အခန်း (၇၇၆-၇၈၀)
Vol. 42 Ch. 776-780
အခန်း(၇၇၆)
အဓိကအောင်ပွဲ
“သာ့ယန်မာန်ပန့် လာ ငါဒီတစ်ခေါက် အားလုံးထည့်ထားတယ်”
ဝမ်ချောင်က မြင်းခွာအရိပ်ကို ရှေ့သို့ အပြေးနှင်လိုက်လျှက် သဘောတကျ အော်ရယ်လိုက်ရင်း တိုက်ပွဲနယ်မြေထဲသို့ ဝင်တိုးသွားလိုက်သည်။ သူ၏ ဝု့စ်သံမဏိဓားကို ချောမွေ့စွာ တစ်ချက် ယမ်းလိုက်သည့်အခိုက် တိဗက်တစ်ယောက်က ချက်ချင်းလိုလို ခေါင်းဖြတ်ခံရသည်။ ထိုတစ်ချက်တည်းနှင့်တင် တစ်ဖက်သူ၏ ဓားမောက်ရှည်က ကွဲထွက်သွားပြီး ထိုတိဗက်နှင့် စီးထားသော သားရဲကပင် နှစ်ခြမ်းအခွဲခံခဲ့ရခြင်းဖြစ်သည်။ ဝမ်ချောင်ကဲ့သို့ သိုင်းကျွမ်းကျင်ပညာရှင် အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင် တစ်ယောက်က ဝု့စ်သံမဏိဓားကို ပိုင်ဆိုင်လိုက်သည့်အခါ ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်သည်ဆိုသော အခြားအဆင့်သို့ တိုးမြှင့်သွားသည့် အင်အားမျိုးကိုပင် ပိုင်ဆိုင်သွားသေးသည်။
သို့သော် ဝမ်ချောင်၏အကြည့်ကမူ အဝေးမှ သာ့ယန်မာန်ပန့်ထံတွင်သာ အမြဲတစေရှိနေသည်။
သာ့ယန်မာန်ပန့်က ယွီစန်းအင်ပါယာ၏ သတ်ဖြတ်ခြင်းနတ်ဘုရားဟု အမည်တပ်ခံရသူဖြစ်သည်။ သူက ကြမ်းတမ်းပြီး ရိုင်းစိုင်းသော ပုံစံမျိုးပေါ်နေသော်လည်း အမြဲတစေ ပြင်ဆင်ပြီးမှ လာတတ်သည့် သတိကြီးကြီးထားတတ်သော အကြံအစည် ချတတ်သူမျိုး ဖြစ်နေသည်။ ဝမ်ချောင်ရင်ဆိုင်ရန်အလို့ငှာ သူက သူ၏ ရှေ့ပြေးတပ်အနေနှင့် တိဗက်နွားသိုးများကိုပင် ရှာခဲ့သေးပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းနိုင်ရန် မုယောစပါး အမှုန့်များကိုပင် ဖြူးနိုင်ခဲ့သောသူဖြစ်သည်။ ထို့ကြောင့် သူ၏ ဉာဏ်ကောင်းမှုကို မြင်နိုင်သွားသည်။
သာ့ယန်မာန်ပန့်က ဖုန်ပေါက်ကွဲမှုတစ်ခု အလွယ်တကူ ဖွဲ့စည်းနိုင်သည့် ဗာလီအမှုန့်များကို မြူထုအဖြစ်သုံးရန် ကြံစည်ရရန် မဖြစ်သင့်ချေ။ ထိုမုယောစပါး အမှုန့်များက လေထဲသို့ ရောက်သွားပြီး အမြင့်တစ်ခုထိ ရောက်သွားသောအခါ နေရာတိုင်းတွင် မုယောစပါးအမှုန့်များက အနည်းနှင့်အများ လွင့်မျောနေပေလိမ့်မည်။ ထိုသို့သော အခြေအနေက ကပ်ဘေးတစ်ခုကို ဖန်တီးရန် ပြီးပြည့်စုံဆုံး စားပွဲကြီးဖြစ်သွားသည်။ သေးငယ်သော မီးတောက်ကတင် ကောင်းကင်တစ်ခုလုံးကို လှုပ်ခါနိုင်အောင် ပေါက်ကွဲမှုကြီးဖြစ်အောင် ထောက်ပံ့ပေးနိုင်သည်။
ဝမ်ချောင်အတွက် ဒါက သာမာန် တွေးကြည့်ရုံဖြင့် သိနိုင်သော အသိဖြစ်သည်။ သို့သော် ဒီလောကမှလူများကမူ ထိုသို့သော ဗဟုသုတများကို မပိုင်ဆိုင်ထားချေ။
ထို့ကြောင့် ဝမ်ချောင်၏ အကြံကလည်း အောင်မြင်သွားသည်။ သို့သော် သက်ရောက်မှုအတွက်ကမူ...
လူတိုင်းကမြင်နိုင်သည်။
“မျိုးမစစ်ကောင်”
သာ့ယန်မာန်ပန့်က လက်သီးကို တင်းတင်းဆုပ်လိုက်သည့်အခါ လက်ခုံပေါ်မှ သွေးကြောများကပင် ပေါက်ထွက်လာတော့မတက် ထောင်တက်လာသည်။ သူကလည်း သွားကို အသားကုန်ကြိတ်ထားသည်။ သူ၏မျက်လုံးထဲတွင် ရူးသွပ်မှု၊ ဒေါသနှင့် မဖုံးကွယ်နိုင်တော့သော သတ်ဖြတ်လိုစိတ်များက ထောင်တက်နေပြီး သူ၏မျက်လုံးထဲမှ ပေါက်ထွက်မတက်ဖြစ်လာသည်။ အကြည့်ကသာ လူသတ်နိုင်လျှင် ဝမ်ချောင်က အကြိမ်ထောင်သောင်းမက သေသွားပြီးလောက်လေပြီ။
“ငါမင်းကိုသတ်မှာ ငါမင်းကို သေချာပေါက်သတ်မှာ”
သာ့ယန်မာန်ပန့်က ဝမ်ချောင်ကိုသာ စိုက်ကြည့်နေသည်။ သူသည်လည်း ဘာကိုမှ မတွေးတောဘဲ ရှေ့သို့ ခုန်ထွက်သွားကာ သူ၏ သူတော်စင်သိုင်းနယ်မြေ ကျင့်ကြံခြင်းအဆင့်ကိုသုံးပြီး ဝမ်ချောင်ကို လှံတစ်ချက်တည်းနှင့် ထိုးဖောက်သတ်ပစ်ချင်သည်။ သို့သော် သံမဏိမြို့မှ မှတ်ဉာဏ်များက သူ၏ခေါင်းထဲတွင် လတ်ဆတ်နေသေးသည်။ ဝမ်ချောင်ကလည်း သူ့ထက် အားနည်းမှန်း သူသိသည်။ သို့သော် သူ့တွင် လှည့်ကွက်ပေါင်းများစွာရှိသည်။ ပူးပေါင်းတိုက်ခိုက်ရန် သင့်တော်သော အသေးစား ဝင်္ကပါများကဲ့သို့ အကျိုးအကြောင်းကျကျ စဉ်းစားနိုင်သော ဗျူဟာများကဲ့သို့သော လှည့်ကွက်များကတင် သူတော်စင်သိုင်းနယ်မြေ၏ ကျွမ်းကျင်ပညာရှင်များကို သူကဲ့သို့ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကိုပင် ဆွဲထားနိုင်ရန် လုံလောက်သည်။
ထိုအချိန်က ဝမ်ချောင်တွင်သာ ကျွမ်းကျင်ပညာရှင်နှစ်ရာ မရှိနေခဲ့ဘဲ အယောက်ငါးရာ သို့မဟုတ် ငါးထောင်ခန့်အထိသာ ရှိသွားလိုက်မည်ဆိုလျှင် ပို၍ပင် ကြောက်စရာကောင်းသော အင်အားစုကြီး ဖြစ်သွားပေလိမ့်မည်။ ထိုအချိန်တွင် သာ့ယန်မာန်ပန့်၏ စစ်တပ်ကမူ မမျှော်လင့်ထားဘဲ ရုတ်တရက် ဖြစ်သွားသော ပေါက်ကွဲမှုအောက်တွင် မပြင်ဆင်ထားမိသောကြောင့် မှင်သက်ကြောင်အသော အနေအထားမျိုးတွင် ရှိနေခဲ့သည့်အပြင် သူတို့၏ စိတ်ဓာတ်အင်အားကလည်း ထိုးကျသွားသည်။ ထို့ကြောင့် ဝမ်ချောင်၏ စစ်တပ်ကို ထိပ်တိုက်ရင်ဆိုင်ရန် အမှီမလိုက်နိုင်ခဲ့ချေ။
“နောက်ဆုတ်”
သူက အလွန်အမင်း လက်မခံလိုသည့်တိုင်အောင် မည်မျှပင် ဆန္ဒမရှိစေကာမူ သာ့ယန်မာန်ပန့်အနေဖြင့် အံ့ကိုကြိတ်ပြီး နောက်ဆုတ်ရန် အမိန့်ထုတ်လိုက်ရသည်။
ဝုန်း
သို့သော် ဆင်ခြေလျောတစ်ခုမှ တစ်စုံတစ်ရာက ထိုးကျလာသလိုမျိုး တိဗက်စစ်တပ်က သာ့ယန်မာန်ပန့်၏ နောက်ဆုတ်ဆိုသော အသံနှင့်အတူ ချက်ချင်းလိုလို လဲပြိုကျသွားပြီး ကစဉ့်ကလျားဖြစ်သွားသည်။
“လိုက်ဖမ်းကြ”
ထန်များက ထိုမြင်ကွင်းကြောင့် အားအင်တက်ကြွသွားကြသည်။
တဝုန်းဝုန်း အသံများနှင့်အတူ ဖုန်မှုန့်ချီစက်ကွင်းများက ဆင်းသက်လာပြီး စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ဝူရှန်းမြင်းတပ် ငါးထောင်က ရှေ့သို့ မြင်းကိုဒုန်းစိုင်းစီးလျှက် အပြေးလိုက်သွားကြသည်။
“အား”
ဝူရှန်းမြင်းတပ်က ထွက်ပြေးသွားသော တိဗက်များကို လိုက်သတ်ချိန်တွင် လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများက ပြည့်နှက်လာသည်။
ငါးထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်... တစ်သောင်း
ဝူရှန်းမြင်းတပ် ငါးထောင်က ဝင်္ကပါအတိုင်း တညီတညာတည်း ချီတက်သွားသောအခါ သူတို့၏ သတ်ဖြတ်နိုင်စွမ်းအားက ဒီလောကတွင် ဘယ်သူမှ မမြင်နိုင်သေးသော အတိုင်းအတာအထိ သက်ရောက်မှုရှိသွားသည်။ တိဗက်မြင်းတပ်ကဲ့သို့ ပြုံတိုးကာ အပြည့်ရှိနေသော လူအင်အားစုကြီးက ချက်ချင်းလိုလို တစ်ချက်တည်းနှင့် ချေမွခံရသည်။ အချို့သော တိဗက်များကမူ အဖွဲ့လိုက် ကာပေးပြီး နောက်ဆုတ်ကြသည်။ သို့သော် ထိုသို့ အဖွဲ့လိုက်ရှိနေသောကြောင့် အပြုံလိုက် လဲဖြိုခံရသည်။
“မြန်မြန်”
သာ့ယန်မာန်ပန့်၏ ခက်ထန်သော အော်သံက တိုက်ပွဲနယ်မြေတစ်ခုလုံးကို ပဲ့တင်ထပ်သွားသည်။ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ငါးထောင်က ဝင်္ကပါအတိုင်း ချီတက်လာသည့်အခါ သူကဲ့သို့ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကပင် ဆက်မနေရဲလေရာ အခြားသူများဆိုလျှင် ပို၍ဆိုးသည်။ ဆက်နေသောသူတိုင်းက သို့မဟုတ် ရပ်ကာတားမည်ဟု တွေးသောသူတိုင်းက ကိုယ့်ကိုယ်ကို သတ်သေနေခြင်းဖြစ်ရပေမည်။ မည်သူကမျှလည်း ဝမ်ချောင်၏ အင်အားစုကို အချိန်မှီမဆွဲထားနိုင်ကြလေရာ တားမြစ်နိုင်ရန်ဆိုလျှင် ပို၍ဆိုးသည်။
ဝုန်း
တိဗက်စစ်တပ်က အပြင်းထန်ဆုံး အန္တရာယ်အတွင်းသို့ ကျရောက်နေချိန်တွင် တိုက်ပွဲနယ်မြေတစ်ခုလုံး ခရာမှုတ်သံက ဟိန်းထွက်သွားသည်။ ထိုခရာသံက ယခင်တစ်ခုနှင့်မတူချေ။ အနည်းငယ်ပိုကျယ်ပြီး အနည်းငယ် ပို၍ခမ်းနားသည်။ ထို့ပြင် ဖြောင့်မတ်မှန်ကန်မှု အရှိန်အဝါမြင့်မြတ်မှုများအားလုံး ပါဝင်နေသလို ဖြစ်နေသည်။ တချိန်ထဲတွင်ပင် မြေကမာ္ဘကြီးက ရုတ်တရက် တဝုန်းဝုန်း မြည်ဟီးလာပြီး တိဗက်စစ်တပ်၏ အနောက်ဘက်ပိုင်းသို့ စတင်ကာ ဦးတည်သွားသည်။
“ရပ်”
ဝမ်ချောင်က ရှေ့ဆုံးမှ လိုက်နေသူဖြစ်သည်။ ထို့ကြောင့် ပုံမှန်မဟုတ်သော ခရာမှုတ်သံကို ကြားလိုက်သည်နှင့် ညာဘက်လက်ကို ချက်ချင်းမြှောက်လိုက်ကာ ရပ်ခိုင်းသည်။ သူ၏မျက်နှာတွင်လည်း ခန့်မှန်းရခက်သော အနေအထားမျိုးက ပေါ်လာသည်။ မြေကမာ္ဘက တသိမ့်သိမ့်တုန်နေသည်။ မြက်ပင်များက အနက်ရောင်ဒီရေက စီးတက်လာသလို ဖြစ်လာပြီး သာ့ယန်မာန်ပန့်၏ လဲပြိုကျနေသော စစ်တပ်အနောက်မှ စတင်ကာ ထိုးထွက်လာသည်။ နောက်ဆုံးတွင် ယွီစန်းအင်ပါယာ၏ အခြားသော စစ်တပ်တစ်ခုက ပေါ်လာလေပြီ။
အဝေးမှကြည့်လိုက်သည့်အခါ ဝမ်ချောင်ကလည်း အဖြူရောင်သိန်းငှက် တစ်ကောင်ပုံပါသော တိုက်ပွဲဝင် စံချိန်မှီဝတ်စုံကို ဝတ်ဆင်ထားသည့် အရပ်မြင့်မြင့်နှင့် ပုံရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။ ထိုသူ၏ အနောက်တွင်မူ ကျယ်ပြောသော နှင်းတောင်တန်းကြီးက ပေါင်းစပ်ရှိနေသလိုမျိုး ရှိနေသည်။
“ဒါက တုစုန့်မာန်ဖော်ကျဲ့ပဲ”
ဝမ်ချောင်၏နှလုံးသားက အေးစိမ့်တက်သွားသည်။ သူက ထိုအဆင်းသဏ္ဍန်ကို မှတ်မိလိုက်သည်။ ကျယ်ပြောသော နှင်းတောင်တန်းနှင့် အနက်ရောင်သိန်းငှက်ပုံစံကို သူကသိသည်။ တိဗက်တောင်ပေါ်ဒေသတွင် စစ်အလံကို သိန်းငှက်ဖြူသုံးသော လူဆိုလျှင် တောင်ပေါ်ဒေသမှသိန်းငှက်ဟု လူသိများသော တုစုန့်မာန်ဖော်ကျဲ့သာရှိသည်။
“နောက်ဆုတ်”
ဝမ်ချောင်က ဘယ်ဘက်လက်ကို အောက်သို့ချသည်။ ချက်ချင်းလိုလို နောက်ဆုတ်ရန် အမိန့်ထုတ်လိုက်သည်။
တုစုန့်မာန်ဖော်ကျဲ့က ယွီစန်းအင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးဖြစ်ပြီး သာ့ယန်မာန်ပန့်ထက်ပင် အင်အားကြီးမားသေးသည်။ ဝမ်ချောင်က သူပေါ်လာသည့်အတွက် မအံ့ဩသော်လည်း ထိုတခဏက သူတို့နောက်ဆုံးတိုက်ခိုက်ရမည့် အချိန်မဟုတ်သေးချေ။
ဝုန်း
သူက အမိန့်ထုတ်လိုက်သည်နှင့် ချက်ချင်း ဝမ်ချောင်မြင်းကိုလှည့်သည်။ သူ၏အနောက်မှ ဝူရှန်းမြင်းတပ် ငါးထောင်ကလည်း ချက်ချင်းလိုလို လိုက်ဖမ်းနေခြင်းကို ရပ်တန့်လိုက်ကာ နောက်သို့ပြန်လှည့်ပြီး တြိဂံပုံ မြေကွက်လပ်နေရာရှိ သံမဏိခံတပ်ထံ ဦးတည်သည်။
“ဒီအကောင် သူ့ရဲ့တုန့်ပြန်မှုက မြန်လွန်းတယ်”
အဝေးမှ တုစုန့်မာန်ဖော်ကျဲ့က နောက်ဆုတ်သွားသည့် စစ်တပ်ကို တစ်ဝက်သာလျှင် ပွင့်ထားသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။ ဝမ်ချောင်ကသာ လိုက်ရဲလျှင် သူကလည်း တစ်ချက်တည်းဖြင့် သူ့ကို သတ်ပေးရန် စိတ်မရှိချေ။
သို့သော် ဝမ်ချောင်က အလွန်အမင်း အထိမခံဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့က မရောက်သေးခင် သူက စစ်တပ်ကို နောက်ဆုတ်ရန် အမိန့်ပေးလိုက်ပြီဖြစ်သဖြင့် တုစုန့်မာ်ဖော်ကျဲ့ကလည်း ဘာမှ ဆက်မလုပ်နိုင်တော့ချေ။
“ကြည့်ရတာ ငါမင်းကိုသတ်ဖို့ အချိန်မရောက်သေးဘူးထင်ပါတယ်။ နည်းနည်းတော့ ဆက်စောင့်ပေးမယ်”
တုစုန့်မာန်ဖော်ကျဲ့က ရေရွတ်လိုက်သည်။
ဒါက ဝမ်ချောင်နှင့် ပထမဦးဆုံးတွေ့ဆုံးခြင်း မဟုတ်ချေ။ မဟာထန်၏မြို့တော်တွင် တုစုန့်မာန်ဖော်ကျဲ့က အိမ်ရှေ့စံ၏ အကြံအစည်ကိုသုံးပြီး ပထမမင်းသား၏ နေရာသို့ သူ၏ လေးစားရသော နောက်လိုက်များထဲမှ တစ်ယောက်အဖြစ် ဝင်ရောက်ခဲ့ပြီး မဟာထန်၏ မြို့တော်မှ ကျွမ်းကျင်ပညာရှင်ပေါင်း များစွာကို သတ်နိုင်ခဲ့သည်။
အဆုံးသတ်တွင် ဝမ်ချောင်က ထိုအကြံကို ပုံဖော်ခဲ့ပြီး တုစုန့်မာန်ဖော်ကျဲ့၏ နောက်ခံကို ဖော်ထုတ်ခဲ့သည်။ ဒီနည်းအားဖြင့် မဟာထန်မှ ကျွမ်းကျင်ပညာရှင်များက လိုက်သတ်မှုကိုခံရပြီး သူက ယွီစန်းသို့ ပြန်ပြေးခဲ့ရသည်။ သူက ဗဟိုပြင်ကျယ်တွင် ထာဝရ နေရတော့မတတ်ပင် ဖြစ်ခဲ့သေးသည်။
ထိုအတွေ့အကြုံက တုစုန့်မာန်ဖော်ကျဲ့အပေါ် နက်ရှိုင်းသော ထင်မြင်ချက်ကို ချန်ထားရစ်ခဲ့သည်။
မဟာထန်မြို့တော်မှ ထိုလူငယ်လေးက သူက မျှော်လင့်ထားသည်ထက် အများကြီး လေးစားစရာကောင်းသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ကပင် အနောက်တောင်ပိုင်းမှ စစ်ပွဲတွင် ရှုံးသွားခဲ့ရပြီ။ သူရဲကောင်းဆန်သော သာ့ယန်ကလန်မှ သာ့ယန်ဖူရယ်ကလည်း ကျန်းကျွင်းတွင် အသတ်ခံခဲ့ရသည်။ သာ့ယန်မာန်ပန့်ကလည်း သူ့ထံတွင် ရှုံးခဲ့သည်။
မဟာထန်၏မြို့တော်မှ ထိုမျှ ဉာဏ်ရည်မြင့်သော လူငယ်က ယွီစန်းအင်ပါယာကြီးအတွက် ကြီးမားလွန်းသော ခြိမ်းခြောက်မှုကြီးဖြစ်နေသည်။
သို့သော် သူ၏နှလုံးသားထဲတွင် ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များက ပြည့်နှက်နေသော်လည်း သူက စိတ်ရှည်ရပေမည်။ မဟာထန်၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများထဲမှ တစ်ယောက်ဖြစ်သည့် ဖုမာန်လင်းချာက ရှိနေသမျှ တုစုန့်မာန်ဖော်ကျဲ့က သူ့ကိုယ်သူ ထိန်းချုပ်ရပေမည်။
“ဖုမာန်လင်းချာ မင်းဘာလုပ်မှာလဲ။ ငါ့ကိုသူ့ကို သတ်ခိုင်းမှာလား မသတ်ခိုင်းဘူးလား”
တုစုန့်မာန်ဖော်ကျဲ့က ဖုမာန်လင်းချာကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်တစ်ချက် ပို့လိုက်ပြီးနောက် တိုက်ပွဲနယ်မြေကို ပြန်လည်အာရုံစိုက်လိုက်သည်။
“နောက်ဆုတ်ဖို့ ပြန်အချက်ပြလိုက်”
လက်ရှိတွင် စစ်တပ်က ကစဉ့်ကလျားဖြစ်နေသည်။ သူကသာ မဟာထန်၏ ထိုနေရာတွင် ထိုးစိုက်ထားသော အလံကို ဖယ်ချင်လျှင် အရင်ဆုံး စုစည်းရပေမည်။
...
တိဗက်စစ်တပ်က နောက်ဆုတ်ရန် အချက်ပြလိုက်သောအခါ ပထမတိုက်ပွဲက အဆုံးသတ်သွားသည်။ အဝေးမှ ချီရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးကမူ ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။
“ဒီကောင်လေးက လေးစားစရာကောင်းလွန်းတယ်”
“သူက အဲ့ဒီလို ဖောက်ခွဲဖို့ ကြံစည်ထားခဲ့တာလား။ တကယ်ကို မှင်သက်စရာပဲ”
“သာ့ယန်မာန်ပန့်က ကိုယ့်ကိုယ်ကို ပြန်ကန်လိုက်သလို ဖြစ်သွားတာ။ ဒီကောင်က သူတွေးတာထက်ပိုပြီး ကိုင်တွယ်ရ ခက်ခဲလွန်းတယ်။ ဒါက သူ့အတွက် အစစ်အမှန် ပြိုင်ဘက်ပဲ”
ဖြစ်သွားခဲ့သော ထိုတိုက်ပွဲမှ အကွေ့အကောက် အမျိုးမျိုးက ချီရှီကာကွယ်ရေးစစ်သားများကို အံ့အားသင့်သွားစေခဲ့သည်။ အရာရှိတိုင်းကလည်း ထိုရလဒ်ကြောင့် မှင်သက်သွားရသည်။
ချီရှီကာကွယ်ရေးစစ်တပ်မှ ကြောက်မက်ဖွယ်ကောင်းသော အရာရှိကြီးများက တိုက်ပွဲနယ်မြေတွင် အတွေ့အကြုံပေါင်းများစွာကို ပိုင်ဆိုင်ထားပြီးသားဖြစ်ပြီး လှည့်ကွက်အမျိုးမျိုးကိုလည်း သိထားကြသည်။
သို့တိုင်အောင် ထိုမျှဂုဏ်ယူရသော ချီရှီဗိုလ်ချုပ်ကြီးများကပင် သူတို့ကသာ ဝမ်ချောင်၏ နေရာတွင်ဆိုလျှင် သာ့ယန်မာန်ပန့်၏ လုပ်ကြံသတ်ဖြတ်မှုအောက်တွင် ရှင်သန်ရန် ခက်ခဲနိုင်ကြောင်း နားလည်ကြသည်။
“အားလုံးပဲ ပါးစပ်ပိတ်ထားကြစမ်း”
သူ၏ဗိုလ်ချုပ်ကြီးများက ထိုသို့ကြောင်တောင်တောင် မှတ်ချက်များ ချနေကြောင်း ကြားသောအခါ ဖုမာန်လင်းချာက ဒေါသထွက်သွားသည်။
ဒီမျိုးမစစ်တွေက သူတို့ရဲ့ရန်သူက ဘယ်ကောင်လဲဆိုတာကို မေ့သွားတာလား။
သူတို့က ဒီလိုနေရာ ဒီလိုအချိန်မျိုးမှာတောင် ဝမ်ချောင်ကို ချီးကျူးရဲတယ်။
“မင်းတို့အားလုံး ဘာမှလုပ်စရာ မရှိကြဘူးလား။ မင်းတို့တွေ ကင်းထောက်တွေ အားလုံးကိုလွှတ်ပြီး စစ်ဆေးကြစမ်း။ သူတို့ကို အချိန်မရွေး တိုက်ပွဲနယ်မြေထဲကို ဝင်နိုင်အောင် အသင့်ပြင်ခိုင်းထားလိုက်”
“ဟုတ်ကဲ့”
ဗိုလ်ချုပ်တိုင်းက တုန်ယင်သွားကြသည်။ သူတို့က အလျှင်အမြန် ခေါင်းငုံ့လိုက်ပြီး ထွက်ခွာသွားကြသည်။
...
“ဟား ဟား ဟား”
နှစ်ဖက်လုံးက ဖိနှိပ်ခံနေရချိန်တွင် တြိဂံပုံစံ မြေကွက်လပ်အတွင်းတွင် ရှိနေသည့် ငွေဖြူရောင် သံမဏိမြို့ရိုး အနောက်သို့ ရောက်သွားသော စစ်သည်တော်တိုင်းက အင်အားအပြည့် ဖြစ်နေကြသည်။
သံမဏိခံတပ်အတွင်းမှ လက်မှုပညာရှင် ရှစ်ထောင်ကျော်ကလည်း ခေါင်းများထုတ်ပြီး မြို့ရိုးကို ကျော်ကြည့်ကာ စိတ်လှုပ်ရှားစွာ အောင်ပွဲခံကြသည်။
“အရှင်အမတ်”
“အရှင်အမတ်”
“အရှင်အမတ်”
အောင်ပွဲခံသံများက ကောင်းကင်ထိတိုင် ထိုးတက်သွားလေသည်။ ဖုမာန်လင်းချာ၊ သာ့ယန်မာန်ပန့်နှင့် တိဗက်များကမူ ပို၍သာ အံ့တကြိတ်ကြိတ် ဖြစ်သွားကြသည်။
“အရှင်အမတ် ဘယ်လိုများ စီစဉ်လိုက်တာလဲ။ ဒီလူတွေက ဘာလို့ရုတ်တရက် ပေါက်ကွဲသွားတာလဲ”
တိုက်ပွဲပြီးနောက် ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ရွှီခဲ့ယွီနှင့် အခြားသော အရာရှိတိုင်းက ဝမ်ချောင်အနားတွင် စုရုံးလာကြပြီး သိချင်စိတ် ပြင်းပြစွာဖြင့် မေးမြန်းကြသည်။
ဒီတိုက်ပွဲတွင် စိတ်ဝင်စားစရာ အကောင်းဆုံးကိစ္စက တိဗက်စစ်တပ်ကို လဲပြိုသွားစေနိုင်အောင် ထောက်ပံ့ပေးလိုက်သည့် ကြီးမားသော ပေါက်ကွဲမှုကြီးဖြစ်သည်။ ယခုအချိန်ထိ တိုက်ပွဲပြီးသွားသည့်တိုင် အံ့အားသင့်စရာကောင်းသည်ဟု သူတို့က ခံစားနေရသေးသည်။ သူတို့အတွက်ပင် ဖြစ်ပျက်သွားသမျှကို ယုံကြည်ရန် ခက်ခဲနေသေးသည်။
ဝမ်ချောင်က တစ်စုံတစ်ရာ လုပ်ချင်၍ ထိုသို့အမိန့်ထုတ်ခြင်းဖြစ်ကြောင်း လူတိုင်းက သိခဲ့သည့်တိုင်အောင် ထိုသိုု့လုပ်မည်ဖြစ်ကြောင်း မည်သူကမျှ မသိခဲ့ချေ။
“ဆက်မမေးနဲ့တော့ အနာဂတ်ကျရင် ငါခင်ဗျားတို့ကို ပြောပြမှာပါ။ ဒါပေမဲ့ တိုက်ပွဲက ယာယီပဲ ရပ်တန့်သွားခဲ့တာ။ ပြီးဖို့လိုသေးတယ် တိဗက်တွေက ဘယ်တော့မှ အလွယ်တကူ လက်မလျော့တတ်ဘူး”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့”
ဝမ်ချောင်က လေးနက်တည်ကြည်စွာ ပြောလိုက်သောအခါ အရာရှိတိုင်းက သိချင်စိတ်များကို ထိုးချလိုက်ပြီး ခေါင်းကိုငုံ့လိုက်ကြသည်။
“လီစစ်ယဲ့ ကင်းထောက်တွေလွှတ်ပြီး ဆုံးရှုံးမှုတွေကို တွက်ချက်ခိုင်းလိုက်”
“ဒီလက်အောက်ငယ်သားက အခုပဲ လွှတ်လိုက်ပါ့မယ်”
လီစစ်ယဲ့က လူအချို့ကိုရွေးလိုက်သည်။ ထို့နောက် ကင်းထောက်များက ချက်ချင်းလိုလို မြို့ရိုးနံရံဘက်မှ ထွက်ခွာသွားကြသည်။
အခန်း(၇၇၇)
ဒုတိယတစ်သုတ်အတွက် ပြင်ဆင်ခြင်းများ
တိုက်ပွဲမှ ဆုံးရှုံးမှု အရေအတွက်ကို ခပ်မြန်မြန် တွက်ချက်လိုက်နိုင်သည်။ တိဗက်များက တိုက်ပွဲနယ်မြေတွင် နွားထီးအလောင်း ငါးထောင်မှ ခြောက်ထောင်ခန့်အထိ ချန်ထားပေးခဲ့ပြီး အလန့်တကြား ထွက်ပြေးသွားခဲ့သည့် အရေအတွက်က တစ်ထောင်ခန့်ဖြစ်သည်။ ထို့ကြောင့် သူတို့အနေဖြင့် ပြန်လည်အင်အားဖြည့်နိုင်ရန် နာရီပေါင်းများစွာ အချိန်ယူရနိုင်သည်။
သူတို့ကသာ အင်အားဖြည့်ပေးလျှင်လည်း တိုက်ခိုက်ချင်စိတ် ရှိကြတော့မည်မဟုတ်ချေ။ ထို့အပြင် ဝူရှန်းမြင်းတပ်၏ ချီတက်မှုနှင့် ရုတ်တရက်ဖြစ်သွားခဲ့သော ပေါက်ကွဲမှုများက သာ့ယန်မာန်ပန့်၏ စစ်တပ်ထဲမှ စစ်သည် တစ်သောင်းရှစ်ထောင်မှ တစ်သောင်းကိုးထောင်ခန့်အထိ ဆုံးရှုံးသွားစေခဲ့သည်။ ပေါက်ကွဲမှုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သော အရေအတွက်က မြင်းတပ်ပမာဏ ခြောက်ထောင်မှ ခုနှစ်ထောင်ခန့်အထိ ဖြစ်နိုင်သည်။ ထိုအချိန်တွင် ဝမ်ချောင်ဘက်မှ ဆုံးရှုံးမှုကမူ သေးငယ်သည်။ တစ်ချက်ကြည့်ရုံဖြင့် ပြတ်သားစွာ အနိုင်ယူခြင်းဖြစ်ကြောင်း သိနိုင်လေသည်။
တစ်ခုတည်းသော အံ့အားသင့်စရာကောင်းသည်မှာ နောက်တန်းမှ သေးငယ်သော သံမဏိခံတပ်ထဲတွင်ဖြစ်သည်။ အလုပ်သမား ခုနှစ်ယောက် ရှစ်ယောက်ခန့်က လှေကားပေါ်မှ ပြုတ်ကျပြီး ဒဏ်ရာရသွားခဲ့ကြသည်။ သူတို့က ပေါက်ကွဲမှုကြောင့် လန့်ကာ ပြုတ်ကျခဲ့ခြင်းဖြစ်သည်။ ထပ်ပေါင်းဆိုရသော် အသံလှိုင်းများကြောင့် အကြားအာရုံ ဆုံးရှုံးသွားခဲ့သောလူ အယောက်နှစ်ဆယ်ကျော်လည်း ရှိသည်။
ဒါက ဝမ်ချောင်၏ဘက်မှ ပြင်းထန်သော ဆုံးရှုံးမှုဖြစ်သည်။
စစ်သားများအတွက်ကမူ သူတို့က ကြိုတင်သတိပေးချက်ကို လက်ခံရရှိခဲ့ပြီး မြေပြင်ပေါ်သို့ ဝပ်သွားကြကတည်းက ပေါက်ကွဲမှုမှဖြစ်သည့် လောင်ကျွမ်းမှုကို ရှောင်ခဲ့ပြီး ခြစ်ရာလောက်သာ ဒဏ်ရာ ရကြသည်။
ထို့ကြောင့် အရေအတွက်အားဖြင့် ကြည့်သော လူတိုင်းက ကြောင်တောင်တောင် ဖြစ်သွားကြသည်။ သူတို့အားလုံးက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။ သူတို့၏ မျက်ဝန်းထဲတွင် လေးစားမှုများက ပေါက်ထွက်မတက် ပြင်းထန်နေသည်။
“အပျော်မလွန်နဲ့ဦး”
ဝမ်ချောင်က မထူးခြားနားသလို ပြောသည်။
“သာ့ယန်မာန်ပန့်လို အကျင့်စရိုက်မျိုးရှိတဲ့လူက သိပ်မကြာခင် တိုက်ခိုက်လာလိမ့်မယ်။ ဒီတစ်ခေါက် ပိုပြီးကြမ်းတမ်းပြီး ပြင်းထန်လိမ့်မယ်”
“ဟား ဟား ငါတို့ကဘာကို ကြောက်ရမှာလဲ။ အရှင်အမတ် ဒီနေရာမှာ ရှိနေမှတော့ သာ့ယန်မာန်ပန့်က ဘယ်လောက်ပဲ အင်အားကြီးကြီး အရေးမကြီးဘူး။ အခုလေးတင် သူစစ်သားတွေ အများကြီးကို ဆုံးရှုံးလိုက်ရတာပဲ။ ဒါပေမဲ့သူက ခါးသီးနဲ့အရှုံးနဲ့အတူ နောက်ဆုတ်ခဲ့ရတယ်။ ဒီလိုအရှုံးမျိုးနဲ့ဆိုရင် အရှင်အမတ်ကို သူနည်းနည်းမှတောင် မယှဉ်နိုင်ဘူး”
“သဘောတူတယ်။ သာ့ယန်မာန်ပန့်က အခု အရှင်အမတ်ဆီမှာ နှစ်ကြိမ်တောင် ရှုံးထားပြီးပြီ။ ဒီအချက်ကတင် အပြည့်အဝနိုင်တာထက် ပိုပြီးသာနေသေးတယ်”
“နောက်ပြီး ဆုံးရှုံးမှုအချိုးကို ကြည့်လိုက်ရင်လည်း အပြတ်အသတ် သာနေတာပဲ။ ငါတို့ရဲ့အင်အားနဲ့ဆိုရင် ငါတို့သူ့ကို ကြောက်စရာလိုလို့လား”
ဗိုလ်ချုပ်တိုင်းကသူ့ကို ကျယ်လောင်စွာဖြင့် အော်ဟစ်လျှက် သူတို့၏ ထင်မြင်ချက်များကို ပြောကြသည်။ ယခုလေးတင် ဖြစ်သွားခဲ့သော တိုက်ပွဲက သူတို့ကို ယုံကြည်မှု ပြည့်နှက်သွားစေခဲ့သည်။ သူတို့ကလည်း ဝမ်ချောင်အပေါ် ဖော်ပြရန် ခက်ခဲလောက်သည့် အတိုင်းအတာအထိ ယုံကြည်နေကြပြီးဖြစ်သည်။ ဝမ်ချောင်ကသာ သူတို့ကို ယခုချက်ချင်းသွားပြီး ယွီစန်းအင်ပါယာတစ်ခုလုံးကို အုပ်စိုးရန် အမိန့်ထုတ်လိုက်မည်ဆိုလျှင်ပင် သူတို့က ယုံကြည်ကြမည်ဖြစ်သည်။
“မာနကြီးလွန်းတဲ့ စစ်သားတွေက ရှုံးတတ်တယ်။ သတိလက်လွတ် မနေကြနဲ့”
ဝမ်ချောင်က ခေါင်းကိုခါသည်။
သူ၏လက်အောက်ငယ်သားများက သာ့ယန်မာန်ပန့်ကို အထင်သေးလွန်း အားကြီးသည်။ သူက သာ့ယန်မာန်ပန့်ကို နှစ်ကြိမ်ရှုံးအောင် လုပ်ထားပြီးသော်လည်း ပထမဦးဆုံးအကြိမ်က ရှုံးအောင် လုပ်နိုင်ခဲ့ချိန်က သာ့ယန်မာန်ပန့်၏ စစ်သားများက မြို့ရိုးအပြင်ဘက်တွင် ရှိနေကြပြီး တစ်ဖက်သူ တစ်ယောက်တည်းကို သူတို့ကပေါင်းကာ တိုက်ခိုက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
ဒုတိယတစ်ကြိမ်ကမူ သာ့ယန်မာန်ပန့်က မုယောစပါး အမှုန့်များကိုသုံးကာ ထူထည်းသော မြူထု ဖြစ်စေခဲ့ခြင်းက ကြီးမားသောပြစ်ချက် ဖြစ်သွားခဲ့သဖြင့် ဝမ်ချောင်က ထိုအခြေအနေကို အခွင့်ကောင်းယူကာ ပေါက်ကွဲမှုဖြစ်အောင်လုပ်ပြီး သူ့ကိုရှုံးအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
မည်သည့်အချိန်ကမှ ထိုက်သင့်စွာ အင်အားချင်း ယှဉ်ခဲ့ရခြင်းမဟုတ်ချေ။ သာ့ယန်မာန်ပန့်ကို ဒီလိုအနိုင်ရသွားသော အောင်ပွဲနှစ်ခုကတင် ဒီလိုအနိုင်ယူမည်ဟု ထင်လျှင် ကိုယ့်အုတ်ဂူကို တူးသည်ထက် မပိုနိုင်တော့ချေ။
အကြောင်းမူကား သာ့ယန်မာန်ပန့်က လုပ်နိုင်စွမ်းအား ပြင်းထန်နေသောကြောင့်ဖြစ်သည်။ သာ့ယန်မာန်ပန့်ကိုသာ အလွယ်တကူ အနိုင်ယူနိုင်မည်ဆိုလျှင် သူက သံမဏိမြို့က အရှုံးနှင့် ထွက်သွားခဲ့ပြီးချိန်တွင် ယွီစန်းသို့ ပြန်ရမည့်အစား နောက်ပြန်လှည့်ကာ ချီရှီကာကွယ်ရေးစစ်တပ်ထဲကို ဝင်ပြီး ချီရှီစစ်သားငါးထောင်နှင့် ဖုလန်ဟယ်ကို သတ်ခဲ့လိမ့်မည်မဟုတ်ချေ။ ထိုအချက်အပြင် သူက ကံကြမ္မာကျောက်တုံးဆီမှ ကြားထားရသော စကားအရ သာ့ယန်မာန်ပန့်က ချီရှီအတွက် ခြိမ်းခြောက်မှုကြီးဖြစ်နေသည်။ ထိုတာဝန်ကြောင့် သူက ကံကြမ္မာစွမ်းအင် လေးရာကိုပင် ရရှိနိုင်ပြီး ရှုံးခဲ့ပါက ကံကြမ္မာစွမ်းအင်အမှန် နှစ်ထောင်ကိုပင် ဆုံးရှုံးရမည်ဖြစ်သည်။
ထိုထက်ဆိုးသည်မှာ ယွီစန်းအင်ပါယာ၏ စစ်နတ်ဘုရားဖြစ်နေပြီး အနာဂတ်မှာ ဗိုလ်ချုပ်များ၏ ဘုရင်ဖြစ်လေရာ သူ့တွင် ပိုင်ဆိုင်ထားသော စွမ်းရည်က နိမ့်ကျနေမည်မဟုတ်ချေ။
“အားလုံးပဲ စကားပြောနေတာကိုရပ်တော့”
အင်အားအပြည့်ပါသော အသံထွက်လာသောအခါ အရာရှိတိုင်းက ပါးစပ်ပိတ်သွားကြသည်။
“အရှင်အမတ်ပြောတာ အကျိုးအကြောင်း သင့်တော်ပါတယ်။ ငါကလည်း ဒီသာ့ယန်မာန်ပန့်က ကျွမ်းကျင်ပညာရှင်တစ်ယောက်လို့ ထင်တယ်။ ဒီလိုလူမျိုးက ရှေ့ပြေးတပ်အဖြစ် တိဗက်နွားထီးတွေကို သုံးဖို့ရွေးချယ်နိုင်ကတည်းက ရိုးရှင်းတဲ့လူမဟုတ်ဘူး”
လူတိုင်းက လီစစ်ယဲ့ကို လှည့်ကြည့်ကြသည်။
“မာနကြီးလွန်းတဲ့ စစ်သားတွေက ရှုံးတတ်တယ်။ ဒီတိုက်ပွဲက ငါတို့အားလုံး ပါဝင်နေတဲ့တိုက်ပွဲ။ နောက်ပြီး ငါတို့ရဲ့အနောက်မှာ လက်မှုပညာသည် ရှစ်ထောင်ရှိနေသေးပြီး ချီရှီရဲ့ လုံခြုံမှုကရှိနေတယ်။ ဒီတိုက်ပွဲမပြီးသမျှ သတိလက်လွတ်နေလို့မရဘူး။ သတိလက်လွတ်နေတာမျိုးကိုလည်း တားမြစ်တယ်”
လီစစ်ယဲ့၏ ခပ်ကြမ်းကြမ်းအသံက ထွက်လာသည်။
ဝမ်ချောင်က လီစစ်ယဲ့၏ မိုးထိုးနေသလို မြင့်မားလွန်းသော ပုံရိပ်ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး သဘောတကျ ခေါင်းညိမ့်လိုက်သည်။ လီစစ်ယဲ့က ထိပ်တန်းမဟာဗိုလ်ချုပ်ဖြစ်ရန် အရည်အသွေး အပြည့်ရှိထားသည်။ မည်သို့သော အခြေအနေတွင်မဆို သူက ဘယ်တော့မှ သူ၏ ဗိုလ်ချုပ်ကြီးတစ်ယောက်၏ မသိစိတ်ကို စွန့်ပစ်လေ့မရှိချေ။ ပထမဆုံး အနိုင်ပွဲကြီး ရရှိပြီးသည့်တိုင်အောင် သူက အေးစက်စွာဖြင့် အခြေအနေအားလုံးကိုသုံးသပ်ကာ အကျိုးအကြောင်း အကျဆုံး ဆုံးဖြတ်ချက်မျိုးကို ထုတ်နိုင်သည်။
“အားလုံးပဲ သွားပြီးနားကြတော့။ သာ့ယန်မာန်ပန့်ကတော့ ချက်ချင်း မတိုက်လောက်သေးဘူး။ ဒါ့အပြင် လက်မှုပညာသည်တွေကိုလည်း အနောက်တန်းမှာနေပြီး အရှိန်ကိုမြှင့်ပြီး တတိယအဆင့်ကို မြန်မြန်ပြီးအောင်လုပ်ဖို့ ပြောလိုက်ပါ။ ဒီခံတပ်ရဲ့ တတိယအဆင့်ကမှ တဖြည်းဖြည်းချင်း အသုံးဝင်လာနိုင်မှာ”
ဝမ်ချောင်ကပြောသည်။ သူ၏အမိန့်က ကျောက်သားတမျှ တင်းမာသည်။ အရာရှိတိုင်းက ချက်ချင်းလိုလို ထွက်ခွာသွားကြသည်။
......
“သာ့ယန် ဘယ်လိုလဲ။ ငါလာဖို့လိုလား”
ကျန်းနှစ်ထောင်ကျော် အကွာရှိ တိဗက်စစ်တပ် နောက်တန်းထဲတွင် စကားပြောခန်းတစ်ခုက ကြီးစိုးနေသည်။ သို့သော် နှစ်ယောက်ကမူ ယွီစန်းအင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးဖြစ်ပြီး အခြားတစ်ယောက်ကမူ နောင်ဖြစ်မည့် ဗိုလ်ချုပ်ကြီးဖြစ်သည်။
လေထုအခြေအနေက အလွန်အမင်း တင်းမာနေသည်။
ယခုလေးတင် ရှုံးသွားသော ကိစ္စက ပြင်းထန်လွန်းအားကြီးသည်။ တုစုန့်မာန်ဖော်ကျဲ့က နောက်တန်းမှ စောင့်ကြည့်ရန် တာဝန်ယူထားခဲ့ပြီး ဖုမာန်လင်းချာကိုထိန်းရန် အပြည့်တာဝန်ရှိသောလူကပင် ထိုအခြေအနေကို လျစ်လျူမရှု့နိုင်ခဲ့ချေ။
သူတို့၏အရှုံးက မြင်းတပ် နှစ်သောင်းနီးပါးဖြစ်သည်။ ပူလုဟူစစ်တပ်၏ ဆုံးရှုံးမှု နှစ်သောင်းကို ထည့်တွက်ခဲ့ပါက အနည်းဆုံး ဆုံးရှုံးမှု လေးသောင်းဖြစ်သွားလေပြီး အားလုံးက မြင်းတပ်ဖြစ်နေသည်။
တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးကပင် ထိုမျှကြီးမားသော ဆုံးရှုံးမှု အရေအတွက်ကို စန်းပေါ်ထံ ပြန်လည်တင်ပြပြီး ဂရုတစိုက် စဉ်းစားရဦးမည်ဖြစ်သည်။
“မလိုဘူး”
သာ့ယန်မာန်ပန့်က ချက်ချင်းငြင်းသည်။
“ငါကဒီတိုက်ပွဲကို စတာ။ ဒီတော့ ငါကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်မယ်။ ဝမ်ချောင်အတွက်ကတော့ ဘယ်လိုပဲဖြစ်ဖြစ် ငါသူ့ကိုရအောင်သတ်မှာ”
“ငါဝမ်ချောင်ကို နည်းနည်းနားလည်တယ်။ သူက ကိုင်တွယ်ရလွယ်တဲ့လူ မဟုတ်ဘူး”
တုစုန့်မာန်ဖော်ကျဲ့ကပြောသည်။
“မင်းလည်းအခုတိုက်ပွဲကို မြင်ခဲ့သားပဲ။ သူက ငါတို့ထင်ထားတာထက် အများကြီး လှည့်စားနိုင်လွန်း အားကြီးတယ်။ မင်းတစ်ယောက်တည်းက မလုံလောက်နိုင်ဘူး”
သူက သာ့ယန်မာန်ပန့်ကို မယုံကြည်သောကြောင့် မဟုတ်ချေ။ သို့သော် သာ့ယန်မာန်ပန့်က နှစ်ကြိမ်တိုင်တိုင် ရှုံးထားပြီးလေပြီး ဆုံးရှုံးမှုကလည်း ကြီးလာသည်။ ထိုအတွက်ကြောင့် သူက ယွီစန်းအင်ပါယာ၏ စစ်သားများကို လောကကို အုပ်စိုးရန် အသုံးပြုရဦးမည်ဖြစ်လေရာ သာ့ယန်မာန်ပန့်၏ ကိုယ်ရေးကိုယ်တာ ကိစ္စအတွက်ကြောင့်နှင့် အဆုံးရှုံးမခံနိုင်ချေ။
ဝမ်ချောင်ကလည်း စန်းပေါ်က သတ်ခိုင်းထားသော ပစ်မှတ်တစ်ခုဖြစ်နေခဲ့ပြီး သာ့ယန်မာန်ပန့်ကသာ သူ့ကို မရှင်းနိုင်လျှင် တုစုန့်မာန်ဖော်ကျဲ့က ဝင်ပါရတော့ပေမည်။
“မင်းက ဆုံးရှုံးမှုကြီးမှာကို ကြောက်နေတာ။ ငါစစ်သားတွေ ထပ်ပြီးဆုံးရှုံးမှာကို မင်းစိုးရိမ်နေတာ မဟုတ်လား”
သာ့ယန်မာန်ပန့်က တုစုန့်မာန်ဖော်ကျဲ့ကို စိုက်ကြည့်လိုက်သည်။ သူ၏အကြည့်က စူးရှလာသည်။
တုစုန့်မာန်ဖော်ကျဲ့က ဘာစကားမှမပြောချေ။ သို့သော်သူက ခပ်တင်းတင်း စိုက်ကြည့်လိုက်သည်။ စစ်ဗိုလ်ချုပ်မှူးကြီးတစ်ယောက် ဖြစ်သည့်အလျောက် အချို့သော ကိစ္စများကို ထည့်တွက်ရမည်ဖြစ်သည်။ ထို့ကြောင့် ဒီလိုအခြေအနေမျိုးတွင် သူက ဖုံးကွယ်ရန် မလိုအပ်ဘဲ သာ့ယန်မာန်ပန့်ရှေ့တွင် ပေါ်တင်ပြောနိုင်သည်။
“ဟွန်း အဲ့ဒီလိုဆိုရင် မင်းစိုးရိမ်စရာ မလိုပါဘူး။ အခုကစပြီး ငါကငါ့ရဲ့ သတ္တိဖြူမြင်းတပ်ကို စစ်မြေပြင်ထဲ ထည့်လိုက်မယ်။ ငါမင်းဆီက ဘာစစ်သားမှမလိုဘူး။ မင်းသဘောတူတူ မတူတူ ငါကတော့ ဝမ်ချောင်ကို ရအောင်သတ်မှာပဲ”
ထိုနောက်ဆုံး စကားလုံးများနှင့်အတူ သာ့ယန်မာန်ပန့်က အင်္ကျီလက်ကို ခါယမ်းပြီး ထွက်သွားသည်။
......
တောင်ပေါ်ဒေသကို ဖုန်များအပြည့်ပါသော လေပြင်းက ဖြတ်တိုက်သွားချိန်တွင် လေထဲတွင် ညှီစို့စို့ ရနံ့များက ထွက်လာသည်။
ငွေဖြူရောင် သံမဏိမြို့ရိုး၏ အနောက်မှ ဝမ်ချောင်က တင်ပြင်ခွေထိုင်နေသည်။ သူ၏အနားတွင်လည်း တောင်တန်းတစ်လုံးနှယ် မြင့်မားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် လီစစ်ယဲ့ကရှိနေသည်။ သူက ကင်းစောင့်တစ်ယောက်ကဲ့သို့ ပြုမူနေသည်။
ငါတိဗက်တွေကို ရှုံးအောင်လုပ်နိုင်ခဲ့ရင်တောင်မှ သာ့ယန်မာန်ပန့်လို သူတော်စင်သိုင်း ကျွမ်းကျင်ပညာရှင်အဆင့် တစ်ယောက်ကို သတ်ဖို့က ခက်ခဲနေတုန်းပဲ။
မေးစေ့အောက်တွင် လက်ထောက်လျှက် ဝမ်ချောင်က အတွေးနက်နေသည်။
သူ၏အကြည့်က မြေပြင်တွင်ရှိနေသည်။
ကံကြမ္မာကျောက်တုံးမှ ပေးသော တာဝန်အရ ဝမ်ချောင်ကလည်း သာ့ယန်မာန်ပန့်ကို သတ်ရန်လိုကြောင်းသိသည်။ သူကိုယ်တိုင် သတ်ရမည်ဖြစ်သည်။ အခြားတစ်ယောက်ကို သာ့ယန်မာန်ပန့်အား သတ်ခိုင်းခြင်းဖြစ်စေ၊ သာ့ယန်မာန်ပန့်က မတော်တဆမှု တစ်ခုခုကြောင့် သေသွားခြင်းပင်ဖြစ်စေ ဒါက ထိုတာဝန်နှင့် ပြည့်မှီလိမ့်မည်မဟုတ်ချေ။ ထိုသို့သော အခြေအနေက ဖြစ်လာခဲ့လျှင် ထိုတာဝန်က ကျရှုံးသည်ဟု သတ်မှတ်ခံရပြီး သူ၏ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်ကို ဆုံးရှုံးရမည်ဖြစ်သည်။ လက်ရှိ ဝမ်ချောင်အတွက်ပင် ထိုပမာဏက ကြီးနေသေးသည်။
မည်သို့ပင်ဆိုစေ သူက ထိုအရှုံးမှတဆင့် အနိုင်ရအောင်ယူရန် ကြိုးစားခဲ့ပြီးနောက် ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့လွန်ရော့ကျန်းတို့ကို ဆုံးရှုံးရန် သူ၏သွေးချွေးတိုင်းကို ရင်းခဲ့ပြီး အနောက်တောင်ပိုင်းကို ကယ်ခဲ့သည်။ သို့သော် ထိုအချိန်ကပင် သူက ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင့်လေးရာ့တစ်ဆယ်ကိုသာ ရရှိခဲ့ခြင်းဖြစ်သည်။
ကျင့်ကြံခြင်းကွာခြားချက်က ပြဿနာကြီးဖြစ်နေတုန်းပဲ။ ငါ့ရဲ့အင်အားကို မြှင့်တင်ပြီး အကွာအဝေးကို နီးကပ်နိုင်အောင် ကြိုးစားကြည့်ရမယ်။
ထိုသို့တွေးပြီးနောက် ဝမ်ချောင်က ကံကြမ္မာကျောက်တုံးနှင့် ဆက်သွယ်ကြည့်သည်။ အချိန်ကတိုသည်။ ဒီအချိန်တိုအတောအတွင်း သူ၏အင်အားကို သာမာန်နည်းလမ်းများသုံးကာ မြှင့်တင်ရန် မဖြစ်နိုင်ချေ။ ထို့ကြောင့်သူက နည်းလမ်းများသုံးကာ ကံကြမ္မာကျောက်တုံးကိုသာ မှီခိုရမည်ဖြစ်သည်။
သိထားရမည်မှာ သူက ယခင်တာဝန်ပြီးကတည်းက ကံကြမ္မာစွမ်းအင်အမှတ်များကို အသုံးမပြုရသေးချေ။ ပို၍ဆိုးသည်မှာ ကံကြမ္မာပြိုင်ပွဲကို ပြီးမြောက်အောင် လုပ်ခဲ့ပြီးနောက် သူက ရုန်းကန်သူမှ ကံကြမ္မာ ထိန်းချုပ်သူအဖြစ် အဆင့်တက်သွားခဲ့သည်။ ကံကြမ္မာကျောက်တုံးကလည်း အများကြီးပြောင်းလဲသွားခဲ့ပြီး ဆုလဒ်ကဏ္ဍအသစ်တစ်ခု ပွင့်လာသည်။ ထိုကဏ္ဍက လဲလှယ်နိုင်သည့် ကဏ္ဍဖြစ်သည်။
ဝုန်း
ထို့နောက် တခဏတွင် ဝမ်ချောင်အရှေ့ရှိ မြင်ကွင်းက ပြောင်းလဲသွားသည်။ အဆုံးအစမဲ့အောင် မည်းမှောင်နေသော အမှောင်ထုထဲတွင် လွင့်မျောနေသော လက်သီးတစ်ဆုပ်စာသာရှိသော ကျောက်တုံးလေးက ရုတ်တရက် သူ၏အရှေ့တွင် ပေါ်လာသည်။ ထိုအရာက ပြောင်ရှင်းနေသော်လည်း အချိန်နှင့် အာကာသပြင်နှင့် ဆက်စပ်သည့် အင်အားကြီး အားလှိုင်းများကပင် ဖြာထွက်နေသေးသည်။
ထိုအရာက ကံကြမ္မာကျောက်တုံးဖြစ်သည်။
ဝမ်ချောင်က အစစ်အမှန်လောကတွင် အလုပ်များနေခဲ့သဖြင့် ကံကြမ္မာကျောက်တုံးကိုပင် ဂရုစိုက် လေ့လာရန် အချိန်မရခဲ့ချေ။ မည်သို့ပင်ဆိုစေ ကိစ္စပေါင်းများစွာက ဖြစ်ပျက်ခဲ့ပြီးနောက် ကံကြမ္မာကျောက်တုံးက ပို၍ပင် ကြီးလာပြီး ပို၍ပင် ခမ်းနားလာသေးသည်။ သို့သော် ပို၍ လျို့ဝှက်ဆန်းကြယ်သွားပြန်သည်။
လေးထောင့်သုံးဆယ်
ကံကြမ္မာကျောက်တုံး၏ ညာဘက်အပေါ် ထောင့်နားမှ တဖြတ်ဖြတ်လက်နေသော ရွှေရောင်ဂဏန်းများကို ဝမ်ချောင်က မြင်လိုက်ရသည်။
ဒါက ငါလက်ရှိ ပိုင်ဆိုင်ထားတဲ့ ကံကြမ္မာစွမ်းအင်အမှတ်လား။
သူက ထိုသို့တွေးလိုက်မိသည်နှင့် သူ၏မျက်ဝန်းထဲတွင် အတိတ်မှ အဖြစ်အပျက်ပေါင်း များစွာက ပေါ်လာသည်။ အမျိုးမျိုးသော သတင်းအပိုင်းအစများက ရှုပ်ထွေးသွားသည်။ အနောက်တောင်ပိုင်း၏ စစ်ပွဲမှရသော ဆုလဒ်များ သူယခင်ရထားသော ဆုလဒ်များက တစ်ထောင့်လေးရာ့ တစ်ဆယ်ဖြစ်သည်။ ထို့ပြင် ဝူရှန်းမှ စစ်သည်ငါးထောင်ကို ဝူရှန်းရွာမှရအောင် စုစည်းနိုင်ခဲ့ပြီးနောက် ကံကြမ္မာစွမ်းအင်အမှတ် ခြောက်ရာထပ်ရသည်။ ထိုနောက်ပိုင်း ဘိလပ်မြေကိစ္စတွင် ဝမ်ချောင်က ကံကြမ္မာစွမ်းအင်အမှတ် တစ်ထောင် ထပ်ရပြန်သည်။ ကောင်းရှန်းကျစ်ထံ စာရေးခဲ့သည့်အခါ အချက်အလက်များစွာ ဖော်ထုတ်လိုက်လုနီးပါး ဖြစ်သွားသဖြင့် ကံကြမ္မာစွမ်းအင်အမှတ် ခြောက်ရာကို ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင် စစ်မြင်းတာဝန်က အောင်မြင်သွားသဖြင့် သူက ကံကြမ္မာစွမ်းအင်အမှတ် ငါ့ရာတစ်ဆယ်ကို ထပ်ရခဲ့ခြင်းဖြစ်သည်။
အားလုံးပေါင်းလိုက်သော် သူ၏တာဝန်တိုင်းမှတဆင့် ယခုအခြေအနေထိ ရထားသော အမှတ်က လေးထောင့်သုံးဆယ်ဖြစ်သည်။
ဝမ်ချောင်ကပင် ကံကြမ္မာကျောက်တုံးထံမှရသော သတင်းအချက်အလက်များကြောင့် အံ့အားသင့်သွားရသည်။ သူက ကံကြမ္မာစွမ်းအင် အမှတ်ပေါင်းများစွာကို ပိုင်ဆိုင်လိုက်နိုင်သည်။
ဒီလောက်များနေရင်တော့ ငါ အင်အားကြီးတဲ့ စွမ်းရည်တွေနဲ့ လဲလှယ်လို့ ရလောက်ပါတယ်။
ဝမ်ချောင်က တွေးနေသည်။
ကံကြမ္မာကျောက်တုံးက သာမာန်စစ်သားတစ်ယောက်ကို ပြိုင်ဘက်ကင်း ကျွမ်းကျင်ပညာရှင်အဖြစ် တစ်ညတည်းနှင့် လုပ်နိုင်သော အင်အားမျိုးကို မပိုင်ဆိုင်ထားချေ။ သို့သော် သက်ရောက်မှုကရှိသည်။ အင်အားမြင့်လာအောင် မြှင့်တင်ပေးနိုင်ရန် အထောက်အကူပစ္စည်းများကို ထုတ်ပေးနိုင်သည့် ကံကြမ္မာကျောက်တုံး၏ ဆုလဒ်များက သန့်စင်သော အင်အားသီးသန့်အပေါ် မရည်ရွယ်ချေ။ သိုင်းများနှင့် ကျင့်ကြံခြင်းသိုင်းများလည်း ပါသည်။
ကံကြမ္မာစွမ်းအင်အမှတ် လေးထောင်နှင့်ဆိုလျှင် ဝမ်ချောင်အနေနှင့် အဆင့်တက်အောင် လုပ်နိုင်ချေ မြင့်လောက်သည်။ ထပ်ပေါင်းဆိုရသော် သူက ဆက်လက်ပြီး ကြိုးစားလေလေ ပို၍များပြားသော ဆုလဒ်များကို ရရှိနိုင်လေလေဖြစ်နိုင်လေသည်။
အခန်း(၇၇၈)
ကံကြမ္မာစစ်သံချပ်ကာ
ဝုန်း
ဝမ်ချောင်က ထိုသို့တွေးလိုက်ပြီးသည်နှင့် သူ၏ မျက်စိရှေ့ရှိ မြင်ကွင်းက တဖန်ပြန်လည် ပြောင်းလဲသွားပြန်သည်။ ရွှေရောင်အလင်းလုံး ငါးလုံးက ကံကြမ္မာကျောက်တုံး၏ အထက်တွင် လွင့်မျောလာသည်။ ထိုစကားလုံးများထဲတွင် စိတ်၊ ခန္ဓာ၊ စွမ်းအင်၊ သိုင်း၊ စွမ်းအားဆိုသော မတူသောစာများ ရှိနေပြီး ကံကြမ္မာကျောက်တုံးက ထောက်ပံ့ပေးနိုင်သော ဆုလဒ်ကဏ္ဍငါးမျိုးကို ဖော်ပြသည်။
စိတ်က ယုံကြည်မှုကို ကိုယ်စားပြုပြီး ခန္ဓာက ခန္ဓာကိုယ်ကို အားဖြည့်ပေးသောသိုင်းကို ရည်ညွှန်းကာ စွမ်းအင်ကမူ မူလစွမ်းအင်ကို ဖော်ညွှန်းသည်။ သိုင်းများကမူ တိုက်ခိုက်ခြင်းသိုင်းများဖြစ်ပြီး ကျင့်ကြံခြင်းသိုင်းများလည်း ပါဝင်သည်။ စွမ်းအားက အတွင်းအား၊ ကံကြမ္မာတို့ကို ရည်ညွှန်းသည်။ အချို့သော ကဏ္ဍများကို အစပိုင်းတွင် ချိတ်ပိတ်ထားခဲ့သော်လည်း အနောက်တောင်ပိုင်းက စစ်ပွဲပြီးနောက် သိုင်းနှင့်စွမ်းအားကဏ္ဍက ပွင့်သွားခြင်းအားဖြင့် ရွေးချယ်နိုင်သည့် ခေါင်းစဉ်များက များသွားသည်။
ဝမ်ချောင်၏မျက်ဝန်းက သဘာဝအလျောက်ပင် စွမ်းအင်ထံ ရောက်သွားသည်။ ထိုခေါင်းစဉ်ကဏ္ဍက ဖော်ပြထားသည့်အတိုင်း တည့်တိုးဆန်သည်။ ကံကြမ္မာကျောက်တုံးက ကံကြမ္မာစွမ်းအင်ကို တိုက်ရိုက် မပေးနိုင်သည့်အပြင် အဆင့်မြင့် စစ်သည်တော်တစ်ယောက်ကို အခြားအဆင့်သို့ ရောက်သွားအောင် တိုက်ရိုက် မမြှင့်ပေးနိုင်ချေ။ ထိုအစား ဆုလဒ်များထဲတွင် မူလစွမ်းအင်နှင့် ပတ်သတ်မှု အားလုံးရှိနေသည်။ ဥပမာအားဖြင့် ချီစက်ကွင်း၊ ကြယ်တာရာစွမ်းအင်သိုင်း စသဖြင့်တို့ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က စွမ်းအင်ကို ရွေးချယ်လိုက်သည်နှင့် ဝမ်ချောင်၏အရှေ့တွင်လည်း လဲလှယ်နိုင်သော ဆုလဒ်ပေါင်းများစွာက ပေါ်လာသည်။
ကံကြမ္မာကျောက်တုံးထံမှရသော ဆုလဒ်တိုင်းကို ယခင်တစ်ခေါက်က သူက မြင်ဖူးခဲ့သည်။ သို့သော် ယခုတစ်ခေါက်တွင်မူ ပြောင်းလဲသွားသည်။
မူလစွမ်းအင်ဆေးလုံးက မူလစွမ်းအင်အဆင့်က စစ်သည်တော်တွေအတွက်ပဲ သက်ရောက်မှုရှိတယ်၊ ကြယ်တာရာစွမ်းအင် ဓားသွေးသူက ကြယ်တာရာစွမ်းအင်ရဲ့ မူရင်းသဘာဝကို ယစ်ပူဇော်လိုက်သလို တိုးမြှင့်ပေးနိုင်တဲ့အပြင် ကံကြမ္မာစွမ်းအင်ရဲ့ ထက်ရှမှုကိုလည်း မြှင့်တင်ပေးနိုင်သေးတယ်၊ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူက ကြယ်တာရာစွမ်းအင်ရဲ့ သဘောသဘာဝကို ယစ်ပူဇော်လိုက်သလို မြှင့်တင်ပေးနိုင်တဲ့အပြင် ကြယ်တာရာစွမ်းအင်ရဲ့ စွမ်းရည်ကိုလည်း ထိုးဖောက်နိုင်လုမတက် အဆင့်မြင့်သွားစေတယ်။
ဝမ်ချောင်က ရင်းနှီးကျွမ်းဝင်သော အကြောင်းအရာများကို ဖတ်ကြည့်လိုက်သည်။ မူလစွမ်းအင်ဆေးနှင့် ကြယ်တာရာစွမ်းအင် ဓားသွေးသူက လက်ရှိဝမ်ချောင်အတွက် အသုံးမဝင်ချေ။ ကြယ်တာရာစွမ်းအင် ထိုးဖောက်သူကသာ အသုံးဝင်သေးသည်။ ခုခံနိုင်သည်ဆိုသော အခွင့်အရေးကို လျစ်လျူရှု့လိုက်ပြီး ထိုသက်ရောက်မှု ရရှိစေရန် သူ့ကိုသူ အင်အားမြှင့်တင်နိုင်ရန် အခွင့်အရေးအတွက် သူက အပိုဝယ်ယူမှုများပင် လုပ်နိုင်လောက်သေးသည်။
သို့သော် ဝမ်ချောင်ကို အမှန်တကယ် ဆွဲဆောင်သွားသောအရာက ဆုလဒ်အသစ်များဖြစ်နေသည်။
ကြယ်တာရာစွမ်းအင်ကို ရှို့နိုင်သူ (အထူးသဖြင့် လုဝူရဲ့ အင်အားအထိ ရနိုင်စေတယ်) အသုံးပြုသူကို လုဝူရဲ့ စွမ်းအင်နဲ့ တစ်ဆင့်တိတိ မြင့်ပေးနိုင်တယ်။ တိုက်ခိုက်နေတဲ့ အတောအတွင်းမှာ ပြိုင်ဘက်ရဲ့ စွမ်းအင်ကိုလည်း လျှင်လျှင်မြန်မြန် လောင်ကျွမ်းအောင် လုပ်နိုင်ပါသေးတယ်။ လောင်ကျွမ်းသွားတဲ့ စွမ်းအင်ပမာဏက အသုံးပြုသူရဲ့ အင်အားနဲ့ ပြိုင်ဘက်ရဲ့ အဆင့်ပေါ်မှီခိုပြီး သက်ရောက်မှု ရှိနိုင်ပါတယ်။
အခြေခံအဆင့်မြှင့်တင်မှု.. (၁၅)မိနစ်တိုင်းမှာ ပြိုင်ဘက်ရဲ့ ကြယ်တာရာစွမ်းအင်ရဲ့ လေးပုံတစ်ပုံက လောင်ကျွမ်းခံရမယ်။ အင်ပါယာသိုင်းနယ်မြေနဲ့ အောက်အဆင့် ပြိုင်ဘက်များအတွက်ပဲ သက်ရောက်မှုရှိတယ်... အမှတ်ရှစ်ရာ။
အဆင့်မြင့် အဆင့်မြှင့်တင်မှု.. (၁၅)မိနစ်တိုင်းမှာ ပြိုင်ဘက်ရဲ့ ကြယ်တာရာစွမ်းအင်ရဲ့ လေးပုံတစ်ပုံကို လောင်ကျွမ်းနိုင်မယ်။ သူတော်စင်သိုင်းနယ်မြေ အဆင့်နဲ့ အောက်အဆင့်အတွက်ပဲ သက်ရောက်မှုရှိမယ်။ ကုန်ကျမှု အမှတ်တစ်ထောင့်နှစ်ရာ။
ဝမ်ချောင်က ထိုဆုကြောင့် မျက်လုံးပြူးသွားသည်။ ရှင်းလင်းစွာဖြင့်ပင် ယခင်တစ်ခေါက် သူကြည့်ခဲ့ချိန်က ထိုစွမ်းရည်မျိုးကို မမြင်ခဲ့ရသည်မှာ ရှင်းလင်းနေသည်။
ကံကြမ္မကျောက်တုံးက အကြောင်းပြချက်မရှိ ပြောင်းလဲသွားတာ မဟုတ်ဘူးပဲ။ ကြည့်ရတာ ခေါင်းစဉ်အသစ်တွေအပြင် ဆုလဒ်အသစ်တွေကလည်း ကံကြမ္မာအမှတ်များများ ပိုရလာတာနဲ့ ငါသုံးနိုင်လာတာနဲ့ ပွင့်လာလောက်တယ်။
ဝမ်ချောင်က တွက်ချက်ကြည့်လိုက်သည်။ သို့သော် သူ၏မျက်စိကို အဖမ်းစားနိုင်ဆုံးအရာက အထူးသဖြင့် လုဝူ၏ အင်အားအထိ တိုးမြှင့်နိုင်ခြင်းဆိုသော စကားလုံးဖြစ်သည်။
ကြည့်ရသည်မှာ ကံကြမ္မာကျောက်တုံးက အသုံးပြုသူ၏ အခြေအနေအလိုက် ဆုလဒ်များကို ပေးနိုင်ခြင်းဖြစ်လောက်သည်။
ငါကအခု အဆင့်လွန်သိုင်းနှစ်မျိုးကို ပိုင်ထားပြီးသား။ တစ်ခုက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၊ နောက်တစ်ခုကတော့ နတ်ဘုရားနဲ့မိစာ္ဆ ပျောက်ပျက်စေခြင်းသိုင်း ဒါပေမဲ့ ကံကြမ္မာကျောက်တုံးကနေ အပြောင်းအလဲတွေကို မတွေ့ရသေးဘူး။ ဆိုတော့ လုဝူရဲ့ အင်အားကပဲ ဆုလဒ်ကဏ္ဍအရ ပြောင်းလဲသွားစေတာပေါ့။ ဒါက ဘယ်နေရာကနေ လာတာလဲ။ ဝမ်ချောင်၏စိတ်က သူတွေ့ခဲ့ဖူးသည့် အနက်ရောင်ဝတ်စုံနှင့် လူများကို ဆက်စပ်ပြီး ပြန်တွေးမိသွားသည်။
လုဝူ၏အင်အားက လျို့ဝှက်ဆန်းကြယ်သော အဖွဲ့နှင့် အဖွဲ့အပိုင်ဖြစ်သည်။ ဝမ်ချောင်ကလည်း ထိုအင်အားမျိုးက ကံကြမ္မာကျောက်တုံးကို အပြောင်းအလဲ ဖြစ်သွားစေမည်ဟု မမျှော်လင့်ဖူးချေ။ သို့သော် သူကိုယ်တိုင်ကလည်း လုဝူ၏အင်အား ကြယ်တာရာစွမ်းအင် ရှို့နိုင်သူက လက်ရှိအနေအထားအရ သူ့အတွက် အလွန်အသုံးဝင်ကြောင်း လက်ခံရမည်ဖြစ်သည်။
မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ သက်ရောက်မှုနှင့် ပြိုင်ဘက်၏ ကြယ်တာရာစွမ်းအင် လေးပုံတစ်ပုံခန့်ကို လောင်ကျွမ်းနိုင်သော သက်ရောက်မှုက သာ့ယန်မာန်ပန့်ကို မသတ်နိုင်လောက်သော်လည်း သူ့ကို ဒုက္ခအကြီးကြီး ပေးနိုင်လောက်သည်။
ဝမ်ချောင်အနေဖြင့် ဆုံးဖြတ်ချက်ချရန် တခဏခန့်သာကြာသည်။
အတွေးတစ်ခုနှင့်အတူ ကြယ်တာရာစွမ်းအင် ရှို့နိုင်သူဆိုသော ခေါင်းစဉ်ပါဆုလဒ်ကြီးက ရုတ်တရက် အလင်းများဖြင့် ပေါက်ကွဲသွားသည်။ မီးတောက်လို ပူပြင်းသော်လည်း တချိန်ထဲတွင် ရေခဲလို အေးစက်လွန်းနေသော ပြင်းထန်လွန်းသည့် စွမ်းအင်တိုင်းက ဝမ်ချောင်၏ကိုယ်ထဲသို့ တိုးဝင်သွားသည်။
တစ်စုံတစ်ရာဖြင့် ထိုးဖောက်သွားသလို ခံစားချက်မျိုးကို ခံစားလိုက်ရသော်လည်း ကြောက်လန့်မှုမရှိဘဲ ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။ ထိုအခိုက် အသစ်စက်စက် ထွက်လာသော စွမ်းအင်များက ဝမ်ချောင်၏ကိုယ်ထဲတွင် ပြန်ပေါ်လာပြီဖြစ်သည်။ ထိုတခဏက ပူပြင်းလွန်းသလို အေးစက်လွန်းနေသေးသည်။ ခန္ဓာကိုယ်ရှိ ဆဲလ်တိုင်းနှင့် စတင်ကာ ပေါင်းစပ်လာသည်။
ဘယ်လောက်တောင် ပြင်းထန်တဲ့ စွမ်းအင်တွေလဲ။
ဝမ်ချောင်က တွေးလိုက်သည်။ ထိုစွမ်းအင်က လုဝူ၏စွမ်းအင်နှင့် အလားသဏ္ဍန်တူသည်။ ပြင်းထန်စွာ ပါဝင်သော ရုတ်ရင့်ကြမ်းတမ်းလွန်းသည့် အတက်စွမ်းအားနှင့်တူပြီး ပို၍ပင် အင်အားကြီးနေလောက်သေးသည်။ စိတ်ဝင်စားစရာ ကောင်းသည်မှာ အပေါ်ယံတွင် ပြောင်းလဲမှုများ မပေါ်ခြင်းဖြစ်သည်။ ဝမ်ချောင်ကမူ သူ၏ကိုယ်တွင်းမှ အခြေအနေကို ကောင်းကောင်း နားလည်နိုင်သည့်အတွက် သူ၏အင်အားက မြင့်တက်သွားကြောင်း သိလိုက်သည်။
သက်ရောက်မှုက ဘယ်လိုဖြစ်သွားမလဲပဲ ငါသိချင်တယ်။ ငါသာ့ယန်မာန်ပန့်နဲ့ တခဏလောက်နေမှ တိုက်ခိုက်ကြည့်ပြီး စမ်းကြည့်ရမှာပဲ။
ဒီတစ်ကြိမ်တွင် ကံကြမ္မာကျောက်တုံး၏ ပုံစံအတိုင်း တစ်ကြိမ်သုံးစွမ်းအားများ ထည့်သွင်းပေးခြင်းထက် ပြောင်းလဲမှုပေါင်းများစွာကို ထောက်ပံ့ပေးခြင်းဖြစ်သည်။ ကြယ်တာရာစွမ်းအင် ရှို့နိုင်သူ တစ်ခုတည်းကတင် သာ့ယန်မာန်ပန့်ကို ကိုင်တွယ်ရန် လုံလောက်ခြင်း မရှိသေးချေ။ ထို့ကြောင့် ဝမ်ချောင်က ခပ်မြန်မြန် ရှာဖွေလိုက်သည်။
ခေါင်းစဉ်ငါးခုမှ အမျိုးမျိုးသော ဆုလဒ်များက ဝမ်ချောင်၏ရှေ့တွင် တဖန်ထွက်ပေါ်လာသည်။ ထိုဆုလဒ်တိုင်းက စွမ်းရည်ကွာခြားသည့်အလျောက် ကုန်ကျစရိတ်ကလည်း ကွာသည်။ သို့သော် အများစုကိုမူ ဝမ်ချောင်က မလိုအပ်သေးချေ။
ဝမ်ချောင်က ဆုလဒ်များကို ကြည့်နေပြီး မျက်မှောင်ကိုကျုံ့သည်။ သူကိုယ်တိုင်ကလည်း သာ့ယန်မာန်ပန့်၏ စစ်သားများကို ဂရုမစိုက်ချေ။ သူက ထိုလူများကို ကိုင်တွယ်ရန် အကြံရှိပြီးသားဖြစ်သည်။ တစ်ခုတည်းသော ပြဿနာက သာ့ယန်မာန်ပန့်အတွက် မရှိနေသေးခြင်းဖြစ်သည်။
အရာအားလုံးကို ဘေးဖယ်ထားလိုက်ပြီး ထိုစီမံကိန်းကသာ ကျရှုံးသွားခဲ့ပါက သာ့ယန်မာန်ပန့်က သေချာပေါက် ရူးသွပ်သွားပြီး ချီရှီကိုစတင်ကာ အမြစ်ဖြတ် သုတ်သင်ပေလိမ့်မည်။
သာ့ယန်မာန်ပန့်၏ လုပ်ဆောင်မှုများက ခေါင်းမာပြီး စီစဉ်တွက်ချက်တတ်လွန်းသည်။ ထိုအရာများကို မခန့်မှန်းနိုင်ချေ။ ထို့ကြောင့် သူတစ်ခုတည်းသော ခန့်မှန်းနိုင်နေသည့် အရာက သာ့ယန်မာန်ပန့်၏ သူ့ကို ရင်ဆိုင်လာသည့် တိုက်ကွက်တိုင်းက သက်ရောက်မှုမရှိနိုင်ဆိုသော အချက်ဖြစ်သည်။ သို့သော် ချီရှီကာကွယ်ရေးစစ်တပ်အတွက်မူ သူက အာမ မခံပေးနိုင်ချေ။ ပို၍ဆိုးသည်မှာ သူက ကံကြမ္မာစွမ်းအင် အမှတ်နှစ်ထောင်ဆိုသော အပြစ်ဒဏ်ကို စဉ်းစားရဦးမည်ဖြစ်သည်။
“အွန်”
ရုတ်တရက် ဝမ်ချောင်၏အကြည့်က သိုင်းများဆိုသော ခေါင်းစဉ်အောက်မှ နောက်ဆုံးဆုထံတွင် ရပ်တန့်သွားသည်။
ကံကြမ္မာတိုက်ပွဲဝင်သံချပ်ကာ (အခြေခံ..) အသုံးပြုသူကပဲ အသုံးပြုနိုင်ပါတယ်။ ဒါက အသုံးပြုသူရဲ့ ခုခံနိုင်စွမ်းရည်ကို အများကြီး အဆင့်ပေါင်းများစွာ မြှင့်တင်ပေးနိုင်တယ်။ ဘယ်လက်နက်မဆိုရဲ့ ထိုးဖောက်မှုကနေ တားဆီးပေးနိုင်တယ်။ ဒါ့အပြင် ဒီသံချပ်ကာက အသုံးပြုသူရဲ့ ကြယ်တာရာစွမ်းအင်နဲ့ တစ်သားတည်း ပေါင်းစည်းသွားမှာဖြစ်လို့ အသုံးပြုသူရဲ့ ခွန်အားကိုလည်း အများကြီး မြှင့်တင်ပေးဦးမှာပဲ။
လဲလှယ်မှုအခြေအနေ... အသုံးပြုသူက ကံကြမ္မာထိန်းချုပ်သူအဆင့်ကို ရောက်နေမှ ရပါမယ်။ ဒါ့အပြင် ဒီလိုအဆင့်ကိုရောက်နေမှ အခြေခံတိုက်ပွဲဝင်သံချပ်ကာ (ကံတိုက်ပွဲဝင်သံချပ်ကာကို ကံကြမ္မာတိုက်ပွဲဝင်သံချပ်ကာအဖြစ် အဆင့်မြှင့်တိုင်နိုင်)မှ ရရှိနိုင်ပါမယ်။
ကုန်ကျစရိတ် တစ်ထောင့်လေးရာ
အဆင့်မြှင့် (အဆင့်မြင့်ကံ တိုက်ပွဲဝင်သံချပ်ကာ).. ကြယ်တာရာစွမ်းအင်ကို အဆင့်မြင့်မားသွားအောင် မြှင့်တင်ပေးနိုင်တယ်။ အသုံးပြုသူရဲ့ ကြယ်တာရာစွမ်းအင်ကသာ သံချပ်ကာနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် အင်အားက တဆင့်လုံး မြင့်တက်သွားမှာပါ။
မှတ်ချက်.. ဒီမြင့်တက်မှုက သူတော်စင်သိုင်းနယ်မြေ အဆင့်ထက် ကျော်လို့မရနိုင်ပါဘူး။
မှတ်ချက်.. အင်အားမြင့်တက်သွားတဲ့အခါ အင်အားကျနှုန်း ပြန်မြန်နိုင်ပါသေးတယ်။ ကံတိုက်ပွဲဝင် သံချပ်ကာရဲ့ ခွန်အားမြင့်တက်မှုက အများဆုံး နှစ်နာရီပဲ ခံနိုင်ပါမယ်။ ဒါ့အပြင် အသုံးပြုပြီးရင် အသုံးပြုသူက ငါးရက်ဆက်တိုက် မူးဝေပြီး နွမ်းနယ်နေဦးမှာပါ။ (ကံတိုက်ပွဲဝင်သံချပ်ကာက အသုံးပြုသူရဲ့ ကြယ်တာရာစွမ်းအင်ကို မစားသုံးပါဘူး) နောက်ဆုံးမှာ တစ်လသီးသန့်ကြာပြီးမှပဲ ကံတိုက်ပွဲဝင်သံချပ်ကာကို ပုံမှန်အတိုင်း ပြန်သုံးနိုင်မှာပါ။ အသုံးပြုသူအနေနဲ့ ဒီစွမ်းရည်ကို သေချာ သတိထားသင့်ပါတယ်။
ကုန်ကျစရိတ်.. အမှတ်တစ်ထောင်
အထူးမြှင့်တင်မှု.. အသုံးပြုသူကသာ ကံကြမ္မာစွမ်းအင်အမှတ် ရှစ်ဆယ် ပိုပေးမယ်ဆိုရင် အသုံးပြုသူအနေနဲ့ ကံကြမ္မာကျောက်တုံးရဲ့ သိုလှောင်နေရာထဲမှာ ကံတိုက်ပွဲဝင်သံချပ်ကာကို သိုလှောင်ထားနိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ ဒီသံချပ်ကာက အဆင့်ထပ်မြှင့်လို့ရတဲ့ သက်ရောက်မှုကို ပိုင်ဆိုင်သွားမှာပါ။ ဒါကြောင့် အသုံးပြုဖို့ ဆင့်ခေါ်ထုတ်လိုက်တာနဲ့ သံချပ်ကာရဲ့ အပိုင်းအစတိုင်းက အသုံးပြုသူအတွက် အလိုလို အဆင့်မြှင့် တပ်ဆင်ပြီးသားဖြစ်သွားမှာပါ။ ဒါကြောင့် အသုံးပြုသူအနေနဲ့ ဘယ်လိုအခြေအနေမျိုးမှာမဆို သံချပ်ကာကို ကောက်ဝတ်နိုင်ပါတယ်။
သူက ထိုအချက်အလက်များကို ဖတ်ရှု့ပြီးသည်နှင့် ဝမ်ချောင်က တိတ်ဆိတ်သွားသည်။ သူကိုယ်တိုင်ကပင် ထိုဆုလဒ်မျိုးကို မမြင်ဖူးချေ။
ဖြစ်နိုင်တာက...
ထိုအကြံဝင်လာသည်နှင့် သူက စိတ်ကို အလုပ်ပေးလိုက်ပြီး နောက်ဆုံးခေါင်းစဉ် ငါးခုထံ ပြန်ရွေ့လိုက်ကာ နောက်ဆုံးတွင် စွမ်းအားထံဝင်ပြီး နောက်ဆုံးဆုကို သွားကြည့်သည်။
ကောင်းကင်ဘုံ လုပ်ပိုင်ခွင့် သံချပ်ကာ (နက်သံချပ်ကာပြိုင်ပွဲဝင်).. ချိတ်ပိတ်ထား။
ဝမ်ချောင်က သူခန့်မှန်းလိုက်သည့်အရာကို သေချာပေါက် မြင်လိုက်ရသည်။ သို့သော် ကံတိုက်ပွဲဝင် သံချပ်ကာနှင့် မတူသည်မှာ ကောင်းကင်ဘုံ လုပ်ပိုင်ခွင့် တိုက်ပွဲဝင်သံချပ်ကာက မီးခိုးရောင်ဖြစ်ပြီး အပိတ်ခံလိုက်ရသည်။
မျှော်လင့်ထားတဲ့အတိုင်းပဲ ကံကြမ္မာစွမ်းအင် အမှတ်များများရလေလေ ငါရတဲ့ဆုတွေက မြင့်လေလေပဲ။ ဒါပေမဲ့ ပေးရမဲ့တန်ကြေးကလည်း များလာတယ်။
ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။
ဝမ်ချောင်က ယခင်က လဲလှယ်ခဲ့ဖူးသော ပစ္စည်းများက ဆယ်မှတ်ဝန်းကျင်ခန့်သာလျှင် ကုန်သည်။ သို့သော် ကြယ်တာရာစွမ်းအင် ရှို့နိုင်သူကဲ့သို့ အရာမျိုးဆိုလျှင် ကြောက်မက်ဖွယ်ကောင်းသော အမှတ်များလိုလာသည်။ ကံကြမ္မာစွမ်းအင် ရှို့နိုင်သူ တစ်ခုတည်းကတင် ကံကြမ္မာစွမ်းအင်အမှတ် တစ်ထောင့်နှစ်ရာ လိုသွားပြီဖြစ်သည်။ ထို့ပြင် ကံတိုက်ပွဲဝင် သံချပ်ကာနှင့် အပိုအဆင့်မြှင့်တင်သော လုပ်ဆောင်မှုများကြောင့် ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင့်လေးရာ့ရှစ်ဆယ်ကိုပင် လိုအပ်မည်ဖြစ်သည်။
အတိတ်တွင်ဆိုလျှင် သူက ထိုပမာဏကိုကြည့်ပြီး သက်ပြင်းသာ ချနိုင်ရုံသာ ရလောက်သည်။
ထိုပစ္စည်းများအတွက် ကုန်ကျစရိတ်က များနေကြောင်း သူတို့၏စွမ်းရည်က ထူးခြားလွန်းသည်။ ကြယ်တာရာစွမ်းအင်ရှို့န်ိုင်သူနှင့် ကံတိုက်ပွဲဝင်သံချပ်ကာတို့ ပေါင်းလိုက်လျှင် သူတော်စင် သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကိုပင် ယှဉ်နိုင်သွားမည်ဖြစ်ပြီး အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများ အားလုံးကလည်း သူတော်စင်သိုင်းနယ်မြေတွင် ရှိနေကြသေးသည်။ ထိုထက် အင်အားကြီးမားသူများကမူ အလွန်နည်းသည်။
ကံတိုက်ပွဲဝင်သံချပ်ကာက အမှတ်အများကြီးလိုအပ်သလို အံ့ဩစရာကောင်းသည့် သက်ရောက်မှုလည်းရှိသည်။ ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင့်လေးရာက အသုံးပြုသူကို သူတော်စင် သိုင်းနယ်မြေအဆင့်သို့ မြင့်တင်ပေးနိုင်သည်။ သို့သော်ဒါက နယ်မြေအပြောင်းအလဲသာ ဖြစ်သည့်တိုင်အောင် ကောင်းကင်ဘုံနှင့် မြေကြီးတမျှ ခြားနားနေသေးသည်။ အနည်းဆုံး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို အင်ပါယာသိုင်းနယ်မြေအဆင့်တွင် အသုံးပြုသော သက်ရောက်မှုက မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို သူတော်စင်သိုင်းနယ်မြေတွင် အသုံးပြုမှုနှင့် အပြတ်အသတ် ကွာနေမည်ဖြစ်သည်။
အချိန်ကတိုသည်။ ထို့ကြောင့် ဝမ်ချောင်က ချက်ချင်းလိုလို စိတ်ဆုံးဖြတ်လိုက်သည်။ သူက တုန့်ဆိုင်းမနေခဲ့ချေ။ သူက နောက်ထပ် အပို အမှတ်ရှစ်ဆယ်ကိုပင် သုံးလိုက်ပြီး ကံကြမ္မာ တိုက်ပွဲဝင် သံချပ်ကာပေါ်သို့ ကံကြမ္မာစွမ်းအင်များကို လောင်းထည့်ပေးလိုက်သည်။ ထို့နောက်သူက နောက်ထပ် အမှတ် တစ်ထောင့်လေးရာကိုသုံးကာ ကံတိုက်ပွဲဝင်သံချပ်ကာကို အဆင့်မြှင့်တင်လိုက်သည်။ ထို့နောက် နောက်ထပ် အမှတ်တစ်ထောင်အတွက် အဆင့်မြှင့် သံချပ်ကာအပေါ် ထုတ်သုံးလိုက်သည်။ နောက်ဆုံးမှသာ အပိုအဆင့်မြှင့်တင်မှုအတွက် အမှတ်ရှစ်ဆယ်ကိုသုံးသည်။
အားလုံးပေါင်း ဝမ်ချောင်က ကံကြမ္မာစွမ်းအင်အမှတ်သုံးထောင့်ခုနှစ်ရာ့ခြောက်ဆယ်ကို သုံးလိုက်ရသည်။
ငါ့မှာအခု အမှတ်နှစ်ရာ့ခုနှစ်ဆယ်ပဲ ကျန်တော့တယ်။
ဝမ်ချောင်က တိတ်တဆိတ်တွေးသည်။
စွမ်းရည်ကမြင့်လေလေ ကုန်သော ကံကြမ္မာစွမ်းအင်အမှတ်က များလေလေဖြစ်ပြီး ဝမ်ချောင်ကပင် ကျန်ရှိသော အမှတ်များကို အလောတကြီး မသုံးရဲတော့ချေ။
ဝုန်း
အရာအားလုံး လုပ်ဆောင်ပြီးနောက် ဝမ်ချောင်က မျက်လုံးကို ပြန်ဖွင့်လိုက်သည်။
အခန်း(၇၇၉)
သာ့ယန်မာန်ပန်ရဲ့ တိုက်ကွက်များ
“အရှင်အမတ် ကျင့်ကြံတာ ပြီးသွားပါပြီလား”
ဝမ်ချောင်က အကျောကို ပြေလျော့လိုက်သည်ကို သတိထားမိလိုက်သည့် လီစစ်ယဲ့၏ မျက်ဝန်းအတွင် အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။
“အချိန်ဘယ်လောက် ကြာသွားလဲ။ အခြားဘက်က တစ်ခုခု လုပ်လာသေးလား”
“အရှင်အမတ် အရှင်အမတ်က ခဏလေးပဲ တရားထိုင်လိုက်တာပါ။ စက္ကန့်နှစ်ဆယ်တောင် မကြာသွားပါဘူး”
လီစစ်ယဲ့က ပြောသည်။
“တိဗက်တွေကတော့... ဘာမှမလုပ်သေးပါဘူး”
“အာ”
ဝမ်ချောင်ကပင် ပဟေဠိဖြစ်သွားသည်။ နောက်ဆုံးမှသာ လီစစ်ယဲ့က မည်သည့်အတွက်ကြောင့် အံ့အားသင့်သွားကြောင်း သိလိုက်သည်။ သူက အချိန်အကြာကြီး ကုန်ဆုံးသွားပြီဟု ခံစားမိနေသည့်တိုင်အောင် စက္ကန့်နှစ်ဆယ်သာ ကုန်သွားသေးသည်။ ထို့ကြောင့် လီစစ်ယဲ့၏ အမြင်တွင် သူကဒီတိုင်း ထိုင်နေရုံသာရှိလောက်သေးသည်။
သူ၏စိတ်အာကာသပြင် အတွင်းတွင်မူ အချိန်၏စီးဆင်းမှုက အပြင်ဘက်ရှိ အချိန်၏စီးဆင်းမှုနှင့် ကွာခြားနေခြင်းဖြစ်သည်။
ဘုန်း
သူတို့က စကားပြောနေချိန်တွင် ရုတ်တရက် တိဗက်စစ်တပ်ဘက်မှ ခရာမှုတ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။ ယခင်တစ်ခေါက် ခရာမှုတ်သံနှင့် မတူသည်မှာ ယခုတစ်ခေါက်က ပြင်းထန်သည့် စွမ်းအားများကို ထုတ်လွှတ်ထားသည်။
ဘုန်း
မြေကမာ္ဘက တသိမ့်သိမ့် တုန်သွားပြန်သည်။ ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏အရှေ့မှ မြက်ပင်များကပင် မြေပြင်သို့ လဲကျမတက် ယမ်းခါသွားသည်။
ဝမ်ချောင်၏ အမူအရာက တင်းမာသွားပြီး ခပ်မတ်မတ်ထရပ်သည်။
“အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုထုတ် စစ်သားတွေအားလုံးကို စုစည်းပြီး အသင့်ပြင်ခိုင်းလိုက်။ သာ့ယန်မာန်ပန့်က တိုက်ခိုက်လာပြီ”
ဝမ်ချောင်က ခပ်မာမာပြောသည်။
ဝမ်ချောင်၏အသံနှင့်အတူ ပါလာသော ပြင်းအားကို အာရုံခံမိသည့် လီစစ်ယဲ့ ချက်ချင်းလိုလို ထွက်သွားသည်။ သူက ထွက်သွားပြီးသည်နှင့် ဝုန်းကနဲအသံနှင့်အတူ တိဗက်စစ်တပ်ဘက်မှ ပြင်းထန်သော အံ့အားသင့် အရှိန်အဝါက ပျံ့လွင့်လာကာ ကျန်းနှစ်ထောင်တောက်လျှောက် ဖြန့်ကျက်လိုက်သည်။ ဒါက ရှင်းလင်းစွာပင် သိသာထင်ရှားအောင် လုပ်ပြလိုက်ခြင်းဖြစ်သည်။ တစ်ချက် ကြည့်လိုက်မည်ဆိုလျှင် ဝမ်ချောင်က စတင်ကာ ခွဲထွက်လာသည့် တိဗက်စစ်တပ်ကို မြင်ရသည်။ ထိုအချိန်တွင် အနီရောင်မြင်းခွာများနှင့် နှင်းဖြူရောင် တောင်ပေါ်မြင်းကြီး တစ်ကောင်ကလည်း ဦးတည်ထွက်လာကြောင်း မြင်လိုက်ရသည်။
မြင်းပေါ်တွင်ရှိသည့် ရင်းနှီးကျွမ်းဝင်သော ပုံရိပ်က ဝမ်ချောင်ကို စိုက်ကြည့်သည်။ အကွာအဝေးက ထိုမျှခြားနေသည့်တိုင်အောင် ဝမ်ချောင်ကမူ ထိုအကြည့်မှ အေးစက်သော သတ်ဖြတ်လိုစိတ်နှင့် ခက်ထန်ကြမ်းတမ်းမှုကို ခံစားမိနိုင်သည်။
သူက စတိုက်တော့မှာလား။
ဝမ်ချောင်က နောက်ဆုံးတွင် သာ့ယန်မာန်ပန့်ကို သတိထားမိလိုက်သည်။
သူကသာ့ယန်မာန်ပန့်ကို နှစ်ကြိမ်ရှုံးအောင် လုပ်ခဲ့သော်လည်း ဝမ်ချောင်အနေဖြင့် အနည်းငယ်သော်မျှ စိတ်မအေးခဲ့ချေ။ သာ့ယန်မာန်ပန့်က ယွီစန်းမှ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သလို ခက်ထန်ကြမ်းတမ်း ကြောက်မက်ဖွယ်ကောင်းသော ဗိုလ်ချုပ်နှင့် ယွီစန်း၏သတ်ဖြတ်ခြင်း စစ်နတ်ဘုရား ဖြစ်နေသေးသည်။
ယခင်တိုက်ခိုက်မှု နှစ်ခုတွင် ဝမ်ချောင်က အကြံအစည်များကို သုံး၍ဖြစ်စေ၊ အဖွဲ့လိုက် ပေါင်းကာ သာ့ယန်မာန်ပန့်ကို ရင်ဆိုင်ခဲ့ခြင်းကြောင့်ပင်ဖြစ်စေ နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် သူတို့က တစ်ကြိမ်သော်မျှ မြင်းတပ်ချင်း တိုက်ခိုက်သည့် တိုက်ပွဲမျိုးကို သေချာ မဆင်နွဲရသေးချေ။
အရေးကြီးဆုံးအချက်ကမူ သာ့ယန်မာန်ပန့်က အတွေ့အကြုံ တစ်ခုချင်းစီတိုင်းမှ သင်ယူတတ်သောလူမျိုး ဖြစ်နေလေရာ သူက ဒီတစ်ကြိမ်တွင် မည်သည့် မုယောစပါးအမှုန့်ကိုမျှ မသုံးခဲ့လျှင် ဝမ်ချောင်ကလည်း သူ့ကိုရင်ဆိုင်ရန် နောက်ထပ် ပေါက်ကွဲမှုကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ချေ။
“ကောင်စုတ်လေး မင်းသေမှာ သေချာပြီ”
သာ့ယန်မာန်ပန့်က ဘာစကားမှ မပြောသော်လည်း ဝမ်ချောင်ကပင် ထိုအကြည့်မှတဆင့် ခက်ထန်ကြမ်းတမ်းသည့် ရက်စက်မှုကို ခံစားမိနိုင်သည်။
ဝုန်း
သာ့ယန်မာန်ပန့်က ညာဘက်လက်ကို မြှောက်လိုက်သည်။ ဒီနည်းအားဖြင့် နောက်ထပ်မြင်းတပ် အင်အားစုတစ်ခုကိုထွက်ရန် အချက်ပြသည်။
ဒီတစ်ကြိမ် ထွက်လာသော အင်အားစုမှ စစ်သည်တော်တိုင်းက အလွန်အမင်း သန်မာလွန်းသော မြင်းများကို စီးထားကြသည်။ သူတို့၏ မြင်းအရည်အသွေးက ပတ်ဝန်းကျင်ရှိ တောင်ပေါ်မြင်းများထက် သာသည်။ ပို၍လည်းကြီးသည်။
သူတို့၏ ဖောင်းထွက်နေသော ကြွက်သားများကပင် ပြင်းထန်သည့် အင်အားများကို သယ်ဆောင်ထားသည်။ သူတို့ကို စီးထားသူများကလည်း တိဗက်မြင်းတပ်တိုင်းနှင့် ကွာခြားနေပြန်သည်။
တောင်ပေါ်ဒေသ၏ ဝန်းကျင်အနေအထားကြောင့် တိဗက်အများစုက သာမာန်ဟန်များထက် အရပ်ပုကြသည်။ သို့သော် ယခုမြင်းစီးသူများက အလွန်အမင်း အရပ်ရှည်နေသည်။ သူတို့၏အကြည့်က နက်မှောင်ကာ ရက်စက်သည်။ ဒီတိုင်း မတ်တပ်ရပ်နေလိုက်ရုံနှင့်တင် သူတို့ထံမှ ဖြာထွက်နေသော ရက်စက်ကြမ်းတမ်းသည့် သတ်ဖြတ်ခြင်း အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်သွားပြီး ပြင်းထန်သော ဖိအားကို ဖြစ်ပေါ်လာစေသည်။
မည်သည့်မြင်းတပ်ကမျှ ထိုကဲ့သို့သော ပြင်းထန်သည့် အရှိန်အဝါကို မထုတ်လွှတ်နိုင်ချေ။ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ် ငါးထောင်နှင့်ယှဉ်နိုင်သော် စစ်တပ်မျိုးက တိဗက်တောင်ပေါ်ဒေသတွင် အင်အားစု တစ်ခုတည်းသာရှိသည်။
“သတ္တိဖြူတွေပဲ”
အဝေးရှိ ချီရှီကာကွယ်ရေးစစ်တပ်မှ အရာရှိတိုင်း၏ မျက်လုံးက မှေးကျဉ်းသွားကြပြီး ရေရွတ်လိုက်ကြသည်။ ဟယ်ပါးယဲ့ကိုယ်တိုင်ပင် သက်ရောက်ခံလိုက်ရပြီး မျက်မှောင်ကျုံ့သွားသည်။
သတ္တိဖြူများကို ချီရှီကာကွယ်ရေးစစ်တပ်ထက် မည်သူကမျှ ပိုပြီး နားလည်လိမ့်မည် မဟုတ်ချေ။ သူတို့က ထိုသတ္တိဖြူများအောက်တွင် စစ်သည်ငါးထောင်နှင့် ဗိုလ်ချုပ် ဖုလန်ဟယ်ကို ရှုံးလိုက်ရခြင်းအားဖြင့် သာ့ယန်မာန်ပန့်၏ အမိန့်ပေးမှုအောက်တွင် တိဗက်သတ္တိဖြူများ၏ လုပ်နိုင်စွမ်းအားနှင့် ခက်ထန်ကြမ်းတမ်းမှုကို နားလည်နိုင်ခဲ့သည်။
ချီရှီကာကွယ်ရေးစစ်တပ်အတွက် ထိုကိစ္စက အိမ်မက်ဆိုးဖြစ်ခဲ့သည်။ ထိုအချိန်က သတ္တိဖြူ နှစ်ထောင်ဝန်းကျင်ခန့်သာလျှင် ရှိသော်လည်း တစ်ယောက်ချင်းစီတိုင်းက ငရဲမှ ကုန်းတက်လာသော မိစာ္ဆများကဲ့သို့ ဖြစ်ခဲ့သည်။
ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တော်တိုင်းက ဒေါသတကြီး တိုက်ခိုက်ခဲ့သည့်တိုင်အောင် သတ္တိဖြူများ၏ အရှေ့တွင် မျိုးနွယ်ခြား ကြောင်များကဲ့သို့ ကောင်းကင်သို့ လွင့်ပစ်ခံလိုက်ရသည်။ သူတို့က အဖွဲ့လိုက် သွားသည့်အချိန်တွင်ပင် သတ္တိဖြူများကို ရှေ့မတက်လာနိုင်အောင် မတားနိုင်ခဲ့ကြချေ။
ထိုမျှလေးစားဖွယ်ကောင်းလွန်းသော အင်အား၊ ကြောက်မက်ဖွယ်ကောင်းလွန်းသော အမိန့်နှင့် အသားမာတတ်နေသော နှလုံးသားများကြောင့် စစ်သားဟောင်း ချီရှီစစ်သားများကပင် သတ္တိဖြူများ၏ အရှိန်အဝါကြောင့် ကြောက်ရွံ့ကာ တုန်ယင်ရသည်။
မည်သူကမျှလည်း ထိုသွေးလွှမ်းသောညအကြောင်း မမှတ်မိချင်ကြချေ။ ဟယ်ပါးယဲ့နှင့် အခြားသော အရာရှိများကလည်း အလားတူပင်ဖြစ်သည်။
ဘုန်း
အချိန်ကပင် ထိုတခဏတွင် ရပ်တန့်သွားသလို ဖြစ်သွားသည်။ သာ့ယန်မာန်ပန့်၏ ညာလက်က အောက်သို့ ယမ်းချလိုက်သည့် တခဏတွင် လူတိုင်းက အာရုံရောက်နေကြသည်။
ဝုန်း
တောင်ပေါ်မြင်းငါးထောင်နှင့် မာနကြီးလွန်းသော သတ္တိဖြူများက ဝုန်းကနဲ အောက်သို့ ခုန်ဆင်းကာ အပြေးနှင်လာခဲ့ချိန်တွင် သာ့ယန်မာန်ပန့်ကို ကျော်ဖြတ်ကာ ရေကြီးသွားသလိုမျိုး ဆက်တိုက် ခုန်တိုးဝင်သွားသည်။
သူတို့က နှေးကွေးရာမှ တဖြည်းဖြည်းချင်း အရှိန်နှုန်းရလာကာ မြန်သွားသည်။ ထို့နောက် အရှိန်ရသွားသည်နှင့် မြင်းခွာသံတိုင်းက မြေကမာ္ဘကို ထိသည်နှင့် မိုးခြိမ်းသံလို ကျယ်လောင်သွားသည်။
စက္ကန့်အနည်းငယ်ထဲနှင့် သတ္တိဖြူများက အရှိန်အဟုန်ပြည့် နှင်နိုင်သွားသည်။
မြေကမာ္ဘကပင် တသိမ့်သိမ့်တုန်ကာ ဖုန်မှုန့်များပင် လေထဲသို့ မြောက်တက်ကုန်သည်။ သူတို့၏ အရေအတွက်က ငါးထောင်သာရှိသည်။ သို့သော် သတ္တိဖြူများက စတင်ကာ ချီတက်လိုက်သည်နှင့် မြေကမာ္ဘကိုပင်လွှမ်းကာ တောင်များကိုပင် နင်းချေတော့မလိုဖြစ်လာသည်။ သူတို့က အရေအတွက် ငါးထောင်မဟုတ်ဘဲ ငါးသောင်း ထိုထက်ပိုသည်ဟုပင် ခံစားရစေသည်။
ဟီး ဟီး ဟီး ဟီး
သတ္တိဖြူများက ချီတက်ချိန်တွင် သူတို့၏အနောက်မှ ဟီသံကို ကြားလိုက်ရသည်။ ဖြူဖွေးသော ဝေဝါးသည့် တစ်စုံတစ်ရာက ခုန်ထွက်လိုက်ပြီးသည်နှင့် သာ့ယန်မာန်ပန့်က ထိုစစ်တပ်၏အနောက်မှ ချက်ချင်း ခုန်ထွက်လာသည်။ ချက်ချင်းလိုလိုသူက အရှေ့သို့ရောက်သွားသည်။
ချွင်
လေထဲတွင် သတ္တုချင်း ထိခတ်သံက ထွက်ပေါ်လာသည်။ နက်တောင်ပေါ်မြင်းများ၏ ရှေ့မြင်းခွာက မြေကိုထိလိုက်ချိန်တွင် သာ့ယန်မာန်ပန့်၏ ခြေထောက်အောက်မှ လေဝဲတစ်ခုလိုမျိုး အနီရင့်ရောင် ချီစက်ကွင်းတစ်ခုက လျှင်မြန်စွာဖြင့် ပြန့်ကားလာသည်။
တစ်လောကလုံးက အရှိန်အဝါမြင့်မားသော ချီစက်ကွင်း၏ တိုက်ပွဲနယ်မြေကို လွှမ်းမိုးမှုအောက်တွင် မှေးမှိန်ကာ စုတ်ဖြဲခံရတော့မတက် ဖြစ်လာသည်။
မျက်တောင်တစ်ခတ် အချိန်အတွင်း သန်မာလွန်းသော စစ်ချီစက်ကွင်းကြီးက သတ္တိဖြူတိုင်း၏ ခြေထောက်အောက်အထိ ရောက်သွားသည်။
သူတို့၏ စွမ်းအင်က မယုံနိုင်စရာ အရှိန်နှုန်းဖြင့် မြင့်တက်ကာ ဖောင်းကြွလာသည်။ ထိုအရာတင် မကသေးလေဘဲ အနီရင့်ရောင် ချီစက်ကွင်းက သူတို့၏စွမ်းအင်တိုင်းနှင့် ပေါင်းစပ်သွားသည်။ ထို့ကြောင့် သူတို့က တိုးရွေ့ရန် ခက်ခဲသော ခံတပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
အဝေးမှ လှမ်းကြည့်နေသော ဖုမာန်လင်းချာကပင် တိတ်ဆိတ်သွားပြီး အံ့အားသင့်သွားရသည်။
ဒီသာ့ယန်မာန်ပန့်က တကယ်ကို စွမ်းရည်တွေရှိတာပဲ။
ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်က သတ်သွားသော ဖုလန်ဟယ်ကြောင့် အလွန်ဒေါသ ထွက်ခဲ့သည်။ အကြောင်းမူကား သူက ထိုဗိုလ်ချုပ် ဖုလန်ဟယ်အပေါ် အလွန်ပါ့စားပေးခဲ့သည်။ သူ၏လက်အောက်မှ စစ်သည်ငါးထောင်ကိုပင် သာ့ယန်မာန်ပန့်က သတ်သွားခဲ့သေးသည်။ ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်ကိုသုံးပြီး ဝမ်ချောင်ကို ရင်ဆိုင်ချင်သော်လည်း သူ၏ နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်မူ သာ့ယန်မာန်ပန့်အပေါ် သတ်ချင်စိတ်က ဝမ်ချောင်ထက်မနိမ့်ချေ။
သို့သော် ဖုမာန်လင်းချာကလည်း သာ့ယန်မာန်ပန့်က လုပ်နိုင်စွမ်းရည်ရှိကြောင်း ဝန်ခံရပေမည်။
ထိုမျှအင်အားကြီးမားသော ချီစက်ကွင်းက သာမာန်မြင်းတပ်လောက်က တောင့်ခံနိုင်သော အဆင့်မဟုတ်ချေ။ ထိုအချက် တစ်ချက်တည်းကတင် လေ့ကျင့်မှုတွင် သာမာန်ဗိုလ်ချုပ်တိုင်းထက် သာကြောင်း ဖော်ပြနိုင်သည်။
ဖုမာန်လင်းချာကလည်း သူ၏ စစ်သားများအပေါ် လေ့ကျင့်နိုင်စွမ်းရည်ကြောင့် ချီကျူးခံခဲ့ရဖူးသည်။ သူ၏ တပ်ဖွဲ့တိုင်းက အမြဲတစေ စည်းကမ်းအပြည့် လှုပ်ရှားနိုင်ကြသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း ချီရှီကာကွယ်ရေးစစ်တပ်တွင် စစ်သည်အများကြီး မရှိသည့်တိုင်အောင် ချီရှီကို ကောင်းကောင်း ကာကွယ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယွီစန်းအင်ပါယာတွင်ဖြစ်စေ၊ အနောက်တူရကီ ခါကာနိတ်များပင်ဖြစ်စေ ချီရှီကာကွယ်ရေးစစ်တပ်ကို ဖုမာန်လင်းချာက ဦးဆောင်နေသောကြောင့် သူတို့ မည်သို့မျှ မလုပ်နိုင်ကြချေ။
သို့သော် ဖုမာန်လင်းချာက လေ့ကျင့်ပေးထားသော စစ်သားတိုင်းက သာ့ယန်မာန်ပန့်၏ သတ္တိဖြူများအောက်တွင် မှေးမှိန်သွားရသည်။ ဖုမာန်လင်းချာကပင် ထိုအချက်ကို ဝန်ခံရသည်။
သူကသာ သာ့ယန်မာန်ပန့်၏ သတ္တိဖြူငါးထောင်နှင့် ရင်ဆိုင်တိုက်ခိုက်နေရချိန်ဆိုလျှင် ဖုမာန်လင်းချာကိုယ်တိုင်ကလည်း အင်အားအကုန် စိုက်ထုတ်ပြီး စစ်သည်တော်တိုင်းကို တင်းတင်းကြပ်ကြပ် အမိန့်ပေးနေရမည်ဖြစ်သည်။
“တုစုန့်မာန်ဖော်ကျဲ့က ပိုပြီးအင်အားကြီးလောက်တယ်။ ဒါပေမဲ့သူက သာ့ယန်မာန်ပန့်လောက် အမိန့် မပေးနိုင်ဘူး။ ယွီစန်းမှာ ဒီလိုလူမျိုး ပိုင်ဆိုင်ထားတာက ငါ့ရဲ့မဟာထန်နဲ့ ချီရှီအတွက် ကပ်ဘေးပဲ။ အခွင့်အရေးသာရှိရင် ဝမ်ချောင်သေတာနဲ့ ငါဒီကောင့်ကို အမြန်ဆုံးသတ်ပြီး အင်အားမကြီးလာအောင် ကြိုးစားရမယ်”
ဖုမာန်လင်းချာ၏ မျက်ဝန်းက တောက်ပသွားပြီး ခက်ထန်ကြမ်းတမ်းသော အလင်းက လက်လာသည်။
“အသင့်ပြင်”
သတ္တိဖြူငါးထောင်က ဖုန်လုံးတိမ်စိုင်များနှင့်အတူ ခုန်ဝင်လာချိန်တွင် ဝမ်ချောင်ကလည်း လက်ကိုယမ်းလိုက်သည်။သူ၏မျက်ဝန်းထဲတွင် ပြတ်သားသောအလင်းက ပေါ်ထွက်လာသည်။
သူက ရန်သူကို ဘယ်သောအခါမှ အထင်မသေးတတ်ချေ။ သာ့ယန်မာန်ပန့်ကဲ့သို့ အင်အားကြီးလွန်းသော ရန်သူဆိုလျှင် ပို၍ဆိုးသည်။
“လီစစ်ယဲ့ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမဲ့ ဝင်္ကပါကို အသက်သွင်းဖို့ အသင့်ပြင်ထားလိုက်”
ဝမ်ချောင်က ခပ်တင်းတင်း အမိန့်ထုတ်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
လီစစ်ယဲ့ကလည်း ဝမ်ချောင်က အလေးအနက်ထားနေကြောင်း နားလည်သဖြင့် ချက်ချင်းလိုလို စီမံမှုများကို သွားလုပ်လိုက်သည်။
သူကဝမ်ချောင်နှင့် ရှိနေခဲ့သည့်အချိန်က များလာသည်နှင့်အမျှ လီစစ်ယဲ့က ဝမ်ချောင်ကို နားလည်လာသည်။ သို့သော် သူ့ကို ထိုမျှအထိ လေးနက်မှုမျိုးနှင့် တစ်ကြိမ်သော်မျှ မမြင်ဖူးသေးချေ။ အတိတ်တွင် သူက မည်သို့သော ရန်သူမျိုးကို ရင်ဆိုင်ရစေကာမူ အများဆုံး ယုံကြည်မှုရှိနေတတ်သည်။ သို့သော် သာ့ယန်မာန်ပန့်နှင့် ရင်ဆိုင်သောအခါ မတူတော့ချေ။
လီစစ်ယဲ့ကိုယ်တိုင်ကပင် ဝမ်ချောင်က သာ့ယန်မာန်ပန့်ကို သတိအပြည့်ထားကာ ရင်ဆိုင်မည်ဖြစ်ကြောင်း နားလည်လာသည်။
ဝမ်ချောင်ကလည်း လီစစ်ယဲ့၏ အံ့အားသင့်မှုကို သတိထားမိသည်။ သို့သော်သူက မရှင်းပြနိုင်ခဲ့ချေ။
သူ၏ယခင်ဘဝတွင် သူက သာ့ယန်မာန်ပန့်နှင့် အဆက်အသွယ် မရှိခဲ့ချေ။ သို့သော် သူနှင့်ပတ်သတ်ပြီး များပြားလှသော ပုံပြင်များကို ကြားဖူးသည်။ သာ့ယန်မာန်ပန့်က အရူးဖြစ်သည်။ သို့သော် သူက အလွန်အမင်း ကြောက်စရာကောင်းသော ရန်သူမျိုးလည်း ဖြစ်နေသေးပြန်သည်။ အဆုံးတွင် သူက ယွီစန်း၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး ဖြစ်လာသည်။ ဒီနည်းအားဖြင့် တုစုန့်မာန်ဖော်ကျဲ့ထက် အများကြီး အင်အားကြီးသွားသည်။
သူက ဖျက်ဆီးခဲ့သော မြို့များ၊ တိုင်းပြည်များအကြောင်း ပုံပြင်ပေါင်း များစွာလည်းရှိသည်။ သို့သော် ထိုအချက်များအပြင် သတ္တိဖြူငါးထောင်က ဦးဆောင်ပြီး ထန်ကို အလဲထိုးအောင်နိုင်ခဲ့ပြီးနောက် အာရပ်မာမဲ့လုများ၏ ချီတက်မှုများကို တားမြစ်နိုင်ခဲ့သော ကိစ္စက ပုံပြင်သီးသန့်မဟုတ်ချေ။ ထိုအချက်ကတင် ဒါက သာမာန်လူမျိုး လုပ်နိုင်သော အခြေအနေ မဟုတ်ကြောင်း သိနိုင်သည်။
သူ့ကို အထင်သေးသော မည်သည့်ပြိုင်ဘက်မဆို ကိုယ့်ကိုယ်ကိုသာ ပျက်စီးအောင် လုပ်လိုက်သလို ဖြစ်သွားပေလိမ့်မည်။
အခန်း(၇၈၀)
သတ္တိဖြူတွေ၊ မဟာပွန် ဝင်္ကပါ
“စစ်သားတွေ ငါ့အမိန့်ကို နာခံကြ။ အခုချက်ချင်း ဝင်္ကပါကိုအသင့်ပြင်”
ဝမ်ချောင်၏အနောက်မှ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံက ခပ်မြန်မြန် ထွက်ပေါ်လာသည်။ လီစစ်ယဲ့၏ အမိန့်အောက်တွင် ဝူရှန်းမြင်းတပ်ငါးထောင်က ချက်ချင်းလိုလို လှုပ်ရှားလိုက်သည်။
ဟီး ဟီး ဟီး
စစ်မြင်းများ၏ဟီသံ သံချပ်ကာများ၏ အသံများနှင့်အတူ ဝူရှန်းမြင်းတပ်က လျှင်မြန်စွာဖြင့် ဝင်္ကပါအတိုင်း နေရာယူလိုက်နိုင်သည်။ ချက်ချင်းလိုလို စစ်တပ်မှ အရှိန်အဝါကလည်း ချက်ချင်းပြောင်းလဲသွားသည်။ အေးခဲကာ များပြားလွန်းသော အရှိန်အဝါတစ်ရပ်က ကောင်းကင်ကို ထိုးတက်သွားသည်။
ရိုးရှင်းသော ဝင်္ကပါအပြောင်းအလဲကတင် တိုက်ပွဲကိုစောင့်ကြည့်နေသော လူတိုင်း၏အာရုံကို ဖမ်းစားသွားပြန်သည်။ ဝူရှန်းမြင်းတပ် ပတ်ဝန်းကျင်ရှိ မြက်ခင်းပြင်ကပင် ပြင်းထန်သည့် အရှိန်အဝါအောက်တွင် အဖိခံရသဖြင့် မြေပြင်တွင်ကပ်သွားသည်။
“အရှင် အဲ့ဒီမှာဘာတွေဖြစ်နေတာလဲ”
“ဒီလောက်တောင် ထူးဆန်းလိုက်တဲ့ ကြမ်းတမ်းခက်ထန်တဲ့ စွမ်းအင်တွေ။ ဒီကောင်ဘာလုပ်မှာလဲ”
“ဝူရှန်းမြင်းတပ်က တကယ်ကို ပုံမှန်မဟုတ်ဘူး”
ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်းကလည်း ဝူရှန်းမြင်းတပ်၏ အပြောင်းအလဲကို ချက်ချင်း သတိထားမိလိုက်ကြသည်။ တိုက်ပွဲနယ်မြေ၏ ပြင်းထန်သော အခြေအနေအောက်တွင် မည်သည့်အင်အားစုဘက်မှ ပြောင်းလဲမှုကမဆို လူတိုင်း၏အာရုံစိုက်ရာ ဖြစ်သွားနိုင်သည်။
မည်သူကမျှလည်း ဝမ်ချောင် ဆက်လုပ်မည့်ကိစ္စကို နားမလည်နိုင်ကြချေ။ ဝူရှန်းမြင်းတပ်က စတင်ချီတက်တော့မည့်ပုံစံ မပြသေးသည့်တိုင်အောင် ယခင်ထက်ပို၍ ခက်ထန်ကြမ်းတမ်းကာ အန္တရာယ်များသွားသည်။
လက်ရှိအချိန်တွင် ဝမ်ချောင်၏အင်အားစုကိုကြည့်သော မည်သူကမဆို ကျယ်ပြောသော အကွာအဝေး ခြားနေလျှင်ပင် အလွန်မသက်မသာဖြစ်သော ခံစားချက်မျိုးကို မသိစိတ်က အလိုလို ခံစားမိနေပြီဖြစ်သည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ဝူရှန်းမြင်းတပ် ငါးထောင်က သူတို့၏ပတ်ပတ်လည်သို့ မမြင်ရသော စွမ်းအင်လှိုင်းများကို လွှတ်ထုတ်နေကြောင်းကို သတိထားမိမည်ဖြစ်သည်။
မည်သူကမျှ ထိုသို့သော အခြေအနေမျိုးကို မကြုံတွေ့ဖူးကြသေးချေ။
သူတို့ကလည်း ထိုသို့လုပ်လိုက်သည့် ကိစ္စနှင့်ပတ်သတ်ပြီး အကျိုးသက်ရောက်မှုကို နားမလည်နိုင်သေးသော်လည်း လူတိုင်းက ဝူရှန်းမြင်းတပ်က ပို၍ပင် လေးစားစရာကောင်းသွားကြောင်း အာရုံခံမိနိုင်ကြသည်။
“ဒါက ဝင်္ကပါထင်တယ်”
ချီရှီဗိုလ်ချုပ်များထဲမှ မည်သူကမျှ အနောက်ပိုင်းကို ဦးဆောင်သော ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် ဟယ်ပါးယဲ့လောက် အတွေ့အကြုံ မရှိနိုင်ချေ။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီးသည်နှင့် သေးငယ်သော အပေါက်လေးအဖြစ် ပြောင်းသွားကာ ဝူရှန်းမြင်းတပ်ကို စကြည့်သည်။
ဟယ်ပါးယဲ့က မဟာထန်၏ ဝင်္ကပါတိုင်းနီးပါးကို သူ၏လက်ခုံလို ကောင်းကောင်းသိထားသည်။ တစ်ခုချင်းစီတိုင်းကို မည်သို့သော အခြေအနေတွင် မည်သို့သုံးကြောင်းကိုလည်း နားလည်ထားပြီးသားဖြစ်သည်။
ဟယ်ပါးယဲ့က အနောက်ပိုင်းနယ်မြေတွင် နှစ်ပေါင်းများစွာ စခန်းချနေခဲ့သည်။ လူနည်းစုကသာ ထိုနယ်ပယ်တွင် သူ့ကိုယှဉ်နိုင်လောက်သည်။ ဟယ်ပါးယဲ့ကပင် ဝမ်ချောင်က သုံးလိုက်သော ဝင်္ကပါကိုမသိချေ။
ထိုအရှိန်အဝါကတဆင့် ဒါက ထိပ်တန်းအဆင့် တိုက်ပွဲဝင်္ကပါတစ်ခုဖြစ်ကြောင်း သိနိုင်သည်။ သို့သော် သူက မမြင်ဖူးသလို မကြားဖူးသည့် အကြောင်းအရာကို မသိချေ။
“အရှင်...”
ဟယ်ပါးယဲ့က အလ်ိုအလျောက် ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာကို လှည့်ကြည့်လိုက်သည်။ အတွေ့အကြုံရယှဉ်သော် မည်သူကမှ ဖုမာန်လင်းချာကို မကျော်နိုင်ချေ။
သို့သော် ဟယ်ပါးယဲ့ကို အံ့အားသင့်စေသည်မှာ ဖုမာန်လင်းချာက မျက်မှောင်ကျုံ့နေပြီး ဝမ်ချောင်ရှိရာဘက်သို့သာ စိုက်ကြည့်နေကြောင်း သိလိုက်ရသည်။ ကြည့်ရတာ သူကိုယ်တိုင်အောင် အံ့အားသင့်နေသလိုပဲ။
ဟယ်ပါးယဲ့ကိုယ်တိုင်ကလည်း မှင်သက်လျှင် စွံ့အသွားသည်။
......
“အရှင်”
ဝမ်ချောင်၏စစ်တပ်မှ အပြောင်းအလဲကြောင့် ဖုမာန်လင်းချာနှင့် ချီရှီကာကွယ်ရေးစစ်တပ်ကသာ မှင်သက်နေကြခြင်းမဟုတ်ချေ။ ထိုတခဏတွင် တိဗက်စစ်တပ်နောက်တန်းမှ ဗိုလ်ချုပ်တိုင်းက လေးနက်သော မျက်နှာထားမျိုးဖြင့် တုစုန့်မာန်ဖော်ကျဲ့ကို ကြည့်လိုက်ကြသည်။
သာ့ယန်မာန်ပန့်နှင့် သူ၏သတ္တိဖြူ ငါးထောင်က လေးစားစရာကောင်းသည်မှာ သူတို့ကလည်း ဝန်ခံရသည်။ သို့သော် မဟာထန်၏ ဝူရှန်းမြင်းတပ်ကလည်း ခက်ထန်ကြမ်းတမ်းလွန်းသော အရှိန်အဝါကို ထုတ်ပေးနေသေးသည်။ ထန်ငါးထောင်၏ မရပ်တန့်နိုင်သော ချီတက်မှု အတွေ့အကြုံကို ခံစားပြီးနောက် တိဗက်များကို မြက်ရိတ်သလို ရိတ်ခဲ့သောဖြစ်စဉ်ကို ကြုံတွေ့ရပြီးသည့်အခါ မည်သူကမျှသူ့ကို အထင်မသေးရဲကြချေ။
ထိုအလောင်းများက ယခုအချိန်ထိ တိုက်ပွဲနယ်မြေတွင် ပုံနေသေးသည်။ ဒါက ထန်ကို အထင်သေးသော ရလဒ်ဖြစ်သည်။
တုစုန့်မာန်ဖော်ကျဲ့ကလည်း တိတ်ဆိတ်နေသည်။ သူ၏မျက်နှာထားက ရှေးဟောင်းရေတွင်းကဲ့သို့ ခန့်မှန်းရခက်သွားသည်။ သို့သော် သူနှင့်ရင်းနှီးသော အရာရှိတိုင်းကမူ ဝမ်ချောင်၏ အင်အားစုက ဝင်္ကပါပြောင်းလိုက်သောအခါ တုစုန့်မာန်ဖော်ကျဲ့က ရှေ့သို့အနည်းငယ် ကိုင်းလိုက်ပြီး ကြွက်သားများ တင်းကြပ်သွားကြောင်း သတိထားမိခဲ့ကြသည်။ သို့သော်သူက ခပ်မြန်မြန် ခပ်အေးအေး ပြန်ဖြစ်သွားသည်။ ဒီနည်းအားဖြင့် ပုံမှန်အမူအရာ ပြန်ပြောင်းလိုက်ခြင်းဖြစ်သည်။
“အရှင် ဒီထန်တွေက ရင်ဆိုင်ရမလွယ်ဘူး။ ကျွန်တော်တို့ ဗိုလ်ချုပ်သာ့ယန်ကို ကူညီဖို့အတွက် စစ်သားတွေ ထပ်ဖြည့်ပေးရင်ဘယ်လိုလဲ”
တိဗက်ဗိုလ်ချုပ်ကြီးတစ်ယောက်က တုစုန့်မာန်ဖော်ကျဲ့ကို အထိတ်တလန့်ပြောသည်။
သူတို့ကလည်း ဟော်ရှု့ဟွေ့ခမ်းနှင့် သာ့ယန်မာန်ပန့်တို့က အနောက်တောင်ပိုင်းတွင် ရှုံးခဲ့သည်မှာ ထိုမဟာထန် လူငယ်ထံတွင်ဖြစ်ကြောင်း သိခဲ့သောအခါ မည်သူကမျှ မယုံကြည်ခဲ့ချေ။ သို့သော် ရုတ်တရက် ပေါက်ကွဲသွားသော ဖြစ်ရပ်ကို ကြုံတွေ့ရပြီးနောက် လူတိုင်းကလည်း သာမာန်ဟုထင်ရသော ထိုကောင်လေးက နတ်ဘုရားဖြစ်နိုင်ကြောင်း ခံစားမိလာကြသည်။
“မလိုဘူး”
တုစုန့်မာန်ဖော်ကျဲ့၏ မျက်ဝန်းက တောက်ပသွားသည်။
သာ့ယန်မာန်ပန်ရဲ့ သတ္တိဖြူငါးထောင်ကတင် လုံလောက်တာထက် ပိုနေပြီး သူ့ရဲ့စစ်သည် ငါးထောင်က ငါတို့ရဲ့အင်အားအကြီးဆုံး အင်အားစုပဲ။ သာ့ယန်မာန်ပန့်ကသာ အဲ့ဒီထန်ကို ဘာမှမလုပ်နိုင်ရင် စစ်သားတွေထပ်ဖြည့်ပေးလည်း ငါတို့ဘက်က ဆုံးရှုံးအောင် လုပ်သလိုပဲ ဖြစ်လိမ့်မယ်။
“ဒါပေမဲ့ သာ့လွန်ရော့ကျန်းနဲ့ ဗိုလ်ချုပ်ကြီး ဟော်ရှု့ဟွေ့ခမ်းကတောင် ...”
တွန့်ဆုတ်နေသော ထိုတိဗက်ဗိုလ်ချုပ်ကတ တစ်စုံတစ်ရာကို ထပ်ပြောချင်ခဲ့သည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့က ခပ်မြန်မြန်ဖြတ်ပြောသည်။
“သာ့လွန်ရော့ကျန်းက သာ့လွန်ရော့ကျန်း သာ့ယန်မာန်ပန့်က သာ့ယန်မာန်ပန့် နာ့ယိတော်ဝင်တပ်ရင်းက စစ်သားတွေက သတ္တိဖြူငါးထောင်ကို မယှဉ်နိုင်ဘူး”
တုစုန့်မာန်ဖော်ကျဲ့က မျက်နှာသေဖြင့်ပြောသည်။ သို့သော် သူက တစ်စုံတစ်ရာကို မှတ်မိကာ မျက်မှောင်က ပြန်ပြေသွားသည်။
“ဒါပေမဲ့မင်းပြောတာကလည်း အကျိုးအကြောင်းသင့်တာပဲ။ ကျားကုံး စစ်သားငါးထောင်ခေါ်ပြီး သူ့ကိုသွားပြီး ထောက်ပံ့ပေးလိုက်”
“အရှင်”
ထိုတိဗက်ဗိုလ်ချုပ်က ခပ်မြန်မြန်ပြန်ဖြေပြီးနောက် လှည့်ထွက်သွားသည်။
ဝုန်း
ချက်ချင်းလိုလို နောက်ထပ် ဖုန်လုံးများက တိဗက်နောက်တန်းမှ မြောက်တက်သွားပြီးနောက် ခရာမှုတ်သံက ထပ်ထွက်လာသည်။ နောက်ထပ်မြင်းတပ် ငါးထောင်အင်အားစုက အပြေးနှင်ကာ ချီတက်သွားပြီး သတ္တိဖြူများ၏နောက်မှ ကပ်လိုက်သည်။
......
“အရှင် တိဗက်တွေက နောက်ထပ် ထပ်လွှတ်လိုက်ကြပြီ”
ရွှီခဲ့ယွီကလည်း နောက်ထပ် မြောက်တက်လာသော ဖုန်မှုန့်တိမ်စိုင်များကို ထပ်မြင်လိုက်ရသည့်အခါ ဝမ်ချောင်ကို သတိလက်လွတ်ကြည့်သည်။
“မစိုးရိမ်နဲ့”
ဝမ်ချောင်၏မျက်မှောင်က အေးစက်ကာ ခံစားချက်မဲ့သည်။ သူ၏ဒီတစ်ကြိမ် ချထားသော ဗျူဟာက သာ့ယန်မာန်ပန့်နှင့် သူ၏သတ္တိဖြူငါးထောင်အတွက်ဖြစ်သည်။ သူ၏ပန်းတိုင် အောင်မြင်သမျှ တိဗက်မြင်းတပ် အပိုငါးထောင်ကို ဂရုမစိုက်နိုင်ချေ။
“အဆင်သင့်ပြင် ငါအချက်ပြတာနဲ့ တိုက်ခိုက်ကြ”
ဝမ်ချောင်က လက်မောင်းကိုမြှောက်သည်။ သူ၏မျက်လုံးက သာ့ယန်မာန်ပန့်ထံတွင်သာ ရှိနေသည်။ သတ္တိဖြူငါးထောင်က အင်အားအပြည့်ဖြင့် ချီတက်လာကြပြီး သံမဏိမျက်လုံး သာ့ယန်မာန်ပန့်က ရှေ့ဆုံးမှဦးဆောင်ကာ ချီတက်နေကြသည်။ သူတစ်ယောက်တည်းကတင် ကမာ္ဘမြေတစ်ခုလုံးကို လွှမ်းခြုံနိုင်သည့် အင်အားကို ထုတ်လွှတ်ထားသည်။ ထိုအရှိန်အဝါက တောင်တန်းများကိုပင် ဖိနင်းနိုင်လောက်သည်။
သူတော်စင်သိုင်း ကျွမ်းကျင်ပညာရှင် အဆင့်တစ်ယောက်ဖြစ်သော သာ့ယန်မာန်ပန့်၏ အင်အားက မယုံနိုင်စရာအဆင့်ထိ ရောက်ရှိနေပြီဖြစ်လေရာ သိုင်းကျွမ်းကျင်ပညာရှင် အများစုကပင် ခေါင်းငုံ့ကာ ကြောက်လန့်မှုကြောင့် တုန်ယင်နေရလောက်သည်။
သို့သော် သာ့ယန်မာန်ပန့်က မည်သို့မျှ ဂရုမစိုက်ချေ။ သူ၏မျက်နှာထားက တင်းမာနေသည်။ သူ၏အကြည့်က အဝေးရှိ ဝမ်ချောင်ထံတွင်သာ ရှိနေပြီး တစ်လောကလုံးတွင် ဝမ်ချောင်တစ်ယောက်တည်းကသာ ရှိနေပြီး သူက ဝမ်ချောင်တစ်ယောက်တည်းကိုသာ မြင်နေသည်။ ဝမ်ချောင်တစ်ယောက်တည်းကိုသာ သတ်ချင်နေသလို ဖြစ်နေသည်။ တုစုန့်မာန်ဖော်ကျဲ့က တပ်ကူအဖြစ် ထပ်ပေးခဲ့သော စစ်သည်ငါးထောင်ကိုလည်း သူဂရုမစိုက်ချေ။
“လာ ဒီတစ်ချက်နဲ့ဆိုရင် ငါကမင်းရဲ့အရိုးကို အမှုန့်ဖြစ်အောင် လုပ်ပေးနိုင်တယ်”
သာ့ယန်မာန်ပန့်က အံ့ကိုကြိတ်သည်။ သူ၏သတ်ဖြတ်လိုစိတ်များက ထိုးတက်လာသည်။
သူက ရူးသွပ်သွားသည်ဟု ထင်ရသော်လည်း သာ့ယန်မာန်ပန့်က မလှုပ်ရှားဘဲ အကြံအစည် ချတတ်သောလူဖြစ်သည်။ သူ၏အကြံကလည်း ဒီတစ်ကြိမ်တွင် ပြီးပြည့်စုံပေလိမ့်မည်။ သူ့တွင် တိဗက်နွားသိုးကြီးများ ရှိခဲ့သည်။ မုယောစပါး အမှုန့်များလည်း ပိုင်ဆိုင်ခဲ့သည်။ နောက်တွင် အင်အားအပြည့်ဖြင့် စစ်တပ်ပိုင်ဆိုင်ခဲ့သည်။ ခြင်္သေ့တစ်ကောင်က ယုန်ကို အမဲလိုက်သောအခါ သူ၏အင်အားများကို ထုတ်သုံးရသေးသည်။ သို့သော် ထိုအခြေအနေကြောင့်လည်း ယခင်တစ်ခေါက်က ဝမ်ချောင်က အခွင့်ကောင်းယူပြီး ဖျက်ဆီးမှုများဖြစ်အောင် ပေါက်ကွဲမှုကြီးအဖြစ် ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယွီစန်းမှ မာနကြီးသော သတ်ဖြတ်ခြင်း စစ်နတ်ဘုရားဖြစ်သည့် သာ့ယန်မာန်ပန့်အတွက် သေဆုံးမှု အယောက်နှစ်သောင်းက မယုံနိုင်စရာကောင်းသည့် အရှက်ကွဲမှုဖြစ်သည်။
ထို့ကြောင့် ဒီလုပ်ကြံသတ်ဖြတ်မှုတွင် သာ့ယန်မာန်ပန့်က အကြံအစည်များ သတိအားလုံးကို ဘေးဖယ်ထားလိုက်သည်။ ဝမ်ချောင်တွင် မည်သို့သော လှည့်ကွက်များ ရှိနေစေကာမူ သူက ပြိုင်ဘက်ကင်း အင်အားကို ထုတ်သုံးလျှက် သူတို့ကို လဲဖြိုရမည်ဖြစ်သည်။ ဒီတစ်ကြိမ်တွင် မည်သည့် အကာအကွယ်လွှာမျှ မရှိချေ။ ဒီတိုင်း ပြောင်ရှင်းနေသော ဟင်းလင်းပြင် တောင်ပေါ်ဒေသတွင် မည်သည့်အရာကမျှ သူ၏ဒေါသကို မထိန်းနိုင်စေရချေ။
“စစ်သားတိုင်း မဟာပုံးဝင်္ကပါကို ထုတ်သုံးကြ”
သာ့ယန်မာန်ပန့်က ခန္ဓာကိုယ်ကို မြင်းကျောပြင်ပေါ်သို့ ဖိကပ်ကာ ငုံ့ကိုင်းလိုက်သည်။ သူ၏မျက်ဝန်းက တောက်ပလာပြီး သတ်ဖြတ်ခြင်း အရှိန်အဝါက ထွက်ပေါ်လာသည်။ ထို့နောက်သူက လက်မောင်းကို လေထဲသို့မြှောက်ကာ ထိုးလိုက်ဟန်ပြုသည်။
ဝုန်း
ဝမ်ချောင်၏အင်အားစုနှင့် ကျန်းတစ်ထောင်အကွာသို့ ရောက်သွားသော သတ္တိဖြူငါးထောင်က ချက်ချင်းလိုလို အော်သံကို ထုတ်လွှတ်ကြပြီး ဝင်္ကပါပုံစံပြောင်းသည်။ သူတို့၏ခန္ဓာကိုယ်များမှ အလင်းများက ပေါက်ကွဲထွက်လာသည်။
ဝုန်း
ချက်ချင်းလိုလို သတ္တိဖြူငါးထောင်က ချဲလိုက်သည်။ ထိုသို့ဖြင့် ဝင်္ကပါအသစ်က ပေါ်လာသည်။ သို့တိုင်အောင် သူတို့က အရှိန်နှုန်းမြှင့်ကာ တက်သွားနေကြသေးသည်။ တိဗက် ပုံမှန်ဝင်္ကပါနှင့် မတူစွာပင် ယခုဝင်္ကပါကို ဘယ်သူကမှ မမြင်ဖူးသေးချေ။
“ဥုံ”
“မာ”
“နီ”
“မဲ့”
“ဟန်”
သူတို့က ဝင်္ကပါကို ထုတ်ဖော်လိုက်သည့် တခဏတွင် သတ္တိဖြူတိုင်းက ကျယ်လောင်စွာ အော်ဟစ်ကြသေးသည်။ လေထဲတွင်လည်း ရှေးကျသော ဩရှသည့် အသံတစ်ရပ်က စတင်ထွက်လာကာ အချိန်အာကာသ အနက်ရှိုင်းဆုံးအပိုင်းမှ လှမ်းစကားပြောလိုက်သလို ဖြစ်လာသည်။ ထို့ပြင် သင်္ကေတ ခြောက်ခုကလည်း ပေါ်လာသည်။ ထို့ပြင် ထိုရွတ်ဖတ်သံ ခြောက်ခုလုံးက ပေါက်ကွဲနိုင်မတက် ပြင်းထန်သော အင်အားမျိုးကို သယ်ဆောင်ထားပြီး သတ္တိဖြူများကို အင်အားတိုးမြှင့်ပေးလိုက်သည်။
ထိုစကားလုံး ခြောက်လုံးလုံးကို ဆက်တိုက်ပြောပြီးနောက် သတ္တိဖြူတိုင်းက အရှိန်အဝါအားဖြင့် ပြောင်းလဲသွားသည်။ နဂိုကတည်းက ထိုမြင်းတပ်က လေးစားစရာ ကောင်းနေခဲ့ပြီးသားဖြစ်သည်။ သို့တိုင်အောင် ယခုအခါ မှင်သက်စရာကောင်းသည့် အဆင့်အထိ မြင့်တက်သွားသည်။
တောင်တန်းတမျှ ကျယ်ပြောပြီး ပင်လယ်တမျှ နက်ရှိုင်းသော စွမ်းအင်များက သတ္တိဖြူများထံမှ ပေါက်ထွက်လာကာ တစ်လောကလုံးကို ခြိမ်းခြောက်လာသည်။
ထိုအရှိန်အဝါက အင်အားကြီးမားလွန်းပြီး အဝေးတွင်ရှိသော ဖုမာန်လင်းချာနှင့် ချီရှီကာကွယ်ရေး စစ်တပ်ကဲ့သို့ စစ်တပ်ကပင် ပြင်းထန်လွန်းသော အရှိန်အဝါ ဖိအားကို ခံစားလိုက်ရသည်။ ထိုစစ်သည်ငါးထောင်က ဝမ်ချောင်ထံ ဦးတည်ထားခြင်းမဟုတ်ဘဲ သူတို့ထံ အပြေးလာနေသလို ဖြစ်သွားသည်။
“ဒါကဘယ်လိုဝင်္ကပါလဲ”
ဖုမာန်လင်းချာ၏ မျက်နှာကပင် အနည်းငယ် ဖြူဖျော့သွားသည်။
သူကလည်း သာ့ယန်မာန်ပန့်၏ ဂုဏ်သတင်းကို ကြားထားဖူးသည်။ ယွီစန်း၏ အင်ပါယာက အလွန်အမင်း ရှင်းလင်းသော သီးသန့်ဆန်သည့် တောင်ပေါ်တစ်နေရာတွင် ရှိနေကတည်းက ပတ်ဝန်းကျင် တိုင်းပြည်များဖြင့် အဆက်အစပ် သိပ်မရှိချေ။ ထို့ကြောင့် အပြင်လူများက သူတို့၏ အတွင်းရေး ကိစ္စများကို သိပ်မသိကြချေ။ သာ့ယန်မာန်ပန့်က တုစုန့်မာန်ဖော်ကျဲ့ကဲ့သို့ မဟာဗိုလ်ချုပ်ကြီးများနည်းတူ မကျော်ကြားသည့်အပြင် သူက ချီရှီနှင့် အဆက်အစပ် သိပ်မရှိခဲ့ကြသဖြင့် မသိခဲ့ကြချေ။ သို့သော် ဖုမာန်လင်းချာကဲ့သို့ မဟာဗိုလ်ချုပ်ကြီးကလည်း သူ့ကို စောင့်မကြည့်သည့်တိုင်အောင် သူ၏သတင်းများကို ကြားဖူးသည်။
ယခုလိုမျိုး သတ္တိဖြူများ၏ ပြောင်းလဲမှုကို မျက်မြင်တွေ့ပြီးသောအခါ ဖုမာန်လင်းချာက သူ့အမြင်မှားသွားကြောင်း သိလိုက်သည်။ သူက ထိုလူကို အထင်သေးမိခဲ့သည်။ ဖြစ်နိုင်သည်မှာ ဖုမာန်လင်းချာက တုစုန့်မာန်ဖော်ကျဲ့လောက် အင်အားမကြီးလောက်သော်လည်း သူကလည်း အင်အားကြီးမားသော သိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး လေးစားစရာကောင်းသော ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ပြင် သူက အလွန်အမင်း အင်အားကြီးသော ဝင်္ကပါများကို ပိုင်ထားသည်။ ထိုကဲ့သို့သော လူမျိုးကသာ အဆင့်မြင့်သွားခဲ့ပြီး ခြိမ်းခြောက်မှု ကြီးမားလာခဲ့မည်ဆိုလျှင် တုစုန့်မာန်ဖော်ကျဲ့ထက်ပင် သာနေလောက်သည်။ ထိုထက် မနိမ့်နိုင်ချေ။