← Chapters

အခန်း (၇၇၁-၇၇၅)

Vol. 41 Ch. 771-775

အခန်း (၇၇၁-၇၇၅)

Vol. 41 Ch. 771-775

အခန်း(၇၇၁)

“ဖုမာန်လင်းချာရဲ့ဘက်က အခြေအနေက ဘယ်လိုလဲ”

တုစုန့်မာန်ဖော်ကျဲ့က ရေနွေးကြမ်းခွက်ကို အောက်ချပြီးပြောသည်။

“အရှင့်ကို တင်ပြပါတယ်.. ကျွန်တော်တို့ရဲ့ လူတွေက ဟူကုန်သည်အယောင်ဆောင်ပြီး ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ ဌာနချုပ်ကို တချိန်လုံး မျက်စိဒေါက်ထောက် ကြည့်နေပါတယ်”

ဒူးထောက်နေသည့် သံတမန်က ဆက်ပြောသည်။

“ဒါ့အပြင် ကျွန်တော်တို့က အာရပ်တွေကိုလည်း တောင်းဆိုပြီး စောင့်ကြည့်ခိုင်းထားပါတယ်။ သူတို့ရထားတဲ့ သတင်းအရ ဖုမာန်လင်းချာက ကာကွယ်ရေးစစ်တပ် ဌာနချုပ်က ထွက်ခွာသွားပြီး ရှေ့တန်းကို ဦးတည်နေပါတယ်”

“ကောင်းရှန်းကျစ်က ဘယ်လိုလဲ”

တုစုန့်မာန်ဖော်ကျဲ့က မေးသည်။

တောင်ပေါ်ဒေသ၏ မြောက်ဘက်ခြမ်းတောက်လျှောက် နေရာတွင်ဆိုလျှင် ယွီစန်းအင်ပါယာက ဂရုစိုက်သည့် လူနှစ်ယောက်သာရှိသည်။ ဖုမာန်လင်းချာနှင့် ကောင်းရှန်းကျစ်တို့ဖြစ်သည်။ ထိုတော်ဝင်မဟာဗိုလ်ချုပ်ကြီး နှစ်ယောက်က စခန်းချထားသည့် စခန်းနှစ်ခုက တစ်ခုနှင့်တစ်ခု သိပ်မဝေးချေ။ ထို့ကြောင့် အခြေအနေ တစ်ခုခု ဖြစ်လာခဲ့လျှင် အချိန်မရွေး တပ်ကူပို့ပေးနိုင်သည်။

“ကောင်းရှန်းကျစ်က လက်ရှိအချိန်မှာ သူ့ရဲ့စစ်သားတွေကို တိုက်ပွဲအတွက် ပြင်ဆင်ဖို့ပဲ လေ့ကျင့်ပေးထားပါတယ်။ ကျွန်တော်တို့ရဲ့ အန်းရှီမှာရှိတဲ့ သူလျိုတွေရဲ့ တင်ပြချက်အရဆိုရင် သူက ခုံးတောင်တန်း အနောက်ဘက်ခြမ်းက တိုင်းပြည်ကို တိုက်ခိုက်ဖို့ စီစဉ်နေတာ ဖြစ်လောက်ပါတယ်။ ဒါကြောင့် ချီရှီကိုစိုးရိမ်ဖို့ အချိန်မရှိလောက်ပါဘူး။ ဒါ့အပြင် ကောင်းရှန်းကျစ်နဲ့ ဖုမာန်လင်းချာရဲ့ ဆက်ဆံရေးကလည်း မကောင်းခဲ့ပါဘူး။ ချီရှီက အမြဲတစေ အန်းရှီကို ဖယ်ရှားဖို့ ကြိုးစားနေခဲ့တာပါ။ အန်းရှီကလည်း ချီရှီရဲ့ကိစ္စတွေကို ဝင်စွက်ဖက်ခဲပါတယ်။ ဒါကြောင့် ဒီလိုဖြစ်နိုင်ဖို့ အခွင့်အရေးက အရမ်းကို နိမ့်ကျပါတယ်”

ကင်းထောက်က ယုံကြည်ရသော သတင်းအချက်အလက်ကို ဝေမျှသည်။

“ဒါဆိုလည်း ထွက်ရအောင် ငါတို့တွေ ဗိုလ်ချုပ်သာ့ယန်ကို ဂရုစိုက်စရာမလိုဘူး။ ငါဖုမာန်လင်းချာကို မျက်စိဒေါက်ထောက် ကြည့်ပေးနေမယ်။ ဖုမာန်လင်းချာရဲ့ ခြိမ်းခြောက်မှုသာမရှိရင် ဗိုလ်ချုပ်သာ့ယန်က ဘယ်လိုပြဿနာမှ ရှိမှာမဟုတ်ဘူး”

တုစုန့်မာန်ဖော်ကျဲ့က ဖျော့တော့စွာ ပြုံးလိုက်ပြီး ရေနွေးကြမ်းခွက်ကို ဘေးဖယ်ကာ မတ်တပ်ထရပ်လိုက်ကာ အနက်ရောင် ရွက်ဖျင်တဲထဲမှထွက်သည်။

သူ၏စိတ်ဓာတ်က ဝုန်းကနဲ မြည်သံနှင့်အတူ ဖုန်မှုန့်တိမ်စိုင်များကိုသာ ချန်ရစ်ထားခဲ့ပြီး မြောက်ပိုင်းသို့ ဦးတည်ထွက်ခွာသည်။

...

“မြန်မြန်လေး ဆော်ဒါတွေလောင်းကြ”

“မှားနေပြီ ဒုတိယမြောက် မော်ကျူးကို ဘယ်ဘက်ခြမ်းကို နည်းနည်းရွေ့လိုက်”

“ဆက်လုပ်နေ ဒီဒုတိယအတန်းက ပြီးလုနီးပါးဖြစ်နေပြီ။ မြန်မြန်လေး လက်နက်ပုံးတွေကို အဆင်သင့်ပြင်ပြီး တက်ကြတော့”

တိဗက်တောင်ပေါ်ဒေသ အရှေ့မြောက်ဘက်အကျဆုံး တြိဂံပုံစံရှိသည့် မြေကွက်လပ် တစ်နေရာတွင် အလုပ်သမားနှင့် လက်မှုပညာသည်များ ရှစ်ထောင်မှ ကိုးထောင်ခန့်က ပျားများကဲ့သို့ တက်ကြွစွာ လှုပ်ရှားနေကြသည်။ နာရီအနည်းငယ် ကြာသွားသည်နှင့် ထိုနေရာတွင် သံမဏိမြို့အသေးစားက ပေါ်ထွက်လာပြီဖြစ်ပြီး ငွေအလင်းရောင်များ တလက်လက်တောက်ပကာ ပုံပေါ်နေပြီဖြစ်သည်။

ခံတပ်အသေးစား ဖြစ်သောကြောင့် ဝူရှန်း၏ သံမဏိမြို့ထက် အများကြီး သေးငယ်သည်။ ထို့ကြောင့် အရွယ်အစားအားဖြင့် အပုံနှစ်ဆယ်ပုံလျှင် တစ်ပုံစာသာရှိသည်။

ထိုမျှသေးငယ်သော စစ်တပ်ခံတပ်လေး ဖြစ်သော်လည်း စစ်သည်ငါးသောင်းကို ထိန်းထားပေးနိုင်ရန် လုံလောက်သည်။ ထို့ကြောင့် ဝမ်ချောင်၏ ရည်ရွယ်ချက်အတွက် လုံလောက်နေပြီဖြစ်သည်။

ဝမ်ချောင်က ဂရုစိုက် တွေးတောပြီးမှသာ ထိုအရေအတွက်အတိုင်း လုပ်ခိုင်းခဲ့ခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုခံတပ်က တိဗက်တောင်ပေါ်ဒေသ၏ အရှေ့မြောက်ဘက်ပိုင်းအကျဆုံး တြိဂံပုံသဏ္ဍန်ရှိသည့် မြေကွက်လပ်နေရာတွင် တည်ဆောက်နေခဲ့ခြင်း ဖြစ်သည့်အလျောက် တိဗက်များက ထိုလမ်းကိုသုံးပြီး တောင်ပေါ်သို့ အဝင်အထွက်လုပ်ခြင်းအား တားမြစ်နိုင်သည်။

သို့ရာတွင် မဟာထန်ကလည်း ထိုလမ်းကိုသုံးပြီး ခံတပ်ထဲသို့ ဝင်နိုင်စွမ်းအား ရှိသွားခြင်းအားဖြင့် ယွီစန်းကို ခုခံနိုင်ပြီဖြစ်သည်။ ထို့ကြောင့် အရာအားလုံးကသာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့မည်ဆိုလျှင် မဟာထန်နှင့် ယွီစန်းကြားမှ ပထမဦးဆုံး ခံတပ်ကြီး ဖြစ်လာပေလိမ့်မည်။

ဝမ်ချောင်၏ မော်ကျူး ဆောက်လုပ်ရေးနည်းလမ်းက အရှိန်အဟုန်အပြည့် ထုတ်ပြနိုင်နေသည်။ ထို့ကြောင့် နာရီအနည်းငယ်ထဲနှင့် ခံတပ်က တဖြည်းဖြည်းချင်း ပုံပေါ်လာခဲ့ရာ မည်သည့်အရာမျှမရှိသည့် တိဗက်တောင်ပေါ်ဒေသတွင် ခံတပ်ပုံစံ ပေါ်လာပြီဖြစ်သည်။

ဆောက်လုပ်ရေးက မပြီးသေးသော်လည်း အဆင့်နှစ်ဆင့်ကမူ ပြီးမြောက်သွားပြီဖြစ်သည်။ တစ်ထပ်ချင်းစီတိုင်းက သုံးမီတာခန့်မြင့်သည်။ အားလုံးပေါင်း ခြောက်မီတာ ဖြစ်နေသည့်အတွက် အခြေခံခုခံနိုင်စွမ်းအား ရှိလာပြီဖြစ်သည်။

တတိယမြောက် အဆင့်ကမူ ဆက်လုပ်ကာ ကြိုးစားနေရသေးသည်။ ထို့ကြောင့် ပြီးရန် အချိန်သိပ်မလိုလောက်ချေ။ တတိယအဆင့်က ပြီးသွားသည်နှင့် ထိုခံတပ်က ကိုးမီတာအထိမြင့်ပြီး အသေးစား သံမဏိမြို့လေးကလည်း ပထမဦးဆုံးအနေနှင့် တောင်ပေါ်ဒေသတွင် အုတ်မြစ်ချလိုက်နိုင်ပြီဖြစ်သည်။ သူတို့၏ ပထမဦးဆုံး အုတ်မြစ်များကို ချလိုက်နိုင်သည်နှင့် ခုခံနိုင်သည့် စွမ်းရည်များကို ထုတ်သုံးနိုင်တော့မည်ဖြစ်သည်။

ခွီး

အလုပ်သမားများက အလုပ်ရှုပ်နေကြချိန်တွင် အဝေးမှ စူးရှသည့် အော်သံက ထွက်ပေါ်လာသည်။ မြို့ရိုးပေါ်တွင် ရပ်နေသည့် ဝမ်ချောင်က အသံကိုကြားသောအခါ လိုက်ကြည့်လိုက်သည်။ ထိုအချိန်တွင် သားကောင်ငှက်များက သူရှိရာသို့ ပျံသန်းလာကြောင်း မြင်လိုက်ရသည်။

ဒီတစ်ကြိမ်တွင် လင်းတများမဟုတ်ချေ။ ပို၍များပြားသော ကျောက်တုံးသိန်းငှက်များ၊ ဂိုဂူလျောဘက်မှ သိန်းငှက်များ၊ ကြီးမားသည့် ဟွက်များ၊ သေးငယ်သည့် ပျံလွှားငှက် အရွယ်အစားသာရှိသော ဟွက်များဖြစ်ကြသည်။ အကောင်က ငါးဆယ်မှ ခြောက်ဆယ်ခန့်အထိ ရှိနိုင်သည်။ ထို့ကြောင့် အင်အားများသည်ဟုလည်း ဆိုနိုင်သေးသည်။

“အရှင်”

ဘေးဘက်တွင်ရပ်နေသော ကျန်းချွယ်က သူ၏ပုခုံးပေါ်တွင်ရှိသည့် ကျောက်တုံးသိန်းငှက်လေးကို လှုပ်ရှားခိုင်းဖို့ သင့်မသင့်ကြည့်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းနေပြီး ထိုငှက်အုပ်ကိုသာ စိုက်ကြည့်နေသည်။ သူက ဝမ်ချောင်ထံ ခေါင်းလှည့်ကာကြည့်သည်။ ဒီတစ်ကြိမ် ပေါ်လာသော ငှက်များက များလွန်းသည်။ သိန်းငှက်အသေး တစ်ခုတည်းကဆိုလျှင် သူတို့ကို ရင်ဆိုင်ရန် ခက်ခဲသွားပေလိမ့်မည်။

“ဟား ဟား သူတို့ကို ဂရုစိုက်စရာ အကြောင်းမရှိဘူး။ ဒီတိုင်း လာခိုင်းလိုက်ပါ”

ဝမ်ချောင်က ပြုံးပြီး လက်ယမ်းပြသည်။

“ဒါ့အပြင် လီစစ်ယဲ့ အဆင်သင့်ပြင်ထား။ ငါတို့ရဲ့ လေးစားရတဲ့ ဧည့်သည်ကြီးက ရောက်လာတော့မယ်”

“ဟုတ်ကဲ့အရှင် ဒီဗိုလ်ချုပ်က အခုချက်ချင်း လုပ်လိုက်ပါ့မယ်”

လီစစ်ယဲ့က လက်သီးတစ်ချက်မြှောက်ကာ ဂါရဝပြုပြီးနောက် မြို့ရိုးပေါ်မှဆင်းသည်။ သူ၏သံချပ်ကာကပင် တချွင်ချွင်မြည်နေသည်။

“စစ်သည်တော်တို့ ငါ့ရဲ့အမိန့်ကို နာခံကြ။ အခုချက်ချင်း စုစည်းပြီး ရောက်လာမဲ့ ရန်သူကို တွေ့ဆုံဖို့ ပြင်ဆင်ကြပါ”

လီစစ်ယဲ့၏အသံက တောင်ပေါ်ဒေသ တခွင်အနှံ့ ခေါင်းလောင်းတီးလိုက်သလို ပျံ့နှံ့သွားသည်။ လီစစ်ယဲ့က ဦးဆောင်ပြီး သူ၏မြင့်မားသော တောင်ပေါ်မြင်းကြီးကိုစီးကာ စစ်တပ်၏အရှေ့သို့ ထွက်ခွာသည်။

သူ၏အနောက်မှ ဝူရှန်းစစ်သည် ငါးထောင်က လိုက်ပါသွားသည်။

အနောက်တန်းတွင် ကျန်ရစ်ခဲ့သည့် လက်မှုပညာသည် ရှစ်ထောင်ကလည်း တစ်စုံတစ်ရာက လွဲမှားနေကြောင်း ခံစားလိုက်မိသည့်အခါ အနည်းငယ် စိုးရိမ်သွားသည်။ ဝမ်ချောင်ကသာ တည်ငြိမ်နေခြင်းဖြစ်သည်။

“သာ့ယန်မာန်ပန့် မင်းထွက်လာဖို့ အချိန်ကျပြီ”

ဝမ်ချောင်က ကျောနောက်တွင် လက်ပို့ထားပြီး ညင်သာစွာ ပြုံးနေသည်။

ကင်းထောက်များက စစ်တပ်၏အရှေ့မှ လာသည်။ တိဗက်စစ်တပ်က ကင်းထောက်ငှက် ဆယ်ကောင်ကျော် ကြိုတင်ပို့လိုက်လျှင် အလွန်လေးစားစရာ ကောင်းနေလေပြီ။ သို့သော် အကောင် ငါးဆယ်မှ ခြောက်ဆယ်အထိ ရှိနိုင်သော ငှက်အုပ်ကို ကြည့်လိုက်ရုံဖြင့် အနောက်တွင် အလွန်များပြားသည့် စစ်တပ်ကြီး ပါလာနိုင်ကြောင်း သိသာသွားသည်။

ဝမ်ချောင်၏ ဆုံးဖြတ်ချက်က မှန်ကန်သွားသည်။ ထို့ကြောင့် တခဏခန့် ကြာပြီးသည်နှင့် သားကောင်ကိုရှာသော ငှက်များ၏အနောက်မှ အနီးကပ် လိုက်ပါလာသော ကြောက်မက်ဖွယ်ကောင်းသည့် မုန်တိုင်း အရှိန်အဟုန်က ပြန့်လွင့်လာသည်။

ထိုအရှိန်အဟုန်က မြောက်များလှစွာသော မြက်ပင်များကို လွင့်ထွက်သွားစေကာ တိုက်ပွဲနယ်မြေ တောက်လျှောက် ဖုန်မှုန့်များကို ဖြစ်ပေါ်စေသည်။

ဒါက အဝေးမှ လှမ်းမြင်နေရခြင်း ဖြစ်သည့်တိုင်အောင် လူတိုင်းကမူ လေထု၏ ပြင်းထန်သည့်အားကို ခံစားလိုက်ရသည်။ သူတို့ထံ အားလှိုင်းလုံးများအလား မြင့်တက်လာသည့် ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကိုလည်း ခံစားလိုက်ရသည်။

ဟီး ဟီး ဟီး

သိပ်မကြာခင် လေတိုးသံ တိုးတိုးကဲ့သို့ စစ်မြင်း၏ အော်သံများကိုပင် ကြားလိုက်ရသည်။ သိပ်မကြာခင် မိုးခြိမ်းသံတမျှ ကျယ်လောင်လာသည်။

ဘုန်း ဘုန်း

ဗုံတီးသံများနှင့် ကြီးမားသော အနက်ရောင် အလံကြီးက အဝေးတွင် ထင်ရှားစွာ ပေါ်ထွက်လာသည်။ စစ်မြင်းများထက်အရင် အလံကို ဦးစွာမြင်လိုက်ရသည်။

ထိုအလံက လူခြောက်ယောက် ခုနှစ်ယောက်ခန့်အထိ မြင့်အောင် အမြှောက်ခံထားရပြီး အနီရောင် အနားသားနှင့် အနက်ရောင် နောက်ခံဖြစ်သည်။ တောက်လောင်နေသော အဖြူရောင် မီးတောက်ပုံစံက မြေအောက်လောကတွင်သာပွင့်သည့် မိစာ္ဆပန်းတစ်ပွင့်အလား ထင်ရသည်။ သေဆုံးခြင်း မြေဆီလွှာဖြင့်သာ သူ့ကို အားဖြည့်ပေးနိုင်လောက်သည်။

ထိုမျှကြီးမားသည့် အလံကြီး၏ အောက်တွင်လည်း အာဏာရှင်ဆန်သည့် ပုံရိပ်ကြီးကို အားလုံးက ထင်ထင်ရှားရှား မြင်လိုက်ရသည်။ ထိုပုံရိပ်ထံမှတဆင့် သတ်ဖြတ်လိုစိတ် အမြစ်ဖြတ် သုတ်သင်လိုသည့် စိတ်ဆန္ဒက ပေါက်ထွက်နေပြီး တစ်လောကလုံးကို အထင်တသေး ကြည့်နေသော လူတစ်ယောက်ရှိသည်။ ထိုလူက လူတစ်ယောက်ထက်ပင်မြင့်သည့် နတ်မြင်းကြီးကို စီးထားသည်။ ကိုယ်ထည်က နှင်းကဲ့သို့ ဖြူဖွေးနေသည်။ သို့သော် ခွာကမူ သွေးရောင်နီရဲနေသည်။

ထိုမြင်းကို တစ်ချက်ကြည့်ရုံဖြင့်ပင် လူတိုင်း၏ နှလုံးသားကို အေးစိမ့်သွားစေလောက်သည်။

သာ့ယန်မာန်ပန့်

ဝမ်ချောင်ကလည်း အဝေးသို့ လှမ်းကြည့်သည်။ သူ၏စိတ်ထဲတွင် ထိုနာမည်က ပေါ်လာသည်။ ဝမ်ချောင်၏ မှတ်ဉာဏ်ထဲတွင် ထိုအရှိန်အဝါကိုထုတ်ပြီး ထိုသို့ လာနိုင်သောလူက တစ်ယောက်သာရှိသည်။ ထိုလူက သာ့ယန်မာန်ပန့်ဖြစ်သည်။

ထိုနှင်းဖြူရောင် တောင်ပေါ်မြင်းနှင့် သွေးနီရောင်မြင်းခွာက သူ၏နောက်ခံကို အတည်ပြုပေးနိုင်သည်။

ဝုန်း

ဝမ်ချောင်၏စိတ်အတွင်း အတွေးပေါင်းများစွာ ဖြတ်ပြေးသွားချိန်တွင် အဝေးမှ တဘုန်းဘုန်းမြည်သံနှင့် ချီတက်လာသည့် စစ်မြင်းသံများက မြောက်တက်လာသည်။ တိဗက်စစ်မြင်းများက သာ့ယန်မာန်ပန့်၏ ဘယ်ညာမှ စတင်ကာ ထွက်ခွာသွားသည်။ သူတို့က အလုံးအရင်း အပြည့်ဖြင့် တစ်လောကလုံးကို ရေကြီးသလို လွှမ်းမိုးတော့မည့်အလား ထင်ရလာသည်။

“အသင့်ပြင်”

လီစစ်ယဲ့၏ အသံကလည်း စစ်တပ်၏ အရှေ့မှတဆင့် ထွက်ပေါ်လာသည်။ သူ၏ တောင်သဖွယ် ကြီးမားသော ကိုယ်ထည်ကြီးက ထိုးတက်လာသည့် မြစ်အလယ်တွင်ရှိသည့် ကျောက်တုံးကြီးအလား ပြိုင်ဘက်ကင်းသည့် အရှိန်အဝါကို လွှတ်ထုတ်ထားသည်။

ချွင်

သူက သူ၏ လက္ခဏာကြီးမားသည့် ဓားကြီးကို မြှောက်လိုက်သည်။ ထိုဓားကတဆင့် ထွက်လာသည့် အေးစိမ့်သော အရှိန်အဝါက ကောင်းကင်ကိုပင် မည်းမှောင်သွားစေသေးသည်။ အရှေ့မြောက်ပိုင်း၏ လေထုက ချက်ချင်းလိုလို မည်းမှောင်သွားသည်။

ဝုန်း

စစ်မြင်းတိုင်းက နီးသထက်နီးလာသည်။ လေထုကလည်း လေးကြိုးဆွဲထားသလို တင်းသထက် တင်းလာသည်။

ဝမ်ချောင်နှင့် အလွန်ဝေးကွာသော အခြားတစ်နေရာတွင် ဟယ်ပါးယဲ့က ထိတ်လန့်နေသည်။

“အရှင် ဒါက သာ့ယန်မာန်ပန့်ပဲ။ တိဗက်တွေက တကယ်ပေါ်လာကြတယ်”

ပူလုဟူ သေဆုံးပြီးညတွင် သူက စခန်းတွင် ရှိနေခဲ့ပြီး ထိုတိဗက် နောင်လာမည့် ဗိုလ်ချုပ်ကြီးဆိုသည့် မိစာ္ဆအရူးကောင်နှင့် တိုက်ကွက် ဖလှယ်ခဲ့သည်။ ထို့နောက် ရရှိခဲ့သည့် အတွေ့အကြုံကတဆင့် သူ၏အိမ်မက်ဆိုးများကို ဖြစ်စေခဲ့သည်။ သူက သာ့ယန်မာန်ပန့်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသည်။

“မဟုတ်ဘူး ဒါက သာ့ယန်မာန်ပန့်တင် မဟုတ်ဘူး တုစုန့်မာန်ဖော်ကျဲ့လည်း ပါတယ်”

အနားမှ မထူးခြားနားသံက ထွက်လာသည်။ ဖုမာန်လင်းချာက အနက်ရောင် တောင်ပေါ်မြင်းကြီးကို စီးထားသည်။ သူ၏မျက်ဝန်းမှ နက်ရှိုင်းသော အကြည့်က အဝေးသို့သာ ရောက်နေသည်။

မဟာဗိုလ်ချုပ်ကြီးများဖြစ်သည့်အလျောက် အခြားသော အဆင့်တူ လူများအပေါ် အထူးတလည် အထိမခံဖြစ်ပြီး ချက်ချင်းအာရုံခံနိုင်သည်။ သူ၏အရှေ့တွင် မည်သူမျှ ပေါ်မလာသေးသော်လည်း ဖုမာန်လင်းချာကမူ တုစုန့်မာန်ဖော်ကျဲ့၏ အရှိန်အဝါကို သိလိုက်သည်။

ထိုမျှအရှိန်အဟုန် ကြီးမြတ်သည့် စစ်သည်တော်များ အဝိုင်းခံနေရသော်လည်း ဖုမာန်လင်းချာထံသို့ အမှောင်ထုများဖြင့် လွှမ်းခြုံတော့မည်ဆိုသော ခံစားချက်ကို ပေးစွမ်းနေသည်။

“အား”

ဟယ်ပါးယဲ့၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက မနေနိုင်ဘဲ အော်လိုက်မိပြီး ဖုမာန်လင်းချာကိုကြည့်သည်။

တုစုန့်မာန်ဖော်ကျဲ့ကပင် ရောက်လာသည်။ သာ့ယန်မာန်ပန့်ကတင် ကိုင်တွယ်ရ ခက်ခဲနေလေရာ တုစုန့်မာန်ဖော်ကျဲ့ကပါ ရောက်လာခဲ့လျှင် ယွီစန်းအင်ပါယာ၏ မြောက်ပိုင်းနယ်စပ်မှ အင်အားစုအားလုံး ရောက်လာပြီဟု ဆိုနိုင်သည်။

“အရှင် ကျွန်တော်တို့ ဝင်ပါဖို့ မလိုအပ်ဘူးလား”

ဟယ်ပါးယဲ့ကမေးသည်။

“ဒီမျိုးမစစ်ကောင် သူကဒါကို ခန့်မှန်းထားပြီးသား”

ဖုမာန်လင်းချာက လက်သီးကို တင်းတင်းဆုပ်ပြီး မြေကွက်လပ်ရှိရာ ဘယ်ဘက်ခြမ်းသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် မီးတောက်နေသည်။

သူကိုယ်တိုင်ကလည်း အရာအားလုံးက ထိုဝမ်ကလန်မှ ကောင်စုတ်လေး၏ တွက်ချက်မှုထဲတွင် ရှိနေကြောင်း သေချာသွားသည်။

တော်ဝင်ခုံရုံး၏ စည်းမျဉ်းအရ ဝမ်ချောင်ကသာ ကိုယ်ပိုင်စိတ်ဆန္ဒဖြင့် တောင်ပေါ်သို့တက်ပြီး ပူလုဟူကဲ့သို့ စစ်တပ်မျိုးဖြင့် ရင်ဆိုင်ရပြီး သေသွားခဲ့လျှင် သူသေဆုံးသည်က အလဟသဖြစ်သည်။ ဖုမာန်လင်းချာအနေဖြင့် အပြစ်တင်မခံရနိုင်သည့်အပြင် ဝမ်ကလန်ထံမှပင် အကျိုးအမြတ် ပြန်ရနိုင်သေးသည်။

သို့သော် ယခုမူ ဝမ်ချောင်က တြိဂံပုံမြေကွက်လပ်ကို သိမ်းယူထားသည်။ ချီရှီကာကွယ်ရေး စစ်တပ်နှင့်လည်း အလွန်နီးနေသေးသည်။ ထို့ပြင် ယွီစန်းဘက်မှ တော်ဝင်မဟာဗိုလ်ချုပ်ကြီး တစ်ယောက်နှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်က ထွက်ပေါ်လာခဲ့သည့်တိုင်အောင် ချီရှီကာကွယ်ရေးစစ်တပ်က တုန့်ပြန်မှု မပြခဲ့သေးလျှင် ကိစ္စကြီးဖြစ်သွားလေပြီ။ ဝမ်ချောင်က သေသေ မသေသေ ဖုမာန်လင်းချာအနေဖြင့် တော်ဝင်ခုံရုံးကို ရှင်းပြရပေမည်။

သာမာန်အခြေအနေမျိုးတွင်ဆိုလျှင် ဖုမာန်လင်းချာက ဂရုမစိုက်ချေ။ သို့သော် သာ့ယန်မာန်ပန့်နှင့် သူ၏ သတ္တိဖြူတပ်က ချီရှီကာကွယ်ရေးစစ်တပ်၏ ခံတပ်ကို သိပ်မကြာခင်ကမှ ကျော်ဖြတ်လာခဲ့ပြီး ဝမ်ချောင်၏ သံမဏိမြို့ကို တိုက်ခိုက်ခဲ့သည့် ကိစ္စက ဖြစ်သွားခဲ့သေးသည်။

အဆုံးတွင် သူတို့က ချီရှီကာကွယ်ရေး စစ်တပ်ကိုပင် ဝင်တိုက်သွားခဲ့ပြီး ချီရှီမှ စစ်သည် ငါးထောင်နှင့် ဗိုလ်ချုပ် ဖုလန်ဟယ်ကိုပင် သတ်သွားခဲ့သေးသည်။

အခန်း(၇၇၂)

မတော်တဆမှု နှစ်ခုက အတူပေါင်းလိုက်သောအခါ ကိစ္စကြီးတစ်ခု ဖြစ်သွားသည်။ တော်ဝင်ခုံရုံးကလည်း ဖုမာန်လင်းချာက သတ္တိကြောင်ခြင်း ရှိမရှိ သိချင်သွားကြပြီး ဝမ်ကလန်နှင့် ဘုရင်စုန့်ကသာ ထိုကိစ္စကို ရှာဖွေစုံစမ်းမည်ဆိုလျှင် သူ၏ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးဆိုသည့် အဆင့်အတန်းကပင် အန္တရာယ်များသွားနိုင်သည်။

အချိန်ကျလာသည့်အခါ သူကပင် ကိုယ့်ကိုယ်ကို ခုခံရန် ဘာမှပင် ပြောနိုင်တော့မည်မဟုတ်ချေ။

ထိုကိစ္စအပြင် ယခုလာသောလူက သူ၏လက်အောက်ငယ်သားများကို သတ်သွားခဲ့သည့် သာ့ယန်မာန်ပန့်ဖြစ်နေသည်။ ဟယ်ပါးယဲ့နှင့် အခြားသောသူများက ဘာမှမပြောသော်လည်း ဖုမာန်လင်းချာက လူတိုင်းကသူ့ကို လှုပ်ရှားပြီး ဖုလန်ဟယ်နှင့် အခြားသော ချီရှီစစ်သားများအတွက် ကလဲ့စားချေပေးစေလိုကြောင်း သိနေသည်။

သူကဘာမှမလုပ်ခဲ့ဘဲ သူ၏စစ်သားများ၏ ယုံကြည်မှုကို ဆုံးရှုံးရလောက်လျှင် အဆိုးဆုံး အခြေအနေအရ ပုန်ကန်သော အခြေအနေမျိုးပင် ဖြစ်လာနိုင်သည်။

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်ကို စုစည်းပြီး ဒီနေရာကို အမြန်ဆုံး ရွေ့လာခိုင်းလိုက်။ ဒါပေမဲ့ ငါ့ရဲ့အမိန့်မရှိဘဲ စစ်တပ်ထဲကိုဝင်ရင် မေးခွန်းထုတ်စရာမလိုဘဲ ကွပ်မျက်ခံရမယ်”

ဖုမာန်လင်းချာကပြောသည်။

“ဟုတ်ကဲ့”

ဟယ်ပါးယဲ့က ပျော်ရွှင်စွာဖြင့် ထွက်ခွာသွားသည်။ ဖုမာန်လင်းချာက စိတ်ထဲတွင် လှောင်ရယ် ရယ်နေသည်။ သူက ဝမ်ချောင်ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် အေးစက်သော အလင်းက လက်နေသည်။ ထိုကောင်စုတ်က တွက်ချက်ထားခြင်း ရှိမရှိကို သူဂရုမစိုက်ချေ။ သို့သော် ဖုမာန်လင်းချာကသာ သူ့ကို အမှန်တကယ် ကူညီမည်ဟု တွေးနေခဲ့လျှင် အမှားကြီးမှားသွားလေပြီ။

သာ့ယန်မာန်ပန့်က သတ်ခံရသင့်သည်။ ချီရှီကာကွယ်ရေး စစ်တပ်ကလည်း ဘေးဘက်မှ ရပ်ကြည့်မနေနိုင်ချေ။ သို့ရာတွင် ဝမ်ချောင်နှင့် သူ၏မြင်းတပ် ငါးထောင်က ရှင်းပစ်ခံရပြီးမှသာ သူက တိုက်ပွဲထဲသို့ဝင်မည်ဖြစ်သည်။

အနည်းဆုံး သူက ဝမ်ချောင် မသေမချင်း ဝင်ပါမည်မဟုတ်ချေ။

ဝမ်ချောင်က ဒီနေရာကို သိမ်းယူပြီး တိဗက်တော်ဝင် မဟာဗိုလ်ချုပ်ကြီးနှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးကို မျှားခေါ်ခဲ့လျှင် သူက ဖုမာန်လင်းချာ၏ အင်အားကို သုံးမည်ဟု တွက်ဆထားခဲ့ပါက အမှားကြီးမှားသွားလေပြီ။ သူက တိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ထိုကောင်စုတ်ထင်ထားသလို လုပ်လိမ့်မည်မဟုတ်ချေ။

...

“အရှင် ဖုမာန်လင်းချာက တကယ်ပေါ်လာတယ်”

ထိုအချိန်တွင် တိဗက်စစ်တပ်၏ အနောက်တန်းမှ ပုံရိပ်အချို့က မုန်တိုင်းထန်သော စွမ်းအင်များကို ထုတ်ဖော်နေသည့် လူတစ်ယောက်ကိုကြည့်ပြီး ဖုမာန်လင်းချာဘက်သို့ လှမ်းကြည့်ကာပြောသည်။

ထိုနေရာက ယွီစန်းမှ ကင်းထောက်ငှက်များဖြင့် အုပ်စိုင်းနေသည်။ ထို့ကြောင့် သူတို့က မမြင်နိုင်စရာ အကြောင်းမရှိပေ။

“သူ့ကိုစောင့်ကြည့်ခိုင်းထားလိုက်ပါ။ ဖုမာန်လင်းချာက ကိုယ်တိုင် ဝင်မပါလာသမျှ လုံလောက်တယ်”

တုစုန့်မာန်ဖော်ကျဲ့က သူ၏ မုတ်ဆိတ်မွှေးကို တစ်ချက်သပ်သည်။ သူ၏မျက်နှာက တည်ကြည်ကာ ယုံကြည်မှုအပြည့်ရှိနေသည်။ သူက အရာအားလုံးကို ကြိုတင် တွက်ဆထားပြီးသလို ထင်ရသည်။

“ဒါ့အပြင် ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ လှုပ်ရှားမှုကို မျက်စိဒေါက်ထောက်ကြည့်ထား။ ဗိုလ်ချုပ် သာ့ယန်မာန်ပန့်ကို ပြောလိုက် ငါက ဖုမာန်လင်းချာကို ကိုင်တွယ်ထားလိုက်မယ်”

“ဟုတ်ကဲ့အရှင်”

သတင်းပို့က ချက်ချင်းလိုလို ထွက်ခွာသွားသည်။

......

ဖုမာန်လင်းချာနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့ကို ဘေးဖယ်ထားလိုက်လျှင် ရှေ့တန်းတွင်ရှိနေသည့် သာ့ယန်မာန်ပန့်က စစ်သည်တစ်သောင်းကျော်ကို ဦးဆောင်သွားသည်။ ထိုထဲတွင် သူ၏သတ္တိဖြူ ငါးထောင်လည်းပါသည်။ ထို့နောက် အရှေ့မြောက်ဘက်ပိုင်းမှ တြိဂံပုံစံ မြေကွက်လပ်ထံ ဦးတည်သည်။ တုစုန့်မာန်ဖော်ကျဲ့က အနောက်တွင် ရှိနေသည့်တိုင် သာ့ယန်မာန်ပန့်နှင့် ဖုမာန်လင်းချာကို စိုးရိမ်စရာ မလိုအပ်ချေ။

တစ်ဦးတည်းသော လူကမူ ဝမ်ချောင်ဖြစ်သည်။

“မျိုးမစစ်ကောင် သောက်ကျိုးနည်းကောင်”

သာ့ယန်မာန်ပန့်က အံ့ကိုကြိတ်နေသည်။ သူ၏ နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်က ပြည့်နှက်စွာ ထွက်ပေါ်နေသည်။ ထိုအရွယ်မရောက်သေးသည့် ထန်လူငယ်က လူသစ်နှစ်သောင်းကျော်၏ အလောင်း ချင်းဟိုင်စစ်သည် ခုနှစ်ထောင်၏အလောင်း၊ ဗိုလ်ချုပ် သာ့ယန်ဖူရယ်တို့၏ အလောင်းကိုသုံးပြီး ချီရှီဗိုလ်ချုပ်ကြီး ဖုလန်ဟယ်နှင့် ချီရှီစစ်သည် ငါးထောင်ကျော်ကို သူသတ်သွားခဲ့သည့်အတွက် ပြန်ကလဲ့စားချေခဲ့သည်။ ထို့နောက် တောင်ပေါ်သို့ပင် တက်လာခဲ့ပြီး တောင်ပေါ်ဒေသ၏ အစွန်အဖျား တစ်နေရာတွင်ရှိသည့် အင်အားစုကို ဖယ်ရှားရှင်းလင်းကာ ခံတပ်ကိုပင် လာဆောက်သည်။ သူ၏ စီမံကိန်း လှုပ်ရှားမှုနှုန်း၏ မြန်ဆန်မှုက ရိုးရှင်းစွာဖြင့် သက်ရောက်မှုရှိသည်။

သာ့ယန်မာန်ပန့်ကလည်း အမြဲတစေ သူ့ကိုယ်သူ အစီအစဉ် ကောင်းကောင်း ချတတ်လွန်းသူဟု တွက်ဆထားသည်။ သူ၏ ဦးဆောင်မှုက လိုအပ်သည့် ရူးသွပ်မှုမျိုးကို ထုတ်ဖော်ပြသတတ်သော်လည်း သူက ဘယ်သောအခါကမှ သူ့ထက် ရူးသွပ်သော လူမျိုးကို မြင်ရမည်ဟု မမျှော်လင့်ထားဖူးချေ။

“ငါမင်းရဲ့စစ်တပ်ကို အလဲထိုးပြီးတာနဲ့ ငါမင်းရဲ့အလောင်းကို အမှုန်အမွှားတွေ ဖြစ်အောင်ထိ ဆွဲဖြဲပြီး ငါ့ရဲ့ဒေါသကို ဖြေရမယ်”

သာ့ယန်မာန်ပန့်၏ နဖူးက ကျုံ့နေသလို သူ၏စိတ်ထဲ ရူးသွပ်မှုက ပြည့်နှက်နေသည်။ သာ့ယန်မာန်ပန့်အနေဖြင့် ဝမ်ချောင်ကသူ့ကို စိန်ခေါ်နေကြောင်း ခံစားမိနေသည်။

“ရပ်စမ်း”

ကျန်းနှစ်ထောင်ခန့် အကွာသို့ ရောက်သောအခါ သာ့ယန်မာန်ပန့်က ညာဘက်လက်ကိုမြှောက်ပြီး စစ်တပ်ကို ရပ်ခိုင်းသည်။ များပြားသော စစ်တပ်ကြီးကလည်း ရုတ်တရက် တန့်သွားပြီး တဖြောင့်တည်း စီတန်းရပ်နေသည်။

“ကျဲ့ရန်၊ လော့စန်း၊ သဲ့ကြီး ငါ့နောက်လိုက်ခဲ့”

သာ့ယန်မာန်ပန့်က လက်ကိုယမ်းလိုက်ပြီး သူ၏သတ္တိဖြူမှ အရာရှိများနှင့် သတ္တိဖြူထဲမှ နောက်ထပ် လက်ရွေးစင် ဆယ်ယောက်ခန့်ကိုခေါ်ကာ ဖုန်လုံးများကို ချန်ထားရစ်ခဲ့လျှက် ထိုမြေကွက်လပ်ထံ ဦးတည်သွားသည်။ ထိုသို့ဖြင့် ငွေရောင်ကြေးခွံများအလား တလက်လက် တောက်ပနေသည့် သံမဏိမြို့ အသေးစားထံ ဦးတည်သည်။ ထိုမြို့ရိုးသဖွယ် ဖြစ်နေသည့် နံရံများ၏အနောက်တွင် ကြီးမားသည့် သံမဏိခံတပ်ကြီးက တည်ရှိနေပြီဖြစ်ပြီး ဆောက်လုပ်မှုအောက်တွင် ရောက်ရှိနေသည်။

ထိုအခြေအနေကို မြင်သည့်အခါ သာ့ယန်မာန်ပန့်၏ မျက်နှာက မည်းမှောင်သွားပြီး တဖြည်းဖြည်းချင်း ရှုံ့မဲ့ကာ တင်းမာသွားသည်။ သူက ထိုမြို့တွင် ထိုညကလုပ်ခဲ့သည့် လုပ်ကြံသတ်ဖြတ်မှုအကြောင်း မမေ့သေးချေ။ သူကိုယ်တိုင်ကလည်း သတ္တိဖြူ နှစ်ထောင်ကျော်ကို ဦးဆောင်ခေါ်သွားခဲ့ပြီး သံမဏိမြို့ကြီးကို တိုက်ခိုက်ခဲ့သော်လည်း သူ၏စွမ်းရည်များက လိုအပ်ချက်ရှိသွားခဲ့ပြီး အစမှ အဆုံးအထိ တင်းကြပ်စွာ ပိတ်ထားသည့် တံခါးများက ထိုအတိုင်းပိတ်လျှက် ဖြစ်ခဲ့သည်။

ရှင်းလင်းစွာဖြင့်ပင် ဝမ်ချောင်က တူညီသောနည်းလမ်းကို သုံးချင်ခဲ့သည်။ သူက ထိုအရာများကိုပင် တောင်ပေါ်သို့ရွှေ့လာသည်။ ဒီနည်းအားဖြင့် သာ့ယန်မာန်ပန့်၏ နှလုံးသားထဲမှ ဒေါသမီးတောက်ကို လာဆွနေခြင်းဖြစ်သည်။

“စိတ်ဝင်စားစရာပဲ လေးစားရတဲ့ ဧည့်သည်တော်ကတော့ ရောက်လာပြီ”

မြင့်မားသော မြို့ရိုးအောက်သို့ ငုံ့ကြည့်လိုက်သည့်အခါ သာ့ယန်မာန်ပန့်နှင့် သူ၏လက်ရွေးစင် စစ်သည် ဆယ်ယောက်ကျော်ကို သူ့ထံ ဖုန်တိမ်စိုင်များကိုဝန်းရံလျှက် လျှောက်လာနေကြောင်း မြင်သည့်အခါ ဝမ်ချောင်၏နှုတ်ခမ်းများက ကော့တက်ကာ ပြုံးလိုက်သည်။

“အတူသွားပြီး တစ်ချက်ကြည့်ရအောင်”

သူက မြို့ရိုးပေါ်ကဆင်းသည်။ ဝမ်ချောင်က သူ၏ ရှောင်ရင်းရင်ပေါ်တက်လိုက်ပြီး သူ၏ လက်အောက်ငယ်သားများကိုခေါ်ကာ စစ်တပ်၏ရှေ့သို့ ဦးဆောင်သွားသည်။

ထိုမျှတင်းကြပ်နေသော လေထုထဲတွင် နှစ်ဘက် ဗိုလ်ချုပ်ကြီးများ၏ လှုပ်ရှားမှုတိုင်းက လူတိုင်း၏ အာရုံစိုက်ရာဖြစ်သည်။

မြင်းခွာသံများက မိုးခြိမ်းသံကဲ့သို့ မြေပြင်ပေါ်သို့ ဖြတ်သန်းသွားချိန် နှစ်ဖက်က နီးသထက်နီးလာသည်။ အကွာအဝေးက ကျန်းတစ်ရာခန့်ဖြစ်ချိန်တွင် သာ့ယန်မာန်ပန့်တို့၏ အဖွဲ့က ရပ်တန့်သွားသည်။ သူတို့၏ မြင်းများက မြေကိုခွာများဖြင့် ဆွနေပြီး နှာမှုတ်သံများပြုနေသည်။

သာ့ယန်မာန်ပန့်က မြင့်မားသော နှင်းဖြူရောင် တောင်ပေါ်မြင်းပေါ်တွင် ထိုင်နေသည်။ ထိုမြင်းက မဟာနှင်းတောင်တန်းက သူ့ကို လက်ဆောင်ပေးထားခြင်းဖြစ်ပြီး သူ၏အေးစက်သော အကြည့်ကလည်း ဓားတစ်လက်လို ဝမ်ချောင်က တြိဂံပုံသဏ္ဍန် မြေကွက်လပ်အရှေ့တွင် ချထားသည့် ခုခံရေးအားလှိုင်းကို အကဲခတ်နေသည်။ သူက သံမဏိနံရံတစ်ခုချင်းစီတိုင်းကိုကြည့်ကာ ဟာကွက်တိုင်းကို ကြည့်သည်။ သူ၏ မျက်စိရှေ့တွင် မည်သည့် အသေးစိတ်ကမျှ မလွတ်သွားခဲ့ချေ။ သူက ကျော်ဖြတ်နိုင်မည့် အကောင်းဆုံး နေရာကို ရှာနေသည်။

ဖြစ်စဉ်တစ်ခုလုံးတွင် သာ့ယန်မာန်ပန့်က မည်သည့်အသံမျှ မထွက်ချေ။ သူက ထုတ်ဖော်နေသည့် မမြင်ရသည့် ဖိအားကလည်း ရှိနေသောလူတိုင်းကို အရိုးထဲထိ အေးစိမ့်လာသည့် အအေးဓာတ်ကို ခံစားရစေသည်။

“အရှင်အမတ် ဒါက သာ့ယန်မာန်ပန့်လား”

ရုတ်တရက် ဝမ်ချောင်၏ အင်အားစုထဲမှ ရဲရင့်ပြတ်သားသောအသံက ထွက်လာသည်။ သာ့ယန်မာန်ပန့်က ဝမ်ချောင်ကို အကဲခတ်နေချိန်တွင် သူ့ကို အကဲခတ်နေသော တောင်တန်းကြီးတစ်ခုလည်း ရှိနေသေးသည်။ ဝူရှန်းမြင်းတပ်၏ အရှေ့တွင် ရှိနေသည့် လီစစ်ယဲ့နှင့် ဝမ်ချောင်က ဘေးချင်းကပ်လျှက် ရပ်နေခြင်းဖြစ်သည်။ သူတို့၏အကြည့်က အေးစက်ကာ တင်းမာနေသည်။

သာ့ယန်မာန်ပန့်က ဝူရှန်းမြို့ကို ဝင်စီးခဲ့ချိန်က လီစစ်ယဲ့က သံမဏိမြို့တွင် ရှိမနေခဲ့ချေ။ သူက ဝူရှန်းရွာတွင် လေ့ကျင့်ရေးလုပ်နေခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့် သူပြန်လာပြီးနောက် သူ့ကိုယ်သူ အကြီးအကျယ် အပြစ်မကင်းသလို ခံစားနေရပြီး ကိုယ့်ကိုယ်ကိုပင် အကဲဖြတ်ခဲ့သေးသည်။ သူက ဝမ်ချောင်၏ သက်တော်စောင့်ဖြစ်သလို ဝမ်ချောင်၏ အနီးကပ် နောက်လိုက်ဖြစ်သည်။ သို့တိုင်အောင် ဒီလို အရေးကြီးသောအချိန်တွင် သူက မရှိနေခဲ့ချေ။

ကံကောင်းစွာဖြင့် ဝမ်ချောင်ကလည်း ကိုယ်ပိုင်စွမ်းရည်ကိုသုံးပြီး ရောက်ရှိလာသည့် တိုက်ကွက်ကို ရှောင်ရှားနိုင်ခဲ့သလို သာ့ယန်မာန်ပန့်ကို ခြောက်နိုင်ခဲ့သည်။ သို့မဟုတ်လျှင် အရေးကြီးသော တစ်စုံတစ်ရာ ဖြစ်သွားခဲ့ပါက လီစစ်ယဲ့က ဘယ်သောအခါမှ ကိုယ့်ကိုယ်ကို ခွင့်လွှတ်နိုင်တော့မည် မဟုတ်ချေ။

ထို့ကြောင့် သူ၏အမှားကို ပြန်ပြင်နိုင်မည့် အကြီးဆုံး လျှော်ကြေးက သာ့ယန်မာန်ပန့်ကိုသတ်ကာ ခေါင်းဖြတ်ခြင်းဖြစ်သည်။

“ဟား ဟား ဟုတ်တယ် သူပဲ”

ဝမ်ချောင်ကပြုံးကာ ခေါင်းညိမ့်သည်။

သူတို့တွေ့ဆုံသည့် အချိန်အတောအတွင်း သာ့ယန်မာန်ပန့်၏ အရှိန်အဝါက ပို၍ပြင်းထန်သထက် ပြင်းထန်လာသလို ရုတ်ရင်းကြမ်းတမ်းလာသည်။ ကြည့်ရသည်မှာ သူက သူ၏သိုင်းတွင် တိုးတက်မှု အနည်းငယ် ရရှိခဲ့သည်နှင့်တူသည်။ သို့သော် သူက မည်သို့သော တိုးတက်မှုများကို လုပ်ထားစေခဲ့ပါမူ သူဒီနေ့ သေရမည်မှာ သေချာသည်။

“လီစစ်ယဲ့ သတိလက်လွတ် မလုပ်မိစေနဲ့”

ဝမ်ချောင်က အဝေးသို့ကြည့်ကာပြောသည်။

“သာ့ယန်မာန်ပန့်က တိဗက်ရဲ့ နောင်ဖြစ်လာမဲ့ဗိုလ်ချုပ် သူက ဖုမာန်လင်းချာနဲ့ တုစုန့်မာန်ဖော်ကျဲ့တို့လို လူပြီးရင် ဒုတိယမြောက်ပဲ။ တစ်ချက်ကြည့်လိုက် ချီရှီကာကွယ်ရေးစစ်တပ်က အနီးကပ် ရှိနေပေမဲ့ သူက ဂရုမစိုက်ဘူး။ နောက်ပြီး သူ့ရဲ့ အကြံအစည်တွေက အမြဲတမ်းခေါင်းမာပြီး စိတ်ကူး မယဉ်ထားလောက်တဲ့ ပုံစံမျိုးကနေ ဖြစ်လာတတ်တယ်။ သူက သာမာန်ပုံစံအတိုင်း မလှုပ်ရှားတတ်ဘူး။ သူက ဝူရှန်းမှာ ခံခဲ့ရပေမဲ့လည်း ရှုံးနိမ့်မှုအတွက် စိတ်ဓာတ်ကျသွားမဲ့ လူမျိုးမဟုတ်ဘူး။ အနှစ်ချုပ်ပြောရရင် အဲ့ဒီရက်က သူပြန်မသွားခင် နောက်ပြန်လှည့်ပြီး ချီရှီကာကွယ်ရေးစစ်တပ်နဲ့ ဟူလန်ဟယ်ကိုတောင် သတ်သွားခဲ့သေးတယ်။ ဒီအကောင်က ကိုင်တွယ်ရ တော်တော်လေး ခက်ခဲတယ်။ ဒီတော့မင်း အများကြီး ဂရုစိုက်ရမယ်”

“ဒီလက်အောက်ငယ်သားက နားလည်ပါပြီ”

လီစစ်ယဲ့ကပြောသည်။ သို့သော် သူ၏မျက်နှာက မည်သည့် ခံစားချက်မျှ မပြချေ။ သူ၏အကြည့်က သာ့ယန်မာန်ပန့်ထံတွင်သာ ရှိသည်။

လေထုက တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ဗိုလ်ချုပ်နှစ်ယောက်လုံးက အချင်းချင်း အကဲဖြတ်နေကြသည်။

“စိတ်ဝင်စားစရာပဲ”

သာ့ယန်မာန်ပန့်က ဘာမှဆက်မလုပ်ဘဲ ရှေ့ဆက်တိုးလာခြင်းလည်း မရှိသလို နောက်ဆုတ်ခြင်းလည်းမရှိဘဲ ထိုအတိုင်း မြင်းပေါ်တွင်သာထိုင်ကာ သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်နေကြောင်း မြင်လိုက်ရသည့်အခါ ဝမ်ချောင်က စိတ်ထဲတွင် ပြုံးလိုက်သည်။ သူက မြင်းကို အရှေ့သို့ အသာတွန်းလိုက်ပြီး သံမဏိမြို့၏ ဖွင့်ထားသော နံရံကြားမှထွက်လိုက်ကာ လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။

အဝေးရှိ ဖုမာန်လင်းချာကပင် ကြည့်လိုက်မိသည်။

“အရှင် ဒီကောင်က တော်တော် ခေါင်းမာတာပဲ”

ဖုမာန်လင်းချာ၏ အနောက်မှ လူတစ်ယောက်ကပြောသည်။

“သာ့ယန်မာန်ပန့်က ချက်ချင်းရှေ့ကို ခုန်တက်လာပြီး သူ့ကိုသတ်မှာကို မကြောက်ဘူးလား။ ဘာပဲဖြစ်ဖြစ် သာ့ယန်မာန်ပန့်က နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးလေ”

ဖုမာန်လင်းချာကလည်း အတွေးများစွာဖြင့် မျက်မှောင်ကျုံ့လိုက်ပြီးနောက် ပြောသည်။

“သူမကြောက်တာ မဟုတ်ဘူး။ သာ့ယန်မာန်ပန့်က ဘာမှမလုပ်ဘူးလို့ သူယုံလား”

ဝမ်ချောင်က အတွက်အချက် မှားသွားပြီး သာ့ယန်မာန်ပန့်က ရှေ့သို့တက်ကာ ဝမ်ချောင်ကို သတ်ဖြတ်ရန် ယုံကြည်မိသော်လည်း ဖုမာန်လင်းချာအနေဖြင့် ရှစ်ဆယ် သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းခန့်အထိ ဝမ်ချောင်၏ ဆုံးဖြတ်ချက်က မှန်ကန်ကြောင်း ပြောရပေမည်။ သာ့ယန်မာန်ပန့်က သဘောထားကြီးသော ဝိညာဉ်ကို ပိုင်ဆိုင်ထားသောကြောင့်မဟုတ်ဘဲ ဝမ်ကလန်မှ ဆက်ခံသူက ဝှက်ဖဲပေါင်း အများအပြားကို ပိုင်ဆိုင်ထားလေရာ ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်နေသောကြောင့်ဖြစ်သည်။

ထို့ကြောင့် သာ့ယန်မာန်ပန့်ကပင် စမ်းသပ်ကြည့်လျှင် မအောင်မြင်နိုင်ချေ။

ဖုမာန်လင်းချာက အံ့ကိုကြိတ်လိုက်ပြီး အေးစက်စွာ ကျုံးဝါးသည်။

“အနီးကပ်စောင့်ကြည့်ကြ။ ဟယ်ပါးယဲ့ အဲ့ဒီအကောင် သေတာနဲ့ စစ်တပ်ကို ချက်ချင်း လှုပ်ရှားခိုင်းလိုက်။ တခဏလောက် တိုက်ခိုက်မယ်။ ပြီးရင်ချက်ချင်း နောက်ဆုတ်ကြမယ်။ အချိန်ကျလာတဲ့အခါ သူတို့ ငါတို့ကိုပဲပုံပြီး အပြစ်တင်လို့ မရတော့ဘူး။ ငါတို့ကလည်း အပြစ်တွေအားလုံးကို အဲ့ဒီအကောင်နဲ့ ဝမ်ကလန်ကိုပဲတင်ဖို့ မှတ်တမ်းတင်ပြရမယ်”

“ဟုတ်ကဲ့အရှင်”

လက်အောက်ငယ်သား တစ်ယောက်က ချက်ချင်း ထွက်သွားသည်။

ဖုမာန်လင်းချာက ခေါင်းညိမ့်ပြီးမှသာ အခြေအနေကို ပြန်လည်သုံးသပ်ကြည့်သည်။

သူက သာ့ယန်မာန်ပန့်က တိုက်ခိုက်ခြင်း ရှိမရှိကို ဂရုမစိုက်သလို ဝမ်ချောင်၏ ကံကြမ္မာကို ဆုံးဖြတ်ခြင်း ရှိမရှိကိုလည်း ဂရုမစိုက်ချေ။ သူ၏အင်အားစုနှင့်ဆိုလျှင် သာ့ယန်မာန်ပန့်နှင့် တုစုန့်မာန်ဖော်ကျဲ့တို့က သေအောင်သတ်ဖြတ်နိုင်ရန် လုံလောက်နေပြီဖြစ်သည်။ ဖုမာန်လင်းချာကလည်း ဝမ်ချောင်က ဒီလိုအခြေအနေမျိုးမှာ အသက်ရှင်နိုင်မည်ဟု မယုံကြည်ချေ။

“မင်းသတ်နိုင်ရင်တော့ ပျော်ရွှင်ထားလိုက်ဦးပေါ့။ လူငယ်တစ်ယောက်ရဲ့ အလောကြီးနိုင်မှုကြောင့် ပေးဆပ်ရမဲ့ တန်ကြေးကတော့ သေချာပေါက် ရှိနေမှာပဲ”

ဖုမာန်လင်းချာ၏ မျက်လုံးအတွင်း အေးစက်သော အလင်းက လက်သွားသည်။ ထို့နောက် ပြန်လည်တည်ငြိမ်သွားသည်။

အခန်း(၇၇၃)

ရန်သူများနှင့်တွေ့ဆုံခြင်း

“သာ့ယန်မာန်ပန့် ငါတို့ထပ်တွေ့ကြပြီ။ မင်းငါ့လက်ဆောင်ကို ရလိုက်လား”

ဝမ်ချောင်က မြင်းကို တဖြည်းဖြည်းချင်း ရှေ့သို့တိုးသွားပြီး ခပ်လှောင်လှောင်ပြုံးနေသည်။

ဝုန်း

ထိုစကားများနှင့်အတူ သာ့ယန်မာန်ပန့်၏ အမူအရာက မည်းမှောင်သွားသည်။ သူ၏မျက်လုံးထဲတွင် ခက်ထန်ကြမ်းတမ်းသည့် ဒေါသများ ထွက်လာကြောင်း မြင်နိုင်သည်။ သဘာဝအလျောက်ပင် သူသည်လည်း ဝမ်ချောင်၏ ဆိုညွှန်းနေသော လက်ဆောင်ဆိုသော အရာကိုသိသည်။ သံသယဝင်ရန် မလိုလောက်အောင် ထိုလက်ဆောင်က ကျန်းကျွင်းလူသစ်လေ့ကျင့်ရေး စခန်းမှ စစ်သည်နှစ်သောင်းခုနှစ်ထောင်နှင့် သာ့ယန်ကလန်မှ သာ့ယန်ဖူရယ်ဖြစ်နိုင်သည်။

“စိုးရိမ်ဖို့မလိုဘူး မင်းလည်း သိပ်မကြာခင် ငါ့ရဲ့လက်ဆောင်ကို ရရှိလိမ့်မယ်”

သာ့ယန်မာန်ပန့်က မြင်းကိုရှေ့သို့ ထပ်စီးသွားသည်။ သူက ဝမ်ချောင်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူ၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်ကောင်းသည့် ခက်ထန်မှုများက လင်းလက်နေသည်။

“ဟား ဟား ငါမျှော်နေပါ့မယ်”

ဝမ်ချောင်က သဘောတကျရယ်သည်။ သူက သာ့ယန်မာန်ပန့်၏ ရိုက်ချက်ကို ဂရုစိုက်ခြင်းမရှိချေ။ သူမရိုက်ချနိုင်သည်လည်း ဖြစ်သွားနိုင်သည်။ မည်သို့ပင်ဆိုစေ သူက ချီရှီအတွက် ခြိမ်းခြောက်မှုကြီး ဖြစ်နေသေးသည်။ ထိုတာဝန်ကို ပြီးမြောက်အောင် လုပ်ရဦးပေမည်။ သူ၏စကားလုံးများကြောင့် သာ့ယန်မာန်ပန့်၏ အကျင့်စရိုက်အရ သာ့ယန်မာန်ပန့်က အလွယ်တကူ နောက်ဆုတ်လိမ့်မည် မဟုတ်ချေ။

“အို စကားမစပ် သာ့ယန်မာန်ပန့် မင်းအပြင် ငါယွီစန်းအင်ပါယာအတွက် နောက်ထပ် လက်ဆောင်တစ်ခုလည်း ပြင်ထားသေးတယ်။ မင်းငါ့အနောက်က ခံတပ်ကိုမြင်လား။ အနာဂတ်မှာ ဒီခံတပ်က တောင်ပေါ်ဒေသရဲ့ အတွင်းပိုင်းရောက်တဲ့အထိ ဖြန့်သွားလိမ့်မယ်။ ဒီလိုနဲ့ စန်းပေါ်ရဲ့ တော်ဝင်မြို့တော်နားကို ရောက်သွားလိမ့်မယ်။ ငါက အရှင်မင်းကြီးစန်းပေါ်ကို အမြဲတစေ လေးစားလာခဲ့တာ။ ဒါကြောင့် ငါက တော်ဝင်မြို့တော်ရဲ့ အပြင်ဘက်တည့်တည့်မှာ ခံတပ်ကြီးတည်ဆောက်ပြီး ငါ့ရဲ့လေးစားမှုကိုပြဖို့ ဆုံးဖြတ်ထားတယ်”

“ရမ်းကားလိုက်တာ”

ထိုစကားလုံးများနှင့်အတူ သာ့ယန်မာန်ပန့်၏ မျက်လုံးက အေးစက်သထက် အေးစက်သွားပြီး ဒေါသများ တောက်လောင်လာသည်။ စစ်တပ်၏ အနောက်ပိုင်းတွင် ကျန်နေရစ်ခဲ့သည့် တုစုန့်မာန်ဖော်ကျဲ့ကပင် ထိုစကားလုံးများကြောင့် မျက်မှောင်အနည်းငယ်ကျုံ့သည်။ ဝမ်ချောင်က ခြိမ်းခြောက်နေသည်မှာ ရှင်းသည်။ သူက သာ့ယန်မာန်ပန့်နှင် ရန်ငြိုးရှိသည်နှင့် မတူတော့ဘဲ ယွီစန်းအင်ပါယာ၏ စန်းပေါ်ကို တိုက်ရိုက် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။

ယွီစန်းအင်ပါယာတွင် စန်းပေါ်က နတ်ဘုရားဟု သတ်မှတ်ရည်ညွှန်းရလောက်အောင် အမြင့်ဆုံးအာဏာကို ကိုင်ဆွဲထားသူဖြစ်သည်။ မည်သည့်တိဗက် ဗိုလ်ချုပ်ကြီးကမှ ဝမ်ချောင်၏ စကားလုံးကို သည်းမခံနိုင်ချေ။

“ကောင်စုတ်လေး မင်းက သေချင်နေတာပဲ”

သာ့ယန်မာန်ပန့် မျက်လုံးကိုမှိတ်လ်ိုက်ပြီး အသက်ပြင်းပြင်းရှုသည်။ မည်သူကမျှ သူ၏အရှေ့တွင် ထိုမျှ မရမ်းကားခဲချေ။ အတိတ်တွင် သူ၏ပြိုင်ဘက်တိုင်းက ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်နေခဲ့ကြသည်။ ဟူလန်ဟယ် မသေခင်ကပင် တဆတ်ဆတ်တုန်သည်အထိ ကြောက်လန့်နေခဲ့သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးကလည်း တုန်ယင်နေခဲ့ရသည်။

သာ့ယန်မာန်ပန့်အနေနှင့် ထိုသို့စိန်ခေါ်သော ရန်သူမျိုးကို မကြုံဖူးသေးချေ။

“ရန်စမှုတွေအားလုံးအတွက် တန်ကြေးတစ်ခု ပြန်ပေးဆပ်ရမယ်။ ငါ့မြင်းခွာအောက်မှာ မင်းရဲ့အလောင်းကို နင်းချေခိုင်းမယ်။ မင်းရဲ့ခေါင်းကိုဖြတ်ပြီး တောင်ပေါ်ဒေသတခွင်ပြပြီး ငါ့ကိုစိန်ခေါ်တဲ့ ထန်တွေအားလုံး ဘာဖြစ်တတ်သလဲဆိုတာကို သိသွားစေရမယ်”

“ဟား ဟား ငါကတော့ မင်းနဲ့မတူဘူး။ မင်းကိုသတ်တာက ကိစ္စတစ်ပိုင်းလောက်ပါပဲ။ အဓိကပန်းတိုင် မဟုတ်သေးဘူး။ အနာဂတ်မှာငါက ချီရှီနားမှာ ရှိနေတဲ့ ယွီစန်းအင်ပါယာရဲ့ အင်အားစုတိုင်းကို ရှင်းလင်းမှာ။ ဒီလိုဆိုရင် ခြိမ်းခြောက်မှုတိုင်းကို ငါက အပြည့်အဝ ဖယ်ရှားနိုင်လိမ့်မယ်။ အဲ့ဒါတင်မကသေးဘူး ငါက ချီရှီရဲ့ အတွင်းပိုင်းထဲအထိ မဟာထန်ရဲ့ အလံကို လာသိမ်းပိုက်ဦးမှာ။ ဒီလိုနဲ့ မဟာထန်နဲ့ ရန်သူဖြစ်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲဆိုတာကို တစ်လောကလုံး သိသွားကြလိမ့်မယ်”

ဝမ်ချောင်က အော်ရယ်သည်။

ဝုန်း

စစ်တပ်နောက်ပိုင်းမှ တုစုန့်မာန်ဖော်ကျဲ့က နဂိုကဆိုလျှင် ဖုမာန်လင်းချာကို အာရုံအပြည့်အဝ စိုက်ထားရာမှ ဝမ်ချောင်၏စကားလုံးများကြောင့် မျက်မှောင်ကျုံ့နေမိသည်။ အလွန်ဝေးကွာသော တစ်နေရာမှ ဖုမာန်လင်းချာက မျက်မှောင်ကျုံ့လိုက်သည်။

“အရှင်”

ဖုမာန်လင်းချာ၏ အနားတွင်ရှိနေသည့် ချီရှီမှ ကင်းထောက်တိုင်း၏ မျက်ဝန်းက တောက်ပသွားပြီး ဖုမာန်လင်းချာကို ကြည့်လိုက်ကြသည်။ ဝမ်ချောင်က သူတို့၏ ရန်သူဖြစ်သော်လည်း သူတို့ကဲ့သို့ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်များကပင် ထိုစကားလုံးများကြောင့် သူ့ကို လေးစားမိသွားသည်။

“အားလုံးပဲ ပါးစပ်ပိတ်ကြစမ်း”

ဖုမာန်လင်းချာကအော်သည်။ သူ၏မျက်နှာက သုန်မှုန်နေသည်။ သူကိုယ်တိုင်ကလည်း သူ၏ လက်အောက်ငယ်သားများ၏ အတွေးကိုသိသည်။ သို့သော် ထိုအရာက သူ၏မနာလိုစိတ်နှင့် သတ်ဖြတ်လိုစိတ်ကို ပိုတိုးစေသည်။

မည်သို့ပင်ဆိုစေ ထိုကောင်စုတ်လေးကို အသက်ရှင်ခွင့် ပြု၍မရချေ။ ဖုမာန်လင်းချာက လက်သီးကိုဆုပ်သည်။ သူ၏လက်သီးများကပင် ကွဲအက်သံများ ထွက်လာသည်။

ဝမ်ချောင်က ထူးချွန်လေလေ သူနှင့်ဟူများကို ပေးနိုင်သည့် ခြိမ်းခြောက်မှုက ကြီးလေလေဖြစ်သည်။ ထို့ကြောင့်သူ့ကို အသက်ရှင်ခွင့် ပြုထား၍မရချေ။

ဖုမာန်လင်းချာအနေနှင့် ထိုအချိန်တွင် သူ့ထက်ပို၍ ဝမ်ချောင်ကို သတ်ချင်စိတ် ပြင်းနေသည့် လူတစ်ယောက်ရှိကြောင်း သိလိမ့်မည်မဟုတ်ချေ။

သာ့ယန်မာန်ပန့်က အစပိုင်းတွင် ဒေါသသာ ထွက်ခဲ့သည်ဟုဆိုလျှင် ယခုမူ ဒေါသထွက်လွန်းသဖြင့် ရူးသွပ်သော နေရာနားထိ ရောက်သွားသည်ဟု ဆို၍ရသည်။

“ဝမ်ချောင် မင်းငါ့ကို ရန်စချင်တာဆိုရင် မင်းအောင်မြင်တယ်။ ငါအခုစိတ်ပြောင်းသွားပြီ ငါမင်းကို အလွယ်တကူ မသေခိုင်းတော့ဘူး။ မင်းက ချီရှီကို အရမ်းဂရုစိုက်တယ်မဟုတ်လား။ ငါချီရှီကစစ်သည် တစ်ယောက်ချင်းစီတိုင်းကိုသတ်ပြီး မဟာထန်ရဲ့ ချီရှီကာကွယ်ရေးစစ်တပ်က သမိုင်းတစ်ခုဖြစ်သွားအောင် လုပ်ပေးမယ်”

သာ့ယန်မာန်ပန့်က ထိုသို့ပြောသည်။

“သွားမယ်”

သာ့ယန်မာန်ပန့်က ချက်ချင်းလိုလို မြင်းကိုလှည့်ကာ ထွက်သွားသည်။ သူ၏အနောက်မှ သတ္တိဖြူများက လိုက်သွားကြသည်။ သူတို့၏မြင်းမှခွာက မြေပြင်ကို ထိခတ်သည့်အခါ ကဆုန်ပေါက်ပြေးသံက ထွက်ပေါ်လာသည်။

“ရွှီခဲ့ယွီ တပ်ဖွဲ့တွေကို အဆင်သင့်ပြင်ခိုင်းထားလိုက်။ သိပ်မကြာခင် တိုက်ပွဲကြီးက စလာလိမ့်မယ်”

ထွက်သွားသည့် သာ့ယန်မာန်ပန့်ကို ကြည့်နေသည့် ဝမ်ချောင်၏ မျက်ဝန်းက မှေးကျဉ်းသွားသည်။

“ဟုတ်ကဲ့အရှင်”

ရွှီခဲ့ယွီက နောက်လှည့်ကာ အမိန့်အတိုင်း သွားလုပ်သည်။

“လီစစ်ယဲ့ နောက်ပြန်လှည့်လို့ မရတော့ဘူး။ ငါတို့တွေ သာ့ယန်မာန်ပန့်ကို သတ်နိုင်ရမယ်”

ဝမ်ချောင်က ရှေ့သို့သာကြည့်လျှက်ပြောသည်။

“အရှင်အမတ် ဒီဗိုလ်ချုပ်က အမိန့်ကိုပြီးမြောက်အောင် လုပ်နိုင်ဖို့ တက်နိုင်သမျှ ကြိုးစားပါ့မယ်”

လီစစ်ယဲ့ကလည်း ခပ်တင်းတင်းပြန်ဖြေသည်။

ဝမ်ချောင်က ခေါင်းညိမ့်သည်။ ထို့နောက် သာ့ယန်မာန်ပန့် ထွက်သွားသောဘက်သို့သာ ဆက်ကြည့်နေသည်။ သာ့ယန်မာန်ပန့်က အရူးဖြစ်သည်။ သူက သူရူးတစ်ယောက်ဖြစ်ပြီး ပစ်မှတ်တစ်ခုကို အာရုံစိုက်လိုက်သည်နှင့် ရူးသွပ်စွာသာ တိုက်ခိုက်ပေမည်။

အတိတ်တွင် ချီရှီကာကွယ်ရေးစစ်တပ်က အင်အားကုန်ဆုံးကာ လုပ်နိုင်စွမ်းအား မဲ့သည့် အခြေအနေသို့ ရောက်သွားရခြင်း၊ ချီရှီအတွက် ခြိမ်းခြောက်မှုဆိုသော တာဝန်ဖြစ်ပေါ်လာရသည့် အကြောင်းပြချက်က သူဖြစ်သည်။

သာ့ယန်မာန်ပန့်၏ နောက်ဆုံးစကားလုံးများက ဝမ်ချောင်ကို အတွေးများသွားစေသည်။ ဝမ်ချောင်၏ လက်ရှိ အခြေအနေအရ အကြီးမားဆုံး စိုးရိမ်မှုက သူ၏လုပ်ဆောင်မှုက သာ့ယန်မာန်ပန့် ရူးသွပ်မှုများကို ပိုဆိုးသွားစေမည့် အရေးကိုဖြစ်သည်။

ယခုနောက်ဆုတ်၍ မရတော့ချေ။ သူက သာ့ယန်မာန်ပန့်၏ ရူးသွပ်မှုများ၊ ချီရှီကာကွယ်ရေးစစ်တပ်ကို ဒုက္ခပေးမည့် အခြေအနေများကို တားမြစ်လိုပြီး တူညီသော ဖျက်ဆီးမှုသို့မရောက်အောင် ရပ်တန့်ချင်လျှင် သာ့ယန်မာန်ပန့်ကို ဒီနေရာတွင် ရှင်းပစ်ရတော့ပေမည်။

“ဟိုက်ရား”

ဝမ်ချောင်က မြင်းကိုအပြေးနှင်လျှက် နောက်ပြန်လှည့်ကာ စစ်တပ်ကိုပြန်သည်။

......

အခြားနှစ်ဖက်တွင် ကျန်းနှစ်ထောင်အကွာမှ သာ့ယန်မာန်ပန့်က သူ၏ကိုယ်ပိုင်စစ်တပ်ထံ ပြန်ရောက်သွားသည်။ မရေမတွက်နိုင်သော အကြည့်တိုင်းက သူ့ထံရောက်နေသည်။ အားလုံးကလည်း သာ့ယန်မာန်ပန့်က ထုတ်မည့်အမိန့်ကို စောင့်နေကြသည်။

“အရှင် ကျွန်တော်တို့ မတိုက်ခိုက်ရဘူးလား”

တိဗက်ဗိုလ်ချုပ်တစ်ယောက်ကပြောသည်။ သူ၏မျက်လုံးထဲတွင် ခက်ထန်ကြမ်းတမ်းသည့် ဒေါသအမြစ်များကို မြင်နိုင်သည်။

“အလျင်စလိုမလုပ်နဲ့ ငါ့အမိန့်မပါဘဲ ဘယ်သူကမှ အလျင်စလို လှုပ်ရှားခွင့်မရှိဘူး”

ဗိုလ်ချုပ်များကို အံ့ဩစေသည်မှာ သာ့ယန်မာန်ပန့် လက်ကိုယမ်းကာ ငြင်းလိုက်ခြင်းဖြစ်သည်။ သူ၏အကြည့်က အေးစက်နေသည်။ သူ၏ခံစားချက်မဲ့သော မျက်ဝန်းများက အဝေးရှိ ငွေဖြူရောင် တောက်နေသော ခံတပ်မြို့ရိုးများထံရောက်နေသည်။

“ဗိုလ်ချုပ်”

ပတ်ဝန်းကျင်ရှိ အရာရှိများက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သာ့ယန်မာန်ပန့်က ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖြင့် လာသောကြောင့် လူတိုင်းကလည်း ချက်ချင်းတိုက်ခိုက်ရန် အမိန့်ပေးတော့မည်ဟု ထင်နေကြသည်။ ထို့နောက် ဆန့်ကျင်ဘက်ဖြစ်သွားသည်။

သာ့ယန်မာန်ပန့်က မည်သည့်စကားမျှ မဆိုချေ။ ရှင်းပြချက်လည်းမပေးချေ။ သူ၏မျက်နှာထားက အေးစက်နေပြီး ပုံစံက တည်ငြိမ်နေသည်။ သူ၏အတွေးကို အခြားသူတစ်ယောက်ယောက်က ပြောပြရန် ခက်ခဲသည်။ ထိုအချိန်တွင် အတည်ငြိမ်နိုင်ဆုံး ခပ်အေးအေး ဖြစ်နေဆုံးက သာ့ယန်မာန်ပန့်၏ အနောက်မှလိုက်ပြီး ကိစ္စပေါင်းများစွာကို ကျော်ဖြတ်ပြီး သူနဲ့တူတူရှိနေသည့် သတ္တိဖြူမှ အရာရှိများဖြစ်သည်။

“ဒီကောင်စုတ်က အရှင့်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ရန်စနေတာ။ ဒါပေမဲ့ ဒါက သူ့ကိုပဲပိုပြီး ဖျက်ဆီးခံရစေလိမ့်မယ်”

သတ္တိဖြူများက သာ့ယန်မာန်ပန့်၏ အကြည့်နောက်မှ လိုက်ကြည့်ကြသည်။ အားလုံးကလည်း ထိုစကားလုံးများကို ကြားခဲ့သည်။ ထိုစကားလုံးများက ကျယ်လောင်ကာ ပီသရှင်းလင်းသည်။ ထိုလူငယ်အမတ်က သူ၏ဗိုလ်ချုပ်ကြီးကို ရိုးရိုးရှင်းရှင်းဖြင့် ရန်စနေသည်။ အမှန်တိုင်းပြောရသော် သူက အောင်မြင်ခဲ့သည်။ သို့သော် သူတို့ဗိုလ်ချုပ်က ဒေါသထွက်ပြီး တစ်စုံတစ်ရာလုပ်ကာ သူ့ကို အောင်မြင်စေလိမ့်မည်ဟု ယုံကြည်ခဲ့လျှင် သူအမှားကြီးမှားသွားလေပြီ။

‘အရူး’ဆိုသည်မှာ ‘မိုက်ရူးရဲဆန်ခြင်း’ကို မဆိုလိုချေ။ ထို့ပြင် ရူးသွပ်သည်ဟုလည်း ပြော၍မရချေ။ သူရူးဆိုသည်မှာ ရန်သူကို သတ်ဖြတ်သည့်အခါ ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်သောကြောင့် မြင်လာခဲ့ခြင်းဖြစ်သည်။ အမှန်ဆို သူတို့၏ ဗိုလ်ချုပ်ကြီးက ထိုသို့သော အခြေအနေမျိုး မဟုတ်ချေ။

သတ္တိဖြူအရာရှိတိုင်းက သာ့ယန်မာန်ပန့်၏ အနောက်မှလိုက်ပြီး စခန်းပေါင်းများစွာကို ဝင်စီးဖူးသည်။ ထို့ကြောင့် သူ၏စရိုက်ကို အလွန်ရင်းနှီးနေပြီးသားဖြစ်သည်။ သူက ဒေါသထွက်ကာ ရူးသွပ်လာလေလေ ပိုတည်ငြိမ်ပြီး အကျိုးအကြောင်း တွေးတောနိုင်လေလေဖြစ်သည်။ ထို့ကြောင့် သူတို့၏ဗိုလ်ချုပ်ကြီးကို နောင်ဖြစ်လာမည့် တော်ဝင်ဗိုလ်ချုပ်ကြီးဟု ပြောကြခြင်း၊ တောင်ပေါ်ဒေသမှ သတ်ဖြတ်ခြင်း နတ်ဘုရားဟု ဆိုကြခြင်းဖြစ်သည်။ သို့သော် သူ့ကို တောင်ပေါ်ဒေသမှ အရူးဟု မည်သူကမှ မသုံးနှုန်းချေ။

“ကျဲ့ရန် မင်းငါပြောထားတာတွေ ပြင်ဆင်လို့ပြီးပြီလား”

သာ့ယန်မာန်ပန့်က ရုတ်တရက်ပြောသည်။ သူ၏မျက်လုံးက တစ်ဖက်ရှိ မြို့ရိုးထံတွင်သာ ရှိနေသည်။ သို့သော် အသံကမူ အေးခဲနေသည်။

အသက်သုံးဆယ် အစောပိုင်းဝန်းကျင်ရှိသည့် တိဗက်အရာရှိတစ်ယောက်က ဂါရဝပြုပြီးနောက် တိဗက်ဘာသာစကားဖြင့် ပြောသည်။

“အရှင့်ကိုပြန်ဖြေပါတယ် အားလုံး အဆင်သင့်ပါပဲ။ မြောက်ပိုင်းနယ်စပ် ဝန်းကျင်တောက်လျှောက်က အဖွဲ့ဆယ်ဖွဲ့ကျော်က အရှင့်အမိန့်ကိုနာခံပြီး လွန်ခဲ့တဲ့ နာရီပေါင်းများစွာကတည်းက ထွက်သွားခဲ့တာပါ။ သူတို့သိပ်မကြာခင် ရောက်ပါလိမ့်မယ်”

“အရမ်းကောင်းတယ် ငါ့အမိန့်ကိုစောင့်”

သာ့ယန်မာန်ပန့်ကပြောသည်။

“ဟုတ်ကဲ့အရှင်”

ကျဲ့ရန်ကပြောသည်။

အားလုံးက တိတ်ဆိတ်နေသည်။ မမြင်ရသော တင်းအားက တဖြည်းဖြည်းချင်း အင်အားတိုးမြှင့်လာသလို သူ့ကို တင်းသထက်တင်းအောင် ဆွဲနေသည်။ ထိုအချိန်တွင် လူတိုင်းက သာ့ယန်မာန်ပန့်၏ အမိန့်ကိုသာ စောင့်နေကြခြင်းဖြစ်သည်။

“ကောင်စုတ်လေး မင်းရဲ့လှုပ်ရှားမှုအတွက် နောင်တရအောင် လုပ်ပေးမယ်။ သေခြင်းတရားက မင်းရဲ့ခန္ဓာကိုယ်က အပြစ်တွေကို ဆေးကြောပေးနိုင်လိမ့်မယ်”

သာ့ယန်မာန်ပန့်၏ အသားအရောင်က ပြာနှမ်းနေသည်။ သို့သော် သူ၏မျက်လုံးကမူ ရူးသွပ်မှုများဖြင့် ပြည့်နှက်နေသည်။

သာယန်မာန်ပန့်က ဝမ်ချောင်လုပ်မည့်ကိစ္စများ၊ ဝမ်ချောင် မည်သည့်အတွက်ကြောင့် ယခုလိုလုပ်ရသည့် ကိစ္စများအပေါ် ရှင်းရှင်းလင်းလင်း နားလည်နေသည်။ ပူလုဟူကဲ့သို့ အရူးတစ်ယောက်ကသာ သံမဏိမြို့ အခင်းအကျင်းထဲသို့ ဝင်တိုးရဲပေလိမ့်မည်။ တိဗက်မြင်းတပ်မှ အသန်မာဆုံး ဝင်္ကပါဖြစ်သည့် စစ်တပ်ဝင်္ကပါအကြောင်းကို ယွီစန်းအင်ပါယာက လူကလွဲပြီး မည်သူကမှ သိမည်မဟုတ်ချေ။ ထိုဝင်္ကပါကသာ ကစဉ့်ကလျားဖြစ်သွားခဲ့လျှင် အရှိန်အဝါကို ထည့်ပြောရန် မလိုအပ်တော့ချေ။ ထိုမြို့ရိုးများအတွက်ကမူ ...

သာ့ယန်မာန်ပန့်အနေဖြင့် အနောက်တောင်ပိုင်းမှ သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့က ထိုသံမဏိမြို့ရိုးများထံတွင် ရှုံးသွားသည့်အကြောင်းကို မမေ့သေးချေ။ ဝမ်ချောင်က သာ့ယန်မာန်ပန့်ကို ရန်စခဲ့ပြီး ဝင်တိုးလာမည်ဟု ယုံကြည်ထားလျှင် သူ့ကိုအထင်သေးလွန်းရာ ကျသွားပေမည်။

သူက ပြန်တိုက်ခိုက်မည်ဖြစ်သည်။ သို့သော် ဝမ်ချောင်က ထင်ထားသလိုတော့ မဟုတ်နိုင်ချေ။

......

“အရှင်အမတ် သူတို့ မတိုက်ခိုက်နိုင်သေးဘူး”

မြေကွက်လပ်နေရာတွင် ရှိနေသည့် လီစစ်ယဲ့က စစ်တပ်ကို စောင့်ကြည့်နေသည်။

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူကလည်း မျက်မှောင်ကျုံ့နေသည်။ သူ၏မျက်နှာထားက တင်းမာနေသည်။

“ဒီသာ့ယန်မာန်ပန့်က ငါထင်ထားတာထက် ကိုင်တွယ်ရ ခက်နေသေးတယ်။ ငါအစကတော့ သူလာတဲ့အရှိန်နဲ့ အရေအတွက် အားသာမှုကိုယူပြီး သူက တိုက်ရိုက်တိုက်ခိုက်ဖို့ အမိန့်ပေးမယ်လို့ ငါထင်ခဲ့တာ။ ကြည့်ရတာ ငါသူ့ကို အထင်သေးမိသွားပြီ”

သာ့ယန်မာန်ပန့်က ထွက်သွားခဲ့ချိန်က သူ၏မျက်လုံးက ကြောက်စရာကောင်းပြီး ဒေါသအမျက် ထွက်နေခဲ့သည်။ အကန်းတစ်ယောက်ကပင် ထိုအခြေအနေကို သတိထားမိနိုင်သည်။ သို့သော် အားလုံးပြီးသွားခဲ့သည့်တိုင်အောင် စစ်မြင်းများကဟီပြီး အော်ဟစ်နေသေးသည်။ သို့သော် တိုက်ခိုက်မည့် လက္ခဏာ ပြမလာခဲ့ချေ။

ချီရှီအတွက် ခြိမ်းခြောက်မှုလို့ပြောတာ အံ့အားသင့်စရာ မရှိတော့ဘူး။ သူ့ကိုသာ မသတ်ဘဲ အလွယ်လေး လွှတ်ပေးလိုက်ရင် ဒီကိစ္စက ဘယ်လွယ်ပါ့မလဲ...

ဝမ်ချောင်က ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တောင်းပန်ခြင်း🙏

ဝမ်ချောင်စာရိုက်သူတို့ဘက်မှာ မီးဖျက်ခံထားရလို့ update ကြာနေတာပါရှင့်။မင်မင်တို့ အဆင်ပြေအောင် ကြိုးစားပေးပါမယ်နော်။ စောင့်ပေးကြပါဦးရှင့်🥰

အဆင်မပြေမှုအတွက် တကယ်အားနာရပါတယ်နော်🙏

အခန်း(၇၇၄)

ကောက်ကျစ်တဲ့ သာ့ယန်မာန်ပန့်

သာ့ယန်မာန်ပန့်က သူမျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ တည်ငြိမ်နေခဲ့သည်။ သို့သော် ဒါက သတင်းကောင်းမဟုတ်ချေ။ သို့ရာတွင် သာ့ယန်မာန်ပန့်က ထူးချွန်လေလေ ဝမ်ချောင်ကသူ့ကို သတ်ချင်လေလေဖြစ်သည်။ ရူးသွပ်စွာ လုပ်ဆောင်တတ်သောလူ သို့သော် ယခုအခြေအနေထိ ခေါင်းအေးအေးထားနေကတည်းက သူက မဟာထန်အတွက် အင်အားကြီးရန်သူကြီး ဖြစ်သွားလေပြီ။

ချီရှီအတွက် ဗဟိုပြင်ကျယ်အတွက် ဝမ်ချောင်က သူ့ကိုသတ်ရန် နည်းလမ်း စဉ်းစားရတော့ပေမည်။

ဝူး

သူက တွေးတောနေချိန်တွင် ရုတ်တရက် အခြားတစ်ဖက်မှ ထူးဆန်းသည့် အော်သံက ထွက်လာသည်။ ငြိမ်သက်နေသော တိုက်ပွဲနယ်မြေတွင် ထိုအသံများက ပုံမှန်မဟုတ်လောက်အောင်ကျယ်သည်။

“ဝူး”

ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ များပြားသော တိဗက်စစ်တပ်က မုန်တိုင်းတစ်ခုအတွင်း ကျသွားသလို ဖြစ်သွားကြောင်း မြင်လိုက်ရသည်။ ထိုအချိန်တွင် တိဗက်စစ်တပ်၏ အရှေ့ဆုံးအပိုင်းတွင် ရှိနေသည့် သာ့ယန်မာန်ပန့်က ဝမ်ချောင်ကို တစ်ချက်ကြည့်သည်။ သူ၏မျက်ဝန်းအတွင်း ထူးဆန်းသော အလင်းက လက်သွားသည်။ ထို့နောက်သူက မြင်းဇာတ်ကြိုးကိုဆွဲပြီး စစ်တပ်ထဲသို့ပြန်ဝင်ကာ ပျောက်ကွယ်သွားသည်။

“အရှင်အမတ် တစ်ခုခုတော့ မှားနေပြီ။ ဒါက စစ်မြင်းတွေရဲ့အသံ မဟုတ်ဘူး”

ရွီခဲ့ယွီကပြောသည်။ တိုက်ပွဲတွင် နှစ်ဖက်လုံးက မြင်းသာစီးသည်။ ထို့ကြောင့် မြင်းမဟုတ်သော သားရဲများ၏ အသံကို ကြားရသည့်အခါ အလွန်ထူးဆန်းသွားခြင်းဖြစ်သည်။ ထို့ပြင် အော်သံက စစ်မြင်းသံမဟုတ်ချေ။

“စစ်မြင်းမဟုတ်တာ သေချာတယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။ သူ၏အမူအရာက တင်းမာသွားသည်။ ရွီခဲ့ယွီက တစ်စုံတစ်ရာ မှားယွင်းနေကြောင်းသာကြားသည်။ ဝမ်ချောင်ကမူ မည်သည့်အသံဖြစ်ကြောင်း ချက်ချင်းပြောနိုင်သည်။

“သူတို့က တိဗက်ရဲ့ နွားသိုးတွေပဲ”

ဝုန်း

ဝမ်ချောင်၏အသံကို တုန့်ပြန်သည့်အလား မြေပြင်က ပြင်းထန်စွာ တသိမ့်သိမ့် တုန်ခါသွားပြီး ဆန့်ကျင်ဘက်နေရာမှ တဝုန်းဝုန်းသံများက ထွက်ပေါ်လာသည်။ ကျန်းနှစ်ထောင်အကွာမှ များပြားသည့် တိဗက်စစ်တပ်က လူခွဲသွားပြီး အနက်ရောင် နွားသိုးတစ်ထောင်ကျော်က ပေါ်လာသည်။ သူတို့က အသားကုန်အော်ဟစ်ကာ ခြေတဆောင့်ဆောင့် ဖြစ်နေကြသည်။ သူတို့၏ခေါင်းထိပ်တွင် စူးရှသည့် ဦးချွန်များက အဝေးရှိသံမဏိမြို့ရိုးများကို ချိန်ရွယ်လျှက် ချီတက်လာကြသည်။

ဝူး

ထိုအနက်ရောင်နွားသိုး ထောင်ကျော်က ကြွက်သားအပြည့်ဖြင့် တောင့်တင်းနေပြီး သူတို့၏ အပြေးခုန်ဝင်လာသံက အားလှိုင်းများကိုပင် မြောက်လိုက်တက်လိုက် ဖြစ်သွားစေသေးသည်။ သူတို့၏ အနောက်မှ ကြီးမားသော ဖုန်တိမ်စိုင်များက လေထဲထိ မြောက်တက်သွားသည်။ ထိုတခဏတွင် လူတိုင်းက ဖြူဖျော့သွားသည်။

“အရှင်အမတ်”

လူတိုင်းက အံ့အားသင့်သွားကြပြီး ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။

စံချိန်မှီမြင်းတပ်တိုက်ပွဲတွင် တိဗက်များက ထိုဗျူဟာကို သုံးလာမည်ဟု မထင်ထားကြချေ။ ထိုနွားသိုးများက တိဗက်တောင်ပေါ်တွင် နေထိုင်သည့်အလျောက် သူတို့၏ခန္ဓာကိုယ်က အလွန်တောင့်တင်းသန်မာပြီး ဦးချွန်ကလည်း အလွန်စူးရှသည်။ သူတို့က အလွန်အမင်း အားကြီးကြသည်။ သူတို့က အရှိန်နှုန်းမြှင့်ကာ ချီတက်လာလျှက် တစ်ကောင်ချင်းစီတိုင်းက ကျင်းတစ်ထောင် အလေးချိန်ကိုပင် ရိုက်ချကာ ထိုးခွေ့နိုင်သေးသည်။

ယခုလိုမျိုး နွားသိုးအကောင် တစ်ထောင်ကျော်ကသာ သံမဏိမြို့ရိုးများကို ဖွင့်ပေးမည်ဆိုလျှင် ပထမတစ်သုတ် အားလှိုင်းတစ်ခုတည်းကတင် ထန်ဝင်္ကပါကို ကစဉ့်ကလျားဖြစ်အောင် လုပ်ရန် လုံလောက်နေပြီဖြစ်သည်။

“အရှင်အမတ် ဒီနွားသိုးတွေက နားတွေအုပ်ထားတယ်”

ချန်းစန်းယွမ်ကပြောသည်။ သူ၏အမူအရာက စိုးရိမ်မှုပြည့်သွားသည်။

သူက ဝမ်ချောင်နှင့်အတူ အနောက်တောင်ပိုင်းစစ်ပွဲတွင် ဝင်ပါခဲ့ဖူးပြီး ခဲ့လော့ဖုန်းကလည်း မာန်ရှဲ့ကျောင်း၏ စစ်တပ်တွင် ဆင်များကို ချီတက်ရန် ခိုင်းစေခဲ့ဖူးသည်။ ဝမ်ချောင်က ခြင်္သေ့ဟိန်းသံကဲ့သို့သော အသံမျိုးကို တူညီစွာအသုံးပြုပြီး ထိုအကောင်များကို အထိတ်တလန့်ဖြစ်စေလျှက် ဒုက္ခပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် ထိုဆင်များက တစ်ဖက်လှည့်ကာ မာန်ရှဲ့ကျောင်းနှင့် ယွီစန်းစစ်တပ်ကိုသာ နင်းချေခဲ့သည်။

တစ်ခုမူ ထိုဗျူဟာက အလုပ်မဖြစ်နိုင်ချေ။ နွားသိုးများက နားရှည်ပြီး ထူထည်းသော အမွှေးများကိုလည်း ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူတို့၏နားကို အုပ်ထားသေးလေရာ အသံတိုက်ကွက်က သက်ရောက်မှု မရှိနိုင်တော့ချေ။ ထိုနွားသိုးများ၏နားကို တစ်စုံတစ်ရာဖြင့် ပိတ်ဆို့ထားခြင်းဖြစ်သည်။

သာ့ယန်မာန်ပန့်နှင့် အခြားသူများက အနောက်တောင်ပိုင်းမှ စစ်ပွဲ၏ သင်ခန်းစာကို ရထားသည့်အတွက် သေချာပြင်ဆင်ထားခြင်းဖြစ်သည်။

လေထုက တင်းကြပ်သွားပြီး လူတိုင်းက နွားသိုးများ၏ ချီတက်သံများကိုသာ ကြည့်နေကြပြီး ရင်တမမဖြစ်နေကြသည်။ သူတို့၏ရင်ထဲတွင် မိုးခြိမ်းသံများက ထွက်ပေါ်နေသည်။ သူတို့က ဝမ်ချောင်ကိုသာ ကြည့်ကြသည်။

...

“ဝမ်ကလန်က အဲ့ဒီကောင်စုတ်တော့ သွားပြီ”

အဝေးမှ ဖုမာန်လင်းချာက တိုက်ပွဲကို စောင့်ကြည့်နေခြင်းဖြစ်သည်။ ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်ကို အရိုးထဲထိစွဲနေအောင် မုန်းသော်လည်း ကိုယ်တိုင်ကိုယ်ကျသာ ခေါင်းဖြတ်ချင်သည်။ သို့သော် ထိုယွီစန်းမှ အရူးကောင်က လေးစားစရာကောင်းသည်မှာ သေချာသည်။

ယွီစန်းမှ အခြားသော ဗိုလ်ချုပ်ကြီးများကလည်း အရေအတွက် အားသာချက်ကိုယူကာ ချီတက်ခဲ့လျှင် ပူလုဟူ၏ သင်ခန်းစာအတိုင်း ပြန်ဖြစ်သွားပေလိမ့်မည်။ သို့သော် သာ့ယန်မာန်ပန့်ကမူ ကွာခြားသည်။ သူက အရူးဖြစ်ပြီး အကျိုးအကြောင်း စဉ်းစားနိုင်သော အရူးဖြစ်သည်။ သူ၏လုပ်ဆောင်မှုများက အမြဲတစေ ဘောင်ကျော်နေလေ့ရှိသည်။ သာမာန်အားဖြင့် တွေးတော၍မရနိုင်ချေ။ သို့သော်သူက အဘက်ဘက်မှ ကြောက်စရာ ကောင်းနေလေသည်။ သူက သတ္တိဖြူများကို ပိုင်ဆိုင်ထားပြီး စစ်သည်အပို လေးသောင်းမှ ငါးသောင်းအထိ ရှိနေသောကြောင့် လက်ရှိအခြေအနေအရ အနိုင်ရသင့်သည့် အနေအထားမျိုးတွင် ရှိနေခဲ့သည့်တိုင်အောင် သည်းခံနိုင်သည်။ သူက ရှေ့ပြေးအနေနှင့် နွားသိုးများကိုသာ လွှတ်ခဲ့သည်။

ဖုမာန်လင်းချာကသာ ဝမ်ချောင်၏နေရာတွင်ဆိုလျှင် ထိုအခြေအနေမျိုးတွင် ကြံစည်နိုင်ခဲ့လျှင်ပင် ကံကောင်းမှု အနည်းငယ်ကို ပ်ိုင်ဆိုင်ထားသောကြောင့်သာ ဖြစ်ပေလိမ့်မည်။

ဝမ်ချောင်၏ တစ်ခုတည်းသော ရွေးစရာက ထိုနေရာက နောက်ဆုတ်သွားပြီး ဝူရှန်းသို့ ပြေးရန်ဖြစ်သည်။ သို့သော်သူက ထိုသို့လုပ်ခဲ့လျှင် အလုပ်သမား ရှစ်ထောင်၊ ကိုးထောင်ခန့်က တိဗက်မြင်းခွာအောက်တွင် တစ္ဆေသရဲများ ဖြစ်သွားပေလိမ့်မည်။ ထိုကောင်လေးက ထိုသို့လုပ်ရဲကတည်းက ဖုမာန်လင်းချာကလည်း သူသေသည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး မှတ်တမ်းလွှာတင်ကာ အကဲဖြတ်ရန် စိတ်ထဲထားပေးလိမ့်မည် မဟုတ်ချေ။

“ဟ ကောင်းကင်ရဲ့ အပြစ်လို့ ပြောကြမယ်ဆိုရင်လည်း အရင်ဆုံး တစ်ယောက်လောက် အသက်ရှင်မှပြောသင့်တယ်။ မင်းကကိုယ့်ကိုယ်ကို ဒုက္ခရောက်အောင် လုပ်တာဆိုတော့ သေမှာ သေချာသွားပြီ”

ဖုမာန်လင်းချာက ဝမ်ချောင်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်ကို အလောင်းများဟု သတ်မှတ်လိုက်ပြီး လှောင်ရယ် ရယ်လိုက်သည်။ သူက ဝမ်ချောင်အတွက် မည်သည့်သနားစိတ်မျှ မရှိချေ။ ကိုယ်ပိုင်အင်အားအပေါ် နားလည်မှုမရှိဘဲ တောင်ပေါ်ဒေသသို့ ခြေလှမ်းတက်ရဲကတည်းက ရလဒ်က ခန့်မှန်းရန် လွယ်ကူပြီးသားဖြစ်သည်။ ထို့ပြင် ထိုကောင်စုတ်က သူ့ရန်သူဖြစ်နေသည်။

“အရှင် အဲ့ဒီကိုကြည့်လိုက်ပါဦး”

ဘေးမှ အလန့်တကြား အော်သံထွက်လာသည်။ သူ၏မျက်လုံးက ပြူးသွားလေသည်။ ဖုမာန်လင်းချာကလည်း ခေါင်းမော့ကာ ကြည့်လိုက်သောအခါ အခြေအနေက ပြောင်းသွားကြောင်း မြင်လိုက်ရသည်။ နွားထီးများ ပထမတစ်သုတ်၏ အနောက်တွင် အထူးတလည် လေ့ကျင့်ပေးထားသည့် မြင်းတပ်တစ်ထောင်ကျော်က သာ့ယန်မာန်ပန့်၏ စစ်တပ်ထံသို့ ဦးတည်သွားနေသည်။

ထိုမြင်းတပ်က ဘယ်ညာတွင် အဖြူရောင်အလံကြီးများကို ယမ်းနေကြသည်။ သူတို့က ထိုကဲ့သို့ အပြေးနှင်ချိန်တွင် သူတို့၏လက်များကို ကြီးမားသော အိတ်ကြီးများထဲသို့ ထိုးထည့်လိုက်ကြသည်။

ဝှစ်ကနဲမြည်သံနှင့်အတူ အလင်းရောင်တစ်ချက် လက်သွားပြီး အဖြူရောင် အမှုန့်တိမ်စိုင်များက လေထဲသို့ လွင့်ထွက်သွားသည်။ ထို့နောက် လေပြင်း၏ သယ်ဆောင်မှုဖြင့် အဖြူရောင်မြူထုတစ်ခုက ဖြစ်ပေါ်လာကာ တိဗက်များကို လွှမ်းခြုံသွားသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်း လေပြင်းက အပြေးနှင်လာသည့် ထိုနွားသိုးများကို လွှမ်းခြုံလျှက် ဆက်လက်ပြီး ပြန့်ကားသွားသည်။ စက္ကန့်အနည်းငယ်ထဲနှင့် ထိုအဖြူရောင် မြူထုများက ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုသို့ဖြင့် ဖုမာန်လင်းချာ၏ မျက်နှာများကိုပင် ကွယ်သွားတော့သည်။

ဘုန်း

ရဲရင့်ကာ ပြတ်သားသည့် ပါးစပ်အပြည့်မှုတ်လိုက်သည့် ခရာမှုတ်သံများက ပေါ်လာပြန်သည်။ မြင်းတောင်ပေါင်းများစွာ၏ အော်ဟစ်သံများက မြူထုထဲမှစတင်ကာ ထွက်ပေါ်လာသည်။ မြေကမာ္ဘက တုန်ဟီးသွားချိန်တွင် သာ့ယန်မာန်ပန့်၏ စစ်တပ်က စတင်ကာ လှုပ်ရှားသည်။ အစပိုင်းတွင် အနည်းငယ်သာ တုန်ခါနေရာမှ တဖြည်းဖြည်းချင်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် တုန်ခါသွားသည်။ တိဗက်မြင်းတပ်ကြီးက ချီတက်လာသည်နှင့်တူသည်။

ဝုန်း

ဖုမာန်လင်းချာကပင် မျက်လုံးပြူးသွားသည်။ သူ၏မျက်နှာကလည်း ဖြူဖျော့သွားသည်။

ရှေ့ပြေးတပ်အနေနှင့် လွှတ်ထားသော နွားသိုးများက စတင်ပြီး အဖြူရောင်မြူထုက လွှမ်းခြုံသွားပြီး နောက်မှ အနီးကပ် ကပ်ပါလာသည့် စစ်တပ်က သာ့ယန်မာန်ပန့်၏ စစ်တပ်ဖြစ်သည်။ ထိုသို့ဖြင့် သာ့ယန်မာန်ပန့်၏ စစ်တပ်က တစ်သုတ်ပြီးတစ်သုတ် ရောက်လာတော့မည်ဖြစ်သည်။ ထိုတိုက်ကွက်များက ဒေါသတကြီးဖြစ်နေသော မုန်တိုင်းနှင့်တူသည်။ တစ်လှိုင်းထဲနှင့် ဝမ်ချောင်ကို ခွဲချေမွနိုင်ရန် လုံလောက်နေသည်။ သူ၏ဝူရှန်းမြင်းတပ် ငါးထောင်နှင့် အလုပ်သမား ရှစ်ထောင်ကျော်ကလည်း ဖုန်ဖြစ်ရတော့ပေမည်။

ဖုမာန်လင်းချာက ခေါင်းလှည့်ကြည့်ပြီး ခက်ထန်စွာ အမိန့်ထုတ်သည်။

“ဟယ်ပါးယဲ့ကို စစ်သည်တော်တွေကို ကိုင်တွယ်ထားဖို့ အမိန့်ထုတ်ထားလိုက်။ ငါတို့ အချိန်မရွေး တိုက်ပွဲနယ်မြေထဲကို ဝင်ရမယ်”

“ဟုတ်ကဲ့အရှင်”

မြင်းစီးသမားတစ်ယောက်က ထွက်ခွာသွားသည်။ သာ့ယန်မာန်ပန့်က သူ၏စစ်တပ်တစ်ခုလုံးကို ဝမ်ချောင်ကို အဖြစ်ဖြတ်သုတ်သင်ရန် မြုပ်နှံထားသည်။ သူ၏ဝင်္ကပါက ကစဉ့်ကလျား ဖြစ်သွားသည်နှင့် ချီရှီကာကွယ်ရေးစစ်တပ်က တိုက်ပွဲထဲသို့ ပြောင်မြောက်စွာ ဝင်နိုင်မည့် အခွင့်အရေးက ရှိပေလိမ့်မည်။

...

“အရှင်အမတ်”

အဝေးတစ်နေရာတွင်...

လေထဲတွင် မသက်မသာဖြစ်နေသော လေထုအရှိန်အဝါများက ဖုံးလွှမ်းနေပြီး လူတိုင်းက ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကို စောင့်နေကြသည်။

ခရာမှုတ်သံများနှင့် နွားသိုးများ၏ ချီတက်သံက ကျယ်လောင်နေသည်။ ထို့ပြင် နီးကပ်သထက် နီးကပ်လာလေရာ သူတို့စကားပြောရန် ခက်ခဲသွားသည်။ ထို့ပြင် အဖြူရောင်အမှုန့်များက လျှင်မြန်စွာ ပြန့်လာလေရာ သူ၏ခံတပ်အပေါ်ပင် သက်ရောက်မှုရှိလာသည်။ ထိုမြူထုက ထူထည်းလွန်းသဖြင့် ရွှီခဲ့ယွီနှင့် ချန်းစန်းယွမ်တို့၏ အဆင့်ကပင် သူတို့ရှေ့က ဆယ်မီတာဝန်းကျင်လောက်ကလွဲပြီး မမြင်နိုင်တော့ချေ။

နွားသိုးများ၊ အဖြူရောင်အမှုန့်များနှင့် တိဗက်မြင်းတပ် သောင်းကျော်က လိုက်ပါလာလေရာ ဝူရှန်းမြင်းတပ်က အလွန်အန္တရာယ်များသော အနေအထားသို့ ရောက်သွားသည်။

ဝမ်ချောင်က ဘာစကားမှမဆိုချေ။ သာ့ယန်မာန်ပန့်က ဒုက္ခများလွန်းပြီး သူမျှော်လင့်ထားသည်ထက် ကြောက်စရာကောင်းသေးသည်။ သာ့ယန်မာန်ပန့်က ရူးသွပ်သည်ဟု ထင်ရသော်လည်း သူ၏ လုပ်ဆောင်မှုများက တွက်ချက်ထားပြီးသားဖြစ်သည်။ သူက နွားသိုးများကို ဦးစွာသုံးပြီး ဝမ်ချောင်၏ မြှားပုံးများကိုသုံးရန် စီစဉ်ထားခြင်းဖြစ်သည်။

ထိုအရာသာမကသေးလေဘဲ သူက လေလွင့်ရာဘက်ကိုပင် ဦးတည်ပြီး အဖြူရောင်အမှုန့်များကို ထုတ်ဖော်ကာ မြူအဖြစ်ပြောင်းကာ တိုက်ပွဲနယ်မြေကို လွှမ်းခြုံခိုင်းခဲ့သည်။ ထိုအဖြူရောင်မြူက ဝမ်ချောင်၏ ဝင်္ကပါက အင်အားပြရန် ခက်ခဲသွားစေမည်ဖြစ်သည်။ ထို့ကြောင့် ပစ်မှတ်မရှိတော့သည့် မြင်းတပ်က ခေါင်းဖြတ်ခံလိုက်ရသည့် ကြက်ပေါက်များလို အင်အားအများကြီး လျော့ကျသွားပေလိမ့်မည်။

ပို၍အရေးကြီးသည်မှာ တိဗက်စစ်တပ်က နွားသိုးများ၏အနောက်တွင် ကပ်ပါလာသည်။ သူတို့၏ ရူးသွပ်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းက ရှိနေသေးသည်။ ဝမ်ချောင်ကသာ သူတို့ကို သတ်ချင်လျှင် သံမဏိမြို့ထဲမှထွက်ရန် လိုအပ်ပေသည်။ သို့သော် ထိုအခါ သူက နွားသိုးများနှင့် ထိပ်တိုက် ရင်ဆိုင်ရပေလိမ့်မည်။

ထိုသို့သော အခြေအနေမျိုးတွင် ဝမ်ချောင်၏မြင်းတပ်က သာ့ယန်မာန်ပန့်နှင့် မတိုက်ခိုက်နိုင်ခင် နှစ်ခြမ်းကွဲသွားပေလိမ့်မည်။

သာ့ယန်မာန်ပန့်ကသူ့ကို အလွန်ခက်ခဲသောပြဿနာ ပေးလိုက်ခြင်းဖြစ်သည်။

ဝမ်ချောင်က ဘာစကားမှ မပြောသေးချေ။ သူက လူတိုင်း၏အသံကိုကြားသည်။ လူတိုင်း၏ မသက်မသာ ဖြစ်မှုကိုလည်းသိသည်။ သို့သော် ဝမ်ချောင်က တည်ငြိမ်ကာ ခံစားချက်မဲ့နေသည်။ အချိန်က အရေးကြီးလေလေ သူက တည်ငြိမ်လေလေဖြစ်သည်။

သာ့ယန်မာန်ပန့်က မည်သို့သော ဗျူဟာကို သုံးချင်စေကာမူ၊ မည်သို့သော လှည့်ကွက်မျိုးကို ထုတ်ပြနေစေကာမူ ဝမ်ချောင်က အရှုံးပေးလိမ့်မည်မဟုတ်ချေ။

ဝုန်း

မြေကမာ္ဘ၏ တုန်ခါသံက ပြင်းသထက်ပြင်းလာပြီး အော်ဟစ်မတက် ကျယ်လောင်သော ခွာသံများက သူ၏ရင်ဘက်ကို ကဆုန်ပေါက်နေသလို ဖြစ်လာသည်။ ကျန်းတစ်ရာ၊ ကျန်းရှစ်ဆယ်၊ ကျန်းခြောက်ဆယ်... နွားသိုးထောင်ကျော်က နီးသထက်နီးလာသည်။ ဝမ်ချောင်ကပင် ထိုနွားသိုးများထံမှ ထူးခြားသည့်အနံ့ကို ရလိုက်သည်။

လေထုအခြေအနေက တင်းကြပ်သထက် တင်းကြပ်လာသည်။

ရုတ်တရက် ဝမ်ချောင်၏ နှာခေါင်းကလှုပ်သွားပြီး ခေါင်းမော့ကာ မြူထု၏အထက် လေထဲသို့ ကြည့်လိုက်သည်။ သူ၏စိတ်ထဲတွင် ထူးဆန်းသည့်ခံစားချက်က ရလာသည်။

“ဒီအနံ့က ဂျုံ့မှုန့်အနံ့လိုပဲ”

နောက်ဆုံးတခဏတွင် ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားပြီး စတင်ကာ ပြောသည်။

ဉာဏ်ကောင်းလွန်းသည့်အချက်က ကိုယ်ပိုင်ကောင်းကျိုး ရရှိစေနိုင်သည်။ သူ့ကို ရင်ဆိုင်ရန်အတွက် သာ့ယန်မာန်ပန့်က နွားသိုးများနှင့် အဖြူရောင်အမှုန့်များကို သုံးခဲ့သည်။ သို့သော် သူ့ကို ရင်ဆိုင်ရန် အကောင်းဆုံးနည်းလမ်းက ထုံးကျောက်ကိုသုံးခြင်းဖြစ်သည်။

ကံဆိုးသည်မှာ တိဗက်များတွင် ထုံးကျောက်များ အများကြီးမရှိချေ။ ထို့ကြောင့် သာ့ယန်မာန်ပန့် အနေဖြင့် အစားထိုး ဂျုံမှုန့်ကိုသာ သုံးထားခြင်းဖြစ်သည်။ တိဗက်များက သက်ရှိရိက္ခာ အမြောက်အများကို မွေးမြူထားပြီး နေထိုင်ရန်အတွက် အပင်အမြောက်အများ စိုက်ပျိုးထားသည်။ မုရောစပါးပင်များက သူတို့၏ ခြေနင်းကောက်ပဲသီးနှံများကဲ့သို့ဖြစ်သည်။ ထို့ကြောင့် အပေါဆုံးဖြစ်နေလေရာ ထုံးကျောက် အစားထိုးနိုင်သည့် ပစ္စည်းဖြစ်သွားသည်။

ထိုအကြံက မည်သည့်အရာမှ မှားမနေခဲ့ချေ။ သို့သော် သာ့ယန်မာန်ပန့်က ဝမ်ချောင်နှင့် လာတိုးခြင်းဖြစ်သည်။

“လီစစ်ယဲ့ စစ်တပ်တစ်ခုလုံးကို မြင်းပေါ်ကဆင်းခိုင်းလိုက်။ သူတို့ အချက်ပြသံကို ကြားတဲ့အခါ အမျိုးသားတိုင်းရဲ့ မြင်းတိုင်းက ချက်ချင်း တန်းဆင်းသင့်တယ်”

ဝမ်ချောင်က ရုတ်တရက်ပြောသည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။

အခန်း(၇၇၅)

“အာ”

ပတ်ဝန်းကျင်ရှိ လူများက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ ရန်သူနွားသိုးတပ်များက ချီတက်လာသည်။ အနောက်တွင် စစ်တပ်ကလည်း ကပ်ပါလာသေးသည်။ ထိုသို့သော အခြေအနေတွင် မြေပြင်သို့ ဆင်းလိုက်သည့်အခါ အနင်းချေခံရန် စောင့်နေသလို ဖြစ်သွားပေလိမ့်မည်။

“ဒါပေမဲ့ အရှင်အမတ် သာ့ယန်မာန်ပန့်ကပါ လာနေပါပြီ”

စုရွှတ်ရွှမ်းက စိုးရိမ်တကြီးပြောသည်။ အခြားသောလူများက ဘာမှမပြောကြသော်လည်း သူတို့၏ မျက်ဝန်းထဲတွင် စိုးရိမ်မှုများရှိနေသည်။ ထိုအရာရှိများက ဝမ်ချောင်ကို အလွန်ယုံကြည်ခဲ့သည်။

တိဗက်များ၏ လုပ်ကြံသတ်ဖြတ်မှုက နွားသိုးများသီးသန့်မဟုတ်ချေ။ အချိန်တခဏအတွင်း တိဗက်စစ်တပ်၏ အော်ဟစ်သံကိုပင် သူတို့ ကြားနေရပြီဖြစ်သည်။

သူတို့ကလည်း ဒီလိုအခြေအနေမျိုးတွင် သူတို့က မြေပြင်တွင်လှဲပြီး သံမဏိမြို့အနောက်တွင်ပုန်းကာ နွားသိုးများချီတက်မှုကို တောင့်ခံနိုင်လောက်သော်လည်း တိဗက်မြင်းတပ်ကို မရှောင်ရှားနိုင်ချေ။

မြင်းတပ်တစ်ခုအနေနနှင့် မြင်းပေါ်မှ မြေပြင်ပေါ်သို့ ဆင်းလိုက်သည့် တခဏက ကိုယ့်ကိုယ်ကို သတ်သေသလို အလွန်အရေးကြီးလေသည်။

ထို့ပြင်ဒီကိစ္စက ဝူရှန်းမြင်းတပ်ငါးထောင်၏ သေခြင်းရှင်ခြင်းလောက် မရိုးရှင်းချေ။ သူတို့က ရှုံးသွားသည်နှင့် အနောက်ခံတပ်ထဲတွင်ရှိနေသည့် လက်မှုပညာသည် ရှစ်ထောင်ကျော်ကလည်း အဆုံးသတ်သွားမည်ဖြစ်သည်။

“ဒါပေမဲ့ဆိုတာမရှိဘူး ငါပြောတဲ့အတိုင်းလုပ်”

ဝမ်ချောင်က ခပ်တင်းတင်း အမိန့်ထုတ်သည်။ သူ၏မျက်လုံးကမူ ရှေ့သို့သာကြည့်နေသည်။

“ဟုတ်ကဲ့”

စုရွှတ်ရွှမ်းကမူ အံ့ကိုကြိတ်လိုက်ပြီးနောက် အမိန့်ကိုထုတ်သည်။ သူက ဝမ်ချောင်၏ အမိန့်က မသင့်လျော်ကြောင်း ခံစားမိနေသည့်တိုင်အောင် ဝမ်ချောင်က သေချာနေကတည်းက စုရွှတ်ရွှမ်းက ငြင်းစရာမရှိတော့ချေ။

ကျန်းငါးဆယ်၊ ကျန်းလေးဆယ်၊ ကျန်းသုံးဆယ်၊ ကျန်းနှစ်ဆယ်...

လူတိုင်း၏နှလုံးသားကို ကြိုးများလာဆွဲနေသလို တင်းကြပ်ကုန်ကြသည်။ ထူထပ်သိပ်သည်းသော မြူထုကို ကျော်ဖြတ်ပြီး နွားသိုးများ၏ နှာမှုတ်ပုံများကိုပင် မြင်နိုင်နေကြလေပြီ။ ထို့အပြင် သူတို့၏ ခေါင်းလောင်းတမျှကြီးသော ကြေးနီရောင် မျက်လုံးကြီးများက ရူးသွပ်မှုဖြင့် ပြည့်နှက်နေကြသည်။ သူတို့၏ ကြီးမားသော ခန္ဓာကိုယ်ကြီးများနှင့် ဘို့များပါသည့် ကျောကုန်းများက အသေးစား တောင်ထောင်ကျော် လိမ့်လာသလို ဖြစ်နေသည်။

ဝူး

နွားသိုးများက မြေကမာ္ဘကို ကြီးမားသောရေလှိုင်းက လွှမ်းလာသလို အော်ဟစ်သည်။ သူတို့က အနောက်မှ ကပ်ပါလာသည့် တိဗက်မြင်းတပ်ထောင်ကျော်၏ အော်ဟစ်သံထက်ပင် ကြောက်စရာကောင်းနေသည်။

“အားလုံးပဲ ငါ့အမိန့်ကိုနားထောင်ကြ။ နွားသိုးအုပ်နောက်လိုက်ပြီး တောင်စစ်တပ်အတွက် ကလဲ့စားချေဖို့ ထန်တွေကိုသတ်ကြမယ်”

“တောင်ပေါ်ဒေသမှာ ခံတပ်ဆောက်ရဲတဲ့ ဘယ်ကောင်မဆို ကိုယ့်အုတ်ဂူကို တူးတာပဲ။ အားလုံးပဲ ငါ့နောက်လိုက်ခဲ့ကြ”

“ဗိုလ်ချုပ်က ဝမ်ချောင်ကို သတ်နိုင်တဲ့ လူတိုင်းကို ဗိုလ်ချုပ်ရာထူးချီးမြှင့်မယ်။ မဟာနှင်းတောင်တန်းရဲ့ အဆင့်မြင့်သိုင်းတစ်ခုလည်း ချီးမြှင့်မယ်လို့ ပြောတယ်”

“ဘယ်ထန်မှမလွတ်စေရဘူး ရှေ့တက်”

တိဗက်မြင်းတပ် ထောင်ကျော်က သူတို့၏ ဓားမောက်ရှည်များကိုထုတ်ပြီး အော်ဟစ်ကြသည်။ အဖြူရောင်မြူထုကလည်း သူတို့အပေါ် သက်ရောက်မှုရှိသော်လည်း တိဗက်တိုင်းက စစ်တပ်ဝင်္ကပါအတိုင်း ချီတက်ရန်သာ လိုအပ်သည်။ သူတို့၏ပါးစပ်၊ သူတို့၏နှာခေါင်းများကို အဝတ်များဖြင့်အုပ်ထားပြီး နောက်မှကပ်လိုက်လာကြခြင်းဖြစ်သည်။ သူတို့၏ ဗိုလ်ချုပ်ကို စော်ကားရဲသည့်အတွက် တစ်ခုတည်းသော သူတို့ကို စောင့်နေသည့် ကံကြမ္မာက သေဆုံးခြင်းဖြစ်သည်။

“ကောင်စုတ်လေး မင်းက မြို့ရိုးအနောက်မှာ နေနေတာနဲ့ လုံခြုံနေပြီလို့ ထင်နေတာလား။ အရာအားလုံးက တန်ကြေးအရပဲ။ တစ်ကြိမ်ကြိမ်မှာတော့ ငါ့ကိုရန်စပြီး ယွီစန်းကို စိန်ခေါ်ရဲတဲ့လူရဲ့ ကံကြမ္မာကို လူတိုင်းသိရအောင် လုပ်ပေးမယ်”

စစ်တပ်အလယ်နေရာတွင် ရှိနေသည့် သာ့ယန်မာန်ပန့်က သူ၏နတ်မြင်းကိုစီးထားသည်။ သူ၏မျက်ဝန်းက ဒေါသများဖြင့် တောက်လောင်နေပြီး ရူးသွပ်သော အလင်းများကို လွှတ်ထုတ်နေသည်။ ဝမ်ချောင်က မည်သို့ တုန့်ပြန်နေစေကာမူ အဆုံးတွင် သေခြင်းတရားမှ လွှတ်မြောက်နိုင်မည်မဟုတ်ချေ။

သူကိုယ်တိုင်ကလည်း ဝမ်ချောင် ခေါင်းဖြတ်ခံရမည့်ကိစ္စကို တွေးကြည့်မိသည်။ သူ၏ခေါင်းက လှံဖြင့်အစိုက်ခံထားရပြီး တိဗက်အစွန်းတစ်နေရာနားတွင် ပြသထားမည်ဖြစ်သည်။ ဒီနည်းအားဖြင့် မဟာထန်တိုင်းကို သတိပေးနိုင်သည်။

“စစ်သည်တော်တို့ ငါ့ရဲ့အမိန့်ကို နားထောင်ကြ။ အရှိန်မြှင့်ပြီး ချီတက်ကြစမ်း။ အင်အားကုန် စိုက်ထုတ်ထားကြ”

သာ့ယန်မာန်ပန့်ကအော်သည်။ စစ်တပ်က ချီတက်နေတုန်း အရှိန်ကို မြှင့်လိုက်ကြသည်။ ထိုသို့ဖြင့် မြေပေါ်ကို မိုးကြိုးများပစ်ချလိုက်သလို တဝုန်းဝုန်းဖြစ်သွားသည်။

ဝုန်း

မြေကမာ္ဘကပင် တုန်ခါသံ ပြင်းထန်လာပြီး တိဗက်ပေါ်တွင် ယမ်းခါနေသည့် မြင်းများက တဆတ်ဆတ် တုန်ခါသွားသည်။ စစ်တပ်က နီးလာသည်နှင့် လေထုက တင်းကြပ်လာသည်။ တစ်ဆယ်ကျန်း၊ ရှစ်ကျန်း၊ ခြောက်ကျန်း၊ လေးကျန်း...

ဝုန်း

နောက်ဆုံးတွင် တဝူးဝူးအော်နေသည့် ထိုနွားသိုးများက သံမဏိမြို့၏ ကြားနေရာသို့ ချီတက်ကြသည်။ ထိုသို့ဖြင့် ထိုနေရာရှိ လေထုအခြေအနေက အလွန်တင်းကြပ်သွားသည်။ အချိန်ကပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။

“ဆင်းတော့”

ကောင်းကင်ကို ထိုးခွဲသွားသည့် စူးရှသည့် အော်သံက ဖြတ်တောက်လိုက်သည်။ ထိုတခဏတွင် ထန်မှ နောက်တန်းတွင်ရှိသည့် စစ်သည်တိုင်းက လေးကြိုးကိုဆွဲလိုက်ကြသည်။ ရှည်လျားသော မြှားတစ်ချောင်းက မိုးကြိုးပစ်ချလိုက်သလိုမျိုး သံမဏိခံတပ်ထဲမှ ထွက်ခွာသွားပြီး တိဗက်မြင်းတပ်၏ အလယ်တစ်နေရာသို့ တိုက်ရိုက်ဦးတည်သွားသည်။ မြှားထိပ်တွင် တောက်လောင်နေသည့် သေးငယ်သော မီးတောက်က အလွန်အမင်း ထင်ရှားသည်။

ဘုန်း

အဖြစ်အပျက်က တစ်စက္ကန့်အတွင်း ဖြတ်ပြေးသွားပြီးသည်နှင့် အဆုံးမသတ်နိုင်အောင် များပြားသည့် မြှားများက ထွက်ပေါ်လာသည်။ ထို့နောက် ကောင်းကင်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံကြီးက ဟိန်းထွက်သွားသည်။ မရေမတွက်နိုင်အောင် များပြားသော မျက်ရည်ဝဲနေကြသည့် မျက်လုံးပေါင်းများစွာ၏ မျက်မြင်သက်သေအောက်တွင် သွေးနီရောင် မီးလုံးကြီး တစ်လုံးဖြစ်သည့် နေမင်းတစ်ခုအလား တောက်ပလွန်းသော ထိုအလုံးကြီးက လေထဲတွင် ကြီးသထက်ကြီးသွားသည်။

အချက်ပြမှုစတင်လိုက်သည့်အလား စစ်ပွဲနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် အဖြူရောင်မြူထုကလည်း စတင်ကာ ပေါက်ကွဲထွက်သွားပြီး အလွန်ကြီးမားသည့် အသံအားလှိုင်းက အခြားသော ဆူညံသံတိုင်းကို ဖိနှိပ်လိုက်သည်။ ထိုသို့ဖြင့် တဝူးဝူးအော်သံများ၊ စစ်တပ်၏ အော်ဟစ်သံများနှင့် မြင်းခွာသံများအားလုံးကပင် ပျောက်ကွယ်သွားသည်။

ထိုပေါက်ကွဲသံ၏အောက်တွင် အသံအားလုံးက မတည်ရှိတော့သလို ဖြစ်သွားသည်မှာ ဆင်တစ်ကောင်က အော်နေသော်လည်း မိုးခြိမ်းသံအောက် ပျောက်ကွယ်သွားသလို ဖြစ်နေသည်။

ကြောက်မက်ဖွယ်ကောင်းသည့် ပေါက်ကွဲမှုက ပြင်းထန်ကြမ်းတမ်းလွန်းသည့် တုန်ခါမှုကြီးကို ဖြစ်သွားစေပြီး ရူးသွပ်စွာ ချီတက်လာသည့် နွားသိုးများကပင် အလန့်တကြား အော်ဟစ်ကြပြီး အလေးချိန်မရှိသည့် ပေါင်းပင်များလို လေထဲသို့ မြောက်တက်ကုန်ကြသည်။ ရုတ်တရက်ဖြစ်သွားသည့် အပြောင်းအလဲက နောက်မှကပ်လိုက်လာသည့် တိဗက်မြင်းတပ်ကိုလည်း အံ့အားသင့်သွားစေခဲ့သည်။

“အား”

ထို့နောက် တိဗက်များနှင့် သူတို့၏တောင်ပေါ်မြင်းများက ပေါက်ကွဲသံကြောင့် တဖန်လွင့်ထွက်သွားကာ အလန့်တကြား အော်ဟစ်သံများက ပြည့်နှက်သွားပြန်သည်။

အချို့သောလူများက လေထဲသို့ လွင့်ထွက်သွားသည်။ ထိုသို့ဖြင့် ဆက်တိုက်ထွက်လာသော ပေါက်ကွဲသံများက သူတို့၏ကိုယ်များကို ထိမှန်သွားသည်။ အခြားသောလူများကမူ မြက်ခင်းပြင်ပေါ်တွင် လဲကျသွားသည်။ သူတို့က အပေါ်ယံတွင် အဆင်ပြေသည်ဟု ထင်ရသော်လည်း သူတို့၏ ကိုယ်တွင်းအင်္ဂါများက သက်ရောက်မှုအားကြောင့် အက်ကွဲကုန်သည်။ သူတို့၏အပေါက်တိုင်းက သွေးစိမ်းရှင်ရှင်ထွက်နေပြီး နေရာတွင်ပင် သေဆုံးသွားကြသည်။

ပို၍ဆိုးသည်မှာ ပေါက်ကွဲမှုက ကြီးမားသည့် မီးတောက်ကြီးကို ဖြစ်ပွားစေခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် တိုက်ပွဲနယ်မြေတစ်ခုလုံး ဝမ်ချောင်၏ သံမဏိခံတပ်နောက်ပိုင်း အပါအဝင် နေရာတိုင်းက မီးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားသည်။ တိုက်ပွဲနယ်မြေ၏ လေထဲတွင်ပင် မီးညွန့်များက တမြေ့မြေ့ တောက်လောင်နေပြီး လေထဲသို့ ရောက်သွားသည့် တိဗက်မြင်းတပ်များ၏ ခန္ဓာကိုယ်များကပါ လောင်ကျွမ်းခံရသည်။

တိဗက်မြင်းတပ်က တုန့်ပြန်ရန် အချိန်မရှိသေးခင် သူတို့၏မြင်းများက သေဆုံးသွားကြပြီဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

ပေါက်ကွဲသံက တစ်ကြိမ်ပြီးတစ်ကြိမ် ဆက်လာသည်။ တိုက်ပွဲနယ်မြေ တစ်ခုလုံးက အော်ဟစ်သံများ မြင်းဟီသံများ တဝူးဝူးသံများဖြင့် ပြည့်နှက်သွားပြန်သည်။

...

“မဖြစ်နိုင်ဘူး ဘယ်လိုဖြစ်ပြီး ဒီလိုအခြေအနေက ရှိနေတာလဲ”

အဝေးမှ အရာအားလုံးကို တွေ့လိုက်ရသည့် ဖုမာန်လင်းချာ၏ကိုယ်က တဆတ်ဆတ် တုန်ခါသွားသည်။ သူကိုယ်တိုင်ကပင် စွံ့အသွားသည်။ မဟာထန် အင်ပါယာမှ လက်ရွေးစင် မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး ဖုဗိုလ်ချုပ်ကြီးများကို ဦးဆောင်ကာ အမိန့်ပေးနေသော ဖုမာန်လင်းချာအနေဖြင့် တစ်ဘဝလုံး တိုက်ပွဲနယ်မြေတွင် ရှိခဲ့ပြီး အမျိုးမျိုးသော ဗျူဟာများကို အတွေ့အကြုံရှိခဲ့သည်။

သို့သော် ဖုမာန်လင်းချာကပင် ထိုသို့သော အခြေအနေမျိုးကို မကြုံဖူးသေးချေ။

သူကလည်း ဟယ်ပါးယဲ့ကို စစ်တပ်ကိုပဲ အသင့်ပြင်ခိုင်းထားပြီး တိုက်ပွဲနယ်မြေ အစွန်နားတွင် ရပ်ခိုင်းထားပြီးသားဖြစ်သည်။ အမိန့်တစ်ခုတည်းနှင့် သူကဒီကစဉ့်ကလျားဖြစ်နေသော သာ့ယန်မာန်ပန့်၏ စစ်တပ်ကို ဝင်စီးကာ အခြေအနေကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ သို့သော် ယခုလို အခြေအနေ ပြောင်းလဲသွားမည်ဟု မထင်ထားမိချေ။

မြှားအနည်းငယ်ထဲနှင့် ဝမ်ချောင်က ကြီးမားသော ပေါက်ကွဲသံကြီးများကို ထုတ်ဖော်လိုက်ပြီး မီးပင်လယ်ကြီး ဖြစ်သွားစေခဲ့သည်။ ထို့နောက် ထိုမီးပင်လယ်ကို သူကိုယ်တိုင်ကပင် မြင်နေရခြင်းဖြစ်သည်။ ဖုမာန်လင်းချာက တိုက်ပွဲနယ်မြေနှင့် အလွန်ဝေးသော်လည်း တောက်လောင်နေသည့် မီးတောက်အပူဒဏ်ကိုပင် ခံစားရသေးသည်။ ကြီးမားသော မီးလုံးကြီးများက ဆက်တိုက်မြောက်တက်နေသည်။ ဖုမာန်လင်းချာကလည်း အတွေးများသွားသည်။ သူကိုယ်တိုင်ကပင် အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

ထိုမြင်ကွင်းက သာမာန်ဖြစ်နိုင်ချေ အခြေအနေတိုင်းကို ကျော်လွန်သွားပြီး တစ်လောကလုံးက သိထားသည့် ဗဟုသုတများကိုပင် ကျော်ထွက်သွားသည်။ ဖုမာန်လင်းချာကဲ့သို့ တော်ဝင်မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သူကပင် ဖြစ်စဉ်တစ်ခုလုံးကို မျက်မြင်တွေ့ကြုံခဲ့သည့်တိုင်အောင် ဘာဖြစ်သွားမှန်း မသိသေးချေ။ တော်ဝင်မဟာဗိုလ်ချုပ်ကြီးကပင် ထိုအခြေအနေကို နားမလည်နိုင်ချေ။

“သတ်”

ဖုမာန်လင်းချာက အတွေးပျောက်နေချိန်တွင် ကောင်းကင်တစ်ခုလုံး ခက်ထန်ကြမ်းတမ်းသည့် အော်ဟစ်သံများက ပြည့်နှက်သွားပြီး တောင်ပေါ်ဒေသတစ်ခုလုံး တုန်ခါသွားသည်။ ပေါက်ကွဲမှုအားလှိုင်းများပြီးနောက် ဝမ်ချောင်က နောက်ဆုံး သူ၏ဝူရှန်းမြင်းတပ်ကို ဦးဆောင်ကာ ချီတက်သွားသည်။ သူ၏စစ်မြင်းက ဟီသံနှင့် သူ၏ဝတ်ရုံက လေထဲတွင် လွင့်နေချိန်တွင် ဝမ်ချောင်က ပထမဦးဆုံး ငွေဖြူရောင်မြို့ရိုး၏ အကာအကွယ်ကို ကျော်ထွက်လိုက်သည်။

သူ၏အနောက်မှ ဝူရှန်းမြင်းတပ်တိုင်းက မြင်းပေါ်ပြန်တက်ကြပြီး ဝင်္ကပါထဲတွင် နေရာယူထားပြီးသားဖြစ်သည်။ ဝမ်ချောင်၏အနောက်မှလိုက်ကာ သူတို့အားလုံးက လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ချီတက်ကြသည်။ ဝမ်ချောင်နှင့် သူ၏အင်အားစုက ပေါက်ကွဲမှုဖြစ်ရာ နေရာအတွင်းသို့ ဝင်ရောက်သွားသော်လည်း ဝမ်ချောင်က အားလုံးကို ယခင်က မြင်းပေါ်မှ ဆင်းခိုင်းခဲ့ပြီး သံမဏိမြို့ရိုးကိုသုံးကာ ခုခံခိုင်းထားခဲ့သောကြောင့် အားလုံး၏ဒဏ်ရာက ပေါ့သည်။ ဒဏ်ရာမရှိသလောက်ပင် နည်းပါးသေးသည်။

ထိုထဲမှ သံမဏိမြို့ရိုးအတွက်ကမူ ခြောက်ကျန်းလောက် မြင့်နေသော မြို့ရိုးနံရံက ဖုန်မှုန့်အနည်းငယ်လောက်၏ ဒဏ်ကိုသာ ခံစားရလေရာ အတွင်းရှိ လက်မှုပညာသည်များက ကပ်ဘေးမှ အောင်မြင်စွာ လွတ်သွားခဲ့ကြသည်။

“တပ်ဖွဲ့တွေအားလုံးချီတက်”

ဝမ်ချောင်က သူ၏ဓားကိုထုတ်ပြီးအော်သည်။ သံမဏိကဲ့သို့ အေးစက်ကာ ခိုင်မာသော အော်သံက ကောင်းကင်ထိတိုင် ဟိန်းထွက်သွားသည်။

ဝုန်း

ဝူရှန်းမြင်းတပ် ငါးထောင်က ချီတက်ချိန်တွင် မြေကမာ္ဘက တသိမ့်သိမ့် တုန်သည်။ ထိုသို့ဖြင့် အနောက်တောင်ပိုင်းမှ ပါလာခဲ့သည့် လက်ရွေးစင် လူဟောင်းစစ်သည် နှစ်ထောင်ကျော်၏ အနောက်ဘက်မှ အားဖြည့်ပေးမှုတို့က ထိုနေရာတစ်ခုလုံးကို သတ်ဖြတ်လိုစိတ်များ ပြင်းထန်သွားစေသည်။ ထိုအချိန်တွင် ပေါက်ကွဲမှုက ရပ်တန့်သွားပြီး မီးပင်လယ်ကလည်း ပျောက်ကွယ်သွားသည်။ လေထုထဲတွင်လည်း ဖုန်မှုန့်များက ရှိရုံလောက်သာ ကျန်တော့သည်။ မြူထုကပင် မတည်ရှိတော့သည့်အတွက် လူတိုင်းက အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

သံမဏိမြို့ရိုးနှင့် ကျန်းတစ်ထောင်နီးပါးခန့် အကွာတွင် ဝမ်ချောင်က ရှိနေသည်။ မြေပြင်တွင် အလောင်းများ ပုံနေသည်။ ထိုအလောင်းတိုင်းက နွားသိုးများ၏ အလောင်းများဖြစ်ပြီး မြေပြင်တွင် အစီအရီ ထပ်နေသည်။ ကြီးမားသော ပေါက်ကွဲမှုနှင့် မီးပင်လယ်ကြောင့် သူတို့၏ ထူထည်းသိပ်သည်းသော အမွှေးများကပင် သေစေသော ပြစ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

သေဆုံးသွားသည့် ထိုနွားသိုးများက ပြောင်ရှင်းနေပြီး အမွှေးတိုင်းကုန်ဆုံးသွားပြီဖြစ်သည်။ သူတို့အားလုံးက ပေါက်ကွဲမှုမှ အကြီးဆုံး သက်ရောက်မှုကို ခံခဲ့ရသူဖြစ်သည်။ နွားသိုးများ၏ အနောက်မှ မရေမတွက်နိုင်သော တိဗက်များ၏ အလောင်းများရှိသည်။ ရဲရင့်ပြတ်သားသော တောင်ပေါ်ဒေသမှ စစ်သည်တော်များက တောင်ပေါ်မြင်းများကို စီးလာကြသည်။ သူတို့အားလုံးက အလွန်မြင့်သည့် နေရာမျိုးတွင် ရပ်နေပြီးသားဖြစ်သည့်အလျောက် ပေါက်ကွဲမှုအားလှိုင်းကို ခံရပြီး အခြေအနေ ဆိုးရွားသွားခြင်းဖြစ်သည်။

ထို့ပြင် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုအားကလည်း ပို၍ပင် ပြင်းထန်သေးသည်။ လက်ရှိအချိန်အထိ မည်သည့်တိဗက်ကမျှ ဘာဖြစ်နေမှန်း မသိကြသေးချေ။ ပေါက်ကွဲမှုက ကျန်ရစ်ခဲ့သည့် တုန်လှုပ်မှုကြောင့်သာ ထိတ်လန့်တကြား ဖြစ်နေကြခြင်ဖြစ်သည်။

တိဗက်များက မည်သို့ တွေးနေစေကာမူ ဝမ်ချောင်၏ အကြံကမူ အောင်မြင်သွားသည်။ ဝူရှန်းမြင်းတပ် ငါးထောင်နှင့် အနောက်တောင်ပိုင်း၏ စစ်ပွဲမှပါလာသော လူပေါင်းတစ်ထောင်ကျော်က မြှားဝင်္ကပါအဖြစ် ပြောင်းလဲလိုက်ပြီး အားအင်တက်ကြွစွာဖြင့် သံမဏိမြို့ရိုး၏အနောက်မှ ထွက်လာကြပြီဖြစ်သည်။

ဝှစ်

ထိုသို့ဖြင့် ထက်ရှသောဓားက လေထုကို လှီးဖြတ်လိုက်သလို အေးစက်သော အလင်းက လက်သွားသည်။ တိဗက်မြင်းသမားတစ်ယောက်က မြို့ရိုးနှင့် အနီးဆုံးဖြစ်သော အနေအထားမျိုးတွင် သူက စိတ်ရှုပ်ထွေးစွာ ဘာမှန်းမသိသေးသော အခြေအနေတွင် ခေါင်းဖြတ်ခံလိုက်ရသည်။

ထိုသို့ဖြင့် တိုက်ပွဲက စတင်သည်။

ဝုန်း

ဝူရှန်းမြင်းတပ် ငါးထောင်ကျော်က ချီတက်သည်။ သူတို့ကို ရပ်တန့်၍မရတော့ချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း တိဗက်များ၏ ကစဉ့်ကလျားဖြစ်နေသော အနေအထားများကို ဦးတည်ကာ သူတို့၏ တိုက်ခိုက်လိုစိတ် အနိမ့်ဆုံး အနေအထားမျိုးတွင် တိုက်ခိုက်လိုက်သည်။ ထိုနည်းအားဖြင့် တစ်ဖက်သူ၏ အရှိန်နှုန်းကလည်း လျော့ကျသွားသည်။

ထိုအချိန်မှသာ အဖြစ်ဖြတ်သုတ်သင်ခံရသည့် ကိစ္စက စတင်သည်။

“အား”

တိဗက်မြင်းတပ်က ရိတ်သိမ်းခံရသည့် စပါးပင်များကဲ့သို့ ဖြစ်သွားသည်။ လူပေါင်းများစွာက စိတ်ရှုပ်ထွေးစွာ မှင်သက်တွေဝေနေကြချိန်တွင် သူတို့က ရှင်းလင်းခံရသည်။ တစ်ဖက်က အစီအစဉ်တကျ အားအင်တက်ကြွစွာ ချီတက်လာသည့် လက်ရွေးစင် တပ်ဖွဲ့ကြီးဖြစ်ပြီး အခြားတစ်ဖက်ကမူ မည်သည့် အင်အားစုကိုမှ မစိုက်ထုတ်နိုင်အောင် ထိတ်လန့်တကြားဖြစ်နေပြီး မလှုပ်ရှားနိုင်သည့် ကျောက်ရုပ်များကဲ့သို့ ဖြစ်နေကြသည်။ ထို့ကြောင့် တစ်ချက်ကိုမှ တောင့်မခံနိုင်ကြဘဲ ပထမဦးဆုံးအကြိမ် တိုက်ခိုက်ခံလိုက်ရသည်နှင့် လဲပြိုကာ သေဆုံးကုန်ကြသည်။

All Chapters