← Chapters

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇-၁၄၈)

Vol. 15 Ch. 147-148

အခန်း (၁၄၇) နန်းတော်မှ စည်းရုံးသိမ်းသွင်းခြင်း

ကျောက်စိမ်းရေကန် အထက်တွင်။

မထွက်ခွာမီ လင်ချွမ်သည် သူ၏ရစနစ်ကို ရုတ်တရက် သတိရသွားပြီး စိတ်ထဲမှ မေးလိုက်သည်။

"ငါ ဒီမှာ စနစ် ဝင်လို့ရလား"

မည်သို့ပင်ဆိုစေ ဤနေရာသည် နတ်ဘုရားများစွာ၏ ဒဏ္ဍာရီလာ နယ်မြေဖြစ်သောကြောင့် စနစ် ဝင်ရောက်ခြင်းဖြင့် ကောင်းမွန်သောအရာတစ်ခုခု ရရှိနိုင်ပေလိမ့်မည်။

စနစ်က တိုက်ရိုက်အဖြေမပေးသော်လည်း လင်ချွမ်၏ သည် ဝင်ရောက်ခြင်း ရွေးချယ်မှုကို အလိုအလျောက် လုပ်ဆောင်ခဲ့၏။

"စနစ် ဝင်ရောက်ခြင်း အောင်မြင်ပါသည်"

"အသွင်ပြောင်းလဲခြင်း (၇၂) မျိုး ထဲမှ ပထမဆုံး အသွင်ပြောင်းလဲခြင်းကို ရရှိပါသည်"

"ပြန်လည်ဝင်ရောက်ရန် ရက်ကန့်သတ်ခြင်း - တစ်ရက်"

လင်ချွမ်သည် စွမ်းရည်အသစ်ကို ကြည့်ရင်း ခံစားချက်အမျိုးမျိုး ဖြစ်ပေါ်လာသည်။

"အရင်တုန်းကတော့ ကျင့်စဉ်တွေရရင် တစ်ခါတည်း အပြီးအစီး ရတာ"

"အခုကျမှ အသွင်ပြောင်းလဲခြင်း (၇၂) မျိုးထဲက ပထမတစ်ခုပဲ ရတယ်ပေါ့"

"ဒါဆိုရင် ကျန်တဲ့ အသွင်ပြောင်းလဲခြင်းတွေ အကုန်ရဖို့အတွက် ၇၂ ကြိမ် ဝင်လုပ်ရမယ်လို့ ဆိုလိုတာလား"

"ငါ ကျောက်စိမ်းရေကန် မှာပဲ ဆက်နေသင့်သလား"

လင်ချွမ် ထိုသို့ စဉ်းစားနေစဉ်မှာပင် စနစ်မှ ထပ်မံ အသိပေးချက် ထွက်ပေါ်လာသည်။

"ကျောက်စိမ်းရေကန် စနစ် ဝင်ရောက်ခြင်းမှ 'အသွင်ပြောင်းလဲခြင်း (၇၂) မျိုး' ဆုလာဘ်ကို ရရှိပြီးဖြစ်ပါသည်"

"ထပ်မံ ဝင်ရောက်ပါကက အခြားသော ဆုလာဘ်များကိုသာ ရရှိမည်ဖြစ်သည်"

ဤအကြံပြုချက်က လင်ချွမ်၏ အတွေးကို ရပ်တန့်စေခဲ့သည်။

ငါးရက်ကြာပြီးနောက် လင်ချွမ်နှင့် သူ၏ အဖော်နှစ်ဦးသည် ကူလွန် မှ ဝူတန် သို့ ပြန်ရောက်လာကြသည်။

ဝူတန်သို့ ပြန်ရောက်သည့်အခါ ယင်ဟွိုက်ယွီ က အလျင်အမြန် လာရောက်ကြိုဆိုပြီး

"အကြီးအကဲ... ကျန်းဟယ်ကတစ်ခေါက် ပြန်ရောက်နေပြန်ပြီ"

"သူ အကြီးအကဲနဲ့ တွေ့ချင်နေတုန်းပဲ" ဟု ပြောသည်။

လင်ချွမ် မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

"သူက ငါ့ကို တွေ့ချင်နေတုန်းပဲလား၊ တခြား ဘာမှမပြောဘူးလား"

ယင်ဟွိုက်ယွီက ခေါင်းခါပြကာ

"အကြီးအကဲနဲ့ တွေ့ပြီးမှ အားလုံးကို ဆွေးနွေးမယ်လို့ သူပြောပါတယ်" ဟု ဆိုသည်။

ထိုအခါမှ လင်ချွမ် စိတ်ဝင်စားသွား၏။

တော်ဝင်မိသားစုနှင့် ဤမျှအထိ အခြေအနေ တင်းမာနေသော်လည်း ကျန်းဟယ်က သူ့ကို တွေ့ချင်နေသေးသည်။

သူတို့ တစ်ခုခု အမိန့်သစ် ရထားပုံပေါ်သည်။

"ကောင်းပြီ၊ သူ့ကို လာတွေ့ခိုင်းလိုက်ပါ"

မကြာမီ ကျန်းဟယ်ကို ယင်ဟွိုက်ယွီက လင်ချွမ်ရှေ့သို့ ခေါ်ဆောင်လာ၏။

လင်ချွမ်ကို မြင်လျှင် ကျန်းဟယ်က ရိုသေစွာ ဦးညွှတ်ကာ လက်အုပ်ချီ နှုတ်ဆက်ရင်း

"ကျန်းဟယ်က သခင်လေးလင်ကို ဂါရဝပြုပါတယ်" ဟု ဆိုသည်။

လင်ချွမ်သည် အထက်နေရာတွင် ထိုင်ကာ အေးဆေးစွာ မေးလိုက်သည်။

"ကျန်းဟယ်... တော်ဝင်မိသားစုမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ မင်းသိပြီးသား ဖြစ်မှာပါနော်"

လင်ချွမ်က ကိစ္စကို တိုက်ရိုက်ပြောလိုက်သဖြင့် ကျန်းဟယ် ခေါင်းအနည်းငယ် မော့လာပြီး ခဏမျှ တုံ့ဆိုင်းသွားသည်။

အကျိုးအကြောင်း အသေးစိတ်ကို ကြားထားရသဖြင့် တစ်စုံတစ်ခု နားလည်မှုလွဲနေခြင်း ဖြစ်နိုင်သည်ဟု ကျန်းဟယ် ခံစားရ၏။

လင်ချွမ်က ပြုံးကာ မေးလိုက်သည်။

"ဘာနားလည်မှု လွဲတာလဲ...ပြောပြပါဦး"

သူ့ဘက်ကတော့ နားလည်မှုလွဲစရာ ဘာမှမရှိဟု ထင်သည်။

တော်ဝင်မိသားစုက သူတို့၏ ဂုဏ်သိက္ခာကို အထိခိုက်ခံပြီး လင်ချွမ် လုပ်ခဲ့သမျှကို လျစ်လျူရှုလိမ့်မည်ဟု ထင်နေခြင်းမှာ လက်တွေ့မကျပေ။

အဘယ်ကြောင့်ဆိုသော် ထိုနေ့က ဖြစ်ရပ်ကို လူအများအပြား သိရှိသွားကြသောကြောင့် ဖြစ်၏။

ထို့အပြင် သူဖောက်ခွဲဖျက်ဆီးခဲ့သော ထိုက်ဟယ်နန်းဆောင် သည်လည်း တော်ဝင်မိသားစုအတွက် အမြဲတမ်း သတိပေးချက်တစ်ခု ဖြစ်နေသည်။

ကျူတီသည် သူ့ကိုအသေအလဲ မုန်းတီးနေလိမ့်မည်ဟု ခန့်မှန်းရသည်။

ဤအရာကို နားလည်မှုလွဲသည်ဟု တကယ်ပဲ သတ်မှတ်နိုင်ပါသလား။

သူတို့သည် ပထမတန်းစား သိုင်းပညာရှင်၂၀ ၏ အသက်ကိုပင် ဂရုမစိုက်သလို မင်းသား ကျူကောင်းရှုကိုပင် လျစ်လျူရှုခဲ့ကြသည် မဟုတ်ပါလား။

ကျန်းဟယ်က ခေါင်းညိတ်ကာ ရိုသေသော အပြုံးဖြင့် ပြောသည်။

"သခင်လေးလင်... တော်ဝင်မိသားစုဟာ သခင်လေးလို ပါရမီရှင် လူငယ်တစ်ယောက်ကို အင်မတန် အထင်ကြီး လေးစားပါတယ်"

"ဒါကြောင့် တော်ဝင်မိသားစုဟာ ဘယ်လို အဖိုးအခကိုမဆို ပေးပြီး သခင်လေးကို မင်မင်းဆက်ရဲ့ မင်းဆရာ အဖြစ် ဖိတ်ခေါ်လိုပါတယ်"

"ဘယ်လို အခြေအနေမျိုးကိုမဆို လက်ခံမှာပါ"

ကျန်းဟယ်က "ဘယ်လို အခြေအနေမျိုးကိုမဆို" ဆိုသည့် စကားစုကို အထူးအလေးပေး ပြောကြားသွားသည်။

၎င်းမှာ တော်ဝင်မိသားစု၏ ရိုးသားမှုကို ပြသရန်ပင်။

ကျူယွမ်ကျန်း သည်လည်း ကျန်းစန်းဖုန်း သက်ရှိထင်ရှား ရှိစဉ်က ဤသို့ပင် လုပ်ဆောင်ခဲ့ဖူးသည်။

သို့သော် ကျန်းစန်းဖုန်းက လက်မခံခဲ့ပေ။

ယခု ထိုနည်းလမ်းကိုပင် လင်ချွမ်အပေါ် ထပ်မံ အသုံးပြုနေခြင်း ဖြစ်၏။

လင်ချွမ်က ခေါင်းအနည်းငယ် ခါယမ်းလိုက်သည်။ မင်မင်းဆက်၏ မင်းဆရာ ဖြစ်ရခြင်းမှာ သူ့အတွက် ဘာမှ အဓိပ္ပာယ်မရှိပေ။

သူသည် ရွှေငွေရတနာများကို မလိုအပ်သလို သိုင်းပညာရပ်များကိုလည်း မလိုအပ်ပေ။

မင်တော်ဝင်မိသားစုသည် သူ့ကို မည်သည့် အကျိုးအမြတ်မှ မပေးနိုင်ချေ။

သူ့ကို စိတ်ဝင်စားစေသည့် ရှေးဟောင်းစာအုပ် အနည်းငယ်ကိုလည်း သူ သိမ်းကျုံးယူခဲ့ပြီးသား ဖြစ်သည်။

အကယ်၍ မင်တော်ဝင်မိသားစုက ရှေးဟောင်းစာအုပ်များကို အပေးအယူအဖြစ် အသုံးပြုမည်ဆိုလျှင် လင်ချွမ်ကို တစ်ခေါက် ထပ်လာလုပါဟု ဖိတ်ခေါ်နေသလို ဖြစ်ပေလိမ့်မည်။

"မင်တော်ဝင်မိသားစုမှာ ငါ့ကို ဆွဲဆောင်နိုင်တဲ့ အခြေအနေ မရှိဘူး"

"ဒီကိစ္စပဲ ဆိုရင်တော့ မင်း ပြန်သွားနိုင်ပါပြီ"

လင်ချွမ်သည် ကျန်းဟယ်၏ ဆင်ခြေများကို ဆက်နားမထောင်ချင်တော့ဘဲ နှင်ထုတ်လိုက်လေ၏။

ကျန်းဟယ်သည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းထားပုံရသဖြင့် အံ့အားသင့်ခြင်း မရှိပေ။

သူက အလျင်အမြန် ပြောလိုက်သည်။

"သခင်လေးလင်... ခဏလောက် စောင့်ပါဦး"

သူ့အတွေးများကို စုစည်းပြီးနောက် ဆက်ပြောသည်မှာ

"အရှင်မင်းကြီးက သခင်လေးလင်ဟာ လောကီရေးရာတွေကို စိတ်မဝင်စားဘဲ သိုင်းပညာကိုပဲ အာရုံစိုက်နေပြီး နတ်ဘုရားတွေနဲ့ တွေ့ဆုံဖို့ မျှော်လင့်နေတယ်ဆိုတာ သိပါတယ်"

"ဒါကြောင့် အရှင်မင်းကြီးက သခင်လေးလင်နဲ့ ပူးပေါင်းပြီး 'နတ်ဘုရားတောင်' ကို အတူတူ ရှာဖွေချင်ပါတယ်"

"တော်ဝင်မိသားစုရဲ့ အကူအညီနဲ့ဆိုရင် သခင်လေးလင်ရဲ့ နတ်ဘုရားတောင် ရှာပုံတော်ဟာ အတိုင်းထက်အလွန် အောင်မြင်ပါလိမ့်မယ်"

ထွက်ခွာရန် ပြင်နေသော လင်ချွမ်သည် ကျန်းဟယ်၏ စကားကြောင့် ပြန်ထိုင်လိုက်သည်။

သူက ပြုံးရင်း မေးစေ့ကို လက်ဖြင့်ထောက်ကာ "စိတ်ဝင်စားစရာပဲ" ဟု ဆိုသည်။

"တော်ဝင်မိသားစုမှာ ငါမသိသေးတဲ့ နတ်ဘုရားတောင်အကြောင်း သဲလွန်စတွေ ရှိနေတာလား"

"ဒါပေမဲ့ ငါ ကျူတီကို တိုက်ရိုက်သွားမေးတာက ပိုမကောင်းဘူးလား"

"ဘာလို့ ပူးပေါင်းဆောင်ရွက်နေဖို့ လိုဦးမှာလဲ"

လင်ချွမ်သည် ကျူတီ၏ အတွေးကို တကယ်ပင် နားမလည်နိုင် ဖြစ်နေ၏။

ယခု သူသည် အစွမ်းသတ္တိပိုင်းတွင် အပြတ်အသတ် အသာစီးရနေသည်။

ကျူတီတွင် သူနှင့် ပူးပေါင်းရန် မည်သည့် အားသာချက်မှ မရှိပေ။

ပူးပေါင်းဆောင်ရွက်မှု ဆိုသည်မှာ နှစ်ဖက်စလုံးတွင် လိုအပ်ချက် ရှိနေပြီး အင်အားချင်း ညီမျှသည့် အခြေအနေပေါ်တွင် အခြေခံရမည်။

ဥပမာအားဖြင့် ကျူတီတွင် လင်ချွမ်လိုအပ်သော လျှို့ဝှက်ချက် ရှိသော်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း မရှိပေ။

လင်ချွမ်အတွက်မူ သူသည် သိုးတစ်ကောင်မျှသာ။

အကယ်၍ ထိုလျှို့ဝှက်ချက်သည် သူစိမ်းတစ်ယောက်လက်ထဲတွင် ရှိနေပါက လင်ချွမ်အနေဖြင့် မည်သို့ လဲလှယ်ရမည်ကို စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် သူသည် မိမိကိုယ်ကို လူကောင်းတစ်ယောက်ဟု ယူဆထားသောကြောင့် ဖြစ်၏။

သို့သော် ဤလျှို့ဝှက်ချက်သည် ကျူတီ၏

လက်ထဲတွင် ရှိနေပါက သူ၏လက်မှ လုယူရန် ဝန်လေးနေမည် မဟုတ်ပေ။

ဘာလဲ...ကျူတီက မပေးချင်ဘူးလား။

ဒါက ကျူတီနဲ့ ဘာဆိုင်လို့လဲ။

ထိုသို့ တွေးမိသောအခါ လင်ချွမ်ရမရယ်ဘဲ မနေနိုင်တော့ပေ။

"ငါက ဘာလို့ ပူးပေါင်းရမှာလဲ"

"ကျူတီက ငါ့ကို ဒါမျိုး ဘာလို့ လာပြောရဲရတာလဲ"

ကျန်းဟယ်ခမျာ ချွေးပြန်လာသည်။

လင်ချွမ်၏ စိတ်ထဲတွင် တော်ဝင်မိသားစုနှင့် ဆက်ဆံရေးမှာ ဤမျှအထိ ဆိုးရွားနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

လင်ချွမ်အကြောင်း သတင်းအချက်အလက်များကို ကြိုတင် စုဆောင်းထားသောကြောင့်သာ သူ လာရဲခြင်း ဖြစ်၏။

သူ ရရှိထားသော သတင်းများအရ လင်ချွမ်သည် အေးဆေးငြိမ်သက်ပြီး၊ မာန်မာနမရှိ၊ နှိမ့်ချတတ်သူ ဖြစ်သည်။

သိုင်းလောကတစ်ခုလုံးရှိ လင်ချွမ်ကို သိသူတိုင်းက သူ့ကို ချီးမွမ်းကြသည်။

သို့သော် ယခု ထိုလူကပင် တော်ဝင်မိသားစုမှာ ကောင်းမွန်သောအရာ ရှိသည်ဟု ကြားသည်နှင့် ပထမဆုံး တုံ့ပြန်မှုမှာ "လုယူရန်" ဖြစ်နေသည်။

တော်ဝင်မိသားစုသည် လင်ချွမ်အပေါ် မည်သို့သော အထင်အမြင်မျိုး ပေးခဲ့မိသနည်း။

ကျန်းဟယ် အလွန်အားကိုးရာမဲ့ ဖြစ်သွားသော်လည်း အံကြိတ်ကာ ပြောလိုက်ရသည်။

"တော်ဝင်မိသားစုဟာ သခင်လေးအတွက် အတိကျဆုံး သတင်းအချက်အလက်တွေကို အချိန်မရွေး ပေးနိုင်ပါတယ်"

"ပြီးတော့ သာမန်သတင်းအချက်အလက်တွေထက် ပိုတဲ့ အကူအညီတွေကိုလည်း ပေးနိုင်ပါတယ်"

တော်ဝင်မိသားစုသည် လင်ချွမ်ကို စည်းရုံးရန် အမှန်တကယ်ပင် အဖိုးအခ အမြောက်အမြား ပေးဆပ်နေခြင်း ဖြစ်သည်။

သို့သော် လင်ချွမ်ကမူ ထိုသို့ မယူဆပေ။

တော်ဝင်မိသားစုက အနစ်နာခံနေသည်ဟု ထင်ခြင်းမှာ သူတို့၏ စေတနာကို အမွှမ်းတင်လွန်းရာ ရောက်ပေလိမ့်မည်။

တော်ဝင်မိသားစုသည် ဤအရာအားလုံးကို နတ်ဘုရားတောင် ရှာဖွေရာတွင် ကူညီပေးမည့်သူ တစ်ဦးကို ရှာရန်အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်၏။

ပို၍ တိကျစွာ ပြောရလျှင် ကျူတီအတွက် နတ်ဘုရားတောင် ရှာပေးရန်ပင်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤသည်မှာ အပြန်အလှန် အကျိုးရှိမည့် ပူးပေါင်းဆောင်ရွက်မှု တစ်ခုသာ ဖြစ်သည်။

၎င်းသည် လင်ချွမ်ကို မျက်နှာချိုသွေးရုံ သက်သက်မဟုတ်ပေ။

ဤကဲ့သို့သော ကမ်းလှမ်းမှုမျိုးမှာ လင်ချွမ်တစ်ယောက်တည်းကိုသာ လုပ်ဆောင်ခြင်း မဟုတ်နိုင်ပေ။

လင်ချွမ်အပြင် အခြားသော လူအများအပြားကိုလည်း တော်ဝင်မိသားစုက ရှာဖွေခိုင်းထားနိုင်သည်။

လောလောဆယ်တွင်မူ လင်ချွမ်သည် အလားအလာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်နေသည်မှာ အမှန်ပင်။

ထို့ကြောင့် တော်ဝင်မိသားစုသည် လင်ချွမ်အပေါ် အင်တိုက်အားတိုက် ရင်းနှီးမြှုပ်နှံပြီး သူ့ကို နတ်ဘုရားတောင် ရှာဖွေရန် စေလွှတ်ရန် စီစဉ်နေခြင်း ဖြစ်ပေတော့၏။

အခန်း ၁၄၈ - အသွင်ပြောင်းလဲခြင်း ၇၂ ပါးကို လေ့လာခြင်း

လင်ချွမ်သည် ငြင်းပယ်ရန်သာ ရွေးချယ်ခဲ့၏။

သူသည် အရာရာကို မိမိအလိုဆန္ဒအရသာ လုပ်ဆောင်ခြင်းဖြစ်ပြီး လုပ်ဆောင်ရန် တာဝန်ရှိ၍ လုပ်ခြင်းမျိုးမဟုတ်ပေ။

ဤသည်မှာ အင်အားတောင့်တင်းမှုနှင့်အတူ ပါလာသော လွတ်လပ်ခွင့်ပင်။

"ပြန်တော့...နတ်ဘုရားတောင်ကို ငါရှာမှာကတော့ အမှန်ပဲ၊ ဒါပေမဲ့ ကျူတီ (Zhu Di) အတွက် မဟုတ်ဘူး၊ ငါ့ရဲ့ ကိုယ်ပိုင်လိုအပ်ချက်အတွက်ပဲ"

"နတ်ဘုရာဒတောင် ပေါ်လာတဲ့အခါ သူရှာတွေ့ခဲ့ရင် ဒါဟာ သူ့ရဲ့ ကံကြမ္မာပဲ၊ မတွေ့ခဲ့ရင်လည်း အတင်းအကျပ် မလုပ်ပါနဲ့"

လင်ချွမ်သည် တော်ဝင်မိသားစုအပေါ် ရန်ငြိုးထားရလောက်အောင် စိတ်သဘောထား မသေးသိမ်ပေ။

သို့သော် သူတို့အပေါ် သို့မဟုတ် ကျူတီအပေါ် စေတနာထားဖို့ ဆိုသည်မှာလည်း မဖြစ်နိုင်သည့် အရာပင်။

အခြေအနေမကောင်းချိန်တွင် နောက်ထပ်နှိပ်စက်ခြင်းမျိုး မလုပ်သည်မှာပင် သူ၏ စိတ်သဘောထား အလွန်ကြီးမြတ်ကြောင်း ပြသရာရောက်နေပြီဟု လင်ချွမ် ယူဆသည်။

အကယ်၍သာ နတ်ဆိုးဂိုဏ်းတစ်ခုခုဆိုလျှင် တော်ဝင်မိသားစု တစ်စုလုံးကို သတ်ဖြတ်ပစ်လိုက်လောက်ပြီဖြစ်သည်။

ကျန်းဟယ် သည် လက်မလျှော့ချင်သေးသော်လည်း အခြေအနေကို နားလည်သွားခဲ့ပြီဖြစ်၏။

လင်ချွမ်ကဲ့သို့ လူမျိုးအတွက် ရိုးရှင်းသော လာဘ်ထိုးမှုများမှာ အဓိပ္ပာယ်မရှိပေ။

လင်ချွမ်၏ အင်အားနှင့် စိတ်နေစိတ်ထားအရ ဤလောကတွင် သူ့ကို စွဲဆောင်နိုင်သည့်အရာမှာ မရှိသလောက်ပင်။

အတိတ်က သူတွေ့ဖူးသော သိုင်းပညာရှင်များသည် ငွေကြေး သို့မဟုတ် အာဏာကို မက်မောကြသူများ ဖြစ်၏။

လင်ချွမ်တွင်လည်း အလိုဆန္ဒရှိသည်၊ ၎င်းမှာ ပို၍ မြင့်မားသော သိုင်းပညာအဆင့်အတန်းကို တက်လှမ်းရန်ဖြစ်သည်။

သို့သော် ဤအရာကို တော်ဝင်မိသားစုက မဖြည့်ဆည်းပေးနိုင်ပေ။

တော်ဝင်မိသားစုတွင် ထိပ်တန်းပညာရှင်တစ်ယောက်မျှပင် မရှိဘဲ၊ သိုင်းဧကရာဇ် တစ်ဦးကို အဘယ်သို့ ကူညီနိုင်မည်နည်း။

စကားသက်သက်ဖြင့် လှည့်စား၍ ရမည်ဟု ထင်နေသလား။

ဖြောင်းဖျနားချခြင်း အပိုင်းတွင်ဆိုလျှင် ခေတ်သစ်မှ ကူးပြောင်းလာသူ လင်ချွမ်က ပို၍ပင် ကျွမ်းကျင်ဦးမည်။

တော်ဝင်မိသားစုတွင် သိုင်းဧကရာဇ် နှင့် ပတ်သက်သော မှတ်တမ်းများပင် ရှိပုံမရရာ လင်ချွမ်ကို မည်သည့်အကူအညီမှ မပေးနိုင်ပေ။

ထို့ကြောင့် တော်ဝင်မိသားစုသည် လင်ချွမ်အတွက် စွဲဆောင်မှု လုံးဝမရှိချေ။

ကျန်းဟယ်သည် လင်းချွမ်းအား တော်ဝင်မိသားစုနှင့် မည်သို့ပူးပေါင်းအောင် လုပ်ရမည်ကို အသည်းအသန် စဉ်းစားသော်လည်း အဖြေမထွက်ခဲ့ပေ။

အကြောင်းမှာ လင်ချွမ်သည် ချော့ပြော၍၊ ခြောက်ပြော၍ မရသောကြောင့်ဖြစ်သည်။

အကယ်၍ အင်အားသုံးမည်ဆိုလျှင်လည်း တော်ဝင်မိသားစုမှာ လင်ချွမ်လောက် အင်အား မတောင့်တင်းပေ။

နောက်ဆုံးတွင် ကျန်းဟယ်မှာ မတတ်သာဘဲ ပြန်သွားခဲ့ရ၏။

ကျန်းဟယ် ဒုတိယအကြိမ်မြောက် လာရောက်မှုမှာလည်း ထပ်မံ၍ ကျဆုံးခဲ့ပြန်သည်။

နန်းတော်နှင့် လင်ချွမ် ပူးပေါင်းနိုင်ခြေမှာ သုညပင်။

ကျန်းဟယ်က စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွားသော်လည်း လင်ချွမ်ကတော့ ဂရုမစိုက်ခဲ့ချေ။

တော်ဝင်မိသားစုနှင့် မဟာမိတ်ဖွဲ့ရန်မှာ သူ၏ စိတ်ကူးထဲတွင် တစ်ခါမျှ မရှိခဲ့ပေ။

ရှုပ်ထွေးလှသော တော်ဝင်အသိုင်းအဝိုင်း၏ အကျိုးစီးပွားများထဲတွင်လည်း ပါဝင်ပတ်သက်တာမျိုး မလုပ်ချင်ပေ။

သူသည် မူလကပင် ဒုက္ခရှုပ်ထွေးမှုများကို မနှစ်သက်သူဖြစ်သည်၊ သို့မဟုတ်ပါက ဝူတန်တောင်ပေါ်တွင် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အောင်းနေလိမ့်မည် မဟုတ်ပေ။

နတ်ဘုရားတောင်နှင့် ပတ်သက်၍မူ လင်ချွမ်က မလောဘဲ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းရန် ပြင်ဆင်ထားသည်။

အားလပ်သည့်အခါ ဝူတန်တောင်တွင် စနစ်ဝင်မည်သို့မဟုတ် စိတ်ပါလျှင် တစ်နိုင်ငံလုံး လှည့်လည်သွားလာပြီး ဂိုဏ်းအသီးသီး သို့မဟုတ် နာမည်ကြီး တာအိုနယ်မြေများသို့ လည်ပတ်မည်ဖြစ်သည်။

ထိုသို့သွားလာခြင်းဖြင့် အကျိုးအမြတ် တစ်ခုခုတော့ အမြဲရရှိမည်။

ယနေ့အဆင့်သို့ ရောက်ရန် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရသည်။

ကောင်းကင်ဘုံ ဘေးဒုက္ခ ရောက်လာရန် အချိန်အများကြီး ကျန်ပါသေးသည်။

သူ၏ စိတ်နေစိတ်ထားအရ မနက်ဖြန် ဘေးဒဏ်သင့်မည်ဆိုလျှင်တောင် သူထိတ်လန့်မည်မဟုတ်ပေ။

သို့သော် လင်ချွမ် မျှော်လင့်ထားသော တည်ငြိမ်အေးချမ်းမှုမှာ ရရှိရန် ခက်ခဲနေဆဲပင်။

ဝူတန်တောင်သို့ ရောက်ပြီး ဒုတိယမြောက်နေ့တွင် လင်ယန်ရွှယ် ပြန်ရောက်လာ၏။

ယခုအခါတွင် လင်ယန်ရွှယ်သည် ဝူတန်တောင်ကို သူမ၏ ဒုတိယအိမ်ကဲ့သို့ မှတ်ယူနေပြီဟု လင်ချွမ် ခံစားနေရသည်။

သူမ အလိုရှိသည့် အချိန်တိုင်း လာနိုင်သည်ပင်။

သူမ ရောက်လာလျှင် ပထမဆုံးလုပ်သည့်အရာမှာ လင်ချွမ်ကို ရှာဖွေခြင်း။

အထူးသဖြင့် ဤမိန်းမသည် လင်ချွမ် မကြာသေးမီက ဘာတွေလုပ်ခဲ့သည်ကို တစ်နည်းနည်းဖြင့် သိရှိထားပုံရသည်။

လင်ချွမ်ကို တွေ့လျှင်တွေ့ချင်း သူမက သူ့ဆီသို့ ပြေးဝင်လာသည်။

လင်ချွမ်သည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် သူမကို လေထဲတွင် ဖမ်းဆီးဆွဲထားကာ "အခု ဘာလုပ်ချင်ပြန်တာလဲ" ဟု အေးစက်စွာ မေးလိုက်၏။

လင်ယန်ရွှယ်က အပြစ်ကင်းစင်သည့် ပုံစံဖြင့်

"ဘာမှမဟုတ်ပါဘူး၊ ငါတို့မတွေ့တာ ကြာပြီမို့လို့ မင်းကို ဖက်ချင်လို့ပါ"

ဟု ရှင်းပြသည်။

လင်ချွမ်က လင်ယန်ရွှယ်သည် ထိုသို့သော စကားမျိုးကို ပြောရဲသူမှန်း သိသော်လည်း သူမ၏ မျက်နှာအမူအရာက လိမ်ညာနေကြောင်း ပြနေသည်။

ထို့ကြောင့် သူဘာမှမပြောဘဲ သူမကို စိုက်ကြည့်နေလိုက်သည်။

လင်ယန်ရွှယ်သည်လည်း အလျှော့မပေးဘဲ လင်ချွမ်ကို ပြန်စိုက်ကြည့်နေသော်လည်း ခဏအကြာတွင် အရှုံးပေးလိုက်ရလေ၏။

"ကောင်းပြီ၊ ကောင်းပြီ၊ ငါပြောမယ်"

"မင်း တော်ဝင်မိသားစုကို အရှက်ခွဲလိုက်တာဟာ ငါတို့ အနောက်ဘက်ဒေသ နတ်ဆိုးဂိုဏ်းအတွက်တော့ သတင်းကောင်းပဲ"

လင်ယန်ရွှယ်သည် လင်ချွမ်အား နတ်ဆိုးဂိုဏ်းအကြောင်း တစ်ခါမျှ မပြောပြခဲ့ဖူးပေ။

လင်ချွမ်သည် အနောက်ဘက်ဒေသရှိ မည်သည့်ဂိုဏ်းများ ပတ်သက်နေသည်ကိုသာ သိပြီး ကျန်သည်ကို ဘာမှမသိချေ။

အမှန်စင်စစ် ထိုနတ်ဆိုးဂိုဏ်းများသည် နန်းတော်နှင့် မကင်းရာမကင်းကြောင်း ဆက်ဆံရေးရှိကြသည်။

နန်းတော်သည် နတ်ဆိုးဂိုဏ်းများကို အမှန်တကယ် ပစ်ပယ်ထားခြင်း မဟုတ်ဘဲ၊ သိုင်းလောကရှိ အမှန်တရားဘက်တော်သားများကို ထိန်းညှိရန်အတွက် ၎င်းတို့ကို အသုံးချခြင်းဖြစ်၏။

သို့သော် မကြာသေးမီက လင်ချွမ် တော်ဝင်မိသားစုတွင် လုပ်ဆောင်ခဲ့သည့် ကိစ္စကြောင့် နန်းတော်သည် နတ်ဆိုးဂိုဏ်းကို ဂရုမစိုက်နိုင်တော့ပေ။

ပညာရှင်အားလုံးကို နန်းတော်သို့ အမြန်ပြန်ခေါ်ခဲ့ရသည်။

ဧကရာဇ်၏ လုံခြုံရေးမှာ အရေးကြီးဆုံးဖြစ်သောကြောင့် ကျူတီကို ကာကွယ်ရန်ကျွမ်းကျင်စောင့်ရှောက်သူ အလုံအလောက် ထားရှိရမည်ဖြစ်သည်။

ဤပညာရှင်များ ထွက်ခွာသွားခြင်းသည် နတ်ဆိုးဂိုဏ်းအတွက် အသက်ရှူချောင်စေခဲ့သည်။

အနည်းဆုံးတော့ ကာလတိုအတွင်း နန်းတော်၏ လက်အောက်ခံ ဘဝမှ လွတ်မြောက်သွားမည်။

သို့သော် အလယ်ပိုင်းဒေသကို တိုက်ခိုက်မည့် အစီအစဉ်ကတော့ ပြောင်းလဲခြင်းမရှိချေ။

အလယ်ပိုင်းဒေသသည် မြေဆီလွှာ ကောင်းမွန်ပြီး ခြောက်သွေ့သော အနောက်ဘက်ဒေသထက် အဆပေါင်းများစွာ သာလွန်သည်။

အရင်းအမြစ် ကောင်းမွန်သော အလယ်ပိုင်းဒေသတွင် နေထိုင်ခွင့်ရမည်ဆိုလျှင် မည်သူက ခြောက်သွေ့သော အရပ်တွင် နေချင်မည်နည်း။

ဟယ်ဟွမ်းဂိုဏ်း ထဲတွင် နန်းတော်မှ လူများ အမြဲရှိနေခဲ့ပြီး သူတို့သည် ပထမအဆင့် ကျင့်ကြံသူများ ဖြစ်၏။

ထိုပညာရှင်များက လင်ယန်ရွှယ်ကို ဖိနှိပ်ထားသဖြင့် သူမမှာ အံကြိတ်မတတ် မုန်းတီးနေသော်လည်း ဘာမှမလုပ်ရဲခဲ့ပေ။

နန်းတော်၏ အင်အားနှင့်ဆိုလျှင် နတ်ဆိုးဂိုဏ်းတစ်ခုကို ဖျက်ဆီးပစ်ရန်မှာ အလွန်လွယ်ကူသောကြောင့်ပင်။

ထို့ကြောင့် ယခုတစ်ခေါက်တွင် သူမသည် လင်ချွမ်ကို ကျေးဇူးတင်ရန် လာခြင်းဖြစ်သည်။

ကျေးဇူးတင်ခြင်းမှာ ဘေးထွက်ဆိုးကျိုးမျှသာဖြစ်ပြီး အဓိကမှာ လင်ချွမ်နှင့် ဆက်ဆံရေး တည်ဆောက်ကာ သူ့ကို သိမ်းသွင်းနိုင်ရန် ကြိုးစားခြင်းဖြစ်၏။

လင်ချွမ်သည် လင်ယန်ရွှယ်၏ စကားကို နားထောင်ပြီးနောက် တည်ငြိမ်နေဆဲပင်။

သူ ထိုကိစ္စကို လုပ်ဆောင်စဉ်က မည်သည့် နောက်ဆက်တွဲ ရလဒ်ကိုမျှ ထည့်မတွက်ခဲ့ပေ။

ကျူတီ မသေမချင်း ပုန်ကန်မှုများ သို့မဟုတ် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ပွဲများ ဖြစ်လာမည် မဟုတ်သရွေ့ သူ နောင်တရမည် မဟုတ်ချေ။

နန်းတော်အတွင်းပိုင်း ရိုက်ခတ်မှုများမှာလည်း သူ့အတွက် အရေးမကြီးပေ။

လင်ချွမ်သည် လူသားတစ်ယောက်၏ အခြေခံမူများကိုသာ ထိန်းသိမ်းထားပြီး မလိုအပ်သော သနားကြင်နာမှုများကို စွန့်ပယ်ထားသူဖြစ်လေ၏။

ထို့ကြောင့် ကျေးဇူးတင်ခြင်းကို အကြောင်းပြကာ သူ့ကို အခွင့်ကောင်းယူမည့် လင်ယန်ရွှယ်၏ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ပေ။

"ကောင်းပြီ၊ ငါသိပြီ"

"မင်းလုပ်စရာရှိတာ သွားလုပ်တော့၊ ငါ့ကို လာမနှောင့်ယှက်နဲ့"

ကူလွန်တောင်တွင် ရရှိခဲ့သော အသွင်ပြောင်းလဲခြင်း ၇၂ ပါးထဲမှ ပထမဆုံးတစ်ခု။

၎င်းသည် ရိုးရှင်းသော သိုင်းပညာရပ်ဟု လင်ချွမ် ထင်ခဲ့သော်လည်း အမှန်တကယ်တွင် ပထမဆုံး အသွင်ပြောင်းလဲမှုမှာပင် အလွန်ခက်ခဲနေသည်။

၎င်းသည် ဗုဒ္ဓလက်ဝါးသိုင်းကျမ်းမှ ရိုက်ချက် အကွက်အားလုံး ပေါင်းထားသည်နှင့်ပင် နှိုင်းယှဉ်၍ ရလောက်အောင် ခက်ခဲနေသည်။

ဤခက်ခဲမှုက လင်ချွမ်ကို သေချာစဉ်းစားမိစေ၏။

ပထမဆုံး အကွက်တင် ဤမျှခက်ခဲနေလျှင် နောက်ပိုင်း အကွက်များမှာ မည်မျှ ပို၍ ရှုပ်ထွေးခက်ခဲလိုက်မည်နည်း။

လုပ်စရာများ ရှိနေသည့် လင်ချွမ်အနေဖြင့် လင်ယန်ရွှယ်ကို အာရုံစိုက်ရန် စိတ်မရှိတော့ပေ။

ထို့ကြောင့် သူသည် လင်ယန်ရွှယ်ကို အပြင်သို့ တွန်းထုတ်လိုက်ပြီး အသွင်ပြောင်းလဲခြင်း ၇၂ ပါးကိုသာ ဆက်လက်လေ့လာနေလိုက်သည်။

လင်ယန်ရွှယ်သည် ဒေါသထွက်ကာ ခုန်ပေါက်နေသော်လည်း လင်ချွမ်၏ အခန်းထဲသို့ အတင်းမဝင်ရဲသဖြင့် အပြင်မှာသာ အောင့်သက်သက်ဖြင့် ကျန်ရစ်ခဲ့သည်။

ယွဲ့ချင်းရိုမှာမူ သူမ၏ အခန်းထဲမှနေ၍ အပြင်က အခြေအနေကို ကြည့်ကာ ရယ်မောနေစဉ် ဓားနတ်ဘုရား က နောက်မှနေ၍ ခေါင်းကို ပုတ်ကာ ဆုံးမစကား ပြောလိုက်လေသည်။

"ဒီမိန်းမရဲ့ အရည်အချင်း တဝက်လောက်သာ မင်းမှာရှိရင်၊ လင်ချွမ် နဲ့ ပတ်သက်ပြီး အခုထိ ဒီလောက် ရှုပ်ထွေးနေမှာ မဟုတ်ဘူး"

All Chapters