ဓားမောက်ဓားရှုရာ
Vol. 27 Ch. 401
လူအများ ပြောစရာမဲ့နေရသည်။ လင်မိသားစုထဲတွင် ယီယွင် ပျက်စီးခြင်းကောင်းကင်ပညာရပ်ကိာ ပထမဆုံး ပြသခဲ့စဥ်က ဆန်းကြယ်သလင်းလက်ကို အသုံးပြုခဲ့သည်။
နောက်ပိုင်းတွင် ယီယွင်က သီးခြားလေ့ကျင့်နေကာ နှစ်လ ပျောက်သွားခဲ့သည်။ သီးခြားလေ့ကျင့်ရာမှ ထွက်လာပြီးနောက် ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် ယီယွင် ပထမဆုံးစိန်ခေါ်ခဲ့လေပြီး စုန့်ကျစ်ယွဲ့ အထူးပုံစံဖော်ထားသော ဓာတ်ငါးပါးအရိုးအစီအရင်နှင့် ရင်ဆိုင်ခဲ့ရသည်။ ယီယွင်က ဆန်းကြယ်သလင်းလက်ကို ထပ်မံအသုံးပြုကာ အစီအရင်ကို ဖျက်ဆီးခဲ့သည်။
ယခုက တတိယအကြိမ် ဖြစ်လေ၏။ သူက ရှန်းထူနန်ထျန်းနှင့် အကွက်ဖလှယ်ရတော့မည်။ ပျက်စီးခြင်းကောင်းကင်ပညာရပ် နယ်ပယ်တွင် သေးငယ်သော အမှားတစ်ခုက စိတ်ဝိညာဥ်တန်ပြန်မှုကို ဖြစ်စေလေသောကြောင့် သူ၏အသက် ကြိုးတန်းပေါ်တွင် ရှိနေခဲ့သည်။ လင်မိသားစု၏ တပည့်များဆိုပါက စိန်ခေါ်မှုကို လက်ခံကြမည်မဟုတ်ပေ။ သို့သော် ယီယွင်က စိန်ခေါ်မှုကို လက်ခံပြီးနောက်တွင် ဆန်းကြယ်သလင်းလက်ကို သုံးနေပြန်သေးချေ၏။
အချိန်မှာ မင်းရဲ့ကျွမ်းကျင်မှုတွေကို ဖုံးကွယ်မထားသင့်တော့ဘူး။
" ဟားဟားဟား... ဂျူနီယာညီလေးယွင်က ယုံကြည်ချက်ရှိနေတာပါ့လား "
ရှန်းထူနန်ထျန်း ရယ်ချင်နေသည်။ ယီယွင်က ဤအခြေအနေတွင်ပင် ဆန်းကြယ်သလင်းလက်ကို သုံးနေသေးချေသည်။ သူ မည်မျှအစွမ်းထက်ကြောင်းကို အတင်းကြိုးစားကာ ဟန်ဆောင်ပေတော့မည်လော။
သို့သော်ယီယွင်က ဤကဲ့သို့နည်းစနစ်မျိုးကို အသုံးပြုပြီး သေသွားရမည်ကို ရှန်းထူနန်ထျန်းက မမြင်ချင်ပေ။
အခြားတစ်ဖက်တွင်မူ လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများမှာ ယီယွင်အစား ဇောချွေးပြန်နေကြ၏။
" အကြီးအကဲစု... ခင်ဗျားရဲ့တပည့်က ဘာလုပ်နေတာလဲ။ ဒီအချိန်မှာ သူ့ရဲ့ အကောင်းဆုံးကျွမ်းကျင်မှုကို သုံးသင့်တယ်မဟုတ်ဘူးလား "
" ဒါက..." စုကျဲ ချွေးပြန်သွားသည်။ သူက တွန့်ဆုတ်စွာဖြင့် ဆိုလေသည်..." အားလုံးက အထင်မှားနေကြပုံပဲ။ ကျုပ်ရဲ့ ဒီတပည့်က အခြားနည်းစနစ်တွေကို မသုံးချင်တာ မဟုတ်ပါဘူး။ အခုလက်ရှိမှာ သူက ဆန်းကြယ်သလင်းလက်ကိုပဲ သိထားပုံပါပဲ။ သူက ချိတ်တံဆိပ်တစ်ထောင်ကိုလည်း သိထားပေမဲ့ အဲ့ဒါက ပျက်စီးခြင်းအရိုးအမတေ ဖော်ဆောင်ဖို့အတွက်လေ "
လင်မိသားစုမှ အဆင့်မြင့်ပိုင်း အကြီးအကဲများ တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ သူက ဆန်းကြယ်သလင်းလက်ကိုပဲ သိတာလား။
ရှေးခေတ်အချိန်က ကမ္ဘာအနှံ့ သွားလာနေသော ပျက်စီးခြင်းကောင်းကင်သခင်အချို့သည် ချိတ်တံဆိပ်နည်းစနစ်အချို့ကို အထူးလေ့လာမှုများပြုကာ ပြီးပြည့်စုံအောင် ဖန်တီးကြကြောင်းကို သူတို့ ကြားဖူးကြသည်။ သို့သော် ထိုပျက်စီးခြင်းကောင်းကင်သခင်များက ဆန်းကြယ်သလင်းလက်ကဲ့သို့ အနာဂတ်မရှိသော ချိတ်ပိတ်နည်းစနစ်တစ်ခုကို ရွေးချယ်မည်မဟုတ်ပေ။
လက်ရှိအချိန်၌ ယီယွင်နှင့် ဆန့်ကျင်ဘက်တွင်ရှိနေသည့် ရှန်းထူဖုန်းက ချောင်တံဆိပ် ပျက်စီးခြင်းအရိုးကို သန့်စင်နေရင်း ရှုထောင့်ပုံရိပ်အား ထုတ်ဖော်လိုက်သည်။
ယင်းက ရှုထောင့်ပုံရိပ် ထုတ်ဖော်ရသည့် အခြားသောနည်းစနစ်တစ်ခု ဖြစ်လေသည်။ ဤနည်းစနစ်က အသုံးပြုသူ၏ စိတ်စွမ်းအားနှင့် ယွမ်ချီများကို များစွာကုန်ဆုံးစေသော်လည်း အလွန်အစွမ်းထက်သည်။
ရှန်းထူဖုန်း၏ ချိတ်တံဆိပ်နည်းစနစ်က အလွန်ထူးခြားသည်။ သူ၏လက်တစ်ဖက်မှ လက်ဝါးကို ဓားမောက်ပမာ ဆန့်တန်းထားပြီး ကျန်လက်တစ်ဖက်မှ လက်ချောင်းများကို ဓားသဖွယ် အသုံးပြုနေသည်။ သူ ချိတ်တံဆိပ် ဖော်ဆောင်ချိန်တွင် အလင်းများ တောက်ပနေသည်သာမက ဓားမောက်အလင်းနှင့် ဓားချီတို့၏ မြည်ဟီးသံများပင် ပါဝင်နေသည်။
အိုး...။
လင်မိသားစုဘက် အကြီးအကဲများစွာ၏ မျက်ဝန်းများ တောက်ပသွားလေ၏။
ဖြစ်နိုင်တာက...။
လင်မိသားစု အဖွားတော်က အသက်ပြင်းပြင်းရှုကာ..." ငါ မမှားဘူးဆိုရင် ရှန်းထူဖုန်း အသုံးပြုနေတာက ဓားမောက်ဓားရှုရာလို့ အမည်ရတဲ့ ရှေးဟောင်းချိတ်တံဆိပ်နည်းစနစ်တစ်ခုပဲ "
" တကယ်ကို ဓားမောက်ဓားရှုရာပဲ။ ဒီချိတ်တံဆိပ်နည်းစနစ်ရဲ့ အမွေအနှစ်က မပြည့်စုံဘဲ ဒီနေ့အထိ လက်ဆင့်ကမ်းလာခဲ့ကြတယ်။ ဟိုးအရင်အချိန် ရှေးဟောင်းပျက်စီးခြင်းကောင်းကင်သခင်တွေနဲ့ အမှောင်ပျက်စီးခြင်းကောင်းကင်သခင်တွေရဲ့ မဟာတိုက်ပွဲအကြားမှာ ဓားမောက်ဓားရှုရာကလည်း ဂိုဏ်းပေါင်းများစွာနဲ့အတူ တိမ်မြုပ်သွားရတယ် "
အမည်နှင့်ပင် ထိုချိတ်တံဆိပ်နည်းစနစ်၏ စွမ်းအားကို ခံစားမိစေလေသည်။
ဓားမောက်ဓားရှုရာက လမ်းမှန်နှင့်လမ်းမှာ နှစ်ခုစလုံး ဖြစ်လေပြီး အလွန်အစွမ်းထက်သည်။ ဓားမောက်ဓားရှုရာကို ပျက်စီးခြင်းအရိုးများ သန့်စင်ရာတွင်သာမက တိုက်ခိုက်ရေးနည်းစနစ်အဖြစ်လည်း အသုံးပြုနိုင်သည်ဟု လူအချို့က ဆိုကြသည်။
ဓားမောက်ဓားရှုရာ ချိတ်တံဆိပ်နည်းစနစ်ကိုယ်တိုင်ကပင် တိုက်ပွဲတစ်ခု ဖြစ်ချေသည်။
တိုက်ခိုက်ရန်အနေအထားတွင် ရှန်းထူဖုန်းက ချောင်တံဆိပ် ပျက်စီးခြင်းအရိုး၏ စိတ်ဝိညာဥ်တန်ပြန်မှုကို အလွယ်တကူပင် ရင်ဆိုင်နိုင်သည်။
ထိုနည်းစနစ်၏ အဓိကအမွေအနှစ်က ပျောက်ကွယ်နေလေသည်။ ထို့ကြောင့် ဓားမောက်ဓားရှုရာက အလွန်အစွမ်းထက်သော်လည်း ယနေ့အချိန်တွင် အလွန်နည်းပါးသော ပျက်စီးခြင်းကောင်းကင်သခင်များကသာ အသုံးပြုကြသည်။
သို့သော် ယခုအခါ ရှန်းထူဖုန်း အသုံးပြုနေသည့် ဓားမောက်ဓားရှုရာက မပြည့်စုံသော အမွေအနှစ်ကဲ့သို့ ရိုးရှင်းမနေသည်ကို လူအများ မြင်နေကြရသည်။
" ရှန်းထူမိသားစုက ဆန်းကြယ်နယ်မြေထဲကနေ ပျက်စီးခြင်းကောင်းကင် ရှေးဟောင်းဂိုဏ်းရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်တွေ ရှာတွေ့ခဲ့ရုံတင်မကဘူး ပျောက်ဆုံးနေတာ ကြာပြီဖြစ်တဲ့ ဓားမောက်ဓားရှုရာကိုလည်း ရှာတွေ့သွားခဲ့တယ် "
" ရှန်းထူမိသားစုက ကောင်းကောင်းကြီး ကြိုတင်ပြင်ဆင်လာခဲ့တာပဲ။ ဂျူနီယာတစ်ဦးရဲ့ လက်ထဲမှာ ဓားမောက်ဓားရှုရာ ပေါ်လာဖို့ဆိုရင် အရမ်းကိုသေးငယ်တဲ့ ခွဲတမ်းတစ်ခုပဲ ဖြစ်လိမ့်မယ်။ ရှန်းထူမိသားစုမှာ ဓားမောက်ဓားရှုရာရဲ့ ပြည့်စုံတဲ့အမွေအနှစ် ရှိနေခဲ့မယ်ဆိုရင်တော့ နောက်ပိုင်းအချိန်မှာ သေချာပေါက်ကို ထုတ်ကြွားလာမှာပဲ။ အခုက အမြည်းကျွေးနေတာပဲ "
ထိပ်တန်းအဆင့် ပျက်စီးခြင်းကောင်းကင်ပညာရပ်တစ်ခုဖြစ်သည့် ဓားမောက်ဓားရှုရာကို ဂျူနီယာများဖြစ်သည် ရှန်းထူဖုန်းနှင့် ရှန်းထူဟိုင်တို့က သေးငယ်သောပမာဏခန့်မျှသာ သင်ယူရသေးမည်ကို လူအများ သိကြသည်။
ရှန်းထူနန်ထျန်း ပြောခဲ့သကဲ့သို့ပင် ဤပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော်တွင် သူတို့က လင်မိသားစု အံ့အားသင့်သွားစေရန် ကြိုတင်ပြင်ဆင်မှုမျိုးစုံ လုပ်ဆောင်ထားကြသည်။ သူတို့က လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကို ကုသပေးနိုင်စွမ်းရှိကြောင်း သက်သေပြကြပေလိမ့်မည်။
ယီယွင် ပေါ်ထွက်လာခြင်းသည် ရှန်းထူမိသားစု၏ အစီအစဥ်များကို အနည်းငယ်ခန့် ပျက်စီးသွားစေသော်လည်း မသေချာသောကိန်းတစ်ခုဖြစ်သည့် ယီယွင်က ရှန်းထူမိသားစု၏ ဆန်းကြယ်နယ်မြေထဲမှ ရလာခဲ့သော အမွေအနှစ်များကို ယှဥ်နိုင်မည်မဟုတ်ပေ။ ထို့အပြင် ယီယွင်က ငယ်သေးလွန်းသည်။
လက်ရှိအချိန်၌ ရှန်းထူနန်ထျန်းသည် လင်မိသားစု အကြီးအကဲများ၏ ထူးဆန်းသောအမူအရာများကို ကြည့်ကာ ပြုံးနေလျက်ရှိသည်။ သူက ဤသက်ရောက်မှုကို လိုချင်လေသည်။
ရှန်းထူမိသားစု ရရှိထားသည့် အမွေအနှစ်များကို လင်မိသားစု တပ်မက်လာအောင် သူ လုပ်ရပေမည်။ လင်ရှင်းထုံ၏ ပိတ်ဆို့နေသောသွေးကြောများကိုပါ ထည့်တွက်မည်ဆိုပါက သူတို့အဖို့ ရွေးချယ်စရာမရှိတော့ဘဲ ရှန်းထူမိသားစုနှင့် ပူးပေါင်းရပေလိမ့်မည်။
ရှန်းထူနန်ထျန်းက ဤအဖြစ်မျိုးကို အလိုချင်ဆုံး ဖြစ်သည်။ သူ လင်ရှင်းထုံနှင့် အတူနေခွင့်ရပြီး ပြိုင်စံရှားမဟာဧကရီတစ်ပါး ဖြစ်လာနိုင်သည့် သန့်စင်ယင်ခန္ဓာကိုယ်နှင့် လိင်ဆက်ဆံရပါက သူ့အတွက် အကြီးမားဆုံး အကျိုးအမြတ်တစ်ခု ဖြစ်လာပေလိမ့်မည်။
ရှန်းထူနန်ထျန်းက ပျက်စီးခြင်းကောင်းကင်ပညာရပ် လက်ဖက်ရည်ပွဲတော် စတင်ချိန်ကတည်းကပင် အစီအစဥ်များ ချထားခဲ့သည်။
ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်များ ချပြကာ လင်မိသားစုမှ လူများ အမြင်ကျယ်အောင် လုပ်ဆောင်မည်ဖြစ်သည်။ ထိုသည်က သူ၏အစီအစဥ်အစ ဖြစ်လေ၏။ မျှော်လင့်မထားသော ပိုးကောင် ယီယွင်ကြောင့် သူ၏အစီအစဥ်များ အမြန်သွားခဲ့ရသည်။ သို့သော် ထိုကိစ္စက ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်း၏ အမွေအနှစ်များကို ပြသရေးအတွက် အဟန့်အတားမဖြစ်ခဲ့ပေ။
အနာဂတ်တွင် သူဆိုသည့် ရှန်းထူနန်ထျန်းက ထျန်းယွမ်ကမ္ဘာကြီးကို ထိန်းချုပ်နိုင်သူတစ်ဦး သေချာပေါက်ပင် ဖြစ်လာပေလိမ့်မည်။
လက်ရှိတွင် ရှန်းထူဖုန်းက ချောင်တံဆိပ် ပျက်စီးခြင်းအရိုးထဲမှ စွမ်းအင်များ ထုတ်ယူနေသည်မှာ တစ်ဝက်ခန့် ပြီးစီးနေပေပြီ။ တစ်ချိန်တည်းမှာပင် သူက ဓားမောက်ဓားရှုရာကို အသုံးပြုထားပြီး စိတ်ဝိညာဥ်တန်ပြန်မှုကို ဖယ်ရှားနေခဲ့သည်။ ထိုနည်းလမ်းသည် အစောပိုင်းက ရှန်းထူဟိုင် သရုပ်ပြသွားသည်ထက် ပိုမိုအစွမ်းထက်သည်။
ရှန်းထူနန်ထျန်းသည် လက်ရှိအခြေအနေတွင် လင်မိသားစု မျက်ရည်ဝဲသွားစေရန် မည်သို့လုပ်ရမည်ကို စီစဥ်နေလေ၏။
" လင်မိသားစုက စီနီယာတို့... ရှန်းထူဖုန်း အသုံးပြုနေတာက ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ ဓားမောက်ဓားရှုရာဆိုတာကို စီနီယာတို့ သတိပြုမိကြမှာပါ "
" ဒါပေါ့လေ... ရှန်းထူဖုန်းမှာ စွမ်းရည်အကန့်အသတ် ရှိနေတယ်။ သူက ဓားမောက်ဓားရှုရာကို နည်းနည်းလောက်ပဲ ထုတ်သုံးနိုင်တယ်။ အမှန်အတိုင်းပြောရမယ်ဆိုရင် ကျုပ်တို့ ရှန်းထူမိသားစုက ဓားမောက်ဓားရှုရာကို အပြည့်အစုံနီးပါး ရရှိထားပါတယ်။ လက်ရှိမှာ မိသားစုရဲ့ အကြီးအကဲတွေက အဲ့ဒါကို လေ့လာစူးစမ်းနေကြပါတယ်။ ဒါပေမဲ့ ဓားမောက်ဓားရှုရာရဲ့ အမွေအနှစ်က လျှို့ဝှက်ဆန်းကြယ်တာကြောင့် လေ့လာစူးစမ်းမှုလုပ်တာက အစပျိုးအဆင့်မှာပဲ ရှိနေပါသေးတယ် "
ရှန်းထူနန်ထျန်းက ရည်ရွယ်ချက်ရှိစွာဖြင့် ငါးစာချလိုက်လေရာ လင်မိသားစုမှ အကြီးအကဲများစွာ ဆွဲဆောင်ခံလိုက်ရသည်။ သူတို့က ထိုရှေးဟောင်းအမွေအနှစ်ကို စိတ်ဝင်စားသည်။ စုကျဲသည်ပင် မတည်ငြိမ်နိုင်တော့ပေ။
" ဓားမောက်ဓားရှုရာမှာ အရမ်းအားကောင်းတဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါ ရှိနေတယ်။ ပျက်စီးခြင်းကောင်းကင်ရှေးဟောင်းဂိုဏ်းရဲ့ ပျက်စီးခြင်းကောင်းကင်ပညာရပ်က ကဏ္ဍမျိုးစုံက ချိတ်တံဆိပ်နည်းစနစ်တွေ လိုအပ်တယ်။ အဲ့ဒါတွေမရှိရင် ပျက်စီးခြင်းကောင်းကင်ပညာရပ် အမွေအနှစ်က လိုအပ်ရှိနေဦးမှာပဲ "
" ဒီတစ်ကြိမ်မှာ ကျုပ်တို့ ရှန်းထူမိသားစုက ဆန်းကြယ်နယ်မြေထဲကနေ ဓားမောက်ဓားရှုရာ တစ်ခုတည်းကိုပဲ ရခဲ့တာ မဟုတ်ပါဘူး။ လင်မိန်းကလေးရဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ပြန်ဆက်ပေးနိုင်တာ အပါအဝင် ၊ ခွဲခြားလို့မရသေးတဲ့ ရှေးဟောင်းပျက်စီးခြင်းကောင်းကင်ပညာရပ်တွေလည်း ပါဝင်ပါတယ်။ အချို့နည်းလမ်းတွေက တကယ်ကို မှင်တက်မိလောက်စရာပါပဲ "
ရှန်းထူနန်ထျန်းက အာဘောင်ရင်းသန် ပြောနေချိန်တွင် ဖောင်းခနဲမြည်သံတစ်ခု ကြားလိုက်ရလေ၏။ ရုတ်တရက်ပေါ်လာသော ထိုပေါက်ကွဲသံကို ရှန်းထူနန်ထျန်းက ရင်းနှီးနေသည်။
အသံရပ်သွားခဲ့ကာ သူ ရင်ထိတ်သွားရသည်။
သူ ခေါင်းကို ဖြေးညင်းစွာလှည့်ကာ အသံလာရာဆီသို့ ကြည့်လိုက်သည်။ သူ၏ကျောဘက်ရှိ ယီယွင် ရပ်နေသည့်နေရာသို့ လှမ်းကြည့်လိုက်ရာ ယီယွင်၏လက်ထဲရှိ ယင်တံဆိပ် ပျက်စီးခြင်းအရိုးက လုံးဝကွဲကြေနေကာ မီးခိုးဖြူရောင်အဆင်း ဖြစ်နေသည်ကို မြင်လိုက်ရသည်။
ယီယွင်၏လက်ထဲတွင် သန့်စင်သော စွမ်းအင်လုံးတစ်ခု ရှိနေလေသည်။ ထိုသည်ကား ယင်တံဆိပ် ပျက်စီးခြင်းအရိုး၏ ပျက်စီးခြင်းစွမ်းအင် ဖြစ်လေ၏။
ယီယွင်က ယင်တံဆိပ် ပျက်စီးခြင်းအရိုးထံမှ ပျက်စီးခြင်းစွမ်းအင်ကို ထုတ်ယူပြီးသွားချေပြီ။
ဘယ်လို...။
ရှန်းထူနန်ထျန်း ပါးစပ်အဟောင်းသား ဖြစ်နေလေပြီး မျက်လုံးအပြူးသားဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးများရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေကာ သူ အယ်ဇိုင်းမားရောဂါ ဖြစ်နေသည့်ပမာပင် ခံစားနေရလေ၏။
ဘာဖြစ်သွားတာလဲ။ ယင်တံဆိပ် ပျက်စီးခြင်းအရိုးထဲမှာရှိတဲ့ စိတ်ဝိညာဥ်တန်ပြန်မှုက ဘာဖြစ်သွားတာလဲ။ ယီယွင်က စိတ်ဝိညာဥ်တန်ပြန်မှု ထကြွလာတာကို ဘာကြောင့် သက်ရောက်မခံရတာလဲ။