← Chapters

ငါ သိပ်စိတ်မဝင်စားဘူး

Vol. 27 Ch. 389

ငါ သိပ်စိတ်မဝင်စားဘူး

Vol. 27 Ch. 389

လင်ယွဲ့၏ချိတ်တံဆိပ်များက ရှန်းထူကျွင်းနှင့် ဆင်တူလေပြီး စတင်သဏ္ဍာန်ဖွဲ့စည်းကာ ပုံစံမျိုးစုံ ပြောင်းလဲသည်။ ထိုချိတ်တံဆိပ်များက တစ်ခါတစ်ရံတွင် သိမ်းငှက်ပမာ ပျံသန်းနေပြီး တစ်ခါတစ်ရံတွင်မူ ပျက်စီးခြင်းသားရဲများ ကဆုန်စိုင်းကာ ပြေးလွှားနေသည့်ပမာပင်။

ရှန်းထူကျွင်းနှင့် လင်ယွဲ့တို့၏ ချိတ်တံဆိပ်များ တစ်ခုနှင့်တစ်ခု နီးကပ်လာချိန်တွင် ဝင်တိုက်မိကာ မီးပွားမျအဖြစ် ပေါက်ကွဲသွားလေသည်။

မှော်စာလုံးအများစုသည် တစ်ခုနှင့်တစ်ခု ဝင်တိုက်မိပြီးနောက် သေးငယ်သော အပိုင်းအစများအဖြစ် ပြောင်းလဲသွားကြလေ၏။

ပျက်စီးခြင်းကောင်းကင်သခင်မျာ ပြိုင်ဆိုင်ရန်အတွက် နည်းလမ်းများစွာ ရှိလေသည်။ မည်သူက အဆင့်ပိုမြင့်သော ပျက်စီးခြင်းအရိုးအမတေကို သန့်စင်နိုင်ကြောင်း ကြည့်ရုံမျှသာ မဟုတ်ပေ။ ဥပမာဆိုရသော် မှော်စာလုံးချိတ်တံဆိပ်များ ဆုံတွေ့မိချိန်တွင် မည်သူ၏ မှော်စာလုံးချိတ်တံဆိပ်က ပိုမိုအားကောင်းကြောင်းနှင့် အဆင့်မြင့် ပျက်စီးခြင်းအရိုးများ အသုံးပြုကာ မည်သူက စွမ်းအင်ထိန်းချုပ်မှု ပိုကောင်းသည်ကို ဆုံးဖြတ်ကြခြင်းမျိုး ဖြစ်လေသည်။

လင်ယွဲ့နှင့် ရှန်းထူကျွင်းတို့၏ မှော်စာလုံးချိတ်တံဆိပ်များ တစ်ခုနှင့်တစ်ခု တိုက်ခိုက်နေကြပြီး သူတို့တွင်ရှိသည့် လှည့်ကွက်များနှင့် ကြိုးစားနေကြသည်။

မှော်စာလုံးချိတ်တံဆိပ်များ ပိုမိုပြာကျလာလျက်ရှိပြီး ရှန်းထူကျွင်းနှင့် လင်ယွဲ့တို့၏ မျက်နှာများတွင် ချွေးများရွှဲနေသည်။ ဤကဲ့သို့ပြိုင်ပွဲက သူတို့၏စိတ်စွမ်းအားကို ကုန်ခမ်းစေကြောင်း ရှင်းလင်းလှသည်။ မှော်စာလုံးချိတ်တံဆိပ် တစ်ခုပျက်စီးတိုင်း သူတို့၏ဝိညာဥ်များကို တစ်ခါထိခိုက်စေလေသည်။

ကြာရှည်စွာ ထိပ်တိုက်တွေ့ဆုံခြင်းက သူတို့၏ စိတ်စွမ်းအားများကို ကုန်ခမ်းစေသည်မှာ နားလည်၍ရလေ၏။

ဘုန်း...။

လေထဲတွင် မှော်စာလုံးချိတ်တံဆိပ်များ မီးပန်းပမာ ပေါက်ကွဲနေလျက်ရှိပြီး စက္ကန့်သုံးဆယ်ခန့်အကြာတွင်မူ ပေါက်ကွဲသံတစ်ခုနှင့်အတူ မှော်စာလုံးချိတ်တံဆိပ်များအားလုံး ပေါက်ကွဲသွားလေ၏။ လင်ယွဲ့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာလိုက်ရပြီး ခြေထောက်များအားနည်းသွားကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။

လက်ရှိတွင် သူ၏မျက်နှာ ဖြူလျော်နေပြီး ချွေးသီးများ ပြည့်နေသည်။ သူ ဆက်မလုပ်နိုင်တော့သည်မှာ ထင်ရှားလေ၏။

ရှန်းထူကျွင်းကလည်း လင်ယွဲ့ထက် ထူး၍မသာချေ။ သူသည်လည်း အကန့်အသတ်သို့ ရောက်နေပြီဖြစ်သော်လည်း မြေပြင်ပေါ်သို့ လဲကျမသွားအောင် ထိန်းထားနိုင်လေသည်။

" ဟားဟား... ဂျူနီယာညီလေးလင်ရဲ့ ထိန်းချုပ်မှုက မဆိုးပါဘူး။ မင်းက ငါ့ရဲ့ မှော်စာလုံးချိတ်တံဆိပ်တွေအားလုံးကို ဖောက်ခွဲနိုင်လုနီးပါး လုပ်ခဲ့တယ် "

ရှန်းထူကျွင်းက ချွေးများရွှဲနေသည့်တိုင်အောင် ဝင့်ကြွားစွာ ပြုံနေလေသည်။ သူ လက်ဖြန့်ပြလိုက်ရာ မှော်စာလုံးချိတ်တံဆိပ်နှစ်ခု ရှိနေသေးသည်ကို လူအများ မြင်လိုက်ရသည်။ မှော်စာလုံးချိတ်တံဆိပ်နှစ်ခုက တောက်ပမှုကင်းမဲ့ကာ အချိန်မရွေး ပြိုကွဲတော့မည်ဟန် ရှိနေသည့်တိုင်အောင် ဤသည်မှာ ရှန်းထူကျွင်းက လင်ယွဲ့ထက် အနည်းငယ်ခန့် ပိုသာသည်ဟု ဆိုလိုနေပေသည်။

" စိတ်ဝင်စားစရာပဲ "

ကွင်းပြင်၏အပြင်ဘက်ရှိ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်များက အော်ဟစ်ကြသည်။ ထိုသူများက ရှန်းထူမိသားစု သို့မဟုတ် ရှန်းထူမိသားစုနှင့် မဟာမိတ်ဖွဲ့ထားသည့် မိသားစုများထံမှ ဖြစ်လေသည်။

လင်မိသားစုဘက်တွင်မူ အကြီးအကဲများကမူ ဂျူနီယာများအကြားတွင် မည်သူကပိုသာကြောင်း ပြိုင်ဆိုင်ကြခြင်းမျှသာ ဖြစ်လေသောကြောင့် များစွာမတွေးကြပေ။ သို့သော် လူငယ်များကမူ ဒေါသများ ထိန်းနေကြရလေ၏။ ရှန်းထူကျွင်း၏လက်ထဲမှ မှော်စာလုံးချိတ်တံဆိပ်နှင့် လှောင်ရယ်ဟန်မျက်နှာပေးတို့ကြောင်​့ သူတို့ ပိုမို၍ပင် ဒေါသထွက်နေကြလေ၏။

" နှမြောစရာပဲ ဂျူနီယာညီလေးလင်ယွဲ့ "

" ဟုတ်တယ်... နည်းနည်းလေးပဲ လွဲသွားတာ "

ဂျူနီယာများအားလုံး နှမြောနေကြလေ၏။ ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦး၏ စွမ်းဆောင်ရည်က မတည်ငြိမ်ပေ။ လင်ယွဲ့နှင့် ရှန်းထူကျွင်းတို့က ထိုအခြေအနေအထိ ပြိုင်ဆိုင်ခဲ့သည်မှာ ခွန်အားတူညီနေသည်ဟု ဆိုလိုလေသည်။တစ်ခါတစ်ရံတွင် ကံကောင်းမှုအနည်းငယ်က အနိုင်ရရှိသူကို ဆုံးဖြတ်ပေးနိုင်သည်။

" ငါ အနိုင်ပြန်ယူပေးမယ် " လင်ကျွင်းဟု အမည်ရသည့် လူငယ်တစ်ဦးက ကွင်းပြင်ထဲသို့ ခုန်ဝင်သွားလေသည်။

" ကျုပ်က လင်ကျွင်းပါ။ လင်မိသားစု ပျက်စီးခြင်းကောင်းကင်သခင် ဖူရှန်းရဲ့ တိုက်ရိုက်တပည့်ပါ။ ကျုပ်က ၁၆ နှစ်ပါ။ ကျုပ်နဲ့အတူ စင်မြင့်ပေါ်မှာ သရုပ်ပြဖို့အတွက် ရှန်းထူမိသားစုက သူရဲကောင်းတစ်ယောက်ယောက်က ဆန္ဒရှိလားမသိဘူး "

စင်မြင့်ပေါ်သို့တက်လာသည့် လူငယ်သူရဲကောင်းတိုင်း သူတို့၏အမည် ၊ အသက် ၊ ဆရာတို့ကို ကြေညာပေးရသည်။

စင်မြင့်ပေါ်သို့ တက်လာသူများက တိုက်ရိုက်တပည့်များ ဖြစ်ကြလေ၏။ တိုက်ရိုက်တပည့်က လက်ရင်းတပည့်ထက် အနည်းငယ်ခန့် အဆင့်နိမ့်သော်လည်း မဆိုးလှပေ။

ရှန်းထူကျွင်းက အားကုန်နေပြီဖြစ်၍ ကွင်းပြင်ထဲမှ ထွက်သွားပေပြီ။ အပြင်ဘက်ပိုင်းတွင်ရှိသည့် ရှန်းထူမိသားစုမှ လူငယ်တစ်ဦးက လင်ကျွင်းနှင့် ရင်ဆိုင်သည်။

ယှဥ်ပြိုင်မှုတွင် လင်ကျွင်းက လှပစွာအနိုင်ရခဲ့လေ၏။ အနိုင်ရပြီးသည့်နောက်တွင် လင်ကျွင်းက ခွန်အားကျန်သေးသည်။ ထို့ကြောင်​့ လင်မိသားစု၏ လူငယ်မျိုးဆက်များ မျက်နှာအချို့ ပြန်ရလာကြလေ၏။

အမှန်တကယ်တွင်မူ ရှန်းထူမိသားစု၏ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်က သူတို့ထက် ပိုမိုနက်နဲသည်ကို လင်မိသားစုမှ လူငယ်မျိုးဆက်များက သိကြလေ၏။ သို့သော် လူငယ်မျိုးဆက်များ၏ပြိုင်ပွဲတွင် မရှုံးနိုင်လောက်ပေ။

" လင်မိသားစုရဲ့ လူငယ်မျိုးဆက်တွေက ဝပ်နေတဲ့ကျားနဲ့ ပုန်းနေတဲ့နဂါးတွေ ပြည့်နေတာပါ့လား။ ဒီ လင်ကျွင်းက တကယ်ကို မဆိုးဘူး " ရှန်းထူနန်ထျန်းက ပြုံးကာဆိုသည်။ သူ၏လေသံသည် အကြီးအကဲတစ်ဦးက ဂျူနီယာတစ်ဦးကို ညွှန်ကြားပေးနေသည့်အလားပင်။

" ဒီလိုပြိုင်နေတာက နှေးလွန်းတယ်။ အဖွဲ့လိုက်တိုက်ပွဲ ဘာကြောင့်မလုပ်ကြတာလဲ "

ရှန်းထူနန်ထျန်းက စကားဆိုကာ လက်ဖျောက်တီးလိုက်သည်။ ရှန်းထူမိသားစုသည် အသက် ၁၃ မှ ၁၈ နှစ်အတွင်း လူငယ် ၃၂ ယောက် ကြိုတင်ပြင်ဆင်ထားသည်။ ထိုသူများက ကွင်းပြင်ထဲသို့ ဝင်လာကြလေ၏။

ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင် ၃၂ ယောက်က ရှန်းထူမိသားစု၏ တူညီဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က ကွင်းပြင်ထဲတွင် တန်းစီကာ ရပ်နေကြလေ၏။

" ဒါ..."

ရှန်းထူမိသားစုက လူငယ်သူရဲကောင်းများစွာ ပွဲထုတ်လာလေသောကြောင့် လင်မိသားစုမှ ပျက်စီးခြင်းကောင်းကင်သခင်များ ရုတ်တရက်ပင် လမ်းပျောက်သွားကြရ၏။

လူ ၃၂ ယောက်ကို တစ်ဦးချင်းစီ ယှဥ်မည်ဆိုပါက လင်မိသားစုအတွက် လူ ၃၂ ယောက် လိုအပ်လေသည်။

ပျက်စီးခြင်းကောင်းကင်သခင်များစွာသည် သူတို့၏တပည့်များကို ရှန်းထူမိသားစုနှင့် ယှဥ်ပြိုင်ရန်အတွက် သင့်တော်မည့်လူများ ရှာခိုင်းလိုက်ရလေသည်။

ဤသူ ၃၂ ယောက်က ရှန်းထူမိသားစု၏ လက်ရွေးစင်များ မဟုတ်သည်မှာ သိသာလေပြီး အားလုံး၏စွမ်းအားများက သာမန်သာရှိသည်။ သူတို့သာ လက်ရွေးစင်များ စေလွှတ်လိုက်ပါက ဤအဖွဲ့လိုက်တိုက်ပွဲတွင် အနိုင်ရရှိရန်မှာ ပြဿနာမရှိချေ။ သို့သော် ရှန်းထူမိသားစုက မစေလွှတ်ရသေးသည့် ကျွမ်းကျင်သူများစွာ ရှိနေသေးလေသောကြောင့် ထိုကိစ္စက သူတို့အတွက် အရှုံးကြီးရှုံးသောရလဒ်ကို ဖြစ်စေပေလိမ့်မည်။

ယီယွင်ရှိနေသည့် ညနေခင်းလေပြေဇရပ်ထဲရှိ လင်ယွမ်သည် စွန်းမျိုးနွယ် အသက်လတ်ပိုင်းလူက ပြိုင်ပွဲတွင်ဝင်ပါရန် အသံပို့သည်ကို လက်ခံရရှိခဲ့လေ၏။

" ဒီကောင်တွေက ဘာမှမထူးခြားပါဘူး။ ငါတို့က အစွမ်းအစထူးချွန်တဲ့ တပည့်တွေကို စေလွှတ်ဖို့မလိုပါဘူး။ အဲ့ဒီကောင်တွေနဲ့ အသက်တူတဲ့ သာမန်တပည့်အချို့ကို စေလွှတ်လိုက်ရုံပဲကို " လင်ယွမ် မတ်တက်ရပ်ကာ ဆိုလိုက်သည်။

အဖွဲ့လိုက်တိုက်ပွဲ ပြီးသွားခဲ့လျှင် စွမ်းအားများစွာ ကုန်ခမ်းသွားမည်ဖြစ်ပြီး နောင်လာမည့်တိုင်ပွဲများတွင် ထိခိုက်နိုင်စေလေသောကြောင့် ကျွမ်းကျင်သူအစစ်များကို မစေလွှတ်သင့်ပေ။

" စီနီယာအစ်ကို... ငါ သွားပေးဖို့သေးလား " လင်ချင်းက စိတ်လှုပ်ရှားခြင်း ၊ စိုးရိမ်ခြင်းများနှင့် မေးလိုက်သည်။

လင်ယွမ်က လင်ချင်းကို တစ်ချက်ကြည့်လိုက်သည်။ လင်ချင်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က စံမမီသေးသော်လည်း သူမ၏အသက်အရွယ်တွင်မူ မဆိုးလှပေ။ ထို့အပြင် သူမက သူ၏ဂျူနီယာညီမလေး ဖြစ်သလို ဆရာဖြစ်သူ၏ လက်ရင်းတပည့်လည်း ဖြစ်ပေသည်။ ထို့​ကြောင့် သူမကို ဖရိုဖရဲဖြစ်နေသော တိုက်ပွဲတွင် ပါဝင်ခိုင်းသည်မှာ ပါရမီကို အသေးအဖွဲ့ကိစ္စများ ခိုင်းစေရင်းဖြင့် ဖြုန်းတီးရာကျလေသည်။

" မလိုပါဘူး။ ပါရမီကို ဖြုန်းတီးသလို ဖြစ်နေနိုင်တာကြောင့် မင်းနဲ့ငါက စင်မြင့်ပေါ်တက်ဖို့ မလိုဘူး။ ရှန်းထူမိသားစုက ၁၃ နှစ်အရွယ် ပါရမီရှင် ကလေးမလေး စင်မြင့်ပေါ်ကိုတက်လာရင် မင်း သွားလို့ရပြီ။ အခု ငါတို့ အဆင်ပြေမဲ့သူတွေကို စေလွှတ်ပေးဖို့လိုတယ် "

လင်ယွမ်က ညနေခင်းလေပြေဇရပ်ထဲရှိ လူငယ်များကို ကြည့်လိုက်လေပြီး ခွန်အားနှင့်အသက်အရွယ်ကို ယှဥ်ကြည့်နေသည်။

" မင်း ၊ မင်းနဲ့ မင်း " လင်ယွမ် လူချို့ကို လက်ညှိုးထိုးပြပြီးနောက် သူ၏အကြည့်များက ယီယွင်ဆီသို့ ရောက်ရှိသွားလေသည်။

လက်ဖက်ရည်ပွဲတော် စတင်ကတည်းက ပျက်စီးခြင်းကောင်းကင်သခင် အခြားသောအလုပ်သင်များက ကြည့်ရှုရင် မှတ်ချက်များပေးကြခြင်းနှင့် အခြားသူများ၏ အမွေအနှစ်များကို သင်ယူရင် သူတို့၏ပညာရပ်များနှင့် နှိုင်းယှဥ်ခြင်းများ လုပ်ကြလေသည်။

သို့သော် ယီယွင်ကမူ ငြိမ်သက်စွာသာ ထိုင်နေလေ၏။ သူက စကားတစ်လုံးမျှ မဆိုသလို တစ်ခုခုအား သိသွားသည်လားကိုလည်း မသိကြရပေ။ အဖွဲ့လိုက်တိုက်ပွဲ စတင်တော့မည့်အချိန်၌ပင် ထိုကောင်က တုန့်ပြန်မှုမရှိပေ။

ယီယွင်က စုကျဲ၏အမည်ခံတပည့်ဖြစ်ကြောင်း လင်ယွမ် သိသည်။ အမည်ခံတပည့်ဆိုသည်မှာ ဆေးပင်ခူးကောင်လေးနှင့် အဆင့်တူသာဖြစ်သော်လည်း စုကျဲ ဖြစ်နေခြင်းကြောင့် ယီယွင်က စံနှုန်းမီဖို့ရာသာ များလေသည်။

" ငါ လူလေးယောက် ရွေးချယ်ချင်တယ်။ အရေအတွက်က မပြည့်သေးဘူးဆိုတော့ မင်းက ဘာကြောင့်မသွားမှာလဲ " လင်ယွမ်သည် ယီယွင်အတွက် စင်မြင့်ပေါ်သို့တက်ရန် အခွင့်အရေးတစ်ခုဟု ယူဆမိပြီး ယီယွင်အား ပြောလိုက်သည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် အငယ်ဆုံးသူများက စင်ပေါ်သို့တက်ရန် အခွင့်အရေးမရှိသည်ကို သိထားရပေမည်။

ယီယွင်၏စွမ်းအားနှင့်ဆိုလျှင် စင်ပေါ်သို့တက်ရန် အခွင့်အရေးမရှိလောက်ပေ။ ဖရိုဖရဲဖြစ်နေသော အဖွဲ့လိုက်တိုက်ပွဲတွင် ယီယွင်၏စွမ်းအားက ချို့တဲ့နေလျှင်ပင် ဆိုးရွားစွာရှုံးရမည်မဟုတ်သလို သိသာလွန်းနေမည်လည်း မဟုတ်ပေ။ ဤသည်ကား အားနည်းသူများ စင်မြင့်ပေါ်သို့တက်ရန် အကောင်းဆုံးအခွင့်အရေးတစ်ခု ဖြစ်လေ၏။

" ဂျူနီယာညီလေးယွင်က ဆန်းကြယ်သလင်းလက်ကို နည်းနည်းသိထားတဲ့ပုံပဲ။ မင်းရဲ့တိုးတက်အောင်မြင်မှုက နည်းနည်းလေး ချို့တဲ့နေတယ်ဆိုပေမဲ့ အဆင်ပြေပါတယ်။ အဖွဲ့လိုက်တိုက်ပွဲမှာ မင်းရဲ့ ဆန်းကြယ်သလင်းလက်ကိုပဲ သုံးနေလိုက်။ မင်းက တိုက်စစ်မဖွင့်ဘဲ ခုခံနေဖို့ပဲလိုတယ် "

လင်ယွမ်က ယီယွင်ကို တိုက်ပွဲဗျူဟာများ သင်ပေးနေလေ၏။ လွန်ခဲ့သည့်နှစ်လ ယီယွင် လင်မိသားစုသို့ ရောက်လာချိန်တွင် စုကျဲထံမှ ဆန်းကြယ်သလင်းလက်နဲ့ ချိတ်တံဆိပ်တစ်ထောင်တို့ကို သင်ယူခဲ့သည်။ သူ ဆန်းကြယ်သလင်းလက်ကို ပထမဆုံးအကြိမ် ကြိုးစားချိန်တွင် ပြီးပြည့်စုံသော မှော်စာလုံးချိတ်တံဆိပ် ၅၀ ကျော် ဖန်တီးနိုင်ခဲ့သည်။

ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို လအနည်းငယ်ခန့်သာ ထိတွေ့ဖူးသည့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦးအနေဖြင့် ယီယွင်၏ရလဒ်က အံ့ဩဖွယ်ရာဖြစ်ရပ်များအကြားမှ အံ့ဩဖွယ်ရာဖြစ်ရပ်တစ်ခုဟု ဆိုနိုင်လေသည်။

သို့သော် ယီယွင်က ပျက်စီးခြင်းကောင်းကင်ပညာရပ်အား လအနည်းခန့်သာ သင်ကြားဖူသည့် လူသစ်တစ်ဦးဖြစ်သည်ကို မည်သူကမျှ မယုံကြပေ။ လူတိုင်းက ယီယွင် ကြွားဝါနေသည်ဟုသာ ယုံကြည်ကြသည်။

သို့သော် ရက်အနည်းငယ်ခန့် ကြာသောအခါတွင် ထိုကိစ္စကို မည်သူကမျှ အရေးမစိုက်ကြတော့ပေ။ ထို့အပြင် ဟာသတစ်ပုဒ်သည် အကြိမ်အနည်းငယ်သာ ကောင်းလေ၏။ အကြိမ်ပေါင်းများစွာ ကြားနေရလျှင် အရသာမရှိတော့ပေ။

နောက်ပိုင်းတွင် ယီယွင်က သီးခြားလေ့ကျင့်နေခဲ့ပြီး ရုတ်တရက် ပျောက်ကွယ်သွားလေသောကြောင့် စုကျဲ၏ အမည်ခံတပည့်ကို မည်သူကမျှ အရေးမစိုက်ကြတော့ပေ။

" ဒီကောင်လေးက တကယ်ကို ကံကောင်းတယ်။ ပုံမှန်ဆိုရင် ဆန်းကြယ်သလင်းလက်လို နည်းစနစ်မျိုးက စင်တင်ပေးလို့ရတဲ့အရာ မဟုတ်ဘူး။ ဒါပေမဲ့ ဖရိုဖရဲဖြစ်နေတဲ့ အဖွဲ့လိုက်တိုက်ပွဲထဲမှတော့ သိပ်ပြီးထင်ပေါ်မှာမဟုတ်ပါဘူး "

လင်ယွမ် တာဝန်ခွဲပေးသည်ကို အခြားသောလူငယ်များကလည်း သဘောတူကြ၏။ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ဆရာပေါင်းများစွာ၏ရှေ့မှောက်၌ သူတို့ကိုယ်သူတို့အား သက်သေပြနိုင်သည်မှာ အဖိုးတန်အတွေ့အကြုံတစ်ခု ဖြစ်လေသည်။ လူအများစုက ထိုကဲ့သို့အခွင့်အရေးမျိုး ရရှိနိုင်ရန် ဆန္ဒရှိနေကြလေ၏။

သို့သော် ယီယွင်က အမှန်တကယ်ပင် အသာခေါင်းယမ်းကာ ခပ်အေးအေးဆိုလိုက်သည်..." မင်း တခြားသူကို ရှာသင့်တယ်။ ငါ သိပ်စိတ်မဝင်စားဘူး "

All Chapters