← Chapters

အခန်း (၈၃၆-၈၄၀)

Vol. 46 Ch. 836-840

အခန်း (၈၃၆-၈၄၀)

Vol. 46 Ch. 836-840

အခန်း(၈၃၆)

“ကုတုလီ မင်းဘာကြံနေတာလဲ။ မမေ့နဲ့ အဲ့ဒီကောင်က မဟာထန်ရဲ့အမတ်နော်။ မင်းကသူ့ကို တိုက်ခိုက်ရဲလို့လား”

လူအုပ်ထဲမှ ဟူဗိုလ်ချုပ်ကြီးတစ်ယောက်က ရုတ်တရက် ထပြောသည်။

“ဟေး ဟေး မင်းတို့အားလုံးက သူ့ကို ကြောက်ကောင်းကြောက်လိမ့်မယ်။ ငါကတော့ မကြောက်ဘူး”

ကုတုလီက ဇာပေါက်များပါသော သတ္တုစားပွဲပေါ်တွင် တက်ရပ်နေခြင်းဖြစ်သည်။ သူ၏မျက်နှာရှိ ခက်ထန်သော အမူအရာနှင့်အတူ မျက်ဝန်းထဲတွင်လည်း ကြမ်းတမ်းသောအလင်းက လက်နေသည်။

“မင်းတို့အားလုံးကသာ ငါနဲ့အတူ လုပ်ရဲတဲ့ဆန္ဒရှိတယ်ဆိုရင် ငါသူ့ကို အာရုံစိုက်အောင် လုပ်ရဲတယ်။ နှုတ်ခမ်းပေါ်က အချို့အမွှေးတွေတောင် မပေါက်သေးတဲ့ ဆယ်ကျော်သက်တစ်ယောက်က... မင်းတို့ကောင်တွေအားလုံးက ဒီလိုလူမျိုးရဲ့အမိန့်ကို နာခံဖို့ ဆန္ဒရှိကြတာလား။ မမေ့နဲ့ဦး အရှင်ဖုမာန်လင်းချာက ငါတို့ကို ဘယ်လိုဆက်ဆံခဲ့လဲ။ နေရာကောင်းဆိုရင် သေချာပေါက် ငါတို့ကို မပေးသင့်ဘူးလား။ အခုက ငါတို့အရှင်အမတ် ကလဲ့စားချေရမဲ့ အကောင်းဆုံးအချိန်ပဲ။ မင်းတို့အားလုံးက ခြေအေးနေကြပြီလား”

“ငါတို့ရဲ့အရှင်က ငါတို့ကို တောင်တန်းလိုလေးလံတဲ့ မျက်နှာသာပေးမှုမျိုးနဲ့ ဆက်ဆံခဲ့ကြတာ။ ငါတို့ကသာ အရှင့်အတွက် ကလဲ့စား မချေပေးရဘူးဆိုရင် ငါတို့ကဒီတိုင်း ကြောက်တတ်တဲ့ ဟန်တွေ ဖြစ်သွားမှာပေါ့”

“လာစမ်းပါ အရှင့်အတွက် ကလဲ့စားချေပြမယ်”

အင်ပါယာခုံရုံးရဲ့ အမိန့်က ဘာဖြစ်ဖြစ် ငါတို့ကလည်း ငါတို့ရဲ့အရှင်ကို လွှတ်ပေးဖို့ မှတ်တမ်းလွှာတော့ တင်ပေးသင့်သေးတယ်။

မဟာဗိုလ်ချုပ်ကြီး ဖုမာန်လင်းချာအကြောင်း ထည့်ပြောသည်နှင့် လူတိုင်းက ကုတုလီနောက်မှ သံယောင်လိုက်လာကြသည်။

“ဟေး ဟေး ကောင်းတယ် မင်းတို့ငါ့နောက်ကို လိုက်သမျှ အဆင်ပြေပြီ။ ငါတို့ကသူ့ကို အခုချက်ချင်တော့ မသတ်သေးဘူးလေ။ ဒါပေမဲ့ အနည်းဆုံး သူက ချီရှီကာကွယ်ရေးဌာနချုပ်ထဲမှာ ခိုင်မာတဲ့နေရာတစ်ခု ရဖို့မဖြစ်နိုင်အောင် လုပ်ထားပေးရမယ်။ ဒီလိုဆိုရင် သူက ဒီနေရာကိုလာလည်း အရှက်ပဲရသွားရမှာ။ ဟူတွေရဲ့ ပိုင်နက်နယ်မြေထဲမှာ ဟူကပဲ ဆုံးဖြတ်ချက်ချသင့်တယ်”

ကုတုလီက ကျယ်လောင်စွာဖြင့် ကျုံးဝါးသည်။ သူကသံမဏိကို ပူတုန်းထုနေသည်။

“ကောင်းတယ် ငါတို့ဟူတွေကသာ ဟူတွေရဲ့ ပိုင်နက်နယ်မြေမှာ ဆုံးဖြတ်ချက်ချသင့်တဲ့လူတွေပဲ”

ဟူဗိုလ်ချုပ်များအားလုံး၏ အော်ဟစ်သံက ဆူညံပွက်လောရိုက်သွားသည်။

ပေါက်ကွဲမတက် ပြင်းထန်သည့် အော်ဟစ်သံများက ထိုခန်းမကြီး၏ ခေါင်မိုးကိုပင် တုန်ခါစေပြီး အဝေးထိ ပျံ့သထက် ပျံ့နှံ့သွားသည်။ ကာကွယ်ရေးစစ်တပ်၏ အဓိကခန်းမနှင့် မီတာရာဂဏန်း အနည်းငယ်ကွာသော နေရာတွင် မြင်းတပ်အချို့က စုနေကြသည်။ ထိုထဲမှ ငယ်ရွယ်သော ဟူတစ်ယောက်က သူ၏အနောက်တွင်ရှိသည့် ဟူဗိုလ်ချုပ်ထံသို့ မသက်မသာ လှည့်ကြည့်သည်။

“အရှင် ငါတို့ဘယ်လိုလုပ်ကြမလဲ”

“ဒါကပြဿနာပဲ”

ဟယ်ပါးယဲ့က သူ့လက်အောက်ငယ်သားများ၏ စိုးရိမ်တကြီးမေးခွန်းကို မကြားသလို ထင်ရသည်။ သူ၏အကြည့်က အဝေးရှိ ခန်းမထံတွင်ရှိနေသည်။ ကုတုလီက ဖုမာန်လင်းချာ၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် အစပိုင်းတွင် သူကအမှန်တကယ်အင်အား မပိုင်ဆိုင်နိုင်ခဲ့ချေ။ သို့ရာတွင် သူ၏အယုံကြည်ရဆုံး လက်အောက်ငယ်သားဆိုသည့် အဆင့်အတန်းကိုသုံးပြီး လူအုပ်ကို အုပ်စိုးနိုင်သော အင်အားကို ပိုင်ဆိုင်လာသည့် ကုတုလီက ချီရှီကာကွယ်ရေးစစ်တပ်ထဲတွင် ဂုဏ်သတင်းတစ်ခုရအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ထို့နောက် တဖြည်းဖြည်းချင်း သူ့ကိုပင် ကျော်လွန်သွားခဲ့သည်။ သူက တိဗက်နယ်စပ်မှ ခုခံရေးအားလှိုင်းမှ အစစ်အမှန် ဗိုလ်ချုပ်တစ်ယောက် ဖြစ်သည့်တိုင်အောင် သူ့ကိုပင် ကျော်တက်သွားခဲ့သည်။

သူနှင့်ကုတုလီတို့က မတူသောဘက်မှဖြစ်သည်။ ထို့ကြောင့်သူက ခန်းမထဲဝင်ခွင့်မရချေ။

“ဝမ်ချောင် ... ဝမ်ချောင်က မင်းတို့ထင်သလောက် ကိုင်တွယ်ရ လွယ်ကူနေတာမဟုတ်ဘူး”

ဟယ်ပါးယဲ့က တြိဂံပုံမြေကွက်လပ်က ကိစ္စကို ပြန်တွေးကြည့်သည်။ ဝူရှန်း၏မြင်းတပ်၏ အနောက်တွင် ရှိနေခဲ့သော ဝမ်ချောင်က မရပ်တန့်နိုင်သော ထင်ရသော တိဗက်အင်အားစုကို အသာအယာ လွှဲယမ်းခဲ့ပြီး သာ့ယန်မာန်ပန့်ကို သတ်နိုင်ခဲ့သည်။ ထိုအကြောင်းအရာကို တွေးမိရုံဖြင့် သူ၏နှလုံးသားက အေးစက်သွားသည်။ သံမဏိမြို့အတွင်းမှ ထိုလူငယ်က တိုက်ပွဲနယ်မြေမှ ကြောက်စရာအကောင်းဆုံးသော ပြိုင်ဘက်ဖြစ်သည်။ ထိုသူနှင့် ရန်သူဖြစ်ရခြင်းထက် မိတ်ဆွေသာဖြစ်လိုသည်။

“သွားရအောင်”

ဟယ်ပါးယဲ့က မြင်းကိုလှည့်ပြီး တိဗက်တောင်ပေါ်ဒေသ ရှိရာဘက်သို့ ဦးတည်ကာ ပျောက်ကွယ်သွားသည်။

......

ထိုအချိန်တွင် သတင်းပို့ပင်ဂွင်းများက အခြားသော နယ်စပ်မှ ကာကွယ်ရေးဗိုလ်ချုပ်များထံ ပျံသန်းသွားပြီး ဝမ်ချောင်ကို ချီရှီကာကွယ်ရေးဗိုလ်ချုပ် အသစ်အဖြစ် ခန့်အပ်ကြောင်း သတင်းကိုသယ်ဆောင်ပေးသည်။ ချီရှီကာကွယ်ရေးဌာနအတွင်းသို့ ရောက်သွားခဲ့သော ထိုသတင်း၏ သက်ရောက်မှုများနှင့်ယှဉ်သော် အခြားသော နေရာများမှ တုန့်ပြန်မှုများက ရိုးရှင်းသည်။

“ဘာ သံမဏိမြို့က ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်သွားတယ်ဟုတ်လား”

အန်းရှီကာကွယ်ရေးစစ်တပ်အတွင်းမှ ကောင်းရှန်းကျစ်က မျက်လုံးပြူးသွားသည်။ သူကပင် သူ့နားကို မယုံနိုင်ချေ။

“ဘယ်လိုဖြစ်နိုင်မှာလဲ ခုံရုံးက အဲ့ဒီအဘိုးကြီးတွေက သဘောတူလိုက်တာပဲလား။ အရာအားလုံးကို ဘေးဖယ်ထားလိုက်ဦး သူ့ရဲ့ သိုင်းအဆင့်ကတင် သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ်အဆင့်ကို မရောက်သင့်သေးဘူးမဟုတ်လား။ စစ်တပ်မှာ ကြာရှည်တဲ့ စစ်မှတ်တမ်းတွေနဲ့ အတွေ့အကြုံများတဲ့ ဗိုလ်ချုပ်တွေ ဒီလောက်များတာ အားလုံးအငြင်းခံခဲ့ရတာလား”

“ခုံရုံးက အဘိုးကြီးတွေက သေချာပေါက် သဘောမတူလောက်ဘူး။ ဘုရင်စုန့်က အားလုံးကို ပါးစပ်ပေါက်ပိတ်အောင်လုပ်ပြီး စိတ်ရင်းနဲ့ ထောက်ခံပေးခဲ့တာ။ ဒါ့အပြင် သူ့မှာ သိုင်းကျင့်ကြံခြင်းအဆင့်က တကယ်ကို လိုအပ်ချက်ရှိနေတယ်။ ဒါကြောင့် ယာယီကာကွယ်ရေးဗိုလ်ချုပ် အနေနဲ့ပဲ ခန့်အပ်ခံခဲ့ရတာ။ အစစ်အမှန် ကာကွယ်ရေးဗိုလ်ချုပ် မဟုတ်သေးဘူး။ ဒါ့အပြင် ငါဒီကိစ္စကို စုံစမ်းစစ်ဆေးခဲ့သေးတယ်”

ဖန်းချန်းချင်က ကောင်းရှန်းကျစ်၏အနားတွင် ရပ်နေသည်။ သူက သူ၏ဗိုလ်ချုပ်ကို အနည်းငယ် တုန့်ဆိုင်းစွာကြည့်ပြီးနောက် ဆက်ပြောသည်။

“အင်ပါယာခုံရုံးက အမိန့်တော်မထုတ်ခင် သူက ချီရှီလက်နက်တိုက်ရှေ့မှာ ဝံပုလွေနက်ရကုကို ခြုံခိုတိုက်ခိုက်ခဲ့တယ်။ အကုတုလန်က အသတ်ခံခဲ့ရပြီး သူ့ရဲ့ သူတော်စင်လက်ရွေးစင် ငါးထောင်က ရှင်းပစ်ခံရလုနီးပါးဖြစ်သွားခဲ့တယ်”

ဝုန်း

ကောင်းရှန်းကျစ်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားပြီး ချက်ချင်းလိုလို စိတ်ပြန်ငြိမ်သွားသည်။ သိပ်မကြာခင်ကမှ ဝမ်ချောင်က တိဗက်၏ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး သာ့ယန်မာန်ပန့်ကို တြိဂံပုံမြေကွက်လပ်က တိုက်ပွဲတွင် သတ်ဖြတ်ခဲ့ပြီး သတ္တိဖြူများကို ရှင်းပစ်ခဲ့သည်။ ထိုကိစ္စက လွန်ခဲ့သော တစ်လခန့်ကဖြစ်ပြီး ယခုဝမ်ချောင်က အကုတုလန်ကို ထပ်သတ်လိုက်ပြန်လေပြီ။

ချီရှီ၏ ကျော်ကြားသော ရန်သူဗိုလ်ချုပ်ကြီးနှစ်ယောက်က နှစ်လတည်းနှင့် ဝမ်ချောင်၏လက်အောက်တွင် သေသွားသည်။ ကောင်းရှန်းကျစ်ကပင် စွံ့အသွားသည်။

“ငါတို့ရဲ့ အိတ်ထဲမှာ ဆူးချွန်ရှိရင် အချွန်က အပြင်ကို ပေါက်ထွက်လာလိမ့်မယ်။ ကြည့်ရတာ ဝမ်ကလန်ရဲ့ ဒီအငယ်ဆုံးသားရဲ့ တောက်ပမှုကို ဘာကမှ မဖုံးကွယ်နိုင်ဘူးပဲ”

ကောင်းရှန်းကျစ်က သက်ပြင်းချသည်။ သူ၏နှလုံးသားအတွင်း ခံစားချက်များ ပြည့်သွားသည်။

သူက ဟန်မဟုတ်ချေ။ သူ၏နောက်ခံကလည်း အခြားသော ဟန်ဗိုလ်ချုပ်ကြီးများနှင့် ခြားနားသည်။ သူက သာမာန်အခြေအနေ စစ်သားဘဝမှ အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ဘဝကို ရောက်လာအောင် သူမည်သို့သော တန်ကြေးများ ပေးဆပ်ခဲ့ရကြောင်း မည်သူကမျှ မသိနိုင်ကြချေ။ သူက မည်မျှ များပြားသော သွေးချွေးများကို ထည့်သွင်းထားရခြင်းလည်း မည်သူမျှ မသိနိုင်ချေ။ ဖုမာန်လင်းချာ၏ ထိန်းချုပ်မှုအောက်မှ ဖောက်ထွက်ခဲ့ရသော ကိစ္စကလည်း သူ့အတွက် အလွန်အမင်း ရင်းနှီးရသော ကိစ္စကြီး ဖြစ်နေပြီးလေပြီ။ ထို့နောက် သူက အသက်ကိုရင်းပြီး နယ်စပ်သို့သွားကာ တိုက်ခိုက်ခဲ့သည်။

ဝမ်ချောင်၏ ချောမွေ့စွာဖြင့် လုပ်ဆောင်နိုင်ပြီး လျှင်မြန်စွာ အင်အားကြီးလာမှုနှင့် တစ်နေ့တည်းနှင့် ယာယီကာကွယ်ရေးဗိုလ်ချုပ် ရခဲ့သော အချိန်မျိုးနှင့်ယှဉ်သော် ပြောင်းပြန်ဖြစ်နေသည်။ ကောင်းရှန်းကျစ်ကပင် အနည်းငယ် မနာလိုဖြစ်သွားရကြောင်း ဝန်ခံရပေမည်။ လူငယ်မျိုးဆက်များက လူကြီးများကို လွှမ်းမိုးနိုင်စွမ်း ရှိလာသည်ဟုပင် ခံစားရသည်။ မြစ်ထဲမှ လှိုင်းအသစ်များက လှိုင်းအဟောင်းများကို ဖိချလိုက်သလိုဖြစ်နေသည်။ သို့တိုင်အောင် ကောင်းရှန်းကျစ်ကလည်း ထိုဝမ်ချောင်၏ လက်ရှိလုပ်ဆောင်မှုများက သူ၏ကံကောင်းမှုနှင့် နောက်ခံကို မှီခိုထားခြင်းမဟုတ်ကြောင်း ပြောနိုင်သည်။ သူက စခန်းများကို အမိန့်ပေးအုပ်ချုပ်နိုင်ကြောင်း ဖော်ပြခဲ့သည့် ပါရမီတစ်ခုတည်းသော သီးသန့်ကတင် အလွန်ပြောင်မြောက် ထူးချွန်နေပြီးသားဖြစ်သည်။ အင်ပါယာ ကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်အနေနှင့်ပင် ကောင်းရှန်းကျစ်က မှင်သက်ရသေးသည်။

ဝမ်ချောင်၏ စွမ်းရည်က သက်တူရွယ်တူတိုင်းထက် သာပြီးသားဖြစ်သည်။ အသက်(၁၇)နှစ် အရွယ်ချင်းယှဉ်သော် ထိုအချိန်က ကောင်းရှန်းကျစ်ကပင် ဝမ်ချောင်ကို မည်သည့်နည်းနှင့်မျှ မယှဉ်နိုင်ကြောင်း သိနေသည်။

“ဒါပေမဲ့ ဒီကိစ္စတင်မဟုတ်သေးဘူး။ အရှင် ဝမ်ချောင်ကသာ ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို အမှန်တကယ် ခန့်အပ်ခြင်းခံရမယ်ဆိုရင် ငါတို့ရဲ့ အကြံအစည်တွေ အများကြီး ပြောင်းလဲရတော့မယ်။ ငါတို့က သူ့ကို ဖိနှိပ်လို့လည်းမရသလို သူ့ကို အတိုက်အခံလုပ်လို့လည်း မရတော့ဘူး။ ချီရှီက ငါတို့ရဲ့ ရိက္ခာတွေနဲ့ စစ်သားတွေ ထောက်ပံ့ပို့ဆောင်ရေးအတွက် ထိန်းချုပ်ထားတာ။ အနာဂတ်မှာ ငါတို့က ကိစ္စတွေအများကြီးအပေါ်မှာ သူတို့ကိုပဲ မှီခိုရမှာ။ သူတို့နဲ့ အဆက်အဆံ လုပ်ရဖို့လိုတယ်”

ဖန်းချန်းချင်က စိုးရိမ်သော မျက်ဝန်းမျိုးဖြင့်ပြောသည်။

ဝမ်ချောင်က မြို့စားကျို့၏မြေး ဖြစ်လောက်ပြီး အမတ်နှင့် ဗိုလ်ချုပ်များ ပြည့်နေသော ကလန်တစ်ခုမှ ဆက်ခံသူတစ်ယောက် ဖြစ်လောက်သည့်အပြင် ကောင်းကင်သားတော်၏ တပည့်ဂိုဏ်းသား ဖြစ်လောက်လျှင်ပင်... လူငယ်အမတ်ဖြစ်လျှင်ပင် ယခုက အနောက်ဘက်နယ်စပ်တွင်ဖြစ်သည်။ ကောင်းကင်ကလည်းမြင့်သည်။ ဧကရာဇ်ကလည်း အဝေးတွင်ဖြစ်သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်၏ အဆင့်အတန်းနှင့် ဖန်းချန်းချင်တို့၏ အဆင့်အတန်းကြောင့် ကိစ္စပေါင်းများစွာကို လုပ်နိုင်လေသည်။ သို့သော် ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်လာခဲ့ပြီး ချီရှီတွင် အမှန်တကယ် အင်အားမျိုး ရှိလာခဲ့ပါက အရာအားလုံးက ခြားနားသွားပြီဖြစ်သည်။

အင်ပါယာခုံရုံး၏ တော်ဝင်အမိန့်တော်ကြောင့် သူတို့အားလုံးကလည်း သတိလက်လွတ်ဖြစ်သွားခဲ့ရသည်။

ကောင်းရှန်းကျစ်က ဘာစကားမှမပြောချေ။ သို့သော် သူကိုယ်တိုင်က မျက်မှောင်ကျုံ့နေသည်။ သူ၏ ဖြောင့်တန်းနေသော မျက်မှောင်က ကျုံ့နေပြီး ဖန်းချန်းချင်နှင့် တူညီသော ထင်မြင်ချက်ရှိကြောင်း ဖော်ပြနေသည်။

“ဒါပေမဲ့အရှင် အများကြီး မစိုးရိမ်သင့်ဘူးလို့ထင်တယ်။ ချီရှီက ဟူတွေအများကြီးရှိတယ်။ တကယ်လို့ လူငယ်အမတ်ကသာ ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ထိုင်ခုံမှာ တည်တည်ငြိမ်ငြိမ် ထိုင်ချင်တယ်ဆိုရင် သူခရီးရှည်ကြီး လှမ်းရဦးမှာ။ သူက ဒီအခြေအနေကို ကျော်ဖြတ်နိုင်ခဲ့မယ်ဆိုရင်တော့ ငါတို့တွေသူနဲ့ အဆက်အဆံလုပ်ဖို့ စဉ်းစားသင့်တယ်”

ဖန်းချန်းချင်ကပြောသည်။

“အာ ငါတို့ဒါပဲ တက်နိုင်တော့တာလေ”

ကောင်းရှန်းကျစ်က သက်ပြင်းရှည်ကြီးကိုချသည်။

...

တချိန်ထဲတွင် အဝေးရှိလုံရှီ ထယ်ကြီးမြို့ကလည်း ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်သွားပြီဆိုသော သတင်းကြောင့် အန်းရှီထက်မနည်း အံ့အားသင့်နေကြသည်။

“အသက်(၁၇)နှစ်ပဲရှိသေးတဲ့ အင်ပါယာ ကာကွယ်ရေးဗိုလ်ချုပ်ဟုတ်လား။ ဘယ်တုန်းက ဒီလိုအခြေအနေမျိုး ရှိလာတာလဲ။ ခုံရုံးက ဒါကိုလက်ခံလိုက်တယ်။ အရှင်မင်းကြီးကတောင် အမိန့်ထုတ်ပေးလိုက်တယ်ဟုတ်လား”

ခဲ့ရှု့ဟန်က လက်ထဲမှသတင်းကြောင့် ကြောင်နေသည်။ သူ၏စိတ်ကလည်း အံ့အားသင့်မှုများ ပြည့်နှက်နေသည်။ ဗိုလ်ချုပ်များ၏ဘုရင် ယွီစန်းက ထွက်ပေါ်လာခြင်း၊ ဝိဒရာခွန်းလုံ ခြင်္သေ့ဖြူ မဟာဗိုလ်ချုပ် ပေါ်လာခြင်းကပင် သူ့ကို ထိုမျှအထိ မအံ့ဩစေချေ။ ဒီသတင်းက မယုံနိုင်စရာကောင်းလွန်းသည်။

သူက ခုံရုံးမှ ငြင်းခုံမှုများကို အနီးကပ် ကြည့်ခဲ့ဖူးသည်။ ထို့ကြောင့် ထိုအရာရှိများကလည်း ယခုလို ထင်မြင်ချက်မျိုးနှင့် အတွေ့အကြုံရှိကာ အကျိုးပြုမှုအမှတ်များ အများကြီး ပိုင်ဆိုင်ထားသည့် ဗိုလ်ချုပ်များကို ထောက်ခံပေးတတ်ကြောင်း သိထားပြီးသားဖြစ်သည်။ ခဲ့ရှု့ဟန်ကပင် ဝမ်ချောင်ကို ရွေးမည်ဟု မမျှော်လင့်ထားမိချေ။ ခဲ့ရှု့ဟန်ပင်မကဘဲ စစ်တပ်တစ်ခုလုံးမှ ဗိုလ်ချုပ်တိုင်းကလည်း ကြောင်အနေကြသည်။

မြို့တော်မှသတင်းက ရေ၏အနက်ရှိုင်းဆုံးအပိုင်းတွင် ရှိနေသော သန္တာကျောက်တန်းတစ်ခုလိုမျိုး ဖမ်းမိသွားသည့်အခါ သူတို့ကို အံ့အားသင့်စေသလိုမျိုး အလွန်အမင်း ထိတ်လန့်အံ့ဩစေသည်။

“ဒါက မဖြစ်နိုင်တဲ့ကိစ္စပဲ။ တစ်နှစ်တည်းနဲ့သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် အဆင့်ကို ရောက်သွားတာလား”

“ချီရှီမှာ ချီရှီလက်နက်တိုက်ရှိတယ်။ ဒါက အင်ပါယာ အိမ်ထောင်စုက တည်ဆောက်ခိုင်းထားတာ။ ငါတို့ရဲ့ ထယ်ကြီးစစ်တပ်ကလည်း နှစ်တိုင်းလိုလို အဲ့ဒီကပဲ ထောက်ပံ့မှုတွေ လက်ခံနေရတာမဟုတ်လား။ ဒီလိုဆိုရင် ငါတို့ရဲ့ထယ်ကြီးစစ်တပ်က သူ့ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီပေါ့”

“ငါ ငါနားများ ကန်းသွားတာလား။ ကာကွယ်ရေးဗိုလ်ချုပ် ဒီအချက်တစ်ခုတည်းကတင် သူ့ရဲ့နာမည်ကို သမိုင်းစာအုပ်ထဲမှာ ရေထိုးထားလို့ရနေပြီ”

“ဒါပေမဲ့သူက ငယ်သေးတယ်မဟုတ်လား။ ဘာလို့ ခုံရုံးက ခွင့်ပြုလိုက်တာလဲ။ ဒီကိစ္စကို လက်ခံနိုင်စရာ အကြောင်းမှမရှိတာ”

“လက်ခံနိုင်စရာ အကြောင်းမရှိဘူးဟုတ်လား။ သူက သာမာန်လူငယ်လို့များ ထင်နေလား။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ သူက မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ စစ်သည်လေးသိန်းကျော်ကို သတ်ခဲ့တာ။ နောက်ပြီး သူက သာ့ယန်မာန်ပန့်နဲ့ အကုတုလန်ကိုတောင် သတ်နိုင်ခဲ့သေးတယ်။ နောက်ပြီး တိဗက်နဲ့ တူရကီစစ်သည် အများကြီးကို မြုပ်နှံနိုင်ခဲ့တာ။ သူက သတ်ဖြတ်သူနတ်ဘုရားနော်။ ခုံရုံးက သူ့ကို အကြောင်းပြချက်မရှိ လက်ခံပေးမယ်လို့ ထင်နေလား။ သူ့ရဲ့ အကျိုးပြုမှုက ခုံရုံးက လျစ်လျူရှု့လို့ရတဲ့ အခြေအနေ မဟုတ်တော့ဘူး”

ထယ်ကြီးစစ်တပ်မှ ဗိုလ်ချုပ်တိုင်းကလည်း ကိုယ့်အကြံကို ထုတ်ပြောကာ ငြင်းခုံနေကြပြန်သည်။ ဝမ်ချောင်က ဝူရှန်းတွင် ပထမဦးဆုံး ရောက်ခဲ့ပြီး သံမဏိမြို့ကို တည်ဆောက်ခဲ့ချိန်က လူတိုင်းကသူ့ကို အပြင်လူဟုသာ သဘောထားခဲ့ကြသည်။ သူက အနောက်တောင်ပိုင်းတွင် ကြီးမားသည့် အကျိုးပြုမှုကြီးကို လုပ်ခဲ့သည့်တိုင်အောင် သူက ဒီတိုင်း သူတို့၏အမြင်တွင် ဆယ်ကျော်သက်သာ ရှိသေးသည်။ တစ်ကြိမ်အကျိုးပြုမှု လုပ်ဆောင်လိုက်နိုင်သော ကိစ္စက အရာအားလုံးကို ကိုယ်စားမပြုနိုင်ချေ။ ဒါက ကံကောင်းမှု၊ တိုက်ဆိုင်မှု ဖြစ်နိုင်နေသေးပြီး သူကိုယ်တိုင်က ထိုအခြေအနေကို အကြာကြီး ထိန်းထားနိုင်သည်ဟု မဆိုလိုနိုင်သေးချေ။

သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ခမ်းနားသော သံမဏိမြို့ကြီးကို တည်ဆောက်နိုင်ခဲ့ပြီး အုတ်မြစ်ခိုင်သွားသည်။ ထို့ပြင်သူက တစ်ကြိမ်ပြီးတစ်ကြိမ် အောင်မြင်မှု ရရှိနေခဲ့သည်။ သူကတိဗက်များကို ခုခံသည်။ တူရကီများကိုလည်း ခုခံနိုင်ခဲ့သည်။ သာ့ယန်မာန်ပန့်နှင့် အကုတုလန်ကို သတ်နိုင်ခဲ့သည်။ နောက်ဆုံးတွင်သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာသို့ ခန့်အပ်ခံရသည်။

အရာအားလုံးက ဝမ်ချောင်က ဝူရှန်းသို့ ရောက်ပြီး လအနည်းငယ်ဆိုသော ကာလအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတိုးတက်မှု အပြောင်းအလဲက သူ့ကို ကောင်းကင်သို့တက်ရန် လှေကားထောင်ပေးလိုက်သလိုဖြစ်သွားပြီး သူ့တို့ကို ပါးစပ်အဟောင်းသား၊ မျက်လုံးအပြူးသား ဖြစ်သွားစေသည်အထိ ဖြစ်သွားသည်။

အခန်း(၈၃၇)

“အရှင် ကျွန်တော်တို့တွေ ဒီဝမ်ချောင်ကို ဆန့်ကျင်နေသင့်လား။ ချင်းဇယ်က ပိုးသားလမ်းပေါ်က ဓားမြနဲ့ တောပုန်းဓားမြ နှစ်သိန်းလေးသောင်းကို ဆက်သွယ်ဖို့ထွက်သွားပြီ။ ဒါ့အပြင် ကျွန်တော်တို့ဘက်မှာ ဝူရှန်းကိုသွားတဲ့ အရွက်၊ ရိက္ခာနဲ့ သစ်သီးရောင်းတဲ့ ကုန်သည်တွေလည်းရှိတယ်။ ကျွန်တော်တို့ ဒီကို ဖြတ်ခွင့်မရအောင် ပိတ်ပင်လိုက်သင့်လား”

အံ့အားသင့်နေသော လေထုကို သတိအပြည့်ထားကာ တဖြည်းဖြည်းချင်း ပြောလာသည့် လေသံက ထိုးခွဲလိုက်သည်။ ပြောလိုက်သူက ခဲ့ရှု့ဟန်၏အပါးမှ အတော်လေး အဆင့်မြင့်သော မုတ်ဆိတ်မွှေးအပြည့်နှင့် ဟူဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။

ဝမ်ချောင်က ဝူရှန်းသို့ ရောက်သောအခါ ခဲ့ရှု့ဟန်က သူ၏လက်အောက်ငယ်သား ချင်းဇယ်ကိုလွှတ်ပြီး စမ်းသပ်ခိုင်းကာ ဝမ်ချောင်ကို ကိုင်တွယ်ခိုင်းလျှက် ဝူရှန်းတွင် မည်သည့်အုတ်မြစ်မျှ မချန်နိုင်အောင် တားမြစ်ခိုင်းခဲ့သည်။ အသိသာဆုံးနှင့် လက်တွေ့အကျဆုံး နည်းလမ်းကမူ အသီး၊ ရိက္ခာ သို့မဟုတ် အရွက်များကို ထိုနေရာသို့ သွားခွင့်ပိတ်ပင်ခြင်းဖြစ်သည်။ ထို့ပြင် နေ့စဉ်အသုံးအဆောင် ပစ္စည်းများလည်းပါသည်။ ထိုကုန်သည်များက ဝူရှန်းသို့ သွားတော့မည်မဟုတ်ချေ။ မည်သို့ပင်ဆိုစေ ဗဟိုပြင်ကျယ်တွင် ဝူရှန်းနှင့် အနီးဆုံး အထောက်အပံ့နေရာက လုံရှီဖြစ်လေသည်။

“လောကကြီးက ကြွယ်ဝပြီးခမ်းနားတယ်။ ဒါပေမဲ့ ဘယ်လိုနည်းနဲ့မှ လုံရှီကို မကျော်နိုင်ဘူး” ဆိုသော ဆိုရိုးစကားအရ လုံရှီဟာ ဗဟိုပြင်ကျယ်တွင် အစည်ကားဆုံးသော နေရာကြီးအဖြစ် သတ်မှတ်နိုင်သည်။ မြေသားကလည်း မြေဩဇာကောင်းမွန်ပြီး နယ်မြေများကလည်း ကျယ်ပြောကာ ကောင်းမွန်သည်။ ထိုနေရာမှ ရိက္ခာရရန် အလွယ်ကူဆုံးဖြစ်သည်။ မြို့တော်တွင် ဝမ်ချောင်က သူက ဝူရှန်းကို တွေးတက်အောင်လုပ်ပြီး ပိုးသားလမ်းအတွက် ထူးခြားစည်ကားသော နေရာကြီးတစ်ခုအဖြစ်အပြင် သယ်ယူပို့ဆောင်ရာတွင် ရပ်နားရာ နေရာတစ်ခုအဖြစ် ဆောက်လုပ်ပြီး ကုန်သည်လှည်းတန်းကို အနားယူရန် နေရာတစ်ခု ထောက်ပံ့ပေးမည်၊ ရိက္ခာများကို သိုလှောင်ရန် နေရာတစ်ခုပေးမည်၊ သူတို့ကို ကာကွယ်ပေးမည်ဟု ကတိပေးခဲ့သည်။

သို့သော် လိုအပ်သည့် များပြားလွန်းသော အထောက်အပံ့များကို ထိုလူများက လုံရှီထံမှသာ ရရှိပေလိမ့်မည်။ ချီရှီအတွက်မူ ချီဆိုသောစကားလုံးက ထိုအကြံကို ပျက်ပျယ်စေသွားစေရန် လုံလောက်သည်။ ထိုမျှ လွင်ထီးခေါင်ဖြစ်နေပြီး ကဏ္ဍာရသဖွယ် ခြောက်ကပ်နေသော နေရာတွင် ကြီးမားသော မြို့စောင့်တပ်ရင်းကြီး ရှိနေခြင်းကတင် အတော်လေး လေးစားစရာ ကောင်းနေပြီဖြစ်သည်။

ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ချီရှီထံမှ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပစ္စည်းများကို လုံလောက်အောင် ရရှိရန် မဖြစ်နိုင်ချေ။

ထို့ကြောင့် အချိန်ကျလာသောအခါ ဝမ်ချောင်က ရွေးချယ်စရာမရှိဘဲ မြို့တော်ထံမှ ရိက္ခာများ တောင်းဆိုရပေလိမ့်မည်။ မြို့တော်နှင့် ဝူရှန်းသို့သွားသော လမ်းကလည်း ရှည်ကြာသည်။ ထို့အပြင် လမ်းတွင်ရှိသော ဓားမြနှင့် တောပုန်းဓားမြအရေအတွက် နှစ်သိန်းလေးသောင်းကျော်ကို ထည့်တွက်ခဲ့ပါက ရလဒ်ကို အလွယ်တကူ ခန့်မှန်းနိုင်ပေလိမ့်မည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က ချီရှီကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည့်အခါ အရာအားလုံးက ကွာခြားသွားလေပြီ။

ခဲ့ရှု့ဟန်ကသာ ထိုအပြုအမူကို ဆက်လုပ်ရဲလျှင် ဒါက စမ်းသပ်မှု မဟုတ်တော့ချေ။ ဝမ်ချောင်ကို တိုက်ရိုက် ရန်စခြင်းဖြစ်သွားသည်။

အင်ပါယာ၏ ကာကွယ်ရေးဗိုလ်ချုပ်များနှင့် မဟာဗိုလ်ချုပ်များက လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် အာဏာနှင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားကြပြီး ထိုသို့သော ပုဂ္ဂိုလ်နှစ်ယောက်မှ ထိပ်တိုက်တွေ့ဆုံသော ဖြစ်ရပ်က ရယ်စရာမဟုတ်တော့ချေ။ ခဲ့ရှု့ဟန်ကပင် အကျိုးအပြစ်ကို တွက်ဆဆင်ခြင်ရန် လိုအပ်သည်။

ခဲ့ရှု့ဟန်က ဘာစကားမှမဆိုဘဲ ခေါင်းကိုသာမော့ပြီး ခန်းမမှ မည်းနက်နေသော အမိုးကိုကြည့်သည်။ ထယ်ကြီးမြို့၏ တိုက်ပွဲတစ်ပွဲ ပြီးဆုံးချိန်တိုင်း ထိုအမိုးများကို မကြာခဏ ပြင်ဆင်ရသည်။ သို့သော် သူ၏အကြည့်က ထိုအမိုးထံတွင် အမှန်တကယ် တည်ရှိနေခြင်းမဟုတ်ချေ။ သူ၏စိတ်က ရှုပ်ထွေးနေပြီး အကြည့်ကလည်း ဝေဝါးနေသည်။

ဗဟိုပြင်ကျယ်၏ မဟာထန်က နှစ်ပေါင်းများစွာ ငြိမ်းချမ်းနေခဲ့သည်။ ရာထူးမြင့်သူတိုင်းက အာဏာရုန်းကန်နေကြပြီး ကာကွယ်ရေးဗိုလ်ချုပ်နှင့် မဟာဗိုလ်ချုပ်ကဲ့သို့ ရာထူးမြင့်လွန်းသော နေရာအတွက် ရွေးချယ်ခံသူများက အလွန်များပြားပေလိမ့်မည်။ သို့သော် ယခုမူ အတည်ချမှတ်ပြီးသွားလေပြီ။ ဝမ်ချောင်က ပေါ်ထွက်လာသည့်အခါ နဂိုရှိပြီးသား စည်းမျဉ်းများအားလုံးကို ဖျက်ဆီးလိုက်သည်။ အထူးသဖြင့် သူ၏ လျှင်မြန်စွာ ရာထူးတိုးလာသော ကိစ္စမျိုးဖြစ်သည်။

သူ၏ထက်မြက်မှုကတင် လူတိုင်းကို အံ့အားသင့်စေပြီး မသက်မသာ ဖြစ်စေခဲ့သည်။ သူက အနောက်တောင်ပိုင်းက လျှင်မြန်စွာ ထွက်လာခဲ့ပြီးနောက် အနောက်မြောက်ပိုင်းသို့ လျှင်မြန်စွာ ဝင်ရောက်ခဲ့သည်။ ထိုသို့ဖြင့် သူကတောက်လျှောက် တက်လာခဲ့ပြီး နောက်ဆုံးတွင် ချီရှီကာကွယ်ရေးဗိုလ်ချုပ် နေရာတွင် ထိုင်နိုင်သွားသည်။

ခဲ့ရှု့ဟန်၏ ဘဝက အနိမ့်အမြင့် အတက်အကျ စုံခဲ့ပြီး စစ်ဆေးမှုပေါင်းများစွာ၊ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ ထိုထဲတွင် ရှုံးနိမ့်မှုရှိသလို အောင်မြင်မှုများလည်းရှိသည်။ သို့သော် သူကပင် ဒီလိုအခြေအနေမျိုးကို မကြုံခဲ့ရချေ။

“သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်း၊ သွမ့်ခဲ့ချွမ်၊ တုစုန့်မာန်ဖော်ကျဲ့၊ သာ့ယန်မာန်ပန့်၊ အကုတုလန်... ငါတောင်မှ အင်ပါယာခုံရုံးက (၁၇)နှစ်အရွယ် ကောင်လေးကို ကာကွယ်ရေးဗိုလ်ချုပ်ကြီးအဖြစ် လျှင်လျှင်မြန်မြန် ရာထူးတိုးပေးလိုက်တာက အလောတကြီးနိုင်လွန်းတယ်လို့ ခံစားမိရင်တောင်မှ သူက သူ့ရဲ့အင်အားကို တဖြည်းဖြည်းချင်း သက်သေပြခဲ့ပြီးတာတော့ အမှန်ပဲ။ ချင်းဇယ်ကို ပြန်လာဖို့ပြောလိုက်ပါ။ အဲ့ဒီဓားမြတွေနဲ့ တောပုန်းဓားမြတွေကို ထွက်သွားခိုင်းလိုက်။ နဂိုဆုံးဖြတ်ထားတဲ့ အကြံအစည်တွေ အားလုံးကိုလည်း ဖယ်ရှားလိုက်တော့။ အချိန်ကပြောင်းသွားပြီ ငါတို့တွေ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတစ်ယောက်ကို ရန်စလို့မရဘူး”

ခဲ့ရှု့ဟန်က သက်ပြင်းရှည်ကြီးကိုချသည်။

“ဟုတ်ကဲ့”

ဗိုလ်ချုပ်ကြီးက ချက်ချင်းလိုလို အမိန့်နှင့်အတူ ထွက်ခွာသွားသည်။

......

ဝမ်ချောင်က ရာထူးတိုးသွားသော သတင်းက ပေ့ထင်နှင့် အန်းတုံးတို့ထံ ရောက်ရှိသွားသည်။ အင်ပါယာ၏ မူဝါဒလည်ပတ်ပုံ စနစ်တစ်ခုလုံးက ရှုပ်ထွေးသွားသလိုမျိုး လူတိုင်းက အကျည်းတန် အံ့ဩကြရသည်။ ဝေးကွာသော ယွီစန်းအင်ပါယာတွင်မူ စိတ်အခြေအနေက ကွာခြားသည်။

ခမ်းနားကြီးကျယ်သော တော်ဝင်မြို့တော်က ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေသည်။ တော်ဝင်မြို့တော်၏ အတွင်းပိုင်းတစ်နေရာတွင် အမွှေးနံ့သာများ လောင်ကျွမ်းသွားသောကြောင့် ထွက်လာသော မီးခိုးများက ပြည့်နှက်နေသည်။ သို့သော် ခန်းမထဲရှိ မည်သူကမျှ စကားမပြောကြချေ။ လူတိုင်းက ဇာပေါက်များပါသော သတ္တုစားပွဲကိုသာ အာရုံစိုက်ထားကြသည်။ ထိုစားပွဲက လေးပေမြင့်သည်။ အပေါ်တွင် လျို့ဝှက်ဆန်းကြယ်သော သင်္ကေတများကိုလည်း ထွင်းထုထားသေးသည်။

စားပွဲပေါ်တွင် ရွှေရောင်မျက်လုံးနှင့် အနက်ရောင် ပင်ဂွင်းတစ်ကောင်က ရှိနေသည်။ သူက ခန်းမထဲတွင် တင်းကြပ်နေသော လေထုအခြေအနေကို သတိမထားမိဘဲ ပတ်ဝန်းကျင်ကို လိုက်ကြည့်နေသည်။ သို့သော် လူတိုင်းကလည်း ဒီခန်းမထဲသို့ ရောက်လာသော ထူးဆန်းသည့် ဖိအားကမူ ထိုသတင်းပို့ပင်ဂွင်း သယ်လာသော သတင်းကြောင့်ဖြစ်ကြောင်း သိနေကြသည်။

“အရှင်မင်းကြီး ဖုမာန်လင်းချာက မရှိတော့ပေမဲ့လည်း ဝမ်ချောင်က သူ့ကို ဖယ်ရှားနိုင်ခဲ့တာက ပိုပြီး လေးစားဖို့ကောင်းတာပါ။ ဝမ်ချောင်က ဖုမာန်လင်းချာရဲ့ အရင်နေရာကို ရယူသွားပြီဆိုတော့ ဒါက ကျွန်တော်တို့ ယွီစန်းအင်ပါယာကြီးအတွက် ဆိုးရွားတဲ့သတင်းပါပဲ”

ခန်းမထဲတွင် စိုးရိမ်တကြီးဖြစ်ကာ ပူပန်မှုများ ပြည့်နှက်နေသော အသံက ဟိန်းထွက်လာသည်။

“အနောက်တောင်ပိုင်းက စစ်ပွဲ၊ ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်းရဲ့ ပျက်စီးမှု၊ တြိဂံပုံမြေကွက်လပ်က အရှုံးတွေနဲ့... အားလုံးပေါင်းလိုက်ရင် ကျွန်တော်တို့ ဆုံးရှုံးသွားတာက လက်ရွေးစင်စစ်သည် လေးသိန်းကျော်ထက် ပိုပါတယ်။ နောက်ပြီး ဒါတွေအားလုံးကို အဲ့ဒီလူငယ်ဆီမှာ ရှုံးသွားခဲ့တာ။ နောက်ပြီး အခုအချိန်ထိ တောင်ပေါ်ဒေသမှာ ရောဂါကပ်ဘေးကို အပြည့်အဝ ထိန်းနိုင်သေးတာမဟုတ်ဘူး။ သေဆုံးသွားတဲ့ ကျွဲတွေ သိုးတွေက တောင်ပုံရာပုံပါပဲ။ ဒါကို အခု သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ် ဖြစ်သွားပြီဆိုရင် ကျွန်တော်တို့ ယွီစန်းအင်ပါယာအတွက် ကပ်ဘေးစိုက်တာပဲ။ အဲ့ဒါတွေအပြင် သူက ကျွန်တော်တို့ တောင်ပေါ်ဒေသမှာတောင် ခံတပ်လာဆောက်ထားသေးတယ်။ ဒါကတကယ်ကို သည်းမခံနိုင်စရာကိစ္စပါ”

နောက်ထပ် အသံတစ်သံက ထပ်ထွက်လာသည်။

အတိတ်တွင် ယွီစန်းအင်ပါယာ လူများက ကျန့်ချုံးကျန်းချုံ၊ ခဲ့ရှု့ဟန်၊ ဖုမာန်လင်းချာနှင့် ကောင်းရှန်းကျစ်ဆိုသော မဟာထန်၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး လေးဦးကိုကြောက်သည်။ သို့သော် ယခုမူ ထိုနာမည်များကို လျှင်လျှင်မြန်မြန် ကျော်ဖြတ်သွားသည့် နာမည်တစ်ခုက ထပ်ပေါ်လာပြီး ယွီစန်းအင်ပါယာကြီး တစ်ခုလုံးက အကြောက်ရဆုံး တည်ရှိမှုကြီးဖြစ်လာသည်။ ထိုနာမည်က ဝမ်ချောင်ဖြစ်သည်။ ဒါက ယခင်က တိဗက်များက မဟာထန်ကို ရှုံးခဲ့သော အခြေအနေမျိုးနှင့် မတူချေ။ သူတို့၏ မဟာဗိုလ်ချုပ်ကြီးများက တော်ဝင်မြို့တော်အထိ ချီတက်နိုင်ခဲ့ကြသေးသည်။ သို့သော် ဒါက ပုံမှန် သာမာန်စစ်ပွဲသာ ဖြစ်သေးသည်။ ထို့ကြောင့် သူတို့ မည်သည့်နေရာတွင် ရှုံးသွားကြောင်းကို အလွယ်တကူ ပြောနိုင်သေးသည်။ ဒါက သူတို့အားနည်းသောနေရာဖြစ်ကြောင်း သိကြပြီး ပြန်လည်ပြင်ဆင်၍ရသည်။

သို့သော် ဝမ်ချောင်ကဲ့သို့ တိုက်ပွဲနယ်မြေ၏ အကန့်အသတ်ကို ကျော်လွန်နေသော နည်းလမ်းများကို သုံးသော လူမျိုးကိုမူ မမြင်ဖူးသေးချေ။ တစ်ဖက်သူက တောင်ပေါ်ဒေသသို့ပင် ရောဂါကပ်ဘေး ဖြန့်ခဲ့သည်။ ပို၍ဆိုးသည်မှာ သူဖမ်းဆုပ်ထားနိုင်သည့် ဗျူဟာနှင့် စစ်ပွဲတွင် စစ်သည်တော်များကို အမိန့်ပေးနိုင်သည့် သူ၏စွမ်းရည်က ယွီစန်းက ကြုံခဲ့ဖူးသော ကျော်ကြားသည့် ထန်ဗိုလ်ချုပ်တိုင်းကို ကျော်လွန်နေပြီးသားဖြစ်သည်။ ထိုအချက်သာလျှင် မကသေးလေဘဲ ဝမ်ချောင်က ကျန်းကျွင်းကို တိုက်ခိုက်ခဲ့ချိန်တွင် မျက်စိတိုင်း နားတိုင်းကို ရှောင်ရှားနိုင်ခဲ့ပြီး တိဗက်အတွင်းပိုင်းသို့ တိုက်ရိုက် တိုးဝင်ကာ လူသစ်လေ့ကျင့်ရေးစခန်းတစ်ခုလုံးကို အဖြစ်ဖြတ် သုတ်သင်သွားခဲ့ပြီး ချင်းဟိုင်စစ်သည် ရှစ်ထောင်ကိုပင် သတ်သွားခဲ့သည်။

ထိုကိစ္စက ယွီစန်းအင်ပါယာကြီး တစ်ခုလုံးကို ကြောက်လန့်သောကြောင့် အမြဲတစေ မသက်မသာ ဖြစ်နေစေသည်။ အကြောင်းမူကား ဝမ်ချောင်က တောင်ပေါ်ဒေသသို့တက်သော လျို့ဝှက်လမ်းကို ရှာခဲ့ကြောင်း သံသယဝင်ရန် မရှိတော့သောကြောင့်ဖြစ်သည်။ သူတို့က ထိုလမ်းကို မရှာနိုင်လျှင် ဝမ်ချောင်က အချိန်မရွေး သူတို့မသိခင် တောင်ပေါ်ဒေသသို့တက်ပြီး စိတ်ကျေနပ်သလိုလုပ်ကာ ထွက်သွားနိုင်လေသည်။

ဒါက အချိန်မရွေး သူတို့၏လည်ပင်းကို ဓားဖြင့်လာချိန်သလိုမျိုးဖြစ်သည်။ ထိုဓားက မည်သည့်နေရာတွင် မည်သည့်အချိန်တွင် မည်သို့ ထွက်လာမည်ဖြစ်ကြောင်း သူတို့က မသိထားနိုင်ချေ။ ထို့ကြောင့် ရှောင်ရန် မဖြစ်နိုင်ချေ။

“အရှင်မင်းကြီး ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ဝမ်ချောင်ကိုသတ်ဖို့ နည်းလမ်းတစ်ခု ရှာမှဖြစ်ပါမယ်။ မဟုတ်ရင် ကျွန်တော်တို့ အရှေ့မြောက်ပိုင်းကို လွတ်လွတ်လပ်လပ် ကျော်ဖြတ်သွားနိုင်မှာ မဟုတ်တဲ့အပြင် ကျွန်တော်တို့ကိုယ်တိုင်လည်း မြောက်ပိုင်းကနေ အပတ်ခံရတော့မှာပါ”

ခန်းမထဲရှိ ကျော်ကြားသော ဗိုလ်ချုပ်ကြီးတိုင်းက အထက်တစ်ဆင့်မြင့်သော နေရာမှ ထိုင်ခုံပေါ်ရှိ ပုဂ္ဂိုလ်ကို လှမ်းကြည့်နေကြသည်။

စန်းပေါ်က မည်သည့်စကားမှ မဆိုချေ။ သူက အရာရှိများ၏ ထင်မြင်ချက်များကိုသာ နားထောင်နေသည်။ သူ၏ထူထည်းသော မျက်ခုံးက ဆက်တိုက်ကျုံ့နေပြီး မျက်ဝန်းထဲတွင်လည်း မီးတောက်က တောက်လောင်နေသည်။ သူ၏နှလုံးသားကလည်း ပူလောင်နေသည်။

စစ် စစ် ဝမ်ချောင်ကိုသတ်ရမယ်။

ဒီမဟာထန်ကို လူငယ်ကို အမြန်ဆုံးသတ်ဖို့လိုမယ်။ ဘယ်သူက မသိလို့လဲ။ ဒါပေမဲ့ သာ့ယန်မာန်ပန့်လည်းရှုံးသွားတယ်။ ဟော်ရှု့ဟွေ့ခမ်းလည်း ရှုံးသွားတယ်။ သာ့ယန်ဖူရန်လည်း ရှုံးသွားတယ်။ တုစုန့်မာန်ဖော်ကျဲ့လည်း ရှုံးသွားတယ်။

အင်ပါယာရဲ့ အလားအလာအကောင်းဆုံး မဟာဗိုလ်ချုပ်ကြီးနှစ်ယောက်နဲ့ မဟာအမတ်ကြီးတွေထဲက တစ်ယောက်က ဝမ်ချောင်ဆီမှာရှုံးသွားတယ်။ နောက်ပြီး နာ့ယိတော်ဝင်တပ်ရင်းက စစ်သည် နှစ်သိန်းကိုတောင် ပေးဆပ်လိုက်ရသေးတယ်။ ဒီနာ့ယိတော်ဝင်တပ်ရင်းက စစ်သည်နှစ်သိန်းကို ပြန်လည်စုဆောင်းဖို့ ဆယ်နှစ်အချိန်လိုတယ်။ နောက်ပြီး မရေမတွက်နိုင်တဲ့ သိုးတွေ၊ နွားတွေ

မဟာထန်က ဒီကောင်စုတ်ကမသိဘူး။ ဒါပေမဲ့ ယွီစန်းအင်ပါယာကတော့ လဲပြိုကျတော့မဲ့ အနေအထားထိ ရောက်နေပြီ။

“လုံလောက်ပြီ”

ရုတ်တရက် ခန်းမထဲတွင် အသံတစ်သံက ဟိန်းထွက်သွားသည်။ ထိုအသံက စူးရှနေခြင်းမရှိပေ။ ဒီတိုင်း သာယာနာပျော်ဖွယ်ကောင်းသည်။ ထိုအသံက ခန်းမတစ်ခုလုံးကို တိတ်ဆိတ်သွားသဖြင့် လူတိုင်းကလည်း ပါးစပ်ပိတ်လိုက်ကြသည်။

“စစ်တပ်တိုင်းကို မြောက်ပိုင်းနယ်စပ်နဲ့ ခပ်ဝေးဝေးနေဖို့ အမိန့်ပေးတယ်။ မြောက်ပိုင်းနယ်မြေက ရန်လိုမှုတွေအားလုံးကို တားမြစ်တယ်”

ထိုအသံက အမိန့်ပေးသည်။ အသံက မကျယ်လွန်းသလို မတိုးလွန်းချေ။

အင်ပါယာအမတ်မင်း သာ့လွန်သာ့ရင်လင်ကသာ စန်းပေါ်ကိုယ်စား ထိုသို့ ပြောရေးဆိုခွင့်ရှိသည်။ ထိုသို့ အမိန့်ထုတ်ပိုင်ခွင့်ရှိသည်။ မျှော်လင့်ထားသည့်အတိုင်း သာ့လွန်သာ့ရင်လင်၏ စကားက ခန်းမထဲရှိ အရာရှိတိုင်း ဗိုလ်ချုပ်တိုင်းကို ထိန်းလိုက်နိုင်သည်။ ဒီနည်းအားဖြင့် သူတို့၏ ကြမ်းတမ်းမှုများ အားလုံးက ပျောက်ကွယ်သွားသည်။ စန်းပေါ်ကိုယ်တိုင်ကလည်း အများကြီး စိတ်အေးသွားသည်။

“အင်ပါယာက မြောက်ပိုင်းမှာဆုံးရှုံးသွားတဲ့ စစ်သည်တွေက လုံလောက်သင့်ပြီ။ သာ့ယန်မာန်ပန့်က အဲ့ဒီမှာ သေသွားရင်တောင်မှ တုစုန့်မာန်ဖော်ကျဲ့က ဒဏ်ရာပြင်းပြင်းထန်ထန် ရပြီး ပြန်လာနိုင်တဲ့အတွက်ကြောင့် သူက အချိန်တိုအတွင်း တိုက်ခိုက်နိုင်ဦးမှာမဟုတ်ဘူး။ ခေါင်းဆောင်တုစုန့် တုစုန့်မာန်ဖော်ကျဲ့ ဘယ်နေရာမှာလဲဆိုတာကို သိလား။ သူ့ရဲ့ဒဏ်ရာတွေက ဘယ်လိုလဲ”

သာ့လွန်သာ့ရင်လင်က လက်ကို ကျောနောက်သို့ ပို့လိုက်ပြီး သူ၏မှေးကျဉ်းနေသော မျက်ဝန်းများက ခန်းမအတွင်းရှိ ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော ပုဂ္ဂိုလ်တစ်ယောက်ကို လှမ်းကြည့်လိုက်သည်။

“မဟာအမတ်မင်းက စိုးရိမ်ပူပန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သူက အရှုံးနဲ့ ပြန်လာပြီးတဲ့နောက်မှာ မာန်ဖော့ကျဲက မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းကို တိုက်ရိုက်သွားပြီး တော်ဝင်မြေပေါ်မှာ လဲကျသွားခဲ့ပါတယ်။ ဒါပေမဲ့ သူက ပြန်မလာသေးသလို ဘာသတင်းမှလည်း မပို့လာပါဘူး”

ခေါင်းဆောင်တုစုန့်က ဂါရဝပြုရင်းပြောသည်။

တုစုန့်ကလန်နှင့် သာ့ယန်ကလန်တို့က ယွီစန်းအင်ပါယာ၏ ရှေးဟောင်းမျိုးဆက်များဖြစ်ပြီး တုစုန့်ကွန်းကျော့က လက်ရှိတုစုန့်ကလန်၏ ခေါင်းဆောင်ဖြစ်သည်။ တုစုန့်မာန်ဖော်ကျဲ့က တုစုန့်ကလန်၏ သိန်းငှက်တစ်ကောင်အဖြစ် ကိုယ်စားပြုနိုင်သလို ယွီစန်းမဟာဗိုလ်ချုပ် တစ်ယောက်အဖြစ် ထူးချွန်လာခဲ့ပြီး ထိုမျိုးဆက်တွင် အတောက်ပဆုံး ပုဂ္ဂိုလ်ကြီးဖြစ်လာခဲ့သည်။ တုစုန့်ကွန်းကျော့ကလည်း တုစုန့်မာန်ဖော်ကျဲ့၏ တြိဂံပုံမြေကွက်လပ်မှာ ဆိုးရွားသော အရှုံးကို ကြားသောအခါ ချက်ချင်းလိုလို ရှက်သွားသည်။ အရှက်ခွဲခံရသည်ဟုလည်း ခံစားရသည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်မှ သေစေနိုင်လောက်အောင် ပြင်းထန်သည့် ဒဏ်ရာများကို မြင်သည့်အခါ သူကိုယ်တိုင်ကလည်း စကားတစ်ခွန်းမှ မဆိုနိုင်ချေ။

တုစုန့်မာန်ဖော်ကျဲ့က စကားဖြင့် ဖော်ပြရန်ခက်ခဲသည့် အန္တရာယ်မျိုးကို ရင်ဆိုင်လာခဲ့ရသည်မှာ သေချာနေလောက်သည်။ သူက အချိန်မှီ တုန့်ပြန်ခဲ့သောကြောင့်သာမဟုတ်လျှင် တြိဂံပုံမြေကွက်လပ်တွင် စစ်သည်သောင်းကျော် သေရုံလောက် မရိုးရှင်းတော့ချေ။ တုစုန့်ကလန်မှ အထူးချွန်ဆုံးဟု ကိုယ်စားပြုလာသောသူ ယွီစန်း၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကဲ့သို့သော လူများကပင် သူကပင် တြိဂံပုံမြေကွက်လပ်တွင် ထိုသို့ အဆုံးသတ်သွားခဲ့ရခြင်းက တုစုန့်ကလန်အတွက် လက်မခံနိုင်သော ဆုံးရှုံးမှုဖြစ်သည်။

ပို၍အရေးကြီးသော အချက်ကမူ တုစုန့်မာန်ဖော်ကျဲ့က ရှင်သန်ခဲ့သည်။

“ငါသိပြီ”

သာ့လွန်သာ့ရင်လင်က ခေါင်းညိမ့်သည်။ သူ၏မျက်နှာက ခံစားချက်မဲ့နေသည်။ သို့သော် သူ၏မျက်ဝန်းထဲတွင် အလင်းက တောက်ပနေသေးသည်။ လက်ရွေးစင် တစ်သောင်းကျော်က တြိဂံပုံ မြေကွက်လပ်တွင် သေသွားခဲ့ပြီး သာ့ယန်ကလန်မှ သာ့ယန်မာန်ပန့်ကလည်း အဆုံးသတ်သွားခဲ့သည်။ ထိုအရှုံးများနှင့်ပတ်သတ်ပြီး ရင်ကျိုးမရ အဖြစ်ဆုံးလူက တုစုန့်မာန်ဖော်ကျဲ့ ကိုယ်တိုင်ပင် ဖြစ်နေလောက်သည်။

အကြောင်းမူကား သူက ထိုအတွက်ကြောင့်ပင် ပြန်လာသည်နှင့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းသို့သွားပြီး ကုသမှု ခံယူနေခြင်းဖြစ်လောက်သည်။ ကံဆိုးစွာဖြင့် တုစုန့်မာန်ဖော်ကျဲ့ကလည်း သူဆန္ဒရှိသော အရာကိုရရန် အလွန်ခက်ခဲနေသေးသည်။

ဖလပ် ဖလပ်

သာ့လွန်သာ့ရင်လင်က တွေးတောနေချိန်တွင် တောင်ပံခတ်သံက လူတိုင်း၏အာရုံကို ဆွဲဆောင်လိုက်သည်။

အခန်း(၈၃၈)

သာ့လွန်သာ့ရင်လင်က ခေါင်းကိုမော့လိုက်သောအခါ တော်ဝင်မြို့တော်၏ အစောင့်များထဲမှ တစ်ယောက်က လက်မောင်းကို ဆန့်တန်းလိုက်ကြောင်း မြင်လိုက်ရသည်။ သူက လက်မောင်းကို ဆန့်တန်းပြီးနောက် သူ့ပေါ်တွင်နားလာသော ငှက်ကမူ အလွန်ကျော့ရှင်းကြည့်ကောင်းပြီး ကြွက်သားအပြည့်ဖြင့် တောင့်တင်းသန်မာသည့် အထူးမျိုးစိတ်ဖြစ်သည့် ရွှေမျက်လုံးငှက်ဖြစ်ကြောင်း သိလိုက်ရသည်။

ထိုသားကောင်ငှက်က ယွီစန်းမဟာထန်ပင်ဖြစ်စေ အနောက်နှင့် အရှေ့ပိုင်း တူရကီခါကာနိတ်ပင်ဖြစ်စေ ရှာမတွေ့နိုင်ချေ။ ကုန်းမြေကြီးတစ်ခုလုံးတွင် ထိုငှက်များက တစ်နေရာတည်းကိုသာ သူတို့၏အိမ်ဟု ခေါ်သည်။ အကြောင်းမူကား သူတို့က အာရပ် အမဲလိုက်သိန်းငှက်များ ဖြစ်သောကြောင့်ဖြစ်သည်။ ခန်းမထဲတွင် ရှိနေကြသော အရာရှိတိုင်း၏ မျက်နှာက ချက်ချင်း ဖြူဖျော့သွားသည်။

“မဟာအမတ်မင်း အနောက်ဘက်က အာရပ်တွေက စာပို့လာပါတယ်”

အရပ်ရှည်ရှည်နှင့် အစောင့်က အတွင်းသို့ဝင်လာသည်။ သို့သော်သူက ဘာမှမပြောနိုင်ခင် တော်ဝင်မဟာအမတ်မင်း သာ့လွန်သာ့ရင်လင်က လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီးနောက် ကြယ်တာရာစွမ်းအင်တန်းကို ဖြတ်ကနဲ ထုတ်လိုက်ကာ ထိုအာရပ်အမဲလိုက်သိန်းငှက်ကို လွင့်ထွက်သွားစေပြီး ခြေထောက်တွင်ချည်ထားသောစာကို အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားစေသည်။ ထိုသို့ဖြင့် ငှက်မွှေးများနှင့် အသားပေါင်းများစွာက တပြိုင်ထဲ လွင်စင်ကုန်သည်။

တံခါးဝတွင်ရပ်နေသော အစောင့်က စွံ့အကာ မှင်သက်သွားသည်။

“ငါသိတယ် သွားတော့”

သာ့လွန်သာ့ရင်လင်က ထိုသို့ပြောသည်။ သူက လက်ကိုယမ်းလိုက်ပြီးနောက် ချက်ချင်းဆိုသလို သူ၏လက်က အင်္ကျီလက်ထဲ ပြန်ဝင်သွားသည်။

ခန်းမထဲရှိ မည်သည့်အရာရှိထဲက တစ်ယောက်ကမျှ သာ့လွန်သာ့ရင်လင်၏ လုပ်ဆောင်မှုက ကြမ်းတမ်းသည်ဟု မထင်ကြချေ။ မဟာထန်က အနောက်ပိုင်းနယ်မြေများသို့ နက်ရှိုင်းစွာ ကျူးကျော်လာခြင်း မရှိခင် ယွီစန်းနှင့်အာရပ်များက အကြိမ်ပေါင်းများစွာ တိုက်ခိုက်နေကြပြီးသားဖြစ်သည်။

တစ်ဖက်ချင်းစီတိုင်းက ကြီးကြီးမားမား ဆုံးရှုံးလေ့ရှိကြသည်။ တစ်ဖက်ချင်းစီတိုင်းကလည်း ကိုယ်ပိုင် အနိုင်အရှုံးများကို ရှိခဲ့ကြပြီး ထိုအခြေအနေက နှစ်ထောင်ကျော်ကြာ ရှိခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ သူတို့က မကြာခဏ ပူးပေါင်းလေ့ရှိသော်လည်း သူတို့၏ ဆက်ဆံရေးက အရှုပ်အထွေးများကသာ ပိုများနေခဲ့သည်။ ထို့ကြောင့် အနောက်ပိုင်းဒေသတွင် သူတို့က ရန်သူများဟုဆို၍ရသည်။ အထူးသဖြင့် အနောက်တောင်ပိုင်းက စစ်ပွဲပြီးနောက် အာဘတ်ဆစ်ကယ်လီဖိတ်က နာ့ယိတော်ဝင်တပ်ရင်းက ဖျက်ဆီးသွားသည်ဆိုသော အခွင့်အရေးကိုသုံးပြီး စင်းထူတွင်ရှိသည့် တိဗက်အခြေစိုက်စခန်းကို တိုက်ခိုက်လာခဲ့ကာ စစ်တပ်မှ ပုဂ္ဂိုလ်ကြီးများရှိရာ သုတေသနစခန်းထဲမှ လေ့လာမှုများ ပြုနေသော နေရာသို့ ဝင်ရောက်လျှက် သူတို့၏ လျို့ဝှက်ချက်များ ရလဒ်များအားလုံးကို ခိုးသွားခဲ့သည်။

ထိုသို့ဖြင့် သူတို့၏ ပူးပေါင်းဆောင်ရွက်မှုများက အဆုံးသတ်သွားသည်။

ယွီစန်းအင်ပါယာတွင် အာရပ်ကို ထည့်မပြောရန် တားမြစ်ထားသည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့”

ထိုတော်ဝင်အစောင့်ကလည်း လှုပ်ရှားလိုက်သောလူက သာ့လွန်သာ့ရင်လင်ဖြစ်ကြောင်း မြင်သောအခါ သူ၏မျက်လုံးထဲတွင် ကြောက်လန့်မှုက အထင်းသားပေါ်ထွက်လာပြီး ခပ်မြန်မြန် ထွက်သွားသည်။

“ကောင်းပြီ ဒီကိစ္စ ပြန်မပြောကြစို့ ကျန်းကျူး ငါမင်းကို ဒီသိုးကပ်ဘေးအတွက် ဖြေရှင်းခိုင်းထားတာ ဘယ်လိုအခြေအနေရှိလဲ”

သာ့လွန်သာ့ရင်လင်ကပြောသည်။

“ဟုတ်ကဲ့ မဟာအမတ်မင်း အရှင့်ရဲ့အမိန့်အတိုင်း ကျွန်တော်တို့က လုံရှီက ဆရာတစ်ပါးဆီကနေ သိုးကပ်ဘေးကို ကုသတဲ့ဆေးညွှန်းကို ရရှိနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကင်းထောက်တွေက အောင်မြင်စွာနဲ့ ပြန်လှည့်လာခဲ့ပါပြီ”

တိဗက်အရာရှိများထဲမှ တစ်ယောက်က ဂါရဝပြုကာပြောသည်။

“အရမ်းကောင်းတယ် ဒီကိစ္စက မြောက်ပိုင်းက ဘယ်တိုက်ပွဲထက်မဆို ပိုပြီးအရေးကြီးတယ်။ သိုးကပ်ဘေးကို အမြန်ဆုံး ဖြေရှင်းရမယ်”

သာ့လွန်သာ့ရင်လင်ကပြောသည်။

“ဟုတ်ကဲ့မဟာအမတ်မင်း”

ဝှစ်

ကောင်းကင်မှ အေးခဲနေသော လေပြင်းများက ဖြတ်တိုက်လာသောအခါ မြူများက ရစ်ဆိုင်းလာသည်။

တော်ဝင်မြို့တော်နှင့် လီနှစ်ထောင်ကျော် ဝေးကွာသောနေရာတွင် လူနေကျဲသော နေရာကြီးတစ်ခုရှိသည်။ သို့သော် ထိုနေရာက ကောင်းကင်သို့ ထိုးတက်နေသည်ဟုထင်ရပြီး အတန်းလိုက်ကြီးရှိနေသည့် တောင်တန်းကြီးရှိသည်။ ထိုတောင်တန်းရှည်ကြီးက လီတစ်ရာကျော်တောက်လျှောက် ရှိနေပြီး ချောက်ကမ်းပါးများကလည်း အလွန်မတ်စောက်ကာ မြင့်မားသည်။ ကမ္ဘာမြေကြီးထဲမှ ထိုးထက်နေပြီး ဓားများတူများဖြင့် ခုတ်ပိုင်းထားသလိုမျိုး ချွန်ထက်ကာ ကောင်းကင်သို့ တက်နေခဲ့ခြင်းဖြစ်သည်။ ထိုတောင်တန်းကြီးထဲတွင် အမြင့်ဆုံးတောင်ထိပ်ကဆိုလျှင် ကျန်းထောင်ပေါင်းများစွာပင် မြင့်သေးသည်။ သူတို့၏ တောင်ထိပ်တိုင်းက တိမ်စိုင်ထဲသို့ တိုးဝင်ကာ ပျောက်ကွယ်နေခဲ့သည်။ ထိုမျှမြင့်မားသော တောင်တန်းကြီးများက နှင်းများအောက်သို့ ရောက်နေသည်။ ထိုတောင်တန်းများကို တိကျသေချာသော အကွာအဝေးတစ်ခုမှ လှမ်းကြည့်လိုက်မည်ဆိုပါက လေစားရိုသေကာ ကြောက်ရွံ့သည်ဆိုသော ခံစားချက်မျိုးကို ရစေလောက်အောင် ခမ်းနားလွန်းနေသည်။

ထိုနေရာက ယွီစန်း၏ တော်ဝင်နယ်မြေဖြစ်သည့် မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း ရှိရာနေရာဖြစ်သည်။ ထိုနေရာက ယွီစန်း၏ ဒဏ္ဍာရီများနှင့် လျို့ဝှက်ဆန်းကြယ်သော နေရာများရှိရာ နေရာအရင်းအမြစ်ဖြစ်သည်။

ယွီစန်းအင်ပါယာက ဆောင်းရာသီနှင့် ဝေးကွာနေသေးသော်လည်း မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းတွင်မူ တစ်နှစ်ပတ်လုံး နှင်းများကျသည်။ မည်သည့်ရာသီမှ ရပ်နားခြင်းမရှိချေ။ ဒါက မဟာနှင်းတောင်တန်း၏ ထူးခြားသော ဖြစ်ရပ်ဖြစ်သည်။ ထိုအချိန်တွင် ခုနှစ်ပေခန့်မြင့်သော လူတစ်ယောက်က တောင်ခြေတွင် ဒူးထောက်ပြီး သူ၏ခေါင်းက မြေပြင်ကိုတိုက်ထားသည်။

သူ၏သံချပ်ကာက ကွဲအက်နေပြီး နေရာတိုင်းတွင်လည်း သွေးမည်းများက စွန်းထင်နေသေးသည်။ ထိုဒဏ်ရာများက သေစေနိုင်လောက်အောင် ပြင်းထန်သည့် ဒဏ်ရာများဖြစ်ပြီး သူက ပြင်းထန်စွာ တိုက်ခိုက်ထားသော ရလဒ်ကို ဖော်ပြနေသည်။

ထိုလူက လွန်ခဲ့သော တစ်လကတည်းက ရောက်လာခဲ့ခြင်းဖြစ်ပြီး ရာသီဥတုက မည်သို့ ဖြစ်နေစေကာမူ သူက ထိုနေရာတွင် ထိုတိုင်းစောင့်နေခဲ့သည်မှာ အလွန်အမင်း နိမ့်ချကျိုးနွံလွန်းသည့် သက်ဝင်သူတစ်ယောက်အလား ထင်ရသည်။ ထိုသို့ စုတ်ပြတ်သပ်နေသော သံချပ်ကာနှင့် ညှီစို့နံဟောင်နေသော ထိုလူက ယွီစန်းအင်ပါယာမှ ခမ်းနားကြီးကျယ်ပြီး အရှိန်အဟုန် ကြီးမြတ်သော မဟာဗိုလ်ချုပ်ကြီး တုစုန့်မာန်ဖော်ကျဲ့ဖြစ်ကြောင်း နားလည်နိုင်မည်မဟုတ်ချေ။

အချိန်တစ်ချို့ကြာပြီးနောက် အထက်မှ အသံတစ်သံထွက်လာသည်။

“အရှင် ထွက်သွားသင့်ပြီ။ ကြည်ညိုဖွယ် မြင့်မြတ်တဲ့အရှင်က အရှင့်ရဲ့ တောင်းဆိုမှုကို လက်ခံမှာမဟုတ်ဘူး။ နှစ်သန်းပေါင်းများစွာ ကြာသွားပြီ။ မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းက ဒီလိုစစ်ပွဲတွေမှာ တစ်ခါမှ မပါဝင်မပတ်သတ်ခဲ့ဖူးဘူး။ ဒီတော့ အခုလည်း မဖြစ်နိုင်ဘူး”

ခြေဗလာနှင့် ရိုးရှင်းသော ဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် ကတုံးနှင့် ဘုန်းတော်ကြီးတစ်ပါးက ဆင်းသက်လာသည်။ သူ၏လက်ဖဝါးနှစ်ဖက်က ပူးကပ်ထားပြီး အပေါ်သို့ မြှောက်ထားသည်။ တုစုန့်မာန်ဖော်ကျဲ့၏ ကျင့်ကြံခြင်းအဆင့်မှ လူတစ်ယောက်ကပင် သူ၏ခြေလှမ်းသံများကို မကြားရချေ။ ထိုဘုန်းတော်ကြီး၏ မျက်လုံးက ညင်သာပြီး ရေကန်အောက်ခြေလို တည်ငြိမ်နေသည်။ သူတို့က လူတစ်ယောက်၏ စိတ်ထဲရှိ ရှုပ်ယှက်ခက်နေသော အတွေးများကို ဖယ်ရှားရှင်းလင်းနိုင်စွမ်းအား ရှိသည်။

“ဒီတစ်ကြိမ်က မတူဘူး။ ဒါက စစ်ပွဲသီးသန့်မဟုတ်ဘူး။ ငါ့ကို ရှုံးသွားစေတဲ့လူက ဗဟိုပြင်ကျယ်ရဲ့ ဂိုဏ်းတွေက ကျွမ်းကျင်ပညာရှင်တွေမဟုတ်ဘူး။ တော်ဝင်ဂူဘုရားကျောင်းက လူတွေကပဲ သူတို့ကို ကိုင်တွယ်နိုင်လိမ့်မယ်။ ဒါကြောင့် လေးစားကြည်ညိုဖွယ်ကောင်းတဲ့ ဆရာသခင်အနေနဲ့ လေးစားကြည်ညိုဖွယ်ကောင်းတဲ့ အရှင်သခင်ကို ဒီအကြောင်းအရာကို ပြောပေးဖို့ မျှော်လင့်တယ်။ ဒီလိုဆိုရင် သူကငါ့ကို အထောက်အပံ့ ပေးလောက်မှာပါ”

တုစုန့်မာန်ဖော်ကျဲ့က ထိုသို့ပြောသည်။ သူက လက်ကို မြေပြင်ပေါ်သို့ပင်ဖိကာ ခေါင်းချလိုက်သည်။

“အို”

ထိုဘုန်းတော်ကြီး၏ မျက်လုံးထဲတွင် ရေကန်လှိုင်းများခတ်သလို လှုပ်ခတ်သွားပြီးနောက် ချက်ချင်းလိုလို ပြန်လည်တည်ငြိမ်သွားသည်။

“အသုံးမဝင်ဘူး လေးစားရတဲ့ အရှင်သခင်က ဘယ်လိုအခြေအနေကိုမှ ချွင်းချက်ထားပေးမှာမဟုတ်ဘူး။ အရှင် ကျေးဇူးပြုပြီး ပြန်ပါ။ ဒီနေရာမှာ ဘယ်လောက်ကြာအောင် ဒူးထောက်နေ ဒူးထောက်နေ ဒါက အသုံးမဝင်ပါဘူး”

ထိုကတုံးပြောင်ပြောင်နှင့် ဘုန်းတော်ကြီးက နောက်လှည့်သွားပြီးနောက် တဖြည်းဖြည်းချင်း တောင်ထိပ်သို့ ပြန်တက်သွားပြီး ချက်ချင်းလိုလို ပျောက်ကွယ်သွားသည်။

ဒူးထောက်နေသော တုစုန့်မာန်ဖော်ကျဲ့ကလည်း သူ၏မျက်လုံးထဲမှ စိတ်ပျက်လက်ပျက်ဖြစ်နေသော ခံစားချက်ကို ဖုံးကွယ်ရန် ခက်ခဲသွားသည်။ သို့တိုင်အောင် သူက ထွက်သွားရန် ဆန္ဒမရှိသေးချေ။ သူ၏ခန္ဓာကိုယ်က ကျောက်တုံးဖြစ်သွားသည်အထိ ထိုနေရာတွင် ဒူးဆက်ထောက်နေမည့်ပုံစံရှိသည်။

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ နေမင်းကထွက်လာပြီး လကပြန်ဝင်သွားသည်။ ထိုသို့ဖြင့် ဖြစ်ရပ်က ရက်ပေါင်းများစွာကြာသွားပြီး နောက်ဆုံးတွင် နောက်ထပ် ခြေလှမ်းသံကို ကြားလိုက်ရသည်။

“လေးစားရတဲ့လူကြီးမင်း ဆက်လက်ပြီး မကျိုးစားပါနဲ့တော့ ငါထွက်သွားမှာမဟုတ်ဘူး”

တုစုန့်မာန်ဖော်ကျဲ့က ခေါင်းပင်မော့မကြည့်ဘဲ ထိုသို့ပြောသည်။

“ငါက ဘာဘုန်းတော်ကြီးမှမဟုတ်ဘူး။ ဒါပေမဲ့ ငါဒီကိုလာပြီး မင်းကိုထွက်သွားဖို့ ဖြောင့်ဖြတာပဲ”

တုစုန့်မာန်ဖော်ကျဲ့၏ နားထဲတွင် အတက်စွမ်းအား အပြည့်ပါပြီး တက်ကြွသော အသံတစ်သံက ထွက်လာပြီး သူကပင် အံ့အားတကြီး ခေါင်းမော့လိုက်မိစေသည်။ သူက မီးတောက်ရောင်နှင့် သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားသည့် အင်ပါယာ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်သည်။ တစ်ဖက်သူ၏ခါးတွင်လည်း ဆေဘာဓားရှည်တစ်ချောင်း ထိုးစိုက်ထားလေသည်။ တစ်ဖက်သူက သူ၏ရှေ့တွင် နတ်ဘုရားတစ်ပါးလို ရပ်နေသည်။

ထိုလူ၏ကိုယ်မှ စွမ်းအားကြီးသော အားလှိုင်းများက မုန်တိုင်းတစ်ခုလို အားလှိုင်းထနေပြီး ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို ထုတ်နေသည်။

“ဟော်ရှု့ဟွေ့ခမ်း”

တုစုန့်မာန်ဖော်ကျဲ့က ကြောင်သွားသည်။ နာ့ယိတော်ဝင်တပ်ရင်းမှ မဟာဗိုလ်ချုပ်ကြီးက ဒီနေရာတွင် ပေါ်လာမည်ဟု မထင်ထားမိချေ။

“အသုံးမဝင်ဘူး တော်ဝင်ဘုရားကျောင်းက ဘာမှလုပ်ပေးမှာမဟုတ်ဘူး။ မင်းလေးစားကြည်ညိုဖွယ်ကောင်းတဲ့ အရှင်သခင် ဒီနေရာမှာ ပေါ်လာတဲ့အထိ ဒူးဆက်ထောက်ဖို့ ကြံစည်ထားတယ်ဆိုရင် ငါလည်းမင်းကို မကူညီနိုင်တော့ဘူး။ ဒါပေမဲ့ မင်းကသာ မဟာထန်က ဝမ်ချောင်ကို ကိုင်တွယ်ချင်တာဆိုရင်တော့ ငါမင်းကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို သိကောင်းသိလောက်တယ်”

ဟော်ရှု့ဟွေ့ခမ်းက တုစုန့်မာန်ဖော်ကျဲ့ကိုကြည့်ပြီး ထပ်ဖြည့်ပြောသည်။

“အို ဟုတ်သားပဲ ငါပြောဖို့မေ့နေတာ။ ဝူရှန်းရဲ့လူငယ်အမတ်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်အဖြစ် ရာထူးတိုးခံလိုက်ရပြီ။ သူက ဖုမာန်လင်းချာရဲ့ နေရာကို အစားဝင်လိုက်တာ”

“ဟာ”

တုစုန့်မာန်ဖော်ကျဲ့က တုန်ယင်သွားပြီး သူ၏မျက်နှာက အေးခဲသွားသည်။

“မင်းအခု နားလည်ပြီလား။ လူငါးထောင်လောက်နဲ့ သူက မင်းနဲ့ သာ့ယန်မာန်ပန့်ကို နိုင်သွားတာ။ ဒီလိုဆိုရင် သူကအခု ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ဖြစ်သွားတဲ့အခါ ယွီစန်းအင်ပါယာက ဘယ်လိုအခြေအနေကို ရင်ဆိုင်ရမလဲဆိုတာကို စဉ်းစားကြည့်။ ငါသိထားတဲ့အတိုင်းဆိုရင် သူက တြိဂံပုံမြေကွက်လပ်နေရာမှာ ခံတပ်တွေ ဆက်ဆောက်နေဦးမယ်။ အနာဂတ်မှာ ငါတို့က ချီရှီနဲ့ အနောက်ဘက်ဒေသတောက်လျှောက် ထိန်းချုပ်မှု ဆုံးရှုံးရမဲ့အပြင် မဟာထန်ကို ဝင်နိုင်တဲ့ စွမ်းရည်လည်း ရှိတော့မှာမဟုတ်ဘူး။ နောက်ပြီး ငါတို့ရဲ့ ကိုယ်ပိုင်မြေကလည်း ဆက်တိုက် ကျူးကျော်ခံရလိမ့်မယ်”

ဟော်ရှု့ဟွေ့ခမ်းက ထိုသို့ပြောသည်။

တုစုန့်မာန်ဖော်ကျဲ့က လွန်ခဲ့သော တစ်လကတည်းက ဒီနေရာသို့ လာခဲ့ခြင်းဖြစ်သည့်အတွက် အပြင်လောက အခြေအနေများကို မသိချေ။ သို့သော် ဟော်ရှု့ဟွေ့ခမ်းကမူ ကြိုတင်ပြင်ဆင်ပြီးမှ လာခဲ့ခြင်းဖြစ်သည်။

“မင်းဒီနေရာမှာ ဒူးဆက်ထောက်နေလို့ရတယ်။ ဒါမှမဟုတ် ငါနဲ့လိုက်ခဲ့ပြီး လူတစ်ယောက်နဲ့ တွေ့ရမယ်။ အဲ့ဒီနောက် ငါတို့မဟာထန်ရဲ့ လူငယ်အမတ်ကို ကိုင်တွယ်ဖို့ သွားလို့ရတယ်။ ငါ့ကိုယုံ လက်ရှိအချိန်မှာ အဲ့ဒီလူကပဲ ဝမ်ချောင်ကိုကိုင်တွယ်ဖို့ အကူအညီပေးနိုင်မှာ”

ဟော်ရှု့ဟွေ့ခမ်းကပြောသည်။

“ဘယ်သူလဲ”

“မင်းအချိန်ကျရင် သိပါလိမ့်မယ်”

တုစုန့်မာန်ဖော်ကျဲ့က ဆက်မပြောတော့ချေ။ သူက မျက်လုံးကို ဝေ့လိုက်ပြီးနောက် တောင်ပေါ်သို့ကြည့်သည်။ သူ၏အကြည့်နောက်မှလိုက်ပြီး နှင်းများကျနေသော ခမ်းနားသည့် တောင်ထိပ်တစ်ဝက်တွင် များစွာသော ဂူဘုရားကျောင်းများ၏ အပြင်ထွက်နေသည့် ရှေးကျသော အဝါရောင် အမိုးစွန်းများကိုမြင်လိုက်ရသည်။ ထို့နောက် ခါးပတ်သဖွယ် ပတ်ထားသော တောင်ဘေးလမ်းတောက်လျှောက်မှ တဖြည်းဖြည်းချင်း အပေါ်သို့တက်ကာ နှင်းများဖုံးလွှမ်းနေသော တောင်ထိပ်သို့ရောက်သွားသည်။

တောင်ထိပ်တွင် အခြားသော ဂူဘုရားကျောင်းများ၏ အထက်တွင် သေးငယ်သော အနီရောင် ဂူဘုရားကျောင်းလေးရှိနေသည်။ ထိုနေရာက အဝေးမှကြည့်သော နှမ်းစေ့လောက်နီးပါး သေးငယ်နေသော်လည်း အလွန်အမင်း ရှေးဆန်သည့် အရှိန်အဝါများကို လွှတ်ထုတ်နေသည်။ ဒါက စကြာဝဠာကြီး၏ ဗဟိုတည်နေရာလိုမျိုး မြင့်မြတ်ပြီး ဖောက်ထွင်းမြင်ရမတက် ကြည်လင်သော သန့်ရှင်းသည့် အကြည့်မျိုးဖြင့် တစ်လောကလုံးကို အေးစက်စွာ ငုံ့ကြည့်နေသလို ထင်ရသည်။

ထိုနေရာက တိဗက်တောင်ပေါ်ဒေသမှ အဟောင်းဆုံးနှင့် အမြင့်မြတ်ဆုံး မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်း၏ အစစ်အမှန်နေရာဖြစ်သည်။

“ဟာ”

တုစုန့်မာန်ဖော်ကျဲ့က သက်ပြင်းချသည်။ ထို့နောက် နောက်ဆုံးတွင် သူက ထရပ်လိုက်သည်။ သူကလည်း ထိုဘုန်းတော်ကြီး ပြောခဲ့သော စကားအတိုင်း ဖြစ်နေလောက်သည်။ တော်ဝင်နယ်မြေက လောက၏အထက်တွင် အမြဲတစေ ရှိနေလေပြီး လူပုဂ္ဂိုလ်ရေးရာများ၏ ကိစ္စများတွင် ဘယ်သောအခါမှ ပါဝင်ပတ်သတ်လေ့ရှိမည်မဟုတ်ချေ။ သူကဒီနေရာတွင် မည်မျှကြာအောင် ဒူးထောက်နေစေကာမူ တော်ဝင်မြေက တုန့်ပြန်လိမ့်မည်မဟုတ်ချေ။ အနှစ်ချုပ်ဆိုရသော် တော်ဝင်မြေက လှုပ်ရှားပေးမည်ဟူသော မျှော်လင့်ချက်ဖြင့် ဒီနေရာတွင် ဒူးထောက်နေသင့်သည့်အစား မဟာဗိုလ်ချုပ်ကြီး ဟော်ရှု့ဟွေ့ခမ်းပြောသော စကားကပင် ပို၍ အစစ်အမှန်ဆန်သေးသည်။

“သွားရအောင်”

တုစုန့်မာန်ဖော်ကျဲ့က ခေါင်းကိုမော့လိုက်ပြီး ဟော်ရှု့ဟွေ့ခမ်းကို လှည့်ကြည့်သည်။ ထိုအချိန်တွင် ဟော်ရှု့ဟွေ့ခမ်း၏ မျက်နှာတွင် ရှားပါးသောအပြုံးက ပေါ်လာသည်။

“မင်းနောင်တမရစေရဘူး”

နောက်လှည့်သွားပြီးနောက် ထိုနှစ်ယောက်က ထွက်သွားကြသည်။ သူတို့က ပုခုံးချင်းယှဉ်လျှက် ထွက်သွားကြခြင်းဖြစ်သည်။ သို့သော် သူတို့က ထွက်သွားတော့မည့်အချိန် နှစ်တစ်ထောင်ကျော် သက်တမ်းရှိပြီဖြစ်သော သစ်ပင်ကို ဖြတ်သွားသောအခါ ရုတ်တရက် သူတို့အနောက်မှ အေးစက်သော ယိမ်းယိုင်သည့်အသံက ထွက်လာသည်။

“မဟာဗိုလ်ချုပ်”

အသံက မိုးခြိမ်းသံတမျှကျယ်သည်။

“ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အရှင်သခင်က မင်းတို့ကို ဒီအရာပေးခိုင်းလိုက်တယ်”

ဘုန်း

သူတို့နှစ်ယောက်က ချက်ချင်းလိုလို နောက်လှည့်ကြည့်လိုက်ပြီး ဖိအားများသွားကြသည်။ ထိုအခါ သူတို့၏ မျက်စိရှေ့တွင် အနက်ရောင်အစက်ကလေးလို သေးငယ်သောအရာက တဖြည်းဖြည်းချင်း ကြီးသထက်ကြီးလာကြောင်း မြင်လိုက်ရသည်။ ထိုအရာက အပေါ်မှကျလာခြင်းဖြစ်သည်။

ခွက်

သူတို့၏ အနီးအနားတွင် ကျသွားခြင်းဖြစ်သည်။ နှစ်ယောက်လုံးက ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ ဒါက သစ်သားဘူးလေးဖြစ်ကြောင်း မြင်လိုက်ရသည်။ တစ်ပေခန့်သာရှည်သည်။ အပေါ်မှ အဝါရောင်အဝတ်ဖြင့် အုပ်ထားပြီး လေတိုက်သောကြောင့် အဝါရောင်အဝတ်က တဖြတ်ဖြတ် လွင့်နေသည်။

“တော်ဝင်မြေကမပါဘူး လူလည်းမသတ်ဘူး ကြည်ညိုလေးစားဖွယ်ကောင်းတဲ့ အရှင်သခင်ကလည်း မင်းတို့အတွက်ကြောင့် တော်ဝင်မြေက ထွက်မှာမဟုတ်ဘူး။ ဒါပေမဲ့ တော်ဝင်မြေက မင်းတို့ကို မကူညီနိုင်ဘူးလို့တော့ မဆိုလိုဘူး။ ဒီထဲမှာ တော်ဝင်ဘုရားကျောင်းရဲ့ ဓလေ့ထုံးတမ်း လက်နက်တစ်မျိုးရှိတယ်။ ဒါကိုထုတ်သုံးလိုက်တဲ့အခါ ဘယ်လိုရန်သူကိုမဆို ပိတ်လှောင်ထားနိုင်တယ်။ အဲ့ဒီလူက ဘယ်လောက်အင်အားကြီးကြီး သူတို့ကို မလှုပ်နိုင်အောင် လုပ်ထားနိုင်တယ်။ ယူလိုက် ဒါက မင်းတို့ကို ကူညီနိုင်လောက်မှာပါ”

ထိုအသံက အဆုံးမရှိအောင် များပြားသော တောင်တန်းတောက်လျှောက် ပဲ့တင်ထပ်သွားသည်။

ဟော်ရှု့ဟွေ့ခမ်း၏ မျက်ဝန်းက ထိုသို့ ပြောင်းလဲမှုကြောင့်ပင် အံ့အားသင့်သွားရသည်။ တုစုန့်မာန်ဖော်ကျဲ့ဆိုလျှင် ပို၍ဆိုးသည်။ သူတို့ကလည်း တော်ဝင်ဂူဘုရားကျောင်းတွင် ထိုသို့သော ပစ္စည်းမျိုးရှိကြောင်း ကြားလည်းမကြားဖူးသလို မြင်လည်း မမြင်ဖူးချေ။ ဟော်ရှု့ဟွေ့ခမ်းကပင် တော်ဝင်ဘုရားကျောင်းသို့ မကြာခဏလာပြီး ဒီနေရာတွင် အချိန်အကြာကြီး ကျင့်ကြံခဲ့ဖူးသည်။ သို့သော် ထိုကဲ့သို့သော ပစ္စည်းမျိုးကို မမြင်ဖူးသေးချေ။

သို့သော် တုစုန့်မာန်ဖော်ကျဲ့က တစ်လကျော်လောက် ဒူးထောက်လိုက်ရုံဖြင့် တော်ဝင်ဂူဘုရားကျောင်းက ထိုပစ္စည်းကို ချီးမြှင့်လိုက်မည်ဟု မမျှော်လင့်ထားဖူးချေ။

“လေးစားကြည်ညိုဖွယ်ကောင်းတဲ့ အရှင်သခင်ကို နက်နက်ရှိုင်းရှိုင်း ကျေးဇူးတင်မိပါတယ်”

တုစုန့်မာန်ဖော်ကျဲ့က အပျော်လွန်သွားသည်။ သူက ထိုသေတ္တာလေးကို ယူလိုက်ပြီးနောက် ထွက်ခွာသွားသည်။

အခန်း(၈၃၉)

တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့က မဟာနှင်းတောင်တန်း တော်ဝင်ဂူဘုရားကျောင်းပေါ်မှ ဖြတ်သွားသောအခါ အဝေးတစ်နေရာရှိ ဝူရှန်း၏ သံမဏိမြို့တွင် အခြားသော မြင်ကွင်းတစ်ခုက ဖြစ်ပွားနေသည်။

ဝမ်ချောင်က ချီရှီ၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးခံလိုက်ရသည့် သတင်းက ပျံ့နှံ့သွားသည်နှင့် သံမဏိမြို့ တစ်မြို့လုံးက အောင်ပွဲခံကြသည်။ သူတို့၏အရှင်က ကာကွယ်ရေးဗိုလ်ချုပ်ကြီးအဖြစ် ချီးမြှင့်ခံရသော အခြေအနေထက် စိတ်လှုပ်ရှားစရာ မရှိတော့ချေ။ ထို့အပြင် အင်ပါယာ၏ အင်အားအကြီးဆုံး ရာထူးအကြီးဆုံး လူများထဲမှ တစ်ယောက်ဖြစ်သွားသည်။ တစ်နှစ်တည်းနှင့် ယခုလို မယိမ်းယိုင်သော နေရာတစ်ခုကို ရောက်ရှိသွားခြင်းက အာရုံတက်ချိန်တွင် မိးကုတ်စက်ဝိုင်းတည့်တည့်မှ နေထွက်လာခြင်းမျိုးနှင့်တူသည်။ သူတို့ကသာ ထိုသို့ကဲ့သို့သော အရှင်သခင်နောက်သို့ တုန့်ဆိုင်းမနေဘဲ လိုက်သွားခဲ့သည်ဆိုပါက သူတို့ခံစားရမည့် အနာဂတ်၏ အောင်မြင်တိုးတက်မှုများက အကန့်အသတ်ပင် ကျော်နိုင်သေးသည်။

လူတိုင်းကလည်း အချိန်တိုအတွင်း လက်ကိုသေနတ်ဖြင့် အပစ်ခံထားရသလိုမျိုး သူတို့၏အင်အားကို မြှင့်တင်နိုင်ရန်အလို့ငှာ လေ့ကျင့်ကာ ကြိုးစားနေကြသည်။ သံမဏိမြို့ တစ်မြို့လုံးက တက်ကြွကာ အင်အားပြည့်ဝနေသော လေထုနှင့် ပြည့်နှက်နေသည်။

သို့သော် ဝမ်ချောင်၏ အဆောင်ထဲတွင်မူ ခြားနားသော အခြေအနေမျိုး ဖြစ်နေသည်။ တစ်ချိန်က ခမ်းနားသော အခန်းထဲတွင် ပြည့်နေသည့် စားပွဲတိုင်း၊ ကုလားထိုင်တိုင်း ပစ္စည်းတိုင်းက အပယ်ခံထားရပြီး အနောက်ဘက်ဒေသ၏ ကြီးမားသော ပုံစံငယ်ကြီးတစ်ခုကသာ အခန်း၏အလယ်တွင် နေရာယူထားသည်။ အနောက်ဘက်ဒေသမှ တိုင်းပြည်တိုင်း၏ မြေမျက်နှာသွင်ပြင် အနေအထား အားလုံးကို အသေးစိတ် မှတ်တမ်းတင်ထားပြီး အန်းရှီကာကွယ်ရေးစစ်တပ် တိဗက်တောင်ပေါ်ဒေသ တူရကီမြက်ခင်းပြင်လွင်ပြင်ဒေသ ချီရှီနှင့်ဝူရှန်းတို့က အစစ်အမှန်ဘဝတွင် တွေ့မြင်နေရသလို မှန်ထောင်ကြည့်နေသလိုမျိုး အသေးစိတ် တိတိကျကျပင် ပါဝင်နေသည်။

ဝမ်ချောင်က ယွီစန်းအင်ပါယာနှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်ကို ကိုင်တွယ်နေချိန်တွင် အနောက်ပိုင်းဒေသကိုလည်း လျစ်လျူမရှု့ထားခဲ့ချေ။ ထို့နောက် သူက ကင်းထောက်ပေါင်းများစွာလွှတ်ပြီး ထိုနယ်မြေများ၏ မြေမျက်နှာသွင်ပြင် အနေအထားနှင့် စစ်မတ်ရေးရာ အခြေအနေကို လူလွှတ်ကာ သတင်းစုဆောင်းခိုင်းခဲ့သည်။ အကောင်းဆုံးကင်းထောက် ရာကျော်ကလည်း ထိုသတင်းများကို ရရှိရန် လအနည်းငယ် လိုအပ်ခဲ့သည်။ ထို့နောက် နောက်ဆုံးတွင် အနောက်ပိုင်းဒေသ၏ ထိုမျှပုံစံကျကျ တည်ဆောက်ထားသော ပုံစံငယ်က ထွက်ပေါ်လာခြင်းဖြစ်သည်။

“ယွီစန်းအင်ပါယာရဲ့ဘက်မှာ ငါက သာ့ယန်မာန်ပန့်ကို သတ်လိုက်ပြီး တုစုန့်မာန်ဖော်ကျဲ့ကို ဒဏ်ရာရအောင် လုပ်လိုက်တယ်။ သတ္တိဖြူတွေကလည်း မရှိတော့ဘူး။ ဒါ့အပြင် သူတို့က လက်ရွေးစင် တစ်သိန်းနီးပါး ရှုံးသွားတယ်။ ငါက အနောက်တောင်ပိုင်းမှာ ဖြန့်ထားတဲ့ ရောဂါကပ်ဘေးနဲ့ဆိုရင် ယွီစန်းအင်ပါယာက ဆိုးဆိုးရွားရွား အထိနာသွားသင့်ပြီ။ ဒီတော့ အချိန်တိုအတွင်း ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ အင်အားမရှိသေးဘူး”

“အနောက်ပိုင်းတူရကီ ခါကာနိတ်မှာကတော့ ငါတို့ကို တိုက်ခိုက်ခဲ့တဲ့လူက အဲ့ဒီနေရာမှာ တာဝန်ကျတဲ့ ခေါင်းဆောင် ဝံပုလွေနက်ရကု အကုတုလန်ပဲ။ သူက ချီရှီရဲ့ လက်နက်တိုက်ရှေ့မှာ သေသွားတဲ့အပြင် သူ့ရဲ့ အကောင်းဆုံး လက်ရွေးစင် လေးထောင်လည်းပါသွားသည်။ ဒီလူတွေ သေသွားတာနဲ့ ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့ အကြီးမားဆုံးရန်စွယ်ကို ဖယ်ရှားလိုက်ပြီးပြီ။ အနောက်ပိုင်းတူရကီ ခါကာနိတ်ကလည်း နောက်ထပ် လေးစားစရာကောင်းတဲ့ လူတစ်ယောက်ကို အဲ့ဒီနေရာကိုရွေ့ပြီး အကုတုနေရာမှာ အစားထိုးဖို့က ခက်ခဲဦးမှာပဲ။ ဒီတော့ အရေးပါတဲ့ ပုဂ္ဂိုလ်နှစ်ယောက် သေသွားတာနဲ့တင် ချီရှီက တော်တော်လေး လုံခြုံပြီး ခြိမ်းခြောက်မခံရတော့ဘူးလို့ ပြောနိုင်တယ်”

ဝမ်ချောင်က ပုံစံငယ်ပေါ်မှ ယွီစန်းနှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်ကို ထောက်ပြ၍ ရှင်းပြလိုက်ခြင်းဖြစ်သည်။ သံမဏိမြို့ထဲရှိ ဗိုလ်ချုပ်တိုင်းက သူ့ကို ဝိုင်းနေကြသည်။ လီစစ်ယဲ့၊ ဟွမ်ပေါ့ထန်း၊ ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်၊ စုရွှတ်ရွှမ်း၊ ချန်းပင်း... ထိုနေရာတွင် ကျန်းရှို့ကျစ်ပင် ရှိနေသည်။ လူတိုင်းကလည်း ဝမ်ချောင်ပြောသမျှ စကားကို သေချာအာရုံစိုက်ကာ နားထောင်နေသည်။

“ဒါဆိုရင်အရှင် ကျွန်တော်တို့နောက်ထပ် ဘာဆက်လုပ်ကြမလဲ”

ရွှီခဲ့ယွီက ရုတ်တရက်မေးသည်။

“ကျွန်တော်တို့တွေ ယွီစန်းနဲ့ တူရကီမြက်ခင်းပြင်ဒေသကို ကျူးကျော်ပြီး သူတို့ကို မဟာထန်ကို ပြန်တိုက်နိုင်စွမ်းအား လုံးဝမရှိတော့အောင် အမြစ်ဖြတ်သုတ်သင်လိုက်တာ မကောင်းဘူးလား”

အခန်းထဲရှိ လူတိုင်း၏မျက်ဝန်းက ထိုစကားကြောင့် တောက်ပသွားကြသည်။ အင်ပါယာ၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးများနှင့် မဟာဗိုလ်ချုပ်ကြီးများထဲတွင် ဝမ်ချောင်ထက် တက်ကြွသူ မရှိလောက်တော့ချေ။ မဟာထန်၏ ကျော်ကြားသော ဗိုလ်ချုပ်ကြီးများထဲတွင် ခဲ့ရှု့ဟန်၊ အန်းစစ်ရွှန်း၊ ကျန်းရှို့ကွေးနှင့် ဖုမာန်လင်းချာကဲ့သို့သော လူများကတင် အမြဲတစေ ခုခံရန်ဗျူဟာကိုသာ သုံးလေ့သုံးထ ရှိနေကြပြီး တစ်ခါတစ်ရံမှသာ တိုက်ခိုက်ခဲသည်။ ထို့ကြောင့် ဝမ်ချောင်ကဲ့သို့ ရန်သူ၏ ပိုင်နက်နယ်မြေထဲသို့ ထိုးဖောက်သွားပြီး ပြည်ပမြေပေါ်တွင် တိုက်ပွဲဖြစ်သောလူမျိုး၊ ပြည်ပမြေပေါ်တွင် ခံတပ်ဆောက်ကာ ထာဝရ အခြေစိုက်စခန်းအဖြစ် အသုံးပြုသောလူမျိုးကရှားသည်။ ထို့ပြင် ထိုခံတပ်များကလည်း သူတို့၏လည်မြိုကို တစ်နေသော ငါးရိုးများကဲ့သို့ ဖြစ်နေသလို နောက်ကျောကို ဓားဖြင့်ထောက်ထားသလိုမျိုး ရန်သူများကို မသက်မသာ ဖြစ်စေပေလိမ့်မည်။

ထိုဘက်ပိုင်းတွင် ကောင်းရှန်းကျစ်ကပင် ဝမ်ချောင်ကို မယှဉ်နိုင်ချေ။

“ယွီစန်းနဲ့ တူရကီတွေက သေချာစဉ်းစားပြီး ကိုင်တွယ်ဖို့လိုတာမှန်တယ်။ ဒါပေမဲ့ သူတို့က ဆက်လာမဲ့ အကြီးမားဆုံး ခြိမ်းခြောက်မှုကြီး မဟုတ်သေးဘူး။ အဲ့ဒါက အခြားတစ်နေရာမှာ”

ဝမ်ချောင်က လက်ညိုးကို ပြန်ရုတ်ပြီး တစ်ခန်းလုံးကိုကြည့်သည်။

“အာ”

ရှိနေကြသော အရာရှိတိုင်းက ထိုစကားကြောင့် တစ်ယောက်ကိုတစ်ယောက် စိတ်ပျက်အားငယ်စွာ ကြည့်ကြသည်။ ဝူရှန်းနှင့် ချီရှီပတ်ဝန်းကျင်မှ အကြီးမားဆုံး ခြိမ်းခြောက်မှုက တိဗက်နှင့် တူရကီကလွဲပြီး အခြားမရှိချေ။ မည်သူကမျှလည်း အခြားသော ဖြစ်နိုင်သည့် အင်ပါယာကို မတွေးမိကြချေ။

လူအုပ်၏အစွန်နားတွင် ရှိနေသော ချန်းပင်းက အကြံတစ်ခုရပြီး တုန့်ဆိုင်းစွာပြောသည်။

“အရှင်က ချီရှီကာကွယ်ရေးစစ်တပ်က ဟူတွေကိုပြောတာလား”

“သေချာပေါက် မဟုတ်ဘူးပေါ့။ သူတို့က ထည့်ပြောဖို့တောင် မလိုဘူး”

ဝမ်ချောင်ကရယ်သည်။ သို့သော် သူတို့ကို မထောက်ပြသေးချေ။ ထို့နောက်သူက အနီရောင် အလံလေးတစ်ခုကို ယူလိုက်ပြီးနောက် ဝူရှန်း၊ ချီရှီ၊ အန်းရှီနှင့် ခုံးတောင်တန်းကို တဖြည်းဖြည်းချင်း ကျော်ဖြတ်အောင် လက်ဖြင့်တရွတ်တိုက် ဆွဲလာပြီး နောက်ဆုံးတွင် အနောက်ဘက်အကျဆုံး ပင်လယ်နားမှ နေရာပေါ် စိုက်လိုက်သည်။

“ငါတို့ရဲ့အစစ်အမှန် ရန်သူက ဒီမှာပဲ”

“အာရေးဗီးယားအင်ပါယာ ဘယ်လိုဖြစ်ပြီး သူတို့ဖြစ်ရမှာလဲ။ သူတို့ကဒီတိုင်း သေးငယ်တဲ့ တိုင်းပြည်လေးပဲ မဟုတ်ဘူးလား။ သူတို့က ဘယ်လိုများ ခြိမ်းခြောက်နိုင်မှာလဲ”

“ဟုတ်တယ် သူတို့က မာန်ရှဲ့ကျောင်းကိုတောင် ဆန့်ကျင်ပြီး မတိုက်ခိုက်နိုင်ဘူး။ သူတို့က ဘယ်လိုများ ယွီစန်းထက် သာရမှာလဲ။ ကောင်းရှန်းကျစ်နဲ့ အန်းရှီကာကွယ်ရေးစစ်တပ်က အနောက်ဘက်မှာမဟုတ်လား။ သူတို့အဲ့ဒီမှာရှိနေရင် ဘယ်တိုင်းပြည်က ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်မှာလဲ”

“အရှင်အမတ် နေရာမှားပြီး ထောက်မိတာလား။ ကျွန်တော် မြို့တော်မှာ အာရပ်တွေနဲ့ ဆုံဖူူးပါတယ်။ သူတို့အားလုံးက ဝဝတုတ်တုတ်တွေကြီးပဲ။ သူတို့က ပြုံးလိုက်တဲ့အချိန်တိုင်းလည်း သူတို့ရဲ့ မျက်လုံးကြီးတွေက မို့တက်သွားလေ့ရှိတယ်။ နောက်ပြီး သူတို့က အယောက်သိန်းကျော် လာမယ်ဆိုရင်တောင်မှ ကျွန်တော်တို့ကို အလွယ်တကူ အနိုင်ယူနိုင်တာပဲ။ ဘာလို့ သူတို့က ကျွန်တော်တို့ကို ခြိမ်းခြောက်နိုင်မှာလဲ”

အခန်းထဲရှိလူတိုင်းက ဝမ်ချောင်ထောက်ပြသော နေရာကိုကြည့်ပြီး ရှုပ်ထွေးသွားကြသည်။ ဘယ်သူကမှလည်း ဝမ်ချောင်ကပြောသော ခြိမ်းခြောက်မှုကြီးက အလွန်အမင်းဝေးကွာသော တစ်နေရာ ဖြစ်နေမည်ဟု မမျှော်လင့်ထားချေ။ လူအများစုက ဝမ်ချောင်က နေရာမှားထောက်မိသည်ဟု ထင်နေကြသည်။

ဝမ်ချောင်က သူတို့၏ အံ့အားသင့်မှုများကို မည်သို့မျှ မတုန့်ပြန်ဘဲ ဖျော့တော့စွာသာပြုံးသည်။ သူက ဝူရှန်းတွင် ဒီမြို့ကို ပထမဦးဆုံး စတင်ခဲ့ချိန်က လူတိုင်းကလည်း သူ၏ပန်းတိုင်က သူ့အတွက်သူ ပိုက်ဆံရှာနိုင်အောင် ဒီနေရာတွင် စီးပွားရေးမြို့တော်ကြီး လာဆောက်ချင်တာဟု ထင်ခဲ့သည်။ သို့မဟုတ်လျှင်လည်း သူက ဒီမြို့ကိုသုံးပြီး တိဗက်နှင့် တူရကီများကို ရင်ဆိုင်ချင်သည်ဟု ထင်ခဲ့သည်။ သို့ရာတွင် ဝမ်ချောင်၏ပန်းတိုင်က ဘယ်သောအခါကမှ ယွီစန်းအင်ပါယာ မဟုတ်ခဲ့သလို အနောက်ပိုင်း တူရကီခါကာနိတ်လည်း မဟုတ်ချေ။ ဒီအဆင့်တွင် သူကသူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ရန် မလိုအပ်တော့ချေ။

အစမှအဆုံးထိ သူက ရန်သူတစ်ဦးတည်းသာရှိသည်။ ဒါက ခုံးတောင်တန်း၏ အနောက်ဘက်ခြမ်းမှ ကြီးမားလွန်းသော အင်ပါယာကြီးဖြစ်သည်။

အာရေးဗီးယား

ဒီကုန်းမြေကြီးတွင် မဟာထန်နှင့် အင်အားချင်း အဆင့်တူသော အင်အားစုတစ်ခုသာလျှင်ရှိပြီး ကြောက်စရာကောင်းလောက်အောင် ဆက်တိုက် ဖြန့်ကျက်နိုင်သော လေးစားစရာကောင်းသည့် တည်ရှိမှုကြီးဖြစ်သည်။

လူတိုင်းကလည်း အာရေးဗီးယားအင်ပါယာက သေးငယ်သော အင်ပါယာလေးဖြစ်ပြီး ဂိုဂူလျော သို့မဟုတ် မာန်ရှဲ့ကျောင်းဝန်းကျင်လောက်သာ ရှိသည်ဟုထင်ခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ အစစ်အမှန် အာရေးဗီးယားတိုင်းပြည်ကြီးက မဟာထန်ထက်ပင် ကျယ်သေးသော ပိုင်နက်နယ်မြေကို ထိန်းချုပ်ထားကာ လူဦးရေအလွန်များကြောင်း သိထားသည်။ ထို့ပြင် များပြားသော တိုင်းပြည်ငယ်လေးများနှင့် ဗိုလ်ချုပ်ပေါင်းများစွာကို သူတို့က အမိန့်ပေး အုပ်ချုပ်ထားနိုင်သည်။ ထပ်ပေါင်းဆိုရသော် မဟာထန်က ငြိမ်းချမ်းကာ သာယာဝပြောနေချိန်တွင် အာရေးဗီးယား အင်ပါယာကြီးကမူ အင်အားကြီးသောသူကိုသာ ကိုးကွယ်ပြီး တိုက်ပွဲကို ဆာလောင်သည်။ သူတို့၏ သမိုင်းက အမြဲတမ်း နယ်မြေဖြန့်ကျက်ခြင်းနှင့် စစ်ပွဲများသာဖြစ်သည်။

မဟာထန်က ဗဟိုပြင်ကျယ်ကို ကျော်လွန်ထားသော တိုင်းပြည်များကို အနည်းငယ်သာလျှင် နားလည်ထားသည်။ မြေခွေးက အသိုက်ရှေ့တွင်လည်း သေနိုင်သည်။ ဗဟိုပြင်ကျယ်မှလူများကလည်း ကိုယ်ပိုင်နယ်မြေပေါ် ချစ်ခင်နှစ်သက် မြတ်နိုးကာ ထိန်းသိမ်းစောင့်ရှောက်ရန် တွေးနေခဲ့ပြီး အပြင်လောကကို တစ်ချက်ပင် မကြည့်ချင်ခဲ့ချေ။ ရွှီခဲ့ယွီ၊ ချန်းစန်းယွမ်နှင့် အခြားလူတိုင်းက ဝမ်ချောင်နှင့်အတူ ရှိသည်မှာ ကြာလှပြီဖြစ်သည်။ သို့သော် သူတို့ကပင် အာရပ်များကို အထင်မကြီးကြချေ။ ထို့ကြောင့် သူတို့၏ အတွေးများကို အလွယ်တကူ ခန့်မှန်းနိုင်သည်။

လူတိုင်းက ယွီစန်းနှင့် အရှေ့ပိုင်း အနောက်ပိုင်း တူရကီများကို အာရုံစိုက်ထားချိန်တွင် သူတို့က ယုံကြည်ထားကြသည့် သေးငယ်သော တိုင်းပြည်ငယ်လေးက တဖြည်းဖြည်းချင်း စစ်သည်တော်များကို လေ့ကျင့်ပေးပြီး ရိက္ခာများကိုစုဆောင်းကာ မဟာထန်ကို ရင်ဆိုင်ရန် စခန်းသွင်းလေ့ကျင့်နေကြသည်။ သူတို့ကသာ အောင်မြင်သွားခဲ့ပါက ဗဟိုပြင်ကျယ်က ရင်ဆိုင်ရမည့် ကံကြမ္မာက လုံးဝအဆုံးသတ်သွားသည့် အခြေအနေကြီး ဖြစ်သွားပေလိမ့်မည်။ ထိုမျှကြီးမားသည့် အင်ပါယာကြီးက အဆုံးအစမဲ့သော ရိုက်ချက်များအကြား ကျရှုံးသွားရတော့ပေမည်။

ဝမ်ချောင်က ထိုအခြေအနေကို လက်မခံနိုင်ချေ။

ဝမ်ချောင်က လုပ်ချင်သည်မှာ အနောက်ပိုင်းက ထိုမျှကြီးမားသော အင်ပါယာကြီးကို သူတို့က လက်မဆန့်ထုတ်ခင် ပြင်းထန်သည့် ထိုးနှက်ချက် ထုတ်လာခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် အရှေ့ပိုင်းမှ အင်ပါယာ၏ အင်အားကို သူတို့နားလည်ထားပေလိမ့်မည်။

ဝမ်ချောင်က လူအုပ်ကို ဆက်ကြည့်နေပြီးနောက် တဖြည်းဖြည်းချင်း အမိန့်ပေးလိုက်သည်။

“ကျန်းချွယ် ရန်ဟုန်ချန်းယူလာတဲ့သတင်းကို လူတိုင်းကြည့်လို့ရအောင်ပေးလိုက်”

“ဟုတ်ကဲ့အရှင်အမတ်”

ဝမ်ချောင်၏အနားမှ ငယ်ရွယ်သော အသံတစ်သံ ထွက်လာသည်။ ကျန်းချွယ်က ချက်ချင်းလိုလို ထွက်သွားပြီးနောက် သူသယ်ထားသော စာရွက်အထပ်လိုက်ကို လူတိုင်းကို ဝေပေးသည်။ ပဟေဠိဖြစ်နေသေးသည့် အရာရှိတိုင်းက ယူကြည့်ကြသည်။

“ဖွင့်ပြီးကြည့်”

ဝမ်ချောင်က ခံစားချက်မဲ့သော လေသံမျိုးဖြင့်ပြောသည်။ သူက မရှင်းပြချေ။

စိတ်ရှုပ်ထွေးနေကြသော လူတိုင်းက ထိုမှတ်တမ်းများကို ဖွင့်ကြည့်လိုက်သောအခါ တစ်ချက်ကြည့်ရုံဖြင့်ပင် သူ၏မျက်လုံးများက ပြူးကျယ်သွားသည်။ သူတို့ပြောနေသော စကားများလည်း ပျောက်ရှသွားသည်။ အချိန်ကြာလာသည့်အခါ လေထုက လေးလံလာသည်။

“အာရေးဗီးယား ဘယ်လိုဖြစ်နိုင်မှာလဲ။ သူတို့ရဲ့ ပိုင်နက်နယ်မြေက မဟာထန်နဲ့တောင် ယှဉ်နိုင်လောက်အောင် ကြီးနေတာတဲ့လား”

“လူဦးရေဆယ်သန်း ဘယ်လိုဖြစ်နိုင်မှာလဲ သူတို့က ဒီတိုင်း တိုင်းပြည်ငယ်လေးပဲ မဟုတ်ဘူးလား။ ဘာလို့ စစ်သားတွေအများကြီး ရှိနေတာလဲ”

“ဘယ်လိုဖြစ်နိုင်မှာလဲ ခုံးတောင်တန်းရဲ့ အနောက်ပိုင်းမှာ ဒီလောက်ကြီးတဲ့ တိုင်းပြည်ကြီး တကယ်ရှိနေတာလား”

“အင်အားကြီးလိုက်တာ သူတို့က ယွီစန်းကို ထပ်ခါတလဲလဲ တိုက်ခိုက်ကြသေးတယ်။ နောက်ပြီး အဲ့ဒီအချိန်က သူတို့ရဲ့စစ်တပ်က သေးငယ်တာပါ။ သူတို့က အတိတ်က ယွီစန်းအင်ပါယာရဲ့ အင်အားကြီးမားတဲ့ ရာလွန်းတော်ဝင်တပ်ရင်းကိုတောင် အခွံထဲပြန်ဝင်သွားသလို တွန်းအားပေးနိုင်ခဲ့တာ”

အရာရှိတိုင်းက မှင်သက်ကြောင်အသွားကြပြီး ထိုသတင်းအချက်အလက်ကြောင့် ကြောင်တောင်တောင် ဖြစ်ကုန်ကြသည်။ ထိုစာထဲမှ အာရေးဗီးယားက သူတို့သိထားသော အာရေးဗီးယားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ သူတို့က ကိုယ့်မျက်လုံးကို မယုံနိုင်ကြချေ။ ထိုအချိန်တွင် ဝမ်ချောင်ကလည်း မည်သည့်အတွက်ကြောင့် အာရေးဗီးယား အင်ပါယာကြီးမှ မဟာထန်ကို ခြိမ်းခြောက်နိုင်သည့် အကြီးမားဆုံး ခြိမ်းခြောက်မှုကြီးဖြစ်ကြောင်း ပြောခဲ့သည့်အချက်ကို နားလည်သွားသည်။

“ဒါက အကြမ်းဖျင်းသတင်းဆိုတာ မင်းတို့သိကြမှာပဲ။ အာရေးဗီးယားရဲ့ အစစ်အမှန် အင်အားက ဒီမှတ်တမ်းထက်သာတယ်”

ဝမ်ချောင်၏ ခံစားချက်မဲ့သော စကားက အခန်းကို တဖန်ထပ်ပြီး တိတ်ဆိတ်သွားစေသည်။ လူတိုင်းက သူ့ကိုကြည့်လာကြသည်။

“ကျန်းချွယ် မင်းပြောရမဲ့အလှည့်”

ဝမ်ချောင်က ကျန်းချွယ်ကိုကြည့်သည်။

“ဟုတ်ကဲ့အရှင်အမတ်”

ကျန်းချွယ်က ဂါရဝပြုပြီးနောက် လူအုပ်ကို လှည့်ကြည့်သည်။

“ဒီသတင်းက အရှင်အမတ်က အနောက်ပိုင်းဒေသမှ ပူးပေါင်းထားတဲ့ မဟာကလန်တစ်ခုက အကြမ်းဖျင်း စုဆောင်းပေးထားတာ။ အဲ့ဒီကလန်က အာရေးဗီးယားနိုင်ငံနဲ့ နှစ်ပေါင်းများစွာ အတူပူးပေါင်းထားခဲ့လို့ အဲ့ဒီနေရာကို အနည်းနဲ့အများ နားလည်ထားတယ်။ ဒါပေမဲ့ အာရပ်တွေက အပြင်လူတွေကို အမြဲ သတိအပြည့် ကပ်ကြည့်နေတတ်တယ်။ ဒီတော့ အတွင်းသတင်းတွေ စုဆောင်းဖို့က တအားခက်ခဲတယ်။ ခင်ဗျားတို့ရှေ့ကသတင်းက ခက်ခက်ခဲခဲနဲ့ ရအောင်ယူထားရတဲ့သတင်းပဲ။ ကင်းထောက်တွေ အများကြီးတောင် သေသွားခဲ့ရသေးတယ်။ အစစ်အမှန် အာရေးဗီးယားအင်ပါယာကြီးက အင်အားပိုကြီးဖို့ပဲရှိတယ်။ အင်အားပိုနည်းဖို့မရှိဘူး”

“ဒါ့အပြင် သိပ်မကြာခင်က ငါက အာရပ်ကိုသွားမဲ့ ဟူမြင်းတပ်ကို ပူးပေါင်းခဲ့တယ်။ ဒါပေမဲ့ ငါက ဝေးဝေးကို မရောက်နိုင်ခင် ရှောင်ရှားကိုလွှတ်လိုက်တော့ အာရပ်တွေက ချက်ချင်း ရှာတွေ့သွားကြတယ်။ သူတို့စစ်တပ်က သားဖောက်ထားတဲ့ ငှက်တွေက အရမ်းကို လေးစားစရာကောင်းတယ်။ ရှောင်ရှားတောင်မှ ဒဏ်ရာရသွားတာ။ အဲ့ဒီနောက် သူတို့က မြင်းတပ်ကိုစေလွှတ်ပြီး ငါ့ကိုဖမ်းခဲ့တယ်။ ငါတောင်မှ အသည်းအသန် နောက်ဆုတ်ခဲ့ရတာ”

ကျန်းချွယ်က ထိုသို့ပြောသည်။ သူက လက်မောင်းကိုမြှောက်ပြီး သူ၏ပုခုံးပေါ်မှ ကျောက်တုံးငှက်ကို လူအုပ်ကိုပြသည်။ ထိုကျောက်တုံးငှက်လေး၏ ခေါင်း၊ ခြေထောက်နှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများရှိနေပြီး သူ၏ဓားကဲ့သို့ စူးရှသော နှုတ်သီးများနှင့် ထိုးဖောက်ခံထားရသောပုံစံ ဖြစ်နေသည်။ အချို့သော နေရာမျိုးတွင် အရိုးကိုပင်မြင်နိုင်သည်။

ဟစ်

လူတိုင်းက ပင့်သက်ရှိုက်လိုက်ကြသည်။ သူတို့ကလည်း ထိုကျောက်တုံးသိန်းငှက်က မည်မျှ လေးစားဖွယ်ကောင်းကြောင်းသိသည်။ ချီရှီတွင် မည်သည့်ငှက်ကမှ သို့မဟုတ် အနောက်ပိုင်းဒေသတွင် မည်သည့်ငှက်ကမှ ထိုကျောက်တုံးသိန်းငှက်ကို မယှဉ်နိုင်လောက်ချေ။ တိဗက်များနှင့် တူရကီများက လေ့ကျင့်ပေးထားသော ငှက်များကပင် သူတို့လက်သည်း၏အောက်တွင် အလန့်တကြား ထွက်ပြေးကြရသည်။ ထို့ကြောင့် သိန်းငှက်များ၏ ဘုရင်ဘွဲ့နှင့်ပင် ထိုက်တန်နေသည်။

သို့သော် ကျန်းချွယ်၏ ကျောက်တုံးငှက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ရသည်။ ထိုသို့ဖြင့် သူတို့၏ လောကအပေါ်အမြင်က ပြောင်းလဲသွားခဲ့ရလေသည်။

အခန်း(၈၄၀)

အာရပ်ကိုဓားနဲ့ချိန်မယ်

“အာရပ်တွေအားလုံးက ဒီလောက် လေးစားစရာကောင်းတာလား”

ချန်းစန်းယွမ်က တအံ့တဩပြောသည်။

“အာရပ်တွေက မင်းတို့အားလုံး ထင်ထားတာထက် အများကြီး အင်အားကြီးတယ်”

ဝမ်ချောင်က နောက်ဆုံးတွင် ဝင်ပြောသည်။

“အန်းရှီအနားက အာရေးဗီးယားရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ အဲ့ဒီနေရာကို ဆာမာခမ်းလို့ခေါ်တယ်။ အာရေးဗီးယားစစ်သည် နှစ်သိန်းက အဲ့ဒီနေရာမှာရှိနေတယ်။ သူတို့အားလုံးက လေးစားစရာအကောင်းဆုံး မြင်းတပ်ပဲ။ မင်းတို့တွေလည်း တိဗက်တွေနဲ့ တူရကီတွေရဲ့ စစ်မြင်းကို မြင်ဖူးကြမှာပဲ။ အာရပ်တွေရဲ့စစ်မြင်းက ပိုမြင့်တယ်။ ပိုပြီး ကြွက်သားတွေမာပြီး တောင့်တင်းတယ်။ ပိုပြီးပြောင်းလဲတဲ့ မြန်မြန်ဆန်ဆန် ချီတက်နိုင်စွမ်းအား ရှိသေးတယ်။ အဲ့ဒါတင်မကသေးဘူး မင်းတို့တွေ အာရပ်ကုန်သည်တွေကို မြင်ဖူးကြပေမဲ့ သူတို့ထဲက အများစုက ဝပြီး တိုက်ပွဲမှာအသုံးမဝင်ကြဘူး။ ဒါပေမဲ့ အစစ်အမှန် အာရပ်က သဘာဝရဲ့စစ်သည်တော်တွေ။ သူတို့ရဲ့ သဘာဝက သူတို့ကို အရပ်မြင့်မြင့် သန်သန်မာမာအဖြစ် မွေးဖွားပေးခဲ့တယ်။ စစ်ပွဲစတင်တာနဲ့ အာရပ်တွေက စစ်တပ်ဖွဲ့ဖို့ လူတွေဆင့်ခေါ်ပြီး သူတို့ိကို လေ့ကျင့်ပေးရင်တောင်မှ သူတို့ရဲ့စစ်တပ်ကို အနည်းဆုံး စစ်သည်လေးသိန်းကျော်တဲ့အထိ ဖြန့်နိုင်လိမ့်မယ်။ စစ်သည် တစ်ယောက်ချင်းစီတိုင်းက သာမာန်စစ်သားတွေကို ယှဉ်နိုင်တယ်။ နောက်ပြီး ဒါက အရှေ့ဘက်နယ်စပ်မှာ ရှိနေတဲ့ စစ်တပ်ပဲ။ သူတို့က ဒီထက်ပိုပြီး လှုပ်လှုပ်ရှားရှား လုပ်နိုင်အောင် ပြောင်းလဲမှုမျိုး လုပ်လာခဲ့မယ်ဆိုရင် အာရပ်တွေက မယုံနိုင်စရာကောင်းတဲ့ စစ်တပ်ကို ဖြန့်နိုင်တယ်။ သူတို့က ဒီလိုအမိန့်မျိုး ပေးနိုင်ကြလိမ့်မယ်”

တစ်ခန်းလုံးက တိတ်ဆိတ်သွားသည်။ ဝမ်ချောင်၏စကားကို နားထောင်နေသော လူတိုင်းက အံ့အားသင့်ကုန်ကြသည်။ သူတို့အနေဖြင့် ပထမဦးဆုံးအကြိမ် အာရေးဗီးယား အင်ပါယာကြီးအကြောင်း အမှန်တကယ် နားလည်လာခြင်းဖြစ်သည်။ လူတိုင်းက ပြင်းထန်သည့် အန္တရာယ်ကို ခံစားမိကြသည်။

“နောက်ပြီး အစောပိုင်းက ပြောခဲ့တဲ့စကားကမှန်တယ်။ အရမ်းကို ရှည်ကြာခဲ့တဲ့ အစပိုင်းမှာတော့ အာရေးဗီးယားက ဒီတိုင်း တိုင်းပြည်ငယ်လေးပဲ။ ဂိုဂူလျောထက်တောင် သေးသေးတယ်။ ဒါပေမဲ့ သူတို့က အလုံးအရင်းနဲ့ ကြီးမားအောင် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး မဟာထန်ထက်တောင် ကြီးလာသေးတယ်။ ဘာလို့လည်းဆိုသော သူတို့က စစ်ပွဲအတွက် နှစ်ပေါင်းများစွာကြာအောင် စစ်သားတွေကို လေ့ကျင့်ပေးခဲ့ကြလို့ သူတို့က ပတ်ဝန်းကျင်က တိုက်ပြည်တွေကို ဆက်တိုက်ဝင်စီးခဲ့တယ်။ မင်းတို့အားလုံး သာ့ယန်မာန်ပန့်ရဲ့ သတ္တိဖြူတွေကို တိုက်ခိုက်ခဲ့ပြီးတော့ သူတို့ကဘယ်လောက် အင်အားကြီးလဲ သိကြမှာပေါ့။ အာရပ်တွေမှာလည်း မာမဲ့လုဆိုတဲ့ အင်အားစုရှိတယ်။ အဲ့ဒီအင်အားစုက ယွီစန်းနဲ့ သတ္တိဖြူထက်တောင် အင်အားကြီးသေးတယ်။ အာရေးဗီးယားမှာ မာမဲ့လုတိုင်းက အသက်(၇)နှစ် (၈)နှစ်တိုင်းက စတင်လေ့ကျင့်ခံယူရတယ်။ အစောပိုင်းမှာ သူတို့က အချင်းချင်း တိုက်ခိုက်ရတယ်။ အဲ့ဒီကလေးတွေထဲမှာ အကြမ်းတမ်းဆုံးနဲ့ တိုက်ပွဲကို အဆာလောင်ဆုံး အတော်ဆုံး ကလေးတွေကပဲ ရှင်သန်လိမ့်မယ်။ ရှင်သန်တဲ့ကလေးတွေက အရွယ်ရောက်လာတဲ့အခါ တဖြည်းဖြည်းချင်း ပြင်းထန်ကြမ်းတမ်းလွန်းတဲ့ လေ့ကျင့်မှုတွေကို ခံယူပြီး အမှန်တကယ် လက်တွေ့ အသက်သေနိုင်တဲ့ တိုက်ပွဲတွေကိုကျော်ဖြတ်ပြီး သူတို့ရဲ့သွေးတွေက တဖြည်းဖြည်း စစ်မှန်လို့ အစစ်အမှန် မာမဲ့လုတွေ ဖြစ်လာကြတာ။ အဲ့ဒီအချိန်မှာ တစ်ယောက်ချင်းစီတိုင်းကတင် အင်အားအကြီးဆုံး ခြိမ်းခြောက်နိုင်တဲ့ လက်နက်ကြီးတွေဖြစ်နေကြပြီ။ သူတို့အားလုံးက မရေမတွက်နိုင်တဲ့ တိုက်ပွဲနဲ့ သတ်ဖြတ်ခြင်း အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားပြီးသား”

ဝမ်ချောင်၏စကားက အခန်းထဲတွင် ဟိန်းထွက်သွားသည်။ လူတိုင်းကလည်း တစ်စုံတစ်ရာ၏ လွှမ်းမိုးခံလိုက်ရသလိုမျိုး ဖြစ်သွားကြသည်။ ဒါကဝမ်ချောင်၏ ပန်းတိုင်ဖြစ်သည်။ သူ၏ အရင်းနှီးဆုံး လက်အောက်ငယ်သားများကပင် အာရပ်များ၏ အားကို မသိထားလျှင် သူတို့ကို ခုခံရန်အကြောင်း ဆက်မပြောသင့်တော့ချေ။ အပြောင်းအလဲက တစ်ဆင့်ချင်းစီ ဖြစ်လာလိမ့်မည်။ မဟာထန်က ဗဟိုပြင်ကျယ်တွင်သာ ကျန်နေရစ်ပြီး ဒီနယ်မြေကိုသာ ချစ်နေ၍မရချေ။ အနည်းဆုံး ခေါင်းကိုမော့ပြီး အစစ်အမှန်လောကကို ကြည့်နေသင့်သည်။

ထိုအပြောင်းအလဲက အရင်ဦးစွာ သူ၏အနီးဆုံးနေရာတွင် ရှိနေသော လူများထံမှ စတင်သင့်သည်။

အနာဂတ်တွင် ထန်တိုင်းက မွေးရပ်မြေကို ချစ်မြတ်နိုးသောစိတ်ကို စွန့်လွှတ်လိုက်ပြီး မျက်စိဖွင့်ကာ လောက၏ အစစ်အမှန် ပုံသဏ္ဍန်ကို ကြည့်နိုင်လျှင် မဟာထန်အသစ်ကို ဖန်တီးတည်ဆောက်နိုင်ပေလိမ့်မည်။

“အရှင်အမတ် အာရပ်တိုင်းက အရှင်အမတ်ပြောသလိုဆို လေးစားစရာကောင်းတယ်။ ကျွန်တော်တို့ သူတို့နဲ့ ဘယ်လိုတိုက်ခိုက်နိုင်တော့မှာလဲ။ သူတို့ကို နိုင်ပါတော့မလား”

ချန်းစန်းယွမ်က ရုတ်တရက် ထပြောလိုက်သည်။ သူ၏အကြည့်က ဝမ်ချောင်၏ ကိုယ်ပေါ်တွင်သာ ရှိနေသည်။ ဒီနေ့ပြောသွားသော စကားလုံးတိုင်းက အဝေးရှိတိုင်းပြည်ပေါ် သူ၏အမြင်ကို ပြောင်းသွားစေခဲ့သည်။

“ချန်းစန်းယွမ် ငါလည်း အစစ်အမှန် အာရပ်စစ်သည်နဲ့ မတွေ့ဖူးသလို သူတို့ကို အနိုင်ယူအောင် လုပ်တယ်ဆိုတဲ့အကြောင်း မင်းပြောတဲ့ အဓိပ္ပာယ်ကိုလည်းမသိဘူး။ ဒါပေမဲ့ မဟာထန်က လက်ရှိအဆင့်အတန်းကို ရောက်လာတာ ကံကောင်းမှုကြောင့်လိုတော့ မဟုတ်ဘူးဆိုတာ ငါပြောချင်တယ်”

လီစစ်ယဲ့က ရုတ်တရက်ပြောသည်။ သူ၏အမူအရာက ရုတ်တရက် တင်းမာနေပြီး စကားလုံးတိုင်းကလည်း ကြမ်းပြင်ကို ဖနောင့်နှင့် ပေါက်နေသလိုမျိုး ခုန်လှုပ်နိုင်စွမ်းအားရှိသည်။

“ဂိုဂူလျော၊ မာန်ရှဲ့ကျောင်း၊ ယွီစန်း အရှင့်အနောက် တူရကီခါကာနိတ်တွေ နောက်ပြီး အနောက်ဘက်က တိုင်းပြည်တွေ... ဒီတိုင်းပြည်တွေ အားလုံးက ပေါင်းလိုက်မယ်ဆိုရင်တောင်မှ မဟာထန်ကို ရင်ဆိုင်ပြီး အတင့်ရဲလို့ စစ်မဖြစ်ရဲလောက်ဘူး။ မဟာထန်က သူတို့ရဲ့ စစ်တပ်အင်အား တစ်ခုကိုပဲ မှီခိုပြီး ပတ်ဝန်းကျင်က တိုင်းပြည်တွေကို ဖိနှိပ်လို့ သူတို့ကိုခေါင်းငုံ့အောင် လုပ်နိုင်တယ်။ အာရေးဗီးယားတွေက သန်မာကောင်း သန်လာလိမ့်မယ်။ မဟာထန်က သေချာပေါက် အားမနည်းဘူး။ အာရေးဗီးယားတွေက ဗဟိုပြင်ကျယ်ကို အုပ်စိုးဖို့ ကြိုးစားရဲရင်လည်း မဟာထန်ရဲ့ အစစ်အမှန်အင်အားကို နားလည်အောင် လုပ်ပေးလိုက်ပြီး သူတို့ဘယ်တော့မှ မမေ့နိုင်တဲ့သင်ခန်းစာ ပေးရမှာပေါ့”

“ဟုတ်တယ်”

ဝမ်ချောင်က လီစစ်ယဲ့၏စကားကို ကြားသောအခါ အဓိပ္ပာယ်အပြည့်ပါသော အပြုံးမျိုးပေးသည်။

“အာရပ်တွေက တကယ့်အင်အားမျိုးပေးတယ်။ ဒါပေမဲ့ ငါတို့မဟာထန်တွေက အင်အားနည်းတာမှ မဟုတ်ဘဲ။ အာရေးဗီးယား မြင်းတပ်က အရမ်းကို လေးစားစရာကောင်းတယ်။ ဒါပေမဲ့ သူတို့ရဲ့ လေးတွေနဲ့ အခြားလက်နက်တွေက ငါတို့ကိုမယှဉ်နိုင်ဘူး။ ငါတို့ရဲ့ မဟာထန်တွေရဲ့ လက်နက်ကြီးတွေက လောကမှာ ပြိုင်ဘက်ကင်းတယ်။ ဘယ်လိုမြင်းတပ်ပဲလာလာ ဘယ်လောက်ပဲ သံချပ်ကာတွေထူထူ ဘယ်သူကမှ လက်နက်ကြီးတွေရဲ့ ထိုးဖောက်နိုင်တဲ့အားကို မတားနိုင်ဘူး။ ပိုဆိုးတာက ခြေလျှင်တပ်ရဲ့ဝင်္ကပါ ဒါ့အပြင် ဗျူဟာတွေ အကြံအစည်တွေမှာ အာရေးဗီးယားက မဟာထန်ထက် အများကြီး နိမ့်ကျနေပြီးသား။ သူတို့မှာ ဒီလိုဝင်္ကပါတွေမရှိဘူး။ ဒီတိုင်း စစ်သားတွေနဲ့ ရိုးရှင်းတဲ့ စီမံမှုတွေပဲရှိတာ။ ဒီတော့ သူတို့က ဗျူဟာနဲ့ နည်းဗျူဟာက ဘာလဲဆိုတာကိုတောင် မသိလောက်ဘူး”

ဝမ်ချောင်က ချဲ့ကားပြောနေခြင်း မဟုတ်ချေ။ ဗဟိုပြင်ကျယ်မှ ဗျူဟာကျမ်းစာများက သမိုင်းကာလကြာရှည်စွာ တည်ရှိလာခဲ့ပြီး မကြာခဏ အသုံးများခဲ့ပြီးသည့်တိုင်အောင် အရှုပ်အထွေးပေါင်း များစွာကို လုပ်နိုင်နေသေးသည်။ ထို့ကြောင့် ထိုအရာက အာရပ်များလိုအပ်နေသော အရာဖြစ်သည်။

လူတိုင်းက ခေါင်းငုံ့လိုက်ကြသည်။ သူတို့က ဝမ်ချောင်၏စကားကြောင့် တက်ကြွသွားကြသည်။

ဟုတ်တယ် အာရေးဗီးယားက ကြီးမားတဲ့ မိကျောင်းကြီး ဖြစ်ရင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မဟာထန်က သိုးမှမဟုတ်တာ။ ဒါက အရှိန်အဝါကြီးမြတ်တဲ့ ခြင်္သေ့လေ။ ဘယ်သူက သန်မာတယ် ဘယ်သူက အားနည်းတယ်ဆိုတာကို တိုက်ခိုက်ကြည့်မှသိရမှာပဲ။

“အရှင်အမတ် ကျွန်တော်တို့ ဘာလုပ်ဖို့လိုတာလဲ”

“ဘာပဲဖြစ်ဖြစ် ငါတို့က မဟာထန်က အာရပ်ကို ရင်ဆိုင်နိုင်စေဖို့အတွက်ဆိုရင် မီးပင်လယ်ကိုပဲ ကျော်ရကျော်ရ ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ သွားမှာပါ”

“ဟုတ်တယ် ငါ့ရဲ့မဟာထန်ကို လာရန်စတဲ့လူတိုင်း အပြစ်ပေးခံရမယ်။ သူတို့က ဘယ်လောက်ဝေးနေနေပေါ့။ အရှင်အမတ် အမိန့်သာပေးလိုက်ပါ”

အရာရှိတိုင်းက စိတ်လှုပ်ရှားသွားကြသည်။ အင်အားကြီးသော ပြည်ပရန်သူများကို ရင်ဆိုင်ရသည့်အခါ သူတို့က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်သွားကြသည်။ သူတို့က ဝန်ခံခြင်းရှိရှိ မရှိရှိ မဟာထန်မှ လူများဆိုသော သူတို့၏ဂုဏ်သိက္ခာ သူတို့၏တာဝန်အရ ထိုအခြေအနေက သူတို့၏အရိုးထဲ စွဲနေသည်။ ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် သဘောတကျ ခေါင်းညိမ့်လိုက်ပြီး စိတ်အေးသွားသည်။ မည်သည့် အခြေအနေတွင်မဆို သူ၏အနားရှိ လူတိုင်းက သူနှင့်ရှု့မြင်ပုံခြင်း တူသည်နှင့် သူတို့၏ စိတ်ဆန္ဒ၏ ပြင်းပြမှုက ဝမ်ချောင်ကို မည်သို့သော သူထုတ်ပေးလိုက်သည့်အမိန့်တာဝန်ကိုမဆို သူတို့က ပြီးမြောက်အောင် လုပ်နိုင်မည်ဆိုသော ယုံကြည်မှုမျိုး ရစေပေလိမ့်မည်။

“တောင်တစ်တောင်မှာ ကျားနှစ်ကောင်မရှိဘူး။ အာရပ်တွေက တစ်ရက်မှာ မဟာထန်ကို သေချာပေါက် ရင်ဆိုင်မဲ့လူတွေ။ ငါကလည်း ဒီစစ်ပွဲရဲ့ အမှန်တကယ် အချိန်ကို မသိနိုင်ပေမဲ့ ငါတို့အခုကတည်းက စပြင်လို့ရတယ် ရွှီခဲ့ယွီ”

ဝမ်ချောင်က ချက်ချင်းလိုလို ခေါင်းလှည့်ကာ ညာဘက်သို့ကြည့်သည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

ရွှီခဲ့ယွီက ချက်ချင်း ခေါင်းငုံ့ကာ ဂါရဝပြုသည်။

“အခုကစပြီး မင်း အခြားတစ်နေရာကို အာရုံပြောင်းစိုက်ရမယ်။ မင်းရဲ့တာဝန်က စစ်တပ်ထဲက လက်ရွေးစင် ကင်းထောက်တွေ အများကြီးရွေးပြီး သူတို့ကို အာရပ်ဘာသာစကား သင်ခိုင်းဖို့ပဲ။ အဲ့ဒီနောက် သူတို့ကို အာရေးဗီးယားတိုင်းပြည်ကို လွှတ်ရမယ်။ ဒါ့အပြင် အာရပ်တွေက အပြင်လူကြောက်တယ်။ မင်းဟန်ကိုရွေးလို့မရဘူး ဟူကိုပဲရွေးရမယ်။ ဒါမှမဟုတ် အနောက်ပိုင်းဒေသက အခြားကုန်သည်တွေကို ငှားလို့ရတယ်။ ငါကမင်းကို ဒီလူတွေကိုသုံးပြီး မင်းတတ်နိုင်သမျှ အာရေးဗီးယား အင်ပါယာကသတင်းတွေ စုခိုင်းချင်တာ”

ဝမ်ချောင်ကပြောသည်။

“အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

ရွှီခဲ့ယွီက ချက်ချင်းပြောသည်။

“ချန်းပင်း”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

ချန်းပင်းက ရှေ့တက်လာသည်။

“ဘိလပ်မြေလမ်းအတွက် နည်းလမ်းက ပိုပြီးရင့်ကျက်တဲ့အဆင့်ကို ရောက်သွားပြီ။ ငါကမင်းကို မြို့တော်က ကျောင်းကျင်းတရန်းနဲ့ ဆက်သွယ်ပြီး မဟာကလန်ကြီးတွေရဲ့ အင်အားကိုသုံးလို့ ဝူရှန်းကနေ အန်းရှီစစ်တပ်ဆီ အမြန်ဆုံး ဘိလပ်မြေလမ်း ခင်းစေချင်တယ်။ ဒါ့အပြင် ကျောင်းကျင်းတရန်းကိုလည်း အကြောင်းကြားလိုက်။ ငါက မြို့တော်ကနေ ဝူရှန်းကိုလာတဲ့လမ်းကို အမြန်ဆုံးပြီးစေချင်တယ်”

ဝမ်ချောင်က ခပ်တင်းတင်းပြောသည်။

“ဟုတ်ကဲ့”

ချန်းပင်းက ဂါရဝပြုသည်။

“စုရွှတ်ရွှမ်း”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

စုရွှတ်ရွှမ်းက အလျင်စလို ရှေ့ထွက်လာသည်။

“ငါ့ရဲ့ချီရှီကာကွယ်ရေးဗိုလ်ချုပ်နဲ့ ဝူရှန်းရဲ့ အရှင်ဆိုတဲ့ အဆင့်အတန်းကိုသုံးပြီး ခုံရုံးကို မှတ်တမ်းလွှာ တင်ပို့လိုက်။ ငါက ချီရှီအတွက် တပ်ကူတောင်းတယ်လို့ တင်ပြလိုက်။ နောက်ဆုံး အဓိကတိုက်ပွဲကြီးမှာ ချီရှီက ဆုံးရှုံးမှုအများကြီးကို ခံစားခဲ့ရလို့ ခုံရုံးကို ဝူရှန်းသံမဏိမြို့ကိုသုံးပြီး စစ်သားတွေကို လဲလှယ်စေဖို့ တောင်းဆိုလိုက်ပါ။ နောက်ပြီး ငါတို့ကလည်း အင်ပါယာခုံရုံးရဲ့ ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ဝန်ထုတ်ဝန်ပိုးကို ကူညီပေးချင်တယ်လို့ပြော”

ဝမ်ချောင်က အမိန့်ပေးသည်။ သူ၏မျက်နှာတွင် အကြောက်အလန့်မဲ့သော အကြည့်က ပေါ်လာသည်။

သူက ထိုပြဿနာကို ဖြေရှင်းရန် အတော်လေး စဉ်းစားထားခဲ့သည်။ သူကသာ အန်းရှီကာကွယ်ရေးစစ်တပ်ကို တပ်ကူပို့ပေးချင်လျှင် ချီရှီတစ်ခုတည်းနှင့် မလုံလောက်ချေ။ ထို့ပြင် သူကိုယ်တိုင်ကလည်း တော်ဝင်ခုံရုံးမှ စစ်သားများလိုအပ်သည်။ ထို့ပြင် အခြားသောနေရာများမှ ရွှေ့ပေးရန် လိုအပ်နေသေးသည်။ သံမဏိမြို့က လူအင်အားများ ထောက်ပံ့သော နေရာတစ်ခုအဖြစ် အသုံးပြုလိုက်လျှင် ပို၍များပြားသော စစ်သားများက သူ့ဆီရောက်လာနိုင်ပေလိမ့်မည်။ ထိုအချက်အပြင် တော်ဝင်ခုံရုံးကလည်း ထောက်ပံ့ပို့ဆောင်ရေးစရိတ်ကို သူတို့က ခံမည်ဆိုသည့်အတွက် ပျော်လောက်သည်။

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”

စုရွှတ်ရွှမ်းက ဂါရဝပြုသည်။

“ဒါ့အပြင် မြို့တော်ကို စာပို့ပြီး ယွမ်ရှု့စုန်းကို ဒီနေရာကိုလာခိုင်းလိုက်”

ဝမ်ချောင်က အမိန့်တစ်ခုပြီးတစ်ခုထုတ်သည်။ တစ်ယောက်ချင်းစီတိုင်းက တာဝန်အသီးသီး ရသွားကြသည်။ သံမဏိမြို့၏ အင်အားအပြည့်နှင့် အရင်းအမြစ်များက တဖြည်းဖြည်းချင်း တည်ငြိမ်လာပြီး အားလုံးကလည်း တာ့လာ့ကို ချိန်ထားကြသည်။ ထို့ပြင် ပို၍ဝေးကွာသော တစ်နေရာမှ အာရေးဗီးယားကိုပင် ချိန်ထားသည်။ ရန်ဟုန်ချန်းက အစပိုင်းတွင် တာလာ့ထံမှ သတင်းများကို စုဆောင်းနေခဲ့ရာမှ ယခုမူ ကင်းထောက်များနှင့် စစ်သားများကိုပင် ပူးပေါင်းခေါ်ဆောင်လိုက်ပြီဖြစ်သည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ သတင်းအချက်အလက်က ဒီနယ်မြေများထံ ဖြန့်ကျက်ထားနိုင်သည်။

“ဟုတ်သားပဲ ဟူလာယဲ့ဘယ်မှာလဲ”

အရာအားလုံးကို အမိန့်ထုတ်ပြီးသည့်တိုင် ဝမ်ချောင်က ဟူလာယဲ့ကို သတိရသွားသည်။

အတိတ်တွင် ဟူလာယဲ့က သူမည်သည့်နေရာသို့သွားသွား နောက်က တောက်လျှောက် လိုက်နေလေ့ရှိသည်။ သို့သော် ယခုအချိန်တွင်မူ သူ့ကိုမမြင်ရချေ။

“ဟား ဟား နင်က သူ့ကို တူရကီရဲ့ စတုတ္ထမင်းသားနဲ့ လွှဲထားတာမဟုတ်ဘူးလား။ သူကအခု ဒီကိစ္စနဲ့ပတ်သတ်ပြီး သူ့ကိုယ်သူ အများကြီးအားစိုက်ထုတ်ပြီး ရင်းနှီးမြုပ်နှံနေတာ။ အခုသူက ဒီတာဝန်ကိုသွားလုပ်လို့ သူ့အတွက် ပေးထားတဲ့ စံအိမ်ကိုတောင် သံမဏိမြို့ရဲ့ မြေအောက်အကျဉ်းထောင်ကို ပြောင်းလိုက်ပြီ”

ရွှီချီချင်က တဖြည်းဖြည်းချင်း ပြောရင်းဝင်လာသည်။ သူမ၏မျက်နှာတွင် အပြုံးကရှိနေသည်။ သူမ၏မျက်နှာက အတက်စွမ်းအားအပြည့်ဖြင့် တောက်ပနေသေးကာ သူမက ထုတ်လွှတ်နေသော ဆွဲဆောင်မှုနှင့် ကြည့်ကောင်းမှုက ဝမ်ချောင်ကိုယ်တိုင်ကပင် တခဏခန့် မှင်သက်သွားသည်။ သို့သော် သူက ခပ်မြန်မြန် အသိပြန်ဝင်ကာ ထိန်းချုပ်လိုက်သည်။

“အကျဉ်းထောင်ဟုတ်လား ဘာလို့သူက အဲ့ဒီကိုသွားတာလဲ”

ဝမ်ချောင်က အံ့အားသင့်သွားသည်။ ဟူလာယဲ့က အမြဲတစေ သက်တောင့်သက်သာ နေတတ်ပြီး ဇိမ်ခံပျော်ပါးတတ်သော လူဖြစ်ကြောင်း နားလည်ထားပြီးသားဖြစ်သည်။ သူ၏စံအိမ်တွင်ပင် သူကအတော်လေး ဂျေးများသေးပြီး ကျားသားရေပေါင်းများစွာကိုဝယ်ကာ နံရံများနှင့် ကြမ်းပြင်များတွင် အလှဆင်သေးသည်။

ဒါကို ဒီလိုလူက အကျဉ်းထောင်မှာ ဘယ်လိုသွားနေမှာလဲ။ ဒါက သူ့ပုံစံမှမဟုတ်တာ။

“ဒီတိုင်းပဲ သူလုပ်စရာကိစ္စ ရှိလို့နေမှာပေါ့”

“မင်းကဘယ်လို တွေးမိတာလဲ။ စတုတ္ထမင်းသား အစောင့်လား”

ရွှီချီချင်၏ အပြုံးက ပို၍ကျယ်ပြန့်သထက် ကျယ်ပြန့်လာသည်။ သူမကလည်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရပုံရသည်။

“စတုတ္ထမင်းသားရဲ့ ယုံကြည်မှုရပြီး စတုတ္ထမင်းသားရဲ့ သူ့အပေါ် အမြင်ကိုပြောင်းဖို့အတွက် သူက သူ့ကိုယ်သူ အထိခိုက်ခံပြီး ရန်သူရဲ့ ယုံကြည်မှုရဖို့ စတေးထားတာတဲ့လေ။ သူက ရွှီခဲ့ယွီကိုတောင် လူတစ်ယောက်လွှတ်ပြီး သူ့ကို ရိုက်နှက်ခိုင်းသေးတယ်။ ဒီလိုနဲ့ သူ့ရဲ့တစ်ကိုယ်လုံးမှာ အရွန်းရာတွေ ပြည့်နေတာပဲ။ အဲ့ဒီနောက် သူက စတုတ္ထမင်းသားနဲ့ အကျဉ်းထောင်ထဲကို ပစ်ဝင်လိုက်ပြီး သူတို့အတူ နေကြမယ်လို့ပြောတယ်။ ကိစ္စတွေကတော့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာမယ်ဆိုရင် အဲ့ဒီခေါင်းမာတဲ့ ဝတုတ်က တောက်လျှောက် ညဉ်းညူနေပြီး စတုတ္ထမင်းသားနဲ့အတူ အထွန့်တက်နေလောက်တယ်”

သူ၏နောက်ဆုံးစကားလုံးများက ရွှီချီချင်၏အပြုံးကို ပို၍ပင် ကျယ်ပြန့်သွားစေပြီး တခစ်ခစ်ပင် ရယ်လိုက်သည်။

All Chapters