← Chapters

အခန်း (၇၈၁-၇၈၅)

Vol. 42 Ch. 781-785

အခန်း (၇၈၁-၇၈၅)

Vol. 42 Ch. 781-785

အခန်း(၇၈၁)

အင်အားအကြီးဆုံး မြင်းတပ်နှင့် ထပ်တိုက်ရင်ဆိုင်ခြင်း

“ဝူရှန်းရဲ့ မြင်းတပ်ကတော့ ဒုက္ခရောက်ပြီ”

ဖုမာန်လင်းချာ၏ အနားမှာ ဟယ်ပါးယဲ့နှင့် အခြားသော ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တိုင်းက ရပ်တန့်ရန် မဖြစ်နိုင်လောက်ဟု ထင်ရသော သတ္တိဖြူများကိုကြည့်ကာ စိုးရိမ်တကြီး ပြောကြသည်။ သူတို့က ဝမ်ချောင်နှင့် ဆန့်ကျင်ဘက်တွင် ရပ်နေသော်လည်း ဝမ်ချောင်က သူတို့၏ ကာကွယ်ရေးဗိုလ်ချုပ်ကို ရန်စခဲ့သည့်တိုင်အောင် သူတို့က သူ့ကို သနားမိသေးသည်။

မည်သို့ပင်ဆိုစေ သူတို့အားလုံးက မဟာထန်မှဖြစ်သည်။ ပို၍ဆိုးသည်မှာ ချီရှီကာကွယ်ရေးစစ်တပ်က သာ့ယန်မာန်ပန့်နှင့် တိုက်ခိုက်ခဲ့ဖူးကြသေးသည်။ ထို့ပြင် တိုက်ခိုက်ရဦးမည်ဖြစ်သည်။

ဝုန်း

သတ္တိဖြူများ၏ ချီတက်မှုအောက်တွင် မြေကမာ္ဘက တသိမ့်သိမ့် တုန်နေသည်။ သူတို့၏ ငါးထောင်သော စစ်သည်တော်များက စစ်သည်တစ်သောင်းကျော်ပါသော စစ်တပ်ကြီး ချီတက်လာသည်ထက်ပင် ပြင်းထန်နေသေးသည်။ သူတို့၏အရှိန်ကို ရပ်တန့်အောင်လုပ်ရန် ခက်ခဲသည်။ သတ္တိဖြူများက အရေအတွက် နှစ်ဆသုံးဆခန့်များသော ပမာဏကိုပင် ရင်ဆိုင်နိုင်သည်ဟု ထင်ရသည်။ ယခုလိုမျိုး ဝင်္ကပါဖြင့် လှုပ်ရှားခဲ့သော သတ္တိဖြူက နောက်ဆုံးတွင်မူ တော်ဝင်မြို့တော်၏ အစောင့်အရှောက်ဆိုသော အဆင့်အတန်းနှင့် မှီသည့် အရည်အချင်းမျိုးကို ထုတ်ပြလာနိုင်သွားသည်။ သူတို့က တိဗက်တောင်ပေါ် ဒေသကို ခုခံကာကွယ်ပေးနေရသူ ယွီစန်း၏ စစ်သည်တော်များထဲတွင် အင်အားအကြီးဆုံး စစ်တပ်ကြီးဖြစ်သည်။

လက်ရှိအချိန်တွင် သတ္တိဖြူများက သူတို့ထက် အရေအတွက် ရှစ်ဆ၊ ကိုးဆ၊ ဆယ်ဆခန့် သာနေလျှင်ပင် ရင်ဆိုင်နိုင်လောက်သည်။

ထိုသို့ ကြောက်မက်ဖွယ်ကောင်းသော စစ်တပ်၏ အစစ်အမှန်မျက်နှာကို မြင်ရသည့်အခါ သူတို့က နောက်ဆုံးတွင် အာရပ် မာမဲ့လုများကို ရင်ဆိုင်နိုင်ခဲ့သည့် အခြေအနေပေါ် နားလည်မိနိုင်သည်။

မြေပြင်က တသိမ့်သိမ့်တုန်နေသည်မှာ ပြင်းထန်လွန်းသဖြင့် အချိန်မရွေး ကျွံ့ကျသွားတော့မလို ဖြစ်လာသည်။ သတ္တိဖြူများ၏ အရှေ့တွင်သာဆိုလျှင် မည်သည့် ဗိုလ်ချုပ်ကြီးများမဆို အဆုံးအစမဲ့သော ဖိအားနှင့် နက်ရှိုင်းလွန်းသည့် ကြောက်ရွံ့မှုကို ခံစားရမည်ဖြစ်သည်။

နောက်ဆုံးတော့ ရောက်လာပြီ။

တိုက်ပွဲနယ်မြေ၏ အခြားတစ်ဖက်ခြမ်းတွင်ရှိသော မရေမတွက်နိုင်အောင် များပြားသည့် သံမဏိမြို့ရိုးများ၏ အနောက်တွင်ရှိသော ဝမ်ချောင်၏မျက်လုံးက မှေးကျဉ်းသွားကာ ချီတက်လာသည့် သတ္တိဖြူများကို စိုက်ကြည့်နေချိန်တွင် ခန့်မှန်းရခက်ခဲသည့် ပြင်းအားကိုလည်း ထုတ်လွှတ်လာသည်။

မဟာပွန်းဝင်္ကပါ။

သာ့ယန်မာန်ပန့်က နောက်ဆုံးတွင် တောင်ပေါ်ဒေသသို့ ချီတက်ခဲ့သော မာမဲ့လုများကို ရင်ဆိုင်ချိန်က ထုတ်သုံးခဲ့သော ဝင်္ကပါကို ထုတ်ပြလိုက်သည်။ ထိုဝင်္ကပါက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ ချီးမြှင့်ခဲ့ခြင်းဖြစ်သလို တောင်ပေါ်ဒေသ၏ ဝင်္ကပါများထဲတွင် အင်အားအကြီးဆုံးဖြစ်သည်။

ပွန်းဆိုသည်မှာ ပွန်းတပ်ရင်းကို ကိုယ်စားပြုပြီး တိဗက်တောင်ပေါ်ဒေသ၏ သက်တမ်းအကြာဆုံး တပ်ရင်းကြီးဖြစ်သည်။ ယွီစန်းအင်ပါယာကြီးထက်ပင် သက်တမ်းကြာရှည်သေးသည်။ ထို့ကြောင့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ တပ်ရင်းတိုင်းထက်ကို သက်တမ်းရင့်သည်။

တိဗက်တိုင်းကလည်း မဟာပွန်းက တောင်ပေါ်ဒေသ၏ အလွန်အမင်း ရှေးကျသော လူမျိုးစုအပိုင် နေရာဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားကြကြောင်း ယုံကြည်ထားကြသည်။ မဟာပွန်းဟာ လက်ရှိခေတ်မှ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းနှင့် အလားတူ တည်ရှိမှုမျိုးဖြစ်သည်။ ထိုနေရာနှင့်ပတ်သတ်သော အချက်အလက်တိုင်းထဲတွင် မဟာပွန်းတပ်ရင်း မဟာပွန်းနယ်မြေအပါအဝင် အရာရာတိုင်းက ပျောက်ကွယ်သွားခဲ့သဖြင့် သတင်းအချက်အလက် အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ထိုအချက်အလက်ကမူ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ပြန်လည်မွန်းမံကာ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်သည်။

မဟာပွန်းဝင်္ကပါက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ပြန်လည်မွန်းမံထားသည့် ပွန်းယုံကြည်သက်ဝင်မှု ဝင်္ကပါကြီးဖြစ်ပြီး အလွန်အမင်း အင်အားကြီးမားသည်။ သတ္တိဖြူများကလည်း ပွန်းယုံကြည်သက်ဝင်သူများ၏ လျို့ဝှက်သိုင်းများကို ကျင့်ကြံထားသည်။

သတ္တိဖြူများ၏ တောင်ပေါ်မြင်း တစ်ဖက်တစ်ချက်စီတိုင်းတွင် လျို့ဝှက်ဆန်းကြယ်သော အဖြူရောင် သင်္ကေတများကို ရေးထွင်းထားသည်။ ထိုအရာက မဟာပွန်းသင်္ကေတဖြစ်သည်။

မဟာကပ်ဘေးကြီးခေတ်တွင် တိဗက်တောင်ပေါ်ဒေသမှ ပုံပြင်များ ထွက်ပေါ်လာခဲ့သည်။

သာ့ယန်မာန်ပန့်၏ သတ္တိဖြူများက မဟာပွန်းဝင်္ကပါကို ထုတ်ဖော်လိုက်သောအခါ တောင်ပေါ်ဒေသမှ အင်အားအကြီးဆုံး အင်အားစုကြီး ဖြစ်လာခဲ့ပြီး လောကမှ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုလည်း ဖြစ်နိုင်သည်ဟုဆိုသည်။ ထိုမျှပြင်းထန်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားသည့် စစ်တပ်အရှေ့တွင် မည်သည့် စစ်သည်တော်များမှ မရပ်တည်နိုင်ကြချေ။ သတ္တိဖြူများကလည်း ထိုကဲ့သို့သော အရှိန်အဝါများကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အာရပ်မာမဲ့လုများကမူ အလားတူ အင်အားစုများကို ပိုင်ဆိုင်ထားသူဖြစ်သည်။

ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ကိုလည်း ထည့်သွင်းသင့်သည်။

သို့သော် သူ၏ ယခင်ဘဝတွင် ဝမ်ချောင်က သူ၏ဝူရှန်းမြင်းတပ်ကို သာ့ယန်မာန်ပန့်၏ သတ္တိဖြူများနှင့် ရင်ဆိုင်ခိုင်းနိုင်ခဲ့ခြင်းမရှိချေ။

ဒါလည်းအဆင်ပြေတာပဲ။ ဘယ်သူ့စစ်သားတွေက ပိုပြီးအင်အားကြီးမလဲ ကြည့်ရတာပေါ့။ ဘယ်သူက လောကရဲ့ အင်အားအကြီးဆုံး မြင်းတပ်လို့ ကျုံးဝါးရဲမလဲကြည့်ကြမယ်။

မြင်းခွာဖြူအရိပ်ပေါ်တွင် တက်ထိုင်နေသည့် ဝမ်ချောင်က ချီတက်လာသော သတ္တိဖြူများကို မျှော်လင့်စောင့်စားမှုအပြည့်ဖြင့် ကြည့်သည်။

သူ၏ယခင်ဘဝ အာဏာမြင့်မားသွားချိန်တွင် ဗိုလ်ချုပ်တိုင်းဆိုသော ကြယ်များက ကြွေသွားချိန်ဖြစ်ပြီး ကြယ်ရောင်ကလည်း မှေးမှိန်နေခဲ့ပြီဖြစ်သည်။ သူ့ကို ထိုခေတ်တခွင်တွင် အင်အားအကြီးမားဆုံး အဆင့်မြင့် စစ်သူတော်စင်ဟူ၍ ချီးကျူးကြပြီး စီနီယာတိုင်းက အသိအမှတ် ပြုပေးခဲ့သည့်တိုင်အောင် သူ့တွင်လည်း နောင်တများရှိသည်။ သူကိုယ်တိုင်ကလည်း အမှန်တကယ် အင်အားကြီးမားသော အင်အားစုကြီးများကို ရင်ဆိုင်ကာ အစစ်အမှန် စမ်းသပ်ကြည့်လိုသည်။

ဝူရှန်းမြင်းတပ်က လောကမှ နံပါတ်တစ်မြင်းတပ်ဟု ကျုံးဝါးခဲ့သည်။ သူတို့ကလည်း ထိုနာမည်ရအောင် ပြည်ပမှ ကျူးကျော်သူများကို ရင်ဆိုင်ကာ တိုက်ပွဲဆင်နွဲခဲ့သည်။ လောကရှိ လူတိုင်း၏ အသိအမှတ်ပြုမှုကို လက်ခံရရှိခဲ့သည်။ သို့သော် ဝူရှန်းမြင်းတပ်မှ သတ္တိဖြူများနှင့် မတိုက်ခိုက်ခဲ့ဖူးသလို မဟာထန်ကို ရှုံးအောင်လုပ်ခဲ့သည့် အာရပ်မာမဲ့လုများကိုလည်း မရင်ဆိုင်ခဲ့ရချေ။ ထို့ပြင် ကောင်းရှန်းကျစ်နှင့် အန်းရှီ ကာကွယ်ရေးစစ်တပ်တို့နှင့်လည်း ရင်မဆိုင်ခဲ့ဖူးသလို တူရကီဝံပုလွေသွားမြင်းတပ်နှင့်လည်း မတိုက်ခိုက်ခဲ့ရချေ။ ထို့ကြောင့် သူတို့၏ ကျော်ကြားမှုက အနည်းငယ်အားဖြင့် မထိုက်တန်သလို ခံစားခဲ့ရသည်။

သို့သော် ယခုမူ သူ၏နောင်တများထဲမှ တစ်ခုက ပြည့်မှီနိုင်လေပြီ။

“အသင့်ပြင်”

ချွင်ကနဲ အသံနှင့်အတူ ဝမ်ချောင်က သူ၏ဓားကိုဆွဲထုတ်လိုက်ပြီး ရှေ့သို့ချိန်သည်။ ငွေဖြူရောင် ဝု့စ်သံမဏိက အနက်ရောင်တိမ်စိုင်များအောက်တွင် တောက်ပထိန်လင်းလာကာ အေးစက်သော အလင်းကို ထုတ်လွှတ်သည်။ သူ၏စစ်သည်တော်များထံမှ စုစည်းထားသော စွမ်းအင်များနှင့် ဆယ်ပွဲချီတက်လျှင် ဆယ်ပွဲအောင်နိုင်ရမည်ဆိုသော ဝင်္ကပါက စတင်ကာ ပြောင်းလဲသွားပြန်လေပြီ။

ယခင်က ဝင်္ကပါက ဒီတိုင်း အခြေခံအဆင့်သာဖြစ်သည်။ ယခုလိုရုတ်တရက် ပြောင်းလဲသွားသည့် အဆင့်က ယခင်ထက်ပို၍ အဆပေါင်းများစွာ အင်အားကြီးမားသွားပြန်သည်။

ဝမ်ချောင်၏အကြည့်က ချီတက်လာသော စစ်တပ်ထံတွင်သာ ရှိနေသည်။ ဒါကသူ၏ ဝူရှန်းမြင်းတပ် ငါးထောင်ထက် အခြေအနေ ဆိုးရပေမည်။

ကျန်းတစ်ထောင့်သုံးရာ၊ ကျန်းတစ်ထောင့်နှစ်ရာ၊ ကျန်းတစ်ထောင့်တစ်ရာ၊ ကျန်းတစ်ထောင်...

သူတို့က နီးကပ်သထက် နီးကပ်လာလေလေ မဟာပွန်းဝင်္ကပါထဲမှ သတ္တိဖြူများက မြန်သထက် မြန်လာလေလေဖြစ်ပြီး လွှတ်ထုတ်ထားသော စွမ်းအင်များက သန်မာသထက် သန်မာလာလေလေ ဖြစ်လာသည်။ သူတို့၏ခေါင်းထက်တွင်ရှိသည့် လေပြင်းကပင် တွန့်လိမ်နေပြီး ကြီးမားသော အဖြူရောင် သင်္ကေတကြီးတစ်ခုကို ထုတ်ဖော်ထားကာ ရှေးကျသည့် ရုတ်ရင့်ကြမ်းတမ်းလွန်းသော အရှိန်အဝါတစ်ခုကို ထုတ်ဖော်ထားသည်။

အဝေးမှကြည့်နေသည့်တိုင်အောင် ထွက်လာသော အရှိန်အဝါက စိတ်ပိုင်းဆိုင်ရာအားဖြင့် ဖိအားပေးနိုင်သည်။

ကြောက်စရာအကောင်းဆုံး ကိစ္စက သတ္တိဖြူများ၏ စွမ်းအင်က တစ်သားတည်းအဖြစ် ပေါင်းနေခြင်းဖြစ်သည်။ စစ်သည်ငါးထောင်၏ ပြင်းထန်သော ချီတက်မှုအင်အားက ကြောက်စရာအကောင်းဆုံး ကိစ္စကြီးဖြစ်သည်။

သို့တိုင်အောင် ဝမ်ချောင်၏အကြည့်ကမူ တည်ငြိမ်နေသေးသည်။ သူ၏ခန္ဓာကိုယ်က သတ္တိဖြူများကို ရင်ဆိုင်နေရသည့်တိုင်အောင် မရွေ့နိုင်သော တောင်တန်းတမျှ ဖြစ်နေသည်။

ကျန်းကိုးရာ့ငါးဆယ်၊ ကျန်းကိုးရာ၊ ကျန်းရှစ်ရာ့ငါးဆယ်၊ ကျန်းရှစ်ရာ

နီးလာသည်နှင့်အမျှ သူတို့၏အရှိန်က မြင့်သထက်မြင့်ကာ မြန်သထက်မြန်လာသည်။ ဝမ်ချောင်ကမူ ငြိမ်သထက် ငြိမ်လာလေလေဖြစ်သည်။ သူ၏မျက်လုံးက တစ်ဝက်ခန့်သာဖွင့်ထားပြီး မှေးကျဉ်းလျှက် အချိန်ကိုက်ကို စောင့်နေသည်။ သာ့ယန်မာန်ပန့်၏ အရှိန်နှုန်းက အထွဋ်အထိပ်ရောက်သွားပြီး ပြန်လည့်၍ မရသောအချိန်ကို စောင့်နေခြင်းဖြစ်သည်။ ထိုအချိန်တွင် သူက သာ့ယန်မာန်ပန့်ကို အလဲထိုးရုံသာ မကသေးလေဘဲ ချီရှီ၏အန္တရာယ်ကိုလည်း အမြစ်ဖြတ်ရမည်ဖြစ်သည်။

ကျန်းခုနှစ်ရာ့ငါးဆယ်၊ ကျန်းခုနှစ်ရာ

မီတာနှစ်ထောင်ပင် မကွာဝေးတော့သော အကွာအဝေးသို့ ရောက်လာသည့်အချိန်တွင် ထိုအကွာအဝေးက အန္တရာယ်အများဆုံး ပိုင်နက်နယ်မြေအတွင်းသို့ ဝင်ရောက်သွားသည်။

ကျန်းခြောက်ရာ့ငါးဆယ်၊ ကျန်းခြောက်ရာ

“ဝမ်ချောင် မင်းရဲ့အသက်ကို ငါ့လက်အပ်ထား”

ကောင်းကင်သို့ မိုးခြိမ်းသံမျှ ကျယ်လောင်သော အသံကြီးက ထိုးခွဲဝင်ရောက်သွားသည်။ သာ့ယန်မာန်ပန့်က နောက်ဆုံးတွင် သူ၏နတ်မြင်း၏ ကျောပေါ်သို့ ဖိထိုင်ချလိုက်ကာ ရှေ့သို့ လှံကိုထိုးလျှက်အော်သည်။

“ဟမ့်”

ဝမ်ချောင်က နှာခေါင်းရှုံ့ကာ လှောင်ရယ်ရယ်သည်။ တချိန်ထဲတွင်သူက ဓားကိုယမ်းချလိုက်ပြီး တိုက်ခိုက်ရန် အချက်ပြလိုက်သည်။

ဝုန်း

တချိန်လုံး ငြိမ်နေခဲ့သော မရွေ့လျားနိုင်ဟုပင် ထင်ရသည့် ဝူရှန်းမြင်းတပ်က ရုတ်တရက် ရှေ့သို့ ခုန်ထွက်လိုက်သည့်အခါ မြေကမာ္ဘကပင် တသိမ့်သိမ့် တုန်သွားသည်။ ထိုအခိုက် မည်သည့် အသံကမဆို တိတ်သွားသည်။ တောင်ပေါ်ဒေသတစ်ခုလုံးကပင် မှိန်ကျသွားသည်။

ဟီး ဟီး ဟီး

စစ်မြင်းများက ရုပ်ဖျက်ထားရာမှ ဖယ်ခွာလိုက်သည့် ကြောက်မက်ဖွယ်ကောင်းသော သားရဲကောင်ကြီးများအလား အော်ဟစ်ကြသည်။ တောင်တန်းများကိုပင် တဆတ်ဆတ် ခွာသွားစေနိုင်သော အင်အားမျိုးနှင့်အတူ ဝူရှန်းမြင်းတပ်က ရှေ့သို့ချီတက်သည်။

ချွင် ချွင် ချွင်

ထောင်ပေါင်းများစွာသော ချီစက်ကွင်းများကလည်း စတင်ကာ ဆင်းသက်လာပြီး ဝူရှန်းမြင်းတပ်၏ မြင်းခွာအောက်တွင် လေထန်လာစေသည်။ ထိုအခိုက် တိတ်ဆိတ်နေသော မြင်းတပ်က ကောင်းကင်သို့ ချီတက်လိုက်သလို မှင်သက်ဖွယ်ကောင်းသော အဆင့်သို့ မြောက်တက်သွားပြန်သည်။ သူတို့၏စွမ်းအင်က သတ္တိဖြူများထံမှ ထုတ်လွှတ်ထားသော အရှိန်အဝါတိုင်းကို ဖယ်ထုတ်လိုက်သည်။

နဂိုက ဝူရှန်းမြင်းတပ်က ထုတ်လွှတ်ထားသော ထိုအရှိန်အဝါက သတ္တိဖြူများက အထွဋ်အထိပ် အခြေအနေတွင် ထုတ်ထားသော အရှိန်အဝါမျိုးနှင့်ယှဉ်သော် ကလေးတစ်ယောက်က လူကြီးကို လာယှဉ်နေသလို ဖြစ်သွားသည်။ သို့သော် ဝမ်ချောင်က အမိန့်ထုတ်လိုက်သည်နှင့် ဝူရှန်းမြင်းတပ်က ထုတ်လွှတ်ထားသော အရှိန်အဝါက ဆက်တိုက် မြောက်တက်သွားပြီး ကလေးမှ အရွယ်ရောက်သူကဲ့သို့ ဖြစ်သွားသည်။

သူတို့က သာ့ယန်မာန်ပန့်၏ မဟာပွန်းဝင်္ကပါကို မယှဉ်နိုင်သော်လည်း သတ္တ်ိဖြူများကို ရင်ဆိုင်ရန် အဆင့်မှီသော အခြေအနေသို့ ရောက်သွားပြီဖြစ်သည်။

“ဘာ”

သာ့ယန်မာန်ပန့်၏ မျက်လုံးကလည်း ထိုမြင်ကွင်းကြောင့် မှေးကျဉ်းသွားပြီး သူ၏စိတ်က အံ့အားသင့်မှုကြောင့် အနည်းငယ် ယမ်းခါသွားသည်။ သို့သော် ဒါက အစသာရှိသေးသည်။

...

ဘန်း

မြင်းခွာဖြူအရိပ်၏ နောက်ခြေက ခုန်ပေါက်လိုက်ချိန်တွင် နောက်ထပ် သတ္တိချင်း ထိခတ်သံက ထွက်ပေါ်လာသည်။ လေပြင်းက စတိုက်လာပြီး အလင်းတန်းက လက်သထက် လက်လာရာမှ တဖြည်းဖြည်းချင်း အနီရင့်ရောင် ချီစက်ကွင်းကို ပြန့်ကားလာစေခြင်းအားဖြင့် မြင်းခွာဖြူ အရိပ်အောက်မှတဆင့် ဝူရှန်းမြင်းတပ်တစ်ခုလုံး၏အောက်သို့ ဖြန့်ကျက်လိုက်သည်။

ဖုန်မှုန့်ချီစက်ကွင်း

မြင်းတပ်က ချီတက်သည်နှင့် ဝမ်ချောင်ကလည်း သူ၏ အဆင့်မြင့် မြင်းတပ်ချီစက်ကွင်းကို ချက်ချင်း လွှတ်ထုတ်လိုက်သည်။

ချွင် ချွင် ချွင်

ဖုန်မှုန့်ချီစက်ကွင်း သုံးခုလုံးက ထုတ်လွှတ်ခံရပြီးသည်နှင့် စစ်တပ်တစ်ခုလုံးကို အားဖြည့်ပေးလိုက်သည်။

ဝမ်ချောင်က ဖုန်မှုန့်ချီစက်ကွင်း၏ စွမ်းအားကို လူတိုင်းအား ခံစားရစေလိုသည်။

တစ်ဆယ်ကျန်း

ဝူရှန်းမြင်းတပ်ငါးထောင်က မြင့်မားလွန်းသော အရှိန်နှုန်းဖြင့် အရှိန်ရသွားသည့်အခိုက် သာမာန်မြင်းတပ်က မီတာငါးရာခန့် သွားရသော အကွာအဝေးကို ဝူရှန်းမြင်းတပ်က တစ်ဆယ်ကျန်း မီတာသုံးဆယ်လောက်နှင့် ခုန်ထွက်သွားနိုင်သည်။

ကျန်းနှစ်ဆယ်

မြင်းခွာအောက်တွင် လေပြင်းများကပင် ဆူပွက်သလို ဟိန်းသံများ ထုတ်လွှတ်နေသည်။ ချက်ချင်းလိုလို ကျန်းတစ်ရာကျော်ကို ခုန်ထွက်သွားလိုက်နိုင်သည်။ ဝူရှန်းမြင်းတပ်ငါးထောင်ကို ဝေဝါးသော အရိပ်အဖြင့်သာ မြင်နိုင်တော့သည်အထိ မြန်ဆန်လွန်းနေပြီဖြစ်သည်။

ကျန်းသုံးဆယ်

ထိုအချိန်တွင် ဝူရှန်းမြင်းတပ်က မြင်းတပ်တိုင်းနီးပါးကို မှင်သက်ကြောင်အကာ သဘောတကျ သက်ပြင်းချရသော အဆင့်အထိ မြန်သွားသည်။ ဖုန်မှုန့်ချီစက်ကွင်းက ဝူရှန်းမြင်းတပ်ကို ပို၍မြန်ဆန်အောင် ထောက်ပံ့ပေးနိုင်သေးပြန်သည်။

ကျန်းငါးဆယ်

ထိုအခိုက် ဝူရှန်းမြင်းတပ်က လျှပ်စီးလက်နေသလိုမျိုး နောက်မှ အဖြူအတန်းရှည်ကိုသာ ချန်ထားရစ်ခဲ့လျှက် မြန်သထက် မြန်ဆန်သွားပြန်သည်။

“ဘာလို့ဒီလောက်တောင် မြန်နေတာလဲ”

ရုတ်တရက် ပေါက်ကွဲထွက်လာသော အရှိန်နှင့် စွမ်းအားက လူတိုင်းကို မှင်သက်စေသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်းက အထိတ်တလန့်ဖြစ်သွားကြပြီး သတိလက်လွတ် ကျောကိုတဖြောင့်တည်း ရပ်လိုက်မိကြသည်။ အခြားတစ်ဖက်မှ တုစုန့်မာန်ဖော်ကျဲ့ကပင် မျက်ခွံလှုပ်သွားသည်။

လူတိုင်းကလည်း မြင်းတပ်က မြန်သထက်မြန်လေလေ အင်အားကြီးလေလေဖြစ်ကြောင်း သိနေသည်။ သို့သော် ယခုလို အခြေအနေမျိုးကို မြင်လည်းမမြင်ဖူးသလို ကြားလည်း မကြားဖူးချေ။ ထိုအမြန်နှုန်းက ချက်ချင်းလိုလို ကျန်းငါးဆယ်ကို ကျော်ဖြတ်နိုင်သည်အထိဖြစ်သွားသည်။

ဝူရှန်းမြင်းတပ်က ပို၍မြန်နိုင်နေသေးသည်။

ကျန်းရှစ်ဆယ်

ထိုစစ်တပ်က ထုတ်လွှတ်သော ဖုန်တိမ်စိုင်များက လေထဲအထက် ပေတစ်ရာအထိပင် မြောက်တက်သွားသည်။

ကျန်းတစ်ရာ

ဝူရှန်းမြင်းတပ်က နောက်ဆုံးတွင် သူတို့၏ အမြင့်ဆုံးသော အရှိန်အထိ ရောက်သွားသည်။ မြေကမာ္ဘကပင် သူတို့၏အင်အားအောက်တွင် ညဉ်းသံကို ထုတ်လွှတ်နေသလို ခံစားလာကြရသည်။ ထိုအခိုက် ဝူရှန်းမြင်းတပ်၏ အရှိန်နှုန်းက သာ့ယန်မာန်ပန့်၏ သတ္တိဖြူများကို အပြည့်အဝ ဖိနှိပ်လိုက်နိုင်ပြီး လောကရှိ မည်သည့်မြင်းတပ်ကမျှ မယှဉ်နိုင်သော အဆင့်အထိ ရောက်သွားသည်။

အခန်း(၇၈၂)

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်

“မဖြစ်နိုင်ဘူး”

ထိုတခဏတွင် သာ့ယန်မာန်ပန့်ကပင် အံ့ကိုကြိတ်ထားသည်။ သူ၏မျက်ဝန်းက အံ့အားသင့်မှုဖြင့် တောက်ပနေသည်။ မဟာပွန်းဝင်္ကပါက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ လျို့ဝှက်သိုင်းဖြစ်သလို တောင်ပေါ်ဒေသ၏ ရှေးခေတ်လူမျိုးစုအပိုင် ဖြစ်သည်။ တိဗက်ဖြူများကပင် ထိုသိုင်းကို သုံးခဲ့သည့်တိုင်အောင် ထိုမျှကြောက်စရာကောင်းသည့် အရှိန်နှုန်းထိ ရောက်နိုင်ခဲ့သည်။

ထိုအရှိန်နှုန်းက မည်သည့်မြင်းတပ်ကမဆို ရောက်နိုင်သော အမြင့်ဆုံးအရှိန်နှုန်း ဖြစ်လုနီးပါးဖြစ်နေသည်။ မည်သည့်မြင်းတပ်ကမျှ မရောက်နိုင်သည့် အမြင့်ဆုံးအရှိန်နှုန်းအထိ ဖြစ်နေခဲ့ပြီးသားဖြစ်သည်။ သာ့ယန်မာန်ပန့်ကလည်း သတ္တိဖြူများထက် မည်သည့်မြင်းတပ်ကမျှ ပိုမမြန်နိုင်တော့ဟု ယုံကြည်ထားခဲ့သည်။ သို့သော် ကျန်းတစ်ရာ အကွာအဝေးထိ ရောက်နိုင်သော အရှိန်နှုန်းကိုမူ ဝမ်ချောင်က လုပ်ပြလိုက်သည်။ ဝမ်ချောင်ကပင် ထိုကန့်သတ်မှုကိုကျော်ကာ ခွဲလိုက်သည်။

ဒါကတင် မရပ်တန့်သေးချေ။

ဘုန်း

အလင်းက ဖြတ်ကနဲ လက်သွားပြီးသည်နှင့် ရုတ်တရက် ဝူရှန်းမြင်းတပ်ထံမှ ပင်လယ်တမျှ ကျယ်ပြောလွန်းသည့် သတ်ဖြတ်လိုသည့် စိတ်ဆန္ဒက ထွက်ပေါ်လာသည်။

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမဲ့ဝင်္ကပါ

ထိုဝင်္ကပါက မဟာကပ်ဘေးခေတ်မှ ဝင်္ကပါဖြစ်ပြီး အမျိုးမျိုးသော ဝင်္ကပါပေါင်းများစွာနှင့် မရေမတွက်နိုင်သော လူပေါင်းများစွာ၏ ဗဟုသုတများကို ပေါင်းစပ်ပြီးမှ ရလာသော အကျိုးအမြတ်များဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။ ကပ်ဘေးခေတ်တွင် အင်အားအကြီးဆုံး ဝင်္ကပါတစ်ခုအဖြစ်လည်း သတ်မှတ်ခံခဲ့ရသည်။ ယခုမူ ဒီလောကတွင် ပထမဦးဆုံးအကြိမ် ပြန်ပေါ်လာပြီး သူ၏ လုပ်နိုင်စွမ်းအားနှင့် အရှိန်အဝါကို ထုတ်ပြလေသည်။

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်။ မိစာ္ဆတွေနဲ့ နတ်ဘုရားတွေတောင် ပျောက်ကွယ်သွားရမယ်။

မဟာကပ်ဘေး ကာလအတောအတွင်း အဆင့်လွန်တိုက်ပွဲဝင် ဝင်္ကပါဆယ်ခုပေါ်ခဲ့ပြီး လောက၏ ထောင်ပေါင်းများစွာသော ဝင်္ကပါများပေါင်းစပ်ကာ မြှင့်တင်ကာ သန့်စင်ထားခဲ့ရခြင်းဖြစ်သည်။ ထိုဝင်္ကပါတိုင်းက ဝင်္ကပါများ၏ဘုရင်အဖြစ် သတ်မှတ်ခံခဲ့ရသည်။ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်ဆိုသော ဝင်္ကပါက ထိုဝင်္ကပါများထဲမှ တစ်ခုဖြစ်သည်။ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်မရမယ်။ မိစာ္ဆတွေနဲ့ နတ်ဘုရားတွေတောင် ပျောက်ကွယ်သွားရမယ်ဆိုသော စကားစုက ထိုဝင်္ကပါ၏ ကြောက်စရာကောင်းသော လုပ်နိုင်စွမ်းအားကို ထုတ်ပြထားခြင်းဖြစ်သည်။ မည်သည့် ဝင်္ကပါကမျှ မယှဉ်နိုင်သလို ရပ်တန့်အောင်လည်း မလုပ်နိုင်ချေ။

ထိုထဲတွင် တိုက်ခိုက်ခြင်းသိုင်းသီးသန့် စွမ်းအားများ ပါဝင်သလို ထက်မြတ်မှုနှင့် ခက်ထန်ကာ ကြောက်မက်ဖွယ်ကောင်းမှုက မည်သည့်အရာကမှ မယှဉ်နိုင်အောင် ပြင်းထန်သည်။ ထိုဝင်္ကပါကို ရပြီးနောက် ဝမ်ချောင်က ထပ်မံမွန်းမံခဲ့ကာ ပို၍ပင် အင်အားကြီးမားအောင် လုပ်နိုင်ခဲ့သည်။

တချိန်ထဲတွင်သူက ထိုဝင်္ကပါက သူ၏ဝူရှန်းမြင်းတပ်နှင့် ပို၍သင့်တော်သည်ဟု ထင်သည်။ ထိုနည်းအားဖြင့် အခြားသော ကျူးကျော်သူတိုင်းကို ရင်ဆိုင်ရရာတွင် အသုံးပြုကြသည့် လူသားများ အသုံးပြုနိုင်သော အင်အားအကြီးဆုံး ဝင်္ကပါတစ်ခုအဖြစ် ပြောင်းလဲလိုက်နိုင်သည်။

ဝမ်ချောင်က ထိုဝင်္ကပါကို ဒဏ္ဍာရီပေါင်းများစွာကိုသုံးကာ ဖန်တီးခဲ့ပြီး သူ၏ဝူရှန်းမြင်းတပ်ကို ဦးဆောင်ကာ ပြည်ပမှ ကျူးကျော်သူတိုင်းကို သတ်ဖြတ်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် အစောပိုင်းအဆင့်များတွင် ဖော်ပြရန်ခက်ခဲသည့် လုပ်နိုင်စွမ်းအားနှင့် လေးစားဖွယ်ကောင်းသော ခုခံမှုတိုင်းကို ကျော်ဖြတ်ကာ အလဲထိုးနိုင်ခဲ့သည်။ မသေမျိုးဟု ကိုယ့်ကိုယ်ကို ကျုံးဝါးထားသူများကိုပင် အလဲထိုးနိုင်ခဲ့သည်။

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်ဝင်္ကပါက မဟာတိုက်ပွဲ၏ ဝင်္ကပါဆယ်ခုထဲတွင် အင်အားအကြီးဆုံး မဟုတ်သော်လည်း ရန်သူ၏ဝင်္ကပါကို ထိုးခွဲမှုနှင့် ခုခံမှုအားလှိုင်းကို ဖျက်ဆီးရာတွင် အသင့်လျော်ဆုံး ဖြစ်နေသေးသည်။ ထို့ပြင် ဝူရှန်းမြင်းတပ်က လေ့ကျင့်ကာစဖြစ်ပြီး မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို မကျော်ဖြတ်ရသေးချေ။ ထို့ကြောင့် သူတို့အနေဖြင့် အခြားသော ဝင်္ကပါဆယ်ခုကိုကျင့်ရန် ခက်ခဲနေသေးလေသည်။ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်ဝင်္ကပါကသာ သူတို့၏ လုပ်နိုင်စွမ်းအားကြောင့် အသင့်တော်ဆုံးဖြစ်သွားသည်။

ဝမ်ချောင်က ထိုဝင်္ကပါကို ရွေးချယ်ခဲ့သည့် အကြောင်းပြချက်များကလည်း သီးသန့်ရှိနေသေးသည်။ သို့သော် ထိုဝင်္ကပါက ဒီလောကတွင် ပြိုင်ဘက်ကင်းမည်မှာ သေချာသည်။

တိဗက်သံချပ်ကာပြားများက လောကမှာ အထူဆုံးဖြစ်ပြီး မည်သည့်တိုင်းပြည်ကမှ ထိုအထူကို မယှဉ်နိုင်သလို မဟာပွန်းဝင်္ကပါကလည်း ထိုနယ်ပယ်အတွက် အပြည့်စုံဆုံး လိုက်ဖက်ညီမှုကြီးအဖြစ် ပေါင်းစည်းပေးနိုင်သည်။ ထိုမျှအထိ လေးစားစရာကောင်းသော တိုက်ခိုက်နိုင်စွမ်းအားအပြည့် ပိုင်ဆိုင်ထားသလို ခုခံနိုင်စွမ်းအားလည်းရှိသော ဝင်္ကပါနှင့်ဆိုလျှင် သူတို့၏ ခုခံနိုင်မှုက ပို၍အားသာသွားသည်။ သာ့ယန်မာန်ပန့်က သတ္တိဖြူများကို ထိုနည်းလမ်းကိုသုံးပြီး အာရပ်မာမဲ့လုများကို အပြင်းအထန် ထိုးနှက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဒါက နှစ်ဖက်လုံးက အလွန်အမင်း ကျော်ကြားကာ နာမည်ကြီးသော အဖွဲ့များ ဖြစ်နေသည့်အပြင် စစ်အနုပညာကို လေ့လာသော ကျောင်းသားတိုင်းက လေ့လာရသောသူများ ဖြစ်ခဲ့သည်။ သို့သော် ဗဟိုပြင်ကျယ်၏ နောက်ဆုံးသော မဟာမာရှယ်ကြီးတစ်ယောက်ဖြစ်သည့် ဝမ်ချောင်က လောကရှိ အဖွဲ့အစည်းတိုင်း၏ စခန်းတိုင်းကို လေ့လာခဲ့ပြီး ဗျူဟာတိုင်း အကြံအစည်တိုင်းကို ဖလှယ်ခဲ့ခြင်းအားဖြင့် အတွေ့အကြုံများစွာ ရရှိခဲ့သည်။ ထိုတိုက်ပွဲကလည်း အပါအဝင် ဖြစ်ခဲ့သေးသည်။

ဝမ်ချောင်က မဟာပွန်းဝင်္ကပါကို လေ့လာစမ်းသပ်ခဲ့ပြီးနောက် တိုက်ခိုက်နိုင်စွမ်းအားက ထင်သလောက် မပြင်းထန်သော်လည်း တိဗက်သံချပ်ကာပြားများနှင့် ပေါင်းစပ်လိုက်သည့်အခါ ခုခံနိုင်သည့် စွမ်းအင်က ပြိုင်ဘက်ကင်းလုနီးပါး ဖြစ်သွားကြောင်း သိခဲ့ရသည်။ ဒါက မာမဲ့လုများကို ရင်ဆိုင်ရချိန်တွင် အပြီးပြည့်စုံဆုံး ဖြစ်သွားသည်။ တစ်ဖက်သူကမူ ခုခံအား အားနည်းသည်။

အထက်ရှဆုံး လှံများက သူတို့၏ အကြမ်းတမ်းဆုံး ဒိုင်းများကို ထိပ်တိုက် ရင်ဆိုင်သွားသည်နှင့်တူသည်။ မဟာပွန်းဝင်္ကပါက ဒိုင်းဖြစ်ပြီး မည်သူကမျှ ထိုဒိုင်းကို မဖောက်နိုင်သည့်အခါ သူတို့ကသာ သေဆုံးကြရသည်။ ဒါက ဒဏ္ဍာရီတိုက်ပွဲကြီးဖြစ်ခဲ့ပြီး လောက၏ အင်အားအကြီးဆုံး မြင်းတပ်များ၏ ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့လေသည်။ သို့သော် တိဗက်များက မြေမျက်နှာသွင်ပြင်အရ အားသာမှု ရရှိခဲ့သည်။

သူ၏ခွဲခြမ်းစိတ်ဖြာ သုံးသပ်မှုအရ ဝမ်ချောင်အနေဖြင့် သတ္တိဖြူများကို ရင်ဆိုင်ချင်လျှင် သူလုပ်ရမည့် အကောင်းဆုံးနည်းလမ်းက ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါကိုသိခဲ့သည်။

ထိုဝင်္ကပါက ဝင်္ကပါဆယ်ခုထဲတွင် အင်အားအကြီးဆုံး မဟုတ်သည့်အပြင် အားအနည်းဆုံးပင် ဖြစ်နိုင်လောက်သော်လည်း တိုက်ခိုက်သည့် ချီတက်မှု အင်အားမျိုးတွင်မူ အင်အားအကြီးဆုံး ဖြစ်နေသည်။ ထို့ကြောင့် တိဗက်များ၏ မဟာပွန်းဝင်္ကပါကို အက်ကွဲပြီး သူတို့၏အရှိန်ကို ပျက်ပျယ်စေအောင် ကြိုးစားရမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် သတ္တိဖြူများက သူတို့၏ အင်အားအပြည့် ပိုင်ဆိုင်သေးသော်လည်း ကြောက်လန့်စရာကောင်းသည်အထိ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ဆယ်ကြိမ်ချီတက်လျှင် ဆယ်ပွဲနိုင်ရမည့်ဝင်္ကပါကသာ သာ့ယန်မာန်ပန့်ကို ရင်ဆိုင်ရာတွင် အသင့်တော်ဆုံး ဝင်္ကပါဖြစ်သည်။

ဝုန်း

တိဗက်မြင်းတပ် ငါးထောင်ထံမှတဆင့် ပြင်းထန်သော စွမ်းအင်များက ထွက်ပေါ်လာသည်။ သူတို့ တစ်ယောက်ချင်းစီတိုင်းက သတ္တိဖြူများကို ယှဉ်နိုင်သွားသည်။

ယခင်က ဝူရှန်းမြင်းတပ်က လက်ရွေးစင်များထဲမှ လက်ရွေးစင်များဟု သတ်မှတ်နိုင်လောက်သော်လည်း ယခုမူ သူတို့၏အင်အားက အမြင့်ပေါင်းများစွာ မြင့်တက်သွားသည်အထိ မြှင့်တင်ခံလိုက်ရသည့်အတွက် လောက၏ အကောင်းဆုံး မြင်းတပ်အဆင့်ဝင်သွားပြီဖြစ်သည်။

“မျိုးမစစ်ကောင် သူတို့ဘာလို့ ဒီလိုလုပ်နိုင်တဲ့နည်းလမ်း ရှိနေရတာလဲ”

သာ့ယန်မာန်ပန့်က အံ့ကိုကြိတ်ထားသည်။ သူကလည်း ဒေါကထွက်နေသည်။ သတ္တိဖြူများက တော်ဝင်မြို့တော်၏ အစောင့်တပ်ဖြစ်ပြီး ယွီစန်းအင်ပါယာ၏ အကောင်းဆုံးမြင်းတပ်များထဲမှ တစ်ခုဖြစ်သည်။

သတ္တိဖြူများကို သူက ပိုင်ဆိုင်ခဲ့သော်လည်း သာ့ယန်မာန်ပန့် ကိုယ်တိုင်ကလည်း ထိုအဆင့်လွန် အင်အားစုကြီးဖြစ်အောင် အများကြီး ရင်းနှီးမြုပ်နှံထားရသေးသည်။

ယွီစန်းအင်ပါယာ၏ မြင်းတပ်တိုင်းတွင် သာ့ယန်မာန်ပန့်က ငါးထောင်ကိုသာ ရွေးချယ်ခွင့်ရှိသည်။ သူက ထိုငါးထောင်ကို ပတ်ဝန်းကျင်တိုင်းပြည်များကို ခေါ်သွားခဲ့ပြီး မရေမတွက်နိုင်သော တိုက်ပွဲပေါင်း များစွာဖြင့် သူတို့ကိုလေ့ကျင့်ပေးကာ သတ္တိဖြူများဖြစ်လာအောင် မြှင့်တင်ပေးခဲ့ရသည်။

လက်ရှိသတ္တိဖြူများ၏ အင်အားနှင့်ဆိုလျှင် သာ့ယန်မာန်ပန့်ကလည်း စစ်သည်ငါးသောင်းရှိသော စစ်တပ်ကို ရင်ဆိုင်ရမည်ဆိုလျှင်ပင် အပြတ်အသပ် နိုင်နိုင်မည်ဟု ယုံကြည်မှုအပြည့်ရှိသည်။

သာ့ယန်မာန်ပန့်၏ စိတ်ထဲတွင်မူ အခြားသော စစ်သည်များက သတ္တိဖြူ တစ်ယောက်ချင်းစီတိုင်းကိုပင် မယှဉ်နိုင်ဟု ယုံကြည်ထားသည်။ သတ္တိဖြူများကို ယှဉ်နိုင်သောစစ်တပ် မရှိလောက်ဟုပင် ယုံကြည်ခဲ့သည်။ သို့သော် သာ့ယန်မာန်ပန့်အနေဖြင့် တိဗက်နယ်စပ်ကဲ့သို့ သူအလွန်ရင်းနှီးသော တစ်နေရာမျိုးတွင် သူ၏သတ္တိဖြူများနှင့် အဆင့်တူသော လက်ရွေးစင်မြင်းတပ်တစ်ခုကို ရင်ဆိုင်ရမည်ဟု မထင်ထားခဲ့ချေ။ ထို့ပြင် သူသတ်ရမည့် ဝမ်ချောင်ဆိုသော ထန်ကောင်လေး၏ အပိုင်အင်အားစု ဖြစ်နေသေးသည်။ ထိုအချက်ကတင် သာ့ယန်မာန်ပန့်ကို လက်မခံနိုင်အောင် ဒေါသထွက်စေသည်။

“စစ်သည်တော်တိုင်း ငါ့အမိန့်ကိုနာခံကြ သူတို့အားလုံးကိုသတ် တစ်ကောင်မှ အရှင်မထားနဲ့”

သာ့ယန်မာန်ပန့်က အော်လိုက်သည်။ သူ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ်များက ထိုးထွက်လာသည်။ မည်သည့်နည်းနှင့်မဆို သူက မည်သို့သော မြင်းတပ်အင်အားစုမျိုးကိုမဆို သတ္တိဖြူများနှင့် အဆင့်တူခွင့် ပြုလိမ့်မည်မဟုတ်ချေ။

ဝုန်း

သတ္တိဖြူများ၏ မြင်းခွာများက မိုးခြိမ်းသံကဲ့သို့ အသံများကို ထုတ်လွှတ်လိုက်ပြီး လေးကြိုးမှ မြှားပစ်လိုက်သလို အရှိန်နှုန်းဖြင့် ဝမ်ချောင်နှင့် သူ၏ဝူရှန်းမြင်းတပ် ငါးထောင်ထံ တိုးဝင်သွားသည်။

ထိုအဆင့်တိုက်ပွဲမျိုးတွင် မည်သည့်ဘက်ကမှ နောက်ဆုတ်၍ မရတော့ချေ။

“လီစစ်ယဲ့ ငါ့နောက်လိုက်ခဲ့”

ဝမ်ချောင်က အမိန့်ပေးသည်။ သူ၏မျက်လုံးက မှေးကျဉ်းသွားပြီး သာ့ယန်မာန်ပန့်နှင့် သတ္တိဖြူများကို လှမ်းကြည့်သည်။

“ဟုတ်ကဲ့အရှင်အမတ်”

လီစစ်ယဲ့၏ စွမ်းအင်များက မုန်တိုင်းထန်လာသလို ပေါက်ထွက်လာပြီး ဝမ်ချောင်၏နောက်မှ ကပ်လိုက်သည်။ ဝူရှန်းမြင်းတပ်ငါးထောင်က သူတို့၏အရှိန်နှုန်းနှင့် ဟန်ချက်ကို ဆက်လက်ထိန်းထားပြီး တင်းမာပြတ်သားသော စွမ်းအင်များကို ကောင်းကင်သို့ ထိုးထည့်ကာ လေထုကိုပင် တွန့်လိမ်ရှုံ့တွသွားစေသည်။

ဝုန်း

ဝူရှန်းမြင်းတပ်များ၏ စွမ်းအင်က အထွဋ်အထိပ်သို့ ရောက်ရှိသွားသောအခါ ရုတ်တရက် သူတို့၏ အထက် လေထဲတွင် ကြီးမားလွန်းသော ရွှေရောင်လှံတစ်လက်က ပေါ်ထွက်လာပြီး တိဗက်သတ္တိဖြူများကိုချိန်သည်။

ထိုအရာသာ မကသေးလေဘဲ နောက်ထပ် လှံဆယ်လက်ကျော်က ထွက်ပေါ်လာသေးသည်။ လှံတိုင်းက ဆယ်ကျန်းကျော်ရှည်သည်။ သို့သော် အလွန်အမင်း ပါးလျနေသေးသည်။ ကြီးမားလွန်းသော ထိုလှံဆယ်လက်က ပေါ်လာပြီးနောက် ထိုစစ်တပ်တစ်ခုလုံးအပေါ်တွင် လွှမ်းခြုံထားကာ ငါးမန်းအုပ်လိုမျိုး သတ္တိဖြူများထံ ချိန်ထားကြသည်။

ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်

ထိုလှံဆယ်လက်က ဒီဝင်္ကပါ၏ အင်အားအပြင်းဆုံး တိုက်ကွက်ဖြစ်သည်။

ကျန်းငါးဆယ်၊ ကျန်းလေးဆယ်၊ ကျန်းသုံးဆယ်...

စစ်တပ်နှစ်ခုက ထိပ်တိုက်တွေ့ဆုံလာချိန်တွင် လူတိုင်းက ထိတ်လန့်သွားကြရသည်။ ဖုမာန်လင်းချာက ခေါ်လာသော လက်အောက်ငယ်သား ဆယ်ယောက်ကျော်ကပင် ထိုမြင်ကွင်းကြောင့် မှင်သက်ကာ ယစ်မူးသွားပြီး အသက်ရှုရပင် ခက်ခဲသွားသည်။ တိဗက်စစ်တပ် နောက်တန်းမှ တုစုန့်မာန်ဖော်ကျဲ့ကပင် သူ၏ကိုယ်ကို မတ်လိုက်မိသည်။ သူ၏လည်ပင်းမှ ကြွက်သားများကပင် တင်းကြပ်သွားပြီး သူက သေချာအာရုံစိုက်ထားသည်။

တိဗက်စစ်တပ်တစ်ခုလုံးက သေလုခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုမျိုးဖြင့် ကြီးစိုးခံလိုက်ရသည်။ စစ်သည်တော် တစ်ယောက်ချင်းစီတိုင်းက အင်အားချင်း ယှဉ်နိုင်လောက်သည့် တစ်ဖက်မှ အင်အားစုကို လှည့်ကြည့်နေကြသည်။

မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော မြင်းခွာသံက အသံတိုင်းကို လွှမ်းခြုံထားသည်။ တိုက်ပွဲနယ်မြေမှ အကျယ်ဆုံးသော တည်ရှိမှုကြီးများဖြစ်သွားသည်။

ကျန်းနှစ်ဆယ်၊ ဆယ်ကျန်း...

လေထဲတွင် ထိပ်တိုက်တွေ့ဆုံသည့် တင်းအားက မယုံနိုင်စရာကောင်းသည့် အဆင့်ထိ ရောက်ရှိသွားသည်။ စစ်တပ်နှစ်ခုကလည်း တစ်ဖက်ရန်သူစစ်တပ်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်များကို ခံစားမိကြသလို သတ်ဖြတ်လိုစိတ် ပြင်းထန်နေကြောင်းကိုလည်း နားလည်နေကြသည်။ ဝမ်ချောင်ကပင် သာ့ယန်မာန်ပန့်၏ နဖူးတွင် ထောင်တက်နေသော သွေးကြောများနှင့် သူ၏တောင်ပေါ်မြင်းခွာများ၏ တောင့်တင်းသော ကြွက်သားများကို ခံစားမိနိုင်သည်။ ဒါက သာ့ယန်မာန်ပန့်၏ ပြင်းထန်သော အသက်ရှုသံကိုပင် ကြားနိုင်နေသေးသည်။

ဒါက ကောင်းတာလား ဆိုးတာလား မှန်တာလား မှားတာလား။ အခုတော့ အရာအားလုံးကို စမ်းသပ်ဖို့ အချိန်ရောက်ပြီ။

သူ၏နားထဲတွင် မြင်းခွာသံများက မိုးခြိမ်းသံလို ပြည့်နှက်လာပြီးနောက် ဝမ်ချောင်က ရုတ်တရက် တိုက်ခိုက်လိုစိတ် ပြင်းထန်လာသည်။

မဟာထန်နှင့် ယွီစန်းကြားမှ ရန်ငြိုးများကိုဖယ်ရှားလိုက် ကံကြမ္မာကျောက်တုံးမှပေးသော တာဝန်များကို ဖယ်ရှားလိုက်လျှင်ပင် တိုက်ပွဲအတွက် သီးသန့်ရှင်သန်ခဲ့သည့် စစ်နတ်ဘုရားဆိုသော စစ်သည်တော် သီးသန့်တစ်ယောက်၏ စိတ်ဆန္ဒတစ်ခုတည်းနှင့် ဝမ်ချောင်က ကျော်ကြားသော ဗိုလ်ချုပ်ကြီးများ၊ ဗိုလ်ချုပ်ကြီးဖြစ်ရန် အလားအလာရှိသောလူများ၊ မဟာဗိုလ်ချုပ်ကြီးများကို တိုက်ခိုက်လိုစိတ် ပြင်းထန်သည်။ ယခင်ကလည်း ပြင်းထန်ခဲ့သည်။ သူက ထိုလက်ရွေးစင်တိုင်းကို အင်အားအပြည့်သုံးကာ စမ်းသပ်ချင်ခဲ့သည်။

ထိုအရာများက ဝမ်ချောင်၏ ယခင်ဘဝမှ နောင်တများဖြစ်သည်။ ယခုမူ သူနောက်ဆုံးတွင် ထိုနောင်တကို ဖြည့်ဆည်းနိုင်လောက်သည်။

အင်အားအကြီးဆုံး မြင်းတပ်ဆိုတာ ဘာလဲဆိုတာ ငါပြပေးမယ်။

ဝမ်ချောင်၏ တစ်ဖက်သူကို စိုက်ကြည့်သော မျက်ဝန်းထဲတွင် ပြင်းထန်သော ခံစားချက်များ ပါဝင်နေသည်။

ဝုန်း

ရုတ်တရက် အလုံးအရင်းဖြင့် တိုက်ခိုက်မှုတွင် မြင်းတပ်အင်အားစု နှစ်ခုက အပူတပြင်း တောက်လောင်နေသော ဒေါသတကြီး လိမ့်တက်လာသည့် အားလှိုင်းများလို ရင်ဆိုင်ဝင်တိုးလိုက်သည်။ ထိုအခိုက် အချိန်ကပင် ရပ်တန့်သွားသလို ဖြစ်သွားသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော ဝုန်းကနဲအသံက ထွက်ပေါ်လာသည်။ အလွန်အမင်း ကြီးမားသော်လည်း မမြင်ရသည့် လက်တစ်ဖက်က ဝုန်းကနဲရိုက်ချလိုက်သလို တောင်ပေါ်ဒေသ တစ်ခုလုံးက ကွဲထွက်သွားသည်။

ပတ်ဝန်းကျင်လောက တစ်ခုလုံးက ဆက်တိုက် အက်ကွဲသွားစေသည်။

ချွင်

မည်သူကမျှလည်း ဝမ်ချောင်၏ ခြေထောက်အောက်က တဖြည်းဖြည်းချင်း ပြန့်လာသော နို့နှစ်ဖြူရောင် ချီစက်ကွင်းကို သတိထားမိလိမ့်မည်မဟုတ်ချေ။ ထိုချီစက်ကွင်းက သတ္တိဖြူတိုင်းထံ ပြန့်နေပြီဖြစ်သည်။

သတ္တိဖြူများ၏ စွမ်းအင်များက ဆက်တိုက် လျော့ကျလာသည်။

ချွင်

ပထမချီစက်ကွင်း ပြီးနောက် ဒုတိယမြောက် ချီစက်ကွင်းက ဆက်လက်ပြီး ဆင်းသက်လာသည်။

တိုက်ပွဲနယ်မြေနှင့် ဗိုလ်ချုပ်များ၏အဆိပ် ချီစက်ကွင်းကို သူက ထုတ်ဖော်လိုက်လေပြီ။ ဒီတစ်ကြိမ်တွင် ဝမ်ချောင်က သူ၏အင်အားအကြီးဆုံး ချီစက်ကွင်းနှစ်ခုကို ထုတ်သုံးထားသည်။

ဝုန်း

လောကကပင် လှုပ်ခါကာ ယမ်းထွက်သွားသလို လေပြင်းကပင် ဟိန်းဟောက်လိုက်သည့် အချိန်တွင် သတ္တိဖြူငါးထောင်က ဝူရှန်းမြင်းတပ်ငါးထောင်နှင့် ထိပ်တိုက် ရင်ဆိုင်ကြပြီဖြစ်သည်။

အခန်း(၇၈၃)

ကြမ်းတမ်းသောတိုက်ပွဲ

ဟီး ဟီး ဟီး ဟီး

လေပြင်းသံ၊ မြင်းအော်သံများက ထိုနေရာတွင် ဆူညံပွက်လောရိုက်နေသည်။ စစ်မြင်းတိုင်းက စစ်မြင်းချင်း ရင်ဆိုင်ကြသလို ဓားမောက်ရှည်တိုင်းက ဓားများနှင့် ရင်ဆိုင်ကြသည်။ ကြယ်တာရာစွမ်းအင်များကလည်း ကြယ်တာရာစွမ်းအင်များကို ယှဉ်နေသည်။ ချီစက်ကွင်းတိုင်းက ချီစက်ကွင်းချင်းယှဉ်သည်။

ထိုသို့ဖြင့် အမျိုးမျိုးသော အသံများက ထိုနယ်မြေတစ်ခုလုံးကို ဝုန်းဒိုင်းကျဲသွားစေသည်။

စစ်မြင်းများ၏ အသုံးဝင်မှုက ရှင်းလင်းသွားပြီဖြစ်သည်။ သတ္တိဖြူများက တောင်ပေါ်ဒေသ၏ အမြင့်မားဆုံးသော အရည်အသွေး အကောင်းဆုံး တောင်ပေါ်မြင်းများကို ပိုင်ထားကြသည်။ တောင်ပေါ်မြင်းများ၏ ခန္ဓာကိုယ်တည်ဆောက်ပုံ တစ်ခုချင်းစီတိုင်း သူတို့၏ ကြမ်းတမ်းမာကြောသော ကြွက်သားနှင့် ဖောင်းတတ်နေသော ကြွက်သားများက ခရင်၏ထိပ်မှ အရသာအရှိဆုံး အပိုင်းကဲ့သို့ ဖြစ်နေသည်။

သူတို့ကသာ သာမာန်စစ်မြင်းများကို ယှဉ်ရလျှင် သတ္တိဖြူများက စစ်မြင်းချင်း တိုက်ရုံဖြင့်ပင် ပြိုင်ဘက်များ၏ မြင်းမှ ကြွက်သားများကို အက်ကွဲစေအောင် အရိုးများ ကွဲထွက်သွားအောင် လုပ်နိုင်သည်။ သို့သော် ဝူရှန်းမြင်းတပ်ကလည်း အင်အားကြီးသော စစ်မြင်းများကို စီးထားကြသေးလေသည်။ တူရကီမြက်ခင်းလွင်ပြင်ဒေသမှ အကောင်းဆုံးသောမြင်းများ ဖြစ်သည့်အလျောက် အာရပ်စစ်မြင်းများနှင့် ယှဉ်နိုင်သွားသည်။

ဘုန်း ဘုန်း ဘုန်း

စစ်မြင်းချင်း ထိပ်တိုက်တွေ့ဆုံသည့်အခါ သာ့ယန်မာန်ပန့်၏ အထူးတလည်ရွေးထားသော တောင်ပေါ်မြင်းများက ဝမ်ချောင်၏ တူရကီစစ်မြင်းများကို ယှဉ်ရာတွင် အားသာမှု မရခဲ့ချေ။

“သတ်”

“ဒီထန်ကိုသတ်စမ်း”

“ဘယ်ကောင်ကမှ ငါတို့ရဲ့ တောင်ပေါ်ဒေသကို ဒီလိုမျိုး လာကြောလို့မရဘူး။ ငါတို့ရဲ့ဗိုလ်ချုပ်ကို ဘယ်သူကမှ အရှက်ခွဲခွင့်မရှိဘူး။ သူတို့အားလုံးကိုသတ်”

တိဗက်သတ္တိဖြူများက ရူးသွပ်စွာ အော်ဟစ်ကြသည်။ သူတို့၏ဓားမောက်ရှည်များက လေတိုးသံနှင့်အတူ လေထုကိုထိုးခွဲကာ လှီးဖြတ်သည်။ သူတို့က တောင်ပေါ်ဒေသတွင် ခမ်းနားလွန်းသော သမိုင်းကို ပိုင်ဆိုင်ထားသည်။ မရေမတွက်နိုင်သော ပြည်ပစစ်တပ်များကို နှိပ်နှင်းနိုင်ခဲ့သည်။ သူတို့က တစ်မြို့ပြီး တစ်မြို့တိုင်း၏ မြို့ရိုးများကို ချိုးဖျက်ခဲ့ပြီး ကျော်ကြားသောဗိုလ်ချုပ် တစ်ယောက်ပြီးတစ်ယောက်ကို သတ်ခဲ့သည်။ ဒီနည်းအားဖြင့် စစ်သည်တော်တိုင်းက သူတို့၏အသံကိုကြားသည်နှင့် ကြောက်ရွံ့ရသည်။

ထိုအခြေအနေက သတ္တိဖြူများ၏ ခမ်းနားသော မှတ်တမ်းများဖြစ်ပြီး သူတို့ ဂုဏ်အယူရဆုံး ကိစ္စများလည်းဖြစ်သည်။

အနောက်ပိုင်းဒေသတွင် မည်သူကမျှ သူတို့ကို မတားနိုင်ချေ။ သို့သော် ဖောက်ဖျက်နိုင်သော နေရာဟူ၍လည်း မရှိချေ။ ဒါက သတ္တိဖြူများ၏ လုပ်နိုင်စွမ်းအားဖြစ်သည်။

သို့သော် ယခုမူ တော်ဝင်မြို့တော်၏ အစောင့်တပ်ဖြစ်ပြီး တိဗက်တောင်ပေါ်ဒေသမှ အင်အားအကြီးဆုံး မြင်းတပ်အင်အားစုက နောက်ဆုံးတွင် သူတို့နှင့်ယှဉ်နိုင်သော အင်အားစုတစ်ခုရှိကြောင်း သိလိုက်သည်။

သူတို့နည်းတူ တစ်ဖက်ကလည်း မြင်းတပ်များထဲမှ အင်အားအကြီးဆုံး လက်ရွေးစင်အင်အားစုကြီး ဖြစ်နေသည်။

ဘန်း

လေထုက တုန်ခါသွားပြီး အလင်းဖွားများ လက်လာသည်။ စွမ်းအင်ဖြင့် ထောက်ပံ့ပေးခံလိုက်ရသော ဓားမောက်ရှည်တစ်လက်က ရှေ့သို့တိုးဝင်လာသည့်အခါ တစ်ဖက်ရန်သူကို ခုတ်ပိုင်းနိုင်သင့်သည်။ သို့သော် အလင်းဖျော့ဖျော့ လက်သွားသည်နှင့် ထိုဓားမောက်ရှည်က ပါးလျသော ဓားတစ်လက်၏ အတားခံခဲ့ရသည်။

ထိုဓားက မာကြောသည်ဟုပင် မထင်ရသလို ကြီးလည်းမကြီးချေ။ သို့သော် အနားများတွင် ငွေဖြူရောင်ဖြစ်နေပြီး ဖုံးကွယ်ထားသည့် စွမ်းအင်မျိုးကို ဖြန့်ထုတ်ပေးနေသည်။ ထို့ကြောင့် သတ္တိဖြူ၏ ဆုံးဖြတ်ချက်ပြတ်သားသော ဓားမောက်ရှည်၏ ရိုက်ချမှုကိုပင် အလွယ်တကူ တားလိုက်နိုင်သည်။ ထိုဓားကိုယ်တိုင်ကပင် မတုန်ခါသွားချေ။ လေထဲတွင်ပင် အမြစ်တွယ်ထားသလို ဖြစ်နေသည်။

“ဘာလို့ဒီလို ဖြစ်နိုင်ရမှာလဲ။ ဝူရှန်းမြို့က လူတွေက ဘယ်တုန်းက ဒီလောက်ထိ အင်အားကြီးသွားတာလဲ”

ထိုသတ္တိဖြူက နဖူးတွင် အမာရွတ်တစ်ခုရှိသည်။ သူကပင် ကြောက်လန့်မှုကြောင့် တုန်ယင်သွားသည်။ သူကလည်း သံမဏိမြို့ညကို ဝင်စီးခဲ့သော ကိစ္စတွင် ဝင်ပါခဲ့သေးသည်။ ထို့ကြောင့် သာ့ယန်မာန်ပန့်နှင့် ပူးပေါင်းကာ လုပ်ကြံသတ်ဖြတ်မှုတွင်ဝင်ရန် ကြိုးစားခဲ့သည့် မြို့ရိုးပေါ် ကုန်းတက်ခဲ့သော လူများထဲမှ တစ်ယောက်ဖြစ်ခဲ့သည်။

ထိုအချိန်က သံမဏိမြို့က အစောင့်နှစ်ယောက်သုံးယောက် ပေါင်းလျှင်ပင် သူတို့ကို မယှဉ်နိုင်ခဲ့ချေ။ အဆုံးသတ်တွင် ထိုအစောင့်များက လက်နက်ကြီးများကိုသုံးကာ သူတို့ကို ဖိနှိပ်ခဲ့ရသည်။ ထပ်ပေါင်းဆိုရသော် သူတို့ကမြို့ကို တိုက်ခိုက်ခဲ့သည့်အချိန်က သူတို့၏အင်အား အပြည့်အဝ မပြနိုင်ခဲ့ချေ။

သူကိုယ်တိုင်ကလည်း ယခုလို ကွင်းပြင်ကျယ်ကြီးတွင် သူတို့၏ အင်အားအမြင့်ဆုံး ထုတ်သုံးနိုင်သည့် အခြေအနေမျိုးတွင် အားနည်းလွန်းသော ထန်များက သူတို့ကို ထိပ်တိုက်ရင်ဆိုင်နိုင်မည်ဟု မယုံကြည်ချေ။

“ဟွန်း အရူး မဟာထန်မှာ မင်းတို့ကို ယှဉ်နိုင်တဲ့လူတွေ မရှိဘူးလို့ ဘယ်လိုများ တွေးရဲတာလဲ”

လှောင်ရယ်သံက ထွက်လာသည်။ ထိုသတ္တိဖြူက မတုန့်ပြန်နိုင်ခင် မြင်းတပ်တစ်ယောက်၏ ဖိနပ်ရှည်ကြီးက သူ၏မြင်ကွင်းအတွင်းသို့ ဝင်ရောက်လာသည်။ ထိုသို့ဖြင့် တစ်ဖက်သူက သူ့ကို မြင်းပေါ်မှ ကန်ချလိုက်သည်။ ထိုတစ်ချက်တည်းနှင့် ထိုသတ္တိဖြူက တောင်ပေါ်မြင်းပေါ်မှ လွင့်ထွက်သွားသည်။

“မဖြစ်နိုင်ဘူး”

ထိုလူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူက အကြိမ်အနည်းငယ် လိမ့်ပြီးမှသာ ခြေငြိမ်အောင် ပြန်ရပ်နိုင်သည်။ သူ၏နှလုံးသားကမူ ယခုလေးတင် ကြုံခဲ့ရသော ဖြစ်ရပ်ကြောင့် မှင်သက်နေသေးသည်။ ယွီစန်းမှ အကောင်းဆုံး မြင်းသည်တော်ထဲမှ တစ်ယောက်ဖြစ်ပြီး တိုင်းပြည်ငယ်ပေါင်း များစွာကို ဝင်စီး အမြစ်ဖြတ်သုတ်သင်ခဲ့သည့် လုပ်ကြံမှုများတွင် ဝင်ပါခဲ့သော ထိုသတ္တိဖြူက အတွေ့အကြုံ အလွန်ရင့်သည်။ သို့သော် ယခုလို အခြေအနေမျိုးကို ကြုံရမည်ဟု မမျှော်လင့်ခဲ့ဖူးချေ။

မြင်းအောက်ပိုင်းမှ လှမ်းကန်သော ကန်ချက်မျိုးက ရှောင်ရန်ခက်သည်။ သူကိုယ်တိုင်ကလည်း ထိုဘက်ထောင့်မှ တိုက်ကွက်မျိုးကို မတွေးမိဖူးချေ။ တိုက်ပွဲတွင် ကျွမ်းကျင်လွန်းသည်ဆို၍ ကျော်ကြားသော လက်ရွေးစင် တူရကီများနှင့် တိုက်ခိုက်ခဲ့ချိန်ကပင် သူတို့က ထိုလှည့်ကွက်မျိုးကို မသုံးခဲ့ကြချေ။

ဒါက ဗဟိုပြင်ကျယ်မှ မြင်းသမားဖြစ်သည်။ သို့သော်သူက အလွန်ဖြတ်လတ်ပြီး လျှင်မြန်စွာ လုပ်ဆောင်နိုင်သည်။ သူ၏ မြင်းနှင့်လူ ပူးပေါင်းနိုင်သည့်စွမ်းရည်က တူရကီများထက်သာသည်။

“ငါမင်းနဲ့ရင်ဆိုင်ရမှာ ပျင်းစရာကောင်းလွန်းတယ်။ အရှင်အမတ်နဲ့ ဝင်တိုးမိတဲ့အတွက်ပဲ မင်းတို့ ဒုက္ခရောက်တယ်လို့ သတ်မှတ်ထားလိုက်တော့”

မြင်းပေါ်မှဝူရှန်းက နှာခေါင်းရှုံ့ လှောင်ရယ် ရယ်လိုက်သည်။ ထိုတိဗက်များက ဉာဏ်ရည်နိမ့်လွန်းသည်။ သူတို့က ထန်များကြားမှ ကွာခြားချက်ကိုပင် မပြောနိုင်ချေ။ သူတို့က လူသစ်များ တိုက်ခိုက်နေရကြောင်း မမြင်နိုင်ခဲ့ချေ။

ဝူရှန်းမြင်းတပ်က ဗျူဟာအတိုင်း လှုပ်ရှားသည်။ တိုက်ပွဲတွင်သူတို့က ဘာကိုမှ မစိုးရိမ်ဘဲ ချီတက်နိုင်သည်။ သူတို့က ဘယ်သောအခါမှ နောက်ပြန်လှည့်မည်မဟုတ်သလို လူတစ်ယောက်ကိုလိုက်ရန် မြင်းပေါ်မှ ခုန်ဆင်းလိမ့်မည်လည်း မဟုတ်ချေ။ မြင်းပေါ်မှ ကျသွားသော တိဗက်တိုင်းကိုမူ နောက်မှ ဝူရှန်းမြင်းတပ်က ဆက်လက်ပြီး ကိုင်တွယ်လိမ့်မည်ဖြစ်သည်။ ရှေ့မှ ဝူရှန်းများက ရှေ့သို့ ဆက်တက်သွား၍ရသည်။

ဘုန်း ဘုန်း ဘုန်း

စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာကလည်း စောင့်ကြည့်နေကြသည်။ ဝူရှန်းမြင်းတပ်ငါးထောင်က ပထမဦးဆုံးအကြိမ် လောကသို့ ပြန်လည် ထွက်ပေါ်လာခဲ့ပြီး သူတို့၏ ပြောင်မြောက်လွန်းသော မြင်းနှင့် ပူးပေါင်းနိုင်သည့်စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့သည်။ မြင်းအောက်ပိုင်းမှကန်ခြင်း၊ လည်ပင်းပိုင်း၊ ခြေနောက်ပိုင်း စသဖြင့် နေရာတိုင်းမှ ကန်ချောက်မှုပေါင်းများစွာကို ထုတ်သုံးလာခဲ့သည်။ ဝူရှန်းမြင်းတပ်၏ တိုက်ခိုက်သည့် ထောင့်တိုင်းက ကြမ်းတမ်းကာ ဖြတ်လတ်မြန်ဆန်လွန်းသည်။ သူတို့က မည်သည့်နေရာကမဆို မည်သည့် ထောင့်ကမဆို တိုက်ခိုက်နိုင်ကြသည်။

သတ္တိဖြူတစ်ယောက်ကို မြင်းအောက်ပိုင်းမှ ကန်ထုတ်ပြီး ပြုတ်ကျသွားခဲ့သော ဝူရှန်းမြင်းတပ်များကလည်း များလာသည်။ ထို့ပြင် နောက်ပိုင်းမှ အကန်ခံရခြင်း၊ နောက်ပိုင်းမှ တိုက်ခိုက်ခံရခြင်း၊ မြင်းများအကြားမှ တိုက်ခိုက်ခံရခြင်း၊ မြင်းများက ကန်ချောက်ခြင်း စသဖြင့် ဖြစ်ရပ်တိုင်းဖြင့် ပြုတ်ကျသော လူများက များပြားလာပြီဖြစ်သည်။

ဝူရှန်းများအတွက် ချော်ထွက်နေသော တောင်ပေါ်များ၊ ချောက်ကမ်းပါးများတွင် ကျင်လည် မွေးဖွားလာသူများဖြစ်သည့်အလျောက် ထိုလှုပ်ရှားမှုများက သူတို့၏လက်များကို ယမ်းခါသလို အလွယ်တကူ လုပ်နိုင်ကြသည်။

......

အဝေးမှ စောင့်ကြည့်နေသော ချီရှီကာကွယ်ရေးစစ်တပ်နှင့် တိဗက်စစ်တပ်ကမူ ထိုမြင်ကွင်းကြောင့် မှင်သက်သွားသည်။

“ဘုရားရေ ဝမ်ချောင်က ဒီလူတွေကို ဘယ်နေရာက သွားရှာလာတာလဲ။ ငါတို့ရဲ့ မဟာထန်မှာ တူရကီတွေထက်သာတဲ့ မြင်းစီးသမားတွေ ရှိနေကြတာလား။ ငါသာ ကိုယ်တိုင်မမြင်ရရင် ယုံမှာတောင် မဟုတ်ဘူး”

“ဒါကငါတို့အရင်က မြင်ဖူးတဲ့ မြင်းတပ်အင်အားစု မဟုတ်လောက်ဘူး။ နှစ်လတောင်မကြာသေးဘူး သူဘယ်လိုလုပ်လိုက်တာလဲ”

“ဒါက အံ့အားသင့်စရာကောင်းတာထက် မပိုတော့ဘူး။ ဒီမြင်းတပ်တစ်ခုကတင် မြင်းတပ်အင်အားစု နှစ်ခု မဟုတ်သေးဘူး အနည်းဆုံး မြင်းတပ်အင်အားစု သုံးခုလောက်ကို ရင်ဆိုင်နိုင်လောက်တယ်။ နောက်ပြီး သူတို့က ငါတို့ချီရှီကာကွယ်ရေးစစ်တပ်က အင်အားစုတွေ အများကြီးကို ရင်ဆိုင်နိုင်တယ်။ ဒီထက်တောင် ပိုလောက်သေးတယ်”

ချီရှီကာကွယ်ရေးစစ်တပ်မှ အရာရှိတိုင်းများက ထိတ်လန့်နေကြသည်။ ဟယ်ပါးယဲ့အပါအဝင် လူတိုင်းက ထိုမြင်ကွင်းကြောင့် ဖိအားများသွားကြသည်။ ဖုမာန်လင်းချာက ဘာစကားမှ မပြောသော်လည်း သူ၏မျက်ဝန်းက ခံစားချက်များဖြင့် ရှုပ်ထွေးသွားသည်။ မည်သူကမျှ ထိုခံစားချက်များကို လိုက်မမှီနိုင်လောက်ချေ။

......

တိဗက်စစ်တပ် နောက်ပိုင်းကမူ တိတ်ဆိတ်နေသည်။

“ဗိုလ်ချုပ်”

တိဗက်အရာရှိတစ်ယောက်က တုစုန့်မာန်ဖော်ကျဲ့ကို စိုးရိမ်သည့် မျက်ဝန်းမျိုးဖြင့် လှည့်ကြည့်သည်။

ထိုသို့သော မဟာထန်စစ်တပ်က ယွီစန်းအတွက် ကံကောင်းခြင်းမဟုတ်ချေ။

“ငါသိတယ်”

တုစုန့်မာန်ဖော်ကျဲ့ကလည်း မျက်လုံးကို မှေးကျဉ်းလိုက်သည်။ သူ၏အသံကလည်း ပြတ်သားသည်။ မည်သည့်ခံစားချက်မျှ မပါချေ။ သို့သော် လူတိုင်းကလည်း သူ၏ မှေးကျဉ်းထားသော မျက်ဝန်းထဲမှ ထွက်လာသည့် သတ်ဖြတ်လိုစိတ်ကို ခံစားမိနိုင်သည်။

သာ့ယန်မာန်ပန့်၏ တိုက်ပွဲအခြေအနေက မည်သို့ဖြစ်စေကာမူ မဟာထန်မှ ထိုလူငယ်နှင့် မြင်းတပ်ငါးထောင်ကမူ သေရပေမည်။

“အသင့်ပြင်”

တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက် လက်မောင်းကိုမြှောက်သည်။

အနားရှိ တိဗက်အရာရှိ၏ မျက်နှာတွင် အပြုံးကပေါ်လာသည်။ သူက ခပ်မြန်မြန် ထွက်ခွာသည်။ ထိုအချိန်တွင် ရှေ့တန်းမှတိုက်ပွဲက အကြိပ်အနှယ် ဖြစ်နေသည်။

ဝူရှန်းမြင်းတပ်က မျှော်လင့်ထားသည်ထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သည်။ သတ္တိဖြူ တစ်ယောက်ပြီးတစ်ယောက်က မြင်းပေါ်မှ ဆက်တိုက် ပြုတ်ကျနေခဲ့သည်။ လေထဲတွင်လည်း မြင်းတပ်များ၏ အော်ဟစ်သံက ဖုန်မှုန့်များအောက်တွင် မြုပ်သွားသည်။ ကျသွားသော သတ္တိဖြူများကို မည်သူကမှ ဂရုမစိုက်ချေ။ ထိုအချိန်တွင် နောက်မှရောက်လာသော ဝူရှန်းမြင်းတပ်ကသာ ကျသွားသော သတ္တိဖြူများကို ရင်ဆိုင်ကြသည်။

ချွင်

ဝူရှန်းမြင်းတပ်၏ ဒုတိယတစ်သုတ်က ဓားများကို ယမ်းခါလိုက်ပြီးနောက် သတ္တိဖြူများ၏ မျက်လုံးများထဲတွင် ကြောက်လန့်မှုများက ပေါ်ထွက်လာသည်။ အေးစိမ့်နေသော အလင်းတန်းအောက်တွင် ဓားများက အောက်သို့ ဆင်းသက်လာခဲ့ပြီး မြင်းပေါ်မှပြုတ်ကျသွားသော သတ္တိဖြူများကို ခုတ်ဖြတ်သတ်ဖြတ်သည်။ သတ္တိဖြူများ၏ ထူထည်းလွန်းသော သံချပ်ကာပြားများကပင် လည်ပင်းနေရာကို မဖုံးကွယ်နိုင်ချေ။

ထိုသို့ဖြင့် အမာကြောဆုံး အသားများက ထက်ရှသောဓားကို မတောင့်ခံနိုင်ခဲ့ချေ။

“အား”

မြင်းများပေါ်မှ ပြုတ်ကျသွားသော သတ္တိဖြူတိုင်းက သေရန်ပြင်ဆင်ထားပြီးသား ဖြစ်သည့်အချိန်တွင် ရုတ်တရက် ဘန်းဟူသော မြည်သံနှင့်အတူ သူတို့၏ လည်ပင်းနေရာကို ကာထားသော ပါးလျသည့် အဖြူရောင် အပြားလေးမှ အလင်းတန်းများ ဖြာထွက်လာကာ ထိုတိုက်ကွက်ကိုတားသည်။

လူတစ်ယောက်နှင့် မြင်းများကိုပင် လွင့်ထွက်သွားစေနိုင်သော ရိုက်ချက်က သတ္တိဖြူများကို ခေါင်းမဖြတ်နိုင်အောင် တားဆီးပေးလိုက်သည်။

ထိုအဖြစ်အပျက် အပြောင်းအလဲက ဝူရှန်းမြင်းတပ်ကို ကြောင်အသွားစေသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ”

“လူအသားကို ဓားနဲ့ဖြတ်လို့မရဘူးလား”

ထိုရိုက်ချက် အင်အားအပြည့်နှင့် ချီတက်လာသော အရှိန်နှုန်းဖြင့် ပေါင်းစည်ထားခြင်း ဖြစ်လေရာ မည်သို့မျှ မတားဆီးနိုင်သင့်ချေ။ သို့သော် သတ္တိဖြူများကမူ ထိုသို့ လုပ်နိုင်ခဲ့သည်။ သူတို့၏ ဒဏ်ရာများကမူ ပြင်းထန်ခြင်းမရှိချေ။ ထိုသို့သော အခြေအနေမျိုးက သာမာန်တိုက်ပွဲမျိုးတွင် မပေါ်လာသင့်ချေ။

နောက်ပြီး သူတို့ရဲ့လည်ပင်းက ပေါ်လာတဲ့ အဖြူရောင်အလင်းက ဘာလဲ။

ဝူရှန်းမြင်းတပ်ကမူ အဖြစ်အပျက်ကို နားမလည်နိုင်တော့ချေ။ အနည်းဆုံး သတ္တိဖြူမြင်းတပ်၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က အင်အားအပြည့်ဖြင့် သူတို့၏ တိုက်ကွက်များကို တားဆီးနိုင်ခဲ့သည်။ အကြောင်းကမူ ထိုအဖြူရောင် အလင်းတန်းကြောင့်ဖြစ်သည်။

ဟား ဟား ဟား

သတ္တိဖြူတစ်ယောက်က စတင်ကာ ရယ်မောသည်။ သူက မတ်တပ်ရပ်နိုင်သွားပြီဖြစ်သည်။ သူ၏မျက်နှာမှ အထိတ်တလန့် ဖြစ်သော အမူအရာက စိတ်လှုပ်ရှားမှုနှင့် ကြောက်လန့်မှုအဖြစ် ပြောင်းသွားသည်။

“ဒါက မဟာပွန်းရိုးရာဓလေ့ပဲ”

သူ၏လည်ပင်းနေရာတွင် အဖြူရောင် သင်္ကေတတစ်ခု ပေါ်နေသည်။ ထိုသင်္ကေတက ပြိုင်ဘက်ကင်း အင်အားစုကို ကိုယ်စားပြုသည်။ ထိုသင်္ကေတမှ စွမ်းအင်များက ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားပြီး ကြွက်သားတိုင်းကို ဖောင်းပွစေပြီး အရိုးများကို သန်မာသွားစေကာ သူ၏စွမ်းအင်များကိုလည်း မြင့်မားသွားစေသည်။

သတ္တိဖြူက လက်သီးဖြင့်ထိုးတိုက်ပြီး ဝူရှန်းမြင်းတပ်၏ မြင်းကို ထိုးလိုက်မိကာ မြင်းနှင့်လူကို ဆယ်ကျန်းခန့်အကွာသို့ လွင့်သွားစေသည်။

ဘုန်း ဘုန်း ဘုန်း

နေရာတိုင်းတွင် အလားတူ ဖြစ်ရပ်များက ဖြစ်ပွားနေသည်။ သတ္တိဖြူများက အင်အားများဖြင့် ဖောင်းပွလာပြီး အနီးအနားရှိ ဝူရှန်းမြင်းတပ်များကို တိုက်ခိုက်ကြသည်။ ထိုသို့ဖြင့် ပြိုင်ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားသည်။

အခန်း(၇၈၄)

မဟာပွန်းရဲ့နှလုံးသား

“...”

ထိုအခိုက် ပြင်းထန်သောတိုက်ပွဲက ဆက်လက် ဖြစ်ပွားနေချိန်တွင် မဟာပွန်းဝင်္ကပါ၏ နေရာခြောက်ခုတွင် ရပ်နေကြသော သတ္တိဖြူ အရာရှိခြောက်ယောက်က သူတို့၏ ထူထပ်သိပ်သည်းသော သံချပ်ကာပြားအောက်မှ ပစ္စည်းများကို ဆွဲထုတ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက လက်တစ်ဝါးစာရှိသော အစိမ်းရောင် အိုးများကို သယ်ထားကြသည်။ ထိုအိုးများ၏ အပေါ်ယံ မျက်နှာပြင်ကို ထူးဆန်းသော သင်္ကေတများက အပြည့်လွှမ်းခြုံထားပြီး ရှုပ်ထွေးသော သားရဲကောင်များ၏ သင်္ကေတများပုံလည်း ဆွဲထားကြသည်။ အရာရှိများက ဂါထာရွတ်သလို ရွတ်လိုက်ကြချိန်တွင် ထိုအိုးများထဲမှ လျို့ဝှက်ဆန်းကြယ်သော အင်အားတစ်ရပ်က စီးထွက်လာကာ အစင်းခြစ်ရာ သင်္ကေတများအဖြစ် ပြောင်းလဲသွားလျှက် သူတို့၏ခန္ဓာကိုယ်ကို လှည့်ပတ်သည်။ ထိုအခိုက် ထိုအရာရှိ ခြောက်ယောက်၏ စွမ်းအားများက အချင်းချင်း လိမ်ယှက်သွားကာ သတ္တိဖြူတိုင်း၏ နဖူးပေါ်တွင် သင်္ကေတတစ်ခုချင်းစီ ထွက်ပေါ်လာစေသည်။ ထိုနည်းအားဖြင့် ပြင်းထန်ကြီးမားသည့် ဝင်္ကပါကြီးတစ်ခုကို ထုတ်ဖော်သည်။

ထိုအရာက မဟာပွန်း၏ နှလုံးသားကို ဖွဲ့စည်းသည့် ရိုးရာဓလေ့ လက်နက်ခြောက်ခုဖြစ်သည်။ ထိုအရာကို မဟာပွန်းပြည်နယ် ကျန်းကျွင်းရှေးဟောင်းမင်းဆက်မှ ချန်ထားရစ်ခဲ့ခြင်းဖြစ်ပြီး ယွီစန်းအင်ပါယာက နှစ်ပေါင်းများစွာကြာအောင် အားစိုက်ထုတ်ပြီးမှသာ ထိုဝင်္ကပါကို ပြန်လည်အသက်သွင်း ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

ယွီစန်းအင်ပါယာက သတ္တိဖြူငါးထောင်ကိုသာသုံးပြီး အာဘတ်ဆစ်ကယ်လီဖိတ်၏ မာမဲ့လုများကို တားဆီးနိုင်ခဲ့သည်မှာ သတ္တိဖြူများ၏ ပြိုင်ဘက်ကင်းအင်အားနှင့် သူတို့၏ သံချပ်ကာပြားများကြောင့်အပြင် ထိုမဟာပွန်း၏ နှလုံးသားကြောင့်လည်းပါသည်။

မဟာပွန်း၏နှလုံးသား လည်ပတ်ပုံကို မည်သူကမျှ ကောင်းကောင်း နားမလည်ထားကြချေ။ သတ္တိဖြူများကလည်း ထိုလက်နက်ခြောက်ခုကို စုစည်းခြင်းအားဖြင့် အင်အားကြီးမားသော စွမ်းအင်များကို အသက်သွင်းခြင်းပြုနိုင်မည်ဖြစ်ကာ သတ္တိဖြူများ၏ ခုခံမှုအားကို မြှင့်တင်ပေးနိုင်မည်ဟု ယုံကြည်ထားကြသည်။

သတ္တိဖြူများက မဟာပွန်းနှလုံးသားဖြင့် သူတို့ကိုယ်သူတို့ ကောင်းကောင်း တိုက်ခိုက်နိုင်ကြမည်ဖြစ်သည်။ ဝမ်ချောင်က အမိန့်ထုတ်လိုက်သည်။

“လီစစ်ယဲ့ ဆယ်ကြိမ်ချီတက် လွှဲယမ်းခြင်းဆိုတဲ့ ဝင်္ကပါကို ထုတ်သုံးလိုက်။ နောက်ပြီး လုပ်ကြံသတ်ဖြတ်သူအဖွဲ့ ခြောက်ဖွဲ့ကိုစုစည်းပြီး မဟာပွန်းရဲ့နှလုံးသားကို ဖျက်ဆီးလိုက်”

ဝူရှန်းမြင်းတပ်ငါးထောင်က သူတို့၏ဝင်္ကပါအတိုင်း ဆက်လက် ချီတက်နေကာ ကြီးမားသော သားရဲကြီးတစ်ကောင်လို နေရာကို ဖြန့်ကျက်ထားသည်။

ရုတ်တရက် သတ္တိဖြူများ၏ ပြောင်းလဲလိုက်သော ဝင်္ကပါကြောင့် သတ္တိဖြူများက တစ်လောကလုံးကို အုပ်စိုးနိုင်သော အင်အားကြီးသော အင်အားစုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားချိန်တွင် သူတို့က ဝူရှန်းမြင်းတပ်၏ လုပ်ကြံသတ်ဖြတ်မှုမှ တည်ငြိမ်အောင် ထိန်းလိုက်နိုင်ပြီဖြစ်သည်။

ထိုအရာသာ မကသေးလေဘဲ မဟာထန်ဘက်မှလည်း အဖွဲ့ခြောက်ဖွဲ့က ချီတက်သွားသည်။ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ချန်းပင်း၊ ရွှီခဲ့ရီနှင့် အခြားသော အရာရှိများက အဖွဲ့တစ်ဖွဲ့စီကိုဦးဆောင်ကာ သတ္တိဖြူ အရာရှိခြောက်ယောက်ထံ ဦးတည်သွားသည်။

ဘန်း ဘန်း ဘန်း

သတ္တိဖြူများက သူတို့၏ ချီတက်မှုကို ရပ်တန့်လိုက်ကြသည်။ ထို့နောက် သူတို့က လွတ်ထွက်သွားကြသည်။ မဟာထန် ဗိုလ်ချုပ်ခြောက်ယောက်က ဝူရှန်းမြင်းတပ်၏ အကောင်းဆုံးသော လူများကို ဦးဆောင်ထားကြပြီဖြစ်ပြီး တစ်ယောက်ချင်းစီတိုင်းက အဆင့်မြင့်သိုင်းနယ်မြေ အဆင့်နှစ် သို့မဟုတ် သုံးသို့ ရောက်ရှိနေကြပြီဖြစ်သည်။

ဖုန်မှုန့်ချီစက်ကွင်းသုံးခု၏ ထောက်ပံ့ပေးမှုအောက်တွင် သူတို့က ချီတက်နေကြသည့်အခါ တစ်ယောက်ချင်းစီတိုင်းက အဆင့်မြင့်သိုင်းနယ်မြေ အဆင့်ငါး အဆင့်ခြောက်သို့ ရောက်ရှိနေသော အင်အားမျိုးကို ပိုင်ဆိုင်သွားကြသဖြင့် သာမာန်ဝူရှန်းမြင်းတပ် သို့မဟုတ် သတ္တိဖြူများထက် သာသွားသည်။

မဟာပွန်းနှလုံးသားက ခုခံနိုင်စွမ်းအား မြင့်မားသွားစေပြီး သူတို့ကို နှလုံးသားများ မြှင့်တင်ပေးနိုင်သော်လည်း ထိုအင်အားများက အလွန်အမင်း ပြင်းထန်ခြင်းမရှိသလို အတိတ်က တိဗက်များကပင် မကျော်လွှားနိုင်သော လုပ်ကြံသတ်ဖြတ်သည့် တပ်ဖွဲ့များထက် သာလွန်သွားခြင်း မရှိသေးချေ။

“သူတို့ကိုတား”

တိုက်ပွဲနယ်မြေကို စိုးရိမ်တကြီးဖြစ်နေသောအသံက လွှမ်းခြုံလိုက်သည်။ သူကလည်း ထန်အရာရှိ ခြောက်ယောက်က သူ၏တပ်ဖွဲ့ထံ ဦးတည်သွားကြောင်း မြင်လိုက်ရသည်နှင့် သာ့ယန်မာန်ပန့်၏ မျက်နှာက ဖြူဖျော့သွားသည်။

မဟာပွန်းနှလုံးသားက သတ္တိဖြူများ၏ လျို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်သည်။ မဟာပွန်းဝင်္ကပါက ထိုမဟာပွန်းနှလုံးသား မရှိတော့လျှင်ပင် ဆက်သွားနိုင်နေသေးသော်လည်း အင်အားက အများကြီး ထိုးကျသွားမည်ဖြစ်သည်။

သာ့ယန်မာန်ပန့်ကလည်း အလွန်အမင်း အရေးကြီးသော တိုက်ပွဲမျိုးတွင်သာ မဟုတ်လျှင် မဟာပွန်းနှလုံးသားကို ဘယ်သောအခါမှ ထုတ်အသုံးမပြုဘဲ အမြဲတစေ ဖုံးကွယ်ထားခဲ့သည်။ တောင်ပေါ်ဒေသ၏ တသီးတသန့်နေထိုင်သော ဝန်းကျင်အနေအထားအရ အပြင်လူများက ရရန်မဖြစ်နိုင်ချေ။

ထို့ကြောင့် မဟာပွန်းနှလုံးသားကို လူအနည်းစုကသာသိသည်။

သာ့ယန်မာန်ပန့်အနေဖြင့် ဝမ်ချောင်ကဲ့သို့ အပြင်လူတစ်ယောက်က မဟာပွန်းနှလုံးသားအကြောင်း သိမည်ဟု မမျှော်လင့်ထားခဲ့ချေ။ သူက လုပ်ကြံသတ်ဖြတ်သူအဖွဲ့ ခြောက်ဖွဲ့ကို စေလွှတ်လိုက်သေးပြီး မဟာပွန်းနှလုံးသားကို ပစ်မှတ်ထားခိုင်းသည်။

မဟာပွန်းနှလုံးသားက ကြိုးပျက်သွားခဲ့လျှင် သတ္တိဖြူများက အင်အားအများကြီး ဆုံးရှုံးလိုက်ရမည်ဖြစ်ပြီး မဟာပွန်းဝင်္ကပါ ကိုယ်တိုင်ကလည်း အင်အားအများကြီး လျော့ကျသွားမည်ဖြစ်သည်။ ထိုရလဒ်က သာ့ယန်မာန်ပန့် လက်မခံနိုင်သော အဆင့်ဖြစ်သည်။

“သာ့ယန် ကျန်းပေါ် သွား”

သာ့ယန်မာန်ပန့်က ခပ်တင်းတင်း အမိန့်ထုတ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူက ဝမ်ချောင်၏ ထိုအဖွဲ့ခြောက်ဖွဲ့ကို တားရပေမည်။

“ဟုတ်ကဲ့အရှင်”

ကြမ်းတမ်းသော တိဗက်ဗိုလ်ချုပ်နှစ်ယောက်က ချက်ချင်းလိုလို မြင်းတပ်နှစ်ဖွဲ့နှင့် ဦးဆောင်ထွက်ခွာသွားသည်။ သို့သော် သူတို့က မြေပြင်ပေါ်သို့ ခုန်ချလိုက်ရုံသာ ရှိသေးသည်။ ဝူရှန်းမြင်းတပ်တစ်ဖွဲ့က ရောက်လာပြန်သည်။ တစ်ချက်တည်းနှင့် သာ့ယန်မာန်ပန့်၏ ဗိုလ်ချုပ်နှစ်ယောက် ဦးဆောင်သော အဖွဲ့က လူစုကွဲသွားသည်။

ဒုန်း ဒုန်း ဒုန်း ဒုန်း

ဝူရှန်းမြင်းတပ်က လျှင်မြန်စွာ ကျော်ဖြတ်လာပြီး ထိုဗိုလ်ချုပ်နှစ်ယောက်၏ လက်ရွေးစင်မြင်းတပ် အဖွဲ့ကိုလည်း ဖယ်ရှားလိုက်လျှက် ထိုဗိုလ်ချုပ်နှစ်ယောက်က နောက်လိုက်မဲ့သွားသည်။

သာ့ယန်နှင့် ကျန်းပေါ်တို့က သူတို့ကိုဝိုင်းထားသော ဝူရှန်းမြင်းတပ် အဖွဲ့ကိုကြည့်ပြီး သူတို့၏မျက်နှာက ဖြူဖျော့သွားသည်။

အခြားတစ်ဖက်တွင် သာ့ယန်မာန်ပန့်က ဒေါသထွက်ကာ ဆူပွက်လာသည်။ သူက အံ့ကိုကြိတ်ထားသည်။

သာ့ယန်မာန်ပန့်၏ စစ်တပ်ထဲသို့ ဝင်ရောက်ပြီးနောက် ဘဝသက်တမ်းတောက်လျှောက် ပထမဦးဆုံးအကြိမ် သူ၏မဟာပွန်းဝင်္ကပါကို မှီနိုင်သော ဝင်္ကပါမျိုးနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။ ဝမ်ချောင်၏ ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါက ပို၍ပင် ကြမ်းတမ်းသည်ထက် ကြမ်းတမ်းသော တိုက်ခိုက်နိုင်သည့်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်မှာ မဟာပွန်းဝင်္ကပါထက်ပင် ကြောက်စရာ ကောင်းနေသေးသည်။

“သေစမ်း ကောင်စုတ်လေး မင်းရဲ့အသက်ကိုအပ်လိုက်”

သာ့ယန်မာန်ပန့်က အော်ဟစ်လိုက်သည်။ သူက မြင်းကိုအရှေ့သို့ အလျှင်အမြန် ချီတက်ခိုင်းလိုက်သည်။ သူ၏မျက်လုံးက သွေးနီရောင်လွှမ်းသွားပြီး သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများက ပြည့်နှက်လာသည်။

တက်ကြွသော အော်ဟစ်သံ တစ်ခုနှင့်အတူ မဟာနှင်းတောင်တန်း၏ ကြွက်သားအပြည့်နှင့် နတ်မြင်းက ကြယ်ကြွေလာသလို ရှေ့သို့ ခုန်ထွက်သွားသည်။

ဘန်း ဘန်း ဘန်း

ဖြတ်သန်းသွားသည့် နေရာတိုင်းတွင်ရှိသော ဝူရှန်းမြင်းတပ်တိုင်းက လွင့်ထွက်ကုန်သည်။

ဝူရှန်းမြင်းတပ်ဝင် များစွာက အော်ဟစ်လျှက် သူတို့၏မြင်းများပေါ်မှ ပြုတ်ကျသွားကြကာ ခုနှစ်ကျန်း ရှစ်ကျန်းခန့်အထိ လွင့်ထွက်သွားကြသည်။ မည်သည့်ဝူရှန်းမြင်းတပ်ကမှ သူ့ထံမှ တစ်ချက်ကိုမျှ မခံနိုင်ကြသည့်အပြင် သူ့ကိုပင် မတားနိုင်ချေ။

“ဟား ဟား သာ့ယန်မာန်ပန့် မင်းတိုက်ခိုက်ချင်ရင် ငါကမင်းနဲ့ တိုက်ခိုက်ပေးမှာပေါ့။ ငါ့ရဲ့စစ်သားတိုင်း ငါ့ရဲအမိန့်ကိုနာခံကြ။ လူစုခွဲ”

သာ့ယန်မာန်ပန့်က သူ့ထံ မိစာ္ဆနတ်ဆိုးတစ်ကောင်လို ချီတက်လာကြောင်း မြင်သောအခါ ဝမ်ချောင်၏ မျက်ဝန်းက တောက်ပသွားသည်။ သူက မကြောက်သည့်အပြင် ထိုအခွင့်အရေးကိုပင် လိုချင်မိသေးသည်။

သာ့ယန်မာန်ပန့်က ဝင်္ကပါ၏အသက်ဖြစ်ပြီး ဝမ်ချောင်၏ စီမံကိန်းမှ ပစ်မှတ်လည်းဖြစ်သည်။ သူသာ သူ့အား သတ်နိုင်လျှင် သူ၏တာဝန်က ပြီးမြောက်မည်ဖြစ်ပြီး သူက ချီရှီကို ခြိမ်းခြောက်နိုင်တော့မည် မဟုတ်ချေ။

ဟီး ဟီး ဟီး

ဝမ်ချောင်၏ မြင်းခွာအရိပ်မှ အော်သံက အခြားသော စစ်မြင်းတိုင်း၏ အော်သံကို လွှမ်းခြုံလိုက်သည်။ တစ်နှစ်ကြာပြီးနောက် ဝမ်ချောင်၏မြင်းက အရွယ်ရောက်သွားပြီဖြစ်သည်။ သူက အလွန်အမင်း မြင့်မားကာ သန်မာသော မြင်းကြီးတစ်ကောင်ဖြစ်သွားပြီး ကြွက်သားများအပြည့်ဖြင့် ထောင်တက်နေသည်။ ဝမ်ချောင်၏ အထူးနည်းလမ်းများကြောင့် ကြယ်တာရာစွမ်းအင်များက ထိုကောင်လေး၏ ကိုယ်အတွင်းတွင် ပြည့်နှက်နေကာ ပေါက်ကွဲစွမ်းအား ပြင်းထန်နေသည်။

အင်အားနှင့် အရှိန်နှုန်း သူ၏ကြွက်သားများ၏ တင်းကြပ်မှု၊ တင်းမာမှု၊ ခုခံနိုင်စွမ်းအင် အားလုံးက သာမာန်စစ်မြင်းတိုင်းကို သာလွန်သွားသည်။ သာ့ယန်မာန်ပန့်၏ နတ်မြင်းကဲ့သို့ မဟာနှင်းတောင်တန်းမှ ချီးမြှင့်ထားသော နတ်မြင်းကိုပင် အလွယ်တကူ ယှဉ်နိုင်ကာ ကျော်ဖြတ်နိုင်နေသေးသည်။

ဝုန်း

ကြယ်တာရာစွမ်းအင်များက မြင်းခွာအရိပ်လေးထဲသို့ တစ်လှိုင်းပြီးတစ်လှိုင်း ဝင်ရောက်သွားမှုနှင့်အတူ ဝမ်ချောင်၏ ချီစက်ကွင်းက ထိုမြင်းနှင့် တစ်သားတည်း ပေါင်းစပ်ကာ လှည့်ပတ်သွားသည်။ သူ၏အရှိန်နှုန်းက အလွန်အမင်း မြန်ဆန်သွားကာ သူက နောက်တွင် အဖြူရောင်စွမ်းအင် အမျှင်တန်းကို ချန်ထားရစ်ခဲ့လျှက် ဥက္ကာခဲ အကျိုအကြားသို့ ချက်ချင်း ခုန်တိုးဝင်သွားသည်။

“ကောင်းပြီ”

သာ့ယန်မာန်ပန့်ကလည်း ထိုမြင်ကွင်းကြောင့် ပျော်သွားသည်။

“မင်းကသေချင်မှတော့ ငါ့ကို အပြစ်မတင်နဲ့တော့”

ဘုန်း ဘုန်း ဘုန်း

သာ့ယန်မာန်ပန့်က သူ၏မြင်းကို မြန်သထက်မြန်အောင် အလောတကြီးနှင်သည်။ မရေမတွက်နိုင်သော လူပေါင်းများစွာ၏ စောင့်ကြည့်မှုအောက်တွင် ဝမ်ချောင်နှင့် သာ့ယန်မာန်ပန့်တို့က ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းဖြင့် ချဉ်းကပ်သွားသည်။ ထို့နောက် ထိပ်တိုက် ရင်ဆိုင်သည်။

ဘန်း

သူတို့က ထိပ်တိုက်ရင်ဆိုင်သည့် အချိန်တွင် ဥက္ကာခဲနှစ်စင်းက ထိပ်တိုက်ရင်ဆိုင်လိုက်သလို ဖြစ်သွားသည်။ ထို့နောက် နောက်ထပ် မြင့်မားသော ပုံရိပ်ကြီးတစ်ခုက စစ်မြင်းပေါ်သို့ ခုန်တက်လာပြီး ဝင်တိုးသည်။

ကောင်းကင်ကိုယ်တိုင်ကပင် ပြင်းထန်သော ပေါက်ကွဲမှု တစ်ခုနှင့်အတူ အလိုလို စုတ်ဖြဲသွားသလိုမျိုး အသံတိုင်းကို လွှမ်းခြုံပစ်လိုက်သည်။ တိုက်ပွဲနယ်မြေ၏ အစွန်းတစ်နေရာတွင် ရှိနေသည့် ချီရှီကာကွယ်ရေး စစ်တပ်နှင့် တိဗက်စစ်သည်တော်များကမူ တိုက်ပွဲတွင် ဝင်ပါသည့်အတွက် တိုက်ပွဲ၏ အလယ်ဗဟိုနေရာမှ တဖြည်းဖြည်းချင်း ပြန့်ကားကြီးမားလာသည်။ ကြီးမားသော အလင်းလုံးကြီးက တိုက်ပွဲနယ်မြေသို့ ဆင်းသက်လာသော နေမင်းအလား ထွန်းလင်းတောက်ပနေကြောင်း မြင်နိုင်ကြသည်။

ဘန်း

လေပြင်းက ဒေါသတကြီး တိုက်ပွဲနယ်မြေကို ဝင်တိုးလာသည့် အချိန်တွင် အလင်းတန်းများက ပေါက်ကွဲသွားသည်။ မရေမတွက်နိုင်အောင် များပြားသော ဝူရှန်းမြင်းတပ်နှင့် သတ္တိဖြူများက အချိန်မှီ မပြေးနိုင်ကြလေရာ ကောင်းကင်များထဲသို့ လွင့်ထွက်ကုန်ကြသည်။

“မင်းက ဘယ်နေရာက ဒီစစ်သည်တော်တွေကို ဝင်ပါခိုင်းတာလဲ။ ထွက်သွားစမ်း”

သာ့ယန်မာန်ပန့်က ဝမ်ချောင်၏ အနောက်မှ အပြေးဝင်ရောက်လာသည်။ တောင်တန်းတမျှ ကြီးမားသော ပုံရိပ်တစ်ခုကို ကြည့်လိုက်ကာ ခပ်ကြမ်းကြမ်း ပြောလိုက်သည်။ သူက တောင်ကို တစ်ချက်ယမ်းပြီး လီစစ်ယဲ့ထံပေါက်သည်။

ဘုန်း

ကြယ်တာရာစွမ်းအင်များက နေရာအနှံ့ ပြန့်ကျဲသွားချိန်တွင် လီစစ်ယဲ့က သူ၏ကြီးမားသော ဝု့စ်သံမဏိဓားကိုသုံးကာ ထိုလှံကိုတားသည်။ သူ၏ တောင်ပေါ်မြင်းကလည်း ဟီသံကိုထုတ်လွှတ်လိုက်ပြီး တိုက်ကွက်၏ ပြင်းထန်သော ဖိအားအောက်တွင် နောက်သို့ မဆုတ်သွားအောင် ကြိုးစားသည်။ သို့သော် ထိုတိုက်ကွက်က အောင်မြင်စွာ အတားခံလိုက်ရသည်။

“ဟား ဟား သာ့ယန်မာန်ပန့် သူက မင်းပြောသလို နာမည်မဲ့ စစ်သားတစ်ယောက်မဟုတ်ဘူး။ လီစစ်ယဲ့ သူ့ကို ပေါင်းသတ်ရအောင်”

ဝမ်ချောင်က သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သာ့ယန်မာန်ပန့်က ယွီစန်းအင်ပါယာ၏ သတ်ဖြတ်ခြင်း စစ်နတ်ဘုရားဖြစ်ပြီး အနာဂတ် ဗိုလ်ချုပ်များ၏ဘုရင် ဖြစ်လာမဲ့လူဖြစ်သည်။ သို့သော် အခြားသော ခေတ်တစ်ခု၏ သမိုင်းစာအုပ်ထဲတွင်လည်း လီစစ်ယဲ့က ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီး ဖြစ်လာဦးမည်ဖြစ်သည်။

ဝုန်း

လေပြင်းက စတင်ကာ ထိုးခွဲခံရသလို ဖြစ်လာချိန်တွင် ဝမ်ချောင်၏ ပတ်ပတ်လည်တွင် နေမင်းနှင့် လတစ်စင်း၏ပုံရိပ်က ပေါ်လာသည်။ သူက တုန့်ဆိုင်းမနေဘဲ ချက်ချင်းလိုလို မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးလိုက်သည်။

ဝုန်း

ကျန်းတစ်ရာဝန်းကျင် အတောအတွင်းရှိ လေပြင်းက စတင်ကာ လှည့်ပတ်လာပြီး အရာအားလုံးက ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားသည်။ ပြင်းထန်သော ဆွဲစုပ်အားက သာ့ယန်မာန်ပန့်၏ ကိုယ်ကို ဆွဲယူပြီး သူ၏ကိုယ်ထဲမှ ဆွဲနှုတ်မတက် ပြင်းထန်စွာ စုပ်ယူရန်ကြိုးစားသည်။

သာ့ယန်မာန်ပန့်၏စိတ်က သူ၏ ကြယ်တာရာစွမ်းအင်များကို တည်ငြိမ်အောင်ထိန်းရန် ကြိုးစားနေချိန်တွင် ဝမ်ချောင်က ရုတ်တရက် ခုတ်ပိုင်းလိုက်သည်။ သူ၏ဓားက လက်သွားသည်။

“မင်းအသက်ကိုပေးစမ်း”

မည်သည့်အပိုစကားမျှ မပြောတော့ဘဲ လီစစ်ယဲ့ကလည်း ဓားကိုယမ်းလိုက်ပြီး စွမ်းအင်မုန်တိုင်းကို ထုတ်ဖော်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော လေပြင်းများက စတင်ကာ ဟိန်းဟောက်ချိန်တွင် ထိုနေရာတစ်ခုလုံးကို ဖုန်တိမ်စိုင်အတွင်းသို့ ရောက်အောင် လွှမ်းခြုံလိုက်သည်။

လေပြင်းက စတင်ကာ ဟိန်းဟောက်ချိန်တွင် လီစစ်ယဲ့၏ ဝု့စ်သံမဏိဓားက လေထုကို ထိုးခွဲသွားပြီး သာ့ယန်မာန်ပန့်ထံ စွမ်းအင်လှိုင်းများနှင့်အတူ ခုတ်ပိုင်းသည်။

ဘုန်း

မမြင်ရသော ကြယ်တာရာစွမ်းအင် နံရံတစ်ခုက သာ့ယန်မာန်ပန့်၏ ခန္ဓာကိုယ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ တိုက်ကွက်များကို တားဆီးသည်။ သာ့ယန်မာန်ပန့်၏ အကြည့်က မည်းမှောင်ကာ ရက်စက်သွားသည်။ သူ၏ မျက်ဝန်းထဲမှ ဓားတစ်သောင်း၏ ထက်ရှမှုမျိုးကိုပင် ထုတ်လွှတ်လာသေးသည်။

“ဝမ်ချောင် မင်းနောက်ထပ် ဆယ်ယောက်၊ အယောက်တစ်ရာ၊ အယောက်တစ်ထောင် ထပ်ခေါ်ရင်တောင်မှ အသုံးမဝင်ဘူး။ ဒီနေ့ မင်းသေရမှာပဲ”

အခန်း(၇၈၅)

ချန်ပီယံများ၏ ထိပ်တိုက်တွေ့ဆုံမှု

“အဲ့ဒီလိုလား”

လေပြင်းထဲမှ လှောင်ရယ်သံက ထွက်ပေါ်လာသည်။ သာ့ယန်မာန်ပန့်က ပြော၍မဆုံးသေးခင် ဖရွတ် မြည်သံနှင့်အတူ ကောင်းကင်ထဲမှ ခရမ်းရောင်မီးတောက်က ထိုးထွက်လာပြီး သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ရစ်ပတ်သွားကာ မီးရှို့သည်။

“အာ”

သာ့ယန်မာန်ပန့်က ခပ်တိုးတိုး အော်လိုက်ရသည်။ သူကလည်း သူ၏ ကြယ်တာရာစွမ်းအင်များက လောင်ကျွမ်းခံနေရကြောင်း ချက်ချင်း သတိပြုမိလိုက်သည်။ သူက သူတော်စင် သိုင်းနယ်မြေအဆင့်တွင် ရှိနေသည့်တိုင်အောင် ထိုထူးဆန်းသော ခရမ်းရောင်မီးတောက်ကို ဘာမှ မလုပ်နိုင်ချေ။

“မျိုးမစစ်ကောင် ယုတ်မာတဲ့ အကောင်စုတ်လေး ဒါက ဘာသိုင်းလဲ”

သာ့ယန်မာန်ပန့်က အော်လိုက်ပြီး လက်မောင်းဖြင့် ရိုက်ချသည်။

“ဘုန်း”

သူ့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ထိုလက်ဝါးကို လက်ဝါးချင်း ရင်ဆိုင်လာခြင်းဖြစ်သည်။

သာ့ယန်မာန်ပန့်က နေရာတွင် ရပ်နေသေးသည်။ သို့သော် ဝမ်ချောင်နှင့် သူ၏မြင်းကမူ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ပြီးမှသာ ထိုရိုက်ချက်အားကို လွင့်ပျယ်သွားသည်။

“သူတော်စင်သိုင်းနယ်မြေ မဖြစ်နိုင်ဘူး။ လအနည်းငယ်ပဲ ကြာသေးတာ။ မင်းက ဘယ်လိုဖြစ်ပြီး သူတော်စင်သိုင်းနယ်မြေအဆင့်ကို ရောက်သွားမှာလဲ”

အံ့အားသင့်စရာ ကောင်းလောက်အောင် ထိုသိုင်းကွက်ချင်း ဖလှယ်မှုကတဆင့် သာ့ယန်မာန်ပန့်က မှင်သက်ကြောင်အသွားရသည်။ ဝမ်ချောင်၏ ဝူရှန်းမြင်းတပ် ငါးထောင်က သူ၏သတ္တိဖြူများ၏ ချီတက်မှုကို တားဆီးခဲ့ခြင်းဖြင့် အံ့အားသင့်သွားစေသည်။

သာ့ယန်မာန်ပန့်က နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး သူတော်စင်သိုင်းနယ်မြေအဆင့် အဆင့်မြင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များကသာ သူ၏တိုက်ကွက်ကို တားဆီးနိုင်ပေလိမ့်မည်။

အခြားစကားဖြင့် ဆိုရသော် ဝမ်ချောင်က သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သွားသည်။

“ဒါနဲ့ ဘယ်လိုဖြစ်ပြီးတော့လဲ”

နောက်ဆုံးတစ်ခေါက်ကတင် ဝမ်ချောင်က အင်ပါယာ သိုင်းနယ်မြေ အဆင့်ကိုးသာရှိသေးသည်။ သို့သော် ယခုက နှစ်လသာ ကြာသေးသည်။ အင်ပါယာသိုင်းနယ်မြေ အဆင့်ကိုးနှင့် သူတော်စင်သိုင်းနယ်မြေက ကွာခြားလွန်းသော ကွာခြားချက်ကြီးကို ပိုင်ဆိုင်ထားပြီး အင်ပါယာသိုင်းနယ်မြေအဆင့် တစ်နှင့်ကိုးကြား ကွာခြားချက်ထက်ပင် ကျယ်သေးသည်။ ထိုအတိုင်းအတာ အကွာအဝေးကို နှစ်လတည်းနှင့် ကျော်ဖြတ်ရန် မဖြစ်သင့်ချေ။ ပါရမီအကြီးဆုံးလူကပင် ထိုသို့ မလုပ်နိုင်ခဲ့ချေ။

သာ့ယန်မာန်ပန့်ကဲ့သို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတဖြစ်လဲ ယွီစန်း၏ သတ်ဖြတ်ခြင်း စစ်နတ်ဘုရားကတင် ထိုသို့လုပ်နိုင်မည်ဟု မကျုံးဝါးရဲချေ။

“မဟုတ်သေးဘူး သူတင် မဟုတ်သေးဘူး တိဗက်တောင်ပေါ်ဒေသက ဘယ်ဗိုလ်ချုပ်မှ ဒီလိုမလုပ်နိုင်ဘူး”

“နေဦး ဒါကဘယ်လို သံချပ်ကာလဲ”

သာ့ယန်မာန်ပန့်၏ မျက်လုံးက မှေးကျဉ်းသွားပြီး ဝမ်ချောင်၏ကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်လာသော သံချပ်ကာကို ကြည့်လိုက်သည်။ ထိုသံချပ်ကာ အနက်ရောင်က သာ့ယန်မာန်ပန့် မြင်ဖူးသမျှ သံချပ်ကာတိုင်းနှင့် ကွာခြားသည်။

သံချပ်ကာက ပိန်းပိတ်အောင် မည်းမှောင်နေသော်လည်း ထိုအမှောင်ထုက ဖော်ပြရန်ခက်ခဲသည့် ခမ်းနားမှုကို ကြီးစိုးနေသေးပြီး သံချပ်ကာများထဲမှ ဘုရင်အလား ကျုံးဝါးနေသလို ထင်ရသည်။

သူ့ကို မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ချီးမြှင့်ထားသော အထူးသံချပ်ကာပြားကပင် ဝမ်ချောင်၏ အနက်ရောင် သံချပ်ကာထံတွင် မယှဉ်နိုင်လောက်ချေ။ ဒါက အရှင်သခင်ရှေ့ ရောက်သွားသော ခြေဗလာနှင့် စစ်သည်တော် တစ်ယောက်ကဲ့သို့ ဖြစ်နေသည်။

ပို၍ မယုံနိုင်စရာကောင်းသော အချက်က လောကတွင် ရှိသမျှသော သံချပ်ကာတိုင်းက လေးလံသင့်သည်။ ထို့ပြင် အားလုံးက သတ္တုဖြင့် သွန်းလုပ်ထားရခြင်းဖြစ်သည်။ သို့သော် ဝမ်ချောင်၏ သံချပ်ကာကမူ ငှက်မွှေးလောက်ပင် ပေါ့ပါးနေလောက်သေးသည်။

အပြင်ပန်းက အလွန်အမင်း ပုံမှန်ဖြစ်နေသည့်တိုင်အောင် သာ့ယန်မာန်ပန့်အနေဖြင့် သံချပ်ကာပြားက ကိုယ်ပိုင် အသက်ရှိသလိုမျိုး ဝမ်ချောင်၏ ဝင်သက်ထွက်သက်တိုင်းနှင့် ပေါင်းစပ်နေမှုအား ခံစားမိနေသည်။

လျို့ဝှက်ဆန်းကြယ်လွန်းနေသည်မှာ ဝမ်ချောင်၏ ခန္ဓာကိုယ် အပြင်ဘက် သုံးကျန်းအကွာအဝေးတွင် အလင်းတန်းများက လိမ်တွန့်နေပြီး မည်းမှောင်ကာ သုန်မှုန်နေသော ခံစားချက်မျိုးကို ထုတ်ဖော်နေခြင်းဖြစ်သည်။

ဒါက ဘယ်လိုနည်းနဲ့မှ သာမာန်သံချပ်ကာမဟုတ်ဘူး။

ပိုဆိုးသည်မှာ သာ့ယန်မာန်ပန့်ကလည်း ဝမ်ချောင်က ယခုရင်ဆိုင်ခဲ့ချိန်က ထိုသံချပ်ကာကို မဝတ်ထားသေးကြောင်း သိနေခြင်းဖြစ်သည်။ သူက အတွေးတစ်ခုနှင့်တင် သံချပ်ကာကို ဝတ်လိုက်သည်။ ထို့ကြောင့် သာ့ယန်မာန်ပန့် ကိုယ်တိုင်ပင် သူက မည်သို့လုပ်လိုက်ကြောင်း မသိနိုင်တော့ချေ။

“ဟား ဟား ဟား သာ့ယန်မာန်ပန့် သုံးရက်လောက် ကွဲသွားပြီးတဲ့နောက် မင်းက အခြားတစ်ယောက်ကို အမြင်သစ်နဲ့ ကြည့်နိုင်သွားပြီပဲ။ ငါက သင်ခန်းစာမယူတတ်တဲ့ လျစ်လျူရှု့တတ်လွန်းတဲ့လူလို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်။ ဒီတိုက်ပွဲမှာ ငါက မင်းရဲ့သတ္တိဖြူတွေကို ရှင်းပစ်ချင်တဲ့အပြင် မင်းကိုလည်း ခေါင်းဖြတ်ပြီး တိဗက်တိုင်းကို မဟာထန်ကို ရန်စတဲ့ကောင်တွေရဲ့ အနာဂတ်အကြောင်း ပြသချင်သေးတာ”

ဝမ်ချောင်က ဓားကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ၏မျက်ဝန်းက စူးရှသောအလင်းဖြင့် လက်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးက တိုက်ပွဲဆာလောင်စိတ်ကြောင့် ပေါက်ကွဲမတက် ပြင်းထန်သည့် စွမ်းအားများကို ထုတ်ဖော်နေသည်။ ဝမ်ချောင်က ကံကြမ္မာကျောက်တုံးထံမှ လိုချင်သောပစ္စည်းကို ဝယ်ခဲ့ပြီးသည့်အပြင် ကံကြမ္မာစွမ်းအင် ရှို့နိုင်သူနှင့် ကံတိုက်ပွဲဝင်သံချပ်ကာကို ဝတ်ထားပြီးလေပြီ။

ဝမ်ချောင်က သူ၏ ကြယ်တာရာစွမ်းအင်တိုင်းကို ကံတိုက်ပွဲဝင် သံချပ်ကာထဲသို့ ပေါင်းထည့်ပြီးသောအခါ သူကိုယ်တိုင်ကပင် ထိုအရာနှင့် ပေါင်းစပ်သွားကြောင်း ခံစားမိသွားသည်။ ကံတိုက်ပွဲဝင်သံချပ်ကာက အရေပြား၊ ဆံပင်၊ အရိုး၊ ခြေလက်တိုင်းနှင့် ပေါင်းစပ်ပြီး သူ၏ဝင်သက်ထွက်သက်တိုင်းက သူနှင့် စည်းချက်ကျနေသည်။ ဝမ်ချောင်က သူ၏အင်အားများက ခုန်ထွက်သွားကာ အကာအကွယ်လွှာကို ကျော်ဖြတ်လျှက် အဆင့်တစ်ခုမြင့်သွားကြောင်း သိလိုက်သည်။

သူတော်စင်သိုင်းနယ်မြေ

သူ၏ဘဝသစ်တွင် ဝမ်ချောင်က တဖန်ထပ်ပြီး အဆင့်လွန်စွမ်းအားများ၏ နယ်မြေသို့ ရောက်ရှိသွားသည်။ သူခံစားရသော ပျော်ရွှင်မှုက ဖော်ပြရန်ပင် ခက်ခဲသည်။

“လာစမ်းပါ သာ့ယန်မာန်ပန့် စစ်သူတော်စင်က စစ်နတ်ဘုရားနဲ့ယှဉ်မယ်။ ဘယ်သူသာလဲ ကြည့်ရအောင်”

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ရှေ့သို့ခုန်တက်သည်။

ဘန်း

အလင်းရောင် ဖြတ်ကနဲ လက်သွားပြီးသည်နှင့် ဝမ်ချောင်က ရုတ်တရက် သုံးကိုယ်ကွဲသွားသည်။ တစ်ကိုယ်ချင်းစီတိုင်းက မြင်းစီးထားပြီး ခရမ်းရောင်စွမ်းအင်များဖြင့် တောက်ပနေကာ သာ့ယန်မာန်ပန့်ထံ ချီတက်သွားသည်။

မြင်းသုံးကိုယ်ခွဲက သူတော်စင်သိုင်းနယ်မြေ မြင်းသိုင်းတွင် အလွန်အမင်း အင်အားကြီးမားလေသည်။ အလွန်အမင်း အင်အားကြီးမားလွန်းသော အဆင့်လည်းဖြစ်သည်။ ဒါက ကိုယ်ကိုယ်ပိုင်ကို ခွဲထုတ်ရုံသာ မကသေးလေဘဲ မြင်းကိုပါ ခွဲထုတ်လိုက်ခြင်းဖြစ်သည်။ ထိုပုံရိပ်ယောင်များကပင် အစစ်အမှန်နှင့် ခွဲထုတ်ရန် ခက်ခဲလွန်းနေသေးသည်။

ဝမ်ချောင်က မူလကလည်း ထိုစွမ်းအင်မျိုးကို ထုတ်သုံးနိုင်သောစွမ်းရည် မပိုင်ဆိုင်သေးချေ။ သို့သော် ယခုမူ သူက သူတော်စင်သိုင်းနယ်မြေအဆင့်သို့ ရောက်ရှိသွားသည့်အတွက် သူသုံးနိုင်သော သိုင်းများက များသွားသည်။

“ဘာ”

သာ့ယန်မာန်ပန့်၏ ခေါင်းအတွင်း အံ့အားသင့်မှုများ ပြည့်နှက်သွားသည်။ သူကပင် ထိုမြင်ကွင်းကြောင့် ခေါင်းမော့ကြည့်လိုက်မိသည်။ ဝမ်ချောင်က ခြားနားသော ခံစားချက်မျိုးကို ထုတ်ပေးလာသည်။ သူက တောက်ပြောင်နေသော ဓားအသွားလိုမျိုး ကြောက်မက်ဖွယ်ကောင်းကာ ခြိမ်းခြောက်နိုင်စွမ်းအား ပြင်းထန်လာသည်။

“သွေးပင်လယ်ရေဝဲ”

သူက အံ့အားသင့်နေသော်လည်း သာ့ယန်မာန်ပန့်၏ တုန့်ပြန်မှုက နှေးကွေးခြင်းမရှိချေ။ သူကလှံကို ဆတ်ကနဲ လှုပ်ခါလိုက်ပြီးနောက် သွေးအလင်းတန်းများကို ထုတ်ဖော်ကာ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းမှ လျို့ဝှက်သိုင်းတစ်ခုကို ထုတ်သုံးလိုက်သည်။

ဘုန်း

အာကာသပြင်ကပင် အတူးထုတ်ခံရသလိုမျိုး သူ၏လှံ ထိသောနေရာက ချိုင့်သွားသည်။ ကြီးမားသော ဆွဲစုပ်အားတစ်ခုက ဖြစ်ပေါ်လာပြီး သွေးနီရောင်အလင်းတန်းတစ်ခုကို ထုတ်ဖော်လိုက်သည်။

ဝမ်ချောင်၏ ပုံရိပ်သုံးခုက စုပ်ဝဲ၏ ဆွဲစုပ်ခံလိုက်ရသည်။

ဘန်း

စုပ်ဝဲများက ဆွဲစုပ်ပြီးနောက် ဝမ်ချောင်၏ ခရမ်းရောင်မီးတောက် တောက်လောင်နေသောဓားက သာ့ယန်မာန်ပန့်၏လှံကို ဝင်ထိုးသည်။

သို့သော် သာ့ယန်မာန်ပန့်က ပြန်လည်မတိုက်ခိုက်နိုင်ခင် လက်ညိုးနှစ်ချောင်းထဲမှ ကြောက်မက်ဖွယ်ကောင်းသော ဓားချီအလင်းတန်းက ထိုးထွက်သွားပြီး လေထုကိုထိုးခွဲကာ အာကာသပြင်ကို အလိုလို ခွဲခြမ်းပစ်လိုက်လျှက် လေဟာနယ်အတွင်းမှ တစ်စုံတစ်ရာကို နိုးထလာစေသည်။

“မကောင်းတော့ဘူး”

သာ့ယန်မာန်ပန့်၏ မျက်နှာအမူအရာက ပျက်ယွင်းသွားပြီး ကျောက အေးစိမ့်တက်သွားသည်။ သူကလည်း ခေါင်းကိုဘေးသို့စောင်းကာ ရှောင်လိုက်သည်။ ထိုနို့နှစ်ဖြူရောင် ဓားချီက လက်ညိုးနှစ်ချောင်းစာသာလျှင် ထူသော်လည်း ထိုနေရာကိုဖြတ်သွားသည့်အခါ ဆယ်ကျန်းကျော်လောက်အထိ ဝင်တိုးသွားပြီး ထိုနေရာတွင် ရှိနေသည့် သတ္တိဖြူထံရောက်သွားသည်။ မဟာပွန်းခုခံမှုက ထိုသတ္တိဖြူကို လွှမ်းခြုံထားသေးသည်။ ထို့ကြောင့် ဝူရှန်းမြင်းတပ်၏ တိုက်ခိုက်မှုများကို ချက်ချင်းလိုလို ရင်ဆိုင်နိုင်စွမ်းအား ရှိနေသော်လည်း ထိုအဖြူရောင်အလင်းတန်းကမူ တစ်စက္ကန့်သာ ကြာပြီးသည်နှင့် ချက်ချင်းလိုလို ထိုးဖောက်ဝင်ရောက်သွားသည်။ အဖြူရောင်ဓားချီက သူ၏သံချပ်ကာပြားကို ကျော်ဖြတ်ပြီး အသားထဲကို ဝင်ရောက်သွားသည်။

ထိုဓားချီက ဆက်လက်ပြီး ဝင်ရောက်သွားသေးကာ ဒုတိယ၊ တတိယ စသဖြင့် လူတိုင်းကို ထိုးခွဲဝင်ရောက်သွားပြီး နောက်ဆုံးတွင် သတ္တိဖြူငါးယောက်ဆက်တိုက်က လဲကျသွားပြီးမှသာ ပျက်ပျယ်သွားခဲ့သည်။

မည်သည့်အသံမျှပင် မထွက်လိုက်ဘဲ သတ္တိဖြူများက မြေပြင်သို့ လဲကျသွားသည်။ သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီဖြစ်သည်။

“မဟာနှင်းတောင်တန်း မိစာ္ဆနဂါးသိုင်း”

သာ့ယန်မာန်ပန့်၏ မျက်လုံးထဲတွင် ခက်ထန်သော အလင်းက ထွက်ပေါ်လာသည်။ သူက ညာလက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး မြေကြီးက ကွဲအက်သွားပြီး အနက်ရောင်မီးခိုးများက ထိုးထွက်လာသည်။ ကြီးမားသော နဂါးနက်ကြီးတစ်ကောင်က ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများက ရေကန်ကြီးများကဲ့သို့ ထင်ရပြီး ခန္ဓာကိုယ်က တောင်တန်းရှည်ကြီးအလား ထင်ရသည်။ ရုတ်တရက် သူက သာ့ယန်မာန်ပန့်၏နောက်တွင် ထွက်ပေါ်လာသည်မှာ ကပ်ဘေးကာလမှ နတ်ဘုရားတစ်ပါးက ဆင်းသက်လာသလိုပင် ထင်ရသည်။

ဝုန်း

သာ့ယန်မာန်ပန့်က လှံကိုယမ်းကာ ချက်ချင်းလိုလို ရှေ့သို့ တွန်းပို့လိုက်သည်။ မြေသားက ညဉ်းညူပြီး ကွဲအက်သံများက ထွက်ပေါ်လာသလို ကျောစိမ့်ဖွယ်ကောင်းသော ဖျက်ဆီးခြင်းစွမ်းအားအပြည့် သယ်ဆောင်ထားသော ကြယ်တာရာစွမ်းအင်များက ထိုးထွက်လာပြီး လောကတစ်ခုလုံးကို လွှမ်းခြုံလျှက် ဝမ်ချောင်နှင့် လီစစ်ယဲ့တို့၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။

“သတ်”

တချိန်ထဲလိုလို ဝမ်ချောင်နှင့် လီစစ်ယဲ့တို့က လေထဲသို့ ခုန်တက်လိုက်ကြသည်။ ဝမ်ချောင်က ကြယ်တာရာစွမ်းအင် ရှို့နိုင်သူကို အသက်သွင်းလိုက်ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းနှင့် နတ်ဘုရားနှင့် နတ်ဆိုး ပျောက်ပျက်ခြင်းသိုင်းကို တစ်ခုပြီးတစ်ခု ထုတ်ဖော်လိုက်သည်။ ထိုသို့ဖြင့် သိုင်းတစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးသည်နှင့် သူက သူတော်စင်သိုင်းနယ်မြေအဆင့်သို့ ရောက်သွားသော် စွမ်းအားများကို ပေါင်းစပ်ကာ ထုတ်သုံးလိုက်သည်။

ယခင်ဘဝမှ မဟာမာရှယ်ကြီး ဖြစ်ခဲ့ဖူးသလို အဆင့်မြင့် စစ်သူတော်စင် ဖြစ်ခဲ့ဖူးသည့် ဝမ်ချောင်က ယခုမူ ထုတ်သုံးနိုင်သည့် သန်းပေါင်းများစွာကို ကောင်းမွန်စွာ အသုံးပြုနိုင်သွားသည်။ အင်အားကြီးမားသော သိုင်းအများစုကို အသုံးမပြုနိုင်သေးသည့်တိုင်အောင် သူက အထွဋ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးသောကြောင့်သာ ထိုသို့ ထုတ်မသုံးနိုင်သေးခြင်းဖြစ်သည်။

ဘုန်း ဘုန်း ဘုန်း

ဝမ်ချောင်က လျှပ်စီးကဲ့သို့ မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ သူ၏ဓားက ရှေ့သို့တိုးဝင်လိုက် ပြန်ထုတ်လိုက်ဟန်ဖြင့် တိုက်ခိုက်နေရင်း နတ်ဘုရားနှင့်နတ်ဆိုး ပျောက်ပျက်ခြင်းသိုင်းမှ စွမ်းအင် တစ်တန်းပြီးတစ်တန်း ထွက်ပေါ်သွားကာ ကျန်းတစ်ဆယ်ဝန်းကျင် တစ်ခုလုံးကို ကြောက်မက်ဖွယ် အကောင်းဆုံးသော ငရဲတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ တိုက်ကွက်ဖလှယ်ပြီးနောက် သာ့ယန်မာန်ပန့်၏ ကြယ်တာရာစွမ်းအင် တစ်ပိုင်းတစ်စက လောင်ကျွမ်းခံသွားရပြီးလေပြီ။ ကြယ်တာရာစွမ်းအင် ရှို့နိုင်သူက သာ့ယန်မာန်ပန့်နှင့် ရင်ဆိုင်သည့် တိုက်ပွဲမျိုးတွင် ကောင်းကောင်း အသုံးဝင်ကြောင်း သက်သေပြနိုင်ခဲ့သည်။

မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကပင် နောင်ဖြစ်လာမည့် တိဗက်ဗိုလ်ချုပ်ကြီးကို ရင်ဆိုင်ရာတွင် ထင်သလောက် သက်ရောက်မှုမရှိချေ။ အခြားသော စစ်သည်တော်များ အတွက်မူ သက်ရောက်မှုရှိလောက်သည်။ ပို၍ဆိုးသည်မှာ သာ့ယန်မာန်ပန့်က သံမဏိမြို့မှ တိုက်ကွက်ပြီးနောက် သူ၏အတွင်းစွမ်းအားများအကြောင်း သိနေလောက်သည်။ သူ၏အတွင်းအားများကလည်း ပို၍ များပြားသွားလေပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကပင် သူ၏စွမ်းအင်ကိုစုပ်ယူရန် ခက်ခဲသွားသည်။

သို့တိုင်အောင် ဝမ်ချောင်၏ ကိုယ်အတွင်းတွင် စွမ်းအင်စီးကြောင်းများက ဆက်လက် စီးဝင်လာနေသေးသည်။ သတ်ဖြတ်ခြင်း စစ်နတ်ဘုရားက ထိုသို့မဝင်အောင် မတားမြစ်နိုင်ခဲ့ချေ။ မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အပြည့်အဝ ပုံသဏ္ဍန် မပေါ်သေးသော အနေအထားမျိုးနှင့် ဖြစ်သောကြောင့် ဝမ်ချောင်အနေဖြင့် အချိန်အကြာကြီး မထိန်းထားနိုင်ချေ။

ဘုန်း ဘုန်း ဘုန်း

လေပြင်းများက ထိုးတက်လာပြီး ဖုန်မှုန့်များက ပြန့်ကျဲသွားသည်။ နေရာတိုင်းတွင် လေပြင်းနှင့် ဖုန်တိမ်စိုင်များကသာ ပြည့်နှက်နေသလို ဝမ်ချောင်နှင့် သာ့ယန်မာန်ပန့်တို့က မယုံနိုင်စရာကောင်းသည့် အရှိန်နှုန်းဖြင့် ရွေ့လျားနေကြသည်။ သူတို့က မြင်းများကို စီးထားသော်လည်း သူတို့၏အရှိန်နှုန်းက မည်သည့်သားရဲမျှ မစီးထားသလိုမျိုး လျှင်မြန်ချောမွေ့လွန်းနေသည်။ ဝူရှန်း၏မြင်းတပ်ကပင် ထိုသို့ မယှဉ်နိုင်ချေ။

“တောင်ပေါ်က မျိုးနွယ်ခြားအကောင် မင်းရဲ့အသက်ကို ပေးစမ်း”

သာ့ယန်မာန်ပန့်နှင့် ဝမ်ချောင်တို့တိုက်ပွဲ၏ ပတ်ဝန်းကျင်တွင် ကြမ်းတမ်းသော အရှိန်နှုန်းဖြင့် တိုက်ခတ်နေသည့် လေပြင်းက ဟိန်းဟောက်သလို လီစစ်ယဲ့ကိုယ်တိုင်ကလည်း သူ၏ ကြီးမားသော သံမဏိဓားကြီးကို ယမ်းချလိုက်ကာ ဝင်ပါလာသည်။ သူ၏ဒေါသတကြီး ဟိန်းသံက ကောင်းကင်ထိတိုင် ပဲ့တင်ထပ်သွားသေးသည်။ ရိုက်ချက် တစ်ချက်ချင်းစီတိုင်းက ကောင်းကင်ကိုပင် အက်ကွဲအောင် လုပ်နိုင်စွမ်းအား ရှိနေသည်။ တစ်ချက်ချင်းစီတိုင်းက မိုးခြိမ်းသံတမျှ ကျယ်လောင်လွန်းနေသည်။ ကျန်းတစ်ရာအကွာ အတွင်းတွင်ရှိသော ကမာ္ဘမြေကြီးနှင့် လေထုကပင် ပွက်ပွက်ဆူလာသည်။ ကြည့်ရသည်မှာ မုန်တိုင်းကပင် တိုက်ခတ်လာသလို ဖြစ်လာသည်။

All Chapters