← Chapters

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း (၁၅၁-၁၅၅)

Vol. 16 Ch. 151-155

အခန်း (၁၅၁) ဟွမ်ချွမ်လမ်း

“ဂိုဏ်းတူအစ်ကိုကြီး မသွားဘူးဆိုရင်တော့ ကျွန်တော်တို့ပဲ သွားကြတော့မယ်၊ သွားစို့၊ သွားစို့၊ အစ်ကိုကြီးကတော့ တစ်ညလုံးနေတာတောင် မုန့်လေးဘာလေးတောင် ပြင်မထားပေးဘူး၊ တကယ်ကို ကပ်စေးနည်းတာပဲ”

အနားသို့ လျှောက်လာသော လင်းရန်ယန် က အခြေအနေကို သဘာဝကျကျပင် သိရှိထားသည်၊၊ ရှီးကျန့် လိုက်မလာလိုခြင်းမှာ သူ၏ ကျင့်စဉ်အဆင့် တက်လှမ်းရမည့် အချိန်ရောက်နေသောကြောင့်ပင် ဖြစ်၏၊၊

“ဒီကောင်လေးကတော့ ငါ့ကို နောက်ပြောင်ဖို့ပဲ သိတယ်၊ ဟားဟား၊ အစ်ကိုကြီး မလိုက်တာကမှ ပိုကောင်းပါသေးတယ်၊ သူလိုက်လာရင်လည်း အနေခက်နေဦးမှာ”

လင်းရန်ယန် ၏ စကားကို ကြားသောအခါ ဦးလေးကိုး က အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သော်လည်း၊ မကြာမီပင် ရယ်မောလိုက်ကာ ဂိုဏ်းတူညီအစ်ကိုများအားလုံးကို ယင်းပင်းအဆောက်အဦးဆီသို့ ဦးဆောင်ခေါ်သွားတော့သည်၊၊

လင်းရန်ယန် သည် လှည့်ကြည့်လိုက်ရာ ရှီးကျန့် ထွက်ခွာသွားသော အရပ်မျက်နှာဆီသို့ အကြည့်တို့ ရောက်သွား၏၊၊

“ရှီးကျန့် ရဲ့ ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့ စွမ်းအင်တစ်ခု ရှိနေသလိုပဲ၊ သူက ဝိညာဉ်တွေကို ဒီလောက်အများကြီး ဝါးမြိုပြီးတော့ အချိန်တိုအတွင်းမှာ အစာချေဖျက်နိုင်တာက ဒီစွမ်းအင်ကြောင့်ပဲလား”

လင်းရန်ယန် အနည်းငယ် ဇဝေဇဝါ ဖြစ်နေမိသည်၊၊

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်များကို ဝါးမြိုခြင်းဖြင့် ခွန်အားတိုးမြှင့်နိုင်သည့် ဤစွမ်းရည်မှာ ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နေသောကြောင့် ဖြစ်၏၊၊ အကယ်၍ အချိန်သာ လုံလောက်ပါက ရှီးကျန့် သည် ကျင့်ကြံခြင်းလောကတစ်ခုလုံးရှိ လူအားလုံးကိုပင် ဝါးမြိုပစ်နိုင်လိမ့်မည်၊၊

ဤအရှိန်အဟုန်မှာ လင်းရန်ယန် ထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းနေသေးသည်၊၊

သို့သော်လည်း ဤကဲ့သို့သော လျှို့ဝှက်နည်းလမ်းများတွင် အားနည်းချက်များ ရှိနေသည်မှာ ဧကန်မလွဲပင်၊၊

“ဒင်…၊ ဇာတ်ကွက်ကို ရှာဖွေတွေ့ရှိသည်၊ ‘ဖုတ်ကောင်ဘုရင်’ စတင်ပြီ၊ တာဝန်ပေးအပ်ခြင်း - ရှီးကျန့် ၏ သေဆုံးခြင်း

တာဝန်အတွက် ဆုလာဘ် - ရှီးကျန့် ကို အောင်မြင်စွာ နှိမ်နင်းနိုင်ပါက အနည်းဆုံး ‘တိုက်ခိုက်ရေး’ ဆုလာဘ် (၆၀) ရရှိမည် ဖြစ်သည်၊၊ ထို့အပြင် ဝိညာဉ်အဆင့် နိမ့်ပါးသော ကျင့်စဉ်များ၊ နည်းလမ်းများနှင့် ပစ္စည်းများကိုလည်း ရရှိနိုင်သည်၊၊”

ရှီးကျန့် ထွက်သွားသော အရပ်ကို ကြည့်ရင်း လင်းရန်ယန် အတွေးနက်နေစဉ်မှာပင်၊ စနစ်၏ အသိပေးသံမှာ သူ၏ စိတ်ထဲသို့ တိုးဝင်လာတော့၏၊၊

“နောက်ဆုံးတော့ တာဝန်က ရောက်လာပြီပေါ့၊ အနည်းဆုံး ဆုလာဘ် ခြောက်ဆယ်တောင် ရမှာလား”

ရှီးကျန့် ၏ လျှို့ဝှက်ချက်များမှာ တကယ်ပင် မရိုးရှင်းကြောင်း သိသာလှသည်၊၊

လင်းရန်ယန် ၏ အကြည့်တို့မှာ အနည်းငယ် စူးရှသွားတော့၏၊၊

“ညီလေး၊ မင်း ရောက်တော့မှာလား”

အတိအကျ ထိုအချိန်မှာပင် စစ်မုတာအိုဆရာ၏ အော်ဟစ်သံမှာ အဝေးမှ ထွက်ပေါ်လာသည်၊၊

“လာပြီ၊ လာပြီ”

လင်းရန်ယန် က ပြန်ထူးလိုက်ပြီးနောက် အမြန်ပင် လိုက်သွားတော့၏၊၊

ရှီးကျန့် မှာ မည်သည့်လျှို့ဝှက်ချက်များ ရှိနေပါစေ၊ လင်းရန်ယန် ရှေ့မှောက်တွင်မူ အားလုံးကို ထုတ်ဖော်ပြောပြရမည်ဖြစ်ပြီး၊ ထို့နောက်တွင်မူ သူ သေဆုံးရလိမ့်မည်၊၊

နှစ်နာရီခန့် ကြာပြီးနောက်၊ ဦးလေးကိုး သည် လင်းရန်ယန်၊ ဝိန်ချိုက် တို့နှင့်အတူ ပြန်ရောက်လာခဲ့သည်၊၊ ချိုးရှန်း ကမူ ရုပ်အလောင်းဂိုဒေါင်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်၊၊

တာအိုဆရာစစ်မု နှင့် သူ၏အဖွဲ့မှာမူ ဟိုတယ်တစ်ခုတွင် တည်းခိုနေကြပြီး နောက်တစ်နေ့တွင် ထွက်ခွာရန် ပြင်ဆင်နေကြ၏၊၊

ဘာပဲဖြစ်ဖြစ် သူတို့မှာ လုပ်စရာကိစ္စတွေ အများကြီး ရှိနေသေးသည်၊၊ မကြာသေးမီကပင် အကြောင်းရင်းတစ်စုံတစ်ရာကြောင့် နေရာအနှံ့အပြားတွင် ဇွန်ဘီများနှင့် ဝိညာဉ်ဆိုးများမှာ ပေါများနေခဲ့၏၊၊

အကယ်၍ ဦးလေးကိုး ၏ ကူညီကယ်တင်ခြင်း အင်းစာရွက်သာ မရှိခဲ့ပါက၊ သူတို့ လာနိုင်ကြလိမ့်မည် မဟုတ်ပေ၊၊

ဘိုးဘေး ခန်းမဆောင်အတွင်း၌မူ…….

“ဆရာ၊ ဒီဝိညာဉ်တွေကို ဘာလုပ်ကြမလဲ”

ချိုးရှန်း နှင့် ဝိန်ချိုက် တို့သည် ဝိညာဉ်များ ထည့်ထားသော ကြီးမားသည့် အိတ်များကို မြေပြင်ပေါ်သို့ ပစ်ချလိုက်ပြီးနောက်၊ ဦးလေးကိုး ကို နားမလည်ဟန်ဖြင့် ကြည့်လိုက်ကြသည်၊၊

“သူတို့ကို ခေါ်လာတဲ့ မရဏတမန်တော်တွေကိုပဲ ပြန်ခေါ်ခိုင်းရမှာပေါ့၊ ဘာလဲ၊ မင်းတို့က အိမ်မှာ မွေးထားချင်လို့လား၊ အပြင်ကို ထွက်ပြီးတော့ ကျင့်စဉ်သွားကျင့်ကြစမ်း”

ဦးလေးကိုး က ထိုကောင်လေးနှစ်ယောက်ကို မျက်စောင်းထိုးလိုက်၏၊၊

သူသည် ထိုလူနှစ်ယောက်ကို ချက်ချင်းပင် မောင်းထုတ်လိုက်သည်၊ ယခုအချိန်တွင် ထိုကလေးနှစ်ယောက်ကို မြင်လိုက်ရုံနှင့်ပင် သူ့မှာ ဗိုက်အောင့်ချင်လာရသည်၊၊

“ညီလေး၊ ငါ့ကို ကာကွယ်ပေးထားပါဦး၊ ငါ အဲ့ဒီ မရဏတမန်တော်တွေကို ဆင့်ခေါ်ရမယ်”

ဦးလေးကိုး က ဘေးရှိ လင်းရန်ယန် ကို ပြောလိုက်ပြီးနောက်၊ လက်ဟန်အချို့ကို ချက်ချင်း ပြုလုပ်ကာ၊ မရဏငွေစက္ကူအချို့နှင့် အင်းစာရွက်တစ်ရွက်ကို မီးရှို့လိုက်၏၊၊

“ဝုန်း”

အင်းစာရွက်ကို မီးရှို့လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ အနည်းငယ် တုန်ခါသွားရသည်၊၊

“ရှဲ”

ထို့နောက် မြေပြင်တွင် ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာတော့၏၊၊

ထိုအခိုက်အတန့်တွင် ဝိညာဉ်ကူးတို့ဌာနမှ မရဏတမန်တော် လေးဦးမှာ ထိုအက်ကွဲကြောင်းအတွင်းမှ ဖြည်းညင်းစွာ ပျံသန်းထွက်ပေါ်လာကြသည်၊၊

“ဟီးဟီး၊ လင်ဖုန်းကျောင်း၊ ဝိညာဉ်တွေ အားလုံး အဆင်သင့်ဖြစ်ပြီလား”

ဦးဆောင်လာသော မရဏတမန်တော်က အေးစက်စက် ရယ်မောလိုက်၏၊၊

မှန်ပေသည်၊ ၎င်းမှာ မရဏတမန်တော်များ၏ ထူးခြားသော ရယ်မောသံပင် ဖြစ်သည်၊၊

“အားလုံး အဆင်သင့်ဖြစ်ပါပြီ၊ အရေအတွက် ပြည့် မပြည့် ဒီမှာပဲ စစ်ကြည့်လိုက်ပါဦး”

ဦးလေးကိုး က ဝိညာဉ်များကို ပစ်ပေးလိုက်၏၊၊

မရဏတမန်တော်များက ၎င်းတို့ကို လျင်မြန်စွာပင် ဖမ်းယူလိုက်ကြသည်၊၊

အရေအတွက်က ပြည့်ရုံတင်မကဘဲ ပိုတောင် ပိုနေသေး၏၊၊ ပိုနေသော ပမာဏမှာ သူတို့အတွက် အကျိုးအမြတ်များ ဖြစ်လာလိမ့်မည်၊၊

ခဏချင်းမှာပင် လူတိုင်း ကျေနပ်သွားကြတော့သည်၊၊

“ဒါဆိုရင် ငါတို့ သွားတော့မယ်၊ အရင်က ပေးထားတဲ့ ကတိကိုတော့ မမေ့နဲ့ဦးနော်”

ဦးဆောင်လာသူက ဦးလေးကိုး ကို မှာကြားလိုက်၏၊၊

“သေချာပေါက် မမေ့ပါဘူး”

ဦးလေးကိုး ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသော်လည်း၊ သူက ခေါင်းညိတ်ပြလိုက်ဆဲပင်၊၊

တစ်ယောက်ကို မရဏငွေစက္ကူ တစ်သန်းဆိုလျှင်၊ လေးယောက်အတွက် လေးသန်းတောင် ဖြစ်၏၊၊

အရင်းနှီးတင် ငွေဒင်္ဂါး ရာနှင့်ချီ ကုန်ကျမည်ဖြစ်ပြီး၊ အကယ်၍ ရောင်းချမည်ဆိုပါက ငွေဒင်္ဂါး ထောင်နှင့်ချီကာ ဆုံးရှုံးရလိမ့်မည်၊၊ ယခုတစ်ကြိမ်တွင် သူ တကယ်ကို အကြီးအကျယ် အရှုံးပေါ်သွားခဲ့ပြီ ဖြစ်သည်၊၊

သို့သော်လည်း ဘာမှ ငြင်းဆန်၍ မရပေ၊၊

“ဝုန်း”

ဦးလေးကိုး ၏ ကတိကို ကြားလိုက်ရသောအခါ မရဏတမန်တော်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် လှောင်ပြောင်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွား၏၊၊ နောက်တစ်ခဏ၌ မရဏတမန်တော်များသည် ဝိညာဉ်အားလုံးနှင့်အတူ ထိုနေရာမှ ပျောက်ကွယ်သွားကြတော့သည်၊၊

“ဂိုဏ်းတူအစ်ကို၊ အစ်ကို သူတို့ကို ဘာကတိပေးလိုက်တာလဲ”

လင်းရန်ယန် က မျက်မှောင်ကြုတ်လိုက်မိသည်၊၊ ဤမရဏတမန်တော်များမှာ တစ်ခုခု ကြံစည်နေသည်ဟု သူ ခံစားနေရသောကြောင့် ဖြစ်၏၊၊

“ပြဿနာတွေကို ရှောင်ရှားဖို့အတွက် ငွေနဲ့ပဲ ဖြေရှင်းလိုက်ရတာပါ၊ ဟူး၊ ဒီတစ်ခါတော့ တကယ်ကို အကြီးအကျယ် အရှုံးပေါ်သွားပြီ”

ဦးလေးကိုး က အကူအညီမဲ့စွာ ခေါင်းခါယမ်းလိုက်သည်၊၊

“ဒီကိစ္စက ငါတို့ဘက်ကလည်း မှားခဲ့တာဆိုတော့ လျော်ကြေးပေးရတာက သဘာဝပါပဲ၊ ဒါပေမဲ့ ဒီမရဏတမန်တော်တွေက ပြဿနာရှာဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာပဲ”

လင်းရန်ယန် ၏ မျက်မှောင်များမှာ ချက်ချင်းပင် ကြုတ်သွားရ၏၊၊

“ပြဿနာ ထပ်ရှာဦးမယ် ဟုတ်လား”

ဦးလေးကိုး မှာ မှင်တက်သွားရသည်၊၊

“ကိုယ်တိုင်ပဲ လိုက်ကြည့်လိုက်ပါဦး”

လင်းရန်ယန် က ဒါကို ကြားသောအခါ လျှို့ဝှက်ချက်ရှိဟန်ဖြင့် ပြုံးလိုက်၏၊၊

ဦးလေးကိုး ဘာမှ ထပ်မတွေးနိုင်ခင်မှာပင်၊ လင်းရန်ယန် က သူမ၏ ကြီးမားသော လက်ဖြင့် ဦးလေးကိုး ကို လှမ်းဖမ်းလိုက်သည်၊၊

“ဝုန်း”

ဦးလေးကိုး တစ်ယောက် တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင်၊ လင်းရန်ယန် သည် ယင်နှင့်ယန် လောကနှစ်ခုကို ဖြတ်ကျော်နိုင်သည့် သူမ၏ စွမ်းရည်ကို အသုံးပြုကာ ထိုနေရာမှ ပျောက်ကွယ်သွားစေခဲ့၏၊၊

“ဝုန်း”

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လိမ်တွန့်သွားသည်နှင့်အမျှ၊ လင်းရန်ယန် သည် ဦးလေးကိုး ကို မရဏကမ္ဘာရှိ ဟွမ်ချွမ်လမ်း ဆီသို့ ခေါ်ဆောင်သွားတော့သည်၊၊

(TN/ ဟွမ်ချွမ်လမ်းဆိုတာက သေဆုံးပြီးသူတွေနောက်ဘဝကိုသွားရန်ဖြတ်ကျော်ရတဲ့လမ်းပါ၊ နိုင့်ဟော် ဆိုတာကအဲ့တံတားခုံးတစ်ခုဖြစ်ပြီး မုန့်ဖော်ဆိုတာကတော့ လူ့ဘဝကအကြောင်းရာတွေကိုမေ့စေတဲ့ဟင်းချိုးကိုတိုက်နေတဲ့အဖွားအိုတစ်ယောက်ပါ)

ဟွမ်ချွမ်လမ်း သည် ရှေးကျပြီး ခမ်းနားထည်ဝါသော လမ်းမကြီးတစ်ခုဖြစ်ကာ၊ အဆုံးမရှိသော ဝါကျင့်ကျင့် အရောင်အဆင်းများမှာ လမ်းတစ်လျှောက် စီးဆင်းနေ၏၊၊

သေဆုံးသွားသော ဝိညာဉ်များမှာ မရဏတမန်တော်များ၏ မောင်းနှင်မှုအောက်တွင် ဟွမ်ချွမ်လမ်း ၏ အဆုံးသတ်ဆီသို့ တစ်ဦးပြီးတစ်ဦး ဦးတည်သွားနေကြသည်၊၊

ဟွမ်ချွမ်လမ်း ၏ အဆုံးတွင်မူ ‘နိုင့်ဟော်’ ဟု ခေါ်သော ကွေးညွတ်နေသည့် တံတားကြီးတစ်စင်း ရှိနေ၏၊၊

ထိုတံတားပေါ်တွင်မူ အိုမင်းမစွမ်းဖြစ်နေသော အဘွားအိုတစ်ဦးမှာ ဖြတ်သန်းသွားသူများကို ‘မုန့်ဖော်’ ဟင်းရည် ပန်းကန်များကို ကမ်းပေးနေသည်၊၊

မှန်ပေသည်၊ ဟွမ်ချွမ်လမ်း ပေါ်တွင် လျှောက်လှမ်းနေသော ဤဝိညာဉ်များမှာ ခုလေးတင် သေဆုံးထားသူများ မဟုတ်ကြပေ၊၊

ယင်းအစား ၎င်းတို့မှာ မရဏကမ္ဘာတွင် ဆက်လက် မနေထိုင်လိုတော့သူများ သို့မဟုတ် မရဏကမ္ဘာတွင် နေထိုင်ရသည်ကို ငြီးငွေ့လာသဖြင့် လူပြန်ဖြစ်ရန် ပြင်ဆင်နေကြသူများ ဖြစ်၏၊၊

ထို့ကြောင့်လည်း အရေအတွက်မှာ အနည်းငယ်မျှသာ ရှိနေခြင်း ဖြစ်သည်၊၊

ဘာပဲဖြစ်ဖြစ် ယနေ့ခေတ်တွင် သေဆုံးသူများ၏ တစ်သောင်းပုံတစ်ပုံပင်လျှင် လူပြန်ဖြစ်ရန် မလိုလားကြတော့ပေ၊၊

ကျန်ရှိသော ဝိညာဉ်များမှာမူ စီရင်ချက်ချခံရပြီးနောက် ငရဲပြည်တွင် ဒုက္ခခံနေရခြင်း သို့မဟုတ် မရဏကမ္ဘာတွင် သီးခြားအုပ်စုတစ်ခုအနေဖြင့် နေထိုင်နေကြခြင်းသာ ဖြစ်၏၊၊

“ဒါ၊ ဒါက ဟွမ်ချွမ်လမ်း လား၊ ညီလေး၊ မင်း ငါ့ကို ဒီအထိ ဘယ်လို ခေါ်လာနိုင်တာလဲ၊ မင်းက မရဏကမ္ဘာရဲ့ ဝိညာဉ်ကူးတို့တမန်တော်လား”

ဦးလေးကိုး က လင်းရန်ယန် ကို အံ့အားသင့်စွာ ကြည့်လိုက်သည်၊၊ သို့သော်လည်း မရဏကမ္ဘာ၏ ဝိညာဉ်ကူးတို့တမန်တော်များသည် ယင်နှင့်ယန် လောကကို ကိုယ်တိုင် ဖြတ်ကျော်နိုင်ကြသော်လည်း၊ အမိန့်မရှိဘဲ လူသားများကို လူ့လောကမှ မရဏကမ္ဘာသို့ ခေါ်ဆောင်လာ၍ မရပေ၊၊

“နောင်ကျရင် ကျွန်တော့်ရဲ့ အထောက်အထားကို အစ်ကို သိလာမှာပါ၊ အခုတော့ အဲ့ဒီ မရဏအရာရှိတွေ ဘာလုပ်နေကြလဲဆိုတာ သွားကြည့်ရအောင်”

လင်းရန်ယန် က ရှင်းမပြဘဲ၊ ဦးလေးကိုး ကို လမ်းတစ်လျှောက် ဦးဆောင်ခေါ်သွားတော့၏၊၊

“ဝုန်း”

နောက်တစ်ခဏ၌ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ လိမ်တွန့်သွားပြန်ကာ၊ လင်းရန်ယန် နှင့် ဦးလေးကိုး တို့၏ ပုံရိပ်များမှာ ထိုနေရာမှ ချက်ချင်း ပျောက်ကွယ်သွားတော့သည်၊၊

ထိုအတောအတွင်း၊ မရဏကမ္ဘာရှိ ယင်အရာရှိဌာန၏ အဝင်ဝတွင်မူ….

မရဏတမန်တော် လေးဦး၏ ပုံရိပ်များ ပေါ်ပေါက်လာသည်၊၊

“အစ်ကို လျို၊ ကျွန်တော်တို့ တကယ်ပဲ လင်ဖုန်းကျောင်း ကို တိုင်တောသင့်ရဲ့လား၊ ဘာပဲဖြစ်ဖြစ် သူက ကိစ္စတွေကို ဖြေရှင်းပေးခဲ့တာပဲလေ”

အခန်း (၁၅၂) အားကိုးရမည့် နောက်ခံအာဏာရှိခြင်း၏ အရသာ

မရဏတမန်တော် တစ်ဦးမှာ စိုးရွံ့ထိတ်လန့်လျက် တုံ့ဆိုင်းနေမိ၏၊၊

အဆုံးစွန်၌မူ၊ တစ်ဖက်လူထံမှ ငွေကြေးများကို လက်ခံရယူပြီးမှ ပြန်လည်တိုင်တောခြင်းမှာ အနည်းငယ် လွန်လွန်းသည်ဟု ခံစားနေရသောကြောင့်ပင် ဖြစ်သည်၊၊

“ဟုတ်တယ်၊ ငါတို့သာ သူ့ကို တိုင်လိုက်ရင် ငါတို့ပါ ပြဿနာတက်ကုန်မှာ မဟုတ်ဘူးလား၊ ဝိညာဉ်တွေကို လွတ်မြောက်အောင် ခွင့်ပြုလိုက်တာက သေးငယ်တဲ့ ကိစ္စမှ မဟုတ်တာ”

အခြားသော မရဏတမန်တော် တစ်ဦးကလည်း မျက်မှောင်ကြုတ်လျက် ဆိုလိုက်၏၊၊

သူ၏ တစ်ခုတည်းသော စိုးရိမ်ပူပန်မှုမှာ မိမိတို့ပါ ဤကိစ္စတွင် ပါဝင်ပတ်သက်နေမည်ကိုပင် ဖြစ်သည်၊၊

“ဟွန်း၊ သူ ငါတို့ကို ဘယ်လိုတောင် ခြိမ်းခြောက်ခဲ့လဲဆိုတာ မင်းတို့ မေ့သွားကြပြီလား”

“သူတို့က အဆိုးဆုံးဖြစ်လှရင် အကုန်လုံး ရာထူးက အထုတ်ခံရမှာပဲလို့တောင် ပြောခဲ့ကြတာ၊ ငါ့ကို တကယ်ပဲ ရွှံ့စေးနဲ့ လုပ်ထားတယ်လို့ သူတို့ ထင်နေတာလား”

“အမှားလုပ်ခဲ့တာက သူတို့ပဲ၊ အခု ကိစ္စကလည်း ပြေလည်သွားပြီဆိုတော့ ငါတို့ လုပ်ရမှာက သူတို့ကို အစီရင်ခံစာ တင်လိုက်ဖို့ပဲ”

ဦးဆောင်လာသော မရဏအစောင့်အကြပ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏၊၊

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ ငရဲမင်းနှင့် ဆက်ဆံရသည်မှာ လွယ်ကူသော်လည်း ငရဲမင်း၏ လက်အောက်ငယ်သားများနှင့် ဆက်ဆံရသည်မှာ ခက်ခဲလှသည်ဟူ၍၊ သူသည် လင်ဖုန်း ကို သင်ခန်းစာတစ်ခု ပေးလိုခြင်း ဖြစ်၏၊၊ ဤကဲ့သို့သော လက်အောက်ငယ်သားများကို ရန်စခြင်းမှာ အဆိုးရွားဆုံးသော ကိစ္စဖြစ်ကြောင်း သူ သိစေရမည်၊၊

သေချာလှပေသည်၊ သူ ပြောလိုက်သည်နှင့် ကျန်ရှိသော မရဏတမန်တော်များမှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ခေါင်းညိတ် သဘောတူလိုက်ကြတော့သည်၊၊

“ကောင်းပြီ၊ ဒါဆိုရင် အစ်ကို လျို ပြောတဲ့အတိုင်းပဲ လုပ်ကြတာပေါ့”

“မှန်တယ်၊ သူတို့က ငါတို့ကို ခြိမ်းခြောက်ရဲတယ်၊ သူနဲ့ သူ့တပည့်ကို ဒီအတွက် ထိုက်တန်တဲ့ ပေးဆပ်မှုမျိုး လုပ်ခိုင်းရမယ်”

“ဟုတ်တယ်”

မရဏတမန်တော်များမှာ အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြပြီးနောက်၊ ယင်အရာရှိဌာနအတွင်းသို့ တိုက်ရိုက် လျှောက်လှမ်းဝင်သွားကြတော့၏၊၊

ယင်အရာရှိဌာနသည် မရဏတမန်တော်များ၏ ရာထူးအပြောင်းအလဲများကို တာဝန်ယူရသည့် ဌာနဖြစ်ရာ၊ သဘာဝကျကျပင် ဤကဲ့သို့သော တိုင်တောမှုများကိုလည်း ဤနေရာ၌ပင် တင်သွင်းရခြင်း ဖြစ်သည်၊၊

“ဝုန်း၊”

သူတို့ ထွက်ခွာသွားပြီးနောက်၊ ဦးလေးကိုး နှင့် လင်းရန်ယန် တို့သည် ပတ်ဝန်းကျင် ဟင်းလင်းပြင်၌ ပေါ်ပေါက်လာကြ၏၊၊

“တောက်၊ ဒီအောက်တန်းစား တမန်တော်တွေကတော့၊ တစ်ယောက်ကို မရဏငွေစက္ကူ တစ်သန်းပေးတာတောင် မကျေနပ်နိုင်ကြသေးဘူး၊ တကယ့်ကို ကောင်စုတ်လေးတွေပဲ”

“သူတို့က မရဏကမ္ဘာရဲ့ အရာရှိတွေ မဟုတ်ကြဘူးလား၊ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရွံရှာဖို့ကောင်းတဲ့ လူမိုက်တွေလို ပြုမူနေကြရတာလဲ”

ဦးလေးကိုး မှာ မဆဲဘဲ မနေနိုင်တော့ချေ၊၊

ဤမရဏတမန်တော်များမှာ တကယ့်ကို ယုတ်မာလွန်းလှသည်၊၊

သူ့နောက်ကွယ်တွင် တိတ်တိတ်လေး တိုင်တောကြလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ၊၊

မနက်ဖြန်တွင် သူတို့အတွက် မရဏငွေစက္ကူများကို ငတုံးတစ်ယောက်လို မီးရှို့ပေးပြီးနောက်၊ သူ၏ ရာထူးမှာလည်း ရုပ်သိမ်းခံရဖွယ် ရှိနေသည်မှာ ကြိုတင် မြင်ယောင်နေတော့၏၊၊

ငွေလည်းကုန်၊ လူလည်း အရှက်ကွဲရမည့် အခြေအနေပင်၊၊

“ဟုတ်တယ်၊ ဒီလူပုလေးတွေက ကံတရားကြောင့် မရဏတမန်တော်တွေ ဖြစ်လာကြတာ မှန်ပေမဲ့၊ ကံတရား ရှိနေတာနဲ့တင် သူတို့က လူကောင်းတွေ ဖြစ်နေပြီလို့ မဆိုလိုနိုင်ဘူး”

အချို့သော သူများမှာ သူတို့၏ ဘိုးဘွားများထံမှ ကောင်းမှုကံများကို ရိုးရာအမွေအနှစ်အဖြစ် ဆက်ခံရရှိထားကြခြင်းသာ ဖြစ်၏၊၊

ဥပမာအားဖြင့် ဤ လျိုစန်း ကိုပဲ ကြည့်၊၊ သူ၏ ဖခင်မှာ နာမည်ကျော် ချမ်းသာသော ကုန်သည်ကြီးတစ်ဦး ဖြစ်သည်၊၊

သူသည် ကြီးမားသော မိသားစု အမွေအနှစ်များကို ဆက်ခံခဲ့ရပြီး၊ သူ ကြီးပြင်းလာသောအခါ အရာရှိတစ်ဦး ဖြစ်လာစေရန်အတွက် ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများတွင် နန်းတော်သို့ ငွေအမြောက်အမြား လှူဒါန်းကာ အမြတ်အစွန်းများသော ရာထူးတစ်ခုကို ရရှိခဲ့၏၊၊ နှမြောစရာကောင်းသည်မှာ သူ ငွေစတင် မရှာနိုင်ခင်မှာပင် ရောဂါဖြင့် သေဆုံးသွားခဲ့ရခြင်း ဖြစ်သည်၊၊

သူ သေဆုံးပြီးနောက် ဘေးအန္တရာယ် ကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် ကောင်းမှုကံကြောင့် မရဏကမ္ဘာတွင် တမန်တော်တစ်ဦး ဖြစ်လာခဲ့၏၊၊ နှစ်ပေါင်းများစွာအတွင်း သူသည် မရဏကမ္ဘာရှိ လူကြီးလူငယ်မရွေးကို နှိပ်စက်ညှဉ်းပန်းသည့် ကိစ္စများကို အများအပြား လုပ်ဆောင်ခဲ့သည်၊၊

အကယ်၍ သူသည် ယခု အလုပ်ထုတ်မခံရလျှင်ပင်၊ သူ၏ ပြုမူပုံနှင့်ဆိုလျှင် အလွန်ဆုံး ဆယ်စုနှစ် အနည်းငယ်အတွင်းမှာပင် သူ၏ ကောင်းမှုကံများ ကုန်ဆုံးသွားပြီး မရဏကမ္ဘာရှိ သာမန် ဝိညာဉ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်၊၊

ကျန်ရှိနေသော သူများမှာလည်း ထိုနည်းတူပင် ဖြစ်၏၊၊

လင်းရန်ယန် က ဦးလေးကိုး ကို ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်၊၊

သူ ပြောလိုက်သည်နှင့် ဦးလေးကိုး မှာ ဘာတွေ ဖြစ်ပျက်နေသည်ကို ချက်ချင်း သဘောပေါက်သွားတော့၏၊၊

အကယ်၍ လင်းရန်ယန် ၏ အယူအဆအတိုင်းဆိုလျှင်၊ ဤလောကတွင် ထိုကဲ့သို့သော လူမျိုးများစွာ ရှိနေသည်၊၊

“ဒါပေမဲ့ အခု ငါကတော့ တိုင်တောခံရတော့မယ်၊ ညီလေး၊ ဒါတွေကို ပြောနေလို့ကော ဘာထူးမှာလဲ”

ဦးလေးကိုး က နောက်ဆုံးတွင် အကူအညီမဲ့စွာ သက်ပြင်းချလိုက်၏၊၊

မရဏကမ္ဘာ၏ ယင်ချန်းဌာနမှာ အရာရှိတစ်ဦး ဖြစ်လာခဲ့သော်လည်း၊ ငွေတစ်ပြားမှ မရှာရသေးခင်မှာပင် ရာထူးမှ ထုတ်ပယ်ခံရတော့မည် ဖြစ်သည်၊၊

ပိုဆိုးသည်မှာ၊ ယနေ့တွင် ဂိုဏ်းတူ ညီအစ်ကိုများအားလုံး၏ ရှေ့မှောက်၌ နောင်တွင် မရဏငွေစက္ကူ ဝယ်ယူရာတွင် ငါးဆယ်ရာခိုင်နှုန်း လျှော့စျေး ရရှိလိမ့်မည်ဟု ကြွားဝါပြောဆိုခဲ့မိ၏၊၊

အကယ်၍ သူ၏ မရဏအရာရှိ ရာထူးမှာ ရုပ်သိမ်းခံလိုက်ရပြီဖြစ်ကြောင်း သူတို့ သိသွားကြလျှင်၊ သူ၏ မျက်နှာမှာ အရှက်ကွဲရတော့မည် ၊၊

“ဘာမှ မဖြစ်ပါဘူး၊ ဒါက သာမန် ကောင်စုတ်လေးတစ်ယောက်ရဲ့ တိုင်တောမှုပဲဥစ္စာ၊ အစ်ကို့အတွက် ငါ ဖြေရှင်းပေးပါ့မယ်”

လင်းရန်ယန် က အသာအယာ ပြုံးလိုက်ပြီးနောက်၊ ခဏချင်းမှာပင် သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွား၏၊၊

“ဝုန်း”

ချက်ချင်းပင် လင်းရန်ယန် နှင့် ဦးလေးကိုး တို့မှာ ထိုနေရာမှ ထပ်မံ ပျောက်ကွယ်သွားကြပြန်သည်၊၊

သို့သော်လည်း သူတို့ ပြန်လည် ပေါ်ပေါက်လာသောအခါ၊ ကြီးမားလှသော ယင်စစ်သူကြီး အဆင့်အတန်းရှိသည့် နန်းတော်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိနေကြ၏၊၊

“ဝုန်း”

ဦးလေးကိုး တစ်ယောက် တုံ့ပြန်နိုင်စွမ်း မရှိခင်မှာပင်၊ လင်းရန်ယန် သည် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်လိုက်ပြီး၊ နောက်တစ်ခဏ၌ ပေပေါင်း သောင်းချီ မြင့်မားသော ယင်စစ်သူကြီး တစ်ဦး၏ ဓမ္မပုံရိပ်မှာ လင်းရန်ယန် ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ပေါ်လာသည်၊၊

ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ တစ်ခဏချင်းမှာပင် ခန်းမဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏၊၊

ဦးလေးကိုး မှာ ထိတ်လန့်သွားရကာ၊ ဒါကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးသွားရသည်၊၊

“ယင်…..ယင်စစ်သူကြီး၊ ညီလေး၊ မင်းက ယင်စစ်သူကြီးလား၊ ဒါ့အပြင် ယင်အရာရှိဌာနက ယင်စစ်သူကြီးလား”

ဦးလေးကိုး ၏ မျက်နှာအမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွား၏၊၊ ထိုအခိုက်အတန့်တွင် သူသည် မည်သည့်အတွက်ကြောင့် မရဏတမန်တော်တစ်ဦးအဖြစ် ယင်ချန်းဌာနသို့ တိုက်ရိုက် ခန့်အပ်ခံခဲ့ရသည်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့၏၊၊

သူ၏ ကောင်းမှုကံမှာပင် အနည်းငယ် မလုံလောက်ခဲ့သည် မှာအမှန်ပင်ဖြစ်သည်၊၊

အမှန်တကယ်တော့ လင်းရန်ယန် က သူ့နောက်ကွယ်တွင် အမြဲတမ်း ပံ့ပိုးပေးနေခဲ့ခြင်း ဖြစ်၏၊၊

“ယင်စစ်သူကြီးလား၊ ငါ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီယင်စစ်သူကြီး ပုံရိပ်က ငါ့ရဲ့ အထောက်အထားထက်စာရင် အများကြီး ပိုပြီး အသုံးဝင်ပါတယ်၊ အခုလောလောဆယ်တော့ ဒါကိုပဲ သုံးထားလိုက်မယ်”

ဦးလေးကိုး ၏ စကားကို ကြားသောအခါ လင်းရန်ယန် က ချက်ချင်းပင် ပြန်ပြောလိုက်သည်၊၊

ဤစကားများကြောင့် ဦးလေးကိုး မှာ စကားပင် မပြောနိုင်လောက်အောင် ဖြစ်သွားရ၏၊၊

သုံးထားလိုက်မယ် ဟုတ်လား၊ ယင်အရာရှိဌာနက ယင်စစ်သူကြီး ရာထူးကို ဒီလောက်အထိ လွယ်လွယ်ကူကူ သုံးလို့ ရတာလား၊ ဒါဆိုရင် လင်းရန်ယန် ၏ ရာထူးမှာ သူ ထင်ထားသည်ထက် အများကြီး ပို၍ မြင့်မားနေသည်ဟု ဆိုလိုခြင်းပင်၊၊

“ညီလေးက ထူးခြားလိမ့်မယ်ဆိုတာ ငါ သိထားပေမဲ့၊ ဒီလောက်အထိ ဖြစ်လိမ့်မယ်လို့တော့ လုံးဝ မထင်ထားခဲ့ဘူး”

ဦးလေးကိုး ၏ စိတ်ထဲတွင် ခံစားချက်များစွာဖြင့် ပြည့်နှက်သွားတော့သည်၊၊

“ဝုန်း ”

သို့သော်လည်း အတိအကျ ထိုအချိန်မှာပင် ဟင်းလင်းပြင် တုန်ခါသွားမှုနှင့်အတူ၊ ယင်အရာရှိဌာနမှ ပဉ္စမတန်းစား ယင်အရာရှိတစ်ဦးမှာ တုန်ရီနေသော မရဏတမန်တော် လေးဦးနှင့်အတူ ခန်းမဆောင်အတွင်းသို့ ပေါ်ပေါက်လာ၏၊၊

“လက်အောက်ငယ်သားက အရှင် ယင်စစ်သူကြီး ကို ဂါရဝပြုပါတယ်၊ အရှင် အလိုရှိတဲ့ သူတွေကို ကျွန်တော် ခေါ်ဆောင်လာခဲ့ပါပြီ”

ပဉ္စမတန်းစား မရဏအရာရှိမှာ လင်းရန်ယန် ကို ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်သည်၊၊

ဤယင်စစ်သူကြီးမှာ ယင်အရာရှိဌာနသို့ မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု သူ ဇဝေဇဝါ ဖြစ်နေသော်လည်း၊ တစ်ဖက်လူ၏ ယင်စစ်သူကြီး ပုံရိပ်မှာ စစ်မှန်နေသဖြင့် သူ မမေးရဲပေ၊၊

၎င်းမှာ အခြားဌာနများမှ ရုတ်တရက် ရောက်ရှိလာသူ ဖြစ်နိုင်သည်ဟု သူ ခန့်မှန်းလိုက်၏၊၊

ထိုသို့ ပြောပြီးနောက် သူသည် အလျင်အမြန်ပင် ပြန်လည် ဆုတ်ခွာသွားတော့သည်၊၊

“ဝိညာဉ်ကူးတို့ဌာနမှ အရှင်မင်းကြီး၊ အရှင် ယင်စစ်သူကြီး ကို ဂါရဝပြုပါတယ်”

“လက်အောက်ငယ်သားက အရှင် ယင်စစ်သူကြီး ကို ဦးညွှတ်ပါတယ်”

မရဏအရာရှိ လေးဦးမှာ ကြောက်လန့်တုန်ရီလျက် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်လိုက်ကြကာ၊ ခေါင်းပင် မဖော်ရဲကြချေ၊၊

သဘာဝကျကျပင် ဘေး၌ ရပ်နေသော ဦးလေးကိုး ကိုပင် သူတို့ မမြင်လိုက်ကြပေ၊၊

သူတို့ ထိတ်လန့်သွားကြ၏၊၊ သူတို့သည် လင်ဖုန်းကျောင်း ကို တိုင်တောရန်သာ လာခဲ့ကြခြင်းဖြစ်ရာ၊ အဘယ်ကြောင့် ယင်စစ်သူကြီးက သူတို့ကို လက်ခံတွေ့ဆုံရသနည်း၊၊

“မင်းတို့ ယင်အရာရှိဌာနမှာ ဘယ်သူ့ကို တိုင်တောချင်လို့လဲ”

လင်းရန်ယန် ကလည်း ဖြည်းဖြည်းချင်း စတင် စကားပြောလိုက်၏၊၊

“ကျွန်တော်၊ ကျွန်တော်၊ ကျွန်တော်”

သူ၏ စကားကို ကြားသောအခါ လျိုစန်း မှာ အလွန်အမင်း ကြောက်လန့်သွားရသဖြင့် စကားပင် မပြောနိုင်လောက်အောင် ထစ်အငေါ့ ဖြစ်နေတော့၏၊၊

“ရှင်းပြစမ်း”

စိတ်မကောင်းစရာကောင်းသည်မှာ၊ နောက်တစ်ခဏ၌ ကျယ်လောင်သော အသံတစ်ခုမှာ သူ၏ စိတ်ထဲ၌ မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသွားကာ၊ သူ့ကို ထုံထိုင်းနေရာမှ ချက်ချင်း နိုးကြားသွားစေသည်၊၊

“အနိမ့်စား ကျွန်တော်မျိုးက၊ လူ့လောကမှ မရဏအရာရှိ လင်ဖုန်းကျောင်း ကို တိုင်တောလိုပါတယ်၊ သူဟာ ယင်ချန်းဌာနရဲ့ အရာရှိတစ်ဦး ဖြစ်နေတာကို အခွင့်ကောင်းယူပြီး အနိမ့်စား မရဏတမန်တော်တွေဖြစ်တဲ့ ကျွန်တော်တို့ကို နှိပ်စက်ခဲ့ပါတယ်၊ ပြီးတော့ ကျွန်တော်တို့ မရဏကမ္ဘာကို ခေါ်ဆောင်သွားရမယ့် ဝိညာဉ် ငါးရာကျော်ကိုလည်း သူ့ရဲ့တပည့်တွေကို လွှတ်ခိုင်းခဲ့ပါတယ်၊ ဒါတင်မကသေးပါဘူး၊ သူတို့က ကျွန်တော်တို့ လေးယောက်လုံးအပေါ်မှာ မိစ္ဆာနှိမ်နင်းရေး အင်းစာရွက်တွေကိုလည်း သုံးခဲ့ကြပါသေးတယ်၊ အင်းကွက်လား၊ ဒါက မရဏကမ္ဘာရဲ့ ဥပဒေတွေကို ပြောင်ပြောင်တင်းတင်း မလေးမစား လုပ်လိုက်တာပါပဲ၊ ဒါက ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုပါ အရှင်မင်းကြီး”

လျိုစန်း က နစ်နာသူတစ်ဦးကဲ့သို့ အမူအရာဖြင့် ချက်ချင်းပင် အော်ဟစ်လိုက်၏၊၊

သူ၏ စကားကို ကြားသောအခါ ကျန်ရှိသော မရဏတမန်တော် သုံးဦးမှာလည်း အကြီးအကျယ် မတရားခံရသကဲ့သို့သော မျက်နှာထားများဖြင့် ကြည့်နေကြသည်၊၊

ဦးလေးကိုး မှာ ဤမြင်ကွင်းကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်ချိုးသွားရသည်၊၊ ကောင်းပြီ၊ တစ်ဖက်လူက စကားလုံးများကို ချဲ့ကားပြောဆိုနေသော်လည်း၊ ဖြစ်စဉ်မှာမူ ပိုပိုသာသာ မဟုတ်ပေ၊၊

မိမိမှာ ငြင်းဆန်ရန် အခွင့်အရေးပင် မရှိတော့ချေ၊၊

“တော်သေးတာပေါ့၊ ညီလေး ဒီမှာ ရှိနေလို့သာပဲ၊ ငါ့ရဲ့ ရာထူးကိုတော့ ထိန်းထားနိုင်မှာပါ”

ဦးလေးကိုး က စိတ်သက်သာရာရစွာဖြင့် မသိမသာ ပြုံးလိုက်မိ၏၊၊ ယခုတစ်ကြိမ်တွင်မူ သူသည် အားကိုးရမည့် နောက်ခံအာဏာရှိခြင်း၏ အရသာကို ကောင်းကောင်းကြီး ခံစားလိုက်ရပြီ ဖြစ်သည်၊၊

နှမြောစရာကောင်းသည်မှာ၊ လင်းရန်ယန် ၏ နောက်ထပ် ပြောလိုက်သော စကားများကြောင့် သူ လုံးဝ မှင်တက်သွားရ၏၊၊

“အင်း၊ မင်းတို့ ပြောတာ မှန်တယ်၊ ဒါကြောင့် လင်ဖုန်းကျောင်း ကို မရဏကမ္ဘာရဲ့ ယင်ချန်းဌာနက ဒသမတန်းစား မရဏအရာရှိ ရာထူးကနေ ထုတ်ပယ်လိုက်ဖို့ ငါ ဆုံးဖြတ်လိုက်တယ်”

အခန်း (၁၅၃) ကောက်ကျစ်စဉ်းလဲခြင်း

ဤစကားကို ကြားလိုက်ရသောအခါ လင်းရန်ယန် က ဖြည်းညင်းစွာပင် ပြောလိုက်၏၊၊

“ဟင်”

ဦးလေးကိုး သည် လင်းရန်ယန် ကို မယုံကြည်နိုင်သော မျက်လုံးများဖြင့် စိုက်ကြည့်နေမိ၏၊၊

လင်းရန်ယန် က တကယ်ပဲ မိမိကို ရာထူးကနေ ထုတ်ပယ်လိုက်တာလား၊ ဒါက ဘယ်လိုဖြစ်ရတာလဲ၊၊

ဦးလေးကိုး မှာ လုံးဝကို အူကြောင်ကြောင် ဖြစ်သွားရတော့သည်၊၊

“အရှင်မင်းကြီးရဲ့ ထက်မြက်တဲ့ အမြင်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် ၊ အရှင်မင်းကြီးရဲ့ ထက်မြက်တဲ့ အမြင်အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်”

လင်းရန်ယန် ၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ လျိုစန်း နှင့် အခြားသူများမှာ ဝမ်းသာအားရဖြင့် အော်ဟစ်လိုက်ကြ၏၊၊

“လင်ဖုန်းကျောင်း ရဲ့ ကိစ္စကတော့ ပြီးသွားပြီ၊ အခု မင်းတို့ရဲ့ အလှည့်ရောက်ပြီ”

သို့သော်လည်း အတိအကျ ထိုအချိန်မှာပင် လင်းရန်ယန် က စကားလမ်းကြောင်းကို ပြောင်းလိုက်ပြန်သည်၊၊

သူ၏ စကားကြောင့် လျိုစန်း နှင့် အခြားသူများမှာ မှင်တက်သွားကြရ၏၊၊

သူတို့ကို အရေးယူမယ် ဟုတ်လား၊၊

“မင်းတို့ လေးယောက်ဟာ မရဏကမ္ဘာရဲ့ ဝိညာဉ်တွေကို လူ့လောကထဲ ခေါ်ဆောင်လာတဲ့နေရာမှာ ကိုယ့်တာဝန်ကိုယ် ပျက်ကွက်ခဲ့ကြတယ်၊ လူသားအဆင့်ထက် မပိုတဲ့ တာအိုဆရာ နှစ်ယောက်ရဲ့ ပိတ်ဆို့တာကို ခံလိုက်ရပြီး ဝိညာဉ်တွေကို လွတ်မြောက်အောင် ခွင့်ပြုခဲ့ကြတယ်”

“ဒါက ပထမဆုံး အပြစ်ပဲ၊ ဒီအပြစ်အတွက် ယင်စစ်သူကြီး အနေနဲ့ ငါက မင်းတို့ကို မရဏအရာရှိ ရာထူးကနေ ထုတ်ပယ်လိုက်ပြီး နောင်ဘယ်တော့မှ ပြန်လည် ခန့်အပ်ခြင်း မပြုဖို့ စီရင်ချက်ချလိုက်တယ်”

“ပြီးတော့ မင်းတို့ လေးယောက်ဟာ တခြားသူတွေကို ခြိမ်းခြောက်ပြီး လာဘ်ပေးလာဘ်ယူ လုပ်ခဲ့ကြတယ်၊ ဒါက မရဏကမ္ဘာရဲ့ ဥပဒေတွေကို ပြင်းပြင်းထန်ထန် ချိုးဖောက်လိုက်တာပဲ၊ ဒီနေ့ကစပြီး မင်းတို့ လေးယောက်လုံးကို ငရဲပြည်ရဲ့ သတ္တမမြောက် အလွှာဆီ ပို့ဆောင်ပြီး နှစ်ပေါင်း သုံးရာတိုင်တိုင် ပြစ်ဒဏ်ခတ်စေရမယ်”

လင်းရန်ယန် က တည်ငြိမ်အေးဆေးစွာဖြင့် ဆိုလိုက်၏၊၊

သူ၏ စကားကို ကြားလိုက်ရသောအခါ လျိုစန်း နှင့် အခြား မရဏတမန်တော် လေးယောက်လုံးမှာ မယုံကြည်နိုင်စွာဖြင့် မော့ကြည့်လိုက်ကြသည်၊၊

ရာထူးက အထုတ်ခံရတာက ထားပါဦး၊ ငရဲပြည်ဆီ အပို့ခံရတာကတော့ တခြားကိစ္စ တစ်ခုဖြစ်၏၊၊

ထိုခဏ၌ပင် သူတို့သည် ဦးလေးကိုး ကို လှမ်းမြင်လိုက်ကြသည်၊၊

“လင်ဖုန်းကျောင်း ၊ မင်းပဲ”

“တောက်၊ မင်း တကယ်ပဲ ငါတို့ကို တိုင်တောရဲတယ်ပေါ့”

“ငါတို့က နစ်နာသူတွေပါ၊ မင်းက ဘယ်လိုတောင် ငါတို့ကို တိုင်တောရဲရတာလဲ”

ဤအခိုက်အတန့်တွင် မရဏတမန်တော် အားလုံးသည် ဦးလေးကိုး ကို ဒေါသတကြီး ကျိန်ဆဲတော့၏၊၊

“ဟွန်း၊ ငါက မင်းတို့လို ကောက်ကျစ်စဉ်းလဲတဲ့သူလို့ ထင်နေတာလား ၊ တိတ်တိတ်လေး နောက်ကွယ်ကနေ တိုင်တောရတဲ့ အလုပ်မျိုးကို ငါ လုံးဝ မလုပ်ဘူး”

အခြားသူများ၏ စကားကို ကြားသောအခါ ဦးလေးကိုး က မထီမဲ့မြင် မျက်နှာထားဖြင့် ဆိုလိုက်၏၊၊

သူသည် ဤကဲ့သို့ ရွံရှာဖွယ်ကောင်းသော အလုပ်မျိုးကို တကယ်ပင် မလုပ်နိုင်ပေ၊၊

သူတို့သည် ရှေ့တွင် သူ၏ အခွင့်အရေးများကို ယူခဲ့ကြပြီး နောက်ကွယ်တွင်မူ သူ့ကို ပြန်လည် တိုင်တောခဲ့ကြသည်၊၊ သူတို့က ဤကဲ့သို့ လုပ်ရဲကြသည်မှာ တကယ်ကို မယုံနိုင်စရာပင်၊၊

“တိတ်စမ်း”

ထိုအချိန်တွင် လူတိုင်း၏ နားထဲ၌ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ရုတ်တရက် ဟိန်းထွက်လာ၏၊၊

ထိုကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် မရဏအရာရှိ လေးယောက်၏ ဝိညာဉ်များမှာ ပြိုကွဲမတတ် ဖြစ်သွားရသည်၊၊

“ဘာလဲ၊ မင်းတို့က ယင်စစ်သူကြီးရဲ့ စီရင်ချက်ကို မကျေနပ်ကြဘူးလား”

လင်းရန်ယန် ၏ စူးရှသော အကြည့်မှာ ယင်တမန်တော် လေးယောက်ထံသို့ ကျရောက်သွား၏၊၊

ခဏချင်းမှာပင် သူတို့ လေးယောက်လုံး၏ ဝိညာဉ်များ တုန်ရီသွားကြရသည်၊၊

“မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ မတိုင်ရဲပါဘူး”

“အရှင်မင်းကြီးရဲ့ စီရင်ချက်က တကယ်ကို တရားမျှတပါတယ်၊ ကျွန်တော်တို့က ကြီးလေးတဲ့ အပြစ်တွေကို ကျူးလွန်ခဲ့တာပါ၊ လင်ဖုန်းကျောင်း လည်း ရာထူးက အထုတ်ခံရတာဆိုတော့ ကောင်းပါတယ်”

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ တပည့်တွေရဲ့ မကောင်းမှုကို အလိုလိုက်နေတဲ့ ဒီလိုလူမျိုးကို ရာထူးက ထုတ်ပယ်လိုက်တာ တကယ်ကို ကောင်းပါတယ်”

မရဏအရာရှိ လေးယောက်မှာ သူတို့၏ ပြစ်ဒဏ်ကို ပြောင်းလဲ၍ မရတော့မှန်း သိလိုက်ကြ၏၊၊

ထို့ကြောင့် သူတို့သည် ဦးလေးကိုး ကိုသာ မကျေမနပ်ဖြစ်လျက် တစ်ဖက်လူ ဒုက္ခရောက်သည်ကို ဝမ်းသာအားရ ကြည့်နေကြတော့သည်၊၊

အဆုံးစွန်၌ သူတို့သည် မိမိတို့၏ ရာထူးမှာ မမြဲမှန်း သိထားကြပြီးသား ဖြစ်သည်၊ သူတို့၏ စရိုက်နှင့်ဆိုလျှင် မကြာမီ ရာထူးက အထုတ်ခံရမည်မှာ သေချာလှ၏၊၊

ထို့ကြောင့်လည်း ဦးလေးကိုး ထံမှ အကျိုးအမြတ်များစွာကို ရဲရဲတင်းတင်း တောင်းခံရဲကြခြင်း ဖြစ်သည်၊၊

သို့သော် ဦးလေးကိုး ကမူ မတူပေ၊၊ ကြီးမားသော အလားအလာရှိသည့် လူသားအရာရှိတစ်ဦးမှာ သူတို့ကဲ့သို့ပင် ရာထူးမှ အထုတ်ခံလိုက်ရသည်မှာ သူတို့အတွက်တော့ အကြီးမားဆုံး အောင်ပွဲပင် ဖြစ်၏၊၊

သူတို့ ကြည့်နေသည့် ပုံစံကို မြင်ရသောအခါ ဦးလေးကိုး ၏ နှုတ်ခမ်းများ တွန့်ချိုးသွားရသည်၊၊ `ဤလူများမှာ သူ့အပေါ် နာကျည်းချက်ကြီးမားနေသည့်ပုံစံမျိုး ပြုမူနေကြ၏၊၊

ဒါပေမဲ့ တကယ်တမ်းကျတော့ ငါက သူတို့ရဲ့ ပြဿနာတွေကို အမြဲတမ်း လိုက်ရှင်းပေးနေရတာပါ၊၊

ငါက ကံအဆိုးဆုံးလူပဲ၊၊

မှန်ပေသည်၊ လင်းရန်ယန် က သူ့ကို ရာထူးက ထုတ်လိုက်သည်ဟု ဆိုသော်လည်း သူ လက်ခံလိုက်သည်၊ အဆုံးစွန်၌ ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ သူ၏ တပည့်များ ဖြစ်နေကြသည် မဟုတ်ပါလား၊၊

ငါ့ရဲ့ ကံကြမ္မာကမှ ဆိုးရွားလွန်းနေတာပဲ၊၊´

“ပြစ်ဒဏ်ခတ်တာ ပြီးသွားပြီဆိုတော့၊ ဆုချရမယ့် အချိန်ရောက်ပြီ”

“လင်ဖုန်းကျောင်း”

သို့သော်လည်း အတိအကျ ထိုအချိန်မှာပင် လင်းရန်ယန် က ထပ်မံ ဆိုလိုက်ပြန်၏၊၊

“တပည့် ရှိနေပါတယ်”

ဦးလေးကိုး သည် ဗီဇအရ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်မိသည်၊၊

“မင်းဟာ လူ့လောကမှာ မိစ္ဆာတွေနဲ့ မကောင်းဆိုးဝါးတွေကို နှိမ်နင်းခဲ့တယ်၊ လူပေါင်း တစ်သိန်းကို သတ်ဖြတ်ခဲ့တဲ့ မြင်းစီးဓားပြဂိုဏ်းကိုလည်း ချေမှုန်းခဲ့တယ်၊ ပြီးတော့ ဝိညာဉ်ဆိုး ရာပေါင်းများစွာကိုလည်း သုတ်သင်ခဲ့တယ် ၊ သူ့မှာ အကျိုးပြုမှုတွေ အများကြီး ရှိခဲ့တယ်၊ မရဏကမ္ဘာရဲ့ ဥပဒေတွေအရ၊ ဒီနေ့ကစပြီး မင်းကို ရင်းချန်းဌာနရဲ့ အရာရှိ၊ အဋ္ဌမတန်းစား မရဏတမန်တော်အဖြစ် ခန့်အပ်လိုက်တယ်”

လင်းရန်ယန် သည် ဦးလေးကိုး ကို ကြည့်ကာ ဖြည်းညင်းစွာ ဆိုလိုက်၏၊၊

“ဝုန်း”

သူ၏ စကားလုံးများမှာ မိုးခြိမ်းသံကဲ့သို့ပင် မရဏတမန်တော် လေးယောက်နှင့် ဦးလေးကိုး ၏ စိတ်ထဲတွင် ပေါက်ကွဲသွားတော့သည်၊၊

“အဋ္ဌမတန်းစား မရဏအရာရှိ၊ လင်ဖုန်းကျောင်း ကို အဋ္ဌမတန်းစား မရဏအရာရှိအဖြစ် ခန့်အပ်တယ် ဟုတ်လား”

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒါက စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတာပဲ”

“အရှင်မင်းကြီး၊ အရှင်မင်းကြီး တစ်ခုခု မှားနေပြီလား၊ သူက ဘယ်လိုလုပ် အဋ္ဌမတန်းစား မရဏအရာရှိ ဖြစ်လာလောက်တဲ့အထိ ကြီးမားတဲ့ ကံတရားတွေ ရှိနိုင်မှာလဲ”

ဤအခိုက်အတန့်တွင် လျိုစန်း နှင့် အခြားသူများမှာ မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်၊၊

“ဟွန်း၊ ငါ့ရဲ့ လုပ်ဆောင်ချက်တွေကို မင်းတို့လို အပြစ်သားတွေဆီမှာ ရှင်းပြနေဖို့ လိုလို့လား၊ ငရဲပြည်ကို သွားပြီးတော့ မင်းတို့ရဲ့ အပြုအမူတွေကို ပြန်ဆင်ခြင်ကြစမ်း”

နှမြောစရာကောင်းသည်မှာ လင်းရန်ယန် က မမည်သည့် ရှင်းပြချက်မျှ မပေးသည့်အပြင်၊ ဟင်းလင်းပြင်ကို တိုက်ရိုက် တိုက်ခိုက်လိုက်ခြင်းပင် ဖြစ်၏၊၊

“ဝုန်း”

နောက်တစ်ခဏ၌ ခန်းမဆောင်ကြီး၏ ကြမ်းပြင်တွင် ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ပေါ်ပေါက်လာကာ၊ အက်ကွဲကြောင်းထဲမှ အဆုံးမရှိသော မီးတောက်များ ထွက်ပေါ်လာပြီး လျိုစန်း နှင့် အခြားသူများကို ဝါးမြိုသွားတော့သည်၊၊

“အရှင်မင်းကြီး၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

“ခွင့်လွှတ်ပေးပါ အရှင်မင်းကြီး”

ကြောက်လန့်တကြား အော်ဟစ်သံများကြား၌ပင် မြေပြင်မှာ ဖြည်းညင်းစွာ ပြန်လည် ပိတ်သွားတော့၏၊၊

ဦးလေးကိုး မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားရသည်၊၊

“ဒါက အရမ်း ရက်စက်လွန်းတာပဲ၊ သူတို့က ငရဲပြည်ကို တိုက်ရိုက် သုံးလိုက်တာပဲ”

ဤအခိုက်အတန့်တွင် ဦးလေးကိုး မှာ အားကိုးရမည့် နောက်ခံရှိခြင်းနှင့် မရှိခြင်း၏ ကွာခြားချက်ကို နောက်ဆုံးတွင် သဘောပေါက်သွားတော့၏၊၊

လင်းရန်ယန် ၏ စီရင်ချက်အားလုံးမှာ မရဏကမ္ဘာ၏ ဥပဒေများနှင့်အညီ ဖြစ်သော်လည်း၊ မည်သည့် ဘက်လိုက်မှုမျှ မပါဝင်ပေ၊၊

သို့သော်လည်း တူညီသော ဥပဒေအောက်၌ပင် အမြင့်ဆုံးပြစ်ဒဏ်နှင့် အခြေခံအကျဆုံးပြစ်ဒဏ်ကြားရှိ ကွာခြားချက်မှာ အလွန်ပင် ကြီးမားလှ၏၊၊

ဦးလေးကိုး နှင့် မရဏတမန်တော် လေးယောက်၏ ကိစ္စကိုသာ ဥပမာထားကြည့်ပါ၊ အကယ်၍ အခြားသူတစ်ဦးသာ ကိုင်တွယ်ခဲ့ပါက အများဆုံးအားဖြင့် နှစ်ဦးလုံးကို ရာထူးမှ ထုတ်ပယ်လိုက်မည် ဖြစ်သည်၊၊

ပိုဆိုးသည်မှာ အခြားတစ်ဖက်မှာ ရာထူးမှ မထွက်ရဘဲ ဦးလေးကိုး သာ ထွက်လိုက်ရခြင်းမျိုးပင် ဖြစ်၏၊၊

ယခုမူ မိမိမှာ ရာထူးမှ အထုတ်မခံရသည့်အပြင် ရာထူးပင် တိုးသွားခဲ့ပြီ ဖြစ်သည်၊၊

“ဝုန်း”

မရဏတမန်တော် လေးယောက်ကို လင်းရန်ယန် က ငရဲပြည်သို့ ပို့ဆောင်လိုက်ပြီးနောက်၊ လင်းရန်ယန် သည် သူ၏ ဓမ္မပုံရိပ်ကိုလည်း ဖယ်ရှားလိုက်၏၊၊

“ညီလေး၊ ငါ့ကို အခုလို ကူညီပေးတဲ့အတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်”

ဦးလေးကိုး က လင်းရန်ယန် ကို အမြန်ပင် ကျေးဇူးတင်စကား ဆိုလိုက်သည်၊၊

ဤအခိုက်အတန့်တွင် သူ၏ရှေ့ရှိ လင်းရန်ယန် ကို ကြည့်ရင်း၊ သူ့ကို ညီလေး ဟု ခေါ်ရမည်လား သို့မဟုတ် ယင်စစ်သူကြီး မင်းကြီး ဟု ခေါ်ရမည်လား ဝေခွဲမရ ဖြစ်နေမိ၏၊၊

“ဘာမှမဟုတ်ပါဘူး၊ ဒါက ကိစ္စသေးသေးလေးပါ”

လင်းရန်ယန် က လက်ဝှေ့ယမ်းပြကာ အသာအယာ ပြုံးလိုက်သည်၊၊

မှန်ပေသည်၊ သူ၏ လက်ထဲတွင်မူ ၎င်းမှာ ကိစ္စသေးသေးလေးမျှသာ ဖြစ်၏၊၊

သာမန် မရဏစစ်သူကြီးတစ်ဦးပင်လျှင် မရဏဥပဒေ၏ ပြစ်ဒဏ်များကို ဤမျှအထိ ပြောင်းလဲနိုင်သည်ဆိုလျှင်၊ မရဏကမ္ဘာ၏ အရှင်သခင်ဖြစ်သော သူအတွက်မူ ပြောနေစရာပင် မလိုတော့ပေ၊၊

“ဒါနဲ့၊ ငါ့ရဲ့ မရဏတမန်တော် ရာထူးကော၊ ဆက်ပြီး ထိန်းထားလို့ ရသေးတယ် မဟုတ်လား”

ဦးလေးကိုး က လင်းရန်ယန် ကို အနည်းငယ် အနေခက်ဟန်ဖြင့် လှမ်းကြည့်လိုက်၏၊၊

“ထိန်းထားတာ မထိန်းထားတာ ဘာဆိုင်လို့လဲ၊ ကျွန်တော် အခုနက ပြောပြီးသား မဟုတ်လား၊ အစ်ကို့ရဲ့ မူလရာထူးကို ရုပ်သိမ်းလိုက်ပြီ၊ အခု အစ်ကိုက ရင်းချန်းဌာနရဲ့ အဋ္ဌမတန်းစား မရဏတမန်တော် ဖြစ်သွားပြီ ၊ ဆက်ပြီး ကြိုးစားပါဦး၊ ကျွန်တော် အစ်ကို့ကို ယုံကြည်ပါတယ်”

လင်းရန်ယန် က အသာအယာ ပြုံးလိုက်ပြီးနောက်၊ အဋ္ဌမတန်းစား မရဏတမန်တော် တံဆိပ်ပြားတစ်ခုကို ထုတ်ယူကာ ဦးလေးကိုး ထံသို့ ပစ်ပေးလိုက်၏၊၊

ဦးလေးကိုး သည် ထိုတံဆိပ်ပြားကို လက်ခံရရှိလိုက်သောအခါ မှင်တက်သွားရသည်၊၊

“ညီလေး၊ မင်း တကယ်ပဲ ပြောနေတာလား”

ဦးလေးကိုး က မယုံကြည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေမိ၏၊၊

“အဓိပ္ပာယ်မရှိတာ၊ ငါက အတုလုပ်နေတယ်လို့ ထင်လို့လား၊ သွားကြစို့၊ ငါ ပြန်ပြီး အိပ်ချင်နေပြီ”

လင်းရန်ယန် က မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက်၊ လက်ကို ဝှေ့ယမ်းကာ ဦးလေးကိုး ကို မရဏကမ္ဘာမှ ခေါ်ဆောင်သွားတော့သည်၊၊

နောက်တစ်နေ့ မနက်စောစောတွင်မူ……

ဦးလေးကိုး သည် မရဏငွေစက္ကူပုံကြီးကို ယူကာ စတင် မီးရှို့တော့၏၊၊

မှန်ပေသည်၊ ယခုတစ်ကြိမ်တွင်မူ ထိုမရဏတမန်တော် လေးယောက်အတွက် မီးရှို့ပေးနေခြင်း မဟုတ်ပေ၊၊

ယင်းအစား မရဏကမ္ဘာရှိ ဘိုးဘွားဆရာသခင်များအတွက် မီးရှို့ပေးနေခြင်း ဖြစ်သည်၊၊

အခန်း (၁၅၄) ဖုံးကွယ်ထားသော သူဌေးကြီးလား

အဆုံး၌မူ…… အငယ်တစ်ဦးအနေဖြင့် ဤဘေးဒုက္ခမှတစ်ဆင့် ကံကောင်းမှုများ ရရှိခဲ့သည်ဖြစ်ရာ၊ ဘိုးဘွားဆရာသခင်များထံ ကျေးဇူးသိတတ်မှုကို သဘာဝကျကျပင် ပြသရမည်၊၊

လင်းရန်ယန် အတွက်မူ၊ နောက်ပြောင်နေခြင်းသာ ဖြစ်၏၊၊ သူသည် မရဏကမ္ဘာတွင် အနည်းဆုံး ယင်စစ်သူကြီး တစ်ဦး ဖြစ်၍ မိမိ၏ မပြောပလောက်သော ငွေကြေးလေးများကို သူမက အဘယ်မှာလျှင် မက်မောမည်နည်း၊၊

“ဝါး၊ ဆရာ၊ ဘယ်လို ချမ်းသာတဲ့သူက ဒီလောက်များတဲ့ မရဏငွေစက္ကူတွေကို ရှို့နေတာလဲ”

ချိုးရှန်း သည် အိပ်ရာမှနိုးလာကာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာဖြင့် ရေရွတ်လိုက်၏။

“ဟွန်း၊ ဘယ်လို ငတုံးလဲ ဟုတ်လား၊ အဲ့ဒီငတုံးက မင်းတို့ရဲ့ဆရာ ငါပဲကွ”

ဦးလေးကိုး က ထိုကောင်လေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်၊၊

“မဟုတ်ဘူးလေ ဆရာ၊ ဆရာက ပိုက်ဆံတွေကို ဒီအတိုင်း မီးရှို့ပစ်နေတာလား”

ချိုးရှန်း မှာ မှင်တက်သွားရကာ၊ ဦးလေးကိုး ကို နှမြောတသသော မျက်နှာထားဖြင့် ကြည့်နေမိ၏၊၊

“အဓိပ္ပာယ်မရှိတာ၊ ငါက မသိဘဲ လုပ်နေတယ်လို့ ထင်လို့လား၊ မင်းတို့ဆရာဆီမှာ သတင်းကောင်း ရှိတယ်ကွ၊ ဒါကြောင့် မင်းတို့ရဲ့ ဘိုးဘွားဆရာသခင်တွေအတွက် မရဏငွေစက္ကူတွေ မီးရှို့ပေးနေတာ၊ လာပြီး ကူကြစမ်း၊ ကျန်နေတဲ့ ငွေစက္ကူတွေ အကုန်ယူလာပြီး အကုန်ရှို့ပစ်လိုက်၊ ငါ ခဏနေရင် ခရိုင်မြို့ထဲကို သွားရမယ်၊ အဲ့ဒီမှာ စီးပွားရေး အခွင့်အလမ်းကြီးတစ်ခု ရှိတယ်”

ဦးလေးကိုး က ဂုဏ်ယူဝင့်ကြွစွာ ပြုံးလိုက်ပြီးနောက်၊ အိပ်ရာမှ ထလာရုံသာ ရှိသေးသော ချိုးရှန်း နှင့် ဝိန်ချိုက် တို့ကို ညွှန်ကြားလိုက်၏၊၊

“ဆရာ၊ ဘယ်လို စီးပွားရေး အခွင့်အလမ်းကြီးလဲဟင်”

ဝိန်ချိုက် ၏ မျက်လုံးများမှာ တောက်ပသွားတော့၏၊၊

“ခရိုင်မြို့ထဲက အကြီးဆုံး အနောက်တိုင်း စားသောက်ဆိုင်ပိုင်ရှင်က ငါတို့ကို ဖုန်းရွှေ ကြည့်ပေးဖို့ ဖိတ်ထားတယ်၊ ဒါက အလုပ်ကြီးတစ်ခု မဟုတ်ဘူးလား”

ဦးလေးကိုး က အသာအယာ ပြုံးလိုက်သည်၊၊

“ဝါး၊ ဒါက တကယ့်ကို အလုပ်ကြီးပဲ၊ ကျွန်တော်တို့ သူ့ဆီကနေ အများကြီး တောင်းရမယ်”

ဒါကို ကြားလိုက်ရသောအခါ ချိုးရှန်း ၏ မျက်လုံးများမှာ တောက်ပသွား၏၊၊

ဒါက သူတို့ ဒီကို ရောက်လာကတည်းက ပထမဆုံး ရရှိသည့် အလုပ်ကြီး ဖြစ်သည်၊၊

အဆုံး၌မူ ကျို့ချွမ်း မြို့မှာ ဦးလေးကိုး ငယ်ဘဝကနေ ဆယ့်သုံး၊ ဆယ့်လေးနှစ် အရွယ်အထိ ကြီးပြင်းခဲ့သည့် မြို့ဖြစ်သော်လည်း၊ ဆယ်စုနှစ်များစွာ ကြာမြင့်သွားခဲ့ပြီဖြစ်ရာ သူ သိသူကျွမ်းသူ တစ်ယောက်မျှ မရှိတော့ပေ၊၊

သူတို့ ပထမဆုံး ပြန်ရောက်ခါစတွင် အလုပ်များများစားစား မရှိခဲ့ကြချေ၊၊

ဘာပဲဖြစ်ဖြစ်၊ သူတို့၏ နာမည်မှာ ရန်ကျား မြို့မှာကဲ့သို့ လူသိမများသေးချေ၊၊

“တောင်းရမယ် ဆိုတာက ဘာသဘောလဲ၊ အလွန်ဆုံးရှိလှရင် အပိုလေး နည်းနည်းပါးပါး တောင်းရုံပါပဲ၊ ဘာပဲဖြစ်ဖြစ် အခု ငါတို့ဆီမှာ ငွေပြတ်နေတာပဲလေ ၊ ကဲ၊ ထမင်းဟင်းတွေ ကျက်ပြီဆိုရင်၊ မြို့ထဲမှာ အနောက်တိုင်းစာ သွားစားဖို့ မင်းတို့ ဦးလေးလေးကို သွားခေါ်ချေဦး”

ဦးလေးကိုး က ထိုကလေးကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီးနောက် အသာအယာ ပြုံးလိုက်၏၊၊

“ဟုတ်ကဲ့၊ ဟုတ်ကဲ့”

“ချိုးရှန်း ၊ မြန်မြန်လုပ်၊ ငါတို့ အနောက်တိုင်းစာ သွားစားရတော့မယ်”

အနောက်တိုင်းစာ ဟု ဆိုလိုက်သည်နှင့် ဝိန်ချိုက် နှင့် ချိုးရှန်း တို့၏ မျက်လုံးများမှာ တောက်ပသွားကြ၏၊၊ သူတို့သည် မရဏငွေစက္ကူများကို မီးထဲသို့ ပစ်ထည့်လိုက်ပြီး လင်းရန်ယန် ကို သွားခေါ်ရန် အပြေးအလွှား ထွက်သွားကြတော့သည်၊၊

နာရီဝက်ခန့် ကြာပြီးနောက်၊ ဦးလေးကိုး နှင့် လင်းရန်ယန် တို့သည် ခရိုင်မြို့သို့ ရောက်ရှိလာကြ၏၊၊

ကျို့ချွမ်း မြို့သည် အလွန်ပင် စည်ကားသော ခရိုင်မြို့လေးတွင် တည်ရှိပြီး၊ လန်ချားများ၊ ကားများနှင့် အစရှိသဖြင့် များပြားလှသည်၊၊

ခရိုင်မြို့ကို မဆိုထားနှင့်၊ ကျို့ချွမ်း မြို့ကလေးပင်လျှင် အတော်အတန် ချမ်းသာလှ၏၊၊ အဆုံး၌မူ ၎င်းမှာ ဝိုင်အရက် ရောင်းချခြင်းကို အထူးပြုသည့် မြို့တစ်မြို့ဖြစ်ပြီး၊ မိုင်ပေါင်း ရာနှင့်ချီသော ပတ်ဝန်းကျင်တွင် အလွန်ပင် ကျော်ကြားလှသည့် ရာစုနှစ်ချီ သက်တမ်းရှိ ဝိုင်ချက်စက်ရုံများ ရှိနေသောကြောင့် ဖြစ်သည်၊၊

အဖွဲ့သားများမှာ မကြာမီမှာပင် အလွန်တရာ ခမ်းနားထည်ဝါသော အနောက်တိုင်း စားသောက်ဆိုင်ကြီး၏ ရှေ့သို့ ရောက်ရှိလာကြ၏၊၊

ထိုစားသောက်ဆိုင်ကြီးကို ကြည့်ရင်း ချိုးရှန်း က မအံ့သြဘဲ မနေနိုင်တော့ချေ၊ “သူတို့က တကယ်ပဲ ချမ်းသာတာပဲ ၊ ဒီတစ်ခါတော့ ငါတို့ သူတို့ကို ကောင်းကောင်းလေး နှိပ်စက်ရတော့မှာပေါ့၊ ဟုတ်တယ်မလား၊ ဒီ သူဌေးကြီး ချန် က တစ်ခရိုင်လုံးမှာ အချမ်းသာဆုံးလူလို့ ပြောကြတယ်၊ ငါတို့ ဒီတစ်ခါတော့ ချမ်းသာပြီဟေ့”

ချိုးရှန်း က လောဘတကြီး မျက်နှာပေးဖြင့် ဆိုလိုက်သည်၊၊

“အဲ့ဒါက အလုပ်က ဘယ်လောက်အထိ ရှုပ်ထွေးသလဲဆိုတဲ့အပေါ်မှာ မူတည်တာပေါ့၊ မရှုပ်ထွေးတဲ့ အလုပ်အတွက် လူတွေကို အများကြီး တောင်းလို့ မရဘူး မဟုတ်လား၊ ကဲ၊ အထဲဝင်ပြီး ကြည့်ကြတာပေါ့”

ဒါကို ကြားလိုက်ရသောအခါ လင်းရန်ယန် က ထိုကလေးမှာ ငွေနောက်ကိုသာ လိုက်နေသည်ကို သိသဖြင့် မျက်စောင်းထိုးလိုက်။၊၊ ဦးလေးကိုး ၏ အဖိုးအခမှာ အတော်အတန် မြင့်မားသော်လည်း ၎င်းမှာ အခြေအနေပေါ်တွင် မူတည်သည်၊၊

သာမန် ဖုန်းရွှေ ကိစ္စအတွက် ငွေဒင်္ဂါး လေးဆယ်၊ ငါးဆယ်ထက် ပိုတောင်းခြင်းမှာ အလွန်စျေးကြီးသည်ဟု သတ်မှတ်နိုင်၏၊၊

“ကောင်းပြီ၊ အထဲဝင်ပြီး ကြည့်ကြတာပေါ့”

ဦးလေးကိုး က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက် အထဲသို့ လှမ်းဝင်လိုက်သည်၊၊

သို့သော်လည်း အဖွဲ့သားများ အထဲသို့ ဝင်ဝင်ချင်းမှာပင်၊ ရင်ဟိုက်ဟိုက် အနီရောင် ဂါဝန်ဝတ်ထားသည့် ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ဦးမှာ အနားသို့ လျှောက်လာ၏၊၊

“မင်္ဂလာပါ၊ ကျွန်မတို့ရဲ့ အနောက်တိုင်း စားသောက်ဆိုင်က အဆင့်မြင့် စားသောက်ဆိုင် ဖြစ်ပါတယ်၊ ကြိုတင် စာရင်းမပေးထားဘဲ ဝင်ခွင့်မပြုပါဘူး”

ထိုမိန်းကလေးမှာ ဦးလေးကိုး နှင့် အခြားသူများကို မထီမဲ့မြင် အမူအရာဖြင့် ကြည့်လိုက်သည်၊၊

အဝတ်အစား အတော်အတန် ကောင်းမွန်သော လင်းရန်ယန် မှလွဲ၍ ကျန်သူများမှာ ဤကဲ့သို့သော စားသောက်ဆိုင်မျိုးတွင် လာရောက်စားသောက်နိုင်မည့်သူများဟု မထင်ရပေ၊၊

“ဝါး၊ တကယ့်ကို ကြီးမားတာပဲ”

“ဝါး၊ အသားကလည်း တကယ် ဖြူဝင်းနေတာပဲ”

မှန်ပေသည်၊ ဤအချိန်တွင် ဝိန်ချိုက် နှင့် ချိုးရှန်း တို့၏ မျက်လုံးများမှာ မကြည့်သင့်သည့် နေရာကို ကြည့်နေကြ၏၊၊

ဒါက ထိုမိန်းကလေးကို ပို၍ ရွံရှာသွားစေကာ၊ သူမ၏ ရင်ဘတ်ကို စားသောက်ဖွယ်ရာ စာရင်းဖြင့် အမြန်ဖုံးလိုက်သည်၊၊

“မိန်းကလေး၊ ကျွန်တော်တို့ကို ချန်လူကြီးမင်း က ဖိတ်ထားတာပါ”

ဦးလေးကိုး သည် ထိုလူနှစ်ယောက်၏ အရှက်မရှိသော ပုံစံကို မြင်သောအခါ သူတို့ကို ခေါ်လာမိသည်ကို နောင်တရသွား၏၊၊

“ကျွန်မ အဖေကလား”

ဒါကို ကြားလိုက်ရသောအခါ မိန်းကလေးမှာ မျက်မှောင်ကြုတ်သွားသည်၊၊ သူမ၏ လောဘကြီးလှသော အဖေက ဤကဲ့သို့သော တောသားတစ်စုကို ဖိတ်ခေါ်လိမ့်မည်ဟု ယုံကြည်ရန် ခက်ခဲနေသည့်ပုံပင်၊၊

“အို၊ ဦးလေးကိုး၊ ဦးလေးကိုး ဖြစ်ရမယ်”

“ကြွပါ၊ ကြွပါ၊ အထဲကို ကြွပါဦး၊ မာရီ၊ နင်က ဘာလို့ ဒီလူကြီးမင်းတွေကို သေချာ ဧည့်မခံတာလဲ၊ သူတို့က ငါ့ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော်တွေဆိုတာ မသိဘူးလား”

ထိုအချိန်တွင် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦးမှာ ပြေးထွက်လာကာ၊ ဦးလေးကိုး နှင့် သူ၏ အပေါင်းအပါများကို ပြုံးရွှင်စွာ ဆီးကြိုလိုက်၏၊၊

တစ်ချိန်တည်းမှာပင် သူသည် ဘေး၌ ရပ်နေသော မာရီ ကို စတင် အပြစ်တင်တော့သည်၊၊

မာရီ မှာ ဤလူများက ဂုဏ်သရေရှိ ဧည့်သည်များ ဖြစ်နေသည်ကို ကြားရသဖြင့် စကားမပြောနိုင်လောက်အောင် ဖြစ်သွားရ၏၊၊ သူမ၏ အဖေက တကယ်ပဲ ပြောင်းလဲသွားတာလား၊ ဒါမှမဟုတ် ဒီလူတွေက ပုန်းကွယ်နေတဲ့ သူဌေးကြီးတွေလား ဆိုတာကိုတော့သူမ မသိပေ။

“အားနာပါတယ် ဦးလေးကိုး၊ ဒါက ကျွန်တော့်သမီး မာရီ ပါ၊ သူမက ပြည်နယ်မြို့တော်ကနေ ခုလေးတင် ပြန်ရောက်တာ၊ အနည်းငယ် မောက်မာပေမဲ့ အရည်အချင်းတော့ ရှိပါတယ်၊ သူမ ရှိနေလို့သာ ကျွန်တော့်ရဲ့ စားသောက်ဆိုင်မှာ လုပ်အားခတွေ အများကြီး သက်သာသွားတာ”

ချန်လူကြီးမင်း က ကပ်စေးနှဲသော အဖိုးကြီးတစ်ဦးကဲ့သို့ ပြုံးလျက် ဆိုလို၏၊၊

ဤသို့ ဖြစ်လာသည်ကို မြင်ရသောအခါ ဦးလေးကိုး အနေဖြင့် ယခုတစ်ကြိမ် သူ၏ အဖိုးအခမှာ သိပ်ပြီး မြင့်မားလိမ့်မည်မဟုတ်ကြောင်း သိလိုက်သည်၊၊

မိမိသမီး၏ လုပ်အားခကိုပင် တွန့်တိုနေသူတစ်ဦးက မိမိကဲ့သို့ ပြင်ပလူတစ်ဦးအတွက် ငွေအများကြီး သုံးပါ့ဦးမည် မဟုတ်ချေ၊၊

“ချန်လူကြီးမင်း ကလည်း နောက်နေပြန်ပြီ၊ မာရီ လေးက တကယ်ကို လိမ်မာပါတယ်”

ဦးလေးကိုး က ပြုံးလျက် သူဌေးကြီး ချန် ကို လက်အုပ်ချီ နှုတ်ဆက်လိုက်၏၊၊

“ဟားဟား၊ ကောင်းတာပေါ့၊ ကောင်းတာပေါ့၊ ကြွပါ၊ အထဲဝင်ပြီး အသေးစိတ် ဆွေးနွေးကြတာပေါ့”

သူဌေးကြီး ချန် က ဦးလေးကိုး နှင့် လင်းရန်ယန် တို့ကို သီးသန့်ခန်းတစ်ခုသို့ အမြန်ပင် ဖိတ်ခေါ်လိုက်သည်၊၊

ထို့နောက်တွင်မူ ချန်လူကြီးမင်း က စတင် ညည်းတွားတော့၏၊၊

“ဆရာရန် တို့ ပြောပြတာကို ကျွန်တော် ကြားဖူးပါတယ်၊ အမှန်အတိုင်း ပြောရရင် အရင်က ကျွန်တော် ဖုန်းရွှေ ကို လုံးဝ မယုံကြည်ခဲ့ဘူး၊ ဒါပေမဲ့ ဒီအနောက်တိုင်း စားသောက်ဆိုင်ကို ဖွင့်ကတည်းက စီးပွားရေးက လုံးဝ မကောင်းတော့ဘူး၊ အရင် စားသောက်ဆိုင်က ဖောက်သည်ဟောင်းတချို့တောင် လုံးဝ မလာကြတော့ဘူး၊ ဒါက ထူးဆန်းမနေဘူးလား၊ ဒါကြောင့် ဦးလေးကိုး က ကျို့ချွမ်း မြို့ကို ရောက်နေတယ်လို့ ကြားတာနဲ့၊ ဖုန်းရွှေ မှာ တစ်ခုခု ပြဿနာရှိနေသလားဆိုတာကို ကြည့်ပေးဖို့ လူလွှတ်ပြီး ဖိတ်ခေါ်လိုက်ရတာပါ”

သူဌေးကြီး ချန် က ဦးလေးကိုး ကို အမြန်ပင် ပြောပြလိုက်၏၊၊

“အော်၊ ဒါဆိုရင် သူဌေးကြီး ချန် ပြောပုံအရ ဖုန်းရွှေ မှာ တကယ်ပဲ ပြဿနာ ရှိနေပုံရတယ်”

ဦးလေးကိုး က ဒါကို ကြားလိုက်ရသောအခါ နားလည်သွားသည့်ဟန်ဖြင့် ကြည့်လိုက်သည်၊၊

မှန်ပေသည်၊ သူ စိတ်ထဲတွင်မူ စိတ်ပျက်လက်ပျက် ဖြစ်သွားရ၏၊၊

အရင်က ရိုးရိုးစားသောက်ဆိုင် ဖွင့်တာလေ၊ အခုတော့ အနောက်တိုင်း စားသောက်ဆိုင်အဖြစ် ပြောင်းလိုက်ပြီဆိုတော့ လူတွေ မလာတော့တာ သဘာဝပဲ ဖြစ်၏၊၊

ဒီလောက် မောက်မာတဲ့ သမီးမျိုး ရှိနေတာနဲ့တင် ဘယ်သူက ဒုတိယအကြိမ် ပြန်လာချင်မည် မဟုတ်ချေ။

သို့သော်လည်း သူတို့၏ အလုပ်သဘာဝအရ လူနှင့်တွေ့လျှင် လူစကား ပြောရမည်ဖြစ်ပြီး၊ သရဲနှင့်တွေ့လျှင် သရဲစကား ပြောရမည်၊၊

“တစ်ခုခု မှားနေတယ်ဆိုတာ ကျွန်တော် သိတာပေါ့၊ မာရီ၊ မြန်မြန်လုပ်၊ ဦးလေးကိုး တို့ကို စားချင်တာ မှာဖို့ ပြောလိုက်စမ်း”

ရယ်မောပြီးနောက် ချန်လူကြီးမင်းက သူ၏ သမီးကို လေးလေးနက်နက် ပြောလိုက်၏၊၊

အနားတွင် ရပ်နေသော မာရီ မှာ ဦးလေးကိုး ၏ နားမလည်နိုင်သော မှတ်ချက်များကို ကြားရသဖြင့် သဘောမကျ ဖြစ်နေသည်မှာ သဘာဝပင်၊၊

သူမသည် နှုတ်ခမ်းကို စူလျက် စားသောက်ဖွယ်ရာ စာရင်းအချို့ကို ထုတ်ယူလိုက်သည်၊၊

“ဒီ တောသားတစ်စုက ဘယ်လို လှည့်ကွက်တွေ ထုတ်ဦးမလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့”

မာရီ က သူမ၏ စိတ်ထဲတွင် တွေးလိုက်၏၊၊

“ဘာသောက်မလဲ”

မာရီ က မေးလိုက်သည်၊၊

မိမိ၏ ကပ်စေးနှဲလှသော အဖေက အဘယ်ကြောင့် ဤလူများကို ဤမျှအထိ ရိုရိုသေသေ ဆက်ဆံနေရသနည်းဆိုသည်ကို သူမ မသိသော်လည်း၊

ဆိုင်ရှင်ကောင်းတစ်ဦး ဖြစ်စေရန်အတွက် သူမ လိုက်နာရုံမှတစ်ပါး အခြားမရှိပေ၊၊

သို့သော်လည်း မာရီ ၏ ခက်ခဲသော မေးခွန်းနှင့် ရင်ဆိုင်လိုက်ရသောအခါ ဦးလေးကိုး နှင့် သူ၏ တပည့်မှာ ချက်ချင်းပင် ရယ်မောလိုက်ကြကာ “ကော်ဖီ သောက်မယ်”

အခန်း (၁၅၅) အပြစ်သားငရဲနှင့် သွေးဆာသောနိုးထခြင်း

ဦးလေးကိုး သည် ရှေးဦးစွာပင် အပြစ်ပြောစရာမရှိလောက်အောင် ပီသလှသော အင်္ဂလိပ်ဘာသာစကားဖြင့် ဆိုလိုက်၏၊၊

“ကျွန်တော်လည်း ကော်ဖီပဲ သောက်မယ်”

ဝိန်ချိုက် က ဖြီးပြလျက် ဆိုလိုက်သည်၊၊

“ဒါဆို ကျွန်တော်ကတော့ ကိုကိုး တစ်ခွက် သောက်မယ်”

ရန်ကျား မြို့ရှိ အနောက်တိုင်းစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်ဖြစ်သော ချိုးရှန်း သည်လည်း ဤနေရာနှင့်ပတ်သက်၍ အတော်အတန် ဗဟုသုတ ရှိလှ၏၊၊

“ကျွန်တော့်ကို လာတေး တစ်ခွက်နဲ့ ကြက်ဥတာ့တ် နှစ်ခုပေးပါ၊ ဒါဆိုရင် ရပါပြီ”

လင်းရန်ယန် သည် စားသောက်ဖွယ်ရာစာရင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်၊ ချက်ချင်းပင် အင်္ဂလိပ်ဘာသာစကား သီးသန့်ဖြင့် စတင်ပြောဆိုတော့၏၊၊

ဒါကို ကြားလိုက်ရသောအခါ ဦးလေးကိုး နှင့် အခြားသူများမှာ မှင်တက်သွားကြသည်သာမက၊ မာရီ ပင်လျှင် တုံ့ပြန်နိုင်စွမ်းမရှိခင် ခဏမျှ ကြောင်အသွားရသည်၊၊

‘ရှင်က အင်္ဂလိပ်လို ပြောတတ်တာလား၊၊’

မာရီ သည် လင်းရန်ယန် ကို အံ့အားသင့်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်မိ၏၊၊

ဤခရိုင်မြို့လေးတွင် အင်္ဂလိပ်စကား အနည်းငယ် ပြောနိုင်သူမှာ ဆယ်ယောက်ပင် မပြည့်ချေ၊၊ လင်းရန်ယန် က ဤမျှအထိ ကျွမ်းကျင်ပိုင်နိုင်စွာ ပြောဆိုနိုင်လိမ့်မည်ဟု သူမ လုံးဝ မထင်မှတ်ထားခဲ့ပေ၊၊

“အရင်က လေ့လာဖူးတာပါ၊ ဒါပေမဲ့ ဒါက အခြေခံအကျဆုံး ဘာသာစကားတစ်ခုပဲမို့လို့ သင်ရတာ တကယ်ကို လွယ်ကူပါတယ်”

လင်းရန်ယန် က အင်္ဂလိပ်လိုပင် ဆက်လက်ရှင်းပြနေသည်၊၊ အမှန်တကယ်တော့ တရုတ်ဘာသာစကားနှင့် နှိုင်းယှဉ်ပါက အင်္ဂလိပ်စကားမှာ အလွန်ပင် ရိုးရှင်းလွန်းလှ၏၊၊

သူ၏ ယခင်ဘဝက အများကြီး မသင်ယူခဲ့ရသော်လည်း၊ ယခုဘဝတွင်မူ အလိုအလျောက် သိုင်းကျင့်စဉ်စနစ်ကြောင့် မည်သည့်အသိပညာကိုမဆို ခဏချင်းမှာပင် တတ်မြောက်နိုင်စွမ်း ရှိနေသည်၊၊

ဘာသာစကားမှာလည်း ၎င်းထဲတွင် သဘာဝကျကျပင် ပါဝင်နေ၏၊၊

‘ဝါး၊ ရှင်က တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊၊’

ဒါကို ကြားလိုက်ရသောအခါ မာရီ ၏ လင်းရန်ယန် အပေါ် အကြည့်များမှာ ချက်ချင်းပင် လေးစားအားကျမှုများအဖြစ်သို့ ပြောင်းလဲသွားတော့သည်၊၊

“မကောင်းတော့ဘူး ချိုးရှန်း၊ နောက်ထပ် မိန်းမလှလေးတစ်ယောက်တော့ ဦးလေးလေးရဲ့ ရုပ်ရည်နဲ့ ပညာအရည်အချင်းအောက်မှာ အရှုံးပေးသွားပြန်ပြီ၊ ငါတို့တော့ တစ်သက်လုံး လူပျိုကြီးတွေအဖြစ်နဲ့ပဲ ဇာတ်သိမ်းရတော့မယ် ထင်တယ်”

ဒါကို မြင်သောအခါ ဝိန်ချိုက် က တိုးတိုးလေး ကပ်ပြောလိုက်၏၊၊

“စိတ်အေးအေးထားစမ်းပါ၊ ဘာပဲဖြစ်ဖြစ် ဦးလေးလေးက မေတ္တာသာပေးပြီး မျိုးဆက်မချန်တတ်တဲ့သူပဲဥစ္စာ၊ ငါတို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်”

ချိုးရှန့် ကမူ တည်ငြိမ်နေဆဲပင်၊၊ မာရီ က ချောမောလှပသည်မှာ မှန်သော်လည်း၊ ရန်ထင်ထင် နှင့် နှိုင်းယှဉ်လျှင် အနည်းငယ် နိမ့်ကျနေသေး၏၊၊ ဦးလေးလေး ခေါ်လာခဲ့သော အောင်းနင်ရွှမ်း ကိုမူ ပြောနေစရာပင် မလိုတော့ချေ၊၊

“ဦးလေးကိုး က တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ တာအိုပညာရပ်မှာ ထူးချွန်ရုံတင်မကဘဲ တပည့်တွေကပါ နိုင်ငံတကာအဆင့်မီနေတာပဲ၊ ကျွန်တော် တကယ်ကို အထင်ကြီးသွားပါပြီ၊ မာရီ၊ နင် ဘာလို့ အမြန်သွားပြီး အစီအစဉ်မလုပ်ပေးသေးတာလဲ”

ဒါကို ကြားသောအခါ သူဌေးကြီး ချန် မှာ ဦးလေးကိုး တို့ကို မချီးကျူးဘဲ မနေနိုင်တော့ပေ၊၊ အဘယ်ကြောင့်ဆိုသော် အခုနက သူ ဧည့်ခံခဲ့သော အခြားလူနှစ်ယောက်မှာ ကော်ဖီဆိုသည်မှာ ဘာမှန်းပင် မသိကြသောကြောင့် ဖြစ်၏၊၊

ယခုမူ ဦးလေးကိုး ၏ တပည့်က အင်္ဂလိပ်လိုပင် ပြောနိုင်နေသည်ဖြစ်၏၊၊

“ခင်ဗျားကလည်း နောက်နေပြန်ပြီ၊ ဒါက သာမန် ညနေခင်း လက်ဖက်ရည်ဝိုင်းလေးတစ်ခုပါပဲ၊ ပြီးတော့ သူက ကျွန်တော့်ရဲ့ တပည့်မဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ ညီလေးပါ၊ လင်းရန်ယန် ရဲ့ တာအိုပညာက ကျွန်တော့်ထက် အများကြီး ပိုပြီး ထူးချွန်ပါတယ်”

ဦးလေးကိုး က အသာအယာ ပြုံးလျက် နက်နဲသိမ်မွေ့သော အမူအရာဖြင့် ဆိုလိုက်၏၊၊

မကြာမီမှာပင် သူတို့ မှာထားသော ကော်ဖီများ ရောက်ရှိလာတော့သည်၊၊

ဦးလေးကိုး က တစ်ငုံသောက်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်လိုက်၏၊၊

“အင်း၊ မဆိုးဘူး၊ တကယ်ကို ကောင်းတယ်”

ဦးလေးကိုး သည် ရန်ထင်ထင် ထံမှ သင်ယူထားသော အပြစ်ပြောစရာမရှိသည့် အင်္ဂလိပ်စကားစုတစ်ခုကို မသိလိုက်ဘဲ ရေရွတ်လိုက်မိသည်၊၊

“ဟားဟား၊ ဦးလေးကိုး သဘောကျတယ်ဆိုတော့ ကျွန်တော် ဝမ်းသာပါတယ်၊ ဒါပေမဲ့ ဒီက နေ့လယ်စာက ပိုပြီးတော့တောင် ကောင်းပါသေးတယ်၊ မာရီ၊ ကျွန်တော့်အတွက် ဆာလွိုင်း စတိတ်ခ် တစ်ပွဲပေး၊ အကျက်နှုန်းကတော့ အလယ်အလတ်ပဲ”

ဦးလေးကိုး က အခြေခံအကျဆုံးအရာများကိုပင် ပြောဆိုနိုင်သည်ကို ကြားလိုက်ရသောအခါ မစ္စတာ ချန် သည် သူ၏ သမီးဖြစ်သူရှေ့တွင် ပို၍ပင် အရှက်ရသွားသည်၊၊

အဘယ်ကြောင့်ဆိုသော် သူမ၏ သမီးမှာ သူသည် ဤနေရာသို့ သူဌေးအသစ်စက်စက်များကိုသာ ဖိတ်ခေါ်တတ်သည်ဟု အမြဲတမ်း ညည်းညူနေတတ်သောကြောင့် ဖြစ်၏၊၊

“ဦးလေးကိုး၊ ဘာများ သုံးဆောင်မလဲ”

မစ္စတာ ချန် က ပြုံးလျက် ဦးလေးကိုး ကို မေးလိုက်သည်၊၊

သို့သော်လည်း ဤစကားလုံးများမှာ ဦးလေးကိုး အတွက်မူ မသိနားမလည်သော နေရာတစ်ခုကို ချက်ချင်းပင် ထိမိသွားတော့၏၊၊

ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ မှင်တက်သွားကြသည်၊၊ ဆာလွိုင်း ဆိုတာ မည်သည့်အရာဖြစ်သည်ကို သူတို့မသိကြပေ။

အဆုံး၌မူ ရန်ကျား မြို့၏ စတိတ်ခ်မှာ မည်သည့်အမျိုးအစားဖြစ်ပါစေ စတိတ်ခ်ဟုသာ ခေါ်တွင်သည်၊၊

“ဟမ်း၊ ညီလေး၊ မင်းကော ဘာစားချင်လဲ”

ဦးလေးကိုး က တည်ငြိမ်ဟန်ဆောင်လျက် သူဌေးကြီး ချန် ၏ ဘေးတွင် ရှိနေသော လင်းရန်ယန် ကို လှမ်းမေးလိုက်၏၊၊

“ကျွန်တော်လည်း ဆာလွိုင်း ပဲ ယူမယ်”

လင်းရန်ယန် က အသာအယာ ခေါင်းညိတ်ပြသည်၊၊

လင်းရန်ယန် ၏ စကားကို ကြားသောအခါ ဦးလေးကိုး သည် သူ၏ အိမ်မြှောင်ကို ဂရုတစိုက် ထုတ်ယူကာ အရပ်မျက်နှာကို တစ်ချက် ကြည့်လိုက်၏၊၊

သေချာလှပေသည်၊ လင်းရန်ယန် နှင့် သူဌေးကြီး ချန် တို့သည် အနောက်ဘက်ခြမ်းတွင် ထိုင်နေကြခြင်း ဖြစ်သည်၊၊

သူကမူ အရှေ့ဘက်တွင် ထိုင်နေခြင်းပင်၊၊

“ဒါဆိုရင် ကျွန်တော့်ကို အအေးတစ်ပွဲပဲ ပေးပါတော့”

ဦးလေးကိုး က ဂုဏ်ယူဝင့်ကြွသော မျက်နှာထားဖြင့် ဆိုလိုက်၏၊၊

“ဒါဆိုရင် ကျွန်တော့်ကို မြေအိုးစတိတ်ခ် တစ်ပွဲပေးပါ”

“ကျွန်တော်ကတော့ ဆာလွိုင်း စတိတ်ခ် ပဲ စားမယ်”

ဝိန်ချိုက် နှင့် ချိုးရှန်း တို့က အမြန်ပင် ဝင်ပြောကြသည်၊၊

“ခစ်”

ကံဆိုးစွာပင် ထိုနှစ်ယောက် ပြောလိုက်သည်နှင့် မာရီ မှာ မရယ်ဘဲ မနေနိုင်တော့ချေ၊၊

သူတို့အားလုံး တကယ်ကို တော်ကြသည်ဟု ထင်ခဲ့သော်လည်း၊ လင်းရန်ယန် တစ်ယောက်တည်းသာ တကယ်ကို ထူးချွန်နေခြင်း ဖြစ်၏၊၊

“ဟမ်း၊ မာရီ၊ ဒါဆိုရင် ဆာလွိုင်း စတိတ်ခ် ငါးပွဲပဲ ပေးလိုက်ပါတော့”

မစ္စတာ ချန် မှာလည်း အတော်အတန် အနေခက်သွားရသည်၊၊

မမျှော်လင့်ဘဲ ခဏချင်းမှာပင် သူ ပြန်လည် အရှက်ရသွားရပြန်၏၊၊

ဦးလေးကိုး နှင့် ဝိန်ချိုက်၊ ချိုးရှန်း တို့မှာမူ ကြောင်အသွားကြသည်၊၊

‘ဒီတော့ ဆာလွိုင်း ဆိုတာ စတိတ်ခ် ကို ပြောတာလား’

ဒါက တကယ်ကို အရှက်ရစရာကောင်းလှ၏၊၊

ဦးလေးကိုး သည် သူ၏ မျက်နှာမှာ နာကျင်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊

“ငါသာ ညီလေးကို အရင်မေးလိုက်ရင်၊ သူ့ကိုပဲ တစ်ခုခု အကြံပေးခိုင်းရင် ပိုပြီးတော့ ကောင်းမှာပဲ”

ဦးလေးကိုး သည် ဤအခိုက်အတန့်တွင် မိမိကိုယ်မိမိ ပါးနှစ်ချက်လောက် ပြန်ရိုက်ချင်စိတ် ပေါက်သွားရ၏၊၊

“ဒါပေမဲ့ စကားမစပ် ဆရာ၊ ကျွန်တော်တို့ တာအိုကျင့်ကြံသူတွေက အမဲသား မစားရဘူး မဟုတ်လား”

ဤအခိုက်အတန့်တွင် ချိုးရှန်း က သံသယအချို့ ရှိလာသည်၊၊

သူသည် လွန်ခဲ့သော နှစ်ရက်အတွင်း မောရှန်း တာအိုဆရာများ၏ မှတ်တမ်းများကို အများကြီး ဖတ်ရှုခဲ့၏၊၊ ၎င်းတို့ထဲတွင် မော်ရှန်း တာအိုဆရာအချို့သည် အမဲသား မစားကြကြောင်း ဖော်ပြထားသည်၊၊ မောရှန်း တာအိုဆရာများသာမကဘဲ အခြားသော ဂိုဏ်းပေါင်းများစွာသည်လည်း အမဲသားကို ရှောင်ကြဉ်ကြ၏၊၊

“မှန်တယ်၊ အဲ့ဒီလို စည်းမျဉ်းမျိုး ရှိတယ်၊ အမှန်အတိုင်း ပြောရရင် တချို့ဂိုဏ်းတွေဆိုရင် သက်သတ်လွတ်ပဲ စားရမယ်လို့တောင် သတ်မှတ်ထားတာ၊ အသား လုံးဝ မစားရဘူး ၊

ဒါပေမယ့်လည်း ဤအစားအစာများကို မစားရခြင်းမှာသူတို့ကို စားလိုက်ခြင်းဖြင့် စည်းမျဉ်းများကို ချိုးဖောက်သွားမည်ဖြစ်သောကြောင့် မဟုတ်ပေ၊၊

ဘာလို့လဲဆိုတော့ အသားထဲ၌ ရှိသော သွေးညှီနံ့များ၊ အထူးသဖြင့် အမဲသားသည် ကျွန်တော်တို့ကဲ့သို့ အခြေခံ ကျင့်ကြံသူများ၏ ဂါထာမန္တန်များကို ထိန်းချုပ်မှု လွဲချော်သွားစေနိုင်ပြီး၊ ဂါထာများ ပျက်စီးသွားစေနိုင်သောကြောင့် ဖြစ်တယ်၊၊

တိုက်ပွဲအတွင်းမှာ ဂါထာတွေ ပျက်စီးသွားမယ်ဆိုရင် အသက်အန္တရာယ်အထိ စိုးရိမ်ရနိုင်တယ်၊၊

ဒါကြောင့် အချိန်ကြာလာတာနဲ့အမျှ အသားစားခြင်းကို တားမြစ်တဲ့ စည်းမျဉ်းတွေ ပေါ်လာခဲ့တာပဲ၊၊

ဒါပေမဲ့ မင်းကသာ လုံလောက်အောင် သန်မာနေမယ်ဆိုရင်တော့၊ အမဲသားရဲ့ သွေးညှီနံ့လေးလောက်က ဘာမှ သက်ရောက်မှု ရှိမှာ မဟုတ်ဘူး၊၊

ဒါကြောင့် ငါတို့အားလုံး စားလို့ရပါတယ်၊ စိတ်မပူနဲ့ “

ဦးလေးကိုး က အသာအယာ ပြုံးလိုက်၏၊၊

သူ ပြောလိုက်သည်နှင့် ဝိန်ချိုက် နှင့် ချိုးရှန်း တို့မှာ ချက်ချင်းပင် သဘောပေါက်သွားကြ၏၊၊

“ဒါဆိုရင် ဝိန်ချိုက် နဲ့ ကျွန်တော်ကလည်း အတော်အတန် သန်မာနေပြီပေါ့ ဆရာ”

ချိုးရှန်း က ဒါကို ကြားရသဖြင့် ချက်ချင်းပင် ဂုဏ်ယူသွားသည်၊၊

ဝိန်ချိုက် မှာလည်း ဆရာ၏ အသိအမှတ်ပြုမှုကို ရရှိလိုက်သဖြင့် ခေါင်းကို မော့ကာ ရင်ကို ပုတ်လိုက်၏၊၊

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မင်းတို့ မှားနေပြီ၊ ဦးလေးလေးနဲ့ ငါက အများကြီး စားလို့ရတာက မှန်ပေမဲ့၊ မင်းနဲ့ ဝိန်ချိုက် အများကြီး စားလို့ရတာကတော့ မင်းတို့ နှစ်ယောက်လုံးက တာအိုပညာ ဘာမှ မတတ်လို့ပဲ၊ မင်းတို့ စားတာ မစားတာက ဘာမှ ထူးခြားမသွားဘူး”

နှမြောစရာကောင်းသည်မှာ ဦးလေးကိုး က သူတို့၏ စိတ်ကူးယဉ်အိမ်မက်ကို ခဏချင်းမှာပင် ရိုက်ချိုးပစ်လိုက်ခြင်းပင် ဖြစ်၏၊၊

“မော်ရှန်း မှာ ဒီလို စည်းမျဉ်းတွေ ရှိတယ်ဆိုတာ ကျွန်တော် လုံးဝ မသိခဲ့ဘူး၊ ဗဟုသုတအသစ်တွေ ရလိုက်တာပဲ ဦးလေးကိုး”

ထိုအတောအတွင်း ဘေး၌ ရပ်နေသော မစ္စတာ ချန် ကလည်း ပြုံးလျက် ဝင်ပြောလိုက်သည်၊၊

သို့သော်လည်း သူသည် သတိဝီရိယ ရှိလာ၏၊၊

ဦးလေးကိုး နှင့် လင်းရန်ယန် တို့က တကယ်ပဲ အဲ့ဒီလောက်အထိ တော်ကြတာလား၊ ဒါဆိုရင် သူတို့က ဘာလို့ အဖိုးအခကို ပိုပြီး မတောင်းကြတာလဲ၊၊

“ဟမ်း၊ ဦးလေးကိုး၊ ပုံမှန်ဆိုရင် ဖုန်းရွှေ ကြည့်ပေးဖို့အတွက် ဘယ်လောက်လောက် တောင်းတတ်သလဲဆိုတာ ကျွန်တော် သိပါရစေ”

မစ္စတာ ချန် က နောက်ဆုံးတွင် မမေးဘဲ မနေနိုင်တော့ချေ၊၊

သူ ပြောလိုက်သည်နှင့် ဦးလေးကိုး နှင့် သူ၏ တပည့်တို့မှာ အချင်းချင်း ကြည့်လိုက်ကြ၏၊၊

ထို့နောက် ဦးလေးကိုး က လက်ငါးချောင်းကို ရိုးရိုးလေးပဲ ထောင်ပြလိုက်သည်၊၊

သူသည် ငါးဆယ် ဟု ပြောရန် ပြင်ဆင်ထားခြင်း ဖြစ်သည်၊ အဆုံးစွန်၌ ဖုန်းရွှေ အစီအမံကို ထည့်သွင်းစဉ်းစားပါက ငွေဒင်္ဂါး ငါးဆယ်မှာ အမြင့်ဆုံး စျေးနှုန်းပင် ဖြစ်၏၊၊

“ငါးရာ၊ မှန်တယ်၊ ငွေဒင်္ဂါး ငါးရာပဲ၊ ပြီးတော့ ခင်ဗျားရဲ့ စားသောက်ဆိုင်ကိုလည်း အောင်မြင်အောင် လုပ်ပေးဦးမှာ”

သို့သော်လည်း ချိုးရှန်း က အောင်ပွဲခံဟန်ဖြင့် အော်ဟစ်လိုက်သည်၊၊

သူ ပြောလိုက်သည်နှင့် ဦးလေးကိုး၊ လင်းရန်ယန် နှင့် သူဌေးကြီး ချန် တို့အားလုံးမှာ ထိုကောင်လေးကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်ကြ၏၊၊

ငွေဒင်္ဂါး ငါးရာ ဆိုသည်မှာ လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် ဤစားသောက်ဆိုင် တစ်ခုလုံးကို ဝယ်ယူရန် လုံလောက်လှသည်၊၊

ယခုအချိန်မှာပင် ဤစားသောက်ဆိုင်၏ တစ်နှစ်စာ ဝင်ငွေမှာ ငွေဒင်္ဂါး ငါးရာ၊ ခြောက်ရာမျှသာ ရှိ၏၊၊

“ဘုရားရေ၊ ငါးရာ ဟုတ်လား၊ ဒါက အရမ်း စျေးမကြီးလွန်းဘူးလား”

မစ္စတာ ချန် မှာ ထိတ်လန့်သွားကာ သူ၏ ထိုင်ခုံပေါ်မှပင် ခုန်ထ၍ အော်ဟစ်လိုက်မိသည်၊၊

ဦးလေးကိုး နှင့် သူ၏ အဖွဲ့မှာ အဖိုးအခ မြင့်မားစွာ တောင်းတတ်သည်ကို သိထားသော်လည်း၊ ဤမျှအထိ မြင့်လိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း၊၊

“မစ္စတာ ချန်၊ ကျွန်တော် ရှင်းပြပါရစေ”

ဦးလေးကိုး က တစ်ခုခု ပြောရန် ပြင်လိုက်၏၊၊

“တောက်၊ တောက်၊ တောက်၊ ညီလေးရဲ့ တပည့်ကတော့ တကယ်ကို စျေးခေါ်ရဲတာပဲ၊ ငါက နတ်ဘုရားဆရာသခင် တစ်ဦး ဖြစ်ပါလျက်နဲ့ ငွေဒင်္ဂါး ငါးဆယ်ပဲ တောင်းတာပါ”

“မင်းတို့က ပုံမှန်ဆိုရင် စီးပွားရေးကို ဒီလိုပဲ လုပ်ကြတာလား”

သို့သော်လည်း အတိအကျ ထိုအချိန်မှာပင် ဘေးဘက်မှ အံ့အားသင့်ဖွယ် အသံတစ်ခု ထွက်ပေါ်လာ၏၊၊

ထို့နောက် ရှီးကျန့် သည် ရှီးရှောက်ကျန့် ကို ဦးဆောင်ကာ ဖြည်းညင်းစွာ လျှောက်လာသည်၊၊

“ဂိုဏ်းတူအစ်ကိုကြီးလား”

“ဂိုဏ်းတူဦးကြီးလား”

“ဂိုဏ်းတူဦးကြီးတို့က ဒီမှာ ဘာလာလုပ်တာလဲ”

ရောက်လာသူများကို မြင်သောအခါ ဦးလေးကိုး နှင့် ဝိန်ချိုက်၊ ချိုးရှန်း တို့မှာ လုံးဝကို မှင်တက်သွားကြ၏၊၊

လင်းရန်ယန် တစ်ယောက်သာလျှင် တစ်ဖက်လူမှာ အောင်မြင်မှုရရှိရန်အတွက် နေရာရှာရန် အလျင်လိုနေခဲ့ခြင်းဖြစ်ကြောင်းနှင့်၊ ယခုအခါ အောင်မြင်မှု ရရှိသွားခဲ့ပြီ ဖြစ်ကြောင်းကို သိရှိနေ၏၊၊

အဝေးသို့ ထွက်သွားမည့်အစား၊ တစ်ဖက်လူသည် ဦးလေးကိုး နှင့် လင်းရန်ယန် တို့ရှိရာနှင့် အတော်အတန် နီးကပ်သော နေရာတစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပုံရသည်၊၊

လင်းရန်ယန် က မျက်မှောင်ကြုတ်လိုက်မိ၏၊၊ တစ်ဖက်လူက ဦးလေးကိုး နှင့် သူမ၏ ဝိညာဉ်ကို မျက်စိကျနေခြင်း ဖြစ်ရမည်ဟု တွေးရင်း လင်းရန်ယန် က ပြုံးလိုက်သည်၊၊

ဒါက တကယ်ကို အိမ်သာထဲမှာ မီးအိမ်ထွန်းနေသလိုပင်ဖြစ်၏။

“ဒါဆိုရင် ဆရာကြီး ရှီးကျန့် က ဦးလေးကိုး ရဲ့ ဂိုဏ်းတူအစ်ကိုကြီးပေါ့၊ ဟုတ်လား”

ဒါကို ကြားလိုက်ရသောအခါ သူဌေးကြီး ချန် ၏ မျက်လုံးများမှာ တောက်ပသွား၏၊၊ သူသည် ရှီးကျန့် တို့ အဖွဲ့က စျေးအများကြီး တောင်းနေသလားဟု တွေးတောနေခဲ့သော်လည်း၊ ယခုအခါ ဦးလေးကိုး နှင့် နှိုင်းယှဉ်ပါက သူတို့မှာ တကယ့်ကို တန်ဖိုးရှိလှသည်ဟု ထင်မြင်သွားတော့သည်၊၊

ဆရာကြီး၊ ဆရာကြီးရဲ့ စွမ်းအားက ဦးလေးကိုး ထက် သေချာပေါက် ပိုပြီးတော့ ကြီးမားမှာပါ၊ ဒါပေမဲ့ ဆရာကြီးရဲ့ စျေးနှုန်းက ဦးလေးကိုး ရဲ့ ဆယ်ပုံတစ်ပုံပဲ ရှိတာပဲ၊ ဒါကို ရွေးချယ်နေဖို့ လိုဦးမည်မဟုတ်ပေ။

“တာအိုဆရာ လင်းရန်ယန်၊ ရှင့်ရဲ့ စတိတ်ခ် ရပါပြီ”

အတိအကျ ထိုအချိန်မှာပင် မာရီ နှင့် စားပွဲထိုးအချို့မှာ စတိတ်ခ်ပန်းကန်များကို ကိုင်လျက် လျှောက်လာကြ၏၊၊

သို့သော်လည်း သူမသည် ရှီးရှောက်ကျန့် ၏ ဘေးမှ ဖြတ်သွားစဉ်မှာပင်၊ ရှီးရှောက်ကျန့် က သူမ၏ ဦးခေါင်းပေါ်မှ ဆံပင်တစ်ပင်ကို သိသိသာသာလေး ဆွဲယူလိုက်သည်၊၊

ဤမြင်ကွင်းကို သူနှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသော ဦးလေးကိုး နှင့် သူ၏ အဖွဲ့သားများက သဘာဝကျကျပင် မြင်တွေ့လိုက်ကြရ၏၊၊

“ဆရာ၊ အဲ့ဒီကောင်က ဘာလို့ မာရီ ရဲ့ ဆံပင်ကို ဆွဲလိုက်တာလဲ”

ဝိန်ချိုက် က နားမလည်ဟန်ဖြင့် မေးလိုက်သည်၊၊

“ဟွန်း၊ သူတို့က သေချာပေါက် ကောင်းတဲ့ကိစ္စ လုပ်ဖို့ မဟုတ်ဘူး”

ဦးလေးကိုး ကလည်း မျက်လုံးများကို ကျဉ်းမြောင်းလိုက်၏၊၊

သူသည် ရှီးရှောက်ကျန့် ကို ငယ်စဉ်ကတည်းက တွေ့ဖူးခဲ့ပြီး၊ ဤကလေးမှာ မည်သည့်အခါမျှ ကောင်းမွန်သော ကလေးတစ်ဦး ဖြစ်မလာခဲ့ပေ၊၊

“ဂိုဏ်းတူအစ်ကိုကြီး၊ အစ်ကိုကြီးရဲ့ တပည့်က မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပုံပဲ၊ သူ့ကို သေသေချာချာလေး စောင့်ကြည့်သင့်တယ် မဟုတ်လား”

ဦးလေးကိုး က သတိပေးစကား မပြောဘဲ မနေနိုင်တော့ချေ၊၊

သူ၏ စကားကို ကြားသောအခါ ရှီးကျန့် က မျက်မှောင်ကြုတ်လိုက်၏၊၊

သူသည်လည်း ၎င်းကို သေသေချာချာ သတိပြုမိသော်လည်း၊ ဦးလေးကိုး က ထိုအကြောင်းကို ထုတ်ပြောလိုက်သဖြင့် သူ သဘောမကျ ဖြစ်သွားရသည်၊၊

“ညီလေး၊ ငါတို့က စီးပွားရေးအကြောင်း ပြောနေတာပါ၊ မင်းက ဘာတွေ လာပြောနေတာလဲ၊ သူဌေးကြီး ချန်၊ ခင်ဗျား ဖုန်းရွှေ ကြည့်ချင်သေးသလား၊ မကြည့်ချင်ဘူးဆိုရင်တော့ ငါနဲ့ ငါ့တပည့်လည်း ထွက်သွားဖို့ ပြင်တော့မယ်”

ရှီးကျန့် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီးနောက်၊ သူဌေးကြီး ချန် ကို တိုက်ရိုက် ပြောလိုက်၏၊၊

“ကြည့်ချင်ပါတယ်၊ ကြည့်ချင်ပါတယ်၊ သေချာပေါက် ကြည့်ချင်တာပေါ့”

မစ္စတာ ချန် က အမြန်ပင် ခေါင်းညိတ်လိုက်သည်၊၊

“စိတ်မကောင်းပါဘူး ဦးလေးကိုး၊ ခင်ဗျား တောင်းတဲ့ စျေးနှုန်းက အရမ်းကို လွန်လွန်းပါတယ်၊ ကျွန်တော် ဆရာကြီး ရှီးကျန့် ဆီပဲ သွားတော့မယ်၊ ဒီနေ့ ထမင်းဖိုးကိုတော့ ကျွန်တော်ပဲ ရှင်းပေးပါ့မယ်၊ ကောင်းကောင်း သုံးဆောင်ကြပါဦး”

ဦးလေးကိုး ကို မဖော်မရွေသော မျက်နှာထားဖြင့် ပြောဆိုပြီးနောက်၊ သူဌေးကြီး ချန် သည် ရှီးကျန့် တို့ကို ဦးဆောင်ကာ ဒုတိယထပ်သို့ တက်သွားတော့၏၊၊

“ဆရာ၊ အခု ငါတို့ ဘာဆက်လုပ်ကြမလဲ”

ချိုးရှန်း မှာ မှင်တက်သွားရသည်၊၊ ဂိုဏ်းတူဦးကြီးက ဘယ်ကနေ ဘယ်လို ရုတ်တရက် ရောက်လာရတာ ဆိုသည်ကိုမသိပေ။

“ဘာလုပ်ရမှာလဲ၊ မင်းက စျေးနှုန်းကို ငွေဒင်္ဂါး ငါးရာလို့ ပြောလိုက်ပြီပဲ၊ ငါ ဘာပြောနိုင်ဦးမှာလဲ”

ဦးလေးကိုး က ထိုကောင်လေးကို အေးစက်စွာ စိုက်ကြည့်လိုက်ပြီးနောက် အပြင်သို့ လှမ်းထွက်လိုက်၏၊၊

“ဟေး၊ ဟေး၊ ဆရာ၊ ကျွန်တော်တို့ မစားရသေးဘူးလေ”

ဝိန်ချိုက် မှာ အလျင်စလို ဖြစ်သွားရသည်၊ ဟင်းတွေ ခုလေးတင် ရောက်လာတာကို၊ ထွက်သွားတော့မှာလား ဟုမေးလိုက်၏။

“စားဦးမှာလား၊ ဘာကို စားဦးမှာလဲ၊ မင်းတို့ပဲ စားကြတော့”

ဦးလေးကိုး က သူ၏ လက်အင်္ကျီကို ခါယမ်းလိုက်ပြီး၊ ထမင်းဖိုးအတွက် ငွေကို ပစ်ချထားခဲ့ကာ ချက်ချင်းပင် ထွက်သွားတော့၏၊၊

“မင်းက အရှက်တွေ အကုန်ကွဲနေပြီဥစ္စာ၊ စားချင်သေးတယ် ဟုတ်လား၊ အီး သွားစားလိုက်”

“ဒါက ဘယ်လို ပြောစကားမျိုးပါလိမ့်၊ ဒါဆိုရင် ကျွန်တော်တို့ ဒီအထိ လာခဲ့တာက အလကားပဲလား”

လင်းရန်ယန် က အကူအညီမဲ့စွာဖြင့် ခေါင်းကို ခါယမ်းလိုက်ပြီးနောက်၊ အမြန်ပင် လိုက်သွားတော့သည်၊၊

“နှမြောစရာပဲ၊ တာအိုဆရာ လင်းရန်ယန်”

All Chapters