← Chapters

အဆုံးအဖြတ်တိုက်ပွဲ

Vol. 16 Ch. 219

အဆုံးအဖြတ်တိုက်ပွဲ

Vol. 16 Ch. 219

ညဉ့်အမှောင်ထုထဲတွင် လူငါးဦးသည် ပုန်းအောင်းကာဖြင့် တောင်ထိပ်ရှိ သရဖူအား အေးစက်စွာ ကြည့်နေကြလေသည်။

တုန်ယန်၊ ဩဂတ်စ်၊ ရှယ်လီ၊ ချင်ကျစ်နှင့် ချင်ရှင်းတို့ ပူးပေါင်းလိုက်ကြပြီ ဖြစ်သည်။

ထိုအချိန်တွင် သူတို့အားလုံးတို့သည် အသင်းအဖွဲ့တစ်ခုအနေဖြင့် ရှိနေကြသည်။ အကြောင်းမှာ ရွေးချယ်စရာ မရှိခြင်းကြောင်း ထိုသို့ပြုလုပ်ရခြင်း ဖြစ်သည်။ မည်သည့်အဖွဲ့မဆို ရွှေသောက်တော် ရေခွက်အား ရရှိလိုစိတ် ရှိကြသည်။

ယခုတွင်မူ သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သူတို့၏ အင်အားများကို စုပေါင်းရန်သာလျှင် ဖြစ်သည်။

ဩဂတ်စ်သည် ထိုမိန်းကလေး၏ အဖျက်အစီး စွမ်းအားများကို မျက်မြင်တွေ့ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူတို့၏ သုံးနိုင်ငံ မဟာမိတ်အဖွဲ့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား မထားပေ။

ရွှေသောက်တော်ရေခွက်၏ စစ်မိစ္ဆာသည် သူတစ်ဦးတည်းပင်လျှင် လွန်စွာကြောက်ရွံ့ဖွယ် ဖြစ်သည်။ ယခုတွင်မူ ယင်းသည် အန်လင်း၊ လျှိုချင်ဟွမ်တို့နှင့်ပင် ပူးပေါင်းလိုက်သေးသည်။

ထိုအကြောင်းအား စဉ်းစားမိသည့်အခါ ဩဂတ်စ်သည် သက်ပြင်းမောသာ ချမိတော့သည်။ ချင်ကျစ်၏ လျှို့ဝှက် စွမ်းအားကြောင့်သာ မဟုတ်ခဲ့လျှင် မျှော်လင့်ချက်အားလုံးကို စွန့်လွှတ်ပစ်လိုက်မည် ဖြစ်သည်။

ချစ်ကျစ်၏ လျှို့ဝှက်စွမ်းအားသည် ငွေသောက်တော်ရေခွက်အား စောင့်ကြပ်နေသည့် စစ်မိစ္ဆာကိုပင် အနိုင်ယူနိုင်ခဲ့သည်။ ကံကောင်းသည်မှာ ၎င်းစွမ်းအားကို ပြန်လည် အသုံးပြုနိုင်နေခြင်း ဖြစ်သည်။ ဩဂတ်စ်၏ ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါနှင့် တွဲဖက် အသုံးပြုမည်ဆိုလျှင် သက်ရောက်မှုကို မြင့်တက်သွားစေနိုင်သည်။ ယခုအခါတွင် သူတို့၏ အားကိုးရန်မှာ ထိုအရာသာလျှင် ဖြစ်သည်။

တုန်ယန်သည် နှင်းငှက်တစ်ကောင် ထုတ်ဖော်ကာ တောင်ထိပ်သို့ ပျံသန်းစေလိုက်ပြီး အခြေအနေအား ကြည့်ရှုစေလိုက်သည်။

“တောင်ထိပ်မှာ ဘာဝင်္ကပါမှ အာရုံမခံမိဘူး။ ဖုံးကွယ်ထားတဲ့ ဝင်္ကပါကိုတောင် ဖယ်ရှားထားတယ်။ ကြည့်ရတာ သူတို့က ငါတို့ရောက်လာမှာကို စောင့်နေကြပုံပဲ” တုန်ယန်သည် နှင်းငှက်အား အသုံးပြုကာဖြင့် တောင်ထိပ်တစ်ခုလုံးကို ထောက်လှမ်းစေပြီး အခြေအနေအား ပြန်ပြောလိုက်သည်။

ဩဂတ်စ်မှာ ခါးသီးစွာဖြင့် ပြုံးလိုက်သည်။ “ကောင်းပြီ။ သူတို့က လုံးဝမကြောက်ဘူးဆိုတာ ပြနေတာပဲ။ အဲဒီလိုမျိုး စွမ်းအားနဲ့ဆိုရင် သူတို့အနေနဲ့ တခြားလှည့်ကွက်တွေ ဗျူဟာတွေ လိုနေစရာလား။ ခွန်အားသက်သက်နဲ့တင် ငါတို့ကို ဖိကြိတ်ပစ်နိုင်တယ်”

“အဲဒီဟာကို အသုံးပြုလိုက်တဲ့ အချိန်တိုလေး အတွင်းမှာတော့ ငါတို့ရဲ့စွမ်းအားက သူမထက် အားနည်းနေမှာ မဟုတ်ဘူး။ အဲဒါကို အခွင့်ကောင်းယူပြီး သူမကို ဖမ်းရမယ်။ ဒါဆိုရင် နိုင်နိုင်ချေ ရှိလာလိမ့်မယ်” ချင်ကျစ်သည် လက်အုပ်ချီကာဖြင့် တည်ငြိမ်စွာပြောသည်။ သူ၏အမူအရာမှာ တည်ငြိမ်စွာဖြင့်ရှိနေပြီး လေသံမှာလည်း ယုံကြည်စိတ်ချမှုရှိကြောင်း သိသာလှသည်။

ဩဂတ်စ်သည် ချင်ကျစ်၏ ဝှက်ဖဲအား တစ်ခါမျှပင် မမြင်ဖူးခဲ့ချေ။ သို့သော်လည်း သူ၏ယုံကြည်ချက်နှင့် တည်ငြိမ်သည် အပြုအမူသည် သူတို့အဖွဲ့၏ စိတ်ဓာတ်ကို မြှင့်တင်ပေးနိုင်သည်။

တိုက်ပွဲဗျူဟာကို ဆွေးနွေးပြီးသည့် နောက်တွင် သူတို့ငါးဦးသည် တောင်ထိပ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာကြလေသည်။

တောင်ထိပ်မှာ လွန်စွာ တိတ်ဆိတ်လျက်ရှိသည်။ အေးစက်စက်လေများ တိုက်ခတ်လျက်ရှိပြီး နူးညံ့ညင်သာလှသည်။

ဆင်းသက်လိုက်သည့် အခါတွင် သူတို့ငါးဦးမှာ သေးငယ်လှပပြီး လက်ရာမြောက်စွာ ဆောက်လုပ်ထားသည့် နန်းတော်တစ်ခုအား မြင်လိုက်ရသည်။ သူတို့၏ ခြေဖဝါးအောက်တွင် အပြာရောင် ဝင်္ကပါတစ်ခု ပေါ်လာသည်။

သူတို့သည် ထောင့်ငါးထောင့်တွင် အသီးသီး ရပ်လျက်ရှိကြသည်။ ထောင့်အသီးသီးမှ တောက်ပရွှန်းစိုသည့် အလင်းတန်းငါးရောင် ထွက်ပေါ်နေလေသည်။ လေထုအလယ်တွင် အဖြူရောင် ငှက်မွေးတောင်များ ရှိနေပြီး သန့်စင်မြင့်မြတ်သည့် အော်ရာများသည် ပတ်ဝန်းကျင်တစ်လျှောက် စီးဆင်းသွားလေသည်။

“ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါကို အသက်သွင်းလိုက်ပြီ။ ငါတို့တိုက်ခိုက်ချိန်ကျ မင်းတို့ရဲ့ နေရာတွေကို ဂရုစိုက်ကြနော်” ဩဂတ်စ်၏ မျက်လုံးထဲတွင် သန့်စင်သည့် အလင်းတန်းများ တောက်ပလာပြီး သူ၏အော်ရာမှာလည်း လုံးဝ ပြောင်းလဲသွားလေသည်။

သူ၏ခန္ဓာကိုယ်မှ စွမ်းအားကြီးအော်ရာများ စတင်ထွက်ပေါ်လာပြီး ဟင်းလင်းပြင်အား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ အဖြူရောင် လေမုန်တိုင်းသည် ဒြပ်စင်ငါးခု၏ စွမ်းအားနှင့် ပေါင်းစပ်သွားပြီး သူ၏အော်ရာမှာလည်း ပိုမိုကြောက်မက်ဖွယ်ရာ ဖြစ်လာသည်။

နတ်ဘုရားပြစ်ဒဏ် _ အံ့ဖွယ်အလင်းလေပွေ။

အကန့်အသတ်မဲ့သည့် စွမ်းအားများ ပါဝင်သော အလင်းတန်းတစ်ခုသည် ကောင်းကင်ထက်မှ အဖြူရောင် နန်းတော်ထံ ကျဆင်းလာလေသည်။

ဘုန်း ...

လက်သီးချက်တစ်ခု ထွက်ပေါ်လာပြီး အကန့်အသတ်မဲ့ စွမ်းအားများပါဝင်သည့် အလင်းတန်းအား ဖြိုခွင်းလိုက်လေသည်။

တစ်ချိန်တည်းမှာပင် မိန်းမငယ်လေးသည် နန်းတော်ဝင်ပေါက်တွင် ပေါ်လာလေသည်။ သူမသည် ဩဂတ်စ်နှင့် အခြားသူများအား အေးစက်စက်ဖြင့် ကြည့်လိုက်သည်။

“နင်တို့က ရောက်လာလာချင်းပဲ ဒီဘုရင်မကြီးရဲ့ အိမ်ကို ဖျက်ဆီးပစ်ချင်တယ်ပေါ့” အေးစက်စွာဖြင့် မေးလိုက်သည်။

ထိုမိန်းကလေးသည် သူ၏ စွမ်းအားပြင်း တိုက်ကွက်အား ဖြိုခွင်းလိုက်သည်ကို မြင်သည့်အခါ ဩဂတ်စ်၏အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

မည်သည့်စကားမျှ မဆိုဘဲ မိန်းကလေးထံ ပြေးဝင်သွားလေသည်။ တစ်ချိန်တည်းမှာပင် ကျန်ရှိနေသည့် လေးဦးစလုံးသည်လည်း သူနှင့်အတူ ပြေးလာကြသည်။ သူတို့၏ ရည်ရွယ်ချက်မှာ လွန်စွာထင်ရှားလှသည်။ မည်သည့်စကားမျှ မဆိုတော့ဘဲ ဤနေရာသို့ တိုက်ခိုက်ရန်သာ ရောက်လာကြခြင်း ဖြစ်သည်။

တုန်ယန်သည် ရေဒြပ်စင်နေရာတွင် ရပ်နေခြင်းဖြစ်သည်။ တုန်ယန်သည် သူမ၏အတောင်ပံများကို ခတ်လိုက်သည့်အခါ ပြင်းထန်သည့် လှိုင်းများသည် မိန်းကလေးထံသို့ ဦးတည်လာလေသည်။

တုန်ယန်သည် ဤမျှလောက် စွမ်းအားကြီးသည့် အင်မော်တယ်မန္တန်အား အသုံးပြုဖူးခြင်း မရှိချေ။ သို့သော်လည်း ဒြပ်စင်ငါးခု နတ်မိမယ်ဝင်္ကပါ၏ ထောက်ပံ့မှုကြောင့် တုန်ယန်သည် ထိုစွမ်းအားကို ယာယီအသုံးပြုနိုင်မည် ဖြစ်သည်။

မီးဒြပ်စင်နေရာရှိ ချင်ရှင်းသည် မိန်းမငယ်လေးထံ ဗာဂျရာလက်ဝါးချက် ထုတ်လွှတ်လိုက်သည်။ ထိုရွှေရောင် လက်ဖဝါးချက်သည် အဆက်မပြတ် ကြီးထွားလာလေသည်။ ဗုဒ္ဓ၏ အမြင့်ဆုံးသော ဉာဏ်အလင်းများပါဝင်နေပြီး ယင်း၏စွမ်းအားမှာ ဟုန်းဟုန်းတောက်နေသည့် မီးအော်ရာထက်ပင် ပိုမိုစွမ်းအားပြင်းထန်သည်။

ရှယ်လီသည် အဖြူရောင်စောင်းကောက်အား ထုတ်ယူလိုက်ပြီး ပန်းပွင့်များအကြား ကူးလူးပျံဝဲနေသည့် လိပ်ပြာများသဖွယ် သူမ၏ လက်ချောင်းသွယ်သွယ်များဖြင့် စောင်းကြိုးများကို တီးခတ်လိုက်သည်။ သံစဉ်လှိုင်းများသည် ထောင်ပေါင်းများစွာသော အဖြူရောင်မြားတံများ အဖြစ်သို့ ပြောင်းလဲသွားပြီး မိန်းကလေးထံ မိုးပေါက်များသဖွယ် ကျဆင်းလာသည်။

ကောင်းကင်နှင့် မြေပြင်အကြားမှ အင်မော်တယ်မန္တန် အများအပြား ဆင်းသက်လာသည်ကို မြင်သော်လည်း မိန်းကလေး၏ အမူအရာမှာ အနည်းငယ်မျှပင် ပြောင်းလဲသွားခြင်း မရှိချေ။ ထို့အစား သူမသည် နှစ်လိုဖွယ်ကောင်းစွာ ခြေလှမ်းလိုက်ပြီး ရိုးရှင်းသည့် လက်သီးချက်ကိုသာလျှင် ထုတ်ဖော်လိုက်သည်။

လက်သီးအရှေ့ရှိ လေထုမှာ လက်သီးမှ ထွက်ပေါ်လာသည့် အဖျက်အစီး စွမ်းအားကြောင့် အနည်းငယ် ပုံပျက်သွားသည်။

ဘုန်း။ ကောင်းကင်နှင့်မြေပြင် တုန်ခါလာပြီး လက်သီးချက်မှာ ရှေ့သို့တစ်ဟုန်ထိုး သွားနေလေသည်။

လက်သီးတွင်ပါဝင်သည့် စွမ်းအားသည် လှိုင်းလုံးများကို ပြိုကွဲသွားစေပြီး ဗာဂျရာလက်ဝါးအား ပျက်စီးသွားစေသည်။ ထို့အပြင် အဖြူရောင် မြားတံများကိုလည်း အပိုင်းပိုင်းအစစ ဖြစ်ကာ လွင့်ပါးသွားစေသည်။ နောက်ဆုံးတွင် ယင်းသည် ဩဂတ်စ်ထံသို့ ရောက်ရှိလာသည်။

ဩဂတ်စ်သည် လေးနက်မှုအပြည့်ဖြင့် ရှိနေပြီး အော်ဟစ်လိုက်သည်။ ထို့နောက်တွင် လက်သီးချက်တစ်ခု ထုတ်ဖော်လိုက်လေသည်။

အဝေးမှနေ နားကွဲလုမတတ် ပေါက်ကွဲသံ ထွက်ပေါ်လာပြီး စွမ်းအင်များ တိုက်မိရာမှ မြေပြင်အား အက်ကွဲသွားစေသည်။ ဩဂတ်စ်၏လက်သီးမှ သွေးများပန်းထွက်လာပြီး သွေးတစ်လုတ်အန်ကာ နောက်ဆုတ်လိုက်ရသည်။

ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ခြင်း မပြုရသေးသော်လည်း ထိုမိန်းကလေးမှာ အမှန်တကယ်ကိုပင် စဉ်းစား မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသည်။

ယခုအခါတွင် သူတို့အားလုံးသည် ထိုအဖျက်အဆီး စွမ်းအားနှင့် ရင်ဆိုင် ကြုံတွေ့နေကြရပြီ ဖြစ်သည်။

လက်သီး တစ်ချက်တည်းနှင့်ပင် တုန်ယန်၊ ချင်ရှင်းနှင့် ရှယ်လီတို့၏ ပူးပေါင်းတိုက်ခိုက်မှုအား ဖြိုခွင်းနိုင်သည်သာမက ဩဂတ်စ်ကိုပါလျှင် ဒဏ်ရာရသွားစေလေသည်။

စိတ်ဓာတ်ပိုင်းအရ ပြင်ဆင်ထားပြီး ဖြစ်သော်လည်း ထိုစွမ်းအားနှင့် အမှန်တကယ် ရင်ဆိုင်ရသည့်အခါတွင် တုန်လှုပ်မိကြဆဲ ဖြစ်သည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည်လည်း နန်းတော်ထဲမှ ထွက်လာကြသည်။ သူတို့ဘုရင်မကြီး၏ မြေပြင်အား အက်ကွဲသွားစေနိုင်သည့် လက်သီးချက်အား မြင်တွေ့ရသည့်အခါ သူမ၏ဘေးတွင် ရပ်ကာဖြင့် အံ့ဩတကြီး ဖြစ်နေကြလေသည်။

အစီအစဉ်များ အတိုင်းသာ ဖြစ်ပွားနေဦးမည်ဆိုလျှင် သူတို့နှစ်ဦးသည် ဘေးတွင်ရပ်ကာဖြင့် သူမအား အားပေးဖို့ရန်သာ လိုပေသည်။

ရှယ်လီသည် သူမ၏ စောင်းကောက်အား နောက်တစ်ဖန် တီးခတ်လိုက်ပြန်သည်။ အစိမ်းရောင် အလင်းများသည် ဩဂတ်စ်ထံသို့ ရောက်ရှိသွားလေသည်။ အလွန်အားကောင်းသည့် အသက်စွမ်းအားများ ထွက်ပေါ်လာပြီး ဩဂတ်စ်၏ ဒဏ်ရာများအား ကုစားပေးနေလေသည်။

သို့သော်လည်း မိန်းကလေးသည် သူတို့အား အသက်ရှူခွင့်ပင် မပေးလိုကြောင်း ထင်ရှားလှသည်။ ခြေဆောင့်လိုက်ပြီး နောက်တွင် အသံ၏အမြန်နှုန်းဖြင့် ဩဂတ်စ်အနီးသို့ ဦးတည်သွားလေသည်။

“တမန်တော်”

ဩဂတ်စ် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏အဖွဲ့သားအားလုံး အသိပြန်လည်လာကြသည်။ ထို့နောက်တွင် ဝင်္ကပါမှတစ်ဆင့် သူတို့၏စွမ်းအားများကို ဩဂတ်စ်ထံသို့ ပို့လိုက်ကြသည်။

ရုတ်တရက်ဆိုသလို ဝင်္ကပါပတ်လည်ရှိ အဖြူရောင်ငှက်မွေးများ အားလုံး တုန်ခါလာကြသည်။ ထို့နောက်တွင် ငှက်မွေးအားလုံး လျင်မြန်စွာ ပေါင်းစပ်သွားပြီး တောက်ပသည့် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။

မိန်းကလေးသည် ဩဂတ်စ်၏ အပေါ်သို့ ရောက်ရှိနှင့်ပြီးဖြစ်ကာ သူမ၏ သေးသွယ်သွယ် လက်သီးဖြင့် ထိုးနှက်လိုက်လေသည်။

တစ်ချိန်တန်းမှာပင် ဩဂတ်စ်၏ နောက်ကျောဘက်မှ ခမ်းနားကြီးကျယ်သည့် အလင်းတန်းတစ်ခု ရုတ်တရက် ထွန်းလင်းလာသည်။

ထိုအလင်းတန်းများသည် ညအချိန်တွင် ထွန်းလင်း တောက်ပလျက်ရှိသည့် နေမင်းနှင့်ပင် တူလှသည်။ ထိုအဆုံးမဲ့သည့် အလင်းတန်းများ အလယ်တွင် ရုတ်တရက်ဆိုသလို တမန်တော်တစ်ပါး ပေါ်ထွက်လာသည်။ ယင်းသည် လက်သီးအား မြှောက်လိုက်ပြီး မိန်းကလေးထံ ထိုးနှက်လိုက်လေသည်။

လက်သီးနှစ်ခု တိုက်မိသည့်အခါ ကောင်းကင်နှင့်မြေပြင်မှာ ရုတ်တရက် တိတ်ဆိတ်သွားလေသည်။

မိန်းကလေးနှင့် ဩဂတ်စ်တို့မှအပ လူတိုင်းသည် ဖော်ပြ၍ မရနိုင်လောက်သော မွန်းကြပ်မှုအား ခံစားကြရသည်။

စွမ်းအင်နှစ်ခု ပေါက်ကွဲရာမှ မီတာထောင်ချီ၍ ပေါက်ကွဲမှုများ ထွက်ပေါ်လာသည်။ တောင်ထပ်ရှိ သစ်ပင်များ အပင်ငယ်များ အမြစ်လန်သွားကြသည်။

မိန်းကလေးသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ ဩဂတ်စ်၏ နောက်ကျောဘက်ရှိ တမန်တော်အား ကြည့်ကာဖြင့် သူမ၏မျက်နှာတွင် အံ့ဩမှုများ ပေါ်ထွက်လာသည်။ ပထမဆုံးအကြိမ် သူမအား နောက်ဆုတ်ရန် တစ်စုံတစ်ယောက်မှ ဖိအားပေးနိုင်ခြင်း ဖြစ်သည်။

ဩဂတ်စ်သည် အေးစက်သည့် အမူအရာဖြင့် ရှိနေပြီး သူ၏အော်ရာသည် ပို၍ပင် သိမ်မွေ့လေးနက်လာသည်။ သူ၏နောက်ကျောရှိ တမန်တော်မှာလည်း ပိုမိုခိုင်ကျည်လာပြီး ပတ်ဝန်းကျင်အား ကြောက်မက်ဖွယ်ရာ စွမ်းအားများ ထုတ်လွှတ်နေလေသည်။

“မြန်မြန်လုပ်မယ်”

ဩဂတ်စ်သည် တည်ငြိမ်စွာဖြင့် ပြောရင်း မိန်းကလေးထံ လှမ်းလိုက်သည်။

ချင်ကျစ်၏ ခန္ဓာကိုယ်ပတ်လည်တွင် ရွှေရောင်သင်္ကေတများ ကခုန်လျက်ရှိပြီး ဗုဒ္ဓရောင်ခြည်စက်ဝန်း ပေါ်ထွက်လာသည်။ “အဆင်သင့်ဖြစ်ပြီ” ခေါင်းညိတ်ကာဖြင့် ဆိုသည်။ “စလိုက်တာပေါ့”

ရွှေသောက်တော်ရေခွက် တိုက်ပွဲ အမှန်တကယ် စတင်လေပြီ။

******

All Chapters