← Chapters

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉-၁၅၀)

Vol. 15 Ch. 149-150

အခန်း (၁၄၉) မိန်းမတွေလား၊ သူတို့က ငါ့ရဲ့ ကျင့်ကြံခြင်းကို နှောင့်ယှက်ရုံပဲ ရှိမှာပါ

လင်ယန်ရွှယ်သည် ရှောင်းယောက် တောင်ထိပ် တွင် ဆက်နေရန် အတင်းအကျပ် ဆုံးဖြတ်ထားပြီး၊ လင်ချွမ် နှင့် ဘေးချင်းကပ်အခန်းတွင် နေနိုင်ရန်အတွက် ယင်ဟွိုက်ယွီကိုပင် အခန်းစီစဉ်ပေးဖို့ ဖိအားပေးခဲ့သည်။

ယင်ဟွိုက်ယွီမှာ စိတ်ထဲတွင် ခါးသီးနေသော်လည်း အနည်းငယ်မျှပင် မလွန်ဆန်ရဲပေ။

လင်ချွမ်၏ ကြားဝင်ကူညီမှုမပါဘဲ သူသည် လင်ယန်ရွှယ်ကို ယှဉ်နိုင်စွမ်းမရှိပေ။

မည်သို့ပင်ဆိုစေကာမူ လင်ယန်ရွှယ်သည် သူမ၏ ကျင့်ကြံခြင်းအဆင့်တွင် အထွတ်အထိပ်သို့ ရောက်ရှိနေသူဖြစ်၏။

သူမသည် ဓားနတ်ဘုရား နှင့် အဆင့်တူညီသူဖြစ်သည်။

ထို့အပြင် သူမသည် ဓားနတ်ဘုရားထက် ငယ်ရွယ်ပြီး လင်ချွမ်နှင့် ရွယ်တူမျိုးဆက်သစ်လည်း ဖြစ်သည်။ ဓားနတ်ဘုရားကိုယ်တိုင်ပင် လင်ယန်ရွှယ်ကို တိုက်ခိုက်ရန် အလွန်ရှက်ရွံ့နေခဲ့သည်။

တစ်ဖက်တွင် သူမကို မနိုင်မည်ကို စိုးရိမ်သလို၊ အခြားတစ်ဖက်တွင်လည်း မိမိအသက်အရွယ်နှင့် မသင့်တော်ဟု ခံစားရသောကြောင့်ပင်။

သူက အသက်ရာချီနေပြီဖြစ်သော်လည်း အသက် ၂၀ သို့မဟုတ် ၃၀ အရွယ် မိန်းကလေးတစ်ယောက်ကို သွားရောက်တိုက်ခိုက်ခြင်းမှာ မည်သူ့ကိုမဆို မေးကြည့်လျှင် အားနည်းသူကို အနိုင်ကျင့်ခြင်းသာ ဖြစ်ပေလိမ့်မည်။

အဓိကအကြောင်းရင်းမှာ သူ အနိုင်မရနိုင်ဟု ခံစားမိခြင်းကြောင့်ပင်။

သူသည် ဓားနတ်ဘုရားဖြစ်သော်လည်း အသက်ကြီးလာပြီဖြစ်သည်။

"လက်ဝှေ့ထိုးရာတွင် လူငယ်က အားသာချက်အရှိဆုံး" ဟု ဆိုရိုးရှိသည်မဟုတ်ပါလား။

တကယ်လို့များ မနိုင်ခဲ့လျှင် အလွန်အရှက်ရစရာ ဖြစ်သွားပေလိမ့်မည်။

ထို့ကြောင့် အားကိုးရာမဲ့သွားသော ယွဲ့ချင်းရိုသည် ဓားနတ်ဘုရားထံမှ အကူအညီတောင်းခြင်းကို စွန့်လွှတ်လိုက်ပြီး မိမိဘာသာ ကြိုးစားရန် ရွေးချယ်လိုက်ရတော့သည်။

ငယ်ရွယ်သော မျိုးဆက်ချင်းဖြစ်သော်လည်း ယွဲ့ချင်းရိုသည် လင်ယန်ရွှယ်ထက် ငယ်ပြီး ကျင့်ကြံခြင်းအဆင့်မှာလည်း နိမ့်သည်။

သို့သော် ပါရမီအရဆိုလျှင် နှစ်ယောက်စလုံးမှာ တူတူပင်ဖြစ်၏။

လင်ယန်ရွှယ်က အသက်ကြီးသောကြောင့်သာ ကျင့်ကြံခြင်းအဆင့် ပိုမြင့်နေခြင်းပင်။

အကယ်၍ နှစ်ယောက်စလုံး အသက်တူမည်ဆိုပါက မည်သူက ပိုသန်မာမည်ကို ပြောရခက်ပေလိမ့်မည်။

ထို့ကြောင့် လူငယ်ချင်းကိစ္စကို လူငယ်ချင်းသာ ဖြေရှင်းပါစေဟု ဓားနတ်ဘုရားက သဘောထားလိုက်သည်။

ဓားနတ်ဘုရားသည် ယွဲ့ချင်းရိုက သူ့ကို ထပ်မံအကူအညီမတောင်းစေရန် တပည့်ဖြစ်သူကို အကြံပေးလိုက်သည်။

"ငါ့တပည့်... မင်းကို ငါပြောပြမယ်၊ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကို အနိုင်ယူချင်ရင် အရင်ဆုံး သူ့ရဲ့အစာအိမ်ကို အနိုင်ယူရမယ်"

"မင်းသွားပြီး ဟင်းချက်၊ ပြီးရင် လင်ချွမ်ဆီ ယူသွားပေးလိုက်"

"လင်ချွမ်က မင်းချက်တဲ့အစားအစာကို အရသာရှိတယ်လို့ ခံစားရပြီး အမြဲတမ်း စားချင်လာပြီဆိုရင် မင်း တစ်ဝက်အောင်မြင်သွားပြီပဲ"

ယွဲ့ချင်းရိုသည် နားလည်သလိုလို မလည်သလိုလိုဖြင့် နားထောင်နေခဲ့သည်။

သူမသည် တစ်ခါမျှ အချစ်ရေးကိစ္စများ မရှိခဲ့ဖူးပေ။

ဆန့်ကျင်ဘက်လိင်နှင့် ထိတွေ့ဆက်ဆံမှုပင် အလွန်နည်းပါးခဲ့သည်။

လင်ချွမ်မှလွဲလျှင် သူမနှင့် ရွယ်တူအမျိုးသားများကို လက်ချိုးရေတွက်၍ပင် ရ၏။

ထိုသူအများစုမှာ ဓားနတ်ဘုရားနှင့်အတူ လောကအနှံ့ ခရီးသွားစဉ် တွေ့ဆုံခဲ့ရသည့် သာမန်လူငယ်များသာ ဖြစ်သည်။

ယွဲ့ချင်းရိုအတွက်မူ ထိုသူတို့၏ အမည်နှင့် ပုံပန်းသဏ္ဌာန်ကိုသာ မှတ်မိပြီး ကျန်သည်များကို ဘာမျှမသိပေ။

အကယ်၍ သူမ လက်တွဲဖော် ရွေးချယ်ရမည်ဆိုပါက လင်ချွမ်သည် သူမအတွက် အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပေလိမ့်မည်။

ပြဿနာမှာ သူမသည် ယခုအချိန်တွင် ဘာမှနားမလည်ဘဲ ဝေခွဲမရဖြစ်နေခြင်းဖြစ်သည်။

သူမသည် ဓားနတ်ဘုရား ခိုင်းသည့်အတိုင်း အတိအကျ လုပ်ဆောင်ခဲ့သည်။

သို့ဖြစ်ရာ နောက်တစ်နေ့ နံနက်တွင် သူမ သေသေချာချာပင် မစဉ်းစားရသေးခင်မှာပင် နံနက်စာ ပြင်ဆင်ပြီး ဓားနတ်ဘုရား ညွှန်ကြားသည့်အတိုင်း လင်ချွမ်၏ အခန်းတံခါးရှေ့သို့ ပို့ဆောင်ခဲ့သည်။

အံ့သြစရာကောင်းသည်မှာ လင်ယန်ရွှယ်သည်လည်း ထိုနေရာသို့ ရောက်ရှိလာခြင်းပင်။

မိန်းမလှနှစ်ဦးသည် လင်ချွမ်၏ အခန်းတံခါးရှေ့တွင် ဆုံမိကြသည်။

နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး အလိုအလျောက် အနေရခက်သလို ခံစားလိုက်ရသည်။

သို့သော် လင်ယန်ရွှယ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး မျက်ခုံးတစ်ချက် ပင့်ကာ လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။

"အို... ဒါ ဘယ်သူပါလိမ့်"

အရှုံးမပေးလိုသော ယွဲ့ချင်းရိုကလည်း ချက်ချင်း ပြန်တုံ့ပြန်လိုက်သည်။

"ဂုဏ်သိက္ခာကြီးမားတဲ့ ဟယ်ဟွမ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က တကယ်ပဲ ဟင်းချက်တတ်တာလား"

လင်ယန်ရွှယ်၏ မျက်နှာသည် ချက်ချင်းပင် မူမမှန်ဖြစ်သွားသည်။

သူမ၏ အဆင့်အတန်းအရ အမျိုးသားတစ်ဦးကို ဤကဲ့သို့ မျက်နှာချိုသွေးရန် ကြိုးစားနေသည်ဟု သတင်းထွက်သွားပါက အလွန်အံ့သြစရာ ဖြစ်ပေလိမ့်မည်။

သို့သော် သူမ မျက်နှာချိုသွေးနေသည့်သူမှာ လင်ချွမ်ရဖြစ်နေပါက မည်သည့်ပြဿနာမျှ မရှိနိုင်ပေ။

ကမ္ဘာပေါ်ရှိ လူတိုင်းသည် လင်ချွမ်၏မျက်နှာသာပေးမှုကို ရလိုကြသော်လည်း လူအများစုမှာ ထိုအခွင့်အရေး မရရှိကြပေ။

ဤသို့တွေးလိုက်သောအခါ လင်ယန်ရွှယ်သည် ထိုကိစ္စမှာ ဘာမှမဟုတ်တော့ဟု ခံစားလိုက်ရသည်။

မည်သို့ပင်ဆိုစေ သူမသည် မိမိနှစ်သက်သောသူကို ချစ်ခင်ကြောင်း ပြသနေခြင်းသာ မဟုတ်ပါလား။

အချစ်ကို ရှာဖွေတာ ဘာမှားလို့လဲ။

"ဟင်း... ငါ ဟင်းချက်တတ်တာ ထူးဆန်းလို့လား"

"ဒါပေမဲ့ ဓားနတ်ဘုရားရဲ့ တစ်ဦးတည်းသော တပည့်ဖြစ်တဲ့ မင်းကတော့ ဒီလောက်အသက်ငယ်ငယ်နဲ့ အချစ်ဆိုတာ ဘာလဲတောင် သိမှာမဟုတ်ဘူး မဟုတ်လား"

လင်ယန်ရွှယ်အတွက် ယွဲ့ချင်းရို၏ နောက်ခံမှာ တစ်ချက်ကြည့်ရုံဖြင့် သိသာနေသည်။

ယွဲ့ချင်းရိုတွင် သူမအတွက် လျှို့ဝှက်ချက်ဟူ၍ မရှိသလောက်ပင်။

အရည်အချင်းဖြစ်စေ၊ စကားပြောစွမ်းရည်ဖြစ်စေ လင်ယန်ရွှယ်သည် ရှုံးနိမ့်မည့် အခွင့်အရေး မရှိပေ။

စောင်းမြောင်းပြောရုံဖြင့် ယွဲ့ချင်းရိုကို အရှက်ခွဲနိုင်မည်ဟု ထင်နေပါက ၎င်းမှာ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ပေလိမ့်မည်။

"မင်း..."

ယွဲ့ချင်းရိုသည် တကယ်ပင် ငယ်ရွယ်ပြီး စိတ်ဆတ်သူဖြစ်ရာ စကားတစ်ခွန်းတည်းနှင့်ပင် စိတ်မထိန်းနိုင် ဖြစ်သွားသည်။

သူမသည် မျက်လုံးအပြူးသားဖြင့် ဘာပြန်ရှင်းပြရမှန်းမသိ ဖြစ်နေခဲ့၏။

"ဟွန့်... အချစ်အကြောင်းမသိတော့ ဘာဖြစ်လဲ"

"လင်ချွမ် အပြင်သွားရင် ငါ့ကို ခေါ်သွားတယ်၊ မင်းကိုကျတော့ မခေါ်ဘူးလေ"

ယွဲ့ချင်းရိုသည် ပါးနပ်ပြီး ဖျတ်လတ်သူဖြစ်ရာ လင်ချွမ်၏နှလုံးသားတွင် သူမ၏ တည်ရှိမှုကို သက်သေပြရန်အတွက် လက်တွေ့နမူနာများကို အသုံးချလိုက်သည်။

ဤစကားသည် လင်ယန်ရွှယ်၏ အားနည်းချက်ကို တည့်တည့်မှန်သွားခဲ့သည်။

ယခုတလောတွင် သူမသည် ဟယ်ဟွမ်ဂိုဏ်း၏ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အလုပ်ရှုပ်နေခဲ့သည်။

လင်ချွမ်နှင့်အတူ မလိုက်ပါနိုင်ခြင်းအတွက် သူမ အလွန်စိတ်မကောင်း ဖြစ်နေခဲ့ရ၏။

ကံမကောင်းစွာဖြင့် ထိုအတောအတွင်း လင်ချွမ်သည် နန်းတော်ထဲတွင် ဆူညံပွက်လောရိုက်အောင် လုပ်ခဲ့သည်။

ထိုကဲ့သို့သော ကိစ္စရပ်ကြီးမှာ သူမနှင့် လုံးဝမသက်ဆိုင်ဘဲ ဖြစ်နေခဲ့သည်။

၎င်းက သူမကို အလွန်စိတ်ပျက်စေခဲ့၏။

တစ်စုံတစ်ယောက်ကို ချစ်မိသွားခြင်းမှာ ဤသို့ပင်။

အရာအားလုံးတွင် ပါဝင်ပတ်သက်လိုပြီး ၎င်းကို နှစ်ယောက်ကြားမှ မျှဝေခံစားရသည့် အမှတ်တရများ ဖြစ်စေချင်ကြသည်။

လင်ယန်ရွှယ်က ယွဲ့ချင်းရိုကို အချစ်အကြောင်းမသိဟု ပြောခဲ့သော်လည်း အမှန်တကယ်တော့ သူမကိုယ်တိုင်လည်း တူတူပင်။

ဤအသက်အရွယ်ဖြင့် ဤမျှအစွမ်းထက်လာရန်အတွက် သူမ၏ တစ်ဘဝလုံးကို ကျင့်ကြံခြင်းတွင်သာ ကုန်ဆုံးခဲ့ရသည်ဟု ဆိုနိုင်သည်။

သူမသည် လည်ပတ်ဝေဖန်တတ်သူ တစ်ယောက် ဖြစ်မလာနိုင်ပေ။

အကယ်၍ သူမသည် ဟယ်ဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်သာ ဖြစ်မလာခဲ့ပါက ယွဲ့ချင်းရိုကဲ့သို့ပင် ရိုးအသူတစ်ဦး ဖြစ်နေပေလိမ့်မည်။

"ဟား... ဒါတွေပြောနေလို့ ဘာသက်သေပြနိုင်မှာလဲ"

"ငါ့ကိုယုံပါ၊ လင်ချွမ်က မင်းလို ရိုးအတဲ့ မိန်းကလေးမျိုးကို ကြိုက်မှာမဟုတ်ဘူး"

ယွဲ့ချင်းရိုနှင့် နှိုင်းယှဉ်လျှင် လင်ယန်ရွှယ်၏ အကြီးမားဆုံး အားသာချက်မှာ သူမ၏ လူမှုရေးအဆင့်အတန်းဖြစ်သည်။

သို့သော် သူမတို့၏ အကြီးမားဆုံး အားနည်းချက်မှာလည်း ထိုအဆင့်အတန်းပင်။

မည်သို့ပင်ဖြစ်စေ လင်ချွမ်သည် တရားမျှတသောလမ်းစဉ် မှဖြစ်ပြီး သူမမှာမူ မိစ္ဆာလမ်းစဉ် မှ ဖြစ်သည်။

သူတို့၏ လူမှုရေးအဆင့်အတန်း ကွာခြားချက်မှာ အတူရှိရန်အတွက် အကြီးမားဆုံး အတားအဆီးပင်။

၎င်းမှာ လင်ယန်ရွှယ်၏ အတွေးသာ။

သူမကတော့ အဆင့်အတန်း သို့မဟုတ် ဂုဏ်သိက္ခာကို ဂရုမစိုက်သော်လည်း လင်ချွမ်ကို ထိုအကြောင်းကြောင့် ကမ္ဘာ့လူသားများ၏ ဝေဖန်ခြင်း မခံစေလိုပေ။

သို့သော် လက်တွေ့တွင် လင်ချွမ်က ထိုအရာများကို ဂရုမစိုက်ပေ။

သူသည် လင်ယန်ရွှယ်အပေါ်တွင်လည်း မည်သည့်ခံစားချက်မျှ မရှိပေ။

"မိန်းမတွေလား"

"တို့က ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်ကို နှောင့်ယှက်ရုံပဲ ရှိမှာပါ"

သူတို့နှစ်ဦး အခန်းအပြင်ဘက်တွင် အကြာကြီး ငြင်းခုံနေကြသည်ကို အခန်းထဲမှ လင်ချွမ်က ရှင်းရှင်းလင်းလင်း ကြားနေရသည်။

သူသည် ထိုကိစ္စအတွက် မည်သည့် ပျော်ရွှင်မှု သို့မဟုတ် ဂုဏ်ယူမှုကိုမျှ မခံစားရပေ။

သူ၏မျက်နှာမှာ စိတ်မရှည်မှုများဖြင့် ပြည့်နှက်နေသည်။

"မင်းတို့နှစ်ယောက်... အပြင်သွားပြီး ဆူညံကြစမ်းပါ၊ငါ့ကို လာမနှောင့်ယှက်နဲ့"

သူသည် သူတို့၏ ရည်ရွယ်ချက်ကို ကောင်းကောင်းသိသည်။

သို့သော် သူတို့မျက်နှာကို ထောက်ထားရမည်ဟု မဆိုလိုပေ။

အမှန်တော့ သူသည် ယခုအချိန်တွင် မိန်းမတစ်ယောက် ရှာရန် လုံးဝဆန္ဒမရှိပေ။

သို့မဟုတ်ပါက သူ၏ အဆင့်အတန်း၊ ရာထူးနှင့် ရုပ်ရည်အရ မည်သည့်မိန်းမမျိုးကိုမဆို ရနိုင်သည်မဟုတ်ပါလား။

အခန်းအပြင်ဘက်တွင် အပြင်းအထန် ငြင်းခုံနေကြသော နှစ်ဦးစလုံးသည် လင်ချွမ်၏ ငေါက်ငမ်းသံအပြီးတွင် ချက်ချင်း ငြိမ်ကျသွားကြသည်။

သူမလက်ထဲမှ အနည်းငယ် အေးစပြုနေပြီဖြစ်သော နံနက်စာကို ကြည့်ရင်း လင်ယန်ရွှယ်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။

"လင်းချွမ်း... အပြင်ထွက်ပြီး နံနက်စာ စားပါဦး"

အရှုံးမပေးလိုသော ယွဲ့ချင်းရိုကလည်း ဝင်ပြောလိုက်သည်။

"ဟုတ်တယ်... နံနက်စာစားပြီး ကျွန်မချက်တာကို မြည်းကြည့်ပါဦး"

သူတို့နှစ်ဦး စကားပြောသောအခါ လေသံများထဲတွင် ပြိုင်ဆိုင်လိုသည့် စိတ်ဓာတ်များ ပါဝင်နေဆဲပင်။

လင်ချွမ်သည် ပို၍ပင် စိတ်မရှည်ဖြစ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါ နံနက်စာ မစားဘူး၊ မင်းတို့ ပြန်ကြတော့"

အကယ်၍ တစ်ယောက်တည်းသာ နံနက်စာ ယူလာပါက လင်ချွမ် စားဖြစ်ကောင်း စားပေလိမ့်မည်။

သို့သော် သူတို့နှစ်ယောက်လုံး အတူတူလာပြီး တံခါးရှေ့တွင် ငြင်းခုံနေကြခြင်းက လင်ချွမ်၏ စိတ်အခြေအနေကို လုံးဝ ပျက်စီးစေခဲ့သည်။

သူသည် စားချင်စိတ်သာမက ကျင့်ကြံလိုစိတ်ပါ ပျောက်ဆုံးသွားရပြီ။

ယခု သူအလိုချင်ဆုံးအရာမှာ ထိုလူနှစ်ယောက်ကို ဖယ်ထုတ်ပြီး အေးအေးဆေးဆေး နေလိုခြင်းသာ။

အခန်း ၁၅၀ - တောင်ပိုင်းနယ်စပ်မှ ရှေးဟောင်းအမွေအနှစ်နေရာများ

ဒါဟာ လင်ချွမ်တစ်ယောက် မိန်းမတွေကို ဘာကြောင့် မနှစ်မြို့ရသလဲဆိုတဲ့ အကြောင်းရင်း ဖြစ်နိုင်ပါတယ်။

မိန်းမတွေဟာ ဆူညံပူညံလုပ်တာကလွဲလို့ တခြားအသုံးမဝင်တတ်ကြချေ။

အချိန်အတော်များများမှာ တည်ငြိမ်အေးဆေးစွာ နေတတ်တဲ့ လင်ယန်ရွှယ်လို မိန်းမမျိုးတောင်မှ အချို့သောအချိန်တွေမှာတော့ ဆင်ခြင်တုံတရား ကင်းမဲ့နေတတ်သည်။

ဒါကြောင့်လည်း လင်ချွမ်ဟာ မိန်းမတစ်ယောက်နဲ့ မပတ်သက်ချင်ပေ။

သူတို့နှစ်ယောက်လုံးကတော့ လက်လျှော့ဖို့ အနည်းငယ် ဝန်လေးနေကြပါသည်။

လင်ချွမ်ရဲ့ လေသံထဲမှ မကျေနပ်မှုကို ခံစားမိတာကြောင့် သူတို့နှစ်ယောက်လုံးဟာ အလိုက်တသိနှင့် ထွက်ခွာသွားကြပါတော့၏။

မနက်စာ ထပ်လာပို့ခြင်းမှာလုံးဝ မဖြစ်နိုင်သော ကိစ္စပင်။

သူတို့နှစ်ယောက်သည် လင်ချွမ် နှင့် ပိုနီးစပ်နိုင်မယ့် တခြားနည်းလမ်းတွေကိုသာ စဉ်းစားရပါတော့သည်။

မွန်းတည့်ချိန်ရောက်သောအခါ လင်ယန်ရွှယ်သည် လင်ချွမ်၏ တံခါးဝတွင် ပြန်ပေါ်လာပြန်သည်။

တစ်ကြိမ်၊ နှစ်ကြိမ် အပြစ်တင်ခံရရုံနှင့် သူမက နောက်ဆုတ်သွားမယ့်သူ မဟုတ်ချေ။

သည်တစ်ကြိမ်မှာတော့ သူမဟာ လင်ချွမ်ကို အပြင်ထွက်ဖို့ ဖိတ်ခေါ်နိုင်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားသည်။

"လင်ချွမ်... ကျွန်မ ဝင်လာလို့ ရမလား"

လင်ယန်ရွယ်သည် အပြင်ဘက်မှ ယဉ်ကျေးစွာ တံခါးခေါက်ပြီး တိုးတိုးလေး မေးလိုက်၏။

လင်ချွမ်မှာ အနည်းငယ် ဇဝေဇဝါဖြစ်ရင်း မျက်လုံးဖွင့်လိုက်သည်။

မနက်ကတင် လူနှစ်ယောက်ကို မောင်းထုတ်လိုက်ခြင်း ဖြစ်ပြီး အခု မွန်းတည့်ချိန်မှာတင် လင်ယန်ရွှယ်က ပြန်ရောက်လာခဲ့၏။

"ဝင်ခဲ့လေ"

လင်ချွမ်က ငြင်းမနေတော့ဘဲ လင်ယန်ရွှယ်ကို အခန်းထဲ ဝင်ခွင့်ပေးလိုက်သည်။

လင်ယန်ရွှယ်၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားပြီး တံခါးကို အမြန်တွန်းဖွင့်ကာ အထဲဝင်သွားခဲ့၏။

အခန်းထဲရောက်သောအခါ တံခါးပိတ်ပြီးနောက် လင်ယန်ရွှယ်သည် လင်ချွမ်အနားသို့ အလိုက်တသိ ကပ်သွားပြီး

"လင်ချွမ်... အပြင်မှာ လမ်းခဏလောက် ထွက်လျှောက်မလား"

ဟု တိုးတိုးလေး မေးလိုက်ရာ

လင်ချွမ်သည် မဆိုင်းမတွဘဲ ငြင်းလိုက်သည်။

"မသွားဘူး"

ဘာကိစ္စမှမရှိဘဲ သူ အပြင်မထွက်ချင်။

သူသည် 'အသွင်ပြောင်းလဲခြင်း ၇၂ ပါး' ထဲမှ ပထမဆုံးတစ်ခုကိုတောင် အပြည့်အဝ မကျွမ်းကျင်သေးတာကြောင့် မည်သည့်နေရာကိုမျှ မသွားချင်သေးပေ။

လင်ယန်ရွှယ်သည် သည်အဖြေမျိုး ထွက်လာမယ်ဆိုသည်ကို ကြိုသိနေသောပုံစံ နှင့် အံ့သြခြင်း မရှိချေ။

အကယ်၍ လင်ချွမ်ဘက်ကသာ ချက်ချင်း သဘောတူလိုက်လျှင် ဒါဟာ ပိုပြီး အံ့သြစရာ ကောင်းနေပါလိမ့်မည်။

"ကျွန်မ မကြာသေးခင်က စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတစ်ခု ကြားထားတယ်"

"အဲဒါကို အတူတူသွားပြီး အတည်ပြုကြမလား"

လင်ချွမ်က မျက်ခုံးတစ်ချက် ပင့်လိုက်ပေမယ့် ဘာမှပြန်မမေးဘဲ လင်ယန်ရွှယ် ဆက်ပြောမှာကို စောင့်နေလေ၏။

လင်ယန်ရွှယ်က နှုတ်ခမ်းလေးစူလိုက်ပြီး ဒါဟာ နည်းနည်းတော့ ပျင်းစရာကောင်းသည်ဟု ခံစားမိနေသည်။

သို့သော် သူမမှာ တခြားရွေးချယ်စရာ မရှိချေ။

ယခုချိန်မှာ သူမသည် လုံးဝ အောက်ခြေရောက်နေသည့် အနေအထားမို့ လင်ချွမ်စိတ်တိုင်းကျပဲ လုပ်ခွင့်ပေးထားရ၏။

"တောက်... နင် ငါ့လက်ထဲ ရောက်လာတဲ့တစ်နေ့ကျမှ အတိုးချပြီး ပြန်ပေးဆပ်ခိုင်းမယ်"

လင်ယန်ရွှယ်က မကျေမနပ်နဲ့ တိုးတိုးလေး ရေရွတ်လိုက်သည်။

ညည်းတွားရုံတင်။

ညည်းတွားနေရုံနဲ့တော့ လင်ချွမ်နောက်ကို လိုက်နေခြင်းကို သူမ ရပ်တန့်မှာ မဟုတ်ချေ။

လင်ချွမ်က မျက်ခုံးပင့်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။

ဒီလောက်အကွာအဝေးမှာ လင်ယန်ရွှယ် စိတ်ထဲကနေပဲ ရေရွတ်နေတာမဟုတ်လျှင် မည်မျှအသံတိုးတိုး သူ ကြားနိုင်လေ၏။

လင်ယန်ရွှယ်ကလည်း ဤအခွင့်အရေးကို သုံးပြီး သူမရဲ့ မကျေနပ်မှုကို သွယ်ဝိုက်ပြီး ဖော်ပြနေခြင်းပင်။

တစ်ခွန်းလောက်ပဲ မှတ်ချက်ချပြီးနောက် လင်ယန်ရွှယ်က

"တောင်ပိုင်းနယ်စပ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခု ထွက်ပေါ်လာတော့မယ်လို့ ကျွန်မ ကြားထားတယ်"

"အဲဒါက 'နတ်ဘုရားတောင်' နဲ့ ဆက်စပ်နေတယ်တဲ့"

လင်ယန်ရွှယ်သည် ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ဖွင့်ဟလိုက်၏။

လက်ရှိတွင် သည်ကိစ္စ နှင့်ပတ်သက်ပြီး အလယ်ပိုင်းဒေသမှာ မည်သည့်သတင်းမှ မရရှိသေးပေ။

သို့သော် အနောက်ဘက်ဒေသတွင် နတ်ဆိုးဂိုဏ်းအချို့ကမူ အတွင်းသတင်းအချို့ကို ရရှိထားပြီး ဖြစ်သည်။

စာကြောင်း တစ်ကြောင်း နှစ်ကြောင်းလောက်ပဲ ရှိတဲ့ သတင်းစကား ဖြစ်နေရင်တောင်မှပေါ့။

ဤသည်မှာ သူတို့အတွက် ကြိုတင်ပြင်ဆင်ဖို့ လုံလောက်သည်။

နတ်ဆိုးဂိုဏ်းများသည် ထိုအမွေအနှစ်နေရာရဲ့ တည်နေရာကို စုံစမ်းရန် တောင်ပိုင်းနယ်စပ်ကို တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နေကြပြီး ဖြစ်သည်။

လင်ယန်ရွှယ်သည် လင်ချွမ်ဆီသို့ အမြန်ဆုံးလာရောက်ကာ ဤသတင်းပေးခြင်းသည် သူ အဲဒီနေရာသို့ အမြန်ဆုံး သွားရောက်သွားနိုင်ရန်ပင်။

ထိုနေရာမှာ အစစ်အမှန်ဖြစ်ရန် အခွင့်အလမ်း အများကြီး ရှိနေသည်။

အကယ်၍ အစစ်အမှန် မဟုတ်လျှင်လည်း လင်ချွမ်းယအတွက် တစ်ခုခု ရရှိနိုင်လိမ့်မည်ဟု လင်ယန်ရွှယ်က ယုံကြည်ထားသည်။

ရိုးရိုးလေးပြောရလျှင် လင်ချွမ်၏ အကျိုးအတွက်ပင်။

လင်ချွမ်မှာ တကယ်ပဲ စိတ်ဝင်စားသွားပြီး

"ဘာအမွေအနှစ်နေရာလဲ"

ဟု မေးလိုက်ရာ

လင်ယန်ရွှယ်က

"အတိအကျတော့ မသိရသေးဘူး၊ သိရသလောက်ကတော့ ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အင်အားကြီး လူပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဂူသင်္ချိုင်းပဲ"

"အဲဒီပုဂ္ဂိုလ်ဟာ အဆင့် (၁) ဂိုဏ်းချုပ်ကြီးတွေထက်တောင် အစွမ်းထက်တယ်လို့ ဆိုကြတယ်"

လင်ချွမ်အတွက်တော့ အဆင့် (၁) ဂိုဏ်းချုပ်ထက် သာရုံလောက်နဲ့ကတော့ ဘာမှ အဓိပ္ပာယ်မရှိပေ။

သို့သော် သူ ဤကမ္ဘာကို ရောက်လာပြီးကတည်းက ပထမဆုံး ကြားဖူးသည့် ရှေးဟောင်းအမွေအနှစ်နေရာ ဖြစ်နေသည်။

သည်အချက်တစ်ခုတည်းနဲ့တင် သွားကြည့်ဖို့ တန်နေသည်။

ဘာမှ မရလျှင်တောင် ထိုနေရာမှာ စနစ်ဝင်တာက ကံစမ်းဖို့ အခွင့်အရေး တစ်ခုပဲ မဟုတ်ပါလား။

တစ်ခါတလေ စနစ်ဝင်ရုံနှင့်ပင် ကောင်းတာလေးတွေ ရတတ်သည်။

မည်သို့ပင်ဖြစ်စေ ဝူတန်မှာ နေ့တိုင်း စနစ်ဝင်နေတာထက်စာလျှင်တော့ တစ်ခုခု ထူးခြားလာနိုင်၏။

ခဏလောက် စဉ်းစားပြီးနောက် လင်ချွမ်ခေါင်းညိတ်ပြလိုက်သည်။

"ကောင်းပြီ၊ အဲဒီနေရာက အတိအကျ ဘယ်မှာလဲ"

သူ့၏ လက်ရှိ အစွမ်းအစနှင့် ဆိုလျှင် သာမန် အထွတ်အထိပ် အဆင့်နေရာလောက်ကတော့ စိုးရိမ်စရာ မရှိပါချေ။

ထိုနေရာ၏ ပိုင်ရှင် ချန်ထားခဲ့တဲ့ စည်းမျဉ်းတွေကိုတောင် လိုက်နာစရာ မလိုဘဲ စိတ်ကြိုက် လှုပ်ရှားလို့ ရသည်။

သို့သော် ထိုကဲ့သို့ လုပ်ရပ်မျိုးက သေဆုံးသွားသူကို မရိုသေရာ ရောက်တာကြောင့် လင်ချွမ်အနေဖြင့် အလွန်အမင်း လိုအပ်တာမျိုး မရှိရင်တော့ အဲဒီလို လုပ်မှာ မဟုတ်ချေ။

လင်ယန်ရွှယ်က မြေပုံတစ်ခု ထုတ်လိုက်ပြီး တစ်နေရာကို အမှတ်အသား ပြလိုက်ပါသည်။

"ဒီမှာပါ"

လင်ချွမ်ရဲ့ မျက်ခုံးတွေ အနည်းငယ် မြင့်တက်သွားပြီး သူ့မျက်နှာမှာ အံ့သြတဲ့ အရိပ်အယောင်တွေ ပေါ်လာပါတော့သည်။

...

နှစ်ရက်ကြာပြီးနောက်...

လင်ချွမ် နှင့် လင်ယန်ရွှယ်တို့သည် တည်းခိုခန်း အခန်းထဲမှာ ရှိနေကြသည်။

ပြတင်းပေါက် အပြင်ဘက်မှာတော့ လူတွေဟာ တိုးဝှေ့ စည်ကားနေလေ၏။

တောင်ပိုင်းနယ်စပ်ကို ရောက်လျှင် လူသူနည်းပါးပြီး ထူးခြားဆန်းပြားသော ရှုခင်းတွေကို မြင်ရမည်ဟု အစက ထင်ထားခဲ့လေသည်။

သို့သော် ရောက်လာတဲ့အခါမှာတော့ တောင်ပိုင်းနယ်စပ်ဟာ အလယ်ပိုင်းဒေသ နှင့် ဘာမှ မခြားနားချေ။

နေရာတိုင်းတွင် လူများ အပြည့်ဖြစ်နေပြီး အားလုံးက အလယ်ပိုင်းဒေသ လေယူလေသိမ်းနှင့် စကားပြောနေကြသည်။

ဤမြင်ကွင်းကြောင့် လင်ယန်ရွှယ် နှင့် လင်ချွမ်တို့သည် အတန်ကြာ ငေးမောသွားကြရ၏။

သို့သော်အပြင်ဘက်တွင် ပြောဆိုနေကြသော စကားသံတွေသည် သူတို့၏ သံသယကို အဖြေပေးလိုက်၏။

"ဟေး... မင်းကြားပြီးပြီလား"

"ဒါလီမြို့မှာ တစ်ချိန်က အရမ်းအစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက် ရှိခဲ့ပြီး သူက အမွေအနှစ်တွေ ချန်ထားခဲ့တယ်တဲ့"

"ရှူး....အသံတိုးတိုးပြောစမ်း"

"ဒီကို လာတဲ့သူတိုင်းက အဲဒီအမွေကို လိုချင်နေကြတာ မင်းသိလား"

"သိတာပေါ့၊ မသိရင် ဒီလို နတ်လူမသိတဲ့ အရပ်ကို ဘာလို့ ဒုက္ခခံ လာမလဲ"

"ဒါပေမဲ့ ဒါလီမှာ တကယ်ပဲ အမွေအနှစ် ရှိတာလား"

"ဖြစ်နိုင်တာပဲ"

"ဟူး... ငါတို့ ကျင့်ကြံလာတာ ဆယ်စုနှစ်ချီနေပြီ၊ ဒါပေမဲ့ နာမည်ကြီး ဂိုဏ်းသားတွေရဲ့ နှစ်အနည်းငယ် ကျင့်ကြံမှုလောက်တောင် မမီဘူး။ ဒါဟာ ငါတို့အတွက် တစ်ခုတည်းသော အခွင့်အရေးပဲ"

"ဟုတ်ပါ့ကွာ! ဘဝကို ပြောင်းလဲပစ်ဖို့ အခွင့်အရေးသာ မရှိရင် ဘယ်သူက ဒီလို အန္တရာယ်မျိုးကို ရင်ဆိုင်ချင်မလဲ"

"ဒါပေမဲ့ ဒီတစ်ခါ လူတွေက များလွန်းနေတယ်"

"ဒီသတင်းက နတ်ဆိုးဂိုဏ်း ကနေ အရင်စထွက်လာတာလို့ ကြားတယ်၊ ရက်ပိုင်းအတွင်းမှာပဲ သိုင်းလောက တစ်ခုလုံးသိသွားတာ"

"လူတွေ ဒီလောက် အများကြီး ရောက်မလာဘဲ နေမလား"

"နတ်ဆိုးဂိုဏ်းဆီက သတင်း ဟုတ်လား"

"အေးလေ၊ နတ်ဆိုးဂိုဏ်း အတော်များများက သူတို့ လူတွေနဲ့ ရောက်နေကြပြီ"

"ငါတို့က နောက်ကျနေတာ၊ ကောင်းကွက်တွေကို သူတို့ အကုန်ယူသွားလောက်ပြီ"

"ဒါဆို ငါတို့က အလကား သွားရမှာလား"

"ကံတရားကိုတော့ ယုံကြည်ရမှာပေါ့၊ ဟုတ်တယ်မလား"

"ကဲ... တော်ပြီ၊ စကားဖြတ်တော့၊ တစ်ယောက်ယောက် ငါတို့ကို စောင့်ကြည့်နေသလိုပဲ"

လင်ချွမ်သည် တည်းခိုခန်းရဲ့ ပထမထပ်မှာ ပြောနေကြသော စကားများ ကို အကုန် ကြားနေသည်။

သူက လင်ယန်ရွှယ်ကို ထူးဆန်းသော အကြည့်နှင့် ကြည့်လိုက်လေ၏။

အကယ်၍ သူသာ လင်ယန်ရွှယ်ကို မသိလျှင်၊ သူမက သူ့ကို လှည့်စားနေတယ်လို့တောင် ထင်မိမှာပင်။

တစ်လောကလုံး သိနေတဲ့ကိစ္စကိုမှ သူက နောက်ဆုံးမှ သိရတာလား။

လင်ယန်ရွှယ်က ဒီလိုသတင်းမျိုးနဲ့ သူ့ဆီက အမှတ်ယူဖို့ ကြိုးစားရဲတယ်ပေါ့။

လင်ယန်ရွှယ်ရဲ့ကျင့်ကြံမှုအဆင့်က လင်ချွမ်လောက် မမြင့်ပေမယ့်လည်း သာမန် ကိုယ်ခံပညာရှင်အချို့ရဲ့ စကားကိုတော့ သူမ ကြားနိုင်ပါသည်။

သူမရဲ့ မျက်နှာလေးဟာ ရှက်စိတ်ကြောင့် အနည်းငယ် နီမြန်းသွားလေ၏။

အမှန်အတိုင်း ပြောရလျှင် သူမလည်း ဒါကို တကယ် မသိခဲ့ပုံပင်။

တောင်ပိုင်းနယ်စပ်က အမွေအနှစ်နေရာအကြောင်း ကြားကြားချင်း သူမဟာ လင်ချွမ်ဆီကို ချက်ချင်း လာခဲ့ခြင်းပင်။

ဒါဟာ သတင်းရတာ နောက်ကျသွားတာ ဒါမှမဟုတ် တစ်ယောက်ယောက်က သတင်းကို အပြင်ပေါက်အောင် ကြိုလုပ်ထားတာပဲ ဖြစ်ရမည်။

သူမ အကြောင်းရင်းကို သိနေပေမယ့်လည်း ဘာမှ ဆင်ခြေမပေးဘဲ ရိုးရိုးသားသားပဲ တောင်းပန်လိုက်တော့သည်။

"တောင်းပန်ပါတယ်၊ ဒါ ကျွန်မ အမှားပါ"

လင်ချွမ်က လက်ကာပြလိုက်ပြီး

"ရပါတယ်၊ တကယ်လို့ အဲဒီလိုသာ ဖြစ်လာရင်တောင် သူတို့က ငါ့ကို မယှဉ်နိုင်ပါဘူး"

ဟု အေးအေးဆေးဆေးပဲ ပြောလိုက်ပါတော့သည်။

All Chapters