← Chapters

အခန်း (၈၅၁-၈၅၅)

Vol. 47 Ch. 851-855

အခန်း (၈၅၁-၈၅၅)

Vol. 47 Ch. 851-855

Docs Update တင်ပုံ ပြောင်းထားပါတယ်နော်။ တစ်ပတ်ကို တစ်ခါ တက်မှာပါ။ မင်မင်က နေ့တိုင်း မတက်ပေးနိုင်လို့ တစ်ပတ်စာ တင်မဲ့အပိုင်းတွေကို တစ်ခါတည်း တင်ပေးတော့မှာပါ။

အခန်း(၈၅၁)

အနောက်တောင်ပိုင်းနှင့် မတူသည်မှာ တာလာ့မှတိုက်ပွဲတွင် ပြည်သူအများကြီး ပါဝင်ပတ်သတ်ခြင်း မရှိသလို စစ်သည်တော် အများကြီးလည်း မပါနေခဲ့ချေ။ သို့သော် ဒါက အနောက်ပိုင်းဒေသ၏ ပိုင်ရှင်နှင့် အင်ပါယာကံကြမ္မာကို အဆုံးအဖြတ်ပေးနိုင်နေသည်။ ဝမ်ချောင်က ဖန်းချန်းချင်ထက်ပိုသိသည်။ ထိုစစ်ပွဲက သက်ရောက်မှု ပိုကြီးနိုင်ကြောင်း ကောင်းကောင်း နားလည်ထားသည်။

အချိန်တခဏသာ အနိုင်အရှုံးကို ဆုံးဖြတ်ပေးမည်မဟုတ်သောကြောင့် ဖြစ်သည်။ အကြောင်းမူကား တစ်ဖက်က ရှုံးသွားသည်နှင့် ထိုဘက်ခြမ်းမှ အင်ပါယာကြီးတစ်ခုလုံးက လဲပြိုကျသွားမည်ဖြစ်ပြီး ဗဟိုပြင်ကျယ်၏ ကံကြမ္မာကလည်း ပြောင်းလဲသွားပေလိမ့်မည်။ ခြင်္သေ့က လက်သည်းကို ဆုံးရှုံးလိုက်ရသည်နှင့် နေဝင်ဆည်းဆာအချိန်သို့ ရောက်ပြီး အနားယူရတော့မည်ဖြစ်သည်။ အင်ပါယာက ဆက်လက်ပြီး နယ်မြေဖြန့်ကျက်နိုင်စွမ်းအား မရှိတော့သောအခါ လူငယ်တစ်ယောက်က ချက်ချင်း အိုစာသွားသလို ဖြစ်သွားပေလိမ့်မည်။ ထို့ပြင် အတွင်းပိုင်းမှ ရုန်းကန်မှုများနှင့် အခြေအနေပေါင်း များစွာအရ ဖြစ်ပျက်လာနိုင်သော အနေအထားများကို မည်သူကမျှပင် စိတ်ကူးမယှဉ်နိုင်လောက်ချေ။

ဝမ်ချောင်က ထိုအခြေအနေများကို သူ၏ကိုယ်ပိုင် မျက်လုံးဖြင့် မြင်ခဲ့ဖူးပြီးသားဖြစ်သည်။ နောက်ထပ် မည်သည့်အခြေအနေများ ထပ်ဖြစ်မည့်အကြောင်းအရာကိုပင် သိနေခဲ့သည်။ သူက မဟာထန်ကို ထိုအဆင့်ထိရောက်သွားအောင် ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

ဝမ်ချောင်ကိုယ်တိုင်ကလည်း ဖန်းချန်းချင်က မလျော့သော အခြေအနေမျိုးဖြင့် စိုးရိမ်နေသည်။ ဝမ်ချောင်က ထိုသို့ အစိုးရိမ်ဆုံးဖြစ်နေသည့်တိုင်အောင် စစ်သားများကို ယခုအချိန် ပို့လွှတ်ရန် မဖြစ်သေးကြောင်း သိနေသည်။

သူနှင့်ချီရှီကာကွယ်ရေးစစ်တပ်က အသစ်ဖြစ်ရန် ဝေးကွာလွန်းနေသေးသည်။ သူက သတိလက်လွတ် စတင်ပြီး လုံလောက်အောင် ပြင်ဆင်ရသေးခြင်း မရှိသေးဘဲ ချီတက်သွားခဲ့မည်ဆိုလျှင် သူက ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးစစ်တပ်ကို မကူညီနိုင်ရုံသာမကသေးလေဘဲ ဝူရှန်းမြင်းတပ်နှင့် ချီရှီကာကွယ်ရေးစစ်တပ်ကိုပင် အသေခံခိုင်းသလို ဖြစ်သွားပေလိမ့်မည်။

သမိုင်းက ပြောင်းသွားလေပြီ။ သူ၏ယခင်ဘဝတွင် အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်က သူ၏စစ်တပ်ကို လျှင်မြန်စွာ ချီတက်သွားခဲ့သည်။ သို့သော် တာလာ့ကို သိမ်းယူရာတွင် အနည်းငယ် နောက်ကျသေး၏။ ရလဒ်အနေဖြင့် သူက ပြင်ကျယ်တွင် အဖမ်းခံလိုက်ရသည်။ အာရပ်စစ်တပ်က သူ့ကို ထပ်ခါတလဲလဲ တိုက်ခိုက်လာခဲ့သည်။ ထိုသို့ဖြင့် မယုံနိုင်စရာကောင်းလောက်အောင် အားနည်းသော အခြေအနေမျိုးကို ကြုံတွေ့ရပြီးနောက် သူက တာလာ့၏အပြင်ဘက်တွင် ရှုံးသွားသည်။

လက်ရှိအချိန်တွင် ကောင်းရှန်းကျစ်က အောင်မြင်စွာဖြင့် တာလာ့ကို သိမ်းယူနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် သူက အခြေအနေအားဖြင့် အားသာနေသေးသည်။ ကောင်းရှန်းကျစ်၏ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးဆိုသော အင်အားနှင့် သူ၏ လက်ရွေးစင်သုံးသောင်းနှင့် ကြေးစားစစ်သား တစ်သောင်းကျော်၏ အင်အားကြောင့် သူတို့က မြို့ရိုးအပြင်ဘက်တွင် အာရပ်စစ်တပ်ကို ကြိမ်သေးပေါက် ရင်ဆိုင်နိုင်ဦးပေလိမ့်မည်။

ထို့ကြောင့် ကောင်းရှန်းကျစ်၏ အမိန့်ပေးနိုင်စွမ်းကိုလည်း သံသယဝင်ရန် မလိုအပ်ချေ။ အင်ပါယာမှ အင်အားအကြီးဆုံး လက်ရွေးစင်စစ်သည် အန်းရှီ၏ စစ်သည်တော်သုံးသောင်းကလည်း ရှိနေသေးသည်။ ယခင်ကဆိုလျှင် သူက လက်ဦးမှုရယူရာတွင် ရှုံးနိမ့်သွားခဲ့ပြီး ဆိုးရွားသော အနေအထားသို့ ရောက်ရှိနေခဲ့သည့်တိုင်အောင် ကောင်းရှန်းကျစ်က အခြေအနေကို တစ်လကျော်အထိ ထိန်းနိုင်ခဲ့သေးသည်။ လက်ရှိအနေအထားမျိုးတွင် သူက တာလာ့၏ ခံတပ်ထဲတွင် ရောက်ရှိနေခဲ့လေရာ နှစ်လထိန်းရန် ပြဿနာမရှိချေ။

ထိုအကြောင်းပြချက်ကြောင့်လည်း ဝမ်ချောင်က တပ်ကူစေလွှတ်မည့် အရေးကို ယာယီအားဖြင့် ဆိုင်းငံ့ထားခြင်းဖြစ်သည်။

“ဟုတ်ကဲ့အရှင်အမတ်”

ရွှီခဲ့ယွီက ချက်ချင်းလိုလို ဂါရဝပြုလိုက်ပြီး စာသွားပို့ရန် ထွက်သွားသည်။

“လီစစ်ယဲ့”

ရွှီခဲ့ယွီက ထွက်သွားသည်နှင့် ဝမ်ချောင်က တောင်တန်းတမျှ မြင့်မားသော လီစစ်ယဲ့ကို လှည့်ကြည့်လိုက်သည်။

“ဒီဗိုလ်ချုပ်ကရှိပါတယ်”

လီစစ်ယဲ့က ချက်ချင်းလိုလို ရှေ့ထွက်လာသည်။

“ဝု့စ်သံမဏိတွေရဲ့ အခြေအနေက ဘယ်လိုလဲ။ အားလော့နော့တန်းနဲ့ အားလော့ကျားတို့က အလျင်စလို လာပို့ဖို့ အကြောင်းကြားထားတာကို မတုန့်ပြန်ကြဘူးလား။ ဘာသတင်းမှ မကြားရဘူးလား”

ဝမ်ချောင်ကမေးသည်။

လက်ရှိအခြေအနေတွင် ဝမ်ချောင် အစိုးရိမ်ဆုံက ဝု့စ်သံမဏိဖြစ်သည်။ ဒါက အရေးတကြီး လိုအပ်နေသော ပစ္စည်းဖြစ်နေသေးသည်။ အရာအားလုံးကလည်း မျှော်လင့်ထားသည့်အတိုင်းဖြစ်လာခဲ့လျှင် အာဘတ်ဆစ်ကယ်လီဖိတ်၏ မာမဲ့လုတစ်သောင်းက နယ်စပ်တွင် သူ့ကို အသင့်စောင့်နေပေလိမ့်မည်။ ဝမ်ချောင်သိထားသည့် သမိုင်းတွင် မာမဲ့လုများက စစ်သည်တော်များ၏ ဘုရင်လို အရည်အသွေးရှိသောလူများဖြစ်ပြီး ကပ်ဘေးခေတ်တွင်ပင် နာမည်ကြီးလာသော အင်အားအကြီးဆုံး မြင်းတပ်အင်အားစုကြီး ဖြစ်နေသေးသည်။

ထို့ကြောင့် သူတို့၏ လက်နက်များနှင့် တိုက်ခိုက်နိုင်သည့် စွမ်းအားက လူတိုင်းမျှော်လင့်ထားသည်ထက် အပြတ်အသတ် သာနေပြီးသားဖြစ်သည်။ သူတို့က မွေးဖွားလာကတည်းက လေ့ကျင့်လာကြပြီး အစစ်အမှန် စစ်စက်ကြီးများကဲ့သို့ လေ့ကျင့်ပေးခံခဲ့ရသည်။ ဝူရှန်းမြင်းတပ်က အင်အားကြီးမားသော်လည်း ဝု့စ်သံမဏိဓားများနှင့် ဥက္ကာခဲသတ္တု သံချပ်ကာများ မရှိတော့သည့်အခါ သူတို့က တစ်ဖက်သူများကို ယှဉ်နိုင်ဦးမည်မဟုတ်ချေ။

အရှေ့နှင့်အနောက်ဘက်မှ အင်အားအကြီးဆုံး စစ်တပ်များက တာလာ့တိုက်ပွဲတွင် စုစည်းသွားသောအခါ ဖြစ်လာသည့်တိုက်ပွဲက ရက်စက်သည်ထက် ပို၍ရက်စက်ပြီး လူတိုင်းမျှော်လင့်ထားသည်ထက် ကြောက်မက်ဖွယ် ကောင်းနေပေလိမ့်မည်။

ဝမ်ချောင်ကလည်း ဝူရှန်းမြင်းတပ်ကို လက်နက်အပြည့်အဝ တပ်ဆင်ပေးခြင်း မရှိသေးဘဲ တိုက်ပွဲနယ်မြေသို့ ပို့လွှတ်မည်မဟုတ်ချေ။ ထိုသို့ပို့လိုက်ပါက သူတို့ကို တိုက်ပွဲနယ်မြေသို့ ချီတက်ခိုင်းပြီး မြုပ်နှံခိုင်းသလိုဖြစ်သွားပေလိမ့်မည်။

“အရှင်အမတ် ကျွန်တော်တို့ စန်းထူဆီက သတင်းရပြီးပါပြီ”

လီစစ်ယဲ့က ကျယ်လောင်စွာဖြင့် တင်ပြသည်။

“အားလော့ကျားနဲ့ အားလော့နော့တန်းတို့က အရှင်သခင် ဘုန်းတော်ကြီးဆီက သတင်းကို ရရှိပြီးပါပြီ။ ဟိုင်သယ်လာပါး သတ္တုရိုင်း ကျင်းခြောက်ထောင်ကျော်ကို ပို့ဆောင်ဖို့ အသင့်ပြင်ဆင်နေကြပါတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုရှိနေပါတယ်။ တာလာ့ကစစ်ပွဲကြောင့် စန်းထူကိုသွားတဲ့ လမ်းမှာ ဖြတ်တောက်ခံရမှုတွေ ရှိနေလို့ သာမာန်လမ်းကြောင်းထက် ပိုရှည်တဲ့လမ်းကိုသုံးပြီး ပို့ရမှာပါ”

ဝုန်း

လီစစ်ယဲ့၏ စကားနှင့်အတူ ခန်းမထဲရှိ လူတိုင်းက ထိတ်လန့်သွားကြသည်။ တာလာ့မှတိုက်ပွဲက သူတို့၏ အရှိန်အဟုန်ကို ဖြတ်လိုက်သည်။ သူတို့က အရာအားလုံးကို အလောတကြီး လုပ်ဆောင်နေရသည်။ တစ်ယောက်ချင်းစီတိုင်းတွင် ကိုယ်ပိုင်တာဝန်များရှိသည်။ သူတို့က စက်လိုမျိုး ကဏ္ဍအသီးသီးကို လုပ်ဆောင်နေရခြင်းဖြစ်သည်။

လီစစ်ယဲ့၏ ကိုယ်ပိုင်တာဝန်၏ အသေးစိတ် အချက်အလက်ကို မသိသော်လည်း လူတိုင်းက ဝု့စ်သံမဏိက အရေးကြီးကြောင်း နားလည်ထားသည်။

ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်ပြီး ပုလ္လင်ပေါ်မှ ဆင်းလိုက်သည်။

အာလော့နှင့် အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့တွင် ထိပ်တိုက် ရင်ဆိုင်နေသေးသည်။ သို့သော် သူတို့၏တိုက်ပွဲက စတင်နေပြီး သက်ရောက်မှုများလည်း ရှိလာမည်ဖြစ်သည်။ စန်းထူမှ ဘုန်းတော်ကြီးက ထိုနေရာမှစစ်ပွဲကို စိုးရိမ်နေသည်မှာ ရှင်းလင်းနေသည်။ ထို့ကြောင့် ယခုလို ရွှေထည်ခြောက်သန်းစာတန်သော ပူးပေါင်းမှုမျိုး ပြုသည့်အခါ မလိုလားအပ်သော စိုးရိမ်မှုများ ဖြစ်လာမည့်အရေးကို စိုးရမ်နေခြင်းဖြစ်လောက်သည်။

ဝမ်ချောင်၏ ယခင်သဘောထားကြီးမှုများက သက်ရောက်မှုစပြလာသည်။ လက်ရှိအချိန်တွင် ဝမ်ချောင်က ဟိုင်သယ်လာပါး သတ္တုရိုင်းများကို အကြီးမားဆုံး ဝယ်ယူသူတစ်ယောက် ဖြစ်လာသည်မှာ ရှင်းလင်းနေသည်။ သူကလည်း စန်းထူကို အကြီးမားဆုံး ထောက်ပံ့နေသူကြီး ဖြစ်နေသည်။ ထို့ကြောင့် ထိုဘုန်းတော်ကြီးက ဒီအရှုံးကို လက်မခံနိုင်ချေ။

ထို့ကြောင့် ဟိုင်သယ်လာပါး သတ္တုရိုင်း ကျင်းခြောက်ထောင်ကို အမြန်ဆုံး ပြင်ဆင်ပေးခြင်းဖြစ်သည်။

သို့သော် ကိစ္စများက မျှော်လင့်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာခဲ့ချေ။ ကောင်းရှန်းကျစ်နှင့် အပုမူစလင်တို့ကြားမှ စစ်ပွဲက ဟိုင်သယ်လာပါး သတ္တုရိုင်းပို့သောလမ်းကို ပျက်စီးစေခဲ့သည်။ ထိုအခြေအနေမျိုးတွင် သတိလက်လွတ် ပို့ဆောင်လိုက်မိပါက အာဘတ်ဆစ်ကယ်လီဖိတ်များကပင် ထိုပစ္စည်းများအားလုံးကို သိမ်းသွားနိုင်သေးသည်။

တက် တက်

ဝမ်ချောင်၏ ခြေလှမ်းသံများက ခန်းမထဲတွင် ဟိန်းထွက်လာသည်။ လူတိုင်းကလည်း သူ့နောက်လိုက်ကာ တောက်လျှောက် ကြည့်နေကြသည်။ သူက တဖြည်းဖြည်းချင်း ပုံစံငယ်ထံ လျှောက်သွားကြောင်း မြင်လိုက်ရသည်။ သူတို့ကလည်း ပုံစံငယ်၏အလယ်တွင် ရှိနေသည့် တာလာ့ကို ကိုယ်စားပြုသော နေရာလေးထံမှ တစ်စုံတစ်ရာကို မြင်လိုက်ရသည့်အခါ ထူးဆန်းသော ခံစားချက်မျိုးကို ရလိုက်ကြသည်။

ဝမ်ချောင်က စစ်ပွဲမစတင်ခင်ကတည်းက ထိုပုံစံကို တည်ဆောက်ခိုင်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့ ထိုပုံစံငယ်ကို မြင်ဖူးနေသည်မှာ ကြာပြီဖြစ်သည်။ သို့သော် မည်သူကမှလည်း အခြေအနေကို အသေးစိတ် နားမလည်သေးချေ။

ကျန်းချွယ်က ပုံစံငယ်ပေါ်မှ အနိမ့်အမြင့် တောင်တန်းများကိုကြည့်ပြီးနောက် ဝမ်ချောင်ကို ရိုသေလေးစားစွာဖြင့် တင်ပြပေးသည်။

“အရှင်အမတ် ဗဟိုပြင်ကျယ်နဲ့ စန်းထူကြားမှ လမ်းတွေအားလုံးက အပိတ်ခံလိုက်ရတာ မှန်ပါတယ်။ ကျွန်တော်က ကင်းထောက်တွေနဲ့ ကျောက်တုံးသိန်းငှက်တွေကို လွှတ်ပြီးပါပြီ။ တာလာ့ဝန်းကျင် နေရာမှာ အာရပ်စစ်သားတွေ အပြည့်ရှိနေပါတယ်။ နောက်ပြီး အရှေ့ဘက်နဲ့ အနောက်ဘက်ကိုသွားတဲ့ ကုန်သည်လှည်းတန်းတွေအားလုံးကလည်း ရပ်တန့်ခံထားရပါတယ်။ အာရပ်ကုန်သည် လှည်းတန်းတောင်မှ အတားခံရတာပါ။ ဒါကြောင့် အရှေ့နဲ့အနောက်ကို သွားတဲ့လမ်းကို ဖြတ်လို့ မဖြစ်နိုင်ပါဘူး”

ဝမ်ချောင်က မျက်မှောင်ကျုံ့လိုက်သည်။ သူက ခန္ဓာကိုယ်ကို ပုံစံငယ်ထံ ငုံ့လိုက်သည်။ ထိုသို့ဖြင့် ထိုပုံစံငယ်ပေါ်မှ တောင်များ၊ မြစ်များ၊ လမ်းတိုင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ အသက်ရှုမှားလောက်ဖွယ် အသေးစိတ်ကျသော ထိုပုံစံငယ်ကို များပြားသောအချိန် ပေးဆပ်ပြီး ကင်းထောက်များ၏ အင်အားအများကြီး စိုက်ထုတ်ပြီးမှ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ကျန်းချွယ်ကပြောသလိုမျိုး တာလာ့မြို့၏ ထူးခြားသော မြေမျက်နှာသွင်ပြင်က ထိုနေရာမှ ကြီးမားသော စီးပွားရေးဆိုင်ရာ အချက်အချာကျသည့် နေရာကြီးတစ်ခု ဖြစ်သွားစေခဲ့သည်။ ယခုအခါ စစ်ဖြစ်သောကြောင့် ပိုးသားလမ်းက ဆိုးဆိုးရွားရွား ထိခိုက်လာသည်။ စန်းထူကတည်း ဝမ်ချောင်၏ တောင်းဆိုမှုကို လက်ခံသည့်တိုင်အောင် ထိုဟိုင်သယ်လာပါး သတ္တုရိုင်း ကျင်းခြောက်ထောင်ကို ပို့ပေးရန် မဖြစ်နိုင်ချေ။

“မဟုတ်ဘူး”

ဝမ်ချောင်၏မျက်လုံးက ရုတ်တရက် တောက်ပလာသည်။ သူကထပြောလာသည်။

“လမ်းတွေအားလုံးက ဖြတ်တောက်ခံရဖို့ မဖြစ်နိုင်ဘူး။ မဟာထန်နဲ့ စန်းထူကြားမှာ တည်ရှိနေတဲ့လမ်းက တစ်လမ်းထက်ပိုတယ်”

“အာ”

လူတိုင်းက ဝမ်ချောင်၏စကားလုံးကြောင့် ပင့်သက်ရှိုက်လိုက်ကြသည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်တော် အပိတ်ခံထားရတဲ့ ကုန်သည်လှည်းတိုင်းကို စစ်ဆေးခဲ့ပြီးပြီ။ အခြားလမ်းမရှိပါဘူး”

ကျန်းချွယ်က အံ့အားတကြီးဝင်ပြောသည်။ သူက ဝမ်ချောင်ကို မယုံကြည်သောကြောင့် မဟုတ်ချေ။ သူက အချိန်အင်အားအများကြီး စိုက်ထုတ်ပြီး လူအင်အားအများကြီးသုံးကာ စစ်တပ်အင်အားအပြည့် ထောက်ပံ့လျှက် အခြားလမ်းရှိမရှိ ရှာခိုင်းခဲ့သည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှု အားလုံးက ရှုံးနိမ့်သွားခဲ့သည်။ ထပ်ပေါင်းဆိုရသော် ကုန်သည်များက အကျိုးအမြတ်သာ ရမည်ဆိုလျှင် သေချာပေါက် အခြားလမ်းရှိကြောင်း သိခဲ့ပါက ထိုလမ်းကို ရွေးပေလိမ့်မည်။ သို့သော် မရှိသောကြောင့် ယခုလို ဒုက္ခခံနေရခြင်းဖြစ်သည်။

အခန်းထဲတွင် တိတ်ဆိတ်သွားသည်။ လူတိုင်းက ဝမ်ချောင်ကို စိုက်ကြည့်ကြသည်။

စွစ်

ဝမ်ချောင်က ဘာစကားမှမပြောဘဲ ပုံစံငယ်ပေါ်မှ မသိသာ မထင်ရှားလွန်းသော နေရာပေါ်သို့ အလံငယ်လေးကို စိုက်လိုက်သည်။ ထိုနေရာကတင် ရှိနေကြသော အရာရှိတိုင်းကို ဖြတ်ရိုက်လိုက်သလို ဖြစ်သွားသည်။ ကျန်းချွယ်၏ မျက်လုံးကလည်း ပြူးထွက်သွားပြီး ထိုအလံရှိရာကို ကြည့်သည်။

တိဗက်တောင်ပေါ်ဒေသ

ဘယ်သူကမှလည်း ဝမ်ချောင်က ရုတ်တရက် သူ၏အလံကို ယွီစန်းအင်ပါယာ၏ ပိုင်နက်နယ်မြေကို စိုက်လိုက်မည်ဟု မထင်ထားကြချေ။ သူက တိဗက်မှလမ်းကိုသုံးပြီး ဟိုင်သယ်လာပါး ကျောက်ရိုင်းတုံးကို ပို့ရန် တွေးတောနေခြင်းဖြစ်လောက်သည်။ ခေါင်းအမာဆုံးသော အကြံအစည်ချသူများကပင် ထိုသို့ မဖြစ်နိုင်သော အကြံမျိုးကို တွေးလိမ့်မည်မဟုတ်ချေ။

“ပိုးသားလမ်းက အပိတ်ခံလိုက်ရပြီး ဆိုးဆိုးရွားရွား ထိခိုက်နေတာ အဆင်ပြေတယ်။ လီစစ်ယဲ့ စန်းထူကို အကြောင်းကြားလိုက်။ သူတို့တွေ စန်းထူရဲ့ မြောက်ပိုင်းဘက်ကနေ လာသင့်တယ်။ အဲ့ဒီကနေ အကြီးအသေးပါ့လာကို ဖြတ်ခဲ့လိုက်။ သူတို့က ယွီစန်းရဲ့လမ်းတွေကိုသုံးပြီး ဟိုင်သယ်လာပါး ကျောက်ရိုင်းတုံး ခြောက်ထောင်ကို သယ်ဆောင်လာလို့ရတယ်။ ဒါ့အပြင် ဝူရှန်းမြင်းတပ် နှစ်ထောင်ကိုခေါ်သွားပြီး အကြီးအသေး လာ့ပါဆီ ကြိုသွားလို့ သူတို့ကို ကြိုနေလိုက်”

ဝမ်ချောင်က ချက်ချင်းကြေညာသည်။

“ဟုတ်ကဲ့အရှင်အမတ်”

လီစစ်ယဲ့က ချက်ချင်းလိုလို ပြန်ဖြေသည်။ သူကလည်း ဘယ်သောအခါမှ ဝမ်ချောင်၏ ဆုံးဖြတ်ချက်များကို သံသယဝင်လိမ့်မည်မဟုတ်ချေ။ အနောက်မှ အခြားသော အရာရှိတိုင်းက အံ့အားသင့်မှုထဲမှ မရုန်းထွက်နိုင်သေးချေ။ သူတို့က တဖြည်းဖြည်းချင်း နားလည်လာကြပြီး သူတို့၏မျက်နှာတွင် တွေးတွေးဆဆ ဖြစ်နေသော အမူအရာများက ပေါ်လာကြသည်။ မြောက်ပိုင်းစန်းထူမှ ကျော်ဖြတ်ပြီးလျှင် အကြီးအသေးပါလာ့ထံ ရောက်လာမည်ဖြစ်သည်။ ထို့ကြောင့် ထိုနေရာမှတဆင့် တိဗက်တောင်ပေါ်ဒေသကို ဖြတ်သန်းသည်ဆိုသော ကိစ္စက ခေါင်းအမာဆုံးနှင့် အရူးသွပ်ဆုံး ကုန်သည်များကပင် မတွေးရဲသော ကိစ္စဖြစ်သည်။

အကြောင်းပြချက်ကမူ ရိုးရှင်းသည်။ ထိုလမ်းက အလွန်မတ်စောက်ပြီး ကြမ်းတမ်းသည်။ ထို့ပြင် ယွီစန်းအင်ပါယာ၏ ပိုင်နက်နယ်မြေမှ အန္တရာယ်အများဆုံး နေရာတစ်ခုလည်းဖြစ်နေသေးသည်။ တိဗက်မြင်းတပ်က လုံရှီတွင်သာ ဝင်စီးထားခြင်းမဟုတ်ချေ။ ကုန်သည်များကလည်း အရှေ့အနောက် လမ်းတောက်လျှောက် သွားနေကြသည်။ မဟာထန်က ချီရှီတွင် ကာကွယ်ရေးစစ်တပ်ကို တည်ဆောက်ထားသည့် အရေးကြီးဆုံး အချက်ကမူ ယွီစန်းထံမှ ဝင်စီးသည့်လူများကို ကာကွယ်ရန်ဖြစ်သည်။

မည်သည့်ကုန်သည်ကမျှ ဓားမြများ၏ ပိုင်နက်နယ်မြေမှကျော်ဖြတ်ပြီး ပစ္စည်းများကို သယ်ဆောင်လာလောက်သည်အထိ ရူးလိမ့်မည်မဟုတ်ချေ။

သို့ရာတွင် တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင် ချီရှီ၏ တည်နေရာကပင် ပြောင်းလဲသွားသည်။ သာ့ယန်မာန်ပန့်က သေသွားပြီး တုစုန့်မာန်ဖော်ကျဲ့က ရှုံးသွားမှုနှင့်အတူ တိဗက်တောင်ပေါ်ဒေသတွင် ဝမ်ချောင်၏အကြံကို ဖျက်နိုင်လောက်သည့် မည်သည့်စစ်သည်တော်မှ မကျန်ရစ်တော့ချေ။

ဝမ်ချောင်၏အကြံက အတော်လေး ခေါင်းမာပုံရသည်။ သို့သော် အသင့်တော်ဆုံးလည်းဖြစ်သည်။

ထိုအခါမှသာ ဝမ်ချောင်၏ အကြံကို နားလည်သထက် နားလည်လာသူများက ပိုများလာပြီး အားလုံးက ဝမ်ချောင်ကို ပို၍လေးစားလာကြသည်။ ဝမ်ချောင်က တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲကို သုံးပြီး တောင်ပေါ်ဒေသ၏ မြောက်ပိုင်းဒေသမှ တိဗက်အင်အားစုများကိုသာ မရှင်းထားခဲ့လျှင် ထိုလမ်းက ရှိလာတော့မည်မဟုတ်ချေ။ ဝမ်ချောင်က တာလာ့တိုက်ပွဲ မစတင်ခင်ကတည်းက အရေးကြီးဆုံး လမ်းကြောင်းကို ဖောက်ထားပြီးသားဖြစ်သည်။ သူက အရာအားလုံးကို ခန့်မှန်းနိုင်နေခဲ့သည်။ ထို့ကြောင့် တြိဂံပုံမြေကွက်လပ်တွင် စခန်းချခြင်းအားဖြင့် အနာဂတ်အတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်လောက်သည်။

အခန်း(၈၅၂)

ယွီစန်းရဲ့လမ်းကိုသုံးမယ်

ဝမ်ချောင်ကလည်း သူ၏ လက်အောက်ငယ်သားများ၏ အတွေးများကို အနည်းငယ်တော့ဖြင့် နားလည်နိုင်သည်။ ရုတ်တရက် ဖြစ်ပွားခဲ့သည့် ကောင်းရှန်းကျစ်နှင့် အာရပ်များကြားမှ တိုက်ပွဲက သူ၏အကြံအစည်များ အားလုံးကို ဖျက်လိုက်သည်။ သူက ဂရုစိုက်ရမည့် ကိစ္စပေါင်းများစွာ ရှိနေသည်။ သူက ဝု့စ်သံမဏိများလောက် မရိုးရှင်းချေ။

ဝမ်ချောင်က ခေါင်းကိုလှည့်ကာမေးသည်။

“ချန်းစန်းယွမ် ဟူလာယဲ့က ဘာပြောလဲ။ စတုတ္ထမင်းသားရဲ့ ကိစ္စကို ကိုင်တွယ်လို့ မပြီးသေးဘူးလား။ ငါသူ့ကို စစ်မြင်းတွေနဲ့ပတ်သတ်ပြီး ဒီထက်ပိုပြီး အချိန်မပေးနိုင်တော့ဘူး။ ငါအမြန်ဆုံး အဖြေလိုတယ်”

ဟူလာယဲ့က စန်းထူတောင်တွင်ရှိသည့် အနောက်ပိုင်းတူရကီခါကန်း၏ ခုံရုံးတွင်ဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က စတုတ္ထမင်းသား၏ကိစ္စကို ချန်းစန်းယွမ်ကို ကိုင်တွယ်ခိုင်းလိုက်သည်။

“ဟုတ်ကဲ့အရှင်အမတ် ဟူလာယဲ့ကလည်း အက်ရှာဘာရာခါကန်းက ပြင်ဆင်မှုတွေ ပြီးသွားပြီလို့ စာပြန်ပို့လာပါတယ်။ ဒါပေမဲ့ ရုတ်တရက် မတော်တဆမှုတစ်ခု ရှိသွားတယ်။ စတုတ္ထမင်းသား... ကျွန်တော်တို့သူ့ကို မူရင်းကမ်းလှမ်းချက်အတိုင်း လဲလှယ်ပေးလို့ မရနိုင်ပါဘူး”

ချန်းစန်းယွမ်က တုန့်ဆိုင်းစွာပြောသည်။

“အိုး”

ဝမ်ချောင်က မျက်ခုံးကိုအသာပင့်သည်။ သူ၏မျက်ဝန်းထဲတွင် တောက်ပသည့်အလင်းက လက်လာသည်။ ထို့နောက်သူက ရယ်သည်။

“အနောက်ပိုင်းဒေသရဲ့ တာလာ့ရဲ့ တိုက်ပွဲကြောင့်လား”

ချန်းစန်းယွမ်က တုန့်ဆိုင်းနေပြီးနောက် ခေါင်းကိုငုံ့ကာဖြေသည်။

“ဟုတ်ပါတယ်”

ချီရှီက လူအင်အား အသေအကြေ လိုအပ်နေသည်။ ဟူလာယဲ့၏ စန်းမီတောင်ပေါ်မှ သတင်းများက ထိုမကောင်းသော သတင်းကြောင့် ချောချောမွေ့မွေ့ မပြီးသွားခဲ့ချေ။

“ဟမ့် ကြည့်ရတာ တူရကီတွေက ငါနဲ့ရင်ဆိုင်တဲ့အခါ လုပ်သင့်တဲ့ အခြေအနေအပေါ် ကျင့်သားမရကြသေးဘူးပဲ။ သူတို့က စည်းမျဉ်းတွေကိုသုံးပြီး ကစားချင်နေသေးတယ်။ တာလာ့ရဲ့ တိုက်ပွဲက ဘယ်လိုအဆုံးသတ်သတ် သူတို့ အခွင့်အရေး မရစေရဘူး”

မြင်းတပ် မြင်းတပ် ... မြင်းမရှိဘဲ မြင်းတပ်က ဖြစ်လာမလား။ မြင်းမရှိတဲ့အခါ မြင်းတပ်က ခြေလျှင်တပ်ပဲ ဖြစ်သွားလိမ့်မယ်။

အတိတ်တွင် ဝမ်ချောင်က ဟူလာယဲ့ကို အနည်းငယ် အချိန်ပိုပေးရလျှင် စိတ်ထဲထားလိမ့်မည်မဟုတ်ချေ။ သို့သော် ယခုမူ စစ်ပွဲက ဖြစ်နေပြီဖြစ်သည်။ ဝမ်ချောင်အနေနှင့် စစ်သည်တော်အများကြီး လိုအပ်သည်။ စစ်မြင်းများက ပို၍အရေးကြီးလာသည်။ အက်ရှာဘာရာခါကန်းကလည်း ထိုအချက်ကို ကောင်းကောင်း သိသည်။ ထို့ကြောင့်သူက စိတ်ပြောင်းသွားပြီး အကျိုးအမြတ်ရအောင် ညှစ်ထုတ်လိုနေခြင်းဖြစ်သည်။

“ချန်းစန်းယွမ် ငါမင်းကို ဝူရှန်းမြင်းတပ်သုံးထောင်ပေးမယ်။ သူတို့ကိုခေါ် နောက်ပြီး ချီရှီကာကွယ်ရေးစစ်တပ်က စစ်သားအနည်းငယ်ကိုလည်း ခေါ်သွား။ ဒီနေ့ပဲထွက်ပြီး တူရကီမြက်ခင်းပြင် ဒေသဆီ ဝင်စီး။ မှတ်ထား ရေနောက်ကိုလိုက် ရေရှိရင် သေချာပေါက် မြင်းရှိမယ်၊ ကျွဲရှိမယ်၊ သိုးရှိမယ်၊ တူရကီအဖွဲ့တွေရှိမယ်။ သက်ရှိတွေက ရေအရင်းအမြစ်နဲ့ ဝေးဝေးမနေနိုင်ဘူး။ သုံးရက်တာကာလ အတောအတွင်းမှာ မင်းက အဲ့ဒီနားက ရေအရင်းအမြစ်တွေ အားလုံးကို ကိုင်တွယ်နိုင်ဖို့ လိုအပ်တယ်။ ဆယ်ရက်ကြာရင် အနောက်ဘက်က တူရကီစစ်သားတွေအားလုံး နှိပ်နှင်းခံရတာမျိုးကို ငါလိုချင်တယ်”

ဝမ်ချောင်၏မျက်လုံးက အေးစက်နေပြီး ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကို လွှတ်ထုတ်ထားသည်။

တာလာ့၏တိုက်ပွဲတွင် အနောက်ပိုင်းဒေသမှ စစ်နတ်ဘုရားဖြစ်သော ကောင်းရှန်းကျစ်က ဆိုးရွားသည့် အနေအထားသို့ ရောက်ရှိနေခဲ့ပြီး အာရပ်များ၏ အဝိုင်းခံရသည်။ ဝမ်ချောင်ကလည်း ထိုတိုက်ပွဲက သူနှင့် အက်ရှာဘာရာခါကန်းတို့ ဆွေးနွေးမှုအပေါ် မကောင်းသည့် သက်ရောက်မှု ရှိနိုင်ကြောင်း ခန့်မှန်းထားပြီးသားဖြစ်သည်။ ထို့ကြောင့် အနောက်ပိုင်းတူရကီများက ဆာလောင်လာပြီး အခွင့်အရေး ယူနိုင်မည်ဟု ထင်သွားရန် အခွင့်အရေး မြင့်နေခဲ့သည်။

ထို့ကြောင့် တူရကီများက သူတို့ပိုင်ဆိုင်ပြီဟု ယုံကြည်ထားသော အခွင့်အရေးများကို ဖျက်ဆီးပစ်ချင်နေသည်။ ဒီနည်းအားဖြင့် မဟာထန်က အနောက်ပိုင်းဒေသတွင် တိုက်ပွဲဖြစ်နေမည်ဆိုလျှင်ပင် သူတို့အနေဖြင့် ဘယ်သောအခါမှ အခွင့်အရေးရမည်မဟုတ်ကြောင်း နားလည်စေလိုသည်။ ဝမ်ချောင်က ချီရှီတွင်ရှိနေသမျှ သူတို့ကို မအောင်မြင်စေရချေ။

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ သွားလိုက်ပါ့မယ်”

ချန်းစန်းယွမ်က ချက်ချင်းထွက်သွားသည်။ လူတိုင်းက ပြင်းထန်သည့် ဖိအားကို ခံစားရသည်။ အန်းရှီထံမှ ထပ်ခါတလဲလဲ တပ်ကူတောင်းခံသည့်စာက ဆက်တိုက်ရောက်လာသည်။ ကောင်းရှန်းကျစ်ကလည်း အနောက်ပိုင်းဒေသမှ လျှပ်စီးကဲ့သို့ မြန်ဆန်စွာ တိုက်ခိုက်နိုင်စွမ်းရှိသည့် ဗိုလ်ချုပ်တစ်ယောက်အဖြစ် လူသိများပြီး အလဲမထိုးနိုင်သော ဗိုလ်ချုပ်ကြီးအဖြစ်လည်း ခေါ်ကြသည်။ သူ့တွင်လည်း လက်ရွေးစင်စစ်သည် သုံးသောင်းရှိသည်။ ထို့ကြောင့် အမြဲတစေ တိုက်ပွဲက လျှင်မြန်စွာ အဆုံးသတ်လေ့ရှိသည်။

သို့သော် ဆယ်ရက်ကြာသွားခဲ့ပြီးသည့်တိုင်အောင် ထိုမျှနာမည်ကြီးမားသော အင်ပါယာမဟာဗိုလ်ချုပ်ကြီးက တာလာ့တွင် အဝိုင်းခံနေရသေးသည်။ အနှေးကွေးဆုံးလူကပင်၊ အာရပ်အကြောင်း တစ်လုံးမှ မသိသော လူများကပင် ကောင်းရှန်းကျစ်ရင်ဆိုင်နေရသည်မှာ မယုံနိုင်လောက်အောင် အင်အားကြီးမားသည့် ရန်သူဖြစ်ကြောင်း နားလည်ပေလိမ့်မည်။ အန်းရှီက လူအင်အား အသေအကြေ လိုအပ်နေသည်။ သူတို့အတွက်လည်း မျှော်လင့်ချက်ပေါင်း များစွာကို စုပုံထားကြရသည်။ သူတို့အတွက် မျှော်လင့်ချက်ပေါင်း များစွာနှင့်အတူ စွန့်စားနေရခြင်းဖြစ်သည်။

“ချန်းပင်း”

“အရှင့်ရဲ့ လက်အောက်ငယ်သားက ဒီမှာပါ”

“ကျောင်းကျင်းတရန်ကို ငါရက်နှစ်ဆယ်ပဲ အချိန်ပေးမယ်လို့ပြောလိုက်။ ဘယ်လိုတန်ကြေး ပေးရပေးရ မြို့တော်နဲ့ ချီရှီကြားကလမ်းက အမြန်ဆုံးပြီးရမယ်။ ဒါ့အပြင် ငါချီရှီကနေ အန်းရှီဆီကို ဘိလပ်မြေလမ်းဆောက်ဖို့ မင်းကိုတာဝန်ပေးလိုက်မယ်။ မင်းဖန်းချန်းချင်နဲ့ အဆက်အသွယ်ယူပြီး သူ့ရဲ့ ပူးပေါင်းမှုကို အရယူထား။ ငါဒီလမ်းတည်ဆောက်ဖို့ မင်းတို့ကို ၂၅ရက်ပဲ အချိန်ပေးနိုင်မယ်။ ဒီထဲမှာ လူအင်အား အသားကုန်စိုက်ထုတ်ပြီး သံမဏိမြို့က အရင်းအမြစ်အားလုံးကိုသုံးလိုက်။ ဒီလမ်းက ၂၅ရက်အတွင်းမပြီးရင် အရာအားလုံးကို စစ်တပ်စည်းမျဉ်းအတိုင်း ကိုင်တွယ်ပြီး အပြစ်ပေးခံရမယ်”

“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ သွားလုပ်လိုက်ပါ့မယ်”

ချန်းပင်းက ဂါရဝပြုသွားပြီး မေးခွန်းတစ်ခွန်းမဆိုဘဲ ထွက်သွားသည်။

......

ထိုသို့ဖြင့် ခန်းမထဲတွင် အမိန့်တစ်ခုပြီးတစ်ခုကို ထုတ်ပြန်နေသည်။ ချီရှီနှင့် ဝူရှန်းက သည်းမည်းစွာ ရွာသွန်းနေသော မိုးထဲတွင် အသက်ရှင်ရန် ကြိုးစားနေရသလိုမျိုး ရုန်းကန်နေရသည်။ အားလုံးက အစီအစဉ်ချနေကြရသည်။ ထိုသို့ဖြင့် ခန်းမထဲရှိလူတိုင်းက တဖြည်းဖြည်း လျော့နည်းသထက် လျော့နည်းသွားသည်။ အဆုံးတွင် အဖြူရောင်ဝတ်စုံနှင့် ကျော့ရှင်းကြည့်ကောင်းသော ပုံရိပ်တစ်ခုသာ ကျန်ခဲ့သည်။

“ဘာဖြစ်လို့လဲ”

ရွှီချီချင်က အနားသို့ တဖြည်းဖြည်းချင်း လျှောက်လာသည်။ သူ၏အသံကလည်း ညင်သာသည်။ သူမက တိတ်တဆိတ် မျက်မှောင်ကျုံ့နေသည့် ဝမ်ချောင်ကိုကြည့်သည်။

“နင်မဖြေရှင်းနိုင်တဲ့ ကိစ္စရှိလို့လား”

ရွှီချီချင်က ဝမ်ချောင်၏မျက်နှာကိုကြည့်သည်။ သူက ချောမောပြီး တောက်ပကာ သက်တူရွယ်တူများနှင့်ယှဉ်သော် အမြဲတစေ ရင့်ကျက်ကာ ဟန်အမူအရာကို ကောင်းကောင်း ထိန်းထားနိုင်သူဖြစ်သည်။ သူ၏ ဖြောင့်တန်းကာ လေးစားဖွယ်ကောင်းသော မျက်ခုံးများက နားထင်ထိတောက်လျှောက် ဖြန့်ကျက်နေပြီး ဝမ်ချောင်၏ ဆွဲဆောင်မှုကို ပိုလာစေသည်။ သို့သော် ထိုတခဏတွင် ထိုမျက်ခုံးများက အနည်းငယ်ကျုံ့နေပြီး သူ့ကိုပို၍ပင် သနားဂရုဏာသက်စရာ ကောင်းသွားစေသည်။

ဝူရှန်း၊ ချီရှီ၊ အန်းရှီ... ရွှီချီချင်ကလည်း ထိုလူငယ်ကောင်လေး၏ ပုခုံးပေါ်တွင် မည်မျှကြီးလေးသော ဖိအားများရောက်နေကြောင်း နားလည်နိုင်သည်။ လူတိုင်းက သူ့ကို သူတို့၏ကျောရိုးအဖြစ် ဆက်ဆံထားကြပြီး သူက အရာအားလုံးကို ဖြေရှင်းနိုင်မည်ဟု ယုံကြည်နေကြသည်။ သို့သော် သူက အသက်၁၇နှစ်သာ ရှိသေးကြောင်း သူတို့က မေ့နေခဲ့ကြသည်။

“ဘာမှမဟုတ်ပါဘူး”

ဝမ်ချောင်က လက်ကိုယမ်းသည်။ သူ၏မျက်ခုံးကလည်း ပြန်ပြေသွားသည်။

“ဒီတိုင်း ငါတို့ရဲ့စစ်သည်တော်တွေက လုံလောက်တာထက် လိုအပ်လွန်းနေတာ။ ရေနဲ့အနီးဆုံး အဆောင်တော်က လူတွေက လရောင်ကိုအရင်ဆုံး ခံစားရလိမ့်မယ်။ အာရေးဗီးယား အင်ပါယာကြီးက တာလာ့နဲ့ တအားနီးတယ်။ သူတို့ကငါတို့ထက် တာလာ့ထက်ပိုနီးနေတာ။ ငါ့ရဲ့ဝူရှန်းမြင်းတပ် ငါးထောင်က ဒီတိုက်ပွဲရဲ့အခြေအနေကို ပြောင်းလဲဖို့ လုံလောက်နိုင်မှာမဟုတ်ဘူး”

လက်ရွေးစင်စစ်သည် မာမဲ့လုတစ်သောင်းအပြင် အခြားသော လေးလံသည့် သံချပ်ကာဝတ် မြင်းတပ်ကြီးက ရှိနေဦးမည်ဖြစ်သည်။ ဝမ်ချောင်၏ အာရပ်များအပေါ် နားလည်နိုင်စွမ်းအားနှင့် သူတို့၏ အင်အားစုများအပေါ် သိထားသော အကြောင်းအရာများအရဆိုရင် အာရပ်များက အနည်းဆုံး စစ်သည်နှစ်သိန်းတော့ဖြင့် ရှိနေပေလိမ့်မည်။ ထိုအရေအတွက်က ပိုများရုံသာရှိပေလိမ့်မည်။ ထို့ကြောင့် ချီရှီမှ စစ်သားများက လုံလောက်ရန် ဝေးကွာလွန်းနေသည်။ ထိုပြဿနာကို ဝမ်ချောင်က အချိန်အတန်ကြာ တွေးတောနေရခြင်းဖြစ်သည်။

ရိုးရိုးရှင်းရှင်းပဲ သူ့မှာရှိနေတဲ့ ဝှက်ဖဲတွေက နည်းလွန်းတယ်။

သူကထိုအကြောင်းအရာကြီးကို တွေးမိသောအခါ သက်ပြင်းရှည်ကြီးကို ချမိပြန်သည်။ သို့သော် သူ၏နားထဲတွင် တခစ်ခစ် ရယ်သံကို ကြားရသည်။ သူက အံ့အားတကြီး ခေါင်းမော့လိုက်သောအခါ ရွှီချီချင်းက ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး အသားကုန် ရယ်မောနေသဖြင့် သူမ၏ခန္ဓာကိုယ်ကပင် ခါနေသည်။ မျက်နှာကပင် နီရဲသွားသည်။

“နင်အခြားအရေးကြီးတဲ့ကိစ္စကို စိုးရိမ်နေတယ်လို့ ထင်နေတာ။ ဒီကိစ္စဖြစ်နေတာကိုး။ ငါ့တာဝန်ထား ငါနင့်ကိုကူညီပြီး ဒီကိစ္စကို ကိုင်တွယ်ပေးမယ်။ တစ်လအတွင်းမှာ ငါကနင့်ကို ဝူရှန်းမြင်းတပ် ခြောက်ထောင်ပေးနိုင်တယ်။ ငါဒါကို အာမခံနိုင်တယ်”

ရွှီချီချင်က ယုံကြည်မှုရှိစွာပြောသည်။

“???”

ဝမ်ချောင်ကပင် အံ့အားတကြီးဖြစ်ကာ ရွှီချီချင်ကို လှည့်ကြည့်လိုက်မိသည်။

ဝူရှန်းအကြောင်းကို သူ့ထက် မည်သူကမှ နားမလည်နိုင်ချေ။ ထိုလူများက အလွန်အမင်း လူကြောက်သည်။ အပြင်လူများနှင့် ဆက်ဆံတတ်လေ့မရှိချေ။ သူက သာမာန်အပြင်လူများကိုပင် ဝင်ခွင့်မပေးခဲ့ချေ။ သူ၏ယခင်ဘဝ၏ မှတ်ဉာဏ်များတွင်ပင် ဝူရှန်းမြင်းတပ်ငါးထောင်ကို စုစည်းရန် အင်အားအများကြီး စိုက်ထုတ်ခံရသည်။ ထပ်ပေါင်းဆိုရသော် ဝူရှန်းရွာက လူအများကြီးမရှိချေ။ ထို့ကြောင့် ဝမ်ချောင်အနေဖြင့် မြင်းတပ်ငါးထောင်ရပြီးနောက် ဆက်လက်ပြီး တောင်းဆိုရန်ပင် ခက်ခဲသွားခဲ့သည်။

သို့သော် ယခုမူ ရွှီချီချင်က ယုံကြည်မှုရှိစွာဖြင့် သူမက တစ်လတည်းနှင့် ဝူရှန်းမြင်းတပ် ခြောက်ထောင် ပေးလာမည်ဟု အာမခံပေးလာသည်။

“ဘာလဲ နင်ငါ့ကိုမယုံဘူးလား”

ရွှီချီချင်က လှပစွာပြုံးသည်။

“ဒီကိစ္စက အစပိုင်းကတည်းက မခက်ခဲပါဘူး။ ဒါပေမဲ့ နင်တို့တွေက မှန်ကန်တဲ့လမ်းကြောင်းအတိုင်း မသွားတတ်ရုံပဲ”

ဝမ်ချောင်က ရွှီချီချင်ကို စွံအစွာဖြင့်ကြည့်သည်။

အခြားတစ်ယောက်က သူ့ကို ထိုစကားလာပြောခဲ့မည်ဆိုလျှင် ဝမ်ချောင်က ဟာသကဲ့သို့ သဘောထားပေလိမ့်မည်။ သို့သော် ရွှီချီချင်က ပြောလာသည့်အခါ... သူမက မဟာထန်၏ ထောက်ပံ့ပို့ဆောင်ရေး ဘုရင်မဖြစ်သည်။ သူမ၏ မျက်လုံးများက မတူသောအလင်းရှိသည်။

“ကောင်းပြီချီချင် ငါဒီကိစ္စကို မင်းကိုလွှဲထားလိုက်မယ်”

......

တိဗက်တောင်ပေါ်ဒေသ၏ မြောက်ဘက်ပိုင်းတွင် လူနေနည်းသော အရှေ့မြောက်ဘက်အကျဆုံး ထောင့်တစ်နေရာရှိသည်။ ထိုနေရာတွင်...

ဝုန်း

မိုးခြိမ်းသံတမျှ ကျယ်လောင်သော ခွာသံများကလေကို တွန်းတိုက်ထွက်သွားပြီးနောက် တောင်ပေါ်ဒေသ၏ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်သည်။ မြေပြင်က တသိမ့်သိမ့် တုန်လာပြီး သန်မာလွန်းသော တောင်ပေါ်ဒေသမှ မြင်းကြီးများက မြန်ဆန်စွာ သွားလာနေချိန်တွင် နောက်တွင် ဖုန်လုံးတိမ်စိုင်များကိုသာ ချန်ထားရစ်ခဲ့သည်။

“အားလုံးပဲ အရှိန်နှုန်းမြှင့်ကြ နောက်မကျန်ရစ်ခဲ့ကြစေနဲ့”

“အားလုံးပဲ သတိအပြည့်နေကြပါ”

တောင်ပေါ်ဒေသတခွင်အနှံ့ အော်ဟစ်သံများက ထွက်ပေါ်လာနေသည်။ လီစစ်ယဲ့က သူ၏သံချပ်ကာအပြည့် ဝတ်ဆင်ထားသော စစ်သားများကို ဦးဆောင်နေသည်မှာ သူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းကို လွှတ်ထုတ်နေသည့် တောင်တန်းကြီးအလား ထင်ရစေသည်။

ဝမ်ချောင်အတွက် ဝု့စ်သံမဏိဓားများက အလွန်အမင်း အရေးကြီးသည်။ ထို့ကြောင့် လီစစ်ယဲ့က ဝမ်ချောင်၏ အယုံကြည်ရဆုံး လက်အောက်ငယ်သားဖြစ်သည့်အတွက် သူက ဦးစွာ ထွက်ခွာရခြင်းဖြစ်လာသည်။ ဝမ်ချောင်ကလည်း ထိုတာဝန်အတွက် သူ၏နံပါတ်တစ် ဗိုလ်ချုပ်ကို စေလွှတ်ခဲ့သည်။ ထိုအချက်ကတင် ဝမ်ချောင်ကထိုကိစ္စကို မည်မျှအလေးထားကြောင်း သိနိုင်သည်။

“အားလုံးရှိနေလား အခုချက်ချင်း ရေတွက်ကြည့်လိုက်။ ဒါ့အပြင် ပစ္စည်းတွေကိုလည်းစစ်ဦး။ ငါတို့ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်”

လီစစ်ယဲ့၏အသံက တောင်ပေါ်ဒေသတွင် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်စွာ ထွက်ပေါ်သွားသည်။

“ဟုတ်ကဲ့ဗိုလ်ချုပ်”

ဝူရှန်းမြင်းတပ်နှစ်ထောင်က လျှင်မြန်စွာဖြင့် စုစည်းသွားကြပြီး သူတို့၏ပစ္စည်းများကို စစ်ကြသည်။

“ခုံးကျစ် ငါမင်းကိုလူတစ်ထောင်ပေးမယ်။ ဒီနေရာကနေစပြီး အကြီးအသေးပါလာ့ဆီသွားလို့ စန်းထူကနေ ကျောက်ရိုင်းတုံးတွေကို သယ်ဆောင်လာတဲ့ လှည်းတန်းကို လက်ခံကြိုဆိုလိုက်။ အရှင်အမတ်က ဒီကိစ္စကို ဘယ်လောက်အလေးထားတယ်ဆိုတာ ငါအပိုပြောဖို့မလိုဘူးထင်တယ်။ ဘာအမှားမှ ရှိလို့မရဘူး နားလည်လား”

လီစစ်ယဲ့၏ စူးရှသောအကြည့်က သူ၏ဘေးနားရှိ လက်ထောက်နှစ်ယောက်ထံ ရောက်သွားသည်။

ခုံးကျစ်အန်းကလည်း လီစစ်ယဲ့ကိုယ်တိုင် တပ်ဖွဲ့များကို ဦးဆောင်နေချိန်တွင် ရှာတွေ့ထားသည့် ပါရမီရှင်စစ်သည်တော်တစ်ယောက်ဖြစ်သည်။ သူက တည်ငြိမ်သည်။ သူက လုပ်နိုင်စွမ်းရည်ရှိသည်။ ဆုံးဖြတ်ချက်လည်း ပြတ်သားသည်။ အခြေအနေကို ကောင်းကောင်း သုံးသပ်ဝေဖန်တတ်ပြီး အသင့်တော်ဆုံး အကြံအစည်ကို ရွေးနိုင်သူဖြစ်သည်။ ပါရမီကို အသိအမှတ်ပြုသည့် လီစစ်ယဲ့ကလည်း သူ၏ လက်အောက်ငယ်သားများထဲမှ တစ်ယောက်အဖြစ် ခေါ်ထားခဲ့ပြီး သေချာလေ့ကျင့် သင်ကြားပေးခဲ့သည်။ ထို့ကြောင့် ဗျူဟာများကိုပင် သင်ကြားပေးကာ ညွှန်ကြားပြသမှုများ လုပ်ခဲ့သေးသည်။

တိုက်ပွဲများစွာကို ကျော်ဖြတ်ပြီးနောက် ခုံးကျစ်အန်းက လီစစ်ယဲ့၏ အင်အားအကြီးဆုံး လက်ထောက်ဖြစ်လာသည်။ ထို့ကြောင့်လည်း လီစစ်ယဲ့က သူ့ကို ထိုတာဝန်ပေးခြင်းဖြစ်သည်။

“ဗိုလ်ချုပ် စိတ်အေးအေးထားပါ ဒီအရာရှိက အသက်ကိုရင်းပြီး ကျိန်ဆိုပါတယ်။ ဒီတာဝန်က သေချာပေါက် ပြီးမြောက်အောင်မြင်စေမှာပါ”

ခုံးကျစ်အန်းက မြင်းပေါ်က ပြေးဆင်းပြီး မြေပြင်တွင် ဒူးထောက်ချသည်။ သူ၏မျက်နှာတွင် ဆုံးဖြတ်ချက် ပြတ်သားမှုကိုမြင်နိုင်သည်။ လီစစ်ယဲ့က လက်ကိုယမ်းကာပြောသည်။

“အပိုပြောဖို့မလိုဘူး သွားတော့”

ခုံးကျစ်အန်းက ချက်ချင်းလိုလို မြင်းပေါ်သို့ ကုန်းတက်လိုက်သည်။ သူက ဝူရှန်းမြင်းတပ် တစ်ထောင်ကို ဦးဆောင်ပြီး အကြီးအသေးပါလာ့ထံသွားသည်။ လိစစ်ယဲ့က အခြားသော စစ်သားတစ်ထောင်နှင့်အတူ ထိုနေရာတွင် ကျန်ရစ်ခဲ့သည်။ သူက ထွက်သွားသော ခုံကျစ်အန်း၏ အင်အားစုကိုကြည့်လိုက်ပြီးနောက် အချိန်အတန်ကြာမှသာ အသိပြန်ဝင်လာသည်။

“မင်းတို့အားလုံး ငါ့ရဲ့စကားကိုနားထောင် ငါ့ရဲ့အမိန့်မရှိဘဲ ဘယ်သူကမှ ကိုယ်ပိုင်လှုပ်ရှားခွင့် မရှိဘူး။ ငါတို့ သူတို့ပြန်လာတဲ့အချိန်ထိ စောင့်ရမယ်။ နောက်ပြီး အချိန်မရွေး သူတို့ကို လက်ခံကြိုဆိုဖို့ အသင့်ပြင်ထားကြ”

“ဟုတ်ကဲ့”

စစ်တပ်က ချက်ချင်းပြန်လည် ဖြေဆိုသည်။ သူတို့၏ အော်သံက ကောင်းကင်ထိတိုင် ထိုးတက်သွားပြီး တောင်ပေါ်ဒေသတခွင်အနှံ့ ပျံ့နှံ့သွားသေးသည်။

အခန်း(၈၅၃)

“ဗိုလ်ချုပ်”

ထိုအချိန်တွင် လီစစ်ယဲ့၏နားတွင် ခပ်တိုးတိုးအသံကို ကြားလိုက်ရသည်။

“တိဗက်လင်းတတွေ ရောက်လာတယ်။ သူတို့ ကျွန်တော်တို့ကို တွေ့သွားကြပြီ”

လီစစ်ယဲ့၏ မျက်ဝန်းက အလင်းရောင်ဖြတ်ကနဲ လက်သွားလျှက် ကင်းထောက်၏ အကြည့်နောက်သို့ လိုက်ကြည့်သည်။ အနောက်မြောက်ဘက်ပိုင်းတွင် ကြီးမားသော အနက်ရောင် လင်းတကြီးတစ်ကောင် ကောင်းကင်တွင် ပေါ်လာပြီး လေပေါ်တွင် ဝိုင်းပတ်ကာ ပျံသန်းနေပြီး သူတို့ကို စောင့်ကြည့်နေသည်မှာ ရှင်းလင်းနေသည်။ ပို၍ဝေးကွာသော တစ်နေရာတွင်လည်း နောက်ထပ် အနက်ရောင် စစ်မြင်းပေါ်တွင် စီးနင်းထားသည့် ပုံရိပ်တစ်ခုက မိုးကုတ်စက်ဝိုင်း တည့်တည့်မှ လှမ်းကြည့်နေသော မြင်ကွင်းကိုလည်း မြင်ရသည်။ သူတို့ကို အဝေးမှ ကြည့်နေခြင်းဖြစ်သည်။

သူတို့ဝတ်စုံအရ တိဗက်မြင်းသည်တော် ဖြစ်လောက်သည်။

“စိုးရိမ်ဖို့မလိုဘူး သူတို့ကို လုပ်ချင်တာလုပ်ခွင့်ပေးလိုက်”

လီစစ်ယဲ့က ခပ်မြန်မြန် ပြန်လှည့်ကြည့်လိုက်သည်။

“ယွီစန်းရဲ့မြောက်ပိုင်းမှာ ငါတို့ကို ခြိမ်းခြောက်နိုင်တဲ့လူ ဘယ်သူမှမရှိဘူူး”

ထိုသို့ဖြင့် လီစစ်ယဲ့က မြောက်ဘက်ဒေသကို အာရုံပြန်စိုက်လိုက်သည်။ ထိုသို့ဖြင့်သူက မရွေ့လျားသော စစ်နတ်ဘုရားတစ်ပါးက တိတ်တဆိတ် တစ်စုံတစ်ရာကို စောင့်ကြည့်နေသလိုမျိုး ဖြစ်သွားသည်။

....

ချီရှီ၏ အနောက်မြောက်ပိုင်းတွင် ကျယ်ပြောသော နယ်စပ်ဒေသကို ကျော်ဖြတ်သွားခဲ့ပါက တူရကီ မြက်ခင်းပြင်ဒေသ၏ အတွင်းပိုင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။

ဝုန်း

လီစစ်ယဲ့က ထွက်ခွာသွားပြီး သိပ်မကြာခင် ချန်းစန်းယွမ်နှင့် ကျန်မြင်းတပ် သုံးထောင်ကလည်း တူရကီ မြက်ခင်းပြင်ဒေသများထံ ချီတက်သွားပြီး သူတို့က တူရကီမြက်ခင်းပြင် လွင်ပြင်ဒေသမှ အစိမ်းလန်းဆုံး မြေဩဇာအကောင်းဆုံး အစည်ကားဆုံး နယ်မြေများထံ သွားခဲ့ခြင်းဖြစ်သည်။ ဝူရှန်းမြင်းတပ်က မြေပြန့်ဒေသသို့ ခြေမချဖူးသေးချေ။ ထို့ကြောင့် ချန်းစန်းယွမ်က နည်းပြသုံးယောက် ခေါ်လာခဲ့သည်။

စစ်မြင်းပေါ်တွင်ရှိနေသည့် ဟူတစ်ယောက်က အရှေ့သို့ လက်ညိုးထိုးကာပြောသည်။

“အရှင် နောက်ထပ် အရှေ့ဆယ်လီကို ထပ်သွားလိုက်မယ်ဆိုရင် အိုအေစစ်ကို တွေ့ရမှာပါ။ ကုအရိအဖွဲ့က မကြာခဏဆိုသလို သူတို့ရဲ့နွားနဲ့သိုးတွေကို ဒီနေရာကို ခေါ်လာပြီး ရေသောက်ခိုင်းလေ့ရှိပါတယ်”

“စစ်သားတွေအားလုံးထွက်ကြ”

ချန်းစန်းယွမ်၏ မျက်လုံးထဲတွင် အေးစက်သောအလင်းက လက်လာသည်။ သူက ဓားကိုခေါင်းသို့ကျော်အောင် မြှောက်လိုက်ပြီးနောက် ရှေ့သို့ထိုးချိန်ဟန်ပြသည်။ ထို့နောက် ချက်ချင်းလိုလို မြင်းတပ်ထောင်ကျော်က သူ့ကိုကျော်ဖြတ်သွားပြီး ရှေ့သို့ ချီတက်သွားကြသည်။ မိနစ်သုံးဆယ်ခန့် ကြာပြီးနောက် ဝူရှန်းမြင်းတပ်သုံးထောင်က ထိုနေရာသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူတို့ကို စောင့်ကြပ်နေသော မြင်ကွင်းက ရှင်းလင်းသော အိုအေစစ်မဟုတ်ဘဲ ကျွဲ၊နွား ထောင်ပေါင်းများစွာအပြင် သိုးသားရေကို ဝတ်ဆင်ထားကြသည့် တူရကီ သိုးကျောင်းသားများ ဖြစ်နေကြသည်။

“သောက်ကျိုးနည်း ဒါက ဟန်တွေပဲ”

“ဘာလို့ သူတို့ရဲ့စစ်သားတွေက ဒီနေရာကို ရောက်လာတာလဲ။ ပြေးကြတော့”

ချန်းစန်းယွမ်၏ အင်အားစုကို မြင်လိုက်သည်နှင့် တူရကီ သိုးကျောင်းသားများက အထိတ်တလန့် ဖြစ်သွားကြသည်။ အချို့သူများဆိုလျှင် သေးငယ်သော ခုခံမှု အင်အားစုအဖြစ်ပင် ထုတ်ဖော်လိုက်ပြီး ချန်းစန်းယွမ်ကိုရင်ဆိုင်ရန် အပြေးချီတက်လာကြသည်။

“သတ်”

ချန်းစန်းယွမ်ကလည်း အနည်းငယ်ပင် တုန့်ဆိုင်းခြင်းမရှိဘဲ သူ၏ဝူရှန်းမြင်းတပ်ကို ဦးဆောင်ကာ မုန်တိုင်းကဲ့သို့ ရှေ့သို့တိုးဝင်သွားသည်။ တူရကီများ၏ ပင်ကိုယ်အကျင့်စရိုက်က ကြမ်းတမ်းသည်။ ထိုသိုးကျောင်းသားများက အပြစ်ကင်းစင်သည်ဟု ထင်ရသော်လည်း သူတို့ကပင် သံချပ်ကာ ဝတ်ထားကြသည်။ ထို့ကြောင့် သူတို့က စစ်တပ်နောက်သို့လိုက်ပြီး ဗဟိုပြင်ကျယ်သို့ ဝင်လေ့ရှိသည့် သာမာန်တူရကီစစ်သားများ ဖြစ်နိုင်ကြသည်။ တစ်ခါတစ်ရံတွင်လည်း သူတို့က အားနည်းသော သာမာန်ပြည်သူများ ဖြစ်သွားကြပြန်သည်။

ထိုအခြေခံသဘောတရားကို လူတိုင်းက သိထားပြီးသားဖြစ်သည်။ ဒီတိုက်ပွဲတွင် မည်သည့် ခံစားချက်မျှ ထုတ်ပြရန် မလိုအပ်သလို ညှာတာပေးရန်လည်း မလိုအပ်ချေ။ ဒီတိုက်ပွဲပြီးသွားသောအခါ ထိုအိုအေစစ် နယ်မြေတောက်လျှောက် သွေးများစွန်းထင်းနေပြီး ကျွဲ၊နွား၊ သိုးများနှင့် ထိုသိုးကျောင်းသားများ၏ အလောင်းများပုံသွားသည်။

“သွားရအောင် နောက်တစ်နေရာ”

ချန်းစန်းယွမ်၏ မျက်လုံးက စူးရှသည်။ သူက မြောက်ဘက်ပိုင်းသို့ကြည့်ပြီး လက်ကိုအောက်သို့ ယမ်းချလိုက်သည်။ အနက်ရောင်တိမ်စိုင်လိုမျိုး မြင်းတပ်သုံးထောင်က ဦးတည်ရာနေရာသို့ သွားကြပြန်သည်။

ထိုသို့ဖြင့် တစ်နေရာပြီးတစ်နေရာသို့ ဝူရှန်းမြင်းတပ်က ချီတက်နေခဲ့သည်။ ချန်းစန်းယွမ်က ဝမ်ချောင်၏အမိန့်အတိုင်း တူရကီမြက်ခင်းပြင်ဒေသမှ သိုးကျောင်းအုပ်များနှင့် အဖွဲ့များ၏ ရေအရင်းအမြစ် ရှိရာနေရာတိုင်းသို့ ဝင်စီးနေခဲ့သည်။ သူ၏လှုပ်ရှားမှုများက မြန်ဆန်ကာ ကြမ်းတမ်းခက်ထန်လွန်းသည်။ တစ်ရက်တည်းနှင့် ရေအရင်းအမြစ်နေရာ ဆယ်ခုကျော်ကို ရှင်းလင်း၍ ပြီးသွားသည်။

မရေမတွက်နိုင်သော သိုးကျောင်းသားများ၏ အဖွဲ့များက အထိတ်တလန့် ထွက်ပြေးရသည်။ ထိုမတော်တဆမှုက အတော်လေး ပြင်းထန်သည်။

...

“မျိုးမစစ်တွေ”

သိုးကျောင်းသားများထံမှ အရေးပေါ်သတင်းကို ရပြီးနောက် ခါကာနိတ် အနောက်ပိုင်းနယ်စပ်တွင် တာဝန်ယူထားသည့် တူရကီ လက်ထောက်ဗိုလ်ကြီးက ဒေါသထွက်သွားပြီး စားပွဲကို လက်ဖြင့် ရိုက်ချလိုက်သည်။ သူက ချက်ချင်းလိုလို ထရပ်လိုက်သည်။

“ဟန်တွေက အရမ်း ရမ်းကားလာတာပဲ။ ငါတို့တူရကီမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်နေကြတာလား”

ဝံပုလွေနက်ရကု၏ သေဆုံးမှုနှင့်အတူ သူတို့၏စစ်သားတိုင်းက ထိုလက်ထောက်ဗိုလ်ချုပ်ကြီး၏ လက်အောက်သို့ ရောက်သွားသည်။ ထိုအက်ရှာဘာရာခါကန်းက ရကုအသစ်တစ်ယောက် မတင်မြှောက်သေးသမျှ အနောက်ပိုင်းမှ မြင်းတပ်သုံးသောင်းကျော်က သူ၏ထိန်းချုပ်မှုအောက်တွင် ရှိနေပေလိမ့်မည်။

“မင်းဘာရှာတွေ့လို့လဲ သုံးထောင်ပဲဟုတ်လား လူငယ်အမတ်မပါတာ သေချာလား”

နာ့လော့လုပူက သတ္တုစားပွဲကို လက်ဖြင့်ထောက်ထားပြီး ကိုယ့်ကိုငုံ့ကိုင်းလိုက်သည်။ သူ၏ အမူအရာက ကြမ်းတမ်းခက်ထန်နေသည်။

“ဗိုလ်ချုပ် ကျွန်တော်တို့ ကင်းထောက်တွေလွှတ်ပြီး အခြေအနေအားလုံးကို အတည်ပြုပြီးပါပြီ”

တူရကီကင်းထောက်တစ်ယောက်က ဒူးထောက်လျှက်သားဖြင့် ဆက်ပြောသည်။

“မဟာထန်ရဲ့ဝမ်ချောင် မရှိနေပါဘူး။ ဒီအင်အားစုကို ခေါ်လာတဲ့လူက နာမည်မဲ့ အရာရှိတစ်ယောက်ပါပဲ။ သူက စစ်သားသုံးထောင်ပဲ ခေါ်လာခဲ့တာပါ။ ကျွန်တော်တို့ ဒီသတင်းကို ထပ်ခါတလဲလဲ အတည်ပြုပြီးပါပြီ”

“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် စစ်တပ်ကို အခုပဲ အသင့်ပြင်ခိုင်းပြီး ထွက်ခွာခိုင်းတော့။ ငါဒီဟန် တစ်ကောင်မှ မကျန်တဲ့အထိ နင်းခြေချင်တယ်”

နာ့လော့လုပူ၏အသံက ရွက်ဖျင်တဲထဲတွင် ဟိန်းထွက်သွားသည်။ သို့သော် သူက စားပွဲပေါ်မှ ခုန်ထွက်လိုက်ပြီး လျှောက်ထွက်သွားပြီဖြစ်သည်။

ချီရှီလက်နက်တိုက်မှ တိုက်ပွဲတွင် အကုတုလန်နှင့် လက်ရွေးစင်မြင်းတပ် ငါးထောင်က ရှင်းလင်းပစ်ခံခဲ့ရခြင်းက ချီရှီပတ်ဝန်းကျင်မှ အနောက်ပိုင်းတူရကီ ခါကာနိတ်အင်အားစုကို ကြီးမားသည့် ထိုးနှက်ချက်ကြီး ဖြစ်သွားစေခဲ့သည်။ သို့ရာတွင် ခါကာနိတ်တွင်လည်း လေးစားဖွယ်ကောင်းသော အင်အားစုကြီးတစ်ခု ရှိနေသေးလေသည်။

နာလော့လုပူက အကုတုလန်က မကျော်ကြားသော်လည်း သူကလည်း အနောက်ပိုင်း တူရကီထဲတွင် နာမည်ရှိသည့် ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသေးသည်။ ထို့ပြင်သူက တိုက်ပွဲပေါင်းများစွာရဲ့ အတွေ့အကြုံလည်း ရှိသေးသည်။ သူ၏စစ်သည် သုံးသောင်းနှင့် ပေါင်းလိုက်သော် သူက အင်အားကြီးတစ်ခုကို ကိုယ်စားပြုနိုင်သွားသည်။

နာ့လော့ပုလူ၏ အမိန့်နှင့်အတူ အနောက်ပိုင်း တူရကီခါကာနိတ်မှ စစ်သည်တော်တိုင်းက စုစည်းလာကြသည်။ သူတို့က စစ်မြင်းထောင်ကျော်ကို ယူဆောင်ပြီးသည်နှင့် အင်အားကြီးသော အားလှိုင်းတစ်ခုအဖြစ် အသွင်ပြောင်းလိုက်ကာ ချန်းစန်းယွမ်နှင့် ဝူရှန်းမြင်းတပ် သုံးထောင်ရှိရာ နေရာသို့ ဦးတည်ထွက်ခွာသွားသည်။

...

အနောက်ပိုင်းတူရကီများက လှုပ်ရှားသည့် အချိန်တွင်ပင် ချီရှီနယ်စပ်တွင် ကျန်းချွယ်ကလည်း ဆင်းသက်လာသော သိန်းငှက်ထံမှတဆင့် သတင်းရရှိသည်။ ထို့ကြောင့်သူက ချန်းစန်းယွမ်ကိုပြောသည်။

“အရှင် သူတို့လှုပ်ရှားတော့မယ်”

“ဟမ့် ငါတို့အရှင် ခန့်မှန်းထားတဲ့အတိုင်းပဲ။ ငါတို့ကသာ ရေအရင်းအမြစ်ကို သိမ်းယူပြီး တူရကီ သိုးကျောင်းသားတွေကို သူတို့ရဲ့ အဲ့ဒီသက်ရှိ စားသောက်ကုန်တွေနဲ့ မြင်းတွေကို ရေသောက်တဲ့ အခြေအနေကနေ တားမြစ်လိုက်နိုင်တာနဲ့ တူရကီစစ်တပ်က သေချာပေါက် တိုက်ခိုက်လာမှာပဲ”

ချန်းစန်းယွမ်က သဘောတကျရယ်သည်။

မြက်ခင်းပြင်လွင်ပြင်ဒေသတိုင်းတွင် စိမ်းလန်းနေသော မြက်ပင်များရှိသည်။ ထို့ကြောင့် တူရကီတိုင်းက မည်သည့်နေရာမဆို ဆန္ဒရှိသလို လှုပ်ရှားသွားလာနိုင်သည်။ သို့သော် သူတို့က မည်သို့ပင် လှုပ်ရှားသွားလာနိုင်နေစေကာမူ ရေမရှိဘဲ မရှင်သန်နိုင်ချေ။ ရေအရင်းအမြစ်ကို သူတို့က သိမ်းယူထားသည့်အခါ တူရကီများ၏ အားနည်းချက်ကို သူတို့က ဖမ်းဆုပ်ထားသလို ဖြစ်သွားပေလိမ့်မည်။ ထိုအတွက်ကြောင့် ချန်းစန်းယွမ်က ဝမ်ချောင်ကို လေးစားမိသွားခြင်းဖြစ်သည်။

သူကဒီတိုင်း ခပ်ပြတ်ပြတ်အမိန့်သာ ပေးလိုက်ခြင်းဖြစ်သော်လည်း တူရကီများ၏ အသက်သွေးကြောကို ဆုပ်ကိုင်လိုက်နိုင်သည်။

ဖလပ် ဖလပ်

စကားတစ်ခွန်းမဆိုဘဲ ချန်းစန်းယွမ်က လက်ကို ယမ်းလိုက်သည်။ ဒီနည်းအားဖြင့် ရွှေရောင်မျက်လုံးနှင့် သိန်းငှက်ကာ ပျံသန်းကာ ချီရှီထံ ဦးတည်သွားသည်။ ထိုသို့လုပ်ပြီးနောက် ချန်းစန်းယွမ်က ဖျော့တော့စွာ ပြုံးလိုက်ပြီးနောက် သူ၏နောက်မှ စည်းကမ်းအတိုင်း ရပ်နေကြသည့် ဝူရှန်းမြင်းတပ်ကို လှည့်ကြည့်လိုက်သည်။

“သားတို့ ငါ့အမိန့်ကိုနာခံ တိုက်ပွဲအတွက် ပြင်ဆင်ကြမယ်”

နှစ်နာရီခန့်ကြာပြီးနောက် မြေကမ္ဘာက ရုတ်တရက် တသိမ့်သိမ့် တုန်သွားသည်။ မိုးကုတ်စက်ဝိုင်း တည့်တည့်မှ မြောက်တက်လာသော ဖုန်မှုန့်တိမ်စိုင်များကိုလည်း မြင်နိုင်သည်။ အက်ကြောင်းရာလေးလို သေးငယ်သော အနက်ရောင် အတန်းလေးက တဖြည်းဖြည်းချင်း ကြီးသထက် ကြီးလာပြီး နီးကပ်သထက် နီးကပ်လာကာ သူတု့ိထံ ချဉ်းကပ်လာသည်။

အာဝူး....

လေထဲသို့ လွင့်ထူထားသည့် ကြီးမားသော စစ်အလံနှင့်အတူ ဝံပုလွေအူသံများကလည်း ကပ်ပါလာသည်။ ထိုအနက်ရောင် အလံကြီးက အပြာရောင်ဝံပုလွေပုံကြီးပါသည်။

တူရကီရဲ့စစ်တပ်

ထိုစစ်တပ်က မဟာထန်အတွက် ကြီးမားသည့် ခြိမ်းခြောက်မှုကြီး ပေးနိုင်သည်။ သူတို့က ချီရှီ၏ နယ်စပ်တွင် တပ်ဆွဲထားသည့် တူရကီစစ်တပ်ဖြစ်သည်။ ထိုစစ်တပ်က နောက်ဆုံးတွင် ပေါ်လာလေပြီ။

“စစ်သားတိုင်း အသင့်ပြင်ကြ ချီတက်”

တူရကီစစ်သည် သုံးသောင်းက ဝေးကွာနေချိန်တွင် သူတို့၏ ဝင်္ကပါက ပြေလျော့နေသေးပြီး အစီအစဉ် မကျသေးချေ။ ချန်းစန်းယွမ်က ပြုံးလိုက်ပြီး လက်မောင်းကို ယမ်းချလိုက်သည်။ သူ၏ အရှိန်အဝါ ကြီးမြတ်သော အင်အားစုကြီးက ပြင်းထန်သည့် အားလှိုင်းကို ရင်ဆိုင်လိုက်သည့် ကျောက်တုံးလေးတစ်တုံးလိုမျိုး သူက အကြောက်အလန့်မဲ့စွာဖြင့် ချီတက်လိုက်သည်။

ချွင် ချွင် ချွင်

ချန်းစန်းယွမ်နှင့် သူ၏လူများ၏ ခြေထောက်အောက်မှ စစ်ချီစက်ကွင်း အမျိုးမျိုးက ပေါ်လာသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း ချီစက်ကွင်းတိုင်းက ပေါင်းစပ်သွားပြီး အယောက်သုံးထောင်က သေးငယ်သော ခံတပ်အင်အားစုတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“စောက်သုံးမကျလိုက်တာ”

ထိုမြင်ကွင်းကြောင့် နာ့လော့လုပူ၏ မျက်လုံးကပင် ပြူးထွက်သွားသည်။ သူ၏သွေးများက ငယ်ထိပ်သို့ ဆောင့်တက်သွားပြီး ဒေါသထွက်သွားသည်။ သူက လူသုံးသောင်းကျော် ပါလာပြီး အရေအတွက်က ဆယ်ဆခန့်နီးပါး ရှိနေသည်။ သို့သော် မဟာထန်မှ အတင့်ရဲသော ထိုအရာရှိကမူ လက်ဦးမှုယူပြီး သူ့ဆီ ချီတက်လာရဲသည်။

“အားလုံးကိုသတ် တစ်ကောင်မှ အရှင်မထားနဲ့”

နာ့လော့လုပူ၏ အမိန့်နှင့်အတူ သူ၏စစ်တပ်က မြန်ဆန်လွန်းသော အရှိန်နှုန်းဖြင့် ချီတက်သွားလိုက်ကြသည်။ ထိုသို့ဖြင့် နှစ်ဖက်ကြားမှ အကွာအဝေးက ကျဉ်းသထက် ကျဉ်းလာသည်။

ဘုန်း

ဝူရှန်းမြင်းတပ်သုံးထောင်က ချီတက်သွားသည့်အခါ မြေကမ္ဘာက တသိမ့်သိမ့် တုန်လာသည်။ ထို့နောက် တစ်ဖက်မှ တူရကီစစ်သည်သုံးသောင်းနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဟီး

“အား”

“အားလုံးကိုသတ်”

စစ်တပ်နှစ်ခုက ထိပ်တိုက်ရင်ဆိုင်သည်။ အရာအားလုံးက ဝရုန်းသုန်းကား ဖြစ်သွားသည်။ လေထဲသို့ မရေမတွက်နိုင်အောင် များပြားသော စစ်သားများက မြောက်တက်ကုန်သည်။ သူတို့က အောက်သို့ ပြန်ကျသောအခါ မြေကြီးတောက်လျှောက် သွေးများစီးသွားစေတော့သည်။ တူရကီများ၏ အခြေအနေနှင့်ယှဉ်သော် ဝူရှန်းမြင်းတပ်သုံးထောင်က အရာအားလုံးကို ဖျက်ဆီးနိုင်သော အင်အားမျိုးကို ထုတ်ပြလာပြီး များပြားလွန်းသည့် တူရကီမြင်းတပ်ကို နင်းချေကာ ထိုးဖောက်သည်။

အရည်အသွေးနှင့် အရေအတွက် ကွာခြားချက်က ထိုနေရာတွင် သိသာသွားသည်။ ပထမတစ်ကြိမ် ထိပ်တိုက် တိုက်ခိုက်လိုက်သည်နှင့် တူရကီလေးထောင်ကျော် အသတ်ခံရသည်။

“မျိုးမစစ်တွေ”

ဒေါသထွက်သွားသော နာ့လော့လုပူက ဓားကိုဆွဲထုတ်လိုက်ပြီး တူရကီထံသို့ချိန်သည်။

“နာမည်မဲ့တဲ့စစ်သားကောင် မင်းရဲ့အသက်ကိုပေးစမ်း”

သို့သော် သူ၏စကားက မဆုံးသေးခင် နာ့လော့လုပူကလည်း သူ့ဆီလွှဲချလာသော ဆေဘာဓားကို မြင်လိုက်ရသည်။ ထိုသို့ဖြင့် ချန်းစန်းယွမ်၏ လက်ရွေးစင် အစောင့်များထံ ချဉ်းကပ်သွားပြီး တိုက်ခိုက်ကြသည်။ သူကလည်း ထိုထန်မြင်းတပ်က မှင်သက်ဖွယ်ကောင်းသော အင်အားမျိုးကို ပိုင်ဆိုင်ထားသော်လည်း သူတို့ကို အမိန့်ပေးသော အရာရှိက ထင်သလောက် အင်အားမကြီးကြောင်း မြင်နိုင်သည်။ ‘လူတစ်ယောက်ကို သတ်ချင်ရင် မြင်းကိုအရင်သတ်ရတယ်။ သူခိုးကိုဖမ်းချင်ရင် ခေါင်းဆောင်ကို အရင်ဖမ်းရတယ်’ ဆိုသည့် စကားအတိုင်း သူက ထိုအရာရှိကိုသာ သတ်လိုက်နိုင်လျှင် ထန်မြင်းတပ်က သဘာဝအလျောက်ပင် ပြိုလဲသွားပေလိမ့်မည်။

ဝုန်း

နာ့လော့လုပူ၏ လှုပ်ရှားမှုကို မြင်လိုက်သည့် တစ်ဖက်မှ တူရကီစစ်သားတိုင်းကလည်း စတင်ကာ နောက်မှ လိုက်ပါလာကြသည်။

“ဟမ့် ငါကမင်းကို စောင့်နေတာ”

ချန်းစန်းယွမ်က နှာခေါင်းရှုံ့ကာ လှောင်ရယ် ရယ်လိုက်သည်။ သူ၏မျက်ဝန်းထဲတွင် ခက်ထန်ကြမ်းတမ်းသည့် အလင်းက လက်လာသည်။

ဝုန်း

နာ့လော့လုပူ၏ လက်ရွေးစင်တပ်က ချီတက်သွားသည့်အခိုက် ရုတ်တရက် အခြေအနေက ပြောင်းလဲသွားသည်။

ဝုန်း

ဝူရှန်းမြင်းတပ်သုံးထောင်က အယောက်တစ်ရာရှိသည့် အဖွဲ့လေးများအဖြစ် ပြောင်းလဲသွားပြီး အဖွဲ့ခွဲလိုက်ကာ ထိုစစ်တပ်တစ်ခုလုံးကို ဖရိုဖရဲဖြစ်အောင် ဖျက်ဆီးသည်။

ထိုတူရကီစစ်တပ်ထဲမှ အလယ်နေရာက ကစဉ့်ကလျားဖြစ်ကာ အစီအစဉ်တကျ မရှိတော့ချေ။ ယခုအခါ ပို၍ပင် ဆိုးရွားသော အနေအထားသို့ ရောက်ရှိသွားသေးသည်။ အံ့အားသင့်သွားသော နာ့လော့လုပူက သတိလက်လွတ် အရှိန်ကို နှေးလိုက်မိသည်။ သို့သော် သူက ဟန်ချက်ပြန်ထိန်းလိုက်နိုင်သော အချိန်တွင် ဝူရှန်းမြင်းတပ်သုံးထောင်က ရုတ်တရက် နောက်လှည့်သွားပြီဖြစ်သည်။

“မကောင်းတော့ဘူး”

နာ့လော့လုပူကလည်း သူ၏နှလုံးသားထဲမှ မြင့်တက်လာသည့် အန္တရာယ်ကို ခံစားနိုင်သောစိတ်ကြောင့် ဖြူဖျော့သွားသည်။ ထိုခံစားချက်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူက နောက်သို့ ပြန်လှည့်ပြီး ပြေးချင်သည်။ သို့သော် နောက်ကျသွားပြီဖြစ်သည်။ ဝူရှန်းမြင်းတပ် သုံးထောင်က ဘက်ပေါင်းစုံက ရောက်လာကြလေပြီ။

အခန်း(၈၅၄)

“အား”

နာ့လော့လုပူ ပတ်ဝန်းကျင်မှ လေးပေထူသော ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာက လျှင်မြန်စွာဖြင့် ပျောက်ကွယ်လာချိန်တွင် လေထဲတွင် ငယ်သံပါအောင် အော်ဟစ်သံများက ထွက်ပေါ်လာသည်။ အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် နာ့လော့လုပူ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီဖြစ်သည်။ သူ၏ ခန္ဓာကိုယ်နှင့် စစ်မြင်းထံမှ သွေးများက ဆက်တိုက် စီးကျနေသည်။

သေဆုံးသွားသည့်တိုင်အောင် နာ့လော့လုပူ၏ မျက်လုံးကမူ မယုံကြည်နိုင်မှုများဖြင့် ပြူးကျယ်နေသေးပြီး သူက ယခုလိုမျိုး လူသုံးထောင်ထံတွင် ရှုံးသွားရသည့်ကိစ္စကို မှင်သက်နေသေးသည်။

ချွင်

ဝူရှန်းမြင်းတပ်က မြင်းသည်တော်တစ်ယောက်က ကျော်ဖြတ်သွားသည့်အခါ သူ၏ဓားက အောက်သို့ ခုတ်ချလိုက်ပြီး နာ့လော့လုပူ၏ခေါင်းကို ကျန်းအနည်းငယ်သို့ လွင့်ထွက်သွားသည်။ နာ့လော့လုပူက သေဆုံးသွားသည့်အခါ အနောက်ပိုင်းတူရကီများက ဝရုန်းသုန်းကားဖြစ်ကုန်သည်။

“အား”

ချန်းစန်းယွမ်က သံမဏိကို ပူတုန်းရိုက်ရန် အမိန့်ထုတ်လိုက်သည်။

နာ့လော့လုပူက သတိလက်လွတ်နိုင်သည်။ ချန်းစန်းယွမ်က ကျော်ကြားသော ဗိုလ်ချုပ်ကြီး မဟုတ်သော်လည်း သူ၏အနောက်တွင်ပါသော ဝူရှန်းမြင်းတပ်က တစ်လောကလုံးတွင် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်က ကျန်းကျွင်းလူသစ်လေ့ကျင့်ရေးစခန်းတွင်လည်း တူညီသော နည်းလမ်းကို အသုံးပြုခဲ့ပြီး သူတော်စင်သိုင်းနယ်မြေအဆင့် သာ့ယန်ဖူရယ်ကို သတ်ခဲ့သေးသည်။ ထို့ကြောင့် နာ့လော့လုပူလောက်က ရင်ဆိုင်နိုင်မည်မဟုတ်ချေ။

“အား”

နာ့လော့လုပူ၏ အမိန့်ပေးမှု မရှိတော့သောအခါ အနောက်ပိုင်းတူရကီများက အရေအတွက်အားဖြင့် နှစ်သောင်းရှိနေလျှင်ပင် သူတို့က မည်သည့်နည်းနှင့်မျှ သက်ရောက်မှုရှိအောင် တိုက်ခိုက်နိုင်စွမ်းအား မရှိတော့ချေ။

“သတ်”

ဟယ်ပါးယဲ့က အခြားတစ်ဖက်မှတဆင့် စစ်သည်ရှစ်ထောင်နှင့်အတူ ရောက်လာသောအခါ အခြေအနေအားလုံးကို လျှင်မြန်စွာဖြင့် ကိုင်တွယ်လိုက်နိုင်သည်။

ထိုအရှုံးသတင်းက စန်းမီတောင်သို့ ရောက်သွားသောအခါ ခါကန်း၏ ခုံရုံးတစ်ခုလုံးကို တဆတ်ဆတ် တုန်သွားသည်။

ချီရှီတောင်ဘက်တွင်... ပိုးသားလမ်းတောက်လျှောက် မြို့တော်သို့ ဦးတည်သွားသောလမ်းတွင် အနောက်ပိုင်းတောက်လျှောက် ဦးတည်နေသည့် ကျယ်ပြောလွန်းသော ဘိလပ်မြေလမ်းကြီးကို ခင်းနေသည်။ ထိုလမ်းကြီးက အရှည်အားဖြင့် ကီလိုမီတာ ထောင်ပေါင်းများစွာရှိပြီး တောင်ပေါင်းများစွာအနှံ့ ပတ်ကာ တည်ဆောက်ထားခြင်းဖြစ်သည်။ ထိုလမ်း၏အဆုံးတွင် အလုပ်သမား ထောင်ပေါင်းများစွာက ပျားများကဲ့သို့ အလုပ်များနေကြသေးသည်။

မြို့တော်မှ အထက်တန်းလွှာများနှင့် ကျောင်းကျင်းတရန်အပါအဝင် မဟာကလန်ကြီးမှ အကြီးအကဲများက ထိုဖြစ်စဉ်ကို တောက်လျှောက် စောင့်ကြည့်နေကြသည်။

ဖလပ် ဖလပ်

ကောင်းကင်မှ သတင်းပို့ပင်ဂွင်းက ဆင်းသက်လာသောအခါ ကျောင်းကျင်းတရန်က ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ယူလိုက်သည်။ တစ်ချက်ကြည့်ရုံဖြင့် ကျောင်းကျင်းတရန်၏ မျက်နှာက လေးလံသွားသည်။

“အရှင်အမတ်ဆီကစာပဲ”

ကျောင်းကျင်းတရန်က စာကိုဖွင့်လိုက်ပြီး တစ်ချက်ဖတ်လိုက်ပြီးနောက် ချက်ချင်းလိုလို ပြန်သိမ်းလိုက်သည်။ သူက အရှေ့သို့ လျှောက်သွားပြီးနောက် ကိုယ်ကြပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ယောက်၏ ရှေ့သို့ သွားကာပြောသည်။

“လူကြီးမင်းရွှီ ဝူရှန်းကိုရောက်ဖို့ ဘယ်လောက်ဝေးသေးလဲ”

ကျောင်းကျင်းတရန်ကမေးသည်။

“သိပ်မဝေးတော့ဘူး”

လူအိုကြီးကပြောသည်။

“အမှန်တိုင်းပြောရရင် ငါတို့တွေ ဝူရှန်းကို ရောက်ပြီးတာကြာလောက်ပြီ။ ဒါပေမဲ့ အရှင့်ရဲ့ အမိန့်ကြောင့် လမ်းကိုကျယ်အောင်ချဲ့ပြီး ဘိလပ်မြေကို ခိုင်အောင်လုပ်နေခဲ့လို့ ဒီလောက်ထိ ကြာသွားတာ။ ဒါပေမဲ့ ဒီတိုင်း ဆက်လုပ်နေမယ်ဆိုရင် ငါတို့တွေ အများဆုံး ရက်နှစ်ဆယ်အတွင်း ရောက်လိမ့်မယ်”

ထိုလူအိုကြီးက လက်မှုပညာသည်ထဲမှ ခေါင်းဆောင်ဖြစ်သည်။ သူက ဒီစီမံကိန်းအတွက် တာဝန်ယူထားသော ကလန်မဟာမိတ်မှ ကိုယ်စားပြုသူလည်းဖြစ်သည်။ ထို့ကြောင့် အရှိန်နှုန်းမြင့် ဆောက်လုပ်သော ကိစ္စနှင့် ပတ်သတ်သော ကိစ္စအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေသည်။

“ရက်နှစ်ဆယ်ဟုတ်လား”

ကျောင်းကျင်းတရန်က မျက်မှောင်ကျုံ့ပြီးနောက် လက်ချောင်းထောင်ပြသည်။

“ငါခင်ဗျားကို ဆယ်ရက်ပဲ အချိန်ပေးနိုင်မယ်။ ဒီဆယ်ရက်အတွင်းမှာ ဒီလမ်းက ဝူရှန်းဆီရောက်ရမယ်”

“ဒါက...”

သူက တခဏခန့် တိတ်ဆိတ်နေပြီးနောက် ခေါင်းညိမ့်သည်။

“ခက်ခဲတယ်ဆိုပေမဲ့လည်း အရမ်းကြီး ပြဿာနာများတာ မဟုတ်ပါဘူး။ အရှင်က အလျင်လိုနေရင် ငါက သေချာပေါက် ကိုယ်တိုင်ကြီးကြပ်ပြီး သူတို့ကို အလျင်အမြန် လုပ်ခိုင်းပါ့မယ်”

“ကောင်းပြီ”

ကျောင်းကျင်းတရန်က ခေါင်းညိမ့်လိုက်သည်။ သူက စကားဆက်မပြောတော့ချေ။

ဝမ်ချောင်ကသူ့ကို ပေးထားသော အချိန်က ရက်နှစ်ဆယ်ဖြစ်သည်။ သို့သော် ကျောင်းကျင်းတရန်ကမူ အရှင်အမတ်အနေနှင့် သူ့ကို ထိုသု့ိ စာရေးကာ အလျင်အမြန် လုပ်ခိုင်းကတည်းက အရေးကြီးသော တစ်စုံတစ်ရာ ရှိနေသောကြောင့်သာ ကျောင်းကျင်းတရန်က ဆယ်ရက်အထိ ကန့်သတ်လိုက်ခြင်းဖြစ်သည်။

ဒါက အရှင်အမတ်ကို ကူညီနိုင်ဖို့ မျှော်လင့်ပါတယ်။

ကျောင်းကျင်းတရန်က ခပ်တိုးတိုးပြောသည်။

......

ဘိလပ်မြေလမ်း၏ ဆောက်လုပ်မှုကို အရှိန်မြှင့်တင်ပြီး မြန်ဆန်သထက် မြန်ဆန်လာချိန်တွင် ဗဟိုပြင်ကျယ်တွင် မရေမတွက်နိုင်အောင် များပြားသော မီးခိုးခေါင်းတိုင်များထံမှ အနက်ရောင်မီးခိုးများ ဖြာထွက်နေသည်။ ဓားပန်းပဲကလန်များ၊ ဓားဆိုင်များနှင့် ပန်းပဲစံအိမ်တိုင်းက အင်တိုက်အားတိုက်ဖြင့် အားအင်စိုက်ထုတ်နေကြပြီး ဝမ်ချောင်က အလိုရှိသည့် သံမဏိမော်ကျူးများကို ထုလုပ်ပေးနေကြသည်။

ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ထိုဓားဆိုင်နှင့် လက်နက်ဆိုင်များ စသဖြင့် နေရာသောင်းကျော်ကို ခြုံငုံကြည့်လိုက်မည်ဆိုပါက အလွန်အမင်း ခမ်းနားသော မြင်ကွင်းကြီးကို မြင်နိုင်မည်ဖြစ်သည်။

“သံမဏိမော်ကျူးတွေ အားလုံးကိုသိမ်းကြ။ ငါဒါတွေကို အမြန်ဆုံး ချီရှီကိုပို့ရမယ်။ ပေးချေမှုအတွက်ကတော့ စိုးရိမ်ဖို့မလိုဘူး။ ငါတို့ရဲ့ဝယ်လက်က မြို့တော်က ဝမ်ကလန်ပဲ။ ဒီတော့ ကလန်တွေ အမတ်တွေ ပြည့်နေတဲ့ ဒီကလန်ကြီးထက် ဘယ်အရာကမှ ပိုပြီး ယုံကြည်ဖို့ မရှိတော့ဘူး။ ဝယ်သူက သူတော်စင်ဧကရာဇ်ကိုယ်တိုင် ဘွဲ့ထူးချီးမြှင့်ပေးထားတဲ့ လူငယ်အရှင်အမတ်လေ”

ကျန်းနန်၏ ရှေးဟောင်းအဆောက်အဦးထဲတွင် သေသပ်ခမ်းနားစွာ ဝတ်ဆင်ထားသည့် အိမ်တော်ထိန်းက ကုန်သည်လှည်းတန်းကို ကျော်ဖြတ်လိုက်ပြီး မော်ကျူးများကို ရထားလုံးပေါ်သို့ အလျှင်အမြန် တင်ခိုင်းနေသည်။ ဖြစ်စဉ်ကို တစ်ကြိမ် လုပ်ဆောင်ခဲ့ပြီးပြီ ဖြစ်သည့်အတွက် ထိုပန်းပဲကလန်ကြီးများက ပစ္စည်းများ အသယ်အချ လုပ်သည့်အရှိန်ကို ပိုမြန်လိုက်ပြီး သက်ရောက်မှုရှိအောင် လုပ်နိုင်လာကြသည်။

“ထိန်းထားလိုက် ချီရှီကာကွယ်ရေးဗိုလ်ချုပ် အာ ငါတို့မဟာထန်ကြီးရဲ့ ရှစ်ယောက်မြောက် ဗိုလ်ချုပ်ကွ။ မဟာထန်မှာ သူ့ကိုမသိတဲ့လူ ရှိနေသေးလို့လား။ စိတ်အေးအေးထားစမ်းပါ ငါက ဒီလိုကိစ္စတွေလောက် မစိုးရိမ်ဘူး”

စံအိမ်၏အပြင်ဘက်တွင် တောင့်တင်းသန်မာသော ထိုကုန်သည်လှည်းတန်း၏ ခေါင်းဆောင်ဖြစ်သူက သဘောတကျရယ်မောပြီး ဟန်အမူအရာပြသည်။ ခေါင်းလောင်းသံလို ကျယ်လောင်သော အသံနှင့်အတူ ရထားလုံးဆယ်လုံးခန့်ပါသည့် ကုန်သည်လှည်းတန်းက ချက်ချင်းလိုလို ချီရှီသို့ ထွက်ခွာသည်။

အရှေ့မှအနောက်၊ မြောက်မှတောင် စသဖြင့် ထိုသု့ိသော အလားတူ ကုန်သည်လှည်းတန်းပေါင်း များစွာက ထွက်ခွာနေကြသည်။ ထိုထဲတွင် မရေမတွက်နိုင်အောင် များပြားသော သံမဏိမော်ကျူးများပါသည်။ ထိုသို့ဖြင့် သူတို့က လမ်းခရီးတွင် ရပ်နားခြင်းမရှိဘဲ ချီရှီထံ ဦးတည်နေကြသည်။

ဝမ်ချောင်က အမိန့်ပေးသောအခါ မဟာထန်တစ်ခုလုံးက သူ့အတွက် ချက်ချင်း အစောတလျင် လုပ်ဆောင်ပေးရလေသည်။

......

အချိန်က တဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ရှစ်ရက်ခန့်ကြာပြီးနောက် နှစ်ကျန်းခန့်ကျယ်သော ဘိလပ်မြေလမ်းကြီးက နောက်ဆုံးတွင် ဝူရှန်းထံရောက်လာသည်။ ထိုသု့ိဖြင့် သံမဏိမြို့ တစ်ခုလုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။

“ဘိလပ်မြေလမ်း ဘိလပ်မြေလမ်းကွ အားလုံးပဲ ထွက်လာပြီးကြည့်ကြ။ အသစ်စက်စက် ဘိလပ်မြေလမ်းက ငါတို့ဆီရောက်လာပြီ”

“အာ ငါကြည့်ပါရစေ”

“ငါယုံတောင် မယုံနိုင်ဘူး။ ဘယ်လောက်တောင် ထူးဆန်းတဲ့ အရာလဲ။ ဒါက ကျောက်တုံးတွေထက်တောင် မာကြောသေးတယ်”

သံမဏိမြို့ထဲမှ အလုပ်သမား ထောင်ပေါင်းများစွာက မြို့ပြင်သို့ ထွက်လာကြည့်ကြသည်။ မဟာထန်မှ ထိုအသစ်စက်စက် ဘိလပ်မြေလမ်းက အလွန်နူးညံ့သော သဲ၊ ထုံးကျောက်များကို ထည့်သွင်းကာ တည်ဆောက်ထားခဲ့သော်လည်း ကျောက်သားထက်ပင် ပို၍ ခိုင်မာနေသေးပြီး တန်အလေးချိန် တစ်ဆယ်ကျော်ကို ခံနိုင်သည်။ ကျင်းတစ်ထောင်အားဖြင့် ရိုက်ချနိုင်သော စစ်သည်တော်များကပင် ထိုလမ်းကိုပျက်စီးအောင်လုပ်ရန် ခက်ခဲလေသည်။ ထိုသတင်းက မဟာထန်တစ်ခုလုံးအနှံ့ ပျံ့နှံ့နေပြီးသားဖြစ်သည်။ ထိုအသစ်စက်စက် ဘိလပ်မြေလမ်းကြီးကို မြို့တော်မှတဆင့် ဝူရှန်းထံ တောက်လျှောက်ခင်းလာနိုင်သော ကိစ္စက တစ်မြို့တော်လုံးကို ပျော်ရွှင်ဝမ်းမြောက်သွားစေသည်။

“အရှင်ကျောင်း ပြန်လည်ကြိုဆိုပါတယ်”

ကောင်းကင်တွင် မီးပန်းများကို ဖောက်ကြသည်။ ဆရာသခင် ဗိသုကာပညာရှင် ကျန်းရှို့ကျစ်က ကိုယ်တိုင်ကိုယ်ကျ အခြားသော လက်မှုပညာရှင်များနှင့် အလုပ်သမားများကို ဦးဆောင်ကာ မြို့ပြင်သို့ထွက်ပြီး ကျောင်းကျင်းတရန်ကို ကြိုဆိုသည်။

“စီနီယာကျန်း ငါတို့ပြန်တွေ့ကြပြီ”

ကျောင်းကျင်းတရန်ကလည်း တစ်ဖက်သူကို တွေ့သောအခါ ဖျော့တော့သော အပြုံးနှင့်အတူ လက်အမူအရာဖြင့် နှုတ်ဆက်သည်။ သူတို့နှစ်ယောက်က အနောက်တောင်ပိုင်းတွင် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ကြသည်။ သူတို့က မိတ်ဆွေဟောင်းများဖြစ်သည်။

“ဟုတ်သားပဲ အရှင်အမတ်က ဘယ်မှာလဲ”

ကျန်းရှို့ကျစ်က အင်္ကျီလက်ကြားထဲသို့ လက်ကို ပြန်ရုတ်လိုက်ပြီးနောက် အပြုံးနှင့်မေးသည်။

“အရှင်အမတ်က ချီရှီကိုရောက်နေပြီ။ ဒါပေမဲ့ မင်းချီရှီကိုသွားရင်တောင်မှ သူ့ကို ရှာနိုင်မှာမဟုတ်ဘူး”

“အို”

ကျောင်းကျင်းတရန်က မျက်လုံးပြူးပြီး အံဩသွားသည်။ သူက ပိုးသားလမ်းပေါ်တွင် နေ့ရောညရော အလုပ်လုပ်နေခဲ့ရပြီး ဆောက်လုပ်ရေးကိုသာ ဂရုစိုက် ကြီးကြပ်နေခဲ့ကာ ဝူရှန်းသို့ တက်နိုင်သမျှ မြန်မြန်ရောက်အောင် ကြိုးစားနေခဲ့သည်။ ဒီနည်းအားဖြင့် သူက ဝမ်ချောင်ကို တွေ့နိုင်မည်ဖြစ်သည်။ သို့သော် ယခုရောက်လာသောအခါ အခြေအနေက သူမျှော်လင့်ထားသည်နှင့် ကွာခြားနေသည်။

ကျန်းရှို့ကျစ်ကလည်း ကျောင်းကျင်းတရန်၏ စိတ်ရှုပ်ထွေးမှုကို နားလည်သဖြင့် ရှင်းပြလိုက်သည်။

“တာလာ့မှ စစ်ဖြစ်နေတယ်။ လူတိုင်းက အရှင်အမတ်ကိုပဲ မျှော်လင့်တကြီး ပုံအပ်ထားကြရတာ။ အရှင်အမတ်အနေနဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုများထိုင်ပြီး စကားပြောနိုင်မှာလဲ”

“ဒါ့အပြင် အရှင်အမတ် ဘယ်နေရာမှာလဲလို့ ငါ့ကိုလာမမေးနဲ့ ငါတောင်မှမသိဘူး။ အရှင်အမတ်က အမြဲတမ်း သူ့ရဲ့အကြံတွေကို ဂရုတစိုက် တွေးတောဖို့ လိုအပ်နေတဲ့လူလေ။ သူ့ရဲ့အတွေးတွေကို ငါတို့လိုလူတွေက ဘယ်လိုက်နိုင်ပါ့မလဲ”

ကျောင်းကျင်းတရန်က ခေါင်းညိမ့်သည်။ သူ၏အမူအရာကလည်း သနားသလို ဖြစ်သွားသည်။...

ဝမ်ချောင်က ချီရှီတွင်မဟုတ်ချေ။ ထိုအကြောင်းကို လူအနည်းစုသာ သိကြသည်။ ရွှီချီချင်ကဲ့သို့ ဝမ်ချောင်နှင့် အနီးကပ်ဆုံးလူကပင် သူက အနောက်ဘက်နယ်မြေများသို့သွားပြီး လူအချို့နှင့် သွားတွေ့ကြောင်းကိုသာ သိသည်။ သို့သော် သူမက တိတိကျကျ အကြောင်းအရာ မသိထားသေးချေ။

“အရှင်အမတ်က ငါတို့ထက်အရင် ခန်းကယ်က လူတွေရဲ့ပိုင်နက်ကို ရောက်နေတာ။ ဒီလူတွေက အရမ်းကို ရိုးရှင်းကြတယ်။ မြင်းဘယ်လိုစီးရမလဲဆိုတာကိုလည်း မသိထားဘူး။ ဒါကို အရှင်အမတ်က ဘာလို့သူတို့ကို ငှားချင်တာလဲ”

အနောက်ပိုင်းဒေသ အရှေ့မြောက်ပိုင်း ထောင့်အကျဆုံး တစ်နေရာတွင် လူသူရှင်းလင်းသော နေရာတစ်ခုရှိသည်။ ထိုနေရာတွင် ရန်ဟုန်ချန်းနှင့် ဝမ်ချောင်တို့က ဘေးချင်းယှဉ်လျှက် မြင်းစီးနေကြသည်။ သူတို့၏အနောက်တွင်လည်း ချီရှီစစ်တပ်မှ စစ်သည်ငါးထောင်ပါသည်။ သူက ဝမ်ချောင်ဟာ အနောက်ပိုင်းဒေသသို့လာကြောင်း ကြားသောအခါ ရန်ဟုန်ချန်းက ချက်ချင်းလိုလို အခြားသော တာဝန်တိုင်းကို ချခဲ့ပြီး သူ့ကိုလာရောက် ကြိုဆိုခြင်းဖြစ်သည်။

သို့သော် ရန်ဟုန်ချန်းအနေဖြင့် ဝမ်ချောင်၏ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရလေသည်။

“အရှင်က ကြေးစားစစ်သားတွေကို ငှားရမ်းဖို့ ဆန္ဒရှိတယ်ဆိုရင် ဒီလူကလည်း သင့်တော်ပြီး အဆင်ပြေမဲ့ ကြေးစားစစ်သားတွေကို သိပါတယ်။ သူတို့အားလုံးက ကန်းခယ်အဖွဲ့ထက် အများကြီး လေးစားစရာကောင်းပြီး အားထားထိုက်ပါတယ်။ ဒါ့အပြင် ကန်းခယ်အဖွဲ့က လူအများကြီးမရှိပါဘူး။ ဒါကြောင့် သူတို့ကိုအများကြီး မသုံးနိုင်လောက်ဘူး”

“မလိုတော့ဘူး ငါတို့တွေ အခြားကြေးစားစစ်သားတွေ ငှားရမ်းမဲ့ကိစ္စကို နောက်မှပြောကြမယ်။ ဒီတစ်ကြိမ်မှာတော့ ငါက ကန်းခယ်အဖွဲ့အတွက်လာတာ”

ဝမ်ချောင်က ခွာဖြူအရိပ်ပေါ်တွင် ထိုင်နေသည်။ သူက လက်ကိုယမ်းလိုက်သည်။ သူ၏မျက်နှာ အမူအရာကမူ ယုံကြည်မှုအပြည့်ရှိနေပြီး မစိုးရိမ်သောပုံစံမျိုးနှင့်ဖြစ်သည်။

“ဒါက...”

“မလိုတော့ဘူး”

ဝမ်ချောင်က ခပ်အေးအေးပြောသည်။ ဝမ်ချောင်ကလည်း လုပ်ဆောင်သည့် အရာရာတိုင်းအတွက် အကြောင်းပြချက် ရှိနေပြီးသားဖြစ်သည်။ သူက ဘယ်သောအခါကမှ မချိန်ဘဲ ကြုံရာနေရာသို့ မြှားပစ်လေ့မရှိချေ။ သို့သော် ထိုအကြောင်းပြချက်များကိုလည်း ရန်ဟုန်ချန်းကို ရှင်းပြရန် မလိုအပ်ချေ။

ထိုအချိန်တွင် ဟန်ဗိုလ်ချုပ်တစ်ယောက်က ရှေ့သို့ရောက်အောင် စီးလာပြီးနောက် ဝမ်ချောင်၏ နားနားကပ်ကာ ခပ်တိုးတိုးပြောသည်။

“အရှင်အမတ် အရှေ့က ကြိုသွားတဲ့ ကင်းထောက်တွေက ကျွန်တော်တို့ရဲ့လမ်းဆီ လာနေတဲ့လူတွေ ရှိတယ်လို့ပြောပါတယ်။ သူတို့က ကန်းခယ် ဖြစ်နိုင်ပါတယ်”

ထိုဟန်ဗိုလ်ချုပ်က ဝမ်ချောင်၏အနားမှ အစောင့်များနှင့် ပုံစံတူသည်။ သို့သော် သူက ချီရှီကာကွယ်ရေးစစ်တပ်မှ သံချပ်ကာကို ဝတ်ဆင်ထားသည်။ ဖုမာန်လင်းချာက အုပ်စိုးနေသော ကာလအတောအတွင်း ထိုကဲ့သို့ အနီးကပ် ဟန်ဗိုလ်ချုပ်များက ရှားပါးလေသည်။

ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်ကို စာရင်းသွင်းသူ၏ အကြံပေးချက်အရ သူ့ကို ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ ထိုလူက ရွယ်ချန်းပင်းဟုခေါ်ပြီး သူ၏မူလအဆင့်ကမူ တပ်မှူးချုပ်ဖြစ်သည်။ သူက ချီရှီကာကွယ်ရေးစစ်တပ်တွင် ငါးနှစ်တာဝန်ထမ်းဆောင်ခဲ့ပြီးသားဖြစ်သည်။ ထို့ကြောင့် သူလုပ်ဆောင်ခဲ့သော အကျိုးပြုချက်များက မနည်းပါးချေ။ သို့သော်သူက ဘယ်သောအခါကမှ ရာထူးတိုးမခံရချေ။ သူ့ကိုရှာတွေ့သွားသောအခါ ဝမ်ချောင်က ချွင်းချက်ဖြင့် တိုက်ရိုက်ပင် သူ့ကိုဗိုလ်ချုပ်ရာထူးပေးလိုက်သည်။ ဒီနည်းအားဖြင့် ချီရှီကာကွယ်ရေးစစ်တပ်မှ ဟန်စစ်သည်တော်တိုင်းကို သူ၏လက်အောက်သို့ ပို့ထားပေးလိုက်သည်။

ချီရှီကာကွယ်ရေးစစ်တပ်မှ ကာကွယ်ရေးဗိုလ်ချုပ်ကြီးဖြစ်သည့် ဝမ်ချောင်ကလည်း မျှော်လင့်ရန်ပင် ခက်ခဲလွန်းသည့် အာဏာမျိုးကို ပိုင်ဆိုင်ထားသည်။ ထို့ကြောင့် တပ်မှူးချုပ်တစ်ယောက်ကို ဗိုလ်ချုပ်တစ်ယောက်ရာထူးရအောင် ရာထူးတိုးပေးလိုက်သော ကိစ္စက ဝမ်ချောင်အနေနှင့် အင်ပါယာခုံရုံး၏ သဘောတူညီမှု မလိုအပ်သလို စစ်မတ်ဆိုင်ရာ အမှုထမ်းရေးရာဌာန၏ သဘောတူညီမှုကိုလည်း မလိုအပ်ချေ။ ဒီတိုင်း သူက ထိုဆုံးဖြတ်ချက်ကို အတည်ပြုပေးရုံဖြင့် တော်ဝင်ခုံရုံးထံ မှတ်တမ်းလွှာတင်ပို့ပေးရန်ဖြင့် လုံလောက်သည်။

“အို သူတို့နဲ့ မတိုက်ခိုက်နဲ့ဦး ငါရောက်လာတဲ့အထိ စောင့်ခိုင်းလိုက်”

ဝမ်ချောင်၏မျက်ဝန်းက တောက်ပသွားပြီး မြင်းကိုရှေ့သို့ အစောတလျင် စီးနင်းလိုက်သည်။ စက္ကန့်အနည်းငယ်ခန့် ကြာပြီးနောက် ဝမ်ချောင်က ရွယ်ကျန်းချယ်ကပြောသော လူများကို မြင်လိုက်ရသည်။ ထိုလူများက အနောက်ပိုင်းဒေသမှ ဇာတိဖြစ်သည်။ သို့သော် အခြားသော တိုင်းပြည်ကြီးများနှင့် အနောက်ပိုင်းဒေသမှ အဖွဲ့များ၏လူများကဲ့သို့ အရပ်ရှည်ရှည် ပုံစံနှင့်ယှဉ်သော် သူတို့က အတော်လေးတိုသည်။ ငါးပေဝန်းကျင်သာရှိသည်။

ထိုလူများက တောင့်တင်းသန်မာခြင်းလည်းမရှိချေ။ သူတို့၏ခန္ဓာကိုယ်က ဖုန်များပေကျံနေပြီး ညှီစို့စို့အနံ့ထွက်နေသေးသည်။ သူတို့က ရေမချိုးသည်မှာ ခြောက်နှစ် ခုနှစ်နှစ်ခန့် ကြာပြီဟုပင် ထင်ရသည်။ ထို့ပြင်သူတို့၏ ဆံပင်များကလည်း ဖွာထွက်နေသည်။ လက်မခံနိုင်စရာ အကောင်းဆုံး အချက်ကမူ သူတို့၏ခန္ဓာကိုယ်မှ ထွက်လာသည့် အနံ့ဖြစ်သည်။ ခုနှစ်ကျန်းခန့် အကွာကပင် ထိုဆိုးရွားသည့် အနံ့ကို ရနေသည်။ သူတို့ကို မြင်သောအခါ ဝမ်ချောင်က နောက်ဆုံးတွင် ကန်းခယ်က မည်သည့်အတွက်ကြောင့် အနောက်ပိုင်းဒေသတစ်ခုလုံး၏ ဖယ်ရှားခြင်းခံရကြောင်း သိလိုက်သည်။

အခန်း(၈၅၅)

ကြေးစားစစ်သားတို့၏ဘုရင်

သူတို့၏ အဆင်မပြေသော ပုံပန်းသွင်ပြင်က ဒီလိုဖြစ်နေသော်လည်း မည်သူကမှ ကန်းခယ်များကို အထင်မသေးရဲကြချေ။ ချီရှီကာကွယ်ရေးစစ်တပ်မှ ဝမ်ချောင်က စေလွှတ်ထားသော ထိုကင်းထောက်များကပင် သူတို့၏အနားတွင် သတိအပြည့်ထားကာ ကပ်နေကြသည်။ အကြောင်းပြချက်က ရိုးရှင်းသည်။ သူတို့၏ မျက်လုံးကြောင့်ဖြစ်သည်။ သူတို့၏ အဝတ်အစားက စုတ်ပြတ်သပ်နေပြီး ခန္ဓာကိုယ်က ညှီစို့စို့အနံ့များ ထွက်နေသော်လည်း ထိုကန်းခယ်များ၏ မျက်လုံးက ဆာလောင်နေသော ဝံပုလွေများကဲ့သို့ ရိုင်းစိုင်းကြမ်းတမ်းလွန်းသည့် မျက်ဝန်းမျိုးဖြစ်နေသည်။

ထိုမျက်လုံးကိုမြင်သော မည်သူကမဆို ထိုလူများက အလွန်အမင်း အန္တရာယ်များကြောင်း ဆုံးဖြတ်ချက်ချပေလိမ့်မည်။ အချို့သော အရေးမကြီးသော ရည်မှန်းချက်တစ်ခုအတွက် သူတို့က အသက်ကိုပင်ရင်းပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်တတ်သည်။ ထိုသို့ တိုက်ခိုက်သည့်အခါ နှစ်ဖက်လုံးက သေဆုံးခြင်းဖြင့် အဆုံးသတ်တတ်သည်။

သူတို့က တကယ်ကို ဒဏ္ဍာရီထဲက ဖော်ပြတဲ့အတိုင်းပဲ။

ဝမ်ချောင်၏ နှုတ်ခမ်းပါးများက ကော့တက်သွားသည်။ သူက စိတ်ထဲတွင် ပျော်သွားသည်။

ကန်းခယ်အဖွဲ့က အနောက်ပိုင်းဒေသ တစ်ခုလုံးက ပယ်ထားသော အဖွဲ့ငယ်လေးဖြစ်ပြီး နံ့ဟောင်နေသော ဝက်များဟုခေါ်ကြသည်။ သို့သော် ဝမ်ချောင်ကသာ တစ်ရက်တွင် အနောက်ပိုင်းဒေသ တစ်ခုလုံးကို မိုးခြိမ်းလိုက်သလို ကြောက်ရွံ့တုန်ယင်သွားစေမည့် နာမည်တစ်ခုကို ပိုင်ဆိုင်သူများဖြစ်ကြောင်း သိနေသည်။ ထိုနာမည်ကမူ ကြေးစားစစ်သား၏ ဘုရင်ဖြစ်သည်။

အနောက်ပိုင်းဒေသမှ တိုင်းပြည်ကြီးများဖြစ်သည့် ကြေးစားစစ်သား အဖွဲ့ကြီးများတွင်ပင်ဖြစ်စေ သူတို့က ကြောက်မက်ဖွယ်အကောင်းဆုံး မှီခိုအားအထားရဆုံးနှင့် သစ္စာအရှိဆုံး ဖြစ်ကြသည်။ သူတို့က ထိုနယ်မြေ၏ ဘုရင်များဖြစ်သည်။

စစ်သားတို့၏ဘုရင်ဟုခေါ်သော မာမဲ့လုများကဲ့သို့ သတ်ဖြတ်သူများ၏ ဘုရင်ဟုခေါ်သော အာဘတ်ဆစ်ကယ်လီဖိတ်ကဲ့သို့ဖြစ်သည်။

သူတို့က တိုက်ပွဲဝင်ရန်ဆိုသည့် ရည်ရွယ်ချက်ဖြင့် မွေးဖွားလာသူများ ဖြစ်နေကြသည်။ ကန်းခယ်ကမူ အခြားသော အဖွဲ့များ၏ ငြင်းဆန်ခံရပြီး ဆက်တိုက် အနိုင်ကျင့်ခံရမှုများကြောင့် ထိုမျှအထိ အလွန်အမင်း ကြမ်းတမ်းခက်ထန်လာကာ ရန်လိုတတ်ခြင်းဖြစ်သည်။ သူတို့က ရေပြတ်လပ်ပြီး အစားအသောက် အဝတ်အစား ရှားပါးလွန်းသော နေရာတွင်နေရန် ဖိအားပေးခံခဲ့ရသောကြောင့်လည်း ရန်ငြိုးထားတတ်နေခြင်းဖြစ်သည်။

သူတို့နေထိုင်ရသော လွင်ထီးခေါင် နယ်မြေကြီးတွင် မည်သည့်လက်နက်နှင့် သံချပ်ကာမျှ မရှိသလို မည်သည့်စစ်မြင်းကိုမျှလည်း မမွေးနိုင်ချေ။ ထို့ကြောင့် အနောက်ပိုင်းဒေသ၏ အခြားသော တိုင်းပြည်များက သူတို့ကို အားနည်းသောအဖွဲ့ဟု သတ်မှတ်ကြသည်။ သူတို့က တိုက်ပွဲအတွက် မသင့်တော်ကြောင်း ကြေးစားစစ်သားအဖြစ် ငှားရန်မတန်ကြောင်း ယူဆထားကြသည်။ ကန်းခယ်များက အနောက်ပိုင်းဒေသ လောကကဲ့သို့ မြင်းတပ်များကျင်လည်သော အသိုင်းအဝိုင်းထဲတွင် စစ်မြင်းများ မမွေးနိုင်သော အားနည်းချက်ကြောင့် အားလုံးက ဖယ်ကျဉ်ထားကြခြင်းလည်းဖြစ်သည်။ ထိုအားနည်းချက်က သေစေနိုင်သည်။

အနှစ်ချုပ်ဆိုရသော် မည်သူကမှ ကျန်းခယ်ကို ငှားရန် မကြံစည်ဖူးကြချေ။ ထို့ကြောင့် ကန်းခယ်များက သေရေး၊ ရှင်ရေး အခြေအနေမျိုးတွင် အမြဲတစေ ရုန်းကန်နေရသည်။ ထိုကဲ့သို့ သေးငယ်သော အဖွဲ့များကလည်း အနောက်ပိုင်းဒေသ၏ ကြမ်းတမ်းရက်စက်မှုများအတွင်း ပျောက်ကွယ်သွားသည့် အခြေအနေပေါင်းများစွာ ရှိခဲ့ဖူးသည်။

သို့သော် ထိုသို့ရုန်းကန်မှုများ အတောအတွင်းတွင် ကန်းခယ်များက ရှင်သန်နေခဲ့သည်။ သူတို့က ကြောက်မက်ဖွယ်ကောင်းသည့် စစ်ပွဲများထဲတွင် သူတို့၏ လေးစားဖွယ်ကောင်းသည့် ဖျော်ဖြေမှုများကို လုပ်ဆောင်နိုင်ခဲ့ပြီး ကြေးစားစစ်သားများ၏ ဘုရင်ဆိုသော ဂုဏ်သတင်းကို ရရှိလာခဲ့သည်။ သူတို့၏ သစ္စာရှိမှု၊ မှီခိုအားထားထိုက်သော အခြေအနေများနှင့်အတူ သူတို့က ဘယ်သောအခါမှ နောက်မဆုတ်တတ်သော အကျင့်စရိုက်ကြောင့် လူတိုင်း၏ လေးစားမှုကို လက်ခံရရှိခဲ့သည်။ လူတိုင်းကလည်း သူတို့ကို အသိအမှတ် ပြုလာကြသည်။

ဝူရှန်းမြင်းတပ်ငါးထောင်နှင့် ချီရှီမှ စစ်သားတိုင်းက ထိုစစ်ပွဲအတွက် လုံလောက်ခြင်းမရှိသေးချေ။ ဝမ်ချောင်က ကြေးစားစစ်သားပေါင်း များစွာလိုအပ်သည်။ ထိုထဲမှ အယုံကြည်ရဆုံး အဖွဲ့အစည်းကို လိုအပ်သည်။ သူက ကာလုများ မလိုချင်ချေ။ ထိုအဖွဲ့က အနောက်ပိုင်းဒေသမှ အကောင်းဆုံး ကြေးစားစစ်သားများဟု သတ်မှတ်နိုင်သည်။ သူတို့က ဒီရေကိုပင် ပြောင်းပြန် ပြန်ဆန်တက်အောင် လုပ်နိုင်သည်ဟု ဆိုကြသည်။

ထိုသို့သော ကြေးစားစစ်သားများကို များများငှားလေလေ ထိုလူများက အန္တရာယ် ပိုပေးနိုင်လေလေဖြစ်သည်။

ဝမ်ချောင်၏အမြင်တွင် အနောက်ပိုင်းဒေသတွင်ရှိသော မရေမတွက်နိုင်အောင် များပြားသည့် ကြေးစားစစ်သား အဖွဲ့များထဲတွင် ယုံကြည်အားထားရသော သူ၏ဘယ်ညာ လက်များကဲ့သို့ ယုံကြည်အားထားရကာ တာဝန်ထမ်းဆောင်မည့် လူများက ကန်းခယ်အဖွဲ့မှ လူများသာဖြစ်သည်။

“ဂုဏ်ယူပါတယ် အသုံးပြုသူ ကြေးစားစစ်သားများက ဘုရင်တာဝန်ကို ဖွင့်လိုက်ပါပြီ”

“ကန်းခယ်က အနောက်ပိုင်းဒေသမှ ညှီစို့နံဟောင်နေတဲ့ ဝက်တွေလို့သိကြတဲ့ အဖွဲ့ငယ်လေး တစ်ဖွဲ့ပါ။ ဒါပေမဲ့ အနာဂတ်ရဲ့ ကြေးစားစစ်သားများရဲ့ ဘုရင်ဖြစ်နေတယ်။ ဒီအချက်အလက်တွေအပြင် သူတို့က လူသူကင်းရှင်း ငတ်မွတ်တဲ့ အစွန်အဖျားဒေသမှာ ဆိုးဆိုးရွားရွား ရှင်သန်ရပေမဲ့လည်း သူတို့ရဲ့ နှလုံးသားထဲက မာနနဲ့ အပြင်လူတွေကို သံသယဝင်စိတ်က ပိုကြီးလာပါတယ်။ သူတို့ရဲ့ အထောက်အပံ့ကို ရယူနိုင်ဖု့ိအတွက် သူတို့က စိတ်ရင်းနဲ့ အစစ်အမှန် လေးစားတာကို ခံရဖို့လိုအပ်တယ်။ ဒီလိုမှပဲ အသုံးပြုသူရဲ့ သစ္စာအရှိဆုံး လက်ရွေးစင်မဟာမိတ်တွေ ဖြစ်လာလိမ့်မယ်။ ဒီလိုဆိုရင် အသုံးပြုသူ ဘယ်သောအခါမှ သစ္စာဖောက်မှာ မဟုတ်သလို ဘယ်သောအခါမှလည်း ရန်သူလို့ သတ်မှတ်မှာမဟုတ်ဘူး”

“ဒီတာဝန်ကိုအောင်မြင်ရန် အသုံးပြုသူကို ကံကြမ္မာစွမ်းအင်အမှန် (၁၂၀၀) ဆုချီးမြှင့်မှာပါ။ ဒီတာဝန် ကျရှုံးသွားရင်တော့ ကံကြမ္မာစွမ်းအင်အမှတ် (၄၄၀၀)ကို ပေးရပါမယ်”

“သတိပေးချက်.. ဒီတာဝန်က အန္တရာယ်ကြီးပါတယ်။ ကန်းခယ်တွေကသာ အသုံးပြုသူရဲ့ အထင်သေးမှုနဲ့ မာနထောင်လွှားမှုတွေကို ခံစားမိသွားမယ်ဆိုရင် သူတို့က တစ်ဘဝလုံး ရန်သူတွေအဖြစ် သတ်မှတ်လိုက်မှာပါ”

တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ မည်သည့်အသံမှ ထွက်မလာချေ။

ဝမ်ချောင်က မျက်လုံးပြူးသွားပြီး မြင်းဇာတ်ကြိုးကို ဆွဲလိုက်သည်။ ကံကြမ္မာကျောက်တုံးက ဒီလိုအခြေအနေမျိုးမှာ အသံထွက်လာတာ စိတ်ဝင်စားစရာပဲ။

ကံကြမ္မာကျောက်တုံးက တာဝန်ထုတ်ခဲသည်။ အင်အားအရပင်ဖြစ်စေ ကျော်ကြားမှုအရပင်ဖြစ်စေ ကန်းခယ်များက အနောက်ပိုင်းဒေသတွင် တည်ရှိမှု အလွန်နည်းသော နယ်စပ်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ သို့သော် ကံကြမ္မာကျောက်တုံးကမူ ထိုတာဝန်ကို အောင်မြင်လျှင် ဆုလဒ် (၁၂၀၀)ပင် ပေးမည်ဟု ကမ်းလှမ်းလာသည်။ ရှင်းလင်းစွာဖြင့်ပင် ကံကြမ္မာကျောက်တုံးက အနာဂတ် ကြေးစားစစ်သားများ၏ ဘုရင်ကို အလေးထားသည်မှာ ရှင်းလင်းနေသည်။

ရန်သူအဖြစ်သတ်မှတ်မယ်။ ဒါက သေးငယ်တဲ့ တန်ကြေးမဟုတ်ဘူးပဲ။

ထိုအတွေးနှင့်အတူ ဝမ်ချောင်ကို မြင်းကိုရှေ့သို့ စီးသွားသည်။ အရှေ့တွင် ချီရှီကင်းထောာက်က ကန်းခယ်များနှင့် ထိပ်တိုက်တွေ့ဆုံသည့် အခြေအနေတွင်ဖြစ်သည်။ ဝမ်ချောင်၏ အမိန့်မရှိဘဲ ထိုကင်းထောက်ကလည်း ကိုယ်ပိုင်စိတ်သဘောထားဖြင့် မလှုပ်ရှားရဲချေ။ ဝမ်ချောင်က ရောက်လာသောအခါ ကင်းထောက်က ခပ်မြန်မြန် ဘေးသို့ဖယ်ပေးသည်။ အရှေ့မှ နံဟောင်နေသော စုတ်ပြတ်သပ်နေသည့် ပုံစံဖြင့် ကန်းခယ်ကလည်း ဝမ်ချောင်က ခေါင်းဆောင်ဖြစ်ကြောင်း နားလည်နေသည်။ ထို့ကြောင့်သူ့ကို လှည့်ကြည့်လာသည်။

“ငါတို့က ကောင်းတဲ့ရည်ရွယ်ချက်နဲ့လာတာ”

အသံတစ်သံက ရုတ်တရက် ထွက်လာသည်။ သို့သော် ဝမ်ချောင်၏အသံ မဟုတ်ဘဲ ပညာသင်သား ပုံစံနှင့် သန့်စင်သပ်ရပ်သော ယွမ်ရှု့စုန့်ထံမှဖြစ်သည်။ ထိုလူက ဝမ်ချောင်၏ ဘေးနားမှ ကပ်စီးလာခြင်းဖြစ်သည်။ သူ၏အမူအရာက သဘာဝဆန်ပြီး ပွင့်လင်းလေရာ လူအများကို အလိုလိုပင် သက်တောင့်သက်သာ ဖြစ်သွားစေပြီး သတိကို လျော့ချမိသွားစေသည်။ ကန်းခယ်များ၏ ဘာသာစကားက အနောက်ပိုင်းဒေသတွင် လူအနည်းစုသာသိသော ဘာသာစကားမျိုးဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်ကပင် ထိုဘာသာစကားကို မပြောတတ်ချေ။

ရန်ဟုန်ချန်းက အနောက်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ဖူးသည်။ သို့သော် သူကိုယ်တိုင်လည်း ထိုဘာသာစကားကို မသိချေ။

မဟာထန်တွင် အနောက်ပိုင်းဒေသမှ ဘာသာစကားများကို စာပေကျမ်းဂန် နှံ့စပ်သော ပညာသင်သားများကသာ လေ့လာထားသည်။ ထိုထဲမှ တစ်ယောက်ဖြစ်သည့် ယွမ်ရှု့စုန့်သာ ထိုဘာသာစကားကို ပြောတတ်သည်။

“ဒါက ငါတို့ကြင်နာပေးတဲ့ ပုံစံပဲ။ ငါတို့က မင်းကို သူတို့ကို လက်ခံစေချင်တယ်”

ယွမ်ရှု့စုန့်က လက်နှစ်ဖက်ကို ကပ်လိုက်ပြီးနောက် ဝမ်ချောင်ကို တစ်ချက်ပြန်ကြည့်လိုက်သည်။ ဝမ်ချောင်ကလည်း ခေါင်းညိမ့်လိုက်သည်။ ယွမ်ရှု့စုန့်ကို အနောက်သို့သွားရန် လက်ယမ်းပြလိုက်သည်။ သိပ်မကြာခင် ကြွက်သားတောင့်တင်းသန်မာသော ချီရှီစစ်သားများက ကြီးမားသော ဝါးတောင်းကြီးများကို သယ်လာပြီး ရှေ့သို့ထွက်လာသည်။

ဝါးတောင်းကြီးများကို ဖွင့်လိုက်သောအခါ အတွင်းတွင် ဂျုံမှုန့်၊ ပြောင်းဖူး၊ စပျစ်သီး၊ မာလကာသီး၊ သခွားသီးနှင့် အမျိုးမျိုးသော အသားများပါသည်။

“စားစရာ”

ထိုပစ္စည်းများကို မြင်သောအခါ ကန်းခယ်များက အံ့အားတကြီး အော်ဟစ်ကြသည်။ သူတို့၏ မျက်ဝန်းများက တောက်ပသွားကြသည်။ ရှင်းလင်းစွာဖြင့်ပင် သူတို့ကလည်း စိတ်ဝင်စားကြသည်။ ထိုထဲမှ အချို့ဆိုလျှင် သတိလက်လွတ် လျှာကိုပင် သပ်လိုက်ကြသေးသည်။ သူတို့၏ မျက်လုံးထဲမှ ရန်လိုမှုက အနည်းနှင့်အများ လျော့ပါးသွားသည်။

လူကြီးမင်းယွမ်က ပြောတာ တကယ်မှန်တာပဲ။

ဝမ်ချောင်က အသိအမှတ်ပြုသလို ခေါင်းညိမ့်လိုက်သည်။ ယွမ်ရှု့စုန့်က ဘာသာစကား အကျွမ်းကျင်ဆုံး ပညာသင်သားများထဲမှ တစ်ယောက်ဖြစ်သည်။ သို့သော် သူက အနောက်ပိုင်းဒေသများကို သူ့လက်ခုံလို အလွန်အမင်း နားလည်ထားသည်။ သူက သူ၏ဘဝတစ်ဝက်လောက်ကို ထိုလူများနှင့် ပြောဆိုဆက်ဆံခဲ့ခြင်းဖြင့် နေထိုင်ခဲ့ခြင်းဖြစ်သည်။ သူက နေရာတိုင်းသို့ သွားဖူးသလို အဖွဲ့တိုင်းသို့လည်း ရောက်ဖူးပြီး သူတို့နှင့် အဆက်အသွယ် လုပ်ဖူးသည်။ ထို့ကြောင့် သူတို့ကို နားလည်မှု နက်ရှိုင်းနေခြင်းဖြစ်သည်။

ရန်ဟုန်ချန်းကပင် ထိုအခြေအနေတွင် သူ့ကို မယှဉ်နိင်ချေ။

ဒီလိုကမ်းလှမ်းရန်လည်း ယွမ်ရှု့စုန့်ကသာ အကြံပေးခဲ့ခြင်းဖြစ်သည်။ ရွှွေထည်လမ်းကိုသုံးကာ သူတို့နှင့် ဆက်သွယ်ခြင်းထက် စားစရာများကိုသာ ပေးသင့်သည်ဟုဆိုသည်။ ဒါက ယွမ်ရှု့စုန့်က တွေးမိသော နည်းလမ်းတစ်မျိုးဖြစ်သည်။ ဒီတုန့်ပြန်မှုက မှန်ကန်ကြောင်း ထိုနည်းလမ်းက သက်သေပြလိုက်သည်။

“မင်းတို့က ဘာလုပ်ချင်တာလဲ။ ငါတို့ရဲ့ ကန်းခယ်အဖွဲ့က မင်းတို့ကို ဘာမှမပေးနိုင်ဘူး”

ကန်းခယ်တစ်ယောက်က ချက်ချင်းလိုလို ရှေ့ထွက်လာပြီး ယွမ်ရှု့စုန့်ကို ပြောသည်။

“ဒီစားစရာတွေက ငါတို့ရဲ့ ကြင်နာမှုကို ပြတာပဲ။ ငါတို့ပထမဦးဆုံး တွေ့ဆုံတဲ့အတွက် လက်ဆောင်လည်းဟုတ်တယ်။ ငါတို့က မင်းတို့ရဲ့အကူအညီ လိုချင်တာ။ ဒီတစ်ယောက်က ခေါင်းဆောင်ပဲ”

ယွမ်ရှု့စုန့်က ထိုသို့ ကောင်းမွန်ယဉ်ကျေးသော အမူအရာမျိုးဖြင့် ပြောလိုက်ပြီး ဝမ်ချောင်ထံ လက်အမူအရာပြသည်။

သူ၏ ယုံကြည်အားကိုးထိုက်သော ဟန်အမူအရာက စတင်ကာ အင်အားပြလာပြီး ကန်းခယ်များ၏ ရန်လိုမှုများက တဖြည်းဖြည်းချင်း စတင်ပြေလျော့လာသည်။

“ကျေးဇူးပြုပြီး မင်းတို့ရဲ့ခေါင်းဆောင်ကို ပြောလိုက်ပါ။ ငါက ကန်းခယ်အဖွဲ့ကို ငါတို့ရဲ့ မဟာမိတ်အဖြစ် ငှားချင်တယ်”

ဝမ်ချောင်က ရုတ်တရက် ထပြောသည်။ သို့သော် ဗဟိုပြင်ကျယ်၏ ဘာသာစကားနှင့်မဟုတ်ဘဲ ကန်းခယ်၏ ဘာသာစကားနှင့်ဖြစ်သည်။ ဒီလမ်းတွင် ယွမ်ရှု့စုန့်က သူ့ကို သင်ပေးလာသောကြောင့်ဖြစ်သည်။

“သဘောတူညီမှု လုပ်နိုင်မယ်ဆိုရင် ငါတို့က ကန်းခယ်အဖွဲ့ကို ရက်ရောတဲ့ဆုလဒ်တွေနဲ့ ကမ်းလှမ်းမှာပါ”

ခွက်

ဝမ်ချောင်က ဟန်အမူအရာ လုပ်လိုက်သောအခါ နောက်ထပ် ဝါးတောင်း တစ်တောင်းကို ဖွင့်လိုက်ပြန်သည်။ ထိုဝါးတောင်းက စားစရာများမရှိဘဲ ရွှေများရှိသည်။ တလက်လက် တောက်ပနေသော ရွှေများကြောင့် ကန်းခယ်များက ဖြူဖျော့သွားကြသည်။ သူတို့က အလွန်ဆင်းရဲသော ဝန်းကျင်တွင် နေထိုင်နေရပြီး ရွှေအများကြီးကို မမြင်ဖူးချေ။

“ခဏလောက်စောင့်ဦး ငါခေါင်းဆောင်ကို အကြောင်းကြားလိုက်မယ်”

ကန်းခယ်တစ်ယောက်က ချက်ချင်းလိုလို နောက်လှည့်ကာ ထွက်သွားသည်။ သူက အဝေးရှိ သေးငယ်သော တဲအိမ်လေးတစ်အိမ်ထဲ ပြေးသွားခြင်းဖြစ်သည်။ ဝမ်ချောင်နှင့် ယွမ်ရှု့စုန့်က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ကသာ မှန်ကန်လျှင် ထိုတဲအိမ်က ကန်းခယ်ဘုရင် နေထိုင်ရာနေရာ ဖြစ်ပေလိမ့်မည်။

အဲ့ဒီတစ်ယောက်များလားလို့ သိချင်မိတယ်။

ဝမ်ချောင်က သူ၏အကြည့်က ထိုယိုင်နဲ့နေသော တဲအိမ်ထဲ ရောက်သွားသည်။ သူ၏ခေါင်းအတွင်း အတွေးတစ်ချက်ဝင်လာသည်။

သူရဲကောင်းများက အချိန်နှင့်တပြေးညီ ထွက်လာသည့်ပုံများ ဖြစ်သည်။ လောကတွင် ဝပ်နေသော ကျားများနှင့် ပုန်းနေသော နဂါးများပြည့်နေပြီး မျှော်လင့်ထားသည်ထက်ပင် ရှုပ်ထွေးလွန်းသည်။ ကပ်ဘေးက ဖြစ်လာသော အချိန်မှသာ ဗဟိုပြင်ကျယ်မှလူများကလည်း အနောက်မြောက်ပိုင်းရှိ လွင်ထီခေါင်ဒေသရှိ သေးငယ်သော ရွာလေးတစ်ရွာက လောက၏ အကြီးဆုံးမြင်းတပ် ဖြစ်လာကြောင်း သိလိုက်ရသလို အနောက်ပိုင်းဒေသကလည်း အလားတူပင် လူတိုင်းကို ကြောက်လန့်စေသည့် တည်ရှိမှုမျိုးရှိကြောင်း သိလာသည်။

သူတို့၏ ချွန်ထက်သောအပိုင်းက အစစ်အမှန် မပေါ်ခင် လူတိုင်းက သူတို့ကို သတိထားမိဦးမည်မဟုတ်ချေ။ သို့သော် ကပ်ဘေးက လောကကို စတင်ရောက်ရှိလာသောအခါ မည်သူကမှလည်း ပုန်းကွယ်မနေနိုင်ကြတော့ချေ။ ထိုသို့ဖြင့် လျို့ဝှက်ချက်များက ပေါ်လာသည်။

ကန်းခယ်ဘုရင်က အနောက်ပိုင်းဒေသတွင် ဒဏ္ဍာရီအဆန်ဆုံး တည်ရှိမှုကြီးဖြစ်သည်။

စစ်သူတော်စင်ဖြစ်သော ဝမ်ချောင်က ဗဟိုပြင်ကျယ်မှ ဒဏ္ဍာရီလာ တည်ရှိမှုဟု ခေါ်ကြသည်။ သူက မီးပင်လယ်နှင့် သွေးမုန်တိုင်းကို ကျော်ဖြတ်ပြီး သူ၏ဒဏ္ဍာရီကို ကိုယ်တိုင်ရေးထွင်းခဲ့သည်။ စစ်သူတော်စင်တစ်ယောက်ဖြစ်သည့် ဝမ်ချောင်ကပင် ကန်းခယ်ဘုရင်နှင့် မဆုံဖူးသေးချေ။

အကြောင်းပြချက်ကမူ ရိုးရှင်းသည်။ ကန်းခယ်ဘုရင်က ကပ်ဘေး၏ အစောပိုင်းကာလကတည်းက ကျရှုံးသွားသောကြောင့်ဖြစ်သည်။

ကန်းခယ်များက ကြမ်းတမ်းသည်။ သတ္တိလည်းကြီးသည်။ အကြောက်အလန့်လည်းမဲ့ပြီး သစ္စာလည်းရှိသည်။ တိုက်ပွဲက အားနည်းသော အခြေအနေသို့ ရောက်နေလျှင်ပင် သူတို့က ဘယ်တော့မှ နောက်မဆုတ်ချေ။ နောက်ဆုံး တစ်ယောက်တည်းသာ ကျန်သည်အထိ တိုက်ခိုက်ကြသည်။ ထိုအတွက်ကြောင့်လည်း လူတိုင်းကသူ့ကို လေးစားကြခြင်းဖြစ်သည်။ သို့သော် သူတို့သေဆုံးပြီးမှသာ အခြားလူများက ထိုအခြေအနေကို သိသွားကြခြင်းဖြစ်သည်။ ကန်းခယ်မှလူများက တိုက်ပွဲတွင် သေဆုံးသွားသည်နှင့် သူတို့၏ ကျန်ရစ်ခဲ့သော မိဘမဲ့များနှင့် ဇနီးများ၊ တစ်ခုလပ်များအားလုံးကို အခြားသော အဖွဲ့များက လုယက်သွားကြသည်။ သူတို့၏ ပိုင်ဆိုင်ကြွယ်ဝမှုများ အားလုံးကိုလည်း အခြားလူများက ယူသွားကြလေသည်။

ယခုအခါ ဝမ်ချောင်က ပြန်လည်မွေးဖွားလာပြီဖြစ်သည်။ သဘာဝအလျောက်ပင် သူက ထိုဖြစ်ရပ်ကို ဆက်လက်ပြီး ဖြစ်ခွင့်မပြုနိုင်ချေ။ ပို၍ဆိုးသည်မှာ တာလာ့၏တိုက်ပွဲကြောင့် ဝမ်ချောင်က သူ့ကို ဘယ်သောအခါမှ သစ္စာမဖောက်မည့် အင်အားကြီးသော ကြောက်မက်ဖွယ်ကောင်းသည့် မဟာမိတ်မျိုးကို လိုအပ်နေသည်။

....

ကန်းခယ်လူက လျှင်မြန်စွာ ပြန်ရောက်လာသည်။ နောက်တွင် ဖုန်လုံးကြီးများကို ချန်ထားရစ်ခဲ့သည်။

“ငါတို့ အများကြီး တောင်းပန်ပါတယ်။ ငါတို့ရဲ့ခေါင်းဆောင်နဲ့ ကန်းခယ်တွေက မင်းတို့ကို မကူညီနိုင်ဘူးလို့ပြောပါတယ်။ ဒီစားစရာတွေကိုတော့ မင်းတို့ ပြန်ယူသွားလိုက်ပါ”

All Chapters