အခန်း (၆၉၁-၆၉၅)
Vol. 36 Ch. 691-695
အခန်း(၆၉၁)
ရုတ်တရက်ဆိုသလို ရထားလုံးက ရပ်သွားသည်။ ထိုအမျိုးသမီးက မျက်လုံးအပြူးသားဖြင့် အော်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ။ ဘာလို့ ရပ်သွားတာလဲ”
“မိန်းကလေး တစ်ယောက်ယောက်က လမ်းကြောင်းကို ပိတ်ထားပါတယ်”
အပြင်မှ ရထားလုံးမောင်းနှင်သူက ပြောသည်။
“ဘယ်သူလဲ ဒီနေရာမှာ ရထားလုံးတွေကို ရပ်ပိုင်ခွင့်မရှိအောင် တားမြစ်ထားတာကို နားမလည်ဘူးလား”
သူမက မျက်လုံးပြူးကျယ်စွာဖြင့် ဒေါသတကြီး အော်လိုက်သည်။ ထိုအချိန်တွင် ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။
“မင်းကသွားချင်ကတည်းက ဘာလို့အရင်ဆင်းပြီး နှုတ်ဆက်စကား မပြောတာလဲ”
အမျိုးသမီး၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမက မိုးကြိုးအပစ်ခံရသလိုမျိုး တဆတ်ဆတ် တုန်နေသည်။ ရထားလုံးအပြင်က အလွန်တိတ်ဆိတ်နေသည်။ အမျိုးသမီးက ဘာစကားမျှ မဆိုချေ။ အပြင်မှလူကလည်း အထဲမှအဖြေကို တိတ်တဆိတ် စောင့်ဆိုင်းနေသည်။ ဘယ်သူကမှ ဘာမှ မလုပ်ကြသောအခါ ထိုနေရာတွင် သေလောက်အောင် ခြောက်ခြားဖွယ် တိတ်ဆိတ်မှုကသာ ကြီးစိုးသွားတော့သည်။ အမျိုးသမီး၏ မျက်နှာရှိ အသားအရောင်က ချက်ချင်းလိုလို ပျက်ယွင်းသွားသည်။ သူမ၏ မျက်ဝန်းထဲတွင်ရှိသော ခံစားချက်များကလည်း ရှုပ်ထွေးနေသည်။ အချိန်တစ်ခု ကြာပြီးမှသာ သူမက မလွတ်မြောက်နိုင်ကြောင်း နားလည်လိုက်၍လည်း ဖြစ်လောက်သည်။ သူမက ညင်သာစွာ သက်ပြင်းချပြီး ဟန်အမူအရာ ပြန်ထိန်းလိုက်သည်။
ခလွပ်
ရထားလုံး၏တံခါးက ပွင့်သွားပြီး အမျိုးသမီးက အပြင်သို့ထွက်လာသည်။ ရှေ့တွင် ရွှေရောင်ရထားလုံးက ရပ်ထားသည်။ ရထားလုံးက အလွန်းခမ်းနားသည်။ သို့သော် သူမရထားလုံး၏ရှေ့မှ ပိတ်ထားသည်။ အရှေ့မှ ပိတ်ထားသော ရထားလုံးကို နဂါးများပုံသဏ္ဍန်ဖြင့် အလှဆင်ထားကတည်းက ပိုင်ရှင်က အလွန်အဆင့်အတန်း မြင့်မားကြောင်း သိသာစေသည်။
ရထားလုံး၏အရှေ့တွင် လူအတန်းလိုက် ရှိနေသည်။ သို့သော် အလယ်အကျဆုံးနေရာတွင် ရှိနေသည်မှာ ငယ်ရွယ်ကာ ချောမောသော မင်းသားငါး လီဟန်ဖြစ်သည်။
“အရှင့်သား”
တုကျစ်ချီက လီဟန်ကို အနည်းငယ်ကုန်းကာ ဂါရဝပြုသည်။ သူမ၏ ဟန်အမူအရာက သဘာဝဆန်ပြီး အထိတ်တလန့်လည်း ဖြစ်မနေချေ။ ဒါကဒီအတိုင်း မတော်တဆ တွေ့ဆုံသည့်အလား ထင်ရသေးသည်။
“အရှက်မရှိတဲ့မိန်းမ ဒီလိုအခြေအနေ ရောက်တာတောင် ဟန်ဆောင်ချင်နေတုန်းလား။ ငါတို့ရဲ့ အရှင့်သားက မင်းကိုရိုးသားတဲ့ စိတ်ရင်းနဲ့ ဆက်ဆံခဲ့တယ်။ ဒါတောင်မှ မင်းကအရှင့်သားကို ဒုက္ခပေးချင်ခဲ့တယ်။ တိရိစာ္ဆန်ထက်တောင် မသာတဲ့မိန်းမ”
လီဟန်က ဘာမှမဆိုနိုင်သေးခင် လီကျင်းကျုံးက ရှေ့တက်လာပြီး ဒေါသတကြီး အော်သည်။ သူ၏အကြည့်ကသာ သတ်နိုင်လျှင် တုကျစ်ချီက မရေမတွက်နိုင်အောင် သေဆုံးသွားလောက်ပြီးလေပြီ။
“ဦးလေးကျင်း”
လီဟန်က ရုတ်တရက်အော်သည်။ သို့သော် သူ၏အကြည့်ကမူ တုကျစ်ချီထံမှ အရှက်မရှိ ဖယ်ခွာသွားခြင်း မရှိချေ။
လီကျင်းကျုံး၏ ခန္ဓာကိုယ်က လှုပ်ခါသွားသည်။ သူကလည်း ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်စွမ်းအား ကင်းလွတ်သွားကြောင်း နားလည်လိုက်လေပြီး တိတ်ဆိတ်သွားတော့သည်။
တုကျစ်ချီက မည်ကဲ့သို့သောလူမျိုး ဖြစ်နေစေကာမူ သူမက မည်သို့သောလူမျိုးကို လုပ်ခဲ့စေကာမူ အနည်းဆုံး သူမက မင်းသားငါး၏ အမျိုးသမီး ဖြစ်နေသေးသည်။ ပို၍ဆိုးသည်မှာ မင်းသားငါးက သူမကို စိတ်ရင်းဖြင့် ဆက်ဆံခဲ့ပြီး အလွန်မြတ်နိုးသည်။ မင်းသားငါးက ဒီနေရာတွင် ရှိနေကတည်းက လီကျင်းကျုံးက စကားပြောပိုင်ခွင့် မရှိချေ။
“ဘာလို့လဲ”
လီဟန်က သူမကိုကြည့်သည်။
“အရှင့်သား ဘာဖြစ်လို့ပါလဲ။ အရှင့်သားဘာလို့များ ဒီနေရာကို ရောက်နေတာပါလဲ”
တုကျစ်ချီကလည်း အံ့အားတကြီးမေးသည်။
“ဘာလို့လဲ”
လီဟန်က ဆက်မေးသည်။ သူ၏အမူအရာ လေသံက ပြောင်းလဲခြင်းမရှိချေ။
“အရှင့်သား ကျစ်ချီ တစ်ခုခုများ အမှားလုပ်မိလို့လား။ အရှင့်သား ဒေါသမထွက်ပါနဲ့။ ကျစ်ချီကိုပြောပါ ကျစ်ချီအမှားမဖြစ်အောင် ပြင်ပါ့မယ်”
တုကျစ်ချီက ကြောက်လန့်တကြားဆိုသည်။
“ဒီလိုအခြေအနေမျိုးမှာတောင်မှ မင်းက ဒီမင်းသားကို ထပ်ပြီး လှည့်စားချင်နေတုန်းပဲလား”
လီဟန်က ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီးနောက် မျက်လုံးကိုမှိတ်လိုက်သည်။ သူ၏ခန္ဓာကိုယ်က နာကျင်မှုကြောင့် တုန်ယင်လာသည်။
သူအယုံကြည်ရဆုံး အမျိုးသမီး ညတိုင်း သူ၏အနားတွင် အိပ်စက်ခဲ့သော ထိုအမျိုးသမီး သူ၏ နှလုံးသားကိုပင် လိုလိုချင်ချင်ဖြင့် ထုတ်ပေးရန် ဆန္ဒရှိသော တစ်စုံတစ်ယောက် သူ၏နှလုံးသားဖြင့် ကမ်းလှမ်းခဲ့ပြီး စိတ်ရင်းဖြင့် ချစ်မြတ်နိုးခဲ့ရသော တစ်စုံတစ်ယောက်က အခြားလူလွှတ်ထားသော သူလျိုဖြစ်နေသည်။
သူမ၏ပါးစပ်တွင် ချစ်ခင်ကြောင်း လေးစားကြောင်း စိတ်ရင်းနှင့်ပတ်သတ်သည့် စကားလုံးများစွာ ထုတ်ပြောခဲ့ဖူးသည်။ အချိန်တိုင်းလိုလို သူမကထိုသို့ ချစ်မြတ်နိုးကြောင်း ပြနေခဲ့သည့်တိုင်အောင် သူမကသူ့ကို လမ်းဆုံးရောက်အောင် တွန်းပို့သည်ထက် မပိုနေခဲ့ချေ။ ဒီလိုအခြေအနေမျိုးတွင်ပင် သူမကသူ့ကို ထပ်ပြီး လှည့်စားချင်နေခဲ့သည်။
“အရှင့်သား ကျစ်ချီက အရှင့်သားကို မနှုတ်ဆက်ဘဲ ထွက်သွားတဲ့အတွက် အရှင့်သားက အပြစ်တင်ချင်တာပါလား။ ကျစ်ချီလည်း မှားမှန်းသိပါတယ်။ ဒါပေမဲ့ ကျစ်ချီက ညီမဖြစ်သူဆီကနေ စာရလာလို့ပါ။ အမေက ပြင်းပြင်းထန်ထန် ဖျားနာနေလို့ ကျစ်ချီအမြန်ဆုံး ပြန်သွားမှဖြစ်မှာပါ”
တုကျစ်ချီကပြောသည်။ သူမက ခေါင်းကိုငုံ့ထားသည်။ သူမမျက်နှာကမူ ပျက်ယွင်းသော မျက်နှာထားနှင့် တောင့်တင်းနေသည်။
“ဒီမင်းသားရဲ့ စာကြည့်ဆောင်ထဲမှာ စာအုပ်သုံးထောင်ကျော်ရှိတယ်။ အဲ့ဒီနေ့က ဒီမင်းသားရဲ့ စာကြည့်ဆောင်ထဲမှာ မင်းပဲထောင့်နားမှာရှိတဲ့ ဘုတ်ပြားတစ်ခုအောက်ကို အဲဒီစာရင်း ထည့်လိုက်တာကို မြင်ခဲ့ရတာ”
“တော်ဝင်ခမည်းတော်က လူလွှတ်ပြီး စာရင်းကို ယူခိုင်းတဲ့အချိန်မှာ မင်းက ဒီစာအုပ်သုံးထောင်ကိုတော့ မထိခဲ့ဘူး။ ဒါပေမဲ့ အဲ့ဒီဘုတ်ပြားအောက်က စာရင်းကိုတော့ ယူသွားခဲ့တယ်။ ဒါပေမဲ့ မင်းက ဘုတ်ပြားကို ခွဲခဲ့တာမျိုးလည်း မရှိဘူး။ အခန်းကို မရင်းနှီးတဲ့လူဆိုရင် ဒီလိုဘယ်လို လုပ်နိုင်ပါ့မလဲ။ ဒီမင်းသားကို ပြောစမ်းပါ။ မင်းကလွဲပြီး ဘယ်သူကများ ဒီလိုလုပ်နိုင်မှာလဲ။ မင်းကလွဲပြီး ဒီစာရင်းက အဲ့ဒီနေရာမှာရှိတာကို ဘယ်သူက သိနိုင်မှာလဲ”
လီဟန်က မျက်လုံးကိုမှိတ်လျှက် ပြောသည်။
တုကျစ်ချီ၏ပုခုံးက တသိမ့်သိမ့် တုန်သွားပြန်သည်။ အချိန်တစ်ခု ကြာသည်အထိ သူမတွင် ပြောစရာစကား မရှိတော့ချေ။ သူတော်စင်ဧကရာဇ်က လူလွှတ်ရှာခိုင်းခဲ့သော လူများကလည်း စာအုပ်များကိုပင် လှန်လောရှာဖွေခြင်းမရှိဘဲ စာရင်းကိုတိုက်ရိုက် ယူသွားမည်ဟုလည်း မထင်ထားမိချေ။
“အရှင့်သား ကျွန်တော် ကျွန်တော်မျိုးမ ဘာမှမသိပါဘူး။ တစ်ယောက်ယောက်က ကျွန်တော်မျိုးမကို စွပ်စွဲပြီး ချောက်ချနေတာပါ”
တုကျစ်ချီက မြေပြင်တွင် ဒူးထောက်ချလိုက်လျှက် ထိုသို့ အလောတကြီးပြောသည်။
“ဒီမိန်းမက အခုအချိန်ထိတောင် ပါးစပ်ပိတ်ထားတုန်းပဲ”
လီကျင်းကျုံးက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူ၏နှလုံးသားထဲတွင် ဒေါသများက ပြည့်နှက်လာသည်။
“မင်းငါ့ကို ဝန်မခံရင်လည်း ပြဿနာမရှိပါဘူး။ ဒီမင်းသားကို ပြောပါဦး။ မင်းရဲ့ညီမ ပို့လိုက်တဲ့စာက ဘယ်မှာလဲ။ သိပ်မကြာသေးဘူးဆိုကတည်းက မင်းရဲ့ကိုယ်ပေါ်မှာ ရှိနေမှာပဲ”
လီဟန်၏အသံက သူမ၏နားထဲသို့ ဝင်ရောက်လာသောအခါ တုကျစ်ချီ၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူမ၏ လှပသောမျက်နှာက သေလုခြောက်ခြားဖွယ် ဖြူဖျော့သွားပြီး သွေးက ကင်းမဲ့လာသည်။ သူမ၏ ညီမဖြစ်သူက မိခင်ဖြစ်သူ ဖျားနာကြောင်း စာပို့ခဲ့သည်ဆိုသော ကိစ္စက သူမဒီအတိုင်း တွေးမိ၍ ပြောလိုက်သော အကြောင်းပြချက် တစ်ခုသာလျှင်ဖြစ်သည်။ သူမတွင်လည်း မည်သည့်စာမျှ ရှိမနေခဲ့ချေ။ သူမက ရေးချင်လျှင်ပင် အချိန်မရှိတော့ချေ။
“ဟမ့် မင်းက ကိုယ့်အတွက်ကို ဆင်ခြေပေးဖို့တော့ တော်တော်လေးကို ဉာဏ်ကောင်းတာပဲ။ အခု ဘာပြောစရာများ ရှိသေးလဲ”
လီကျင်းကျုံးကလည်း နှာခေါင်းရှုံ့ကာ လှောင်ရယ် ရယ်သည်။
မင်းသားငါးက ဉာဏ်ကောင်းလွန်းသူဖြစ်သည်။ သူမ၏ အလိမ်အညာထဲမှ ပြစ်ချက်ကို ချက်ချင်း ဖမ်းမိနိုင်သည်။
“မင်းကို အစ်ကိုသုံးက ပို့လိုက်တာမဟုတ်လား”
လီဟန်က မေးသည်။
“အရှင့်သားကလည်း ဒါကကျစ်ချီဆိုတာကို သေချာနေမှတော့ အခုအချိန်မှာ ပြောစရာမရှိတော့ပါဘူး။ အရှင့်သား ဆန္ဒရှိသလိုသာလုပ်ပါ။ ကျွန်တော်မျိုးမကို သတ်သတ် အသားအရည်တွေကိုပဲ ဖြတ်တောက်ဖြတ်တောက် အရှင့်သားသဘောပါပဲ”
တုကျစ်ချီက အံ့ကိုကြိတ်လိုက်သည်။ သူမ၏လက်ကလည်း ဘေးဘက်တွင် ကျသွားသည်။ သူမက အညံ့ခံလိုက်သလိုမျိုး ရှိနေသည်။
“ခေါင်းမော့ပါ ဒီမင်းသားရဲ့ရှေ့မှာ ဒူးမထောက်ပါနဲ့”
လီဟန်က မျက်လုံးကိုမှိတ်ထားလေသည်။ သူ၏လေသံက စိတ်ပျက်လက်ပျက် ဖြစ်နေလေသည်။
“ငါတို့ရဲ့ ချစ်ခြင်းက ဒီနေရာမှာ အဆုံးသတ်သွားပြီ။ ဒီနေ့ဒီအချိန်ကစပြီး ငါမင်းကို မသိသလို မင်းကလည်းငါ့ကို မသိရဘူး။ ငါတို့နှစ်ယောက်ကြားမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးက အိမ်မက်သပ်သပ်ပဲ။ မင်းက ငါမှားယွင်းပြီး ဆုံးဖြတ်ခဲ့မိတဲ့ လူတစ်ယောက်ပဲ။ ကောင်းပြီ ထွက်သွားတော့”
တုကျစ်ချီက မြေပြင်တွင် ဒူးထောက်နေသေးသည့် သူမ၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေသလို မျက်နှာက ယခင်ကထက်ပင် ပို၍ဖြူဖျော့သွားသည်။
“အရှင့်သား”
လီကျင်းကျုံးကအော်သည်။ လီဟန်က ထိုသို့တုန့်ပြန်မည်ဟု မထင်ထားမိချေ။ လီဟန်က သူမကို အနည်းဆုံး ဖမ်းဆီးမည်ဟု ထင်ခဲ့သည်။ သို့သော် လီဟန်က သူမကို ဒီတိုင်းလွှတ်ပေးလိုက်မည်ဟု မထင်ထားချေ။
“ဦးလေးကျင်း ပြောစရာမလိုတော့ပါဘူး။ ဒီမင်းသား ဆုံးဖြတ်ပြီးပြီ”
လီဟန်က လက်ကိုကာလိုက်လျှက် လီကျင်းကျုံးကိုတားသည်။ သူ၏အသံ သူ၏မျက်နှာ အမူအရာက ငြင်းဆန်ခွင့်မပြုချေ။ မှင်သက်သွားသော လီကျင်းကျုံးကလည်း စကားဆက်မပြောနိုင်တော့ချေ။ ပြောရလျှင် သူလီဟန်ကို ခစားခဲ့သည့် အချိန်ကာလများထဲတွင် ယခုလောက်အထိ အာဏာသံပါပြီး ငြင်းဆန်ရ ခက်ခဲစေသော အမူအရာမျိုးကို မမြင်ခဲ့ဖူးချေ။
အရှင့်သားက အရွယ်ရောက်လာပြီ။
လီကျင်းကျုံးက ချက်ချင်းလိုလို နောက်ဆုတ်လိုက်သည်။
အမျိုးသမီး တစ်ယောက်နှင့် ပတ်သတ်ပြီး ဒီမတော်တဆမှုက ရခဲ့သည့် လီဟန်အတွက် သင်ခန်းစာနှင့် ရင့်ကျက်မှုက အဖိုးတန်လွန်းသည်။ ထိုဘက်ထောင့်မှကြည့်သော် ဒီအတွေ့အကြုံကို ရနိုင်ခြင်းကလည်း မဆိုးရွားတော့ချေ။ ကြည့်ရသည်မှာ အရှင်အမတ်က အရာအားလုံးကို ခန့်မှန်းနိုင်ခဲ့လောက်သည်။ လီကျင်းကျုံးက လွန်ခဲ့သော ရက်အနည်းငယ်ခန့်က ကိစ္စကို ပြန်တွေးမိလောက်သည်။ ထိုအချိန်က ဝမ်ချောင်က မင်းသားငါးက မည်သို့ပင်ဆုံးဖြတ်စေကာမူ သူ့ကို ဝင်မစွက်ဖက်သင့်ကြောင်း အထူးတလည် မှာကြားခဲ့သည်။
“အရှင့်သား ကျွန်တော်မျိုးမ ဒီလိုစကားမျိုးကိုပြောဖို့ နောက်ကျသွားမှန်း သိပါတယ်။ ကျစ်ချီကလည်း ဒီကျစ်ချီရဲ့ တစ်ဘဝလုံး အရှင့်သားရဲ့ ကြင်နာမှုတွေကို ပြန်ပေးဆပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်မျိုးမရဲ့ နှလုံးသားထဲမှာ အရာအားလုံးကို ထွင်းထုလို့ မှတ်သားထားမှာပါ။ ကျစ်ချီက နှုတ်ဆက်ပါတယ်”
သူမ၏မျက်ဝန်းထဲမှ ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ တုကျစ်ချီက တဖန် မတ်တပ်ပြန်ထရပ်သည်။ သူမက ရထားလုံးထဲသို့ ပြန်မဝင်တော့ဘဲ ဒီတိုင်းလီဟန်ကို ကျော်ဖြတ်ကာ နန်းတွင်းဂိတ်ပေါက် အပြင်ဘက်သို့ ထွက်ခွာသွားသည်။
သူမက ပျောက်ကွယ်သွားသည့် အချိန်အထိ လီဟန်က မျက်လုံးမှိတ်ထားသေးသည်။ သူက ခေါင်းကို လုံးဝလှည့်မကြည့်ချေ။ နောက်ဆုံး နန်းတွင်းဂိတ်ပေါက်ကို ကျော်ဖြတ်သွားပြီးမှသာ သူ၏ခန္ဓာကိုယ်က တသိမ့်သိမ့် တုန်လာသည်။
လီကျင်းကျုံးက ဘေးဘက်မှ အရာအားလုံးကို ရပ်ကြည့်နေပြီး သက်ပြင်းချလိုက်မိသည်။ အဆုံးတွင် လီဟန်က သူ၏ချစ်ခင်နှစ်သက်စိတ်ကို မငြင်းဆန်နိုင်ခဲ့ချေ။ ထိုသို့ဖြင့် နောက်ဆုံး ရိုက်နှက်ချက်ကို မထုတ်ဖော်နိုင်ခဲ့ချေ။
“အရှင့်သား ကျွန်တော်တို့တွေ ဒီတစ်ကြိမ် သခင်လေးဝမ်ကို ကျေးဇူးတင်ရမယ်။ သူ့အတွက်ကြောင့်သာ မဟုတ်ရင် ကျွန်တော်တို့ အမှောင်ထဲမှာရောက်နေပြီး ဒီမိန်းမက အခြားမင်းသားက လွှတ်လိုက်တဲ့ သူလျိုဆိုတာကို သိနိုင်တော့မှာ မဟုတ်ဘူး။ သခင်လေးဝမ်က သတိအပြည့်ထားခိုင်းပြီး အစီအစဉ် ထုတ်ပြောလာခဲ့တဲ့ အတွက်ကြောင့် မဟုတ်ရင် ကျွန်တော်တို့ ဒုက္ခရောက်သွားနိုင်တယ်။ တတိယမင်းသားနဲ့ အခြားသူတွေက အောင်မြင်နိုင်ချေ ရှစ်ဆယ် ဒါမှမဟုတ် ကိုးဆယ်ရာခိုင်နှုန်းအထိတောင် ရှိပါတယ်”
လီကျင်းကျုံး၏ မျက်နှာတွင် ကြောက်လန့်မှုက အထင်းသားပေါ်နေသည်။ သူ၏မင်းသားက အမျိုးသမီးတစ်ယောက်နှင့် ချစ်ခင်ကြောင်းကိုသာ သူသိပြီး ဝမ်ချောင်၏ အကူအညီကိုသာ တောင်းခံခဲ့သည်။ သို့သော် မမျှော်လင့်ထားသည်မှာ လူငယ်အမတ်က ပို၍ပင် လုပ်ရဲသည်။ ချက်ချင်းလိုလို တုကျစ်ချီကို ဖောက်မြင်သွားသည်။
အစပိုင်းတွင် မင်းသားငါးက ခေါင်းမာပြီး မယုံကြည်ချင်ခဲ့ချေ။ သို့သော်သူက ဝမ်ချောင်ပြောသည့်အတိုင်း လုပ်သည်။ ဒီနည်းအားဖြင့် သူ၏ဆရာဖြစ်သူကိုတွေ့ရန် ခပ်စောစော ထွက်ခွာသွားသည်။ ဒီနည်းအားဖြင့် အရာအားလုံးက ပေါ်ထွက်ခဲ့သည်။ အမှန်တိုင်းဆိုရသော် လီကျင်းကျုံးက စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားပြီးသည့်တိုင်အောင် ထိုအချိန်က စာကြည့်ဆောင် အဟကြားမှတဆင့် မြင်ခဲ့ရသည့် တုကျစ်ချီ၏ လှုပ်ရှားမှုတိုင်းက သူ့ကို မှင်သက်စေခဲ့သည်။ စာကြည့်ဆောင်ထဲမှ တုကျစ်ချီက အလွန်အမင်း ဖြတ်လတ်တက်ကြွကာ ရဲရင့်သည်။ သူမက ယခုမြင်နေရသည့် အားနည်းနုနယ်သော အမျိုးသမီးတစ်ယောက်နှင့် မတူချေ။
“အင်း”
လီဟန်က ခေါင်းညိမ့်ပြီးနောက် တဖန်ပြန်လည် ခေါင်းကိုမော့သည်။ သူ၏မျက်ဝန်းထဲတွင် ခံစားချက်က တစ်စွန်းတစ်စ လက်သွားသည်။ သူက ဟန်အမူအရာကို ပြန်ထိန်းပြီး သူ၏တည်ကြည်မှုကို ပြန်ထိန်းသည်။ နန်းတွင်းမှ ထွက်ခွာခြင်းဖြစ်စေ နန်းတွင်းသို့ ပြန်သွားခြင်းဖြစ်စေ သူ၏ဆရာကို တွေ့ခြင်းဖြစ်စေ စာရင်းကို ချန်ထားရစ်ခဲ့ခြင်းဖြစ်စေ အခြားသူတစ်ယောက်ကို သူ၏လက်ရေးကို တုပပြီး ရေးသားခိုင်းကာ နယ်စပ်မှ ဗိုလ်ချုပ်ကို ဆက်သွယ်ခိုင်းသော ကိစ္စပင်ဖြစ်စေ အရာအားလုံးကို ဝမ်ချောင်က စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ အဆုံးတွင် သူက မည်သည့်ထိခိုက်နာကျင်မှု မည်သည့် ထိခိုက်မှုမျှ မရှိဘဲ အကောင်းအတိုင်း ရှိခဲ့ရုံသာ မကသေးလေဘဲ တတိယမင်းသား လီကျွီကလည်း တော်ဝင်ခုံရုံးသို့ အပို့ခံလိုက်ရသည်။ ပို၍ဆိုးသည်မှာ နန်းတွင်းစာကြည့်ဆောင်မှ အကြီးအကဲများအပေါ် သူ၏နားလည်နိုင်စွမ်းအားက နားလည်ထားသော အခြေအနေက သူ၏တော်ဝင်ခမည်းတော်ကို သဘောကျနှစ်သိမ့်သွားစေလေပြီး သူက သူတော်စင်ဧကရာဇ်၏ ချစ်ခင်မှုကို တဖန်ပြန်လည် ရရှိခဲ့ပြန်သည်။ လီဟန်ပင် ဒီလိုအခြေအနေကို မမျှော်လင့်ထားမိချေ။
ကပ်ဘေးက ကံကြမ္မာကောင်းကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ကံကြမ္မာကောင်းကလည်း ကပ်ဘေးထဲတွင် ရှိနေသည်။ သူက စာအုပ်များများဖတ်ဖတ် သိုင်းကို များများကြာအောင် ကျင့်ကျင့် ယခုလို ရလဒ်မျိုးကို လုပ်နိုင်မည်မဟုတ်ချေ။ သို့သော် သူက ယခုအခါ ဂရုတစိုက် တွေးကြည့်မိမှသာ ဒီလမ်းတွင် အန္တရာယ်အပြည့် ရှိနေကြောင်း သိလိုက်ရသည်။ သူသာ အနည်းငယ် သတိမထားမိလျှင် ကြီးမားသော ဆုံးရှုံးမှုနှင့် အဆိုးရွားဆုံး အခြေအနေကို ရင်ဆိုင်ရလောက်သည်။
“လူငယ်အမတ်ကို ဒီမင်းသားက သူ့ရဲ့သတိပေးချက်ကို အရမ်းကို ကျေးဇူးတင်မိပြီး ဒီတစ်ကြိမ် အကြွေးတင်သွားပြီဖြစ်တဲ့အကြောင်း ပြောပေးပါ။ ဒါ့အပြင် တုဟုန်ကျန်း၊ ဝေ့ရှောင်းယို့နဲ့ အခြားသူတွေကိုလည်း ဒီမင်းသားက တွေးချင်နေတယ်လို့ အကြောင်းကြားလိုက်။ အခုစာရင်း အတုကိစ္စ ဖြစ်သွားပြီးတော့ ဒီမင်းသားက သူတို့နဲ့တွေ့တယ်ဆိုရင်တောင်မှ ဘယ်သူကမှ ဘာမှပြောရဲမယ်မထင်ဘူး”
“ဒါ့အပြင် ဒီမင်းသားက စာပေလေ့လာဖို့နဲ့ သိုင်းပညာ လေ့ကျင့်ဖို့ကိုပဲ အာရုံစိုက်ထားတာ။ ဒါကြောင့် အရေးကြီးတဲ့ ကိစ္စတစ်ခုခု မဖြစ်လာမချင်း မင်းသားကို မနှောက်ယှက်ပါနဲ့”
လီဟန်က ပြောပြီးနောက် သူ၏မျက်ဝန်းက တောက်ပလာသည်။
“ဟုတ်ကဲ့အရှင့်သား”
လီကျင်းကျုံးက စိတ်ထဲတွင် အလွန်ပျော်နေသည်။ မင်းသားငါးနှင့် တုကျစ်ချီ၏ ဆက်ဆံရေးက သူ၏စာပေလေ့လာမှုများကို ပျက်ကွက်စေခဲ့သည်။ ယခုအနေဖြင့် ပထမဦးဆုံးအကြိမ် လီဟန်က ကိုယ်ပိုင် စိတ်လိုလက်ရ စာလေ့လာမည်ဖြစ်ကြောင်း ပြောလာခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ လီဟန်က အတွေ့အကြုံမှတဆင့် ရင့်ကျက်သွားပြီဖြစ်သည်။ ယခုအခါ သူက တုဟုန်ကျန်းနှင့် အခြားသော အရာရှိများနှင့် ရင်းနှီးရန် အခွင့်အရေးကို ဖမ်းဆုပ်ရန် နားလည်သွားသည်။ အတိတ်မှ လီဟန်ကမူ ယခုလို အခြေအနေမျိုးကို မလုပ်ခဲ့ဖူးချေ။
“အရှင့်ရဲ့နိမ့်ကျတဲ့ အစေခံက အမိန့်အတိုင်း ဆောင်ရွက်လိုက်ပါ့မယ်”
တက်ကြွနေသည့် လီကျင်းကျုံးက ချက်ချင်းလိုလို ထွက်ခွာသွားသည်။
.....
တော်ဝင်နန်းတွင်းမှ ပုံရိပ်တစ်ခုက ထွက်ပေါ်လာသည်။ ကျယ်ပြောကာ လူထူသော လမ်းထဲတွင် ရပ်နေသည့် တုကျစ်ချီက နောက်ဆုံးတွင် နန်းတွင်း၏ ရွှေရောင်မြို့ရိုးများကို ပြန်ကြည့်လိုက်သည်။ မည်သူမျှ စောင့်ကြည့်မနေသောအခါ တုကျစ်ချီက ဝမ်းထဲက စိတ်ရှုပ်ထွေးသော ခံစားချက်များကို ထုတ်ပြလာကာ သူက ချက်ချင်းလိုလို ပြန်လည်ဖုံးကွယ်လိုက်သည်။ သူမက လူအုပ်နှင့် ရောထွေးပြီးနောက် အခြားတစ်နေရာသို့ ထွက်ခွာသွားတော့သည်။
“အရှင်အမတ် ကျွန်တော်တို့ဒီတိုင်း သူ့ကိုလွှတ်ပေးထားလိုက်မှာလား”
အနီးအနား စားသောက်ဆိုင်ထဲမှ မျက်မှောင်ကျုံ့နေသည့် သိန်းငှက်အိုကြီးက ဝမ်ချောင်ကိုကြည့်သည်။ သူတို့က ထွက်သွားသော တုကျစ်ချီကို ကြည့်နေခြင်းဖြစ်သည်။
သူ၏အမြင်တွင် ဒီလို အသွားနှစ်ဖက်ပါသော မိန်းမမျိုးက မင်းသားငါးလီဟန်ကို ဒုက္ခရောက်စေခဲ့လေရာ အရှင်မထားသင့်ချေ။ ဒါက ကျားကို အာဟာရဖြစ်စေပြီး အနာဂတ်တွင် ကပ်ဘေးစိုက်စေနိုင်သေးသည်။
“မင်းသားငါးက သူမကို မသတ်ချင်ခဲ့တဲ့အပြင် နန်းတွင်းကနေတောင် အရှင်လတ်လတ် ထွက်စေခဲ့တယ်။ ဒါကိုဘာလို့ ကျွန်တော်တို့က သူမကို ထိရမှာလဲ”
ဝမ်ချောင်က တိုင်ကိုအသာအယာမှီလျှက် ကြည့်သည်။ သူ၏အသံက တည်ငြိမ်သည်။ မည်သည့်ခံစားချက်မျှ မပါချေ။ သူ၏အမူအရာကလည်း တည်ငြိမ်သည်။
“ပိုဆိုးတာက လူသားတွေက သစ်သားမြက်တွေနဲ့ လုပ်ထားတာမှ မဟုတ်တာ။ ခံစားချက် မဲ့တယ်ဆိုတဲ့လူက ဘယ်ရှိပါ့မလဲ။ သူမက အခြားသူတစ်ယောက်၏ သူလျိုဖြစ်နေပေမဲ့လည်း မင်းသားငါးနဲ့ နေ့တိုင်းညတိုင်း အတူရှိနေပြီးတဲ့နောက်မှာ သူ့အပေါ် ချစ်ခင်မြတ်နိုးတဲ့စိတ် မရှိဖို့က ခက်ခဲပါတယ်။ ဖြစ်နိုင်တာက သူမကို အပြစ်ပေးပြီးလောက်ပြီ။ ဒါကို ကျွန်တော်တို့က ဘာလုပ်ဖို့ လိုအပ်တော့မှာလဲ”
သိန်းငှက်အိုကြီးက တခဏခန့် အံ့ဩသွားပြီးနောက် ဝမ်ချောင်၏စကား တစ်ဝက်ခန့်ကို နားလည်လိုက်သည်။
“ကောင်းပြီ ဒီကိစ္စကို ဘေးဖယ်ထားလိုက်တော့ မင်းသားငါးရဲ့ကိစ္စက အဆုံးသတ်သွားပြီဆိုမှတော့ ကျွန်တော်တို့ အခြားကိစ္စတွေကို အာရုံစိုက်ရတော့မယ်”
ဝမ်ချောင်ကပြုံးလျှက် ထိုစားသောက်ဆိုင်မှ ထွက်ခွာသွားသည်။
အခန်း(၆၉၂)
ယွမ်ရှူစုန့်
ဝမ်ကလန် စံအိမ်တော်ကြီး၏ အတွင်းပိုင်းတစ်နေရာတွင် ဝမ်ချောင်ဟာ သူတွေ့ချင်နေသည်မှာ ကြာပြီဖြစ်သော လူတစ်ယောက်နှင့် တွေ့ဆုံသည်။ ထိုလူက အရပ်ရှည်ပြီး မုတ်ဆိတ်မွှေး ခပ်ပါးပါး ပိုင်ဆိုင်ထားသည့် အဖြူရောင်ဝတ်စုံကို ပိုင်ဆိုင်ထားသော သက်လတ်ပိုင်း လူတစ်ယောက်ဖြစ်သည်။ တစ်ဖက်သူ၏ ဟန်အမူအရာက ယဉ်ကျေးမှုအပြည့်ရှိပြီး လေတိုးရုံဖြင့် လွင့်ထွက်သွားလောက်အောင် အားနည်းသည်ဟု ထင်ရသေးပြန်သည်။
“အရှင်အမတ်ကို ဂါရဝပြုပါတယ်”
ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးတို့က ဝင်လာသောအခါ ထိုသက်လတ်ပိုင်းလူ စာသင်သားက ခပ်မြန်မြန် ဂါရဝပြုပြီး သူ၏အကြည့်ကို မြေပြင်သို့ ပို့ထားသည်။ အသက်ရှုသံကိုပင် အတက်နိုင်ဆုံး နှေးကွေးအောင်လုပ်သည်။
ရှင်းလင်းစွာဖြင့်ပင် သူက မည်သည့်အတွက်ကြောင့် ကောင်းကင်၏သားတော်၏ တပည့်ဖြစ်သူ မဟာထန်၏ လူငယ်အမတ်က သူ့လို အားအင်မဲ့သော ဆရာတစ်ယောက်ကို တွေ့ချင်ကြောင်း နားမလည်ချေ။
“အရှင်အမတ် အရှင့်ရဲ့ အမိန့်အရ ကျွန်တော်တို့ တစ်မြို့တော်လုံးကို ရှာဖွေခဲ့ပြီး သူ့ကို ဒီလိုမထင်ရှားတဲ့ တာအိုဘုရားကျောင်းတစ်ခုမှာ တွေ့ခဲ့ရတာပါ။ အဲ့ဒီအချိန်က သူကသူ့ရဲ့ အဝတ်ကိုသိမ်းပြီး ထွက်သွားဖို့ ပြင်ဆင်နေတာပါ။ ကျွန်တော်တို့သာ အနည်းငယ်နောက်ကျရင် သူက ထွက်သွားလောက်ပါပြီ”
ဝေ့ကောနှင့် ဝေ့ဝူတို့က တင်ပြသည်။
ထိုနှစ်ယောက်ကိုယ်တိုင်လည်း ဒီလိုအားနည်းသော ပညာသင်သားတစ်ယောက်ကို ဝမ်ချောင်က မည်သည့်အတွက်ကြောင့် တစ်မြို့လုံးအနှံ့ လိုက်ရှာခိုင်းခဲ့ပြီး အချိန်အားနှင့် အင်အားများ စိုက်ထုတ်ခိုင်းခဲ့ကြောင်း နားမလည်ချေ။
ဝမ်ချောင်ကလည်း ဝေ့ကောနှင့် ဝေ့ဝူကို အာရုံမစိုက်ချေ။ သူက အခန်းထဲဝင်ပြီးကတည်းက သူ၏အကြည့်က ထိုသက်လတ်ပိုင်းလူ စာသင်သားထံတွင်သာ ရှိနေသည်။
ငါသူ့ကို တကယ်ရှာတွေ့မယ်လို့ မထင်ထားမိဘူး။
ဝမ်ချောင်၏ မျက်လုံးက တောက်ပလာသည်။ ထိုအထဲတွင် စိတ်လှုပ်ရှားမှုများက အပြည့်ပါသည်။ ထိုသက်လတ်ပ်ိုင်းအရွယ် စာသင်သားက နာမည်မဲ့ပြီး ဘာမှလုပ်နိုင်စွမ်းအား မရှိသော်လည်း အခြားနယ်မြေ တစ်ဖက်တွင် သူဟာ နယ်မြေအလွန်ကျော်ကြားသည်။ ဝမ်ချောင်က လူများကို လေးစားခဲသည်။ သို့သော် သက်လတ်ပိုင်းလူကမူ သူလေးစားသော လူများထဲမှ တစ်ယောက်ဖြစ်သည်။
“ခင်ဗျားက ယွမ်ရှူစုန့်လား”
ဝမ်ချောင်က မျှော်လင့်ချက်အပြည့်ဖြင့် မေးသည်။
“ဒီနိမ့်ကျတဲ့လူက ယွမ်ရှူစုန့်ပါ။ အရှင်အမတ်နဲ့ တွေ့ဆုံရတာကလည်း ဒီနိမ့်ကျတဲ့လူရဲ့ သုံးဘဝလောက် ကံကောင်းခြင်းတွေ ပိုင်ဆိုင်သွားရပါပြီ။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့ လူအနေနဲ့လည်း အရှင်အမတ်က ဘာကြောင့် ဒီလိုနိမ့်ကျတဲ့လူကို ဆင့်ခေါ်ခဲ့ကြောင်း နားမလည်ပါဘူး”
ယွမ်ရှူစုန့်၏ မျက်နှာတွင် ကြောက်လန့်မှုနှင့် အထိတ်တလန့် ဖြစ်မှုများက ကြီးစိုးနေသည်။ သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် ဒီလိုအဆင့်အတန်း မြင့်မားသော လွှမ်းမိုးနိုင်စွမ်း ကြီးမားသည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်၏ ဆင့်ခေါ်မှုကို ခံရခြင်းဖြစ်လေရာ သူ့ကိုအလွန် စိတ်လှုပ်ရှားစေသည်။
ဟား ဟား တကယ်ပဲသူပဲ။
ထိုအချိန်တွင် ဝမ်ချောင်ကမူ အလွန်အမင်း တည်ငြိမ်သွားသည်။ တစ်ဖက်သူ၏ နာမည်က ယွမ်ရှူစုန့်ဖြစ်ပြီး ယခုလို အရပ်ရှည်ကာ ပိန်ပါးပြီး မုတ်ဆိတ်မွှေးကလည်း ပါသည်။ တစ်ဖက်သူက ဆရာသခင်ယွမ်ဆိုသော ဖော်ပြချက်များနှင့် ကိုက်ညီနေသည်။
မဟာထန်တွင် လူထွားများကို အထင်သေးပြီး တိုင်းတစ်ပါးသား ဘာသာများကို လေ့လာနိုင်သော လူများကလည်း အလွန်အမင်း ရှားပါးလေရာ ဝမ်ချောင်၏ sanskirit နှင့်တိဗက်ဘာသာကို ပြောနိုင်စွမ်းရည်က လူအများကို အံ့အားသင့်စေခဲ့လေသည်။
သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့ကပင် ထိုအချက်ကို မယုံကြည်နိုင်စရာ ကောင်းသည်ဟု ထင်ခဲ့ကြသည်။
သို့သော် ဝမ်ချောင်ကမူ ဒီအခြေအနေက ထူးဆန်းသည်ဟု မထင်ချေ။
“ကိုယ့်ကိုယ်ကိုသိမယ် ကိုယ့်ရဲ့ရန်သူကို ကောင်းကောင်းသိမယ်။ ဒီလိုဆိုရင် ဘယ်တော့မှ မရှုံးနိုင်ဘူး” ဆိုသည့်အတိုင်း တိုက်ပွဲတွင် တိုင်းတစ်ပါးသားများကို အလဲထိုးနိုင်ရန်အလို့ငှာ သူက သူတို့၏ ဘာသာစကားကို သင်ရမည်။ ကိုယ့်ကိုယ်ကို နားလည်ရမည်။ သူတို့၏ အားနည်းချက် ခွန်အားအကြောင်း သိရမည်။ သူတို့အကြောင်းကို စုံလုံကန်း ယုံကြည်နေခြင်းမဟုတ်ဘဲ မျက်စိဖွင့် နားစွင့်ထားရပေမည်။
ထိုစကားများကို ဝမ်ချောင်ကို sanskirit နှင့် တိဗက်ဘာသာစကားကို သင်ပေးခဲ့သော အကြီးအကဲက ပြောပြခဲ့ခြင်းဖြစ်သည်။ ထိုစကားများက ယခုသူ့ရှေ့တွင် ဒူးထောက်နေသော လူထံမှလာသည်။
ယွမ်ရှူ့စုန့်ဆိုသော နာမည်ကို ခုံရုံးနှင့် အထက်တန်းလွှာ အသိုင်းအဝိုင်းများကြားတွင် သိသူမရှိသော်လည်း တစ်ဖက်သူကမူ အနောက်ပိုင်း နယ်မြေများနှင့် ဆက်စပ်ပြီး အလွန်ကျော်ကြားသည့် လူတစ်ယောက် ဖြစ်သည်။ အထူးသဖြင့် မြို့တော်၏ ဆရာများနှင့် အနောက်ပိုင်း ဒေသများနှင့် ပိုးသားလဲလှယ်ခြင်းကို လုပ်ကိုင်သော ကုန်သည်များအကြားတွင် ဖြစ်သည်။
တစ်ဖက်သူဟာ တိုင်းတစ်ပါးသားဘာသာ (၂၃)မျိုးကို တက်မြောက်ထားသည်။ ထိုအထဲတွင် တူရကီ၊ တိဗက်၊ မာန်ရှဲ့ကျောင်း၊ ဂိုဂူလျော၊ အာရပ်၊ ချရာစမ်း စသဖြင့် အမျိုးမျိုးသော အနောက်တိုင်း ဘာသာစကားများပါသည်။ ထို့ကြောင့် သူဟာ အလွန်အမင်း တော်လွန်းသော ဆရာတစ်ယောက်ဟု ဆိုရပေမည်။
သူက အကြီးအကဲများ ကလေးများ တာအိုဘုန်းတော်ကြီးများ သီလရှင်များ အိမ်ထောင်ရှင် အမျိုးသမီးကြီးများ ကုန်သည်များ စသဖြင့် လူတိုင်းကို သင်ယူခဲ့ပြီး သူ့ထံမှ သင်ယူခဲ့သော လူတိုင်းကလည်း ဘာသာစကားအသစ်တစ်မျိုး သို့မဟုတ် နှစ်မျိုးကို တစ်လ နှစ်လလောက်နှင့် တက်ကျွမ်းသွားခဲ့သူကြီးသာလျှင် ဖြစ်သည်။
သူ၏ယခင်ဘဝတွင် အကောင်းဆုံး ဘာသာစကား ကျွမ်းကျင်ကြသည့် ဆရာသခင်တိုင်းက သူ၏တပည့်များ ဖြစ်နေကြသည်။ ထိုထဲတွင် ဝမ်ချောင်ကို ဒီဘာသာစကားနှစ်ခု သင်ကြားပေးခဲ့သော အကြီးအကဲပါသည်။ သို့ရာတွင် ထိုဆရာသခင် ယွမ်ကမူ မြို့တော်တွင် နှစ်အနည်းငယ်သာ နေပြီးနောက် အနောက်ပိုင်းများသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူသေသွားပြီဟုလည်း ဆိုခဲ့ကြသည်။
ဝမ်ချောင်က ထိုသတင်းကို ကြားသောအခါ အလွန်စိတ်ဓာတ်ကျကာ ခံစားရသေးသည်။ မဟာထန်က ထိုဆရာသခင်ယွမ်ကို အနည်းငယ်သာပိုပြီး စောပြီး တန်ဖိုးထားခဲ့မည်ဆိုလျှင် ပတ်ဝန်းကျင်ရှိ တိုင်းပြည်များကြား အနည်းငယ်ပိုပြီး နားလည်ခဲ့မယ်ဆိုလျှင် ဘာဘတ်ဆစ်ကယ်လီဖိတ်၊ ချရာစစ်နှင့် ပတ်သတ်ပြီး ဗဟုသုတ အနည်းငယ် ပိုရှိခဲ့မယ်ဆိုလျှင် အခြေအနေက ကွာခြားသွားလောက်သည်။
မဟာထန်ကို ဝိုင်းနေသော တိုင်းတစ်ပါး တိုင်းပြည်များကို အနည်းငယ်ပိုပြီး နားလည်နိုင်ရန်အလို့ငှာ လူတစ်ယောက်အနေနှင့် သူတို့၏ ဘာသာစကားကို နားလည်ထားသည့် လူအမြောက်အများ လိုအပ်ပေလိမ့်မည်။ အထူးသဖြင့် ညွှန်ကြားရာတွင် သင်ပြပေးရာတွင် ကျွမ်းကျင်သော လူမျိုးကိုလည်း လိုအပ်သည်။ ဆရာသခင်ယွမ်ကမူ ထိုလိုအပ်ချက်များနှင့် ကိုက်ညီသည်။
တစ်စုံတစ်ယောက်ကသာ သူ့ကိုအနည်းငယ် ထောက်ပံ့ပေးလိုက်ပြီး စင်ပေါ်သို့ အနည်းငယ် ထရပ်ခိုင်းလိုက်မည်ဆိုလျှင် တစ်ဖက်သူက မဟာထန်ထဲတွင် အခြားသော တိုင်းပြည်များမှ ဘာသာစကားပေါင်း မြောက်များစွာကို နားလည်သည့် လူပေါင်းမြောက်များစွာကို မွေးထုတ်ပေးနိုင်လိမ့်မည်။
သို့သော် ဝမ်ချောင်က ထိုလူကို ဒီအချက်တစ်ခုတည်းကြောင့် လိုက်ရှာနေခြင်း မဟုတ်ချေ။ ဝမ်ချောင်၏ ရင်အတွင်း အနက်ရှိုင်းဆုံး အပိုင်းတွင် ပိုကြီးသည့် ရန်ကြီးက ရှိနေသည်။
ဟန်ခေတ် မဟာဧကရာဇ် ဝူခေတ်ကတည်းက အနောက်ပိုင်း တိုင်းပြည်များက ခွဲဝေမှု ပေါင်းစည်းမှု စသည်တို့ဖြင့် အမြတ်၊ အရှုံးပေါင်း များစွာရရှိနေခဲ့ပြီး ရှုံးနိမ့်လိုက်၊ အနိုင်ရလိုက်ဖြစ်စဉ်က သံသရာတစ်ပတ် လည်နေခဲ့သည်။ အနောက်ပိုင်းတိုင်းပြည်များ၏ အမျိုးမျိုးသော တိုင်းပြည်များအနေဖြင့် ဗဟိုပြင်ကျယ်ထံ ချစ်ခင်နှစ်သက်စိတ် များများစားစား မရှိခဲ့ချေ။
ထိုကိစ္စများ အားလုံး၏ အရေးကြီးသောအချိန် အကျိုးအမြတ်များ အားလုံး၏ အဓိကကျသော အချက်က ဒီဘာသာစကားကြီးဖြစ်သည်။ ဘာသာစကားက မတူသောကြောင့် ဆက်သွယ်၍မရချေ။ မဆက်သွယ်နိုင်သောကြောင့် တစ်ယောက်ကိုတစ်ယောက် နားမလည်ကြချေ။ ထို့ကြောင့် အချင်းချင်း ဘာချစ်ခင်လေးစားစိတ်မျှ မရှိတော့ခြင်းဖြစ်သည်။
ထို့ကြောင့် နှစ်ဘက်လုံး၏ အပေါ်မှစပြီး အောက်ခြေဆုံးအထိ အမြင့်ဆုံး ရာထူးကြီးမားသူမှ အနိမ့်ဆုံး စစ်သည်တော်ထိ လွတ်လပ်စွာ ပြောဆိုနိုင်စွမ်းအားရှိလျှင် အရာအားလုံးက ကွာခြားသွားပေလိမ့်မည်။
သူတို့က ဗဟိုပြင်ကျယ်က ပြောသောစကား မဟာထန်က ပြောသောစကားများကို နားလည်သွားနိုင်မည်ဆိုလျှင် အနောက်ပိုင်းတိုင်းပြည်မှ ထိုလူများကလည်း ဗဟိုပြင်ကျယ်အပေါ် မတူသော ထင်မြင်ချက်မျိုး ရှိလာမည်ဟု ယုံကြည်သည်။
သူကထိုသို့ လုပ်ချင်သည့်တိုင်အောင် အနောက်တိုင်းပြည်များ၏ ဘာသာစကားများကို ထန်များအား သင်ကြားပေးရုံဖြင့် မလုံလောက်ချေ။ သူက အနောက်ပိုင်း တိုင်းပြည်များကိုလည်း ထန်ဘာသာစကား သင်ကြားပေးရန် လိုအပ်နေသေးသည်။ ထို့ကြောင့်ပြဿနာက တစ်ခါတည်းနှင့် နှစ်ဘက်လုံးကို ဖြေရှင်းရမည်ဖြစ်သည်။ သို့သော် အရင်ဆုံးအနေနှင့် အနောက်ပိုင်း တိုင်းပြည်များ၏ ဘာသာစကားများကို သိလွန်းထားသော လူတစ်ယောက်လိုအပ်သည်။ ယခု ယွမ်ရှူစုန့်က ဝမ်ချောင်က ရှာဖွေနေသောလူဖြစ်ပြီး အရာအားလုံးကို ဖြေရှင်းနိုင်စွမ်း ရှိမည်လူလည်းဖြစ်သည်။
“ဆရာ ဝမ်ချောင်က ရိုင်းပြခဲ့မိတာပါ။ ဒီဝမ်ချောင်က ခေါင်းမာစွာနဲ့ အတင့်ရဲပြီး မေးပါရစေ။ ဆရာက တိုင်းတစ်ပါးသားဘာသာ ၂၃မျိုးကို နားလည်တက်ကျွမ်းထားပါသလား”
ဝမ်ချောင်က ပြောသည်။
ယွမ်ရှူုစုန့်က ထိုစကားကို ကြားသောအခါ သူ၏မျက်ဝန်းထဲတွင် အံ့အားသင့်ဟန်က ပေါ်ထွက်လာသည်။ သူက ဘာသာစကား အနည်းငယ်ကို သိသည်မှာမှန်သည်။ သို့သော် (၂၃)မျိုးခန့် သိထားကြောင်း သူနှင့် အရင်းနှီးဆုံးလူကပင် သေချာမသိထားချေ။ သို့သော် တစ်ဖက်မှ ကျော်ကြားလွန်းသော ပုဂ္ဂိုလ်ကြီးက သိနေသည်။
“ဟုတ်ပါတယ်”
ယွမ်ရှူစုန့်က အံ့အားသင့်သွားသော်လည်း သူ၏တုန့်ပြန်မှုက မနှေးကွေးခဲ့ချေ။
“ဒါဆိုရင် ဆရာအနေနဲ့ ဒီဘာသာစကားတွေ အများကြီးကို သင်ကြားနိုင်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော်များ သိခွင့်ရှိမလား”
ဝမ်ချောင်က ညင်သာစွာ ပြုံးလျှက်ပြောလိုက်သည်။ သူ၏မျက်ဝန်းများက ရွှန်းလဲ့နေသည်။
“ဒါ ဒါက ဒီနိမ့်ကျတဲ့လူက ငယ်ရွယ်ချိန်က လောကက ဘယ်လောက်ကျယ်ပြောမှန်း မသိခဲ့ပါဘူး။ အရမ်းဆင်းရဲမွဲတေလွန်းသော ဒီနိမ့်ကျတဲ့လူက အချိန်တစ်ခုကြာ လောကအနှံ့ လှည့်လည်သွားလာခဲ့ပြီး အနောက်ပိုင်းနယ်မြေတွေကို စန်းထူကစပြီး အာရပ် စတဲ့ တိုင်းပြည်အထိ လှည့်လည်သွားလာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ဘာသာစကားကို သင်ယူခဲ့တာပါ”
ယွမ့်ရှူစုန့်ကပြောသည်။
“ခင်ဗျားက အာရပ်ကိုသွားခဲ့တာလား”
ဝမ်ချောင်က အနည်းငယ် အံ့ဩသွားသည်။
“ဟုတ်ပါတယ် ကျွန်တော်အဲ့ဒီမှာ ခဏလောက် နေခဲ့ပါတယ်”
“ဘယ်လောက်ကြာလဲ”
“(၂)နှစ်ပါ”
ယွမ့်ရှူစုန့်၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။ ယွမ်ရှူစုန့်၏ တုန့်ပြန်မှုက ဝမ်ချောင်ကို အတွေးနက်သွားစေသည်။ ထိုလူငယ်ရွယ်စဉ်က လောကအနှံ့ လှည့်လည်သွားလာခဲ့သည်။ သို့သော် သူအာရပ်သို့ ရောက်သောအခါ ထိုမျှတိုတောင်းစွာ နေရလောက်အောင် မရိုးရှင်းနိုင်ချေ။
“ဒါဆိုရင် ခင်ဗျားက အာရပ်တွေကို ကောင်းကောင်းနားလည်ထားတာ မှားပါသလား”
ဝမ်ချောင်ကပြောသည်။
“ဒီနိမ့်ကျတဲ့လူက နည်းနည်းတော့ နားလည်ပါတယ်”
ယွမ်ရှူစုန့်က အနည်းငယ် အေးခဲသွားပြီးနောက် တစ်ဖက်သူကို ကြည့်လိုက်သည်။ ရုတ်တရက် တစ်ဖက်သူ၏ ဆိုလိုရင်းကို နားလည်သွားသည်။
“အာရပ်တွေက ကျွန်တော်တို့ ဗဟိုပြင်ကျယ်နဲ့ မတူပါဘူး။ သူတို့ပိုင်နက်နယ်မြေက ကျယ်ပြန့်ပါတယ်။ ဖြစ်နိုင်တာက... ကျွန်တော်တို့ မဟာထန်နဲ့တောင် အရွယ်အစား တူကောင်းတူလောက်ပါတယ်”
“တူတယ်ဟုတ်လား ခင်ဗျားဆိုလိုချင်တာက မဟာထန်ထက် ပိုကြီးတယ်လို့ ပြောချင်တာဖြစ်ရမယ်”
ဝမ်ချောင်ကပြောသည်။
ယွမ်ရှူစုန့်၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူ၏ မျက်ဝန်းထဲမှ အံ့အားသင့်မှုကို ဖုံးကွယ်ရန် မဖြစ်နိုင်ကြောင်းလည်း သိလိုက်ရသည်။ မဟာထန်ရှိ လူတိုင်းက မဟာထန်ဟာ တစ်လောကလုံးရှိ တိုင်းပြည်များတွင် အကြီးမားဆုံး တိုင်းပြည်ဖြစ်သည်ဟု သိထားကြသည်။ သူတို့၏ အားနည်းချက်အပေါ် အမြင်က ဂိုဂူလျောနှင့်တူသော တိုင်းပြည်ငယ်လေး တစ်ခုဟုသာ ဖြစ်သည်။
ဘုရင်ခံလက်အောက် ဌာနမှ လူများက ဒီလိုအတွေးမျိုး လက်ကိုင်ထားသည်ဆိုလျှင် အခြားသူများဆိုလျှင် ပို၍ဆိုးပေလိမ့်မည်။ သူကသာ အာရပ်များ၏ နယ်မြေက ဗဟိုပြင်ကျယ်နှင့် အရွယ်အစား တူသည်ဟု ပြောလျှင်ပင် ဒါက ခေါင်းမာလွန်းရာ ကျနေလေပြီ။ သို့သော် ဝမ်ချောင်က ထုတ်ဖော်ကာ အာရပ်က မဟာထန်နှင့် ဗိုလ်ကြီးအကြောင်း ပြောရဲလိမ့်မည်ဟု မထင်ထားမိချေ။ ယွမ်ရှူစုန့်အနေနှင့် ပထမဦးဆုံးအကြိမ် ဒီလိုအထက်တန်းလွှာမျိုးကို ကြုံရခြင်းဖြစ်သည်။ သူ၏အရှေ့တွင် ရပ်နေသော ထိုလူငယ်က အလွန်အမင်း လျို့ဝှက်ဆန်းကြယ်ကြောင်း သိလိုက်ရသည်။
“ဆရာသခင်ယွမ်က အာရပ်ကို ရောက်ဖူးတယ်ဆိုကတည်းက အခြေအနေက ပိုကောင်းသွားပြီ။ ကျွန်တော်ကို ပြောပါဦး အာရပ်တွေနဲ့ သူတို့ရဲ့လူမျိုးတွေအပေါ် ဘယ်လိုအမြင် ရှိပါသလဲ။ မဟာထန်နဲ့ယှဉ်ရင် သူတို့က ဘယ်လိုအခြေအနေရှိလဲ”
သူတို့က ချက်ချင်းမေးလိုက်သည်။ ဆရာသခင်ယွမ်ကို အတွေးထဲ လမ်းပျောက်အောင် မထားရစ်ခဲ့ချေ။
“ဒါက...”
“ကြောက်ဖို့မလိုပါဘူး။ ကျွန်တော် ခင်ဗျားရဲ့ ရိုးသားတဲ့ ထင်မြင်ချက်ကိုပဲ ကြားချင်တာပါ”
“ဒီလိုဆိုရင်တော့ ဒီနိမ့်ကျတဲ့လူက အတင့်ရဲပြီး ပြောမိတာမျိုးရှိရင် ခွင့်လွှတ်ပါ။ မြို့တော်က လူတွေအားလုံးက အနောက်ပိုင်းတိုင်းပြည်က ဟူကုန်သည်တွေက ကုန်သွယ်ရာမှာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး သူတို့နဲ့ ပေါင်းသင်းဆက်ဆံဖို့ လွယ်တယ်လို့ထင်ကြတယ်။ တကယ်တော့ အစစ်အမှန် အာရပ်တွေက ကြမ်းတမ်းခက်ထန်ပြီး ရဲရင့်ပြတ်သားလွန်းပါတယ်။ လူတိုင်းက တိဗက်တွေက သဘာဝရဲ့ စစ်သည်တော်တွေကို ပြောကြတယ်။ ဒါပေမဲ့ သူတို့က အာရပ်တွေကိုယှဉ်ရင် အများကြီး လိုအပ်နေပါသေးတယ်”
ယွမ်ရှူစုန့်၏ ပထမစကားက သိန်းငှက်အိုကြီး၏ မျက်နှာအမူအရာကို အံ့အားသင့်မှုကြောင့် အေးခဲသွားစေသည်။ သို့သော် ဝမ်ချောင်ကမူ ခေါင်းညိမ့်သည်။ သူက မအံ့ဩချေ။
“အာရပ်တွေက သေရမှာကိုမကြောက်ဘူး။ သူတို့က အပြင်လူတွေကို တိုက်ခိုက်တဲ့ အချိန်တင်မကဘူး သူတို့အချင်းချင်းလည်း ဆက်တိုက် တိုက်ခိုက်ကြတယ်။ သူတို့ရဲ့ အတွင်းပိုင်း စစ်ပွဲတွေကို ကျွန်တော် ကံကောင်းစွာနဲ့ တစ်ကြိမ်က မြင်ခွင့်ရခဲ့တယ်။ လူတိုင်းက တိုက်ပွဲထဲကို ခုန်ဝင်နေကြပြီး တိုက်ပွဲက နောက်ဆုံးအချိန် မရောက်မချင်း ဘယ်သူကမှ နောက်မဆုတ်ကြပါဘူး”
“အာရပ်တွေက လက်နက်တွေ၊ သံချပ်ကာတွေ၊ စစ်မြင်းတွေကို အခြားကြွယ်ဝမှုတွေ ကံကြမ္မာကောင်းတွေ အခွင့်အရေးတွေထက် ပိုပြီးအရေးထားတယ်။ ရလဒ်အနေနဲ့ အာရပ်တွေက လက်နက်တွေ သွန်းလုပ်တဲ့နေရာမှာ အရမ်းကို အောင်မြင်ကျော်ကြားပါတယ်။ မြို့တော်ရဲ့ လူတိုင်းကလည်း ဒီအကြောင်းကို သိကြတယ်။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့အစေခံ ယုံကြည်ထားတဲ့အတိုင်းဆိုရင် အာရပ်တွေမှာ အထူးချွန် အပြောင်မြောက်ဆုံး ဘက်ပိုင်းက သူတို့ရဲ့လက်နက်မဟုတ်ဘဲ သူတို့ရဲ့ စစ်မြင်းဆိုတာပါပဲ”
“ဒီနိမ့်ကျတဲ့လူက အာရပ်မှာ နေခဲ့တဲ့ အချိန်က အခွင့်အရေး တစ်ခုရပြီး သူတို့ရဲ့စစ်မြင်းကို အနီးကပ် မြင်နိုင်ခဲ့တယ်။ အဲ့ဒီစစ်မြင်းက လူထက်ပိုမြင့်ပြီး တည်ဆောက်ပုံက သန်မာတောင့်တင်းလွန်းပါတယ်။ ဒါ့အပြင် သူတို့က အရမ်းကို အဖိုးတန်တဲ့ တိုက်မြင်းတွေပါ။ ယွီစန်းရဲ့ တောင်ပေါ်မြင်းတွေနဲ့ တူရကီက စစ်မြင်းတွေတောင်မှ ဒီအာရပ်က မြင်းကြီးတွေကို မယှဉ်နိုင်ကြပါဘူး”
“ဒါပေမဲ့ ဒီနိမ့်ကျတဲ့လူက အာရပ်မှာ ခရီးသွားစဉ် အတောအတွင်းမှာ သူတို့ရဲ့ ထင်မြင်ချက်၊ စိုးရိမ်မှုတွေ အားလုံးနီးပါးကို ရှာတွေ့နိုင်ခဲ့ပါတယ်။ လူအများစုက မဟာထန်ကို တစ်ခါမျှ မရောက်ဖူးကြပေမဲ့ သာမာန် လူတွေကတောင် မဟာထန်ရဲ့ တည်ရှိမှုကို သိကြပါတယ်။ အဲ့ဒီက ဘယ်အဆင့်အတန်းမဆိုရဲ့ အသိုင်းအဝိုင်းတွေက သူတို့ရဲ့ မဟာထန်အပေါ် လိုချင်စိတ်ကို မဖုံးကွယ်ထားကြပါဘူး။ သူတို့ရဲ့ ဈေးကွက်မှ ပြောစကားအရ ဒီနိမ့်ကျတဲ့လူရဲ့ အရှင်သခင်က တစ်ကြိမ်ကဆိုရင် အရှေ့ဘက်ကို နှိမ်နှင်းသိမ်းသွင်းနိုင်တဲ့ ဘယ်သူမဆို မဟာထန်ကို နှိမ်နှင်းသိမ်းသွင်းနိုင်တဲ့ ဘယ်သူမဆို ဗဟိုပြင်ကျယ်ရဲ့ ဧကရာဇ်အဖြစ် တင်မြှောက်ပေးမယ် ဆိုပြီးတော့တောင် ကြုံးဝါးခဲ့ပါတယ်”
“ဝုန်း”
တည်ငြိမ်နေသော ရေကန်ထဲသို့ ကျောက်ခဲတစ်လုံးကို ပစ်ချလိုက်သလိုမျိုး ဖြစ်သွားသည့် ယွမ့်ရှူစုန့်၏ စကားများက ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးတို့ကို မှင်သက်အံ့ဩသွားသည်။ သူတို့၏ အမူအရာက အလွန်အမင်း ပျက်ယွင်းသွားသည်။
ဗဟိုပြင်ကျယ်တွင် သူတော်စင်ဧကရာဇ်က အဆုံးစွန်သော မြင့်မားလွန်းသည့် တည်ရှိမှုကြီးဖြစ်သည်။ အာရပ်မှ ဧကရာဇ်၏ ပြောစကားများက သူတော်စင်ဧကရာဇ်နှင့် ဗဟိုပြင်ကျယ် တစ်ခုလုံးကို ရှုံးနိမ့်သွားပြီး ကြီးမားလွန်းသည့် အရှက်ခွဲမှုကြီးဖြစ်သည်။
Ferghana မြင်းများအတွက် ဝူ၏ ဧကရာဇ်ဟန်က ဝေးကွာလွန်းသော သာ့ယွမ်တိုင်းပြည်ကြီးနှင့် ရှည်လျားသော စစ်ပွဲဖြစ်စေခဲ့သည်။ အာရပ်ဧကရာဇ်၏ ပြောစကား သတင်းကသာ ပေါက်ကြားသွားခဲ့မည်ဆိုလျှင် အရှေ့နှင့် အနောက်အကြား အလွန်အမင်း ဝေးကွာသော နေရာတောက်လျှောက် ကြီးမားပြင်းထန်သည့် အလုံးအရင်းဖြင့် တိုက်ခိုက်သည့် စစ်ပွဲကြီး ဖြစ်လာနိုင်လေသည်။
အခန်း(၆၉၃)
“ယွမ်ရှူစုန့် ပေါက်ကရမပြောနဲ့။ အာရပ်ရဲ့ ဧကရာဇ်က ဘယ်လိုများ ဒီလိုစကားမျိုးကို ပြောရဲမှာလဲ။ မင်းက ဈေးကအတင်းအဖျင်း စကားတွေကို အမှန်လို့ထင်နေတာလား။ ဒီကောလဟာလသာ ပျံ့သွားရင် ဘယ်လိုကပ်ဘေး ကျရောက်လာနိုင်သလဲဆိုတာကို မင်းမသိဘူးလား”
သိန်းငှက်အိုကြီးက ခပ်ကြမ်းကြမ်းဝင်ပြောသည်။
ယွမ်ရှူစုန့်က အေးခဲသွားသည်။ သူပြောသောစကားက လွန်သွားကြောင်း သူကိုယ်တိုင်ကလည်း သိသဖြင့် ပါးစပ်ကိုချက်ချင်းပိတ်သည်။
“လုံလောက်ပြီ သိန်းငှက်အိုကြီး သူပြောတာမှန်တယ်”
ဝမ်ချောင်က လက်ကိုယမ်းလိုက်လျှက် သိန်းငှက်အိုကြီးကိုတားသည်။
မဟာထန်၏ နယ်စပ်တွင်ရှိသည့် တိုင်းပြည်တိုင်း၏ အရှင်သခင်တိုင်းက အတွင်းပိုင်းတွင် မည်သို့သော ပြဿနာမျိုး ရှိနေစေပြီး မဟာထန်ကို အရှက်ခွဲပြောဆိုနေစေကာမူ ထိုသို့သော စကားမျိုးကို မပြောရဲချေ။ အဘယ့်ကြောင့်ဆိုသော် ထိုစကားများက သူတို့ကိုယ်တိုင်ကို ကပ်ဘေးစိုက်စေနိုင်သောကြောင့် ဖြစ်သည်။
ထိုစကားများက တိုင်းပြည်နှစ်ခုကြားမှ ပြင်းထန်သည့် စစ်ပွဲကြီးကို ဖြစ်ပွားစေနိုင်သည်။ ဒါက ရယ်စရာကောင်းသော ကိစ္စမဟုတ်တော့ချေ။ သို့သော် ဝမ်ချောင်ကမူ အာရပ်၏ ဧကရာဇ်က ထိုသို့ပြောရဲနိုင်ကြောင်း နားလည်ထားသည်။
မဟာထန်၏ ပတ်ဝန်းကျင်ဟာ အခြားသော တိုင်းပြည်များနှင့် မတူသည်မှာ အာရပ်များက ဗဟိုပြင်ကျယ်နှင့် အလွန်ဝေးသည်။ လီပေါင်းများစွာဝေးသလို တိုင်းပြည်ပေါင်းများစွာလည်း ခြားနေသေးသည်။ အာရပ်၏ နယ်မြေက အလွန်ကျယ်သည်။ သူက တည်ထောင်ပြီးကတည်းက နေရာတိုင်းကို နယ်မြေချဲ့ထွင်ရန် ဆက်တိုက်သတ်ဖြတ်ကာ အာဏာရယူပြီး သိမ်းပိုက်ခဲ့သည်။
အာရပ်များက မျိုးဆက်အဆက်ဆက် နယ်မြေကြီးကို လက်ဆင့်ကမ်းပေးခဲ့သော တိုင်းပြည်မျိုးမဟုတ်ဘဲ လီအနည်းငယ်ဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ သို့တိုင်အောင် ယခုလောက်ထိ ကြီးမားလာပြီး မဟာထန်ထက်ပင် ကြီးမားသွားသည်။ ထိုဘက်ထောင့်မှ ကြည့်လိုက်လျှင် ဝမ်ချောင်အနေဖြင့် အာရပ်၏ ဧကရာဇ်က ထိုသို့ ပြောရဲသည့် အခြေအနေကို ထူးဆန်းသည်ဟု မထင်တော့ချေ။ အမှန်တိုင်းဆိုရသော် အာရပ်များက မဟာထန်ထံ သူတို့၏လက်များကို ဆန့်ခဲ့ပြီးသားဖြစ်သည်။
ဝမ်ချောင်၏စကားကိုကြားသော် ယွမ်ရှူစုန့်က ရုတ်တရက် ခေါင်းမော့ပြီး ဝမ်ချောင်ကို စိတ်လှုပ်ရှားစွာကြည့်သည်။ အချို့သော အကြောင်းပြချက်များကြောင့် ထိုလူငယ်အမတ်က အခြားသော အထက်တန်းလွှာများနှင့် ကွာခြားကြောင်း နားလည်လာသည်။
“ဆရာယွမ် ကျေးဇူးပြုပြီး ဆက်ပြောပါ”
ဝမ်ချောင်က လက်ကိုမြှောက်ပြီးနောက် ပြောလိုက်သည်။
“တော်ဝင်ခုံရုံးက လူအနည်းငယ်လောက်ကတော့ အာရပ်အကြောင်းကို နားလည်ထားပေမဲ့ အာရပ်ကို ကိုယ်တိုင်ရောက်ဖူးတဲ့ လူကတော့ နည်းပါးလွန်းပါတယ်။ နောက်ပြီး ဒီလိုမေးခွန်းမျိုးကို မေးတဲ့လူလည်း မရှိလောက်ဘူး။ ဒါကြောင့် ဆရာအနေနဲ့ ကျွန်တော်တို့ကို ဆရာရဲ့စိတ်က ထင်မြင်တဲ့ ထင်မြင်ချက်မျိုးနဲ့ အဲ့ဒီဘက်ကလူတွေရဲ့ အစွဲအလမ်း ကြီးမားမှုတွေကို ပြောပြပေးနိုင်ပါတယ်။ ဒါက ကျွန်တော်တို့အတွက်လည်း အရမ်းကို အရေးကြီးပါတယ်။ ဒါ့အပြင် တော်ဝင်ခုံရုံးအတွက်လည်း အရေးပါပါတယ်”
ဝမ်ချောင်က ထိုသို့ အလေးအနက် ပြောလိုက်သည်။ ဝမ်ချောင်အနေနှင့် ဒီလောကတွင် အာရပ်အကြောင်း နားလည်မှု အနည်းငယ်ရှိထားသော လူတစ်ယောက်အဖြစ် သူ့ကိုယ်သူ သတ်မှတ်နိုင်သည့်တိုင်အောင် ထိုနေရာသို့ တစ်ကြိမ်သော်မျှ မရောက်ဖူးသေးချေ။ ဒီဘဝတွင်ဖြစ်စေ၊ အရင်ဘဝတွင်ဖြစ်စေ ဝမ်ချောင်၏ အာရပ်များအပေါ် နားလည်သဘောပေါက်မှုက စာရွက်များနှင့် အခြားသောလူများ၏ ပါးစပ်မှလာသည်။ သူက ထိုနေရာသို့ တစ်ကြိမ်သော်မျှ မရောက်ဖူးသေးချေ။
“ဒါက...”
ဝမ်ချောင်က ထိုသို့ အလေးအနက်ထားကာ မေးလာကြောင်း မြင်သောအခါ ယွမ်ရှူစုန့်က အချိန်တစ်ခုကြာ တုန့်ဆိုင်းသွားပြီးမှသာ သူ၏ထင်မြင်ချက်များကို ရိုးသားစွာ ထုတ်ပြောသည်။
“အရှင်အမတ်ကလည်း ဒီနိမ့်ကျတဲ့လူကို စကားပြောခွင့် ပေးလိုက်ပြီဆိုကတည်းက ဒီနိမ့်ကျတဲ့လူက ခေါင်းမာစွာနဲ့ အမှန်အတိုင်း ထုတ်ပြောရပါတော့မယ်။ ဒီလူငယ်ရွယ်စဉ်က အာရပ်ကို ခရီးသွားခဲ့ပါတယ်။ အာရပ်က အနှေးနဲ့အမြန် မဟာထန်ရဲ့ ရန်သူဖြစ်မှန်း ကျွန်တော် ခန့်မှန်းမိခဲ့ပါတယ်။ သူတို့ရဲ့ အကျင့်စရိုက်အရ သူတို့က ဗဟိုပြင်ကျယ်ကို မျက်စိကျနေတာ ကြာခဲ့ပါပြီ။ ဒါ့အပြင် အာရပ်တွေရဲ့ ခန္ဓာကိုယ်က တောင့်တင်းထွားကြိုင်းလွန်းပါတယ်။ သူတို့က စားနေကျ အစားအစာတွေက မြင်းနို့၊ ဆိတ်နို့နဲ့ စွံပလွန်သီးတွေပါ။ ဒါ့အပြင် အာရပ်က အရမ်းကိုပူပြင်းပြီး မိုးခေါင်ခြောက်သွေ့ပါသေးတယ်။ ဒါကြောင့် အတင့်ရဲပြီး ပြောရမယ်ဆိုရင် သူတို့က ဗဟိုပြင်ကျယ်ရဲ့ ဟန်တွေထက်တောင် သာလွန်တဲ့ သဘာဝရဲ့ စစ်သည်တော်တွေ ဖြစ်နေပါသေးတယ်။ ပိုဆိုးတာက သူတို့ရဲ့ နေထိုင်ပုံ အလေ့အကျင့်ကြောင့် သူတို့က သတ္တိကြီးကြတယ်။ တိုက်ပွဲသီးသန့်မှာ မွေ့လျော်နေတဲ့ လူတွေလို့တောင် ပြောနိုင်ပါသေးတယ်။ ဒါကြောင့် ဒီနိမ့်ကျတဲ့လူ ခံစားမိတာက အာရပ်ရဲ့ စစ်သည်တော်တွေက မဟာထန်ရဲ့ စစ်သည်တော်တွေထက်တောင် ပိုပြီး သန်မာပါတယ်”
အခန်းက တိတ်ဆိတ်သွားသည်။
သိန်းငှက်အိုကြီးက ဘာစကားမျှ မပြောနိုင်တော့ချေ။ မဟာထန်ရှိ လူများက သူတို့၏ ရဲရင့်ပြတ်သားမှုကြောင့် လောကအနှံ့ ကျော်ကြားသည်။ သို့မဟုတ်လျှင် ပတ်ဝန်းကျင် တိုင်းတစ်ပါးသား လူထွားကြီးများကို နှိမ်နှင်းထားနိုင်ပြီး ရွှေခေတ်ကို ပိုင်ဆိုင်ဖန်တီးထားနိုင်ခဲ့မည် မဟုတ်ချေ။ သို့တိုင်အောင် ယွမ်ရှူစုန့်က အာရပ်သို့ ကိုယ်တိုင်ကိုယ်ကျ ရောက်ခဲ့ဖူးသော လူများဖြစ်လေရာ သူ၏စကားများကို ငြင်းဆန်ရသည်။
ဝမ်ချောင်အတွက်ပင် သူ၏နှလုံးသားက ကျောက်တုံးလို လေးလံသွားရသည်။
ဝမ်ချောင်ကလည်း အာရပ်များက ကိုင်တွယ်ရ မလွယ်ကြောင်း သိထားပြီးသားဖြစ်သည်။ သို့သော် ယွမ်ရှူစုန့်၏စကားက အလွန်အံ့အားသင့်စေသေးသည်။ ယွမ်ရှူစုန့်က အနောက်တိုင်းပြည်များသို့ ကိုယ်တိုင်ကိုယ်ကျ သွားခဲ့ပြီး အန်းရှီကာကွယ်ရေး စစ်တပ်ကို ကိုယ်တိုင်ကိုယ်ကျ မြင်ဖူးခဲ့သည်။ သို့တိုင်အောင် သူက ထိုသို့ပြောရဲခဲ့သည်။ ဆိုလိုကတည်းက အာရပ်စစ်သည်တော်များက အလွန်အမင်း သန်မာရပေမည်။
ယွမ်ရှူစုန့်က ခေါင်းကိုငုံ့ထားပြီး ခိုင်မာစွာဆက်ပြောသည်။
“အရှင်အမတ် အာရပ်တွေရဲ့ ပင်ကိုယ်စိတ်ဓာတ်အရ အနှေးနဲ့အမြန် မဟာထန်ရဲ့ ရန်သူတွေ ဖြစ်လာမှာပါ။ သူတို့ကို လုံးဝအထင်သေးလို့ မရပါဘူး”
“ခင်ဗျားဒီစကားကို အခြားလူတွေကို ပြောခဲ့ဖူးသေးလား”
ဝမ်ချောင်က ခပ်တင်းတင်းမေးလိုက်သည်။
“ဒီနိမ့်ကျတဲ့လူက ခရီးက ပြန်လာပြီးတဲ့နောက်မှာ ဒီစကားလုံးတွေကိ မှတ်တမ်းအဖြစ် တင်သွင်းခဲ့ပါတယ်။ ဘုရင်ခံလက်အောက်က ဌာနက ဒီမှတ်တမ်းတွေကို အသုံးပြုပြီး ကျွန်တော်မျိုးကို ခုနှစ်နှစ် အကျဉ်းချခဲ့ပါတယ်”
ထိုစကားကို ကြားသောအခါ ယွမ်ရှူစုန့်က လေးလံစွာ သက်ပြင်းချသည်။
ဝမ်ချောင်နှင့် သိန်းငှက်အိုကြီးတို့က အံ့ဩသွားသည်။
“ဒီမျိုးမစစ်တွေ သူတို့က စည်းမျဉ်းတွေကို ဂရုစိုက်ရဲသေးတာပဲ”
သိန်းငှက်အိုကြီးက လက်သီးကို ခပ်တင်းတင်းဆုပ်သည်။ သူတို့ထဲမှ မည်သူကမျှ ယွမ်ရှူစုန့်က ထိုသို့သော အတွေ့အကြုံမျိုးကို ရခဲ့ကြောင်း မသိထားချေ။
“ဒီလူတွေ တကယ်လွန်သွားပြီ”
ဝမ်ချောင်၏ မျက်လုံးကပင် ပြူးသွားသည်။ ယွမ်ရှူစုန့်ကသာ ထိုသို့ ထုတ်မပြောရဲခဲ့လျှင် ဝမ်ချောင်အနေဖြင့် ယွမ်ရှူစုန့်က သေသည်အထိ ရိုက်နှက်ခံရပြီးလျှင်တောင် မသိနိုင်လောက်သေးချေ။ တော်ဝင်ခုံရုံးက ဘုရင်ခံ၏ လက်အောက်ခံဌာနကို တည်ထောင်ခဲ့သည်မှာ အမျိုးမျိုးသော တိုင်းပြည်များ၏ သံတမန်ရေးရာ ကိစ္စများကို ကိုင်တွယ်ရန်ဖြစ်ပြီး မဟာထန်အတွက် အကူအညီဖြစ်စေရန်ဖြစ်သည်။
သို့သော် လက်ရှိခေတ်တွင်ပင် ထိုဌာနက တဖြည်းဖြည်းချင်း မူရင်းရည်ရွယ်ချက်ကို မေ့လျော့လာပြီး အခြားတိုင်းပြည်များ၏ ကောင်းသည့်ဘက်ကိုသာ အရယူလိုကာ ကိုယ်တိုင်တိုင်းပြည်မှ လူများကို ဖိနှိပ်လိုလာသည်။
သိန်းငှက်အိုကြီးက ဝမ်ချောင်ကို လှည့်ကြည့်ကာပြောသည်။
“အရှင်အမတ် ကျွန်တော်တို့ ဒီကိစ္စကို တကယ်ကိုင်တွယ်ရတော့မယ်။ ဒီဌာနကလူတွေက တစ်ရက်ထက်တစ်ရက် ပိုပြီးအတင့်ရဲပြီး လွန်ကဲလာတာပဲ။ ဒီတိုင်းသာ ဆက်ဖြစ်နေရင် ဒီဌာနက အနှေးနဲ့အမြန် တိုင်းတစ်ပါးသားတွေရဲ့ နေရာတစ်ခု ဖြစ်သွားတော့မယ်”
ဝမ်ချောင်က ဘာစကားမျှ မဆိုချေ။ ဘုရင်ခံလက်အောက်ခံ ဌာနမှကိစ္စက အလွန်ရှုပ်ထွေးပြီး စကားလုံး အနည်းငယ်ဖြင့် ဝင်စွက်ဖက်၍မရချေ။ ထိုဌာနက သူတော်စင်ဧကရာဇ်၏ တိုက်ရိုက်အမိန့်အောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။ သို့သော် သူတော်စင် ဧကရာဇ်ကမူ ထိုမျှအထိ ပူမနေလေရာ ဒီကိစ္စများကို ဝင်မစွက်ဖက်နိုင်သည်မှာ သေချာသည်။ ပို၍ဆိုးသည်မှာ ထိုဌာနကို အစစ်အမှန် ထိန်းချုပ်နေသူက သူတော်စင်ဧကရာဇ်မဟုတ်ဘဲ ဘုရင်ချီဖြစ်နေသောကြောင့်ဖြစ်သည်။ ဘုရင်ချီကရှိနေသမျှ ဒီဌာနကို ကိုင်တွယ်ရန်ကိစ္စက မရိုးရှင်းနိုင်ချေ။ သို့တိုင်အောင် သူ့ကို စိတ်ထင်းတိုင်းကျဲထားခွင့် ပြု၍မရသေးချေ။
“ဒီဌာနမှ ကျန်းချန်းကျိုးလို့ခေါ်တဲ့ လူတစ်ယောက် ရှိသင့်တယ်မဟုတ်လား။ သူ့ရဲ့နေရာကို အစားထိုးဖို့ လုပ်ရမယ်”
ဝမ်ချောင်ကပြောသည်။
“အရှင်အမတ်က ယွီစန်းရဲ့ ပထမမင်းသားရဲ့ မတော်တဆမှုကို ပြောချင်တာပါလား”
သိန်းငှက်အိုကြီးကပြောသည်။
“အင်း”
ဝမ်ချောင်က အေးစက်စွာ ခေါင်းညိမ့်သည်။ သူ၏အမူအရာမှတဆင့် လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် အမူအရာက ထွက်ပေါ်လာသည်။
“ဘုရင်ခံဌာနကို သင်ခန်းစာပေးဖို့ အချိန်ကျပြီ။ ကျန်းချန်းကျိုးက တိဗက်တွေနဲ့ ဆက်ဆံရေးကောင်းတာကို ပထမဦးဆုံး သင်ခန်းစာအဖြစ် ထားလိုက်ရအောင်”
အတိတ်တွင် ဝမ်ချောင်အနေနှင့် ထိုဌာနမှ အရာရှိများကို မကိုင်တွယ်နိုင်ခဲ့ချေ။ သို့သော် ယခုမူ ဝမ်ကလန်က လွှမ်းမိုးနိုင်စွမ်း မြင့်တက်လာသလို အဆင့်အတန်းလည်း မြင့်မားလာသည်။ ထို့ပြင် ဘုရင်စုန့်နှင့် ဆက်ဆံရေးကြောင့် ယခုအခါ သူက ခုံရုံးအတွင်း ဝင်စွက်ဖက်နိုင်လာလေပြီ။ ကျန်းချန်းကျိုးကဲ့သို့ သူ့ကို ဖိနှိပ်ရန် ကြိုးစားခဲ့ဖူးပြီး တိဗက်များနှင့် ဆက်ဆံရေးကောင်းသော လူဆိုလျှင် လက်တစ်ချက် ယမ်းလိုက်ရုံဖြင့် ဖယ်ရှားရလွယ်ကူသည်။ ဒါက ထိုဌာနအတွက် သတိပေးရာလည်းရောက်သည်။
စကားလုံးအနည်းငယ်ထဲနှင့် ဝမ်ချောင်က ဘုရင်ခံလက်အောက်ခံ ဌာနမှ အရာရှိတစ်ယောက်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးလိုက်ပြီး ယွမ်ရှူစုန့်ကို မှင်သက်သွားစေခဲ့သည်။ သူကလည်း သူ့အရှေ့မှ ထိုလူငယ်၏ အာဏာနှင့် လုပ်နိုင်စွမ်းအား အဆင့်အတန်းကို နားလည်သွားသည်။
ဝမ်ချောင်က ယွမ်ရှူစုန့်ကို ပြုံးကာကြည့်လိုက်ပြီးနောက် သူ၏အစစ်အမှန် ရည်ရွယ်ချက်ကိုပြောသည်။
“ဆရာယွမ် ကျွန်တော် ဆရာယွမ်ဆီကနေ ဖုံးကွယ်မထားတော့ဘူး။ ကျွန်တော်က တိုင်းတစ်ပါးသား ဘာသာစကားတွေဖြစ်တဲ့ charahspasinu၊ ဆင်းတု ယွီစန်းနဲ့ အခြားတိုင်းပြည်တိုင်းရဲ့ ဘာသာစကားတွေကို သင်ကြားဖို့ အကယ်ဒမီတစ်ခု တည်ဆောက်ချင်တယ်။ ဒီလိုနဲ့ ကျွန်တော်တို့မဟာထန်ရဲ့ အခြားတိုင်းပြည်တွေအပေါ် နားလည်နိုင်စွမ်းအားကို မြင့်မားလာစေချင်တယ်။ ဒီအကယ်ဒမီကိုလည်း အရင်းအမြစ် အမြောက်အများနဲ့ ရေရှည်ထောက်ပံ့ပေးဖို့ ကျွန်တော်က ပြင်ဆင်ထားပြီးသား။ ဒါပေမဲ့ ဒီအကယ်ဒမီအတွက် ဆရာလိုအပ်နေတယ်။ ဆရာများ စိတ်ဝင်စားမလား”
အနောက်ပိုင်းတိုင်းပြည်တိုင်းက မတူသော ဘာသာစကားများကို ကျင့်သုံးကြသည်။ အနောက်ပိုင်း နယ်စပ်များကို ကိုင်တွယ်နိုင်ရန်အလို့ငှာ ဒီဘာသာစကားများကို နားလည်ထားသော လူမျိုးကို လိုအပ်နေသေးသည်။ ထိုအထဲတွင် အာရပ်တွင် charahspasinu လည်းပါသည်။ သူကိုယ်တိုင် ထိုလူများကို ပျိုးထောင်မည်ဆိုလျှင်လည်း ဒီနည်းလမ်းကို အသုံးပြုခြင်းက အကောင်းဆုံးရလဒ် ဖြစ်လာနိုင်သည်။
“အရှင်အမတ်ရဲ့စကားကို ကျွန်တော် အမှန်တရားလို့ ယုံကြည်လို့ရမလား”
ယွမ်ရှူစုန့်က ချက်ချင်းလိုလို ခေါင်းမော့သည်။ သူ၏မျက်နှာတွင် ပျော်ရွှင်မှုက တောက်ပလာသည်။
“ဒါဆိုရင် ဆရာရဲ့အဖြေက”
“ဒါပေါ့ ကျွန်တော် လက်ခံတာပေါ့။ ပျော်ပျော်ရွှင်ရွှင်ကို လက်ခံတာပေါ့”
ယွမ်ရှူစုန့်က စိတ်လှုပ်ရှားသည်။ သူ၏ကြာရှည်သော အိမ်မက်ကြီးက တိုင်းတစ်ပါးသား ဘာသာစကားများကို သင်ကြားပေးမည့် ကျောင်းတော်တစ်ခု တည်ဆောက်ပြီး မဟာထန်၏ အခြားတိုင်းပြည်များအပေါ် နားလည်မှုကို မြင့်မားစေလိုခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် မလိုလားအပ်သော ကပ်ဘေးများ မစိုက်ရောက်လိုချေ။
ကံဆိုးစွာဖြင့် သူက မြို့တော်တွင် နှစ်ပေါင်းများစွာကြာအောင် ရှိနေပြီးသည့်တိုင်အောင် အထောက်အပံ့ကို ရှာမတွေ့ခဲ့ချေ။ ဒုက္ခကိုသာ ကြုံတွေ့နေခဲ့ရသည်။ ထပ်ခါတလဲလဲ ကြုံတွေ့ခဲ့ကြရကာ အငြင်းပယ်ခံရပြီးနောက် ယွမ်ရှူစုန့်က တိုင်းပြည်မှ ထွက်သွားပြီး အနောက်ပိုင်း တိုင်းပြည်များတွင် နေထိုင်ရန် ဆုံးဖြတ်ခဲ့သည်။
ဝေ့ကောနှင့် ဝေ့ဝူက သူ့ကိုရှာတွေ့သွားကာ သူက အဝတ်အစားများပင် ထုတ်သိမ်းပြီးလေပြီ။ ယွမ်ရှူစုန့်အနေဖြင့် ဒီလိုစိတ်ဓာတ်အကျဆုံး အခြေအနေတွင် ကံကြမ္မာက ရုတ်တရက် အလှည့်အပြောင်း ဖြစ်သွားမည်ဟု မမျှော်လင့်ထားဘူးချေ။
“ဟား ဟား ဟား ဆရာ ဒါဆိုရင်တော့ ကျွန်တော် ဒီနယ်ပယ်အတွက် ဆရာ့ကိုပဲ လွှဲထားပေးလိုက်တော့မယ်”
ဝမ်ချောင်က ထိုသို့ပြောကာ သဘောတကျရယ်သည်။
“သိန်းငှက်အိုကြီး ခင်ဗျားဒီကိစ္စကို ကိုင်တွယ်ပြီး အတက်နိုင်ဆုံး ကျောင်းတော် တည်ဆောက်နိုင်ဖို့ ကြိုးစားပါ။ ဒါ့အပြင် ကျောင်းကျင်းဟူနဲ့ အကြီးအကဲယဲ့တို့ကိုလည်း ကလန်အသီးသီးက ဉာဏ်ကောင်းတဲ့ ပါရမီပါတဲ့ လူတွေကို စေလွှတ်ပြီး ဒီကျောင်းတော်ကို တက်ခိုင်းဖို့ ဘာသာစကားတွေကို သင်ယူခိုင်းပါ”
ဆရာယွမ်၏ အထောက်အပံ့ ပေးမှုနှင့်ဆိုလျှင် ဝမ်ချောင်၏ အနောက်တိုင်း တိုင်းပြည်များနှင့် ပတ်သတ်သည့် ကြံစည်ထားသည့် အကြံအစည်က တိုးတက်မှုရှိသွားလေပြီ။ ထိုသို့သော အရေးကြီးသောလူက သူ၏ဘက်သို့ ဝင်ရောက်လာသောအခါ သူ၏အကြံအစည်ကြားမှ ကွာဟချက်က ဖြည့်ဆည်းပေးနိုင်လေပြီ။
“ဟုတ်ကဲ့ အရှင်အမတ်”
သိန်းငှက်အိုကြီးက ယွမ်ရှူစုန့်နှင့်အတူ ခပ်မြန်မြန် ထွက်ခွာသည်။
ယွမ်ရှူစုန့်နှင့် သိန်းငှက်အိုကြီး ထွက်သွားပြီးသိပ်မကြာခင် ဝမ်ချောင်က ဒီနေ့၏ နောက်ဆုံးဧည့်သည်ကို လက်ခံတွေ့ဆုံလိုက်သည်။
“ဒီနေ့ရဲ့ နောက်ဆုံးဧည့်သည် ယန်ဟုန်ချန်းက အရှင်အမတ်ကို ဂါရဝပြုပါတယ်”
မာနကြီးသည့် ခပ်ဝဝ ကုန်သည်ကြီးတစ်ယောက်က ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်လာပြီး ဝမ်ချောင်ကို ဂါရဝပြုသည်။ သူ၏လက်ချောင်းတိုင်းတွင် မဟူရာလက်စွပ်များက အပြည့်ရှိနေပြီး ခါးတွင်လည်း ကျောက်စိမ်းနှင့် အနီရောင်ကျောက်သားဖြင့် လုပ်ထားသည့် တံဆိပ်ကြီးက ရှိနေသည်။
“ယဉ်ကျေးနေဖို့ မလိုပါဘူး။ ခေါင်းမော့ပါ”
ဝမ်ချောင်က လက်ကိုအနည်းငယ် မြှောက်လိုက်သည်။ ယွမ်ရှူစုန့်နှင့် မတူသည်မှာ ဝမ်ချောင်က ထိုသတ်လတ်ပိုင်းအရွယ် ကုန်သည်လူကို ရင်ဆိုင်ရာတွင် တိုက်ရိုက်သာပြောသည်။
“ငါကြားထားတဲ့အတိုင်းဆိုရင် လူကြီးမင်းက ပိုးသားလမ်းရဲ့ ဟူကုန်သည်တွေနဲ့ အဆက်အသွယ် ကောင်းကောင်းရှိပြီး စီးပွားရေးလုပ်ငန်းမှာ ထူးချွန်ပြောင်မြောက်တယ်လို့ဆိုတယ်။ လူကြီးမင်းက တစ်ကြိမ်ကလည်း အာရပ်ကို ကိုယ်တိုင်ဝင်ရောက်ပြီး ကြွေထည်နဲ့ လက်ဖက်ခြောက်တွေ ရောင်းချခဲ့ဖူးတယ်ဆိုပဲ”
“အရှင်အမတ်က ကြင်နာလွန်းနေပါပြီ။ ကလန်က စီးပွားရေးအနည်းငယ် လုပ်မိလို့ ဟူကုန်သည် အနည်းငယ်နဲ့ အလုပ် လုပ်ကိုင်ခွင့်ရခဲ့တာပါ။ ဟူကုန်သည်တွေက တိုင်းတစ်ပါးသားတွေကို သဘောမကျလို့ တိုင်းတစ်ပါးသား ကုန်သည်တွေနဲ့ ကုန်သွယ်ဖို့ အရမ်းကိုခက်ခဲပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးက ကြီးမားခြင်းလည်း မရှိပါဘူး။ ဒီတိုင်း စီးပွားရေးလုပ်ငန်းငယ်လေးပါပဲ”
“အာရပ်နဲ့ charahspasinu အတွက်ကတော့ အစောပိုင်းနှစ်တွေမှာ ဒီလူက ကောင်းကင်နဲ့မြေပြင်ရဲ့ အတိမ်အနက်ကို မသိလို့ ပိုက်ဆံအမြောက်အများ ဆုံးရှုံးခဲ့ရပါသေးတယ်။ ဒီလူက နောက်ပိုင်းမှသာ ကျော်ကြားမှုအနည်းငယ် ရရှိခဲ့တာပါ”
ယန်ဟုန်ချန်းကပြောသည်။
“အွန်း”
ဝမ်ချောင်ကခေါင်းညိမ့်သည်။ အနောက်ပိုင်း တိုင်းပြည်များ charahspasinu နှင့် အာရပ်တို့မှ ကုန်သည်များက တိုင်းတစ်ပါးသားများကို အလွန်အမင်း ကြောက်ရွံ့သည်။ ယန်မျိုးရိုးတွင် ယန်ဟုန်ချန်းက မဟာထန်၏ ပိုးသားလမ်းတွင် စီးပွားရေးလုပ်သော လူများထဲမှ တစ်ယောက်ဖြစ်သည်။
“ပိုးသားလမ်းမှာ တာလာလို့ခေါ်တဲ့ မြို့တစ်မြို့ရှိတယ်။ ဒါကို မဟာလူကြီးမင်းယန်များ ကြားဖူးသလား”
“တာလာဟုတ်လား”
ယန်ဟုန်ချန်းက ရုတ်တရက် ခေါင်းမော့ပြီးနောက် အရှင်အမတ်ကိုကြည့်သည်။ သူ၏မျက်နှာတွင် အံ့အားသင့်မှုက အထင်းသားရှိနေသည်။
“အန်းရှီအစိုးရ ကာကွယ်ရေးဌာနချုပ်နဲ့ လီခုနှစ်ရာအကွာ ပတ်ဝန်းကျင်မှာ တာလာရှိတယ်။ အဲ့ဒီဟာက ကျုံးဝူရဲ့ အဖွဲ့ကိုးက ရှီရှစ်တိုင်းပြည်ရဲ့ ပိုင်နက်ပဲ။ မြို့ရဲ့အရှင်ကို ဆာအင်းလို့ခေါ်တယ်။ ဒီနိမ့်ကျတဲ့လူက ငယ်ရွယ်စဉ်က ကံကောင်းပြီး အနောက်ပိုင်းဒေသမှာ ကုန်သွယ်ရင်းနဲ့ သူနဲ့ဆုံခဲ့ဖူးတာပါ”
အခန်း(၆၉၄)
လီစစ်ယဲ့ရဲ့ပြဿနာ
ယန်ဟုန်ချန်း၏ စကားကြောင့် ဝမ်ချောင်၏ မျက်ဝန်းက အံ့အားတကြီး တောက်ပသွားသည်။
“ဆာအင်းဟုတ်လား”
ဝမ်ချောင်အနေဖြင့် ပထမဦးဆုံးအကြိမ် ထိုနာမည်ကို ကြားဖူးခြင်းဖြစ်သည်။
အနာဂတ်၏ မဟာထန်နှင့် အာဘတ်ဆစ်ကယ်လီဖိတ်၏ စစ်ပွဲတွင် အရှေ့နှင့်အနောက်မှ တိုင်းပြည်ကြီးနှစ်ခု၏ ပြင်းထန်သည့် တိုက်ပွဲကြီး ဖြစ်လာမည်ဖြစ်လေရာ အရေးကြီးသောကဏ္ဍမှ ပါဝင်ခဲ့ပြီး တိုက်ပွဲ၏ အခြေအနေကို ပြောင်းလဲစေခဲ့သည့် ပုဂ္ဂိုလ်၏ နာမည်များကို သူကြားဖူးသည်။ ထိုထဲမှ နာမည်တစ်ခုက တာလ၏အရှင်ဆိုသော နာမည်ဖြစ်သည်။
ကောင်းရှန်းကျစ်က တိုင်းတစ်ပါးသား ဖြစ်သော်လည်း သူဟာ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် အင်ပါယာ၏ အနောက်မြောက်ပိုင်းမှ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်ပြီး အင်ပါယာ၏ အမွှာကျောက်စိမ်း နှစ်သွယ်ထဲမှ တစ်ယောက်ဖြစ်သည်။ သူ၏ခွန်အားက ပြိုင်ဘက်ကင်းနီးပါးဖြစ်သည်။
ဝမ်ချောင်ကလည်း တချိန်က သူ၏လုပ်ဆောင်နိုင်စွမ်းအားများကို ရှာဖွေစစ်ဆေးခဲ့ဖူးသည်။ ကောင်းရှန်းကျစ်၏ အကြီးမားဆုံး ထင်ရှားသည့် အမူအကျင့်ကမူ သူ၏မြင်းတပ်ကို ကောင်းမွန်စွာ စီမံကိုင်တွယ်နိုင်ခြင်းဖြစ်သည်။ စစ်သည်တော်များက အရှိန်နှုန်းကို တန်ဖိုးထားသည်။ စစ်တပ်တစ်ခုက ရန်သူက မမျှော်လင့်ထားသော လီတစ်ထောင်ကျော်အကွာသို့ ချက်ချင်း လျှင်မြန်စွာ ချီတက်သွားနိုင်သော အခြေအနေက မည်သူမျှ စိတ်ကူးမယဉ်ရဲသော အခြေအနေဖြစ်သည်။ သို့တိုင်အောင် ဉာဏ်အရှိဆုံး လူတွင်ပင် သူ၏အကြံအစည်တွင် ပြစ်ချက်ချန်ခဲ့တတ်သည်။ ကောင်းရှန်းကျစ်၏ ဘဝတွင် အကြီးမားဆုံးသော အရှိန်နှုန်းက သူ၏ပြိုင်ဘက်အပေါ် အထင်သေးမိသော အချက်ဖြစ်သည်။ ထိုအခြေအနေက သူ့အတွက် အချိန်ကို အကန့်အသတ် ရှိသွားစေသည်။ ဒီနည်းအားဖြင့် သူက တာလာကို ဦးစွားမသိမ်းယူနိုင်ခဲ့ချေ။
ထိုအခြေအနေက ရုတ်တရက် လီတစ်ထောင်ကျော် အကွာသို့ ဝင်ရောက်လာခဲ့သည့် အမြစ်ဖြတ် သုတ်သင်သည့် ကိစ္စကြီးကို ဖြစ်စေခဲ့သည်။ သာလာမှတစ်ယောက်က အန်းရှီအစိုးရ ကာကွယ်ရေးစစ်တပ်ကို ခုခံပေးခဲ့ပြီး ကောင်းရှန်းကျစ်ကို အချိန်ဆွဲကာ မောပန်းနွမ်းနယ်စေခဲ့သည်။ ထိုလူက တာလာ၏ အရှင်ဖြစ်သည်။
ခြေတစ်လှမ်းမှားသွားလျှင် နောက်ခြေလှမ်း ဆက်တိုက်မှားသွားပေတော့မည်။ ကောင်းရှန်းကျစ်က ရုတ်တရက် ဝင်ရောက်စစ်ဆင်ရေးဆွဲခဲ့သော အဖွဲ့အစည်း၏ သခင်ဖြစ်သည်။ သို့သော် တိုက်ပွဲကို ကြိုးကိုင်ခဲ့သော ကိစ္စတွင် သူ၏သဘာဝပြစ်ချက်ကြီးက ပါဝင်နေခဲ့သည်။ နောက်ဆုံး သုံးသပ်ဆင်ခြင်ရသော သာလာ၏ ထိုမြို့အရှင်နှင့် တိုက်ပွဲတွင် ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်က အရှုံးကြီးရှုံးသွားသည်။ ရလဒ်အနေဖြင့် မဟာထန်က ပိုင်နက်နယ်မြေ စတုရန်းကီလိုမီတာ သုံးသန်းကျော်ကို ဆုံးရှုံးလိုက်ရပြီး ရာစုနှစ်ချီ အားအင်စိုက်ထုတ်ထားသမျှကို အနောက်ပိုင်းနယ်မြေများသို့ ရင်းနှီးမြုပ်နှံလိုက်သလို ဖြစ်သွားသည်။ လူအနည်းစုကသာ သာလာ၏မြို့အရှင်ကို သိကြသည်။ ထို့ကြောင့် ဝမ်ချောင်က ပထမဦးဆုံးအကြိမ် သူ၏နာမည်ကို ကြားဖူးခြင်းဖြစ်သည်။
“ခင်ဗျားနဲ့ ဆာအင်းနဲ့ ပေါင်းသင်းဆက်ဆံ ပြောဆိုတဲ့အခါ သူ့ကို ဘယ်လိုလူမျိုးလို့ထင်လဲ”
ဝမ်ချောင်က မျက်ခုံးကိုပင့်လျှက် မေးခွန်းကိုမေးသည်။
“ဒီလူက အနောက်တိုင်းပြည်တွေမှာ တော်တော်လေးကို ကျော်ကြားမှုရှိထားပြီး လုပ်နိုင်စွမ်းအားလည်းရှိတဲ့ လုပ်ငန်းတစ်ခုကို ပိုင်ဆိုင်ထားတဲ့လူပါ။ ကျွန်တော်ကြားဖူးတဲ့အတိုင်းဆိုရင် အနောက်တိုင်းပြည်မှာ သူနဲ့ပတ်သတ်တဲ့ မတော်တဆမှု ဖြစ်ပျက်ခဲ့ဖူးပါတယ်။ ဆာအင်းက သူ့ကို ပစ္စည်းကောင်းတွေ ကုန်သွယ်ပေးမယ်လို့ပြောတဲ့ လူတစ်ယောက်နဲ့ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်တယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ အဲ့ဒီလူက ဖျားနာမှုကြောင့် သေဆုံးသွားခဲ့တယ်။ ဆာအင်းက ဒီအကြောင်းကိုသိတော့ အဲ့ဒီလူအကြောင်း ချက်ချင်း စုံစမ်းစစ်ဆေးခဲ့ပြီး နှစ်နှစ်ကျော်လောက် အချိန်သုံးပြီးမှ ဒီလူရဲ့မိသားစုနဲ့ ဒီလူက သူ့ရဲ့ပစ္စည်းတွေကို သူ့ရဲ့ ကျန်ရစ်ခဲ့တဲ့ မုဆိုးမဇနီးဖြစ်သူနဲ့ သားဖြစ်သူအပေါ် လွှဲပြောင်းပေးထားမှန်း သိသွားခဲ့တယ်။ မိသားစုကို ထောက်ပံ့ဖို့အတွက်လည်း သူက ပိုက်ဆံနည်းနည်း ချန်ထားရစ်ခဲ့ပါသေးတယ်”
“ဒီမတော်တဆမှု ကိစ္စကြောင့် တာလာမြို့အရှင်က ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာကို ကျွန်တော် သိခဲ့ရတယ်။ သူ့ရဲ့စည်းမျဉ်းတွေက တော်တော်လေးကို ကြမ်းတမ်ပြီး သူချတဲ့စည်းမျဉ်းကို ကျော်ဖြတ် အံ့တုလာတဲ့ ဘယ်သူ့ကိုမဆို ဘယ်တော့မှ ပေါ့ပေါ့လေး မဆက်ဆံတတ်တဲ့ လူမျိုးပဲ။ တာလာမှာရှိတဲ့ အစေခံတွေ၊ ကျွန်တွေ၊ ကုန်သည်တွေထဲမှာ ကွပ်မျက်ခံခဲ့ရတဲ့ အရေအတွက်က ရေတွက်လို့တောင် မရနိုင်တော့ပါဘူး။ ဒါကြောင့် လူအများစုက သူ့အကြောင်းပြောတဲ့ အချိန်တိုင်း ကြောက်လန့်ပြီး လေးစားကြပါတယ်”
“မဟာထန်ကနေ အာဘတ်ဆစ်ကယ်လီဖိတ်ကိုသွားတဲ့ ပိုးသားလမ်း တောက်လျှောက်ဆိုရင် လမ်းမှာ တိုင်းပြည်ပေါင်းများစွာအတွက် လီသောင်းကျော် ကျော်ဖြတ်သွားဖို့ လိုအပ်ပါတယ်။ ရလဒ်အနေနဲ့ ကုန်သည်အများစုက အခွန်ခတွေနဲ့ ဝင်ကြေးတွေကို ရှောင်နိုင်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ တာလာမှာတော့ ဟူကုန်သည်တွေက သူတို့ရဲ့ အခွန်အခတွေကို အချိန်နဲ့တပြေးညီ ပေးဆောင်ရတယ်။ နှောင့်နှေးကျန့်ကြာနေလို့လည်း မရပါဘူး။ အခွန်အခကို ဘယ်သူကမှ မပေးဆောင်ဘဲ မနေရဲပါဘူး။ ရလဒ်အနေနဲ့ အဲ့ဒီနယ်မြေက အရမ်းကို လုံခြုံပါတယ်။ အနောက်တိုင်းပြည်မှာ ဒီလိုမျိုး လုံခြုံပြီး အစီအစဉ်တကျ ရှိနေတဲ့ နေရာမျိုးက တော်တော်လေးကို ရှားပါးပါတယ်”
ဝမ်ချောင်က ဘာစကားမှ မဆိုချေ။ သို့သော် သူ၏မျက်မှောင်ကမူ ပြေသွားသည်။ ယန်ဟုန်ချန်းပြောသော ထိုမတော်တဆက မဟာထန်အတွက် သတင်းကောင်းမဟုတ်ချေ။ ဆာအင်းဆိုသော ထိုလူက လာမည့်စစ်ပွဲတွင် မဟာထန်အတွက် ကြီးမားသည့် ဆိုးကျိုးကြီး ဖြစ်နိုင်ချေရှိသည်။
“ယန်ဟုန်ချန်း ငါခင်ဗျားကို ကိစ္စတစ်ခုမှာ ကူညီပေးစေချင်တယ်”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
“ခင်ဗျားဆန္ဒရှိသလား”
“အရှင်အမတ် ကျေးဇူးပြုပြီး ပြောပါ”
ယန်ဟုန်ချန်းက ချက်ချင်းလိုလို ဂါရဝပြုလိုက်သည်။
“ငါကခင်ဗျားကို လူနည်းနည်းခေါ်ပြီး တာလာကို ဝင်ရောက်လို့ အာဘတ်ဆစ်ကယ်လီဖိတ်နဲ့ တာလာရဲ့ လှုပ်ရှားမှုတွေအကြောင်းကို စောင့်ကြည့်စေချင်တယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ လေပြင်းက မြက်ပင်ကို တိုက်ခတ်လာရင်တောင်မှ ခင်ဗျားက အဲ့ဒီအကြောင်းအရာကို ငါ့ဆီ သတင်းပြန်ပို့ဖို့ လိုအပ်တယ်။ အထူးသဖြင့် အာရပ်တွေကြားမှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ရှိလာတယ်ဆိုတာနဲ့ ချက်ချင်း သတင်းပို့ရမယ်”
ဝမ်ချောင်က ခပ်မာမာပြောသည်။
“ဒါက... အရှင်အမတ် ကျွန်တော်တို့ဟန်တွေက ဟူတွေနဲ့ မတူပါဘူး။ ဒါကြောင့် ကျွန်တော်တို့အကြောင်း သိသွားဖို့ လွယ်ကူပါတယ်။ ဒီလိုအခြေအနေမျိုးမှာဆိုရင် ကျွန်တော်တို့ သတင်းစုဆောင်းဖို့တောင် ခက်ခဲနိုင်မယ်လို့ထင်တယ်။ ပိုဆိုးတာက တစ်ယောက်ယောက်သာ ကျွန်တော်တို့ကို သတိထားမိသွားပြီး သံသယ ဝင်သွားကြရင် ကျွန်တော်တို့ အသက်ကတောင် ခက်ခဲသွားနိုင်ပါတယ်”
ယန်ဟုန်ချန်းက စိတ်ဓာတ်ကျသော မျက်နှာထားမျိုးဖြင့် ပြောသည်။
“ဟား ဟား ဟူတွေမှာ တိုင်းပြည် (၇၂)ပြည်ရှိတယ်။ ဒီတော့ သူတို့အားလုံးက တစ်စိတ်တစ်ဝမ်းတည်း မဟုတ်ဘူး။ ဟန်တွေတောင်မှ ဒီလိုသံသယ မြင့်တင်နိုင်တယ်ဆိုကတည်းက ဟူတွေကလည်း မြင့်တင်နိုင်ရမှာပေါ့။ ဒီတော့ လူကြီးမင်းယန်က နှစ်ပေါင်းများစွာကြာအောင် အနောက်ပိုင်း တိုင်းပြည်တွေမှာ စီးပွားရေးလုပ်လာခဲ့တဲ့ အတွေ့အကြုံကိုသုံးပြီး အနည်းဆုံးတော့ ဟူနည်းနည်းလောက် ငှားရမ်းနိုင်မယ်မဟုတ်လား”
သဘောတကျ ရယ်လျှက်ပြောသည်။
“ဟူဆိုရင်တောင်မှ သူတို့က ကျွန်တော်တို့နဲ့ တစ်စိတ်တစ်ဝမ်းတည်း မရှိနိုင်ပါဘူး။ သူတို့က ပိုက်ဆံကိုယူပြီး အလုပ်မလုပ်တဲ့ ကိစ္စမျိုးတွေလည်း ရှိပါတယ်”
ယန်ဟုန်ချန်းက သံသယအပြည့်ဖြင့်ပြောသည်။ ဝမ်ချောင်က ရယ်သည်။ သူက ယန်ဟုန်ချန်းနှင့် ပြိုင်မငြင်းချေ။ ဒီတိုင်း ပိုက်ဆံသာပေးလိုက်သည်။
“ရွှေထည်တစ်သောင်း”
“ဒါက...”
“ရွှေထည်နှစ်သောင်း”
“ဒါပေမဲ့...”
ဝမ်ချောင်က လက်နှစ်ချောင်းထောင်သည်။
“ဒါ့အပြင် ခင်ဗျားရဲ့ဝေစုကို လက်ဖက်ခြောက် နှစ်ဆယ်ရာခိုင်နှုန်းနဲ့ အခွန်အခ ကင်းလွတ်ခွင့် ထည့်ပေးထားမယ်။ ခင်ဗျားရဲ့ ယန်ကလန်ကလည်း ဒီအနောက်ပိုင်း နယ်မြေတွေကို ကုန်သွယ်တဲ့အခါ ဒီအကျိုးအမြတ်ကို လိုချင်မယ်လို့ထင်တယ်”
“အရှင်အမတ်က ဉာဏ်ကောင်းပြီး သတ္တိရှိလွန်းပါပေတယ်။ ဒီနိမ့်ကျတဲ့လူက သေချာပေါက် အဆုံးအစွန်ထိ ကြိုးစားပြီး ဟူတွေကို သိမ်းသွင်းလို့ မဟာထန်နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်အောင် ကြိုးစားပါ့မယ်။ ဒီလိုနဲ့ တာလာနဲ့ အာရပ်တွေကို စောင့်ကြည့်ထားပါ့မယ်။ သူတို့ရဲ့ သေးငယ်တဲ့ လှုပ်ရှားမှုဆိုရင်တောင် ဒီနိမ့်ကျတဲ့လူက သေချာပေါက် အရှင်အမတ်စီကို အချိန်နဲ့တပြေးညီ သတင်းပို့ပါ့မယ်။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့လူရဲ့ ကလန်ကတော့ အခုတလောမှာ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ အရှင်အမတ်ကသာ ကြွေထည်အတွက် နှစ်ဆယ်ရာခိုင်နှုန်းလောက် ထပ်ပြီး တိုးပေးမယ်ဆိုရင် ဒီနိမ့်ကျတဲ့လူက ပိုပြီးကျေးဇူးတင်မိမှာပါ”
ယန်ဟုန်ချန်းက ရိုးသားသော မျက်နှာထားမျိုးဖြင့်ပြောသည်။
ဝမ်ချောင်က စိတ်ထဲတွင် ရယ်လိုက်သည်။ ကုန်သည်များက အကျိုးအမြတ်ကိုသာ လိုလားသည်။ စီးပွားရေးကိစ္စနှင့် ပတ်သတ်လာသော် ယန်ဟုန်ချန်းက အလကား အလုပ်မလုပ်ချင်ချေ။ ပိုးသားလမ်းက ရွှေထည်လမ်းဖြစ်သည်။ ဟူကုန်သည်များက မြို့တော်မှ အဝယ်ဆုံးက ပိုးသားနှင့် လက်ဖက်ခြောက်ဖြစ်သည်။ သို့သော် နေထိုင်သူများအတွက်မူ တော်ဝင်ခုံရုံးက ပိုးထည်နှင့် လက်ဖက်ခြောက်များအပေါ် အကန့်အသတ် ထားပေးထားသည်။ မဟာကလန်ကြီးတိုင်းက ဝေစုပမာဏ တစ်ခုစီရရှိထားသည်။ ထိုထက်ပို၍ ကုန်သွယ်ခွင့် ရရှိမထားချေ။
ထိုယန်ဟုန်ချန်းက လက်ဖက်ခြောက်နှင့် ကြွေထည်နှင့်ပတ်သတ်ပြီး ဝေစုပိုလိုချင်သည်မှာ အံ့ဩစရာမရှိချေ။ နှစ်ဆယ်ရာခိုင်နှုန်း ထပ်တိုးလိုက်လျှင် သူ၏ တစ်နေ့ရောင်းချမည့် အရေအတွက် ပမာဏက ရွှေတစ်ထောင်နီးပါး ရရှိသွားမည်ဖြစ်သည်။ ထိုအခါ မြောက်များသည့်ပမာဏ ဖြစ်သွားနိုင်သည်။
“သဘောတူတယ်”
ဝမ်ချောင်က ပေါ့ပါးစွာပြောသည်။ သူက ယန်ဟုန်ချန်းကိုလည်း တစ်ချက်ကြည့်သည်။
“ခင်ဗျားကသာ ဒီကိစ္စကို ကောင်းကောင်းလုပ်နိုင်ခဲ့ရင် အနာဂတ်မှာ ယန်ကလန်ရဲ့ ပိုးသားလမ်းပေါ် ဖြတ်သန်းတဲ့ ကုန်သည်တိုင်းက တော်ဝင်ခုံရုံးက စစ်သည်တေုံာ်တွေက လိုက်ပါပို့ဆောင်တာကိုတောင် ခံရနိုင်တယ်။ ဒါ့အပြင် ခင်ဗျားကလည်း ပိုးသားလမ်းက ငါ့ရဲ့ပိုင်နက် နယ်မြေအတွက် မြို့တည်ဆောက်နေတယ်ဆိုတာကို သိတယ်မဟုတ်လား”
“ကျွန်တော်မျိုးသိပါတယ်”
ယန်ဟုန်ချန်းက အကောင်းဆုံးကြိုးစားကာ ဖုံးကွယ်နေသည့်တိုင်အောင် သူ၏မျက်လုံးက စိတ်လှုပ်ရှားမှုကို မဖုံးကွယ်နိုင်ချေ။ ပိုးသားလမ်းတွင် အလုပ်လုပ်သော လူတိုင်းက ဝမ်ချောင်ကပြောသည့် မြို့ကိုသိသည်။
သို့သော် ယန်ကလန်က အင်အားနည်းပြီး အစစ်အမှန် ကြွယ်ဝသည့် ကလန်ကြီးများတွင် လွွှမ်းမိုးနိုင်စွမ်းရှိသော ကလန်ကြီးများကို မယှဉ်နိုင်ချေ။ ထို့ကြောင့် ယန်ဟုန်ချန်းက ဝင်ရောက်ကာ လက်မဆန့်ထုတ်ရဲခဲ့ချေ။ သို့သော် သူ့တွင် အကြံအစည်မရှိဘဲ မနေချေ။
“ခင်ဗျားကသာ ဒီတာဝန်ကို ကောင်းကောင်း လုပ်ဆောင်နိုင်ရင် ငါက မြို့မှာခင်ဗျားအတွက် နယ်မြေနည်းနည်း ချန်ထားပေးနိုင်တယ်။ ခင်ဗျားက အဲ့ဒီနေရာမှာ ဘာလုပ်လုပ် ခင်ဗျားရဲ့ ယန်ကလန်က အခွန်အခ ကင်းလွှတ်ခွင့်ရမယ်”
ဝမ်ချောင်ကပြောသည်။
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်အမတ် ယန်ကလန်ရဲ့ အဖွဲ့ဝင်တိုင်းက အရှင်အမတ်အတွက်ဆိုရင် သေဆိုသေ ရှင်ဆိုရှင် သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုပါတယ်။ ဒီနိမ့်ကျတဲ့လူက ကမာ္ဘမြေကြီးနဲ့ အံ့တုပြီး မြေပြင်ကို ဝင်ဆောင့်တိုက်ရမယ်ဆိုရင်တောင်မှ အရှင်အမတ်က တာလာမြို့အတွက် ပေးထားတဲ့ တာဝန်ကို မပျက်ကွက်စေရဘူးလို့ အာမခံပါတယ်”
ယန်ဟုန်ချန်း၏ ပျော်ရွှင်မှုက သူ့ကိုမြေပြင်တွင် ဒူးထောက်မိစေသွားသည်။
ကုန်သည်များက အကျိုးအမြတ်ကို ဂရုစိုက်သည်။ ဝမ်ချောင်က ကတိပေးထားသော ကြီးမားသော အကျိုးအမြတ်က ယန်ကလန်က ပိုးသားလမ်း၏ သာမာန်စီးပွားရေးတွင် ရနိုင်သည့် အကျိုးအမြတ်ကို ကျော်လွန်ပြီးသွားဖြစ်သွားသည်။ ထို့ပြင် ဝမ်ချောင်က သူ၏ သံမဏိမြို့ကြီးတွင် နယ်မြေများ ချန်ထားပေးမည်ဟု ပြောသောကိစ္စက ယန်ကလန်၏ နောက်မျိုးဆက်များကိုပင် အကျိုးအမြတ် ရှိစေမည်ဖြစ်သည်။
ထိုအချက်တစ်ခုတည်းကတင် ယန်ကလန်ကို ရာစုနှစ်တစ်ခုကြာအောင် တည်တံ့စေရန် လုံလောက်သွားပြီဖြစ်သည်။ ထိုအချက်အပြင် ဝမ်ကလန်ကဲ့သို့ အဖွဲ့အစည်းကြီး တစ်ခုကသာ ထောက်ပံ့ပေးထားမည်ဆိုလျှင် သူတို့အတွက် ဆိုးရွားသော ကိစ္စများ မရှိနိုင်တော့ချေ။
ဝမ်ချောင်က ဒူးထောက်နေသော ယန်ဟုန်ချန်းကိုကြည့်ကာ တိတ်တဆိတ် ပြုံးနေလိုက်သည်။
“ကိုယ့်ကိုယ်ကိုသိရမယ်။ ရန်သူကိုလည်း သိရမယ်။ ဒီလိုဆိုရင် ဘယ်တော့မှ မရှုံးနိုင်ဘူး” ဆိုသော စကားအတိုင်း သံမဏိမြို့ကြီးက တည်ဆောက်ရန် လိုအပ်နေသေးပြီး အင်္ဂတေလမ်းကတည်း ခင်းကျင်းရန် လိုအပ်နေသေးသည်။ သို့သော် မဟာထန်၏ အစစ်အမှန်ရန်သူ အာရပ်ကမူ အနောက်ပိုင်း ချုံးတောင်တန်းများနှင့် အလွန်အမင်း ဝေးကွာသော တစ်နေရာတွင် ရှိနေသည်။ ထို့ကြောင့် သူတို့ကိုလည်း စောင့်ကြည့်ရန် လိုအပ်သည်။ ယန်ဟုန်ချန်းက ဒီတာဝန်အတွက် အကောင်းဆုံး သင့်တော်သည့် လူဖြစ်သည်။ ပိုးသားလမ်းရှိ မည်သည့်ကုန်သည်ကမှ အနောက်ပိုင်း နယ်မြေများကို သူ့ထက်ပိုပြီး နားမလည်ထားလောက်ချေ။
ယန်ဟုန်ချန်းက အမိန့်နှင့်အတူ ခပ်မြန်မြန် ထွက်ခွာသွားသည်။ ဝမ်ကလန်မှ အစောင့်ဆယ်ယောက်ကျော်က ရွှေထည်များကို သယ်ဆောင်လျှက် သူ့ကိုလိုက်ပါ ပို့ဆောင်သည်။ ယန်ဟုန်ချန်းက ထိုအစောင့်များကို အပြည့်အဝ ထိန်းချုပ်ခွင့်ရထားပြီး ရွှေထည်များကိုလည်း အပြည့်အဝ သုံးစွဲခွင့်ရထားသည်။
စစ်ပွဲက ဗျူဟာနှင့် ဉာဏ်ပညာသုံးကာ တိုက်ရသည့် ပွဲဖြစ်သည်။ တစ်ဖက်က သတင်းအလျင်ရပြီး ဗျူဟာကို နက်နဲစွာ ပိုချထားနိုင်မည်ဆိုလျှင် သေချာပေါက် ပြိုင်ဘက်ကင်း လွတ်လွတ်ကျွတ်ကျွတ် အနိုင်ရမည်ဖြစ်သည်။ သို့သော် ဒီခေတ်တွင် လူအနည်းစုလောက်သာ ဝမ်ချောင်လို မြင်နိုင်စွမ်းအား ရှိကြတော့သည်။
ငါဝူရှန်းကို ခရီးတိုတစ်ခေါက် သွားရမဲ့အချိန်ပဲ။
ဝမ်ချောင်က ခေါင်းမော့လျှက် အတွေးနက်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်ကမူ ဝမ်ချောင်က လီစစ်ယဲ့ထံမှတဆင့် ဝူရှန်းတွင်ရှိသော သူ၏ အကြံအစည်က မျှော်လင့်ထားသလောက် မချောမွေ့ကြောင်း ကြားသိခဲ့ရသည်။ ဒီဘဝမှ ဝူရှန်းက ပို၍ပင် ကြမ်းတမ်းနေပြီး သူ၏ယခင်ဘဝထက်ပင် ပို၍ခေါင်းမာနေကြလေရာ မယဉ်ပါးလိုကြချေ။
ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့ကပင် ဒီလိုအခြေအနေမျိုးကို ကြုံတွေ့ရသည်။ ထို့ကြောင့် ဝမ်ချောင်ကပင် အံ့အားသင့်သွားရသည်။ အဆုံးတွင် သူက ကိုယ်တိုင်ကိုယ်ကျသွားပြီး ဒီအနာဂတ်၏ နံပါတ်တစ် မြင်းတပ်အင်အားစုကို သိမ်းသွင်းရတော့ပေမည်။
“ဟိုက်ရား”
ငါးရက်ခန့်ကြာပြီးနောက် ဝမ်ချောင်က သူ၏အင်အားစုနှင့်အတူ မြို့တော်မှထွက်ခွာပြီး အနောက်မြောက်ဘက်ပိုင်း ပိုးသားလမ်းရှိရာ ဝူရှန်းသို့ထွက်ခွာသည်။ သမိုင်း၏ လှည့်ဘီးက ရှေ့သို့ ဆက်လိမ့်နေမည်ဖြစ်သလို ဝမ်ချောင်ကလည်း အင်အားအကြီးဆုံး၊ အကြမ်းတမ်းဆုံး၊ အရဲရင့်ဆုံး၊ အနာဂတ်မှာ အလားအလာအရှိဆုံး သစ္စာရှိလက်အောက်ခံ မြင်းတပ်ကို သိမ်းသွင်းရန် ကြိုးစားရတော့ပေမည်။
...
မဟာထန်၏ အနောက်မြောက်ပိုင်းမှ စတင်ပြီး တောင်ပိုင်း၏ ချီးရှီ၊ အနောက်ပိုင်း၏ လုံရှီတို့တောက်လျှောက် တောင်တန်းကြီးများ ရှိနေသည်။ ထိုတောင်တန်းများက တောက်လျှောက် ကောင်းကင်ကို ထိုးတက်နေပြီး မြေမျက်နှာသွင်ပြင်အရလည်း မက်စောက်သည်။ အနည်းငယ် သတိမထားမိသော အခြေအနေကတင် ချောက်ထဲသို့ ပြုတ်ကျသွားနိုင်ပြီး ခန္ဓာကိုယ်ကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေလာက်သည်။ ပို၍ဆိုးသည်မှာ ထိုတောင်မှ မကြာခဏဆိုသလို မြူများဆိုင်းနေလေ့ရှိသည်။ ထို့ကြောင့် မြင်နိုင်စွမ်းအားက အကန့်အသတ်ရှိပြီး လမ်းပျောက်လွယ်သည်။ ထပ်ပေါင်းဆိုရသော် ထိုနေရာက ရတနာများရှိနေသော နေရာမျိုး မဟုတ်သည့်အပြင် လမ်းပင်မရှိသည့် လွင်တီးခေါင် ကုန်းမြေကြီးဖြစ်နေသည်။ ရလဒ်အနေဖြင့် ပိုးသားလမ်းမှ ဓားမြများကပင် ထိုတောင်များသို့ မရောက်ကြချေ။ ထိုနေရာကို လောကက မေ့လျော့ထားကြသည်။ မည်သူကမျှ ထိုနေရာအကြောင်း မသိကြသလို မည်သူကမျှလည်း ဂရုမစိုက်ကြပေ။ သို့သော် ထိုနေရာက ဝူရှန်းဖြစ်နေသည်။
“အရှင် ဒီလူတွေက တော်တော်လေးကို ကြမ်းတမ်းလွန်းပါတယ်။ သူတို့က စစ်မှုထမ်းဖို့ ငြင်းဆန်ရင် အဆင်ပြေပါသေးတယ်။ ဒါပေမဲ့ အရှင်အမတ်က အရှင့်ကိုပေးလိုက်တဲ့ တံဆိပ်ကိုတောင် ခိုးကြပါသေးတယ်။ ဒါက စည်းမျဉ်းကို မနာခံရာကျသွားပါပြီ။ ဒီလက်အောက်ငယ်သားရဲ့ အမြင်အရဆိုရင် အရှင် တပ်ကူကိုသုံးပြီး သူတို့ကိုဖမ်းပြီး သုတ်သင်သင့်ပါတယ်”
လူသူကင်းရှင်းသော လွင်တီးခေါင်တောင်တန်း ဆင်ခြေလျောတစ်နေရာတွင် သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသည့် ခပ်ထွားထွား အရာရှိက ဒေါသအပြည့်ဖြင့် မြူထုများဝိုင်းနေသော နေရာသို့ကြည့်သည်။
“ဟုတ်တယ် သူတို့က အမိန့်ကို မနာခံဘူး။ သူတို့က တုဝူနဲ့ လော့ကျွမ်းတို့ကိုတောင် ဒဏ်ရာရစေခဲ့ပါသေးတယ်။ သူတို့က လွန်ကဲသွားပါပြီ”
လပ်ထောက်ဗိုလ်ချုပ်က လီစစ်ယဲ့၏ ညာဘက်ခြမ်းတွင် ရပ်နေချိန်တွင် သူက ဒေါသထောင်းထောင်း ထနေသည်။ သူက စကားပြောနေရင်းမှ အနောက်ဘက်တွင် ရှိသည့် မြေပြင်တွင် လဲနေသော ပုံရိပ်များကိုကြည့်သည်။ သူတို့နှင့် ဝူရှန်းကို အတူထွက်ခွာခဲ့သော ရဲဘော်ရဲဘက်များက ထိုသို့ ဒဏ်ရာရသွားကြသည်။ ဒီလိုလူသူကင်းရှင်းသော တောင်တန်းနေရာမျိုးတွင် ရှိနေသည့် ယိုင်နဲ့နဲ့ တဲအိမ်များကသာ အပြည့်မြင်နိုင်နေသည်။ သို့သော် တစ်ဖက်လူများကို စစ်သည်တော် အရှင့်လက်အောက် ခံစေခြင်းကပင် ထိုလူများကို မျက်နှာသာ ပေးနေခြင်းဖြစ်သည်။ ထို့တိုင်အောင် ထိုလူများက နာခံရန် ငြင်းဆန်သည့်အပြင် သူတို့ကိုပင် တိုက်ခိုက်ရဲသေးသည်။
လီစစ်ယဲ့၏ အံ့အားသင့်စရာကောင်းသော အင်အားဖြင့် ထိုလူများကို တားဆီးနိုင်ခဲ့သောကြောင့်သာ မဟုတ်လျှင် သူတို့၏ ရဲဘော်ရဲဘက်များက သုတ်သင်ခံရလောက်သည်။
အခန်း(၆၉၅)
ဝူရှန်းရွာ (တစ်)
အာဝူး
မြူထုထဲမှ လူဝံလို အော်သံကြီးများလိုလို လူသားများ၏ တုပကာ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ထိုအသံများက တိုတောင်းပြီး ရှင်းလင်းစွာပင် ခပ်ကြမ်းကြမ်း သတိပေးလိုက်ခြင်းဖြစ်သည်။
“ဒါကဝူရှန်းပဲ”
ထိုအော်သံများက လီစစ်ယဲ့၏ လက်အောက်ငယ်သားများကို ဖြူဖျော့သွားစေသည်။
“သူတို့လှုပ်ရှားတော့မယ်”
လက်အောက်ငယ်သား အရာရှိတစ်ယောက်က ပြောသည်။
“အဆင်သင့်ပြင်ထား ဘယ်လိုနည်းနဲ့မဆို ငါတို့ဒီနေရာက ထွက်သွားလို့မရဘူး”
လီစစ်ယဲ့က ချောက်ကမ်းပါးနားတွင် ရပ်နေခြင်းဖြစ်သည်။ သူ၏အကြည့်က အဝေးသို့ ရောက်နေသည်။ သူ၏အမူအရာက တည်တင်းနေသည်။ ဝူရှန်းက လွန်ခဲ့သော ရက်များအတွင်း ထပ်ခါတလဲလဲ တိုက်ခိုက်ခဲ့သည်။ သို့သော် လီစစ်ယဲ့က ဆက်လက်ပြီး ဒီချောက်ကမ်းပါးကိုသာ သိမ်းယူထားကာ နောက်ဆုတ်ဟန် မပြချေ။
ယောက်ျားကောင်းတစ်ယောက်က ကတိတည်ရသည်။ သူက သခင်လေးကို ကတိပေးထားပြီးလေရာ မည်သို့သော အခက်အခဲများကိုတွေ့တွေ့ မည်မျှပင် ဒီတာဝန်က ခက်ခဲနေစေကာမူ ရအောင်လုပ်ရပေမည်။ ဘယ်သောအခါမှ နောက်ဆုတ်၍မရချေ။
အာဝူး
မြူထဲမှ ဟိန်းသံများက ထွက်လာပြန်သည် ။သို့သော် အကြိမ်ရေက ပို၍မြန်ဆန်လာပြီး အရှိန်အဟုန်က ပြင်းထန်လာသည်။ တဖြည်းဖြည်းချင်း ကြမ်းတမ်းသထက် ကြမ်းတမ်းလာသည်။ မြူထုများက လိမ့်တက်လာပြီး လေပြင်းများက တိုက်ခတ်လာကာ အော်သံများက ထွက်ပေါ်လာသည်။ ဝူရှန်းက နောက်ဆုံးတွင် စီမံကိန်းစလေပြီ။ နားထဲတွင် ဟိန်းထွက်နေသည့် ထိုအော်သံများနှင့်အတူ လီစစ်ယဲ့က ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းတက်လိုက်သည်။
.....
ဝမ်ချောင်က သူ၏အင်အားစုနှင့်အတူ ဝူရှန်း၏ ပတ်ဝန်းကျင်နယ်မြေသို့ ရောက်သွားသောအခါ မြို့တော်မှ ထွက်ခွာပြီးသည်မှာ လဝက်ကျော်ခန့် ကြာသွားပြီးလေပြီ။ စိမ်းစိုနေသော တောင်ကုန်း၏ ထိပ်တစ်နေရာတွင် ရပ်နေပြီးနောက် ဝမ်ချောင်က လက်ကို ကျောနောက်သို့ပစ်လျှက် မေးလိုက်သည်။
“ဘယ်လိုလဲ ဗိုလ်ချုပ်လီဆီက ဘာသတင်းကြားလဲ”
“ဘာသတင်းမှ မကြားပါဘူး။ ကျွန်တော်တို့ သူ့ရဲ့နောက်ဆုံးစာ ရပြီးတဲ့နောက်ပိုင်း ဗိုလ်ချုပ်လီဆီက ဘာသတင်းမှ မရတော့တာပါ။ အချက်ပြမှု တစ်ခုတောင် မရခဲ့ပါဘူး။ ဒီနေရာက တောင်တန်းက အရမ်းကို ကျယ်ပြောလွန်းလို့ ကျွန်တော်တို့ သူတို့နဲ့ အဆက်အသွယ် မရခဲ့တာပါ”
အသံတစ်သံက ထွက်လာသည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်နှာတွင် မည်သည့်ခံစားချက်မျှ မရှိချေ။ လီစစ်ယဲ့က အနာဂတ်မှ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ဖြစ်သည်။ သူ၏တာဝန်က ချောမွေ့ခြင်း ရှိရှိမရှိရှိ ဝမ်ချောင်အနေဖြင့် သူ၏အင်အားကို ယုံကြည်မှုရှိသည်။ ထို့ကြောင့် ပြဿနာမရှိနိုင်ချေ။
ဝမ်ချောင်က အချိန်တစ်ခုကြာ တိတ်တဆိတ် တွေးတောနေပြီးနောက် သူ၏အရှေ့တွင်ရှိသော မိုးထိုးတက်နေသည့် တောင်ထိပ်များကို ကြည့်လိုက်သည်။ ထိုတောင်တန်းများက ရှင်းလင်းစွာဖြင့်ပင် တောင်ကုန်းတိုင်းထက် အဆပေါင်းမြောက်များစွာ မြင့်သည်။ ထိုတောင်တန်းကြီး တစ်ခုလုံးက ပင်လယ်ပြင်မှ လှိုင်းများကဲ့သို့ အနိမ့်အမြင့် မညီမညာဖြစ်နေပြီး အဝေးသို့ ဆန့်ထွက်သွားသည်။
ထိုတောင်တန်းများကို မြင်သည့်အခါ မည်သူမဆို နိမ့်ကျပြီး သီးသန့်ဆန်သည့် ခံစားချက်မျိုးကို ရရှိမည်ဖြစ်သည်။ ဒီလိုနေရာမျိုးကို လူအများက မေ့ထားကြသည်။ သို့သော် ဒီနေရာကိုရောက်သူ လူတိုင်းက ထွက်ပြေးချင်စိတ် အလိုလို ပေါ်ပေါက်လာလောက်သည်။ ဝမ်ချောင်၏ မျက်ဝန်းကမူ ဒီတောင်ထိပ်များကို ကြည့်သည့်အချိန်တွင် သဘောကျစိတ်ကသာ ပေါ်ထွက်လာသည်။
ငါနောက်ဆုံးတော့ ပြန်လာနိုင်ခဲ့ပြီ။
ဝမ်ချောင်က ရှေ့သို့ကြည့်သည်။ သူက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
ဝမ်ချောင်က ပထမဦးဆုံးအကြိမ် ဒီနေရာသို့ ရောက်လာခြင်းမဟုတ်ချေ။ သို့သော် ကပ်ဘေးမဖြစ်ခင် ဒီမြင်ကွင်းကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်သည်။ ဒါက ယခင်တစ်ခေါက်က သူမှတ်မိနေသည့် ပျက်စီးနေသော နယ်မြေများ ကွဲအက်နေသော နယ်မြေများနှင့် ကွာခြားသည်။ ဒါက မဖျက်ဆီးခံရခင်က ဝူရှန်းဖြစ်သည်။
ဘယ်လောက်လှလိုက်သလဲ။
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်သည်။
နာရီပေါင်းများစွာကြာအောင် ထိုတောင်တန်းများ၏ အရှေ့တွင် သူက ဆက်တိုက် ရပ်နေခဲ့သည်။ ဝမ်ချောင်၏ မျက်ဝန်းတွင် ဒီအဆပေါင်းမြောက်များစွာ မြင့်မားလွန်းနေသည့် ထိုတောင်တန်းကြီးများကို ကြည့်နေရုံဖြင့်ပင် မလုံလောက်ခဲ့ချေ။ ဒီလွင်ထီးခေါင် ကုန်းမြေကြီးများကို ဓားမြများကပင် မလာရောက်ခဲ့ချေ။ သို့သော် ဒါက မဟာထန်၏ အနာဂတ်မျှော်လင့်ချက် နယ်မြေကြီးဖြစ်နေသည်။
ဝူရှန်းမြင်းတပ်
တစ်လောကလုံးမှာ အင်အားအကြီးဆုံး အင်အားစုပဲ။
ကြယ်စင်ကဲ့သို့ များပြားသော ဗိုလ်ချုပ်များရှိရာ လောက၏ ကပ်ဘေးကြီးက စတင်ကာ ဖျော့တော့ ပျောက်ကွယ်ရန် မြင်းတပ်ငါးထောင်က ထိုအဟကြားတစ်ခုမှ အင်အားစုလို အလုံးအရင်းဖြင့် ထွက်လာပြီး လူပေါင်းမြောက်များစွာအတွက် မျှော်လင့်ချက် အိမ်မက်များကို သယ်ဆောင်ပေးခဲ့သည်။ သူတို့က ဝမ်ချောင်၏ လက်အောက်မှ အင်အားအကြီးဆုံး စစ်သည်တော်များ ဖြစ်ခဲ့သည်။ သူ၏စစ်တပ်မှ အဓိက ထောက်တိုင်များ ဖြစ်ခဲ့သည်။
သူက ဒီလောကကို ပြောင်းလဲလိုလျှင် ဘာမှဖြစ်မလာခင် ဘာကိုမဆို သုတ်သင်ရှင်းလင်းနိုင်သည့် ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော အလွန်အမင်း အင်အားကြီးသည့် စစ်တပ်ကို လိုအပ်သည်။ အန်းနန်အစိုးရစစ်တပ်က ထိုအဆင့်သို့ မရောက်နိုင်ချေ။ ဝမ်ချောင်က မဟာကလန်ကြီးများမှ ငှားရမ်းထားသော လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များကလည်း ထိုအဆင့်သို့ မရောက်နိုင်ချေ။ ကောင်းရှန်းကျစ်၏ အန်းရှီ လက်ရွေးစင်စစ်သည် သုံးသောင်းကပင် မဟာထန်၏ အတော်ဆုံး မြင်းတပ်ဟု ကျုံးဝါးရဲသော်လည်း ဒီအဆင့်သို့ မရောက်နိုင်သေးချေ။ ဝမ်ချောင်က အလိုချင်ဆုံး စစ်တပ်ဟာ ဒီတောင်တန်းထဲတွင် ရှိနေသည်။ လောကရှိ မည်သည့်အရာကမျှ ဝမ်ချောင်ကို ဒီလိုခံစားချက်မျိုး မပေးနိုင်ချေ။
“အရာအားလုံး အဆင်သင့်ပဲလား”
ဝမ်ချောင်က ရုတ်တရက် ခေါင်းလှည့်ကာပြောသည်။
သူ၏အနောက်မှ ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ချက်ချင်း ပြန်ဖြေကြသည်။
“အရှင်အမတ် အရာအားလုံးက အဆင်သင့်ပါပဲ”
ဒီစီမံကိန်းအတွက် ဝမ်ချောင်က သူနှင့်လူအများကြီး ခေါ်မလာခဲ့ချေ။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ရှင်သန်ကျန်ရစ်ခဲ့သည့် လက်ရွေးစင်စစ်သည်တော် ထိုနှစ်ယောက်နှင့် နောက်ထပ် လက်ရွေးစင် စစ်သည် ဆယ်ယောက်ကျော်သာ ခေါ်လာခဲ့သည်။ အားလုံးက သေခြင်းရှင်ခြင်း အခြေအနေကို ဝမ်ချောင်နှင့်အတူ ကျော်ဖြတ်ခဲ့ပြီး ဝမ်ချောင်အတွက် သေပေးရဲသည်အထိ သစ္စာရှိသော လူများဖြစ်ကြသည်။
ထိုလူများက ကလန်အသီးသီးမှ ဖြစ်သော်လည်း သူတို့၏ နှလုံးသားထဲတွင် ဝမ်ချောင်ကသာ သူတို့၏ ကလန်မှ ခေါင်းဆောင်ထက်ပင် အဆင့်မြင့်မားနေသူဖြစ်သည်။
“သွားရအောင်”
ဝမ်ချောင်က ခေါင်းညိမ့်လိုက်ပြီးနောက် လက်ကိုတစ်ချက် ယမ်းလိုက်သည်။ ဒီနည်းအားဖြင့် သူ၏ အင်အားစုကို ထွက်ခွာစေသည်။
ဝေးကွာသော တောင်ကုန်း၏ တောင်ထိပ်ပေါ်မှ ထွက်ခွာလာပြီးနောက် ဝမ်ချောင်က သူ၏အင်အားစုကို တစ်ဖက်မှ သူမြင်နေရသည့် ဆန္ဒရှိသော တောင်တန်းများထံ တိုက်ရိုက် မချီတက်စေခဲ့ချေ။ ထိုအစားသူက တောင်တန်းများကို ဝိုင်းပတ်ပြီး အနောက်မြောက်ပိုင်းသို့ ဆက်ကာ ဦးတည်စေသည်။
တစ်စုံတစ်ယောက်ကသာ မြို့တော်မှတဆင့် အန်းရှီရှိရာဘက်သို့ ပိုးသားလမ်းကိုဖြတ်ကာ သွားမည်ဆိုလျှင် ထိုနေရာရှိ ခေါင်သောနယ်မြေက ပိုများပြီး ပို၍ပင် လူသူကင်းရှင်းလေရာ ခရီးလမ်းက ကြမ်းတမ်းသည်။ ထို့ပြင် ဝူရှန်းက ထိုကြမ်းတမ်းသော နယ်မြေ၏ အကြမ်းတမ်းဆုံး အခေါင်ဆုံးအပိုင်းတွင် ရှိနေသေးသည့် ဓားမြများ ထိုနေရာထဲသို့ မဝင်ရောက်ကြချေ။ ထိုမျှအထိ လူသူကင်းရှင်းကာ ခြောက်ကပ်သည်။
သူက တိမ်စိုင်ထဲသို့ တိုးဝင်နေသည့် တောင်ထိပ်များကိုကြည့်သည်။ ဝမ်ချောင်ကပင် ထိုတောင်တန်းများကို တက်ရသော တာဝန်က လွယ်ကူခြင်းမရှိဘဲ အန္တရာယ်များလွန်းကြောင်း နားလည်ထားသည်။ သူကိုယ်တိုင်ကပင် ထိုတောင်တန်း၏ အတွင်းပိုင်းသို့ ဝင်ရောက်ရန် အလွန်ခက်ခဲပေလိမ့့်မည်။ ထိုနေရာတွင် ဝူရှန်းရွာရှိသည်။ တောင်တန်းများကို တိုက်ရိုက် ကျော်ဖြတ်ခြင်းအားဖြင့် ဝူရှန်းရွာသို့ ရောက်နိုင်သည်။ သို့ရာတွင် ဝမ်ချောင်က ဒီတောင်တန်းများကသာ အန္တရာယ်အများဆုံး အမတ်စောက်ဆုံးဖြစ်ကြောင်း သိထားပြီး ချောက်ကမ်းပါးထဲသို့ ကျနိုင်ချေ။ အလွန်မြင့်ကြောင်း နားလည်ထားသည်။ ထို့ကြောင့် တောင်ကုန်းပတ်လမ်း တောက်လျှောက် တက်သောနေရာကသာ ပို၍လုံခြုံသလို မတ်စောက်မှု နည်းပါးသည်။ ထို့ပြင် လမ်းကြောင်းအနည်းငယ်လည်း ရှိနေသေးသည်။
တောင်ဘက်မှ ဝူရှန်းရွာသို့ဝင်လျှင် ပို၍လွယ်ကူပေလိမ့်မည်။
တစ်နာရီခန့် ကြာပြီးနောက် သူတို့ စတင်ထွက်ခွာရာနေရာမှ တစ်ဆယ်လီဝန်းကျင်ခန့်သို့ ရောက်သွားသည်။ ဝမ်ချောင်က ရှေ့သို့ကြည့်လိုက်သည်။ နေမင်းက တိမ်စိုင်များကြားမှ ဖြာကျလာပြီး အရှေ့မှ မားမတ်ကာ တိမ်ထဲသို့ ထိုးတက်နေသည့် တောင်ထိပ်နှစ်ခုကို ပေါ်ထွက်စေသည်။ သို့သော် တောင်က ရှည်လျားပြီး ကျဉ်းမြောင်းသည်။ ထို့ကြောင့် ကောင်းကင်မှ သေးငယ်သော စုတ်ချက် အဟကြားလိုမျိုး သူတို့ကြားကို ကျော်ဖြတ်လျှက် ကောင်းကင်ကို ဖောက်မြင်ရန် ခက်ခဲသည်။
“ဒီနေရာပဲ”
ကောင်းကင်၏ စုတ်ချက်လို အဟကြားဆိုသော နေရာက မီတာတစ်ဆယ်ကျော်မြင့်ပြီး လေးမီတာကျော် ကျယ်ကာ အဝေးမှကြည့်လျှင် သတိပင် မထားမိလောက်ချေ။
“အရှင်အမတ်က ဒီနေရာကို ဘယ်လိုသတိထားမိနေတာလဲ”
ကောင်းပေ့နှင့် နျဲ့ယန်တို့က တစ်ယောက်ကိုတစ်ယောက် အံ့အားတကြီး ကြည့်ကြသည်။ သူတို့က မြို့တော်မှ ထွက်ခွာလာခဲ့ချိန်ကတည်းက ဝမ်ချောင်နှင့် အနီးကပ်ရှိခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်က ဒီနေရာသို့ ကြိုတင်ကာ လူမလွှတ်ထားခဲ့ကြောင်း သိထားသည်။ အချို့သော အကြောင်းပြချက်များကြောင့် သူက ဒီနေရာကို သူ၏လက်ခုံလို ကောင်းကောင်းသိနေသည်။
“ငါ့ရဲ့နောက်က အနီးကပ်လိုက်ကြပါ။ လမ်းမပျောက်စေနဲ့”
ဝမ်ချောင်ကပြောပြီး ကောင်းပေ့နှင့် နျဲ့ယန်တို့က အာရုံမစိုက်တော့ချေ။
“ဒီနေရာက တော်တော်လေးကို အန္တရာယ်များတယ်။ မင်းတို့ တောင်ပေါ်က ပြုတ်ကျသွားရင် မင်းတို့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့တောင် မင်းတို့ရဲ့ အရိုးတွေက အစိတ်စိတ်အပိုင်းပိုင်း ကွဲကြေသွားလိမ့်မယ်”
အစစ်အမှန် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်များပင်ဖြစ်စေ အဆင့်မြင့် သိုင်းနယ်မြေမှ ကျွမ်းကျင်ပညာရှင်များပင်ဖြစ်စေ လေပေါ် ပျံနိုင်စွမ်းရည် မရှိကြသေးချေ။ ထို့ကြောင့် တစ်ခုတည်းသော သူတို့ကို စောင့်နေမည့်ရလဒ်က သေဆုံးခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ဓားမြများက ဒီနေရာသို့ မလာကြခြင်းဖြစ်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
ထိုသို့ဖြင့် လူတိုင်းက မည်သည့်စကားမှ မဆိုတော့လေဘဲ ဝမ်ချောင်၏အနောက်မှ အနီးကပ် လိုက်ကြပြီး သတိကြီးကြီးထားကြသည်။
သူတို့က ထိုလမ်းအတွင်းပိုင်းသို့ ဝင်လေလေ နှစ်ဘက်နှစ်ချက်လုံးမှ တောင်များက မတ်စောက်လာလေလေဖြစ်ပြီး အောက်ဘက်မှ ကျောက်တုံးများက ထက်ရှလာလေလေဖြစ်ကာ သူတို့၏ ဖိနပ်များကိုပင် ထိုးဖောက်လာလေသည်။ ထို့ပြင် အဝေးမှ ဟိန်းသံများကလည်း တောင်တန်းတောက်လျှောက် ပဲ့တင်ထပ်လာသည်။
“အရှင်အမတ်”
ကောင်းပေ့နှင့် နျဲ့ယန်တို့၏ မျက်နှာက ဖြူဖျော့သွားသည်။ သူတို့က ဓားများကိုထုတ်ကာ သတိအနေအထား ထားကြသည်။
“ထိတ်လန့်နေဖို့ မလိုဘူး။ ဒါက ဝူရှန်းပဲ။ သူတို့ကို အူခိုင်းလိုက်ပါ။ ဒါပေမဲ့ သူတို့က ငါတို့ကို ရှာမတွေ့လောက်သေးဘူး”
ဝမ်ချောင်ကပြုံးသည်။ ကောင်းဖုန်းနှင့် နျဲ့ယန်တို့က ဓားများကို ပြန်သိမ်းလိုက်ကြသည်။ ဝူရှန်းက လောကနှင့် အဆက်အသွယ် ပြတ်တောက်နေသော်လည်း အနောက်ဘက်သို့သွားသော လမ်းက ဓားမြများ၏ အကူအညီကြောင့်ဖြစ်စေ သူတို့၏ အသွားအလာများကြောင့်ဖြစ်စေ ရှိနေခဲ့သေးသည်။ ထို့ပြင် ဝူရှန်းက အနီးအနားတွင် နေလေရာ သူတို့က အမြဲတစေ ပတ်ဝန်းကျင်ကို သတိအပြည့်ထားကြသည်။ ဝူရှန်းများက အပြင်လူများကို သတိထားလွန်းသည်။
သူတို့က တကယ်ကို မပြောင်းလဲကြဘူးပဲ။
အဝေးမှ ကြားရသော အော်သံများက ဝမ်ချောင်၏နှုတ်ခမ်းတွင် အပြုံးကို ပေါ်လာစေပြီး သူ၏ရင်ထဲမှ ထွက်လာသည့် နွေးထွေးမှုကို ခံစားရစေသည်။
သူတို့က စစ်သည်တော်အဖြစ် မပြောင်းလဲခင် သူတို့ကို လေ့ကျင့်ပေးနေသည့် ဝူရှန်းက ဒီအတိုင်းသာ ရှေးရိုးဆန်စွာ နေကြသည်။ သူတို့၏ မားမတ်ကာ မတ်စောက်သော မြေမျက်နှာသွင်ပြင် အနေအထားက ဝူရှန်းကို လူများကို သတိကြီးကြီးထားစေသည်။ သူတို့က တောင်တန်းထဲတွင် မျောက်ဝံများလို နေထိုင်ကြပြီး အချင်းချင်း ထိုအော်သံဖြင့်သာ ဆက်သွယ်ကြသည်။
ဝမ်ချောင်က သူတို့၏ အရှိန်နှုန်းကို တချိန်က ဆက်သွယ်ခဲ့ဖူးသည်။ ထို့ကြောင့် ဝူရှန်းရွာသားများမှ အလားအလာ အကောင်းဆုံး လူများက စစ်မြင်းတစ်ကောင်လိုပင် ပြေးနိုင်ကြသည်။
ငါကိုယ်တိုင်ရှာဖွေရမှာဆိုတော့ ပိုပြီး စောင့်စားမိသေးတယ်။
ဝမ်ချောင်၏ မျက်ဝန်းက တောက်ပလာသည်။ သူ၏မျက်ဝန်းတွင် စိတ်လှုပ်ရှားမှုများရှိသည်။
“သွားရအောင်”
သူတို့က ထိုနေရာကြားမှ ပေါ်ထွက်လာပြီးနောက် အရှေ့ရှိ နယ်မြေလမ်းကြောင်းက ကျဉ်းမြောင်းသွားသည်။ ထို့ကြောင့် သူတို့က သွားလေလေ တောင်တန်းများက မြင့်လာလေဖြစ်ပြီး မတ်စောက်သထက် မတ်စောက်လာလေလေဖြစ်သည်။ လမ်းများကလည်း သွားလာရ ပို၍ခက်ခဲသထက် ခက်ခဲလာသည်။ အတိုင်းအတာ တစ်ခုထိ သွားပြီးနောက် မြူများက သူတို့ကို ဝိုင်းသွားပြီဖြစ်သည်။
“သတိထားပါ”
“ဒီမြူတွေက ထူးဆန်းတယ်”
ကောင်းဖုန်းနှင့် နျဲ့ယန်တို့က မျက်လုံးအပြူးသား ဖြစ်သွားပြီး အန္တရာယ်ကို အာရုံခံမိနေကြသည်။ နေ့အချိန် ဖြစ်နေသည့်တိုင်အောင် သူတို့က တောင်တန်းထဲသို့ ဝင်လာချိန်က နေမင်းက သူတို့၏ ခေါင်းပေါ်တွင် တောက်ပနေသေးပြီး ဒီမြူများက မည်သည့်အချိန်ကမှန်းမသိ ထွက်ပေါ်လာပြီး ထူးဆန်းသော မြင်ကွင်းမျိုးကို ဖြစ်ပေါ်လာစေသည်။ ထိုနှစ်ယောက်က အဝေးမှကြားရသော ဟိန်းသံများကြောင့် ပို၍ပင် မသက်မသာ ဖြစ်နေကြသည်။
“ဟား ဟား ထိတ်လန့်နေဖို့မလိုဘူး။ ဒီတောင်တန်းရဲ့ အောက်ခြေမှာ စမ်းရေကန်အချို့ရှိတယ်။ ဒီအောက်မှာဆိုရင် ပိုတောင်ကြီးလောက်သေးတယ်။ ဒီစမ်းရေကန်ရဲ့ အပူချိန်က တော်တော်လေးမြင့်တယ်။ ဒါက ဒီမြူတွေကို ဖြစ်စေတာ။ ဘာမှမထူးဆန်းဘူး”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏မျက်နှာတွင် ယုံကြည်မှုအပြည့်က ရှိနေသည်။ ထိုယုံကြည်မှုက တစ်ဖက်သူများကို စိတ်အေးသွားစေသည်။ ဒီနည်းအားဖြင့် အားလုံးက စိတ်အေးသွားကြသည်။
ဝူရှန်းက သတ္တိကြီးပြီး သတ်ဖြတ်ချင်စိတ် ကြီးမားသည်။ ထို့ကြောင့် အပြင်လူများအပေါ် ရန်လိုသည်။
သူတို့နေသော နေရာတွင်လည်း အန္တရာယ်အပြည့်ရှိသည်။ ပထမဦးဆုံး ခုခံမှုက မတ်စောက်သော တောင်တန်းများဖြစ်ပြီး အနည်းငယ်သော ခြေလှမ်းမှားသည့် အခြေအနေကပင် အားလုံးကို လမ်းပျောက်စေသလို ခန္ဓာကိုယ်များကို အက်ကွဲသွားစေလောက်အောင် ဖြစ်စေနိုင်သေးသည်။ ဒီထူထပ်နေသော မြူများက ဒုတိယမြောက် ခုခံမှုဖြစ်သည်။ သူ၏ယခင်ဘဝတွင် ဝူရှန်းက ကျူးကျော်သူပေါင်း မြောက်များစွာကို သတ်ဖြတ်သောအခါ အများစုက သူတို့ကို သိမ်းသွင်းလိုခဲ့သည်။ သို့သော် ထိုသိမ်းသွင်းလိုသည့် အများစုက ရှုံးနိမ့်သွားခဲ့ရသည်။ ရှုံးနိမ့်သွားခဲ့သူ အများစုက ပထမခုခံမှုကိုပင် မကျော်ဖြတ်နိုင်ခဲ့ကြချေ။ ဒုတိယဆိုလျှင် ပိုဆိုးသည်။
ဝမ်ချောင်ကမူ အောင်မြင်ခဲ့သော တစ်ဦးတည်းသောလူ ဖြစ်သည်။ အခြားသူများနှင့် မတူသည်မှာ ဝမ်ချောင်က ဘယ်သောအခါမှ မထိတ်လန့်ချေ။ သူဝူရှန်းမှ လူများကိုပင် သွားတွေ့ရန်အတွက် တောင်တန်းများကို ကျော်ဖြတ်သွားပြီး မြူများကို ကျော်ဖြတ်ပြရန် မလိုအပ်ခဲ့ဘဲ ဒီအတိုင်း မြူများကို မြင်ရုံဖြင့် အရင်းအမြစ်ကို သိခဲ့သည်။ ဒါက အောက်ခြေမှ စမ်းရေကန်ကြောင့်ဖြစ်သည်။
“ခင်ဗျားတို့ရဲ့ ဓားအိမ်တွေကိုဆန့်ပြီး ရှေ့လူတွေကို ထိတွေ့ထားကြပါ။ ဒီလိုနဲ့ ငါ့နောက်ကလိုက်ကြ။ ဒီမြူက (၁၅)မိနစ်လောက်နေရင် ပျက်ပျယ်သွားလိမ့်မယ်။ သူ့မှာ အန္တရာယ်မရှိဘူး။ ဒါပေမဲ့ အစစ်အမှန် အန္တရာယ်က မြူရဲ့ ဖုံးလွှမ်းခံထားရတဲ့ ချောက်ကမ်းပါးတွေပဲ။ ခင်ဗျားတို့ကသာ သတိမထားမိဘဲ ပြုတ်ကျသွားခဲ့ရင် ငါဘာမှ ပြန်ကယ်နိုင်မှာမဟုတ်ဘူး”
ဝမ်ချောင်က ထိုသို့ဖြင့် မျက်နှာသေဖြင့်ပြောသည်။
ကောင်းဖုန်းနှင့် နျဲ့ယန်တို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ အပိုစကား ဆက်မပြောကြတော့ဘဲ အနောက်မှလူများကို အမိန့်ပေးပြီးနောက် ဝမ်ချောင်၏နောက်မှ တစ်တန်းတည်း လိုက်ကြသည်။ ဒီနည်းအားဖြင့် သူတို့က မြူအတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားကြသည်။