည်း ဝမ်ကန်းကမူ တိတ်ဆတ်စွာဖြင့် စားပွဲပေါ်တွင်ရှိသော ဦးလေးကြီးက ချန်ထားရစ်ခဲ့သည့် မြေပုံကိုသာ စိုက်ကြည့်နေပေသည်။ သူ၏အကြည့်များက ပိုးသားလမ်းပေါ်တွင် အနည်းငယ် ရပ်တန့်ပြီးမှသာ အနောက်ဘက်သို့ ရွေ့သွားပြီး တဖြည်းဖြည်းချင်း မဟာထန်၏ အနောက်ဘက်သို့ ရောက်သွားသည်။

အနောက်ပိုင်းနယ်မြေ...

ဝမ်ကန်းကမူ ဝမ်ချောင်၏ ဝူရှန်းတွင် ပိုင်နက်နယ်မြေကို တည်ဆောက်ရန် ဆုံးဖြတ်ခဲ့သည့် ထိုအကြံက ပိုးသားလမ်းကြောင့်ကြီးပဲ မဟုတ်ဘဲ အနောက်ပိုင်းနယ်မြေကဲ့သို့ ဝေးကွာလွန်းသော နေရာကြောင့် သို့မဟုတ် မဟာထန်၏ အန်းရှီကာကွယ်ရေးစစ်တပ်ကြောင့်ဟု မသိလောက်ချေ။

ပိုးသားလမ်းက ကြွယ်ဝမှု၊ လူချမ်းသာများ၏လမ်း ရွှေလမ်းဟု သိမှတ်ထားကြသော်လည်း မဟာထန်၏ အန်းရှီအစိုးရ ကာကွယ်ရေးစစ်တပ်၏ အသက်သွေးကြောနေရာလည်း ဖြစ်နေသေးသည်။ နှစ်တိုင်းလိုလို မရေမတွက်နိုင်သော မဟာထန်၏ လက်နက်ပေါင်းများစွာ ရိက္ခာပေါင်းများစွာကို ထိုသို့ ပေးပို့ပေးနေရသည်။

မုန်တိုင်းမလာခင် လေပြင်းက တိုက်ခတ်သည်။ ဝမ်ချောင်ကလည်း မဟာထန်၏ အနောက်မြောက်ဘက်ပိုင်းမှ လာမည့် နောက်ထပ်ကြီးမားသော အန္တရာယ်ကြီးကိုလည်း ခံစားမိနေပြီးသားဖြစ်သည်။ မည်သူကမှ အာရုံမစိုက်သောနေရာ... မဟာထန်နီးပါး အင်အားကြီးမားလှသော တိုင်းပြည်ကြီးတစ်ခုက သူ၏ခြေတံ လက်တံများကို မဟာထန်၏ နောက်ပိုင်းဒေသများသို့ ဆန့်တော့မည်ဖြစ်သည်။ ထိုသို့ဖြင့် အရှေ့ပိုင်းနှင့် အနောက်ဘက်ပိုင်းမှ မဟာအင်ပါယာကြီး နှစ်ခု၏ စစ်ပွဲကလည်း စတင်လာနိုင်သည်။

အနောက်တောင်ပိုင်းက စစ်ပွဲနှင့် မတူညီသည်မှာ ဒီစစ်ပွဲက အန်းရှီအစိုးရစစ်တပ်မှ စစ်သည်သုံးသောင်းသာလျှင် ပါဝင်ပတ်သတ်နေပြီး အန်းနန်အစိုးရစစ်တပ်၏ စစ်သည် တစ်သိန်းရှစ်သောင်းထက် အဆပေါင်းများစွာ နည်းပါးသည်။ ထို့ပြင် ဒီစစ်ပွဲမှ ဖြစ်လာနိုင်သည့် ဆုံးရှုံးမှုများနှင့် မဟာထန်၏ ပြည်သူများအပေါ် သက်ရောက်မှုကမူ အဆတစ်သန်းကျော် များပြားသည်။ အမှန်တိုင်းဆိုရသော် အမှန်တကယ် သက်ရောက်ခံရမည့် လူများက အနောက်ပိုင်းမှ ဟူများဖြစ်သည်။

ဒီတိုက်ပွဲမှ ဖြစ်လာနိုင်သော သက်ရောက်မှုများက အနောက်တောင်ပိုင်းက စစ်ပွဲများထက် အဆပေါင်းများစွာ ကြီးလေးနိုင်သေးသည်။ ထိုတိုက်ပွဲက ဗဟိုပြင်ကျယ် တစ်ခုလုံးကို သက်ရောက်နိုင်သောကြောင့်လည်း ဖြစ်သည်။

ကောင်ရှန်းကျစ် မင်းနဲ့ငါက ရပ်တည်တဲ့ဘက် မတူလောက်ပေမဲ့ ဒီကိစ္စမှာတော့ ငါတက်နိုင်သမျှ ကြိုးစားပြီး မင်းကိုကူညီပေးမှာပါ။ မင်းငါ့ကို စိတ်မပျက်စေဖို့တော့ မျှော်လင့်ရတာပဲ။

ဝမ်ချောင်က တိတ်တဆိတ် ရေရွတ်လိုက်သည်။

အန်းရှီအစိုးရစစ်တပ်တွင် စစ်သည် သုံးသောင်းသာလျှင်ရှိသည်။ သို့သော် ထိုသုံးသောင်းက မဟာထန်၏ အကျွမ်းကျင်ဆုံးသော မြင်းတပ်ဖြစ်သည်။ သိုင်းပညာအရ လေ့ကျင့်မှုနှင့် အဖွဲ့လိုက် ပေါင်းစည်းမှုတွင် မဟာထန်အင်ပါယာ တစ်ခုလုံးတွင် အင်အားအကြီးမားဆုံး စစ်သည်တော်များ ဖြစ်သေးသည်။

ထိုနေရာသို့ ပို့ထားသော စစ်သည်တော်တိုင်းက အမျိုးမျိုးသော အင်အားစုများ စီရင်စုများနှင့် မဟာထန်၏ နယ်စပ်ခံတပ်တိုင်းမှ အင်အားအကြီးဆုံး တပ်ဖွဲ့များဖြစ်နေသည်။ ပို၍ဆိုးသည်မှာ ထိုနေရာတွင် အကောင်းဆုံးရိက္ခာ အကောင်းဆုံးလက်နက်များကို ထောက်ပံ့ပေးခံထားရခြင်းဖြစ်သည်။ ဒူးလေးကြီးများဆိုလျှင်ပင် စစ်သည်တော် တစ်ယောက်ချင်းစီ ပေးအပ်သော အရေအတွက် သောင်းကျော်နီးပါး ထောက်ပံ့ပေးထားသည်။ ထို့ပြင် အခြားသော ရိက္ခာများကလည်း အလွန်များပြားလွန်းသည်။

အကောင်းဆုံး ဆက်ဆံခံရသည့် အခြေအနေကမူ စစ်တပ်၏ လက်ထောက်ခုံရုံးတော်ကပင် ထိုနေရာသို့ ထောက်ပံ့မှုများ ပေးလွှတ်ပေးနေခြင်းဖြစ်သည်။

ထပ်ပေါင်းဆိုရသော် ဟန်၏ ဧကရာဇ်ဝူက အနောက်ပိုင်းနယ်မြေကို ဖွင့်ပြီးကတည်းက ဗဟိုပြင်ကျယ် တစ်ခုလုံးက ထိုနေရာတစ်ခုလုံးတွင် ကြီးမားသည့် လွှမ်းမိုးနိုင်စွမ်းအားကို ဖြန့်ကျက်နိုင်ခဲ့သည်။ ပို၍ဆိုးသည်မှာ ကောင်းရှန်းကျစ်က တိုင်းတစ်ပါးသား ဖြစ်သည့်အတွက် ဘာသာစကားပေါင်း များစွာကို နားလည်နိုင်စွမ်းအား ရှိလေရာ ဟန်နှင့်တိုင်းတစ်ပါးသားများကြားမှ ကိစ္စကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်ပိုင်နိုင်လေသည်။ ထို့ကြောင့် ထန်က အနောက်ဘက်ပိုင်းတွင် စစ်သည်တော် သုံးသောင်းကျော်ကိုသာ ပိုင်ဆိုင်ထားသော်လည်း တိုင်းတစ်ပါးသားများကမူ စစ်သည်တော် တစ်သိန်းရှစ်သောင်း ပိုင်ဆိုင်ထားသည့် တပ်ဖြင့်ပင် ထိုလူများကို အလေးအနက်ထားကာ ကိုင်တွယ်ရဦးမည်ဖြစ်သည်။

ထိုအကြောင်းပြချက်ကြောင့် အန်းရှီအစိုးရစစ်တပ်တွင် စစ်သည်တော် နည်းပါးသော်လည်း အင်အားကြီးမားသော အင်အားစုကြီး ဖြစ်နေလေသည်။ ကောင်းရှန်းကျစ်က ဖန်းရှန်းချင်နှင့် ဆက်ဆံရေးကောင်းရှိပြီး ထိုတိုင်းတစ်ပါးသားနှင့် ဟန်များက ပေါင်းကာ ‘အင်ပါယာ၏ ကျောက်စိမ်းနတ်သွယ်’ ဆို၍ နယ်ပယ်ဘွဲ့ထူးကိုပင် ပိုင်ဆိုင်ထားပြီး အနောက်ပိုင်းနယ်မြေများကို ကာကွယ်စောင့်ရှောက်နေသည့် အင်အားအကြီးဆုံးလူများ ဖြစ်လာကြသည်။ သူတို့ကို ကိုင်ဆွဲထားသည့် တစ်ခုတည်းသောအချက်က ကြာရှည်စွာ ပေးပို့နေရသော အထောက်အပံ့နှင့် တပ်ကူများဖြစ်သည်။

စစ်ပွဲစတင်သည်နှင့် အန်းရှီအစိုးရစစ်တပ်က ပတ်ဝန်းကျင်မှ တိုင်းတစ်ပါးသား ဟန်စစ်တပ်နှစ်သိန်းကိုသာ စုပေါင်းကာ မှီခိုရတော့မည်ဖြစ်ပြီး အန်းရှီမှ လက်ရွေးစင်စစ်သည်တော် သုံးသောင်းကို အဓိကထားရမည်ဖြစ်သည်။ ထပ်တိုးရောက်လာမည့် ရိက္ခာများနှင့် တပ်ကူများအတွက်ကမူ အခြေခံအားဖြင့် မဖြစ်နိုင်ချေ။

ထိုအချက်ကလည်း အင်ပါယာ၏ ကျောက်စိမ်းနတ်သွယ်က မညှိနိုင်သည့် မွေးရာပါပြစ်ချက်ကြီး ဖြစ်နေသည်။ ထိုအချက်ကလည်း အာဘတ်ဆစ်ကယ်လီဖိတ်နှင့် တိုက်ပွဲမှ မဟာထန်၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သည်။

ပိုးသားလမ်းပေါ်မှ အပိုင်စားနယ်မြေကို တည်ဆောက်လိုက်ခြင်းအားဖြင့် ဝမ်ချောင်က အနာဂတ်မှ အနောက်ပိုင်းနယ်မြေ၏ စစ်ပွဲကို အကျိုးပြုမှုကြီးပေါင်းများစွာ ထောက်ပံ့ပေးနိုင်ပေလိမ့်မည်။ ထိုအနောက်ဘက်သို့သွားသော လမ်းပေါ်တွင် မြို့ကြီးကို တည်ဆောက်လိုက်သည်နှင့် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာနိုင်သလို စစ်တပ်ပိုင်းဆိုင်ရာ ကိစ္စများကိုလည်း ထိုနေရာတွင် လုပ်ဆောင်လိုက်နိုင်လေပြီး နေထိုင်မှုဆိုင်ရာ တည်းခိုဆောင် စသဖြင့် ကိစ္စပေါင်းများစွာကို ကိုင်တွယ်လာနိုင်မည့်အပြင် ပစ္စည်းများ သိုလှောင်သောနေရာ ရှိလာဦးမည်ဖြစ်သည်။ ထို့ကြောင့် အနောက်ပိုင်းနယ်မြေများတွင် တစ်စုံတစ်ရာ ဖြစ်လာခဲ့လျှင် မြို့ထဲရှိ စစ်သည်တော်များက တပ်ကူအဖြစ် လျှင်မြန်စွာ သွားရောက်နိုင်ပေလိမ့်မည်။ ထိုမြို့က အန်းရှီအစိုးရစစ်တပ်၏ စစ်ပွဲအတောအတွင်း အကြီးမားဆုံး ထောက်ပံ့ပေးနိုင်မည့် အထောက်အပံ့နှင့် လျှင်မြန်စွာ ပို့နိုင်မည့် တပ်ကူအရင်းအဖြစ် ဖြစ်လာပေလိမ့်မည်။

ထိုအကြောင်းပြချက်ကြောင့်လည်း ဝမ်ချောင်က လုံရှီ၏ ကျောင်းတိုင်းပြည်၏ ကြွယ်ဝမှုများကို ပယ်ချခဲ့ပြီး လူခေါင်သော ပိုးသားလမ်းကို အပိုင်စားနယ်မြေအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ သူက ပိုးသားလမ်း၏ အခြားသော နေရာများထဲမှ ဝူရှန်းကို ရွေးချယ်သော အချက်ကမူ အလွန်ရိုးရှင်းသည်။ ထိုနေရာက မဟာထန်၏ အင်အားအကြီးဆုံး အရည်အသွေး အမြင့်ဆုံး စစ်သည်တော်များ တည်ရှိရာ နေရာတစ်ခု ဖြစ်နေသောကြောင့်ဖြစ်သည်။

သူ၏ယခင်ဘဝ ဗဟိုပြင်ကျယ်တွင် ကြီးမားသော ကပ်ဘေးကြီးက စိုက်ရောက်လာသောအခါ မဟာထန်၏ တော်ဝင်ခုံရုံးက ဆုံးဖြတ်ရာတွင် ကြီးမားသော အမှားကြီးကို လုပ်မိသွားသည်။ ထိုဆုံးဖြတ်ချက်က ကျူးကျော်လာသူများက ဒဏ္ဍာရီများက ဖော်ပြထားသလာက် အင်အားမကြီးဆိုသော အချက်ဖြစ်သည်။

ထိုအချက်က ပြည်ပမှ ကျူးကျော်လာသူများက ဝူရှန်းဟုခေါ်သော နေရာတွင် ပြင်းထန်သည့် ခုခံမှုကို ရင်ဆိုင်လိုက်ရသည်။ သူတို့က ဗဟိုပြင်ကျယ်သို့ ခြေလှမ်းပင် မဝင်နိုင်သေးခင် ကြီးမားသော ဆုံးရှုံးမှုကို ခံစားလိုက်ကြရလေသည်။

ရလဒ်အနေဖြင့် မဟာထန်က ထိုကျူးကျော်သူများကို အလေးထားမကြည့်ကြဘဲ ဂိုဂူလျော၊ တူရကီ၊ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းတို့ကိုသာ အဓိက အားစိုက်မိသွားသည်။

မဟာထန်၏ စစ်တပ်က နောက်ဆုံးတွင် တိုင်းတစ်ပါးသား ကျူးကျော်သူနှင့် ရင်ဆိုင်ခဲ့ပြီး ထိပ်တိုက်တွေ့ဆုံသောအခါမှသာ ထိုစစ်တပ်၏အရှေ့တွင် လဲပြိုကျရင်းဖြင့် မဟာထန်က မည်မျှအင်အားကြီးမားသော ကျူးကျော်သူများကို ရင်ဆိုင်နေရကြောင်း နားလည်သွားကြသည်။

ဝမ်ချောင်က လောက၏ မဟာထိပ်တန်းအရာရှိကြီး ဖြစ်လာသောအခါ ဝူရှန်းမှ ကျန်ရစ်နေသည့် စစ်သည်တော်များ အားလုံးကို စုစည်းခဲ့သည်။ အားလုံးပေါင်း အယောက်ခြောက်ထောင်ရှိသည်။ သူတို့အားလုံးကို သူ၏ လက်အောက်ငယ်သားများထဲမှ အကျွမ်းကျင်ဆုံး အင်အားအကြီးဆုံး သတ္တိအရှိဆုံး လူများအဖြစ် လေ့ကျင့်ပေးခဲ့သည်။ သူက ဝူရှန်းမြင်းတပ်ဟုပင် နာမည်တပ်ခေါ်ဆိုစေခဲ့ပြီး ဗဟိုပြင်ကျယ်၏ အင်အားကြီးသော စစ်သည်တော်များ ဖြစ်လာစေခဲ့သည်။

မြင်းစီးသမားများဖြစ်စေ မြစ်မစီးသူများဖြစ်စေ ဝူရှန်းမြင်းတပ်က အလားအလာကောင်းသည့် တိုက်ခိုက်စွမ်းအားကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ ဝူရှန်းမှလူများက သိုင်းကျင့်ရာတွင် သင့်တော်သော သွေးကြောများကို ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ ကျော်ကြားသော ထုံလော့မှ လူများပင် ထိုနယ်ပယ်တွင် သူတို့ကို မယှဉ်နိုင်လောက်ချေ။

ထို့ကြောင့် ဝမ်ချောင်က ထိုကိစ္စကို အာရုံစိုက်လိုက်သည့် အချိန်တွင် ဝူရှန်းတွင် လူခြောက်ထောင်သာ ကျန်တော့သည်။ ဝမ်ချောင်က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ယခင်က အထွတ်အထိပ် အခြေအနေတွင် ဝူရှန်းရွာတွင် လူအယောက် ငါးသောင်းကျော်ရှိကြောင်း သိလိုက်ရသည်။

အမျိုးသမီး၊ အကြီးအကဲ၊ ကလေးများကို ဖယ်ရှားလိုက်လျှင်ပင် လူအယောက် သုံးသောင်းကျော်အဖြစ် သန်မာသော လူထွားကြီးများ ရှိနေသေးသည်။ ကံဆိုးစွာဖြင့် အခြားသော ပြည်ပမှ ကျူးကျော်သူများကို ရင်ဆိုင်ရင်းဖြင့် အားလုံးက သေဆုံးသွားခဲ့ကြသည်။ ထိုအချိန်ကဆိုလျှင် ဒါကဝမ်ချောင်၏ အကြီးမားဆုံးသော နောင်တကြီးဖြစ်ခဲ့သည်။

ဝူရှန်း၏မြင်းတပ် ခြောက်ထောင်က ဒီမဟာကပ်ဘေးကြီး၏ နောက်ဆုံးစစ်ပွဲကြီးတွင် ကြီးမားသည့် ကိစ္စကြီးကို လုပ်ဆောင်ပြနိုင်ခဲ့လေရာ လူအယောက် သုံးသောင်းသာရှိနေလျှင် အခြေအနေက ပို၍ပင် ကွာခြားသွားနိုင်သေးလေသည်။

အခန်း(၆၈၀)

ယခုအခါ ဝမ်ချောင်က အရာအားလုံးကို တဖန် ထပ်မဖြစ်အောင် ကာကွယ်ထားပြီဖြစ်ပြီး အပိုင်စားနယ်မြေအဖြစ် သိမ်းယူမည့် အခွင့်အရေးကိုလည်း ပိုင်ဆိုင်ထားလေရာ သူက ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ချေ။ သူက ဝူရှန်းမှ အင်အားကြီးသော သတ္တိကြီးမားသည့် ထိုစစ်သည်တော် ငါးသိန်းပေါ် အာရုံစိုက်ထားပြီးသားဖြစ်သည်။

မဟာထန်၏ စည်းမျဉ်းများအရ ဝမ်ချောင်က ထိုနေရာတွင် ရပ်တည်လိုက်ပြီး သူ၏ အပိုင်စားနယ်မြေအဖြစ် သတ်မှတ်လိုက်သည်နှင့် ဝူရှန်းရွာမှလူများက သူ၏လက်အောက်သို့ အလိုအလျောက် ရောက်သွားမည်ဖြစ်ပြီး မည်သူကမျှ မည်သူ့ထံမျှ ယူ၍မရတော့ချေ။

အနာဂတ်တွင် သူက မဟာထန်၏ ကံကြမ္မာကို ပြောင်းလဲပြီး ဖန်တီးတည်ထောင်ရာတွင် ဒါက အကြီးမားဆုံး ဝှက်ဖဲများဖြစ်လာနိုင်သည်။

ထိုအတွေးက ပေါ်လာသည်နှင့် ဝမ်ချောင်က စားပွဲပေါ်မှ မဟာထန်၏ မြေပုံကိုယူလိုက်ပြီးနောက် အခန်းထဲမှ ခပ်မြန်မြန်ထွက်သွားသည်။

“ဘာ လူငယ်အမတ်က ဝူရှန်းလို အရမ်းခေါင်ပြီး ဆင်းရဲနွမ်းပါးတဲ့ နေရာကြီးကို အပိုင်စားနယ်မြေအဖြစ် ယူချင်တယ်ဟုတ်လား”

“သူရူးသွားပြီလား ဘာလို့ ဒီလိုအခွင့်အရေးကို လက်လျော့လိုက်တာလဲ”

“နှမြောစရာပဲ ဝမ်ကလန်က အခွင့်ကောင်းကြီးကို လက်လွှတ်လိုက်တယ်။ ဒါက ကောင်းကင်ရဲ့သားတော်က တက်နိုင်သမျှ အကြီးမားဆုံး မျက်နှာသာပေးမှုကြီးပဲ။ မရေမတွက်နိုင်သော လူပေါင်းများစွာက ဒီအခွင့်အရေးကို အိမ်မက် မက်နေကြတာ။ ဝမ်ချောင်ရဲ့ မောက်မာမှုက သူ့ရဲ့ငယ်ရွယ်မှုကြောင့် ဖျက်ဆီးခံလိုက်ရတယ်။ ဒါပေမဲ့ ဝမ်ကန်းက ခုံရုံးက အရာရှိအိုကြီးလေ။ သူက ဘာလို့များ သူ့ရဲ့တူကို တောင်းဖို့ကြိုးစားပြီး အကြံမပေးတာလဲ။ သူဘာတွေများ တွေးနေတာလဲ”

ဝမ်ချောင်က ဝေးကွာလွန်းသော ဝူရှန်းနေရာကို သူ၏အပိုင်စားနယ်မြေအဖြစ် ရွေးချယ်သည်ဆိုသော သတင်းက မြို့တော်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ လူတိုင်းကမူ သူက အလောတကြီးနိုင်စွာ ဆုံးဖြတ်ခဲ့သည်ဟု တွေးနိုင်သည်။

ကလန်တစ်ခုအနေဖြင့် နောက်ပိုင်းမျိုးဆက်များအတွက် တုန့်ဆိုင်းမနေဘဲ ကလန်ဓွန့်ရှည်စွာ တည်ရှိနိုင်အောင် ကြိုးစားရသူ နေရာကောင်းများကို ရွေးချယ်နိုင်ရန် လိုအပ်လေသည်။ သို့သော် ဝမ်ကလန်က အခွင့်အရေး ရရှိခဲ့သည့်တိုင် မမျှော်လင့်ထားစွာပင် အပိုင်စားနယ်မြေအဖြစ် အလွန်ခေါင်သော နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ သူတို့က မြေပြင်တွင် ခေါင်းအပ်ပြီး ဖင်ဖူးခေါင်းထောင်ကာ တွေးတောကြည့်မည်ဆိုလျှင်ပင် ထိုသို့သော ဆုံးဖြတ်ချက်များကို မချမိလောက်ချေ။

ထိုသတင်းက ဘုရင်ချီသို့ ရောက်သွားသောအခါ သူက အစပိုင်းတွင် ကြောင်သွားသည်။ ထို့နောက် လှောင်ရယ် ရယ်သည်။

“ဟမ့် ကြည့်ရတာ ငါတို့ဒီကောင်ကို အထင်ကြီးမိတာပဲ။ ဝမ်ကလန်က ဝူရှန်းကို ရွေးချယ်လိုက်ပြီဆိုမှတော့ ဘဏ္ဍရေးရုံးတော်ကို မြန်မြန်အကြောင်းကြားပြီး ဒီကိစ္စကို မြန်မြန် အကောင်အထည် ဖော်ခိုင်းလိုက်စမ်းပါ။ အချိန်ကြာတာနဲ့ ဝမ်ကလန်က နောင်တရသွားပြီး ပြန်ပြောင်းသွားနိုင်တယ်”

ဝမ်ကလန်အနေဖြင့် ထိုသို့ နိမ့်ကျလွန်းသော အမှားကို လုပ်မိရန်ခက်ခဲသည်။ သူက ဒီအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည်မဟုတ်ပေ။ ထိုသို့ဖြင့် သူက ဝမ်ကလန်က မတုန့်ပြန်နိုင်ခင် အကောင်းဆုံးကြိုးစားကာ ကာကွယ်လိုက်တော့မည်ဖြစ်သည်။

သို့သော် ဘုရင်ချီ၏ ကျေနပ်မှုက ကြာရှည်မခံခဲ့ချေ။ ဘဏ္ဍရေးဌာနကလည်း ဆုံးဖြတ်ချက်ကို လက်ခံကြောင်း အကြောင်းကြားပြီးနောက် အခြေအနေက ပြောင်းပြန်လှန်သွားသည်။ သိပ်မကြာခင် မြို့တော်တစ်ခုလုံးအနှံ့ လူငယ်အမတ်က ဝူရှန်းကို သူ၏အပိုင်စားနယ်မြေအဖြစ် ရွေးချယ်လိုက်ပြီးနောက် အနောက်ဘက်သို့သွားသော ပိုးသားလမ်းကို ဆက်လက်ပြီး စွန့်စားခန်းဖွင့်ရန် ကြိုးစားတော့မည်ဖြစ်ကြောင်း သိလိုက်ကြသည်။

ပို၍ဆိုးသည်မှာ လူငယ်အမတ်က ပိုးသားလမ်းပေါ်တွင် ကြီးမားသော မြို့ကြီးကို ခမ်းနားစွာ တည်ဆောက်ရင်းဖြင့် ဖြတ်သန်းသွားလာသော ကုန်သည်များအတွက် အနားယူရာ နေရာတစ်ခုအဖြစ် ပြောင်းလဲတော့မည်ဖြစ်သည်။ သူက တည်းခိုဆောင်များ၊ စားသောက်ဆိုင်များ၊ လက်ဖက်ရည်စံအိမ်ကြီးများကို တည်ဆောက်ချင်သည့်အပြင် ရိက္ခာ အမြောက်အများကိုလည်း သိုလှောင်ဦးမည်ဖြစ်သည်။ ထိုမြို့ကြီးက ကုန်သည်များအတွက် အထောက်အပံ့ပေးနိုင်သည့် နေရာတစ်ခု ဖြစ်လာနိုင်သလို သူတို့အတွက် အလိုအပ်ဆုံးသော ကာကွယ်မှုကိုလည်း ပေးအပ်နိုင်မည်ဖြစ်သည်။

ထိုသတင်းက ချက်ချင်းလိုလို မြို့တော်တစ်ခုလုံး၏ အင်အားကြီးများသော ဟူများထံ ရောက်သွားသည်။ မြို့တော်၏ အနောက်ပိုင်းနယ်မြေ အာဘတ်ဆစ်ကယ်လီဖိတ်နှင့် ချရာဆပ်ဆင်းနုမှ ကုန်သည်တိုင်းက ဝမ်ကလန်သို့လာကာ သတင်းအကြောင်း စုံစမ်းကြသည်။

ဘယ်အချိန်မြို့ကို တည်ဆောက်မှာလဲ။

ဘယ်လောက်ကြီးမှာလဲ။

နေရာအတိအကျက ဘယ်နေရာမှာလဲ။ အရင်းအမြစ်တွေကို ဘယ်လောက်ထိ ကမ်းလှမ်းနိုင်မှာလဲ...

စသဖြင့် သူတို့ကို စိုးရိမ်စေသည့် မေးခွန်းပေါင်းများစွာကို ထုတ်မေးကြသည်။

ထိုပိုးသားလမ်းက အရှေ့နှင့်အနောက်ကို ဆက်သွယ်ထားသည့် အသက်သွေးကြောလမ်းကြီး တစ်ခုဖြစ်ပြီး အလွန်ကျယ်ကာ ကံဆိုးမှုပေါင်းများစွာကို ကြုံတွေ့နိုင်စွမ်းအားရှိသည်။ ထို့ကြောင့် တိုင်းပြည်ပေါင်းများစွာအနှံ့ ကုန်သွယ်နေသော လူပေါင်းများစွာက ထိုအချက်ကို သိထားကြပြီး ထိုနာမည်ကိုလည်း လူတိုင်းနီးပါးက သိသည်။

ထိုမျှရှည်လျားသော ကုန်သွယ်ရေးလမ်းကြီးတွင် ဓားမြနှင့် သူခိုးများကလည်း ပေါသေးလေရာ လူပေါင်းများစွာအတွက် အလွန်ပြင်းထန်သည့် ဆုံးရှုံးမှုများကို ဆက်တိုက် ဖြစ်ပေါ်နေစေခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်က ပိုးသားလမ်းပေါ်တွင် မြို့တည်မည်ဆိုသော သတင်းက ကုန်သည်တိုင်း၏ အာရုံစိုက်မှုကို ခံလိုက်ရသည်။ သူတို့က အာရုံအစိုက်ဆုံးလည်းဖြစ်သည်။

ထိုမြို့ကသာ အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်ပြီး ဓားမြများ၏ရန်မှ သူတို့ကို ကာကွယ်ပေးနိုင်သည်ဟု ကုန်သည်များက ပျော်ရွှင်စွာဖြင့် ထိုကိစ္စကို အပြည့်အဝ ထောက်ပံ့ပေးကြပေလိမ့်မည်။

သတင်းက လျှင်မြန်စွာဖြင့် ပျံ့နှံ့သွားသည်။ ဘဏ္ဍာရေးရုံးတော်က အပိုင်စားနေရာကို အသိအမှတ် ပြုပြီးသည့် တစ်ရက်တည်းတွင်ပင် ဝမ်ချောင်က သူတော်စင်ဧကရာဇ်က သူ့ကိုချီးမြှင့်သော ရွှေထည်သုံးသန်းကို အလုပ်သမားရေးရာ ရုံးတော်မှ ဆရာသခင် ဗိသုကာပညာရှင် ကျန်းရှို့ကျစ်ထံ ပေးအပ်လိုက်ကြောင်း သိလိုက်ရသည်။

ကျန်းရှို့ကျစ်ကမူ သူ၏တပည့်များကို စတင်အမိန့်ထုတ်ကာ အလုပ်သမားများကို စုဆောင်းခိုင်းနေပြီဖြစ်သည်။

အပြေးခိုနေသော အမျိုးကောင်းသား မျိုးဆက်များကလည်း မည်သူမျှ ထိုသတင်းကိုမရခင် ကျန်းရှို့ကျစ်၏ ယုံကြည်ရသော တပည့်များနှင့် ရင်းနှီးမှုကြောင့် သိသွားကြသည်။ ထိုအချိန်တွင် ဝမ်ကလန်နှင့် ကျန်းရှို့ကျစ်တို့က သတင်းအချက်အလက်များကို ပိတ်ဆို့ထားလေသည်။

ထိုသို့ဖြင့် ပို၍များပြားသော သတင်းများက ထွက်လာသည်။ လူငယ်အမတ်က မြို့တော်မှ အမျိုးမျိုးသော ကလန်တိုင်းကို ကြေညာလိုက်ပြီး ဝမ်ကလန်တစ်ခုတည်းက ထိုပိုးသားလမ်း၏ အပိုင်စားနယ်မြေမှ အကျိုးအမြတ်ကို တစ်ယောက်တည်း စားသောက်မည်မဟုတ်ကြောင်း ပြောလိုက်သည်။ ဝမ်ကလန်ကလည်း မြို့တော်မှ မဟာကလန်ပေါင်းများစွာအတွက် မြို့တော်တည်ဆောက်မှုနှင့် ထိုတည်းခိုဆောင်များ၊ စားသောက်ဆိုင်များ တည်ဆောက်မှု ဖွံ့ဖြိုးတိုးတက်မှုများအားလုံးကို ခွဲဝေပေးရန် ဆန္ဒရှိကြောင်း ပြောထားသည်။ ထို့ကြောင့် လူတိုင်းက ဒီလိမ်းမှအကျိုးအမြတ်ကို ညီတူမျှတူ ခွဲဝေခံစားရမည်ဖြစ်သည်။

ထိုသတင်းကတင် လှိုင်းထောင်ပေါင်းများစွာကို ဖြစ်ပျက်လာစေခဲ့ပြီး မြို့တော်၏ မဟာကလန်ကြီးလည်း ရူးသွပ်မတက် ဖြစ်သွားကြသည်။ ပိုးသားလမ်းမှ ရမည့်အကျိုးအမြတ်က အလွန်ကြီးမားတော့မည်ဟု မည်သူကမျှပင် စိတ်ကူးမယှဉ်ရဲကြပေ။ ထို့ပြင် ဝမ်ချောင်က ထိုနေရာတွင် အပိုင်စားနယ်မြေအဖြစ် ရရှိထားသေးသည်။ ထို့ကြောင့် မည်သူကမျှ သူနှင့်မယှဉ်နိုင်သည်မှာ သေချာသည်။ ဒါက အလွန်ကြီးမားသော စီးပွားရေးလုပ်ငန်းကြီဖြစ်သည်။

ဝမ်ချောင်ကသာ လူတိုင်းအတွက် ဒီစီးပွားရေးအဖွင့်ကို ဖွင့်ပေးမည်ဆိုလျှင် မဟာကလန်ကြီးပေါင်း များစွာက မမျှော်လင့်ထားသော ကံကြမ္မာကောင်းကို ပိုင်ဆိုင်မည်ဖြစ်သည်။ သာမာန် စီးပွားရေး ကိစ္စများနှင့် မတူညီသည်မှာ ဒါကရိုးရိုးသားသား ကုန်သွယ်သောကိစ္စ မဟုတ်တော့ချေ။ ဝင်ပါလိုက်ခြင်းအားဖြင့် ကလန်တိုင်းက အဆုံးမသတ်နိုင်သော အကျိုးကျေးဇူးများကို ဆက်တိုက် ရရှိတော့မည်ဖြစ်သည်။

မည်သည့် ကလန်ကြီးကမျှ ဒီလိုကမ်းလှမ်းမှုမျိုးကို မငြင်းဆန်ချေ။ ဝမ်ချောင်က ပါးစပ်ဟလိုက်သည်နှင့် သူတို့အားလုံးက တစ်ယောက်ယောက် ကျော်ဖြတ်ကာ သူ၏ကလန်တံခါးဝသို့ ရောက်ရှိနေကြမည်ဖြစ်သည်။ ဝမ်ကန်းကလည်း လျှင်မြန်စွာဖြင့် လုပ်ဆောင်လိုက်သည်။ ဝမ်ချောင်၏ ဝူရှန်းကိုယူရန် ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက်ကို သူကအပြည့်အဝ ထောက်ခံထားသည်။ ပို၍ဆိုးသည်မှာ ဝမ်ကန်းကလည်း အပြင်လူများကို ဝမ်ချောင်၏ ဆုံးဖြတ်ချက်များက ဝမ်ကလန်တစ်ခုလုံး၏ ဆုံးဖြတ်ချက်ဖြစ်ကြောင်း သက်သေပြုထားခြင်းဖြစ်သည်။ ဝမ်ကလန် ရာထူးအကြီးဆုံးလူမှ အောက်ခြေလူတိုင်းအထိ လူတိုင်းက ဝူရှန်းမှ မြို့တည်ဆောက်သည့်ကိစ္စကို အပြည့်အဝ ထောက်ခံ့ပေးထားတော့သည်။

နောက်ဆုံးရသော သတင်းနှင့်အတူ အရာအားလုံးက အဆင်ပြေသွားသည်။ ဝူရှန်းတွင် မြို့တည်ဆောက်သော ကိစ္စက ချက်ချင်းလိုလို မြို့တော်မှ လူပြောအများဆုံးကိစ္စ ဖြစ်သွားသည်။ ကလန်ပေါင်းများစွာမှ ခေါင်းဆောင်တိုင်းက ကိုယ်တိုင်ကိုယ်ကျ ဝင်ပါရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုသို့ဖြင့် ဝမ်ကလန်ကို အထူးတလည် လာရောက်တွေ့ဆုံကြပြီးနောက် ရွှေထည်များနှင့် ရတနာများကို လက်ဆောင်ပေးကြသည်။

ထိုသို့ဖြင့် ဝမ်ချောင်၏ မြို့တည်ဆောက်မည်ဆိုသော ကိစ္စက အမြဲတစေ ထည့်ပြောခံရသော ကိစ္စကြီးတစ်ခု ဖြစ်လာသည်။

“စစ်ယဲ့ ငါဒီကိစ္စကို ခင်ဗျားနဲ့ပဲ လွှဲထားပေးလိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားအကောင်းဆုံး ကြိုးစားပြီး ဝူရှန်းကလူတွေကို ခင်ဗျားရဲ့လူတွေအဖြစ် ပြောင်းလဲအောင်လုပ် သူတို့ကို လူသစ်အဖြစ် စုဆောင်းတာပဲဖြစ်ဖြစ် ချော့ချော့မော့မော့နဲ့ နားချတာပဲဖြစ်ဖြစ် အညံ့ခံအောင် သိမ်းသွင်းတာပဲဖြစ်ဖြစ် ဘယ်နည်းလမ်းကိုမဆို အသုံးပြုပါ”

သူ၏စာကြည့်ဆောင်ထဲတွင် ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က မျက်နှာချင်းဆိုင် ရောက်နေကြသည်။ သူ၏ခါးမှ တံဆိပ်ပြားကို ယူပြီးနောက် ဝမ်ချောင်က လီစစ်ယဲ့ကိုပေးသည်။

“ဒါကငါ့ရဲ့ အမတ်တံဆိပ်ပြားပဲ။ ခင်ဗျားနဲ့အတူ ယူသွား။ လိုအပ်လာရင် ခင်ဗျားက ချီးရှီကာကွယ်ရေးတပ်၊ ပေ့ထင် ကာကွယ်ရေးတပ်နဲ့ အနီးအနားက ကာကွယ်ရေးတပ်တွေက ဘယ်စစ်တပ်က စစ်သည်တော်တွေကိုမဆို လွှဲပြောင်းယူပြီး ခင်ဗျားရဲ့လက်အောက်မှာ အလုပ်လုပ်ခိုင်းလို့ရတယ်။ ဝူရှန်းက လူတွေက အင်အားကြီးမားတဲ့လူတွေကို ကိုးကွယ်ဆည်းကပ်လိမ့်မယ်။ ဒါပေမဲ့ အင်အားသုံးတာက အကျိုးအမြတ်ကောင်းကို ရရှိစေမှာမဟုတ်ဘူး။ ဒါကြောင့် ခင်ဗျားက မယုံနိုင်စရာကောင်းတဲ့ အင်အားသပ်သပ်ကို ပိုင်ဆိုင်ထားရုံတင်မဟုတ်ဘဲ ဉာဏ်ပညာရှိရှိ ဖြောင့်မတ်မှန်ကန်မှုရှိရှိနဲ့ အောင်နိုင်မှုရအောင် ကြိုးစားသင့်တယ်”

“ဟုတ်ကဲ့ ဒီဗိုလ်ချုပ်က အခုချက်ချင်း ထွက်သွားလိုက်ပါ့မယ်”

လီစစ်ယဲ့၏ မျက်လုံးထဲတွင် သံသယများက တစ်စွန်းတစ်စ ရှိနေသော်လည်း လျှင်မြန်စွာဖြင့်ပင် ဂါရဝပြုလိုက်သည်။

လီစစ်ယဲ့က ဝူရှန်းအကြောင်း မကြားဖူးချေ။ ဝမ်ချောင်က မည်သည့်အတွက်ကြောင့် ထိုနေရာကို အလေးထားနေကြောင်းကိုလည်း သူကမသိချေ။ သို့ရာတွင် စစ်သည်တော်များ၏ တာဝန်က အမိန့်ကို နာခံရန်ဖြစ်ပြီး လီစစ်ယဲ့ကိုယ်တိုင်ကလည်း ဝမ်ချောင်က မည်သို့ ဆုံးဖြတ်နေစေကာမူ အကြောင်းပြချက် ရှိမည်မှန်း ယုံကြည်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်၏ တံဆိပ်ပြားကိုယူပြီး လီစစ်ယဲ့က လျှင်မြန်စွာဖြင့် ထွက်ခွာသွားသည်။

အရာအားလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏ မျက်လုံးထက်မှ အမူအရာကမူ ချက်ချင်းလိုလို ငြိမ်းချမ်းသွားတော့သည်။ ဝူရှန်းက အင်အားကြီးသူကို ကိုးကွယ်လေရာ အလွယ်တကူ အညံ့ခံမည်မဟုတ်ချေ။ မဟုတ်လျှင် သူတို့ကို သိမ်းသွင်းပြီးသော လူများက ရှိနေလောက်ပြီးလေပြီ။ သို့မဟုတ်လျှင် သူတို့က တိုင်းတစ်ပါးသားမှ ကျူးကျော်လာကာ အညံ့ခံသွားလောက်ပြီး အနည်းငယ်သာ ကျန်ရစ်တော့မည်လည်း မဟုတ်ချေ။

သို့သော် ဝမ်ချောင်က လီစစ်ယဲ့အတွက်မူ စိုးရိမ်စရာ မလိုအပ်ချေ။ မည်သို့ပင်ဆိုစေ လီစစ်ယဲ့က အနာဂတ်မှ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာမည်ဖြစ်ပြီး သူ၏ခွန်အားနှင့် သတ္တိကို မှီခိုရုံနှင့် စစ်ပွဲ၏ကိစ္စများကို ကောင်းမွန်စွာ ကြိုးဆွဲနိုင်စွမ်းအားရှိသည်။ ထို့ပြင်သူ၏ ကိုယ်ပိုင် ထူးခြားသော ဆွဲဆောင်မှုပြင်းသည့် အရှိန်အဝါတစ်ခုကတင် လက်နက်ပေါင်းများစွာကို အနိုင်ရနိုင်သည်။

ဗဟိုပြင်ကျယ် တစ်ခုလုံးတွင် လီစစ်ယဲ့ကသာ သူ၏ကိုယ်ပိုင်အင်အားကိုသုံးပြီး တပ်ဖွဲ့များကိုစုစည်းကာ တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်စွမ်းအား ရှိခြင်းဖြစ်သည်။ ထို့ပြင် သူက စစ်ဗျူဟာနှင့် ဉာဏ်ပညာပိုင်းတွင် ညံ့ဖျင်းခဲ့သည့်တိုင်အောင် အောင်နိုင်မှုကို ရရှိခဲ့သည်ကလည်း ထိုအချက်ကြောင့်ဖြစ်သည်။ လီစစ်ယဲ့က ဝူရှန်းကို အညံ့ခံအောင် မလုပ်နိုင်လျှင် မည်သူကမျှ မလုပ်နိုင်လောက်တော့ချေ။ ယခုအခါ မြို့ကိုမည်သို့ တည်ဆောက်မည်နည်းဟု တွေးတောရန်သာ လိုအပ်တော့သည်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က အတွေးပေါင်း မြောက်များစွာမှ ရုန်းထွက်ပြီးနောက် စာကြည့်ဆောင်ထဲမှထွက်သည်။

ဝမ်ကလန်၏ ဧည့်သည်ခန်းမထဲတွင် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်တစ်ခုက ထိုင်နေသည်။ မျက်နှာကလည်း သွေးရောင်လွှမ်းနေပြီး တက်ကြွသောလေထုကို လွှတ်ထုတ်လျှက် လက်ဖက်ရည်သောက်နေသည်။

“သခင်လေး”

ဝမ်ချောင်ကိုမြင်သည်နှင့် ကျန်းရှို့ကျစ်က ချက်ချင်းလိုလို လက်ဖက်ရည်ခွက်ကို ချလိုက်လေရာ လျှာတွင် အပူလောင်လုနီးပါး ဖြစ်သွားသည်။ သူက မတ်တပ်ထရပ်သည်။

“ကျွန်တော် ခင်ဗျားကို အကြာကြီး စောင့်ခိုင်းမိပြီ”

ဝမ်ချောင်က ပြုံးနေပြီးနောက် ကျန်းရှို့ကျစ်ကို ပြန်ထိုင်ခိုင်းလိုက်သည်။ သူကိုယ်တိုင်ကလည်း မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်သည်။

“ဟား ဟား သခင်လေးက ဧည့်သည်လက်ခံမယ်လို့ ကြားကတည်းက ကျွန်တော် သူတို့ကိုလည်း သွားမနှောက်ယှက်ဖို့ ပြောထားပြီးသားပါ။ ဒါပေမဲ့ သခင်လေးရောက်လာကြောင်း အကြောင်းကြားမခံရခင် ပေါ်လာမယ်လို့ မထင်ထားဘူး”

ကျန်းရှို့ကျစ်က ပြုံးပြီးပြန်ထိုင်လိုက်သည်။

“မဟာကလန်ကြီးတွေက အချို့လူတွေက ခင်ဗျားကို ဆက်သွယ်လာမှာပဲ မဟုတ်ဘူးလား”

ဝမ်ချောင်က လက်ဖက်ရည်သောက်လျှက် ပြောလိုက်သည်။

“ဟား ဟား သခင်လေးရဲ့ ကောင်းချီးကြောင့် လူတိုင်းက ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေကြတာ။ အားလုံးက အကျိုးအမြတ် လိုချင်ကြတယ်လေ။ ကျွန်တော် ရေတွက်ကြည့်ရမယ်ဆိုရင် မြို့တော်ရဲ့ မဟာကလန် ရှစ်ဆယ်ရာခိုင်နှုန်းလောက်က ကျွန်တော်ကို လာရှာကြတယ်။ ကျွန်တော်က ရွှေထည်တွေ ပုလဲတွေ အခြားရတနာတွေ သန္တာကျောက်တန်းတွေ အများကြီးကို ကိုင်တွယ်နေရလွန်းလို့ လက်တွေက နူးညံ့တော့မတက်ပါပဲ”

“ကျန်ရှိတဲ့ ဆယ်ရာခိုင်နှုန်းကတော့ သူတို့က အင်အားလို့ လှုပ်ရှားမှုမရှိလို့ သူတို့ကိုယ်တိုင် အခြားကလန်တွေနဲ့ ရင်ဆိုင်နိုင်မယ်လို့ ယုံကြည်ထားလို့ မလာကြတာပါပဲ”

ကျန်းရှို့ကျစ်က ပြုံးလျှက်ပြောသည်။ ပိုးသားလမ်းမှ အပိုင်စားနယ်မြေကိစ္စနှင့် ဝမ်ချောင်နှင့် သူ၏ဆက်ဆံရေးကြောင့် သူက မြို့တော်တွင် ကျော်ကြားသော ပုဂ္ဂိုလ်ကြီးတစ်ယောက် ဖြစ်လာသည်။ ထို့ကြောင့် သူ့ကို လက်ဆောင်အပြည့်ဖြင့် လာရောက်တွေ့ဆုံသော လူများက စီတန်းမည်ဆိုလျှင်ပင် မြို့တော်၏ အရှေ့ဘက်မြို့ရိုးမှ စတင်ပြီး အနောက်ဘက်မြို့ရိုးထိ ရောက်လောက်သည်။ ယခင်ကသူ မည်မျှအေးစက်စွာ ဆက်ဆံခံရကြောင်း တွေးမိသောအခါ လက်ရှိအခြေအနေက မယုံနိုင်စရာ ကောင်းလွန်းသည်။

“ဒါပေမဲ့ သခင်လေး ဒီလူတွေ အများကြီးနဲ့ဆိုရင် ကျွန်တော်ပိုင်ဆိုင်ထားတဲ့ ကြွယ်ဝမှုတွေကို စိုးရိမ်လာပါတယ်။ ဒါကြောင့် သခင်လေးအနေနဲ့ ကျွန်တော် ဒီလူတွေဆီက လက်ဆောင်တွေ လက်ခံသင့် မခံသင့်ကို ဆုံးဖြတ်ပေးဖို့ တောင်းဆိုပါတယ်”

“ရွေးရမယ်ဟုတ်လား ဘာလို့ ကျွန်တော်တို့က ရွေးရမှာလဲ။ အားလုံးကို လက်ခံလိုက်”

ဝမ်ချောင်က ရယ်ပြီးနောက် စားပွဲေ့ပါ်မှ ကိတ်မုန့်ကိုယူစားသည်။

“အာ”

ဝမ်ချောင်၏စကားက ကျန်းရှို့ကျစ်ကို မျက်လုံးပြူးစေသည်။ သခင်လေးက လူတိုင်းထံမှ လက်ဆောင်လိုချင်မည်ဟု မထင်ထားမိချေ။

မြို့တော်မှာ မရေမတွက်နိုင်သော မဟာကလန်ကြီးတွေ ရှိတာ။ ဒါဆိုရင် ဝမ်ကလန်က လူတိုင်းကို မျက်နှာသာ ပြန်ပေးနေရတော့မယ်မဟုတ်လား။

“ဟ သူတို့က ပေးချင်တယ်ဆိုမှတော့ ဘာလို့ ကျွန်တော်တို့က လက်မခံရမှာလဲ။ ပိုဆိုးတာက ကျွန်တော်တို့က ကတိတည်ပါမယ်လို့ စိုးရိမ်စရာမလိုဘူးလေ။ ကျွန်တော်က ပိုက်ဆံများများရလေလေ မြို့ကို ပိုကြီးကြီး တည်ဆောက်နိုင်လေလေပဲ။ ဒီတော့ မြို့က ပိုကြီးလေလေ အထဲမှာရှိတဲ့ စားသောက်ဆိုင်တွေ၊ တည်းခိုဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေက ပိုများလေလေပဲ။ ဒီတော့ ကတိမတည်စရာအကြောင်း မရှိတော့ဘူးမဟုတ်လား”

ဝမ်ချောင်က ခပ်အေးအေးပြုံးသည်။

ထိုအခါမှသာ ကျန်းရှို့ကျစ်၏စိတ်တွင် အလန့်တကြား အချက်ပေးသံများက မြည်ဟီးလာသည်။ ဝမ်ချောင်က မြို့တော်မှ မဟာကလန်များ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကိုပင် လက်ကမ်းကြိုဆိုချင်ပြီး ဒီစီမံကိန်းထဲသို့ ခေါ်ဆောင်လိုနေသည်။ ထိုသို့သော အရာမျိုးက ကျန်းရှို့ကျစ်ကပင် စိတ်ကူးမယဉ်ရဲသည့် စိတ်ကြီး ဖြစ်နေလေသည်။

All Chapters