အခန်း (၇၆၁-၇၆၅)
Vol. 41 Ch. 761-765
အခန်း(၇၆၁)
ကောင်းရှန်းကျစ်သည် အနောက်ပိုင်းနယ်မြေမှ အင်အားအကြီးဆုံး အမျိုးသားတစ်ယောက်ဖြစ်သလို သူ၏ အာဏာက ချီရှီမှ ခုံးတောင်တန်းများတောက်လျှောက် ဖြန့်ကျက်ထားသည်။ သူ့ကိုပေးထားသည့် မဟာဗိုလ်ချုပ်ကြီးဆိုသော ဘွဲ့က အန်းရှီအစိုးရ ကာကွယ်ရေး စစ်တပ်အတွင်းတွင် ရှိနေသည့် မဟာထန်၏ လက်ရွေးစင် စစ်တပ်တစ်သောင်းကို အုပ်ချုပ်နိုင်သည့် အာဏာအပြည့်အဝ ပေထားပြီး အကောင်းဆုံး အထောက်အပံ့ပစ္စည်းများ ရရှိထားသည်။ သူကလည်း ထိုဘွဲ့နှင့်ထိုက်တန်သည်။ တော်ဝင်အစောင့် ညာလက်ရုံး မဟာဗိုလ်ချုပ်ကြီးဆိုသော နာမည်နှင့် မီယွန်၏ စီရင်စုမြို့စားဆိုသော ဘွဲ့နာမည်များကိုလည်း ပိုင်ဆိုင်ထားသေးသည်။
မြို့စားအမတ် ဒုတိယမြို့စား စသဖြင့် အဆင့်ဆင့်တို့က ရာထူးသတ်မှတ်ချက်များဖြစ်ပြီး တော်ဝင်မင်းသား အဆင့်အောက်တွင်ရှိသည်။ ကောင်းရှန်းကျစ်က မြို့စားမင်း ဖြစ်သည့်အတွက် သူ၏ရာထူးက အမတ်များ၏ အထက်တွင်ရှိသည်။
သို့ရာတွင် ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ယောက်အနေဖြင့် ကောင်းရှန်းကျစ်၏ အချိန်အများစုက အနောက်ပိုင်း နယ်စပ်တွင်သာ ရှိနေခဲ့သည်။ ထို့နောက် သူက အခြားသော ဘွဲ့နာမည်များကို အခြားသူများကိုသာ တာဝန်ယူခိုင်ထားရသည်။
“ချန်းချင် ဒါကိုကြည့်ကြည့်စမ်း ဒါက ငါတို့ရဲ့ မဟာထန်ရဲ့ လူငယ်အမတ် အရှင်ဧကရာဇ်က တန်ဖိုးထားတဲ့ တပည့်က ငါတို့ဆီ စာပို့လိုက်တယ်”
ကောင်းရှန်းကျစ်၏ နှုတ်ခမ်းက တွန့်သွားပြီး ရည်ရွယ်ချက်အပြည့်ပါသည့် အပြုံးမျိုးပြုံးကာ မီးခိုးရောင်ဝတ်စုံ ဝတ်ထားသည့် ဆံပင်တိုတိုနှင့် အနည်းငယ် လက်ပြင်ကုန်းနေသော အကျည်းတန်သည့် လူတစ်ယောက်ကို ပေးလိုက်သည်။ သို့သော် ထိုလူ၏ မျက်လုံးက ကြည်လင်ကာ ပြတ်သားသည်။ အကြည့်ကလည်း စူးရှသည်။ သူ၏ဗိုလ်ချုပ်ကြီး၏ အပြုံးကို မြင်ကတည်းက ထိုလူကလည်း သိလိုက်သည်။ ထိုလူက လက်ရှိအချိန်တွင် အကြံပေးရာထူး လက်ထောက်ဗိုလ်ချုပ်ကြီးရာထူး ယူထားသည့် ဖန်းချန်းချင်ဖြစ်သည်။ သူကိုယ်တိုင်ကပင် အံ့အားသင့်သော အကြည့်မျိုးဖြစ်သွားသည်။
နှစ်ပေါင်းများစွာကြာအောင် တာဝန်ကို ထမ်းဆောင်လာပြီးနောက် သူ၏ဗိုလ်ချုပ်ကြီး၏ စရိုက်ကို သူက အလွန်အမင်း ရင်းနှီးနေပြီဖြစ်သည်။ ထိုကာကွယ်ရေးဗိုလ်ချုပ်ကြီးက အမြဲတစေ စိတ်နေသဘောထား ခိုင်မာပြီး ဆုံးဖြတ်ချက် ပြတ်သားသည်။ တိုက်ပွဲမတိုက်ခင်ဆိုလျှင် သူက အမြဲတစေ မျက်နှာထား တင်းနေတတ်ပြီး တောင်တန်းတစ်လုံးလို ဘယ်သောအခါမှ ရွေ့တော့မည်မဟုတ်သည့် အနေအထားမျိုးအတိုင်း တည်ကြည်လေသည်။ ယခုလို ခံစားချက်မျိုး ပြခြင်းက ရှားပါးသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဝမ်ကလန်ရဲ့ အငယ်ဆုံးသားက အရှင့်ဆီက တစ်ခုခုများ တောင်းဆိုတာ ဖြစ်နေမလား”
ဖန်းချန်းချင်က အကြံပေးသည်။
ဝူရှန်းက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖုမန်လင်းချာ၏ ပိုင်နက်နယ်မြေဖြစ်သည်။ ထိုလူ၏ အကျင့်နှင့် ပေ့ထင်မှ ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီး အန်းစစ်ရွှန်းနှင့် ထယ်ကြီးမှ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်တို့၏ တည်ရှိမှုကြောင့် ဝမ်ကလန်မှ ထိုဆက်ခံသူက အခြေအနေကောင်းတွင် မရှိနေခဲ့ချေ။
“ဟွန့် ချန်းချင် ရှားရှားပါးပါး မင်းဒီတစ်ကြိမ်တော့ ခန့်မှန်းတာမှားသွားပြီ”
ကောင်းရှန်းကျစ်က သူ၏မုတ်ဆိတ်မွှေးများကို တစ်ချက်သပ်ပြီး ပြုံးသည်။
“မင်းထင်တာနဲ့ ဆန့်ကျင်ဘက်ပဲ။ သူက ငါ့ဆီက ဘာမှ မတောင်းဆိုရုံတင်မကဘူး ငါတို့ကတောင် သူ့ဆီက တစ်ခုခု တောင်းဆိုရတော့မဲ့ပုံစံမျိုးပဲ။ မင်းဖတ်လိုက်တာနဲ့ သိပါလိမ့်မယ်”
“အို”
ဖန်းချန်းချင်၏ မျက်ဝန်းအတွင်း အံ့အားသင့်မှု၊ စိတ်ရှုပ်ထွေးမှုများက ပေါ်လာသည်။ ထိုအဖြေက သူမျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ ကာကွယ်ရေးဗိုလ်ချုပ်ကြီး၏ အဆင့်အတန်း အာဏာ အင်အားတို့ကြောင့် ဝမ်ကလန်မှ ကောင်စုတ်လေးထံမှ တောင်းဆိုစရာမရှိသင့်ချေ။ ကြည့်ရသည်မှာ အခြားသော နည်းလမ်းအရ ဖြစ်လောက်သည်။
သို့သော် ဖန်းချန်းချင်က ဘယ်သောအခါမှ လူတစ်ယောက်ကို အထင်တသေး သုံးသပ်တတ်သောလူ မဟုတ်ချေ။ သူက ကိစ္စကို ကိုယ်တိုင်ကိုယ်ကျ စုံစမ်းစစ်ဆေးရခြင်းကို သဘောကျပြီး ကိုယ်တိုင်ဆုံးဖြတ်ချက် ကိုယ်တိုင်ထင်မြင်ချက်ကို ပို၍ယုံကြည်သည်။
သူကခေါင်းငုံ့လိုက်ပြီး စာကိုစဖတ်သည်။ တဖြည်းဖြည်းချင်း ဖတ်နေရင်း ဖန်းချန်းချင်၏ မျက်နှာက ထူးဆန်းသထက် ထူးဆန်းလာပြီး အဆုံးတွင် သူက တိတ်ဆိတ်သွားသည်။ သူ၏မျက်နှာတွင် ခန့်မှန်းရခက်သည့် အကြည့်မျိုးက ပေါ်လာသည်။
စာပါအကြောင်းအရာအရ အရာအားလုံးက သူမျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။ သူက ရုတ်တရက် မည်သည့်အတွက်ကြောင့် ကာကွယ်ရေးဗိုလ်ချုပ်ကြီး၏ အမူအရာက ထူးဆန်းသွားကြောင်း ရုတ်တရက် နားလည်လိုက်သည်။
“ဝမ်ကလန်ရဲ့ ဒီအငယ်ဆုံးသားက ငါတို့ကို ရှီတိုင်းပြည်ကို မတိုက်ခိုက်ဖို့ အကြံပေးနေတာလား”
ဖန်းချန်းချင်က သူ၏အမတ်ချုပ်ကြီးကို ခေါင်းလှည့်ကာကြည့်သည်။
အန်းရှီတွင် နှစ်ပေါင်းများစွာ နေထိုင်လာပြီးနောက် မရေမတွက်နိုင်သော စာများကို ဖတ်ခဲ့ဖူးသည်။ သို့သော် ဒီစာကမူ ဖန်းချန်းချင်ကို ထိုသို့ ပဟေဠိဖြစ်ကာ ရှင်းပြရခက်ခဲသည့် မျက်နှာထားမျိုးဖြစ်သွားစေခြင်းဖြစ်သည်။
ရှီတိုင်းပြည်က ခုံးတောင်တန်းများ၏ အနောက်ဘက်ပိုင်းတွင်ရှိပြီး မဟာထန်၏ နယ်မြေကို ကျော်လွန်နေသည်။ ထိုနေရာက ကျောင်းဝူကိုးဖွဲ့ထဲမှ တစ်ဖွဲ့၏နေရာလည်းဖြစ်သလို ခန်းတိုင်းပြည်၊ အန်းတိုင်းပြည်နှင့် အခြားသော တိုင်းပြည်တို့ဖြစ်သည်။ သူတို့က တစ်ပေါင်းတစ်စုတည်း ရှိနေပြီး အာဘတ်ဆစ်ကယ်လီဖိတ်အကြား နေရာမျိုးတွင်ရှိသည်။
မြောက်ပိုင်းနှင့် တောင်ပိုင်း ပိုးသားလမ်းတောက်လျှောက်သွားသော ဟူကုန်သည်တိုင်းက ရှီတိုင်းပြည်ကို ဖြတ်သွားရသည်။
အမှန်တိုင်းဆိုရသော် အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ရှီတိုင်းပြည်က ဘယ်သောအခါမှ ပြဿနာ မတက်ဖူးချေ။ အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း ရှီတိုင်းပြည်ကိုတိုက်ခိုက်ရန် အကြံအစည် မရှိချေ။ ထို့ကြောင့် ဝမ်ချောင်၏စာက ရှင်းပြရခက်ခဲသလို သူတို့၏ခေါင်းကိုပင် ကုပ်ချင်မိသွားစေသည်။
အင်ပါယာမှ အမြွှာမြို့ရိုးများဟုပင် တင်စားရသည့် ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်တို့ကလည်း ထိုစာကို ပုံမှန်အားဖြင့် ဂရုမစိုက်သင့်ချေ။ သို့သော် အမှန်တိုင်းဆိုရသော် ခန်းမအတွင်းရှိ လေထုအခြေအနေကမူ အဓိပ္ပာယ်တစ်မျိုးကို ဖော်ညွှန်းနေသည်။ ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်တို့ နှစ်ယောက်လုံး၏ အမူအရာများက လျို့ဝှက်နက်နဲသွားကြသည်။
“ငါပြောတဲ့ စိတ်ဝင်စားစရာပဲဆိုတဲ့ အဓိပ္ပာယ်ကို မင်းသိပြီမဟုတ်လား”
ကောင်းရှန်းကျစ်၏ မျက်ဝန်းက နက်ရှိုင်းသော အဓိပ္ပာယ်များနှင့် ဆက်နွယ်နေသလို ထင်ရသည်။
“ဒါပေမဲ့အရှင် ဒါက သူဘယ်လိုသိတာလဲ”
ဖန်းချန်းချင်က နောက်ဆုံးတွင်ပြောလိုက်သည်။
အန်းရှီမှ လက်ထောက်ဗိုလ်ချုပ်ကြီးဖြစ်သည့်အပြင်၊ ပြစ်ချက်သဲလဲစင် အကြံအစည်ဖန် ဆိုသော နာမည်များကိုပင် ပိုင်ဆိုင်ထားသည့်အလျောက် သူက တစ်စုံတစ်ရာကြောင့် အံ့အားသင့်ခဲသည်။ သို့သော် ထိုတခဏတွင် ဖန်းချန်းချင်ကပင် စာကို သရဲကိုမြင်ရသလို ကြည့်နေမိသွားသည်။
ရွှီတိုင်းပြည်ကို တိုက်ခိုက်မည်ဆိုသော အကြံက ဗိုလ်ချုပ်၏ စိတ်ထဲမှ အတွေးမျှသာဖြစ်သေးသည်။ ထိုအကြောင်းအရာကို သိသော အန်းရှီကာကွယ်ရေးစစ်တပ်မှ လူများ သို့မဟုတ် မဟာထန်ကာကွယ်ရေး စစ်တပ်မှ လူများဆိုလျှင် လက်တစ်ဖက်တည်းဖြင့် ရေရွတ်၍ရသည်။ ထိုအကြံအစည်ကို အကောင်အထည်ပင် ဖော်ရန် စိတ်မကူးရသေးချေ။ သို့သော် လီထောင်ပေါင်းများစွာအကွာမှ ဆယ်ကျော်သက်လေးကမူ သိနေသည်။
“ဟေး ငါရှီတိုင်းပြည်ကို တိုက်ခိုက်မဲ့အကြောင်း ပြောဖူးတာဆိုလို့ မင်းပဲရှိတယ်။ ဘယ်သူမှမသိဘူး။ သွမ့်လျိုရှစ်နဲ့ အခြားလူတွေတောင် မသိကြဘူး။ အခြားစကားနဲ့ပြောရရင် ဒီအန်းရှီတစ်ခုလုံးမှာ ငါတို့နှစ်ယောက်ပဲ သိတယ်။ အခု ငါသိချင်တာက ဝမ်ကလန်က အဲ့ဒီကောင်လေး ဘယ်လိုသိသွားလဲဆိုတာပဲ”
ကောင်းရှန်းကျစ်ကပြောသည်။
အန်းရှီမှ ဗိုလ်ချုပ်ကြီးနှစ်ယောက်၏ မျက်နှာထားများက ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဖန်ချန်းချန်၏ လက်ထဲတွင်ကိုင်ထားသည့် ဝူရှန်းမှစာက ပထမဦးဆုံးအကြိမ် ထိုနှစ်ယောက်အနေနှင့် ဝမ်ကလန်မှ ထိုသားကို ဖောက်မမြင်နိုင်ဟုသော ခံစားချက်မျိုးကို ရသွားခြင်းဖြစ်သည်။
ယခုအခါ သူတို့ ရထားသောသတင်းက မပြီးပြည့်စုံသေးသည်မှာ ရှင်းလင်းနေသည်။ ထို့ကြောင့် သူတို့သိသော ဝမ်ချောင်က သူတို့သတင်းရထားသည့် ဝမ်ချောင် ဟုတ်မဟုတ်ပင် မသေချာတော့ချေ။
ခန်းမက တိတ်ဆိတ်သွားသည်။ ထူးဆန်းသော လေထုက အချိန်တစ်ခုကြာအောင် ဝေ့ဝဲနေပြီးနောက် နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။
“အရှင် ကျွန်တော်တို့... စဉ်းစားသင့်လား”
ဖန်းချန်းချင်က ပြောသည်။
“ဟမ့် သူက ဆယ်ကျော်သက်လေးပဲ။ ငါတို့က သူ့ရဲ့ စကားလုံး အနည်းငယ်ကြောင့်နဲ့ ငါတို့ရဲ့ အကြံအစည်ကို ပြောင်းသင့်ရဲ့လား”
ကောင်းရှန်းကျစ်က မေးခွန်းထုတ်ပြီးရယ်သည်။ အန်းရှီမှ ဗိုလ်ချုပ်မှူးကြီးတစ်ယောက်ဖြစ်သလို အင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့် ကောင်းရှန်းကျစ်က အလွန်မာနကြီးသည်။ သူကိုယ်တိုင်လည်း ယုံကြည်မှုရှိလောက်အောင် အင်အားရှိသည်။
သူက ရွှီတိုင်းပြည်ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ပြီးကတည်းက သဘာဝအလျောက်ပင် အကြောင်းပြချက် ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် စကားလုံးအနည်းငယ်လောက်ဖြင့် သူ၏စိတ်ကို ရုတ်တရက် ပြောင်းလိုက်မည်မဟုတ်ချေ။
ဝမ်ချောင်က မည်မျှ လေးစားစရာ ကောင်းနေစေကာမူ သူက လူငယ်အမတ်သာ ဖြစ်နေသေးပြီး သူ၏ မီယွန်စီရင်စု မြို့စားမင်းဆိုသော ရာထူးအောက်ပင် နိမ့်နေသေးသည်။ သူက တိုက်ပွဲဝင် အတွေ့အကြုံလည်း နည်းသေးသည်။ ကောင်းရှန်းကျစ်အနေဖြင့် ယခုမှစတင် ကြိုးစားကာစ ဆယ်ကျော်သက်တစ်ယောက်ကြောင့် အလုပ်ကို လွှမ်းမိုးခံမည်လူမျိုး မဟုတ်ချေ။
“နားလည်ပြီ အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီစာကို မဖတ်ဖူးသလိုပဲ သဘောထားလိုက်ပါ့မယ်”
ဖန်းချန်းချင်ကပြောသည်။ သူ၏လက်က စာကို ချေမွလိုက်သည်။
“အခြားကိစ္စမရှိတော့ရင် အရှင့်ရဲ့ လက်အောက်ငယ်သားက အရှင့်ရဲ့တိုင်းပြည်နဲ့ ပတ်သတ်တဲ့ ကိစ္စတွေကို စီစဉ်ဖို့ စတင်လိုက်ပါ့မယ်”
ဖန်းချန်းချင်က လှည့်ထွက်သွားသည်။ သို့သော် သူက တံခါးဝသာ ရောက်သေးသည်။ အနောက်မှ ရင်းနှီးသောအသံကို ကြားလိုက်ရသည်။
“နေဦး”
ကောင်းရှန်းကျစ်က ဖန်းချန်းချင်ကိုတားသည်။ သူ၏မျက်လုံးက ရှုပ်ထွေးသွားသလို မျက်မှောင်ကလည်း ကျုံ့သွားသည်။
“ရွှီတိုင်းပြည်ကို တိုက်ခိုက်မဲ့အကြံကို ခဏလောက်တော့ အချိန်ဆွဲထားလိုက်ဦး။ ကင်းထောက် အနည်းငယ်ပဲလွှတ်ပြီး အခြေအနေကို စောင့်ကြည့်ခိုင်းထားလိုက်”
“နားလည်ပါပြီ”
ဖန်းချန်းချင်က နောက်လှည့်ကြည့်ကာပြုံးသည်။ သူကိုယ်တိုင်လည်း မအံ့ဩချေ။ ဝမ်ကလန်မှ ထိုဆက်ခံသူ၏ စကားက သူ၏ဗိုလ်ချုပ်ကြီးအပေါ် သက်ရောက်သွားသေးသည်။
“ဒီလက်အောက်ငယ်သားက အခုပဲ လွှတ်လိုက်ပါ့မယ်”
တံခါးဘောင်ကို ကျော်ထွက်သွားပြီး ဖန်းချန်းချင်က လျှင်မြန်စွာ ထွက်သွားသည်။
ရေကန်ထဲသို့ ကျလာသာ ကျောက်တုံးက အားလှိုင်းများစွာ ထွက်သွားစေခဲ့သည်မှာ သေချာသည်။ ထိုတခဏတွင် ဝမ်ချောင်၏စာ၏ သက်ရောက်မှုကို မည်သူမျှ မသိနိုင်ချေ။ ဝမ်ချောင်ပင်ဖြစ်စေ၊ ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ ဖန်းချန်းချင်ပင်ဖြစ်စေ မသိနိုင်ချေ။
သို့သော် ဖန်းချန်းချင်က တံခါးမှထွက်သွားပြီးနောက် အဝေးရှိ ဝူရှန်းရှိ ဝမ်ချောင်က ရင်းနှီးသောအသံကို ကြားလိုက်ရသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက ကံကြမ္မာအမှတ် ခြောက်ဆယ် ချီးမြှင့်ခံလိုက်ရပါပြီ”
ပြတင်းပေါက်အပြင်ဘက်ရှိမိုးက ရပ်တန့်သွားပြီး မြေကပင် ခြောက်သွေ့သွားလေပြီ။ ဝမ်ချောင်က အိပ်ယာပေါ်တွင် တင်ပြင်ခွေထိုင်ကာ ကျင့်ကြံနေရာမှ ထိုအသံကို ကြားသောအခါ အံ့အားသင့်သွားရသည်။
ထိုဆုက အကြောင်းပြချက်မရှိ ရောက်လာခြင်းဖြစ်သည်။ ထို့ပြင် ကံကြမ္မာစွမ်းအင် ခြောက်ဆယ်ကိုပင် ဆုချီးမြှင့်ခံခဲ့ရသည်။ အခြားသော အခြေအနေနှင့် မတူသလို မည်သည့် သတင်းမှ မရခဲ့ချေ။
အန်းရှီကြောင့်လား။
ဝမ်ချောင်က မျက်မှောင်ကျုံ့ကာတွေးသည်။ ယခုတလော ထိုဆုလဒ်နှင့် ပတ်သတ်ပြီး အဖြစ်နိုင်ဆုံးကိစ္စက သူ ကောင်းရှန်းကျစ်ဆီ ပို့ခဲ့သည့်စာသာရှိသည်။
အမတ်ခြောက်ဆယ်က ဘာရယ်မဟုတ်သေးချေ။ အဓိကက သက်ရောက်မှု ရှိမရှိကသာ အဓိကဖြစ်သည်။ သို့မဟုတ်လျှင်လည်း သူက နောက်ထပ် ဖြစ်လာဦးမည့် တိုးတက်မှုများအတွက် စောင့်ရန် လိုအပ်လောက်သေးသည်။
ဝမ်ချောင်၏စိတ်ကမူ မြူဆိုင်းသွားသည်။
“သတင်းပို့”
ရုတ်တရက် သူ၏အတွေးကို အသံတစ်သံက နှောက်ယှက်လိုက်သည်။ တံခါးကပွင့်သွားပြီး သံတမန် တစ်ယောက် အပြေးဝင်လာသည်။ သူက လေပြင်းဖြတ်တိုက်သလို ချက်ချင်းလိုလို အနားသို့ ရောက်လာပြီး ဒူးထောက်ချလိုက်သည်။
“အရှင်အမတ် အပြင်မှာရောက်နေတဲ့ အမျိုးသမီးတစ်ယောက်က အရှင့်ကို လာတွေ့တယ်လို့ပြောပါတယ်။ သူမက အရှင်အမတ်ရဲ့ တံဆိပ်ပြားကို သယ်လာပြီး သူမက မြို့တော်က ဟွမ်မျိုးဆက်ရဲ့ ဆက်ခံသူလို့ပြောပါတယ်”
“ဘာ”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားသည်။ သူက ချက်ချင်းလိုလို အိပ်ယာထဲမှထွက်သည်။ သံတမန်က မတုန့်ပြန်နိုင်သေးခင် ဝမ်ချောင်က အပြင်ရောက်သွားလေပြီ။
ဝမ်ချောင်က သူ၏စံအိမ်မှ ထွက်ကာစအချိန်တွင် အဝေးမှ ဂိတ်တံခါး တွန်းဖွင့်လိုက်သည့် သတ္တုသံကို ကြားလိုက်ရသည်။ ထို့နောက် မြင်းဟီသံနှင့် ကြည်လင်တောက်ပသည့် မြင်းသံကထွက်လာသည်။ ထိုမြင်းက အပြာရောင်နှင့် အနက်ရောင် ရောစပ်ထားသည့် တောက်ပရွှန်းစိုသော လည်ဆံမွှေးများကို ပိုင်ဆိုင်ထားသလို မြင်းခွာများကလည်း သန့်စင်ကာ ဖြူဖွေးနေသည့် ကျောက်စိမ်းတုံးအလား ထင်ရသည်။ သူက ဂိတ်ကို ကျော်ဖြတ်လာသည်။
“ဟား ဟား ရှောင်ရင်းရင်”
ဝမ်ချောင်က တောင့်တင်းသန်မာသည့် နတ်မြင်းကို မြင်လိုက်သည့်အခါ ပျော်ရွှင်သွားသည်။ သူက လေချွန်သံ ထုတ်လိုက်သည်။ မြင်းက ဝမ်ချောင်ထက်ပင် စိတ်လှုပ်ရှားသေးသည်။ သူက လေချွန်သံကို ကြားလိုက်ရသောအခါ ချက်ချင်းလိုလို ဖုန်တိမ်စိုင်များကို ချန်ထားရစ်ပြီး ဝမ်ချောင်ထံ ခုန်အုပ်လာသည်။
“ဟား ဟား လူရမ်းကားလေး မတွေ့ရတာကြာပြီ”
ဝမ်ချောင်က လက်တစ်ဖက်က မြင်းကုန်းနှီးကို လှမ်းကိုင်လိုက်ပြီး အခြားတစ်ဖက်ကမူ အဖြူရောင် ခွာဖြူအရိပ် မြင်းလေး၏ ခေါင်းကို လှမ်းပုတ်လိုက်သည်။ ထိုအချိန်တွင် အဖြူရောင်ခွာအရိပ် မြင်းလေးက ဝမ်ချောင်၏ ရင်ဘက်ကို ခေါင်းတိုးဝေ့လာပြီး အလွန်အမင်း ချစ်ခင်သော ပုံစံမျိုးပြလာသည်။
အနောက်တောင်ပိုင်းမှ စစ်ပွဲက ပြန်လာပြီးနောက် ဝမ်ချောင်က သူ၏ ရှောင်ရင်းရင်ကို မြို့တော်တွင် ထားခဲ့ရသည်။ ဝူရှန်း၏ အခြေအနေက မတည်ငြိမ်သောကြောင့် သူကိုယ်တိုင် ဆောင်ရွက်ရမည့် ကိစ္စ အများအပြားရှိနေသည်။
ယခုမူ သံမဏိမြို့က တည်ဆောက်ပြီးသွားပြီဖြစ်ပြီး တိုက်ပွဲ၏ အရေအတွက်က မြင့်တက်လာသည်။ ထို့ကြောင့် သူ၏ ရှောင်ရင်းရင်ကို သုံးရမည့် အချိန်ကာလက များလာပေလိမ့်မည်။ ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်း ကိစ္စကို အဓိကထားကြည့်နိုင်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အနောက်ပိုင်း တူရကီခါကာနိတ်မှ အကောင်းဆုံး စစ်မြင်းမှ တစ်ကောင်ကို စီးခဲ့ပြီး သာ့ယန်ဖူရယ်နှင့် ရင်ဆိုင်ခဲ့သော်လည်း အဆုံးတွင် ထိုမြင်းက သေသွားခဲ့သည်။ ကျွမ်းကျင်ပညာရှင်များ တိုက်ခိုက်သည့် ဝမ်ချောင်၏ လိုအပ်ချက်ကိုပင် ထိုမြင်းက အပြည့် မဖြည့်ဆည်းပေးနိုင်ချေ။
ရှောင်ရင်းရင်က ပို၍ပို၍ အရေးကြီးကြောင်း သိလာသည်နှင့် ဝမ်ချောင်က မြို့တော်သို့ စာပို့ပြီး ဆင့်ခေါ်ခိုင်းခဲ့သည်။ သို့သော် ယခုမှသာ ရှောင်းရင်းရင်က သံမဏိမြို့သို့ ရောက်လာခဲ့ခြင်းဖြစ်သည်။
“ဟင့် အမတ်မင်းတို့များ တကယ်ကို ကွာခြားတာပဲ။ မြင်းကိုပဲမြင်တယ်။ လူကိုတော့မမြင်ဘူး”
ရုတ်တရက် ဝမ်ချောင်၏ အထက်မှ တေးဆိုသံကဲ့သို့သော အသံနှင့်အတူ အေးစက်စက် ပါလာသည်။
ဝမ်ချောင်၏ ခန္ဓာကိုယ်က တောင့်တင်းသွားသည်။ သူခေါင်းမော့လိုက်မှသာ နတ်သမီးတမျှ လှပသည့် အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အလှလေးတစ်ယောက်က မြင်းပေါ်တွင်ထိုင်လျှက် သူ့ကို အေးစက်စွာ ကြည့်နေကြောင်း မြင်လိုက်ရသည်။
ဟွမ်ချန်းအာက ဝမ်ချောင်က အပေါ်စီးမှမိုးကာ စိုက်ကြည့်နေသည်။ အကြည့်ကသာ လူသတ်နိုင်လျှင် ဝမ်ချောင်က အကြိမ်ရာပေါင်းများစွာ သေသွားပြီးလောက်လေပြီ။
အခန်း(၇၆၂)
မဟာထန်ရဲ့ စစ်မြင်းတာဝန်
“ဟား ဟား ဘယ်လိုဖြစ်နိုင်မှာလဲ။ ကြည့်ပါဦး ငါမင်းအတွက် လက်ဆောင်မပြင်ဆင်ထားဘူးလား”
ဝမ်ချောင်က ရယ်လိုက်သည်။ သူက လက်ဝါးဖြန့်လိုက်သောအခါ ပြောင်မြောက်သော လက်ရာနှင့် ရွှေရောင် မွန်းမံထားသည့် တောက်ပဝင်းလက်နေသော မျက်ရည်စက်ပုံစံရှိသည့် မဟူရာ နားဆွဲတစ်စုံကို မြင်လိုက်ရသည်။
သိပ်မကြာခင်က ရန်ဟုန်ချန်းက ဝမ်ချောင်ကို အရည်အသွေးမြင့် မဟူရာတုံးများကို လက်ဆောင်ပေးခဲ့သည်။ ဝမ်ချောင်ကလည်း အနောက်ပိုင်းနယ်မြေမှ အကောင်းဆုံး လက်မှုပညာရှင်များကို ရှာဖွေကာ ထိုနားဆွဲတစ်စုံကို ဖန်တီးခိုင်းခဲ့သည်။ ဒါက ဟွမ်ချန်းအာအတွက် အကောင်းဆုံး လက်ဆောင်ဖြစ်သည်။
မျှော်လင့်ထားသည့်အတိုင်း ဟွမ်ချန်းအာ၏ ခြိမ်းခြောက်နေသော အသိက ချက်ချင်းလိုလို အသိအမှတ်ပြုဟန် ပြောင်းသွားသည်။
သူမက နှာခေါင်းရှုံ့ကာ ခပ်စူးစူး တစ်ချက် စိုက်ကြည့်ပြီးမှသာ နားဆွဲကိုယူသည်။
“ငါနင့်ကို ရှောင်ရင်းရင်ကို လာပို့ပြီးပြီဆိုတော့ ကျန်တဲ့ကိစ္စကို နင့်ဘာသာ လုပ်လိုက်တော့”
ဟွမ်ချန်းအာက မြင်းပေါ်ကဆင်းပြီး ဝမ်ချောင်ကို မြင်းဇာတ်ကြိုးကိုပေးသည်။
“တစ်ယောက်ယောက်လာဦး သခင်မလေးချန်းအာကို အတွင်းကိုခေါ်သွားပြီး အနားယူခိုင်းလိုက်ပါ။ အစေခံတစ်ခုကိုလည်းလွှတ်ပြီး သခင်မလေးကို ခစားခိုင်းလိုက်ဦး”
ဝမ်ချောင်က ချက်ချင်းလိုလို မြင်းဇာတ်ကြိုးကို လှမ်းယူပြီး အမိန့်ထုတ်လိုက်သည်။
ဝူရှန်းက မြို့တော်နှင့် အလွန်ဝေးသည်။ တိုက်ရိုက်လာမည်ဆိုလျှင် ညပေါင်းများစွာကို ကျော်ဖြတ်ရမည်ဖြစ်သည်။ သို့သော် ဟွမ်ချန်းအာကဲ့သို့ မိန်းကလေးတစ်ယောက်အနေဖြင့် မြို့တော်မှ ဒီနေရာသို့ အပြေးနှင်လာခဲ့သည်မှာ စိန်ခေါ်မှုကြီးဖြစ်နေသည်။ သို့တိုင်အောင် သူမက ဘာစကားမှ မပြောသည့်တိုင်အောင် ဝမ်ချောင်အနေဖြင့် စာနာသနားပေးရမည်ဖြစ်သည်။
ဟွမ်ချန်းအာကို နေရာထိုင်ခင်း ပြင်ဆင်ခိုင်းစေပြီးနောက် ဝမ်ချောင်က ရှောင်ရင်းရင်ကို အဝေးသို့ ဦးဆောင်ခေါ်သွားလိုက်သည်။
.......
ဝမ်ချောင်က ဟွမ်ချန်းအာနှင့် ရှောင်ရင်းရင်ကို သူ၏သံမဏိမြို့တွင် ကြိုဆိုချိန်တွင် ဝေးကွာလှသော မြို့တော်တွင်မူ မြို့တော်အတွင်းရှိ ခုံးရုံးအတွင်းတွင် အလွန်အမင်း ပြင်းထန်သည့် စကားရည်လုပွဲကြီး ကျင်းပနေသည်။
“ရွှေထည်ဆယ်သန်းဟုတ်လား လာနောက်နေတာလား။ တော်ဝင်ခုံရုံးက ဒီလောက် ရွှေထည်အများကြီးကို ဖြုန်းတီးဖို့ ဘယ်မှာရှိလို့လဲ။ ဒီလူတွေက ယုံကြည်ရမရ ဘယ်သူကသိမှာလဲ”
“ဟုတ်တယ် တော်ဝင်ခုံရုံးက ပိုက်ဆံကို ရေလိုသုံးနေကြတာ။ စစ်သည် ခြောက်သိန်း ခုနှစ်သိန်းလောက်ကို ထောက်ပံ့ပေးနေတဲ့ စစ်တပ်တွေကိုလည်း ထောက်ပံ့နေရသလို အရာရှိတွေအားလုံးကိုလည်း လစားပေးရသေးတယ်။ ဒီတော့ ပိုက်ဆံမလိုတဲ့နေရာ ဘယ်မှာရှိလို့လဲ။ အခြားရေကြီးတဲ့ဘေး စတဲ့ ဘေးတွေအတွက် ပိုက်ဆံကိုလည်း စုဆောင်းထားသင့်သေးတာမဟုတ်လား”
“ငါတို့စစ်တပ်အတွက် ပိုက်ဆံတွေအားလုံး သုံးလိုက်ရင် အခြားနေရာတွေအတွက် သုံးဖို့ ဘယ်ရှိပါတော့မလဲ”
“ရွှေထည်ဆယ်သန်းက မနည်းဘူး။ တစ်ယောက်ယောက်က လာတောင်းတာနဲ့ ငါတို့က ရွှေထည်ဆယ်သန်းကို ပေးလိုက်လို့ရမလား။ ဒါက ရွှေနော် ရွေ။ ငွေထည်လည်းမဟုတ်ဘူး။ ကြေးပြားလည်းမဟုတ်ဘူး”
ခုံးရုံးမှ စကားရည်လုပွဲက ပြင်းထန်သည်။ အနိုင်ရသည့် လူကြီးမင်းများ၊ လက်ထောက်အမတ်ကြီးများ၊ အရာရှိကြီးများ၊ ခုံရုံး ရုံးတော်ခြောက်ခုလုံးမှ အရာရှိတိုင်းက ငြင်းခုံနေကြသည်။ မြို့စားမင်းနှင့် အမတ်မင်းများကပင် ဝင်ပါသေးသည်။ အားလုံးကမူ အချင်းချင်း အော်ဟစ်နေကြသည်။
“မျိုးမစစ်ကောင် ရွှေထည်ဆယ်သန်းကို တောင်းဆိုတာက ကြုံရာတောင်းဆိုတဲ့ တောင်းဆိုမှုလို့ ဘယ်သူကပြောလဲ။ ဒါက စစ်မြင်း တော်ဝင်ခုံရုံးက စစ်မြင်းအကြီးအကျယ် လိုအပ်နေတာမဟုတ်ဘူးလား။ အခု ငါတို့မှာ ပိုက်ဆံရှိရင်တောင် ဝယ်လို့မရတဲ့ စစ်မြင်းကိစ္စနော်”
“အသိုက်ကို လှန်လိုက်ရင် ဘယ်ဥက လွတ်နိုင်မှာလဲ။ မင်းက အရေခွံကို ခွာလိုက်ရင် အမွှေးက ဘယ်နေရာကို သွားကပ်ပြီး ပေါက်ရတော့မှာလဲ။ ဒီစစ်မြင်းက တိုင်းပြည်ကို ကာကွယ်ပေးနေတာ။ သူတို့က တိုင်းပြည်ကိုတောင် မကာကွယ်နိုင်ရင် ဘာကိစ္စကိုဆက်ပြီး ဆွေးနွေးရဦးမှာလဲ။ မတူတဲ့အရာတွေမှာ မတူတဲ့အဆင့်တွေ မတူတဲ့ အရေးကြီးမှုတွေဆိုတာ ရှိထားပြီးသား။ ငါတို့က ဒီလောက်အရေးကြီးတဲ့ ကိစ္စပေါ်မှာသာ ပိုက်ဆံမသုံးဘူးဆိုရင် ဘယ်နေရာမှာ ပိုက်ဆံကို သွားသုံးရမှာလဲ”
“ဟုတ်တယ် လူငယ်အမတ်က အရှင်မင်းကြီးကိုယ်တိုင် လေးစားရတဲ့အမတ်။ အရှင်မင်းကြီးကိုယ်တိုင် ကောင်းကင်သားတော်ဆိုတဲ့ ဘွဲ့ထူးနာမည်ကိုတောင် ချီးမြှင့်ပေးခဲ့တာ။ ဒီလိုလူမျိုးကိုမှ မယုံကြည်ရင် ဘယ်သူ့ကိုသွားပြီး ယုံကြည်မှာလဲ။ မင်းက အရှင်မင်းကြီးရဲ့ မြင်နိုင်စွမ်းအားကို အထင်သေးကြောင်း ပြောနေတာပဲ”
“တော်ဝင်ခုံရုံးမှာ စစ်မြင်းတွေကို သားဖောက်ပေးနိုင်တဲ့ စားကျက်မြေတွေကို ပိုင်ထားလို့လား။ အခုဒီလောက် အရေးကြီးတဲ့ အခွင့်အရေးကြီးက တံခါးဝထိရောက်လာတာ။ ဒီအခွင့်အရေးကိုသာ ဆုံးရှုံးလိုက်ရရင် ထပ်ရတော့မှာမဟုတ်ဘူး။ အဲ့ဒီတော့မှ နောင်တရရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ရွှေထည်ဆယ်သန်းက မဟာထန်ရဲ့ လုံခြုံရေးထက် ပိုပြီးအဖိုးတန်နေသလား”
တော်ဝင်ခုံရုံးကိုယ်တိုင်ကပင် နှစ်ခြမ်းကွဲနေခြင်းဖြစ်သည်။ စစ်မြင်းသုံးသိန်းနှင့် အကောင်းဆုံး အရည်အသွေးရှိသော တူရကီစစ်မြင်းက အတိတ်တွင်ဆိုလျှင် မယုံနိုင်စရာကောင်းလောက်အောင်ပင် အဖိုးတန်ကြီးဖြစ်ပေလိမ့်မည်။ စစ်တပ်မှ ဗိုလ်ချုပ်တိုင်း အရာရှိတိုင်းက ထိုငြင်းခုံပွဲတွင် ဝင်ပါကြလိမ့်မည်။ လူတိုင်းက ဒီအခွင့်အရေးကို မြင်လိုကြပေလိမ့်မည်။
“မင်းတို့အားလုံးက ဘယ်လိုတိုက်ခိုက်ရမလဲ။ စစ်ပွဲကို ဘယ်လိုသွားရမလဲဆိုတာပဲ သိတာလား။ ငါဝမ်ဖူကုက အသက်ရှင်နေသမျှ မင်းတို့ကို ဒီလိုလုပ်ခွင့် မပြုနိုင်ဘူး”
ခန်းမအတွင်းရှိ ရစ်ခွေနေသော နဂါးပုံစံရှိသော တိုင်ကြီးအနားတွင်ရပ်နေသည့် လက်ထောက် အမတ်မင်းကြီး တစ်ယောက်ဖြစ်သည့် ဝမ်ဖူကု၏ အမူအရာက အပြင်းအထန် ဒေါသထွက်နေဟန် ဖြစ်နေသည်။ သူ၏အသံကလည်း ကျယ်နေသည်။
“ဒီကမ်းလှမ်းမှုကို လက်ခံချင်တဲ့ ဘယ်သူမဆို ဒီဝမ်ဖူကုရဲ့ အလောင်းပေါ် တက်နင်းသွားရမယ်”
ကွန်ဖြူးရှပ် စာသင်ကျောင်းတော်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် ဝမ်ဖူကုက စစ်ပွဲများကို အလွန်အမင်း ဆန့်ကျင်ချင်သူဖြစ်သည်။ ထို့ကြောင့် ယခုလို ရွှေထည်ဆယ်သန်းကို သုံးရမည့်ကိစ္စအပေါ် ဘယ်သောအခါမှ သဘောတူလိမ့်မည်မဟုတ်ချေ။
ရက်အနည်းငယ်ကြာအောင် ငြင်းခုံနေပြီးနောက် ဝမ်ဖူကုကသာ အခိုင်အမြဲ ရပ်တည်နေသည့် အကြီးမားဆုံး ရန်ဘက်ဖြစ်နေသည်။
“ဝမ်ဖူကု မင်းကမှ မျိုးမစစ်ကောင်”
စစ်တပ်ဘက်မှ အရာရှိတိုင်းက ဒေါသထွက်လာကြသည်။
“ဟင်း ဟင်း”
မည်သူကမျှ သတိမထားမိသည်မှာ အနားရှိ တိုင်တစ်တိုင်နားတွင် ရပ်နေသည့် နဂါးဝတ်ရုံနှင့် ဘုရင်ချီက ခပ်တိုးတိုးရယ်နေခြင်းဖြစ်သည်။ သူက ကိုယ်တိုင်ဝင်ကာ ငြင်းခုံရန်မလိုအပ်ချေ။ ဝမ်ဖူကုကတင် သူတို့ကို အလုပ်များထားစေရန် လုံလောက်နေပြီဖြစ်သည်။
“ဝမ်ဖူကု မင်းက သေချင်နေတာမဟုတ်လား။ ဒါဆိုရင် ငါမင်းရဲ့ဆန္ဒကို ဖြည့်ပေးမယ်။ ဒါက အရင်ဧကရာဇ်ကိုယ်တိုင် ချီးမြှင့်ပေးထားတဲ့ သံမဏိတံဆိပ်ပြားပဲ ယူလိုက်။ သံမဏိတုံးတွေစားပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်စမ်းပါ”
ခန်းမတခွင်လုံးအနှံ့ ဒေါသတကြီးဖြစ်နေသော အသံတစ်သံက ပျံ့နှံ့လာသည်။ ရုတ်တရက်ဆိုသလို ထွက်လာသည့် အသံက ခန်းမထဲရှိ လူတိုင်းကို ကြောင်အသွားစေပြီး တိတ်သွားစေခဲ့သည်။ ဝမ်ဖူကု ကိုယ်တိုင်ကပင် တုန်ယင်ပြီး ခေါင်းလှည့်ကြည့်မိသည်။
ခန်းမထဲတွင် လမ်းလျှောက်နေသော ကျားတစ်ကောင်ကဲ့သို့ မှင်သက်ဖွယ်ကောင်းသော ပုံရိပ်ကြီးတစ်ခု ရှိသည်။ သူ၏မျက်လုံးက ဒေါသကြောင့် တောက်ပနေပြီး ကြည့်မိသူတိုင်းကို ကြောက်လန့်မှုကြောင့် တစိမ့်စိမ့် တုန်သွားစေသည်။
“တော်ဝင်ခုံရုံးက စစ်သည်တော်တွေက သူတို့ရဲ့သွေးကို နယ်စပ်မှာ လောင်းချိုးနေရတယ်။ သူတို့က ဆက်တိုက် တိုက်ခိုက်နေရတယ်။ ဒါတွေအားလုံးက ခင်ဗျားတို့အရာရှိတွေ ဒီနေရာမှာ လွတ်လွတ်လပ်လပ် ပေါက်ကရတွေလျှောက်ပြောပြီး ငြင်းခုံနေနိုင်ဖို့ သူတို့ စတေးပေးထားရတာ မဟုတ်ဘူးလား။ မိုးခေါင်တာတွေ၊ ရေရှားတာတွေ၊ လခပေးတာတွေ၊ တိုက်ခိုက်ပြီး စစ်ပွဲကိုထွက်ရမယ်ဆိုတာပဲ သိနေတဲ့ စစ်သားအကြောင်း... ဘာကို သောက်ပေါက်ကရတွေ လာပြောနေတာလဲ။ မဟာထန်နဲ့ ပတ်သတ်နေတဲ့ ဒီလောကအကြောင်းက ဒီလိုငြင်းခုံရုံလောက် ရနိုင်မဲ့အရာလား။ မြောက်ပိုင်းက ခံတပ်တွေ အနောက်ပိုင်းနယ်မြေဒေသတွေ အားလုံးပဲ အခုလို စကားပြောရုံနဲ့ မင်းတို့က တက်သိမ်းနိုင်မှာလား”
“ ‘စာပေပညာရှင်တွေက တိုင်းပြည်ကို ဒုက္ခပေးနိုင်တယ်’တဲ့ ဝမ်ဖူကု မင်းကမှ တိုင်းပြည်ကို ဒုက္ခပေးနေတဲ့ စာပေပညာရှင်ပဲ။ မင်းက လူမျိုးကိုပါ ဒုက္ခပေးချင်နေတာ။ မင်းက အဓိကကိစ္စတွေ ဖြစ်ပျက်နေတဲ့ အချိန်အတောအတွင်းမှာ တိုင်းပြည်ကို ဒုက္ခပေးပြီး အသေးအဖွဲကိစ္စတွေကို ငြင်းခုံလို့ သေသွားရမဲ့ကောင်ပဲ။ မင်းသေချင်နေတာမဟုတ်လား။ ငါမင်းကို ဒီနေ့ဖြည့်ဆည်းပေးရမလား”
ဘုရင်စုန့်က သူ၏ဒေါသကို အပြည့်အဝ ဖော်ပြထားသည်။ သူက ညာလက်ကို ရိုက်ချလိုက်သည့်အခါ ချွင်ကနဲမြည်သံနှင့်အတူ သံမဏိပြားကြီးတစ်ပြားက ဝမ်ဖူကု၏အရှေ့ မြေပြင်ထဲသို့ စိုက်ဝင်သွားသည်။
ခုံရုံးတွင် ကြာရှည်စွာ ရှိနေခဲ့ဖူးသည့် ပုဂ္ဂိုလ်ကြီးများကပင် ဘုရင်စုန့် ထိုမျှအထိ ဒေါသထွက်သော မြင်ကွင်းမျိုးကို မမြင်ဖူးကြချေ။ သူ၏အကြည့်က ဆောင်းတွင်းမှ အအေးဓာတ်ထက်ပင် အေးစက်နေသေးသည်။ ကြည့်သောလူတိုင်း၏ အတွင်းသားထဲကို အအေးဓားဖြင့် ထိုးခွဲလာတော့မလို ထင်ရလာစေသည်။
ခန်းမတွင် လူပေါင်းမြောက်များစွာ ရှိနေသည့်တိုင် မည်သူကမှ သူနှင့် အကြည့်မဆုံရဲကြချေ။ ထိုအချိန်တွင် ဘုရင်ချီကပင် အနည်းငယ်ကြောက်နေသည်။
“ဘုရင်...”
ဘုရင်ချီက ရှေ့တက်ပြီး ပြောတော့မဲ့အချိန်တွင် ဘုရင်စုန့်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ သူ၏အကြည့်က အေးစက်လွန်းသဖြင့် ဘုရင်ချီကိုယ်တိုင်ကပင် သေရေးရှင်ရေးကို ရုန်းကန်ရတော့မည်ဟု ခံစားရပြီး သူကိုယ်တိုင်ကပင် သေသွားနိုင်ကြောင်း သိလိုက်သည်။ ဘုရင်ချီကဲ့သို့ ဘုရင်စုန့်ဘာပြောပြော သဘောမတူမည့် လူမျိုးကပင် ငြိမ်သွားကာ အံ့အားသင့်သွားရသည်။
ဒီအရူးကောင် ဘာဖြစ်တာလဲ။
ဒါကဒီတိုင်း ရွှေထည်ဆယ်သန်းလေးပဲ မဟုတ်ဘူးလား။ ငါကိုယ်တိုင် ဝင်မပါတာ သူက ဘာလို့ဒီလောက်ထိ ဂရုစိုက်နေတာလဲ။
ထိုအချိန်တွင် ဘုရင်ချီက ကြောင်သွားသည်။ ဒါကဒီတိုင်း ရွှေထည်ဆယ်သန်းသာဖြစ်သည်။ တော်ဝင်ခုံရုံးမှ ပေး၍လည်းရသည်။ ပေးလျှင်လည်း သူနှင့်မသက်ဆိုင်ချေ။ ဘုရင်ချီက ဒီတိုင်း အတိုက်အခံ ဝင်လုပ်ကြည့်ရုံသာရှိပြီး အမှန်တကယ်လည်း ဂရုစိုက်ခြင်းမရှိချေ။ သူက ထိုကိစ္စတွင် ပါဝင်ကာ ဆုံးဖြတ်ရန်ပင် မမျှော်လင့်ထားချေ။
ရိုးရှင်းစွာဖြင့်ပင် ဒီလိုကိစ္စလောက်နှင့် သူကိုယ်တိုင် ဝင်ပါရန် မတန်သေးချေ။
ဘုရင်ချီက အံ့ကြိတ်လိုက်ပြီး စိတ်ထဲတွင် ကျိန်ဆဲလိုက်သည်။
ဒီမျိုးမစစ်ကောင် ဝမ်ကလန်က အငယ်ဆုံးသားက အဲ့ဒီလောက်ထိ တန်လို့လား။
ဘုရင်စုန့်၏ ဒေါသတကြီးဖြစ်နေသည့် အကြည့်က တစ်ဖက်သူကို စိတ်ထဲတွင် ဆက်တိုက် ဖြတ်ရိုက်နေသည်။
“ပြော ဘယ်သူရှိသေးလဲ”
ဘုရင်စုန့်ကအော်သည်။ သူ၏မျက်နှာက ခက်ထန်ကြမ်းတမ်းနေသည်။ ထိုကိစ္စက တစ်လနီးပါး ကြာသွားလေပြီ။ သူ၏ စိတ်ရှည်သည်းခံမှုက ကုန်ဆုံးလုနီးပါး ဖြစ်နေလေပြီ။ ယခုလောက်အထိ လူပေါင်းများစွာနှင့် တိုင်းပြည်ကို အကျိုးအမြတ်ကြီး ပေးနိုင်မည့် ရှားပါးသည့် အခွင့်အရေးကောင်းကြီးကို ထိုခေါင်းမာသော အဘိုးကြီးများက ဆက်တိုက် ငြင်းခုံခြင်းအားဖြင့် သူ၏ဒေါသကို ဆွနေသည်။
“ဝမ်ဖူကု မင်းက ဆိုးယုတ်တဲ့အကောင် စစ်တပ်နဲ့ စစ်ကိုတိုက်ခိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေ မင်းဘာမှမသိပါဘူး။ နယ်စပ်မှာ တစ်ခုခုဖြစ်ရင် စစ်မြင်းတွေ လိုအပ်တဲ့အခါ စစ်ရေးအခြေအနေကို အပြောင်းအလဲ ဖြစ်သွားနိုင်တယ်။ ဒီလိုဆိုရင် နယ်စပ်ကလူတိုင်းက ဒုက္ခရောက်ကုန်မှာ။ ဒီဘုရင်က မင်းသေမယ်ဆိုရင်တောင်မှ ဒီအကြောင်းအရာကို မှတ်သားပြီး မင်းက တိုင်းပြည်အပေါ် ဒုက္ခရောက်စေတယ်ဆိုတဲ့ မင်းရဲ့အရှက်မဲ့တဲ့ အခုလို အပြုအမူမျိုးကို မှတ်တမ်းတင်ထားဦးမှာ”
ဝမ်ဖူကုက ခုံရုံးရှိ အရာရှိတိုင်း၏ အရှေ့တွင် အကြောက်အလန့်မဲ့နိုင်သည်။ သို့သော် ဘုရင်စုန့်၏ စကားများကြောင့် သူက စွံ့အသွားသည်။ ပညာရှင်များက သေရေးရှင်ရေး အခြေအနေကို ဂရုမစိုက်ချေ။ သူတို့၏ နာမည်ကောင်း၊ အကျင့်စရိုက်ကောင်းကိုသာ တန်ဖိုးထားသည်။ ဘုရင်စုန့်၏ ပုံမှန် အကျင့်စရိုက်အရဆိုလျှင် သူ၏စကားများအရ သူ၏ဒေါသက ဆူပွက်နေသော အမှတ်သို့ ရောက်နေပြီဖြစ်ကြောင်း သိလိုက်သည်။ ပို၍ဆိုးသည်မှာ သူကဲ့သို့ ပုံစံရှိသော လူတစ်ယောက်က ဘာပဲပြောပြော ပြောသည့်အတိုင်း လုပ်တတ်သည်။
ဝမ်ဖူကုကိုယ်တိုင်ကလည်း သူက စစ်ပွဲအကြောင်း ကောင်းကောင်း နားမလည်ကြောင်း သိသည်။ သူ၏အုတ်ဂူအရှေ့တွင်သာ သူလုပ်ခဲ့သည့် အကြောင်းအရာများကို ထိုသို့ ရေးသားမှတ်တမ်းတင်ထားမည်ဆိုလျှင် သေသည်ထက်ပင် ဆိုးပေလိမ့်မည်။
ဝမ်ဖူကုက ဘုရင်စုန့်ကို စိုက်ကြည့်လိုက်ပြီး ပါးစပ်က ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေသည့်တိုင် ဘာစကားမှ ထွက်မလာခဲ့ချေ။ ဘုရင်စုန့်ကြောင့် သူက အလွန်ကြောက်ရွံ့သွားသည်မှာ ရှင်းလင်းနေသည်။
အကြီးမားဆုံး ရန်သူဖြစ်သည့် ဝမ်ဖူကုကို ဖိနှိပ်လိုက်ပြီးနောက် ဘုရင်ချီကလည်း ဆက်လက် တိတ်ဆိတ်နေရာ တော်ဝင်ခုံရုံးတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ စကားရည်လုပွဲက ငြိမ်သက်သွားသည်။
တစ်လနီးပါးကြာအောင် ပြင်းထန်စွာ စကားရည်လု ငြင်းခုံခဲ့ရသည့် ခုံရုံးက နာရီအနည်းငယ်ထဲနှင့် မြင်းများဝယ်ရန် သဘောတူကြောင်း လက်ခံလိုက်ကြရသည်။ ထိုညတွင်ပင် ရွှေရောင်မျက်လုံးနှင့် အနက်ရောင် ငှက်မွှေးများကို ပိုင်ဆိုင်ထားသည့် သတင်းပို့ ငှက်တစ်ကောင်က တော်ဝင်မြို့တော်၏ ကောင်းကင်ကို ထိုးခွဲဝင်ရောက်သွားပြီး အဝေးရှိ ဝူရှန်းသို့ ဦးတည်သည်။
......
ဖလပ် ဖလပ်
ရက်အနည်းငယ်ကြာပြီးနောက် သတင်းပို့ငှက်က နေစာလုံရန် ဖွင့်ထားသည့် ပြတင်းပေါက်ကို ဝင်ရောက်သွားပြီး ထိုဘောင်ပေါ်ရှေ့တွင်ရပ်သည်။
“ဟား ဟား အောင်မြင်ပြီ”
ဝမ်ချောင်က ဘုရင်စုန့်ပို့လိုက်သည့် စာကိုကြည့်ပြီး သတင်းပို့ငှက်ကို အပြုံးဖြင့်ကြည့်သည်။ မြင်းများဝယ်ရန် လိုအပ်သည့်ပိုက်ဆံကို အသိအမှတ် ပြုပေးလိုက်ပြီဖြစ်သည်။ ဘုရင်စုန့်ကိုယ်တိုင်ကလည်း အလွန် နားလည်လွယ်သော ပုံစံမျိုးဖြင့် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ပြန်ပြောင်း ပြောပြသည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း ဘုရင်ချီက နောက်ကွယ်တွင် ပြဿနာရှာကြောင်း သိခဲ့သည်။ ထို့ကြောင့် အလွယ်တကူ ရရှိခဲ့ခြင်းမဟုတ်ချေ။
ဘုရင်စုန့်၏ စကားလုံးထဲမှ ရွှေထည်ဆယ်သန်းကို အသိအမှတ် ပြုလိုက်ပြီဖြစ်ကြောင်း ပြောရင်း ဖျော့တော့သော တောင်းပန်မှုမျိုးကို ဖော်ထုတ်ပြသထားသည်။ ဝမ်ချောင်ကမူ ထိုကိစ္စကို ဂရုမစိုက်ချေ။ ပထမဦးဆုံးအကြိမ် ထိုသို့ လုပ်နိုင်ခွင့်ရသွားလျှင် ဒုတိယတစ်ကြိမ် ထပ်ရပေလိမ့်မည်။ အရေးအကြီးဆုံး ကိစ္စကမူ တော်ဝင်ခုံရုံးက ပိုက်ဆံထုတ်ပေးခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ တော်ဝင်ခုံရုံးနှင့် စစ်တပ်က အရည်အသွေးမြင့် တူရကီစစ်မြင်း ပထမတစ်သုတ်ကို လက်ခံရရှိလိုက်သည်နှင့် သဘာဝအလျောက်ပင် ဒုတိယတစ်သုတ် တတိယတစ်သုတ်များကို ဝယ်ယူချင်စိတ် တင်သွင်း၍ရသေးသည်။
ထိုအတွေးများက သူ၏ခေါင်းအတွင်း ဖြတ်သန်းသွားချိန်တွင် ရင်းနှီးကျွမ်းဝင်သောအသံကို ကြားလိုက်ရသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ ‘မဟာထန်ရဲ့ စစ်မြင်းများ’ဆိုတဲ့ တာဝန်ကို ဖွင့်လှစ်လိုက်နိုင်ပါပြီ။ ဒါကြောင့် ကံကြမ္မာစွမ်းအင်အမှတ် လေးရာ ဆုလဒ်ရရှိပါတယ်”
“မှတ်ချက်.. ဒီတာဝန်က အချိန်အကန့်အသတ်မရှိပါဘူး။ အသုံးပြုသူက စစ်မြင်းများများ ဝယ်နိုင်လေလေ ဆုလဒ်က ကြီးလေလေပါပဲ။ စစ်မြင်းတစ်သောင်းတိုင်းအတွက် အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် တစ်ရာ ချီးမြှင့်ခံရမှာပါ။ အသုံးပြုသူကသာ စစ်မြင်း တစ်သောင်းတစ်ထောင် ဝယ်နိုင်ရင် အမှတ် တစ်ရာ့တစ်ဆယ် ရရှိမှာပါ”
“အာ ဒီလိုတာဝန်လည်း ရှိသေးတာလား”
ဝမ်ချောင်က ထိုအသံကြောင့် ဖိအားများသွားသည်။ သူပထမဦးဆုံးအကြိမ် ဒီလိုတာဝန်မျိုးကို ကြုံရခြင်းဖြစ်သည်။ ထို့ပြင် အချိန်က အကန့်အသတ်မရှိချေ။ ပို၍ဆိုးသည်မှာ သူက ဟူလာယဲ့နှင့် သိပ်မကြာခင်ကမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကပင် ယခုလို အကြောင်းကြားသံ မကြားခဲ့ရချေ။ ဘုရင်စုန့်၏စာ ရောက်လာပြီး တော်ဝင်ခုံရုံးက အသိအမှတ်ပြုခံရမှသာ ဒီလိုအသံကို ကြားရခြင်းဖြစ်သည်။
အခန်း(၇၆၃)
တောင်ပေါ်ဒေသက လှုပ်ရှားမှု
စစ်မြင်းတွေ အများကြီး ဝယ်လိုက်မိလို့များလား။
ဘုရင်စုန့်ရဲ့ ရွှေထည်ဆယ်သန်းက စစ်မြင်းတစ်သိန်းအတွက်ပဲ လုံလောက်တယ်။ ဒီတော့ ဒါကို တာဝန်စပြီလို့ သတ်မှတ်လိုက်လို့လား။
ဝမ်ချောင်က တိတ်တဆိတ် တွေးတောတွက်ချက်နေသည်။ သူ၏စိတ်ကလည်း ရှုပ်ထွေးသွားသည်။
ဒါပေမဲ့ ကံကြမ္မာစွမ်းအင်အမှတ် ငါးရာ့တစ်ဆယ်က ငါ့ကို ကောင်းရှန်းကျစ်ကို စာရေးခဲ့တဲ့အတွက် ဆုံးရှုံးသွားတဲ့ အမှတ်တွေကို ပြန်ဖြည့်ပေးလိုက်သလိုပါပဲ။
ဘုန်း ဘုန်း ဘုန်း
သူက တွေးတောနေချိန်တွင် မြေကမာ္ဘကို တုန်ခါစေသည့် ပေါက်ကွဲသံများက အပြင်ဘက်မှ စတင်ကာ ထွက်ပေါ်လာသည်။ ကျယ်လောင်လွန်းသဖြင့် ဝမ်ချောင်၏ အခန်းထိတောင် အားလှိုင်းများက ပျံ့နှံ့လာသည်။ ပြတင်းပေါက်နားရှိ သတင်းပို့ငှက်က မထွက်ခွာနိုင်ခင် လိမ့်ကျသွားသည်။
“ကောင်းပြီ”
အဝေးမှ ချီးကျူးဂုဏ်ပြုသံများကို ကြားလိုက်ရသလို ကြည့်ရှု့သူများ၏ အောင်ပွဲခံသံကိုလည်း ကြားရသည်။ သို့တိုင်အောင် ပေါက်ကွဲသံများက မရပ်တန့်သွားခဲ့ချေ။
၂၄၊ ၂၅၊ ၂၆၊ ၂၇... ဝမ်ချောင်က ပေါက်ကွဲမှုများ ဆက်ဖြစ်နေသော အခြေအနေကို တိတ်တဆိတ် အာရုံပြန်စိုက်ရင်း သူ၏နားကို အသာစောင်းကာ နားထောင်နေလိုက်သည်။ သူက ထိုပေါက်ကွဲသံများကို ကြိမ်ဖန်များစွာ ကြားဖူးသည်။ ဒီနေ့ကမူ အနည်းငယ် ခြားနားနေသည်။
၄၁၊ ၄၂၊ ၄၃၊ ၄၄... ၄၉
ဝမ်ချောင်က ၄၉စက္ကန့်အထိ ရေတွက်ပြီးသောအခါ သူ၏ ကြည်လင်သော မျက်နှာက အံ့အားသင့်ဟန်ဖြင့် ပြောင်းလဲသွားပြီး ပျော်ရွှင်ကာ မှင်သက်ဟန်အဖြစ် ပြန်လည်ကာ ပြောင်းလဲသွားသည်။ ပေါက်ကွဲမှုများက ဆက်လက် ဖြစ်နေသေးသည်။ နောက်ဆုံးတွင် ၈၈စက္ကန့်ထိ ကြာပြီးမှသာ ရပ်တန့်သွားခဲ့သည်။ သူ၏ ပြတင်းပေါက် အပြင်ဘက်မှ အပြေးနှင်လာသည့် မြင်းခွာသံများကိုလည်း ကြားလိုက်ရသည်။
ပြတင်းပေါက်ကိုကျော်ကာ ကြည့်လိုက်လျှက် မြင်းစီးလာသောလူက မြင်းပေါ်မှဆင်းပြီး သူ၏အခန်းထံ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာနေသည်ကို မြင်လိုက်ရသည်။
“သတင်းပို့”
“အရှင်အမတ် ဗိုလ်ချုပ်လီက ‘ဆယ်ယောက်က ချီတက်ရင် ဆယ်ပွဲနိုင်ရမဲ့ဝင်္ကပါ’ကို လေ့ကျင့်ပြီးကြောင်း သတင်းပို့ခိုင်းလိုက်ပါတယ်။ အရှင်အမတ် ကိုယ်တိုင်လာပြီး စစ်ဆေးကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်”
မြင်းစီးသူက ကြမ်းပြင်တွင် ဒူးထောက်ထားသည်။ သူက လေးစားမှုအပြည့်ဖြင့် ခေါင်းကိုငုံ့ထားသည်။
“ကောင်းပြီ”
ထိုစကားလုံး တစ်လုံးတည်းနှင့် ဝမ်ချောင်က မြင်းစီးသူကို ကျော်ဖြတ်သွားသည်။ အပြင်ဘက်တွင် သူ၏ ရှောင်ရင်းရင်က ရှိနေလေသည်။ အဝါဖျော့ရောင်ဝတ်စုံ ဝတ်ထားသည့် ဟွမ်ချန်းအာက ကျောတွင် သူမ၏ ကြီးမားသော ငွေဖြူရောင်ဓားကိုလွယ်လျှက် အခြားသောမြင်းတစ်ကောင်ကိုစီးပြီး အနီးကပ် လိုက်ပါလာသည်။
ဝမ်ချောင်နှင့် ဟွမ်ချန်းအာတို့က သံမဏိမြို့၏ အတွင်းပိုင်းထဲသို့ ဦးတည်ဝင်ရောက်သွားသောအခါ သစ်သားတိုင်များအပြည့် ရှိနေသည့် မြေပြင်တစ်နေရာတွင် အပျက်အစီး အမြောက်အများကို မြင်လိုက်ရသည်။
“ဒီမှာဘာတွေဖြစ်နေတာလဲ”
ဟွမ်ချန်းအာက မြေပြင်ပေါ်မှ တိုင်များနှင့် ဟိုဒီလဲကျနေသော တိုင်များကို မြင်ရသည့်အခါ အံ့အားသင့်သွားသည်။
“မြင်းတပ်ကို လေ့ကျင့်ပေးတာ”
ဝမ်ချောင်က မျက်နှာသေဖြင့် ထပ်ဖြည့်ပြောသည်။
“ငါတို့က အစစ်အမှန်လူတွေကို သုံးလို့မရလို့ သစ်သားတိုင်တွေကို အစားထိုး ထည့်ထားရတာပဲ”
မြင်းတပ် လေ့ကျင့်ရေးတွင် ပါဝင်သော ထိုသစ်သားတိုင်များက အလယ်ခေတ် ဥရောပတွင် အသုံးပြုသော နည်းလမ်းတစ်ခုဖြစ်ပြီး အခြားသော လောကမှ လူအများအပြားကလည်း ထိုနည်းလမ်းကို သိသည်။ သို့သော် ဒီလောကတွင်မူ ထိုကဲ့သို့သော နည်းလမ်းမရှိသေးသည့်အပြင် လူအများအပြားက ပစ်မှတ်အဖြစ် အသုံးပြုစရာ မရှိသည့်အတွက် လေထဲတွင် ရန်သူများကို ဖန်တီးမြင်ယောင်ကာ ခုတ်ပိုင်းရသည့် ပုံစံမျိုးဖြင့် လေ့ကျင့်ကြသည်။
ထိုနည်းလမ်း၏ သက်ရောက်မှုက အမှန်တကယ် လေ့ကျင့်သော ပုံစံမျိုးလောက် သက်ရောက်မှုမရှိချေ။ လေထုကို ခုတ်ပိုင်းသည့်အခါ ထိုမြင်းတပ်အနေဖြင့် ဂိမ်းကစားသလိုသာ ခံစားရမည်ဖြစ်ပြီး သူတို့က တိုက်ပွဲနယ်မြေတွင် အစစ်အမှန် တိုက်ခိုက်လေ့ကျင့်နေကြောင်း မေ့သွားစေနိုင်သေးသည်။ သူတို့အားလုံးကသာ ထိုစိတ်နေသဘောထားအတိုင်း ဖြစ်နေခဲ့မည်ဆိုလျှင် တိုက်ပွဲနယ်မြေကို ရောက်သွားသည့်အခါ ဆိုးကျိုးက ကြီးသွားနိုင်တော့သည်။
အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်က သစ်သားတိုင်များကို အသုံးပြုခိုင်းခဲ့ခြင်းလည်းဖြစ်သည်။
“အို”
ဟွမ်ချန်းအာ၏ မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းက လက်လာသည်။ သို့သော် သူမက ဘာစကားမှမဆိုဘဲ ခေါင်းကိုသာ အသာညိမ့်သည်။
သူမက ဝမ်ချောင်နှင့် အတူရှိလေလေ ဟွမ်ချန်းအာအနေဖြင့် ဝမ်ချောင်က လေးစားစရာကောင်းသည့် ပါရမီကြီးသော သိုင်းပညာရှင်တစ်ယောက်သာ မဟုတ်ကြောင်း သိလာရသည်။ သူ၏လုပ်ဆောင်မှု၊ သူ၏ တွေးတောပုံ အရာအားလုံးက သာမာန်လူများနှင့် ခြားနားနေသည်။
ဒီမြို့ကိုတည်ဆောက်ရန် မော်ကျူးတည်ဆောက်မှုများကို အသုံးပြုခဲ့သည့် အကြောင်းပင်ဖြစ်စေ၊ သစ်သားတိုင်များကိုသုံးပြီး မြင်းတပ်တစ်ခုကို လေ့ကျင့်သည့် ကိစ္စပင်ဖြစ်စေ၊ ဟွမ်ချန်းအာက သူမ၏ကလန်တွင် ဖတ်ခဲ့ဖူးသည့် သတင်းများနှင့် ခြားနားနေခဲ့သည်။
မဟုတ်သေးဘူး ဟွမ်ကလန်တွေ မဟုတ်သေးဘူး။
ဝမ်ချောင်က ကိစ္စတွေကို လုပ်တဲ့ပုံစံက မဟာထန်က မဟာကလန်တိုင်းနဲ့ ခြားနားနေတယ်။
“စတော့”
ဝမ်ချောင်က ဟွမ်ချန်းအာ၏အတွေးကို သတိမထားမိချေ။ သူက လက်ကိုယမ်းလိုက်ပြီး အဝေးရှိ အရာရှိတစ်ယောက်ကို ဟန်အမူအရာ ပြလိုက်သည်။ ထိုအရာရှိက ခပ်မြန်မြန် အမိန့်ထုတ်သည်။ ဒီနည်းအားဖြင့် စစ်သားများကို ကျသွားသော တိုင်တိုင်းကို ပြန်စိုက်ထူခိုင်းစေသည်။ ထို့နောက် အက်ကွဲသွားသော အရာများကို အစားထိုးခိုင်းသည်။
ဝမ်ချောင်က သူတို့ကို တစ်ချက်ကြည့်ပြီးနောက် သူ၏မြင်းကို အဝေးရှိ တဲစခန်းတစ်ခုထံ ဦးတည်လိုက်သည်။
“အရှင်အမတ်”
ဝမ်ချောင်ကိုမြင်သောအခါ လီစစ်ယဲ့က သူ၏မြင်းကိုစီးလျှက် အပြေးလာကာ ဂါရဝပြုသည်။
“အရှင်အမတ်ရဲ့ အမိန့်အတိုင်း လေ့ကျင့်ရေးက ပြီးမြောက်သွားပါပြီ။ အရှင်အမတ် သူတို့ကို ခွဲခြားခြင်းရှစ်သွယ် အက်ကွဲခြင်းဝင်္ကပါသုံးပြီး လေ့ကျင့်စေချင်ပါသလား”
ဝမ်ချောင်က ဝင်္ကပါနှစ်မျိုးပေးထားခြင်းဖြစ်သည်။ ပထမတစ်ခုကမူ ဆယ်ယောက်ချီတက်လျှင် ဆယ်ပွဲ နိုင်ရမည်ဆိုသော ဝင်္ကပါဖြစ်ပြီး ဒုတိယတစ်ခုကမူ ခွဲခြားခြင်းရှစ်သွယ် စစ်တပ်အက်ကွဲခြင်း ဝင်္ကပါဖြစ်ကာ ထိုဝင်္ကပါကပို၍ လေးစားစရာကောင်းပြီး စိန်ခေါ်မှုပြင်းထန်သည်။ ထို့ကြောင့် သင်ယူရန်လည်း ခက်ခဲသည်။
“မလိုတော့ဘူး”
ဝမ်ချောင်က လက်ယမ်းပြပြီး လီစစ်ယဲ့၏ အကြံကိုငြင်းသည်။
“ဆယ်ယောက်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်ဆိုတဲ့ ဝင်္ကပါကတင် လုံလောက်နေပြီ။ ငါတို့မှာ ဒီထက်ပိုပြီး လုပ်ရမဲ့ အရေးကြီးတဲ့အရာတွေရှိတယ်”
ချီရှီကိုကာကွယ်နိုင်ရန် ဝမ်ချောင်အနေဖြင့် ယွီစန်းကို ကိုင်တွယ်ရမည်ဖြစ်သည်။ သူကသာ ယွီစန်းကို ကိုင်တွယ်လိုလျှင် သာ့ယန်မာန်ပန့်နှင့် သူ၏သတ္တိဖြူ ငါးထောင်က ဝမ်ချောင်ကျော်ရမည့် အတားအဆီးဖြစ်နေသည်။
ကျန်းကျွင်းကို ရှင်းလင်းပြီးနောက် ဝမ်ချောင်အနေဖြင့် သာ့ယန်ဖူရယ်ကို သတ်ခဲ့ကာ တိဗက်မြင်းတပ် နှစ်သောင်းခုနှစ်ထောင်ကို တိုက်ခိုက်သည်။ သို့သော် ထိုလူများက လူသစ်များဖြစ်နေသည်။ ထို့ကြောင့် သာ့ယန်မာန်ပန့်၏ လက်အောက်မှ လူဟောင်းသတ္တိဖြူ လက်ရွေးစင်ငါးထောင်နှင့် နေ့နှင်ညလို ကွာခြားသည်။
သာ့ယန်မာန်ပန့်က သတ္တိဖြူနှစ်ထောင်ကိုသုံးပြီး ချီရှီကာကွယ်ရေးစစ်တပ်မှ အဓိကစခန်းတစ်ခုထဲသို့ ဝင်စီးခဲ့ကာ ဗိုလ်ချုပ်ကြီး ဖူလန်ဟယ်နှင့် ချီရှီစစ်တပ် ငါးထောင်ကို သတ်ခဲ့သည်။ ထိုအချက်ကတင် ဒီပြဿနာကို ဖြေရှင်းနိုင်ကြောင်း သက်သေပြနေပြီးသားဖြစ်သည်။
တောင်ပေါ်၏ တပြန့်တပြူးထဲ ရှိနေသော သာ့ယန်မာန်ပန့်၏ သတ္တိဖြူငါးထောင်က စစ်သည်ငါးသောင်း ဝင်္ကပါကို ကျော်ဖြတ်ချီတက်နိုင်သည်။ ထိုထက်ပင် ပိုနိုင်သေးသည်။ ဂရုတစိုက်သာ မပြင်ဆင်ထားမိလျှင် သူ့အပေါ် အနည်းငယ်သာ အထင်သေးမိပြီး လျော့တွက်လိုက်မိခဲ့ပါက ကိုယ့်ဂူကိုယ်သွင်းသကဲ့သို့ ဖြစ်သွားပေလိမ့်မည်။
ဆယ်ယောက်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက ဝမ်ချောင်ကိုယ်တိုင် သာ့ယန်မာန်ပန့်နှင့် သတ္တိဖြူငါးထောင်ကို ကိုင်တွယ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
“ဒါ့အပြင် နောက်ရက်အနည်းငယ်အတွင်း မြို့ထဲမှာပဲဆက်ပြီး လေ့ကျင့်နေလိုက်ဦး။ လေ့ကျင့်နေတဲ့ အချိန်အတွင်း မြို့ရိုးတွေကို အဝတ်နဲ့အုပ်ထား။ ဒီလိုနဲ့ စောင့်ကြည့်နေတဲ့ မျက်လုံးတွေကို ကာကွယ်နိုင်သလို မလိုလားအပ်ဘဲ နီးကပ်လာတဲ့ လူတိုင်းကိုလည်း တားမြစ်ထားရမယ်။ အစစ်အမှန် စီမံကိန်းမစတင်ခင် ဒီသတင်း တစ်ခုကိုမှ ဘယ်သူ့ကိုမှ ပေါက်ကြားစေလို့မရဘူး”
ဝမ်ချောင်က ခပ်တင်းတင်းပြောပြီး သူ၏ ရှောင်ရင်းရင်ကို အဝေးသို့ ခေါ်ထုတ်သွားသည်။
“ဒီဗိုလ်ချုပ်က နားလည်ပါပြီ”
လီစစ်ယဲ့ကထိုသို့ပြောသည်။
ဝမ်ချောင်က ခေါင်းညိမ့်သည်။ ဆယ်ယောက်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည်ဆိုသည့် ဝင်္ကပါက အလွန်အမင်း အရေးကြီးသည်။ အရေးအကြီးဆုံးအချက်သည် သူ့အနေဖြင့် သာ့ယန်မာန်ပန့်ကို ကြီးမားသည့် အံ့အားသင့်စရာကြီး ပေးရမည့်ကိစ္စဖြစ်သည်။ ဝင်္ကပါနှင့်ပတ်သတ်သည့် သတင်းအချက်အလက် ပေါက်ကြားသွားသည်နှင့် သက်ရောက်မှုက ပြောင်းလဲသွားမည်ဖြစ်သည်။
ခီး
ရုတ်တရက် ကောင်းကင်မှ စူးရှသော အော်ဟစ်သံက ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။ ဝမ်ချောင်က ခေါင်းမော့ကာ ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သည့် ကျောက်တုံးငှက်လေးက ဆင်းသက်လာကြောင်း မြင်လိုက်ရသည်။
ဒါက သိန်းငှက်အိုကြီးရဲ့ ငှက်တွေထဲကတစ်ကောင်ပဲ။
ဝမ်ချောင်က ထိုအတွေးကို ဝင်လိုက်သည်နှင့် သူ့နောက်သို့ လိုက်လာခဲ့သော မြို့တော်တွင် ရှိနေခဲ့သည့် သိန်းငှက်အိုကြီးအကြောင်း တွေးလိုက်မိသည်။ သူက တပည့်အမြောက်အများကို လေ့ကျင့်ပေးထားသည်။ ကျန်းချွယ်က ထိုတပည့်များထဲမှ တစ်ယောက်ဖြစ်သည်။
လိုအပ်သည်များမရှိလျှင် သိန်းငှက်အိုကြီးက သူ့ထံ ကိုယ်တိုင်ကိုယ်ကျ သတင်းပို့လိမ့်မည်မဟုတ်ချေ။
အချိန်တစ်ခုကြာပြီးနောက် အဝေးမှ ဖုန်တိမ်စိုင်များနှင့်အတူ အဝေးမှ မြင်းတစ်ကောင်က အပြေးနှင်လာသည်။ မြင်းစီးလာသောလူက လေထဲသို့ စာကိုမြှောက်ထားသည်။
“အရှင်အမတ် မြို့တော်က စာလာပါတယ်”
ဝမ်ချောင်က စာကိုယူပြီး ဖွင့်ဖတ်ကြည့်လိုက်သောအခါ ရင်းနှီးကျွမ်းဝင်သော လက်ရေးကိုမြင်လိုက်ရသည်။
“မစိုးရိမ်နဲ့ ငါ့ရဲ့နေအိမ်အကြောင်းပဲ”
စာပါအကြောင်းအရာက ရိုးရှင်းပြီး နာမည်အောက်တွင်ပါသော လက်ရေးက ဝမ်ချောင် စိုးရိမ်တကြီး စောင့်နေရသည့် စာဖြစ်ကြောင်း အတည်ပြုလိုက်နိုင်သည်။
“ပျော်စရာပဲ”
ဝမ်ချောင်က လက်သီးကိုဆုပ်သည်။ သူ၏မျက်နှာက ပြောင်းလဲသွားသည်။ ထိုစာနှင့်ဆိုလျှင် အရာအားလုံးက အမှန်တကယ် အဆင့်သင့်ဖြစ်လေပြီ။ သူ၏အကြံအစည်ထဲမှ နောက်ဆုံးသော ပြစ်ချက်ကိုပင် ဖြည့်လိုက်ပြီးလေပြီ။
......
အချိန်က တဖြည်းဖြည်းချင်း ကုန်သွားသည်။ ထိုသို့ အချိန်ကုန်လာသည်နှင့်အမျှ မဟာထန်၏ အမြို့မြို့ အနယ်နယ်တိုင်းမှ အရင်းအမြစ်များက သံမဏိမြို့ထံ ဆက်လက်ရောက်ရှိလာသည်။ ဝမ်ချောင်က အနီးကပ် စောင့်ဆိုင်းနေသည်။
ဆယ်ရက်ခန့်ကြာပြီးနောက်...
“ထွက်ခွာတော့”
ဝမ်ချောင်က သူ၏ဓားကိုထုတ်ပြီး ရှေ့သို့ညွှန်သည်။ သံမဏိမြို့၏ဂိတ်က ဝုန်းကနဲ ပွင့်သွားသည်နှင့် ဝမ်ချောင်က သူ၏ဝူရှန်းမြင်းတပ် ငါးထောင်ကို ခေါ်ဆောင်ကာ ဒုန်းစိုင်းထွက်ခွာသည်။
လဝက်ကျော်ကြာပြီးနောက် ဝူရှန်း၏မြင်းတပ်က ကြီးမားသော ပြောင်းလဲမှုကြီးတစ်ခုကို ထုတ်ဖော်လိုက်နိုင်လေပြီ။ သူတို့၏အင်အားက ယခင်ထက်ပို၍ပင် လေးစားစရာကောင်းပြီး သူတို့၏ အရှိန်အဝါကလည်း စွမ်းအင်အပြည့် ပေါက်ကွဲထွက်မတက် ပြင်းထန်နေသေးသည်။
ဝူရှန်းမြင်းတပ်ငါးထောင်မှ စွမ်းအင်သိပ်သည်းလာသည့် ဖိအားက ကြမ်းတမ်းသော မုန်တိုင်းကြီးကို ဖြစ်ပေါ်လာစေပြီး လေထုကိုပင် အလိုလို လိမ်တွန့်နေစေသည်။
“ဟိုက်ရား”
မြေကမာ္ဘက လှုပ်ခါသွားပြီး ဖုန်မှုန့်များက ကပြောင်းကပြန် ဖြစ်သွားသည်။ ဝူရှန်းမြင်းတပ် ငါးထောင်ကလည်း မိုးကြိုးပစ်လိုက်သလို မြို့ဂိတ်မှ ဝုန်းကနဲ ထွက်ခွာသွားကြပြီး အဝေးသို့ချက်ချင်း ဝင်ရောက်ပျောက်ကွယ်သွားကြသည်။
......
အဝေးမှ တိဗက်တောင်ပေါ်ဒေသ တစ်နေရာတွင် သိန်းငှက်များက ပျံသန်းနေကြသလို မြက်ခင်းများကလည်း ရှည်သထက်ရှည်လာသည်။ အားလုံးက အတက်စွမ်းအင်အပြည့် ဖော်ထုတ်ပြသနေသည်။ ကျယ်ပြောလွန်းလှသော တောင်ပေါ်ဒေသ တစ်နေရာတွင် လူနှစ်ယောက်က ဘေးချင်းယှဉ်လျှက် မတ်တပ်ရပ်နေသည်။ သူတို့၏နောက်ခံက သူတို့၏ ကောင်းမွန်စွာ လေ့ကျင့်ပေးထားသော ဟန်အမူအရာနှင့် စည်းကမ်းသေသပ်မှုကို ကြည့်ရုံဖြင့် တိဗက်မြင်းစီးသမားများဖြစ်ကြောင်း သိနိုင်သည်။
“ဒီထန်တွေက ခေါင်းမာသထက် ခေါင်းမာလာတာပဲ။ လုံရှီ၊ ချီရှီ၊ အနောက်တောင်ပိုင်း... နေရာတိုင်းမှာ ထန်စစ်သည်တော်တွေပဲ။ အရင်လက ထန်စစ်တပ်က တောင်ပေါ်ကိုတောင်တက်ပြီး လုပ်ကြံသတ်ဖြတ်သွားခဲ့သေးတယ်”
ညင်သာသော လေပြေက တိုက်ခတ်သွားသည်။ ထိုသို့ဖြင့် တိဗက်မြင်းသမားတစ်ယောက်၏ ဘယ်ဘက်နားမှတဆင့် သားရဲတစ်ကောင်က ကြိမ်ပင်များကို ဖြတ်နင်းသံက ပေါ်ထွက်လာသည်။
“ငါလည်းဒါကို ကြားလိုက်သေးတယ်။ ဒီကောင်က တော်တော်လေးကို ရမ်းကားလွန်းအားကြီးတယ်။ ဒါပေမဲ့ သူတို့ အကြာကြီးမခံပါဘူး။ မြို့တော်က သိပ်မကြာခင် တပ်ဖွဲ့တွေ စေလွှတ်ပေးလိုက်လိမ့်မယ်။ ငါတို့အရင်ဆုံး ချီရှီကိုတိုက်မယ်။ ပြီးရင် အန်းရှီ နောက်ပြီးရင် လုံရှီ သူတို့ဘယ်လိုများ ခုခံဦးမလဲလို့ ကြည့်ကြရမယ်”
အခြားသော တိဗက်မြင်းစီးသမားက ဒေါသတကြီးဖြစ်နေသော မျက်နှာထားမျိုးဖြင့်ပြောသည်။
“အင်း သူတို့ကို နည်းနည်းလောက်ထပ်ပြီး နိုင်ထားခိုင်းလိုက်စမ်းပါ။ ငါတို့က အရင်ဆုံး စိတ်ရှည်ရမယ်။ အရင်ဆုံး ဗိုလ်ချုပ်ကပေးလိုက်တဲ့ တာဝန်ကို ပြီးမြောက်အောင်လုပ်ရမယ်”
ပထမစကားပြောလိုက်တဲ့ တိဗက်မြင်းစီးသမားက ပြောသည်။ ဒုတိယမြောက် မြင်းစီးသမားကလည်း သဘောတူသလို ခေါင်းညိမ့်သည်။
“မင်းပြောတာမှန်တယ်။ အခုအချိန်မှာ ငါတို့လောက်ကပဲ မဟာဗိုလ်ချုပ်ကြီးက လှုပ်ရှားတော့မဲ့အကြောင်းကို သိထားကြတာ။ မဟာဗိုလ်ချုပ်ကြီးက ငါတို့ကို ကင်းထောက်အဖြစ်လွှတ်ပြီး ဒီပန်းတိုင်ကို အောင်မြင်အောင်လုပ်ဖို့ အခြေအနေကို စုံစမ်းစစ်ဆေးခိုင်းထားတာ။ ဗိုလ်ချုပ်က ဘယ်အချိန်ကမှ သူတကယ် လှုပ်ရှားတော့မဲ့အကြောင်း မသိသွားစေချင်ဘူး”
ကင်းထောက်များအနေဖြင့် လက်ရွေးစင်များထဲမှ အတော်ဆုံး စည်းကမ်းတကျ လုပ်နိုင်ဆုံးလူကို ရွေးချယ်ရသည်။ သို့မှသာ လှုပ်ရှားမှုများကို ပထမဦးဆုံး သတိထားမိမည်ဖြစ်သည်။
“ဆိုတော့ ငါတို့ ဘယ်နေရာကို အရင်သွားသင့်လဲ”
ထိုစကားက ဒုတိယမြောက် မြင်းစီးသမားထံမှလာသည်။ သူတို့နှစ်ယောက်လုံး တိတ်ဆိတ်သွားကြသည်။ တောင်ပေါ်ဒေသကျယ်သည်။ အကန့်အသတ်မဲ့သည်ဟုပင် ထင်ရသည်။ သူတို့က စောင့်ကြည့်သော တာဝန်ကို ယူထားပြီးသည့်တိုင်အောင် မည်သည့်နေရာကို စောင့်ကြည့်ပြီး မည်သည့်အရာကို စောင့်ကြည့်သင့်မှန်းလည်း မသိချေ။
တောင်ပေါ်ဒေသက အခြားသော နေရာများနှင့်မတူချေ။ တစ်ယောက်ယောက်ကသာ ထွက်ပေါ်လာခဲ့ပါက နောက်မဆုတ်ခင် အချိန်တစ်ခုသာ တောင့်ခံနိုင်လောက်လေသည်။ ထိုလူများက ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းကို တိုက်ခိုက်သွားခဲ့သောလူများကလည်း တိုက်ပွဲပြီးနောက် ချောမွေ့စွာ ဆုတ်ခွာသွားခဲ့သည့်တိုင်အောင် ကိစ္စက ထူးဆန်းလွန်းသည်။
ထိုနှစ်ယောက်အနေဖြင့် သူတို့ ယခုလို ကင်းထောက်တာဝန်ယူသည့် မစ်ရှင်မှ ရလာမည့် အရာမျိုးကို နားမလည်သေးချေ။
“ဒါက ဗိုလ်ချုပ်ကိုယ်တိုင် မိန့်လိုက်တဲ့အမိန့်ပဲ။ ငါတို့နည်းနည်းလောက် သတိထားပြီး ဘာလိုချက်မှ မရှိအောင် အတက်နိုင်ဆုံး ကြိုးစားကြရမယ်။ အရင်တစ်ခေါက် ငါအရှေ့မြောက်ပိုင်းထောင့်က ထွက်လာတော့ အဲ့ဒီနေရာမှာ နယ်မြေသုံးခုဆုံတဲ့ တြိဂံပုံစံ အဟကြားတစ်ခုကို တွေ့ခဲ့တယ်။ အဲ့ဒီမှာ မဟာထန်က ငှက်တွေကို လေ့ကျင့်ပေးနေတာကို တွေ့ခဲ့သေးတယ်။ ဒီကောင်တွေက မရိုးရှင်းဘူး။ တစ်ချက်လောက်သွားပြီး စစ်ကြည့်ရအောင်။ လုံခြုံတာက အကောင်းဆုံးပဲ”
သူတို့က အနည်းငယ်ထပ်ပြီး ဆွေးနွေးပြီးသည်နှင့် နှစ်ယောက်လုံးက မြင်းကိုလှည့်ကာ ယွီစန်း၏ထောင့် အရှေ့မြောက်ပိုင်းထံသို့ ဦးတည်လိုက်ကြသည်။
အခန်း(၇၆၄)
လီရာဂဏန်း အနည်းငယ် ခရီးဆက်ပြီးနောက် ထိုတိဗက်မြင်းစီးသမား နှစ်ယောက်က တောင်ပေါ်ဒေသ၏ အစွန်အဖျား နေရာနားသို့ ခပ်မြန်မြန်ရောက်သွားသည်။
ခီး
ကောင်းကင်မှ စူးရှသော ငှက်အော်သံကထွက်လာပြီး တိဗက်မြင်းသမား နှစ်ယောက်လုံးကိုပင် ခေါင်းမော့ ကြည့်မိသွားစေသည်။ အလွန်မြင့်မားသော အမြင့်တစ်နေရာတွင် အလွန်များပြားသော ငှက်အမျိုးအစား ငါးကောင်ခြောက်ကောင်ခန့်က လေကိုဝိုင်းပတ်ကာ ပျံသန်းနေပြီး တစ်စုံတစ်ရာကို စောင့်ကြည့်နေသလိုမျိုး ပြုမူနေကြသည်။
မြင်းစီးသမားနှစ်ယောက်က မျက်လုံးများ မှေးကျဉ်းလိုက်ကြသည်။ သူတို့က ဘာကိုမှ ထပ်ကြည့်ရန် မလိုအပ်ချေ။ တစ်ချက်ကြည့်ရုံဖြင့်ပင် ထိုငှက်များက ထန်ကင်းထောက်များအပိုင် ဖြစ်နိုင်ကြောင်း သိနိုင်သည်။
ခီး
အနည်းငယ်မှ ကြောက်လန့်ခြင်းမရှိဘဲ မြင်းစီးသမားတစ်ယောက်က သူ၏လေးတွင် မြှားတပ်ပြီး ကောင်းကင်ကိုချိန်သည်။ သို့သော်သူက မပစ်နိုင်ခင် လက်တစ်ဖက်က ဆန့်ထွက်လာပြီး သူ့ကိုတားသည်။
“အသုံးမဝင်ဘူး ဒီငှက်တွေက ဒီလောက်အမြင့်ကြီးမှာ ပျံနေကြတာ။ မြှားက အဲ့ဒီအမြင့်ထိ မရောက်နိုင်ဘူး”
“ဒါဆိုငါတို့ ဘာလုပ်ကြမှာလဲ။ ဘာမှမလုပ်ဘဲ နေရမှာလား။ ငါတို့က သူတို့ကို တစ်ခုခု ရှာတွေ့သွားပြီး ဗိုလ်ချုပ်ရဲ့ အကြံအစည်ကို ပျက်သွားစေခဲ့ရင် ဗိုလ်ချုပ်ကငါတို့ကို ကွပ်မျက်လိမ့်မယ်”
“ဟား ဟား ငါတို့ဘာမှမလုပ်ဘူးလို့ ငါမပြောပါဘူး။ ဒီငှက်တွေက ပိုင်ရှင်ရှိတယ်။ ငှက်တွေက ဒီနားမှာရှိရင် ပိုင်ရှင်တွေက အနားမှာရှိမှာပဲ။ ငါတို့က လေထဲကငှက်တွေကို မကိုင်တွယ်နိုင်ရင်တောင်မှ မြေပြင်က ပိုင်ရှင်တွေကိုတော့ ရင်မဆိုင်နိုင်လောက်အောင် အင်အားနည်းနေတယ်လို့ မဆိုလိုဘူးလေ”
ဒုတိယမြောက် တိဗက်မြင်းစီးသမားက ထိုသို့ပြောလိုက်သည့်အခါ ပထမမြောက် မြင်းစီးသမားက ခပ်မြန်မြန် အသိဝင်သွားသည်။
“ဟိုက်ရား”
နှစ်ယောက်လုံးက အချင်းချင်း ပြုံးကြည့်လိုက်ကြပြီး သူတို့၏ ဓားမောက်ရှည်များကို ဆွဲထုတ်ကာ သူတို့၏မြင်းကို အပြေးနှင်လျှက် ငှက်များရှိရာဘက်သို့ ဦးတည်ခိုင်းလိုက်ပြီး သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ဝန်းရံလာသည်။
“သူတို့ကိုတွေ့ပြီ”
လှုပ်ရှားမှုတစ်ခုကြာပြီးနောက် ထိုနှစ်ယောက်က မျှော်လင့်ထားသည့်အတိုင်း ပုံရိပ်အနည်းငယ်ကို မြင်လိုက်ရသည်။ ဒါက ၁၇နှစ်၊ ၁၈နှစ်အရွယ်ခန့်ရှိမည့် လူတစ်ဦးဖြစ်ပြီး အားလုံးက ပိန်လှီကာ ဖျော့တော့ကြသည်။ သူတို့က သိုင်းလေ့ကျင့်ထားသည့် ပုံစံလည်းမပြချေ။ လက်ရွေးစင်ကင်းထောက်များ ဖြစ်ရန်မဆိုထားဘိ လေတိုက်ရုံဖြင့်ပင် အားလုံးက လဲကျသွားလောက်သည်။
“သွားသတ်ရအောင်”
“ရပ်စမ်း”
“ဟား ဟား မပြေးကြနဲ့”
သူတို့က သူတို့၏ ဓားမောက်ရှည်များကိုယမ်းကာ ထန်လူငယ်များထံ ချီတက်သွားကြသည်။ သို့သော် သူတို့နှစ်ယောက်က ဆယ်ကျန်းဝန်းကျင်ခန့်သာ ရောက်သေးသည် အခြေနေက ပြောင်းလဲသွားသည်။
ဝုန်း
မြေပြင်က စတင်ကာ အက်ကွဲသွားသည်။ အစပိုင်းတွင် ခပ်သာသာသာ တုန်ခါသော်လည်း တဖြည်းဖြည်းချင်း မိုးကြိုးပစ်လိုက်သလို ဝုန်းကနဲ တုန်ခါသွားပြီး ထိုနယ်မြေတစ်ခုလုံးက စတင်ကာ ငလျှင်လှုပ်သည်။
“ဟီး ဟီး”
ထိုနှစ်ယောက်က မတုန့်ပြန်ခင် အဝေးမှ မြင်းဟီသံများကို ကြားလိုက်ရသည်။ သူတို့က မှင်သက်အံ့ဩစွာဖြင့် သူတို့ထံ ချီတက်လာသော မြင်းထောင်ကျော်ကိုသာ ကြည့်နေလိုက်ရသည်။ မြင်းစီးသူများက လက်နက်အပြည့်အဝ တပ်ဆင်ထားသည်။ မဟာထန်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒအပြည့်ဖြင့် ဝင်ရောက်လာနေသည့် မြင်းတပ်အင်အားစုဖြစ်သည်။
“မကောင်းတော့ဘူး”
ထိုနှစ်ယောက်က ဖြူဖျော့သွားသည်။ သူတို့အစောပိုင်း ချီတက်လာခဲ့စဉ်က ပြထားသည့် သတ္တိများက ခပ်မြန်မြန် ပျောက်ကွယ်သွားသည်။
“ပြေးတော့”
နှစ်ယောက်လုံးက အထိတ်တလန့်ဖြစ်သွားသဖြင့် သူတို့၏ စိတ်ဝိညာဉ်ကပင် ခန္ဓာကိုယ်ထဲမှ ထွက်သွားတော့မည့်အလား ဖြစ်သွားသေးသည်။ သူတို့နှစ်ယောက်လုံးက သူတို့လာခဲ့သည့်ဘက်သို့ ပြေးသည်။ ထိုနှစ်ယောက်အနေဖြင့် ထိုမျှ လေးစားစရာကောင်းသော ထန်စစ်တပ်မျိုးကို မမြင်ဖူးချေ။ ထို့ပြင် ထိုထန်မြင်းတပ်တစ်ထောင်က အေးစက်ပြီး လူတိုင်းကို အိမ်မက်ဆိုးမက်စေသည့် မျက်လုံးများဖြင့် တိတ်တဆိတ် စောင့်ကြည့်နေခြင်းဖြစ်သည်။
ကြောက်စရာကောင်းသော ကိစ္စကမူ သူတို့၏ အရှိန်နှုန်းဖြစ်သည်။ သူတို့နှစ်ယောက်က တုန့်ပြန်မိချိန်တွင် ဦးဆောင်လာသည့် ထန်မြင်းတပ်မှ စစ်သည်တော်က သူတို့နှင့် ကျန်းခုနှစ်ရာ၊ ရှစ်ရာခန့်သာ ဝေးသည်။
မြင်းတပ်အတွက် အရှိန်နှုန်းမြှင့် ချီတက်လျှင်ပင် ထိုအကွာအဝေးက စက္ကန့်အနည်းငယ်ထဲနှင့် မှီနိုင်သည်။
“ရပ်စမ်း”
အမိန့်တစ်ခုက ကောင်းကင်ကို ထိုးခွဲသွားချိန်တွင် တောင်ပေါ်ဒေသတခွင် ဟိန်းထွက်သွားသည်။ အရှေ့ဆုံးမှ အရာရှိက အားလုံးကိုရပ်ရန် အမိန့်ထုတ်သည်။ မြင်းတပ်ငါးထောင်က ထွက်ပြေးသွားခဲ့သည့် ကင်းထောက်များကို မမြင်သလို မြင်းပေါ်မှ ဆင်းလိုက်ကြသည်။ တစ်ယောက်က ခုခံမှုဝင်္ကပါကို ဆွဲထုတ်လိုက်ပြီး အခြားတစ်ယောက်ကမူ မြေကျွင်းများစတူးကာ မြေပြင်တွင် ဟိုထည့်ဒီထည့်လုပ်ကာ ပြင်ဆင်နေသည်။
ချွင်
နှစ်ကျန်းကျော်ခန့်ရှည်သည့် ထူထည်းတုတ်ခိုင်သော သံမဏိအပြားကြီးက မြေကြီးထဲသို့ ထိုးထည့်ခံလိုက်ရပြီး တောင်ပေါ်ဒေသပေါ်တွင် မြင့်မားသော မြို့ရိုးကြီးအဖြစ် ပြောင်းလဲသွားသည်။ အချက်ပြမှုအချို့ ရလိုက်သည့်အလား ထန်မြင်းတပ် ထောင်ပေါင်းများစွာက အဖွဲ့များခွဲကာ သူတို့၏စစ်မြင်းများကို သံမဏိမြို့ရိုးများကိုဆွဲပြီး တောင်ပေါ်သို့တက်သည်။
အချို့သောလူများကမူ ထူထည်းတုတ်ခိုင်သော သံမဏိနံရံကြီးများကို မထားကြပြီး အခြားသော မြင်းစီးသမားများက တူများကိုသယ်လာကာ ထိုသံမဏိနံရံကြီးများကို မြေကြီးထဲသို့ဝင်အောင် အပေါ်မှ ထုရိုက်သည်။
လူတိုင်းက အတူပေါင်းကာ လုပ်ဆောင်နေကြပြီး အဝေးမှ တိဗက်မြင်းသည်တော် နှစ်ယောက်ကို လျစ်လျူရှု့ထားသည်။
မြို့ရိုးတစ်ခု၊ နှစ်ခု၊ သုံးခု၊ လေးခု...
အချိန်တိုအတွင်း မြို့ရိုးရာကျော်က ထိုနေရာတွင် နေရာချထားပြီးသွားလေပြီ။ ထိုနေရာက တိဗက်တောင်ပေါ်ဒေသတခွင် ပျံ့နှံ့သွားသည်။
တိဗက်ကင်းထောက်များက ကျန်းရာဂဏန်း အနည်းငယ်ခန့်သာ ပြေးရသေးသည်။ သို့သော် နဂိုက ကဏ္ဍရသဖွယ် ခြောက်ကပ်နေသော တောင်ပေါ်ဒေသ အစွန်အဖျားနေရာတစ်ခုက မယုံနိုင်စရာကောင်းသည့် သံမဏိခံတပ်ကြီးတစ်ခု ပေါ်လာသည်။
“မျိုးမစစ်တွေ မင်းတို့ ဒီထန်တွေ ဘာလုပ်နေတာလဲ”
သူတို့က ထွက်ပြေးနေသော်လည်း ထိုနှစ်ယောက်က အနောက်မှ အဖြစ်အပျက်ကို အမြဲတစေ အာရုံစိုက်ထားသည်။ ထို့ကြောင့် ထန်များက ဘယ်သူမှမရှိသည့်အလား ထိုသို့ ဆက်လုပ်နေကြောင်း မြင်သည့်အခါ သူတို့က စွံ့အသွားကြသည်။
“အများကြီးမစိုးရိမ်နဲ့ မြန်မြန် ငါတို့ ဒီကိစ္စကို ငါတို့ရဲ့ မဟာဗိုလ်ချုပ်ကြီးကို သတင်းပို့ရမယ်”
နှစ်ယောက်လုံးက အံ့အားသင့်ကာ ဒေါသထွက်နေကြသည်။ သူတို့က ကိုယ့်မြင်းကို အပြေးနှင်ပြီး အဝေးသို့ သွားနိုင်ရန် ကြိုးစားသည်။
“အရှင်အမတ် ကျွန်တော်တို့ ဒီတိဗက်ကင်းထောက်တွေကို ကိုင်တွယ်ဖို့လိုလား”
တောင်ပေါ်တွင် လီစစ်ယဲ့က သူ၏သံမဏိ ဘုံအဆင့်ဆင့်ရှိသော စေတီတစ်ခုအလား ဖြစ်နေသည့် တောင်ပေါ်မြင်းကြီးပေါ်တွင် ခပ်မတ်မတ်ထိုင်ကာ ဝမ်ချောင်ကိုပြောသည်။ သူ၏လက်တစ်ဖက်က လေးကိုကိုင်ထားပြီး အခြားလက်တစ်ဖက်က မြှားနှစ်ချောင်ကို ကိုင်ထားသည်။ သူက ကင်းထောက်နှစ်ယောက်ကို ချိန်ထားသည်။
“မလိုဘူး”
ဝမ်ချောင်က ပြုံးပြီး ခပ်အေးအေး မျက်နှာထားမျိုး ဖြစ်သွားသည်။
“တစ်ယောက်ကိုချန်ထားပြီး တစ်ယောက်ကို လွှတ်ပေးလိုက်။ ငါတို့က နှစ်ယောက်လုံးကို သတ်လိုက်ရင် သတင်းပြန်ပို့ဖို့ လူမရှိဘဲဖြစ်သွားမယ်။ ဒီလိုဆိုရင် အကြံအစည် ပျက်သွားလိမ့်မယ်”
“နားလည်ပါပြီ”
လီစစ်ယဲ့က ပြောလိုက်ပြီး မြှားတစ်ချောင်းကိုသိမ်းသည်။ သူ၏ အခြားမြှားတစ်ချောင်းက လေထုကို ထိုးခွဲသွားကာ ကျန်းတစ်ထောင်ကျော်ကို ကျော်လွန်သွားပြီး ဘယ်ဘက်နားတွင် သားရဲအရိုး နားကပ်ဝတ်ထားသည့် တိဗက်မြင်းသည်တော်တစ်ယောက်၏ ရင်ဘက်ကို ဖောက်ဝင်သွားသည်။
မည်သည့်အသံမှ မထွက်ခင် သူက သူ၏တောင်ပေါ်မြင်းကြီးပေါ်မှ ပြုတ်ကျသွားသည်။ ကျန်သော တိဗက်မြင်းတပ်ကမူ ကြောင်အသွားပြီး ဝိညာဉ်ကပင် ခန္ဓာကိုယ်ထဲမှ ကွဲထွက်သွားသလို ဖြစ်သွားသည်။ သူက ဓားမောက်ရှည်ကို တစ်ချက်လှမ်းလိုက်ပြီး သူ့မြင်း၏အနောက်ပိုင်းကို တစ်ချက်ခုတ်လိုက်ကာ အတက်နိုင်ဆုံးပြေးသည်။ ဒီနည်းအားဖြင့် သူက အဝေးတွင် ပျောက်ကွယ်သွားသည်။
“အသင့်ပြင် နေရာမြန်မြန်ဖြည့်ကြ။ သိပ်မကြာခင် တိဗက်တွေ ရောက်လာလိမ့်မယ်”
ဝမ်ချောင်က အမိန့်ထုတ်သည်။ ထွက်ပြေးသွားသော ကင်းထောက်ကို သူက လျစ်လျူရှု့လိုက်ပြီး အနောက်မှ စစ်တပ်ကို ပြန်လှည့်ကြည့်သည်။ ဝူရှန်းမြင်းတပ်ငါးထောင်၊ သူ အနောက်တောင်ပိုင်းမှ ခေါ်လာခဲ့သည့် လက်ရွေးစင်တစ်ထောင်ကျော်နှင့် ကလန်ကြီးများ အသီးသီးမှ ပို့ထားသည့် ကျွမ်းကျင်ပညာရှင် တစ်ထောင်ကျော် အားလုံးပေါင်းလိုက်သော် ဝမ်ချောင်က စစ်သည်ခုနှစ်ထောင့်ငါးရာနီးပါး ခေါ်လာခြင်းဖြစ်သည်။ ထပ်ပေါင်းဆိုရသော် သူ့အနေဖြင့် လက်မှုပညာသည် ငါးထောင်ကိုလည်း ခေါ်လာခဲ့သေးသည်။
ထို့ကြောင့် အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဖြစ်ပျက်ခဲ့ဖူးသည့် ကိစ္စမျိုး တိဗက်တောင်ပေါ်တွင် ပြန်ပေါ်လာသည်။ ဝမ်ချောင်၏ အင်အားကြီးဆုံး ထုတ်သုံးနိုင်သည့် ကြွယ်ဝမှုက ဆယ်စုနှစ်ပေါင်း များစွာကြာအောင် တည်တံ့မည့် ငြိမ်းချမ်းမှုနှင့် အင်အားကြီးမားသည့် စွမ်းရည်ကိုသုံးပြီး ခိုင်မာသော အဆောက်အဦးများကို တည်ဆောက်လျှက် ကာကွယ်ပေးထားပြီးဖြစ်သည်။
ထိုမျှအင်အားကြီးမားသည့် စွမ်းရည်များကို တိုက်ပွဲများတွင်သာ အသုံးမပြုလျှင် အကြီးမားဆုံး နောင်တရစရာကြီး ဖြစ်သွားပေလိမ့်မည်။
လက်ရှိအချိန်တွင် ဝမ်ချောင်က ထိုကြွယ်ဝမှုများကိုသုံးပြီး ထူခြားသော နည်းလမ်းတစ်ခုကိုသုုံး၍ စစ်စွမ်းရည်တစ်မျိုးကို မွေးထုတ်နေခြင်းဖြစ်သည်။ ချီရှီကို ကိုင်တွယ်ရန် သူက ယွီစန်းကို အရင်ထိုးဖောက်ရပေမည်။
ဒီတစ်ကြိမ်တွင် ဝမ်ချောင်က တိဗက်လမ်းကိုဖြတ်ပြီး ဝူရှန်းကို မတိုက်ခိုက်လာစေချင်ခဲ့ချေ။ သူက ယခုလို လူသူရှင်းလင်းသည့် တောင်ပေါ်ဒေသ တစ်နေရာတွင် အခြေစိုက်စခန်းတစ်ခုကို ထီးထီးမားမား တည်ထောင်လိုက်ပြီး သူ၏လှုပ်ရှားမှုတိုင်း၏ဗဟို အခြေစိုက်စခန်းတစ်ခုအဖြစ် ပြောင်းလျှက် အနောက်ပိုင်းမှလာမည့် ယွီစန်း၏ ခြိမ်းခြောက်မှုတိုင်းကို တားဆီးရန် မျှော်လင့်ထားသည်။ တောင်ပေါ်ဒေသမှ မြေမျက်နှာသွင်ပြင် အနေအထား၏ အင်အားကိုသုံးပြီး ချီရှီကို လုံခြုံအောင် ကာကွယ်ပေးနိုင်ရန် မျှော်လင့်သည်။
“မြှားပုံပျားအုံတွေပြင်ကြ”
အလုပ်ရှုပ်နေကြသော စစ်တပ်ထဲမှ စိတ်အားတက်ကြွနေသည့် အသံတစ်သံက ပေါ်ထွက်လာသည်။
ဟီ
မြင်းများကဟီသည်။ သူတို့က အဖုံးအုပ်ထားသော သံမဏိ ကုန်သေတ္တာကြီးများကိုဆွဲပြီး တောက်လျှောက် လမ်းကြောင်းအမြှောင်းလိုက် ကျန်ထားရစ်စေလျှက် တောင်ပေါ်သို့တက်သည်။
မြင်းများက ရပ်တန့်သွားခြင်းမတိုင်ခင် စစ်သည်တော်များက ဆင်းလာကြပြီဖြစ်သည်။ သူတို့အားလုံးက ကြိုးများကိုဖြတ်ပြီး သူတို့ယူလာသည့် ထိုပျားအုံပုံစံရှိသည့် လက်နက်ပုံးများကို အရှေ့သို့ ဂရုတစိုက်သယ်ကာ ပင့်မြှောက်မတင်သည်။
“သတိထားကြ ရင်ဘက်ပိုင်းတွေကို အလျင်စလို မထိကြနဲ့။ ခလုတ်တွေကိုလည်း မထိမိကြနဲ့။ အောက်ကိုချတဲ့အချိန်မှာ ညင်ညင်သာသာချဖို့ သတိရကြပါ”
မျက်နှာတည်တည်နှင့် အရာရှိများက ဘေးမှရပ်ကြည့်ပြီး ထိုလက်နက်ပုံးများ တပ်ဆင်သည့် ကိစ္စကို ကြီးကြပ်ပေးနေသည်။ ကိုယ်တိုင် တွေ့ကြုံခဲ့ဖူးသော လူတိုင်းကလည်း ထိုသံမဏိ သေတ္တာကြီးများတွင် ပါဝင်နေသည့် အရာများက မည်မျှ အင်အားကြီးမားပြီး ကြောက်စရာကောင်းကြောင်း သိနေကြသည်။ ထိုလက်နက်ပုံးတိုင်းကို အရှေ့ဘက်ဆုံး အတန်းတွင်စီပြီး တပ်ဆင်လိုက်သည်။ မြို့ရိုးနံရံတိုင်းက တောင်ပေါ် တစ်နေရာတွင် ထင်းထင်းကြီး ရှိနေပြီဖြစ်ပြီး အရာအားလုံးက အကြိမ်ရာပေါင်းများစွာ လေ့ကျင့်ဖူးထားသလို အလွန်အမင်း မြန်ဆန်ပြီး အဆင်ပြေသည့် အရှိန်နှုန်းဖြင့် လုပ်နိုင်လိုက်ကြသည်။
ရိုးရှင်းသော်လည်း လွှမ်းမိုးမှုပြင်းထန်သည့် ခံတပ်က လျှင်မြန်စွာဖြင့် စစ်တပ်၏ အစွန်အဖျား တစ်နေရာတွင် ပေါ်ထွက်လာသည်။ ထို့အပြင် နောက်ပိုင်းကိစ္စများကိုလည်း ဆက်လက် ကိုင်တွယ်နေကြသေးသည်။
ခီး
တစ်နာရီကျော်ခန့် ကြာပြီးနောက် ကောင်းကင်ထဲမှ စူးရှသည့် အော်သံက ထွက်လာသည်။ ဝမ်ချောင် ပြန်လွှတ်လိုက်သည့် တိဗက်ကင်းထောက်က အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။ ထို့ကြောင့် တိဗက်များက ဒီတစ်ကြိမ်တွင် ပို၍မြန်ဆန်စွာ တုန့်ပြန်နိုင်ခဲ့သည်။ အဝေးရှိ တိဗက်တောင်ပေါ်၏ ကောင်းကင်တွင် သာမာန်မြင်နေကျ လင်းတတစ်ကောင်က ပေါ်လာသည်။ အစပိုင်းတွင် တစ်ကောင်သာရှိသော်လည်း တဖြည်းဖြည်းချင်း သုံးကောင်၊ လေးကောင်အထိ ဖြစ်လာသည်။ စက္ကန့်အနည်းငယ်ထဲနှင့် တိဗက်လင်းတ ဆယ်ကောင်ကျော် ပေါ်လာသည်။
“ဒီလောက်ထိ ထောင်လွှားမှုအပြည့်နဲ့ ရောက်လာတယ်ဆိုတော့ ငါတို့ရဲ့ ဒီတစ်ခေါက်ရန်သူက တော်တော်လေးကို ထူးခြားတယ်”
ဝမ်ချောင်က ကောင်းကင်ကိုကြည့်ပြီးပြုံးသည်။
ကောင်းကင်တွင် လင်းတများကလွဲပြီး အခြားမရှိချေ။ သို့သော် လူတိုင်းကလည်း လေထု၏ တင်းအားကို ခံစားမိကြသည်။ သံသယဝင်ရန် မလိုလောက်အောင် တိဗက်များက သူတို့ကို သတိထားမိသွားကြပြီး ပထမဦးဆုံး စောင့်ကြည့်သည့် တစ်သုတ်ကို စေလွှတ်ခဲ့ကြသည်။ သို့တိုင်အောင် ကြီးမားသည့် တိုက်ပွဲကြီးက ဖြစ်လာဦးမည်ဖြစ်သည်။
“ငါကြားထားတဲ့အတိုင်းဆိုရင် ဖုမန်လင်းချာက သိပ်မကြာခင်ကမှ သူတို့နဲ့ တိုက်ပွဲကြီး အနည်းငယ်ကို ဆင်နွဲထားတာ။ ဒီတော့ သူတို့ရဲ့တုန့်ပြန်မှု မြန်ဆန်တာက ပုံမှန်ပါပဲ”
လီစစ်ယဲ့ကပြောသည်။ အခြားသူများနှင့် မတူသည်မှာ သူ၏မျက်လုံးတွင် မည်သည့်တင်းအားမျှ မရှိချေ။ မျှော်လင့်စောင့်စားမှုများသာ ရှိနေသည်။ သူက ဝမ်ချောင်၏နောက်သို့ မလိုက်ခင်က ပေ့ထင်ကာကွယ်ရေး စစ်တပ်မှ စစ်သည်တော်တစ်ယောက် ဖြစ်ခဲ့သည်။
စစ်သည်တော်၏ တာဝန်က အမိန့်ကိုနာခံပြီး တိုက်ခိုက်ရမည်ဖြစ်သည်။ လီစစ်ယဲ့၏ ဘဝတွင် သူစိတ်အားအထက်သန်ဆုံး နှစ်ခုသာရှိသည်။ တစ်ခုက ကောင်းမွန်လွန်းသော တောင်ပေါ်မြင်းများဖြစ်ပြီး အခြားတစ်ခုကမူ တိုက်ခိုက်ခြင်းဖြစ်သည်။
တိုက်ပွဲများကသာ သူ၏ကိုယ် အနက်ရှိုင်းဆုံးအပိုင်းတွင် တိမ်မြုပ်နေသည့် တိုက်ပွဲဝင်စိတ်ဝိညာဉ်ကို နှိုးဆွပေးနိုင်သည်။
“ကျန်းချွယ် အဆင်သင့်ပြင်”
ဝမ်ချောင်၏ အမ်ိန့်နှင့်အတူ သိန်းငှက်အဖွဲ့ဝင်မှ အဖွဲ့ဝင်တိုင်းက စတင်ကာ လှုပ်ရှားကြသည်။ ကောင်းကင်တွင် စူးရှသော အော်ဟစ်သံများက ပြည့်နှက်လာသည်။ ထိုကျောက်တုံးသိန်းငှက်တိုင်းက ကောင်းကင်သို့ ထိုးတက်သွားသည်။ တိုက်ခိုက်ရာတွင် ကျွမ်းကျင်ပြီး အထူးတလည် သားဖောက်ထားသည့် ကျောက်သားသိန်းငှက် ဆင့်ကဲပြောင်းလဲထားသော သားရဲကောင်ကြီးများက ကောင်းကင်သို့ ထိုးတက်သွားသည်။
ခီး
ထိုသို့ဖြင့် သိန်းငှက်အသင်းမှ ကျောက်တုံးသိန်းငှက်များက စတင်ကာ တိဗက်လင်းတများနှင့် တိုက်ပွဲ ဆင်နွဲကြသည်။ ယခုလို ဆင်နွဲသည့်အခါ မြောက်များလှစွာသော လင်းတပေါင်းများစွာက နည်းပါးသော သိန်းငှက်များကို မယှဉ်နိုင်ကြချေ။ သူတို့ အမွှေးများက ကျွတ်ထွက်ကုန်ပြီး သွေးများက အောက်သို့ ကျဆင်းကုန်သည်။ ထို့နောက် သူတို့၏အမွှေး အနှုတ်ခံလိုက်ရသကဲ့သို့ ဒဏ်ရာအပြည့်နှင့် ခန္ဓာကိုယ်များကသာ ပြုတ်ကျလာခဲ့သည်။
အခန်း(၇၆၅)
အလန့်တကြားဖြစ်သွားတဲ့ ချီရှိကာကွယ်ရေးစစ်တပ်
အခြားသော သိန်းငှက်များကလည်း ချက်ချင်းလိုလို ပြန်လှည့်ကာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။
ကျန်းချွယ်နှင့်အဖွဲ့က ထိုအခြေအနေကို သတိထားမိပြီး နောက်ထပ် လေချွန်သံပြုလိုက်ပြီး သူတို့၏ ကျောက်တုံးသိန်းငှက်များကို ပြန်ခေါ်သည်။
‘ရန်သူကို ချောင်ပိတ်မဖမ်းရဘူး’က စစ်တပ်နှစ်ခု ထိပ်တိုက်တွေ့ဆုံသော တိုက်ပွဲမျိုးတွင်သုံးရန် မသင့်လျော်သော်လည်း ငှက်များကြားမှ တိုက်ပွဲအတွက်မူ အသုံးဝင်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် တိုက်ပွဲအတွက် ပြင်ဆင်ကြ”
ဝမ်ချောင်က ထွက်ပြေးသွားသော လင်းတများကို ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာရှိအပြုံးက ပျောက်ကွယ်သွားကာ မျက်နှာက လေးနက်သွားသည်။ လင်းတဆယ်ကောင်ကျော်က ကင်းထောက် ပထမတစ်သုတ်သာဖြစ်သည်။ ထို့ကြောင့် ထွက်ပြေးသွားလျှင် လုံလောက်ပြီဖြစ်သည်။
သို့သော် အရေးအကြီးဆုံး ကိစ္စ အခြေအနေအတွက်မူ မတူတော့ချေ။ အရေးအကြီးဆုံး ကိစ္စကမူ ထိုကင်းထောက် လင်းတများ ပေါ်လာကတည်းက တိဗက်စစ်တပ်က သိပ်မဝေးကြောင်း ဖော်ပြနေခြင်းဖြစ်သည်။
ခီး...
ပထမအားလှိုင်း တစ်သုတ်ကပင် အနည်မထိုင်သေးဘဲ နောက်တစ်သုတ်က ရောက်လာသည်။ လင်းတများ သေသွားပြီး သိပ်မကြာခင် နောက်ထပ် စူးရှသော အော်ဟစ်သံများကို ကြားရပြန်သည်။ သို့သော် ဒီတစ်ကြိမ်ကမူ လင်းတများ၏ အော်ဟစ်သံနှင့် ခြားနားနေသည်။ ဝမ်ချောင်၏စစ်တပ် ညာဘက်ခြမ်း တည့်တည့်မှ မည်သူမျှ သတိမထားမိသည့် ဘက်ခြမ်းမှ သိန်းငှက်အိုကြီးများက ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။
ထိုသိန်းငှက်အိုကြီးများက အနီးကပ် မပျံလာချေ။ သူတို့က ကျန်းခုနှစ်ရာ၊ ရှစ်ရာခန့်အကွာတွင် ရပ်တန့်လိုက်ပြီး တစ်စုံတစ်ရာကို စောင့်ကြည့်နေသလို ဖြစ်နေသည်။
“စိတ်ဝင်စားစရာပဲ”
ဝမ်ချောင်ကလည်း မော့ကြည့်လိုက်သောအခါ ဝိုင်းပတ်နေသည့် သိန်းငှက်များကို မြင်လိုက်ရကာ အံ့အားသင့်သွားသည်။ ထို့နောက် ခပ်မြန်မြန် ပြုံးလိုက်သည်။
“အရှင်အမတ် ကျွန်တော်တို့ ဒီသိန်းငှက်တွေကို ဖယ်ရှားရှင်းလင်းရမလား”
သူ၏ဘေးဘက်မှ ငယ်ရွယ်သော မရင့်ကျက်သေးသည့် အသံလေးက ထွက်လာသည်။ ကျန်းချွယ်က သိန်းငှက်များကို မော့ကြည့်သည်။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ် သတ်ဖြတ်လိုစိတ်က အပြည့်ရှိကြောင်း ထွက်ပေါ်နေသည်။ သူက အမတ်၏အကြံမှ အမှားတစ်ခုကိုမျှ ဖြစ်ခွင့်မပြုနိုင်သလို တစ်စုံတစ်ယောက်က ကျေနပ်သလို လာစောင့်ကြည့်နေသော အခြေအနေမျိုးကို လက်သင့်မခံနိုင်ချေ။
သူတို့၏ပိုင်ရှင်က မည်သူဖြစ်နေစေကာမူ ကောင်းကင်မှ ထိုငှက်များ၏အပိုင်က မည်သူဖြစ်နေစေကာမူ အရှင်အမတ်ကသာ အမိန့်ပေးသမျှ သူက အားလုံးကို ရှင်းလင်းမည်ဖြစ်သည်။
သတ္တိဖြူ လုပ်ကြံသတ်ဖြတ်သူမှ အမှားတစ်ခုကတင် လုံလောက်ပြီဖြစ်သည်။ ကျန်းချွယ်က ဒုတိယအမှား ထပ်မဖြစ်စေလိုတော့ချေ။
“မလိုဘူး”
ဝမ်ချောင်က လက်ကိုယမ်းသည်။ သူက ကျန်းချွယ်၏ အကြံကို ငြင်းလိုက်သည်။
“အချို့ငှက်တွေကို မင်းရှင်းလင်းလို့ရတယ်။ ဒါပေမဲ့ အခြားငှက်တွေကိုတော့ မင်းရှင်းလင်းလို့မရဘူး။ ဒီသိန်းငှက်တွေကို စိုးရိမ်မနေပါနဲ့။ သူတို့ကို စိတ်ကျေနပ်သလိုသာ လုပ်ခွင့်ပြုထားလိုက်။ ဒါက ငါတို့အပေါ် မသက်ရောက်ဘူး”
ကျန်းချွယ်က ငယ်ရွယ်သည်။ ထို့ကြောင့် သူ့အနေဖြင့် သတိကြီးကြီးထားပြီး ကောင်းကင်မှ သူလျိုသိန်းငှက်တိုင်းကို ရှင်းပစ်ချင်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော် ဝမ်ချောင်ကမူ ထိုသိန်းငှက်များ၏ ညာဘက်ခြေသည်းမှ ရွှေရောင်အပတ်ကို ချက်ချင်း သတိထားမိလိုက်သည်။ ထို့ကြောင့် သူတို့က ချီရှီကာကွယ်ရေးစစ်တပ်မှ အပိုင်ဖြစ်ကြောင်း သိသာသည်။ ရှင်းလင်းစွာဖြင့်ပင် နယ်စပ်တွင် ခံတပ်လာတည်ဆောက်သော ကိစ္စက တိဗက်များ၏ အာရုံကို ဆွဲဆောင်ရုံသာ မကသေးလေဘဲ အနီးအနားရှိ ချီရှီကာကွယ်ရေးစစ်တပ်ကလည်း အာရုံစိုက်လာသည်။
သူတို့က စစ်စနစ်ပုံစံအတိုင်း ဖြစ်နေကတည်းက ဝမ်ချောင်က သဘာဝအလျောက်ပင် ထိုသိန်းငှက်များကို မဖယ်ရှားချင်ခဲ့ချေ။
ထိုအချိန်တွင် သူ၏အနောက်မှ ရဲရင့်သောအသံက ထွက်လာသည်။
“ဒါက အဲ့ဒီမှာ ရှီလော့နာ၊ ဟယ်ပါးယဲ့နဲ့ ချီနမ်သွမ်းတို့ ရှိနေမယ်လို့ထင်တယ်။ ရှီလော့နာက အခု ချီရှီနဲ့ အနောက်ပိုင်း တူရကီ ခါကာနိတ်ကြားက မြက်ခင်းပြင်ကျယ်ဒေသမှ တပ်ဆွဲထားတာ။ သူ့ရဲ့အဆင့်အတန်းက ဖူလန်ဟယ်နဲ့တူတယ်။ သူက နည်းနည်းတောင် မြင့်နိုင်တယ်။ ဒါ့အပြင် ချီနမ်သွမ်းကလည်း တူရကီစစ်သည်တွေကို သူနဲ့အတူ ခုခံနေရတာ။ အပြောင်းအလဲသာ မရှိရင် ဖူလန်ဟယ်ရဲ့အနောက်မှ သူ့နေရာကိုအစားထိုးပြီး အနောက်ပိုင်း ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ နယ်စပ်ကို စောင့်ရှောက်ပေးနေတဲ့လူက ဟယ်ပါးယဲ့ဖြစ်လိမ့်မယ်”
လီစစ်ယဲ့က ပေ့ထင်တွင် တာဝန်ထမ်းဆောင်ဖူးသည်။ သူက ဗိုလ်ချုပ်ကြီးအဆင့်ထိ မရောက်ခဲ့သော်လည်း အရာရှိ၏ အမြင့်ဆုံးအဆင့်မှ တစ်ယောက်ဖြစ်သည့်အလျောက် ဗိုလ်ချုပ်ကြီးအဆင့်သို့ တောက်လျှောက် ရာထူးတိုးခံရမည့် အနေအထားမျိုးတွင် ရှိခဲ့ဖူးသည်။ ထို့ကြောင့် လီစစ်ယဲ့အနေဖြင့် စစ်တပ်အကြောင်း နားလည်ထားလေသည်။
ပေ့ထင်နှင့် ချီရှီက အလွန်နီးပြီး မကြာခဏဆိုသလို အတူပေါင်းကာ ခုခံရသည့် အချက်ကို ပေါင်းစပ်လိုက်သော် သူ့အနေဖြင့် ချီရှီကာကွယ်ရေးစစ်တပ်အပေါ် အနည်းငယ် နားလည်ထားသည်။ ထို့ကြောင့် သူ၏လက်ခုံကဲ့သို့ သိနေသည်ဟု ပြောနိုင်မှု မရှိလျှင်ပင် အချို့သော အခြေခံ ဗဟုသုတများကိုမူ သိထားသေးသည်။ ထို့ကြောင့် ထိုစစ်တပ်မှ ဗိုလ်ချုပ်များကို သိနေသည်။
“ဟယ်ပါးယဲ့လား”
ဝမ်ချောင်က မှတ်ဉာဏ်များကို ပြန်တူးဆွကြည့်ပြီးနောက် သူ၏မျက်နှာက ပြောင်းလဲသွားသည်။
သူက နာမည်၏နောက်ကွယ်မှ ထိုလူကို အနည်းငယ် နားလည်ထားသည်။ ဖူလန်ဟယ်နှင့်ယှဉ်သော် ဟယ်ပါးယဲ့က ပို၍တက်ကြွသည်။ သူက စစ်တပ်ကို ဦးဆောင်အမိန့်ပေးနေချိန်တွင် ဖူလန်ဟယ်ထက်ပင် မကြာခဏဆိုသလို တောင်ပေါ်ဒေသကို တိုက်ခိုက်ခဲ့သည်။ ကံဆိုးစွာဖြင့် သူ၏အကြီးမားဆုံး ပစ်ချက်က သိသာထင်ရှားလာခဲ့သည်။
ထိုပြစ်ချက်ကမူ သူက သူ၏စီမံကိန်းမှ လိုချင်သောရလဒ်ကို မရခဲ့သည်နှင့် သို့မဟုတ် အရေးအကြီးဆုံး အချိန်မျိုးတွင် သူက ကျရှုံးသွားသည်နှင့် ဟယ်ပါးယဲ့က ပုံမှန်မဟုတ်အောင် ခုခံမှုပြင်းထန်သွားသည်။ သူက သဘာဝအလျောက်ပင် တုန့်ပြန်တတ်သည့် ဗိုလ်ချုပ်ကြီးတိုင်းထက် ခုခံမှုပြင်းထန်သွားခြင်းဖြစ်သည်။ သူက လိပ်ခွံထဲ ပြန်ဝင်သွားတတ်သည့် လိပ်တစ်ကောင်ဟုဆိုလျှင် မမှားနိုင်ချေ။
အစောပိုင်း အခြေအနေများတွင် ချီရှီကာကွယ်ရေးစစ်တပ်က ယွီစန်းကို ရင်ဆိုင်ခဲ့ရာတွင် တိုက်ခိုက်လိုဟန် ပြခဲ့သေးသည်။ သို့သော် ဟယ်ပါးယဲ့ကြောင့် ခုခံမှုအားလှိုင်းတစ်ခုလုံးက နောက်ဆုတ်သထက် ဆုတ်ပြီး ခုခံသည့် အနေအထား အတွင်းသို့ အပြည့်အဝ ဝင်ရောက်သွားသည်။
ဝမ်ချောင်ကလည်း ထိုကိစ္စအပေါ် တစ်ကြိမ်က စစ်ဆေးပြီး လေ့လာခဲ့ဖူးသည်။ စစ်တပ်ထဲမှ သူ၏ စီနီယာ အမြောက်အများထံမှ စမ်းသပ်မှုကိုပင် ခံယူရရှိခဲ့ဖူးသည်။ သူကိုယ်တိုင်ကလည်း ဟယ်ပါးယဲ့က အလွန် တက်ကြွလွန်းသောလူဖြစ်ကြောင်း သူက စောင့်ရှောက်ကာကွယ်ရမည့် အဓိကနေရာမျိုးတွင်ပင် သူ့အနေဖြင့် တိုက်ခိုက်ရန်အခွင့်အရေး ရှိလျှင်ပင် မယူဆောင်တတ်ချေ။ သူ၏ လွန်ကဲစွာ တက်ကြွမှုက အနိုင်ရရှိရန် သေချာမှသာ သူ့ကို အပြည့်အဝ ယုံကြည်မှုရှိပြီး တိုက်ခိုက်စေခဲ့သည်။ အခြားနည်းလမ်းဖြင့် တွေးရသော် သူက တာဝန်ယူမှုနှင့် ဖန်တီးရယူမှုတို့ကို ကောင်းကောင်း ကျင့်သုံးတတ်သည့် လူတစ်ယောက်ဖြစ်သည်။
သို့သော် အမြဲတစေ အပြည့်အဝ အနိုင်ရရန် သေချာသော ကိစ္စမျိုးက ရှိနေလိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် နောက်ပိုင်း အခြေအနေများတွင် ဟယ်ပါးယဲ့က အလွန်အမင်းကို ခုခံသည့် အနေအထားသို့ အပြည့်အဝ ဝင်ရောက်သွားပြီး အနည်းငယ်မျှပင် မရင်းနှီးချင်တော့ချေ။
ဆိုတော့ သူကိုး။
ဝမ်ချောင်က ခေါင်းကိုခါပြီးရယ်သည်။ သူ၏အတွေးများကို ဘေးဖယ်ထားလိုက်သည်။
“အသင့်ပြင် လက်နက်ပုံးတွေအားလုံးကိုစစ်ဆေး ဒူးလေးကြီးတွေကိုလည်း စစ်ဆေး စစ်မြင်းတွေ အားလုံးကိုလည်း တစ်ကြိမ်ထက်ပိုပြီး စစ်ဆေးကြည့်လိုက်ဦး”
ဝမ်ချောင်က မြင်းကိုရှေ့သို့နှင်ကာ ပြောသည်။
လေထဲတွင် သိန်းငှက်က အပတ်အနည်းငယ်ခန့် ပျံဝဲနေပြီးနောက် အဝေးသို့ ပြန်လည်ထွက်ခွာသွားသည်။
အချိန်တစ်ခုကြာပြီးနောက် ချီရှီကာကွယ်ရေးစစ်တပ် အရှေ့ပိုင်းဘက်ခြမ်းမှ ကြီးမားသော စစ်စခန်းကြီး တစ်ခုတွင် ကြမ်းတမ်းသော အသားအရည်၊ ခက်ထန်သော မျက်နှာထားနှင့် အလွန်အမင်း ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာပိုင်ရှင် ဗိုလ်ချုပ်ကြီးတစ်ယောက်က ထိုင်ခုံမှ အံ့ဩတကြီး ထရပ်လိုက်သည်။
“ဘာ ဝူရှန်းမြို့ကလူတွေက တောင်ပေါ်ဒေသမှာ ခံတပ်တည်ဆောက်နေတယ် ဟုတ်လား”
“ဟုတ်ပါတယ်အရှင် သူတို့က သံမဏိအမြောက်အများကို ပြင်ဆင်လာခဲ့ပြီး လုပ်သားအင်အား ငါးထောင်ကျော်ကိုတောင် ခေါ်လာခဲ့တာပါ။ ဒါ့အပြင် စစ်သည်ခြောက်ထောင်ကနေ ခုနှစ်ထောင် ဝန်းကျင်အထိလည်း ပါလာပါသေးတယ်။ သူတို့အားလုံးကို ပေါင်းလိုက်ရင် တစ်သောင်းကျော်ရှိပါတယ်”
ဒူးထောက်နေသော ကင်းထောက်ကပြောသည်။
“...”
ဟယ်ပါးယဲ့၏ မျက်လုံးက ပြူးသွားသည်။ သူကိုယ်တိုင်ကပင် စိတ်ပိုင်းဆိုင်ရာ စွံ့အသွားရသည်။ ဒါက အံ့အားသင့်စရာ ကောင်းလွန်းသည်။ သူကလည်း ထိုလူငယ်အမတ်အကြောင်း ကြားဖူးထားသည်။ သို့သော် သူက မြို့ကို တည်ဆောက်၍ပင် မပြီးသေးချေ။ ယခုမူ တောင်ပေါ်ဒေသသို့ ပြေးလာပြန်သည်။ ဒီနေရာက ချီရှီ၏ ပိုင်နက်နယ်မြေဖြစ်ကြောင်း သူမသိသလောဟုပင် တွေးမိသွားသည်။
သူက လူတစ်သောင်းကျော်နှင့် ကိစ္စများစွာကို လုပ်နိုင်မည်ဟု ထင်နေမည်လားလည်း မသိချေ။
“အရှင် သူတို့ရောက်တဲ့အခါ တိဗက်လင်းတတွေ ပျံနေတာကိုလည်း တွေ့ရပါတယ်။ တိဗက်တွေကလည်း သူတို့ရဲ့ လှုပ်ရှားမှုကို သတိထားမိပြီး စစ်သည်တော်တွေ စေလွှတ်ထားလောက်ပါတယ်။ ကျွန်တော်တို့ တပ်ကူတွေ စေလွှတ်ရမလား”
ကင်းထောက်ကမေးသည်။
ချီရှီကာကွယ်ရေးစစ်တပ်ကို ကာကွယ်ပေးပြီး မဟာထန်မှ ပြည်သူများကို ကာကွယ်ပေးရသောကိစ္စက ချီရှီကာကွယ်ရေးစစ်တပ်မှ တာဝန်အဖြစ် လူတိုင်းက နားလည်ထားကြသည်။ ဝူရှန်း၏ လူတစ်သောင်းကျော်သော လူများအပြင် လက်မှုပညာသည် ငါးထောင်ကျော်က တိဗက်စစ်တပ်ကို ရပ်တန့်နိုင်မည်မဟုတ်ချေ။
“မလိုဘူး”
ဟယ်ပါးယဲ့က အကြံကိုငြင်းသည်။ သူက စစ်တပ်ကိုသာ အရေးမကြီးသော ကိစ္စများအတွက် အသုံးမပြုဘဲ သေချာစုစည်းထားရမည်ဖြစ်သည်။ ဝူရှန်းလူတစ်သောင်းကျော်က အရေးကြီးသော်လည်း ချီရှီကာကွယ်ရေး စစ်တပ်၏ လုံခြုံမှုက ပို၍အရေးကြီးလေသည်။ သူ့အနေဖြင့် စစ်သည်တော် တစ်သောင်းကျော်၏ အသက်ကို မရင်းရဲချေ။ သို့သော် ဟယ်ပါးယဲ့ကမူ ချက်ချင်းလိုလို တုန့်ဆိုင်းသွားပြန်သည်။
“နေဦး ခဏနေဦး ဒီကိစ္စက အရေးကြီးတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကိုပဲ အကြောင်းကြားပြီး သူ့ကိုပဲ ဆုံးဖြတ်ခိုင်းရအောင်။ ဒါ့အပြင် နောက်ထပ် ကင်းထောက်တွေနဲ့ သိန်းငှက်တွေကို လွှတ်လိုက်။ ငါအဲ့ဒီက အဖြစ်အပျက်တိုင်းကို သိချင်တယ်။ ဝူရှန်းက အရှင်က မဟာထန်ရဲ့ လူငယ်အမတ် သူတော်စင်ဧကရာဇ်ရဲ့ တိုက်ရိုက်တပည့်လည်းဟုတ်တယ်။ သူသာ တစ်ခုခု ဖြစ်သွားခဲ့ရင် ငါတို့ အကျိုးဆက်ကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး”
“ဟုတ်ကဲ့”
ကင်းထောက်က အမိန့်နှင့်အတူ ခပ်မြန်မြန် ထွက်ခွာသွားသည်။ အချိန်တစ်ခုကြာပြီးနောက် သတင်းပို့ငှက်များက ပျံသန်းထွက်ခွာသွားသည်။ ထိုသို့ဖြင့် ချီရှီကာကွယ်ရေးစစ်တပ် အနီးအနားရှိ ဌာနချုပ်သို့ ဝင်ရောက်သွားသည်။
...
“ဒီကောင်လေး ဘာတွေ တွေးနေတာလဲ”
ချီရှီကာကွယ်ရေးစစ်တပ် ဌာနချုပ်ထဲမှ ဖုမန်လင်းချာက ကုလားထိုင်တွင်ထိုင်ကာ ရေနွေးကြမ်း သောက်နေသည်။ သို့သော် သူက သတင်းကို ရသောအခါ အံ့အားတကြီး မတ်တပ်ထရပ်လိုက်သည်။ ဒါကသူ ယခုတလောအတွင်း ဝမ်ချောင်က ဝူရှန်းကိုရောက်ပြီးနောက် ရသည့် အံ့အားသင့်စရာကောင်းသည့် သတင်းလည်းဖြစ်သည်။ သူ့အနေဖြင့်လည်း ဝမ်ချောင်က ဝူရှန်းတွင် အခြေခိုင်အောင် တည်ဆောက်ပြီးနောက် တိဗက်တောင်ပေါ်ဒေသသို့ ပြန်ထွက်လာမည်ဟု မထင်ထားမိချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒါက တကယ်ကို မဖြစ်နိုင်ပါဘူး။ ဒီဝမ်ကလန်က ဆက်ခံသူက ဝူရှန်းကို ဘာအတွက်ကြောင့်များ လာတာလဲ။ သူက တိဗက်တွေကို တိုက်ခိုက်နိုင်မယ်လို့ ထင်နေတာလား။ ဒါ့အပြင် သူက သူ့ရဲ့ လူတစ်သောင်းလောက်နဲ့ ဘာသိုင်းမှမတတ်တဲ့ လက်မှုပညာသည် ငါးထောင်က ဒီလို လုပ်နိုင်မယ်လို့ တွေးတာက ရမ်းကားလွန်းရာ မကျဘူးလား”
စိတ်ရှုပ်ထွေးနေသော အသံတစ်သံက ထွက်လာသည်။ ဖုမန်လင်းချာက ပဟေဠိဖြစ်နေခြင်းမဟုတ်ဘဲ လက်အောက်ငယ်သားတိုင်းက စိတ်ရှုပ်ထွေးနေကြသည်။
“ဒါပေမဲ့ သူက တိဗက်တွေနဲ့ ကိုင်တွယ်ဖို့ ရင်ဆိုင်တာမဟုတ်ဘူးဆိုရင် ဘာလို့တောင်ပေါ် ပြေးတတ်တာလဲ။ သူဘယ်လိုရင်းနှီးရမယ်ဆိုတာကို မသိဘူးလား”
အခြားသော ချီရှီအရာရှိတစ်ယောက်က ပြောသည်။
ခန်းမက ချက်ချင်း တိတ်ဆိတ်သွားသည်။ အနောက်တောင်ပိုင်းက တိုက်ပွဲတွင် ဝမ်ချောင်က ကြီးမားသော အကျိုးပြုမှုကြီးကို လုပ်ခဲ့သည်။ ထို့ကြောင့်သူက သူနှင့်အတူ လူအများအပြားကိုခေါ်ကာ တောင်ပေါ်ဒေသသို့ တက်လျှင် တိဗက်များကို ကိုင်တွယ်သော ကိစ္စကလွဲပြီး အခြားမဖြစ်နိုင်ချေ။ ထို့ကြောင့် ဘယ်သူကမှ မယုံကြည်ချေ။ သူက တိဗက်များကို ကိုင်တွယ်မည်ဟု ပြောလျှင်လည်း ယုံကြည်နိုင်စရာမရှိသေးချေ။
တောင်ပေါ်ဒေသက အလွန်အေးစိမ့်ပြီး ပင်လယ်ရေပြင် အထက်အထိ မြင့်မားလွန်းသည်။ လေထုက ပါးလျသည်။ ဖုမန်လင်းချာနှင့် အခြားသော ဟူများကပင် ထိုနေရာတွင် ခဏသာနေနိုင်ပြီး ချက်ချင်းလိုလို သူတို့၏စစ်တပ်ကို ဆုတ်ခွာခိုင်းရမည်ဖြစ်သည်။ သူတို့က စစ်တန်းလျားများကို အခြေစိုက်ထားမည်ဆိုလျှင်ပင် ဟန်များအနေဖြင့် ထိုသို့ နောက်ဆုတ်စရာ အကြောင်းမရှိပေ။ ပို၍ဆိုးသည်မှာ တိဗက်များက မနိုင်လျှင်လည်း ချက်ချင်း ထွက်ပြေးသွားနိုင်သည်။ ဒါက သူတို့၏နယ်မြေဖြစ်သည်။ သူတို့ကလည်း မြက်ပင်တိုင်း၊ နေရာတိုင်းကို သူတို့၏လက်ခုံလို ကောင်းကောင်းသိနေပြီးသားဖြစ်သည်။ ထို့ကြောင့် ထိုနေရာကို သူတို့ထက်ပိုပြီး ရင်းနှီးကျွမ်းဝင်သည့် လူများက မရှိနိုင်ချေ။
တိဗက်များက တိုက်ပွဲတွင် သေဆုံးသွားခဲ့ပြီး ထွက်ပြေးသွားခဲ့လျှင် ဝမ်ချောင်က မည်သည့် အကျိုးအမြတ်မျှ ရတော့မည်မဟုတ်ချေ။ ပို၍ဆိုးသည်မှာ တောင်ပေါ်ဒေသက တိဗက်များအတွက် ချီတက်ရန် ပြီးပြည့်စုံဆုံးသော နေရာကြီးဖြစ်နေသည်။ ဝမ်ချောင်၏ လူတစ်သောင်းကျော်လောက်က သူတို့ကို ခြစ်ရာပင် ထင်စေမည်မဟုတ်ချေ။ ထို့နောက် မေးခွန်းကမူ...
ဝမ်ချောင်က ဒီနေရာကို တပ်စုတွေ ခေါ်လာပြီး ဘာလာလုပ်တာလဲ။ သူစိတ်လွတ်သွားပြီလား။
ထိုတခဏတွင် အတွေ့အကြုံ ကြီးရင့်ပါသော လူဟောင်း အကြီးအကဲ အရာရှိကြီးများကပင် စွံ့အသွားကြသည်။ အဆုံးတွင် ဖုမန်လင်းချာကပင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
“ငါကဒီကောင်စုတ်ကို ဘယ်လို ကိုင်တွယ်ရမလဲ တွေးနေတာ။ သူက တိဗက်တွေကို ပြေးပြီး တိုက်ခိုက်မယ်လို့ မထင်ထားဘူး။ သူကိုယ်တိုင်လုပ်တာဆိုတော့ တော်ဝင်ခုံရုံးက စုံစမ်းရင်တောင်မှ ငါက အပြစ်ကင်းတယ်”
သူ၏မျက်လုံးက အေးစိမ့်သော အလင်းများကို လွှတ်ထုတ်သည်။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် ဟယ်ပါးယဲ့ကို နဂိုနေရာအတိုင်း ဆက်နေလို့ပြောလိုက်။ ငါ့အမိန့်မရှိဘဲ တပ်ကူစေလွှတ်တာကို တားမြစ်တယ်။ ဒါ့အပြင် ဝမ်ကလန်က အဲ့ဒီကောင်လေးကသာ တိုက်ပွဲမှာ သေသွားခဲ့ရင် ချက်ချင်းငါ့ကို အကြောင်းကြားရမယ်။ ငါမကယ်နိုင်ရင်တောင်မှ အလောင်းကိုတော့ ပြန်ယူပေးရမယ်။ မဟုတ်ရင် ခုံရုံးက ဆင်ဆာအိုကြီးတွေက ရောက်လာပြီး ငါ့ကို ဒုက္ခပေးလိမ့်မယ်”
“ဟုတ်ကဲ့”
သံတမန်က အမိန့်နှင့်အတူ ချက်ချင်းလိုလို ထွက်ခွာသွားသည်။