← Chapters

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

အခန်း (၁၆၁-၁၆၅)

Vol. 17 Ch. 161-165

အခန်း (၁၆၁) အပြစ်သားငရဲသွေး

“ကောင်လေး၊ မင်း ငါ့ကို ထောင်ချောက်ဆင်တာလား၊ မင်းက ငါ့ကို ချောင်းမြောင်း တိုက်ခိုက်ဖို့ ဘိုးဘေးကြီးကို တကယ်ပဲ သွားရှာခဲ့တာပေါ့”

ရှီးကျန့် သည် ချက်ချင်းပင် ဒေါသအမျက် ချောင်းချောင်းထွက်သွားရ၏၊၊

ဝုန်း ဝုန်း ဝုန်း

မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှီးကျန့် ၏ တစ်ကိုယ်လုံးမှ အဆုံးအစမရှိသော မိုးကြိုးလျှပ်စီးတန်းများ ပေါက်ကွဲထွက်လာတော့သည်၊၊ သူသည် အရာရာကို အစေ့အစပ် အစီအစဉ်ဆွဲခဲ့သော်လည်း၊ အဆုံးသတ်တွင်မူ လင်းရန်ယန် ၏ မြင်တွေ့သွားမှုကြောင့် အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားခဲ့ရ၏၊၊

ဤအခိုက်အတန့်တွင် သူသည် ဘိုးဘေးကြီး တုံ့ပြန်ခြင်း မပြုနိုင်မီ လင်းရန်ယန် ကို သတ်ပစ်ရန် ပြင်ဆင်လိုက်သည်၊၊ သို့သော် သူ၏ စကားများကြောင့် လင်းရန်ယန် မှာ လုံးဝကို ဆွံ့အသွားရတော့၏၊၊

“နေဦး၊ မင်း ဘာတွေ လျှောက်တွေးနေတာလဲ၊ မင်းကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ဘိုးဘေးကြီးကို ရှာတယ် ဟုတ်လား၊ ဘိုးဘေးကြီး ကွယ်လွန်သွားတာ ကြာလှပြီဆိုတဲ့ အချက်ကို ခေတ္တဘေးဖယ်ထားဦး၊ အကယ်၍ သူသာ သက်ရှိထင်ရှား ရှိနေဦးတော့၊ မင်းကို သတ်ဖို့အတွက်ဆိုရင်၊ ကျွန်တော့်အနေနဲ့ တခြားဘယ်သူ့ဆီကမှ အကူအညီ တောင်းစရာ မလိုပါဘူး၊ မဟုတ်ဘူးလား၊ မင်းကကော၊ တကယ်ပဲ အဲ့လောက်အထိ သန်မာနေလို့လား”

လင်းရန်ယန် က ရှီးကျန့် ကို အထင်သေးသော အကြည့်တို့ဖြင့် ကြည့်လိုက်၏၊၊

ဤလူတွင် အတိုင်းအတာတစ်ခုအထိ ခွန်အားရှိသည်မှာ မှန်သော်လည်း၊ အားအနည်းဆုံးသော စစ်မှန်သောဘုရင် တစ်ပိုင်းအဆင့် ကျင့်ကြံသူကပင် သူ့ကို အလွယ်တကူ အနိုင်ယူနိုင်သည်၊၊ အဆုံး၌မူ ရှီးကျန့် ၏ ခွန်အားမှာ လွန်စွာ မြန်ဆန်လှသော အရှိန်ဖြင့် တိုးတက်လာခဲ့ခြင်း ဖြစ်၏၊၊

သူသည် မိုးကြိုးဝိညာဉ်ခန္ဓာနှင့် ကောင်းကင်မိုးကြိုးစွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း၊ စစ်မှန်သောဘုရင် တစ်ပိုင်းအဆင့်နှင့် ကိုက်ညီသော ကျင့်စဉ်များနှင့် လမ်းစဉ်အတတ်ပညာများမှာမူ သူ၏ လက်ဝယ်တွင် မရှိသေးချေ၊၊

ထို့ကြောင့် မူလက မိမိထက် ကျင့်ကြံခြင်း အဆင့်ငယ် ၅ ဆင့်ခန့် ပိုမိုမြင့်မားသော ရန်သူကို ယှဉ်ပြိုင်နိုင်စွမ်း ရှိသင့်သော်လည်း၊ ယခု နတ်ဘုရားဆရာသခင် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေချိန်၌မူ အဆင့်ငယ် ၄ ဆင့်သာသာကိုပင် ခက်ခက်ခဲခဲ ယှဉ်ပြိုင်နေရခြင်း ဖြစ်၏၊၊

တစ်နည်းအားဖြင့်ဆိုသော်၊ နတ်ဘုရားဆရာသခင် ဒသမအဆင့်ရှိသူ တစ်ဦးကပင် ရှီးကျန့် ကို အလွယ်တကူ နှိမ်နင်းနိုင်သည်၊၊

လင်းရန်ယန် အတွက်မူ ပြောနေစရာပင် မလိုတော့ချေ၊၊

“ဘာ၊ အဲ့ဒီ အဖိုးကြီး သေသွားပြီ ဟုတ်လား”

လင်းရန်ယန် ၏ စကားကို ကြားလိုက်ရပြီးနောက်၊ ရှီးကျန့် ၏ မျက်နှာအမူအရာမှာ အစွန်းနှစ်ဖက်သို့ ရုတ်ချည်း ကူးပြောင်းသွားရသည်၊၊ ပထမဦးစွာ အတိုင်းအထက်အလွန် ဝမ်းမြောက်သွားဟန် ပေါ်သော်လည်း၊ နောက်တစ်ခဏ၌မူ မယုံကြည်နိုင်မှုနှင့် ဝမ်းနည်းရိပ်အချို့ ဖြတ်သန်းသွား၏၊၊

လင်းရန်ယန် သည် ဤထူးဆန်းလှသော မျက်နှာအမူအရာကို ချက်ချင်းပင် တွေ့လိုက်ရသည်၊၊

“ကျွန်တော် ထင်တဲ့အတိုင်းပဲ၊ ပြဿနာတစ်ခု ရှိနေတာပဲ၊ အဲ့ဒါက အပြစ်သားငရဲသွေးကြောင့်လား၊ မင်းရဲ့ ခန္ဓာကိုယ်ထဲမှာ ဒုတိယ ကိုယ်ရည်ကိုယ်သွေးတစ်ခု ရှိနေသလိုမျိုး ကျွန်တော် ခံစားနေရတယ်၊ ဒါမှမဟုတ် အခု ကျွန်တော့်ကို စကားပြောနေတဲ့သူက ရှီးကျန့် အစစ် မဟုတ်တော့တာမျိုး၊ အနည်းဆုံးတော့ စစ်မှန်တဲ့ ရှီးကျန့် မဟုတ်တော့တာမျိုး ဖြစ်နိုင်မလား”

လင်းရန်ယန် က တိုက်ရိုက်ပင် ပွင့်ပွင့်လင်းလင်း ဆိုလိုက်၏၊၊

“မင်း ဘာကို ဆိုလိုတာလဲ”

သို့သော် လင်းရန်ယန် ၏ စကားကြောင့် ရှီးကျန့် မှာ မျက်မှောင်ကို တင်းကျပ်စွာ ကြုတ်လိုက်မိသည်၊၊

နောက်ဆက်တွဲအနေဖြင့်၊ သူသည်လည်း တစ်ခုခု မှားယွင်းနေကြောင်း စတင် ခံစားလာရ၏၊၊

ထိုနတ်ဘုရားဆရာသခင်ကြီးများ၏ ဝိညာဉ်များကို ဝါးမြိုခဲ့စဉ်ကတည်းက၊ သူသည် တဖြည်းဖြည်းနှင့် ပိုမို ရက်စက်ကြမ်းကြုတ်လာပုံ ရသည်၊၊

တစ်ချိန်တည်းမှာပင်၊ သူသည် ရှီးရှောက်ကျန့် ၏ မကောင်းမှု ဒုစရိုက်များကို အမှန်တကယ်ပင် လျစ်လျူရှုလာခဲ့မိ၏၊၊

ဤအပြောင်းအလဲအားလုံးမှာ အလွန်ပင် သိမ်မွေ့စွာ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ရာ၊ သူကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ၊၊

အကယ်၍သာ လင်းရန်ယန် ၏ သတိပေးမှု မရှိခဲ့ပါက၊ သူသည် ဤအချက်ကို တစ်သက်လုံး သိရှိသွားလိမ့်မည် မဟုတ်ဘဲ၊ အဆုံးသတ်တွင် ထိုရက်စက်သော ကိုယ်ရည်ကိုယ်သွေး၏ လုံးဝ ဝါးမြိုခြင်းကို ခံလိုက်ရလိမ့်မည်၊၊

“အပြစ်သားငရဲသွေးဆိုတာ တကယ်ပဲ လောကက စက်ဆုပ်ရွံရှာတဲ့ သွေးမျိုးနွယ်ပဲ၊ အဲ့ဒီတုန်းက သူမရဲ့ သွေးတစ်စက်တည်းကတောင် ငါ့ကို ဒီလောက်အထိ လွှမ်းမိုးနိုင်ခဲ့တာလား”

ရှီကျန့် ၏ မျက်နှာမှာ လုံးဝကို မည်းမှောင်သွားရ၏၊၊

ဤအခိုက်အတန့်တွင် သူသည် မိမိကိုယ်တိုင်၏ ပြဿနာကို နောက်ဆုံး၌ ရှာဖွေတွေ့ရှိသွားပြီ ဖြစ်သည်၊၊

သို့သော် သူ သိရှိသွားချိန်၌မူ အရာအားလုံးမှာ နောက်ကျသွားခဲ့ပုံ ရ၏၊၊

ထိုသွေးမျိုးနွယ်မှာ သူ၏ မူလသွေးနှင့် လုံးဝကို ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်၊၊

သွေးမျိုးနွယ်ကို ဖယ်ရှားပစ်ရန်မှာ ယခုအခါတွင် မဖြစ်နိုင်တော့သော အရာပင် ဖြစ်၏၊၊

ရက်စက်ကြမ်းကြုတ်သော ကိုယ်ရည်ကိုယ်သွေးကိုသာ မဖြေရှင်းနိုင်ပါက၊ ၎င်းသည် အဆုံးတွင် သူ၏ ဖြစ်တည်မှုအစစ်အမှန်ကို ဝါးမြိုပစ်လိမ့်မည်၊၊

သေချာသည်မှာ၊ သူသည် ထိုကိုယ်ရည်ကိုယ်သွေးဆိုသည်မှာ သူ၏ ဂိုဏ်းတူညီမ၊ တစ်နည်းအားဖြင့် ရှီးရှောက်ကျန့် ၏ မိခင်သွေးမျိုးနွယ်အတွင်း၌ ကိန်းအောင်းနေသော ကိုယ်ရည်ကိုယ်သွေး ဖြစ်နိုင်သည်ဟု သံသယဝင်လာမိ၏၊၊

မဟုတ်ပါက၊ သူသည် ရက်စက်ကြမ်းကြုတ်လာရုံမျှဖြင့် ရှီးရှောက်ကျန့် အပေါ် ဤမျှအထိ သဘောထားပျော့ပျောင်းသွားရန်မှာ မဖြစ်နိုင်သောကြောင့်ပင် ဖြစ်သည်၊၊

“ဒါဆို ဒါက သွေးမျိုးနွယ်မှာ ပါလာတဲ့ ကိုယ်ရည်ကိုယ်သွေးပေါ့၊ အစွမ်းထက်တဲ့ ခွန်အားကို ရဖို့အတွက် ပေးဆပ်ရမယ့် တန်ဖိုးက တကယ်ပဲ ရှိတာပဲ၊ ဒါပေမဲ့ ဒီတန်ဖိုးက နည်းနည်းတော့ များလွန်းသလိုပဲ၊ ကိုယ်တိုင်တောင် ကိုယ့်ကိုယ်ကိုယ် မဟုတ်တော့တဲ့အထိ ဆိုတော့လေ”

လင်းရန်ယန် ၏ အကြည့်မှာ အနည်းငယ် ကျဉ်းမြောင်းသွား၏၊၊

လင်းရန်ယန် နှင့် နတ်ဘုရားဆရာသခင် အမြောက်အမြားပင်လျှင် မိမိတို့ရှေ့မှောက်ရှိ ရှီးကျန့် ၏ လှည့်ဖြားမှုကို ခံခဲ့ရသည်မှာ မဆန်းတော့ချေ၊၊

ကြည့်ရသည်မှာ သူသည် အပြစ်သားငရဲသွေး၏ ဝိညာဉ်ဝါးမြိုခြင်း စွမ်းရည်ကို အပြည့်အဝ မသုံးစွဲမီအထိ၊ ၎င်းအတွင်းရှိ ရက်စက်သော ကိုယ်ရည်ကိုယ်သွေးမှာ နိုးထလာခြင်း မရှိသေးပုံ ရ၏၊၊ ထို့ကြောင့် ဖြောင့်မတ်ပြီး မာနကြီးလှသော ရှီးကျန့် ၏ ပုံရိပ်နှင့် သူ၏ ကုသိုလ်ကံများမှာ လင်းရန်ယန် ကို သံသယ အမြောက်အမြား မဝင်စေရန် တားဆီးပေးထားနိုင်ခဲ့ခြင်း ဖြစ်သည်၊၊

ထိုနတ်ဘုရားဆရာသခင်များ၏ ဝိညာဉ်များကို ဝါးမြိုပြီးနောက်မှသာ သူသည် ဤမျှအထိ ရက်စက်ကြမ်းကြုတ်လာခဲ့ခြင်း ဖြစ်၏၊၊

ဒါကပင် လင်းရန်ယန် ကို ရှီးကျန့် ၏ ပုံမှန်မဟုတ်မှုအား တစ်ချက်တည်းနှင့် သိမြင်စေခဲ့ခြင်း ဖြစ်သည်၊၊

သို့သော် ရှီးကျန့် ၏ မျက်နှာမှာ တစ်ခုခုကို တွေးမိသွားသလိုမျိုး ရုတ်တရက် အေးခဲသွား၏၊၊

“ဟားဟားဟား၊ ငါ နားလည်ပြီ၊ အားလုံးကို ငါ နားလည်သွားပြီ၊ ဒါက ခေါ်နေကြတဲ့ အပြစ်သားငရဲသွေးပေါ့၊ ဒါကြောင့်ကိုး၊ ဟားဟားဟားဟား၊ ဂိုဏ်းတူညီမ၊ အို ဂိုဏ်းတူညီမ၊ မင်းက အရင်တုန်းကအတိုင်းပါပဲလား”

နောက်တစ်ခဏ၌ ရှီးကျန့် သည် အကြောင်းရင်းမရှိဘဲ ခေါင်းကို နောက်သို့ပစ်ကာ ရူးသွပ်သလိုမျိုး ကျယ်လောင်စွာ ရယ်မောတော့၏၊၊

“ဝုန်း ဝုန်း ဝုန်း”

နောက်တစ်ခဏ၌ ရှီးကျန့် သည် ရုတ်တရက် ပေါက်ကွဲထွက်လာသည်၊၊

ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုး လျှပ်စီးတန်းတစ်ခုမှာ သူ၏ လက်မှ တိုက်ရိုက် ပေါက်ကွဲထွက်လာ၏၊၊

သို့သော် တိုက်ခိုက်မှု၏ ပစ်မှတ်မှာ လင်းရန်ယန် မဟုတ်ဘဲ၊ အနီးနားရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ရှီးရှောက်ကျန့် ပင် ဖြစ်သည်၊၊

ဒုန်း….

ကမ္ဘာပျက်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏၊၊ နောက်တစ်ခဏ၌ ရှီးရှောက်ကျန့် ၏ ခန္ဓာကိုယ်မှာ တိုက်ရိုက်ပင် ပေါက်ကွဲထွက်သွားကာ၊ လေထုထဲတွင် မီးကျွမ်းနေသော အသားစများဖြင့် ပြည့်နှက်သွားတော့သည်၊၊

“ဒါက ဘာအခြေအနေလဲ”

ရုတ်တရက် ဖြစ်ပျက်သွားသော အခြင်းအရာကြောင့် လင်းရန်ယန် ပင်လျှင် မှင်တက်သွားရ၏၊၊

“ဝုန်း”

သို့သော်လည်း ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ပေါ်လာသည်၊၊ ရှီးကျန့် သည် ကောင်းကင်သို့ ကြည့်ကာ နာကျင်စွာဖြင့် ဟိန်းဟောက်လိုက်၏၊၊

အဆုံးအစမရှိသော သွေးစွမ်းအင် များမှာ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်၊၊

သွေးစွမ်းအင်များမှာ ရှီးကျန့် ၏ ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် ထိန်းချုပ်ရန်အတွက် ရူးသွပ်သလိုမျိုး ရုန်းကန်နေကြ၏၊၊

“အပြစ်သားငရဲသွေး သေးသေးလေးက ငါ့ရဲ့ စိတ်အာရုံကို လွှမ်းမိုးဖို့ ကြိုးစားနေတာလား၊ မင်း သေချင်နေပြီပဲ”

ကံကောင်းထောက်မစွာဖြင့်၊ ဤအခိုက်အတန့်တွင် ရှီးကျန့် က ဟိန်းဟောက်လိုက်ရာ၊ သူ၏ တစ်ကိုယ်လုံးရှိ မိုးကြိုးစွမ်းအားများမှာ ရူးသွပ်စွာ ပေါက်ကွဲထွက်လာတော့သည်၊၊

“ဝုန်း ဝုန်း ဝုန်း”

အဆုံးစွန်သော ကောင်းကင်မိုးကြိုးများမှာ ရှီးကျန့် ၏ သွေးကြောများနှင့် သွေးများအတွင်းသို့ တိုက်ရိုက် စိမ့်ဝင်ကာ သန့်စင်ပေးတော့၏၊၊

သူ၏ သွေးများအတွင်းရှိ သွေးစွမ်းအင်များမှာ ဟုန်းဟုန်းတောက်နေသော မိုးကြိုးများနှင့်အတူ တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားရသည်၊၊

သို့သော်လည်း သူ၏ ရိုးတွင်းခြင်ဆီအထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်နေသော အပြစ်သားငရဲသွေးမှာ ထိုမျှနှင့် လွယ်လွယ်ကူကူ ပျောက်ကွယ်သွားခြင်း မရှိချေ၊၊ တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ သွေးမျိုးနွယ်တစ်ခုလုံးကို လုံးဝကို ဖျက်ဆီးပစ်ရန်ပင် ဖြစ်၏၊၊

“ငါ့အတွက် သေစမ်း”

ဒေါသတကြီး ဟိန်းဟောက်သံများမှာ ရှီးကျန့် ၏ ပါးစပ်မှ ထွက်ပေါ်လာသည်၊၊

ကြောက်မက်ဖွယ်ကောင်းသော မိုးကြိုးများမှာ ဆတိုး ပိုမို ရက်စက်လာပြန်၏၊၊

ကောင်းကင်မိုးကြိုး၏ ဗုံးကြဲတိုက်ခိုက်မှုအောက်တွင် ရှီးကျန့် ၏ အသားနှင့် အရိုးများမှာ စတင်၍ မီးကျွမ်းလာရသည်၊၊

ထိုသို့ ပြုလုပ်ခြင်း၏ နာကျင်မှုမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းမည်ကို မည်သူမဆို ခန့်မှန်းနိုင်၏၊၊

သို့သော် ရှီးကျန့် မှာမူ ရပ်တန့်ခြင်း မရှိဘဲ၊ မိမိကိုယ်ကိုယ် ရူးသွပ်သလိုမျိုး ဆက်လက်၍ ဗုံးကြဲတိုက်ခိုက်နေဆဲပင် ဖြစ်သည်၊၊

အချိန်ကြာလာသည်နှင့်အမျှ၊ များပြားလှသော အနက်ရောင် မီးခိုးငွေ့များမှာ ရှီးကျန့် ၏ တစ်ကိုယ်လုံးမှ ထွက်ပေါ်လာတော့၏၊၊

“ရှီးကျန့် က သူ့သွေးထဲမှာ ရှိနေတဲ့ အပြစ်သားငရဲသွေးကို ဖယ်ရှားဖို့အတွက် ဒီနည်းလမ်းကို သုံးချင်နေတာလား၊ သူ အသက်မရှင်ချင်တော့ဘူးလား”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရန်ယန် ၏ မျက်နှာအမူအရာပင် ပြောင်းလဲသွားရ၏၊၊

“ဖြောင်း၊ ဖြောင်း”

ရှီးကျန့် ၏ ခန္ဓာကိုယ်ပေါ်ရှိ မိုးကြိုးစွမ်းအားများမှာ ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်နှင့်အမျှ၊ မြေအောက်ခန်းတစ်ခုလုံးမှာ ပြိုကျလုနီးပါး ဖြစ်လာသည်၊၊

“အရင် ဆုတ်ကြစို့”

ရွေးချယ်စရာ မရှိတော့သဖြင့်၊ လင်းရန်ယန် သည် လက်ကို ဝှေ့ယမ်းကာ အနီးနားရှိ အမျိုးသမီး ရှစ်ဦးစလုံးကို ကယ်တင်လိုက်ပြီးနောက်၊ စိတ်စွမ်းအား ကို အသုံးပြုကာ အားလုံးကို အကာအကွယ်ပေးလျက် ကောင်းကင်ထက်သို့ ပျံတက်လိုက်၏၊၊

၎င်းတို့အဖွဲ့ ပျံတက်သွားသည်နှင့်အမျှ၊ ၎င်းတို့ အထက်ရှိ မြေပြင်မှာ မမြင်ရသော စွမ်းအားတစ်ခုကြောင့် ချက်ချင်းပင် ပွင့်ထွက်သွားရသည်၊၊

၎င်းတို့အဖွဲ့မှာ မြေအောက်ခန်းအတွင်းမှ ချက်ချင်းပင် ပျံထွက်လာခဲ့ကြ၏၊၊

“ဝုန်း ဝုန်း ဝုန်း”

သို့သော်လည်း၊ ဤအခိုက်အတန့်တွင် များပြားလှသော မိုးကြိုးစွမ်းအားများမှာ ကောင်းကင်ယံမှ ကျဆင်းလာတော့သည်၊၊

လင်းရန်ယန် သည် မျက်ခုံးကို ပင့်လိုက်ကာ ကောင်းကင်သို့ ကြည့်လိုက်ရာ၊ မိုင်တစ်ရာ ပတ်လည်အတွင်း၌ အဆုံးမရှိသော မိုးကြိုးတိမ်တိုက်များ စုစည်းနေသည်ကို တွေ့လိုက်ရ၏၊၊

မိုးကြိုးတိမ်တိုက်များ စုစည်းလာသည်နှင့်အမျှ၊ များပြားလှသော လျှပ်စီးတန်းများမှာ ကောင်းကင်မိုးကြိုးအဖြစ် စုစည်းလာတော့သည်၊၊

“ဒုန်း”

“ဒုန်း”

“ဒုန်း”

နောက်ဆုံးတွင်၊ ကောင်းကင်မိုးကြိုးတန်းများမှာ မိုးကုပ်စက်ဝိုင်းမှ ရိုက်ချလာကာ၊ ရှီးကျန့် ရှိရာ မြေပြင်ကို ရက်ရက်စက်စက် ထိမှန်သွားသဖြင့်၊ မြေပြင်မှာ ကြီးမားလှသော ကျင်းကြီးတစ်ခုအဖြစ် ပေါက်ကွဲသွားတော့၏၊၊

အကယ်၍သာ လင်းရန်ယန် သည် လက်ကို ဝှေ့ယမ်းကာ ရှီးကျန့် ၏ ယဇ်ပူဇော်ရာ နေရာအတွင်း၌သာ မိုးကြိုးစွမ်းအားများကို ကန့်သတ်မထားခဲ့ပါက၊ ဤမိုးကြိုးစွမ်းအား၏ ပေါက်ကွဲမှုမှာ မီတာ ထောင်ပေါင်းများစွာအတွင်းရှိ အရာအားလုံး၊ တစ်နည်းအားဖြင့် မြို့၏ အစိတ်အပိုင်းအတော်များများကို ပြာပုံအတိ ဖြစ်သွားစေရန် လုံလောက်လိမ့်မည်၊၊

နက်ရှိုင်းလှသော ကျင်းကြီး၏ အလယ်ဗဟိုတွင်မူ၊ ကောင်းကင်မိုးကြိုးအားလုံးမှာ ရှီးကျန့် ၏ ခန္ဓာကိုယ်ကို ရူးသွပ်သလိုမျိုး ဗုံးကြဲတိုက်ခိုက်နေကြသည်၊၊

ချက်ချင်းပင်၊ ဤပြာလွင်သော ကောင်းကင်မိုးကြိုးတန်းများမှာ ရှီးကျန့် ၏ ခန္ဓာကိုယ်အတွင်းသို့ ပေါင်းစပ်သွားကာ နောက်ဆုံးကျန်ရှိနေသော အပြစ်သားငရဲသွေး အစအနများကို စတင် ဖယ်ရှားတော့၏၊၊

သေချာလှပေသည်၊ အပြစ်သားငရဲသွေးမှာ ကောင်းကင်မိုးကြိုးကို ခုခံနိုင်စွမ်း အလွန်ပင် အားနည်းလှသည်၊၊

ကောင်းကင်မိုးကြိုး၏ ပြင်းထန်လှသော စွမ်းအားအောက်တွင်၊ အပြစ်သားငရဲသွေး၏ နောက်ဆုံး အစအနမှာ လုံးဝကို ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏၊၊

သို့သော်လည်း ရှီးကျန့် မှာမူ အလွန်အားနည်းလှသော အသက်ဓာတ် အစအနလေးသာ ကျန်ရှိတော့သည့် မီးသွေးခဲတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ရသည်၊၊

“သူက တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် ဒီလောက်အထိ ရိုက်ချရဲတဲ့အထိ ရက်စက်တာပဲ”

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လင်းရန်ယန် ပင်လျှင် ရင်ထဲတွင် တုန်လှုပ်သွားရ၏၊၊

သူသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ထိုမိန်းကလေးငယ် အမြောက်အမြားကို ကီလိုမီတာ အတော်ကြာသော နေရာသို့ ပို့ဆောင်လိုက်ပြီးနောက်၊ ဖြည်းဖြည်းချင်း အောက်သို့ ဆင်းသက်လာခဲ့သည်၊၊

ဤအခိုက်အတန့်တွင် သွေးရောင်အရှိန်အဝါ အနည်းငယ်မှာ လေထုထဲတွင် ပျံ့လွင့်နေဆဲ ဖြစ်၏၊၊

လင်းရန်ယန် သည် ဟင်းလင်းပြင် နယ်ပယ် ဆီသို့ ဖမ်းဆုပ်လိုက်သည့် အမူအရာ ပြုလုပ်လိုက်သည်၊၊

“ဝုန်း”

ချက်ချင်းပင်၊ ဤသွေးရောင်အရှိန်အဝါများမှာ လျင်မြန်စွာ စတင် စုစည်းလာတော့သည်၊၊

နောက်ဆုံးတွင်၊ သွေးရောင်အရှိန်အဝါမှာ လတ်ဆတ်သော သွေးတစ်စက်အဖြစ် စုစည်းသွား၏၊၊

လင်းရန်ယန် ကို အံ့အားသင့်စေသည်မှာ၊ ဤနက်မှောင်သော သွေးနီရောင်တစ်စက်မှာ ကိုယ်ပိုင်အသိဉာဏ် ရှိနေပုံရကာ၊ လွတ်မြောက်ရန်အတွက် လင်းရန်ယန် စုစည်းထားသော အတားအဆီးကို ရူးသွပ်သလိုမျိုး တိုက်ခိုက်နေခြင်းပင် ဖြစ်သည်၊၊

နှမြောစရာကောင်းသည်မှာ၊ လင်းရန်ယန် ၏ လက်ထဲတွင်မူ ၎င်းသည် ထွက်ပြေးရန် ခွန်အား မရှိချေ၊၊

“ဒါဆို ဒါက အပြစ်သားငရဲသွေးပေါ့”

ဤအဆင့်တွင် လင်းရန်ယန် မှာ အကြမ်းဖျင်းအားဖြင့် နားလည်သွားပြီ ဖြစ်၏၊၊

ဤအပြစ်သားငရဲသွေးကို ဘာလို့ အပြစ်သားငရဲမျိုးနွယ်လို့ မခေါ်ဘဲ၊ အပြစ်သားငရဲသွေးလို့ပဲ ခေါ်ရတာလဲဆိုတာကို သူ နောက်ဆုံးမှာ သိရှိသွားပြီ ဖြစ်သည်၊၊

ဘာလို့လဲဆိုတော့ ၎င်း၏ စစ်မှန်သော ပုံသဏ္ဍာန်မှာ ဤသွေးစက်ပင် ဖြစ်သောကြောင့် ဖြစ်၏၊၊

“အပြစ်သားငရဲ လူမျိုးဆိုတာ မရှိပါဘူး၊ သူတို့တွေက ဒီသွေးရဲ့ ကပ်ပါးရပ်တည်မှုကို ခံထားရတဲ့ သနားစရာကောင်းတဲ့ သတ္တဝါတွေပါပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းက အပြစ်သားငရဲသွေးကလည်း ဒီလိုပါပဲ၊ ပြီးတော့ နောက်ထပ် နှစ်ပေါင်း တစ်သောင်းအကြာမှာ၊ ရှီးကျန့် နဲ့ သူပြောတဲ့ ဂိုဏ်းတူညီမလေးကလည်း အတူတူပါပဲ”

လင်းရန်ယန် က ဖြည်းဖြည်းချင်း ဆိုလိုက်၏၊၊

ရှီးကျန့် အနေဖြင့် အပြစ်သားငရဲမျိုးနွယ်၏ လျှို့ဝှက်နည်းစနစ်များကို အသုံးပြုနိုင်ခြင်းမှာလည်း၊ သူသည် ဤသွေး၏ ကပ်ပါးရပ်တည်မှုကို ခံခဲ့ရပြီး နောက်ဆုံးတွင် အပြစ်သားငရဲသွေး မျိုးဆက်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ခြင်းကြောင့်သာ ဖြစ်သည်၊၊

ထို့နောက် လင်းရန်ယန် သည် အနီးနားရှိ ရှီးရှောက်ကျန့် သေဆုံးသွားသော နေရာဆီသို့ အကြည့်ကို လွှဲလိုက်၏၊၊

မျှော်လင့်ထားသည့်အတိုင်းပင်၊ အနီးကပ် စောင့်ကြည့်လိုက်သောအခါ၊ ထိုနေရာရှိ လေထုထဲတွင်လည်း သွေးမြူအဖြစ် ပြောင်းလဲသွားသော အပြစ်သားငရဲသွေး၏ စွမ်းအားများ ပျံ့လွင့်နေသည်ကို တွေ့ရသည်၊၊

ဒါတင်မကသေးဘဲ သွေးမြူမှာ ကီလိုမီတာ အတော်ကြာသော အချင်းဝက်အထိ ပြန့်ကားသွားပြီး လုံးဝကို လွတ်မြောက်လုနီးပါး ဖြစ်နေပြီ ဖြစ်၏၊၊

“စုစည်းစမ်း၊ ငါးပါးဓာတ် ချုပ်နှောင်ခြင်းအတတ်”

သွေးမြူများ လွတ်မြောက်ရန် ပြင်ဆင်နေသည်ကို မြင်သောအခါ၊ လင်းရန်ယန် သည် တုံ့ဆိုင်းမနေဘဲ ဟင်းလင်းပြင်ဆီသို့ ဖမ်းဆုပ်လိုက်သည်၊၊

ငါးပါးဓာတ် စွမ်းအားများမှာ ချက်ချင်းပင် ကြီးမားလှသော အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကီလိုမီတာ အတော်ကြာသော ဧရိယာကို လွှမ်းခြုံလိုက်၏၊၊

“ပြန်ရုပ်သိမ်းစမ်း”

နောက်ဆက်တွဲအနေဖြင့်၊ ကြီးမားလှသော အတားအဆီးမှာ ရူးသွပ်သလိုမျိုး စတင် ကျုံ့ဝင်လာသည်၊၊

ကျုံ့ဝင်လာသည်နှင့်အမျှ၊ သွေးမြူမှာ ပိုမို ထူထပ်လာ၏၊၊ နောက်ဆုံးတွင် လင်းရန်ယန် ၏ စွမ်းအားအောက်၌ ဒုတိယမြောက် အပြစ်သားငရဲသွေး တစ်စက်မှာ စုစည်းသွားတော့သည်၊၊

ဒါကို မြင်လိုက်ရသောအခါ လင်းရန်ယန် က မျက်ခုံးကို ပင့်လိုက်မိ၏၊၊

ဤအပြစ်သားငရဲသွေး နှစ်စက်မှာ အမှန်တကယ်ပင် မတူညီသော အရှိန်အဝါ နှစ်ခုကို ပိုင်ဆိုင်ထားကြသည်၊၊

၎င်းမှာ မတူညီသော လူနှစ်ဦးကဲ့သို့ ဖြစ်နေခြင်းမှာ အလွန်ပင် ထူးဆန်းလှ၏၊၊

ဒါ့အပြင် နှစ်ခုစလုံးမှာ ကိုယ်ပိုင် အတွေးအခေါ်များ ရှိနေကြသည်၊၊

“ဒီအရာက တကယ်ကို ထူးဆန်းတာပဲ၊ ကျင့်ကြံခြင်းလောကထဲမှာ တခြား လည်ပတ်နေတဲ့ သွေးတွေ ရှိနေသေးလားဆိုတာ ငါ တကယ်ကို သိချင်မိတယ်”

လင်းရန်ယန် သည် လေးနက်သွားရ၏၊၊

အကယ်၍ ဤအရာသည် ရက်ပိုင်းမျှနှင့်ပင် စစ်မှန်သောဘုရင် တစ်ဦးကို၊ ဒါ့အပြင် အစွမ်းထက်လှတဲ့သူတစ်ယောက်ကို ဖန်တီးပေးနိုင်တယ်ဆိုရင်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းကလိုမျိုးပဲ၊ အခုလည်း အဲ့ဒီလို ဖြစ်နိုင်ချေ ရှိနေတုန်းပဲ ဖြစ်သည်၊၊

“ကဲ၊ အမှန်တရားကို သိရဖို့အတွက် ရှီးကျန့် ကိုပဲ မေးရတော့မှာပေါ့၊”

ထိုသို့ တွေးမိသည်နှင့်၊ လင်းရန်ယန် သည် ဟင်းလင်းပြင်ကို ဖြတ်၍ ရှီးကျန့် ဆီသို့ လက်ဝါးဖြင့် ရိုက်ချလိုက်၏၊၊

“ဝုန်း”

အခန်း (၁၆၂) မတွေ့ရတာ ကြာပြီ

မျက်တောင်တစ်ခတ်အတွင်းမှာပင်…

ခိုင်ခံ့ကြီးမားလှသော သစ်သားဝိညာဉ်စွမ်းအား များမှာ လင်းရန်ယန် ၏ လက်မှ ပေါက်ကွဲထွက်လာပြီးနောက် ရှီးကျန့် ၏ တစ်ကိုယ်လုံးသို့ အရှိန်အဟုန်ဖြင့် စီးဝင်သွားတော့၏၊၊

အလွန်အမင်း အားနည်းနေပြီး ငြိမ်းလုနီးပါး ဖြစ်နေသော ရှီးကျန့် ၏ အသက်ဓာတ် အစအနလေးမှာ ချက်ချင်းပင် တည်ငြိမ်သွားကာ ပြန်လည် ရှင်သန်လာသည်၊၊

နောက်ဆက်တွဲအနေဖြင့် ရှီးကျန့် ၏ တစ်ကိုယ်လုံးမှာ လျင်မြန်စွာ ပြန်လည် ကောင်းမွန်လာပြီး၊ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ မီးကျွမ်းနေသော အကြွင်းအကျန်များမှာ အက်ကွဲကာ လွင့်စင်ကျလာတော့၏၊၊

အက်ကွဲသွားသော နေရာများမှ ပေါ်ထွက်လာသော အသားအရေမှာ အလွန်ပင် ချောမွေ့လွန်းလှသည်၊၊

မကြာမီမှာပင် ရှီးကျန့် ၏ မျက်လုံးများ ဖြည်းဖြည်းချင်း ပွင့်လာတော့၏၊၊

“ဒါ….ဒါက သစ်သားဝိညာဉ်စွမ်းအားလာ၊”

ရှီးကျန့် သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခိုင်ခံ့လှသော အသက်စွမ်းအားများကို ခံစားလိုက်ရပြီး မယုံကြည်နိုင်သော မျက်နှာထားဖြင့် ထရပ်လိုက်သည်၊၊

“ဒုန်း”

သူ ထရပ်လိုက်သည်နှင့် သူ၏ တစ်ကိုယ်လုံးရှိ မီးကျွမ်းနေသော အခွံများမှာ ပေါက်ကွဲထွက်သွား၏၊၊

လုံးဝ ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခုမှာ လင်းရန်ယန် ၏ မျက်စိရှေ့မှောက်တွင် ပေါ်ထွက်လာတော့သည်၊၊

သို့သော်လည်း အဖိုးကြီးတစ်ဦး၏ ဗလာကျင်းနေသော ခန္ဓာကိုယ်မှာ လင်းရန်ယန် အတွက်မူ ကြည့်မကောင်းလှချေ၊၊ ကံကောင်းထောက်မစွာဖြင့် ရှီးကျန့် သည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ကာ အနက်ရောင် ဝတ်ရုံတစ်ထည်ကို ထုတ်ယူ၍ ဝတ်ဆင်လိုက်၏၊၊

“မင်းပဲ ငါ့ကို ကယ်လိုက်တာလား”

ရှီးကျန့် က လင်းရန်ယန် ကို မယုံကြည်နိုင်လောက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်၊၊

လင်းရန်ယန် တွင်လည်း သစ်သားဝိညာဉ်စွမ်းအား ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိချေ၊၊ ၎င်း၏ အဆင့်ကို ကြည့်ရသည်မှာ သေချာပေါက် စတုတ္ထအဆင့်ထက် မနိမ့်ပေ၊၊

ဒါမှမဟုတ် ဒီထက်တောင် ပိုမြင့်နေနိုင်သေး၏၊၊

မဟုတ်ပါက သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် သူရရှိထားသော ဒဏ်ရာအပြင်းအထန်ကို အချိန်တိုအတွင်းမှာ အပြည့်အဝ ကောင်းမွန်အောင် ဘယ်လိုလုပ်ပြီး လုပ်နိုင်မည် မဟုတ်ပေ။

ကျင့်ကြံခြင်းလမ်းစဉ်ကို စတင်လျှောက်လှမ်းကတည်းက စုဆောင်းမိခဲ့သော သိုဝှက်ဒဏ်ရာများပင်လျှင် လုံးဝကို ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏၊၊

“ကျွန်တော် မဟုတ်ရင် တခြား ဘယ်သူက မင်းကို ကယ်မှာလဲ၊ သေချာတာပေါ့၊ ကျွန်တော်က မင်းကို ကယ်ချင်ရုံသက်သက်နဲ့ ကယ်ခဲ့တာ မဟုတ်ဘူး၊ အပြစ်သားငရဲသွေးကို ဘယ်ကနေ ရခဲ့တာလဲဆိုတာပဲ သိချင်တာ၊ ကျွန်တော် မှတ်မိသလောက်ဆိုရင်၊ အဲ့ဒီတုန်းက ဒီအပြစ်သားငရဲသွေးက နှစ်စက်တည်းတင် ရှိခဲ့တာ မဟုတ်ဘူး၊ မဟုတ်လား၊ အများကြီး ရှိနေပုံရတယ်၊ အကယ်၍သာ အဲ့ဒါတွေ ပြန့်နှံ့သွားမယ်ဆိုရင်၊ ကျင့်ကြံခြင်းလောကတစ်ခုလုံး ပျက်စီးသွားလိမ့်မယ်”

လင်းရန်ယန် က ကိစ္စ၏ ကြီးလေးမှုကို တိုက်ရိုက်ပင် ဆိုလိုက်၏၊၊

နှမြောစရာကောင်းသည်မှာ ရှီးကျန့် ကမူ ဤစကားကို ကြားပြီးနောက်တွင်လည်း တည်ငြိမ်နေဆဲပင် ဖြစ်သည်၊၊

“ဟွန့်၊ ကျင့်ကြံခြင်းလောက ပျက်စီးတာက ငါနဲ့ ဘာဆိုင်လို့လဲ”

ရှီးကျန့် က အထင်သေးစွာဖြင့် ပြုံးလိုက်၏၊၊

အမှန်စင်စစ်၊ ကျင့်ကြံခြင်းလောကတစ်ခုလုံး အမှန်တကယ် ပျက်စီးသွားလျှင်ပင် ယခုအချိန်တွင် သူ့အပေါ် အနည်းငယ်မျှ သက်ရောက်မှု ရှိလိမ့်မည် မဟုတ်ချေ၊၊

အစောပိုင်းက သူ၏ ဂိုဏ်းတူညီမလေးမှာ ထိုစဉ်က ပူးကပ်ခြင်းကို ခံခဲ့ရုံသာ ဖြစ်ပြီး၊ စစ်မှန်သော မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်မသွားခဲ့ကြောင်း သိရှိလိုက်ရရုံနှင့်တင် သူ့အတွက် လုံလောက်နေပြီ ဖြစ်၏၊၊

ရှီးရှောက်ကျန့် နှင့် ပတ်သက်၍မူ၊ သူသည် အမှန်တကယ်ပင် သူ၏ သားအရင်း မဟုတ်ဘဲ သူ၏ ဂိုဏ်းတယညီမ၏ သားသာ ဖြစ်သည်၊၊

တိတိကျကျ ပြောရလျှင်၊ သူသည် ထိုအပြစ်သားငရဲသွေး၏ သားဖြစ်သင့်၏၊၊

သူသည် ရှီးရှောက်ကျန့် က နေရာအနှံ့ အပြစ်မဲ့သူများကို ဒုက္ခပေးနေသည်ကို မသတ်ဘဲ သည်းခံခဲ့ခြင်းမှာ၊ ထိုကလေးသည် သူ၏ ဂိုဏ်းတူညီမ၏ သားဖြစ်သည်ဟု ယုံကြည်ခဲ့သောကြောင့် ဖြစ်သည်၊၊

သူ၏ ဂိုဏ်းတူညီမမှာ အပြစ်သားငရဲသွေး၏ ကပ်ပါးရပ်တည်မှုကို ခံခဲ့ရသည်မှာ ကြာပြီဖြစ်ကြောင်း သိလိုက်ရချိန်တွင်မူ၊ သူသည် ရှီးရှောက်ကျန့် ကို တိုက်ရိုက်ပင် သတ်ဖြတ်ရန် တုံ့ဆိုင်းမနေခဲ့ချေ၊၊

ထို့ကြောင့် သူသည် ကျင့်ကြံခြင်းလောကတစ်ခုလုံးနှင့် ပတ်သက်၍ နောင်တများစွာ မရှိတော့ချေ၊၊

မော်ရှန်း နှင့် ပတ်သက်၍တော့ ၊

လင်းရန်ယန် ရှိနေသရွေ့၊ ဤကောင်လေးသည် မော်ရှန်း ကို ပျက်စီးခွင့်ပေးလိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်၊၊

အခြားဂိုဏ်းများမှ လူများနှင့် ပတ်သက်၍မူ သူ လုံးဝ ဂရုမစိုက်တော့ချေ၊၊

“ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော် နောက်တစ်မျိုး ပြောပြမယ်၊ မင်းရဲ့ လေးစားရတဲ့ ဆရာသခင်နဲ့ ဘိုးဘွားကြီးကိုယ်တိုင် သတ်ဖြတ်ခဲ့ရတဲ့ မင်းရဲ့ ဂိုဏ်းတူညီမကို ဒီလိုဖြစ်အောင်လုပ်ခဲ့တဲ့ အပြစ်သားငရဲသွေးက ကျင့်ကြံခြင်းလောကတစ်ခုလုံးကို အုပ်စိုးနေတာကို မင်းက ထိုင်ကြည့်နေချင်တာလား၊ အကယ်၍ မင်းက ကြည့်နေချင်တယ်ဆိုရင်လည်း ကျွန်တော် ဘာမှ မပြောတော့ဘူး၊ အကယ်၍ မဟုတ်ဘူးဆိုရင်တော့၊ ကျွန်တော်တို့ ပူးပေါင်းလို့ ရနိုင်မယ် ထင်တယ်”

လင်းရန်ယန် က ပုခုံးကို တွန့်ပြလိုက်ကာ အေးဆေးစွာ ဆိုလိုက်၏၊၊

မည်သို့ပင်ဖြစ်စေ သူတွင် သိရှိနိုင်မည့် နည်းလမ်းများ ရှိသော်လည်း ရှီးကျန့် ၏ ပါးစပ်မှ အချက်အလက်များကို ရယူခြင်းမှာ သဘာဝကျကျပင် အဆင်ပြေဆုံး ဖြစ်လိမ့်မည်၊၊

မျှော်လင့်ထားသည့်အတိုင်းပင် လင်းရန်ယန် ၏ စကားကို ကြားပြီးနောက် ရှီးကျန့် ၏ မျက်နှာအမူအရာမှာ အေးစက်တောင့်တင်းသွား၏၊၊

“ဟွန်း၊ အဲ့ဒီလိုဆိုရင်တောင် ငါတစ်ယောက်တည်းနဲ့တင် လုံလောက်ပါတယ်၊ ငါက ဘာလို့ မင်းရဲ့ အကူအညီကို လိုရမှာလဲ”

ရှီးကျန့် က လင်းရန်ယန် ကို မောက်မာသော မျက်နှာထားဖြင့် ကြည့်လိုက်၏၊၊

လင်းရန်ယန် တွင် ဤမျှ အစွမ်းထက်သော သစ်သားဝိညာဉ်စွမ်းအား ရှိနေလျှင်ပင် အသုံးမဝင်သေးပေ၊၊ သူ့အမြင်တွင်မူ ဤကောင်လေး၏ ခွန်အားမှာ သူနှင့် ယှဉ်လျှင် အများကြီး နိမ့်ကျနေဆဲပင်၊၊

“ရော့၊ ဒါက မင်းဆီကရော ရှီးရှောက်ကျန့် ဆီကရော ထွက်လာတဲ့ အပြစ်သားငရဲသွေးတွေပဲ၊ ဒီအရာရဲ့ အသက်ဓာတ်က ဘယ်လောက်အထိ ခိုင်မာလဲဆိုတာ မင်းကို ကျွန်တော် ပြောပြနေစရာ မလိုတော့ဘူး မဟုတ်လား”

လင်းရန်ယန် က ချိပ်ပိတ်ထားသော အလင်းလုံးနှစ်လုံးကို တိုက်ရိုက် ထုတ်ယူလိုက်ရာ၊ ၎င်းအတွင်း၌ အဆိပ်ကဲ့သို့သော သွေးစက်နှစ်စက်မှာ လွတ်မြောက်ရန်အတွက် ရူးသွပ်သလိုမျိုး ရုန်းကန်နေကြ၏၊၊

ဒါကို မြင်လိုက်ရသောအခါ ရှီးကျန့် ၏ မျက်ဝန်းအိမ်မှာ ကျုံ့သွားရသည်၊၊

သူက ဒါကို အမှန်တကယ် မသတ်ခဲ့ဘူးလား၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

“သူတို့တွေ ရှိနေသရွေ့၊ သူတို့ရဲ့ လက်ခံခန္ဓာကိုယ်က အကြိမ်ပေါင်း ဆယ်ဂဏန်း ဒါမှမဟုတ် သောင်းဂဏန်းအထိ အသတ်ခံရရင်တောင် သူတို့က အသက်ရှင်နေဦးမှာပဲ၊ သူတို့ကို အမြစ်ပြတ်အောင် လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက လုံးဝကို လောင်ကျွမ်းသွားအောင် လုပ်ပစ်ဖို့ပဲ၊ သေချာတာပေါ့၊ ဒီလောကမှာ ကျွန်တော်တစ်ယောက်တည်းပဲ ဒါကို လုပ်နိုင်တယ်”

ထိုသို့ ပြောဆိုပြီးနောက် လင်းရန်ယန် သည် ကြယ်တာရာမီးတောက် ကို တိုက်ရိုက် ထုတ်ဖော်လိုက်၏၊၊

ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ မှာ ပိုမို အစွမ်းထက်လာသဖြင့်၊ လင်းရန်ယန် ၏ ကြယ်တာရာမီးတောက်မှာလည်း သိသိသာသာ ပိုမို ပြင်းထန်လာခဲ့ပြီ ဖြစ်သည်၊၊

“ရှဲ”

မျက်တောင်တစ်ခတ်အတွင်းမှာပင် အပြစ်သားငရဲသွေး တစ်စက်မှာ မီးတောက်များ၏ လောင်ကျွမ်းမှုအောက်တွင် ဘာအစအနမျှ မကျန်ဘဲ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်၏၊၊

“စတုတ္ထအဆင့်၊ မဟုတ်ဘူး၊ အနည်းဆုံးတော့ ပဉ္စမအဆင့်ရှိတဲ့ မီးဝိညာဉ်ခန္ဓာပဲ”

ဤမြင်ကွင်းကြောင့် ရှီးကျန့် မှာ လင်းရန်ယန် ကို မယုံကြည်နိုင်လောက်အောင် ကြည့်လိုက်မိသည်၊၊

ပဉ္စမအဆင့်ရှိသော မီးဝိညာဉ်ခန္ဓာ ဆိုသည်မှာ ဒဏ္ဍာရီများအရ လမ်းစဉ်ဘုရင် တစ်ဦးပင်လျှင် ထိန်းချုပ်ရန် ခက်ခဲသော ဝိညာဉ်ခန္ဓာ အဆင့်အတန်းပင် ဖြစ်၏၊၊

လင်းရန်ယန် ဒါကို ပိုင်ဆိုင်ထားသည်မှာ ယုံနိုင်ဖွယ်မရှိချေ။

“မီးဝိညာဉ်ခန္ဓာ တစ်ခုတည်း မဟုတ်ဘူး၊ ဒါလည်း ရှိသေးတယ်”

လင်းရန်ယန် က အသာအယာ ပြုံးလိုက်၏၊၊

ထိုသို့ ပြောပြီးနောက် သူသည် ဟင်းလင်းပြင် နယ်ပယ်ကို ဖြတ်၍ ရှီးကျန့် ဆီသို့ လက်ညှိုးညွှန်လိုက်သည်၊၊

“ဝုန်း”

သို့သော်လည်း ရှီးကျန့် ကို ထိတ်လန့်သွားစေသည့် အရာတစ်ခု ဖြစ်ပျက်ခဲ့သည်၊ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကောင်းကင်မိုးကြိုးစွမ်းအားများမှာ ချက်ချင်းပင် ထွက်ပေါ်လာပြီး လင်းရန်ယန် ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခြင်းပင် ဖြစ်၏၊၊

ရှီးကျန့် သည် ကောင်းကင်မိုးကြိုးစွမ်းအားကို ပြန်လည် ရုပ်သိမ်းရန် သို့မဟုတ် ပြန်လည် စုစည်းရန် ကြိုးစားသော်လည်း၊ နှမြောစရာကောင်းသည်မှာ သူ ပြန်လည် စုစည်းနိုင်ခဲ့သည်မှာ သာမန် မိုးကြိုးစွမ်းအား သာ ဖြစ်နေခြင်းပင် ဖြစ်သည်၊၊

သူသည် ကောင်းကင်မိုးကြိုးကို တစ်ခါမျှ မထိန်းချုပ်ခဲ့ဖူးသလိုမျိုး သူ၏ ခန္ဓာကိုယ်အတွင်း၌ ကောင်းကင်မိုးကြိုး အစအန တစ်ခုမျှ မကျန်တော့ချေ၊၊

“ဒါ….. ဒါက ဘာတွေ ဖြစ်နေတာလဲ၊ ငါ့ရဲ့ ကောင်းကင်မိုးကြိုးတွေ ဘယ်ရောက်သွားတာလဲ”

ရှီးကျန့် က လင်းရန်ယန် ကို အေးစက်တည်တင်းသော မျက်နှာထားဖြင့် ကြည့်လိုက်၏၊၊

“မင်းရဲ့ ကောင်းကင်မိုးကြိုး ဟုတ်လား၊ စိတ်မကောင်းပါဘူး၊ အဲ့ဒါက ကျွန်တော့်ရဲ့ ကောင်းကင်မိုးကြိုးပါ၊ အရင်တုန်းက ကျွန်တော် ကောင်းကင်ဘေးဒုက္ခ စွမ်းအား ကို ထိန်းချုပ်နေတုန်းက၊ ကောင်းကင်မိုးကြိုးရဲ့ အစိတ်အပိုင်းတစ်ခုကို မင်းက စုပ်ယူခဲ့တာလေ၊ အရင်တစ်ခေါက် မော်ရှန်း တောင်မှာ မင်း ကောင်းကင်မိုးကြိုးကို သုံးတာ မြင်ကတည်းက၊ ပျောက်နေတဲ့ ကောင်းကင်မိုးကြိုးက မင်းဆီမှာ ရှိနေမှန်း ကျွန်တော် သိခဲ့တယ် ၊ ဒါပေမဲ့ ဒီလောက်အထိ နည်းပါးလှတဲ့ ကောင်းကင်မိုးကြိုးစွမ်းအားက ကျွန်တော်အတွက် အသုံးမဝင်ဘူးလို့ ထင်တာနဲ့ မင်းကို ခေတ္တ ငှားထားပေးခဲ့တာပါ၊ အခုတော့ မင်း ဒါကို မလိုတော့ဘူး ထင်တယ်”

လင်းရန်ယန် က အသာအယာ ပြုံးလိုက်ပြီးနောက် သူ၏ ညာလက်ကို ဟင်းလင်းပြင်တွင် ဆုပ်နယ်လိုက်ရာ ခရမ်းရောင်ရှိသော ကောင်းကင်ဘေးဒုက္ခ စွမ်းအား တစ်ခုမှာ သူ၏ လက်မှ ပေါက်ကွဲထွက်လာ၏၊၊

“ဖြောင်း”

ခရမ်းရောင် ကောင်းကင်ဘေးဒုက္ခ စွမ်းအားများမှာ လင်းရန်ယန် ၏ လက်ထဲတွင် လျင်မြန်စွာ စီးဆင်းနေသဖြင့် ရှီးကျန့် မှာ ထိတ်လန့်တကြားဖြင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်၊၊

သူ၏ ကောင်းကင်မိုးကြိုးမှာ လင်းရန်ယန် ဆီကနေ ငှားထားရုံသက်သက်ပဲလား ၊ သူက ဒါကို ကိုယ့်ရဲ့ ခွန်အားနဲ့ ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ထင်နေခဲ့တာ၊ ဒါပေမဲ့ လင်းရန်ယန် မှာမူ ခရမ်းရောင် ကောင်းကင်ဘေးဒုက္ခ စွမ်းအားကိုတောင် ပိုင်ဆိုင်ထားပြီးပြီ ဖြစ်၏၊၊

“နေဦး၊ ဒီမိုးကြိုးဝိညာဉ်ခန္ဓာက၊ ပဉ္စမအဆင့်ပဲ၊ မဖြစ်နိုင်ဘူး၊ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ချက်ချင်းဆိုသလိုပင် လင်းရန်ယန် ဆီမှ ထွက်ပေါ်နေသော မိုးကြိုးဝိညာဉ်ခန္ဓာ၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ်ကောင်းသော ပဉ္စမအဆင့်သို့ ရောက်ရှိနေကြောင်း ရှီးကျန့် သိရှိလိုက်ရသဖြင့် အကြီးအကျယ် တုန်လှုပ်သွားရသည်၊၊

ဤအခိုက်အတန့်တွင် သူ ထိတ်လန့်နေရပြီ ဖြစ်၏၊၊

ပဉ္စမအဆင့်ရှိသော မိုးကြိုးဝိညာဉ်ခန္ဓာ ဆိုသည်မှာ သူ အိပ်မက်တောင် မမက်ရဲသော အရာပင် ဖြစ်သည်၊၊

သို့သော်လည်း လင်းရန်ယန် မှာမူ ၎င်းကို ပိုင်ဆိုင်ထားပြီးပြီ ဖြစ်၏၊၊

ဒါ့အပြင် သူ့တွင် စစ်မှန်သောဘုရင် တစ်ဦးကိုပင် လျှပ်စီးတစ်ချက်တည်းနှင့် သုတ်သင်နိုင်သည်ဟု ဆိုကြသော ကောင်းကင်ဘေးဒုက္ခ စွမ်းအားလည်း ရှိနေသေးသည်၊၊

ဤအခိုက်အတန့်တွင် သူသည် မိမိ၌ ကောင်းကင်မိုးကြိုးစွမ်းအား ရှိနေသည်ကို မြင်သောအခါ လင်းရန်ယန် ဇဝေဇဝါ ဖြစ်နေခဲ့ပုံကို ပြန်လည် သတိရသွားသည်၊၊ လင်းရန်ယန် သည် မိမိ၏ ကောင်းကင်မိုးကြိုးကြောင့် မှင်တက်သွားခြင်း ဖြစ်သည်ဟု သူ ထင်ခဲ့သော်လည်း၊ ယခုမူ တစ်ဖက်လူ၏ အတွေးမှာ ‘ငါ ပစ်လိုက်တဲ့ အမှိုက်ကို ရတနာတစ်ခုလို သဘောထားနေတဲ့သူ ရှိပါသေးလား’ ဆိုသည့် အတွေးမျိုး ဖြစ်နေလိမ့်မည်ဟု သူ သိလိုက်ရ၏၊၊

ဤအဆင့်တွင်မူ ရှီးကျန့် သည် မိမိရှေ့မှောက်ရှိ လင်းရန်ယန် မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းသူ ဖြစ်ကြောင်း နောက်ဆုံး၌ နားလည်သွားပြီ ဖြစ်သည်၊၊

ပါရမီနှင့် ခွန်အားအပိုင်းတွင်သာမက၊ ဆယ်နှစ်တိုင်တိုင် သူ အကွက်ချခဲ့သော အစီအစဉ်မှာပင် လင်းရန်ယန် ၏ လက်ထဲတွင် အလွယ်တကူ ချေမှုန်းခြင်း ခံလိုက်ရ၏၊၊

“မင်း သိချင်တယ်ဆိုရင်တော့ ငါ ပြောပြပါ့မယ်”

နောက်ဆုံးတွင် ရှီးကျန့် သည် အသက်ကို ပြင်းပြင်းရှူလိုက်ကာ ဖြည်းဖြည်းချင်း စတင် ပြောဆိုတော့သည်၊၊

“ဟွန့်ယန့် တောင်တန်း အကြောင်းကို မင်း ကြားဖူးမှာပေါ့၊ မဟုတ်လား”

ရှီးကျန့် က လင်းရန်ယန် ကို ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်၏၊၊

“ဟွန့်ယန့် တောင်တန်းလား၊ နယ်စပ်မှာ ရှိတဲ့ တောင်တန်းကို ပြောတာလား”

လင်းရန်ယန် ၏ မျက်ခုံးမှာ တွန့်သွားရသည်၊၊

သေချာပေါက် သူ ဒါကို ကြားဖူး၏၊၊ အရင်တစ်ခေါက်က နတ်ဘုရားဆရာသခင် ချုံယန် နှင့်အတူ ရွှေရောင်မီးတောက်များ ပါရှိသော အလင်းလုံးတစ်လုံးကို လဲလှယ်ခဲ့သည်ကိုပင် သူ မှတ်မိနေသေး၏၊၊

ထိုအလင်းလုံးမှာ ဟွန့်ယန့် တောင်တန်းအတွင်းမှ ရရှိခဲ့ခြင်း ဖြစ်သည်၊၊

“ဟုတ်တယ်၊ အဲ့ဒီ ဟွန့်ယန့် တောင်တန်းပဲ၊ ပုံပြင်ကတော့ လွန်ခဲ့တဲ့ နှစ်ဆယ့်ရှစ်နှစ်က စတင်ခဲ့တာပါ”

ရှီးကျန့် သည် အတိတ်ကို ပြန်လည် အောက်မေ့လိုက်၏၊၊

ရှီးကျန့် သည် မော်ရှန်း ၏ ၄၈ ခုမြောက် မျိုးဆက် တပည့်များထဲမှ ပထမဆုံး အသုတ်တွင် ပါဝင်သူ ဖြစ်သည်၊၊

ဆိုလိုသည်မှာ သူသည် လင်းရန်ယန် တို့ မျိုးဆက် တပည့်များထက် အနှစ် ၅၀ တိတိ စောစီးခဲ့ခြင်း ဖြစ်၏၊၊

သူ၏ ကောင်းမွန်လှသော ပါရမီနှင့် မိုးကြိုးအတတ်ပညာများအပေါ် ထူးချွန်သော အရည်အချင်းကြောင့်၊ ရှီကျန့် သည် ဂိုဏ်းသို့ ဝင်ရောက်ပြီး ၁၃ နှစ်မြောက်မှာပင် မြေပြင်ဆရာသခင် ဖြစ်လာခဲ့ကာ မော်ရှန်း ၏ အဓိကတပည့် တစ်ဦး ဖြစ်လာခဲ့သည်၊၊

ထိုစဉ်က အောင်းထျန်းလုံ နှင့် အခြားသူများမှာ ဂိုဏ်းသို့ စတင် ဝင်ရောက်ကာစသာ ရှိသေး၏၊၊

ထို့နောက်တွင် သူသည် ပုံမှန်အတိုင်း တိုးတက်လာခဲ့ကာ အသက် ၄၀ အရွယ်တွင် မြေပြင်ဆရာသခင် ပဉ္စမအဆင့်သို့ ရောက်ရှိခဲ့သည်၊၊

၎င်းမှာ တော်တော်လေး ကောင်းမွန်သော အောင်မြင်မှုပင် ဖြစ်၏၊၊

သို့သော်လည်း သူသည် လမ်းစဉ်အပေါ်တွင်သာ စိတ်အားထက်သန်မှု ရှိခြင်းနှင့် သူ၏ ဘိုးဘွားကြီးဖြစ်သူ ဂိုဏ်းချုပ်ကြီးကြောင့်၊ ရှီးကျန့် သည် မိစ္ဆာများကို ရန်သူကဲ့သို့ မုန်းတီးခဲ့ကာ သူ၏ ဂိုဏ်းတူညီကိုမောင်နှမများအတွက် စံပြပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့၏၊၊

ဦးလေးကိုး နှင့် အခြားသူများမှာ သူ့ကို အလွန်ပင် လေးစားကြသည်၊၊ သူတို့၏ ပါရမီကြောင့် နောက်ပိုင်းတွင် ရှီးကျန့် ထက် အဆင့်အတန်း မြင့်မားသွားကြလျှင်ပင် ‘ပထမဆုံး စီနီယာအစ်ကိုကြီး’ ဟူသော ဘွဲ့မှာ ရှီးကျန့် ဆီမှာသာ ရှိနေဆဲပင် ဖြစ်၏၊၊

ဂိုဏ်းတုယညီမလေး အမြောက်အမြားကလည်း သူ့ကို စွဲလမ်းခဲ့ကြသည်၊၊ အဆုံးစွန်၌မူ ရှီးကျန့် သည် ငယ်ရွယ်စဉ်က အလွန်ပင် ချောမောခဲ့သောကြောင့် ဖြစ်၏၊၊

သို့သော်လည်း ရှီးကျန့် ၏ နှလုံးသားထဲတွင်မူ သူ ချစ်မြတ်နိုးရသူ တစ်ဦး ရှိနေခဲ့သည်၊၊ သူမကား သူ၏ ဂိုဏ်းတူ ဂိုဏ်းတူညီမလေး ကျောက်ယွီအာ ပင် ဖြစ်၏၊၊

သူ့အသက် ၄၃ နှစ် အရွယ်တွင်၊ နယ်စပ်၌ မိစ္ဆာကျင့်ကြံသူ အချို့ ပေါ်ပေါက်လာခဲ့သည်၊၊

ရှီးကျန့် နှင့် အခြားသူများမှာ သူတို့၏ ဆရာဖြစ်သူရွှမ်ထျန်းကျီ ၏ ဦးဆောင်မှုဖြင့် မိစ္ဆာများကို သတ်ဖြတ်ရန် နယ်စပ်သို့ သွားခဲ့ကြ၏၊၊

သို့သော်လည်း မိစ္ဆာကျင့်ကြံသူ အရေအတွက် အလွန်များပြားလှသဖြင့်၊ တိုက်ပွဲအတွင်းမှာပင် အဖွဲ့မှာ ကွဲကွာသွားခဲ့ရသည်၊၊

ရှီးကျန့် နှင့် ကျောက်ယွီအာ တို့မှာ ဟွန့်ယန့် တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာအထိ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရ၏၊၊

နောက်ဆုံးတွင်၊ ကျောက်ယွီအာ သည် ရှီးကျန့် ကို ကာကွယ်ပေးရင်း ပြင်းထန်သော တိုက်ခိုက်မှုကို ခံလိုက်ရသဖြင့် သတိလစ် မေ့မြောသွားခဲ့ရသည်၊၊

ရှီးကျန့် မှာ ဒေါသတကြီးဖြင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ မိုးကြိုးစွမ်းအားများကို နှိုးဆော်လိုက်ရာ၊ မိုးကြိုးဝိညာဉ်ခန္ဓာမှာ လုံးဝ နိုးထလာပြီး သူတို့ကို လိုက်လံတိုက်ခိုက်နေသူ အားလုံးကို သတ်ဖြတ်ပစ်ခဲ့၏၊၊

နှမြောစရာကောင်းသည်မှာ ကျောက်ယွီအာ မှာမူ သူမ၏ ပြင်းထန်သော ဒဏ်ရာများကြောင့် သေလုမြောပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်၊၊

ကျောက်ယွီအာ သေဆုံးတော့မည်ဟု ရှီးကျန့် ထင်မှတ်နေချိန်မှာပင်၊ ဟွန့်ယန့် တောင်တန်း၏ အနက်ရှိုင်းဆုံးရှိ ကျောက်ရည်ပူများအတွင်းမှ များပြားလှသော သွေးမြူများ ထွက်ပေါ်လာကာ ကျောက်ယွီအာ ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားခဲ့၏၊၊

ထို့နောက်တွင် ကျောက်ယွီအာ ၏ ဒဏ်ရာများမှာ အံ့သြဖွယ်ကောင်းလောက်အောင် ပြန်လည် ကောင်းမွန်သွားခဲ့သည်၊၊

အစပိုင်းတွင်မူ ကျောက်ယွီအာ ၏ စိတ်နေစိတ်ထားနှင့် အမူအရာမှာ မည်သည့် အပြောင်းအလဲမျှ မရှိခဲ့ချေ၊၊

တစ်ကြိမ်တွင်မူ ကျောက်ယွီအာ သည် မိစ္ဆာများကို သတ်ဖြတ်နေစဉ်မှာပင်၊ လုံမိသားစုမှ ပါရမီရှင်တစ်ဦးဖြစ်သူ လုံဖျင်နန် ကို ကယ်တင်ရန်အတွက် အပြစ်သားငရဲသွေး၏ စွမ်းအားကို မတော်တဆ အသုံးပြုမိခဲ့၏၊၊

သို့သော် ဤကောင်လေးသည် ပြန်ရောက်သောအခါ မှတ်တမ်းများကို လေ့လာကြည့်ရာ၊ ထိုစွမ်းအားမှာ ဒဏ္ဍာရီလာ အပြစ်သားငရဲသွေးနှင့် အနည်းငယ် တူညီနေကြောင်း တွေ့ရှိသွားသဖြင့် သူ၏ ဘိုးဘေးဖြစ်သူ တတိယမြောက် အကြီးအကဲ လုံယွီရှင်း ထံသို့ တိုက်ရိုက် တင်ပြခဲ့သည်၊၊

လုံယွီရှင်း သည် ဂိုဏ်းချုပ်ကြီးနှင့် ဂိုဏ်းအုပ်ကြီးထံသို့ တိုက်ရိုက် ထပ်မံ တင်ပြခဲ့၏၊၊ ထိုစဉ်က ဘိုးဘေးကြီးမှာ စစ်မှန်သောဘုရင် အဆင့်သို့ တက်လှမ်းရန်အတွက် အမြဲတမ်း တံခါးပိတ် ကျင့်ကြံနေချိန် ဖြစ်သဖြင့် ဤကိစ္စကို မသိရှိခဲ့ချေ၊၊

အခန်း (၁၆၃) မီးဝိညာဉ်စွမ်းအား

အခြားသူများက မိမိအား ဘက်လိုက်သည်ဟု စွပ်စွဲခြင်းမှ ကာကွယ်ရန်အတွက်၊ ရွှမ်းထျန်းကျီ သည်လည်း သံသယများ ကင်းဝေးစေရန် ဤကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမှ ရှောင်ကြဉ်ခဲ့ရ၏၊၊

နောက်ဆုံးတွင် ဂိုဏ်းချုပ်ကြီးက တိတ်တဆိတ် စောင့်ကြည့်ရန် အကြံပြုခဲ့သည်၊၊

မျှော်လင့်ထားသည့်အတိုင်းပင်၊ ၎င်းတို့ စောင့်ကြည့်လေ့လာမှု၏ နောက်ဆုံးရလဒ်မှာ ကျောက်ယွီအာ သည် သူမ၏ ခွန်အားကို မြှင့်တင်ရန်အတွက် အမှန်တကယ်ပင် ရန်ငြိုးဖွဲ့နေသော ဝိညာဉ်များကို စတင် အသုံးပြုနေပြီ ဖြစ်ကြောင်း တွေ့ရှိခဲ့ရ၏၊၊

ချက်ချင်းဆိုသလိုပင် ဂိုဏ်းတစ်ခုလုံးမှာ ဒေါသတကြီး ဖြစ်သွားခဲ့ရသည်၊၊

ကျောက်ယွီအာ ကို တိုက်ရိုက်ပင် ဖမ်းဆီးပြီး မြေအောက်လှောင်အိမ်ထဲသို့ ထည့်သွင်းခဲ့ကြ၏၊၊

သို့သော်လည်း သူမကို ကွပ်မျက်ရန် ပြင်ဆင်နေချိန်မှာပင်၊ သူမတွင် ကိုယ်ဝန်ရှိနေကြောင်း တွေ့ရှိခဲ့ရပြန်သည်၊၊

ကလေး၏ ဖခင်မှာ မည်သူနည်းဟု မေးမြန်းသောအခါ၊ ရှီးကျန့် က ရှေ့သို့ တိုးထွက်လာခဲ့၏၊၊

သေချာသည်မှာ၊ အမှန်တကယ်တွင်မူ ရှီးကျန့် သည် ထိုစဉ်ကတည်းက လူပျိုဘဝအတိုင်းသာ ရှိနေခဲ့ခြင်း ဖြစ်ပြီး၊ ယခုအချိန်အထိလည်း ထိုအတိုင်းပင် ဖြစ်သည်၊၊

ရှီးကျန့် သည် ကျောက်ယွီအာ တွင် အပြစ်သားငရဲသွေး ရှိနေကြောင်း မသိရှိခဲ့ခြင်းကို ထည့်သွင်းစဉ်းစားပေးခဲ့ခြင်းကြောင့်လည်းကောင်း၊ ဂိုဏ်းချုပ်ကြီးနှင့် ဂိုဏ်းအုပ်ကြီးတို့ကပါ သူ့အတွက် ရှေ့ထွက်၍ အသနားခံပေးခဲ့ခြင်းကြောင့်လည်းကောင်း၊

နောက်ဆုံးတွင် ကျောက်ယွီအာ သည် ကလေးမွေးဖွားပြီးနောက်မှာပင် ကွပ်မျက်ခြင်းကို ခံခဲ့ရ၏၊၊

ထို့နောက်တွင် ထိုကလေးကို ပြုစုပျိုးထောင်ရန်အတွက် ရှီးကျန့် ထံသို့ လွှဲပြောင်းပေးခဲ့သည်၊၊

ဤကိစ္စမှာ အစကတည်းက လျှို့ဝှက်ချက်တစ်ခု ဖြစ်ခဲ့သဖြင့်၊ ဂိုဏ်းချုပ်ကြီး အနည်းငယ်နှင့် ရှီးကျန့် တို့သာ သိရှိခဲ့ကြခြင်း ဖြစ်၏၊၊

ဦးလေးကိုး နှင့် အခြားသူများပင်လျှင် ဂိုဏ်းအတွင်း၌ အပြစ်သားငရဲသွေးကဲ့သို့သော အရာမျိုး ပေါ်ပေါက်ခဲ့ဖူးသည်ကို မသိရှိခဲ့ကြချေ၊၊ သို့သော်လည်း ကျောက်ယွီအာ ကွပ်မျက်ခံရပြီးနောက်တွင်၊ သူမ၏ ရုပ်အလောင်းကို သွားရောက် သိမ်းဆည်းခဲ့သူမှာ ရှီးကျန့် ပင် ဖြစ်သည်၊၊

ထိုအပြစ်သားငရဲသွေး တစ်စက်မှာ အခွင့်ကောင်းယူ၍ ရှီးကျန့် ၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားခဲ့၏၊၊

ဖြစ်နိုင်သည်မှာ သူ၏ ဂိုဏ်းတူညီမလေးကို အမှတ်ရစေရန်အတွက်၊ ရှီးကျန့် သည် ဤအပြစ်သားငရဲသွေး တစ်စက်ကို ဖယ်ထုတ်ပစ်ခြင်း မပြုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်လိမ့်မည်၊၊

အဆုံးစွန်၌မူ၊ ကျောက်ယွီအာ မသေဆုံးမီတွင် သူမက သူ့ကို ပြောခဲ့သည်မှာ ‘အပြစ်သားငရဲသွေးရဲ့ အပြစ်ဆိုတာ အသုံးပြုသူအပေါ်မှာပဲ ရှိတာပါ၊ သွေးရဲ့ ကိုယ်ပိုင် အပြစ်မဟုတ်ပါဘူး’ ဟူ၍ ဖြစ်၏၊၊

ကျောက်ယွီအာ အပေါ်တွင် အမြဲတမ်း ရာနှုန်းပြည့် ယုံကြည်ခဲ့သော ရှီးကျန့် သည် သဘာဝကျကျပင် သံသယ မဝင်ခဲ့ချေ၊၊ ထို့ကြောင့်ပင် သူသည် ထိုသွေးကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခွင့် ပေးခဲ့ခြင်း ဖြစ်သည်၊၊

နှမြောစရာကောင်းသည်မှာ၊ ရှီးရှောက်ကျန့် ကြီးပြင်းလာသည်နှင့်အမျှ ရက်စက်ကြမ်းကြုတ်ပြီး ယုတ်မာသော အပြုအမူများကို စတင် လုပ်ဆောင်လာသည်ကို သတိပြုမိချိန်တွင်မူ၊ သူသည် သူ၏ ဂိုဏ်းတူညီမလေး၏ စကားများအပေါ် သံသယဝင်လာခဲ့၏၊၊

သို့သော် အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်၊၊ ထိုသွေးမှာ သူ၏ တစ်ကိုယ်လုံးရှိ သွေးများနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်၏၊၊

ထို့အပြင်၊ သူကိုယ်တိုင်တွင်လည်း မည်သည့် မှားယွင်းမှုမျိုးကိုမျှ သတိမပြုမိခဲ့သဖြင့်၊ သူသည် ထိုကိစ္စကို စိတ်ထဲမှ ထုတ်ပစ်လိုက်ကာ ရှီးရှောက်ကျန့် နှင့်အတူ မော်ရှန်း တောင်မှ ထွက်ခွာလာခဲ့သည်၊၊

သို့သော်လည်း မော်ရှန်း မှ ထွက်ခွာလာပြီးနောက် နှစ်အနည်းငယ်အတွင်းမှာပင်၊ သူသည် သူ၏ ဂိုဏ်းတူညီမလေး၏ ကြောက်မက်ဖွယ်ကောင်းသော သေဆုံးမှုနှင့် သူ၏ ဆရာဖြစ်သူ၊ ဘိုးဘွားကြီးတို့၏ ရက်စက်မှုများကို နေ့စဉ်နှင့်အမျှ အိပ်မက်မက်လာခဲ့သည်၊၊ ၎င်းမှာ အပြစ်သားငရဲသွေး၏ လွှမ်းမိုးမှုနှင့် ပေါင်းစပ်သွားသောအခါ၊ ထိုသွေး၏ လွှမ်းမိုးမှုပင် ဖြစ်၏၊၊

လွန်ခဲ့သော ဆယ်နှစ်တိတိတွင်၊ သူသည် နောက်ဆုံး၌ ကူစားရန် ဆုံးဖြတ်ခဲ့သည်၊၊

ကလဲ့စားချေနိုင်ရန်အတွက်၊ သူသည် ဆယ်နှစ်တိုင်တိုင် မိစ္ဆာကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ကာ၊ မိစ္ဆာနှိမ်နင်းရေးရုံးတော်၏ ဝိညာဉ်စေတမန်တံဆိပ်ပြားကို အတင်းအကျပ် ရယူခဲ့၏၊၊

နောက်ဆုံးတွင်၊ နတ်ဘုရားဆရာသခင် အဆင့်သို့ ရောက်ရှိပြီးနောက်၊ အေးစက်သောအန္တရာယ်နယ်မြေ ပေါက်ကွဲထွက်လာသည့် တစ်သက်မှာ တစ်ခါသာ ကြုံရမည့် ဤအခွင့်အရေးကို သူ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်၊၊

ထို့နောက်တွင် ဖြစ်ပျက်ခဲ့သည်များကိုမူ လင်းရန်ယန် သိရှိပြီး ဖြစ်၏၊၊

“ဟွန့်ယန့် တောင်တန်းက ကျောက်ရည်ပူတွေထဲမှာလား၊ ဒါဆိုရင် အဲ့ဒီတုန်းက ကွပ်မျက်ခံခဲ့ရတဲ့ အပြစ်သားငရဲသွေးရှိတဲ့သူတွေအားလုံးက ဟွန့်ယန့် တောင်တန်းရဲ့ ကျောက်ရည်ပူတွေထဲမှာ ချုပ်နှောင်ခြင်း ခံထားရတာပေါ့၊ မဟုတ်လား”

ဒါကို ကြားလိုက်ရသောအခါ လင်းရန်ယန် ၏ မျက်ခုံးများမှာ တွန့်သွားရသည်၊၊

၎င်းမှာ အမှန်တရား ဖြစ်စေ၊ မဖြစ်စေ၊ သူကိုယ်တိုင် ထိုနေရာသို့ သွားကြည့်လိုက်ရုံနှင့် သိနိုင်သည် ၊၊

“ငါ ပြောသင့်တာအားလုံး ပြောပြီးပြီ၊ အခုတော့ မင်း သဘောရှိသာ လုပ်ပါတော့၊ ဒီလောကမှာ ငါ တွယ်တာစရာ ဘာမှ မကျန်တော့ဘူး”

ရှီးကျန့် သည် အသက်ကို ပြင်းပြင်းရှူကာ ညည်းတွားလိုက်၏၊၊ အပြစ်သားငရဲသွေး အားလုံးကို ဖယ်ရှားပြီးနောက်တွင်မူ၊ သူသည် သူ၏ ဆရာဖြစ်သူနှင့် ဘိုးဘွားကြီးအပေါ်တွင် မည်သည့် ရန်ငြိုးရန်စကိုမျှ မခံစားရတော့ချေ၊၊

အဆုံးစွန်၌မူ၊ ထိုစဉ်က ကပ်ပါးရပ်တည်မှုကို ခံခဲ့ရသော သူ၏ ဂျိုဏ်းတူညီမလေးမှာ အမှန်တကယ်ပင် အပြစ်မဲ့သူများစွာကို သတ်ဖြတ်ခဲ့၏၊၊

သူတို့၏ အမြင်တွင်မူ၊ သူတို့၌ အခြားရွေးချယ်စရာ မရှိခဲ့ချေ၊၊

အကယ်၍သာ သူ၏ ဆရာဖြစ်သူက ဝင်ရောက်မစွက်ဖက်ခဲ့ပါက၊ ရှီးရှောက်ကျန့် သည်လည်း အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ၊၊ အသက်ရှင်ကျန်ရစ်ခဲ့သော ရှီးရှောက်ကျန့် မှာ သူ၏ ဂိုဏ်းတူညီမလေး၏ ကလေး မဟုတ်ဘဲ၊ ထိုသွေးကိုယ်တိုင်က မွေးဖွားပေးလိုက်သော အပြစ်သားငရဲသွေး အသစ်တစ်ခု ဖြစ်နေသည်ကို မည်သူမျှ မသိရှိခဲ့ကြခြင်းသာ ဖြစ်၏၊၊

သူသည် မှားယွင်းသော လမ်းစဉ်ကို လျှောက်လှမ်းခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် သူ၏ ဆရာဖြစ်သူနှင့် ဘိုးဘေးကြီးကိုမူ ရန်ပြုခြင်း မလုပ်ရသေးချေ၊၊

သူ သတ်ဖြတ်ခဲ့မိသော လူများနှင့် ပတ်သက်၍မူ၊ သူ စိတ်မကောင်းဖြစ်ရုံမှတစ်ပါး အခြားမရှိတော့ပေ၊၊

“ကျွန်တော် မင်းအပေါ်မှာ ဘာရန်ငြိုးမှ မရှိပါဘူး၊ မော်ရှန်း ကို သွားပြီး ဂိုဏ်းအုပ်ကြီးနဲ့ အခြားသူတွေကို ကိုယ်တိုင်ပဲ မေးမြန်းလိုက်ပါ၊ မင်းကို ဘယ်လို ကိုင်တွယ်မယ်ဆိုတာက သူတို့ရဲ့ ကိစ္စပဲ၊ ကျွန်တော်ကတော့ အပြစ်သားငရဲသွေး ပြဿနာကို ဖြေရှင်းဖို့အတွက် အလုပ်များနေတယ်၊ မင်း ထွက်ပြေးမလား၊ ဒါမှမဟုတ် အဖမ်းခံမလားဆိုတာက မင်းရဲ့ ဆုံးဖြတ်ချက်ပဲ”

သူ၏ စကားများကို ကြားပြီးနောက် လင်းရန်ယန် မှာ ဆွံ့အသွားရ၏၊၊ အမှန်အတိုင်း ပြောရလျှင် သူ့တွင် ရှီးကျန့် အပေါ် ပုဂ္ဂိုလ်ရေးအရ မည်သည့် ရန်ငြိုးမျှ မရှိချေ၊၊

သူ၏ တာဝန်မှာ ရှီးကျန့် ၏ သေဆုံးခြင်း ပင်ဖြစ်၏၊၊၊

ထို ‘ရှီးကျန့်’ ဆိုသည်မှာ လင်းရန်ယန် က လောင်ကျွမ်းဖျက်ဆီးပစ်လိုက်သော အပြစ်သားငရဲသွေးပင် ဖြစ်သည်၊၊

ထိုတာဝန်မှာလည်း အဆင့် (A) ဖြင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်၏၊၊

လင်းရန်ယန် ၏ တွက်ချက်မှုအရ၊ ကပ်ပါးခံရသူဖြစ်သော ရှီးကျန့် ကို သတ်ဖြတ်ခြင်းမှာ အဆင့် (B) သာ ရရှိလိမ့်မည်၊၊

အဆင့် (A) သို့ ရောက်ရှိရန်အတွက်မူ၊ အရင်းအမြစ်ဖြစ်သော အပြစ်သားငရဲသွေးကိုယ်တိုင်ကို သတ်ဖြတ်ပစ်ရန် လိုအပ်သည်၊၊

အဆင့် (S) ရရှိရန်အတွက်မူ၊ ရှီးရှောက်ကျန့် ဆီမှ အပြစ်သားငရဲသွေးကိုပါ ဖယ်ရှားပစ်ရန် လိုအပ်လိမ့်မည်၊၊

အဆင့် (S) ထက် မြင့်မားသော အဆင့်အတန်းအတွက်မူ၊ ကျန်ရှိနေသော အပြစ်သားငရဲသွေးများ အားလုံးကို သတ်ဖြတ်ပစ်ရန် လိုအပ်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်၏၊၊

သေချာသည်မှာ၊ လင်းရန်ယန် ၏ ခန့်မှန်းချက်အရ အားလုံးကို သတ်ဖြတ်လိုက်လျှင်ပင် အဆင့် (SSS) ရရှိရန်မှာ မဖြစ်နိုင်ဘဲ၊ အများဆုံး အဆင့် (SS) သာ ရရှိနိုင်လိမ့်မည်၊၊

ဤအပြစ်သားငရဲသွေးများထဲမှ တစ်ခုခုသည် စစ်မှန်သောသခင် ပဉ္စမအဆင့်ထက် မြင့်မားသော ခွန်အားကို ရရှိထားမှသာ ဖြစ်နိုင်လိမ့်မည်၊၊

သို့သော် ၎င်းမှာ မဖြစ်နိုင်သလောက်ပင်၊၊ အပြစ်သားငရဲသွေး တစ်စက်ချင်းစီတွင် တိုက်ခိုက်ရေးစွမ်းရည် များစွာ မရှိချေ၊၊ သာမန် မြေပြင်ဆရာသခင် တစ်ဦးပင်လျှင် သူ၏ ခန္ဓာကိုယ်အတွင်းသို့ စတင် စိမ့်ဝင်လာသော အပြစ်သားငရဲသွေးကို ဖယ်ထုတ်နိုင်သည်၊၊

၎င်းမှာ သတ်ဖြတ်ရန်သာ အလွန်ခက်ခဲခြင်း ဖြစ်ပြီး၊ အနည်းဆုံး စစ်မှန်သောသခင် အဆင့်နှင့် အစွမ်းထက်သော ဝိညာဉ်မီးတောက် ရှိရန် လိုအပ်၏၊၊

ဤအချက်တစ်ချက်တည်းနှင့်တင် အဆင့် (S) ရရှိရန်မှာ ထိုက်တန်လှသည်၊၊

“ဝုန်း”

ပြောဆိုပြီးနောက်၊ လင်းရန်ယန် ၏ တစ်ကိုယ်လုံးမှ များပြားလှသော ခရမ်းရောင် ကောင်းကင်ဘေးဒုက္ခ စွမ်းအားများ ထွက်ပေါ်လာ၏၊၊ မိုးကြိုးသံတစ်ချက်နှင့်အတူ သူမသည် ကောင်းကင်သို့ ပျံတက်သွားကာ ထိုနေရာမှ ကွယ်ပျောက်သွားတော့သည်၊၊

သူ ထွက်ခွာသွားသော နောက်ကျောကို ကြည့်ကာ မှင်တက်ကျန်ရစ်ခဲ့သူမှာ ရှီးကျန့် သာ ဖြစ်၏၊၊

“ဂိုဏ်းတူအစ်ကိုကြီး၊ လင်းရန်ယန် ဘယ်မှာလဲ”

အတန်ကြာပြီးနောက်၊ ဦးလေးကိုး ၏ လေးနက်သော အသံမှာ အနီးနားမှ ထွက်ပေါ်လာသည်၊၊

ရှီးကျန့် သည် ဦးလေးကိုး ဆီသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်ရာ၊ ဦးလေးကိုး မှာ အနက်ရောင် မိုးကြိုးဓားရှည်ကို ကိုင်ဆောင်လျက် သူ့ကို အေးစက်စူးရှသော အကြည့်တို့ဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏၊၊

“ဂိုဏ်းတူညီလေး၊ မတွေ့ရတာ ကြာပြီနော်”

သို့သော်လည်း ရှီးကျန့် ဆီမှ ထွက်ပေါ်လာသော ပထမဆုံး စကားတစ်ခွန်းမှာ ဦးလေးကိုး ၏ မျက်ဝန်းအိမ်ကို တုန်လှုပ်သွားစေသည်၊၊

ဤမျက်နှာအမူအရာ၊ ဤလေသံ၊ ဦးလေးကိုး သည် လွန်ခဲ့သော အနှစ်နှစ်ဆယ်ကျော်က ရှီးကျန့် နှင့် စတင်တွေ့ဆုံခဲ့စဉ်က အချိန်သို့ ချက်ချင်း ပြန်ရောက်သွားသလိုမျိုး ခံစားလိုက်ရ၏၊၊

“ဘာ ‘မတွေ့ရတာ ကြာပြီ’ လဲ၊ ဆရာ၊ ဒီဂိုဏ်းတူဦးကြီးက ရူးသွားပြီလား”

“ဟုတ်တယ်၊ ကျွန်တော်တို့ ခုတင်တင်ပဲ တွေ့လိုက်သေးတာ မဟုတ်လား”

ရှီးကျန့် ၏ စကားကို ကြားသောအခါ၊ ဝိန်ချိုင် နှင့် ချိုးရှန်း တို့မှာ မကျေမနပ်နှင့် စတင်၍ ရေရွတ်တော့၏၊၊

“ဟုတ်ကဲ့ပါ၊ ဂိုဏ်းတူအစ်ကိုကြီး၊ မတွေ့ရတာ ကြာပြီနော်”

သို့သော်လည်း ဝိန်ချိုင် နှင့် ချိုးရှန်း တို့ကို လျစ်လျူရှုကာ၊ ဦးလေးကိုး သည် သူ၏ လက်နက်ကို အောက်သို့ ချလိုက်ပြီး ပြုံးလျက် ဆိုလိုက်သည်၊၊

ဤအလှည့်အပြောင်းမှာ ဝိန်ချိုင် နှင့် ချိုးရှန်း တို့ကို လုံးဝကို ဇဝေဇဝါ ဖြစ်သွားစေ၏၊၊

“ဒီနှစ်တွေအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကိုတော့ နောက်မှပဲ ပြောကြရအောင်၊ ငါ မော်ရှန်း ကို အရင် ပြန်လိုက်ဦးမယ်၊ ဒါပေမဲ့ ‘နောက်မှ’ ဆိုတာ ရှိချင်မှလည်း ရှိတော့မှာပေါ့”

ရှီးကျန့် က အသာအယာ ပြုံးလျက် တည်ငြိမ်စွာ ဆိုလိုက်၏၊၊

ဦးလေးကိုး မှာ ရှီးကျန့် ဆိုလိုသည့် အဓိပ္ပာယ်ကို နားလည်ပုံရကာ၊ အသက်ကို ပြင်းပြင်းရှူ၍ ညည်းတွားလိုက်မိသည်၊၊

“ဂိုဏ်းတူအစ်ကို၊ ကျွန်တော်တို့ သေချာပေါက် ပြန်တွေ့ကြဦးမှာပါ”

ဦးလေးကိုး က ဖြည်းဖြည်းချင်း ဆိုလိုက်၏၊၊

“ဒီနှစ်တွေအတွင်းမှာ မင်း တော်တော်လေး ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒီတပည့်နှစ်ယောက်ကတော့ နည်းနည်းလေး ညံ့ဖျင်းနေသေးတယ်၊ သူတို့ကို သင်ပေးသင့်တဲ့အခါမှာ သေချာ သင်ပေးပါဦး၊ ငါ့လိုမျိုး မိစ္ဆာလမ်းစဉ်ထဲကို မရောက်သွားစေနဲ့”

ရှီးကျန့် သည် ဦးလေးကိုး ကို ဖြည်းဖြည်းချင်း စတင်၍ ဆုံးမသြဝါဒ ပေးတော့သည်၊၊

နောက်တစ်ခဏ၌ သူသည် ဖြည်းဖြည်းချင်း လှည့်ထွက်သွား၏၊၊

“ဖြောင်း”

သူ့ပတ်ဝန်းကျင်ရှိ မိုးကြိုးစွမ်းအားများမှာ ဖြည်းဖြည်းချင်း ပေါက်ကွဲထွက်လာသည်၊၊

“ဂိုဏ်းတူညီလေး ယိမေက ဂိုဏ်းတူအစ်ကိုကြီးကို ရိုသေစွာဖြင့် လိုက်ပို့အပ်ပါတယ် ”

ဒါကို မြင်သောအခါ ဦးလေးကိုး ၏ မျက်ဝန်းများမှာ နီရဲလာကာ၊ ဒူးတစ်ဖက် ထောက်လျက် လက်သီးဆုပ် ဂါရဝပြု၍ ရိုသေစွာ နှုတ်ဆက်လိုက်၏၊၊

ဦးလေးကိုး ၏ စကားကို ကြားသောအခါ ရှီးကျန့် က အသာအယာ ပြုံးလိုက်သည်၊၊

“ဝုန်း”

နောက်တစ်ခဏ၌ ဟိန်းဟောက်သံတစ်ချက်နှင့်အတူ၊ ရှီးကျန့် သည် ကောင်းကင်သို့ ပျံတက်သွားကာ လျှပ်စီးတန်းတစ်ခုအဖြစ် ပြောင်းလဲ၍ မော်ရှန်း ဆီသို့ ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပျံသန်းသွားတော့သည်၊၊

“ဆရာ၊ ဆရာက ဘာတွေ ဖြစ်နေတာလဲ”

ချိုးရှန်း မှာ လုံးဝကို ဇဝေဇဝါ ဖြစ်နေပြီ ဖြစ်၏၊၊

အစတုန်းကတော့ ဒါက တိုက်ပွဲ ဖြစ်လိမ့်မယ်လို့ ပြောခဲ့တာ မဟုတ်လား၊ ဘာလို့ ဒီလူကို မြင်တာနဲ့ ဒူးထောက်လိုက်ရတာလဲ ဟုတွေးနေမိ၏။

“ငါတို့ မော်ရှန်း ရဲ့ ပထမဆုံး ဂိုဏ်းတူအစ်ကိုကြီး ပြန်လာပြီလေ”

ဦးလေးကိုး သည် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်၊ သူ၏ အသံမှာ စိတ်လှုပ်ရှားနေသော်လည်း ဝမ်းနည်းရိပ်များ စိမ့်ဝင်နေသည်၊၊

ဟုတ်သည်၊ သူ ပြန်လာခဲ့သည်၊ သို့သော်လည်း သူက ထပ်ပြီး ထွက်ခွာသွားပြန်ပြီ ဖြစ်၏၊၊

“ဝုန်း”

အခြားတစ်ဖက်တွင်မူ၊ လင်းရန်ယန် ၏ အရှိန်မှာ သိသိသာသာ မြင့်တက်လာခဲ့သည်၊၊

မကြာမီမှာပင် သူ၏ အရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ နှစ်သောင်းကျော်အထိ ရောက်ရှိသွား၏၊၊

လမ်းခရီးတစ်လျှောက်တွင် ကြောက်မက်ဖွယ်ကောင်းသော အသံလွန်ပေါက်ကွဲသံ များမှာ မြေပြင်တစ်ခုလုံးကို ပဲ့တင်ထပ်စေခဲ့ရာ၊ အချို့သော သက်ကြီးရွယ်အိုများမှာ ထိတ်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်ကာ ဆုတောင်းခဲ့ကြရသည်၊၊

ဤကြောက်မက်ဖွယ်ကောင်းသော အရှိန်ကြောင့်၊ ကီလိုမီတာ နှစ်ထောင်ကျော် ဝေးကွာသော ခရီးကို မိနစ်အနည်းငယ်အတွင်းမှာပင် ဖြတ်ကျော်နိုင်ခဲ့၏၊၊

ဒုန်း

နောက်ဆုံးတွင်၊ လင်းရန်ယန် ၏ အရေးပေါ် ရပ်တန့်လိုက်မှုနှင့်အတူ သူ၏ ပုံရိပ်မှာ နယ်စပ်ရှိ ဟွန့်ယန့် တောင်တန်း၏ ထိပ်တွင် တည်ငြိမ်စွာ ရပ်တန့်သွားခဲ့သည်၊၊

ဟွန့်ယန့် တောင်တန်းမှာ စိမ်းလန်းသော မြက်ပင်တစ်ပင်မျှ မရှိသော တောင်တန်းတစ်ခု ဖြစ်၏၊၊

ဤတောင်တန်းများပေါ်တွင် မီးတောင်ပေါက်ကွဲသည့် လက္ခဏာများ မတွေ့ရသော်လည်း၊ တစ်နှစ်ပတ်လုံး များပြားလှသော အပူဓာတ်များကို ထုတ်လွှတ်နေသည်၊၊

ဟွန့်ယန့် တောင်တန်းကြောင့် မိုင်ပေါင်းများစွာအတွင်းရှိ အပူချိန်မှာ အလွန်ပင် မြင့်မားနေခဲ့၏၊၊

သို့သော် ကောင်းကျိုးနှင့် ဆိုးကျိုးမှာ ဒွန်တွဲနေစမြဲ ဖြစ်သည်၊၊ ဤနေရာတွင် စိုက်ပျိုးသော သစ်သီးဝလံများနှင့် ဖရဲသီးများမှာမူ အလွန်ပင် ချိုမြိန်လှ၏၊၊

သေချာသည်မှာ၊ အမြဲတမ်း မြင့်မားနေသော အပူချိန်ကို လူအနည်းငယ်သာ တောင့်ခံနိုင်သဖြင့်၊ လူများ နေထိုင်လျှင်ပင် ကီလိုမီတာ အတော်ကြာသော နေရာတွင်သာ နေထိုင်ကြခြင်း ဖြစ်သည်၊၊

လင်းရန်ယန် ရောက်ရှိလာသည်နှင့်အမျှ၊ သူသည် အလွန်ပင် ထူထပ်လှသော မီးဝိညာဉ်စွမ်းအား ကို ခံစားလိုက်ရသည်၊၊

သေချာသည်မှာ၊ ဤကဲ့သို့သော မီးဝိညာဉ်စွမ်းအားမျိုးမှာ မီးတောင်များစွာတွင် ရှိတတ်၏၊၊

သို့သော် ဤနေရာတွင်မူ အထူးသဖြင့် ပိုမို ထူထပ်နေခြင်း ဖြစ်သည်၊၊

“အောက်ကို ဆင်းဖို့ အကောင်းဆုံးနေရာက ဘယ်မှာလဲဆိုတာ ကြည့်လိုက်ဦးမယ်”

လင်းရန်ယန် က မေးစေ့ကို ပွတ်လိုက်ကာ မြေပြင်ကို စတင် ရှာဖွေတော့၏၊၊

“တွေ့ပြီ”

ရုတ်တရက် လင်းရန်ယန် ၏ မျက်လုံးများမှာ ဝင်းလက်သွားသည်၊၊

သူ ရှာဖွေနေသော နေရာကို ချက်ချင်းပင် တွေ့ရှိသွားခြင်း ဖြစ်၏၊၊

နောက်တစ်ခဏ၌ သူသည် ဟွန့်ယန့် တောင်တန်းဆီသို့ တိုက်ရိုက်ပင် ဆင်းသက်လိုက် ပြီးနောက် ဂူတစ်ခု၏ အဝင်ဝသို့ ရောက်ရှိလာခဲ့သည်၊၊

ဂူအတွင်းမှ ပူပြင်းလှသော လေထုများမှာ များပြားလှစွာ ထွက်ပေါ်နေ၏၊၊

ဤကြောက်မက်ဖွယ်ကောင်းသော အပူလှိုင်းမှာ သာမန်လူတစ်ဦးကို ထိမှန်သွားပါက၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် အရည်ကြည်ဖုများ ထွက်ပေါ်လာစေရန် လုံလောက်သည်၊၊

လင်းရန်ယန် သည် ဂူအတွင်းသို့ လျင်မြန်စွာ ပျံဝင်သွား၏၊၊

ဤဂူမှာ အလွန်ပင် ကွေ့ကောက်လှသည့်အပြင်၊ တစ်ချိန်တည်းမှာပင်၊ လမ်းခွဲများစွာလည်း ရှိနေသေးသည်၊၊

လင်းရန်ယန် ကဲ့သို့သော စိတ်စွမ်းအား ပိုင်ဆိုင်သူ၊ ဒါ့အပြင် တောင်တစ်ခုလုံးကို လွှမ်းခြုံနိုင်လောက်သော စိတ်စွမ်းအား ပိုင်ဆိုင်သူမျိုးမှသာ မြေအောက်အနက်ပိုင်းသို့ ဦးတည်သော ဂူကို အောင်မြင်စွာ ရှာဖွေနိုင်လိမ့်မည်၊၊

ကြည့်ရသည်မှာ ရှီးကျန့် နှင့် အခြားသူများမှာလည်း ထိုစဉ်က မတော်တဆ ဤနေရာသို့ ရောက်ရှိလာခဲ့ကြခြင်း ဖြစ်လိမ့်မည်၊၊

လင်းရန်ယန် သည် ဂူအဝင်ဝ တစ်ခုပြီးတစ်ခုကို ဖြတ်ကျော်လာခဲ့ပြီးနောက်၊ နောက်ဆုံးတွင် အဆုံးအစမရှိသော ကျောက်ရည်ပူ ပင်လယ်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့၏၊၊

ယခုအခါ လင်းရန်ယန် သည် မြေအောက်အနက် မီတာ သုံးထောင်ကျော်အထိ ရောက်ရှိနေပြီ ဖြစ်သည်၊၊

လေထုမှာ လုံးဝ မရှိသလောက်ပင် ဖြစ်နေ၏၊၊

ကံကောင်းထောက်မစွာဖြင့်၊ လင်းရန်ယန် မှာ လေကို ရှူသွင်းရန် မလိုတော့သော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်၊၊

“ဒီနေရာလား၊ တကယ်ကို ပုန်းကွယ်နေတာပဲ၊ အရင်ဆုံး ရွှေရောင်မီးတောက်တွေကို ချိပ်ပိတ်ထားတဲ့ အလင်းလုံးတွေကို ရှာကြည့်လိုက်ဦးမယ်”

လင်းရန်ယန် က တုံ့ဆိုင်းမနေဘဲ သူ၏ မီးဝိညာဉ်ခန္ဓာကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်၏၊၊

ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်ရှိ မီးဝိညာဉ်စွမ်းအားများမှာ အသက်ဝင်လာသလိုမျိုး ဖြစ်သွားကာ လင်းရန်ယန် ၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်သလိုမျိုး စီးဝင်လာတော့သည်၊၊

“ဂလု ဂလု ဂလု”

ထိုအခိုက်အတန့်တွင် ကျောက်ရည်ပူများမှာလည်း စတင် ဆူပွက်လာ၏၊၊

အလင်းလုံး တစ်လုံးပြီး တစ်လုံးမှာ ကျောက်ရည်ပူများအတွင်းမှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်၊၊

ဒါကို မြင်သောအခါ လင်းရန်ယန် က အသာအယာ ပြုံးလိုက်ကာ လက်ကို ဝှေ့ယမ်း၍ ထိုအလင်းလုံး အားလုံးကို ဆွဲယူလိုက်တော့၏၊၊

”ဖြောင်း”

အခန်း (၁၆၄) လမင်းပေါ်ဝယ်

ထို့နောက်တွင် လင်းရန်ယန် သည် အလင်းလုံးတစ်ခုကို တိုက်ရိုက်ပင် ချေမွလိုက်သည်၊၊

“ဝုန်း”

ချက်ချင်းဆိုသလိုပင် အက်ကွဲသွားသော အလင်းလုံးအတွင်းမှ အလွန်အမင်း ပြင်းထန်လှသော အပူရှိန် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး၊ ရွှေရောင်မီးတောက် အစအနလေးတစ်ခုမှာ လင်းရန်ယန် ၏ လက်ပေါ်တွင် ပျော်ရွှင်စွာ ကခုန်နေတော့၏၊၊

လင်းရန်ယန် သည် တုံ့ဆိုင်းမနေဘဲ ကျန်ရှိနေသော ရွှေရောင်မီးတောက် အစအနအားလုံးကို တိုက်ရိုက်ပင် ချေမွပစ်လိုက်သည်၊၊

“ဒုန်း၊ ဒုန်း၊ ဒုန်း၊ ဒုန်း”

မကြာမီမှာပင် ကွဲအက်သံများနှင့်အတူ ရွှေရောင်မီးတောက် အစအနလေးများမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတော့၏၊၊

ဤရွှေရောင်အစအနလေးများမှာ စတင်၍ စုစည်းလာကြပြီး နောက်ဆုံးတွင်၊ ၎င်းတို့သည် မီးတောက်မျှင်တစ်ခုအဖြစ် ပေါင်းစပ်သွားခဲ့သည်၊၊

“ဒေါင် အဆင့်မြင့်ဝိညာဉ်မီးတောက်ဖြစ်သော တိုက်တေနီယမ် ကြယ်တာရာမီးတောက် (၁/၁,၀၀၀,၀၀၀) ကို ရရှိခဲ့သည့်အတွက် အရှင်အား ဂုဏ်ပြုပါသည်၊ ဤဝိညာဉ်မီးတောက်သည် ကြယ်ပေါင်းသောင်းချီထဲမှ တစ်ခုတည်းသော တိုက်တေနီယမ်ကြယ်အတွင်း၌သာ မွေးဖွားလေ့ရှိသော အဆင့်မြင့်ဝိညာဉ်မီးတောက် ဖြစ်သည်၊ ဤဝိညာဉ်မီးတောက်ကို ပိုင်ဆိုင်ခြင်းဖြင့် အရှင်၏ မီးဝိညာဉ်ခန္ဓာကို အဆင့်မြင့်ဝိညာဉ်ခန္ဓာဖြစ်သော တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာ အဖြစ် အဆင့်မြှင့်တင်နိုင်သည်၊ အရှင်အနေဖြင့် မီးတောက်မျှင်၏ တစ်သန်းပုံတစ်ပုံကို ရရှိထားပြီး အနိမ့်ဆုံး ပေါင်းစပ်မှုစံနှုန်းသို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့်၊ အရှင်သည် မီးဝိညာဉ်ခန္ဓာကို လောင်စာအဖြစ် အသုံးပြုကာ တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာကို ပေါင်းစပ်ထုတ်ယူနိုင်ပါပြီ”

ထိုအခိုက်အတန့်တွင် လင်းရန်ယန် ၏ စိတ်အာရုံထဲ၌ အသိပေးသံတစ်ခု ပဲ့တင်ထပ်လာ၏၊၊

“ဟာ၊ တကယ်ကြီးလား၊ မီးဝိညာဉ်ခန္ဓာကို အဆင့်မြင့်ဝိညာဉ်ခန္ဓာအဖြစ် အဆင့်မြှင့်လို့ရတာပေါ့၊ ဒါက တကယ့်ကို အလန်းစားပဲ”

လင်းရန်ယန် မှာ အံ့အားသင့်သွားရသည်၊၊

ဤသို့ဆိုလျှင် သူမ၏ မီးဝိညာဉ်ခန္ဓာ ခွန်အားမှာ ပိုမို ကြီးမားလာမည် ဖြစ်၏၊၊

သေချာသည်မှာ၊ သာမန် ကျင့်ကြံသူတစ်ဦးအနေဖြင့် ဤမီးတောက်ပမာဏထက် အဆပေါင်း တစ်သန်းမက ပိုမိုများပြားသော မီးတောက်ကို ဝါးမြိုမှသာ နောက်ဆုံးတွင် တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်၊၊

သို့သော် လင်းရန်ယန် ၌ စနစ် ရှိနေသဖြင့်၊ သူ၏ မီးဝိညာဉ်ခန္ဓာကို အလုံးစုံ လောင်ကျွမ်းစေကာ တိုက်တေနီယမ် ကြယ်တာရာမီးတောက်နှင့် ပေါင်းစပ်ခြင်းဖြင့် နောက်ဆုံးတွင် အဆင့်မြင့်ခန္ဓာအဖြစ် အဆင့်မြှင့်တင်နိုင်ခြင်း ဖြစ်၏၊၊

“စနစ်၊ အကယ်၍ ငါ့မှာ ဒီတိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာ ရှိလာမယ်ဆိုရင်၊ ငါ့ရဲ့ ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ က ဆက်ရှိနေဦးမှာလား”

လင်းရန်ယန် က သံသယဖြင့် မေးမြန်းလိုက်သည်၊၊

အကယ်၍သာ ပျောက်ကွယ်သွားမည်ဆိုပါက၊ ၎င်းမှာ အလွန်ပင် ကြီးမားလှသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်၊၊

“ဒင်.. ဆက်လက် တည်ရှိနေပါဦးမည်၊၊ ထို့အပြင် ၎င်းအတွင်းရှိ မီးဝိညာဉ်ခန္ဓာကို တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာဖြင့် အစားထိုးသွားမည် ဖြစ်သည်၊ ငါးပါးဓာတ်အပြန်အလှန် ဖြစ်ထွန်းစေခြင်း နိယာမကြောင့်၊ တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာသည် အဆုံးစွန်ဝိညာဉ်ခန္ဓာ တစ်ပိုင်းအဆင့်အထိ အားကောင်းလာမည် ဖြစ်သည်၊ ဆိုလိုသည်မှာ ၎င်းသည် ပုံမှန် အဆင့်မြင့်ဝိညာဉ်ခန္ဓာထက် ၁ ဒသမ ၅ ဆ ပိုမို အစွမ်းထက်လာမည် ဖြစ်သည်၊ အကယ်၍ အရှင်အနေဖြင့် ကျန်ရှိသော ဝိညာဉ်ခန္ဓာ လေးခုကိုလည်း သက်ဆိုင်ရာ အဆင့်မြှင့်တင်ရေး ပစ္စည်းများကို အသုံးပြုကာ အဆင့်မြင့်ဝိညာဉ်ခန္ဓာများအဖြစ် အဆင့်မြှင့်တင်နိုင်ပါက၊ ငါးပါးဓာတ်ဝိညာဉ်ခန္ဓာသည် အဆုံးစွန်ဝိညာဉ်ခန္ဓာဖြစ်သော ငါးပါးဓာတ်ခန္ဓာကြီး အဖြစ် အဆင့်မြင့်သွားမည် ဖြစ်ပြီး၊ လက်အောက်ခံ ဝိညာဉ်ခန္ဓာအားလုံးသည် အဆုံးစွန်ဝိညာဉ်ခန္ဓာ၏ စံနှုန်းအတိုင်း ခွန်အားတိုးမြင့်မှုကို ခံစားရမည် ဖြစ်သည်”

စနစ်၏ အသိပေးချက်ကြောင့် လင်းရန်ယန် မှာ ချက်ချင်းပင် စိတ်အေးသွားရ၏၊၊ ၎င်းမှာ ပျောက်ကွယ်မသွားသည့်အပြင် ပိုမို၍ပင် သန်မာလာမည် ဖြစ်သည်၊၊

၁ ဒသမ ၅ ဆ၏ အဓိပ္ပာယ်မှာ မူလက ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ၏ အားဖြည့်မှုဖြင့် ပဉ္စမအဆင့်ရှိ မီးဝိညာဉ်ခန္ဓာသည် ခွန်အား ၁၂၈ ဆ တိုးမြင့်မှုကို ရရှိနိုင်သော်လည်း ယခု တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာနှင့်ဆိုလျှင် သူသည် ခွန်အား ၁၉၂ ဆ တိုးမြင့်မှုကို အပြည့်အဝ ရရှိနိုင်မည် ဖြစ်သည်၊၊

၎င်းမှာ ဆဋ္ဌမအဆင့်လောက်အထိ မကောင်းသော်လည်း၊ ပဉ္စမအဆင့်ထက်မူ သိသိသာသာ ပိုမို သန်မာလှ၏၊၊

ထို့အပြင်၊ ငါးပါးဓာတ်ဝိညာဉ်ခန္ဓာမှာလည်း ဆက်လက် အဆင့်မြှင့်တင်ရန် လမ်းကြောင်းတစ်ခု ရှိလာခဲ့ပြီ ဖြစ်သည်၊၊

“စနစ်၊ တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာကို ငါ့အတွက် ပေါင်းစပ်ပေးပါ”

လင်းရန်ယန် သည် တုံ့ဆိုင်းမနေဘဲ စနစ်သို့ တိုက်ရိုက် ညွှန်ကြားလိုက်၏၊၊

“ဒင် အမိန့်ကို လက်ခံရရှိပါသည်”

စနစ်က ချက်ချင်း တုံ့ပြန်လိုက်သည်၊၊

“ဝုန်း”

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ခိုင်ခံ့ကြီးမားလှသော စွမ်းအားများမှာ လင်းရန်ယန် ၏ တစ်ကိုယ်လုံးသို့ စီးဝင်လာတော့၏၊၊ ဤအခိုက်အတန့်တွင် လင်းရန်ယန် သည် သူ၏ တစ်ကိုယ်လုံး လျင်မြန်စွာ ပူနွေးလာသည်ကို ပြတ်ပြတ်သားသား ခံစားလိုက်ရသည်၊၊

တစ်ချိန်တည်းမှာပင်၊ သူ၏ အသိဉာဏ်ပင်လယ် အတွင်းရှိ မီးဝိညာဉ်ခန္ဓာ အလင်းလုံးမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်ဖြင့် ပိုမို တောက်ပလာတော့၏၊၊

၎င်းသည် မူလ မီးနီရောင်မှ ရွှေရောင်သို့ စတင် ပြောင်းလဲလာသည်၊၊

နောက်ဆုံးတွင်၊ မီးဝိညာဉ်ခန္ဓာ အလင်းလုံးတစ်ခုလုံး ရွှေရောင်သို့ ပြောင်းလဲသွားချိန်၌၊ အသိဉာဏ်ပင်လယ်အတွင်း၌ မီးတောက်အသစ်တစ်ခု မွေးဖွားလာတော့၏၊၊

ဒါကပင် တိုက်တေနီယမ် ကြယ်တာရာမီးတောက် ဖြစ်သည်၊၊ ၎င်း၏ အနီးနားရှိ ကြယ်တာရာမီးတောက်မှာ အတော်လေး အစွမ်းထက်သော်လည်း၊ ဤမီးတောက်နှင့် ယှဉ်လျှင်မူ အဆင့်အတန်း တစ်ခုမက ကွာခြားနေသည်၊၊

အဆုံး၌မူ၊ တစ်ခုက ကြယ်တစ်စင်း၏ အတွင်းပိုင်းမှ မီးတောက်ဖြစ်ပြီး၊ အခြားတစ်ခုမှာမူ ကြယ်တစ်စင်း၏ အနှစ်သာရအနက်ရှိုင်းဆုံးမှ မွေးဖွားလာခြင်း ဖြစ်သောကြောင့်ပင် ဖြစ်၏၊၊ ထိုကြယ်မှာလည်း သာမန်ကြယ် မဟုတ်ဘဲ၊ ကြယ်ပေါင်းသောင်းချီမှ တစ်စင်းသာ ရှိနိုင်သော တိုက်တေနီယမ်ကြယ် ဖြစ်နေခြင်းကြောင့်ပင် ဖြစ်သည်၊၊

သေချာသည်မှာ၊ လင်းရန်ယန် အနေဖြင့် တိုက်တေနီယမ်ကြယ်ဆိုသည်မှာ ဘာလဲဆိုသည်ကို နားမလည်သော်လည်း၊ ဖြစ်နိုင်ခြေအရ ကြည့်လျှင်မူ အလွန်ပင် အထင်ကြီးစရာ ကောင်းလှ၏၊၊

“ဒင် တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာကို အောင်မြင်စွာ နိုးထစေနိုင်ခဲ့သည့်အတွက် အိမ်ရှင်အား ဂုဏ်ပြုပါသည်၊ ငါးပါးဓာတ်စွမ်းအားကြောင့် အရှင်သည် ပုံမှန် အဆင့်မြင့်ဝိညာဉ်ခန္ဓာထက် ၁ ဒသမ ၅ ဆ ပိုမိုသော ခွန်အားတိုးမြင့်မှုကို ရရှိမည် ဖြစ်သည်၊ ထို့အပြင်၊ တိုက်တေနီယမ် ကြယ်တာရာမီးတောက်ခန္ဓာသည် ငါးပါးဓာတ်ဝိညာဉ်ခန္ဓာအတွင်း ပေါင်းစပ်သွားပြီ ဖြစ်ရာ၊ ငါးပါးဓာတ်ဝိညာဉ်ခန္ဓာ အဆင့်မြင့်လာသည်နှင့်အမျှ ၎င်းသည်လည်း လိုက်လျောညီထွေစွာ အဆင့်မြင့်လာမည် ဖြစ်သည်”

အသိပေးသံမှာ လင်းရန်ယန် ၏ စိတ်အာရုံသို့ ရောက်ရှိလာ၏၊၊

မူလက ငါးပါးဓာတ်ဝိညာဉ်ခန္ဓာမှာ ဓာတ်ကြီးငါးပါးကို သီးခြားစီ အဆင့်မြှင့်တင်ခြင်းထက် ပိုမို၍ တွက်ချေကိုက်လှသည်၊၊ အကယ်၍သာ အဆုံးစွန်ဝိညာဉ်ခန္ဓာဖြစ်သော ငါးပါးဓာတ်ခန္ဓာကြီး အဖြစ်သို့ အဆင့်မြင့်နိုင်မည်ဆိုပါက၊ ၎င်း၏ ခွန်အားမှာ ပိုမို၍ပင် ကြောက်မက်ဖွယ်ကောင်းလာလိမ့်မည်၊၊

“အဆုံးစွန်ဝိညာဉ်ခန္ဓာ ကျန်ရှိတဲ့ ဝိညာဉ်ခန္ဓာတွေ အဆင့်မြင့်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဘယ်တော့မှ ရှာတွေ့မလဲ မသိဘူး”

လင်းရန်ယန် မှာ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်၊၊

အဆုံးစွန်ဝိညာဉ်ခန္ဓာ ဆိုသည်မှာ ပထမအဆင့်မှာပင် ပုံမှန်ဝိညာဉ်ခန္ဓာ၏ စတုတ္ထအဆင့်နှင့်ပင် နှိုင်းယှဉ်နိုင်သည် ၊၊

အကယ်၍သာ ပေါင်းစပ်လိုက်မည်ဆိုပါက၊ လင်းရန်ယန် ၏ ခွန်အားမှာ ပိုမို၍ပင် အံမခန်း ဖြစ်လာလိမ့်မည်၊၊

“ပြောရမယ်ဆိုရင်၊ အရင်က ကြယ်တာရာမီးတောက်ရဲ့ ပြင်းအားက ကောင်းကင်ဘေးဒုက္ခ စွမ်းအားကိုတောင် လိုက်မီလုနီးပါး ဖြစ်နေခဲ့တာ၊ အခု တိုက်တေနီယမ် ကြယ်တာရာမီးတောက်ကတော့ ဒဏ္ဍာရီလာ ကောင်းကင်ဘေးဒုက္ခကိုတောင် ကျော်လွန်သွားပြီ၊ ဒဏ္ဍာရီထဲက ကောင်းကင်ပြစ်ဒဏ် နဲ့ ယှဉ်ရင် ဘယ်လောက်အထိ ကွာမလဲဆိုတာ သိချင်မိတယ်”

လင်းရန်ယန် က စူးစမ်းလိုစိတ်ဖြင့် မိမိကိုယ်ကိုယ် တွေးတောနေမိ၏၊၊

“ဝုန်း”

“ဝုန်း”

“ဝုန်း”

သို့သော်လည်း၊ ထိုအခိုက်အတန့်တွင် ထူးခြားမှုတစ်ခု ဖြစ်ပေါ်လာသည်၊၊ လင်းရန်ယန် သည် တိုက်တေနီယမ် ကြယ်တာရာမီးတောက် အစအနများအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက်၊ သူ၏ မျက်စိရှေ့မှောက်ရှိ အဆုံးမရှိသော ကျောက်ရည်ပူများမှာ လျင်မြန်စွာ စတင် အေးခဲလာတော့သည်၊၊

သေချာလှပေသည်၊ ဤအဆုံးအစမရှိသော ကျောက်ရည်ပူ ပင်လယ်ကြီး၏ အပူအရင်းအမြစ်မှာ ဤတိုက်တေနီယမ် ကြယ်တာရာမီးတောက် အစအနများပင် ဖြစ်၏၊၊

တစ်ချိန်တည်းမှာပင်၊ ကျောက်ရည်ပူများ အေးခဲလာသည်နှင့်အမျှ၊ ၎င်းအတွင်းမှ များပြားလှသော သွေးမြူများမှာ လျင်မြန်စွာ အပေါ်သို့ တက်လာတော့သည်၊၊

“ဟားဟားဟား၊ အနှစ် တစ်သောင်း၊ အနှစ် တစ်သောင်းရှိပြီ၊ ငါ နောက်ဆုံးတော့ ဒီအောက်တန်းကျတဲ့ နေရာကနေ ထွက်သွားနိုင်ပြီ ဂျဲ ဂျဲ ဂျဲ၊ ဒီတစ်ခါတော့ ငါတို့ ဒီကမ္ဘာငယ်လေးကို လုံးဝကို ဝါးမြိုပစ်မယ်၊ အနှစ် တစ်သောင်းတောင် ကုန်ဆုံးသွားပြီ၊ ဒီတစ်ခါတော့ ဘယ်သူမှ ငါတို့ကို တားနိုင်မှာ မဟုတ်ဘူး၊ ဟွန်း၊ အဲ့ဒီတုန်းက ကောင်လေးက ဘယ်လိုလုပ်ပြီး ဒီတိုက်တေနီယမ် ကြယ်တာရာမီးတောက်ရဲ့ အစအနလေးကို ရသွားတာလဲ မသိဘူး၊ အဲ့ဒီအရာသာ မရှိခဲ့ရင်၊ ငါတို့ကို ဒီနေရာမှာ အနှစ်တစ်သောင်းတိုင်တိုင် ချိပ်ပိတ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊”

“ဘယ်သူ ဂရုစိုက်လို့လဲ၊ အနှစ်တစ်သောင်းတောင် ကြာသွားပြီဆိုတော့၊ အဲ့ဒီကောင်လေးလည်း သေတာ ကြာလှပြီပေါ့၊ ငါတို့ကတော့ ထာဝရ မသေနိုင်တဲ့ ဖြစ်တည်မှုတွေပဲ”

ဤအခိုက်အတန့်တွင် သွေးမြူများအတွင်းမှ အေးစက်ယုတ်မာသော ရယ်မောသံများ ပဲ့တင်ထပ်လာ၏၊၊

ထို့နောက်တွင်၊ လင်းရန်ယန် သည် သွေးမြူများ လျင်မြန်စွာ စတင် စုစည်းလာသည်ကို တွေ့ရှိလိုက်ရသည်၊၊

နောက်ဆုံးတွင်၊ ၎င်းတို့သည် သွေးစက်အစုအဝေးများအဖြစ်သို့ ပြောင်းလဲသွားကြ၏၊၊

ဤသွေးစက်များမှာ အပြစ်သားငရဲသွေး၏ စစ်မှန်သော ပုံသဏ္ဍာန်ပင် ဖြစ်သည်၊၊

“စစ်မှန်တဲ့ ပုံသဏ္ဍာန်က တကယ်ပဲ သွေးတစ်စက်ပဲ၊ ဒါပေမဲ့ ဒါက ဘယ်လို သတ္တဝါမျိုးရဲ့ သွေးလဲဆိုတာ သိချင်မိတယ်”

ဤသွေးစက်များကို မြင်လိုက်ရသောအခါ လင်းရန်ယန် ၏ မျက်ခုံးများမှာ အနည်းငယ် တွန့်သွားရ၏၊၊

သွေးစက်ပေါင်း သုံးဆယ်ကျော် ရှိနေသည်၊၊ ထိုစဉ်က ကျင့်ကြံခြင်းလောကအပေါ် ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းသော သက်ရောက်မှုများ ရှိခဲ့သည်မှာ မဆန်းတော့ချေ၊၊

အကယ်၍သာ ဤသွေးစက် သုံးဆယ်စလုံး စစ်မှန်သောဘုရင် များအဖြစ် ကြီးထွားလာမည်ဆိုပါက၊ ကျင့်ကြံခြင်းလောကတစ်ခုလုံးမှာ သူတို့၏ ဝါးမြိုခြင်းကို ခံလိုက်ရလိမ့်မည်၊၊

ထို့အပြင်၊ လင်းရန်ယန် ကို အံ့အားအသင့်စေဆုံးအချက်မှာ၊ ဤသွေးစက်များမှာ လွန်ခဲ့သော နှစ်ပေါင်း တစ်သောင်းကတည်းက ယခုအချိန်အထိ ရှင်သန်နေခဲ့ခြင်း ဖြစ်ပြီး၊ ကြည့်ရသည်မှာလည်း ဆက်လက်၍ အချိန်အကြာကြီး ရှင်သန်နိုင်ဦးမည့်ပုံ ပေါ်နေခြင်းပင် ဖြစ်၏၊၊

“ဘယ်လို အခြေအနေပဲဖြစ်ဖြစ်၊ သူတို့ကို ဖမ်းပြီး မေးကြည့်လိုက်ရင် သိရမှာပဲ”

လင်းရန်ယန် သည် တုံ့ဆိုင်းမနေဘဲ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်၊၊

“ဝုန်း”

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လင်းရန်ယန် ၏ လက်မှ များပြားလှသော မီးတောက်များမှာ ရေလျှံလာသလိုမျိုး ထွက်ပေါ်လာတော့၏၊၊

သေချာသည်မှာ၊ ဤမီးတောက်များမှာ ကြယ်တာရာမီးတောက်များသာ ဖြစ်သည်၊၊

တိုက်တေနီယမ် ကြယ်တာရာမီးတောက်၏ စွမ်းအားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသဖြင့်၊ ၎င်းကို ထုတ်ဖော်ရန် လိုအပ်သော ဝိညာဉ်စွမ်းအင်မှာလည်း အဆမတန် များပြားလှ၏၊၊

ဝိညာဉ်စွမ်းအင် သိုလှောင်မှုကို အဆင့်မြှင့်ထားသော လင်းရန်ယန် ပင်လျှင်၊ မီးတောက်မျှင် တစ်ခုတည်းကိုသာ စတင်၍ တောက်လောင်စေနိုင်သေးသည်၊၊

သေချာသည်မှာ၊ ဤမီးတောက်မျှင်လေး တစ်ခုတည်းနှင့်တင် စစ်မှန်သောဘုရင် ပဉ္စမအဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးကို ပြာဖြစ်သွားအောင် တိုက်ရိုက် လောင်ကျွမ်းပစ်ရန် လုံလောက်၏၊၊

ဤအပြစ်သားငရဲသွေးဟု ခေါ်သော အရာများကို ကိုင်တွယ်ရန်အတွက်မူ၊ ကြယ်တာရာမီးတောက် တစ်ခုတည်းနှင့်တင် လုံလောက်နေပြီ ဖြစ်သည်၊၊

ကြယ်တာရာမီးတောက်မှာ မီတာ ထောင်ပေါင်းများစွာသော ဧရိယာကို ချက်ချင်းပင် လွှမ်းခြုံသွားပြီး ပတ်ဝန်းကျင်ရှိ အပြစ်သားငရဲသွေး အားလုံးကို ဝန်းရံလိုက်၏၊၊

ဒါကို မြင်လိုက်ရသောအခါ အပြစ်သားငရဲသွေးများမှာ ပြင်းထန်စွာ တုန်လှုပ်သွားကြသည်၊၊

“မကောင်းတော့ဘူး၊ လူသားတစ်ယောက်ပါလား”

“တောက်၊ ဒါက ကြယ်တာရာမီးတောက်ပဲ”

“အသေပဲ၊ ငါတို့ ထွက်လာတာနဲ့ ဘာလို့ ဒီလိုလူမျိုးနဲ့ တိုးရတာလဲ၊ ပြေးကြစမ်း”

ထိတ်လန့်တကြားဖြင့်၊ အပြစ်သားငရဲသွေး အားလုံးမှာ အရပ်မျက်နှာ အသီးသီးသို့ ပြန့်ထွက်သွားကာ ကြယ်တာရာမီးတောက်အတွင်းမှ ဖောက်ထွက်ရန် ကြိုးစားကြ၏၊၊

“ရှဲ၊ ရှဲ၊ ရှဲ၊ ရှဲ”

နှမြောစရာကောင်းသည်မှာ၊ အနှစ်တစ်သောင်းတိုင်တိုင် ချိပ်ပိတ်ခံထားရသဖြင့်၊ သူတို့၏ ခွန်အားမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သည်၊၊ သူတို့သည် ကြယ်တာရာမီးတောက်၏ ပြိုင်ဘက် မဟုတ်ကြချေ၊၊ လျင်မြန်စွာ ပြေးထွက်သွားသူအချို့မှာ ကြောက်မက်ဖွယ်ကောင်းသော ကြယ်တာရာမီးတောက်အောက်တွင် ချက်ချင်းပင် ဘာအစအနမျှ မကျန်ဘဲ လောင်ကျွမ်းသွားခဲ့ရ၏၊၊

ဒါကပင် မထွက်ပြေးရသေးသော ကျန်ရှိသည့် အပြစ်သားငရဲသွေးများကို ထိတ်လန့်သွားစေကာ၊ သူတို့၏ ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်၊၊

“ငါတို့တော့ သွားပြီ၊ ဒီလူက တကယ်ပဲ စစ်မှန်သောဘုရင် အဆင့် ခွန်အား ရှိနေတာပဲ”

“တောက်၊ ငါတို့တွေ ခက်ခက်ခဲခဲ လွတ်လာခါမှ ဒီလိုမျိုး သေရတော့မှာလား”

“ဟေး၊ နံစော်နေတဲ့ လမ်းစဉ်ဆရာ၊ မင်း ငါတို့ကို တကယ်ပဲ ထိရဲလို့လား၊ မင်း သေချင်နေတာလား”

အပြစ်သားငရဲသွေး အစက်များမှာ လင်းရန်ယန် ကို စတင်၍ ဟိန်းဟောက်ကြတော့၏၊၊

“ဝုန်း”

နှမြောစရာကောင်းသည်မှာ၊ လင်းရန်ယန် ကမူ သူတို့ကို ဂရုမစိုက်ဘဲ ကြယ်တာရာမီးတောက်၏ အတိုင်းအတာကို တိုက်ရိုက်ပင် ကျဉ်းမြောင်းလိုက်သည်၊၊

ဒါကပင် အပြစ်သားငရဲသွေး အားလုံးကို ထပ်မံ ထိတ်လန့်သွားစေကာ၊ အနောက်သို့ တရစပ် ဆုတ်ခွာစေခဲ့၏၊၊

နောက်ဆုံးတွင်၊ လင်းရန်ယန် ၏ ဖိအားပေးမှုအောက်၌ သူတို့သည် အချင်း တစ်မီတာခန့်ရှိသော အဝန်းအဝိုင်းအတွင်း၌သာ စုစည်းသွားရတော့သည်၊၊

“မင်းတို့တွေက အပြစ်သားငရဲသွေးလို့ ခေါ်တဲ့သူတွေလား”

လင်းရန်ယန် က ထိုသွေးစက်များကို ကြည့်ကာ ဖြည်းဖြည်းချင်း ဆိုလိုက်၏၊၊

လင်းရန်ယန် ၏ စကားကို ကြားသောအခါ၊ အပြစ်သားငရဲသွေး အားလုံးမှာ မှင်တက်သွားကြသည်၊၊

“ဟွန်း၊ အပြစ်သားငရဲသွေး ဟုတ်လား၊ အဲ့ဒါက ဘာလဲ”

“ငါတို့တွေက သူတော်စင်ဘုရင်ရဲ့ သွေး တွေပဲ၊ ငါတို့က မိစ္ဆာနယ်မြေ ထဲက ဝိညာဉ်ဝါးမြိုဂိုဏ်း ရဲ့ သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဝိညာဉ်သွေး သူတော်စင်ဘုရင်ရဲ့ သွေးကနေ ပြောင်းလဲလာတာ၊ မင်းသာ လိမ္မာမယ်ဆိုရင် ငါတို့ကို အခုချက်ချင်း လွှတ်ပေးလိုက်တာ အကောင်းဆုံးပဲ”

“ဟုတ်တယ်၊ ငါ မင်းကို ပြောပြလိုက်မယ်၊ မြင့်မြတ်သူဘုရင်အဆင့် ကျွမ်းကျင်သူကို ထားဦး၊ သူ့ထက် အားနည်းတဲ့ မြင့်မြတ်သူမင်းသား ဒါမှမဟုတ် လမ်းစဉ်မင်းသား တွေကတောင် မင်းတို့ရဲ့ ဒီကန္တာရဂြိုဟ်လေးကို လက်တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တယ်”

“သေချာတာပေါ့၊ ငါတို့ကို လွှတ်ပေးလိုက်ပါ၊ ငါတို့တွေ ပြန်ကောင်းလာပြီး မိစ္ဆာနယ်မြေကို ပြန်ရောက်သွားတဲ့အခါ၊ မင်းအတွက် ငါတို့ စကားကောင်း ပြောပေးပါ့မယ်၊ မင်းရဲ့ အသက်နဲ့ ပါရမီအရဆိုရင်၊ ငါတို့ရဲ့ ပင်မဂိုဏ်းထဲကို ဝင်နိုင်မယ်ဆိုရင်၊ အနာဂတ်မှာ အနည်းဆုံး မြင့်မြတ်သူမင်းသားအဆင့် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာမှာ သေချာတယ်”

ထို့နောက်တွင်၊ အပြစ်သားငရဲသွေး အစက်အချို့မှာ လင်းရန်ယန် အား ကြီးမားလှသော ကတိကဝတ်များကို စတင် ပေးကြတော့၏၊၊

လင်းရန်ယန် ကို အံ့အားသင့်စေသည်မှာ၊ မြင့်မြတ်သူဘုရင် တစ်ဦးတည်း၏ သွေးမှပင် ဤမျှအထိ အစွမ်းထက်သော ဖြစ်တည်မှုများ ဖြစ်လာနိုင်ခြင်းပင် ဖြစ်သည်၊၊

သို့သော်လည်း၊ မြင့်မြတ်သူဘုရင်၏ အထက်တွင်မူ ဧကရာဇ်အဆင့် ကျွမ်းကျင်သူများ ရှိနေသေး၏။

ဒါ့အပြင် ဧကရာဇ်အဆင့်၏ အထက်တွင်လည်း အဆင့်အတန်းများစွာ ရှိနေဦးမည် ဖြစ်သည်၊၊

ထိုသို့ဆိုလျှင် ထိုကျွမ်းကျင်သူများ၏ ခွန်အားမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းနေမည်နည်း၊၊

ထို့အပြင်၊ ဝိညာဉ်ဝါးမြိုဂိုဏ်း ဆိုသည့် အမည်အရပင်၊ ၎င်းမှာ ဝိညာဉ်များကို ဝါးမြိုခြင်းဖြင့် ခွန်အားကို မြှင့်တင်သော ဂိုဏ်းတစ်ခု ဖြစ်ပုံ၏၊၊

ဤအပြစ်သားငရဲသွေးကို ပိုင်ဆိုင်ထားသူများမှာလည်း ခွန်အားတိုးတက်စေရန် ဝိညာဉ်များကို ဝါးမြိုနိုင်သည့် စွမ်းရည်ရှိနေခြင်းမှာ မဆန်းတော့ချေ၊၊

“မင်းတို့တွေက မိစ္ဆာနယ်မြေကနေ လာတာလား၊ ငါ မမှားဘူးဆိုရင်၊ ငါတို့ ရှိနေတဲ့ ဒီနေရာက တော်တော်လေးကို ဝေးလံခေါင်ဖျားတဲ့ နေရာပဲ၊ မင်းတို့တွေ မိစ္ဆာနယ်မြေကနေ ဒီကို ဘယ်လိုရောက်လာတာလဲ”

အခန်း (၁၆၅) အလွန်အမင်း ကံကောင်းသူ

“မင်းက မြင့်မြတ်သူဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ဆီမှာ ငါ့ကို တပည့်အဖြစ် သွင်းပေးမယ်လို့ ပြောနေပေမဲ့၊ ဒီကနေ ဘယ်လိုထွက်ရမလဲဆိုတာတောင် မင်းတို့ကိုယ်တိုင် မသိဘူးဆိုရင်၊ ငါက ဒါကို ဘယ်လိုလုပ် ယုံကြည်နိုင်မှာလဲ”

လင်းရန်ယန် က မျက်ခုံးကို အသာအယာပင့်လိုက်ကာ သံသယရှိသော လေသံဖြင့် မေးမြန်းလိုက်၏၊၊

၎င်းမှာ ဝိညာဉ်များကို ဝါးမြိုစားသောက်သော ဂိုဏ်းတစ်ခု ဖြစ်နေသဖြင့်၊ လင်းရန်ယန် သင်ယူထားခဲ့သော ဝိညာဉ်ရှာဖွေခြင်းမှ ကာကွယ်သည့် လျှို့ဝှက်နည်းစနစ်များကို ဖျက်ဆီးသည့် နည်းလမ်းများမှာ အသုံးမဝင်လှချေ၊၊

ထို့ကြောင့် သူ့အနေဖြင့် မေးမြန်းခြင်းဖြင့်သာ အဖြေရှာနိုင်လိမ့်မည်၊၊

သာမက၊ ဤ (SSS) အဆင့် သတ်မှတ်ချက်၏ သော့ချက်မှာ ဤအပြစ်သားငရဲသွေးများ ကမ္ဘာမြေသို့ မည်သို့ရောက်ရှိလာသနည်း ဆိုသည့်အချက်ပေါ်တွင် မူတည်နေနိုင်ကြောင်း သူ ကြိုတင် ခံစားမိနေ၏၊၊

အဆုံးစွန်၌မူ၊ သွေးစက်အနည်းငယ် ရောက်ရှိလာနိုင်သည်ဆိုပါက၊ မိစ္ဆာနယ်မြေမှ လူများလည်း ရောက်ရှိလာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်၊၊

အကယ်၍ ၎င်းမှာ အမှန်တရားဖြစ်နေပြီး ထိုလမ်းကြောင်းကို မဖျက်ဆီးနိုင်ခဲ့ပါက၊ လင်းရန်ယန် အနေဖြင့် ကျင့်ကြံခြင်း ကြယ်တာရာနယ်မြေ သို့ ထွက်ခွာသွားချိန်၌ သူမ၏ ဇာတိမြေမှာ မိစ္ဆာနယ်မြေမှ လူများ၏ ချေမှုန်းခြင်းကို ခံလိုက်ရလျှင်မူ လုံးဝ ကြည့်ကောင်းမည် မဟုတ်ချေ၊၊

“ဟွန်း၊ ကောင်လေး၊ မင်း ငါတို့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ”

“ငါတို့က တကယ်ပဲ လူအတွေလို့ မင်း ထင်နေတာလား၊ ငါတို့ ပြောလိုက်ရင်ရော၊ မင်းက ငါတို့ကို တကယ်ပဲ လွှတ်ပေးမှာမို့လို့လား”

“ဟုတ်တယ်”

လင်းရန်ယန် ၏ စကားကို ကြားသောအခါ၊ ကျန်ရှိနေသော အပြစ်သားငရဲသွေး ဆယ်စက်ကျော်ခန့်မှာ အထင်သေးသော လေသံဖြင့် တပြိုင်နက်တည်း ဆိုလိုက်ကြ၏၊၊

သူတို့၏ အရှင်သခင်မှာ ကျင့်ကြံခြင်းလောကကို နှစ်ပေါင်း သိန်းနှင့်ချီ၍ အုပ်စိုးခဲ့သော သူတော်စင်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်၊၊ သူတို့တွင် အရှင်သခင်၏ မှတ်ဉာဏ် အစအနလေးများသာ ရှိသော်လည်း၊ အလွယ်တကူ လှည့်စား၍ ရမည့်သူများ မဟုတ်ကြချေ၊၊

“ကောင်းပြီလေ၊ မင်းတို့ မပြောဘူးဆိုရင်လည်း ငါက သတ်ပစ်လိုက်ရုံပဲ၊ မင်းတို့ အသက်ရှင်နေဖို့ အကြောင်းပြချက်မှ မရှိတာ၊ ကမ္ဘာမြေကလည်း တော်တော်လေး သေးငယ်ပါတယ်၊ အလွန်ဆုံးရှိရင် ငါ တစ်လက်မချင်းစီ လိုက်ရှာလိုက်ရုံပဲ”

လင်းရန်ယန် က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏၊၊ သူတို့က ရိုးရိုးသားသား ဝန်ခံလိမ့်မည်ဟု သူ အစကတည်းက မျှော်လင့်မထားခဲ့ချေ၊၊ ပြောဆိုပြီးနောက်၊ သူသည် ကြယ်တာရာမီးတောက်များကို ချက်ချင်းပင် ပေါက်ကွဲထွက်စေလိုက်သည်၊၊

“ရှဲ”

“ရှဲ”

“ရှဲ”

ကြယ်တာရာမီးတောက်များ ကျဉ်းမြောင်းလာသည်နှင့်အမျှ၊ အပြစ်သားငရဲသွေး အစက်များမှာ ပြာအဖြစ်သို့ လောင်ကျွမ်းသွားကြ၏၊၊

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ကျန်ရှိနေသော အပြစ်သားငရဲသွေးများမှာ အကြီးအကျယ် ထိတ်လန့်သွားကြသည်၊၊

အကယ်၍သာ ပြာအဖြစ် လောင်ကျွမ်းသွားခဲ့လျှင်၊ သူတို့ အမှန်တကယ်ပင် သေဆုံးသွားကြမည်၊၊

“ဝုန်း”

ထိုအခိုက်အတန့်တွင်၊ လင်းရန်ယန် သည် သူ၏ လှုပ်ရှားမှုများကို ရုတ်တရက် ရပ်တန့်လိုက်သည်၊၊

ကျန်ရှိနေသော အပြစ်သားငရဲသွေး ခုနစ်စက်မှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြ၏၊၊

သို့သော်လည်း၊ လင်းရန်ယန် ၏ နောက်ထပ်ထွက်ပေါ်လာသော စကားတစ်ခွန်းကြောင့် သူတို့၏ ဝိညာဉ်များမှာ ခန္ဓာကိုယ်ထဲမှ လွင့်ထွက်သွားမတတ် ဖြစ်သွားရသည်၊၊

“မင်းတို့ စဉ်းစားဖို့ ခုနစ်မိနစ် အချိန်ပေးမယ်၊ နောက်ပိုင်းမှာ မိနစ်တိုင်းမှာ သွေးတစ်စက်စီကို ငါ ကျပန်း ရွေးပြီး သတ်မယ်၊ သေချာတာပေါ့၊ ဘယ်သူ အရင်ဆုံး ပြောမလဲ၊ အဲ့ဒီလူ အသက်ရှင်မယ်၊ ဘယ်သူ အများဆုံး ပြောမလဲ၊ အဲ့ဒီလူလည်း အသက်ရှင်မယ်၊ ကျန်တဲ့ ငါးစက်အတွက်ကတော့၊ စိတ်မကောင်းပါဘူး”

လင်းရန်ယန် က အေးစက်သော အပြုံးဖြင့် ဆိုလိုက်၏၊၊

ဤအပြစ်သားငရဲသွေးများမှာ တစ်ဦးကိုတစ်ဦး ယုံကြည်ကြလိမ့်မည်ဟု သူ မယုံကြည်ချေ၊၊

အဆုံး၌မူ၊ အရင်ဆုံး ပြောသူကသာ အသက်ရှင်ခွင့် ရမည်၊၊

အကယ်၍ မည်သူမျှ မပြောပါက၊ သူတို့အားလုံး အတူတူ သေကြရလိမ့်မည်၊၊

သို့သော် ယခုအခါ အသက်ရှင်သန်နိုင်မည့် အခွင့်အရေးမှာ သူတို့၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီ ဖြစ်ရာ၊ သူတို့သည် သူတို့၏ အဖော်များအတွက်နှင့် အသက်ရှင်သန်နိုင်မည့် နောက်ဆုံးမျှော်လင့်ချက်ကို စွန့်လွှတ်လိမ့်မည်ဟု သူ မယုံကြည်ချေ၊၊

သံသယမျိုးစေ့များ ပျိုးထောင်လိုက်သည်နှင့်အမျှ၊ ကျန်ရှိနေသော အပြစ်သားငရဲသွေးများမှာ ချက်ချင်းပင် တင်းမာသွားကြတော့၏၊၊

“ငါ ပြောမယ်၊ လမ်းကြောင်းက ရှိတဲ့နေရာက”

နောက်ဆုံးတွင်၊ အပြစ်သားငရဲသွေး တစ်စက်မှာ လောလောလောလောဖြင့် စတင် ပြောဆိုလာသည်၊၊

“အဲ့ဒါက ကမ္ဘာမြေရဲ့ အရံဂြိုဟ်၊ မင်းတို့ လမင်းလို့ ခေါ်တဲ့ နေရာရဲ့ ဟိုဘက်အခြမ်းမှာ ရှိတာ ”

နှမြောစရာကောင်းသည်မှာ၊ အခြားသော အပြစ်သားငရဲသွေး တစ်စက်မှာမူ စကားများများ မပြောတော့ဘဲ တည်နေရာကို တိုက်ရိုက်ပင် ထုတ်ဖော်လိုက်ခြင်း ဖြစ်၏၊၊

“ဝုန်း”

နောက်တစ်ခဏ၌၊ ကြယ်တာရာမီးတောက် တစ်ခုမှာ ထိုသွေးစက်ကို ဆွဲထုတ်လိုက်သည်၊၊ လင်းရန်ယန် သည် ကြယ်တာရာမီးတောက်၏ လွှမ်းခြုံမှုကိုပင် တိုက်ရိုက် ဖယ်ရှားပေးလိုက်ကာ ၎င်းကို အမှန်တကယ်ပင် လွှတ်ပေးလိုက်၏၊၊

ထိုအပြစ်သားငရဲသွေးမှာ စိတ်လှုပ်ရှားစွာဖြင့် အဆုံးမရှိသော သွေးမြူများအဖြစ် ပေါက်ကွဲထွက်သွားပြီး လေထုထဲသို့ ပျံ့နှံ့သွားကာ၊ ထို့နောက် မြေပြင်အတွင်းသို့ စိမ့်ဝင်ကွယ်ပျောက်သွားတော့သည်၊၊

ဤအခိုက်အတန့်တွင်၊ ကျန်ရှိနေသော အပြစ်သားငရဲသွေးများမှာ မှင်တက်သွားကြသည်၊ သူက ၎င်းကို အမှန်တကယ်ပင် လွှတ်ပေးလိုက်သည်၊၊

“တောက်၊ ငါက အရင်ဆုံး ပြောတာလေ၊ မင်းက မတရားဘူး”

ပထမဆုံး စတင်ပြောဆိုသော အပြစ်သားငရဲသွေးမှာ ဒေါသတကြီး ဆဲဆိုတော့၏၊၊

“မင်းက စကားတွေ အရမ်းများနေတာကိုး၊ ငါ့ရဲ့ အချိန်တွေက တန်ဖိုးမရှိဘူးလို့ ထင်နေတာလား၊ ဒါပေမဲ့ မင်းမှာ နောက်ဆုံးအခွင့်အရေး တစ်ခုတော့ ကျန်သေးတယ်၊ အများဆုံး ပြောနိုင်တဲ့သူလည်း အသက်ရှင်နိုင်ဦးမှာပဲ၊ ကဲ၊ ဒါဆိုရင် မင်း ဘာတွေ ပြောဖို့ ပြင်ဆင်ထားလဲ၊ ဒါနဲ့၊ တခြားသူက လိမ်ပြောနေတယ်ဆိုရင်လည်း တိုင်တန်းလို့ ရတယ်နော်၊ လိမ်တဲ့သူကတော့ အမှန်တရားတွေ ဘယ်လောက်ပဲ ပြောထားပြောထား၊ ချက်ချင်း သေရမယ်”

လင်းရန်ယန် က ထိုသွေးစက်ကို မျက်စောင်းထိုးကြည့်လိုက်ကာ၊ ကျန်ရှိနေသော သွေးစက် ခြောက်စက်ကို စတင်၍ သွေးဆောင်ဖြားယောင်းတော့၏၊၊

“ငါ ပြောမယ်၊ လပေါ်မှာ ရှေးဟောင်း တယ်လီပို့ အစီရင် တစ်ခု ရှိတယ်၊ ဒါပေမဲ့ ကန့်သတ်ချက်တွေကြောင့်၊ မင်းတို့ ကမ္ဘာက လူတွေကလွဲရင် ဘယ်သူမှ ဒါကို အသုံးမပြုနိုင်ကြဘူး၊ ငါတို့ရဲ့ အရှင်သခင်က ဒီအစီရင်ရဲ့ တစ်ဖက်ခြမ်းကို မတော်တဆ တွေ့ရှိခဲ့ပြီး၊ အပြင်ကနေ လာမယ့်သူကို ဖမ်းမိဖို့အတွက် အနှစ်တစ်သောင်းတိုင်တိုင် လူလွှတ်ပြီး စောင့်ကြည့်ခိုင်းခဲ့တာ၊ အဲ့ဒီနောက်မှာ လျှို့ဝှက်နည်းစနစ်ကို သုံးပြီး၊ ထွက်လာတဲ့လူရဲ့ ခန္ဓာကိုယ်ထဲကို သွေးတွေ ထည့်သွင်းကာ သူ့ကို ထိန်းချုပ်ပြီး ငါတို့ကို ဒီထဲ ခေါ်လာခိုင်းခဲ့တာ ငါတို့က ဒါကို မဖွံ့ဖြိုးသေးတဲ့ ကမ္ဘာကြီးတစ်ခုလို့ ထင်ခဲ့တာ၊ ဒါပေမဲ့ ဒါက ဝေးလံခေါင်ဖျားပြီး ခေတ်နောက်ကျနေတဲ့ ဂြိုဟ်စုတ်လေး ဖြစ်နေမယ်လို့ ဘယ်သူ သိမှာလဲ၊.ငါတို့တွေ တယ်လီပို့ပြီး ထွက်ခွာသွားဖို့အတွက် လုံလောက်တဲ့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးတွေကိုတောင် ရှာမတွေ့ခဲ့ဘူး ၊ အရင်က လက်ခံခန္ဓာကိုယ် သေဆုံးသွားပြီးနောက်မှာ၊ ငါတို့မှာ ရွေးချယ်စရာ မရှိတော့တာနဲ့ ကျင့်ကြံသူတွေ အားလုံးကို ဝါးမြိုပြီး ဒီနေရာကို ငါတို့ရဲ့ အနောက်ဖေးခြံလိုမျိုး လုပ်ဖို့ ပြင်ဆင်ခဲ့ကြတာ၊ ဒါပေမဲ့ နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်လာပြီး ငါတို့ကို ဒီနေရာမှာ အနှစ်တစ်သောင်းတိတိ ချိပ်ပိတ်ပစ်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”

“ကျွန်ုပ်လည်း တစ်ခု သိသေးတယ်၊ မင်းတို့ရဲ့ ကမ္ဘာမှာ ကြီးမြတ်တဲ့ စမ်းသပ်မှုမျှော်စင် ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ အအေးလွန်နယ်မြေ ရှိနေပုံရတယ်၊ ဒီအရာက ကျင့်ကြံခြင်းလောကတစ်ခုလုံးရဲ့ ရတနာပဲ၊ လူသားအဆင့်မှာ စမ်းသပ်မှုမျှော်စင် ဆယ်ခုပဲ ရှိတာ၊ မင်းတို့ဆီမှာ တစ်ခု ရှိနေတာပဲ”

“မှန်တယ်၊ မင်းတို့ရဲ့ ဒီနေရာက သေချာပေါက် ထူးခြားနေတာပဲ၊ မဟုတ်ရင် ကြယ်တာရာ နယ်မြေပေါင်း ကုဋေကုဋာက တစ်ခုတည်းကို ခွဲဝေသုံးစွဲနေရတဲ့ စမ်းသပ်မှုမျှော်စင်က မင်းတို့ရဲ့ ဒီဂြိုဟ်သေးသေးလေးပေါ်မှာ ရှိနေဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါ့အပြင်၊ မင်းတို့ဆီမှာ သီးခြား လည်ပတ်နေတဲ့ သံသရာစနစ်လည်း ရှိသေးတယ်၊ မြေအောက်ကမ္ဘာ မှာ ရှိတဲ့ နတ်ဘုရားတွေနဲ့ ဝိညာဉ်တွေက ပြင်ပလောကနဲ့ သီးခြားစီပဲ၊ ဒီလိုမျိုး အထူးအခွင့်အရေးဆိုတာ သာမန် ဝေးလံခေါင်ဖျားတဲ့ ဂြိုဟ်တစ်ခုမှာ ရှိတာမျိုး မဟုတ်ဘူး”

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ ငါတို့ရဲ့ ခွန်အားက အရမ်းနည်းနေလို့ပဲ၊ ဒါတွေက ငါတို့ သိသမျှ အကုန်ပဲ”

ပထမဆုံး အပြစ်သားငရဲသွေး ထွက်ခွာသွားသည်ကို စံနမူနာထား၍၊ အပြစ်သားငရဲသွေး အားလုံးမှာ လင်းရန်ယန် သည် သူတို့ကို အမှန်တကယ်ပင် လွှတ်ပေးနေကြောင်း သိရှိသွားကြသဖြင့်၊ သူတို့ ဘယ်လိုလုပ်ပြီး တုံ့ဆိုင်းနေကြတော့မည်နည်း၊၊

သူတို့ သိသမျှ အရာအားလုံးကို လင်းရန်ယန် အား တိုက်ရိုက်ပင် ပြောပြလိုက်ကြ၏၊၊

ဤအချက်အလက်များတွင် ပြင်ပလောက၏ ကျင့်ကြံခြင်းစနစ်သာမက၊ အောက်ကမ္ဘာ တစ်ခုလုံးရှိ အင်အားစုများ၏ ဖြန့်ကျက်မှုများလည်း ပါဝင်နေသည်၊၊

မိစ္ဆာနယ်မြေအတွင်းရှိ ကျွမ်းကျင်သူအချို့၏ အတင်းအဖျင်း သတင်းများပင်လျှင် ပါဝင်နေသေး၏၊၊

ဤအချက်အလက်များကို နားထောင်နေရင်း၊ လင်းရန်ယန် အတွက် ကမ္ဘာသစ်ကြီးတစ်ခုမှာ ပွင့်လန်းသွားခဲ့ပြီ ဖြစ်သည်၊၊

ပြင်ပလောကမှာ အမှန်တကယ်ပင် သူ စိတ်ကူးထားသည်ထက် ပိုမို အစွမ်းထက်လှပြီး၊ ကမ္ဘာမြေမှာလည်း အလွန်ပင် ထူးခြားသော ဖြစ်တည်မှုတစ်ခု ဖြစ်နေ၏၊၊

၎င်းမှာ လင်းရန်ယန် အတွက်မူ သေချာပေါက် အရေးကြီးသော သတင်းအချက်အလက်များပင် ဖြစ်သည်၊၊

“တော်တော်လေး ကောင်းပါတယ်၊ ထပ်ပြီး ဖြည့်စွက်စရာ ရှိသေးလား၊ အကယ်၍ မရှိတော့ဘူးဆိုရင်၊ ငါ သူ့ကို လွှတ်ပေးတော့မယ်၊ ကျန်တဲ့သူတွေကတော့ သေရမှာပဲ”

လင်းရန်ယန် က အသာအယာ ခေါင်းညိတ်လိုက်ပြီးနောက်၊ အချက်အလက် အများဆုံး ပြောဆိုခဲ့သော အပြစ်သားငရဲသွေးကို လက်ညှိုးညွှန်ပြလိုက်၏၊၊

နှမြောစရာကောင်းသည်မှာ၊ သူတို့ သိသမျှ အရာအားလုံးကို ပြောပြပြီးသွားခဲ့ပြီ ဖြစ်သည်၊၊

အဆုံး၌မူ၊ သူတို့သည် မြင့်မြတ်သူဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ သွေးစက်များသာ ဖြစ်ကြ၏၊၊

သူတို့၏ မှတ်ဉာဏ်များမှာ အလွန်ပင် ပြိုကွဲနေခဲ့ပြီ ဖြစ်သည်၊၊

ဤမျှအထိ သိရှိနိုင်ခြင်းမှာပင် တော်တော်လေး ကောင်းမွန်လှပေပြီ၊၊

ကျန်ရှိနေသော အပြစ်သားငရဲသွေးများမှာ ထိတ်လန့်တကြား ဖြစ်နေသည်ကို မြင်သောအခါ၊ လင်းရန်ယန် သည် သူမ၏ အတွေးကို အသာအယာ ပြောင်းလဲလိုက်၏၊၊

“ရှဲ၊ ရှဲ၊ ရှဲ၊ ရှဲ”

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ အခြားသော အပြစ်သားငရဲသွေး ငါးစက်မှာ သေဆုံးသွားခဲ့ရသည်၊၊ အသက်ရှင်ကျန်ရစ်သူမှာမူ အလွန်ပင် ကံကောင်းလှ၏၊၊

နောက်ထပ် အပြစ်သားငရဲသွေး ငါးစက်မှာလည်း ချက်ချင်းပင် သေဆုံးသွားခဲ့ရပြန်သည်၊၊

နောက်ဆုံးကျန်ရှိနေသော အပြစ်သားငရဲသွေးမှာ ၎င်းကို လွှတ်ပေးလိမ့်မည်ဟု ထင်မှတ်နေချိန်မှာပင်၊ နောက်တစ်ခဏ၌ လင်းရန်ယန် သည် ဟင်းလင်းပြင်တွင် ဆုပ်နယ်လိုက်သည့် အမူအရာတစ်ခု လုပ်ဆောင်လိုက်သည်ကို ထိတ်လန့်တကြား တွေ့ရှိလိုက်ရ၏၊၊

“ဝုန်း”

နောက်တစ်ခဏ၌၊ ပတ်ဝန်းကျင်ရှိ မြေပြင်မှ ခိုင်ခံ့ကြီးမားသော မြေဝိညာဉ်စွမ်းအား များမှာ ပေါက်ကွဲထွက်လာတော့သည်၊၊

ထို့နောက်တွင်၊ ခုတင်တင်ကမှ လွတ်မြောက်သွားခဲ့သော အပြစ်သားငရဲသွေးမှာ မြေဝိညာဉ်စွမ်းအားများဖြင့် ဝန်းရံခြင်း ခံလိုက်ရကာ လင်းရန်ယန် ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့၏၊၊

“တောက်၊ မင်း ငါတို့ကို လိမ်တာပဲ၊ မင်းက မိစ္ဆာမျိုးနွယ်တွေထက်တောင် ပိုပြီး စက်ဆုပ်စရာကောင်းတယ်”

“လူသား၊ မင်းက အရမ်း ယုတ်မာတာပဲ၊ ငါတို့ကို အမှန်တကယ်ပဲ လှည့်စားရဲတယ်ပေါ့”

ဤအခိုက်အတန့်တွင်၊ သွေးစက်နှစ်စက်စလုံးမှာ လင်းရန်ယန် ကို စတင်၍ ဆဲဆိုကြတော့၏၊၊

“ငါက မင်းတို့ကို လှည့်စားရုံလေးနဲ့ပဲ မိစ္ဆာမျိုးနွယ်တွေထက် ပိုပြီး စက်ဆုပ်စရာကောင်းတယ်လို့ ပြောနေတာလား၊ မင်းတို့တွေက တကယ်ပဲ ကလေးဆန်တာပဲ၊တကယ်လို့ မိစ္ဆာမျိုးနွယ်တွေသာဆိုရင်၊ မင်းတို့ကို ကောင်းကင်မီးအိမ်အဖြစ် လုပ်ပစ်ခဲ့တာ ကြာလှပြီ၊ ကဲပါ၊ မင်းတို့ သွားရမယ့်လမ်းကို သွားကြပါတော့၊ ဒါနဲ့၊ မင်းတို့အားလုံးက သွေးတွေပဲ၊ မင်းတို့မှာ ဝိညာဉ်အစအနလေးတွေ ရှိနေပေမဲ့၊ သံသရာထဲကိုတော့ ဝင်လို့ရမှာ မဟုတ်ဘူး၊ အဲ့ဒီလိုဆိုမှတော့၊ ငါ မင်းတို့ရဲ့ ဝိညာဉ်တွေကိုပါ တခါတည်း သုတ်သင်ပေးလိုက်မယ်၊ ငါ့ကို ကျေးဇူးတင်နေဖို့ မလိုပါဘူးနော်”

လင်းရန်ယန် က အသာအယာ ပြုံးလိုက်ပြီးနောက်၊ နောက်တစ်ခဏ၌ ကြယ်တာရာမီးတောက်မှာ ပေါက်ကွဲထွက်လာတော့သည်၊၊

နောက်ဆုံးကျန်ရှိနေသော အပြစ်သားငရဲသွေး နှစ်စက်မှာ ချက်ချင်းပင် ဘာအစအနမျှ မကျန်ဘဲ လောင်ကျွမ်းသွားခဲ့ရ၏၊၊

ထို့နောက် လင်းရန်ယန် သည် အေးခဲလုနီးပါး ဖြစ်နေသော ကျောက်ရည်ပူ ပင်လယ်၏ မျက်နှာပြင်သို့ ရောက်ရှိလာကာ၊ သူ၏ စိတ်အာရုံကို ဖြန့်ကျက်လိုက်ပြီး လွတ်မြောက်သွားသော ငါးများ ရှိနေသလားဟု စစ်ဆေးလိုက်သည်၊၊

ကံကောင်းထောက်မစွာဖြင့်၊ ဤအပြစ်သားငရဲသွေးများမှာ အလွန်ပင် မောက်မာကြသဖြင့်၊ မည်သူမျှ ပုန်းကွယ်နေခြင်း မရှိကြချေ၊၊

ဆိုလိုသည်မှာ၊ လင်းရန်ယန် သည် သူတို့အားလုံးကို ပိုက်စိပ်တိုက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်၏၊၊

တစ်ချိန်တည်းမှာပင်၊ လင်းရန်ယန် သည် အရင်က အပြစ်သားငရဲသွေး တစ်စက်မှာ မည်သို့ လွတ်မြောက်သွားခဲ့ပြီး ရှီးကျန့် ၏ ဂိုဏ်းတူညီမလေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်နိုင်ခဲ့သနည်း ဆိုသည်ကိုလည်း သိရှိသွားခဲ့သည်၊၊

၎င်းမှာ နတ်ဘုရားဆရာသခင် ချုံယန် သည် ဤနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့ကာ ရွှေရောင်မီးတောက်များ ပါရှိသော ထိုအလင်းလုံးကို ယူဆောင်သွားခဲ့ခြင်းကြောင့် ဖြစ်၏၊၊

ထိုအလင်းလုံး တစ်လုံးစီတိုင်းတွင် အပြစ်သားငရဲသွေး တစ်စက်စီကို ချိပ်ပိတ်ထားခဲ့ခြင်း ဖြစ်သည်၊၊

အလင်းလုံးကို ယူဆောင်သွားချိန်၌၊ ထိုအပြစ်သားငရဲသွေးမှာလည်း ချိပ်ပိတ်မှုမှ လွတ်မြောက်သွားခဲ့၏၊၊

သေချာသည်မှာ၊ ၎င်းမှာ အချိန်အကြာကြီး ချိပ်ပိတ်ခံထားရသဖြင့်၊ မိမိ၏ ခွန်အားကို ပြန်လည် ရရှိစေရန်အတွက် မီးတောက်စွမ်းအားကို စတင်၍ အမှီပြုခဲ့ခြင်း ဖြစ်သည်၊၊

ဒါ့အပြင်၊ နတ်ဘုရားဆရာသခင် ချုံယန် ၏ ကြီးမြတ်လှသော ခွန်အားကြောင့်၊ ၎င်းမှာ ခေါင်းပြူရန် မဝံ့ရဲခဲ့ချေ၊၊ အကယ်၍ ခေါင်းပြူမိပါက ၎င်းမှာ ပျောက်ကွယ်သွားရမည်ကို စိုးရိမ်ခဲ့ရသဖြင့်၊ ပြန်လည် ကောင်းမွန်လာရန်အတွက် နှစ်ပေါင်းမည်မျှ ကြာဦးမည်ကို မသိနိုင်သောကြောင့် ဖြစ်၏၊၊

တစ်နှစ်အကြာတွင်၊ မတော်တဆ ဝင်ရောက်လာသော ရှီးကျန့် နှင့် သူ၏ ဂိုဏ်းတူညီမလေးကို မြင်သောအခါမှသာ၊ ၎င်းသည် ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ဂိုဏ်းတူညီမလေး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်း ဖြစ်သည်၊၊

ထိုစဉ်က ၎င်းမှာ အလွန်ပင် အားနည်းနေသဖြင့် ရှီးကျန့် ကိုပင် ပူးကပ်ရန် မဝံ့ရဲခဲ့ချေ၊၊

“မြင့်မြတ်သူဘုရင်အဆင့် ကျွမ်းကျင်သူတစ်ယောက်ရဲ့ သွေးစက်အနည်းငယ်ကတင် ကျင့်ကြံခြင်းလောကတစ်ခုလုံးကို နှစ်ကြိမ်တိုင်တိုင် ပျက်စီးလုနီးပါး ဖြစ်အောင် လုပ်နိုင်ခဲ့တာပဲ၊ ကြည့်ရတာ ဒီကမ္ဘာက ကျွမ်းကျင်သူတွေက တကယ်ကို ကြောက်စရာကောင်းတာပဲ၊ ငါ့အနေနဲ့ ခွန်အားကို အမြန်ဆုံး မြှင့်တင်ရမယ်”

လင်းရန်ယန် ၏ မျက်ခုံးများမှာ ထိုစဉ်ကပင် တွန့်ချိုးသွားခဲ့ရသည်၊၊

“ဒင် အိမ်ရှင်အား ဂုဏ်ပြုပါသည်၊ လက်ရှိ တာဝန် သတ်မှတ်ချက်မှာ (SS) အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်၊၊ ဆုလာဘ်များကို ရယူလိုပါသလား”

ထိုစဉ်မှာပင်၊ နောက်ထပ် အသိပေးချက်တစ်ခု ရောက်ရှိလာပြန်၏၊၊

“မယူသေးဘူး၊ ငါ လပေါ်ကို အရင် သွားလိုက်ဦးမယ်”

လင်းရန်ယန် က ဖြည်းဖြည်းချင်း ဆိုလိုက်သည်၊၊ ပြောဆိုပြီးနောက်၊ သူမသည် ဟွန့်ယန့် တောင်တန်း တည်ရှိရာ မြေအောက်နေရာမှ တိုက်ရိုက်ပင် ထွက်ခွာလာခဲ့၏၊၊

“ဝုန်း”

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လင်းရန်ယန် ၏ ခန္ဓာကိုယ်ပတ်လည်တွင် တောက်ပသော အလင်းတန်းများ ပွင့်လန်းလာတော့သည်၊၊

ချက်ချင်းပင်၊ လင်းရန်ယန် သည် အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ကောင်းကင်သို့ ပျံတက်သွား၏၊၊

အလင်းဝိညာဉ်ခန္ဓာ သည် အလယ်အလတ် ဝိညာဉ်ခန္ဓာများထဲတွင် အရှိန်အဝါ အကြောက်ဆုံးသော ဝိညာဉ်ခန္ဓာ ဖြစ်သည်၊၊

မိုးကြိုးဝိညာဉ်ခန္ဓာပင်လျှင် ၎င်းထက် အများကြီး နိမ့်ကျလှ၏၊၊

ထို့ကြောင့်၊ မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ လင်းရန်ယန် သည် ကီလိုမီတာ ဆယ်ဂဏန်းခန့်ရှိသော ခရီးကို ဖြတ်ကျော်နိုင်ခဲ့သည်၊၊

ယခုအချိန်တွင်၊ လင်းရန်ယန် ၏ အရှိန်မှာ တစ်နာရီလျှင် ကီလိုမီတာ တစ်သိန်းခွဲအထိ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏၊၊

ဆိုလိုသည်မှာ၊ စက္ကန့်တိုင်းတွင် လင်းရန်ယန် သည် ငါးကီလိုမီတာတိတိ ပျံသန်းနိုင်ခြင်းပင် ဖြစ်သည်၊၊

မကြာမီမှာပင်၊ လင်းရန်ယန် သည် လေထုအလွှာကို ဖြတ်ကျော်ကာ ဟင်းလင်းပြင်ထဲသို့ တိုက်ရိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်၏၊၊ သူ၏ ဦးတည်ရာမှာ ကောင်းကင်ယံတွင် တွဲလွဲခိုနေသော ထိုကြီးမားလှသော လမင်းကြီးပင် ဖြစ်ပြီး၊ ကမ္ဘာမြေမှ လမင်းအထိ အကွာအဝေးမှာ ကီလိုမီတာ သုံးသိန်းရှစ်သောင်း ရှိသည်၊၊

ဆိုလိုသည်မှာ၊ လင်းရန်ယန် ၏ လက်ရှိအရှိန်ဖြင့်ပင် ရောက်ရှိရန်အတွက် နှစ်နာရီကျော်ကျော် အချိန်ယူရလိမ့်မည်၊၊

All Chapters