← Chapters

လျှို့ဝှက်စွမ်းအား

Vol. 16 Ch. 220

လျှို့ဝှက်စွမ်းအား

Vol. 16 Ch. 220

“ကောင်းကင်ခြယ်လှယ် နည်းစနစ် _ တစ်ဆယ့်ရှစ်ထောင့်ဗုဒ္ဓ”

ချင်ကျစ်၏မျက်လုံးများ ရွှေရောင်အလင်းများ လက်လာပြီး အော်ရာသည်လည်း ကြီးမားကျယ်ပြန့်လာသည်။

ကြီးမားသည့် သင်္ကေတ ၆ ခုသည် လေထုအတွင်း ကျယ်လောင်စွာ ပေါက်ကွဲသွားလေသည်။

ထိုပေါက်ကွဲမှုမှ ရွှေရောင်ဗုဒ္ဓရုပ်ပွားတော် ၆ ဆူ ထွက်ပေါ်လာပြီး အလွန်ကြီးမားသည့် အော်ရာများအား ထုတ်ဖော်ထားလေသည်။

“ပုသိုင်၊ ပါ့ကျောင်း၊ ချန်မိန်၊ ခန်မန်၊ ရှန်းလုံ၊ ဖုဟူ”

ကောင်းကင်ခြယ်လှယ် နည်းစနစ်သည် အလွန်အစွမ်းထက်လှသည့် ဗုဒ္ဓလောက၏ ရုပ်သေးထိန်းချုပ်နည်းစနစ် ဖြစ်လေသည်။ ထိုနည်းစနစ်အား အောင်မြင်စွာ ကျင့်ကြံနိုင်သူသည် ဗုဒ္ဓရုပ်ပွားတော် ၁၈ ဆူအား ထိန်းချုပ်နိုင်မည် ဖြစ်သည်။

ချင်ကျစ်၏ လက်ရှိ ကျင့်ကြံခြင်းအခြေခံအရ ထိုနည်းစနစ်အား အပြည့်အဝ အသုံးမချနိုင်သေးပေ။ ဒြပ်စင်ငါးခုနတ်မိမယ် ဝင်္ကပါ၏ အထောက်အပံ့နှင့်ပင် ဗုဒ္ဓရုပ်ပွား ၆ ဆူကိုသာလျှင် ထိန်းချုပ်နိုင်သေးသည်။

သို့သော်လည်း ယင်းမှာ လုံလောက်ပေသည်။

ဘုန်း ...

ဗုဒ္ဓရုပ်ပွားတော်များ ထွက်ပေါ်လာသည့် အခါတွင် မြေပြင်၌ လေပြင်းများ တိုက်ခတ်လာသည်။ ရုပ်ပွားတော်များမှ ထွက်ပေါ်လာသည့် အလင်းတန်းများသည် လွန်စွာတောက်ပလျက်ရှိပြီး အားကောင်းသည့် လှိုင်းတံပိုးများကဲ့သို့ မိန်းကလေးထံ ဦးတည်သွားလေသည်။

တစ်ချိန်တည်းမှာပင် မိန်းကလေးသည် ဩဂတ်စ်၏နောက်ရှိ တမန်တော်နှင့် အကြိမ်အနည်းငယ်ခန့် တိုက်ခိုက်ပြီးသော်လည်း အသာစီးမရသေးပေ။

ဩဂတ်စ်၊ ရှယ်လီနှင့် တုန်ယန်တို့သည် ဗုဒ္ဓရုပ်ပွားတော် ၆ ဆူမှ အလွန်စွမ်းအားကြီးသည့် အော်ရာများကို အာရုံခံမိသည်ကြောင့် ယုံကြည်မှုပြည့်ဝလာကြပြီး တိုက်ခိုက်လိုစိတ်ဆန္ဒများ တောက်လောင်လာလေသည်။

ရုပ်ပွားတော် တစ်ရုပ်ချင်းစီသည် ဝိညာဉ်ဖွဲ့စည်းခြင်း ကနဦးအဆင့် ကျင့်ကြံသူ တစ်ဦးစီနှင့် ညီမျှသည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည်။ စိတ်ဝိညာဉ် ကျောက်တုံးများမှ စွမ်းအင်များကို သုံးစွဲသည်မှအပ ချင်ကျစ်သည် သူ၏ ချီစွမ်းအင်များကို ရုပ်သေးရုပ်များထံ အဆက်မပြတ် ပို့လွှတ်ရန် လိုပေသည်။ ထို့ကြောင့် အလွန်အားအင်ကုန်ခန်းသည့် အတွက် အချိန်ကြာမြင့်စွာ အသုံးမပြုနိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း ဒြပ်စင်ငါးခုနတ်မိမယ် ဝင်္ကပါ၏ အထောက်အပံ့မှ ရှယ်လီ၊ တုန်ယန်နှင့် ချင်ရှင်းတို့သည် သူတို့၏ ချီစွမ်းအင်များကို ရုပ်သေးရုပ်များထံ ပို့လွှတ်နိုင်ကြသဖြင့် ချင်ကျစ်သည် မူလထက် ပိုမိုကြာမြင့်စွာ ထိန်းချုပ်နိုင်စွမ်း ရှိလာသည်။

ချင်ကျစ်၏ အမိန့်အရ ဗုဒ္ဓရုပ်ပွားတော် ၆ ဆူသည် သက်ဆိုင်ရာ ဓမ္မရတနာများဖြင့် မိန်းကလေးအား ဖမ်းဆီးလိုက်လေသည်။

ရုပ်ပွားတော်တိုင်းတွင် ကိုယ်ပိုင်နတ်ဘုရား စွမ်းရည်များ ရှိကြသည်။ ထိုစွမ်းရည်များသည် ကောင်းကင်နှင့် မြေပြင်ကို လှုပ်ခါနိုင်သည်အထိ စွမ်းအားကြီးကြသည်။

မိန်းကလေးသည် တမန်တော်နှင့် တစ်ဦးချင်း တိုက်ခိုက်နေခြင်းဖြစ်ရာ တိုက်ပွဲအတွင်း ရုပ်ပွားတော် ၆ ဆူ ဝင်ရောက်လာသည့်အခါ နောက်ဆုတ်လိုက်ရသည်။

ကောင်းကင်ပြာရင်ပြင်တွင် အင်အားကြီးသုံးရပ်မှ ပရိသတ်များသည် ရှုံးနိမ့်ခြင်းကို လက်ခံဖို့ရာ အဆင်သင့်ဖြစ်နေကြပြီး ဖြစ်သော်လည်း ဧဒင်ဥယျာဉ်နှင့် ဗုဒ္ဓလောကတို့ ထုတ်ဖော်လိုက်သည့် ဝှက်ဖဲများကို မြင်သည့်အခါ နှလုံးသားထဲတွင် မျှော်လင့်ချက်တို့ ပြန်လည်ရှင်သန်လာသည်။

ကောင်းကင်ဘုံပိုင်နက်မှ ကျောင်းသားများမှာမူ စိုးရိမ်စိတ်တို့ စတင်ဖြစ်ပေါ်လာသည်။ သူတို့၏ ကိုယ်စားလှယ်များမှ မိန်းကလေးနှင့် မဟာမိတ်ဖွဲ့ထားခြင်း ဖြစ်သဖြင့် တစ်လှေတည်းစီးနေကြခြင်း ဖြစ်သည်။ ယခုအခါတွင် စစ်မိစ္ဆာသည် အသာစီးမရသည့် အခြေအနေသို့ ရောက်ရှိနေသည့်အတွက် ကောင်းကင်ဘုံပိုင်နက်၏ အောင်ပွဲမှာ ရုတ်တရက်ဆိုသလို ဘေးအန္တရာယ် ကျရောက်လာခြင်းဟု ဆိုနိုင်သည်။

အထူးပွဲကြည့်စင်ရှိ ရိုးရှင်းသည့် ဝတ်စုံနှင့် ကောင်းကင် နတ်မိမယ်သည် ဖန်သားပြင်ကိုသာ အာရုံစိုက်လျက် ကြည့်နေလေသည်။

သူမသည် တိုက်ပွဲအခြေအနေအား အာရုံစိုက်နေခြင်း မဟုတ်ပေ။ ထို့အား သူမ၏ မျှော်လင့်ချက် ပြည့်ဝသည့် အကြည့်များသည် တိုက်ပွဲအား အနီးကပ်ကြည့်နေသည့် အမျိုးသားထံတွင်သာ ရှိနေခြင်းဖြစ်သည်။

အန်လင်းနှင့် လျှိုချင်ဟွမ်တို့သည် ထိုအင်အားကြီးသုံးရပ် စုပေါင်းလိုက်သည့်အခါ ထိုမျှလောက် ကြောက်မက်ဖွယ်ရာ စွမ်းအားကို ဆင့်ခေါ်နိုင်မည်ဟု မျှော်လင့်မထားကြချေ။ မိန်းကလေး နောက်သို့ ဆုတ်ခွာနေရခြင်းအား မြင်သည့်အခါတွင် တိုက်ပွဲအတွင်း ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။

“အဲဒီ ရုပ်သေးရုပ်တွေကို အချိန်သွားဆွဲကြမယ်။ သူတို့ကို မယှဉ်နိုင်ရင်တောင် အနည်းဆုံးတော့ အနှောင့်အယှက်ပေးဖို့ ကြိုးစားကြတာပေါ့။ အဲဒီရုပ်သေးရုပ်တွေက အရမ်း စွမ်းအားကြီးတာဆိုတော့ သူတို့က အချိန်အကြာကြီး အသုံးပြုနိုင်မှာ မဟုတ်ဘူး” လျှိုချင်ဟွမ် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

အန်လင်းမှာ နားမလည်နိုင်စွာဖြင့် ရှိနေလေသည်။ “ဘာ။ ဘယ်ဟာက ရုပ်သေးရုပ်လဲ”

လျှိုချင်ဟွမ်၏ မျက်လုံးများ ပြူးကျယ်လာပြီးနောက် “နင်ကန်းနေလား။ အဲဒီ တောက်ပနေတဲ့ ရွှေရောင်ဘုန်းကြီးတွေက ရုပ်သေးရုပ်တွေဟဲ့”

“ဘာ.. အဲဒါက ရုပ်သေးရုပ်တွေလား။ အစစ်ကျနေတာပဲနော်။ အသက်ဝင်လိုက်တာ။ အင်မော်တယ်မန္တန် တစ်ခုခုကနေ ဖြစ်လာတာလို့ ထင်နေတာဗျ” အန်လင်းမှာ တုန်လှုပ်သွားမိသည်။ “ဘာပဲပြောပြော ဒီလိုတိုက်ပွဲမှာ ရုပ်သေးရုပ်တွေကို ခွင့်ပြုထားတာလား”

လျှိုချင်ဟွမ်သည် မျက်လုံးများ ဝေ့ကာဖြင့် “သေချာတာပေါ့။ အဲဒါက အဆောင်လက်ဖွဲ့တွေသုံးပြီး လှည့်စားတာမျိုး မဟုတ်ဘူးလေ။ နင့်ရဲ့ စိတ်အာရုံ၊ ချီနဲ့ အသိစိတ်တွေကို အချိုးညီညီ ပေါင်းစပ်အသုံးပြုပြီးမှ ရုပ်သေးရုပ်တွေကို ထိန်းချုပ်လို့ရတာ။ အဲဒါကြောင့် စက်ရုပ်တွေကို အသုံးပြုတာကို မကန့်ကွက်ထားဘူး”

“အမ်.. အဲလိုရုပ်သေးမျိုးတွေကို ထိန်းချုပ်ဖို့ မလိုအပ်ဘူးဆိုရင်ကော ဒီမှာသုံးလို့ရလား” အန်လင်းသည် ထိုမေးခွန်းအား မေးရာတွင် အနည်းငယ် တုံ့ဆိုင်းနေလေသည်။

“ဘာတွေပြောနေတာလဲ”

“ဘာလဲဆိုတော့ စိတ်ဝင်စားဖို့ ကောင်းတာလေး ပြမယ်”

ဝုန်း

မိန်းကလေးမှာ ဗုဒ္ဓရုပ်ပွားတော် ၆ ဆူ ဝိုင်းရံထားခြင်းခံရပြီး တစ်ချိန်တည်းမှာပင် တမန်တော်သည် လေးကိုဆွဲကာ ပြိုင်ဘက်ကင်းစွမ်းအားများ ပါဝင်နေသည့် မြားဖြင့် ပစ်လွှတ်လိုက်သည်။ ထိုမြားသည် သူမ၏ ပခုံးအား ဖောက်ထွက်သွားပြီး သူမအနောက်ဘက်ရှိ တောင်၏ အစိတ်အပိုင်း တော်တော်များများကို ပျက်စီးသွားစေပြီးနောက် မြေပြင်တွင် ချောက်နက်တစ်ခု ဖြစ်ပေါ်လာစေသည်။

သွေးများ ပန်းထွက်လာပြီး မိန်းကလေးသည် အံကြိတ်လိုက်သည်။ သူမ၏လက်သီးအား အဘက်ဘက်သို့ ထိုးသွင်းကာဖြင့် နောက်ဆုတ်လျက်ရှိသည်။

ဗုဒ္ဓရုပ်ပွားတော် ၆ ဆူမှလည်း နတ်ဘုရားစွမ်းရည်များ ထုတ်ဖော်လိုက်လေသည်။

မိန်းကလေးသည် သူမ၏ လက်သီးချက်ကိုသာလျှင် အသုံးပြုနိုင်ခြင်းဖြစ်သည်။ တည့်လက်သီး၊ ဝိုက်လက်သီး၊ ပင့်လက်သီး စသဖြင့် သူမသည် အခြားတိုက်ကွက်များအား မသိပေ။ သူမသိသည်မှာ ရိုးရှင်းသည် လက်သီးချက်သာလျှင် ဖြစ်သည်။

“အောင်ပွဲကတော့ လက်တစ်ကမ်းမှာပဲ နောက်ဆုံးတစ်ကြိမ် အားကုန်ရုန်းကြစို့”

ဩဂတ်စ် ဟိန်းအော်ကာဖြင့် မိန်းကလေးအား အပူတပြင်း လိုက်ဖမ်းလေသည်။

လိုဏ်ခေါင်း၏အဆုံးတွင် အလင်းရောင်အား မြင်နေရပြီ ဖြစ်သည်ကြောင့် ရန်သူအား အစွမ်းကုန် လိုက်လံဖမ်းဆီးနေခြင်း ဖြစ်သည်။

ဝုန်း

ဗုဒ္ဓရုပ်ပွားတော် သုံးဆူသည် မိန်းကလေး၏ လက်သီးချက်များကြောင့် နောက်သို့လွင့်စဉ်သွားသည်။ သူတို့၏ ဖျက်ဆီးမရနိုင်သယောင် ခန္ဓာကိုယ်များတွင် ပင့်ကူအိမ်များသဖွယ် စတင်အက်ကွဲလာသည်။

သို့သော်လည်း ဖုဟူ၊ ရှန်းလုံနှင့် ချန်မိန်တို့သည် ထိုအခွင့်အရေးအား အရယူကာဖြင့် မိန်းကလေးနှင့် အကွာအဝေးအား ချုံ့နိုင်လိုက်ပြီး နတ်ဘုရားစွမ်းရည်များ ထုတ်ဖော်လိုက်ကြသည်။

“ကျောက်စိမ်းကျားလှုပ်ယမ်း” ဖုဟူရုပ်ပွားတော်သည် စွမ်းအားပြင်း လက်သီးချက်အား ထုတ်ဖော်လိုက်ပြီး လေထုထဲတွင် ကျားခေါင်းတစ်ခု ပေါ်လာပြီးနောက်  ဟိန်းဟောက်သံပြုကာဖြင့် ပေါက်ကွဲသွားသည့်အခါ ပတ်ဝန်းကျင်ရှိ အရာအားလုံးအား အမှုန့်ခြေပစ်လိုက်သည်။

“နဂါးသတ်ဓား” ရှန်းလုံရုပ်ပွားတော်သည် ချိပ်တံဆိပ်တော်တစ်ခု ပြုလုပ်လိုက်ပြီး ပေတစ်ရာရှိသည့် ရွှေရောင်ဓားဖြင့် သေးသွယ်သွယ် ရန်သူအား ထိုးသွင်းလိုက်လေသည်။

“မိစ္ဆာချိပ်သော့” ချန်မိန်ရုပ်ပွားတော်ထံမှ အဖြူရောင်ကြိုးကြီးများ ပျံသန်းရောက်ရှိလာပြီး စပါးအုံးမြွေများသဖွယ် မိန်းကလေးအား ချုပ်နှောင်လိုက်သည်။

မိန်းကလေးသည် လက်သီးချက်တစ်ခုကိုသာလျှင် ထုတ်ဖော်လိုက်နိုင်ပြီး သူမထံဆင်းသက်လာသည့် နတ်ဘုရားစွမ်းရည်များအား ခုခံချိန် မရရှိလိုက်ပေ။

တလက်လက် တောက်ပနေသည့် နတ်ဘုရားစွမ်းရည်များ သူမထံ ကျရောက်လာသည့်အခါ ထိုတိုက်ခိုက်မှုရှား ရှောင်တိမ်းနိုင်ခြင်း မရှိတော့မှန်း သိလိုက်ရသည်။ သူမ၏ တောက်ပသည့် မျက်ဝန်းလေးများ ကျဉ်းမြောင်းသွားပြီးနောက် ခေါင်းမော့ကာဖြင့် ထိုတိုက်ခိုက်မှုအား ထိပ်တိုက် ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။

သို့သော်လည်း ထိုအချိန်မှပင် သူမ၏ရှေ့တွင် ပုံရိပ်နှစ်ခု ထွက်ပေါ်လာသည်။

“ဂ.. ဂရုစိုက်” မိန်းကလေးသည် ခေတ္တမျှ ကြောင်အသွားပြီးနောက် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

သူမ၏ အစောင့်အရှောက်များ၏ စွမ်းအားသည် ထိုနတ်ဘုရား အာရုံများအား မခုခံနိုင်မှန်း သူမသိသည်။

သို့သော်လည်း သူမ၏မျက်ဆန်များ ကျဉ်းမြောင်းသွားပြီး သူမအရှေ့တွင် ရှိနေသည့် ပုံရိပ်နှစ်ခုအား မြင်လိုက်သည့်အခါ တုန်လှုပ် ချောက်ချားမှုများ ပေါ်လာသည်။

“အိုင်းယွန်းပိတ်ပင် တားဆီးဝင်္ကပါ အသက်ဝင်”

သူမရှေ့ရှိ ပုံရိပ်နှစ်ခုသည် လက်များကို မြှောက်လိုက်ပြီးနောက် ပတ်လည်တွင် အပြာရောင် အလင်းချပ်တစ်ခု ပေါ်လာပြီး သူတို့နှစ်ဦးနှင့် မိန်းကလေးအား သီးသန့် ကာကွယ်လိုက်သည်။

ဝုန်း

ကျောက်စိမ်းကျား လှုပ်ယမ်းသည် အလင်းချပ်နှင့် ဝင်တိုက်မိပြီးနောက် အောင်ခြေရှိ မြေပြင်အား သံနှင့်ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းသွားစေသော်လည်း အကာအကွယ်ကိုမူ မထိုးဖောက်နိုင်ချေ။

ရွှေရောင် နဂါးသတ်ဓားသည် များပြားလှသည့် အချုပ်အနှောင် စွမ်းအားများ ထုတ်ဖော်ကာဖြင့် အကာအကွယ်အား ထိုးစိုက်လာသည်။ အကာအကွယ်တွင် အက်ကွဲကြောင်း အနည်းငယ်သာ ထင်ဟပ်လာပြီးနောက် ဧရာမရွှေရောင်ဓားကြီး အက်ကွဲ ပျက်စီးသွားလေသည်။

အဖြူရောင်ကြိုးကြီးများ သည်လည်း အကာအကွယ်နှင့် ထိတွေ့မိသည့်အခါ ဆန်းကြယ်စွာ မီးစွဲလောင်သွားလေသည်။

“တားလိုက်နိုင်တယ်” မိန်းကလေးသည် သူမရှေ့ရှိ မြင်ကွင်းအား ကြည့်ကာဖြင့် တုန်လှုပ်မှုကြောင့် ပါးစပ်အဟောင်းသားဖြင့် ရှိနေလေသည်။

သူမရှေ့၌ လူသားသဏ္ဌာန် စက်ရုပ် နှစ်ရုပ်သည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်နေကြပြီး သတ္တုရောင် တောက်ပြောင်လျက်ရှိသည်။

ဩဂတ်စ်နှင့် အခြားသူများသည် သူတို့၏ တိုက်ခိုက်မှုအား ပျက်ပြယ်သွားစေသည့် အတွက် အလွန်အံ့အားသင့်နေကြပြီး သူတို့အ‌ရှေ့ရှိ ငွေဖြူရောင်ရုပ်သေးရုပ် နှစ်ရုပ်အား စူးစူးစမ်းစမ်း ကြည့်နေမိကြသည်။

“ငါ့ရဲ့ တပ်သားလေးတွေနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါလေးတွေကတော့ ဂမ်ဒမ် နံပါတ် ၁ နဲ့ ၂ လို့ ခေါ်ပါတယ်” အန်လင်းသည် ခံ့ညားစွာဖြင့် ဝင်ရောက်လာပြီးနောက် ပြုံးကာဖြင့် ရှင်းပြလေသည်။ “ဘယ်သူက ဂမ်ဒမ် နံပါတ် ၁ နဲ့ ၂ လဲတော့ ငါလည်းသေချာ မမှန်မိတော့ပေမဲ့ ရလဒ်ကတော့ အတူတူပဲမို့ အဆင်ပြေပါတယ်”

“ဂမ်ဒမ် ၁ နဲ့ ဂမ်ဒမ် ၂  ကလေးတို့ရေ.. အဲဒီ ဘုန်းကြီးရုပ်တွေကို သိပ်လိုက်တော့”

အန်လင်း၏ အမိန့်အောက်တွင် ငွေဖြူရောင် တောက်ပနေသည့် ဂမ်ဒမ်များသည် အားလုံး၏ရှေ့မှောက်တွင် သူတို့၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပထမဆုံးအကြိမ် ထုတ်ဖော် လိုက်ကြလေတော့သည်။

*****

All Chapters