← Chapters

အခန်း (၁၄၆-၁၅၀)

Vol. 15 Ch. 146-150

အခန်း (၁၄၆-၁၅၀)

Vol. 15 Ch. 146-150

အခန်း (၁၄၆) အနောက်တိုင်း မိတ်ကပ်အလှပြင်ပညာ

သို့သော်လည်း ဦးလေးကိုး ၏ အခြေအနေမှာ ဤကဲ့သို့သော ဘေးထွက်ဆိုးကျိုးများ ရှိမနေသည်မှာ ထင်ရှားလှပေရာ၊ ဤအစီရင်၏ အဆင့်အတန်းမှာ အလွန်ပင် မြင့်မားရမည်၊၊

“ဒါက ကောင်းတဲ့အရာပဲဆိုတော့ ဖုံးကွယ်ထားစရာ မလိုပါဘူး၊ အစ်ကို ဒါကို ပိုပြီး အသုံးချလို့ ရပါတယ်၊

ဒါပေမဲ့ သတိတော့ ထားရမယ်နော်၊ အစွမ်းတွေက အရမ်းမြန်မြန် တိုးတက်လာရင် အခြေခံအုတ်မြစ်ကို ခိုင်မာအောင် အရင်လုပ်ရမယ်၊ မဟုတ်ရင် နောက်ပိုင်း ကျင့်ကြံတဲ့နေရာမှာ အနှောင့်အယှက် ဖြစ်လိမ့်မယ်”

လင်းရန်ယန် က ဦးလေးကိုး ကို သတိပေးလိုက်၏၊၊

“ငါ သိပါတယ်”

ဦးလေးကိုး ကလည်း ခေါင်းညိတ်ပြလိုက်တော့သည်၊၊

သို့သော်လည်း တစ်ချိန်တည်းမှာပင်၊ ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသော နေရာရှိ တာအိုဘုရားကျောင်း တစ်ခုအတွင်း၌……

ရှီးကျန့် ၏ ကိုယ်ဟန်မှာ ကောင်းကင်ယံမှ ဖြည်းညင်းစွာ ဆင်းသက်လာခဲ့၏၊၊

“ကျွီ ”

ထိုအချိန်မှာပင် သူ၏သားဖြစ်သူ ရှီးရှောက်ကျန့် သည် ကျေနပ်အားရသော မျက်နှာထားဖြင့် အပြင်မှ ပြန်လည်ဝင်ရောက်လာသည်၊၊

သို့သော် ရှီးရှောက်ကျန့် သည် ရှီးကျန့် ကို မြင်လိုက်ရသည့် ခဏမှာပင် သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏၊၊

“အဖေ၊ အ ….. အဖေ ဘယ်လိုလုပ် ပြန်ရောက်နေတာလဲ၊”

ရှီးရှောက်ကျန့် မှာ ကြောက်လန့်လွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေရှာသည်၊၊

ရှီကျန့် က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုကောင်လေး ဘာတွေ လုပ်လာသည်ကို ချက်ချင်း သိရှိလိုက်၏၊၊

အရင်အတိုင်းပင် ဖြစ်ရမည်၊ ယင်ဓာတ်အားကောင်းသော မိန်းကလေးတစ်ဦးကို ရှာဖွေကာ၊ သူ၏ ဝိညာဉ်ကို ခန္ဓာကိုယ်မှ ထွက်ခွာစေပြီး ထိုမိန်းကလေး၏ ဝိညာဉ်ကို ဝါးမြိုလိုက်ခြင်းပင် ဖြစ်လိမ့်မည်၊၊

မှန်ပေသည်၊ မဝါးမြိုမီမှာမူ သူသည် ထိုမိန်းကလေးကို စိတ်ကြိုက် ပျော်ပါးခဲ့မည်မှာ အသေအချာပင်၊၊

သို့သော်လည်း ရှီးကျန့် တစ်ယောက် ဒေါသထွက်တော့မည့်ဆဲဆဲမှာပင်၊ သူ၏ မျက်လုံးများထဲ၌ ထူးဆန်းသော သွေးရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့၏၊၊

“ဟွန်း၊ နောင်ကျရင် ဒီလိုမျိုးလုပ်တဲ့အခါ သတိထားဦး၊ ဘာအစအနမှ ကျန်မနေစေနဲ့”

နောက်တစ်ခဏ၌ ဒေါသတကြီး ပေါက်ကွဲတော့မည့် ရှီးကျန့် သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ရုံမျှသာ ပြုလုပ်ခဲ့သည်၊၊

“ဗျာ”

ဤတစ်ကြိမ်တွင် ရှီးရှောက်ကျန့် ပင်လျှင် မှင်တက်သွားရ၏၊၊

ရှီးကျန့် က သူ့ကို တကယ်ပဲ မဆူဘူးလား၊၊

“ဘာ ‘ဗျာ’ လဲ၊ သွား ပြင်ဆင်စရာရှိတာ ပြင်ဆင်တော့၊ မနက်ဖြန် ငါတို့ ကျို့ချွမ်း မြို့ကို သွားကြမယ်၊ မင်းရဲ့ ဦးလေး ယိမေ ဆီကို ”

ရှီးကျန့် က အေးစက်စွာ ဆိုလိုက်၏၊၊

“ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါ အဖေ”

ရှီးရှောက်ကျန့် သည် ဝမ်းသာအားရ ခေါင်းညိတ်ပြကာ၊ သူ၏ အခန်းထဲသို့ ပြေးဝင်သွားပြီး ပစ္စည်းများကို အမြန်သိမ်းဆည်းတော့သည်၊၊

ထွက်ခွာသွားသော ရှီးရှောက်ကျန့် ၏ ကျောပြင်ကို ကြည့်ရင်း ရှီးကျန့် သည် မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု ခံစားနေရ၏၊၊

သို့သော်လည်း မည်သည့်အရာ မှားယွင်းနေသည်ကို အတိအကျ မသိသဖြင့်၊ သူသည် ခေါင်းကို ခါယမ်းကာ ထိုအတွေးများကို ဖျောက်ဖျက်လိုက်သည်၊၊

မကြာမီမှာပင် ရှီးကျန့် နှင့် သူ၏သားဖြစ်သူတို့သည် ခရီးစတင်ခဲ့ကြ၏၊၊

ယခုတစ်ကြိမ်တွင် ရှီးကျန့် သည် ဦးလေးကိုး ထံသို့ အကြောင်းရင်း နှစ်ခုကြောင့် သွားခြင်း ဖြစ်သည်၊၊ ပထမအချက်မှာ သူ၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသော စွမ်းအားများကို လုံးဝ ချက်လုပ်ရန် ဖြစ်၏၊၊

ဒုတိယအချက်မှာမူ ဦးလေးကိုး ၏ ဝိညာဉ်ကို ဝါးမြိုရန်ပင် ဖြစ်သည်၊၊

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော အချိန်များက သူမ ပြောခဲ့ဖူးသည်မှာ၊ ဦးလေးကိုး ၏ ဝိညာဉ်သည် မော်ရှန်း ကျောင်းတော်လုံးတစ်ခုတွင် အစွမ်းအထက်ဆုံးနှင့် အသန့်စင်ဆုံး ဝိညာဉ်ဖြစ်ကာ၊ ၎င်းကို ဝါးမြိုနိုင်ပါက ဝိညာဉ်ဝါးမြိုခြင်း လျှို့ဝှက်ကျင့်စဉ်ကို ကျင့်ကြံသူ၏ ပါရမီနှင့် အစွမ်းမှာ ကောင်းကင်သို့ ထိုးတက်သွားလိမ့်မည်ဟု ဆိုခဲ့သောကြောင့် ဖြစ်သည်၊၊

သူသည် ဦးလေးကိုး ကိုသာ ဝါးမြိုနိုင်မည်ဆိုပါက၊ မော်ရှန်း ၏ အနိုင်မရနိုင်သော ဘိုးဘေးကြီးပင်လျှင် သူ၏ ပြိုင်ဘက် ဖြစ်လာတော့မည် မဟုတ်ပေ၊၊

“အဖေ၊ ကျွန်တော် အကုန်ပြင်ဆင်ပြီးပြီ၊”

ရှီရှေားက်ကျန့် က အမြန်ထွက်လာ၏၊၊

“အင်း၊ သွားကြစို့ ”

ရှီးကျန့် က အသာအယာ ခေါင်းညိတ်ပြလိုက်ပြီးနောက် သူ၏ လက်ကြီးကို ဝှေ့ယမ်းလိုက်သည်၊၊

“ဝုန်း ”

နောက်တစ်ခဏ၌ မိုးခြိမ်းသံကြီးနှင့်အတူ ထိုသားအဖ နှစ်ဦးမှာ လျှပ်စီးတန်း နှစ်ခုအဖြစ်သို့ ပြောင်းလဲသွားကာ၊ ကောင်းကင်ယံသို့ ပျံတက်ပြီး ဝေးလံသော အရပ်ဆီသို့ လျင်မြန်စွာ ပျောက်ကွယ်သွားတော့၏၊၊

နောက်တစ်နေ့ နံနက်စောစောတွင်၊ မော်ရှန်း တပည့်များစွာသည် ကျို့ချွမ်း မြို့သို့ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြတော့သည်၊၊

ထို့နောက် အသက်သုံးဆယ်ကျော် အရွယ်ခန့်ရှိသော၊ ပန်းပွင့်ကြီးများပါသည့် ဂွမ်းထည့်အင်္ကျီကို ဝတ်ဆင်ကာ မိတ်ကပ်များကို ရုပ်ဆိုးလှအောင် လိမ်းခြယ်ထားသည့် အမျိုးသမီးတစ်ဦးမှာ ကျို့ချွမ်း မြို့၏ မြို့ဝင်မုခ်ဦးအောက်သို့ ရောက်ရှိလာခဲ့၏၊၊

“ယိမေ၊ အို၊ ယိမေ၊ မင့်ကို ငါရှာနေတာ ဆယ်နှစ်ကျော်ပြီ၊ အခုတော့ နောက်ဆုံးတော့ တွေ့ပြီပေါ့၊ ဒီတစ်ခါတော့ မင်း ငါ့ရဲ့ အစီရင်အောက်ကနေ ဘယ်လို လွတ်အောင် ပြေးမလဲ ကြည့်ရသေးတာပေါ့၊

ဟီးဟီးဟီးဟီး”

ထိုအမျိုးသမီးသည် အေးစက်ပြီး အောင်နိုင်သူတစ်ဦးကဲ့သို့ ရယ်မောလိုက်၏၊၊

“သရဲ”

“ကယ်ကြပါဦး၊ နေ့ခင်းကြောင်တောင်ကြီးမှာ သရဲထွက်နေတယ်”

“ကယ်ပါဦး အမေရဲ့”

ကံဆိုးစွာပင် သူမ၏ ရယ်သံ ထွက်ပေါ်လာသည်နှင့် ဘေးနားရှိ လူတိုင်းမှာ မျက်နှာများ ဖြူဖျော့သွားကာ ကြောက်လန့်တကြား ထွက်ပြေးကြသဖြင့်၊ လမ်းမတစ်ခုလုံးမှာ ခဏချင်းမှာပင် ဟင်းလင်းပြင် ဖြစ်သွားတော့၏၊၊

“ဘယ်မှာလဲ သရဲ၊ မော်ရှန်း က ဝါးပင်အဒေါ်ကြီး ဖမ်းတာကို ကြည့်စမ်း”

ထိုအမျိုးသမီးသည် ‘သရဲ’ ဟူသော အသံကို ကြားလိုက်ရသောအခါ၊ သူမ၏ ကျောဘက်မှ မက်မွန်သားဓားကို အမြန်ဆွဲထုတ်ကာ ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် ကြည့်ရှုလိုက်၏၊၊ သို့သော်လည်း မည်သည့် သရဲတစ္ဆေမျှ ရှိမနေပေ၊၊

ထိုအမျိုးသမီး၏ အမည်မှာ ကျွင်းရု (ဝါးပင်အဒေါ်ကြီး) ဖြစ်ကာ၊ ဦးလေးကိုး မော်ရှန်း ကျောင်းတော်တွင်ရှိစဉ်ကတည်းက သူ့ကို အရူးအမူး လိုက်လံစွဲလမ်းခဲ့သူ ဖြစ်သည်၊၊

သို့သော် ဦးလေးကိုး သည် တောင်ပေါ်မှ ဆင်းလာကတည်းက သူမထံမှ အမြဲတမ်း ပုန်းရှောင်နေခဲ့ခြင်း ဖြစ်၏၊၊

အမှန်အတိုင်း ပြောရလျှင် အခြားသူများမှာ ပရိသတ်မျှသာ ဖြစ်နိုင်သော်လည်း၊ ကျွင်းရု မှာမူ အစွန်းရောက် လိုက်လံနှောင့်ယှက်သူတစ်ဦး ဖြစ်သည်၊၊

မော်ရှန်း ကျောင်းတော်တွင် ရှိစဉ်ကပင် သူမသည် ဦးလေးကိုး ၏ ခုတင်ပေါ်သို့ အိပ်ရာလာပြင်ပေးခြင်းမျိုးကို တစ်ကြိမ်ထက်မက ပြုလုပ်ခဲ့သဖြင့်၊ ဦးလေးကိုး မှာ ကြောက်လန့်လွန်း၍ ရက်ပေါင်းများစွာ အခန်းသို့ မပြန်ရဲအောင် ဖြစ်ခဲ့ရဖူး၏၊၊

လွန်ခဲ့သော နှစ်များအတွင်း သူမက ဦးလေးကိုး ဘယ်မှာလဲဟု မေးမြန်းတိုင်း၊ အခြားသော တာအိုညီအစ်ကိုများမှာ ဘာမှမသိပါဟုသာ တစ်ညီတစ်ညွတ်တည်း ညာပြောခဲ့ကြသည်၊၊

ကံကောင်းထောက်မစွာဖြင့် အမာခံတပည့်များသာလျှင် မည်သည့် အမာခံတပည့်က မည်သည့် အန္တရာယ်ရှိသော နေရာကို စောင့်ကြပ်နေသည်ကို သိရှိကြခြင်း ဖြစ်၏၊၊

ကျွင်းရု ၏ ပါရမီမှာ မဆိုးလှသော်လည်း၊ သူမသည် အမာခံတပည့်တစ်ဦး ဖြစ်မလာခဲ့သည်မှာ ရှင်းလင်းလှသည်၊၊

ဦးလေးကိုး က အကူအညီတောင်းခံစာ မပို့ချင်ရသည့် အကြောင်းရင်း ကိုးဆယ်ရာခိုင်နှုန်းမှာလည်း ဤ ကျွင်းရု ကြောင့်ပင် ဖြစ်၏၊၊

မှန်ပေသည်၊ ကျွင်းရု မှာ အသက်သုံးဆယ်ကျော်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာမူ လေးဆယ့်ခြောက်နှစ် ရှိနေပြီ ဖြစ်သည်၊၊

သူမသည် ဦးလေးကိုး ထက် ခြောက်နှစ်မျှ ပိုကြီး၏၊၊

“ဒီလူတွေကတော့ ရူးနေကြတာပဲ၊ ဘယ်မှာ သရဲရှိလို့လဲ”

ကျွင်းရု က နှုတ်ခမ်းဆူလိုက်ကာ မက်မွန်သားဓားကို ပြန်သိမ်းပြီး၊ ဦးလေးကိုး ၏ တာအိုဘုရားကျောင်း ဘယ်မှာလဲဟု စတင်စုံစမ်းတော့သည်၊၊

သူမ မေးမြန်းသော လူများမှာ ကြောက်လန့်တုန်ရီနေကြသော်လည်း ဦးလေးကိုး ရှိရာကိုမူ ပြောပြလိုက်ကြ၏၊၊

ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း ထိုလမ်းသွားလမ်းလာများမှာ သက်ပြင်းချလိုက်မိကြသည်၊၊ ယခုခေတ်တွင် သရဲတစ္ဆေများမှာ တာအိုဆရာကို ကိုယ်တိုင်လာရှာရဲသည်အထိ ရဲတင်းနေကြပြီလားဟု တွေးတောနေကြခြင်း ဖြစ်၏၊၊

မှန်ပေသည်၊ သူတို့ ဤမျှ ထိတ်လန့်နေရခြင်းမှာလည်း မဆန်းလှပေ၊၊ အမှန်တရားမှာ လွန်ခဲ့သောညက မြို့တစ်ပြင်လုံးတွင် ထူးဆန်းသော ဖြစ်ရပ်ပေါင်း ဒါဇင်နှင့်ချီ၍ ဖြစ်ပွားခဲ့သောကြောင့် ဖြစ်သည်၊၊

လူသေဆုံးမှု မရှိသော်လည်း လူအတော်များများမှာ အသည်းယားလောက်အောင် ကြောက်လန့်ခဲ့ကြရ၏၊၊

“ယိမေ တာအိုဘုရားကျောင်း၊ နောက်ဆုံးတော့ ရှာတွေ့ပြီ”

ကျွင်းရု သည် တာအိုဘုရားကျောင်း၏ အဝင်ဝသို့ ရောက်ရှိလာကာ၊ သူမ၏ အဝတ်အစားများကို အမြန်ပြင်ဆင်လိုက်ပြီးနောက် ရွှင်မြူးစွာဖြင့် အထဲသို့ လျှောက်လှမ်းဝင်လာခဲ့တော့သည်၊၊

“ဒီမိစ္ဆာက ဘယ်ကနေ ရောက်လာတာလဲ၊ ငါ့ရဲ့ ကန်ချက်ကို မြည်းစမ်းကြည့်စမ်း”

သို့သော်လည်း အတိအကျ ဤအချိန်မှာပင် ဘေးဘက်မှ အကျယ်အလောင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏၊၊

“မိစ္ဆာလား၊ ဘယ်မှာလဲ မိစ္ဆာ”

ကျွင်းရု က ဝေခွဲမရဖြစ်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း၊ နောက်တစ်ခဏ၌ ခြေထောက်တစ်ဖက်မှာ သူမ၏ မျက်နှာပေါ်သို့ တည့်တည့်ကြီး ကျရောက်လာတော့သည်၊၊

“ဖောင်း”

ချက်ချင်းပင် ကျွင်းရု မှာ ကန်ထုတ်ခြင်း ခံလိုက်ရကာ၊ နေရာမှာပင် ဆယ်ပတ်ကျော်မျှ လည်ထွက်သွားပြီး၊ တံတွေးများ ပန်းထွက်လျက် မြေပြင်ပေါ်သို့ ပြိုလဲကျသွားတော့၏၊၊

“တံတွေးတွေလား၊ ဒါက မိစ္ဆာမဟုတ်ဘူးလား”

ထို့နောက် မျက်မှန်တပ်ထားသော သက်လတ်ပိုင်း တာအိုဆရာတစ်ဦးမှာ နားမလည်နိုင်စွာဖြင့် ခေါင်းကို ကုပ်ရင်း လျှောက်လာတော့သည်၊၊

“ဆရာ၊ ကြည့်ရတာ ဒါက လူအစစ်ပဲ ထင်တယ်၊ ဆရာ လူမှားကန်မိပြီထင်တယ်”

ထိုတာအိုဆရာ၏ ဘေးရှိ ထုံအအကောင်လေးတစ်ဦးက အမြန်ပြောလိုက်၏၊၊

ထိုနှစ်ယောက်မှာ ယခုလေးတင် ရောက်ရှိလာသော တာအိုဆရာ စစ်မု နှင့် ကျားလဲ့ တို့ပင် ဖြစ်ကြသည်၊၊ ဦးလေးကိုး အခက်အခဲကြုံနေရသည်ဟု ကြားသိရသဖြင့် သူတို့မှာ ချက်ချင်းပင် အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်၊၊

“ဟိုက်၊ ဒါ ညီမလေး ကျွင်းရု မဟုတ်လား”

ရုတ်တရက် တာအိုဆရာ စစ်မု ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားကာ ကျွင်းရု ကို မှတ်မိသွားတော့၏၊၊

“အစ်ကိုကြီး၊ ဘာလို့ ကျွန်မကို အကြောင်းမဲ့ ကန်ရတာလဲ”

ကျွင်းရု သည်လည်း မြေပြင်ပေါ်တွင် လဲကျလျက် အကျယ်အလောင် ငိုကြွေးတော့သည်၊၊

“အဟမ်း၊ ညီမလေးရယ်၊ ညီမလေးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒီလောက် ထူးထူးဆန်းဆန်းတွေ ခြယ်သထားရတာလဲ၊ ငါက မှားသွားတာ မဆန်းပါဘူး”

တာအိုဆရာ စစ်မု က မတတ်သာဘဲ ရှင်းပြလိုက်၏၊၊

သူ၏ မျက်စိက ကောင်းလွန်းသဖြင့်သာ ချက်ချင်း မှတ်မိသွားခြင်း ဖြစ်သည်၊၊ တခြားသူသာဆိုလျှင် မည်သူမှန်း သိရအောင် နောက်ထပ် အနည်းဆုံး နှစ်ချက်၊ သုံးချက်လောက် ထပ်ကန်မိဦးမည်မှာ သေချာလှ၏၊၊

“ဟွန်း၊ ထူးဆန်းတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ဒါက အနောက်တိုင်း မိတ်ကပ်အလှပြင်ပညာ လို့ ခေါ်တာ”

တာအိုဆရာ စစ်မု ၏ စကားကို ကြားရသောအခါ၊ ကျွင်းရု မှာ မြေပြင်မှ ငေါက်ခနဲ ထထိုင်လိုက်ကာ သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်တော့သည်၊၊

“မိစ္ဆာ၊ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုရှေ့မှာ ပြဿနာလာရှာရဲတယ်ပေါ့၊ မင်း သေချင်နေပြီလား”

သို့သော်လည်း ထိုအချိန်မှာပင် နောက်ဘက်မှ နောက်ထပ် အကျယ်အလောင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြန်၏၊၊

“ဒုက္ခပဲ၊ နောက်တစ်ခါ ထပ်ဖြစ်ပြန်ပြီလား”

ကျွင်းရု ၏ မျက်နှာအမူအရာမှာ ပျက်ယွင်းသွားကာ၊ ပင်ကိုယ်ဗီဇအရ ထွက်ပြေးရန် ပြင်လိုက်သည်၊၊

ကံဆိုးစွာပင် ရောက်ရှိလာသော လူမှာ သူမ၏ ကျောဘက်သို့ ပြင်းထန်သော ကန်ချက်တစ်ခုကို ပေးပို့လိုက်ပြီ ဖြစ်ရာ၊ သူမမှာ လေထဲသို့ ပျံတက်သွားပြီး မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားရပြန်တော့၏၊၊

အခန်း (၁၄၇) ထောင်လွှားခြင်း

ဤမြင်ကွင်းကို ဘေးမှရပ်ကြည့်နေသော တာအိုဆရာ စစ်မု နှင့် ကျားလဲ့ တို့မှာ မျက်လုံးများ ပြူးကျယ်သွားကြရသည်၊၊

“ဆရာ၊ အဲ့ဒါ ဦးလေး ချန်းဟော် ပဲ”

ရောက်ရှိလာသူကို မြင်လိုက်ရသောအခါ ကျားလဲ့ က အံ့ဩတကြီး ရေရွတ်လိုက်၏၊၊

အမှန်တကယ်ပင် ရောက်ရှိလာသူမှာ တာအိုဆရာ ချန်းဟော် နှင့် သူ၏ တပည့်များပင် ဖြစ်ကြသည်၊၊

“အို၊ အို၊ ဒါကတော့ အံ့ဩဖို့ တကယ်ကောင်းတာပဲ၊ ညီလေးရဲ့ ကန်ချက်က ငါ့ထက်တောင် ပိုပြီး တိကျနေပါလား”

တာအိုဆရာ စစ်မု က အံ့ဩတသစွာဖြင့် သက်ပြင်းချလိုက်မိ၏၊၊

“ဟားဟားဟား၊ ဂိုဏ်းတူအစ်ကိုကလည်း ချီးမွမ်းလွန်းနေပါပြီ၊ ဒါနဲ့ ဂိုဏ်းတူအစ်ကို့ရဲ့ တံခါးဝမှာ ဘာလို့ မိစ္ဆာတွေ ရှိနေရတာလဲ၊ ဒီမိစ္ဆာတွေက တကယ်ကို ရဲတင်းလွန်းတာပဲ၊

ဒီကိုလာတဲ့လမ်းမှာ လူအတော်များများက နေ့ခင်းကြောင်တောင်ကြီး သရဲတွေ့တယ်လို့ ပြောပြီး ကျွန်တော့်ကို သွားကြည့်ပေးဖို့ ပြောကြတယ်၊ ဒါပေမဲ့ ကျွန်တော် သွားကြည့်တော့လည်း ဘာမှ မတွေ့ခဲ့ပါဘူး၊

တကယ်ကို ထူးဆန်းတာပဲ”

တာအိုဆရာ ချန်းဟော် က တာအိုဆရာ စစ်မု နှင့် သူ၏ တပည့်ဖြစ်သူအား နားမလည်နိုင်စွာဖြင့် ပြောကြားလိုက်၏၊၊

ဒါကို ကြားလိုက်ရသောအခါ တာအိုဆရာ စစ်မု မှာ ချက်ချင်းပင် အနေခက်သွားတော့သည်၊၊

အဘယ်ကြောင့်ဆိုသော် လူတွေပြောနေကြသည့် မိစ္ဆာနှင့် သရဲမှာ မည်သူဖြစ်မည်ကို သူ ခန့်မှန်းမိနေသောကြောင့် ဖြစ်၏၊၊

“အဟမ်း၊ အဟမ်း၊ ညီလေး၊ အရင်ထဲကို ဝင်ကြစို့၊ စကားကိုတော့ နောက်မှ အေးအေးဆေးဆေး ပြောတာပေါ့”

ချုံပုတ်ထဲတွင် လဲကျနေသော ကျွင်းရု ကို တစ်ချက်ကြည့်ကာ၊ တာအိုဆရာ စစ်မု က တာအိုဆရာ ချန်းဟော် ကို အမြန်ဆွဲ၍ အတွင်းသို့ ခေါ်ဆောင်သွားတော့သည်၊၊

“ဆရာ၊ ဒါဆို ဦးလေး လေးကော”

ကျားလဲ့ ကမူ ရိုးသားစွာဖြင့် မေးမြန်းလိုက်၏၊၊

“ဘယ်ဦးလေး လေးလဲ”

တာအိုဆရာ ချန်းဟဲ မှာ ဝေခွဲမရ ဖြစ်သွားရသည်၊၊

“ဟုတ်ပါရဲ့၊ ဘယ်ဦးလေး လေးလဲ၊ ဘယ်က ဦးလေး လေး ရောက်လာလို့လဲ၊ မင်း မျက်စိမှားတာ ဖြစ်မှာပါ၊ သွားကြစို့”

တာအိုဆရာ စစ်မု က ကျားလဲ့ ကို အမြန်ဆွဲခေါ်ကာ တာအိုဘုရားကျောင်းအတွင်းသို့ ဝင်သွားတော့၏၊၊

တာအိုဆရာ ချန်းဟော် နှင့် သူ၏ တပည့်များမှာလည်း သူ၏ နောက်မှ လိုက်ပါသွားကြတော့သည်၊၊

“ဝူးဝူးဝူး၊ လူတိုင်းက ဘာလို့ ငါ့ကိုပဲ လိုက်ရိုက်နေကြတာလဲ၊”

မိနစ်အနည်းငယ် ကြာပြီးနောက်တွင်မှ ကျွင်းရု သည် သူမ၏ ခါးအိုကြီးကို ကိုင်လျက် ချုံပုတ်ထဲမှ တွားသွား၍ ထွက်လာနိုင်ခဲ့၏၊၊

“ဒီမိစ္ဆာက ဘယ်ကနေ ရောက်လာတာလဲ၊ ချုံပုတ်ထဲမှာ ပုန်းပြီး လူတွေကို ခြောက်လှန့်ရဲတယ်ပေါ့၊ ငါ့ရဲ့ လျှပ်စီးလက်သီးကို မြည်းစမ်းကြည့်စမ်း”

ကံဆိုးစွာပင် သူမ ထလိုက်သည်နှင့် ဒေါသတကြီး အော်ဟစ်သံတစ်ခုကို ကြားလိုက်ရပြန်သည်၊၊

“ဝုန်း၊”

ခဏချင်းမှာပင် ယခုလေးတင် ရောက်ရှိလာသော ရှီးကျန့် ၏ လက်ထဲမှ လျှပ်စီးတန်းတစ်ခု ထွက်ပေါ်လာကာ၊ ကျွင်းရု ကို ချုံပုတ်ထဲသို့ လွင့်စင်သွားအောင် တိုက်ရိုက်ပစ်ခတ်လိုက်ရာ သူမ၏ ကိုယ်မှ အငွေ့များပင် ထွက်လာတော့၏၊၊

“အဖေ၊ အဲ့ဒါက လူနဲ့တူတယ်နော်၊”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှီးရှောက်ကျန့် ပင်လျှင် သူ၏ နှုတ်ခမ်းထောင့်များ တွန့်ချိုးသွားရသည်၊၊

“ဟွန်း၊ သူက လူဆိုတာ ငါလည်း သိတာပေါ့၊ လူမဟုတ်ရင် အခုလောက်ဆို ပြာဖြစ်နေလောက်ပြီ၊ သွားကြစို့၊ အရင်ထဲဝင်ရအောင်”

ရှီးကျန့် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်လျက် တာအိုဘုရားကျောင်းအတွင်းသို့ လျှောက်လှမ်းဝင်လာခဲ့၏၊၊

အချိန်အတော်ကြာပြီးနောက်တွင်မှ ကျွင်းရု သည် သတိပြန်ဝင်လာခဲ့ကာ၊ သူမ နိုးလာလျှင်လာချင်း ပထမဆုံးလုပ်သည့်အရာမှာ သူမ၏ မိတ်ကပ်များကို အမြန်သုတ်ပစ်ကာ ပုံမှန်အဝတ်အစားများသို့ လဲလှယ်လိုက်ခြင်းပင် ဖြစ်သည်၊၊

“တောက်၊ အဲ့ဒီမိန်းမတွေက ငါ့ပိုက်ဆံကို လိမ်ယူသွားတာပဲ ဖြစ်ရမယ်၊ နောက်တစ်ခါ ပြန်သွားရင်တော့ သူတို့ဆိုင်ကို ရိုက်ခွဲပစ်ဦးမယ်”

ကျွင်းရု က ဒေါသတကြီး ကျိန်ဆဲလိုက်၏၊၊ ယခုအချိန်တွင် သူမသည် အလှကုန်ဆိုင်မှ လူများ၏ လိမ်လည်လှည့်ဖြားမှုကို ခံလိုက်ရသည်မှာ သိသာလှသည်၊၊

သူမသည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီးနောက်တွင်မှ တာအိုဘုရားကျောင်းအတွင်းသို့ တုန်တုန်ချည့်ချည့်ဖြင့် ဝင်လာခဲ့တော့၏၊၊

တာအိုဘုရားကျောင်းအတွင်း၌မူ ဦးလေးကိုး သည် အဓိကနေရာတွင် ထိုင်နေကာ၊ လင်ရန်ယန် ကမူ သူ၏ ညာဘက်တွင် ထိုင်၍ လက်ဖက်ရည် သောက်နေသည်၊၊

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာမူ လင်ရန်ယန် ၏ ကုသမှုကို ခံယူပြီးနောက်တွင် ဦးလေးကိုး ၏ နောက်၌ ရင်ဘတ်ကို မတ်လျက် သက်တော်စောင့်များကဲ့သို့ ရပ်နေကြ၏၊၊

“ဟားဟားဟား၊ ဂိုဏ်းတူအစ်ကို၊ ကျွန်တော် ရောက်လာပြီဗျို့”

“ဂိုဏ်းတူအစ်ကို၊ မတွေ့ရတာ နှစ်တွေ အတော်ကြာပြီနော်၊ နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပါတယ်”

ထိုအချိန်မှာပင် တာအိုဆရာ စစ်မု ၏ ရယ်သံနှင့် တာအိုဆရာ ချန်းဟော် ၏ အသံတို့မှာ အပြင်ဘက်မှ ထွက်ပေါ်လာ၏၊၊

“စစ်မု၊ ချန်းဟော် ”

ဦးလေးကိုး သည် သူတို့၏ အသံကို ကြားလိုက်ရသည်နှင့် ဝမ်းသာအားရဖြင့် ဆီးကြိုနှုတ်ဆက်ရန် ချက်ချင်း ထရပ်လိုက်သည်၊၊

လင်းရန်ယန် သည်လည်း မျက်ခုံးကို အနည်းငယ် ပင့်လိုက်ကာ ဖြည်းညင်းစွာ ထရပ်လိုက်၏၊၊

“ညီလေး လင်းရန်ယန်၊ မင်းလည်း ဒီမှာ ရှိနေတာလား၊ မင်း သေသွားပြီလို့ ကြားခဲ့ရတာ၊ ဒါပေမဲ့ ငါကတော့ အရင်ဆုံး မယုံခဲ့တဲ့သူပဲ၊ ဟားဟားဟား၊ ထင်တဲ့အတိုင်းပဲ၊ မင်း မသေပါဘူး”

တာအိုဆရာ ချန်းဟော် သည် လင်ရန်ယန် ကို မြင်လိုက်ရသောအခါ အလွန်ပင် အံ့အားသင့်သွားရသည်၊၊

“ဟားဟားဟား၊ ရက်အနည်းငယ်လောက်ပဲ မတွေ့ရတာ၊ ညီလေးက ဘာလို့ ပိုပြီး ခန့်ညားလာရတာလဲ၊ ဒါဆိုရင် အချောဆုံးဖြစ်တဲ့ ငါက ဘာဆက်လုပ်ရတော့မှာလဲ၊၊၊

ငါလည်း အရင်ဆုံး မယုံခဲ့တဲ့သူပဲ၊ မင်းသာ သေသွားရင် မော်ရှန်း ကျောင်းတော်ကြီးလည်း ပျက်စီးသွားတာ ကြာပြီပေါ့”

တာအိုဆရာ စစ်မု က နောက်ပြောင်ကာ ဆိုလိုက်၏၊၊

“ဟားဟားဟား၊ ကျွန်တော် သေရမှာပေါ့၊ ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး၊ ဒါနဲ့ ဂိုဏ်းတူအစ်ကို ချန်းဟော် ၊ အချိန်ဇယားအရဆိုရင် အစ်ကိုက မင်းသားလေးတို့အဖွဲ့ကို စောင့်ရှောက်ပြီး လိုက်ပို့နေရဦးမှာ မဟုတ်ဘူးလား”

လင်းရန်ယန် က နှိမ့်ချစွာ ပြုံးလိုက်ပြီးနောက် တာအိုဆရာ ချန်းသော် ကို စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏၊၊

“သူတို့ကို လမ်းမှာတင် နန်းတော်ကလူတွေ လာခေါ်သွားကြပြီ၊ ငါလည်း ငွေယူပြီး ပြန်ဖို့ ပြင်နေတာ၊ လမ်းတစ်ဝက်မှာတင် ဂိုဏ်းတူအစ်ကို့ရဲ့ အကူအညီတောင်းခံစာကို ရလိုက်တာနဲ့ တိုက်ရိုက် လာခဲ့လိုက်တာပဲ”

တာအိုဆရာ ချန်းဟော် က အကျဉ်းချုပ် ရှင်းပြလိုက်သည်၊၊

“အော်၊ ဒီလိုကိုး၊ ကဲ၊ ဒါတွေ ခဏထားပါဦး၊ ထိုင်ပြီး စကားပြောကြတာပေါ့”

လင်ရန်ရန် က အသာအယာ ပြုံးပြလျက် သူတို့နှင့် သူတို့၏ တပည့်များကို ထိုင်ရန် နေရာပေးလိုက်၏၊၊

ထို့နောက်တွင်လည်း အခြားသော မော်ရှန်း တာအိုဆရာ အချို့သည် တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်၊၊

ထိုသက်ကြီးပိုင်းများမှာ အတွင်းစည်းတပည့်များ ဖြစ်ကြသဖြင့်၊ ဦးလေးကိုး နှင့် လင်ရန်ယန် ထက် အသက်ကြီးသော်လည်း သူတို့ကို ဂိုဏ်းတူအစ်ကိုဟုသာ ခေါ်ဝေါ်ကြ၏၊၊

သို့သော်လည်း လူတိုင်းသည် သူတို့ရှေ့ရှိ လူငယ်လေးမှာ လင်ရန်ယန် ဖြစ်ကြောင်း သိရှိသွားကြသောအခါ၊ ထိတ်လန့်တုန်လှုပ်သွားကြကာ လင်းရန်ရန် ကို ဘယ်ပြန်ညာပြန် ကြည့်နေကြတော့သည်၊၊

အဆုံးစွန်၌ သူသည် ကျောင်းတော်မှ သေဆုံးသွားပြီဟု ကြေညာထားသောသူ ဖြစ်သော်လည်း၊ ယခုတွင်မူ အသက်ရှင်လျက် ဤနေရာ၌ ရပ်နေသည်မှာ တကယ်ကို မယုံနိုင်စရာပင် ဖြစ်၏၊၊

“ဝါး၊ ဆရာ၊ သူတို့ရဲ့ တပည့်တွေက အနည်းဆုံး လူသားအရှင်သခင် သုံးဆင့်၊ လေးဆင့်တွေချည်းပဲလား”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဆရာ၊ ဆရာ ကျွန်တော်တို့ကို တစ်ခုခု ဖုံးကွယ်ထားတာ မဟုတ်ပါဘူးနော်”

သို့သော်လည်း လူတွေ ပိုမို ရောက်ရှိလာသည်နှင့်အမျှ၊ ရောက်လာသော တပည့်ငယ်များထဲတွင် သူတို့ထက် အစွမ်းနည်းသူ တစ်ဦးမျှ မပါသည်ကို ချိုးရှန့် နှင့် ဝိန်ချိုက် တို့ တွေ့ရှိသွားကာ မှင်တက်သွားကြ၏၊၊

ကံဆိုးစွာပင် ထိုနှစ်ယောက်မှာ ဘာမှမပြောဘဲ နေလိုက်လျှင် ပိုကောင်းလိမ့်မည်၊၊ သူတို့ ပြောလိုက်သည်နှင့် ဦးလေးကိုး မှာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ရီလာခဲ့သည်၊၊

“မင်းတို့က ဒါကို ပြောထွက်သေးတယ်ပေါ့၊ ငါ မင်းတို့ကို အကောင်းဆုံးအရာတွေ ပေးခဲ့တာတောင်၊ မင်းတို့နှစ်ယောက်လုံးက လူသားအရှင်သခင် သုံးဆင့်ကိုတောင် မရောက်သေးဘူး၊

ငါ အစွမ်းတွေ ချန်ထားတယ်လို့ ပြောရဲသေးတယ်ပေါ့၊ နေဦး၊ ဒီကိစ္စပြီးရင် မင်းတို့နှစ်ယောက်လုံးကို ကျောင်းတော်ကနေ ထုတ်ပစ်မယ်”

ဦးလေးကိုး က တိုးတိုးလေး နှာခေါင်းရှုံ့လိုက်၏၊၊

မျက်နှာပန်း လှချင်သူပီပီ၊ တပည့်ငယ်များစွာက ဝိန်ချိုက် နှင့် ချိုးရှန်း ကို ညွှန်ပြနေကြသည်ကို သူ သတိထားမိလိုက်သည်၊၊ ထိုတပည့်ငယ်များမှာ ဤနှစ်ယောက် မည်မျှ အစွမ်းနည်းနေသည်ကို မြင်ရသဖြင့် များစွာ တုန်လှုပ်နေကြပုံရ၏၊၊

ယခုတစ်ကြိမ်တွင်မူ သူ၏ မျက်နှာမှာ လုံးဝ ပျက်စီးသွားခဲ့ရပြီ ဖြစ်သည်၊၊

အကယ်၍ ဘေးနားတွင် လူများစွာ ရှိမနေပါက၊ သူသည် ထိုနှစ်ယောက်ကို နေရာမှာတင် ကျောင်းတော်မှ ချက်ချင်း ထုတ်ပစ်ချင်နေမိ၏၊၊

ကြည့်ရသည်မှာ သူသည် မရဏကမ္ဘာ ရင်းချန်းဌာနမှ အဖွဲ့ဝင်တစ်ဦးဟူသော သူ၏ အဆင့်အတန်းကို အသုံးပြု၍သာ နောက်မှ မျက်နှာပြန်ဆယ်ရတော့မည် ဖြစ်သည်၊၊

“ဂိုဏ်းတူအစ်ကိုကြီး ရောက်လာပြီဗျို့”

သို့သော်လည်း အတိအကျ ထိုအချိန်မှာပင် အပြင်ဘက်မှ အကျယ်အလောင် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏၊၊

“ဂိုဏ်းတူအစ်ကိုကြီးလား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

“ဂိုဏ်းတူအစ်ကိုကြီးက ဘာလို့ ဒီကို ရောက်လာရတာလဲ၊ သူက နှစ်ပေါင်းထောင်ချီ ရေခဲပြင်ထဲမှာ အေးခဲနေတာ မဟုတ်ဘူးလား”

“ကျွန်တော်လည်း မသိဘူး၊ ကျွန်တော်တို့မှာ တခြား ဂိုဏ်းတူအစ်ကိုကြီးမှ မရှိတာ”

ဤအခိုက်အတန့်တွင် လူတိုင်းမှာ တုန်လှုပ်ခြောက်ခြားစွာဖြင့် ထရပ်လိုက်ကြ၏၊၊

လင်ရန်ယန် ပင်လျှင် မျက်မှောင်များကို ရုတ်တရက် တွန့်ချိုးလိုက်ကာ၊ ဝေခွဲမရသော အမူအရာဖြင့် အပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်၊၊

“ဝုန်း”

သူတို့သည် လက်နှစ်ဖက်ကို နောက်ပစ်လျက်၊ ကောင်းကင်လျှပ်စီးများ ဝန်းရံနေသည့် ရှီးကျန့် က ရှီးရှောက်ကျန့် နှင့်အတူ လျှောက်လှမ်းဝင်လာသည်ကို မြင်တွေ့လိုက်ရ၏၊၊

သူ၏ ခန့်ညားထည်ဝါလှသော ပုံရိပ်ကြောင့် တပည့်ငယ်များအားလုံး၏ မျက်လုံးများမှာ တောက်ပသွားကြရသည်၊၊

“ဆရာ၊ အဲ့ဒီလူက ဘယ်သူလဲ၊ ဘာလို့ ဒီလောက်တောင် ကြည့်ကောင်းနေရတာလဲ”

“ဟုတ်တယ်၊ ဟုတ်တယ်၊ သူက တကယ်ကို ထောင်လွှားတာပဲ”

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာမူ အခြားသူများ ဤမျှ ခန့်ညားနေသည်ကို ကြည့်မနေနိုင်ကြပေ၊၊

“သူက ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုကြီး၊ မင်းတို့ရဲ့ ဦးလေး ရှီးကျန့် ပဲ”

ဦးလေးကိုး က ထိုကောင်စုတ်နှစ်ယောက်ကို စိုက်ကြည့်လိုက်ပြီးနောက်၊ ဝမ်းသာအားရဖြင့် ဆီးကြိုနှုတ်ဆက်ရန် သွားလိုက်၏၊၊

“ဂိုဏ်းတူအစ်ကိုကြီး”

“ဂိုဏ်းတူအစ်ကိုကြီး၊ ဒါ တကယ်ပဲ အစ်ကိုကြီးလား”

“ဂုဏ်ယူပါတယ် အစ်ကိုကြီး၊ အကျဉ်းအကျပ်ထဲကနေ လွတ်မြောက်လာနိုင်ခဲ့ပြီပေါ့”

“ဦးကြီးကို ဂါရဝပြုပါတယ်”

“တပည့်က ဦးကြီးကို ဂါရဝပြုပါတယ်”

အခန်း (၁၄၈) တင်းကျပ်သော စည်းကမ်း

မော်ရှန်း တပည့်အားလုံးသည် ရှီးကျန့် ကို စိတ်လှုပ်ရှားစွာ နှုတ်ဆက်ကြပြီး ဂါရဝပြုလိုက်ကြ၏၊၊

“ဂိုဏ်းတူအစ်ကိုကြီး၊ မတွေ့ရတာ ကြာပြီပဲ၊ အဓိကနေရာမှာ ကြွထိုင်ပါဦး”

ဦးလေးကိုး သည်လည်း ရှီးကျန့် ကို လက်အုပ်ချီ၍ အမြန်ပင် နှုတ်ဆက်လိုက်ပြီးနောက်၊ သူ့ကို အဓိကထိုင်ခုံရှိရာသို့ ဦးဆောင်ခေါ်သွားတော့၏၊၊

“အင်း”

ရှီးကျန့် က အသာအယာ ခေါင်းညိတ်ပြကာ အဓိကထိုင်ခုံရှိရာသို့ လျှောက်လှမ်းသွားတော့သည်၊၊ သို့သော်လည်း နောက်တစ်ခဏ၌ သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွား၏၊၊

“လင်းရန်ယန်”

ရှီးကျန့် က အာမေဍိတ်သံဖြင့် ရေရွတ်လိုက်မိသည်၊၊ သူ၏ မျက်နှာမှာလည်း တစ်မျိုးတစ်ဖုံ ထူးဆန်းသွားရ၏၊၊

လင်းရန်ယန် က မသေဘူးလား၊ ဒါဆိုရင် ငါ လူသတ်နေတာကို သူ မြင်သွားတာများလား၊၊

“ဟားဟားဟား၊ ဂိုဏ်းတူအစ်ကိုကြီး၊ နေကောင်းနေသေးတာပဲ၊ ဘယ်လိုဖြစ်လို့ နှစ်ရက်လောက်ပဲ မတွေ့ရတာကို ကျွန်တော့်ကို မမှတ်မိတော့တာလဲ”

လင်ရန်ယန် က ချက်ချင်းပင် ရယ်မောလိုက်၏၊၊

လင်းရန်ယန် က သူ့ကို မြင်သောအခါ ပြုံးနေဆဲဖြစ်သည်ကို တွေ့လိုက်ရသဖြင့်၊ ရှီးကျန့် မှာ တစ်ခုခုကို သဘောပေါက်သွားသည်၊၊ လင်ရန်ယန် သည် သူ မဟာကောင်းကင်ဘုံရှင် အချို့ကို သတ်ခဲ့သည်ကို မသိရှိခဲ့ပေ၊၊

အဆုံးစွန်၌ အကယ်၍ တစ်ဖက်လူသာ သူ လူသတ်ခဲ့သည်ကို သိရှိပါက၊ သူ၏ရှေ့တွင် ဤကဲ့သို့ ပေါ်ပေါ်ထင်ထင် ပေါ်လာရဲရန်မှာ လုံးဝ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်၏၊၊

“စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ ဒီကောင်လေး သေသွားပြီလို့ ကြားတုန်းက ငါတောင် အနည်းငယ် နှမြောမိသေးတာ၊ သူ အသက်ရှင်နေမယ်လို့ မထင်ထားဘူး၊ ဒါဆိုရင်တော့ ငါ မင်းရဲ့ ဝိညာဉ်ကို သေချာပေါက် ဝါးမြိုရတော့မှာပေါ့ ”

ရှီးကျန့် ၏ မျက်နှာတွင် ချက်ချင်းပင် အပြုံးတစ်ခု ပေါ်လာသည်၊၊

“ဟားဟားဟား၊ ညီလေးကလည်း ဘာတွေ ပြောနေတာလဲ၊ မင်း အသက်ရှင်နေမယ်လို့ မထင်ထားလို့ ငါ အံ့ဩသွားတာပါ”

ရှီးကျန့် က ပြုံးလျက် ဆိုလိုက်၏၊၊ ဤအပြုံးမှာ နှလုံးသားထဲမှ လာသော အပြုံးစစ်စစ် ဖြစ်သဖြင့် လင်းရန်ယန် ပင်လျှင် တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိမပြုမိခဲ့ပေ၊၊

“ကျွန်တော်က ပိုပြီး အံ့ဩရတာပါ၊ ပြန်ရောက်လာချင်းမှာပဲ အကြီးအကဲတွေ အားလုံး သေကုန်ပြီဆိုတာ ကြားလိုက်ရတယ်၊ ဂိုဏ်းတူအစ်ကိုကြီးတောင် ရေခဲထဲမှာ အေးခဲနေခဲ့တာဆိုပဲ၊

အရာရာက တကယ်ကို ခန့်မှန်းရ ခက်တာပဲ၊ အဲ့ဒီနေ့က တကယ်တမ်း ဘာတွေ ဖြစ်ခဲ့တာလဲ”

လင်းရန်ယန် ကလည်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏၊၊

သို့သော်လည်း သူ၏ စကားလုံးများအောက်၌မူ မျက်ဝန်းများမှာ အနည်းငယ် မှေးစက်သွားသည်၊၊

ရှီးကျန့် ထက် များစွာ သာလွန်သော တိုက်ခိုက်ရေးစွမ်းအား ရှိသူပီပီ၊ ရှီးကျန့် သည် အမှန်တကယ်တွင် ကောင်းကင်ဘုံရှင် ငါးဆင့်မြောက်သို့ ရောက်ရှိနေပြီး သူ၏ အစွမ်းမှာလည်း ဖြည်းညင်းစွာ တိုးတက်နေဆဲဖြစ်သည်ကို သူ တစ်ချက်ကြည့်ရုံဖြင့် သိမြင်လိုက်၏၊၊

တစ်ချိန်တည်းမှာပင် တစ်ဖက်လူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဝိညာဉ်အငွေ့အသက်မှာ မဟာကောင်းကင်ဘုံရှင် အချို့၏ ဝိညာဉ်အစအနများ ဖြစ်နေသည်ကိုလည်း လင်းရန်ယန် အာရုံခံမိလိုက်သည်၊၊

နှမြောစရာကောင်းသည်မှာ ၎င်းတို့မှာ အစအနများသာ ဖြစ်နေ၏၊၊ အကယ်၍သာ ဝိညာဉ်ကြွင်းကျန်ရစ်မှုများ ဖြစ်နေပါက ကယ်တင်နိုင်ဦးမည် ဖြစ်သည်၊၊

မဟာကောင်းကင်ဘုံရှင် အချို့သာမက နှင်းမုန်တိုင်းဝက်ဝံကြီး၏ ဝိညာဉ်အငွေ့အသက်ပင် ပါဝင်နေသေး၏၊၊

“ရှီးကျန့်၊ မင်း ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး၊ အရင်က မင်းဆီမှာ ပြစ်ဒဏ်ခတ်ခြင်းဌာနရဲ့ မရဏတမန်တော် တံဆိပ်ပြားကို မြင်ခဲ့တုန်းက မင်းရဲ့ ခန္ဓာကိုယ်ပေါ်က ကံတရား အငွေ့အသက်တွေကြောင့် ငါ လှည့်စားခံလိုက်ရတာပဲ”

လးင်ရန်ယန် သည် ထိုစဉ်က ဘာဖြစ်ခဲ့သည်ကို ချက်ချင်းပင် ခန့်မှန်းမိသွားတော့၏၊၊

ရှီးကျန့် သည် မည်သည့် လျှို့ဝှက်ကျင့်စဉ်ကို အသုံးပြု၍ ဤမျှ တိုတောင်းသော အချိန်အတွင်း ဝိညာဉ်များစွာကို ချက်လုပ်နိုင်ကာ၊

သူ၏ အစွမ်းကို ဤမျှအထိ တိုးတက်စေခဲ့သနည်းဟူသည်မှာ အလွန်ပင် တုန်လှုပ်စရာကောင်းလှသည်၊၊

အကယ်၍ သူ့ကိုသာ ဆက်လက် ဖွံ့ဖြိုးခွင့်ပေးလိုက်မည်ဆိုပါက၊ သူသည် ကျင့်ကြံခြင်း လောကရှိ လူတိုင်းကို ဝါးမြိုပြီးချိန်တွင် သူ၏ အစွမ်းမှာ တာအိုအရှင်ကသခင် အဆင့်အထိ ထိုးတက်သွားနိုင်၏၊၊

ဤကဲ့သို့ ကောင်းကင်ဘုံကို ဆန့်ကျင်သော နည်းလမ်းမျိုးမှာ အားနည်းချက်နှင့် ဟာကွက်များ မရှိဘဲ မနေနိုင်ပေ၊၊

“ဟူး၊ ဒါတွေက ပြောရရင် ရှည်လျားလွန်းပါတယ်၊ အရင်ဆုံး ညီလေး ဝမ်းဘရောက် ရဲ့ ကိစ္စကို အရင်ဖြေရှင်းကြတာပေါ့”

ရှီးကျန့် က မတတ်သာသည့်ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ဆိုလိုက်၏၊၊

သူသည် လင်းရန်ယန် နှင့် အခြားသူများကို တိုက်ရိုက် မသတ်ရသည့် အဓိက အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများမှာ လုံးဝ ချက်လုပ်ပြီးခြင်း မရှိသေးသောကြောင့် ဖြစ်သည်၊၊

ထို့အပြင် ချက်လုပ်ပြီးနောက်တွင်လည်း ဆက်လက် ဝါးမြိုနိုင်ရန်အတွက် အခြေချရန် အချိန်အနည်းငယ် လိုအပ်သေး၏၊၊

အကယ်၍ သူသည် းလင်ရန်ယန် နှင့် အခြားသူများကို ယခုချက်ချင်း သတ်လိုက်ပါက၊ ကိစ္စများမှာ ပေါက်ကြားသွားရန် လွယ်ကူလှသည်၊၊

ထိုအချိန်တွင် သူသည် ချက်လုပ်ရန် အချိန်မလောက်ငဘဲ အစွမ်းများလည်း တိုးတက်လာမည် မဟုတ်သည့်အပြင်၊ ကျင့်ကြံခြင်း လောကရှိ တစ်ဝက်တစ်ပျက် မဟာအရှင်သခင်များ၏ လိုက်လံနှောင့်ယှက်မှုကို ခံရပါက အစီအစဉ်များ ပျက်စီးသွားနိုင်၏၊၊

ထို့ကြောင့် သူသည် ရက်အနည်းငယ် စောင့်ရန် ဆုံးဖြတ်လိုက်၏၊၊ သူ ချက်လုပ်နိုင်သည့် အချိန်ရောက်သည်နှင့် လင်ရန်ာန် နှင့် ဦးလေးကိုး ကို တိုက်ရိုက် သတ်ပစ်မည် ဖြစ်သည်၊၊ ထိုအခါကျလျှင် သာမန် တစ်ဝက်တစ်ပျက် မဟာအရှင်သခင်များ ရောက်လာလျှင်ပင် သေရုံသာ ရှိတော့မည်၊၊

သူတို့၏ ဝိညာဉ်များကိုသာ သူ ဝါးမြိုပြီးပါက၊ မော်ရှန်း ၏ ကောင်းကင်ဘုံရှင် အဖိုးကြီး ရောက်လာလျှင်ပင် သူ့ကို လုံးဝ သတ်နိုင်တော့မည် မဟုတ်ပေ၊၊

“ကောင်းပါပြီ”

ရှီးကျန့် ၏ စကားကို ကြားရသောအခါ လင်းရန်ယန် လည်း အသာအယာ ခေါင်းညိတ်ပြလိုက်၏၊၊

ရှီးကျန့် သည် အဓိကနေရာတွင် ထိုင်ကာ ပတ်ဝန်းကျင်ရှိ သူ၏ တာအိုညီငယ်များအားလုံးကို ငုံ့ကြည့်လိုက်သည်၊၊

ဤလူများထဲတွင် အမာခံတပည့် အချို့ ပါဝင်သော်လည်း၊ ဦးလေးကိုး နှင့် လင်းရန်ယန် တို့ နှစ်ဦးသာ သူ၏ မျက်စိထဲသို့ ဝင်နိုင်၏၊၊

“ပြောကြစို့၊ ဘယ်ပါရမီရှင် နှစ်ယောက်က ဒီကိစ္စကို ဖြစ်အောင် လုပ်လိုက်တာလဲ၊ မရဏတမန်တော်တွေရဲ့ ဝိညာဉ်တွေကိုတောင် နှောင့်ယှက်ရဲတယ်ဆိုတော့ မလွယ်လှဘူးပဲ”

ရှီးကျန့် က ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ ဝှေ့ကြည့်လိုက်ပြီးနောက်၊ ဦးလေးကိုး ၏ တပည့်နှစ်ဦးအပေါ်တွင် အကြည့်ကို ရပ်တန့်လိုက်၏၊၊

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာမူ သူတို့ကို ချီးမွမ်းနေသည်ဟု ထင်မှတ်ကာ ရင်ဘတ်ကို မတ်လျက် ရှေ့သို့ လျှောက်လာကြသည်၊၊

“ချီးမွမ်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးကြီး၊ ဒါက ကိစ္စသေးသေးလေးပါ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ကျွန်တော်တို့က ဒီလိုကိစ္စမျိုးဆိုရင် အေးအေးဆေးဆေး လုပ်နိုင်ပါတယ်”

ချိုးရှန်း နှင့် ဝိန်ချိုက် တို့က ထောင်လွှားသော မျက်နှာထားဖြင့် ပြောလိုက်ကြသည်၊၊

ဤအခိုက်အတန့်တွင် ဦးလေးကိုး ၏ မျက်နှာမှာ အိုးမဲထက်ပင် ပို၍ မဲမှောင်နေပြီ ဖြစ်၏၊၊

“ဟွန်း”

သို့သော်လည်း ရှီးကျန့် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊၊

“ဝုန်း”

ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ လျှပ်စီးစွမ်းအားများ ပေါက်ကွဲထွက်လာကာ ဝိန်ချိုက် နှင့် ချိုးရှန်း ကို တိုက်ခိုက်လိုက်၏၊၊

“ဂျိန်း”

မိုးခြိမ်းသံ နှစ်ချက်နှင့်အတူ ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ လျှပ်စစ်ဓာတ်ကြောင့် ချက်ချင်းပင် မဲမှောင်သွားကာ၊ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ထိုင်ကျသွားတော့သည်၊၊

ကံကောင်းထောက်မစွာဖြင့် ရှီးကျန့် သည် ပုရွက်ဆိတ် နှစ်ကောင်ကို အရေးလုပ်ရန် မရည်ရွယ်ခဲ့ပေ၊၊ မဟုတ်ပါက သူ၏ ဒေါသနှင့်ဆိုလျှင် သူတို့ကို ပြာဖြစ်သွားအောင် တိုက်ရိုက် မှုတ်ထုတ်ပစ်မည်မှာ သေချာလှ၏၊၊

“ငါက မင်းတို့ကို ချီးမွမ်းနေတယ်လို့ ထင်နေတာလား၊ ညီလေး၊ မင်း ဘယ်လို တပည့်မျိုးတွေကို သင်ပေးနေတာလဲ၊ ဒါက မော်ရှန်း ရဲ့ မျက်နှာကို လုံးဝ အရှက်ခွဲနေတာပဲ”

ရှီးကျန့် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊၊

ဦးလေးကိုး ပင်လျှင် အဆူခံလိုက်ရ၏၊၊

“ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဆုံးမမှုက မှန်ပါတယ်၊ ကျွန်တော် နောင်ကျရင် သူတို့ကို တင်းတင်းကျပ်ကျပ် ဆုံးမပါ့မယ်”

မှန်ပေသည်၊ အခြားကိစ္စသာဆိုလျှင် ဦးလေးကိုး မှာ မကျေမနပ် ဖြစ်မိမည် ဖြစ်သော်လည်း၊ ဝိန်ချိုက် နှင့် ချိုးရှန်း ကြောင့် အဆူခံရခြင်းအပေါ်တွင်မူ သူ မည်သို့မျှ ပြန်မပြောရဲပေ၊၊

သူသည် ရိုးသားစွာ ခေါင်းညိတ်ပြကာ မိမိအမှားကို နှိမ့်ချစွာ ဝန်ခံလိုက်ရုံသာ ရှိတော့သည်၊၊

“ဒီကောင်စုတ် နှစ်ယောက်က ပါရမီနည်းပေမဲ့ ကယ်လို့မရတဲ့အဆင့်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ သူတို့ရဲ့ အဆင့်က ဒီလောက်ပဲ ရှိသေးတယ်၊ ဒီလောက်အထိ ပျင်းရိပြီး စည်းကမ်းမရှိတဲ့ တပည့်မျိုးတွေကိုတော့ ညီလေး စွန့်လွှတ်သင့်ပြီ၊

မဟုတ်ရင် ဒါက မင်းရဲ့ ဂုဏ်သိက္ခာကိုပဲ ထိခိုက်စေလိမ့်မယ်”

ရှီးကျန့် ၏ မျက်လုံးများမှာ အနည်းငယ် မှေးစက်သွား၏၊၊

ဤအခိုက်အတန့်တွင် သူ၏ စကားလုံးများနှင့် အမူအရာများမှာ မော်ရှန်း ၏ တကယ့် ဂိုဏ်းတူအစ်ကိုကြီးတစ်ဦးပိုင်ဆိုင်သော ဂုဏ်ရည်များပင် ဖြစ်သည်၊၊

မော်ရှန်း နှင့် ဦးလေးကိုး အပေါ်တွင် စိုးရိမ်ပူပန်နေသော ပုံရိပ်ကြောင့် လင်းရန်ယန် ပင်လျှင် အနည်းငယ် ဝေခွဲမရ ဖြစ်သွားရ၏၊၊

“ဂိုဏ်းတူအစ်ကိုကြီးရဲ့ ဆုံးမမှုက မှန်ပါတယ်၊ ကျွန်တော် နောင်ကျရင် ဒါကို သေချာ စဉ်းစားပါ့မယ်”

ဦးလေးကိုး ကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်၊၊

ချိုးရှန်း နှင့် ဝိန်ချိုက် တို့မှာမူ တစ်ခွန်းမျှ ပြန်မပြောရဲဘဲ ကြောက်လန့်တကြားဖြင့် တစ်ဦးကိုတစ်ဦး ဖက်ထားကြ၏၊၊ ဤဂိုဏ်းတူဦးကြီးမှာ တကယ်ကို ကြောက်စရာ ကောင်းလွန်းလှသည်၊၊

“ကဲ၊ ဒါတွေ ထားလိုက်ပါတော့၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး တာအိုညီငယ်တွေအားလုံး သိကြမှာပါ၊ မင်းတို့ ဘာဆက်လုပ်ဖို့ စီစဉ်ထားလဲ၊ ဘယ်လို အကြံဉာဏ်တွေ ရှိကြလဲ”

ရှီးကျန့် သည်လည်း ဝိန်ချိုက် နှင့် ချိုးရှန်း တို့အတွက် အချိန်ဖြုန်းရန် ပျင်းရိနေပုံရ၏၊၊

“ကျွန်တော် ထင်တာကတော့၊ အရင်ဆုံး ယင်ဓာတ်စုစည်းခြင်း ဂါထာကို အသုံးပြုပြီး ဒီဝိညာဉ်တွေကို အတူတူ စုဝေးအောင် လုပ်ရမယ်၊ ပြီးရင်တော့ မွေးရာပါ ယင်းယန်အစီရင်စု နဲ့ ပိတ်ဆို့ထားရမယ်၊

အဲ့ဒီအခါကျရင်တော့ သူတို့အားလုံးကို တစ်ခါတည်းနဲ့ ဖမ်းမိသွားမှာပါ”

ဦးလေးကိုး ကလည်း သူ၏ အကြံဉာဏ်ကို အမြန်ပင် တင်ပြလိုက်၏။

သို့သော်လည်း ဤမွေးရာပါ ယင်းယန်ပါးကွအစီရင် မှာ နယ်ပယ်မှာအလွန် ကျယ်ဝန်းလှသဖြင့်၊ သူ တစ်ဦးတည်းနှင့်မူ တည်ဆောက်ရန် မဖြစ်နိုင်ပေ၊၊

“မွေးရာပါ ယင်းယန်ပါးကွအစီရင် လား၊ အဲ့ဒါ ကောင်းမယ် ထင်တယ်”

“ကျွန်တော်လည်း သဘောတူပါတယ်”

“ဒီအစီရင်က ခက်ခဲတာ မဟုတ်ဘူး၊ အစွမ်းထက်ဆုံးက မိစ္ဆာဝိညာဉ်အဆင့်ပဲ ရှိတဲ့ ဝိညာဉ်တွေကို ကိုင်တွယ်ဖို့အတွက်ဆိုရင် အတော်လေး သင့်တော်ပါတယ်”

တာအိုညီငယ်အားလုံးမှာလည်း ထပ်တလဲလဲ ခေါင်းညိတ်ထောက်ခံကြ၏၊၊

“ကောင်းပြီ၊ ဒါဆိုရင်တော့ မွေးရာပါ ပါးကွအစီရင် နဲ့ပဲ လုပ်ကြတာပေါ့၊ ဒါပေမဲ့ ဝိညာဉ်တွေကို မျှားခေါ်မယ့်သူကို ရွေးချယ်တဲ့ နေရာမှာတော့”

ရှီးကျန့် ၏ မျက်လုံးများမှာ မှေးစက်သွားသည်၊၊

သူ၊ ဦးလေးကိုး နှင့် အတွင်းစည်းတပည့်များမှာမူ သွားရန် မဖြစ်နိုင်ပေ၊၊

ချိုးရှန်း တို့ မျိုးဆက်မှ တပည့်များအတွက်မူ သူတို့၏ အစွမ်းမှာ မလုံလောက်လှပေ၊၊

ယခုတစ်ကြိမ် လွတ်ထွက်လာသော ဝိညာဉ်များထဲတွင် အစွမ်းထက်ဆုံးမှာ မိစ္ဆာဝိညာဉ် များသာ ဖြစ်သော်လည်း၊ အားအနည်းဆုံးမှာပင် ကြမ်းတမ်းသော ဝိညာဉ် များ ဖြစ်ကြ၏၊၊

ရာပေါင်းများစွာသော ဝိညာဉ်များကြားတွင် လူသေဆုံးမှုများ အလွယ်တကူ ဖြစ်ပေါ်နိုင်သည်၊၊

ထို့ကြောင့် သူ ပြောလိုက်သည်နှင့် လူတိုင်းမှာ တိတ်ဆိတ်သွားကြတော့၏၊၊ မည်သူမျှ မိမိ၏ တပည့်ကို အန္တရာယ် မပြုလိုကြပေ၊၊

အခန်း (၁၄၉) အရာရာကို ပေးဆပ်ခြင်း

“ဒီလောက် အရေးကြီးတဲ့ တာဝန်မျိုးကိုတော့၊ အမှန်တကယ်ပဲ ကျွန်တော်ကိုယ်တိုင် လုပ်ဆောင်ရမှာပေါ့”

မည်သူမျှ ရှေ့သို့ မထွက်ရဲကြသည်ကို မြင်သောအခါ၊ မိမိကိုယ်ကိုယ် လူသားအရှင်သခင် ဆယ်ဆင့်အဖြစ် ယုံကြည်မှု အပြည့်ရှိနေသော ရှီးရှောက်ကျန့် က ထိုအလုပ်ကို တာဝန်ယူရန် ဆုံးဖြတ်လိုက်၏၊၊

၎င်းအပြင် လမ်းတစ်လျှောက်တွင် ဝိညာဉ်အချို့ကိုလည်း ခိုးယူဝါးမြိုရန် သူ ကြံစည်နေခြင်း ဖြစ်သည်၊၊

“အို၊ ဒီဂိုဏ်းတူအစ်ကိုကတော့ တကယ်ကို ထူးချွန်တဲ့ ပါရမီရှင်ပဲ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဒါဆိုရင်တော့ ဂိုဏ်းတူအစ်ကို့ကိုပဲ အားကိုးရတော့မှာပေါ့”

ဝိန်ချိုက် နှင့် ချိုးရှန်း တို့က ပထမဆုံး တုံ့ပြန်သူများ ဖြစ်ကြကာ၊ ဝမ်းသာအားရ ပြုံးရွှင်လျက် ဆိုကြ၏၊၊

“မင်းတို့ကို စကားပြောဖို့ ငါ ခွင့်ပြုလိုက်လို့လား”

ကံဆိုးစွာပင် ရှီးကျန့် သည် ရှီးရှောက်ကျန့် ၏ ကောက်ကျစ်သော အကြံအစည်ကို ချက်ချင်းပင် ရိပ်မိလိုက်၏၊၊

ဤကောင်စုတ်လေးကြောင့် အစီအစဉ်များ ပျက်စီးသွားမည်ကို မလိုလားသဖြင့်၊ သူသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်၊၊

ရှီးရှောက်ကျန့် မှာလည်း ချက်ချင်းပင် ထိတ်လန့်သွားကာ နောက်သို့ ဆုတ်သွားတော့၏၊၊

“ဒီကိစ္စကတော့၊ ပြဿနာကို စတင်ခဲ့တဲ့သူကပဲ တာဝန်ယူတာ အကောင်းဆုံး ဖြစ်လိမ့်မယ်၊ မင်းတို့လည်း သဘောတူကြတယ် မဟုတ်လား”

ထို့နောက် ရှီးကျန့် ၏ အကြည့်မှာ စူးရှသွားကာ ဝိန်ချိုက် နှင့် ချိုးရှန်း ထံသို့ ကျရောက်သွားသည်၊၊

“ဗျာ၊ ကျွန်တော်တို့လား ”

ချိုးရှန်း နှင့် ဝိန်ချိုက် တို့မှာ ကြောက်လန့်တုန်ရီသွားကာ ဦးလေးကိုး ကို လှမ်းကြည့်လိုက်သော်လည်း၊ ဦးလေးကိုး ကမူ မျက်နှာကို တစ်ဖက်သို့ လွှဲထားလေသည်၊၊

သူတို့သည် လင်ရန်ယန် ကို အမြန် လှည့်ကြည့်ကြပြန်၏၊၊

“လာမှာကတော့ လာမှာပဲ၊ သွားကြစို့၊ တကယ်လို့ မင်းတို့ သေသွားရင်တောင်၊ ဦးလေးလေးက မင်းတို့အတွက် ဝိညာဉ်ပို့ဂါထာကို နှစ်ခေါက်လောက် ပိုပြီး ရွတ်ပေးပါ့မယ်”

ကံဆိုးစွာပင် လင်းရန်ယန် ကလည်း သူတပါး ဘေးဒုက္ခရောက်သည်ကို ပျော်ရွှင်နေသည့်ဟန်ဖြင့် ဆိုလိုက်သည်၊၊

ဤစကားကြောင့် ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ မျှော်လင့်ချက်အားလုံး ပျောက်ဆုံးသွားရတော့၏၊၊

“ကဲပါ၊ ဆုံးဖြတ်ပြီးပြီဆိုတော့လည်း ဒါကိုပဲ အတည်ပြုကြတာပေါ့၊

ဒါနဲ့၊ ဒါကတော့ ဒီတစ်ခါ လာကူညီကြတဲ့ တာအိုညီအစ်ကိုတွေအတွက် ကျွန်တော့်ရဲ့ ကျေးဇူးတင်လက်ဆောင်ပါ၊ အားမနာဘဲ လက်ခံပေးကြပါဦး”

ဦးလေးကိုး သည် ဤအချိန်တွင် ထရပ်လိုက်ပြီးနောက်၊ မရဏငွေစက္ကူထုပ်များကို ထုတ်ယူကာ သူ၏ တာအိုညီအစ်ကိုများထံသို့ တစ်ဦးချင်း လိုက်လံဝေငှလိုက်၏၊၊

“ဟား၊ ဒါက အသစ်ထွက်တဲ့ မရဏငွေစက္ကူ ငါးထောင်တန်တွေလား”

“ဒီတစ်ထုပ်တင် ငွေဒင်္ဂါး တစ်ရာလောက် တန်မှာပဲ၊ စျေးကွက်ထဲမှာတောင် ရှာဖို့ခက်တာ”

“မဟုတ်တာ၊ မဟုတ်တာ၊ ဒါတွေက တန်ဖိုးကြီးလွန်းပါတယ် ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့က တာအိုညီအစ်ကိုတွေပဲဥစ္စာ၊ အားနာစရာ မလိုပါဘူး”

ခဏချင်းမှာပင် တာအိုညီအစ်ကိုအားလုံးက ထပ်တလဲလဲ ငြင်းဆိုကြ၏၊၊

“ဒါတွေက အဲ့လောက် တန်ဖိုးမကြီးပါဘူး၊ ကျွန်တော် ကိုယ်တိုင် ရိုက်နှိပ်ထားတာပါ၊ ကုန်ကျစရိတ်က ငွေဒင်္ဂါး အနည်းငယ်ပဲ ရှိတာ”

ဦးလေးကိုး က ပြုံးလျက် ရှင်းပြလိုက်သည်၊၊

“ဘာ၊ ဂိုဏ်းတူအစ်ကို ကိုယ်တိုင် ရိုက်နှိပ်တာ ဟုတ်လား”

“ဒါဆိုရင် ဂိုဏ်းတူအစ်ကိုက ရင်းချန်းဌာနရဲ့ မရဏတမန်တော် ဖြစ်သွားပြီပေါ့”

“ဟားဟားဟား၊ ကောင်းတာပေါ့၊ ဒါဆိုရင် နောက်ဆို ဂိုဏ်းတူအစ်ကို့ဆီကနေ မရဏငွေစက္ကူ ဝယ်တဲ့အခါ စျေးလေး ဘာလေး လျှော့ပေးဦးနော်”

ဦးလေးကိုး ၏ စကားကို ကြားရသောအခါ တာအိုဆရာ စစ်မု နှင့် အခြားသူများ၏ မျက်လုံးများမှာ တောက်ပသွားကာ၊ ဂုဏ်ပြုစကားများ အမြန်ဆိုကြ၏၊၊

တစ်ချိန်တည်းမှာပင် လူတိုင်းနီးပါးသည် ရင်းချန်းဌာန၏ အဖွဲ့ဝင်ဖြစ်ရခြင်းအပေါ် မနာလိုဖြစ်နေကြသည်၊၊ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ငွေကို တိုက်ရိုက် ထုတ်လုပ်နေသည့် အလုပ်မျိုး ဖြစ်နေသောကြောင့်ပင် ဖြစ်၏၊၊

ငွေဒင်္ဂါး တစ်ရာ တန်ဖိုးရှိသော မရဏငွေစက္ကူများကို ငွေဒင်္ဂါး အနည်းငယ်မျှဖြင့် ထုတ်လုပ်နိုင်ကာ၊ လူတိုင်းကလည်း လုယက်ဝယ်ယူနေကြရသည်၊၊

ဒါက ဓားပြတိုက်တာထက်တောင် ပိုပြီး တွက်ခြေကိုက်နေသေး၏၊၊

“အေးဆေးပါ၊ အေးဆေးပါ၊ လာဝယ်တဲ့ တာအိုညီအစ်ကိုတိုင်းကို ငါးဆယ်ရာခိုင်နှုန်း လျှော့စျေး ပေးပါ့မယ်၊ ငါးဆယ်ရာခိုင်နှုန်းနော်”

ဦးလေးကိုး က တဟားဟား ရယ်မောရင်း ဆိုလိုက်သည်၊၊

ခဏချင်းမှာပင် ဝိန်ချိုက် နှင့် ချိုးရှန်း တို့ကြောင့် ညှိုးနေသော သူ၏ မျက်နှာမှာ ပြန်လည် ဝင်းလာခဲ့ပြီ ဖြစ်၏၊၊

“ဂိုဏ်းတူအစ်ကို၊ အစ်ကို့ရဲ့ အချစ်ဆုံး ညီမလေး ရောက်လာပြီ”

သို့သော်လည်း အတိအကျ ဤအချိန်မှာပင် အဝင်ဝမှ စိတ်လှုပ်ရှားစွာ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာ၏၊၊

လူတိုင်းက လှမ်းကြည့်လိုက်ကြရာ၊ သူတို့၏ မျက်နှာအမူအရာမှာ ဦးလေးကိုး ကို ကြည့်ရင်း ချက်ချင်းပင် ထူးဆန်းသွားကြသည်၊၊

ဤအခိုက်အတန့်တွင် ဦးလေးကိုး ၏ ပြုံးရွှင်နေသော မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီ ဖြစ်၏၊၊

“ညီမလေးလား၊ သူမက ဘာလို့ ဒီကို ရောက်နေတာလဲ”

ဦးလေးကိုး ၏ မျက်နှာမှာ အလွန်အမင်း ပျက်ယွင်းသွားတော့သည်၊၊

“သူမက အစ်ကို့ရဲ့ အကူအညီတောင်းခံစာကို မြင်လို့ ဖြစ်မှာပေါ့၊ ကြည့်စမ်း၊ ညီမလေးက ဘယ်လောက် စိတ်ရင်းကောင်းလဲ၊ အစ်ကို အကူအညီတောင်းတာ ကြားတာနဲ့ ချက်ချင်း ရောက်လာတာပဲ”

တာအိုဆရာ စစ်မု က မစနောက်ဘဲ မနေနိုင်တော့ပေ၊၊

“ညီလေး၊ ငါ့ကို အရင် အကာအကွယ်ပေးထားဦး၊ ငါ လုပ်စရာ ရှိသေးလို့”

ဦးလေးကိုး သည် လင်းရန်ယန် ၏ လက်ထဲသို့ မရဏငွေစက္ကူထုပ်ကြီးကို ပစ်ပေးလိုက်ပြီးနောက်၊ မီးခိုးငွေ့တစ်စကဲ့သို့ပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်၊၊

ညဉ့်နက်ပိုင်းတွင်မူ ကျို့ချွမ်း မြို့၏ ဆင်ခြေဖုံးအရပ်၌၊ လင်းရန်ယန် နှင့် သူ၏ မျိုးဆက်မှ အတွင်းစည်းတပည့်များ အပါအဝင် မော်ရှန်း ၏ ၄၈ ဆက်မြောက် တပည့်ပေါင်း ရှစ်ဦးတို့သည် စက်ဝိုင်းပုံစံဖြင့် ပုန်းအောင်းနေကြ၏၊၊

“ကယ်ကြပါဦး၊ ဆရာ၊ ဦးလေး လေး၊ ကျွန်တော့်ကို ကယ်ပါဦး”

“ဝိညာဉ်တွေ အများကြီးပဲ”

ထိုအချိန်မှာပင် အဝေးမှ အော်ဟစ်သံ နှစ်ခု ထွက်ပေါ်လာသည်၊၊ ဝိန်ချိုက် နှင့် ချိုးရှန်း တို့သည် ခြေထောက်တွင် မြန်နှုန်းမြင့်ဂါထာများကို ကပ်လျက်၊ ပဲပြားလှည်းကို တွန်းကာ ဦးလေးကိုး တို့ရှိရာသို့ အော်ဟစ်အော်ဟစ်လျက် ပြေးလာနေကြ၏၊၊

သူတို့၏ နောက်တွင်မူ ဒေါသထွက်နေသော ဝိညာဉ်အုပ်ကြီး လိုက်ပါလာကြသည်၊၊

ကံဆိုးစွာပင် မြန်နှုန်းမြင့်ဂါထာ၏ စွမ်းအားကြောင့် ထိုဝိညာဉ်များမှာ သူတို့ကို မမီနိုင်ကြပေ၊၊

နောက်ဆုံးတွင် ဝိန်ချိုက် နှင့် ချိုးရှန်း တို့သည် ဝိညာဉ်အားလုံးကို သတ်မှတ်ထားသော နေရာသို့ မျှားခေါ်လာနိုင်ချိန်တွင်၊ ပတ်ဝန်းကျင်မှ မော်ရှန်း တာအိုဆရာ ရှစ်ဦးမှာ ချက်ချင်းပင် ခုန်ထွက်လာကြတော့သည်၊၊

“ရှူး၊ ရှူး၊ ရှူး၊ ရှူး ”

ခဏချင်းမှာပင် အရပ်မျက်နှာအသီးသီးမှ ထူးခြားသော ဂါထာများ ရေးဆွဲထားသည့် လိပ်စာစာစောင်ကြီးများမှာ ကောင်းကင်ယံသို့ ပျံတက်သွားကြ၏၊၊

“မြေကမ္ဘာရဲ့ ညစ်ညမ်းမှုတွေ ကင်းစင်ပါစေ၊ ထူးခြားတဲ့ ဟင်းလင်းပြင်က အစဦး အလင်းရောင်ကို ပေးစွမ်းပါစေ၊ အရပ်မျက်နှာ ရှစ်ခွင်က နတ်မင်းတွေက ငါ့ကို စောင့်ရှောက်ပါစေ၊ နတ်မင်းရဲ့ ဂါထာတော်က ကောင်းကင်ဘုံ ကိုးထပ်ကို ကြေညာပါစေ၊

မိစ္ဆာတွေကို နှိမ်နင်းမယ်၊ မကောင်းဆိုးဝါးတွေကို ချည်နှောင်မယ်၊ လူသောင်းပေါင်းများစွာကို ကယ်တင်မယ် ”

တစ်ချိန်တည်းမှာပင် အရပ်မျက်နှာအသီးသီးမှ ဂါထာရွတ်ဆိုသံများ ဟိန်းထွက်လာ၏၊၊

ခဏချင်းမှာပင် လိပ်စာစာစောင်တစ်ခုစီမှ တောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာကာ ကောင်းကင်သို့ တိုက်ရိုက် ထိုးတက်သွားတော့သည်၊၊

“ဝုန်း”

ချက်ချင်းပင် မီတာ ရာပေါင်းများစွာ ကျယ်ဝန်းသော ကြီးမားသည့် ပိတ်ဆို့ခြင်း အစီရင်စုကြီးမှာ မြေပြင်ပေါ်တွင် ပေါ်ပေါက်လာကာ၊ ထိုနေရာရှိ ဝိညာဉ်အားလုံးကို တိုက်ရိုက် လွှမ်းခြုံသွားတော့၏၊၊

“မကောင်းတော့ဘူး၊ ဒါက ထောင်ချောက်ပဲ”

“ပြေးကြ”

“မြန်မြန် ပြေး”

ရွှေရောင် အစီရင်ကြီး ရုတ်တရက် ပေါ်လာသည်ကို မြင်သောအခါ၊ ဝိညာဉ်အားလုံးမှာ ထိတ်လန့်သွားကြကာ အရပ်မျက်နှာအသီးသီးသို့ လွင့်စင်ပြေးကြ၏၊၊

ကံဆိုးစွာပင် သူတို့သည် အစီရင်၏ အစွန်းပိုင်းသို့ ထိမိသည်နှင့် ချက်ချင်းပင် နောက်သို့ ပြန်လည် လွင့်ထွက်လာကြရသည်၊၊

“တိုက်ခိုက်ကြ”

ဤအချိန်တွင် ဦးလေးကိုး ကလည်း အကျယ်အလောင် အော်ဟစ်လိုက်၏၊၊

ထို့နောက် မြေကမ္ဘာအရှင်သခင် အားလုံးမှာ အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားကြကာ၊ ဝိညာဉ်များကို တစ်ကောင်ပြီးတစ်ကောင် ဝိညာဉ်ဖမ်းအိတ်များအတွင်းသို့ ဖမ်းယူတော့သည်၊၊

“လျှပ်စီးလက်သီး”

သို့သော်လည်း ဤဘက်ရှိ ရှီးကျန့် ကမူ ပြင်းထန်သော တိုက်ကွက်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်ကာ၊ မိုးခြိမ်းသံနှင့်အတူ လက်ဝါးချက်တစ်ခုကို ရိုက်နှက်လိုက်၏၊၊

ခဏချင်းမှာပင် သူသည် မရဏကမ္ဘာမှ လွတ်လာသူ မဟုတ်ဘဲ၊ ကျို့ချွမ်း မြို့တွင် ပြဿနာရှာနေသော ကြမ်းတမ်းသော ဝိညာဉ်တစ်ကောင်ကို တိုက်ရိုက် ချေမှုန်းပစ်လိုက်သည်၊၊

“ဂိုဏ်းတူအစ်ကိုကြီး၊ သူတို့က မကောင်းတာတွေ လုပ်ခဲ့ပေမဲ့ ဝင်စားဖို့အတွက် အခွင့်အရေး ရှိပါသေးတယ်၊ သူတို့ကို တိုက်ရိုက် သတ်ပစ်ဖို့ တကယ်ပဲ လိုအပ်လို့လား”

ဘေးမှ မြင်တွေ့လိုက်ရသော ဦးလေးကိုး က မတတ်သာဘဲ ဖျောင်းဖျလိုက်၏၊၊

အဆုံးစွန်၌ သူတို့၏ အပြစ်မှာ သေဒဏ်နှင့် မထိုက်တန်လှပေ၊၊ ထို့ပြင် ၎င်းတို့ကို တိုက်ရိုက် သတ်ပစ်ခြင်းမှာ ရှီးကျန့် အတွက်လည်း ကောင်းကျိုးရှိမည် မဟုတ်ပေ၊၊

“ဟွန်း၊ မင်းက သနားလွန်းနေတာပဲ၊ ငါ သူတို့ကို မသတ်ရင်၊ သူတို့ကို ဆက်ပြီး မကောင်းတာတွေ လုပ်ခွင့်ပေးထားရမှာလား၊ အဲ့ဒီအခါကျရင် လူတွေ အများကြီး ထပ်သေကုန်မှာပေါ့”

ရှီးကျန့် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ ဦးလေးကိုး စကားပြောသည်ကိုပင် မစောင့်ဘဲ၊ မကောင်းဆိုးဝါး ဝိညာဉ်အချို့ကို နောက်ထပ် လက်ဝါးချက်များဖြင့် ထပ်မံ သတ်ဖြတ်လိုက်ပြန်သည်၊၊

ဤမြင်ကွင်းကြောင့် ဝိညာဉ်အားလုံးမှာ ထိတ်လန့်တုန်လှုပ်သွားကြကာ၊ အသည်းအသန် ထွက်ပြေးကြပြီး အစွမ်းကုန် ပြန်လည်ခုခံကြတော့၏၊၊

“အား၊ နာလိုက်တာ ”

ထောင့်တစ်နေရာ၌မူ မတော်တဆ ရောက်ရှိလာသော မိန်းမလှဝိညာဉ်လေးမှာ အစီရင်စုကို ထိမိသည်နှင့် နောက်သို့ လွင့်ထွက်လာခဲ့သည်၊၊

“ကျွန်မ ဘယ်လိုလုပ်ရမလဲ၊ ကျွန်မ ပိတ်မိနေပြီ၊ ချိုးရှန့်၊ ဝိန်ချိုက်၊ ကျွန်မကို ကူညီကြပါဦး”

မိန်းမလှဝိညာဉ်လေးမှာ အနားရှိ ဝိန်ချိုက် နှင့် ချိုးရှန်း ထံမှ သနားစဖွယ် အကူအညီ တောင်းခံလိုက်၏၊၊

သူမ၏ နုနယ်သော ပုံရိပ်ကို မြင်လိုက်ရသောအခါ၊ ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ချက်ချင်းပင် စိတ်ပျော့သွားကြသည်၊၊

“မိန်းမလှလေး၊ ငါ လာပြီ”

ဝိန်ချိုက် က အော်ဟစ်ကာ အထဲသို့ တိုက်ရိုက် ပြေးဝင်သွားပြီးနောက်၊ မိန်းမလှဝိညာဉ်လေးကို ဆွဲကာ အပြင်သို့ ထုတ်ရန် ကြိုးစားတော့၏၊၊

“အား၊ နာတယ်၊ ဖြည်းဖြည်းလုပ်ပါ”

မိန်းမလှဝိညာဉ်လေးမှာ ဆွဲထုတ်ခံရသဖြင့် အော်ဟစ်လိုက်ရသည်၊၊

“မဖြစ်ဘူး၊ ဖြည်းဖြည်းလုပ်ရင် မင်း ထွက်လာနိုင်မှာ မဟုတ်ဘူး၊ ဝိန်ချိုက်၊ လာကူဦး”

ချိုးရှန်း က မတတ်သာဘဲ ဆို၏၊၊ ဝိန်ချိုက် ကလည်း အမြန်ပြေးလာကာ၊ သူတို့နှစ်ဦးမှာ ရှိသမျှ အစွမ်းကုန် အသုံးပြု၍ မိန်းမလှဝိညာဉ်လေးကို တစ်ဖက်ခြမ်းမှ အတင်းဆွဲထုတ်နိုင်ခဲ့ကြသည်၊၊

“မိန်းမလှလေး၊ မြန်မြန်ပြေးတော့၊ နောင်ကျရင် မင်း ပြေးနိုင်တော့မှာ မဟုတ်ဘူး”

ချိုးရှန်း က သူမကို အမြန် တိုက်တွန်းလိုက်၏၊၊

“ဟုတ်ကဲ့ ”

မိန်းမလှဝိညာဉ်လေးမှာ မဆိုင်းမတွဘဲ ယင်ဓာတ်ငွေ့အဖြစ်သို့ ပြောင်းလဲကာ အဝေးသို့ လျင်မြန်စွာ ထွက်ပြေးသွားတော့သည်၊၊

“ဘယ်ကို သွားမလို့လဲ”

သို့သော်လည်း အတိအကျ ဤအချိန်မှာပင် မိန်းမလှဝိညာဉ်လေး၏ ရှေ့တွင် တည်ငြိမ်သော အသံတစ်ခု ထွက်ပေါ်လာ၏၊၊

“ဖုန်း ”

မိန်းမလှဝိညာဉ်လေးမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ၊ လင်ရန်ယန် ၏ ရင်ဘတ်သို့ တိုက်ရိုက် ဝင်တိုက်မိသွားတော့သည်၊၊

“အား၊ နာလိုက်တာ”

မိန်းမလှဝိညာဉ်လေးမှာ မြေပြင်ပေါ်သို့ လဲကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်ရ၏၊၊

“မကောင်းတော့ဘူး၊ အဲ့ဒါ ဦးလေး လေးပဲ”

အခန်း (၁၅၀) အထီးကျန်ခရီးသည်

“သွားပြီ၊ မိန်းမလှဝိညာဉ်လေးတော့ သွားပြီပဲ”

“မြန်မြန်လေး အသနားခံလိုက်ကြစို့”

မိန်းမလှဝိညာဉ်လေး၏ လမ်းကို ပိတ်ဆို့ထားသူမှာ လင်းရန်ယန် ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြ၏၊၊

ကံကောင်းထောက်မစွာဖြင့် ထိုသူမှာ ဂိုဏ်းတူဦးကြီး မဟုတ်ပေ ၊ မဟုတ်ပါက သူမမှာ လျှပ်စီးလက်သီး၏ ဒဏ်ကြောင့် ခဏချင်းမှာပင် ပြာအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်၊၊

ထိုနှစ်ယောက်မှာ ချက်ချင်းပင် အပြေးအလွှား ရောက်ရှိလာကြတော့သည်၊၊

“ရှင်က ဘယ်သူလဲ၊ ဘာလို့ ကျွန်မကို လာတားနေတာလဲ”

မိန်းမလှဝိညာဉ်လေးက လင်ရန်ယန် ကို ဒေါသတကြီး စိုက်ကြည့်ကာ မေးမြန်းလိုက်၏၊၊

“ဘိုးဘွားလေးရယ်၊ တိတ်တိတ်နေစမ်းပါ”

ချိုးရှန်း မှာ ရောက်ရောက်ချင်းမှာပင် မိန်းမလှဝိညာဉ်လေး၏ စကားကို ကြားလိုက်ရသဖြင့် ကြောက်လန့်တကြားဖြင့် သူမ၏ ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်၊၊

“ဦးလေး လေး၊ အာ၊ သူမက ဘာမှနားမလည်တဲ့ ဝိညာဉ်လေးတစ်ကောင်ပါ၊ ဦးလေး လေးလည်း ဝိညာဉ်တွေ အများကြီး ဖမ်းမိထားပြီပဲဥစ္စာ၊ သူမကိုတော့ လွှတ်ပေးလိုက်ပါဦးလား”

ချိုးရှန်း က လင်းရန်ယန် ထံတွင် အသနားခံစကား ဆိုလိုက်၏၊၊

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ ဦးလေး လေး၊ သူမကို သနားသောအားဖြင့် လွှတ်ပေးလိုက်ပါ”

ဝိန်ချိုက် ကလည်း အမြန်ပင် အသနားခံတော့သည်၊၊

“လွှတ်ပေးရမယ် ဟုတ်လား”

ဒါကို ကြားလိုက်ရသောအခါ လင်းရန်ယန် က ချက်ချင်းပင် ပြုံးလိုက်၏၊၊

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာမူ အခွင့်အရေးရှိပြီဟု ထင်မှတ်လိုက်ကြသည်၊၊

“မင်းတို့ရဲ့ ဆရာကသာ မင်းတို့လုပ်ထားတဲ့ အမှားတွေကို အမြဲတမ်း လိုက်မရှင်းပေးဘူးဆိုရင်၊ ဘယ်လို အကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ မင်းတို့ တကယ်ပဲ မသိကြဘူးလား၊

ဘာလဲ၊ ဒဏ်ရာတွေ ပျောက်သွားတာနဲ့ နာကျင်ခဲ့တာကို မေ့သွားကြပြီလား”

နောက်တစ်ခဏ၌ လင်းရန်ယန် ၏ အကြည့်မှာ ချက်ချင်းပင် အေးစက်တင်းမာသွားတော့၏၊၊

“မိန်းမလှလေး၊ ပြေးတော့”

တစ်ခုခု မှားယွင်းနေပြီကို ရိပ်မိလိုက်သောအခါ ချိုးရှန်း က အော်ဟစ်လိုက်တော့သည်၊၊

မိန်းမလှဝိညာဉ်လေးမှာလည်း မဆိုင်းမတွဘဲ ကိုယ်ကို လှည့်ကာ ဝိညာဉ်ငွေ့အဖြစ်သို့ ပြောင်းလဲလျက် အဝေးသို့ ပျံသန်းထွက်ပြေးရန် ပြင်လိုက်၏၊၊

“ဝုန်း”

ကံဆိုးစွာပင် နောက်တစ်ခဏ၌ မမြင်ရသော စွမ်းအားတစ်ခုက သူမ၏ တစ်ကိုယ်လုံးကို ဝန်းရံသွားကာ၊ သူမ၏ ပုံရိပ်မှာ လေထဲ၌ပင် ရပ်တန့်သွားတော့သည်၊၊

“အခုမှ ပြေးချင်နေတာလား၊ နောက်ကျသွားပြီ”

လးင်ရန်ယန် က မထီမဲ့မြင် ပြုံးလိုက်ပြီးနောက် ဟင်းလင်းပြင်ထဲ၌ လက်ငါးချောင်းကို ဆုပ်လိုက်၏၊၊

ခဏချင်းမှာပင် ငါးပါးသော ဓာတ်ကြီးများ၏ ဝိညာဉ်မီးတောက်မှာ သူ၏ လက်ချောင်းထိပ်များ၌ ပေါ်ပေါက်လာတော့သည်၊၊

“ဝိညာဉ်ငါးပါး ပိတ်ဆို့ခြင်း အတတ်”

တည်ငြိမ်ပြီး တိုးညင်းသော အော်ဟစ်သံနှင့်အတူ၊ လင်ရန်ယန် က ဟင်းလင်းပြင်ထဲ၌ လက်ကို ဆုပ်လိုက်ရာ၊ မိစ္ဆာအဆင့်ရှိသော မိန်းမလှဝိညာဉ်လေးမှာ ချက်ချင်းပင် ပိတ်ဆို့ခြင်း ခံလိုက်ရကာ၊ ငါးရောင်ခြည် အလင်းလုံးလေးအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ လက်ထဲသို့ ရောက်ရှိသွားတော့၏၊၊

“ဦးလေး လေး၊ သူမရဲ့ အသက်ကို ချမ်းသာပေးပါ”

“ဟုတ်ပါတယ် ဦးလေး လေး၊ သူမက ဘာမှမသိတဲ့ ဝိညာဉ်လေးပါ၊ လွှတ်ပေးလိုက်ပါဦး”

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ဤမြင်ကွင်းကြောင့် များစွာ ထိတ်လန့်သွားကြသည်၊၊ သူတို့သည် လင်းရန်ယန် ၏ ခြေထောက်တစ်ဖက်စီကို ဖက်တွယ်လျက် ငိုယိုကာ အသနားခံကြတော့၏၊၊

“မင်းတို့လို အသုံးမကျတဲ့ကောင်တွေ၊ ငါ့နားကနေ ဖယ်ကြစမ်း”

သူတို့၏ အပြုအမူကို မြင်သောအခါ လင်ရန်ယန် မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားရကာ၊ ဝိညာဉ်စွမ်းအားကို အနည်းငယ် လှုပ်ခတ်လိုက်သည်၊၊

“ဝုန်း”

“ဝုန်း”

ခဏချင်းမှာပင် ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ကြောက်မက်ဖွယ်ကောင်းသော ရိုက်ခတ်မှုကြောင့် နောက်သို့ လွင့်စင်သွားကြကာ၊ မီတာ ဆယ်ဂဏန်းမျှ ဝေးရာသို့ ရောက်ရှိသွားပြီး မြေပြင်ပေါ်တွင် အကြိမ်ပေါင်းများစွာ လိမ့်သွားပြီးမှ ရပ်တန့်သွားတော့၏၊၊

“ဟား၊ နာလိုက်တာ”

“သွားပြီ၊ ဒီတစ်ခါတော့ ဦးလေး လေး တကယ် စိတ်ဆိုးနေတာပဲ”

ဤအခိုက်အတန့်တွင် ချိုးရှန့် နှင့် ဝိန်ချိုက် တို့မှာ အခြေအနေ၏ လေးနက်မှုကို နောက်ဆုံးတွင် သဘောပေါက်သွားကြ၏၊၊

ထိုအချိန်မှာပင် လင်းရန်ယန် ၏ မျက်ဝန်းများထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်၊၊

ထိုရွှေရောင်အလင်းတန်းမှာ မိန်းမလှဝိညာဉ်လေး၏ ကံတရားနှင့် သူမ သေဆုံးခြင်း မတိုင်မီနှင့် နောက်ပိုင်း ဘဝဇာတ်ကြောင်းကို ချက်ချင်းပင် စကင်ဖတ်လိုက်၏၊၊

မိန်းမလှဝိညာဉ်လေးမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်က သူဌေးကြီးတစ်ဦး၏ သမီးဖြစ်ကြောင်း ပေါ်ထွက်လာသည်၊၊

နှမြောစရာကောင်းသည်မှာ သူမသည် အသက် တစ်ဆယ့်ရှစ်နှစ် အရွယ်တွင် ရောဂါဖြင့် သေဆုံးခဲ့ခြင်းပင်၊၊ သူမသည် အသက်ရှင်စဉ်က အိမ်ပြင်သို့ပင် ထွက်ခဲလှသဖြင့်၊ သေဆုံးပြီးနောက်တွင်လည်း မကောင်းသော ကံတရားများ မရှိခဲ့ဘဲ၊ မရဏကမ္ဘာတွင် နှစ်ပေါင်းနှစ်ဆယ်တိုင်တိုင် နေထိုင်ခဲ့၏၊၊

ထို့ကြောင့် ယခုတစ်ကြိမ်တွင် လူ့လောကကို ကြည့်ရှုရန် ငွေအလုံအလောက် စုဆောင်းပြီးမှ ထွက်လာခဲ့ခြင်းဖြစ်ရာ၊ သူမသည် ချက်ချင်း ပြန်မသွားချင်သေးသည်မှာ သဘာဝပင် ဖြစ်သည်၊၊

မှန်ပေသည်၊ သူမ၏ အမြင်တွင်မူ သူမ ပြုလုပ်ခဲ့သည်မှာ ကလေးဘဝက အိမ်ပေါ်မှ ခိုးဆင်းပြေးသကဲ့သို့ ကိစ္စသေးသေးလေးမျှသာ ဖြစ်၏၊၊

သူမသည် ဖြစ်လာမည့် အကျိုးဆက်များကို လုံးဝ သိရှိခြင်း မရှိပေ၊၊

“ကောင်းရော၊ ငါကတော့ သူမကို ကောက်ကျစ်တဲ့ ဝိညာဉ်ဆိုးလို့ ထင်နေတာ၊ ချိုးရှန့် နဲ့ ဝိန်ချိုက် ကိုတောင် လှည့်စားနိုင်တယ်ဆိုတော့လေ၊ သူမက ဒီလောက်အထိ အူကြောင်ကြောင်နိုင်လိမ့်မယ်လို့ မထင်ထားဘူး”

လင်းရန်ယန် မှာ ချက်ချင်းပင် ခေါင်းကိုက်သွားရ၏၊၊

ဤကဲ့သို့သော ဝိညာဉ်မျိုးကို အပြစ်ပေးရန်မှာ ခက်ခဲလှသည်၊၊ အမှန်အတိုင်း ပြောရလျှင် အကြီးမားဆုံး အမှားမှာ ဝိန်ချိုက် နှင့် ချိုးရှန်း ထံတွင် ရှိ၏၊၊ တာအိုကျင့်ကြံသူများ ဖြစ်ကြပါလျက်နှင့် မရဏတမန်တော်များ စောင့်ကြပ်လာသော ဝိညာဉ်ကို လွှတ်ပေးလိုက်ခြင်း၏ အကျိုးဆက်ကိုပင် သူတို့ သတိမပြုမိကြပေ၊၊

“ဝုန်း”

ဒါကို တွေးရင်း လင်းရန်ယန် သည် သူ၏ လက်ထဲရှိ ဝိညာဉ်ငါးပါး ပိတ်ဆို့ခြင်း အလင်းလုံးကို တိုက်ရိုက် ခွဲခြေပစ်လိုက်၏၊၊

“အား”

မိန်းမလှဝိညာဉ်လေးမှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားကာ၊ သူမ၏ နောက်ပိုင်းကို ကိုင်လျက် နာကျင်စွာ အော်ဟစ်လိုက်ရသည်၊၊

လင်းရန်ယန် ကမူ သူမ နာကျင်နေသည်ကို ဂရုမစိုက်ဘဲ၊ လက်ဟန်ဂါထာပေါင်း ဒါဇင်နှင့်ချီ၍ ထုတ်ဖော်ကာ မိန်းမလှဝိညာဉ်လေး၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်နှိပ်လိုက်၏၊၊

ထို့နောက်တွင်မူ သူမ၏ မျက်ခုံးအလယ်၌ ထူးဆန်းသော ဂါထာတစ်ခု ပေါ်ပေါက်လာသည်၊၊

“မင်းက သေဆုံးခြင်း မတိုင်မီနဲ့ နောက်ပိုင်းမှာ မကောင်းမှု မလုပ်ခဲ့ဘူးဆိုတာကို ထောက်ထားပြီး၊ မင်းကို လူ့လောကမှာ နှစ်ရက်လောက် လည်ပတ်ခွင့်ပေးမယ်၊

မှတ်ထားပါ၊ နှစ်ရက်ပဲ၊ အချိန်ပြည့်တာနဲ့ ငါထားခဲ့တဲ့ ဂါထာက မင်းကို မရဏကမ္ဘာဆီ ပြန်ပို့ပေးလိမ့်မယ်”

လင်းရန်ယန် က ပြောပြီးသည်နှင့် ချက်ချင်းပင် လှည့်ထွက်သွားတော့၏၊၊

“ဟားဟားဟား၊ ကျေးဇူးတင်ပါတယ် ဦးလေး လေး”

ဝိန်ချိုက် က ဒါကို မြင်သောအခါ ဝမ်းသာအားရ ရယ်မောလိုက်သည်၊၊

“ဟီးဟီး၊ ဦးလေး လေးက အကောင်းဆုံးပဲ၊ အကယ်၍ ဆရာသာဆိုရင်တော့ သူမကို မရဏကမ္ဘာဆီ တိုက်ရိုက် ပို့ပစ်မှာ သေချာတယ်”

ချိုးရှန့် ကလည်း စိတ်လှုပ်ရှားစွာ ပြောဆိုလိုက်ပြီးနောက်၊ မိန်းမလှဝိညာဉ်လေး၏ ဘေးသို့ အမြန် လျှောက်သွား၏၊၊

သို့သော်လည်း မိန်းမလှဝိညာဉ်လေး၏ အခြေအနေမှာ ဤအခိုက်အတန့်တွင် အနည်းငယ် ထူးဆန်းနေသည်၊၊ သူမသည် ထွက်ခွာသွားသော လင်းရန်ယန် ၏ ကျောပြင်ကို အူကြောင်ကြောင် အပြုံးလေးဖြင့် ငေးကြည့်နေ၏၊၊

“မိန်းမလှလေး၊ အဆင်ပြေရဲ့လား”

မိန်းမလှဝိညာဉ်လေး ဤသို့ ဖြစ်နေသည်ကို မြင်သောအခါ ချိုးရှန်း မှာ တစ်ခုခု မှားယွင်းနေပြီဟု လျှို့ဝှက် တွေးတောလိုက်သည်၊၊

“ချိုးရှန်း ၊ သူမရဲ့ အကြည့်က ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ”

ဝိန်ချိုက် ပင်လျှင် တံတွေးကို ခိုးမြိုလိုက်မိ၏၊၊

“ဝါး၊ အဲ့ဒါ ရှင်တို့ရဲ့ ဦးလေး လေးလား၊ တကယ်ကို ခန့်ညားတာပဲ၊ တကယ်ကို ထည်ဝါတာပဲ၊ ကျွန်မ သူ့ကို တကယ် သဘောကျသွားပြီ”

မိန်းမလှဝိညာဉ်လေးက လင်းရန်ယန် ၏ ကျောပြင်ကို အချစ်ဒီရေ တိုးနေသော မျက်နှာထားဖြင့် ချက်ချင်းပင် လှမ်းကြည့်လိုက်သည်၊၊

ဒါကို မြင်ရသောအခါ ချိုးရှန်း နှင့် ဝိန်ချိုက် တို့၏ မျက်နှာများမှာ ချက်ချင်းပင် ပျက်ယွင်းသွားတော့၏၊၊

“သွားပြီ၊ နောက်ထပ် မိန်းကလေးတစ်ယောက်တော့ ဦးလေး လေးရဲ့ ရုပ်ရည်အောက်မှာ အရှုံးပေးသွားပြန်ပြီ”

“ဝူးဝူးဝူး၊ ငါတို့အတွက်တော့ အခွင့်အရေး မရှိတော့ပြန်ဘူး”

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ချက်ချင်းပင် စိတ်ဓာတ်ကျသွားကြ၏၊၊

ဤကဲ့သို့သော အဖြစ်မျိုးက ဘယ်နှစ်ကြိမ်ရှိပြီနည်း၊၊

သူတို့ တွေ့သမျှ မိန်းလှလေးတိုင်းသည် ဦးလေး လေး၏ ဆွဲဆောင်မှုအောက်တွင်သာ လမ်းဆုံးသွားကြရသည်၊၊

မိန်းမလှဝိညာဉ်လေးမှာမူ ပို၍ပင် ရယ်စရာကောင်းလှ၏၊၊ သူမသည် ပိတ်ဆို့ခြင်း ခံရသည်၊ အရိုက်ခံရသည်၊ သို့သော်လည်း ဦးလေး လေးကိုမှ စိတ်ဝင်စားသွားသေးသည်၊၊ ဒါက ဘယ်လို ကမ္ဘာကြီးပါလိမ့်၊၊

“ဂိုဏ်းတူအစ်ကို၊ သူတို့အားလုံးကို စုစည်းပြီးပါပြီ”

အခြားတစ်ဖက်တွင်မူ တာအိုညီအစ်ကိုများက ဝိညာဉ်များ ပြည့်နှက်နေသော အိတ်ဖြူများကို ထုတ်ယူကာ ဦးလေးကိုး ကို ပြောလိုက်ကြသည်၊၊

“ကျေးဇူးတင်ပါတယ် တာအိုညီအစ်ကိုတို့၊ ဒီလောက်ဆိုရင် ဝိညာဉ်အရေအတွက်က လုံလောက်ပါပြီ”

ဤမျှများပြားသော ဝိညာဉ်များကို ကြည့်ရင်း ဦးလေးကိုး မှာ ကျေနပ်စွာ ပြုံးလိုက်၏၊၊ လူများလေ စွမ်းအားကြီးလေ ဆိုသကဲ့သို့ပင်၊ အရာရာကို အလွန် လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့ကြသည်၊၊

“ဟားဟားဟား၊ ဂိုဏ်းတူအစ်ကိုကလည်း အားနာစရာတွေ ပြောနေပြန်ပြီ၊ ဒါက ကိစ္စသေးသေးလေးပါ”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ တာအိုညီအစ်ကိုတွေအချင်းချင်း ဘာလို့ ဒီလောက် အားနာနေရတာလဲ”

“မှန်တာပေါ့၊ မှန်တာပေါ့”

ဂိုဏ်းတူအစ်ကို တစ်ဦးစီက ပြုံးရွှင်လျက် ဦးလေးကိုး ကို လက်ဝှေ့ယမ်းပြကြ၏၊၊

“ဒါဆိုရင်လည်း ကျွန်တော် အားမနာတော့ပါဘူး”

ဦးလေးကိုး ကလည်း အသာအယာ ပြုံးလိုက်သည်၊၊

“ညီလေး၊ တခြားကိစ္စ မရှိတော့ဘူးဆိုရင်တော့၊ ငါနဲ့ ငါ့တပည့်လည်း အရင် နှုတ်ဆက်ပါတယ်”

ရှီးကျန့် က လက်နှစ်ဖက်ကို နောက်ပစ်လျက် ဖြည်းညင်းစွာ ပြောလိုက်၏၊၊

“ဂိုဏ်းတူအစ်ကိုကြီး၊ မလောပါနဲ့ဦး၊ ကျွန်တော် မြို့ထဲက အကောင်းဆုံး စားသောက်ဆိုင်မှာ စားသောက်ပွဲ ပြင်ဆင်ထားပါတယ်၊ လာပါ၊ အရင်ဆုံး ဗိုက်ဝအောင် စားကြတာပေါ့၊

ပြီးမှ စကားလေး ဘာလေး ပြောကြတာပေါ့၊ ဝိညာဉ်ကိစ္စကိုတော့ နောက်မှ အေးအေးဆေးဆေး ကိုင်တွယ်လို့ ရပါတယ်”

ဦးလေးကိုး က ရှီးကျန့် ကို အမြန်ပင် ဆွဲထားလိုက်၏၊၊

သူ ပြောလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ခေါင်းညိတ် ထောက်ခံကြ၏၊၊ မှန်ပေသည်၊ သူတို့ ခရီးဝေးမှ ရောက်ရှိလာကြသည်ဖြစ်ရာ၊ သေချာပေါက် စကားစမြည် ပြောဆိုသင့်သည်၊၊

“အဲ့ဒါတွေ မလိုအပ်ပါဘူး၊ ရှောက်ကျန့်၊ သွားကြစို့”

သို့သော်လည်း ရှီးကျန့် ကမူ သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းကာ ဦးလေးကိုး ၏ လက်ကို ခါထုတ်လိုက်ပြီးနောက်၊ ရှောက်ကျန့် ကို ခေါ်ဆောင်ကာ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲလျက် ကောင်းကင်ယံသို့ ပျံတက်သွားတော့၏၊၊

“အိုက်ယား၊ ဂိုဏ်းတူအစ်ကိုကြီးကတော့ အရင်အတိုင်းပဲ၊ အထီးကျန်ခရီးသည် လုပ်ရတာကိုပဲ ပိုပြီး သဘောကျနေတုန်းပဲ”

ရှီးကျန့် ထွက်ခွာသွားသည်ကို ကြည့်ရင်း တာအိုဆရာ စစ်မု က သက်ပြင်းချလိုက်မိ၏၊၊

“ဒါက ဂိုဏ်းတူအစ်ကိုကြီးရဲ့ ပင်ကိုယ်သဘာဝပဲလေ၊ အကယ်၍ သူသာ တကယ် လာစားမယ်ဆိုရင်တော့ တစ်ခုခု မှားနေပြီလို့ ငါ ထင်မိမှာ”

တာအိုဆရာ ချန်းဟော် ကမူ အသာအယာ ပြုံးလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်သည်၊၊

All Chapters