← Chapters

အခန်း (၈၃၁-၈၃၅)

Vol. 45 Ch. 831-835

အခန်း (၈၃၁-၈၃၅)

Vol. 45 Ch. 831-835

အခန်း(၈၃၁)

“ဟူး”

ဝင်္ကပါအတွင်းတွင် ရှိနေသော ဝမ်ချောင်က လက်ကိုတဖြည်းဖြည်းချင်း ပြန်ရုတ်လိုက်ပြီး အသက်ဖြေးဖြေးချင်း ရှုထုတ်လိုက်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏ကိုယ်အတွင်းသို့ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်တစ်ယောက်၏ သူတော်စင်သိုင်း စွမ်းအင်များက ဝင်ရောက်လာသော ဖြစ်စဉ်ကို ခံစားမိသည်။ ဒီနည်းအားဖြင့် သူ၏ သိုင်းအဆင့်က သူတော်စင်သိုင်းအဆင့် တစ်မှနှစ်သို့ ရောက်ရှိသွားပြီး သုံးအထိ တောက်လျှောက်ထိုးတက်သွားသည်။

“ဒီလိုမဖြစ်သင့်ဘူး ဒါကဘယ်လို မိစ္ဆာသိုင်းလဲ”

သေခါနီးအခြေအနေထိ ရောက်ရှိနေသည့် အားနည်းဖျော့တော့သော အသံက သူ၏အရှေ့မှ ထွက်ပေါ်လာသည်။ အကုတုလန်၏ ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း ခြောက်ကပ်လာပြီး အရိုးပေါ်အရေတင် အနေအထားမျိုးသာ ကျန်ရစ်တော့သည်။ ထိုမျှအထိ ခြောက်ခြားဖွယ် ကောင်းနေသော အခြေအနေတွင်ပင် အကုတုလန်ကမူ မသေသေးချေ။ သူ၏မျက်လုံးက ဝမ်ချောင်ထံရောက်နေသည်။

“မဟာရင်ယန် ကောင်းကင်ဖန်တီးသိုင်းတဲ့ ဗဟိုပြင်ကျယ်က အဆင့်လွန်မိစ္ဆာသိုင်းပေါ့”

ဝမ်ချောင်က ပြုံးလိုက်ပြီး မတ်တပ်ထရပ်သည်။ သူက အကုတုလန်၏ နောက်ဆုံးမေးခွန်းကို ဖြေပေးလိုက်သည်။

“မိစ္ဆာသိုင်း မိစ္ဆာသိုင်း... ဒီလိုကိုး”

အကုတုလန်၏ မျက်လုံးက ဦးတည်ရာဘက် မရှိတော့ချေ။ သူ၏မျက်ဝန်းထဲရှိ နောက်ဆုံးသော အလင်းရောင်က လေတိုက်သောကြောင့် မီးငြိမ်းသွားသော ဖယောင်းတိုင်တစ်ခုလိုမျိုး ငြိမ်းသက်သွားသည်။

ခွပ်

သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်းချင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက အကုတုလန်ကို သတ်လိုက်ပြီး ချီရှီရဲ့ အခြားခြိမ်းခြောက်မှုကြီးကို ဖြေရှင်းလိုက်နိုင်ပြီ။ ဒါ့အပြင် ဝံပုလွေနက်ရကု၏ သေဆုံးမှုက ကိစ္စကြီးတစ်ခု ဖြစ်တဲ့အတွက်ကြောင့် အနောက်ပိုင်းတူရကီ ခါကာနိတ်နဲ့ ပတ်သတ်သော အခြေအနေကလည်း ပြောင်းလဲသွားပါတယ်။ အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင် ချီးမြှင့်လိုက်ပါတယ်”

“ဂုဏ်ယူပါတယ် အသုံးပြုသူ အသုံးပြုသူက မဟာထန်ရဲ့ စစ်မြင်းတာဝန်ကို ဖြေရှင်းလိုက်နိုင်ပြီး ရှုံးနိမ့်တဲ့အခါပေးရမဲ့ အပြစ်ဒဏ်ကြေးမှ ကင်းလွှတ်ခွင့်ရသွားပါတယ်”

ထိုအချိန်တွင် သူ၏စိတ်ထဲတွင် ကံကြမ္မာကျောက်တုံး၏ အသံက ထွက်ပေါ်လာသည်။ ဝမ်ချောင်၏မျက်နှာကလည်း အပြုံးကပေါ်လာသည်။ ကံကြမ္မာစွမ်းအင် အမှတ်နှစ်ထောင်ကို အကုတုလန်ကို သတ်ဖြတ်ခြင်းအားဖြင့် ရရှိခဲ့ပြီး ယခင်က ဆုလဒ်များကြောင့် သူ၏ကံကြမ္မာစွမ်းအင်က (၄၆၇၀)ဖြစ်သွားသည်။

“ငါနောက်ထပ် ကံကြမ္မာစွမ်းအင် ကျောက်တုံးဆီက ဆုလဒ်တွေနဲ့ လဲလှယ်လို့ ရနိုင်လောက်ပြီ”

ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။

ဝမ်ချောင်က အလွန်အမင်း ထူးခြားသော အင်အားမျိုးကို ပိုင်ဆိုင်ထားပြီး လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် ရန်သူများကို သတ်ခြင်းအားဖြင့် ကံကြမ္မာစွမ်းအင်အမှတ်ကို အကောင်းဆုံး ရနိုင်သည့် နည်းလမ်းတစ်ခုကို ရှာတွေ့ထားသည်။ ထိုလူများက မကြာခဏဆိုသလို အသီးသီးသော အင်ပါယာများ၏ ကံကြမ္မာများနှင့် ချိတ်ဆက်နေသဖြင့် သူတို့ကို သတ်လိုက်ခြင်းအားဖြင့် သမိုင်းမှ အခြေအနေက ပြောင်းလဲသွားသောကြောင့် ဆုလဒ်ကို ရရှိခြင်းဖြစ်သည်။

ဒါပေမဲ့ ငါအခုလောလောဆယ်တော့ ကံကြမ္မာစွမ်းအင်တွေကို သိမ်းထားသင့်သေးတယ်။ ငါအနာဂတ်မှာ လိုအပ်လာတဲ့အခါ အရမ်းအရမ်းကို လေးစားစရာကောင်းတဲ့ စွမ်းအင်မျိုးနဲ့ လဲလို့ရလောက်တယ်။

ဝမ်ချောင်က ဆုံးဖြတ်လိုက်သည်။

တြိဂံပုံမြေကွက်လပ်က တိုက်ပွဲအတောအတွင်း ဝမ်ချောင်က သူ၏ကံကြမ္မာစွမ်းအင် အမှတ်အများစုကို ကံတိုက်ပွဲဝင်သံချပ်ကာအတွက် သုံးခဲ့ပြီး တဖြည်းဖြည်းချင်း ကံကြမ္မာကျောက်တုံးကပေးသော စွမ်းအင်များ၏ အရသာကို ခံစားလာမိသည်။ ကံကြမ္မာကျောက်တုံးသည် ကျွမ်းကျင်ပညာရှင်များနှင့် ရင်ဆိုင်ရသော တိုက်ပွဲတွင် အလွန်အမင်း လွှမ်းမိုးနိုင်သည့်ကဏ္ဍမှ ကစားနိုင်အောင် အဖိုးတန်သည့် ရတနာအချို့ကို လဲလှယ်ပေးနိုင်သည်။ သို့သော် ထိုရတနာများက တန်ကြေးကြီးကြီး ပေးဆပ်ရန် လိုအပ်နေသည်။ သို့တိုင်အောင် ထိုရတနာတိုင်းက တန်ကြေးနှင့် ထိုက်တန်နေပြန်သည်။ ထို့ကြောင့် ကုန်ကျသော ကံကြမ္မာစွမ်းအင် အမှတ်များထက်ပင် ပို၍အင်အားကြီးသေးသည်ဟု ဆိုရမည်ဖြစ်သည်။

“အကြီးအကဲဖန်း အကြီးအကဲတု”

ဝမ်ချောင်က နောက်လှည့်ပြီး ဝူရှန်းမှ အကြီးအကဲနှစ်ယောက်ကို ကြည့်သည်။ ထိုနှစ်ယောက်က လက်ဟန် အမူအရာများ လုပ်လိုက်သည်နှင့် ကြယ်တာရာစွမ်းအင်များအားလုံးက ဖောင်းကြွကာ ထွက်ပေါ်လာသည်။ မြေပြင်များက တဆတ်ဆတ် တုန်ခါလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင်ရှိသည့် ဖုန်နံရံများအားလုံးက ချက်ချင်းလိုလို ပျောက်ကွယ်သွားကာ ချီရှီ၏လက်နက်တိုက်က ပြန်ပေါ်လာသည်။ မြေပြင်တွင် အလောင်းများပုံနေသည်။ သွေးမြစ်ကလည်း စီးဆင်းနေသည်။ အမှောင်ထုကပင် ပြေးပုန်းနေလေပြီ။ လေထဲတွင်လည်း သွေးညှီနံ့က တထောင်းထောင်း ထနေသည်။

ဝမ်ချောင်က ဝင်္ကပါထဲမှ ထွက်ပြေးကာစသာ ရှိသေးသည်။ သွေးများစိုရွှဲနေသော ကင်းထောက် ခေါင်းဆောင်က လှံတစ်လက်ကိုသယ်ပြီး ပြေးလာသည်။

“အရှင်အမတ် တိုက်ပွဲက အဆုံးသတ်သွားပါပြီ။ တူရကီတွေက ဖြိုလဲခံလိုက်ရပြီး တူရကီ လေးရာ၊ ငါးရာလောက်ကတော့ ထွက်ပြေးသွားကြတယ်။ ဒါ့အပြင် ကျွန်တော်တို့က အချိုု့ကို အရှင်ဖမ်းနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ သူတို့ကို ဘယ်လိုကိုင်တွယ်လိုက်ရမလဲ”

“ထွက်ပြေးသွားရင်တော့ ထားလိုက်တော့ သူတို့ကို လိုက်ဖမ်းစရာမလိုဘူး”

ဝမ်ချောင်က ထိုသို့ပြောသည်။

“ဖမ်းမိထားတဲ့ လူတွေကိုတော့ ငါတို့နဲ့အတူ ပြန်ခေါ်ခဲ့။ ဒါ့အပြင် လူတိုင်းနောက်ဆုတ်ဖို့ အသင့်ပြင်ကြ”

သူကလည်း ဒီရလဒ်ကို အလွန်အမင်း ကျေနပ်မိသည်။ မြေပြင်တွင် အလောင်းများ ပုံနေသည်။ သို့သော် အများစုကမူ တူရကီနှင့် ဝံပုလွေများဖြစ်သည်။ ဝူရှန်းစစ်တပ်၏ ဆုံးရှုံးမှုက အလွန်အမင်း နည်းပါးသည်။ အများစုကမူ အသေးစားဒဏ်ရာများသာ ရကြသည်။

ရွှီခဲ့ယွီက မြင်းစီးလာပြီးနောက် လှမ်းအော်သည်။

“အရှင်အမတ် ချီရှီကာကွယ်ရေးစစ်တပ်က လူတွေက နောက်ဆုံးတော့ ထွက်လာကြပါပြီ။ ကျွန်တော်တို့ သူတို့နဲ့ သွားတွေ့ပြီး ဒီကိစ္စကို သူတို့လက် အပ်လိုက်ရမလား”

ဝမ်ချောင်က ရွှီခဲ့ယွီ၏ အကြည့်နောက်လိုက်ပြီး ကြည့်လိုက်သောအခါ အဝေးရှိ မီးတုတ်များကို မြင်လိုက်ရသည်။ ထိုမီးတုတ်များက တဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်နှင့်အတူ မိုးခြိမ်းသံများ၊ ကျယ်လောင်သော မြင်းခွာသံများက အဖော်ပြုလာသည်။ သို့သော် တချိန်လုံး ပျောက်ကွယ်နေသည့် ချီရှီကာကွယ်ရေးစစ်တပ်က နောက်ဆုံးတွင် တုန့်ပြန်လာလေပြီ။ လူအချို့ကမူ အခြေအနေကို လာကြည့်ကြခြင်းဖြစ်သည်။ သို့သော် မြင်းခွာသံများအရ ပမာဏ မများနိုင်ချေ။

“ထားလိုက်တော့ သူတို့ကိုသတ်ဖို့ အချိန်မကျသေးဘူး။ လူတိုင်းကို အခုချက်ချင်း ထွက်သွားမယ်လို့ပြောလိုက်။ လက်နက်တိုက်အတွက်ကတော့ သူတို့ဘာသာ ကိုင်တွယ်ပါစေ”

“ဟုတ်ကဲ့အရှင်အမတ်”

......

ဝမ်ချောင်နှင့် သူ၏ဝူရှန်းမြင်းတပ် ငါးထောင်က လျှင်မြန်စွာ ထွက်ခွာသွားသည်။ ထိုသို့ဖြင့် ချီရှီကာကွယ်ရေးစစ်တပ်မှ လူများ ရောက်သည်အထိ မစောင့်နေခဲ့ချေ။ သူတို့ထွက်သွားပြီး သိပ်မကြာခင် ကြောက်မက်ဖွယ်ကောင်းသော ချီရှီဗိုလ်ချုပ်ကြီးတစ်ယောက်နှင့်အတူ သူတို့၏စစ်သည် နှစ်ထောင်ခန့်က ပေါ်လာသည်။ သူတို့၏မီးတုတ် အလင်းရောင်အောက်တွင် ခြောက်ခြားဖွယ်ကောင်းသော တိုက်ပွဲနေရာကြီးကို မြင်လိုက်ရပြီး အားလုံးက အလန့်တကြား ဖြစ်သွားကြသည်။ အချို့ကဆိုလျှင် မျက်နှာက ဖြူဖျော့သွားပြီး အန်ချင်စိတ်ပင် ပေါက်လာကြသည်။

“ဘယ်လောက် လေးစားစရာ ကောင်းလိုက်သလဲ။ သူတို့ရဲ့ သံချပ်ကာပေါ်က သင်္ကေတကိုကြည့်။ နောက်ပြီး ဝံပုလွေခေါင်းတွေပါတယ်။ ဒါက တူရကီစစ်သည်တော်တစ်ယောက်ရဲ့ လက္ခဏာပဲ။ အားလုံးက အစစ်အမှန် စစ်သည်တော်တွေ”

“ငါကသာ မှတ်မိတာ မှန်မယ်ဆိုရင် သူတို့က ဒဏ္ဍာရီလာဝံပုလွေနက် ရကုရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ လက်ရွေးစင်တွေ။ ဒီလူတွေက ချောင်းတိုက်တာ တအားတော်တာ။ သူတို့က ဒီလိုချောင်းတိုက်တာကိုလည်း တအားပျော်မွေ့ကြတာ။ သူတို့ရဲ့ နောက်ဆုံးစီမံကိန်းမှာဆိုရင် အစိုးရစစ်တပ်ဘက်က လူတစ်ထောင်ကျော်နီးပါး ဆုံးရှုံးသွားခဲ့ရတယ်။ ငါတို့ရဲ့ ဗိုလ်ချုပ်ဟောင်းတွေတောင်မှ ဆုံးရှုံးသွားခဲ့ရတာ။ သူတို့က ဒီနေရာမှာ ဒီလိုလာသေမယ်လို့ မထင်ထားဘူး”

“ဒါကတကယ်ကို သွေးပျက်စရာပဲ။ သူတို့ရဲ့ ဒဏ်ရာတွေကိုကြည့် တစ်ချက်ထက်မပိုဘူး။ ဒီလူတွေကို ဒီလိုဖြစ်အောင် လုပ်နိုင်ရအောင် အဲ့ဒီလူတွေက ဘယ်လောက်တောင် အင်အားကြီးလိုက်မလဲ။ တွေးကြည့်ရုံနဲ့တင် ငါ့ကိုတုန်ယင်စေသေးတယ်”

“ကျေးဇူးတင်စရာကောင်းတယ်။ သူတို့က ငါတို့ကို လာကူတာပဲ။ သူတို့ကသာ ဒီတူရကီတွေနဲ့ အတူလာတာဆိုရင် ငါတို့သေနေလောက်ပြီ”

စစ်သားတိုင်းကလည်း သူတို့၏ ကြောက်လန့်တကြား ခုန်လှုပ်နေသော နှလုံးသား၏ အသံကိုပင် ကြားနေရသည်။ တူရကီအလောင်းများ၏ ဆိုးရွာသော အခြေအနေကို သူတို့က စစ်ဆေးကြည့်ရှု့နေကြပြီး အားလုံးက ထိတ်လန့်ကုန်ကြသည်။ သူတို့၏သွေးများက နွေးနေသေးသည်။ ဆိုလိုသည်မှာ သူတို့က အချိန်တိုအတွင်း အသတ်ခံရခြင်းဖြစ်လောက်သည်။ ထိုသို့ အချိန်တိုအတွင်း အဆုံးသတ်နိုင်သော အင်အားစုမျိုးက သူတို့၏သွေးကို အေးခဲစေသည်။ ယခင်ကသာဆိုလျှင် မည်သူကမျှလည်း ချီရှီတွင် ဒီလိုအင်အားကြီးသော အင်အားစုမျိုး ရှိနေမည်ဟု မယုံကြည်လောက်ချေ။

“မင်းဘာရှာတွေ့လဲ”

အချိန်တစ်ခုကြာပြီးနောက် ခက်ထန်သော ချီရှီကာကွယ်ရေးစစ်တပ်မှ ဟူဗိုလ်ချုပ်ကြီးက အလောတကြီးနိုင်သော လေသံမျိုးဖြင့် လှမ်းမေးသည်။ သူ၏မျက်နှာကလည်း တင်းမာနေသည်။

သန်မာသော ဟူကင်းထောက်က ခေါင်းကိုငုံ့လိုက်သည်။ သူက တခဏခန့် တွေးတောပြီးနောက် ခေါင်းကိုပြန်မော့ကာ သတိအပြည့်ထားပြီး ပြောလာသည်။

“အခြေအနေက မရှင်းလင်းသေးဘူး။ ဒါပေမဲ့ အဲ့ဒီလူတွေက ဝူရှန်းရဲ့ သံမဏိမြို့တော်က ဖြစ်လောက်ပါတယ်။ ချီရှီမှာ သူတို့ကပဲ ဒီလိုအင်အားမျိုးကို ပိုင်ဆိုင်ထားတာပါ”

“အရှင် သူတို့က သိပ်မဝေးလောက်သေးဘူး။ သူတို့နောက်ကို လိုက်ချင်လား”

ဟူဗိုလ်ချုပ်က တခဏခန့် တွေးတောပြီးနောက် ခေါင်းကိုခါသည်။

“မလိုဘူး”

“ဒီလူက ချီရှီက တားမြစ်ချက်ပဲ။ ဘယ်သူကမှသူ့ဆီ သတိလက်လွတ် မချဉ်းကပ်ရဘူး။ ငါတို့ဆီကို ကပ်ဘေးကို ဖိတ်ခေါ်လို့မရဘူး။ မြန်မြန် ဒီနေရာကိုရှင်းလိုက်တော့”

“ဟုတ်ကဲ့အရှင်”

......

လီရာဂဏန်း အနည်းငယ်ခန့် သွားလာပြီးနောက် ဝမ်ချောင်၏ အင်အားစုက သံမဏိမြို့သို့ ပြန်ရောက်သွားကြသည်။ ယခုက ချုံကာလတွင်ဖြစ်သဖြင့် ကောင်းကင်က မှောင်နေသေးသည်။ မြို့ကလည်း တိတ်ဆိတ်နေသည်။ သို့သော် ထိုအချိန်တွင် မြို့၏ဂိတ်က ပွင့်သွားပြီး အပြာရောင်ဝတ်စုံ ဝတ်ထားသည့် မြင်းဖြူကိုစီးနင်းသော သွယ်လျလှပသည့် ပုံရိပ်တစ်ခုက ဂိတ်ဝတွင် စောင့်နေကြောင်း မြင်လိုက်ရသည်။ သူမက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်မိမယ်တစ်ပါးလို ပြုံးနေသည်။

ရွှီချီချင်၏ တောက်ပသော မျက်ဝန်းက ဝမ်ချောင်ကို လှမ်းမြင်လိုက်ရသည်နှင့် လင်းလက်သွားသည်။ သူမက ချက်ချင်းလိုလိုမြင်းကို ရှေ့တိုးမောင်းနှင်လိုက်သည်။ သူမ၏ခေါင်းကလည်း အနည်းငယ် မော့သွားပြီးနောက် ဂုဏ်ယူစွာပြောသည်။

“ဘယ်လိုလဲ ငါ့ရဲ့အကြံက မဆိုးဘူးမဟုတ်လား”

“ဟား ဟား ဒါပေါ့ ဘာပဲဖြစ်ဖြစ် ဒါကမင်းရဲ့အကြံပါပဲ”

ဝမ်ချောင်ကလည်း ရွှီချီချင်၏ ဂုဏ်ယူသောပုံစံကိုမြင်သောအခါ ရယ်လိုက်သည်။ သူတို့နှစ်ယောက်က အချင်းချင်း နားလည်မှုရှိကြပြီး ထိုစာကြောင့် အကုတုလန်ကို မြှားထုတ်ရန် ကြံစည်ခဲ့ကြသည်။ ထိုစာက အတုဖြစ်သည်။ အကြောင်းအရာကမူ မှန်သည်။ ဝမ်ချောင်၏အစ်ကိုနှင့် ဝမ်ပေ့ကလည်း အမှန်တကယ် အကျဉ်းထောင်မှ ထွက်လာခဲ့သည်။ သို့သော် သူထွက်သွားပြီး သိပ်မကြာခင် လမ်းလယ်ခေါင်တွင် သတ်ဖြတ်သူ ရောဂါလက္ခဏာများက စပြလာသည်။ သူက မတော်တဆ မင်းသမီးရထားလုံးကို ကွဲကြေသွားအောင် လုပ်လိုက်နိုင်သည်။ သို့ရာတွင် ဝမ်ပေ့က မင်းသမီးကို မသတ်ခဲ့သလို ရူးသွပ်သွားပြီး လူသတ်မှုလည်း မပြုခဲ့ချေ။ အကျဉ်းချုပ်ဆိုရသော် သူက ရှင်းထုတ်တော့မည့် အချိန်တွင် ဝမ်ပေ့က အောင်မြင်စွာ သူ့ကိုယ်သူ ထိန်းလိုက်နိုင်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးက ယခင်က မဖြစ်ခဲ့ဖူးချေ။

ထိုကိစ္စပြီးနောက် ဝမ်ပေ့က ဝမ်ချောင်ဆီစာပို့ကာ သူက ဝူရှန်းသို့ သိပ်မကြာခင်လာပြီး အနောက်ပိုင်းဒေသကို ဖိနှိပ်ရန် လာကူမည်ဟုဆိုထားသည်။ ထိုသတင်းက ဝမ်ချောင်အတွက် သာယာနာပျော်ဖွယ်ရှိသော သံစဉ်ကဲ့သို့ ဖြစ်သွားသည်။

ထိုစာက ဝမ်ချောင်၏လက်ထဲသို့ ရောက်သည်မှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းကဖြစ်သည်။ သို့သော် ရွှီချီချင်က ထိုစာကိုမြင်သောအခါ အကြံတစ်ခုကိုတွေးမိပြီး အကုတုလန်ကို လှည့်စား၍ သတိလက်လွတ်ဖြစ်စေကာ မျှော်လင့်ထားသည်ထက် စီမံကိန်းစအောင် ကြိုးကိုင်နိုင်ခဲ့သည်။ အကုတုလန်ကလည်း အလွန်အမင်း သတိကြီးသူဖြစ်သည်။ ဝမ်ချောင်က တဲဖြတ်သန်းခွင့် နေရာကို ကျော်ဖြတ်သွားပြီး မြို့တော်ဘက်သို့ ဦးတည်နေကြောင်း သိပြီးသည့်တိုင်အောင် အခြေအနေ သေချာစေရန်အလို့ငှာ ဝမ်ပေ့နှင့် ပတ်သတ်သည့် သတင်းများကို စုဆောင်းခဲ့သေးသည်။

သို့သော် ဆိုးယုတ်သောလူများက ခြေတစ်လှမ်း လှမ်းပြီးချိန်တွင် ဖြောင့်မတ်မှန်ကန်သော လူများက တစ်ဝက်ခန့်ရောက်နေပြီးသည် ဆိုသည့်အတိုင်း အဆုံးတွင် အကုတုလန်က ဝမ်ချောင်နှင့် ရွှီချီချင်တို့ထံတွင် ရှုံးသွားခဲ့ပြီး ချီရှီ၏ လက်နက်တိုက်အရှေ့တွင် သေသွားခဲ့ရသည်။ ထိုနည်းအားဖြင့် ဝမ်ချောင်၏ ကျင့်ကြံခြင်းအဆင့် တိုးမြှင့်အောင် အားဖြည့်စာ ဖြစ်သွားရသည်။

“ဒါပေမဲ့ သတိလက်လွတ် မနိုင်နဲ့ဦး တစ်ယောက်ယောက်က အရင်တစ်ခေါက်ကလိုမျိုး နင့်ရဲ့ စစ်အကျိုးအမြတ်အမှတ်ကို မခိုးသွားစေနဲ့”

ရွှီချီချင်က သဘောတကျပြောသည်။

“ခုံရုံးကိုတင်ပြဖို့ မှတ်တမ်းပြင်ဆင်ထားလိုက် နင်အနည်းဆုံးတော့ နင့်ရဲ့ အားစိုက်ထုတ်မှုအတွက် ဆုနည်းနည်းတော့ ရသင့်ပါတယ်”

“ဟား ဟား ငါက ဒီလိုကိစ္စတွေကို ဂရုမစိုက်တာ မင်းလည်းသိပါတယ်။ ဒါပေမဲ့ မင်းပြောတာကလည်း အကျိုးအကြောင်း သင့်တော်ပါတယ်။ ကောင်းပြီ ဒီမှတ်တမ်းကိစ္စကတော့ မင်းကိုပဲ လွှဲလိုက်တော့မယ်”

ဝမ်ချောင်က ပြုံးလျှက်ပြောပြီး အောက်သို့ လက်ယမ်းချသည်။ လျှင်မြန်စွာဖြင့် သူ၏လူများက သံမဏိမြို့ထဲသို့ ဝင်သွားကြသည်။

ဖလပ် ဖလပ်

တခဏခန့်ကြာပြီးနောက် သတင်းပို့ငှက်က အမှောင်ထုကောင်းကင်ကိုကျော်ဖြတ်ကာ ပျံသန်းသွားပြီး မြို့တော်အတွင်းသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားသည်။

.....

တစ်ညတာက ကုန်လွန်သွားပြီး နောက်တစ်နေ့ မနက်ခင်းတွင် ဝမ်ချောင်က ငှက်သိုက်ဆန်ပြုတ်ကို သောက်နေချိန်တွင် အခန်း၏တံခါးက ရုတ်တရက် ဘန်းကနဲ မြည်သံနှင့်အတူ ပွင့်သွားသည်။

ရွှီခဲ့ယွီက အခန်းထဲသို့ ပြေးဝင်လာပြီးအော်သည်။

“အရှင်အမတ် ပြဿနာတတ်ပြီ”

“ဘာဖြစ်တာလဲ”

ဝမ်ချောင်က ဆန်ပြုတ်ကိုချပြီးနောက် မျက်မှောင်ကျုံ့သည်။ ရွှီခဲ့ယွီနှင့် အခြားလူများကလည်း သူချထားသော စည်းမျဉ်းများအကြောင်း သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း အရေးကြီးသော ကိစ္စမဟုတ်သမျှ ဒီလိုအချိန်မျိုးတွင် ဝမ်ချောင်၏ အခန်းထဲသို့ ဖောက်ဝင်လာမည်မဟုတ်ချေ။

အခန်း(၈၃၂)

“မယုံနိုင်စရာပဲ အရှင်အမတ် ကျွန်တော်တို့ မနေ့ညက ဖမ်းမိတဲ့လူတွေကို မှတ်မိသေးလား”

ရွှီခဲ့ယွီကပြောသည်။ သူ၏မျက်နှာက စိတ်လှုပ်ရှားမှုကြောင့် နီးမြန်းလာသည်။

“ငါမှတ်မိတယ်လေ ဘာဖြစ်လို့လဲ”

ဝမ်ချောင်ကလည်း အတော်လေး စိတ်ရှုပ်သွားသည်။ မနေ့ညက တိုက်ပွဲကြီးပြီးနောက် ဖမ်းမိသူများရှိကြောင်း သူ့ကို တင်ပြလာခြင်းကိုလည်း မှတ်မိသေးသည်။ သို့သော် ထိုကိစ္စနှင့်ပတ်သတ်ပြီး ထူးဆန်းမှုကို သူနားမလည်နိုင်ချေ။

“အရှင်အမတ် ကျွန်တော်တို့ ဒီတစ်ကြိမ် ငါးကြီးမိလိုက်တာပဲ။ ဖမ်းမိလာတဲ့ လူတွေထဲမှာ အနောက်ပိုင်း တူရကီခါကာနိတ်က မင်းသားတစ်ပါး ပါတယ်။ သူက အက်ရှာဘာရာခါကန်းရဲ့ အချစ်ဆုံး စတုတ္ထမင်းသားပဲ။ သူက ခါတွန်းရဲ့ မျိုးဆက်ပဲ။ အကုတုလန်က သူ့ကို ဒီတစ်ကြိမ် ခေါ်လာခဲ့တာက သူ့အတွက် အမှတ်အချို့ရအောင် လုပ်ပေးပြီး အက်ရှာဘာရာခါကန်းကို ပြောလို့ သူ့ကို တရားဝင်ရာထူးတစ်ခု ရအောင် ယူခိုင်းမလို့ပေါ့။ ဒါပေမဲ့ သူကိုယ်တိုင်ကလည်း အဆုံးသတ်သွားတဲ့အပြင် မင်းသားကိုယ်တိုင်ကိုပါ ဖမ်းမိစေလိမ့်မယ်လို့ ထင်ထားမှာမဟုတ်ဘူး”

ရွှီခဲ့ယွီက အသက်ကို ရှုရုံသာရှုလျှက် စကားကို တရစပ်ပြောသွားသည်။

“အာ”

ဝမ်ချောင်ကပင် လန့်သွားပြီး ချက်ချင်းလိုလို မတ်တပ်ထရပ်လိုက်မိသည်။

အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်များတွင် မင်းသားတစ်ပါး၏ အဆင့်အတန်းက ဗဟိုပြင်ကျယ်က မင်းသားတစ်ပါးထက် ပိုမြင့်သည်။ အကြောင်းပြချက်ကမူ အလွန်ရိုးရှင်းသည်။ တူရကီခါကာနိတ် နှစ်နိုင်ငံတွင် နန်းဆောင်သုံးခုနှင့် ခုံရုံးခြောက်ခုမရှိချေ။ ထို့ကြောင့် သူတို့က မင်းသားနှင့် မင်းသမီး အများကြီးမရှိထားချေ။ ခါထွန်း၏ ဆက်ခံသူဖြစ်သော မင်းသားတစ်ပါးဖြစ်သလို အက်ရှာဘာရာခါကန်းက အချစ်ဆုံး မင်းသားတစ်ပါးဆိုသော အဆင့်အတန်းက အနောက်ပိုင်းတူရကီ ခါကာနိတ်တွင် မယုံနိုင်စရာကောင်းသည့် အခြေအနေမျိုး ဖြစ်နေပြီးလေပြီ။

ဝမ်ချောင်ကလည်း အကုတုလန်ကို ရင်ဆိုင်နေခဲ့ချိန်တွင် အနောက်ပိုင်းတူရကီ ခါကာနိတ်ထံမှ မင်းသားတစ်ပါးကို ဖမ်းမိမည်ဟုပင် မမျှော်လင့်ထားမိချေ။

......

“အရှင်အမတ် ဒီမနက် ကျွန်တော်တို့ မနေ့ညက ဖမ်းမိတဲ့လူတွေကို ခေါ်လာပြီးမေးကြည့်တော့ သူတို့က အနောက်ပိုင်းတူရကီနဲ့ ပတ်သတ်ပြီး အသုံးဝင်တာ ဘာကိုမှ မသိရခဲ့ပါဘူး။ ဒါပေမဲ့ အဲ့ဒီထဲမှာမှ သူတို့ထဲက တစ်ယောက်က တော်တော်လေး ထူးခြားနေတာကို သတိထားလိုက်မိတယ်။ သူက ခမ်းနားတဲ့ဝတ်စုံကို ဝတ်ဆင်ထားတယ်။ ဒါက သာမာန်စစ်သားတစ်ယောက် ဝတ်ဆင်တတ်တဲ့ ပုံစံမျိုး မဟုတ်ပါဘူး။ နောက်ပြီး သူ့ရဲ့ စိတ်နေသဘောထားကလည်း မတူဘူး။ သူက စစ်သားနဲ့မတူဘူး။ အဲ့ဒီအစား အရမ်းကို အဆင့်အတန်းမြင့်မားတဲ့ ပုဂ္ဂိုလ်တစ်ယောက်နဲ့ တူနေတယ်။ သူက အခြားဖတ်မိတဲ့ လူတွေထဲမှာမှ ထူးခြားပြီး ထင်းထွက်နေခဲ့တာပါ”

ရွှီခဲ့ယွီက ဝမ်ချောင်ကို ထိုကိစ္စအကြောင်း သတင်းလာပို့တာဖြစ်ပြီး ချန်းပင်းကသာ တူရကီမင်းသားကို ရှာတွေ့ခဲ့သူဖြစ်သည်။ သံမဏိမြို့ အောက်ဘက်ရှိ အကျဉ်းထောင်ထဲတွင် လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်းနှင့် စုရွှတ်ရွှမ်းအပြင် အကြီးအကဲဖန်းနှင့် အကြီးအကဲတုတို့ကပင် စုရုံးနေကြပြီး ချန်းပင်း၏ ရှင်းပြချက်ကို နားထောင်နေကြသည်။

“ကျွန်တော်ကလည်း တစ်ခုခုတော့ မှားနေတယ်ဆိုတာကို ချက်ချင်းသိလိုက်လို့ တူရကီဘာသာစကား နားလည်တဲ့ လူတစ်ယောက်ကိုခေါ်ပြီး စစ်မေးခိုင်းခဲ့တော့ သူက မင်းသားတစ်ပါးဆိုတာကို သိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်တော် မသေချာသေးဘူး။ ဒါကြောင့် ကျွန်တော် ဟူလာယဲ့ကိုခေါ်ပြီး ကြည့်ခိုင်းခဲ့တာပါ။ သူကတော့ တော်တော်လေး တက်တက်ကြွကြွ ပူးပေါင်းပေးခဲ့ပါတယ်။ နောက်ပြီး သူ့ရဲ့ လူမှုအသိုင်းအဝိုင်းထဲမှာရှိတဲ့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တဲ့ အဆင့်မျိုးကြောင့် သူက ရာထူူးကြီးအဖွဲ့ဝင် တော်တော်များများနဲ့ သိကျွမ်းထားတယ်။ ဒီအတွက်ကြောင့်ပဲ သူက တူရကီအင်ပါယာကလန်က အဖွဲ့ဝင်တိုင်းကို ရင်းနှီးနေမယ်လို့ ထင်ခဲ့တာပါ။ ဟူလာယဲ့ရောက်လာတော့ သူက တူရကီမင်းသားကို တစ်ချက်ကြည့်ရုံနဲ့ မှတ်မိသွားခဲ့တယ်”

“အွန်း”

ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူက သေးငယ်သော ပြတင်းပေါက်မှတဆင့် အပြင်သို့ကြည့်နေသည်။ ထိုအမြင့်က မြေပြင်နှင့် ခြောက်ပေကျော်သာကွာသည်။ တူရကီစတုတ္ထမင်းသားက အသက်(၂၁)နှစ်သာ ရှိသေးသော လူငယ်တစ်ယောက်ဖြစ်သည်။ သူ၏ဝတ်စုံကလည်း မနေ့ညက တိုက်ပွဲကြောင့် နံဟောင်နေသည်။ သို့တိုင်အောင် သူက ခမ်းနားသော တူရကီဝတ်စုံကို ဝတ်ဆင်ထားကြောင်း သိနိုင်သေးလေသည်။

သူကတကယ်ကို တူရကီအင်ပါယာကလန်က အဖွဲ့ဝင်တစ်ယောက်ပဲ။

ဝမ်ချောင်က အတွေးကို အနှစ်ချုပ်လိုက်နိုင်သည်။ ထိုလူငယ်၏ ဝတ်စုံပေါ်တွင် တောက်ပသော နေမင်းများနှင့် ဝံပုလွေများဟိန်းနေသော ပုံစံကို မြင်နိုင်သည်။ ဝမ်ချောင်က တူရကီအင်ပါယာ မျိုးနွယ်ဝင်များနှင့် အဆက်အဆံ ပြုခဲသော်လည်း တူရကီများက နေကို သူတို့၏ အထွဋ်အမြတ်တောင်အဖြစ် သတ်မှတ်ထားတတ်ပြီး ဝံပုလွေများနှင့်အတူ ကိုးကွယ်ပူဇော်မှုများ ပြုလုပ်တတ်ကြောင်း သိထားပြီးသားဖြစ်သည်။ ထိုသင်္ကေတများက တူရကီခါကာနိတ်များ၏ တော်ဝင်ကလန်များကတောင် အသုံးပြုသော သင်္ကေတများဖြစ်သည်။ ဒါကလည်း သူတို့က တော်ဝင်မျိုးဆက်ဖြစ်ကြောင်း သိနိုင်သည်။

ဝုန်း

သူက အနည်းငယ်ပင် နှောင့်နှေးကျန့်ကြာခြင်းမရှိဘဲ ချက်ချင်းလိုလို သူအကျဉ်းထောင်၏ တံခါးကိုဖွင့်ကာ ဝင်သွားလိုက်သည်။

“ငါ ငါ ငါ့ကို မသတ်ပါနဲ့ ငါက တူရကီမင်းသားပါ။ မင်း မင်းတို့ကို ပိုက်ဆံတွေအများကြီး ပေးနိုင်တယ်။ ငါ့ကို မသတ်ပါနဲ့”

ထိုမင်းသားငယ်က အကျဉ်းထောင်တံခါး ပွင့်သွားသည်နှင့် အလန့်တကြားဖြစ်သွားပြီး ချက်ချင်းလိုလို ထောင့်နားလေးတွင် ဘောလုံးလေးလို ကွေးသွားသည်။ ထိုတူရကီမင်းသားကလည်း အကုတုဘက်မှ အနားတွင် အမြဲတစေ ရှိနေခဲ့သော တူရကီလူငယ်ဖြစ်သည်။

“အွန်”

ထိုတူရကီမင်းသား၏ ထိတ်လန့်တကြားပုံစံကို မြင်သောအခါ ဝမ်ချောင်က မျက်မှောင်အနည်းငယ်ကျုံ့သည်။

“အရှင်အမတ် ဒီလူက ငကြောက်လို့ထင်ပါတယ်။ သူက မနေ့ညက လုပ်ကြံသတ်ဖြတ်မှုက သူ့ကို စိတ်လွတ်သွားစေတဲ့ပုံပါပဲ”

ရွှီခဲ့ယွီက ဝမ်ချောင်၏ နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။

ဝမ်ချောင်က ဆက်လက် စောင့်ကြည့်ပြီးနောက် ခေါင်းညိမ့်လိုက်သည်။ မနေ့ညက တိုက်ပွဲတွင် ဝူရှန်းမြင်းတပ်က ထိုတူရကီစစ်သည်များကို ဖရဲသီးများလှီးသလို ဖြတ်တောက်ခဲ့ကြသည်။ ထို့ကြောင့် သူတို့ကို အလွယ်တကူ ချေမွနိုင်ခဲ့သည်။ တူရကီများက ကြမ်းတမ်းသော ပုံစံမျိုးဖြင့် တိုက်ခိုက်တတ်မှုနှင့်အတူ မွေးဖွားလာခဲ့သည့် သဘာဝစစ်သည်တော်များဟုပင် ပြောကြသော်လည်း ထိုတူရကီမင်းသားကမူ စန်းမီတောင်တွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ ထိုနေရာက ခါကန်းခုံရုံး၏ အလယ်ဗဟိုနေရာတွင်ဖြစ်သည်။ ထို့ကြောင့် သူတွေ့ကြုံခဲ့ဖူးသော တိုက်ပွဲများက လက်တစ်ဖက်ဖြင့်ပင် ရေတွက်ရလောက်သည်။ ထို့ပြင် သူတွေ့ကြုံဖူူးသော တိုက်ပွဲများတွင်လည်း သူက နောက်တန်းတွင်သာ တောက်လျှောက် နေခဲ့လောက်ပြီး တူရကီဘက်က အားသာချက်ရခဲ့သော အခြေအနေမျိုးတွင်သာ ဖြစ်လောက်သည်။

တူရကီစစ်သည် လေးထောင်မှ ငါးထောင်ခန့်က ဝက်များလို အသတ်ခံခဲ့ရသော မြင်ကွင်းမျိုးက သူမြင်တောင် မမြင်ခဲ့ဖူးသေးချေ။ ထိုမြင်ကွင်းက ဒီနေ့အချိန်ထိ သူ၏အိမ်မက်ဆိုးကြီး ဖြစ်နေသေးသည်။

ဝမ်ချောင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီးနောက်မေးသည်။

“မင်းက ငါ့ကို ပိုက်ဆံအများကြီး ပေးနိုင်တယ်လို့ ပြောလိုက်သလိုပဲ”

ထိုတူရကီမင်းသားက အစပိုင်းတွင် ထိုမေးခွန်းကြောင့် မှင်သက်သွားသည်။ အကြောင်းမူကား တူရကီဘာသာဖြင့် မေးမြန်းလာသောကြောင့်ဖြစ်သည်။ သို့သော် သူက ချက်ချင်းလိုလို အသိပြန်ဝင်သွားသည်။

“ဟုတ်တယ် ဟုတ်တယ် ပိုက်ဆံဘယ်လောက်ပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ငါမင်းကို ပေးနိုင်တယ်။ ပုလဲတွေ၊ မဟူရာတွေ၊ ရွှေတွေ... ငါ့ရဲ့တော်ဝင်ခမည်းတော်နဲ့ တော်ဝင်မယ်တော်တို့က သေချာပေါက် သဘောတူပေးလိမ့်မယ်”

ဝမ်ချောင်ကရယ်သည်။

“ဟား ဟား ငါက ဘာပုလဲနဲ့ ဘာမဟူရာမှ မလိုချင်ဘူး။ ရွှေအတွက်ကတော့ မင်းတို့တူရကီတွေမှာ ဘယ်လောက်ရှိနေလို့လဲ။ မင်းရဲ့ တော်ဝင်ခမည်းတော်နဲ့ တော်ဝင်မယ်တော်က ဒါတွေကို မင်းဆီ ပေးမှာတဲ့လား”

တူရကီမင်းသားကမူ ကြောင်တောင်တောင်ဖြစ်သွားသည်။ အခြားသော အင်ပါယာများနှင့် မတူသည်မှာ တူရကီလူမျိုးများက ငွေကြေးအားဖြင့် ကောင်းကောင်းဖွံ့ဖြိုးခြင်း မရှိသလို ပစ္စည်းနှင့် အရင်းအမြစ်ပိုင်းဆိုင်ရာတွင်လည်း လုံလောက်အောင် မကြွယ်ဝချေ။ သူတို့၏ တူရကီများတွင် ကြွယ်ဝမှုကြီးတစ်ခု ရှိနေလျှင်ပင် သူတို့စိတ်ကြိုက် ဆန္ဒရှိသလို ပစ္စည်းများကို ဝယ်ယူနိုင်ရန်အတွက် ခွင့်ပြုနိုင်ကြသည်။

အခြားစကားဖြင့်ဆိုရသော် တူရကီများ၏ ကြွယ်ဝမှုက အခြားသော အင်ပါယာများနှင့် ကုန်သွယ်မှုပြုသလောက်သာ တက်နိုင်ကြလေသည်။ ထို့ပြင် တူရကီများကလည်း ထိုကြွယ်ဝမှုများကို ဂရုမစိုက်ကြချေ။ ဟူလာယဲ့ကဲ့သို့သော လူမျိုးက ခါကာနိတ် နယ်ပယ်နှစ်ခုလုံးတွင် အနိမ့်စား အဆင့်ထဲတွင် အလွန်အမင်း ကြွယ်ဝသောသူများထဲမှ တစ်ယောက်ဟု ပြောနိုင်သည်။ ထို့ပြင် တူရကီမြက်ခင်းပြင်ဒေသတွင် မည်သည့်ရွှေတွင်းမှ မရှိချေ။ ခါကာနိတ်နယ်ပယ် နှစ်ခုလုံးတွင် စုဆောင်းရရှိထားသည့် ရွှေသားများကပင် များပြားခြင်းမရှိချေ။

ထို့ကြောင့် အက်ရှာဘာရာခါကန်းက မင်းသားတစ်ပါးတည်းအတွက် ရွှေများကို ပေးချေမည်ဆိုသည့် ကိစ္စက ပြောရန်ပင် ခက်ခဲလွန်းသည်။ မည်သို့ပင်ဆိုစေ အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်များ၏ ရွှေထည်များကို ဇိမ်ခံပစ္စည်းများ ဝယ်ယူခြင်းအားဖြင့် အထက်တန်းလွှာများနှင့် တော်ဝင်ကလန်သားများ အားလုံးအတွက် မျှဝေပေးရသေးလေသည်။

“ဟား ဟား ဟား”

ထိုမင်းသား၏ မျက်နှာပေါ်မှ ကြောင်တောင်တောင်ဖြစ်နေသော အမူအရာကို မြင်သောအခါ ဝမ်ချောင်က သဘောတကျရယ်ပြီး စတင်ကာ မတ်တပ်ထရပ်လိုက်သည်။ ထိုရယ်သံက မင်းသားကို လန့်သွားစေပြီး ခန္ဓာကိုယ်ကပင် တုန်သွားသည်။

“ခ ခဏ ခဏနေပါဦး... ငါမင်းလိုချင်တဲ့ စစ်မြင်းတွေ ပေးလို့ရတယ်”

တူရကီမင်းသားက ရုတ်တရက်အော်သည်။

“ငါမင်းကို စစ်မြင်းတွေ အများကြီးပေးလို့ရတယ်။ ငါတို့ရဲ့ အနောက်ပိုင်း တူရကီခါကာနိတ်က မဟာမြက်ခင်းပြင်ကျယ် ဒေသက အကောင်းဆုံး စစ်မြင်းတွေကို ပိုင်ဆိုင်ထားတယ်။ ငါမင်းကို မင်းလိုသလောက် ပေးလို့ရတယ်”

သို့သော် ဝမ်ချောင်က မကြားချင်ယောင်ဆောင်သည်။ သူက ခေါင်းကိုအသာခါပြီး နောက်လှည့်ကာ အကျဉ်းထောင်ထဲမှထွက်သည်။ မင်းသား၏ ကြောက်လန့်နေသော အကြည့်က သူ၏ကျောတွင် ကပ်ပါလာသည်။ အကျဉ်းထောင်တံခါးက ပိတ်သွားသည်။ တူရကီမင်းသားက မိုးကြိုးပစ်ခံရသလိုမျိုး မျက်နှာက ဖြူဖျော့သွားပြီး မြေပြင်ပေါ်သို့ ပုံလျှက်သား လဲကျသွားသည်။

ဝမ်ချောင်က အကျဉ်းထောင်ထဲက ထွက်ပြီးကာစသာရှိသေးသည်။ သူ၏မျက်ဝန်းထောင့်မှတဆင့် ခပ်ဝဝ ခန္ဓာကိုယ်တစ်ခုကို မြင်လိုက်ရသည်။ ထိုခန္ဓာကိုယ်က တစ်နေရာတွင် ပုန်းပြီးချောင်းနေသည်။

“အာ ဘာလို့ သူပြောတာကို သဘောမတူလိုက်တာလဲ။ စတုတ္ထမင်းသားက အနောက်ပိုင်းတူရကီ ခါကာနိတ်ထဲမှာ တော်တော်လေး အဆင့်မြင့်တယ်။ သူတို့မှာ ရွှေထည်တွေ အများကြီးမရှိဘူးဆိုရင်တောင်မှ စစ်မြင်းတွေသာလိုချင်ရင် အက်ရှာဘာရာခါကန်းက သေချာပေါက် သဘောတူမှာပဲ။ မြက်ခင်းပြင်ကျယ်ဒေသမှာ အထက်တန်းလွှာတစ်ယောက်ကို ဓားစာခံအဖြစ် ခေါ်ထားပြီး ပိုက်ဆံတွေအများကြီးနဲ့ ပြန်ရွေးရတယ်ဆိုတဲ့ ကောလဟာလ ရှိပါတယ်။ ဒါကြောင့် ဒီမင်းသားဆိုရင် သေချာပေါက် စစ်မြင်းတွေရမှာပါ”

“ငါသိတယ်”

သူကထိုသို့ပြောသည်။ သူက ဟူလာယဲ့ကို တစ်ချက်ပင်မကြည့်ချေ။

“အရှင်ကသိတယ်လား”

ဟူလာယဲ့က ကြောင်သွားသည်။ ဝမ်ချောင်က စစ်မြင်းလိုနေကြောင်း သူက သိထားပြီးသားဖြစ်သည်။ ဝမ်ချောင်ကလည်း သူ့ကို ကူညီဖို့ သဘောတူခဲ့သည်မှာလည်း စစ်မြင်းသုံးသိန်းအတွက်ကြောင့် ဖြစ်သည်။ သို့သော် ယခု သူ၏အရှေ့တွင် ပြောင်မြောက်သော အခွင့်အရေး ရှိနေသည့်အခါ ဝမ်ချောင်က စွန့်ပစ်လိုက်သည်။ ထိုအပြုအမူက သူ့ကို နားလည်ရခက်ခဲစေသည်။

“အရှင်အမတ် ဘာလို့လဲ”

“ငါက ဒီကိစ္စကို သူ့ကို ကိုင်တွယ်ခိုင်းဖို့ ဆုံးဖြတ်ထားပြီးပြီ”

ဝမ်ချောင်က ပြုံးလိုက်ပြီး ဖိအားများသွားသော ဟူလာယဲ့၏ ပုခုံးပေါ် ပုတ်လိုက်ကာ ထွက်သွားသည်။ ထိုအချိန်တွင် ဟူလာယဲ့ကမူ မြေပြင်တွင် သံရိုက်ထားသလိုမျိုး တောင့်တင်းနေခဲ့သည်။ သူ၏နှုတ်ခမ်းက တဆတ်ဆတ် တုန်နေပြီး စိတ်ကလည်း ဗလာဖြစ်သွားသည်။ အချိန်တစ်ခုကြာမှသာ သူက နောက်ဆုံးတွင် နားလည်သွားသည်။

သူ၏မျက်ဝန်းက တောက်ပသွားပြီး မျက်နှာကလည်း လင်းထိန်လာသည်။ သူက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

“ကောင်းလိုက်တာ”

ချီရှီ၏ အနောက်မြောက်ပိုင်း လီထောင်ကျော် ဝေးကွာသော နေရာတွင်ရှိသည့် ကျယ်ပြောသော မြက်ခင်းပြင်ဒေသကို ကျော်ဖြတ်ပြီး အလွန်အမင်း မြင့်မားသော ခမ်းနားလွန်းသည့် တောင်တန်းကြီးကို မြင်ရမည်ဖြစ်သည်။ ကောင်းကင်တွင် မြေပြင်များကိုပင် ထိုတောင်တန်းကြီးက ချိတ်ဆက်ပေးထားသလို ထင်ရလောက်အောင် မြင့်မားသည်။ ထိုတောင်ကြီးကို မြင်သောလူတိုင်းကလည်း သဘောတကျ သက်ပြင်းချကြရပေလိမ့်မည်။ ထိုတောင်က မည်မျှခမ်းနားကြောင်း အားလုံးက ချီးကျူးဂုဏ်ပြုကြရသည်။

စန်းမီတောင်

ထိုတောင်က အနောက်ပိုင်းတူရကီ ခါကာနိတ်ဖြစ်သည်။ ဂရုတစိုက်သာ ကြည့်လိုက်မည်ဆိုလျှင် ထိုခမ်းနားသော တောင်ကြီးက တောင်သုံးလုံးပေါင်းကာ ဖြစ်တည်နေခြင်းဖြစ်ပြီး နှလုံးက တိုကာ တစ်လုံးကသာ မြင့်မားနေခြင်းဖြစ်ကြောင်း သိရပေလိမ့်မည်။ အမြင့်မားဆုံးတောင်ထိပ်က အနောက်ပိုင်း တူရကီ ခါကန်း၏ အက်ရှာဘာရာခါကန်း နေထိုင်ရာနေရာဖြစ်သည်။

တူရကီမြက်ခင်းပြင် လွင်ပြင်ဒေသက မြေပြန့်ဖြစ်ပြီး အဆုံးအစမဲ့အောင်ကျယ်သည်။ ထိုနေရာကမူ ကြီးမားလွန်းသော တောင်တန်းများ ရှားပါးရာနေရာဖြစ်သည်။

ချီရှီမှ တူရကီမြက်ခင်းပြင်ဒေသကို ကျော်ဖြတ်ပြီး မြောက်ပိုင်းတောက်လျှောက် ခရီးဆက်မည်ဆိုလျှင်ပင် သူတို့က တောင်ကုန်းတစ်ခုကိုမျှ တွေ့ရမည်မဟုတ်ချေ။ တောင်ဆိုလျှင်ပို၍ဆိုးသည်။ ထို့ကြောင့် စန်းမီတောင်က ထိုနေရာက မည်သို့သော အဆင့်အတန်းရှိကြောင်း ခန့်မှန်းကြည့်နိုင်သည်။

တူရကီခါကန်းက နှစ်တိုင်းလိုလို အဖွဲ့များအနှံ့ လှည့်လည်ကာ အချိန်ကုန်ဆုံးခြင်းအားဖြင့် မဟာရွက်ဖျင်တဲကြီးက ခါကန်းက သူနှင့်အတူ တသားတည်းလှုပ်ရှားသည်ဆိုသော အခြေအနေကို ကိုယ်စားပြုသည်။ သို့ရာတွင် ခါကန်း၏ ခုံရုံးကမူ စန်းမီတောင်ဆိုသော တစ်နေရာတည်းတွင်သာရှိကြောင်း လူတိုင်းက ဝန်ခံရပေမည်။

“ဘာ အကုတုလန်က အသတ်ခံခဲ့ရပြီး စတုတ္ထမင်းသားက အဖမ်းခံရတယ်ဟုတ်လား။ ချီရှီမှာ ဖုမာန်လင်းချာ မရှိဘဲနဲ့ ငါတို့ကို ရှုံးအောင်လုပ်နိုင်ပြီး စတုတ္ထမင်းသားကိုတောင် ဖမ်းသွားနိုင်သေးတာပေါ့”

စန်းမီတောင်ထိပ်ပေါ်တွင်ရှိသည့် ဆယ်ကျန်းခန့်မြင့်သော ရွှေရောင်ရွက်ဖျင်တဲထဲမှ ခြင်္သေ့တစ်ကောင်က ဟိန်းလိုက်သလို အသံကြီးကထွက်လာပြီး စန်းမီတောင် တခွင်လုံးအနှံ့ ဟိန်းထွက်သွားသည်။ ရွက်ဖျင်တဲအတွင်းမှ ပြင်းထန်သည့် လေပြင်းက တိုက်ခတ်လာပြီး အရပ်မျက်နှာအနှံ့ ရောက်ရှိသွားသည်။ ရွက်ဖျင်တဲ၏ အပြင်ဘက်တွင် တူရကီစစ်သည် ထောင်ပေါင်းများစွာက ဝံပုလွေများကို ဦးဆောင်လျှက် ကင်းလှည့်နေကြရာမှ ထိုအသံကြောင့် တဆတ်ဆတ် တုန်ကာ ခြောက်ခြားသွားကြသည်။ သူတို့၏မျက်နှာတွင် တုန်လှုပ်ခြောက်ခြားမှုများကိုလည်း မြင်နိုင်လေသည်။

အခန်း(၈၃၃)

အနောက်ဘက်တူရကီ၏ အက်ရှာဘာရာခါကန်း

“အရှင်ခါကန်း ဖုမာန်လင်းချာက ချီရှီမှာ မရှိပေမဲ့လည်း ဝူရှန်းရဲ့ သံမဏိမြို့မှာ လေးစားစရာကောင်းလွန်းတဲ့ ထန်လူငယ်တစ်ယောက်ဖြစ်တဲ့ ဝမ်ချောင်ဆိုတဲ့လူက ရှိနေပါတယ်။ သူက ချီရှီက ထွက်သွားဟန်ဆောင်ပြီး ဝံပုလွေနက်ရကုကို ထောင်ချောက်ထဲဝင်လာအောင် မြှားခဲ့တာပါ။ သူက သူတို့ကို ရှုံးအောင်တိုက်ခိုက်ခဲ့ပြီး အရှင်ရကုကိုသတ်လို့ စတုတ္ထမင်းသားကို ဖမ်းသွားခဲ့တာပါ”

ချီရှီလက်နက်တိုက် တိုက်ပွဲမှ အသက်ရှင်လျှက် ထွက်ပြေးလာနိုင်ခဲ့သည့် တူရကီစစ်သည်တော်က ဒူးထောက်ထားသည်။ သူ၏မျက်နှာက စက္ကုတစ်စကဲ့သို့ ဖြူစုတ်နေသည်။ ချွေးစေးများကလည်း စီးကျလာပြီး သူက ဒေါသထွက်နေသော အက်ရှဘာရာခါကန်းကို တင်ပြနေသည်။ သူတို့က ချီရှီမှ လွတ်မြောက်ခဲ့ပြီးနောက် စန်းမီတောင်သို့ တောက်လျှောက် လာခဲ့ခြင်းဖြစ်သည်။ ရကုသေဆုံးသွားမှုနှင့် စတုတ္ထမင်းသား အသတ်ခံရသော ကိစ္စက အလွန်အမင်း အသတ်ခံရသော ကိစ္စကြီးဖြစ်လေရာ သူတို့ထဲက မည်သူကမှ ကိုယ်ပိုင်ဆုံးဖြတ်ချက် မချနိုင်ကြချေ။

“သံမဏိမြို့ဟုတ်လား”

ထိုနာမည်ကိုကြားသည်နှင့် ရွှေရောင်ရွက်ဖျင်တဲအတွင်းမှ ထောင်ထောင်မောင်းမောင်း သန်သန်မာမာနှင့် နတ်ဘုရားကဲ့သို့ ပုံရိပ်တစ်ခုက မျက်လုံးကိုဖွင့်လာသည်။ သူ၏ဒေါသများက ပြေလျော့သွားသည်။

“ဒါက အနောက်တောင်ပိုင်းက စစ်ပွဲမှာ ခဲ့လော့ဖုန်းနဲ့ သာ့လွန်ရော့ကျန်းတို့ကို အနိုင်ယူလိုက်တဲ့ မဟာထန်က လူငယ်ကောင်လေးမဟုတ်လား။ ငါလည်း ဝံပုလွေနက်ရကုကို သူ့ကိုသတ်ဖို့ ပြောထားပြီးသား။ ဘယ်လိုဖြစ်ပြီး ဒီတာဝန်က အခုအချိန်ထိ မလုပ်ရသေးတာလဲ”

“အရှင်ရကုက စမ်းသပ်ကြည့်ချင်ခဲ့ပါတယ်။ ဒါပေမဲ့ တိဗက်တွေက အရင်လှုပ်ရှားခဲ့မှန်း သူသိသွားတယ်။ အရှင်ကလည်း တိဗက်တွေရဲ့လက်ကိုသုံးပြီး ဝမ်ချောင်ကိုသတ်ဖို့ ကြံစည်ထားခဲ့တာပါ။ ဒါကြောင့်သူက ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားမဲ့အကြံကို ဖယ်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူမမျှော်လင့်ထားတာက ယွီစန်းအင်ပါယာရဲ့ သာ့ယန်မာန်ပန့်က တြိဂံပုံမြေကွက်လပ် နေရာရဲ့ တိုက်ပွဲမှာ ဝမ်ချောင်ဆီမှာ သေဆုံးသွားခဲ့ပါတယ်။ ဒါ့အပြင် အရှင်ကိုယ်တိုင်ကလည်း အချိန်ကို ဆွဲနေမိရင်းနဲ့ နောက်ဆုံးမှာတော့ ဝမ်ချောင်ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် ချီရှီမှာ သေဆုံးသွားခဲ့တာပါ”

တူရကီစစ်သည်တော်က လေသံတိုးတိုးဖြင့်ပြောသည်။

“ဘာ ဒီလိုအခြေအနေမျိုး ရှိတာလား”

အက်ရှာဘာရာခါကန်း၏ မျက်လုံးများက မှေးကျဉ်းသွားပြီး သူကစိတ်ငြိမ်သွားသည်။ အနောက်ပိုင်းဒေသတွင် အနောက်ဘက် တူရကီများတွင် ရန်သူနှစ်မျိုးရှိသည်။ တစ်မျိုးက မဟာထန်ဖြစ်ပြီး အမြဲတစေ မည်သူက မည်သူ့ကို အနိုင်ယူနိုင်စေကာမူ ရန်ဘက်ဆက်ဖြစ်နေမည့် အနေအထားမျိုးဖြစ်သည်။ ထို့ပြင် ထောက်ပံ့မှု ကြာရှည်ပို့နေရဦးမည့် တစ်ကြိမ်တည်းဖြင့် အမြစ်ဖြတ်၍မရသော ကြာရှည်ရန်သူဖြစ်သည်။ သို့သော် ပုံမှန်အချိန်ကာလ အတောအတွင်း ခြိမ်းခြောက်မှု ကြီးကြီးမားမား မပေးချေ။ အနောက်ပိုင်းတူရကီများအတွက် အစစ်အမှန် ရန်သူက တိဗက်တောင်ပေါ်ဒေသဖြစ်သည်။

သူတို့ကို မဟာထန်၏ ချီရှီက ချထားသော်လည်း အနောက်ဘက် တူရကီနှင့် တိဗက်များက အနောက်ပိုင်းဒေသကိုကျော်ပြီး ထပ်ခါတလဲလဲ တိုက်ခိုက်ရင်ဆိုင်ကြသည်။ ထို့ကြောင့် တူရကီများအနေဖြင့် တိဗက်ဗိုလ်ချုပ်ကြီးများကို ကောင်းကောင်း နားလည်ထားသည်။

အက်ရှာဘာရာခါကန်းက သာ့ယန်မာန်ပန့်ကိုသိသည်။ တိဗက်ဗိုလ်ချုပ်တစ်ယောက်ဖြစ်ပြီး သူ၏စစ်သားများကို ချီရှီသို့ ခေါ်ထုတ်လာလျှက် တိဗက်မြက်ခင်းပြင်ကျယ် ဒေသသို့ ဝင်ရောက်လာခဲ့ပြီး တူရကီစစ်တပ်ကို နှစ်ကြိမ်အထိ အထိနာအောင် ထိုးနှက်သွားခဲ့သည်။ ဒါက နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်ရှိသော အရူးဖြစ်သည်။ သူက မယုံနိုင်စရာကောင်းသော တိုက်ပွဲဗျူဟာများကိုလည်း နားလည်ထားသည်။

ဝေးကွာသော စန်းမီတောင်ပေါ်တွင် နေထိုင်နေသည့် အက်ရှာဘာရာခါကန်းကပင် ထိုတိုက်ပွဲများကို အနည်းငယ် အာရုံစိုက်မိသည်။ သို့သော် အနောက်ဘက် တူရကီခါကာနိတ် လက်ရွေးစင်များထဲမှ တစ်ယောက်က ဝမ်ချောင်ထံတွင် သေသွားမည်ဟု မမျှော်လင့်ထားမိချေ။ သူထင်ထားသောလူက ထိုမျှအထိ အင်အားကြီးလွန်းနေသည်။ ထိုကိစ္စကသာ မှန်ကန်နေခဲ့လျှင် သူက ဝမ်ချောင်ကို ပြန်လည်ပြီး သုံးသပ်စစ်ဆေးကြည့်ရန် လိုအပ်နေသည်။

“ခါကန်း ဒီလိုကိစ္စမျိုးကို စိုးရိမ်ဖို့ အချိန်ကျပြီလို့ထင်လား။ ငါတို့ဟူအာရဲ့အသက်က အရေးမကြီးတော့ဘူးလား”

အက်ရှာဘာရာခါကန်းက ထိုသို့ မေးခွန်းထုတ်နေချိန်တွင် ရုတ်တရက် စိုးရိမ်တကြီးဖြစ်နေပြီး စိတ်ဓာတ်ကျနေသည့် အမျိုးသမီးတစ်ယောက်၏ အသံက သူ့ကို နှောက်ယှက်လာသည်။

“ဘယ်သူက ဝမ်ချောင်က ဘယ်လိုလူဆိုတာကို ဂရုစိုက်နေမှာလဲ။ အရေးကြီးဆုံးတာဝန်က ငါ့ရဲ့သားကို ကယ်တင်ရမယ်လေ”

ထိုအချိန်တွင် တူရကီဝတ်စုံ ဝတ်ထားသည့် ကျော့ရှင်းကြည့်ကောင်းပြီး လှပသော အမျိုးသမီးတစ်ယောက်က ခါကန်း၏အနောက်ဘက်မှ ထွက်လာသည်။

“ခါကန်း”

ဒူူးထောက်နေသော တူရကီစစ်သည်တော်ကလည်း ချက်ချင်းလိုလို ခေါင်းကို ကြမ်းပြင်သို့ ထိသည်အထိ ငုံ့ချလိုက်သည်။ အနောက်ဘက်တူရကီ ခါကာနိတ်တွင် ရှိသောလူတိုင်းတွင် ဆန္ဒရှိသလို ရွှေရောင်ရွက်ဖျင်တဲထဲသို့ဝင်ပြီး အက်ရှာဘာရာကို စကားဖြတ်ပြောရဲသောလူက စတုတ္ထမင်းသား၏ မွေးမိခင် ခါထွန်းသာရှိသည်။

“မင်းဘယ်အချိန်က ဒီနေရာကိုရောက်တာလဲ”

အက်ရှာဘာရာခါကန်းက အလျင်စလို ရှေ့ထွက်သွားပြီး ဇနီးဖြစ်သူကို ထိန်းပေးလိုက်သည်။ သူ၏မျက်နှာက ချက်ချင်းလိုလို ညင်သာသွားပြီး ချစ်မြတ်နိုးမှု အထင်းသား ပေါ်ထွက်လာသည်။ ခါကန်းက သူ၏ဘဝတွင် မိန်းမပေါင်းများစွာနှင့် တွေ့ဆုံခဲ့သည်။ သို့သော် ထိုအမျိုးသမီးကသာ သူအချစ်ဆုံးနှင့် အလေးစားဆုံးဖြစ်သည်။

အကြောင်းပြချက်ကမူ ရိုးရှင်းသည်။ ခက်ရှာဘာရာ ခါကန်း မင်းသားဘဝတွင် ထိုအမျိုးသမီးက ခပ်တင်းတင်း ထောက်ပံ့ပေးနေမှုကြောင့်သာ မဟုတ်လျှင် သူကလည်း ဘယ်သောအခါကမှ ခါကန်း၏ထီးနန်းကို ဆက်ခံနိုင်မည်မဟုတ်ချေ။

ထိုအချက်များအပြင် ထိုအမျိုးသမီးက အသက်လေးဆယ်ကျော်နေပြီး ကလေးအများကြီး မွေးထားပြီးသည့်တိုင်အောင် ခါထွန်းက သူမရုပ်ရည်ကို ထိန်းထားနိုင်သေးသည်။ သူမရုပ်ရည်၊ သူမအသားအရည်က အသက်နှစ်ဆယ် နှောင်းပိုင်းအရွယ်ဟုသာ ထင်ရသည်။

“ဟမ့် ငါသာမလာရင် ဟူအာ အဲ့ဒီချီရှီထန်တွေရဲ့လက်ထဲမှာ သေတော့မှာကို ထိုင်ကြည့်နေမှာမဟုတ်လား။ ဟူအာရဲ့အသက်က ခြိမ်းခြောက်ခံနေရတာနော်”

ခါထွန်းက ခပ်ကြမ်းကြမ်း ပြန်ပြောသည်။

“ခါကန်း ငါ့ကိုပြောပါ။ နင်ဟူအာကို ကယ်မှာလား မကယ်ဘူးလား”

“ကယ်မှာပေါ့ ဒါပေါ့ ဟူအာက ငါ့ရဲ့အသွေး ငါ့ရဲ့အသားပဲ။ ငါအချစ်ရဆုံး သားတော်လည်းဟုတ်တယ်။ ဘာလို့မကယ်ရမှာလဲ။ အခုချက်ချင်း ဝူရှန်းရဲ့ သံမဏိမြို့ကို လူလွှတ်ကြစမ်း။ ဘယ်လိုတန်ကြေးကို ပေးရပေးရ စတုတ္ထမင်းသားကို ကယ်ရမယ်”

ထိုသို့ဖြင့် နောက်ဆုံးအမိန့်ကို ချမှတ်လိုက်သည်။

......

ရက်အနည်းငယ်ကြာပြီးနောက် ဝူရှန်း၏ သံမဏိမြို့တွင် ရှိနေသည့် ဝမ်ချောင်က သူ၏သံမဏိမြို့တွင် သိပ်မကြာခင်ကမှ ရောက်လာသည့် အရေးကြီးသော တင်ပြချက်ကို ဖတ်နေရင်း ကင်းထောက်တစ်ယောက်က ဝင်ရောက်လာသည်။

“အရှင်အမတ် တူရကီသံတမန်က တွေ့ခွင့်တောင်းနေပါတယ်။ သူကလည်း စတုတ္ထမင်းသားရဲ့ ကိစ္စနဲ့ ပတ်သတ်ပြီး ဆွေးနွေးညှိနှိုင်းချင်တယ်လို့ပြောပါတယ်”

“မတွေ့ဘူး”

ဝမ်ချောင်က မှတ်တမ်းမှ အကြည့်ပင်မခွာဘဲ ပြောလိုက်သည်။ သူ၏မျက်နှာတွင် မည်သည့် ခံစားချက်မျှ မရှိချေ။

“အာ”

ကင်းထောက်ကပင် ကြောင်သွားသည်။ သို့သော် သူက ချက်ချင်းလိုလို အသိပြန်ဝင်လာသည်။

“ဟုတ်ကဲ့အရှင်အမတ်”

ကင်းထောက်က ချက်ချင်းထွက်သွားသည်။

ဟူလာယဲ့ကလည်း ရယ်မောကာ ဝင်လာသည်။ သူ၏မျက်ဝန်းက တောက်ပနေသည်။

“ဟား ဟား အရှင်အမတ်က မှန်တယ်။ အက်ရှာဘာရာခါကန်းနဲ့ ခါထွန်းတို့က တော်တော်လေး စိုးရိမ်နေကြပြီ။ ရက်အနည်းငယ်ပဲ ကြာသေးတယ် သူတို့က သံတမန်တောင် လွှတ်လိုက်ပြီ။ ငါတို့က နည်းနည်းလောက်ပြီး ငြင်းနေမယ်ဆိုရင် သူတို့ကပိုပြီး စိုးရိမ်သွားကြလိမ့်မယ်။ အရှင် စတုတ္ထမင်းသားဆီက ပိုပိုပြီး ရနိုင်မှာပဲ။ ဒီလိုကိစ္စမျိုးမှာ ဘယ်သူကမှ ငါ့ထက်ပိုပြီး နားမလည်နိုင်ဘူး”

“ငါဒီကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုပဲ လွှဲထားပေးလိုက်မယ်။ တူရကီသံတမန်နဲ့ စကားပြောတဲ့ ကိစ္စကိုလည်း မင်းပဲလုပ်လိုက်။ ဒါပေမဲ့ ဟူလာယဲ့ မင်းသေချာတွေးရင်ကောင်းမယ်။ ငါသိထားတဲ့ အခြေအနေတွေအရ အကုတုလန်က မင်းရဲ့အိမ်တော်ကို ဝင်စီးခဲ့တဲ့အချိန်မှာ ဒီစတုတ္ထမင်းသားက ဝေစုတွေ ယူခဲ့သေးတယ်”

ဝမ်ချောင်က မှတ်တမ်းမှ အကြည့်လွှဲလိုက်ပြီးနောက် ဟူလာယဲ့ကို ဖျော့တော့စွာ ကြည့်သည်။

တူရကီမြက်ခင်းပြင်ဒေသက အလွန်ကျယ်ပြီး လူနေထူထပ်သည်။ ဝမ်ချောင်ကဲ့သို့သော လူတစ်ယောက်က သတင်းအချက်အလက် လိုချင်လျှင် တော်တန်ရုံ မဖြစ်နိုင်သေးချေ။ သို့သော် အနောက်ပိုင်းဒေသ၏ အနီးအနားတွင် ပြောင်မြောက်သော သတင်းအချက်အလက် စုဆောင်းနိုင်သည့် အဖွဲ့အစည်းတစ်ခု ရှိနေသေးသည်။ ထို့ပြင် ဟူတူရကီများနှင့် အာရပ်များက ထိုနေရာတွင် ပေါင်းစုံနေသည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် အင်အားအများကြီး စိုက်ထုတ်ပြီးမှ ထိုသတင်းကို ရခဲ့ခြင်းဖြစ်သည်။

“ဟား ဟား ဒါက ဘာအရေးကြီးတဲ့ ကိစ္စမို့လို့လဲ။ ငါရှုံးသွားတဲ့ အရာအားလုံးကို သေချာပြန်ယူရလိမ့်မယ်။ ဒါ့အပြင် ငါက အရှင်အမတ်ကိုလည်း မြင်းတွေရောင်းတာကို သူသိသွားရင်တောင်မှ ငါ ငါ့နည်းငါ့ဟန်နဲ့ သူကငါ့ကို ပြန်ပြီးယုံကြည်အောင် လုပ်နိုင်ပါသေးတယ်။ အက်ရှာဘာရာခါကန်းနဲ့ ခါထွန်းတို့က ငါတို့လိုချင်တဲ့ တန်ကြေးကို ပေးရလိမ့်မယ်”

ဟူလာယဲ့က ဝမ်ချောင်ကို ကြည့်လိုက်သည့်အချိန်တွင် သူ၏မျက်ဝန်းထဲတွင် အကြံအစည်များက လက်နေသည်။

တူရကီများက သတ္တိကြီးပြီး ခက်ထန်ကြမ်းတမ်းကာ အင်အားကြီးသူကို လေးစားကြသော်လည်း ဟူလာယဲ့က စစ်သည်မဟုတ်ချေ။ သို့တိုင်အောင် သူက အကြံအစည်ကြီးသော ကုန်သည်တစ်ယောက်ဖြစ်သည်။ သူက တူရကီမြက်ခင်းပြင်ဒေသမှ နံပါတ်တစ် မြင်းကုန်သည်ဖြစ်သေးသည်။ စီးပွားရေးနှင့်ပတ်သတ်ပြီး ဉာဏ်များသည့် ကိစ္စမျိုးတွင် မည်သူကမျှ သူ့ထက် မသာနိုင်ချေ။ သူက အခြားသူများက မယှဉ်နိုင်သည့် အဆင့်တွင်ရှိသည်။

“ဟား ဟား ဒီလိုဆိုရင်ကောင်းတယ်”

ဝမ်ချောင်က ရယ်လိုက်ပြီးနောက် ထိုမှတ်တမ်းများကိုသာ ဆက်ဖတ်နေလိုက်သည်။

......

အက်ရှာဘာရာခါကန်းက ပို့လိုက်သည့် သံတမန်က သံမဏိမြို့ရိုးပေါ်သို့ ရောက်လာပြီး ထပ်ခါတလဲလဲ တွေ့ခွင့်တောင်းနေသည့်အချိန်တွင် မဟာထန်၏အဝေး တစ်နေရာတွင် ရှိသော မြို့တော်ပေါ်တွင် ချီရှီကာကွယ်ရေးဗိုလ်ချုပ် အသစ်တင်မြှောက်ရေးကိစ္စနဲ့ ပတ်သတ်ပြီး ငြင်းခုံမှုက အထွဋ်အထိပ်သို့ ရောက်ရှိသွားသည်။

“အရှင်မင်းကြီး အရှင့်ရဲ့ လက်အောက်ငယ်သားက ကျားနက်ဗိုလ်ချုပ် ကျန်းရီကို ထောက်ခံပေးချင်ပါတယ်”

“အရှင်မင်းကြီး အရှင့်ရဲ့ လက်အောက်ငယ်သားက ခွဲချေခြင်းအားလှိုင်း ဗိုလ်ချုပ်ကြီးသွမ့်ရွှမ်းကို ထောက်ခံပေးချင်ပါတယ်”

“အရှင်မင်းကြီး အရှင့်ရဲ့ လက်အောက်ငယ်သားက နယ်စပ်ကဗိုလ်ချုပ် လီစစ်ကို ထောက်ခံပေးချင်ပါတယ်”

ခန်းမအတွင်းတွင် အမျိုးမျိုးသော အရာရှိများက တစ်ယောက်ပြီးတစ်ယောက် သူတို့ထောက်ခံသည့် လူများ၏ နာမည်ကို လျှောက်တင်နေကြသည်။ ထိုရက်အနည်းငယ်အတွင်း ချီရှီကာကွယ်ရေးဗိုလ်ချုပ် နေရာအတွက် ထောက်ခံသောသူများ၏ စာရင်းက နှစ်ရာပင်ကျော်သွားသေးသည်။ ထို့ပြင် သူတို့က အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် ဆက်တိုက် ထောက်ခံပေးနေကြသည်။ တိုက်ပွဲဝင် အတွေ့အကြုံ ဟူများကို ဦးဆောင်ဖူးသည့် အတွေ့အကြုံနှင့် ယခု လုပ်ထားဖူးသည့် ကိစ္စကြီးများ ထို့အပြင် အင်အားကြီးမားပုံ၊ အင်အားမြင့်တက်လာပုံနှင့် ယခင်နှစ်များအတွင်း ထင်းထွက်နေခဲ့သော ကိစ္စများအားလုံးကို အမျိုးစုံ တင်ပြကြသည်။

လူအများစုကမူ လိုအပ်ချက်များနှင့် မကိုက်ညီသည့်တိုင်အောင် ထိုလူများ ထောက်ခံပေးသော လူများအားလုံးကလည်း အတွေးတစ်ခုတည်းသာ ရှိကြသည်။

ဘာလို့သူမစမ်းကြည့်ရမှာလဲ။ မစမ်းကြည့်ဘဲနဲ့ မရနိုင်ဘူးဆိုတာကို ဘယ်လိုသိနိုင်မှာလဲဆိုသော အတွေးဖြစ်သည်။

“ဟား”

အရာရှိများ၏ ပထမဦးဆုံးအတန်း နဂါးတိုင်နားတွင် ရပ်နေသော ဘုရင်စုန့်ကမူ ထိုမြင်ကွင်းကြောင့် သက်ပြင်းချသည်။ သူ၏နားကမူ အတော်လေး အူနေလေပြီ။

ခုနှစ်ရက်၊ ရှစ်ရက်ခန့်အထိ ကြာသွားပြီးလေပြီ။ သို့သော် ချီရှီကာကွယ်ရေးဗိုလ်ချုပ်၏ နေရာအတွက် ခန့်အပ်မည့် အရာရှိအတွက် ငြင်းခုံမှုက ပြင်းထန်သထက် ပြင်းထန်လာသည်။ တစ်ယောက်ချင်းစီတိုင်းက ကိုယ်ပိုင်ရည်ရွယ်ချက်တစ်ခုစီ ရှိနေကြသည်။ သူတို့ကလည်း သူတို့ရည်မှန်းထားသောသူကို ဆက်တိုက် ထောက်ခံပေးနေကြသည်။

အမှန်တိုင်းဆိုရသော် ဘုရင်စုန့်ကလည်း ထိုလူများထဲတွင် သင့်တော်သောလူ တစ်ယောက်မျှမတွေ့ချေ။ သူက ထောက်ခံပေးသော ဝမ်ရန်နှင့် ဘုရင်ချီက ထောက်ခံပေးသော ယောင်ကွမ်းရီတို့ကပင် စံချိန်မမှီသေးချေ။ အရေးကြီးသည်မှာ ဒါက ပြည်နယ်တိုင်းပြည် တစ်ခုလုံးနှင့် ပတ်သတ်နေသည်။ ဒါကလည်း ကစားပွဲမဟုတ်ချေ။ ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ဘုရင်စုန့်ကိုယ်တိုင်ကပင် ဝမ်ရန်အကြောင်း ထည့်မပြောဖြစ်တော့ချေ။

တိုင်းပြည်က အရှင်သခင်မရှိဘဲ တစ်ရက်ပင် နေ၍မရချေ။ နယ်စပ်ကလည်း ဗိုလ်ချုပ်မရှိဘဲ မဖြစ်နိုင်ချေ။ သို့သော် ဖုမာန်လင်းချာ၏ နေရာကို အစားထိုးမည့် ချီရှီကို ကာကွယ်ပေးမည့်လူ နယ်စပ်တွင် စောင့်ကြပ်ပေးနိုင်မည့်လူကို မည်သူကမျှ ရှာမတွေ့နိုင်သေးချေ။

ဘုရင်စုန့်က ခမ်းနားသော ခန်းမကြီး၏ မျက်နှာကျက်ကို မော့ကြည့်နေပြီး စိတ်က မုန်တိုင်းထန်နေသည်။ သူက အရာရှိများ၏ ငြင်းခုံမှုကို ဂရုသိပ်မစိုက်ချေ။ သူက ထိုတာဝန်နှင့် အစစ်အမှန် လိုက်ဖက်နေသောလူကိုသာ စဉ်းစားနေခဲ့သည်။

သင့်တော်သော ရွေးချယ်မှုကို ရှာသည်ဆိုသော စကားက အမှန်တကယ် လုပ်ဆောင်သည်ထက် အပြောက ပိုလွယ်သည်။ မဟာထန်တွင်လည်း မဟာဗိုလ်ချုပ်ကြီးများရှိသည်။ သို့သော် အားလုံးကလည်း ကိုယ်ပိုင်နေရာတွင် ကိုယ်ပိုင်တာဝန်ထမ်းဆောင်နေရသည်။ အခြားသော အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကို ရှာရန် ကိစ္စက ခက်ခဲသောပြဿနာဆိုသည်ထက် မဖြစ်နိုင်လုနီးပါး ဖြစ်နေသည်။ ထိုအတွက်ကြောင့် ယခုလိုအခြေအနေ ဖြစ်နေရခြင်းဖြစ်သည်။

တကယ်ကိုပဲ မဟာထန်မှာ ဒီလိုနေရာနဲ့ သင့်တော်တဲ့လူက မရှိတော့ဘူးလား။

ဘုရင်စုန့်က မျက်မှောင်ကျုံ့သည်။ သူက ဆက်လက်ပြီး ထိုပြဿနာကို စဉ်းစားနေသည်။

ဒါကဖြေရှင်းချက်မရှိသော ပုစ္ဆာကဲ့သို့ ဖြစ်နေသည်။ ချီရှီက ရှုပ်ထွေးသော အနေအထားမျိုးတွင် ရှိနေပြီး တူရကီနှင့် တိဗက်များကိုပင် ကိုင်တွယ်ရမည်ဖြစ်သည်။ ထို့ပြင် ဟူနှင့်ဟန်စစ်သားများကိုလည်း ထိန်းချုပ်ရဦးမည်ဖြစ်သည်။ ထိုလိုအပ်ချက်များကို ပြည့်မှီနိုင်သောလူက မရှိသလောက် ဖြစ်နေသည်။

ထိုအချက်ကြောင့်လည်း ဘုရင်စုန့်က စိတ်ပျက်နေရခြင်းဖြစ်သည်။

ခန်းမထဲရှိ ငြင်းခုံမှုက ပြင်းထန်သထက် ပြင်းထန်လာသည်။ ထိုသို့ဖြင့် ရက်အနည်းငယ် ထပ်ကြာသွားပြန်သည်။ ဘုရင်စုန့်ကိုယ်တိုင်ကလည်း အလွန်အမင်း စိတ်ပျက်လာပြီး ထွက်သွားရန် ပြင်ဆင်နေသည့်အချိန်တွင် ရုတ်တရက် အလောတကြီး ပြေးဝင်လာသည့် ခြေလှမ်းသံများကို ကြားလိုက်ရသည်။

“သတင်းပို့”

ကြီးမားသော ရွှေရောင်ခက်ရင်းခွကြီးကို လက်တစ်ဖက်ဖြင့် ကိုင်ထားသည့် ရွှေရောင်အပြည့်နှင့် အစောင့်တစ်ယောက်က မြေပြင်တွင် ဒူးထောက်ချလိုက်သည်။ သူ၏အခြားလက်တစ်ဖက်ကမူ မှတ်တမ်းလွှာတစ်ခုကို ကိုင်ထားသည်။

“ချီရှီက ကြီးမားတဲ့အနိုင်ပွဲ လွန်ခဲ့တဲ့ လေးရက်ခန့်က အနောက်ပိုင်းတူရကီ ခါကာနိတ်ရဲ့ ဝံပုလွေနက်ရကုက ချီရှီရဲ့ လက်နက်တိုက်ကို ဝင်စီးခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို ဝူရှန်းရဲ့ လူငယ်အမတ် ဝမ်ချောင်ရဲ့စစ်သားတွေက ခြုံခိုတိုက်ခိုက်နိုင်ခဲ့တယ်။ တူရကီ လက်ရွေးစင်စစ်သည် (၄၅၆၈)ယောက်က အသတ်ခံခဲ့ရသလို ဝံပုလွေနက်ရကု အကုတုလန် ကိုယ်တိုင်လည်း သေဆုံးသွားခဲ့ပါတယ်။ ကျွန်တော်တို့ဘက်က အပြတ်အသပ် အနိုင်ရသွားခဲ့တာပါ”

ဘုန်း

ထိုသတင်းက ခန်းမထဲသို့ ကြီးမားသော လှိုင်းလုံးကြီးလို လိမ့်ဝင်လာသည်။ အကုတုလန်၏ နာမည်ကို သိသောလူနည်းသည်။ သို့သော် ရကုဆိုသော အဓိပ္ပာယ်ကို လူတိုင်းသိကြသည်။

အရှေ့ပိုင်းနှင့် အနောက်ပိုင်း တူရကီခါကာနိတ်တွင် ထိုနာမည်က လွှမ်းမိုးမှုအလွန်ကြီးသည်။ ဒါက သူတို့၏ သွေးကြောထဲတွင် တော်ဝင်သွေး စီးဆင်းနေသော သူများကိုသာ ရည်ညွှန်းနိုင်သည်။ ဘက်ထောင့်တစ်ခုမှ ကြည့်မည်ဆိုလျှင် သူတို့က မဟာထန်မှ တော်ဝင်မင်းသားများနှင့်ပင် တူသေးလေသည်။

အခန်း(၈၃၄)

ချီရှီကာကွယ်ရေးဗိုလ်ချုပ်.... ဝမ်ချောင်ဟုတ်လား

အရေးကြီးဆုံး အချက်ကမူ မည်သူကမှ အကုတုလန်ဆိုသော နာမည်ကို မသိလျှင်ပင် ဝံပုလွေနက်ရကုဆိုသော နာမည်ကမူ မကြာခဏဆိုသလို ခုံရုံးတွင် အကြိပ်အနှယ် ငြင်းခုံတတ်သော ခေါင်းစဉ်တစ်ခုအဖြစ် ပေါ်လာတတ်သေးလေသည်။

ထိုအဖွဲ့နာမည်က ချီရှီနှင့် ပေ့ထင်၏ ရန်သူစာရင်းထဲတွင်ပါသည်။ ထိုလူက သံသယဝင်ရန် မလိုလောက်အောင် အနောက်ပိုင်းတူရကီ ခါကာနိတ်၏ စစ်ဘက်ပိုင်းမှ အဓိကအဖွဲ့ဝင်များထဲမှ တစ်ယောက်ဖြစ်ပြီး တူရကီ၏ ရာထူးကြီးပိုင်းထဲမှ အဖွဲ့ဝင်တစ်ယောက်လည်းဖြစ်သည့် ချီရှီနှင့် ပေ့ထင်ကို အတော်လေး ခေါင်းကိုက်စေသူဖြစ်သည်။

မည်သူကမျှလည်း ထိုသို့ မဟာထန်၏ တော်ဝင်ခုံရုံးက အလိုချင်ဆုံးလူက .... ပုံမှန်အားဖြင့် မြောက်ပိုင်းနယ်စပ် တစ်ခုလုံး၏ ရန်သူကြီးက ဝမ်ချောင်၏လက်ထဲတွင် သေကာ အဆုံးသတ်သွားမည်ဟု မမျှော်လင့်ထားကြချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ ဝံပုလွေနက်ရကုက ဘယ်လောက်တောင် အကြံအစည်များပြီး ကောက်ကျစ်လိုက်သလဲ။ ပေ့ထင်နဲ့ ချီရှီတို့က ထပ်ခါတလဲလဲ ပူးပေါင်းတာတောင်မှ သူ့ကို မသတ်နိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ သူကအမြဲတမ်း ဘယ်သူမှမသိခင် ထွက်ပြေးသွားတတ်တာကြီးပဲ။ သူက ဘယ်လိုလုပ် ချီရှီမှာသေမှာလဲ”

“ဖုမာန်လင်းချာက ချီရှီမှာ ရှိတဲ့အချိန်ကတောင် သူ့ကိုမသတ်နိုင်ခဲ့တာ ဖုမာန်လင်းချာ မရှိတော့တဲ့ ချီရှီက ခေါင်းဆောင်မဲ့နေသင့်တာ မဟုတ်လား”

“အမှားများဖြစ်နေမလား ဒီလိုအမှားမျိုးက အရင်ကလည်း ဖြစ်ခဲ့ဖူးတာပဲ။ ငါတို့ကတော့ ဝံပုလွေနက်ရကုက ပေ့ထင်မှာ သေသွားပြီလို့ ထင်နေတဲ့အချိန်မှာ သူက သိပ်မကြာခင် ပြန်ပေါ်ထွက်လာတာမျိုးလေ”

“ဘယ်လိုဖြစ်နိုင်ပ့ါမလဲ အခြားလူတွေက မှားကောင်းမှားလိမ့်မယ်။ ဒါပေမဲ့ အရှင်အမတ်က ဘယ်သူမို့လို့လဲ။ သူက အနောက်တောင်ပိုင်းမှာ ခုံရုံးအတွက် အကျိုးကျေးဇူး အများကြီးရအောင် လုပ်ပေးခဲ့သူ၊ အရှင်မင်းကြီးကိုယ်တိုင်က သူ့ကို ဘွဲ့ထူးနာမည် ချီးမြှင့်ခဲ့တဲ့သူ၊ ဝံပုလွေနက်ရကုကို သူက မမှတ်မိစရာ အကြောင်းမှမရှိတာ။ ဒီလိုအနိုင်ရသွားကြောင်း မှတ်တမ်းလွှာ တင်ကတည်းက ဒါက သေးငယ်တဲ့ကိစ္စမှ မဟုတ်တော့တာလေ”

ခန်းမကမူ ဆူညံပွက်လောရိုက်သွားပြန်သည်။ စစ်အရာရှိတိုင်းကလည်း ဝံပုလွေနက်ရကုအကြောင်း အသေးစိတ်နီးပါး သိထားကြသည့်အလျောက် ထိုသတင်းကြောင့် မှင်သက်ကုန်ကြသည်။ ခုံရုံးမှ အရာရှိများအတွက်ကမူ အချို့က ဝမ်ချောင်ကို သံသယဝင်နေသေးကာ အများစုကမူ သူ၏တင်ပြချက်ကို ယုံကြည်ကြသည်။

မည်သို့ပင်ဆိုစေ မြို့စားကြီးကျို့က သူ၏အထွဋ်အထိပ် ကာလတွင် ထိုခုံရုံးမှ အရာရှိများ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူက စိတ်ထားမြင့်မားသူဖြစ်သလို အဆင့်အတန်းလည်း ကြီးမြတ်သူဖြစ်ပြီး လောကရှိ လူတိုင်းက လေးစားရသူဖြစ်သည်။ သူ၏မြေးက စစ်မှတ်တမ်းတွင် လိမ်ညာရန် မဖြစ်နိုင်ချေ။

ခန်းမ၏ အပေါ်ပိုင်းမှ ဖော်ရွေကြည်သာသော အသံက ထွက်လာသည်။ အတွင်းခုံရုံးမှ အကြီးအကဲ မိန်းမဆိုး ကောင်းလီရှီက လက်ထဲတွင်ကိုင်ထားသည့် မြင်းမွှေးတုတ်ကို အသာမြှောက်လိုက်လျှက် အမိန့်ပေးလိုက်သည်။

“မှတ်တမ်းကို ယူလာခဲ့ပါ”

ခန်းမက တိတ်ဆိတ်သွားသည်။ လူတိုင်းကလည်း တင်ပြလာသည့် တော်ဝင်အစောင့်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီးနောက် ခန်းမ၏ အလယ်သို့လျှောက်သွားလျှက် ပုလ္လင်ကို ချဉ်းကပ်သွားခြင်းကို ကြည့်နေကြသည်။

မည်သူကမျှလည်း ထိုအစောင့်ကို စိုက်ကြည့်နေသည့် ဘုရင်စုန့်ကို သတိမထားမိကြချေ။ သူက မျက်မှောင်ကျုံ့နေပြီး သူ၏စိတ်က အကြံတစ်ခုကို ဖမ်းဆုပ်လိုက်သလိုဖြစ်သွားသည်။

မိန်းမဆိုးကောင်းက ထိုရွှေရောင်ဝတ်စုံနှင့် အစောင့်ထံမှ မှတ်တမ်းလွှာကိုယူပြီးနောက် လိုက်ကာ အနောက်ဘက်သို့ ကမ်းပေးလိုက်သည်။ ခဏခန့်ကြာပြီးနောက် မှတ်တမ်းလွှာက မိန်းမဆိုးကောင်း၏ လက်ထဲသို့ ပြန်ရောက်လာသည်။

“အနောက်တူရကီရဲ့ ဝံပုလွေနက်ရကုရဲ့ နောက်ခံကို အတည်ပြုပြီးပြီ။ ရကုရဲ့ စည်းတံဆိပ်နဲ့ ကျားသာလီ ဒါ့အပြင် ဝံပုလွေနက်ရကုရဲ့ခေါင်း ဒါတွေအားလုံးက မြို့တော်ကိုလာတဲ့လမ်းမှာ ရောက်နေပြီ”

မိန်းမဆိုးကောင်းက ဖျော့တော့စွာပြုံးလိုက်သည်။ သူ၏အသားအရည်က သွေးရောင်လွှမ်းနေပြီး တောက်ပနေသည်။ သူက ထိုကြေညာချက်ကို အောက်ဘက်တွင်ရှိသော အရာရှိတိုင်းအတွက် ထုတ်ပြန်ကြေညာပေးလိုက်သည်။

ဝုန်း

ခန်းမက ဆွေးနွေးသံများဖြင့် ပွက်လောရိုက်သွားပြန်သည်။ ဒီတစ်ကြိမ်တွင်လည်း ချွင်းချက်မရှိချေ။ မဟာထန်အနေနှင့် ရကုကဲ့သို့သော ရာထူးမြင့် တူရကီအရာရှိတစ်ယောက်၏ ကိုယ်ပေါ်တွင် အမြဲတစေ သူတို့၏ နောက်ခံသက်သေအဖြစ် ကိုင်ဆောင်ထားတတ်သော ရကုစည်းတံဆိပ်ကိုသိထားရသည်။ ထိုစည်းတံဆိပ်က ထိုလူ၏ နောက်ခံကို သက်သေပြနိုင်သည့် အရေးအကြီးဆုံး အရာဖြစ်ပြီး ဝံပုလွေနက် ရကုကလည်း ထိုအရာကို ဘယ်သောအခါကမှ ချန်ထားခဲ့လိမ့်မည်မဟုတ်ချေ။ ဝမ်ချောင်က ဝံပုလွေနက်ရကုကို သတ်နိုင်ခဲ့ပြီး သူ၏စည်းတံဆိပ်ကို ရခဲ့လျှင် သူ၏တင်ပြချက်ကို သံသယဝင်ရန် မဖြစ်နိုင်တော့ချေ။

“သူက ဝံပုလွေနက်ရကုကိုတောင် သတ်နိုင်မယ်လို့ မထင်ထားဘူး”

လူတိုင်း၏ ရင်ဘက်ထဲရှိ နှလုံးသားက ဆက်တိုက် ခုန်လှုပ်နေသည်။ ဝံပုလွေနက်ရကုက အနောက်မြောက်ပိုင်းတခွင် အကြီးအကျယ် ဖရိုဖရဲဖြစ်အောင် လုပ်နိုင်ခဲ့သူဖြစ်သည်။ သို့သော် ထိုလူက ဝမ်ချောင်၏လက်ထဲတွင် သေသွားသည်။ လူတိုင်းကို သတိလက်လွတ် ဖြစ်စေသော နည်းလမ်းမျိုးကို သုံးသွားခဲ့ပြီး ထိုအကြံအစည်များသော ရန်သူအပေါ် လိုက်ကာချလိုက်နိုင်ပြီဖြစ်သည်။ အထူးသဖြင့် သူ့ကို သတ်ခဲ့သောလူက အသက်(၁၇)နှစ်သာ ရှိသေးသော လူငယ်လေးဖြစ်သည်။

“ဝမ်ကလန်က ချီနင်းသားရဲ့ ကျော်ကြားမှုကတော့ တကယ်ကို ထိုက်တန်လွန်းပါတယ်”

ယခုအချိန်ထိ သူတို့က ထိုသတင်းကြောင့် အံ့အားသင့်နေကြပြီး ခေါင်းကိုခါရန် ခက်ခဲနေကြသေးသည်။

အရာရှိတိုင်းက အချင်းချင်း တီးတိုးရေရွတ်နေချိန်တွင် ဘုရင်စုန့်က ရုတ်တရက် ရှေ့ထွက်လာသည်။ သူ၏အကြည့်က သူတော်စင်ဧကရာဇ်၏ ပုလ္လင်ထံ ရောက်နေသည်။

“အရှင်မင်းကြီး ဒီမင်းသားက လျှောက်တင်စရာရှိပါတယ်”

သူကထိုသု့ိ တောင်းဆိုလိုက်သည်နှင့် လူတိုင်းက အာရုံစိုက်လာကြသည်။

“အရှင်မင်းသား ဘုရင်စုန့် ကျေးဇူးပြုပြီးပြောပါ”

မိန်းမဆိုးကောင်းက အပေါ်စီးမှ ငုံ့ကြည့်လိုက်သော်လည်း သူ၏နှုတ်ခမ်းတွင် ညင်သာသောအပြုံးက ရှိနေသည်။

ဘုရင်စုန့်က လက်နှစ်ဖက်လုံးကိုကပ်ပြီး တည်ငြိမ်စွာဖြင့် လျှောက်တင်သည်။

“ဒီမင်းသားက ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ် နေရာအသစ်အတွက် လူတစ်ယောက်ကို ထောက်ခံပေးချင်တာပါ။ ဒီနိမ့်ကျတဲ့လူက ဝူရှန်းရဲ့ လူငယ်အမတ်ကို အခိုင်အမာ ထောက်ခံချင်ပါတယ်။ လူငယ်အမတ် ဝမ်ချောင်ကို ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်အဖြစ် အခိုင်အမာ ထောက်ခံချင်ပါတယ်”

ဘုရင်စုန့်၏စကားက ထိုခန်းမ၏ အလယ်တည့်တည့်သို့ ဥက္ကာခဲကို ပစ်ချလိုက်သလိုမျိုး အရာရှိတိုင်းကြား မုန်တိုင်းထန်သွားစေသည်။

“အဓိပ္ပာယ်မရှိဘဲ”

ဘုရင်ချီက ချက်ချင်းလိုလို ရှေ့ထွက်လာသည်။

“ဘုရင်စုန့် မင်းရူးသွားတာလား။ ဝမ်ချောင်က ဆယ်ကျော်သက်ပဲ ရှိသေးတာ။ မင်းကသူ့ကို ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ထောက်ခံလိုက်တယ်။ အရင်က အရာရှိက ထောက်ခံပေးတဲ့ ရွေးချယ်ခံတွေထဲမှာ ဘယ်သူကမဆို ဝမ်ချောင်ထက်ပိုပြီး စံချိန်မှီသေးတာမဟုတ်လား။ သူက ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်သာဖြစ်လာရင် လူတိုင်းက အရည်အချင်း မပြည့်မှီဘူးလို့ ဆိုလိုသွားတာမဟုတ်လား။ ဘယ်လိုကြောင့်များ ဒီလိုမရင့်ကျက်သေးတဲ့ ကလေးတစ်ယောက်ကို ဒီတာဝန်ကြီးကို ပေးရတာလဲ”

ဘုရင်ချီက အလွန်အမင်း ဒေါသထွက်သော ပုံစံမျိုးဖြစ်နေသည်။ သူနှင့်ဘုရင်စုန့်၏ ရန်ငြိုးကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်ပင် ဘုရင်ချီအနေဖြင့် ဒီနေ့လို အံ့အားသင့်ရသော အခြေအနေမျိုးကို မကြုံဖူးသေးချေ။ ဦးနှောက်ရှိသော မည်သူမဆို ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော နေရာမျိုးကို ဆယ်ကျော်သက် ကလေးတစ်ယောက်ကို ထောက်ခံပေးလိမ့်မည်မဟုတ်ချေ။ သူတို့ကြားမှ ရန်ငြိုးများကို ဘေးဖယ်ထားလိုက်မည်ဆိုလျှင်ပင် ဘုရင်ချီအနေဖြင့် ထိုကဲ့သို့သော ကမ်းလှမ်းမှုမျိုးကို အပြင်းအထန် ငြင်းဆန်ရပေလိမ့်မည်။ အကြောင်းမူကား ဘုရင်ချီ၏ တစ်ဘဝလုံးနီးပါး ထိုမျှရယ်စရာကောင်းသော ကမ်းလှမ်းချက်မျိုးကို မကြားဖူးသောကြောင့်ဖြစ်သည်။

“အရှင့်သား ရိုင်းပြမိတဲ့အတွက်တော့ ခွင့်လွှတ်ပါ”

အသက်အရွယ် ကြီးရင့်နေပြီဖြစ်သည့် တော်ဝင်ဆင်ဆာ လူကြီးမင်းဟောင်က မနေနိုင်ဘဲ ရှေ့ထွက်လာကာ ဆန့်ကျင်သောစကားကိုပြောသည်။

“ဒီအရာရှိအိုကြီးကလည်း အမြဲတမ်း အရှင့်သားကို လေးစားမှုနဲ့ ကြည့်ရှု့နေခဲ့ပေမဲ့လည်း အရှင့်သားရဲ့ အကြံပြုချက်ကတော့ အရမ်းကို အလောတကြီးနိုင်လွန်းနေပါတယ်။ အသက်(၁၇)နှစ်အရွယ်ပဲ ရှိသေးတဲ့ လူငယ်တစ်ယောက်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ယူလိုက်ခဲ့ပြီး စစ်သည်သောင်းကျော်ရဲ့ အင်အားကိုသာ ပိုင်ဆိုင်လိုက်တယ်ဆိုတဲ့ ကိစ္စမျိုးက အင်ပါယာရဲ့ သမိုင်းမှာ မရှိခဲ့ဖူးသေးပါဘူး။ အရှင့်သားရဲ့ အကြံပြုချက်က နည်းနည်းများ မသင့်တော်သလို ဖြစ်မနေလောက်ဘူးလား”

“အရှင့်သား ဒါကိုလက်ခံလို့မရပါဘူး”

ထံလော့မဟာဗိုလ်ချုပ်ကြီး အပုစစ်ကဲ့သို့ ခုံရုံး၏ ဆွေးနွေးမှုများအတွင်း ဝင်ပါခဲသူကပင် ဝင်ပြောလာသည်။ သူကလည်း ရှေ့ထွက်လာပြီးပြောသည်။

“ငါကလည်း အရှင့်သားက ဝမ်ကလန်ရဲ့ ဆက်ဆံရေးကောင်းမှန်း သိပါတယ်။ ဒါပေမဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာက အနောက်ပိုင်းဒေသနဲ့ ချီရှီစစ်သည် တစ်သောင်းကျော်နဲ့ ဆက်စပ်နေတဲ့ ကိစ္စမျိုးပါ။ ဒီလိုမျိုး နေရာကြီးကို (၁၇)နှစ်အရွယ် ကလေးတစ်ယောက်ကို ပေးလိုက်တာက... အရှင့်သားအနေနဲ့ ဒီကိစ္စကို ပေါ့သေးသေး သဘောထားနေသလို ဖြစ်မသွားဘူးလား။ အပုစစ်ကလည်း ဒီအကြံကို သဘောမတူနိုင်ပါဘူး”

ခွန်းဝူလေ့ကျင့်ရေးစခန်းတွင် ဝမ်ချောင်က သူ့သား အပုထုံးကို ကိုယ်လုံးတီးဖြစ်အောင် အဝတ်များဆွဲချွတ်ပြီး လေ့ကျင့်ရေးစခန်းတစ်ခုလုံးမြင်အောင် ဝါးတိုင်တွင် ချည်နှောင်ထားခဲ့သော ကိစ္စက အဖေနှင့်သားကို အရှက်ကွဲစေခဲ့သည်။ ဘုရင်စုန့်ကလည်း ဝမ်ချောင်ကို ကာကွယ်ရေးဗိုလ်ချုပ်ကြီးနေရာ ကမ်းလှမ်းလာသောအခါ အပုစစ်က လက်မခံနိုင်တော့ချေ။ အခြားအရာရှိတစ်ယောက်ကလည်း ရှေ့ထွက်လာပြီးပြောသည်။

“ဟုတ်တယ် ချီရှီကာကွယ်ရေးစစ်တပ်မှာ ဟူစစ်သည်တွေ အများကြီးပဲ။ နောက်ပြီး အရင်တစ်ခေါက် မတော်တဆမှုမှာ ဝမ်ချောင်က သူတို့နဲ့ ဆက်ဆံရေး ဆိုးရွားသွားခဲ့တယ်။ ဒီတော့ ချီရှီက အမတ်တော်တော်များများက မှတ်တမ်းလွှာတွေ တင်ပြခဲ့ပြီး ဝမ်ချောင်ကို အကဲဖြတ်ဖို့နဲ့ သူ့ကို ကွပ်မျက်ဖို့အထိ လျှောက်တင်ခဲ့ကြတာ။ ဒီတစ်ကြိမ်မှာ ဝမ်ချောင်ကပဲ ဖုမာန်လင်းချာကို စွပ်စွဲခဲ့တာ။ ဒီတော့ ချီရှီကဟူတွေက ဘာလို့ သူ့ဆီမှာ အညံ့ခံရမှာလဲ။ သူ့ကိုသာ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်လိုက်ရင် ချီရှီရဲ့ အခြေအနေက ပိုမဆိုးသွားနိုင်ဘူးလား။ ဒါတင်မကသေးဘဲ ချီရှီရဲ့ လုံခြုံမှုအတွက်လည်း အကျိုးအမြတ် မရနိုင်တဲ့အပြင် ကပ်ဘေးတစ်ခုခုတောင် ထပ်စိုက်လိမ့်မယ်။ ငါ့ကိုတော့ ခွင့်လွှတ်ပါ။ ဒါပေမဲ့ ငါဒါကိုတော့ ခွင့်မလွှတ်နိုင်ဘူး”

“ဟုတ်တယ် အရာအားလုံးကို ဘေးဖယ်ထားလိုက်မယ်ဆိုရင် သိုင်းပညာနဲ့ပတ်သတ်တဲ့ လိုအပ်ချက်က ကြီးကြီးမားမား ရှိနေတုန်းပဲ။ ဒီကမ်းလှမ်းချက်က မဖြစ်နိုင်ဘူး”

အရာရှိ တစ်ယောက်ပြီးတစ်ယောက်က ဝင်ကာ ငြင်းဆန်ကြသည်။ အဆုံးတွင် ခုံရုံး၏ လူတစ်ဝက်ကျော်ကျော်က ဘုရင်စုန့်ကို ငြင်းဆန်သည်။

“အရှင့်သား...”

ဝမ်ချောင်၏ ဦးလေးကြီး ဝမ်ကန်းကိုယ်တိုင်ကပင် ဘုရင်စုန့်ကို စွံ့အစွာကြည့်နေသည်။ ထိုလျှောက်တင်ချက်က ခေါင်းမာလွန်းအားကြီးသည်။ သူကိုယ်တိုင်ကပင် ထိုသို့ပြောရဲသော သတ္တိမရှိချေ။ အရည်အချင်းအရတွင်ဖြစ်စေ ဝန်ဆောင်မှုအရတွင်ဖြစ်စေ ဝမ်ချောင်၏အဖေ ဝမ်ရန်ကပင် ပို၍သင့်တော်သေးသည်။ ထို့ကြောင့် ဝမ်ကန်းကလည်း ဘုရင်စုန့်က ဝမ်ချောင်ကို ထောက်ခံပေးသည့် အကြောင်းအရာကို နားမလည်နိုင်ချေ။

ထိုအချိန်တွင် စစ်အမတ်အသစ် ကျန်းချုံကျန့်ချုံးနှင့် ရန်ကျောင်းတို့ကလည်း အကြည့်ချင်း ဖလှယ်နေကြသည်။

သူတို့က ဘုရင်စုန့်ထံမှ ထောက်ခံချက်အတွင်းတွင် ဝင်မပါခဲ့ကြချေ။ သို့သော် ဒီအချိန်တွင် သူတို့နှစ်ယောက်က ဉာဏ်ပညာရှိစွာဖြင့် တိတ်ဆိတ်နေရန် ရွေးချယ်ထားကြသည်။ သူတို့က အခြေအနေ၏ တိုးတက်ပြောင်းလဲမှုကို ဆက်ကြည့်လိုကြသည်။ ထိုအချိန်အတောအတွင်း ဘုရင်စုန့်က တည်ငြိမ်နေသည်။ သူ၏နှုတ်ခမ်းတွင် အပြုံးပင်ရှိနေသေးသည်။ သူက ခုံရုံးအတွင်းမှ ခပ်ကြမ်းကြမ်း ငြင်းဆန်မှုများကို နားထောင်နေပြီး သူ၏စိတ်ထဲရှိ အကြံက ရှင်းလင်းသထက် ရှင်းလင်းလာသည်။ သူ၏အပြုံးကလည်း ကြီးသထက်ကြီးလာသည်။

“အရှင်မင်းကြီး နောက်ပြီး ငါ့ရဲ့ခုံရုံးက လုပ်ဖော်ကိုင်ဘက်တို့ ငါကလည်း လူငယ်အမတ် ဝမ်ကလွဲပြီး ချီရှီကနေရာကို သင့်တော်တဲ့လူ မရှိတော့ဘူးလို့ ထင်ရုံတင်မကဘဲ သူက အကောင်းဆုံး ရွေးချယ်ခံလို့ ယူဆမိတယ်။ ဒီအင်ပါယာကြီးတစ်ခုလုံးမှာ ဒီနေရာကို သူ့ထက်ပိုပြီး သင့်တော်တဲ့လူတောင် မရှိနိုင်ဘူး”

ဘုရင်စုန့်က ထိုသို့ပြောသည်။ သူ၏လှုပ်ရှားမှုတိုင်းက ကျော့ရှင်းကြည့်ကောင်းကာ လေးစားဖွယ်ကောင်းနေပြီး ယုံကြည်မှုအပြည့်ပါနေသည်။

“မင်းတို့တွေသူ့ကို ဘာလို့ငြင်းလဲဆိုတာကို ငါသိပါတယ်။ အသက်၊ နောက်ပြီး အကျိုးပြုမှုကလည်းနည်းတယ်။ ကိစ္စကြီးတွေကိုလည်း မလုပ်ဆောင်ပြရသေးဘူး။ နောက်ပြီး ဝမ်ချောင်က အင်ပါယာအတွင်းက ဟူတွေနဲ့ပတ်သတ်ပြီး ရန်ပွဲဖြစ်ဖူးတယ်။ ဒါပေမဲ့ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့ နေရာကို အရည်အချင်းရှိတဲ့လူကပဲ ရသင့်ပြီး ဒီလိုအရေးမပါတဲ့ အသေးစိတ် အချက်အလက်တွေကို ထည့်မတွက်သင့်ဘူးလို့ ထင်တာပဲ။ ချီရှီက အရမ်းကို အရေးပါတဲ့နေရာကို ယူထားတာ။ ဒါက အနောက်ပိုင်းဒေသ အတွင်းပိုင်းကို ဆက်စပ်နေတဲ့ အဓိက အသက်သွေးကြောနေရာတစ်ခုပဲ။ အနောက်ဘက်ပိုင်းမှာဆိုရင် တိဗက်တောင်ပေါ်ဒေသကို တောက်လျှောက် ဆက်သွယ်နေတယ်။ တိဗက်မြင်းတပ်က အချိန်မရွေး အဲ့ဒီနေရာကဆင်းပြီး ဗဟိုပြင်ကျယ်ဆီကို ချီတက်လာနိုင်တယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ အရှေ့ဘက်ကို ဆက်သွားမယ်ဆိုရင် တူရကီမြက်ခင်းပြင်ဒေသ ရှိနေပြန်ရော။ အဲ့ဒီနေရာက အနောက်ပိုင်းတူရကီ ခါကာနိတ်တို့ရဲ့နေရာ။ ဒီအဖွဲ့အစည်းကြီး နှစ်ခုလုံးက မဟာထန်ကို အကြီးအကျယ် ခြိမ်းခြောက်နိုင်တယ်။ ငါတို့အရင် ဆွေးနွေးထားတဲ့အတိုင်းဆိုရင် ချီရှီကာကွယ်ရေး ဗိုလ်ချုပ်ဆိုတဲ့ နေရာကို တက်နိုင်သမျှ အမြန်ဆုံး ရွေးချယ်ချင်နေတာကလည်း ဒီအင်ပါယာနှစ်ခုက ဒီအခြေအနေမှာ ဝင်ရောက်လာပြီး ဝရုန်းသုန်းကား ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး ရိုက်ချသွားမှာကို စိုးရိမ်ကြလို့မဟုတ်လား”

“ဒါပေမဲ့အခု ဖုမာန်လင်းချာ ထွက်ခွာသွားပြီးတဲ့နောက်မှာ ချီရှီက ဘယ်လိုဖြစ်သွားလဲ အားလုံးမြင်နိုင်တာပဲ။ အနောက်ဘက်ပိုင်းကို ကြည့်မယ်ဆိုရင် တြိဂံပုံမြေကွက်လပ်က တိုက်ပွဲပြီးသွားတဲ့နောက် တိဗက်တွေက လူအင်အား တစ်သိန်းကျော် ဆုံးရှုံးပြီးသွားတဲ့နောက် နောင်ဖြစ်လာမဲ့ဗိုလ်ချုပ် သာ့ယန်မာန်ပန့်ကိုတောင် ဆုံးရှုံးသွားတယ်။ ဒါ့အပြင် တုစုန့်မာန်ဖော်ကျဲ့တောင်မှ အရှုံးနဲ့ ထွက်ပြေးသွားရတာ။ သူတို့က နောက်ထပ် စစ်သည်တွေ လုံလောက်အောင်စုစည်းပြီး အတွင်းပိုင်းကိုလာပြီး ကျူးကျော်ဖို့ အချိန်သေချာပေါက် လိုအပ်လိမ့်မယ်။ အရှေ့ဘက်ကတော့ ဝံပုလွေနက်ရကု အကုတုလန်က တော်တော်လေးကို ခေါင်းကိုက်စေခဲ့တဲ့ ပြဿနာကြီးပဲလေ။ ဒါပေမဲ့အခု ကြည့်ပါဦး။ အကုတုလန်ကသေပြီ။ နောက်ပြီး ဒီအချိန်မှာ ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်တော့ မဖြစ်သေးဘူး။ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် မဖြစ်ခင်ကတည်းက ချီရှီကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်က လုပ်သင့်တာထက် အားလုံးကို လုပ်ပြီးသွားပြီ။ သူက အရှေ့ဘက်နဲ့ အနောက်ဘက်က ချီရှီကို ခြိမ်းခြောက်လာနိုင်တဲ့ ရန်စွယ်တိုင်းကို ဖြေရှင်းပေးလိုက်တယ်။ သူကမှ ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာနဲ့ မသင့်တော်ရင် ဘယ်သူကသင့်တော်တာလဲ”

ဘုရင်စုန့်က စကားဆက်ပြောလေလေ သူ၏စိတ်က ကြည်လင်သထက် ကြည်လင်လာပြီး သူက ယုံကြည်မှု ရှိသထက်ရှိလာပြီး ဝမ်ချောင်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ခန့်အပ်သင့်သည်ဟု ထင်လာသည်။

“နောက်ပြီး ငါ့ရဲ့ လေးစားရတဲ့ လုပ်ဖော်ကိုင်ဖက်တို့က အနောက်တောင်ပိုင်းက စစ်ပွဲမှာ ဝမ်ချောင်က မာန်ရှဲ့ကျောင်းနဲ့ ယွီစန်းတို့ဆီကနေ ပါးစပ်အဟောင်းသားဖြစ်လောက်အောင် ရှုံးစေတဲ့အထိ ဘယ်လိုထိုးချပြီး အနိုင်ယူခဲ့သလဲဆိုတာကို မေ့နေကြတာလား။ သွမ့်ခဲ့ချွမ်၊ ဟော်ရှု့ဟွေ့ခမ်းနဲ့ သာ့လွန်ရော့ကျန်းတို့တောင်မှ သူ့ဆီမှာရှုံးသွားတယ်။ အခုဆိုရင် တုစုန့်မာန်ဖော်ကျဲ့ကို ဒီစာရင်းထဲ ထည့်လိုက်သင့်ပြီ... သူက မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့ ခက်ခဲလွန်းတဲ့ အခြေအနေမှာတောင် ဒီလိုလေးစားစရာ ကောင်းလွန်းတဲ့ အခြေအနေအဖြစ် ပြောင်းလဲပြီး အနိုင်ယူပေးနိုင်ခဲ့တယ်။ ဒါ့အပြင် သူက မာန်ရှဲ့ယွီစန်းစစ်တပ်က စစ်သည် လေးသိန်းကျော်ကိုတောင် သတ်ဖြတ်ခဲ့တာ။ ဒီလိုကိစ္စကို စစ်မှတ်တမ်းထဲထည့်ပြီး စဉ်းစားလို့မရဘူးဆိုရင် ဘာကိုထည့်ပြီး စဉ်းစားရမှာလဲ။ လွန်ခဲ့တဲ့ နှစ်တစ်ထောင်ကျော်က မဟာချီအင်ပါယာရဲ့ ကမ်းလော့က အသက်(၁၂)နှစ်မှာ အမတ်ဖြစ်လာခဲ့တယ်။ ဝမ်ချောင်က အသက်(၁၇)နှစ်မှာ ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဘာလို့မဖြစ်လာသင့်တာလဲ”

ဘုရင်စုန့်၏အသံက ကျယ်သထက် ကျယ်လာသလို ဟိန်းထွက်လာသည်။ ဘုရင်စုန့်က နောက်ဆုံးစကားကို ပြောပြီးနောက် ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။ မည်သူမျှ ထိုမေးခွန်းကို မဖြေနိုင်ချေ။

အခန်း(၈၃၅)

တစ်လောကလုံးကို မှင်သက်စေတဲ့ အငယ်ဆုံးကာကွယ်ရေးဗိုလ်ချုပ်

ဘုရင်စုန့်ပြောသွားသော အရာတိုင်းက မှန်ကန်နေခဲ့သည်။

ဝမ်ချောင်၏ အကျိုးပြုမှုမှတ်တမ်းက အခြားသော (၁၇)နှစ်အရွယ် လူငယ်လေးများက မလုပ်နိုင်သော အရာမျိုးဖြစ်သည်။ သူ၏အသက်အရွယ်နှင့် တိုင်းတာ၍ ခက်ခဲလောက်အောင် သူက လုပ်ပြနိုင်ခဲ့သည်။ ဘုရင်စုန့်၏စကားလုံးများကလည်း ရှိနေကြသော အရာရှိတိုင်းကို ကြောင်အသွားစေသည်။ ဘုရင်ချီကိုယ်တိုင်ကပင် ကောင်းကောင်း ပြန်မငြင်းနိုင်ခဲ့ချေ။

အချိန်တစ်ခုကြာပြီးနောက် ဘုရင်စုန့်၏အကြံကို ခပ်ကြမ်းကြမ်း ငြင်းပယ်ခဲ့သော ဗိုလ်ချုပ်များထဲမှ တစ်ယောက်က နောက်ဆုံးတွင် ရှေ့ထွက်လာသည်။ သူ၏အသံက အတော်လေး တိုးသွားသည်။

“ဒါပေမဲ့ အင်ပါယာရဲ့ အရင်မှတ်တမ်းစည်မျဉ်းတွေအရ ကာကွယ်ရေးဗိုလ်ချုပ်တစ်ယောက်က အနည်းဆုံး အင်ပါယာမဟာဗိုလ်ချုပ်အဆင့်တော့ ရှိနေရမယ်မဟုတ်လား။ ဒီလိုလူက သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်ကို ရောက်ရှိနေသင့်တာ။ ပိုဆိုးတာက သူက ဟူတွေနဲ့ဖြစ်ခဲ့တဲ့ ကတောက်ကဆ ကိစ္စက အရမ်းကို နက်ရှိုင်းလွန်းလို့ သူတို့က သဘောတူကြမှာမဟုတ်ဘူး။ ဒီလိုဆိုရင် ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ”

“ဟား ဟား ဟား ဒါကလွယ်ပါတယ်”

ဘုရင်စုန့်ကရယ်သည်။

“ငါကဝမ်ချောင်ကို ထောက်ခံပေးတာက သူကချီရှီကို ထိန်းနိုင်လို့ပဲ။ သူက သိုင်းပညာအရ လုံလောက်တဲ့အဆင့်ကို မရောက်သေးဘူးဆိုကတည်းက သူ့ကို ယာယီအားဖြင့် ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ယူခိုင်းထားလိုက်ပေါ့။ ဟူတွေနဲ့ပတ်သတ်တဲ့ ကိစ္စကတော့ ဒါကို စမ်းသပ်မှုအဖြစ် သဘောထားလိုက်ရအောင်။ သူကသာ ဒီလိုပြဿနာမျိုးကို မကိုင်တွယ်နိုင်ဘူးဆိုရင် ငါကလည်း ဆုံးဖြတ်ချက် ညံ့သွားတယ်ဆိုတာကို ပြသမှာပဲ။ သူ့ရဲ့စွမ်းရည်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဖြစ်ဖို့ မလုံလောက်တာ သိသာသွားမှာပေါ့။ အဲ့ဒီအချိန်ကျရင်တော့ အရှင်မင်းကြီးက သူ့ကို နေရာကနေ ဖယ်ရှားနိုင်ပါတယ်”

ဘုရင်စုန့်၏ ငြင်းဆန်မှုကြောင့် လူတိုင်းက စွံ့အသွားကြသည်။

ဒေါသကို ဆက်လက် မဖိနှိပ်နိုင်တော့သည့် ဘုရင်ချီကအော်သည်။

“မဖြစ်နိုင်ဘူး ရမ်းကားတာပဲ။ ဒါက အရမ်းရယ်စရာကောင်းသွားပြီ။ (၁၇)နှစ်အရွယ် ကလေးတစ်ယောက်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်ခိုင်းမယ်။ မင်းရူးသွားပြီလား။ ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် မင်းဘာပြောပြော ငါသဘောမတူဘူး”

“ဟား ဟား ငါတို့ကဒီတိုင်း ရွေးချယ်ခံတွေကို ထောက်ခံပေးနေတုန်းပဲ။ အဆုံးမှာတော့ အရှင်မင်းကြီးကပဲ ဘယ်သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်သင့်လဲဆိုတာကို ဆုံးဖြတ်ပေးရမှာမဟုတ်လား။ မင်းရဲ့အမြင်က အရေးမကြီးဘူး။ အရာအားလုံးက အရှင်မင်းကြီးရဲ့ ဆုံးဖြတ်မှုနဲ့ပဲ သက်ဆိုင်တယ်”

ဘုရင်စုန့်က ရယ်မောပြီး ဘုရင်ချီနှင့် မငြင်းခုန်ရန် ရွေးချယ်လိုက်သည်။ ဒီနည်းအားဖြင့်သူက နောက်မှ အရှင်သခင်၏ ပုံရိပ်ထံ ကြည့်လိုက်သည်။ သူ၏မျက်နှာက ယုံကြည်မှု ရှိနေသေးသည်။

ခန်းမက တိတ်ဆိတ်သွားပြီး ဆွေးနွေးသံများကလည်း တိတ်ကျသွားသည်။ ခုနှစ်ရက်၊ ရှစ်ရက်ကျော် အတောအတွင်း သူက ရွေးချယ်ခံ အယောက်နှစ်ရာကျော်ကို ထောက်ခံခဲ့ကြသည်။ ထို့ပြင် သင့်တော်သော လူကို ရွေးချယ်ရန်အချိန်က ရောက်နေလေပြီ။

အားလုံးကလည်း တိတ်ဆိတ်စွာဖြင့် စောင့်ဆိုင်းနေကြသည့် အချိန်က ထာဝရနီးပါး ကြာနေခဲ့သည့်အခိုက် ရုတ်တရက် မြင့်မားလွန်းသော ကောင်းကင်ထံမှ နတ်ဘုရားတစ်ပါးက အောက်သို့ငုံ့ကြည့်ကာ မိန်းမြွတ်လိုက်သလိုမျိုး ခမ်းနားသော အသံတစ်သံက ခန်းမထဲတွင် ဟိန်းထွက်လာသည်။

“ခွင့်ပြုတယ်”

ထိုအခိုက် ဘုရင်ချီအပါအဝင် လူတိုင်းက ကြောင်သွားကြသည်။ သူတို့၏စိတ်က ဗလာဖြစ်သွားသည်။

“ဒီမင်းသားက အခုပဲ အမိန့်တော်အတိုင်း လုပ်ဆောင်ပါ့မယ်”

ဘုရင်ချီ၏အသံက ခန်းမထဲတွင် ဟိန်းထွက်သွားသည်။ သူ၏စိတ်လှုပ်ရှားသောအသံက ပေါ်လာသည်။ သူက အကောင်းဆုံးကြိုးစားကာ ထိန်းနေသော်လည်း သူ၏မျက်နှာရှိ ကြီးသထက်ကြီးလာသည့် အပြုံးကို ရပ်တန့်အောင် မလုပ်နိုင်ခဲ့ချေ။

အောင်မြင်ပြီ။

ဧကရာဇ်က ဝမ်ချောင်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ယာယီထမ်းဆောင်ခိုင်းသည့် သူ၏ကမ်းလှမ်းချက်ကို လက်ခံပေးလိုက်သည်။ ဒါက ဘုရင်ချီက ဒီရက်အနည်းငယ်အတွင်း ကြားခဲ့ရသမျှ သတင်းထဲတွင် အကောင်းဆုံးဖြစ်သည်။ သူကအလွန်ပျော်သွားသည်။

ဝမ်ချောင် ငါမင်းကို ကူညီနိုင်သမျှ ကူညီပြီးပြီ။ ကျန်တာမင်းရဲ့တာဝန်ပဲ။

ဘုရင်စုန့်က ခေါင်းကိုငုံ့ကာ ရေရွတ်လိုက်သည်။ သူ၏အတွေးက အဝေးရှိချီရှီမှ ဝမ်ချောင်ထံရောက်သွားသည်။

......

“ဘာ”

သံမဏိမြို့တော်မှ ဝမ်ချောင်က မြို့တော်မှ အဖြစ်အပျက်ကိုကြားကာ ကြောင်တောင်တောင်ဖြစ်သွားပြီး ကိုယ့်နားကိုပင် မယုံနိုင်တော့ချေ။

“ဘုရင်စုန့်ကငါ့ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ထောက်ခံပေးလိုက်ပြီး အရှင်မင်းကြီးကလည်း ခွင့်ပြုလိုက်တယ်ဟုတ်လား”

သူက ဝူရှန်းတွင် သုံးလမှလေးလခန့် နေထိုင်ပြီး တိုက်ပွဲကြီးပေါင်းများစွာကို တိုက်ခိုက်ခဲ့ပြီးလေပြီ။ သို့သော် မည်သည့်သတင်းကမှ ယခုသတင်းလောက် အံ့အားသင့်ပြီး ထိတ်လန့်စရာမကောင်းချေ။ သူကလည်း ဖြစ်နိုင်သော ရွေးချယ်ခံရသူကို စဉ်းစားကြည့်ဖူးသည်။ သို့သော် မည်သည့်အချိန်ကမှ ဘုရင်စုန့်က သူ့ကို ထောက်ခံပေးမည်ဟု မမျှော်လင့်ဖူးချေ။ သူတော်စင်ဧကရာဇ်ကလည်း အမှန်တကယ်ပင် လက်ခံပေးခဲ့သည်။ ဝမ်ချောင်က ရွက်ဖျင်တဲထဲတွင် အကြံအစည် ချနိုင်သော လူတစ်ယောက်ဖြစ်ပြီး လီတစ်ထောင်အကွာမှ တိုက်ပွဲအခြေအနေကို ဆုံးဖြတ်နိုင်သည့်တိုင်အောင် ထိုသတင်းကြောင့် သူကအလွန်အမင်း အံ့အားသင့်သွားရသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ ငါက (၁၇)နှစ်ပဲရှိသေးတာ။ ခုံရုံးက အရာရှိတွေအရဆိုရင် သူတို့က (၁၇)နှစ်အရွယ် ကလေးတစ်ယောက်ကို ဒီလိုအရေးကြီးတဲ့ ကာကွယ်ရေးဗိုလ်ချုပ်ဆိုတဲ့နေရာကို ပေးဖို့က ဖြစ်မှမဖြစ်နိုင်တာ။ ဘုရင်စုန့်ရဲ့စာက ဘယ်မှာလဲ။ ငါတစ်ချက်ကြည့်ရမယ်”

ဝမ်ချောင်၏စိတ်က မုန်တိုင်းထန်နေပြီး သူက ထိုသတင်းကို လက်ခံနိုင်ရန် မနည်းရုန်းကန်ရသည်။

“ဟား ဟား အရှင်အမတ် အရှင်က (၁၇)နှစ်ပဲ ရှိလောက်သေးပေမဲ့ သံမဏိမြို့က ဘယ်သူကမှ အရှင့်ကို ဒီအရွယ်လို့ မသတ်မှတ်ရဲပါဘူး။ အရှင်အမတ် နောက်ပြီး ငါတို့တိုင်းပြည်တွေကို မေးမြန်းကြည့်မယ်ဆိုရင် ယွီစန်းပဲဖြစ်ဖြစ်၊ အနောက်ပိုင်းတူရကီပဲဖြစ်ဖြစ်၊ အဝေးက မာန်ရှဲ့ကျောင်းပဲဖြစ်ဖြစ် ဘယ်နိုင်ငံကမဆို အရှင်က (၁၇)နှစ်ပဲလို့ ပြောရဲကြလို့လဲ”

ရွှီခဲ့ယွီက သဘောတကျ အော်ရယ်နေပြီး ဘုရင်စုန့်၏စာကို ကမ်းပေးလိုက်သည်။ အခြားသူများကလည်း အလားတူပင် တုန့်ပြန်ကြသည်။

“အခြားသူတွေဘာမြင်မြင် ကျွန်တော်တို့ရဲ့ အမြင်မှာ အရှင်အမတ်ကလွဲပြီး ကျန်တဲ့လူတွေ ဘယ်သူကမှ ဒီချီရှီဗိုလ်ချုပ်ဆိုတဲ့ နေရာနဲ့ မထိုက်တန်ပါဘူး။ အမှန်တိုင်းပြောရရင် ခုံရုံးက ဒီဆုံးဖြတ်ချက်ကို အစောကြီးကတည်းက ချခဲ့သင့်တာ”

ချန်းစန်းယွမ်ကလည်း သူ၏ထင်မြင်ချက်ကို မထိန်းထားတော့ချေ။

“အရာရှိနေရာ တစ်နေရာကို ထိန်းထားရတဲ့အခါ အဲ့ဒီအရာရှိတစ်ယောက်ရဲ့ တာဝန်ကိုလည်း စဉ်းစားသင့်တယ်။ တော်ဝင်ခုံရုံးက စွမ်းရည်ကိုပဲ အဓိကကြည့်ပြီး အသက်ကို ကြည့်တာမှမဟုတ်တာ။ ဒါကိုဘာလို့ အရှင်အမတ်က ဒီလောက်ထိ ယုံကြည်မှု ပျောက်ရှသွားတာလဲ”

လီစစ်ယဲ့ကိုယ်တိုင်ကပင် ပြောလာသည်။ သူ၏အသံကပင် ခေါင်းလောင်တမျှ ကျယ်သေးသည်။

ဝမ်ချောင်က ခါးသီးစွာပြုံးသည်။ သူက သူ၏ လက်အောက်ငယ်သားများက မကျေမနပ်ဖြစ်နေသော အခြေအနေကြောင့် အံ့အားသင့်သွားရသည်။ သူတို့အားလုံးကလည်း သူက လွန်ခဲ့သော အချိန်ပေါင်းများစွာကတည်းက ကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖြစ်သင့်သည်ဟု ယူဆနေကြသည်။

“ဟား ဟား အခု နင်ကသာ ဒီကိစ္စကြောင့် စိတ်ရှုပ်နေတဲ့ တစ်ဦးတည်းသောလူပဲ။ အရှင်မင်းကြီးကလည်း နင်က လုံလောက်အောင် သင့်တော်တယ်လို့ထင်လို့ ဒီလိုအမိန့်ကို ချမှတ်လိုက်တာလေ။ ဒါကို နင်က ဘာလို့ ဒီလိုမခံစားရတာလဲ။ အနည်းဆုံး ငါကတော့ နင့်ကိုယုံတယ်”

သူ၏အနားတွင် ရွှီချီချင်က ထိုင်နေသည်။ သူမက သေသပ်ကောင်းမွန်သော သစ်တော်သား ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။ သူမ၏ နူးညံ့လှပသည့် လက်ချောင်းလေးများက မျက်နှာပေါ်ရှိ အပြုံးကိုဖုံးထားသည်။

ဘုရင်စုန့်၏ စာက အံ့အားသင့်စရာကောင်းသော်လည်း အံ့အားသင့်စရာလည်း မကောင်းပြန်ချေ။ အနည်းဆုံး ဝမ်ချောင်၏ နောက်မှ လူများအတွက်ဖြစ်သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ကုန်ပစ္စည်းများကို သယ်ယူကာ အခြေအနေကို ပြောင်းပြန်လှန်ပြီး စစ်မတ်ငြိမ်းချမ်းသွားအောင် လုပ်နိုင်သောလူတစ်ယောက်၊ သတ္တိဖြူများကို အလဲထိုးနိုင်သော လူတစ်ယောက်၊ သာ့ယန်မာန်ပန့်ကို သတ်ပြီး တုစုန့်မာန်ဖော်ကျဲ့ကို ကြောက်လန့်သွားအောင် ဖြစ်စေခဲ့သောလူတစ်ယောက်၊ အမြဲတစေ သတိကြီးပြီး ဉာဏ်များတတ်သည့် ဝံပုလွေနက်ရကုက ထောင်ချောက်ထဲတွင် ဝင်လာစေပြီး ချီရှီတွင် မြုပ်နှံနိုင်သည့် လူတစ်ယောက်... ထိုကဲ့သို့သော လူမျိုးကသာ ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်မလာခဲ့လျှင် မဟာထန်ရှိ မည်သူကမျှ ထိုနေရာနှင့် မတန်တော့ချေ။ ထိုအမြင်ကို ရွှီချီချင်ကစပြီး အခန်းထဲရှိလူတိုင်းက ယုံကြည်ကြသည်။

ဝမ်ချောင်ကမူ သူ၏ရင်က နွေးထွေးသွားသလို ခံစားရသည်။ သူက ပြုံးနေပြီး ခပ်မြန်မြန် ဆုံးဖြတ်ချက်ချကာ ဘုရင်စုန့်၏စာကိုဖတ်သည်။ စာထဲတွင် ဘုရင်စုန့်ကလည်း ဒါက ကြိုတင်အကြောင်းကြားစာသာဖြစ်ကြောင်း ပြောထားသည်။ တော်ဝင်ခုံရုံးမှ တရားဝင် အမိန့်တော်က သိပ်မကြာခင် ထွက်ပေါ်လာပေလိမ့်မည်။ အမိန့်ကို ကြေညာမည့် သံတမန်ကမူ မြို့တော်က ထွက်သွားခဲ့ပြီးလေပြီ။

သို့ရာတွင် ထိုသတင်းက ချီရှီကာကွယ်ရေးစစ်တပ်ကိုလည်း ရောက်သွားပြီးလောက်သဖြင့် အခြားသော မဟာဗိုလ်ချုပ်ကြီးများ၊ ကာကွယ်ရေးဗိုလ်ချုပ်ကြီးများနှင့် နယ်စပ်မှ ဗိုလ်ချုပ်တိုင်း ဟူနှင့်ဟန်အပါအဝင် လူတိုင်းနီးပါးက သိနေပေလိမ့်မည်။ ထို့ကြောင့် ဘက်ထောင့်တစ်ခုမှကြည့်သော် ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်မှ ဖြစ်ပြီးလေပြီ။ ထပ်ပေါင်းဆိုရသော် ဘုရင်စုန့်က ဝမ်ချောင်၏ သိုင်းပညာက လိုအပ်ချက်ရှိနေသောကြောင့် ဒါက ယာယီခန့်အပ်ခြင်းသာဖြစ်ကြောင်း ထည့်သွင်း ပြောဆိုထားသည်။ မမျှော်လင့်ထားတဲ့ ကိစ္စက ဖြစ်မလာခဲ့လျှင် ဝမ်ချောင်က အမှားမလုပ်သမျှ ဝမ်ချောင်က သင့်တော်သော သိုင်းအဆင့်သို့ ရောက်သွားသည်နှင့် ခုံရုံးကလည်း သူ့ကို တရားဝင် ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ထောက်ခံပေးကြပေလိမ့်မည်။

မဟာထန်၏ မည်သည့်သမိုင်းတွင်မျှ ထိုမျှ ငယ်ရွယ်သော လူတစ်ယောက်က ကာကွယ်ရေးဗိုလ်ချုပ်ဆိုသော အရေးကြီးသော နေရာမျိုးကိုပင် မရဖူးခဲ့ချေ။

ဘုရင်စုန့်ကလည်း ဝမ်ချောင်ကို ချီရှီကာကွယ်ရေးစစ်တပ်က ရှုပ်ထွေးနေသော အနေအထားသို့ ရောက်ရှိနေသဖြင့် အမျိုးမျိုးသော ဂိုဏ်းကဏ္ဍများကွဲနေကြောင်း သတိပေးထားသည်။ ထပ်ပေါင်းဆိုရသော် ဖုမာန်လင်းချာ၏ အခြေအနေကြောင့် ချီရှီတွင် ဝမ်ချောင်က ဒေါသထွက်စေခဲ့သော လူပမာဏက မနည်းပါးချေ။ အနည်းဆုံး ဟူများက သူ၏အမိန့်ကို နာခံမည်မဟုတ်ချေ။ လူအများစုက သူ့ကို ရန်သူအဖြစ် သတ်မှတ်ကြပေလိမ့်မည်။ ထိုပြဿနာကကို ဝမ်ချောင်က ဖြေရှင်းရန်လိုသည်။ သူကသာ မဖြေရှင်းနိုင်ခဲ့လျှင် ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဖြစ်ရန် မသင့်တော်ကြောင်း လူတိုင်းက ယုံကြည်သွားကြလိမ့်မည်ဖြစ်ပြီး ထင်ယောင်ထင်မှတ် ပုံရိပ်မျိုးသာ ဖြစ်သွားတော့ပေမည်။ ထို့ကြောင့် ဝမ်ချောင်၏ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသောခုံက မငြိမ်နိုင်ချေ။

သို့ရာတွင် ဘုရင်စုန့်ကလည်း သူက ဝမ်ချောင်ကို ယုံကြည်ကြောင်း သူတော်စင်ဧကရာဇ်ကို လျှောက်တင်ထားခဲ့ပြီး ထိုပြဿနာအတွက် ဝမ်ချောင်က သင့်တော်သော ဖြေရှင်းချက်ကို ရှာနိုင်မည်ဟု တင်ပြထားခဲ့သည်။ အကယ်၍ ဝမ်ချောင်ကသာ အခက်အခဲတွေ့ရလျှင် ဘုရင်စုန့်၏နာမည်က ရွှံ့ထဲနစ်တော့ပေမည်။

အရှင့်သားက ငါ့ကိုအရမ်း ယုံကြည်ထားတာပဲ။ ဆိုတော့ ဒီလိုဖြစ်လာတယ်ဆိုရင် ငါက ချီရှီရဲ့ ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်ဖို့ ဖိအားပေးခံရတာပေါ့။

ဝမ်ချောင်၏ နှုတ်ခမ်းများက ကော့တက်သွားပြီး ယုံကြည်မှုရှိသော အပြုံးက ပေါ်လာသည်။

“မျိုးမစစ်ကောင် ဝမ်ချောင် ဘာလို့ ဝမ်ချောင်ဖြစ်ရမှာလဲ”

“ခုံရုံးကလူတွေ စိတ်လွတ်သွားကြပြီလား။ သူတို့က လမ်းပေါ်က ကြုံရာလူကို ရွေးလို့ရတယ်။ ဒါပေမဲ့ အဲ့ဒီကောင်တော့ ဖြစ်လို့မရဘူး”

“အဲ့ဒီလူရမ်းကားကောင်က မဟာဗိုလ်ချုပ်ကို ထောင်ထဲထည့်ထားတဲ့ကောင်လေ။ ဒီကောင်က ငါတို့ဟူတွေကို နှင်ထုတ်ချင်နေတာ။ ဒါကို ငါတို့မေ့သွားပြီလို့များ ထင်နေလား”

“လက်မခံနိုင်ဘူး ဒီလိုဖြစ်လို့မရဘူး။ ခုံရုံးကဘာပြောပြော ငါကတော့သူ့ကို ကာကွယ်ရေးဗိုလ်ချုပ်အဖြစ် လက်မခံနိုင်ဘူး”

“လူတိုင်းကလည်း ကာကွယ်ရေးဗိုလ်ချုပ်ကြီးက ငါတို့ကို ဘယ်လိုဆက်ဆံသလဲဆိုတာကို မှတ်မိနေကြတာပဲ။ အားလုံး ငါ့ဘက်ကရပ်တည်သင့်တယ်။ ငါကလည်း ဒီမျိုးမစစ်က ငါတို့အားလုံးကို ကိုင်တွယ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်”

ဝူရှန်းနှင့် လီသုံးရာပတ်လည်အကွာတွင်ရှိသော ချီရှီကာကွယ်ရေးဌာနချုပ်ထဲတွင် ဝမ်ချောင်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ခန့်အပ်လိုက်သောစာက ရောက်ရှိလာသဖြင့် အားလုံး၏ အခြေအနေက ပြောင်းလဲသွားကာ ပျားအံုံကိုဆွသလို ဖြစ်သွားသည်။ ထိုနေရာတစ်ခုလုံးက ပေါက်ကွဲကုန်သည်။ စစ်တပ်အတွင်းတွင် သိန်းငှက်တစ်ကောင်၏မျက်လုံးနှင့် နှာတံမြင့်မြင့် မုတ်ဆိတ်ထူထူနှင့် ဟူအရာရှိများက ဝရုန်းသုန်းကားဖြစ်ကာ ပစ္စည်းများကို ပေါက်ခွဲနေကြသည်။

သူတို့ကလည်း ကာကွယ်ရေးဗိုလ်ချုပ်နေရာအတွက် အချင်းချင်း အတိုက်အခံ လုပ်နေရသည့်တိုင်အောင် ထိုနေရာကို ရလုနီးပါးဖြစ်သွားသည့် အခြေအနေမျိုးတွင် ဝူရှန်းမှ ဝမ်ချောင်ကို မည်သို့ ကိုင်တွယ်မည်ဆိုသည့် အကြောင်းအရာကိုပင် သဘောတူညီမှု ရပြီးကြလေပြီ။

ဟူဗိုလ်ချုပ်ကြီးတိုင်းက ဒေါသထွက်ကာ ညဉ်းညူအော်ဟစ်နေကြချိန်တွင် အပြာရောင်မျက်လုံးနှင့် မုတ်ဆိတ်မွှေးထူထူနှင့် ဟူဗိုလ်ချုပ်က ရုတ်တရက် စားပွဲပေါ်သို့ ခုန်တက်လိုက်သည်။

“အားလုံးပဲ နားထောင်ကြ မင်းတို့တွေ အရင်က ဘယ်လိုတွေးတွေး ငါဂရုမစိုက်ဘူး။ ဒီကာကွယ်ရေးဗိုလ်ချုပ်က မင်းဖြစ်လို့ရတယ် ငါဖြစ်လို့ရတယ် ငါတို့ထဲက ဘယ်သူဖြစ်ဖြစ်ရတယ်။ ဒါပေမဲ့ ဟန်ဖြစ်လို့မရဘူး။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကလည်း ဟူဖြစ်ကိုဖြစ်ရမယ်။ ဒါက ငါတို့သည်းမခံနိုင်တဲ့ ကိစ္စပဲ။ တော်ဝင်ခုံရုံးကသာ အဲ့ဒီကောင်စုတ်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ခန့်အပ်ခဲ့တယ်ဆိုရင်တောင် ဘယ်သူက ဂရုစိုက်မှာလဲ။ မမေ့နဲ့ ဆိုးရိုးစကားတောင်ရှိသေးတာ ‘ကောင်းကင်မြင့်တယ် ဒါပေမဲ့ ဧကရာဇ်က အဝေးမှာ’ ”

ထိုလူ၏ အမူအရာက ကြမ်းတမ်းခက်ထန်သည်။ ဒါက ဆယ်ရက်ခန့် ငတ်ပြတ်နေသော သားရဲကောင်တစ်ကောင်နှင့် တူသည်။ သူ၏ အကြည့်ကတင် လူတိုင်းကို ကြောက်လန့်မှုကြောင့် တုန်ယင်သွားစေနိုင်သည်။

တိုက်ဆိုင်သော အချက်ကမူ သူ၏ကိုယ်အတွင်းမှ မြင့်တက်လာသော စူးရှလွန်းသော စွမ်းအင်များဖြစ်သည်။ သူက အခြားသော ဟူဗိုလ်ချုပ်တိုင်းထက် ကျင့်ကြံခြင်းအဆင့်မြှင့်ကြောင်း သိသာသည်။ ဒါက ကြက်အုပ်ထဲရောက်နေသော ကြိုးကြာတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ဟူဗိုလ်ချုပ်တိုင်းကလည်း သူ့ကို ခေါင်းဆောင်အဖြစ်ပင် သတ်မှတ်ထားသည်မှာ ရှင်းလင်းနေသည်။

ယခု Docs ပြီးပါပြီ။

All Chapters