အခန်း (၈၂၁-၈၂၅)
Vol. 45 Ch. 821-825
အခန်း(၈၂၁)
“အခုမင်းနားလည်ပြီလား”
ဘုရင်စုန့်က သူ၏အိမ်တော်ထိန်းအိုကြီးကို အဓိပ္ပာယ်အပြည့်ပါသော အကြည့်တစ်ချက် ပို့လိုက်သည်။ တစ်ဖက်သူက နားလည်ကြောင်းလည်း သူကိုယ်တိုင်လည်းသိသည်။ ဘုရင်စုန့်နှင့် ဝမ်ကလန်၏ ရင်းနှီးမှုအပြင် ဝမ်ရန်၏ ထူးချွန်ပြောင်မြောက်သော အမိန့်ပေးနိုင်သည့်စွမ်းရည်ကို ထည့်သွင်းလိုက်လျှင် ဝမ်ရန်က စံချိန်မှီရွေးချယ်ခံတစ်ယောက် ဖြစ်သင့်သည်။ သို့သော် ဒီအခြေအနေတွင်မူ သူက အဆိုးဆုံးဖြစ်နေသည်။
“ဒါ့အပြင် ချီရှီကာကွယ်ရေးစစ်တပ်က တစ်ဝက်ကျော်ကျော်လောက်က ဟူတွေကြီးပဲ။ ဒီတော့ သူတို့က ခေါင်းမာကြပြီး ကြမ်းတမ်းတဲ့စရိုက်ရှိတယ်။ ဝမ်ရန်ကသာ သူတို့ရှေ့မှာ ရုတ်တရက် လေထဲကနေ ထွက်ကျလာတဲ့ ပုံစံမျိုးနဲ့ ပေါ်လာခဲ့မယ်ဆိုရင် ဟန်စစ်သားတွေက သူ့ကို လက်ခံကောင်း လက်ခံနိုင်ကြပေမဲ့ ဟူတွေကတော့ လက်ခံမှာမဟုတ်ဘူး။ ဝမ်ကန်းကျစ်က သူ့ရဲ့စစ်သားတွေကို ကိုင်တွယ်တဲ့နေရာ ကြမ်းတမ်းတယ်။ ဒါပေမဲ့ သူက သူရောက်သွားတာနဲ့ ချီရှီကာကွယ်ရေးစစ်တပ်က တစ်ဝက်ကျော်လောက်ကို သွားသတ်လို့မရဘူးလေ။ အရှင်မင်းကြီးကလည်း ချီရှီကို တည်ငြိမ်အောင် ကိုင်တွယ်ဖို့ လူတစ်ယောက် စေလွှတ်ချင်ပြီး ဝမ်ကန်းနဲ့ အနောက်ပိုင်းတူရကီ ခါကာနိတ်ကို စောင့်ကြည့်ခိုင်းချင်တာ။ စစ်တပ်ကိုရောက်သွားတာနဲ့ ချက်ချင်း ဒုက္ခိတဖြစ်အောင် လုပ်မဲ့လူမျိုး ရောက်သွားတာနဲ့ အတွင်းပိုင်း ပုန်ကန်မှု ထကြွစေမဲ့လူမျိုးကို လိုချင်တာမှမဟုတ်တာ”
အိမ်တော်ထိန်းက တိတ်ဆိတ်သွားသည်။ သူကိုယ်တိုင်ကလည်း ထိုသို့ ခုံရုံးကိစ္စများနှင့် ပတ်သတ်လျှင် ရှု့ထောင့်ကောင်းကောင်းက မကြည့်နိုင်ချေ။ ထို့ကြောင့် သူကလည်း ထိုကိစ္စနှင့်ပတ်သတ်ပြီး ကောင်းမွန်စွာ ပြောဆိုနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ဘုရင်စုန့်ကို ထိုကိစ္စတွင် အများကြီး မကူညီပေးနိုင်ချေ။
ဘုရင်စုန့်ကလည်း တခဏခန့် တွေးတောပြီးနောက် ရုတ်တရက်ပြောသည်။
“အိမ်တော်ထိန်းကြီး ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို သူ့ဆီစာရေးပို့လိုက်။ သူ့မှာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ထင်မြင်ချက် ရှိရင်ရှိလောက်တယ်”
အိမ်တော်ထိန်းအိုကြီး၏ နှုတ်ခမ်းက ကော့တက်သွားပြီးနောက် ချက်ချင်းလိုလို ပြန်လည်တုန့်ပြန်သည်။
“ဟုတ်ကဲ့ ဒီအစေခံအိုကြီးက ချက်ချင်းပဲ လုပ်လိုက်ပါ့မယ်”
ဘုရင်စုန့်က ကိစ္စတိုင်းတွင် ထိုသို့ယုံကြည်ကာ အကူအညီ တောင်းခံသောလူက လူတစ်ယောက်သာ ရှိသည်ဟု ပြောရမည်ဆိုလျှင် သံသယဝင်ရန် မလိုလောက်အောင် ထိုလူက ဝမ်ချောင်ဖြစ်သည်။ ဖုမာန်လင်းချာက လေးစားဖွယ်ကောင်းလွန်းသော ကာကွယ်စောင့်ရှောက်သူ ဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး ဆယ်နှစ်ကျော် စစ်အကျိုးပြုမှုများ လုပ်ဆောင်ပေးခဲ့သူဖြစ်သည့်အပြင် ဖော်ပြရန်ခက်ခဲလောက်အောင် မြင့်မားသော အဆင့်အတန်းနှင့် အာဏာပိုင်ထားသည်။ သို့သော် ဝမ်ချောင်ကမူ သူ့ကို ထိုင်ခုံက ဖယ်နိုင်သေးသည်။
သူမသိသည်မှာ မြို့တော်တွင် ဝမ်ချောင်၏ ဂုဏ်သတင်းက မယုံနိုင်စရာကောင်းသည့် အဆင့်ထိ ရောက်ရှိနေခြင်းဖြစ်သည်။ ဝမ်ချောင်က ဝေးကွာသောနယ်စပ်တွင် ရှိနေခဲ့ပြီး ခုံရုံးသို့ ခြေတစ်လှမ်းမှ မလှမ်းလာခဲ့သလို ခုံရုံး၏ ငြင်းခုံမှုများတွင်လည်း ပါဝင်ခွင့် မရှိခဲ့သော်လည်း အထက်တန်းလွှာပေါင်း များစွာနှင့် မဟာကလန်ကြီးပေါင်းများစွာက သူ့ကို နေ့လည်ခင်းနေမင်းလို မော့ကြည့်နေကြရလေပြီ။ ခုံရုံးမှ အရာရှိအိုကြီးပေါင်း များစွာ၏ စိတ်ထဲတွင်လည်း ရိုသေလေးစားမှုများက ကိန်းဝပ်လာပြီဖြစ်သည်။
ဘုရင်စုန့်ကပင် တဖြည်းဖြည်းချင်း ဝမ်ချောင်ကို ပို၍ပို၍ပင် အလေးထားကာ ဆက်ဆံလာမိသည်။ သူက အခက်အခဲအချို့ တွေ့သည်နှင့် ချက်ချင်းလိုလို ဝမ်ချောင်၏ထင်မြင်ချက်ကို မေးမြန်းလေ့ရှိပြီး တစ်ဖက်သူမှ ထင်မြင်ချက်ကို ရနိုင်ရန် မျှော်လင့်နေတတ်သည်။
......
ရက်အနည်းငယ်ကြာပြီးနောက် ဝူရှန်းသံမဏိမြို့တွင် ...
ဘုရင်စုန့်၏စာကို ဖတ်ပြီးနောက် ဝမ်ချောင်က စာကိုပြန်ချလိုက်ကာ အချိန်အတန်ကြာ တိတ်ဆိတ်သွားသည်။
“ဘယ်လိုလဲ အကြံမရှိဘူးလား”
ရွှီချီချင်က အနားတွင်ထိုင်နေသည်။ သူမက နှီးဖြူရောင်ဝတ်စုံကို ဝတ်ထားသည်။ သူမ၏ လက်ဖက်ရည်ထဲရှိ အမြုပ်လေးများကို ဖယ်ရှားပြီးနောက် သူမ၏ ချယ်ရီနီရောင် နှုတ်ခမ်းပါးက အသာဟသွားကာ မျက်ဝန်းကလည်း တောက်ပလာသည်။
“ဖုမာန်လင်းချာရဲ့ နေရာကို လူအစားထိုးဖို့က လွယ်တာမဟုတ်ဘူး။ အင်ပါယာခုံရုံးကလည်း ကာကွယ်ရေးဗိုလ်ချုပ်ကြီးတွေနဲ့ ပတ်သတ်ရင် အမြဲတမ်းပူးပေါင်းပြီး ဆုံးဖြတ်ရတယ်။ ဘုရင်စုန့်က ဒီကိစ္စမှာ ငါ့ရဲ့ထင်မြင်ချက်ကို မေးမယ်လို့ မထင်ထားမိဘူး”
ဝမ်ချောင်က ခေါင်းအသာခါသည်။ ဘုရင်စုန့်ကသူ့ကို မျှော်လင့်ထားသည်ထက် အများကြီး အလေးထားနေပြီးဖြစ်ကြောင်း သူကိုယ်တိုင်လည်း ဝန်ခံမိသည်။
“နင်က ဖုမာန်လင်းချာကို ဖယ်ခဲ့တဲ့လူလေ။ ဒီတော့ သူ့ရဲ့နေရာအတွက် သင့်တော်တဲ့လူတွေကို မရွေးထားသင့်ဘူးလား”
ရွှီချီချင်ကပြောသည်။ သူမက သွယ်လျသောလက်ကို ဆန့်တန်းလိုက်ပြီး စားပွဲပေါ်မှ အစာသွပ်မုန့်ကိုယူသည်။ ထို့နောက် သူမက စတင်ကာ အသာဖောက်ကာ ကြိတ်ဝါးစားသည်။ သူမက ဝူရှန်းတွင် နေသည်မှာ ကြာလာသည်နှင့်အမျှ သူမပါဝင်လာသော ကိစ္စများက များသထက် များပြားလာပြီး သူမနှင့် ဝမ်ချောင်၏ ဆက်ဆံရေးကလည်း ရင်းနှီးသထက် ရင်းနှီးလာသည်။
လက်ရှိအချိန်တွင် သူတို့နှစ်ယောက်က မနက်စာအတူ စားနေကြခြင်းဖြစ်သည်။ ဝမ်ချောင်ကလည်း အချို့သော အရေးကြီးသောကိစ္စများတွင် သူမထံမှ ဖုံးကွယ်ထားရမည့်အစား သူမ၏ ထင်မြင်ချက်ကို တောင်းခံသည်။
“ဒါပေါ့ ငါဒါကို တွေးထားပြီးသား။ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာအတွက် အသင့်တော်ဆုံးက ငါ့အဖေလို့ တွေးထားတာ။ သူကသာ ချီရှီကို လာမယ်ဆိုရင် ကိစ္စတွေက ငါ့အတွက် ပိုပြီးအဆင်ပြေသွားပြီ။ ဒါပေမဲ့ ဘုရင်စုန့်ကတော့ ဒါက မဖြစ်နိုင်ဘူးလို့ ထင်နေတယ်။ ဒါ့ကြောင့် သူ့ကို ဖယ်ထုတ်ထားတယ်”
ဝမ်ချောင်က သက်ပြင်းချသည်။
ဘုရင်စုန့်နှင့် ဝမ်ကလန်မှ ဆက်ဆံရေးက သူမပါလျှင်ပင် ကောင်းမွန်ပြီးသားဖြစ်သည်။ ဘုရင်စုန့်ကလည်း သူ့အဖေက ချီရှီကာကွယ်ရေးနေရာအတွက် တွေးမည်ဟုထင်ခဲ့သည်။ သို့သော် ဘုရင်စုန့်က သူ့ထံ ထင်မြင်ချက် တောင်းခံရန် စာပို့လာသည်။ သိသာထင်ရှားစွာပင် သူ့အဖေက ချီရှီကာကွယ်ရေး ဗိုလ်ချုပ်အတွက် သင့်တော်သောနေရာနှင့် မကိုက်ညီနေခဲ့ချေ။
ဘုရင်စုန့်က အမြင်ကောင်းရှိသူတစ်ယောက်ဖြစ်သည်။ သူက မဟာထန်ကို သူနှင့်ဝမ်ကလန်၏ ဆက်ဆံရေးထက် ပိုပြီးအလေးထားသည်။ ထို့ကြောင့် ယခုလို အခြေအနေမျိုးတွင် သူသည်လည်း ဘာမှမတက်နိုင်ချေ။ ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ဘုရင်စုန့်ကို လေးစားခြင်းဖြစ်သည်။ ထိုအတွက်ကြောင့်လည်း ဘုရင်စုန့်က ဘုရင်ချီကို ဖိနှိပ်နိုင်ပြီး အရာရှိပေါင်းများစွာ၏ လေးစားမှုကို လက်ခံရရှိထားခြင်းဖြစ်သည်။
“ငါထင်တာမမှားရင် ဘုရင်စုန့်က ငါ့အဖေကို ဖယ်ရှားလိုက်တာက အဖေက မြင်းတပ်မဟုတ်ဘဲ ခြေလျင်တပ်ကို အမိန့်ပေးနေတာကြောင့် ဖြစ်လောက်တယ်”
ဝမ်ချောင်က ကူကယ်ရာမဲ့စွာပြောသည်။
မတူညီသော စစ်သားများကို မတူသော အမိန့်ပုံစံဖြင့် ကျင့်သုံးကာ ကြီးကြပ်ရသည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် သူ၏ဖခင်က မဟာဗိုလ်ချုပ်ကြီးအဆင့် မဟုတ်သော်လည်း ယွီစန်း၏ မဟာဗိုလ်ချုပ် ဟော်ရှု့ဟွေ့ခမ်း၏ လှည့်ကွက်များကို ခုခံရန် အရှိန်အဟုန်မြှင့် အံ့ဩဖွယ် နတ်ဘုရားဝင်္ကပါကို အသုံးပြုခဲ့ပြီး သူ၏စစ်သားပေါင်းများစွာ အင်အားကိုသုံးကာ ခုခံနိုင်ခဲ့သည်။
သို့သော် သူက ခြေလျင်တပ်အစား မြင်းတပ်ကိုသာ အမိန့်ပေးခဲ့ပြီး သူမရင်းနှီးသော လက်အောက်ငယ်သားများ၏ အဝိုင်းခံထားရမည်ဆိုလျှင် သူ့အနေဖြင့် အရှိန်အဟုန်မြှင့် မှင်သက်ဖွယ် နတ်ဘုရားဝင်္ကပါကို ထုတ်သုံးနိုင်မည်မဟုတ်ချေ။ ထိုဝင်္ကပါမရှိသည့်အခါ သူ့အဖေက အင်ပါယာ မဟာဗိုလ်ချုပ်ကြီး တစ်ယောက်ကို မယှဉ်နိုင်တော့ချေ။
ထိုသို့သောသူက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဖြစ်ရန် မသင့်လျော်ချေ။ သူက ထိုအကြောင်းအရာကို တွေးမိပြီးနောက် မျက်မှောင်ကျုံ့လိုက်မိသည်။
“ငါတို့တွေ နင့်ရဲ့အဖေကို ဖယ်ထုတ်လိုက်မယ်ဆိုရင် နင့်ရဲ့စိတ်ထဲမှာ ပေါ်လာတဲ့ အခြားတစ်ယောက်များ မရှိဘူးလား”
ရွှီချီချင်က အသာပြုံးသည်။ သူမက မယုံကြည်နိုင်မှုအပြည့်ဖြင့် ပြောလိုက်ခြင်းဖြစ်သည်။ ဝမ်ချောင်က အမြဲတစေ ယုံကြည်မှုရှိပြီး စိတ်အေးအေး လုပ်ဆောင်တတ်ကြောင်း သိထားပြီးသားဖြစ်သည်။ သူက အရာအားလုံးအတွက် အကြံချထားတတ်သည်။ ထို့ကြောင့် ယခုလိုမျိုး သူမမြင်နေရသည့် အခြေအနေနှင့် မတူသင့်ချေ။
“ဟား ဟား”
ဝမ်ချောင်ကရယ်ပြီး ခေါင်းလှည့်သည်။ ထို့နောက်တဖန် ပြရယ်ပြန်သည်။
“အမှန်တိုင်းပြောရရင် ငါဖုမာန်လင်းချာကို ဖယ်ရှားလိုက်တာက ရိုးရှင်းတဲ့ အကြောင်းပြချက်ကြောင့်ပဲ။ သူဒီနေရာမှာရှိနေရင် ငါလုပ်နိုင်မှာမဟုတ်ဘူး။ သာ့ယန်မာန်ပန့်က လာလုပ်ကြံတဲ့ ကိစ္စမျိုးက ထပ်ခါတလဲလဲ ဖြစ်နေဦးမှာပဲ။ ဒီတော့ သူက ငါ့ရဲ့အကြံတွေကိုဖျက်ဖို့ နည်းလမ်းပေါင်းများစွာနဲ့ တွေးတောနေလိမ့်မယ်။ တြိဂံပုံမြေကွက်လပ်မှာ ရှိနေတဲ့ ငါ့ရဲ့ခံတပ်လို အဆောက်အဦးမျိုးကိုလည်း သူက ချက်ချင်း သတိထားမိသွားမှာပဲ။ ဒါကြောင့် ဖုမာန်လင်းချာမဟုတ်သမျှ ချီရှီကို ဘယ်သူပို့ပို့ ငါဂရုမစိုက်တာပဲ။ ဒါ့အပြင် အဖေက မသင့်တော်ဘူးဆိုရင်လည်း ငါတို့က ရှန်ယွီကျုံ့ထုံးပဲဖြစ်ဖြစ် အခြားဟန်ဗိုလ်ချုပ်ကိုပဲဖြစ်ဖြစ် စဉ်းစားလို့ရနိုင်တယ်။ ဘုရင်ချီဘက်က လူဆိုရင်လည်း လက်ခံလို့ရသေးတယ်”
“ဒါပေမဲ့ ဘုရင်စုန့်က သဘောတူမှာမဟုတ်လို့ ဘုရင်ချီဘက်က လူတွေကတော့ ရောက်လာမှာမဟုတ်ဘူး”
ရွှီချီချင်က ဖြတ်ပြောသည်။
“ဉာဏ်ကောင်းတယ်”
ဝမ်ချောင်က ရွှီချီချင်ကို ကြည့်ပြီးနောက် ချီးကျူးလိုက်သည်။
“အမှန်တိုင်းပြောရရင် ဖုမာန်လင်းချာရဲ့ နေရာကို တော်ဝင်ခုံရုံးက ဘယ်သူ့ကိုရွေးရွေး ငါဂရုမစိုက်ဘူး။ ပြဿနာက ဘုရင်စုန့်နဲ့ပဲ သက်ဆိုင်တာ။ ငါပိုပြီး စိုးရိမ်နေတာက အခြားကိစ္စပဲ”
အခန်းကချက်ချင်း တိတ်ကျသွားသည်။
ဖုမာန်လင်းချာက မင်းသားများ၏ စစ်ပွဲတွင် ပါဝင်ခဲ့သောကြောင့် သူ့ကို အကျဉ်းချနိုင်မှုနှင့်အတူ ဝမ်ချောင်က ချီရှီမှ သူ၏အကြီးမားဆုံး ရန်သူနှင့် ခြိမ်းခြောက်မှုကို ချောမွေ့စွာဖြင့် ကိုင်တွယ်လိုက်နိုင်သည်။ သို့သော် ထိုကိစ္စက အခြားသောကိစ္စကို ရှုပ်ထွေးသွားစေသေးသည်။ အနည်းဆုံး ချီရှီကာကွယ်ရေးစစ်တပ်မှ တစ်ဝက်ကျော်ကျော်ခန့်က ဟူများဖြစ်နေသည်။ ထိုဟူများက အင်အားကြီးသူကိုလေးစားပြီး သတ္တိလည်းကြီးသည်။ ရိုးရှင်းစွာ တွေးတောရသော် ထိုနေရာတွင် အင်အားအကြီးဆုံးက သူတို့၏ဆရာ၊ သူတို့၏သခင်၊ သူတို့၏ အကြီးအကဲဖြစ်ခဲ့သည်။
သို့သော် ဖုမာန်လင်းချာက ရှိနေခဲ့လျှင် အခြေအနေကို ထိန်းချုပ်နိုင်သေးသည်။ သို့သော် မရှိတော့သောအခါ ချီရှီက ခေါင်းဆောင်မရှိသော နဂါးများကဲ့သို့ဖြစ်သွားပြီး ပြဿနာများက ပေါ်ထွက်လာတော့ပေမည်။ အနည်းဆုံး ချီရှီတွင် တောင်ဆယ်လုံးထက်မနည်း ပေါ်ထွက်လာနိုင်သည်။ ထိုသု့ိဖြင့် အဖွဲ့ဆယ်ဖွဲ့ ကွဲသွားပြီး ချီရှီကာကွယ်ရေးစစ်တပ်၏ အာဏာအတွက် ယှဉ်ပြိုင်ကြပေလိမ့်မည်။ တော်ဝင်ခုံရုံးကလည်း ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ဆုံးဖြတ်ပေးမည်ဖြစ်သည့်တိုင်အောင် အင်အားကြီးသူကိုသာ လေးစားကိုးကွယ်သောဟူများနှင့် ယှဉ်သော် ဒါက အသုံးမဝင်နိုင်ချေ။
ထိုအတွက်ကြောင့်လည်း ဝမ်ချောင်က ယခင်တစ်ခေါက် မတော်တဆမှုတွင် ဟူများ၏ အာဏာအကြား ရုန်းကန်မှုကို ဆန့်ကျင်ခဲ့ခြင်း အကြောင်းပြချက်တစ်ခုဖြစ်သည်။ ထိုကဲ့သို့သော အခြေအနေမျိုးက ဟန်များကြားတွင် ဘယ်သောအခါမှ မဖြစ်ဖူးချေ။
လက်ရှိအချိန်တွင် ဟူဗိုလ်ချုပ် ဆယ်ယောက်ကျော်က အာဏာအတွက် ထိပ်တိုက်ရင်ဆိုင်နေကြသည်။ ထိုသို့ဖြင့် သူတို့အကြား ချီရှီကာကွယ်ရေး စစ်တပ်အတွင်းတွင် ပြည်ကြီးစစ်ပွဲက ဖြစ်ပွားနေသည်။
“လီစစ်ယဲ့ ချီရှီက အခြေအနေက ဘယ်လိုရှိလဲ”
ဝမ်ချောင်က ရုတ်တရက် ခေါင်းလှည့်ကာ တံခါးသို့ကြည့်သည်။
“အရှင်အမတ်ကို ပြန်ဖြေပါတယ်။ ကျွန်တော်တို့ နေ့ရောညပါ အခြေအနေကို စောင့်ကြည့်နေပါတယ်။ အရှင်အမတ်က ခန့်မှန်းထားသလိုပဲ ဖုမာန်လင်းချာရဲ့ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်တဲ့ ကုသူ့လီက လက်ရှိအချိန်မှာ ချီရှီကာကွယ်ရေးစစ်တပ်က အခြားဟူတွေကို ခပ်ကြမ်းကြမ်း စီရင်ဖို့ ကြိုးစားနေပါတယ်။ သူက အတော်လေးကို သန်မာပြီး ဖုမာန်လင်းချာရဲ့ အစောင့်တွေထဲက တစ်ယောက်ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ စစ်တပ်ထဲမှာရှိတဲ့ သူ့ရဲ့ အဆင့်အတန်းက ဟယ်ပါးယဲ့ကိုတောင် ဖိနှိပ်လိုက်နိုင်ပါပြီ။ ပိုပြီးအရေးကြီးတာက တူရကီမြက်ခင်းပြင်ကျယ်တောက်လျှောက် ချီရှီကာကွယ်ရေးစစ်တပ်က ရှေ့တန်းမှာ စခန်းချထားတဲ့ ချီရှီကာကွယ်ရေးစစ်တပ်က သူ့ကို စောင့်ရှောက်ပေးထားတာပါ။ ကိစ္စတွေကတော့ ဒီတိုင်းဖြစ်လာမယ်ဆိုရင် ချီရှီကာကွယ်ရေးစစ်တပ်က သူ့ကို ဖုမာန်လင်းချာရဲ့ နေရာမှာ အစားထိုးဖို့ ရွေးချယ်ကြမှာပါ။ ဒါ့အပြင် ကျွန်တော် ကုသူ့လီဆီက ရထားတဲ့ သတင်းအရဆိုရင် သူက ဟယ်ပါးယဲ့ကို ဖိနှိပ်ဖို့ အကြောင်းပြချက် ရှာနေပါတယ်”
သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော လီစစ်ယဲ့က တံခါးဝတွင် အစောင့်တစ်ယောက်လို ရပ်နေသည်။
“ဒါ့အပြင် ကျွန်တော်တို့ စုစည်းထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင် ကုသုလီက ပုန်ကန်နိုင်ဖို့ အလားအလာ တော်တော်မြင့်ပါတယ်။ သူကလည်း ဟူတွေနဲ့ မတိုက်ခိုက်သင့်ဘူး။ သူတို့က တစ်မိသားစုထဲကဆိုတဲ့ ထင်မြင်ချက်မျိုး မကြာခဏ ပေးတတ်ပါတယ်။ သူက ချီရှီကာကွယ်ရေးစစ်တပ်ကို ဟူတွေကသာ သိမ်းယူထားသင့်တယ်လို့သာ အကြံပြုဖူးတဲ့လူပါ။ ဒီလိုနဲ့ ချီရှီကာကွယ်ရေးစစ်တပ်ထဲမှာ ဟူတွေသာရှိတော့ပြီး အနောက်ပိုင်းတူရကီ ခါကာနိတ်ကို ကူးပြောင်းရမယ်လို့ တင်သွင်းခဲ့ဖူးပါတယ်”
ထိုစကားလုံးများနှင့်အတူ အခန်းထဲရှိ လူနှစ်ယောက်လုံးက မျက်မှောင်ကျုံ့လိုက်ကြသည်။ ရွှီချီချင်က ဝမ်ချောင်၏ အတွေးကို ပြောနိုင်သဖြင့် ချက်ချင်းလိုလို သတိပေးသည်။
“ဝမ်ချောင် နင်အလျင်စလို မလုပ်နဲ့နော်။ ငါတို့က ချီရှီကာကွယ်ရေး စစ်တပ်အပေါ်မှာ ဘာအာဏာမှ မရှိဘူး။ ငါတို့တွေ မဟာထန်ရဲ့စည်းမျဉ်းကို သတိလက်လွတ် ချိုးဖျက်လို့မရဘူး။ ငါတို့သာ အဲ့ဒီလိုလုပ်လိုက်ရင် ငါတို့ဘက်ကို ပြဿနာအကြီးကြီး တက်လာလိမ့်မယ်။ ငါတို့အရင်လုပ်ထားသမျှက မီးခိုးတွေလို ပျောက်ကွယ်သွားမှာပဲ။ ဒါ့အပြင် ချီရှီကာကွယ်ရေးစစ်တပ်ထဲမှာ ကိစ္စကြီး ဖြစ်လာသေးတာမဟုတ်ဘူး။ ဒီတော့ ငါတို့ အခုဝင်ပါလိုက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်က ဗိုလ်ချုပ်တစ်ယောက်ကို သွားသတ်လိုက်ရင် ငါတို့ သေမိန့်ပေးခံရနိုင်တယ်”
ဟာ ဆိုတော့ ငါဒီကိစ္စကို ဘေးဖယ်ထားရဦးမှာပေါ့။
ဝမ်ချောင်က စိတ်ထဲတွင် သက်ပြင်းချသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ အခြေအနေက ရှုပ်ထွေးလွန်းနေသည်။ သူကလည်း ချီရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်အသစ်က ခန့်အပ်ခံရသည်နှင့် ကိစ္စကြီးများကို ကိုင်တွယ်ရမည်ဖြစ်ကြောင်း သိလိုက်သည်။
“လီစစ်ယဲ့ ချီရှီကာကွယ်ရေးစစ်တပ်က ကိစ္စကိုတော့ မင်းကိုပဲ လွှဲထားလိုက်ဦးမယ်။ လှုပ်ရှားမှုရှိတာနဲ့ မျက်စိဒေါက်ထောက်ကြည့်ထား။ အတွင်းပိုင်း ရှုပ်ထွေးမှု ဖြစ်လာတာနဲ့ မင်းဝင်ပါပြီး ရပ်တန့်လိုက်တော့”
“ဟုတ်ကဲ့အရှင်အမတ်”
လီစစ်ယဲ့က ချက်ချင်းပြန်ပြောသည်။
ထိုကိစ္စကို လီစစ်ယဲ့ကို လွှဲထားပေးလိုက်ပြီးနောက် ဝမ်ချောင်က စိတ်အေးသွားသလို သက်ပြင်းချကာ ရွှီချီချင်နှင့်အတူ မနက်စာစားသည်။ ထို့နောက်သူက အခန်းထဲမှ ခပ်မြန်မြန် ထွက်သွားသည်။ ချီရှီကာကွယ်ရေး စစ်တပ်တွင် ဖြစ်ပွားခဲ့သော ကိစ္စများက အတော်လေး စိုးရိမ်စရာကောင်းသည်။ သို့သော် ဒါက ဝမ်ချောင်အတွက် အသေးစား ယိမ်းယိုင်မှုလောက်သာ ရှိသေးသည်။ သူ၏စိတ်ထဲတွင် ပို၍အရေးကြီးသော ကိစ္စများစွာရှိနေသည်။
“အကြီးအကဲဟောင် မတွေ့ရတာကြာပြီ”
အစိုးရစံအိမ်၏ ဧည့်ကြိုခန်းမထဲတွင် ဝမ်ချောင်က အားလော့ကျားနှင့် အားလော့နော့တန်းဆိုသည့် ဆင်းထူမှ ဘုန်းတော်ကြီးများနှင့် တွေ့ဆုံနေသည်။ တစ်နှစ်ကျော်ခန့် ကွဲသွားပြီးနောက် သူတို့က ယခင်ကအတိုင်း ပိန်ပါးနေကြသည်။ သို့သော် သူတို့၏ အသားအရောင်က အများကြီး ကောင်းလာသည်။
“သခင်လေးချောင်ကို ဂါရဝပြုပါတယ်”
“တစ်နှစ်တောင် ကြာသွားမယ်လို့ မထင်ထားဘူး။ သခင်လေးကတော့ အမတ်တောင် ဖြစ်လာပြီ။ သခင်လေးက ဒီလောက် ငယ်ရွယ်သေးတာတောင်မှ ဒီလောက် ကိစ္စကြီးကို လုပ်ဆောင်နိုင်နေပြီ။ ငါတို့အရင်က လူမှားပြီး မရွေးချယ်ခဲ့မိဘူးပဲ”
ဝမ်ချောင်ကို မြင်လိုက်သည်နှင့် ထိုဆင်းထူဘုန်းတော်ကြီးနှစ်ပါးက ချက်ချင်း မတ်တပ်ထရပ်ကာ လက်ဖဝါးနှစ်ဖက်လုံးကို ရင်ဘက်သို့ကပ်လျှက် ဂါရဝပြုသည်။ ဆင်းထူက ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားနေရသောအခါ ဝမ်ချောင်က သူတို့ထံ စားနပ်ရိက္ခာများ၊ ကျွဲ၊ နွားများ သိုးများကို ပို့ပေးခဲ့သည်။ ထိုရိက္ခာကပ်ဘေးကို ဖြေရှင်းပြီးနောက် သူက ဆင်းထူအားလုံး၏ ကယ်တင်ရှင်ဖြစ်သွားပြီး လေးစားခံရသည့် ဧည့်သည်တော်ကြီးဖြစ်လာသည်။
ထို့အပြင် ဝမ်ချောင်ကလည်း ဟိုင်သယ်လာပါး ကျောက်ရိုင်းတုံးကို အလွန်အမင်း မြင့်သော တန်ကြေးသုံးကာ ဝယ်ယူခဲ့သည်။ သူပေးခဲ့သော တန်ကြေးက အခြားသောတိုင်းပြည်များက ပေးခဲ့သော တန်ကြေးထက်ပင် မြင့်ခဲ့သေးသည်။ ထိုအတွက်ကြောင့် ဆင်းထူမှ လူအလေးစားခံရဆုံးသော ဘုန်းတော်ကြီးတိုင်းကပင် အလေးစားရဆုံးသော ဧည့်သည်တော်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။
အခန်း(၈၂၂)
“ဟား ဟား ကျေးဇူးပြုလို့ အကြီးအကဲတွေက ယဉ်ကျေးလွန်းနေပါပြီ။ လာပါ ထိုင်ကြပါ”
ဝမ်ချောင်က ထိုင်ခုံများထံသို့ လက်ဝါးဖြင့် အမူအရာပြသည်။
သူတို့သုံးယောက်လုံးက ထိုင်ပြီးနောက် စကားများကို ဖလှယ်ပြီးသည်နှင့် အာလော့ကျားက အဓိကအချက်ကို ခပ်မြန်မြန်ပြောသည်။
“သခင်လေး သခင်လေး လိုအပ်တာများရှိလု့ိ ငါတို့ကို လှမ်းခေါ်လိုက်တာပါလား”
ထိုနှစ်ယောက်က ချိုးခြုံသော အကျင့်ရှိသူ ဘုန်းတော်ကြီးများဖြစ်ကြပြီး အမြဲတစေ မြင်နိုင်စွမ်းအားရှိသလို တည့်တိုးသာပြောတတ်သဖြင့် ဗဟိုပြင်ကျယ်မှ လူများနှင့် မတူချေ။
ဝမ်ချောင်က ခပ်ဟဟ ရယ်လိုက်ပြီးနောက် ရေနွေးကြမ်းကို တစ်ငုံသောက်သည်။
“ကျွန်တော်တကယ်ပဲ အကြီးအကဲတို့ဆီက ဖုံးကွယ်ထားလို့ မရနိုင်ပါဘူး။ ကျွန်တော်က နောက်ထပ် ဆင်းထူဆီကနေ ဟိုင်သယ်လာပါး သတ္တူရိုင်းတွေ နောက်ထပ်တစ်သုတ် ထပ်ဝယ်ချင်လို့ပါ”
“ဒါပေမဲ့ သခင်လေး ငါတို့မှတ်မိတာ မှန်မယ်ဆိုရင် ငါတို့ စာချုပ်ထဲက သဘောတူထားတဲ့ အချိန်ရောက်ဖို့ နည်းနည်းကြာကြာ လိုသေးတယ်မဟုတ်လား။ သခင်လေးအနေနဲ့ ငါတို့ကို ဒီလိုရှာစရာတောင် မလိုပါဘူး။ ဒီတိုင်း လှမ်းခေါ်လိုက်ရုံနဲ့ သခင်လေးဆီကို ဟိုင်သယ်လာပါး သတ္တုရိုင်း ထပ်ပို့ပေးလိုက်မှာပါ”
ဘုန်းတော်ကြီးများက ချက်ချင်းလိုလို စိတ်ရှုပ်ထွေးသွားကြသည်။
“အကြီးအကဲတွေပြောတာ မှန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်က မတူဘူး။ ကျွန်တော်က လဲလှယ်တဲ့အချိန်ကို ရှေ့တိုးချင်တာ။ အဲ့ဒါအပြင် ကျွန်တော်က လိုချင်တဲ့ သတ္တုရိုင်း အရေအတွက်ကိုလည်း တစ်ထောင်ကနေ ခြောက်ထောင်အထိ မြင့်တင်ချင်ပါသေးတယ်”
ဝမ်ချောင်ကပြောသည်။
ဝမ်ချောင်က သွန်းလုပ်သော ဝု့စ်သံမဏိဓားများက လောကအနှံ့ ကျော်ကြားလာသည်။ ထိုသို့ဖြင့် ဟိုင်သယ်လာပါး ကျောက်ရိုင်းတုံးများ၏ ဈေးကလည်း စမြင့်လာသည်။ ဟိုင်သယ်လာပါး သတ္တုရိုင်း တစ်ကျင်းက ပုံမှန်ဆိုလျှင် ရွှေထည်ရာကျော် ရှိခဲ့ရာမှ ယခုဆိုလျှင် တစ်ထောင်ကျော်ထိ ရောက်လာပြီဖြစ်သည်။ ဟိုင်သယ်လာပါး ခြောက်ထောင်ဆိုလျှင် ရွှေထည် ခြောက်သန်းဖြစ်သည်။ မြောက်များသော ပမာဏ ဖြစ်သွားပေလိမ့်မည်။
အနည်းဆုံး ဆင်းထူအတွက် ဒါက များပြားသော တန်ကြေးကြီး ရရှိနိုင်မည့် ကုန်သွယ်မှုဖြစ်သည်။
“သခင်လေး တကယ်လား သခင်လေးတကယ်ပြောနေတာလား”
ဘုန်းတော်ကြီးနှစ်ယောက်လုံးက တုန်ယင်သွားကြသည်မှာ မိုးကြိုးပစ်ခံရသည်အလား ထင်ရသည်။ သူတို့၏မျက်လုံးက ပြူးကျယ်နေပြီး ဝမ်ချောင်ကို စိုက်ကြည့်သည်။ သူတို့နှစ်ယောက်က ခရီးရှည်ကြီးကို ကျော်ဖြတ်လာရသည်။ မတ်စောက်သော တောင်တန်းပေါင်းများစွာကို ကျော်ဖြတ်လာခဲ့ရသည်။ သို့သော် ဝမ်ချောင်က ထိုမျှကြီးမားသော ကုန်သွယ်မှုကြီးကိုလုပ်ရန် ရည်ရွယ်ချက်ရှိနေကြောင်း မမျှော်လင့်ဖူးချေ။ ရွှေထည်ခြောက်သန်းဆိုသည့် ပမာဏက ဆင်းထူအတွက် တစ်နှစ်တာလုံးနီးပါး အကျိုးပြုပေးနိုင်လောက်အောင် လုံလောက်သည်။
“ဒါပေါ့ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သမျှမှာ ကျွန်တော်က ဘယ်အချိန်တုန်းကများ အကြီးအကဲတို့ကို လိမ်ဖူးပါသလဲ”
ဝမ်ချောင်ကပြုံးလျှက် ခေါင်းညိမ့်လိုက်သည်။
သူက ဝူရှန်းတွင် စီမံခန့်ခွဲမှုများ လုပ်နေခဲ့သည်မှာ လအနည်းငယ်ကြာသွားပြီဖြစ်ပြီး သူ၏ပြင်ဆင်မှုများ အားလုံးတွင် လူအင်အား အရင်းအမြစ်များ ငွေကြေးပေါင်းများစွာ လိုအပ်နေသည်။ ယခုမူ သူက အားလုံးကို ပြင်ဆင်လို့ပြီးလုနီးပါး ဖြစ်သွားသဖြင့် အရင်းအမြစ် ကိစ္စတစ်ခုသာ ကျန်တော့သည်။ တြိဂံပုံမြေကွက်လပ်၏ တိုက်ပွဲပြီးနောက် ဝူရှန်းမြင်းတပ် ငါးထောင်က ပို၍အင်အား ကြီးမားလာပြီး အတွေ့အကြုံလည်း ရသွားကြသည်။ သို့သော် သူတို့တွင် အကြီးမားဆုံး ပြစ်ချက်တစ်ခုရှိသည်။ ဒါက လက်နက်ဖြစ်သည်။
ဝမ်ချောင်၏ ဝူရှန်းမြင်းတပ် ငါးထောင်တွင် ဝု့စ်သံမဏိလက်နက်များ မရှိထားသလို ဥက္ကာခဲ သတ္တုသံချပ်ကာများကိုလည်း မရထားသေးချေ။ အနောက်တောင်ပိုင်းက စစ်ပွဲမှ ဝု့စ်သံမဏိဓား တစ်ထောင်ကို မဟာကလန်ကြီးများကို ကတိပေးထားသည့်အတိုင်း ပေးထားပြီးဖြစ်သည့်အတွက် သူတို့ဆီမှ ပြန်တောင်း၍ မဖြစ်သင့်ချေ။
သူက ဝူရှန်းမြင်းတပ်အတွက် လက်နက် တပ်ဆင်လိုလျှင် ဟိုင်သယ်လာပါး သတ္တုရိုင်းများကို ပို၍လိုအပ်ပေလိမ့်မည်။
“သခင်လေး ငါတို့က ပထမဦးဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်ကြတာမှ မဟုတ်တာ။ ငါတို့က အမြဲတမ်း သခင်လေးနဲ့ဆိုရင် စိတ်အေးရပါတယ်။ ဘုန်းတော်ကြီးကလည်း သခင်လေးအပေါ် အမြင်ကောင်းရှိပြီးသားပါ။ ငါတို့က သခင်လေးရဲ့ သဘောထားကြီးမြတ်မှုအတွက် အမြဲတမ်း ကျေးဇူးတင်နေရတာပါ။ ဒါပေမဲ့ သခင်လေးလည်း လက်ရှိ ဟိုင်သယ်လာပါး သတ္တုရိုင်း ထုတ်လုပ်မှု အခြေအနေကို သိနေတာပါပဲ။ ဟိုင်သယ်လာပါး သတ္တုရိုင်း ခြောက်ထောင်ဆိုတဲ့ ပမာဏကို ... ပမာဏက ငါတို့အနေနဲ့ ဒီပမာဏကို ရအောင်လုပ်ဖို့ တော်တော်လေးကို ခက်ခဲမှာပါ”
အားလော့ကျားနှင့် အားလော့နော့တန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်မှောင်ကျုံ့သွားကြသည်။
ဟိုင်သယ်လာပါး သတ္တုရိုင်းက ဆင်းထူအတွက် အလွန်အရေးကြီးသည်။ သူတို့အတွက် ဝင်ငွေ အရင်းအမြစ်လည်းဖြစ်သည်။ ရောင်းချသူရှိသည်နှင့် သဘာဝအလျောက်ပင် ဝယ်သူကလည်းများသည်။ ဟိုင်သယ်လာပါး သတ္တုရိုင်းက အခြားသော မိုင်းတူးပစ္စည်းများနှင့် ကွာခြားသည်။ များပြားလွန်းသော သိပ်သည်းဆနှင့် အလေးချိန်ကြား မိုင်းတူးရန် မဖြစ်နိုင်လုနီးပါး ခက်ခဲလေသည်။
ထို့ကြောင့် ဟိုင်သယ်လာပါး သတ္တုရိုင်းကို ထုတ်သုံးနိုင်သည့် အရေအတွက်ကလည်း ထိုခက်ခဲမှုနှင့်အညီ အကန့်အသတ်ရှိသွားသည်။ သို့သော် ဆင်းထူတခွင်တွင်ပင် ဝမ်ချောင်က တောင်းဆိုသည့် ကျင်းခြောက်ထောင်ဆိုသော ပမာဏက အလွန်အမင်း များပြားနေသေးသည်။
“ဒါပေါ့ ကျွန်တော်သိတာပေါ့။ ဒါကြောင့်လည်း ကျွန်တော်က အကြီးအကဲတွေကို ဖိတ်ခေါ်လိုက်တာပါ။ ကျွန်တော်က ဆင်းထူကလည်း မဟာထန်ကို ဒီဟိုင်သယ်လာပါး ကျောက်ရိုင်းတွေ ရောင်းချပေးတဲ့အထိ မျက်နှာသာပေးပြီး အခြားအဖွဲ့အစည်းတွေကို ရောင်းချတဲ့ သတ္တုရိုင်းတွေအားလုံးကို ကျွန်တော်ကိုပဲ ရောင်းချဖို့ တောင်းဆိုချင်တာပါ။ လက်ရှိအချိန်မှာတော့ ကျွန်တော်ကပဲ ဝု့စ်သံမဏိလက်နက်တွေကို ထုတ်လုပ်တဲ့နည်းလမ်းကို သိထားတယ်ဆိုတာကို အကြီးအကဲတို့လည်း သိကြမှာပါ။ ဒီလိုအဖိုးတန်းတဲ့ သတ္တုရိုင်းက အခြားလူတွေရဲ့လက်ထဲကို ရောက်သွားရင် ဖြုန်းတီးရာပဲရောက်မှာပါ။ ဆင်းထူက သူတို့ရဲ့ အဖိုးတန်းသတ္တုရိုင်းက သာမာန် လက်မှုပညာရှင်တွေရဲ့ လက်ထဲမှာ အဆုံးသတ်သွားတာကို မြင်ချင်လို့ပါလား”
ဝမ်ချောင်က ရေနွေးကြမ်းခွက်ကိုချပြီး ယုံကြည်မှုရှိစွာ ပြောသည်။ သူ၏အမူအရာက ဖြောင့်ဖြလိုသည့် အရှိန်အဝါမျိုးကို လွှတ်ထုတ်နေသည်။
အမှန်တိုင်းဆိုရသော် ဝမ်ချောင်က ဟိုင်သယ်လာပါး သတ္တုရိုင်းဈေးကွက်တွင် အားသာချက်ကြီး ပိုင်ဆိုင်ထားပြီးသားဖြစ်သည်။ သူက အဖွဲ့အစည်းတိုင်းက မယှဉ်နိုင်သော တန်ကြေးပေးပြီး ကမ်းလှမ်းထားသည်။ ထို့ပြင် ဝု့စ်သံမဏိလက်နက်ကို သွန်းလုပ်တဲ့ နည်းလမ်းကလည်း လူတိုင်း မနာလိုကြီးစွာ သွားရည်ကျရသော နည်းလမ်းဖြစ်နေသေးသည်။ အားလော့ကျားနှင့် အားလော့နော့တန်းတို့ကဲ့သို့ မဟာဘုန်းတော်ကြီးများကပင် လက်နက်ပေါ်တွင်ရှိသည့် ခမ်းနားသည့် သင်္ကေတများနှင့် ထက်ရှလွန်းသော အစွန်းများကြောင့် ချီးကျူးပြီး ပင့်သက်ရှိုက်ရသေးသည်။
သူတို့ကသာ ရွေးချယ်ရမည်ဆိုလျှင် ထိုနှစ်ယောက်ကလည်း သဘာဝအလျောက်ပင် ဝမ်ချောင်ကို သဘောတူလိုက်ချင်သည်။ မည်သို့ပင်ဆိုစေ သူကသာ ဟိုင်သယ်လာပါး သတ္တုရိုင်းကို အင်အားအကုန် ထုတ်နိုင်သူဖြစ်သည်။
...
သို့တိုင်အောင် ဝမ်ချောင်၏ စကားလုံးများက ထိုဘုန်းတော်ကြီးများကို အံ့အားသင့်စေပြီး မျက်လုံးများက ပြူးကျယ်သွားရသေးသည်။ ဆင်းထူ၏ ဟိုင်သယ်လာပါး သတ္တုရိုင်းရောင်းချသည့် ပုံစံက အလွန်အမင်း တင်းကြပ်သည်။ ဝယ်ယူသူက မည်မျှပင် ပေးချေစေချင်ကာမူ ထိုဝယ်ယူချင်သူ လိုချင်သည့်အတိုင်း ရောင်းချ၍မရချေ။ ထို့ပြင် အကြောင်းပြချက် အများကြီးလည်း ရှိနေသေးသည်။ သို့သော် အရိုးရှင်းဆုံး တစ်ချက်ကမူ ဆင်းထူက အာဘတ်ဆစ်ကယ်လီဖိတ်နှင့် ချရာဆပ်ဆင်းနုတို့ကို သတ္တုရိုင်း ရောင်းချခြင်းအား ရပ်တန့်ရန် ရုတ်တရက် ဆုံးဖြတ်ချက် ချခဲ့သဖြင့် ထိုအဖွဲ့အစည်းနှစ်ခုမှ ကျူးကျော်မှုများကို ခံစားနိုင်ရသည့် အကျိုးဆက်ကို စဉ်းစားမိသောကြောင့်ဖြစ်သည်။
ဆင်းထူဘက်မှ စိုစွတ်ပြီး ရွှံ့ထူကာ ရောဂါဖြစ်လွယ်သော အခြေအနေမျိုးကြောင့် စစ်တပ်အများစုက ထိုနေရာကို မလိုအပ်ဘဲ ကျူးကျော်ခြင်းမပြုရန် ဆန္ဒရှိကြသော်လည်း ဒါက ကျောက်တုံးပေါ်တွင် ချရေးထားသော စည်းမျဉ်းမဟုတ်နေချေ။ ထို့ကြောင့် ဆင်းထူအနေဖြင့် ထိုအကြောင်းအရာကို တွေးတောရန် လိုအပ်နေသေးသည်။
“ဟား ဟား ကျွန်တော်က လေးစားရတဲ့ အကြီးအကဲတွေက ဒီလိုဆုံးဖြတ်ချက် မချနိုင်ကြောင်း သိထားပါတယ်။ ဒါပေမဲ့ ကျွန်တော်က အရှင်ဘုန်းတော်ကြီးကို ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ပြောဆိုဖြောင့်ဖြပေးဖို့ မျှော်လင့်ပါတယ်။ ဒီလိုဆိုရင် အရှင်ဘုန်းတော်ကြီးက ရွေးချယ်နိုင်မှာပေါ့။ ဒါ့အပြင် ကျွန်တော်ကလည်း အကြီးအကဲတို့ကို အခြားအင်ပါယာက အဖွဲ့အစည်းကြီးတွေကို တိုက်ရိုက် မောင်းထုတ်ဖို့ မေးမြန်းတာမဟုတ်ပါဘူး။ အရင်ဆုံး မဟာထန်ကိုပဲ ပစ္စည်းတွေအရင်ပေးဖို့ တောင်းဆိုချင်တာပါ။ ကျွန်တော်တို့ရဲ့ ကုန်သွယ်မှုက ပြီးသွားပြီဆိုတာနဲ့ ဆင်းထူက အခြားတိုင်းပြည်တွေနဲ့ ဆက်လက်ပြီးကုန်သွယ်မှု ပြုနိုင်ပါသေးတယ်”
ဝမ်ချောင်ကလည်း ထိုဘုန်းတော်ကြီးများ၏ စိုးရိမ်မှုကို ခန့်မှန်းနိုင်သည်။
“ဒါ့အပြင် ဒီလောက်အချိန်တွေ ကြာသွားပြီးတဲ့နောက်မှာ ဘုန်းတော်ကြီးတွေအနေနဲ့ ဟိုင်သယ်လာပါး သတ္တုရိုင်း ထုတ်လုပ်မှုနှုန်းကို မြှင့်တင်ဖို့ တိုင်းတာမှုတွေ မလုပ်နိုင်သေးဘူးလို့တော့ ကျွန်တော်မယုံဘူး”
“သခင်လေးက တကယ်ကို အမြင်စူးရှလွန်းပါပေတယ်။ မှန်ပါတယ်။ သခင်လေးဆီကနေ ဘာကိုမှ ဖုံးကွယ်ထားလို့ မရပါဘူး”
ထိုနှစ်ယောက်က ခါးသီးစွာပြုံးကြသည်။
“သခင်လေးနဲ့ ပထမတစ်သုတ် ကုန်သွယ်မှုပြုပြီးကတည်းက အဆင့်မြင့်ဘုန်းတော်ကြီးကလည်း အမိန့်တွေ ထပ်ထုတ်ပြီး ဟိုင်သယ်လာပါး သတ္တုရိုင်းထုတ်လုပ်မှုကို မြင့်တင်ဖို့ လူတွေ ခန့်အပ်ခိုင်းခဲ့တယ်။ ဒီကိစ္စက ရလဒ်တွေကောင်းခဲ့ပါတယ်။ ဒါပေမဲ့ သခင်လေး တောင်းဆိုတဲ့ ပမာဏကတော့ များနေတုန်းပါပဲ”
“ကျွန်တော်က ငွေထည်ခြောက်သန်းရဲ့ တစ်စိတ်တစ်ပိုင်းကို အရင်ပေးထားနိုင်တယ်။ ဒီလိုဆိုရင် ဘုန်းတော်ကြီးကလည်း ကျွန်တော်ကမ်းလှမ်းမှုကို ဂရုတစိုက် စဉ်းစားပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါ့အပြင် ဒီရွှေထည်နဲ့ဆိုရင် ဘုန်းတော်ကြီးအနေနဲ့ ထုတ်လုပ်မှုကို အရှိန်နှုန်းမြှင့်တင်ဖို့ လူတွေ ပိုငှားနိုင်မှာမဟုတ်လား”
ဝမ်ချောင်ကပြောသည်။
အားလော့ကျားနှင့် အားလော့နော့တန်းတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီးနောက် ပြောလာကြသည်။
“ဒါက... ငါတို့အရင်ပြန်ပြီး ဘုန်းတော်ကြီးကို မေးမြန်းရပါဦးမယ်။ သခင်လေး ကျေးဇူးပြုပြီး အချိန်နည်းနည်းတော့ပေးပါ။ ငါတို့လည်း ကောင်းကောင်းကြိုးစားပြီး သခင်လေးကို အမြန်ဆုံး ပြန်ဖြေပါ့မယ်”
“ကောင်းပါပြီ”
ဝမ်ချောင်ကခေါင်းညိမ့်သည်။ အားလော့ကျားနှင့် အားလော့နော့တန်းတို့က သံမဏိမြို့တွင် ရက်အနည်းငယ် နေသွားပြီးနောက်မှသာ ဝမ်ချောင်က သူတို့ကို ကိုယ်တိုင်ကိုယ်ကျ ပြန်လိုက်ပို့သည်။
...
ဝမ်ချောင်က အနောက်ပိုင်းဒေသနှင့် ပတ်သတ်သည့် အမျိုးမျိုးသော ကိစ္စများကို ကိုင်တွယ်ချင်သော်လည်း အဝေးရှိ မြို့တော်က လေထုကမူ တင်းကြပ်နေပြန်သည်။
“သူတော်စင်ဧကရာဇ်က သူ့ရဲ့ အရာရှိတွေအပေါ် အမြဲတမ်း စိုးရိမ်ပူပန်ပြီး တန်ဖိုးထားတယ်။ ဒါကြောင့် သူတော်စင်ဧကရာဇ်က အခုပဲ အမိန့်ထုတ်လိုက်တယ်။ သူ့ရဲ့ ချစ်ရတဲ့ အရာရှိတွေအားလုံးက အမြန်ဆုံး မှတ်တမ်းလွှာ တင်ပြရမယ်။ တကယ်လို့ တင်ပြစရာ မရှိဘူးဆိုရင်တော့ အားလုံးပဲ ထွက်သွားနိုင်ကြပါပြီ”
ခုံရုံးထဲသို့ ကြာပွတ်က ရိုက်ချလိုက်သလိုမျိုး ကျွတ်ဆတ်သည့် အသံက ထွက်ပေါ်လာသည်။ ထိုမိန်းမဆိုး၏ အသံက ခန်းမတောက်လျှောက် ဟိန်းထွက်သွားသည်။ အရာရှိပေါင်းများစွာက ရစ်ခွေနေသော နဂါးတိုင်အသီးသီးနားတွင် ထိုင်နေခဲ့ကြရာမှာ လေထုက ချက်ချင်းလိုလို ခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။ ထိုသို့ဖြင့် ထူးဆန်းမှုက လေထုအတွင်း ပျံ့နှံ့လာသည်။
“အရှင်မင်းကြီး ဒီအရာရှိက မှတ်တမ်းလွှာ တင်သွင်းပါ့မယ်”
ထိုအခိုက် တော်ဝင်ဆင်ဆာ လူကြီးမင်း မာန်ရွှမ်းက ရုတ်တရက် ရှေ့သို့တက်လာသည်။ သူ၏လက်က အခမ်းအနား ကျောက်ပြားတစ်ခုကို ကိုင်ထားသည်။
“ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ် ဖုမာန်လင်းချာက စတုတ္ထမင်းသားနဲ့ ပေါင်းပြီး ပုန်ကန်ဖို့ဆန္ဒရှိခဲ့တယ်။ ဒါ့အပြင် သူက စစ်မှတ်တမ်းကိုလည်း လိမ်ညာခဲ့ပြီး အရှင်သခင်ကို လှည့်စားခဲ့တယ်။ ဒါက ခွင့်လွှတ်လို့မရတဲ့ ပြစ်မှုပါ။ ဒါပေမဲ့ ချီရှီရဲ့နယ်စပ်ကတော့ ဗိုလ်ချုပ်မရှိဘဲ တစ်ရက်တောင် နေလို့မဖြစ်ပါဘူး။ ဒါကြောင့် ဒီအရာရှိအနေနဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ် နေရာအသစ်ကို အမြန်ဆုံး ဆုံးဖြတ်မှ အားလုံးရဲ့ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးနိုင်သလို နယ်စပ်ကိုလည်း စောင့်ကြပ်နိုင်ပြီး အရှုပ်အထွေးတွေ အားလုံးကို တားဆီးနိုင်မှာပါ”
မင်ရွှမ်းက ထိုသို့ပြောပြီးနောက် အရာရှိတိုင်းက ချက်ချင်းလိုလို ခေါင်းမော့ကြကာ ခန်းမ၏ အပေါ်ပိုင်းရှိ တစ်နေရာသို့ ထိတ်လန့်တကြားကြည့်သည်။
သူတို့က အပေါ်ယံတွင် တည်ငြိမ်နေသည်ဟု ထင်ရသော်လည်း ခန်းမထဲတွင်မူ မုန်တိုင်းက ဖြစ်ပွားတော့မည့် အရိပ်အယောင် ပြနေသည်။
ချီရှီကာကွယ်ရေးဗိုလ်ချုပ်
ဖုမာန်လင်းချာက အကျဉ်းချခံရပြီး ထိုနေရာက လစ်လပ်သွားသည်နှင့် အဖွဲ့အစည်းတိုင်းက သူတို့ကိုယ်တိုင်အတွက် ဆန္ဒရှိလာကြသည်။ အင်ပါယာရှိ အနည်းစုသော နေရာများကသာ အင်ပါယာ ကာကွယ်ရေးဗိုလ်ချုပ်ဆိုသော အခြေအနေကို ကျော်လွန်သည့် အာဏာမျိုး ရှိကြသည်။ ထို့ကြောင့် မည်သူကမဆို လိုချင်ကြသည်။ သို့သော် ယခင်အခြေအနေများတွင် မည်သူကမျှ မယူနိုင်ခင်ကတည်းက မည်သူကမျှလည်း မပြောခဲ့ကြခြင်းဖြစ်သည်။ သို့သော် ယခုမူ လူတစ်ယောက်က ထိုအကြောင်း ထည့်ပြောလာသည်နှင့် အရာအားလုံးက ပြောင်းလဲသွားလေပြီ။
မည်သူကမျှ စကားမပြောနိုင်ခင် နဂါးဝတ်စုံနှင့် ဘုရင်ချီက ချက်ချင်းလိုလို ရှေ့ထွက်လိုက်ပြီးပြောသည်။
“အရှင်မင်းကြီး ဒီမင်းသားကလည်း ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာအတွက် ယောင်ကွမ်းရီကို ညွှန်ပေးချင်ပါတယ်။ ယောင်ကွမ်းရီက အဆင့်အတန်းမြင့် အိမ်တော်တစ်ခုကလာတယ်။ အမတ်ချုပ်ကြီးအနေနဲ့ သူ့ရဲ့စိတ်ဆန္ဒ သူ့ရဲ့ ကြည်ညိုဖွယ်ကောင်းတဲ့ လုပ်ရပ်တွေ၊ သူ့ရဲ့ လေးစားဖွယ်ကောင်းလွန်းတဲ့ မြို့စားမင်းယောင်ဆိုတဲ့ ဂုဏ်ပုဒ်၊ အဘက်ဘက်က သူက ပါရမီကြီးတဲ့အပြင် ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် အရာရှိတိုင်းက လေးစားတာကိုလည်း ခံယူထားခဲ့ပြီးသား။ အရှင်မင်းကြီးကလည်း သူ့ကို ချီးကျူးခဲ့ဖူးပါတယ်။ လေးစားရတဲ့ မြို့စားမင်းယောင်က ယောင်ကွမ်းရီအပေါ်မှာ လွှမ်းမိုးမှုအကြီးကြီးရှိပါတယ်။ ဒီတော့ ကျားအဖေက ခွေးသားတော့ မမွေးနိုင်ပါဘူး။ ဒါ့အပြင် ယောင်ကွမ်းရီကလည်း သတ္တိကြီးပြီး ရဲရင့်တဲ့အပြင် ဉာဏ်ပညာလည်း ကောင်းမွန်တဲ့လူပါ။ သူက ခုံရုံးကိစ္စပဲဖြစ်ဖြစ် သိုင်းနယ်ပယ်မှာပဲဖြစ်ဖြစ် ထူူးချွန်ပြောင်မြောက်မှုတွေကို လုပ်ဆောင်ပြသခဲ့ပြီးပါပြီ။ ဒီတော့ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာအတွက် သူက အသင့်တော်ဆုံးပါပဲ”
“လက်မခံနိုင်ဘူး”
ဘုရင်စုန့်က ချက်ချင်းရှေ့ထွက်ကာငြင်းသည်။ သူ၏ တောင်တစ်လုံးကဲ့သို့ သန်မာလွန်းသော ခန္ဓာကိုယ်ကြီးက ရှေ့သို့ရောက်လာသည်။
“ချီရှီကာကွယ်ရေးဗိုလ်ချုပ်က အနည်းဆုံး အင်ပါယာမဟာဗိုလ်ချုပ် အဆင့်ကို ရောက်နေရမယ်။ ယောင်ကွမ်းရီရဲ့ ပါရမီက အလယ်အလတ် အပေါ်အဆင့်မှာပဲ ရှိနေတာ။ သူက မဟာဗိုလ်ချုပ်အဆင့်နဲ့ အလှမ်းဝေးလွန်းတယ်။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာနဲ့ လုံးဝမသင့်တော်ဘူး”
“ဟမ့် ယောင်ကွမ်းရီက မသင့်တော်ရင် ဘယ်သူက သင့်တော်တယ်လို့ထင်လဲ”
ဘုရင်ချီက နှာခေါင်းရှုံ့သည်။
ဘုရင်စုန့်က ဘုရင်ချီကို ကြည့်ပြီးပြောသည်။
“မင်းကသာ ယောင်ကွမ်းရီကို ဆက်ရွေးနေမယ်ဆိုရင် ငါက ဝမ်ရန်ကို ထောက်ပံ့ပေးရလိမ့်မယ်။ အနည်းဆုံး ဝမ်ရန်ကတော့ ပိုပြီးအဆင့်မြင့်တယ်။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ သူက ဝန်ဆောင်မှုအကြီးကြီး ပေးနိုင်ခဲ့ပြီး သူ့ရဲ့စွမ်းရည်က သာမာန်မှမဟုတ်တာ။ ဒီလိုနည်းလမ်းတိုင်းမှာ သူက ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာအတွက် ယောင်ကွမ်းရီထက် အပြတ်အသပ် သာနေတယ်”
“ပေါက်ကရတွေ ယောင်ကွမ်းရီက သင့်တော်တယ်ဆိုတာနဲ့ ဝမ်ရန်က သင့်တော်မယ်ထင်လား။ မင်း ကိုယ်ပြောတဲ့စကားကို ကိုယ်ပြန်ကြည့်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ် နေရာအတွက် လိုအပ်နေတာက မဟာဗိုလ်ချုပ်အဆင့် ဝမ်ရန်က ဒီအဆင့်ကို ပြည့်မှီနိုင်မယ်လို့ထင်လား”
ဘုရင်ချီက ခပ်တင်းတင်းပြန်ပြောသည်။
“အရှင်မင်းကြီး ဒီအရာရှိက ယောင်ကွမ်းရီနဲ့ ဝမ်ရန်တို့ နှစ်ယောက်လုံးက မသင့်တော်ဘူးလို့ ထင်ပါတယ်”
ဘုရင်စုန့်နဲ့ ဘုရင်ချီတို့က အကြိတ်အနှယ် ငြင်းဆန်နေကြချိန်တွင် စူးရှသောအသံက သူတို့ကို ဖြတ်ပြောလိုက်သည်။ အံ့အားသင့်သွားကြသည့် အရာရှိတိုင်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။ ဘုရင်စုန့်နှင့် ဘုရင်ချီတို့ကပင် လှည့်ကြည့်လိုက်ကြသည်။
အင်ပါယာ ဆင်ဆာလူကြီးမင်းဟောင်း
မီးခိုးရောင်ဆံပင်နှင့် တုန်တုန်ယင်ယင်ပုံရိပ်ကို မြင်လိုက်ရပြီး ဘက်မလိုက်ဘဲ ဖြောင့်မတ်မှန်ကန်သော ထိုလူအိုကြီးကို သိလိုက်သည်နှင့် လူတိုင်းက အံ့အားသင့်သွားကြသည်။ အင်ပါယာ ဆင်ဆာလူကြီးမင်းများက လောကကို အမြဲတစေ စစ်ဆေးနေခဲ့ပြီး အရာရှိများကိုလည်း စွဲချက်တင်နိုင်ကြသည်။ သူတို့က ခပ်ပြတ်ပြတ် ပြောတတ်သောကြောင့် ကျော်ကြားသည်။ အင်ပါယာ ဆင်ဆာလူကြီးမင်းဟောင်းက ထိုလူများထဲမှ အထူးချွန်ဆုံး တစ်ယောက်ဖြစ်သည်။ သူ၏အသက်က ခြောက်ဆယ်ကျော်နေပြီဖြစ်ပြီး ဆင်ဆာလူကြီးမင်းဘဝတွင် ရှိနေခဲ့သည်မှာ ကြာရှည်နေခဲ့ပြီဖြစ်သည်။ သူ၏အသက်အရွယ်တွင် သူက တာဝန်များကို ဆက်လက် လုပ်ဆောင်နေသေးသည်။ ဒီနည်းအားဖြင့် မင်းသားများ၊ အမတ်များကို သူတို့၏ လုပ်ဆောင်မှု အသေးစား မှားယွင်းမှုများကတဆင့် အမှားကြီးများအထိ ဘယ်သောအခါမှ ဘက်လိုက်ခြင်းမရှိဘဲ ဝေဖန်အကဲဖြတ်နိုင်သည်။
သူ့ကိုမြင်လိုက်ရသည်နှင့် ဘုရင်စုန့်နှင့် ဘုရင်ချီတို့က စွံ့အသွားကြသည်။
အခန်း(၈၂၃)
အင်ပါယာ ဆင်ဆာလူကြီးမင်းဟောင်က အခြားအမှုထမ်းများကြားမှ ထွက်လာကာ ရှေ့သို့ ထွက်ရပ်ပြီးနောက် တင်းမာစွာပြောသည်။
“ဒီအရာရှိက ချီရှီကာကွယ်ရေးဗိုလ်ချုပ် နေရာအတွက် ထုံလော့မဟာဗိုလ်ချုပ်ကြီး အ့ပုစစ်ကို ထောက်ခံပေးချင်ပါတယ်။ မဟာဗိုလ်ချုပ်ကြီးက ခုံရုံးအတွက် အကျိုးပြုမှုအများကြီး လုပ်ထားပေးခဲ့ပြီးပါပြီ။ သူ့ရဲ့အင်အားကလည်း ဖုမာန်လင်းချာထက် မနိမ့်ပါဘူး။ ဒါကြောင့် ဒီအရာရှိအနေနဲ့ သူသာရှိနေမယ်ဆိုရင် ချီရှီက လုံခြုံပြီး ပြဿနာမရှိနိုင်ဘူးလို့ ယုံကြည်ပါတယ်”
ဝုန်း
မူလကမူ ထုံလော့မဟာဗိုလ်ချုပ်ကြီးက ဘက်မလိုက်သော မျက်ဝန်းတစ်စုံဖြင့် အားလုံးကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် မဟာဆင်ဆာ လူကြီးမင်းဟောင်၏ စကားက ရုတ်တရက် မိုးကြိုးပစ်လိုက်သလိုမျိုး ထွက်ပေါ်လာသည့်အခါ သူ၏အမူအရာကပင် ရှုံ့တွသွားသေးသည်။ သူက ဘုရင်စုန့်နှင့် ဘုရင်ချီတို့၏ ငြင်းခုံမှုကို နားထောင်နေသည့်အချိန်က မျက်နှာထားက အဆင်ပြေနေသေးသည်။ သို့သော် ရုတ်တရက် မီးတောက်ကို သွားထိလိုက်မည်ဟု မမျှော်လင့်ထားမိချေ။
“အရှင်မင်းကြီး ကျွန်တော်တော့ မဖြစ်နိုင်ပါဘူး”
အ့ပုစစ်က ချက်ချင်းလိုလို ဒူးထောက်ချလိုက်ပြီးနောက် မြေပြင်သို့ ခေါင်းတိုက်သည်။
“အရှင်မင်းကြီး ထိုက်ကျုံးခေတ်ကတည်းက ထုံလော့ကလူတွေက အရှင်သခင်ရဲ့ အပါးမှာပဲ ခစားစောင့်ကြပ်ပေးနေခဲ့တာပါ။ အ့ပုစစ်က အရှင်မင်းကြီးရဲ့ အပါးမှာပဲ အမြဲတစေ စောင့်ကြပ်ပြီး ခစားဖို့ ဆန္ဒရှိပါတယ်။ ဒီနိမ့်ကျတဲ့အရာရှိက တော်ဝင်ဆင်ဆာ လူကြီးမင်းဟောင်ရဲ့ ကြင်နာတတ်တဲ့ စိတ်ထားကိုတော့ အသိအမှတ်ပြုပါတယ်”
အ့ပုစစ်၏ အမူအရာက ချက်ချင်းဖြူဖျော့သွားသည်။
ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုသော နေရာက အဆင့်အတန်း အလွန်မြင့်ပြီး အာဏာပိုင်ဆွဲထားသော နေရာဖြစ်လောက်သော်လည်း လက်ရှိအနေအထားအရ လူတိုင်း၏ ပြစ်မှတ်ဖြစ်နေလေသည်။ ထို့ပြင် ရည်မှန်းချက်ကြီးသော လူပေါင်းများစွာကလည်း ချိန်ရွယ်နေကြသေးသည်။ ဘုရင်စုန့်နှင့် ဘုရင်ချီတို့ကဲ့သု့ိ အင်ပါယာ ကလန်သားများကပင် ထိုအတွက် ရုန်းကန်နေကြသည်။ ယခုလို အခြေအနေမျိုးတွင် သူ့ကို ထောက်ခံပေးလိုက်ခြင်းက အင်ပါယာ ဆင်ဆာလူကြီးမင်းဟောင်က သူ့ကို ကျက်သွားအောင် ပြောင်းကင်လိုက်သည်နှင့် တူနေသည်။
ထို့ပြင် မဟာဗိုလ်ချုပ်ကြီးဆိုသော နေရာက အဆင့်အတန်း မြင့်ကောင်းမြင့်ပေလိမ့်မည်။ သို့သော် အရှင်သခင်၏ အပါးတွင် ခစားရသော လူ၏အနေအထားနှင့် မယှဉ်နိုင်ချေ။ ဖုမာန်လင်းချာက အချိန်အများကြီး ကုန်ဆုံးခံပြီး အင်အားစိုက်ထုတ်ထားပြီးမှသာ ဧကရာဇ်နှင့် နီးကပ်ရန် မြို့တော်သို့ ပြောင်းရွေ့ခံရနိုင်ရန် ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက ဆန့်ကျင်ဘက် အနေအထားရှိပြီး အဝေးရှိ ချီရှီသို့ မထွက်သွားနိုင်ချေ။
ဆင်ဆာလူကြီးမင်းဟောင်က ဘုရင်စုန့်နှင့် ဘုရင်ချီတို့၏ မဟာဗိုလ်ချုပ်ကြီးအ့ပုစစ်နေရာကို ထောက်ခံပေးလိုက်သည်ဆိုသော စကားဖြင့် ဖြတ်ပြောလိုက်ပြီးနောက် အ့ပုစစ်ကိုယ်တိုင်က ထိုကမ်းလှမ်းမှုကို ပြောင်းပြောင်တင်းတင်း ဖယ်ချလိုက်သည့်အခါ ခန်းမထဲရှိ လေထုအခြေအနေက လျှင်မြန်စွာဖြင့် တက်ကြွလာပြန်သည်။ ထိုသို့ဖြင့် လူတိုင်းက ရှေ့ဆက်ပြောကြသည်။
ရန်ကျောင်းက ရှေ့ထွက်လာပြီးနောက် တင်းမာပြတ်သားသော အသံမျိုးဖြင့်ပြောသည်။
“အရှင်မင်းကြီး ဒီအရာရှိက ကာကွယ်ရေးဗိုလ်ချုပ်ကြီး ရှန်ယွီကျုံ့ထုံးကို ထောက်ခံပေးချင်ပါတယ်”
သို့သော် သူ၏စကားက မဆုံးသေးခင် ဖြတ်ပြောခံရသည်။
“အရှင်ဟောင် နောက်နေတာလား”
အမှုထမ်းရေးရာဌာနမှ လက်ထောက်အမတ်ကြီး လျိုရှောင်းက ဝင်ပြောလိုက်သည်။ သူက လက်ရှိအချိန်တွင် ရစ်ခွေနေသော နဂါးတိုင်းနားတွင် ရပ်နေခြင်းဖြစ်သည်။ သူ၏အသံက အေးစိမ့်နေသည်။
“ရှန်ယွီကျုံ့ထုံးက အန်းနန်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ဖြစ်နေပြီးပြီ။ ဒါကတင် မလုံလောက်သေးဘူးလား။ မင်းကသူ့ကို တချိန်ထဲမှာ နေရာနှစ်ခု ယူစေချင်တာလား။ ငါတို့ကသာ ဒီတိုင်း ဆက်တွေးကြည့်မယ်ဆိုရင်တောင်မှ အန်းတုံကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကျန်းရှို့ကွေး၊ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းနဲ့ အန်းရှီကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်တို့ကိုတောင် ထောက်ခံပေးလို့ရတယ်မဟုတ်လား”
“ရှန်ယွီကျုံ့ထုံးက အခြားကာကွယ်ရေးဗိုလ်ချုပ်တွေနဲ့ ဘယ်လိုတူမှာလဲ။ အနောက်တောင်ပိုင်းမှာ မာန်ရှဲ့ကျောင်းက အပြည့်အဝ အညံ့ခံသွားခဲ့ပြီ။ ယွီစန်းရဲ့ နာ့ယိတော်ဝင်တပ်ရင်းကလည်း လဲပြိုကျသွားပြီးပြီ။ ဒီတော့ နေမင်းက အနောက်ဘက်ကို ဝင်သွားပြီး အရှေ့ဘက်ကနေ ပြန်ထွက်လာဖို့အတွက် ဆယ်စုနှစ်အနည်းငယ် လိုအပ်နေဦးမှာပဲ။ အနောက်တောင်ပိုင်းက ငြိမ်းချမ်းနေပြီ။ စစ်ကင်းသွားပြီ။ အန်းတုံကာကွယ်စောင့်ရှောက်ရေးဌာနက ဒီလိုလုပ်လို့ရလို့လား။ ပေ့ထင်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က ဒီလိုလုပ်လို့ရလို့လား။ ရှန်ယွီကျုံ့ထုံးက ပိုပြီးသင့်တော်တယ် မဟုတ်လား”
ရန်ကျောင်းက ခေါင်းကိုမော့ကာ ယုံကြည်မှုအပြည့်ဖြင့် ဆက်ပြောသည်။
“ဒါ့အပြင် ရှန်ယွီကျုံ့ထုံးက ကာကွယ်ရေးဗိုလ်ချုပ် ဖြစ်နေပြီးသား။ ဒီတော့ သူ့အနေနဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကိုယူတာ ပြဿနာမရှိဘူး။ အရာအားလုံးကို သူက ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်တဲ့အပြင် ကျွမ်းကျင်နေပြီးသားပဲ။ ကျေးဇူးပြုပြီး ဒီလျှောက်ထားချက်ကို စဉ်းစားတွေးတောပေးပါ အရှင်မင်းကြီး”
ခန်းမထဲရှိ လူတိုင်းက ကျွတ်စီညံသွားသည်။ သူတို့အားလုံးကလည်း ရန်ကျောင်းလုပ်လိုသည့် အရာကို သိနိုင်သည်။ အနောက်တောင်ပိုင်းကလူများက သူတို့၏ လွှမ်းမိုးနိုင်စွမ်းအားကို အနောက်မြောက်ဘက်ပိုင်းအထိ ဖြန့်ကျက်ရန် ကြိုးစားပြီး သူတို့ဘက်မှ အင်အားကို မြှင့်တင်နေကြခြင်းဖြစ်သည်။
ရန်ကျောင်းနှင့် လျိုရှောင်းတို့က ငြင်းခုံနေချိန်တွင် နောက်ထပ် အသံတစ်သံက ဝင်ရောက်လာသည်။
“အရှင်မင်းကြီး ဒီအရာရှိက မြို့စားကော ချိုင်ကျစ်ရီကို မြို့စားထန်း ဖုန်းကျစ်ရီတို့ကို ထောက်ခံပေးချင်ပါတယ်”
ဘဏ္ဍာရေးအမတ်မင်း ကျိုးကျင်းက သူ၏မှတ်တမ်းများကို ခပ်မြှင့်မြှင့်မြှောက်လိုက်ပြီးနောက် ဆက်ပြောသည်။
“မြို့စားကောနဲ့ မြို့စားထန်းတို့ရဲ့ ဘိုးဘေးတွေက ဒီတိုင်းပြည်ကြီး တည်ထောင်ချိန်ကတည်းက အများကြီး အကျိုးပြုခဲ့တဲ့ အရာရှိတွေပါ။ သူတို့က ဧကရာဇ်ကောင်းကျုံးနဲ့ ဧကရာဇ်ထိုက်ကျုံး လောကကို အုပ်ချုပ်မှုနောက်ကို လိုက်ခဲ့တယ်။ သူတို့က မဟာထန်ကို သစ္စာရှိကြတဲ့အပြင် လုပ်ဆောင်မှုတိုင်းမှာလည်း မဟာထန်အပေါ် ရင်းနှီးမြုပ်နှံထားတာပါ။ ဒါ့အပြင် ဒီကလန်နှစ်ခုလုံးက မျိုးဆက်တိုင်းမှာ အမတ်တွေ၊ ဗိုလ်ချုပ်တွေ ပြည့်နေတာပါပဲ။ နောက်ပြီး ဗျူဟာအရပဲဖြစ်ဖြစ်၊ သိုင်းအရပဲဖြစ်ဖြစ် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းပေးနိုင်ခဲ့တယ်။ ဒီတော့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာကိုသာ သူတို့ကယူလိုက်ရင် အရှင်မင်းကြီးအနေနဲ့ စိုးရိမ်မှုကင်းပြီး ကောင်းကောင်း အိပ်ပျော်နိုင်မှာပါ”
ကျိုးကျင်း၏ စကားလုံးများက ခန်းမကို တိတ်ဆိတ်သွားစေသည်။ ရန်ကျောင်းကပင် စိုးရိမ်စိတ်ကြီးသွားပြီး သူ၏လွှမ်းမိုးနိုင်စွမ်းအားကို မြှင့်တင်ရန်အလို့ငှာ ကြိုးစားနေခဲ့ရာမှ ရုတ်တရက် ပါးစပ်ကိုပိတ်ရန် ဆုံးဖြတ်လိုက်ပြီး ကြောက်လန့်မှုအပြည့်ဖြင့်ကြည့်သည်။
တည်ထောင်သူမြို့စားကြီးတွေ
ထိုလူများက မည်သည့်နေရာတွင် ပေါ်လာစေကာမူ ဖော်ပြရန်ခက်ခဲသော သဘောထား ကွဲလွဲစေသည့် ပြဿနာများ ဖြစ်စေနိုင်သည်။ အဖွဲ့အစည်းတိုင်းက ချက်ချင်းလိုလို သတိအပြည့် ကပ်လိုက်ကြသည်။ အကြောင်းပြချက်ကမူ တည်ထောင်သူ မြို့စားကြီးများက တစ်ယောက်နှစ်ယောက် ကလန် တစ်ခုနှစ်ခုကို ရည်ညွှန်းခြင်းမဟုတ်ဘဲ အလွန်အမင်း အင်အားကြီးမားသည့် ရှေးဟောင်းအဖွဲ့အစည်းကြီးကို ရည်ညွှန်းခြင်းဖြစ်သည်။ မဟာထန်ကြီး တည်ထောင်ချိန်ကတည်းက တည်ရှိခဲ့ကြသည့် ထိုကလန်ကြီးများက ရှေးဟောင်းသစ်ပင်ကြီးများလို မဟာထန်တွင် အမြစ်တွယ်နေပြီဖြစ်သည်။ ထို့ကြောင့် အင်ပါယာ အိမ်ထောင်စုနှင့် ဖော်ပြရန်ခက်ခဲသည့် ချိတ်ဆက်မှုရှိနေကြပြီး တသားတည်း ဖြစ်လုနီးပါး ဖြစ်နေကြသည်။
တည်ထောင်သူ မြို့စားကြီးများက ညိုးနွမ်းခြောက်သွေ့သွားသလိုမျိုး ယခင်က ဘိုးဘေးများလောက် မတောက်ပကြတော့သော်လည်း မဟာထန်ရှိ မည်သူကမျှ သူတို့အပေါ် အထင်မသေးရဲကြချေ။
ကျိုးကျင်းက မြို့စားကောချိုင်ကျစ်ရီနှင့် မြို့စားထန်းဖုံကျစ်ရီတို့ကို ထောက်ခံပေးလိုက်သည့်အခါ မည်သူကမျှလည်း သူ့ကို ပြန်လည်မပြောဆိုနိုင်ကြချေ။ လက်ရှိအချိန်တွင် မည်သည့်အရာရှိကမှ ချိုင်ကလန်နှင့် ဖုန်းကလန်တို့က ကျိုးကျင်းကို ထောက်ခံပေးကြခြင်း ရှိမရှိ မသေချာကြချေ။ ဒါက ထိုတည်ထောင်သူ မြို့စားများ၏ ဆန္ဒဟုတ်မဟုတ်လည်း မသိနိုင်ကြသေးချေ။ သို့သော် ထင်မြင်ချက် တစ်ခုချင်းစီတိုင်းအရ အခြေအနေ အသစ်တစ်ခုအတွင်းသို့ ဝင်ရောက်နိုင်သည့်အတွက် သူတို့က မနည်းရုန်းကန်ရန် လိုအပ်နေသေးသည်။ ကြာရှည်စွာ တိတ်ဆိတ်နေခဲ့ကြသည့် တည်ထောင်သူ မြို့စားကြီးများက မကြာခဏ လူလုံးထွက်ပြလာသည့်တိုင်အောင် သူတို့က ချီရှီကာကွယ်ရေးဗိုလ်ချုပ်ထဲတွင် နေရာတစ်ခုရအောင် ယူခြင်းအားဖြင့် သူတို့လက်ထဲတွင် သူတို့၏အာဏာကို တည်ငြိမ်အောင်လုပ်ရန် မျှော်လင့်နေကြသည်လည်း ဖြစ်နိုင်သေးလေသည်။
ထိုအဖွဲ့အစည်းကသာ ပါဝင်ပတ်သတ်လာခဲ့ပါက လူတိုင်းကလည်း ဘာလုပ်ရမှန်းမသိနိုင်ကြတော့ချေ။
ခုံရုံးထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးနေသည်။ ကိုယ့်လူကိုယ် ထောက်ခံပေးမည့် အရာရှိအမတ်အများစုက တုန့်ဆိုင်းသွားကြပြီး စကားပြောချင်ကြသည့်တိုင်အောင် ထိုအဖွဲ့အစည်းနှင့် ရန်သူမဖြစ်ချင်သည့်အတွက် မပြောနိုင်ကြချေ။
“အရှင်မင်းကြီး ဒီအရာရှိက မီးခိုးအချက်ပြဗိုလ်ချုပ် ကျန်းချန်ပေးကို ထောက်ခံပေးချင်ပါတယ်”
နောက်ဆုံးတွင် တစ်စုံတစ်ယောက်က တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။ အမှုထမ်းရေးရာအမတ်ကြီး ကျိုးကျင်းက ချက်ချင်းလိုလို ဒေါသထွက်သွားသည်။ ဖုန်းကလန်နှင့် ချိုင်ကလန်တို့က ခုံရုံးထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အင်အားစုကြီးများဖြစ်ကြသည်။ သူဆယ်စုနှစ်ပေါင်း များစွာကြာအောင် ပြင်ဆင်ထားသည့် အခိုက်အတန့်ကို အခြားတစ်ယောက်က ဝင်ရောက်ဖျက်ပြီး လုယူသွားမည်ဟု မမျှော်လင့်ထားမိချေ။
မျိုးမစစ်ကောင် ဖုန်းကလန်နဲ့ ချိုင်ကလန်ကို ဘယ်သူကများ ရန်သူဖြစ်ချင်မလဲလို့ ကြည့်ဦးမယ်။
ကျိုးကျင်းက ချက်ချင်းလိုလို ခေါင်းလှည့်ကာ ရန်ငြိုးများပါဝင်သော အကြည့်စူးစူးဖြင့် လှည့်ကြည့်လိုက်ပြီးနောက် မှင်သက်သွားသည်။
ကျောင်းချန်း
မူလကမူ ထိုသို့ ဖုန်းကလန်နှင့် ချိုင်ကလန်တို့နှင့် ရန်သူဖြစ်ရဲသည်မှာ အနည်းဆုံး လက်ထောက်အမတ်ကြီးများ သို့မဟုတ် အမတ်ကြီး ခြောက်ယောက်ထဲမှ တစ်ယောက်ယောက် သို့မဟုတ်လျှင်လည်း အဆင့်နိမ့် အဆင့်တစ် သို့မဟုတ် အဆင့်မြင့် အဆင့်နှစ် သို့မဟုတ် အဆင့်နိမ့် အဆင့်နှစ်တို့တော့ဖြင့် ဖြစ်နိုင်လောက်သည်ဟု ထင်ထားခဲ့သည်။ သို့သော် ပြောလိုက်သောလူကမူ အငယ်တန်းအရာရှိ အဆင့်နိမ့် အဆင့်သုံးဖြစ်သည့် စစ်မတ်ဆိုင်ရာ ဝန်ထမ်းရေးရာ ရုံးတော်ဌာန၏ အကူအရာရှိဖြစ်နေသည်။ သူ့ထက် နှစ်ဆင့်ကြီးများပင် နိမ့်သေးသည်။ သို့သော် ဒါက အရေးကြီးသောအချက် မဟုတ်သေးချေ။ အရေးကြီးသောအချက်ကမူ ကျောင်းချန်းက အငယ်တန်းအရာရှိ ဖြစ်နေသော်လည်း သူ၏နောက်တွင် ထောက်ခံပေးနေသာလူကို လူတိုင်းက သိနေကြခြင်းဖြစ်သည်။
မင်းသားတစ်
ကျိုးကျင်းကလည်း သူက မည်သူနှင့် အတိုက်အခံလုပ်နေရကြောင်း သိသွားပြီး မျက်နှာက ဖြူဖျော့သွားသည်။
မင်းသားတစ်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာအပေါ် အုပ်ချုပ်ပစ်ချင်နေတာလား။
ကျိုးကျင်းက ရုတ်တရက် မေးခွန်းအချက်ပြဗိုလ်ချုပ် အကြောင်းကို ပြန်တွေးလိုက်မိသည်။ တစ်ဖက်သူက မင်းသားတစ်၏ အဖွဲ့ထဲသို့ ဝင်ထားသည်ဟု ကောလဟာလထွက်နေသော လူတစ်ယောက်ဖြစ်သည်။ သို့သော် ထိုကိစ္စကို သက်သေပြနိုင်စွမ်း မရှိသေးချေ။ ထို့အပြင် ပထမမင်းသားကလည်း ဘယ်သောအခါကမှ ကျန်းတန့်ပေးနှင့် ကိုင်တွယ်ဆက်စပ်မှုမျိုး ပြုဖူးခြင်းမရှိသေးချေ။ ထို့ကြောင့် သူတို့တွင် ရင်းနှီးသော ဆက်ဆံရေးရှိကြောင်းပင် သက်သေမပြနိုင်လေရာ ကောလဟာလများကို မည်သူကမျှ အလေးအနက် မထားခဲ့ကြချေ။
သို့သော် ယခုမူ ထိုသို့မဟုတ်တော့ချေ။ ကျောင်းချန်းက မင်းသားတစ်၏ကိုယ်စား ပြောလာလျှင် သေချာပေါက် သူ၏လက်ထဲတွင် ပြဿနာကြီးတစ်ခု ရှိနေရပေမည်။ ဖုန်းကလန်နှင့် ချိုင်ကလန်တို့က မဟာထန်၏ သက်တမ်းအရင့်ဆုံးနှင့် အမြစ်အတွယ်ဆုံး အဖွဲ့အစည်းတစ်ခုကို ကိုယ်စားပြုသည်မှာ သံသယဝင်ရန် မလိုအပ်ချေ။ မင်းသားတစ်ကမူ ပုလ္လင်ကို ရရှိရန် ယှဉ်ပြိုင်နေရသည့် အလားအလာကောင်းသော ယှဉ်ပြိုင်သူတစ်ယောက်ဖြစ်နေသေးသည်။ ဧကရာဇ်နေရာ အရယူရန်အတွက် ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာအတွက် တိုက်ခိုက်ခြင်းက ဉာဏ်ပညာမရှိသော လုပ်ရပ်ဖြစ်သည်။
ဒါဆိုရင် ခက်သွားတော့မယ်။
ကျိုးကျင်းက ချက်ချင်းလိုလို မျက်မှောင်ကျုံ့သည်။ ကိစ္စများက သူမျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ချေ။ ထိုအချိန်တွင် အခြားသော အရာရှိကြီးများကလည်း ကျိုးကျင်းနှင့် တူညီသောအချက်ကို သတိထားမိသွားကြသည်။ ဘုရင်စုန့်နှင့် ဘုရင်ချီတို့ကဲ့သို့ မဟာထန်မှ အင်ပါယာ မင်းသားကြီးများက မျက်မှောင်ကျုံ့လိုက်ကြသည်။
ရင်အာက ဘာလုပ်လို့လဲ။
ဘုရင်စုန့်က မျက်မှောင်ကျုံ့လိုက်ပြီးနောက် တွေးတောလိုက်သည်။ ထိုအချိန်တွင် ကျောင်းချန်းက ဆက်ပြောသည်။
“ကျန်းတန့်ပေးက နယ်စပ်ကို ခုနှစ်နှစ် ရှစ်နှစ်လောက် စောင့်ကြပ်ကာကွယ်ပေးနေခဲ့တာပါ။ ပေ့ထင်မှာ သူကအမြဲတမ်း အရမ်းကို တက်ကြွတဲ့လူမျိုးပါ။ သူက တစ်နှစ်ထဲမှာတင် တူရကီအဖွဲ့ကြီး အဖွဲ့ငယ်တွေကို အကြိမ်ခုနှစ်ဆယ် ရှစ်ဆယ်လောက် တိုက်ထုတ်ခဲ့တဲ့လူပါ။ ဒါ့အပြင်သူက အမြဲတမ်း အခြားနယ်စပ်က ခံတပ်တွေကို သွားပြီးကူညီပေးချင်စိတ် ရှိပါသေးတယ်။ တူရကီတွေက အမြဲသတိထားကြပေမဲ့ နယ်စပ်ကိုသာ ခြေဆန့်ရဲပြီး မဖြတ်ကျော်လာရဲသေးပါဘူး။ ဒါ့အပြင် မနှစ်က ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းက မြောက်ပိုင်းကို ဖိနှိပ်တဲ့စီမံကိန်း စတင်နေတဲ့အချိန်မှာ ကျန်းတန့်ပေးက အကျိုးပြုမှုကြီး လုပ်ဆောင်ခဲ့ပြီး တူရကီစစ်သားပမာဏ အများကြီးကို ဖမ်းဆီးနိုင်ခဲ့တဲ့လူပါ။ သူက အရမ်းကိုမြန်ဆန်တဲ့ ဟွက်တစ်ကောင်လိုမျိုး ပြုမူနိုင်ပြီး အနောက်ပိုင်း တူရကီတွေဆီကို အရောက်သွားနိုင်ခဲ့တာပါ။ ဒီနိမ့်ကျတဲ့အရာရှိကလည်း ကျန်းတန့်ပေးကသာ ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် အရွေးခံခဲ့ရမယ်ဆိုရင် သူက တိဗက်နဲ့ တူရကီတွေကို တွန်းထုတ်ပြီး ချီရှီကို တည်ငြိမ်အောင် ထိန်းနိုင်မယ်လို့ ယုံကြည်ပါတယ်”
ထို့နောက် ခပ်တင်းတင်း အသံတစ်သံက ထိုချီးကျူးသော တင်ပြချက်ကို ပယ်ချလိုက်သည်။
“ဟမ့် ကျောင်းချန် မင်းဘယ်လို အလိမ်အညာတွေ ပြောနေလဲဆိုတာကို ကိုယ်တိုင် နားလည်ရဲ့လား။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်က လူတိုင်းယူလို့ရတဲ့ ကျုံရာနေရာတစ်ခုလို့ ထင်နေတာလား။ ဒီနေရာက နယ်စပ်မှာ အကျိုးပြုမှု အနည်းငယ်လောက် လုပ်ပေးရုံနဲ့ ရအောင်ယူလို့ရမဲ့နေရာလို့ ထင်နေတာလား။ မင်းက အနောက်ပိုင်းတူရကီ ခါကာနိတ်က မဟာဗိုလ်ချုပ်ကြီးတွေကို ဒီတိုင်း ပရိဘောဂသပ်သပ်လို့ ထင်နေတာများလား။ ကျန်းတန့်ပေးက အဲ့လောက်ကြီးမြတ်နေရင် ဘာလို့သူက အနောက်ပိုင်း တူရကီ ခါကာနိတ်ရဲ့ ဗိုလ်ချုပ်ကြီးရဲ့ ရွက်ဖျင်တဲတွေကို ဝင်ပြီးမတိုက်ခိုက်တာလဲ။ အနောက်ပိုင်းတူရကီ ခါကာနိတ်က စစ်တပ်ကိုဦးဆောင်ပြီး အနောက်ဘက်ခြမ်းကိုလာလို့ ချီရှီကရှုံးသွားရင် မင်းက တာဝန်ယူမှာလား။ နယ်စပ်က အရှုပ်အထွေး တိုက်ပွဲတွေက အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတွေကြားက တိုက်ပွဲမဟုတ်ဘူးလား။ ငါကမင်းရဲ့ ဘယ်လိုသောက်ပေါက်ကရကို နားထောင်နေရတာလဲ”
ကျောင်းချန်နှင့် သိပ်မဝေးသောနေရာတွင် အဆင့်နိမ့် အဆင့်သုံး အရာရှိ ယဲ့ကျွင်းဆိုသည့် ဘဏ္ဍာရေးရုံးတော်မှ လူတစ်ယောက်က အနောက်ဘက်မှ လျှောက်တင်လာသည်။ ယဲ့ကျွင်းက အသက် (၃၆)နှစ် ဝန်းကျင်ဖြစ်သည်။ သူ၏အသားအရောင်ကမူ ကြည်ရှင်းသပ်ရပ်ကာ ဖျော့တော့သည်။ သူ၏ မျက်လုံးကလည်းကျဉ်းသည်။ အသက်အရွယ်အရပင်ဖြစ်စေ၊ ရာထူးအရပင်ဖြစ်စေ သူက ကျောင်းကလန်နှင့် ရာထူူးတူသည်ဟု ပြောဆိုနိုင်သည်။
“အရှင်မင်းကြီး ဒီအရာရှိက ကျောင်းချန်ကို ပြစ်မှုတွေကို လျစ်လျူရှု့ပြီး တာဝန်ကို အလွဲသုံးစားလုပ်တဲ့အတွက် စွပ်စွဲချင်ပါတယ်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာက အရမ်းကို အရေးကြီးတဲ့နေရာတစ်ခုပါ။ ဒါကို ကျောင်းချန်က နယ်စပ်က အငယ်တန်း ဗိုလ်ချုပ်တစ်ယောက်လောက်ကို ထောက်ခံပေးရဲနေတယ်။ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေတာ ရှင်းလင်းနေတာပါ။ ဒီအရာရှိကလည်း သူ့ကို ကွပ်မျက်သင့်တယ်လို့ ယုံကြည်ပါတယ်”
ကွပ်မျက်ဆိုသော စကားလုံးက ချက်ချင်းလိုလို ခန်းမထဲရှိ အရာရှိတိုင်းကို သတိအပြည့် ကပ်သွားစေသည်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်အတွက် ငြင်းခုံမှုက ရုတ်တရက် တိုက်ပွဲနယ်မြေအနှံ့ပင် ထွက်လာသည်။
“ယဲ့ကျွင်း မင်းက ဘာပေါက်ကရတွေ လာပြောနေတာလဲ။ ကျန်းတန့်ပေးက ဟူဘာသာစကားတိုင်းကို ကျွမ်းတယ်။ သူက သူ့ရဲ့လက်အောက်မှာ ဟူအရာရှိပေါင်း များစွာကို အုပ်ချုပ်နေရာ။ သူက ဟူစစ်သားတွေကို အမိန့်ပေးတဲ့အခါမှာ အားသာချက်ရှိနေပြီးသားပဲ။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လာရင် သဘာဝအလျောက်ပဲ အဲ့ဒီလူတွေအားလုံးက နာခံကြလိမ့်မယ်။ ဟူနဲ့ဟန်က စည်းလုံးသွားလိမ့်မယ်။ ဒါကမကောင်းဘူးလား။ မင်းယဲ့ကျွင်း မင်းက လျှာအတော်သွက်တဲ့လူပဲ။ အရှင်မင်းကြီး ဒီအရာရှိကလည်း ယဲ့ကျွင်းကို ခုံရုံးကို နှောက်ယှက်ပြီး အရှင်သခင်ကို မလေးစားမှုနဲ့ စွပ်စွဲမှုအတွက် အရှင်မင်းကြီး ကျေးဇူးပြုပြီး သူ့ကိုအပြေစ်ပေးပါ”
ကျောင်းချန်ကလည်း နီရဲသောမျက်နှာနှင့် ယဲ့ကျွင်းကို ပြန်လည်ပြီး ငြင်းဆန်သည်။
အခန်း(၈၂၄)
“ကျောင်းချွမ် ငါကပေါက်ကရတွေ ပြောတယ်ဆိုတာကိုတော့ မင်းသိတယ်ပေါ့။ ဒါဆိုရင် မင်းရဲ့ရည်ရွယ်ချက် ဘာလဲဆိုတာကို ဘယ်သူကမှ မသိဘူးလို့ထင်နေတာလား”
ယဲ့ကျွင်းကလည်း ချက်ချင်းပြန်အော်သည်။
သူ၏အနားရှိ လူတိုင်းက မသက်မသာဖြစ်သလိုမျိုး နောက်ဆုတ်သွားကြသည်။ သူတို့အနီးအနားတွင် ရှိနေကြသော အရာရှိတိုင်းကလည်း သက်ရောက်ခံလိုက်ရသလိုမျိုး မီးပုံပေါ် တွဲလောင်းအဆွဲခံလိုက်ရပြီး လွတ်မြောက်ချင်သလို နောက်ဆုတ်သွားကြသည်။ သို့ရာတွင် အားလုံးက ရာထူးအဆင့်အတိုင်း ရပ်နေကြရသောကြောင့် နောက်လှည့်ဆုတ်၍ မရချေ။
သေလိုက်ပါတော့ မင်းသားတစ်နဲ့ မင်းသားခုနှစ်တို့ပဲ။ သူတို့က ခုံရုံးအလယ်မှာတောင် ရန်လာဖြစ်နေကြတာပဲ။
ခန်းမထဲရှိ ရာထူးမြင့်၊ ရာထူးနိမ့် အရာရှိတိုင်းကပင် စတင်ကာ မသက်မသာဖြစ်လာကြသည်။ ကျောင်းချန်က အငယ်တန်း အရာရှိတစ်ယောက်သာ ဖြစ်လောက်သော်လည်း သူ၏နောက်ခံတွင် မင်းသားတစ်ရှိသည်။ ယဲ့ကျွင်းကမူ မင်းသားခုနှစ်၏ အထောက်အပံ့ရထားသည်။ ထို့ကြောင့် မင်းဆက်တိုင်းလိုလို မင်းသားများ၏ စစ်ပွဲက အလွန်အမင်း ပြင်းထန်တတ်သည်။ မညီမျှမှုနှင့် မျှတမှုအတွက်တိုက်ပွဲ၊ ဧကရာဇ်ပုလ္လင်အတွက် တိုက်ပွဲများက အမြဲတစေ ပြင်းထန်တတ်သည်။ ထိုသို့ဖြင့် ညီအစ်ကိုကြားမှ ခံစားချက်များကမူ အဝေးသို့ အပို့ခံထားရတတ်သည်။
မင်းသားတစ်က လက်ရှိအချိန်တွင် အထောက်အပံ့ အများဆုံးဖြစ်နေသော်လည်း အခြားသော မင်းသားများကလည်း သူ့ကို ရင်ဆိုင်နိုင်ရန် ရုန်းကန်နေကြသေးသည်။ မင်းသားလေးက ပထမဦးဆုံး ပေါ်သွားသောလူဖြစ်သွားပြီး နယ်စပ်မှ ဟူမဟာဗိုလ်ချုပ်များကို ပူးပေါင်းရန် ကြံစည်ခဲ့သည်ဆိုသော အကြံကြောင့် မင်းသားတစ်နှင့် တိုက်ပွဲတွင် ကျရှုံးသွားခဲ့သည်။ သို့ရာတွင် အခြားသော မင်းသားတစ်ပါးကလည်း မင်းသားတစ်ကို ရင်ဆိုင်ရန် ရုန်းကန်နေသေးသည်။ ထိုလူကမူ မင်းသားခုနှစ် လီဟွမ်ဖြစ်သည်။
ဧကရာဇ်က မင်းသားများကို ခုံရုံးမှ အရေးအကြီးဆုံး အရာရှိများကို မချဉ်းကပ်ရန် တားမြစ်ထားသည်။ သို့သော် သူတို့ကမူ အငယ်တန်းအရာရှိများကို ချဉ်းကပ်ထားလျှင်မူ ပြဿနာမရှိချေ။ အဆင့်နိမ့် အဆင့်သုံးက ခေတ်အဆက်ဆက်တိုင်းက အရာရှိများက လက်ခံနိုင်သော ကန့်သတ်ချက် ဖြစ်နေသေးသည်။ ထိုအဆင့်မှ အရာရှိများဖြစ်စေ ထိုထက်နိမ့်သော အရာရှိများဖြစ်စေ ဧကရာဇ်က မင်းသားများအတွက် မမြင်ချင်ယောင် ဆောင်ထားပေးပေလိမ့်မည်။ ဒါကလည်း မင်းသားများ၏ စစ်ပွဲကြားမှ ထုတ်မပြောသောစည်းမျဉ်း ဖြစ်နေသေးသည်။
သူတော်စင်ဧကရာဇ်ကလည်း မည်သည့်မင်းသားက မည်သူ့ကို နောက်ခံပေးထားကြောင်း သိနေသည့်တိုင်အောင် သူက အများအားဖြင့် လျစ်လျူရှု့ထားပေးလေ့ရှိပြီး ကိစ္စများကို ထဲထဲဝင်ဝင် မတူူးဆွတတ်ချေ။
ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာအတွက် ရွေးချယ်သော ကိစ္စကလည်း မင်းသားများကြားမှ တိုက်ပွဲအဖြစ် ပြောင်းလဲသွားသည်။ မည်သူကမျှလည်း ယခုလို အခြေအနေ ဖြစ်လာမည်ဟု မမျှော်လင့်ထားကြချေ။ ထို့ကြောင့် လူအများစုက တက်နိုင်သမျှဝေးဝေးသာ နေလိုကြသည်။ စတုတ္ထမင်းသားနှင့် ပတ်သတ်သော ဥပမာက သူတို့၏ခေါင်းထဲတွင် လတ်ဆတ်နေသည်။ ထို့ကြောင့် မည်သူကမှ ပထမမင်းသားနှင့် မင်းသားကြားမှ ရန်ပွဲအတွင်းသို့ မဝင်ရောက်ကြချေ။
ခန်းမထဲတွင် အရေးပါသော အရာရှိတိုင်းက စတင်ကာ ထိတ်လန့်လာကြပြီး ပုလ္လင်ရှိရာနေရာသို့ အကြည့်ပို့နေကြသည်။ သို့သော် သူတော်စင်ဧကရာဇ်ကမူ လိုက်ကာနောက်တွင် မလှုပ်ရှားသေးချေ။ ထို့ကြောင့် မည်သူကမျှလည်း သူ၏အတွေးကို မသိနိုင်ချေ။ သို့ရာတွင် သူတော်စင်ဧကရာဇ်က မကျေနပ်မှုကို ထုတ်မပြေသော်လည်း သူကယခုလို ငြင်းခုံမှုကို ဆက်မဖြစ်စေချင်သည်မှာ ရှင်းလင်းနေသည်။
ကျန်းချန်နှင့် ယဲ့ကျွင်းတို့က ကြောက်လန့်မှုနှင့် မျှော်လင့်ချက်များနှင့်အတူ စတင်ကာ ငြင်းခုံနေချိန်တွင် သူတော်စင်ဧကရာဇ်က ဂရုမစိုက်ကြောင်း မြင်လိုက်ရသည်။ ထို့ပြင်သူက အနည်းငယ်ပင် အာရုံမစိုက်သလိုမျိုး ရှိနေသဖြင့် ကြောက်လန့်မှုက ပြင်းထန်လာပြီး ကျယ်လောင်လာသည်။
သူတို့၏ အကြမ်းပတမ်း ငြင်းခုံနေမှု၏အလယ်တွင် ရုတ်တရက် အသံတစ်သံက ထွက်လာပြီး ခန်းမတစ်ခုလုံးအနှံ့ ဟိန်းထွက်သွားသည်။
“အရှင်မင်းကြီး ဒီအရာရှိက မဟာဗိုလ်ချုပ်ကြီးအ့ပုစစ်ကို ထောက်ခံချင်ပါတယ်။ ဒီနိမ့်ကျတဲ့ အရာရှိကလည်း အင်ပါယာဆင်ဆာလူကြီးမင်းဟောင်ရဲ့ ပြောဆိုမှုက ကျိုးကြောင်းသင့်လျော်တယ်လို့ ထင်ပါတယ်”
ထုံလော့မဟာဗိုလ်ချုပ်ကြီးက ဒူးထောက်နေသေးသည်။ သူ၏အသားအရောင်က ထိုစကားကြောင့် ချက်ချင်းလိုလို ဖြူစုတ်သွားပြန်သည်။
မျိုးမစစ် ဘယ်အကောင်ကရူူးပြီး ငါ့အတွက် ထောက်ခံပေးချင်ပြန်တာလဲ။
သူ၏ခေါင်းထဲတွင် ဒေါသများက ပြည့်နှက်လာပြီး သူကခပ်ကြမ်းကြမ်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ချက်ချင်းလိုလို တုန်ယင်သွားပြီး ဒေါသများက ပျောက်ကွယ်သွားသည်။
အမတ်ချုပ်ကြီး
အ့ပုစစ်၏ ခန္ဓာကိုယ်က အေးစိမ့်တက်သွားသည်။ သူ၏ခန္ဓာကိုယ်က မြွေတစ်ကောင်အောက် ရောက်သွားသော ဖားတစ်ကောင်ကဲ့သို့ ဖြစ်သွားသည်။ သူ၏နှလုံးသားကလည်း ကြောက်လန့်မှုကြောင့် ကျွံ့ကျသွားပြီး မသက်မသာဖြစ်သွားသည်။ ထုံလော့မဟာဗိုလ်ချုပ်ကြီးဆိုသော မျိုးဆက်တောက်လျှောက်မှ အဖွဲ့ဝင်တစ်ယောက် ဖြစ်သည့်အလျောက် သူကဧကရာဇ်ကို နှစ်တစ်ရာကျော် ခစားခဲ့ပြီးသားဖြစ်သည်။ ထိုက်ကျုံးမှ လက်ရှိသူတော်စင်ဧကရာဇ်အထိ အ့ပုစစ်အနေဖြင့် လူအနည်းစုကိုသာကြောက်သည်။
မကြာခဏဆိုသလို အ့ပုစစ်က ဒူးထောက်ရန် ဖိအားပေးခံရသောအခါတွင်ပင် အင်ပါယာ ဆင်ဆာလူကြီးမင်းများပင်ဖြစ်စေ အခြားသော အရာရှိများကိုဖြစ်စေ ကြောက်လန့်ခြင်းမျိုး မရှိခဲ့ချေ။ သို့သော် သူက ဧကရာဇ်၏ အတွေးကိုသာ အစိုးရိမ်ဆုံးဖြစ်ခဲ့သည်။ အမှန်တိုင်းဆိုရသော် ဧကရာဇ်ကသာ ထုံလော့ကြောက်ရန် အလိုဆုံးလူတစ်ယောက် ဖြစ်လေသည်။
ထို့ပြင် အင်ပါယာမဟာဗိုလ်ချုပ်ကြီး တစ်ယောက်အနေနှင့် အ့ပုစစ်က သူ၏ကိုယ်ပိုင် အခွင့်ယူနိုင်လောက်အောင် ရာထူးအားဖြင့် အသာစီးရထားသေးပြီး အရာရှိပေါင်းများစွာ၏ အထက်တွင်ရှိသည်။ သို့ရာတွင် အ့ပုစစ်အနေဖြင့် ခုံရုံးမှ ငြင်းခုံသူများအတွင်း ဘယ်သောအခါမှ မဝင်တတ်သော စကားများများပင် မပြောဖူးသည့် လူပေါင်းများစွာကပင် ထိုလူ၏ ရာထူးအဆင့်ကို မေ့နေကြသော ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်း၊ ဖုမာန်လင်းချာတို့နှင့် ရာထူးတူသော လူတစ်ယောက်က ဝင်ပြောလာမည်ဟု မမျှော်လင့်ထားမိချေ။ အ့ပုစစ်က ထိုအရာရှိများကို မကြောက်ချေ။ သို့သော် မဟာထန်၏ အမတ်ချုပ်ကြီးကိုမူ ကြောက်လန့်သည်။
“အမတ်ချုပ်ကြီး ဒီအရာရှိကလည်း အရှင့်ရဲ့ ကောင်းတဲ့ဆန္ဒကို နားလည်ပါတယ်။ ဒါပေမဲ့ အ့ပုစစ်က ထုံလော့ခေါင်းဆောင်နေရာကို ထောက်ခံထားတာပါ။ ဒါကြောင့် အရှင်သခင်ရဲ့ အပါးမှာပဲ အမြဲတစေ ခစားမယ်လို့ သစ္စာကျိန်ဆိုထားပြီး အရှင်သခင်ရဲ့ လုံခြုံမှုကို အမြဲတစေ စောင့်ကြပ်ကာကွယ်ပေးနေမှာပါ။ တကယ်လို့ ရာထူးကြီးကို ကမ်းလှမ်းလာပြီး ဆုလဒ်အများကြီး ချီးမြှင့်မယ်ဆိုရင်တောင်မှ ဒီအရာရှိအနေနဲ့ ဘယ်သောအခါမှ အရှင်မင်းကြီးအနားကနေ ထွက်သွားမှာမဟုတ်ပါဘူး။ အရှင်မင်းကြီးရဲ့ဉာဏ်ပညာ၊ အရှင်မင်းကြီးရဲ့ မြင့်မြတ်မှုနဲ့ အ့ပုစစ်က သေရမယ်ဆိုရင်တောင်မှ အရှင်မင်းကြီးရဲ့ အပါးက ထွက်ခွာမှာ မဟုတ်ပါဘူး”
အ့ပုစစ်က ခေါင်းကိုချက်ချင်း ငုံ့လိုက်ကာ ကြမ်းပြင်ကိုတိုက်သည်။ သူ၏နှလုံးသားက ရူးသွပ်စွာဖြင့် အခုန်နှုန်းမြန်ဆန်လာသည်။
ထိုအချိန်တွင် အ့ပုစစ်၏ ခပ်ကြမ်းကြမ်း သွေးသစ္စာကျိန်ဆိုမှုက အရာရှိတိုင်းကို တိတ်ဆိတ်သွားစေသည်။ ပြောရလျှင် လူကြီးမင်းဟောင်ကဲ့သို့ ပထမဦးဆုံး သူ့ကို ထောက်ခံပေးသောလူက အလွန်အမင်း စိတ်ပျက်သွားသည်။ သူတက်နိုင်သည်က မရှိတော့ချေ။ အ့ပုစစ်ကလည်း သူတော်စင်ဧကရာဇ်၏ အပါးမှ သေရမည်ဆိုလျှင်ပင် မထွက်နိုင်ကြောင်း ပြောထားပြီးလေပြီ။ ယခုသူ့ကို ထောက်ခံပေးသော မည်သူကမဆို သူ့ကို သက်သေခိုင်းသလို ဖြစ်နေပေလိမ့်မည်။
“အိုး”
ရှေ့ဆုံးအတန်းမှ အရပ်မြင့်မြင့်နှင့် ပိန်ပိန်ပါးပါး ပုံရိပ်တစ်ခုက ထိုအသံကိုထုတ်ပြီးနောက် အနောက်သို့ ပြန်ဆုတ်သွားသည်။
အမတ်ချုပ်ကြီး အကြံပြုချက်အတိုင်း အခြားသော ဉာဏ်ပညာရှိသော မျက်ဝန်းတစ်စုံနှင့် ကြင်နာတတ်သော မျက်နှာထားရှိသည့် အရာရှိတစ်ယောက်ကလည်း တစ်စုံတစ်ရာကို တွေးမိသလိုမျိုး ထွက်လာသည်။
“အရှင်မင်းကြီး မဟာဗိုလ်ချုပ်ကြီး အ့ပုစစ်က မသင့်တော်ဘူးဆိုရင် ဒီနိမ့်ကျတဲ့အရာရှိက စစ်အမတ်မင်း ကျန်းချုံကျန့်ချုံးကို ထောက်ခံပေးချင်ပါတယ်။ သူက အင်ပါယာရဲ့ကျားပါ။ အန်းနန်ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တစ်ယောက် ဖြစ်တဲ့အလျောက် သူက အနောက်တောင်ပိုင်းမှာ ဆယ်နှစ်ကျော်လောက် ဘာပြဿနာမှမရှိဘဲ လုပ်ဆောင်ထားနိုင်ခဲ့လို့ သူက အတွေ့အကြုံနဲ့ ပြည့်ဝပါတယ်။ ဒီနိမ့်ကျတဲ့ အရာရှိကလည်း အရှင်ကျန့်ချုံကသာ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ရဲ့နေရာကို ယာယီယူထားပေးမယ်ဆိုရင် ချီရှီက နောက်ထပ် တစ်စုံတစ်ယောက်ကို ရှာတွေ့နိုင်တဲ့အထိ တည်ငြိမ်သွားမှာပါ”
ကျန်းချုံကျန့်ချုံးက ငြင်းခုံမှုများကို ဂရုစိုက်နားထောင်နေချိန်ဖြစ်သည်။ သို့သော် ရုတ်တရက် သူ၏နာမည်ကို ကြားသောအခါ သူ၏ခန္ဓာကိုယ်က တုန်ယင်သွားပြီး မမျှော်လင့်ထားသော ထိုးနှက်မှုကြောင့် ဖြူဖျော့သွားသည်။ သူက ခေါင်းကိုလှည့်ကာ ကြည့်လိုက်သောအခါ စစ်မတ်ရေးရာဆိုင်ရာ အမှုထမ်းရေးရာဌာနမှ အရာရှိတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက သူ့ကို ကြင်နာစွာ ပြုံးပြနေသည်။ သို့သော် ထိုအပြုံးက ကျန်းချုံကျန့်ချုံး၏ မျက်နှာကို အစိမ်းရောင် သမ်းသွားစေသည်။
ကျိုးချန်
ကျန်းချုံကျန့်ချုံးက ချက်ချင်းလိုလို အဆင့်နိမ့် အဆင့်သုံးမှ အရာရှိကို ချက်ချင်း မှတ်မိလိုက်သည်။ သူက ထိုဌာနသို့ ပထမဦးဆုံးအကြိမ် ဝင်သည့်အချိန်က ထိုလူက သူ့ကို ခစားပြီး အခြားသော တာဝန်များကို လုပ်ဆောင်ပေးခဲ့ကာ သူသွားသည့် နေရာတိုင်းသို့ လိုက်ခဲ့ပြီး သူ့ကို အကောင်းဆုံး ခစားပေးခဲ့သူဖြစ်သည်။ သူက အခြားသူများနှင့် မတူခဲ့ချေ။ ကျန်းချုံကျန့်ချုံးကလည်း ထိုလူက ကြင်နာတတ်သော ဆန္ဒကလွဲပြီး အခြားမရှိဟု ထင်ခဲ့သည်။ သို့သော် ထိုအခြေအနေကတင် ကျန်းချုံကျန့်ချုံးကို ဒေါသထွက်စေသည်။
ဒီမျိုးမစစ်ကောင်က သူဘာလုပ်နေလဲ သူသိရဲ့လား။
ကျန်းချုံကျန့်ချုံးက အံ့ကိုကြိတ်လိုက်သည်။ သူက နယ်စပ်ဒေသမှ မြို့တော်သို့ ရွေ့ပြောင်းနိုင်ရန် ကြိုးစားနိုင်ခဲ့သည်။ နောက်ဆုံးတွင် စစ်အမတ်နေရာကို ရအောင်ယူနိုင်ခဲ့သည်။ သို့သော် သူက မည်သည့်အတွက်ကြောင့် အရာအားလုံးကို စွန့်ပစ်ပြီး ချီရှီကာကွယ်ရေးဗိုလ်ချုပ် သွားလုပ်သင့်ကြောင်း မသိတော့ချေ။ တစ်ဖက်သူက ယာယီဟု ပြောထားသော်လည်း သူက မည်သည့်အချိန်မှ ပြန်လာနိုင်ကြောင်း မသိနိုင်သေးချေ။ ထို့ပြင် စစ်အမတ်တစ်ယောက်အနေနှင့် လွတ်သွားသော ထိုင်ခုံက သူ့ကိုစောင့်နေမည်မဟုတ်ချေ။ သူက ပြန်လာသည့်အချိန်တွင် စစ်အမတ်ဆိုသောနေရာကို အခြားသူက ရသွားပြီးလောက်လေပြီ။
ကျန်းချုံကျန့်ချုံးက ချက်ချင်းလိုလိုထွက်ကာ ဂါရဝပြုလိုက်သည်။ သူ၏အသံက ခန်းမတောက်လျှောက် ပဲ့တင်ထပ်သွားသည်။
“အရှင်မင်းကြီး ဒါကိုလက်ခံလို့ မရပါဘူး။ ဒီအရာရှိက စစ်အမတ်ရာထူးနဲ့ ခစားနေတာဖြစ်လို့ ဒီနေရာကနေ ထွက်သွားပြီး အခြားတာဝန်ကိုယူတာက မသင့်တော်ပါဘူး”
“အရှင်မင်းကြီး ဒီအရာရှိကလည်း အရှင်ကျန့်ချုံးက မသင့်တော်ဘူးလို့ ယုံကြည်ပါတယ်။ အရှင့်ရဲ့ နိမ့်ကျတဲ့ အရာရှိက လုယက်သူဗိုလ်ချုပ် လျိုရှီဝေ့ကို ထောက်ခံချင်ပါတယ်”
“အရှင်မင်းကြီး အရှင့်ရဲ့နိမ့်ကျတဲ့ ဒီအရာရှိက အက်ကွဲခြင်းစစ်တပ်ကဗိုလ်ချုပ် ကျင်းယွီပင်းကို ထောက်ခံချင်ပါတယ်”
“လက်မခံနိုင်ဘူး အရှင်မင်းကြီး ဒီအရာရှိက နယ်စပ်ကဗိုလ်ချုပ် လုံချန်ဖန်းကို ထောက်ခံချင်ပါတယ်။ ဒီနိမ့်ကျတဲ့ အရာရှိကလည်း သူကပိုပြီး ကောင်းမွန်တယ်လို့ ယုံကြည်ပါတယ်”
ထိုသို့ဖြင့် ဆွေးနွေးငြင်းခုံမှုများ ပဲ့တင်ထပ်နေပြန်သည်။ တစ်စုံတစ်ယောက်က တစ်ခုကို ကမ်းလှမ်းလိုက်သည်နှင့် အခြားတစ်ယောက်က ချက်ချင်းလိုလို သူတို့၏ ထင်မြင်ချက်များကို ထပ်ဖြည့်ပြောပြီး သူတို့ကြိုတင်တွေးထားပြီးသားလူကို ထောက်ခံကြသည်။ ထိုသို့ဖြင့် ခန်းမက ဝုန်းဒိုင်းကျဲနေသည်။ အရာရှိများက အချင်းချင်း ကိုက်နေကြခြင်းကို စောင့်ကြည့်နေသည့် ဘုရင်စုန့်ကမူ မျက်မှောင်က ကျုံ့သထက်ကျုံ့လာပြီး သက်ပြင်းရှည်ကြီးကိုချသည်။
......
ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာအတွက် ဆွေးနွေးမှုများက အဆုံးမသတ်ခဲ့ချေ။ ထိုအချိန်တွင် အဝေးရှိ သံမဏိမြို့တွင်ရှိသည့် ဝမ်ချောင်ကမူ မမျှော်လင့်ထားသော ဧည့်သည်တစ်ယောက်ကို လက်ခံကြိုဆိုနေသည်။ သူက ပျော်ရွှင်စွာဖြင့် မနက်စာစားနေချိန်တွင် ကင်းထောက်တစ်ယောက်က အခန်းထဲသို့ အပြေးဝင်လာခြင်းဖြစ်သည်။
“အရှင်အမတ် အပြင်ဘက်မှာ ဟူတစ်ယောက်က အရှင့်ကို တွေ့ခွင့်တောင်းနေပါတယ်။ သူက အရှင်နဲ့ ညှိနှိုင်းစရာရှိလို့ အရှင်နဲ့ တွေ့ချင်တယ်လို့ပြောပါတယ်”
“အို”
ဝမ်ချောင်က အံ့အားသင့်သွားသည်။ သံမဏိမြို့အတွင်းတွင် ဟန်များသာလျှင်ရှိသည်။ သူသိသော ဟူများဆိုလျှင် သူက လက်တစ်ဖက်ဖြင့် ရေတွက်၍ရသည်။ ထို့ကြောင့် သူက သူ့ကိုလာရှာရလောက်အောင် ရင်းနှီးသောလူကို မသိချေ။
“သူ့ရဲ့နာမည်က ဘာတဲ့လဲ”
“ကြည့်ရတာသူက ဟူလာယဲ့လို့ခေါ်ပါတယ်”
ကင်းထောက်က တခဏခန့် တွေးတောပြီးနောက်ဖြေသည်။
“အာ”
ဝမ်ချောင်၏ နှလုံးခုန်နှုန်းက မြန်ဆန်သွားပြီး ချက်ချင်းလိုလို ခုန်ထလိုက်မိသည်။
ထိုအချိန်တွင် ကံကြမ္မာကျောက်တုံးထံမှ ရင်းနှီးကျွမ်းဝင်သောအသံက ထွက်လာသည်။
“သတိပေးချက်.. အသုံးပြုသူရဲ့တာဝန် ‘မဟာထန်ရဲ့စစ်မြင်း’က ရှုံးနိမ့်ဖို့ အလားအလာ များနေပါတယ်။ အသုံးပြုသူအနေနဲ့ ဒီတာဝန်ကို ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုပဲရှိတယ်။ ဒီတာဝန်က ရှုံးနိမ့်သွားရင် ပြစ်ဒဏ်အနေနဲ့ ကံကြမ္မာစွမ်းအင် အမှတ်နှစ်ထောင် ယူဆောင်သွားမှာပါ”
ထိုသို့ဖြစ်သွားသော် ဝမ်ချောင်က တုန်ယင်သွားသည်။
ဘာဖြစ်နေတာလဲ ငါဟူလာယဲ့ကိုလည်း ဘယ်လိုလုပ်ရမယ်ဆိုတာကို အကြံပေးထားပြီးပြီမဟုတ်ဘူးလား။ ဘာလို့ အပြောင်းအလဲက ဖြစ်လာသေးတာလဲ။ အခက်အခဲတွေက ဘယ်နေရာက ရောက်လာတာလဲ။
လက်ရှိအချိန်တွင် ဝမ်ချောင်အနေနှင့် ဟူလာယဲ့၏ဘက်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သိလိုက်သည်။
“သူဘယ်မှာလဲ ငါ့ကိုသူ့ဆီ ခေါ်သွားပေး”
ဝမ်ချောင်ကပြောသည်။
သံမဏိမြို့၏ အတွင်းရှိ တည်းခိုဆောင်၏ အပြင်ဘက်တွင် ဝမ်ချောင်က ဟူလာယဲ့ကို အချိန်အတန်ကြာမှ ပြန်လည်တွေ့ဆုံခြင်းဖြစ်သည်။ သူက မြင်းစီးလာပြီး ပုံမှန်ဝတ်ဆင်နေကျ ထသွားထလာ ဝတ်စုံကို ဝတ်ဆင်ထားသေးသည်။ သူက စိတ်မအေးနိုင်သလို မကြာခဏဆိုသလို သူလာရာဘက်သို့ ကြည့်နေသည်။
“ဟူလာယဲ့”
ဝမ်ချောင်က ဟူလာယဲ့ကို မြင်သည်နှင့် လှမ်းခေါ်လိုက်ရာ တစ်ဖက်သူက တုန်ယင်စွာဖြင့် လှည့်ကြည့်လာသည်။
ဝမ်ချောင်ကလည်း သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဟူလာယဲ့၏ မျက်လုံးများက မည်းမှောင်နေပြီး သူ၏ပါးရိုးများကလည်း ထင်းထွက်နေသည်။ သူ၏မျက်နှာက အတော်လေး နွမ်းနေပြီး အတော်လေး အလေးချိန်ကျသွားသည်။
“ဝမ်ချောင် အံ့ဩစရာပဲ မင်းနောက်ဆုံးတော့ ရောက်လာပြီ”
ဟူလာယဲ့က သူ၏ကယ်တင်ရှင်ကို တွေ့လိုက်ရသလိုမျိုး အပြေးလာသည်။
“ငါ့ကိုကယ်ပါ မင်း မင်းငါ့ကိုကယ်ရမယ် မဟုတ်ရင် ငါသေမှာ သေချာနေပြီ”
သူ၏မျက်လုံးက သွေးနီရောင်သမ်းနေပြီး နှုတ်ခမ်းက တဆတ်ဆတ် တုန်နေသည်။ ဟူလာယဲ့က ဝမ်ချောင်၏ရှေ့တွင် ဒူးထောက်ကျမတက် ဖြစ်သွားသည်။
“ဟူလာယဲ့ အလောမကြီးနဲ့ အထဲကိုဝင်ပြီးပြောရအောင် ဘာတွေဖြစ်နေလဲဆိုတာကို မင်းငါ့ကို သေချာပြောရမယ်”
ဝမ်ချောင်က ထိုသို့ လေပြေလေးဖြင့် ပြောလိုက်ပြီးနောက် ဟူလာယဲ့၏ပုခုံးပေါ် လက်တင်သည်။
ဝမ်ချောင်က ခေါင်းကိုလှည့်လိုက်ကာ ကင်းထောက်ကို အမိန့်ပေးသည်။
“ရေနွေးကြမ်းပြင်လိုက်ပါ”
ဟူလာယဲ့က အံ့အားသင့်စရာကောင်းသော ကိစ္စကြီးကို ကြုံတွေ့ခဲ့ရပုံပေါ်သည်။ ရေနွေးကြမ်းသောက်ခြင်းဖြင့် စိတ်ငြိမ်သွားနိုင်သေးသည်။
အခန်း(၈၂၅)
ဝမ်ချောင်၏ အခန်းထဲတွင် ဟူလာယဲ့က ရေနွေးကြမ်းခွက် အနည်းငယ် သောက်လိုက်ပြီးနောက် စိတ်ငြိမ်သွားသည်။ ထိုသို့ဖြင့် အဖြစ်အပျက်များကို သူက စိတ်အေးအေး ရှင်းပြနိုင်သွားသည်။ ဟူလာယဲ့ကလည်း ဝမ်ချောင်ကပြောသည့်အတိုင်း တသွေမတိမ်း လိုက်လုပ်ခဲ့သည်။ သူ့ကို သစ္စာဖောက်ရန် ကြိုးစားသည့် အိမ်တော်ထိန်းကို ကိုင်တွယ်ပြီးသည်နှင့် ဝမ်ချောင်၏ ရွှေထည်များ ရွှီချီချင်၏ အကူအညီကြောင့် ဟူလာယဲ့ကလည်း မဟာမြေပြန့်ဒေသတွင် ဆရာသခင်နီးပါး ဖြစ်သွားသလို ခံစားခဲ့ရပြီး အလွန်အမင်း သက်တောင့်သက်သာရှိသည့် ဘဝမျိုးနှင့် နေထိုင်နိုင်ခဲ့သည်။
ရွှေများသုံးကာ လမ်းဖောက်မှုနှင့်အတူ ဟူလာယဲ့က ပို၍မြင့်မားသော အဆင့်အတန်းတစ်ခုရောက်အောင် တက်နိုင်ခဲ့သည်။ မဟာထန်နှင့် သဘောတူညီမှုယူထားသည့် စစ်မြင်းသုံးသိန်းက မြက်ခင်းပြင်ဒေသမှ အဖွဲ့များအားလုံးထံမှ ရယူခဲ့သည့်အတွက်ကြောင့် အရှက်မဲ့သော အဖွဲ့ခေါင်းဆောင်ကြီးများဆိုလျှင် သူ့နောက်သို့ပင် ပြေးလိုက်ကာ ထိုသဘောတူညီမှုအတွင်း ဝင်ပါနိုင်ရန် ကြိုးစားခဲ့ကြသည်။ သူကပင် ထိုလူများကို မရေတွက်နိုင်ခဲ့ချေ။ သို့သော် မုန်တိုင်းက မည်သည့်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသေးသည်။ ဟူလာယဲ့၏ တူရကီမြေပြန့်ဒေသမှ စစ်မြင်းများကို ဝယ်ယူသည့်ကိစ္စနှင့် သူ၏ကြီးမားလာသည့် ကြွယ်ဝမှုက လူတစ်ယောက်၏ အာရုံကို ဆွဲဆောင်လိုက်သည်။ ထိုလူကမူ အနောက်ပိုင်းတူရကီ ခါကာနိတ်မှ ဝံပုလွေနက် ရကုဟုခေါ်သော အကုတုလန်ဖြစ်သည်။
အကုတုလန်က လက်အောက်ငယ်သားများကိုလွှတ်ကာ ထိုကိစ္စကို စုံစမ်းစစ်ဆေးခဲ့ပြီး ဟူလာယဲ့၏ သဲလွန်စကို ရှာတွေ့သွားသည်။ ထို့အပြင် အကုတုလန်ကလည်း နောက်ထပ် လက်အောက်ငယ်သား တစ်သုတ်ကို စေလွှတ်ကာ စစ်မြင်းများက မည်သည့်နေရာသို့ ရောက်သွားကြောင်း စုံစမ်းခဲ့ပြီး သဲလွန်စများအရ ဝမ်ချောင်၏ သံမဏိမြို့ထံ ရောက်သွားကြောင်း ရှာတွေ့ခဲ့သည်။ ထိုမတော်တဆမှု နှစ်ခုက ဟူလာယဲ့အား ထိုဝံပုလွေနက် ရကုက ပစ်မှတ်ထားမိသွားစေသည်။
ဟူလာယဲ့ကလည်း အန္တရာယ်ကို အာရုံခံမိသဖြင့် ချက်ချင်းလိုလို ထွက်သွားခဲ့သည်။ သို့သော် ဝံပုလွေနက်ရကု၏ လုပ်ကြံသတ်ဖြတ်သူများကမူ အနားမယူဘဲ ဆက်တိုက်လိုက်သတ်သည်။ ဟူလာယဲ့က အသက်ဘေးမှ ကပ်သီးလေး လွတ်လာခဲ့ပြီး ရုပ်ရည်ကိုပြောင်းကာ ကိုယ့်ကိုယ်ကို ရုပ်ဖျက်လျှက် နောက်ဆုံးတွင် ဒီနေရာသို့ ရောက်လာနိုင်ခဲ့သည်။ သို့သော်သူက ပြဿနာကြားထဲ ရောက်နေသေးသည်။ အကြောင်းမူကား ထွက်ပြေးနေရင်းမှ သူမည်သည့်နေရာသို့ သွားရမှန်း မသိသောကြောင့်ဖြစ်သည်။ အဆုံးတွင် သူတွေးမိသည့် တစ်ဦးတည်းသောလူက ဝမ်ချောင်ဖြစ်နေသည်။
“ဝမ်ချောင် မင်းငါ့ကိုကယ်ရမယ်။ ငါမြေပြန့်ဒေသမှာ အချိန်အကြာကြီး အလုပ်လုပ်နေခဲ့တာ။ ငါ့ရဲ့သွေးချွေးတွေကို အဲ့ဒီထဲကို ထည့်ထားရသေးတယ်။ ငါဒီတိုင်း လက်မလျော့လိုက်နိုင်ဘူး။ ဒါ့အပြင် ငါမြေပြန့်ဒေသအပေါ် ခြေမချနိုင်ဘူးဆိုရင် ငါတို့ ဒီကိစ္စကို ဆက်လုပ်နိုင်တော့မှာမဟုတ်ဘူး။ ဝမ်ချောင် ငါဘယ်နေရာမှ သွားစရာမရှိဘူး။ မင်းပဲ ငါ့ကိုကူညီနိုင်တော့မယ်။ မင်းပဲငါ့ကို ဒီကိစ္စမှာ ကူညီပေးနိုင်တော့မယ်။ မင်းသာငါ့ကို ကူညီပေးနိုင်မယ်ဆိုရင် ငါမင်းကို အဆပေါင်းများစွာ ပြန်လည် ပေးဆပ်မှာပါ”
ဟူလာယဲ့က ဝမ်ချောင်၏ ညာလက်ကို ခပ်တင်းတင်း ဆုပ်ကိုင်ထားသည်မှာ ကယ်တင်ရှင်ကို ဆုပ်ကိုင်ထားသလို ထင်ရသည်။
ဝမ်ချောင်၏ မျက်မှောင်က ကျုံ့နေသည်။သူက တစ်ဖက်မှ နွမ်းလျနေပြီး စိတ်ဓာတ်ကျနေသော ဟူလာယဲ့ကို ကြည့်ကာ တွေးတောနေသည်။ ဟူလာယဲ့ကလည်း ထိုမျှကြီးမားသည့် ကိစ္စကြီးကို အတွေ့အကြုံရသွားမည်ဟု မမျှော်လင့်ခဲ့မိချေ။ ထိုကိစ္စက ယခင်ဘဝတွင်ပင် မဖြစ်ပျက်ခဲ့ဖူးချေ။ သူနှင့် ဟူလာယဲ့၏ ပူးပေါင်းမှုက ကိစ္စပေါင်းများစွာကို ပြောင်းလဲသွားစေခဲ့သည်။ ဝံပုလွေနက် ရကုကပင် ဟူလာယဲ့ကို အမဲလိုက်ခဲ့သည်။
“ဟူလာယဲ့ မင်းကိုအခု အနောက်ပိုင်းတူရကီ ခါကာနိတ်တစ်ခုလုံးက လိုချင်နေတယ်လို့ ပြောတာလား”
ဝမ်ချောင်က ရုတ်တရက်မေးသည်။
“အဲ့ဒီလောက်တော့ မဆိုးသေးဘူး”
ဟူလာယဲ့က ချက်ချင်းလက်ယမ်းသည်။
“ငါ့ကို ဝံပုလွေနက်ရကုရဲ့ အမိန့်ကြောင့်ပဲ အမဲလိုက်ကြတာ။ ခါကန်းအတွက်ကတော့ ... ငါသူ့ဘက်က အဖွဲ့တိုင်းနဲ့ အဆက်အသွယ်ရှိထားပြီးသား။ နောက်ပြီး ခါကန်းရဲ့ဘေးက လူတိုင်းကိုလည်း လာဒ်ထိုးထားသေးတယ်။ ဝံပုလွေနက်ရကုကတော့ အက်ရှာပါရာရဲ့ ဆွေမျိုးဖြစ်နေပြီး သူ့ရဲ့သွေးကြောထဲမှာ တော်ဝင်သွေးက စီးဆင်းနေတယ်။ သူက သွေးမနီးပေမဲ့လည်း တော်တော်လေးကို အဆင့်အတန်း မြင့်နေသေးတယ်။ ဒါကြောင့် သူငါ့ကို သတ်ချင်ရင် ငါဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ငါလာဒ်ထိုးထားတဲ့ လူတွေကလည်း ဝံပုလွေနက်ရကုကို ငါ့အတွက်ကြောင့်နဲ့ ရန်သူမဖြစ်ချင်ကြဘူး”
“နားလည်ပြီ”
ထိုစကားကိုကြားပြီးနောက် ဝမ်ချောင်က ခေါင်းညိမ့်ကာ သက်ပြင်းရှည်ကြီးကိုချသည်။ ဟူလာယဲ့ကိုသာ အနောက်ပိုင်း တူရကီ ခါကာနိတ်တစ်ခုလုံးက အလိုရှိနေလျှင် ဝမ်ချောင်ကပင် အင်အားမဲ့ရပေလိမ့်မည်။ သို့သော် ဝံပုလွေနက်ရကုလောက်ဆိုရင် ကိစ္စကမတူချေ။ သူက ဝံပုလွေနက်ရကုကို ကိုင်တွယ်လိုက်သမျှ ဟူလာယဲ့၏ ပြဿနာကို ချောမွေ့စွာ ဖြေရှင်းနိုင်ပေလိမ့်မည်။
“ဟူလာယဲ့ မင်းစိုးရိမ်ဖို့မလိုဘူး။ ဒီကိစ္စကို ငါ့တာဝန်ထား။ အများဆုံးနှစ်လပဲ။ ငါမင်းအတွက် ဒီကိစ္စကို ဖြေရှင်းပြီး မင်းကို အနောက်ပိုင်း မြေပြန့်ဒေသကို ပြန်ခိုင်းပေးမယ်”
ဝမ်ချောင်က ထိုသို့ပေ့ါပါးစွာပြောသည်။ သူ၏အသံက ယုံကြည်မှုအပြည့် ပါနေပြီး သတိလက်လွတ် အခြားသူများက သူ့ကို ယုံကြည်လာစေသည်။
“တကယ်လား”
ဟူလာယဲ့က ပျော်သွားသည်။ သူကလည်း ဝမ်ချောင်ကလွဲပြီး မည်သူကမျှ သူ့ကို မကူညီနိုင်ကြောင်း သိသဖြင့် လာခဲ့ခြင်းဖြစ်ပြီး ကံကောင်းမှုကို စမ်းချင်ခဲ့သည်။ သို့သော် ဝမ်ချောင်က အလွယ်တကူ သဘောတူမည်ဟု မမျှော်လင့်ထားမိချေ။ ထို့ပြင် ထိုပြဿနာကို ဖြေရှင်းပေးမည်ဟုပင် ကတိပေးလိုက်သေးသည်။ ဒါက ဟူလာယဲ့က ဖြစ်နိုင်သည်ဟု မယုံကြည်နိုင်သော ကိစ္စမျိုးဖြစ်သည်။
“ဟမ့် ငါတို့ဒီလောက် ပူးပေါင်းတာကြာနေပြီ။ ငါကမင်းကို လိမ်ပါ့မလား”
ဝမ်ချောင်ကပြောသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တဖြည်းဖြည်းချင်း အင်အားကြီးမားသည့် အရှိန်အဝါကို လွှတ်ထုတ်လိုက်သည်။
ဟူလာယဲ့ကို လိုက်ပို့ပြီးနောက် ဝမ်ချောင်၏မျက်နှာရှိ အပြုံးက ပျောက်ကွယ်သွားသည်။
သူဖြစ်နေမယ်လို့ မထင်ထားဘူး။
ဝမ်ချောင်က ခပ်ဆဆတွေးသည်။ သူ၏မျက်မှောင်ကလည်း တဖြည်းဖြည်းချင်း ပြေလာသည်။ ဝံပုလွေနက်ရကု အန်းကုတုလန်ဆိုသည်မှာ ဝမ်ချောင်အလွန်ရင်းနှီးသော နာမည်ဖြစ်သည်။ ချီရှီတွင် ခြိမ်းခြောက်မှုကြီး နှစ်ခုရှိသည်။ တစ်ခုက တိဗက်တောင်ပေါ်ဒေသမှ သတ်ဖြတ်ခြင်းစစ်နတ်ဘုရား သာ့ယန်မာန်ပန့်ဆိုသည့် သေသွားပြီးသော ထိုလူဖြစ်သည်။ ထို့ကြောင့် အနောက်ဘက်ပိုင်းမှလာသည့် ရန်စွယ်များကို ယာယီအားဖြင့် ဖယ်ရှားလိုက်နိုင်သည်ဟု သတ်မှတ်၍ရသည်။
ကျန်ရှိနေသော ရန်စွယ်ကမူ အနောက်ပိုင်းတူရကီ ခါကာနိတ်၏ ဝံပုလွေနက် ရကုဟုခေါ်သော အန်းကုတုလန်ဖြစ်သည်။ ထိုလူ၏ပုံစံ အကျင့်စရိုက်က သာ့ယန်မာန်ပန့်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။ သာ့ယန်မာန်ပန့်က တိုက်ရိုက်လုပ်ကြံသတ်ဖြတ်ရခြင်းကို ပျော်မွေ့သည့်အချိန်တွင် ဝံပုလွေနက်ရကုက အရိပ်ထဲမှ စောင့်ကြည့်ရခြင်းကို သဘောကျသည်။ သူက ဟာကွက်ကိုစောင့်ပြီး သေစေနိုင်သော ရိုက်ချက်ထုတ်တတ်သည်။ သူတို့က ပုံစံကွဲပြားသော်လည်း ခြိမ်းခြောက်မှုခြင်းကတူသည်။
တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲပြီးကတည်းက တူရကီမြက်ခင်းပြင်ဒေသက တောက်လျှောက် တိတ်ဆိတ်နေခဲ့သည်။ ဝမ်ချောင်ကလည်း ဝံပုလွေနက်ရကုက သူ့အပေါ် မည်သို့ သက်ရောက်မည်ဖြစ်ကြောင်း မမျှော်လင့်ထားသေးချေ။ သို့သော် စစ်မြင်းသုံးသိန်းကမူ သူနှင့် မဟာထန်အတွက် အလွန်အရေးကြီးသည်။ သူကသာ ထိုအကြံကို ဝံပုလွေနက်ရကုက ဖျက်ဆီးလိုက်သော အခြေအနေကို ခွင့်မပြုနိုင်ချေ။
ကြည့်ရတာငါ အဲ့ဒီကိစ္စကို ရှေ့တိုးလုပ်ဆောင်ရတော့မယ်။
ဝမ်ချောင်က ခပ်တိုးတိုး ဆုံးဖြတ်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း အေးစက်ကာ ကြမ်းတမ်းသည့် အလင်းက လက်သွားသည်။
......
အဝေးရှိ တူရကီမြက်ခင်းပြင်ဒေသတွင် ချီရှီကာကွယ်ရေးစစ်တပ်၏ ခုခံရေးအားလှိုင်းနှင့် ကီလိုမီတာ ခုနှစ်ရာမှ ရှစ်ရာခန့်အထိ ဝေးကွာသောနေရာတွင် ကောင်းကင်ထိပင် ထိုးတက်နေသည်ဟု ထင်ရသည့် ကြီးမားသော ရွှေရောင်ရွက်ဖျင်တဲကြီးရှိသည်။ ထိုရွက်ဖျင်တဲကို တူရကီမြင်းတပ် ထောင်ကျော်က စောင့်ကြပ်ကာကွယ်ပေးထားပြီး တစ်ယောက်ချင်းစီတိုင်းက အလွန်အမင်း သန်မာကာ ထောင်ထောင်မောင်းမောင်း အရွယ်အစားနှင့်ဖြစ်ကြပြီး ဓားများကို ထုတ်ထားသောပုံစံနှင့်တူသည်။ တူရကီမြင်းတပ်နှင့် သိပ်မဝေးသော နေရာတွင် ထိုနေရာဝန်းကျင်တွင် လှည့်လည်သွားလာနေသည့် ရှည်လျားသော အစွယ်များဖြင့် ကြမ်းတမ်းသည့် အနက်ရောင် ဝံပုလွေကြီးများကိုမြင်နိုင်သည်။ ထိုဝံပုလွေကြီးများက အလွန်အမင်း ကြီးမားသည်။
အမျိုးသားနှင့် ဝံပုလွေက အတူပူးပေါင်းကာ ရှိနေသည်မှာ တသားတည်းအလား ထင်ရသည်။ တူရကီမြက်ခင်းပြင် ဒေသတွင်သာ ထိုကဲ့သို့သော မြင်ကွင်းမျိုးကို မြင်ရသည်။
“ဟူလာယဲ့ဘယ်နေရာကိုသွားလဲ ရှာတွေ့ပြီလား”
ရွှေရောင်ရွက်ဖျင်တဲထဲမှ ပုံရိပ်နှစ်ခုက အနည်းငယ် လှုပ်ခါသွားပြီးနောက် ကြမ်းတမ်းကာ ရက်စက်သော အသံက ထွက်လာသည်။
“အရှင်ရကု ဟူလာယဲ့က တကယ်ကို ကောက်ကျစ်လွန်းပါတယ်။ သူက သူ့ကိုယ်သူ မိန်းမတစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး ထွက်ပြေးသွားခဲ့တယ်။ ကျွန်တော်တို့ အမျိုးသားတွေက အရူးလုပ်ခံရပြီး သူ့ကို လွှတ်ပေးလိုက်မိတယ်။ သူက အခုသံမဏိမြို့ကို ရောက်သွားပါပြီ။ သူက မဟာထန်လူငယ်အမတ်ရဲ့ ပိုင်နက်နယ်မြေထဲမှာပါ။ အရှင်ရကုရဲ့ အရင်အမိန့်အတိုင်း ကျွန်တော်တို့ ရှေ့ဆက်မလိုက်နိုင်ခဲ့ပါဘူး”
ပိန်ပါးသော တူရကီကင်းထောက်က မြေပြင်တွင် ဒူးထောက်ချထားသည်။ သူ၏မျက်နှာက ဖြူစုတ်နေပြီး နဖူးတွင် ချွေးများရွှဲနေသည်။
“ဘာ မျိုးမစစ်တွေက ဘာမှမလုပ်နိုင်ဘူးလား”
ဝံပုလွေနက်ရကုက ဒေါသထွက်သွားပြီး ကွဲအက်သံနှင့်အတူ ဟူလာယဲ့၏ အိမ်တော်မှ ကြီးမားသော ပုလဲကို ကောက်ယူပြီး ဖုန်မှုန့်ဖြစ်သွားစေသည်။
“ဒီလိုမြင်းကုန်သည်တစ်ယောက်ကိုတောင် မဖမ်းနိုင်ရင် မင်းတို့က ဘာလုပ်နိုင်ကြလဲ။ တစ်ယောက်ယောက် လာစမ်း”
ထိုစကားနှင့်အတူ ဒူးထောက်နေသော ကင်းထောက်၏မျက်နှာက ပြာနှမ်းသွားသည်။ သူ၏ပုံစံကပင် မငြိမ်တော့ချေ။ ဝံပုလွေနက်ရကုကို အချိန်အတန်ကြာ ခစားနေပြီး ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို သူက ရှင်းရှင်းလင်းလင်း သိနေသည်။ ဝံပုလွေနက်ရကုက တစ်ယောက်ယောက်ကို ခေါ်လိုက်သည်နှင့် သူ၏ခေါင်းမှာ လိမ့်ထွက်ရတော့ပေမည်။
“ဖြေးဖြေးပေါ့”
ထိုအချိန်တွင် ငယ်ရွယ်သော အသံတစ်သံက ဖောက်ဝင်လာသည်။ ထိုငယ်ရွယ်သော တူရကီအမျိုးသားက ခမ်းနားသောဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏အဆင့်အတန်းက ပုံမှန်မဟုတ်ကြောင်း သက်သေပြနေသည်။ သူက ဝံပုလွေနက်ရကုရဲ့နောက်မှ ထွက်လာပြီးနောက် ရကု၏ မြှောက်ထားသောလက်ကို အသာပြန်တွန်းချသည်။
“ဒါကဒီအတိုင်း မြင်းကုန်သည်လေးပါပဲ။ အရှင်ရကုအနေနဲ့ ဒီလောက်ဒေါသထွက်ဖို့ လိုလို့လား။ ဒါ့အပြင် ငါတို့က သူ့ရဲ့အိမ်တော်က ပစ္စည်းအများကြီးကို သိမ်းဆည်းထားသေးတာပဲ။ မင်းရဲ့ လက်အောက်ငယ်သားတွေကို ဒီလောက်ဒေါသထွက်ဖို့ လိုအပ်လို့လား။ ဒီလိုသေးငယ် နိမ့်ကျတဲ့ ကုန်သည်တစ်ယောက်နဲ့ယှဉ်ရင် ငါတို့နောက်လုပ်မဲ့ ကိစ္စကမှ အရှင်ရကုရဲ့အာရုံကို ဆွဲဆောင်နိုင်မှာမဟုတ်လား”
တူရကီလူငယ်၏ စကားလုံးများက ဝံပုလွေနက်ရကု၏စိတ်ကို ငြိမ်းအေးသွားစေသည်။ သူက သူ၏လက်ညိုးပေါ်မှ သိန်းငှက်ပုံလက်စွပ်ကို တစ်ချက်ပွတ်လိုက်ပြီးနောက် စိတ်ကိုထိန်းလိုက်သည်။
“ငါ့ရဲ့ရှေ့ကထွက်သွား”
“ကျေးဇူးအများကြီးတင်ပါတယ် အရှင်ရကု”
ကင်းထောက်က ချက်ချင်းလိုလို တဲထဲမှထွက်သွားသည်။
“ချီရှီကာကွယ်ရေးစစ်တပ်က ဘာသတင်းရလဲ”
ကင်းထောက်က ထွက်သွားသည့်အခိုက် ဝံပုလွေနက်ရကုက တူရကီလူငယ်ကို လှည့်ကြည့်လိုက်သည်။ သူက ချီရှီကာကွယ်ရေးစစ်တပ်နှင့် ပတ်သတ်သမျှ အရာအားလုံးကို ထိုလူငယ်ကို လွှဲထားခြင်းဖြစ်သည်။ ထို့ကြောင့် သူဆိုလိုသည့် အဓိပ္ပာယ်က သတင်းအသစ်ဖြစ်ကြောင်း ဆိုလိုသည်။
“ဟား ဟား အရာအားလုံးက အရှင်ရကုက ခန့်မှန်းထားတဲ့အတိုင်းပဲ။ ဖုမာန်လင်းချာက မဟာထန်ရဲ့ မင်းသားတွေရဲ့စစ်ပွဲမှာ ဝင်ပါခဲ့ပြီး ချီရှီက ခေါင်းဆောင်မရှိတဲ့ နဂါးအုပ်လိုဖြစ်သွားတယ်။ နောက်ပြီး အဖွဲ့အများကြီး ကွဲနေသေးတယ်။ အားလုံးက အချင်းချင်း ရန်စောင်နေကြတာ။ သူတို့အားလုံးက ချီရှီကာကွယ်ရေးနေရာအတွက် တိုက်ခိုက်နေကြတာ။ အရှင်ရကုက အမိန့်ပေးလိုက်တာနဲ့ ငါတို့က သူတို့အနည်းငယ်ဆီ အဆက်အသွယ်လုပ်ထားလို့ အများစုကို ငါတို့ဘက်ဆီ သိမ်းသွင်းထားနိုင်ပါပြီ။ ဒီလိုနဲ့ အခြေအနေအားလုံးကို သဘောတူထားလိုက်နိုင်ပြီ။ သက်ရောက်မှုက တော်တော်လေးကို သိသာလွန်းတယ်။ အဲ့ဒီထဲက လူအနည်းစုဆိုရင် သူတို့က ချီရှီဘက်က စစ်သားတွေကို ခေါ်လာပေးပြီး ငါတို့နဲ့ ပူးပေါင်းမယ်လို့ပြောတယ်။ ဒါက မယုံနိုင်စရာကောင်းတဲ့ ရှားပါးတဲ့ အခွင့်အရေးမဟုတ်လား။ ငါတို့က ချီရှီကာကွယ်ရေးစစ်တပ်ကို ပြင်းပြင်းထန်ထန် ဖိနိုင်အောင် ထိုးနှက်လို့ရပြီ”
တူရကီလူငယ်က စိတ်လှုပ်ရှားစွာပြောသည်။
“ချီရှီကာကွယ်ရေးစစ်တပ်ကို ပြင်းပြင်းထန်ထန် အထိနာအောင် ထိုးနှက်နိုင်မှာ မဟုတ်သေးဘူး”
ဝံပုလွေနက်ရကုက မျက်မှောင်ကျုံ့သည်။
“ငါတို့ရဲ့ပန်းတိုင်းက မဟာထန်ကို ဝင်စီးပြီး သူတို့နဲ့စစ်ပွဲကြီး စဖို့မဟုတ်ဘူး။ ငါတို့ကဒီတိုင်း အဲ့ဒီလို လုပ်လိုက်မယ်ဆိုရင် တိဗက်တွေလို အရူးဖြစ်သွားမှာပေါ့။ ပိုဆိုးတာက ချီရှီကာကွယ်ရေးစစ်တပ်ကို ပြင်းပြင်းထန်ထန် အထိနာအောင် လုပ်တာက အဲ့ဒီလောက်ထိ အသုံးမဝင်သေးဘူး။ မဟာထန်က ဆက်လက်ပြီး တပ်ဖွဲ့တွေ စေလွှတ်နိုင်နေသေးတယ်။ စစ်သည်သောင်းကျော်လောက် ဆုံးရှုံးသွားတာက မဟာထန်အပေါ် ဘာမှကြီးကြီးမားမား သက်ရောက်သွားမှာမဟုတ်ဘူး။ အဓိက အရေးကြီးတာက ချီရှီကာကွယ်ရေးစစ်တပ်ရဲ့ ကြီးမားတဲ့ လက်နက်တိုက်ပဲ”
တူရကီလူငယ်က ချက်ချင်းတိတ်ဆိတ်သွားသည်။
ဝံပုလွေနက်ရကုက ပြောသော အခြေအနေကို သူကလည်းသိသည်။ ချီရှီကာကွယ်ရေးစစ်တပ်က အနောက်ပိုင်းဒေသတွင် အကြီးဆုံး လက်နက်တိုက်ကြီးကို ပိုင်ထားသည်။ မဟာထန်နယ်စပ်တွင်ပင် အကြီးမားဆုံး ဖြစ်နိုင်နေသေးသည်။ သူတော်စင်ဧကရာဇ်က တည်ဆောက်ရန် ကြေညာပြီးနောက် ထိုလက်နက်တိုက်က မဟာထန်ကို အနောက်ပိုင်းဒေသကို ခုခံရာတွင် ကြီးမားသောကဏ္ဍမှ ပါဝင်စေခဲ့သည်။ ထို့နောက် မြောက်ပိုင်းဒေသသို့လည်း ဆက်လက်ပြီး ဖြန့်ကျက်နိုင်ခဲ့သည်။
ထိုမျှကြီးမားသော လက်နက်တိုက်ကြီးထဲတွင် ကြီးမားသော လက်နက်ကြီးများကတင် အရေအတွက် တစ်သိန်းအထိ ရှိနေနိုင်သည်။ ထို့ပြင် အမျိုးမျိုးသော သံချပ်ကာများ၊ အမြှောက်များ အားလုံးက မရေမတွက်နိုင်အောင် ရှိနေလောက်သည်။ သို့ရာတွင် ထိုလက်နက်တိုက်က ချီရှီတွင် ရှိနေသော်လည်း ချီရှီကာကွယ်ရေးစစ်တပ်က အပိုင်မဟုတ်ချေ။ ချီရှီကာကွယ်ရေးစစ်တပ်က ဒီတိုင်း တာဝန်ယူကာ စောင့်ကြပ်ထားရခြင်းသာဖြစ်သည်။
ထိုလက်နက်တိုက်က အန်းရှီ၊ ပေ့ထင်၊ ချီရှီနှင့် လုံရှီတို့အတွက် ထောက်ပံ့နေရခြင်းဖြစ်သည်။ လက်နက်များကို ရယူရန် သူတော်စင်ဧကရာဇ်ထံမှ အမိန့်ကလိုအပ်သည်။ ဆိုလိုသည်မှာ ချီရှီက ရတနာသိုက်ပေါ်တွင် ထိုင်နေသော်လည်း အသုံးမပြုနိုင်ချေ။
ဒါကလည်း အနောက်ပိုင်း တူရကီ ခါကာနိတ်များက ရှာဖွေစုံစမ်းပြီးနောက် သိရှိသွားရသည့် အချက်ဖြစ်သည်။