ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း
Vol. 27 Ch. 397
" ထပ်ပြီး ပျက်စီးသွားပြန်ပြီ ဟားဟား "
ရှန်းထူနန်ထျန်းက အကောင်းဆုံးကြိုးစားကာ ဒေါသထိန်းနေချိန်တွင် စုကျဲက လုပ်သံကြီးဖြင့် ကျယ်လောင်စွာရယ်မောကာ..." ငါ ရွေးထားတဲ့ ဒီတပည့်က တကယ်ကို အံ့ဩဖို့ကောင်းတယ်။ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်မှာ သူက ငါ့ကို ဒီလိုကြီးမားတဲ့ အံ့ဩစရာတစ်ခု ပေးခဲ့တာပဲ... ဟားဟားဟား "
စုကျဲ ရယ်မောနေသည်မှာ ကျိန်ဆဲနေသကဲ့သို့ ဖြစ်နေလေသောကြောင့် ရှန်းထူနန်ထျန်း ဒေါသထွက်လာရသည်။
ယီယွင်က စတုတ္ထမြောက် အဖွဲ့ငယ်အစီရင်ကို ချိုးဖျက်တော့မည့်အချိန်တွင် အစီအရင်အလယ်တွင် ရှိနေသည့် စုန့်ကျစ်ယွဲ့မှာ စိတ်ပျက်နေပြီး တိုက်ခိုက်လိုများအားလုံး ပျောက်ကွယ်နေလေ၏။
ဤအတိုင်း ဆက်သွားနေလျှင် ယီယွင်က ဓာတ်ငါးပါးအရိုးအစီအရင်တစ်ခုလုံးကို ဖျက်ဆီးပစ်မည်မှာ သံသယဖြစ်ရန်မလိုပေ။
ရှန်းထူနန်ထျန်းကလည်း ထိုရလဒ်ကို မမြင်ချင်ပေ။ ရှန်းထူနန်ထျန်းသည် လင်ရှင်းထုံက ယီယွင်အပေါ်တွင် ခံစားချက်ရှိနေသည်ဟု သံသယဝင်ကာ ယီယွင်ကို ရန်သူတစ်ယောက်အဖြစ် မှတ်ယူထားခဲ့ပြီး ဖြစ်လေ၏။ ဤအခြေအနေမျိုးတွင် ယီယွင်က ပြပွဲအား ခိုးယူနေသည်ကို သူ မည်သို့များ ခွင့်ပြုနိုင်ပါမည်နည်း။
" အားလုံးပဲ... ဒီပြိုင်ပွဲကို ဆက်လုပ်ဖို့ မလိုတော့ပုံပါပဲ " ရှန်းထူနန်ထျန်းက ရုတ်တရက် မတ်တက်ရပ်လာကာ..." ဂျူနီယာညီလေးယွင်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ထူးချွန်ပြောင်မြောက်တယ်။ ကျစ်ယွဲ့... အစီအရင်ကို သိမ်းပြီး အရှုံးပေးလိုက်တော့ "
ယီယွင် လက်များရပ်ကာ ရှန်းထူနန်ထျန်းကို လှမ်းကြည့်လိုက်သည်။
ယခုအခါ၌ စုန့်ကျစ်ယွဲ့က မှင်တက်မိနေရာမှ သတိပြန်ဝင်လာပုံပင်။ သူ ကွင်းပြင်ထဲတွင်ရှိနေရသည့် စက္ကန့်တိုင်းက အညှဥ်းပမ်းခံနေရသလိုပင်။
" ငါ အရှုံးပေးတယ် "
စုန့်ကျစ်ယွဲ့က အံကျိတ်ကာ ဆိုလိုက်သည်။ သူက နိမ့်ကျနေလေသောကြောင့် အရှုံးပေးရသည်မှာ ပြဿနာမရှိပေ။
သူ အစီအရင်ကို တစ်စစီပြန်ဖြုတ်နေချိန်တွင် ယီယွင်နှင့် ဆန့်ကျင်ဘက်တွင်ရှိနေသည့် လင်ကျစ်ယန်က ကွမ်ရင်ပန်းခူးလက်ကို ရပ်တန့်လိုက်သည်။
ယီယွင် အစီအရင်ကို စတင်ဖျက်ဆီးချိန်မှစပြီး ယခုအချိန်အထိ စက္ကန့် ၁၅၀ သာ ကြာသေးသည်။ လင်ကျစ်ယန်က ကွမ်ရင်ပန်းခူးလက်ကို ၈၀% နှင့် ၉၀% ခန့်သာ ဖော်ဆောင်၍ပြီးသေးသည်ဖြစ်ပြီး ယခုအခါတွင် ဆက်လက်လုပ်ဆောင်ကာ အသုံးပြုရန် မလိုအပ်တော့ပေ။
မူလက သူမသည် ကွမ်ရင်ပန်းခူးလက် အသုံးပြုကာ စုန့်ကျစ်ယွဲ့နှင့် ယှဥ်ပြိုင်မည်ဟု တွေးထားခဲ့သည်။ အဆင့်မြင့် နည်းစနစ်များ ပြိုင်ပွဲက အာရုံစိုက်စရာဗဟိုချက် ဖြစ်လာလိမ့်မည်ဖြစ်ပြီး သူမသည်လည်း ကျော်ကြားလာပေလိမ့်မည်။
သို့သော် ယီယွင် ပေါ်လာခဲ့ခြင်းကြောင့် သူမအဖို့ ကို့ရို့ကားယား အခြေအနေနှင့် အဆုံးသတ်ခဲ့ရလေ၏။
" ဂျူနီယာမောင်လေးယွင်မှာ စွမ်းရည်ကောင်းရှိတယ်။ ငါ နင့်ကို လျော့တွက်မိသွားပြီ " လင်ကျစ်ယန်က ယီယွင်ကို တစ်ချက်ကြည့်ပြီးနောက် ကွင်းပြင်ထဲမှ ထွက်သွားခဲ့သည်။
စုန့်ကျစ်ယွဲ့က အရှုံးပေးသွားခဲ့ပြီး လင်ကျစ်ယန်လည်း ထွက်ခွာသွားပြီဖြစ်၍ ယီယွင် ဆက်နေစရာအကြောင်း မရှိတော့ပေ။ သူ ကွင်းပြင်ထဲမှ ထွက်ခွာရန်ပြင်လိုက်ချိန်တွင် ရှန်းထူနန်ထျန်းက ရုတ်တရက် ဆိုလာသည်..." ခဏနေပါဦး ဂျူနီယာညီလေးယွင် "
ယီယွင် ခြေလှမ်းရပ်ကာ ရှန်းထူနန်ထျန်းကို ကြည့်လိုက်သည်။
" အခု ဂျူနီယာညီလေးယွင်က စင်မြင့်ပေါ်ကို ရောက်နေပြီဆိုမှတော့ ဘာကြောင့် ထွက်ခွာဖို့အတွက် အလျင်လိုနေမှာလဲ " ရှန်းထူနန်ထျန်းက စကားဆိုရင်း ကွင်းပြင်ထဲသို့ လျှောက်သွားလိုက်သည်။
ရှန်းထူနန်ထျန်း၏ အပြုအမူကြောင့် လူတိုင်း မှင်တက်မိနေကြသည်။ ရှန်းထူနန်ထျန်းက မည်သည့်အရာကို လုပ်လိုလေသနည်း။
" သူက ဂျူနီယာညီလေးယွင်ကို ထွက်သွားခွင့်မပေးဘူး။ သူက ဂျူနီယာညီလေးယွင်နဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် ယှဥ်ပြိုင်ချင်နေတာတော့ မလောက်ဘူးမလား "
လူငယ်မျိုးဆက် ဂျူနီယာတစ်ဦးက ပြောစရာမဲ့သော ပုံစံဖြင့် ဆိုလိုက်လေသည်။
" မဟုတ်လောက်ပါဘူး။ အဲ့ဒီလိုသာဆိုရင် ရှန်းထူနန်ထျန်းက အရှက်မဲ့လွန်းရာကျသွားမှာပေါ့ "
ရှန်းထူနန်ထျန်း၏ အသက်က ယီယွင်ထက် နှစ်ဆနီးပါးခန့် ကြီးလေသည်။ အရွယ်ရောက်ပြီးသော လူတစ်ဦးက ကလေးတစ်ဦးနှင့် ပျက်စီးခြင်းကောင်းကင်ပညာရပ် ယှဥ်ပြိုင်သည်မှာ အနိုင်ကျင့်ခြင်းပသ် မဟုတ်ပေလော။
" မဟုတ်လောက်ဘူး။ ရှန်းထူနန်ထျန်းမှာ ထိုက်သင့်တဲ့ နောက်ခံအင်အားရှိတယ်။ သူက ဒီလိုမျိုး ဂုဏ်သိက္ခာနဲ့မညီတာမျိုးကို လုပ်မှာမဟုတ်ဘူး "
ရှန်းထူနန်ထျန်းကဲ့သို့ မာနကြီးသူတစ်ဦးက အဘယ်သို့များ ယီယွင်နှင့် ယှဥ်ပြိုင်ချင်ပါမည်နည်း။ အကြောင်းမူကား သူ အနိုင်ရခဲ့လျှင်ပင် လင်မိသားစုမှ အကြီးအကဲများ သရော်သည်ကို ခံရမည်ဖြစ်ပေသောကြောင့်ပင်။
" အစောတုန်းက ဂျူနီယာညီလေးယွင် အစီအရင်ဖျက်ဆီးတာကို ငါ မြင်ခဲ့ရတယ်။ မင်းရဲ့စွမ်းအင်တွေ အများကြီးမကုန်ဘူးမလား " ရှန်းထူနန်ထျန်းက ယီယွင်နှင့် ခြေဆယ်လှမ်းအကွာတွင် ရပ်နေသည်။
ယီယွင် အသက်အောင့်ထားပြီး မျက်ဝန်းနက်အစုံက ရှန်းထူနန်ထျန်းကို စူးစိုက်ကြည့်နေသည်။ သူ၏နှလုံးသားထဲမှ အမုန်းတရားကို ထုတ်မပြသော်လည်း အေးစက်တည်ငြိမ်သော မျက်ဝန်းများကြောင့် ရှန်းထူနန်ထျန်း မျက်မှောင်ကုတ်မိသွားသည်။
ထိုကလေး၏ မျက်ဝန်းများက အမှန်တကယ် စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
ရှန်းထူနန်ထျန်းက ယီယွင်ကို မည်သို့ပင်ကြည့်ပါစေ သဘောမတွေ့ပေ။ သူ ယီယွင်၏မျက်လုံးများကို ဖောက်ထုတ်ချင်မိသည်အထိ ဖြစ်လေသည်။
" မကုန်ဘူး " ယီယွင် တည်ငြိမ်စွာ ဖြေလိုက်သည်။ သူက ဓာတ်ငါးပါးအရိုးအစီအရင်ကို ဖျက်ဆီးရန်အတွက် စက္ကန့်တစ်ရာကျော်သာ သုံးခဲ့သည်ဖြစ်ပြီး ယင်းက လှည့်ကွက်တစ်ခုသာ ဖြစ်လေသောကြောင့် သူ၏စိတ်စွမ်းအားများ များစွာမကုန်ပေ။
" အဲ့ဒါ ကောင်းတယ် " ရှန်းထူနန်ထျန်း ပြုံးလိုက်သည်။ ယီယွင် တောက်ပနေချိန်တွင် စင်မြင့်ပေါ်မှ ဆင်းခွင့်ပြုရမည်လော။ ရှန်းထူနန်ထျန်းက ယီယွင်နှင့် တိုက်ရိုက်ယှဥ်ပြိုင်၍ မရလေသောကြောင့် နည်းလမ်းတစ်ခု တွေးထားသည်။
" ဂျူနီယာညီလေးယွင်ရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် ပေါက်မြောက်မှုက ထူးချွန်ပြီးတော့ ရေခဲတုံးရဲ့ ထိပ်ဖျားပိုင်းလောက်ကိုပဲ ပြထားသေးတယ်။ လူတိုင်း လုံလောက်အောင် မမြင်ရသေးဘူးလို့ ငါ ယုံကြည်တယ်။ ဂျူနီယာညီလေးယွင်သာ အခု ထွက်သွားမယ်ဆိုရင် အတော်ကို ရှက်ဖို့ကောင်းသွားမှာပဲ "
ယီယွင် ငြိမ်နေသည်။ ရှန်းထူနန်ထျန်းက တစ်ခုခုအား တွေးနေသည်ကို သူ သိသည်။ ရှန်းထူနန်ထျန်းက သူ့အား ရန်လိုနေသည်ကို သူ ခံစားမိသည်။
" ဂျူနီယာညီလေးယွင်က ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းကို ကြားဖူးလားဆိုတာ ငါ မသိဘူး "
ရှန်းထူနန်ထျန်းက အဘယ့်ကြောင့် ဤကဲ့သို့မေးခွန်းမျိုး မေးလာသည်ကို ယီယွင် မသိပေ။ သို့သော် ဘေးပတ်လည်မှ လူများကမူ ငြိမ်ကျသွားလေ၏။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းက ပျောက်ကွယ်သွားသော ဂိုဏ်းတစ်ခု ဖြစ်သည်။
ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အကြီးကျယ်ဆုံးကဏ္ဍက ပျက်စီးခြင်းကောင်းကင်ပညာရပ် ဖြစ်လေ၏။
ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ရွှေခေတ်တွင် ကျော်ကြားသော ပျက်စီးခြင်းကောင်းကင်သခင်များစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။
ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်များက ကိုယ်ပိုင်စနစ်ရှိပြီး သင်ယူရခက်ခဲကာ အလွန်တရာပင် နက်နဲလေသည်။ ပါရမီပြောင်မြောက်သူများကသာ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို သင်ယူနိုင်ကြသည်။
ယီယွင် ခေါင်းခါလိုက်သည်ကို မြင်သောအခါတွင် ရှန်းထူနန်ထျန်းက ပြုံးကာ..." မင်း မသိတာ အဆင်ပြေပါတယ်။ ပြောရမယ်ဆိုရင် ငါ့ရဲ့မိသားစုက ဆန်းကြယ်နယ်မြေတစ်ခုကို ရှာဖွေခဲ့တုန်းက ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အညွှန်းတစ်ခုကို ရှာတွေ့ခဲ့တယ် "
" အညွှန်းထဲမှာ မှတ်တမ်းတင်ထားတဲ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ထူးထူးခြားခြား မဟုတ်ပေမဲ့ ငါတို့ ရှန်းထူမိသားစုရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်စွမ်းရည်ကို စင်တင်ပေးနိုင်တယ်။ တိုက်တိုက်ဆိုင်ဆိုင်နဲ့ပဲ အဲ့ဒီပျက်စီးခြင်းကောင်းကင်ပညာရပ်ကို ငါ့ရဲ့စွမ်းရည်နဲ့ဆိုရင် သန့်စင်နိုင်တယ်ဆိုရုံလောက်တော့ ရှိတယ်။ ဒါကြောင့် ငါက အားလုံးကို ပြသပေးဖို့ စဥ်းစားထားတယ်။ ကျုပ်က ဒီပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်မှာ ပျော်စရာအချို့ ထပ်ပေါင်းပေးတာလို့ ပြောလို့ရပါတယ် "
လူအများ တစ်ဦးနဲ့တစ်ဦး ကြည့်လိုက်ကြသည်။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း ချန်ထားခဲ့သည့် ပျက်စီးခြင်းကောင်းကင်ပညာရပ်က ရှန်းထူမိသားစု အကဲဖြတ်သကဲ့သို့ အဘယ်သို့များ သာမန်ညောင်ည ဖြစ်ရပါမည်နည်း။
မျက်မှောက်ခေတ် ပျက်စီးခြင်းကောင်းကင်ပညာရပ်ထက် ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က များစွာပိုမိုကာ နက်နဲလေသည်။ ထိုအညွှန်းကို ရှေးဟောင်းဆန်းကြယ်နယ်မြေတစ်ခုထဲမှ ရှာတွေ့ခဲ့သည်ဟု ရှန်းထူနန်ထျန်းက ပြောခဲ့လေသည်။ လင်ရှင်းထုံ၏ သဘာဝယင်သွေးကြောကို ကုသပေးနိုင်သည့် မဟာဧကရီ၏ ဆေးညွှန်းကိုလည်း ထိုဆန်းကြယ်နယ်မြေထဲမှ ရှာတွေ့ခဲ့ခြင်း ဖြစ်လေ၏။
ထို့အပြင် ရှန်းထူနန်ထျန်းက ၎င်းကို သန့်စင်နိုင်သည်ဆိုရုံမျှ လုပ်နိုင်သည်ဟု ပြောထားလေသည်။ ယင်းကြောင့် လူများစွာ ကျိတ်၍ ထိတ်လန့်ရသည်။ ရှန်းထူနန်ထျန်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်က သူတို့ တွေးထင်ထားသည်ထက် ပိုကောင်းနိုင်လောက်သည်။
" ရှန်းထူနန်ထျန်းက တကယ်ကို ပါရမီရှင်ပဲ။ သိုင်းပညာမှာ သူ့ရဲ့စွမ်းရည်ကို ပြောစရာမလိုဘူး။ ဒါပေမဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်မှာလည်း သူ့ရဲ့အောင်မြင်မှုက ထူးချွန်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမိမှာလဲ။ သူက အစီအရင်နဲ့ ဆေးဖော်စပ်တာတွေမှာလည်း တီးမိခေါက်မိရှိလောက်တယ် "
လင်မိသားစု၏ လူငယ်မျိုးဆက်များ ကျိတ်၍ ထိတ်လန့်နေကြသည်။ သူတို့က ရှန်းထူနန်ထျန်းကို သဘောမကျသော်လည်း ထျန်းယွမ်ကမ္ဘာကြီးထဲတွင် ရှန်းထူနန်ထျန်းအား မိုးကောင်းကင်၏ ပြိုင်ဘက်ကင်းသားတော်ဟု ခေါ်ဆိုသည်မှာ ထိုက်တန်ကြောင်းကို ဝန်ခံရပေမည်။
" ဂျူနီယာညီလေးယွင်... ငါက ရှေးဟောင်းအညွှန်းကို သန့်စင်နိုင်ရုံပဲရှိတယ်လို့ ပြောခဲ့တယ်နော်။ ဒါကြောင့် ငါ့ကို အခြားသူတွေက ကူညီပေးဖို့ လိုအပ်တယ်။ ပျက်စီးခြင်းကောင်းကင်ပညာရပ်မှာ ဂျူနီယာညီလေးယွင်ရဲ့ အောင်မြင်မှုက ထူးခြားပြီးတော့ ငါ့ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီနေတယ်။ ဒါကြောင့် ငါနဲ့ပူးပေါင်းမယ်ဆိုရင် ဘယ်လိုသဘောရလဲ "
ရှန်းထူနန်ထျန်း တွေးနေသည့်အရာကို ယီယွင် သဘောပေါက်သွားလေ၏။ ရှန်းထူနန်ထျန်းက စကားများစွာ ပြောနေခဲ့သော်လည်း အဓိကအကြောင်းအရင်းမှာ သူ့အား အလဲထိုးရန်ပင်။
ပျက်စီးခြင်းအရိုးအမတေ သန့်စင်ရန်အတွက် အတူပူးပေါင်းခြင်းသည် ထောင်ချောက်ရှိနေဖို့ရာသာ များလေ၏။
ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း ချန်ထားရစ်သည့် ရှေးဟောင်းအညွှန်းကို ယီယွင်က မည်သို့များ သိပါမည်နည်း။ သန့်စင်နေချိန်တွင် ရှန်းထူနန်ထျန်းက တစ်ခုခုလုပ်ကာ ယီယွင်ကို အရှက်ခွဲလိုလျှင် အလွန်ပင်လွယ်ကူလေသည်။
ထိုစဥ် ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့က ကွင်းပြင်အလယ်သို့ လျှောက်လာကြသည်။ သူတို့ကို ရှန်းထူနန်ထျန်းက အသံပို့ထားလေသည်။ သူတို့ လှုပ်ရှားရန် အချိန်ကျချေပြီ။
" ဂျူနီယာညီလေးယွင်... ငါတို့တွေ အတူတူလုပ်လိုက်ကြရအောင်။ မင်းတစ်ယောက်တည်းဆိုရင် အရမ်းခက်ခဲသွားနိုင်တယ်။ ငါတို့သုံးယောက် အတူပူးပေါင်းမယ်ဆိုရင် ချောချောမွေ့မွေ့ ပြီးသွားနိုင်တယ် "
ထိုနှစ်ဦးက ယီယွင်၏ ညာဘက်နှင့် ဘယ်ဘက်တို့တွင် ဝင်ရပ်ကာ ဆိုလိုက်လေ၏။
" ဘယ်လိုသဘောရလဲ ဂျူနီယာညီလေးယွင်။ ဒါက မင်းအတွက် ရှားပါးအတွေ့အကြုံတစ်ခု ဖြစ်လာလိမ့်မယ် " ရှန်းထူနန်ထျန်းက ပြုံးလျက်ဖြင့်ဆိုကာ သိုလှောင်လက်စွပ်အား လက်ချောင်းနှင့် ထိလိုက်သည်။
" ဒီကောင်က တကယ်ကို ကြောင်သူတော်ပဲ " ထိုအတွေးနှင့်အတူ ယီယွင်၏မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သို့သော် မျက်နှာဖုံးအောက်မှ သူ၏အပြုံးကို မည်သူကမျှ မမြင်ကြပေ။
ရှန်းထူနန်ထျန်းက မည်သည့်အရာကိုလုပ်ရန် စီစဥ်နေကြောင်း သူ သိထားလေသောကြောင့် ရှန်းထူနန်ထျန်းက မည်ကဲ့သို့လှည့်ကွက်များ လုပ်ဆောင်လိမ့်မည်ကို သူ မြင်လိုသည်။
ယီယွင်၏ပင်ကိုယ်စရိုက်အရ ပြပွဲကို ခိုးယူရန် ကြိုးစားမည်မဟုတ်ပေ။ သို့သော် ယနေ့တွင် သူ၏ရည်ရွယ်ချက်က ရှုပ်ထွေးအောင်လုပ်ရန် ဖြစ်လေသောကြောင့် သူ့အဖို့ ပျော်စရာကိစ္စကို မည်သို့များ အလွတ်ခံနိုင်ပါမည်နည်း။