← Chapters

အခန်း (၈၀၁-၈၀၅)

Vol. 43 Ch. 801-805

အခန်း (၈၀၁-၈၀၅)

Vol. 43 Ch. 801-805

အခန်း(၈၀၁)

ဘိလပ်မြေ (၁)

“ဝယ် ဝယ် ဝယ် ငါထုံး၊ ကျောက်၊ သဲနဲ့ ကျောက်တုံးတွေအားလုံးကို လိုချင်တယ်။ လုကျောက်ရိုင်းတုံးဆိုတဲ့ အရာတွေကိုလည်း ဝယ်နိုင်သမျှဝယ်ပြီး အားလုံးကို ပို့ပေးရမယ်။ သူလိုချင်သလောက် လူတွေ ပို့ပေးလိုက်။ သူလိုချင်သလောက် ပိုက်ဆံတွေလည်း ထုတ်ပေးလိုက်။ ငါတို့က ဝမ်ချောင်ကိုလိုတယ်။ ဝမ်ကလန်က ငါတို့ဆီ အကြွေးတင်ဖို့လိုတယ်”

မြို့၏အရှေ့ပိုင်းရှိ ကလန်ငယ်လေးတစ်ခု၏ စံအိမ်ထဲတွင် အသက်လေးဆယ် အရွယ်ခန့်ရှိမည့် ကလန်ခေါင်းဆောင်က မိုးခြိမ်းသံတမျှ ကျယ်လောင်သော အသံမျိုးဖြင့်ပြောသည်။

“ဘာ ရင်းနှီးတယ်ဟုတ်လား အရှိန်အဝါကြီးမြတ်တဲ့ ဝမ်ကလန်က ပြန်လည် မပေးချေမှာကို စိုးရိမ်စရာ ရှိမလား။ ဒီတိုင်း ဒီဝု့စ်သံမဏိဓားတွေကို ရောင်းရုံနဲ့တင် သူတို့ပိုက်ဆံဘယ်လောက် ရနေလဲဆိုတာကို ပြောစမ်းပါဦး။ မင်းအခု အဲ့ဒီလက်နက်တွေကိုတောင် မဝယ်နိုင်ဘူးမဟုတ်လား။ ဒါတောင်မှ သူတို့ ပိုက်ဆံပြတ်နေမှာကို စိုးရိမ်သေးတာလား”

မြို့တော်၏ အကြီးဆုံးဓားဆိုင်မှ ပိုင်ရှင်ကျောင်းကျစ်လင်းက အသံကျယ်ကျယ်ဖြင့် ထိုသို့ ဆဲရေးပြောဆိုပြီး တစ်ဖက်မှ အကြီးအကဲများကို ပြန်ငြင်းနေသည်။ ဒီနည်းအားဖြင့် သူက ကြောက်မက်ဖွယ်ကောင်းသော ခက်ထန်သည့် သားရဲကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေလေရာ အခြားသော အကြီးအကဲများက ထိတ်လန့်တကြား ထွက်ပြေးသွားစေသည်။

“သွား သွား သွား ကလန်ကလူတိုင်းကို ထိန်းထားလိုက်။ အဘိုးကြီးစန်းနဲ့ အဖိုးကြီးစစ် အဲ့ဒီမျိုးမစစ်တွေကို သွားခေါ်။ တစ်နေ့လုံး ဘာမှမလုပ်ဘဲနဲ့ လှဲနေကြတာ။ သူ့ကိုလည်းပို့လိုက်။ မြို့၏အနောက်ဘက်ပိုင်းက ကျို့ကလန်က သူတို့ရဲ့ အကြီးအကဲ ဆယ်ယောက်က ကိုးယောက်ကိုတောင် ပို့ထားတာကို မသိဘူးလား။ အခုကြောက်ရမှာကို ငါတို့ နောက်ကျန်ရစ်နေမဲ့ ကိစ္စကိုပဲ။ သူတို့က သူတို့ရဲ့ အကြီးအကဲကို ပို့နေမယ်ဆိုရင် ငါတို့က ဘာစောင့်နေတော့မှာလဲ။ အရင်ဆုံး အသားစားအောင် လှုပ်ရှားမှ ဖြစ်တော့မှာပေါ့။ နောက်ဆုံးမှ လှုပ်ရှားတဲ့လူတွေက ဘာကျန်တော့မှာလဲ။ သောက်ကျိုးနည်း”

ဟွမ်ကလန်မှ ဟွမ်ရှားဆိုသော ခေါင်းဆောင်က အမြဲတစေ ဒေါသကြီးသောလူအဖြစ် ကျော်ကြားသည်။ သူ၏ ဒေါသတကြီး အော်သံက သူ၏စံအိမ်မှ ခေါင်မိုးအထိပင် တက်သွားသေးသည်။ လူတိုင်းကလည်း သူ၏အမိန့်အတိုင်း အလောတကြီး လုပ်ကြသည်။

ကျောင်းကလန်၊ ပိုင်ကလန်၊ ကောကလန်၊ ချိုင်ကလန်နှင့် မဟာထန်၏ သက်တမ်းရှိ ရှေးဟောင်းကလန်ကြီးများမှ ကျွမ်းကျင်ပညာရှင်တိုင်းကို စောင့်ကာ အချိန်နှင့်တပြေးညီ လှုပ်ရှားစေသည်။ ဝမ်ချောင် ဝူရှန်းမှတဆင့် ကျောင်းကျင်းတရန်းထံ ပို့ခဲ့သောစာက ထိုကလန်တိုင်းကို လှုပ်ရှားစေသည်။

မဟာကလန်ကြီးတိုင်းက အတူတကွ ပေါင်းစည်းလှုပ်ရှားသောအခါ ကြီးမားသော စက်ကြီးကို ခလုတ်ဖွင့် လှည့်လိုက်သလိုမျိုး အံ့အားသင့်ဖွယ်ကောင်းသော လုပ်နိုင်စွမ်းအားဖြင့် ရွေ့လျားနိုင်သွားစေသည်။

ထုံးကျောက်များ၊ မြေစေး၊ သဲနှင့် ကျောက်တုံးအပါအဝင် လုကျောက်ရိုင်းတုံးတိုင်းက နေရာတိုင်းမှ ရောက်လာပြီး ကျောင်းကျင်းတရန်း၏ လက်ထဲသို့ရောက်သည်။ ရိုးရှင်းသော အမိန့်ကတင် ကျောင်းကျင်းတရန်းကို အလုပ်သမား တစ်သိန်းကျော် ထပ်ရစေသည်။

သူက ဝူရှန်းတွင် သူ၏မြို့ကို တည်ဆောက်နေသော အချိန်ကပင် ဝမ်ချောင်က အချိန်တိုအတွင်း ထိုမျှအထိ မလုပ်နိုင်ခဲ့ချေ။

မြို့တော်က လူသူကင်းရှင်းကာ ခြောက်ကပ်နေသော ဝူရှန်းထက် အလုပ်လုပ်ရ ပိုလွယ်သည်။

......

သုံးရက်ခန့်ကြာပြီးနောက် ကျောင်းကျင်းတရန်းက မြို့တော်မှ မြောက်ဘက်ပိုင်းသို့သွားသော လမ်းကြီး၏ အစပိုင်းနေရာတွင် ရပ်နေသည်။ သူကလည်း အခမ်းအနားဆိုင်ရာ ဝတ်စုံကို ဝတ်ဆင်လျှက် မဟာကလန်ကြီးများမှ မရေမတွက်နိုင်အောင် များပြားသော ကျွမ်းကျင်ပညာရှင်ကြီးများနှင့်အတူ ရပ်နေသည်။

အကြံက စတင်သဖြင့် လူတိုင်းကလည်း ဘိလပ်မြေလမ်းဆိုသော အရာက ဘာဖြစ်ကြောင်း သိချင်စိတ် ပြင်းပြစွာဖြင့် လာကြည့်ကြသည်။

“အဆင်သင့်ပြင်”

ကျောင်းကျင်းတရန်းက တည်ငြိမ်စွာပြောသည်။

ထိုအမိန့်နှင့်အတူ အလုပ်သမား ရာကျော်က ချက်ချင်းလိုလို ကျွမ်းကျင်စွာဖြင့် လှုပ်ရှားလိုက်ကြသည်။ ပထမဦးဆုံး သူတို့က ထုံးကျောက်ကိုတင်သည်။ ထို့နောက် လုကျောက်ရိုင်းတုံးတို့ကို တင်ပြီးနောက် သဲနှင့်ကျောက်သားတို့ကို ထည့်သည်။ နောက်ဆုံးတွင် သူတို့က သင့်တော်သော ရေပမာဏကိုထည့်ကာ စမွှေသည်။

မရေမတွက်နိုင်အောင် စိတ်ဝင်စားနေကြသော အကြည့်များအောက်တွင် ထိုလက်မှုပညာရှင်များက ခပ်ထူထူ ထိုအရည်ပျစ်များကို လမ်းပေါ်သို့ တင်သည်။ ထို့နောက် ကျောက်သားနှင့် ကျောက်စရစ်ခဲများကို တစ်ထပ် ထပ်သည်။ ထို့နောက် သတ္တုဝိုင်ယာများနှင့် ပတ်ထားသော သံချောင်းများကိုလည်း ထည့်သည်။ နောက်ဆုံးတွင်မှ ထိုအရည်ပျစ်ကို နောက်ထပ် တစ်ထပ် ထပ်လောင်းသည်။

အားလုံး လုပ်ဆောင်ပြီးနောက် ဆယ်လက်မခန့်ရှိသည့် ထိုအနက်ရောင် အရည်ပျစ်လမ်းက ပေါ်လာသည်။

“ဒါကဘာလဲ”

မြို့တော်၏ ကျန်းကလန်မှ ဆက်ခံသူက လမ်းကိုအံ့အားတကြီးကြည့်သည်။ သူက ဘိလပ်မြေလမ်းဆိုသော စကားလုံးကို မရေမတွက်နိုင်အောင် များပြားသော အကြိမ်ပေါင်းများစွာအဖြစ် ကြားထားဖူးပြီးသားဖြစ်သည်။ ကောလဟာလများလည်း ရှိခဲ့ဖူးသည်။

အချို့သော လူများအရ ထိုလမ်းက ညဘက်တွင် မီးတောက်သည်ဟုဆိုသည်။ အချို့သော လူများကမူ ဘီးနှင့်ယာဉ်များ လှုပ်ရှားရန် လွယ်ကူသည်ဟုဆိုသည်။ ကောလဟာလများအရ ထိုလမ်းက ညအချိန်တွင် တောက်ပနေအောင် ရွှေနှင့်ငွေထည်များကို ထည့်ထားသည်ဟု ဆိုကြသေးသည်။

သို့သော် မည်သူကမျှလည်း မဟာကလန်ကြီးများက အပြောများနေသော ထိုဘိလပ်မြေလမ်းဆိုသည်မှာ ထိုမျှသာမာန်ဖြစ်နေမည်ဟု မယုံကြည်နိုင်ကြချေ။

ဒါကဒီတိုင်း ကြားတွင် သံဘားတန်းများ ထည့်ထားသော အနက်ရောင် အရည်ပြည့်များဖြစ်သည်။

မဟာကလန်ကြီးများ၏ မျှော်လင့်စောင့်စားမှုနှင့် အားစိုက်ထုတ်မှုများ အားလုံးက အလဟသ ဖြစ်ကုန်သည်။ နောက်ဆုံးထွက်လာသောအရာက သူတို့ကို စိတ်ပျက်သွားစေသည်။

“ဟား ဟား မပြီးသေးဘူး။ မင်းတို့အားလုံး ထွက်သွားဖို့ ဆန္ဒရှိတယ်ဆိုရင်လည်း အချိန်ရှိသေးတယ်။ ငါတို့ရဲ့ သခင်လေးကလည်း မင်းတို့က နောက်ဆုတ်ချင်တယ်ဆိုရင် တားဖို့မလိုဘူးလို့ ပြောထားပြီးသား။ မင်းတို့အားလုံး ရင်းနှီးမြုပ်နှံထားတဲ့ ပိုက်ဆံတွေအားလုံးကို အပြည့်အဝ ပြန်ပေးနိုင်တယ်”

ကျောင်းကျင်းတရန်က ထိုသို့ ရယ်မောကာပြောသည်။

ချက်ချင်းလိုလို လူတိုင်းက တိတ်ဆိတ်သွားကြသည်။ ကလန်မှ ကျွမ်းကျင်ပညာရှင်တိုင်းက ပါးစပ်ကို ပိတ်သွားကြပြီး မည်သူကမျှ စကားတစ်ခွန်းမျှ မဆိုကြချေ။ သူတို့ရင်းနှီးမြုပ်နှံထားသော ပိုက်ဆံဆိုသည်မှာ ဟာသသာဖြစ်သည်။ ထုံးကျောက်၊ မြေစေး၊ လုကျောက်ရိုင်းတုံးနှင့် သဲများပင်ဖြစ်စေ အားလုံးက ဈေးအများဆုံးပစ္စည်းများ ဖြစ်နေကြသည်။ သူတို့၏ လူအင်အားနှင့် အရင်းအမြစ်များကို ဆယ်ဆခန့်အထိ ပြန်မြှင့်ပေးဦးမည်ဆိုလျှင်မူ ထိုတန်ဖိုးက နည်းပါးသော စရိတ်သာ ဖြစ်နေဦးပေလိမ့်မည်။

သို့သော် ထိုမျှပမာဏကိုသုံးပြီး ဝမ်ကလန်နှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခြင်းကတင် ကမာ္ဘတွင် အကျိုးအမြတ်အများဆုံး ရင်းနှီးမြုပ်နှံမှုကြီး ဖြစ်နေဦးမည်ဖြစ်သည်။ ထိုအရည်ပြည့်အတွက်ကမူ ဒီတိုင်း ညစ်ပတ်သော အရာများဖြင့် လုပ်ထားသော အရည်များသာဖြစ်ပြီး အသုံးမဝင်သည့်တိုင်အောင် ကလန်တိုင်းနှင့် သူတို့၏ အရင်းအမြစ်တိုင်းက ပေါများလွန်းလှလေရာ ဒီအခြေအနေကို ဂရုမစိုက်၍ရသည်။ သူတို့ကဒီတိုင်း ဝင်ကြေးထည့်ထားသလိုသာ သတ်မှတ်လိုက်၍ရသည်။

ပို၍ဆိုးသည်မှာ အစပိုင်းကတည်းက မည်သို့မျှ မခံစားရလျှင် နောက်ပိုင်းတွင် ပါဝင်လာသည့် အဖွဲ့များနှင့် ကလန်များက များသထက်များလာခဲ့သည်။ ထိုကိစ္စက မည်သည့်ကလန်မှ လျစ်လျူမရှု့နိုင်သော အရေးကြီးသော ကိစ္စကြီး ဖြစ်သွားပေမည်။ သူတို့က ရင်းနှီးမြုပ်နှံခဲ့သော အကြောင်းပြချက်က အရေးမကြီးတော့ချေ။

ဒီလိုအခြေအနေမျိုးတွင် နောက်ဆုတ်သွားသော လူတိုင်းက အခြားသောလူများ၏ ပစ်မှတ်ဖြစ်သွားပေလိမ့်မည်။ ဒီနည်းအားဖြင့် အသိုင်းအဝိုင်းက အဖယ်ခံရနိုင်သည်။ ရေတိုကိစ္စဆိုလျှင် တောင့်ခံနိုင်လောက်သေးသော်လည်း ရေရှည်ကိစ္စသာဆိုလျှင် မဟာကလန်ကြီးများ၏ လူမှုအသိုင်းအဝိုင်းမှ အဖယ်ခံရသော ကိစ္စက သေမိန့်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ကလန်များအားလုံးက အတူစည်းလုံးကာ တည်ရှိနေမည်ဆိုလျှင် ကလန်တစ်ခုချင်းစီတိုင်းကလည်း နောက်ထပ် အကျိုးအမြတ်များ ထပ်ရဦးမည်ဖြစ်သည်။

ထို့ကြောင့် ကျောင်းကလန်နှင့် ပိုင်ကလန်တို့ကလည်း ဝမ်ချောင်က သူ၏ပိုက်ဆံကိုသုံးပြီး လမ်းပြင်ကြောင်း သိနေသည့်တိုင်အောင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ အခြားသော ကလန်များကလည်း ကျောင်းကလန်နှင့် ပိုင်ကလန်တို့က ပါဝင်ကြသဖြင့် ထိုကလန်သေးလေးများကို အင်အားကြီးလာအောင် မြှင့်တင်ပေးနိုင်သော အင်အားမျိုး ရှိနေကြောင်း နားလည်နေကြသဖြင့် သူတို့၏ ဂုဏ်အဆင့်အတန်းနှင့် လွှမ်းမိုးမှုတိုးစေရန် ဝင်ပါလာကြခြင်းဖြစ်သည်။

“အရှင်ကျောင်း ဘာလို့ အလေးအနက်ကြီး ဖြစ်နေတာလဲ။ ငါကဒီတိုင်း နောက်တာပါ”

“ကောင်းပြီ ကောင်းပြီ ဒါကဒီတိုင်း မှတ်ချက်ချရုံပါပဲ။ ငါတို့တွေက နောက်ပြန်မဆုတ်ချင်ပါဘူး”

“အရှင်အမတ်ရဲ့ အကြံအစည်မှာ ပြစ်ချက်မရှိဘူး။ သူက သေချာပေါက် သူ့ရဲ့ဆုံးဖြတ်ချက်တိုင်းအတွက် အကြောင်းပြချက်က ရှိနေမှာပဲ။ ငါတို့က ဘယ်လိုများ အရှင်အမတ်ကို သံသယဝင်ရမှာလဲ”

“အရှင်ကျောင်း ကျေးဇူးပြုပြီး စိတ်ကိုထိန်းပါဦး။ ငါက မှားပြောတာပါ။ ငါအမှားပြောတာပါ။ ငါတို့ ဘိလပ်မြေလမ်းအတွက် ငါတို့ဘက်ကနေ တသီးတသန့်နဲ့ လျော်ကြေးပေးဆောင်ဖို့ အဆင်သင့်ပါပဲ။ ငါတို့က ရင်းနှီးမြုပ်နှံမှုကို နှစ်ဆတိုးလိုက်ပါ့မယ်”

ထိုသို့သော ရှက်ရွံ့သွားကြသော လူအုပ်က ချက်ချင်းလိုလို တောင်းပန်ကြသည်။ အချို့သူများဆိုလျှင် သူတို့၏ ပါးစပ်ကို မထိန်းမိကြသည့်အတွက် ကိုယ့်ပါးကိုပင် ပြန်ရိုက်ချင်ကြသည်။ ထိုသို့ဖြင့် သူတို့က နောက်ဆုံးတွင် အရှင်ကျောင်းကို ရန်စသော အခြေအနေကို အဆုံးသတ်လိုက်နိုင်သည်။

“မင်းတို့က မှားပြောတယ်ဆိုကတည်းက ငါက မကြားသလို သဘောထားလိုက်မယ်”

ကျောင်းကျင်းတရန်က ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ဘေးသို့ ထွက်ရပ်နေလိုက်သည်။ ဝမ်ချောင်ကလည်း ကလန်ပေါင်းများစွာက ဒီစီမံကိန်းတွင် ပါဝင်လာနိုင်ကြောင်း ပြောထားပြီးသားဖြစ်သည်။ သို့သော်သူတို့ကို စီမံရန် ခက်ခဲပေလိမ့်မည်။ အချို့ကမူ သူ၏ ရိုးသားသော စိတ်နေစရိုက်ကြောင့် အပြစ်တင်သွားပြီး ထိန်းချုပ်ရန် ကြိုးစားလာကြပေလိမ့်မည်။ ထို့ကြောင့် ကျောင်းကျင်းတရန်အနေဖြင့် အနည်းငယ် မာကြောပြရန် မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

ကိစ္စများက ထိုတိုင်းဖြစ်လာသည့်အခါ သက်ရောက်မှုက ကောင်းသွားသည်။

“အကြီးအကဲချန်း ကျေးဇူးပြုပြီး စတင်ပါ”

ကျောင်းကျင်းတရန်က အသက်ငါးဆယ် အရွယ်ခန့်ရှိမည့် လူတစ်ယောက်ကို လက်ဖြင့် ဟန်အမူအရာ ပြလိုက်သည်။ တခဏခန့် ကြာပြီးနောက် ထိုအရည်ပျော့လမ်း အသစ်စက်စက်အပေါ်သို့ ထုံးကျောက်များကို တစ်ချက်ထပ်ဖြူးသည်။ လျှင်မြန်စွာဖြင့် အရည်များအားလုံးကို စုပ်သွားသည်။

ဒါကလည်း ပန်းရံသမားများက ရှာတွေ့ခဲ့သော နည်းလမ်းအသစ်တစ်ခုဖြစ်သည်။ ဒီသာမာန်အခြေအနေမျိုးတွင် ထိုအရည်ပျစ်များက ခြောက်သွားရန် နာရီအနည်းငယ် လိုပေလိမ့်မည်။ ထုံးကျောက်များကို ဖြန့်ဖြူးကာ အပေါ်မှ အုပ်လိုက်ခြင်းအားဖြင့် ရေများကို စုပ်ယူပြီး ခြောက်သွေ့သော ဖြစ်စဉ်က ပိုမြန်သွားပြီဖြစ်သည်။ မည်သို့ပင်ဆိုစေ ဒီနေရာတွင် မဟာကလန်ကြီးများ ရှိနေသည့်အခါ သူတို့က နေရာတွင် ဘာမှမလုပ်ဘဲထိုင်ရန် မဖြစ်နိုင်ချေ။

“လုံလောက်ပြီ”

ထုံးကျောက်များအားလုံးက လျှင်မြန်စွာဖြင့် အရည်စုပ်သွားသည့်အခါ ကျောင်းကျင်းတရန်က လက်ကိုယမ်းပြီးနောက် လက်သမားများကို ထုံးကျောက်များ ဆက်မပစ်ခိုင်းခဲ့ချေ။ ထို့နောက် ကျောင်းကျင်းတရန်က လူအုပ်နားတွင် ရိုးရှင်းစွာဖြင့် ထွက်ရပ်နေသည်။ သူ၏အကြည့်က ထိုအနက်ရောင် အရည်များသို့ ရောက်နေသည်။ သူ၏အမူအရာက တည်ငြိမ်ကာ အလျှင်မလိုသော ပုံစံမျိုးဖြစ်သည်။ ကျောင်းကျင်းတရန်က ဘာစကားမှ မပြောသောအခါ လူအုပ်ကလည်း ဘာစကားမှ မပြောရဲကြချေ။ ထိုကဲ့သို့ အခြေအနေ ဖြစ်ပြီးနောက် သူတို့အားလုံးကလည်း လူငယ်အရှင်ကျောင်းက ထင်ရသလောက် ကိုင်တွယ်ရ မလွယ်ကူကြောင်း သိလိုက်သည်။

အရည်ကိုစုပ်ယူသွားသော ထုံးကျောက်များ ရှိသည့်တိုင်အောင် ထိုအရည်ပျော့လမ်းက တဖြည်းဖြည်းချင်းသာ ခြောက်သည်။ တစ်နာရီနီးပါး ကြာပြီးနောက် ထိုအရည်ပျော့များက တဖြည်းဖြည်းချင်း ဖြူသထက်ဖြူလာကာ မာသထက် မာလာသည်။

“ပြီးပြီ”

ကျောင်းကျင်းတရန်က အပြည့်အဝ မာကြောသွားသည့် ထိုအရည်ပျစ်လမ်းကို ကြည့်လိုက်ပြီးနောက် ပြောသည်။

“အားလုံးပဲ လူအင်အားအများကြီး၊ ကြွယ်ဝမှုနဲ့ အရင်းအမြစ်တွေအများကြီး စိုက်ထုတ်ပြီးတဲ့နောက်မှာ ဒီအချိန်နဲ့ကာမိအောင် ထုံးကျောက်၊ ရွှံ့စေး၊ လုကျောက်ရိုင်းတုံး၊ သဲနဲ့ ကျောက်သားတွေကိုထည့်ပြီး ဘိလပ်မြေလမ်းကို ဖန်တီးလိုက်နိုင်ပြီ”

သူက ထိုမီးခိုဖြူရောင်လမ်းကို ပြန်ကြည့်လိုက်ပြီးနောက် ကျောင်းကျင်းတရန်က ကိစ္စကြီးတစ်ခုကို လုပ်ဆောင်လိုက်နိုင်ပြီးဆိုသော ခံစားချက်ကို ရလိုက်သည်။ ဒီတစ်ကြိမ် ကိစ္စအားလုံး ပြီးသွားသည့်အခါ အရှင်အမတ်၏ ပထမဦးဆုံးသော ဘိလပ်မြေလမ်းက နောက်ဆုံးတွင် ပေါ်လာပြီဖြစ်သည်။

ဝုန်း

ထိုအချိန်တွင် ကျောင်းကျင်းတရန်၏ စကားလုံးများက စကားသံများ ပွက်စီသွားစေခဲ့သည်။ လူတိုင်းကလည်း အလောတကြီး ဆွေးနွေးကြသည်။ ကျောင်းကျင်းတရန်က မျှော်လင့်ထားသော အခြေအနေနှင့် ကွာခြားသည်မှာ သူတို့၏အကြည့်က သံသယများဖြစ်သည်။

“အရှင်ကျောင်း ငါစကားပြောမှားရင် ခွင့်လွှတ်ပါ”

အသက်ငါးဆယ် ခြောက်ဆယ် အရွယ်ခန့်ရှိသော အကြီးအကဲတစ်ယောက်က ရှေ့သို့ထွက်လာသည်။

“ဒီအရည်ပျစ်လမ်း... မဟုတ်သေးပါဘူး ဒီဘိလပ်မြေလမ်းက ... ဒီအဘိုးကြီးက ကမာ္ဘအနှံ့ ခရီးသွားခဲ့ပြီး ကိစ္စအများကြီးကို မြင်ဖူးတာပါ။ ဒါပေမဲ့ နားမလည်နိုင်သေးဘူး။ အရှင်ကများ ဒီဘိလပ်မြေလမ်းရဲ့ အားသာချက်တွေကို ရှင်းပြပေးနိုင်မလား”

“ဒါ့အပြင် ဒါကဒီတိုင်း လမ်းပြင်တဲ့ကိစ္စအတွက်ဆိုရင် တောရွာက လူအချို့နဲ့ အလုပ်သမားတွေကိုခေါ်ပြီး ပြင်ဆင်ခိုင်းလိုက်ရင် ပိုပြီး တူညီတဲ့သက်ရောက်မှု မရှိနိုင်ဘူးလား”

ကျောင်းကျင်းတရန်က ပြောလာသော အကြီးအကဲကို ကြည့်လိုက်သည်။ ထိုလူက ရှဲ့ကလန်မှ အကြီးအကဲ ရှဲ့ကုဖုန်းဖြစ်သည်။ သူကလည်း အသိုင်းအဝိုင်းအတွင်း လွှမ်းမိုးမှုရှိနေသည်။ မျှော်လင့်ထားသည်မှာ ရှဲ့ကုဖုန်း၏ စကားလုံးများက တုန့်ပြန်မှုရရှိခဲ့ပြီး လူတိုင်းကလည်း စပြောကြသည်။

သူတို့က ကျယ်လောင်စွာ မမေးရဲကြသော်လည်း ကျောင်းကျင်းတရန်က သူတို့ကို တစ်ချက်ကြည့်လိုက်သောအခါ ထိုလူများက ခေါင်းငုံ့သွားသည်။ ရှဲ့ကုဖုန်း၏ စကားလုံးများက ကျိုးကြောင်းသင့်လျော်ကြောင်း သူတို့ကလည်း ခံစားမိသွားသည်။

“အာ အကြီးအကဲရှဲ့က ပြောင်မြောက်တဲ့ မေးခွန်းကို မေးလိုက်တာပဲ။ လာပါ”

ကျောင်းကျင်းတရန်က ရယ်မောပြီး လက်ကိုယမ်းလိုက်သည်။ ချက်ချင်းလိုလို ကြီးမားသော မြင်းနှစ်ကောင်ကဆွဲသည့် ကြီးမားသော ရထားလုံးကြီးက ဆင်းသက်လာသည်။ အခြားသော ရထားလုံးများနှင့် မတူညီသည်မှာ ထိုရထားလုံးတွင် အမိုးမပါချေ။ ထို့ကြောင့် အတွင်းရှိနေရာကလည်း သာမာန်ရထားလုံးထက် ပိုကျယ်ပြီး ပိုကြီးနေခြင်းဖြစ်သည်။

ထိုသို့သောရထားလုံးကြီးများကို အသုံးပြုခဲသည်။ ထို့အပြင် ဂရုတစိုက် စစ်ဆေးကြည့်ပြီးသောအခါ လူအုပ်ကလည်း ရထားလုံးကိုလုပ်ထားသော သစ်သားများကို ဆေးပင် မသုတ်ထားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ထိုရထားလုံးကို သိပ်မကြာခင်ကမှ တည်ဆောက်ထားကြောင်း သိနိုင်သည်။

အခန်း(၈၀၂)

ဘိလပ်မြေလမ်း (၂)

လူအုပ်က အံ့အားတကြီး ဖြစ်နေကြသည်။ ထိုအချိန်တွင် ကြီးမားသော ထိုရထားလုံးကြီးက လမ်းပေါ်သို့ တက်ခါနီး အနေအထားမျိုးမှာ ရပ်တန့်လိုက်သည်။

ကျောင်းကျင်းတရန်က ခေါင်းကို ရုတ်တရက် လှည့်လိုက်ပြီးနောက်မေးသည်။

“အကြီးအကဲရှဲ့ ငါမေးပါရစေ သာမာန်ရထားလုံးက အလေးချိန်ဘယ်လောက် ခံနိုင်မယ်လို့ထင်လဲ”

“ဒါက ပုံမှန်အားဖြင့် ကျင်းရှစ်ရာပေါ့။ အများဆုံးဆိုရင် ကျင်းတစ်ထောင့်နှစ်ရာဖြစ်လိမ့်မယ်”

ရှဲ့ကုဖုန်းအနေဖြင့်လည်း ဒီမေးခွန်း အမေးခံရသည့်အတွက် နားမလည်သည့်တိုင်အောင် ဖြေလိုက်သေးသည်။

“ဘာလို့ ကျင်းတစ်ထောင့်နှစ်ရာလဲ”

ကျောင်းကျင်းတရန်က အပြုံးဖြင့်ဆက်မေးသည်။

“ဒါကတော့ ရိုးရှင်းပါတယ်။ လေးလာတာနဲ့ မြင်းနှစ်ကောင်က ရထားလုံးကို လုံလောက်အောင် ဆွဲနိုင်တော့မှာမဟုတ်ဘူး။ ဒီတော့ မြင်းသုံးကောင်၊ လေးကောင်၊ ငါးကောင်ထိတောင် လိုအပ်လာလိမ့်မယ်။ ဒါပေမဲ့ ဒါက ပြဿနာကြီးတစ်ခု ဖြစ်သွားပြန်ပြီ။ ဘယ်မြင်းကမှလည်း အခြားမြင်း လေးကောင်နဲ့ပေါင်းပြီး ရထားလုံးကို ပေါင်းဆွဲနိုင်မှာမဟုတ်ဘူးလေ။ ဒီတော့ သာမာန်မြင်းလှည်း မောင်းတဲ့လူတွေက သူတို့ကို ထိန်းချုပ်လို့မရဘူး။ ပိုဆိုးတာက လမ်းကဒီအလေးချိန်ကို ခံနိုင်ခြင်း ရှိမရှိအပေါ် စဉ်းစားကြည့်ရဦးမယ်။ အရမ်းလေးလွန်းနေရင် ဘိမ်းတွေက မြေထဲကိုကျွံကျသွားပြီး ချောထွက်သွားတာမျိုး ဒါမှမဟုတ် ရှေ့ကိုမသွားနိုင်တော့တာမျိုး ဖြစ်လာနိုင်သေးတယ်။ ခရီးဝေးအတွက်ဆိုရင် ဒါက ရထားလုံးတွေကို အသုံးပြုတဲ့အခါမှာ အများကြီး နှောင့်နှေးကျန့်ကြာစေတယ်”

ရှဲ့ကုဖုန်းက ရှင်းပြပေးသည်။

ထိုအဖြေက ကျောင်းကျင်းတရန်၏ မေးခွန်းနှင့် ကိုက်ညီနေသည်။ မည်သည့် မဟာကလန်ကြီးများမှမဆို ရထားလုံးနှင့် အလုပ်လုပ်ဖူးသူတိုင်း ထိုအခြေအနေကို နားလည်မည်ဖြစ်သည်။ စောစောမထသည့် ကုန်သည်တစ်ယောက်က အကျိုးအမြတ် ရှာနိုင်မည်မဟုတ်ချေ။ သူတို့ကသာ ပိုများသော ရထားလုံးများကိုသုံးပြီး ပို့ဆောင်ရမည်ဆိုလျှင်မူ ဒုက္ခရောက်သွားပေလိမ့်မည်။

ရှဲ့ကုဖုန်းက တခဏခန့် ရပ်တန့်ပြီးနောက် ထပ်ဖြည့်ပြောသည်။

“ဒါ့အပြင် ကျင်းတစ်ထောင့်နှစ်ရာက ရထားလုံးရဲ့ အလေးချိန်နဲ့ ထည့်ပေါင်းလိုက်မယ်ဆိုရင် တော်တော်လေး လေးနေပြီ။ ဒီတော့ ကျင်းတစ်ထောင့်ခုနှစ်ရာ၊ တစ်ထောင့်ရှစ်ရာလောက်ပဲ ဖြစ်နိုင်လိမ့်မယ်။ အများဆုံးမှ ကျင်းနှစ်ထောင်ပဲ။ ဒါပေမဲ့ ဒီအလေးချိန်ကတော့ တော်တော် ကြောက်စရာကောင်းနေပြီ”

“ဟား ဟား အကြီးအကဲရှဲ့ ငါနားလည်ပြီ”

ကျောင်းကျင်းတရန်က ဝမ်ကလန်မှ အစောင့်များကို အချက်ပြသည်။

“မင်း မင်း မင်း မင်း မင်းတို့တွေ ရထားလုံးပေါ်တက်”

သူက လက်ကိုတစ်ချက် ယမ်းလိုက်ပြီးနောက် ကျောင်းကျင်းတရန်က သွက်လက်ဖြတ်လတ်သော စစ်သည်တော်တစ်ယောက်ကို ရထားလုံးပေါ်သို့ တက်ခိုင်းသည်။ ထိုထူးဆန်းသော လုပ်ဆောင်မှုက စစ်သည်တော်တိုင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

မဟာကလန်ကြီးများမှ ကျွမ်းကျင်ပညာရှင်များကလည်း ထိုမြင်ကွင်းကို ကြည့်လိုက်ကြသည်။

သူတို့ကလည်း ကျောင်းကျင်းတရန်က ဘာလုပ်နေမှန်း မသိသည့်တိုင်အောင် အားလုံးကလည်း သူ၏ လုပ်ဆောင်မှုနောက်ကွယ်တွင် အကြောင်းပြချက်ရှိနိုင်ကြောင်း သိနေသည်။

“အကြီးအကဲရှဲ့ ဒီလိုဆိုရင် ကျင်းတစ်ထောင့်နှစ်ရာ ဖြစ်သွားပြီမဟုတ်လား”

ကျောင်းကျင်းတရန်က အပြုံးနှင့်ပြောသည်။

“ဟုတ်တယ်”

ရှဲ့ကုဖုန်း၏မျက်လုံးက ပြူးနေသည်။ ထိုအစောင့်တိုင်းက အရပ်မြင့်ပြီး သန်မာကြသည်။ ထို့ပြင် ဆယ်ယောက်ပင် ဖြစ်နေသေးသည်။ ထို့နောက် ကျင်းတစ်ထောင့်နှစ်ရာကို ကျော်သွားလေပြီ။ အနည်းဆုံး ကျင်းတစ်ထောင့်ခုနှစ်ရာခန့်ထိ ရှိနိုင်သည်။

ကျောင်းကျင်းတရန်က ပြုံးလိုက်ပြီးနောက် နောက်ထပ် ဝမ်ကလန်မှ အစောင့်တစ်သုတ်ကို ပြောသေးသည်။

“မင်း မင်း မင်း မင်းတို့အားလုံးတက်ကြ”

“ဟုတ်ကဲ့အရှင်”

ထိုအစောင့်များကမူ ရယ်မောကြပြီး ရထားလုံးပေါ်သို့ ဖြတ်လတ်စွာ ခုန်တက်ကြသည်။ ထိုသို့ဖြင့် ဝမ်ကလန်မှ အစောင့် အယောက်နှစ်ဆယ်ကျော်က ရထားလုံးပေါ် တက်ကြလေပြီး အားလုံးက တိုးကပ်ကာ နေကြသည်။ အခြားသောလူအုပ်ကမူ ကျောင်းကျင်းတရန်က မည်သည့်အတွက်ကြောင့် ရထားလုံးအကြီးကို ထုတ်လာကြောင်း နားလည်သွားကြသည်။

“အရှင်ကျောင်း”

ရှဲ့ကုဖုန်းက အံ့အားသင့်မှုကို မထိန်းနိုင်တော့ချေ။ လူသန်မာ အယောက်နှစ်ဆယ်က အတူရှိနေသော သယ်ယူပို့ဆောင်မှုများက ယခင်က မရှိခဲ့ဖူးသေးချေ။ မည်သို့ပင်ဆိုစေ နှစ်ယောက်၊ သုံးယောက်မှ အလေးချိန်ကပင် ထောင်ကျော်နေလေပြီ။

“မင်း မင်း မင်း မင်းတို့အားလုံးလည်း တက်ကြဦး”

ကျောင်းကျင်းတရန်က ဒါကတင် မလုံလောက်သေးဘူး ခံစားရသည်။ ထိုသို့ဖြင့် နောက်ထပ် အစောင့်တစ်သုတ်ကို ထပ်တက်ခိုင်းသေးသည်။ အချို့ကမူ ရထားလုံး၏ အစွန်းနားတွင် ကပ်နေကြပြီး အချို့ကမူ ဘေးဘက်အစွန်းနားတွင် တွဲခိုနေကြသည်။ အတိုချို့ဆိုရသော် ရထားလုံးတစ်ခုလုံးက အပြည့်ဖြစ်သွားလေပြီ။

လူတိုင်းကလည်း ထိုမြင်ကွင်းကြောင့် ဖိအားများသွားကြသည်။ ယခုအခါ ရထားလုံးပေါ်တွင် လူအယောက်သုံးဆယ် ရှိနေသည်။ သာမာန်ရထားလုံးဆိုလျှင် လူသုံးယောက်၊ လေးယောက်သာလျှင် စီးနိုင်ကြသည်။ ယခုက အလေးချိန် ဆယ်ဆနီးပါး များနေလေသည်။ ထို့ကြောင့် မယုံနိုင်စရာကောင်းသည့် ပမာဏဖြစ်သွားသည်။

ရှဲ့ကုဖုန်းက ရုတ်တရက် ခြေလှမ်းအနည်းငယ် တိုးပြီးနောက် ပြောသည်။

“အရှင် ကျေးဇူးပြုပြီး ငါအပြောမှားရင် ခွင့်လွှတ်ပါ။ မင်းဒီလောက်လူတွေအများကြီး တက်ခိုင်းထားရင် မြင်းနှစ်ကောင်က ရထားလုံးကို ထိန်းထားဖို့ ခက်သွားလိမ့်မယ်”

ကျောင်းကျင်းတရန်က ရထားလုံးပေါ်သို့ လူအများကြီး တင်လိုက်သည်။ ရှဲ့ကုဖုန်းကပင် သူက တစ်စုံတစ်ရာကို သက်သေပြနေကြောင်း သိမိသည့်တိုင်အောင် ထိုနည်းလမ်းက မဖြစ်နိုင်ကြောင်း ရှင်းလင်းနေသည်။

“ဟ ငါတို့က စမ်းကြည့်မှ သိရမှာပေါ့”

ကျောင်းကျင်းတရန်က သဘောတကျရယ်သည်။

“အကြီးအကဲလျန် စပါ”

ကျောင်းကျင်းတရန်က ရထားလုံး၏ မောင်းနှင်သူ လူအိုကြီးကို အမူအရာပြလိုက်သည်။

“ဟိုက်ရား”

ကြာပွတ်က လေထဲသို့ ထိုးခွဲသွားပြီးနောက် မြင်းများပေါ်သို့ ပြန်ကျသည်။

ဟီး

ရထားလုံးက စတင်ကာလိမ့်သည်။ မြင်းနှစ်ကောင်ကရှေ့သို့ ဆွဲသွားသည်နှင့် လူအယောက်သုံးဆယ်ကျော်ကို သယ်ထားသော ရထားလုံးက ရှေ့သို့ပါသွားသည်။ အစပိုင်းတွင်မူ ထိုမြင်းများက ရထားလုံးကို ရှေ့ရောက်အောင်ဆွဲရန် အလွန်အမင်း ခက်ခဲသည်။ ထို့ကြောင့် အရှိန်နှုန်းက အလွန်နှေးသည်။ သို့သော် သူတို့က အရှိန်ရသွားသည်နှင့် ထိုရထားလုံးက လူသုံးဆယ်ကျော်ပါသော အလေးချိန်ရှိသည့် ရထားလုံးက ရှေ့သို့ ဆက်သွားနိုင်သွားသည်။

ထိုမြင်ကွင်းကြောင့် လူအုပ်ကမူ အံ့အားသင့်ကုန်ကြသည်။ သူတို့၏မျက်လုံးက ပြူးကျယ်သွားသည်။

“လူအယောက်သုံးဆယ် ဘယ်လို ဘယ်လိုတောင် ရွေ့တာလဲ။ မြန်လိုက်တာ။ ဘာဖြစ်ကုန်တာလဲ။ လူအယောက်သုံးဆယ်ကျော်ပါတဲ့ ရထားလုံးက ပုံမှန်အားဖြင့် ရွေ့လို့မရသင့်ဘူးမဟုတ်လား။ သူဘယ်လိုများ လုပ်လိုက်တာလဲ။ ဘယ်လိုဖြစ်ပြီး ဒီရထားလုံးက လူအများကြီးသယ်ပြီး ရွေ့နိုင်တာလဲ”

“လူဆယ်ယောက်ကျော်ပါတဲ့ ရထားလုံးတောင် ရွေ့လို့မရသင့်ဘူး။ နောက်ပြီး ဒီအလေးချိန်နဲ့ဆိုရင် လမ်းထဲကို ကျွံကျသွားသင့်တာ။ ဘယ်လိုကြောင့်များ မြန်မြန် ရွေ့နိုင်နေတာလဲ”

ထိုမြင်ကွင်းက ရထားလုံး၏ အလေးချိန်ကို နားလည်ထားသော လူတိုင်းကို မှင်သက်ကြောင်အသွားစေသည်။ မဟာကလန်ကြီးများမှ ဆက်ခံသူများကလည်း ပစ္စည်းများကို ပို့ဆောင်သည့် တာဝန်ကို သူတို့၏ လက်အောက်ငယ်သားများကို ပေးထားပြီး ထိုကိစ္စများကို အာရုံစိုက်လေ့မရှိချေ။

သို့သော် ထိုသို့ အာရုံမစိုက်လျှင်ပင် သူတို့က ထိုအခြေအနေကို မသိဟု မဆိုလိုချေ။ ရထားလုံးက ဆယ်ဆခန့် အလေးချိန် ပိုများနေလျှင် ထိုကလန်ကြီးများ၏ ခရီးတစ်ခေါက်က ဆယ်ကြိမ်သွားခြင်းနှင့် ညီမျှနေပေလိမ့်မည်။

သူတို့က ရထားလုံးများကို သယ်ယူပို့ဆောင်သည်ဆိုသော အသေးစိတ် အချက်အလက်များကို ဂရုမစိုက်လောက်ချေ။ သို့သော် အကျိုးအမြတ်ဆိုလျှင်မူ ဂရုစိုက်သည်။

ထိုမြင်ကွင်းကြောင့် ကျောင်းကျင်းတရန်က အဝေးမှလှမ်းကာ အမူအရာပြလိုက်သည်။

“ဟိုက်ရား”

အော်သံတစ်ချက်နဲ့အတူ ရထားလုံးမောင်းနှင်သူ လျန်ပေါ်ဆိုသူက ကြာပွတ်ကိုရိုက်ချသည်။ ရထားလုံးတစ်စီးက ရုတ်တရက် ခွဲထွက်သွားသည်။ အသစ်စက်စက် လွတ်သွားသော မြင်းကလည်း ဟီသံပြုပြီးနောက် ဘိလပ်မြေလမ်းတောက်လျှောက် ခုန်ထွက်လာသည်။

ထို့နောက် မှင်သက်နေသော လူအုပ်ကလည်း ကျန်သော မြင်းတစ်ကောင်ထဲက လူအယောက် သုံးဆယ်ကျော်ပါသော ရထားလုံးကို ဆက်ဆွဲနေသောမြင်ကွင်းကို ကြည့်နေကြသည်။

“ဒါ ဒါ ဘယ်လိုဖြစ်နေတာလဲ။ ဒီမြင်းက ဘယ်လောက်တောင် သန်မာတဲ့အားတွေ ပိုင်ဆိုင်ထားတာလဲ”

“ဒါက လွန်လွန်းအားကြီးသွားပြီ။ ငါတစ်ဘဝလုံး ဒီလိုမြင်ကွင်းမျိုးကို မမြင်ဖူးဘူး။”

“ဒီမြင်းက စီးနင်းလာတဲ့ သားရဲလို့ သတ်မှတ်လို့ရသေးတယ်လား။ သူတို့ဘယ်လိုများ ဒါကို ဆွဲနိုင်တာလဲ။ မယုံနိုင်စရာပဲ”

“မဟုတ်ဘူး ဒါကမြင်းကြောင့်မဟုတ်ဘူး။ ရထားလုံးကြောင့်ဖြစ်မယ်”

“မဟုတ်ဘူး ရထားလုံးကြောင့်မဟုတ်ဘူး အောက်က ဒီအရည်ပျစ်လမ်းကြောင့်ပဲ ဖြစ်လောက်တယ်”

“မဟုတ်ဘူး မြင်းကြောင့်”

လူအုပ်က စတင်ကာ ငြင်းခုန်ကြပြီး ထင်ရာမြင်ရာ ပြောနေကြသည်။ ကျောင်းကျင်းတရန်က ထိုစကားလုံးများကို နားထောင်နေရင်း သူ၏နှုတ်ခမ်းများက ကော့တက်လာသည်။

ထိုငြင်းဆန်မှုများက သူဒုက္ခဆင်းရဲခံကာ ကြိုးစားထားရသမျှက အလကားမဟုတ်ကြောင်း ပြသလာသည်။ ဆိုလိုသည်မှာ အမတ်၏အကြံများက လမ်းကြောင်းမှန်သွားသည်။

ဘီး

အဝေးမှ ရထားလုံးက ကျန်းနှစ်ဆယ်ကျော်ခန့် သွားပြီးနောက် ရပ်တန့်လိုက်သည်။ ကျောင်းကျင်းတရန်က ဟန်အမူအရာ ပြလိုက်သောအခါ ဝမ်ကလန်အစောင့် သုံးဆယ်ကျော်က တဖန်ထပ်ပြီး ရထားလုံးထဲမှ ခုန်ဆင်းလာပြန်ကာ ကျောင်းကျင်းတရန်၏အနားတွင် ဝိုင်းသွားသည်။

“လေးစားရတဲ့ ဧည့်သည်တော်တို့ မင်းတို့အားလုံးလည်း မြင်ပြီးပြီပဲ။ ဒီဘိလပ်မြေလမ်းက အရှင်အမတ်ပြောတဲ့လမ်းပဲ။ ဒါကြောင့် ဒီလိုပစ္စည်းနဲ့လမ်းမျိုး တည်ဆောက်ထားသမျှ ငါတို့ရဲ့ရထားလုံးက အလေးချိန်အများကြီးကိုသယ်ပြီး ပစ္စည်းတွေကို သယ်ယူပို့ဆောင်ပေးနိုင်လိမ့်မယ်။ ဒီလိုနဲ့ လူအင်အား အရင်းအမြစ်အား စိုက်ထုတ်ရ သက်သာပြီး အကျိုးအမြတ်တွေ ပိုရလာမှာမဟုတ်လား”

ကျောင်းကျင်းတရန်က လူအုပ်ကိုတစ်ချက်ကြည့်ပြီးနောက် သူ၏မျက်ဝန်းက အဓိပ္ပာယ်အပြည့်ဖြင့် တောက်ပသွားသည်။ သူက ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

“ပိုဆိုးတာက မင်းတို့အားလုံးလည်း ဒီလမ်းက ချောမွေ့ပြီး ညီညာနေတာကို မြင်နိုင်ကြတာပဲ။ လူအယောက် သုံးဆယ်ကျော်လုံးကို ရထားလုံးပေါ်တင်ထားပေမဲ့ နည်းနည်းတောင် မလှုပ်သွားဘူး။ လေးစားရတဲ့ ဧည့်သည်တော်တို့ မဟာကလန်ကြီးတွေက လာကြတဲ့ မင်းတို့ကလည်း စီးပွားရေး အများကြီးကို ကိုင်တွယ်နေကြတဲ့လူတွေ၊ ကြွယ်ဝကြတဲ့လူတွေပဲ။ ဒီတော့ ညှိနှိုင်းမှုတွေအတွက် ခရီးသွားဖို့ လိုအပ်လာတဲ့ အချိန်တွေလည်း ရှိနေဦးမှာပဲ။ ဒီတော့ မင်းတို့ခရီးသွားတဲ့အချိန်မှာ ဒီလိုလမ်းမျိုးနဲ့သာ သွားရမယ်ဆိုရင် ရထားလုံးက လှုပ်ခါနေမှုမျိုး မရှိတဲ့အပြင် ညိမ့်ညိမ့်ညောင်းညောင်းနဲ့ စီးနင်းနိုင်ဦးမှာမဟုတ်လား”

ချက်ချင်းလိုလို သူတို့က တိတ်ဆိတ်သွားသည်။ လူအများစုကမူ မဟာကလန်ကြီးများတွင် ကြီးပြင်းလာခဲ့သူ ဖြစ်သည့်အလျောက် ခက်ခဲမှုကို နားမလည်ကြသလို အင်အားလည်း မစိုက်ထုတ်ချင်ကြချေ။ သူတို့အလိုချင်ဆုံးက သက်တောင့်သက်သာ ရှိမှုဖြစ်သည်။

ကျောင်းကျင်းတရန်၏ စကားလုံးက သူတို့ကို ဆွဲဆောင်နိုင်သည်။ ဒါက မြင်းတစ်ကောင်က လူအယောက်သုံးဆယ်ပါသော ရထားလုံးကို ဆွဲနိုင်သည်ထက်ပင် ပို၍ပြင်းထန်သည်။ ဝမ်ချောင်ကသာ ထိုသို့သောလမ်းမျိုးကို ဖန်တီးနိုင်ခဲ့ရိုး မှန်ကန်လျှင် လူတိုင်းက အကျိုးအမြတ်အများကြီး ရရှိပေလိမ့်မည်။

“ဒီလိုအရည်ပျစ်အတွက်ကတော့ ... မဟုတ်သေးဘူး ဒီဘိလပ်မြေလမ်းအတွက် ငါတို့က ပိုက်ဆံ ရင်းနှီးမြုပ်နှံတာကို မငြင်းပါဘူး။ ဒါပေမဲ့ ငါတို့အားလုံးက လူအင်အား စိုက်ထုတ်ထားလိုက်တာနဲ့ ငါတို့က လူအင်အားကြွယ်ဝမှုနဲ့ အရင်းအမြစ်တွေ စိုက်ထုတ်ထားတဲ့အခါ တချိန်ကျရင် အကျိုးအမြတ် ဘယ်လို ပြန်ယူရမှာလဲ။ ဒီတိုင်း ပိုက်ဆံစိုက်ထားပြီး အခြားလူတွေက အလကားခံစားရသလို မဖြစ်သွားဘူးလား”

အသက်၂၇ ၊၂၈နှစ်အရွယ်ခန့်ရှိမည့် လူတစ်ယောက်က လူအုပ်ထဲမှထွက်လာသည်။ သူက လေထဲသို့ လက်ယမ်းပြလျှက် သူ၏စိုးရိမ်မှုများကို ဖော်ပြသည်။

“ဟုတ်တယ် ငါတို့က ပိုက်ဆံတွေ စိုက်ထုတ်ထားပေမဲ့ အခြားလူတွေကတော့ ဒီရလဒ်ကို ခံစားနေရမှာ။ ဒီလိုဆိုရင် ငါတို့က ပိုက်ဆံတွေကို လှူတန်းလိုက်သလို မဖြစ်သွားဘူးလား”

အခြားကလန်မှ ကျွမ်းကျင်ပညာရှင်ကလည်း သဘောတူစွာ ဝင်ပြောသည်။

အခြားသောကလန်မှ ကျွမ်းကျင်ပညာရှင်တိုင်းကလည်း အလားတူဖြစ်နေကြသည်။ ကျောင်းကလန်နှင့် ပိုင်ကလန်တို့က လူများကပင် ကျောင်းကျင်းတရန်ကို ကြည့်ကြသည်။ သူတို့ကလည်း ထုတ်ပြောခြင်း မရှိသည့်တိုင်အောင် သူတို့မျက်လုံးဖြင့် ဆက်သွယ်နေခြင်းဖြစ်သည်။

ဒီလူတွေ သခင်လေး ခန့်မှန်းထားတဲ့ အတိုင်းပါပဲလား။

ကျောင်းကျင်းတရန်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူ၏စိတ်ထဲတွင် သက်ပြင်းချသည်။ သူက ဝမ်ချောင်ကို လေးစားမိသွားပြန်သည်။

ဝမ်ချောင်က ဝူရှန်းဆိုသော အဝေးတစ်နေရာတွင် ရှိနေသော်လည်း ဒီနေရာတွင် ဖြစ်ပျက်နိုင်သည့် အခြေအနေ အားလုံးကို ခန့်မှန်းပေးနိုင်သေးသည်။

မည်သူကမျှ အကျိုးအမြတ်နှင့် မပတ်သတ်လျှင် မနက်ခင်း ထလိမ့်မည်မဟုတ်ချေ။ မဟာကလန်ကြီးများကလည်း အကျိုးအမြတ်ဘက်မှသာ ရပ်တည်မည်ဖြစ်သည်။ သူတို့က ထန်တွေအတွက် ပိုက်ဆံကိုပင် လျော့လိုက်နိုင်သေးသည်။ အကယ်၍ သူတို့ကို ဖြောင့်ဖြ၍ မရနိုင်လျှင် သူတို့က လမ်းအသစ်များကို တည်ဆောက်ရန် ကူညီနိုင်ကြသော်လည်း အခြေအနေကမူ အများကြီး သက်ရောက်သွားသည်။

မသင့်လျော်သလို ကိုင်တွယ်နိုင်ခဲ့မည်ဆိုလျှင် ထိုကစ္စက အရှင်အမတ်ရဲ့ အနာဂတ် အကြံအစည်တွေအပေါ် အကြီးကြီး သက်ရောက်သွားနိုင်သည်။ ရလဒ်အနေဖြင့် တာလာ့ထံ ရှုံးသွားနိုင်သည်။

ကျေးဇူးတင်ပါတယ် သခင်လေးရယ် သခင်လေးက ကြိုတင်ပြင်ဆင်ပြီးသားပဲ။

ကျောင်းကျင်းတရန်က လက်ကို ကျောနောက်သို့ ပို့လိုက်ပြီးနောက် သူ၏အမူအရာက တည်ငြိမ်သွားသည်။ သူက မထိတ်လန့်ခဲ့ချေ။

အခန်း(၈၀၃)

“လေးစားရတဲ့ဧည့်သည်တော်တို့”

ကျောင်းကျင်းတရန်က ယုံကြည်မှုရှိစွာ ပြောနေရင်း ဖျော့တော့စွာ ပြုံးနေသေးသည်။

“အားလုံးပဲ စိတ်အေးအေးထားကြပါ။ ဒီလိုကိစ္စမျိုးက လုပ်လို့မရဘူးဆိုတာ မရှိပါဘူး။ သခင်လေးသာ ထွက်မသွားခင်ကတည်းက ဒီဘိလပ်မြေလမ်းတွေကို ဆောက်ပြီးတဲ့အခါ လမ်းရဲ့ နေရာတစ်ခုစီတိုင်းမှာ စစ်ဆေးတဲ့နေရာတွေ တည်ဆောက်ထားဖို့ လိုအပ်တယ်လို့ ပြောခဲ့တယ်။ ကုန်သည်တွေက ဒီလမ်းကိုဖြတ်ချင်ရင် ဝင်ကြေးပေးဆောင်ရလိမ့်မယ်”

“ငါတို့ရဲ့မဟာထန်က လောကက အကြွယ်ဝဆုံးတိုင်းပြည် ဖြစ်နေတာမဟုတ်လား။ ကြွယ်ဝမှုအမြင့်က ဘယ်လောက်တောင် မြင့်မားနေလိုက်သလဲ။ နယ်စပ်ဒေသအတွင်းမှာရှိတဲ့ ကုန်သည်တိုင်းကို ထည့်တွက်လိုက်မယ်ဆိုရင် နေ့စဉ်နဲ့အမျှ ဖြတ်သန်းနေတဲ့ လူအရေအတွက်က ဘယ်လောက် များသွားလိုက်မလဲ။ ဝင်ကြေးကောက်ခံတဲ့ နေရာလေးတွေ တည်ဆောက်လိုက်ရုံနဲ့ တစ်နေရာချင်းစီတိုင်းက ကောက်ခံမဲ့ဝင်ကြေးက နည်းပါးနေမယ်ဆိုရင် သူတို့အတွက်တော့ ဒါက သမုဒ္ဒရာထဲက ရေစက်တွေလို ဖြစ်နေမှာပဲ။ ဒါပေမဲ့ တစ်ရက်ချင်းစီရတဲ့ ပမာဏက ငါတို့အတွက်တော့ များပြားသွားနိုင်တယ်။ ဒါကြောင့် လေးစားရတဲ့ ဧည့်သည်တွေအတွက် ပင်ပင်ပန်းပန်း ကြိုးစားထားရတာကို အခြားလူတွေက အခွင့်ကောင်းယူသွားရင်ဆိုတဲ့ စိုးရိမ်စရာကိစ္စမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ မင်းတို့စိုက်ထားတဲ့ အပင်ကအသီးကို မင်းတို့ပဲ ခူးဆွတ်နိုင်မှာပေါ့”

ဝမ်ချောင်ကလာသော လောကတွင် ဘိလပ်မြေလမ်းများ တည်ဆောက်ခြင်းကိစ္စက ဘိလပ်မြေလမ်းများ ခင်းရန် အလွန်အမင်း ကုန်ကျများသလို အရင်းအနှီးလည်းကြီးသည်။ ဖြစ်စဉ်ကလည်း ကြာရှည်သေးသည်။ ထို့ကြောင့် အသုံးပြုချင်သူများက ကိုယ်တိုင်ပေးကာ ကိုယ်တိုင်ဆောက်ရသည်။ ထို့ကြောင့် လူတိုင်းကလည်း အခြေခံအားဖြင့် လုပ်နိုင်ကြခြင်းဖြစ်သည်။

ထိုအခြားလောကတွင် လမ်းခင်းသောကိစ္စက ပုံမှန်ဖြစ်သည်။ မဟာထန်မှ လူများကမူ ရှင်းလင်းစွာဖြင့် ချိတ်ဆက်မှုကို မသိကြချေ။

မျှော်လင့်ထားသည့်အတိုင်း ကျောင်းကျင်းတရန်၏ စကားများက မဟာကလန်ကြီးများမှ ကိုယ်စားပြုသော လူတိုင်း၏ မျက်ဝန်းများကို ချက်ချင်းလိုလို တောက်ပသွားစေသည်။ သူတို့၏ အပြုအမူများကလည်း ဆန့်ကျင်ဘက်ဖြစ်သွားသည်။

“ပြောင်မြောက်တဲ့ အကြံပဲ။ ဒါပေမဲ့ သူတို့က ဒီဝင်ကြေးကိုပေးဖို့ ဆန္ဒရှိကြဦးမှာလား”

မဟာကလန်ကြီးမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က မေးလာသည်။

“ဟား ဟား သူတို့ကသာ အချိန်တိုအတွင်း နှောင့်နှေးကျန့်ကြာမှုနည်းနည်းနဲ့ သွားလာနိုင်မယ်ဆိုရင် ဘာလို့ဝင်ကြေး မပေးရမှာလဲ”

ကျောင်းကျင်းတရန်က ရယ်သည်။ သူက ဝမ်ချောင်၏အကြံပေးချက်ကို ပြန်လည်တွေးတောရန် မလိုအပ်ဘဲ မေးခွန်းကို မည်သို့ဖြေသင့်ကြောင်းသိသည်။

အကျိုးအမြတ်နောက်လိုက်သော ကုန်သည်များအနေနှင့် သူတို့ကသာ အကျိုးအမြတ် ပိုရမည့် အခြေအနေမျိုး ရှိသည်ဆိုလျှင် သဘာဝအလျောက်ပင် တန်ကြေးပေးရန် ဆန္ဒရှိပေလိမ့်မည်။ ထို့ကြောင့် မဟာကလန်ကြီးများက စိုးရိမ်သော ကိစ္စက ဘယ်သောအခါမှ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ ထိုအခြေအနေက နှစ်ဖက်လုံး အနိုင်ရသော အခြေအနေလည်းဖြစ်သည်။

“ဒါ့အပြင် လူကြီးမင်းတို့တွေ သတိထားမိလားတော့ မသိဘူး”

ကျောင်းကျင်းတရန်က ပြောနေရင်းမှ ညာလက်ကို ဖြန့်လိုက်ပြီးနောက် ဘေးဘက်ရှိ အစောင့်တစ်ယောက်ထံမှ ကြီးမားသည့် သံမဏိတူကြီးကို ဆွဲယူလိုက်သည်။ သူက ရှေ့သို့ ခြေလှမ်းကျဲကြီးများဖြင့် တက်သွားလိုက်ပြီး လူအုပ်၏ အံ့အားသင့်နေသော အကြည့်အောက်တွင် တူကိုကိုင်ကာ မီးဖိုးဖြူရောင် ဘိလပ်မြေလမ်းပေါ် ရိုက်ချလိုက်သည်။

ဝုန်း

နေရာတိုင်းသို့ အမှုန်အမွှားများ စင်သွားသည်။ ကျောင်းကျင်းတရန်၏ အင်အားကြီးမားသော ရိုက်ချက်ထဲတွင် ခွန်အား အားလုံး ထည့်သွင်းထားသည့်တိုင်အောင် ထိုလမ်းတွင် သေးငယ်သည့် အပေါက်သေးသေးလေးသာ ဖြစ်သွားခဲ့သည်။ ထို့ကြောင့် ကျွမ်းကျင်ပညာရှင်များက ဖိအားများသွားကြသည်။

“ငါစမ်းကြည့်မယ်...”

မျက်နှာတွင် အမာရွတ်ရှိသော ကလန်တစ်ခုမှ ကျွမ်းကျင်ပညာရှင်တစ်ယောက်က ရှေ့ထွက်လာပြီး ကျောင်းကျင်းတရန်၏ လက်ထဲမှ တူကိုယူသည်။ ထို့နောက် လေထဲသို့ အရှိန်မြှင့်ကာ မြှောက်လိုက်ပြီး အောက်သို့ ထုချသည်။

ဘုန်း

ထိုမျှအရှိန်အဟုန် ပြင်းထန်သည့် ရိုက်ချက်ကလည်း ထိဘိလပ်မြေလမ်းပေါ်တွင် သေးငယ်သည့် အပေါက်သေးသေးလေးသာ ချန်ထားရစ်ခဲ့ပြန်သည်။ ကြီးမားသော ပေါက်ကွဲမှုက ဖြစ်မလာခဲ့ချေ။

“ဒါက... ဒါကတကယ်ပဲ အဲ့ဒီအရည်ပျော့နဲ့ လုပ်ထားတာလား။ ဘာလို့ ဒီရွံ့စေးနဲ့ ထုံးကျောက်တွေက ဒီလောက်ထိ မာသွားရတာလဲ”

မျိုးနွယ်များမှ ကျွမ်းကျင်ပညာရှင်များက တခဏကြာသည်အထိ ကြောင်တောင်ဖြစ်သွားပြီး သံသယဝင်သွားသည်။

သူသာလျှင် မဟုတ်ချေ။ နဂိုက ရထားလုံးမြင်းနှင့် ဝမ်ကလန်၏ အစောင့်သုံးဆယ်ကျော်ကို အာရုံစိုက်နေကြသည့် လူအုပ်ကလည်း ကျောင်းကျင်းတရန်က လမ်းကိုတူနှင့် ထုလိုက်မှသာ လမ်းကို အာရုံစိုက်လာကြသည်။

“ဟား ဟား လာ လာ လာ တူတွေအားလုံးထုတ်လိုက် အားလုံးပဲ စမ်းကြည့်လို့ရတယ်”

လူအုပ်၏ အပြောင်းအလဲကို အာရုံစိုက်မိလိုက်သည့် ကျောင်းကျင်းတရန်က ချက်ချင်းလိုလို ပြောလိုက်သည်။

ထိုသို့ဖြင့် အစောင့်ဆယ်ယောက်ကျော်က တူပေါင်းများစွာကိုသယ်ကာ ထုတ်လာကြသည်။ ကျောင်းကျင်းတရန်က အားလုံးကို ဖိတ်ခေါ်နေကတည်းက လူအုပ်ကလည်း စမ်းသပ်ကြည့်ကြသည်။

“ထုံးကျောက်နဲ့ ရွံ့စေးထည့်ပြီး လုပ်ထားတဲ့အရာတစ်ခုက ဒီလောက်ထိ မာကြောမယ်လို့ ငါမယုံဘူး”

ကလန်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက တူများကိုယူကြပြီးနောက် ဘိလပ်မြေလမ်းထံ လျှောက်သွားသည်။ ထို့နောက် ခပ်ကြမ်းကြမ်း ထုရိုက်ကြပြန်သည်။

ဒုန်း ဒုန်း ဒုန်း

ထိုသို့ဖြင့် အသစ်စက်စက် လုပ်ထားသော ဘိလပ်မြေလမ်းထံမှ အမှုန့်များက လေထဲသို့ မြောက်တက်လာကြသည်။ ထိုသို့ဖြင့် လျှင်မြန်စွာဖြင့် ပျက်စီးလာသည်။

ဝမ်ကလန်မှ ကျွမ်းကျင်ပညာရှင်များက သူတို့ကို တားဆီးကြသည်။ သို့သော် ကျောင်းကျင်းတရန်က တားထားသည်။

“ရတယ်”

“သူတို့ဆန္ဒရှိသလောက် ရိုက်ပါစေ”

ကျောင်းကျင်းတရန်၏ အမူအရာက တည်ငြိမ်နေသည်။ သူ၏အသံထဲတွင် ယုံကြည်မှုအပြည့်ပါသည်။ ထို့ပြင် ဖြောင့်ဖြလိုသော အင်အားမျိုးကလည်း ရှိနေသေးသည်။ ဝမ်ချောင်နှင့် အချိန်အတော်ကြာ အတူရှိနေပြီးနောက် ကိုယ့်ကိုယ်ကို ယုံကြည်မှုက အနည်းငယ် ပိုရှိလာကြောင်း သူကိုယ်တိုင်ကပင် နားလည်လာသည်။

ကျောင်းကျင်းတရန်နှင့် ဝမ်ကလန်မှ အစောင့်တိုင်းက ဘေးဘက်တွင် ရပ်နေကြပြီး ကလန်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များက ထိုဘိလပ်မြေလမ်းကို တူဖြင့်ဆက်တိုက် ထုနေသောမြင်ကွင်းကို စောင့်ကြည့်နေလိုက်ကြသည်။

တစ်နာရီခန့်ကြာပြီးနောက် ပို၍များပြားသော ကျွမ်းကျင်ပညာရှင်များက ဝင်လာကြသည်။ ထိုသို့ဖြင့် လူသုံးရာကျော်က အတူပေါင်းကာ ထိုဘိလပ်မြေလမ်းကို ကြည့်လိုက်ကြသည်။ သို့သော် ရလဒ်ကမူ အံ့အားသင့်စရာပင် ကောင်းသေးသည်။

သူတို့က ထိုလမ်းကို ဖျက်ဆီးရန် မဖြစ်နိုင်လျှင် ဒီဘိလပ်မြေနှင့် ပတ်သတ်ပြီး ထူးခြားသည့် တစ်စုံတစ်ရာ ရှိနေလိမ့်မည်ဟု ယုံကြည်မိပေလိမ့်မည်။ သို့ရာတွင် အင်အားအများကြီး စိုက်ထုတ်ပြီး အချိန်အတန်ကြာ သုံးထားသည့်တိုင်အောင် ထိုလမ်းကို အပြည့်အဝ ဖျက်ဆီးလိုက်နိုင်သည်။ ထို့အတွက်ကြောင့် ဒါက ထိုဘိလပ်မြေဆိုသော အရာနှင့်သာ ပတ်သတ်နေကြောင်း သိလိုက်သည်။

“မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ထုံးကျောက်၊ ရွံ့စေးကိုသုံးထားပြီး နောက်ပြီး အဲ့ဒီ လုကျောက်ရိုင်းတုံးဆိုလား ဘာဆိုလား အဲ့ဒါကို သုံးထားတဲ့အရာနဲ့ ဒီလောက်ထိ ကျောက်သားလို မာကြောတဲ့အရာရှိ ဖြစ်လာတာပေါ့။ မဟုတ်ဘူး ကျောက်သားထက်တောင် မာကြောနေလောက်သေးတယ်။ ဒါက မယုံနိုင်စရာပဲ”

“ဒါ့က လူလုပ်ကျောက်သား လူငယ်အမတ်က အရည်အသွေးမြင့် ကျောက်သားလုပ်တဲ့ နည်းလမ်းကို ပိုင်ထားတာ။ အားလုံးကို ကလန်ကို မြန်မြန်အကြောင်းကြားကြ။ ငါတို့ရဲ့လုကလန်က မှန်ကန်တဲ့လူနောက်ကို လိုက်ဖို့ ရွေးချယ်မိတာပဲ”

“ဒါကိုဘယ်လိုများ လုပ်ထားတာလဲ။ ငါ့ကိုနောက်ထပ် တူတစ်လက်ပေး။ ငါထပ်စမ်းကြည့်ဦးမယ်။ လမ်းကဒီလောက်ထိမာဖို့ မဖြစ်နိုင်ဘူး”

“ဟား ဟား ငါရတနာကို တူးမိတာပဲ။ လူငယ်အမတ်က ကောင်းကင်ဘုံရဲ့ သားတော်ရဲ့ တပည့်ဖြစ်နေတာ မအံ့ဩတော့ပါဘူး။ နောက်ပြီးသူက မဟာထန်ရဲ့ ရှစ်ယောက်မြောက် အနာဂတ် မဟာဗိုလ်ချုပ်ကြီး ဖြစ်လာမဲ့လူလေ။ သူဘာလုပ်လုပ် ငါတို့ရဲ့ချန်းကလန်က သူ့နောက်မှာရှိပြီး ပိုင်ဆိုင်သမျှအားလုံး ထုတ်သုံးလို့ အပြည့်အဝ ထောက်ပံ့ပေးနေမှာပဲ”

ချက်ချင်းဆိုသလို ကလန်မှ ကျွမ်းကျင်ပညာရှင်တိုင်းကလည်း လမ်း၏လျို့ဝှက်ချက်ကို နားလည်လိုက်ကြသည်။ ဒါကမြင်းနှင့် ရထားလုံး၏ ထူးခြားချက်ကြောင့် မဟုတ်ချေ။ လမ်းကိုယ်တိုင်ကတင် မယုံနိုင်စရာကောင်းလောက်သော အလေးချိန်ကို တောင့်ခံနိုင်ခြင်း ရှိနေသည်။ ဒါကမှ အစစ်အမှန် လျို့ဝှက်ချက်ဖြစ်နေသည်။

သူတို့၏စိုးရိမ်ပူပန်မှုများ အားလုံးက မီးခိုးလို ပျောက်ကွယ်သွားသည်။

ဖလပ် ဖလပ်

အခြေအနေက အလုံးစုံ ပြောင်းလဲသွားသည်။ ကျောင်းကျင်းတရန်၏ အရှေ့တွင်ပင် ကလန်ပေါင်းများစွာမှ ကျွမ်းကျင်ပညာရှင်တိုင်းက အသီးသီးသော သတင်းပို့ပင်ဂွင်းများကိုထုတ်ကာ ကလန်အသီးသီးသို့ ပြန်ပို့ကြသည်။ ကြည့်နေသောသူများကိုပင် ဂရုမစိုက်ကြချေ။

ဒါက အလွန်အမင်း အရေးကြီးသော ရှာဖွေတွေ့ရှိမှုဖြစ်သည်။ ထိုလူလုပ်သော ကျောက်သားက လမ်းများကို ဆောက်လုပ်ရာတွင် ကန့်သတ်ချက် ရှိနေမည်မဟုတ်ချေ။

“ဟား ဟား အရှင်အမတ်က တကယ်ကို ပြစ်ချက်ကင်းတဲ့ အကြံအစည် ချနိုင်သူပဲ။ အရာအားလုံးက သူခန့်မှန်းထားတဲ့အတိုင်း ဖြစ်လာခဲ့တာ။ ငါတို့ကအခု ဒီလမ်းတည်ဆောက်မှုကို အလုံးအရင်းနဲ့ အင်အားစိုက်ထုတ်ပြီး လုပ်နိုင်ပြီ”

ကျောင်းကျင်းတရန်ကလည်း စိတ်အေးသွားသည်။ အရှင်အမတ်၏ ဘိလပ်မြေလမ်းက အချိန်အတန်ကြာ သုံးရပြီး လူအင်အားနှင့် အရင်းအမြစ်များ လိုအပ်သေးသည်။ ဒါက ဝမ်ကလန်၊ ကျောင်းကလန်နှင့် ပိုင်ကလန်တို့သီးသန့် လုပ်နိုင်သည့် အရာမျိုးမဟုတ်ချေ။ မြို့တော်ရှိ မဟာကလန်ကြီးတိုင်းက ပါဝင်ရန် လိုအပ်နေသေးသည်။

ယခုလို ပန်းတိုင်ရလာသည်နှင့် အရာအားလုံးက ဖြစ်နိုင်သွားလေသည်။

ကျောင်းကျင်းတရန်က အနားရှိ ဝမ်ကလန်မှ အစောင့်ကိုကြည့်ကာ ခပ်တိုးတိုးပြောသည်။

“အရှင်အမတ်ဆီ ငါကသူ့ရဲ့ နောက်အကြံအစည်ကို အကောင်အထည်ဖော်တော့မယ်လို့ ပြောထားတဲ့ စာတစ်စောင်ရေးပေး”

အစောင့်က နားလည်စွာဖြင့် ခေါင်းညိမ့်လိုက်သည်။

ဘန်း

ညအချိန်ရောက်လာသောအခါ မဟာထန်၏ ပထမဦးဆုံး ဘိလပ်မြေလမ်းကြီးကို သမိုင်းစာအုပ်ထဲတွင်ပင် ထည့်သွင်း မှတ်တမ်းတင်ကြပြီဖြစ်သည်။ ထိုကဲ့သို့သော ကိစ္စမျိုးက ဗဟိုပြင်ကျယ်၏ သမိုင်းတွင် မပေါ်လာဖူးသေးချေ။

ဒါက အလုံးအရင်းဖြင့် လူပေါင်းများစွာ ကြာရှည်စွာ အသုံးပြုနိုင်ရန် သေချာနေသည့် နယ်မြေဆိုင်ရာ ဆောက်လုပ်ရေး အောင်မြင်တိုးတက်မှုကြီးဖြစ်သည်။ အမျိုးမျိုးသော အရွယ်အစားရှိသည့် မရေမတွက်နိုင်သော ကလန်ပေါင်းများစွာက ဒီစီမံကိန်းတွင် သူတို့၏ အရင်းအမြစ်များကို ထည့်သွင်းရန် ဆန္ဒရှိကြသည်။

ဝမ်ချောင်ကလည်း ကပ်စေးမနည်းချေ။ သူက တိုက်ရိုက်ပင် ကလန်တိုင်းအတွက် ဘိလပ်မြေလမ်းကို အသုံးပြုသည့်အခါ ကောက်ခံမည့် ဝင်ကြေးနေရာတိုင်းကို ဖွင့်ပေးလိုက်သည်။ ထို့ပြင် ဝမ်ချောင်က ‘ကလန်လမ်း မဟာမိတ်’ဆိုသော ခေါင်းစဉ်ဖြင့် စာချုပ်တစ်ခုကိုပင် ချုပ်ခဲ့သေးကာ ရလာသည့် အရင်းအမြစ်တိုင်းကို လက်မှတ်ထိုးထားသူတိုင်းအတွက် မျှမျှတတ ခွဲဝေပေးမည်ဆိုသည့် အကြောင်းအရာကို ထည့်သွင်းချုပ်ဆိုခဲ့သည်။ ထို့ပြင် ဘိလပ်မြေလုပ်သော နည်းလမ်းကိုလည်း လက်မှတ်ထိုးထားသူတိုင်းအတွက် မျှဝေပေးခဲ့သည်။

မဟာမိတ်ကလည်း ဘိလပ်မြေအတွက် လိုအပ်သည့် ပစ္စည်းများအားလုံးကို တာဝန်ယူပေးသည်။ သူတို့က ဗဟိုပြင်ကျယ်၏ အပြင်ဘက်သို့ မပေါက်ကြားစေရချေ။

ဝမ်ချောင်၏ သဘောထားကြီးမှုက မဟာမိတ်ထံမှ စိတ်အားထက်သန်စွာ တုန့်ပြန်မှုပေါင်းများစွာကို ရရှိစေခဲ့သည်။ နည်းလမ်းကိုရပြီးနောက် မဟာမိတ်မှ ကလန်တိုင်းက စတင်ပြီး လေ့လာမှုပြုကြတော့သည်။ ထုံးကျောက်၊ ရွံ့စေး၊ သဲ၊ ကျောက်စရစ်ခဲ၊ အလူမီနီယမ်နှင့် များပြားသော သံမဏိဘား စသဖြင့် အမျိုးအမည် များပြားသောပစ္စည်း သန်းနှင့်ချီထည့်သွင်းခြင်းအားဖြင့် မြို့တော်မှ အနောက်ဘက်ဒေသသို့သွားသော လမ်းကြီးကို ဆောက်လုပ်ရင်းနှီးမြုပ်နှံခဲ့သည်။

ထိုကလန်တိုင်းကို ယူဆောင်လာပေးမည့် အရင်းအမြစ်ကလည်း လျှင်မြန်စွာဖြင့် သက်သေပြလာသည်။ ပထမဦးဆုံးရက်တွင် အလုပ်သမား ရှစ်သောင်းကျော်က ဆောက်လုပ်ရေးထဲသို့ ဝင်ရောက်လာခဲ့သည်။ ဒုတိယတစ်ရက်တွင် အရေအတွက်က တစ်သိန်းရှစ်သောင်းအထိ များပြားသွားသည်။ တတိယတစ်ရက်တွင် သုံးသိန်းခြောက်သောင်း ဖြစ်သွားပြန်သည်။ အဆုံးတွင်မူ အလုပ်သမား ခုနှစ်သိန်း၊ ရှစ်သိန်းခန့်က ပိုးသားလမ်းတောက်လျှောက် အလုပ်လုပ်နေကြပြီဖြစ်သည်။

မီးခိုးဖြူရောင် ဘိလပ်မြေလမ်းက ပိုးသားလမ်းတောက်လျှောက် မယုံကြည်နိုင်စရာကောင်းသည့် အရှိန်နှုန်းဖြင့် ဆောက်လုပ်သွားသည်။

ထိုမျှမြန်ဆန်သော ရလဒ်များကို ဝမ်ချောင်က မဟာကလန်ကြီးများထံ ဘိလပ်မြေလမ်းကို ဖွင့်ချပေးလိုက်သော အခြေအနေမှ စတင်လာခြင်းဖြစ်သည်။

......

“ရေခဲသုံးပေလောက်က တစ်ရက်တာ အေးစိမ့်မှုကနေ ဖြစ်လာတာမဟုတ်ဘူး။ နောက်ပြီး လူတစ်ယောက်တည်းကလည်း ကြီးမားတဲ့ အင်ပါယာကြီးကို ပြောင်းလဲလို့ မရနိုင်ဘူး။ နယ်မြေကြီးတစ်ခုလုံးရဲ့ အင်အားနဲ့ပဲ ဒီလိုလုပ်နိုင်မှာ။ အင်ပါယာကြီးရဲ့ မဟာကလန်တိုင်းကသာ အတူတကွ စုစည်းနေမယ်ဆိုရင် ဒါက သစ်လုံးသောင်းကျော် ပေါင်းချည်ထားသလိုမျိုး အရမ်းကြမ်းတမ်း မာကြောပြီး ကွေးကောက်လို့ မရနိုင်ဘူး။ ဒါကပဲ အင်ပါယာကို အင်အားကြီးလာစေလိမ့်မယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အင်ပါယာရဲ့ အမျက်ဒေါသကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် တာဝန်ရဲ့ ဒုတိယကဏ္ဍဖြစ်တဲ့ ‘နိုးထခြင်းလမ်း’ကို ဖွင့်လိုက်ပါပြီ။ အသုံးပြုသူက ကံကြမ္မာစွမ်းအင်အမှတ် ရှစ်ရာကို ဆုကြေးအနေနဲ့ လက်ခံရရှိပါတယ်။ လမ်းတွေများများ ဆောက်လုပ်ပြီးနိုင်လေလေ အသုံးပြုသူရရှိမဲ့ ဆုကြေးက ပိုများလာလေလေပါ”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အပိုအမှတ် သုံးဆယ်ကို ဆုချီးမြှင့်လိုက်ပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အပိုအမှတ် လေးဆယ်ကို ဆုချီးမြှင့်လိုက်ပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အပိုအမှတ် သုံးဆယ့်ခုနှစ်မှတ်ကို ဆုချီးမြှင့်လိုက်ပါတယ်”

အဝေးရှိ ဝူရှန်းတွင် ဝမ်ချောင်က မြို့ရိုးပေါ်တွင်ရပ်လျှက် ကံကြမ္မာကျောက်တုံးက မဆုံးနိုင်အောင် ဆက်တိုက် သတင်းများ ပြောပြနေခြင်းကို နားထောင်နေသည်။ အချိန်တိုအတောအတွင်း သူက ကံကြမ္မာစွမ်းအင်အမှတ် တစ်ထောင်ကျော် ရရှိလိုက်ပြီဖြစ်သည်။ ဒါက ဆက်လက်ပြီး မြင့်တက်နေသေးသည်။

ကျောင်းကျင်းတရန် မင်းနောက်ဆုံးတော့ ကိုယ်ပိုင်အင်အားနဲ့ လုပ်ဆောင်နိုင်ခဲ့တာပဲ။ သူက ဘိလပ်မြေလမ်းကို ကိုင်တွယ်နေတာဆိုတော့ ငါ့အနေနဲ့ ဒီကိစ္စကို စိုးရိမ်ဖို့ မလိုလောက်တော့ဘူး။

ဝမ်ချောင်က ကျောင်းကျင်းတရန်က ပို့လိုက်သောစာကို တစ်ချက်ကြည့်လိုက်ပြီး သူ၏လက်ချောင်းများက လှုပ်ရှားသွားကာ ချက်ချင်းလိုလို စာက မရေမတွက်နိုင်သော အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး မျှော်စင်အောက်သို့ လွင့်ကျသွားသည်။

“ချန်းစန်းယွမ် ကျောင်းကျင်းတရန်ကို ငါ့အတွက် စာရေးပေး။ သူ့ကိုပြောလိုက် ငါက ဘိလပ်မြေလမ်းနဲ့ ပတ်သတ်တဲ့ကိစ္စကို သိထားပြီးပြီဖြစ်လို့ သူစိုးရိမ်ဖို့မလိုတော့ဘူး။ ငါက အရာအားလုံးကို ကြိုတင်ကြံစည်ထားပြီးသား”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ သွားလုပ်လိုက်ပါ့မယ်”

ချန်းစန်းယွမ်က ချက်ချင်းထွက်ခွာသွားသည်။

နေဝင်တဲ့အခါ နေရောင်ခြည်က ဆုံးရှုံးသွားရတယ်။ တစ်ခုခုရဖို့ တစ်ခုခုတော့ ဆုံးရှုံးရမှာပဲ။ အနောက်ဘက်ကို သွားတဲ့လမ်းတောက်လျှောက် ဘိလပ်မြေလမ်း တည်ဆောက်ချင်ရင် တာလာ့တိုက်ပွဲမတိုင်ခင် ပြီးမြောက်ချင်ရင် ငါမဟာထန်ကြီးတွေရဲ့ အကူအညီတော့ လိုတာပဲ။ ဒီဘိလပ်မြေလမ်းအတွက်ကတော့ အမြဲတမ်း ရိုးရှင်းတာပဲ။ မဟာကလန်ကြီးတွေကသာ လိုချင်တယ်ဆိုရင် ငါကလည်းဒါကို လျို့ဝှက်ချက်အဖြစ် အချိန်အကြာကြီး ထိန်းထားနိုင်မှာမှ မဟုတ်တာ။ ဒီတော့ လူတိုင်းကို ပေးလိုက်တာ ပိုကောင်းတယ်။

အခု သူတို့က တစ်လှေထဲစီးတဲ့လူတွေ ဖြစ်သွားပြီ။ သူတို့က အကောင်းဆုံးကြိုးစားပြီး ဒါကို လျို့ဝှက်ချက်အဖြစ် ထိန်းသိမ်းထားလိမ့်မယ်။ ဒီလိုဆိုရင် ပေါက်ကြားမှာမဟုတ်ဘူး။

လေကတိုက်ခတ်လာချိန်တွင် သူ၏မျက်နှာကို ရိုက်ခတ်သည်။ ဝမ်ချောင်က မြို့ရိုးကို ကျော်ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း စဉ်းစားတွေးတောနိုင်စွမ်းနှင့် နက်နဲသော အလင်းတန်းများက အရောင်သမ်းနေသည်။

ဘိလပ်မြေလမ်း စီမံကိန်းက မှန်ကန်သောလမ်းကြောင်းပေါ် ရှိနေခဲ့ပြီး ကျောင်းကျင်းတရန်ကလည်း စောင့်ကြည့်ပေးနေခဲ့သဖြင့် ဝမ်ချောင်က အခြားကိစ္စများကို အာရုံစိုက်နိုင်သွားသည်။

အရင်ဆုံး နောက်လုပ်ရမဲ့ကိစ္စကို အာရုံစိုက်ရအောင်။

ထိုအတွေးနှင့်အတူ ဝမ်ချောင်က ချက်ချင်းလိုလို လက်အောက်ငယ်သား တစ်ယောက်ကို ထပ်ခေါ်လိုက်သည်။

“ကျန်းချွယ်ကို သိပ်မကြာခင် ဖုမာန်လင်းချာက လှုပ်ရှားတော့မယ်လို့ပြောလိုက်။ ဒီတော့ သူ့အနေနဲ့ အနီးကပ် မျက်စိဒေါက်ထောက် ကြည့်ဖို့လိုအပ်တယ်။ ငါကလည်း ဖြစ်ပျက်သမျှ အရာအားလုံးကို သိချင်တယ်။ ကိစ္စသေးသေးလေးတောင်မှ ချန်ထားခွင့်မရှိဘူး”

အခန်း(၈၀၄)

မတော်တဆ ကိစ္စကြီးတစ်ခုရဲ့အစ

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ။ အခုချက်ချင်းသွားပြီး လုပ်ဆောင်လိုက်ပါ့မယ်”

ချန်းပင်းသည် မြို့ရိုးများပေါ်မှ ချက်ချင်းလိုလို ခုန်ဆင်းသွားသည်။ ထိုအချိန်ကာလ အတောအတွင်း ဝမ်ချောင်၏ အပါးတွင်ရှိနေသော လူတိုင်းက လေ၏တင်းကြပ်မှုကို ခံစားကြရသည်။ ချီးရှီထံမှ ကြားထားသော သတင်းစကားအရ ဖုမာန်လင်းချာက တော်ဝင်ခုံရုံး၏ မေးမြန်းခြင်းကို ခံနေရသောအခါ သူတို့၏အတွေးများက အမျိုးမျိုးဖြစ်သွားသည်။ သို့တိုင်အောင် ဝမ်ချောင်ထံမှတဆင့် နောက်ထပ် ဖုံးကွယ်ထားသော အရာမျိုး ရှိနေသေးသည်ဆိုသည့် ခံစားချက်မျိုး ရနေသေးပြန်သည်။

ချီရှီကာကွယ်ရေးစစ်တပ်မှ လူတိုင်းက မကြာခဏဆိုသလို လာလာအယောက်ပြတတ်သည်။ အားလုံးက တချိန်လုံး ဒေါသများကို မြိုသိပ်ထားခဲ့ရသည်။ ချီးရှီကာကွယ်ရေးစစ်တပ်က သူတို့ကို အပြည့်အဝ ဖိနှိပ်နိုင်သည်ဟု ထင်ရသော်လည်း သူတို့အားလုံးကလည်း ဖုမာန်လင်းချာက ကြာကြာမောက်မာပြီး နေနိုင်တော့မည်မဟုတ်ကြောင်း သိနေကြသည်။

အမတ်ကိုယ်တိုင်ကလည်း ဖုမာန်လင်းချာကို ချီးရှီမှ ထွက်သွားအောင် လုပ်မည်ဟု ပြောထားပြီးကတည်းက သူတို့ကလည်း ထိုကိစ္စဖြစ်လာမည်ဆိုလျှင် သိပ်မကြာခင်ဖြစ်လောက်ကြောင်း သိကြသည်။

“ဟိုက်ရား”

ချန်းပင်းက ချောမွေ့စွာဖြင့် ချီးရှီသို့သွားနေချိန်တွင် နောက်တွင် ဖုန်အလုံးလိုက် ချန်ထားရစ်ခဲ့သည်။

“မြို့တော်က သိန်းငှက်အိုကြီးဆီကို စာရေးလိုက်”

ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။

“သူ့ကိုလည်း စတုတ္ထမင်းသားကို မျက်စိဒေါက်ထောက် ကြည့်ခိုင်းထားလိုက်။ လှုပ်ရှားမှုတစ်ခုခုရှိတာနဲ့ တက်နိုင်သမျှ အမြန်ဆုံး တင်ပြရမယ်”

သူ၏အနောက်တွင် ဘယ်သူမှမရှိသော်လည်း အရိပ်ထဲမှ တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဒီလက်အောက်ငယ်သားက အခုပဲသွားပြီး အမိန့်ကို ဆောင်ရွက်ပါ့မယ်”

ပုံရိပ်တစ်ခုက လျှင်မြန်စွာ ပျောက်ကွယ်သွားသည်။

မြို့ရိုးက အလွန်တိတ်ဆိတ်သွားပြီဖြစ်သည်။ ဝမ်ချောင်တစ်ယောက်တည်းသာ ကျန်ရစ်တော့သည်။ ယခုအခါ ဆောက်လုပ်ရေးနှင့်ပတ်သတ်သော ကိစ္စများက ပြီးဆုံးသွားပြီဖြစ်သဖြင့် သံမဏိမြို့က အတော်လေး တိတ်ဆိတ်သွားသည်။

ထိုအချိန်ကာလက အားလုံးအနားယူပြီး ပြန်လည်အားမွေးလိုသော ကာလဖြစ်သည်။

ဝမ်ချောင်၏အကြည့်က အဝေးသို့ လွင့်ပျယ်သွားသည်။ ထိုနေရာသည် ကောင်းကင်နှင့်မြေပြင်က ဆက်စပ်နေသော နေရာဖြစ်သည်။ အရာအားလုံးက တိတ်ဆိတ်ကာ တည်ရှိနေသည်။ ဝမ်ချောင်ကလည်း မြို့တော်ထံမှတဆင့် သူ့ထံ တဖြည်းဖြည်းချင်း လာနေသည့် ကြီးမားသော မုန်တိုင်းကို ခံစားမိနိုင်သည်။

ထိုမုန်တိုင်းက အလွန်မွှေနှောက်နိုင်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူကသာ ဖုမာန်လင်းချာကို နေရာမှ ဖယ်လိုလျှင် ဒါက နောက်ဆုံးသော အခွင့်အရေးဖြစ်ကြောင်း သိထားသည်။ သို့ရာတွင် ဖုမာန်လင်းချာက ကောက်ကျစ်သော မြေခွေးဖြစ်သည်။ သာ့ယန်မာန်ပန့်ကို သူ၏ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ခဲ့သော ကိစ္စတွင်ဖြစ်စေ တိဗက်တွေကိုသုံးပြီး ဝမ်ချောင်ကိုသတ်ရန် ကြိုးစားသောကိစ္စတွင်ဖြစ်စေ နောက်ဆုံး သူကိုယ်တိုင်အတွက် အမှတ်ခိုးသွားသော ကိစ္စတွင်ဖြစ်စေ ဖုမာန်လင်းချာက အားလုံးကို သူ့အတွက် လွတ်မြောက်ရန် နည်းလမ်းရှိအောင် စီစဉ်ထားပြီးသားဖြစ်သည်။

သူ့အကြောင်းအရာနှင့် ပတ်သတ်သော အပြစ်ရှိသော သက်သေများကိုယူရန် ကိစ္စက မလွယ်ကူချေ။

အရေးကြီးသောအချက်ကမူ ဝမ်ချောင်ကိုယ်တိုင်ကလည်း ဖြစ်စဉ်အတောအတွင်း ဖုမာန်လင်းချာ၏ အာရုံကို မဆွဲဆောင်မိခဲ့ချေ။

......

လီရာပေါင်းများစွာအကွာမှ ချီးရှီကာကွယ်ရေးစစ်တပ်...

ခလွီး

ဌာနချုပ်၏ အနောက်တံခါးက ကွဲအက်သံနှင့်အတူ တွန်းဖွင့်ခံရသည်။ ထို့နောက် အလွန်အမင်း မောပန်းနေသော အဘွားကြီးတစ်ယောက်က အရွက်ခြင်းတောင်းကိုသယ်လျှက် လျှောက်ဝင်လာသည်။

သူမ၏ခြေလှမ်းများက ယိုင်နဲ့နေသည်။ တစ်လှမ်းချင်းစီတိုင်းက အလွန်အမင်း သတိထားကာ လှမ်းနေရသည်။ ဒါကပင် သူမ၏ အားအများကြီး ကုန်စေသည်နှင့်တူသည်။

ဖလုံး

ထိုအဘွားကြီးက နံရံနားသို့ လျှောက်သွားပြီးနောက် ပြင်းပြင်းထန်ထန် အသက်ရှုသည်။ ထို့နောက် ခြင်းထဲမှ ညိုးနွမ်းရင့်ရော်နေပြီဖြစ်သော အရွက်ခြောက်များကို ထုတ်လိုက်သည်။ ထိုအရွက်ခြောက်များကို ထိုနေရာတွင် ပုံထားလိုက်သောအခါ စိတ်မသက်မသာဖြစ်စေသော အနံ့ကြီးက ထွက်လာသည်။

ရုတ်တရက် အနောက်တံခါးက ဘန်းကနဲ မြည်သံနှင့်အတူ ကန်ဖွင့်ခံရပြီး ထောင်ထောင်မောင်းမောင်းနှင့် ခပ်ကြမ်းကြမ်း ဟူအစောင့်တစ်ယောက်က အတွင်းသို့ဝင်လာသည်။ သူက ချီးရှီကာကွယ်ရေးစစ်တပ်၏ သံချပ်ကာကို ဝတ်ဆင်ထားသည်။ သူ၏မျက်နှာက ခက်ထန်ကြမ်းတမ်းနေသည်။ သူက ထိုအဘွားကြီးကို ကြည့်လိုက်သည်။

“ရွံ့စရာကောင်းတဲ့အဘွားကြီး အရှင်ကာကွယ်ရေးဗိုလ်ချုပ်က အခုပဲ အမိန့်ထုတ်လိုက်တယ်။ ဟင်းစားတွေ ထပ်ဝယ်တဲ့အခါ ဝူကာလမကျော်ခင် ပြန်လာရမယ်”

“ဒါ့အပြင် စားစရာတွေ ပြင်ဆင်တဲ့အခါမှာလည်း နည်းနည်းပိုပြီး ပြင်ဆင်ထားသင့်တယ်။ ဒီလိုဆိုရင် ငါက နောက်တစ်ကြိမ် ကြာပွတ်နဲ့ရိုက်ရတဲ့ အချိန်ကာလမျိုးမှာ အဘွားကြီး ခင်ဗျားကို ချန်ထားပေးနိုင်တယ်။ ငါ့ကို အစာမုန့်တွေနဲ့ ခစားပေါ့”

“ဒီအဘွားကြီးက နားလည်ပါပြီ”

ထိုအဘွားကြီးက တုန်ယင်နေသည်။ သူမမျက်နှာတွင်လည်း အထိတ်တလန့်ဖြစ်မှုက အထင်းသားပေါ်နေပြီး ခပ်မြန်မြန် ဦးညွှတ်လိုက်သည်။ သူမ၏ဆံပင်ဖြူများ ပြည့်နေသောခေါင်းက မြေပြင်ကိုပင်ထိမတက် ကုန်းသွားသည်။

ထိုအဘွားကြီး၏ ဖျော့တော့အားနည်းသော ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တဆတ်ဆတ် တုန်ယင်နေသော မြင်ကွင်းကမူ အလွန်အမင်း သနားစရာကောင်းသည်။

“ဟင်း အသုံးမကျတဲ့အဘွားကြီး ခင်ဗျားက အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို ဆယ်နှစ်လောက် ခစားလာတာကြောင့်သာမဟုတ်ရင် ငါသတ်ပြီးတာကြာလောက်ပြီ”

အနောက်တံခါးတွင် ထိုခက်ထန်ကြမ်းတမ်းသော ပုံစံနှင့် ဟူအစောင့်က အကြိမ်အနည်းငယ်ထပ်ပြီး ကျိန်ဆဲပြီးနောက် တံခါးကို ခပ်ကြမ်းကြမ်းကန်ကာ ဝုန်းကနဲအသံနှင့်အတူ ပြန်ဝင်သွားသည်။ ထိုသို့ဖြင့် ထွက်ခွာသွားသည်။

အချိန်တစ်ခုကြာပြီးနောက် ထိုအဘွားကြီး၏ မျက်ဝန်းထဲတွင် ရန်ငြိုးတရားများကိုမြင်နိုင်သည်။ သို့သော် ဒါက ခပ်မြန်မြန် ငြိမ်းအေးသွားသည်။ သူမက သူမ၏ အင်္ကျီလက်အောက်မှ အနီရောင် အရွှန်းရာများကို ရန်ငြိုးအပြည့်ဖြင့် ကြည့်လိုက်ပြီးနောက် သက်ပြင်းရှည်ကြီးကိုချကာ စတင်ကာ လှုပ်ရှားသည်။

သူမက ချီးရှီကာကွယ်ရေးဌာနချုပ်မှ ဘေးသို့ ကွေ့လိုက်ရုံဖြင့် ရုတ်တရက် လှမ်းခေါ်သော အသံတိုးတိုးကို ကြားလိုက်ရသည်။

“အဘွား အဘွား ဒီကိုလာ”

ထိုအဘွားကြီးက တုန်တုန်ယင်ယင်ဖြစ်သွားပြီး သူမ၏ မျက်ဝန်းအတွင်း ကြောက်လန့်သော အကြည့်မျိုးက ပေါ်လာသည်။ ထိုပတ်ဝန်းကျင်ကို အာရုံခံကြည့်ပြီးနောက် နူးညံ့သော မျက်နှာလေးတွင် အသက်တစ်ဆယ့်ရှစ်နှစ်၊ တစ်ဆယ့်ကိုးနှစ်အရွယ် ကလေးတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ထောင့်နေရာတွင်ရပ်လျှက် ရှိနေသည်။ ထိုကလေးကိုမြင်မှသာ သူမက စိတ်အေးသွားသည်။

“ရှောင်ရွှီ မင်းကိုဒီလောက်ထိ ဒုက္ခတွေမရှာနဲ့လို့ မပြောဘူးလား။ ငါကိုယ့်ဘာသာ သွားဝယ်နိုင်ပါတယ်”

ထိုအဘွားကြီးက တုန်တုန်ယင်ယင်ဖြင့် အနားသို့သွားသည်။ သူမ၏ အမူအရာက နွေးထွေးပြီး ညင်သာနေသည်။ သူမက ထိုကောင်လေးကိုကြည့်သည်။ သူက မူးယစ်စေသောဆေးများ ရောင်းချသူဖြစ်သည်။ သူမက ဌာနချုပ်မှ ကြာပွတ်ဖြင့် အရိုက်ခံရပြီး ဈေးသို့သွားရင်း ဈေးတွင် မေ့လဲနေချိန်တွင် ထိုကောင်လေးကသူမကို ကယ်ခဲ့ခြင်းဖြစ်သည်။ ထိုအချိန်မှစတင်ပြီး သူမတို့ကြား ရင်းနှီးလာကာ ထိုကလေးကိုလည်း ရှောင်ရွှီဟု ခေါ်ဖြစ်ခဲ့သည်။

ပို၍ဆိုးသည်မှာ ရှောင်ရွှီလေးကလည်း ဌာနချုပ်က သူမကိုမည်သို့ ဆက်ဆံကြောင်းကို သိထားသည်။ ထို့ကြောင့် အမြဲတစေ စားသောက်စရာများ ဝယ်လာပေးလေ့ရှိသည်။

ကာကွယ်ရေးဌာနချုပ်ထံ အလုပ်လုပ်နေရသော လူတစ်ယောက်အနေနှင့် ထိန်းချုပ်မှုအများကြီး ရှိနေသည်။ အပြင်လူများနှင့်လည်း ဆက်ဆံ၍မရချေ။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် သူမက သဘာဝအလျောက်ပင် ရှောင်ရွှီလေးနှင့် ရင်းနှီးသည်။ ထို့ကြောင့်သူ့ကို သူမ၏ မြေးအရင်းကဲ့သို့ ဆက်ဆံသည်။

“အဘွား သူတို့ကထပ်ပြီး ရိုက်သွားပြန်ပြီလား”

ရှောင်ရွှီ၏မျက်နှာက စိုးရိမ်မှုအထင်းသား ပေါ်နေပြီး ထိုအဘွားကြီးကိုကြည့်သည်။

“အာ ငါကျင့်သားရနေပါပြီ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကလည်း တော်ဝင်ခုံရုံးကြောင့် ဖိအားများနေတာဆိုတော့ သူလည်း ဒေါသထွက်နေမှာပေါ့။ ဒါကြောင့်ပဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက ဒါက အတူရှိခဲ့တာဆိုတော့ ငါ့အတွက်ဒါက သာမာန်ဖြစ်သွားပါပြီလေ”

အဘွားကြီးကပြောသည်။

“ဒါပေမဲ့အဘွား အဘွားက အိုနေပြီလေ။ အဘွားအနေနဲ့ ဒီကြာပွတ်ဒဏ်ကို ဘယ်ခံနိုင်တော့မှာလဲ”

ရှောင်ရွှီကလည်း ထိုအဘွားကြီး၏ အခြေအနေကို လက်ခံရန် မနည်းရုန်းကန်ရသည်။

“အာ ငါဘာတက်နိုင်မှာလဲ။ ဒီအဘွားကြီးက ဒီနေရာကလွဲပြီး ဘယ်နေရာကို သွားနိုင်လို့လဲ။ ဒါ့အပြင် ကာကွယ်ရေးဌာနချုပ်က အခြားနေရာတွေနဲ့ ကွာခြားတယ်။ ငါက ကြာပွတ်ရိုက်ခံရပေမဲ့လည်း ဒီဒဏ်ရာတွေကိုလိမ်းဖို့ ဆေးကောင်းကောင်း ရပါသေးတယ်”

အဘွားကြီးက ခါးသီးစွာပြုံးသည်။

အပြင်လူများ၏ အမြင်တွင် ကာကွယ်ရေးဌာနချုပ်တွင် အလုပ်လုပ်နေရသော လူများက အဆုံးအစမဲ့သော အဆင့်အတန်း၊ အောင်မြင်မှု၊ ကြွယ်ဝမှုများကို ပိုင်ဆိုင်မည်ဟု ထင်ကြသည်။ သို့သော် မည်သူကမျှ မသိသည်မှာ သူမက ထိုသို့ခံစားနေရသည်။ ထိုအဘွားကြီးကလည်း အပြင်လူများ၏ အတွေးကိုသိသည်။ ထို့ကြောင့် သူမ၏ အစစ်အမှန် အတွေးများကို ဖော်ပြခဲလေသည်။ ရှောင်ရွှီ၏အရှေ့တွင်သာ သူမက အစစ်အမှန် ပုံစံအတိုင်း နေရသည်။

“အဘွား စိတ်အေးအေးထား တစ်ရက်မှာ ငါသေချာပေါက် အဘွားကိုကယ်မှာ”

ရှောင်ရွှီကထိုသို့ သန်မာစွာပြောသည်။

“ဟား ဟား ဒီလိုပြောတာနဲ့တင် ဒီအဘွားက ပျော်နေပါပြီ”

ထိုအဘွားအိုကြီးက တခဏခန့် ရပ်တန့်ပြီးနောက် ရယ်လိုက်သည်။ ဒါက ခမ်းနားသော ချီးရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးလည်းဖြစ် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးလည်းဖြစ်သူ တစ်ယောက်က နေထိုင်သော နေရာဖြစ်သည်။ ဒီလိုကလေးတစ်ယောက်က သူမကို လွှတ်ပေးရန် မဖြစ်နိုင်ချေ။ ဒါကဒီတိုင်း ရူးသွပ်သော အတွေးသာဖြစ်သည်။ ဒီတိုင်းသတိလက်လွတ် ချမိသော မှတ်ချက်သာ ဖြစ်ပေလိမ့်မည်။

ရှောင်ရွှီထံမှ စားစရာများပါသော တွန်းလှည်းလေးကို ယူလာပြီးနောက် ထိုအဘွားအိုကြီးက တုန်တုန်ယင်ယင်ဖြင့် ကာကွယ်ရေးဌာနချုပ်သို့ပြန်သည်။

ကာကွယ်ရေးဌာနချုပ်မှ စည်းမျဉ်းများက အလွန်အမင်း တင်းကြပ်သည်။ သူမကသာ အချိန်မှီ မပြန်နိုင်လျှင် အပြစ်တသီတတန်းကို ခံရပေလိမ့်မည်။

“ဟိုက်ရား”

သူက တုန်တုန်ယင်ယင်ဖြင့် ထွက်သွားသော အဘွားအိုကြီးကို ကြည့်နေရင်းမှ မနေနိုင်ဘဲ သက်ပြင်းချသည်။ သူ၏မျက်ဝန်းထဲတွင် စာနာသနားမှုများကို မြင်နိုင်သည်။

“အဘွား စိတ်အေးအေးထားပါ။ ငါသေချာပေါက် ဒီကတိကို တည်အောင်လုပ်ပေးမှာ။ ဒီကိစ္စပြီးသွားတာနဲ့ ငါအဘွားကို ဒီနေရာက ခေါ်သွားလို့ရပြီ”

ရှောင်ရွှီက ယုံကြည်မှုရှိစွာဖြင့် ရေရွတ်သည်။ တခဏခန့်ကြာပြီးနောက် သူက ကိုယ်ကိုမတ်လိုက်ကာ ထွက်သွားသည်။ သူက တစ်နေရာသို့ ဦးတည်လိုက်ခြင်းဖြစ်သည်။

ဖလပ် ဖလပ်

အချိန်တစ်ခုကြာပြီးနောက် အနောက်ဘက်ပိုင်း ဒေသတွင် နေထိုင်ကျက်စားလေ့ရှိသည့် ကျောက်တုံး သိန်းငှက်များထဲမှ တစ်ကောင်က ကောင်းကင်သို့ ထိုးတက်သွားသည်။

......

“အရှင်အမတ် ငါတို့ ကျန်းချွယ်ရဲ့စာကို ရလာတယ်။ သူကပစ်မှတ်နဲ့ အဆက်အသွယ် ရနေပြီးသား။ ချီးရှီကာကွယ်ရေးစစ်တပ်က လူတိုင်းက တင်းကြပ်တဲ့ စုံစမ်းစစ်ဆေးမှုအောက်ကို ရောက်နေတယ်”

ကျောက်တုံးသိန်းငှက်က တစ်ကြိမ်ထပ်ပျံသွားပြီးနောက် ဝူရှန်းမှကင်းထောက်က မြို့ရိုးပေါ်မှ ခုန်ဆင်းလာကာ ဝမ်ချောင်၏အရှေ့သို့ ရောက်လာသည်။ သူက ခန္ဓာကိုယ်ကို အသားကုန် ငုံ့ကိုင်းလိုက်ပြီးနောက် လက်နှစ်ဖက်ဖြင့် စာကိုကမ်းပေးသည်။

“အွန်း”

ဝမ်ချောင်က သူ၏ညာဘက်လက်ကို ဆန့်ထုတ်လိုက်ပြီး စာကိုယူရင်း အကြည့်ကမူ အဝေးရှီ ချီးရှီထံသို့ ရောက်သွားသည်။ သူက တစ်ချက်ကြည့်လိုက်ပြီးမှသာ အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ ထို့နောက် စာကိုသိမ်းသည်။ အရာအားလုံးက အစီးအစဉ်အတိုင်း ဖြစ်နေသည်။ ဖုမာန်လင်းချာကလည်း အလွန် သတိကြီးသောလူဖြစ်သည်။ အပြင်ဘက်တွင်မူ စိတ်ကြီးသည်ဟု ထင်ရသော်လည်း အတွင်းဘက်တွင်မူ ကောင်းကောင်း တွေးဆ၊ ချိန်ဆတတ်သည်။ သူက ဖော်ပြထားသော ပုံစံအရ ရက်စက်ကြမ်းတမ်းပြီး သန်မာလွန်းသောလူဟု ထင်ရသော်လည်း သူ၏အကြံအစည်များကိုသာ သေချာကြည့်လိုက်လျှင် ပြစ်ချက်နည်းလေသည်။

ထို့ကြောင့် ဝမ်ချောင်အနေနှင့် သူ့ကိုဘေးသို့ဖယ်ရန် လက်တွေ့ကျသည့် နည်းလမ်းများကို အများကြီး မပိုင်ဆိုင်ထားချေ။

တစ်ဖက်သူက အင်ပါယာ မဟာဗိုလ်ချုပ်ကြီးဖြစ်ပြီး မယုံနိုင်စရာကောင်းလောက်အောင် အဆင့်အတန်းက မြင့်မားသည်။ အာဏာကလည်းကြီးသည်။ လွှမ်းမိုးမှုကလည်းများသည်။ စီနီယာလည်းကျသည်။ သူ့ကို နေရာရွှေ့သော ကိစ္စက လွယ်ကူသော တာဝန်မဟုတ်ချေ။ ကောင်းကင်သားတော်၏ တပည့်ဖြစ်သူကပင် ဘုရင်စုန့်၏ အကူအညီဖြင့်ပင် မလုပ်နိုင်ချေ။

ကံဆိုးသည်မှာ ဖုမာန်လင်းချာက အလွန်အမင်း အတွေ့အကြုံများသော လူတစ်ယောက်ဖြစ်သော်လည်း သူက ကြောက်စရာကောင်းသည့် အခြေအနေတစ်ခုကို ကြုံနေရသည်။ ဒါက ပေါက်ကွဲလွယ်ခြင်းဖြစ်သည်။ သူက လက်အောက်ငယ်သားများကို ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်တတ်သော အကျင့်ရှိသည်။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်အနေနှင့် ကျန်းချွယ်ကို ချီးရှီကာကွယ်ရေးစစ်တပ်၏ ဗိုလ်ချုပ်ကြီးများအတွက် စားစရာများ ချက်ပြုတ်ပေးသည်။ ထိုအဘွားအိုကြီးနှင့် အဆက်အသွယ်ရအောင် လုပ်ခိုင်းထားခြင်းဖြစ်သည်။

လူအနည်းစုကသာ ထိုအဘွားကြီး၏ တည်ရှိမှုကိုသိသည်။ ချီးရှီစစ်တပ်ကလည်း ထိုကိစ္စကို လျို့ဝှက်ချက်အဖြစ် ထားထားသည်။ သို့သော် ဝမ်ချောင်ကမူသိသည်။

အနာဂတ်ရှိ မတော်တဆမှုတစ်ခုတွင် ထိုဟင်းချက်ပေးရသော အဘွားအိုကြီးက အရေးကြီးသောကဏ္ဍမှ ပါဝင်လာသည်။ ချီးရှီကာကွယ်ရေးစစ်တပ်မှ ထိုအဘွားအိုကြီးကသာ ဖုမာန်လင်းချာကို ဝေဖန်ရဲသူဖြစ်ခဲ့သည်။ ထိုကိစ္စက ဝမ်ချောင်၏စိတ်ထဲတွင် နက်ရှိုင်းစွာ ရှိနေခဲ့သည်။ ထို့ကြောင့် ကျန်းချွယ်ကို သူမနှင့် အဆက်အသွယ်ရအောင် ယူခိုင်းထားခြင်းဖြစ်သည်။

ကင်းထောက်က အနည်းငယ် တုန့်ဆိုင်းနေပြီးနောက် ပြောလိုက်သည်။

“ဒါ့အပြင် ကျန်းချွယ်ကလည်း စာနှင့်အတူ တောင်းဆိုမှုတစ်ခု ပြုထားသေးတယ်။ သူက မျှော်လင့်တာက ဒီကိစ္စပြီးသွားခဲ့တဲ့အခါ အရှင်အမတ်အနေနဲ့ ချီးရှီကာကွယ်ရေးစစ်တပ်က အဲ့ဒီအဘွားကို ကယ်ဆယ်ပေးပြီး သူမကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ ငြိမ်းငြိမ်းချမ်းချမ်းဘဝကို ပေးစွမ်းနိုင်လားဆိုတဲ့ စကားပါ”

“ရတယ်”

ဝမ်ချောင်က တွေးတောစရာမလိုဘဲ သဘောတူလိုက်သည်။ ကျန်းချွယ်က ဘာစကားမှ မပြောသည့်တိုင်အောင် သူကလည်း ထိုအဘွားကြီးအတွက် ငြိမ်းငြိမ်းချမ်းချမ်း အနားယူရန်နေရာ စီစဉ်ထားပြီးသားဖြစ်သည်။ သို့မဟုတ်လျှင် ချီးရှီတွင် စိတ်အေးအေးနေရန် ခက်ခဲသွားပေလိမ့်မည်။

“ကျေးဇူးတင်ပါတယ် အရှင်အမတ်”

ကင်းထောက်က ပျော်ရွှင်စွာဖြင့် တုန့်ပြန်သည်။ ဝမ်ချောင်က ပြုံးရုံသာ ပြုံးလိုက်သည်။ ကျန်းချွယ်က ဝူရှန်းသို့ရောက်သည်မှာ သိပ်မကြာသေးသော်လည်း သူက စကားပြောကောင်းသည်။ ထိုသို့ဖြင့် စစ်တပ်ထဲမှ စစ်သည် အများအပြားဖြင့် မိတ်ဆွေဖြစ်လာသည်။ ဒီနည်းအားဖြင့် ထိုကင်းထောက်များကပင် သူ့အတွက် ပြောပေးလိုစိတ်ရှိကြသည်။

......

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း သုံးရက်ကြာသွားပြီဖြစ်သည်။

သံမဏိမြို့တွင် လုပ်စရာကိစ္စ ထောင်ပေါင်းများစွာရှိနေသည်။ နယ်မြေတစ်ခုကို ကြီးကြပ်ရသောကိစ္စက နယ်မြေတစ်ခုထုတ်ပြီး မြို့တည်ဆောက်ရသော ကိစ္စနှင့်မပြီးချေ။ ဝမ်ချောင်အနေနှင့် ထိုနေရာတစ်ခုလုံးကို ပုံစံချချင်လျှင် ကြိုစောပြီး လုပ်ရမည့်တာဝန်များ ရှိနေသည်။ မိုးသောက်ချိန်တွင် ဝမ်ချောင်က မြို့အတွင်းရှိ သူ၏စံအိမ်အတွင်း မှတ်တမ်းများကို ပြန်လည်ကြည့်၍ ပြီးသွားသည်။ ထို့နောက် ရုတ်တရက် အလျှင်စလို လှမ်းလာသော ခြေလှမ်းများက သူ့ကိုနှောက်ယှက်လိုက်သည်။

“အရှင်အမတ် ကျန်းချွယ်က ချီးရှီကာကွယ်ရေး ဌာနချုပ်ဘက်က လှုပ်ရှားမှုရှိတယ်လို့ သတင်းပို့လာပါတယ်”

အစောင့်၏သတင်းက တိကျသည်။ ဝမ်ချောင်က ချက်ချင်းလိုလို ထရပ်လိုက်မိသည်။

ဘန်း

ချက်ချင်းလိုလို နောက်ထပ် အစောင့်တစ်ယောက်က လေပြင်းကဲ့သို့ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အပြေးဝင်လာသည်။

“အရှင်အမတ် ရှောင်ရွှီကလည်း ချီးရှီကာကွယ်ရေးဌာနချုပ်က လူတွေက အဲ့ဒီနေရာက ထွက်သွားတယ်လို့ အကြောင်းကြားလာပါတယ်”

ဒုတိယအစောင့်က အခိုင်အမာပြောသည်။

သတင်းနှစ်ခုက လေပွေလို ရောက်လာခြင်းဖြစ်ပြီး သံမဏိမြို့တစ်ခုလုံးကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ ထိုသို့ဖြင့် အသစ်စက်စက် တည်ဆောက်ထားသော ထိုနေရာရှိလေထုက တင်းကြပ်သွားသည်။ ထိုမျှတင်းကြပ်နေသော လေထုထဲတွင် ဝမ်ချောင်ဘက်မှ အင်အားစုတိုင်းက စတင်ကာ လှုပ်ရှားရန် ပြင်ဆင်ကြသည်။

အခန်း(၈၀၅)

ထိုမတော်တဆမှုက မနေ့ညက စတင်ခဲ့ခြင်းဖြစ်သည်။ ဖုမာန်လင်းချာ၏ စံအိမ်ထဲတွင် လူတိုင်း၏ စားစရာကို တာဝန်ယူပေးရသော ထိုအဘွားကြီးက အချိန်မှီစားစရာများကို လာမပို့ခဲ့ချေ။ ထိုအဘွားကြီးက ဖုမာန်လင်းချာကို ဆယ်နှစ်ကြာအောင် ခစားလာခဲ့ခြင်းဖြစ်ပြီး လက်အောက်ငယ်သားများ၏ အကြိုက်ကိုပင် ရင်းနှီးနေသူဖြစ်သည်။

ဖုမာန်လင်းချာဘက်မှ လူတိုင်းကလည်း ကျေနပ်ရန်ခက်ခဲပြီး ထူးဆန်းသော အကြိုက်များရှိသည်။ သူတို့အားလုံးက ဟင်းပွဲတိုင်းလိုလိုတွင် အလွန်အမင်း ပုံမှန်မဟုတ်သော ဟင်းလျာကို စားချင်စိတ်ရှိကြသည်။ ထို့ကြောင့် နှစ်ပေါင်းများစွာကြာပြီးနောက် ထိုအဘွားကြီးကသာ သူတို့၏ အကြိုက်ကို ကျေနပ်အောင် ချက်ပြုတ်နိုင်သောလူဖြစ်လာသည်။

ထို့ကြောင့် သူမက ထိုမျှအိုမင်းနေပြီး တစ်ခေါင်းလုံး ဖြူနေသော်လည်း ဖုမာန်လင်းချာက သူမကို အနားတွင် ခေါ်ထားသေးခြင်းဖြစ်သည်။ ဖုမာန်လင်းချာကလည်း အလွန်သတိကြီးသည်။ သူက ဘယ်သောအခါမှ အလွန်အရေးကြီးသော ကိစ္စများကို အခြားသူများကို ကိုင်တွယ်ခိုင်းလေ့မရှိချေ။ ကိုယ်တိုင်လုပ်သည်။ ရလဒ်အနေဖြင့် ထိုအဘွားကြီးကသူ့ကို ခစားနေသည်မှာ ဆယ်နှစ်ကျော်သွားသည့်တိုင်အောင် တစ်ဖက်က အရေးပါသော လျို့ဝှက်ချက်များကို မသိသေးချေ။ သို့သော် ဖုမာန်လင်းချာက မည်မျှပင် သတိထားနေစေကာမူ သုံးရက်လုံးလုံး ထမင်းမစားဘဲ မနေနိုင်ချေ။

ဟင်းပွဲများ၏အမှာစာကို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုအဘွားကြီးကလည်း မည်သည့်စားစရာများကဖြင့် လိုနေသည်။ မည်သည့်စားစရာများကဖြင့် ပိုနေပြီဖြစ်ကြောင်း သိသည်။ ထို့ကြောင့် ဖုမာန်လင်းချာ၏ လက်အောက်ငယ်သားများထဲက မည်သူကမရှိကြောင်း မည်သူကတော့ဖြင့်ရှိကြောင်း သိနိုင်ခြင်းဖြစ်သည်။

ထိုကိစ္စက ဒီတိုင်း သဲလွန်စအဖြစ်သာ ပြောနိုင်ပြီး သက်သေအတိအကျ မရှိသေးချေ။ ထို့ကြောင့် ကျန်းချွယ်အနေနှင့်လည်း ဒီညကိစ္စများကို အတည်ပြုခြင်းက ပိုကောင်းသည်ဟု ထင်ခဲ့သည်။ မနက်ပိုင်းတွင် သူက တိကျသော အဖြေကို ရမှသာ ဝမ်ချောင်ထံ စာပို့ခဲ့ခြင်းဖြစ်သည်။

“ဖုမာန်လင်းချာရဲ့ စံအိမ်က လူဘယ်လောက်တောင် ပျောက်နေလဲ”

ဝမ်ချောင်ကမေးသည်။ သူ၏မျက်ခုံးက ခပ်တင်းတင်းကျုံ့ထားသည်။

“ငါးယောက်ပါ အနည်းဆုံး ငါးယောက်ပဲ ဟင်းအမျိုးအစား ငါးမျိုးက လိုနေတာ။ ဒါပေမဲ့ ဒါက အနည်းအကျဉ်းလောက်ပဲရှိသေးတယ်။ စားသောက်နေတဲ့ အချိန်အတောအတွင်း မထွက်သွားတဲ့လူတွေ ရှိနေမလားဆိုတာကို အာမ မခံနိုင်ဘူး။ နောက်ဆုံးပြောရရင်တော့ ဒီကိစ္စက တော်တော်လေးကို ပုံမှန်မဟုတ်ဘူး။ လူငါးယောက်အတွက် ပြင်ဆင်ပေးရတဲ့ စားစရာတွေက ရုတ်တရက် ပျောက်သွားတယ်ဆိုတာက ပုံမှန်မှမဟုတ်တာ”

ကျန်းချွယ်ကလည်း ခပ်တင်းတင်းပြောသည်။

ထိုကိစ္စကို အတည်ပြုပြီးနောက် ငှက်ဖြင့်စာပို့လိုက်ပြီး ကျန်းချွယ်က အပြန်ခရီးသို့ စတင်သည်။ နောက်ဆုံးတွင်သူက သံမဏိမြို့သို့ ရောက်လာသည်။ လူငယ်အမတ်ကလည်း အကြောင်းပြချက်မရှိ ဘာကိုမှ လုပ်လေ့မရှိချေ။ ထို့ကြောင့် အနောက်တောင်ပိုင်း စစ်ပွဲတွင် စစ်ပွဲမဖြစ်ခင် ထူးဆန်းသော သံမဏိမြို့ရိုးကြီးကို တည်ဆောက်ခဲ့ခြင်းကတင် အချို့သော ကံကြမ္မာများကို ပြောင်းလဲနိုင်ခဲ့လေသည်။ သို့မဟုတ် ရုတ်တရက် သူ၏စစ်တပ်နှင့်အတူ လုံရှီသို့ ထွက်သွားသော ကိစ္စကလည်း သူက ရှေ့ရေးကို ကြိုမြင်ပြီး အကြံအစည်ချကာ လုပ်ဆောင်နိုင်သူဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သလို ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်းထံသို့ သွားနိုင်သည့် လျို့ဝှက်လမ်းကို ရှာတွေ့ခဲ့သောကိစ္စကလည်း သူ၏ အမျှော်အမြင်ရှိမှုကို ပြသနိုင်ခဲ့သည်။

လူငယ်အမတ်နှင့် အချိန်လုံလောက်အောင် အတူရှိခဲ့ဖူးသော မည်သူမဆို သူက ကိစ္စများကို လုပ်ဆောင်သည့် အခြေအနေကို နားလည်ကျွမ်းဝင်နေပေလိမ့်မည်။

ဝမ်ချောင်က သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားသေးသော်လည်း အနှေးကွေးဆုံး လူကပင် ထိုကိစ္စက အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာနှင့် ပတ်သတ်နေသဖြင့် ရယ်ရသောကိစ္စမဟုတ်ကြောင်း သိနေကြသည်။ အနည်းဆုံး သတိလစ်သွားသော ကိစ္စကပင် အပြောင်းအလဲကြီးကို ဖြစ်သွားစေနိုင်သည်။ သို့မဟုတ် အင်ပါယာ တစ်ခုလုံး၏ ပျက်စီးမှုကို စစေနိုင်လောက်သည်။

ထို့အပြင် အရှင်အမတ်က ထိုကိစ္စကို သူ၏လွှမ်းမိုးမှု အားလုံးသုံးကာ လုပ်ဆောင်ထားပြီး အကန့်အသတ်ထိပင် အာရုံစိုက်ထားသည်။

အရာအားလုံးကိုသိနေသည့် ကျန်းချွယ်ကလည်း ဝမ်ချောင်ထံ လူကိုယ်တိုင် သတင်းပို့ရန် ချက်ချင်းလိုလို ပြန်သွားသည်။

“ရွှီခဲ့ယွီ မင်းလူဘယ်လောက်လောက် အတည်ပြုပေးနိုင်လဲ။ တစ်ခုခု ကြိုမြင်မိတာမျိုး မရှိဘူးလား”

ဝမ်ချောင်၏ အကြည့်က ရွှီခဲ့ယွီထံ ရောက်သွားသည်။ ကျန်းချွယ်နှင့် ရွှီခဲ့ယွီကလည်း ထူးဆန်းသော တစ်စုံတစ်ရာကို သတိထားမိသည်။ ထို့ကြောင့် ဝမ်ချောင်က တစ်စုံတစ်ရာကို သတိပြုမိသည်နှင့် ရွှီခဲ့ယွီကို ဆင့်ခေါ်လိုက်ခြင်းဖြစ်သည်။

“အရှင်အမတ် အရှင်အမတ်ရဲ့ အမိန့်အတိုင်း ငါတို့က လီတစ်ထောင် သင်းရနံ့ကိုသုံးပြီး ဖုမာန်လင်းချာဘက်က ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေကို ခြေရာခံခဲ့ပါတယ်။ သူတို့ထဲက တစ်ယောက်ယောက်က ချီးရှီနဲ့ အကွာအဝေးတစ်ခုကို ရောက်သွားတာနဲ့ ငါတို့က သိရမှာပါ”

ရွှီခဲ့ယွီက မြေအောက်လောကမှ လူများထံမှ ထူးဆန်းသော ရေမွှေးတစ်မျိုးကို ပြောပြခြင်းဖြစ်သည်။ ထိုအရာက ပစ်မှတ်များကို ခြေရာခံနိုင်သည်။ လီတစ်ထောင် သင်းရနံ့ကို အသုံးပြုသောလူက ပထမဦးဆုံးအနေနဲ့ သူတို့ရဲ့ပစ်မှတ်ပေါ်တွင် နူးညံ့သော အမွှေးနံ့ကို ချန်ထားရစ်ရမည်ဖြစ်ပြီး ကောင်းကောင်း လေ့ကျင့်ပေးထားသော အိမ်စောင့်ခွေးများကဆိုလျှင် ထိုအနံ့ကို အာရုံခံနိုင်လေသည်။ အကွာအဝေးတစ်ခုသို့ ရောက်သွားလျှင် ထိုရနံ့က ဖျော့တော့သထက် ဖျော့တော့သွားမည်ဖြစ်သည်။ ထိုအခါ အိမ်စောင့်ခွေးက ရူးရူးသွပ်သွပ် စတင်ဟောင်ပေလိမ့်မည်။ ထိုနည်းအားဖြင့် ပုံမှန်အတိုင်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်ရာမှ ပြောင်းလဲမှုကို ထင်ရှားစွာ မြင်နိုင်မည်ဖြစ်သည်။

ရွှီခဲ့ယွီက ထိုနည်းလမ်းနှင့်ပတ်သတ်ပြီး ဘာအကြောင်းအရာမှ ထူးထူးခြားခြား မသိထားချေ။ ဒီတိုင်း သိန်းငှက်အိုကြီးကသာ အကြံပေးခဲ့ခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း အနောက်ပိုင်းဒေသတွင် ရန်ဟုန်ချန်းကို ထိုတာဝန်ပေးခဲ့သည်။ ရန်ကလန်က အနောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ ကျင်လည်နေသူဖြစ်သည့်အလျောက် ဘဝအမျိုးမျိုးတွင် လျှောက်လှမ်းနေသော လူများနှင့် ရင်းနှီးထားသည်။ ထို့ကြောင့် တစ်ရက်ကြာပြီးသည်နှင့် ရန်ဟုန်ချန်းက အိမ်စောင့်ခွေးများနှင့် လီတစ်ထောင် သင်းရနံ့ကို ဝမ်ချောင်ကို ပေးလာနိုင်ခဲ့သည်။

“နောက်ပြီး အနည်းဆုံး တစ်ချိန်ထဲလိုလို ထဟောင်တဲ့ အိမ်စောင့်ခွေးက ခုနှစ်ကောင်လောက် ရှိနေပါတယ်။ ဒီတော့ အနည်းဆုံး လူခုနှစ်ယောက်လောက်က ချီးရှီက ထွက်သွားကြတာပါ”

ရွှီခဲ့ယွီကပြောသည်။

အခန်းထဲရှိ လေထုအခြေအနေက အလွန်အမင်း တင်းမာသွားသည်။ ဝမ်ချောင်က တိတ်တဆိတ်ထိုင်ကာ အတွေးနက်လျှက် မျက်မှောင်ကျုံ့နေသည်။ လူတိုင်းက အသက်ပင် ကျယ်ကျယ်မရှုရဲကြပေ။ သူတို့အားလုံးကလည်း ဝမ်ချောင်၏ခန္ဓာကိုယ်မှ တင်းအားကို ခံစားမိကြသည်။ ရှင်းလင်းစွာဖြင့်ပင် ဒီကိစ္စက အရေးကြီးနေသည်။

ငါးယောက်၊ ခုနှစ်ယောက်... ဖုမာန်လင်းချာ ခင်ဗျား ဘာလုပ်မလို့လဲ။ ခင်ဗျားရဲ့ တကယ့်ပန်းတိုင်က ဘာလဲ။ ဒါမှမဟုတ် တစ်ခုခုကို သတိထားမိသွားတာလား။

ဝမ်ချောင်က ခေါင်းကိုမော့သည်။ သူက သူ၏ညာဘက်လက်၏ လက်ညိုးနှင့် လက်ခလယ်ကြားမှ နေရာကို နှိပ်နှယ်နေရင်း သူ၏စိတ်ထဲတွင်လည်း မရေမတွက်နိုင်သော အတွေးပေါင်းများစွာ ပေါ်လာသည်။ အရာအားလုံးက မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့လျှင် ကျော်ကြားသော ရွှီယန်နန်းတော် မတော်တဆမှုက အသိုင်းအဝိုင်းတစ်ခုလုံးကို ငလျှင်လှုပ်သလိုမျိုး လှုပ်ခါစေသည့် အဖြစ်အပျက်မျိုးကို ဖြစ်ပေါ်စေပေလိမ့်မည်။ ဖုမာန်လင်းချာဆိုသည့် ချီးရှီကာကွယ်ရေး ဗိုလ်ချုပ်ကလည်း မြို့အတွင်းရှိ မင်းသားများ၏ စစ်ပွဲထဲတွင် ဝင်ပါ၍ အဆုံးသတ်သွားရပေလိမ့်မည်။ ထိုသို့ဖြင့် နယ်စပ်၏ မဟာဗိုလ်ချုပ်ကြီးများအတွက် ကြီးမားသော အကြောင်းပြချက်တစ်ခု ဖြစ်လာပေလိမ့်မည်။

မင်းဆက်တိုင်းလိုလို အရှင်သခင်နှင့် ခုံရုံး၏ အမတ်များကြားမှ ပြင်းပြင်းထန်ထန် ချဉ်းကပ်မှုနှင့် အကဲဖြတ်ခံရမှုများက စစ်မတ်ဘက်မှ အာဏာကြီးသော လူများအတွက် မလုပ်ရဆိုသော အကြောင်းပြချက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုသို့သော တားမြစ်ချက်ကို လုပ်မိလိုက်သဖြင့် ရာထူးမှ အဖယ်ခံရသော မဟာဗိုလ်ချုပ်ကြီးပေါင်းများစွာ ရှိခဲ့ပြီး အရေအတွက်ကိုပင် မရေတွက်နိုင်ချေ။ သို့ရာတွင် ထိုမတော်တဆမှုက တစ်လောကလုံးကို လှုပ်ခါစေခဲ့ပြီး ဖုမာန်လင်းချာကို ထိုသို့ အပြစ်တင် ပြောဆိုခံရသည့် တံတွေးခွက်ထဲသို့ မျောစေသည့်တိုင်အောင် လုံလောက်သောသက်သေ မရှိသောကိစ္စက သူ့ကို ထိုကပ်ဘေးကို ကပ်သီးလေး ရှောင်နိုင်စေခဲ့သည်။

ထို့ပြင် သူအတိတ်က လုပ်ဆောင်ခဲ့မှုများနှင့် ပေါင်းလိုက်သော် သူတော်စင်ဧကရာဇ်က သူ့ကို တော်ဝင်ရာထူးမှ ဖယ်ရှားရန်သာ ဆုံးဖြတ်ခဲ့သည်။ သို့သော် သူ့ကို ကာကွယ်ရေးဗိုလ်ချုပ် ဆက်ဖြစ်ခိုင်းသေးသည်။ သူလိုချင်သောနေရာကိုမူ ဘယ်သောအခါမှ ရနိုင်တော့မည်မဟုတ်ချေ။

ဝမ်ချောင်က ဖုမာန်လင်းချာကို ကိုင်တွယ်လိုလျှင် ဒါက နောက်ဆုံးသော အခွင့်အရေးဖြစ်သည်။ သို့သော် အရင်ဆုံးအနေဖြင့် ဖုမာန်လင်းချာ အယုံကြည်ရဆုံးလူကို ရှာဖွေရန်လိုအပ်သည်။ ဖုမာန်လင်းချာက ထိုမင်းသားကို သစ္စာခံကြောင်းပို့သော အရာကသာ ဖုမာန်လင်းချာကို အပြင်းအထန် ထိုးနှက်နိုင်မည့် သက်သေဖြစ်သည်။ ရင်ယန်နန်းတော်မှ မတော်တဆမှုက နန်းတွင်းတွင် ကြီးစိုးဖြစ်ပွားလာသောအခါ နယ်စပ်မှ ဗိုလ်ချုပ်ပေါင်းများစွာကို ဆွဲချသွားခဲ့သဖြင့် သူတော်စင်ဧကရာဇ်က ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်။ ထိုသက်သေလိုအပ်ချက်က ဖုမာန်လင်းချာက သေစေနိုင်သော အပြစ်ဒဏ်မှ လွတ်သွားခဲ့သည်။

ထိုမတော်တဆမှုပြီးနောက် ဖုမာန်လင်းချာက ပို၍ပင် သတိထားလာသည်။ ယခင်ကထက်ပင် ပို၍ သတိအပြည့်တွက်ကာ လုပ်ဆောင်တတ်သည်။ ဒီနည်းအားဖြင့် သူက ဘယ်သောအခါမှ သဲလွန်စ မချန်တတ်သလို အားနည်းချက်ကိုလည်း မပြခဲ့ချေ။

ထိုမတော်တဆမှုက ယခင်တစ်ခေါက်ကနည်းတူ ဖြစ်ပွားခဲ့ရိုး မှန်ကန်လျှင် ဝမ်ချောင် ကြိုးစားအားထုတ်ထားသမျှက အလဟာသ ဖြစ်သွားပေလိမ့်မည်။ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲက အဓိပ္ပာယ်မဲ့သွားပြီး ချီးရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးက ဖုမာန်လင်းချာ၏ ဖမ်းဆုပ်မှုအတွင်း ကျန်ရှိနေပေလိမ့်မည်။ ပို၍ဆိုးသည်မှာ အနောက်ပိုင်းနယ်မြေအတွက် ဝမ်ချောင်၏ အကြံအစည်က အလှည့်အပြောင်းပင် ဖြစ်လာနိုင်သေးသည်။ သူ၏ကြိုတင်ပြင်ဆင်မှုများ အားလုံးက အလဟာသ ဖြစ်သွားနိုင်သည်။

အရေးကြီးဆုံးအချက်ကမူ ဖုမာန်လင်းချာနှင့် အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်ကောင်းရှန်းကျစ်တို့က ဘယ်သောအခါမှ ဆက်ဆံရေးမကောင်းချေ။ ဖုမာန်လင်းချာက နေရာတွင် ရှိနေသမျှ မဟာထန်ကလည်း တာ့လာ့ထံတွင် ခါးသီးစွာ ရှုံးနေဦးမည်ဖြစ်ပြီး အနောက်ပိုင်းဒေသကို ထိန်းချုပ်မှု ပျောက်ဆုံးသွားအုံးမည်ဖြစ်သည်။ ထိုသို့ဖြင့် အတွင်းပိုင်းစစ်ဖြစ်သော ကာလကြီးက ဖြစ်လာဦးမည်ဖြစ်သည်။

ဝမ်ချောင်ကလည်း ထိုအခြေအနေကို ထပ်ဖြစ်ခွင့်မပြုနိုင်ချေ။

ဖုမာန်လင်းချာက ဟူတစ်ယောက်။ နောက်ပြီး အရမ်းကို ရည်မှန်းချက်ကြီးတဲ့လူ။ ယခင်တစ်ခေါက် မတော်တဆမှုမှာကတင် ဒီကိစ္စက ရှင်းလင်းနေတာပဲ။ သူက တြိဂံပုံမြေကွက်လပ်က အမှတ်တွေအားလုံးကို ခိုးရဲလောက်တဲ့အထိ လုပ်ရဲတယ်။ အာဏာအတွက် အမှတ်အတွက် ဒီလိုလုပ်ခဲ့တာတွေကြီးပဲ။ ဖုမာန်လင်းချာက ချီးရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုတဲ့ နေရာထက် ပိုမြင့်တဲ့ နေရာအထိ တက်ချင်နေသေးတယ်။ ဒီတော့သူက တော်ဝင်ကလန်က မင်းသားနဲ့ ပူးပေါင်းဖို့ ကြံစည်ခဲ့တယ်။

ကျန်းချုံကျန့်ချုံးက အန်းနန်ကာကွယ်ရေး စစ်တပ်ကနေ စစ်အမတ်ဘဝကို မြင့်တက်နိုင်ခဲ့တယ်။ ဒါက သူ့ကို ရန်စလိုက်တာပဲ။ ဒါတင်မဟုတ်သေးဘူး ငါအရင်ဘဝက အဲ့ဒီမှာ မရှိနေခဲ့လို တြိဂံပုံမြေကွက်လပ်က တိုက်ပွဲက မဖြစ်ခဲ့ဘူး။ ဒါပေမဲ့အခု ဖုမာန်လင်းချာက ဒီတိုက်ပွဲရဲ့ အကျိုးအမြတ်ကို ယူလိုက်ပြီ။ သူ့ရဲ့ရည်မှန်းချက်က ပိုတောင်ကြီးသွားလိမ့်မယ်။ ဒီတော့ သူ့ကို ထိန်းထားဖို့ ပိုခက်တယ်။

ဝမ်ချောင်၏စိတ်က အတွေးများဖြင့် ပြည့်နှက်နေသည်။ ဖုမာန်လင်းချာက သူ၏ အယုံကြည်ရဆုံးလူကို မြို့တော်သို့လွှတ်ပြီး ထိုအရာကို ပေးကမ်းမည်ဖြစ်ကြောင်းကိုလည်း အသေအချာ နားလည်နေသည်။

သူက တကယ်ကို ကောက်ကျစ်တဲ့လူပဲ။

ဝမ်ချောင်က စိတ်ထဲတွင် သက်ပြင်းချသည်။ လူအနည်းစုလောက်ကသာ ဖုမာန်လင်းချာနှင့် ထိုမင်းသား၏ ဆက်ဆံရေးကို သိလောက်သည်။ အနည်းဆုံး လက်ရှိအခြေအနေအထိ ဒါက လျို့ဝှက်ချက် ဖြစ်နေသေးသည်။ ဒီအခြေအနေမျိုးတွင် အရာအားလုံးက တည်ငြိမ်ကာ ငြိမ်သက်နေသေးသည်။ ဖုမာန်လင်းချာက သူ၏ ယုံကြည်ရသော လက်အောက်ငယ်သား ငါးယောက်မှ ခုနှစ်ယောက်ခန့်အထိကို သံတမန်များအဖြစ် စေလွှတ်ခဲ့လောက်သည်။ သူ၏အပြုအမူတိုင်းကလည်း သတိအပြည့် ကပ်ထားလောက်သည်။

ဖုမာန်လင်းချာကလည်း ဝမ်ချောင်က သူ၏လျို့ဝှက်ချက်ကို သိထားကြောင်း မသိလောက်ချေ။ သူ၏ သဘောအလျောက် သံသယများတတ်ပြီး သတိထားတတ်သည့် အကျင့်စရိုက်က အလွန်အမင်း ကိုင်တွယ်ရ ခက်ခဲသည်။

အချိန်ကတိုသည်။ ဝမ်ချောင်က ခပ်မြန်မြန် အသိပြန်ဝင်သွားသည်။

“ရွှီခဲ့ယွီ မင်းနဲ့တူတူ လူနည်းနည်းခေါ်ပြီး သူတို့ကိုလိုက်။ ဒါ့အပြင် အချို့လူတွေကိုလည်း သဲဖြတ်သန်းနယ်မြေကို ကြိုပို့ထားလိုက်။ သဲဖြတ်သန်းနယ်မြေ ပတ်ဝန်းကျင်က ပိုင်နက်နယ်မြေက ချီးရှီကနေ မြို့တော်ကို တန်းပြီးဖြတ်သွားချင်တဲ့ လူတိုင်းအတွက် အဆင်ပြေနေတယ်။ ဒါပေမဲ့ သူတို့က အဲ့ဒီနေရာကိုဖြတ်တာနဲ့ လမ်းအများကြီးကို ဆက်သွားရမှာဖြစ်လို့ ခြေရာပျောက်သွားနိုင်တယ်”

“ဟုတ်ကဲ့အရှင်အမတ်”

အချိန်က အရေးကြီးနေကြောင်း သိသဖြင့် ရွှီခဲ့ယွီက ချက်ချင်း ဂါရဝပြုသွားသည်။

ဝမ်ချောင်က ကျန်းချွယ်ကို လှည့်ကြည့်သည်။

“ကျန်းချွယ် မင်းရဲ့သိန်းငှက်အသင်းကိုလည်း လွှတ်လိုက်။ မြင်းတွေက သိန်းငှက်တွေထက်နှေးတယ်။ ဒီတော့ ငါတို့က လေထဲကနေ သူတို့ကို စောင့်ကြည့်ဖို့လိုတယ်”

“ဟုတ်ကဲ့အရှင်အမတ်”

ကျန်းချွယ်က ချက်ချင်းလိုလို ပြန်ဖြေသည်။

“ဒါ့အပြင် သူတို့ သတိမထားမိအောင် ဂရုစိုက်။ ဘယ်လိုနည်းနဲ့မဆိုနော်။ ဖုမာန်လင်းချာက အရမ်းကို သတိကြီးတယ်။ သူ့ရဲ့လက်အောက်ငယ်သားတွေကလည်း သူ့ရဲ့ အပြုအမူကြောင့် လွှမ်းမိုးခံရဦးမှာပဲ။ မင်းက သူတို့ကို သံသယဝင်အောင် လုပ်လို့မရဘူး။ ငါတို့က ဒီအခွင့်အရေးကို လွဲသွားရင် ဒုတိယ အခွင့်အရေးက ထပ်ရတော့မှာမဟုတ်ဘူး။ ဖုမာန်လင်းချာက စလှုပ်ရှားတာနဲ့ ငါတို့ကြိုးစားသမျှ အရာအားလုံးက အလဟာသဖြစ်သွားပြီ”

ဝမ်ချောင်က တင်းမာသော မျက်နှာထားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။

ဖုမာန်လင်းချာက ကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖြစ်လာသည်မှာ ကံကောင်းမှုသီးသန့်ကြောင့် မဟုတ်ချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သတိလက်လွတ် နေ၍မရချေ။ အခွင့်အရေး ပျောက်သွားသည်နှင့် သူက ဖုမာန်လင်းချာကို ဖယ်နိုင်တော့မည်မဟုတ်ချေ။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

ရွှီခဲ့ယွီနှင့် ကျန်းချွယ်တို့က ချက်ချင်းလိုလို ပြောကြသည်။

သူတို့နှစ်ယောက်၏ မျက်နှာကလည်း တင်းမာနေသည်။ နှစ်ယောက်လုံးကလည်း သူ၏ လေးနက်မှုကို သိကြသည်။

“အင်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။

“မှတ်ထား မင်းရှာတဲ့လူက ညာဘက်လက်ကောက်ဝတ်မှာ အနက်ရောင် လက်ပတ်လေး ပတ်ထားလိမ့်မယ်။ အဲ့ဒီမှာ ကျောက်စိမ်းဆိုတဲ့ စကားလုံးကို ထွင်းထားတယ် ကောင်းပြီ သွားတော့”

ဝမ်ချောင်က လက်ကိုယမ်းလိုက်သည်။ သိပ်မကြာခင် သံမဏိမြို့ထဲမှ မြင်းများက ထွက်သွားသည်။ ကျန်းချွယ်ရှိ ခဲ့ယွီနှင့် မရေမတွက်နိုင်သော လူများက ဝမ်ချောင်၏ အမိန့်အတိုင်း သွားလုပ်ကြသည်။

“အရှင်အမတ် ငါကိုယ်တိုင်သွားဖို့လိုလား။ ငါ့ရဲ့အရှိန်နှုန်းနဲ့ဆိုရင် သေချာပေါက် မှီတယ်”

ဝမ်ချောင်၏နားထဲတွင် ကျယ်လောင်သောအသံက ထွက်လာသည်။

လီစစ်ယဲ့၏ တောင်တစ်လုံးလို ပုံရိပ်ကြီးက ခြေလှမ်းအနည်းငယ်ထဲနှင့် သူ၏အနားသို့ ရောက်လာပြီး ဝမ်ချောင်၏အနောက်တွင်ရပ်သည်။လီစစ်ယဲ့က မြို့တော်မှ တစ်ယောက်တည်း ထွက်လာခဲ့ပြီး ဓားမြ ထောင်ပေါင်းများစွာကို ကွပ်မျက်နိုင်ခဲ့သူဖြစ်သည်။ ဖုမာန်လင်းချာ လက်အောက်ငယ်သားများကို ကိုင်တွယ်သောကိစ္စက သူ၏ လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် လွယ်ကူသည်။

All Chapters