← Chapters

အခန်း (၇၅၁-၇၅၅)

Vol. 40 Ch. 751-755

အခန်း (၇၅၁-၇၅၅)

Vol. 40 Ch. 751-755

အခန်း(၇၅၁)

တိုက်ပွဲမစတင်ခင်

“ဗိုလ်ချုပ်ဟွမ်ပေါ်ထန်းကို အရှိန်နှုန်းမြင့်ပြီး တောင်ထိပ်ကို တက်တဲ့လမ်းကြောင်းကို အတက်နိုင်ဆုံး အမြန်ဆုံးဖြစ်အောင် ရှင်းခိုင်းလိုက်”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

“ကျန်းချွယ် မင်းရဲ့သိန်းငှက် အသင်းကိုလည်း စောင့်ကြည့်နေတဲ့ အခြားငှက်တွေရှိမရှိ ကြည့်ဖို့နဲ့ ရှိခဲ့ရင် ရှင်းဖို့အတွက် ကောင်းကင်အထက်မှာ ပျံသန်းခိုင်းထားလိုက်ပါ”

“ဟုတ်ကဲ့အရှင်အမတ်”

အမိန့်တစ်ခုပြီးတစ်ခု ထုတ်ပြီးနောက် ဝူရှန်းမြင်းတပ် ငါးထောင်က ခန့်မှန်းရခက်ခဲလောက်အောင် မြန်ဆန်လွန်းသော လျှင်မြန်ဖြတ်လတ်မှု အရှိန်နှုန်းနှင့်အတူ ဆက်လက်ချီတက်သည်။

ဝှစ်

သူတို့နှင့်အတူ ညင်သာစွာ တိုက်ခတ်နေသည့် လေပြေက တောင်ပေါ်ဒေသ၏ အေးစိမ့်မှုကို သယ်ဆောင်လာသည်။ ထိုအချိန်တွင်သာ ခေါင်းလှည့်ပြီး ကြည့်လိုက်မည်ဆိုလျှင် ထူထပ်သိပ်သည်းသော တိမ်စိုင်များကိုသာ မြင်ရမည်ဖြစ်သည်။ တောင်တိုင်းက အလွန်အမင်း သေးငယ်နေသည်။ ကောင်းကင်တိုင်တောင်ကပင် ပုရွက်ဆိတ်တစ်ကောင်တမျှ သေးငယ်သွားပြီဖြစ်သည်။

မနေ့ညကစတင်ပြီး သူတို့က ထိုလမ်းသို့ ရှစ်နာရီမှ ဆယ်နာရီထိကြာအောင် တက်ခဲ့ရသည်။ ယခုဆိုလျှင် မီတာသုံးထောင်မှ လေးထောင်အထိ ရောက်ရှိနေပြီဖြစ်သည်။ သို့တိုင်အောင် သူတို့က တောင်ပေါ်ဒေသသို့ မရောက်သေးချေ။ ထိုနေရာနှင့် အနည်းငယ် ကွာဝေးနေသေးသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်ဆုံးနေသလို ဝမ်ချောင်က သူ၏ စစ်သည်ငါးထောင်ကို ဦးဆောင်ကာ မေ့လျော့နေပြီဖြစ်သည့် လမ်းကြောင်းမှတဆင့် ရှေ့တက်သွားသည်။ တိတ်ဆိတ်နေသည့် တောင်ပေါ်ဒေသထံ ဦးတည်နေသည်။ တစ်နာရီခန့်ကြာပြီးနောက် ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော တူရကီမြင်း တစ်ကောင်က ဟီလိုက်သည်။ သူ၏လည်ဆံမွေွှးများက လေတွင် လွင့်သွားသည်။ ထိုသို့ဖြင့် တောင်ပေါ်ဒေသသို့ ခုန်တက်လိုက်သည်။

ထိုသို့ဖြင့် တစ်ကောင်ပြီးတစ်ကောင် မရေမတွက်နိုင်သည့် ဝူရှန်းမြင်းတပ်က လိုက်ပါသွားပြီး တောင်ပေါ်ဒေသထံ ဦးတည်သည်။ နောက်ဆုံးက ဝမ်ချောင်ဖြစ်သည်။ သူ၏ဝတ်ရုံက လေတွင်ပင် တဖြတ်ဖြတ် လွင့်နေသည်။

ငါတို့ နောက်ဆုံးတော့ရောက်ပြီ။

ဝမ်ချောင်က မြင်းပေါ်တွင် ထိုင်နေသည်။ လေပြင်းက သူ့ကိုဖြတ်တိုက်သွားသည့်အခါ သူ၏နှလုံးသားအတွင်းမှ ရှည်လျားလွန်းသော သက်ပြင်းကြီးနှင့်အတူ တိဗက်တောင်ပေါ်ဒေသမှ ထူးခြားသည့် လေကိုလည်း ရှုရှိုက်လိုက်ရသည်။

အချိန်အတန်ကြာပြီးနောက် သူက နောက်ဆုံးတွင် ပြန်လည်ဝင်စားပြီးနောက် ပထမဦးဆုံးအကြိမ် တောင်ပေါ်ဒေသသို့ ခြေချလိုက်နိုင်လေပြီ။

ဝမ်ချောင်က ကောင်းကင်ကို ခေါင်းမော့ကာ ကြည့်သည်။ သူ၏မှတ်ဉာဏ်ထဲတွင် ထိုမြင်ကွင်းများက စတင်ကာ အရည်ပျော်ကျသွားသည်။

သူ၏ယခင်ဘဝတွင် ဝမ်ချောင်က ကပ်ဘေးပြီးမှသာ တောင်ပေါ်ဒေသပေါ် ခြေချခဲ့သည်။ ယခုမူ သူပြန်လည်မွေးဖွားလာပြီးနောက် အရာအားလုံးက ကွာခြားသွားပြီဖြစ်သည်။

“ဟား ဟား ဟား အရှင်အမတ် ကျွန်တော်တို့ နောက်ဆုံးတော့ တိဗက်တောင်ပေါ်ဒေသပေါ်ကို ရောက်သွားပြီ”

အနားရှိ စစ်သည်တော်များက သဘောတကျ ရယ်ကြသည်။

မနေ့ညကစတင်ပြီး ယခုအချိန်အထိ ဝမ်ချောင်က စစ်တပ်ကို မည်သည့်နေရာသို့ ချီတက်နေကြောင်း မပြောခဲ့ချေ။ ယခုမှသာ စစ်သည်တော်များက တောင်ပေါ်ဒေသပေါ်သို့ ခြေချလိုက်နိုင်ခြင်းအားဖြင့် ဘယ်သောအခါမှ မမြင်ဖူးခဲ့သော မြင်ကွင်းမျိုးကို မြင်လိုက်ရပြီး ဝမ်ချောင်ကို လေးစားသွားကြပြန်သည်။

ရှေးခေတ်အချိန်ကတည်းက မဟာထန်က တိဗက်တောင်ပေါ်တက်သည့် လမ်းလေးလမ်းသာရှိသည်။ ပထမလမ်းက အနောက်တောင်ပိုင်းဖြစ်ပြီး ကျန်းချုံကျန့်ချုံးက ဦးဆောင်ကာ စောင့်ကြပ်နေသည့် လက်ဖက်မြင်းလမ်းဖြစ်သည်။ ဒုတိယလမ်းကမူ ခဲ့ရှု့ဟန်က စောင့်ကြပ်နေသည့် လုံရှီဖြစ်ပြီး တတိယလမ်းကမူ ဖုမန်လင်းချာ၏ ချီရှီဖြစ်ပြီး နောက်ဆုံးလမ်းက ကောင်းရှန်းကျစ်နှင့် သူ၏ အန်းရှီမှ မြို့စောင့်တပ် လေးခုဖြစ်သည်။

ထိုလမ်းလေးလမ်းကလွဲပြီး အခြားလမ်းမရှိချေ။

မည်သူကမျှလည်း လုံရှီ၏ တောင်တောအုပ်များအတွင်း ပုန်းကွယ်နေသည့် အခြားတစ်လမ်းရှိမည်ဟု မထင်ထားခဲ့သလို ဝမ်ချောင်ကလည်း ထိုပုန်းကွယ်နေသည့် လမ်းကိုသွားပြီး တိဗက်တောင်ပေါ်ဒေသသို့ တက်ရန် သူတို့ကို ဦးဆောင်သွားမည်ဟုလည်း မထင်ထားလောက်ချေ။

“ကျန်းချွယ် လမ်းကိုဦးဆောင်”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

စိတ်လှုပ်ရှားနေသည့် ကျန်းချွယ်က သူ၏မြင်းကို ရှေ့သို့သွားစေပြီး ဦးဆောင်လိုက်သည်။

ခီး

အော်သံနှင့်အတူ ခြေထောက်ရှည်သော ကျောက်တုံးသိန်းငှက်က တောင်ပံကို ဖြန့်ကားလိုက်ပြီး လေထဲသို့ ဝင်ရောက်သွားသည်။

“ဟိုက်ရား”

ချီတက်နေသည့် စစ်မြင်းများက နောက်တွင် ဖုန်လုံးများ ချန်ထားရစ်ခဲ့သည်။ စစ်သည်တော်တိုင်းကလည်း အစီအစဉ်တကျ ထိုကျောက်တုံးသိန်းငှက်နောက်မှ လိုက်ကြပြီး ချောမွေ့စွာဖြင့် တိဗက်၏ အချက်အချာ အလယ်ဗဟိုနေရာသို့ ဝင်ရောက်လိုက်ကြသည်။

ချက်ချင်းဆိုသလို သူတို့က လီရာပေါင်းများစွာကို ကျော်ဖြတ်လိုက်သည်။ ဝူရှန်းမြင်းတပ် ငါးထောင်က တုန့်ဆိုင်းမှုမပြသဘဲ စုန့်ခါမှ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်း ရှိရာနေရာသို့ တဖြောင့်တည်း ဦးတည်ကြသည်။

အာရုံတက်ကာစ အချိန်က လူတိုင်း စိတ်အအေးဆုံး ကာလဖြစ်သည်။ အနည်းဆုံး သူတို့၏ အစောင့်အကြပ် အနည်းဆုံးဖြစ်သည်။ စစ်တပ်က လီရာပေါင်းများစွာကျော်အောင် ချီတက်လာည့်တိုင်အောင် မည်သူကမျှ သတိမထားမိခဲ့ကြသေးချေ။ နောက်ထပ် နာရီအနည်းငယ်ကြာပြီးမှသာ ခီးဆိုသောအသံနှင့်အတူ ကောင်းကင်တွင် စူးရှသော အသံက မြည်ဟီးသွားသည်။ ကျောက်သားသိန်းငှက်များ၊ လင်းယုန်ငှက် အမျိုးအနွယ်ဝင်များ၊ အမဲလိုက်ငှက်များက ကောင်းကင်တွင် ပေါ်လာသည်။

“အရှင်အမတ် ကျွန်တော်တို့ကို ရှာတွေ့သွားကြပြီ။ ဒီငှက်တွေက တိဗက်တွေ စောင့်ကြည်ဖို့ သုံးတဲ့ငှက်တွေပါ”

ကျန်းချွယ်က အထိတ်တလန့်ပြောပြီး ငှက်များကိုကြည့်သည်။

“ရတယ် သူတို့တွေ့သွားပြီဆိုရင်လည်း တွေ့သွားပါစေပေါ့။ ဘာမှ ဖုံးကွယ်နေစရာမလိုဘူး”

ဝမ်ချောင်က ကောင်းကင်သို့ မော့ကြည့်ပြီး ပြုံးလိုက်သည်။ သူက အဝေးရှိ တစ်နေရာမှ အမြောက်အများ ရှိနေသော ရွက်ဖျင်တဲများကို မြင်နိုင်ပြီဖြစ်သည်။ ရွက်ဖျင်တဲများ၏ အလယ်မှ လွင့်ထူနေသော အနက်ရောင် အလံကြီးက လေတွင်လွင့်နေသည်။

စုန့်ခါ၊ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်း

အရာအားလုံးက သူက မှတ်မိထားသည့်အတိုင်းဖြစ်သည်။ ဒဏ္ဍာရီလာ ယွီစန်း၏ မဟာအမတ်မင်းကပင် ဒီနေရာတွင် သူပေါ်လာနိုင်ကြောင်း မမှန်းထားနိုင်လောက်ချေ။

“အသင့်ပြင်ကြ အရှေ့က ကြမ်းတမ်းတဲ့ တိုက်ပွဲကို ရင်ဆိုင်ရလိမ့်မယ်”

ဝမ်ချောင်က အဝေးသို့ ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်းတွင် စူးရှသည့် အလင်းက လက်သွားသည်။

ခီး

ဝမ်ချောင်၏စစ်တပ်က စုန့်ခါ၏နယ်စပ်တွင် ရုတ်တရက် ပေါ်လာသောအခါ သတင်းပို့ တိဗက်ငှက်များက ချက်ချင်း သတိထားမိလိုက်ကြသည်။ တိဗက်များကလည်း ဝမ်ချောင်၏စစ်တပ်ကို မြင်လိုက်ကြသည်။ ကျောက်သားငှက်တစ်ကောင်က စခန်း၏ အလယ်ဗဟိုတွင် ရှိနေသည့် ကြီးမားသော အနက်ရောင် ရွက်ဖျင်တဲကြီးထံသို့ ဝင်ရောက်သွားသည်။

ရွက်ဖျင်တဲထဲမှ အစောင့်က မြေပြင်တွင် ဒူးထောက်လိုက်ကာပြောသည်။

“သတင်းပို့ ကင်းထောက်တွေရဲ့ ပြောစကားအရ နယ်စပ်မှာ အမည်မသိရတဲ့ စစ်တပ်တစ်ခု ပေါ်လာပါတယ်”

“အမ်”

အစောင်၏ သတင်းပို့ချက်ကို ကြားလိုက်သည့် သာ့ယန်ဖူရယ်က မျက်မှောင်ကျုံ့သည်။ သူ၏အမူအရာက တုန်ယင်သွားသည်။

“ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ဘယ်နေရာက အမည်မသိရတဲ့ အင်အားစုက ရောက်လာမှာလဲ။ ဒီနေရာက ယွီစန်းရဲ့ အလယ်ဗဟိုနေရာ။ ဒီနေရာက အချက်အချာနေရာလည်း ဟုတ်တယ်။ ဒီတိုင်း ဖြတ်သွားတဲ့ ငါတို့ရဲ့ ခုခံရေး အင်အားစုတွေ မဟုတ်ဘူးလား။ ဘာတွေကို လျှောက်တွေးနေတာလဲ။ သွားထပ်ကြည့်စမ်း။ သူတို့က ငါတို့ရဲ့စစ်သားတွေ မဟုတ်မှဘဲ ငါ့ကိုပြန်လာပြီးသတင်းပို့”

“ဟုတ်ကဲ့အရှင် လက်အောက်ငယ်သားက အခုချက်ချင်း လုပ်လိုက်ပါ့မယ်”

အစောင့်ကလည်း ရှက်နေသည်။ ဒီနေရာက ယွီစန်း၏ အတွင်းပိုင်းနေရာတစ်ခု ဖြစ်သည်။ တိဗက်များက နေရာတိုင်းတွင်ရှိသည်။ အမည်မသိရသော အင်အားစုက ပေါ်လာစေရန် အကြောင်းပင်မရှိချေ။ အများဆုံးမှ အနီးအနားမှ ဖြတ်သွားသော နယ်များ၊ သို့မဟုတ် ဖြတ်သွားဖြတ်လာ မြင်းတပ်လောက်သာ ဖြစ်နိုင်လေသည်။

စောင့်ကြပ်နေသည့် ကင်းထောက်များနှင့် မြင်းတပ်ကသာ သတိကြီးလွန်းနေခြင်း ဖြစ်လောက်သည်။

အစောင့်က လျှင်မြန်စွာ ပြန်ထွက်သွားပြီး လျှင်မြန်စွာ ပြန်ရောက်လာသည်။ ဒုတိယမြောက် ကျောက်သားငှက်က သတင်းကို သယ်လာပြန်သည်။ အစောင့်က ရွက်ဖျင်တဲထဲသို့ အလောတကြီးဝင်သည်။

“ဗိုလ်ချုပ် သတင်းတွေ ထပ်ရလာပါပြီ။ ကျွန်တော်တို့ရဲ့ နယ်နိမိတ် ဝန်းကျင်ထဲမှာ မြင်းတပ်အင်အားစုတစ်ခု ပေါ်လာတာပါ။ ကျွန်တော်တို့က သူတို့နဲ့စကားပြောဖို့ လူတွေလွှတ်ခဲ့ပေမဲ့ ဘယ်သူမှ ပြန်မလာခဲ့ပါဘူး။ ဒါ့အပြင် ဒီအင်အားစုက ကောင်းကင်က ကျွန်တော်တို့ရဲ့ ‘မျက်လုံး’တွေကို ရှင်းလင်းဖို့ တော်တော်လေးကို လုပ်နိုင်စွမ်းအားရှိတဲ့ တစ်စုံတစ်ခုကို စေလွှတ်ထားခဲ့တဲ့ပုံပါပဲ”

“ဘာ”

သာ့ယန်ဖူရယ်၏ မျက်နှာထားက ပြောင်းလဲသွားသည်။ သူက ခုံအောက်ငုံ့ကြည့်နေသည့် ခေါင်းကို တဖြည်းဖြည်းချင်း မော့လိုက်သည်။

ဒီနေရာက ယွီစန်းအင်ပါယာ၏ လေ့ကျင့်ရေးစခန်းဖြစ်သည်။ အနီးအနားတွင် ဖြတ်သွားဖြတ်လာ လူများကလည်း ကုန်သည်အဖွဲ့နှင့် အခြားစစ်သည်များသာဆိုလျှင် သူတို့က မည်သည့်အတွက်ကြောင့်မှ လေ့ကျင့်ရေးစခန်းမှ ငှက်များကို သုတ်သင်ရဲရန် ကြိုးစားလိမ့်မည်မဟုတ်သလို လေ့ကျင့်ရေးစခန်းမှ လွှတ်လိုက်သည့် လူများကိုလည်း တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။

“ငါသွားကြည့်မယ်”

သာ့ယန်ဖူရယ်က တစ်စုံတစ်ရာ မှားယွင်းနေကြောင်း အာရုံခံမိလိုက်သည်။ သူက မတ်တပ် ချက်ချင်းရပ်လိုက်ပြီး ထိုင်ခုံကို တစ်ပတ်ကျော်ကာလျှောက်သည်။ ထို့နောက် စခန်း၏ အပြင်ဘက်သို့ ချက်ချင်းလိုလို ထွက်ခွာသည်။

ခီး

သာ့ယန်ဖူရယ်က စခန်းထဲမှ ထွက်လိုက်သည့် အချိန်တွင်ပင် ရုတ်တရက် ခေါင်းပေါ်မှ စူးရှသည့် အော်သံက ကြားလိုက်ရသည်။ ခေါင်းမော့ကြည့်လိုက်သောအခါ အစိမ်းရောင်ငှက်တစ်ကောင်က ကောင်းကင်တွင် ပျံသန်းလျှက်ရှိကြောင်း မြင်လိုက်ရသည်။ ထို့နောက် သာ့ယန်ဖူရယ်နှင့် ခြေလှမ်းအနည်းငယ်သာ ကွာဝေးသို့ ထိုးစိုက်ကျသွားပြီး အရိုးများက ကွဲထွက်သွားသည်။ ခန္ဓာကိုယ်ကလည်း အသားတုံးပုံ အဖြစ်ပင် ပြောင်းလဲသွားသေးသည်။

ခီး

သာ့ယန်ဖူရယ်၏ ခေါင်းထက်တွင်ရှိသည့် ကျောက်တုံးသိန်းငှက်တစ်ကောင်က သူ၏သာမာန်ထက်ပင် သေးငယ်သည့် တောင်ပံကို တဖြတ်ဖြတ် ခတ်နေပြီးနောက် ပျံသန်းသွားသည်။ ထိုအချိန်တွင် သာ့ယန်ဖူရယ်၏ မျက်နှာက ရှုံ့မဲ့သွားသည်။

ဒါက သူ့ကို ပြောင်စိန်ခေါ်လိုက်ခြင်းဖြစ်သည်။ ထိုအင်အားစုက မည်သို့သော လူမျိုးဖြစ်နေစေကာမူ သူတို့က တိဗက်မဟုတ်နိုင်တော့ချေ။ သာ့ယန်ဖူရယ်ကလည်း ထိုကျောက်တုံးသိန်းငှက်က အဝေးသို့ ပျံသန်းသွားခြင်းအား သုန်မှုန်ကာ စိုက်ကြည့်နေလိုက်သည်။

ထိုငှက်ကို ကျော်လွန်ပြီးနောက် နောက်ဆုံးတွင် သာ့ယန်ဖူရယ်က အစောင့်ပြောသည့် ရန်သူအင်အားစုဆိုသည်အား မြင်လိုက်ရသည်။ အနက်ရောင်ဒီရေလှိုင်းတစ်ခုက မိုးကုတ်စက်ဝိုင်းတစ်ခုမှ စတင်ကျော်လွန်ကာ ထွက်လာနေပြီး လေ့ကျင့်ရေးစခန်းထံ ဦးတည်လာနေသည်။

“သတင်းပို့ ဗိုလ်ချုပ် ကင်းထောက်တွေက ရန်သူအင်အားစုရဲ့ နောက်ခံကို အတည်ပြုပြီးပါပြီ။ သူတို့က တိဗက်အင်အားစုမဟုတ်ပါဘူး။ ထန်အင်အားစုပါ”

“ဘာ”

သာ့ယန်ဖူရယ်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင်အောင် ထိုစကားလုံးက သူ၏ခန္ဓာကိုယ်ကို တသိမ့်သိမ့် တုန်သွားစေသည်။

ထန်ဟုတ်လား ထန်တွေက ဘယ်လိုဖြစ်ပြီး ဒီနေရာကိုလာမှာလဲ။ နောက်ပြီး ခုခံရေးအင်အားစုတွေက သတိတောင် မထားမိကြဘူးလား။

“တစ်ယောက်ယောက်သွားပြီး သူတို့မှာ စစ်သည်တော်အင်အား ဘယ်လောက်ရှိလဲ သွားကြည့်စမ်း”

သာ့ယန်ဖူရယ်က အလျင်စလိုပြောသည်။

“ဟုတ်ကဲ့ဗိုလ်ချုပ်”

အစောင့်များက အလျင်စလို ထွက်ခွာသွားပြီး အလျင်စလို ပြန်ရောက်လာသည်။ ယခုလောက် နီးနေကတည်းက သူတို့အနေဖြင့် ရန်သူအင်အား အရွယ်အစားကို ဆုံးဖြတ်နိုင်ရန် လွယ်ကူသည်။

“ဗိုလ်ချုပ်ကို သတင်းပို့ပါတယ်။ သူတို့ရဲ့ အရေအတွက်ကို အတည်ပြုပြီးပါပြီ။ ထန်စစ်သည်ငါးထောင်ပါ။ အားလုံးက မြင်းတပ်ပါ။ လက်ရှိမှာ ကျွန်တော်တို့ရှိရာကို ဦးတည်လာနေပါတယ်”

“ငါးထောင်ဟုတ်လား”

သာ့ယန်ဖူရယ်၏ မျက်နှာက အစပိုင်းတွင် တင်းမာနေရာမှ တဖြည်းဖြည်းချင်း လှောင်ရယ် ရယ်လိုက်သည်။

“မြင်းတပ်ငါးထောင်လောက်နဲ့ တောင်ပေါ်ဒေသရဲ့ အတွင်းပိုင်းထဲကို ဝင်လာရဲတယ်။ သူတို့က သေချင်နေတာပဲ”

“ငါ့အမိန့်ထုတ်လိုက် တပ်ဖွဲ့တိုင်းကိုစုစည်းပြီး တိုက်ပွဲအတွက် ပြင်ဆင်ခိုင်းလိုက်”

သာ့ယန်ဖူရယ်၏ မျက်လုံးများက မှေးကျဉ်းသွားပြီး သူက အသင့်ပြင်ခိုင်းရန် အမိန့်ထုတ်လိုက်သည်။

ကျန်းကျွင်းလူသစ်လေ့ကျင့်ရေး စခန်းတစ်ခုက လူသစ်များကို လေ့ကျင့်ပေးသည့် စခန်းတစ်ခု ဖြစ်နေသော်လည်း ဒီနေရာတွင်ရှိနေသည့် စစ်သည်တော် အရေအတွက်က နှစ်သောင်းကျော်သည်။ ထိုထဲတွင် လေးစားဖွယ်ရာ ချင်းဟာစစ်သည်တော်များပင် ရှိနေသေးသည်။

ထိုလူများက မည်သူပင် ဖြစ်နေစေကာမူ သူတို့က မည်သို့သော နည်းလမ်းမျိုးဖြင့် ခုခံရေးအားလှိုင်းကို ကျော်ဖြတ်နိုင်စေခဲ့ကာမူ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို သူတို့၏စစ်သည် ငါးထောင်လောက်နှင့် ရင်ဆိုင်နိုင်မည်ဟု ယုံကြည်နေခဲ့လျှင် စိတ်လွတ်နေသောကြောင့်ဖြစ်ရပေလိမ့်မည်။

သူကလည်း မည်သည့်အတွက်ကြောင့် တိဗက်များက တောင်ပေါ်ဒေသ၏ အစစ်အမှန် ဆရာသခင်များ ဖြစ်နေကြောင်း ထိုလူများကို သက်သေပြလိုက်တော့ပေမည်။

ဘုန်း

သာ့ယန်ဖူရယ်က ထိုသို့ အမိန့်ထုတ်လိုက်ပြီးသည်နှင့် ရှည်လျားသော တိဗက်နွားထီးအရိုးဖြင့် လုပ်ထားသည့် ခရာများက စမှုတ်သည်။ ထိုသို့ဖြင့် လေ့ကျင့်ရေးစခန်းတစ်ခုလုံးအနှံ့ ပြန့်သွားသည်။ စခန်းက ချက်ချင်းလိုလို အသက်ဝင်လာသလို ဖြစ်သွားပြီး စစ်သည်တော်များက မြင်းကိုအပြေးနှင်လျှက် စုစည်းလာကြသည်။ စစ်ဗုံကလည်း မြည်ဟီးသည်။ အေးချမ်းတိတ်ဆိတ်နေသည့် ကျန်းကျွင်းလေ့ကျင့်ရေးစခန်းက တဖန် တောက်လောင်သွားပြီး ရင်းနှီးလွန်းသော ကြမ်းတမ်းသည့် အရှိန်အဝါကို စတင်ထုတ်ဖော်ကြသည်။

ဟီး ဟီး ဟီး

ဘုန်း ဘုန်း ဘုန်း

စစ်မြင်းများကဟီသည်။ စစ်ဗုံများကိုတီးသည်။ စုန့်ခါကို ကျော်လွန်နေသည့် ကောင်းကင်တွင် ပြင်းထန်သည့် အင်အားက ပြည့်နှက်လာပြီး စစ်ရနံ့များလည်း မွှေးပျံ့လာသည်။

အခန်း(၇၅၂)

ပထမတိုက်ပွဲ (၁)

“အရှင်အမတ် တိဗက်တွေက ကျွန်တော်တို့ကို ရှာတွေ့သွားကြပါပြီ။ သူတို့အမြန်ဆုံး အင်အားစုနေကြတယ်”

တောင်ပေါ်မှ လီစစ်ယဲ့က ဝမ်ချောင်၏အနောက်မှ ကပ်လိုက်နေခြင်းဖြစ်သည်။ သူက ဝမ်ချောင်ကိုမှီရန် မြင်းကို အပြေးနှင်လာသည်။ သူ၏အကြည့်က အေးစက်နေသည်။ သူ၏မျက်နှာထားက တည်ငြိမ်ပြီး တောင်တစ်တောင်ကဲ့သို့ ရွေ့လျားအောင်လုပ်ရန် ခက်ခဲသည်။ မည်သည့်အရာကမျှ သူ့ကို မတွန်းလှဲနိုင်သလို ထင်ရသည်။

“ရတယ် သူတို့ကို အင်အားစုခိုင်းလိုက်”

ဝမ်ချောင်က ရယ်ပြီး လက်မောင်းကိုတစ်ချက် မြှောက်လိုက်သည်။ ရုတ်တရက် ချီတက်နေသည့် တိဗက်မြင်းတပ်က ရပ်တန့်သွားပြီး တစ်စက္ကန့်ထဲနှင့် အပြည့်အဝ ရပ်တန့်သွားလေသည်။ စစ်သည်ငါးထောင်လုံးက တညီတညာတည်း သွားခဲ့ခြင်းဖြစ်သည်။ မည်သည့် အမှားအယွင်းမျှ မပါချေ။ အားလုံးက တစ်ယောက်ထဲကဲ့သို့ အစီအစဉ်တကျ ဖြစ်နေသည်။

‘မီးတောက်လို ရိုက်ချနိုင်ရမယ်။ တောင်တန်းလို မရွေ့လျားရဘူး’ဆိုသော စကားနှင့်ယှဉ်ရသော် ဝမ်ချောင်၏ စစ်သည်ငါးထောင်က ဖုမန်လင်းချာ၏ လက်ရွေးစင်ဆိုသည့် ခြေလျှင်တပ်များကိုပင် ချီးကျူးမိပြီး သက်ပြင်းချမိလောက်အောင် အစီအစဉ်တကျ ရှိနေသည်။

ဘုန်း

ခရာကို အားအင်အပြည့်ဖြင့် မှုတ်ထုတ်လိုက်သည့်အခါ ဝမ်ချောင်၏ အင်အားစု၏ အာရုံစိုက်ခံလိုက်ရသည်။ တိဗက်များက အလွန်လျှင်မြန်စွာ တုန့်ပြန်ကြသည်။ သူတို့၏ ငှက်များက ဝမ်ချောင်၏ အင်အားစုကို ရှာတွေ့ပြီး အချိန်တိုအတွင်းတွင် တိဗက်တိုင်းက အင်အားစုပြီးကြသည်။ အပေါ်ပိုင်းဗလာနှင့် ပန်းပဲသမားများကပင် သံချပ်ကာများကို ကောက်ဝတ်ကြပြီး ဝင်လာကြသည်။ တိဗက်စစ်သည် ထောင်ပေါင်းများစွာက ကျော်ကြားသည့် တောင်ပေါ်မြင်းကြီးများပေါ်တက်ပြီး ဝမ်ချောင်တို့ အင်အားစု ရှိရာဘက်သို့ တောင်တန်းကိုပင် ဖိနင်းနိုင်လောက်သည့် အရှိန်အဟုန် အပြည့်ဖြင့် ချီတက်လာကြပြီး အနောက်တွင် ဖုန်လုံးများကို ချန်ထားရစ်ခဲ့သည်။

တိဗက်မြင်းတပ် ပင်လယ်ကြီး၏ အရှေ့တွင် ဝူရှန်းငါးထောင်က တောက်ပသည့် လမင်းကို ရင်ဆိုင်နေသည့် ပိုးစုန်းကြူးလေး၏ အလင်းအလား ထင်ရသည်။

“အရှင် ရန်သူရဲ့ စစ်သည်တွေက ကျွန်တော်တို့ထက် အင်အားများလွန်းတယ်”

လီစစ်ယဲ့၏ အသံက ဘေးဘက်မှ ထွက်လာသည်။ ထိုအထဲတွင် စိုးရိမ်မှုက တစ်စွန်းတစ်စပါသည်။

“အင်း သူတို့က ငါတို့ထက် အများကြီးများတယ်”

ဝမ်ချောင်က ခပ်ပေါ့ပေါ့သာပြောသည်။ သူ၏မျက်နှာတွင် ခံစားချက် အပြောင်းအလဲ မရှိချေ။ စုန့်ခါ၏ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းက စစ်သည်နှစ်သောင်းဝန်းကျင် ရှိပေလိမ့်မည်။ လေ့ကျင့်ပေးနေသော စခန်းမှ စစ်သည်တော်များကို ထည့်ဖြည့်တွက်လိုက်မည်ဆိုလျှင် နှစ်သောင်းငါးထောင် သို့မဟုတ် နှစ်သောင်းခြောက်ထောင် အထိပင် ရှိနိုင်သေးသည်။ အင်အားကြီး သီးသန့်ဆိုရသော် သူတို့က ထန်အင်အားစုထက် ငါးဆခန့်များနေသည်။

ထပ်ပေါင်းဆိုရသော် တိဗက်များက နဂိုကတည်းက သတ္တိကြီးသည်။ သူတို့က လုပ်ရဲကိုင်ရဲသောလူများ ဖြစ်သည့်အလျောက် ထိုလူသစ်များကပင် အခြားသော တိုင်းပြည်များမှ သာမာန်စစ်သည်တော်များ၏ အင်အားနှင့် ရဲရင့်ပြတ်သားမှုထက် နိမ့်ကျခြင်း မရှိကြချေ။ သူတို့အားလုံးက သာမာန် ရိုးရှင်းသော လူသစ်များ မဟုတ်ကြချေ။

ဝုန်း

တောင်ပေါ်က တုန်ခါသွားသည်။ တိဗက်များက အလွန်အမင်း မြန်ဆန်ကာ တက်နေခြင်း မဟုတ်သည့်တိုင်အောင် သူတို့၏ အရှိန်အဟုန်က ကြောက်စရာကောင်းနေခဲ့သည်။

ခွပ် ခွပ် ခွပ် ခွပ်

ဝမ်ချောင်၏ မြင်းတပ်က တိတ်တဆိတ် စောင့်နေချိန်တွင် တိဗက်မြင်းသမား တစ်ယောက်က ရုတ်တရက် အစီအတန်းလိုက် ရှိနေသော အတန်းထဲမှထွက်လာပြီး အရှေ့သို့ ဦးတည်ကာ မြင်းစီးလာသည်။

“အရှင် သူတို့က သံတမန်ပို့လိုက်တယ်”

ကျန်းချွယ်ကပြောသည်။

သူက ‘သိန်းငှက်အဖွဲ့’ကို ဖွဲ့စည်းပြီးသည့် အချိန်ကတည်းက ကျန်းချွယ်ကို ဝမ်ချောင်က စစ်တပ်ထဲသို့ စာရင်းသွင်းပေးထားသည်။ ထို့ကြောင့် သူက သံတမန်နှင့် ကင်းထောက်ရာထူးကို ရထားသည်။

“ဆွေးနွေးစရာမရှိဘူး”

ဝမ်ချောင်က ထိုသံတမန်ကိုကြည့်ပြီး နှာခေါင်းရှုံ့သည်။ စစ်တပ်နှစ်ခုက အင်အားချင်း ညီမျှနေလျှင် သံတမန် တစ်ယောက်စီပို့သည်။ သို့ရာတွင် သံတမန်များဟုသာ ခေါ်သော်လည်း ထိုလူများက သတင်းများတောင်းဆိုရန် ရောက်လာခြင်းဖြစ်နေသည်။ တိဗက်များက ထန်အင်အားစု၏ လုပ်နိုင်စွမ်းအင်အကြောင်း မသိကြသေးသလို ထန်များက တောင်ပေါ်သို့ မည်သို့ရောက်လာကြောင်း မသိထားကြချေ။

ဝမ်ချောင်ကလည်း သဘာဝအလျောက်ပင် သူတို့ကို ထိုအခွင့်အရေး မပေးနိုင်ချေ။

“ရွှီခဲ့ရီ အသင့်ပြင်”

“ဟုတ်ကဲ့အရှင်အမတ်”

ရွှီခဲ့ရီက သူ၏ကျောနောက်မှ ကြီးမားသည့် လေးကြီးကို ချက်ချင်းထုတ်သည်။ လေးက လက်လေးချောင်းခန့်နီးပါး ကျယ်သည်။ လေးကြိုးကလည်း မိကျောင်းအရွတ်သား၊ ရေမြင်းအရွတ်သားနှင့် သတ္တုတို့ကို ပေါင်းသုံးထားခြင်း ဖြစ်သည့်အလျောက် ထိုကြိုးတစ်ခုတည်းကို မယုံနိုင်စရာကောင်းသည့် အင်အားအပြည့်ဖြင့် ဆွဲ၍ရသည်။

ဘန်း

လေးကြိုးက တုန်ခါသွားသည်နှင့် လေတိုးသံက ထွက်ပေါ်လာသည်။ ထိုတခဏတွင် လေးပေခန့်ရှည်သည့် သတ္တုမြှားတစ်ချောင်းက လေထုကို ထိုးခွဲသွားသည်မှာ လျှပ်လက်သကဲ့သို့ပင် ထင်ရသည်။ ထို့နောက် ချက်ချင်းလိုလို ထိုတိဗက်မြင်းသမားကို လှမ်းကာပစ်ခတ်လိုက်သည်။

ထက်ရှသောမြှားက လည်ချောင်းအရှေ့မှ ဖောက်ဝင်သွားပြီး ကျောဘက်သို့ ပြန်ဖောက်ထွက်သည်။ မြောက်များလှစွာသော စွမ်းအင်က ခေါင်းနှင့်ကိုယ်ကို ခွဲပေးလိုက်သည်။

ထိုမြင်ကွင်းက ရုတ်တရက်ဆန်သည်။ များပြားလွန်းသော တိဗက်မြင်းတပ် ပင်လယ်ကပင် ရုတ်တရက် တန့်သွားသည်။ ထိုမျှအထိ သူတို့က မမျှော်လင့်ထားခဲ့ချေ။

“မျိုးမစစ်ကောင်”

အဝေးမှ ဒေါသတကြီး အော်ဟစ်သံက ဟိန်းထွက်လာသည်။ သို့သော် တိဗက်ဘာသာစကားဖြင့် ပြောလိုက်ခြင်း မဟုတ်ဘဲ ရင်းနှီးနေသော ဟန်ဘာသာစကားဖြင့်ဖြစ်သည်။ တိဗက်မြင်းတပ် ပင်လယ်၏အရှေ့တွင် တောင့်တင်းသန်မာသည့် ကြွက်သားအပြည့်နှင့် အနီရောင်စစ်မြင်းကို စီးနင်းနေသည့် ဗိုလ်ချုပ်တစ်ယောက်က ဒေါသတကြီး ဓားကိုဆွဲထုတ်လိုက်သည်။ သူ၏အကြည့်က ဝမ်ချောင်တို့၏ အင်အားစုထံတွင် ရှိနေသည်။ သူ၏ခန္ဓာကိုယ်က တောင်တန်းတစ်လုံးတမျှ ကြီးမားပြီး အရှိန်အဝါများကို လွှတ်ထုတ်နေသည်။

“အသင့်ပြင် တိုက်ခိုက်”

ဝုန်း

သတ္တုက မြေကမာ္ဘကို ထိုးခွဲလိုက်သလို ဝုန်းကနဲ အသံကြီးက ထွက်ပေါ်လာသည်။ လီပေါင်းများစွာ အကွာမှပင် ထိုအသံကို ကြားနိုင်လောက်သည်။ အနီရင့်ရောင် ဆူးချွန်ချီစက်ကွင်းများက ထိုဗိုလ်ချုပ်၏ ကိုယ်မှ ဖြာထွက်လာပြီး မြေပြင်ထဲသို့ စိမ့်ဝင်သွားခြင်းအားဖြင့် နောက်ထပ် ချီစက်ကွင်း တစ်ခုပြီးတစ်ခု ဖြစ်တည်လာသည်က စစ်တပ်တစ်ခုလုံးအနှံ့ ဖြန့်လိုက်သည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း တိဗက်စစ်သည် နှစ်သောင်းကျော်က လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အရှိန်အဝါမျိုးကို လွှတ်ထုတ်လိုက်ကြသည်။ သူတို့၏အင်အားက အခြားအဆင့်တစ်ခုထိ ရောက်ကာ မြင့်တက်သွားကြသည်။

ဘုန်း

မြေကမာ္ဘက တုန်ခါသည်။ ကြီးမားလွန်းသော ချီစက်ကွင်းကြီးကို ထုတ်လွှတ်လိုက်ကြောင်း အချက်ပြခြင်းနှင့်တူသည်။ ထိုသို့ဖြင့် တိဗက်နွားထီး ဦးချိုခရာကြီးများက စစ်တပ်၏ အနောက်ဘက်မှတဆင့် စတင်ကာ မှုတ်လိုက်သည်နှင့် များပြားလွန်းလှသော တိဗက်အင်အားစုက တစ်သုတ်ပြီးတစ်သုတ် အပြေးနှင်ကြသည်။

စက္ကန့်အနည်းငယ်ထဲနှင့် စစ်တပ်နှစ်သောင်းက မယုံနိုင်စရာ အရှိန်နှုန်းနှင့် ခရီးဆက်လိုက်ပြီး ဝူရှန်းမြင်းတပ် ငါးထောင်ထံ ဦးတည်လိုက်သည်။

“သတ်”

“အားလုံးကိုသတ်”

“ချီတက်”

ကောင်းကင်တွင် တိဗက်များ၏ အော်သံများက ပြည့်နှက်နေသလို စစ်မြင်းများ၏ ဟီသံက တောင်ပေါ်ဒေသ၏ ငြိမ်းချမ်းတိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ တိုက်ပွဲနှင့် သတ်ဖြတ်ခြင်းက တိဗက်များ၏ အတွင်းထဲတွင် ပုန်းကွယ်နေသည့် စိတ်ဆန္ဒကို လှုပ်နှိုးလိုက်သလို ဖြစ်သွားသည်။ လေထုထဲတွင် ပြင်းထန်လာသည့် တင်းအားက ထိုကျန်းကျွင်း လေ့ကျင့်ရေးစခန်းမှ စစ်တပ်နှစ်သောင်းခုနှစ်ထောင်နှင့်အတူ ချီတက်လာသည်။

တိဗက်များက ကိုယ်တိုင်ကိုယ်ကျ ကျင့်ကြံထားသည့် ချီစက်ကွင်း အသီးသီးကလည်း စတင်ကာ မြင့်တက်လာပြီး အချင်းချင်း ပေါင်းစပ်သွားကာ မှင်သက်ဖွယ်ကောင်းသည့် စွမ်းအားများက လေထုကိုပင် ဝေဝါးသွားစေသေးသည်။

စုန့်ခါက ယွီစန်း၏ လူသစ်လေ့ကျင့်ရေး စခန်းကြီးများထဲမှ တစ်ခုဖြစ်သည်။ ယခုလို ပစ်မှတ်ထား အတိုက်ခိုက်ခံရသည့် အချိန်တွင်ပင် စုန့်ခါကို အလွယ်တကူ အနိုင်ကျင့်၍ရသည်ဟု မသတ်မှတ်သင့်ချေ။

တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်က ပြောင်သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် မည်သည့်အင်အားစုကမျှ ထိုသံချပ်ကာများကို ခြစ်ရာပင် ထင်အောင်လုပ်ရန် မဖြစ်နိုင်ချေ။

ဝုန်း

ကမာ္ဘမြေကြီးက ကွဲအက်သွားပြီး ဖုန်မှုန့်များက လိမ့်တက်သွားသည်။ ချီရှီမြက်ခင်းပြင်ကျယ် တစ်နေရာသို့ နှစ်ဖက်မှ စွမ်းအင်များက ထိပ်တိုက် ပေါင်းဆုံသွားသောအခါ တဖြည်းဖြည်း စွမ်းအင်လှိုင်းများအဖြစ် လိမ့်တက်သွားပြီး ဝမ်ချောင်တို့၏ ဦးတည်ရာဘက်သို့ ပျံ့နှံ့သွားသည်။

သို့တိုင်အောင် ဝူရှန်းငါးထောင်က လေပြင်းအောက်တွင် မလှုပ်ရှားဘဲ ရှိနေသေးသည့် တောင်တန်းအလား ဖြစ်နေသေးသည်။

အကွာအဝေးက နီးသထက်နီးလာပြီး တုန်ခါမှုက ပြင်းသထက် ပြင်းလာသည်။ ထိုသို့ဖြင့် တစ်ဆယ်လီ၊ ရှစ်လီ၊ ငါးလီ...

“အသင့်ပြင်”

အကွာအဝေးက သုံးလီထိ နီးလာသည့်တိုင် ချွင်ကနဲမြည်သံနှင့်အတူ ဓားအိမ်ထဲမှ ဓားဆွဲထုတ်လိုက်သည်။ အေးစက်သောအလင်းက လက်လာသည်။ ထို့နောက် လေထဲသို့ချိန်သည်။ မနက်ခင်းနေမင်း၏ အလင်းရောင်အောက်တွင် ဝမ်ချောင်၏ဝတ်ရုံက လွင့်နေသည်။ သူ၏အေးစက်သော အသံက ထိုနယ်မြေတခွင် ပျံ့နှံ့သည်။

“ချီတက်”

ဝုန်း

ထိုအမိန့်က ရေကန်ထဲသို့ ကျောက်တုံးကြီးကို ပစ်ချလိုက်သလိုဖြစ်ပြီး မရေမတွက်နိုင်သော အားလှိုင်းပေါင်းများစွာ ထသွားစေသည်။ တိတ်ဆိတ်နေသည့် ဝူရှန်းမြင်းတပ်က ရုတ်တရက် လေးကြိုးမှ မြှားပစ်လိုက်သလို ဝမ်ချောင်၏နောက်မှ ရှေ့သို့ ခုန်တက်သွားကြသည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေပြင်ကပင် ကြောက်လန့်မှုကြောင့် အက်ကွဲရလောက်သည်။

ဝူရှန်းမြင်းတပ် ငါးထောင်က တူညီသော လှုပ်ရှားမှု၊ တူညီသော အရှိန်နှုန်းဖြင့် ချီတက်သွားသောအခါ သူတို့ ထုတ်လွှတ်နေသည့် အရှိန်အဝါက မည်သည့်ရန်သူကိုမဆို ဖိနှိပ်နိုင်သည်။ မည်သည့်ရန်သူကမျှလည်း မတုပနိုင်ချေ။

ကြောက်မက်ဖွယ်လေပြင်းနှင့် ဟီနေသော မြင်းများအကြားတွင် ငြိမ်းချမ်းနေသည့် တောင်ပေါ်ဒေသကို သိပ်သည်းသော စစ်တိမ်စိုင်များက ရုတ်တရက် လွှမ်းခြုံသွားသည်။ လေထုကလည်း တင်းကြပ်လွန်းပြီး အန္တရာယ်များသွားသည်။

“သတ်”

အရေအတွက်က အပြတ်အသတ် ကွာနေသည်။ ဝူရှန်းမြင်းတပ် ငါးထောင်ကမူ နောက်ဆုတ်မည့် အရိပ်အယောင် မပြချေ။ ထိုစစ်သည်တော်များက မကြောက်လန့်တတ်သော လူများကဲ့သို့ ရန်သူထံ တည့်တည့်တိုးဝင်သွားကြသည်။

တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်

အချိန်ကပင် တွားသွားနေသလို နှေးကွေးသွားသည်။ မြေကမာ္ဘက သူတို့၏မြင်းခွာအောက်တွင် တုန်ခါသွားသည်။ ထိုမြေကမာ္ဘကပင် ဝူရှန်းမြင်းတပ်၏ အရှိန်နှုန်းကို မခံနိုင်သလို ထင်ရသည်။ ဝူရှန်းမြင်းတပ်က မြန်ဆန်သထက် မြန်ဆန်သွားပြီး စစ်တပ်ထက်ပို၍ မြန်ဆန်သထက် မြန်ဆန်နေသည်။

လေးစက္ကန့်၊ ငါးစက္ကန့်၊ ခြောက်စက္ကန့်

ကောင်းကင်ထဲသို့ တိမ်စိုင်များက မြောက်တက်သွားသည်။ ကြီးမားသော မြင်းခွာတစ်ခုက မြောက်သွားပြီး ပြန်ကျသွားချိန်တွင် မြက်များကို ဖုန်အဖြစ် ပြောင်းလဲသွားစေကာ ခြေရာကြီးများကို ချန်ထားရစ်ခဲ့သည်။ ပိုင်ရှင်ကမူ ရှေ့ကိုသွားခိုင်းနေသည်။ သူတို့၏မြင်း၏ ကျောပေါ်တွင် ထိုင်နေသည့် ဝူရှန်းမြင်းတပ်က ထိတ်လန့်နေကြသေးသည့်တိုင်အောင် ဆုံးဖြတ်ချက် ပြတ်သားနေကြသေးသည်။

ဒါက သူတို့၏ ပထမဦးဆုံး တိုက်ပွဲဖြစ်ပြီး အရေအတွက်က အကန့်အသတ်ထက် များစွာများနေသည့် ရန်သိူကု ရင်ဆိုင်ရခြင်းဖြစ်သည်။

သို့သော် သာမာန်စစ်သည်တော်များနှင့် နှိုင်းယှဉ်သော် ဝူရှန်းမြင်းတပ် ငါးထောင်က အပြတ်အသတ်သာသည်။

ဝူရှန်းရွာက မတ်စောက်သော ချောက်ကမ်းပါး၊ မြင့်မားသော တောင်တန်းများဝိုင်းကာ တည်ရှိနေသည်။ ထိုနေရာအကြားတွင် လမ်းလျှောက်သွားရခြင်းကပင် သေရေးရှင်ရေး သွားရခြင်းဖြစ်နေသည်။ ရလဒ်အနေဖြင့် သူတို့က အနည်းငယ်သာ ခြေချော်သွားခဲ့လျှင် ခန္ဓာကိုယ်က ချောက်ကမ်းပါးထဲသို့ ပြုတ်ကျသွားပြီး ခန္ဓာကိုယ်က အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားနိုင်သေးသည်။ ထိုကဲ့သို့သော ဝန်းကျင်တွင် ရှင်သန်လာခဲ့ခြင်း ဖြစ်သည့်အလျောက် ဝူရှန်းတိုင်းက သာမာန်လူထက် ပိုပြီး အကြောက်အလန့် နည်းသွားသည်။ သူတို့က ဒီလို ရက်စက်သော တိုက်ပွဲနယ်မြေမျိုးအတွက် အလွန်သင့်လျော်သည်။

ခုနှစ်စက္ကန့်၊ ရှစ်စက္ကန့်...

နှစ်ဖက်လုံးက နီးသထက် နီးလာသည်။ တိဗက်များက မိုးကုတ်စက်ဝိုင်း တည့်တည့်မှ လှမ်းမြင်နေရသည့် အနက်ရောင်အစက်များ မဟုတ်ကြချေ။ ထိုမျှအကွာအဝေးတွင် သူတို့၏ သံချပ်ကာမှ အသေးစိတ် အနေအထားကိုပင် မြင်နိုင်နေလေပြီ။

ချွင်

ဝူရှန်းမြင်းသည်တော်များ၏ ခန္ဓာကိုယ်မှတဆင့် ရုတ်တရက် ပိန်းပိတ်အောင် မည်းမှောင်သည့် ဆူးချွန် ချီစက်ကွင်းက မြောက်တက်လာပြီး မြေပြင်ထဲသို့ စိမ့်ဝင်သွားကာ သူတို့ကို လွှမ်းခြုံလိုက်သည်။

ဒုတိယ တတိယ စတုတ္ထ

ထိုသို့ဖြင့် စက္ကန့်အနည်းငယ်ထဲနှင့် ပိန်းပိတ်အောင် မည်းမှောင်သော ချီစက်ကွင်း ငါးထောင်က ပေါ်လာသလို သူတို့၏ အချွန်များက ထက်ရှလွန်းသော ဓားများကဲ့သို့ ဖြစ်နေသည်။ ရုတ်တရက် ဝူရှန်းမြင်းတပ်ထံမှတဆင့် အားလုံးက ပေါင်းစပ်သွားသည်။ သူတို့၏ အင်အားက မြောက်တက်သွားသည်။ သူတို့၏ အရှိန်အဝါက အများကြီး လေးလံသွားသည်။

သူတို့၏ကိုယ်ပေါ် ကျလာသည့် အလင်းကပင် ထိုချီစက်ကွင်းကို ဖြတ်ကျော်မိသည့်အခါ လိမ်တွန့်သွားသလို ဖြစ်သွားသည်။

ဝှစ်

အနက်ရောင် ချီစက်ကွင်းတစ်ခုက ပြောင်ရှင်းနေသည့် တစ်စုံတစ်ခုကို ဖြတ်သန်းသွားသည့်အခါ ထိုနေရာတွင် ရှိနေသည့် မြက်တိုင်းကလေထဲသို့ မြောက်တက်သွားသည်မှာ ခုတ်ချခံလိုက်ရသလို ဖြစ်သွားသည်။

ဝူရှန်းရဲ့ချီစက်ကွင်း

ဝူရှန်းမြင်းတပ် ငါးထောင်က နောက်ဆုံးတွင် တစ်လောကလုံးက ကြောက်ရသည့် အဆင့်မြင့် မြင်းတပ်ချီစက်ကွင်းကို ထုတ်သုံးလိုက်နိုင်လေပြီ။

ဝုန်း

မြေကမာ္ဘက ကွဲအက်သွားသည်။ ဖုန်မှုန့်မျာကလည်း မြောက်တက်လာသည်။ ထိုအချိန်တွင် ဝူရှန်းမြင်းတပ် ငါးထောင်က အင်အားကြီးသထက် ကြီးကာ မြန်ဆန်သထက် မြန်ဆန်သွားပြီး တိဗက်စစ်သည်နှင့် နီးသထက် နီးသွားသည်။

အခန်း(၇၅၃)

ပထမတိုက်ပွဲ (၂)

“အသင့်ပြင်”

ဝမ်ချောင်က ထိုသို့အော်ဟစ်လိုက်ပြီးနောက် သူ၏ ဖုန်မြင်းလား ချီစက်ကွင်းကို ထုတ်ဖော်လိုက်သည်။ သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာပြီးသည်နှင့် အနီရောင် ရောစပ်နေသည့် အနက်ရင့်ရောင် ချီစက်ကွင်းက ဝမ်ချောင်၏ ခြေထောက်အောက်တွင် ပေါ်လာကာ ဝူရှန်းမြင်းတပ်ကို လွှမ်းခြုံပေးလိုက်သည်။

ထိုချီစက်ကွင်း၏ အားဖြည့်ပေးမှုကြောင့် နဂိုကတည်းက လေးစားစရာ ကောင်းလောက်အောင် အရှိန်အဝါ ြ ကြီးမြတ်နေပြီဖြစ်သည့် ဝူရှန်းမြင်းတပ်က ပို၍အင်အားကြီးမားသွားပြန်သည်။ သူတို့၏ခွန်အား၊ သူတို့၏အရှိန်နှုန်း၊ သူတို့၏ လှုပ်ရှားနိုင်စွမ်းအားက အဘက်ဘက်မှ မြင့်တက်သွားသည်။

ဒါကအစသာရှိသေးသည်။ ဝုန်းကနဲမြည်သံနှင့် ဒုတိယမြောက် ဖုန်မြင်းသိုးချီစက်ကွင်း တစ်ခုကလည်း ဝမ်ချောင်၏ ခြေထောက်အောက်မှ ထွက်ပေါ်လာပြန်ပြီး စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်ပြန်သည်။ ထို့နောက် တတိယတစ်ခု။

ထိုချီစက်ကွင်းက အနောက်တောင်ပိုင်းက ခရီးမှ ပြန်လာပြီးနောက် ပို၍အင်အားကြီးမားသွားခဲ့သည်။

ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန် သိုင်းနယ်မြေအဆင့်မှ အင်ပါယာ သိုင်းနယ်မြေအဆင့်သို့ တက်ရောက်သွားခဲ့ပြီး ချီစက်ကွင်းကလည်း တစ်ခုမှ သုံးခုအထိ မြင့်တက်သွားခဲ့သည်။

ထိုချီစက်ကွင်း သုံးခုက ဝူရှန်းမြင်းတပ်၏ အင်အားကို မယုံနိုင်စရာကောင်းလောက်အောင် မြင့်မားသွားစေခဲ့သည်။ ကြောက်စရာအကောင်းဆုံး အချက်သည် တူရကီစစ်မြင်း ငါးထောင်က အဆင့်တက်သွားသလို ဖြစ်သွားခဲ့ခြင်းဖြစ်သည်။ သူတို့က ပျံသန်းသလို လေထဲသို့ ခုန်တက်သွားပြီးနောက်တွင် ပုံရိပ်ယောင်များကိုသာ ချန်ထားရစ်ခဲ့သည်။

ဝူရှန်းမြင်းတပ်က လက်ရှိအချိန်တွင် သာမာန်စစ်မြင်း တစ်ကောင်၏ နှစ်ဆခန့်မြန်သော အရှိန်နှုန်းကို ပိုင်ဆိုင်ထားပြီး ခရီးဆက်နေခြင်းဖြစ်သည်။

“အား”

အပြောင်းအလဲကို အာရုံခံမိသလိုမျိုး တိဗက်စစ်တပ်က အော်ဟစ်လိုက်ကြသည်။

“ဘာတွေဖြစ်နေတာလဲ”

“ဘာလို့ သူတို့က ဒီလောက်ထိ မြန်နေတာလဲ”

“ဟန်တွေ ဘယ်လိုလုပ်လိုက်တာလဲ။ ဘာလို့ သူတို့ရဲ့မြင်းတွေက ဒီလောက်ထိ မြန်နေရတာလဲ”

တိဗက်တောင်ပေါ်မြင်းများကလည်း တောင်ပေါ်တွင်သာ ကြီးပြင်းလာခဲ့ပြီး သန်မာသော ခန္ဓာကိုယ်၊ အင်အားကြီးမားသည့် တောင့်ခံနိုင်စွမ်းအားနှင့် ကြောက်မက်ဖွယ်ကောင်းသော ချီတက်နိုင်စွမ်းအား၏ ကောင်းချီပေးခံလိုက်ရပြီးသားဖြစ်သည်။ ထို့ကြောင့်လည်း ယွီစန်းများက မဟာထန်ကို ရင်ဆိုင်ရဲကြပြီး အနောက်ပိုင်း နယ်မြေများကို လွှမ်းမိုးနိုင်ကြခြင်းဖြစ်သည်။

တိဗက်များ၏ တောင်ပေါ်မြင်းများက လောက၏ အကောင်းဆုံးများထဲတွင် အဆင့်တစ်ခု ဝင်ထားသည်။ သို့သော် ထန်များကဲ့သို့ စစ်မြင်းများ မမွေးနိုင်ပြီး စားကျက်မြေကောင်းကောင်း မပိုင်ဆိုင်ထားသော တိုင်းပြည်တစ်ခုမှ စစ်မြင်းများက သူတို့ထက် မြန်နေသော ကိစ္စက စိတ်ဝင်စားစရာ ကောင်းသွားသည်။

“အသင့်ပြင်”

တိဗက်များက ထိုသို့ အသေးစား ကစဉ့်ကလျား ဖြစ်သွားချိန်သို့ ရောက်ရှိနေချိန်တွင် ကြည်လင်ကာ ပြတ်သားသည့် အသံက ကောင်းကင်သို့ ပဲ့တင်ထပ်သွားသည်။ ထိုအခိုက် လူတိုင်းက သူတို့၏ တည်ငြိမ်မှုကို ပြန်လည် ထိန်းလိုက်နိုင်ကြသည်။ ပြောလိုက်သောလူက ကျန်းကျွင်း လေ့ကျင့်ရေးစခန်းမှ သာ့ယန်ဖူရယ်ဆိုသည့် သူတို့၏ ဗိုလ်ချုပ်ကြီးဖြစ်သည်။

သူ၏မျက်နှာက ဆုံးဖြတ်ချက်ပြတ်သားမှုအပြည့် ထင်နေပြီး မည်သည့်အမူအရာမှ မဖော်ထုတ်ပြသချေ။ အစမှ အဆုံးထိ သူ၏အကြည့်က အဝေးမှ ဝမ်ချောင်ထံတွင်သာ ရှိနေသည်။

ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို အမိန့်ပေး အုပ်ချုပ်ရသည့် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သည့်အလျောက် သာ့ယန်ဖူရယ်ကလည်း ပတ်ဝန်းကျင် တိုင်းပြည်များမှ စစ်စနစ်များကို သူ၏လက်ခုံလို ကောင်းကောင်း သိနေသည်။ မဟာထန်၏ အကြောင်းကိုလည်း သိထားသည်။ ထို့ကြောင့် တစ်ချက်ကြည့်ရုံဖြင့် အလယ်အကျဆုံး နေရာမှ လူငယ်က ထန်စစ်တပ်မှ ခေါင်းဆောင်ဖြစ်ကြောင်း သိလိုက်သည်။

သာ့ယန်ဖူရယ်ကလည်း လုံရှီတွင် ထိုမျှငယ်သော မြင်းတပ်၏ ဗိုလ်ချုပ်မရှိကြောင်း သိသည်။ သို့သော် ထိုလူငယ်၏ ရုပ်ရည်နှင့် လိုက်ဖက်ညီသော တစ်စုံတစ်ယောက်ကိုမျှလည်း မသိသေးချေ။ သို့ရာတွင် ဒီလိုအခြေအနေမျိုးတွင် ဒီလိုကိစ္စများက အရေးမကြီးတော့ချေ။

“စစ်တပ်ဝင်္ကပါ အာရုံစိုက်ပြီးချီတက်ကြ”

သာ့ယန်ဖူရယ်နှင့် သူ၏ အနီရောင်မြင်းက စစ်တပ်၏အလယ်တွင် နေရာယူထားသည်။ သူကဓားကို ယမ်းလိုက်သောအခါ တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်က စတင်ကာ ထွက်ခွာသည်။

စစ်တပ်၏ အရှိန်နှုန်းက ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ သို့သော် စစ်သားများကမူ တစ်လပြီးတစ်လ လူစုခွဲကြပြီး အလယ်သို့ နီးသထက်နီးကာ ဝိုင်းလာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း လူသစ်လေ့ကျင့်ရေးစခန်းက ကျော်ကြားသော တိဗက်စစ်တပ် ဝင်္ကပါတစ်ခုကို ထုတ်ဖော်လိုက်လေပြီ။

ကျန်းရှစ်ရာ၊ ကျန်းခုနှစ်ရာ၊ ကျန်းခြောက်ရာ...

အကွာအဝေးက ကျဉ်းသထက် ကျဉ်းလာပြီး သတ်ဖြတ်လိုစိတ်က သိပ်သည်းသထက် သိပ်သည်းလာသည်။ တောင်ပေါ်မြေပြန့်ဒေသတွင် တိဗက်နှင့် ဝူရှန်းများက သူတို့၏ ရန်သူ၏ ကိုယ်ပေါ်မှ သံချပ်ကာများကိုပဲ ကောင်းကောင်းမြင်နိုင်သလို မြင်းလည်ဆံမွှေးများကိုပဲ ကောင်းကောင်း ထင်ထင်ရှားရှား မြင်နေရပြီဖြစ်သည်။ သူ၏ပါးစပ်မှ ထွက်လာသည့် ဝင်သက်ထွက်သက်ကိုပင် ခံစားမိနိုင်ကြသည်။

ကျန်းငါးရာ၊ ကျန်းသုံးရာ၊ ကျန်းနှစ်ရာ...

လေထုက သိပ်သည်းသထက် သိပ်သည်းလာသည်။ သူတို့၏ ကိုယ်ထဲမှ သွေးများက အေးခဲတော့မလို ခံစားလာရသည်။ လူတိုင်းက ရှေ့သို့သာ ကြည့်နေကြသည်။ သူတို့၏ အကြည့်က ရန်သူထံတွင်ရှိသည်။

ကျန်းနှစ်ရာ၊ ကျန်းတစ်ရာ၊ ကျန်းငါးဆယ်...

“သတ်”

တိဗက်ပင်ဖြစ်စေ၊ ဝူရှန်းပင်ဖြစ်စေ အားလုံးက လက်နက်ကို မြှောက်ကာ ကောင်းကင်ကိုပင် အက်ကွဲသွားစေလောက်မည့် အော်သံကြီးကို ထုတ်ဖော်လိုက်ကြသည်။

ထိုအချိန်တွင် လေထုထဲတွင် သတ်ဖြတ်လိုစိတ်များကသာ ပြင်းထန်နေကြောင်း သိသည်။ တိဗက်နှင့် ဝူရှန်းများအတွက် ငါးဆယ်ကျန်းဆိုသော အကွာအဝေးက စက္ကန့်အနည်းငယ်သာ ကြာနိုင်သည်။

ထိုအကွာအဝေးက ချက်ချင်းလိုလို ကျုံ့သွားသည်။

ကျန်းသုံးဆယ်၊ ကျန်းနှစ်ဆယ်၊ ကျန်းတစ်ဆယ်...

ဝင်္ကပါကို တုန်ခါသွားစေသည့် ဘုန်းကနဲ အော်သံကြီးနှင့်အတူ ငါးထောင်သော ဝူရှန်းမြင်းတပ်က နှစ်သောင်းခုနှစ်ထောင်သော စစ်တပ်ဝင်္ကပါအပြည့် ထုတ်ဖော်ထားသည့် တိဗက်မြင်းတပ်နှင့် ထပ်တိုက် ရင်ဆိုင်သည်မှာ ကြောက်မက်ဖွယ်ကောင်းသော သားရဲကြီးနှစ်ကောင် ထိပ်တိုက် ဝင်တိုးသလို ဖြစ်နေသည်။

ထိုအချိန်တွင် စစ်မြင်းများ၏ ဟီသံ၊ ဓားချင်းထိခတ်သံ၊ ဓားမောက်ရှည်ချင်း ထိခတ်သံ၊ သတ္တုချင်း ထိခတ်သံနှင့် နှစ်ဘက်လုံးမှ စစ်သည်တော်များ၏ အော်သံများက ရောထွေးသွားသည်။

အံ့အားသင့်စရာ ကောင်းလောက်အောင် ရဲရင့်ပြတ်သားသော တိဗက်များက ဝူရှန်း၏ စစ်သည်ငါးထောင်၏ အရှေ့တွင် အချိန်အနည်းငယ်သာခံသည်။

ဝူရှန်း၏ အရှေ့တွင်ရှိသည့် တိဗက်မြင်းတပ်ဝင်တိုင်းက အခုတ်ဖြတ်ခံရသည်။ စစ်သည်တော်တိုင်းကလည်း နှစ်ခြမ်းအခွဲခံရသည်။ ထိုနေရာက ဗဟိုပြင်ကျယ်နှင့် ကွာဝေးလွန်းသည်။ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ် ငါးထောင်က ယခုကဲ့သို့ ကွာဝေးသည့် နေရာတွင်ပင် သူတို့၏ ရုတ်ရင်းကြမ်းတမ်းသည့် ဖိနှိပ်နိုင်စွမ်းအားကိုသုံးကာ ဖြိုလဲနိုင်လေသည်။

တိဗက်မြင်းတပ် အများစုက ဖုန်မြင်းသိုး ချီစက်ကွင်း၏ အစွန်အဖျား အစွန်းများဖြင့် ရက်ရက်စက်စက် အထိုးခွဲခံရသည်။

“မထိတ်လန့်ကြနဲ့ ဝင်္ကပါကိုထိန်းထား”

“အဘက်ဘက်ကနေ ချီတက်ကြ”

တိဗက်အရာရှိများထံမှ အလန့်တကြား အော်ဟစ်သံများက တိုက်ပွဲနယ်မြေအတွင်း ဟိန်းထွက်နေသည်။ သို့သော် သူတို့အနေဖြင့် သူတို့၏ဗျူဟာကို ထုတ်ဖော်ရန် အချိန်မရှိချေ။ ဘုန်းကနဲ မြည်သံနှင့်အတူ ဝူရှန်းမြင်းတပ်ငါးထောင်က စစ်တပ်၏ ဒုတိယအသုတ်ကို ကျော်ဖြတ်လာသည်။ ထို့နောက် တတိယ၊ စတုတ္ထ...

ဝူရှန်းမြင်းတပ်၏ အရှေ့တွင် တိဗက်များ၏ တိုက်ခိုက်မှု၊ ခုခံမှုများ အားလုံးက စက္ကူစကဲ့သို့ ဖြစ်သွားသည်။ မည်သည့်တိဗက် မြင်းတပ်ကမျှ ဝမ်ချောင်၏ စစ်တပ်ကို တခဏပင် မတောင့်ခံနိုင်ကြချေ။

ဟီး ဟီး ဟီး

မြင်းများက ထိတ်လန့်တကြား ဟီကြသည်။ အချိန်အနည်းငယ်အတွင်း ထိုတိဗက်များက မယုံနိုင်စရာကောင်းသည့် ပမာဏကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

သုံးထောင်၊ လေးထောင်၊ ငါးထောင်...

“ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့က ဘာလို့ ဒီလောက်ထိ လေးစားစရာ ကောင်းတဲ့အင်အားမျိုးကို ပိုင်ဆိုင်နေတာလဲ”

သာ့ယန်ဖူရယ်ကပင် ထိုမြင်ကွင်းကြောင့် ဖြူဖျော့သွားသည်။

တိဗက်များက တိုက်ပွဲနယ်မြေအတွင်း သူတို့၏ ကြမ်းတမ်းခက်ထန်မှုကြောင့် လောကအနှံ့ ကျော်ကြားသည်။ သူတို့က သူ၏အရှေ့မှ ထန်မြင်းတပ်ကဲ့သို့သော အင်အားစုကို ဘယ်သောအခါမှ မမြင်ခဲ့ဖူးသလို ထိုမျှထိ ကြောက်မက်ဖွယ်ကောင်းသည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသော အင်အားစုကိုလည်း မသိဖူးသေးချေ။

စစ်တပ်ဝင်္ကပါက တစ်သုတ်ပြီးတစ်သုတ် အဖြိုခံနေရသည်မှာ ပေါင်းသင်နေသည့်အလား ထင်ရသည်။ အတိတ်တွင် စစ်တပ်ဝင်္ကပါက အမြဲတစေ ချီတက်မှုတိုင်းကို တားမြစ်နိုင်စွမ်းအားရှိပြီး ရန်သူ၏ အရှိန်နှုန်းကိုလည်း သုညအထိ ထိုးကျနိုင်စေအားရှိသည်။

ယခုလို ကွင်းပြင်တစ်ခုတွင် ရင်ဆိုင်သည့်အခါ မြင်းတပ်၏ အရှိန်နှုန်းက အလဟသဖြစ်သွားသည်။ သို့သော် ထိုထန်မြင်းတပ်ကမူ ထိုစစ်တပ်ဝင်္ကပါ ဆယ်ခုကျော်ကိုပင် ကျော်ဖြတ်လာခဲ့ပြီးသည့်တိုင်အောင် ရပ်တန့်မည့် အရိပ်အယောင် မပြသေးချေ။

ဘန်း ဘန်း ဘန်း

“အား”

လေးလံသော ပစ္စည်းအချင်းချင်း ထိပ်တိုက်တွေ့ဆုံသော အသံမျိုး ထွက်လာပြီး များပြားသထက် များပြားသော တိဗက်မြင်းတပ်များက အသတ်ခံလိုက်ရသည်။ သူတို့၏ ဝင်္ကပါကလည်း ကစဉ့်ကလျား ဖြစ်သွားရသည်။ တစ်စုံတစ်ယောက်သာ ကောင်းကင်ပေါ်မှ တက်ကြည့်မည်ဆိုလျှင် ဝမ်ချောင်၏ အင်အားစုက တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်ကို လက်သီးဖြင့် လိမ့်ထိုးသလိုမျိုး မြင်နေရမည်ဖြစ်သည်။

“ဖြတ်တောက်ခြင်းဝင်္ကပါ”

တိဗက်မြင်းတပ် ငါးထောင်က ထိုသို့ ထိုးနှက်လိုက်ပြီးသည်နှင့် ဝမ်ချောင်က သူ၏ဓားကိုယမ်းပြီး နောက်ထပ် အမိန့်ထုတ်သည်။

ဘုန်း

အလွန်အမင်း လျှင်မြန်သော အရှိန်နှုန်းဖြင့် ရှေ့ဆက်သွားပြီးနောက် ဝူရှန်းမြင်းတပ်က ရုတ်တရက် နောက်တဖန် ပြန်လှည့်ကာ အရှိန်နှုန်းကို ထိန်းလိုက်သည်။

ကလုန်း ကလုန်း ကလုန်း

မြင်းခွာသံများနှင့်အတူ ဝူရှန်းမြင်းတပ်ငါးထောင်က ရုတ်တရက် ဗျူဟာတစ်မျိုးပြောင်းသုံးကာ လှုပ်ရှားပြန်သည်။ ထိုစစ်တပ်က အဖွဲ့လေးများအဖြစ် ပြောင်းလိုက်ပြီး တိဗက်စစ်တပ်၏ အဘက်ဘက်မှတဆင့် စတင်ကာ ထိုးနှက်သည်။ ဒီနည်းအားဖြင့် အချင်းချင်း ပိတ်ညှပ်ကာ ရိတ်သိမ်းသလို ပြုမူတော့သည်။

ဖုန်မှုန့်မြင်းသိုး ချီစက်ကွင်းသုံးခု၏ အားဖြည့်ခံထားရပြီး ဝူရှန်းမြင်းတပ် ငါးထောင်ကျော်က မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းထိ ရောက်ရှိသွားသည်။ စက္ကန့်အနည်းငယ်ထဲနှင့် သူတို့က တိဗက်မြင်းတပ်ဝင် အမြောက်အများကို ရင်ဆိုင်လိုက်နိုင်သည်။

ထိုတိဗက်များက ဝမ်ချောင်၏ စစ်တပ်ထံသို့ ချီတက်နေရာမှ ရပ်တန့်သွားကြသည်။ သို့သော် သူတို့၏ ချီတက်မှုက ရပ်တန့်သွားရပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံရသည့် အခြေအနေမျိုးထိ ပြောင်းလဲသွားသည်။ စစ်တပ်ကမူ ကစဉ့်ကလျားဖြစ်သွားပြီး ဝရုန်းသုန်းကားဖြစ်သွားသည်။

ဝုန်း

မရေမတွက်နိုင်အောင် များပြားသည့် စစ်မြင်းများက လဲကျသွားကြသည်။ ဝမ်ချောင်၏ အင်အားစုက သူတို့ထက် အဆပေါင်းများစွာ မြန်ဆန်လွန်းနေသည်။

“အား သူတို့ အနောက်ဘက်ကလည်း လာနေကြပြီ”

“ပြေး ပြေး ပြေးတော့ ဒါကဘယ်လိုစစ်တပ်လဲ”

“ဘာလို့မြင်းတပ်က ဒီလောက်ထိ မြန်နေတာလဲ”

တိဗက်များက ထန်စစ်တပ်ကြောင့် အံ့အားသင့်နေကြသည်။ သူတို့၏ အတွေ့အကြုံအရ မြင်းတပ်တိုင်းကလည်း အရှိန်နှုန်းကို အကန့်အသတ်ထိ မြင့်လိုက်မည်ဆိုလျှင် ထန်စစ်တပ်လောက်အထိ မြင့်နိုင်မည်မဟုတ်ချေ။ ထန်စစ်တပ်ကမူ ထိုအကန့်အသတ်ဆိုသည့် အရာကိုပင် ကျော်ဖြတ်လာနေခြင်းဖြစ်သည်။

ထိုသို့သော စစ်တပ်မျိုးကို ဘယ်သောအခါကမှ မကြုံဖူးကြချေ။ ထိုစစ်တပ်က သူတို့၏ဝင်္ကပါကို အရှိန်နှုန်းမြင့်ကာ ကျော်ဖြတ်တိုးဝင်နိုင်စွမ်းအားရှိပြီး တဖန်ပြန်လှည့်ကာ သူတို့ကို အမိဖမ်းလိုက်နိုင်သေးသည်။ ထို့ပြင် သူတို့က ဒီဝင်္ကပါ၏ သက်ရောက်မှုကိုလည်း မခံရချေ။ ထို့ကြောင့် ထိုအခြေအနေက မြင်းတပ်တစ်ခုအပေါ် သူတို့၏ နားလည်နိုင်စွမ်းအားကို ကျော်လွန်သွားခဲ့သည်။

ပြေး

တိဗက်များ၏ စိတ်ထဲတွင် ထိုအတွေးကသာ ရှိတော့သည်။

ဝုန်း

နောက်ပိုင်းမှ တိဗက်များကလည်း ကစဉ့်ကလျားဖြစ်နေကြသည်။ ဒါကအစသာ ရှိသေးသည်။ ထက်ရှသော လက်နက်များက သူတို့၏ အသားများကို ကျော်ဖြတ်ပြီး သံချပ်ကာများကို ဖယ်ရှားလိုက်သည်။ သူတို့၏ စစ်သည်ငါးထောင်က အဖွဲ့ငါးဆယ်အဖြစ် ခွဲထားပြီး မြွေအကောင်ငါးဆယ်က တိဗက်များကို အရှိန်နှုန်းမြင့်ကာ ဖြတ်သန်းတိုက်ခတ် ပေါက်သတ်နေသလို ထင်ရသည်။

ပြောင်သံချပ်ကာများကပင် ပြင်းထန်သည့် အင်အားကို မခံနိုင်ကြချေ။ သူတို့၏ သံချပ်ကာများက ပြင်ပဒဏ်ရာများမရအောင် ကာကွယ်ပေးနိုင်သော်လည်း သူတို့၏ ခန္ဓာကိုယ်ကို သက်ရောက်မှုကြောင့် ပျက်စီးကြေကွဲရသည်။

မြင်းတပ်၏အင်အား အရှိန်နှုန်းမြင့်ကာ ချီတက်လာသည့် အင်အားနှင့် ချီစက်ကွင်းများ၏ အင်အားဆိုသည့် အင်အားသုံးစု ပေါင်းလိုက်သောအခါ သူတို့၏ကိုယ်ပေါ် တစ်လွှာပြီးတစ်လွှာ ထိုးနှက်သလိုဖြစ်လေရာ လူများက ထိုအင်အားကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။

ဝူရှန်းမြင်းတပ်က တိဗက်များကို ဒလိမ့်တုံးပေါ်တင်ပြီး အသာအယာ လိမ့်နေသလို ဖြစ်နေသည်။

ခြောက်ထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်

ဝမ်ချောင်၏ မြင်းတပ်ငါးထောင်က တိဗက်များကို ဖျက်ဆီးဖြိုခွဲနိုင်သည်။ ငါးမိနစ်သာ ကုန်လွန်သွားသေးသော်လည်း တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်က ရှစ်ထောင်ကျော်ခန့်အထိ ဆုံးရှုံးလိုက်ရပြီဖြစ်သည်။ ထိုအရေအတွက်က တောင်ကုန်းပေါ်မှ နိမ့်ကျသွားသလို ဆက်မြင့်တက်နေသည်။

တိဗက်များကလည်း သူတို့၏မျက်ဝန်းတွင် ထိတ်လန့်မှုများကို ဖော်ထုတ်ပြသနေကြသည်။ သေဆုံးမှု အရေအတွက်က မယုံနိုင်စရာကောင်းလွန်းသည်။ ထန်စစ်တပ်၏ အင်အားက သူတို့၏ အဆိုးရွားဆုံး အိမ်မက်ဆိုးကြီး ဖြစ်နေသည်။

“မျိုးမစစ်ကောင်”

တိဗက်ဝင်္ကပါနှင့် ကျန်းရာဂဏန်း အနည်းငယ် ဝေးကွာသော နေရာတွင် သာ့ယန်ဖူရယ်၏ ခန္ဓာကိုယ်က တဆတ်ဆတ် တုန်ယင်နေပြီး မျက်လုံးများကလည်း နီရဲနေသည်။ ပထမဦးဆုံးတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံပြီးလိုက်သည့် အချိန်တွင် သူက များပြားလွန်းသော သူ၏အရေအတွက်ကို အားသာချက်ယူပြီး စစ်တပ်ဝင်္ကပါကိုသုံးကာ ရန်သူကို တားချင်ခဲ့သည်။ ထို့နောက် သူက နှစ်ဘက်လုံးမှညှပ်ပြီး ထိုထန်စစ်သည် ငါးထောင်ကို ကွပ်မျက်ရန် ဆုံးဖြတ်ထားခဲ့သည်။

သို့သော် သူက မမျှော်လင့်ထားခဲ့သည်မှာ ထိုထန်များက သူ၏ဝင်္ကပါတစ်ခုလုံးကို ထိုးခွဲလိုက်သည်။ ထို့ပြင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် မည်သူကမျှ သူ့ကို ပြန်လည်မတိုက်ခိုက်နိုင်အောင် အားလုံးကို အလဲထိုးပစ်နေသေးသည်။

အခန်း(၇၅၄)

ပထမတိုက်ပွဲ (၃)

“ချင်းဟာက စစ်သည်တော်တွေကို စုစည်းလိုက်။ ရန်သူတွေကို တစ်ချက်တည်းနဲ့ ရင်ဆိုင်ကြမယ်”

သာ့ယန်ဖူရယ်၏ မျက်လုံးထဲတွင် ဒေါသမီးတောက်က တောက်လောင်လာသည်။ တိဗက်စစ်သည်တော် ရှစ်ထောင်ကျော် သေဆုံးသွားသည့်အခါ ထိုမီးတောက်ကို လောင်စာဖြည့်ပေးလိုက်သလို ဖြစ်သွားသည်။ တိဗက်တောင်ပေါ်ဒေသတွင် မည်သည့် စစ်သည်တော်ကမျှ ထိုမျှအထိ လာရမ်းကား၍မရချေ။ အထူးသဖြင့် မူလက ခြေလျှင်တပ်ထံဆိုလျှင် ပိုဆိုးသည်။

ထိုလူများက မည်သူများ ဖြစ်နေစေကာမူ သူတို့က ကြောက်လန့်မှုမရှိဘဲ လူသစ်များကို အလဲထိုးပြီး အင်အားလာပြလိုလျှင် အမှားကြီးမှားသွားပေလိမ့်မည်။

သူကလည်း သူတို့ကို တောင်ပေါ်ဒေသတွင် မည်သူက အစစ်အမှန် အရှင်သခင်ဖြစ်ကြောင်း သက်သေပြရပေမည်။

ဝုန်း

သာ့ယန်ဖူရယ်၏ အမိန့်နောက်မှ စတင်ပြီး တိဗက်မြင်းတပ် နှစ်သောင်းကျော်က ပြောင်းလဲသွားသည်။ တစ်စုံတစ်ရာက ဖြစ်လာသလိုမျိုး လူသစ်များက ဘေးဘက်သို့ ခွဲထွက်သွားသည်။ သူတို့၏ အနောက်မှ စွမ်းအင်မုန်တိုင်းက လျှင်မြန်စွာဖြင့် မြောက်တက်လာပြီး ဖုန်မှုန့်တိမ်စိုင်များကလည်း မြင့်တက်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်းတွင် စစ်သည် ခုနှစ်ထောင် အင်အားစုက ထွက်လာသည်။ အားလုံးက ကြွက်သားအပြည့်ဖြင့် တောင့်တင်းကြပြီး သန်မာသော ဖွဲ့စည်းတည်ဆောက်ပုံကို ပိုင်ဆိုင်ထားကြသည်။

အခြားသောတိဗက် လူသစ်များနှင့် မတူသည်မှာ ထိုစစ်သည်တော်များက သာမာန် ပြောင်သံချပ်ကာကို ဝတ်ဆင်ထားကြခြင်းဖြစ်သည်။ သို့သော် အရည်အသွေးအားဖြင့် ယှဉ်ရသော် ထိုစစ်သည်တော်များ ဝတ်ဆင်ထားသည့် အနီရင့်ရောင် သံချပ်ကာက သာမာန်စစ်သည်တော်များ ဝတ်သည့် သံချပ်ကာထက် အများကြီး ကောင်းမွန်သည်။ မည်သည့်လူသစ်ကမျှ ထိုသို့သော ဆက်ဆံမှုမျိုးကို မခံစားရချေ။

သူတို့၏ အထူးခြားဆုံး သင်္ကေတက နဖူးတွင်ဖြစ်သည်။ သူတို့တစ်ယောက်ချင်းစီတိုင်းက နဖူးအလယ် မျက်ခုံးနှစ်ခုကြားနေရာတွင် လက်မခန့် အရွယ်အစားရှိမည့် အဖြူရောင်သင်္ကေတလည်း ရှိနေသည်။ အနီရောင်သံချပ်ကာဝတ် စစ်သည်ခုနှစ်ထောင်က သတ်ဖြတ်ခြင်း အရှိန်အဝါ အပြည့်နှင့် သာ့ယန်ဖူရယ်ထံ အပြေးနှင်လာသည်။

‘ချင်းဟိုင်’

တိဗက်ဘာသာစကားမျိုးဖြင့် ချင်းဟိုင်ဆိုသော စကားလုံးရေးထားသည့် ထိုအနီရောင်သံချပ်ကာဝတ် စစ်သည်တော်များက ချင်းဟိုင်များ ဖြစ်ကြသည်။ သူတို့က ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ အင်အားအကြီးဆုံးလည်းဖြစ်ပြီး သာ့ယန်မာန်ပန့်က စာထဲတွင် လိုချင်ကြောင်း ထည့်ပြောခဲ့သည့် တပ်ဖွဲ့လည်းဖြစ်သည်။

ချင်းဟိုင်စစ်သားများက သတ္တိဖြူများနှင့် ကွာခြားသလို ယွီစန်းမှ အခြားစစ်သည်တော်တိုင်းနှင့် ကွာခြားသည်။ သူတို့က တော်ဝင်တပ်ရင်း လေးခုမှ လက်ရွေးစင်များမဟုတ်ဘဲ ချင်းဟိုင်နယ်မြေ ဝန်းကျင်မှ ရွေးချယ်ထားသည့် စစ်သားများဖြစ်နေသည်။

ချင်းဟိုင်က ယွီစန်းအင်ပါယာရဲ့ အကောင်းဆုံး စစ်သည်တော်များထွက်ရန် အရင်းအမြစ် နယ်မြေတစ်ခုလည်း ဖြစ်သည်။ ထိုနေရာရှိ စစ်သည်တော်တိုင်းက သဘာဝ၏ ကောင်းချီးပေးခံထားရသည့် သန်မာမှုကို ပိုင်ဆိုင်ထားကြပြီး သူတို့က ကျင့်ကြံခြင်းသိုင်းနှင့် တိုက်ခိုက်ရေးသိုင်းများတွင် အခြားသူများနှင့်မတူ ထူးချွန်စွာ ကျင့်ကြံနိုင်ကြသည်။ သူတို့က သာမာန်စစ်သည်တော်များထက် တိုးတက်မှုလည်း မြန်ဆန်သေးသည်။ လုပ်ဆောင်မှုကလည်း ပို၍မြင့်မားသေးသည်။

ချင်းဟိုင်မှ စစ်သည်တော်တိုင်းက ယွီစန်း၏ ဗိုလ်ချုပ်ကြီးတိုင်းအတွက် လက်ရွေးစင်မြင်းတပ်နှင့် အစောင့် အရင်းအမြစ် အင်အားစုအဖြစ် သက်ရောက်ခံရသည်။

ချင်းဟိုင်စစ်သားများက ပို၍ပင် ထူးခြားသေးသည်။ အကြောင်းမူကား သူတို့က ချင်းဟိုင်စစ်သားများထဲမှ အကောင်းဆုံးများကို တဖန်ရွေးချယ်ထားသောကြောင့်ဖြစ်သည်။ ထိုစစ်သားများ၏ အရေအတွက်က အလွန်နည်းပါးပြီး ခုနှစ်ထောင်က အကန့်အသတ်ဖြစ်သည်။

သူတို့ကို စန်းပေါ်က ချင်းဟိုင်စစ်သည်တော် ခုနှစ်ထောင်အပြည့် လေ့ကျင့်ပေးခိုင်ထားသောကြောင့် သာ့ယန်ဖူရယ်က ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ကိုယ်တိုင်မြုပ်နှံကာ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

သာ့ယန်ဖူရယ်က သူတို့ကို အလွန်ဂရုစိုက်ထားသည်။ သူတို့ကို လေ့ကျင့်ပေးနေဆဲ ကာလတွင် ရှိနေသေးသည့်တိုင်အောင် သာမာန်စစ်သည်တော်တိုင်း ရှိသင့်သည့် အဆောင်အယောင်များ အပြည့်ပေးထားပြီး သံချပ်ကာအပြည့်အဝ ဝတ်ဆင်ခိုင်းထားသည်။

ရက်တစ်ထောင်ကျော် လေ့ကျင့်ထားသော စစ်သည်တော်က တိုက်ပွဲတခဏ တိုက်ရန်သာဖြစ်သည်။ ထိုချင်းဟိုင်စစ်သည် ခုနှစ်ထောင်ကျော်က ယခုအခြေအနေအတွက် လေ့ကျင့်ပေးထားခြင်းဖြစ်သည်။

“စစ်သည်တော်တိုင်း ငါ့အမိန့်ကိုနာခံကြ။ ငါ့နောက်ကိုလိုက်ပြီး ထန်တွေကိုသတ်ကြမယ်”

သာ့ယန်ဖူရယ်က ဦးဆောင်ကာ ချီတက်သည်။ သူက ဝမ်ချောင်၏ အင်အားစုထဲ မြင်းကိုအပြေးနှင်ကာသွားသည်။ ထိုအချိန်တွင် ဝမ်ချောင်၏ အင်အားစုက တိဗက်များကို ရှင်းလင်းပြီး အားလုံးကို ကစဉ့်ကလျားဖြစ်အောင် လုပ်နေခြင်းဖြစ်သည်။ တိဗက်တိုင်းက ချက်ချင်းလိုလို အဖွဲ့ပြန်ဖွဲ့ကြပြီး တိုက်ခိုက်ကြသည်။ သို့သော် တိုက်ခိုက်မှုတိုင်းက ဖျော့တော့အားနည်းလွန်းသည်။ ဝမ်ချောင်၏ ဖြတ်တောက်ခြင်းဝင်္ကပါက တိဗက်များကို အဖွဲ့ပြန်ဖွဲ့ရန်ပင် အခွင့်အရေး မပေးခဲ့ချေ။ အားလုံးကို ချက်ချင်းလိုလို ရင်ဆိုင်ခဲ့သည်။

ဝူရှန်းရွာက မဟာထန်၏ အသန်မာဆုံး စစ်သည်တော်များရှိရာ အရင်းအမြစ်နေရာဖြစ်သည်။ ဝူရှန်းတိုင်းက သာမာန်စစ်သည်တော်တိုင်းထက် အင်အားကြီးမားလွန်းသည်။ သူတို့အများစုက အဆင့်မြင့် သိုင်းနယ်မြေတွင်ဖြစ်သည်။ ထို့အပြင် ဝူရှန်းချီစက်ကွင်းနှင့် ဖုန်မှုန့်မြင်းသိုး ချီစက်ကွင်းများ၏ အထောက်အပံ့များကြောင့် သူတို့အင်အားများကို ဆက်တိုက် အမြင့်ခံထားရပြီး ဝူရှန်းမြင်းတပ်၏ ခေါင်းပုခုံးများ အားလုံးက တိဗက်မြင်းတပ်ထက်ပင် မြင့်သွားသည်။

တိဗက်သာမာန်စစ်တပ်ကပင် တောင့်ခံအားလှိုင်းကို ထိန်းနိုင်ရန် ကြိုးစားရသည့်အခါ ယခုလို လေ့ကျင့်ဆဲ ကာလအတွင်းမှ လူသစ်များဆိုလျှင် ပို၍ဆိုးရွားသွားသည်။

ဝုန်း

တိဗက်တစ်ဖွဲ့ပြီးတစ်ဖွဲ့ လဲကျကုန်သည်။

ဝုန်း

ဝူရှန်းမြင်းတပ်က ရန်သူကို ဆက်လက်ပြီး ဖိနှိပ်နေချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာက ထူးဆန်းလာကြောင်း ခံစားလိုက်ရသည်။

ဝမ်ချောင်က ခေါင်းကိုချက်ချင်း လှည့်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်ခြမ်းတွင် အနီရောင်မြင်းကိုစီးသည့် မှင်သက်ဖွယ်ကောင်းသော ပုံစံနှင့် ဗိုလ်ချုပ်ကြီးတစ်ယောက်က ဖုန်မှုန့်တိမ်စိုင်များကို ခြံရံကာ သူ့ဆီအပြေး နှင်လာခဲ့သည်။ အနောက်တွင်လည်း တိဗက်မြင်း ထောင်ပေါင်းများစွာက ပါသည်။ အားလုံးက အနီရင့်ရောင် သံချပ်ကာကို ဝတ်ဆင်ထားကြပြီး သူတို့၏ အရှိန်အဝါက ကောင်းကင်ကိုပင် ဟက်တက်ခွဲတော့မလို ပြင်းထန်သည့် အရှိန်အဝါမျိုးနှင့်ဖြစ်သည်။

ထိုအနီရောင် သံချပ်ကာနှင့် တိဗက်များက သာမာန်အနက်ရောင် သံချပ်ကာနှင့် တိဗက်များသို့ ကွဲထွက်နေသည်။

ချင်းဟိုင်စစ်သားတွေ

သူတို့၏နဖူးမှ အဖြူရောင်သင်္ကေတကို မြင်လိုက်သည်နှင့် ဝမ်ချောင်က သူတို့ကို ချက်ချင်းသိလိုက်သည်။ သတ္တိဖြူများနှင့် မတူသည်မှာ ဝမ်ချောင်က ချင်းဟိုင်စစ်သားများကို မြင်ဖူးသည်။ သူတို့၏ လုပ်ဆောင်မှုများက ချီရှီနှင့် လုံရှီကိုပင် လွှမ်းမိုးနိုင်ခဲ့သည်။ ထို့ကြောင့် သူတို့က နက်ရှိုင်းသည့် ထင်မြင်ချက်ကို ပေးစွမ်းနိုင်ခဲ့သည်။

ထိုချင်းဟိုင်စစ်သားများက စစ်မီးတောက်၏ မွန်းမံခြင်းကို ခံထားရသည့် စစ်သားများ မဟုတ်သေးသော်လည်း ချက်ချင်းပင် လက္ခဏာများ ပြနေပြီဖြစ်သည်။

ယွီစန်းတွင် လက်ရွေးစင် တိုက်ခိုက်ရေးအင်အားစု သုံးခုရှိသည်။ တစ်ခုချင်းစီတိုင်းက မယုံနိုင်စရာ ကောင်းလောက်အောင် ဖျက်ဆီးခြင်းစွမ်းအား တိုက်ပွဲနယ်မြေတွင် သူတို့က အနိုင်အရှုံးကို ချက်ချင်း ဆုံးဖြတ်ပေးနိုင်စွမ်းအားရှိသည်။

ချင်းဟိုင်စစ်သားများက မဟာထန်၏ သတိနှင့်နေရသော နေ့ရက်များကို ဖြစ်စေခဲ့ပြီး နယ်မြေ အမြောက်အများကို သိမ်းယူကာ တိုက်ခိုက်ခဲ့သည်။ သူတို့က မဟာထန်အပေါ် များပြားလွန်းသည့် ဆိုးကျိုးများ ပေးခဲ့သည်။ သူက ပြန်လည်မွေးဖွားပြီးသည့်တိုင်အောင် ဝူရှန်းမြင်းတပ်က ပြန်ပေါ်လာသည့်တိုင်အောင် ချင်းဟိုင်စစ်သားများက ထိုသို့သော အခြေအနေမျိုးတွင် ရှိနေသေးသည်။

သူက အခွင့်အရေး ရနေကတည်းက ဝမ်ချောင်အနေနှင့် ချင်းဟိုင်စစ်သားများကို လောကတခွင် မပြန့်နှံ့ခင် မဟာထန်ကို ဒုက္ခမပေးခင် ကွပ်မျက်ရမည်ဖြစ်သည်။

“စန်းရေကန်တစ်သောင်းက အရင်းအမြစ်တစ်ခုတည်းကို စီးဝင်တယ်”

သူက ချင်းဟိုင်စစ်သားများကို မြင်လိုက်သည့် တခဏတွင် ဝမ်ချောင်က အမိန့်ထုတ်သည်။ အယောက်တစ်ရာ အဖွဲ့ငါးဆယ်စီ ခွဲထားသည့် သူ၏ဝူရှန်းမြင်းတပ်က ရူးသွပ်စွာဖြင့် ဝင်ရောက်သွားပြီး စစ်သည်များကို ရွတ်ရွတ်ချွန်ချွန် တိုက်ခိုက်သုတ်သင်ရာမှ တဖန်ပြန်လည် စုစည်းသွားသည်။ တစ်စက္ကန့်ထဲနှင့် ဝူရှန်းမြင်းတပ် ငါးထောင်က တညီတညာတည်း ပြန်ဖြစ်သွားပြီး ချက်ချင်းလိုလို အရှိန်အဟုန်အပြည့်ဖြင့် ချီတက်ပြန်သည်။

“ချီတက်”

စစ်မြင်းများက တစ်ကောင်ပြီးတစ်ကောင် အပြေးနှင်ကြသည်။ ထင်ထားသည်ထက် မြန်ဆန်သော အရှိန်နှုန်းဖြင့် ခုန်ဝင်သွားကြသည်။ လက်ရွေးစင်မြင်းတပ် နှစ်ခုက ထိပ်တိုက်ရင်ဆိုင်သောအခါ ကြောက်မက်ဖွယ်ကောင်းသည့် သားရဲကြီးများက အချင်းချင်း ခုန်အုပ်ကာ လုံးထွေးသတ်ပုတ်သလိုမျိုး ကောင်းကင်ကပင် တုန်ခါသည့် အသံမျိုးကို ထုတ်ဖော်သည်။

ဘုန်း

အင်အားစုနှစ်ခုက ထိပ်တိုက်ရင်ဆိုင်သောအခါ ဝမ်ချောင်၏ ခြေထောက်အောက်မှ သတ္တုချင်း ကွဲအက်သံများနှင့်အတူ ဆူးချွန်များ ထွက်နေသည့် အဖြူရောင်ချီစက်ကွင်းကြီးတစ်ခုက ပေါက်ထွက်လာပြီး ဟာရီကိန်းမုန်တိုင်းကဲ့သို့ ပြန့်သထက် ပြန့်ကာ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို အုပ်စိုးလိုက်သည်။

အခြားသော ချီစက်ကွင်းများနှင့် မတူသည်မှာ ထိုနို့နှစ်ဖြူရောင် ဆူးချွန်ချီစက်ကွင်းက မည်သည့် စစ်သည်တော်များနှင့် မပေါင်းစပ်ထားချေ။ သို့သော် တိဗက်များနှင့် ပေါင်းစပ်လိုက်သည်။

နို့နှစ်ဖြူရောင် ဆူးချွန်ချီစက်ကွင်းမှ အလင်းက တိဗက်စစ်သည်တော်တိုင်း၏ ခြေထောက်အောက်တွင် ပေါ်လာသည်။ ချီစက်ကွင်း ထောင်ပေါင်းများစွာနှင့်အတူ ချင်းဟိုင်စစ်သည်တော်များ အပါအဝင် လွှမ်းခြုံခံလိုက်ရသည့် စစ်သည်တော်တိုင်းက သူတို့၏အင်အားများက လျှင်မြန်စွာ ယုတ်လျော့သွားကြောင်း ခံစားလိုက်ရသည်။

“မကောင်းတော့ဘူး”

သာ့ယန်ဖူရယ်ကလည်း ထိုမြင်ကွင်းကြောင့် ကြောင်သွားသည်။ သူကလည်း ချင်းဟိုင်စစ်သားများက ဖြူဖျော့သွားကြောင်း သိလိုက်သည်။ သူတို့၏ ဟန်အမူအရာကြီးမှုများက ချက်ချင်းလိုလို အငွေ့ပျံသွားသည်။

ကျောက်တုံးတစ်တုံးက အားလှိုင်းထောင်ကျော် ထစေနိုင်သည်။ ထိုကြီးမားသည့် အံ့အားသင့်မှုက ချင်းဟိုင်စစ်သည် ခုနှစ်ထောင်ကြားတွင် မုန်တိုင်းအသေးစား စတိုက်စေလေပြီ။ ချင်းဟိုင်စစ်သား အနည်းငယ်က သူတို့၏ခန္ဓာကိုယ်မှ ခွန်အားကို သတိထားမိလိုက်ကြပြီး မသိမသာ အရှိန်ကို နှေးလိုက်သည်။ သို့သော် အနောက်မှ မြင်းတပ်ကမူ အရှိန်ကို မြင့်ထားသေးပြီး ရှေ့သို့အပြေးချီတက်နေကြသည်။

ထိုမြင်းများ၏ဟီသံ မြင်းများ၏ အော်သံနှင့်အတူ ချင်းဟိုင်စစ်သည် ရာပေါင်းများစွာက အချင်းချင်း ဝင်ဆောင့်တိုက်မိကြသည်။ ထိုသို့ ထိပ်တိုက်တွေ့ဆုံသည့် အရှိန်ပြင်းအားအောက်တွင် စစ်သည်တော်တိုင်းက သူတို့၏ မြင်းများပေါ်မှ ပြုတ်ကျသွားပြီး မြေပြင်ပေါ်သို့ရောက်သည်။ ထိုသို့ဖြင့် နောက်မှချီတက်လာသည့် မြင်းခွာများအောက်သို့ ရောက်သွားသည်။

ဒါက အစသာရှိသေးသည်။ ဝူရှန်းမြင်းတပ်က ဟိန်းဟောက်လိုက်ပြီး သူတို့၏ အစီအစဉ်တကျ ရှိနေသည့် ဝင်္ကပါဖြစ်သည့် မရွေ့လျားသောတောင်တန်း မီးတောက်ကဲ့သို့ ကြမ်းတမ်းမှုဆိုသည့်အတိုင်း ချင်းဟိုင်စစ်သားများထံ ဝင်ရောက်ကာ ခုတ်သင်တော့သည်။

ဝုန်း ဝုန်း

မည်သည့်သိုင်းကိုမျှ အထူးတလည် ထုတ်မသုံးထားသလို မည်သူကမျှလည်း နောက်မဆုတ်ကြချေ။ ဝူရှန်းမြင်းသည်တော် တစ်ယောက်က ချင်းဟိုင်စစ်သည်တော် တစ်ယောက်ကို ခပ်ကြမ်းကြမ်း ရင်ဆိုင်လိုက်သည်။ အသွေးအသားက အသွေးအသားခြင်း ရင်ဆိုင်သည်။ တောင်တန်းက တောင်တန်းခြင်း ထိပ်တိုက်ရင်ဆိုင်ပြီး တောင်တန်းတစ်ခုက ထိုးကြေသွားသလို အသံမျိုးကပင် ထွက်လာသေးသည်။

ဘန်း

အနီရောင်သံချပ်ကာနှင်း ချင်းဟိုင်စစ်သားများက ကောင်းကင်သို့ မြောက်တက်သွားသည်။

ချင်းဟိုင်စစ်သားများက မူလက ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်နှင့် ပြင်းထန်ကြမ်းတမ်းသည့် တိုက်ပွဲကို ရင်ဆိုင်ရမည်ဟု ထင်ထားကြသော်လည်း မမျှော်လင့်ထားစွာပင် တိုက်ပွဲတွင် ပေါ်လာသည့် ထိုချီစက်ကွင်းက သူတို့ကို အဆင့်ပေါင်းများစွာ နိမ့်ကျအောင် လုပ်လိုက်နိုင်ခြင်းအားဖြင့် မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်တော့ချေ။ ဝူရှန်းမြင်းတပ်က ဆက်လက်ပြီး ချီတက်သွားသည်။ ကွဲကြေသံ၊ ဟက်တက်ကွဲသံ၊ မြင်းဟီသံများက တိုက်ပွဲနယ်မြေတွင် ဆက်တိုက် ထွက်ပေါ်လာနေသည်။ ယခုလို ထိပ်တိုက်တွေ့ဆုံသည့်အခါ အနာဂတ်တွင် ထင်ရှားလာသည့် ချင်းဟိုင်စစ်သားများက ချက်ချင်းလိုလို ချေမွခံရသည်။ သူတို့၏ ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသည့် တောင်ပေါ်မြင်းများကလည်း လဲပြိုကျကုန်ပြီး အားလုံးကလည်း လွင့်ထွက်ကုန်ကြသည်။

“မျိုးမစစ်ကောင်”

ထိုအဖြစ်အပျက် အားလုံးကို အံ့အားအသင့်ဆုံး၊ ဒေါသအထွက်ဆုံးက သာ့ယန်ဖူရယ်ဖြစ်သည်။ ချင်းဟိုင်စစ်သားများက ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းမှ အင်အားအကြီးဆုံး အင်အားစုဖြစ်ပြီး စုန့်ခါတွင် အင်အားအကြီးဆုံးလည်းဖြစ်သည်။ ထို့ကြောင့် သူတို့က တချိန် အနာဂတ်တွင် ယွီစန်း၏ အင်အားအကြီးဆုံး အင်အားစုကြီး ဖြစ်လာမည်ဖြစ်သည်။ သူတို့၏ အင်အားက သာမာန်စစ်သားများထက် သာလွန်ပြီးသားဖြစ်သည်။

သို့သော်လည်း ချင်းဟိုင်စစ်သားများက ထိုထန်များကို မတားနိုင်သော အခြေအနေမျိုး ကြုံရမည်ဟု မမျှော်လင့်ထားဖူးချေ။ မဟာထန်၏ သာမာန်စစ်တပ်က ထိုမျှအထိ အင်အားကြီးစရာ အကြောင်းမရှိချေ။

“တကယ်ပဲ မင်းတို့က ဘယ်သူတွေလဲ”

သူ၏ဒေါသတကြီး အော်ဟစ်သံက ကောင်းကင်ကိုပင် တုန်ခါသွားစေသည်။ သာ့ယန်ဖူရယ်က သူ၏ ဓားမောက်ရှည်ကို သူ၏အရှိန်အဝါများ ဖြည့်သွင်းလိုက်ပြီးနောက် ဝူရှန်းမြင်းတပ် ဝင်္ကပါကို ထိပ်တိုက် ရင်ဆိုင်ရန် ခုန်ဝင်သွားသည်။

ဝုန်း

စွမ်းအင်အားလှိုင်းများက ထိပ်တိုက် ပေါ်လာပြီး ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်မှ အားလှ်ိုင်းက လွှတ်ထုတ်လိုက်သည်။ ထိုစွမ်းအင်အားလှိုင်းက စတင်ကာ ပြန့်ကားသွားပြီး ကျန်းရာပေါင်းများစွာ ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ဟီး ဟီး ဟီး

“အား”

မြင်းဟီသံများနှင့် လူများ၏ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ကျန်းတစ်ရာဝန်းကျင်အတွင်းရှိ ဝူရှန်းမြင်းတပ်က ဆယ်ကျန်းခန့်အကွာသို့ လွင့်ထွက်သွားပြီး မြေပေါ်သို့ ပြုတ်ကျကုန်သည်။

ဝုန်း

ဝမ်ချောင်၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သူကလည်း စွမ်းအင်လှိုင်းကို အာရုံခံလိုက်မိသည်။ ထို့ကြောင့် ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ထောင်ထောင်မောင်းမောင်းနှင့် တိဗက်ဗိုလ်ချုပ်ကြီးတစ်ယောက်က အနီရောင်စစ်မြင်းကိုစီးလျှက် အေးစိမ့်သော အကြည့်များနှင့်အတူ ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာထားမျိုးဖြင့် ချီတက်လာကြောင်း မြင်လိုက်ရသည်။ သူ၏ပုံစံက အနီရောင်လောကမှ တက်လာသည့် ပြိုင်ဘက်ကင်း မိစာ္ဆနတ်ဆိုးတစ်ကောင်ကဲ့သို့ ထင်ရသည်။ သူ၏လမ်းကိုပိတ်သည့် ရန်သူတိုင်းကို သူက ချေမှုန်းတော့မည့် ပုံစံမျိုးဖြင့် ချီတက်လာခဲ့ခြင်းဖြစ်သည်။

26/6/2023 ရက်နေ့မှ မင်မင်တိူ့ updateပြန်ပေးပါမယ်နော် telegram Gp ပြင်စရာလေးတွေနဲ့စစ်စရာလေးတွေရှိနေလို့ပါရှင့်🙏🙏🙏♥️

အခန်း(၇၅၅)

ကျန်းကျွင်း ရှင်းလင်းခံရပြီ

ထိုဗိုလ်ချုပ်၏ ရည်ရွယ်ချက်က တိုက်ပွဲကိုချက်ချင်း ပြောင်းလဲပြီး ရန်သူကို ချက်ချင်း နှိပ်နှင်းကာ သုတ်သင်ရန်ဖြစ်သည်။ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်က တိဗက်သားများကို ကျော်ဖြတ်ကာ ချီတက်လာခြင်းက ဝါးကိုထိုးခွဲလိုက်သလို ဖြစ်သွားသည်။ သို့သော် ထိုတိဗက်ဗိုလ်ချုပ်ကမူ ရပ်တန့်လိမ့်မည် မဟုတ်ဘဲ ထိုအခြေအနေကို တားမြစ်ကာ အားလုံးကို ရင်ဆိုင်ကိုင်တွယ်မည်ဖြစ်သည်။ ထိုအရာသာမကသေးလေဘဲ တိဗက်မြင်းတပ်က စတင်ကာ ပြောင်းလဲသွားသည်။ သူ၏နောက်မှ ချီတက်လာသော အင်အားစုက တိုက်ပွဲအသစ်တစ်ခုကို ဖန်တီးကာ အခြေအနေကို ပြောင်းလဲတော့မည်ဖြစ်သည်။

“ဟွန့် သာ့ယန်ဖူရယ်”

ဝမ်ချောင်၏အကြည့်က အေးစိမ့်သွားသည်။ သူ၏အကြည့်က အနီရောင် တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသည့် ဗိုလ်ချုပ်ထံရောက်သွားပြီး ချက်ချင်းလိုလို မှတ်မိလိုက်သည်။ အရာအားလုံးကသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့မည်ဆိုလျှင် ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်းမှ ရာထူးအကြီးဆုံး ဗိုလ်ချုပ်ကြီးဖြစ်သည့် ထိုတစ်ယောက်က သာ့ယန်ဖူရယ်ဖြစ်ပေလိမ့်မည်။

သာ့ယန်မာန်ပန့်သည် သူကလည်း ယွီစန်း၏ ကျော်ကြားသော တာ့လန်မှလာသည်။

သာ့ယန်မာန်ပန့်က ယွီစန်း၏ လုပ်ကြံသတ်ဖြတ်သူ၊ ခွေးရူး သို့မဟုတ် အဆိပ်ပြင်းမြွေ စသဖြင့်သော အသုံးအနှုန်းများဖြင့် ပတ်ဝန်းကျင်အနှံ့ ကျော်ကြားနေသည်ဟုဆိုလျှင် သာ့ယန်ဖူရယ်ကမူ ယွီစန်း၏ အတက်စွမ်းအား အရင်းအမြစ်ဟု ဆိုသင့်သည်။

သာ့ယန်ဖူရယ်၏ ကျန်းကျွင်းတွင် နေခဲ့သော ဆယ်စုနှစ်တာ အုပ်ချုပ်ခဲ့သည့် ကာလအတောအတွင်း သူက ယွီစန်းအင်ပါယာကြီးထဲ မရေမတွက်နိုင်အောင် များပြားသည့် စစ်သည်တော်များကို လေ့ကျင့်ပေးခဲသည်။ နွားကျောင်းသားများ၊ သာမာန်တိဗက်များ အဖွဲ့မှ စစ်သည်တော်များ အားလုံးက ထိုစခန်းတွင် ဝင်ရောက်ကြပြီးနောက် သာ့ယန်ဖူရယ်က လေ့ကျင့်ပေးလိုက်သည်နှင့် ခက်ထန်ကြမ်းတမ်းကာ သတ္တိအပြည့်ရှိသည့် တိဗက်မြင်းတပ်အဖြစ် ပြောင်းလဲသွားပြီး ပတ်ဝန်းကျင် တိုင်းပြည်များကိုပင် ထိတ်လန့်တကြား တုန်ယင်စေခဲ့သည်။

သာ့ယန်ဖူရယ်၏ တည်ရှိမှုက သာ့ယန်မာန်ပန့်ကဲ့သို့ သူရူးတစ်ယောက်ကို အကျိုးဆက်များကို ကြောက်လန့်စရာမလိုဘဲ အုပ်စိုးခွင့်ရသွားစေသည်။

သာ့ယန်ဖူရယ်က ထိုလေ့ကျင့်ရေးစခန်းကို အုပ်ချုပ်ကာ စီမံခန့်ခွဲပေးနေခဲ့သည်မှာ နှစ်အတန်ကြာပြီဖြစ်သည်။ ဝမ်ချောင်၏ လက်ထဲတွင် ရှိနေသော သတင်းအချက်အလက်အရ ထိုဗိုလ်ချုပ်က မဟာထန်၏ စစ်နတ်ဘုရား ဝမ်ကျုံးစစ်ခေတ် ကျော်လွန်ပြီးချိန်က စတင်ပြီး ကျန်းကျွင်းသို့ ရောက်နေခဲ့ခြင်းဖြစ်ပြီး ခဲ့ရှု့ဟန်ကပင် ထိုအချိန်တွင် နာမည်မကြီးခဲ့သေးချေ။

ထို့ကြောင့် လုံရှီတွင် ဝမ်ကျုံးစစ်က တိုက်ပွဲဝင်ခဲ့ရသမျှ စစ်သည်တော်တိုင်း နီးပါးကို ထိုလူက လေ့ကျင့်ပေးခဲ့ခြင်းဖြစ်သည်။ ယွီစန်းတွင် သာ့ယန်မာန်ပန့်နှင့် သာ့ယန်ဖူရယ်ဆိုသည့် ဝမ်းကွဲနှစ်ယောက်ကို သာ့ယန်၏ သူရဲကောင်းနှစ်ယောက်ဟုပင် ခေါ်ကြသည်။ သာ့ယန်ဖူရယ်က ရှေ့တန်းသို့ထွက်ပြီး တိုက်ပွဲတွင် ပါဝင်ခဲသော်လည်း သူက သာ့ယန်မာန်ပန့်ထက် မနည်းသည့် ခြိမ်းခြောက်မှုကို ပေးနိုင်သည်။ ဘက်ထောင့်တစ်ခုမှကြည့်သော် သူကပင် ခြိမ်းခြောက်မှု ပိုကြီးနေသည်။

“ခင်ဗျားနဲ့လာတိုးပြီဆိုကတည်းက ငါခင်ဗျားကိုလည်း သတ်သွားပေးရမှာပေါ့”

ဝမ်ချောင်၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏အကြည့်ထဲတွင် သတ်ဖြတ်ခြင်း အရှိန်အဝါများက ပြည့်နှက်စွာ ပေါက်ကွဲသွားသည်။

သာ့ယန်ဖူရယ်က အလွန်စွမ်းအားကြီးမားသည်။ သူ၏ယခု တိုက်ခိုက်လိုက်သည့် တိုက်ကွက်ကတင် သာ့ယန်မာန်ပန့်လောက် လေးစားစရာ မကောင်းသေးသည့်တိုင်အောင် အနည်းဆုံး သူတော်စင် သိုင်းနယ်မြေအဆင့်သို့ ရောက်နေသည့်အတွက် ဝမ်ချောင်ထက်သာသည်။ အခြားအခြေအနေဆိုလျှင် ဝမ်ချောင်က သူ့ကိုယှဉ်နိုင်မည်မဟုတ်ချေ။ သို့သော် ယခုမူ သူ့တွင် လေးစားစရာကောင်းသော ဝူရှန်းမြင်းတပ် ငါးထောင်ရှိနေသည့်အတွက် အခြေအနေက ပြောင်းလဲသွားသည်။

“ဖြတ်တောက်ခြင်းဝင်္ကပါ”

ဝမ်ချောင်၏ အမိန့်နှင့်အတူ ဝူရှန်းမြင်းတပ်က ကျော့ရှင်းစွာဖြင့် လူစုခွဲလိုက်သည်။ တဖန်ပြန်ပြီး အယောက်တစ်ရာစီရှိသည့် အဖွဲ့ငါးဆယ်အဖြစ် ပြောင်းသွားပြန်သည်။ တစ်ဖွဲ့ချင်းစီတိုင်းက ချိန်းကြိုးများလို တိဗက်မြင်းတပ်ကို လွှဲရိုက်ရန်ကြိုးစားနေသည်။

သူတို့၏ ပြောင်းလဲလုပ်ဆောင်မှုက မြန်ဆန်သည်။ သူတို့၏ အင်အားကလည်း လေးစားစရာကောင်းသည်။ သူတို့၏ ပူးပေါင်းမှုကလည်း ပြောင်မြောက်သဖြင့် သာ့ယန်ဖူရယ်ကပင် မျက်လုံးပြူးသွားရသည်။ သူက တိဗက်တောင်ပေါ်ဒေသတွင် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် စစ်သားများကို လေ့ကျင့်ပေးနေသူများ ဖြစ်သည့်အတွက် စစ်သားအမျိုးအစား အမျိုးမျိုးကို မြင်ခဲ့ရဖူးသည်။ သို့သော် သူလေ့ကျင့်ပေးခဲ့ဖူးသည့် အကောင်းဆုံး အနေအထားတွင်ရှိသည့် အင်အားအကြီးဆုံး စစ်သားများကပင် ထိုမျှအထိ စည်းကမ်းတကျ မလှုပ်ရှားနိုင်ကြချေ။ ထိုမျှအထိ စည်းကမ်းမလိုက်နာနိုင်ကြချေ။ ထိုအဆင့်တွင်ရောက်နေသည့် စစ်သားတိုင်းကို သာမာန်ဗိုလ်ချုပ် စစ်စခန်းလောက်က မမွေးထုတ်ပေးနိုင်ချေ။

သူကသာ ကိုယ်တိုင်မြင်ရခြင်း မဟုတ်လျှင် လက်ခံရန်ပင် ခက်ခဲသေးသည်။ အကြောင်းမူကား ထိုစစ်သည်တော်များက သူက လေ့ကျင့်ပေးထားသော စစ်သည်တော်များထက်ပင် လေးစားစရာကောင်းလောက်အောင် မြင့်မားနေသည်။ ထို့ပြင် ထိုလူငယ်ထံမှဖြစ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် မြင်းတပ်သည် အားသာသည့် တိုင်းပြည်ကြီးတစ်ခုမှ မဟုတ်ကြောင်း သိသာသည်။

သို့သော် သာ့ယန်ဖူရယ်က ချက်ချင်းလိုလို ဟန်ချက်ပြန်ထိန်းလိုက်သည်။

“ငါ့အတွက် သေလိုက်ကြစမ်းပါ”

အေးစိမ့်သော အကြည့်နှင့်တင် သာ့ယန်ဖူရယ်က သူ၏ဓားမောက်ရှည်ကြီးကို ဝမ်ချောင်ရှိရာဘက်သို့ လွှဲယမ်းလိုက်သည်။ သူကလည်း ထို(၁၇)နှစ်အရွယ် လူငယ်လေးက ထူးဆန်းသော ထန်မြင်းတပ်အဖွဲ့မှ ဗိုလ်ချုပ်ဖြစ်ကြောင်း သိလိုက်သည်။ သူကသာ ထိုလူငယ်လေးကို သတ်နိုင်ရင် ထန်များက ပြိုကွဲသွားပြီး ကပ်ဘေးကိုလည်း ဖယ်ရှားထားပြီးသားဖြစ်ပေလိမ့်မည်။

ဟီး ဟီး ဟီး ဟီး

သူ၏စစ်မြင်းက ဟီလိုက်ချိန်တွင် သာ့ယန်ဖူရယ်က ထိုစစ်မြင်းနှင့် တစ်သားတည်းဖြစ်သွားသလိုမျိုး ဝမ်ချောင်ထံ ကောင်းကင်ဘုံနဂါးတစ်ကောင်လိုမျိုး ခုန်တက်လိုက်သည်။

“ဟမ့်”

အခြားတစ်ဖက်မှ ဝမ်ချောင်ကမူ အေးစက်သော မျက်လုံးဖြင့်သာကြည့်ပြီး လှောင်ရယ် ရယ်လိုက်သည်။

ဖြန်း

သူက သူ၏စစ်မြင်းကို ဖြန်းကနဲ ရိုက်လိုက်ပြီး ချက်ချင်းလိုလို တစ်ပတ်လှည့်ကာ စစ်မြင်းနှင့် တသားတည်း ပေါင်းစပ်လိုက်ပြီး ရှေ့သို့တဖြောင့်တည်း ချီတက်လိုက်သည်။ သူက သာ့ယန်ဖူရယ်ထံ ဦးတည်သည်။

“သတ်”

အော်ဟစ်သံက ကောင်းကင်ကိုပင် ထိုးခွဲသွားသည်။ ဝမ်ချောင်က သူ၏ဓားကို သာ့ယန်ဖူရယ်ထံ ချိန်ထားပြီးနောက် နောက်ဆုံးအမိန့်တစ်ခုဖြစ်သည့် ချီတက်ရန်အမိန့်ကို ထုတ်ပေးလိုက်သည်။

ဝုန်း

ဟီး

ဗိုလ်ချုပ်ကြီးနှစ်ယောက်က တောင်ပေါ်မြင်းများကိုစီးလျှက် သူတို့ကြားရှိ အကွာအဝေးကို ချက်ချင်းချုံ့လိုက်သည်။ ထိုသို့ဖြင့် နှစ်ယောက်လုံးက လေထဲသို့ ခုန်တက်ကာ ထိပ်တိုက်ရင်ဆိုင်သည့်အခါ လေထဲတွင် ပေါက်ကွဲသံကြီးက ထွက်ပေါ်လာသည်။

ထိုသို့ထိပ်တိုက် တွေ့ဆုံသည့်အခါ ဝမ်ချောင်၏ကိုယ်က ဖြတ်ကနဲလက်သွားပြီး ဝမ်ချောင်၏ ခြေထောက်အောက်မှ အလင်းတစ်ခုက ဖြာထွက်လာကာ သာ့ယန်ဖူရယ်နှင့် တွဲဆက်လိုက်သည်။

သာ့ယန်ဖူရယ်၏ အင်အားက ချက်ချင်းထိုးကျသွားသည်။ ထိုမျှဆုံးဖြတ်ချက် ပြတ်သားပြီး လွှမ်းမိုးနိုင်စွမ်း ပြင်းထန်ကာ စိတ်ဓာတ်ခိုင်မာသည့် သာ့ယန်ဖူရယ်ကပင် ထိုတခဏတွင် ဖြူဖျော့သွားသည်။

သိုင်းဗိုလ်ချုပ်ကြီးချီစက်ကွင်း

ထိပ်တိုက်တွေ့ဆုံမှုတွင် ဝမ်ချောင်က တုန့်ဆိုင်းမနေဘဲ သူကံကြမ္မာကျောက်တုံးထံမှ ရထားသည့် အင်အားအကြီးဆုံး ချီစက်ကွင်းကို ထုတ်သုံးလိုက်သည်။

ဝုန်း

မြေကမာ္ဘက တုန်ဟီးသွားပြီး ကောင်းကင်ကလည်း လှုပ်ခါသွားသည်။ မရေမတွက်နိုင်အောင် များပြားသည့် စစ်သည်တော်များ၏ စောင့်ကြည့်နေမှုအောက်တွင် နေမင်းက ရုတ်တရက် အောက်ဘက်သို့ ပေါ်ထွက်လာသလို မျက်စိကြိမ်းမတက် တောက်ပသည့် အလင်းတန်းက သေမျိုးလောကကို ဖြာထွက်သွားပြီး ပြင်းထန်သည့် ပေါက်ကွဲမှုကို ပေါ်ထွက်သွားစေကာ အရပ်မျက်နှာအနှံ့ လွင့်စင်သွားသည်။

ကြောက်မက်ဖွယ်ကောင်းသည့် လေပြင်းနှင့် သိပ်သည်းလွန်းသည့် စွမ်းအင်များက ဟာရီကိန်းမုန်တိုင်းလို ထိုးခွဲလာသည်။ ထိုနေရာတွင်ရှိသည့် စစ်သည်တော်တိုင်းက တိဗက်ပင်ဖြစ်စေ၊ ဝူရှန်းမြင်းတပ်ပင်ဖြစ်စေ၊ ချင်းဟိုင်စစ်သားများပင်ဖြစ်စေ လွင့်ထွက်ကုန်ကြသည်။

“ပြေးတော့”

“အန္တရာယ်ပဲ”

သူတို့၏ရှေ့တွင် သူတို့၏ဗိုလ်ချုပ်နှစ်ယောက်က ဒီလေ့ကျင့်ရေးကွင်းထဲတွင် ထိပ်တိုက်ရင်ဆိုင်ကြသည့်အခါ စစ်သည်တော်တိုင်းက ထိတ်လန့်တကြား ထွက်ပြေးကြရသည်။ သာ့ယန်ဖူရယ်က သိုင်းအဆင့်သုံး သို့မဟုတ် လေးသို့ ရောက်ရှိနေသည့် သူတော်စင်သိုင်းနယ်မြေအဆင့်မှ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူက တစ်နှစ်ပတ်လုံး စုန့်ခါတွင် ရှိနေခဲ့သည့်အတွက် သူ၏စစ်သည်တော်များက သူ၏အင်အားကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။

မဟာထန်မှ လူငယ်အတွက်ကမူ...

မည်သူကမျှလည်း သူက မည်သည့်နေရာသို့လာကြောင်း မသိသော်လည်း သူက သာ့ယန်ဖူရယ်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်ကတည်းက သူ၏ အင်အားကို သက်သေပြပြီးသားဖြစ်သည်။ လူတိုင်းက ထွက်ပြေးကြရသည်။ သူတို့အားလုံးက သိပ်သည်းလွန်းသည့် အော်ဟစ်သံကို ကြားလိုက်ရသည်။

ဟီး ဟီး ဟီး

သွေးနီရောင်ပုံရိပ်တစ်ခုက အလင်းတန်းလို ကောင်းကင်ကို ထိုးတက်သွားသည်။ မည်သူမျှ မတုန့်ပြန်ခင် ထိုပုံရိပ်က သာ့ယန်ဖူရယ်ကို ခပ်ကြမ်းကြမ်း ခုတ်ပိုင်းလိုက်သည်။

ဘုန်း

ထိုအရာက အင်အားအပြည့် ထုတ်သုံးထားသည့် လီစစ်ယဲ့ဖြစ်သည်။ သာ့ယန်မာန်ပန့် ကိုယ်တိုင်ကလည်း အံ့အားသင့်သွားသည်။ လီစစ်ယဲ့ကိုယ်တိုင်က အင်အားကြီးမားပြီးသားဖြစ်ပြီး မြင်းမှ အရှိန်ကိုယူကာ ခုန်တက်ခဲ့ခြင်းဖြစ်သည်။ ထိုတခဏတွင် သာ့ယန်ဖူရယ်၏ အဆင့်တွင်ရှိနေသော တစ်စုံတစ်ယောက်ကပင် ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ ပူးပေါင်းတိုက်ကွက်ကို ရင်ဆိုင်ရန်ခက်ခဲသွားသည်။

ဝုန်း

သာ့ယန်ဖူရယ်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာက ချက်ချင်းမှေးမှိန်သွားသည်။ သို့သော် ဒါက အစသာရှိသေးသည်။ သူတို့၏ ကျယ်လောင်သည့် မြင်းဟီသံများက ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့ပြီး ဝူရှန်းမြင်းတပ် ငါးထောင်က တိဗက်စစ်သည်နှင့် တိုက်ခိုက်နေရာမှ ရုတ်တရက် တစ်ဖက်ပြန်လှည့်လိုက်သည်။

မြင်းတပ်များမှ ခွဲထားသည့် အဖွဲ့ငါးဆယ်က သာ့ယန်ဖူရယ်ထံ မိုးကြိုးပစ်လိုက်သလို ချက်ချင်းဝင်ရောက်လာသည်။ သာ့ယန်ဖူရယ်၊ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က မြေပြင်သို့ ခြေပြန်ချချိန်တွင် ဝူရှန်းမြင်းတပ်က ရောက်လာလေပြီ။

ဘုန်း ဘုန်း ဘုန်း

ထိုသို့ဖြင့် ဝူရှန်းမြင်းတပ်မှ တစ်ယောက်ပြီးတစ်ယောက်က သာ့ယန်ဖူရယ်ထံ ချီတက်သွားကြသည်။ သာ့ယန်ဖူရယ်က ကြောက်လန့်မှုကြောင့် ရှုံ့မဲ့သွားသည်။ သူက ရှောင်ချင်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဝမ်ချောင်က သူ၏ဝူရှန်းမြင်းတပ် ငါးထောင်ကို လူစုခွဲရန် အမိန့်ပေးလိုက်သောအခါ သာ့ယန်ဖူရယ်ကို ရင်ဆိုင်ရန် အမိန့်တစ်ခါတည်း ပေးထားပြီးသားဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

သူက ပြန်ကျလာချိန်တွင် စစ်မြင်းထောင်ကျော်နှင့် မြင်းစီးသူတိုင်းက သာ့ယန်ဖူရယ်ထံ ခုန်ဝင်ကာ ခုတ်ပိုင်းလိုက်ကြသည်။

“အား”

သာ့ယန်ဖူရယ်ထံမှ ကျယ်လောင်သည့် အော်ဟစ်သံက ထွက်ပေါ်လာသည်။ သူ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကလည်း လေပြင်းဒဏ်ခံရသည့် ဖယောင်းတိုင်လို ဖြစ်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သူက သိုင်းအဆင့်သုံး သို့မဟုတ် လေး သူတော်စင်သိုင်းနယ်မြေမှ သိုင်းအဆင့်နှစ် သို့မဟုတ် တစ်ထိ ကျသွားပြီး တဖြည်းဖြည်းချင်း အင်ပါယာ သိုင်းနယ်မြေအဆင့် ရှစ်ထိရောက်သွားသည်။ ထို့နောက် အဆင့်ခြောက်...

ဘုန်း

လူတစ်ယောက်ထက်ပင် ရှည်သေးသော ဝု့စ်သံမဏိဓားက သာ့ယန်ဖူရယ်၏ ခန္ဓာကိုယ်ကို ချက်ချင်း ထိုးဝင်သွားသည်။

ဖြစ်စဉ်တစ်ခုလုံး ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကိုသုံးပြီး သာ့ယန်ဖူရယ်ကို ထိန်းပေးထားသည်။

အဆုံးတွင် ကျယ်လောင်လွန်းသော ခွပ်ကနဲ မြည်သံကြီးနှင့်အတူ သာ့ယန်ဖူရယ်က နောက်သို့ လဲပြိုကျသွားသည်။ သူ၏မျက်လုံးက အပြူးသားဖြစ်နေသည်။ လက်မောင်းကိုလည်း ခပ်ကျယ်ကျယ် ဖြန့်ထားပြီး သူ၏ကိုယ်အတွင်းမှ တစ်ဝက်ကျော်သော ကြယ်တာရာစွမ်းအင်များက ဝမ်ချောင်၏ ကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်။

သာ့ယန်ဖူရယ်၏ ခန္ဓာကိုယ်က ဖုန်မှုန့်များစွာကို လေထဲသို့ မြောက်တက်သွားစေပြီး တဖြည်းဖြည်းချင်း ငြိမ်သက်သထက် ငြိမ်သက်သွားကာ မလှုပ်ရှားတော့ချေ။ အဆင့်မြင့် သိုင်းမြင်းတပ် ထောင်ပေါင်းများစွာ ချီတက်ကာ တိုက်ခိုက်မှုနှင့် ဝမ်ချောင်နှင့် လီစစ်ယဲ့တို့ ထိန်းချုပ်မှုကို ရင်ဆိုင်ရသည့်အခါ သာ့ယန်ဖူရယ်ကဲ့သို့ လက်ရွေးစင် ဗိုလ်ချုပ်ကြီးတစ်ယောက်ကပင် ရင်မဆိုင်နိုင်ခဲ့ဘဲ အဆုံးသတ်သွားခဲ့ရသည်။

“သွားရအောင်”

ဝမ်ချောင်က လီစစ်ယဲ့ကိုခေါ်သည်။ သူက သာ့ယန်ဖူရယ်၏ အလောင်းကို တစ်ချက်သာကြည့်ပြီးနောက် သာ့ယန်ဖူရယ်၏ အနီရောင်တောင်ပေါ်မြင်းပေါ် ခုန်တက်လိုက်သည်။ ဝမ်ချောင်၏ တူရကီစစ်မြင်းက ကြယ်တာရာစွမ်းအင်နှင့် ထိပ်တိုက်တွေ့ဆုံသည့်အခါ ထိုးဖောက်ခံလိုက်ရသည်။ အရည်အသွေးမြင့် တူရကီ မြက်ခင်းပြင်ဒေသမှ စစ်မြင်း၏ ခန္ဓာကိုယ်က အကောင်းဆုံး အာရပ်မြင်းများနှင့် ယှဉ်နိုင်သော်လည်း သာ့ယန်ဖူရယ်က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ရထားသည့် နတ်မြင်းကို မယှဉ်နိုင်ချေ။ ကျွမ်းကျင်ပညာရှင်ချင်း ထိပ်တိုက်တွေ့ဆုံသည့်အခါ အခြားသော မြင်းများက တောင့်မခံနိုင်သည်မှာ ထင်ရှားနေသည်။

“မြှားဝင်္ကပါချီတက်”

ဝမ်ချောင်က သူ၏ဓားကိုယမ်းပြီး နောက်ထပ် အမိန့်တစ်ခု ထုတ်ပေးလိုက်ကာ ချီတက်စေသည်။ သာမာန်မြင်းတပ်က ယခုလိုတိုက်ပွဲပြီးသည့်အခါ ကစဉ့်ကလျားဖြစ်သွားပြီး ပြန်လည်စုစည်းရန်ပင် အချိန်အတန်ကြာ ယူရလောက်သည်။

သို့ရာတွင် ဝူရှန်းမြင်းတပ် ငါးထောင်ကမူ စက္ကန့်အနည်းငယ်ထဲနှင့် ဝမ်ချောင်၏အမိန့်အတိုင်း ဆက်လုပ်လိုက်နိုင်သည်။ သူက ချက်ချင်းလိုလို မြှားဝင်္ကပါကို ထုတ်လွှတ်လိုက်သည်။

ဘုန်း

ထိုအချိန်တွင် တိဗက်မြင်းတပ်က ပြန်လည်စုစည်းရန် ကြိုးစားနေကာစဖြစ်သည်။ ထိုအချိန်တွင် တဖန်ပြန်ပြီး လူစုကွဲသွားပြန်သည်။

“အား”

လေထဲတွင် အော်ဟစ်သံများက ထွက်ပေါ်နေသလို စစ်မြင်းများ၏ဟီသံ အချင်းချင်း ထိပ်တိုက်တွေ့ဆုံသံများက ပေါ်ထွက်နေသည်။ လက်နက်ချင်း ထိပ်တိုက်တွေ့ဆုံသံများက ထွက်ပေါ်လာပြီး မုန်တိုင်းထန်တော့ပြန်သည်။ သာ့ယန်ဖူရယ်ကသာ ထိုနေရာတွင် ရှိနေသည့်အချိန်တွင် တိဗက်စစ်တပ်အနေဖြင့် ဝူရှန်းမြင်းတပ် ချီတက်မှုကို မတားနိုင်ခဲ့ချေ။ ယခုအခါ သာ့ယန်ဖူရယ်က သေဆုံးသွားခဲ့သည့်အတွက် ကျန်ရစ်နေသော တိဗက်များက သူ၏ချီစက်ကွင်း အထောက်အပံ့ကို ဆုံးရှုံးသွားသည့်အခါ မည်သို့မျှ မယှဉ်နိုင်တော့ချေ။ ထိုသို့ဖြင့် တောင်ပေါ်ဒေသမှ တိုက်ပွဲက တစ်ဖက်သတ်ခြင်းအဖြစ် ပြောင်းလဲသွားသည်။

All Chapters