← Chapters

အခန်း (၈၂၆-၈၃၀)

Vol. 45 Ch. 826-830

အခန်း (၈၂၆-၈၃၀)

Vol. 45 Ch. 826-830

အခန်း(၈၂၆)

ဝံပုလွေနက်ရကု၏ ကြီးမားသော ထိုလက်နက်တိုက်အပေါ် ဆာလောင်နေသော စိတ်ဆန္ဒက တစ်ရက်၊ နှစ်ရက်ထဲသာ ကြာသေးခြင်းမဟုတ်ချေ။ သို့သော် ဖုမာန်လင်းချာက ရှိနေစဉ် အတောအတွင်း ထိုလက်နက်တိုက်ကို အပြည့်အဝ တင်းတင်းကြပ်ကြပ် ခုခံကာကွယ်ထားပြီး ဖုမာန်လင်းချာကိုယ်တိုင်ကလည်း အချိန်မရွေး ထွက်လာရန် အသင့်ပြင်ထားလောက်သဖြင့် ရကုအနေနှင့် ထိုအကြောင်းပြောရန် အခွင့်အရေးမရှိခဲ့ချေ။ သို့သော် ယခုအချိန်တွင် ဖုမာန်လင်းချာကို မြို့တော်သို့ ဆင့်ခေါ်ခံထားရပြီး ကောလဟာလများအရ သူက အကျဉ်းပင် ကျနေသေးသည်။ ထိုသို့ဖြင့် အနောက်ပိုင်း တူရကီခါကာနိတ်တို့အတွက် ဒါက ဖော်ပြရန်ခက်ခဲသော ရှားပါးသည့် အခွင့်အရေးကြီး ဖြစ်သွားသည်။

“မင်းလည်း ပေ့ထင်က နောက်ဆုံးစစ်ပွဲက ဘယ်လိုဖြစ်သွားခဲ့လဲ မြင်တာပဲ”

ဝံပုလွေနက် ရကုက ရုတ်တရက် တိတ်ဆိတ်မှုကို ဖြိုခွဲသည်။

“သူတို့ရဲ့ လက်နက်အင်အားက မှင်သက်စရာ ကောင်းလွန်းအားကြီးတယ်။ စွမ်းရည်ချင်း ရှုံးသွားတာထက် ငါတို့က သူတို့ရဲ့ မြောက်များလွန်းတဲ့ လက်နက်တွေဆီမှာ ရှုံးသွားတာ။ ပေ့ထင်က လက်နက်တွေ အားလုံးကလည်း ဒီလက်နက်တိုက်က လာတာပဲ။ ဒါကြောင့် ငါ့အနေနဲ့ ဒီတာဝန်က ဘယ်လောက် အရေးကြီးလဲဆိုတာကို နားလည်ဖို့မျှော်လင့်တယ်”

“ရကု စိတ်အေးအေးထား ငါဒီကိစ္စကို သင့်တော်သလို ကိုင်တွယ်မှာပါ”

ပိန်ပိန်ပါးပါး တူရကီလူငယ်ကပြောသည်။

“အွန်း”

ဝံပုလွေနက် ရကုက ခေါင်းညိမ့်လိုက်ပြီး ခပ်တင်းတင်း အကြံပေးသည်။

“ဒီကိစ္စက မင်းအတွက်လည်း အရေးကြီးတယ်။ ဒါကြောင့် မရိပ်မိစေနဲ့။ ဒါ့အပြင် မင်းဒီဟူလာယဲ့ရဲ့ ကြွယ်ဝမှုတွေအားလုံးကို အဲ့ဒီချီရှီကာကွယ်ရေးစစ်တပ်က ဗိုလ်ချုပ်တွေကို သွေးဆောင်ဖို့ အသုံးပြုလို့ရတယ်။ သူတို့ကို လက်နက်တိုက်နားက သူတို့ရဲ့ အစောင့်တွေကို အဝေးခေါ်ထုတ်ခိုင်းသွားပြီး အစောင့်အင်အား လျော့ခိုင်းထားလိုက်”

“နားလည်ပြီ”

တူရကီလူငယ်က စိတ်လှုပ်ရှားစွာ ထွက်သွားသည်။

.....

ဝူရှန်းသံမဏိမြို့

ဝမ်ချောင်က ချီရှီ၏ ကြီးမားသော ပုံစံငယ်ကြီးတစ်ခု၏အရှေ့တွင် ရပ်နေခြင်းဖြစ်သည်။ ထိုပုံစံငယ်၏ အလယ်တွင် ကြီးမားသော ခန်းမတစ်ခုရှိပြီး ချီရှီကာကွယ်ရေးဌာနချုပ်ကြီးလည်းဖြစ်သည်။ သို့သော် လူတိုင်း၏ အာရုံကမူ ဌာနချုပ်တွင် မရှိဘဲ အနီးအနားရှိ လက်နက်တိုက်ကို ကြည့်နေကြသည်။

ဝမ်ချောင်က ညာဘက်လက်ကို ဆန့်လိုက်ပြီးနောက် ပုံစံငယ်ပေါ်မှ လက်နက်တိုက်နေရာကို ညွှန်ပြသည်။

“ငါတို့သိထားတဲ့အတိုင်းဆိုရင် အနောက်ပိုင်း တူရကီ ခါကာနိတ်တွေက အနောက်မြောက်ပိုင်းက ဒီအကြီးဆုံး လက်နက်တိုက်ကို လိုချင်နေတာကြာပြီ။ အမှန်တိုင်းပြောရရင် ယွီစန်းကတောင်မှ ဒီလက်နက်တိုက်ကို လိုချင်လောက်သေးတယ်။ အရင်ကဆိုရင် ဖုမာန်လင်းချာက ရှိနေခဲ့တော့ သူတို့ဘာမှမလုပ်ရဲဘဲ ကြောက်နေခဲ့တာ။ ဒါပေမဲ့အခု ဖုမာန်လင်းချာက မရှိတော့ဘူး။ နောက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်မှာလည်း ခေါင်းဆောင်မဲ့နေတယ်။ အတွင်းပိုင်း ဆူပူပွက်လောရိုက်နေတဲ့ ကိစ္စတွေက ရှုပ်ထွေးနေသေးတယ်။ ဒီအတွက်ကြောင့်လည်း ဒီတိုင်းပြည်နှစ်ခုအတွက် ရှားပါးတဲ့ အခွင့်အရေးကြီး ဖြစ်လာတယ်။ သူတို့က ဒီကိစ္စကို လုံးဝလွှတ်ပေးမှာမဟုတ်ဘူး”

“အရှင် အရှင်ကဘယ်လိုတောင် ဉာဏ်ကောင်းလိုက်တာလဲ”

ဘေးဘက်မှ ဟူလာယဲ့ကပြောသည်။ ဟူလာယဲ့က ဝမ်ချောင်ကို ကောင်းကင်ဘုံမှ ဆင်းသက်လာသော လူတစ်ယောက်အဖြစ် သတ်မှတ်ထားပြီးလေပြီ။ မည်သို့ပင်ဆိုစေ သူက ဝမ်ချောင်၏ အင်အားကြီးမားသော ခန့်မှန်းနိုင်စွမ်းအားကို အကြိမ်အနည်းငယ် အတွေ့အကြုံ ရှိခဲ့ပြီးလေပြီ။ ထို့ပြင် သူ၏ အိမ်တော်ထိန်းက သစ္စာဖောက်သောကိစ္စနှင့် သူအရှေ့ပိုင်း တူရကီခါကာနိတ်တွင် ကြုံတွေ့ခဲ့ရသော အန္တရာယ်များသည့် မတော်တဆမှုနှင့် ပေါင်းလိုက်သော် ဟူလာယဲ့က ဝမ်ချောင်ကို နှလုံးသားတစ်ခုလုံးသုံးကာ ယုံကြည်သက်ဝင်သူအဖြစ်ပင် ပြောင်းလဲသွားသေးသည်။

“အရှင်အမတ် ငါတို့တွေ တပ်ဖွဲ့တွေ စေလွှတ်ပြီး ခုခံရေးအားလှိုင်းကို မြှင့်တင်လား”

လီစစ်ယဲ့ကပြောသည်။ သူ၏မျက်နှာတွင်လည်း မျက်မှောင်က ကျုံ့နေသည်။ သူက လက်နက်တိုက်ကိုသာ ကြည့်နေသည်။ သူကိုယ်တိုင်ကလည်း ဝမ်ချောင်က မည်သည့်အချိန်က သတင်းရလာကြောင်း မသိသော်လည်း လီစစ်ယဲ့ကမူ သူ့ကို သံသယမဝင်ချေ။

“ဟား ဟား ဆန့်ကျင်ဘက်ပေါ့”

ဝမ်ချောင်က ခေါင်းကိုခါပြီးရယ်သည်။

“လိုချင်ရင် ပေးတော့ပေးရမှာပေါ့။ ငါတို့က ခုခံရေးအားလှိုင်းကို အင်အားမမြှင့်ပေးသင့်ရုံတင်မကဘဲ အားနည်းအောင် ကူညီပေးရဦးမှာ။ ဒါမှပဲ ငါတို့က တိုက်ခိုက်လာမဲ့ အလားအလာမြင့်တဲ့ တိုက်ခိုက်ရေးသမားတွေကို ငါးစာချနိုင်ပြီး သူတို့ကို ဖယ်ထုတ်နိုင်မှာပေါ့။ ဒီလိုမှ မပေါ်သေးတဲ့ရောဂါကို တစ်ခါတည်း ကုထားပြီးသားဖြစ်သွားမှာ။ အဲ့ဒီလိုသာမဟုတ်ရင် သူတို့က အရိပ်ထဲမှာအမြဲတမ်း ပုန်းနေကြပြီး အချိန်မရွေး တိုက်ခိုက်လာနိုင်လို့ ငါတို့က တချိန်လုံး သတိအပြည့်နဲ့ စောင့်ကြပ်နေရလိမ့်မယ်။ ဒီလိုဆိုရင် ဘယ်တော့မှ ဉာတိုင်းကောင်းကောင်း အိပ်ရမှာမဟုတ်ဘူး။ ဒီလိုဆိုရင် ဘယ်ညမှ ကောင်းကောင်းအိပ်ရမှာမဟုတ်ဘူး”

“အရှင်အမတ်ဆိုလိုတာက ကျွန်တော်တို့က လက်နက်တိုက်အနားက ခုခံရေးအားလှိုင်းကို လျော့ချပေးသင့်တာလား။ ဒါပေမဲ့ လက်နက်တိုက်က တော်ဝင်ကလန်ရဲ့ အပိုင်လေ။ ကျွန်တော်တို့မှာ ဒီလိုလုပ်ဖို့ အာဏာမှမရှိတာ။ နောက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်ကလည်း ဒီလိုလုပ်ပေးမှာမဟုတ်ဘူး”

ချန်းစန်းယွမ်ကပြောပြီး မျက်မှောင်က ကျုံ့သွားပြန်သည်။

“ဟား ဟား အရင်ကဆိုရင်တော့ မဖြစ်နိုင်ဘူးပေါ့။ ဒါပေမဲ့ အခုတော့ အာမခံလို့ မရတော့ဘူး။ ချီရှီကာကွယ်ရေးစစ်တပ်က ဝရုန်းသုန်းကားဖြစ်နေတာ။ သူတို့က ခေါင်းဆောင်မရှိတဲ့ နဂါးတွေ။ ဒီတော့ လူတိုင်းက လက်လှမ်းဖို့ အကောင်းဆုံး အခြေအနေပဲလေ”

ဝမ်ချောင်က ရယ်သည်။ သူ၏ ဘာကိုမှ ဂရုမစိုက်သလိုမျိုး ယုံကြည်မှုရှိသောအပြုံးက လူတိုင်းကို ဆွဲဆောင်သွားနိုင်သည်။

တကယ်ပဲ အဲ့ဒီလိုဖြစ်နေတာပဲ။

ချီရှီကာကွယ်ရေးစစ်တပ်သည် အဖွဲ့ငယ်လေးပေါင်းများစွာ ကွဲနေခြင်းအားဖြင့် မည်သို့သော စွန့်စားမှုများမဆို အောင်မြင်ရန် ဖြစ်နိုင်ချေမြင့်သည်။

“ရွှီခဲ့ယွီ ငါမင်းကိုပဲ ဒီကိစ္စကို လွဲပေးလိုက်တော့မယ်”

ဖုမာန်လင်းချာ အယုံကြည်ရဆုံး လက်အောက်ငယ်သားကိုရှာရန် စီမံကိန်းကို ဖြေရှင်းပြီးနောက် ရွှီခဲ့ယွီက တဖြည်းဖြည်းချင်း လေးစားစရာ ပိုကောင်းလာသလို ကိစ္စများကိုလည်း ကိုယ်ပိုင်ကိုင်တွယ်နိုင်စွမ်းရည် မြင့်လာသည်။ ချီရှီကာကွယ်ရေးစစ်တပ်က ဟူဗိုလ်ချုပ်ကြီးများ၏ လက်အောက်တွင် ရှိနေသေးသော်လည်း ထိုထဲတွင်မူ ဟန်ဗိုလ်ချုပ် အနည်းငယ်လည်း ရှိနေသေးသည်။ ထို့ကြောင့် မှန်ကန်သော နည်းလမ်းနှင့်သာဆိုလျှင် ထိုဟန်ဗိုလ်ချုပ်များကို ဟူဗိုလ်ချုပ်များအား လွှမ်းမိုးနိုင်ပြီး အစောင့်များကို လက်နက်တိုက်နားမှ ခေါ်သွားစေရန် ကိစ္စက ခက်ခဲမှုမရှိနိုင်ချေ။

“အရှင်အမတ် ဒီအရာရှိက အခုပဲသွားလိုက်ပါ့မယ်”

ရွှီခဲ့ယွီက ဂါရဝပြုကာထွက်သွားသည်။

ဝမ်ချောင်က အရာအားလုံးကို ကိုင်တွယ်ကာ အမိန့်ထုတ်ပြီးသည့်အချိန်တွင် စုစည်းနေကြသော အရာရှိတိုင်းကို အလန့်တကြားဖြစ်သွားစေသည့် တောင်ပံခတ်သံကို ကြားလိုက်ရသည်။ သူတို့က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ အနက်ရောင် သတင်းပို့ငှက်တစ်ကောင်က အခန်းထဲသို့ ပြတင်းပေါက်မှဖြတ်ကာ ပျံသန်းလာကြောင်း မြင်လိုက်ရသည်။

“သူက မြို့တော်မှ သတင်းပို့ငှက်ပဲ”

ထိုငှက်ကို မြင်လိုက်သည်နှင့် လူတိုင်း၏မျက်နှာက ဖြူဖျော့သွားသည်။ မြို့တော်မှသတင်းကို အထူးငှက်က လာပို့တတ်ပြီး ငှက်၏အရောင်ကလည်း သတင်း၏ အရေးကြီးမှုအလိုက် ပြောင်းလဲတတ်သည်။ အနက်ကမူ အလွန်အမင်း အရေးကြီးလွန်းသော အခြေအနေအတွက်သာသုံးသည်။

“ဘာဖြစ်တာလဲ”

ဝမ်ချောင်က မျက်မှောင်ကျုံ့သွားသည်။ သူ၏စိတ်ထဲတွင်လည်း ကြီးမားသည့် အံ့အားသင့်မှုကြီးက ပေါ်ထွက်လာသည်။ ထိုအခိုက် သူကရုတ်တရက် မည်သည့်အတွက်ကြောင့် မြို့တော်မှ စာပို့လာကြောင်း မစဉ်းစားတတ်တော့ချေ။

“ဒီကိုယူလာခဲ့”

အစောင့်တစ်ယောက်က သတင်းပို့ငှက်ထံမှ စာကိုယူပြီးနောက် ဝမ်ချောင်၏လက်ထဲသို့ လေးစားစွာဖြင့် ကမ်းပေးလာသည်။ ဝမ်ချောင်က စာကိုဖွင့်လိုက်ပြီးနောက် သူ၏မျက်နှာက ဖြူဖျော့သွားသည်။

“လီစစ်ယဲ့ ငါဒီနေရာကို မင်းဆီလွှဲထားပေးခဲ့မယ်။ ငါအခုချက်ချင်း မြို့တော်ဆီပြန်ရမှာ”

ဝမ်ချောင်က ထိုသို့ ချက်ချင်းထရပ်ကာ ထွက်သွားသည်။ လျှင်မြန်စွာဖြင့် အံ့အားသင့်ကာ ဖိအားများနေသော အကြည့်များအောက်တွင် သူက ထိုနေရာကို ကျော်ဖြတ်သွားသည်။ မျက်တောင်တခတ် အချိန်အတွင်း သူကပျောက်သွားသည်။

...

“ဘာ မဟာထန်ရဲ့ လူငယ်အမတ်က သူ့ရဲ့ဝူရှန်း ပိုင်နက်နယ်မြေကထွက်ပြီး မြို့တော်ကို ပြန်သွားတယ်ဟုတ်လား”

အဝေးရှိ တူရကီမြက်ခင်းပြင်ဒေသအတွင်းရှိ ရွှေရောင်တဲစခန်းထဲတွင် ရှိနေသော ဝံပုလွေနက်ရကု အကုတုလန်က ထိုသတင်းကိုရလိုက်ပြီး သူ၏မျက်လုံးက ဖြတ်ကနဲပွင့်လာသည်။ သူ၏မျက်နှာတွင်မူ မယုံကြည်နိုင်မှုက အထင်းသားပေါ်လာပြီး ခုန်ထမတက်ဖြစ်သွားသည်။

“အရှင်ရကု ဒီသတင်းကို ကျွန်တော် ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ။ ကျွန်တော်တို့ သူ့ကို တောက်လျှောက် စောင့်ကြည့်နေတဲ့ လူတွေကလည်း သူက ဝူရှန်းကထွက်ပြီး တဲဖြတ်သန်းခွင့်နယ်မြေကို ကျော်ဖြတ်သွားတာကို မြင်ခဲ့ရပါတယ်။ သူက သေချာပေါက် မြို့တော်ဘက်ကို ဆက်သွားနေတာပါ”

တူရကီကင်းထာက်က မြေပြင်တွင် ဒူးထောက်လျှက်သား ရှိနေသေးသည်။ သူက ရိုကျိုးစွာ တင်ပြသည်။

အနောက်ပိုင်းဒေသက ဟူအမျိုးမျိုး၏ အိမ်ဖြစ်ပြီး တူရကီများကလည်း ရောနှောနေသည်။ ထို့ကြောင့် သူတို့ကလည်း အနည်းနှင့်အများ မဟာထန်အတွင်း လူများထည့်ထားနိုင်သည်။

ဝံပုလွေနက်ရကုက အရှေ့သို့ ငုံ့ကိုင်းလိုက်ပြီးနောက် တင်းမာစွာမေးသည်။

“မင်းတို့ အကြောင်းပြချက်ကို ရှာတွေ့ထားလား။ သူကဘာလို့ ရုတ်တရက် ဒီလိုအခြေအနေမျိုးမှာမှ ချီရှီက ထွက်သွားရတာလဲ”

ရုတ်တရက်ဆန်လွန်းတယ်။

ဝံပုလွေနက်ရကုကလည်း ဝမ်ချောင်ထွက်သွားသော အတော်လေး အံ့အားသင့်သွားသည်။ သူ၏စိတ်ကပင် မုန်တိုင်းထန်သွားသည်။

ချီရှီတွင် သူကြောက်သောလူ နှစ်ယောက်သာလျှင်ရှိသည်။ တစ်ယောက်ကမူ ချီရှီမှ ကာကွယ်ရေးဗိုလ်ချုပ်ဟောင်းကြီးဖြစ်သည့် မဟာဗိုလ်ချုပ်ကြီး ဖုမာန်လင်းချာဖြစ်သည်။ ထိုလူက အတော်လေး ကောက်ကျစ်သော မြေခွေးအိုဖြစ်ပြီး ကိုင်တွယ်ရ အလွန်ခက်သည်။ ထို့ပြင်သူက အလွန်လည်း အင်အားကြီးမားသည်။ အခြားတစ်ယောက်ကမူ လူငယ်အမတ် ဝမ်ချောင်ဖြစ်သည်။ ယခင်ကဆိုလျှင် လူတိုင်းက အထင်သေးထားခဲ့သောလူဖြစ်သည်။

အခြားသော အဖွဲ့အစည်းများမှ လူများနှင့်မတူသည်မှာ အကုတုလန်က တစ္ဆေမျက်လုံး ရကုနှင့် ဆုံဖူးသဖြင့် ထိုရကုထံမှ နတ်ဘုရားတောင်မှ ပြန်သယ်လာသာ သတင်းက သူအခြားလူများထံမှ ရထားဖူးသော သတင်းများနှင့်ခြားနားနေသည်။ (၁၇)နှစ်သာရှိသေးသော ထိုလူငယ်က အနောက်တောင်ပိုင်း နယ်မြေတွင် မယုံနိုင်စရာကောင်းသော ပါရမီမျိုးကို ဖော်ထုတ်ပြသခဲ့သည်။ တစ္ဆေမျက်လုံး ရကုကိုယ်တိုင်ကပင် အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်များထဲတွင် ထိုလူငယ်ကို စစ်အနုပညာပိုင်းတွင် ယှဉ်နိုင်သောလူက အရေအတွက် အကန့်အသတ်ရှိကြောင်း ပြောဆိုခဲ့သည်။ ထို့ပြင် လက်တစ်ဖက်ဖြင့် ရေတွက်နိုင်သော ထိုအရေအတွက်ကပင် လက်သုံးချောင်း မပြည့်နိုင်သော အနေအထား ဖြစ်နေသေးသည်။

ထိုစကားက အက်ရှာဘာရာ ခါကန်းကိုပင် မဟာထန်မှ လူငယ် သေကိုသေရမည်ဟု ဆုံးဖြတ်ချက် ချခဲ့သည်အထိ ဖြစ်သွားစေခဲ့သည်။

သို့သော် ထိုလူငယ်က မယုံနိုင်စရာကောင်းလောက်အောင် အမိန့်ပေးနိုင်သူဖြစ်သည်။ သိုင်းပညာအရာတွင် အနည်းငယ် အားနည်းနေခြင်းက သူ၏အားနည်းချက်ဖြစ်ပြီး မယှဉ်နိုင်သည့် ပျော့ကွက်လည်းဖြစ်သည်။ အကုတုလန်ကလည်း သူ၏အင်အားစုကို တောင်ပိုင်းသို့ တောက်လျှောက် ဦးဆောင်ကာ ဆင်းချသွားပြီး ချီရှီကာကွယ်ရေးစစ်တပ်၏ အားလှိုင်းကို ကျော်ဖြတ်ကာ ဝူရှန်း၏ သံမဏိမြို့သို့ ဆင်းသွားလျှက် သတ်ဖြတ်ချင်စိတ် အပြည့်နှင့်အတူ မဟာထန်ကို သတ်ခဲ့သော မြင်ကွင်းမျိုးကို ထပ်ခါတလဲလဲ စိတ်ကူးယဉ်ဖူးသည်။

သို့သော် အ့ကုတုလန်ကလည်း ထိုအကြံကို လုပ်ခဲ့ပြီးသော တစ်စုံတစ်ယောက် ရှိနေခဲ့ပြီး သူမျှော်လင့်ထားသည်ထက် မြန်ဆန်စွာ လုပ်ဆောင်နိုင်ခဲ့သောလူအကြောင်း သိခဲ့ရသည်။ ထိုလူကလည်း ယွီစန်းမှ သတ်ဖြတ်သူ စစ်နတ်ဘုရားဟု ကျော်ကြားနေသည့် သာ့ယန်မာန်ပန့်ဖြစ်သည်။

အကုတုလန်က သာ့ယန်မာန်ပန့်ဟာ တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် သေသွားကြောင်း ကြားသည့်အချိန်တွင် ပြင်းထန်သည့် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှုကြီးကို ခံစားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင် ရှိသမျှ ရက်စက်သည့် စိတ်ဆန္ဒများကပင် ခြောက်ကပ်မတက် ဖြစ်သွားခဲ့ရသည်။ သူကိုယ်တိုင်ကလည်း ထိုသတ်ဖြတ်ခြင်း စစ်နတ်ဘုရားနှင့် မတွေ့ဆုံခဲ့ရသည့်တိုင်အောင် သူတို့က ချီရှီပိုင်နက်မှ ခြင်္သေ့နှစ်ကောင် ဖြစ်နေသေးသည်။ ထို့ကြောင့် မိတ်ဆွေဟု ဆို၍ရသည်။

အကုတုလန်အနေနှင့်လည်း သူ၏အင်အားက သာ့ယန်မာန်ပန့်နှင့် ယှဉ်နိုင်ကြောင်းသိသည်။ သူတို့နှစ်ယောက်လုံးကလည်း နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးများအဖြစ် ရာထားခံရသူဖြစ်သည်။

သာ့ယန်မာန်ပန့်ကမူ ဝမ်ချောင်နှင့် မယှဉ်နိုင်လျှင် အကုတုလန် ကိုယ်တိုင်ကလည်း အားသာချက် ရရှိမည်ဟု မယုံနိုင်ချေ။ အနည်းဆုံး ဝမ်ချောင်ကို လျှပ်စီးကဲ့သို့ မြန်ဆန်သည့် ထိုးနှက်ချက်မျိုးဖြင့် ခေါင်းဖြတ်နိုင်မည်ဟု စိတ်ကူးယဉ်ခြင်းကလည်း မဖြစ်နိုင်ချေ။ ထိုအတွက်ကြောင့်လည်း သူက ဟူလာယဲ့က ဝူရှန်းကို ထွက်ပြေးသွားသည်ဟု သိသဖြင့် ဆက်မလိုက်ခိုင်းတော့ချေ။

“အရှင် ကျွန်တော်တို့ သိထားတဲ့အတိုင်းဆိုရင် လူငယ်အမတ်ရဲ့ အစ်ကိုနှစ်နဲ့ ပတ်သတ်နေလောက်ပါတယ်။ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ သတင်းတွေအရဆိုရင် သူ့ရဲ့ အစ်ကိုနှစ်ဖြစ်သူက ပြစ်မှုတစ်ခုကို ကျူးလွန်ခဲ့ပြီး တစ်ယောက်ယောက်ကို သတ်လိုက်မိတာပါ။ နောက်ပြီး ပါဝင်နေတဲ့ထဲမှာ မင်းသမီးတစ်ပါးလည်း ရှိနေပါတယ်။ ဒီမတော်တဆမှုက ရုတ်တရက်ဆန်ပြီး ဖြစ်ပွားခဲ့တဲ့အတွက်ကြောင့် သူအလောတကြီး ပြန်သွားခဲ့ရတာ ဖြစ်လောက်တယ်”

ဒူးထောက်နေသော ကင်းထောက်တစ်ယောက်က ထိုသို့တင်ပြသည်။

အစ်ကိုနှစ်

ဒါအဲ့ဒီ ဝမ်ပေ့လို့ခေါ်တဲ့ အကောင်မဟုတ်လား။

အ့ကုတုလန်၏ မျက်လုံးက ပြူးကျယ်သွားပြီး စတွေးသည်။ သူကလည်း လွန်ခဲ့သော အချိန်များစွာကတည်းက ဝမ်ချောင်နှင့် ပတ်သတ်သော သတင်းများကို စုဆောင်းပြီးသားဖြစ်သည်။ အခြားအဖွဲ့အစည်းများနှင့် မတူသည်မှာ ဝံပုလွေနက်ရကုက အတော်လေး တွေးတောတတ်သည်။ ထို့ကြောင့် ဝမ်ချောင်၏အစ်ကိုနှင့် ဝမ်ပေ့ဆိုသူက မျိုးရိုးဗီဇလိုက်သော အရူးရောဂါမျိုးကို ခံစားနေရကြောင်း သိထားသည်။

ထိုရောဂါက လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက စတင်ခဲ့ခြင်းဖြစ်ပြီး သူက တော်ဝင်အကျဉ်းထောင်ထဲတွင် သူကိုယ်တိုင်ဝင်ကာ သူ့အား ထောင်ချထားစေခဲ့သည်။ သို့သော် ရုတ်တရက် သူက လွတ်သွားမည်ဟု မမျှော်လင့်မိချေ။

“ဆက်ပြီးစုံစမ်းထားလိုက် ငါအတည်ပြုဖို့ သတင်းတွေ အများကြီးလိုတယ်”

ဝံပုလွေနက်ရကုက ချက်ချင်း အမိန့်ထုတ်လိုက်သည်။ သူကလည်း ထိုစီမံကိန်းနှင့် ပတ်သတ်ပြီး အတော်လေး သတိကပ်ထားသည်။

ဖုမာန်လင်းချာက မရှိတော့သည့်အပြင် အကုတုလန်အနေဖြင့် ဝမ်ချောင်ကိုသာ ကြောက်ရန် လိုအပ်တော့သည်။ ဝူရှန်းက ချီရှီနှင့် မနီးမဝေးသော နေရာမျိုးတွင် ရှိနေသည်။ ထို့ကြောင့် အနည်းဆုံး ချီရှီသာ တစ်ခုခုဖြစ်ခဲ့ပါက ဝမ်ချောင်က ချက်ချင်းရောက်လာနိုင်သေးသည်။

အကယ်၍ ဝမ်ချောင်ကသာ ထိုနေရာတွင် မရှိနေခဲ့လျှင်မူ ချီရှီရှိ မည်သူကမှ အကုတုလန်ကို ရပ်တန့်အောင် လုပ်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် သူက ချီရှီ၏ လက်နက်တိုက်ကို ခပ်ကြမ်းကြမ်း အပိုင်သိမ်းရန် အခွင့်ကောင်း ရရှိလာပေလိမ့်မည်။

အခန်း(၈၂၇)

ခြုံခိုတိုက်ခိုက်လာတဲ့ ဝံပုလွေနက်ရကု

ဝံပုလွေနက်ရကုက အချိန်အကြာကြီး မစောင့်နိုင်ခဲ့ချေ။ သူက စောင့်ရန်မလိုအပ်ခဲ့ခြင်းဖြစ်သည်။ ရက်အနည်းငယ်သာ ကြာရုံဖြင့် မြို့တော်ဘက်မှ လျှပ်စီးလက်သလို မြန်ဆန်စွာ ပျံသန်းလာသော သိန်းငှက်ကြီးတစ်ကောင်က မဟာမြက်ခင်းပြင်ကျယ်ဒေသကို ကျော်ဖြတ်လျှက် ဝံပုလွေနက်ရကု၏ ရွက်ဖျင်တဲထံသို့ ဆင်းသက်လာသည်။ စာထဲတွင် စာကြောင်းအနည်းငယ်သာပါသည်။

“တစ်ခုဖွင့် သတင်းကတိကျတယ်။ ဝမ်ချောင်ရဲ့အစ်ကိုနှစ် ဝမ်ပေ့က လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က တော်ဝင်အကျဉ်းထောင်က ထွက်လာပြီး အချိန်မှာပဲ ရုတ်တရက် သူ့ရဲ့အရူးရောဂါက ထဖောက်လို့ လမ်းပေါ်က ကြုံရာလူတွေကို လိုက်သတ်တယ်။ မတော်တဆမှုက ဝရုန်းသုန်းကား ဖြစ်သွားစေခဲ့ပြီး တရားရေးရာ အဆုံးအဖြတ်ခုံရုံးကပါ ဝင်ပါလာခဲ့တယ်။ ဒါ့အပြင် ဒီကိစ္စထဲမှာ တော်ဝင်မင်းသမီးတစ်ပါးက ပါဝင်ပတ်သတ်နေခဲ့တယ်” ထိုစကားလုံးများ၏ အောက်တွင် ဆက်စပ်သော သတင်းများပင် အပိုဖြည့်ထားသေးသည်။

“ဟား ဟား ကောင်းတယ်”

ဝံပုလွေနက်ရကု၏ မျက်ခုံးများက ပြေလျော့သွားသည်။ သူ၏စိုးရိမ်ပူပန်မှုအားလုံးက ရှင်းလင်းခံလိုက်ရသည်။ သူက ချက်ချင်းလိုလို အားအင်တက်ကြွသွားပြီး လန်းဆန်းသွားကာ အော်ရယ်လိုက်မိသည်။ သူ၏ရယ်သံက မြက်ခင်းလွင်ပြင်တောက်လျှောက် ပဲ့တင်ထပ်သွားသေးသည်။

“ကောင်းကင်ဘုံက ငါ့ကိုထောက်ပံ့ပေးနေတာပဲ။ ငါတို့က ဒီအခွင့်အရေးကို ရနေပြီဆိုကတည်းက ဘာကိုမှ စောင့်ဖို့မလိုတော့ဘူး။ အခုချက်ချင်း စစ်တပ်ကို အသင့်ပြင်ဖို့ ငါ့အမိန့်ထုတ်လိုက်။ ဒီညငါတို့တွေ မဟာထန်ရဲ့ ချီရှီလက်နက်တိုက်ကို ဖျက်ဆီးကြမယ်”

မဟာထန်၏ ကြီးမားသော ထိုလက်နက်တိုက်ကြီးက အနောက်ပိုင်းတူရကီ ခါကာနိတ်များအတွက် လည်ပင်းတွင် ငါးရိုးစူးသလို ဖြစ်နေခဲ့သည်။ ဝံပလွေနက်ရကုကလည်း ဖျက်ဆီးရန်ဆန္ဒ ပြင်းထန်နေသည်မှာ ကြာလှချေပြီး ဒါက လွန်ခဲ့သော နှစ်ရက်ကမှ ကောက်ထွက်လာသည့် အကြံလည်းမဟုတ်ချေ။ ထို့ပြင် နှစ်နှစ်တင်မဟုတ်ဘဲ လွန်ခဲ့သော အချိန်များစွာကတည်းက ရှိနေခဲ့သည့် အိမ်မက်ဖြစ်သည်။

“ဟုတ်ကဲ့ အခုချက်ချင်း ဒီလက်အောက်ငယ်သားက သွားလုပ်လိုက်ပါ့မယ်”

အစောင့်က ချက်ချင်းထွက်သွားသည်။

ဝုန်း

ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံးကို ပစ်ထည့်လိုက်၍ အားလှိုင်းများ ထသွားသလိုမျိုး ဝံပုလွေနက်ရကု၏ အမိန့်က မြက်ခင်းပြင်ကျယ်ဒေသမှ မြင်းများကိုဟီစေပြီး မရေမတွက်နိုင်အောင် များပြားသည့် တူရကီစစ်မြင်းပေါင်းများစွာကို ပြန်ဖြေသံထုတ်စေသည်။ တချိန်ထဲလိုလို ဝံပုလွေနက်များကလည်း အူကြပြီး အုပ်လိုက်စုလာကြသည်။

ချက်ချင်းဆိုသလို မြက်ခင်းပြင်ကျယ်ဒေသတွင် တိုက်ပွဲမတိုင်ခင် ဖြစ်တတ်သည့် တင်းကြပ်နေသော လေထုအခြေအနေက စတင်ကာ ဖြစ်ပေါ်လာသည်။

......

အချိန်က ကျီကာလဖြစ်သည်။ ညကအလွန် နက်နေလေပြီ။ ချီရှီနှင့် မဟာမြက်ခင်းပြင်ကျယ်ဒေသ နယ်စပ်တစ်နေရာတွင် ပုံမှန်အားဖြင့် အစောင့်များ အပြည့်အကြပ် ရှိနေသင့်သော်လည်း ယခုမူ ပြောင်ရှင်းနေသည်။

“ဟား ဟား ဟား ဟား ကြွယ်ဝမှုကိုသုံးပြီး ကပ်ဘေးကိုရှောင်တယ်။ ဒီကောင်တွေက တကယ် အားကိုးထိုက်တာပဲ”

အမှောင်ထဲတွင် ကြမ်းတမ်းသော ရယ်သံကြီးက ထွက်လာပြီး တူရကီဘာသာဖြင့် စကားပြောသံက ထွက်လာသည်။ ထိုလူက ဆက်တိုက်ရယ်နေသည်။ ထို့နောက် ကင်းထောက်မြင်းသမားက ခပ်မြန်မြန် ထွက်ခွာသွားသည်။ ရုတ်တရက် မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး မြင်းတပ် ရာကျော်၊ ထောင်ကျော်က စတင်ကာ ထွက်ပေါ်လာကြသည်။ မြင်းတပ်၏အရှေ့ဆုံးတွင် တောင့်တင်းသန်မာသော ကြွက်သားအပြည့်နှင့် မြင့်မားလွန်းသော အရှိန်အဟုန်ပြည့် မြက်ခင်းပြင်ကျယ်ဒေသမှ မြင်းတစ်ကောင်ကို စီးထားသော လူတစ်ယောက်ရှိနေသည်။ ထိုမြင်းက သာမာန်လူတစ်ယောက်၏ အရပ်ထက်ပင်မြင့်သေးသည်။ အပေါ်မှစီးနင်းသူ၏ ဆံပင်နှင့် အဝတ်များက လေတွင်လွင့်နေသည်။ ထိုလူ၏ ခန္ဓာကိုယ်မှ ရိုင်းစိုင်းကြမ်းတမ်းသော သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှတ်နေသည်။

“အားလုံးပဲ ဆက်သွားကြ တိုက်ပွဲကို မြန်မြန်အဆုံးသတ်ဖို့ မြန်မြန် တိုက်ခိုက်ကြဖို့လိုတယ်။ နောက်ကျန်ခဲ့တဲ့ကောင် အရှုပ်အထွေးတွေ လုပ်တဲ့ကောင်တွေအားလုံးကို ငါတို့ပြန်တာနဲ့ အပြစ်ပေးခံရမယ်”

ဝံပုလွေနက် ရကု၏အသံက အမှောင်ထုကို ထိုးခွဲသွားသည်။

“ဟား ဟား ဟား စိတ်အေးအေးထား ဘာမှမမှားနိုင်ပါဘူး”

“ငါတို့က ချီရှီမှာ မီးမွှေးထားပြီးသား။ အခုအဲ့ဒီနေရာကို ပြောင်းပြန်လှန်ဖို့ပဲလိုတယ်”

“ဟား ဟား ဟား ငါတို့က မီးမွှွေးရုံတင်လုပ်ထားတာ ဘယ်ဟုတ်ပါ့မလဲ။ ငါတို့က လူတစ်ယောက် နှစ်ယောက်လောက် သတ်ဖို့လိုသေးတယ်။ တားလာတဲ့လူတိုင်း သေရမယ်လေ။ ငါတို့ဒီလို မလုပ်နိုင်ရင် ငါတို့ပြန်ပြီး ကိုယ့်အမေနို့ပဲ ပြန်သောက်နေသင့်တယ်”

မည်းမှောင်နေသော ညအချိန်တွင် ရယ်သံများက ပြည့်နှက်လာသည်နှင့်အမျှ မြင်းတပ်က ထိုနေရာကို ကျော်ဖြတ်ကာ အပြေးနှင်ပြီး ချီရှီကာကွယ်ရေးစစ်တပ်ထံ ဦးတည်သွားသည်။ သူတို့၏ အနောက်တွင်လည်း အနက်ရောင် ဝံပုလွေများက တိတ်တဆိတ် လိုက်ပါလာသည်။ သူတို့၏ မျက်လုံးက အမှောင်ထဲတွင် အစိမ်းရင့်ရောင် တောက်ပနေသည်။ မြက်ခင်းပြင်ကျယ်ဒေသကို ကျော်ဖြတ်ပြီးနောက် သူတို့က အနောက်မြောက်ပိုင်းထံ ဦးတည်ကြသည်။ တဖြည်းဖြည်းချင်း ဝူရှန်းသံမဏိမြို့နှင့် အကွာအဝေးတစ်ခုရှိရန် ထိန်းထားကြသည်။

ညနက်ပိုင်းတွင် တိုက်ခတ်သောလေက ချီရှိကို ဖြတ်သန်းသောအခါ ဟိန်းသံပင်ထွက်နေပြီး မြင်းခွာသံများကြောင့် ထွက်ပေါ်လာသော ဆူညံသံတိုင်းက အသံအများစုကို လွင့်ပျယ်သွားစေသည်။

တူရကီစစ်သည် ငါးထောင်က ညအမှောင်ထဲတွင် တစ္ဆေများလို ကျော်ဖြတ်သွားလာနေပြီး တိတ်တဆိတ် ချီရှီ၏ လက်နက်တိုက်ထံ ဦးတည်နေကြသည်။ အံ့အားသင့်စရာကောင်းသည်မှာ သူတို့က မည်သည့်စစ်သည် မည်သည့်ခုခံမှုနှင့်မျှ မကြုံခဲ့ရချေ။ ဖုမာန်လင်းချာ၏ ခိုင်မာသော အစောင့်စစ်သားများနှင့် ကင်းစောင့်များအားလုံးက ပျောက်ကွယ်နေကြသည်။ ဝံပုလွေနက်ရကုကလည်း ဂရုတစိုက် ပတ်ဝန်းကျင်ကို စစ်ဆေးပြီးမှသာ ကျေနပ်စွာ ခေါင်းညိမ့်သည်။

သစ္စာဖောက်ဟူလာယဲ့၏ ကြွယ်ဝမှုက အတော်လေး အသုံးဝင်ကြောင်း သက်သေပြခဲ့သည်။ ဟူအမတ်ချုပ်ကြီးများကလည်း လာဒ်ထိုးသော ဆုလဒ်များကို ယူသွားခဲ့ပြီး မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်ပေးခဲ့ခြင်းအားဖြင့် အစောင့်စစ်သားတိုင်းကို ရုပ်သိမ်းပေးသွားသည်။ သူကသာ ချီရှီလက်နက်တိုက်ကို မျှော်လင့်ထားသည့်အတိုင်း မီးရှို့နိုင်မည်ဆိုလျှင် အရာအားလုံးကတန်သည်။

မြင်းတပ်ငါးထောင်က ချက်ချင်းလိုလို လေထန်ပိုင်းကိုကျော်ဖြတ်ကာ စီးနင်းသွားသည်။ တစ်နာရီနီးပါးခန့် ကြာပြီးနောက် သူတို့က နောက်ဆုံးတွင် ကြီးမားသော အဆောက်အဦးကြီးကို တွေ့လိုက်ရသည်။ ထိုအဆောက်အဦးကြီးက ရှေးဦးမူလ သားရဲတစ်ကောင်လိုမျိုး လီအနည်းငယ်အဝေးမှပင် ထင်ထင်ရှားရှား မြင်နိုင်သည့် ပုံစံမျိုးနှင့် ရှိနေသည်။ ထိုမျှအကွာအဝေးနှင့်တင် အထဲမှထွက်လာသည့် ကြီးမားသော်လည်း ရန်စနိုင်စွမ်းရှိသည့် ဖိအားကို ခံစားနိုင်သည်။ ထိုအဆောက်အဦးကြီးကို ရင်ဆိုင်ရသည့်အခါ နန်းတော်တိုင်း မျှော်စင်တိုင်းက သေးငယ်သော ပုရွက်ဆိတ်များကဲ့သို့ ဖြစ်သွားပေလိမ့်မည်။

ချီရှီရဲ့လက်နက်တိုက်

ထိုအဆောက်အဦးကြီးကို မြင်လိုက်ရသည်နှင့် ဝံပုလွေနက်ရကုက ပျော်သွားသည်။ ထိုမျှကြီးမားသော လက်နက်တိုက်ကြီးထဲတွင် အမျိုးမျိုးသော လက်နက်ကြီးသိန်းကျော်ရှိသည်။ အမျိုးမျိုးသော သံချပ်ကာများ၊ ဆေဘာများ၊ ဓားများ၊ လှံများ၊ ခက်ရင်းခွများ အလုံးစုံ ရှိနေပေလိမ့်မည်။ လွန်ခဲ့သော ဆယ်နှစ်ခန့်က ဝံပုလွေနက်ရကုက သူ့ကိုယ်သူ အနောက်ပိုင်းဒေသမှလာသော ကုန်သည်တစ်ယောက်အဖြစ် ရုပ်ဖျက်ပြီး နေ့ခင်းဘက်ပိုင်း လာကြည့်ခဲ့ဖူးသည်။ ထိုအဆောက်အဦးကြီးကို တစ်ချက်မြင်ခဲ့ရရုံနဲ့တင် သူအံ့ဩခဲ့ရသည်။ သို့သော် ထိုအဆောက်အဦးကြီးကို အင်ပါယာနန်းတော်မှ ဗိသုကာပညာရှင်များက တည်ဆောက်ခဲ့ကြခြင်းဖြစ်သည်။ အပြင်ဘက်မြို့ရိုးများကို သတ္တုများဖြင့်သုံးကာ တည်ဆောက်ထားပြီး အလွန်အမင်း ကြမ်းတမ်းခိုင်မာသည်။ ထို့ကြောင့် မီးဒဏ်ကိုခံနိုင်သည်ဆိုသော အချက်ကို ထည့်သွင်းစဉ်းစားခဲ့ဟန်ရသည်။

ဒါပေမဲ့ ဒီလောကမှာ မီးရှို့လို့မရဘူးဆိုတဲ့ အရာမျိုး မရှိဘူး။

မြင်းပေါ်မှ ဝံပုလွေနက်ရကုက မြင်းဘေးတွင် ချိတ်ဆွဲထားသော လယ်သာအိတ်များနှင့် ဗူးများကို ကြည့်လိုက်ပြီး သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းသော အလင်းက လက်လာသည်။ ထိုဗူးများထဲတွင် ရေမပါချေ။ သို့သော် အာရပ်မှဆီသာပါသည်။ သူ၏စစ်သည်ငါးထောင်ကလည်း အလားတူအိတ်နှင့်ဗူးများ သယ်လာကြသည်။ သူတို့က ထိုဆီများကို လောင်းချလိုက်သည်နှင့် သံမဏိကိုပင် ရှို့နိုင်သည်။

အရေးအကြီးဆုံးအချက်ကမူ ဝံပုလွေနက်ရကုက ချီရှီ၏ ဟူဗိုလ်ချုပ်ကြီးတစ်ယောက်ကို လက်နက်တိုက်ထဲတွင် ကောက်ရိုးခြောက်များထည့်ရန် တောင်းဆိုထားသည်။

“အားလုံးပဲ ငါ့နောက်လိုက်ခဲ့ကြ”

ဝံပုလွေနက်ရကုက ရုတ်တရက် အော်ဟစ်လိုက်ပြီး အရှိန်နှုန်းကိုမြှင့်လိုက်သည်။

တူရကီမြင်းတပ်ငါးထောင်က ဖုန်လုံးတိမ်စိုင်များကို နောက်တွင် ကန်ထုတ်ထားခဲ့ပြီး ချီရှီလက်နက်တိုက်သို့ ချဉ်းကပ်သွားသည်။ မိနစ်သုံးဆယ်ခန့်ကြာပြီးနောက် ချီရှီလက်နက်တိုက်က အလွန်နီးကပ်လာသည်။ ကျန်းတစ်ထောင်ပင် မဝေးကွာတော့ချေ။ ထိုအကွာအဝေးတွင် လက်နက်တိုက်ဂိတ်မှ အစောင့်များကပင် သူတို့ကို သတိပြုမိသွားကြသည်။ ထို့ကြောင့် လှမ်းအော်ကြသည်။

“ဟား ဟား အခုမှတော့ နောက်ကျသွားပြီ”

ဝံပုလွေနက် ရကု၏မျက်နှာတွင် ခက်ထန်ကြမ်းတမ်းသော အပြုံးက ပေါ်ထွက်လာသည်။ သူကလည်း သူ၏အကြံ၏ သက်ရောက်မှုကို သိလိုက်သည်။ ချီရှီ၏ လက်နက်တိုက်တွင် အစောင့်အနည်းငယ် ရှိနေသေးသည်။ သို့သော် ပုံမှန်အင်အားစု၏ ဆယ်ပုံတစ်ပုံပင် မရှိချေ။ ထိုလူများလောက်က သူကိုယ်တိုင် ရွေးချယ်ထားသော တူရကီ လက်ရွေးစင်များကို မယှဉ်နိုင်ချေ။

“အချိန်ကျပြီ အားလုံးကိုသတ် ချီရှီရဲ့လက်နက်တိုက်ကို ဝင်စီးကြ”

ဝံပုလွေနက်ရကုက သူ၏ဓားမောက်ရှည်ကို ဆွဲထုတ်လိုက်ပြီး ချက်ချင်းလိုလိုရှေ့သို့ လွှဲယမ်းလိုက်သည်။ ချက်ချင်းဆိုသလို တူရကီစစ်သည်ငါးထောင်က အသားကုန် အော်ဟစ်ကြုံးဝါးကြပြီး စိတ်အားထက်သန်စွာဖြင့် အရှေ့သို့ မြင်းကိုအပြေးနှင်သွားကြသည်။

“အားလုံးကိုသတ်”

“ဟား ဟား ဟား ဂိတ်ဝမှာအော်နေတဲ့ အစောင့်က ငါ့အပိုင်ပဲ။ သူ့ကိုငါ့ဆီက ဘယ်သူကမှ မယူရဘူး”

“ဒီထန်ကိုသတ် ငါတို့တူရကီတွေအတွက် ပြန်လည်တိုက်ခိုက်ဖို့ အချိန်ကောင်းပဲ”

မြင်းတပ်ငါးထောင်က သူတို့၏ လက်နက်များကိုထုတ်ပြီး အရှိန်နှုန်းကို အကန့်အသတ်ထိ မြှင့်လိုက်ကြကာ ဒုန်းစိုင်းစီးလျှက် ချီရှီလက်နက်တိုက်၏ဂိတ်ထံ ဦးတည်သွားသည်။ ချီရှီက ခေါင်းဆောင်မဲ့နေပြီး အတွင်းပိုင်း ပွက်လောရိုက်မှုက ပြင်းထန်နေသဖြင့် မည်သူကမှ သူတို့ကို မခြိမ်းခြောက်နိုင်ချေ။ ဒီည ချီရှီကာကွယ်ရေးစစ်တပ်မှ စွန်းသောသွေးက ပုန်းနှင့်ပင် ခပ်ထုတ်ရပေလိမ့်မည်။

ချွင် ချွင် ချွင်

တူရကီစစ်သားများက စတင်ကာ သူတို့၏ စစ်ချီစက်ကွင်းများကို ထုတ်ဖော်ကြပြီး သူတို့၏ ခြေထောက်အောက်မှ စတင်ထွက်ပေါ်လာစေသည်။ ထိုသို့ဖြင့် သတ္တုချင်းထိခတ်သံများက ထွက်ပေါ်လာသည်။ သူတို့၏ ချီစက်ကွင်းငါးထောင်ကို ထုတ်လွှတ်လိုက်မှုနှင့်အတူ မြင်းတပ်ငါးထောင်က တသားတည်းအဖြစ် ပေါင်းစည်းသွားပြီး ကြီးမားသော အားလှိုင်းတစ်ခုကိုသုံးလျှက် မြေကမ္ဘာပေါ် လွှမ်းခြုံကာ ချီရှီလက်နက်တိုက်ကို ခြိမ်းခြောက်သော ဟန်အမူအရာကိုထုတ်သည်။

ထိုမျှပြင်းထန်သည့် အားလိှုင်းကို ရင်ဆိုင်ရသောအခါ ထိုနေရာတွင် ရှိနေသည့် ချီရှီအစောင့်များက လပြည့်ဝန်းကြီးရှေ့ ရောက်သွားသော ပိုးစုန်းကြူးကောင်များကဲ့သို့ ဖြစ်သွားကြကာ တစ်ယောက်ပြီးတစ်ယောက် ကစဉ့်ကလျားဖြစ်ကာ အထိတ်တလန့် ဖြစ်ကုန်ကြသည်။

ဝံပုလွေနက်ရကုကလည်း အနောက်ပိုင်းနယ်စပ်အတွက် တာဝန်ယူထားသူ ဖြစ်သည့်အလျောက် ချီရှီကာကွယ်ရေးစစ်တပ်နှင့် ထပ်ခါတလဲလဲ တိုက်ပွဲများ ဆင်နွဲဖူးသည်။ ဒီညတွင်ဝင်စီးသော ကိစ္စအတွက်ကမူ သူက သူ၏အတူ နှစ်ပေါင်းများစွာ အတူတိုက်ခိုက်ခဲ့သော လက်ရွေးစင်များမှလွဲပြီး အခြားသူများကို ခေါ်မလာခဲ့ချေ။ သူတို့က သာ့ယန်မာန်ပန့်၏ သတ္တိဖြူများကို မယှဉ်နိုင်သည့်တိုင်အောင် အများကြီး မကျန်ရစ်ခဲ့ချေ။ သူတို့က သာမာန်လက်နက်တိုက်မှ အစောင့်တပ်များကို ကိုင်တွယ်ရုံထက် အများကြီးလုပ်နိုင်စွမ်းအားရှိနေသည်။

ဝုန်း

မြေကမ္ဘာက ယမ်းခါသွားသည်။ တူရကီမြင်းတပ် ငါးထောင်က အမှောင်ထဲမှ သရဲများကဲ့သို့ ထွက်လာပြီး ချီရှီလက်နက်တိုက်မှ အစောင့်များအားလုံးက ကစဉ့်ကလျား ဖြစ်သွားကြသည်။ သူတို့က တူရကီစစ်မြင်းများ၏ မြင်းခွာအောက်တွင် အနင်းချေခံကြရသည်။

ဘန်း

သတိပေးချက် အလျဉ်းမရှိဘဲ တူရကီစစ်သည် ဆယ်ယောက်ကျော်က ရှေ့ဆုံးမှခုန်ထွက်လာပြီး ရုတ်တရက် သူတို့၏ စစ်မြင်းများပေါ်မှ ခုန်ချလိုက်ကြသည်။ ပတ်ဝန်းကျင်ရှိ မြေကမ္ဘာက ရုတ်တရက် လမ်းဖောက်လိုက်သလိုမျိုး ရှည်လျားသော မြောင်းတွင်းကြီး ပေါ်ထွက်လာသည်။ အကြောင်းမူကား ထိုနေရာသို့ ဆူးချွန်များအပြည့်ပါသော သံမဏိတုတ်ကြီးက ဆွဲရိုက်ချသွားသောကြောင့်ဖြစ်သည်။

စစ်မြင်းများအားလုံးက လဲကျသွားကြသည်။ သူတို့၏ခန္ဓာကိုယ်က ထိုဆူးချွန်များအောက်တွင် ရိုက်နှက်ခံလိုက်ရသည်။ အချို့သော တူရကီစစ်သားများဆိုလျှင် စစ်မြင်းပေါ်မှ လွင့်ထွက်သွားကြပြီး ကျင်းထဲသို့ကျကြသည်။ သူတို့က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားကြသည်။

ဟီး

မြင်းများထံမှ ဟီသံများက လေထုကို ထိုးခွဲသွားသည်။ တူရကီစစ်တပ်ကလည်း ချက်ချင်းလိုလို ကစဉ့်ကလျား ဖြစ်သွားကြသည်။

“ဘာတွေဖြစ်နေတာလဲ”

ဝံပုလွေနက်ရကုကလည်း ထိုမြင်ကွင်းကြောင့် လန့်သွားသည်။ သူက ချီရှီလက်နက်တိုက်မှ အစောင့်အများစုကို အဝေးသို့ရွေ့ခိုင်းထားပြီး ဒီနေရာတွင် မူရင်းအစောင့်၏ ဆယ်ပုံတစ်ပုံကိုသာ ချန်ထားခိုင်းခဲ့သဖြင့် သူ၏လူများအပေါ် ခြိမ်းခြောက်မှုမရှိသင့်ချေ။ ပို၍ဆိုးသည်မှာ သူက ချီရှီကာကွယ်ရေးစစ်တပ်ထဲမှ ဟူဗိုလ်ချုပ်ကြီးများ၏ တစ်ဝက်ကျော်ကျော်ခန့်ကို လာဒ်ထိုးထားပြီးသားဖြစ်သည်။ ထို့ကြောင့် ယခုကဲ့သို့ မြင်းထောင်ချောက်ကြီး ပေါ်လာသည့် အကြောင်းအရာနှင့် ပတ်သတ်ပြီး အကြောင်းပြချက် မရှာတတ်ချေ။

“သတိထား”

ဝံပုလွေနက်ရကုက အော်လိုက်သည်။ သူ၏မျက်လုံးက အလွန်ပြင်းထန်သည့် မသက်မသာဖြစ်မှုကို ထုတ်ဖော်လာသလို သူ၏နှလုံးသားကလည်း မသက်မသာဖြစ်လာသည်။ ဒါကသူတို့ သဘောတူထားသည့်အတိုင်း မဟုတ်ချေ။ သူက တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားချက်မျိုးကို ရလိုက်သည်။ သို့သော် ဝံပုလွေနက်ရကုက လူတိုင်းကို ပြန်မဆုတ်ခိုင်းခင် သူ၏စစ်တပ်က နောက်ပြန်မလှည့်နိုင်ခင် စူးရှသော လေချွန်သံက ကောင်းကင်ကို ထိုးခွဲသွားသည်။

စွပ် စွပ် စွပ် စွပ် စွပ်

ညအမှောင်ထုကို မီးမြှားငါးစင်းက ထိုးခွဲလာသည်မှာ မျက်စိကြိမ်းမတက် တောက်ပသော အလင်းစက်ကွင်းကြီးက ကျဆင်းလာသည်နှင့်တူသည်။ သို့သော် ထိုမြှားများက တိုက်ရိုက်ပင် စစ်သားများထံ ရောက်သွားသည်။

ဖလပ်

မီးမြှားတစ်စင်းက မည်သည့်နေရာသို့ ကျစေကာမူ ထိုနေရာတွင် ကြီးမားသော မီးတောက်ကြီးက ထတောက်သည်။ မီးတောက်များက ကောင်းကင်ထိတိုက် ထိုးတက်တော့မလိုမျိုး အညွန့်တလူလူ ဖြစ်လာသည်။ ထိုမျှကြမ်းတမ်းလွန်းသောမီးက နေရာအနှံ့ ပျံ့သွားပြီး တူရကီစစ်တပ်ကို ဝိုင်းလိုက်သည်။

ထိုညက နေ့အလား တောက်ပသွားသည်။

“သောက်ကျိုးနည်း ဒါက ခြုံခိုတိုက်ခိုက်တာပဲ”

ဝံပုလွေနက်ရကုက ရုတ်တရက် အသက်ပင် ရှုရန် ခက်ခဲသွားကြောင်း ခံစားလိုက်ရသည်။ သူ၏နှလုံးသားကလည်း ခုန်ရန်ပင် ဖြစ်သွားသည်။ သူက အလောတကြီး ချီရှီ၏ လက်နက်တိုက်ကို ဖျက်ဆီးရန် လာခဲ့ချိန်တွင် ဘာကိုမှ သတိမထားမိခဲ့ချေ။ ယခုမှသာ ပတ်ဝန်းကျင်တစ်ခုလုံးက မီးမြှားများဖြင့် တောက်ပသွားသဖြင့် နေရာတိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ မြေပြင်တွင် ပုံနေသော မြက်ခြောက်နှင့် အရွက်ခြောက်များက ပြည့်နှက်နေသလို နေရာတိုင်းတွင် ဖြန့်ကာထားထားသည့် မီးတုတ်များကိုလည်း မြင်လိုက်ရသည်။

အခန်း(၈၂၈)

ထိုအပုံလိုက်ရှိနေသော မြက်ခြောက်များနှင့် မီးတုတ်များက ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိသာနေသည်။ တူရကီများက ထောင်ချောက်ထဲ ဝင်လာမည့်အချိန်ကိုသာ စောင့်နေကြခြင်းဖြစ်သည်။

သို့သော် ဒါက အစသာရှိသေးသည်။

ဝုန်း

ဝံပုလွေနက်ရကု၏ အထက်ဘက်မှ ကျယ်လောင်သော ဆူညံသံနှင့်အတူ လေက ဟိန်းဟောက်လိုက်သလိုမျိုး လေတိုးသံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရကုက ခေါင်းမော့ကာ ကြည့်လိုက်သောအခါ သူ့ထံ လျှင်မြန်စွာ ချဉ်းကပ်လာနေသည့် အနက်ရောင် ပုံရိပ်အချို့ကို မြင်လိုက်ရသည်။ ဘုန်းကနဲမြည်သံနှင့်အတူ သူ့ရှေ့ရောက်လာသည်။

အနီးကပ် ကြည့်လိုက်ရသော် ဝံပုလွေနက်ရကုကလည်း ဒါက ကြီးမားသော သစ်သားတိုင်ကြီး တစ်တိုင်ဖြစ်ကြောင်း သိလိုက်ရသည်။ သစ်သားတိုင်ပေါ်တွင် စာရေးသားထားသည်။ စာက ဟန်ဘာသာစကားနှင့် မဟုတ်ဘဲ တူရကီဘာသာစကားနှင့်ဖြစ်သည်။

‘သူတော်စင်ဧကရာဇ် အုပ်စိုးသော (၃၈)နှစ်မြောက်နှစ်၊ (၁၁)လမြောက်ရဲ့ (၁၇)ရက်နေ့တွင် အနောက်ပိုင်း တူရကီ ခါကာနိတ်၏ ဝံပုလွေနက်ရကုဟုခေါ်သော အကုတုလန်က ဒီနေရာတွင် သေဆုံးသွားခဲ့သည်။ ဒီကျောက်တိုင်က သတိရအောက်မေ့မှုအတွက် စိုက်ထူးထားခြင်းဖြစ်သည်’

“မျိုးမစစ်”

အကုတုလန်က ချက်ချင်းလိုလို ဒေါသထွက်သွားသည်။

“ဘယ်ကောင်လဲ ထွက်လာခဲ့စမ်း”

အကုတုလန်၏ အော်သံက အမှောင်ထုအတွင်း ထိုးခွဲထွက်သွားသည်။ အကုတုလန်၏ အနောက်ပိုင်းဒေသမှ ကျော်ကြားမှုက သာ့ယန်မာန်ပန့်ထက် မနိမ့်ချေ။ နှစ်ယောက်လုံးက ဒေသ၏ ထိပ်ဆုံးတွင် ရပ်တည်နေကြသော နောင်ဖြစ်လာမည့် မဟာဗိုလ်ချုပ်ကြီးများဖြစ်သည်။ သူတို့ကလည်း လက်ရှိအချိန်ထိ ကျော်ကြားသည့် ဗိုလ်ချုပ်ကြီးများ ဖြစ်နေသေးသည်။ ထို့ကြောင့် အမှောင်ထုမှ သူ့ကို ယခုလိုမျိုး အကွက်ချ ကြံစည်ရဲသော မည်သူမဆို တန်ဖိုးကြီးကြီး ပေးဆပ်ရပေလိမ့်မည်။

ချီရှီတွင် သူ့ကိုယှဉ်နိုင်သောလူ မည်သူမှမရှိချေ။ သူ၏ ပြိုင်ဘက်က ခြုံခိုတိုက်ခိုက်လျှင်ပင် ရလဒ်က တစ်ဖက်သူ၏ သေဆုံးခြင်းသာ ဖြစ်နေပေလိမ့်မည်။

တစ်စက္ကန့်က ထာဝရနီးပါး ကြာညောင်းပြီးနောက် ရုတ်တရက် အမှောင်ထုအတွင်းမှ ရယ်သံထွက်လာသည်။

“ဟား ဟား ဟား အကုတုလန် ငါမင်းကိုစောင့်နေတာကြာပြီ”

အလွန်အမင်း ငယ်ရွယ်သေးသော မရင့်ကျက်သေးသည့် အသံနှင့် အကြံအောင်မြင်သွားသောအတွက် ပျော်ရွှင်နေသော ရယ်သံက ကပ်ပါလာသည်။

ဟီး ဟီး ဟီး

ခွာများက နှင်းလိုဖြူဖွေးနေသော မြင်းတစ်ကောင်က မြင်ကွင်းထဲသို့ ခုန်ထွက်လာသလို အပေါ်မှလည်း ထူးခြားသော အရှိန်အဝါနှင့် (၁၆)နှစ်၊ (၁၇)နှစ်အရွယ် လူငယ်တစ်ယောက်က ပါလာသည်။

“သတ်”

အော်သံက ကောင်းကင်ထိတိုင် ထိုးတက်သွားသည်နှင့် ရုတ်တရက် မြင်းတပ်ရာကျော် သိန်းကျော်က တူရကီများထံ ဟာရီကိန်းမုန်တိုင်းလိုမျိုး ချီတက်လာသည်။ သူတို့ချီတက်လာသော အရှိန်နှုန်းက နဂိုက ထိုနေရာသို့ ချီတက်လာခဲ့သော တူရကီမြင်းတပ် ငါးထောင်ထက်ပင် ကြမ်းတမ်းသေးကာ ကြောက်မက်ဖွယ် ကောင်းလွန်းသေးသည်။

“ဝမ်ချောင်”

အကုတုလန်က အမှောင်ထဲမှ ချီတက်လာသော မြင်းတပ်ကို အာရုံမစိုက်နိုင်ခင် သူ၏အရှေ့မှ ဆယ်ကျော်သက်ကသာ သူ၏အာရုံကို ဖမ်းစားထားသည်။

“မဖြစ်နိုင်ဘူး”

အကုတုလန်ကလည်း ပြင်းထန်သည့် အင်အားတစ်ခုဖြင့် ဖြတ်ရိုက်ခံလိုက်ရသလိုမျိုး ခံစားလိုက်ရသည်။ သူက ထိုလူငယ်ကို ဘယ်သောအခါကမှ မမြင်ဖူးသော်လည်း သူနှင့်ပတ်သတ်သည့် အကြောင်းအရာများနှင့် ပန်းချီများကို ထပ်ခါတလဲလဲ ကြည့်ဖူးသည်။ အကုတုလန်ကလည်း တစ်ဖက်သူကို အလွန်အမင်း ရင်းနှီးနေသည်။ တစ်ဖက်သူ၏ ဘွဲ့နာမည်များဖြစ်သည့် မဟာထန်၏ လူငယ်အမတ်၊ ကောင်းကင်သားတော်၏တပည့်၊ အနာဂတ်၏ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်... စသဖြင့် အရာအားလုံးကို သိထားသည်။ မည်သည့်ဘွဲ့ကမှ သူ၏နာမည် ဝမ်ချောင်ထက်မသာချေ။

သူက မြို့တော်ကိုသွားတာ မဟုတ်ဘူးလား။ သူ့ရဲ့အစ်ကိုက ဒုက္ခရောက်နေတာ မဟုတ်ဘူးလား။ သူက မင်းသမီးကိုတောင် သတ်ခဲ့တာလေ။ ဘာလို့ ဒီမှာပေါ်လာတာလဲ။

အကုတုလန်အနေဖြင့် သူ့မျက်လုံးသူ မယုံနိုင်တော့သလိုမျိုး ခံစားနေရသည်။

ရုတ်တရက်ဆန်လွန်းတယ်။

ချီရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးက ဒီနေရာတွင် ပေါ်ထွက်လာခဲ့လျှင်ပင် သူ့ကိုထိုမျှအထိ အံ့အားသင့်စေမည်မဟုတ်ချေ။ မြို့တော်နှင့် ဝူရှန်း၏ နှစ်နေရာလုံးတွင် စုံစမ်းပြီး အတည်ပြုခဲ့ပြီးနောက် ဝမ်ချောင်က ဝူရှန်းတွင် မရှိခဲ့ကြောင်း သေချာခဲ့သည်။ သို့သော် ရုတ်တရက် တစ်ဖက်သူက ပေါ်ထွက်လာသည်။ ဝမ်ချောင်ကသာ ဝူရှန်းတွင် ရှိနေသေးကြောင်း သိမည်ဆိုလျှင်ပင် သူက ဘယ်သောအခါမှ ဒီနေရာသို့ လာခဲ့လိမ့်မည်မဟုတ်ချေ။ သူက စိတ်ရှည်ရှည်နှင့် ဆက်လက် စောင့်ဆိုင်းပေလိမ့်မည်။

သူက သူ့ရဲ့အစ်ကိုနှစ်ကိုတောင် ဂရုမစိုက်ဘူးလား။

သူ၏စိတ်ထဲတွင် အမျိုးမျိုးသော အတွေးများက ပြည့်နှက်သွားသည်။

သို့သော် အကုတုလန်က ခပ်မြန်မြန် ဟန်ချက်ထိန်းလိုက်သည်။

“အားလုံးပဲနားထောင်ကြ မင်းတို့ထဲက အယောက်ရှစ်ရာက ဂိတ်ပေါက်ကိုတွန်းပြီး ဆီလောင်းကြ။ နောက်ပြီး မီးရှို့လိုက်ကြ။ ကျန်တဲ့လူတွေက ငါ့နောက်ကိုလိုက်ခဲ့။ ဝမ်ချောင် မင်းကငါ့ကို လာရှာမှတော့ ငါကလည်း မင်းရဲ့ဆန္ဒကို ဖြည့်ပေးရမှာပေါ့။ စစ်သည်တွေအားလုံး မဟာထန်ရဲ့ လူငယ်အမတ်ကို သတ်ကြရအောင်။ သူ့ကိုသတ်နိုင်တဲ့လူက ရွှေထည်တစ်သန်းနဲ့ တာ့ကန်းဆိုတဲ့ ဘွဲ့နာမည် ချီးမြှင့်ခံရမယ် သတ်”

သူ၏ဓားမောက်ရှည်က အေးစက်သောအလင်းဖြင့် လက်လာသည်။ အကုတုလန်က သူ၏မြင်းကို ရှေ့သို့ အပြေးနှင်ပြီး အနောက်ဘက်တွင် မရေမတွက်နိုင်အောင် များပြားသော ပုံရိပ်ပေါင်းများစွာကို ချန်ထားရစ်ခဲ့လျှက် ဝမ်ချောင်ထံခုန်တက်သည်။ သူ၏အနောက်မှ တူရကီမြင်းတပ် ငါးထောင်ကလည်း အဖွဲ့ခွဲသွားသည်။ ရှစ်ထောင်က လက်နက်တိုက်ကို တိုက်ခိုက်ရန်အတွက် ချိုင့်နေရာကိုကျော်ဖြတ်ကာ သွားကြချိန်တွင် ကျန်တဲ့လေးထောင်ကျော်က အကုတုလန်၏ အနောက်မှ လိုက်ပါသွားကြသည်။

တူရကီမြင်းတပ် ငါးထောင်က ချက်ချင်းလိုလို ဟန်ချက်ကို ထိန်းလိုက်နိုင်ကြသည်။ မည်သူကမျှ မထိတ်လန့်ကြတော့ချေ။ ထိုမြင်ကွင်းကတင် ဝမ်ချောင်၏မျက်နှာကို တင်းမာသွားစေသည်။ အကုတုလန်၏ စစ်သားများက မည်မျှပင် အတွေ့အကြုံရှိပြီး မည်မျှပင် လေ့ကျင့်ထားစေကာမူ ဝမ်ချောင်၏အမြင်တွင် ဆရာရှေ့တွင် လာကြွားပြနေသော အပြင်လူတစ်ယောက်နှင့်သာ တူနေသည်။ အကုတုလန်၏ တူရကီမြင်းတပ်က သတ္တိဖြူများကိုပင် မယှဉ်နိုင်လေရာ သူ၏ဝူရှန်းမြင်းတပ်ဆိုလျှင် ပိုဆိုးသည်။

“လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ အကြီးအကဲဖန်၊ အကြီးအကဲတု ငါ့နောက်ကိုလိုက်ခဲ့။ ကျန်တဲ့လူတွေကတော့ တူရကီမြင်းတပ်ကိုရှင်းလိုက်။ တစ်ယောက်မှမလွှတ်ပေးနဲ့”

ဝမ်ချောင်၏မျက်လုံးက ထက်ရှသော ဓားများကဲ့သို့ လင်းလက်လာပြီး သူက အကုတုလန်ကိုကြည့်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက တိုက်ခိုက်ခြင်း စိတ်ဆန္ဒများဖြင့် လောင်ကျွမ်းပေါက်ကွဲသွားသည်။ ဒီနေ့တွင်သူက ချီရှီအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး နှစ်ခုလုံးကို အဆုံးသတ်ပြီးပေလိမ့်မည်။ သာ့ယန်မာန်ပန့်က သေသွားပြီဖြစ်သမျှ အကုတုလန်သာကျန်သည်။ သူမရှိတော့လျှင် ဝမ်ချောင်အနေဖြင့် ချီရှီ၏ နောက်တန်းမှ ဖြစ်လာမည့် ရန်စွယ်များကို ကြောက်လန့်ရန် မလိုအပ်လောက်တော့ချေ။

ဝုန်း

ခွာများက မြေပြင်ကို ထိသောအခါ ပြင်းထန်သည့် သက်ရောက်မှုက မြေပြင်ကို အက်ကွဲမတက် တသိမ့်သိမ့် တုန်လာစေသည်။ ဝမ်ချောင်နှင့် အကုတုလန်တို့က အချင်းချင်း လျှင်မြန်သော အရှိန်နှုန်းဖြင့် ချီတက်လိုက်ကြသည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ မည်သူကမျှ မထိန်ချန်ထားကြခြင်းဖြစ်သည်။ သူတို့က မယုံနိုင်စရာကောင်းသည့် အင်အားမျိုးကို ထုတ်သုံးကာ တိုက်ခိုက်ကြသည်။

“ကျယ်ပြောသော ကောင်းကင်မြေကမ္ဘာသိုင်း”

“မဟာရင်ယန်သိုင်း”

ဝမ်ချောင်က သူ၏မြင်း၏ ကျောပေါ်ကို ဖိလိုက်ကာ ချီစက်ကွင်းများကို တောက်လျှောက် ထုတ်လွှတ်သည်။ ထို့အပြင် သူက ကံတိုက်ပွဲသံချပ်ကာကို ဝတ်ဆင်ထားပြီးနောက် ဝမ်ချောင်က မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်း၏ အဆင့်မြင့်သိုင်း နှစ်မျိုးကိုပင် ထုတ်သုံးနိုင်သွားသည်။

ဝုန်း

လောကကြီးက နှစ်ခြမ်းကွဲသွားသလိုမျိုး ကောင်းကင်က လင်းထိန်ကာ မြေကမ္ဘာက ပိန်းပိတ်အောင် မည်းမှောင်သွားသည်။

ထိုသို့နယ်မြေနှစ်ခုခြား နေရာတွင် နေနှင့်လက ထွက်ပေါ်လာသည်။ ထိုနည်းအားဖြင့် ဝမ်ချောင်ဟာ ကောင်းကင်ဘုံမှ မြေကမ္ဘာသို့ ဆင်းသက်လာသော အရှိန်အဝါမြင့် နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းသွားသည်။

ဝုန်း

ဝမ်ချောင်နှင့်မြင်းက ကြမ်းတမ်းပြင်းထန်သည့် လေပြင်းများကို ထုတ်လွှတ်ခြင်းအားဖြင့် ဖျက်ဆီးခြင်းစွမ်းအားများကို ထွက်ပေါ်လာစေကာ သူတို့ကို ရစ်ဆိုင်းစေသည်။ ဒီနည်းအားဖြင့် သူတို့က ဥက္ကာခဲကြွေကျလာသလို မြန်ဆန်သည့် အရှိန်နှုန်းဖြင့် အကုတုလန်ထံ ခုန်ဝင်သွားသည်။

“စစ်နတ်ဘုရားက ကောင်းကင်ကို မတင်လိုက်တယ်။ စန်းမီတောင်”

အကုတုလန်၏ ဟိန်းသံကလည်း ကောင်းကင်တွင် ပဲ့တင်ထွက်သွားသေးသည်။ အလင်းနှင့် အရောင်က ရောနှောယှက်ထွေးသွားချိန်တွင် သူ၏ခန္ဓာကိုယ်ထဲမှ ခြိမ်းခြောက်နိုင်စွမ်းအား ပြင်းထန်သည့် အရှိန်အဝါများက ပေါက်ကွဲထွက်လာသည်။

ဝေါင်း

ဩရှသော ခပ်တိုးတိုးအော်သံက နတ်ဘုရားတစ်ပါးက ကြိမ်းဝါးသံပြုလိုက်သလိုမျိုး လေထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသည့် အရှိန်အဝါ ကြီးမြတ်သော နတ်ဘုရားတစ်ပါး၏ပုံရိပ်က သူ၏ခန္ဓာကိုယ်အထက်တွင် ပေါ်ထွက်လာသည်။ လက်ဖဝါးတစ်ဖက်က ကောင်းကင်သို့ ဆန့်တန်းထားပြီး အလွန်အမင်း ကြီးမားကာ လေးလံသည့် တောင်တန်းသုံးခုကလည်း ပေါ်ထွက်လာသည်။

ဒါကတောင်တန်းများ၏ ပုံရိပ်ယောင်မျှသာ ဖြစ်သည့်တိုင်အောင် ကြည့်မိသူတိုင်းက ပြင်းထန်သည့် ဖိအားကို ခံစားရပြီး သတိလက်လွတ် ကြောက်လန့်ကာ ကိုးကွယ်ချင်စိတ်ဖြစ်သွားပေလိမ့်မည်။

စန်းမီတောင်

ဒါက အနောက်ပိုင်းတူရကီ ခါကာနိတ်၏ အက်ရှာဘာရှာခါကန်းက နေထိုင်သော နေရာတွင်ရှိသည်။ တူရကီ၏ ဒဏ္ဍာရီများထဲတွင် ခါကာနိတ်များ၏ ကောင်းကင်တွင် တိုက်ခိုက်ခဲ့သော စစ်ပွဲကြီးက ရှေးဟောင်းဝိညာဉ်များပါ ပါဝင်ပတ်သတ်နေခဲ့ပြီး အလွန်အမင်း ပြင်းထန်ခဲ့သည်။ ထိုတိုက်ပွဲ အတောအတွင်းတွင် နတ်တောင် တစ်တောင်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်သို့ ရောက်လျှက် စန်းမီတောင်ဖြစ်သွားသည်ဟုဆိုကြသည်။ ထိုနည်းအားဖြင့် တူရကီခါကာနိတ် တည်ရှိရာနေရာဖြစ်သွားသည်။

အကုတုလန်က အနောက်ပိုင်းတူရကီ ခါကာနိတ် တော်ဝင်ကလန်ဂိုဏ်းမှ ဖြစ်သည့်အလျောက် ထိုစန်းမီတောင် နတ်သိုင်းကလည်း တောင်ဝင်ကလန်မှ သိုင်းများထဲမှ တစ်မျိုးဖြစ်ပြီး အလွန်ပြင်းထန်သည့်အားနှင့် မှင်သက်ဖွယ်ကောင်းသော ခြိမ်းခြောက်နိုင်စွမ်းအားများကို သယ်ဆောင်ထားသည်။ အနောက်ပိုင်းဒေသမှ အဆင့်လွန်သိုင်းများထဲမှ တစ်မျိုးဖြစ်ပြီး တူရကီခေါင်းဆောင် မျိုးဆက်များကသာလျှင်သုံးလျှက် အနောက်ပိုင်းနယ်မြေများ၏ တိုင်းပြည်များကို သိမ်းသွင်းလေ့ရှိသည်။ ဒီနည်းအားဖြင့် တိုင်းပြည်ငယ်လေးများက တူရကီများကို ကြောက်လန့်ကြပြီး လက်အောက်ခံများ ဖြစ်သွားကြသည်။

“လာ”

အကုတုလန်က အသားကုန် ဟိန်းဟောက်လိုက်ကာ လေထဲသို့ ခုန်တက်လိုက်သည်မှာ ကောင်းကင်သို့ တဖြောင့်တည်း ထိုးတက်သွားသော ရုပ်ထုတစ်ခုအလား ထင်ရသည်။ ထို့နောက် ဝမ်ချောင်နှင့် ပြင်းထန်စွာ ထိပ်တိုက်ရင်ဆိုင်သည်။

ဝုန်း ဝုန်း ဝုန်း

နှစ်ယောက်က လေထဲတွင် ထိပ်တိုက်ရင်ဆိုင်လိုက်ပြီးသည်နှင့် ပြင်းထန်သည့် မီးတောက်များက လောင်လာသည်။ ထိုနည်းအားဖြင့် အကုတုလန်ကို ရစ်ပတ်သွားသည်။ အကုတုလန်၏ မျက်နှာအမူအရာက ပြင်းထန်ကြမ်းတမ်းကာ ခက်ထန်နေသည်။ မီးတောက်များက သူ၏ကိုယ်ပေါ်တွင် လောင်ကျွမ်းခြင်းမပြုချေ။

“လီစစ်ယဲ့”

နောက်တန်းမှ ဟွမ်ပေါ့ထန်းကလည်း အနက်ရောင်သံချပ်ကာ ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူက တိုက်ပွဲထဲသို့ ဝင်ရောက်လာသည်။ လီစစ်ယဲ့က ဘေးတွင်ရှိသည်။

“ကျောက်တုံးဗိုလ်ချုပ်”

“မုန်တိုင်းချီစက်ကွင်း”

နှစ်ယောက်လုံးက ကြမ်းတမ်းသော ဗိုလ်ချုပ်ကြီးများဆိုသည့် သူတို့၏အင်အားကို အကန့်အသတ်ထိ တိုးမြှင့်လိုက်ကြသည်။ သူတို့၏ တိုက်ကွက်များက အကုတုလန်၏ ခန္ဓာကိုယ်ပေါ်သို့ မိုးကြိုးပစ်လိုက်သလိုမျိုး ကျဆင်းသွားသည်။ ထိုအချိန်တွင် အကြီးအကဲတုနှင့် အကြီးအကဲဖန်းတို့ကလည်း ကောင်းကင်ပေါ်မှ ခုန်ဆင်းလာကြပြီး ပြင်းထန်သည့် ဖိအားကို လွှတ်ထုတ်ကြကာ အခြားသော လုပ်ကြံသူများနှင့်ပေါင်းလျှက် အကုတုလန်ကို ဝိုင်းလိုက်သည်။

ဘုန်း ဘုန်း ဘုန်း

လူငါးယောက်က ဝိုင်းတိုက်ခိုက်မှုကို ခံနေရချိန်တွင် အကုတုလန်က ခုခံသည့်ဘက်သို့ ချက်ချင်းရောက်သွားသည်။ လူခြောက်ယောက်တိုက်ပွဲတွင် တူရကီစစ်သည်တော် ရှစ်ရာကလည်း ချိုင့်တွင်းပတ်ပတ်လည်တွင် ဝိုင်း၍ပြီးသွားလေပြီး လက်နက်၏ဂိတ်သို့ ရောက်သွားသည်။

“ညီအစ်ကိုတို့ ဒါက ငါတို့ရဲ့အခွင့်အရေးပဲ။ အရှင်အမတ်နဲ့ အခြားသူတွေက သူတို့ရဲ့ အသက်ကိုရင်းပြီး တိုက်ခိုက်နေကြတယ်။ ငါတို့က ပျင်းနေလို့မရဘူး”

“မျိုးမစစ်ကောင်တွေ ဒီတူရကီမျိုးနွယ်ခြားတွေက သူတို့လျို့ဝှက်ပြီး လာတိုက်ခိုက်မှာကို မသိဘူးလို့ တကယ်ပဲ ထင်နေကြတာ။ အားလုံးကိုသတ်ရအောင်”

“သူတို့က လက်နက်တိုက်ကို တိုက်ခိုက်ချင်တယ်။ ငါတို့ကို ကျော်သွားမှရလိမ့်မယ်”

အရှေ့ရှိ လက်နက်တိုက်ဂိတ်တွင် ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်းနှင့် အခြားသော အရာရှိတိုင်းက တဖြောင့်တည်း ရပ်နေကြသည်။ သူတို့၏ ဝု့စ်သံမဏိဓားများက အမှောင်ထဲတွင် လက်နေသည်။

သတ်

သူတို့၏မျက်ဝန်းတွင် အေးစက်သောအလင်းက လက်နေပြီး ထိုအရာရှိတိုင်းက ချက်ချင်းလိုလို သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော ကလန်မှ ကျွမ်းကျင်ပညာရှင် ရာကျော်ကို ဦးဆောင်ကာ တူရကီရှစ်ရာထံ ခုန်တက်သွားသည်။

ဝှစ်

ဝု့စ်သံမဏိဓားများက လေထုကို ဖြတ်လိုက်ချိန်တွင် ကြီးမားသော တူရကီမြင်းနှင့် မြင်းစီးသူက ချက်ချင်းလိုလို နှစ်ခြမ်းအခွဲခံရပြီး ကိုယ်တွင်းအင်္ဂါများကပင် အလယ်တွင် ကျသွားသည်။ သို့သော် ရွှီခဲ့ယွီက မရပ်တန့်ခဲ့ချေ။ သူက အသာဖျော့ဖျော့ ခုန်လိုက်ပြီးနောက် အခြားသော တူရကီ စစ်သည်တော်တစ်ယောက်ကို တိုက်ခိုက်သည်။

အခန်း(၈၂၉)

ရွှီခဲ့ယွီက သူနှင့်ခေါ်သွားသော လူခြောက်ရာက ဝူရှန်းမြင်းတပ်နှင့် လေ့ကျင့်ဖော်များဖြစ်သည်။ သူတို့ကလည်း အစစ်အမှန် လက်ရွေးစင်များဖြစ်ပြီး မြင်းပေါ်တွင်သုံးကာ တိုက်ခိုက်သင့်သော မြင်းသည်တော်တိုင်း တက်ထားသင့်သည့် သိုင်းတိုင်းကို ကျွမ်းဝင်နေသလို အမျိုးမျိုးသော ဗျူဟာနှင့် သိုင်းများကိုလည်း တက်ထားကြသည်။ သူတို့က အရေအတွက်နည်းသော်လည်း အလွန်အမင်း အင်အားကြီးသည်။ သူတို့က မြင်းတပ်ကို ရင်ဆိုင်ရန် ဖြစ်တည်လာသည့် ကျွမ်းကျင်ပညာရှင်များဖြစ်သည်။

သူတို့က ဉာဏ်ကောင်းပြီး လျှင်မြန်ဖြတ်လတ်သေးသည်။ ဘယ်သောအခါကမှ ထိပ်တိုက်ရင်မဆိုင်ချေ။ မြင်းတပ်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းမရှိချေ။ အကြောင်းမူကား မြင်းတပ်က အရေအတွက်အားဖြင့် သာနေသောကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည့်ဘေးမှ ရှောင်ရှားနိုင်မည်မဟုတ်ချေ။

ထပ်ပေါင်းဆိုရသော် သူတို့၏အင်အားက ရွှီခဲ့ယွီကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရသည့်အခါ ထိုတူရကီနှင့် စစ်မြင်းများပင်ဖြစ်စေ သံချပ်ကာများပင်ဖြစ်စေ အားလုံးက တစ်ချက်တည်းဖြင့် ခုတ်ပိုင်းခံရသည်။

ဝှစ် ဝှစ် ဝှစ်

ဝု့စ်သံမဏိဓားများက အမှောင်ထုကို ထိုးခွဲသွားပြီး ည၏ခြောက်ခြားဖွယ်ကောင်းမှုကို ထင်ရှားလာစေသည်။ အရာအားလုံးက မည်းမှောင်နေသောကြောင့် ဝု့စ်သံမဏိဓားများက အသားကို လှီးဖြတ်သွားသံ၊ အသားကို ထိုးခွဲသံ၊ ခန္ဓာကိုယ်များက မြေပြင်သို့ထိကာ ပြုတ်ကျသွားသံများကသာ ထင်းထွက်နေသည်။

“အား”

အလောင်းများက မြေပြင်တွင် ပုံလာပြီး ချီရှီ၏လက်နက်တိုက်တွင် အော်သံများကလည်း ပြည့်နှက်လာသည်။

“ဆီကိုလောင်းကြ မြန်မြန် ဆီကိုလောင်းပြီး သူတို့ကို ကိုင်တွယ်ကြစမ်းပါ”

“သူတို့ရဲ့ကိုယ်ပေါ်ကို ဆီတွေလောင်းချလိုက်”

“မီးရှို့ မီးရှို့ ထန်တွေကိုသေအောင် မီးရှို့သတ်လိုက်”

တူရကီများကလည်း ဉာဏ်ပညာအားဖြင့် လိုအပ်ချက် မရှိကြချေ။ သူတို့ကလည်း ဉာဏ်ကောင်းကြသည့် စစ်သားများဖြစ်သည်။ ထို့ကြောင့် ထိုစစ်သည်တော် ရှစ်ရာက ချက်ချင်းလိုလို အာရပ်ဆီအိတ်များကိုဖွင့်လိုက်ပြီး လေထဲသို့ ပတ်လိုက်သည်။ ဒီနည်းအားဖြင့် ရွှီခဲ့ယွီ၏ လူများအပေါ် အာရပ်ဆီများက စိုရွှဲသွားကြသည်။ ထိုအချိန်တွင် အခြားသော တူရကီများက မီးတုတ်များကို အသင့်ပြင်ထားကြသည်။ ဝှစ်ကနဲမြည်သံနှင့်အတူ သူတို့က မီးရှို့ကာ ဆီများထံပစ်သည်။

“မင်းတို့က ရူးသွားကြတာပဲ။ ဒီဆီက ချီရှီရဲ့လက်နက်တိုက်ကို ဖျက်ဆီးဖို့အတွက်ပေါ့”

“နောက်ကျသွားပြီ ငါတို့သူတို့ကို မသတ်နိုင်ရင် ဒီမှာသေရမှာပဲလေ”

တူရကီတစ်ယောက်က သူ၏လူကိုတားသည်။ သို့သော် သူက ချက်ချင်းလိုလို ဖြတ်ပြောခံရသည်။ ထိုသို့ဖြင့် မီးစရှို့သူများနှင့်အတူ ညတွင် မီးအရောင်က ထိန်လင်းလာသည်။ ထိုသို့ဖြင့် ရွှီခဲ့ယွီ၏ လူများထံ ထိုမီးများက ချဉ်းကပ်လာသည်။ သို့သော် ပေအနည်းငယ် ဝေးကွာနေသေးသည့်အခိုက် ရုတ်တရက် မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုက တားမြစ်လာပြီး လေထဲတွင်သာ လောင်ကျွမ်းသွားသည်။ ထို့ကြောင့် ထန်များထံ မကပ်နိုင်ခဲ့ချေ။

“အဆင့်မြင့်သိုင်းနယ်မြေ”

တူရကီရှစ်ရာကလည်း သူတို့၏ နှလုံးသားက အေးစက်သွားပြီဟုပင် ခံစားလိုက်ရသည်။ အဆင့်မြင့်သိုင်းနယ်မြေက ကြယ်တာရာစွမ်းအင်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်နိုင်စွမ်းရှိလာခြင်းအားဖြင့် ထိုအာရပ်ဆီများအနေဖြင့် သူတို့ကို ခြိမ်းခြောက်နိုင်တော့မည်မဟုတ်ချေ။

“ဟမ့် မင်းတို့က ခုမှသိတာလား”

ရွှီခဲ့ယွီကလှောင်သည်။

“အားလုံးပဲ ငါ့အမိန့်ကိုနာခံပြီး သူတို့အားလုံးကိုသတ်ကြ”

ထိုအမိန့်နှင့်အတူ တူရကီစစ်သည်တော် ဆယ်ယောက်ကျော်က မြေပြင်သို့ ပြုတ်ကျသွားကြပြန်သည်။ သို့သော် ခန္ဓာကိုယ်က ထပ်ခြမ်းကွဲလျှက် ကျခြင်းဖြစ်သည်။ ထိုသို့ပြင်းထန်သည့် တိုက်ပွဲက ဖြစ်ပွားနေချိန်တွင် မည်သူကမျှလည်း တူရကီစစ်သည်တော်များက ခိုးကြောင်ခိုးဝှက်ဖြင့် တိုက်ပွဲကို ပတ်လျှောက်ပြီး ဂိတ်ထံဦးတည်သွားနေကြောင်း မသိကြချေ။ သို့သော် ဂိတ်နှင့် တစ်ကျန်းခန့်သာ ဝေးတော့သော အခြေအနေတွင် ရုတ်တရက် တစ်စုံတစ်ရာက ထူးဆန်းကြောင်း သိလိုက်သည်။ သူတို့က မည်သည့်နေရာသို့ သွားစေကာမူ အမြဲတစေ နဂိုနေရာသို့ ပြန်ပြန်ရောက်သွားတတ်သည်။

ချီရှီနှင့် လက်နက်တိုက်က တစ်ကျန်းသာလျှင် ဝေးနေခြင်းဖြစ်သည်။ သို့သော်ဒါက အချိန်နှင့် အာကာသပြင် တစ်ခုလုံးလုံး ခြားနေသလိုမျိုး ဖြစ်နေသည်။ သူတို့က မည်သို့ ကြိုးစားစေကာမူ အနားမကပ်နိုင်ချေ။

“ဘာဖြစ်တာလဲ ငါတို့ဘာလို့ အဲ့ဒီနေရာကို မသွားနိုင်တာလဲ”

“ဒီနေရာမှာ ဘယ်လိုဝိညာဉ်တွေ ရှိနေတာလဲ။ ဘာလို့ငါတို့က ဒီနေရာကို ပြန်ရောက်လာတာလဲ”

“ဒီထန်တွေက ဘယ်လိုမိစ္ဆာသိုင်းကို သုံးနေကြတာလဲ။ ထူးဆန်းလိုက်တာ”

“မစိုးရိမ်ပါနဲ့ ငါတို့မြင်းတွေနဲ့ ချီတက်ကြမယ်”

“အား ငါနံရံကို ဝင်တိုက်မိသွားတယ်”

တူရကီများက ဆံပင်မွှေး ထောင်တက်သွားကြသည်။ သူတို့က နည်းလမ်းပေါင်းစုံသုံးပြီး လက်နက်တိုက်ကို ချဉ်းကပ်ကြည့်သည်။ သို့သော် ဂိတ်ကအမြဲတမ်း ထိုနေရာတွင်သာ ရှိနေသေးပြီး သူတို့ကမည်သို့မျှ ချဉ်းကပ်၍မရနိုင်ချေ။ တူရကီစစ်သည်တော်များက အစစ်အမှန် စစ်သားများ ဖြစ်ကြသည်။ သူတို့၏ခေါင်းက မြေပြင်သို့ ပြုတ်ကျသွားလျှင်ပင် မျက်မှောင်ပင် မကျုံ့ကြချေ။ သို့သော် ဒီလိုအခြေအနေကမူ ထူးဆန်းလွန်းအားကြီးပြီး သာမာန်အခြေအနေမျိုးဖြင့် နားလည်ရန် ခက်ခဲသည်။

သူတို့က သူတို့၏အင်အားတိုင်း စိုက်ထုတ်ထားပြီးသည့်တိုင်အောင် မည်သည့် နည်းလမ်းကမျှ အသုံးမဝင်ခဲ့ချေ။

ဟမ့် လက်နက်တိုက်က အရမ်းကို အရေးကြီးတဲ့အရာ။ ဒါကို ငါတို့ရဲ့စစ်သည် ခြောက်ရာလောက်ကပဲ မင်းတို့ကို ကိုင်တွယ်မယ်လို့ ထင်နေကြတာလား။

ရွှီခဲ့ယွီက အခြားသော တူရကီစစ်သားတစ်ယောက်ကို ရှင်းလင်းပြီးချိန်တွင် ထိုမှတ်ချက်များကို ကြားလိုက်ရပြီး အထင်တသေး လှောင်ရယ် ရယ်လိုက်သည်။

အမတ်က အကြံအစည် နတ်ဘုရားပဲ။ သူက အကုတုလန်ရဲ့ ဗျူဟာတိုင်းကို ရင်ဆိုင်ဖို့ စီစဉ်ထားပြီးသား။ ဘာပဲဖြစ်ဖြစ် ချီရှီရဲ့ လက်နက်တိုက်က ကစားစရာမှာမဟုတ်တာ။ ခုခံမှုလျော့ချဖို့ ဘယ်ဖြစ်နိုင်ပါ့မလဲ။

အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့က ချီရှီလက်နက်တိုက်ဂိတ်ရှေ့တွင် ပုံရိပ်ယောင် ဝင်္ကပါကို ချခင်းထားသည်။ အဝေးမှကြည့်လျှင် အရာအားလုံးက ပုံမှန်ဟုသာ ထင်ရပေလိမ့်မည်။ သို့သော် နီးကပ်လိုက်သည်နှင့် ဝင်္ကပါထဲသို့ ရောက်သွားပြီး မည်သည့်နေရာသို့ သွားနေစေကာမူ နံရံကိုသာ ဝင်တိုက်မိပေလိမ့်မည်။ သူတို့မြင်နေရသော ဂိတ်ဆိုသည်မှာလည်း အစစ်အမှန် ဂိတ်မဟုတ်ချေ။

သန့်စင်သော အင်အားသီးသန့်ကိုသာသုံးပြီး ရှေ့ဆက်သွားလျှင်ပင် သူတို့က နောက်ထပ် ဝင်္ကပါတစ်ခုထဲသို့ ထပ်ရောက်သွားဦးမည်ဖြစ်သည်။ ထိုကဲ့သို့ ဝင်္ကပါ၏ လွှမ်းမိုးမှုအောက်တွင် သူတို့က တဖြောင့်တည်း သွားနေခြင်းရှိမရှိ မသေချာနိုင်တော့ချေ။ ရွှီခဲ့ယွီကလည်း ထိုအကြီးအကဲများက မည်သို့ လုပ်နိုင်ကြောင်း မသိထားချေ။ သို့သော်သူက အကြီးအကဲတုနဲ့ အကြီးအကဲဖန်းတို့ကို ပြောပြီး သူ့ကို ထိုဝင်္ကပါထဲ ထည့်ခိုင်းကြည့်ခဲ့သည်။ ထိုနေ့မှသာ ရွှီခဲ့ယွီကိုယ်တိုင်လည်း မည်းမှောင်သော မျက်နှာဖြင့် ပြန်ထွက်လာခဲ့ရသည်။ သူ၏မျက်နှာကပင် ပတ်ဝန်းကျင်ကို သေချာအာရုံမစိုက်နိုင်ခဲ့သလို ခေါင်းကလည်း မူးဝေနေခဲ့သည်။ သူတစ်နေ့လုံး ဆက်တိုက် အန်နေခဲ့ရသည်။

သူ့ထက်အဆပေါင်းများစွာ အားနည်းသော တူရကီမြင်းတပ်များဆိုလျှင် ဂိတ်ကိုရှာနိုင်လျှင်ပင် ထူးဆန်းနေတော့ပေမည်။

“ညီအစ်ကိုတို့ သွားကြစို့။ ဒီတူရကီတွေကိုသတ်ပြီး သူတို့ကို ထန်တွေရဲ့အင်အားကို နားလည်အောင် လုပ်လိုက်ရအောင်”

ရွှီခဲ့ယွီကအော်သည်။

သူက တဖန်ထပ်ပြီး ဦးဆောင်ပြန်သည်။ သူ၏ဝု့စ်သံမဏိဓားက မြင်း၏ခေါင်းမှခွာအထိ ဆက်တိုက် ခုတ်ချနိုင်သည်။

ချွင်

ရွှီခဲ့ယွီက အယောက်နှစ်ဆယ်မြောက် တူရကီကို သတ်တော့မည့်အချိန်တွင် ရုတ်တရက် သတ္တုလေချွန်သံက ထွက်ပေါ်လာပြီး ဝု့စ်သံမဏိဓားကို ထူးဆန်းသော ရွှေရောင်ဆေဘာဓားက ခုတ်ပိုင်းလာသည်။ ထိုနည်းအားဖြင့် အဝေးသို့ လွင့်စင်သွားခြင်းအားဖြင့် နောက်ထပ် မြင်းသမားတစ်ယောက်ကို မသတ်အောင် တားမြစ်လိုက်နိုင်သည်။

“ကျွမ်းကျင်ပညာရှင်များ”

ရွှီခဲ့ယွီက လှမ်းအော်သည်။ သူ၏မျက်လုံးကလည်း ပြူးကျယ်လာသည်။ သူ၏ဓားကို ထိုသို့ ပြန်ရိုက်ချနိုင်သောသူ ထိုမျှအရှိန်နှုန်း မြန်ဆန်စွာဖြင့် တိုက်ခိုက်လာနိုင်သောသူက သာမာန်လူ မဟုတ်နိုင်ချေ။

“မင်း လူရမ်းကားကောင် မင်းရဲ့ပြိုင်ဘက်ကငါပဲ”

အေးစက်သော လေသံနှင့် ကြောင်တောင်တောင်နိုင်သော မပီသသည့် ဟန်ဘာသာစကားဖြင့် ပြောလာသောလူက အရှေ့မှဖြစ်သည်။ သူ၏ရှေ့တွင် ရှိနေသည်။ ရွှီခဲ့ယွီက တစ်ချက်ကြည့်လိုက်သောအခါ ခက်ထန်ကြမ်းတမ်းသော တူရကီဗိုလ်ချုပ်တစ်ယောက်ကို မြင်လိုက်ရသည်။ သူက ဝံပုလွေသံချပ်ကာကို ဝတ်ဆင်ထားပြီး သူ့ကို စူးရှစွာ သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ကြည့်နေသည်။ ပတ်ဝန်းကျင်တွင်ရှိသော တူရကီမြင်းတပ်နှင့်ယှဉ်သော် တစ်ဖက်သူက ငှက်အုပ်ထဲမှ ကြိုးကြာတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူ၏အင်အားကလည်း အခြားသူတိုင်းထက် မြင့်သည်မှာ သေချာသည်။

“ဟာ စိတ်ဝင်စားစရာပဲ။ မင်းကတိုက်ခိ်ုက်ချင်တာလား။ လာလေ”

ရွှီခဲ့ယွီကရယ်သည်။ သူကပျော်ရွှင်စွာဖြင့် ဓားကို လက်နှစ်ဖက်လုံးဖြင့်ယမ်းကာ ရုတ်တရက် ထိုတူရကီဗိုလ်ချုပ်ထံ ချိန်ရွယ်လျှက် တိုက်ကွက်များကို ဆက်တိုက် ဖောက်ထုတ်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ချန်းပင်းနှင့် အခြားသော အရာရှိတိုင်းကလည်း ပြိုင်ဘက်အသီးသီး ရှာတွေ့သွားသည်။

ချွင် ချွင် ချွင်

အမှောင်ထဲတွင် ဓားချင်းထိပ်တိုက် တွေ့ဆုံသံများ၊ ဓား၏အလင်းများကသာ ထင်ရှားစွာရှိနေသည်။ နှစ်ဖက်လုံးက ပြင်းထန်သည့် တိုက်ပွဲကို ဆင်နွဲနေကြသည်။ ထို့ကြောင့် ဟိန်းသံ၊ အော်သံ၊ မြင်းဟီသံ စသဖြင့်တို့က အခြားသော အသံတိုင်းကို မှိန်ကျသွားစေသည်။ ထိုအချိန်တွင် အနီးအနားရှိ ချီရှီကာကွယ်ရေး စစ်တပ်ကမူ တိတ်ဆိတ်နေပြီး အမှောင်ထုကသာ ကြီးစိုးထားသည်။ လူတိုင်းက ဘာမှမကြားသလို ဟန်ဆောင်ရန် သဘောတူထားသည့်အလား ဖြစ်နေသည်။

ရွှီခဲ့ယွီ၏ဘက်က ထိပ်တိုက်တွေ့ဆုံနေပြီး သွားရည်ကျလုနီးပါး ဖြစ်နေသည့်အချိန်တွင် ဝမ်ချောင်၏ဘက်ကမူ တစ်ဖက်သပ် တိုက်ခိုက်နေခြင်းဖြစ်သည်။

ဟီး ဟီး

ဝုန်း

စစ်မြင်းက စစ်မြင်းကို ဝင်တိုက်လိုက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားစေသည်။ မြေပြင်သို့ ထိသွားသည့်အားက တိုက်ပွဲနယ်မြေ တစ်ခုလုံးကိုပင် လှုပ်ခါသွားစေသေးသည်။ အကုတုလန်၏ လက်အောက်တွင်ရှိသည့် စစ်သည် လေးထောင့်နှစ်ရာကျော်က ဝူရှန်းမြင်းတပ်နှင့် ထိပ်တိုက်ရင်ဆိုင်နေပြီး မြှားဝင်္ကပါကို ကြုံတွေ့နေရသလို လဲပြိုကျကုန်သည်။ ထိပ်တိုက်ရင်ဆိုင်လိုက်သည်နှင့် စစ်သည် ရှစ်ရာကျော်က သေဆုံးကြသည်။ ထိုအခြေအနေက အကုတုလန်၏ နှလုံးသားကို သွေးစမ်းရှင်ရှင် ထွက်စေပြီး သူ၏ကိုယ်ပိုင် အခြေအနေထက်ပင် စိတ်သောကရောက်ရသည်။

ဒါက ဝင်စီးခြင်းဖြစ်ပြီး အစစ်အမှန် တိုက်ပွဲမဟုတ်ချေ။ ထို့ကြောင့် အကုတုလန်အနေနှင့် သူ၏ကိုယ်ပိုင် အင်အားစုဖြစ်သည့် လက်ရွေးစင်များကိုသာ ခေါ်လာခြင်းဖြစ်သည်။ သို့တိုင်အောင် ထိုငါးထောင်ကလည်း ဝင်စီးရန်အတွက်ပင် များလွန်းနေပြီဖြစ်သည်။ သို့ရာတွင် အကုတုလန်အနေဖြင့် သူအယုံကြည်ရဆုံးသော လက်ရွေးစင်များကပင် ဝမ်ချောင်နှင့် ယှဉ်သည့်အခါ အင်အားမဲ့ကုန်ပြီဟု မထင်ထားမိချေ။

သာ့ယန်မာန်ပန့်၏ သတ္တိဖြူများက တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် ရှင်းပစ်ခံလိုက်ရပြီးကြောင်း ကြားခဲ့သာ်လည်း ထိုထန်များနှင့် အစစ်အမှန် တိုက်ခိုက်ပြီးမှသာ သာ့ယန်မာန်ပန့်က ရင်ဆိုင်ခဲ့ရသော အရာကို နားလည်သွားသည်။

အင်အားကြီးလွန်းတယ် အင်အားကြီးလွန်းတယ်။ ခါကန်းရဲ့ လက်ရွေးစင် စန်းမီစစ်တပ်ဖြစ်တဲ့ ဝံပုလွေနတ်ဘုရားစစ်တပ်နဲ့ ရွှေရောင်ရွက်ဖျင် စစ်တပ်ကပဲ သူတို့ကို ယှဉ်နိုင်လောက်တယ်။

အကုတုလန်က သူ၏စိတ်ထဲတွင် မုန်တိုင်းတိုက်ခတ်နေပြီဟု ခံစားနေရသည်။ သူ၏တစ်ကိုယ်လုံး အံ့အားသင့်မှုနှင့် မုန်တိုင်းများက ကြီးစိုးနေသည်။ သူကိုယ်တိုင်ကလည်း ဝူရှန်း၏ သံမဏိမြို့မှ မြင်းတပ် ထောင်ဂဏန်းအနည်းငယ်က ထူးချွန်ကြောင်း သိထားသည်။ သို့သော် ထိုမျှအထိ အင်အားကြီးမည်ဟု မမျှော်လင့်ဖူးချေ။ ထိုအဆင့်က သူ၏စစ်သားများက မကိုင်တွယ်နိုင်သော အဆင့်ဖြစ်သည်။ ထိုအတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် သူ၏လူတိုင်းက ရှင်းလင်းပစ်ခံရပေမည်။

“နောက်ဆုတ် မြန်မြန် စစ်သားတိုင်းနောက်ဆုတ်”

အကုတုလန်က ဒေါသလည်းထွက်နေသလို အထိတ်တလန့်လည်းဖြစ်နေသည်။ သူ၏တန်ထန်းက ပေါက်ကွဲသွားပြီး တိုက်ခိုက်သူ ငါးယောက်လုံးက အနောက်သို့ လွင့်ထွက်သွားစေသည်။ ထို့နောက်သူက စူးရှသော လေချွန်သံကိုပြုသည်။

ရွှီ

ထိုအသံက အမှောင်ထုထဲသို့ ပျံ့နှံ့သွားသည်။

အာဝူး...

ဝံပုလွေများကလည်း ပြန်လည်အူသံ ပြုပြီးသည်နှင့် ချက်ချင်းဆိုသလို ပို၍များပြားသည့် ဝံပုလွေများက ထွက်ပေါ်လာကြသည်။

ဝံပုလွေအုပ် ဒီအကုတုလန်က ဝံပုလွေတွေကို တိုက်ပွဲထဲကို ခေါ်လာတာပဲ။

ဝမ်ချောင်ကလည်း ဝံပုလွေအုပ်က ချဉ်းကပ်လာသည့် အသံများကို ကြားသည့်အခါ သူ၏မျက်ဝန်းက လင်းလက်သွားသည်။ တူရကီများက နယ်စပ်တွင် မဟာထန်၏ အလေးစားရဆုံးသော ပြိုင်ဘက်များထဲမှာပါသည်။ သာမာန်စစ်သားများအပြင် သူတို့က မကြာခဏဆိုသလို သူတို့နှင့်တိုက်ခိုက်ရန် ဝံပုလွေများကို ခေါ်လာလေ့ရှိသည်။

ဝံပုလွေတစ်ကောင်လောက်က သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော စစ်သည်တော် တစ်ယောက်အတွက် ကြောက်လန့်ရန် မလိုအပ်ချေ။ သို့သော် ဝံပုလွေများ များလာသည့်အခါ အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိသွားလေပြီ။ ထို့ကြောင့် တူရကီများနှင့် တိုက်ပွဲဖြစ်သည့် အချိန်တွင် နှစ်ဖက်လုံးကို သာမာန်စစ်သားများ ရှိသည်ဆို၍ အလွယ်တကူ မသတ်မှတ်ထားသင့်ချေ။ သူတို့ကို သာမာန်စစ်သားများဆိုပြီး နှိုင်းယှဉ်၍မရချေ။ မြောက်ပိုင်းနယ်စပ်မှ စစ်သားပေါင်း များစွာအတွက်ပင် သူတို့က ခေါင်းကိုက်စေသေးလေသည်။

ဝမ်ချောင်က လောက၏ မဟာမာရှယ်ကြီး ဖြစ်ခဲ့ဖူးသော်လည်း သူတို့က ထိုအဆင့်အတန်းသို့ ရောက်ရှိသွားခဲ့သည့်အချိန်တွင် မဟာမြက်ခင်းပြင်ဒေသမှ အင်အားက ဆက်တိုက် လျော့ကျသွားပြီဖြစ်ပြီး သူက ထိုလူတို့နှင့် တိုက်ခိုက်ရန် အခွင့်အရေး မရှိတော့ချေ။ ထို့ကြောင့် သူက ပထမဦးဆုံးအကြိမ် ဝံပုလွေအုပ်ကို အစစ်အမှန် တိုက်ပွဲတွင် မြင်ဖူးခြင်းဖြစ်သွားသည်။

“ဟ မင်းကလည်း ကောင်းကောင်းပြင်ဆင်လာတာပဲ။ ကံဆိုးစွာနဲ့ ဒါကလည်း အသုံးမဝင်ဘူး”

ဝမ်ချောင်က နှာခေါင်းရှုံ့သည်။ အဆင့်လွန်ဝူရှန်းမြင်းတပ်က ဝံပုလွေအုပ်ကိုပင် မကိုင်တွယ်နိုင်လျှင် သူတို့၏ ဂုဏ်သိက္ခာက အလဟသ ဖြစ်ပေလိမ့်မည်။

ဘုန်း

အကုတုလန်က ထွက်ပြေးတော့မည့် အချိန်တွင် ဝမ်ချောင်က ရုတ်တရက် ရှေ့သို့ ခုန်ထွက်လိုက်ပြီး အကြီးအကဲဖန်း၊ အကြီးအကဲတု၊ လီစစ်ယဲ့နှင့် ဟွမ်ပေါ့ထန်းတို့နှင့်အတူ သူ့ကိုပြန်ဆွဲထားသည်။

ဝမ်ချောင်က ရယ်ကာပြောသည်။

“ဟား ဟား အရှင်ရကု ငါတောင်မှ သဘောမတူရသေးဘူးလေ။ ဘာလို့ အစောတလျင် ထွက်သွားချင်နေရတာလဲ။ ဒီလိုတစ်ခေါက် လာလည်ဖို့ ဘယ်လောက်ရှားလိုက်သလဲ။ ဒီညတော့ ဒီမှာနေခဲ့ပါဦး။ ဘာပဲဖြစ်ဖြစ် ငါကမင်းအတွက် သစ်သားမှတ်တမ်း ကျောက်စာတိုင်တောင် လုပ်ပေးထားတာလေ”

အခန်း(၈၃၀)

ဝံပုလွေနက်ရကု၏ သေဆုံးခြင်း

“မျိုးမစစ်ကောင်”

အကုတုလန်၏ မျက်လုံးများက ဒေါသများဖြင့် တောက်လောင်လာသည်။ ဝမ်ချောင်က မဟာထန်တွင် သိပ်မကြာခင်ကမှ ကျော်ကြားမှုအနည်းငယ် ရထားသော လူငယ်လေးတစ်ယောက်သာသာ ဖြစ်သည်။ သူကမူ လွန်ခဲ့သော ဆယ်နှစ်ကျော်လုံးလုံး တူရကီတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ရကုတစ်ယေက်ဖြစ်သည်။ အသက်သီးသန့်ချင်းယှဉ်သော် သူက ဝမ်ချောင်၏ ဦးလေးဟုပင် သတ်မှတ်နိုင်သေးသည်။ ဖုမာန်လင်းချာကပင် သူ့ကိုအနည်းငယ် လေးစားမှုပြုရသည်။ ထို့ကြောင့် ဒီလိုဂျူနီယာတစ်ယောက်လောက်က သူ့ကို ဆော့ကစားနေခြင်းကို လက်မခံနိုင်ချေ။

“ငါထွက်သွားသွား မသွားသွား ဒီနေ့တော့ ငါမင်းကို ရအောင်သတ်သွားမယ်”

အကုတုလန်၏ ခန္ဓာကိုယ်ထဲတွင် စွမ်းအင်များက စတင်ကာ မြင့်တက်လာသည်။ သူက နောက်ဆုတ်မည့် အတွေးတိုင်းကို ဖယ်ရှားလိုက်ပြီး စန်းမီတောင်နတ်သိုင်း၏ အင်အားအကြီးဆုံး သိုင်းကွက်ကို စသုံးလိုက်သည်။

“စန်းမီတောင် ပြိုကျခြင်း နတ်ဘုရားနယ်မြေက ဆင်းသက်လာပြီ”

စန်းမီတောင်၏ ကြီးမားသော ပုံကြီးကလည်း လေထဲတွင် ထွက်ပေါ်လာပြန်ပြီး အဆုံးအစမဲ့အောင် လေးလံသော အလေးချိန်နှင့်အတူ ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်သည်။ စန်းမီတောင်၏ အထက်တွင် နောက်ထပ်ကြီးမားသော ပုံရိပ်ကြီးတစ်ခု ရှိနေသည်။ ထိုပုံရိပ်က ကောင်းကင်ဘုံမှ ဆင်းသက်လာသည့် ရှေးဦးမူလ ခြောက်ခြားဖွယ် ဖြစ်ရပ်ကြီးကို မှီငြမ်းထားခြင်းဖြစ်သည်။

စန်းမီတောင်က ပြိုကျလာသောအခါ နတ်ဘုရားနယ်မြေကလည်း ဆင်းသက်လာသည်။

မဟာမြက်ခင်းလွင်ပြင် ဒေသ၏ ဒဏ္ဍာရီများအရ စန်းမီတောင်က နတ်ဘုရားနယ်မြေမှ နတ်ဘုရားများ၏ စစ်ပွဲအတောအတွင်း ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။ ဒါက မြက်ခင်းပြင်ကျယ်ဒေသကို ကပ်ဘေး စိုက်စေခဲ့သေးသည်။ ထိုသို့ဖြင့် တူရကီများအတွက် ခြောက်ခြားဖွယ် ကပ်ဘေးကြီးက ဖြစ်ပွားခဲ့သည်။

ဝုန်း

အကုတုလန်ကို ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါက လွှမ်းခြုံလိုက်သည်။ သူ၏ခန္ဓာကိုယ်က ဖောင်းကားလာပြီး သူက နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲတော့မလို ဖြစ်လာသည်။ သူ၏အင်အားကို စုစည်းလိုက်ပြီးနောက် သူက အကြီးအကဲဖုန်း၊ အကြီးအကဲတု၊ လီစစ်ယဲ့နှင့် ဟွမ်ပေါ့ထန်းတို့ကို ရှောင်လိုက်သည်။ သူ၏လက်ထဲမှ ဓားမောက်ရှည်က ရုတ်တရက် စန်းမီတောင်၏ ပုံရိပ်ပေါင်းများစွာနှင့် ပေါင်းစပ်သွားပြီး သူကချက်ချင်းလိုလို ဝမ်ချောင်၏ခေါင်းကို ခုတ်ချသည်။ သူ၏ခုတ်ချက်က နတ်ဘုရားနယ်မြေမှ စွမ်းအင်များကို သယ်ဆောင်ထားသလို ပြင်းထန်သည်။

ထိုအခြေအနေနှင့် ရင်ဆိုင်ရသောအခါ ဝမ်ချောင်က အကြောက်အလန့်မဲ့စွာ ရယ်သည်။ သူကိုယ်တိုင်က အကုတုလန်၏ အနည်းငယ် အားနည်းနေသေးသော်လည်း သူက ကံတိုက်ပွဲဝင်သံချပ်ကာ၏ လေးစားဖွယ်ကောင်းသော ခုခံစွမ်းအားနှင့် သူ၏ သူတော်စင်သိုင်း ကျင့်ကြံခြင်းအဆင့် စွမ်းအားများကို ပိုင်ဆိုင်ထားသေးသည်။ ထို့ကြောင့် အကုတုလန်၏ တိုက်ကွက်က အနည်းငယ်လောက်သာ သက်ရောက်မှုရှိသည်။

“ဟား ဟား လာစမ်းပါ”

ဝမ်ချောင်ကလည်း ရှောင်ရှားဟန်မပြုချေ။ သူ၏ခန္ဓာကိုယ်ထဲမှ စွမ်းအင်တိုင်းကို စုစည်းလိုက်ပြီး အကုတုလန်ထံ ဥက္ကာခဲကြွေကျသလို ခုန်ဝင်သွားလိုက်သည်။ သူတို့က ထိပ်တိုက်တွေ့ဆုံလိုက်သည့် အချိန်တွင် ဝမ်ချောင်၏ကိုယ်ထဲမှ ကြယ်တာရာစွမ်းအင် ရှို့နိုင်သူ၏ ခရမ်းရောင်မီးတောက်က တောက်လောင်လာသည်။ ထိုခရမ်းရောင်မီးတောက်က လုဝူ၏အင်အားမှ စတင်ကာ ဖြစ်ပေါ်လာခဲ့ပြီး သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်များအပေါ်ပင် မယုံနိုင်စရာကောင်းလောက်အောင် သက်ရောက်မှုရှိသေးသည်။

ဝမ်ချောင်က တြိဂံပုံမြေကွက်လပ်က တိုက်ပွဲအတောအတွင်း ထိုအကွက်ကိုသုံးကာ သာ့ယန်မာန်ပန့်ကို သူတော်စင်သိုင်းနယ်မြေ၏ သိုင်းအဆင့်လေးမှ ငါးအထိ ရအောင်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် အကုတုလန်ကို ရင်ဆိုင်ရာတွင်လည်း အသုံးဝင်ပေလိမ့်မည်။

ထို့ကြောင့် ဝမ်ချောင်က အကုတုလန်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အဆင့်သင့် ပြင်ထားပြီးချိန်တွင် ဝုန်းကနဲအသံနှင့်အတူ ဖြတ်ကနဲ အလင်းရောင်က လက်သွားပြီး အေးစက်သော လေပြင်းက ဖြတ်တိုက်လာသည်။ ထို့နောက် အကုတုလန်က ပျောက်သွားသည်။ ဝမ်ချောင်က အခြေအနေကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သေးခင် အကုတုလန်က ထွက်ပြေးရန် ကြိုးစားနေပြီဖြစ်ကြောင်း သိလိုက်သည်။

ခက်ထန်ကြမ်းတမ်းသောစရိုက် သေသည်အထိ တိုက်ခိုက်မည်ဆိုသော သူရဲကောင်းဆန်သည့် စကားလုံးများအားလုံးက ထိုသူ၏ ဗျူဟာသီးသန့်သာဖြစ်သည်။ သူက ထွက်ပြေးရန် ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။

“ဟား ဟား အကုတုလန် ငါမင်းကို အထင်ကြီးမိသွားတာပဲ။ ဒါပေမဲ့ မင်းတကယ်ပဲ လွတ်နိုင်မယ်လို့ ထင်တာလား”

အံ့အားသင့်သွားခြင်းထက် ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် အလွန်ပျော်သွားသည်။ ထွက်ပြေးရန် ကြိုးစားနေသော ဗိုလ်ချုပ်တစ်ယောက်က သူ၏အင်အား ခုနှစ်ဆယ်ရာခိုင်နှုန်းကိုသာလျှင် သုံးနိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက အနည်းငယ် အံ့အားသင့်သွားရသော်လည်း အကုတုလန်ကမူ သူက တန်ကြေးတစ်ခုမပေးဘဲ ထွက်ပြေးနိုင်မည်ဟု တွေးနေခဲ့လျှင် ဝမ်ချောင်ကို အထင်သေးလွန်းရာ ကျသွားလေပြီ။

“အကြီးအကဲဖန်း အကြီးအကဲ”

ဝမ်ချောင်က ချက်ချင်းလိုလိုအော်သည်။

“ဟုတ်ကဲ့အရှင်အမတ်”

အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့၏ အမူအရာက တင်းမာသွားသည်။ သူတို့ကလည်း ထိုအခြေအနေအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

ဘုန်း

အကုတုလန်က နောက်လှည့်ကာ ပြေးလိုက်သည့်အချိန်တွင် အကြီးအကဲများထဲမှ တစ်ယောက်က အနားရှိ ကျောက်တုံးတစ်တုံးကို အဝေးသို့ ကန်ထုတ်လိုက်သည်။

“ဘာလဲ”

အကုတုလန်က သူ၏မျက်ဝန်းထောင့်မှ ပြေးဝင်လာသော အနက်ရောင် ပုံရပ်တစ်ခုကို မြင်လိုက်ရသည်။ သူက တစ်ချက်ကြည့်လိုက်ချိန်တွင် ကျောက်တုံးတစ်တုံးဖြစ်နေကြောင်း မြင်လိုက်ရသဖြင့် အလွန်အမင်း ထူးဆန်းသည့် ခံစားချက်မျိုးကို ရလိုက်သည်။

ဒီကောင်စုတ်က ဘာလုပ်တာလဲ။

အကုတုလန်က အနောက်ပိုင်းဒေသမှ အကြီးအကဲတစ်ယောက်ဖြစ်သည်။ သူက ထူးဆန်းသော အရာတိုင်းကို မြင်ဖူးသည်။ သို့သော် ယခုအချိန်တွင် တွေးတောရန် အချိန်မရှိတော့ချေ။ ထိုကျောက်တုံးက သူရှိရာနေရာဘက်သို့ ဦးတည်နေခြင်း မဟုတ်ကတည်းက သူ၏စိတ်ထဲရှိ အကြောင်းအရာများ အားလုံးကို ဖယ်ရှားလိုက်ပြီး ထွက်ပြေးရန် ကြံစည်သည်။

အနောက်ဘက်မှ ဝမ်ချောင်က ခပ်ညစ်ညစ်သာပြုံးသည်။ သူက အနောက်မှလည်း မလိုက်ချေ။ အကုတုလန်က ဝံပုလွေနက်ရကု ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့သော် သူ၏ အတွေ့အကြုံကမူ နည်းသေးသည်။ သူက ဗဟိုပြင်ကျယ်မှ ကျော်ကြားသော ပုံရိပ်ယောင် ဝင်္ကပါများအကြောင်းပင် မသိထားသေးချေ။ သူက ကြားပင် မကြားဖူးလောက်ချေ။

ချောက်

ဝမ်ချောင်က စိတ်ထဲတွင် ခပ်တိုးတိုး ရေရွတ်ပြီးနောက် ကြီးမားသော ကျောက်တုံးကြီးက မြေပြင်ကို ထိသွားသည့်အချိန်ကို ကြည့်လိုက်သည်။

ဝုန်း

ပတ်ဝန်းကျင်တစ်ခုလုံးက လှုပ်ခါသွားသည်။ ဖုန်များကလည်း ကောင်းကင်ထိ ထိုးတက်သွားပြီး အရပ်မျက်နှာအနှံ့ ပိတ်လှောင်ထားသော ကြီးမားသော နံရံကြီးက ပေါ်ထွက်လာသည်။ ကျန်းနှစ်ဆယ်နီးပါး ရောက်နေပြီဖြစ်သည့် အကုတုလန်က ရုတ်တရက် ထိုနံရံနှင့် ဝင်တိုက်မိသွားသည်။

သူ့ရှေ့တွင်ရှိနေသော ရှင်းလင်းသောလမ်းကြောင်းက ချက်ချင်းလိုလို ပျောက်ကွယ်သွားပြီး ဝေဝါးကာ ထိုင်းမှိုင်းသွားသည်။

“မကောင်းတော့ဘူး”

သတိလက်လွတ် ဖြစ်သွားသော အကုတုလန်က အလန့်တကြား အော်လိုက်သည်။ သို့သော် သူက အနည်းငယ်ပင် အချိန်မဆွဲရဲချေ။ ထိုဖုန်နံရံကြီးက ဆင်းသက်လာသည့်အချိန်တွင် အကုတုလန်က သူ၏ ကြယ်တာရာစွမ်းအင်တိုင်းကို လွှတ်ထုတ်လိုက်ပြီး ခပ်ပြင်းပြင်း အရှိန်လှည့်ပတ်ကာ ဥက္ကာခဲလို အရှိန်နှုန်းဖြင့် နံရံကို ဝင်ဆောင့်တိုက်လိုက်သည်။ ဒီနည်းအားဖြင့် သူက ကျော်ဖြတ်နိုင်မည်ဟု ယုံကြည်နေသည်။

ကောင်းကင်နှင့် မြေပြင်က တသိမ့်သိမ့်တုန်သွားသည်။ အကုတုလန်က ရပ်ထားသည့်တိုင် နံရံကို မတိုက်မိခဲ့ချေ။ အနှစ်ချုပ်ဆိုရသော် ထိုသို့အရှိန်နှင့် ဝင်ဆောင့်တိုက်ခြင်းက မမျှော်လင့်ထားသည့် အပြောင်းအလဲကို ဖြစ်သွားစေခဲ့သည်။ သူ၏ရှေ့ရှိ တစ်လောကလုံးက ကျောက်တုံးပြားကြီးအဖြစ် ပြောင်းလဲသွားသလိုမျိုး အကုတုလန်ကို သယ်ဆောင်ကာ အဝေးသို့လွင့်သွားသည်။

ဘာတွေဖြစ်နေတာလဲ။

အကုတုလန်ကလည်း အနောက်ပိုင်းဒေသတွင် ဝံပုလွေနက်ရကုဟု ကျော်ကြားကောင်း ကျော်ကြားလောက်သော်လည်း ထိုပြဿနာကိုမူ သူက အတွေ့အကြုံမရှိချေ။ ထိုအကြောင်းအရာနှင့် ပတ်သတ်ပြီးလည်း မစဉ်းစားနိုင်ခဲ့ချေ။ ထို့ကြောင့် သူက အလွန်အထိတ်တလန့်ဖြစ်ကာ ကြောက်လန့်သွားသည်။

ဝုန်း

သူ့အတွက် တစ်စက္ကန့်က ထာဝရနီးပါး ကြာနေပြီးနောက် အရာအားလုံးက ချက်ချင်း ရပ်တန့်သွားပြန်သည်။

“ဝံပုလွေနက်ရကု ငါမင်းကို စောင့်နေတာကြာပြီ”

ရင်းနှီးကျွမ်းဝင်သော ရယ်သံက သူ၏နားနား ကပ်လျှက် ထွက်ပေါ်လာသည်။ အကုတုလန်၏ မျက်လုံးက ပြူးကျယ်သွားသည့်အချိန်တွင် ဝမ်ချောင်၊ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်းနှင့် ထူးဆန်းသော ဝတ်စုံများကို ဝတ်ဆင်ထားသည့် အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ကို မြင်လိုက်ရသည်။ သူ၏နှလုံးသားက ကျောက်သားကဲ့သို့ဖြစ်သွားသည်။

အကုတုလန်ကလည်း သူဒီတစ်ကြိမ်တွင် မလွတ်မြောက်နိုင်တော့ကြောင်း သိလိုက်သည်။

“ကျယ်ပြောသော ကောင်းကင်မြေကမ္ဘာသိုင်း”

“မဟာရင်ယန်သိုင်း”

“မုန်တိုင်းချီစက်ကွင်း”

“ကျောက်တုံးဗိုလ်ချုပ်”

အကုတုလန်က ဝင်္ကပါဖြင့် အပိတ်ခံထားရအချိန်တွင် ဝမ်ချောင်၊ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ အကြီးအကဲဖန်းနဲ့ အကြီးအကဲတုတို့က သူတို့၏ အပြင်းထန်ဆုံး တိုက်ကွက်များကို ထုတ်ဖော်လိုက်ပြီး ရကုပေါ်သို့ တိုက်ခိုက်မှုမုန်တိုင်းကို ထုတ်ဖော်လိုက်သည်။

......

အာဝူး.....

ဝင်္ကပါ၏ အပြင်ဘက်တွင် ထောင်ပေါင်းများစွာသော ဝံပုလွေများက လေထဲသို့ သွားဖြဲလျှက် ခုန်တက်ကြပြီး ဝူရှန်းမြင်းတပ်ကို တိုက်ခိုက်သည်။ ဝူရှန်းမြင်းတပ် တစ်ယောက်ချင်းစီတိုင်းက ဝံပုလွေအကောင်ကြီး သုံးကောင်၊ လေးကောင်ကို ကိုင်တွယ်နေရသည်။ သူတို့က ခြေလက်နေရာများ၊ ဝမ်းဗိုက်အောက်ပိုင်းနှင့် မြင်းစီးသူထံမှ လှမ်းပြီးတိုက်ခိုက်သည်။ အခြားသော မြင်းတပ်များက ထိုဝံပုလွေများကို ကိုင်တွယ်လျှင် ခြေလက်များ မအားလပ်လောက်သော်လည်း ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်ကမူ ကောင်းမွန်စွာ လေ့ကျင့်ပေးခံလိုက်ရသည့် အင်အားကြီးသူများ ဖြစ်သည့်အလျောက် သူတို့၏ အကြီးမားဆုံး အားသာချက်က အချင်းချင်း ပေါက်နိုင်ခြင်းဖြစ်သည်။

စွပ် စွပ် စွပ်

လှံနှင့်ဓားများက လျှပ်စီးလက်နေသလိုမျိုး လျှင်မြန်စွာ လှုပ်ရှားနေသည်။ ထိုးသွင်းချက်၊ ခုတ်ချချက်တိုင်းက ကြမ်းတမ်းကာ တိကျပြီး အမြဲတစေ ဝံပုလွေများ၏ခေါင်းနှင့် နှလုံးသားများကို ထိုးဖောက်နိုင်ခြင်း၊ ခုတ်ဖြတ်နိုင်ခြင်းတို့ လုပ်နိုင်နေခဲ့သည်။ တစ်ချက်ကတင် ဝံပုလွေတစ်ကောင်၏ အသက်ကို အဆုံးသတ်ရန် လုံလောက်နေသည်။

ဝူရှန်းမြင်းတပ်က အတူပူးပေါင်းပြီး ထိုဝံပုလွေနက်များကို သတ်ဖြတ်နေချိန်တွင် အခြားသော မြင်းသည်တော် သုံးယောက်ကလည်း အဖွဲ့လိုက် ချီတက်လာပြီး မျက်တောင်တစ်ခတ် အချိန်အတွင်း ဝံပုလွေ ငါးကောင်၊ ခြောက်ကောင်ခန့်ကို အဆုံးသတ်လိုက်ပြန်သည်။ ဝံပုလွေက မည်မျှများနေစေကာမူ ဝူရှန်းမြင်းတပ်ကလည်း သမုဒ္ဒရာထဲမှ ကျောက်တုံးများကို ခပ်ထုတ်နေသလိုမျိုး လုပ်နိုင်နေသည်။ သူတို့၏ တိကျပြတ်သားမှုနှင့် ခိုင်မာမှုက မည်မျှပင် ဝံပုလွေများ တစ်သုတ်ပြီးတစ်သုတ် လာနေစေကာမူ အားလုံးကို လဲဖြိုပစ်နိုင်နေခဲ့သည်။ ထိုမြင်ကွင်းက တူရကီမြက်ခင်းပြင်ဒေသမှ စစ်သည်တော်များကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေသည်။

မြက်ခင်းပြင်ဒေသမှ စစ်သည်တော်များက တူရကီအင်အားစု၏ တိုက်ခိုက်ရေးစွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တူရကီများလောက် ပြင်းထန်သည့် တိုက်ခိုက်ရေး စွမ်းအားကို မပိုင်ဆိုင်ထားကြချေ။ ထို့ကြောင့် သူတို့ကလည်း ဒီဝံပုလွေများက တိုက်ပွဲတွင် အနိုင်ရနိုင်မည်ဟု မမျှော်လင့်ထားဖူးချေ။ သို့သော် ယခုလို ဝံပုလွေသတ်ဖြတ်သည့် ပုံစံမျိုးနှင့် အချင်းချင်း ပူးပေါင်းသည့် စွမ်းအားကမူ အလွန်အမင်း ထူးခြားလွန်းသော လုပ်ဆောင်မှုမျိုး ဖြစ်နေသေးလေသည်။ ထို့ပြင် တူရကီများကပင် ယခင်က ဘယ်သောအခါကမှ မမြင်ခဲ့ဖူးသည့် ဆုံးဖြတ်ချက် ပြတ်သားသည့် ပုံစံမျိုးကိုလည်း မြင်နေရသည်။

“ပြေးတော့ ငါတို့သူတို့ကို မယှဉ်နိုင်ဘူး”

“မဟုတ်ဘူး အရှင်ရကုက ပြောနေတယ်။ သူတို့က မိစ္ဆာသိုင်းတွေကိုသုံးပြီး အရှင်ရကုကို ပိတ်ထားတယ်။ ငါတို့ကယ်ရမယ်”

တူရကီစစ်သည်တော်များက ထန်မြင်းတပ်၏ ရက်စက်ကြမ်းတမ်းမှုနှင့် လုပ်နိုင်စွမ်းအားကြောင့် အထိတ်တလန့် ဖြစ်နေချိန်တွင် အခြားသော တူရကီစစ်သည်တော် တစ်သုတ်က ရကုပိတ်လှောင်ခံထားရသော နေရာကို အပြေးချီတက်သွားသည်။

တူရကီဗိုလ်ချုပ်ကြီးတစ်ယောက်က လေချွန်လိုက်သောအခါ ဝံပုလွေရာကျော်က ချက်ချင်းလိုလို သူ့နောက်သို့ လိုက်ပါသွားသည်။

“ဟမ့် တူရကီရကုကို ဒီနေ့ ဘယ်သူကမှ ကယ်နိုင်မယ်လို့ တွေးမနေဲ့။ သူတို့က သေချင်နေမှတော့လည်း ဒီတိုင်း သတ်လိုက်ရုံပေါ့”

ဝူရှန်းမြင်းတပ်မှ လူအယောက်တစ်ရာကျော်၏ ဗိုလ်ချုပ်ကြီးက သူ၏လှံကိုလွှဲယမ်းလိုက်သည်။ သူ၏မျက်ဝန်းက စူးရှသော အလင်းကို လွှတ်ထုတ်နေသည်။

“သတ်”

ထိုအမိန့်နှင့်အတူ သူ၏လက်အောက်မှ စစ်သည် အယောက်တစ်ရာက ချက်ချင်းလိုလို ချီတက်သွားသည်။ ထိုအယောက်တစ်ရာ ဝူရှန်းမြင်းတပ်က သေးငယ်သော မြှားဝင်္ကပါကို ထုတ်သုံးလိုက်ကြသည်။

အာဝူး...

ဝူရှန်းမြင်းတပ်က ဖြတ်သန်းလာချိန်တွင် ဝံပုလွေများကလည်း အူကြသည်။ ထိုနည်းအားဖြင့် ဝံပုလွေပင်ဖြစ်စေ၊ တူရကီပင်ဖြစ်စေ သူတို့၏ဒဏ်ကို တောင့်မခံနိုင်ကြချေ။

“ချီတက်”

အခြားသော ဝူရှန်းမြင်းတပ်က ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လိုက်ဖမ်းကြသည်။ မြင်းများကဟီသည်။ လက်နက်များကလည်း အမှောင်ထုထဲတွင် တောက်ပလာသည်။

စွပ် စွပ် စွပ်

ဓားက အသားကို လှီးဖြတ်လိုက်သည့်အခါ တူရကီစစ်သည်တော်များက ငယ်သံပါအောင် အော်ဟစ်ကြပြီး မြင်းများပေါ်မှ ပြုတ်ကျကုန်သည်။ ထိုသို့ဖြင့် တိုက်ကွက်အနည်းငယ် ဖလှယ်ပြီးသည်နှင့် အကုတုလန်၏ အင်အားစုမှ တစ်ထောင်ပင် မကျန်တော့ချေ။

“ပြေးတော့ သူတို့က လူတွေမဟုတ်ဘူး”

ထိုမြင်ကွင်းကြောင့် ကျန်ရှိနေသော မြင်းတပ်တိုင်းက အထိတ်တလန့်ဖြစ်သွားကြပြီး ထွက်ပြေးသော သားရဲကောင်များကဲ့သို့ လူစုခွဲပြေးကြသည်။ ထိုအချိန်တွင် အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ ချထားသော ဝင်္ကပါထဲတွင် ကြယ်တာရာစွမ်းအင်များနှင့် အမျိုးမျိုးသောသိုင်းများနှင့် တိုက်ပွဲဝင်စွမ်းအင်များ၏ စွမ်းအားများက ထိပ်တိုက်ရင်ဆိုင်နေကြပြီး တိုက်ပွဲက အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။

“အား”

ငယ်သံပါအောင် အော်ဟစ်လိုက်သံက ညအမှောင်ထုကို မိုးကြိုးက ပစ်ချလိုက်သလိုမျိုး ဟိန်းထွက်သွားပြီး ချီရှီတခွင် ပျံ့နှံ့သွားသည်။ တခဏခန့်ကြာပြီးနောက် အော်သံက ရပ်သွားသည်။ ဝင်္ကပါထဲတွင် အရာအားလုံးက တိတ်ဆိတ်သွားသည်။ တိုက်ပွဲက နောက်ဆုံးတွင် အဆုံးသတ်သွားလေပြီ။

All Chapters