ပျက်စီးခြင်းအရိုးထောင်ချောက်
Vol. 27 Ch. 391
စုန့်ကျစ်ယွဲ့က ဓာတ်ငါးပါးအရိုးအစီအရင်ကို သူ ဖန်တီးထားသည်ဟု ဆိုထားလေသည်။ ပုံမှန်ဆိုလျှင် အစီအရင်ချကာ ထိမ်းချုပ်ထားသူက အသားစီးရလေပြီး အစီအရင်ကို ဖျက်ဆီးရန်ကြိုးစားသူက အသာစီးမရပေ။
သာမန်ပြိုင်ပွဲတစ်ခုတွင် တစ်ယောက်က အစီအရင်ချထားလျှင် အခြားတစ်ယောက်က ဖြိုခွဲရမည်ဖြစ်၏။ လူတစ်ဦးက အစီအရင်ကို လုံးဝဖျက်ဆီးနိုင်ခဲ့လျှင် ထိုသူ၏စွမ်းအားက အစီအရင်ချထားသူထက် သာလွန်သည်ဟု ဆိုလိုလေသည်။
ဤကဏ္ဍတွင် စုန့်ကျစ်ယွဲ့က လင်ယွမ်ကို အသာစီးမယူပေ။ သူက ဝင့်ကြွားနေကာ လင်ယွမ်ကို အထင်သေးနေ၏။ လင်ယွမ်က အစီအရင်ထံမှ ပျက်စီးခြင်းစွမ်းအင် ၃၀% ထုတ်ယူနိုင်ခဲ့လျှင် လင်ယွမ် အနိုင်ရသည်ဟု စုန့်ကျစ်ယွဲ့က ဆိုခဲ့လေ၏။
ပျက်စီးခြင်းစွမ်းအင် ၃၀% က နည်းသည်ဟု ဆိုနိုင်လေသည်။
လင်ယွမ်က ဒေါသမီးများကို ချိုးနှိမ်ကာ..." အရှက်မရှိ ကြွားနေတယ်။ ငါ မင်းရဲ့ အရိုးအစီအရင်ကို ဘယ်လိုဖျက်ဆီးမလဲဆိုတာ ကြည့်နေလိုက် "
လူပြိန်းတစ်ယောက်က စုန့်ကျစ်ယွဲ့၏အစီအရင်ကို ကြည့်မည်ဆိုလျှင် မည်သည့်ထူးခြားချက်မျှ တွေ့နိုင်မည်မဟုတ်ပေ။ ကလေးတစ်ဦးက ပျက်စီးခြင်းအရိုးများ ယူကာ တွေ့ကရာပုံချထားသည်နှင့် ဆင်တူလေသည်။
သို့သော် လင်ယွမ် အစီအရင်ထဲသို့ ဝင်လိုက်ချိန်တွင် သူ၏အမူအရာ လေးနက်သွားလေ၏။ ပျက်စီးခြင်းအရိုးများကို အထူးနည်းစနစ်တစ်မျိုးမျိုးနှင့် စီမံထားသည်ကို သူ မြင်နေရလေ၏။
သတ္တု ၊ သစ်သား ၊ ရေ ၊ မီး ၊ မြေ ဓာတ်ငါးပါး ပျက်စီးခြင်းအရိုးများသည် ဓာတ်ငါးပါးကို ကိုယ်စားပြုသော ပျက်စီးခြင်းအရိုးများ ဖြစ်ကြလေပြီး သာမန်ပျက်စီးခြင်းအရိုးများ မဟုတ်ကြပေ။ ဥပမာပြရသော် လင်ယွမ်၏ရှေ့မှ ပျက်စီးခြင်းအရိုးသည် ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းသားရဲ၏အရိုး ဖြစ်လေ၏။
" စုန့်ကျစ်ကျွင်းက မောက်မာပေမဲ့ တကယ်ကို အရည်အချင်းရှိတယ်။ သူ ဖန်တီးထားတဲ့ အစီအရင်ကို လက်ရွေးစင်အဆင့် ပျက်စီးခြင်းသားရဲနဲ့ ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းသားရဲတွေရဲ့ အရိုးတွေနဲ့ လုပ်ထားတာပဲ။ အစီအရင်ရဲ့ဗဟိုချက်ဖြစ်တဲ့ အတွင်းစက်ဝိုင်းမှာ ဘုရင်အဆင့် ပျက်စီးခြင်းအရိုးတွေတောင် ရှိနေတယ်။ ဒီအစီရင်ကို ဖျက်ဆီးဖို့ဆိုရင် အစီအရင်ဗဟိုချက်ကို အရင်ဆုံးရှာဖို့ လိုအပ်တယ် "
ဘေးပတ်လည် ဇရပ်များထဲမှ လူများက စတင်ကာဆွေးနွေးကြသည်။ စုန့်ကျစ်ယွဲ့က ပျက်စီးခြင်းကောင်းကင်ပညာရပ် ပြိုင်ပွဲကို ဤသို့ယှဥ်ပြိုင်လိမ့်မည်ဟု သူတို့ ထင်မထားခဲ့ပေ။ သို့သော် ဤနည်းလမ်းက မှော်စာလုံးချိတ်တံဆိပ်များ တိုက်ခိုက်ကြခြင်းထက် နည်းစနစ်ပိုင်းကျွမ်းကျင်ရန် လိုအပ်လေသည်။ ဤပုံစံက လူတစ်ဦးကို ဆက်တိုက်ယှဥ်ပြိုင်နိုင်စွမ်းလည်း ရှိစေလေသည်။
စုန့်ကျစ်ယွဲ့၏အစီအရင်ကို ဖျက်ဆီးရန်ကြိုးပမ်းသူများ ဆက်တိုက်ကျရှုံးရသည်ပင် ဖြစ်လာနိုင်သည်။ ထိုကောင်က လင်မိသားစု၏ လူငယ်သူရဲကောင်းများကို စိန်ခေါ်သည်မှာ ထိုအရာကို အားကိုး၍လည်း ဖြစ်နိုင်သည်။
" ပျက်စီးခြင်းအရိုး ဆယ်ခုကျော်ရဲ့အနီးက ဗဟိုချက် ဖြစ်လောက်မယ်။ အဲ့ဒါက အစီအရင်ရဲ့ဗဟိုချက်လည်း ဖြစ်နိုင်တယ် "
လင်ယွမ်သည် အစောပိုင်းက ပျက်စီးခြင်းအရိုးများကို ရေတွက်ထားလေပြီး ပျက်စီးခြင်းအရိုး ၁၀၈ ခု ရှိလေသည်။ အရိုးပုံကိုးခုရှိပြီး အရိုးပုံတစ်ခုလျှင် ပျက်စီးခြင်းအရိုး ၁၂ ခု ရှိလေသည်။ အရိုးပုံတစ်ခုချင်းစီတွင် ဗဟိုအရိုးတစ်ခုရှိပြီး အစီအရင်ဗဟိုချက်က ထိုဗဟိုအရိုးများထဲမှ တစ်ခုဖြစ်သည်။
သူသာ ထိုဗဟိုအရိုးကို ဖျက်ဆီးနိုင်ပါက အစီအရင်သည်လည်း ပျက်စီးသွားပေလိမ့်မည်။
အစီအရင် ၃၀% ကို သူ ဖျက်ဆီးနိုင်ပါက အနိုင်ရလိမ့်မည်ဟု စုန့်ကျစ်ယွဲ့က ပြောထားသည်။
လင်ယွမ်သည် စုန့်ကျစ်ယွဲ့၏ သွေးနားထင်ရောက်သော စကားများကို ဒေါသထွက်မိသော်လည်း သူ၏မာနများကို ပြန်ထိန်းထားပြီး ဓာတ်ငါးပါးအရိုးအစီအရင်ကို စတင်လေ့လာလိုက်သည်။ ဤအစီအရင်က မရိုးရှင်းပေ။
မည်သို့ပင်ဖြစ်စေ အနိုင်ရရှိရေးကသာ အရေးကြီးလေ၏။ အရိုးအစီအရင် ၃၀% ကိုပင် မဖျက်ဆီးနိုင်ပါက သူ အရှက်ကွဲရပေလိမ့်မည်။
" ငါ အနိုင်ရဖို့အတွက် ပျက်စီးခြင်းအရိုးလေးခုရဲ့ ပျက်စီးခြင်းစွမ်းအင်တွေ ထုတ်ယူပြီးတော့ အစီအရင်ငယ်အုပ်စုလေးခုကို ဖျက်ဆီးပစ်ဖို့ပဲ လိုအပ်တယ် "
လင်ယွမ် အာရုံခံနေချိန်တွင် အမည်မသိရသော အကြောင်းအရင်းကြောင့် အားနည်းသွားသည့်ပမာ ခံစားလိုက်ရလေ၏။ သူ၏အာရုံခံနိုင်စွမ်းများ ပျက်စီးခြင်းအရိုးထဲသို့ စုပ်ယူခံလိုက်ရပြီး မီးများပြည့်နေသော လောကတစ်ခုထဲ ရောက်ရှိသွားလေသည်။
" ဒါက..."
လင်ယွမ် ထိတ်လန့်သွားသည်။ သူ အာရုံခံနိုင်စွမ်းကို ချက်ချင်းပင် ရုတ်သိမ်းလိုက်သော်လည်း ထိုအခိုက်တွင် မီးတောက်ဖန်သားကဲ့ ပျက်စီးခြင်းအရိုးက အက်ကွဲသွားလေသည်။
ဘုန်း...။
ပျက်စီးခြင်းအရိုးထံမှ တစ်ကိုယ်လုံး နီရဲနေသော မီးစပါးအုံတစ်ကောင် ထွက်ပေါ်လာ၏။ မီးစပါးအုံက ပါးစပ်ကြီးဟကာ လင်ယွမ်အား ကိုက်လေသည်။
အား...။
လင်ယွမ် အော်လိုက်ရ၏။ ယင်းက ရုတ်တရက်ဆန်လွန်းပြီး သူ၏ဝိညာဥ် တန်ပြန်ဒဏ်ခံလိုက်ရကာ ဦးခေါင်းနာကျင်သွားသည့်တိုင်အောင် မီးစပါးအုံက သူ၏အသက်ကို ခြိမ်းခြောက်လာချိန်တွင် လင်ယွမ်က အားကုန်သုံးကာ လက်သီးတစ်ချက် ထိုးလိုက်နိုင်သေးသည်။
ဘုန်း...။
စွမ်းအင်ပေါက်ကွဲမှုတစ်ခုနှင့်အတူ လင်ယွမ်၏ လက်သီးချက်ကြောင့် မီးစပါးအုံ ပျက်စီးသွားရသည်။ လင်ယွမ်၏ လက်သီးထိုးလိုက်သည့် လက်သည်လည်း မီးစပါးအုံနှင့် ပြင်းထန်စွာဆုံတွေ့မှုကြောင့် အဆစ်လွဲသွားရသည်။ ယခုအခါတွင် သူ၏လက်သီးတစ်ခုလုံး သွေးများလွှမ်းနေ၏။
စွမ်းအင်လှိုင်းထကြွမှုကြောင့် လင်ယွမ် လွင့်စဥ်သွားရကာ ကွင်းပြင်ပေါ်သို့ ပြင်းထန်စွာကျသည်။ သူ၏မျက်နှာ ဖြူလျော်နေကာ ခန္ဓာကိုယ်သည် အကြောဆွဲနေလေ၏။ သူ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း ထင်ရှားလေသည်။
အမှန်တကယ်တွင် သူ၏လက်မှ ဒဏ်ရာက ဘာမျှမဟုတ်ပေ။ အရေးအကြီးဆုံးမှာ သူ၏ဝိညာဥ် ဒဏ်ရာရသွားခြင်းပင်။ သူ ပျက်စီးခြင်းအရိုးကို စစ်ဆေးရန်အတွက် စိတ်စွမ်းအား သုံးခဲ့စဥ်က ပျက်စီးခြင်းအရိုး၏ တန်ပြန်မှုကို ခံခဲ့ရပြီး သူ၏ဝိညာဥ် ဒဏ်ရာရသွားခဲ့ရသည်။
ထိုကဲ့သို့ ဒဏ်ရာမျိုးကို အလွန်ကောင်းမွန်သော ဝိညာဥ်ပျိုးထောင်ဆေးနှင့် ကုသရန်လိုအပ်သည်။ လဝက်ခန့်အထိ သူ၏စိတ်စွမ်းအားကို သုံးနိုင်မည်မဟုတ်တော့ပေ။
" ဘာဖြစ်သွားတာလဲ။ ဘာတွေဖြစ်သွားတာလဲ "
လင်မိသားစု၏ ဂျူနီယာအချို့ ပဟေဠိဖြစ်နေကြသည်။ ဖန်သားကဲ့သို့ ပျက်စီးခြင်းအရိုး ရုတ်တရက် အက်ကွဲသွားကာ မီးစပါးအုံတစ်ကောင် ပေါ်ထွက်လာပြီး လင်ယွမ်ကို ဒဏ်ရာရသွားစေခဲ့သည်။
" အဲ့ဒါက ပျက်စီးခြင်းသားရဲ သေဆုံးချိန်မှာ ကျန်ရစ်ခဲ့တဲ့ ချီအဆီအနှစ်ပုံရိပ်ပဲ "
လင်မိသားစုမှ အဖိုးအိုတစ်ဦးက ဆိုလိုက်သည်။ စုန့်ကျစ်ယွဲ့ဟု အမည်ရသော ဂျူနီယာက ဤကဲ့သို့နည်းစနစ်မျိုးကို ကျွမ်းကျင်နေလေသောကြောင့် သူ အံ့အားသင့်ရသည်။
" အဲ့ဒီ ဖန်သားလို ပျက်စီးခြင်းအရိုးက ဗိုလ်ချုပ်အဆင့် ပျက်စီးခြင်းသားရဲဆီက ဖြစ်နေတာပါ့လား။ အဲ့ဒါက မီးတောက်စပါးအုံရဲ့ ဦးခေါင်းထဲမှာရှိတဲ့ ဦးနှောက်ကျောက်တုံးပဲ။ စုန့်ကျစ်ယွဲ့က မီးတောက်စပါးအုံကို သတ်ပြီးချိန်မှာ ချီအဆီအနှစ်ကို ဦးနှောက်ကျောက်တုံးထဲ ထည့်ခဲ့တာပဲ။ နောက်ပိုင်းမှာ သူက ဦးနှောက်ကျောက်တုံးကို ဓာတ်ငါးပါးအရိုးအစီအရင်ရဲ့ အစီအရင်ဗဟိုချက်အုပ်စုထဲက တစ်ခုအဖြစ် လုပ်ခဲ့တာပဲ "
" ဦးနှောက်ကျောက်တုံးထဲက မီးတောက်စပါးအုံရဲ့ ချီအဆီအနှစ်တွေထဲမှာ အသတ်ခံရတာကို မကျေနပ်ချက်တွေ ပါဝင်နေတာကြောင့် အဲ့ဒါကို အသက်သွင်းလိုက်ချိန်မှာ ဦးနှောက်ကျောက်တုံးကို ဖျက်ဆီးပြီးတော့ သတ်ဖြတ်နိုင်တဲ့ မီးတောက်စပါးအုံအဖြစ် ပြောင်းလဲသွားခဲ့တာပဲ။ စစ်ဆေးလိုက်သူရဲ့ တုန့်ပြန်မှုသာ နှေးခဲ့မယ်ဆိုရင် နေရာမှာတင် ပွဲချင်းပြီးသေသွားလိမ့်မယ် "
ပျက်စီးခြင်းကောင်းကင်သခင် အများစုက တိုက်ခိုက်ရာတွင် မတော်ကြသော်လည်း ပျက်စီးခြင်းအရိုးအမတေထဲတွင် ထောင်ချောက်ထည့်ခြင်းကဲ့သို့သော သတ်ဖြတ်နည်းအချို့ကို ကျွမ်းကျင်ကြလေသည်။ ယင်းသည် ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် သတ်ဖြတ်ခြင်း ဖြစ်လေ၏။
ပျက်စီးခြင်းအရိုးတစ်ခုထဲတွင် ထောင်ချောက်တစ်ခု ထည့်ထားပါက အစီအရင်ကို ချိုးဖျက်သူသည် ထောင်ချောက်ရှိကြောင်း သိနေမည်ဆိုခဲ့လျှင်ပင် ဖျက်ဆီးရန် လွယ်ကူမည်မဟုတ်ချေ။ အကြောင်းကမူ အစီအရင်ကို ဖျက်ဆီးရန်အတွက် စိတ်စွမ်းအားကို ပျက်စီးခြင်းအရိုးထဲသို့ ထည့်သွင်းရမည်ဖြစ်ပြီး ထိုသို့လုပ်သည်နှင့် ထောင်ချောက်ထဲတွင် ပိတ်မိသွားမည်ဖြစ်ပြီး ပျက်စီးခြင်းသားရဲ၏ ချီအဆီအနှစ်က စိတ်စွမ်းအားကို ပြန်တွန်းကန်ပေလိမ့်မည်။ နောက်ပိုင်းရလဒ်က အတော်ပင် သိသာနေလေ၏။
စိတ်စွမ်းအားက ပျက်စီးခြင်းအရိုးထဲသို့ ဝင်သွားသည့်အခိုက်တွင် လူတစ်ဦး၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က စုန့်ကျစ်ယွဲ့ ချထားသော ထောင်ချောက်များ ပျက်ပြယ်စေသည်အထိ အလွန်ကောင်းမွန်နေမှသာ ယင်းဖြစ်ရပ်ကို ရှောင်ရှားနိုင်ပေလိမ့်မည်။ လင်ယွမ်က ထိုအဆင့်တွင် ရှိမနေသည်မှာ ထင်ရှားလေသည်။
လင်ယွမ်သည် ညနေခင်းလေပြေဇရပ်ဆီသို့ ဖြူလျော်သောမျက်နှာနှင့် ပြန်ဆုတ်သွားလေ၏။ ဝိညာဥ်ပျိုးထောင်ဆေးကို သောက်ပြီးသည့်နောက် သူ၏အဆစ်လွဲနေသောလက်ကို ပြန်တည့်လိုက်ပြီးမှသာ ယွမ်ချီအချို့ ပြန်ရလာသည်။
" ငါ ဂရုမဲ့မိသွားတယ်။ အတော်ကို ဂရုမဲ့မိသွားတယ်။ ငါ ဒီကောင့်ရဲ့ ထောင်ချောက်ထဲကို မတော်တဆ ရောက်သွားခဲ့တယ်။ ပျက်စီးခြင်းအရိုးထဲမှာ ထောင်ချောက်ရှိနေတာကို သိခဲ့မယ်ဆိုရင် ငါ ဒီလိုအခြေအနေမျိုး ဖြစ်မှာမဟုတ်ဘူး "
လင်ယွမ်က ဂျူနီယာများနှင့် မျက်နှာချင်းဆိုင်ရန် ရှက်ရွံ့နေလေ၏။ အစောပိုင်းက သူသည် တိုက်ပွဲအတွက် မည်သူက သွားရမည်ကို စီစဥ်ပေးနေခဲ့ပြီး ညနေခင်းလေပြေဇရပ်၏ ခေါင်းဆောင်တစ်ဦးပမာ ဖြစ်နေခဲ့သည်။
သို့သော် သူ တိုက်ခိုက်ချိန်တွင်မူ ပထမ ပျက်စီးခြင်းအရိုး၏ စွမ်းအင်ကို ထုတ်ယူရန်ကြိုးပမ်းချိန်တွင် ထောင်ချောက်ထဲသို့ ကျရောက်သွားခဲ့ရလေ၏။ ထို့ကြောင့်ပင် စွမ်းအင် ၃၀% ထုတ်ယူနိုင်ခဲ့လျှင် သူ အနိုင်ရမည်ဟု စုန့်ကျစ်ယွဲ့က ပြောခဲ့သည့်တိုင်အောင် သူ ရှုံးခဲ့ရလေ၏။ သူက စွမ်းအင်အနည်းငယ်ကိုပင် ထုတ်ယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ လုံးဝကျရှုံးသွားသည်မှာ ရှက်စရာကောင်းလွန်းလှသည်။
" ဒီကောင်လေးက စွမ်းအင် ၃၀% ပြောပြီးတော့ ငါ့ကို အာရုံပြောင်းအောင်လုပ်ပြီး ပျက်စီးခြင်းအရိုးထဲမှာ ထောင်ချောက်ရှိနိုင်တဲ့ ဖြစ်နိုင်ခြေကို ငါ မတွေးမိတော့အောင် လုပ်ခဲ့တယ်။ ဒီကောင်က အတော်ကို အကောက်ဥာဏ်များတယ် "
လင်ယွမ်က အနည်းငယ်တွေးကာ လက်ခံ၍မရသော အကြောင်းပြချက်အချို့ကို ထုတ်ပြောလာလေ၏။
မဝေးလှသောနေရာတွင်ရှိနေသည့် ယီယွင်က ခေါင်းယမ်းလိုက်၏။ ပျက်စီးခြင်းကောင်းကင်သခင်နှစ်ဦး၏ ပြိုင်ပွဲတွင် ပြိုင်ဘက်အား အဟန့်အတားမျိုးစုံဖြစ်စေရန် ကိုယ်ပိုင်အစွမ်းအစကိုသာ သုံးရလေသည်။ ပျက်စီးခြင်းအရိုးထဲတွင် ထောင်ချောက်ထည့်ထားသည်မှာ အလွန်ပင်သာမန်ဆန်သော လုပ်ရပ်တစ်ခုသာ ဖြစ်လေ၏။
သူ ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် ပထမဆုံး ထိတွေ့ဖူးချိန် လင်အရိုးသည်းခြေထံမှ စွမ်းအင်ထုတ်ယူခဲ့စဥ်က သူနှင့်မတည့်သော လော့ဟော်အာသည် လင်အရိုးသည်းခြေအိတ်ထဲတွင် ထောင်ချောက်တစ်ခု ထည့်ထားခဲ့လေ၏။ သူ လင်အရိုးသည်းခြေအိတ်ထဲသို့ စိတ်စွမ်းအား ထည့်သွင်းလိုက်ချိန်တွင် လင်အရိုးသည်းခြေအိတ် ပေါက်ကွဲသွားကာ သူ့အား သည်းခြေအရည်များ စိုရွှဲသွားလိမ့်မည်ဟု သူမက မျှော်လင့်ထားခဲ့သည်။
သို့သော် ယီယွင်က ထိုအရာကို ထိုးထွင်းမြင်နိုင်ခဲ့ကာ လော့ဟော်အာကို သူမ၏ထောင်ချောက်နှင့် ပြန်မိစေခြင်းဖြင့် အညံ့ခံခိုင်းနိုင်ခဲ့သည်။
" ဘယ်သူရှိသေးလဲ " စင်မြင့်ပေါ်ရှိ စုန့်ကျစ်ယွဲ့က ဆိုလိုက်သည်။ သူ သိုလှောင်လက်စွပ်ထဲမှ ပျက်စီးခြင်းအရိုးတစ်ခု ထုတ်ယူကာ မီးတောက်စပါးအုံ၏ ပျက်စီးခြင်းအရိုး နေရာတွင် ထားလိုက်လေသည်။ ထိုပျက်စီးခြင်းအရိုးက မီးဓာတ် ပျက်စီးခြင်းအရိုး မဟုတ်လေဘဲ ရေဓာတ် ဖြစ်လေသည်။
လူအများ အံ့အားသင့်သွားကြ၏။ စုန့်ကျစ်ယွဲ့က ဓာတ်ငါးပါးအရိုးအစီအရင်ကို ချသည့်အကြိမ်တိုင်းတွင် ပျက်စီးခြင်းအရိုး စီမံမှုများက ကွဲပြားနေလေ၏။ ထိုကဲ့သို့ အပြောင်းအလဲများသော အစီအရင်တစ်ခု စည်းမျဥ်းများကို ခန့်မှန်းရန်အတွက် ပိုမိုခက်ခဲလေသောကြောင့် ပြဿနာအများဆုံး ဖြစ်လေ၏။
" အသက် ၁၈ နှစ်အောက်က ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင် ဖြစ်နေသရွေ့ ကျုပ်ရဲ့ ဓာတ်ငါးပါးအရိုးအစီအရင်ကို စိတ်ကြိုက်စိန်ခေါ်နိုင်တယ်။ အစီအရင်ရဲ့ ၃၀% ကို ဖျက်ဆီးနိုင်တယ်ဆိုရင် မင်းတို့ နိုင်တယ် "
စုန့်ကျစ်ယွဲ့က အလွန်ပင် ယုံကြည်ချက်ရှိနေသည်။ သူ၏ရန်စမှုကြောင့် လင်မိသားစု၏ တပည့်များ ဒေါသထွက်သွားကြ၏။ စုန့်ကျစ်ယွဲ့က အသက် ၁၆ နှစ်သာဖြစ်သော်လည်း အသက် ၁၈ နှစ်အောက် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တိုင်းကို စိန်ခေါ်နေချေသည်။
သို့သော် လူအများက လက်မခံနိုင်သော်ငြားလည်း စုန့်ကျစ်ယွဲ့ ချထားသည့် အစီအရင်က ကိုင်တွယ်ရန် အလွန်ခက်ခဲလိမ့်မည်ကို သူတို့ သိကြသည်။ စွန်းမျိုးနွယ် အသက်လတ်ပိုင်းလူ၏ လက်ရင်းတပည့်ဖြစ်သော လင်ယွမ်က လင်မိသားစုထဲတွင် ပျက်စီးခြင်းကောင်းကင်ပညာရပ်အရာ၌ အတော်ပင် ထူးချွန်သည်။ ကံမကောင်းစွာဖြင့်ပင် လင်ယွမ်က ဓာတ်ငါးပါးအရိုးအစီအရင်ထံမှ စွမ်းအင်အနည်းငယ်ကိုပင် ထုတ်ယူနိုင်ခြင်း မရှိခဲ့ပေ။ သူက ချက်ချင်း ရှုံးနိမ့်ခဲ့ရ၏။
လင်ယွမ်က သူ ဂရုမဲ့ခဲ့မိခြင်းကြောင့် ထောင်ချောက်ထဲသို့ ကျရောက်ခဲ့ရသည်ဟု ပြောနေခဲ့သော်လည်း စုန့်ကျစ်ယွဲ့က အလွန်နက်နဲကာ ဖုံးကွယ်နေသော ထောင်ချောက်တစ်ခုကို ချထားကြောင်း လူတိုင်း သိကြသည်။ ထို့ကြောင့်ပင် လင်ယွမ်က ထောင်ချောက်ကို ရှာမတွေ့ခဲ့ခြင်း ဖြစ်လေသည်။ ထိုသို့သာမဟုတ်ပါက သူ ဆိုးရွားစွာရှုံးရမည် မဟုတ်ပေ။
ယီယွင် စုန့်ကျစ်ယွဲ့အား မျက်မှောင်ကုတ်၍ ကြည့်လိုက်သည်။ သူ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ပါဝင်ရသည့် ရည်ရွယ်ချက်က အလွန်ရှင်းလင်းသည်။ သူ ဤပွဲတော်တွင် ရှုပ်ထွေးအောင်လုပ်ရန် ဖြစ်လေ၏။
အစောပိုင်းက သူ့အား လင်ယွမ် လူ ၆၄ ယောက် အဖွဲ့လိုက်ပြိုင်ပွဲတွင် ပါဝင်ရန် စေလွှတ်ခဲ့စဥ်က ယီယွင် စိတ်ဝင်စားမှုမရှိပေ။ အဖွဲ့လိုက်ပြိုင်ပွဲတွင် ပါဝင်ကြသူများက ငါးဖားလောင်းများသာ ဖြစ်လေ၏။ ယီယွင်သာ ဝင်ပြိုင်ပါက အဓိပ္ပါယ်မရှိ စိတ်စွမ်းအားကုန်ခမ်းရုံသာ ရှိပေလိမ့်မည်။
တစ်ဖက်မှ ထိပ်တန်းအဆင့် ပျက်စီးခြင်းကောင်းကင်သခင် အလုပ်သင်တစ်ဦး ပေါ်လာချိန်မှသာ သူ စင်ပေါ်သို့တက်မည် ဖြစ်လေ၏။ ထိုသို့ဆိုလျှင် ယီယွင် လှုပ်ရှားရန်အချိန်ကျပေပြီ။
ယီယွင် စကားမပြောဘဲ မတ်တက်ရပ်ကာ ညနေခင်းလေပြေဇရပ်ထဲတွင် လမ်းလျှောက်သွားလိုက်သည်။
ညနေခင်းလေပြေဇရပ်ထဲမှ လူငယ်များက ယီယွင်၏ အပြုအမူကို သိလိုစွာဖြင့် ကြည့်နေကြချိန်တွင် ယီယွင်က ငှက်မွေးတစ်ခုပမာ ခုန်ထွက်သွားကာ ကွင်းပြင်အလယ်ဆီသို့ ဦးတည်လိုက်လေသည်။
ယီယွင် ခုန်လိုက်သည့် တစ်ချိန်တည်းမှာပင် ရေကန်အလယ်ရှိ အခြားသောဇရပ်တစ်ခုထံမှ မိန်းကလေးတစ်ဦး ခုန်ထွက်လာကာ ကွင်းပြင်အလယ်ဆီသို့ ဦးတည်လေသည်။