← Chapters

ဘုရင်မကြီး၏ နေ့ရက်များ

Vol. 16 Ch. 218

ဘုရင်မကြီး၏ နေ့ရက်များ

Vol. 16 Ch. 218

ကောင်းကင်ပြာရင်ပြင်ရှိ လူအားလုံးမှာ မြင်တွေ့နေရသည့် မြင်ကွင်းများကြောင့် ကြောင်အလျက်ရှိကြသည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့ ဦးညွှတ်ကာဖြင့် ကျိန်ဆိုနေကြသည်ကို မြင်တွေ့ရသည့်အခါ သူတို့အားလုံးမှာ လျှပ်စီးနှင့်ပစ်ခံရသကဲ့သို့ ခံစားရပြီး ကျိန်ဆဲမိကြလေတော့သည်။

“ရူးသွားတာပဲ။ ဒါဘယ်လိုကြီးတုန်း”

“သောက်တော်ရေခွက်ရဲ့ အစောင့်အကြပ် ဖြစ်လာတယ်တဲ့လား။ ဒီပွဲက သောက်တော်ရေခွက် တိုက်ပွဲကနေ သောက်တော်ရေခွက် ကာကွယ်ပွဲ အဖြစ်ကို ပြောင်းသွားတာလား”

“မဟုတ်ဘူး။ အေသီနာကို စောင့်ရှောက်ခြင်း” (အေသီနာက ဂရိစစ်နတ်ဘုရားမပါ_)

“သူတို့စိတ်ထဲမှာ ရည်ရွယ်ချက်ရှိလို့ အခုလိုမျိုးလုပ်တာပဲဖြစ်မယ်။ အခုတော့သူတို့က မိန်းကလေးရဲ့ အစောင့်အရှောက်တွေ ဖြစ်လာပြီဆိုတော့ ကျန်တဲ့ရန်သူတွေကို ရှင်းထုတ်ပစ်ဖို့ပဲ လိုတော့တယ်။ အဲဒီလိုဆိုရင် ကောင်းကင်ဘုံပိုင်နက်က ချန်ပီယံဖြစ်ပြီပဲ”

“အဲဒါတွေအားလုံးက ဖန်တီးခြင်းခန်းမရဲ့ တုန်ယန်ကြောင့်ပဲ။ မဟုတ်ရင် နတ်ဘုရား အန် နဲ့ နတ်ဘုရားမ လျှိုတို့က အခုလိုဆုံးဖြတ်မှာ မဟုတ်ဘူး”

“ဒီနည်းလမ်းက အတော်လေးကောင်းတယ်လို့ ငါတော့ထင်တယ်”

“ငါတို့ကတော့ လုပ်ပွဲကြီး ကြည့်နေရတယ်လို့ ခံစားနေရတယ်ကွာ”

…

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် ကောင်းကင်ပြာရင်ပြင်တစ်ခုလုံး ပြင်းထန်သည့်ဆွေးနွေးမှုများ ထွက်ပေါ်လာသည်။

ဖန်သားပြင်ကို ကြည့်နေရင်းဖြင့် ထိုမိန်းမငယ်လေး၏ လက်သီးဆုပ်သေးသေးလေးဖြင့် ရက်ရက်စက်စက် ထိုးနှက်ခြင်းခံလိုက်ရသော ဟုန်သို၊ ဝမ်ရွှမ်ကျန့်နှင့် အာသာတို့မှာ သေချင်စိတ်များပင် ဖြစ်ပေါ်လာလေသည်။ လောကကြီးသည် သူတို့အား လှည့်စားနေခြင်းဟု ခံစားမိလေသည်။

ကျုံးလုံတောင်တန်း၏အလယ် တောင်စောင်းတစ်နေရာတွင်။

အန်လင်း၊ လျှိုချင်ဟွမ်နှင့် ထိုမိန်းမငယ်လေးတို့သည် မီးပုံအား ဝိုင်းရံကာဖြင့် ထံနေကြသည်။

အန်လင်းသည် ဘယ်လက်ရုံးဖြစ်ပြီး လျှိုချင်ဟွမ်မှာ ညာလက်ရုံး ဖြစ်သည်။

ဘုရင်မကြီး၏ အစောင့်အရှောက်များ ဖြစ်သည့်အတွက် သူတို့နှစ်ဦးသည်လည်း တောဝက်ရိုင်းအား ဝိုင်းဖွဲ့စားသောက်ခွင့် ရရှိကြလေသည်။

“လက်ရှိအခြေအနေကို ကြည့်မယ်ဆိုရင် ရန်သူတွေက အားနည်းပြီး ကျွန်တော်တို့က သန်မာတယ်။ တစ်နည်းပြောရရင် သူတို့က ကျွန်တော်တို့ရဲ့ ပြိုင်ဘက်မဟုတ်ဘူး” အန်လင်းသည် တောဝက်ကင်အား ဝါးနေရင်းဖြင့် အနေအထားအား သုံးသပ်လေသည်။

“ထိပ်တိုက်ရင်ဆိုင်မယ်ဆိုရင် သူတို့နိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း သူတို့ဆင်ထားတဲ့ ထောင်ချောက်ထဲ ကျမသွားအာင် သတိရှိဖို့လိုတယ်။ ရိုးရိုးသားသား ပြောရရင် ဘုရင်မကြီးရဲ့ စွမ်းအားနဲ့ဆိုရင် ကျွန်တော်မျိုးမတို့တွေ ထောင်ချောက်မိသွားရင်တောင် ချိုးဖောက်နိုင်မှာပဲ” လျှိုချင်ဟွမ်သည် မည်သည့်အရာကိုမျှ လေ့လာရန် မလိုအပ်တော့သယောင် ပြောသည်။

များမကြာမီတွင် အဆုံးသတ်သို့ ရောက်ရှိလာသည်။

မှန်သည်။ သူတို့မှာ လွန်စွာသန်မာသည်ဟူ၍ အဆုံးသတ်လိုက်ကြသည်။

သူတို့၏ ခွန်အားများကို အသုံးပြုကာမည့် မည်သည့်ထောင်ချောက်ကိုမဆို လျှိုဝှက်ကြံစည်မှုကိုမဆို ချိုးဖြတ်ပစ်မည် ဖြစ်သည်။

ထိုကဲ့သို့သော စွမ်းအားမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် အနှောင့်အယှက်မှန်သမျှ အဓိပ္ပါယ်မရှိတော့ပေ။

ဟမ့် ငါတို့က အမြီးကြီးကြီးကို ဆွဲထားပြီးပြီကွ။ အန်လင်းနှင့် လျှိုချင်ဟွမ်တို့ နှစ်ဦးသား စိတ်ထဲမှနေ ကြိမ်းဝါးလိုက်ကြသည်။

ဤသို့ဖြင့် သူတို့သုံးဦးသည် တောဝက်ရိုင်းကင်အား ရွှင်မြူးစွာ စားသောက်နေကြလေသည်။

များမကြာမီတွင် သူတို့အား ပုန်းအောင်နေရာမှ ထွက်ပေါ်လာရန် တွန်းအားပေးခဲ့သည်လူအား ရှာဖွေကြသော်လည်း မတွေ့ခဲ့ချေ။ သူတို့၏ လက်ရှိအခြေအနေမှာ အဆိုးကြီးမဟုတ်သည့်အတွက် ထိုလူအား ရှာဖွေခြင်းသည် အနှောင့်အယှက်တစ်ခု မဟုတ်ချေ။

စားသောက်ပြီးသည့်နောက်တွင် မိန်းမငယ်လေးသည် လျှိုချင်ဟွမ်၏ ဖုန်းတစ်လုံးအား ဆွဲယူလိုက်သည်။ လျှိုချင်ဟွမ်၏ဘေးတွင် ထိုင်ကာဖြင့် ဖုန်းဖြင့်ပြုလုပ်နိုင်သည့် အသေးအဖွဲများအား ပြုလုပ်နေလေသည်။

သူမသည် လျှိုချင်ဟွမ်ပြောသည့် မိုဘိုင်းဂိမ်းများအား စိတ်ဝင်စားခြင်း မရှိချေ။ ထို့အစား ဖုန်း၏ လုပ်ဆောင်ချက်များနှင့် အက်ပလီကေးရှင်းများကိုသာလျှင် စိတ်ဝင်စားနေမိသည်။ ဉပမာဆိုရလျှင် Meitu Pic ကဲ့သို့သော အက်ပလီကေးရှင်း။ (ဓာတ်ပုံရိုက်/ပြင်သည့် အက်ပ်)

“ဝိုး ငါ့မျက်လုံးတွေ ကြီးလာပြီ”

ဆဲလ်ဖီပုံထဲမှ သူမ၏ ကြီးမားတောက်ပနေသော မျက်လုံးများကိုကြည့်ကာဖြင့် ထိုမိန်းကလေးမှာ တခစ်ခစ်ရယ်မောနေလေသည်။

“အာ.. ငါ့မျက်နှာကို အသည်းပုံတွေ၊ ဝိုင်းဝိုင်းတွေ ပြားပြားတွေ လုပ်လို့ရသေးတာပဲ...”

အမျိုးစုံသော filter များ အလှဆင်သည့်အရာများအား အသုံးပြုကာ တခစ်ခစ်ရယ်မောနေလေသည်။ ကစားစရာအသစ် ရရှိလာသော ကလေးငယ်နှင့်ပင် တူလှသည်။

…

…

တောင်တန်းအပေါ်ဘက် တစ်နေရာရှိ ကောင်းကင်တွင် ဩဂတ်စ်နှင့် ရှယ်လီတို့ရှေ့၌ အဖြူရောင်ကြေးမုံချပ်တစ်ခု ရှိလေသည်။ ထိုကြေးမုံချပ်မှတစ်ဆင့် အဝေးတွင်ရှိနေသော တောင်စောင်းတွင် ဖြစ်ပျက်သမျှကို ရှင်းလင်းစွာ မြင်နေရသည်။

လတ်တလော ဖြစ်ပွားနေသည့် အဖြစ်အပျက်များအား မြင်တွေ့ပြီးနောက်တွင် သူတို့နှစ်ဦးမှာ အချိန်ကြာမြင့်စွာ ဆွံ့အနေမိကြသည်။

“အဲဒီနှစ်ယောက်က အန်လင်းနဲ့ လျှိုချင်ဟွမ် မဟုတ်လား” ဩဂတ်စ်မှပြောသည်။

ရှယ်လီ အသက်မဲ့စွာဖြင့် ခေါင်းညိတ်လိုက်သည်။

ဩဂတ်စ်မှာ အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် “သူတို့က ရွှေသောက်တော်ရေခွက်ကို စောင့်နေတဲ့ စစ်မိစ္ဆာနဲ့ ပျော်ပျော်ပါးပါးကြီး တက်ညီလက်ညီ စကားပြောနေတာ တကယ်ကြီးလား”

ရံဖန်ရံခါတွင် ထိုလူနှစ်ဦးနှင့် ပျော်ရွှင်ရယ်မောနေသည့် မိန်းမငယ်လေးအား ကြည့်ကာဖြင့် ရှယ်လီသည် တွေဝေစွာဖြင့် ခေါင်းညိတ်လိုက်ပြန်သည်။

ဤသို့ဖြင့် သူတို့နှစ်ဦးသည် တောင်စောင်းတွင် ဖြစ်ပျက်နေသည်များအား ကြေးမုံမှတစ်ဆင့် အချိန်ကြာမြင့်စွာ ကြည့်ရှုနေကြလေသည်။

“ရွှေသောက်တော်ရေခွက်ကို စောင့်ကြပ်နေတဲ့ စစ်မိစ္ဆာရဲ့ စွမ်းအားက ကျော်လွန်ဖို့ လုံးဝမဖြစ်နိုင်ဘူး” ဩဂတ်စ်သည် မျှော်လင့်ချက်မဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ “အခုတော့ ကောင်းကင်ဘုံပိုင်နက်ရဲ့ ကိုယ်စားလှယ် နှစ်ယောက်က သူမနဲ့တောင် ပူးပေါင်းလိုက်သေးတယ်။ ဒါက လုံးဝကို လူမဆန်တာပဲ”

တောင်စောင်းတွင်မူ ဘုရင်မကြီးသည် သူမ၏ အစောင့်အရှောက် နှစ်ဦးအား အင်ပါယာနန်းတော်ထံ ခေါ်ဆောင်သွားရန် ဆုံးဖြတ်လိုက်သည်။

သူတို့သုံးဦးသည် တောင်စောင်းအတိုင်း ပျံတက်သွားကြသည်။ ထို့နောက်တွင် မိန်းမငယ်လေးသည် သူမ၏ သေးသွယ်သွယ် လက်ကလေးအား ဝှေ့ယမ်းလိုက်သည့်အခါ တောင်ထိပ်ရှိ တစ်စုံတစ်ခု  ပယ်ရှားသွားလေသည်။ ရေခဲနှင့်နှင်းများ ပျောက်ကွယ်သွားပြီးနောက် တောင်ထိပ်၏ အစစ်အမှန်ပုံရိပ် ထွက်ပေါ်လာသည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်လာကြသည်။ သူတို့မြင်လိုက်ရသည့် အရာမှာ တောင်ထိပ်ပြင်တွင်ရှိနေသည့် ကျောက်တုံးများပင်ဖြစ်သည်။ ပြောရမည်ဆိုလျှင် ထိုကျောက်တုံးများ တည်ရှိနေပုံမှာ တောင်တစ်ခုလုံးအား သရဖူ ဆောင်းထားသကဲ့သို့ပင်။

“ဘုရင်မတောင်ထိပ် မှ ကြိုဆိုပါတယ်”

တောင်ထိပ်သို့ ဆင်းသက်လိုက်သည့်အခါ မိန်းကလေးသည် သူတို့နှစ်ဦးအား ပျော်ရွှင်စွာ ကြိုဆိုလေသည်။

တောင်ထိပ်သည် အလွန်ကျယ်ပြန့်ပြီး ရေကန်များ သဘာဝပေါက်ပင်များလည်း ရှိသည်။ တောင်ထိပ်အလယ်တွင် အဖြူရောင် နန်းတော်တစ်ခု ရှိသည်။ သေးငယ်လှပပြီး လက်ရာမြောက်လှသည်။ အထူးသဖြင့် ခမ်းနားလှသည်။

အန်လင်းသည် ပတ်ပတ်လည်အား လှည့်ပတ် ကြည့်ပြီးနောက်တွင် စပ်စပ်စုစု မေးလေသည်။ “ဒီနေရာကို အပြင်ဘက်ကနေ မမြင်ရဘူးနော်။ ထင်ယောင်ထင်မှား ဖြစ်စေတဲ့ ဝင်္ကပါအပြင် တခြား ကာကွယ်ရေး ဝင်္ကပါတွေ ရှိသေးတာလား”

မိန်းမငယ်လေးသည် ခေါင်းယမ်းလိုက်ပြီးနောက် “ငါက အရမ်းသန်မာတယ်လေ။ အဲဒါကြောင့် ရှုပ်ရှုပ်ယှက်ယှက် ဝင်္ကပါတွေ မလိုအပ်ပါဘူး။ အဲဒီအပြင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ဘယ်သူကမှ ငါ့ရဲ့သရဖူကို ယူမသွားနိုင်ဘူးလေ”

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် ထိုအကြောင်းအား ကြားလိုက်ရသည့်အခါတွင် တဆတ်ဆတ် တုန်လာကြသည်။ “အရင်က ကြုံခဲ့တဲ့သူတွေက ကျွန်တော်မျိုးမတို့နဲ့ တူတယ်ဟုတ်လား” လျှိုချင်ဟွမ်သည် မသက်မသာဖြစ်စွာဖြင့် မေးလိုက်သည်။

“သေချာတာပေါ့။ ငါ့ကို နလပိန်းတုံးလို့များ ထင်နေတာလား။ ငါတို့ သောက်တော်ရေခွက် စစ်မိစ္ဆာတွေက နဂါးသွေးကြောနဲ့ လင်းဟွမ် သောက်တော်ရေခွက်တို့ကနေ ဖြစ်ပေါ်လာတာ။ တကယ်လို့ ငါတို့တွေ သတ်ဖြတ်ခံလိုက်ရရင်တောင် ပြန်လည်မွေးဖွားနိုင်တယ်။ ဒါပေမဲ့လည်း ဒီဘုရင်မကြီးက တစ်ခါလေးတောင် ရှုံးနိမ့်ခြင်းကို မကြုံတွေ့ဖူးသေးဘူး”

ထိုသို့ပြောရင်းဖြင့် သူမ၏ အပြုအမူများသည် လွန်စွာအထီးကျန်နေဟန် ဖြစ်လာသည်။ ခေါင်းမော့ကာဖြင့် သက်ပြင်း ချလိုက်ပြီးနောက်တွင် “ဒီဘုရင်မကြီးက လူပေါင်းများစွာကို ရှင်းပစ်ခဲ့တယ်။ ဘယ်လောက်တောင် စွမ်းအားကြီးတဲ့ သက်ရှိတွေနဲ့ ကြုံတွေ့ခဲ့ရသလဲ သိလား”

ထိုသည်ကို ကြားသည့်အခါတွင် အန်လင်းနှင့် လျှိုချင်ဟွမ်တို့မှာ စကားပင် မပြောရဲတော့ချေ။ မည်သည်ကို ရည်ရွယ်မှန်း သူတို့သိသည်။ များပြားလှစွာသော ပါရမီရှင်များကို ရည်ညွှန်းနေခြင်းဖြစ်သည်။

ကနဦးတွင် အန်လင်းသည် ရွှေသောက်တော်ရေခွက်အား နောက်ဆုံးအခိုးခံရသည့် အချိန်ကို မေးမြန်းလိုသည်။ မည်သည့်အချိန်က အခိုးခံရပြီး မည်သူရရှိသွားသနည်းဟု မေးလိုခဲ့သည်။ သို့သော်လည်း ထိုမေးခွန်းသည် သူမအား စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်မိသည်။ သူမ၏ လက်သီးဖြင့် ပြန်ဖြေလာလျှင် မည်သို့လုပ်ရမည်နည်း။

စိတ်ထဲတွင်သာ ထားကာဖြင့် သူ၏သိလိုစိတ်အား ချိုးနှိမ်လိုက်သည်။

နန်းတော်အတွင်းသို့ ဝင်ရောက်လိုက်ကြသည်။ အပြင်ဘက်မှကြည့်လျှင် လွန်စွာလက်ရာမြောက် လှပသော်လည်း အတွင်းတွင်မူ လွန်စွာရိုးရှင်းလှသည်။ သာမန်အပြင်အဆင်နှင့် ပရိဘောဂများသာလျှင် ရှိနေသည်။ အဖိုးတန်အရာ တစ်ခုမျှပင် ရှိမနေချေ။

“ထိုင်ကြလေ။ ငါ... ငါ နင်တို့အတွက် လက်ဖက်ရည် ယူလာခဲ့ပေးမယ်” အန်လင်းတို့နှစ်ဦး ထိုင်ချလိုက်သည်ကို မြင်သည့်အခါ မိန်းကလေးသည် နေရာအနှံ့ လက်ဖက်ရည်ခွက်အား ရှာဖွေတော့သည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့ အကြည့်ခြင်း ဖလှယ်လိုက်ကြသည်။ အချင်းချင်း မျက်လုံးများမှတစ်ဆင့် အလွန် အံ့အားသင့်နေမိကြသည်ကို တွေ့လိုက်ရသည်။ ဘုရင်မကြီးသည် သူတို့အတွက် လက်ဖက်ရည် ပြင်ဆင်ပေးနေသည်လား။ ယင်းမှာ မည်သည်ကို ဆိုလိုသနည်း။

မိန်းကလေးသည် သူတို့အား ကြည့်မနေချေ။ ထို့အစား လက်ဖက်ရည်ခွက်များကို ချရင်းဖြင့် လက်ဖက်ရွက်များကို ဆေးလိုက်သည်၊ လက်ဖက်ရည်ခွက်ထဲ ထည့်ပြီးနောက် လက်ဖက်ရည် လောင်းထည့်လိုက်သည်။

ထို့နောက်တွင် တစ်စုံတစ်ခုအား သတိပြုမိသကဲ့သို့ သူမ၏ မျက်နှာလှလှလေးမှာ အနည်းငယ် နီမြန်းလာသည်။ လက်ဖက်ရည်ခွက်အား ညွှန်ပြပြီးနောက် ဣန္ဒြေကြီးသည့်ဟန်ဖြင့် “သောက်ကြပါဦး”

“ကောင်းပါပြီ”

အန်လင်း ခေါင်းညိတ်ကာဖြင့် လက်ဖက်ရည်တစ်ငုံ ယူသောက်လိုက်သည်။

လွန်စွာ ရနံ့ပြင်းလှသည်။ အလေ့ကျအပင်များမှ ခူးဆွတ်ထားသည့် သစ်ရွက်များဖြင့် ပြုလုပ်ထားသည်နှင့် တူလှသည်။

တစ်စုံစီ သောက်ပြီးကြသည်ကို မြင်သည့်အခါ မိန်းကလေး ပြုံးလိုက်သည်။ ထို့နောက်တွင် စိတ်လှုပ်ရှားစွာဖြင့် “ဒီဘုရင်မကြီး ပြင်ပေးတဲ့ လက်ဖက်ရည်က ဘယ်လိုလဲ”

“အရသာရှိတယ်”

အန်လင်းနှင့် လျှိုချင်ဟွမ်တို့ သံပြိုင်အော်လိုက်ကြသည်။

“ဒီဘုရင်မကို လိမ်မနေနဲ့။ နင်တို့နှစ်ယောက် လိမ်နေတာ ငါသိတယ်”

အန်လင်း : “…”

လျှိုချင်ဟွမ် : “…”

“ဒါပေမဲ့လည်း နင်တို့ကို သောက်စေချင်တုံးပဲ။ ငါ့ဆီကို နောက်ဆုံးအကြိမ် ဧည့်သည် လာလည်ခဲ့တာ အတော်လေး ကြာခဲ့ပြီ။ ငါလည်းပဲ အိမ်ရှင်တွေရဲ့ ဝတ္တရားတွေ လုပ်ချင်တယ်”

တကယ်တော့ ရေပဲပေးသင့်တာ။ အန်လင်းသည် ထိုအကြောင်းကို ထုတ်မပြောတော့ချေ။

လျှိုချင်ဟွမ်သည် သူမအား သနားဂရုဏာသက်စွာဖြင့် ကြည့်လိုက်သည်။ “အဲဒီတော့ ဒီမှာနေရတာ အရမ်း ပျင်းနေမှာပဲနော်။ ဟုတ်တယ်မလား”

“ပျင်းတယ်ရယ်လို့တော့လည်း မဟုတ်ပါဘူး။ နေ့တိုင်း အမဲလိုက်တယ်။ အရသာရှိတဲ့ အသားတွေ စားတယ်။ ညဘက်ဆိုရင် ကြယ်တွေလတွေ ကြည့်တယ်။ ငါးနှစ်တစ်ကြိမ် နင်တို့လိုလူတွေ ရောက်လာပြီး တိုက်ခိုက်ရတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်” မိန်းကလေးသည် သူမ၏ လက်ချောင်း သွယ်သွယ်များဖြင့် သူမ သဘောကျ နှစ်သက်သည့် အရာများအား ရေတွက်နေလေသည်။

အန်လင်း : “…”

လျှိုချင်ဟွမ် : “…”

သူမ မည်သည့်စကားမျှ မဆိုလျှင်ပင် ကောင်းဦးမည်။ သူမပြောဆိုနေသည့် အရာများအား နားထောင်ပြီးသည့် နောက်တွင် သူမ၏ နေ့ရက်များမှာ လွန်စွာ ပျင်းရိ ငြီးငွေ့ဖွယ်အတိ ဖြစ်သည်။

သူမ၏ ပျင်းရိမှုများ ပြေပျောက်စေရန်အတွက် လျှိုချင်ဟွမ်သည် မိုဘိုင်းဖုန်းတစ်လုံး လက်ဆောင် ပေးလိုက်သည်။ ဘုရင်မကြီးအတွက် သူမ၏ လက်ဆောင်ပဏ္ဏာဖြစ်သည်။

မိန်းကလေးသည် သူမ၏ လက်ဆောင်အား ငြင်းပယ်ခြင်းမရှိပေ။ ထို့အပြင် အတော်လေး စိတ်လှုပ်ရှားစွာဖြင့် လက်ခံယူလိုက်သည်။

သူမသည် ဖုန်းအား လက်ကလေးများဖြင့် ကိုင်ထားပြီးနောက် “တခြားသူတွေလည်း နင်တို့လိုမျိုး အမျှော်အမြင်ရှိပြီး နားလည် သဘောပေါက်တတ်ကြရင် သိပ်ကောင်းမှာပဲ”

သူမ၏မျက်လုံးထဲတွင် မိုဘိုင်းဖုန်းမှာ ရှားပါးရတနာတစ်ပါးနှင့် တူလှသည်။ သူမသည် အပြုံးကြီးကြီး ချိတ်ဆွဲလျက်နှင့် မိုဘိုင်းဖုန်းအား တောက်ပသည့် မျက်လုံးများဖြင့် ကြည့်နေလေသည်။

ထိုသို့ဖြင့် သူတို့သုံးဦးသားသည် နောက်ဆုံးတိုက်ပွဲအား ပျော်ရွှင်စွာဖြင့် စောင့်ကြိုနေကြလေသည်။

*****

All Chapters