← Chapters

အစေခံများ ဖြစ်လာခြင်း

Vol. 16 Ch. 217

အစေခံများ ဖြစ်လာခြင်း

Vol. 16 Ch. 217

အန်လင်နှင့် လျှိုချင်ဟွမ်တို့သည် ကျောက်ချပ်ပြား၏ နောက်တွင် ပုန်းအောင်းနေကြခြင်း ဖြစ်သည်။ သူတို့၏ အော်ရာများကို ဖုံးကွယ်နိုင်ရန် မန္တန်ဝင်္ကပါတစ်ခု ခင်းကျင်းထားကြသည်။

မီးကျွမ်းသွားသည့် တောဝက်ကင်အားကြည့်ကာ စိတ်ဆင်းရဲကာ ညည်းညူလျက်ရှိသည့် မိန်းမငယ်လေးအား မြင်လိုက်သည့်အခါ သူတို့နှစ်ဦး၏ မျက်လုံးများ ရွှင်မြူးလာလေသည်။

“သူမက အစားကြူးတဲ့သူနဲ့တူတယ်” အန်လင်း တီးတိုးပြောသည်။ “အဲဒါကို ပစ်မှတ်ထားမယ် ဆိုရင်ကော”

လျှိုချင်ဟွမ်သည်လည်း ထိုအကြံပြုချက်အား တွေးတောနေမိသည်။ “ဒါပေမဲ့လည်း ငါတို့ဆီမှာ ဟင်းချက်ဖွယ်ရာတွေ မရှိသလို အချက်အပြုတ်လည်း မကျွမ်းဘူးလေ။ ဘယ်လိုဖြစ်မှာလဲ”

“ဟမ်.. အဲဒါကမှ ပြဿနာပဲ” အန်လင်းလည်း ဝန်ခံလိုက်သည်။

ဤကဲ့သို့ချဉ်းကပ်ရန် မဖြစ်နိုင်ကြောင်း ဆုံးဖြတ်ပြီးသည့်နောက်တွင် သူတို့နှစ်ဦး စိတ်ထိခိုက်ခြင်း မရှိကြချေ။ ထို့အပြင် ထိုမိန်းမငယ်လေး၏ အပြုအမူများကိုသာ လေ့လာနေကြသည်။

ထိုမိန်းကလေးသည် ဝက်ကင်အား လက်မလျှော့သေးပေ။ ထို့အပြင် မီးကျွမ်းနေသည့် နေရာများအား ကိုက်ဖယ်ပစ်ပြီးနောက် ဆက်လက် စားသောက်နေပြန်သည်။ သူမသည် စားသောက်နေရင်းနှင့် အဆက်မပြတ် ညည်းညူလျက်ရှိသည်။ “စားလို့ကောင်းလိုက်တာ၊ အရသာရှိနေတာပဲ၊ ကြွပ်ဆတ်ဆတ်လေး” ထိုကဲ့သို့ ဖြစ်သည်။

“အားးးးး ဘာလို့များ လူတွေက အရမ်းကို စဉ်းလဲပြီး ယုတ်မာကြတာလဲ။ ဒီဘုရင်မကြီးက အရမ်းကို အထီးကျန်နေရပြီ”

သူမသည် ကောင်းကင်သို့ ကြည့်ကာဖြင့် ဝမ်းနည်းဖွယ်ရာ ညည်းညူရင်း ရှိနေလေသည်။

အန်လင်း : “…”

လျှိုချင်ဟွမ် : “…”

မည်သည်ကြောင့်ရယ်မသိ ထိုမိန်းကလေး ထိုသို့ပြောဆိုနေခြင်းအား ကြားရသည်မှာ လွန်စွာထူးဆန်းသည်ဟု ခံစားနေရသည်။

“ဟိုဆံပင်ပန်းရောင်နဲ့ မိန်းကလေးကကော ဘယ်ကိုထွက်ပြေးသွားလဲ မသိဘူး။ သူပြတဲ့ အရုပ်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းနေတာကိုး။ အားးး ဒီဘုရင်မကို လှည့်ဖြားဖို့ ကြိုးစားခဲ့တာ သနားစရာပဲ။ ငါ့ရဲ့ စိတ်ခံစားချက် အာရုံခံစွမ်းရည်ကြောင့်သာ မဟုတ်ရင် သူမရဲ့ လှည့်ဖြားတာကို ခံနေရပြီ” ထိုမိန်းကလေးသည် အသက်နှင့်မလိုက် ပြောဆို ညည်းညူနေလေသည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့ တိတ်ဆိတ်သွားကြသည်။ အဓိကအချက်အား ဖမ်းဆုပ်လိုက်နိုင်ပြီ ဖြစ်သည်။

စိတ်ခံစားချက် အာရုံခံစွမ်းရည်တဲ့လား။

လျှိုချင်ဟွမ်၏ ပတ္တမြားရောင်နှုတ်ခမ်းများ လှုပ်ရှားကာဖြင့် တီးတိုးပြောလေသည်။ “ပြောချင်တာက အဲကောင်မလေး အခုထိ မိုဘိုင်းဖုန်းတွေကို စိတ်ဝင်စားနေတုန်းလို့လား”

အန်လင်း ခေါင်းညိတ်လိုက်သည်။ “သူမက မိုဘိုင်းဖုန်းတွေကို စိတ်ဝင်စားတယ်။ ဒါပေမဲ့လည်း စိတ်ခံစားချက် အာရုံခံစွမ်းအင်က တခြားသူတွေရဲ့ ခံစားချက်တွေကို အာရုံခံနိုင်တာမျိုး ဖြစ်မယ်။ ကျွန်တော်တို့ လိမ်ညာလှည့်ဖြားတာကို သိသွားရင် အဆုံးသတ်ပြီပဲ”

လျှိုချင်ဟွမ် မျက်မှောင်ကြုတ်လိုက်သည်။ “ဒါပေမဲ့လည်း ငါတို့ဆီမှာ သေချာပေါက် မကောင်းတဲ့ စိတ်ခံစားချက်တွေ လိမ်ညာမှာတွေ ရှိနေတယ်လေ။ ရွှေသောက်တော်ရေခွက်ကို ခိုးယူဖို့ ကြိုးစားမယ်ဆိုရင် သူမအရှေ့ကိုသွားပြီး ညှိနှိုင်းဖို့ မကြိုးစားခင်မှာပဲ ငါတို့က သူမရဲ့လက်သီးနဲ့ မိတ်ဆက်ရမှာ သေချာသလောက်ပဲ”

သူတို့၏ရည်ရွယ်ချက်မှာ သူမ၏ ဦးခေါင်းထက်ရှိ သရဖူသဖွယ် ဆင်မြန်းထားသော ရွှေသောက်တော်ရေခွက် ဖြစ်နေသမျှ သူတို့၏ မကောင်းသည့် စိတ်ဆန္ဒများအား သူမ အာရုံခံမိမှာ အသေအချာပင် ဖြစ်သည်။

အန်လင်း ခေတ္တမျှ စဉ်းစားပြီးသည့်နောက်တွင် သူ၏စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာပြီး မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် အရောင်တောက်လာသည်။ “တကယ်လို့... တကယ်လို့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ရွှေသောက်တော်ရေခွက်ကို ခိုးယူဖို့ မဟုတ်တော့ရင်ကော”

“ရွှေသောက်တော်ရေခွက်ကို ခိုးယူဖို့ မဟုတ်ဘူးလား။ နင်ပြောတာက ငါတို့ရဲ့ အစစ်အမှန် စိတ်ခံစားချက်တွေကို ဖုံးကွယ်ထားဖို့လား။ အဲလိုလုပ်ရင်ကော အဖမ်းမခံရနိုင်ဘူးလား” လျှိုချင်ဟွမ် မထောက်ခံလိုဟန်ဖြင့် ပြောသည်။

အန်လင်း ခေါင်းယမ်းလိုက်သည်။ “အဲလိုပြောတာ မဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက ရွှေသောက်တော်ရေခွက်ကို ရဖို့အတွက် ကြိုးစားတာကို စွန့်လွှတ်လိုက်မယ်။ တခြားအပြုအမူနဲ့ အောင်ပွဲရယူမယ်လို့ ပြောတာ”

“သောက်တော်ရေခွက် ရဖို့ကြိုးစားတာကို စွန့်လွှတ်လိုက်ရမယ် ဟုတ်လား။ တခြားအပြုအမူနဲ့ အောင်ပွဲရဖို့ ကြိုးစားမယ် ဟုတ်လား” လျှိုချင်ဟွမ်သည် အန်လင်း၏စကားများကို စဉ်းစားရင်း သူမတစ်ကိုယ်တည်း ရေရွတ်နေလေသည်။ ထို့နောက်တွင် နားလည် သဘောပေါက်စွာဖြင့် သူမမျက်လုံးများ အရောင်လက်လာသည်။ “အဲတော့ နင်ပြောတဲ့သဘောက သောက်တော်ရေခွက်ကို လက်လျှော့လိုက်ပြီး တစ်ချိန်တည်းမှာပဲ သောက်တော်ရေခွက်ကို တခြားသူတွေဆီကနေ ကာကွယ်ဖို့ ကြိုးစားကြမယ်ဆိုတဲ့ သဘောလား”

“အတိအကျပဲ” အန်လင်းပြုံးလိုက်သည်။ “ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က ပြိုင်ပွဲကိုနိုင်ဖို့ပဲလေ။ အခု ကျွန်တော်တို့ရဲ့ ရမှတ်က အားလုံးထဲမှာ အမြင့်ဆုံးပဲ။ အဲဒီတော့ တခြားပြိုင်ပွဲဝင်တွေကို ထုတ်ပယ်ခံရအောင် လုပ်လိုက်မယ်ဆိုတာနဲ့ အောင်ပွဲက ကျွန်တော်တို့အတွက်ပဲ။ မူလရည်ရွယ်ချက်ကိုလည်း ဆန့်ကျင်ရာ မကျတော့ဘူးလေ”

“သူမရှေ့ကို ပြန်ရောက်သွားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ စိတ်တွေက သူမရဲ့ ရန်သူတွေကို ကူညီသုတ်သင်ဖို့ပဲ ဖြစ်ရမယ်။ အဲဒီလိုမှ ကျွန်တော်တို့က သူမအတွက် အသုံးဝင်တယ်လို့ မြင်လာမှာ။ အဲလိုဆိုရင် သူမရဲ့ စိတ်ခံစားချက် အာရုံခံစွမ်းရည်ပဲဖြစ်ဖြစ် အကောင်းအဆိုး ဒွန်တွဲနေတဲ့ စွမ်းအားပဲဖြစ်ဖြစ် ကြောက်စရာမလိုတော့ဘူး။ ဘာလို့ဆို ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က သူမကို ကူညီပေးဖို့လေ။ အဲဒါက ကျွန်တော်တို့ရဲ့ အခိုင်မာဆုံး ယုံကြည်ချက်ပဲ”

“အရမ်းမိုက်တယ်”

လျှိုချင်ဟွမ်၏မျက်လုံးများ စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေလေသည်။ အန်လင်းအား ကြည်ညို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ အန်လင်းအား အသစ်တစ်ဖန် သိရှိလိုက်ရသကဲ့သို့ ဖြစ်သည်။

အန်လင်း ပြုံးကာဖြင့် “ကျွန်တော်တို့ရဲ့ ပြဿနာက အခုချက်ချင်းပဲ သူမရဲ့ လက်ထောက်ဖြစ်ပါရစေလို့ သွားကမ်းလှမ်းကြမလား ဒါမှမဟုတ် တိုက်ပွဲဖြစ်ပွားတဲ့ အချိန်အထိ စောင့်ကြမလား”

“သူမက အရမ်းကို သန်မာ အားကောင်းပြီးသားဆိုတော့ ငါတို့ရဲ့ အကူအညီကို လိုအပ်မှာမဟုတ်ဘူး။ အလျင်စလိုလုပ်မယ်ဆိုရင် ငါ့တို့အပေါ် ဆိုးဆိုးဝါးဝါး မြင်သွားနိုင်တယ်။ တိတ်တဆိတ် စောင့်ကြည့်ပြီး ခက်ခဲတဲ့ အခြေအနေကျမှ ကူညီကြတာပေါ့” လျှိုချင်ဟွမ်သည် ပိုမိုသင့်တော်သည့် ချဉ်းကပ်နည်းအား ရွေးချယ်လိုက်သည်။

အန်လင်းသည်လည်း ခေါင်းညိတ်လိုက်ပြီး မည်သည့်စကားမျှ မဆိုတော့ချေ။

တစ်ချိန်တည်းမှာပင် သူတို့နှင့် မဝေးသည့် တစ်နေရာတွင် အခြားသူတစ်ဦး ရှိနေသည်။

မှန်သည်။ ဖန်တီးခြင်းခန်းမ၏ တုန်ယန်မှာ သူတို့၏အနောက်ဘက်၌ ပုန်းအောင်းနေခြင်း ဖြစ်သည်။

တုန်ယန်သည်လည်း တိတ်တဆိတ် လေ့လာစောင့်ကြည်နေသူ ဖြစ်သည်။ သို့သော်လည်း သူမသည် ဦးစွာလှုပ်ရှားခြင်းဖြင့် လက်ဦးမှု ရယူရမည် ဖြစ်သည်။

“ဟက် နင်တို့နှစ်ယောက် ဘာတွေ တီးတိုး ပြောနေကြမှန်းတော့ ငါမသိဘူး။ ဒါပေမဲ့လည်း နင်တို့ကို နည်းနည်းပါးပါး ကူညီသင့်တယ်လို့ ခံစားမိနေတယ်”

တုန်ယန်၏ မျက်နှာတွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်လာသည်။ တိတ်တခိုး အသုံးပြုနိုင်သည့် အင်မော်တယ်မန္တန် များများစားစား မရှိပေ။ သို့သော်လည်း သူမသည် ယင်းတို့ထဲမှ တစ်ခုအား သိထားသည်။

ရေခဲချပ်ကွဲခြင်း။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့ ပုန်းအောင်းနေကြသည့် ကျောက်ချပ်ပြားသည် တဖြည်းဖြည်းချင်း အေးခဲလာသည်။ မီးတောင်ပေါက်ကွဲသကဲ့သို့ ထိုအေးစက်မှုများသည် ကျယ်လောင်သည့်အသံဖြင့် ပေါက်ကွဲသွားလေသည်။

ဝုန်း

ကျောက်ချပ်ပြား ရုတ်တရက် ပေါက်ကွဲသွားပြီးနောက် ကျောက်စကျောက်နများ အဘက်ဘက်သို့ ပျံ့နှံ့သွားလေသည်။

“အဲဒီမှာ ဘယ်သူလဲ” မိန်းမငယ်လေးသည် ကျောက်စကျောက်နများ အကြားမှ ပုံရိပ်နှစ်ခုအား အကြည့်မလွှဲဘဲ ရှိနေလေသည်။

“ဘုရင်မကြီး ကျွန်တော်တို့ပါ” အန်လင်း၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်ပေါက်နေပြီး လက်မြှောက်ကာဖြင့် ထွက်လာသည်။

ဖာ့ခ် ငါတို့တော့ ချောက်ချခံလိုက်ရပြီ။

သို့သော်လည်း ယခုအချိန်သည် တရားခံအား ရှာဖွေရမည့်အချိန် မဟုတ်ပေ။ အလျင်စလို ပြုမူလိုက်မည်ဆိုလျှင် မိန်းမငယ်လေး၏ လက်သီးမှ စောင့်ကြိုနေပေလိမ့်မည်။

“ဘုရင်မကြီး” လျှိုချင်ဟွမ်သည်လည်း ရွှင်မြူးသည့် အပြုံးတစ်ခုဖြင့် တည်ငြိမ်စွာ လျှောက်လှမ်းလာလေသည်။

ထိုမိန်းကလေး ပြုံးလိုက်သည်။ သူတို့အား အပြန်ပြန် အလှန်လှန် ကြည့်လိုက်ပြီးနောက် “အံ့ဩစရာပဲ။ နင်တို့က ငါ့ရှေ့ကို ထွက်လာရဲသေးတယ်ပေါ့”

အန်လင်း ရှုံ့မဲ့သွားလေသည်။ အတင့်ရဲခြင်း မဟုတ်သည့်အကြောင်း ပြောချင်လှသည်။

ထိုအချိန်မှာပင် လျှိုချင်ဟွမ်မှ “ကျွန်တာ်မျိုးမတို့ ရောက်လာရခြင်းက ဘုရင်မကြီးကို ကူညီပေးချင်လို့ပါ”

မိန်းမငယ်လေး အနည်းငယ် အံ့အားသင့်သွားမိသည်။ “ငါ့ကို ကူမလို့ ဟုတ်လား”

အန်လင်း ခေါင်းညိတ်လိုက်ပြီးနောက် ရိုးရိုးသားသားဖြင့် “အမှန်ပါပဲ။ ဘုရင်မကြီးရဲ့ သရဖူကို မျက်စိကျနေကြတဲ့ ရန်သူတွေအားလုံးကို ကူညီသုတ်သင်ပေးချင်လို့ ရောက်လာတာပါ”

မိန်းမငယ်လေး၏ အမူအရာ အနည်းငယ်ပြောင်းသွားသည်။ သူမဦးခေါင်းအား စောင်းကာဖြင့် အန်လင်းအား ကြည်လင်တောက်ပသည့် မျက်လုံးများဖြင့် ငေးစိုက်ကြည့်နေလေသည်။

“ဘာလို့လဲ။ နင်တို့ အဖွဲ့သားတစ်ယောက်ကို ငါထုတ်ပယ်ပစ်လိုက်တယ်လေ”

“ကျွန်တော်မျိုးမတို့က အခု ပြိုင်ပွဲတစ်ခု ယှဉ်ပြိုင်နေတာပါ” လျှိုချင်ဟွမ် ရိုးရိုးသားသား ဖြေလေသည်။ “ဘုရင်မကြီးရဲ့ ဦးခေါင်းထက်က သရဖူကို ကာကွယ်ပေးဖို့ ကူညီရင်းနဲ့ ကျွန်တော်မျိုးမတို့ အောင်ပွဲ ရရှိနိုင်ပါလိမ့်မယ်”

အန်လင်းသည်လည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်သည်။ နှစ်ဦးစလုံးမှာ လွန်စွာ ပွင့်လင်း ရိုးသားကြပုံပေါ်သည်။

အဘယ်ကြောင့်ဆိုသော် ယင်းတို့သည် သူတို့စိတ်ထဲရှိ အတွေးစစ်စစ်များ ဖြစ်နေခြင်းကြောင့်ပင်။

မိန်းမငယ်လေးသည် အနည်းငယ် အံ့အားသင့်နေမိသည်။ သူမရှေ့ရှိ လူနှစ်ဦးအားကြည့်ကာဖြင့် မည်သည့်စကားမျှ မဆိုပေ။

ခေတ္တမျှ တိတ်ဆိတ်ပြီးနောက်တွင် သူမ၏လှပနူးညံ့သည့် မျက်နှာထက်တွင် ကလေးဆန်သည့် ခံစားချက်များ ပျောက်ကွယ်သွားပြီးနောက် ပြုံးလိုက်သည်။ အလွန်နှစ်လိုဖွယ်ရာ အပြုံးတစ်ခု ဖြစ်လေသည်။

“ဒါတွေက နင်တို့ရဲ့ ဆန္ဒအစစ်အမှန်တွေပေါ့။ အရမ်းကောင်းတယ်” ကြည်လင်သည့်အသံဖြင့် ဆိုလေသည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် တစ်ပြိုင်နက်တည်း ဦးညွှတ်လိုက်ကြလေသည်။ “ဘုရင်မကြီးကို ခစားဖို့ အခွင့်အရေး ပေးစေလိုပါတယ်”

“အရမ်းကောင်းတယ်။ အခုကစပြီး နင်တို့နှစ်ယောက်က ငါ့ရဲ့အစောင့်အရှောက် ဖြစ်သွားပြီ” မိန်းမငယ်လေး စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဤသို့ဖြင့် အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် ထိုမိန်းကလေး၏ အစောင့်အရှောက်များ ဖြစ်လာကြလေသည်။

ပုန်းကွယ်နေသည့် တုန်ယန်မှာ ကြောင်အလျက်ရှိပေသည်။ ထိုအဖြစ်အပျက်များအား တွေဝေစွာဖြင့် ကြည့်နေမိပြီး ကမ္ဘာတစ်ခုလုံး ပျက်စီးသွားပြီဟုပင် ခံစားနေရသည်။

အစောင့်အရှောက် ဟုတ်လား။ ဒီဖေ... နင်တို့တွေ တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူးလား။ ဘာလို့များ ရုတ်တရက်ကြီး ရွှေသောက်တော်ရေခွက်ရဲ့ အစေခံတွေ ဖြစ်လာကြတာလဲ။ အဲဒီအဖြစ်အပျက် တစ်ခုလုံးကြီးက ဘာတွေလဲ။ ဝသဖ

သူမ၏ ကမ္ဘာကြီးတစ်ခုလုံး အထက်အောက် ပြောင်းပြန်ဖြစ်နေပြီဟု တုန်ယန်ခံစားနေရသည်။ “လိမ်နေတာ.. အားလုံး အလိမ်အညာတွေ” တုန်ယန်ရေရွတ်နေမိသည်။

****

ကောင်းကင်ပြာရင်ပြင်။

ဖန်သားပြင်ထက်တွင် ပေါ်နေသည့် မြင်ကွင်းအားကြည့်ကာဖြင့် အားနည်းချည့်နဲ့နေသည့် ဝမ်ရွှမ်ကျန့်မှာ မျက်နှာမဲ့သွားမိသည်။ သွေးများဆူပွက်လာပြီး သွေးတစ်လုတ် အန်လိုက်ရသည်။

၈ ငါးကောင်တို့ရေ။ အခုနလေးကတင် ငါ့ကို အဲဒီမိန်းကလေးက သေလုမြောပါးဖြစ်အောင် ရိုက်နှက်လိုက်တာလေ။ အခုတော့ မင်းတို့က သူမရဲ့ အစေခံတွေ ဖြစ်လာသတဲ့လား။ ဒါ.. ဒါကြီးက အရမ်းကို လွန်လွန်းတယ်။

****

All Chapters