← Chapters

အခန်း (၇၃၆-၇၄၀)

Vol. 39 Ch. 736-740

အခန်း (၇၃၆-၇၄၀)

Vol. 39 Ch. 736-740

အခန်း(၇၃၆)

သာ့ယန်မန်ပန့်နှင့် ကြောက်မက်ဖွယ်တိုက်ပွဲ (၁)

“ဥုံမာမဲ့ဟန်”

သာ့ယန်မန်ပန့်က သူ၏အင်အားများကို အကန့်အသတ်ထိ တွန်းပို့နေသည်နှင့် သူ၏ပါးစပ်မှလည်း စာလုံးလေးလုံးပါသည့် ဂါထာကို ရေရွတ်နေသည်။ တစ်လုံးချင်းစီတိုင်းက အဆုံးအစမဲ့အောင် များပြားလွန်းသည့် နက်နဲသိမ်မွေ့မှုများနှင့် စွမ်းအားများ ပါဝင်နေခဲ့ကာ သာ့ယန်မန်ပန့်၏ အင်အားများကို တိုးမြှင့်ပေးနိုင်နေပြီဖြစ်သည်။

သူ၏အနောက်ဘက်တွင် အလင်းရောင်များ ထွက်ပေါ်လာပြီးနောက် အရိပ်က တဖြည်းဖြည်းချင်း ပုံသဏ္ဍန်တစ်ခုကို ဖော်ထုတ်လာသည်။ ထိုသို့ဖြင့် လေထဲမှ ကြီးမားသည့် ရွှေရောင်သရဖူကြီးက ပေါ်ထွက်လာပြီး ကြီးမားသထက် ကြီးမားလာကာ နှင်းများအုပ်စိုင်းနေသည့် ရွှေရောင် တောင်တန်းတစ်ခု ပုံစံအဖြစ် ပြောင်းသွားသည်။

ချက်ချင်းလိုလို ထိုတောင်တန်းမှ အနက်ရောင်မီးခိုးများက လိမ့်တက်လာသည်။ ဖြူဖွေးနေသည့် နှင်းဖြူရောင် တောင်ထိပ်အပြင် ရှိနေသမျှက ပိန်းပိတ်အောင် မည်းမှောင်မှုကြီး ဖြစ်နေသည်။

ဝုန်း

လူတိုင်းက မော့ကြည့်လိုက်ကြသောအခါ အမှန်တကယ် အသက်ဝင်လာသည့် အနက်ရောင် နဂါးတစ်ကောင်၏ သတ်ဖြတ်ပြီး မိစာ္ဆဆန်သည့် ကြောက်မက်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားများကို ခံစားလိုက်ကြရသည်။ အရာအားလုံးက သာ့ယန်မန်ပန့်၏ အနောက်မှ ထွက်ပေါ်လာခြင်းဖြစ်သည်။

“နဂါးနက် ဖောက်ခွဲခြင်း”

ထိုသို့အော်ဟစ်လိုက်ပြီးသည်နှင့် သာ့ယန်မန်ပန့်က လေထဲသို့ ခုန်တက်လိုက်ကာ နဂါးနှင့်သူက တသားတည်း ဖြစ်သွားလျှက် ဝမ်ချောင်ထံ ခုန်ဝင်သွားသည်။

ဝေါင်း

ကောင်းကင်ကိုပင် လှုပ်ခါစေသည့် အော်ဟစ်သံမျိုးကို ထုတ်ဖော်လိုက်ပြီးနောက် သာ့ယန်မန်ပန့်၏ကိုယ်မှ ထိုအနက်ရောင် နဂါးက ခွဲထွက်သွားသည်။ ထို့နောက် ဒုတိယတစ်ကောင်၊ တတိယတစ်ကောင်၊ စတုတ္ထတစ်ကောင် ထိုသို့ဖြင့် အကောင်ပေါင်းများစွာ ပြောင်းသွားပြီး ကိုးကောင်အထိ ရောက်သွားသည်။ ထိုသို့ဖြင့် သတ်ဖြတ်ခြင်း နဂါးကိုးကောင် ပေါ်လာသည်။ မည်းမှောင်နေသည့် ကောင်းကင်ကို နောက်ခံထားလျှက် သူတို့က ဝမ်ချောင်ကို ထွက်မပြေးနိုင်အောင် ဦးတည်ရာဘက် တစ်ခုချင်းစီတိုင်းမှ အပြေးခုန်ဝင်လာကြသည်။

မဟာနှင်းတောင်တန်းရဲ့ နတ်ဆိုးနဂါးသိုင်း

ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားသည်။ သူက ခေါင်းကိုမော့ကာ သူ့ထံခုန်ဝင်လာနေသည့် နဂါးကိုးကောင်ကို ကြည့်လိုက်ပြီး သာ့ယန်မန်ပန့်က သုံးနေသည့်သိုင်းက မဟာနှင်းတောင်တန်းမှ အဆင့်မြင့်အဆင့် သိုင်းဖြစ်ကြောင်း ချက်ချင်းမှတ်မိလိုက်သည်။

ယွီစန်း၏ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက တစ်လောကလုံးအနှံ့ ကျော်ကြားပြီး ယွီစန်း၏ အဆင့်လွန်သိုင်းတိုင်းကို ထုတ်ပေးနေသည့် အရင်းအမြစ်ရှိရာ နေရာကြီးတစ်ခုလည်း ဖြစ်နေသေးသည်။ တိုက်ပွဲနယ်မြေသို့ ရောက်လာသည့် တိဗက်ဗိုလ်ချုပ်ကြီးတိုင်းက သုံးသော သိုင်းတိုင်းက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းနှင့် ဆက်နွယ်နေသလို တစ်ခုချင်းစီတိုင်းက တော်ဝင်ဂူဘုရားကျောင်း၏ တိုက်ရိုက်သိုင်းများဖြစ်သလို အခွဲသိုင်းများဖြစ်နေတတ်သည်။

မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အဆင့်မြင့်သိုင်းများထဲမှ အနည်းငယ်ကိုသာ လူသိထားကြသည်။ ထိုထဲမှ တစ်ခုက နတ်ဆိုးနဂါးသိုင်းဖြစ်သည်။

ယွီစန်း၏ ဒဏ္ဍာရီများအရ အနက်ရောင် နတ်ဆိုးနဂါးက မြေကမာ္ဘထဲက ဖောက်ထွက်ပြီး တောင်ပေါ်ဒေသသို့ ရောက်လာလျှက် သက်ရှိတိုင်းကို ဝါးမြိုခြင်းအားဖြင့် ရိက္ခာအဖြစ် မွေးမြူထားသည့် သားရဲတိုင်းနှင့် စစ်သည်တော်တိုင်းကို သတ်ဖြတ်ခဲ့သည်ဆို၍ ဆိုရိုးစကားရှိဖူးသည်။

တောင်ပေါ်မှ မည်သည့် ကျွမ်းကျင်ပညာရှင်များမှ ထိုနဂါးကို မယှဉ်နိုင်ကြဘဲ သူတို့၏အလောင်းကသာ မြေပြင်တွင် လွှမ်းခဲ့ရသည်။ ထိုမိစာ္ဆနတ်ဆိုး နဂါးကြီးက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းထံသို့ ချီတက်သွားခဲ့ပြီး အဆင့်မြင့် ဘုန်းတော်ကြီးနှင့် ရင်ဆိုင်ရမှ မဟာနှင်းတောင်တန်း၏ အောက်ခြေတွင် အပိတ်ခံခဲ့ရသည်ဟု ဆိုကြသည်။

အရာအားလုံးက တိဗက်များကသိကြသည့် ဒဏ္ဍာရီဖြစ်ပြီး ထိုသိုင်းကလည်း ပေါ်ထွက်လာသည်။

သူ၏ယခင်ဘဝတွင် ဝမ်ချောင်က နတ်ဆိုးနဂါးသိုင်း၏ စွမ်းအားများအကြောင်း ကြားခဲ့ဖူးသည်။ သို့သော် ထိုအဆင့်မြင့်သိုင်းက စွမ်းအားကြီးမားလွန်းသည်။ ထို့ပြင် ရက်စက်ကြမ်းတမ်းလွန်းလေရာ လူနည်းစုကသာ ကျင့်ကြံနိုင်သည်။ ထို့ကြောင့်သူက မြင်တွေ့ရန် အခွင့်အရေး မရခဲ့ဖူးချေ။

ဝမ်ချောင်အနေနှင့် သာ့ယန်မန်ပန့်က ထိုအရှိန်အဟုန် မြင့်မားသော သိုင်းမျိုးကို ထုတ်သုံးနိုင်မည်ဟု မထင်ထားမိချေ။

ဝုန်း

နဂါးနက်ကိုးကောင်က အောက်သို့ ခုန်ဆင်းလာချိန်တွင် ဝမ်ချောင်ရပ်နေသော လှေကား၏ လက်ယမ်းတိုင်က သတ္တုအမှုန်များအဖြစ် ပြောင်းလဲသွားသည်။ သို့သော် ထိုအချိန်တွင် ဝမ်ချောင်ကလည်း ကောင်းကင်သို့ တက်လိုက်ပြီဖြစ်သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အကန့်အသတ်ထိရောက်အောင် တွန်းပို့ခံထားရပြီးသားဖြစ်သည်။ နေနှင့်လ၊ ရွှေရောင်နှင့်ငွေရောင် စသဖြင့် အရာအားလုံးက သူ့ကို ဝိုင်းပတ်နေသလို အရှိန်အဝါများကို ထုတ်လွှတ်နေပြီး သူ၏ပုခုံးတစ်ဖက်စီတွင်လည်း နေတစ်စင်း လတစ်စင်းက ရှိနေပြီးသားဖြစ်သည်။ ဝမ်ချောင်က သူ၏ကြယ်တာရာစွမ်းအင်တိုင်းကို ထုတ်လွှတ်ထားသည်မှာ သူ၏ခန္ဓာကိုယ် ပတ်ဝန်းကျင်တွင် နဂါးထောင်ပေါင်းများစွာက လှည့်ပတ်လျှက် ဟိန်းဟောက်နေသည်နှင့်တူသည်။

ဝုန်း

သူက အသာအယာ လှုပ်ရှားလိုက်သည်နှင့် သာ့ယန်မန်ပန့်၏ တိုက်ကွက်ကို ရှောင်လိုက်နိုင်သည်။

“လာ”

ဝမ်ချောင်၏ မျက်ဝန်းက အေးစက်သွားသည်။ ထိုသို့အေးစက်သွားသည်နှင့် သူ၏ညာလက်မှ လက်ညိုးနှင့် လက်ခလယ်က ရှေ့သို့ အသာအယာ ညွှန်ဟန်ဖြစ်သွားသည်။ ထိုသို့ဖြစ်သွားသည့်အခါ မျက်စိကြိမ်းမတက် တောက်ပသည့် နေမင်းထက်ပင် ထိန်လင်းလွန်းသော အဖြူရောင် အလင်းတန်းများက ရှေ့သို့ ထိုးထွက်သွားပြီး သာ့ယန်မန်ပန့်၏ ချိုင်းကြားအောက်ဘက် သုံးလက်မခန့်ကွာသော နေရာသို့ တိုးဝင်သွားသည်။

ထိုဓားချီက သာ့ယန်မန်ပန့်၏ အမူအရာကို အနည်းငယ် ပြောင်းလဲသွားစေခဲ့သည်။ ထိုစွမ်းအင်မှ ထုတ်ပေးနေသော ခံစားချက်က အလွန်အမင်း စူးရှလွန်းပြီး လက်နက်များ၏ စူးရှမှုကိုပင် ယှဉ်နိုင်စွမ်းအား ရှိနေသည်။

ဘန်း

သာ့ယန်မန်ပန့် ခန္ဓာကိုယ်ကို လိမ်တွန့်ကာ ရှောင်လိုက်ရခြင်းအားဖြင့် တစ်ဖက်က လွှတ်လိုက်သည့် ဓားချီက သူ့ကိုကျော်သွားပြီး သူ၏အနောက်တွင်ရှိနေသည့် သတ္တုလက်ယမ်းတိုင်ကြီး တစ်တိုင်ကို အပေါက်ကြီး ဖြစ်သွားစေသည်။

သာ့ယန်မန်ပန့်၏ မျက်လုံးက ပြူးထွက်သွားသည်။ သတ္တုစွမ်းအင်သုံး စစ်သည်တော်များက စစ်သည်တော်များထဲတွင် ကိုင်တွယ်ရ အခက်ခဲဆုံးဖြစ်ကြောင်း ကျော်ကြားသည်။

ထိုသို့သတ္တုစွမ်းအင်သုံး စစ်သည်တော်များထဲတွင် ဓားသုံးသော စစ်သည်တော်များက ပို၍ပင် ကြောက်စရာ ကောင်းသေးသည်။ ထိုလူများက ကြောက်စရာ အကောင်းဆုံးဟုပင် ဆို၍ရသည်။ ဝမ်ချောင်က အင်ပါယာသိုင်းနယ်မြေ အဆင့်သာလျှင် ရှိနေသေးသည်။ သို့သော် သူ၏ဓားချီက သူတော်စင်သိုင်းနယ်မြေ အဆင့်သို့ပင် နီးကပ်နေပြီဖြစ်လေရာ သူအဆင့်မှ တစ်စုံတစ်ယောက်ကို ခြိမ်းခြောက်နိုင်စွမ်းအားပင် ရှိနေသည်။

ဒီကောင်လေးမှာ လျို့ဝှက်ချက်တွေ ဘယ်လောက်တောင် များနေတာလဲ။

ထိုအချိန်တွင် သာ့ယန်မန်ပန့်က သူ၏အထင်သေးမှုများကို နောက်ဆုံးတွင် ဖယ်ရှားလိုက်ပြီဖြစ်သည်။

‘သူ့ကိုမသတ်ရင် သူက ငါတို့ယွီစန်းအတွက် ဒုက္ခကြီးဖြစ်လာလိမ့်မယ်’

ထိုအချိန်တွင် သာ့ယန်မန်ပန့်က သာ့လွန်ရော့ကျန်းက အကျဉ်းချမခံရခင်က ပြောခဲ့သော စကားများကို သတိရလိုက်ပြီး နောက်ဆုံးတွင် စတင်ကာ နားလည်လာသည်။

ဝမ်ချောင်က အင်အားကြီးမားလာလေလေ သူသိထားသော သိုင်းများက များလေလေ သာ့ယန်မန်ပန့်က သူ့ကို သတ်ချင်လာလေလေဖြစ်သည်။

ဝုန်း

သာ့ယန်မန်ပန့်က သူ၏ညာလက်ထဲတွင် ကိုင်ထားသည့် အနက်အနီလှံတံကို မြှောက်လိုက်ချိန်တွင် ဘယ်လက်ကမူ နောက်ဆုံးနဂါးသိုင်းကို ထိန်းချုပ်နေသည်။ လှုပ်ရှားမှုတိုင်းကို သူက အကန့်အသတ်ထိ တိုးမြှင့်လိုက်ပြီး ချက်ချင်းလိုလို ဒေါသတကြီးဖြစ်နေသည့် မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲကာ ဝမ်ချောင်ကို လွှမ်းမိုးရန်ကြိုးစားသည်။

ဘုန်း ဘုန်း ဘုန်း

လှုပ်ရှားမှုအကွက် အနည်းငယ်ထဲနှင့် သာ့ယန်မန်ပန့်က သူ၏လှံတံကို ဆယ်ကြိမ်ထက်မနည်း တိုက်ခိုက်လိုက်နိုင်သည်။ တစ်ချက်ချင်းစီတိုင်းကလည်း တောင်များကိုပင် ထိုးခွဲနိုင်စွမ်းအားရှိသည့် လုံလောက်သော အင်အားကို ပိုင်ဆိုင်ထားသည်။

ထိုအချိန်တွင် နတ်ဆိုးနဂါးနက် သိုင်းကမူ ဆက်တိုက် ထုတ်သုံးခံနေရသောကြောင့် သူ၏ဘယ်ဘက်ခြမ်းမှ အနက်ရောင် နဂါးပေါင်းများစွာက ဆက်တိုက် ပေါ်ထွက်လာပြီး ဝမ်ချောင်ကိုလည်း အမျိုးမျိုးသော ဘက်တိုင်းမှ တိုက်ခိုက်ကာ စိတ်ထွေပြားအောင်လုပ်သည်။

အခြားတစ်ဖက်တွင် ဝမ်ချောင်က သာ့ယန်မန်ပန့်နှင့် ကြမ်းတမ်းသော တိုက်ပွဲကို ဆင်နွဲရန် ရွေးချယ်ပြီးသားဖြစ်သည်။

ဘန်း ဘန်း ဘန်း

ဝမ်ချောင်က အင်ပါယာသိုင်းနယ်မြေတွင်သာ ရှိနေသော်လည်း တိုက်ပွဲ၏ ရလဒ်က မည်သို့ဖြစ်နိုင်ကြောင်း မည်သူကမျှ မတွေးတောနိုင်ကြချေ။

သာ့ယန်မန်ပန့်၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးခြင်းစွမ်းအား အရှိန်အဝါအပြည့်ကို ထုတ်လွှတ်ထားသည်။ သို့သော် ထိုထဲမှ အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းခန့်ကို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက စုပ်ယူထားခဲ့သည်။

ထိုအရာသာမကသေးလေဘဲ ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သုံးကာ သူ၏လှုပ်ရှားမှုတိုင်းကို ခန့်မှန်းရခက်သွားစေသည်။ ကြောက်မက်ဖွယ်အကောင်းဆုံး ဆွဲဆောင်မှု ပြင်းထန်သည့် အားတစ်ရပ်က တိုက်ရိုက်ကန့်သတ်ခံရခြင်း မရှိသော်လည်း တိုက်ကွက်များက ပြောင်းပြန်ခံရသလို ဖြစ်နေသောကြောင့် ပြိုင်ဘက်များ၏ လှုပ်ရှားမှုများက အကန့်အသတ်နှင့် ဖြစ်သွားသည်။ ထိုနည်းဖြင့် ဦးတည်ရာဘက်ကို ပြောင်းလဲနိုင်သလို အရှိန်နှုန်းအပေါ်လည်း ရောက်သွားနိုင်သည်။

ဝမ်ချောင်က လေထဲသို့ ခုန်တက်လိုက်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရသည့်တိုင်အောင် သူက သူ၏အရှိန်နှုန်းနှင့် အမြန်နှုန်းကို မြေစွမ်းအားတို့ကိုသုံးကာ ပြောင်းလဲထိန်းချုပ်နိုင်စွမ်း ရှိနေသေးပြန်သည်။ တိဗက်အနာဂတ် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် သာ့ယန်မန်ပန့်ကဲ့သို့သော မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လက်ရွေးစင် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကပင် ဝမ်ချောင်က လေထဲသို့ ခုန်တက်ပြီးနောက် မည်သည့်ဘက်သို့ ဆက်ရွေ့မည်ဖြစ်ကြောင်း ခန့်မှန်းရခက်ခဲသွားစေခြင်းဖြစ်သည်။

ဝမ်ချောင်၏အရှေ့တွင် ဆုံးဖြတ်မှု၊ ခန့်မှန်းမှုများအားလုံးက အသုံးမဝင်ဖြစ်သွားသည်။ သာ့ယန်မန်ပန့်၏ တိုက်ကွက် ခုနှစ်ဆယ်ရာခိုင်နှုန်းကျော်က ဦးတည်ရာဘက်လွဲခြင်း သို့မဟုတ် ပစ်မှတ်လွဲခြင်း စသဖြင့်တို့ဖြင့်သာ အဆုံးသတ်နေရသည်။

ဘုန်း ဘုန်း ဘုန်း

လေပြင်များက ဒေါသတကြီး တိုက်ခတ်လာပြီး အားလှိုင်းများဖြင့် နေရာတိုင်းကို လွှမ်းခြုံသည်။ ဝမ်ချောင်၏ ဘယ်ဘက်လက်က နတ်ဘုရားနှင့်နတ်ဆိုး ဖျက်ဆီးခြင်းသိုင်းကို ထုတ်သုံးနေချိန်တွင် သူ၏ညာလက်ကမူ ဝု့စ်သံမဏိဓားကို ထုတ်သုံးနေသည်။ သူ၏လက်ဝါးနှင့်ဓားက ပေါင်းကာ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုလည်း ထုတ်ဖော်ထားသေးလေရာ သူက သာ့ယန်မန်ပန့်နှင့် ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနိုင်သည်။ သာ့ယန်မန်ပန့်ကလည်း တိဗက်တောင်ပေါ်မှ လက်ရွေးစင် ကျွမ်းကျင်ပညာရှင် တစ်ယောက်ဖြစ်ကြောင်း အများကပင် အသိအမှတ် ပြုထားရသူဖြစ်ပြီး တုစုန့်မန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့ပြီးလျှင် ဒုတိယမြောက် အင်အားအကြီးဆုံးဟု သတ်မှတ်ထားကြသည်။ သူက တိုက်ပွဲဝင် အတွေ့အကြုံကောင်းကောင်း ပိုင်ဆိုင်ထားသည်။ သို့သော် ဝမ်ချောင်ကမူ သူ့ထက်ပို၍ပင် တိုက်ပွဲဝင် အတွေ့အကြုံ များနေသလိုဖြစ်နေသည်။

ဘန်း

ဝမ်ချောင်က လက်ဝါးဖြင့် တစ်ချက်ရိုက်လျှက် သာ့ယန်မန်ပန့်၏အနားတွင် အပြည့်ဝိုင်းနေသည့် သိပ်သည်းလွန်းသော အနက်ရောင်မီးခိုးများကို ဖယ်ရှားလိုက်သည်။ သူက အစပိုင်းတွင် ဂရုမစိုက်ခဲ့ဘဲ သာ့ယန်မန်ပန့်ကမူ အလွန်အမင်း မသက်မသာ ဖြစ်လွန်းသည့် ခံစားချက်မျိုးကို ရနေပြီဖြစ်သည်။ အကာအကွယ်လွှာကို ကျော်ဖြတ်ပြီး အလွန်စူးရှသန့်စင်လွန်းသည့် စွမ်းအင်တစ်ရပ်က ထိုးဖောက်ကာ သူ၏နှလုံးသားတွင် တည့်တည့်ဝင်လာသည်။

“သေစမ်း”

သာ့ယန်မန်ပန့်က ကြောင်သွားသည်။ သူကိုယ်တိုင်ကလည်း ခံစားချက်များကို ထုတ်ပြရဲသည့် ခံစားချက် မပြည့်သော လူတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ထိုသို့သော အခြေအနေမျိုးတွင် သူ၏သွေးများ အေးစက်သွားခြင်းကို ဖိနှိပ်ရန် မဖြစ်နိုင်တော့ချေ။

သူ၏ကြယ်တာရာ စွမ်းအင်အကာအကွယ်လွှာက မကျိုးပျက်သွားသည့်တိုင်အောင် ဝမ်ချောင်၏ လက်ဝါးရိုက်ချက်မှ စွမ်းအင်များက အတွင်းသို့ ဝင်လာခဲ့သေးသည်။ ဒီနည်းအားဖြင့် သူ၏ခန္ဓာကိုယ်ကို တိုက်ရိုက် တိုက်ခိုက်လိုက်သေးသည်။ ထိုကိစ္စက ယုံကြည်ရန်ပင် ခက်ခဲလွန်းနေသည်။

သာ့ယန်မန်ပန့်အနေဖြင့် သူ၏တစ်ဘဝလုံး ထိုကဲ့သို့သော ကိစ္စမျိုးကို မကြုံတွေ့ခဲ့ဖူးချေ။ ထို့ကြောင့်သူက တွေးတောနေချိန်တွင်ပဲ ညာလက်ကို တစ်ပတ်လှည့်လိုက်ပြီး လှံတံကိုသာ လည်သွားစေလျှက် သေစေနိုင်သော စွမ်းအင်များ၏ ခြိမ်းခြောက်မှုကို ဖယ်ရှားလွင့်ပျယ်သွားစေလိုက်သည်။

“ကောင်စုတ်လေး မင်းဒီသိုင်းကို ဘယ်နေရာက သင်လာခဲ့တာလဲ”

သာ့ယန်မန်ပန့်အနေဖြင့် အသုံးမဝင်သော စကားများသုံးကာ အချိန်ဖြုန်းတတ်သူ မဟုတ်ချေ။ သို့သော်သူက ထိုမေးခွန်းကို မနေနိုင်ဘဲ မေးလိုက်မိသည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ရှေးဟောင်း အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး ပင်လယ်တမျှ ကျယ်ပြောသည့် သိုင်းများကို ထပ်ပေါင်းထားသည်။ သို့သော် သာ့ယန်မန်ပန့်အနေဖြင့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင်ပင် ထိုမျှထူးဆန်းပြီး မရှင်းပြနိုင်လောက်အောင် ရှုပ်ထွေးသော သိုင်းများကို ပိုင်ဆိုင်ထားမည်မဟုတ်ကြောင်း နားလည်နေသည်။

“မင်းနောက်ဆုံးထိ ခံနိုင်ရင် ငါပြောပြမယ်”

ဝမ်ချောင်၏ခန္ဓာကိုယ်က ဝေဝါးသွားသည်။ သူ၏ဓားချီက လေထုကို ထိုးခွဲသွားပြီး မုန်တိုင်းအဖြစ် ပြောင်းလဲသွားစေသည်။ ရိုးရှင်းစွာဖြင့်ပင် သူနဂိုရှိနေသော နေရာကို သိရှိရန် ခက်ခဲသွားစေပြန်သည်။

ဝမ်ချောင်က ကံကြမ္မာကျောက်တုံးထံမှ ရရှိထားခဲ့သည့် ကြယ်တာရာစွမ်းအင်များတွင် ထိုးဖောက်နိုင်စွမ်းအား ရှိသည့် စွမ်းအင်တစ်မျိုးကို ပိုင်ဆိုင်ထားသည်။ အလွန်အမင်း စွမ်းအားကြီးမားခြင်း မရှိသည့်တိုင်အောင် သာ့ယန်မန်ပန့်ကဲ့သို့ သူ့ထက် အဆင့်တစ်ဆင့် မြင့်နေသော ကျင့်ကြံသူတစ်ယောက်အတွက် သုံးသည့်အခါ အသုံးဝင်သွားသည်။

ဝမ်ချောင်က ကြယ်တာရာစွမ်းအင်များ၏ ထိုးဖောက်နိုင်စွမ်းအားကို မယုံနိုင်စရာကောင်းသည့် အဆင့်ထိ အဆင့်မြင့်ပြီးသားဖြစ်သည်။

“သေချင်နေတာပဲ”

ထိုစကားလုံးများနှင့်အတူ သာ့ယန်မန်ပန့်က အလွန်ဒေါသထွက်သွားသည်။

“ငါမင်းကို တကယ် မကိုင်တွယ်နိုင်ဘူးလို့ မင်းကထင်နေတာလား။ နတ်ဆိုးနဂါးခုတ်ချက်”

ဝေါင်း

ကောင်းကင်ကိုပင် တုန်ခါသွားစေသည့် နဂါးအော်ဟစ်သံကြီးက သံမဏိမြို့ရိုးတခွင်အနှံ့ ပျံ့နှံ့သွားပြီးနောက် ထိုနေရာတစ်ခုလုံးကို အနက်ရောင်မီးခိုးများက စတင်ကာ လွှမ်းခြုံလာသည်။ သာ့ယန်မန်ပန့်က ရုတ်တရက် မြင်ကွင်းမှ ပျောက်ကွယ်သွားသည်။ ထိုသို့ဖြင့် ထိုမီးခိုးထဲမှ ကြီးမားလွန်းသည့် နတ်ဆိုးမိစာ္ဆနဂါး နှစ်ကောင်ကသာ ခုန်ထွက်လာသည်။

ဝုန်း

ထိုသို့ထွက်ပေါ်လာသည့် တခဏတွင် နဂါးက တဖန်ပြန်လှည့်လာပြီး ဝမ်ချောင်ထံ တိုးဝင်သွားသည်။ သူ၏အရှိန်နှုန်းက အလွန်အမင်း မြန်ဆန်နေသည်။

ထိုတိုက်ကွက်က ယခင်တိုက်ကွက်များထက် အဆပေါင်းများစွာ စွမ်းအားကြီးမားနေခဲ့သည်။ လျှပ်စီးတမျှ မြန်ဆန်ရုံသာ မကသေးလေဘဲ ရှောင်ရှားခဲသေးသည်။ ထို့ပြင် တိုက်ခိုက်နိုင်သည့် အကွာအဝေးကလည်း အလွန်ကျယ်သည်။

ဝမ်ချောင်ကပင် မျက်လုံးပြူးသွားပြီး အန္တရာယ်ကို ခံစားလိုက်ရသည်။

“နဂါးခုန်ပေါက်ခြင်းသိုင်း”

သူကအနည်းငယ် နှေးကွေးမနေတော့ဘဲ ဒီလောကမှ လူအနည်းငယ်စုကသာ သိသည့် အဆင့်မြင့် သိုင်းတစ်မျိုးကို ထုတ်သုံးလိုက်သည်။

ဝုန်း

နဂါးနက်ပုံစံအဖြစ် ပြောင်းထားသည့် သာ့ယန်မန်ပန့်က သံမဏိမြို့၏ ခိုင်မာလွန်းသော သံမဏိမြို့များပေါ်သို့ ဥက္ကာခဲ ကြွေကျလာသလို ခုန်ဝင်ခဲ့ခြင်းဖြစ်သည်။

လေပြင်က ပေါက်ထွက်သွားပြီး သံမဏိများက ကွဲအက်သွားသည့် အသံကြီးနှင့်အတူ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသည့် စူးရှသည့် အသံကြီးက ထွက်ပေါ်လာသည်။ လူတိုင်းကလည်း ထိုနဂါးက မြို့ရိုး၏ တစ်စိတ်တစ်ပိုင်းလောက်ကို ဖျက်ဆီးသွားမည်ဟု ထင်ထားကြသည်။

သို့သော် သံမဏိမြို့က ထိုရိုက်ချက်ကို တောင့်ခံနိုင်ခဲ့သည်။ ထိုအရာသာ မကသေးလေဘဲ လူတိုင်းကလည်း သာ့ယန်မန်ပန့်၏ ရိုက်ချက်ကို ရှောင်ရှားရုံမျှ ရှောင်ရှားလိုက်ပြီး ငှက်တစ်ကောင်လို အနက်ရောင် မီးခိုးများက မြောက်တက်သွားသည့် သေးငယ်သော အစက်လေးများကိုလည်း မြင်လိုက်ရသေးသည်။

နဂါးခုန်တက်ခြင်းသိုင်း

ထိုသိုင်းကိုသုံးလိုက်သည့် ဝမ်ချောင်က ရစ်ခွေနေသော နဂါးတစ်ကောင်ကဲ့သို့ လေထဲကို ထိုးခွဲဝင်ရောက်သွားသည်။ ဝမ်ချောင်၏ လက်ရှိအဆင့်နှင့် ထိုသိုင်းက အဆင့်မြင့်တင်ခြင်း မရှိသည့်တိုင်အောင် ထိုသိုင်းတွင် မယုံနိုင်စရာကောင်းလောက်အောင် အင်အားကို ထုတ်ပြနိုင်ခြင်းအားဖြင့် ဝမ်ချောင်ကို သာ့ယန်မန်ပန့်၏ နတ်ဆိုးနဂါးခုတ်ချက်ကို ရှောင်ရှားလိုက်နိုင်စေသည်။

ဝမ်ချောင်၏ လက်ရှိကျင့်ကြံခြင်းအဆင့်တွင် သူ၏ လောကနှစ်ခုမှ မှတ်ဉာဏ်များနှင့် ယခင်ဘဝမှ အတွေ့အကြုံများအရ သူက သူတောင်စင်သိုင်းမှ အတွေ့အကြုံများကို ရရှိထားပြီးသားဖြစ်လေရာ သိုင်းများကို အင်အားနှင့် အဆင့်ကိုမူတည်ပြီး ရွေးချယ်ခြင်းမရှိတော့ချေ။ သူက ခေါင်းမာလွန်းသော လူတစ်ယောက်လည်း မဟုတ်ချေ။ ထို့ကြောင့် အကြောင်းတိုက်ဆိုင်သည်နှင့် သင့်တော်သည်ဟု ယူဆလျှင် မည်သည့်သိုင်းကိုမဆို ထုတ်သုံးမည်ဖြစ်သည်။

အခန်း(၇၃၇)

သာ့ယန်မန်ပန့်နှင့် ပြင်းထန်သည့်တိုက်ပွဲ (၂)

ဝုန်း

မြို့ရိုး၏အောက်ဘက်တွင် အနက်ရောင် မီးခိုးများက ပြန့်ကျဲသွားသောအခါ သာ့ယန်မန်ပန့်၏ အနီအနက် လှံတံကို ကိုင်ထားသည့် ပုံရိပ်က ပေါ်လာသည်။ သူကခေါင်းကိုမော့ထားပြီး လေထဲမှ ဝမ်ချောင်ကိုကြည့်သည်။ သူ၏မျက်ဝန်းမှ အေးစက်သော အလင်းက လက်နေသည်။

“မင်းကဘယ်နေရာကို သွားမှာလဲ”

သာ့ယန်မန်ပန့်က ဖနောင့်ပေါက်လိုက်ပြီး ဒေါသတကြီးဖြစ်နေသည့် လေထု၏အရှိန်ကို ယူလိုက်သည်။ သူ၏လက်ထဲတွင်ရှိသည့်လှံက နတ်ဆိုးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ကာ ရစ်ခွေနေသည့် အနက်ရောင် မီးခိုးများကို လွှတ်ထုတ်ပြီး ဝမ်ချောင်၏အနောက်သို့ အလွန်လျှင်မြန်လွန်းသော အရှိန်နှုန်းဖြင့် လိုက်သည်။

လေထဲတွင် ခြေချစရာနေရာ မရှိသလို ရှောင်ရှားစရာလည်း မရှိတော့သည့်အတွက် ယခင်ကလောက်ထိ လျှင်မြန်ဖြတ်လတ်နိုင်မည်မဟုတ်ချေ။

ထိုသို့သော အခြေအနေမျိုးတွင် သာ့ယန်မန်ပန့်က ပစ်မှတ်ကို အလွတ်ပေးတော့မည် မဟုတ်ချေ။

သို့သော် သာ့ယန်မန်ပန့်က ဝမ်ချောင်၏ လျှင်မြန်စွာ လှုပ်ရှားနိုင်စွမ်းအားနှင့် အရှိန်နှုန်းကို အထင်သေးသွားပြန်သည်။ သူ၏ညာလက်က အဝေးရှိ နံရံတစ်ခုကို ဖမ်းဆုပ်လိုက်သည့် အချိန်တွင် မည်သည့် အရာကိုမျှ မဖမ်းမိလိုက်ချေ။ ဝမ်ချောင်က ထိုနံရံပေါ်မှ လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

“စန်းယွမ် ရွှတ်ရွှမ်း စစ်သည်တော် တစ်အုပ်ကိုလွှတ်ပြီး မြို့ရိုးပေါ်က သတ္တိဖြူတွေကို ရှင်းလိုက်။ ဂိတ်ပတ်ဝန်းကျင်က အစောင့်တွေရဲ့ အင်အားကိုလည်းမြင့်ထား။ ဒါ့အပြင် ရွှီခဲ့ရီ၊ ကွမ့်ယွီ၊ ချန်းပင်း ... သေဆုံးခြင်းရဲ့ မြက်ရိတ်ဓား”

ဝမ်ချောင်က မြို့ရိုးပေါ်တွင် ဂုဏ်ယူစွာ ပြန်ရပ်လိုက်သည်။ သူက သာ့ယန်မန်ပန့်ကို ကြည့်နေသည်။ သူ၏မျက်ဝန်းအတွင်း အေးစက်သော အလင်းကလက်သည်။

မဟာနှင်းတောင်တန်း၏ တော်ဝင်ဂူဘုရားကျောင်းက နတ်ဆိုးနဂါးသိုင်းဖြစ်သည့် သိုင်းကို သူတော်စင် သိုင်းနယ်မြေအဆင့်သို့ ရောက်ရှိနေသည့် နောင်လာမည့် ဗိုလ်ချုပ်ကြီး အဆင့်တစ်ယောက်က ထုတ်သုံးနေခဲ့သည့်အပြင် သူ၏ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားသည့် ကြယ်တာရာစွမ်းအင်များ၊ ထူးခြားသော အတွေ့အကြုံများနှင့် တိုက်ပွဲနယ်မြေပေါ်တွင် ကောင်းကောင်း လှုပ်ရှားနိုင်စွမ်းအားရှိသည့် စွမ်းအင်များအားလုံး ပေါင်းစပ်လိုက်သည့်အခါ သာ့ယန်မန်ပန့်က ဝမ်ချောင်ကြုံဖူးသမျှထဲတွင် အင်အားအကြီးဆုံးဖြစ်သွားသည်။

သူ၏ကျင့်ကြံခြင်းအဆင့်က တစ်ဖက်သူကို ဆွဲချနိုင်ရန် မလုံလောက်ခဲ့ချေ။ ချီရှီကာကွယ်ရေးစစ်တပ်၏ အဓိကရန်သူကြီးကိုလည်း သတ်ရန် မဖြစ်နိုင်သေးချေ။ သူ့အနေဖြင့် အခြားသူများ၏ အင်အားကို ငှားရန် လိုအပ်နေသေးသည်။

“ဟုတ်ကဲ့အရှင်”

အမျိုးမျိုးသော အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ရွှီခဲ့ရီ၊ ချန်းပင်း၊ ကွမ့်ယွီ... စသဖြင့် မြို့ရိုးပေါ်ရှိ အရာရှိတိုင်းက စုစည်းလာကြပြီး ဝမ်ချောင်၏ အနောက်တွင် ဝင်္ကပါပုံဖော်သည်။

သေဆုံးခြင်းရဲ့မြက်ရိတ်ဓား

လူအနည်းစုသာပေါင်းကာ ဖော်ထားသည့် ထိုဝင်္ကပါလေးက ပုံမှန်အားဖြင့် ကျူးကျော်လာသော မျိုးနွယ်ခြား လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များကို ပုံဖော်ရန် အသုံးပြုလေ့ရှိသည်။

ယခင်က ရွှီရွှတ်ပင်း၊ ရွှီအန်းသွန်းနှင့် အခြားသောသူများက လူရှစ်ယောက်ထဲနှင့် ထိုဝင်္ကပါကို သုံးခဲ့သည်။ သို့သော် ဝမ်ချောင်၏လက်တွင် သေဆုံးခြင်း၏ မြက်ရိတ်ဓားက အစစ်အမှန် အင်အားကို ထုတ်ပြနိုင်မည်ဖြစ်သည်။ ဝမ်ချောင်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် လက်ရွေးစင် ကျွမ်းကျင်ပညာရှင်များက စုဝေးလာလေလေ သူကပိုပြီး အင်အားကြီးလာလေလေဖြစ်သည်။

၁၄၊ ၁၅၊ ၁၆...

ဝမ်ချောင်၏နောက်တွင် ရောက်လာသည့် ကျွမ်းကျင်ပညာရှင်များ၏ အရေအတွက်က နှစ်ဆခန့်အထိ ပြောင်းသွားသည်။ ထို့ပြင် ဆက်လက်ပြီး မြင့်တက်နေသေးသည်။ ထို့ကြောင့် အယောက်နှစ်ဆယ်အထိ မြင့်တက်သွားသည်။

ဝမ်ချောင်၏အနောက်တွင် ရှိသည့် လူအရေအတွက်က အယောက်(၃၂)ယောက်ထိ ဖြစ်သွားသောအခါ...

ဘုန်း

အလင်းရောင်က စလက်လာပြီး အာကာသပြင်က စတင်ကာ လိမ်တွန့်လာသည်။ လူအယောက် (၃၂)ယောက်၊ သို့မဟုတ် ဝမ်ချောင်ကိုသာ ထည့်တွက်လျှင် (၃၃)ယောက်ရှိမည့် ဝင်္ကပါက သေဆုံးခြင်း၏ မြက်ရိတ်ဓားအဖြစ် ပြောင်းလဲသွားချိန်တွင် အားလုံးက တညီတညာတည်း အဝေးရှိ သာ့ယန်မန်ပန့်ကို ကြည့်လိုက်သည်။

လူအယောက် (၃၃)ယောက် ပေါင်းထားပြီး တစ်သားတည်းဖြစ်သွားသော စွမ်းအင်များက သူတို့၏ ကြယ်တာရာ စွမ်းအင်များကို များသထက် များသွားစေသည်။

ဝေါင်း

ဟိန်းဟောက်သံက ထွက်လာသည်။ သိပ်သည်းသော သေဆုံးခြင်း၏ ရနံ့များက လှိုင်တက်လာသည်။ ဝမ်ချောင်အဖွဲ့၏ အထက်တွင် ကြီးမားလွန်းသော မြက်ရိတ်ဓားကြီးကို မြင်နိုင်သည်။ ထိုမြက်ရိတ်ဓားက သုံးချောင်းဝန်းကျင်ခန့်ရှိပြီး အလွန်အမင်းထက်ရှကာ ကြောက်မက်ဖွယ်ကောင်းသည့် လေထုကို လွှတ်ထုတ်နေသည်။

ထိုမြက်ရိတ်ဓား၏ အနောက်တွင် လိမ်တွန့်နေသော အနက်ရောင် ပုံရိပ်ကြီးတစ်ခုကို မြင်နိုင်သည်။ ထိုပုံရိပ်ကြီးက သာမာန်အရွယ်ရောက်ပြီး လူတစ်ယောက်ထက် အဆပေါင်းများစွာ ကြီးသည်။

ဘန်း

သာ့ယန်မန်ပန့်က ခြေထောက်ကိုဆန့်ပြီး မြို့ရိုးပေါ်သို့ ခုန်တက်ကာ ဝမ်ချောင်၏အရှေ့တွင်ရပ်သည်။ သူက ဝမ်ချောင်တို့၏ အင်အားစုအထက်တွင် ပေါ်နေသည့် ပုံရိပ်ကို ကြည့်လိုက်ပြီး မျက်နှာက ဖြူဖျော့သွားသည်။

သူကိုယ်တိုင်ကလည်း ဗဟိုပြင်ကျယ်မှ သိုင်းများကို အနည်းငယ် နားလည်ထားသည်။ ယွီစန်းကလည်း ဗဟိုပြင်ကျယ်တွင် သူလျိုများစွာကို ချန်ထားသည်။ သို့သော် ယခုဒီနေရာတွင် ပေါ်လာသည့် ထိုဝင်္ကပါက သာ့ယန်မန်ပန့်ကိုပင် အံ့ဩသွားစေခဲ့သည်။ ရိုးရှင်းစွာ ရှင်းပြရမည်ဆိုလျှင် သာ့ယန်မန်ပန့်အနေဖြင့် ထိုကဲ့သို့သော ဝင်္ကပါကို မမြင်ဖူးသေးချေ။

သာ့ယန်မန်ပန့်အနေနှင့် ထိုဝင်္ကပါ၏ ဖော်ပြရန်ခက်ခဲသည့် ကြောက်မက်ဖွယ်အားကို ခံစားမိသည်။ အနည်းဆုံး သူက ပေါ့ပါးစွာ ရင်ဆိုင်၍မရချေ။

“သာ့ယန်မန်ပန့် အခုငါတို့ ကောင်းကောင်း တိုက်ခိုက်လို့ရပြီ”

မြို့ရိုးအပြင်ဘက်ရှိ မီးပြင်းဖိုကြီးများမှ မှေးမှိန်သည့်အလင်းက ဝမ်ချောင်၏ကိုယ်ပေါ် ကျလာသည့်အခါ သူ၏မျက်နှာရှိ ဖျော့တော့သောအပြုံးက ထင်ရှားစွာပီသလာသည်။ သူနှင့်သာ့ယန်မန်ပန့်ကြားမှ အင်အားခြင်း ကွာခြားချက်က ကြီးမားလွန်းနေသေးသည်။ ထို့ကြောင့် တိုက်ပွဲတွင်သူက ဖိနှိပ်ခံခဲ့ရသည်။

သို့သော် သေဆုံးခြင်း၏ မြက်ရိတ်ဓားက အင်အားတိုးမြှင့်ပေးလိုက်သည်နှင့် ဝမ်ချောင်က အဆင့်မတူတော့သော အနေအထားသို့ ရောက်ရှိသွားသည်။ အရာရှိ (၃၂)ယောက်မှ အင်အားကိုယူပြီး သူက အင်ပါယာသိုင်းနယ်မြေ အဆင့်ကိုး၏ အထွတ်အထိပ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သူက သူတော်စင်သိုင်းနယ်မြေ အဆင့်သို့ မရောက်သေးသည့်တိုင်အောင် သာ့ယန်မန်ပန့်ကို စိန်ခေါ်ရန် လုံလောက်သော အင်အားကို ပိုင်ဆိုင်သွားပြီဖြစ်သည်။

ဘန်း

ဖနောင့်ဆောင့်ပေါက်လိုက်ပြီးနောက် ဝမ်ချောင်က လေထဲသို့ ခုန်တက်လိုက်သည်။ သူ့တွင်လည်း ပထမဦးဆုံးအကြိမ် စတင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။

“တက်”

သူ၏အနောက်မှ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ စုခဲ့ယွီနဲ့ အခြားသော အရာရှိတိုင်းက ချက်ချင်း လေထဲသို့ ခုန်တက်လိုက်ကြပြီး ဝမ်ချောင်၏အနောက်မှ အနီးကပ်လိုက်ကာ တိုက်ခိုက်သည်။ ပေါင်းစပ်ဝင်္ကပါကိုသုံးသည့် အကြီးမားဆုံး အားသာချက်က ဝင်္ကပါနှင့် လူတိုင်း၏အင်အားက တသားတည်း ပေါင်းနေခြင်းဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်ကသာ အင်အားတိုးသွားခြင်းမဟုတ်ဘဲ လူတိုင်းကလည်း အင်အားကြီးသွားသည်။

“ရမ်းကားတဲ့ကောင် မင်းက လူအနည်းငယ် ခေါ်လိုက်ရုံနဲ့ မင်းကို ကူညီပေးနိုင်မယ်လို့ ထင်နေတာလား”

သာ့ယန်မန်ပန့်က ဒေါသထွက်သွားသည်။ လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အင်ပါယာသိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်လောက်က စိန်ခေါ်နေသည်။ ထိုကိစ္စက သူ့ကိုသိက္ခာ ကျစေသော ကိစ္စလည်းဖြစ်သည်။

ဘုန်း

သူက မြေပြင်ကို ဖနောင့်ဖြင့် ဆောင့်ပေါက်လိုက်ပြီး အနက်ရောင် သင်္ကေတပေါင်း များစွာကို အကွင်းလိုက် ပေါ်ထွက်လာစေလျှက် အပြင်ဘက်သို့ ပေါက်ကွဲထွက်သွားစေကာ မြေကြီးများကိုပင် တုန်ခါသွားစေသည်။ သူက ထိုအင်အားကိုယူပြီး ဝမ်ချောင်တို့၏ အဖွဲ့ထံသို့ ဒေါသတကြီး ဖြစ်နေသည့် နဂါးတစ်ကောင်ကဲ့သို့ ခုန်တက်လိုက်ပြီး သူ၏လှံကိုလည်း ရှေ့သို့ ထိုးသွင်းနေသေးသည်။

ထိုတိုက်ကွက်၏ ရလဒ်ကမူ သာ့ယန်မန်ပန့်ကို အံ့အားသင့်သွားစေခဲ့သည်။

ဘန်း

ပတ်ဝန်းကျင် လေထုထဲသို့ ဝင်ရောက်ကြောင်း ကြယ်တာရာစွမ်းအင်များက ပေါက်ကွဲသွားသည့်အခါ မုန်တိုင်းကြီး တစ်ခုအဖြစ်ပင် ပြောင်းလဲသွားသည်။

တင်

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲထဲတွင် ဝမ်ချောင်က သူ၏ဘယ်လက်ကို ဆန့်ထုတ်ပြီး သာ့ယန်မန်ပန့်၏ လေးလံကာ ကြမ်းတမ်းလွန်းသည့် လှံထိပ်ကို တို့လိုက်ကြောင်း မသိထားကြချေ။

ဝေါင်း

အထိုးဖောက်ခံလိုက်ရသည့် ဘောလုံးတစ်လုံးလိုမျိုး သာ့ယန်မန်ပန့်က ရုတ်တရက် သူ၏ ကြယ်တာရာ စွမ်းအင်များကို ထိန်းချုပ်မှု လွတ်ကင်းသွားသည်။ ကြယ်တာရာစွမ်းအင်များ တစ်စိတ်တစ်ပိုင်းကလည်း ယိုဖိတ်ကျသလို ထွက်သွားပြီး ဝမ်ချောင်၏ကိုယ်ထဲသို့ စီးဝင်သွားသည်။

“ကောင်စုတ်လေး မင်းဘာမိစာ္ဆသိုင်းကို သုံးနေတာလဲ”

သာ့ယန်မန်ပန့်က ကြောင်တောင်တောင် ဖြစ်သွားသည်။

ဝမ်ချောင်က လှောင်ရယ် ရယ်လိုက်ပြီး ညာလက်ဖြင့် သူ့ကိုဖမ်းဆုပ်ဟန် လုပ်လိုက်သည်။

ဝုန်း

နောက်ထပ် ကြယ်တာရာစွမ်းအင်နှင့် သွေးစွမ်းအင်များက သူ၏ကိုယ်အတွင်းသို့ ဝင်ရောက်လာပြန်သည်။ သေဆုံးခြင်း၏ မြက်ရိတ်ဓား၏ အင်အားများမှတဆင့် ဝမ်ချောင်၏ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်း သိုင်းကလည်း အင်အားမြင့်တက်သွားသည်။

သာ့ယန်မန်ပန့်ကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်က အလွန်အမင်း ခိုင်မာလွန်းသည့် ကြယ်တာရာစွမ်းအင်များကို သိပ်သည်းထားနိုင်ခြင်းအားဖြင့် စုပ်ယူရန် ခက်ခဲစေသည်။ သို့သော် ဒါက ခက်ခဲသည်ဆိုသော မေးခွန်းမျှသာဖြစ်သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက ဒဏ္ဍာရီလာ မိစာ္ဆသိုင်းတစ်မျိုးဖြစ်သည်။ ထို့ကြောင့် မိစာ္ဆသိုင်းကျင့်သော ကျွမ်းကျင်ပညာရှင်များကိုပင် ကြောက်လွန်းသောကြောင့် တုန်ယင်စေသည်အထိ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်ကောင်းသည်။ သာ့ယန်မန်ပန့်က သူ၏အသန်မာဆုံးသော အခြေအနေမျိုးတွင်လည်း ထိုသိုင်းကို သုံးသည့်အခါ သာမာန်ဟုသာ သတ်မှတ်ရဦးမည်ဖြစ်သည်။

ဘန်း

ကြယ်တာရာစွမ်းအင်များက စိမ့်ထွက်သွားပြီး ကျန်းရာပေါင်းများစွာ ဝန်းကျင်အတွင်း လိမ့်ထွက်နေသည်။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက လေပြင်းကြီးတစ်ခုအဖြစ်ပြောင်းကာ ဒေါသတကြီး နဂါးအဖြစ် ဟိန်းဟောက်ပြီး ဘက်ပေါင်းစုံမှ ဝင်ရောက်ကာ သာ့ယန်မန်ပန့်၏ ကိုယ်အတွင်းသို့ တိုးဝင်ရန် ကြိုးစားနေကြသည်။

ထိုနဂါးတိုင်းက သာ့ယန်မန်ပန့်ကဲ့သို့ ကျွမ်းကျင်ပညာရှင်မျိုးကို ထိတ်လန့်ရန် မလုပ်နိုင်ချေ။ သို့သော် သူတို့ကသူ့ကို ဒေါသထွက်စေသည်။ လေပြင်းစွမ်းအင်မုန်တိုင်းက သူ့ကို နာကျင်အောင် မလုပ်နိုင်သော်လည်း သူ့ကို အနှောက်အယှက် ပေးနိုင်သေးသည်။ သူ၏ တိုက်ခိုက်နိုင်သည့် စွမ်းရည်ပေါ် သက်ရောက်စေနိုင်သေးသည်။

ထို့ပြင် ဒါက မယုံနိုင်စရာ ကောင်းလောက်အောင် အန္တရာယ်များသည်။

ဝမ်ချောင်က သာ့ယန်မန်ပန့်ထက် အင်အားနည်းနေသေးသော်လည်း သာ့ယန်မန်ပန့်က သူ့ကို လျစ်လျူရှု့ရလောက်အောင် အင်အားနည်းနေခြင်း မရှိချေ။ အင်အားချင်းယှဉ်ရသော် ဝမ်ချောင်က သာမာန် သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကို ယှဉ်နိုင်နေပြီဖြစ်သည်။ သူ၏ တိုက်ပွဲဝင် အတွေ့အကြုံနှင့် ထုတ်သုံးသော သိုင်းများက သာ့ယန်မန်ပန့်ကိုပင် ခေါင်းကိုက်စေသည်။

“သေစမ်း သေစမ်း”

သာ့ယန်မန်ပန့်၏ ဆံပင်ရှည်နှင့် မုတ်ဆိတ်မွှေးကြီးများက လေတွင်လွင့်ကုန်ပြီး သူ၏နှလုံးသားထဲ ဒေါသများက ဖောင်းတက်လာသည်။ သူက ဝမ်ချောင်၏ ထူးဆန်းသောသိုင်းကြောင့် သူ၏အင်အား လေးဆယ်ရာခိုင်နှုန်းခန့်ကို ဆုံးရှုံးခံနေရသည့်အတွက် ဒေါသထွက်နေခြင်း မဟုတ်ဘဲ ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ အားလုံးကြောင့်ဖြစ်သည်။

......

“ရွှီခဲ့ရီ ခါးအပေါ်ကိုတိုက်ခိုက်”

“ချန်းပင်း ခါးအောက်ကိုတိုက်ခိုက်”

“ရွှတ်ရွှမ်း မင်းနဲ့ငါက သူ့ရဲ့ညာဘက်နံရိုးကို ပေါင်းပြီးတိုက်ခိုက်ကြမယ်”

“အားလုံးပဲပေါင်းပြီး သခင်လေးကို ကူညီကြ”

ချန်းစန်းယွမ်နှင့် စုရွှတ်ရွှမ်းတို့ကလည်း ဝမ်ချောင်က တိုက်ခိုက်နေချိန်တွင် ငြိမ်ငြိမ်ထိုင်မနေကြချေ။ ဝမ်ချောင်က သာ့ယန်မန်ပန့်ကို ဆွဲထိန်းထားချိန်တွင် (၃၂)ယောက်သော အရာရှိတိုင်းကလည်း ဘက်တိုင်းမှ ဝင်ရောက်ကာ တိုက်ခိုက်နေကြသည်။

သာမာန်အခြေအနေမျိုးတွင် ဝမ်ချောင်က သူ့ကိုဖိနှိပ်နိုင်မည်မဟုတ်သလို ပုရွက်ဆိတ်ကဲ့သို့ သေးငယ်သည့် နဂါးလေးများလောက်နှင့်လည်း သူ့ကိုအချိန်ပေးနိုင်မည် မဟုတ်ချေ။ သို့သော် ယခုမူ ထိုပုရွက်ဆိတ်မျှလောက် အင်အားနည်းသော လူများက အကြောက်အလန့်မဲ့စွာပင် သူ့ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားနေကြသည်။

သာ့ယန်မန်ပန့်က လူ(၃၂)ယောက်လုံးကို တားရန် လက်(၆၄)ဘက်လုံး ရှိမနေခဲ့ချေ။ ထိုတိုက်ခိုက်မှုတိုင်းက အရပ်မျက်နှာတိုင်းမှ ဝင်ရောက်နေခြင်းဖြစ်သည်။

ဘန်း ဘန်း ဘန်း

တိုက်ကွက် တစ်ကွက်ပြီးတစ်ကွက် ရောက်လာသည့်အခါ သာ့ယန်မန်ပန့်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာက မိုးခြိမ်းသံကို ဆက်တိုက် ထုတ်ဖော်နေသည်။

သူ၏ခုခံမှုက ဆက်လက် တည်မြဲနေသေးသော်လည်း ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသောသူများ အားလုံးက သာ့ယန်မန်ပန့်ကို ကြယ်တာရာစွမ်းအင် ကုန်ဆုံးအောင် ဖိအားပေးနေခဲ့သည်။ ဝမ်ချောင်က သေဆုံးခြင်း၏ မြက်ရိတ်ဓားကို အသုံးပြုလိုက်သောကြောင့် တိုက်ပွဲက ကြယ်တာရာစွမ်းအင်ချင်း ယှဉ်သော တိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။

သာ့ယန်မန်ပန့်က မည်မျှပင် လေးစားစရာ ကောင်းနေစေကာမူ သူက လူတစ်ယောက်တည်းဖြစ်သည်။ တိဗက်တောင်ပေါ်သားများက လူပုဂ္ဂိုလ် တစ်ယောက်ချင်းစီတိုင်း၏ အင်အားကိုသာ ကိုးကွယ်ထားပြီး ပူးပေါင်းတိုက်ကွက်များကို အလေးမထားကြချေ။ မဟာထန်က အရှိန်အဟုန်မြင့် မှင်သက်ဖွယ် နတ်ဘုရားကဲ့သို့သော စစ်သည်တော် သောင်းပေါင်းများစွာသုံးကာ ပေါင်းစပ်တိုက်ခိုက်သည့် တိုက်ပွဲတွင် ဝင်္ကပါမျိုးကို အသုံးပြုလေ့ ရှိကြသည့်တိုင်အောင် ယွီစန်းတွင် ထိုကဲ့သို့သောကိစ္စမျိုး ဖြစ်လာရန် မဖြစ်နိုင်ချေ။

“အသုံးမကျတဲ့ကောင်တွေ မင်းတို့က သေချင်နေကြတာပဲ”

သာ့ယန်မန်ပန့်က အံ့ကိုကြိတ်သည်။ သူ၏မျက်လုံးကလည်း ရူးသွပ်စွာဖြင့် မှေးကျဉ်းသွားသည်။ သူက ဝမ်ချောင်ကို နောက်သို့ လွင့်ထွက်သွားစေပြီးနောက် ချက်ချင်းလိုလို သူ၏လှံကို ပစ်မှတ်ပြောင်းလိုက်သည်။ သူက ဝမ်ချောင်ကို ယခုလေးတင် ချိန်ထားသော်လည်း ချက်ချင်းလိုလို ပေါက်ကွဲပြီးသည်နှင့် သေဆုံးခြင်း မြက်ရိတ်ဓား ဝင်္ကပါထဲမှ အရာရှိတစ်ယောက်ကို ချိန်ရွယ်လိုက်သည်။ ထိုမြက်ရိတ်ဓားက တိုးဝင်သွားသောအခါ လေထုက စွမ်းအင်များဖြင့် ပေါက်ကွဲသွားသည်။ သို့သော် နောင်လာမည့် ဗိုလ်ချုပ်ကြီး၏ ဆုံးဖြတ်ချက်ပြတ်သားသည့် ရိုက်ချက်က မယုံနိုင်စရာ ကောင်းလောက်အောင် လွဲချော်သွားသည်။

“သာ့ယန်မန်ပန့် မင်းရဲ့ပစ်မှတ်ကို မမေ့နဲ့။ မင်းရဲ့ပစ်မှတ်က ငါပဲ”

ဝမ်ချောင်က အေးစက်စွာရယ်သည်။ သူ၏ဝု့စ်သံမဏိဓားက ရုတ်တရက် သာယာသောအသံကို မြည်ဟီးပြီးနောက် ဓားပုံရိပ် ထောင်ပေါင်းများစွာကို လွှတ်ထုတ်လိုက်သည်။ ဝမ်ချောင်၏ အရှိန်အဝါကလည်း ရုတ်တရက် ပြောင်းလဲသွားကာ အလွန်အမင်း ထက်မြက်သည့် တဖြောင့်တည်း ထိုးချိန်ထားသော ဓားတစ်လက်အဖြစ် ကောင်ကင်မှ ဆင်းသက်လာသလို ပြောင်းလဲသွားသည်။

‘နတ်ဘုရားနဲ့ နတ်ဆိုး ဖျက်ဆီးခြင်းသိုင်း’ အနောက်တောင်ပိုင်းက စစ်ပွဲပြီးနောက်၊ ပညာသင်သစ်ပင်အောက်မှ ချက်စ်ကစားပွဲပြီးနောက်၊ မဟာထန်၏ စစ်နတ်ဘုရား စုကျန်းချန်က ဝမ်ချောင်ကို အဆင့်လွန် ဓားသိုင်းကို သင်ပေးခဲ့သည်။

သန့်စင်သော အင်အားချင်း သီးသန့်ယှဉ်သော် နတ်ဘုရားနှင့်နတ်ဆိုး ဖျက်ဆီးခြင်းသိုင်း၏ အရှိန်အဝါက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ယှဉ်နိုင်လောက်အောင် အင်အားမကြီးနိုင်ချေ။ သို့သော် အဆင့်အားဖြင့်ယှဉ်သော် သူက အဆင့်သုံးဖြစ်နေသေးသည်။

အခန်း(၇၃၈)

သာ့ယန်မာန်ပန့်နှင့် ကြောက်မက်ဖွယ်ကောင်းသည့် တိုက်ပွဲ(၃)

အဖြူရောင်နှင်းများက ပေါက်ကွဲသွားသည့်အခါ လေထဲတွင် စုတ်ဖြဲခံရသလို အစင်းကြောင်းကြီးများ ပေါ်ထွက်လာသည်။ အချိန်အတန်ကြာသည့်တိုင်အောင် ပျောက်ကွယ်မသွားခဲ့ချေ။ ထိုအချိန်တွင် ဝမ်ချောင်၏ ဓားပုံရိပ်များက သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ထိုးခွဲသွားပြီးသားဖြစ်သည်။ အမျိုးမျိုးသော အကြောင်းပြချက်များကြောင့် ပြစ်ချက်ရှိနေခဲ့သည့် အကာအကွယ်လွှာအတွင်းမှ ကြယ်တာရာစွမ်းအင်များက ချက်ချင်းလိုလို ဖရဲသီးကို လှီးဖြတ်လိုက်သလို နှစ်ခြမ်းကွဲသွားသည့်ဖြစ်ရပ်က သာ့ယန်မာန်ပန့်ကို ကြောင်အသွားစေသည်။

“သေစမ်း သေစမ်း သေလိုက်ပါတော့”

သာ့ယန်မာန်ပန့်က အံ့ကိုတင်းတင်းကြိတ်ထားသည်။ မျက်လုံးကလည်း ပြူးနေသည်။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက နှစ်တစ်ထောင်ကျော် အမွေအနှစ်ကို ပိုင်ဆိုင်ထားပြီး တောင်ပေါ်ဒေသမှ အမျိုးမျိုးသော သိုင်းတိုင်းရှိရာ အရင်းအမြစ်ကြီးဖြစ်သည်။ သူ၏ သက်တမ်းကြာရှည်သော အမွေအနှစ်များကတင် ဗဟိုပြင်ကျယ်ကို လက်ရည်တူယှဉ်ရန် လုံလောက်နေခဲ့ပြီဖြစ်သည်။ သာ့ယန်မာန်ပန့်အနေဖြင့် အထွဋ်အမြတ်တောင်သို့ပင် သွားလည်ခဲ့သေးပြီး တော်ဝင်ဂူဘုရားကျောင်းသို့လည်း ဝင်ဖူးသည်။ ထိုနေရာမှ ဆရာသခင်များနှင့်လည်း ဆုံဖူးသည်။ သို့တိုင်အောင် ထိုမျှအင်အားကြီးမားလွန်းသော သိုင်းပေါင်းများစွာကို ထုတ်သုံးနိုင်သည့် လူတစ်ယောက်ထဲက ထုတ်သုံးနိုင်သည့် ဖြစ်ရပ်မျိုးကို မမြင်ဖူးခဲ့ချေ။

ဝမ်ချောင်က သူ့ထက် တစ်ဆင့်နိမ့်နေသည်မှာ ရှင်းလင်းသည်။ သို့သော် သူကမူ အဆုံးအစမဲ့အောင် များပြားသည့် ထူးဆန်းသော သိုင်းများကို ထုတ်သုံးနိုင်စွမ်းအား ရှိနေသည်။ ထို့ပြင် စွမ်းအင်များကို စုပ်ယူနိုင်သည့် မိစာ္ဆသိုင်းကပင် မှင်သက်ဖွယ် ကောင်းလွန်းနေပြီဖြစ်သည်။ ယခုအခါ အလွန်အမင်း ထက်ရှလွန်းသည့် ဓားချီမျိုးကိုပင် ထုတ်သုံးနိုင်စွမ်း ရှိနေခဲ့သည်။ ထိုမျှအင်အားကြီးမားသော သိုင်းပေါင်းများစွာကို ထုတ်သုံးနိုင်သည့် လူများကပင် ရှားပါးသည်။ တော်ဝင်ဂူဘုရားကျောင်းထဲတွင် တိုက်ပွဲပေါင်း များစွာကို ထုတ်သုံးနိုင်သည့် လူမျိုးဟု၍ မရှိဖူးသေးချေ။

“အဖွဲ့သုံး၊ အဖွဲ့လေး၊ အဖွဲ့ခုနှစ်၊ အဖွဲ့တစ်ဆယ့်နှစ်... သေဆုံးခြင်းရဲ့ မြက်ရိတ်ဓားဝင်္ကပါ၊ သာ့ယန်မာန်ပန့် ဟ ပုဇွန်ကြီးတစ်ကောင်က ပုဇင်းရင်ကွဲတစ်ကောင်နောက်ကို လိုက်နေရင် နောက်က ကပ်လိုက်ပါနေတဲ့ အော်ရီရယ်ဆိုတဲ့ အနက်အဝါရောတဲ့ငှက်ကို သတိမထားမိသလိုပေါ့။ ငါအရင်ဆုံး မင်းကိုရှင်းလိုက်မယ်။ အဲ့ဒီနောက် မင်းရဲ့သတ္တိဖြူကို ရှင်းမယ်။ ဒီလိုဆိုရင် မင်းတို့ရဲ့ယွီစန်းက ဘာသုံးပြီး ငါ့ကိုတိုက်ခိုက်ဦးမလဲလို့ ငါကြည့်ချင်ပါသေးရဲ့”

ဝမ်ချောင်၏မျက်ဝန်းက တောက်ပကာ ခက်ထန်ကြမ်းတမ်းသည်မှာ အမှောင်ထဲတွင် တောက်ပနေသည့် ဓားသွားများဟု ထင်ရသည်။ သူ၏အသံကလည်း မိုးခြိမ်းသံအလား ထင်ရပြီး တစ်မြို့လုံးအနှံ့ ဟိန်းထွက်သွားသည်။ စစ်ဗျူဟာအရ စစ်သည်တော်များ၏ အရည်အသွေးက အရေအတွက်ထက် သာသည်ဟု ဆိုကြသည်။ ချီရှီ၏ပတ်ဝန်းကျင် မြေမျက်နှာသွင်ပြင်က ရှုပ်ထွေးသောကြောင့် သာ့ယန်မာန်ပန့်၏ သတ္တိဖြူအနည်းငယ်ကိုသာသုံးပြီး မြို့ကိုဝင်စီးသောဖြစ်ရပ်က ထူးဆန်းမနေခဲ့ချေ။

စစ်အနုပညာ သီးသန့်အရဆိုလျှင် သာ့ယန်မာန်ပန့်က တိဗက်ဗိုလ်ချုပ် အမြောက်အများကို ဖိနှိပ်နိုင်ပြီး ကျော်ကြားသော မဟာထန်၏ ဗိုလ်ချုပ်ကြီးများကိုပင် ဖိနှိပ်နိုင်လောက်သေးသည်။ ဝမ်ချောင်ကလည်း သူ့ကို ထိုအတွက်ကြောင့် လေးစားမိသည်။ သို့သော် သူတို့က ရန်သူဖြစ်နေခဲ့သည်။

ကံဆိုးစွာဖြင့် ယခုလို ကျယ်ပြောသော လောကကြီးတွင် တစ်စုံတစ်ယောက်ထက်သာသော တစ်စုံတစ်ယောက်က ရှိနေတတ်သည်။ ထို့ကြောင့် သာ့ယန်မာန်ပန့်က သူနှင့်လာတိုးသွားသည်။

သူက သာ့ယန်မာန်ပန့်ကို သတ်လိုက်နိုင်သည်နှင့် ဝမ်ချောင်က မြင်းကိုသာ မှီခိုကာ တိုက်ခိုက်ရာတွင် ကျွမ်းကျင်သူများလောက်ကို ရင်ဆိုင်သော ကိစ္စက ရိုးရှင်းသော တာဝန်တစ်ခု ဖြစ်သွားလေပြီ။

ဝမ်ချောင်က သာ့ယန်မာန်ပန့်ကို သတ်ပြီးသည်နှင့် မြို့ဂိတ်ကိုဖွင့်ပြီး တိဗက်တိုင်းကို မိုးမလင်းခင် အပြီးသတ်နိုင်သည်။ ပို၍ဆိုးသည်မှာ သာ့ယန်မာန်ပန့် သေသွားသည်နှင့် ချီရှီအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီးက ဖယ်ရှားရှင်းလင်းနိုင်ပေလိမ့်မည်။

“ဟုတ်ကဲ့အရှင်အမတ်”

မြို့၏ ပတ်ဝန်းကျင်အနှံ့မှ ဆုံးဖြတ်ချက် ပြတ်သားသော အသံများက ထွက်ပေါ်လာသည်။ အချိန်တိုအတွင်း အနောက်တောင်ပိုင်းတွင် တိုက်ခိုက်ခဲ့ဖူးသော လက်ရွေးစင်တိုင်းက အဖွဲ့များအဖြစ် ပြောင်းလဲသွားပြီး ရန်သူများကို ရင်ဆိုင်ရန် တစ်သားတည်းအဖြစ် ပေါင်းစည်းသွားပြီး မရပ်တန့်နိုင်တော့သည့် စီးဆင်းလာသည့် သံမဏိရေလှိုင်းကြီးများအလား ဖြစ်သွားသည်။

အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးသွားသည့်အခါ ဝမ်ချောင်က စစ်တပ်ထဲတွင် သေဆုံးခြင်း၏ မြက်ရိတ်ဓားကို လူအမြောက်အများသုံးကာ တိုက်ခိုက်သည့် နည်းလမ်းမျိုးဖြင့် ပြောင်းလဲကာ ကျင့်သုံးခဲ့သည်။ ထိုအချိန်တွင် သူ၏ကြိုးစားအားထုတ်မှုတိုင်းက မှန်ကန်ထိုက်တန်ကြောင်း သက်သေပြရန် ဖြစ်ရပ်တစ်ခု ရရှိလာလေပြီ။

...

“အားလုံးပဲ အခုချက်ချင်းသွားပြီး အရှင်အမတ်ကို ကူညီကြ”

“ဒီတစ်ကြိမ် ရောက်လာတဲ့ ရန်သူတွေက တော်တော်လေး အင်အားကြီးတယ်။ အားလုံးပဲ သတိထားကြပါ”

“နားလည်ပါပြီ”

ထိုစကားလုံးများကို ပြောပြီးသည်နှင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့က ထွက်ခွာသွားကြသည်။ အမျိုးမျိုးသော သိုင်းများကို ထုတ်သုံးသောကြောင့် ထွက်လာသည့် ကြယ်တာရာစွမ်းအင်များက ယိုဖိတ်ကျတော့မတက်ပင် များပြားလွန်းနေခဲ့သည်။ အားလုံးက မဟာကလန်ကြီးများမှ လာသောလူများ ဖြစ်နေသည့်အလျောက် သူက ကောင်းမွန်စွာ လေ့ကျင့်ပေးခံထားရပြီး အလေ့အကျင့်အပြည့် ရရှိထားခဲ့သည်။ ထို့ကြောင့် သူတို့၏ အားသာချက်က သိသာသည်။ သူတို့က ချက်ချင်းလိုလို အမိန့်အတိုင်း လှုပ်ရှားနိုင်ကြသည်။

“ရစ်ခွေနေသော နဂါးဟိန်းသံ”

“ချီလှံသိုင်း”

“ဆက်တိုက်လာတဲ့ခုနှစ်ကွက် အပြတ်ရှင်းသိုင်း”

ထိုသို့ဖြင့် တိုက်ခိုက်ရေးအဖွဲ့ တစ်ဖွဲ့ချင်းစီတိုင်းတွင် လူခုနှစ်ယောက်၊ ဆယ်ယောက်ခန့် ပေါင်းလိုက်ပြီး အမျိုးမျိုးသော တိုက်ကွက်ပေါင်းများစွာကို ထုတ်သုံးကာ သာ့ယန်မာန်ပန့်ထံ ပြုံတိုးဝင်ပြီး သူ၏ ပေါက်နေသည့် အကာအကွယ်လွှာမှတဆင့် တိုးဝင်ကာ တိုက်ခိုက်ရန် ကြိုးစားကြသည်။

......

“အဖွဲ့သုံး အနောက်တောင်ဘက်ကနေ တိုက်ခိုက် သူ့ရဲ့ မင်မန်အကြောကို ဦးတည်ပြီး ပြစ်ချက်ထား”

“အဖွဲ့လေးက အရှေ့တောင်ပိုင်းကနေ တိုက်ခိုက် သူ့ရဲ့ပီကျင်းအမှတ်ကို ပစ်မှတ်ထား”

“အဖွဲ့ခုနှစ်က နောက်ဆုတ်”

ဝမ်ချောင်က ထိုသို့ပြောပြီးသည်နှင့် ဘုန်းကနဲမြည်သံနှင့်အတူ အဖွဲ့ခုနှစ်က ကြယ်တာရာစွမ်းအင်ဖြင့် လုပ်ထားသည့် နဂါးနက်ဖျက်ဆီးခြင်း စွမ်းအင်များကို ကပ်သီလေး ရှောင်လိုက်နိုင်သည်။ ဝမ်ချောင်က အချိန်မှီ အမိန့်ထုတ်ခဲ့သောကြောင့်သာ မဟုတ်လျှင် အဖွဲ့ခုနှစ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားနိုင်သည်။

“ဆက်လုပ် အဖွဲ့ခုနှစ်ရဲ့ နေရာကိုယူ”

အမိန့်တစ်ခုပြီးတစ်ခု ထုတ်ပေးပြီးနောက် ဝမ်ချောင်၏ ပြောင်းမြောက်သော အမိန့်ပေးနိုင်စွမ်းရည်ကို ထူးချွန်စွာ ထုတ်ဖော်ပြသလိုက်သည်။ ရိုးရိုးရှင်းရှင်း စစ်သည်တော်က စစ်သည်တော်ချင်း ရင်ဆိုင်သည့် တိုက်ပွဲမှတဆင့် တစ်ယောက်က အများကိုရင်ဆိုင်ရသည့် တိုက်ပွဲကြီးအဖြစ် အတင်းပြောင်းလဲခံလိုက်ရသည်။

ဝမ်ချောင်၏ အနီးအနားတွင် လက်ရွေးစင်စစ်သည်တော် တစ်ရာနီးပါးရှိနေသည့်အတွက် တစ်ဖက်သတ် တိုက်ပွဲကဲ့သို့ ဖြစ်သွားသည်။ အခြားတစ်ဖက်ကမူ ကျော်ကြားလွန်းလှသော တိဗက်မှ နောင်လာမည့် ဗိုလ်ချုပ်ကြီးဖြစ်သည့် သာ့ယန်မာန်ပန့်ဖြစ်သည်။ သာ့ယန်မာန်ပန့်က သူနှင့်အတူ သတ္တိဖြူ အယောက်နှစ်ထောင် သုံးထောင်ကိုသာ ခေါ်လာခဲ့သည်။ ထိုအချိန်တွင် သံမဏိမြို့၏ တည်ရှိမှုကြီးက ထိုသတ္တိဖြူများကို မတည်ရှိဟု သတ်မှတ်နိုင်သွားစေသည်။

“အဖွဲ့နှစ်ဆယ့်တစ်၊ အဖွဲ့နှစ်ဆယ်နှစ်၊ အဖွဲ့နှစ်ဆယ့်သုံး အသင့်ပြင်ထား ဝင်”

ဝမ်ချောင်က နောက်ထပ် လက်ရွေးစင်များကို တိုက်ပွဲထဲသို့ တဖြည်းဖြည်းချင်း ဆွဲသွင်းနေသည်။ ထိုသို့ဖြင့် မြို့ရိုးနယ်မြေက ကျဉ်းမြောင်းသော်လည်း ဝမ်ချောင်ကမူ ထိုပိုင်နက်နယ်မြေကို အားသာချက်ယူပြီး ကွာခြားချက်များကို ဖြည့်ကာ တိုက်ခိုက်ရန်အဖြစ် ပြောင်းလဲနိုင်စွမ်းအားရှိသည်။

ဇွက် ဇွက် ဇွက်

တစ်ဖွဲ့ပြီးတစ်ဖွဲ့က ဝမ်ချောင်က ဆင့်ခေါ်သည့်အတိုင်း ဝင်ရောက်လာကြပြီး တိုက်ပွဲထဲတွင် ဝင်ပါလာကြသည်။ ထိုအချိန်တွင် အခေါ်မခံရသေးသည့် လက်ရွေးစင်များက ဒူးလေးကြီးများက်ိုသုံးသည့် အဖွဲ့များသာကျန်တော့သည်။

ဒုန်း ဒုန်း ဒုန်း

ပေါက်ကွဲသံများက မဆုံးနိုင်လောက်အောင် ဆက်တိုက် ထွက်နေသည်။ ဝမ်ချောင်တွင် ဒူးလေးကြီးဆိုသည့် ကြီးမားသည့် လက်နက်ကြီး လေးခုကိုသာ ပိုင်ဆိုင်ထားသော်လည်း ဆက်တိုက်ဆိုသလို ပစ်ခတ်နိုင်သည့် စွမ်းရည်က ပမာဏအများကြီး ပိုင်ဆိုင်ထားသည်ထက်ပင် အသုံးဝင်နေသေးသည်။

ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသော လက်ရွေးစင်များကလည်း အခြားသော နေရာများတွင် တိုက်ခိုက်နေကြသည့်တိုင်အောင် ထိုလက်နက်ကြီးများကို စီမံခန့်ခွဲရန် ကောင်းကောင်း လေ့ကျင့်ပေးထားခဲ့ပြီး သူတို့၏ မွေးရာပါ စွမ်းအားများအရ သတ္တိဖြူများက မြို့ရိုးပေါ်သို့ မတက်နိုင်ကြသေးပြန်ချေ။

နှစ်ထောင်ကျော်သော သတ္တိဖြူများက မြို့ရိုးပေါ်သို့ အလုံးအရင်းဖြင့် မဝင်ရောက်နိုင်ကြသေးသောကြောင့် သူတို့က မြို့ဂိတ်ကို မဖွင့်နိုင်ကြချေ။ သဘာဝအလျောက်ပင် တိဗက်တောင်ပေါ်သား လက်ရွေးစင်များကလည်း သူတို့၏ စစ်သေနာပတိချုပ်ဖြစ်သည့် သာ့ယန်မာန်ပန့်က လက်ရှိအချိန်တွင် ဝမ်ချောင်၏ အင်အားသုံးကာ တိုက်ခိုက်နေသည့် လုပ်ကြံသတ်ဖြတ်မှုအောက်တွင် ရူးမတက်ဖြစ်နေကြောင်း မသိထားကြချေ။

“သောက်ကျိုးနည်းအကောင် ငါ့အတွက် သေလိုက်စမ်းပါ”

သာ့ယန်မာန်ပန့်၏ မျက်လုံးများက ကျုံ့လာသည်။ သူ၏စိတ်ကလည်း ဆက်တိုက် ရှုပ်ထွေးလာနေသည်။

ဝုန်း

သူကလှံတံကို ပစ်ထုတ်လိုက်သည်။ သို့သော် ဝမ်ချောင်ထံမဟုတ်ဘဲ မဟာထန်၏ သေဆုံးခြင်း မြက်ရိတ်ဓား အဖွဲ့များထံဖြစ်သည်။ ထိုအဖွဲ့၏ သဘာဝက ပြောင်းလဲသွားသည်။ ထိုအဖွဲ့အနေဖြင့် ပုံမှန်ဆိုလျှင် သူက အချိန်ပေးရန်ပင် မလိုအပ်သော မဟာထန်၏ စစ်သည်တော်များက ထိုမျှအထိ စိတ်ရှုပ်စေနိုင်ကြောင်း မသိထားချေ။

ဝမ်ချောင်က အဖွဲ့နှစ်ဆယ်ကျော်ကို ဆင့်ခေါ်ရန် အချိန်မည်မျှပင် မလိုအပ်ခဲ့ချေ။ သို့သော် ထိုသို့ဖြင့် စစ်သည်တော် တစ်ရာ့ခုနှစ်ဆယ် သို့မဟုတ် တစ်ရာ့ရှစ်ဆယ် ဝန်းကျင်ခန့်က အနားတွင် ဝိုင်းနေပြီဖြစ်သည်။ သူတို့က သာ့ယန်မာန်ပန့်က လှုပ်ရှားသည့် နေရာတိုင်းကို ဖြည့်ထားခြင်းအားဖြင့် နေရာတိုင်းမှ သူ့ကို တိုက်ခိုက်နေကြသည်။

ထို့ကြောင့်သူက ဝမ်ချောင်နှင့် စစ်သည်တော် နှစ်ရာနီးပါးပေါင်းကာ တိုက်ခိုက်နေရသလို ဖြစ်သွားသည်။

ထိုအခြေအနေမျိုးက ဘယ်သောအခါမှ မဖြစ်ပျက်ခဲ့ဖူးသော အခြေအနေမျိုးလည်းဖြစ်သည်။ သူ့ကို ရင်ဆိုင်ရဲသော လူတိုင်းကလည်း သေချင်နေသော အရူးများလိုမျိုး သူက အင်အားစိုက်ထုတ်ရန်ပင် မလိုအပ်ဘဲ ရှင်းပစ်နိုင်နေခဲ့သည်။ သို့သော် ဝမ်ချောင်က ထိုသို့ဖြစ်နိုင်အောင် လုပ်ခဲ့သည်။

“ဝမ်ချောင် ငါမင်းကို မကိုင်တွယ်နိုင်ဘူးလို့ တကယ်ထင်နေတာလား။ မဟာနှင်းချိတ်စည်း နတ်ဆိုးနဂါး ဖျက်ဆီးခြင်း အားလုံးကိုဖျက်ဆီးစမ်း”

သာ့ယန်မာန်ပန့်၏ မျက်လုံးများက ခက်ထန်ကြမ်းတမ်းသွားသည်။ သူကလည်း ထိုသိုင်းက သူ၏စွမ်းအင်များကို အကုန် ကုန်ဆုံးစေနိုင်ပြီး သူပင် မတောင့်ခံနိုင်လောက်ကြောင်း သိထားသည်။

ဘုန်း

သူ၏ကိုယ်ထဲမှ အနက်ရောင် စွမ်းအင်များက ပေါက်ကွဲထွက်သွားပြီး ကောင်းကင်သို့ အနက်ရောင် ဥက္ကာခဲတစ်ခုလို သူက ထိုးတက်သွားသည်။

ဝုန်း

လေပြင်းများက ဟိန်းဟောက်ချိန်တွင် ထိုအနက်ရောင် ဥက္ကာခဲကြီးက အပေါ်သို့ တက်သွားပြီဖြစ်သည်။ ထိုအချိန်တွင် မြို့ထဲတွင်ရှိနေသော အစောင့်များက အလွန်အမင်း ကြီးမားလွန်းသည့် နှင်းတောင်တန်းကြီး တစ်ခုက ကောင်းကင်တွင် ရုတ်တရက် ပေါ်လာကြောင်း မြင်လိုက်ရသည်။ ထိုနှင်းတောင်တန်းကြီးက ယခင်တစ်ခုနှင့်ယှဉ်သော် အစစ်အမှန်ကြီးဟု ထင်ရပြီး ပို၍ပင် ပီသသည်။ ကျန်းတစ်ရာကျော်ပင် မြင့်မားနေပြီး လူတိုင်းက အံ့အားသင့် မှင်သက်သွားကြသည်။

ဝေါင်း

ကြီးမားလွန်းသော နဂါးကြီးတစ်ကောင်က ဟိန်းဟောက်လိုက်သည်။ အနက်ရောင် တိမ်စိုင်များက နှင်းတောင်တန်းအောက်တွင် ရစ်ခွေလာပြီး တဖြည်းဖြည်းချင်း သတ်ဖြတ်ခြင်း နဂါးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ထိုနဂါး၏ မျက်လုံးက နီရဲနေသည်။ သူ၏ကိုယ်အတွင်းတွင် စွမ်းအင်များက အပြည့်ရှိနေပြီး တစ်လောကလုံးက အမြစ်ဖြတ် သုတ်သင်နိုင်သကဲ့သို့ ထင်ရသည်။

“များပြားလွန်းတဲ့ အင်အားရဲ့ရှေ့မှာ သိုင်းလှည့်ကွက်တိုင်းက အသုံးမဝင် ဖြစ်ရမှာပဲ။ အစစ်အမှန်အင်အားက ဘာလဲဆိုတာ ငါပြမယ်”

သာ့ယန်မာန်ပန့်၏ အသံက ကောင်းကင်တခွင် ဟိန်းထွက်သွားသည်။ သံမဏိမြို့ တစ်ခုလုံးက ထိုအသံ၏ ပဲ့တင်ထပ်မှုကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် တစ်လောကလုံးက တိတ်ဆိတ်သွားသည်။ လူတိုင်းက ကြီးမားသော နတ်ဆိုးနဂါးကြီးကိုသာ ကြည့်နေကြသည်။ အားလုံးကလည်း သူတို့၏စိတ်ဝိညာဉ် အနက်ရှိုင်းဆုံးအပိုင်း အမှောင်ဆုံးက ကြောက်လန့်မှုကို ခံစားလိုက်ရသည်။

“မဟာနှင်းချိတ်စည်း နတ်ဆိုးနဂါးဖျက်ဆီးခြင်း ဒါက နတ်ဆိုးနဂါး သိုင်းတွေအားလုံးထဲက အင်အားအကြီးဆုံးနဲ့ အဆင့်အမြင့်ဆုံးပဲ”

သာ့ယန်မာန်ပန့်က ထိုသိုင်းကိုသုံးပြီး လာဆာဖာလာကို ဖျက်ဆီးခဲ့သည်။ ထိုသို့ဖြင့် အနောက်ပိုင်း နယ်မြေမှ အသေးစား တိုင်းပြည်လေး၏ ခံတပ်ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့ပြီး ယွီစန်း၏ လက်အောက်ခံ တစ်ခုအဖြစ် ပြောင်းလဲစေခဲ့သည်။ ထိုသိုင်းက အလွန်အမင်း အင်အားကြီးမားသလို မြို့ရိုးပေါ်ရှိ လူတိုင်းကိုလည်း ဖျက်ဆီးလိုက်နိုင်သည်။

“ဟမ့်”

ဝမ်ချောင်က နှာခေါင်းရှုံ့ကာ လှောင်ရယ် ရယ်သည်။ သူ၏ဆံပင်က လေတွင်လွင့်နေသည်။ သူက ကောင်းကင်သို့ အကြောက်အလန့်မဲ့စွာကြည့်သည်။

“သာ့ယန်မာန်ပန့် မင်းရဲ့ တွေးတောပုံက ရိုးရှင်းလွန်းသေးတယ်။ ဘယ်သူက မဟာနှင်းတောင်တန်းကို ဂရုစိုက်နေလို့လဲ။ ဘယ်သူက နတ်ဆိုးနဂါးကို ဂရုစိုက်နေလို့လဲ။ ဗဟိုပြင်ကျယ်က အစစ်အမှန် သိုင်းတွေက ဘယ်လိုလဲဆိုတာကို ငါမင်းကိုပြပေးမယ်”

“ရင်ယန်က ရောထွေးသွားတဲ့အခါ ကောင်းကင်နဲ့မြေပြင်က ပြောင်းပြန်အလှန်ခံရလိမ့်မယ် မဟာရင်ယန်သိုင်း”

ကျယ်လောင်လွန်းသော လှိုဏ်းခေါင်းသံပါသည့် ဟိန်းဟောက်သံကြီးနှင့်အတူ ဝမ်ချောင်က သူ၏အင်အားတိုင်းကို ရုတ်တရက် စုစည်းလိုက်သည်။ ထိုထဲတွင် အရာရှိ (၃၂)ယောက်လုံး၏ အင်အားများလည်းပါသည်။ အရာအားလုံးက ဟွမ့်သိန်းငှက် တစ်ကောင်ကဲ့သို့ လေထဲသို့ ထိုးခွဲဝင်ရောက်သွားသည်။ လေတိုးသံများကပင် ဆက်တိုက်ထွက်ပေါ်လာပြီး သူ၏ပုခုံး တစ်ဖက်တစ်ချက်စီမှ ပုံရိပ်ယောင်နှင့် လမင်းတို့က ရွှေရောင်နှင့် အနီရောင် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ အချင်းချင်း လေပွေတစ်ခုလို ရောယှက်ထွေးသွားသည်။ ထိုသို့ဖြင့် နေမင်းကဲ့သို့ထင်ရသည့် ရင်ယန် စွမ်းအားတစ်ရပ်က တစ်ဆယ်ကျန်း ဝန်းကျင်အတွင်း ပေါ်လာသည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက တိုက်ပွဲအတွက် သီးသန့်ဖန်တီးထားသော သိုင်းမျိုးမဟုတ်ချေ။ သူ၏အဓိက ရည်ရွယ်ချက်က ရန်သူ၏ စွမ်းအင်တိုင်းကို လျှင်မြန်စွာ စုပ်ယူပြီး ကျင့်ကြံသူ၏ အင်အားကို တိုးမြှင့်စေခြင်းဖြစ်သည်။ ထို့ကြောင့် တိုက်ခိုက်ခြင်းက သူ၏မူလ တာဝန်မဟုတ်ချေ။

သို့သော် တိုက်ပွဲတွင် သက်ရောက်မှုမရှိဟု မဆိုလိုချေ။ အနှစ်ချုပ်ဆိုရသော် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းက အဆင့်မြင့် မိစာ္ဆသိုင်းဟု ကျော်ကြားပြီး မိစာ္ဆလမ်းစဉ်ရှိကာ လူတိုင်းကို ကြောက်ရွံ့တုန်လှုပ်စေသည်မှာ တိုက်ပွဲတွင် ကြောက်မက်ဖွယ်ကောင်းလွန်းသော အချက်ကြောင့်ဖြစ်သည်။

နှစ်ထောင်ပေါင်းများစွာကြာအောင် နံပါတ်တစ် မိစာ္ဆသိုင်းဖြစ်ခဲ့သည့် မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းတွင် တိုက်ပွဲတွင် ထုတ်သုံးနိုင်သည့် ထိပ်တန်းအဆင့် သိုင်းသုံးမျိုး ရှိနေသေးသည်။

ရင်ယန်ပေါင်းစပ်မှု ကောင်းကင်နဲ့မြေပြင် ပြောင်းပြန်လှန် မဟာရင်ယန်သိုင်းဆိုသည်က သုံးမျိုးထဲမှ တစ်မျိုးဖြစ်သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းတွင်ရှိသည့် သိုင်းသုံးမျိုးထဲမှ တစ်ခုချင်းစီတိုင်းက လိုအပ်ချက် ပြင်းထန်လွန်းသည်။ ဥပမာအနေဖြင့် မဟာရင်ယန်သိုင်းက သာ့ယန်မာန်ပန့်ကဲ့သို့ ကျင့်ကြံခြင်း အဆင့်မြင့်သည့် အင်အားကြီးသူကို တိုက်ခိုက်ရန်လည်း ဖန်တီးထားခြင်းဖြစ်သည်။

ထိုသို့သော သိုင်းမျိုးက ကျင့်ကြံခြင်းအဆင့် မြင့်သူက သုံးရန်ဆိုသည့် လိုအပ်ချက်က ရှိနေသည်။ ဝမ်ချောင်ကသာ သေဆုံးခြင်း၏ မြက်ရိတ်ဓား ဝင်္ကပါကြောင့် အင်အားတိုးမြှင့်ခံထားရပြီး သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင်များကို စုပ်ယူထားခဲ့ခြင်း မရှိလျှင် ထိုလိုအပ်ချက်ကို ပြည့်မှီနိုင်မည်မဟုတ်ချေ။

ထပ်ပေါင်းဆိုရသော် ထိုသိုင်းကို ထုတ်သုံးရန်အတွက် သွေးစွမ်းအင်နှင့် စိတ်စွမ်းအင်များ များပြားစွာ လိုအပ်နေသေးသည်။

ထိုသိုင်းကို ထုတ်သုံးလိုက်ပြီးနောက် အင်အားလျော့ကျသွားမည့် ဒဏ်ကိုလည်း ခံစားရဦးမည်ဖြစ်သည်။ ထို့ကြောင့် ရန်သူကိုသာ ထိုအချိန်အတွင်း မရှင်းနိုင်လျှင် နောက်အလိုက်ခံရပြီး အသတ်ခံရနိုင်ခြင်းများသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က တော်တန်ရုံ အသုံးပြုလေ့မရှိချေ။

ဘုန်း

မျက်တောင်တစ်ခတ် အချိန်အတွင်း ရွှေရောင်နှင့်အနီရောင် ကြယ်တာရာစွမ်းအင်များ ဝိုင်းနေသော ဝမ်ချောင်က သာ့ယန်မာန်ပန့်ထံ ခုန်ဝင်သွားမည်ဖြစ်သည်။ ထိပ်တိုက်တွေ့ဆုံသော အသံက ကောင်းကင်ကြီး နှစ်ခုက ထိပ်တိုက်တွေ့ဆုံလိုက်သလို ကျယ်လောင်သော ပေါက်ကွဲသံကြီးဖြစ်သွားပြီး ကောင်းကင်ကပင် အဆွဲဖြဲခံရသလို ဝုန်းကနဲ အသံကြီးဖြင့် ဟိန်းထွက်လာသေးသည်။ အသံလှိုင်းက ပြင်းထန်လွန်းသဖြင့် ကြားရသူတိုင်းက နားကန်းပြီး ဒေါသများကိုပင် မြင်လိုက်ကြရသည်။

“နားအုပ်ထားကြ”

ထိတ်လန့်နေသော အလုပ်သမားများက လက်မြှောက်ကာ နားကိုအုပ်ကြသည်။ သူတို့၏မျက်နှာက တင်းမာကုန်ကြသည်။ သို့သော် သူတို့က ကောင်းကင်ကိုသာ မျက်လုံးအပြူးသားဖြင့် ကြည့်နေကြသည်။

အခန်း(၇၃၉)

ထိတ်လန့်ပြီး ထွက်ပြေးသွားရတဲ့တာ့ယန်

ဘုန်း ဘုန်း ဘုန်း

လေထဲတွင် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင်များနဲ့ ထိပ်တိုက်ရင်ဆိုင်သွားသည်။ ဝမ်ချောင်က သူ၏ရန်သူထက် အင်အားနည်းပါးလွန်းသည်။ သို့သော် ထူးဆန်းသော စွမ်းအင်များကို ထုတ်သုံးလိုက်ပြီး အနည်းဆုံး တာ့ယန်မာန်ပန့်၏စွမ်းအင် တစ်ဝက်ခန့်ကို ချေးငှားယူခြင်းအားဖြင့် ကိုယ်ပိုင်အကျိုးအတွက် သုံးလိုက်နိုင်သည်။ ထိုကြယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ ကိုယ်ပတ်ဝန်းကျင်တွင် ရှိနေသည့် ကြယ်တာရာစွမ်းအင်များနဲ့ ပေါင်းစပ်လိုက်ပြီးနောက် အရှိန်အဟုန် အပြည့်ဖြင့် စီးဆင်းလာသည့် ရေပြင်ကြီးအလား သာ့ယန်မာန်ပန့်ထံ တိုးဝင်လာသည်။

ဝေါင်း

ကြီးမားသော နဂါးကြီးက ဟိန်းဟောက်လိုက်ချိန်တွင် နှင်းတောင်တန်းကြီးကလည်း ကွဲအက်သွားသည်။ ထိုအချိန်တွင် နာကျင်သော ညဉ်းညူသံမျိုးက ထွက်ပေါ်လာသည်။ အလင်းက ဖြတ်ကနဲ လက်ပြီးသည်နှင့် ကောင်းကင်မှ ပုံရိပ်တစ်ခုကပြလာပြီး မြို့ရိုးပေါ်သို့ ပြိုကျသည်။

ဘုန်း

ထိုအချိန်တွင် လူတိုင်းကလည်း ပြုတ်ကျလာသောသူက ဝမ်ချောင်မဟုတ်ဘဲ သာ့ယန်မာန်ပန့်ဖြစ်ကြောင်း မြင်လိုက်ရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

ထိုမြင်ကွင်းကြောင့် ရွှီခဲ့ရီတို့ အားလုံးကလည်း မှင်သက်သွားကြသည်။ သူတို့ကလည်း သာ့ယန်မာန်ပန့်၏ အင်အားကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကြုံတွေ့ခဲ့ပြီးသားဖြစ်သည်။ စစ်သည်တော် အယောက်နှစ်ရာက ဝိုင်းကာ သူ့ကို တိုက်ခိုက်နေသည့်တိုင်အောင် သူ၏အင်အားက မည်မျှကြီးမားကြောင်း သိနိုင်လာသည်။

ဝမ်ချောင်က လေထဲသို့ ထိုးတက်သွားသောအခါ လူတိုင်းကလည်း သူသာ ပြုတ်ကျသွားပြီး ဒုက္ခရောက်မည်ဖြစ်ကြောင်း သိသည့်အတွက် ဖမ်းရန်အတွက် အသင့်ပြင်ထားကြသည်။ သို့သော် သူတို့ကို အံ့ဩစေသည်မှာ ပြုတ်ကျလာသောလူက သာ့ယန်မာန်ပန့်ဖြစ်နေသည်။ ဝမ်ချောင်ကပင် သာ့ယန်မာန်ပန့်ထက် အဆပေါင်းများစွာ အင်အားကြီးနေသလိုမျိုး ဖြစ်နေသည်။ သာ့ယန်မာန်ပန့်၏ ဒဏ်ရာများက မပေါ့လောက်ချေ။

“ကောင်စုတ်လေး ငါဒီတစ်ယောက်ကို မင်းကိုပေးလိုက်မယ်။ မင်းက ဒီလိုနည်းလမ်းမျိုးကိုတောင် သုံးမယ်လို့ မထင်ထားမိဘူး။ ဒါက လွန်လွန်းအားကြီးတယ်။ ငါပြန်လာခဲ့မယ်။ ဟွန်း အဲ့ဒီအချိန်ကျရင် မင်းဒီလောက် ကံကောင်းမှာမဟုတ်ဘူး နောက်ဆုတ်”

သာ့ယန်မာန်ပန့်၏ အသံက သံမဏိမြို့ကို ဟိန်းထွက်သွားသည်။ ထိုအသံထဲတွင် ကြမ်းတမ်းသည့် သွေးဆာလောင်မှုက ထင်ရှားသည်။ သို့သော် လူတိုင်းက မတုန့်ပြန်နိုင်ခင် သာ့ယန်မာန်ပန့်က မြို့ရိုးပေါ်မှ ခုန်ချကာ ပျောက်ကွယ်သွားပြီဖြစ်သည်။

ရုတ်တရက် အပြောင်းအလဲက လူတိုင်းကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။ မည်သူကမျှလည်း သာ့ယန်မာန်ပန့်က ဒီလိုအခြေအနေမျိုးနှင့် ဆုတ်ခွာသွားကြမည်ဟု မထင်ထားကြချေ။

သူက မြို့ရိုးပေါ်မှ ခုန်ချလိုက်ရုံသာ ရှိသေးသည်။ ဖြတ်ကနဲ လှည့်ပြီးသည်နှင့် ဝမ်ချောင်က သူ၏မြို့ရိုးပေါ်မှ သာ့ယန်မာန်ပန့် ပြုတ်ကျသွားသော နေရာကို ခုန်ချလာသည်။

သူက မြို့ရိုးကိုကျော်ကာ အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ အကြောက်အလန့်မဲ့ကာ သတ္တိဖြူများက သာ့ယန်မာန်ပန့်၏ ရုတ်တရက် ဆုတ်ခွာမှုကြောင့် အုပ်အော်သောင်းနင်း ဖြစ်သွားကြသည်။

သတ္တိဖြူ အများအပြားက ဘာလုပ်ရမှန်းမသိဘဲ ကြောင်တောင်တောင် ဖြစ်နေကြသေးသည်။ သာ့ယန်မာန်ပန့်က မြို့ရိုးပေါ်မှ ခုန်ချလာပြီး မြင်းပေါ်တက်ကာ အဝေးသို့ အပြေးထွက်သွားကြောင်း မြင်ရမှသာ သူတို့က အပြေးလိုက်ကြသည်။ သတ္တိဖြူများ၏ သတ္တိများကလည်း ရေငွေ့ပျံသလို ပျောက်ကွယ်သွားသည်။

“စစ်သည်တော်တွေ”

“အသင့်ပြင်”

တင်းမာသော မျက်နှာထားနှင့် ဝမ်ချောင်က လက်မောင်းကို မြှောက်လိုက်ပြီး အမိန့်ကို ချက်ချင်းထုတ်သည်။

ခလွပ် ခလွပ် ခလွပ်

မဟာကလန်ကြီးများမှ လေးသည်တော်တိုင်းက ချက်ချင်း ခုန်ထွက်လာကြပြီး မြို့ရိုးပေါ်တွင်တက်ကာ သူတို့၏ လေးများကို အသင့်ပြင်သည်။

ဘန်း ဘန်း ဘန်း

သိပ်သည်းသော မြှားမိုးက ပျားအုံသဖွယ် အကာအကွယ်ကို ကျော်ဖြတ်ကာ အဝေးသို့ ပစ်လွှတ်ပြီး စစ်သည်တော် ထောင်ပေါင်းများစွာထံ တိုးဝင်သွားသည်။

ဟီး ဟီး ဟီး ဟီး

စစ်မြင်းများက ရှေ့ခြေထောက်များကိုမြှောက်ကာ မတ်တပ် ထရပ်ကြသည်။ အချို့သော မြှားများက မြင်းများ၏ နောက်ပိုင်းများထဲသို့ တိုးဝင်သွားခြင်းအားဖြင့် သူတို့၏ မြင်းစီးသူများကိုပင် နာကျင်မှုကြောင့် လွှင့်ပစ်လိုက်မိသည်။ အခြားသောသူများကမူ အသက်အန္တရာယ်ရှိသော နေရာများသို့ ထိမှန်သွားသောကြောင့် နေရာတွင်ပင် လဲကျသေဆုံးသွားသည်။

ဘန်း

ထိုမြင်ကွင်းနှင့်အတူ မြင်းများဟီသံ ထွက်ပေါ်လာသည့်အခါ သတ္တိဖြူများက အထိတ်တလန့် ဖြစ်သွားကြသည်။ တစ်မြို့လုံးက အောင်ပွဲခံကြသည်။

“အံ့ဩစရာပဲ”

“ငါတို့နိုင်ပြီ”

“အရှင်အမတ် ဒီနေရာမှာ ရှိနေသမျှ သံမဏိမြို့ကို ဘယ်အကောင်ကမှ လာမသိမ်းနိုင်စေရဘူးလို့ ငါသိထားပြီးသား”

......

သံမဏိမြို့ထဲတွင် အောင်ပွဲခံသံများက သမုဒ္ဒရာအလား ကျယ်ပြန့်နေသည်။ မြို့ရိုးပေါ်တွင်ရှိသည့် ကလန်မှ ကျွမ်းကျင်ပညာရှင်များ၊ စစ်တပ်မှ စစ်သည်တော်တိုင်းက ဝမ်ချောင်ကို လေးစားမှုအပြည့်ဖြင့် ကြည့်နေကြသည်။

လုပ်ကြံသတ်ဖြတ်မှု အစပိုင်းတွင် မဟာကလန်ကြီးများမှ လေးသည်တော်များက မြှားပစ်ချင်ခဲ့သည်။ သို့သော် ဝမ်ချောင်က တားခဲ့သည်။ လူတိုင်းကလည်း ထိုအမိန့်ကြောင့် ပဟေဠိဖြစ်ခဲ့ရသည်။ ယခုမှသာ မည်သူကမှ ဝမ်ချောင်၏ အမိန့်ကို မေးခွန်းမထုတ်တော့ဘဲ နားလည်လိုက်ကြသည်။

တိဗက်များက ထူထည်းသော သံချပ်ကာများကို ဝတ်ဆင်ထားကြသော်လည်း သူတို့၏ မြင်းများက အပြည့်အဝ အလုံကာကွယ်ထားခံရခြင်း မဟုတ်ချေ။ လေးစားစရာပင်ကောင်းသော တိဗက်များက စစ်မြင်းများ၏ အရှေ့ပိုင်းကိုသာ အဓိကထား ကာကွယ်ထားခဲ့ကြသည်။ သို့သော် နောက်ပိုင်းကမူ လစ်ဟင်းနေသည်။ သူတို့၏ လှည့်ချက်က ခုခံမှုဖြစ်သွားသည်။

တိဗက်များက သတိလက်လွတ်နိုင်ပြီး အဆင်အခြင် မဲ့သောကြောင့်မဟုတ်ချေ။ ခြေလက်ပိုင်း နေရာများက စစ်မြင်းများက အားစိုက်ထုတ်သည့် နေရာများဖြစ်နေသည်။ ထို့ပြင် သူ၏အမြှီးရှည်ကိုလည်း ထည့်သွင်းစဉ်းစားရသေးသည်။ ထို့ကြောင့် ထိုနေရာအတွက် သံချပ်ကာကို ဝတ်ပေးရန် ခက်ခဲသည်။ မြင်းအတွက်လည်း မသက်မသာ ဖြစ်နိုင်သည်။ သူတို့ကို ဝတ်ပေးလျှင်လည်း သူတို့က မကြာခဏ ကန်ထုတ်နိုင်သည်။

ပုံမှန်အားဖြင့် ထိုကိစ္စက ပြဿနာကြီးမဟုတ်ချေ။ သို့သော် ဝမ်ချောင်က လုပ်ဆောင်ခိုင်းလိုက်သောအခါ ဂရိဒဏ္ဍာရီ သူရဲကောင်းတစ်ယောက်၏ ခြေဖနောင့်ကိစ္စကဲ့သို့ သမိုင်းတွင်သွားသည်။

ဟီး ဟီး ဟီး

အချိန်တခဏထဲနှင့် တိဗက် တစ်ရာကျော် နှစ်ရာခန့်က မြေပြင်ပေါ်သို့ လဲကျသွားကြသည်။

“မြန်မြန်ကယ်ကြ”

အနောက်မှ အခြေအနေကို ကြည့်လိုက်သောအခါ အရှေ့မှ သတ္တိဖြူများက မြင်းကိုနောက်လှည့်ကြပြီး သူတို့၏ ရဲဘော်ရဲဘက်များကို သူတို့၏ မြင်းများပေါ်သို့ ဆွဲတင်ကြသည်။ သို့သော် သူတို့ကို ကြိုဆိုနေသည်မှာ စူးရှကာ အင်အားကြီးမားသည့် ဒူးလေးကြီးများဖြစ်နေသည်။

ဘုန်း

ယခုလေးတင် မြင်းကိုတစ်ဖက်လှည့်လိုက်ပြီး အပြေးနှင်တော့မည့် သတ္တိဖြူတစ်ယောက်ကို ဒူးလေးကြီးက ထိုးဖောက်သွားသည်။ ထိုတိဗက်၏ မျက်လုံးကပြူးနေသည်။ ခန္ဓာကိုယ်လည်း တဆတ်ဆတ် တုန်နေပြီး မြင်းပေါ်မှ ပြုတ်ကျသွားသည်။

ထိုသို့ဖြင့် မြို့ရိုးပေါ်မှ ဒူးလေးကြီးများ တစ်လက်ပြီး တစ်လက်က ပစ်ခတ်လိုက်သည်။ သတ္တိဖြူများက မြို့ရိုးပေါ်မှ စတင်ထွက်ပြေးသောအခါ ထိုလက်နက်ကြီးများက ဘာကိုမှ ထိတ်လန့်စရာ မလိုအပ်တော့ဘဲ လွတ်လွတ်လပ်လပ် ပစ်ခတ်နိုင်သွားသည်။

တိဗက်များက စတင်ကာ ထိတ်လန့်ပြီး ထွက်ပြေးနေကြချိန်တွင် ထိုဒူးလေးကြီးများ အဖွဲ့က အဝေးသို့ လှမ်းပစ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် အချိန်အနည်းငယ်ထဲနှင့် သတ္တိဖြူများ သုံးဆယ်၊ လေးဆယ်ခန့်က အပစ်ခံလိုက်ရသည်။

“နောက်ဆုတ် နောက်ဆုတ်”

အဝေးမှ ရဲရင့်သော သတ္တိဖြူတစ်ယောက်က အလျှင်အမြန်လှမ်းအော်သည်။ သူတို့က ဆန္ဒမရှိသည့်တိုင်အောင် တိဗက်များက ခပ်မြန်မြန် ထွက်ခွာသွားကြရသည်။

“အရှင်အမတ် ဒါကအခွင့်အရေးကောင်းပဲ လိုက်ဖမ်းရအောင်”

မြို့ရိုးပေါ်မှ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသောလူများက ဝမ်ချောင်ကို အလျင်စလို တင်ပြကြသည်။ သူတို့၏ မျက်နှာတွင် ပျော်ရွှင်မှုများကို မြင်နိုင်သည်။ သာ့ယန်မာန်ပန့်က ဝမ်ချောင်ထံတွင် ရှုံးသွားသည်။ တိဗက်များက ကစဉ့်ကလျား ပြေးကြရသည်။ ဒါကသူတို့နောက်ကလိုက်ပြီး အားလုံးကိုသိမ်းကာ အနိုင်ပိုင်းရမည့် လုံလောက်သည့် အခွင့်အရေးဖြစ်သည်။

“မလိုဘူး”

ဝမ်ချောင်က ထိုကိစ္စကို ဒီတိုင်းရပ်ရန် ဆုံးဖြတ်သည်။

“အခုက သူတို့ကို လိုက်ရမဲ့အချိန်မဟုတ်ဘူး။ ရွှီခဲ့ရီ လူအချို့ခေါ်ပြီး မြင်းပေါ်က ပြုတ်ကျသွားတဲ့ တိဗက်တွေကိုရှင်းလိုက်။ သူတို့ရဲ့ စစ်မြင်းတွေမရှိရင် သူတို့ဝေးဝေး မပြေးနိုင်ဘူး”

ထိုစကားများနှင့်အတူ ဝမ်ချောင်က ချောင်းအနည်းငယ် ဆိုးလိုက်ရသည်။ သူကလည်း အားနည်းဟန် ပြလိုက်သည်။ မှင်သက်သွားသော ချန်းစန်းယွမ်တို့ အားလုံးက ခေါင်းမော့ကာ ကြည့်လိုက်ချိန်တွင် ဝမ်ချောင်၏ မျက်နှာက ဖြူဖျော့နေကြောင်းမြင်လိုက်ကြသည်။ သူ၏အသက်ရှုသံကပင် အားနည်းနေသည်။ ယခင်တိုက်ပွဲကကဲ့သို့ ဂုဏ်ယူစွာ အနိုင်ရထားသော လူတစ်ယောက်ပုံစံနှင့်ပင် မတူတော့ချေ။

“အရှင်အမတ်”

သူတို့က ဝမ်ချောင်ကို အလျှင်အမြန် ဆွဲထူပေးလိုက်ကြသည်။

ယွီစန်းရဲ့ နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကိုက်ညီပါပေတယ်။ အနာဂတ် ဗိုလ်ချုပ်များရဲ့ ဘုရင်ဆိုတဲ့အတိုင်းပဲ ငါမင်းကို အထင်သေးမိသွားတယ်။

ဝမ်ချောင်က သာ့ယန်မာန်ပန့်က ထွက်ပြေးသွားသည့်ဘက်သို့ ကြည့်လိုက်ချိန်တွင် သူ၏မျက်ဝန်းအတွင်း လင်းလက်သွားသည်။ သူနှင့် သာ့ယန်မာန်ပန့်ကြားမှ အင်အားချင်း ကွာခြားချက်က ရှိနေသေးသည်။ ထို့ကြောင့် ဝမ်ချောင်က မဟာရင်ယန်သိုင်းကို နောက်ဆုံးတိုက်ကွက်အဖြစ် ထုတ်သုံးခဲ့ပြီး သာ့ယန်မာန်ပန့်၏ ကိုယ်ပိုင်တိုက်ကွက်ကို အသုံးပြုခဲ့သည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် တစ်ဖက်သူ၏ စွမ်းအင်များကို မစုပ်ယူနိုင်ခဲ့ချေ။ အနှေးနှင့်အမြန် သူကလည်း ဒဏ်ရာရသွားခဲ့ရသည်။

သာ့ယန်မာန်ပန့်က ကြောက်လန့်ကာ အံ့အားသင့်နေသည်။ သူက အသိပြန်ဝင်သွားပြီး သူထင်ထားသလို ဒဏ်ရာမရကြောင်း သိသည်နှင့် သံမဏိမြို့က အစစ်အမှန် အန္တရာယ် ရှိသွားနိုင်သည်။

“မြန်မြန် ဒီနေရာကိုရှင်းပြီး တိုက်ပွဲနယ်မြေကို သန့်ရှင်းရေးလုပ်လိုက်တော့”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

အရာရှိတိုင်းက ခေါင်းငုံ့လိုက်ကြသည်။

ထိုစကားများ ပြောပြီးသည်နှင့် ဝမ်ချောင်က မြို့ရိုးပေါ်မှ ခုန်ချလိုက်သည်။ လေထဲတွင် သူက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးလိုက်ပြီး ဆွဲဆောင်မှုအားတရပ်က တဖြည်းဖြည်းချင်း ထုတ်သုံးခြင်းအားဖြင့် လွင့်မျောအောင် လုပ်လိုက်နိုင်သည်။

“ဟူး သူက ထန်ရဲ့ဗိုလ်ချုပ်ကြီး သူ့ကိုသတ် ဒါဆိုရင် ငါတို့အောင်မြင်ပြီ”

ဝမ်ချောင်က မြေပြင်ပေါ်သို့ ခြေချရုံရှိသေးသည်။ အရပ်မျက်နှာအနှံ့မှ တိဗက်များ၏ အော်သံက ထွက်လာသည်။ သူတို့၏ စစ်မြင်းများက အသတ်ခံခဲ့ရသော်လည်း ထိုသတ္တိဖြူများက ဝမ်ချောင်ကို မြင်သည့်အခါ ထွက်မပြေးကြချေ။ ထိုအစား သူတို့၏ ပထမဦးဆုံး တုန့်ပြန်မှုကို ဓားမောက်ရှည်များကို ဆွဲထုတ်ကာ ချီတက်လာကြခြင်းဖြစ်သည်။

“ဟမ့်”

ဝမ်ချောင်က နှာခေါင်းသာရှုံ့သည်။ သူက ထိုလူကို တစ်ချက်ပင်မကြည့်ဘဲ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးလိုက်သည်။ သတ္တိဖြူ လေးယောက်ခန့်က ဝမ်ချောင်နှင့် ကျန်းအနည်းငယ်သာ ကွာဝေးသော နေရာမျိုးတွင် ရှိနေကြသည်။ သူတို့၏ မျက်နှာတွင် အံ့အားသင့်မှုများက အထင်းသားပေါ်လာသည်။ သူတို့၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်သွားပြီးနောက် သူတို့၏ ကြယ်တာရာစွမ်းအင်များက သူတို့၏ကိုယ်ထဲမှ စီးထွက်ကာ ဝမ်ချောင်၏ကိုယ်ထဲသို့ဝင်သည်။

“မိစာ္ဆ မိစာ္ဆသိုင်း”

သတ္တိဖြူများက တုန်ယင်ကြပြီး ခြောက်ကပ်အောင် အစုပ်ခံလိုက်ရသည်။ သူတို့၏ အလောင်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။

“အား”

ဝမ်ချောင်က သက်ပြင်းရှည်ကြီးကိုချသည်။ သတ္တိဖြူများ၏ စွမ်းအင်ကြောင့် သူ၏အခြေအနေက အများကြီး ကောင်းသွားသည်။

အခု တိုက်ပွဲကို အဆုံးသတ်ရမဲ့အချိန်ပဲ။

ဝမ်ချောင်က မျက်လုံးကိုဖွင့်ကာ အနီးအနားရှိ သတ္တိဖြူများကိုကြည့်သည်။ အလင်းက ဖြတ်ကနဲ လက်သွားပြီးသည်နှင့် ဝမ်ချောင်က သတ္တိဖြူတစ်ယောက်ရှိရာ ဆယ်ကျန်းခန့်အကွာသို့ ရောက်သွားသည်။ သူက ညာလက်ကို တစ်ဖက်သူ၏ခေါင်းပေါ်တင်သည်။

“ငါ့ ငါ့ကိုကယ်ပါ”

သတ္တိဖြူက မျက်လုံးအပြူးသား ဖြစ်နေသည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုရှိနေသည်။ သို့သော် သူက လျှင်မြန်စွာ စွမ်းအင်အစုပ်ခံလိုက်ရပြီး အသတ်ခံလိုက်ရသည်။

သံမဏိမြို့ အပြင်ဘက်တွင် ငယ်သံပါအောင် အော်ဟစ်သံများက ထပ်ခါတလဲလဲ ထွက်ပေါ်နေသည်။ တိဗက်တောင်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော သတ္တိဖြူများက ဝမ်ချောင်၏ သားကောင်များ ဖြစ်သွားသည်။ ဒါက သားကောင်များ မဟုတ်ချေ။ တစ်ဖက်သတ် သတ်ဖြတ်ခြင်းဖြစ်သည်။

အချိန်တစ်ခုကြာပြီးနောက် တိုက်ပွဲက အဆုံးသတ်သွားသည်။ သတ္တိဖြူ အယောက်နှစ်ရာခန့်က မြင်းများကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့် သူတို့အားလုံးက မြို့ပြင်ရှိ အလောင်းများအဖြစ် ပြောင်းသွားသည်။ လက်ရွေးစင် မြင်းတပ်က ဝမ်ချောင်၏အရှေ့တွင် ပုရွက်ဆိတ်များထက် မပိုခဲ့ချေ။

စစ်တပ်၏ အားသာချက်က အရေအတွက်ဖြစ်သည်။ အားသာချက် ထိုအရေအတွက်ဆိုသော ပြိုင်ဘက်ကင်းသည့် အားသာချက် ရှိမနေခဲ့လျှင် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို တိုက်ခိုက်သည့်အခါ ထိုစစ်သည်တော်များက မည်သည့်နည်းနှင့်မျှ သာလွန်နိုင်တော့မည် မဟုတ်ချေ။

......

မြို့နှင့် ကျန်းရှစ်ရာကျော်ခန့် အကွာတွင် ဝမ်ချောင်က မျက်လုံးမှိတ်ကာ တရားထိုင်နေသည်။ သူက သူ၏ ကုန်လွန်သွားသော သွေးစွမ်းအင်များကို ဖြည့်တင်းပြီး ချိန်ကြည့်နေရာမှ ရုတ်တရက် နားအတွင်းမှ ရင်းနှီးကျွမ်းဝင်သော အသံကို ကြားလိုက်ရသည်။

“အရှင်အမတ် မြို့ထဲက တိုက်ပွဲက အဆုံးသတ်သွားပါပြီ။ တိဗက် (၁၆)ယောက်ကိုသတ်ပြီး အမိန့်အတိုင်း ပြန်လည်ထိန်းသိမ်းပြီးပါပြီ။ ကျွန်တော်တို့ရဲ့ စစ်သည်တော်တွေ အားလုံးက အလောင်းတွေကို ရှင်းလင်းနေကြတာပါ”

ဝမ်ချောင်က မျက်လုံးကိုဖွင့်ကာမေးသည်။

“သူတို့ဘယ်လို ဝင်လာသလဲဆိုတာကို တွေ့ခဲ့လား”

သံမဏိမြို့က မြို့ရိုးရှည်သည်။ တစ်စုံတစ်ယောက်ကသာ ဝင်ချင်လျှင် ဦးတည်ရာတစ်ခုမှ တိုက်ခိုက်ပြီး ဝင်ရောက်ခြင်းမှလွဲပြီး အခြားမရှိချေ။ သို့ရာတွင် ယခုအခြေအနေကမူ ထိုသို့မဟုတ်ခဲ့ချေ။ မည်သူကမျှ မသိဘဲ မြို့ရိုးပေါ်တက်ပြီး ဆူညံသံထွက်အောင် လုပ်နိုင်သောကိစ္စက မဖြစ်နိုင်သေးချေ။

အခန်း(၇၄၀)

ဖုမာန်လင်းချာရဲ့ဒေါသ

မြို့အတွင်းတွင် ရှိသည့် အလုပ်သမား တစ်သိန်းခွဲခန့်က မြို့ထဲတွင်ရှိသည့် အလုပ်တိုင်းကို ဝိုင်းကာ လုပ်ဆောင်နေကြခြင်းဖြစ်သည်။ တိုက်ပွဲစတင်သောအခါ သူတို့အားလုံးက မျက်ဝန်းအစုံ တစ်သိန်းခွဲ ဖြစ်သွားသည်။ ထို့ကြောင့် သူတို့က ကင်းထောက်နှင့် ကြည့်ရှု့သူများအဖြစ် အသုံးပြု၍ရသည်။ မည်သူကမျှလည်း သူတို့၏ မျက်လုံးကိုကျော်ပြီး မြို့ထဲသို့ ဝင်နိုင်မည်မဟုတ်ချေ။

သို့သော် သာ့ယန်မာန်ပန့်က ချောင်းကာ တိုက်ခိုက်ခြင်းမတိုင်ခင် မြို့ထဲက မည်သူကမျှလည်း ခြားနားမှုကို သတိမထားမိခဲ့ကြချေ။ ရိုးရှင်းစွာဆိုရသော် ရန်သူက မြို့ရိုးကို ကုန်းတက်လာခဲ့ခြင်းမဟုတ်ဘဲ ယခင်ကတည်းက မြို့ထဲသို့ ကြိုဝင်နေခဲ့ကြောင်း သိသာသည်။ ရှု့ထောင့်တစ်ခုမှ ကြည့်ရသော် ထိုဖြစ်ရပ်က လက်ခံနိုင်စရာ မရှိတော့ချေ။

“အချိန်ကတိုလွန်းတယ်။ ကျွန်တော်တို့က ကောင်းကောင်း မစစ်ဆေးရသေးပါဘူး။ ဒါပေမဲ့ အရှင်အမတ်က အမိန့်ချထားတဲ့အတိုင်းဆိုရင် ဒီဖြစ်ရပ်ပြီးနောက် ကျွန်တော်တို့က နယ်မြေကို ရှင်းလင်းတော့ ကျိုးပဲ့နေတဲ့ သစ်သားပြားကြီးတွေကို ရှာတွေ့ခဲ့ရပါတယ်”

“ဒီသစ်သားပြားတွေ အားလုံးမှာ အပေါက်ကြီးတွေ ရှိနေတယ်။ ကျိုးပဲ့နေတဲ့ သံမဏိသေတ္တာကြီးတွေကို တွေ့ခဲ့ရပါတယ်။ ဒီသံမဏိသေတ္တာကြီးတွေထဲမှာ အပေါက်ကြီးတွေ ရှိနေတယ်။ မြို့ကို တည်ဆောက်တဲ့ သံမဏိတစ်ဝက်နဲ့ မော်ကျူးတွေက ပျောက်နေပါတယ်”

ဝမ်ချောင်၏အနောက်မှ အသက်(၂၈)နှစ် အရွယ်ခန့်ရှိမည့် လူငယ်အရာရှိက စုံစမ်းစစ်ဆေးသည့် ရလဒ်ကို ရှင်းပြနေသည်။ ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ သူကချက်ချင်းလိုလို အခြေအနေကို သိလိုက်သည်။

ငါသူ့ကို အထင်သေးမိတာပဲ။ သူက မြို့တော်နဲ့ စီရင်စုတွေကပို့လာတဲ့ ကုန်ပစ္စည်းတွေကို လုပ်ဆောင်ခဲ့တာ ဖြစ်လောက်တယ်။ ဒီတိဗက်အရူးကောင်က ငါထင်ထားတာထက်တောင် အကြံအစည် ကြီးနေသေးတယ်။

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တိတ်ဆိတ်မှုကို ထိန်းသိမ်းနိုင်ရန်အလို့ငှာ ဝမ်ချောင်က သူ၏သံမဏိမြို့အတွက် မော်ကျူး အများအပြားကို သစ်သားသေတ္တာကြီးများတွင် ချိတ်ပိတ်ထားခဲ့လေရာ အပြင်လူများက အတွင်းတွင် ဘာရှိကြောင်း မပြောနိုင်လောက်ချေ။ သေတ္တာကြီးများတွင် ပေါ်နေသည့် အပေါက်ကြီးများက အတွင်းရှိအရာကို ဆွဲထုတ်ယူရန် မလုံလောက်နိုင်ချေ။ သို့သော် သံမဏိမော်ကျူး အမြောက်အများ ပျောက်နေသော ကိစ္စကမူ သာမာန်မဟုတ်တော့ချေ။

တိဗက်များက သူ့မျက်စိရှေ့တွင် အလုပ်သမား တစ်သိန်းခွဲ၏ အရှေ့တင် မြို့ထဲသို့ ဝင်လာနိုင်သည့် အကြောင်းပြချက်က သိသာသွားသည်။

“ငါနားလည်ပြီ ဒီကိစ္စကို ဒီနေရာမှာပဲ ထားလိုက်တော့။ မြို့ကိုသာ စောင့်ကြည့် ဒါ့အပြင်...”

ဝမ်ချောင်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ခေါင်းလှည့်လိုက်သည်။

“လူအချို့လွှတ်ပြီး ဒီနေရာကိုရှင်းလိုက်ပါ”

သူကအနောက်သို့ တစ်ချက်ကြည့်ပြီးနောက် ဝမ်ချောင်က ခပ်မြန်မြန် ထွက်ခွာသွားသည်။

ညခင်လေပြေက တိုက်ခတ်လာသည်။ မြို့ထဲတွင် သွေးညှီနံ့များက သိပ်သည်းနေသေးသည်။ ဝမ်ချောင်၏အနောက်တွင် တိဗက်သတ္တိဖြူများ၏ အလောင်းများက ပုံနေသည်။ မည်သည့်အရာကမျှ တန်ကြေးမရှိဘဲမရချေ။

သာ့ယန်မာန်ပန့်က နောက်ဆုတ်သွားပြီးနောက် တိဗက်လက်ရွေးစင် အယောက်နှစ်ရာကျော်က သူပေးသင့်သည့် တန်ကြေးကို ပေးလိုက်ရသည်။

.....

ဒုန်း ဒုန်း ဒုန်း ဒုန်း

တိဗက်၏ သတ္တိဖြူများက အမှောင်ထုကို ထိုးခွဲသွားပြီး တိဗက်တောင်ပေါ်သို့ပြေးသည်။ သာ့ယန်မာန်ပန့်၏ အနားတွင်ရှိသည့် တိဗက်လက်ထောက် ဗိုလ်ချုပ်ကြီးက အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။

“အရှင် ကျွန်တော်တို့အခု ဘာဆက်လုပ်ရမှာလဲ”

ထိုလက်ထောက် ဗိုလ်ချုပ်ကြီး၏ မျက်လုံးက စိုးရိမ်မှုများ ရောထွေးနေသည်။

သတ္တိဖြူ နှစ်ထောင်ကျော်က နှစ်ရာကျော် သုံးရာကျော် ဆုံးရှုံးရသောကိစ္စက မနည်းချေ။ လက်ရွေးစင် သတ္တိဖြူများက ယခင်က ထိုမျှအထိ မဆုံးရှုံးဘူးသေးချေ။ သေးငယ်သော သံမဏိမြို့လောက်က အခြားသော တိုင်းပြည်ကြီးများကို တိုက်ခိုက်ခဲ့ခြင်းထက် ပို၍များပြားသည့် ဆုံးရှုံးမှုမျိုးကို ဖြစ်စေခဲ့သည်။

သတ္တိဖြူများက အကြီးအသေးပါလာကို တ်ိုက်ခိုက်ခဲ့ချိန်ကပင် ထိုသို့သော ဆုံးရှုံးမှုကို မခံခဲ့ရချေ။

သူတို့ကလည်း အရှင်တုစုန့်မန်ဖော်ကျဲ့က သူတို့၏ အောင်နိုင်မှုသတင်းကို တိဗက်တောင်ပေါ် အစွန်အဖျားနေရာတွင် စောင့်ဆိုင်းနေကြောင်း တွေးမိသောအခါ ကြောက်လန့်သောကြောင့် တုန်ယင်သွားသည်။

ငါလည်း လူအယောက် ထောင်ဂဏန်းလောက်ပဲရှိနေတဲ့ ဒီလိုမြို့သေးသေးလေးက ငါတို့ကိုရှုံးအောင် လုပ်မယ်လို့ မထင်ထားဘူး။

မဟာထန်က ကောလဟာလတွေထက်တောင် လေးစားစရာ ကောင်းနေတာပဲ။ အရှင်က အောင်နိုင်မှုသခင်ပဲ။ ဘယ်တော့မှ လက်ဗလာနဲ့ မပြန်တတ်ဘူး။ ဒါပေမဲ့အခု အရှင်ကိုယ်တိုင် အဲ့ဒီကောင်လေးကို ရင်ဆိုင်ခဲ့တာတောင် နောက်ဆုတ်ခဲ့ရတယ်။

“ဒီမြို့က မယုံနိုင်စရာကောင်းလောက်အောင် ကြမ်းတမ်းမာကြောတယ်။ ကျုံးခါနဲ့ ခမ်းပါးတို့တောင် သူတို့ရဲ့ သတ္တုစွမ်းရည်တွေကို ထုတ်သုံးခဲ့ပြီး ဒီဂိတ်ကို ဖုန်ဖြစ်အောင် လုပ်သွားသင့်တယ်။ ဒါမှမဟုတ် ကြီးမားတဲ့ လူထွားကြီး လုပ်လိုက်နိုင်သင့်ပေမဲ့ အရင်တိုက်ပွဲတွေမှာ အလုပ်ဖြစ်ခဲ့သလောက် အခုဆိုရင် ဘယ်လိုနည်းနဲ့မှ လက်မအနည်းငယ်ထက်ကျော်အောင် မတူးထုတ်နိုင်ခဲ့ဘူး။ အဟကြားတွေကိုလည်း လက်မအနည်းငယ်ထက် ကြီးအောင် မလုပ်နိုင်ခဲ့ဘူး။ ငါတကယ်ကို မယုံနိုင်ဘူး”

ဗိုလ်ချုပ်က အမြဲတမ်း မာနကြီးနေခဲ့တာ။ အခုဒီလို မဟာထန်ကိုတောင် ရှုံးသွားတဲ့ကိစ္စက သူ့ရဲ့မာနကိုတော့ ထိခိုက်စေမှာပဲ။

ကြယ်စင်ကောင်းကင်၏အောက်တွင် သတ္တိဖြူများက တိုက်ပွဲအကြောင်း တွေးနေကြသည်။ သူတို့၏မျက်နှာတွင် အမျိုးမျိုးသော အမူအရာများ ဖြစ်နေကြသည်။ မည်သူကမှ သူတို့၏ အတွေးများကို ထုတ်မပြောရဲကြချေ။

သူတို့က ပြင်ဆင်မှုအပြည့်ဖြင့် လာကြသည်။ သူတို့နှင့်အတူ မဟာနှင်းတောင်တန်း နယ်မြေမှ မြို့ရိုးဖြို တုံးမောင်းကြီးများကိုပင် သယ်လာကြပြီး သတ္တုမြို့ရိုးများပေါ်တက်ရန် ချိတ်ကောက်များကို အပြည့်အဝ ပြင်ဆင်လာခဲ့ကြသည်။ သူတို့၏ မြင်းခွာများကိုပင် အဝတ်ဖြင့်ပတ်ခဲ့သည်။ သတ္တုစွမ်းအင်သုံး စစ်သည်တော်များကိုလည်း သယ်လာခဲ့သည်။ သူတို့အားလုံးက ကြိုတင်ပြင်ဆင်ပြီးမှသာ မြို့ကို ဝင်စီးခဲ့ခြင်းဖြစ်သည်။ သူတို့က မြို့ကိုဝင်စီးသည့် နည်းလမ်းတိုင်းကို တည်ဆောက်နေဆဲ မြို့အပေါ် အသုံးပြုခဲ့သည့်တိုင်အောင် ယင်ကောင်လို မောင်းထုတ်ခံခဲ့ရသည်။

မည်သူကမျှလည်း သူတို့၏ပြိုင်ဘက်က ထိုမျှအထိ လေးစားစရာကောင်းလိမ့်မည်ဟု မထင်ထားမိချေ။ သူတို့၏ ဗိုလ်ချုပ်ကြီး သာ့ယန်မာန်ပန့်ကပင် ရှုံးသွားသည်။

ယွီစန်းနှင့် မာန်ပန့်က မကြာခဏ တိုက်ပွဲတွင် စစ်သည်များကို ဦးဆောင်တတ်သော လူမျိုးမဟုတ်ချေ။ သို့သော် သူက ဦးဆောင်လိုက်သည်နှင့် ဘယ်သောအခါမှ မရှုံးဖူးချေ။ သူ၏ကျော်ကြားမှုကလည်း ဟော်ရှု့ဟွေ့ခမ်းကဲ့သို့ ကျော်ကြားသော ဗိုလ်ချုပ်ကြီးများထက် မနိမ့်ချေ။ အမှန်တိုင်းဆိုရသော် သာ့ယန်မာန်ပန့်က တိုင်းပြည်ငယ်လေးများကို သိမ်းယူခြင်းအားဖြင့် သူ့ကိုယ်သူ သက်သေပြပြီးသားဖြစ်သည်။ ထိုတိုင်းပြည်များတွင် သာ့ယန်မာန်ပန့်က အင်ပါယာမှ အခြားသော မဟာဗိုလ်ချုပ်ကြီးများထက်ပင် ကျော်ကြားသေးသည်။

သို့သော် ဒီတာဝန်က မမျှော်လင့်ထားစွာပင် ကျရှုံးသွားသည်။ သူတို့၏ ဗိုလ်ချုပ်ကြီးက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိုက်သည့်တိုင် ထိုကောင်စုတ်ကို မသတ်နိုင်ခဲ့ချေ။

“ဟင်း ဒီကောင်စုတ်က ငါထင်ထားတာထက် ပိုပြီးဉာဏ်ကောင်းတယ်။ သူ့ကို အထင်သေးမိသွားတာ”

လူတိုင်း၏နားအတွင်း တောက်ပသည့် အသံက ပေါ်ထွက်လာသည်။ သာ့ယန်မာန်ပန့်၏ နှုတ်ခမ်းက လှောင်ရယ် ရယ်နေသည်။ သူကရှုံးသွားသည့်အတွက်လည်း စိတ်ဓာတ်ကျဟန်မပြချေ။ သူက ပို၍ပင် တိုက်ခိုက်ချင်သလို ဖြစ်နေသေးသည်။

“အရှင်”

ချက်ချင်းဆိုသလို လူတိုင်းက ကြောင်အသွားကြသည်။ သူတို့ကလည်း သာ့ယန်မာန်ပန့်၏ အမျိုးမျိုးသော တုန့်ပြန်မှုကို မျှော်လင့်ထားခဲ့ကြသည်။ သူက စိတ်ဓာတ်ကျနေလောက်မည်ဟု ထင်ထားခဲ့သော်လည်း ယခုလို အခြေအနေကို မမျှော်လင့်မိဟန်ပြသည်။

“ဟား ဟား ဟား”

သာ့ယန်မာန်ပန့်က ရယ်နေသည်။ သူ၏စိတ်ထဲတွင် ထိုတိုက်ပွဲက သူက လက်အောက်ငယ်သားများထက် ပို၍ နားလည်နေသေးသည်။ သူ၏စိတ်အတွင်း အတွေးပေါင်းများစွာ ရောထွေးနေသည်။ သူက မွေးဖွားလာပြီးကတည်းက ထိုမျှအထိ စိတ်ဝင်စားစရာကောင်းသော ရန်သူမျိုးကို မဆုံဖူးသေးချေ။ သာ့ယန်မာန်ပန့်အနေဖြင့် သူ၏ရန်သူက သူ့ထက် အားနည်းကြောင်း ရှင်းရှင်းလင်းလင်း သိနေသည်။ ပုံမှန်အားဖြင့် သူ၏တစ်ချက် ရိုက်ချက်များဖြင့် အရာအားလုံးကို ရှင်းပြီးလေပြီ။

သို့သော် ထိုအကောင်က အလွန်အမင်း တုန့်ပြန်မှု မြန်ဆန်လွန်းနေခဲ့သည်။ ပထမဦးဆုံးရိုက်ချက်က လွဲသွားသည်နှင့် နောက်ပိုင်း ဘယ်သောအခါမှ အခွင့်အရေး ထပ်မရနိုင်တော့ချေ။

သာ့ယန်မာန်ပန့်ကလည်း မူလက ဝမ်ချောင်ကို ထွက်မပြေးစေရန် လူအုပ်ထဲတွင်ပုန်းကာ တိုက်ခိုက်ရန် ရည်ရွယ်ခဲ့သည်။ ထို့ပြင် တိုက်ပွဲကို ရှောင်ရန်အတွက် အလုပ်သမား တစ်သိန်းကျော်ကလည်း ရှိနေသေးသည်။ ထို့ပြင် သူက မြို့ကိုစွန့်ပစ်ခဲ့ပြီး ထွက်ပြေးသွားခြင်း ဖြစ်သည်ဟုလည်း မျှော်လင့်ခဲ့သည်။ ထိုသို့ဆိုလျှင် လုပ်ဆောင်မှုတိုင်းက အလဟသ ဖြစ်သွားတော့ပေမည်။ ထို့ကြောင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် သာ့ယန်မာန်ပန့်က သူ၏အင်အားများကိုသုံးပြီး မြို့ထဲသို့ သတ်ဖြတ်ကာ ဝင်သွားရမည့်အစား သူ၏အနီးအနားတွင် ပုန်းပြီးမှ ချက်ကောင်းကို တိုက်ခိုက်ကာ တစ်ခါတည်းသတ်ရန် ဆုံးဖြတ်ခဲ့သည်။

သာ့ယန်မာန်ပန့်အနေဖြင့် ထိုကဲ့သို့ ကျိန်စာများစွာ တိုက်ခိုက်ပြီး ယွီစန်း၏ ပိုင်နက်နယ်မြေအဖြစ် တိုင်းပြည်ပေါင်း များစွာကို သိမ်းယူခဲ့ဖူးသည်။ ရန်သူဗိုလ်ချုပ်ကြီးများကလည်း ထိုသို့သော အခြေအနေမျိုးတွင် ရန်သူက မည်သူဖြစ်ကြောင်း မသိဘဲ သေဆုံးသွားခဲ့ကြရသည်။ သို့သော် သာ့ယန်မာန်ပန့်၏ အကြံအစည်များက မမျှော်လင့်ထားစွာပင် လမ်းပိတ် ကျောက်တုံးတစ်တုံးနှင့် တွေ့သလို အပိတ်ဆို့ခံလိုက်ရသည်။ အရာအားလုံးက ချောမွေ့ခဲ့သည်။ သို့သော် ဝမ်ချောင်က လှုပ်ရှားလိုက်ပြီး မြို့ထဲမှ စစ်သည်တော်တိုင်းကို စတင်ကာ အမိန့်ပေးလိုက်သည်နှင့် သူတို့၏ စီမံကိန်းက ကျရှုံးသွားသည်။

သာ့ယန်မာန်ပန့်ကဲ့သို့ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ထွက်လာခဲ့သော လူမျိုးကပင် ထိုမျှပြောင်မြောက်သည့် ဗျူဟာနှင့် နည်းပညာများကို ထုတ်သုံးနိုင်သည့် ပါရမီရှင်မျိုးကို မကြုံဖူးသေးချေ။

“ဒါပေမဲ့ဒါက မတော်တဆမှုပဲ။ နောက်တစ်ကြိမ်ဆိုရင် မင်းဒီလို အခွင့်ကောင်း မရစေရဘူး”

သာ့ယန်မာန်ပန့်ကပြောသည်။ သူ၏မျက်လုံးက အေးစက်ပြီး တောက်ပနေသည်။ သူ၏မျက်နှာထားကလည်း သတ်ဖြတ်ခြင်း သားရဲတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သတ္တိဖြူများက တိုက်ပွဲနယ်မြေတွင် ပေါ်တင်တိုက်ခိုက်ရာတွင် ကျွမ်းကျင်သည်။ ရန်သူကို ဆွဲချတိုက်ခိုက်ရာတွင် သတ္တိဖြူများက တစ်လောကလုံးကို ငုံ့ကြည့်နိုင်လောက်အောင် ဂုဏ်ယူမှုမှာ မာနအပြည့် ထုတ်နိုင်သည်။ ထို့ကြောင့် ရန်သူ၏မြင်းတပ်က သူတို့ထက် ငါးဆခန့်များနေမည် ဆိုလျှင်ပင် ဂရုစိုက်ရန် မလိုအပ်ခဲ့ချေ။ သို့သော် ဝမ်ချောင်၏ သံမဏိမြို့က အလွန်အမင်း ကြမ်းတမ်းကာ မြင့်မားလွန်းနေသေးသည်။ ထို့ကြောင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် သာ့ယန်မာန်ပန့်၏ အင်အားအပြည့် ရိုက်ချက်ကပင် ထိုမြို့ရိုးများကို ပေါက်ကွဲသွားအောင် မလုပ်နိုင်ခဲ့ချေ။ ထို့ပြင် ထိုမြို့ရိုးက တစ်လတည်းနှင့် အလောတကြီး တည်ဆောက်ထားခဲ့သည့် မြို့ဖြစ်နေသေးသည်။ မြို့ပင် အပြီးမသတ်သေးချေ။ ထိုအချက်ကတင် သူ့ကို အံ့အားသင့်စေသည်။

သာ့ယန်မာန်ပန့်က မြို့ရိုးအပြင်ဘက်တွင် သူ၏လက်အောက်ငယ်သား နှစ်ထောင်၊ သုံးထောင်ခန့်ကို ချန်ထားရစ်ခဲ့သည်။ သို့သော် သူတို့ထဲက မည်သူကမျှ မြို့ထဲသို့ဝင်ပြီး သူ့ကို မကူညီနိုင်ခဲ့ချေ။ ထို့ကြောင့် သူ့ကိုကူပြီး ဝမ်ချောင်နှင့် မတိုက်ခိုက်ပေးနိုင်ခဲ့ချေ။ အခြားတစ်ဖက်တွင် ဝမ်ချောင်ကမူ သူ၏လက်အောက်ငယ်သား နှစ်ရာကျော်ကိုသာခေါ်ပြီး အဖွဲ့များခွဲကာ ဝင်္ကပါများဖွဲ့စေလျှက် အားလုံးကို ကောင်းကောင်း အမိန့်ပေးပြီး ဆက်တိုက် တိုက်ခိုက်ခိုင်းခဲ့သည်။ ဒီနည်းအားဖြင့် သူ၏ကြယ်တာရာ စွမ်းအင်ကို ကုန်ဆုံးစေခဲ့သည်။ သူကလည်း ဒီလိုအခြေအနေမျိုးကို ကြုံရမည်ဟု ဘယ်သောအခါကမှ မထင်ခဲ့ဖူးချေ။

သာ့ယန်မာန်ပန့်အနေဖြင့် ထိုကဲ့သို့သော စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားသည့် ရန်သူမျိုးကို ရင်မဆိုင်ခဲ့ဖူးချေ။

သို့သော် ထိုအချိန်က သာ့ယန်မာန်ပန့်၏ သတ်ဖြတ်လိုစိတ်ကိုသာ လှုံ့ဆော်နိုင်သည်။ လက်ရှိအချိန်တွင် စန်းပေါ်၏အမိန့် မရှိတော့လျှင်ပင် သူက ထိုတာဝန်ကို ဆက်လုပ်ဦးမည်ဖြစ်သည်။

“စန်းပေါ်နဲ့ အရှင်မာန်ဖော်ကျဲ့အတွက် စိုးရိမ်စရာမလိုဘူး။ ငါသူတို့ကို ရှင်းပြလိုက်မယ်”

သာ့ယန်မာန်ပန့်က အထင်တသေးပြုံးပြီး အဝေးတစ်နေရာသို့ လှမ်းကြည့်သည်။

“ဒါ့အပြင် သူလည်းကောင်းကောင်း ပြင်ဆင်ထားသင့်တယ်။ ငါတို့သံမဏိမြို့ကိစ္စကို အချိန်တစ်ခုကြာအောင် ဘေးဖယ်ထားပြီး ငါတို့ခဏနေ တောင်ပေါ်ကိုပြန်မယ်။ အခု ငါတို့လုပ်ရမှာက ချီရှီရဲ့ ကာကွယ်ရေးစစ်တပ် စခန်းထဲကို ဝင်ဖို့ပဲ။ ဟင်း ဟင်း ငါတို့က ဝမ်ကလန်က အဲ့ဒီကောင်ကို မကိုင်တွယ်နိုင်ရင် နည်းနည်းလောက်တော့ ပြန်ယူသွားရမှာပေါ့”

ပတ်ဝန်းကျင်မှ စစ်သည်တော်များက ပထမပိုင်းတွင် ကြောင်တောင်တောင် ဖြစ်သွားပြီးနောက် စတင်ကာ အောင်ပွဲခံကြသည်။

“ဟုတ်ကဲ့အရှင်”

သတ္တိဖြူ နှစ်ထောင်ကျော်၏ မြင်းခွာသံများက မိုးခြိမ်းသံများကဲ့သို့ ဟိန်းထွက်သွားသည်။ သူတို့က ရုတ်တရက် ဦးတည်ရာဘက်ပြောင်းသည်။ သူတို့က တောင်ပေါ်ဒေသသို့ မပြန်ဘဲ ငြိမ်သက်နေသော တစ်နေရာသို့သွားသည်။ ထိုညက အနားမရနိုင်သည့် ပွက်လောရိုက်သောည ဖြစ်လာသည်။

......

သာယန်မာန်ပန့်၏ လက်ရွေးစင်မြင်းတပ်က ထွက်သွားပြီး သိပ်မကြာခင် သတင်းပို့ငှက်ကလည်း ပျံသန်းသွားသည်။ ထိုငှက်၏ တစ်ကိုယ်လုံးက ပိန်းပိတ်အောင် မည်းမှောင်နေသည်။ သူ့တွင် ရွှေရောင်မျက်လုံးရှိသည်။ သူက လေထဲသို့ ထိုးတက်သွားပြီး ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ အဓိက ခန်းမထဲသို့ ဝင်ရောက်သွားသည်။ ထိုအခိုက် အချိန်က မရပ်တန့်သွားသလို ဖြစ်သွားသည်။ ချီရှီကာကွယ်ရေး စစ်တပ်တစ်ခုလုံး သေစေနိုင်သည့် တိတ်ဆိတ်မှုက လွှမ်းခြုံသွားသည်။ လီရာပေါင်းများစွာ ဝန်းကျင်အတွင်းရှိ လေများက သွေးစုပ်ခံရသလို ခြောက်ကပ်သလို ဖြစ်သွားသည်။

ထို့နောက် မြေကမာ္ဘက တုန်ဟီးသွားသည်။ ချီရှီကာကွယ်ရေးစစ်တပ်က စတင်ကာ တုန်လှုပ်သွားသည်။ ကောင်းကင်အနှံ့ ဟိန်းထွက်စေသည့် ဒေါသတကြီး ဟိန်းဟောက်သံကြီးက ထွက်ပေါ်လာသည်။

“မျိုးမစစ်ကောင်”

“အသုံးမကျဘူး။ ဒီလိုသေးငယ်တဲ့ ကိစ္စကိုတောင် မလုပ်နိုင်ဘူး”

“အားစိုက်ထုတ်ထားသမျှ အလကားဖြစ်သွားပြီ သောက်ကျိုးနည်း အရေးမပါတာ”

တောင်တန်းကြီးတမျှကျယ်ပြီး ပင်လယ်ကြီးတမျှ နက်ရှိုင်းသည့် စွမ်းအင်များက မုန်တိုင်းလို ပေါက်ကွဲထွက်လာပြီး လီတစ်ထောင်ဝန်းကျင်အတွင်းရှိ အရာအားလုံးကို အထိတ်တလန့်ဖြစ်သွားစေသည်။ ဖုမန်လင်းချာက သတ်ဖြတ်ခြင်း အခြေအနေသို့ ဝင်ရောက်သွားသည့် သားရဲကောင်သကဲ့သို့ ဖြစ်နေသည်။ သူ၏စွမ်းအင်မုန်တိုင်းက လူတိုင်းကို ကြောက်လန့်သောကြောင့် တဆတ်ဆတ် တုန်သွားစေသည်။

ချီရှီက တိဗက်တောင်ပေါ်ဒေသ အနားတွင် ရှိနေခြင်းဖြစ်ပြီး ဖုမန်လင်းချာကလည်း တိဗက်စစ်သည်တော်များကို ဝင်လာရန် အကြီးကြီး ရင်းနှီးပေးခဲ့ရသည်။ တုစုန့်မာန်ဖော်ကျဲ့က ဉာဏ်ကောင်းသည်။ ထို့ကြောင့် သူဘာလိုချင်ကြောင်း သိသင့်သည်။

သို့သော် ဖုမန်လင်းချာအနေဖြင့် မမျှော်လင့်ထားသည်မှာ ထိုမျှရင်းနှီးထားသည့်တိုင်အောင် တိဗက်များက ကျရှုံးသွားခြင်းဖြစ်သည်။

All Chapters