အခန်း (၈၄၆-၈၅၀)
Vol. 46 Ch. 846-850
အခန်း(၈၄၆)
အမိန့်ကို လက်ခံရရှိထားသည့် လီစစ်ယဲ့က ချီရှီစစ်တပ်ကို ချက်ချင်းလိုလို စီမံခန့်ခွဲသည်။ စစ်တပ်က မြန်ဆန်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားမှုကို တန်ဖိုးထားသည်။ ယခင်ဘဝတွင်ဖြစ်စေ၊ ဒီဘဝတွင်ဖြစ်စေ ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ်ကြီးက အမြဲတစေ တာဝန်ကို ပြည့်မှီအောင် လုပ်နိုင်စွမ်းအားရှိသည်။ ထိုအချက်အပြင် ဝူရှန်းမြင်းတပ်ငါးထောင်ကလည်း ဟူစစ်သားများကို လက်နက်များဖြင့် ချိန်ရွယ်ကာ ခြိမ်းခြောက်ထားသေးသည်။
“ရွှီခဲ့ယွီ ဒီဟူတွေကြားက ဘယ်လိုအဖြစ်အပျက် ရှိသလဲဆိုတာကို စုံစမ်း”
ဝမ်ချောင်က တိုက်ပွဲနယ်မြေက အခြေအနေကို ကြည့်လိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
ရွှီခဲ့ယွီက ချက်ချင်းလိုလိုထွက်သွားသည်။ စီမံခန့်ခွဲမှုအရာတွင် ရွှီခဲ့ယွီက သံသယဝင်ရန် မလိုလောက်အောင် ထူးချွန်သော အလုပ်သမားတစ်ယောက်ဖြစ်သည်။ သူက အချိန်တခဏခန့်ကြာပြီးနောက် ပြန်လာသည်။
“အရှင် ချီရှီကာကွယ်ရေး စစ်တပ်ထဲမှာ ဟူဗိုလ်ချုပ်တစ်ယောက်က အသတ်ခံခဲ့ရပါတယ်။ ဟူမြင်းတပ်က အယောက်တစ်ရာ့ငါးဆယ်လောက် သေဆုံးသွားတဲ့ဒဏ်ကို ခံစားနေရပါတယ်။ ပြင်းပြင်းထန်ထန် ရသွားတဲ့ အရေအတွက်ကတော့... (၈၇၀၀)ရှိပါတယ်။ နောက်ပြီး အသေးစား ဒဏ်ရာရသွားတဲ့လူတွေက မရေမတွက်နိုင်အောင်ပါပဲ”
ရွှီခဲ့ယွီ၏အသံက တိတ်ကျသွားသည်။ သူက နောက်ဆုံးအရေအတွက်ကို ခပ်မြန်မြန်ပင် တင်ပြလိုက်သေးသည်။
ဒီတိုက်ပွဲက အောင်မြင်စွာဖြင့် သူတို့ကိုရှုံးနိမ့်အောင် လုပ်နိုင်ခဲ့ပြီး ပုန်ကန်သော ချီရှီကာကွယ်ရေး ဌာနမှ ဟူဗိုလ်ချုပ်ကို အညံ့ခံအောင် လုပ်နိုင်ခဲ့သည်။ သို့သော် ဆုံးရှုံးမှုကမူ မယုံနိုင်လောက်အောင် ကြီးမားသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသော လူများ၏ အရေအတွက်က (၈၇၀၀)ပင် ရှိနေသည်။ ရွှီခဲ့ယွီက ဝမ်ချောင်ကို တစ်ချက်ကြည့်လိုက်ပြီး ထိုသတင်းကသာ တော်ဝင်ခုံရုံးသို့ ရောက်သွားခဲ့ပါက ဝမ်ချောင်အတွက် ဒုက္ခဖြစ်စေနိုင်ခြင်းရှိမရှိ တွေးတောကြည့်သည်။ မည်သို့ပင်ဆိုစေ ချီရှီကာကွယ်ရေးစစ်တပ်တွင် နဂိုကတည်းက စစ်သည်တစ်သောင်းကျော်သာ ရှိနေသည်။
“(၁၅၀)လောက်ပဲ... မများဘူး အရမ်းကောင်းတယ် ရွှီခဲ့ယွီ ဒီကိစ္စကို တော်ဝင်ခုံရုံးကို တင်ပြဖို့ မှတ်တမ်းလွှာ ပြင်ဆင်ထား”
ရွှီခဲ့ယွီကို အံ့အားသင့်စေသည်မှာ ဝမ်ချောင်က ထိုသတင်းများကြောင့် စိတ်အေးသွားခြင်းဖြစ်ပြီး သက်ပြင်းရှည်ကြီးကို ချလိုက်သေးသည်။ ဝမ်ချောင်ကလည်း ရွှီခဲ့ယွီ၏အတွေးကို သိသဖြင့် သူ့ကို မထူးခြားနားသော အပြုံးမျိုးဖြင့် ကြည့်လိုက်သည်။
“စိတ်အေးအေးထား အဆင်ပြေတယ် ငါပြောတဲ့အတိုင်းလုပ်”
ဝမ်ချောင်က ကလန်များ၊ အမတ်များ အပြည့်ရှိသော နေရာတွင် ကြီးပြင်းလာခြင်း ဖြစ်သည့်အလျောက် စစ်တပ်၏ အလုပ်လုပ်ပုံကို မည်သို့ကိုင်တွယ်သင့်ကြောင်း ကောင်းကောင်း နားလည်ထားလေသည်။ ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် (၈၇၀၀)က တိုက်ပွဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်။ ဒါက အံ့အားသင့်စရာကောင်းသည့် ပမာဏဖြစ်သည်။ သို့သော် တော်ဝင်ခုံရုံးက အမှန်တကယ် သေဆုံးသွားသည့် (၁၅၀)ကိုသာ စိတ်ဝင်စားပေလိမ့်မည်။
ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသောသူများကို သူတို့က အာရုံပင်မစိုက်လောက်ချေ။
စစ်တပ်ထဲတွင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသောလူနှင့် သေလူက မတူသောစကားလုံးဖြစ်သည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရလျှင် အချိန်အတိုင်းအတာတစ်ခု ကြာသည်နှင့် သူတို့က ပြန်ကောင်းသွားဦးမည်ဖြစ်သည်။ သို့သော် သေလူက မရှင်နိုင်တော့ချေ။ သေဆုံးသွားသူ အယောက်(၁၅၀)က ချီရှီ၏ ဝရုန်းသုန်းကား အခြေအနေကို ဖြေရှင်းနိုင်ခဲ့လျှင် တော်ဝင်ခုံရုံးတွင် သူတော်စင် ဧကရာဇ်က အထွန့်တက်လိမ့်မည်မဟုတ်ချေ။
ဝမ်ချောင်က အစပိုင်းကတည်းက အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
“ကျန်တဲ့လူတွေကတော့ ငါ့ရဲ့နောက်ကိုလိုက်ခဲ့ကြ”
ဝမ်ချောင်က လက်တစ်ဖက်ယမ်းပြီး အမိန့်ပေးလိုက်ပြီးသည်နှင့် သူ၏လက်အောက်ငယ်သားများကို ချီရှီကာကွယ်ရေးစစ်တပ်၏ ဌာနချုပ်ထဲသို့ ခေါ်ဆောင်သွားသည်။ တိုက်ပွဲက ပြီးဆုံးသွားလေပြီ။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထိုကြီးမားသော အဆောက်အဦးကြီးထံ အာရုံစိုက်လိုက်နိုင်သည်။
ငါနောက်ဆုံးတော့ ကောင်းကောင်းကြည့်လို့ရပြီ။
အမှန်တိုင်းဆိုရသော် သူက ချီရှီကာကွယ်ရေးဌာနချုပ်မှ အကြိမ်ပေါင်းများစွာ ဖြတ်သွားသည့် အချိန်တိုင်း ဖုမာန်လင်းချာ၏ တည်ရှိမှုကြောင့် သူဘယ်သောအခါမှ အနီးမကပ်ရဲခဲ့ချေ။ သူက ထိုအဆောက်အဦးကို အနီးဆုံးမြင်ခဲ့သည့် အချိန်က ဝံပုလွေနက်ရကုနှင့် တိုက်ခိုက်ခဲ့သောတိုက်ပွဲက ဖြစ်သည်။ သို့တိုင်အောင် သူက အလွန်အမင်း နီးကပ်စွာ မြင်ခဲ့ရခြင်းမဟုတ်သေးချေ။
ဝမ်ချောင်က ကြီးမားသော ထိုအဆောက်အဦးကြီးကို ဂရုစိုက်ကြည့်နေလိုက်သည်။ ထိုအဆောက်အဦးကြီးက ဆယ်ကျန်းခန့်မြင့်သည်။ အဆောက်အဦးကို ကြေးနီ၊ သန့်စင်သော သံမဏိ ရွှေငွေနှင့် ပင်လယ်အနက်ပိုင်းမှရသော ရွှမ်သတ္ထုတို့ဖြင့် တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလွန်အမင်း ခမ်းနားနေသည်။ အလွန်အမင်းလည်း ခိုင်ခံ့သလို တည်ငြိမ်သည်။ ဝမ်ချောင်က အာရုံအစိုက်ဆုံးအရာကမူ အပေါ်ယံ လက်နက်ပေါင်းများစွာ၏ ခုတ်ရာခြစ်ရာများ ကျန်ရစ်ခဲ့ပြီး တိုက်ပွဲ၏ မီးတောက်ရာများဖြင့် ပြည့်နေသော နေရာဖြစ်သည်။
ထိုကြီးမားသော အဆောက်အဦးကြီးတွင် ဝမ်ချောင်က သမိုင်းသက်တမ်း ကြာရှည်စွာ တည်ရှိခဲ့သော လက်ရာများကို မြင်နိုင်သည်။ အချိန်၏ တိုက်စားမှုအောက်တွင် အဆောက်အဦးကြီးက အရောင်လျော့လာသည့်တိုင်အောင် ခမ်းနားနေသေးသည်။
ချီရှီကာကွယ်ရေးဌာနချုပ်က သိပ်မကြာခင်ကမှ တည်ဆောက်ထားခဲ့ခြင်းမဟုတ်ချေ။ ပြောရလျှင် ဧကရာဇ်ထိုက်ကျုံးခေတ်သို့ ပြန်ပြောင်းကြည့်ရပေလိမ့်မည်။ ဖုမာန်လင်းချာက ပထမဦးဆုံး ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကြီးမဟုတ်ချေ။ နယ်စပ်မှ ဟူဗိုလ်ချုပ်ကြီး မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် ဒီနေရာတွင် အုပ်စိုးခဲ့ကြသည်။ ထို့ကြောင့် သူတို့၏ ကိုယ်ပိုင်အမှတ်အသားများကို ချန်ရစ်ခဲ့ကြခြင်းဖြစ်သည်။
နှစ်ပေါင်းများစွာကြာပြီးနောက် ချီရှီကာကွယ်ရေးစစ်တပ်က ဟန်ကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်ကို ပြန်လည်ကြိုဆိုနိုင်လေပြီ။
“စုရွှတ်ရွှမ်း ချီရှီကာကွယ်ရေးစစ်တပ်အတွက် တာဝန်ကျစာရင်းကို သွားယူလိုက်။ နောက်ပြီး အစေခံ၊ ကျွန်၊ အလုပ်သမား သူတို့အားလုံးကိုစစ်ဆေး။ ဝင်ခွင့်မရှိတဲ့ လူတွေအားလုံးကို ဖယ်ထုတ်လိုက်။ ဒါ့အပြင်...”
ဝမ်ချောင်က ရုတ်တရက် တခဏခန့် ရပ်တန့်ပြီးနောက် သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးကပေါ်လာသည်။
“ဒါ့အပြင် ရွှီချီချင်ကိုလည်း လာခိုင်းလိုက်ပါ”
ထိုစကားလုံးများနှင့်အတူ ဝမ်ချောင်က အဆောက်အဦးထဲသို့ ကြယ်ကြွေသွားသလိုမျိုး ချက်ချင်း တိုးဝင်သွားသည်။ ချီရှီကာကွယ်ရေးစစ်တပ် ဌာနချုပ်၏တံခါးကို သတ္တုသားဖြင့် လုပ်ထားခြင်းဖြစ်ပြီး သူ၏ခြေထောာက်အောက်မှ စိမ့်တက်လာသော အအေးဓာတ်ကိုပင် ခံစားမိနိုင်သည်။ သို့သော် ဝမ်ချောင်ကမူ အခြားနေရာကိုပင် အာရုံစိုက်နေသည်။ သူ့အနေဖြင့် ပြန်လည်မွေးဖွားပြီးနောက် ပထမဦးဆုံးအကြိမ် ကျော်ကြားသော ချီရှီကာကွယ်ရေးစစ်တပ်ထဲသို့ ခြေချရခြင်းဖြစ်သည်။
ဝမ်ချောင်ကိုယ်တိုင်ကပင် ဒီအဆောက်အဦး၏ တစ်လက်မချင်းစီတိုင်းတွင် နက်ရှိုင်းစွာ တံဆိပ်ခတ်ထားသော အာဏာ၏ အမှတ်အသားကို ခံစားမိနိုင်သည်။
ချီရှီတွင် စစ်သည်သောင်းကျော်ရှိသည်။ အနီးအနားတွင်လည်း ချီရှီလက်နက်တိုက် ရှိနေသေးသည်။ ထို့ပြင် အနောက်ပိုင်းဒေသသို့ တောက်လျှောက်သွားနိုင်သော အသက်သွေးကြောလမ်းကြီးကို ဒီအဆောက်အဦးကြီးက ထိန်းထားခြင်းဖြစ်သည်။ ထို့ကြောင့် သူ၏ဘဝတွင် ပထမဦးဆုံးအကြိမ် ဝမ်ချောင်က အဆင့်လွန်အာဏာရသွားသော အထွဋ်အထိပ် အနေအထားမျိုးသို့ ခြေလှမ်းတက်နိုင်သည်ဆိုသော ခံစားချက်မျိုးကို ရလိုက်သည်။
တက် တက် တက်
ဝမ်ချောင်၏ အရှိန်နှုန်းက ခပ်အေးအေးဖြစ်သွားသည်။ သူက အလျင်မလိုချေ။ သူ၏ခြေလှမ်းသံက ခန်းမထဲတွင်ဟိန်းထွက်နေသည်။ လေးလံသော သတ္တုတံခါးချပ်ကြီးတစ်စုံကို ကျော်ဖြတ်ပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် ဒီနေရာရှိ အာဏာအမြင့်ဆုံးလူတစ်ယောက်က ထိုင်နိုင်သော ပုလ္လင်နေရာသို့ မျက်စိရောက်သွားသည်။
ဘုန်း
သူ၏လက်အောက်ငယ်သားများက လှမ်းကြည့်လိုက်သည်နှင့် ဝမ်ချောင်က ချက်ချင်းလိုလို မြင့်မားသော စင်မြင့်ပေါ်သို့ ခြေလှမ်းတက်လိုက်သည်။ ထို့နောက် အနောက်ဘက်လှည့်လိုက်ပြီး အဆင့်လွန်အာဏာကို ချုပ်ကိုင်ထားသော ပုလ္လင်ကြီးပေါ်သို့ တက်ထိုင်လိုက်သည်။ ထိုအခိုက် ချီရှီနှင့်ပတ်သတ်သော နေရာတိုင်းက တုန်ယင်သွားသည်။
လူအနည်းစုကသာ ဝမ်ချောင်က ထိုပုလ္လင်ပေါ်သို့ တက်ထိုင်လိုက်ကြောင်း သိနိုင်ကြသည်။ သို့သော် ချီရှီ၏ အဆောက်အဦးနှင့် အနောက်ပိုင်းဒေသဝန်းကျင်တောက်လျှောက်၏ သမိုင်းက စတင်ကာ ပြောင်းလဲတော့မည်ဖြစ်သည်။
ငါနောက်ဆုံးတော့ အောင်မြင်သွားပြီ။ အခုကစပြီး ငါက ဒီမဟာထန်ကို ကာကွယ်မဲ့လူပဲ။
သူ၏လက်မောင်းနှစ်ဖက်လုံးကို ပုလ္လင်၏ လက်တင်နေရာပေါ် တင်လိုက်သည်။ သူကလည်း သမိုင်းကြာရှည်စွာ တည်ရှိခဲ့သည့် တစ်နေရာကို အုပ်ချုပ်လိုက်နိုင်သည့် မြင့်မားသောအာဏာကို ဖမ်းဆုပ်လိုက်နိုင်သည်ဆိုသော ခံစားချက်မျိုးကို ရလိုက်သည်။ သူ၏ခေါင်းထဲတွင် မိုးခြိမ်းသံများက ဟိန်းထွက်နေသေးသည်။
ချီရှီကာကွယ်ရေးဗိုလ်ချုပ်သည် မဟာထန်၏ အာဏာအမြင့်ဆုံး ရာထူးများထဲမှ တစ်နေရာဖြစ်သည်။
ထိုအချိန်တွင် ဝမ်ချောင်က အင်ပါယာ၏ ကံကြမ္မာကို ပြောင်းလဲရန် လုံလောက်သောအင်အား အစစ်အမှန်အင်အားကို ပိုင်ဆိုင်လိုက်နိုင်ပြီဆိုသော ခံစားချက်မျိုးကို ရသည်။ ချီရှီတွင် ဝမ်ချောင်၏ ပြိုင်ဘက်များမရှိတော့ချေ။
......
ဖလပ် ဖလပ်
ဝမ်ချောင်က ချီရှီကို အပြည့်အဝ အုပ်စိုးပြီး ရက်အနည်းငယ်ကြာပြီးနောက် သတင်းက မြို့တော်သို့ ရောက်သွားသည်။
“ဟား ဟား ဟား ဝမ်ချောင် ဒီဘုရင်က ထင်မြင်ချက် မမှားခဲ့ဘူး။ မင်းကတကယ်ပဲ ချီရှီကို ထိန်းချုပ်လိုက်နိုင်တာပဲ”
ဘုရင်စုန့်က သဘောတကျအော်ရယ်သည်။
ဘုရင်စုန့်က ဝမ်ချောင်ကို ချီရှီကာကွယ်ရေး ဗိုလ်ချုပ်နေရာအတွက် ထောက်ပံံ့ပေးရန် အများကြီး ရင်းနှီးခဲ့ရသည်။ လူပေါင်းများစွာကို ဆန့်ကျင်ခဲ့ရသည်။ သူကိုယ်တိုင်ပင် သူက မည်မျှများပြားသော ဖိအားကို ခံစားခဲ့ရကြောင်း သိနေသည်။ ခုံရုံးပင်ဖြစ်စေ သူတော်စင်ဧကရာဇ်ပင်ဖြစ်စေ များပြားသော ဗိုလ်ချုပ်ကြီးများပင်ဖြစ်စေ သူ့ကိုအာရုံစိုက်နေကြသည်။ ဝမ်ချောင်၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုက သူ၏ကိုယ်ပိုင်အနာဂတ်ကိုသာ သက်ရောက်ခြင်းမဟုတ်ဘဲ ဘုရင်စုန့်နှင့်လည်း သက်ဆိုင်သည်။
ဘုရင်စုန့်ကပင် ထောက်ခံမှု မှားယွင်းသွားခဲ့ပြီး ဝမ်ချောင်က ချီရှီကို မကိုင်တွယ်နိုင်ခဲ့လျှင် သူ၏ခုံရုံးထဲရှိ ဂုဏ်သတင်းက ကျဆင်းသွားမည်ဖြစ်ပြီး ပြင်းထန်သည့် ထိုးနှက်ချက်ကြီးကို ခံရမည်ဖြစ်သည်။ သူတော်စင်ဧကရာဇ်ကပင် သူ့ကို အလေးမထားလောက်တော့ချေ။
သို့သော် သူ့ကို အံ့အားသင့်စေသည်မှာ တော်ဝင်ခုံရုံးက အမိန့်တော်ထုတ်ပြီး သိပ်မကြာခင် ဝမ်ချောင်က လျှင်မြန်စွာဖြင့် ချီရှီ၏မတည်ငြိမ်မှုများ အားလုံးကို ထိန်းချုပ်လိုက်နိုင်ခြင်းဖြစ်သည်။ ပေးဆပ်ရသည့် သေးငယ်သော (၁၅၀)ဆိုသည့် တန်ကြေးကမူ အဆင်ပြေသေးသည်။
အိမ်တော်ထိန်းအိုကြီးက ဂါရဝပြုကာပြောသည်။
“အရှင့်သား ဒီကလေးက နောက်ဆုံးတော့ ရင့်ကျက်သွားပြီ။ သူက ချီရှီမှာရှိနေတဲ့အခါ အရှင့်သားအနေနဲ့ ဘာကိုမှ စိုးရိမ်ဖို့မလိုတော့ဘူး။ မျှော်လင့်ထားတဲ့အတိုင်း ဒီကလေးက အရှင့်သားရဲ့ မျှော်လင့်ချက်တွေကို သစ္စာမဖောက်ပါဘူး”
သူကဝမ်ချောင် ကြီးပြင်းလာခြင်းကို ကြည့်နေရသူဖြစ်သည်။ သို့သော် မြို့တော်မှ ဘုရင်စုန့်၏ အကူအညီကို လိုအပ်ခဲ့သော ထိုလူငယ်လေးက ယခုလိုမျိုး ကိုယ်တိုင်ကိစ္စများကို ကိုင်တွယ်နိုင်လာပြီး ဖုမာန်လင်းချာ၏ နေရာတွင်ပင် ဝင်ထိုင်နိုင်သည့် အင်ပါယာမှ ရာထူးအကြီးဆုံး နေရာတစ်ခုကို ပိုင်ဆိုင်သွားမည်ဟု မမျှော်လင့်ထားမိချေ။ ထိုအချိန်တွင် အိမ်တော်ထိန်းအိုကြီးကပင် အများကြီး လေးစားနေမိသည်။
“ဝမ်ချောင်ဆီ ငါ့ကိုယ်စားစာရေးလိုက်။ သူ့ကိုလည်း ချီရှီမှာ စိုးရိမ်စရာမလိုဘဲ ကြိုက်တာကို လုပ်နိုင်တယ်လို့ပြောလိုက်ပါ။ သူလိုအပ်တာရှိရင် ငါ့ကိုပြောလို့ရတယ်။ ငါမြို့တော်ကနေ သူ့ကို ထောက်ပံ့ပေးမယ်”
ဘုရင်စုန့်ကပြောသည်။
“ဟုတ်သားပဲ ဝမ်ချောင်က သိပ်မကြာခင်ကမှ သံမဏိမြို့ကို စစ်သားတွေ လွှဲပြောင်းပေးတဲ့ အရာအဖြစ် ပြုလုပ်ဖို့ မှတ်တမ်းလွှာ တင်ထားသေးတယ်မဟုတ်လား။ ငါဒါကို သူတော်စင်ဧကရာဇ်ဆီကို တင်ပြလိုက်မယ်။ ဒါ့အပြင် ချီရှီက အခုနောက်ပိုင်း စစ်ပွဲကြီးတွေကို ရင်ဆိုင်ရဖို့ရှိနေတာ။ ဒီတော့ စစ်မတ်ဆိုင်ရာ အမှုထမ်းရေးရာဌာနက ရုံးတော်ကိုတင်ပြပြီး ချီရှီကို တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ ပြောဆိုရမယ်”
......
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ကုတုလီကို သတ်ပြီးနောက် ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော နေရာကို ချောမွေ့စွာဖြင့် သိမ်းယူလိုက်နိုင်ပြီး လမ်းတောက်လျှောက် အတိုက်အခံပြုသူများ အားလုံးကို လဲဖြိုလိုက်နိုင်သည်။ ထို့ပြင် လီစစ်ယဲ့ကလည်း ပုန်ကန်မှုတွင် ပါဝင်ခဲ့သော ဟူစစ်သားတိုင်းကို နောက်ဆုံးတွင် စီမံ၍ပြီးသွားပြီ။ အရာအားလုံးက လမ်းကြောင်းမှန် ပြန်ဖြစ်သွားသည်။
ချီရှီကာကွယ်ရေးစစ်တပ်၏ ကြီးမားသော ခန်းမကြီးထဲ၏ အလယ်တွင် တာလာ့၏ ကြီးမားသော ပုံစံငယ်ကြီးကို တင်ထားသည်။ အမျိုးမျိုးသော အရောင်များဖြင့် အမျိုးမျိုးသော အလံများကိုလည်း ပုံစံငယ်ပေါ်တွင် ထိုးစိုက်ထားသေးသည်။ ဝမ်ချောင်က အနားတွင် ရပ်နေသည်။ သူက အနီရောင်အလံလေးကို စိုက်ကြည့်နေခြင်းဖြစ်သည်။
“အရှင်အမတ် ချီရှီရဲ့ဟူက အညံ့မခံသေးပါဘူး”
ရုတ်တရက် အနောက်ဘက်မှ အသံတစ်သံ ထွက်လာသလို ရွှီခဲ့ယွီက ဝင်လာသည်။ သူက သိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏မျက်မှောင်ကလည်း စိုးရိမ်မှုကြောင့်ကျုံ့နေသည်။
“ငါတို့က ချီရှီကာကွယ်ရေးစစ်တပ်က ဟူစစ်သားတွေအားလုံးကို အနိုင်ရပြီးတဲ့အပြင် ကုတုလီကို သတ်လိုက်ပြီးပြီ။ ဗိုလ်ချုပ်လီတောင်မှ သူတို့ကို စီမံခန့်ခွဲပြီးသွားပြီ။ ဒါပေမဲ့ ဒီဟူတွေက အပေါ်ယံမှာ သတ္တိရှိချင်ယောင်ဆောင်နေကြတုန်းပဲ။ ညနက်ပိုင်းတွေမှာ တိုက်ပွဲအနည်းငယ်က ဆက်ဖြစ်နေတုန်းပဲ။ သူတို့က မြင်းတွေကိုသတ်တယ်။ ရိက္ခာအနည်းငယ်ကို ဖျက်ဆီးတယ်ဆိုတဲ့ ကိစ္စမျိုးတွေကို လုပ်နေတာဆိုပေမဲ့လည်း ဒီလက်အောက်ငယ်သားကတော့ ဒီဟူတွေက အသုံးမဝင်မှာကို စိုးရိမ်မိပါတယ်။ အခုလို ကြမ်းတမ်းတဲ့တိုက်ပွဲ ရောက်လာတဲ့အခါ သူတို့က အနှောက်အယှက် ကြီးလာပါလိမ့်မယ်”
“ဟယ်ပါးယဲ့ မင်းသူတို့ကို မကိုင်တွယ်နိုင်ဘူးလား”
ဝမ်ချောင်က ခံစားချက်မဲ့စွာ ပြောလိုက်သည်။ သူက ခေါင်းပင်လှည့်မကြည့်ချေ။ သူ၏အကြည့်ကမူ ရှေ့ဘက်မှ ပုံစံငယ်ပေါ်တွင်သာ ရှိနေသည်။
ဟယ်ပါးယဲ့က တိုက်ပွဲအဆုံးသတ်သွားသည့်ညက အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။အခြားသော ဟူဗိုလ်ချုပ်များနှင့် မတူသည်မှာ သူက တြိဂံပုံမြေကွက်လပ်က တိုက်ပွဲကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့သူဖြစ်ပြီး ဝမ်ချောင်၏ မြင်းတပ်ငါးထောင်၏ ကြောက်မက်ဖွယ်ကောင်းမှုကို သိထားပြီးသားဖြစ်သည်။ ထို့ကြောင့် ကုတုလီက ဟူဗိုလ်ချုပ်များကိုစုစည်းပြီး ပုန်ကန်ရန် စီစဉ်နေသောအခါ ဟယ်ပါးယဲ့က မြင့်မားသော အဆင့်အတန်းကို ထိန်းသိမ်းထားခဲ့သည့် ဟူဗိုလ်ချုပ်တစ်ယောက်နှင့် ဝင်မပါခဲ့ချေ။
အခြားသော ဟူဗိုလ်ချုပ်များနှင့် မတူသည်မှာ ဟယ်ပါးယဲ့က ရောက်လာသောအခါ သူက ဝမ်ချောင်ကို သူ၏အရှင်အဖြစ် အသိအမှတ်ပြုပြီး ခုံရုံးမှဆုံးဖြတ်ချက်ကို လေးစားကြောင်းပြောသည်။ ဝမ်ချောင်ကလည်း နယ်စပ်တွင် တိဗက်များကို ရင်ဆိုင်နေသည့် ချီရှိကာကွယ်ရေးစစ်တပ်ထဲတွင် ရှိနေသော ဗိုလ်ချုပ်များက ကုတုလီနှင့် မတူကြောင်း သိထားပြီးသားဖြစ်သည်။ ထို့ပြင် ဟယ်ပါးယဲ့က မဟာထန်ကို အမှန်တကယ် သစ္စာရှိသောလူဖြစ်သည်။ ထို့ကြောင့် ဟူစစ်တပ်ကို ပြန်လည်စုစည်းပြီးသောအခါ သူက ဟယ်ပါးယဲ့ကို အာဏာလွှွှဲထားခြင်းဖြစ်သည်။
ဟယ်ပါးယဲ့ကလည်းဟူဖြစ်သည်။ သူက စစ်တပ်ထဲတွင်လည်း အဆင့်အတန်းတစ်ခု ရှိပြီးသားဖြစ်သည်။ ထို့ကြောင့် သူက ထိုပုန်ကန်သော ဟူများကို ကောင်းကောင်း ကိုင်တွယ်နိုင်မည်ဟု ယုံကြည်သည်။
အခန်း(၈၄၇)
“ဗိုလ်ချုပ်ဟယ်ပါးက ဟူစစ်သားတွေထဲက နည်းပါးတဲ့ပမာဏကို ခေါ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီထဲက အချို့က ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးတွေထားနေတုန်းပါပဲ”
ရွှီခဲ့ယွီက အသံတိုးတိုးဖြင့်ပြောသည်။
“ဟွန်”
ဝမ်ချောင်က ခပ်ဟဟရယ်လိုက်ပြီးနောက် သူ၏လက်ထဲမှ အနီရောင်အလံလေးကို တာလာ့အနားရှိ ပြင်ကျယ်ပေါ်သို့ ချလိုက်ပြီးနောက် ရွှီခဲ့ယွီကို စိုက်ကြည့်သည်။
“ဒါက ဖုမာန်လင်းချာကြောင့်ပေါ့”
“ဟုတ်ပါတယ်”
ရွှီခဲ့ယွီက ခေါင်းကိုငုံ့လိုက်သည်။ သူ၏အသံက တိုးသွားသည်။ သူက ဟူပုန်ကန်မှုကို စစ်ဆေးခဲ့ပြီးသောကြောင့် ထိုကိစ္စနှင့် ဝမ်ချောင်နှင့် ပတ်သတ်နေကြောင်း သိထားပြီးသားဖြစ်သည်။ တိတိကျကျဆိုရသော် ဖုမာန်လင်းချာနှင့် ပတ်သတ်နေခြင်းဖြစ်သည်။ ဖုမာန်လင်းချာက ချီရှီကို နှစ်ပေါင်းများစွာ အုပ်ချုပ်လာခဲ့သူဖြစ်သည့်အလျောက် နေ့လည်ခင်းနေမင်းကဲ့သို့ အဆင့်အတန်း မြင့်မားခဲ့သည်။ သူ၏ စွမ်းအင်များက ဟူစစ်သည်တော်တိုင်း၏ နှလုံးသားထဲတွင် အမြစ်တွယ်နေခဲ့သည်။
ထိုအတွက်ကြောင့်လည်း ကုတုလီ၏ ပုန်ကန်မှုကို ဖယ်ရှားခဲ့ပြီး ထိုစစ်သည်များကို ထိန်းချုပ်ရသည်အထိ ဖြစ်ခဲ့ရခြင်းဖြစ်သည်။
ဟယ်ပါးယဲ့ တစ်ယောက်တည်းက ထိုပြဿနာကို မဖြေရှင်းနိုင်ချေ။ ရွှီခဲ့ယွီကလည်း ထိုကိစ္စကို ဝမ်ချောင်ကို ကိုယ်တိုင်လုပ်ဆောင်စေချင်ခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ ဦးစွာ အခြားလူများကို ကိုင်တွယ်ခိုင်းထားသေးသည်။
“ရွှီခဲ့ယွီ မင်းက ဒီကိစ္စကို အရမ်းအလေးအနက် ထားနေတာပဲ။ ဒါက ဒီတိုင်း အသေးစား ကတောက်ကဆဖြစ်တဲ့ ကိစ္စတွေလောက်ပဲ။ သူတို့က မင်းထင်ထားသလို လုပ်နိုင်တဲ့ တကယ့်စွမ်းရည်မရှိဘူး။ ဒါ့အပြင် ငါက ငါ့ကိုသီးသန့် ရန်ငြိုးထားနေတဲ့ ဒီဟူစစ်သားတွေကို ကိုင်တွယ်ဖို့ နည်းလမ်းစဉ်းစားထားပြီးသား”
ဝမ်ချောင်က ထိုသု့ိပြောသည်။ သူ၏မျက်နှာက ခပ်အေးအေးသာ ရှိနေသည်။
“အာ”
ရွှီခဲ့ယွီက နောက်ဆုံးတွင် ခေါင်းမော့လိုက်သည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုကို မဖုံးကွယ်ထားနိုင်ချေ။ ထိုပြဿနာက သူ့ကို အချိန်အတော်ကြာ စိတ်ဒုက္ခပေးနေခဲ့သည်။ သူကပင် ဖြေရှင်းချက်ကို မတွေးနိုင်ခဲ့သေးချေ။ သူ့ကိုသတ်သော ကိစ္စကလည်း အဆင်မပြေပြန်ချေ။ မသတ်လျှင်လည်း ဘာမှမလုပ်နိုင်ပြန်ချေ။ ဒါက လည်ချောင်းတွင် ငါးရိုးစူးနေသကဲ့သို့ ဖြစ်နေသည်။ သို့သော် ဝမ်ချောင်ကမူ ကိုင်တွယ်မည့် နည်းလမ်းကို စဉ်းစားပြီးပြီဟုဆိုသည်။
“ဒီစာကိုယူသွားပြီး ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကိုပို့လိုက်။ သူက ပျော်ပျော်ရွှင်ရွှင်နဲ့ ငါ့ကိုသာ ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ယုံကြည်တယ်”
ရွှီခဲ့ယွီက မယုံကြည်နိုင်သလို ကြည့်လိုက်သည်။ ဝမ်ချောင်ကမူ သူ၏ဝမ်းဗိုက်ထဲသို့ ထည့်ထားသည့်စာကို ထုတ်လိုက်သည်။
“အရှင်”
ရွှီခဲ့ယွီ၏မျက်ဝန်းက ချက်ချင်းလိုလို နှေးကွေးလေးလံသွားပြီး သူ၏အမူအရာကလည်း အံ့အားသင့်မှုအပြည့် ဖြစ်သွားသည်။ သူ့အနေဖြင့် ဝမ်ချောင်၏ ရည်ရွယ်ချက်ကို နားလည်ရန် မနည်းကြိုးစားနေရသည်။ ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ် အန်းစစ်ရွှန်းကို ထိုပြဿနာကို ကိုင်တွယ်ခိုင်းလိုက်ပြီး သူတို့၏ လက်ထဲမှ အငြိုးထားနေသော ဟူစစ်သားများကို ခေါ်ဆောင်သွားခိုင်းသော ကိစ္စက အတော်လေး စိတ်ကူးယဉ်ဆန်သော အတွေးဖြစ်သည်။
“အရှင်အန်းစစ်ရွှန်းက ဆန္ဒရှိပါ့မလား”
ရွှီခဲ့ယွီက စိုးရိမ်တကြီးပြောသည်။ သူက ခန့်မှန်းတာ မှန်မယ်ဆိုရင် ဝမ်ချောင်နှင့် ပေ့ထင်ကာကွယ်ရေး ဗိုလ်ချုပ်ကလည်း ဆက်ဆံရေးမကောင်းချေ။ မြို့တော်က မတော်တဆကိစ္စတွင် ဝမ်ချောင်က ထိုမဟာဗိုလ်ချုပ်ကြီးတိုင်းနှင့် ပြဿနာရှိခဲ့လေသည်။ ပို၍ဆိုးသည်မှာ ပေ့ထင်မှ ထိုပုဂ္ဂိုလ်က ဝမ်ချောင်က ချီရှီကာကွယ်ရေးဌာနချုပ် ဖြစ်လာသည့်ကိစ္စကို အတော်လေး ဆန့်ကျင်သူဖြစ်သည်။
ထို့ကြောင့် ဝမ်ချောင်က ဒီကိစ္စတွင် သူ့ကိုအကူအညီတောင်းသော အခြေအနေကမူ ရွှီခဲ့ယွီက မျှော်လင့်ထားသမျှကို ကျော်လွန်သွားသည်။
“မင်းဒါကိုစိုးရိမ်ဖို့မလိုဘူး။ ငါအတိတ်က ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ ဘယ်လိုရန်ငြိုးတွေပဲ ရှိခဲ့ရှိခဲ့ သူက သေချာပေါက် ဒီတောင်းဆိုမှုကို သဘောတူလိမ့်မယ်”
ဝမ်ချောင်က စိုးရိမ်ခြင်းမရှိချေ။ သူ၏အသံတွင် ယုံကြည်မှုအပြည့်က ရှိနေသည်။
“ဟုတ်ကဲ့အရှင်အမတ်”
သူက နားမလည်နိုင်သေးသော်လည်း ရွှီခဲ့ယွီက အမိန့်အတိုင်း စာကိုသွားပို့သည်။
...
ဖလပ် ဖလပ်
ရက်အနည်းငယ်ခန့်ကြာပြီးနောက် ဝမ်ချောင်က ကိုယ်တိုင်လက်ရေးမူဖြင့် ရေးထားသောစာကို သယ်ဆောင်သွားသည့် သတင်းပို့ငှက်က တောင်ပေါ်ဒေသကို စဖြတ်သွားပြီး တဖြည်းဖြည်းချင်း မဟာထန်နှင့် အနောက်ပိုင်းတူရကီ ခါကာနိတ်တို့ကြားမှ တောက်လျှောက် ခရီးထွက်ခဲ့ပြီးနောက် နောက်ဆုံးတွင် မြောက်ဘက်ပိုင်းရှိ ထန်များက အာဏာပိုင်စိုးသည့် ပေ့ထင်ကာကွယ်ရေး စစ်တပ်ထံ ရောက်သွားသည်။
ထိုနေရာမြေပြင်က အလွန်ကျယ်ပြီး နေရာတိုင်းတွင် အဆုံးမဲ့အောင် ကျယ်ပြောသော မြင်ကွင်းကြီးသာရှိနေသည်။ ဒါက အလွန်ကြီးမားသော အနက်ရောင်လွင်ပြင်ဒေသကြီး တစ်ခုကဲ့သို့ဖြစ်သည်။ ထိုအလွန်ကြီးမားသည့် အနက်ရောင်အရာကြီးက အဝေးမှကြည့်လျှင် အနက်ရောင် အတန်းကြီးကိုသာ မြင်ရသည်အထိ အလွန်ကြီးမားနေခဲ့သည်။ ထိုအရာက ကြီးမားသည့် စစ်ပွဲစက်ကြီးဖြစ်သည်။ ထိုစက်ကြီးက ခြောက်ကျန်းမှ ခုနှစ်ကျန်းအထိမြင့်ပြီး အပြင်ဘက်နေရာနားတွင် စောင့်ကြပ်ကာကွယ်သူဟူသော နေရာမျိုးကို ယူထားသည်။ ထို့ပြင် အမျိုးမျိုးသော ကင်းစောင့်နေရာများ စစ်နောက်တန်းမှနေရာများ၊ မျှော်စင်များ စသဖြင့် လူအုပ်သတ္တုနေရာကြီးများလည်း ရှိနေသည်။ ပေ့ထင်ကာကွယ်ရေးစစ်တပ်မှ အနက်ရောင်သံချပ်ကာကို ဝတ်ဆင်ထားကြသော စစ်သည်ထောင်ပေါင်းများစွာက ထိုကင်းစောင့်နေရာများကြားသို့ နေရာယူထားသလို စစ်နောက်ဘက်ခြမ်းနှင့် မျှော်စင်များထဲတွင်လည်း အသီးသီး နေရာယူထားလေသည်။
အားလုံးက အသင့်အနေအထား လှုပ်ရှားနိုင်သည့် ပုံသဏ္ဍန်မျိုးဖြင့် ရှိနေကြသည်။ သို့သော် သူတို့၏ပုံစံက မားမတ်လွန်းနေလေရာ မြေကြီးထဲသို့ အမြစ်တွယ်နေသလိုမျိုးပင် ခံစားရမိပြန်သည်။ သူတို့၏ မျက်လုံးထဲမှ ထွက်နေသည့် အင်အားကြီးမားသည့် အရှိန်အဝါနှင့် သူတို့၏ စူးရှသော အကြည့်များက ပတ်ဝန်းကျင်တစ်ခုလုံးကို တောက်လျှောက်ကြည့်နေသည်။ အချိန်မရွေး သူတို့က တိုက်ပွဲဝင်နိုင်ရန် အသင့်ပြင်ထားကြသည်။
မဟာထန်အင်ပါယာကြီးတွင် မည်သူကမှ ပေ့ထင်ကာကွယ်ရေးစစ်တပ်လောက် သတိအပြည့် မကပ်နေရချေ။ သူတို့က အချိန်မရွေး တူရကီစစ်တပ်ကို ရင်ဆိုင်နိုင်ရန် အရပ်မျက်နှာ အနှံ့မှ ရောက်လာနိုင်သည့် တူရကီများကို ခုခံနိုင်ရန် ပြင်ဆင်ထားရသည်။
ဝှစ်
အနက်ရောင်ငှက်တစ်ကောင်က အဓိကတံခါးမှ ကျော်ဖြတ်ကာ ပျံသန်းလာချိန်တွင် လေပြင်းကပါ ကပ်ပါလာသည်။ ထိုသို့ဖြင့် မည်းမှောင်နေသော ခန်းမထဲသို့ ဆင်းသက်သွားသည်။ ခန်းမကြီးထဲတွင် အသက်သုံးဆယ် အရွယ်ခန့်ရှိမည့် သံချပ်ကာအပြည့် ဝတ်ဆင်ထားသော ဟူတစ်ယောက်က ပုလ္လင်ပေါ်တွင် ထိုင်နေသည်။ သူ၏မျက်နှာတွင် မာကြောမှုကအထင်းသားပေါ်နေသည်။ သူက ဆုံးဖြတ်ချက် ပြတ်သားပုံလည်းပေါ်သည်။ သူက လက်ထဲတွင် အနက်ရောင်စာအုပ် တစ်အုပ်ကို ကိုင်ထားသည်။ သူ၏အာရုံက ထိုစာအုပ်ထံတွင်သာ ရှိနေသည်။
ထိုသတ်လတ်ပိုင်းဟူက ဝင်လာသောငှက်ကို သတိမပြုမိဘဲရှိသည်။
ပေ့ထင်က မကြာခဏဆိုသလို စစ်မီးများ တောက်လောင်နေတတ်သည့် နေရာကြီးတစ်ခုဖြစ်ပြီး ပေ့ထင်ကာကွယ်ရေးစစ်တပ်က စစ်အဖြစ်အများဆုံး အချက်အချာနေရာကြီး ဖြစ်နေခဲ့သည်။ ထို့ကြောင့် ထိုမျှအထိ အန္တရာယ်များပြီး အမြဲသတိကပ်နေရသော နေရာမျိုးတွင် ရှိနေသည့် ထိုအသက်သုံးဆယ်အရွယ် ဟူ၏အရှိန်အဝါကမူ စစ်တပ်ဌာနချုပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်မှာ အားလုံးကို စိတ်အေးစေသော ခံစားချက်မျိုးကို ရစေသည်။ ထို့ပြင် ထိုအရှိန်အဝါကလည်း လေးစားဖွယ်ကောင်းသည်။ သို့သော် တချိန်ထဲတွင်ပင် ပညာဉာဏ်အပြည့်အဝ ပါဝင်သလိုမျိုး လေးစားပီတိ ဖြစ်မိစေလေသည်။ ထို့ကြောင့် မသိသောလူများဆိုလျှင် ထိုနေရာက ကျန်းနန်တွင်ရှိသည့် အချို့သော စံအိမ်ကြီးများထဲမှ တစ်ခုဟုပင် ထင်မိလောက်သည်။ ဒီနေရာကို အေးစိမ့်ဖွယ်ကောင်းသော အန္တရာယ်များလွန်းသည့် မြက်ခင်းပြင်ဒေသဟုပင် မထင်ထားလောက်ကြချေ။
ချွင်
ခန်းမထဲသို့ အေးစက်သောအလင်းက လက်သွားပြီး ထောင်ထောင်မောင်းမောင်းနှင့် ပုံရိပ်တစ်ခုက ရှေ့သို့တက်လာသည်။ သူက ဓားကိုထုတ်လိုက်ပြီးနောက် အနက်ရောင်ငှက်ကိုချိန်သည်။
ပေ့ထင်မှ မျက်နှာဘယ်ဘက်ခြမ်းတွင် အမာရွတ်ရှိသည့် ခက်ထန်သော ဗိုလ်ချုပ်ကြီးက ငှက်၏ခြေထောက်မှ တစ်စုံတစ်ရာကို သတိထားမိသွားပြီး မျက်လုံးပြူးသွားသည်။ သူ၏မျက်နှာတွင် ထူးဆန်းသော အမူအရာက ပေါ်လာသည်။ သူက တခဏခန့်တွေးတောပြီးနောက် ဗိုလ်ချုပ်က ငှက်ကို သူ၏ဓားပေါ် နားစေလိုက်သည်။ ထို့နောက် စာကိုယူပြီး သက်လတ်ပိုင်းအရွယ် လူနားကပ်ကာ ဂါရဝပြုလိုက်သည်။
“အရှင် ဒီမှာစာပါ။ ဒါပေမဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက ဖွင့်မဖတ်ရဲပါဘူး”
မျက်နှာအမာရွတ်နှင့်လူက ခပ်တိုးတိုးပြောသည်။ သူ၏မျက်လုံးကမူ ခြေထောက်ထိပ်သို့သာ စိုက်ကြည့်နေသည်။ သူ့ကိုထိုသို့ စိတ်ရင်းဖြင့် လေးစားစေသောလူက ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ်ကြီး အန်းစစ်ရွှန်းသာဖြစ်သည်။
“ဘာလို့မင်းက မဖတ်ရဲတာလဲ။ စာလာတဲ့အခါ မင်းလိုပေ့ထင်ရဲ့ ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီးက မဖတ်ရဲတဲ့စာ ရှိသေးတာလား”
အန်းစစ်ရွှန်းကရယ်သည်။ သို့သော် သူ၏ခေါင်းက ဆက်ငုံ့နေသေးသည်။ လက်ထဲမှ စာအုပ်ကသာ သူ၏လက်ထဲတွင် ရှိနေသေးသည်။
မျက်နှာအမာရွတ်နှင့် ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီးက ခေါင်းကိုဆက်ငုံ့လိုက်ကာပြောသည်။
“အရှင် ကျွန်တော်တကယ် မဖတ်ရဲပါဘူး။ ဘာလို့လည်းဆိုတော့ ဒီစာမှာ ချီရှီရဲ့တံဆိပ် ရှိနေပါတယ်”
အန်းစစ်ရွှန်းက ပေါ့ပေါ့ပါးပါး ပြုံးလိုက်ပြီး အခြားသော တစ်မျက်နှာကို လှန်လိုက်သည့်အချိန်တွင် ရုတ်တရက် တစ်စုံတစ်ရာက မှားယွင်းနေကြောင်း ခံစားလိုက်မိပြီး မျက်မှောင်ကျုံ့သွားသည်။
“အို”
သူက နောက်ဆုံးတွင် စာအုပ်မှ အကြည့်လွှဲနေသည်။
“ချီရှီဟုတ်လား”
“ဟုတ်ပါတယ် ချီရှီပါ”
ပေ့ထင် ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီးက ရိုသေလေးစားစွာပြောသည်။ သူကလည်း သူ၏ အကြီးအကဲ၏ အတွေးကိုသိသည်။
လွန်ခဲ့သော လအနည်းငယ်အတွင်း မဟာထန် အင်ပါယာကြီးက ကြီးမားသည့် မြေငလျှင်ဒဏ်ကို ခံခဲ့ရပြီး ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့သည့် အင်အားကြီးသော တည်ဆောက်မှု အနေအထားက ကြီးကြီးမားမား ပြောင်းလဲသွားခဲ့သည်။ မင်းသားတစ်ပါးက ပြိုလဲသည်နှင့် သူက အရေးပါသော အရာရှိပေါင်းများစွာကို သယ်ဆောင်သွားသည်။ ကာကွယ်ရေးဗိုလ်ချုပ်ကြီး တစ်ယောက်ကပင် အကျဉ်းချခံရသည်။ ပို၍ဆိုးသည်မှာ သူတော်စင်ဧကရာဇ်၏ အမျက်ဒေါသက ကာကွယ်ရေးဗိုလ်ချုပ်တိုင်းနှင့် မဟာဗိုလ်ချုပ်ကြီးတိုင်းကိုပင် ကြောက်လန့်တုန်ယင်စေခဲ့ခြင်းဖြစ်သည်။
အတိတ်တွင် ဖုမာန်လင်းချာက ချီရှီတွင်ရှိနေခဲ့သောအခါ အန်းစစ်ရွှန်းက ချီရှီကာကွယ်ရေးဗိုလ်ချုပ်ကို ခွင့်ပြုချက်တောင်းရန် မလိုဘဲ စိတ်ရှိတိုင်း အမိန့်ပေးနိုင်လေသည်။ သို့သော် ယခုမူ အင်ပါယာ၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးများနှင့် မဟာဗိုလ်ချုပ်ကြီးတိုင်းကလည်း ချီရှီတွင် ပိုင်ရှင်အသစ်ရှိနေကြောင်း သိနေကြသည်။ သူက ထိုနေရာကို ဝင်ယူလိုက်ခြင်းက ကြီးမားသော မုန်တိုင်းကိုပင် ထန်စေခဲ့သေးပြီး အလွန်အမင်း စီနီယာကျလွန်းသော အင်ပါယာမှ မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ကိုပင် ကျရှုံးသွားစေခဲ့သည်။
လက်ရှိချီရှီကာကွယ်ရေးဗိုလ်ချုပ်က အခြားသော ကာကွယ်ရေးဗိုလ်ချုပ်များနှင့် မဟာဗိုလ်ချုပ်ကြီးများ၏ စိတ်ထဲတွင် ထူးခြားသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်နေသည်။ သူက အသစ်စက်စက် အရာရှိတစ်ယောက်ဖြစ်သည်။ သူ၏လှုပ်ရှားမှုတိုင်းကို လူတိုင်းက စောင့်ကြည့်နေကြသည်။ သို့သော် မည်သူကမှ မမျှော်လင့်ထားသည်မှာ သူပထမဦးဆုံး လှုပ်ရှားလိုက်သည်မှာ ပေ့ထင်ကာကွယ်ရေးစစ်တပ်ထံ စာပို့ခြင်းဖြစ်နေသည်။
သူကသာ မှတ်မိသည်မှာ မှန်ကန်နေခဲ့လျှင် သူတို့က မိတ်ဆွေလည်း မဟုတ်သလို ရင်းနှီးခြင်းလည်း မရှိချေ။
“စာကိုပေး”
အန်းစစ်ရွှန်းကို စာကိုချသည်။ သူ၏မျက်ဝန်းထဲတွင်ရှိနေသော သံသယအပြည့်ပါနေသော အကြည့်နှင့်အတူ သူက ညာဘက်လက်ကို ကမ်းလိုက်သည်။ သူက ပဟေဠိဖြစ်နေသည်။ ထိုစာနှင့်ပတ်သတ်ပြီး လက်မခံနိုင်စရာ အကြောင်းပြချက် ရှိနေမည့်အရေးကိုလည်း တွေးမိသေးသည်။ စာကိုအနက်ရောင်ငှက်၏ ခြေထောက်မှ ယူလိုက်ပြီး တစ်ချက်ကြည့်လိုက်ပြီးနောက် အန်းစစ်ရွှန်းက စရယ်တော့သည်။ သူ၏မျက်မှောင်ကလည်း ပြေသွားသည်။
“စိတ်ဝင်စားစရာပဲ အရမ်းစိတ်ဝင်စားစရာကောင်းတယ်။ ငါတို့ရဲ့ အသစ်စက်စက် ကာကွယ်ရေးဗိုလ်ချုပ်ကြီးက ပထမဦးဆုံးနေ့မှာတင် ငါ့ဆီက အကူအညီတောင်းမယ်လို့ မထင်ထားဘူး”
“အာ”
ပေ့ထင်၏ ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီးက တုန်ယင်သွားသည်။ သူကမူ ထိုအခြေအနေကြောင့် မှင်သက်သွားကြောင်း သိသာသည်။
“အကူအညီတောင်းတယ်ဟုတ်လား အရှင်နောက်နေတာလား”
အတိတ်က ကိစ္စများကို ပြန်ပြောင်းကြည့်ခြင်းနှင့် အသစ်စက်စက် ခန့်အပ်ခံရသည့် ကာကွယ်ရေးဗိုလ်ချုပ်၏ လုပ်ဆောင်မှုများကို ကြည့်ရှု့ကြည့်ပါက ထိုသူက အလွန်အမင်း စိတ်ဓာတ်ခိုင်မာသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ကြောင်း သိသာလေသည်။ ထိုသို့သော လူမျိုးကသာ ဖုမာန်လင်းချာ၏နေရာကို ဝင်ယူရန် လုံလောက်နေမည်ဖြစ်သည်။ ထိုကဲ့သို့သော လူမျိုးက အခြားသူများထံမှ ဘယ်သောအခါမှ အကူအညီ တောင်းခံလိမ့်မည်မဟုတ်ချေ။ အထူးသဖြင့် ယခင်က ကတောက်ကဆ ဖြစ်ခဲ့ဖူးသော လူများဆိုလျှင် ပို၍ဆိုးသည်။ ထိုသို့ ရန်သူများထံမှ အကူအညီ တောင်းခံလိုက်သောကိစ္စက မကြားဖူးသောအခြေအနေ ဖြစ်နေသည်။
“ဟား ဟား ဟား ငါမင်းကို အခုလို မသင်္ကာဖြစ်နေတဲ့ အနေအထားမျိုးနဲ့ မထားပါဘူး။ ရော့ မင်းဘာသာဖတ်ကြည့်လိုက်”
အန်းစစ်ရွှန်းက ဝမ်ချောင်၏စာကို သူ၏လက်ထဲမှ လေနှင့်အတူ လွင့်ထွက်သွားစေပြီး ဒုမဟာဗိုလ်ချုပ်ထံ ရောက်သွားစေသည်။ စာပါအကြောင်းအရာများကို တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ထိုဒုဗိုလ်ချုပ်ကလည်း ကြောင်အသွားသည်။
“သူက ချီရှီကာကွယ်ရေးစစ်တပ်ကို ဒီလိုထိန်းချုပ်နိုင်မယ်လို့ မထင်ထားဘူး။ သူက ကုတုလီလို လူကိုတောင် မတွေးဘဲ သတ်လိုက်သေးတယ်။ အခုသူက ချီရှီကာကွယ်ရေးစစ်တပ်က စစ်သည် တစ်သောင်းကျော်နီးပါးကိုထိန်းဖို့ ငါတို့ရဲ့အကူအညီ လာတောင်းနေတာ”
“ဒါက တောင်းဆိုမှုတစ်ခုပဲ ဒါပေမဲ့ ရိုးရှင်းလွန်းတာထက် ပိုတယ်။ ဒီလူက ဘယ်တော့မှ အကူအညီ တောင်းခံမဲ့လူမျိုး မဟုတ်ဘူး”
အန်းစစ်ရွှန်းကပြောသည်။ သူ၏လက်ချောင်းထိပ်လေးများက ပုလ္လင်ပေါ်သို့ တတောက်တောက် ခေါက်နေပြီးနောက်ပြောသည်။
“သူက ဒီတိုင်း ငါတို့နဲ့ သဘောတူညီမှုယူဖို့ ကမ်းလှမ်းနေတာ။ ငါသဘောတူမယ်ဆိုတာကိုလည်း သူက သေချာနေတယ်”
အန်းစစ်ရွှန်းက ခပ်လှောင်လှောင်ရယ်သည်။ ထိုစာက အလွန်အမင်း စိတ်ဝင်စားစရာကောင်းလွန်းသည်။ သူဒီနေ့တွင် ရရှိခဲ့ဖူးသော စာတိုင်းထဲမှ စိတ်ဝင်စားစရာ အကောင်းဆုံးဖြစ်သည်။ ဒါက အကူအညီ တောင်းခံသော စာဖြစ်သော်လည်း ရေးသူကမူ မသင့်လျော်သော အမူအကျင့်များကို မထည့်သွင်းထားခဲ့ချေ။ ထိုစာထက်ပိုပြီး စိတ်ဝင်စားစရာကောင်းသောအရာ မရှိတော့ချေ။
ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီးကလည်း မျက်လုံးကို မှေးကျဉ်းလိုက်ပြီးနောက်ပြောသည်။
“ဒီကောင်စုတ်လေးက တော်တော်လေးကို အထင်ကြီးစိတ်ဝင်နေတာပဲ။ ကျွန်တော်တို့က သဘောတူမယ်လို့ သူကဘာလို့ သေချာနေရတာလဲ။ ဒါ့အပြင် သူက အခုနောက်ပိုင်း စိတ်လိုက်မာန်ပါ လုပ်လွန်းအားကြီးတယ်။ အရှင် ဘာလို့ကျွန်တော် သူ့ကို ပြန်မငြင်းရမှာလဲ။ သူ့ကို ဒီလိုဖြတ်ရိုက်ပြီး သင်ခန်းစာပေးမှဖြစ်မယ်”
ချီရှီကာကွယ်ရေးစစ်တပ်၏ လူငယ်အမတ်က ပေ့ထင်မှ ကြိုဆိုခံရသော ဧည့်သည်မဟုတ်ချေ။ ယခုလိုမျိုး ခပ်ရိုင်းရိုင်း အကူအညီ တောင်းလာသည့်အခါ ခပ်ပြတ်ပြတ်သာ ငြင်းခြင်းက အကောင်းဆုံးဖြစ်သည်။
“ငြင်းမယ်ဟုတ်လား”
အန်းစစ်ရွှန်း၏ မျက်ဝန်းအတွင်း အတွေးနက်သွားသော အကြည့်မျိုးက ပေါ်လာသည်။ ထို့နောက်သူက ရယ်ပြီး ခေါင်းခါသည်။
“ဘာလို့ငါတု့ိက ငြင်းရမှာလဲ”
“အရှင် အရှင်က သဘောတူချင်တာလား”
မျက်နှာအမာရွတ်နှင့်ဗိုလ်ချုပ်က ကြောင်အသွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက အထင်းသားပေါ်လာသည်။ ထိုအဖြေက သူမျှော်လင့်ထားသော အဖြေမျိုးမဟုတ်ချေ။ ထိုအချိန်တွင် အက်ရှာဘာရာခါကန်းဆိုသည့် အနောက်တူရကီဘက်မှ ခါကန်းက သူ့ရှေ့ပေါ်လာလျှင်ပင် ထိုမျှအံ့ဩလိမ့်မည်မဟုတ်ချေ။
“ဒီကောင်စုတ်လေးက ကျွန်တော်တို့ရဲ့ရန်သူလေ”
ကာကွယ်ရေးဗိုလ်ချုပ်ကြီး၏ အဖြေက သူ၏နှလုံးသားကို မိုးကြိုးပစ်ချလိုက်သလိုဖြစ်သွားသည်။ သူကလည်း သူ၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးကဲ့သို့ ဝမ်ကလန်မှ အငယ်ဆုံးသားကို ရန်သူအဖြစ် အမြဲသတ်မှတ်ထားသောလူက ဒီလိုအခြေအနေမျိုးတွင် ကူညီရန် လက်ခံလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။
အခန်း(၈၄၈)
မဟာဗိုလ်ချုပ်တွေကြားကစည်းမျဉ်း
“မင်းနားလည်ဖို့ တအားခက်နေတယ်မဟုတ်လား”
အန်းစစ်ရွှန်းကရယ်ရင်း ပုလ္လင်ပေါ်မှ ဆင်းလိုက်သည်။ သူ၏အမူအရာက ခပ်အေးအေးသာ ဖြစ်နေသေးသည်။ သူက အင်အားပြည့်ဝပြီး မြင်နိုင်စွမ်းအား ရှိလွန်းသည်ဆိုသော အရှိန်အဝါမျိုးကို လွှတ်ထုတ်လိုက်သည်။
“ရန်သူသီးသန့်ဆိုတာ မရှိသလို မိတ်ဆွေသီးသန့်ဆိုတာလည်း မရှိဘူး။ အတိတ်က ဖုမာန်လင်းချာပဲဖြစ်ဖြစ် အခုလက်ရှိ ရောက်နေတဲ့ လူငယ်အမတ်ပဲဖြစ်ဖြစ် သူတို့စာထဲကလေသံက ရိုင်းရိုင်း ကောင်းကောင်း ငါတို့အတွက် အကျိုးအမြတ်ရှိနေသမျှ ငါတို့သေချာပေါက် လက်ခံရလိမ့်မယ်။ ဒီစာက ရိုင်းတယ်လို့ ထင်နေရပေမဲ့ ငါတို့ဂရုမစိုက်သင့်ဘူး။ ငါတို့အတွက် အကျိုးမသာတဲ့ အခြေအနေမျိုးဆိုရင်တော့ ငါတို့ကသေချာပေါက် ငြင်းရမှာပေါ့။ ဒါက သာယာနာပျော်ဖွယ်ကောင်းတဲ့လေသံ ယဉ်ကျေးတဲ့ အသုံးအနှုန်းနဲ့ သုံးထားတယ်ဆိုရင်တောင်မှ ဆက်စဉ်းစားဖို့ မလိုအပ်ဘူး”
“ငါချီရှီက ဒီကောင်လေးကို အထင်သေးနေခဲ့မိတာ။ ငါကတော့ ဒီကောင်လေးက ဒီတိုင်း သာမာန်သတ္တိမျိုး ရှိတဲ့လူ၊ သေးငယ်တဲ့ အဖွဲ့လေးတွေကို ကိုင်တွယ်စီစဉ်နိုင်စွမ်း ရှိတဲ့လူလို့ ထင်ခဲ့တာ။ ဒီလိုလူမျိုးက ဘယ်လောက်ပဲတောက်ပတောက်ပ သူတို့ ဘယ်လောက်မြန်မြန် မြင့်တက်မြင့်တက် ငါခဲ့ရှု့ဟန်တို့လို လူတွေက အာရုံစိုက်ဖို့တောင်မတန်ဘူး။ ဒါပေမဲ့ သူက ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ခန့်အပ်ခံရပြီး ရက်အနည်းငယ်ထဲနဲ့ မဟာဗိုလ်ချုပ်တွေရဲ့ ကစားပွဲရဲ့ နောက်ကွယ်ကစည်းမျဉ်းကို ဖမ်းဆုပ်လိုက်နိုင်မယ်လို့ မထင်ထားဘူး။ ငါတောင်မှ ဒီကောင်လေးက ငါခဲ့ရှု့ဟန်နဲ့ ကျန်းရှို့ကွေးတို့ ကစားတဲ့ လက်ရွေးစင်အင်ပါယာ ပွဲစဉ်ထဲကို ဝင်ရောက်ဖို့ အဆင့်မှီတယ်လို့ ဝန်ခံရမယ်”
အန်းစစ်ရွန်း၏ မျက်ဝန်းက ခန်းမ၏နံရံများကို ထိုးဖောက်မတက် စိုက်ကြည့်နေသည်။ သူ၏မျက်နှာတွင်လည်း နက်နဲသောအပြုံးက ပေါ်လာသည်။
ထိုအချိန်တွင် မျက်နှာအမာရွတ်နှင့် ဒုကာကွယ်ရေးဗိုလ်ချုပ်ကြီး၏ မေးရိုးက အဟောင်းသားဖြစ်သွားပြီး မျက်လုံးက ပြူးကျယ်သွားသည်။
လက်ရွေးစင်များ၏ အင်ပါယာကစားပွဲဆိုသည်မှာ... သူက အန်းစစ်ရွှန်း၏နောက်သို့ လိုက်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သော်လည်း ပထမဦးဆုံးအကြိမ် ဗိုလ်ချုပ်များကြားမှ လျို့ဝှက်ချက်မျိုးကို ကြားဖူးသည်။
“မတွေးနဲ့တော့ ဒီတိုင်းငါတို့ရဲ့ အသစ်စက်စက် ချီရှီဗိုလ်ချုပ်ဆီကိုပဲ ပြန်စာပို့လိုက်။ ပေ့ထင်ကာကွယ်ရေး စစ်တပ်က မကြာခဏ တိုက်ပွဲဖြစ်နေရလို့ စစ်သားတွေ အမှန်တကယ် လိုအပ်နေတယ်။ ဒီတော့ သူ့ရဲ့ ဟူစစ်သားတွေကို ငါယူလိုက်မယ်”
ထိုစကားလုံးများနှင့်အတူ အန်းစစ်ရွှန်း၏မျက်ဝန်းက တောက်ပသော အလင်းတန်းများဖြင့် ထိန်လင်းလာသည်။
“ဟုတ်ကဲ့အရှင်”
......
ရက်အနည်းငယ်ကြာပြီးနောက် ချီရှီကာကွယ်ရေးစစ်တပ်...
“အရှင် ပေ့ထင်ကာကွယ်ရေးဗိုလ်ချုပ်က သူက ကျွန်တော်တို့ ဘယ်လောက်ပေးချင်ချင် ဟူစစ်သားတွေ ဘယ်လောက်များများ ယူမယ်လို့ ပြန်စာပို့လာပါတယ်”
ရွှီခဲ့ယွီက စိတ်လှုပ်ရှားစွာဖြင့် ခန်းမထဲသို့ ဝင်ပြေးလာသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်မှုက ထင်ဟပ်နေသေးသည်။
အန်းစစ်ရွှန်းကဲ့သို့ အင်ပါယာ ကာကွယ်ရေးဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ပြီး အမတ်နှင့် မကြာခဏ ကတောက်ကဆဖြစ်ခဲ့သော လူတစ်ယောက်က ကူညီရန် သဘောတူခဲ့သည်။
“အဲ့ဒီလိုလား”
ဝမ်ချောင်က ခေါင်းကိုအသာမော့သည်။ သူ၏မျက်လုံးထဲတွင် အံ့အားသင့်မှုများမရှိချေ။
“အန်းစစ်ရွှန်းကိုလည်း ငါက ချီရှီကာကွယ်ရေးစစ်တပ်က စစ်သားတွေကို သူ့ဆီကို လျှင်လျှင်မြန်မြန် ပို့ပေးစရာ မလိုဘူးဆိုတာကို နားလည်တဲ့အကြောင်း ပြန်စာပို့လိုက်ပါ”
ဝမ်ချောင်၏လေသံက သက်တောင့်သက်သာ ရှိနေသေးသည်။ သူက ယုံကြည်မှု ရှိနေသေးသည်။ သူက အရေးမပါသော ကိစ္စတစ်ခု ကိုင်တွယ်နေရသလိုမျိုး အန်းစစ်ရွှန်းက သူ၏တာဝန်နှင့် သက်ဆိုင်သဖြင့် လုပ်သင့်သောအရာကို လုပ်ပေးနေရသလို ပြုမူလာသည်။ ရွှီခဲ့ယွီကပင် မှင်သက်သွားသည်။ သူက သူ၏အရှင်ဖြစ်သူကို ပို၍ပင် လေးစားမိသွားသည်။ သူ၏အမတ်က ထိုသု့ိလုပ်နိုင်စွမ်းအားရှိသည်။
ဝမ်ချောင်က ဖျော့တော့စွာ ပြုံးပြီးမှသာ ခေါင်းကိုပြန်ငုံ့လိုက်ပြီး ရန်ဟုန်ချန်းက ပို့လာသည့်စာကို ဖတ်သည်။
“အနာဂတ်မှာ မင်းနားလည်လာပါလိမ့်မယ်။ အခုတော့ ဒီအကြောင်းကို ဟယ်ပါးယဲ့ကိုပြောပြလိုက်”
အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများနှင့် ကာကွယ်ရေးဗိုလ်ချုပ်ကြီးများက အချင်းချင်း အဆက်အသွယ် လုပ်သည့်အခါ သူတို့၏ ခံစားချက်များကြောင့် လွှမ်းမိုးခံရခဲသည်။ အရာအားလုံးက အကျိုးအမြတ်နှင့် အခြေအနေ တစ်ခုလုံးကို သုံးသပ်ပြီးနောက် လုပ်ဆောင်ရခြင်းဖြစ်သည်။ ဒါက ဗိုလ်ချုပ်တိုင်းက လိုအပ်သည့် အရည်အသွေးလည်းဖြစ်သည်။ ထိုသို့မလုပ်နိုင်လျှင် ဒါက ကောင်းမွန်သော မဟာဗိုလ်ချုပ်ကြီး ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သို့ရာတွင် ဒီတစ်ယောက်က အဆင့်အတန်းတူထဲတွင် ရှိသော မဟာဗိုလ်ချုပ်ကြီးများနှင့် ကာကွယ်ရေးဗိုလ်ချုပ်ကြီးများ အားလုံးက ပစ်မှတ်ထားသော အခြေအနေမျိုးကို ကြုံတွေ့ရနိုင်သေးသည်။ ထိုအဆင့်အတန်းထဲသို့ ဝင်နိုင်သောသူက ထိုအဆင့်များ၏ ကစားပွဲအတွင်း ဝင်ရောက်နိုင်ခွင့်မရှိချေ။
သူ၏ယခင်ဘဝတွင် လောက၏ မဟာမာရှယ်ဖြစ်ခဲ့သောသူက လေးစားရသည့် စစ်သူတော်စင်တစ်ပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် ထိုအခြေအနေကို ကောင်းကောင်း နားလည်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
ရွှီခဲ့ယွီက တစ်ဝက်သာလျှင်နားလည်သည်။ သို့သော်သူက ခပ်မြန်မြန် ထွက်သွားလိုက်သည်။
ရွှီခဲ့ယွီက ထွက်သွားသောအခါ ဝမ်ချောင်က လက်ထဲရှိစာကို ဆက်ဖတ်သည်။ အလွန်ဝေးကွာသော တစ်နေရာသို့ အကြွေးတင်နေသည်။ မဟာထန်က အနောက်ပိုင်းဒေသထဲတွင် စစ်သားများ အမြဲတစေ လိုအပ်နေခဲ့သည်။ အနောက်ဘက်ဒေသတွင် စခန်းချထားသော စစ်သားများက အခြားသော ကာကွယ်ရေးစစ်တပ်မှ စစ်သားများထက် ပို၍ပင် စွမ်းအင်ပြည့်ဝသေးသည်။ သို့သော် ဒါကတင် လက်ရွေးစင်စစ်သားများ၏ အသုံးပြုနိုင်မှု၏ မူဝါဒက တွန်းအားပေးခံရသလို ဖြစ်နေခြင်းဖြစ်သည်။
အနာဂတ်မှ ကပ်ဘေးများကို ဖြေရှင်းနိုင်ရန်အလို့ငှာ ချီရှီနှင့် အန်းရှီမှ တပ်ဖွဲ့များလောက်က မလုံလောက်သေးချေ။
အနောက်ပိုင်းဒေသ၏ အကြီးမားဆုံး အားသာချက်က ကြေးစားစစ်သားများ ရနိုင်ခြင်းဖြစ်သည်။ ပိုက်ဆံသာ ရမည်ဆိုလျှင် အင်အားအလုံးအရင်းဖြင့် ရနိုင်သည်။ ဒါက ဝမ်ချောင် ရန်ဟုန်ချန်းကို တောင်းဆိုပြီး အနောက်ပိုင်းဒေသမှ ကြေးစားစစ်သားအဖွဲ့များကို စုံစမ်းခိုင်းထားသည့် ရလဒ်ဖြစ်သည်။
.....
ဟယ်ပါးယဲ့နှင့် ရွှီခဲ့ယွီတို့၏ လုပ်နိုင်စွမ်းအားက မျှော်လင့်ထားသည်ထက် သာလွန်သည်။ တစ်ညတည်းတွင်ပင် ချီရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်သောင်းကျော်က တဖန်ပြန်လည် စုစည်း၍ပြီးသွားသည်။ ချီရှီကာကွယ်ရေးစစ်တပ်တွင် ကျန်နေရစ်သော လူများလည်းရှိသည်။ ဟန်နောက်လိုက်အဖြစ် ချီရှီကာကွယ်ရေးစစ်တပ်တွင် ဆက်မနေချင်သောသူများကိုမူ ဟယ်ပါးယဲ့၏ အမိန့်အောက်သို့ ပို့ထားလိုက်သည်။ ဟယ်ပါးယဲ့၏ လက်အောက်သို့ မဝင်ချင်သောသူများကမူ အန်းစစ်ရွှန်းကို ခစားရန် ပေ့ထင်ကာကွယ်ရေးစစ်တပ်သို့ ပို့မည်ဖြစ်သည်။ ဟယ်ပါးယဲ့ကလည်း ထိုကိစ္စကို ရိုးသားစွာ တားမြစ်ချင်သည့်တိုင်အောင် သူသည်လည်း ဘာမှမတက်နိုင်ချေ။ လွယ်ပေမဲ့ ပြုတ်ကျသွားသော ဖရဲသီးက မချိုတော့ချေ။ ထိုစစ်သားများက မနေချင်ခဲ့လျှင် သူတို့ကို ဒီနေရာတွင် ဖိအားသုံးကာ နေခိုင်းထားခြင်းကလည်း အဓိပ္ပာယ်မရှိချေ။ ဒါက အနာဂတ်တွင် အရှုပ်အထွေးများကိုသာ ဖြစ်လာစေပေလိမ့်မည်။
အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က ချီရှီကို ပုံစံတကျပြန်ဖြစ်အောင် ဆက်လက်ပြီး ဆောင်ရွက်နေခဲ့ရသည်။ ‘နေရင်နေ မနေရင်သွား’ဆိုသော စီမံကိန်းက ကျစ်ကာလ အဆုံးအထိ ဆက်ဖြစ်သွားခဲ့သည်။ နောက်ဆုံးတွင် ဖုန်ကာလသို့ရောက်သောအခါ ခန်းမတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
“ငါတို့ဆက်စောင့်လို့မရဘူး”
အမှောင်ထဲတွင် ခပ်တိုးတိုးလေသံများကို ကြားရသည်။ ထိုအသံကို ပြောလိုက်သောလူ၏ လေသံက ဟူသို့မဟုတ် ဟန်ဘာသာစကားနှင့် မတူညီချေ။ သို့သော် ပို၍ရှုပ်ထွေးသော ဘာသာစကားမျိုး ဖြစ်နေသည်။ ထိုသို့သော လေသံမျိုးကို အနောက်ပိုင်းဒေသတွင်သာ ကြားနိုင်သည်။
“ဒီလူငယ် ဟန်ကာကွယ်ရေးဗိုလ်ချုပ်က တော်တော်လေး လေးစားစရာကောင်းတယ်။ သူက ဒီလိုဆက်ပြီး စုံစမ်းနေမယ်ဆိုရင် ငါတို့ရဲ့နောက်ခံက အနှေးနဲ့အမြန် ပေါ်သွားမှာပဲ”
နောက်ထပ် အသံတစ်သံက ခပ်တိုးတိုးပြန်ပြောသည်။
ချီရှီကာကွယ်ရေးစစ်တပ်၏ နောက်တန်း အစွန်အဖျားတစ်နေရာ၊ အမိုးခုံးမြင့်ကြီး၏အောက်တွင် ပုံရိပ်တစ်ခုက အမှောင်ထုထဲတွင် လှုပ်ရှားနေကြသည်။ သူတို့က ဟန်စစ်သားများရှိရာဘက်သို့ သွားခြင်းမဟုတ်သလို ပေ့ထင်သို့ ပြောင်းပေးနေသည့် ဟူစစ်သားများရှိရာဘက်သို့ သွားခြင်းလည်းမဟုတ်ချေ။ သူတို့က အနောက်မြောက်ပိုင်းသို့သွားနေသည်။
“မြန်မြန် နေထွက်လာတဲ့အခါ ငါတို့လွတ်နိုင်တော့မှာ မဟုတ်ဘူး။ ငါတို့ ဒီအကြောင်းကို အရှင်အုပ်ချုပ်သူဆီ ပြန်လည်တင်ပြရမယ်။ အနာဂတ်မှာ ငါတို့အတွက် ပြဿနာအကြီးကြီး ဖြစ်နေတော့မှာပဲ”
“အွန်း အရှေ့ဘက်ပိုင်းမှာ အင်အားကြီးမားတဲ့ ဒီလိုစစ်သားတွေ ရှိမယ်လို့ မထင်ထားဘူး။ အရှင်အုပ်ချုပ်သူကတော့ ငါတို့ရဲ့ ရှာဖွေတွေ့ရှိမှုကြီးအတွက် သေချာအာရုံစိုက်ပေးတော့မှာပါ”
ထိုလူများက အချင်းချင်း ခပ်တိုးတိုးပြောနေကြပြီး ဓားမောက်ရှည်များကိုသုံးကာ ခြံစည်းရိုးကို လူတစ်ယောက် ထွက်နိုင်သော အပေါက်မျိုးဖြစ်အောင် ခုတ်ဖြတ်နေကြသည်။ ထိုလူများက ထူးဆန်းသော ပုံစံမျိုးဖြင့် ထိုနေရာကို ဖြတ်သန်းသွားလာနေကြသည်မှာ ရွံ့ထဲတဖြတ်ဖြတ် လူးနေသော ငါးများအလား ထင်ရသည်။
“သွားရအောင်”
သူတို့က စစ်နောက်တန်းမှ ထွက်လိုက်သည်နှင့် သက်ပြင်းချလိုက်နိုင်သည်။ ချက်ချင်းလိုလို အနောက်ဘက်ပိုင်းသို့ ဦးတည်ကြသည်။ သို့သော် သူတို့က သိပ်ဝေးသောနေရာသို့ မရောက်နိုင်ခင် သူတို့ရှေ့မှအော်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
“ရပ်စမ်း မင်းတို့က ဘယ်နေရာကို သွားမှာလဲ”
“သူလျိူတွေ သူတို့ကို မလွတ်စေနဲ့”
“အားလံုံးကိုဖမ်း”
စွစ် စွစ် စွစ်
ထိုလူများပတ်ပတ်လည်မှ မီးမြှားမိုးများက ရွာသွန်းလာသည်။ ထို့နောက် မီးတုတ်ပေါင်းများစွာကလည်း ထိန်လင်းလာသည်။ မည်းမှောင်နေသောညတွင် အရပ်မျက်နှာအနှံ့မှ ထူထပ်လာသော ပုံရိပ်ပေါင်းများစွာက ဝံပုလွေကြီးများအလား ထင်ရသည်။
ဒုန်း ဒုန်း ဒုန်း
မြင်းခွာသံများနှင့်အတူ မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားပြီး မြင်းတပ်က ရောက်ရှိလာသည်။ မျက်တောင်တခတ် အချိန်အတွင်း ဝူရှန်းမြင်းတပ် သုံးဆယ်မှ ငါးဆယ်ခန့်က ထိုနေရာသို့ရောက်လာသည်။ သူတို့က ပတ်ဝန်းကျင် တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ရစေရန် မီးတုတ်များကို မြှောက်ကိုင်ထားကြပြီး အမှောင်ထုကို အကာအကွယ်ယူကာ ထွက်ပြေးရန်ကြိုးစားသည့် ထိုလူများကို ထင်ထင်ရှားရှား မြင်လိုက်ရသည်။
မီးတုတ်များ၏ အလင်းရောင်အောက်တွင် ထိုလူများက နှာခေါင်းမြင့်မြင့်နှင့် မျက်ဝန်းနက်ကြောင်း မြင်နိုင်သည်။ သူတို့၏ ပါးရိုးကလည်း ထင်းသေးသည်။ သူတို့က ဟူအများစုနှင့် တူသော်လည်း သူတို့၏ အပြာရောင်မျက်ဝန်းများက သူတို့ကို ခြားနားစေသည်။
အနောက်ပိုင်းဒေသတွင် မည်သူကမှ ထိုသို့ထူးဆန်းသော မျက်ဝန်းမျိုးမရှိကြချေ။
“အာရပ်တွေ”
ဝူရှန်းမြင်းတပ်၏ ရှေ့ဆုံးမှ ရွှီခဲ့ယွီက မှင်သက်သွားသည်။ သူ၏အနောက်မှ လူများအားလုံးက တည်ကြည်သော မျက်နှာထားများ ဖြစ်သွားကြသည်။ ချီရှီကာကွယ်ရေးစစ်တပ်တွင် လူနှစ်မျိုးသာရှိသည်။ ဟူနှင့်ဟန်ဖြစ်သည်။ သူတို့က ဝမ်ချောင်၏ အမိန့်နောက်လိုက်ပြီး ကင်းထောက်နှင့် သူလျိုများအားလုံးကို ရင်ဆိုင်ရန် ကင်းလှည့်နေရခြင်းဖြစ်သည်။ သို့သော် အာရပ်များကို ဖမ်းမိမည်ဟု မမျှော်လင့်ထားခဲ့ချေ။
ထု့ိပြင် သူတို့က ချီရှီကာကွယ်ရေးစစ်တပ်၏ သံချပ်ကာများကို ဝတ်ဆင်ထားကြသေးသည်။ မီးတုတ်၏ အလင်းရောင်အောက်တွင် ထိုနေရာတစ်ခုလုံးက တိတ်ဆိတ်သွားသည်။
ဝူရှန်းမြင်းတပ်က သူတို့၏ လွတ်လမ်းတိုင်းကို ပိတ်ထားပြီး ချီရှီစစ်သားများက အဝေးမှ လာနေကြောင်း မြင်သောအခါ ထိုအာရပ်များက ချက်ချင်းလိုလို ထိတ်လန့်သွားကြသည်။
...
“ဘာ”
နောက်တစ်နေ့ နေ့အချိန်တွင် ချီရှီကာကွယ်ရေးစစ်တပ် အဓိကခန်းမထဲတွင် ဝမ်ချောင်က ရွှီခဲ့ယွီ၏ တင်ပြချက်ကြောင့် ကြောင်သွားသည်။
“ချီရှီကာကွယ်ရေးစစ်တပ်ထဲမှာ အာရပ်သူလျိုတွေကို ဖမ်းမိတယ်။ သူတို့က ဟူမြင်းတပ်အဖြစ် ရုပ်ဖျက်ထားတယ်ဟုတ်လား”
“ဟုတ်ပါတယ်အရှင် ကျွန်တော် လူဝင်မှုကို စုံစမ်းစစ်ဆေးပြီးပါပြီ။ သူတို့က ဟူနာမည်အောက်မှာ ချီရှီကာကွယ်ရေးစစ်တပ်ထဲကို စာရင်းသွင်းထားကြတာပါ။ နောက်ပြီး မှတ်တမ်းတွေအရဆိုရင် သူတို့က ဒီနေရာကိုရောက်တာ ခြောက်လဝန်းကျင်လောက်ကြာပါပြီ”
ရွှီခဲ့ယွီက ခေါင်းငုံ့ထားသည်။ သူ၏မျက်နှာကလည်း လေးနက်နေသည်။ သူက ထိုသို့ပြောနေသည့် အချိန်တွင် သူ၏ အနောက်သို့ လက်ယမ်းပြလိုက်သည်။
“ခေါ်လာခဲ့လိုက်”
ခွပ် ခွပ် ခွပ်
ဝူရှန်းမြင်းတပ်အချို့က ချက်ချင်းလိုလို ဝင်လာပြီးနောက် ကြိုးဖြင့်တုတ်ထားသော အာရပ်စစ်သားများကို မြေပြင်ပေါ်သို့ တွန်းချလိုက်သည်။
ဝမ်ချောင်က ထောင်ထောင်မောင်းမောင်း အာရပ်စစ်သားများကို ကြည့်လိုက်ပြီး သူ၏မျက်နှာက တင်းမာသွားသည်။
ဝမ်ချောင်ကလည်း ယခင်က အာရပ်ကုန်သည်များကို မြင်ဖူးသည်။ သူက ယခင်ပေါ့ပေါ့ပါးပါး နေထိုင်ခဲ့သော အတောအတွင်း ထိုလူများနှင့် အကြိမ်အနည်းငယ် ထိတွေ့ဆက်ဆံခဲ့ဖူးသည်။ ထိုအာရပ်ကုန်သည်များက လူအများစုက ထင်ထားကြသော ပုံစံအတိုင်း ခပ်ဝဝနှင့် ဖော်ဖော်ရွေရွေရှိသည်။ သူတို့က ကြွယ်ဝသူများ၏ ဝတ်စုံများကို ဝတ်ဆင်ထားလေ့ရှိသည်။ သူတို့၏ လက်ချောင်းတွင်ပင် မဟူရာဖြင့်လုပ်သော လက်စွပ်များ ပြည့်နေတတ်သည်။ သူတို့က ဒီတိုင်း အရေးမကြီးသော လူများဟုပင် ထင်ရစေသည်။
ယခု အာရပ်များကမူ ကွာခြားနေသည်။ သူတို့က အရပ်ရှည်ကြသည်။ အချိုးအစားလည်းကျသည်။ ခန္ဓာကိုယ်လည်း တောင့်တင်းသည်။ သူတို့ကို သံမဏိဖြင့် လုပ်ထားသလိုမျိုး ပေါက်ကွဲနိုင်သည့် အင်အားမျိုးဖြင့် ပြည့်နှက်နေခဲ့သည်။ ထပ်ပေါင်းဆိုရသော် သူတို့၏လက်မှ ထူထည်းလွန်းသော အသားမာများက သူတို့၏ အဆင့်အတန်းကို ထောက်ပြနေသည်။ သူတို့က ဒီတိုင်း ခရီးသွားကုန်သည်များ မဟုတ်ဘဲ အာရပ်စစ်တပ်မှ ပုံမှန်စစ်သားများ ဖြစ်နေသည်။
ဝမ်ချောင်ကလည်း ဒီလိုအခြေအနေမျိုးတွင် အာရပ်စစ်သားများကို ယခုလို တွေ့ဆုံရမည်ဟု မမျှော်လင့်ဖူးချေ။
အာဘက်ဆစ်ကယ်လီဖိတ်ကတင် ဝမ်ချောင်၏စိတ်ထဲရှိ အလွန်အမင်း လေးစားဖွယ် ပြိုင်ဘက်များ ဖြစ်နေခဲ့ပြီးသားဖြစ်သည်။ သူက ချီရှီကာကွယ်ရေးစစ်တပ်ရှိ အရာအားလုံးကို သေချာကိုင်တွယ်ခဲ့ပြီး အခြား အခြေအနေများကို အဆုံးသတ်ပြီးသည်နှင့် ဝမ်ချောင်က အာရပ်ထံ ဓားချိန်ရန် ကြံစည်ထားပြီးသားဖြစ်သည်။ သူတို့က မလာလျှင်ပင် ဝမ်ချောင်ကိုယ်တိုင်က သွားရှာရန် စဉ်းစားထားသည်။ သို့သော် ဝမ်ချောင်အနေဖြင့် သူ၏ ရိုင်းစိုင်းသော အိမ်မက်များတွင်ပင် ထိုအာရပ်များက ချီရှီကာကွယ်ရေးစစ်တပ်ထံ လက်သည်းဆန့်ထုတ်ထားပြီးကြောင်း မသိထားချေ။ သူက ဟူစစ်တပ်နှင့်ပင် ရောနှောထားသေးသည်။
ဝမ်ချောင်က အာရပ်များကို အမြဲတစေ သတိအနေအထားဖြင့် စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သို့သော် ယခုတစ်ချိန်ကမူ သူက ခန့်မှန်းထားသမျှကိုပင် ကျော်လွန်သွားသေးသည်။
အခန်း(၈၄၉)
အန်းရှီ၏ ရုတ်တရက် အပြောင်းအလဲ
“ငါမေးမယ် မင်းတို့အားလုံးကို ဘယ်သူက ပို့လိုက်တာလဲ”
ဝမ်ချောင်က ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားပြီး အာရပ်များ၏ရှေ့တွင်ရပ်သည်။ သူ၏ခန္ဓာကိုယ်မှ အင်အားကြီးမားပြီး ဖိနှိပ်လိုသော အရှိန်အဝါမျိုးကို လွှတ်ထုတ်ထားသည်။ သို့သော် အာရပ်များကမူ ခေါင်းများကို လှည့်သွားကြပြီး သူပြောသည့်စကားကို နားမလည်ချင်ယောင် ဆောင်နေကြသည်။ ဝမ်ချောင်က ထိုမြင်ကွင်းကြောင့် နှာခေါင်းရှုံ့ကာ လှောင်ရယ်လိုက်သည်။ ထိုလူများက ထန်စစ်သားများအဖြစ် အောင်မြင်စွာ ရုပ်ဖျက်ပြီး ချီရှီထဲသို့ ဝင်နိုင်ခဲ့ကတည်းက သူက ဟန်ဘာသာစကား နားမလည်ရန် မဖြစ်နိုင်ချေ။
“အပုမူစလင်မဟုတ်လား”
ဝမ်ချောင်က ရုတ်တရက်မေးသည်။ ဒီတစ်ကြိမ်တွင် သူက ဟန်ဘာသာစကားနှင့် မဟုတ်ဘဲ အာရပ်ဘာသာစကားဖြင့် ပြောလိုက်ခြင်းဖြစ်သည်။
ဝုန်း
ထိုစကားလုံးများကြောင့် အာရပ်များက တုန်ယင်သွားကြပြီး ခေါင်းများလှည့်သွားကြသည်။ သူတို့၏ ပါးစပ်ကပင် အဟောင်းသားပွင့်ပြီး မျက်နှာက ပြာနှမ်းဖြူဖျော့သွားသည်။
ဝမ်ချောင်က ထိုအခြေအနေကို မြင်သောအခါ သူ၏နှလုံးသားက လေးလံသွားသည်။
အပုမူစလင်ဆိုသည်မှာ အာဘတ်ဆစ်ကယ်လီဖိတ်၏ အရှေ့ပိုင်းမှ အုပ်ချုပ်သူဖြစ်သည်။ သူက အနောက်ပိုင်းဒေသတွင် မဟာထန်၏ အင်အားအကြီးဆုံး ရန်သူလည်းဖြစ်သည်။ အနာဂတ်တာလာ့တိုက်ပွဲတွင် ထိုလူက အာဘတ်ဆစ်ကယ်လီဖိတ်အတွက် အကျွမ်းကျင်ဆုံး ဗိုလ်ချုပ်ကြီးရာထူးဖြင့် ပါလာပေလိမ့်မည်။ ထိုအာရပ်များက သူ့ကိုမဖြေသော်လည်း သူတို့၏ တုန့်ပြန်မှုကတင် အရာအားလုံးကို ပြောပြလိုက်ပြီးသားဖြစ်သည်။
ဟမ့် သူ့ရဲ့လက်သည်းတွေက ဒီနေရာထိ ရောက်နေမယ်လို့ မထင်ထားဘူး။
ဝမ်ချောင်၏နှလုံးသားက လေးလံကာ ကျဆင်းသွားသလို ခံစားလိုက်ရသည်။
အရှေ့ပိုင်းမှ အာဘတ်ဆစ်ကယ်လီဖိတ်နှင့် ပတ်သတ်လျှင် ဝမ်ချောင်၏ ဗဟုသုတများက အကန့်အသတ်ရှိသည်။ တာလာ့တိုက်ပွဲမှ အာရပ်ဘက်က အင်အားအကြီးဆုံး ဗိုလ်ချုပ်နှင့် ပတ်သတ်ပြီး သူသိထားသော အရာများက နည်းပါးသည်။ ဝမ်ချောင်ကလည်း သူကဒီတိုက်ပွဲကို တိတ်တဆိတ် ကြိုတင်ပြင်ဆင်နေခဲ့သည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် မမျှော်လင့်ထားသည်မှာ အရှေ့ဘက်မှ ထိုအုပ်ချုပ်သူက မဟာထန်သို့ လွန်ခဲ့သော ခြောက်လကတည်းက ကြိုတင်ပြီး ကင်းထောက်သူလျိုများကို ပို့ထားပြီးသားဖြစ်သည်။ ပို၍ဆိုးသည်မှာ ထိုသူလျိုများက အန်းရှီနှင့် ချီရှီထံပင် ခြေဆန့်နိုင်ခဲ့သည်။
ဝမ်ချောင်ကလည်း တိုက်ပွဲနှင့် အကြံအစည်များ၏ အနံ့ကိုပင်ရလိုက်သည်။
ချက်ချင်းဆိုသလို ဝမ်ချောင်က ခုံးတောင်တန်းများ၏ အနောက်ပိုင်းတွင် ရှိနေသော ထိုအာရပ်ဗိုလ်ချုပ်ကို အလွန်အထင်သေးမိလိုက်ကြောင်း သိလိုက်သည်။ ထိုအာရပ်က သူမျှော်လင့်ထားသည်ထက် ကိုင်တွယ်ရန် ခက်ခဲနေသေးပြီး ကြောက်မက်ဖွယ်လည်း ကောင်းနေသည်။
“မင်းက ငါတို့အရှင်ရဲ့နာမည်ကို ဘယ်လိုသိတာလဲ”
“မဖြစ်နိုင်ဘူး မင်းလိုထန်တစ်ယောက်က ငါတို့ဘာသာစကား မပြောနိုင်သင့်ဘူး”
“အကြံကို လက်လျော့လိုက်တော့ မင်းဘယ်လိုမေးမေး ငါတို့က မဖြေဘူး”
ထိုအချိန်တွင် ထိုခေါင်းမာသော အာရပ်များက စကားမပြောရန် ဆုံးဖြတ်လိုက်ကြသည်။ ဝမ်ချောင်က ပြောလိုက်သည့် အပုမူစလင်ဆိုသော အာရပ်ဘာသာစကားက သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့က ဗဟိုပြင်ကျယ်သို့ ဝင်ရောက်ခဲ့သော အချိန်အတောအတွင်း ပထမဦးဆုံးအကြိမ် တစ်စုံတစ်ယောက်က ထိုမျှကျွမ်းကျင်သော အာရပ်ဘာသာစကားမျိုး ပြောလာခြင်းကို ကြားဖူးခြင်းဖြစ်သည်။ ဖုမာန်လင်းချာကဲ့သို့ ပွင့်လင်းသော လူမျိုးကပင် ထိုသို့မလုပ်နိုင်ချေ။
အမှန်တိုင်းဆိုရသော် အနောက်ပိုင်းဒေသ တစ်ခုလုံးတွင် အာရပ်ဘာသာစကား ပြောနိုင်သူ အရေအတွက် အနည်းငယ်သာရှိသည်။ ပမာဏကလည်း မများချေ။ သို့သော် အံ့အားသင့်စရာ အကောင်းဆုံး အချက်ကမူ ဝမ်ချောင်က သူတို့၏အမြင့်ဆုံး ဗိုလ်ချုပ်ကြီး၏နာမည်ကို သိနေခြင်းဖြစ်သည်။
အာရပ်များနှင့် မဟာထန်က အလွန်ဝေးသည်။ ထို့ကြောင့် ပြည်နယ်တစ်ခုချင်းစီတိုင်းအတွက် သိထားနိုင်သည့် သတင်းအချက်အလက်က အကန့်အသတ်ရှိနေသည်။ ထပ်ပေါင်းဆိုရသော် အာရပ်များကလည်း မဟာထန်များကို အပြင်လူများထက် ပို၍ပင် သတိအပြည့်ထားကာ ဆက်ဆံလေ့ရှိသည်။ ထိုသို့ဖြင့် စစ်တပ်ပိုင်းဆိုင်ရာ ဗဟုသုတများကို အမြဲတစေ ရှာဖွေခြင်းဖြစ်သည်။ အနောက်ပိုင်းဒေသ၏ အနီးအနား တိုင်းပြည်များကပင် သူတို့ဗိုလ်ချုပ်ကြီး၏ နာမည်ကို မသိချေ။ သို့သော် ဘယ်သောအခါကမှ အာရေးဗီးယားကို မရောက်ဖူးသေးသော ဟန်ကာကွယ်ရေး ဗိုလ်ချုပ်ကြီးကမူ သိနေသည်။ ထို့ပြင် သူက အနောက်ပိုင်းဒေသသို့ပင် ခြေမဆန့်ဖူးလောက်ချေ။ သို့သော် သူက နာမည်ကို တိုက်ရိုက်ခေါ်လိုက်သည်။
အာဘတ်ဆစ်ကယ်လီဖိတ်မှ လက်ရွေးစင် ကင်းထောက်များကပင် သံသယဖြစ်သွားကြသည်။
“ဘာမှပြောဖို့မလိုတော့ဘူး မင်းတို့အားလုံး ငါ့ကိုဖြေပြီးပြီ”
ဝမ်ချောင်ကပြောသည်။ အပုမူစလင်ဆိုသော နာမည်ကတင် ဝမ်ချောင်ကို အရာအားလုံးပြောရန် လုံလောက်သည်။ ထိုကင်းထောက်များက ဘာပြောပြော အရေးမကြီးတော့ချေ။
“ရွှီခဲ့ယွီ သူတို့ကိုခေါ်သွား။ ကျန်တဲ့ကိစ္စတွေကို မင်းတို့ကိုပဲ ကိုင်တွယ်ခိုင်းတော့မယ်”
“ဟုတ်ကဲ့အရှင်”
ရွှီခဲ့ယွီကလည်း အခြေအနေကို နားလည်ပြီး လက်ကိုယမ်းလိုက်သည်။ ဒီနည်းအားဖြင့် ဝူရှန်းအစောင့်များက ခေါ်သွားစေသည်။ သံမဏိမြို့တွင်လည်း အထူးတလည် စစ်မေးသော နည်းလမ်းများရှိသည်။ အပြစ်ဒဏ်ခုံရုံးဌာနမှ ကျွမ်းကျင်ပညာရှင်များကို သိန်းငှက်အိုကြီး၏ အဆက်အသွယ်ကိုသုံးပြီး သံမဏိမြို့သို့ ရွှေ့ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က သူတို့ကို ချီရှီကာကွယ်ရေးစစ်တပ်သို့ ခေါ်လာခဲ့သည်။
ထိုအာရပ်ကင်းထောက်များကို အထူးတလည် လေ့ကျင့်မှုများပြုထားပြီး သူတို့၏ လျို့ဝှက်ချက်ကို တင်းတင်းကြပ်ကြပ် ဖမ်းဆုပ်ထားမည်ဆိုလျှင်ပင် ရွှီခဲ့ယွီက သူတို့ထံမှ အနည်းဆုံး သတင်းအချက်အလက် အနည်းငယ် ရအောင်လုပ်နိုင်မည်ဟုယုံကြည်သည်။
ထိုအာရပ်သူလျိုများက ဝမ်ချောင်၏ သတိထားသော အမူအရာနှင့် အာရပ်ဗိုလ်ချုပ်ကြီး အပုမူစလင်ကို နားလည်မှုများကို ပြောင်းလဲသွားစေခဲ့သည်။ ထို့ကြောင့် ဝမ်ချောင်က ထိုကိစ္စကို အပြည့်အဝ စုံစမ်းစစ်ဆေးမှု စတင်ပြီး တစ်ရက်ခန့်ကြာပြီးနောက် ညနေခင်းတွင် အရာအားလုံး တိတ်ဆိတ်နေသော အချိန်ကာလတွင် သိန်းငှက်တစ်ကောင်က အမှောင်ထုလိုက်ကာအောက်မှ ထိုးထွက်လာပြီး တိတ်တဆိတ် အဝေးရှိ အနောက်ပိုင်းဒေသသို့ ဦးတည်ကာ ချီတက်သွားသည်။
ထိုသိန်းငှက်က သယ်ထားသောသတင်းက ဥက္ကာခဲကြွေကျသလို ပေါက်ကွဲလွယ်ကြောင်း လူအနည်းစုသာလျှင် သိကြသည်။ ထိုသတင်းက အင်ပါယာကြီး တစ်ခုလုံးကိုပင် လှုပ်ခါသွားစေနိုင်သေးသည်။ ထို့ပြင် ဝမ်ချောင်၏ အရှိန်ကိုလည်း ဖျက်ဆီးလိုက်သည်။
“ဘာ ကောင်းရှန်းကျစ်က ရှီတိုင်းပြည်ကို တိုက်ခိုက်ပြီး မြို့အရှင်ကို သတ်လိုက်တယ်။ နောက်ပြီး အဲ့ဒီတိုင်းပြည်တစ်ခုလုံးကို မုန်တိုင်းထန်စေခဲ့တယ်ဟုတ်လား”
ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်မှ မှတ်တမ်းများကို ဖတ်နေခဲ့ချိန်တွင် ထိုသတင်းကို ကြားလိုက်ရပြီး သူ၏ခန္ဓာကိုယ် တစ်ခုလုံးက တဆတ်ဆတ် တုန်သွားကာ မိုးကြိုးပစ်လိုက်သလို ဖြစ်သွားသည်။ သူ၏လက်ထဲမှ မှတ်တမ်းကပင် အောက်သို့ပြုတ်ကျသွားသည်။
ထိုအခိုက် ခန်းမတစ်ခုလုံးက သေလုခြောက်ခြားဖွယ် တိတ်ဆိတ်သွားသည်။
တာလာ့တွေရဲ့တိုက်ပွဲ
ဝမ်ချောင်၏စိတ်ထဲတွင် တချို့အတွေးကသာ ရှိတော့သည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။ တာလာ့တွေရဲ့ တိုက်ပွဲက အနည်းဆုံး နှစ်ဝက်လောက်တော့ လိုသင့်သေးတယ်လေ။ ဘာလို့ဒီလောက် မြန်လာတာလဲ။
ဝမ်ချောင်၏မျက်လုံးက ဖြူဖျော့သွားပြီး စိတ်က ကစဉ့်ကလျားဖြစ်ကာ လှိုင်းထန်သွားသည်။
ထိုတိုက်ပွဲကို တားမြစ်ရန် ဝမ်ချောင်က အင်အားအများကြီး စိုက်ထုတ်ထားရပြီး ကောင်းရှန်းကျစ်ကိုပင် စာပို့လျှက် ထိုကိစ္စနှင့်ပတ်သတ်သည့် အကျိုးအကြောင်းများကို ရှင်းလင်းထားခဲ့သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ၏စာက သက်ရောက်မှုအချို့ရှိသည်ဟု ယုံကြည်ခဲ့သည်။ ဒီနည်းအားဖြင့် ကောင်းရှန်းကျစ်က အနည်းငယ် ထိန်းသိမ်းနိုင်ရန် မျှော်လင့်ခဲ့သည်။
သူက သတိအပြည့်ကပ်ထားသမျှ သူ၏ယခင်ဘဝကကဲ့သို့ ချီတိုင်းပြည်ကို မိုက်ရူးရဲဆန်စွာ တိုက်ခိုက်ခဲ့သော အခြေအနေမျိုးက ဖြစ်လာတော့မည်မဟုတ်ချေ။ တာလာ့၏စစ်ပွဲကို တက်နိုင်သမျှ အချိန်ဆွဲနိုင်သည်နှင့် ဝမ်ချောင်က ပြင်ဆင်ရန် အချိန်ပိုရမည်ဖြစ်သည်။ သို့သော် ဝမ်ချောင်က မျှော်လင့်ထားသမျှနှင့် ဆန့်ကျင်ဘက် ဖြစ်လာခဲ့သည်။ ထိုတိုက်ပွဲက မကျန့်ကြာသွားရုံတင် မကသေးလေဘဲ ခြောက်လပင် ရှေ့တိုးသွားသေးသည်။
“အဲ့ဒါတင်မဟုတ်သေးဘူး ချီတိုင်းပြည်ကိုတိုက်ခိုက်ပြီးတော့ အရှင်ကောင်းရှန်းကျစ်က အနောက်ဘက်ကို ဆက်သွားပါတယ်။ သူ့ရဲ့ လက်ရွေးစင်သုံးသောင်းက အာရပ်ဆီ ခြေဆန့်နေပြီး တာလာ့မြို့ကို ဝင်စီးဖို့ ကြိုးစားနေပါတယ်”
ရွှီခဲ့ယွီက တင်းမာသော မျက်နှာထားဖြင့် ခေါင်းငုံ့ထားသည်။ ထိုကဲ့သို့ လေးနက်မှုကိုလည်း သူကသိသည်။
“ဒါပေမဲ့ အာရပ်တွေက သူတို့ရဲ့စစ်တပ်ကို အရှေ့ဘက်ကို လျှင်လျှင်မြန်မြန် ချီတက်လာပြီး သူတို့ရဲ့စစ်သားတိုင်းကို တာလာ့ကို တပ်ဆွဲပြီး ကာကွယ်ထားဖို့ ပို့ပေးထားပါတယ်။ ဒီအခြေအနေက တော်တော်လေးကို ပြင်းထန်ပြီး အလျှင်လိုနေပါတယ်။ အန်းရှီမြို့စောင့်တပ် လေးခုက ဗိုလ်ချုပ်ကြီး ဖန်းချန်းချင်က ကျွန်တော်တို့ဆီက တပ်ကူတောင်းခံတဲ့အနေနဲ့ စာပို့ထားပါတယ်။ အရှင်အမတ် ကျေးဇူးပြုပြီး ဆုံးဖြတ်ချက်ချပေးပါ”
ဝုန်း
ရွှီခဲ့ယွီက စကားပြော၍ ဆုံးသွားသည့်အချိန်တွင် ခန်းမတစ်ခုလုံးက ခပ်ကြမ်းကြမ်း လှုပ်ခါသွားသည်။ ရွှီခဲ့ယွီက မော့ကြည့်လိုက်သောအခါ ဒါက မြေငလျှင်လှုပ်ခြင်းမဟုတ်ဘဲ ဝမ်ချောင်က ထိုင်ခုံမှ ခပ်ကြမ်းကြမ်း ထရပ်လိုက်ခြင်းဖြစ်ကြောင်း သိလိုက်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက ကြယ်တာရာစွမ်းအင်များဖြင့် ပေါက်ထွက်နေသည်။ ထိုစွမ်းအင်များက ခန်းမတစ်ခုလုံးကို လှိုင်းထန်စေသည်။
ကန်းနေသော လူကပင် ဝမ်ချောင်၏ ခံစားချက် အခြေအနေက အလွန်အမင်း မတည်မငြိမ်ဖြစ်နေကြောင်း သိနိုင်သည်။
“အရှင်အမတ်”
ရွှီခဲ့ယွီကအော်သည်။ သူက ဝမ်ချောင်ကို ခစားခဲ့သောတောက်လျှောက် သူ၏ဗိုလ်ချုပ်ကြီးက အမြဲတစေ အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီး မြင်နိုင်စွမ်းအားအပြည့်ရှိသော လူတစ်ယောက်ဖြစ်ခဲ့သည်။ အနောက်တောင်ပိုင်းက စစ်ပွဲတွင် ဝမ်ချောင်က ထိုမျှအထိ မထိတ်လန့်ခဲ့ချေ။ သို့သော် ယခုအချိန်တွင် ပထမဦးဆုံးအကြိမ် ဝမ်ချောင်က ကိုယ့်ကိုယ်ကို ထိန်းချုပ်မှု လွတ်ကင်းသွားသော မြင်ကွင်းမျိုးကို ရွှီခဲ့ယွီက မြင်လိုက်ရသည်။
“စာကိုယူလာခဲ့”
ဝမ်ချောင်၏အသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားသည်။
“ဟုတ်ကဲ့”
ရွှီခဲ့ယွီက ချက်ချင်း ရှေ့တိုးလိုက်ပြီး လေးစားစွာဖြင့် အန်းရှီကာကွယ်ရေးစစ်တပ်မှ ပို့လိုက်သောစာကို တင်ပြသည်။
“ငါဒီတိုက်ပွဲနဲ့ ပတ်သတ်တဲ့ သတင်းတွေအားလုံးကို အမြန်ဆုံးလိုချင်တယ်။ နောက်ပြီး အဲ့ဒီသတင်းတွေ အားလုံးကို အမြန်ဆုံးစုဆောင်းပြီး နေမထွက်ခင် ငါ့ကိုလာပို့”
ထိုညက ချီရှီကာကွယ်ရေးစစ်တပ်တစ်ခုလုံးတွင် အိပ်ရေးပျက်သောညဖြစ်သည်။
မီးတုတ်များ ထိန်လင်းနေသော ခန်းမထဲတွင် ဝမ်ချောင်က ရှေ့လျှောက်လိုက် နောက်လျှောက်လိုက် လုပ်နေသည်။ လီစစ်ယဲ့၊ ရွှီခဲ့ယွီ၊ ဟယ်ပါးယဲ့ပင်ဖြစ်စေ ရွှီချီချင်ပင်ဖြစ်စေ အခြားသောဗိုလ်ချုပ်တိုင်း အားလုံးက ဆင့်ခေါ်ခံထားရသည်။ အာရုံတက်သည့်အခါ သတင်းများအားလုံးကို စုစည်း၍ပြီးသွားသည်။
ဝမ်ချောင်က ဖန်းချန်းချင်စီစာပို့ပြီး အသေးစိတ် အချက်အလက်ကိုမေးသည်။
ဝမ်ချောင်ကလည်း အဓိက မတော်တဆမှုကြီး၏ နောက်ကွယ်တွင် အမှန်တရား ရှိနေမည်ဟု ယုံကြည်သည်။
ကောင်းရှန်းကျစ်က ချီတိုင်းပြည်ကို လုပ်ကြံသတ်ဖြတ်ရန် ရုတ်တရက် ဝင်စီးသွားသောကိစ္စ... လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သောကိစ္စ... သူက ခုံးတောင်တန်းကိုပင် ကျော်ဖြတ်ပြီး အနောက်ဘက်သို့ ကျော်ဖြတ်သွားခဲ့သေးပြီး တာလာ့မြို့ကိုပင် ဝင်စီးရန် ကြိုးစားခဲ့သေးသည်။ အဆုံးတွင်မူ အာဘတ်ဆစ်ကယ်လီဖိတ်စစ်တပ်၏ အဝိုင်းခံလိုက်ရသည်။ ထိုကိစ္စများ အားလုံး၏ နောက်ကွယ်တွင် အနောက်ပိုင်းနယ်စပ် တစ်ခုလုံးကို လှုပ်ခါစေသည့် ထိုကိစ္စများ၏ နောက်ကွယ်တွင် သူမျှော်လင့်ထားသည်ထက် ရှုပ်ထွေးသော အမှန်တရားရှိနေမည်ဟု ယုံကြည်သည်။ ဝမ်ချောင်၏ စာကလည်း အမှန်တကယ် အလုပ်ဖြစ်ခဲ့သည်။ ကောင်းရှန်းကျစ်ကလည်း သတိအပြည့်ထားမည်မှာ သေချာသည်။
မျှော်လင့်ထားသည့်အတိုင်းသာ ဖြစ်လာခဲ့လျှင် ကောင်းရှန်းကျစ်က ချီတိုင်းပြည်ကို ရက်ပေါင်းများစွာ ကြာသည်အထိ တိုက်ခိုက်ရန် ကြံစည်သင့်သည်။ သို့သော် သူက သူ၏အရှိန်အဟုန်ကို ပြောင်းဆန်သွားစေသော မမျှော်လင့်ထားသည့် သတင်းကိုပင် ရလိုက်ခြင်းအားဖြင့် တစ်ဖက်သူက တာလာ့ကို သိမ်းယူလိုက်မှုနှင့်အတူ မြန်ဆန်စွာ ဆက်ဖြစ်လာမည့် တိုက်ကွက်များအားလုံးက ဆက်တိုက် ဖြစ်လာကြောင်း ပြောပြနေခဲ့သည်။
ရွှီတိုင်းပြည်၏ ဘုရင်က အာရပ်များနှင့် ပူးပေါင်းထားသည်။ အင်ပါယာနှစ်ခုကလည်း အမြဲတစေ ဆွေးနွေးပြီး လအနည်းငယ်ကြာပြီးနောက် အန်းရှီကာကွယ်ရေးစစ်တပ်ကို ဝင်စီးရန် ကြံစည်ထားပြီးသားဖြစ်သည်။ ထိုသတင်းက ကောင်းရှန်းကျစ်ကို စိတ်ပြောင်းသွားစေပြီး တိုက်ခိုက်စေခဲ့ခြင်း ဖြစ်လောက်သည်။
ဘာလို့ဒီလိုဖြစ်ရတာလဲ။
ဝမ်ချောင်က စာကိုဆုပ်ကိုင်ထားပြီး စွံ့အသွားသည်။
လိပ်ပြာတစ်ကောင်က တောင်ပံကို ခတ်လိုက်သောအခါ မုန်တိုင်းကိုဖြစ်စေပြီး အဆုံးအစမဲ့အောင် များပြားသော ပင်လယ်သမုဒ္ဒရာ၏ လှိုင်းများကိုလည်း ထန်လာစေပေလိမ့်မည်။ ဒါက သူသိထားသော အခြေအနေများမဟုတ်ချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ကောင်းရှန်းကျစ်က ရုတ်တရက် ချီတိုင်းပြည်ကို တိုက်ခိုက်ခဲ့သော ကိစ္စက သမိုင်းက အခြေအနေနှင့် တူညီမည်ဟု အမြဲတစေ ယုံကြည်ထားခဲ့သည်။ ဒီနည်းအားဖြင့် သူ၏လောဘကြောင့် ကပ်ဘေးစိုက်စေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ကောင်းရှန်းကျစ်၏ အပြုအမူများ အားလုံးကို စောင့်ကြည့်ခဲ့ပြီးနောက် ဝမ်ချောင်ကိုယ်တိုင်ကလည်း သူ့ကို ရှုံ့ချမှုများ မလုပ်နိုင်ချေ။
ချီတိုင်းပြည်နှင့် အာဘတ်ဆစ်ကယ်လီဖိတ်တို့ ပူးပေါင်းပြီး အန်းရှီကာကွယ်ရေးစစ်တပ်တို့ ပူူးပေါင်းမည့်အကြောင်းကို ဝမ်ချောင်က မသိထားချေ။ ထိုသတင်းက သူ၏ယခင်ဘဝတွင် မပေါ်လာခဲ့သောကြောင့် သူကမသိခဲ့ချေ။ သို့မဟုတ် ဒါကဒီတိုင်း လိပ်ပြာတစ်ကောင်၏ ပျံသန်းမှုကြောင့် သက်ရောက်မှုရှိမရှိ မသေချာခဲ့ချေ။ သို့သော သေချာနေသော အချက်တစ်ချက်ရှိသည်။ ပူးပေါင်းမှုက အတည်ပြုလိုက်နိုင်သည်နှင့်အမျှ စစ်တပ်က အပြည့်အဝ မပြင်ဆင်နိုင်ခင် တိုက်ခိုက်မှုများက ထပ်ခါတလဲလဲ ထပ်ဖြစ်လာတော့မည်ဖြစ်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်ကိုလည်း ချရန် လိုအပ်နေသည်။
ကောင်းရှန်းကျစ်၏ ဆုံးဖြတ်ချက်ကို အကဲဖြတ်၍လည်း ဘာမှဖြစ်လာမည်မဟုတ်ချေ။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ထိုသတင်းကို ကြားသိရလျှင် အလားတူ လုပ်မိပေလိမ့်မည်။ ကောင်းရှန်းကျစ်က ချီတိုင်းပြည်ကို တိုက်ခိုက်လိုက်သည်နှင့် အာရပ်များကလည်း ကူညီပေးသည်ဆိုသော နာမည်အောက်တွင် တပ်ဖွဲ့များ စေလွှတ်ပေလိမ့်မည်။ ထိုအချိန်တွင် ထိုသို့သော အခြေအနေမျိုးတွင် ခုခံရန် အသင့်စောင့်နေခြင်းထက် ကြိုတင်တိုက်ခိုက်လိုက်ခြင်းက ပို၍ကောင်းလေသည်။ အကျိုးအမြတ် တစ်ခုအနေနှင့် အာရပ်၏တိုက်ခိုက်မှုကို တားမြစ်နိုင်ပေလိမ့်မည်။ ဒုတိယတစ်ချက်အနေနှင့် စစ်ပွဲက နယ်စပ်၏ အပြင်ဘက်တွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သဖြင့် အပျက်အစီးများ ဖြစ်လာသည့်အခါ အနောက်ပိုင်း ဒေသသို့သာ သက်ရောက်သွားတော့ပေမည်။
ကိစ္စများကသာ ချောမွေ့စွာ ပြီးဆုံးသွားလျှင် ထိုစစ်ပွဲပြီးနောက် ချီတိုင်းပြည်ကြီး တစ်တိုင်းပြည်လုံးက အနောက်ပိုင်းဒေသအတွင်းရှိ မဟာထန်၏ နယ်မြေထဲသို့ ထပ်ပေါင်းခံရပြီး မဟာထန်ကလည်း အပျက်အစီး အနည်းငယ်နှင့် အကျိုးအမြတ် အများကြီးကို ရရှိပေလိမ့်မည်။
တစ်ယောက်က ခုံးတောင်တန်းကိုသာ ကျော်ဖြတ်သွားကြည့်မည်ဆိုလျှင် အာရေးဗီးယားနှင့် အနောက်ပိုင်းဒေသအကြားတွင် မြေပြန့်နယ်မြေကြီးရှိကြောင်း သိပေလိမ့်မည်။ ထို့ကြောင့် ဗျူဟာပိုင်းအရကြည့်သော် သံသယဝင်ရန် မလိုလောက်အောင် အသုံးဝင်ဆုံးနေရာက တာလာ့မြို့ဖြစ်သွားသည်။ တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ပြီး နာမည်တွင်ကျယ်အောင် လုပ်နိုင်ခဲ့သည့် အတွေ့အကြုံရှိ ဗိုလ်ချုပ်ကြီးတစ်ယောက်အနေနှင့် ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း တာလာ့၏ ထူးခြားသောတန်ကြေးကို သိပေလိမ့်မည်။ ထို့ကြောင့်သူက ချီတိုင်းပြည်ကို တိုက်ခိုက်ပြီးနောက် တာလာ့ကိုသိမ်းရန် ထိုနေရာသို့ တပ်ဖွဲ့များကို ဦးဆောင်ကာ ချီတက်သွားခြင်း ဖြစ်ပေလိမ့်မည်။
ထိုလုပ်ဆောင်မှုတိုင်းက တည့်တိုးဆန်ကာ ကြမ်းတမ်းပြီး ထက်မြတ်ကြောင်း ဖော်ပြနေသည်။ ချီတိုင်းပြည်ကို ပြင်းထန်စွာ ထိုးနှက်ပြီးနောက် အာရပ်များက သတိလက်လွတ် ဖြစ်နေမည့် အချိန်ကိုဖမ်းကာ သူတို့ကို ခုခံသည့် အနေအထားသို့ ပြောင်းလဲရန် ဖိအားပေးလိုက်ခြင်းဖြစ်သည်။ ထိုအခြေအနေက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်၏ ဗျူဟာနှင့် မြင်နိုင်စွမ်းအားကို ဦးစွာဖော်ပြနေသည်။
အခန်း(၈၅၀)
တာလာ့ရဲ့ကပ်ဘေး
“အရှင်အမတ် ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
ခန်းမက တိတ်ဆိတ်နေသည်။ လူတိုင်းက ဝမ်ချောင်ကိုသာ ကြည့်နေကြသည်။ သူတို့အားလုံး၏ မျက်နှာက အလွန်အမင်း တင်းမာနေသည်။ ဝမ်ချောင်၏ စိတ်ခံစားချက်ကြောင့် သူတို့ကလည်း သက်ရောက်ခံရသည်။ အတိတ်တွင် အာရေးဗီးယားက ဒီတိုင်း သေးငယ်သော တိုင်းပြည်ဟုသာ ယုံကြည်ထားခဲ့သောကြောင့် ဒီတိုက်ပွဲကို ဒုတိယတစ်ကြိမ်ပင် ထပ်တွေးလိမ့်မည်မဟုတ်ချေ။ သို့သော် အခြေအနေအားလုံးကို နားလည်သွားပြီးနောက်လည်း သူတို့က မည်သို့သော ရန်သူကို ရင်ဆိုင်နေရကြောင်း သိသွားကြသည်။
ထိုတိုင်းပြည်က မဟာထန်ထက်ပင် ကြီးသေးသည်။ မဟာထန်ထက် စစ်တပ်အင်အားများသည်။ အင်အားကြီးသော စစ်မြင်းပေါင်းများစွာလည်းရှိသည်။ သူတို့က နယ်မြေဖြန့်ကျက်လိုစိတ် ပို၍ပင် ပြင်းထန်ကြသေးသည်။ ဒါက ဒီကုန်းမြေကြီးတွင် မဟာထန်က ရင်ဆိုင်ရမည့် အကြီးမားဆုံး ရန်သူကြီးဖြစ်သည်။
ကောင်းရှန်းကျစ်က အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် ကိုးဆယ်ရာခိုင်နှုန်းခန့်ကို တာလာ့ထံ ခေါ်ဆောင်သွားခဲ့ပြီး စစ်သည်အရေအတွက် အနည်းငယ်လောက်သာ ကျန်ရစ်ခဲ့သည်။ ထို့ကြောင့် ကောင်းရှန်းကျစ်က အာဘက်ဆစ်ကယ်လီဖိတ်ကို အရှေ့ဘက်တွင် မခုခံနိုင်ခဲ့ပါက ထိုအာရပ်စစ်သား သောင်းကျော်က ခုံးတောင်တန်းကို ကျော်ဖြတ်ပြီး အနောက်ပိုင်းဒေသကို သိမ်းယူသွားပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချီရှီက ပထမဦးဆုံး ပစ်မှတ်ဖြစ်သည်။
ချီရှီက ကျသွားသည်နှင့် လုံရှီနှင့် မဟာထန်၏ အတွင်းပိုင်းများက ခြိမ်းခြောက်ခံရမည်ဖြစ်သည်။
သမိုင်းတွင် အာရပ်စစ်သားများက ဗဟိုပြင်ကျယ်၏ဂိတ်နှင့် ထိုမျှနီးသည်အထိ မချဉ်းကပ်နိုင်ခဲ့ဖူးချေ။ လူတိုင်းကလည်း အဝေးရှိ တိုင်းပြည်မှ ထွက်လာသည့် အင်အားကြီးမားသည့် ခြိမ်းခြောက်မှုကို ခံစားနိုင်ကြသည်။
သူတို့အားလုံးကလည်း ဝမ်ချောင်က ပုံစံငယ်ပေါ်တွင် ဖော်ပြခဲ့သော အခြေအနေနှင့် ပတ်သတ်သည့် အကြောင်းအရာများ အားလုံးကို နားလည်ကြသည်။
ဝမ်ချောင်က ဘာစကားမှမပြောချေ။ သူက မျက်လုံကိုသာမှိတ်ပြီး စတွေးနေသည်။
ထိုတိုက်ပွဲက ရုတ်တရက်ဖြစ်လာခဲ့သည်။ မြန်လွန်းသည်။ မြန်ဆန်လွန်းသဖြင့် သူ့အနေနှင့် စိတ်ငြိမ်အောင်ထိန်းတွေးရန်ပင် လိုအပ်သွားသည်။ ကြိုတင်ပြင်ဆင်ရမည့် ကိစ္စပေါင်းများစွာလည်း ရှိနေသေးသည်။ သူ၏အကြံများအားလုံးက အချိန်မှီ မတုန့်ပြန်နိုင်လောက်အောင် ဖြစ်သွားလေပြီ။
အချိန်တစ်ခုကြာပြီးနောက် ဝမ်ချောင်က နောက်ဆုံးတွင် မျက်လုံးပြန်ဖွင့်သည်။ သူ၏မျက်လုံးထဲတွင် မီးတောက်က တောက်လောင်နေသည်။
“လီစစ်ယဲ့ ငါ့ရဲ့အမိန့်ကိုထုတ် အခုချက်ချင်း ချီရှီရဲ့ လက်နက်တိုက်ကိုဖွင့်”
ဝုန်း
တခဏခန့်ကြာပြီးနောက် ချီရှီ၏ လက်နက်တိုက်မှ အသုံးမပြုသည်မှာ ကြာပြီဖြစ်သည့် တံခါးကြီးများက ဝုန်းကနဲမြည်သံနှင့်အတူ ပွင့်သွားပြီး နံရံကအတွင်းသို့ဝင်သွားသည်။ ထိုနည်းအားဖြင့် နယ်စပ်မှ အကြီးမားဆုံးသော လက်နက်တိုက်ကြီး၏ အတွင်းပိုင်းနေရာကို မြင်လိုက်ရသည်။ ဆယ်နှစ်ကျော်ခန့် ကြာပြီးနောက် အလုပ်သမားခုံရုံးက တည်ဆောက်ထားခဲ့သည့် ထိုလက်နက်တိုက်ကြီးက နေ့အလင်းရောင်အောက်တွင် တဖန်ပြန်လည် ထွက်ပေါ်လာပြီဖြစ်သည်။
“ရပ်စမ်း မင်းတို့ဘာလုပ်တာလဲ”
“တော်ဝင်အမိန့်တော်မရှိဘဲ ဘယ်သူမှ အထဲကိုမဝင်နိုင်ဘူး။ အခုချက်ချင်း ပြန်ထွက်ကြစမ်း”
ချီရှီ၏ လက်နက်တိုက်အစောင့်များက ချက်ချင်းလိုလို အော်ဟစ်ကြသည်။ သို့သော် မည်သူကမှ သူတို့ကို အာရုံမစိုက်ကြချေ။
‘ဗိုလ်ချုပ်က ခရီးထွက်သွားတဲ့အခါ အရှင်သခင်ရဲ့ အမိန့်တွေကို နာခံဖို့မလိုဘူး’ ‘ဘယ်အရာကမှန်တယ် ဘယ်အရာကမှားတယ်ဆိုတဲ့ အခြေအနေအလိုက် ကိစ္စတွေကို ကိုင်တွယ်နေတဲ့အခါ ဘယ်အရာကပိုပြီး ဖြစ်သင့်တယ်။ ဘယ်အရာကပိုပြီး အဆင်ပြေတယ်ဆိုတဲ့ ကိုင်တွယ်တဲ့နည်းလမ်းကို သုံးလို့လည်းရတယ်’
ထိုစကားနှစ်ကြောင်းက ဗိုလ်ချုပ်တိုင်း နားလည်ထားပြီး အဆင်ပြေသလို အသုံးပြုသင့်သည့် ဆိုရိုးစကားဖြစ်သည်။ စစ်ဖြစ်လာသောအခါ ထိုလက်နက်ကြီးများက မဟာထန်ကို အင်အားအမြင့်ဆုံး ဖြစ်အောင် ထောက်ပံ့ပေးနိုင်သည့် အကောင်းဆုံး လက်နက်များဖြစ်သည်။ ဖုမာန်လင်းချာ အပါအဝင် ချီရှီကာကွယ်ရေးဗိုလ်ချုပ်များက ထိုလက်နက်ကြီးတစ်သိန်းကို စည်းမျဉ်းများတကွ ကိုင်တွယ်ရန် အသုံးပြုရသည်။ သူတို့ကပင် အလွန်အကြူး ခြေလှမ်းမလှမ်းရဲကြချေ။ သို့သော် ဝမ်ချောင်ကမူ မတူချေ။ သူက အစဉ်အလာများနှင့် ချည်နှောင်ခံထားရသည့် သမရိုးကျသမားမဟုတ်ချေ။
ဝုန်း
ဝမ်ချောင်က သူ၏စစ်တပ်ကို ချီရှီ၏ လက်နက်တိုက်အတွင်းသို့ ခေါ်ဆောင်သွားလိုက်သည်နှင့် ကံကြမ္မာကျောက်တုံးမှ ခံစားချက်အပြည့်ပါသော အသံက ထွက်လာသည်။
“အထူးကိစ္စရပ်.. ကံကြမ္မာရဲ့ရွေးချယ်မှု”
အလင်းနှင့်အမှောင် အရိပ်များက လက်သထက်လက်ကာ ရွေ့သထက်ရွေ့လာပြီး မြေကမ္ဘာထဲမှ ကြီးမားသော နံရံကြီးတစ်ခုက မြင့်တက်သထက် မြင့်တက်လာသည်။ နံရံများ၏တစ်ဖက်တွင် အနက်ရောင်အလံ ထောင်ကျော်ရှိသည်။ အခြားတစ်ဖက်တွင်မူ အဝါရောင်နဂါးအလံ အပြည့်ရှိနေသည်။ နှစ်ဖက်လုံးက ထိပ်တိုက်ရင်ဆိုင်ကြပြီး အချင်းချင်း တိုက်ခိုက်နေကြသည်။
ဝမ်ချောင်က ချက်ချင်းလိုလို လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။
“သမိုင်းဘိမ်းက ဆက်လက်ပြီး တဖြည်းဖြည်းချင်း ရွေ့နေတုန်းပဲ။ တစ်ယောက်က ဘယ်လောက်ပဲ အလှည့်အပြောင်းတွေလုပ်လုပ် မူရင်းလမ်းကြောင်းအတိုင်း ပြန်ရောက်သွားလိမ့်မယ်။ တောင်တစ်တောင်မှ ကျားနှစ်ကောင်ကို မထိန်းထားနိုင်ဘူး။ ဒီကုန်းမြေကလည်း တချိန်ထဲမှာ ကြီးမားလွန်းတဲ့ အင်ပါယာကြီးနှစ်ခုရဲ့ ဒဏ်ကို မခံနိုင်ဘူး။ ဒါက ရှောင်လွှဲလို့မရတဲ့ စစ်ပွဲပဲ။ ဒီအင်ပါယာနှစ်ခုမှာ အင်ပါယာတစ်ခုက လောကရဲ့ အထွဋ်အထိပ်ကို ရောက်ရှိသွားပြီး ဟိန်းဟောက်နိုင်မယ်။ အခြားအင်ပါယာတစ်ခုက သေချာပေါက် ဆုတ်ယုတ်သွားရပြီး ခြင်္သေ့ရဲ့ ညနေဆည်းဆာနှစ်များအတွင်းကို မြုပ်ဝင်သွားရလိမ့်မယ်”
ထိုစကားများကြောင့် ဝမ်ချောင်၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ ကံကြမ္မာကျောက်တုံးက စကားကို အဆုံးမသတ်သေးချေ။
“အစွယ်ပျောက်ပြီး လက်သည်းဆုံးရှုံးလိုက်ရတဲ့ ခြင်္သေ့တစ်ကောင်က တောင်ပံမရှိတဲ့ သိန်းငှက်လိုပဲ။ ခြင်္သေ့ရဲ့ ညနေဆည်းဆာ နေဝင်ချိန်လို အနေအထားမျိုးကို ရောက်ရှိသွားသလိုပေါ့။ ဒါက ကံကြမ္မာရဲ့ ရွေးချယ်မှုလည်းဖြစ်တယ်။ ကံကြမ္မာကို ဆုံးရှုံးသူအနေနဲ့ အသုံးပြုသူက အထူးတလည် အခြေအနေမျိုးမှာ တစ်ကြိမ် အခွင့်အရေးရနိုင်တဲ့ အချိန်ကာလရှိပါတယ်။ ကံကြမ္မာစွမ်းအင်အမှတ် ရှစ်ထောင်ကိုသာ ပေးမယ်ဆိုရင် အသုံးပြုသူအနေနဲ့ ဒီအခွင့်အရေးကို အမိအရ ရွေးချယ်နိုင်ပြီး နောက်ဆုတ်ခွင့် ရှိပါလိမ့်မယ်။ အသုံးပြုသူကသာ ဝင်ရောက်ဖို့ ရွေးချယ်ချင်တယ်ဆိုရင် အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှတ် နှစ်ထောင်ချီးမြှင့်မှာပါ”
“သတိပေးချက်.. အသုံးပြုသူက ဒီရွေးချယ်မှုကို ရွေးလိုက်ပြီဆိုတာနဲ့ သိပ်မကြာခင် မယုံနိုင်စရာကောင်းလွန်းတဲ့ အန္တရာယ်ကို ရင်ဆိုင်တွေ့ကြုံရတော့မှာပါ။ ဒီတာဝန်က ကျရှုံးသွားရင် အင်ပါယာကလည်း ပြိုလဲသွားပြီး အသုံးပြုသူကလည်း သုတ်သင်ခံရမှာပါ”
ဝမ်ချောင်က ထိုအသံကို နားထောင်နေရင်း နှုတ်ခမ်းပါးတွင် အပြုံးတစ်ခုက ပေါ်လာသည်။ ကံတိုက်ပွဲဝင် သံချပ်ကာနှင့်သာ မလဲထားခဲ့လျှင် သူကလည်း ထိုကံကြမ္မာစွမ်းအင် အမှတ်ရှစ်ထောင်ကိုသုံးပြီး ထိုရွေးချယ်မှုမှ ကင်းလွှတ်ခွင့်ရအောင် လုပ်ကောင်းလုပ်နိုင်လောက်တယ်။ သို့သော် သူ့တွင် ထိုသို့ ရွေးချယ်စရာ ရှိနေလျှင်ပင် သူကအမှန်တကယ် ယူနိုင်မည်မဟုတ်လောက်ချေ။
“အတည်ပြုလိုက်”
ဝမ်ချောင်က နှောင့်နှေးကျန့်ကြာခြင်းမရှိဘဲ ချက်ချင်းလိုလို ချီရှီ၏ လက်နက်တိုက်အတွင်းသို့ ဝင်သွားသည်။
...
ဖလပ် ဖလပ်
အရပ်မျက်နှာအနှံ့ အနက်ရောင်သိန်းငှက်များက အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားကြသည်။ တာလာ့မှသတင်းက ချီရှီသို့သာ ရောက်ခြင်းမဟုတ်ဘဲ မြို့တော်သို့လည်း ရောက်သွားသည်။ ထိုသို့ဖြင့် ကြောက်မက်ဖွယ်ကောင်းသည့် ငြင်းခုံပွဲကြီးဖြစ်ပြန်သည်။
“အရှင်မင်းကြီး ကျွန်တော်တို့တွေ အရှင်ကောင်းရှန်းကျစ်ကို အခုချက်ချင်း တပ်ဖွဲ့တွေ စေလွှတ်ရပါမယ်”
“လက်ရွေးစင်သုံးသောင်းက ဝင်စီးထားတယ်ဆိုတဲ့ ကိစ္စက သေးငယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အန်းရှီကာကွယ်ရေးစစ်တပ်ကသာ ရှုံးသွားရင် စွစ်ယဲ့၊ ရှု့လဲ့နှင့် အခြားအန်းရှီရဲ့ မြို့စောင့်တပ် လေးခုလုံးက ကျသွားမှာပါ။ ဒီလိုဆိုရင် ကျန်တဲ့အန်းရှီပါ အကုန်ပါသွားမှာပါ။ ကျွန်တော်တို့တွေ တပ်ကူတွေ မြန်မြန်စေလွှတ်ရမှာပါ”
ခုံရုံးမှ ဗိုလ်ချုပ်တိုင်းက တပ်ကူကို တောင်းခံနေကြသည်။ ထိုသတင်းကြောင့် လူတိုင်းကလည်း စိတ်ဓာတ်ကျနေကြသည်။
“ရယ်စရာပဲ”
ထိုအသံထွက်လာသည်နှင့် ဘုရင်ချီနှင့် ဆက်ဆံရေးကောင်းသော အရေးပါသည့် အရာရှိတစ်ယောက်က ချက်ချင်းလိုလို ထရပ်ကာ ခပ်ကြမ်းကြမ်း ပြန်ငြင်းသည်။
“အရှင်ကောင်းရှန်းကျစ်က နတ်ဗိုလ်ချုပ်ကြီးတစ်ယောက်ပဲ။ သူက သူ့နေရာကို ယူထားပြီးကတည်းက အနောက်ပိုင်းဒေသက ဘယ်သူကမှ သူ့ကို အလဲမထိုးနိုင်ခဲ့ဘူး။ ချီတိုင်းပြည်က ကျသွားပြီ။ အရှင်ကောင်းကလည်း သူ့ရဲ့စစ်သားတွေကို ပိုပြီးဝေးကွာတဲ့ အနောက်ဘက်ထိချီတက်ပြီး တာလာ့ကို သိမ်းပိုက်ထားပြီးပြီ။ အရှင်ကောင်းရဲ့ စွမ်းရည်နဲ့ဆိုရင် သူက သိပ်မကြာခင် အာရပ်ကို အလဲထိုးနိုင်မှာပေါ့။ ဘာလို့တပ်ကူတွေ စေလွှတ်ရမှာလဲ။ မင်းတို့အားလုံး အသိပျောက်ကုန်ကြပြီလား”
ဘုရင်စုန့်နှင့် ဘုရင်ချီက ဆက်ဆံရေးမကောင်းသော်လည်း သူတို့က သူတို့၏အဖွဲ့ နှစ်ဖွဲ့လုံးက ခုံရုံးတွင် ငြင်းခုံချင်ကြသည့်တိုင်အောင် ဘုရင်ချီက ဘယ်သောအခါကမှ ပုဂ္ဂိုလ်ရေးအငြိုးတရား သီးသန့်ကြောင့် အတိုက်အခံလုပ်မည့်လူမျိုးမဟုတ်ချေ။ မဟာထန်တစ်ခုလုံးတွင် အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်ထက် ပို၍ခန်းနားလွန်းသော မှတ်တမ်းများကို ပိုင်ဆိုင်ထားသည့် ကာကွယ်ရေးဗိုလ်ချုပ်ဖြစ်စေ မဟာဗိုလ်ချုပ်ပင်ဖြစ်စေ မရှိသေးချေ။
သူက အခြားသော မဟာဗိုလ်ချုပ်ကြီးများနှင့် ကာကွယ်စောင့်ရှောက်သူဗိုလ်ချုပ်ကြီးများလောက် အသက်မကြီးသေးသော်လည်း သူ၏စစ်သားများကို အမိန့်ပေးနိုင်စွမ်းအားနှင့် အလဲထိုးနိုင်စွမ်းအားက သူနှင့် အဆင့်အတန်းတူသူများက မယှဉ်နိုင်သော အနေအထားမျိုးတွင်ရှိသည်။ ထို့ကြောင့် စစ်တပ်တွင်ဖြစ်စေ ခုံရုံးတွင်ဖြစ်စေ ကောင်းရှန်းကျစ်တွင် အခြားနာမည်ပြောင်ရှိသည်။ ဒါက အမြဲနိုင်ဗိုလ်ချုပ်ဖြစ်သည်။
သူက အန်းရှီကာကွယ်ရေးဗိုလ်ချုပ်နေရာကို ယူထားပြီးကတည်းက ကောင်းရှန်းကျစ်က ဘယ်သောအခါကမှ မရှုံးခဲ့ချေ။ ထပ်ပေါင်းဆိုရသော် သူ၏စစ်ဗျူဟာများက သူ၏အရှိန်နှုန်းကို အမှီလိုက်နိုင်ပြီး ပြင်းပြင်းထန်ထန် ထိုးနှက်နိုင်သည့် တိုက်ကွက်များကို ထုတ်နိုင်သော ကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည်။ တိတိကျကျဆိုရသော် သူ၏ မဟာလူသားဆန်သော စွမ်းရည်များနှင့် ကြောက်မက်ဖွယ်ကောင်းသော အန်းရှီကာကွယ်ရေးစစ်တပ်၏ စွမ်းအားကြောင့် အနောက်ပိုင်းဒေသရှိ တိုင်းပြည်တိုင်းကို ဖိနှိပ်နိုင်ပြီးသားဖြစ်သည်။ လက်ရှိအခြေအနေတွင် သူက ရှိနေသဖြင့် ထိုတိုင်းပြည်များမှ အုပ်ချုပ်သူများက အမြဲတစေ ခေါင်းငုံ့ပြီး သူတို့၏ ခံတပ်အသီးသီး နောက်တွင်သာ ဝင်ပုန်းနေကြရသည်။
ကောင်းရှန်းကျစ်က တာလာ့တွင် အမှန်တကယ် တပ်ဆွဲထားရိုး မှန်ကန်လျှင် အဝိုင်းခံလိုက်ရသော ကိစ္စက မှန်ကန်နေလောက်သည်။ သို့သော် လူအများစုက ဒါက ကောင်းရှန်းကျစ်၏ ဗျူဟာ တစ်စိတ်တစ်ပိုင်းဟု ယုံကြည်နေကြသည်။ အဆုံးတွင် ကောင်းရှန်းကျစ်က အာရပ်များကို အလဲထိုးပြီး အနိုင်ရမည်ဟု ယုံကြည်နေကြသေးသည်။
မည်သို့ပင်ဆိုစေ ဒါက ပထမဦးဆုံးအကြိမ် ဖြစ်လာသည့် အခြေအနေမျိုးလည်း မဟုတ်ချေ။ ကောင်းရှန်းကျစ်က အမြဲတစေ အင်အားနည်းပါးသော အရေအတွက်ထဲနှင့် အင်အားများသော ရန်သူများကို အလဲထိုးကာ သူ၏စွမ်းအင်ကို တစ်ကြိမ်ပြီးတစ်ကြိမ် သက်သေပြခဲ့ပြီးသားဖြစ်သည်။ ထိုအချက်များအပြင် အာရပ်က ဒီတိုင်း သေးငယ်သည့် တိုင်းပြည်သာဖြစ်နေသည်။
“အခုတစ်ကြိမ်က မတူဘူး။ ဒီတစ်ကြိမ် တပ်ကူတောင်းထားက ကောင်းရှန်းကျစ်ရဲ့ လက်ထောက်ဗိုလ်ချုပ် ဖန်းချန်းချင်ပဲ။ ဒီနိမ့်ကျတဲ့ အရာရှိကလည်း ငါတို့ ဒီကိစ္စကိုပိုပြီး အလေးအနက်ထားသင့်တယ်လို့ ယုံတယ်”
ဗိုလ်ချုပ်များထဲမှ တစ်ယောက်က ခုံရုံးကို ဆက်လက်ပြီး အသနားခံသည်။
“အရှင်ရွယ် စိတ်အေးအေးထားပါ အရှင်ကောင်းက အဆင်ပြေမှာပါ”
အင်ပါယာဆင်ဆာလူကြီးမင်းတစ်ယောက်က မနေနိုင်ဘဲ စိုးရိမ်တကြီး ဝင်ပြောလိုက်သည်။
ခုံရုံး၏ ငြင်းခုံမှုက အဆုံးတွင် ဘာမှထွက်မလာခဲ့ချေ။ ဖန်းချန်းချင်၏ စာက ဖြစ်လာသော သက်ရောက်မှုက လှိုင်းအနည်းငယ်သာ သက်ရောက်စေခဲ့သည်။ ကောင်းရှန်းကျစ်က ကိစ္စများကို ချောမွေ့စွာ ကိုင်တွယ်နိုင်သည့် ဆုံးဖြတ်ချက်ပြတ်သားသော တိုက်ပွဲများကို ရင်ဆိုင်နိုင်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်ဖြစ်သည်။ လူပေါင်းများစွာကလည်း သိပ်မကြာခင် အန်းရှီထံမှ အနိုင်သတင်းက ရောက်ရှိလာမည်ဟု ယုံကြည်ထားကြသည်။ သို့သော် ဆယ်ရက်ခန့်ကြာပြီးနောက် အနောက်ပိုင်းဒေသနှင့် ကောင်းရှန်းကျစ်က အဝိုင်းခံထားရသော နေရာမှ တပ်ကူများကို တောင်းခံမှုက တစ်ကြိမ်ထပ်ရောက်လာသည့်အခါ ခုံရုံးရှိ လူတိုင်း၏မျက်နှာက ဖြူဖျော့လာကြပြီဖြစ်သည်။
အနှေးကွေးဆုံးလူကပင် ဒီမတော်တဆမှုက ယခင်တစ်ခေါက်များနှင့် မတူတော့ကြောင်း နားလည်နိုင်ကြသည်။ အင်ပါယာ၏ လှံတစ်လက်ဟု တင်စားကြသည့် ကောင်းရှန်းကျစ်က နောက်ဆုံးတွင် အင်အားကြီးမားလွန်းသော ပြိုင်ဘက်ကို တွေ့သွားလေပြီ။
.....
မြို့တော်က တပ်ကူပေးမပေး ကိစ္စနှင့် ပတ်သတ်ပြီး ငြင်းခုံနေကြချိန်တွင် ချီရှီနှင့် ဝူရှန်းကမူ စစ်ပွဲအတွက် ပြင်ဆင်နေကြပြီဖြစ်သည်။
ချီရှီကာကွယ်ရေးစစ်တပ်က စစ်သည် တစ်သောင်း၏ အဖွဲ့များအဖြစ် ပြောင်းလဲထားသည်။ ထိုတစ်ဖွဲ့ချင်းစီတိုင်းတွင် လုပ်ဆောင်ရမည့် တာဝန်တစ်ခုစီပါသည်။ ထိုအချိန်တွင် ဝူရှန်းမြင်းတပ်ငါးထောင်ကမူ တိုက်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်သည်။ သူတို့က လေး၊ မြှား၊ လက်နက်ကြီး၊ ဆေဘာလှံ၊ ခက်ရင်းခွ စသဖြင့် လက်နက်တိုင်းကို ချီရှီလက်နက်တိုက်ထဲမှ ထုတ်လာကြပြီး စစ်တပ်ထဲသို့ ဖြန့်ဝေပေးသည်။
ဒူးလေးကြီးတစ်ခုနှင့် မင်တုံးလေးနှစ်ရာကျော်က ငါးယောက်တစ်ဖွဲ့ရှိသော အဖွဲ့တိုင်းထံ ပေးအပ်ထားသဖြင့် ဝမ်ချောင်က လက်နက်အပြည့်အဝ တပ်ဆင်ထားသည့် စစ်တပ်တစ်ခုကို ဖွဲ့စည်းလိုက်နိုင်သည်။ ထိုထဲတွင် လက်နက်ကြီးပေါင်းများစွာ ကိုင်ထားသည့် အဖွဲ့နှစ်ထောင်ပါသည်။ ဝမ်ချောင်က ထိုအဖွဲ့ကို သာ့ယန်မာန်ပန့်၏ သံမဏိမြို့ကို ဝင်စီးသောညကတည်းက စသုံးကြည့်ခဲ့ပြီး ဗျူဟာကလည်း တဖြည်းဖြည်းချင်း သက်ရောက်မှုရှိကြောင်း အင်အားပြလာသည်။
စစ်သည်တစ်သောင်းထဲတွင် ထိုသို့ လက်နက်ကြီးများ ကိုင်ဆောင်ထားသောလူက အယောက်နှစ်ထောင်သာလျှင် ရှိသော်လည်း ထိုအဖွဲ့က သူတို့လုပ်ဆောင်ရမည့် တာဝန်များကို သီးသန့်လုပ်ဆောင်နိုင်ကြခြင်းအားဖြင့် လက်နက်များကို ချိန်ကြည့်ကာ မြန်ဆန်သည့် အရှိန်နှုန်းဖြင့် ပစ်ခတ်နိုင်ကြမည်ဖြစ်သည်။ ထို့ပြင် ထိုလေးလံသော လက်နက်ကြီးများ၏ အင်အားအများစုကိုလည်း သူတို့က ထုတ်သုံးနိုင်ပေလိမ့်မည်။ ထိုအဖွဲ့က လက်နက်ကြီးများကို ထုတ်ကာ ပစ်လိုက်သည့်အခါ သာမာန် သတ်ဖြတ်ခြင်းအင်အား၏ ငါးဆမှ ဆယ်ဆခန့်အထိ ထုတ်ပြနိုင်သွားသည်။ ထိုအခြေအနေကလည်း ဝမ်ချောင်က ထိုလက်နက်ကြီးများအတွက် သီးသန့် အကောင်အထည် ဖော်ထားသော ဗျူဟာအသစ်တစ်ခုဖြစ်သည်။
“အရှင်အမတ် အရှင်ဖန်းချန်းချင်က နောက်ထပ် တပ်ကူတောင်းတဲ့စာကို ပို့လာပါတယ်။ ကျွန်တော်တို့ ဘယ်လိုပြန်ဖြေသင့်လဲ။ ကျွန်တော်တို့ ငြင်းလိုက်သင့်လား”
ခန်းမထဲတွင် ဝမ်ချောင်နှင့် ဗိုလ်ချုပ်တိုင်းက စုကာ ရောက်ရှိနေကြသည်။ ရွှီခဲ့ယွီက စာကိုကိုင်ထားပြီး ဝမ်ချောင်ကို ပေးလာသည်။
“ငါ့ကို အချိန်နှစ်လပေးပါလို့ အရှင်ဖုန်းကိုပြောလိုက်ပါ။ နှစ်လပြီးရင် ငါတာလာ့ကို တပ်ဖွဲ့တွေ သေချာပေါက်လွှတ်ပြီး အရှင်ကောင်းကို အကူအညီပေးမယ်”
ဝမ်ချောင်က ထိုသို့ ခပ်တင်းတင်းပြန်ဖြေသည်။
တာလာ့မှကပ်ဘေးနှင့် ကောင်းရှန်းကျစ်က အဝိုင်းခံထားရသော ကိစ္စကြောင့် ဖန်းချန်းချင်က စာတစ်စောင်ပြီးတစ်စောင် ပို့နေခဲ့သည်။ ထို့ကြောင့် ချီရှီကလည်း မုန်တိုင်းထန်လာသည်။ ဒီဆယ်ရက်ဆိုသော လုံလောက်သည့် အချိန်ကာလ အတောအတွင်း ဝမ်ချောင်က စာအစောင်နှစ်ဆယ်မှ သုံးဆယ်ခန့်အထိ လက်ခံရရှိပြီးသားဖြစ်သည်။ ဖန်းချန်းချင်က ကောင်းရှန်းကျစ်၏ လက်ထောက်ဖြစ်သလို အယုံကြည်ရဆုံး လက်အောက်ငယ်သားလည်းဖြစ်သည်။ သူတို့နှစ်ယောက်ကလည်း အမွှာမျိုးရိုး နှစ်ခုဟုပင် တင်စားရသည်အထိ အမြဲတစေ ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့သည်။ ဝမ်ချောင်က ထောက်ပံ့ပို့ဆောင်ရေးဘက်နှင့် စီမံခန့်ခွဲမှုစွမ်းရည် ကျွမ်းကျင်လွန်းသော ထိုဗိုလ်ချုပ်နှင့် တစ်ကြိမ်သော်မျှ မဆုံဖူးသေးသော်လည်း ဖန်းချန်းချင်က ယခုအခြေအနေအရ သူ့အပေါ် အမြင်ကောင်းရှိအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ဖန်းချန်းချင်၏ စာထဲမှ စကားလုံးတိုင်းက သူ၏စိုးရိမ်မှုနှင့် ပူပန်သောကကို ဖော်ပြထားနိုင်သည်။ ယခုအချိန်ထိ အင်ပါယာခုံရုံးကမူ ဒီစစ်ပွဲမှ အန္တရာယ်၏ လေးနက်မှုကို မသိကြသေးချေ။ ဝမ်ချောင်နှင့် ဖန်းချန်းချင်ကသာ ထိုကိစ္စက ဒီတိုင်း နယ်စပ်မှ ရန်ပွဲလောက် မရိုးရှင်းကြောင်း နားလည်နေကြသည်။
WC PD 47(851-865)