အခန်း (၇၄၆-၇၅၀)
Vol. 40 Ch. 746-750
အခန်း(၇၄၆)
လုပ်ရဲသူများ၏ပြိုင်ပွဲ
ခဲ့ရှု့ဟန်က စာကြည့်ဆောင်၏ မျက်နှာကျက်သို့ အကြည့်ကို ပို့ရန် ပင့်မော့လိုက်သော်လည်း သူ၏စိတ်ကမူ အခြားတစ်နေရာသို့ ရောက်သွားသည်။
စစ်မြင်းများ၏ ကိစ္စက ဆွဲဆောင်မှုပြင်းထန်သည့် ကိစ္စကြီးတစ်ခု ဖြစ်သွားသည်။
ယခင်ကပ်ဘေး အတောအတွင်း ထယ်ကြီးစစ်တပ်က Weတာချရာခုံလော့နှင့် တုစုန့်မန့်ဖော်ကျဲ့တို့နှင့် ရင်ဆိုင်ခဲ့သော စစ်ပွဲတွင် စစ်မြင်းအမြောက်အများ ဆုံးရှုံးသွားခဲ့သည်။ ထို့နောက် ခဲ့ရှု့ဟန်က တော်ဝင်မြင်းများ၏ အကြီးအကဲကို တောင်းဆိုပြီး စစ်မြင်းအမြောက်အများ ပြန်လည်ဖြည့်တင်းပေးရန် မျှော်လင့်ခဲ့သည်။
ထိုစစ်မြင်းများက တော်ဝင်ခုံရုံး၏ အားနည်းချက်များထဲမှ တစ်ခုဖြစ်နေခဲ့သည်။ ခဲ့ရှု့ဟန်အနေဖြင့် တောင်းဆိုခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည့်တိုင်အောင် မည်သည့်နည်းနှင့်မျှ ရောက်မလာခဲ့သေးချေ။
ခဲ့ရှု့ဟန်အနေနှင့်လည်း ထယ်ကြီးစစ်တပ်က အသည်းအသန် လိုအပ်နေသည့် အရင်းအနှီးက ဝေးကွာသည့် ဝူရှန်းတစ်နေရာတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။
အကောင်းဆုံး အရည်အသွေး စစ်မြင်းများ၏ ဆွဲဆောင်မှုကို ခဲ့ရှု့ဟန်ကပင် မခံနိုင်ချေ။
ခဲ့ရှု့ဟန်ကလည်း သူဝမ်ချောင်ကို အထင်သေးမိသွားကြောင်း နားလည်လိုက်သည်။ ထိုကောင်လေးက လက်ရှိအချိန်တွင် ကာကွယ်ရေးဗိုလ်ချုပ်များက အလောတကြီး လိုနေသော တစ်စုံတစ်ရာကို ပိုင်ထားသည်။
“စစ်မြင်းတစ်သောင်းဆိုတဲ့ ပမာဏက မနည်းဘူး။ သေးငယ်တဲ့ ဝူရှန်းက ဒါတွေအားလုံးကို မသုံးနိုင်ပါဘူး”
ခဲ့ရှု့ဟန်ကပြောသည်။
“ချင်ဇယ် အခုချက်ချင်း တော်ဝင်ခုံရုံးကို စာရေးပြီး တော်ဝင်မြင်းများရဲ့ ဒါရိုက်တာကို အဲ့ဒီစစ်မြင်းတွေရဲ့ ဝေစုတစ်ခုကို ငါတို့ကိုပေးဖို့ပြောလိုက်။ ဒါ့အပြင် ဝမ်ကလန်က အငယ်ဆုံးသားဆီကိုလည်း စာရေးလိုက်ပါ”
“ဒါ... အရှင် ကျွန်တော်တို့ ဒီကောင်စုတ်ကို ဒီလိုပဲ အရှုံးပေးလိုက်တော့မှာလား”
ခဲ့ရှု့ဟန်၏ လက်အောက်မှ ချင်ဇယ်ဟုအမည်ရသော ဗိုလ်ချုပ်တစ်ယောက်က ပြောသည်။
သူကလည်း မဟာဗိုလ်ချုပ်၏ အရင်အမိန့်များက ထိုဝမ်ကလန်မှ ကောင်စုတ်လေးကို ကိုင်တွယ်ခိုင်းသည့် အမိန့်များဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ သို့သော် မကြာခင်အချိန်အတွင်း ခဲ့ရှု့ဟန်က ဆန့်ကျင်ဘက်သို့ ပြောင်းသွားသည်။
ပို၍ဆိုးသည်မှာ မဟာဗိုလ်ချုပ်၏ အဆင့်အတန်း အသက်အရွယ် စီနီယာကျမှုအရ ထိုကောင်စုတ်လေးကို အရှုံးပေးရန် လွန်ကဲလွန်းနေသည်။ ထယ်ကြီးစစ်တပ်တစ်ခုလုံး၏ အရှိန်အဝါက ဒီလိုအရာမျိုးကို မျက်နှာချင်းဆိုင်ရမည်မဟုတ်ချေ။
“ဟား ဟား ငါတို့က အရှုံးပေးရမယ်လို့ ဘယ်သူကပြောလဲ။ ငါတို့က စစ်မြင်းတွေ လိုအပ်နေသေးတယ်။ ဒါက အများကောင်းဖို့အတွက်ပဲ။ နောက်ပြီး ငါတို့နဲ့ ဒီကောင်စုတ်လေးရဲ့ကြားက ဆက်ဆံရေးက ကိုယ်ရေးကိုယ်တာကိစ္စ ဒီကောင်စုတ်လေးက ဖိအားအများကြီးတောင် မခံနိုင်ဘူးဆိုရင် သူအခုကတည်းက နောက်ဆုတ်သွားလောက်ပြီ”
ခဲ့ရှု့ဟန်က ထိုသို့ပြောပြီး မုတ်ဆိတ်ကိုပွှတ်နေသည်။
အန်းရှီ၏ အနောက်ပိုင်းနယ်မြေတွင် ရှိနေသည့် အစိုးရစောင့်တပ် လေးခုတွင် လူအများက သံမဏိမြို့ကိုလည်း စောင့်ကြည့်နေကြခြင်းဖြစ်သည်။
ဖလပ် ဖလပ်
သတင်းပို့ငှက်က ဆင်းသက်လာသည်။ ကောင်းရှန်းကျစ်နှင့် ဖုန်းရှန်းကျင်တို့ လက်ထဲသို့မဟုတ်ဘဲ မုတ်ဆိတ်နှင့် ဗိုလ်ချုပ်ကြီးတစ်ယောက် လက်ထဲသို့ ရောက်သွားခြင်းဖြစ်သည်။
အရေးကြီးသတင်းများကလွဲပြီး အန်းရှီသို့ပို့သည့် အခြားသောသတင်းတိုင်းကို ကောင်းရှန်းကျစ်၏ အယုံကြည်ရဆုံး ထိုဗိုလ်ချုပ်က စစ်ဆေးအကဲဖြတ်ပြီးမှသာ တစ်ဖက်သူလက်ထဲသို့ ပို့ခြင်းဖြစ်သည်။
“တူရကီစစ်မြင်းသောင်းတစ်ထောင် ဒီမယုံကြည်ရတဲ့သတင်းက ဘယ်နေရာကလာတာလဲ။ အဲ့ဒီနေရာက ကင်းထောက်တွေ ဘာတွေးနေကြတာလဲ”
“အရည်အသွေးမြင့်စစ်မြင်း သောင်းတစ်ထောင်ဆိုတဲ့ ပမာဏက ဘယ်လောက်ကုန်ကျသလဲ သူတို့ မသိကြဘူးလား။ ပိုက်ဆံက မလုံလောက်ရင် ထားလိုက်ဦး။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က စစ်မြင်းတွေ လဲလှယ်ရေးလုပ်ဖို့ တူရကီတွေနဲ့ ကုန်သွယ်ဖို့ ကြိုးစားခဲ့သေးတယ်။ ဒါပေမဲ့သူက ချက်ချင်း ငြင်းဆန်ခဲ့တယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်တောင် မလုပ်နိုင်ခဲ့တာ ဒီလို အတွေ့အကြုံမရှိတဲ့ ဆယ်ကျော်သက် ကောင်လေးက ဘာလုပ်နိုင်မှာလဲ”
“ဒါ့အပြင် ဖုမန်လင်းချာက ဒီလောက်စစ်မြင်းတွေ အများကြီးကို နယ်စပ်ကို ကျော်ဖြတ်ခွင့် ပြုမတဲ့လား”
ထိုဗိုလ်ချုပ်က နှာခေါင်းရှုံ့လိုက်ပြီး ထိုစာကိုအဝေးသို့ပစ်လိုက်ကာ လေထဲသို့ လွင့်ပစ်လိုက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ အခြားသူတွေက သူတို့ကိစ္စနဲ့သူတို့ အလုပ်များနေကြပြီးပြီ ဒါနဲ့ သူတို့ကို ဒုက္ခပေးဖို့မလိုဘူး”
“ဟုတ်ကဲ့ဗိုလ်ချုပ်”
ထိုစကားများနှင့်အတူ တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
......
အဝေးရှိ ကာကွယ်ရေး စခန်းတွင်လည်း ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်သည့် အန်းစစ်ရွှန်းကလည်း သတင်းကိုရသည်။ သို့သော် အခြားနေရာများနှင့် မတူသည်မှာ အန်းစစ်ရွှန်း ချက်ချင်းရသည့် သတင်းက ပေ့ထင်၊ ချီရှီကာကွယ်ရေးနယ်စပ်တောက်လျှောက် ခုခံရေးအားလှိုင်းကို စစ်ဆေးခိုင်းသူများထံမှ သတင်းဖြစ်နေသည်။ တချိန်ထဲတွင် သတင်းပို့ငှက်က ဝေးကွာလှသည့် မြို့တော်တစ်နေရာသို့ ထွက်ခွာသွားသည်။
......
“စိတ်ဝင်စားစရာပဲ ခဲ့ရှု့ဟန်၊ ဖုမန်လင်းချာ၊ အန်းစစ်ရွှန်းနဲ့ အခြားဟူဗိုလ်ချုပ်တိုင်းက တော်ဝင်ခုံရုံးကို မှတ်တမ်းတင်ပြီး ငါတို့စီက စစ်မြင်းတွေကို တောင်းဆိုထားကြတယ်”
သံမဏိမြို့အထဲတွင် ရှိနေသည့် ဝမ်ချောင်က တော်ဝင်ခုံရုံးက ရလာသည့် စာကိုချပြီးရယ်သည်။
မာနကြီးလှသည့် တော်ဝင်ဗိုလ်ချုပ်ကြီးများနှင့် မဟာဗိုလ်ချုပ်ကြီးများက ပူးပေါင်းပြီး သူကဲ့သို့ သေးငယ်သည့် လူငယ်လေးတစ်ယောက်ထံမှ စစ်မြင်းများကို တောင်းဆိုသည့်ကိစ္စက မယုံနိုင်စရာကောင်းလွန်းသည်။
“အရှင်အမတ် သူတို့က ကျွန်တော်တို့ရဲ့ ဝေစုတစ်ခုကို လိုချင်နေကြရုံပါ”
“အရှင်အမတ်က ဒီလောက် အချိန်တွေ အားအင်တွေ စိုက်ထုတ်ထားရပြီး ရွှေထည်တစ်သန်းတောင် ပေးထားခဲ့ရတာ သူတို့က အလဟသ ဝေစုလာလိုချင်နေတာပဲ။ ဒါကလွန်လွန်းအားကြီးတယ်”
အခန်းထဲရှိ အရာရှိတိုင်းက ဒေါသထွက်သွားကြသည်။ ဝမ်ချောင်က ကိုယ်တိုင်ကိုယ်ကျ အနောက်ဘက် နယ်မြေများသို့သွားပြီး အနှောင်အဖွဲ့များကို ရှင်းလင်းကာ များပြားသည့် ရွှေထည်ပမာဏကိုသုံးပြီးမှသာ စစ်မြင်းသောင်းတစ်ထောင်ကို ရရှိခဲ့ခြင်းဖြစ်သည်။
စစ်မြင်းများက သံမဏိမြို့သို့ ရောက်ရှိလာခဲ့မှသာ သူတို့က ဝေစုလာတောင်းနေခဲ့သည်။ သူတို့က လောကတွင် အရာအားလုံးက အလကားရနေသည်ဟု ထင်နေသည်နှင့်တူသည်။
လီစစ်ယဲ့၏ တောင်တစ်တောင်တမျှ ကြီးမားလှသည့် ပုံရိပ်ကြီးက ရုတ်တရက် ထပြောလိုက်သည်။
“အရှင်အမတ် ဒါက ကိုင်တွယ်ဖို့ခက်ခဲတဲ့ ကိစ္စပဲ။ စစ်မြင်းတွေက တော်ဝင်ခုံရုံးက ကိုင်တွယ်ဆုံးဖြတ်ရတဲ့ အရင်းအမြစ်တစ်ခု ဖြစ်နေတယ်။ စစ်မြင်းတစ်သောင်းကို ဒီနေရာမှာ ထားထားတာက စည်းမျဉ်းကို သွေဖယ်ရာရောက်တယ်။ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတွေက ဒီအချက်ကိုသုံးပြီး ကျွန်တော်တို့ကို ပြဿနာရှာချင်နေတာ။ အရှင်အမတ်အနေနဲ့ အားသာချက်ရှာဖို့ ခက်ခဲလိမ့်မယ်ထင်တယ်”
ဝမ်ချောင်ကြောင့် အပြောင်းအရွှေ့ မခံရခင်က သူက ပေ့ထင်ကာကွယ်ရေးစစ်တပ်တွင် အချိန်တချို့ လုပ်ခဲ့ဖူးသည့်အတွက် ခုံရုံးမှ စည်းမျဉ်းများအရ စစ်မြင်းကို ကိုင်တွယ်ပုံကို နားလည်နေသည်။
ပို၍ဆိုးသည်မှာ ပေ့ထင်က အနောက်ပိုင်းနှင့် အရှေ့ပိုင်း တူရကီခါကာနိတ်အကြားတွင် နယ်စပ်ချထားသည့်အတွက် စစ်မြင်းများကို အလောတကြီး လိုအပ်နေသည်။
ယခုကဲ့သို့ တင်းကြပ်သည့် စည်းမျဉ်းများအရ ဝမ်ချောင်က ဟူလာယဲ့နှင့် ကုန်သွယ်ခြင်းက တရားမဝင်သလို ဖြစ်သွားသည်။ ဖုမန်လင်းချာ သို့မဟုတ် အခြားသော ဗိုလ်ချုပ်ကြီးများကသာ ထိုအချက်အပေါ်သုံးပြီး အကဲဖြတ်လိုလျှင် ဝမ်ချောင်က အကြောင်းပြချက်ပေးရန် ခက်ခဲနိုင်သည်။
“ဟား ဟား သူတို့က တစ်ခုခုလိုချင်ရင် အရင်ဦးဆုံး ယူနိုင်တဲ့စွမ်းရည်ရှိရမယ်”
ဝမ်ချောင်ကရယ်သည်။ သူ၏ညာလက်က သူ၏အရှေ့ရှိ စားပွဲခုံကို အသာအယာ ပုတ်လိုက်သည်။ သူ၏အမူအရာက တည်ငြိမ်နေပြီး အနည်းငယ်သော်မျှ စိုးရိမ်မှုကို မမြင်ရချေ။
“သူတို့က ငါက စစ်မြင်းကိစ္စမှာ တော်ဝင်ခုံရုံးရဲ့စည်းမျဉ်းကို ဖောက်ဖျက်တယ်လို့ ပြောချင်ရင်လည်း သူတို့မှားတဲ့ဘက်က တိုက်ခိုက်မိသွားပြီလို့ ပြောရတော့မှာပဲ။ တော်ဝင်ခုံရုံးက ဒီကိစ္စရဲ့အနောက်က အဓိက ထောက်ပံ့သူ။ ငါကကြားလူပဲ။ ဒီစစ်မြင်းတစ်သောင်းကို ရပြီးတဲ့နောက်မှာ ကိုးဆယ်ရာခိုင်နှုန်းလောက်ကို ငါက တော်ဝင်ခုံရုံးက တော်ဝင်မြင်းများရဲ့ ကြီးကြပ်သူကို ခွဲဝေပြီး သူ့ကိုပဲ စီစဉ်ခိုင်းရမှာ”
ဟူလာယဲ့၏ကိစ္စကို ချောမွေ့စွာ ကိုင်တွယ်နိုင်ခဲ့လျှင် စစ်မြင်း သုံးသိန်း၊ လေးသိန်းခန့်က စတင်ရောက်လာဦးမည်ဖြစ်ပြီး တူညီသော အခြေအနေမျိုးတွင်လည်း အရေအတွက်က နှစ်ဆပင် ဖြစ်သွားနိုင်သေးသည်။
ထိုကဲ့သို့ မြောက်များသည့် ပမာဏကို ဝမ်ချောင်၏ ဝူရှန်းစစ်သည် တစ်သောင်းထဲက သုံးနိုင်မည်မဟုတ်ချေ။ ဝမ်ချောင်ကလည်း အခြားသော စစ်မြင်းများကို တော်ဝင်ခုံရုံးသို့ပို့ရန် စီစဉ်ထားပြီးသားဖြစ်သည်။ ဖုမန်လင်းချာကသာ သူ့ကို ထိုကိစ္စနှင့်ပတ်သတ်ပြီး ပြဿနာရှာလိုလျှင် သူအကြံမှားသွားလေပြီ။
ထို့ပြင် ဝမ်ချောင်၏အနောက်တွင် ဘုရင်စုန့်က ရှိနေသေးသည်။
“ဟုတ်တယ် ထယ်ကြီးရဲ့ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်ဆီက ရလာတဲ့စာ။ ကျွန်တော်တို့ဆီက စစ်မြင်းတွေကို တိုက်ရိုက် တောင်းဆိုထားတာပါ”
ရွှီခဲ့ရီက ရုတ်တရက် ထပြောသည်။
“အရှင်အမတ် ကျွန်တော်တို့သူ့ကို ပေးသင့်လား”
ခုံရုံးမှ ဖိအားအပြင် သံမဏိမြို့မှ ခဲ့ရှု့ဟန်၏ ထယ်ကြီးစစ်တပ်၏ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဆိုသော အဆင့်အတန်းအရ ပို့လိုက်သည့်စာကြောင့် ဖိအားခံစားနေရသည်။ သူက ဝမ်ချောင်ကို သူ့အား စစ်မြင်းအနည်းငယ်ပေးရန် မျှော်လင့်နေခြင်းဖြစ်သည်။
ကာကွယ်ရေးဗိုလ်ချုပ်ကြီးများထဲတွင် သူကသာ ဝမ်ချောင်ကို သီးသန့်စာပို့လာသူဖြစ်သည်။
စာကြည့်ဆောင်က တိတ်ဆိတ်သွားသည်။ မည်သူကမှလည်း ကာကွယ်ရေးဗိုလ်ချုပ်ကြီးများနှင့် ပတ်သတ်သည့် ကိစ္စကို အလျင်စလို မဆုံးဖြတ်ရဲကြချေ။ ထိုကိစ္စက အင်အားကြီးသူများ၏ကြားမှ ကိစ္စဖြစ်ပြီး တစ်စုံတစ်ရာ မှားသွားလျှင် သက်ရောက်မှုအားက ပြင်းထန်ကာ မရေမတွက်နိုင်သော လူပေါင်းများစွာအပေါ် ထိခိုက်နိုင်သည်။ မည်သူကမျှ အလောတကြီး မဆုံးဖြတ်ရဲကြချေ။
တက် တက်
ဝမ်ချောင်၏လက်က စားပွဲခုံကို အသာအယာ ခေါက်နေသည်။ သူ၏မျက်ဝန်းထဲတွင်လည်း လှုပ်ရှားနေသော အလင်းရောင်များကို မြင်နိုင်သည်။ ခဲ့ရှု့ဟန်ကို သီးသန့်စာပို့ခဲ့သည်။ သူတို့ဆက်ဆံရေးကို မေ့ထားပြီး သူ့ထံမှစစ်မြင်းကို လာတောင်းနေခြင်းဖြစ်သည်။ ရိုးရိုးသားသား ပြောရသော် ဝမ်ချောင်ကပင် အံ့အားသင့်သွားရသည်။
“စိတ်ဝင်စားဖို့ကောင်းတယ်။ ဒီထယ်ကြီးရဲ့ မဟာဗိုလ်ချုပ်က မမျှော်လင့်ထားတဲ့ နည်းလမ်းကိုသုံးပြီး ကစားလိုက်တာပဲ”
ဝမ်ချောင်က ခပ်တိုးတိုးရေရွတ်သည်။ သူ၏နှုတ်ခမ်းတွင် ဖျော့တော့သည့် အပြုံးက ချိတ်ဆွဲနေသည်။
“သူ့ကိုထောက်ပံ့လိုက်ပါ”
ဝမ်ချောင်က ရုတ်တရက်ပြောသည်။
သူ၏တိုတောင်းသော အမိန့်က စာကြည့်ဆောင်အတွင်း ကြီးမာသည့် လှိုင်းလုံးကြီးကို ဖြစ်ပေါ်စေခဲ့သည်။
“အရှင်အမတ် ခဲ့ရှု့ဟန်က ဟူပါ။ သူ့မှာကောင်းတဲ့ရည်ရွယ်ချက် မရှိနိုင်ဘူး”
“နောက်ပြီး အရှင်အမတ် သူက အရင်ကိစ္စမှာ အရှင်အမတ်ကို ကိုင်တွယ်ချင်ခဲ့တာကိုလည်း မမေ့ပါနဲ့”
“ဒီလိုဖြစ်ခွင့်ပြုလို့ မရပါဘူး။ ခဲ့ရှု့ဟန်က အရှင်အမတ်ရဲ့ ပြိုင်ဘက်ပဲ။ ထယ်ကြီးစစ်တပ်ရဲ့ ကင်းထောက်တွေ အားလုံးက ဒီနေရာမှာ ရှိနေကြတုန်း။ အရှင်အမတ်ကသာ သူ့ကို မြင်းတွေပေးလိုက်ရင် သူက ဒီကိစ္စကို ပေါ့သေးသေး ထားသွားလိမ့်မယ်”
ဝမ်ချောင်၏ စိတ်ဓာတ်က လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ လီစစ်ယဲ့ကိုယ်တိုင်ကပင် မျက်ခုံးပင့်လိုက်သည်။ သူသည်လည်း အံ့အားသင့်သွားသည်။
“အရှင်အမတ် ခဲ့ရှု့ဟန်ရဲ့ အကျင့်စရိုက်အရ သူက ကျွန်တော်တို့ရဲ့ စစ်မြင်းတွေကိုယူပြီး ကျွန်တော်တို့ကို ရင်ဆိုင်ဖို့ ကြိုးစားနေရင် ဘယ်လိုလုပ်မလဲ”
လီစစ်ယဲ့ကပြောသည်။
“ဟား ဟား ခဲ့ရှု့ဟန်က ငါ့ကိုသီးသန့် စာပို့လာတယ်ဆိုတာ ငါငြင်းမယ်ဆိုတာ သူသိနေလို့ပဲ။ ငါသာဒီလို လုပ်ခဲ့ရင် သူက ဒီအကြောင်းအရာကိုသုံးပြီး ငါ့ကို သဘောထားကျဉ်းမြောင်းတယ်လို့ ပြောလိမ့်မယ်”
“ဒါ့အပြင် အများပြည်သူအတွက် လုပ်ဆောင်တဲ့ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စက မတူတဲ့ကိစ္စပဲ။ အရှင်စစ်ပွဲမှာ ထယ်ကြီးရဲ့စစ်တပ်က စစ်သည်တော်တွေ အများကြီးနဲ့ စစ်မြင်းတွေအများကြီးကို လုံရှီကို တိုက်ခိုက်လာတဲ့ တိဗက်တွေကို ခုခံရင်း ဆုံးရှုံးခဲ့ရတယ်။ ဒီစစ်သည်တော်တွေကို ပြန်ဖြည့်လို့ရတယ်။ ဒါပေမဲ့ စစ်မြင်းတွေကမရဘူး။ ဒါကြောင့်သူက ငါ့ကို တောင်းဆိုခဲ့တာပဲ”
“ငါသူ့ကို စစ်မြင်းတွေပေးမယ်။ ဒါက ခဲ့ရှု့ဟန်ကြောင့် မဟုတ်ဘူး မဟာထန်အတွက် သူတောင်းဆိုတဲ့ စာအရ စစ်မြင်းတစ်ထောင်မဟုတ်လား သူ့ကိုနှစ်ထောင်ပေးလိုက်။ ဒါ့အပြင် အပိုတစ်ထောင်က လုံရှီရဲ့ ပြည်သူတွေအတွက်လို့ ပြောလိုက်ပါ”
ဝမ်ချောင်က ထိုသို့ပြောပြီး စားပွဲခုံကို တစ်ချက်ဖြတ်ရိုက်သည်။
လုံရှီက မဟာထန်၏ မြို့ရိုးဖြစ်သည်။ ခဲ့ရှု့ဟန်၏ ထယ်ကြီးစစ်တပ်က လုံရှီကို ခုခံကာကွယ်ပေးနေသော တစ်ခုတည်းသော ခုခံရေးအားလှိုင်းဖြစ်သည်။ သူ၏အနောက်တွင် လုံရှီ၏ မရေမတွက်နိုင်သော စစ်သည် သိန်းပေါင်းများစွာ ရှိနေသည်။
ထယ်ကြီးစစ်တပ်ကသာ ရှုံးသွားခဲ့လျှင် အနောက်တောင်ပိုင်းကလည်း ရှုံးသွားပေလိမ့်မည်။ ထို့ကြောင့် ဝမ်ချောင်က သူ့ကိုစစ်မြင်းနှစ်ထောင် ပေးခဲ့ခြင်းဖြစ်သည်။ နောက်ထပ် အကြောင်းအရာကိုမူ ဝမ်ချောင်က ထပ်မပြောခဲ့ချေ။
ထိုစစ်ပွဲတွင် ယွီစန်းက သူ၏ ကြာရှည်စွာ ကျော်ကြားနေခဲ့ပြီဖြစ်သည့် ဗိုလ်ချုပ်များ၏ဘုရင် ဝီခါတရာခုံလော့ကို လွှတ်ခဲ့သည်။ ထိုတိုက်ပွဲမှ ထယ်ကြီးစစ်တပ်အပေါ် သက်ရောက်သည့် သက်ရောက်မှုအားက မျှော်လင့်ထားသည်ထက် ပြင်းထန်လွန်းအားကြီးသွားသည်။
ဆုံးရှုံးမှုနှင့် စစ်မြင်းများ၏ လိုအပ်မှုက အကြီးမားဆုံး သက်ရောက်သွားခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း ထိုအကြောင်းအရာကို ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။ ထိုအတွက်ကြောင့် တိဗက်မြင်းတပ် နှစ်ထောင်ဝန်းကျင်ခန့်က ထယ်ကြီးစစ်တပ်၏ ပိတ်ဆို့မှုကို ကျော်ဖြတ်ပြီး လုံရှီ၏ အတွင်းပိုင်းသို့ ဝင်ရောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။
ထယ်ကြီးစစ်တပ်၏ ဆိုးဆိုးရွားရွား လိုအပ်နေသည့် မြင်းတပ်က ငါးကိုပိုက်ကွန်က လွတ်မြောက်သွားစေခဲ့သည်။
ထိုတိဗက်အင်အားစုက ပြည်သူတစ်သောင်းကျော်ကို သတ်ဖြတ်ခဲ့ပြီး ရွာဆယ်ရွာထက်မနည်း ဖျက်ဆီးသွားခဲ့သည်။ ထိုကိစ္စက တော်ဝင်ခုံရုံးကပင် အထိတ်တလန့် ဖြစ်သည်အထိ အုပ်အော်သောင်းနင်း ဖြစ်သွားခဲ့သေးသည်။ ထိုကိစ္စပြီးနောက် လုံရှီ၏ ဝမ်းနည်းဖွယ်ရာဖြစ်ရပ်ဆိုပြီး လူသိများသွားခဲ့သေးသည်။
ထိုအချိန်က လုံရှီကို ဖြတ်သွားခဲ့သည့် ပန်းချီဆရာတစ်ယောက်က ဝမ်းနည်းဖွယ်ကောင်းသော မြင်ကွင်းများကို ရေးဆွဲပြီး မြို့တော်သို့ ပို့ခဲ့ခြင်းအားဖြင့် အကြီးအကျယ် လှုပ်ခတ်နိုင်ခဲ့သည်။ ပန်းချီပုံများကို မြင်သောလူတိုင်းကလည်း အလွန်အမင်း ဝမ်းနည်းကာ ရင်ကျုံးမရဖြစ်ခဲ့ရသည်။
အဆုံးတွင် ခဲ့ရှု့ဟန်က ထိုကိစ္စတွင် တာဝန်ယူလိုက်ရပြီး ထယ်ကြီးစစ်တပ်မှ ထွက်ခွာရန် တွန်းအားပေးခံခဲ့ရခြင်းဖြင့် မြို့တော်သို့ဝင်ရောက်ကာ ရှင်းပြခဲ့ရသည်။
အပေါ်ယံတွင် ခဲ့ရှု့ဟန်က ဝမ်ချောင်ကို ပို့လိုက်သောစာက သူ့ကို စမ်းသပ်နေခြင်းဖြစ်သည်ဟု ပြောခဲ့ခဲ့ခြင်း ဖြစ်သည့်တိုင်အောင် အမှန်တိုင်းဆိုရသော် ထယ်ကြီးစစ်တပ်၏ စစ်မြင်းလိုအပ်မှုက သာလွန်နေခဲ့သည်။
ဝမ်ချောင်က ခဲ့ရှု့ဟန်ကို လျစ်လျူရှု့နိုင်သည်။ သို့သော် သူ၏ ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်ကို မမေ့ပေးနိုင်ချေ။
သူက အရာအားလုံးကို ပြောင်းလဲပေးရန် အခွင့်အရေး ရှိနေသေးသည်။ ဝမ်ချောင်အနေဖြင့် သဘာဝအလျောက်ပင် ထိုမတော်တဆမှုကို ဖြစ်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။ စစ်မြင်းနှစ်ထောင်က ထယ်ကြီးစစ်တပ်ကဲ့သို့ စစ်တပ်တစ်ခုအနေနှင့် ထိုကပ်ဘေးကို ပြောင်းလဲရန် လုံလောက်သည်။ အနည်းဆုံး တိဗက်မြင်းတပ်နှစ်ထောင် အင်အားစုကို ရင်ဆိုင်ရန် လုံလောက်သွားသည်။
“အရှင်အမတ်က ဉာဏ်ကောင်းတယ်”
“အရှင်အမတ်ရဲ့ လက်အောက်ငယ်သားက စိတ်ရှုပ်ထွေးသွားလို့ပါ”
အခန်းထဲရှိ အရာရှိတိုင်းက ဝမ်ချောင်၏စကားကြောင့် အယုံသွင်းခံလိုက်ရသည်။ လုပ်ရဲကိုင်ရဲသောစိတ်နှင့် လုပ်ရဲကိုင်ရဲသော လုပ်နိုင်စွမ်းအားမျိုးတွင် ဝမ်ချောင်က သူတို့၏အထက်တွင်ရှိသည်။ သူတို့က ထိုအတွက်ကြောင့်လည်း ဝမ်ချောင်ကို ခစားလိုစိတ်အပြည့် ရှိနေကြခြင်းဖြစ်သည်။
သူက အနောက်တောင်ပိုင်းက ပြည်သူတိုင်း၏ ကံကြမ္မာအတွက် အနောက်တောင်ပိုင်းက စစ်ပွဲတွင် ပါဝင်ခဲ့ပြီး သူ၏အသက်ကို ရင်းခဲ့သူဖြစ်သည်။ သူက အင်ပါယာအတွက် ခဲ့ရှု့ဟန်နှင့် ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကို ဘေးဖယ်ထားနိုင်သည်။ မဟာထန်က မည်သူကမျှ ထိုသို့မလုပ်နိုင်ချေ။
အခန်း(၇၄၇)
သိန်းငှက်အဖွဲ့ (၁)
ဝမ်ချောင်က ခေါင်းကိုလှည့်ကြည့်ကာပြောသည်။
“လီစစ်ယဲ့ ငါဒီကိစ္စကို မင်းနဲ့ပဲ လွှဲထားလိုက်မယ်”
လီစစ်ယဲ့က ချက်ချင်းလိုလို ဂါရဝပြုသည်။
“ဟုတ်ကဲ့အရှင်အမတ်”
အချို့သောကိစ္စများကို ကိုင်တွယ်ပြီးနောက် ဝမ်ချောင်က မတ်တပ်ထရပ်လိုက်ကာ အကြောဆန့်ရင်း ပြတင်းပေါက် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။
“အခြားကိစ္စကို ကိုင်တွယ်ဖို့ အချိန်ကျပြီ”
ဝမ်ချောင်က အနည်းငယ်ပိုပြီး အကြောဆန့်ပြီးမှသာ အခန်းထဲမှ ထွက်ခွာသွားသည်။
သံမဏိမြို့၏ မြို့ရိုးအပြင်ဘက်က အခြေခံအားဖြင့် ပြီးမြောက်သွားပြီဖြစ်သည်။ ဝူရှန်းရွာသားများနှင့် တူရကီ စစ်မြင်းများကလည်း ရောက်လာပြီဖြစ်သည်။ ထို့ကြောင့် သူ၏အကြံအစည်ကို စနိုင်နေပေသည်။
ဝမ်ချောင်က ဝူရှန်းကို မရွေးခဲ့သည်မှာ ထိုနေရာက လူရှင်းပြီး ငြိမ်းချမ်းသော နေရာဖြစ်သည်။ သို့သော် သူက အနောက်ပိုင်းတူရကီ ခါကာနိတ်များ အရှေ့ဘက်သို့ မလာအောင် အနောက်ပိုင်းမှ ယွီစန်းများ မလာနိုင်အောင် ခုခံချင်ခဲ့သည်။ ထို့ကြောင့် သူက ချီရှီ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို အပြည့်အဝ ကာကွယ်ပေးထားနိုင်မှ ဖြစ်ပေလိမ့်မည်။ ချီရှီကာကွယ်ရေးစစ်တပ် အတွက်ကြောင့် သူက တာလာ့တိုက်ပွဲကို ပြင်ဆင်နေခြင်းဖြစ်သည်။
လက်ရှိအချိန်တွင် အရာအားလုံးက အဆင့်သင့်ဖြစ်နေပြီး တစ်ခုသာ လိုတော့သည်။
ဘန်း
တံခါးဖွင့်လိုက်သောအခါ နေရောင်များက ထိုးဝင်လာသည်။ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဝမ်ချောင်က ထိုတံခါးကိုကျော်ဖြတ်လိုက်သည်။ ခြေလှမ်းအနည်းငယ် လျှောက်နေပြီးနောက် သူက အော်ဟစ်သံများကို စကြားလိုက်ရသည်။
အခန်းထဲမှထွက်ပြီး ဘယ်ဘက်သို့ လှည့်လိုက်သောအခါ အဝေးရှိ ဝူရှန်းစစ်သည်ငါးထောင်က သန်မာသော တူရကီ မြင်းကြီးများပေါ် တက်စီးပြီး နေရောင်အောက်တွင် ကြမ်းကြမ်းတမ်းတမ်း စစ်ရေးလေ့ကျင့်နေကြောင်း မြင်လိုက်ရသည်။
သူတို့ရှေ့ရှိ မြေပြင်တွင်လည်း ထောင်ပေါင်းများစွာသော သစ်သားတိုင်များကို မြင်ရသည်။ သစ်သားတိုင်း တစ်ခုချင်း၏ အကွာအဝေးက ရထားလုံးတစ်စီး ဖြတ်သန်းသွားလာလောက်အောင် လုံလောက်သည်။ ထို့ကြောင့် ကျဉ်းမြောင်းလွန်းလေရာ မြင်း၏ခြေထောက် တစ်စုံက တိုင်များကိုထိသွားရန် လွယ်ကူနေသည်။
ကြည့်ရသည်မှာ ဝူရှန်းတိုင်များ၏ တည်ရှိပုံက အစီအစဉ်တကျလည်း မဟုတ်ပေ။
‘အစီအစဉ်မကျ မြင်းတိုင်’ ဆိုသည့်နည်းလမ်းက ဝမ်ချောင် ယခင်ဘဝတွင် ထိပ်တန်းအဆင့်မြင်းတပ်ကို အမြန်ဆုံး လေ့ကျင့်ပေးနိုင်ရန် သုံးခဲ့သည့် နည်းလမ်းလည်းဖြစ်သည်။ ဒီဘဝတွင် သူက ထိုနည်းလမ်းကိုသုံးပြီး ဝူရှန်းကို သူတို့၏ ပထမဦးဆုံး မြင်းစီးသည့် သင်ခန်းစာကို သင်ပေးခဲ့သည်။
ဟီး ဟီး ဟီး ဟီး
အော်သံနှင့်အတူ ဝူရှန်းငါးယောက်၊ ခြောက်ယောက်ခန့်က မြင်းပေါ်မှရှေ့သို့ ခုန်ထွက်လိုက်ကြသည်။ ထိုသို့ တိုင်များကို ကျော်ဖြတ်သည့်အချိန်တွင် စစ်မြင်းများက သူတို့နည်းလမ်းအတိုင်း တိုင်ကိုကျော်ဖြတ်သည်။ သို့သော် ရုတ်တရက် သူတို့က ဘယ်ညာရွေ့ကာ လှုပ်ရှားလေရာ သိပ်သည်းသော တောအုပ်လမ်းကြောင်းအတိုင်း သွားလာနေသည့်အလားပင် ထင်ရသည်။
ဝူရှန်းများ၏ လျှင်မြန်စွာ တုန့်ပြန်နိုင်စွမ်းအားက တောင်တန်းများတွင် ရှင်သန်လာခဲ့သည့် သူတို့၏ ဘဝအရ ဖြစ်တည်လာခဲ့ခြင်းဖြစ်ပြီး ဒီနေရာတွင် ကောင်းကောင်း အသုံးဝင်သွားသည်။
တိုင်များက မည်မျှပြည့်နှက်နေစေကာမူ အကြားမှ လမ်းက မည်မျှကျဉ်းနေစေကာမူ ဝူရှန်းများက အမြဲတစေ မြင်းများကို အလွယ်တကူကြိုးကိုင်ကာ သွားနိုင်ရန် နည်းလမ်းတစ်ခု ရှာနိုင်နေသည်။
ကြိုတင်သာ မသိထားလျှင် ဒါကသူတို့ ပထမဦးဆုံးအကြိမ် မြင်းစီးသော အတွေ့အကြုံဖြစ်ကြောင်း သိရန် ခက်ခဲပေလိမ့်မည်။
ဟီး ဟီး ဟီး ဟီး
အချိန်တစ်ခုကြာပြီးနောက် ဝူရှန်းများ ငါးယောက်၊ ခြောက်ယောက်ခန့်က ‘အစီအစဉ်မကျ မြင်းတိုင်များ’ထဲမှ ထွက်လာနိုင်သွားသည်။ အဆုံးမှ မြင်းတစ်ကောင်၏ ခြေထောက်တွင် ခြစ်ရာအသေးစားလေးတစ်ခု ရှိသည်မှလွဲပြီး ဝူရှန်းမြင်းတပ်က ခြစ်ရာမရှိခဲ့ချေ။
“ကောင်းတယ်”
ပတ်ပတ်လည်မှ အားပေးသံများ၊ ချီးကျူးသံများက ထွက်ပေါ်လာသည်။ ရပ်ကြည့်နေကြသည့် အစောင့်များရော၊ ကျွမ်းကျင်ပညာရှင်များ အားလုံးက စိတ်အားထက်သန်စွာဖြင့် လက်ခုပ်တီးပေးကြသည်။
အစပိုင်းတွင် သူတို့ထဲက မည်သူကမျှလည်း ထိုသစ်သားတိုင် ထောင်ပေါင်းများစွာကို မြေပြင်တွင် စိုက်ထားသည့် အကြောင်းပြချက်ကို မသိခဲ့ကြချေ။ လက်ရွေးစင် မြင်းစီးသမားအချို့က စမ်းသပ်ကြည့်နိုင်ခဲ့သည်။ သို့သော် စမ်းသပ်ခဲ့သည့် စစ်သားဆယ်ယောက်တွင် အစပိုင်းတွင် ရှစ်ယောက်က တိုင်များနှင့် တိုက်မိခဲ့သည်။ နောက်နှစ်ယောက်သာ တစ်ဝက်ကျော်ကျော်ထိ သွားနိုင်ခဲ့သော်လည်း မည်သူကမျှ မအောင်မြင်ခဲ့ချေ။
ယခုလို တောအုပ်တစ်ခုလို စီတန်းစိုက်ထူထားသည့် သစ်သားတိုင်များက ထင်ရသလောက် မရိုးရှင်းကြောင်း ထိုအခါမှသာ သူတို့က သိသွားကြခြင်းဖြစ်သည်။
သို့သော် ထိုဝူရှန်းများကမူ သဘာဝ မြင်းစီးသမားများ ဖြစ်နေကြသည်။ ရှုပ်ထွေးနေသော သစ်သားတိုင်များက သူတို့ကို မတားဆီးနိုင်ချေ။ လူအုပ်က အချိန်တစ်ခုကြာ ရပ်တည်နေကြပြီးနောက် ဝူရှန်း၏ တစ်ယောက်မှ မြင်းတိုင်ကို တိုက်မိကြောင်း မြင်လိုက်ရသည်။
သူတို့၏ တုန့်ပြန်မှု သူတို့၏ အရှိန်နှုန်းက လူတိုင်းကို ဆံပင်မွှေး ထောင်တက်စေသည်အထိ လေးစားစရာကောင်းသည်။
သူတို့က တဖြည်းဖြည်းချင်း ဝူရှန်းများနှင့် ရင်းနှီးလာသည်နှင့်အလျောက် ထိုမြို့အစောင့်များနှင့် ကလန်မှ စစ်သည်တော်များက လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသော ထိုစစ်သည်တော်များကို အလွန်အမင်း လေးစားနေကြပြီဖြစ်သည်။
သူတို့ကို အစီအစဉ်မကျသော မြင်းတိုင်များလောက်က မကန့်သတ်ထားနိုင်ချေ။
“အသင့်ပြင်”
“စ”
“ဒုန်း ဒုန်း ဒုန်း ဒုန်း”
မိုးခြိမ်းသံများ၊ ပြင်းထန်သည့် ခွာသံများနှင့် ဖုန်တိမ်များနှင့်အတူ ဝူရှန်းမှ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး လက်ထဲတွင်လည်း လှံရှည်ယမ်းနေသည့် မြင်းစစ်သည်တော် တစ်ယောက်က ရှေ့သို့တက်သည်။ သူ၏ခန္ဓာကိုယ်က နောက်သို့လှန်ပြီး မြင်း၏ကျောကိုဖိထားသည်။
ဘုန်း
လူအုပ်က ဝေဝါးသော ပုံရိပ်က ဖြတ်သန်းသွားသည့်အရာက ဘာဖြစ်ကြောင်း မတုန့်ပြန်နိုင်သေးခင် ကျန်းတစ်ဆယ်ကျော် အကွာက ဘုန်းကနဲမြည်သံကြီးက ထွက်ပေါ်လာသည်။ ခြေထောက်တစ်ဝက်စာခန့် ထူသည့် ကြီးမားသော သံမဏိပြားကြီးက အလယ်တည့်တည့်မှ အနင်းခံထားရသည်။ ထိုနေရာတွင်လည်း ထင်ထင်ရှားရှား မြင်နေရသည့် နက်ရှိုင်းလွန်းသော မြင်းခွာနှစ်ချက်ကို မြင်နိုင်သည်။
ဝမ်ချောင်က ဝူရှန်းမြင်းတပ် လေ့ကျင့်ချီတက်နေသည့် ပုံစံအလိုက် မျက်စိရွေ့သွားသည်။ သူက တစ်နေရာကို လှမ်းကြည့်နေရင်း ဆက်လျှောက်သွားလိုက်သည်။
“သတ်”
“သတ်”
အဝေးမှ ကောင်းကင်ကိုပင် အက်ကွဲသွားစေသည့် အော်သံများကို ကြားနေရသေးသည်။ ဝူရှန်း၏ မြင်းသည်တော် နှစ်ယောက်က သူတို့၏ သစ်သားတုတ်များကိုယမ်းပြီး အချင်းချင်း ရင်ဆိုင်နေကြသည်။ ထိုနှစ်ယောက်က ထိပ်တိုက်ရင်ဆိုင်ပြီး အချင်းချင်း ဖိနှိပ်အနိုင်ယူရန် ကြိုးစားနေကြချိန်တွင် ဝူရှန်းမြင်းတပ်မှ တစ်ယောက်က မြင်းအောက်မှဖြတ်ပြီး အခြားသော မြင်းစီးသူကို အလွန်အမင်း ဉာဏ်များသော ဘက်ထောင့်မှတဆင့် ကန်လိုက်သည်။
သို့သော် ဆုံးဖြတ်ချက်အပြည့်ဖြင့် ကန်လိုက်သော ကန်ချက်က လွဲသွားသည်။ ဝူရှန်းမြင်းသည်တော်က မတုန့်ပြန်နိုင်ခင် နောက်ထပ် ကန်ချက်တစ်ချက်ကလည်း မြင်း၏ အောက်ဘက် အခြားတစ်နေရာမှ ရောက်လာပြန်ပြီး သူ၏ပုခုံးကိုတည့်တည့် ရိုက်ချလိုက်ကာ သူ့ကို လေထဲသို့ မြောက်တက်သွားစေသည်။
ထိုဝူရှန်းမြင်းသည်တော်၏ ကန်ချက်အင်အားက သူ့ကို လေထဲတွင် ဆယ်ပတ်ခန့် လိမ့်သွားစေပြီးမှသာ တည်ငြိမ်သွားစေခဲ့သည်။ ဒီနည်းအားဖြင့် သူက မြေပြင်ပေါ် ဝုန်းကနဲ ပြုတ်ကျသွားသည်။
ဝူရှန်းက သဘာဝစစ်သည်တော်များဖြစ်သည်။ သူတို့က သဘာဝမြင်းသည်တော်များလည်း ဖြစ်သည်။
အတွေ့အကြုံရှိ မြင်းသည်တော် ဟောင်းများကပင် ထိုသို့သော လှုပ်ရှားမှုများတွင် အလွယ်တကူ လွင့်ထွက်သွားနိုင်သော်လည်း ဝူရှန်းမြင်းတပ်အတွက်မူ ထိုတာဝန်က လွယ်လွန်းသည်။ သူက ထိုသို့အကြောင်း ကြားပြီးသည့်တိုင်အောင် ယခုလို ကိုယ်ပိုင်မျက်စိဖြင့် မြင်ရသည့်အခါ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူတို့၏ တောက်ပမှုကို တဖန်မြင်ရသလိုမျိုး စိတ်ထဲတွင် လေးနက်စွာ ခံစားလိုက်ရသည်။
အင်အား၊ လျှင်မြန်နိုင်စွမ်းအား၊ တုန့်ပြန်နိုင်စွမ်းအား အရာအားလုံးက တောင်တန်းများတွင် တစ်ဘဝလုံး နေထိုင်ခဲ့သည့် ဝူရှန်းမြင်းတပ်၏ သဘာဝအလျောက် ပိုင်ဆိုင်ထားသည့် အားသာချက်ဖြစ်ပြီး သတ္တိဖြူများ၊ မာမဲ့လုနှင့် တူရကီမှ ဝံပုလွေသွား မြင်းတပ်တို့ထက်သာသည်။ မည်သည့်အင်အားစုကမျှ ဝူရှန်းကို မယှဉ်နိုင်ချေ။
ကြည့်ရတာ ငါအခု သူတို့ကို သင်ပေးနိုင်ပြီထင်တယ်။
ထိုအတွေးနှင့်အတူ ဝမ်ချောင်က တူရကီစစ်မြင်းတစ်ကောင်ကို လှမ်းယူလိုက်ပြီး အပါ်သို့ ခုန်တက်ကာ အဝေးရှိ လေ့ကျင့်ရေးကွင်းသို့ ပြေးသွားသည်။
သံမဏိမြို့ကကျယ်သည်။ သာမာန်မြို့၏ ငါးဆ၊ ခြောက်ဆ အရွယ်အစားခန့်ထိရှိသည်။ ထိုအရွယ်အစား အားသာချက်က ယခုကောင်းကောင်း ပြနိုင်လေပြီ။ အခြားသောဆိုင်များ၊ လက်ဖက်ရည်စံအိမ်များ၊ တည်းခိုဆောင်များ အားလုံးက ဆောက်လုပ်၍ ပြီးသွားသည့်တိုင်အောင် မြို့ထဲတွင် ဝူရှန်းငါးထောင်က လွတ်လွတ်လပ်လပ် မြင်းစီးကာ လေ့ကျင့်နိုင်စေရန် နေရာအကျယ်ကြီး လုံလောက်စွာ ကျန်နေသေးသည်။
စစ်မြင်းက လေ့ကျင့်ကွင်းနှင့် ကျန်းတစ်ရာကျော် အကွာသို့ ရောက်သွားသည့်အချိန်တွင် နဂါးတစ်ကောင်က ဟိန်းလိုက်သလို၊ ကျားတစ်ကောင်က ဟိန်းလိုက်သလို အသံက ကောင်းကင်ကို ပဲ့တင်ထပ်သွားသည်။
“လက်ခံရရှိပါတယ်”
ကျယ်လောင်သော နားလည်ကြောင်း ပြောပြသည့် အသံနှင့်အတူ ဝူရှန်းမြင်းတပ်က လေ့ကျင့်မှုကိုရပ်ပြီး စုစည်းလိုက်သည်။ လှုပ်ရှားမှုအနည်းငယ်ထဲနှင့် သူတို့က အတန်းလိုက် အစီအစဉ်တကျရှိပြီး ဝမ်ချောင်၏ရှေ့တွင် ဖြောင့်မတ်သော ကျောပြင် မြင့်မားသော ခေါင်းများကိုမော့ကာ ရပ်နေကြသည်။ သူတို့က သူတို့အားလုံးထဲငယ်သည့် လူငယ်အမတ်ဆိုသည့်လူကို ကြည့်နေကြသည့်အချိန်တွင် ဝူရှန်းတိုင်း၏ မျက်နှာတွင် နက်ရှိုင်းသော လေးစားမှုများကသာ အပြည့်ရှိနေသည်။
ဝူရှန်းရွာမှ ထွက်ပြီးကတည်းက သူတို့က ဝမ်ချောင်အကြောင်းကို ပို၍ နားလည်သထက် နားလည်လာရသလို နားလည်သထက် နားလည်လာသည်နှင့် လေးစားသထက် လေးစားလာရသည်။ အရှင်အမတ် တဖြစ်လဲ ကောင်းကင်၏ သားတော်၏ တပည့်ဖြစ်သူ သံမဏိမြို့၏အရှင်ဖြစ်သည့် တစ်ညတည်းနှင့် မြို့ကို တည်ဆောက်နိုင်သောသူ အံ့အားသင့်စရာကောင်းသော ကံကောင်းမှုများကို လုပ်ဆောင်နိုင်ခဲ့ပြီး အဆက်အသွယ် များပြားသူ မြင့်မားလွန်းသော အဆင့်အတန်း စသဖြင့် အရာအားလုံးက လူတိုင်းကို ပါးစပ်အဟောင်းသား ဖြစ်စေလောက်အောင် လုံလောက်နေပြီးသားဖြစ်သည်။ အင်အားကြီးမားသည့် မာန်ရှဲ့ယွီစန်းစစ်တပ်ကို အလဲထိုးနိုင်ခဲ့ကာ သူတို့ကို အလောင်းလေးသိန်းကျော် ချန်ထားရစ်ခဲ့ပြီး ထွက်သွားစေခဲ့သည့် ကိစ္စကပင် မှင်သက်စရာ ကောင်းလွန်းခဲ့သည်။
အရာအားလုံးက သူတို့မျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ ထိုဝူရှန်းများကဲ့သို့ အရိုးထဲထိ စွဲနေသည့် မာန်မာနကို ကိုင်ဆွဲထားသော သူများကပင် ဝမ်ချောင်၏ လုပ်ဆောင်မှုများနှင့် စွမ်းရည်က သူ၏အသက်ကို ကျော်လွန်နေခဲ့သည့်အတွက် အလွန်အမင်း လေးစားမိကြသည်။
မည်သို့ပင်ဆိုစေ ဝူရှန်းများက အလွန်အမင်း လေးစားသည့် လီစစ်ယဲ့ကပင် ဝမ်ချောင်၏ လက်အောက်ငယ်သားဖြစ်ပြီး ဝမ်ချောင်ကို အလွန်သစ္စာရှိကာ အလွန်လေးစားသူဖြစ်သည်။ သူ၏လွှမ်းမိုးမှုအောက်တွင် ဝူရှန်းမြင်းတပ်က ဝမ်ချောင်ကို နတ်ဘုရားသဖွယ် သတ်မှတ်ထားကြသည်။
“အသင့်ပြင် အခုကစပြီး မြင်းပေါ်ကဆင်းကြ။ ငါးယောက်ကတပ်စု၊ ဆယ်ယောက်ကအသင်း၊ အယောက်တစ်ရာကအဖွဲ့”
ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။
“ဟုတ်ကဲ့”
ထိုသို့ဖြင့် လေထဲတွင် လူအများ မြင်းပေါ်မှဆင်းသံများ၊ ရေတွက်သံများ ထွက်ပေါ်လာသည်။ သူတို့ကထိုသို့ လုပ်နေချိန်တွင် ဝမ်ချောင်က လီစစ်ယဲ့ကို လှည့်ကြည့်လိုက်သည်။
“စရအောင် အဲ့ဒါတွေထုတ်ပြီး သူတို့ကိုဝေပေးလိုက်”
“ဟုတ်ကဲ့အရှင်အမတ်”
လီစစ်ယဲ့က ချက်ချင်းပြန်ဖြေသည်။
ဝမ်ချောင်က ခေါင်းညိမ့်ပြီး တစ်ဖက်သို့ လှည့်လိုက်သည်။ ဝူရှန်းက လေ့ကျင့်ရန် လုံလောက်သော အဆင့်ထိ ရောက်ရှိနေပြီးသားဖြစ်သည်။ ထို့ကြောင့်သူက သူတို့ကို သူတို့၏ တည်ဆောက်ပုံအတွက် အထူးတလည် ဖန်တီးထားသည့် ကျော်ကြားသည့် ဝူရှန်းချီစက်ကွင်းကို သင်ပေးရတော့မည်ဖြစ်သည်။
ဝူရှန်းချီစက်ကွင်းက နယ်မြေအသီးသီးမှ အကောင်းဆုံး ကျွမ်းကျင်ပညာရှင် ထောင်ပေါင်းများစွာ အားစိုက်ထုတ်ပြီး ဖန်တီးထားခဲ့ရခြင်းဖြစ်သည်။ ထိုထဲတွင် ဝမ်ချောင်လည်းပါသည်။ ထိုချီစက်ကွင်းက ဝူရှန်းများအတွက် အထူးတလည် ပြင်ဆင်ထားခြင်းဖြစ်ပြီး ဝူရှန်းများ၏ ခန္ဓာကိုယ် အနေအထားအရ ပြင်ဆင်ထားခဲ့ခြင်းလည်းဖြစ်သည်။ သူတို့ကသာ သင်နိုင်သည့် သိုင်းလည်းဖြစ်သည်။
သတ္တိဖြူများကို သူတို့၏ ကျော်ကြားသည့် ကျန်းကျွင်းချီစက်ကွင်းမှ ခွဲထွက်ရန် မဖြစ်နိုင်ချေ။ ထိုချီစက်ကွင်းက မာမဲ့လုများ၏ ကျစ်ဟယ်ချီစက်ကွင်းလောက် အင်အားကြီးမားကာ ထိုးဖောက်နိုင်စွမ်းအား ပြင်းထန်သည်။ ဝူရှန်းများအတွက် သူတို့၏ သန့်စင်သောအင်အား သီးသန့်ဖြင့် အလဲထိုးရန် ခက်ခဲသည်။ အင်အားအကြီးဆုံး မြင်းတပ်ချီစက်ကွင်းကို လေ့ကျင့်ထားမှသာ ထိုဝူရှန်းချီစက်ကွင်းကြောင့် အင်အားအကြီးဆုံး ဝူရှန်းမြင်းတပ်က သတ္တိဖြူများကို နှိပ်နှင်းနိုင်ပေလိမ့်မည်။
ထိုချီစက်ကွင်းက အခြားသော ပြည်ပမှ ကျူးကျော်သူများကို တောင့်ခံရင်ဆိုင်နိုင်စွမ်းအား မရှိသည့် ချီစက်ကွင်းလည်း ဖြစ်နေလေရာ သတ္တိဖြူများဆိုလျှင် မပြောသင့်တော့ချေ။
ခီး ခီး ခီး
ဝမ်ချောင်က လီစစ်ယဲ့ကို ဝူရှန်းချီစက်ကွင်း သိုင်းများအကြောင်း သင်ခိုင်းပြီးချိန်တွင် ကောင်းကင်တွင် စူးရှသော အော်သံက ထွက်လာသည်။
ဘန်း
ကြီးမားသော ငှက်တစ်ကောင်က အောက်သို့ထိုးဆင်းလာသည်။ သံမဏိမြို့ရိုးအနှံ့ အလန့်တကြား အော်ဟစ်သံများက ထွက်ပေါ်လာသည်။ မြေပြင်တွင်လည်း သွေးအပုံကြီးအဖြစ် ပြောင်းသွားသည်။
ထိုသို့ ရုတ်တရက် ဖြစ်သွားသည့် မတော်တဆမှုက အနီးအနားရှိ လေးသည်တော်များကို ကြောင်အသွားသည်။ သို့သော် ဝူရှန်းမြင်းတပ်က မလှုပ်ရှားချေ။ သူတို့က မျက်ခုံးပင်မလှုပ်ချေ။
ဝမ်ချောင်က ခေါင်းမော့ကာ ကြည့်လိုက်သောအခါ ကောင်းကင်ရှိ ဝေးကွာသော နေရာတွင်ရှိသည့် ငှက်များက သံမဏိမြို့ကိုဝိုင်းပတ်ပြီး အဖွဲ့များခွဲရာ ပြင်းထန်သည့်တိုက်ပွဲကို ဆင်နွဲနေကြောင်း မြင်လိုက်ရသည်။ သူ၏ စူးရှသည့် အော်ဟစ်သံများက လေထုအနှံ့ ပျံ့လွင့်နေသည်။
“အား”
“အဲ့ဒီကိုကြည့် နောက်ထပ် ငှက်တစ်ကောင် ကျသွားပြီ”
“ဘယ်လောက်ကြမ်းတမ်းလိုက်သလဲ ဘာတွေဖြစ်နေတာလဲ”
“သူတို့ တိုက်ခိုက်နေကြတာ”
ကောင်းကင်တွင် ရှိနေသည့် မုန်တိုင်းက အလုပ်လုပ်နေကြသည့် မြို့ရိုးပေါ်ရှိ မြင်းစီးသူများ၊ အစောင့်များကို ဆွဲဆောင်သွားသည်။ သူတို့က သံမဏိမြို့တွင် ကြာရှည်စွာ နေထိုင်ခဲ့ပြီးနောက် အမျိုးမျိုးသော အင်အားစုများမှ ထောက်လှမ်းရန် စေလွှတ်ထားသည့် ငှက်များရှိနေခြင်းက ကျင့်သားရနေပြီဖြစ်သည်။ ငှက်များက ကြီးမားသော ဂိုဂူလျောမှ သိန်းငှက်ကြီးများ၊ ကျောက်သားသိန်းငှက်ကြီးများနှင့် အခြားသော ငှက်မျိုးများဖြစ်သည်။ သို့သော်သူတို့ကို အံ့အားသင့်စေသည်မှာ ထိုငှက်များက ယခုအခါ အချင်းချင်း တိုက်ခိုက်နေကြခြင်းဖြစ်သည်။
အခန်း(၇၄၈)
သိန်းငှက်အဖွဲ့ (၂)
ခွပ်
တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်...
ကောင်းကင်မှ ငှက်တစ်ကောင်ပြီးတစ်ကောင် ပြုတ်ကျလာသည်။ ပြုတ်ကျလာချိန်တိုင်း စူးရှစွာ အော်ဟစ်လေ့ရှိသည်။ အမျိုးမျိုးသော အဖွဲ့အစည်းများထဲတွင် ဝမ်ချောင်က မေးခွန်းထုတ်စရာ မလိုလောက်အောင် အဓိကလူဖြစ်နေသည်။ ထို့ကြောင့် ရှိနေသော ငှက်အများအပြားက သူရှိရာ ပတ်ဝန်းကျင်တွင် ရှိနေတတ်သည်။ ယခုမူ အားလုံးက ပြုတ်ကျလာကြလေပြီ။
ဘုန်း
လင်းယုန်ငှက် အမျိုးဝင် သိန်းငှက်ကဲ့သို့ ကြီးမားသည့် အကောင်ကြီးက ကောင်းကင်မှ ကြယ်ကြွေလာသလို ဝုန်းကနဲ ပြုတ်ကျလာချိန်တွင် လေတိုးသံကိုပင် စူးရှစွာ ထွက်ပေါ်လာစေသည်။ ထို့နောက် ဝမ်ချောင်၏ ခေါင်းထံ ဦးတည်လာသည်။ သို့သော် ပြုတ်မကျခင် ဝမ်ချောင်၏ ခေါင်းအထက်တွင် မမြင်ရသော အကာအကွယ်လွှာ တစ်ခုက အလိုလို တားလိုက်သလိုမျိုး တန့်သွားသည်။
ဝမ်ချောင်က ကောင်းကင်သို့ မော့ကြည့်လိုက်သောအခါ သူ၏ဘေးဘက်မှ ငယ်ရွယ်သော်လည်း အနည်းငယ် ထိတ်လန့်နေသည့် အသံတစ်သံက ထွက်လာသည်။
“သတင်းပို့ အရှင်အမတ် သိန်းငှက်အဖွဲ့ကို စုစည်းပြီးလို့ သံမဏိမြို့ရဲ့ လီတစ်ရာဝန်းကျင်အတွင်းက ငှက်တိုင်းကို ရှင်းလင်းပြီးပါပြီ”
သိန်းငှက်အိုကြီး၏တပည့် လူငယ် ကျန်းချွယ်က လမ်းဘေးတွင် ဒူးထောက်လျှက် ရပ်နေသည်။ သူ၏မျက်နှာက အရှက်တရားကြောင့် နီရဲနေသည်။ ယခင်တစ်ခေါက်က သတ္တိဖြူများက အမှောင်ထုကို အားကိုးပြီး သံမဏိမြို့ကို တိုက်ခိုက်ခဲ့သည်။ ကျန်းချွယ်အနေနှင့် ယွီစန်းနှင့် ချီရှီနယ်စပ်ကို စောင့်ကြည့်ရန် တာဝန်ယူထားရသူဖြစ်သော်လည်း အာရုံမခံမိခဲ့ချေ။ ထိုအတွက်ကြောင့် သူက တာဝန်လစ်ဟင်းမှုကြီး ဖြစ်စေခဲ့သည်။ ကျန်းချွယ်အနေဖြင့် တချိန်လုံး ကိုယ့်ကိုယ်ကို အကဲခတ် နေမိသည်။
သိန်းငှက်အဖွဲ့ကို ဖွဲ့စည်းပြီးနောက် ကျန်းချွယ်က သူ၏ပြစ်မှုများအစား ပြန်လည်လုပ်ဆောင်မှုပြုပြီး ဝမ်ချောင်၏ သူ့အပေါ် အမြင်ကို ပြောင်းလဲနိုင်ရန် မျှော်လင့်ထားသည်။
“ခေါင်းမော့ပါ”
ဝမ်ချောင်က မျက်နှာသေဖြင့် ပြောလိုက်သည်။ သူက လက်ကိုပင် ယမ်းလိုက်သေးသည်။
ကျန်းချွယ်က ငယ်သေးသည်။ သူက သာ့ယန်မာန်ပန့်ကဲ့သို့သော ကောက်ကျစ်သည့် ပြိုင်ဘက်မျိုးနှင့် ကြုံလိုက်ရသည်။ သူ့အနေဖြင့် ပထမဦးဆုံး တစ်ဦးတည်း တာဝန်လုပ်ဆောင်ရသည့် အချက်ကို တွက်ဆပြီး အတွေ့အကြုံမရှိကြောင်း သူ၏ပိုင်နက်နယ်မြေနှင့် မရင်းနှီးမှုကို ထည့်တွက်ခြင်းအားဖြင့် ထိုသို့သောအမှား လုပ်လိုက်မိသော ကိစ္စက ဝမ်ချောင်က စီစဉ်ထားသည့် အတိုင်းအတာအတွင်းတွင် ရှိနေသည်။
သို့သော် သိန်းငှက်အဖွဲ့ကမူ သူ့အပေါ် လေးနက်သည့် အမြင်တစ်ခု ရသွားစေသည်။
ခီး
ကောင်းကင်မှ ကျယ်လောင်သော စူးရှသော အသံကြီး ထွက်လာခြင်းက ဝမ်ချောင်၏ အာရုံကို ဆွဲဆောင်သွားပြန်သည်။ သူက မော့ကြည့်လိုက်သောအခါ ရှောင်ရှန်းဟုခေါ်သော အမြဲတစေ အသက်မဲ့နေသည်ဟု ထင်ရသည့် သစ်တုံးသိန်းငှက်လေးက တောင်ပံကို ဖလပ် ဖလပ် ခတ်လိုက်ပြီး ပတ်ဝန်းကျင်မှ ပို၍ကြီးမားသော ငှက်ကြီးများကို စူးရှစွာဖြင့် နှုတ်သီးဖြင့် ထိုးဆိတ်နေကြောင်း မြင်ရသည်။
တူရကီအမဲလိုက် ဟွက်များ၊ ဂိုဂူလျောဘက်မှ လင်းယုန်ငှက်အမျိုးဝင် ငှက်ကြီးများ၊ အနောက်ပိုင်း နယ်မြေများမှ ကျောက်သားသိန်းငှက်ကြီးများ စသဖြင့် အကောင်တိုင်းက လည်ပင်းကွဲထွက်သွားကြသည့် အခြေအနေမျိုးနှင့် တောင်ပံကျိုးသွားသည့် အခြေအနေမျိုး အားလုံးကို ဖြစ်သွားစေခဲ့သည်မှာ ထိုသိန်းငှက်လေးက ပြုလုပ်ခဲ့သောကြောင့်ဖြစ်သည်။ ထိုအကောင်လေးက စူးရှစွာ အော်မြည်နေရင်း ပြိုင်ဘက် သိန်းငှက်တိုင်းကို တိုက်ခိုက်လိုက်သည်။ ထို့နောက် ထိုပြိုင်ဘက်သိန်းငှက်တိုင်းက တဖန် စူးရှစွာ အော်မြည်ကာ မြေပြင်သို့ ပြုတ်ကျသွားပြီး သွေးအိုင်ထဲ လဲကျသွားသည်။
ထပ်ပေါင်းဆိုရသော် ထိုကျောက်တုံးသိန်းငှက်လေးက အခြားသော သိန်းငှက်များနှင့်လည်း အတူပူးပေါင်း လုပ်ဆောင်ခဲ့သည်မှာ ရန်သူသိန်းငှက်များကို တိုက်ခိုက်ရန် စစ်တပ်တစ်ခု ဖွဲ့စည်းထားသည်နှင့်ပင် တူညီနေသေးသည်။
အမျိုးမျိုးသော အင်အားစုတိုင်းမှ ငှက်တိုင်းက ကစဉ့်ကလျားဖြစ်အောင် အလဲထိုးခံလိုက်ရပြီး အများစုက စူးရှစွာ အော်ဟစ်နေကြသည်။ အများစုကမူ ငှက်မွှေးများ ကျွတ်ထွက်ပြီး သွေးအလိမ်းလိမ်းဖြစ်လျှက် ထွက်ပြေးသွားကြရသည်။
ထို ‘မျက်လုံးများက သံမဏိမြို့အပေါ်တွင် လအနည်းငယ်ကြာအောင် ဆက်တိုက် ရှိနေခဲ့ပြီး ဝမ်ချောင်နှင့် ပတ်သတ်သည့် လုပ်ဆောင်မှုတိုင်းကို စောင့်ကြည့်နေခဲ့ရာမှ ကျန်းချွယ်၏ သိန်းငှက်အသင်းကြောင့် နောက်ဆုံးတွင် မောင်းထုတ်ခံလိုက်ရသည်’
“မင်းကောင်းကောင်း လုပ်နိုင်ခဲ့တယ်။ ကောင်းပြီ သံမဏိမြို့ ကောင်းကင်ပေါ်က ကိစ္စတိုင်းကို ငါမင်းနဲ့ လွှဲထားလိုက်မယ်။ မှတ်ထား အနာဂတ်မှာ တူညီတဲ့အမှား ထပ်မဖြစ်စေနဲ့”
ဝမ်ချောင်က ခေါင်းပင်လှည့်မကြည့်ဘဲ ပြောသည်။
“ဟုတ်ကဲ့အရှင်အမတ်”
မျက်နှာနီရဲနေသည့် ကျန်းချွယ်ကလည်း သူနောက်ဆုံးတွင် ဝမ်ချောင်၏ ခွင့်လွှတ်မှုကို လက်ခံရရှိလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။
“အရှင်အမတ် စိတ်အေးအေးထားပါ ကျန်းချွယ် သေရမယ်ဆိုရင်တောင်မှ ဒီလိုတူညီတဲ့အမှားမျိုး ထပ်မဖြစ်စေရပါဘူး”
ဝမ်ချောင်က အင်းအသံပြုပြီး လက်ကိုယမ်းလိုက်ကာ ကျန်းချွယ်ကို ထွက်သွားစေသည်။
အခု ရွှီခဲ့ရီရဲ့ဘက်ကပဲ လိုအပ်တော့တယ်။
ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။
လက်မှုပညာသည် တစ်ယောက် တာဝန်စမလုပ်ခင် လက်နက်ကိရိယာများကို ထက်ရှနေအောင် သွေးထားသင့်သည်။ သံမဏိမြို့အပေါ်မှ သူလျိုငှက်များကို ရှင်းပစ်လိုက်ပြီးသည့်အခါ ကင်းထောက်များကိုသာ ရှင်းပစ်ရန် ရှိတော့သည်။
ဝမ်ချောင်က ထိုသို့အတွေးများနေချိန်တွင် အဝေးမှ အလန့်တကြား အော်သံများကြောင့် အာရုံပြောင်းသွားရပြန်သည်။
“ဘာလုပ်တာလဲ”
“ငါတို့က ချီရှီကာကွယ်ရေး စစ်တပ်ကပဲ”
“လွှတ်စမ်း ငါ့ကိုလွှတ်လိုက်စမ်း မင်းတို့တွေ အကျိုးအကြောင်း နားမလည်ကြဘူးလား”
မြို့ပြင်ဘက်မှ ဒေါသတကြီး အော်ဟစ်သံများက ထွက်လာသည်။ သို့သော် သူတို့ကို ပြန်ဖြေသံကမူ ရိုင်းစိုင်းကြမ်းတမ်းပြီး အာဏာရှင်ဆန်သော အသံဖြစ်သည်။
“ပါးစပ်ပိတ်စမ်း”
မြေကမာ္ဘကို ထိုးခွဲလိုက်သလို ဝုန်းကနဲ မြည်သံနှင့်အတူ ကြောက်လန့်သွားကြသည့် မြင်းများ၏ ဟီသံများ၊ အလန့်တကြား အရပ်မျက်နှာအနှံ့ ထွက်ပြေးသံများက ကပ်ပါလာသည်။ ဝမ်ချောင်က အသံကို ကြားသည့်အခါ ရယ်လိုက်မိပြီး ပြုံးလိုက်မိသည်။
ထိုစီမံကိန်းအတွက် သံမဏိမြို့မှ အစောင့်များကသာ ပါဝင်ရခြင်းမဟုတ်ဘဲ ဝူရှန်းရွာမှ ကျွမ်းကျင်ပညာရှင် အချို့ကပင် ပါနေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်ဖြစ်သည့် ဟွမ်ပေါ့ထန်းကလည်း ဝင်ပါထားသည်။ အသံအရ ဆုံးဖြတ်ကြည့်မည်ဆိုလျှင် ဟွမ်ပေါ့ထန်းက သူ၏ ကျောက်တုံးဗိုလ်ချုပ်ကိုသုံးကာ ထိုကင်းထောက်များနှင့် တိုက်ခိုက်ခဲ့ကြောင်း သိလိုက်သည်။
တော်ဝင်ခုံရုံးမှ အဖွဲ့သားတစ်ယောက်ဖြစ်သည့် ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်ကို တိုက်ခိုက်၍ မရနိုင်ချေ။ သို့သော် ဟွမ်ပေါ့ထန်းက မတူတော့ချေ။ ထိုသို့လုပ်ဆောင်ပြီးသည့်အခါ သံမဏိမြို့ ပတ်ပတ်လည်မှ ကင်းထောက်များက မကြာခင် မောင်းထုတ်ခံရပေလိမ့်မည်။ ဒီနည်းအားဖြင့် သူ၏အကြံကို အမှန်တကယ် စတင်နိုင်လေပြီ။
“ရှစ်ရွှမ်း အကြီးအကဲ ကျန်းရှို့ကျစ်ကို မြို့တော်နဲ့ စီရင်စုအသီးသီးက ဓားဆိုင်နဲ့ ပန်းပဲဆိုင်တွေကို အကြောင်းကြားပြီး နောက်ထပ် အကြံအစည်တစ်ခုကို စတင်ဖို့ အကြောင်းကြားခ်ိုင်းလိုက်ပါ”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်အမတ်”
စုရွှတ်ရွှမ်းက ချက်ချင်းလိုလို အမိန့်ကို လုပ်ဆောင်ရန် ထွက်ခွာသွားသည်။
“အားလုံးပဲ အသင့်ပြင်ကြ”
အရာအားလုံးကို ကိုင်တွယ်ပြီးသွားသည့်အခါ ဝမ်ချောင်က နောက်ဆုံးတွင် ဝူရှန်းမြင်းတပ်ကို လှည့်ကြည့်နိုင်လေပြီ။ ဝူရှန်းမြင်းတပ်မှ ယခင်ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ဖြစ်သည့်အလျောက် သူက ဒုတိယအကြိမ် ပြန်လည်အုပ်ချုပ်ရတော့မည့် အချိန်တွင် သူ၏မြင်းတပ်ကို ကိုယ်တိုင် လေ့ကျင့်ပေးနိုင်လေပြီ။ အင်အားအကြီးဆုံး စစ်သူတော်စင်ဖြစ်သလို ဗဟိုပြင်ကျယ်မှ အင်အားအကြီးဆုံး စစ်တပ်က နောက်ဆုံးတွင် သံမဏိမြို့တွင် ပေါင်းဆုံနိုင်လေပြီ။
လိပ်ပြာတစ်ကောင်က နောက်ဆုံးတွင် တောင်ပံခတ်လိုက်နိုင်သည့်အခါ သမုဒ္ဒရာပြင်ကျယ် တစ်ခုလုံးအနှံ့ မုန်တိုင်းကို စဖြစ်စေနိုင်သည်။ ဝမ်ချောင်ကလွဲပြီး မည်သူကမျှလည်း ထိုနေ့ကစတင်၍ အနောက်ပိုင်း နယ်မြေတိုင်းက ကြီးမားလွန်းသည့် ပြောင်းလဲမှုကြီးကို ခံစားရတော့မည်ဖြစ်ကြောင်း မသိလောက်ချေ။
......
ဖလပ် ဖလပ်
ရက်အနည်းငယ် ကြာပြီးနောက် ဝေးကွာလွန်းလှသော လုံရှီ၏ ထယ်ကြီးမြို့ထဲသို့ သတင်းပို့ငှက်က ဝင်ရောက်ပျံသန်းသွားသည်။
“အရှင် ဝူရှန်းကစာပါ”
လက်အောက်ငယ်သား တစ်ယောက်ထံမှ စာကိုယူလိုက်ပြီးနောက် ခဲ့ရှု့ဟန်က မျက်မှောင်ကို ဖြေလိုက်သည်။ ထို့နောက်ပြုံးသည်။ ထို့နောက်သူက တစ်စုံတစ်ရာကို မှတ်မိသွားသလို ဖြစ်သွားသည်။
“အရှင် ဒီကောင်စုတ်က သူ့ရဲ့ဒေါသကို မထိန်းနိုင်ဘူးပဲ”
ထယ်ကြီးစစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်က ပြောသည်။
“ဟား ဟား အရှင် အရှင်ကသူ့ဆီက မြင်းတွေလိုချင်တယ်။ သူက ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ပျော်နေမှပဲ ထူးဆန်းမှာ”
“ဒီစာအရ သူကအရှင့်ကို သူ့ရဲ့ဒေါသကို ဖောက်ထုတ်ဖို့ ကြိုးစားချင်တာပဲဖြစ်ရမယ်။ ကျွန်တော်အမြင်တော့ အရှင် ဖတ်စရာတောင် မလိုတော့ဘူး”
ထယ်ကြီးစစ်တပ်က ဗိုလ်ချုပ်တိုင်းက သူတို့၏ ထင်မြင်ချက်များကို စတင်ကာ ပြောကြသည်။
ခဲ့ရှု့ဟန်က တိတ်တဆိတ်သာ ပြုံးနေသည်။
“ဟား ဟား ငါဖတ်ရဦးမယ်။ သူက စစ်တပ်ရဲ့ လုပ်ဆောင်မှုတွေကို နှောင့်နှေးစေတဲ့အပြင် တော်ဝင်ခုံရုံးရဲ့ လည်ပတ်မှုနဲ့ဆိုရင် ဒါက ကိုယ်ရေးကိုယ်တာကိစ္စ မဟုတ်တော့ဘူး။ သူက ငါ့အတွက် အရေးကြီးလို့ ငါဒီစာကို ဖတ်ရမယ်။ အဲ့ဒီနောက် သူက သဘောထား ကျဉ်းမြောင်းတဲ့လူဖြစ်ပြီး ငါကသူ့ကို အထင်သေး ရှု့မြင်ရင်းနဲ့ သူအဆုံးသတ်သွားလိမ့်မယ်”
ခဲ့ရှု့ဟန်က ပေါ့ပါးစွာပြောသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ စကားတွေက အကျိုးအကြောင်း သင့်တော်ပါတယ်။ စာဖတ်တာကလည်း အဆင်ပြေပါတယ်။ ဒီကောင်စုတ်ကသာ အရှင့်ကိုရိုင်းခဲ့ရင် သူတို့အားလုံးက ဒီစာနဲ့အတူ သက်သေအဖြစ် ရှိနေမှာပါ။ အချိန်အတန်ကြာတဲ့အခါ အရှင်က တော်ဝင်ခုံရုံးကို ဒီစာပို့ပြီး သင်ခန်းစာနည်းနည်း ပေးလို့ရပါပြီ”
“ဟုတ်တယ် ကောင်းပြီ ဟား ဟား သူက ငယ်သေးတယ်။ အတွေ့အကြုံ ဘယ်ရှိပါ့မလဲ”
ပတ်ဝန်းကျင်ရှိ ဗိုလ်ချုပ်တိုင်းက ရယ်ကြသည်။
ခဲ့ရှု့ဟန်က ခေါင်းကိုသာ အသာခါသည်။ သူ၏မျက်နှာတွင် ဖျော့တော့သော အပြုံးက ရှိနေသည်။ သူက စာကိုဖွင့်ဖတ်သည်။
‘ဒီစကားလုံးတွေကို တွေ့ရတာက လူကို ကိုယ်တိုင်ကြုံတွေ့ရသလိုပဲ ခံစားစေဖို့ မျှော်လင့်ပါတယ်။ ဝူရှန်းရဲ့ ဝမ်ချောင်က သူ့ရဲ့ စီနီယာကို စာပို့လိုက်ပါတယ်’
ပထမဦးဆုံးအကြောင်းကို ဖတ်ပြီးရုံနဲ့တင် ခဲ့ရှု့ဟန်က ထက်မြက်မှုကို ခံစားလိုက်ရသည်။
“မျှော်လင့်ထားတဲ့အတိုင်းပဲ”
အံ့အားသင့်စရာ မကောင်းသေးသည့်အတွက် ခဲ့ရှု့ဟန်က ပြုံးနေသေးသည်။ နောက်ပိုင်းစာပါ အကြောင်းအရာများကို ဖတ်ပြီးနောက် သူ၏မျက်နှာက ချက်ချင်းပြောင်းသွားသည်။
“အရှင် ဘာဖြစ်တာလဲ”
“ဒီကောင်စုတ်လေးက အရမ်းရိုင်းလွန်းလို့ မသင့်တော်တဲ့ စကားလုံးတွေကိုတောင် ထည့်သုံးထားတာလား”
အနားတွင်ရှိသည့် ဗိုလ်ချုပ်တိုင်းက တချိန်လုံးလိုလို ခဲ့ရှု့ဟန်ကိုသာ အာရုံစိုက်ထားကာ သူ၏မျက်နှာမှ အပြောင်းအလဲကို မြင်လိုက်သည်နှင့် ချက်ချင်းလိုလို ကိုယ့်ဘာသာ တွေးတောကြပြီး ဒေါသထွက်သွားကြသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အင်ပါယာရဲ့ မဟာဗ်ိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေတုန်းပဲ။ သူ့ရဲ့ အင်အားအဆင့်အတန်း အာဏာနဲ့ အရှင်က တိုက်ပွဲမှာ ရွတ်ရွတ်ချွန်ချွန် လုပ်ဆောင်ပေးနိုင်ခဲ့တာ။ ဒီကောင်စုတ်က သူ့ရဲ့ကလန်က နောက်ခံတစ်ခုတည်းကိုသုံးပြီး အရှင့်ကို ရိုင်းစိုင်းပြီး ဆိုးဆိုးရွားရွား ဆက်ဆံရဲသေးတာလား”
“ဒီကောင်စုတ်က လွန်သွားပြီ။ အရှင်ကသူ့ဆီက မြင်းနည်းနည်း ငှားချင်တယ်လို့ ပြောခဲ့ရုံမဟုတ်ဘူးလား။ ဒါက စကားလုံးအနည်းငယ်ထဲလေ။ နောက်ပြီး ဟာသလည်း ဖြစ်နိုင်တယ်။ ဒါကိုသူက စာပို့ပြီး အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို အရှက်ခွဲနေတာလား။ သူသေချင်နေတာပဲ”
“ဗိုလ်ချုပ်က အင်ပါယာရဲ့ အနောက်ဘက်နယ်စပ်ကို ကာကွယ်ပေးနေတာ။ သူက အသက်ကို ရင်းထားရတာ။ တိုက်ပွဲနယ်မြေအတွက် သူရဲကောင်းဆန်တဲ့ လုပ်ရပ်အများကြီးလည်း လုပ်ဆောင်ပေးခဲ့သေးတယ်။ တော်ဝင်ခုံရုံးက အရေးပါတဲ့ အရာရှိတွေတောင်မှ အရှင့်ကိုဒီလို မစော်ကားရဲဘူး။ ဒီကောင်စုတ်က လွန်လွန်းအားကြီးတယ်”
ဗိုလ်ချုပ်တိုင်းက ဒေါသထွက်သွားကြသည်။
ဝမ်ချောင်က ဒီတိုင်း လှောင်ထားခြင်း သို့မဟုတ် ဆိုးရွားသော မှတ်ချက်အနည်းငယ်ကိုသာ ပို့လာခဲ့ခြင်းဆိုလျှင် ထိုဗိုလ်ချုပ်က ထိုမျှအထိ ဒေါသထွက်မည်မဟုတ်ဘဲ ဒီတိုင်း ဟာသအဖြစ်သာ သတ်မှတ်ထားပြီး အလေးအနက်ထား စဉ်းစားလိမ့်မည် မဟုတ်ချေ။ သို့သော် သူတို့၏ စစ်သေနာပတိချုပ်ကြီး တဖြစ်လဲ ဗိုလ်ချုပ်မှူးကြီး၏မျက်နှာကို ကြည့်ခြင်းအားဖြင့် ဒါက ရိုးရိုးသားသား အထွတ်တက်မှု သို့မဟုတ် မှတ်ချက်လောက်နှင့် မရိုးရှင်းနိုင်တော့ကြောင်း သိလိုက်သည်။
“ဗိုလ်ချုပ် ကျွန်တော် စစ်သည်အနည်းငယ်ကို ဦးဆောင်ပြီး သံမဏိမြို့ကိုသွားလို့ အဲ့ဒီကောင်စုတ်ကို ဖမ်းခဲ့မယ်။ သူ့ကို အရှင်အမတ်ရဲ့ရှေ့မှာ ကိုယ်တိုင်ကိုယ်ကျ တောင်းပန်ခိုင်းရမယ်”
ဒေါသထွက်သွားသည့် ထယ်ကြီး၏စစ်တပ်မှ လူအချို့က ချက်ချင်းထရပ်သည်။
“မင်းတို့ နားလည်မှုလွဲနေကြပြီ”
ခဲ့ရှု့ဟန်က နောက်ဆုံးတွင် ပြောလိုက်သည်။ သူ၏စကားလုံးက သူတို့၏ ဆူညံနေသော အသံတိုင်းကို ရပ်တန့်သွားစေသည်။ သူ၏မျက်မှောင်ကလည်း ကျုံ့နေသည်မှာ သူက နားမလည်နိုင်သည့် အကြပ်အတည်းတစ်ခုကို ရင်ဆိုင် ပက်ပင်းတိုးနေရသလို ထင်ရသည်။
“ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက ငါ့ကို ကျိန်စာတိုက်ခဲ့တာမဟုတ်ဘူး”
“အာ”
ဗိုလ်ချုပ်တိုင်းက တစ်ယောက်ကိုတစ်ယောက် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြသည်။ ထိုကောင်စုတ်က စစ်မြင်းတစ်သောင်းကျော် ရထားသည်။ သူတို့၏ ဗိုလ်ချုပ်ကြီးက ထိုထဲမှ အနည်းငယ်ကို သွားတောင်းခဲ့သည်။ သို့တိုင်အောင် ထိုကောင်စုတ်က ဟန်ချက်မပျက်ဘဲ တည်ငြိမ်အောင် နေနိုင်ရန် မဖြစ်သင့်ချေ။
သူက ထိုသို့ တည်ငြိမ်စွာ နေနိုင်လျှင်လည်း စာမပို့ခဲ့သင့်ချေ။
“မင်းတို့ထင်ထားတာနဲ့ ဆန့်ကျင်ဘက်ပဲ။ သူကငါ့ကို စာပို့ပြီးပြောတာက သူကငါ့ကို အရည်အသွေးမြင့် စစ်မြင်း တစ်ထောင် ပို့လိုက်ပြီဆိုတဲ့အကြောင်းပဲ။ ဒါ့အပြင် သူကနောက်ထပ် အပိုတစ်ထောင်တောင် ထပ်ပို့ပေးခဲ့သေးတယ်”
“အာ”
ဗိုလ်ချုပ်တိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။
“သူက စစ်မြင်းတွေ တကယ်ပို့လိုက်တာလား။ နောက်ပြီး တစ်ထောင်တောင် ပို့ထည့်ပေးလိုက်သေးတယ်”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“စစ်မြင်းနှစ်ထောင်ဆိုတဲ့ အင်အားက အလယ်အလတ် အင်အားရှိတဲ့ မြင်းတပ်တစ်ခုကို ဖွဲ့စည်းနိုင်နေပြီဆိုတာ သူမသိဘူးလား။ ဒါက တိုက်ပွဲကိုတောင် သက်ရောက်မှု ပြောင်းသွားစေနိုင်သေးတယ်”
“ဗိုလ်ချုပ်ကြီးနဲ့ အဲ့ဒီကောင်စုတ်ရဲ့ ဆက်ဆံရေးအရဆိုရင် သူကစစ်မြင်းနှစ်ထောင်ကို တကယ်ပဲ အလကား ပေးနိုင်ပါ့မလား”
ထိုအခိုက် အားလုံးက မှင်သက်ကာ ကြောင်အနေကြသည်။ မည်သူကမျှလည်း ကိုယ့်နားကို မယုံနိုင်ကြချေ။
“အရှင်ဗိုလ်ချုပ်”
ထိုအခိုက် အခန်းထဲမှ ခဲ့ရှု့ဟန်ကိုကြည့်ကာ သတိထားပြီး တုန့်ဆိုင်းသလို ဖြစ်သွားသည်။
“တစ်ချက်ကြည့်ကြည့်ပါ”
အခြားစကားတစ်ခွန်း မဆိုတော့ဘဲ ခဲ့ရှု့ဟန်က စာကိုသာ လှမ်းယူလိုက်သည်။
စာတွင် စာကြောင်း ငါးကြောင်း၊ ခြောက်ကြောင်းခန့်သာပါသည်။ အခန်းထဲရှိ ဗိုလ်ချုပ်တိုင်းကလည်း ဖတ်ပြီးသည်နှင့် သူတို့၏ မျက်နှာက ပြောင်းသွားကြသည်။ သူတို့မျှော်လင့်ကာ တွေးတောထားမှုကို အနှစ်ချုပ်ကြည့်လိုက်သော် ထိုစာပါ စကားလုံးတွင်ရှိသည့် လေသံအနေအထားမျိုးကပင် မည်သည့် အညိုးအတေးမှမပါဘဲ နွေးထွေးမှုနှင့် ရိုးသားမှုသာပါသည်။ အရေးအကြီးဆုံးအချက်သည် ဝမ်ချောင်က ခဲ့ရှု့ဟန်၏ တောင်းဆိုမှုကို သဘောတူခဲ့သည်။
“အရှင် ဝမ်ကလန်က အဲ့ဒီကောင်စုတ်လေးက ကျွန်တော်တို့ကို လှည့်စားချင်နေတာလား”
ဗိုလ်ချုပ်တစ်ယောက်က သတိကြီးကြီးထားကာ ပြောသည်။ သူက သူ၏ ရဲဘော်ရဲဘက်များ၏ အတွေးများအတိုင်း ထုတ်ပြောပြသည်။
“ဘာပဲဖြစ်ဖြစ် အရှင်ဗိုလ်ချုပ်ကြီးနဲ့ ဝမ်ချောင်က ရန်သူတွေ။ သူကဒီလောက်ထိ ကြင်နာနိုင်ပါ့မလား”
“ကျွန်တော်လည်း နည်းနည်း သံသယဝင်ပေမဲ့ အဲ့ဒီကောင်က အဲ့ဒီလောက်ထိ ကြိုးကိုင်နိုင်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် သူက အမတ်တွေ ဗိုလ်ချုပ်ကြီးတွေ အပြည့်ရှိနေတဲ့ ကလန်တစ်ခုကလို အထက်တန်းလွှာ တစ်ယောက်ဆိုတော့ အဆင့်အတန်း အပြည့်အဝ ပိုင်ဆိုင်ထားနိုင်တဲ့ ကလန်ကြီးတစ်ခုက ဆက်ခံသူတစ်ယောက်လည်းဟုတ်တယ်။ သူက သူ့ရဲ့စကားလုံးတွေကို သက်သေပြကြောင်း စာတောင်ပို့ခဲ့တာ”
ခဲ့ရှု့ဟန်က ခေါင်းခါသည်။
မြို့တော်၏ မဟာကလန်ကြီးများတွင် ဝမ်ကလန်ကဲ့သို့ အရာရှိများ ပြည့်နေသော ကလန်တစ်ခုက သူတို့၏ ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသည်။ သူတို့က ပြောပြီးသားစကားကို ဘယ်သောအခါမှ ပြန်သိမ်းသွားလေ့မရှိချေ။
အခန်း(၇၄၉)
ကောင်းကင်တိုင်တောင်တန်း၊ တောင်ပေါ်ဒေသကိုသွားနိုင်တဲ့ လျို့ဝှက်လမ်း
“ဒါပေမဲ့ အရှင်...”
ဗိုလ်ချုပ်တစ်ယောက်က တစ်စုံတစ်ရာ ပြောတော့မည့် အချိန်တွင် သတင်းပို့တစ်ယောက်က အခန်းထဲသို့ အပြေးဝင်လာကာ လေပြင်းဝင်ဆောင့်တိုးလိုက်သလို ချက်ချင်းဝင်ရောက်လာခဲ့သည်။
“သတင်းပို့ စခန်းနဲ့ မီတာခုနှစ်ရာ ဝန်းကျင်အတွင်းမှာ စစ်မြင်းအကောင်နှစ်ထောင်ကို ရှာတွေ့ပါတယ်။ ဒီလူတွေပြောတဲ့ စကားအရ ဒီစစ်မြင်းတွေက ကျွန်တော်တို့ရဲ့ ထယ်ကြီးအတွက်ပါတဲ့။ ဒါတွေအားလုံးကို ကျွန်တော်တို့ရဲ့ ထယ်ကြီးစစ်တပ်က ကိုယ်တိုင်ကိုယ်ကျ တောင်းဆိုထားတာဖြစ်လို့ ကျွန်တော်တို့ ကိုယ်တိုင်က လာရောက်လက်ခံဖို့ သူတို့က တောင်းဆိုနေပါတယ်။ ကင်းထောက်တွေကလည်း သူတို့ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲမသိလို့ ကျွန်တော်ကို မေးမြန်းနေပါတယ်”
သတင်းပို့က ကြမ်းပြင်တွင် ဒူးထောက်ထားသည်။ သူ၏မျက်နှာကမူ စိတ်ရှုပ်ထွေးဟန် အထင်းသားပေါ်နေသည်။
ထယ်ကြီးစစ်တပ်မှ လူတိုင်းကလည်း စစ်မြင်းပြတ်လပ်မှုအကြောင်း သိသည်။ သို့သော် ယခု စစ်မြင်းများက ရောက်လာသည်။ ထို့ပြင် မမျှော်လင့်ထားသော ဦးတည်ရာဘက်မှ ဖြစ်နေသေးသည်။ ထို့ကြောင့် အလွန်အမင်း စိတ်ရှုပ်ထွေးကာ နားမလည်နိုင်အောင် ဖြစ်သွားရသည်။
ဝုန်း
သတင်းပို့၏စကားက ခန်းမကို တိတ်ဆိတ်သွားစေသည်။ ထိုသတင်းက ထယ်ကြီးစစ်တပ်အတွင်းမှ ဗိုလ်ချုပ်တိုင်း၏ မျက်နှာကို ခပ်ကြမ်းကြမ်း ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။ သူတို့အားလုံးက ခဲ့ရှု့ဟန်ကို စိတ်ရှုပ်ထွေးသော မျက်နှာထားမျိုးဖြင့် ကြည့်နေကြသည်။
“ငါသူ့ကို အထင်သေးမိသွားတယ်”
ခဲ့ရှု့ဟန်၏ မျက်နှာအမူအရာက အလွန်အမင်း တည်ကြည်နေသည်။
“ဒီအလှည့်မှာ ငါကသူ့ထက် အများကြီး နိမ့်ကျသွားတယ်။ အများအကျိုးအတွက် ကိစ္စနဲ့ ကိုယ်ရေးကိုယ်တာအတွက် ကိစ္စက မတူတဲ့ကိစ္စတွေပဲ။ ဝမ်ကလန်က ဒီအငယ်ဆုံးသားက ပိုပြီးတော့တောင် လုပ်ရဲသေးတယ်”
ခဲ့ရှု့ဟန်က ဝမ်ကလန်မှ အငယ်ဆုံးသားနှင့် မတွေ့ရသေးချေ။ သူက အခြားသူများ၏ ပါးစပ်စကားမှသာ သတင်းများ ရထားခြင်းဖြစ်သည်။ သို့သော် ကိုယ်ပိုင်မြင်ရခြင်းက အပြောစကားထက် ပိုကောင်းသည်။ ပို၍ဆိုးသည်မှာ အနောက်တောင်ပိုင်းမှ ကိစ္စက ချဲ့ကားနေခြင်းဟု ဆိုနေကြသည်မှာ ယခုအခြေအနေအရ ဝမ်ချောင်က မည်သည့်ကဏ္ဍမှ ကောင်းကောင်း လုပ်ဆောင်နိုင်ကြောင်း သူသိလိုက်ရသည်။
ယခုအချိန်တွင်လည်း သူတစ်ဖက်သူကို အထင်သေးမိကြောင်း ဝန်ခံရပေမည်။
ဝမ်ချောင်က သူနှင့်ခဲ့ရှု့ဟန်ကြားမှ ဆက်ဆံရေးက မကောင်းကြောင်း သိပြီးသားဖြစ်သော်လည်း လုံရှီနှင့် မဟာထန်အတွက် သူက အခြေအနေအားလုံးကို ခြုံကြည့်ကာ စစ်မြင်းနှစ်ထောင်ကို လက်ဆောင်ပေးခဲ့သည်။ အံ့အားသင့်စရာ ကောင်းလောက်အောင် စိတ်ထားပွင့်လင်းသော လူမျိုးကသာ ထိုမျှသော အခြေအနေမျိုးကို လုပ်နိုင်ပေလိမ့်မည်။ အနှစ်ချုပ်ဆိုရသော် သူ၏အပြုအမူကပင် သဘောထား ကျဉ်းမြောင်းလွန်းရာ ကျသွားသည်။
“ချင်ဇယ် လူငယ်အမတ်ကို ကျေးဇူးတင်ကြောင်း ငါ့အစား စာပို့ပေးပါ။ ငါကစစ်မြင်းနှစ်ထောင်ကို ရယူခဲ့ပြီး ထယ်ကြီးစစ်တပ်က သူ့အပေါ် အကြွေးတစ်ခု တင်သွားပြီလို့လည်း ထည့်ပြောလိုက်ပါ”
ခဲ့ရှု့ဟန်က စိတ်ထဲတွင် သက်ပြင်းချလိုက်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါဗိုလ်ချုပ်”
ထိုစကားများနှင့်အတူ ချင်ဇယ်က ချက်ချင်းထွက်ခွာသွားသည်။
......
ဝုန်း
ထိုညတွင် အနက်ရောင် တိမ်စိုင်များက မြေပြင်တွင် ကပ်တော့မတက် ခပ်နိမ့်နိမ့် ဝေ့ဝဲနေပြီး သံမဏိမြို့၏ဂိတ်က ဝုန်းကနဲမြည်သံနှင့်အတူ ပွင့်သွားသည်။ အနက်ရောင်သံချပ်ကာ ဝတ်ထားသော မြင်းတပ် တစ်ဖွဲ့က ရဲရင့်ပြတ်သားသော အရှိန်အဝါ အပြည့်နှင့် အတွင်းမှ မြင်းစီးထွက်သည်။ သူတို့က သူတို့၏ ခြေထောက်အောက်တွင် အနက်ရောင် ချီစက်ကွင်းများကို ထုတ်ဖော်ထားသည်မှာ သံမဏိအကွင်းလိုက် ခြေထောက်ကို စွပ်ထားသည်ဟုပင် ထင်ရသေးပြီး ချိန်းကြိုးတစ်ခုလိုမျိုး အချင်းချင်း ဆက်စပ်နေသေးသည်။
စစ်သည်တော်တိုင်း၏ အရှေ့မှ တစ်ယောက်က စူးရှသောမျက်ခုံး၊ တောက်ပသော မျက်ဝန်းနှင့် အသက်(၁၇)နှစ်သာရှိသည့် လူငယ်လေးတစ်ယောက်ဖြစ်သည်။ သူ၏အနောက်တွင် နှစ်မီတာခန့်ပင် မြင့်သေးသည့် သန်သန်မာမာ လူထွားကြီးတစ်ယောက်ရှိသည်။ ထိုလူက သာမာန်အရွယ်ရောက်ပြီး လူတစ်ယောက်၏ အရပ်နှစ်ဆခန့်အထိမြင့်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်နေရာကို သွားကြမှာလဲ”
လီစစ်ယဲ့ကပြောသည်။
မြို့အတွင်းတွင် လဝက်ခန့်ကြာအောင် လေ့ကျင့်ပြီးနောက် ဝမ်ချောင်က ပထမဦးဆုံးအကြိမ် ဝူရှန်းမြင်းတပ်ကို မြို့ရိုးအပြင်သို့ ကျော်ခိုင်းခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်ကလည်း သူ၏အကြံအစည်ကို မည်သူ့ကိုမျှ မရှင်းပြထားသည့်အတွက် လီစစ်ယဲ့ကိုယ်တိုင်ကပင် သူတို့ မည်သည့်နေရာသို့သွားပြီး မည်သည့်ကိစ္စကို လုပ်မည်ဖြစ်ကြောင်း မသိထားချေ။
“စစ်သားတွေက ရက်တစ်ထောင်လောက် လေ့ကျင့်တာက တိုက်ပွဲတစ်ပွဲ ဆင်နွဲဖို့ပဲ။ သူတို့က ဒီလောက်အကြာကြီး လေ့ကျင့်ပေးခဲ့ပြီးပြီ။ အခု ငါတို့အကြံအစည်ရဲ့ နောက်ထပ်တစ်ပိုင်းကို ဖြစ်မြောက်အောင် လုပ်ရမဲ့အချိန်ကျပြီ”
ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။
ဝမ်ချောင်၏ အနက်ရောင်ဆံပင်က အသာအယာ တိုက်ခတ်နေသည့်လေတွင် ကခုန်နေသည်။ သူက အသက်(၁၇)နှစ်ကျော်ရုံသာ ရှိသေးသော်လည်း ဝမ်ချောင်က ပို၍ပင် အရှိန်အဝါ ပြင်းထန်လာသလို သူ၏ မျက်ဝန်းများကပင် ပညာအလင်းများ လက်နေသလို ဆုံးဖြတ်ချက် ပြတ်သားမှုအပြည့် ထုတ်ဖော်ပြသလာနိုင်သည်။ သူနှင့် သက်တူရွယ်တူများနှင့် မတူသည်မှာ ဝမ်ချောင်၏ မျက်ဝန်းများက အခြားလူတိုင်းထက် ပိုဝေးကွာသည့် တစ်နေရာသို့ အသေးစိတ် လှမ်းမြင်နိုင်သလိုမျိုး ဖြစ်နေခြင်းဖြစ်သည်။
“သွားရအောင်”
ဝမ်ချောင်က သူ၏မြင်းကို ရှေ့သို့သွားခိုင်းသော်လည်း တိဗက်တောင်ပေါ်ဒေသ၏ အနီးအနား နေရာသို့မဟုတ်ဘဲ အနောက်တောင်ပိုင်း လုံရှီ၏ အနီးအနား ဦးတည်ရာဘက်သို့ ဖြစ်နေသည်။
ဝမ်ချောင်က ထိုခရီးနှင့်ပတ်သတ်ပြီး မည်သည့်စကားမျှ မဆိုခဲ့သလို မည်သူ့ကိုမျှလည်း ဘာမှ လုပ်ခိုင်းခဲ့ခြင်းလည်း မရှိခဲ့ချေ။ ထို့ကြောင့် ညကြယ်အလင်းရောင်အောက်တွင် ချက်ချင်းလိုလို လီရာပေါင်းများစွာကိုကျော်ကာ အပြေးနှင်လာနိုင်သည်။ ငါးထောင်သော တူရကီစစ်မြင်းများက ထိုနေရာတွင် သူတို့၏ လုပ်နိုင်စွမ်းအား အပြည့်အဝ ထုတ်ပြလာပြီး ဝူရှန်းမြင်းတပ်ကို ခြောက်နာရီဝန်းကျင်ထဲနှင့် လီခုနှစ်ရာ၊ ရှစ်ရာကျော်ကို လုပ်ပေးလိုက်နိုင်သည်။
သူတို့၏ ပတ်ဝန်းကျင်ရှိ မြင်ကွင်းက ပြောင်းသွားသည်။ ထို့နောက် တဖြည်းဖြည်းချင်း လွင်ထီးခေါင် ကုန်းမြေကြီးမှတဆင့် စိမ်းလန်းသော တောင်ကုန်းများကို မြင်လာရသည်။ သူတို့က လုံရှီ၏ အဓိက အချက်အချာ နယ်မြေသို့ ဦးတည်ကာ မြင်းစီးနေခြင်းဖြစ်သည်။
အဝေးရှိ အမှောင်ထုထဲရှိ ကြီးမားလှသည့် တောင်ကြီးက တိမ်ထဲသို့ ထိုးထွင်းဝင်ရောက်ကာ ကောင်းကင်နှင့် မြေပြင်ကြား ဆက်နွယ်ထားသည့် ပုံစံမျိုးကို မြင်ရသည်။
လီစစ်ယဲ့က နောက်ဆုံးတွင် သူ၏စိုးရိမ်မှုကို မဖိနှိပ်နိုင်တော့ချေ။
“အရှင်အမတ် ကျွန်တော်တို့ ထယ်ကြီးမြို့ကို သွားကြမှာလား”
လုံရှီက ထယ်ကြီးမှ မဟာဗိုလ်ချုပ် ခဲ့ရှု့ဟန်၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသည်။ သူတို့၏ လက်ရှိဆက်ဆံရေးကြောင့် ယခုလိုမျိုး မြင်းတပ်ငါးထောင်ကိုခေါ်ကာ ထယ်ကြီးစစ်တပ်၏ အရှေ့သို့ ရောက်သွားလျှင် အရှုပ်အထွေး ဖြစ်လာနိုင်သည်။
“ဟား ဟား ဟား ငါတို့က ခဲ့ရှု့ဟန်နဲ့တော့ တွေ့ရမှာပါ။ ဒါပေမဲ့ အခုတော့မဟုတ်ဘူး”
လီစစ်ယဲ့၏ စိုးရိမ်မှုများကို ဖောက်မြင်နိုင်သည့် ဝမ်ချောင်က ခပ်ဟဟရယ်သည်။ သို့သော်သူက တောင်သို့သာ အကြည့်ပို့ထားသည်။
ကောင်းကင်တိုင် တောင်တန်း
ဝမ်ချောင်၏စိတ်အတွင်း အတွေးတစ်ချက် ဝင်ရောက်လာသည်။
ငါနောက်ဆုံးတော့ ရှာတွေ့ပြီ။
လုံရှီက ယွီစန်းနှင့် ရှည်လျားသော နယ်စပ်ကြီးကို မျှထားရသည်။ ကြီးမားလွန်းသော ကွာခြားမှုကြီးက ထိုနယ်စပ်မှ ကျယ်ပြောသော ပိုင်နက်နယ်မြေကြီးဖြစ်ပြီး ထိုနေရာတွင် လူသားများ အလွန်အမင်း နည်းပါးလေရာ မျောက်ဝံများ မျောက်ကြီးများပင် မရှိချေ။
ထို့ကြောင့် ရည်မှန်းချက်ကြီးမားသော တိဗက်များက ဗဟိုပြင်ကျယ်ကို ကြီးစိုးနိုင်ရန် ထိုနေရာမှ စတင်ကာ ဝင်ခဲ့သည်။ ထိုနေရာက လူနည်းလွန်းသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာသို့သွားရန် ကြိုးစားသူတိုင်းက သေဆုံးခြင်းဖြင့် အဆုံးသတ်သွားသည်။
သို့သော် ဝမ်ချောင်ကမူ တောင်ပေါ်ဒေသ၏ အချက်အချာနေရာသို့ လုံလုံခြုံခြုံ ဝင်သွားနိုင်ပြီး လျို့ဝှက်လမ်းကြောင်းကို သိထားသည်။ ထိုလမ်းက နယ်စပ်လီ ထောင်ပေါင်းများစွာတွင်မှ တစ်ခုတည်းသော ရှိနေသည့် လမ်းလည်းဖြစ်သည်။
ထိုလမ်းက တိမ်မြုပ်နေခဲ့သည်မှာ ကြာလှပြီဖြစ်သည်။ ဝမ်ချောင်က သန့်စင်သော တိုက်ဆိုင်မှုကြောင့် ရှာတွေ့ခဲ့ခြင်းဖြစ်သည်။
လျို့ဝှက်လမ်းကို ရှာနိုင်ရန်အလို့ငှာ သူက ကောင်းကင်တိုင်တောင်သို့ ဦးစွာတက်ရမည်ဖြစ်သည်။ အမှန်တိုင်းဆိုရသော် ထိုတောင်တွင် နာမည်မရှိချေ။ ကောင်းကင်တိုင်တောင်ဆိုသည်မှာ ဝမ်ချောင်ကိုယ်တိုင်က ယခင်ဘဝက ပေးခဲ့သည့် နာမည်ဖြစ်သည်။
“လီစစ်ယဲ့ ငါ့အမိန့်ထုတ်ပြီး သူတို့ကို ဒီနေရာမှာ နားခိုင်းထားလိုက်။ နောက်ထပ် အမိန့်တွေ ရောက်လာဖို့ စောင့်ခိုင်းထားလိုက်ပါ”
ဝမ်ချောင်က ခေါင်းပင်လှည့်မကြည့်ဘဲ ပြောသည်။
တခဏခန့် ရပ်တန့်ပြီးနောက် လီစစ်ယဲ့က ခပ်မြန်မြန်ပြောသည်။
“ဟုတ်ကဲ့အရှင်အမတ်”
“ကျန်းချွယ်”
“အရှင့်ရဲ့ နိမ့်ကျတဲ့ အစေခံက ဒီမှာပါ”
လီစစ်ယဲ့က ထွက်သွားပြီး သိပ်မကြာခင် ကျန်းချွယ်က နောက်မှရှေ့သို့ မြင်းစီးတက်လာသည်။ သူက စစ်တပ်ယူနီဖောင်းကို ဝတ်ထားပြီး သူ၏ ကျောက်သားသိန်းငှက်ကလည်း ပုခုံးပေါ်တွင်ရှိနေသည်။ ဒီစီမံကိန်းတွင် ဝမ်ချောင်က ကျန်းချွယ်နှင့် သိန်းငှက်အသင်းကိုလည်း ခေါ်လာခဲ့သည်။
စစ်တပ်တစ်ခုက စစ်ချီတက်သောအခါ အများဆုံး မြင်နိုင်သမျှ အကွာအဝေးက အကန့်အသတ်ရှိသည်။ အထူးသဖြင့် ညအချိန်တွင်ဖြစ်သည်။ ရန်သူက ရှာတွေ့သွားနိုင်ချေ များလေရာ ထိုအခြေအနေကို စောင့်ကြပ်ရန် ရန်သူက ကျန်းချွယ်ကို ခေါ်လာရသည်။
“အခုက မင်းအလှည့်ပဲ။ မင်းရဲ့ ကျောက်သားသိန်းငှက်နဲ့ သိန်းငှက်အသင်းအဖွဲ့ကို ဒီနယ်မြေဝန်းကျင်ကို ရှာဖွေခိုင်းပါ”
ဝမ်ချောင်က ကောင်းကင်သို့ လက်ညိုးညွှန်ပြီး စက်ဝ်ိုင်းခြမ်းပုံသဏ္ဍန် ဆွဲပြသည်။ ထိုနည်းအားဖြင့် ညာဘက်ခြမ်းရှိ တိဗက်တောင်ပေါ်ဒေသအနားသို့ ရောက်ချိန်တွင် ရပ်လိုက်သည်။
“ဟုတ်ကဲ့ ဒီနိမ့်ကျတဲ့ အစေခံက နားလည်ပါပြီ”
တခဏခန့် ရပ်တန့်ပြီးနောက် တစ်စုံတစ်ရာကို သတိထားမိလိုက်ကာ သူ၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများက ပေါ်ထွက်လာသည်။
ခီး
အချိန်တစ်ခု ကြာပြီးသည်နှင့် ကျောက်သားသိန်းငှက်က စတင်ကာ ပျံသန်းသွားသည့်အလျောက် စူးရှသည့် အော်သံက ထွက်ပေါ်လာသည်။
ဝမ်ချောင်က မြင်းပေါ်တွင်ထိုင်ပြီး ကျောက်သားသိန်းငှက်က မြင့်သထက်မြင့်အောင် ပျံသန်းသွားခြင်းအား ကြည့်နေသည်။ ထိုနည်းအားဖြင့် သူက တိမ်စိုင်များအတွင်းသို့ ဝင်ရောက်သွားပြီး တိဗက်များရှိရာဘက်သို့ ဦးတည်ကာ ပျံသန်းရင်း ပျောက်ကွယ်သွားသည်။
သာ့ယန်မာန်ပန့် အခု ငါရိုက်ရမဲ့အလှည့်ပဲ။
ဝမ်ချောင်၏ နှုတ်ခမ်းပါးများက ကော့တက်သွားပြီး ခန့်မှန်းရခက်ခဲသည့် အပြုံးမျိုးက ပေါ်ထွက်လာသည်။
ကျောက်သားသိန်းငှက်က တောင်ပေါ်ဒေသ၏ အတွင်းဘက်သို့ ပျောက်ကွယ်သွားပြီး ဝမ်ချောင်က သူ၏ နောက်ဆုံးပန်းတိုင်ကို ထုတ်ပြောပြလိုက်သည်။
လွန်ခဲ့သော လဝက်ခန့်က သတ္တိဖြူများက မြို့ကိုတိုက်ခိုက်ခဲ့သည်။ သာ့ယန်မာန်ပန့်က ဝမ်ချောင်က သူ့ကိုတဖန်ပြန်လည်ကာ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သည်။ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခြင်းအားဖြင့် အနာဂတ်မှ ဗိုလ်ချုပ်များ၏ဘုရင်ဖြစ်သည့် ထိုတိဗက်သားက နောက်ကျောဓားနဲ့ထိုးသော ထိုးနှက်မှုမျိုး လုပ်သွားခဲ့သေးသည်။ သူက သံမဏိမြို့မှ ထွက်ခွာသွားခဲ့ပြီးနောက် ချီရှီကာကွယ်ရေးစစ်တပ်၏ နယ်စပ်စခန်းသို့ ဝင်စီးခဲ့ပြီး စစ်သည်ငါးထောင်ကို သတ်သွားခဲ့ကာ ချီရှီမှ အရေးပါသော ဗိုလ်ချုပ် ဟူလန်ဟယ်ကို သတ်သွားခဲ့သည်။
ထိုလူများအားလုံးက ဖုမန်လင်းချာ၏ စစ်သားများ ဖြစ်သော်လည်း သူတို့အားလုံးက မဟာထန်၏ စစ်သည်တော်များဖြစ်နေသည်။ သူတို့က နယ်စပ်ကို ကာကွယ်ရန် တာဝန်ယူထားရသူများ ဖြစ်သည်။ သို့သော် သူတို့၏တာဝန်ကို လုပ်ဆောင်ရင်း ကျရှုံးသွားခဲ့ရသည့်အတွက် သူတို့တွင် မည်သည့်အပြစ်မျှ မရှိချေ။
ဝမ်ချောင်က ဝူရှန်းတွင်ရှိနေသည်။ ထိုနေရာနှင့်နီးသည်။ သို့သော် သတင်းရသည့်အချိန်က နောက်ကျလွန်းသွားပြီဖြစ်သည်။ ထို့ပြင် သူကိုယ်တိုင်ကလည်း သာ့ယန်မာန်ပန့်၏ စစ်သားများကို ရင်ဆိုင်ထောက်ပံ့လာသည့် စစ်သည်တော်များကို မပိုင်ဆိုင်ထားသည့်အခါ သူက ဒေါသများကိုသာ မြိုသိပ်ထားခဲ့ရသည်။
သို့သော် မဟာထန်မှ စစ်သားများက အလဟသ မသေစေရချေ။ ဝမ်ချောင်အသက်ရှုနေသမျှ ထိုသို့ မဖြစ်စေရချေ။
ကောင်းကင်တိုင်တောင်တန်း၏ လျို့ဝှက်လမ်းတစ်ခုက ယွီစန်း၏ အချက်အချာ နေရာတစ်ခုသို့ ပို့ပေးနိုင်သည်။ ထိုနေရာသို့ တိုက်ရိုက်ရောက်နိုင်သည်။
သူ၏မှတ်ဉာဏ်ကသာ မှန်နေသေးလျှင် ထိုနေရာမှထွက်လာပြီး အများဆုံး လီသုံးရာခန့်အကွာက တိဗက်တောင်ပေါ်ဒေသ၏ အကျော်ကြားဆုံးသော ယွီစန်း၏ မြောက်ပိုင်းနယ်မြေတစ်ခုဖြစ်သည့် စုန့်ခါဖြစ်သည်။
ယွီစန်းမှ လူသစ် လေ့ကျင့်ရေးစခန်းဆိုသည့် အကျော်ကြားဆုံးသော စခန်းကြီးက ထိုနေရာတွင်ရှိသည်။ ဆယ်လပိုင်းမှ ဆယ့်တစ်လပိုင်းအတွင်း နှစ်တိုင်းလိုလို တိဗက်က ထိုနေရာမှ လူသစ် အမြောက်အများကို စုစည်းပြီး တင်းကြပ်စွာ လေ့ကျင့်ပေးလေ့ရှိသည်။ လေ့ကျင့်ပေးမှုက အောင်မြင်သွားသည်နှင့် သူတို့က ယွီစန်း၏ အမျိုးမျိုးသော နယ်စပ်တိုင်းကို ရွှေ့ကာ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
သို့သော် ထိုနေရာက ဝမ်ချောင်၏ စီမံကိန်းမှ မူလရည်ရွယ်ချက် မဟုတ်သေးချေ။ ဝမ်ချောင်က မှတ်မိသည့် အတိုင်းဆိုလျှင် လက်ရှိအချိန်တွင် စုန့်ခါက ထူးခြားသည့် လူသစ်တပ်ဖွဲ့ကို ကြိုဆိုနေခြင်း ဖြစ်ပေလိမ့်မည်။ ထိုအဖွဲ့က ချင်းဟိုင်စစ်သည်တော်များဖြစ်သည်။
တချိန်တွင် သတ္တိဖြူများနှင့် ပုခုံးချင်းယှဉ်နိုင်မည့် လက်ရွေးစင် စစ်သည်တော်များ အဖွဲ့ဆိုလည်းဟုတ်သည်။ အရာအားလုံးကသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာလျှင် ထိုအဖွဲ့က လေ့ကျင့်မှု ပြီးဆုံးသွားသည်နှင့် အများဆုံး ခြောက်လအတွင်း မဟာထန်ကို စတင်ကာ တိုက်ခိုက်လာပေလိမ့်မည်။ လုံချီ၊ ချီရှီနှင့် အန်းရှီတိုင်းက သူတို့၏ တိုက်ခိုက်မှုအောက် ရောက်ရပေလိမ့်မည်။
သူတို့ကိုသာ မဖယ်ရှားထားလျှင် မဟာထန်အပေါ် ခြိမ်းခြောက်မည့် အင်အားက ကြီးနေဦးမည်ဖြစ်ပြီး သတ္တိဖြူများနီးပါး ခြိမ်းခြောက်လာနိုင်ပေလိမ့်မည်။ ထို့ကြောင့် ထိုအဖွဲ့ကို ဖယ်ရှားရန်ကသာ ဝမ်ချောင်၏ အစစ်အမှန် ပန်းတိုင်ဖြစ်သည်။
သာ့ယန်မာန်ပန့် အခု မင်းနဲ့ယွီစန်းအင်ပါယာက တန်ကြေးပြန်ပေးရမဲ့အချိန်ရောက်ပြီ။
ထိုအတွေးနှင့်အတူ ဝမ်ချောင်၏စိတ်က ချက်ချင်း တည်ငြိမ်သွားသည်။
......
ဟီး ဟီး ဟီး ဟီး
စူးရှသောအော်သံက ညအမှောင်ထုကို ထိုးခွဲသွားသည်။ တောင်ပံများကို ခပ်ကျယ်ကျယ် ဖြန့်ကားထားသည့် ကျောက်တုံးသိန်းငှက်က လေအရှိန်ကိုစီးလျှက် ပျံသန်းနေသည်။
ဝှစ်
အလင်းရောင် ဖြတ်ကနဲ လက်ပြီးသည်နှင့် သူက အနီးအနားသို့ ပျံသန်းသည်။
တစ်၊ နှစ်၊ သုံး၊ လေး... အဝေးတွင် အမျိုးမျိုးသော ငှက်တိုင်းက လေထဲတွင် ပျံသန်းကာ ထိုနေရာကို ဝိုင်းပတ်နေကြသည်။ ထိုအထဲတွင် ကျောက်တုံးသိန်းငှက်များ၊ လင်းယုန်ငှက် အမျိုးအနွယ်ဝင် သိန်းငှက်ကြီးများ၊ အမဲလိုက်ငှက်များနှင့် အမျိုးမျိုးသောငှက်များ ရှိနေသည်။
ယွီစန်း အနောက်ပိုင်းနယ်မြေနှင့် တူရကီ မြက်ခင်းပြင်ဒေသ ပေါင်းစုံတဲ့နေရာဖြစ်သည့်အလျောက် ကျောက်တုံးသိန်းငှက်နှင့် အမဲလိုက်ငှက်များကို မြင်ရခြင်းက မထူးဆန်းချေ။ မကြာခဏဆိုသလို တိဗက်များက ဂိုဂူလျောထံမှ မျိုးနွယ်ဝင်သိန်းငှက်များကို ကင်းထောက်အတွက် ဝယ်လေ့ရှိသေးသည်။
“ဟေး”
“ဟ”
ညက နက်နေသော်လည်း တောင်ပေါ်ဒေသက စည်ကားနေသေးသည်။ ထို့ကြောင့် သတ္တုခြင်း ထိခတ်သံနှင့် အော်ဟစ်သံများက ရောထွေးနေပြီး လေထုတွင် ငှက်အော်သံများက ရောပြွန်းသွားသည်။
အခန်း(၇၅၀)
စုန့်ခါကျန်းကျွင်းစခန်းကို လုပ်ကြံသတ်ဖြတ်ရန် ဝင်စီးခြင်း
ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ကျယ်ပြောသော တောင်ပေါ်ကုန်းမြေတောက်လျှောက် အနက်ရောင်အစက် သောင်းကျော်မက မြင်ရပေလိမ့်မည်။ တစ်စက်ချင်းစီတိုင်းက ရွက်ဖျင်တဲများဖြစ်သည်။ ထိုရွက်ဖျင်တဲများ ပတ်ဝန်းကျင်တွင်လည်း မီးဖွားများလက်နေသလို တဖြတ်ဖြတ် လက်နေသေးသည်။ ထိုအရာက ကောင်းကင်ထိတောင် မီးညွှန့်တက်နေသည့် မီးပုံများဖြစ်သည်။ ထိုမီးပုံများ၏ အနားတွင်မူ အပေါ်ပိုင်းဗလာနှင့် ချွေးသံတလုံးလုံး တိဗက်ပန်းပဲသမားများကို မြင်ရမည်ဖြစ်သည်။ သူတို့၏ အသားက မီးပုံ၏ အလင်းရောင်အောက်တွင် သံချပ်ကာဝတ်ထားသလို ထင်ရသည်။ သူတို့က သံချပ်ကာပြားများကို ထုရိုက်နေကြသည်။
ဟီး ဟီး ဟီး
မြင်းဟီသံထွက်လာပြီးနောက် ကြွက်သားအပြည့်နှင့် တိဗက်တောင်ပေါ်သား တစ်ယောက်က တောင်ပေါ်မြင်းကိုစီးပြီး ဖုန်တိမ်စိုင်ကိုချန်လျှက် အပြေးနှင်လာသည်။ ထိုကြမ်းတမ်းသော မြင်းစီးသူက တစ်စုံတစ်ရာကိုလည်း အော်နေသေးသည်။
ခွပ် ခွပ် ခွပ်
ထိုတစ်ဦးတည်းသော စစ်မြင်းက ရှေ့မှဦးဆောင်လာပြီး အနောက်တွင် ထောင်ကျော်သော တိဗက်မြင်းတပ်က ပါသည်။ သို့သော် သာမာန်မြင်းတပ်နှင့် မတူချေ။ စစ်သည်တော်တိုင်းက ပြီးပြည့်စုံသော သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ သို့သော် သံချပ်ကာများက ပုံမှန်လို အနက်မဟုတ်ဘဲ အစိမ်းဖြစ်နေသည်။
တိဗက်တောင်ပေါ်တွင် ထိုကဲ့သို့သော စစ်သားများက လူသိများရုံသာဖြစ်သည်။
ထိုနယ်မြေကို ဂရုစိုက်စောင့်ကြည့်မည်ဆိုလျှင် ထိုနယ်မြေ၏ ဗဟိုအကျဆုံး အပိုင်းသို့သာ အာရုံရောက်နိုင်သည်။ အကြောင်းမူကား ထိုနေရာတွင် အနက်ရောင်အလံကို လွင့်ထူထားသည်။ အလံက ကျန်းနှစ်ဆယ်ကျော်နီးပါး မြင့်နေပြီး လေတွင်တဖြတ်ဖြတ် လွင့်နေသည်။ အနက်ရောင်အလံက ဓားမောက်ရှည်တစ်လက်နှင့် ပေါင်းစပ်နေသည့် အဖြူရောင်ဆင်ကြီးတစ်ကောင်၏ မှင်သက်ဖွယ်ကောင်းသော ပုံရိပ်ကြီးဖြစ်သည်။
ထိုနေရာက စုန့်ခါ၏ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်းဖြစ်သည်။ ယွီစန်းအင်ပါယာတောက်လျှောက် အကျော်ကြားဆုံးသော လေ့ကျင့်ရေးစခန်း တစ်ခုလည်းဖြစ်သလို အကြီးဆုံး မဟာလေ့ကျင့်ရေးစခန်း သုံးခုထဲမှ တစ်ခုလည်းဖြစ်သည်။
စုန့်ခါက အင်ပါယာကြီး တစ်ခုလုံးတွင် လူသစ်များကို လေ့ကျင့်ပေးနေပြီး တော်ဝင်တပ်ရင်း လေးခုလုံးက အမြဲတစေ အာရုံစိုက်ကာ အလေးထားရသည့် သွေးသစ်များ ပြည့်နှက်နေသည့် နေရာတစ်ခုလည်းဖြစ်သည်။
တော်ဝင်မဟာဗိုလ်ချုပ်ကြီးများဖြစ်သည့် ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် စုန့်ခါမှ သူတို့၏တပ်ဖွဲ့ထဲသို့ လူသစ်များ မကြာခဏ ဆွဲသွင်းလေ့ရှိသည်။ နှစ်တိုင်းလိုလို ထိုစခန်းက လူသစ်နှစ်သောင်းမှ သုံးသောင်းအထိ လေ့ကျင့်ပေးတတ်သည်။
ဖလပ် ဖလပ်
သတင်းပို့ငှက်တစ်ကောင်က အကြီးဆုံး ရွက်ဖျင်ထဲသို့ ဝင်သွားသည်။ ထိုရွက်ဖျင်တဲကြီးက ထိုစခန်းကြီး၏ အလယ်ဗဟိုနေရာတွင်ရှိသည်။ အတွင်းတွင် အနက်ရောင်သံချပ်ကာ ဝတ်ထားသည့် တုတ်ခိုင်သည့် လက်တစ်ဖက်က ငှက်ကိုချက်ချင်း လက်ခံသည်။
“ဗိုလ်ချုပ် ဒါက အရှင်သာ့ယန်မာန်ပန့်ဆီကစာပါ”
အနက်ရောင်သံချပ်ကာကို ဝတ်ထားသည့် ငယ်ရွယ်သော တိဗက်တစ်ယောက်က ပြောလိုက်ပြီး သူ၏အနောက်တွင်ရှိသည့် ထောင်ထောင်မောင်းမောင်း အရှိန်အဝါ ကြီးမြတ်သည့် လူတစ်ယောက်ကို လှည့်ပြောလိုက်သည်။
ရွက်ဖျင်တဲက တိတ်ဆိတ်နေသည်။ အရိုးကို ဓားအစွန်ဖြင့် တတိတိလှီးနေသလို အသံကသာ ထွက်နေသည်။
အချိန်တစ်ခုကြာမှသာ ထိုရွက်ဖျင်တဲထဲမှ အသံပြန်ထွက်လာသည်။ ထိုအသံနှင့်အတူ သံချပ်ကာ အစိတ်စိတ်အပိုင်းပိုင်း ကွဲအက်သွားသံနှင့် အသက်သုံးဆယ်၊ လေးဆယ်ခန့် အရွယ်ရှိမည့် တိဗက်ဗိုလ်ချုပ် တစ်ယောက်က ခေါင်းမော့ကြည့်လာသည်။
“ဖတ်လိုက်”
ထိုဗိုလ်ချုပ်က တောင်ပေါ်သားတစ်ယောက်လို နီရဲနေသည့် အသားအရောင်ကို ပိုင်ဆိုင်ထားသည်။ သူက သံချပ်ကာ အပြည့်အဝ ဝတ်ဆင်ထားသည်။ သူက လက်တစ်ဖက်တွင် ဓားမောက်ရှည်ကို ကိုင်ထားပြီး တိဗက်နွားအရိုးဖြင့် လုပ်ထားသည့် ကုလားထိုင်ပေါ်တွင် အသာအယာ ထိုင်နေသည်။ ထိုအရာကိုသုံးပြီး အခြားလက်တစ်ဖက်က ကိုင်ထားသည့် နှစ်မီတာခန့်ရှည်သည့် တိဗက်နွားဦးချိုကို ညှိနေခြင်းဖြစ်သည်။
နှောက်ယှက်ခံလိုက်ရသည့် တိဗက်ဗိုလ်ချုပ်ကြီးက ဟန်အမူအရာကို ထိန်းထားပြီး ဓားမောက်ရှည်နှင့် တိဗက်နွားချိုကိုချပြီး အစောင့်ကို လှည့်ကြည့်သည်။ သူ၏အကြည့်က အေးစက်ကာ အကြည့်ဖြင့်ပင် လူသတ်နိုင်သည်ဟု ထင်ရသည်။ သူကိုယ်တိုင်ကပင် သံမဏိနှင့် ကြေးနီရောင်သားများ ပေါင်းလုပ်ထားသလို ကြောက်မက်ဖွယ်ကောင်းသည့် အလွန်အမင်း ခက်ထန်ကြမ်းတမ်းကာ အင်အားကြီးမားသည့် အစောင့်အကြပ် ဗာဂျရာတစ်ပါးလို အရှိန်ကို ထုတ်နေသည်။ သူ၏အရှိန်အဝါကပင် ခြောက်ခြားဖွယ်ကောင်းသည်။
“ဟုတ်ကဲ့”
အစောင့်က အရှေ့ကို လျို့ဝှက်စွာ တစ်ချက်ခိုးကြည့်လိုက်ပြီး ချက်ချင်း ခေါင်းပြန်ငုံ့ကာ စာကိုဖတ်သည်။
“ဒီစကားလုံးတွေနဲ့ ငါ့ရဲ့ရိုးသားမှုကို ဖော်ပြလိုက်တယ်။ ချီရှီရဲ့ အခြေအနေက အရေးပေါ် အခြေအနေ ဖြစ်နေတယ်။ ဖုမန်လင်းချာရဲ့ စစ်တပ်က နယ်စပ်ကိုဖိနှိပ်နေလို့ မြောက်ဘက်ပိုင်းက အန္တရာယ်ရှိနေတယ်။ စစ်သည်တော်တွေ အရေးတကြီး လိုအပ်နေတယ်။ ဒါကြောင့်ငါက သုံးဖို့အတွက် ချင်းဟိုင်က စစ်သည်ငါးထောင်ကို တောင်းဆိုတယ်”
အစောင့်ကပင် စကားလုံးများမှတဆင့် အန္တရာယ်ကို ခံစားမိလိုက်ပြီး မျက်နှာက တင်းမာသွားသည်။ သူက သတိလက်လွတ် အနောက်မှဗိုလ်ချုပ်ကြီးကို လှည့်ကြည့်လိုက်သည်။
“ဟား ဟား ဒီလှည့်ကွက်ပဲ လာပြန်ပြီ”
အစောင့်ကို အံ့အားသင့်စေသည်မှာ လေးစားရပါသော ထိုတိဗက်ဗိုလ်ချုပ်ကြီးက နှာခေါင်းပင်ရှုံ့ကာ လှောင်ရယ် ရယ်လိုက်သေးသည်။
“ငါ့ရဲ့ဝမ်းကွဲပဲ ဒီလိုလုပ်တတ်တယ်။ သူက စစ်သားတွေလိုချင်ရင် ဒီတိုင်းတောင်းလိုက်ပေါ့။ ဘာလို့ ချီရှီကို ထည့်ပြောနေတာလဲ။ ငါတို့ရဲ့ တိဗက်တောင်ပေါ်ဒေသက ခုခံရ ဒီလောက်လွယ်ပြီး တိုက်ခိုက်ဖို့ ခက်ခဲတာ၊ ငါတို့ကသာ ဒီလောက်အင်အားကြီးတဲ့ ရန်သူမျိုးနဲ့ တွေ့ရမယ်ဆိုရင် အတွင်းပိုင်းကို ဆုတ်လိုက်ရုံပဲ မဟုတ်ဘူးလား။ ဘာလို့ မြောက်ပိုင်းက အန္တရာယ် ရောက်ရမှာလဲ။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် ဖုမန်လင်းချာက သာ့ယန်မာန်ပန့်က သူ့ရဲ့သတ္တိဖြူတွေကို စုစည်းပြီး သူတို့ရဲ့ အင်အားစုထဲကို ဝင်လို့ ဖုလန်ဟယ်နဲ့ ထန်စစ်သည်ငါးထောင်ကို သတ်သွားလို့ ဒေါသထွက်နေခဲ့တာ မဟုတ်ဘူးလား။ ဖုမန်လင်းချာက ဒေါသတကြီးဖြစ်ပြီး ဒီတိုင်းငြိမ်ခံမယ်လို့များ ထင်နေတာလား”
“အဆုံးမှာတော့ သူက ချင်းဟိုင်က စစ်သည်တွေ လိုချင်ရုံပါပဲ”
ထိုတိဗက် လူငယ်စစ်သည် အစောင့်က ကြောင်သွားသည်။ သူ၏မေးရိုးက အဟောင်းသားဖြစ်သွားပြီး မျက်လုံးကလည်း ပြူးသွားသည်။ သူက ဗိုလ်ချုပ်၏အနားတွင် ခစားနေခဲ့သည်မှာ အချိန်တစ်ခုကြာပြီဖြစ်သည်။ ထို့ကြောင့် တော်ဝင်တပ်ရင်း လေးခုနှင့် အမျိုးမျိုးသော မဟာအမတ်ကြီးများမှ စစ်သားများ တောင်းဆိုသည့်ကိစ္စကို ဖတ်ဖူးသည်။ စာတိုင်းက လေးစားဖွယ် ကောင်းလောက်အောင် စကားလုံးပြေပြစ်စွာ ရေးသားထားခဲ့ခြင်းဖြစ်ပြီး မည်သူကမျှ အခြေအနေကို လိမ်ညာထားခဲ့ခြင်း မရှိကြချေ။ ထို့ကြောင့် ကိုယ်ရေးကိုယ်တာ ကျေနပ်စေရန်အလို့ငှာ ယခုလို ကျေနပ်စေလိုသော ကိစ္စများကပင် မရှိခဲ့ဖူးချေ။
“ဒါဆိုရင်ဗိုလ်ချုပ် ကျွန်တော်တို့ ငြင်းလိုက်သင့်လား”
ထိုအစောင့်က တုန့်ဆိုင်းစွာပြောသည်။
“မလိုဘူး”
လေးစားရပါသော အရှိန်အဝါ ကြီးမြတ်သည့် ဗိုလ်ချုပ်ကပြောသည်။
“အဲ့ဒီကောင်စုတ်ရဲ့ အကျင့်အရဆိုရင် သူမရတာကို မရမချင်း ငြိမ်ငြိမ်နေမှာမဟုတ်ဘူး။ ငါတို့မကြာခင် စာတွေဆက်တိုက် လက်ခံရရှိနေလိမ့်မယ်။ ဒီအကောင်က စုန့်ခါကိုတောင် ကိုယ်တိုင်လာလောက်တယ်။ ဒီလိုဆိုရင် ငါတို့တကယ် ပြဿနာတတ်မှာ။ ဘယ်သူကမှ ငါ့ထက်ပိုပြီး သူ့ရဲ့အကျင့်ကို မသိနိုင်ဘူး။ သူက ဘာမဆို လုပ်နိုင်တယ်ဆိုတာ ငါသိတယ်”
အစောင့်က အထိတ်တလန့်ဖြစ်သွားသည်။ သူကိုယ်တိုင်လည်း စစ်သားများ ပို့သင့်မပို့သင့် မသိတော့ချေ။
“ဟ ဒါပေမဲ့ ဒီတစ်ကြိမ်မှာသူက အလဟသ အနှိမ့်ချခံလိုက်တာပဲ။ စန်းပေါ်ရဲ့စာတောင် ရောက်လာပြီ။ ဒါကြောင့် သူက မတောင်းဆိုရင်တောင် ငါကသူ့ဆီ စစ်သားတွေ ပို့ရဦးမှာပဲ။ ငါ့အတွက်စာပို့လိုက်။ သူ့ကိုပြောလိုက် စစ်သားတွေနဲ့ပတ်သတ်ပြီး မစိုးရိမ်နဲ့။ သုံးလနေရင် လတ်လတ်ဆတ်ဆတ် လေ့ကျင့်ပေးထားတဲ့ မြင်းတပ်ရှစ်ထောင်ရဲ့ ပထမဦးဆုံးအသုတ်က မြောက်ပိုင်းကို ရောက်လာလိမ့်မယ်။ ဒါ့အပြင် သူလိုချင်တဲ့ ချင်းဟာရဲ့ စစ်သည်တော်တွေကိုလည်း ငါပို့ပေးလိုက်မယ်။ ဒါပေမဲ့ အများဆုံး နှစ်ထောင်ပဲရနိုင်မယ်”
“ချင်းဟိုင်စစ်သားတွေက စစ်တပ်တစ်ခုချင်းစီတိုင်းက အထူးတလည် ရွေးချယ်ထားတာ။ သူတို့အားလုံးက ထူခြားတဲ့ ပါရမီကို ပိုင်ဆိုင်ထားကြတယ်။ ပိုဆိုးတာက သူတို့က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ချပေးထားတဲ့ လျို့ဝှက်သိုင်းတွေကို ကျင့်ကြံထားကြတာ။ ဒီသိုင်းတွေက အရမ်းကို အင်အားကြီးမားပြီး ကျင့်ဖို့လည်းခက်တယ်။ သူတို့က အနည်းဆုံး နှစ်နှစ်လောက် လေ့ကျင့်မှ လေ့ကျင့်မှု ပြီးဆုံးနိုင်လိမ့်မယ်။ ငါတို့မှာ ခုနှစ်ထောင်ပဲရှိတာ။ သူက ငါးထောင်လိုချင်နေတယ်။ ငါက စုန့်ခါကျွင်းကျန်းစခန်းကို ဦးစီးအုပ်ချုပ်ပေးနေရတဲ့ ဗိုလ်ချုပ်ကြီးဖြစ်ပေမဲ့ ဒီစစ်သားတွေက ငါတို့ သာ့ယန်ကလန်က လူတွေလို့ သတ်မှတ်လို့ ဘယ်ဖြစ်ပါ့မလဲ”
ထိုအရှိန်အဝါ ကြီးမြတ်သော ဗိုလ်ချုပ်၏ မျက်နှာက တင်းမာသွားသည်။ သူ၏စကားလုံးက သူနှင့် သာ့ယန်မာန်ပန့်၏ ဆက်ဆံရေးကို ဖော်ပြလိုက်သည်။
ယွီစန်းအင်ပါယာတွင် စန်းပေါ်နှင့် သူ၏မဟာအမတ်ကြီးအပြင် အခြားသော မဟာအမတ်မင်းလေးယောက်က လွဲလျှင် အဖွဲ့အစည်းကြီးများဖြစ်သည့် သာ့ယန်၊ တုစုန့်နှင့် အခြားသော မဟာကလန် လေးခုမှ နှစ်ခုသာလျှင် ရှိတော့သည်။ တုစုန့်ကလန်၏ တုစုန့်မာန်ဖော်ကျဲ့က ယွီစန်း၏ မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်ပြီး သာ့ယန်ကလန်က မဟာဗိုလ်ချုပ်ကြီးအဆင့် တစ်ယောက်မျှ မမွေးထုတ်ရသေးချေ။ နောင်ဖြစ်လာမည့် မဟာဗိုလ်ချုပ်ကြီးအဆင့်ကဲ့သို့ လူမျိုး အမြောက်အများကိုမူ ပိုင်ဆိုင်ထားသည်။ သာ့ယန်ဟူရယ်က ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။
သူ၏ သူ၏ဝမ်းကွဲ သာ့ယန်မာန်ပန့်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် ဂုဏ်သတင်းကို ပိုင်ဆိုင်ထားသေးသလို ယွီစန်း၏ နယ်စပ်အနားမှာရှိသည့် တိုင်းပြည်ငယ်များကို အမြစ်မှကျွတ်ထွက်အောင် ဆွဲထုတ်ပြီး လက်အောက်ခံအဖြစ် သိမ်းသွင်းနိုင်သေးခြင်း မရှိသေးသည့်တိုင်အောင် တောင်ပေါ်ဒေသထဲသို့ သာ့ယန်ဟူရယ်၏ အဆင့်က သာ့ယန်မာန်ပန့်ထက် အများကြီး နိမ့်ကျခြင်းမရှိချေ။ ထိုထက်ပင် သာသေးသည်။
သာ့ယန်ဖူရယ်က ယွီစန်း၏ တော်ဝင်တပ်ရင်း လေးခုနှင့် အခြားသောဘုရင် ဟန်များ၊ မဟာအမတ်ကြီးများထံသို့ မရေမတွက်နိုင်သော စစ်သည်တော်များကို ပို့ပေးနေရသူ ဖြစ်သည့်အလျောက် ထိုလူတိုင်းက သူ့ကိုအလွန်အမင်း ရိုကျိုးစွာ လေးစားစွာ ဆက်ဆံပေးရသည်။
“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုချက်ချင်း လုပ်လိုက်ပါ့မယ်”
ထိုလူငယ်အစောင့်က တုန့်ဆိုင်းစွာ ပြောပြီးနောက် ထွက်သွားရန် ပြင်ဆင်သည်။
“နေဦး”
တစ်စုံတစ်ရာကို မှတ်မိသွားသလိုမျိုး သာ့ယန်ဟူရယ်က တားလိုက်သည်။
“မဟာထန်က အဲ့ဒီ ဝမ်ချောင်လို့ခေါ်တဲ့ လူငယ်အကြောင်း ငါ့ကိုစုံစမ်းပေးစမ်းပါ။ သူနဲ့ပတ်သတ်တဲ့ သတင်းတွေအားလုံး စုစည်းလိုက်။ သူ့ရဲ့ကလန်၊ သူ့ရဲ့လက်အောက်ခံ အားလုံး ငါလိုချင်တယ်”
အစေခံက တခဏခန့် ကြောင်အသွားပြီးနောက် ပြန်ဖြေသည်။
“ဟုတ်ကဲ့ဗိုလ်ချုပ်”
ထို့နောက် ထွက်ခွာသွားသည်။
ရွက်ဖျင်တဲထဲတွင် ကျန်ခဲ့သည့် သာ့ယန်ဟူရယ်က ထွက်သွားသောအစောင့်ကို တခဏခန့် စိုက်ကြည့်နေပြီး ခေါင်းကိုပြန်ငုံ့လိုက်သည်။ သူ၏အကြည့်က မြေပုံပေါ် ကျသွားသည်။ ထိုမြေပုံက ယွီစန်းအင်ပါယာ၏ အသေးစိတ်မြေပုံဖြစ်ပြီး ပတ်ဝန်းကျင်မှ တိုင်းပြည်များလည်းပါသည်။ ထိုနေရာတွင် စန်းထူ အနောက်ပိုင်းနယ်မြေများ၊ အာဘတ်ဆစ်ကယ်လီဖိတ်၊ တူရကီနှင့် မဟာထန်ပင် ပါသေးသည်။
သာ့ယန်ဟူရယ်က မြေပုံကို တစ်ချက်ကြည့်ပြီးနောက် သူ၏အကြည့်က တဖြည်းဖြည်းချင်း ယွီစန်း၏ ထောင့်နားမှ အရှေ့မြောက်ပိုင်းနားရှိ အနီစက်လေးထံ ရောက်သွားသည်။
ဝူရှန်း
ဒါက မဟာထန်က လူငယ်ရှိနေတဲ့ ယွီစန်းကလူ အာရုံစိုက်နေတဲ့နေရာပေါ့။ သာ့ယန်ဟူရယ် ကိုယ်တိုင်လည်း စုန့်ခါတွင် နေထိုင်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ထန်တစ်ယောက်က လူအမြောက်အများ၏ အာရုံကို ဆွဲဆောင်နိုင်သည့် အာရုံကို မကြုံဖူးသေးချေ။ တုစုန့်မန့်ဖော်ကျဲ့နှင့် သာ့ယန်မာန်ပန့်တို့ကပင် ထိုနေရာသို့ သွားခဲ့ရသည်။ စန်းပေါ်ကပင် သူ၏ လုပ်ရိုးထုံးတမ်းကို ကျော်ဖြတ်ပြီး ကျန်းကျွင်း လေ့ကျင့်ရေးစခန်းသို့ စာပို့ကာ မြောက်ပိုင်းနယ်စပ်ထံ စစ်သားများ လွှတ်ပေးသင့်ကြောင့် တောင်းဆိုခဲ့သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက သာ့ယန်ဟူရယ်၏ ဘဝတွင် ဖြစ်ပျက်ဖူးသေးသည်။ အရာအားလုံးက ဝမ်ချောင်ဟုခေါ်သည့် လူငယ်ကြောင့်ဖြစ်သည်။
ငါသိချင်တယ် ဒီထန်က တကယ်ပဲ ဘယ်လိုလူမျိုးလဲ။
ထိုအတွေးက ခေါင်းထဲဝင်လာသည့်နောက် သာ့ယန်ဟူရယ်က ချက်ချင်း စိတ်ငြိမ်သွားတော့သည်။
......
ခလွပ်
ဓားမောက်ရှည်တစ်ခုက လေထုကို ထိုးခွဲကာ လင်းလက်သွားပြီးနောက် ဆူးချွန်များ၊ သစ်ကိုင်းရှည်များကို ခုတ်ချပစ်သည်။ ဝှစ်ကနဲမြည်သံနှင့်အတူ တြိဂံပုံစံခေါင်းရှိသည့် အစိမ်းရောင်မြွေတစ်ကောင်က အနီးအနား ခြုံပုတ်ထဲမှ ခုန်ထွက်လာသည်။ သို့သော် ခုန်ထွက်လာသည်နှင့် လေထဲမှ ရုတ်တရက် ထွက်ပေါ်လာသော လက်တစ်ဖက်က ဆွဲဖမ်းလိုက်သည်။ ပြဒါးအပြည့်ပါသော လက်မက အောက်သို့ဖိလိုက်သည့်အခါ တစွပ်စွပ် မြည်သံနှင့်အတူ အရည်များက နေရာအနှံ့ လွင့်ထွက်သွားသည်။ ထိုသို့ဖြင့် မြွေခေါင်းက အက်ကွဲသွားသည်။
“သတ်”
“ဘေးဘက်က ဆူးတွေကိုသတိထားကြ”
“ရှေ့ပြေးစစ်သည်တွေ စစ်မြင်းတွေအတွက် မြေပေါ်က အချွန်အတက်တွေပါတဲ့ ကျောက်တုံးတွေကို ရှင်းဖို့မမေ့နဲ့”
“ဆက်သွား ဆက်တက် ဘယ်သူမှမမြင်အောင် ပုန်းကွယ်တဲ့ အနေအထားမျိုးနဲ့ သိုသိုသိပ်သိပ် သွားနိုင်ဖို့ သတိရပါ။ မပေါ်သွားစေနဲ့”
ကောင်းကင်က အရှေ့ဘက်မှစတင်ပြီး တောက်ပလာပြီဖြစ်သလို မည်သူမျှလည်း လက်ရှိအချိန်တွင် စိမ်းလန်းသော တောင်တောအုပ်ကို မြင်းတပ်ငါးထောင် အင်အားစုက ကျော်တက်နေပြီး တောင်ပေါ်ဒေသထံ ချီတက်နေကြောင်း မသိထားကြချေ။ ထိုနေရာက အလွန်အမင်းကျဉ်းကာ လေထန်သောလမ်းဖြစ်ပြီး လုံရှီမှ ကောင်းကင်သို့ ထိုးတက်နေသည့် တိဗက်တောင်ပေါ်သို့ တိုက်ရိုက်သွားနိုင်သည့် လမ်းဖြစ်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဘယ်လောက်ထိ ဆက်တက်ရဦးမှာလဲ”
ချန်းစန်းယွမ်က ခပ်တိုးတိုးလှမ်းမေးသည်။
“နောက်ထပ်တစ်နာရီ မိုးမလင်းခင်အထိ”
ဝမ်ချောင်ကပြောသည်။
စစ်မြင်းပေါ်တွင် ထိုင်နေပြီး သူကပတ်ဝန်းကျင်ကို လေ့လာနေသည်။ ထိုပတ်ဝန်းကျင်ကို ရင်းနှီးသည်။ သို့သော် သူမှတ်မိထားသည့်အတိုင်း မဟုတ်သေးချေ။ အကြောင်းမူကား သူက ဒီနေရာကို ပထမဦးဆုံးအကြိမ် လာခြင်းမဟုတ်သလို ပထမဦးဆုံးအကြိမ် ဒီလမ်းကိုဖြတ်ခြင်းလည်းမဟုတ်ချေ။
သို့သော် သူက ဒီနေရာကို ပထမဦးဆုံး ရှာတွေ့သည်မှာ ရှင်းလင်းသည်။ ထို့ကြောင့် ဆူးများ၊ ခြုံများ အုပ်နေပြီး ဘေးဘက်တွင်လည်း သစ်ပင်များ ပြည့်နေသည်။ သစ်ကိုင်းများကလည်း လမ်းကိုပိတ်နေသေးသည်။ ထို့ပြင် အဆိပ်ပြင်းမြွေများကလည်း မကြာခဏ ပေါ်တတ်သည်။
သူတို့က အဆိပ်ပြင်းမြွေ ရာပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးလေပြီ။ နောက်ထပ်စစ်သားများသာဆို ရှေ့ဆက်သွားရန် ခက်ခဲလောက်သော်လည်း ဝူရှန်းကဲ့သို့ တောင်တွင်သာ နေထိုင်ပြီး မတ်စောက်လွန်းသော ချောက်ကမ်းပါးတွင် ကြီးမားလာသူများအတွက် ကလေးကစားစရာအလားဖြစ်သွားသည်။
မည်သည့်မြွေကမျှ အနားမကပ်နိုင်ကြသလို ကပ်ရန်အချိန်ပင် မရှိခဲ့ချေ။ ထပ်ပေါင်းဆိုရသော် ဝူရှန်းများက ချက်ချင်းသတ်ဖြတ်သည်။ ဆူးချွန်များနှင့် ကျောက်စရစ်များကို ခုတ်ဖြတ်ရှင်းလင်းရာတွင်လည်း ကျွမ်းကျင်သေးသည်။ ထို့ကြောင့် သာမာန်စစ်သားများက ထိုသို့မလုပ်နိုင်ချေ။