← Chapters

အခန်း (၈၁၆-၈၂၀)

Vol. 44 Ch. 816-820

အခန်း (၈၁၆-၈၂၀)

Vol. 44 Ch. 816-820

အခန်း(၈၁၆)

ပြဿနာရှာခြင်း၊ ဝှက်ဖဲ

ဖုမာန်လင်းချာနှင့် ဝမ်ချောင်တို့က မငြိမ်မသက် လှုပ်ရှားနေချိန်တွင် ရင်ယန်နန်းဆောင်၏ မတော်တဆမှုက မဟာထန်၏ နယ်စပ်၏ အခြားသောနေရာများတွင်မူ ကွဲပြားသည့် သက်ရောက်မှုမျိုး ဖြစ်သွားခဲ့သည်။

အန်းရှီကာကွယ်ရေးဌာနချုပ်မှ ကောင်းရှန်းကျစ်နှင့် ဖန်းချန်းချင်တို့က အတူရှိနေကြပြီး ခန်းမတစ်ခုလုံးအနှံ့ မသက်မသာဖြစ်မှုနှင့် စိုးရိမ်ပူပန်မှုများ အားလုံးက ပြည့်နှက်နေသည်။

“ချန်းချင် ငါအဲ့ဒီအချိန်က မင်းပြောတဲ့စကားကို နားထောင်ခဲ့ပြီး မင်းသားလေးနဲ့ ပူးပေါင်းခဲ့တာ ကံကောင်းသွားတယ်။ မဟုတ်ရင် မင်းရောငါပါ အဆုံးသတ်သွားမှာ”

ကောင်းရှန်းကျစ်ကပြောသည်။ သူ၏မျက်မှောင်က အသားကုန်ကျုံ့နေသည်။ သူ၏ခေါင်းကိုလည်း ငုံ့ထားပြီး ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။

“အရှင် အရှင်ဒီလောက်ထိ စိုးရိမ်ဖို့မလိုပါဘူး။ ကျွန်တော်တို့က မင်းသားလေးနဲ့ ပူးပေါင်းခဲ့တာမှ မဟုတ်တာ။ ဘာလို့ သူတော်စင်ဧကရာဇ်ရဲ့ အမျက်ဒေါသကို စိုးရိမ်ရမှာလဲ”

ဖန်းချန်းချင်က နှစ်သိမ့်ပေးသည်။

“ဒီကိစ္စက ဒီလိုဆိုပေမဲ့လည်း ဒီတစ်ကြိမ်ဖြစ်သွားတဲ့ မတော်တဆမှုကို အထင်သေးလို့မရဘူူး။ စတုတ္ထမင်းသားက ငါတို့ကို ကမ်းလှမ်းခဲ့တာက မှန်ကန်နေတယ်။ နောက်ပြီး ဆုလဒ်ကြီးတွေ ပေးမယ်ဆိုတဲ့ အကြောင်းကလည်း မှန်ကန်နေတာပဲ။ သူတော်စင်ဧကရာဇ်ကသာ ဒီအကြောင်းအရာအပေါ် နားလည်မှုလွဲမှားသွားရင် ငါတို့ရဲ့ အနာဂတ် တက်လမ်းတွေအားလုံးက ဖျက်ဆီးခံရမှာပဲ”

ကျောင်းရှန်းကျစ်က ခပ်တင်းတင်းသတိပေးသည်။ နယ်စပ်တွင်ရှိသော မဟာဗိုလ်ချုပ်ကြီးများက မင်းသားများ၏စစ်ပွဲတွင် ဝင်ပါခဲ့သောကြောင့် သူတို့ရာထူးမှ အဖယ်ခံရပြီး အကျဉ်းချခံရသော သာဓကများက မနည်းပါးချေ။ ထိုအကြောင်းပြချက်ကြောင့် ကောင်းရှန်းကျစ်ကလည်း သူတော်စင်ဧကရာဇ်က နားလည်မှုလွဲသွားမည့် အခြေအနေကို စိုးရိမ်နေခြင်းဖြစ်သည်။

“ဟင်း”

ဖန်းချန်းချင်က သက်ပြင်းရှည်ကြီးကိုချသည်။ ထိုမတော်တဆမှုက နယ်စပ်ရှိ မဟာဗိုလ်ချုပ်ကြီးများကို မည်သို့ သက်ရောက်မှုရှိစေကြောင်း အပြင်လူများက မတွေးကြည့်နိုင်လောက်ချေ။ ဖုမာန်လင်းချာကဲ့သို့ ဗိုလ်ချုပ်ကြီးဟောင်းကဲ့သို့ အကြောက်အလန့်မရှိသောသူနှင့် မတူသည်မှာ သူ၏ ထိုဗိုလ်ချုပ်ကြီးကမူ စစ်တပ်တွင် ကြာရှည်စွာ မရှိနေရသေးချေ။ သူက အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော အဆင့်အတန်းသို့ ရောက်လာခဲ့သည်မှာ သူတော်စင်ဧကရာဇ်က မျက်နှာသာပေးသောကြောင့်ဖြစ်သည်။ ထို့ပြင် သူက အလွန်အမင်း သတိကြီးကြီးထားတတ်သော သဘာဝကြောင့်အပြင် တိုက်ပွဲနယ်မြေတွင် လုပ်ဆောင်ပြခဲ့သည့် အဆုံးအစမဲ့သော အောင်မြင်တိုးတက်မှုများကြောင့်လည်းဖြစ်သည်။

ထိုအတွက်ကြောင့်လည်း အန်းရှီမှတဆင့် အခြားသော တိုင်းပြည်များကို ဆက်တိုက် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သည်။ ဒီတစ်ကြိမ်တွင်သူက ရှီတိုင်းပြည်ကို တိုက်ခိုက်ရန် ရွေးချယ်ခဲ့သည်။ ထိုကိစ္စတွင် အခြားသော ထွေထွေထူးထူး အကြောင်းပြချက်မရှိချေ။ တိုက်ပွဲနယ်မြေတွင် လုံလောက်သော အောင်မြင်မှုမျိုး ပြသနိုင်မှသာ သူ၏နေရာက တည်ငြိမ်မည်ဖြစ်ပြီး သူတော်စင်ဧကရာဇ်က သဘောကျမည်ဖြစ်သည်။ သို့မဟုတ်လျှင် ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်လာသည့်အခါ အခြားသော မဟာဗိုလ်ချုပ်ကြီးများက ကြောက်လန့်ရန် မလိုအပ်လောက်သော်လည်း သူက ပထမဦးဆုံး အဆုံးသတ်သွားသည့် မဟာဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်လာပေလိမ့်မည်။

“အရှင် ကိစ္စတွေက မှန်ကန်တဲ့အတိုင်း ဖြစ်လာမှာပါပဲ။ အခုကြည့်ပါဦး ကျွန်တော်တို့က ကောင်းကင်ကို အရှက်ရစရာ ဘာမှမလုပ်ထားဘူးလေ။ ကောင်းကင်ဘုံကလည်း ကျွန်တော်တို့ကို အထင်သေးစရာ အကြောင်းမရှိဘူး။ ဒီတော့ ကျွန်တော်တို့အနေနဲ့ ဘာကိုမှ ရှက်ရွံ့စရာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ ကျွန်တော်တို့ မဟာထန်မှာ လုပ်ထားတဲ့ မှတ်တမ်းအရ တိုက်ပွဲနယ်မြေမှာ အကျိုးအမြတ် လုပ်ဖူးတာနဲ့ ဘယ်အမှားအယွင်းကိုမှ ပြုလို့မဖြစ်ဘူး။ သူတော်စင်ဧကရာဇ်ကသာ ကျွန်တော်တို့ကို ပြစ်မှုပြုထားကြောင်း စွဲချက်တင်မယ်ဆိုရင် ချန်းချင်ကလည်း မြို့တော်ကို အရှင်နဲ့အတူဝင်ပြီး အရှင့်အတွက် တရားမျှတမှုရအောင် လျှောက်တင်ပေးဖို့ ဆန္ဒရှိပါတယ်”

ဖန်းချန်းချင်က ထိုသို့ရိုးသားစွာ ကျုံးဝါးသည်။

ဖန်းချန်းချင်၏ စကားလုံးများက ကောင်းရှန်းကျစ်ကို အလင်းရောင်မြင်ရသွားစေသည်။

“ချန်းချင် မင်းနဲ့ငါက အခုအချိန် ရောက်တဲ့အထိဆိုရင် ဆယ်နှစ်ကျော်လောက် စမ်းသပ်မှုတွေ၊ မုန်တိုင်းတွေအားလုံးကို အတူကျော်ဖြတ်မျှဝေခဲ့တာမဟုတ်လား။ ငါကမင်းကို ဘာလို့များ စတေးခံရမှာလဲ”

ထိုစကားလုံးများနှင့်အတူ ကောင်းရှန်းကျစ်က သက်ပြင်းကို ချလိုက်ပြီးနောက် စိတ်ဆုံးဖြတ်လိုက်သည်။

“ဟာ ငါမေ့နေတာ ချန်းချင် မှင်နဲ့စာရွက်ပြင်ပေးဦး။ ငါကိုယ်တိုင်ကိုယ်ကျ သူတော်စင်ဧကရာဇ်ဆီ စာရေးပြီး အကြောင်းအရာတွေ အားလုံးကို ရှင်းပြရမယ်။ သူတော်စင်ဧကရာဇ်က ဉာဏ်ကောင်းပြီး သတ္တိကြီးတဲ့လူပဲ။ ဒီတော့ငါ့မှာ ဒီလိုသစ္စာဖောက်နှလုံးသား မရှိတဲ့အကြောင်း နားလည်မှာပါ”

ဖလပ် ဖလပ်

အချိန်တစ်ခုခန့်ကြာပြီးနောက် သတင်းပို့ငှက်က လေထဲသို့ပျံတက်ပြီး အဝေးရှိမြို့တော်ထံ ဦးတည်လိုက်သည်။

.....

ထိုအချိန်တွင် သတင်းပို့ငှက်များက လုံရှီနှင့် ပေ့ထင်တို့ထံမှ ပျံသန်းထွက်ခွာကာ မြို့တော်သို့ ဦးတည်နေကြသည်။

မည်သူကမျှ သူတော်စင်ဧကရာဇ်၏ ဆန္ဒကို လျစ်လျူမရှု့နိုင်ချေ။ ကောင်းရှန်းကျစ်ပင်ဖြစ်စေ၊ ခဲ့ရှု့ဟန်ပငန်ဖြစ်စေ၊ အန်းစစ်ရွှန်းတို့ပင်ဖြစ်စေ လျစ်လျူမရှု့ရဲကြချေ။ သူတို့အားလုံးကလည်း ပုံမှန်အားဖြင့် အကြောက်အလန့်မဲ့သည်ဟု ထင်ရသည်။ ရွှေရောင်တံဆိပ်ပြားကို လက်ခံရရှိသော မဟာဗိုလ်ချုပ်ကြီးတိုင်းကလည်း သူတို့အတွက် အတက်နိုင်ဆုံး ပြန်ဖြေကြပြီး ဒီနည်းအားဖြင့် သူတော်စင်ဧကရာဇ်၏ သံသယများကို ရှင်းလင်းနိုင်ရန် မျှော်လင့်ထားသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ရင်ယန်နန်းတော်မှ မတော်တဆမှုက ဆက်လက်ပြီး ဖြစ်ပွားနေခဲ့သည်။ မဟာဗိုလ်ချုပ်ကြီးများက တင်သွင်းသော ပြန်စာများနှင့် မှတ်တမ်းများအားလုံးက ထိုကိစ္စကို ပို၍ပင် အာရုံစိုက်လာစေသေးသည်။

မဟာထန်ကြီး တည်ထောင်ပေးပြီးကတည်းက ပထမဦးဆုံးအကြိမ် မင်းသားများ၏စစ်ပွဲတွင် ဟူမဟာဗိုလ်ချုပ်ပေါင်းများစွာ ပါဝင်လာခြင်းဖြစ်သည်။ ထို့ကြောင့် လက်ခံရရှိသည့် အာရုံစိုက်မှုကလည်း မမျှော်လင့်ထားလောက်အောင်ဖြစ်သည်။ ခုံရုံး၏ အတွင်းအပြင်ရှိ လူတိုင်းက ထိုအကြောင်းအရာကို ဆွေးနွေးနေကြပြီး မင်းသားလေးနှင့် ပူးပေါင်းထားသော ဟူမဟာဗိုလ်ချုပ်က တစ်ယောက် သို့မဟုတ် နှစ်ယောက်ဖြစ်ကြောင်း ငြင်းခုံနေကြသည် သို့မဟုတ် အကုန်လုံးလည်းဖြစ်နိုင်ကြောင်း ပြောကြသူများလည်းရှိသေးသည်။

မြို့တော်က ထိုသို့ဖြင့် ဆွေးနွေးသံများဖြင့် ပွက်လောရိုက်နေသော်လည်း ဝမ်ကျုံးစစ်နှင့် ကျန်းရှို့ကွေးတို့ကဲ့သို့ ဟန်များကပင် အာရုံစိုက်နေသေးသည်။

သို့သော် ပထမမင်းသား၊ ဒုတိယမင်းသားနှင့် အခြားသော တော်ဝင်နန်းတော်မှ မင်းသားများကမူ ပွဲကြည့်နေကြသည်။

“အစ်ကိုတော် စတုတ္ထညီလေးက တော်တော်လေး ခေါင်းမာတာပဲ။ သူကဟူနဲ့တောင် ပူးပေါင်းရဲတယ်”

ပထမမင်းသား၏ နန်းဆောင်ထဲတွင် ဒုတိယမင်းသား လီယောင်က ဒေါသတကြီးရှိနေသည်။

“အဲ့ဒီမျိုးမစစ်အဘိုးကြီး ရန်ချောင်က မူးသွားပြီး ကိစ္စတစ်ခုလုံးကို ဝန်ခံခဲ့တာကြောင့်သာမဟုတ်ရင် ငါတို့တွေ ဒီအကြောင်းကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။ အဲ့ဒီထဲမှာ သူလှည့်ကွက်တွေ သုံးသွားလိမ့်မယ်”

“ဒုတိယညီလေးက ဒီကိစ္စနဲ့ပတ်သတ်ပြီး စိုးရိမ်စရာရှိလို့လား”

ပထမမင်းသားလီရင်က ခန်းမ၏ အပေါ်ဘက်ခြမ်းတွင် ထိုင်နေခြင်းဖြစ်သည်။ သူက ရေနွေးကြမ်းခွက်ကို ကိုင်ထားသည်။ အခြားတစ်ဖက်ကမူ အဖုံးကိုကိုင်ထားသည်။ သူက ညင်သာစွာဖြင့် အပေါ်မှ အမြုပ်များကို ဖယ်ရှားရှင်းလင်းရင်း လေဖြင့်မှုတ်လိုက်ကာ အသားကုန်သောက်သည်။ ရေနွေးကြမ်းက သူ၏လည်ချောင်းတောက်လျှောက် ဆင်းကျသွားသည်။ ဖြစ်စဉ်တစ်ခုလုံးက သေသပ်ကာ အစီအစဉ်ကျသည်။ သူ၏ယုံကြည်မှုရှိမှုက လီယောင်၏ စိုးရိမ်ပူပန်မှုကို ထင်းသွားစေသည်။

“စတုတ္ထညီငယ်က တော်တော်လေးကို ထိတ်လန့်နေတာ။ ဒီတော့သူက ဟူရဲ့အင်အားကို ငှားယူတဲ့အကြောင်း တချိန်လုံးတွေးနေတာ ဖြစ်လောက်တယ်။ ညီတော်တို့ရဲ့ အဘိုးတော် ထိုက်ကျုံးရဲ့ ခေတ်ကာလကဆိုရင် သူက အလဲမထိုးနိုင်တဲ့ အုပ်စိုးသူတစ်ယောက်ပဲ။ တိုင်းပြည်တိုင်းက သူ့ကို ကောင်းကင်ရဲ့ခါကန်းလို့ ခေါ်ကြတယ်။ မျိုးနွယ်ခြားတွေအားလုံးက သူ့ကို ခစားကြတယ်။ အဲ့ဒီနောက်မှာ ဒီပြည်မျိုးနွယ်ခြား လူထွားကြီးတွေအားလုံးက အဘိုးတော်ထိုက်ကျုံးရဲ့ အုပ်စိုးမှုအောက်မှာ လိုလိုလားလားနဲ့ နေလာကြပြီး နယ်စပ်က ဟူဘိုးဘေးတွေဖြစ်လာခဲ့ကြတယ်။ စတုတ္ထညီငယ်ကလည်း သူဒီနည်းလမ်းကို သုံးတဲ့အခါမှာ အဘိုးတော်ထိုက်ကျုံးလို တွေးနေတာဖြစ်လောက်တယ်”

“ဟမ့် မင်းကတော်တော်လေး စာစီတတ်သားပဲ။ မင်းက ဒီလိုအခြေအနေမျိုးမှာတောင် ဒီလိုပြောနေသေးတယ်။ ဒါပေမဲ့ သူသာ အောင်မြင်သွားခဲ့ရင် ဘာဖြစ်လာမလဲဆိုတာကို စဉ်းစားကြည့်”

ဒုတိယမင်းသားလီယောင်က မသက်မသာပြောသည်။

ပထမမင်းသား၏ အကြည့်က တည်ငြိမ်နေသေးသည်။ သူက အရာအားလုံးက သူ၏ ထိန်းချုပ်မှုအောက် ရှိနေသလိုမျိုး ဖြစ်နေခဲ့ပြီး မည်သည့်အရာကမျှ သူ့အပေါ် မသက်ရောက်စေခဲ့ချေ။

သူက ရေးနွေးကြမ်းခွက်ကို ချလိုက်ပြီးနောက် ပေါ့ပါးစွာပြောသည်။

“ဟာ အရာအားလုံး ပေါ်သွားခဲ့တော့ အခြေအနေက ကျောက်တုံးလို တည်ငြိမ်သွားပြီ။ ဘာလို့ ဒုတိယညီတော်က ဒီလောက်ထိစိုးရိမ်နေတာလဲ။ ပိုဆိုးတာက ငါက အင်အားအပြည့် ရှိနေတုန်းပဲ။ ဒီလိုဆိုရင် သူဘာအခွင့်အရေးမှ ရမှာမဟုတ်ဘူး။ သူ့ကို ဟူတွေအားလုံးက ထောက်ပံ့ကြရင်တောင်မှ သူဘာလုပ်နိုင်မှာမို့လဲ။ ဒီလောကမှာ တော်ဝင်ခမည်းတော်ရဲ့ အမိန့်ကသာ အာဏာပဲ။ မင်းအနေနဲ့ တတိယညီတော်ကို ပိုပြီးစိုးရိမ်သင့်တာမဟုတ်လား။ သူကလည်း တော်ဝင်ကလန်ခုံရုံးနဲ့ အတူရှိနေတဲ့ပုံပဲ။ အချိန်တစ်ခုရှာပြီး သူ့ဆီသွားလည်လို့ ကိစ္စကို နည်းနည်းမြန်မြန် အကောင်အထည်ဖော်အောင် ပြောလိုက်။ ဒါ့အပြင် သူ့ကိုလည်း စာရွက်အချို့ပေးပြီး သူ့ရဲ့ နောင်တတရားတွေကို ချရေးခိုင်းထားလိုက်။ ခမည်းတော်ကလည်း စိတ်လှုပ်ရှားသွားပြီး သူက ပုန်ကန်သူလို့ ယုံကြည်တာနဲ့ ငါနဲ့မင်းကလည်း သူ့ကို ပြောပေးကြမယ်။ ဒါ့အပြင် သူကလည်း အပြစ်ပေးခံရပြီး အကျဉ်းထောင်ထဲမှာ အချိန်အကြာကြီး နေခဲ့ပြီးပြီလေ။ ဒီတော့ ခမည်းတော်က သူ့ကို လွှတ်ပေးသင့်လောက်ပါပြီ”

“ငါတို့ရဲ့ အရူူးစတုတ္ထညီငယ်က ဝမ်ချောင်ကို သူကြိုးစားသမျှ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တဲ့ အခြေအနေကို အနှစ်ချုပ် ခြုံကြည့်လိုက်ရင် ငါတို့က သူ့ထက် ပဉ္စမညီတော် လီဟန်ကိုပဲ စိုးရိမ်ရမှာ။ အတိတ်က မင်းရောငါပါ ပဉ္စမညီတော်ရဲ့ အခြေအနေကို နားလည်ခဲ့ကြတာပဲ။ ဒါပေမဲ့ နောက်ဆုံးတော့ ဘာဖြစ်သွားလဲ မင်းမြင်ခဲ့တယ်မဟုတ်လား။ သူ့ရဲ့ အကြံအစည်က ယုံကြည်မှုအပြည့်နဲ့ တစ်လှမ်းချင်းစီ တက်သွားတာမျိုး။ တတိယညီတော်ကတောင်မှ မသိလိုက်ခင် သူ့ရဲ့ထောင်ချောက်ထဲ ကျသွားခဲ့သေးတယ်။ ဒီတော့ နောက်ကွယ်မှာ သူ့ကိုထောက်ပံ့ပေးတဲ့လူက ရှိနေတယ်။ အဖွဲ့ဝင် အခြားသူတွေက ဘာပြောပြော ငါယုံကြည်မှာမဟုတ်ဘူး။ ဒီတော့ ငါကသူ့ကို စတုတ္ထညီတော်ထက် ပိုပြီးတော့တောင် စိုးရိမ်သေးတယ်။ အဲ့ဒီလျို့ဝှက်ဆန်းကြယ်တဲ့ ဘယ်သူလဲဆိုတာကို ပိုပြီးတော့တောင် သိချင်သေးတယ်”

ပထမမင်းသား၏ မျက်လုံးက တခဏခန့် ပြူးကျယ်သွားပြီး ထိုမျက်ဝန်းထဲမှ အံ့အားသင့်စရာကောင်းလွန်းသော အေးစက်သည့် အလင်းတန်းက ဖြာထွက်လာသည်။ သို့သော် ချက်ချင်းလိုလို ပထမမင်းသားက သိမ်မွေ့သော အမူအရာကို ပြန်ထိန်းလိုက်ပြီး ပြစ်ချက်က ကင်းမဲ့သွားပြန်သည်။

......

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ရင်ယန်နန်းဆောင်၏ မတော်တဆမှုက ပိုပို၍ပင် အာရုံစိုက်ခံလာရပြီး အချင်းများကလည်း ပေါ်သထက် ပေါ်လာသည်။ ထိုအချိန်တွင် သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသက အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။ ဟူမဟာဗိုလ်ချုပ်တိုင်းက လျှောက်တင်လာသော ပြန်စာများက မြို့တော်သို့ ရောက်ရှိလာသောအခါ ခပ်မြန်မြန်ပင် ပေါက်ကြားသွားပြီး တစ်တိုင်းပြည်လုံးက မီးမုန်တိုင်းထန်သည်။

တစ်ယောက်ချင်းစီတိုင်းက ချွင်းချက်မရှိစွာပင် သူတို့က သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသကို ကြောက်လန့်ကြောင်း သူတို့က မမျှမတ စွပ်စွဲခံရခြင်းဖြစ်ကြောင်း ပြောဆိုထားကြသည်။ အများစုကမူ သူတို့က စတုတ္ထမင်းသားနှင့် မပတ်သတ်ကြောင်း ပြောဆိုထားကြသည်။ ထိုထဲမှ တစ်ယောက်ကသာ စုတတ္ထမင်းသားက သူ့ကို အမှန်တကယ် ချဉ်းကပ်ခဲ့ကြောင်း သို့သော်သူက တင်းတင်းမာမာ ငြင်းဆန်ခဲ့ကြောင်း ဝန်ခံထားလေသည်။

ထို့ကြောင့် ပြဿနာက ပေါ်လာသည်။ ကျန်းရှန်း၊ ကျောင်းရို့နှင့် အခြားသော အရာရှိတိုင်းကလည်း စတုတ္ထမင်းသားက နယ်စပ်မှ ဟူမဟာဗိုလ်ချုပ်တစ်ယောက်၏ ထောက်ပံ့မှုကို ရရှိထားပြီးကြောင်း ပြောထားပြီး အားလုံး၏ ထွက်ဆိုချက်ကလည်း တူညီနေခဲ့သည်။ သို့သော် စတုတ္ထမင်းသားနှင့် ထိုမဟာဗိုလ်ချုပ်ကြီးများ၏ ဆက်သွယ်မှုမှတ်တမ်း မပါရှိထားချေ။

စတုတ္ထမင်းသားအတွက်ကမူ သူက သဘာဝအလျောက်ပင် သူက ထိုကိစ္စနှင့် မပတ်သတ်ကြောင်း အခိုင်အမာ ပြောဆိုနေပြန်သည်။

လက်ရှိအခြေအနေတွင် ဝန်ခံချက်အားလုံးအရ နယ်စပ်မှ ဟူမဟာဗိုလ်ချုပ်များကို ချိန်ရွယ်နေသော်လည်း သူတို့ထဲက ဟူများက ဒီမတော်တဆမှုနှင့် ပတ်သတ်ကြောင်း သက်သေအတိအကျ မရှိနေခဲ့ချေ။ ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်း၊ ဖုမာန်လင်းချာနှင့် ကောင်းရှန်းကျစ်တို့က တစ်ယောက်မှ မပတ်သတ်ကြောင်း ပြောဆိုထားကြသည်။

ပို၍ဆိုးသည်မှာ သူတု့ိက ဟူဖြစ်ကောင်း ဖြစ်လောက်သော်လည်း ခုံရုံးအတွက် သူတို့က အကျိုးအမြတ် အများကြီး လုပ်ပေးခဲ့ကြပြီး သူတို့၏ ခြေလက်များက သန့်ရှင်းနေခဲ့သည်။ ခဲ့ရှု့ဟန်ဆိုလျှင် မဟာထန် စစ်နတ်ဘုရားနှင့် အိမ်ရှေ့စံ၏ အငယ်တန်း ကာကွယ်စောင့်ရှောက်သူတို့ ကိုယ်တိုင်ကိုယ်ကျက ရာထူးတိုးပေးခိုင်းထားခြင်းဖြစ်သည်။ ဝမ်ကျုံးစစ်ကိုယ်တိုင်ကပင် ကိုယ်တိုင်ကိုယ်ကျ ထောက်ခံပေးခဲ့သူဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရဖြင့် ဆိုရသော် လူအများစုကလည်း ခဲ့ရှု့ဟန်၏ စကားလုံးကို အခြားသော အဖွဲ့အစည်းများမှ အရာရှိများ၏ ဝန်ခံမှုထက် ပို၍ယုံကြည်ရန် ဆန္ဒရှိကြသည်။ စတုတ္ထမင်းသားကလည်း ထိုဗိုလ်ချုပ်ကြီးများ၏ တန်ကြေးကို သိသဖြင့် သူတို့ကို ချဉ်းကပ်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ သို့သော်သူက အဖက်ဖက်မှ ငြင်းဆန်ခံခဲ့ရလောက်သည်။

အမှန်တိုင်းဆိုရသော် နန်းတွင်ရှိ မင်းသားတိုင်းကလည်း ခုံရုံးမှ အရာရှိတိုင်းကို ချဉ်းကပ်ရန် ကြိုးစားကြပြီးသားဖြစ်သည်။ သို့သော် သူတို့အားလုံးက ငြင်းဆန်ခံရလေ့ရှိသည်။ ငြင်းဆန်ခံရခြင်းနှင့် အောင်မြင်မှုက မတူသောကဏ္ဍဖြစ်သည်။ ငြင်းဆန်ခံရခြင်းကမူ ထိုကမ်းလှမ်းမှုက မဖြစ်ပွားခဲ့သည်ဟု ဆိုလို၍ပင် ရသေးသည်။ အောင်မြင်မှုကသာလျှင် ရုံးတော်ရှိ အရာရှိများနှင့် ပူးပေါင်းသည်ဟု ထွက်ဆိုနိုင်သည်။

ရန်ချောင်၊ ကျန်းရှန်း၊ ကျောင်းရို့နှင့် အခြားသော အရာရှိများ၏ စကားများက ဟူမဟာဗိုလ်ချုပ်ကြီးများအတွက် ပြစ်မှုများ စွဲချက်တင်နိုင်အောင် မလုံလောက်ချေ။ တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း မြင့်မားသော အဆင့်အတန်းရှိနေသည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ အကျဉ်းချ၍မရချေ။

သူတို့ကိုသာ ထိုသို့လုပ်လိုက်ရင် တော်ဝင်ခုံရုံးမှ အရေးပါသော အရာရှိများ၏ ဂုဏ်သိက္ခာက မကျန်နိုင်တော့ချေ။ အုပ်ချုပ်သူများကလည်း ဟာသပြဇာတ်တစ်ခုကို တိုက်ထားသလိုမျိုး ဖြစ်နေပေလိမ့်မည်။

ထိုမဟာဗိုလ်ချုပ်ကြီးများက အပြစ်ကင်းစင်ကြောင်း အခိုင်အမာ ပြောဆိုနေခြင်းက တဖြည်းဖြည်းချင်း ထိုမတော်တဆမှုကို လျော့ပါးသထက် လျော့ပါးလာစေသည်။ ထို့ကြောင့် နောက်တစ်ရက် မနက်ခင်း ညီလာခံတွင် မမျှော်လင့်ထားသော ကိစ္စ အပြောင်းအလဲက ဖြစ်လာသည်။

“အရှင်မင်းကြီး ဒီအရာရှိ စန်းချန်းက မှတ်တမ်းလွှာတစ်ခု တင်ပြချင်ပါတယ်”

ဆွေးနွေးမှုများက အဆုံးသတ်ခါနီးအချိန်မှ ဆံပင်များပင် မီးခိုးရောင်သမ်းနေသော တော်ဝင်ဆင်ဆာ လူကြီးမင်းတစ်ယောက်က ရှေ့သို့ခပ်တင်းတင်း လျှောက်သွားပြီးနောက် မှတ်တမ်းလွှာတစ်ခုကို ကိုင်လျှက် ရှေ့တိုးသွားသည်။

“ဆင်ဆာလူကြီးမင်းဟောင်းက စိတ်ထဲရှိသမျှ ပြောနိုင်ပါတယ်”

သူတော်စင်ဧကရာဇ်၏ တောင်တန်းတစ်လုံးလို မယိမ်းယိုင်ဘဲ တည်ကြည်ခိုင်မာကာ အရှိန်အဝါ အပြည့်ပါသည့် အသံတစ်သံက ခန်းမထဲမှ ထွက်လာသည်မှာ ခန်းမ၏ အပေါ်ဘက်ခြမ်းမှတဆင့် ကောင်းကင်ဘုံထိ ဆက်တက်သွားသည်ဟုပင် ထင်ရသည်။

အခန်း(၈၁၇)

“အရှင်မင်းကြီး လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က မြို့စောင့်တွေက ကင်းလှည့်တဲ့အခါ သံသယဝင်စရာကောင်းတဲ့ ဟူတစ်ယောက်က ခိုးကြောင်ခိုးဝှက် လှုပ်ရှားနေတာကို ရှာတွေ့ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးပြီးတဲ့နောက်မှာ အဲ့ဒီဟူကလည်း သူက ချီရှီကာကွယ်ရေးစစ်တပ်က လူဖြစ်ပြီး ကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာက အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်ကြောင်း ဝန်ခံခဲ့ပါတယ်”

အင်ပါယာ ဆင်ဆာလူကြီးမင်းတန်းက ထိုသို့ တင်းမာသော မျက်နှာထားဖြင့်ပြောသည်။

ဝုန်း

အင်ပါယာ ဆင်ဆာလူကြီးမင်းတန်၏ စကားလုံးက ခန်းမထဲရှိ လူတိုင်းကို ပွက်လောရိုက်သွားစေသည်။ ထိုမျှနောက်ကျသော အချိန်မှ ခုံရုံးက အကြမ်းတမ်းဆုံးနှင့် ဘယ်သောအခါမှ ဘက်မလိုက်တတ်သော ဆင်ဆာလူကြီးမင်းက ရင်ယန်နန်းတော်၏ မတော်တဆမှုကို တင်ပြလာသည်။

ထိုဆင်ဆာလူကြီးမင်းအိုကြီးက ထိုအကြောင်းအရာကို ထည့်ပြောလာမှုနှင့်အတူ ရှိနေကြသော အရာရှိတိုင်းကလည်း ဖြစ်ပျက်လာမည့် အခြေအနေကို အနံ့ခံမိလိုက်ကြသည်။

“ဆင်ဆာလူကြီးမင်းအိုကြီးက ဘာကိုဆိုလိုချင်တာပါလဲ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး ဘာလို့အခုမှ ပြောရတာလဲ”

“ဒီဆင်ဆာလူကြီးမင်းအိုကြီးက ပုံမှန်အားဖြင့် ခုံရုံးရဲ့ ညီလာခံကို တက်လေ့တက်ထမှ မရှိတာ။ ဒါပေမဲ့ ဒီနေ့ရောက်လာတယ်။ ဒါပေမဲ့သူက ဘာလို့ ဖုမာန်လင်းချာကို အထူးတလည် ထည့်ပြောတာလဲ”

“ဘယ်သူကမှ အရေးကြီးကိစ္စမရှိဘဲ ဘုရားကျောင်းဆီ မသွားဘူး။ ဆင်ဆာလူကြီးမင်းအိုကြီးက တစ်ခုခုကိုများ ရှာတွေ့ထားလို့လား”

ရှိနေကြသော အရာရှိတိုင်းက အမျိုးမျိုး တွက်ချက်ကာ သီအိုရီများထုတ်ကြသည်။ ရင်ယန်နန်းဆောင်၏ မတော်တဆမှုက နောက်ကွယ်သို့ရောက်ပြီး တဖြည်းဖြည်းချင်း လျော့ပါးလာသည်ဟု ထင်ရသည့်အချိန်တွင် မည်သည့်အတွက်ကြောင့် ထိုအင်ပါယာ ဆင်ဆာလူကြီးမင်းကြီးက ရုတ်တရက် ထိုအကြောင်းအရာကို ထည့်ပြောလာကြောင်း နားမလည်ကြချေ။

ထိုအချိန်တွင် နဂါးဝတ်ရုံဖြင့် ဘုရင်ချီက ရုတ်တရက်ထပြောသည်။

“ဆင်ဆာလူကြီးမင်းဟောင်း ဖုမာန်လင်းချာနဲ့ အခြားဆင်ဆာလူကြီးမင်းတွေက မဟာထန်ကို အကျိုးပြုမှု အများကြီးလုပ်ခဲ့ကြလို့ လူတိုင်းက တန်ဖိုးထားရတဲ့ အရာရှိတွေပါ။ ခင်ဗျားအနေနဲ့ မပြောခင် ဂရုတစိုက် တွေးရမယ်။ ဘာပဲဖြစ်ဖြစ် ငါတို့ကလည်း ခုံရုံးအတွက် အများကြီး အကျိုးပြုခဲ့တဲ့ မဟာဗိုလ်ချုပ်ကြီးတွေ ငါတို့ကို စိတ်ပျက်သွားစေလို့ မရဘူးမဟုတ်လား”

အင်ပါယာဆင်ဆာလူကြီးမင်းက သူတော်စင်ဧကရာဇ်ထံ တိုက်ရိုက် မှတ်တမ်းလွှာ တင်ပြသောအခါ ဘုရင်ချီကဲ့သို့သော အင်ပါယာဘုရင်ကဲ့သို့သော လုံလောက်အောင် အဆင့်အတန်း မြင့်သူကသာ ဝင်ရောက်ပြောခွင့်ရှိသည်။ ခုံရုံးတွင် ရှိနေကြသော တော်ဝင်မင်းသားများထဲတွင် ဘုရင်ချီကသာ ဟူမဟာဗိုလ်ချုပ်ကြီးများနှင့် ဆက်ဆံရေး အကောင်းဆုံးဖြစ်သည်။ သူတို့၏ဆက်ဆံရေးက မည်သည့်အတွက်ကြောင့် ကောင်းသောဆိုသော ကိစ္စကို နားလည်ရလွယ်သည်။ အကြောင်းအရာက ရိုးရှင်းသည်။

ဘုရင်စုန့်က ဟန်ဗိုလ်ချုပ်တိုင်းနီးပါးကို အောင်မြင်စွာ ချဉ်းကပ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် ဘုရင်ချီတွင် ရွေးချယ်စရာ မရှိတော့ဘဲ ဟူမဟာဗိုလ်ချုပ်တိုင်းကို ချဉ်းကပ်လိုက်ရသည်။ သို့သော် ထိုအခြေအနေတွင် ဘုရင်ချီကမူ အခြေအနေ အရပ်ရပ်၏ မသင့်တော်မှုကို နားလည်သဖြင့် အလွန်နီးကပ်အောင် မချဉ်းကပ်ခဲ့ချေ။ ထိုအတွက်ကြောင့်လည်း သူက ဗျူဟာများကို ကောင်းကောင်း အကြံအစည်ချထားပြီး ကိုယ်တိုင်အတွက် ပုံဖော်ထားခြင်းဖြစ်သည်။

ယခုလိုအခြေအနေမျိုးတွင် သူက ဟူမဟာဗိုလ်ချုပ်ကြီးများအတွက် ပြောပေးနိုင်သည်။

“အရှင်မင်းကြီး”

ဆင်ဆာလူကြီးမင်းအိုကြီးက ဘုရင်ချီကို တစ်ချက်ခန့်ကြည့်ပြီးနောက် အကြည့်ကိုပြန်ဖယ်ကာ အင်ပါယာ၏ အဆင့်အမြင့်ဆုံး တည်ရှိမှုကြီးကို ပြန်ကြည့်သည်။ တစ်ဖက်သူက တော်ဝင်အာဏာ အမြင့်ဆုံး ကိုင်ဆွဲထားသူဖြစ်ပြီး အလေးစားရဆုံးသော သူတော်စင်ဧကရာဇ်လည်းဖြစ်သည်။

“နယ်စပ်ကခုံရုံးရဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက်က ခွင့်ပြုချက်မတောင်းခံဘဲ စစ်တပ်ကနေ ထွက်ခွာလာတာက တာဝန်လစ်ဟင်းတာပါပဲ။ ဒါက စစ်တပ်စည်းမျဉ်းအောက်မှာ ကြီးလေးတဲ့ ပြစ်မှုလည်းဖြစ်တယ်။ ဒါ့အပြင် သူက ဟူကုန်သည်တစ်ယောက်အနေနဲ့ ရုပ်ဖျက်ပြီး မြို့တော်ကို ဝင်ရောက်လာခဲ့ကတည်းက သူ့မှာ အကြံအစည်ရှိနေတာ သိသာပါတယ်။ ဒါကြောင့် မြို့အစောင့်တွေက သူ့ကို အကျဉ်းချခဲ့တာ။ ဒါပေမဲ့ ဒါက အရေးကြီးတဲ့အချက် မဟုတ်ပါဘူး။ အရေးကြီးတဲ့အချက်ကတော့ မြို့စောင့်တွေက စာတစ်စောင် ရှာတွေ့ခဲ့တယ်။ ဒီစာက ဒီအရာရှိအိုကြီး ပေါ်လာရတဲ့ အဓိက အကြောင်းပြချက်ပါ”

“တရားရေးရာဘက်က ဖြောင့်မတ်တဲ့ အရာရှိတွေက ကြွယ်ဝမှုကိုလည်း မချစ်သလို ဗိုလ်ချုပ်ကြီးတွေကလည်း သေရမှာကို မကြောက်ရဘူး။ လူတိုင်းက ကိုယ့်နေရာကိုယ်သိပြီး ကိုယ့်တာဝန်ကို လုပ်ရတယ်။ အခြားလူတွေနဲ့ ဝင်စွက်ဖက်တာမျိုး မလုပ်ရဘူး။ ဒီလိုအခြေအနေတွေကြောင့်ပဲ မဟာထန်က ရာစုနှစ်ပေါင်းများစွာကြာအောင် ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ခဲ့တာ။ ဒါပေမဲ့ ဖုမာန်လင်းချာဆိုတဲ့ နယ်စပ်က မဟာဗိုလ်ချုပ်ကြီးတစ်ယောက်လည်းဖြစ် အင်ပါယာ မဟာဗိုလ်ချုပ်လည်း ဖြစ်တဲ့လူက နယ်စပ်ကို အာရုံမစိုက်ဘဲ တော်ဝင်ခုံရုံးကိုလည်း ကိုယ်ကျိုးအတွက် ထည့်တွက်ခြင်းမရှိဘဲ အကျိုးပြုမှု ပေးရမဲ့တာဝန်ကိုလည်း လစ်ဟင်းခဲ့တယ်။ အဲ့ဒီအစားသူက စတုတ္ထမင်းသားနဲ့ မကြာခဏ စာအပြန်အလှန် ဆက်သွယ်ခဲ့ပြီး ဘယ်လိုပူးပေါင်းရမလဲဆိုတာကိုပဲ တွေးနေခဲ့တယ်။ သူက စတုတ္ထမင်းသားကိုယ်တိုင် ဧကရာဇ်နေရာကို အရယူနိုင်အောင် တက်စွမ်းသမျှ ကူညီပေးမယ်လို့ ကတိပေးခဲ့သေးတယ်။ အောင်မြင်သွားတဲ့အခါ အခြားကတိတွေအရ စတုတ္ထမင်းသားက ဖုမာန်လင်းချာကို အမတ်ချုပ်ကြီးနဲ့ မဟာပြည်နယ်ရဲ့ ဆရာဖြစ်အောင် လုပ်ပေးရမယ်ဆိုပြီး ဟူတွေအတွက် စကားခံခဲ့ပါတယ်”

ဆင်ဆာလူကြီးမင်းအိုကြီးက ပြောနေရင်း သူ၏ခန္ဓာကိုယ်က ဒေါသကြောင့် တဆတ်ဆတ် တုန်လာသည်။

“ဒီနှစ်ယောက်က အတူပူးပေါင်းကြတဲ့ အကျင့်ပျက်သူတွေပါ။ သူတို့က အရမ်းကို လွန်ကဲလွန်းအားကြီးလာတယ်။ ဒီအရာရှိအိုကြီးကလည်း ဖုမာန်လင်းချာက မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေပြီး ပုန်ကန်ဖို့ ကြံစည်နေတယ်လို့ ယူဆပါတယ်”

ဘုန်း

ဆင်ဆာလူကြီးမင်းအိုကြီး၏ စကားက ခန်းမ၏ အလယ်ဗဟိုသို့ ကျောက်တုံးကြီး ပစ်ချလိုက်သည်နှင့်တူသည်။ ချက်ချင်းလိုလို အရာရှိများအကြားတွင် ဆွေးနွေးမှုများ ဖြစ်ပွားလာသည်။ မြို့တော်တွင် သံသယဝင်သော ကိစ္စများနှင့် စွပ်စွဲချက်များကို တင်ပြသော အခြေအနေက ပုံမှန်လိုလိုဖြစ်နေပြီး ဒါကလည်း အင်ပါယာ ဆင်ဆာလူကြီးမင်းများ၏ တာဝန်ဖြစ်သည်။ ဒီနည်းအားဖြင့် သူတို့က လောကကို ဆက်တိုက် စောင့်ကြည့်နေကြပြီး အမှားလုပ်သောလူများကို အပြစ်ပေးရန် စောင့်ကြည့်နေရမည်ဖြစ်သည်။

သူတို့က ရာထူးအမြင့်ဆုံးသော အဆင့်မှလူကစတင်ပြီး တိုင်းပြည်မှ အနိမ့်ကျဆုံးသော လူအထိ သံသယဝင်ကာ စွဲချက်တင်ပိုင်ခွင့်ရှိသည်။ အဆင့်လွန် သူတော်စင်ဧကရာဇ်ကပင် သူတို့၏ စွဲချက်တင်မှုအောက်မှ မလွတ်မြောက်နိုင်ချေ။

ထိုစွဲချက်တင်မှုများက ခုံရုံးတွင် အချိန်အတန်ကြာ ရှိနေသောလူတိုင်းအတွက် သာမာန်မြင်ကွင်းမျိုး ဖြစ်နေပေလိမ့်မည်။

သို့သော် ထိုကိစ္စကမူ မတူသောအခြေအနေ ဖြစ်သွားသည်။ အင်ပါယာဆင်ဆာလူကြီးမင်း တန်းချန်း၏ပါးစပ်က ပုံမှန်မဟုတ်သော စကားလုံးများကို ပြောလာခဲ့ပြီး ထိုစကားလုံးတိုင်းကလည်း ခုံရုံးမှ တားမြစ်ထားသော စကားလုံးများပင်ဖြစ်နေသေးသည်။ တစ်ယောက်က ဧကရာဇ်ဖြစ်ပြီး အခြားတစ်ယောက်က အမတ်ချုပ်ကြီးဖြစ်သည်။ ထို့ပြင်သူတို့က ပူးပေါင်းသည်ဆိုသော စကားလုံးပါသည်။ ထိုစကားလုံးများက အရာရှိတိုင်းအတွက် တားမြစ်သည့် စကားများဖြစ်သည်။

“အရှင်တန်း ခင်ဗျားသေချာလား”

“နယ်စပ်က မဟာဗိုလ်ချုပ်ကြီးတစ်ယောက်က မင်းသားတစ်ပါးနဲ့ ပူးပေါင်းပြီး အမတ်ဖြစ်အောင် ကြိုးစားမယ်။ ဒါကဘယ်လောက်တောင် အရှက်မဲ့လိုက်တဲ့ ကိစ္စလဲ။ ဖုမာန်လင်းချာက အတော်ခေါင်းမာတာပဲ”

“တန်းချန်း မင်းပေါက်ကရတွေ မပြောရင်ကောင်းမယ်။ ဒီကိစ္စက အင်ပါယာ မဟာဗိုလ်ချုပ်နဲ့ မင်းသားတစ်ပါး ပါဝင်ပတ်သတ်နေတာ။ ရယ်စရာကိစ္စ မဟုတ်ဘူး။ ဒီတော့ မပြောဖို့ ဂရုစိုက်တွေး။ ပိုဆိုးတာက ဖုမာန်လင်းချာက တိဗက်တောင်ပေါ်ဒေသအတွက် ဝန်ဆောင်မှုအကြီးကြီး လုပ်ပေးထားတာမဟုတ်လား။ မင်းက ဒီလိုလူကို အသရေဖျက်ချင်တာလား”

“ဂရုတစိုက်တွေးဆိုတာက ဘာကိုဆိုလိုတာလဲ။ တော်ဝင်ဆင်ဆာလူကြီးမင်းတန်းက ခုံရုံးရဲ့ အရာရှိဟောင်း တစ်ယောက်ပဲ။ သူက ဂရုတစိုက်မတွေးရင် မင်းကတွေးတာလား။ တော်ဝင်ဆင်ဆာ လူကြီးမင်းတွေရဲ့ တာဝန်က လောကတစ်ခုလုံးကို အမြဲတမ်း စောင့်ကြည့်ပြီး အမှားရှိရင် အပြစ်ပေးဖို့ အားလုံးကို သံသယအပြည့်နဲ့ စောင့်ကြည့်ပြီး လိုအပ်ရင် စွဲချက်တင်ဖို့ပဲလေ။ ဒါက သူတို့လုပ်ရမဲ့ တာဝန်ပဲ။ မင်းအတွက်ကတော့ ဖုမာန်လင်းချာအတွက် တချိန်လို ဒီလိုလျှောက်ပြောပေးနေတယ်။ မင်းက ဒီကိစ္စမှာ ပါဝင်နေတာလား”

ခုံရုံးက ထိုသို့ဖြင့် ပေါက်ကွဲမတက် ဆူညံပွက်လောရိုက်သွားသည်။ ရင်ယန်နန်းဆောင်၏ မတော်တဆဖြစ်မှုထဲတွင် ခုံရုံးခြောက်ခုမှ အရာရှိပေါင်းများစွာ ဖယ်ရှားခံခဲ့ရသည်။ ထိုလူများက ဖုမာန်လင်းချာ၏ကိုယ်စား ပြောနေခြင်း မဟုတ်လောက်သော်လည်း မည်သို့ပင်ဆိုစေ သူတို့က ဆယ်စုနှစ်ပေါင်းများစွာ ရင်းနှီးခဲ့သော အပေါင်းအဖော်များက အကျဉ်းထောင်ထဲတွင် အပိတ်ခံထားရသည်။

ခုံရုံးက ထိုသို့ဖြင့် ကစဉ့်ကလျားဖြစ်သွားပြီး ပွက်လောရိုက်သွားသည်။ အတွင်းခုံရုံးမှ အုပ်ချုပ်သူ ကောင်းလီရှီက ရုတ်တရက် ထပြောသည်။

“တော်ဝင်ဆင်ဆာလူကြီးမင်းတန်း အရှင်မင်းကြီးကလည်း ချက်ချင်းထပြီး မင်းကို စာကိုအပ်ဖို့ အမိန့်ထုတ်လိုက်တယ်”

နောက်ထပ် တစ်ခွန်းမဆိုဘဲ တန်းချန်းက ချက်ချင်းလိုလို အင်္ကျီလက်ထဲမှ စာကိုထုတ်ကာ ရှေ့တက်လာသည်။

တစ်ဖက်တွင် သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော ဗိုလ်ချုပ်ကြီးနှစ်ယောက်က ရှေ့ထွက်လာပြီးနောက် တော်ဝင်ဆင်ဆာ လူကြီးမင်းတန်း၏စာကိုယူသည်။

ထိုမြင်ကွင်းကြောင့် အောက်ဘက်ရှိ ပွက်လောရိုက်နေသော လူအုပ်က ချက်ချင်း တိတ်ကျသွားသည်။ လူတိုင်းက ထိတ်လန့်စွာဖြင့် စောင့်ကြည့်နေကြသည်။ တော်ဝင်ဆင်ဆာ လူကြီးမင်းတန်းကလည်း ဖုမာန်လင်းချာက စတုတ္ထမင်းသားနှင့် ပူးပေါင်းကြောင်း ပြောခဲ့ပြီးသည့်တိုင်အောင် မည်သူကမျှ စာကို မမြင်ရသေးသည့်အတွက် အမှန်ဖြစ်ကြောင်း မသိနိုင်ကြချေ။

ဝုန်း

စာက သူတော်စင်ဧကရာဇ်၏ လက်ထဲသို့ ရောက်သွားသည်နှင့် ခန်းမတစ်ခုလုံးရှိ လေထုက ရုတ်တရက် ထိုးကျသွားသည်။ ဒါက ကောင်းကင်ဘုံမှကြည့်လျှင် မရေမတွက်နိုင်သော တောင်ပေါင်းများစွာက ပြုတ်ကျလာသလိုမျိုး အားလုံးက မသက်မသာဖြစ်သွားပြီး မူးဝေသွားကြသည်။

အချိန်ကပင် ရပ်တန့်သွားသယောင် ထင်ရသည်။ မည်သူကမျှ မမြင်နိုင်သော်လည်း ခန်းမထဲတွင် ပျံ့နှံ့လာသည့် ခြောက်ခြားဖွယ်ကောင်းလွန်းသော ဖိနှိပ်လိုသည့် လေထုကို အာရုံခံမိနိုင်သည်။ ထိုစွမ်းအင်၏အရှေ့တွင် အရာရှိတိုင်းက ပုရွက်ဆိတ်များသာသာဖြစ်သွားသည်။

“မျိုးမစစ်”

ခန်းမထဲတွင် ဒေါသတကြီး အော်ဟစ်သံက ပျံ့နှံ့သွားပြီး ခန်းမတစ်ခုလုံးက အက်ကွဲတော့မတက် တဆတ်ဆတ် ခါသည်။

“ဖုမာန်လင်းချာကိုပြောလိုက် ကျန်းက ဒီကောင့်ကို ကိုယ်တိုင်လာပြီး ရှင်းပြစေချင်တယ်”

သူတော်စင်ဧကရာဇ်၏ အမိန့်တော်က ချက်ချင်းလိုလို ငလျင်တစ်ခုလိုမျိုး မြို့တော်တစ်ခုလုံးကို လှုတ်ခတ်သွားသည်။ ထိုသု့ိဖြင့် ကျောက်တုံးတစ်တုံးက အင်ပါယာတစ်ခုလုံးကိုသုံးကာ တည်ဆောက်ထားသည့် ယစ်ပုလ္လင်အဖြစ် ပြောင်းလဲလာသည်။

......

“အရှင်အမတ် ကျွန်တော်တို့ အောင်မြင်သွားပြီ”

အဝေးရှိ ဝူရှန်းတွင် ရှိနေသော ချန်းစန်းယွမ်က စာကိုကျစ်ကျစ်ပါအောင် ကိုင်ထားပြီး ပျော်ရွှင်စွာဖြင့် ဝမ်ချောင်၏ စံအိမ်ထံ ရောက်လာသည်။

“မြို့တော်က အခုဖုမာန်လင်းချာက စတုတ္ထမင်းသားနဲ့ ဘယ်လိုပူးပေါင်းတယ်ဆိုတဲ့အကြောင်းပြောပြီး ပွက်လောရိုက်နေကြတာ။ အထူးသဖြင့် ဖုမာန်လင်းချာက အမတ်ချုပ်ကြီး ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းပဲ။ ဒီအကြောင်းအရာ ပေါ်သွားတာနဲ့ သူက လူတိုင်းရဲ့ပစ်မှတ် ဖြစ်လာမှာပဲ။ အခုအချိန်မှာ ကျွန်တော်တို့ကတင် သူ့ကို ဆူးတစ်ချောင်းလို သတ်မှတ်ထားတာမဟုတ်ဘူး။ အန်းတုံး ကာကွယ်ရေးဗိုလ်ချုပ်ကြီး ကျန်းရှို့ကွေး၊ စစ်အမတ်မင်း ကျန်းချုံကျန့်ချုံး၊ ထယ်ကြီးရဲ့ မဟာဗိုလ်ချုပ်ကြီး ခဲ့ရှု့ဟန်နဲ့ အခြားအရေးပါတဲ့ အမတ်ချုပ်ကြီးတွေ အမတ်ကြီးတွေတိုင်း အပါအဝင် လက်ရှိ အမတ်ချုပ်ကြီးကတောင်မှ ဒီလိုတွေးနေကြတယ်။ ဖုမာန်လင်းချာကတောင်မှ သူ့ရဲ့နေရာကို ထိန်းထားနိုင်မှာမဟုတ်ဘူး”

“အရှင်အမတ် ဖုမာန်လင်းချာက ဒီတစ်ကြိမ် အဆုံးသတ်ပြီမဟုတ်လား”

“ဟုတ်လား”

ဝမ်ချောင်က ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် ရေနွေးကြမ်းခွက်ကိုချသည်။ သူ၏အရှေ့တွင်မူ ရွှီချီချင်က ထိုင်နေသည်။ သူ၏အမူအရာကလည်း မအံ့ဩဟန်ဖြစ်သည်။

“ဖုမာန်လင်းချာက အမတ်ချုပ်ဖြစ်ဖို့ လုံလောက်တဲ့ ပါရမီမရှိဘူး။ သူက ခေါင်းမာပြီး တစ်ယောက်ဖြစ်ချင်နေသေးတယ်။ သူက ဒီကိစ္စအတွက်ကြောင့် ကိုယ့်ကိုယ်ပဲ အပြစ်တင်ရမှာပဲ။ ဒီကိစ္စ ပေါ်သွားတာနဲ့ သူ့ကိုဘက်တိုင်းက တိုက်ခိုက်ကြတော့မှာမဟုတ်လား”

“ဒါပေမဲ့ ဖုမာန်လင်းချာလိုမျိုး အကျင့်စရိုက်ရှိတဲ့လူက အလွယ်တကူတော့ လက်လျော့မှာမဟုတ်ဘူး။ သတိလက်လွတ်မလုပ်နဲ့”

ရွှီချီချင်က ပါးစပ်ကိုအုပ်လိုက်ပြီး ပြုံးလျှက် ရေနွေးကြမ်းခွက်ကို ကိုင်ထားသည်။ ဝမ်ချောင်နှင့် မတူသည်မှာ သူမက ပန်းနီရေနွေးကြမ်းကို သောက်နေခြင်းဖြစ်သည်။ ရေနွေးကြမ်းခွက်၏ အပေါ်ယံပေါ်တွင် နူးညံ့သော အနီရောင်ပွင့်ချပ်လေးများက ပေါလောပေါ်နေပြီး ချိုမြိန်ကာ မွှေးပျံ့သည့်ရနံ့ကို ထုတ်လွှတ်နေသည်။

“သူက အဲ့ဒီအခွင့်အရေး ရမှာမဟုတ်ဘူး။ သူက စတုတ္ထမင်းသားနဲ့ ပူးပေါင်းတယ်ဆိုတဲ့ သက်သေက ထင်ရှားသိသာနေတာပဲ။ နောက်ပြီး သူ့ရဲ့ ကာကွယ်ရေးအမတ်ချုပ်ကြီး တံဆိပ်တောင်မှ ပါသေးတယ်။ ဒီတော့ သူရှင်းပြဖို့ မဖြစ်နိုင်ဘူး။ ဘယ်သူကမှသူ့ကို မကူနိုင်တော့ဘူး။ သူတော်စင်ဧကရာဇ်ကလည်း သူ့ကို ညှာတာမှာမဟုတ်ဘူး။ ဒါ့အပြင် ဒီကိစ္စက ပြီးဖို့ဝေးသေးတယ်”

ဝမ်ချောင်က ထပ်ဖြည့်ပြောသည်။

ဝမ်ချောင်၏ မျက်ဝန်းထဲတွင်လည်း နက်နဲသော အလင်းက ဖြတ်လက်သွားသည်။ သူက စတုတ္ထမင်းသားကိုပေးသော သစ္စာဆိုကြောင်း ပြသောစာက ဖုမာန်လင်းချာအတွက် အများကြီး ရင်းနှီးခဲ့ရသည်။ သို့သော် သူပိုပြီးခေါင်းကိုက်စေမည့် ကိစ္စက ရှိသေးသည်။ မည်သို့ပင်ဆိုစေ ဝမ်ချောင်က ခုံရုံးအား ဖုမာန်လင်းချာက တိုက်ပွဲမှ အကျိုးအမြတ်များကို ခိုးသွားကြောင်း မပြောရသေးချေ။ စစ်မှတ်တမ်းပေါ် မှီခိုလိုက်လျှင် သာ့ယန်မာန်ပန့်ကို ခုခံရေးအားလှိုင်းမှ ဖြတ်သွားစေသော ကိစ္စကလည်း ကိုယ်တိုင်အကျိုးအမြတ်အတွက် အသုံးချခြင်းဖြစ်နေသည်။

“အို ဟုတ်သားပဲ ချီရှီကာကွယ်ရေးစစ်တပ်က ဘယ်လိုလဲ”

ဝမ်ချောင်ကထပ်မေးသည်။

“ဟား ဟား ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ ဌာနချုပ်ကတော့ အချိန်တစ်ခုလောက်ထိ အေးခဲနေမှာပဲ”

“ဒီလိုကိစ္စကြီးဖြစ်သွားပြီးနောက် ဖုမာန်လင်းချာက ငြိမ်ငြိမ်ထိုင်နိုင်ဦးမှာလား။ အရာအားလုံးက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် ဖုမာန်လင်းချာက သုံးရာသီမြို့တော်ကို သွားရလိမ့်မယ်။ အရှင်မင်းကြီးက ဒီတစ်ကြိမ်တော့ တကယ်အမျက်ထွက်နေတာ”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ မည်သို့ပင်ဆိုစေ သူတော်စင်ဧကရာဇ်က ဖုမာန်လင်းချာကို ပါဝင်ပတ်သတ်မှု ရှိမရှိ မေးမြန်းခဲ့ပြီး ဖုမာန်လင်းချာကလည်း အပြစ်ကင်းစင်ကြောင်း ပြောခဲ့သည်။ ရှင်းလင်းစွာဖြင့်ပင် ဖုမာန်လင်းချာက အပြစ်မကင်းမှု မခံစားရသလို အရှင်သခင်ကိုပင် လှည့်စားခဲ့သည်။ ထိုအချက်ကလည်း သူတော်စင်ဧကရာဇ်ကို ဒေါသထွက်စေသည်။

“အခုတော့ ဖုမာန်လင်းချာရဲ့ ကိစ္စကို ဘေးဖယ်ထားလိုက်တော့ ရင်ယန်နန်းဆောင်ရဲ့ မတော်တဆမှုက ဘယ်လိုဖြစ်လာဖြစ်လာ ဖုမာန်လင်းချာကတော့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာကို ထိန်းထားနိုင်မှာမဟုတ်ဘူး။ လောလောဆယ် ငါတို့ရဲ့ကိစ္စကို ဂရုစိုက်ရအောင်။ ချီချင်း ဟူလာယဲ့နဲ့ အဆက်အသွယ်ရလား။ သူက လုံလောက်တဲ့ စစ်မြင်းတွေ စုဆောင်းပြီးပြီလား။ အနောက်ဘက်ပိုင်းက စစ်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ငါတို့အတွက် စစ်မြင်းတွေ အများကြီး လိုအပ်နေတယ်”

အခန်း(၈၁၈)

“ငါအဆက်သွယ်တော့ ရထားပြီးပြီ။ ဒါပေမဲ့ ဟူလာယဲ့က မြင်းတွေကို စုဆောင်းတဲ့ အရှိန်နှုန်းက တော်တော်လေး နှေးနေတာကို တွေ့လိုက်ရတယ်။ ငါကလက်ရှိ အခြေအနေမှာ သူနဲ့ အဲ့ဒီ မြေပြန့်ဒေသက အဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်းအောင် ကူညီဖို့ နည်းလမ်းတစ်ခု တွေးနေတုန်းပဲ။ ဒီလိုဆိုရင် သူက သူ့ရဲ့စစ်မြင်းတွေကို ပုံမှန်ဘယ်လို စုဆောင်းသလဲဆိုတဲ့ အခြေအနေကိုကြည့်ပြီး ညှိပေးသင့်ရင် ညှိပေးလို့ရတယ်။ ငါကိုယ်တိုင်ကလည်း ဒီလိုနည်းလမ်းနဲ့ ငါတို့ရဲ့ အလဲအလှယ်လုပ်တဲ့အရှိန် လျော့ကျသွားဖို့ မျှော်လင့်ရတာပဲ”

ရွှီချီချင်းက အပြုံးနှင့်အတူပြောသည်။

ဝမ်ချောင်နှင့် အခန်းထဲရှိ အခြားလူများက ချီးကျူးလိုသော ခံစားချက်မျိုးဖြင့် သက်ပြင်းချကြသည်။ ရွှီချီချင်က သံမဏိမြို့သို့ ရောက်လာသောအခါ ကိစ္စပေါင်းများစွာ ပြောင်းလဲသွားသည်။ မြို့အတွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အားလုံးကို တစ်ဖွဲ့ချင်းစီတိုင်းအတွက် စက်ကြီးများနှင့် လွှဲထားနိုင်နေပြီး အချို့သော နယ်မြေများဆိုလျှင် မဟာကလန်ကြီးများကို ရောင်းချလိုက်ပြီဖြစ်သည်။ ထိုကလန်ကြီးများကလည်း သူ၏ကိုယ်ပိုင် နေရာတစ်ခုချင်းစီကို ဆောက်လုပ်ရန် ကိုယ်ပိုင်အင်အားသုံးကာ ကြိုးစားနေကြသည်။ ထို့ကြောင့် အခြေအနေက တော်တော်လေး ဝရုန်းသုန်းကား နိုင်နေခဲ့သည်။

သို့သော် ရွှီချီချင်းက ရောက်လာပြီးသောအခါ သူမက အရင်းအမြစ်များအားလုံးကို ဗဟိုစီမံရေးဌာနသို့ ပို့လိုက်ခြင်းအားဖြင့် ဆောက်လုပ်ရေးကို ပို၍မြန်ဆန်သထက် မြန်ဆန်သွားစေသလို အစီအစဉ်တကျဖြစ်သွားသည်။ ဒီနည်းအားဖြင့် ကလန်ကြီးများကလည်း သူတို့၏ဆိုင်များကို ပို၍မြန်ဆန်စွာ ဆောက်လုပ်နိုင်ကြသည်။ သူမက ဝူရှန်းသို့ ရောက်လာသည်မှာ တစ်လဝန်းကျင်သာ ကြာသေးသည်။ သို့သော် ရွှီချီချင်းက လူအများ၏ လေးစားမှုကို အနိုင်ရပြီးလေပြီ။

သူမက ဟူလာယဲ့ကဲ့သို့ တူရကီမြင်းကုန်သည် တစ်ယောက်ကိုပင် သူ၏အဆက်အသွယ်များ ပိုကောင်းအောင် ကူညီပေးနေသေးပြီး သူက မြင်းများကိုစုဆောင်းသည့် အရှိန်နှုန်းမြန်အောင် ကြိုးစားပေးချင်နေသေးသည်။

“အွန်း ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါမင်းကိုပဲ ဒုက္ခပေးရတော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့တွေ ဒီစစ်မြင်းတွေကို အမြန်ဆုံးရရဖို့ မျှော်လင့်တယ်”

ဝမ်ချောင်က ပြောသည်။

နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားသည်။ ဝမ်ချောင်က အနောက်ပိုင်းဒေသ၏ မြေပုံများကို ဆက်တိုက် လေ့လာနေချိန်တွင် အဝေးမှ ဒုန်းစိုင်းအပြေးနှင်လာသော မြင်းခွာသံများက သူ့ကို နှောက်ယှက်လာသည်။ ဝမ်ချောင်ကလည်း ဘာဖြစ်မှန်း မသိသေးသည့် အချိန်တွင် ကင်းထောက်တစ်ယောက်က အပြေးဝင်လာသည်။

“အရှင်အမတ် သွားပြီ ဖုမာန်လင်းချာ လာနေပြီ”

ဝုန်း

ကင်းထောက်၏ စကားလုံးများက အခန်းထဲရှိ လေထုအခြေအနေကို ပြောင်းလဲလိုက်သည်။

သံမဏိမြို့ရှိ လူတိုင်းကလည်း ဖုမာန်လင်းချာနှင့် ဝမ်ချောင်တို့၏ ဆက်ဆံရေးကို သိထားကြသည်။ အဆင့်အနိမ့်ဆုံး ကင်းထောက်ပင်ဖြစ်စေ၊ လက်မှုပညာသည်များပင်ဖြစ်စေ၊ အမတ်နှင့် ချီရှီကာကွယ်ရေး ဗိုလ်ချုပ်တို့က မတည့်ကြကြောင်း နားလည်ထားကြသည်။ သာ့ယန်မာန်ပန့်ကို သတ်ခဲ့သောကိစ္စနှင့် သံမဏိမြို့ပေါ်သို့ တိဗက်သတ္တိဖြူများကို ဝင်ခွင့်ပြုခဲ့သော ကိစ္စများက ဖုမာန်လင်းချာက ခွင့်ပြုခဲ့သောကြောင့်သာ ဖြစ်လာခဲ့ခြင်းဖြစ်လောက်သည်။

ကောလဟာလများက ပို၍ပင် များပြားသေးသည်။ ထိုအထဲတွင် ဖုမာန်လင်းချာက ယခင်တစ်ခေါက် မတော်တဆမှုတွင် သူတို့၏အမတ်ကို မည်သို့ ဖယ်ရှားခဲ့ပုံ၊ သံမဏိမြို့နှင့် ပတ်သတ်ပြီး မည်သို့ ဆိုးဆိုးရွားရွား ပြောဆိုကြပုံများ ရှိနေသည်။ ထို့ပြင် လာရောက်သူများကလည်း ကောင်းသော ရည်ရွယ်ချက်ဖြင့် မဟုတ်လောက်ချေ။ ကောင်းသောဆန္ဒဖြင့် လာလည်ကြခြင်းမဟုတ်ချေ။ ဖုမာန်လင်းချာက သံမဏိအပြင်တွင် ပေါ်လာသည်မှာ ကောင်းသောကိစ္စမဖြစ်နိုင်ချေ။

...

ဝုန်း

မြင့်မားသော မြို့ရိုးပေါ်တွင် ရပ်နေသည့် ဝမ်ချောင်က အောက်ဘက်တွင် ရစ်ဆိုင်းနေသော ဖုန်များကိုကျော်ကာ ငုံ့ကြည့်လိုက်ပြီးမှ နောက်ဆုံးတွင် ဖုမာန်လင်းချာကို တွေ့လိုက်သည်။ သူက အနောက်မြောက်ဘက်ပိုင်းမှလာသည်။ သူက တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် သူနှင့်အတူ အစောင့်ဆယ်ယောက်ကိုသာ ခေါ်လာသည်။

ပုံမှန်အားဖြင့် သူ၏ဝန်းကျင်တွင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် တစ်ထောင်ခန့်တော့ဖြင့် ရှိတတ်သည်။ သို့သော် ယခုအခါ ထိုသို့မရှိနေသော်လည်း သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ဆူနာမီမုန်တိုင်းလို အေးစိမ့်သည့် အရှိန်အဝါများကို လွှတ်ထုတ်နေသေးသည်။ ခုံရုံးက မည်မျှပင် ဆူညံပွက်လောရိုက်နေစေကာမူ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကို အသိုင်းအဝိုင်းက မည်သို့ ကြည့်နေစေကာမူ သူ၏ မဟာဗိုလ်ချုပ်ကြီးဆိုသော အဆင့်အတန်းကတင် ကြောက်ရွံ့လေးစားဖွယ်ကောင်းပြီး ခြောက်ခြားဖွယ်ကောင်းသော ခံစားချက်ကို ပေးစွမ်းနိုင်နေသေးသည်။

“အရှင်အမတ် ဖုမာန်လင်းချာက ဒီလိုလာလည်တာက ကောင်းတဲ့ရည်ရွယ်ချက်နဲ့ မဖြစ်နိုင်ဘူး”

ဝမ်ချောင်၏နောက်တွင် ရုတ်တရက် ပေါ်လာသည့် လီစစ်ယဲ့က မျက်မှောင်ကိုကျုံ့ကာ စိုးရိမ်တကြီးပြောသည်။ ဖုမာန်လင်းချာက မင်းသားနဲ့ ပေါင်းကြံထားသောကိစ္စကြောင့် မြို့တော်သို့သွားကာ သူတော်စင်ဧကရာဇ်ကို တွေ့ဆုံသင့်သည်။ သို့သော် ယခုလို အလောတကြီး ဖြစ်နေသော အချိန်မျိုးတွင်ပင် ဝူရှန်း၏ သံမဏိမြို့သို့ ရောက်လာခဲ့သေးသည်။ အရူးကပင် သူက လက်ဆောင်လာပေးခြင်းလောက် မရိုးရှင်းမှန်း သိသာနေနိုင်သည်။

“ဝမ်ချောင်”

ထိုအခိုက် အနောက်မြောက်ဘက်ပိုင်းမှ ဒေါသတကြီးအော်သံက ထွက်လာသည်။ ဖုမာန်လင်းချာက မြင်းဇာတ်ကြိုးကို ဆွဲလိုက်သည်။ သူ၏ ခြိမ်းခြောက်နိုင်သော အကြည့်ထဲတွင် အေးစက်သောအလင်းက လက်နေပြီး သူက သံမဏိမြို့ကို စိုက်ကြည့်သည်။

“မင်းအဲ့ဒီမှာရှိမှန်း ငါသိတယ်။ အခုဆင်းလာခဲ့”

သူ၏မောက်မာသော လေသံက သံမဏိမြို့၏ ထောင့်တိုင်းနေရာသို့ ဟိန်းထွက်သွားသည်။ မြို့ထဲတွင် ရှိနေကြသော အလုပ်သမားများအားလုံးက ဝမ်ချောင်ကို လှည့်ကြည့်ကြသည်။

“အရှင်အမတ် မသွားတာကောင်းမယ်။ အခု ဖုမာန်လင်းချာကို တွေ့ရမဲ့အချိန် မရောက်သေးဘူး”

“ဟုတ်တယ်အရှင်အမတ် အရှင်အမတ် မသွားသင့်ဘူး”

“ဖုမာန်လင်းချာက သူ့ရဲ့လုပ်ဆောင်မှုက ဖြစ်လာမဲ့ အကျိုးဆက်တွေကို ဂရုမစိုက်တော့ဘူး။ သူက မြို့တော်ကိုရောက်ရင် ခေါင်းပြတ်တော့မှာလေ။ ဒီတော့ အရှင့်အနေနဲ့ သူ့ကို အာရုံစိုက်ဖို့ မလိုပါဘူး”

ရွှီခဲ့ယွီ၊ ကျန်းချွယ်၊ ချန်းစန်းယွမ်၊ စုရွှတ်ရွမ်းနဲ့ အခြားသော အရာရှိတိုင်းက ဝမ်ချောင်ကို ငြင်းဆန်ရန် တိုက်တွန်းကြသည်။ ထိုအချိန်တွင် လူတိုင်းက ဝမ်ချောင်၏ဘက်တွင် ရှိကြသည်။ ထိုထဲတွင် လီစစ်ယဲ့နှင့် ရွှီချီချင်လည်းပါသည်။ သူတို့ကလည်း အလားတူမြင်ကြသည်။

“ဝမ်ချောင် နင်သွားမတွေ့သင့်ဘူးနော်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလိုအခြေအနေမျိုးမှာ သူ့ကိုသွားတွေ့လို့ ကောင်းတဲ့ကိစ္စတွေ ဖြစ်လာမှာမဟုတ်ဘူး”

ရွှီချီချင်းက အကြံပေးသည်။ သူမ၏ ကြည့်ကောင်းလွန်းသော မျက်ဝန်းထဲတွင် စိုးရိမ်မှုများက စွန်းထင်းနေသည်။

ဝမ်ချောင်က ဘာစကားမှ မဆိုချေ။ သူက အဝေးရှိ ဖုမာန်လင်းချာကိုသာကြည့်ပြီး တိတ်တဆိတ် တွေးတောသည်။

“ဟ”

လူတိုင်းက စိုးရိမ်တကြီး ဖြစ်နေကြချိန်တွင် ဝမ်ချောင်က လက်ကိုအသာယမ်းပြီးရယ်သည်။

“စိုးရိမ်စရာမရှိဘူး ဘာမှဖြစ်မလာဘူး။ ဖုမာန်လင်းချာက ငါ့ကိုဘာမှ မလုပ်ရဲသေးဘူး”

သူ၏လက်အောက်ငယ်သားများက ထိုစကားလုံးများကြောင့် မှင်သက်သွားကြသည်။ ဝမ်ချောင်က မရှင်းပြဘဲ ချက်ချင်းလိုလို မြို့ရိုးအောက်သို့ ဆင်းသက်လိုက်သည်။

“အရှင်အမတ် စောင့်ပါဦး”

လက်အောက်ငယ်သားများက စိုးရိမ်တကြီး အနောက်မှ အပြေးလိုက်လာကြသည်။

ဝုန်း

ချက်ချင်းလိုလို ဂိတ်တံခါးကပွင့်သွားပြီး ဝမ်ချောင်က ခွာဖြူအရိပ်ပေါ် စီးနင်းလျှက် လီစစ်ယဲ့နှင့် အခြားလူများ၏ အနောက်မှ ကပ်လိုက်မှုနှင့်အတူ အပြင်သို့ထွက်သွားသည်။

မြို့ရိုးပေါ်နှင့် မျှော်စင်များပေါ်မှ မရေမတွက်နိုင်သော လူပေါင်းများစွာက ဝမ်ချောင်နှင့် ဖုမာန်လင်းချာတို့ အချင်းချင်း နီးကပ်သွားသော မြင်ကွင်းကို ကြည့်နေကြသည်။ လေပြင်း၏ ဟိန်းသံများက ထိုမြင်ကွင်းတစ်ခုလုံးကို ဖုန်မှုန့်အတွင်းသို့ ရောက်သွားစေသည်။

“ဟား ဟား အရှင်ကာကွယ်ရေးဗိုလ်ချုပ် မတွေ့ရတာကြာပြီ”

ဝမ်ချောင်က အနားသို့ ချဉ်းကပ်သွားလိုက်ရင်း ထုံးတမ်းစဉ်လာအတိုင်း ဂါရဝပြုလိုက်သည်။ သူ၏အမူအရာက တည်ငြိမ်နေသည်။ သူ၏မျက်နှာတွင်လည်း အပြုံးကရှိနေသေးသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ခပ်အေးအေးသာဖြစ်နေသည်။ မသိလျှင် သူနှင့်ဖုမာန်လင်းချာက ရန်သူများမဟုတ်ဘဲ မတွေ့ရတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည့် မိတ်ဆွေဟောင်းများဟုပင် ထင်မိလောက်သေးသည်။ အခြားတစ်ဖက်မှ ဖုမာန်လင်းချာ၏ မျက်လုံးကမူ အေးခဲမတက် တောက်ပသည့်အလင်းကို လွှတ်ထုတ်သည်။

“ဟမ့်”

ဖုမာန်လင်းချာက ဒေါသတကြီး နှာခေါင်းရှုံ့လိုက်ပြီးနောက် လက်ကို အသာအောက်သို့ ချလိုက်သည့်အခါ အနောက်မှ သူ၏စစ်သားများက အနီးကပ်လာပြီး ဝမ်ချောင်တို့အနားသို့ ရောက်မှသာ ရပ်တန့်သွားသည်။

“ဝမ်ချောင် မင်းကတကယ် ခေါင်းမာတာပဲ။ မင်းကငါ့ကို တွေ့ရဲတဲ့သတ္တိ ရှိမယ်လို့ မထင်ထားဘူး”

“အရှင်က နောက်နေပြန်ပါပြီ။ မဟာထန်ရဲ့ အရာရှိချင်းအတူတူ ဘာလို့ ဝမ်ချောင်က အရှင့်ကို မတွေ့ရဲရမှာပါလဲ”

ဝမ်ချောင်က ထိုသို့ ချဉ်းကပ်ရလွယ်သော အပြုံးမျိုးဖြင့်ပြောသည်။ သူ၏အပြုအမူက ဖုမာန်လင်းချာ၏ ခက်ထန်နေသော ကြောက်မက်ဖွယ်ကောင်းသည့် ပုံပန်းသွင်ပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်သွားသည်။

“ဝမ်ချောင် မင်းကောင်းကောင်း လုပ်နိုင်ခဲ့တာပဲ။ ငါတို့က အခုအချိန်ထိ မသိသေးဘူးလို့ ထင်နေလား”

“ငါတို့အရှင်က သူ့ရဲ့ဆေဘာ တစ်ချက်ယမ်းလိုက်ရုံနဲ့ မင်းကို မသတ်နိုင်ဘူးလို့ ထင်နေလား”

ဖုမာန်လင်းချာက မပြောသေးခင် သူ့ရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားနှစ်ယောက်က ချက်ချင်းလိုလို ဝမ်ချောင်ကို ပြောဆိုကြသည်။

“လုံလောက်ပြီ”

ဖုမာန်လင်းချာက လက်ညိုးတစ်ချောင်း ဆန့်လိုက်သောအခါ သူ၏ လက်အောက်ငယ်သား နှစ်ယောက်လုံးက တိတ်ဆိတ်သွားကြသည်။ သူ၏ ခြိမ်းခြောက်လိုသော အကြည့်ကမူ ဝမ်ချောင်ထံ ရောက်နေသေးသည်။

“ဝမ်ချောင်က ဝမ်ကလန်က အမတ်တွေ ဗိုလ်ချုပ်တွေ ပြည့်နေတဲ့ကလန်လေ။ အဘိုးကိုယ်တိုင်ကလည်း မဟာထန်ရဲ့ ကျော်ကြားတဲ့ အမတ်ကြီးတစ်ယောက်ပဲ။ ဒီလူက မင်းကို မေးစရာတစ်ခုပဲရှိတယ်။ မင်း ချီးလုဖူကို ကိုင်တွယ်ခဲ့တာလား”

ဝုန်း

ဖုမာန်လင်းချာ၏ စကားနှင့်အတူ ဝမ်ချောင်၏အနောက်မှ လူတိုင်း၏မျက်နှာက ဖြူဖျော့ကုန်သည်။ မည်သူကမျှလည်း ဖုမာန်လင်းချာက ဖြစ်ပျက်ခဲ့သော ကိစ္စများအားလုံးကို လျှင်မြန်စွာ နားလည်သွားခဲ့ပြီး ဆက်စပ်တွေးတောကြည့်လျှက် ဝမ်ချောင်ထံ လာမေးမည်ဟု မမျှော်လင့်ထားမိချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုအခြေအနေရောက်မှ ဝန်ခံ၍မရနိုင်ချေ။ အထူးသဖြင့် ဝမ်ချောင်၏ ဆရာဖြစ်သော မိစ္ဆာဧကရာဇ် လူအိုကြီးမာန်က ရွာလူကြီးနှင့်အတူ ဝူရှန်းရွာသို့ ပြန်သွားသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဖုမာန်လင်းချာက ဒီလိုအခြေအနေမျိုးတွင် ပြဿနာလာရှာလျှင် မည်သို့ အခြေအနေများ ဖြစ်လာနိုင်ကြောင်း မျှော်လင့်ရန်ခက်သည်။

“ဟမ့်”

သူတို့ကို အံ့ဩစေသည်မှာ ဝမ်ချောင်ကရယ်ပြီး အလွန်အမင်း ပွင့်လင်းစွာ ဝန်ခံလိုက်သည်။

“ဟုတ်တယ် ငါက ဘုရင်စုန့်ကို ချီးလီဖူကို ဖမ်းခိုင်းလိုက်တာ။ ခင်ဗျားထင်တာ မှန်ပါတယ်။ ခင်ဗျားက လက်အောက်ငယ်သား ငါးယောက်ကို စေလွှတ်လိုက်တဲ့အခါ ရထားလုံးချင်း တိုက်မိတာနဲ့ သူတောင်းစားကောင်လေးတို့ အားလုံးကို ငါစီစဉ်ထားတာပဲ။ နောက်ပြီး အရှင့်ရဲ့ တုန့်ပြန်မှုကလည်း တော်တော်လေး မြန်ဆန်တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ငါက အလောင်းအစား နိုင်သွားတဲ့လူ ဖြစ်နေတုန်းပဲ”

ဝမ်ချောင်၏ ဝန်ခံမှုက လီစစ်ယဲ့၊ ချန်းစန်းယွမ်၊ ဖုမာန်လင်းချာနဲ့ သူ၏ လက်အောက်ငယ်သားတိုင်းကို အံ့အားတကြီး ကြောင်အသွားစေသည်။ ဝမ်ချောင်က ထိုကိစ္စကို ငြင်းသင့်သည်။ သို့သော်သူက ခေါင်းမာပြီး ဖုမာန်လင်းချာရဲ့အရှေ့တွင်ပင် အရာအားလုံးကို ဝန်ခံလိုက်သည်။

ချွင်

ဆေဘာဓားက လေထုကို ထိုးခွဲလာသည့်အခါ ညဉ်းသံကိုထုတ်သည်။ ဝမ်ချောင်က စကားဆုံးသွားသည့် အချိန်တွင်ပင် ဖုမာန်လင်းချာက ဆေဘာဓားကို ဆွဲထုတ်လိုက်သည်။

“မျိုးမစစ်ကောင် ငါက မင်းကို မသတ်ရဲဘူးလို့ ထင်နေလား။ ချီရှီမှာ ဆယ်နှစ်ကျော်လောက် လွှမ်းမိုးလာတဲ့ ဒီလူက လူပေါင်း မရေမတွက်နိုင်အောင် သတ်ခဲ့ပြီးသား။ ဒါပေမဲ့ ဘယ်ကောင်ကမှ ငါ့ကို ဒီလိုလာပြီး ရန်မစရဲဘူး။ ငါတို့ကြားက လက်ရှိအကွာအဝေးကို မင်းသိလား။ ငါမင်းကို အတွေးတစ်ခုတည်းနဲ့ ဒီနေရာမှာ မြုပ်လိုက်လို့ရတယ်”

ဖုမာန်လင်းချာ၏ မျက်နှာက ဒေါသများ ပြည့်နှက်နေသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ဒေါသကြောင့် တဆတ်ဆတ် တုန်လာသည်။ သူက နည်းလမ်းကျကျ တွေးခဲ့ဖူးသော်လည်း ဝမ်ချောင်ကိုယ်တိုင်ကိုယ်ကျ ဝန်ခံလာပြီး အားလုံးကို အတည်ပြုပေးလိုက်သည့်အခါ ဖုမာန်လင်းချာ၏ ဒေါသများက ဖော်ပြရန် ခက်ခဲလွန်းသော အဆင့်ထိ ရောက်ရှိသွားသည်။ သူ၏စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။ ဝမ်ကလန်မှ အငယ်ဆုံးသားကို သတ်ရန်ဖြစ်သည်။

“အရှင် စကားလုံးတွေ အပိုဖြုန်းနေဖို့ မလိုပါဘူး။ သူ့ကိုဒီတိုင်း သတ်လိုက်ပါ”

ဖုမာန်လင်းချာ၏အနောက်မှ ဟူဗိုလ်ချုပ်တိုင်းကလည်း ဒေါသထွက်နေကြသည်။ သူတို့၏မျက်နှာတွင် ဒေါသက အထင်းသားပေါ်နေသည်။

ချွင် ချွင် ချွင်

သူတို့က လက်နက်များကို ထုတ်လိုက်ကြသည်။ သူတို့၏ဓားနှင့် ဆေဘာများက တလက်လက် တောက်ပနေကြသည်။ ဒါက ခမ်းနားလွန်းသော အလင်းကို လွှတ်ထုတ်နေသည့် နဂါးနှင့်မြွေများ လေကိုဖြတ်ကာ ပျံသန်းနေသလို ထင်ရသည်။ ထိုအချိန်တွင် ဝမ်ချောင်၏ လက်အောက်ငယ်သားများက လက်နက်များကို ဆွဲထုတ်လိုက်ကြသည်။ လီစစ်ယဲ့၏ ကြီးမားသော ဝု့စ်သံမဏိဓားကြီးကလည်း အလားတူသော ပြင်းထန်သည့်ဖိအားကို ထုတ်လွှတ်သည်။

“ဘယ်သူက အရှင့်ကိုထိရဲလဲ”

“ဝူရှန်းမြင်းတပ်က ဒီမှာပဲ။ အမိန့်သာပေးလိုက် ဘယ်သူကမှ မထွက်နိုင်စေရဘူး”

နှစ်ဖက်လုံးက သတိအပြည့်နှင့် ရှိနေကြပြီး လေထုကပင် တင်းကြပ်လွန်းကာ နှစ်ဖက်လုံးက တိုက်ပွဲစတော့မည့် အရိပ်အယောင် ပြလာကြသည်။ နှစ်ဖွဲ့လုံးက လှုပ်ရှားတော့မည့် အချိန်တွင် မြင်မကောင်းသော ရန်ပွဲကြီးက စတင်တော့မည့်အချိန်တွင် သက်တောင့်သက်သာရှိပြီး ယုံကြည်မှုအပြည့်ရှိနေသော အသံက လေထုကို ထိုးခွဲလိုက်သည်။

“လက်နက်တွေသိမ်းလိုက်”

ဝမ်ချောင်က အရင်ဆုံး သူ၏လက်အောက်ငယ်သားများကို တားလိုက်ကာ ဖုမာန်လင်းချာ၏ ဗိုလ်ချုပ်များကိုကြည့်သည်။ လူတိုင်းက ထိတ်လန့်ကာ စိုးရိမ်နေကြချိန်တွင် ဝမ်ချောင်က ယုံကြည်မှုအပြည့် ရှိနေသေးပြီး စိတ်အေးနေသေးသည်။ သူ၏ ထိုသို့သော လုပ်နိုင်စွမ်းအား ရှိသည်ဆိုသည့် အမူအရာက လူတိုင်းကိုလည်း စိတ်အေးသွားစေသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ယဉ်ကျေးမှုမရှိတဲ့လူကို ယဉ်ကျေးမှုမရှိတဲ့ ပုံစံမျိုးနဲ့ပဲ ပြန်ပြီး ဆက်ဆံပေးရတယ်။ တြိဂံပုံမြေကွက်လပ်နေရာမှာ အရှင်က တုစုန့်မာန်ဖော်ကျဲ့ကိုသုံးပြီး ငါ့ကိုသတ်ဖို့ ကြိုးစားခဲ့တယ်။ နောက်ပြီး ငါ့ရဲ့ တိုက်ပွဲက အကျိုးအမြတ်တွေကိုလည်း ခိုးသေးတယ်။ ငါက အရှင့်ရဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်ကို ဖမ်းလိုက်ရုံပါပဲ။ ဒါက ဘယ်လိုများ ကိစ္စကြီးဖြစ်သွားတာလဲ။ ဒါ့အပြင် ငါက ကိုယ့်ကိုယ်ကို အထင်ကြီးနေတာ မဟုတ်ပေမဲ့လည်း အရှင်ကငါ့ကို တကယ်ပဲ သတ်နိုင်မယ်လို့ တွေးနေတာပါလား။ အရှင်လည်း သိသင့်ပါတယ်။ တုစုန့်မာန်ဖော်ကျဲ့တောင် ထွက်ပြေးသွားရတာလေ မဟုတ်ဘူးလား”

ဖုမာန်လင်းချာ၏ မျက်နှာက ချက်ချင်းလိုလို ဖြူဖျော့သွားသည်။ အနောက်ဘက်ရှိ ဗိုလ်ချုပ်တိုင်းကလည်း ဖြူဖျော့သွားကြသည်။

အခန်း(၈၁၉)

ဖုမာန်လင်းချာရဲ့အဆုံးသတ် (၁)

တုစုန့်မာန်ဖော်ကျဲ့နှင့် ဖုမာန်လင်းချာတို့က တိဗက်တောင်ပေါ်ဒေသတွင် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ဖူးကြသည်။ ဆုံးဖြတ်ချက်ပြတ်သားသောအနိုင် ထွက်ပေါ်လာခဲသည်။ တြိဂံပုံမြေကွက်လပ်၏ တိုက်ပွဲတွင်မူ တုစုန့်မာန်ဖော်ကျဲ့က သူ၏စစ်တပ်ကိုပင် စွန့်ပစ်သွားပြီး သူ၏အသက်ဘေးမှ လွတ်အောင် ထွက်ပြေးသွားခဲ့ရသည်။ တုစုန့်မာန်ဖော်ကျဲ့နှင့် တိဗက်များကို ရန်သူအဖြစ် သတ်မှတ်ထားသော ချီရှီဗိုလ်ချုပ်များအနေဖြင့် ထိုအချိန်တွင် ခံစားခဲ့ရသည့် အံ့အားသင့်မှုက ငလျှင်လှုပ်သည်ထက် ပိုသေးသည်။

သူတို့အားလုံးကလည်း ထိုအချိန်က ဝမ်ချောင်နှင့်အတူ ရှိနေခဲ့သည့် အကြီးအကဲနှစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို မှတ်မိနေသေးသည်။ ထိုအကြီးအကဲနှစ်ယောက်ကသာ ရှိနေရိုးမှန်ကန်လျှင် သူတို့ထဲက မည်သူကမျှ ဒီနေရာသို့လာပြီး ဝမ်ချောင်ကို မတိုက်ခိုက်ရဲချေ။

ဟစ်

ဖုမာန်လင်းချာက အသက်ပြင်းပြင်းရှုလိုက်ပြီး သတိလက်လွတ် ဝမ်ချောင်၏အနောက်ဘက်ရှိ မြို့ရိုးကို ကြည့်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင်လည်း တွေးတောနေပုံရသော အလင်းရောင်မျိုးက လက်သွားသည်။ သူက တဖြည်းဖြည်းချင်း အသိဝင်လာသည်။

“ဒါက ဒီကောင်စုတ်ကို တိုက်ခိုက်ဖို့ အချိန်မကျသေးဘူး။ အရာအားလုံး ရှင်းလင်းသွားပြီဆိုကတည်းက လူကြီးလူကောင်းတစ်ယောက်က ဆယ်နှစ်လောက်စောင့်ပြီး ကလဲ့စားချေရလည်း နောက်မကျသေးပါဘူး။ သူဒီကောင့်ကို အခုတော့ အရှင်ထားပေးလိုက်မယ်။ အနာဂတ်မှာတော့ သေချာပေါက် ကလဲ့စားချေဖို့ အချိန်ရှိလာမှာပဲ”

“ဝမ်ချောင် ငါမင်းကို ဒီနေ့တော့မသတ်ဘူး။ ဒါပေမဲ့ အပျော်မစောနဲ့။ ငါဒီကိစ္စကို မှတ်ထားမယ်။ ငါမြို့တော်က ပြန်လာတာနဲ့ ငါမင်းရဲ့ဝမ်ကလန်ကို တန်ကြေးပေးဆပ်ရအောင် လုပ်ပေးမယ်”

ဖုမာန်လင်းချာက ဝမ်ချောင်ကို ခက်ထန်စွာ စိုက်ကြည့်လိုက်သည်။ သူက သူ၏စိတ်ထဲသို့ တစ်ဖက်သူ၏ ရုပ်သွင်ကို တံဆိပ်ကပ် စွဲမြဲနေအောင် မှတ်သွားသည့်အလား ပြုမူပြီးနောက် မြင်းကို ချာကနဲလှည့်ကာ မြို့တော်ဘက်သို့ စီးနင်းသွားသည်။

“သွားမယ်”

ဖုမာန်လင်းချာက လက်ကိုယမ်းလိုက်ပြီးနောက် သူ၏အင်အားစုကိုခေါ်သွားသည်။

“ဟူး”

ဖုမာန်လင်းချာ၏ တောင်လောက်ကြီးသော ဖိအားများက သူတို့၏အနားမှ ဖယ်ခွာသွားမှသာ လူတိုင်းက သက်ပြင်းချနိုင်ကြသည်။

“အန္တရာယ်များလိုက်တာ”

“အရှင် အနာဂတ်မှာ ဒီလိုမျိုး မရင်းနှီးပါနဲ့။ ဖုမာန်လင်းချာက အင်အားကြီးလွန်းအားကြီးတယ်။ အခုလေးတင် အရှင့်ရဲ့အသက်ကို သူ့လက်ထဲ ထည့်လိုက်သလိုဖြစ်သွားတယ်”

“ဟုတ်တယ်အရှင် အရှင့်ရဲ့ဆရာနဲ့ ဝူရှန်းရွာလူကြီးတို့က ဒီနေရာမှာမရှိမှန်း သိသွားခဲ့ရင် ကျွန်တော်တို့အားလုံး ဒုက္ခရောက်မှာပါ”

ဝမ်ချောင်၏ လက်အောက်ငယ်သားတိုင်းက ဆက်လက်ပြီး သူ့ကို ဖြောင့်ဖြကြသည်။ သူတို့၏အသံထဲတွင် ကြောက်လန့်မှုများ ရှိနေသေးသည်။ ဖုမာန်လင်းချာက ဆေဘာဓားကို ဆွဲထုတ်လိုက်သည့်အခိုက် သူတို့အားလုံးကလည်း သေဆုံးခြင်း ရနံ့ဆိုးကိုပင် ရလိုက်သေးသည်။ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်နှင့် ယခုလိုထိပ်တိုက် တိုက်ရိုက် ရင်ဆိုင်လိုက်လျှင် ဖြစ်လာမည့် အကျိုးဆက်ကို မည်သူကမျှ မမျှော်လင့်ရဲချေ။

“ဟား ဟား စိတ်အေးအေးထားပါ။ ဖုမာန်လင်းချာ သိသိမသိသိ သူမတိုက်ခိုက်ရဲပါဘူး”

သူ၏လက်အောက်ငယ်သားများနှင့် မတူသည်မှာ ဝမ်ချောင်က အလွန်အမင်း သက်တောင့်သက်သာ ရှိနေသည်။ သူ၏မျက်နှာတွင်မူ ထိတ်လန့်သည့် လက္ခဏာလည်း မရှိချေ။

“အရှင်အမတ် အရှင်အမတ်က ဒီမတော်တဆမှုမှာ အလောတကြီးလုပ်လွန်းတယ်လို့ ခံစားရတယ်”

လီစစ်ယဲ့က ရုတ်တရက်ပြောသည်။

“ဖုမာန်လင်းချာက အင်အားကြီးလွန်းအားကြီးတယ်။ ဒီတော့ ကျွန်တော်တို့တွေပိုပြီး သတိထားသင့်တာပါ”

“စစ်ယဲ့ စိတ်အေးအေးထားပါ”

ဝမ်ချောင်က ရယ်လိုက်ပြီး တစ်ဖက်သူ၏ပုခုံးကိုပုတ်သည်။

“ဖုမာန်လင်းချာက ဒီနေရာကို ရောက်လာတယ်ဆိုတော့ သူကလည်း ငါမှန်း ခန့်မှန်းမိပြီးသားပဲ။ သူကသာ ငါ့ကို တိုက်ခိုက်ချင်ရင် အခုအချိန်ထိ စောင့်နေပြီး ငါ့ကို စကားလုံးအများကြီးတွေ ပြောနေမယ်လို့ထင်လား”

ဝမ်ချောင်၏စကားက သူ၏လက်အောက်ငယ်သားများကို စွံ့အသွားစေသည်။ ထိုစကားကလည်း မှန်သည်။ ဖုမာန်လင်းချာ၏ အကျင့်စရိုက်အရ သူကသာ ဝမ်ချောင်မှန်း သေချာနေခဲ့လျှင် ထိုမျှအထိ စိတ်ရှည်ပေးနေမည်မဟုတ်ချေ။

“ဖုမာန်လင်းချာက အခုမြို့တော်ကိုသွားပြီ။ သူက သူ့အတွက်သူ ရှင်းရှင်းလင်းလင်း ဖြေရှင်းချက်ပေးသမျှ သူချီရှီကာကွယ်ရေးစစ်တပ်ကို ပြန်လာနိုင်ဖို့ အခွင့်အရေးရှိတယ်။ ဒါပေမဲ့ သူကသာငါ့ကို သတ်လိုက်ရင် ရင်ယန်နန်းတော်က မတော်တဆမှုက ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေနဲ့ပေါင်းလိုက်ပြီး သူသေချာပေါက် သေရမှာပဲ။ မဟာကလန်ကြီးတွေက ကိုင်တွယ်ဖို့ လွယ်ကူတာမှမဟုတ်တာ။ နောက်ပြီးငါက ကောင်းကင်သားတော်ရဲ့ တပည့်ဖြစ်နေတုန်းပဲ။ ဖုမာန်လင်းချာက အကြံအစည်ကြီးပြီး အတွေးနက်တယ်။ ဒီတော့ သူကလည်း ဒါတွေအားလုံးကို သေချာပေါက် နားလည်ထားမှာပဲ။ ဒါကြောင့် ငါ့ကိုဒီနေ့ တိုက်ခိုက်ဖို့ ဘယ်တော့မှ ပြင်ဆင်မှာမဟုတ်ဘူး။ ဒါကြောင့်ငါက သူနဲ့တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့တာပဲ”

ဝမ်ချောင်က ရယ်ရင်းရှင်းပြသည်။

“ဒါပေမဲ့ ဖုမာန်လင်းချာရဲ့ တွေးတောပုံက ရိုးရှင်းလွန်းနေတယ်။ သူက ပြန်လာဖို့ အခွင့်အရေး ရှိသေးတယ်လို့ ထင်နေတာ။ ဒါပေမဲ့ သူမသိတာက ငါကသူ့ကို အဲ့ဒီလိုအခွင့်အရေး ဘယ်တော့မှ မပေးဘူးဆိုတာပဲ”

ဝမ်ချောင်က ခေါင်းကိုခါသည်။ သူ၏မျက်ဝန်းမှ စူးရှသောအလင်းက လက်သွားပြီး မြို့တော်ရှိရာဘက်သို့ကြည့်သည်။ မိစာ္ဆတစ်ကောင်က ခြေတစ်လှမ်းချပြီးသောအခါ ဖြောင့်မတ်မှန်ကန်သော လူတစ်ယောက်က တစ်ကျန်းခန့် ရောက်နှင့်ပြီးသင့်သည်။ ဖုမာန်လင်းချာက သူ၏အတိတ်မှ မှတ်တမ်းများကို မှီခိုမည်ဟု ယုံကြည်ထားလျှင်မူ ဝမ်ချောင်ကလည်း သူ့ကို ဆန္ဒရှိသည့်အတိုင်း လုပ်ခွင့်မပြုနိုင်တော့ချေ။

ဟီး ဟီး ဟီး

ဝမ်ချောင်က မြင်းကိုပြန်လှည့်ပြီး ထွက်သွားသည်။

.....

သူတော်စင်ဧကရာဇ်၏ ဒေါသကို အထင်သေး၍မရချေ။ ထို့ပြင် ဖုမာန်လင်းချာက သစ္စာဆိုထားသောစာက ခုံရုံးနှင့် အများပြည်သူထံ ပျံ့နှံ့သွားသေးသည်။ ထို့ပြင် ဖုမာန်လင်းချာအနေနှင့် (၈)ရက်မှ (၉)ရက်အထိ ခရီးဆက်ပြီးမှသာ မြို့တော်သို့ ရောက်သည်။

“ငါနောက်ဆုံးတော့ပြန်လာပြီ”

သူက ခမ်းနားထည်ဝါလွန်းသော အင်ပါယာမြို့ကြီးကိုကြည့်သည်။ ဖုမာန်လင်းချာက ခံစားချက်များ ရှုပ်ထွေးသွားသည်။ နယ်စပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် တော်ဝင်အမိန့်တော်ဖြင့် ဆင့်ခေါ်ခံရခြင်း မရှိသမျှ မြို့တော်သို့ ခြေမချနိုင်ချေ။ ဖုမာန်လင်းချာကလည်း မြို့တော်သို့ဝင်ရောက်ပြီး အမတ်ချုပ်နေရာကို ယူသည်ဆိုသော မြင်ကွင်းကို အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ဖူးသည်။ ဒီနည်းအားဖြင့် သူက လောကကို အုပ်စိုးနိုင်မည်ဖြစ်သည်။

သို့သော် သူက မြို့တော်သို့ ဒီလိုအခြေအနေမျိုးဖြင့် ဝင်လာရမည်ဟု မမျှော်လင့်ဖူးချေ။

“ဝမ်ချောင် မင်းစောင့်နေ ငါကသာ သူတော်စင်ဧကရာဇ်ဆီ ငါ့စာကို ရှင်းပြလို့ပြီးတာနဲ့ ငါမင်းနဲ့ မင်းရဲ့ဝမ်ကလန်ကို အရှင်လတ်လတ် သေရတယ်ဆိုတဲ့ ခံစားချက်မျိုးရအောင် လုပ်ပေးမယ်”

ဖုမာန်လင်းချာက စိတ်ထဲတွင် ကျိန်ဆိုလိုက်သည်။

ဖုမာန်လင်းချာ၏စိတ်က အတွေးပေါင်းများစွာဖြင့် ပြည့်နှက်နေချိန်တွင် သူ၏နားကို အသံတစ်သံက ထိုးခွဲလိုက်သည်။

“ဒါက အရှင်ကာကွယ်ရေးဗိုလ်ချုပ်မဟုတ်လား။ သူတော်စင်ဧကရာဇ်က ငါတို့ကို အမိန့်ထုတ်ထားတယ်။ မင်းကို အရှင့်ဆီအရောက် ပို့ဆောင်ပေးရလိမ့်မယ်”

တော်ဝင်စစ်တပ်ထံမှ သစ်သားမျက်နှာလို အစောင့်နှစ်ယောက်က ဂိတ်ပေါက်၏ တစ်ဖက် တစ်ချက်စီမှ ထွက်ပေါ်လာသည်။

“မလိုဘူး ငါ့ဘာသာသွားမယ်”

အင်္ကျီလက်ကို တစ်ချက်ခါယမ်းပြီးနောက် ဖုမာန်လင်းချာက သူ့ဆီလာနေသော အစောင့်များကို တွန်းဖယ်ထုတ်ကာ အင်ပါယာမြို့တော်ထဲသို့ဝင်သည်။

“ဒီနိမ့်ကျတဲ့အရာရှိ ဖုမာန်လင်းချာက အရှင်မင်းကြီးကို လာရောက်တွေ့ဆုံပါတယ်”

အချိန်တစ်ခုကြာပြီးနောက် ခုံရုံးတွင် ရောက်ရှိနေကြသော အများပြည်သူဆိုင်ရာ အရာရှိများနှင့် စစ်တပ်ဘက်က အရာရှိများ အားလုံး၏ အရှေ့သို့ သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော ဖုမာန်လင်းချာက ရောက်ရှိသွားသည်။ သူက ထိုက်ကျိနန်းဆောင်၏ ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်။

......

“ဟား ဟား အရှင်အမတ် ဒါက စိတ်ဝင်စားစရာ ကောင်းလွန်းအားကြီးတယ်”

ရက်အနည်းငယ်ကြာပြီးနောက် ဝမ်ချောင်က အနောက်ပိုင်းဒေသ၏ မြေပုံကို ဆက်လက် စစ်ဆေးနေချိန်တွင် ရွှီခဲ့ယွီက အခန်းထဲသို့ စိတ်လှုပ်ရှားစွာ ဝင်ပြေးလာပြီး စာတစ်စောင်ကိုကိုင်ပြီး ရယ်မောနေသည်။

“ဘုရင်စုန့်က စာပို့လိုက်တာလား”

ဝမ်ချောင်ကလည်းပြုံးပြီး မြေပုံမှအကြည့်ကိုလွှဲလိုက်သည်။

ဝမ်ချောင်က အနောက်ပိုင်းဒေသနှင့် အာဘတ်ဆစ်ကယ်လီဖိတ်ကိုသာ ဆက်တိုက် အာရုံစိုက်ထားသည်။ ထို့ကြောင့် အသေးအဖွဲ ကိစ္စများကို အခြားလူများထံ လွှဲထားသည်။ ဥပမာအနေဖြင့် ဖုမာန်လင်းချာက မြို့တော်ကို ဝင်ရောက်ပြီးနောက် ဝမ်ချောင်က ထိုကိစ္စကို အာရုံလုံးဝမစိုက်တော့ချေ။ ထို့ပြင် ဘုရင်စုန့်နှင့် ပတ်သတ်သော ကိစ္စတိုင်းကိုလည်း ရွှီခဲ့ယွီကို လွှဲအပ်ထားသည်။

ဒါက လေ့ကျင့်သည်ဟုလည်း သတ်မှတ်သင့်သည်။ ရွှီခဲ့ယွီက အင်အားသီးသန့်ထက် သာလွန်သော ဗိုလ်ချုပ်ကြီးတစ်ယောက်၏ စွမ်းရည်မျိုးကို စတင်ကာ ပြသလာပြီဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ကလည်း သူ့ကိုပိုပြီး တန်ဖိုးထားလာသည်။

“အရှင်အမတ်က တကယ်ဉာဏ်ကောင်းတာပဲ။ ဒါက ဘုရင်စုန့်ဆီက စာပါ”

ရွှီခဲ့ယွီက ခိုင်မာစွာ ခေါင်းညိမ့်လိုက်ပြီးနောက် ချက်ချင်းလိုလို ဘုရင်စုန့်၏စာကို ပေးလိုက်သည်။ ဖုမာန်လင်းချာက မြို့တော်သို့ ခြေလှမ်းဝင်လာသည်နှင့် သူကခုံရုံးသ်ို့ ဆင့်ခေါ်ခံရသည်။ ထို့ပြင် အရာရှိပေါင်း များစွာ၏အရှေ့တွင် သူကလည်း သူတော်စင်ဧကရာဇ်ထံ သူ၏အပြစ်တိုင်းကို ဝန်ခံခဲ့သည်။

ဖုမာန်လင်းချာက သူ၏သစ္စာရှိမှုကို မဟာထန်ထံ ကျိန်ဆိုပြသည်။ ထို့နောက် သူက မင်းသားလေးနှင့် ပူးပေါင်းခဲ့သော်လည်း ဒါကသူက သူတော်စင်ဧကရာဇ်နှင့် အနည်းငယ်ပို၍ နီးကပ်ချင်သောကြောင့်သာဖြစ်ကြောင်း ပုန်ကန်သောဆန္ဒ မရှိကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် ဖုမာန်လင်းချာက အတိတ်က လုပ်ဆောင်ခဲ့သော ကိစ္စများကို ပြန်လည်ပြောဆိုခဲ့သည်။ ဥပမာအားဖြင့် သူက သူတော်စင်ဧကရာဇ်နှင့် ပထမဦးဆုံးတွေ့ဆုံချိန် အရှင်သခင်နှင့် လက်အောက်ငယ်သားကြားမှ နှစ်ပေါင်းများစွာ ရင်းနှီးဆက်ဆံမှုများကို ထည့်ပေါင်းပြောသည်။

ထိုမျှ ခံစားချက်မြင့်စေသော ကိစ္စပေါင်းများစွာကိုပြောဆိုပြီးနောက် ဖုမာန်လင်းချာက ဖြောင့်မတ်မှန်ကန်သယောင် ပြုမူပြလေရာ အခြားသောလူများကပင် သောကပူဆွေးမှုများကို ခံစားလိုက်ကြရသည်။

ထို့ပြင် ဖုမာန်လင်းချာကလည်း သူ၏ဟူဆိုသော အဆင့်အတန်းကို ထည့်သုံးပြီး သူက ကွန်ဖြူးရှပ် စာပေလေ့လာသင်ကြားမှုတွင် နက်ရှိုင်းသောနောက်ခံမရှိကြောင်း ပြောဆိုခဲ့သည်။ ထိုလူများက တည့်တိုးသာ ပြူမူတတ်သည်။ သို့သော် သူတို့က ဆိုးယုတ်သောနှလုံးသား မရှိကြောင်း ပြောဆိုခဲ့သည်။

စာအတွက်ကမူ ဖုမာန်လင်းချာကလည်း သူက လောဘကြောင့် စိတ်လွတ်သွားကြောင်း အသနားခံခဲ့သည်။ သူက နယ်စပ်တွင် ကြာရှည်စွာ စောင့်ကြည့်နေခဲ့ပြီး ချီရှီကဲ့သို့ ကန္တာရတစ်နေရာတွင် ဆယ်နှစ်ကျော်ခန့်နေပြီးနောက် ခုံရုံးသို့ မဝင်နိုင်သေးလေရာ မင်းသားငါး၏ ဆွဲဆောင်မှုအောက်တွင် မျောပါသွားကြောင်း ပြောဆိုခဲ့လေသည်။

မည်သို့ပင်ဆိုစေ သူက အရာအားလုံးအတွက် အကြောင်းပြချက် ရှာထားပြီးသားဖြစ်သည်။ ဖုမာန်လင်းချာက ကံမကောင်းဘဲ အမှားပြုမိခဲ့သည့် နောင်တကြီးစွာရနေသော အရာရှိတစ်ယောက်၏ သရုပ်ကို ကောင်းမွန်စွာ ပြသနိုင်ခဲ့ပြီး ပြောင်မြောက်သည့် တစ်ကိုယ်တော်ရှိုးပွဲကို ဖျော်ဖြေသွားခဲ့သည်။

ဝမ်ချောင်ကလည်း သူ၏သရုပ်ဆောင်မှုအတွက် လေးစားမိသည်။ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်သလို မဟာထန်၏ ဟူမဟာဗိုလ်ချုပ်ကြီးများထဲမှ အသက်အကြီးဆုံး တစ်ယောက်ဖြစ်သည့် ဖုမာန်လင်းချာက ကောက်ကျစ်သောလူဖြစ်သည်။ သူက ဉာဏ်လည်းကောင်းသည့် ဗျူဟာပညာရှင် တစ်ယောက်ဖြစ်သည်။ သူက ထုတ်ပြသော နည်းဗျူဟာတိုင်းက အတော်လေး စေ့စပ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကပင် ပြဿနာရှာမတွေ့ချေ။

“ဂျင်းတွေက ကြာလေလေ စပ်လာလေလေပဲ။ သူက တကယ်ကို ကောက်ကျစ်တဲ့ မြေခွေးအိုကြီး”

ဝမ်ချောင်က သက်ပြင်းချသည်။

မဟာထန်တွင် ဟူတစ်ယောက်က အလွန်ထူးခြားသော အသိုင်းအဝိုင်းရှိသည်။ ဖုမာန်လင်းချာက လူအုပ်၏ ရှုပ်ထွေးသော ခံစားချက်များကိုသုံးပြီး သူက ဟူတစ်ယောက်ဖြစ်သော်လည်း မဟာထန်ထံ ပုံအပ်ထားကြောင်း တွေးမိစေသည်။ ဒါက အလွန်ဉာဏ်ရှိသော အကွက်ဖြစ်သည်။

“အရှင်မင်းကြီးက ဘယ်လိုမိန့်လိုက်လဲ။ ဒီလောက်က သူ့ကို ချိတ်ကလွတ်သွားဖို့ လုံလောက်လား”

ဝမ်ချောင်ကပြောသည်။

“အဲ့ဒီလိုမဟုတ်ပါဘူး။ အရှင်မင်းကြီးက ဘာမှမမိန့်သေးပါဘူး”

ရွှီခဲ့ယွီက အလျင်စလို ပြန်ဖြေသည်။

“အိုး”

ဝမ်ချောင်ကပြုံးသည်။ သူ၏မျက်ဝန်းကပင် မှေးကျဉ်းသွားသည်။ သူကလည်း ထိုရလဒ်ကြောင့် မအံ့ဩချေ။

“ဖုမာန်လင်းချာက ဉာဏ်အရမ်းကောင်းတယ်။ ဒါပေမဲ့ အရှင်သခင်တစ်ယောက်ရဲ့ နှလုံးသားကို တိုင်းတာဖို့ခက်တယ်။ စတုတ္ထမင်းသားက အရှင်မင်းကြီးရဲ့ အသွေးအသား တော်ဝင်အိမ်တော်စုရဲ့ အဖွဲ့ဝင်လည်းဖြစ်တယ်။ ဒါပေမဲ့ တော်ဝင်အကျဉ်းထောင်ထဲမှာ အကျဉ်းချခံထားရသေးတယ်။ ဖုမာန်လင်းချာက သူ့ရဲ့ဒီလို ရှင်းပြချက်လောက်နဲ့ အရှင်မင်းကြီးက သူ့ကို လွှတ်ပေးမယ်လို့ ထင်နေတာတော့ မဟုတ်ပါဘူးနော်”

အင်ပါယာခုံရုံးတွင် ဒါက သေးငယ်သောကိစ္စ မဟုတ်တော့ချေ။ မင်းသားများ၏စစ်ပွဲလောက် မည်သည့်ကိစ္စကမျှ အန္တရာယ်မများချေ။ ဖုမာန်လင်းချာက မည်သို့သောနည်းလမ်းများကို သုံးစေကာမူ သူ့ကို အလွယ်တကူ လွှတ်ပေးနိုင်မည်မဟုတ်ချေ။ နယ်စပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်က မင်းသားတစ်ပါးနှင့် ပူးပေါင်းကြံစည်သောကိစ္စက အမြဲတစေ တားမြစ်ချက်ဖြစ်ခဲ့သည်။ ဒါက တားမြစ်ချက်သာ မဟုတ်လျှင် သူတော်စင်ဧကရာဇ်က ထိုမျှဒေါသထွက်စရာ မဖြစ်သင့်ချေ။

“ခုံရုံးကဘယ်လိုလဲ သူတို့က ဖုမာန်လင်းချာကို ဘယ်လိုအပြစ်ပေးသင့်တယ်လို့ ပြောကြလဲ”

ဝမ်ချောင်က လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရင်း မေးလိုက်သည်။

ရွှီခဲ့ယွီက ဂါရဝပြုသည်။

“အရှင်အမတ်က အရာအားလုံးကို တထေရာတည်း ခန့်မှန်းနိုင်တဲ့အထိ ဉာဏ်ကောင်းလွန်းပါတယ်။ ဖုမာန်လင်းချာက လူအုပ်ရဲ့ ခံစားချက်တွေကိုသုံးပြီး နှိုးဆွဲဖို့ ကြိုးစားခဲ့လို့ ခုံရုံးက ဖုမာန်လင်းချာဟာ ထူးခြားတဲ့ အဆင့်အတန်းရှိသလို ခုံရုံးအတွက်လည်း ကိစ္စအများကြီးကို လုပ်ပေးခဲ့တဲ့အကြောင်း ဝိုင်းဝန်းပြောဆိုပေးခဲ့ကြပါတယ်။ ဒါ့အပြင် ချီရှီက သူ့လိုမျိုး အင်ပါယာ ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ယောက် စောင့်ကြပ်ပေးဖို့ လိုအပ်တယ်။ ဒါကြောင့် အချို့လူတွေက ဖုမာန်လင်းချာက သူ့ရဲ့ စစ်အရာရှိအဆင့်ကနေ ဖယ်ရှားပြီး ကာကွယ်ရေးဗိုလ်ချုပ်ကြီးနဲ့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးဆိုတဲ့ ဘွဲ့ကို ဆုံးရှုံးသင့်တယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ရာထူးကို ဆုံးရှုံးရရင်တောင်မှ သူကတော့ ချီရှီမှာပဲ ဆက်ပြီးနေသင့်တယ်။ ဒီလိုနဲ့ အရာအားလုံးကို ဂရုစိုက်စောင့်ကြပ် ကာကွယ်ပေးသင့်တယ်။ သူ့ရဲ့ ပြစ်မှုအတွက် ဒီလိုမျိုး အပြစ်ပေးခံရသင့်တယ်လို့ ပြောဆိုကြပါတယ်။ ပိုဆိုးတာက လူအနည်းစုက ဒီအခြေအနေကို လက်ခံကြတာပါ”

“ဟား ဟား”

ဝမ်ချောင်ကရယ်သည်။ သူ၏မျက်ဝန်းက တောက်ပသွားပြန်သည်။

“ဖုမာန်လင်းချာက ဒီလိုရလဒ် ရဖို့အတွက်နဲ့ အရာရှိတွေ အားလုံးရဲ့ရှေ့မှာ သနားစရာကောင်းတဲ့ အမှုထမ်းအဖြစ် ဟန်ဆောင်ပြသခဲ့တာပဲ။ ဒါပေမဲ့ နှမြောစရာပဲ။ အရာအားလုံးက ထင်သလောက် မရိုးရှင်းဘူး။ ရွှီခဲ့ယွီ ဘုရင်စုန့်ကဘယ်လိုပြောလဲ”

“အရှင်အမတ်က ဉာဏ်ကောင်းလွန်းပါတယ်။ ဒီကိစ္စက ထင်သလောက် မရိုးရှင်းပါဘူး။ ဖုမာန်လင်းချာက စတုတ္ထမင်းသားနဲ့ ပူးပေါင်းပြီး အမတ်ချုပ်နေရာကို လိုချင်ခဲ့တယ်။ အဲ့ဒီစာက ခုံရုံးတစ်ခုလုံးက ကိုယ်တိုင်ကိုယ်ကျ ဖတ်ရှု့ပြီးသားပါ။ ဒီတော့ ဘယ်သူကမှသူ့ကို ခွင့်လွှတ်မပေးချင်ကြဘူး။ ခုံရုံးထဲမှာ ဖုမာန်လင်းချာကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်လို့ ပြောဆိုတဲ့အသံက များနေပါတယ်။ နောက်ပြီး အချို့ဆိုရင် စည်းမျဉ်းနဲ့အမိန့်ကို ဆက်လက်တည်တံ့စေဖို့အတွက် သူ့ကိုတောင် ကွပ်မျက်သင့်တယ်လို့ ပြောကြတာပါ။ ကျန်းချုံကျန့်ချုံး၊ ကျန်းရှို့ကွေး၊ ဝမ်ကျုံးစစ်နဲ့ ဘုရင်ချီ အမတ်ချုပ်ကြီးတွေတောင်မှ သူ့ရဲ့ တည်ရှိမှုဒဏ်ကို မခံနိုင်ကြပါဘူး”

ရွှီခဲ့ယွီကပြောသည်။

အခန်း(၈၂၀)

ဖုမာန်လင်းချာရဲ့အဆုံးသတ် (၂)

ဝမ်ချောင်က နားလည်ထားသလို အပြုံးမျိုးဖြင့်ပြောသည်။ ဖုမာန်လင်းချာရဲ့ အခြေအနေက အတော်လေး ကို့ယို့ကားယားနိုင်သည်။ သူက ခုံရုံးတွင် အမျှော်လင့်ဆုံးနှင့် ယုံကြည်မှုအရှိဆုံးလူက ဘုရင်ချီဖြစ်သည်။ အမှန်တိုင်းပြောရသော် ထိုကိစ္စက အပြည့်အဝ ပေါ်သွားခြင်းမရှိခင်က ဘုရင်ချီကလည်း ထိုအတွက် ပြောဆိုပေးခဲ့သည်။ အခြားသော ခုံရုံးမှ ဟူမဟာဗိုလ်ချုပ်ကြီးများကလည်း ပြောဆိုပေးခဲ့သည်။

သို့သော် ဖုမာန်လင်းချာစာ၏ အတိုင်းအတာက လွန်ကဲလွန်းအားကြီးသွားသည်။ ထို့ပြင်သူက သူ၏စာထဲတွင် အမတ်ချုပ်ကြီးဆိုသော စကားလုံး ပါဝင်နေကတည်းက လူတိုင်း၏ပစ်မှတ် ဖြစ်သွားစေသည်။ မဟာထန် အင်ပါယာ တစ်ခုလုံးတွင် ခုံရုံး၏ အတွင်းအပြင်ရှိ လူတိုင်းနီးပါးက အမတ်ချုပ်ကြီးနေရာကို မျက်စိကျနေကြသည်။ အန်းတုံးကာကွယ်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေးက အင်ပါယာ၏ နံပါတ်နှစ် ပြိုင်ဘက်ကင်းပုဂ္ဂိုလ်ကြီးအဖြစ် နာမည်ကြီးခဲ့ပြီး သူက ထိုနေရာတွင် ထိုင်ချင်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ပင် ကြာသွားခဲ့ပြီဖြစ်သည်။ သို့သော်သူက ရို့ကျိုးတွင် နေနေရသေးပြီး ဂိုဂူလျောအင်ပါယာနှင့် စစ်မတ်ဖြစ်ပွားနေခဲ့သည်။

ဖုမာန်လင်းချာနှင့် အခြေအနေ အတူဆုံးက ယခင်အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ် အင်ပါယာ၏ ကျားဖြစ်သည့် ကျန်းချုံကျန့်ချုံးဖြစ်သည်။ သို့ရာတွင် ကျန်းချုံကျန့်ချုံးလို ရည်မှန်းချက်ကြီးသော လူကပင် စစ်အမတ်နေရာနဲ့တင် ကျေနပ်ရသည်။ ထို့ပြင် ဝမ်ချောင်က မဟာထန်၏ လက်ရှိအမတ်ချုပ်ကြီးလည်းဖြစ် အလွန်အမင်းလည်း လေးစားရသော ကြောက်မက်ဖွယ်ကောင်းလွန်းသည့် ပုဂ္ဂိုလ်တစ်ယောက်ကိုပင် သတိရသွားသည်။ ထိုလူက အင်ပါယာတစ်ခုလုံးက ဘယ်သောအခါမှ အထင်မသေးရဲသည့် ကြောက်စရာအကောင်းဆုံး တည်ရှိမှုဖြစ်သည်။

လက်ရှိအခြေအနေအထိ ဖုမာန်လင်းချာက သူမည်သို့သောသူကို ရန်စမိကြောင်း မသိလောက်သေးချေ။

ဖုမာန်လင်းချာက ထိုကဲ့သို့သော ပြိုင်ဘက်များ ရှိနေသည့် အခြေအနေမျိုးတွင် အမတ်ချုပ်နေရာကို လှမ်းရဲသည်။ ဖုမာန်လင်းချာက အလွန်ဉာဏ်ကောင်းပြီး ကောက်ကျစ်သော်လည်း အင်ပါယာခုံရုံးနှင့် အလှမ်းဝေးသော ဟူတစ်ယောက်သာဖြစ်နေသေးကြောင်း ပြောရတော့ပေမည်။ သူ၏ မူဝါဒဆိုင်ရာ လုပ်ဆောင်နိုင်စွမ်းအားက သူ၏သိုင်းပညာစွမ်းရည်လောက် လေးစားစရာမကောင်းချေ။ သူက အရာအားလုံးကို ရိုးရှင်းစွာတွေးလွန်းသည်။ မူဝါဒပိုင်းက ဂိမ်းပွဲတစ်ခုလို အလွယ်တကူ ကစား၍မရချေ။

“ဖုမာန်လင်းချာက မျှော်လင့်ချက်နည်းနည်း ရှိနေသေးတယ်ဆိုမှတော့ သူ့ကို သေစေနိုင်တဲ့ ရိုက်ချက်တစ်ခု ပေးလိုက်ရအောင်။ အချိန်ကျပြီ ဘုရင်စုန့်ကိုလည်း သာ့ယန်မာန်ပန့်ရဲ့ခေါင်းကို တင်ပြလို့ရပြီလို့ပြောလိုက်ပါ”

ဝမ်ချောင်က ထိုသို့ပြောသည်။

“နားလည်ပါပြီ”

ရွှီခဲ့ယွီကရယ်သည်။

ဖုမာန်လင်းချာက စစ်မှတ်တမ်းကို အလွန်အမင်း မျှော်လင့်ချက်ထားပြီး အားကိုးနေရမည်ဆိုလျှင် အထူးသဖြင့် တြိဂံပုံမြေကွက်လပ်မှ သူ၏ အဓိကအကျိုးပြုမှုကြီးကို အားကိုးနေသေးသည်။ သို့သော် သာ့ယန်မာန်ပန့်၏ခေါင်းကို တင်ပြလိုက်သည်နှင့် အရာအားလုံးက ပြောင်းလဲသွားတော့ပေမည်။

ဖလပ် ဖလပ်

အချိန်တစ်ခုကြာပြီးနောက် သတင်းပို့ပင်ဂွင်းက ထွက်ခွာသွားသည်။ ထိုသို့ဖြင့် ဝူရှန်း၏ကောင်းကင်ကို စုတ်ဖြဲကာ မြို့တော်ထံ ဦးတည်သည်။

......

ရက်အနည်းငယ်ကြာပြီးနောက် ဖုမာန်လင်းချာကို မည်သို့ အပြစ်ပေးသင့်ကြောင်းမသိဘဲ ကျဉ်းထဲကြပ်ထဲ ရောက်နေသော အနေအထားမျိုးဖြစ်နေသည့် မြို့တော်သို့ သေစေနိုင်သည့် ထိုးနှက်ချက်တစ်ခုက ရောက်ရှိလာသည်။ ဝူရှန်း၏အရှင် မဟာထန်ရဲ့ လူငယ်အမတ်လည်းဖြစ် ကောင်းကင်သားတော်၏ တပည့်လည်းဖြစ်သော ဝမ်ချောင်က ဖုမာန်လင်းချာက စစ်မှတ်တမ်းတင်ပြချက်ကို လိမ်ညာထားပြီး သူ၏ စစ်ဖက်ဆိုင်ရာ အကျိုးပြုမှုများကို ခိုးယူသွားသည်ဆိုသော မှတ်တမ်းလွှာတစ်ခု တင်ပြလာသည်။

နောက်ထပ် အင်ပါယာ ဆင်ဆာလူကြီးမင်းတစ်ယောက်က ဖုမာန်လင်းချာကို သံသယဝင်ကြောင်း တင်ပြလာပြန်သည်။ ပြောကြသည်မှာ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် ငါးထောင်နှင့် ဗိုလ်ချုပ် ဟူလန်ဟယ်က အသတ်ခံရသောအခါ သူတို့ကို တိုက်ခိုက်သွားခဲ့သည့် သတ္တိဖြူများက တိဗက်တောင်ပေါ်ဒေသမှ လာခြင်းမဟုတ်ဘဲ စစ်တပ်၏ နောက်ပိုင်းဘက်မှ လာခဲ့သောကြောင့် ဆုံးရှုံးမှုက ထိုမျှကြီးသွားရသည်ဟုဆိုသည်။

တာဝန်ကိုလစ်ဟင်းသော ဖုမာန်လင်းချာက သာ့ယန်မာန်ပန့်နှင့် သတ္တိဖြူများကို ဝူရှန်းသို့ ဝင်ရောက်ခွင့်ပြုခဲ့သည်။ ထိုတိဗက်များက သံမဏိမြို့ကို တိုက်ခိုက်ခဲ့သည့်တိုင်အောင် ဝမ်ချောင်က ဦးဆောင်သော အင်အားစုက သူတို့ကို တွန်းထုတ်နိုင်ခဲ့သည်။

ထိုအချက်အပြင် တစ်လောကလုံးက ဖုမာန်လင်းချာက ဝမ်ချောင်နှင့် ယခင်မတော်တဆမှုတွင် ရန်ငြိုးရှိကြောင်း သိထားကြပြီးသားဖြစ်သည်။ ချီရှီကာကွယ်ရေးစစ်တပ်၏ သတိလက်လွတ် နိုင်လိုက်သော တခဏက သတ္တိဖြူများကို ဝင်ရောက်စေခဲ့သည်။ ထိုကိစ္စက မတော်တဆမှုဟု ဆိုနိုင်လျှင်ပင် မည်သူကမျှ အမှန်တရားကို မမြင်နိုင်ကြချေ။

ထိုမတော်တဆမှု နှစ်ခုက ခုံရုံးအတွင်း မိုးသက်မုန်တိုင်း ကျစေခဲ့သည်။

မှတ်တမ်းလွှာအမှား တင်မိခြင်းကို လျစ်လျူရှု့ပေး၍ ရနိုင်သေးသည်။ သို့သော် ဝမ်ချောင်ကမူ လူငယ်အမတ်ဖြစ်ပြီး ဧကရာဇ်ကိုယ်တိုင်က ဘွဲ့ထူးနာမည်ကို ချီးမြှင့်ထားခဲ့သူဖြစ်ပြီး အပိုင်စားနယ်မြေကိုပင် ချီးမြှင့်ထားခဲ့ရသူဖြစ်သည်။ ထို့ကြောင့် သူက ဖုမာန်လင်းချာနှင့်ပတ်သတ်ပြီး စွဲချက်တင်ထားသော ကိစ္စက အလေးချိန်စီးသွားသည်။ ထို့ပြင် သာ့ယန်မာန်ပန့်၏ခေါင်းကို တင်ပြလာသည့်အခါ သေစေနိုင်သည့် ခြိမ်းခြောက်မှုကြီးဖြစ်သွားသည်။

တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် တိဗက်များဘက်မှ ဗိုလ်ချုပ်ကြီးနှစ်ယောက် ရှိခဲ့သည်။ တစ်ယောက်ကမူ ကမာ္ဘလောကအနှံ့ ကျော်ကြားသော တိဗက်တောင်ပေါ်ဒေသမှ သိန်းငှက်ဟုဆိုကြသည့် တုစုန့်မာန်ဖော်ကျဲ့ဖြစ်ပြီး အခြားတစ်ယောက်ကမူ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် ငါးထောင်ကို သတ်သွားခဲ့သည့် သာ့ယန်မာန်ပန့်ဖြစ်သည်။ ဖုမာန်လင်းချာကလည်း ထိုအချက်ကို တင်ပြချက်ထဲတွင် ရှင်းရှင်းလင်းလင်း ဖော်ပြထားပြီးသားဖြစ်သည်။

ပို၍ဆိုးသည်မှာ နောက်တင်ပြသည့် တင်ပြချက်များထဲတွင် သာ့ယန်မာန်ပန့်နှင့် ပတ်သတ်သည့် အကြောင်းအရာများက ပေါ်ပေါ်လာသည်။ ထိုလူက တောင်ပေါ်ဒေသမှာ သတ်ဖြတ်ခြင်း စစ်နတ်ဘုရားတစ်ပါးဖြစ်သလို အင်ပါယာ မဟာဗိုလ်ချုပ်ကြီးဖြစ်သည့် တုစုန့်မာန်ဖော်ကျဲ့ပြီးလျှင် အင်အားအကြီးဆုံးဖြစ်သည့် ယွီစန်း၏ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် ယွီစန်းတွင်ရှိသည့် သူ၏အဆင့်အတန်းက မျှော်လင့်ထားသည်ထက်ကြီးသည်။

တိဗက်စစ်တပ်တွင် ရာထူးအကြီးဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သောသူက ဖုမာန်လင်းချာ၏ စာထဲတွင် မသေသွားခဲ့သော်လည်း ဝမ်ချောင်၏စာထဲတွင် သေဆုံးခဲ့သည့်အပြင် ခေါင်းပါ တင်ပြလာသောကိစ္စက ပြဿနာရှိကြောင်း သိသာနေသည်။ ပို၍ပင် အကျိုးအကြောင်း မသင့်လျော်သည်မှာ ဖုမာန်လင်းချာ၏ ခုံရုံးကို တင်ပြလာခဲ့သော မှတ်တမ်းလွှာထဲတွင် ဝမ်ချောင်က လုပ်ခဲ့သည့် ထိုမျှကြီးမားသော အကျိုးပြုမှုကြီးကို ချန်လပ်ထားခဲ့သည်။ ထို့ကြောင့် အရူးကပင် တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် တပ်ဖွဲ့များရှိနေကြောင်း ယုံကြည်ပေလိမ့်မည်။

ဝမ်ချောင်က ပြောသောစကားက တစ်ဖက်သပ်ဟု ထင်ရချိန်တွင် အမျိုးမျိုးသော မဟာကလန်ကြီးများမှ ဝမ်ချောင်ကို ထောက်ပံ့ပေးသော လူတိုင်းကလည်း ဝင်ရောက်ပြောဆိုကြပြီး ထိုကိစ္စကို တည်ငြိမ်သွားစေသည်။ ဝူရှန်းသံမဏိမြို့က ဆောက်လုပ်သောအခါ မဟာကလန်ကြီးများစွာက ရင်းနှီးမြုပ်နှံခဲ့ကြသည်။ ထို့ပြင် တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် ထိုမဟာကလန်ကြီးများမှ အဖွဲ့ဝင်များစွာကလည်း နောက်တန်း၏ သံမဏိမြို့ အသေးစားလေးထဲတွင် ရှိနေခဲ့ကြသည်။ သူတို့က ထိုလက်မှုပညာသည်များနှင့် ရောနှောကာ ရှိနေခဲ့ကြခြင်းဖြစ်သည့်အလျောက် အရာအားလုံးကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သည်။

အတိတ်က ဖုမာန်လင်းချာက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဘဝတွင် ရှိနေသေးသောအခါ မည်သူကမျှ သူတို့၏စကားများကို ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။ သို့သော် ယခုမူ ဖုမာန်လင်းချာက ကျရှုံးသည့်အပိုင်းတွင် ရောက်နေလေပြီ။

“မျိုးမစစ်”

ဝမ်ချောင်၏ မှတ်တမ်းလွှာကို ခုံရုံးသို့ တင်ပြပြီးသောအခါ သူတော်စင်ဧကရာဇ်က ဒေါသများ ပေါက်ကွဲတော့သည်။ မြို့တော်ရှိ အရာရှိတိုင်းကလည်း ကြောက်လန့်သောကြောင့် တဆတ်ဆတ် တုန်သွားကြသည်။ သူတို့၏ အသားရောင်များကပင် ဖြူစုတ်ကုန်သည်။ ဒူးထောက်နေသော ဖုမာန်လင်းချာ၏ မျက်နှာက ပို၍ပင် ဖြူဖျော့သွားသေးပြီး သူ၏နဖူးမှ ချွေးစေးများကျသည်။ သူ၏နှလုံးသားကလည်း ပြာနှမ်းသွားသည်။ သူကလည်း ထိုအခြေအနေ အလှည့်အပြောင်းကို မမျှော်လင့်ထားဖူးချေ။

“ဝမ်ချောင်”

ဖုမာန်လင်းချာက ရုတ်တရက် နားလည်သွားသည်။ သူက နောက်ဆုံးတွင် အဝေးရှိ ဝူရှန်းမှ ထိုလူငယ်ကို အထင်သေးလိုက်မိကြောင်း သိလိုက်သည်။ ဒီတိုက်ပွဲတွင် သူကလုံးဝရှုံးသွားသည်။ မင်းသားလေးနှင့် ပူးပေါင်းခဲ့ပြီး မင်းသားများ၏ စစ်ပွဲထဲသို့ ဝင်ရောက်ခဲ့ခြင်း၊ စစ်အမတ်ခိုးယူခြင်းနှင့် မှတ်တမ်းလွှာကို လိမ်ညာခြင်း၊ ရန်သူကို အငြိုးကိုဖြေဖျောက်ရန်အလို့ငှာ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်ခွင့်ပြုခြင်း စသော မတော်တဆမှုများက အတူပေါင်းလိုက်သော် သူ၏ အရာရှိဘဝကိုပင် ဖျက်ဆီးနိုင်သည်။

ဖုမာန်လင်းချာက ခပ်မြန်မြန် အဖမ်းခံရပြီး အကျဉ်းချခံရသည်။ အကျဉ်းထောင်ထဲသို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးနှင့် ကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖြစ်ခဲ့ဖူးသောသူ့ကို ဆွဲသွင်းလိုက်ကြသောအခါ ဖုမာန်လင်းချာက သာဓကအသစ်တစ်ခု ဖြစ်သွားသည်။ ရှင်းလင်းနေသည်မှာ သူတော်စင်ဧကရာဇ်က ဖုမာန်လင်းချာ လုပ်ဆောင်မှုများကို အလွန်အမင်း ဒေါသထွက်နေသည်။ သူ၏ အဆင့်အတန်းရှိသော သို့မဟုတ်လျှင် သူ၏အဆင့်အတန်းတွင်ရှိသော လူတစ်ယောက်အနေနှင့် ဘယ်သောအခါမှ အကျဉ်းချခံရလိမ့်မည် မဟုတ်ချေ။

ဖုမာန်လင်းချာအတွက် အစစ်အမှန် အပြစ်ပေးမည့် အပြစ်ဒဏ်ကမူ မဆုံးဖြတ်ရသေးသော်လည်း လူတိုင်းကလည်း ဖုမာန်လင်းချာက အဆုံးသတ်မည်ဖြစ်ကြောင်း သိနေကြသည်။

......

“ဒီကိစ္စက တကယ်အဆုံးသတ်ပြီ”

ဝူရှန်းတွင်ရှိနေသော ဝမ်ချောင်က ရက်အနည်းငယ်ကြာပြီး နောက်မှသာ စာကို လက်ခံရရှိခဲ့သည်။ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် ဖုမာန်လင်းချာက အဆင့်အတန်း မြင့်လွန်းသဖြင့် သူ့ကို ဖယ်ရှားရန်ကိစ္စက ကောင်းကင်ကို တက်လှမ်းရသလို ခက်ခဲသည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း အင်အားအများကြီး စိုက်ထုတ်ထားခဲ့ပြီး သုံးလလုံး အချိန်ယူပြီးမှသာ ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်။

သို့သော် သူ၏အားစိုက်ထုတ်မှုများနှင့် သူ၏ ပေးထားသော အချိန်တိုင်းက ယခုအခါ ထိုက်တန်သော တန်ကြေးကို ရရှိလိုက်ပြီဖြစ်သည်။ ဖုမာန်လင်းချာ၏ ဒုက္ခပေးမှုသာ မရှိလျှင် ဝမ်ချောင်အနေဖြင့် အနောက်ပိုင်းဒေသများနှင့် ပတ်သတ်သော သူ၏အကြံအစည်များကို အကောင်အထည်ဖော်ရန် လွတ်လွတ်လပ်လပ် ကြိုးကိုင်၍ရသည်။

“လီစစ်ယဲ့ မဟာကလန်ကြီးတွေကို အခုချက်ချင်း တိဗက်တောင်ပေါ်ဒေသရဲ့ မြောက်ပိုင်း အစွန်အဖျားနေရာမှာ ဒုတိယမြောက် သံမဏိခံတပ်ကို တည်ဆောက်ဖို့ အကြောင်းကြားလိုက်ပါ”

ဝမ်ချောင်ကပြောသည်။

“ဟုတ်ကဲ့အရှင်အမတ်”

ချက်ချင်းလိုလို အားအင်တက်ကြွသော တုန့်ပြန်သံနှင့်အတူ လီစစ်ယဲ့က ချက်ချင်းထွက်သွားသည်။

......

ဝမ်ချောင်က ယွီစန်း၏ မြောက်ပိုင်းနယ်စပ်တွင် သူ၏အကြံအစည်များကို စတင်ကာ လုပ်ဆောင်နေချိန်တွင် အဝေးရှိ မြို့တော်ကမူ မတူသော အခြေအနေမျိုးဖြစ်နေသည်။ ဖုမာန်လင်းချာ၏ အမျိုးမျိုးသော ပြစ်မှုများကို မည်သူကမျှ သံသယမဝင်ကြတော့ချေ။ သူက လက်ရှိအချိန်တွင် အကျဉ်းချခံထားရပြီး အပြစ်ဒဏ်ကို စောင့်နေရသည်။

သို့သော် ဒါက အဆုံးသတ်မဟုတ်သေးချေ။ အနှစ်ချုပ်ဆိုရသော် ယခု ခုံရုံးကို ပြဿနာကြီးတစ်ခုက ကြီးစိုးနေသည်။

တိုင်းပြည်က အရှင်သခင်မရှိဘဲ တစ်ရက်ပင် နေ၍မရချေ။ အလားတူစွာပင် နယ်စပ်မှ စစ်တပ်တွင်လည်း ဗိုလ်ချုပ်ကြီးတစ်ယောက်ကို လိုအပ်သည်။ ချီရှီအတွက်လည်း အလားတူသာလျှင်ဖြစ်သည်။ ယွီစန်းအင်ပါယာနှင့် အနောက်ပိုင်း တူရကီ ခါကာနိတ်တို့အကြားတွင် ရှိနေသော ထိုနေရာက အလွန်အမင်း အရေးကြီးသည်။ အကယ်၍ ထိုမျှအသက်သွေးကြောဖြစ်သော နေရာကို စောင့်ကြပ်ကာကွယ်ပေးနေသည့် မဟာဗိုလ်ချုပ်ကြီး တစ်ယောက်မျှမရှိလျှင် တိဗက်များပင်ဖြစ်စေ၊ တူရကီများပင်ဖြစ်စေ တိုက်ခိုက်လာသည့်အခါ ချီရှီက သေချာပေါက် အဆုံးသတ်သွားပေလိမ့်မည်။

ထိုအတွက်ကြောင့်လည်း အရာရှိအိုကြီးပေါင်း များစွာက ဖုမာန်လင်းချာကို ရာထူးမှ ဖယ်ထုတ်သော်လည်း ချီရှီတွင်နေပြီး သူ၏အပြစ်အတွက် ပေးဆပ်ခိုင်းလိုကြခြင်းဖြစ်သည်။

သို့သော် ဖုမာန်လင်းချာက အကျဉ်းချခံလိုက်ရသည်နှင့် ထိုကိစ္စက မဖြစ်လာနိုင်တော့ချေ။

ဘုရင်စုန့်၏ စံအိမ်အပြင်ဘက်သို့ ခမ်းနားသော ရထားလုံးတစ်ခုက ရပ်တန့်သွားပြီး အတွင်းမှ ဘုရင်စုန့်က ထွက်ပေါ်လာသည်။ အိမ်တော်ထိန်းဝတ်စုံကို ဝတ်ဆင်ထားသည့် အိမ်တော်ထိန်းအိုကြီးကလည်း ခပ်မြန်မြန်ထွက်ကာ အရှင့်ကိုကြိုဆိုသည်။

“အရှင့်သား”

“အွန်း”

ဘုရင်စုန့်က အသံပြုပြီးနောက် ခေါင်းကိုငုံ့ကာ မျက်မှောင်ကျုံ့သည်။

“ဖုမာန်လင်းချာရဲ့ နေရာကို ယူမဲ့လူအတွက် တွေးတောနေတာပါလား”

အိမ်တော်ထိန်းအိုကြီးက ချက်ချင်းမေးသည်။

“ဟုတ်တယ်”

ဘုရင်စုန့်က သက်ပြင်းချသည်။

“ဘယ်သူကမှ ပေါ်တင်ထုတ်မပြောကြပေမဲ့လည်း ဒီကိစ္စကို သီးသန့် ဆွေးနွေးနေကြတုန်းပဲ။ လူတိုင်းက ချီရှီကာကွယ်ရေးဗိုလ်ချုပ် တစ်နေရာကို ခန့်အပ်ပေးဖို့ မျှော်လင့်နေကြတာ။ ဒီနေရာက အမတ်ချုပ်ကြီး နေရာလောက် အဆင့်အတန်း မမြင့်မားလောက်ပေမဲ့ စစ်တပ်အတွက်တော့ အရမ်းကို အရေးကြီးပြီး လွှမ်းမိုးနိုင်စွမ်းရှိတဲ့ နေရာတစ်ခုပဲ။ အရေးအကြီးဆုံး အချက်က အမှန်တကယ် အင်အားရှိတဲ့ နေရာတစ်ခု။ ဒါ့အပြင် ငါအမှုထမ်းရေးရာ ခုံရုံးဆီက ကြားထားတဲ့အတိုင်းဆိုရင် သူတော်စင်ဧကရာဇ်က အမှုထမ်းရေးရာခုံရုံးက အမတ်ကြီးတွေကိုတောင် ဆင့်ခေါ်ထားတယ်။ သူတို့ ညီလာခံဝင်နေကြတယ်။ မျှော်လင့်ထားတဲ့အတိုင်းသာ ဖြစ်လာကြမယ်ဆိုရင် ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာအတွက် လျာထားတဲ့လူတွေကို သိပ်မကြာခင် စတင်ပြောဆို ငြင်းခုံကြတော့မယ်။ ဘာပဲဖြစ်ဖြစ် နယ်စပ်က ဗိုလ်ချုပ်တိုင်းရဲ့ ခုံရုံးက နေရာမျိုးက ကွာခြားတယ်လေ။ ဒီတော့ သူတို့ဒါကို အကြာကြီး ဆိုင်းငံ့ထားလို့မရဘူး”

အိမ်တော်ထ်ိန်းအိုကြီးက ခေါင်းငုံ့လိုက်ကာမေးသည်။

“အရှင့်သားက သင့်တော်တဲ့လူကို တွေးမိထားလို့ပါလား”

“ဟား ငါသာ တစ်ယောက်ကို တွေးမိရင် အခုလောက်ထိ စိတ်ညစ်နေမှာမဟုတ်ဘူး”

ဘုရင်စုန့်က သက်ပြင်းချသည်။

“ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုတဲ့နေရာက အငယ်တန်းနေရာတစ်ခု မဟုတ်ဘူး။ ဒါက နယ်စပ်က အဓိကအရာရှိနေရာ။ နောက်ပြီး အနောက်ဘက်က ယွီစန်းနဲ့ အရှေ့ဘက်က အနောက်ပိုင်း တူရကီခါကာနိတ်ကို ခုခံနေရတဲ့ လက်ရွေးစင်စစ်သည် တစ်သောင်းကျော်ကို ဦးဆောင်ရမဲ့နေရာ။ ဒီလူက တိုက်ပွဲမှာ အတွေ့အကြုံရှိဖို့ လိုအပ်တယ်။ ကိုယ်ပိုင်အင်အားစုကိုလည်း ထိန်းချုပ်နိုင်ရမယ်။ ငါကတော့ ကန်းကျစ်၊ ဝမ်ယန်တို့က သင့်တော်တယ်လို့ တွေးမိတယ်။ သူတို့က တော်တော်လေး တည်ငြိမ်ပြီး ဆုံးဖြတ်ချက် ခိုင်မာတဲ့ ဗိုလ်ချုပ်တစ်ယောက်ပဲ။ နောက်ပြီး စစ်တပ်ဘက်မှာ ဆယ်နှစ်လောက် အတွေ့အကြုံ ရှိနေသေးတယ်။ ဒီတော့ သူက အတွေ့အကြုံအားဖြင့် လိုအပ်ချက်ပြည့်မှီတယ်။ အနောက်တောင်ပိုင်းက စစ်ပွဲမှာလည်း သူကသာ အချိန်မှီမရောက်လာခဲ့ဘူးဆိုရင် အ့ဟိုင်ရဲ့ သံမဏိမြို့က ဒီထက်ပိုစောပြီး အဆုံးသတ်သွားမဲ့အပြင် အန်းနန်အစ်ိုးရ ကာကွယ်ရေးစစ်တပ်ကလည်း ရှင်းလင်းပစ်ခံရလိမ့်မယ်။ ဒီဘက်ကကြည့်မယ်ဆိုရင် ဝမ်ရန်က ရှန်ယွီကျုံ့ထုံးထက်တောင် ပိုသာနေသေးတယ်။ အနောက်တောင်ပိုင်းက စစ်ပွဲပြီးတဲ့နောက်ကတည်းက ဝမ်ရန်က ကိုယ်ပိုင်အင်အားစုတစ်ခုကို ထူထောင်နိုင်သွားတာလေ”

“ဒါဆိုရင် အရှင့်သားက ဘာကိုတုန့်ဆိုင်းနေတာပါလဲ”

အိမ်တော်ထိန်းအိုကြီးက မျက်မှောင်ကျုံ့ကာမေးသည်။

“ဟား ဒါကဒီတိုင်း ရိုးရှင်းတာမှမဟုတ်တာ။ တော်ဝင်ခုံရုံးမှာ ကာကွယ်ရေးဗိုလ်ချုပ် ဖြစ်ဖို့အတွက် မပြောထားပေမဲ့ လိုအပ်တဲ့စည်းမျဉ်းတစ်ခု ရှိနေသေးတယ်။ အဲ့ဒါက သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ် ရောက်ရမယ်ဆိုတာပဲ။ အထူးသဖြင့် မဟာဗိုလ်ချုပ်ကြီးအဆင့်ပေါ့။ ဝမ်ရန်က ဒီဘက်ပိုင်းမှာ လိုအပ်နေသေးတယ်။ သူက အရှိန်အဟုန်မြင့် အံ့ဩဖွယ် နတ်ဘုရားဝင်္ကပါကို ပိုင်ဆိုင်ထားပေမဲ့လည်း သူ့ကို ရင်ဆိုင်နိုင်တဲ့လူ နည်းပေမဲ့လည်း မင်းသတိထားမိတာရှိလား။ ချီရှီကာကွယ်ရေးစစ်တပ်က မြင်းတပ်တွေပဲရှိတာလေ”

ဘုရင်စုန့်က သက်ပြင်းချသည်။ အိမ်တော်ထိန်းအိုကြီးကလည်း ချက်ချင်းလိုလို စွံ့အသွားသည်။ ချီရှီက မြင်းတပ်စစ်တပ်ဖြစ်သည်။ ဝမ်ရန်ကမူ ခြေလျှင်တပ်ကို ဦးဆောင်သူဖြစ်သည်။ သူ၏ ခိုင်မာသော အမိန့်ပေးနိုင်စွမ်းအားနှင့် ခုခံနိုင်စွမ်းအားက ထူးချွန်ပြောင်မြောက်သည်။ သူက တိုက်ခိုက်မှုတွင် အားသာသော်လည်း ခုခံမှုဘက်ပိုင်းတွင်မူ သူက ခြေလျှင်တပ်များနှင့် ပတ်သတ်သည့် အုတ်မြစ်တွင်သာ ပြီးပြည့်စုံနေခြင်းဖြစ်သည်။ အမှန်တိုင်းဆိုရသော် အနောက်တောင်ပိုင်းက စစ်ပွဲကို ဂရုစိုက် လေ့လာကြည့်မည်ဆိုပါက အန်းနန်အစိုးရစစ်တပ်တွင်လည်း မြင်းတပ်ရှိသည်ကို သတိထားမိပေလိမ့်မည်။ သို့သော် သိပ်မများချေ။

အန်းနန်အစိုးရစစ်တပ်မှ စစ်သည် နှစ်သိန်းထဲတွင် ဝမ်ရန်၏ စစ်တပ်လည်းပါသည်။ ထိုထဲတွင်လည်း ခြေလျှင်တပ်များကသာ အလွန်များပြားခဲ့သည်။

ခြေလျှင်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည့် ဝမ်ရန်က မြင်းတပ်ကို အမိန့်ပေးရသည်ဆိုသော တင်ပြချက်က... ထည့်ပြောလာသည်နှင့် ချက်ချင်း ပယ်ချခံရနိုင်သော အခြေအနေမျိုးတွင် ရှိနေလေသည်။

ယခု docs ပြီးပါပြီ။

All Chapters