← Chapters

ကွဲပြားစွမ်းအင်

Vol. 27 Ch. 400

ကွဲပြားစွမ်းအင်

Vol. 27 Ch. 400

" ဂျူနီယာညီလေးယွင်... ဒီပျက်စီးခြင်းအရိုး ၁၂ ခုက မရိုးရှင်းဘူး။ မင်းရဲ့စိတ်စွမ်းအားက နည်းနည်းလေး အားနည်းတော့ မင်းအနေနဲ့ ဒီဟာကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူး။ မင်း ဆက်လုပ်ချင်လား " ရှန်းထူနန်ထျန်းက ပြုံးကာ ယီယွင်ကို မေးလိုက်သည်။

အန္တရာယ်ကို ပြောပြပြီးချိန်တွင်ပင် ယီယွင်က ခေါင်းမာနေသေးပါက ယီယွင် မတော်တဆဖြစ်ခဲ့လျှင် ရှန်းထူနန်ထျန်း၏အပြစ် မဟုတ်တော့ပေ။ ထိုသို့ဆိုလျှင် လင်မိသားစုအဖို့ သူ့အား အပြစ်တင်စရာအကြောင်း မရှိတော့ပေ။

ယီယွင်က ယုံကြည်ချက်လွန်ကဲနေသည့်အတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်သင့်သည်ဟု အကြောင်းပြချက်ပေး၍ ရလေသည်။

ရှန်းထူနန်ထျန်း ပြုံးလိုက်သည်ကို မြင်ကာ ယီယွင် ကျိတ်ပြုံးလိုက်သည်။

ရှန်းထူနန်ထျန်းက အန္တရာယ်ကို စောစီးစွာမပြောဘဲ အရိုးသန့်စင်ခြင်း စတင်ချိန်မှသာ ထုတ်ပြောလာသည်။ ရှန်းထူနန်ထျန်း၏ ပန်းတိုင်က သူ့အား ဘေးကျပ်နံကျပ်ဖြစ်အောင် လုပ်ဆောင်ရန်ပင်။

ရှန်းထူနန်ထျန်းက ယီယွင် ဆက်လက်၍ အရိုးသန့်စင်သည်ကို မြင်လိုနေသည်။ ယီယွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်သွားကာ ငကြောင်တစ်ကောင် ဖြစ်သွားမည်ကို ရှန်းထူနန်ထျန်းက လိုလားလေသည်။

အပြန်အလှန်အားဖြင့် ယီယွင်က ငြင်းလိုက်မည်ဆိုလျှင် ရှန်းထူနန်ထျန်းအဖို့ အနည်းငယ်ခန့် စိတ်ပျက်ရမည်ဖြစ်သော်လည်း သူ၏ပန်းတိုင်က အောင်မြင်သွားပေလိမ့်မည်။

ယီယွင်က ရှန်းထူနန်ထျန်း၏စိတ်ကူးကို နားလည်သလို လင်ရှင်းထုံနှင့် စုကျဲတို့ကလည်း နားလည်ကြသည်။

" ကောင်လေး အလျင်စလိုမလုပ်နဲ့ "

" ယီယွင်... သူ့ရဲ့လှည့်ကွက်ထဲကို မဝင်နဲ့ "

လင်ရှင်းထုံနှင့် စုကျဲတို့က ပြိုင်တူအသံပို့လွှတ်လာကာ ယီယွင်၏ နားထဲတွင် မြည်ဟီးသွားခဲ့သည်။

မျက်နှာဖုံးအောက်တွင် ယီယွင်၏ နှုတ်ခမ်းထောင့်စွန်း တွန့်ကွေးသွားလေ၏။ သူ့အား ရှန်းထူနန်ထျန်းက အကွက်ချလိုနေသည်ဖြစ်ရာ သူကလည်း ရှန်းထူနန်ထျန်းကို အဘယ့်ကြောင့် အကွက်မချဘဲ နေရပါမည်နည်း။

ယီယွင်က လက်စားချေတတ်သူ ဖြစ်သည်။ ယခင်က သူ များစွာပင် ထိခိုက်ခံစားခဲ့ရသည်ဖြစ်ရာ ဤကိစ္စက စိတ်ဝင်စားစရာ အနည်းငယ် ရှိမနေပါက သူ မည်သို့များ လက်ခံပါမည်နည်း။

" စိတ်မပူပါနဲ့... ကျုပ်ရဲ့အကန့်အသတ်ကို ကျုပ်သိပါတယ်။ ကျုပ် မလုပ်နိုင်တော့ဘူးဆိုရင် အတင်းအကျပ်မလုပ်ပါဘူး "

ယီယွင်က လင်ရှင်းထုံနှင့် စုကျဲတို့ဆီသို့ အသံပို့လွှတ်ပြီးနောက် သူ၏ဆုံးဖြတ်ချက်အား သဘောမတူသည့် စကားသံများကို လျစ်လျူရှုထားလိုက်သည်။ သူက ရှန်းထူနန်ထျန်းကို ပြောလေ၏..." ကျုပ် ပြဿနာမရှိဘူး။ အရိုးသန့်စင်တာ စနေပြီကို ကျုပ်က အခုမှ ဘယ်လိုလုပ်ပြီး ထွက်ရမှာလဲ "

ယီယွင်က ထိုသို့ပြောလိုက်လေရာ ပျက်စီးခြင်းကောင်းကင်သခင်အားလုံး အံ့အားသင့်သွားကြလေ၏။ ဤကောင်လေး အမှန်ပင် သတ္တိရှိချေသည်။

အထူးသဖြင့် လင်မိသားစုမှ ဂျူနီယာများက ယီယွင်အတွက် စိုးရိမ်နေကြလေ၏။ ထိုပျက်စီးခြင်းအရိုး ၁၂ က မည်သည့်နည်းနှင့်မဆိုပင် မကောင်းသည့်ပုံစံ ပေါက်နေသည်။ ယီယွင်က ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်များကို မသိသည့်တိုင်အောင် မိုက်ရူးရဲဆန်စွာ လက်ခံခဲ့ချေသည်။

ထို့အပြင် ယီယွင်က ငယ်သေးလေပြီး ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့ထက်ပင် သုံးနှစ်ခန့် ငယ်လေသည်။ ဤအခြေအနေမျိုးတွင် အခြားတစ်ယောက်သာဆိုပါက အသက်အန္တရာယ်အဖြစ်ခံကာ သဘောတူမည်မဟုတ်ပေ။

" မတော်တဆတစ်ခုခု မဖြစ်လောက်ဘူးမလား "

လင်မိသားစုဝင်များ စိုးရိမ်နေကြ၏။ ယခုတွင် ယီယွင်က ထွန်းတောက်နေသည်။ သူက သူ့ကိုယ်သူနှင့် လင်မိသားစုတို့အတွက် မျက်နှာရစေရန် လုပ်ဆောင်ထားသည်။

သို့သော် အရိုးသန့်စင်ချိန်တွင် ယီယွင်၏ဝိညာဥ် ထာဝရထိခိုက်သွားပါက မျက်နှာရတော့မည် မဟုတ်ပေတော့ပေ။ သူက ကိုယ့်အစွမ်းအစကို မသိဘဲ မိုက်ရူးရဲဆန်ကာ ထုံထိုင်းသည်ဟု အခြားသူများက သရော်ကြပေလိမ့်မည်။

" ဂျူနီယာညီလေးယွင်ရဲ့ သတ္တိကို အားပေးရမယ်။ ထျန်းယွမ်ကမ္ဘာကြီးထဲမှာ သူက တကယ်ကို မိုးကောင်းကင်ရဲ့ လက်ရွေးစင်သားတော်တစ်ပါးပဲ။ သူ့ရဲ့မျိုးဆက်မှာ သူ့ရဲ့ပုံစံက ခမ်းနားကြီးကျယ်ပြီးတော့ ပြိုင်စံရှားတယ် " ရှန်းထူနန်ထျန်းက ချီးကျူးဖို့ရာ တွန့်တိုတတ်သူ မဟုတ်ပေ။ သူသည် ယီယွင်က ငြင်းလိမ့်မည်ဟု ထင်ထားလေသောကြောင့် ယီယွင်က စိန်ခေါ်မှုကို လက်ခံလိုက်ချိန်တွင် သူ ကျေနပ်အံ့အားသင့်ရသည်။

" တကယ်တော့ သူက ကလေးတစ်ယောက်ပါပဲ။ သူက ငယ်လွန်းသေးတယ် " ရှန်းထူနန်ထျန်းက တွေးလိုက်သည်။

သူ၏အမြင်တွင် ယီယွင်က ၁၅ နှစ်သားသာ ဖြစ်လေ၏။ ထိုအသက်အရွယ်မှ လူများသည် မောက်မာတတ်ကြပြီး သူတို့ကသာ စကြာဝဠာကြီး၏ဗဟိုချက် ဖြစ်လေသည်။

ဤသည်က ရှန်းထူနန်ထျန်း မြင်ချင်နေသည့် ရလဒ်တစ်ခု ဖြစ်လေသည်။

ရှန်းထူနန်ထျန်း၏ နှုတ်ခမ်းများ အနည်းငယ်လှုပ်ရှားသွားကာ ရှန်းထူဟိုင်နှင့် ရှန်းထူဖုန်းတို့ဆီသို့ အသံပို့လွှတ်လိုက်သည်။

ညီအစ်ကိုနှစ်ယောက်က ပြုံးကာ..." စိတ်မပူပါနဲ့ စီနီယာအစ်ကို။ ငါတို့နဲ့ လွှဲထားလိုက်တော့ "

" ဒါဆို ပြန်စလိုက်ကြရအောင် " ရှန်းထူနန်ထျန်းက အော်လိုက်သည်။

" ချောင် "

ရှန်းထူနန်ထျန်းက ဒုတိယမြောက် ပျက်စီးခြင်းအရိုး၏ တံဆိပ်ကို အော်လိုက်သည်။

ချောင်တံဆိပ် ပျက်စီးခြင်းအရိုးက ရှန်းထူဖုန်း၏ လက်ထဲတွင် ရှိလေသည်။

ရှန်းထူဖုန်းက သိုလှောင်လက်စွပ်ထဲမှ အစီရင်ပြားတစ်ခု ထုတ်ယူလိုက်သည်။ ချောင်တံဆိပ် ပျက်စီးခြင်းအရိုးက များစွာမခက်ခဲလေသောကြောင့် သူက ပြီးမြောက်အောင်လုပ်နို​င်မည်ဟု ယုံကြည်ချက်ရှိသည်။

" ယင် "

ရှန်းထူဖုန်းက စွမ်းအင်များ စတင်ထုတ်ယူနေချိန်တွင် ရှန်းထူနန်ထျန်းက ယင်တံဆိပ် ပျက်စီးခြင်းအရိုးကို ချက်ချင်းအော်လိုက်သည်။ ထိုပျက်စီးခြင်းအရိုးက ယီယွင်၏လက်ထဲတွင် ရှိလေ၏။

ယီယွင်က တည်ငြိမ်စွာနှင့်ပင် သက်ဆိုင်ရာ ပျက်စီးခြင်းအရိုးကို ကောက်ယူကာ အစီရင်ပြားကို ထုတ်ယူလိုက်သည်။

ရှန်းထူနန်ထျန်း၏ နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်ကို သူ သတိပြုမိသည်။ ပျက်စီးခြင်းအရိုးထံမှ စိတ်ဝိညာဥ်တန်ပြန်မှုကြောင့် သူ၏ဝိညာဥ် ထိခိုက်သွားမည်ကို ရှန်းထူနန်ထျန်းက စောင့်မျှော်နေချေ၏။

လက်ရှိအချိန်၌ လူပေါင်းများစွာက ယီယွင်ကို စိုက်ကြည့်နေကြသည်။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်ကို နားလည်ထားသော ရှန်းထူဖုန်းက များစွာအာရုံစိုက်မခံရပေ။

ယီယွင်က အလျင်မလိုဘဲ ယင်တံဆိပ် ပျက်စီးခြင်းအရိုးကို လေထဲတွင် ရပ်နေစေရန်အတွက် စိတ်စွမ်းအားကို ထိန်းချုပ်ထားသည်။ တစ်ချိန်တည်းမှာပင် သူက စွမ်းအင်မြင်ကွင်းကို ဖွင့်လိုက်လေ၏။

ရုတ်ခြည်းမှာပင် ယင်တံဆိပ် ပျက်စီးခြင်းအရိုး၏ စွမ်းအင်ဖွဲ့စည်းပုံတစ်ခုလုံးကို သူ မြင်လိုက်ရသည်။

" တကယ်ကို ကွဲပြားစွမ်းအင် ရှိနေတာပဲ "

ပျက်စီးခြင်းအရိုးထဲရှိ စွမ်းအင်များ၏ သဘာဝနှင့် အဆီအနှစ်များကို ယီယွင်က ရှင်းလင်းစွာပင် ခွဲခြမ်းစိပ်ဖြာနိုင်သည်။

ဤလောကထဲတွင် အချို့သောစွမ်းအင်များက သန့်စင်ကာ အစွမ်းထက်ပြီး စစ်သည်များ၏ ကျင့်ကြံရေးအတွက် အလွန်အကျိုးရှိစေသည်။ သို့သော် စွမ်းအင်အချို့၏ သဘာဝက ဖျက်ဆီးမှု ဖြစ်လေ၏။ ထိုစွမ်းအင်များကို ထိန်းသိမ်းထားလျှင်ပင် စစ်သည်များအတွက် အကျိုးမရှိပေ။ ဥပမာဆိုရသော် လမ်းပြလူငယ်နှင့် တစ်သောင်းဧကရာဇ်ဘုရင်တို့ တိုက်ခိုက်ခဲ့ချိန်က တစ်သောင်းဧကရာဇ်ဘုရင်၏ တစ္ဆေတစ်သောင်းခေါင်းလောင်းထံမှ အမှောင်စွမ်းအင်များက တူညီစွာပင် အစွမ်းထက်သော်လည်း လူသတ်ခြင်းမှလွဲ၍ အခြားနေရာတွင် အသုံးမဝင်ပေ။ မည်သူကမျှ ထိုစွမ်းအင်ကို စုပ်ယူကာ အသုံးပြု၍မရပေ။

ယခု ပျက်စီးခြင်အရိုးထဲတွင် တူညီသော စွမ်းအင်တစ်ခု ပါဝင်နေသည်။ အခြားသူများကို ထိခိုက်စေရန်မှလွဲ၍ အခြားကောင်းကျိုး မရှိချေ။

ဤသည်မှာ ယင်တံဆိပ် ပျက်စီးခြင်းအရိုးကို ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ ပျက်စီးခြင်းကောင်းကင်ပညာရပ်နှင့် ပြောင်းလဲထားခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်လောက်သည်။ ဤအရာများသည် ပျက်စီးခြင်းကောင်းကင်သခင်တစ်ဦး စွမ်းအင်ထုတ်ယူရာတွင် အမှားအနည်းငယ် လုပ်မိရုံနှင့်ပင် တန်ပြန်မှုဖြစ်လာနိုင်၏။

ဟုတ်သည်။ ယီယွင်အတွကိမူ ခြိမ်းခြောက်မှုမဟုတ်ပေ။ ယီယွင် လက်မြောက်ကာ ချိတ်တံဆိပ်များ စတင်ဖော်ဆောင်သည်။

" ဆရာ..."

လင်ရှင်းထုံက စုကျဲကို သတိပေးလိုက်သည်။ စုကျဲက အသာလက်ခါပြကာ အာရုံစိုက်နေရင်း ဆိုလေသည်... " ငါ့ရဲ့စိတ်စွမ်းအားက ဒီကောင်လေးဆီမှာ ပိတ်လှောင်ထားတယ်။ မူမမှန်တဲ့အရာ ဖြစ်လာတာနဲ့ ငါက ဒီကောင်လေးရဲ့စိတ်စွမ်းအားနဲ့ ပျက်စီးခြင်းအရိုး ချိတ်ဆက်နေတာကို ချက်ချင်းဖြတ်တောက်ပစ်မှာ။ ဒါပေမဲ့ စိတ်ဝိညာဥ်တန်ပြန်မှုက ရုတ်တရက်ဆန်တယ်။ ငါ အချိန်မီလှုပ်ရှားရင်တောင် သူ့ရဲ့ဝိညာဥ်က ထိခိုက်မှုကိုတော့ ခံစားရဦးမှာပဲ။ ဒါပေမဲ့ သူ ငကြောင်တစ်ကောင်တော့ ဖြစ်မသွားပါဘူး "

စုကျဲက ထိုအရာကိုသာ လုပ်နိုင်သည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ယီယွင်က ဤကိစ္စကို လူပေါင်းများစွာ၏ရှေ့တွင် သဘောတူခဲ့သည်ဖြစ်၍ ဆရာဖြစ်သည့် သူက ကန့်ကွက်၍မရပေ။ သူ့အဖို့ တစ်စုံတစ်ခု ဖြစ်ပျက်လာလျှင် ယီယွင်ကိုသာ ကယ်ရပေမည်။

" ဟုတ်ကဲ့ "

လင်ရှင်းထုံ ခေါင်းညိတ်လိုက်၏။ ယခုတွင် သူမက စုကျဲကိုသာ အားကိုးရပေမည်။

" ဟမ့်... ဒီကောင်က နည်းနည်းလေူတောင် မရင့်ကျက်ဘူး " ယီယွင်က ပျက်စီးခြင်းအရိုးထံမှ စွမ်းအင်များ ထုတ်ယူချိန်တွင် သူ၏ဝိညာဥ်ကို ကာကွယ်ရန်အတွက် စွမ်းအင်များစွာ ပို့လွှတ်ခြင်းမပြုသည်ကို ရှန်းထူနန်ထျန်း သတိထားမိသည်။ ယင်းက အမှားကြီးတစ်ခုပင်။

" ငါ မင်းကို အထင်ကြီးမိသွားတာပဲ။ ဒီတစ်ကြိမ်မှာ မင်းက ငကြောင်တစ်ကောင် ဖြစ်မသွားခဲ့ရင်တောင် ကြီးကြီးမားမား ထိခိုက်ခံစားရတော့မဲ့ပုံပဲ။ မင်းအနေနဲ့ နှစ်ဝက်လောက်အထိ မသက်သာဖို့ များသွားပြီ "

စုကျဲ ၊ အဖွားတော် အပါအဝင် လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများက ယီယွင်၏ လှုပ်ရှားမှုတိုင်းကို ကြည့်နေကြပြီး အချိန်မရွေး လှုပ်ရှားနိုင်ရန် ပြင်ထားကြောင်းကို ရှန်းထူနန်ထျန်းက သတိပြုမိသည်။ လင်မိသားစုက ပါရမီရှင်တစ်ဦး ငကြောင်ဖြစ်သွားမည်ကို မကြည့်လိုကြကြောင်း သိသာလေသည်။

ဤအခြေအနေတွင် ယီယွင်ကို လုံးဝဖျက်ဆီးပစ်ရန် မဖြစ်နိုင်ကြောင်း ရှန်းထူနန်ထျန်း သိသည်။ သို့သော် ယီယွင်ကို ကြီးစွာထိခိုက်စေပြီး ကျင့်ကြံမှုအရာတွင် နှောင့်နှေးသွားစေခဲ့ပါက လုံလောက်လေသည်။

လက်ရှိတွင် ယီယွင်၏လက်ချောင်းများက ပျက်စီးခြင်းအရိုးပေါ်တွင် စန္ဒရားတီးနေသည့်ပမာ ရှိနေလေပြီး မှော်စာလုံးချိတ်တံဆိပ်များ ထုတ်လွှတ်နေသည်။

မှော်စာလုံးချိတ်တံဆိပ်များက အလွန်ရိုးစင်းသော အရှိန်အဝါများ ထုတ်ဖော်နေသည်။ လူတိုင်း မြင်ကွင်းကိုကြည့်ကာ ကြောင်အနေကြလေ၏။

ဆန်းကြယ်သလင်းလက်လား။

ဘာကြောင့် ထပ်ပြီးတော့ ဆန်းကြယ်သလင်းလက်လဲ။

လင်မိသားစု၏ ပျက်စီးခြင်းကောင်းကင်သခင်များ ၊ အထူးသဖြင့် လူငယ်မျိုးဆက်များမှာ မှင်တက်မိနေကြပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။

All Chapters