အခန်း (၈၆၁-၈၆၅)
Vol. 47 Ch. 861-865
အပိုင်း (၈၆၁) စစ်မြင်း နှစ်သိန်း
အနောက်တောင်ပိုင်း၏ စစ်ပွဲတွင် နာ့ယီတော်ဝင်တပ်ရင်းမှ စစ်သည်တော်တိုင်းနီးပါး ဆုံးရှုံးလိုက်ရ လုနီးပါး ဖြစ်သွားခဲ့သည်။ တြိဂံပုံမြေကွက်လပ်တွင်လည်း မြောက်ပိုင်းဒေသမှ စစ်သည်တော်တိုင်းက အလားတူသောကံကြမ္မာမျိုးကို ခံစားခဲ့ရသည်။ သူတို့ဟာ မဟာဗိုလ်ချုပ်နှစ်ယောက်နှင့် ဉာဏ်ကောင်းသော အမတ်တစ်ယောက် ဖြစ်နေပါသော်လည်း အမိန့်ပေးရန် စစ်သားများ မရှိနေခဲ့သော ပြဿနာက ဖြေရှင်းရန် ခက်ခဲသော ပြဿနာကြီးတစ်ခု ဖြစ်နေသေးသည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး မင်းတို့ စိုးရိမ်စရာ မလိုပါဘူး။ ငါ အားလုံးကို ပြင်ဆင်ထားပြီးသား”
တာ့လုံရော့ကျန်းက ထိုသို့ ခံစားချက်မဲ့စွာ ပြောသည်။ တုစုန့်မာန်ဖော်ကျဲ့က ထို အချင်းအရာကို ထည့်ပြောလာမည့် အခြေအနေကို ကြိုတင်သိထားပြီး သလိုမျိုး ထင်ရသည်။ သူက ပြောနေရင်းမှ ဟော်ရှုဟွေ့ခမ်းကို ကြည့်သည်။
တုစုန့်မာန်ဖော်ကျဲ့က ရုတ်တရက် ဟော်ရှုဟွေ့ခမ်းကို ရလိုမှုအပြည့်ဖြင့် လှည့်ကြည့်လိုက်သည်။ ထိုအချိန်ကာလ အတောအတွင်း သူက ဟော်ရှုဟွေ့ခမ်းနှင့် ရင်းနှီးခဲ့ခြင်းအားဖြင့် သူ၏အရိပ်ကိုပင် မြင်နိုင်နေပြီ ဖြစ်သည်။ ဟော်ရှုဟွေ့ခမ်း၏ လာဟန်သွားဟန်ကို အားလုံး သိထားပုံ ရသည်။ သို့သော် အခြားတစ်စုံတစ်ယောက်နှင့် ဟော်ရှုဟွေ့ခမ်း သွားသင့်သည်ဟူသော အခြေအနေမျိုးကို မတွေ့ဖူးသေးချေ။ စစ်သည်တော်များ ချေးငှားသည် ဟူသော အခြေအနေမျိုးဆိုလျှင် ပို၍ ဆိုးသည်။
သိုသော် တုစုန့်မာန်ဖော်ကျဲ့ကလည်း တာ့လုံရော့ကျန်းက မလိမ်နိုင်ကြောင်း သိထားပြီးသား ဖြစ်သည်။
“ငါ တောင်းပန်ရတော့မယ်။ ငါ မင်းကို အားလုံး ပြောပြလို့ မဖြစ်ခဲ့ဘူးလေ”
ဟော်ရှုဟွေ့ခမ်းကလည်း တစ်ခဏကြာ တိတ်ဆိတ်နေပြီးနောက် တောင်းပန်မှု အပြည့်ဖြင့် ပြောသည်။
“ငါ မင်းကို တွေ့ဖို့ မဟာနင်းတာ တော်ဝင်ဂူ ဘုရားကျောင်းကို မသွားခင်က မဟာအမတ်ရဲ့ အမိန့်နဲ့ အတူ စစ်သည်တော်တွေ ချေးငှားဖို့ လူပေါင်းများစွာကို သွားတွေ့ခဲ့သေးတယ်။ ငါတို့ရဲ့ ယွီစန်းက သုံးကြိမ်တိုင်တိုင် ရှုံးလို့ စစ်သည်တော် အများကြီး ဆုံးရှုံးထားရတယ်။ ဒါပေမယ့် ငါတို့က မဟာထန်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ တစ်ကြိမ်မှ မနိုင်ခဲ့သေးဘူး။ ဒါ့အပြင် ကျန်းကျဲ လူသစ်လေ့ကျင့်ရေးစခန်း ကလည်း ဖျက်ဆီးခံခဲ့ရတယ်။ ငါတို့လိုမျိုး သူတို့ကလည်း ငါတို့ရဲ့ အခြေအနေကို ပြောင်းလဲနိုင်မဲ့ အခွင့်အရေးတစ်ခု လိုချင်နေခဲ့တယ်။ ဒါနဲ့ မဟာထန်ကို ဖြိုလဲချနိုင်မယ့် အခွင့်အရေးတစ်ခု အရယူပြီး ငါတို့ ယွီစန်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်ချင်နေကြတာပဲ”
ဟော်ရှုဟွေ့ခမ်းက ပြောနေရင်းမှ မဲမှောင်နေသော အကျဉ်းထောင်၏ ထောင့်တစ်နေရာကို လှည့်ကြည့်လိုက်သည်။
“ထွက်လာခဲ့”
အကျဉ်းထောင်က တိတ်ဆိတ်နေသည်။ အချိန်တစ်ခု ကြာပြီးနောက် ခါးတွင် ဆေဗာဓားကို ထိုးထားသော တောင့်တင်းသန်မာသည့်ပုံရိပ်တစ်ခုက ထွက်လာသည်။ သူ၏ ကိုယ်က သတ်ဖြတ်ခြင်း အရှိန်အဝါနှင့် သွေးဆာသော အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ သူက အမှောင်ထဲမှ လမ်းလျှောက် ထွက်လာသည်။
“မဟာဗိုလ်ချုပ်တုစုန့် မတွေ့ရတာ ကြာပြီ”
ထိုလူကို မြင်လိုက်သောအခါ တုစုန့်မာန်ဖော်ကျဲ့၏ ခန္ဓာကိုယ်က နားလည်မှု အပြည့်ဖြင့် တုန်ယင်သွားသည်။ သူ၏ မျက်လုံးများကို စိတ်သက်သာရာ ရသော ခံစားချက်တစ်ရပ်က ဆေးကြောသွားသည်။
……….
ရက်အနည်းငယ် ကြာပြီးနောက် မနက်ခင်း အစောပိုင်း ကာလတွင်…
သံမဏိမြို့၏ အနောက်ပိုင်းမှ ပန်းပဲစံအိမ်များတွင် ပန်းပဲပညာရှင်များနှင့် လက်မှုပညာရှင်တိုင်းကို ရှင်းထားသည်။ ထိုနေရာတွင် အလင်း၏အရိပ်ဖြင့် ဒိုင်းကို ကာကွယ်ထား၏။ ဝမ်ချောင်က ထိုနေရာမှ တစ်ယောက်တည်း ထွက်သွားခဲ့သည်။ ထိုအခါ သူ၏ ပတ်ပတ်လည်တွင် အသေးစား တောင်တန်းလေးများကဲ့သို့ စုပြုံနေသည့် မပြီးဆုံးသေးသည့် ဝုဝ်စ်သံမဏိဓား အပုံလိုက်ကို မြင်နိုင်သည်။ ထို့အပြင် လောင်ကျွမ်းနေသော သစ်ရွက်ခြောက်၊ သစ်ကိုင်းခြောက်များကို မီးရှို့ထားသည့် အပုံများလည်း ရှိနေသည်။
အနာဂတ်တွင် တောက်ပကာ အရှိန်အဝါ ကြီးမြတ်မည့် အဖိုးတန် ဓားများက ယခုအခါ မဲနက်နေပြီး အရောင်အဝါ မပေါ်သေးချေ။ သို့ သော် ဝမ်ချောင်ကမူ သူတို့က သိပ်မကြာခင် အေးစက်သော အလင်းဖြင့် တောက်ပလာမည် ဖြစ်ကြောင်း သိနေသည်။ သူတို့၏ အပေါ်ယံ မျက်နှာပြင်တွင်လည်း အစင်းကြောင်းများ၊ သင်္ကေတများဖြင့် မွန်းမံကာ အုပ်ထားသည်။
“စဖို့ အချိန်ကျပြီ”
ဝမ်ချောင်က ပတ်ဝန်းကျင်၏ အပူရှိန်နှင့် စိုထှိုင်းမှုကို ခံစားရင် ပြောလိုက်သည်။ ဝုဝ်စ် သံမဏိဓားများကို သွန်းလုပ်သည့်အခါ လိုအပ်ချက် အလွန်တင်းကြပ်သည်။ မနက်အစောပိုင်းတွင် လုပ်ရန် လိုအပ်သည်။ မိုးမသောက်ခင် ပထမဦးဆုံး အလင်းရောင် တစ်ခဏကို ဝမ်ချောင်က အပြည့်အဝ ဖမ်းဆုပ်မိရန် လိုအပ်သည်။ ပို၍ ဆိုးသည်မှာ ဝုဝ်စ် သံမဏိဓားများကို သွန်းလုပ်သည့် လျို့ဝှက်ချက်ကို ဝမ်ချောင် တစ်ယောက်တည်းကသာ သိထားပြီး သူက မည်သူ့ကိုမှ မမျှဝေပေးခဲ့ချေ။ ဒါက သူ့အတွက်လည်း ဖြစ်သလို ထိုလျို့ဝှက်ချက်များအား ရမ့်ထံ ပေါက်ကြားသွားလောက်မည့် အခြေအနေမျိုးကို တားမြစ်ရာလည်း ရောက်သည်။
ထိုကြောင့် ယခုအချိန်ထိ ဝမ်ချောင်က ဝုဝ်စ် သံမဏိများ၏ ပထမအဆင့် သွန်းလုပ်မှုများကို အခြားသော ပန်းပဲပညာရှင်များကို အပ်ထားခဲ့သည့်တိုင်အောင် နောက်ဆုံး အရေးကြီးဆုံး အဆင့်များကို ကိုယ်တိုင်ကိုယ်ကျ လုပ်ဆောင်လေသည်။
ဝုန်း
ဝမ်ချောင်၏ အတွေးတစ်ခုနှင့်အတူ သူ၏ ကိုယ်အတွင်းမှာ ခမ်းနားလွန်းလှသော ကြယ်တာရာ စွမ်းအင်များက ပေါက်ထွက်လာပြီး ရေစီးကဲ့သို့ စီးထွက်လာကာ အဆုံးမသတ်ရသည့် ဓားများကို လွှမ်းခြုံသွားသည်။
ပွက်
နေရာတိုင်းသို့ ရေများ လွှင့်စင်သွားသလို အနီရဲရဲ ပူပြင်းနေသည့် ဓားများက ပန်းပဲအိမ်နေရာ အလည်တွင် ရှိနေသော ကြီးမားသော သတ္တုရေဇလုံကြီးထဲသို့ ပစ်ထည့်ခံလိုက်ရသည်။
ထိုရေဇလုံကြီးထဲတွင် ဝမ်ချောင် တစ်ယောက်သာ သိလောက်မည့် ပစ္စည်းများစွာ ရောနှော ထားသည့် အရည်များစွာ ရှိနေသည်။
ဟစ်
ထိုဓားများကို ပစ်ထည့်လိုက် ပြီးပြီးချင်း ကြီးမားလွန်းသည့် ထိုဇလုံကြီးက သိပ်သည်းလွန်းသော မီးခိုးလုံးငွေ့များကို စတင်ကာ လွှင့်ထုတ်လာသည်။
ဝုဝ်စ် သံမဏိဓားများကို သွန်းလုပ်သည့် အဆင့်တိုင်းကို အထူးတလည် ကြပ်မတ်ထားရန် လိုအပ်ပြီး သာမာန် အခြေအနေမျိုးတွင် ဝုဝ်စ် သံမဏိဓား တစ်လက်ချင်းစီတိုင်းက ကိုယ်ပိုင် ပန်းပဲဆရာတစ်ယောက်ဆီ အင်အားစိုက်ထုတ်ကာ လုပ်ရန် လိုအပ်သည်။ သို့သော် ဝမ်ချောင်ကမူ ခြားနားသည်။ အနောက်တွင် ဖြစ်စေ၊ အရှေ့တွင် ဖြစ်စေ၊ ပန်းပဲလုပ်သည့် သမိုင်းတစ်လျှောက်တွင် ဖြစ်စေ ဓားများကို အစစ်အမှန် အင်အား သုံးကာ သွန်းလုပ်သည့် သူတော်စင်တိုင်း အဆင့် ကျွမ်းကျင်ပညာရှင်များကို တွေ့ခဲလေသည်။
အကြောင်းမူကား ဒါက အရင်းအမြစ်များကို ဖြုန်းတီးလွန်းရာ ကျသောကြောင့် ဖြစ်သည်။
သူ၏ အင်အားကြီးမားသော ကျင့်ကြံခြင်း အဆင့်နှင့် အပူချိန်၊ စိုစွတ်မှု၊ သွန်းလုပ်သည့် ဖြစ်စဉ်များအပေါ် နားလည်မှုများကြောင့် ဝမ်ချောင် တစ်ယောက်တည်းကသာ ဝုဝ်စ် သံမဏိဓား ရာကျော်ကို တစ်သုတ်ထဲ သွန်းလုပ်နိုင်သည့် စွမ်းအား ရှိနေသည်။
အချိန်က တစ်ဖြည်းဖြည်း ကုန်လာသည်။ သတ္တုဇလုံကြီး၏ မျက်နှာပြင်ပေါ်မှ တဖြည်းဖြည်း ထွက်လာသော အငွေ့များက နည်းသထက် နည်းလာပြီး နောက်ဆုံးတွင် …
ပွက်
ဝမ်ချောင်က သူ၏ ကြောက်မက်ဖွယ် ကောင်းလောက်အောင် များပြားလှသော ကြယ်တာရာ စွမ်းအင်များကို သုံးပြီး ထိုဓားများကို ရေထဲမှ ထွက်လာအောင် သယ်ယူလိုက်သည့် အချိန်တွင် ရေငွေ့ အားလိုင်းများကလည်း ထိုးတက်လာသည်။ မှေးမှိန်သော နေအလင်းရောင်အောက်တွင် ကြေးခွံများကဲ့သို့ ထင်ရသည့် ဓားအလက်ငါးရာ နီးပါးဟာ ငါးတစ်အုပ် ကူးခပ်ပြီး လေထဲသို့ ခုန်တက်လိုက်သည့်ပုံစံမျိုးဖြင့် တောက်ပသော ငွေရောင်အလင်းကို ခြံရံကာ ထွက်လာသည်။
တစ်ချက် ကြည့်ယုံဖြင့်ပင် ထိုထက်ရှသော အလင်းက လူအများ၏ မျက်လုံးကို လှီးဖြတ်လိုက်သလို ခံစားရစေမည် ဖြစ်သည်။ နေအလင်းရောင်ကပင် နှစ်ခြမ်း အခွဲခံရနိုင်သည်။
ထိုမြင်ကွင်းကို မြင်သော မည်သူမဆို အလှတရားကြောင့် မြင်သက်အံ့အားသင့်သွားလောက်သည်။
ဝုဝ်စ် သံမဏိဓားများ
ဝမ်ချောင်၏ ထိန်းချုပ်မှုအောက်တွင် အလက်ငါးရာနီးပါးက နောက်ဆုံးတွင် အဆုံးသတ်သွားပြီ ဖြစ်သည်။ ဒီလောကတွင် သူတစ်ယောက်တည်းကသာ ထိုသို့ လုပ်နိုင်စွမ်းအား ရှိသည်။
“အောင်မြင်သွားပြီ”
ဝမ်ချောင်က စိတ်အေးသွားသည်။ သူက ရိုးရှင်းသော်လည်း အလွန်ပင် ထက်ရှသည့် ဝုဝ်စ် သံမဏိဓားများကို ကြည့်လိုက်သောအခါ သူ၏ နှလုံးသားထဲမှ ဖော်ပြရန် ခက်ခဲသည့် ပျော်ရွှင်မှု တစ်ရပ်က ပြည့်နှက်သွားသည်။
ဝူရှန်းမြင်းတပ်မှ အလိုအပ်ဆုံးအရာကို တဖြည်းဖြည်းချင်း ကိုင်တွယ်နိုင်နေခဲ့ပြီ ဖြစ်သည်။ မည်သည့်ကမှလည်း ထိုမြင်းတပ်၏ အင်အားကို သံသယမဝင်နိုင်ချေ။ သို့သော် သင့်လျော်သော လက်နက် မရှိသည့်အခါ သူတို့၏ အင်အားကို အပြည့်အဝ ထုတ်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုအချက်က ဝမ်ချောင်ကို နာကျင်စေခဲ့သည်။ သို့ရာတွင် ဝုဝ်စ် သံမဏိများ၏ ပြဿနာကို အလောကြီး၍ မရနိုင်ချေ။
ထိုအရာက ဗဟိုလ်မြေချိန် နေရာတိုင်းတွင် ရှာတွေ့နိုင်သော ကျောက်ရိုင်းတုံးလည်း မဟုတ်ချေ။ မူလဇစ်မြစ် ရှိသော နေရာဖြစ်သည့် ဟိုင်ဒရာဘတ်တောင်တန်းများတွင်ပင် အထွက်နူန်းက အလွန်အမင်း နည်းပါးသည်။ ထို့အပြင် မိုင်းတူးရာတွင် အလွန်အမင်း ခက်ခဲသေးသည်။ ထို့ကြောင့် ရရှိလာသော ကောင်းမွန်သည့် ပမာဏက အလွန်အမင်း နည်းပါးနေခဲ့၏။ ဝမ်ချောင်က အစောပိုင်း ကတည်းက တည်ထောင်ထားခဲ့သော ဆက်ဆံရေး တစ်ခုနှင့် စင်းထီ၏ ဝမ်ချောင်ကဲ့သို့ ဝယ်လက်ကြီးကို ဆုံးရှုံးရမည့် အရေးကို ကြောက်လန့်မှုကြောင့်သာ မဟုတ်လျှင် ယခုကဲ့သို့ အာရပ်များ၏ လမ်းဖြတ်တောက်မှုကြောင့် ကြုံရသည့် အခြေအနေများနှင့် ပေါင်းစပ်လိုက်ပြီးမှသာ ယခုလို ရရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်လျှင် ဝမ်ချောင်အနေဖြင့် ဟိုင်ဒရာဘတ် ကျွင်းခြောက်ထောင်ကို ရရှိရန် မဖြစ်နိုင်လောက်ချေ။
ထို ဝုဝ်စ် သံမဏိဓားများနှင့် ဆိုလျှင် သူတို့ဟာ အပ်ဆစ်ကယ်လီဖိတ်၏ မာမက်လွတ်များကို ရင်ဆိုင်နိုင်သွားပြီ ဖြစ်သည်။ သူတို့ဘက်မှ စစ်သည်အင်အား နည်းနေသော ကိစ္စက အရေးမကြီးတော့ချေ။ ဝမ်ချောင်က ဝုဝ်စ် သံမဏိဓားတစ်လက်ကို ဆွဲကိုင်ကာ လေထဲသို့ မြှောက်ရမ်းလိုက်ပြီး ရေရွတ်လိုက်သည်။
“ချူခယ့်ရီ ဝင်လာခဲ့။ ဒီ ဝုဝ်စ် သံမဏိဓားတွေကို ငါတို့ရဲ့ ညီအစ်ကိုတွေကို ခွဲဝေပေးလိုက်ပါ”
ဝမ်ချောင်က ခေါင်းပင် မော့မကြည့်ပဲ ထိုသို့ ပြောလိုက်သည်။
ဝှစ်
သူ၏ စကားဆုံးသွားသည့် အချိန်တွင်ပင် ဝှစ်သံမဏိ ဓားတိုင်းက မြေပြင်တွင် သေသပ်စွာ ချထားပြီသား ဖြစ်သွားသည်။ ထိုသို့ လုပ်ဆောင်ပြီးနောက် ဝမ်ချောင်က နောက်လှည့်ကာ ပန်းပဲဆရာ၏ တဲမှ ထွက်သွားသည်။ တစ်ရက်လျှင် ဝုဝ်စ်သံမဏိဓား တစ်သုတ် လုပ်နိုင်သည့် ဝမ်ချောင်ကပင် ဒီအခွင့်အရေးကို လွဲချော် သွားခဲ့ပါက ဘာမှတတ်နိုင်တော့မည် မဟုတ်ပေ။
“ဟုတ်ကဲ့ အရှင်အမတ်”
အပြင်ဘက်မှ ချူခယ့်ရီက လိုက်ကာကို မ ပြီး လျှင်မြန်စွာဖြင့် အတွင်းသို့ ဝင်လာသည်။
“ဂုဏ်ယူပါတယ် အသုံးပြုသူ။ ကံကြမ္မာ အမှတ် နှစ်ထောင်ကျော် ရရှိသွားပါပြီ”
ထိုအချိန်တွင် ကံကြမ္မာကျောက်တုံးထံမှ ရင်းနှီးကျွမ်းဝင်သော အသံက စိတ်ထဲတွင် ထွက်ပေါ်လာသဖြင့် ဝမ်ချောင်က အံ့အားကြီးသွားပြီး လမ်းလျှောက်နေခြင်းကိုပင် ရပ်မိသွားသည်။
ဘာဖြစ်တာလဲ။ ဘာလို့ ရုတ်တရက်ကြီး ကံကြမ္မာ စွမ်းအင်တွေ ရလာတာလဲ။
ဝမ်ချောင်အနေဖြင့် ဝုဝ်စ် သံမဏိဓားများ သွန်းလုပ်သည့် အတွေ့အကြုံက ပထမဦးဆုံး အကြိမ်လည်း မဟုတ်ချေ။ ယခင်အကြိမ်များကလည်း ထိုသို့ မဖြစ်ပျက်ခဲ့ဖူးချေ။ သို့သော် ဝမ်ချောင်ကလည်း သူ့အတွေးမှားသွားကြောင်း ချက်ချင်းဆိုသလို သိလိုက်သည်။ ကံကြမ္မာကျောက်တုံးက ဆုချီးမြှင့်သည်မှာ ဝုဝ်စ် သံမဏိဓားများနှင့် မပက်သက်လောက်ချေ။
ဟီး ဟီး ဟီး
ဝမ်ချောင်က ပန်းပဲအိမ်မှ အပြည့်အဝ ထွက်လိုက်နိုင်ခြင်း မရှိသေးခင် သံမဏိမြို့ ဝန်းကျင်တစ်ခွင်အနှံ့ ကြောက်မက်ဖွယ် ကောင်းသည့် မြင်းဟီသံများက ဟိန်းထွက်လာသည်။ အသံအရေအတွက်အရ ထောင်ကျော်၊ သောင်းကျော် နိုင်သည်။
ဝုန်း
ဂျိန်း
သံမဏိမြို့က စတင်ကာ တုန်ယင်သွားပြီး စစ်မြင်းသောင်းကျော်က မြို့ကို လျင်မြန်စွာ ဝိုင်းလိုက်သည်။
“ဒါက …”
ဆက်တွေးရန်ပင် မလိုတော့ဘဲ ဝမ်ချောင်က ချက်ချင်းဆိုသလို အခန်းထဲမှ ထွက်လာသည်။
အခန်း၏ အပြင်ဘက်သို့ ရောက်သွားသောအခါ ကြီးမားသော လူအုပ်ကြီးက စုစည်းနေသည်။ ဝရုန်းသုန်းကား ဖြစ်နေသော လက်မှုပညာရှင်များကလည်း ဆွဲဆောင်ခံလိုက်ရသည်။ ဝမ်ချောင်က ထွက်လာသည့် အချိန်တွင် မရေမတွက်နိုင်အောင် များပြားသည့် စစ်မြင်းများကို မြင်လိုက်ရသည်။ အားလုံးက ထူးကဲသော အရည်အသွေးများ ရှိနေကြသည်။ သူတို့က ဟီ နေကြသည်။ မြင်းပင်လယ်ကြီး၏ အရေအတွက်က အနည်းဆုံး တစ်သိန်းရှိနိုင်သည်။
“ဟား ဟား အရှင်အမတ် ငါပြန်လာပြီ”
ရုတ်တရက် ခပ်ကြမ်းကြမ်း လေဟန်နှင့် အော်ရယ်သံက ဝမ်ချောင်၏ အာရုံကို ဆွဲဆောင်သွားသည်။ မြင်းအဖွဲ့၏ ရှေ့ဆုံးမှ မြင်းစီးထားသော ဟူလာရဲ့စွာဖြင့် ဝမ်ချောင်ထံ အော်ဟစ်ရင်း လက်ရမ်းပြနေသည်။
မြို့အပြင်ဘက်တွင် လူပေါင်းများစွာ ရှိနေသည့်တိုင်အောင် ဟူလာရဲ့ကမူ လူအုပ်ထဲမှာ ဝမ်ချောင်ကို လှမ်းမြင်လိုက်သည်။
ဟူလာရဲ့က လျင်မြန်စွာဖြင့် မြင်းအပြေးနှင်လာသည်။ သူက ဆယ်ကျန့်ခန့် ဝေးကွားသော အချိန်တွင် သူ၏ မြင်းထဲမှ ချက်ချင်းဆိုသလို ခုန်ထွက်လာပြီး ဝမ်ချောင်၏ အရှေ့သို့ ခိုင်မာစွာ ဆင်းသက်လာသည်။
“အရှင်အမတ် ငါ့ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်နိုင်ခဲ့ပြီ။ ငါ မြင်းတွေ ပြန်သယ်လာခဲ့ပြီ”
ဟူလာရဲ့က အော်ရယ်နေရင်း ခပ်မြန်မြန် ဂါဝရပြုလိုက်သည်။ သူ၏ မျက်နှာတွင် ဖားလျားချင်သော အမူအယာမျိုးက ပေါ်လွင်နေသည်။
“အားလုံးပေါင်း စစ်မြင်းနှစ်သိန်း ရရှိလာပြီ။ အရှင်အမတ်က အန်းချီကို သွားဖို့ ကြံစည်နေတယ်လို့ ငါကြားထားတယ်။ ဒီတော့ ဒီစစ်မြင်းတွေက တကယ် အသုံးဝင်မှာပဲ။ ဟုတ်သားပဲ အနောက်ပိုင်း တူရကီတွေက မင်းကို သင်းကွတ်ထားတဲ့ မြင်းတွေ ပေးချင်ခဲ့တာ။ ဒါပေမယ့် ငါက အချို့ကို လဲထားလိုက်တယ်။ ဒီမှာ မြင်းမ တစ်သောင်းနဲ့ မြင်းသိုး တစ်သောင်းပါတယ်။ အနာဂတ်မှာ အရှင်အမတ် ကိုယ်ပိုင် မြင်းတွေ သားဖောက်လို့ ရနိုင်ပြီ”
“မဆိုးပါဘူး”
ဝမ်ချောင်၏ မျက်ဝန်းက ပျော်ရွှင်စွာ တောက်ပသွား၏။ သူက ဟူလာရဲ့၏ ပုခုံးကို တစ်ချက်ပုတ်လိုက်သည်။
“မင်းက ဒီတစ်ကြိမ် အများကြီး ဝန်ဆောင်မှု ပေးခဲ့တာပဲ”
ဗဟိုပြင်ကျယ်သည် ဆားကုန်သွယ်မှုကို တင်းကြပ်စွာ ကြပ်မတ်ထားပြီး အရှေ့နှင့်အနောက် တူရကီများထံ သံမဏိတင်ပို့မှုကို တင်းကြပ်ထားသော်လည်း တူရကီတာတာ့များကလည်း စစ်မြင်း ကုန်သွယ်မှုကို တင်းကြပ်ထားသည်။ စစ်မြင်း ကုန်သွယ်မှုများ ရှိနေသေးသည့်တိုင်အောင် မြင်းမများနှင့် အရည်အသွေးမြင့် မြင်းသိုးများ အားလုံးကို ကုန်သွယ်ရန် တားမြစ်ထားလေသည်။ အဖွဲ့တိုင်းက ထိုစည်းမျဉ်းကို လေးစားကြရသည်။
ဟူလာရဲ့က ဝမ်ချောင်ကို အရည်အသွေးမြင့် မြင်းမနှင့် မြင်းသိုး တစ်သောင်း ယူလာနိုင်ပေးခဲ့ပါက သူက ကိုယ်ပိုင် စားကျတ်မြေတစ်ခု တည်ဆောက်ပြီး ကိုယ်ပိုင်မြင်းများ သားဖောက်နိုင်လေပြီ။
ထိုအခြေအနေကို အရေးတကြီး လုပ်ရန် မလိုအပ်သေးချေ။ သို့သော် ဝမ်ချောင်က ထိုစီမံကိန်းကို တစ်ရက်တွင် စတင်ဦးမည် ဖြစ်သည်။ ပို၍ ဆိုးသည်မှာ သူက တိဘက်တောင်ပေါ်ဒေသ၏ အရှေ့မြောက်ထောင့်တွင် သိမ်းယူထားသော နယ်မြေကလည်း မြင်းများ မွေးရန် စားကျက်မြေကောင်း ဖြစ်နေသည်။
“ဟူလာရဲ့ လူအချို့ စုစည်းပြီး ဒီမြင်းတွေကို ကိုင်တွယ်ခိုင်းလိုက်။ ငါတို့ လိုတဲ့ မြင်းတွေကို ချန်ထားရစ်ခဲ့ပြီး ကျန်တဲ့ မြင်းတွေကိုတော့ တော်ဝင်ခုံရုံးကို အကြောင်းကြားလို့ လာသယ်ခိုင်းလိုက်ပါ။ ဟူလာရဲ့ သွားရအောင်။ ငါ ဒီနေ့ စားပွဲကြီး ကျင်းပပြီး လူတိုင်းကို မင်းရဲ့ လုပ်ဆောင်မှုအတွက် အောင်ပွဲခံခိုင်းမယ်”
“ကျေးဇူး အများကြီး တင်ပါတယ် အရှင်အမတ်”
အပိုင်း (၈၆၂)
သံမဏိမြို့သို့ ရောက်လာသော စစ်မြင်းနှစ်သိန်းနှင့် ဆိုလျှင် ဝမ်ချောင်က ညှိနိူင်းမှုကို အဆုံးသတ်လိုက်ပြီး တူရကီ၏ စတုတ္ထမင်းသားကို ပြန်လည်ပို့ဆောင်လိုက်သည်။ ထိုအချိန်တွင် သူက တူရကီ မြက်ခင်းပြင် လွှင်ပြင်ဒေသမှ မြင်းတပ်သုံးထောင်ကိုလည်း ပြန်ဆုပ်ခွာခိုင်းလိုက်သည်။ ထိုသို့ဖြင့် ဝမ်ချောင်က အနောက်ပိုင်းဒေသ၏ သမိုင်းမှ မင်းသားတစ်ပါးကို ပြန်ပေးဆွဲ ငွေတောင်းခံသည့် ကိစ္စကြီးကို အဆုံးသတ်လိုက်နိုင်သည်။
……….
“ဟူလာရဲ့ မင်း ဘယ်လိုများ လုပ်လိုက်တာလဲ။ ဒါက နှစ်သိန်းတောင်။ နည်းပါးတဲ့ ပမာဏ မဟုတ်ဘူး။ ဒီကောင်လေးရဲ့ တစ်ကိုယ်လုံးက ရွှေနဲ့ လုပ်ထားတယ် ဆိုရင်တောင်မှ ဒီလောက်ထိ တန်ကြေးမရှိနိုင်ဘူး”
“ဟုတ်တယ်။ သူလည်း ဒီလောက် စစ်မြင်း အများကြီး လာတယ်လို့ ကြားတော့ အရှင်အမတ်တောင်မှ အံ့အားသင့်သွားရတာပဲလေ။ ငါပြောပြမယ်။ အနောက်တောင်ပိုင်းက စစ်ပွဲမှာ ငါလည်း အရှင်အမတ်နဲ့ အတူ ရှိခဲ့တာပါပဲ။ အဲ့ဒီက စစ်ပွဲရဲ့ အပြင်းထန်ဆုံး အခြေအနေ၊ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ အခြေအနေမျိုးမှာ အရှင်အမတ်က မျက်ခုံးပင့်ဖူးတာ မဟုတ်ဘူး”
“အဲ့ဒီလိုလဲ မဟုတ်သေးပါဘူး။ လူတိုင်းကလည်း မိန်းကလေးရွှီအကြောင်း သိထားကြတာပဲ။ သူမ လုပ်သမျှ အရာအားလုံးက ဂရုတစိုက် ကိုင်တွယ်ထားတာ ဖြစ်ပြီး စည်းနဲ့ကမ်းနဲ့ လုပ်တာလေ။ သူမက အစီစဉ်တကျ လုပ်ဆောင်နိုင်စွမ်းအား ရှိတယ်။ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေ အများကြီးကိုလည်း စီမံခန့်ခွဲပေးနိုင်တယ်။ နောက်ပြီး မှင်သက်ဖွယ်ကောင်းလွန်းတဲ့ ပမာဏကိုတောင် ကိုင်တွယ်နိုင်ခဲ့တာ။ ဒါပေမယ့် ဒီသတင်းကို ကြားတော့ မိန်းကလေးရွှီတောင် ဖိအားများသွားသေးတယ်”
သံမဏိမြို့က လင်းထိန်နေသည်။ အဆောင်တိုင်းနှင့် ဝူရှန်းမြင်းတပ် အဖွဲ့ဝင်တိုင်းက ဟူလာရဲ့နှင့် ရင်းနှီးထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးက စားပွဲတစ်လုံးကို ဝိုင်းကာ စုဝေးထိုင်ပြီး စကားပြောနေကြသည်။ ထိုထဲမှ တစ်ယောက်က အကျဉ်းထောင်စောင့် ဖြစ်သည်။ သူက သံမဏိတစ်မြို့လုံးက သိချင်နေသော မေးခွန်းကို မေးလိုက်သည်။
“ဟား ဟား ငါ မပြောပြဘူး။ ဒါက ငါ့ရဲ့ ကိုယ်ပိုင်လျို့ဝှက်ချက်လေ”
ဟူလာရဲ့က ထိုသို့ အော်ရယ်သည်။ သူက လူအုပ်ကို သံသယဖြင့် ထိန်းထားနိုင်သည်။
“ဟူလာရဲ့ ပြောလိုက်စမ်းပါ။ ဒီမှာ ငါတို့ရဲ့ ညီအစ်ကိုတွေပဲ ရှိတာ။ မင်း ငါတို့ကို ပြောရမယ်။”
တခြားအစောင့်တစ်ယောက်က ပြောသည်။
“အဲ့ဒီလို လုပ်လို့မရဘူး။ ကုန်သည်က သူတို့ရဲ့ လျို့ဝှက်ချက်တွေကို ထုတ်ပြောလိုက်ရင် စီးပွားရေး ဘယ်လို လုပ်ရတော့မှာလဲ။ ဒီတိုင်း ခန့်မှန်းနေလိုက်ပါ”
ဟူလာရဲ့က ထိုသို့ ဘဝင်ခိုက်နေသော ပုံစံမျိုးဖြင့် ကျုံးဝါးလိုက်သည်။
ဟူလာရဲ့၏ ထိုသို့ ဘဝင်ခိုက်နေသော မျက်နှာကြီးက လူတိုင်းကို ဒေါသတကြီးကြီး၊ အံတစ်ကြိတ်ကြိတ် ဖြစ်သွားစေသည်။ သူတို့က အကြည့်ချင်း ဖလှယ်ပြီးနောက် အားလုံးက ခပ်မြန်မြန် အကြံဉာဏ်တစ်ခု ရသွားကြသည်။
“လာ လာ လာ မင်းတို့ အားလုံး အားစိုက်ထုတ်ကြ။ ဟူလာရဲ့ ငါတို့ ညီအစ်ကိုတွေက မင်းကို ခွက်ချင်းတိုက်မယ်”
“လာ ငါလည်း မင်းနဲ့ ခွက်ချင်းတိုက်မယ်။ ငါက ငါ့ရဲ့ ဘယ်ညီအစ်ကိုဆီမှာတောင်မှ အညံ့ခံဖူးတာ မဟုတ်ဘူး။ ဒါပေမယ့် မင်းကတော့ ချွင်းချက်ပဲ။ ဘာပဲဖြစ်ဖြစ် မင်းက ဝန်ဆောင်မှု အကြီးကြီး ပေးလိုက်တာလေ”
“ဟုတ်တယ် အားလုံးပဲလာ ဟူလာရဲ့နဲ့ ခွက်ချင်းတိုက်ရအောင်”
လူအုပ်က ဟူလာရဲ့နှင့် ခွက်ချင်းတိုက်ကြသည်။ ထိုသို့ဖြင့် သူတို့က တစ်ခွက်စီ သောက်ကြပြီး ဟူလာရဲ့ကလည်း တစ်ခွက်သောက်သည်။ အလွန်အမင်း ပျော်ရွှင်နေသော စိတ်အခြေအနေမျိုးကြောင့် ဟူလာရဲ့ကလည်း ကမ်းလှမ်းမှုများကို လက်ခံသည်။ ထိုကြောင့် တစ်ခွက်ပြီးတစ်ခွက် သောက်သည်။ ထိုသို့ဖြင့် ဟူလာရဲ့၏ စိတ်က ဝေဝါးသထက် ဝေဝါးလာသည်။ သူက ကျွမ်းထိုးလိုက်၏။ သူ၏ မျက်နှာက နီရဲလာသလို သူကလည်း မူးသော အနေအထားသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
“ငါ မင်းကို ပြောမယ်။ အနောက်ပိုင်း တူရကီတွေကြားမှာ ငါ မလုပ်နိုင်တာ မရှိဘူး။ စတုတ္ထမင်းသား ကိစ္စအတွက်ကတော့ ငါက အပေါ်ရော အောက်ကိုပါ လာဘ်ထိုးခဲ့ရတာလေ။ အနောက်ပိုင်း တူရကီတွေကြားထဲမှာ ငါက အခြေခံအားဖြင့် အင်အားကြီးတဲ့ လူမျိုးပေါ့။ ဒီတော့ ငါက လေကို လက်ဆင့်ခေါ်နိုင်သလို မိုးကိုလည်း ရွာသွန်းစေနိုင်တယ်လေ”
“မင်းကလား။ ဘယ်လို ဖြစ်နိုင်မှာလဲ။ မင်း ချဲ့ကားနေတာ ဖြစ်မယ်”
အကျဉ်းထောင်စောင့်က မယုံကြည်သော မျက်နှာထားဖြင့် ချက်ချင်းလိုလို ပြန်ပြောသည်။
“မင်း ဘာပြောလိုက်တာလဲ”
ထိုစကားက ရန်စခံရသလို ဖြစ်သွားပြီး ဟူလာရဲ့က လည်ပင်းကို မတ်လိုက်ပြီး မျက်လုံးက စူးရှလာသည်။
“မင်းတို့ထဲက ဘယ်သူမှ နားမလည်လို့လေ။ ငါပြောပြမယ်။ အက်ရှာဗာရာခါကန်းရဲ့ သူရဲကောင်းဆန်တဲ့ လေထုကြောင့် အရူးလုပ်ခံ မနေနဲ့။ အမှန်တိုင်းပြောရရင် သူ့ရဲ့ နားတွေက အတော်လေး နူးညံ့နေတာ။ ငါက အက်ရှာဗာရာခါကန်းရဲ့ အနောက်နန်းဆောင်ထဲက ကိုယ်လုပ်တော်အချို့ကို တံစိုးလက်ဆောင် အနည်းငယ်လောက်ပဲ ပေးလိုက်ရတယ်။ အထူးသဖြင့် စတုတ္ထမင်းသားရဲ့ မိခင် ခါတွန်းပေါ့။ ဒီကိစ္စက ဒီလိုနဲ့ အဆုံးသတ်သွားတော့တာပဲ။ တွေးကြည့်စမ်းပါ။ အက်ရှာဗာရာခါကန်းက ဘယ်လောက်ပဲ အင်အားကြီးပြီး လေးစားစရာ ကောင်းနေနေ တစ်နေ့လုံး သူ့နားနား ကပ်ပြီး တတွတ်တွတ် ပြောနေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ ဒဏ်ကိုတော့ မခံနိုင်ဘူးလေ ဟုတ်တယ်မလား”
“အိုး”
လူတိုင်းက ချက်ချင်းဆိုသလို နားလည်သွားကြသည်။ သူတို့ကလည်း ထိုဟူလာရဲ့က ပြောင်မြောက်သော စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားသည့် ပါရမီရှင်ျဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် သူက အမျိုးသမီးများကို မှီခိုခဲ့ခြင်း ဖြစ်နေသည်။ ထိုအခြေအနေက သူတို့ မျှော်လင့်ထားသော အခြေအနေနှင့် ခြားနားသွားသည်။ ထိုအခြေအနေက ရှင်းလင်းသွားပြီးနောက် သူတို့၏ စိတ်လှုပ်ရှားမှုက ပျောက်ဆုံးသွားကြပြီး စတင်ကာ လူစုခွဲကြသည်။
“ဟေး ဟေး မင်းတို့အားလုံး ဘယ်သွားကြတာလဲ။ ငါပြောလို့ မပြီးသေးဘူးလေ”
အနောက်မှ ဟူလာရဲ့က လှမ်းအော်သည်။
…
ဆန်းမီတောင်…
အနောက်ပိုင်း တူရကီခါကန်း၏ ဝေးကွာလွန်းလှသော ခုံရုံးတစ်နေရာ…
စတုတ္တမင်းသား ပြန်လည်ရောက်ရှိလာပြီး ခါတွန်းနဲ့ တောင်အနောက်တွင် ပြန်လည် တွေ့ဆုံသွားရင်း ထိုမတော်တဆမှုက ပြည့်စုံစွာ အနှစ်ချုပ်သွားသည်။
သို့ရာတွင် စစ်မြင်နှစ်သိန်းကျော် ထွက်ခွာသွားမှုနှင့်အတူ မြေပြန့်ဒေသနေရာနှင့် ချင်းရှီကြားက အတော်လေး ရှင်းလင်းသွားပြီး ပြင်းထန်သည့် ဖိအားများကသာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုအခြေအနေက ရေနက် နတ်ဆရာ၏ စိတ်ဆန္ဒလည်း ဖြစ်သလို နတ်ဘုရားများ၏ စိတ်ဆန္ဒလည်း ဖြစ်ကြောင်း အားလုံးက နားလည်ထားကြလေရာ ဘယ်သူကမှ မငြင်းဆန်ရဲကြပေ။
ထိုညနက်ပိုင်းတွင် လူနည်းစုလောက်သာ သိသော ကိစ္စတစ်ခုက ဖြစ်သွားသည်။ မြက်ခင်းပြင် လွှင်ပြင်ဒေသကို လွှမ်းခြုံအုပ်ဆိုင်းထားသော ကြယ်စင်များက တောက်ပလာသောအခါ ခါကန်း၏ ရွက်ဖျင်တဲတွင် ဘေးချင်းယှဉ်လျက် ထိုင်နေသည့် ပုံရိပ်နှစ်ခုက ရှိနေလေသည်။ အတွင်းတွင် မည်သည့် အလင်းမှ ရှိမနေခဲ့ချေ။ ထိုနှစ်ယောက်ကမူ ဒီအတိုင်း ထိုင်နေလေပြီး ရွက်ဖျင်တဲ အတွင်းနေရာများအပြင် အတားအဆီးများကို ကျော်ဖြတ်ပြီး အဝေးသို့ လှမ်းမြင်နိုင်သော ပုံစံမျိုးတွင် ရှိနေသည်။
“လေးစားရတဲ့ ဘုန်းတော်ကြီး။ ဘာလို့ ဟူလာရဲ့ရဲ့ စစ်မြင်း နှစ်သိန်းတောင်းဆိုမှုကို လက်ခံခိုင်းခဲ့တာပါလိမ့်”
အက်ရှာဗာရာခါကန်းက နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်လေသည်။ အကြောင်းမူကား ရွက်ဖျင်တဲ၏ ကျန့်တစ်ဆယ်ကျော် ဝန်းကျင်အတွင်း မည်သူကမှ မရှိကြောင်း သေချာသောကြောင့် ဖြစ်သည်။ ဟူလာရဲ့က ထိုစကားများကို ကြားလျှင် သူ၏ ဝိညာဉ်က ကိုယ်အတွင်းမှ လွှင့်ထွက်သွားလောက်သည်။ သူ၏ ရယ်မောမှုများ အားလုံးပင် ပျောက်ကွယ်သွားလောက်၏။ သူက အက်ရှာဗာရာခါကန်း၏ အနောက်နန်းဆောင်ထံမှ ဖိအားကြောင့် သူက သဘောတူ လက်ခံသည်ဟုသာ ယူဆထားခဲ့ကြခြင်း ဖြစ်သည်။ အမှန်တရားက ထိုသို့ မဟုတ်ပဲ ခြားနားနေကြောင်း နားမလည်ထားခဲ့တာ သေချာသည်။ အက်ရှာဗာရာခါကန်းက ထိုအကြောင်းအရာကို သဘောတူခဲ့သည်မှာ ရေနက်နတ်ဆရာက ထိုသို့ လုပ်စေချင်ခဲ့သောကြောင့် ဖြစ်သည်။
“ဟဟ ခါကန်း ဒီမြင်း ပုံစံက စိတ်ဝင်စားစရာ ကောင်းလွန်းတယ်လို့ မထင်ဘူးလား” ရေနက် နတ်ဆရာ၏ အသံက အမှောင်ထုထဲတွင် ထွက်လာသည်။ သူ၏ လေသံက ရန်စသံပါသည်။
“စိတ်ဝင်စားစရာ ကောင်းတယ် ဟုတ်လား” အက်ရှာဗာရာခါကန်းက မျက်မှောင်ကျုံ့လိုက်သည်။ ဟူလာရဲ့၏ ဝဝဖိန့်ဖိန့် ရယ်စရာကောင်းသောပုံကို ပြန်တွေးမိပြီး သူက စိတ်ရှုပ်ထွေးမိသွားသည်။
“ဒီအတိုင်း အယောင်ဆောင်ပါပဲ။ ဘာမှ ထူးခြားတဲ့ကောင်လည်း မဟုတ်ဘူး။ မင်းကသာ သူ့ကို ဆက်ရှိနေစေချင်လို့သာ မဟုတ်ရင် ငါ ဆန္ဒရှိတဲ့အတိုင်း သတ်ပြီးတာ ကြာလောက်ပြီ”
“ဘာမှ မဟုတ်တဲ့ကောင် ဟုတ်လား”
ရေနက် နတ်ဆရာက ခေါင်းခါသည်။
“ ခါကန်း မှားနေပြီ။ ဒီလို ဘာမှမဟုတ်တဲ့ကောင်က စတုတ္ထမင်းသားကို ကယ်နိုင်လား”
“ဒါက…”
အက်ရှာဗာရာခါကန်းက ထိုစကားလုံးများကြောင့် ဆွံ့အသွားသည်။ ယခုခါမှ သူသေချာ တွေးတောကြည့်လိုက်သောအခါ…
ဟူလာရဲ့ မပေါ်လာခင် အချိန်ကလည်း သူတို့က သံမဏိမြို့မှ ဌာနများနှင့် စကားပြောဆိုခဲ့ပြီး တိုးတက်မှုမရှိကြောင်း သတိရသွားသည်။ တစ်ဖက်သူကလည်း ဆွေးနွေးညှိနိူင်းမှုပင် မပြုအောင် ဆက်တိုက်ငြင်းဆန်နေခဲ့၏။ မည်သူမှသာ မရှိလျှင် သူက ဒီအတိုင်း သူ၏ စစ်တပ်ကိုသာ စေလွှတ်ယုံသာ ရှိလိမ့်ပေလိမ့်မည်။ သို့တိုင်အောင် သံမဏိမြို့မှ ထိုလူငယ်ကမူ စစ်သားများကို ကိုင်တွယ်ရာ၌ ပြဿနာ မရှိပြန်ချေ။
အကုတုလန်၏ သေဆုံးမှုက ထိုအခြေအနေကို သက်သေပြပြီးသား ဖြစ်သည်။
ထိုအခြေအနေက ထိပ်တိုက်တွေ့ဆုံပြီး ကျဉ်းထဲကျပ်ထဲရောက်နေကာ ရှေ့တိုးမရ၊ နောက်ဆုတ်မရ အနေအထားမျိုး ဖြစ်နေခဲ့သည်။ သိုသော် ဟူလာရဲ့ ရောက်လာပြီးနောက်တွင် စတုတ္ထမင်းသားက အမှန်တကယ် ပြန်ရောက်လာခဲ့သည်။ အက်ရှာဗာရာခါကန်းကလည်း ထိုအခြေအနေကို မျှောင်လင့်ထားမိသည်။
“အသေးစား နယ်ရုပ်လေးတွေမှာလည်း ကိုယ်ပိုင် အသုံးဝင်မှုလေးတွေ ရှိတယ်။ ဒီလို ဘာမှမဟုတ်တဲ့လူက သံမဏိမြို့ကနေ စတုတ္ထမင်းသားကို ကယ်တင်နိုင်ခဲ့တာက ငါတို့ မလုပ်နိုင်တဲ့ ကိစ္စမဟုတ်လား။ ဒါ့အပြင် စစ်မြင်းတစ်သိန်း အပိုပေးလိုက်ယုံပါပဲ။ ခါကန်း ဆုံးရှုံးမှုက အကန့်အသတ်နဲ့ပါ။ မြက်ခင်းပြင်ဒေသက စစ်မြင်းတွေက ဒီထက်ပိုပြီး မွေးဖွားလာနိုင်သေးတယ်။ ဒါပေမယ့် ဟူလာရဲ့လို မြင်းကုန်သည်လေးနဲ့သာ ဆိုရင် မဟာထန်နဲ့ နောက်ထပ်ပြောဆို ဆက်သွယ်နိုင်တဲ့ အဆက်အသွယ်လမ်းကြောင်းတစ်ခု ရှိလာနိုင်မယ် မဟုတ်ဘူးလား။ အနာဂတ်မှာ ဒီအဆက်အသွယ် လမ်းကြောင်းက ဘယ်လို အသုံးဝင်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ”
နေနက် နတ်ဆရာက ပေါ့ပါးစွာ ပြောသည်။
အက်ရှာဗာရာခါကန်းက အတွေးပေါင်းများစွာဖြင့် ခေါင်းကို ငုံ့လိုက်သည်။ သို့သော် သူက သက်ပြင်းကို ချလိုက်မိသေးသည်။
“ဒါပေမယ့် ဒီဧကရာဇ်က တွန့်ဆုတ်နေတုန်းပဲ”
“ခါကန်းက တွန့်ဆုတ်နေရင်.. ဖြေရှင်းချက်က ရိုးရှင်းပါတယ်။ ဒါပေမယ့် နည်းနည်းတော့ စောင့်ရမယ်”
ရေနက် နတ်ဆရာက ပြုံးလိုက်သည်။ သူ၏ ပိန်းပိတ်အောင် နက်မှောင်သော မျက်ဝန်းများက အမှောင်ထဲတွင်ပင် အဓိပ္ပာယ်အပြည့်ပါသော အလင်းမျိုးဖြင့် တောက်ပနေသည်။
“သတင်းပို့”
ထိုအခိုက် အက်ရှာဗာရာခါကန်း၏ အယုံကြည်ရဆုံးသော ဝံပုလွေအစောင့်များထဲမှ တစ်ယောက်က ရွက်ဖျင်တဲ၏အပြင်ဖက် ထိရောက်လာပြီး အော်လိုက်သည်။
“မဟာဗိုလ်ချုပ်တုဝူစစ်လေက သတင်းတစ်ခု ပို့လာပါတယ်။ သူကလည်း ဟူရာနာအဖွဲ့ရဲ့ ပုန်ကန်မှုကို ကိုင်တွယ်ခဲ့ပြီး အရှေ့ပိုင်း တူရကီစစ်တပ်ကို အလဲထိုး အနိုင်ယူခဲ့ပြီးလို့ ဟူရာနာကို ထောက်ပံပေးခဲ့တဲ့ သူတွေကို ကိုင်တွယ်ခဲ့ပြီးပါပြီ။ ဒါ့အပြင် သူက ပေ့ထင်ကာကွယ်ရေး စစ်တပ်ရဲ့ အင်အားစုတွေကိုလည်း အနိုင်ယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူက ဒီအခွင့်အရေးကို သုံးပြီး မြောက်ပိုင်းကို ဆက်လက် လုပ်ကြံချင်နေခဲ့ပါတယ်။ မနက်ဖြန်နေ့လည်မှာ သူက ဆန်းမီတောင်ကို ရောက်ပြီး သူက အပြည့်အဝ သတင်း ပို့ပါလိမ့်မယ်”
အက်ရှာဗာရာခါကန်း၏ ခန္ဓာကိုယ် တစ်ခုလုံးက လှုပ်ခါသွားသည်။ သူက ရေနက် နတ်ဆရာကို လှည့်ကြည့်လိုက်သည်။ ရေနက် နတ်ဆရာက တိတ်တဆိတ်သာ ပြုံးနေသည်။
…
အချိန်က တစ်ဖြည်းဖြည်းချင်း ကုန်လွန်သွားသည်။ ဝမ်ချောင်က တာလ၏ တိုက်ပွဲအတွက် ဆက်လက်ပြီး ပြင်ဆင်နေခဲ့ချိန်တွင် ချင်းရှီနယ်မြေ တစ်ခုလုံးက တည်ငြိမ်ကာ တိတ်ဆိတ် ငြိမ်းချမ်းနေခဲ့သည်။ ထိုအချိန်တွင် ဝေးကွာလွန်းလှသော တစ်နေရာမှ တော်ဝင်ခုံရုံးကမူ အကြိတ်အနယ် ငြင်းခုန်မှုများဖြင့် စည်ကားနေခဲ့သည်။
ထိုက်ကျီနန်းဆောင်တွင် အရာရှိတစ်ယောက်က လျစ်လျူရှုရန် မဖြစ်နိုင်သည့် တောင်းဆိုမှုမျိုးကို ပြုလာသည်။
“ငါတို့တွေ ဆက်ပြီး အချိန်ဆွဲနေလို့ မရတော့ဘူး။ တပ်ကူတွေ တောင်းဆိုတဲ့ ကိစ္စက နှင်းပုံတွေလို ဖြစ်နေတယ်။ ငါဆို စာအစောင် သုံးဆယ်ကျော် လက်ခံပြီးပြီ။ ဗိုလ်ချုပ်ကောင်းရှန်းကျစ်က တာလမှာ တပ်စွဲနေရတုန်းပဲ။ အင်ပါယာခုံရုံးက တတ်နိုင်သမျှ အမြန်ဆုံး စစ်သားတွေ ပို့ဆောင်မှ ဖြစ်တော့မယ်”
“ဒါက ဒီတိုင်း အသေးစား ရင်ဆိုင်ပွဲလေးပဲ မဟုတ်ဘူးလား။ မဟာဗိုလ်ချုပ် ကောင်းရှန်ကျစ်က ရှုံးသေးတာ မဟုတ်ဘူး။ ဒါကို ဘာလို့ မင်းက ဒီလောက်ထိ စိုးရိမ်နေရတာလဲ ချန်းဟန်။ ငါတို့နဲ့ ခမ်းနား၊ ကြီးကျယ်၊ မြင့်မြတ်လှတဲ့ မဟာထန်က ဒီနိမ့်ကျတဲ့ အသေးစား အာရပ်လောက်ကို မနိုင်ဘူးလို့ ထင်နေလား”
“ဂိုဂူလျောကလည်း သေးငယ်တဲ့ တိုင်းပြည်လေးပဲ မဟုတ်ဘူးလား။ ဆွီတွေက တိုင်းပြည်တစ်ခုလုံး အနှံ့ ဖြန့်ကြန့်နိုင်တဲ့ အင်းအားမျိုးကို ပိုင်ဆိုင်ခဲ့ကြတယ်။ သူတို့တောင်မှ အဲ့ဒီမှာ မရှုံးသွားခဲ့လို့လား။ မဟာဗိုလ်ချုပ် ကျန်းရှို့ကွေးက တိုက်ပွဲတိုင်းမှာ မရှုံးနိမ့်တဲ့ ပြိုင်ဘက်ကင်းလို့ နာမည်ကြီး နေပေမယ့်လည်း သူတောင်မှ ရှေ့ဆက် သွားနိုင်ခဲ့လို့လား။ သူတို့ တိုင်းပြည်အရွယ်အစားကို စစ်သည်အင်အားနဲ့ တိုင်းတာနိုင်ရဲ့လား။ မဟာဗိုလ်ချုပ် ကောင်းရှန်းကျစ်က ဒါမျိုးတွေကို ချောမွေ့စွာ ကိုင်တွယ်နိုင်တယ်။ သူက ကျွမ်းကျင်သူ တစ်ယောက်။ ဒါပေမယ့် အချိန်ဒီလောက် ကြာပြီးတာတောင် သူ့ဆီက ဘာသတင်းများ ရနေသေးလို့လဲ။ တကယ်လို့ တစ်ခုခုသာ ဖြစ်သွားခဲ့ရင် မင်းက တာဝန်ယူမှာလား”
“ရမ်းကားလိုက်တာ။ တစ်လလုံးလုံး သတင်းမရတာနဲ့ ရှုံးသွားတယ်လို့ သတ်မှတ်လိုက်လို့ ရသလား။ မဟာဗိုလ်ချုပ်က အမှန်တကယ် ရှုံးသွားခဲ့ရင် သတင်းက သေချာပေါက် တော်ဝင်ခုံရုံးကို ရောက်လာခဲ့ဦးမှာပဲ။ မင်းက ကိစ္စတွေကို ရိုးရိုးရှင်းရှင်း နားလည်နိုင်လို့လား”
“အမ်းရှီ၊ ချီးရှီ၊ လုံရှီ အားလုံးက အချင်းချင်း ဆက်နေတယ်။ အမ်းရှီရှုံးသွားရင် ချီးရှီက ရှုံးမှာပဲ။ ချီးရှီ ရှုံးသွားရင် လုံရှီက ခြိမ်းခြောက်ခံရလိမ့်မယ်။ အဲ့ဒီနောက် မြို့ရဲ့ လုံခြုံရေးတောင်မှ အန္တရာယ် ကျရောက်သွားလိမ့်မယ်။ အာရပ်၊ တိဘတ်၊ တူရကီ အားလုံးက ချီးရှီနဲ့ လုံရှီကို ကျော်ပြီး မြို့တော်ကို ခြိမ်းခြောက်လာနိုင်တယ်။ အဲ့ဒီအခါ မဟာထန်တစ်ခုလုံး ဒုက္ခရောက်သွားမှာပဲ။ မင်းတို့အားလုံးက တိုင်းပြည်ထဲမှာပဲ နေပြီး ဒီလို အရည်မရ၊ အဖတ်မရ စကားတွေကို ပြောနေတာက ပြည်နယ်တစ်ခုလုံးကို ဒုက္ခရောက်အောင် လုပ်နေတဲ့ အပြစ်သားတွေ ဖြစ်သွားလိမ့်မယ်။ အချိန်ကျလာတဲ့အခါ မင်းတို့ ဘယ်လို တုန့်ပြန်မလဲ ငါကြည့်ချင်စမ်းပါဘိ”
ထိုသို့ဖြင့် ခုံရုံးအတွင်း ကြမ်းတမ်းသည့် ငြင်းခုန်မှုများက ဖြစ်ပွားနေသည်။
အစပိုင်းတွင် တာလ မတော်တဆမှုက ထိုမျှအထိ ဝရုန်သုန်းကား ဖြစ်စေခဲ့သည်။ လူတိုင်းကလည်း ကောင်းရှန်းကျစ်၏ စွမ်းရည်မျိုးဖြင့် အာရပ်များကို အလွယ်တကူ ကိုင်တွယ်နိုင်သည်ဟု ယုံကြည်ခဲ့ကြသည်။ မည်သို့ပင် ဆိုစေ ကောင်းရှန်းကျစ်၏ မှတ်တမ်းတိုင်းကို သူတို့က သိထားသည်။ ထိုလူက အန်းရှီမှ စစ်နတ်ဘုရားဖြစ်ပြီး စတင် တိုက်ခိုက်ခဲ့ချိန် ကတည်းက တစ်ပွဲမျှ ရှုံးဖူးခြင်း မရှိသေးချေ။ သို့သော် အမှန်တရားကမူ ဆန့်ကျင်ဘက် အခြေအနေမျိုး ဖြစ်နေသည်။
အန်းရှီမှ ထပ်ခါတလဲလဲ အရေးပေါ် တောင်းခံလာခဲ့သည့် အကူအညီ တောင်းဆိုမှုများက အစော လျင်သထက် လျင်လာသည်။ ကောင်းရှန်ကျစ်၏ မဟာထန်မှ လက်ရွေးစင် သုံးသောင်းကပင် အံကြိတ်နေရလေသည်။ သူတို့ကလည်း တာလကို မချိုးဖောက်နိုင်ချေ။ ဒါကသာ ဒီအတိုင်း နယ်စပ်မှာ ထိပ်တိုက်ရင်ဆိုင်သည့် အသေးစားတိုက်ပွဲမျိုးသာ ဖြစ်နေလျှင် ထိုပြဿနာကို လျစ်လျူရှုနိုင်သည်။ သို့သော် အမှန်အတိုင်း ဆိုရသော် ထိုသို့ မဟုတ်နေခဲ့ချေ။ အန်းရှီက ချီးရှီ၏ နယ်စပ် ဖြစ်ပြီး ချီးရှီက လုံရှီ၏နယ်စပ် ဖြစ်သည်။ လုံရှီက မြို့တော်၏ အရန်အတား နယ်စပ်ဖြစ်သည်။
မဟာထန်က အန်းရှီ၏ မြိုစောင့်တပ် လေးခုလုံးထံ တောက်လျှောက် ဖြန့်ထားနိုင်ခဲ့သည့် တစ်ခုတည်းသော အကြောင်းပြချက်ကမူ ထိုနေရာကသာ ရှေ့တန်းကို ဖွင့်ချင်ခဲ့လျှင် မဟာထန်ထံ တိုက်ရိုက် ဝင်တိုးနိုင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ဒုတိယမြောက် အကြောင်းပြချက်မူ လုံရှီနှင့် မြို့တော်ကို ကာကွယ်ရန် ဖြစ်သည်။ ဒီနည်းအားဖြင့် သူတော်စင်ဧကရာဇ်ကို ကာကွယ်နိုင်ပေလိမ့်မည်။
ကုန်လွန်ခဲ့သော နှစ်များအတွင်း အန်းရှီနှင့် ချီးရှီတို့၏ အကာအကွယ် နှစ်ထပ်က လုံရှီနှင့် မြို့တော်အတွက် ဖြစ်ပြီး မည်သည့်မတော်တဆမှုများ ဖြစ်မလာအောင် တားဆီးနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ အန်းရှီကသာ ကျရှုံးသွားခဲ့လျှင် နောက်ဖြစ်လာမည့် ကိစ္စရပ်များကို မည်သည့်အရာရှိကမှ မတွေးကြည့်ချင်ကြချေ။
အပိုင်း (၈၆၃)
“ဖျက်ဆီးရေးသမား မင်းက ပေါက်ကရတွေ ပြောနေတာပဲ။ အန်းချီရဲ့ မြို့စောင့်တပ် လေးတပ်လုံးက နယ်စပ်ပိုင်တဲ့ နယ်မြေတစ်ခုချင်းစီတိုင်းကို ကာကွယ်ထားတာ။ သာလှက နယ်စပ် အကျော်မှာ တည်ရှိနေတဲ့ မြို့တစ်မြို့ပဲ။ နောက်ပြီး မြို့တော်နဲ့ ကွာဝေးလွန်းတယ်။ အနာဂတ်မှာ ငါတို့တွေက တစ်တိုင်းပြည်လုံးက အင်အားတွေ အားလုံးကို အန်းချီက အရေးပေါ်လို့ တောင်းခံနေတိုင်း စုပြုံပြီး ပေးထားလိုက်ရမှာလား။ အနောက်ပိုင်း နယ်မြေမှာ တိုင်းပြည်တွေ ဘယ်လောက်များလိုက်သလဲ။ အဲ့ဒီမှာသာနေထိုင်တာ ထန် တစ်ဝက်တောင် မရှိဘူး။ ငါတို့တွေက ငါတို့တွေရဲ့ အရင်းအမြစ်တွေကို ဖြုန်းတီးပြီး ဒီလို မျိုးနွယ်ခြားတွေ အတွက်ကြောင့်နဲ့ မဟာထန်ရဲ့ အင်အားကို အကုန်ဆုံးခံလိုက်ရမှာလား”
ထိုငြင်းခုန်မှုများ အကြားတွင် အရာရှိရန်လုက ဆက်သည်းမခံနိုင်ချေ။
ရန်လုဟာ အင်ပါယာဆင်ဆာ အကဲဖြတ် လူကြီးမင်း တစ်ယောက် ဖြစ်ပြီး ရာထူး တစ်သီးတသန့် ရှိသည့် ပြည်သူ အရာရှိတစ်ယောက် ဖြစ်နေသေးသည်။ ပြည်သူအရာရှိများက စစ်ဖြစ်ခြင်းအား သဘောမကျ သူများ ဖြစ်သည်။ ထို့ကြောင့် ခုံရုံးတွင် အန်းချီကို တပ်ကူပို့မည့် ကိစ္စတိုင်းကို အတိုက်အခံ လုပ်ကာ လက်သင့်မခံကြောင်း ငြင်းခုံနေသူလည်း ဖြစ်သည်။ ရန်လု၏ အသံက အကျယ်ဆုံးလည်း ဖြစ်သည်။
ဗိုလ်ချုပ်အဆင့် အရာရှိတစ်ယောက် ရှေ့ထွက်လာသည်။ သူ၏ မျက်နှာတွင် ဒေါသက ပြည့်နေသည်။
“စစ်ရေး၊ စစ်ရာတွေ အားလုံးက ပြည်နယ်တစ်ခုလုံးရဲ့ အသက်သွေးကြောလို အရမ်း အရေးကြီးတယ်။ အင်ပါယာ မဟာဗိုလ်ချုပ်နဲ့ အင်ပါယာရဲ့ အကောင်းဆုံး စစ်သည် သုံးသောင်းက သာလှမှာ အဝိုင်းခံထားရတယ်။ ငါတို့က ဒီလူတွေ သေသွားတာကို ဒီတိုင်း ရပ်ကြည့် နေသင့်ပြီး နည်းနည်းလေးတောင် မစိုးရိမ်ရဘူးလား။ အခြားနယ်စပ်က ဗိုလ်ချုပ်တွေ အကူအညီ တောင်းခံနေတဲ့ အချိန်မှာ ငါတို့က ဒီလိုပဲ လျစ်လျူရှုကြမလား။ သာမာန်လူတွေက ဆိုးရွားတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရပြီး ကပ်ဘေးဆိုက်တဲ့ အချိန်မှာ မင်းတို့ထဲက ဘယ်သူတွေက တာဝန်ယူကြမှာလဲ”
သာလှ၏ အရေးကိစ္စနဲ့ ပက်သပ်ပြီး ဘုရင်စုန့်က ရှေ့ထွက်ပြီး ကိုယ်တိုင်ပြောရန်ပင် မလိုအပ်ချေ။ ခုံရုံးထဲတွင်လည်း အလျင်အမြန် ထုတ်ဖော်ပြောကြားကြမည့် အရေအတွက်က မနည်းပါးချေ။
ဆွေ့ပင် ဖြစ်စေ၊ ထန်ပင် ဖြစ်စေ မည်သည့် မင်းဆက်တွင်မဆို ပြည်တွင်းအရာရှိနှင့် စစ်တပ်ဘက်မှ အရာရှိ ကြားမှ ကတောက်ကဆ ဖြစ်မှုက ဘယ်သောအခါမှ မငြိမ်းသက်သွားခဲ့ချေ။ သာလှမှ မတော်တဆမှုက ထို ငြင်းခုန်မှုကို ပို၍ပင် ဆိုးရွားသွားစေသည်။
“ဒီနေရာမှာ အရေးကြီးတာက အနောက်တောင်ပိုင်းက စစ်ပွဲက ပြီးဆုံးကာစပဲ။ ကာကွယ်စောက်ရှောက်ရေးတပ်တွေ အားလုံးက အင်အားပြန်ဖြည့်နေခါစ အချိန်ကာလလည်း ဖြစ်နေတယ်။ ငါတို့က ဒီအချိန်တိုအတွင်း ဘယ်ကနေ တပ်ကူတွေ သွားရှာရမှာလဲ။ အင်ပါယာ ခုံရုံးက သူတို့ရဲ့ စစ်သားတွေ အားလုံးကို နယ်စပ်ကို ပို့ထားလိုက်ရင် မြို့တော်နဲ့ ကျန်တဲ့ အတွင်းပိုင်းဒေသတွေမှာ စစ်သည်တွေ တစ်ယောက်မှ ရှိတော့မှာတောင် မဟုတ်ဘူး။ ငါတို့က အခြား ကာကွယ်စောက်ရှောက်ရေးတပ်က စစ်သားတွေ အားလုံးကို ဒီလို မတော်တဆမှုတွေ ဖြစ်တိုင်း လိုက်ပို့ပေးနေရရင် ကျန်တဲ့ အခြေအနေတွေ ဖြစ်လာရင် ဘယ်လိုလုပ်ရမှာလဲ။ လက်ရှိ အခြေအနေက ငါတို့က အန်းချီကို မကူညီချင်တာမျိုး မဟုတ်ပဲ ပို့စရာ စစ်သားမရှိတဲ့ ပြသနာပဲ”
ငြင်းခုန်မှုများ၏ အလယ်တွင် ရပ်နေသော အရာရှိများထဲမှ တစ်ယောက်က ဆက်မကြည့်နေနိုင်တော့ပဲ နောက်ဆုံးတွင် သူ၏ ထင်မြင်ချက်ကို ထုတ်ပြောလိုက်သည်။ ထိုသို့ ပြောလိုက်ပြီးသည့် တစ်ခဏတွင် နောက်ထပ် အသံတစ်သံက ထွက်လာသည်။
“ချီးချီ ကာကွယ်ရေးစစ်တပ်ရဲ့ ဝမ်ချောင်”
ထိုအသံက တိုးပြီး လေသံသဲ့သဲ့သာ ထွက်သည်ဟု ထင်ရသည်။ ထိုအသံကလည်း အာရုံများ ဖမ်းစားမိမည်ကို စိုးရိမ်နေပုံပေါ်သည်။ သို့သော် ထိုသို့ ပြောလိုက်ပြီးပြီးချင် ခုံရုံးတစ်ခုလုံးက တိတ်ကျသွားသည်။ ရန်လုနှင့် အခြားသော ငြင်းခုံနေသော အရာရှိများကလည်း ဆွံ့အသွားကြသည်။
လုံချီ၊ ပေ့ထင်၊ အန်းတုံး၊ အန်းနန် ကာကွယ်ရေး စစ်တပ်အားလုံးဟာ စစ်သည် ပြတ်လပ်သော ပြသာနာကို ရင်ဆိုင်နေရပြီး တိုက်ပွဲကြီး၏ အတွေ့အကြုံကို ခံစားပြီးခါကစ ဖြစ်သည်။ ထိုကြောင့် သူတို့က ခုခံပြီး အေးချမ်း ပြတ်သားစွာဖြင့် မတိုက်ခိုက်နိုင်ကြပေ။ ထိုနေရာ လေးနေရာလုံးက ခုခံရန် စစ်သား လိုအပ်နေသော နေရာများ ဖြစ်ပြီး ရန်သူကို ရင်ဆိုင် တိုက်ခိုက်ရန် အပြည့် ဖြည့်တင်းထားသင့်သော နေရာများ ဖြစ်နေသည်။ ထိုစစ်သားများကသာ လိုအပ်ချက် မရှိနေခဲ့လျှင် အခြားတစ်နေရာသို့ ပို့ရန် ဖြစ်နေခဲ့ပါက သူတို့ကို ခုံးတောင် လမ်းများသို့ စေလွှတ်ပြီး အာရပ်များကို တိုက်ခိုက်ပြီးလောက်လေပြီ။
သို့သော် ဝမ်ချောင်၏ ချီးချီ ကာကွယ်ရေးစစ်တပ်ကမူ ကွာခြားသည်။ ချီးချီ ကာကွယ်ရေး စစ်တပ်က အမြဲတစ်စေ အန်းချီအတွက် အသင့် အနေအထားမျိုးနှင့် ရှိနေသော စစ်တပ်ဖြစ်သည်။ ဝမ်ချောင်က ချီးချီ ကာကွယ်ရေး ဗိုလ်ချုပ်ကြီးအဖြစ် ယာယီခန့်အပ် ထားခံရ၏။ အမြို့မြို့သော ကာကွယ်ရေး ဗိုလ်ချုပ်များထဲတွင် ဝမ်ချောင်တစ်ယောက်တည်းကသာ အန်းချီ၏ အကူအညီအနေနှင့် သွားနိုင်စွမ်းရည် ရှိနေသည်။ သို့ရာတွင် ချင်းချီဟာ ယွီစန်းနှင့် အနောက်ပိုင်း တူရကီများကြောင့် ယာယီအားဖြင့် မလှုပ်နိုင်သော အနေအထားမျိုးတွင် ရှိနေသေးသည်။ ထို့ကြောင့် သမိုင်းတောက်လျှောက်တွင် ရွပ်ရွပ်ချွန်ချွန် ခုခံနိုင်သည့် အနေအထားမျိုးတွင် အမြဲတစေ ရှိနေနိုင်ခဲ့ရပြီး တိုက်ခိုက်ရန် ရှေ့ထွက်ခဲခဲ့သည်။ ထို့ကြောင့် အန်းချီသို့လည်း သွားရောက် တပ်ကူအဖြစ်လည်း မပို့ပေးနိုင်ခဲ့ချေ။
သို့သော် တိုက်ဆိုင်စွာဖြင့် ဝမ်ချောင်က ယွီစန်းနှင့် အနောက်ပိုင်း တူရကီများကို ပစ်မှတ်ထားကာ တိုက်ခိုက်ပြီးခဲ့သည်မှာ မကြာသေးချေ။ တြိဂံပုံ ကွက်လပ်မြေမှ အတိုင်း ဝယ်ကာ ယွီစန်းများ၏ အနောက်ဘက် တောက်လျှောက် ခြိမ်းခြောက်မှုများ အားလုံးကို ကွဲပြိုသွားစေနိုင်ခဲ့ပြီး ချီးချီ၏ တိုက်ပွဲတိုင်းမှ လက်နက်ကလည်း အနောက်ပိုင်း တူရကီခါခါနှိပ်မှ စတင်ကာ အရှေ့ပိုင်းအနှံ့ ခြိမ်းခြောက်လာနိုင်မည့် ရန်စွယ်ကို ပျောက်ကွယ်သွားစေခဲ့သည်။
ချင်းချီ ကာကွယ်ရေး စစ်တပ်က လက်ရှိအချိန်တွင် လုံခြုံနေပေသည်။ မည်သည့် စစ်တပ်ကမှ လာရောက် မခြိမ်းခြောက်နိုင်သော အနေအထားမျိုးတွင် ဖြစ်၏။
ချင်းချီ ကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်လည်းဖြစ်၊ ယာယီ ကာကွယ်ရေး ဗိုလ်ချုပ်ကြီးလဲ ဖြစ်သော ဝမ်ချောင်က အနောက်တောင်ပိုင်းနှင့် ချင်းချီ၏ တိုက်ပွဲနှစ်ပွဲတွင် သူ၏ စွမ်းရည်ကို သက်သေပြခဲ့ပြီးလေပြီ။ ကိုယ်ရေးကိုယ်တာ ခံစားချက် အရဆိုလျှင် သူ့ကို အင်ပါယာ၏ ရှစ်ယောက်မြောက် မဟာဗိုလ်ချုပ်ကြီးဟုပင် ခေါ်သင့်နေပြီ ဖြစ်သည်။ သူ၏ အင်အားကိုလည်း သံသယ ဝင်ရန် မဖြစ်နိုင်ချေ။ သူကလည်း သူ၏ အာဏာကို ထိန်းထားနိုင်သည့် စွမ်းရည် ရှိနေပြီးသား ဖြစ်သည်။
ဝမ်ချောင်နှင့် ချီးချီ ကာကွယ်ရေးစစ်တပ်မှ လွဲပြီး အန်းချီကို တပ်ကူပို့ပြီး အဝိုင်းခံလိုက်ရသည့် အနေအထားမှ ချိုးဖောက်ရန် ဆိုလျှင် ဝမ်ချောင်နှင့် ချီးချီ ကာကွယ်ရေး စစ်တပ်က လွဲ၍ တစ်ခြားသင့်တော်သော တပ်ဖွဲ့များ မရှိနိုင်ချေ။ ထိုစီမံကိန်းကလည်း အင်ပါယာ တစ်ခုလုံးအတွက်လည်း သက်ရောက်မှု ရှိလာလိမ့်မည် မဟုတ်ပေ။
“ဒါက …”
ရန်လုနှင့် အခြားသော ပြည်တွင်းအရာရှိများကဲ့သို့ ထိုအခြေအနေကို ငြင်းဆန်ကာ လက်သင့်မခံနိုင်ကြောင်း အတိုက်အခံ ပြုနေသူများကပင် ထိုအကြံပြုချက်ကြောင့် စဉ်းစားသွားကြသည်။
ဘန်း
စစ်ဘက်ဆိုင်ရာ ဝန်းထမ်းရေးရာ ဌာနရုံးတော်မှ တရားဝင် စာလွှာပေါ် ကျောက်စိမ်း တံဆိပ်တုံးက ခပ်နှိပ်လိုက်သည်။ တစ်လကျော်ကြာအောင် ငြင်းခုံပြီးနောက် မဟာထန်၏ ပြည်တွင်းနှင့် စစ်တပ်အရာရှိများ အားလုံးက မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နူန်းဖြင့် သဘောတူညီမှု ရသွားသည်။
‘ချင်းချီကာကွယ်ရေး ဗိုလ်ချုပ် ဝမ်ချောင်က သူ့ရဲ့ စစ်တပ်ကို ဦးဆောင်လို့ သာလှကို တပ်ကူအဖြစ် သွားရောက်ရန် အမိန့်ချမှတ်လိုက်တယ်။ လိုအပ်တဲ့ လက်နက်တွေ၊ ရိက္ခာတွေ၊ စစ်သည်တော်တွေ အားလုံးကို ရုံးတော် ခြောက်ခုလုံးကလည်း အပြည့်အဝ ပူးပေါင်းဆောက်ရွက်ပြီး တောင်းဆိုမှုများ အားလုံးကို ဖြည့်ဆည်းပေးရမယ်။ အမှားအယွင်း မရှိစေရ’
ဖုန်လုံးများ အကြားတွင် သတင်းပို့ ပင်ကွင်းတစ်ကောင်က လေထဲသို့ ထိုးတက်လျက် ချီးချီထံ ပြန်တက်သွားသည်။ ထိုတစ်ခဏတွင် မဟာထန်၏ လူတိုင်း၏ အကြည့်က ချီးချီရှိ ဝမ်ချောင်ထံတွင် ဖြစ်သည်။ ကောင်းရှန်းကျင့်နှင့် အမ်းချီက ကာကွယ်ရေး စစ်တပ်ကို ကယ်တင်နိုင်ခြင်း ရှိမရှိက ဝမ်ချောင်ပေါ် မူတည်သွားလေသည်။
……….
အကြည့်ပေါင်းများစွာက ကျယ်ပြောသော မြေပြင်ကို ကျော်ဖြတ်လျက် ဝူရှန်း၏ သံမဏိမြို့ထံ ရောက်လာသည်။
ဘန်း
ကြီးမားသော သံမဏိတုံးချင်း ထိခတ်သံနှင့် မီးပြင်းဖိုပေါင်းများစွာ၏ ထုရိုက်သံများက သံမဏိမြို့အတွင်း ဟိန်းထွက်နေသလို မီးခိုးငွေ့များကလည်း လေထဲသို့ တစ်လုံးပြီး တစ်လုံး လိမ့်တက်နေသည်။ ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည် ဆိုလျှင် သံမဏိမြို့ အတွင်းတွင် ပုရွက်ဆိတ်လေးများကဲ့သို့ လှုပ်ရှားနေကြသော မရေမတွက်နိုင်သည့် လက်မှုပညာရှင်များကို တွေ့ရမည် ဖြစ်သည်။ ထိုအချိန်တွင် မြို့တော်၏ အပြင်ဘက်တွင် စစ်သည် ထောင်ကျော်ကလည်း နှစ်ခြမ်းခွဲလျက် အချင်းချင်း ချီတက်ကာ စောင့်ကြပ်နေကြသည်။
စစ်သည်တော်များက မဟာထန်၏ အပိုင် မဟုတ်ချေ။ ထိုလူများက အနောက်ပိုင်း ပြည်နယ်မှ ကြေးစားစစ်သားများ ဖြစ်ပြီး သူတို့၏ ပုံပန်းသွင်ပြင်က သိမ်းငှက်များကဲ့သို့ နှာခေါင်းနှင့် မျက်လုံးအရောင် ရင့်ကြသည်။ ဆာကာကို သုတ်သင်ပြီးနောက် ကန်းခယ်ကို ငှားယူခြင်းဖြင့် ဝမ်ချောင်ဟာ ကျန်ရှိသော အရှိန်အဝါကို သုံးကာ အနောက်ပိုင်း ဒေသတစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့သည်။ သူ၏ မြောက်မြားလွန်းသော ကြွယ်ဝမှုနှင့် မဟာထန်မှ ဂုဏ်သတင်းကို သုံးကာ ဝမ်ချောင်က ကြေးစား စစ်သားပေါင်းများစွာ ငှားရမ်းနိုင်ခဲ့သည်။
အနည်းဆုံး အနောက်ပိုင်းဒေသမှ ကြေးစားစစ်သား လေးသောင်းကျော်ခန့်က ဝမ်ချောင်၏ အလံအောက်တွင် စုစည်းနေကြပြီး သံမဏိ၏ မြို့၏ အပြင်ဘက်တွင် လေ့ကျင့်နေကြသည်။ ထိုကြေးစား စစ်သားများ အားလုံးက ထိုသို့ တင်းကြပ်စွာ လေ့ကျင့်မှု အောက်သို့ မရောက်ခဲ့ဖူးကြချေ။ ထို့ကြောင့် တိုက်ပွဲအတောအတွင်း သူတို့က မည်သည့် အမိန့်ကိုမှ လက်ခံ ရရှိခြင်း မရှိပေ။ ရိုးရှင်းစွာသာ ချီတက်၍ တိုက်ခိုက်လေ့ ရှိကြသည်။ ထိုအခြေအနေမျိုးကို ဝမ်ချောင်က မလိုချင်ပေ။ အာရပ်များက သာမာန် ပြိုင်ဘက်များ မဟုတ်ချေ။ ထိုကြောင့် လူသစ်များကဲ့သို့ တစ်ခြားစစ်သားများကလည်း သူတို့ကို ကိုင်တွယ်ရာတွင် အပြည့်အဝ အသုံးဝင်လိမ့်မည် မဟုတ်ချေ။ ထို့နောက် ဝမ်ချောင်က သံမဏိမြို့ အနီးအနားတွင် သူတို့ကို စုစည်းစေလျက် လီစစ်ယဲ့နှင့် ချူခယ့်ရီတို့အား သူတို့ကို လေ့ကျင့် ခိုင်းထားလိုက်သည်။ ရိုးရှင်းသော လေ့ကျင့်မှုနှင့် ဝင်္ကပါပုံစံ လေ့ကျင့်ခြင်း လောက်ကတင် ထိုကြေးစား စစ်သားများအပေါ် ကြီးမားသော သက်ရောက်မှု ပြသလာပြီ ဖြစ်သည်။ ထိုနည်းအားဖြင့် သူတို့က သာလှရှိ အာရပ်များကို ခြိမ်းခြောက်နိုင်ပေလိမ့်မည်။
သံမဏိမြို့၏ အနောက်ပိုင်း နယ်မြေတွင် ကြီးမားသည့် လေ့ကျင့်ရေး ကွင်းကြီး ရှိသည်။ ထိုနေရာတွင်လည်း ကြီးမားသည့် ပစ်ခတ်နိုင်သော လက်နက်ကြီးများကို စီတန်းကာ ထားထားသည်။ လက်နက်ကြီး တစ်ခုချင်းစီတိုင်း၏ အနောက်တွင် လူငါးယောက်စီ ရပ်နေကြပြီး တင်ခြင်း၊ ချိန်ခြင်း၊ ညှိခြင်း၊ ပစ်ခတ်ခြင်း စသည်ဖြင့်တို့ကို လေ့ကျင့်နေကြသည်။
ဖုန်း ဖုန်း ဖုန်း
လက်နက်ကြီးများမှ သိပ်သည်းလှသော လက်နက်များက ပစ်ထွက်လာချိန်တွင် တစ်ခြားတစ်ဖက်ရှိ သတ္တုပစ်မှတ်များကို တိုက်ရိုက်ထိမှန်သွားသည်။
လက်တစ်ချောင်းထက် ပို၍ ထူသော သတ္တုပစ်မှတ်များက ထိုလက်နက်ကြီးများ၏ ပစ်ခတ်မှုနှင့် ရင်ဆိုင်ရရာတွင် ပေါင်းပင်များကဲ့သို့ လှီးဖြတ်ခံရသည်။
ဖုန်း ဖုန်း ဖုန်း
ထိုသို့ဖြင့် တစ်လှည့်ပြီး တစ်လှည့်၊ တစ်သုတ်ပြီး တစ်သုတ်၊ တစ်သင်းပြီး တစ်သင်းက ထပ်ခါတလဲလဲ ပြောင်းလဲကာ ထိုဖြစ်စဉ်အတိုင်း အကြိမ်ရာကျော် တစ်ယောက်ချင်းစီတိုင်းကလည်း အပြည့်အဝ အာရုံစိုက်ကာ လေးနက်မှု အပြည့်ဖြင့် လေ့ကျင့်နေကြသည်။ မယုံနိုင်စရာ ကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နူန်းနှင့် အတူ ဝမ်ချောင်ဟာ လက်နက်ကြီးအဖွဲ့၏ အကြံအစည်ကို အကောင်အထည်ဖော်နေပြီ ဖြစ်သည်။
သာမာန်အချိန်မျိုးတွင် ထိုအကြံကို အချိန်တိုအတွင်း လုပ်ရန် မဖြစ်နိုင်လောက်ချေ။ သို့သော် ချီးချီ လက်နက်တိုက်မှ မြောက်မြားလှစွာသော လက်နက်ကြီး ပမာဏ များစွာက ဝမ်ချောင်၏ ပုံစံကို အများကြီး မြှင့်တင်ပေးနိုင်ခဲ့သည်။
ဝေးကွာသော တစ်နေရာတွင်လည်း မြင်းခွာသံများက မိုးခြိမ်းသံလို ဟိန်းထွက်နေသည်။ မြင်းဟီသံများကိုလည်း ကြားရ၏။ ထိုသို့ဖြင့် ကျယ်လောင်သည့် ဆူညံသံကို ထပ်ခါတစ်လဲလဲ ဖြစ်ပေါ်နေချိန်တွင် လီစစ်ယဲက သူ၏ ဝူရှန်းမြင်းတပ် လက်ထောက်နှင့်အတူ ပြန်လာပြီ ဖြစ်သည်။ ချန်းစစ်ယွမ်နှင့် သူ၏ မြင်းတပ် သုံးထောင်ကလည်း ပြန်ရောက်လာ၏။ ထိုနှစ်ဖွဲ့က ပြန်လည် စုစည်းသွားကြပြီး သံမဏိမြို့၏ ကျယ်ပြောလွန်းလှသည့် လေ့ကျင့်ရေးကွင်းတွင် ထိပ်တိုက် ရင်ဆိုင်ကာ လေ့ကျင့်နေကြသည်။
သူတို့က ဝင်္ကပါ အသစ်တစ်ခုကို လေ့ကျင့်ပြီးသွားကြပြီ ဖြစ်သည်။ သာလှ၏ တိုက်ပွဲက ကျရောက်လာတော့မည် ဖြစ်သည်။ သူတို့အားလုံးကလည်း သူတို့ရင်ဆိုင်နေရသည့် ပြိုင်ဘက်က အနောက်ပိုင်း ဒေသမှ စစ်နတ်ဘုရား ကောင်းရွှမ်းစစ်ကပင် မကိုင်တွယ်နိုင်သော ရန်သူမျိုး ဖြစ်ကြောင်း သိနေကြသည်။ ထို့ကြောင့် သူတို့က အနိုင်ရယူရန် ပို၍ အင်အားကြီးသည့် ဝင်္ကပါမျိုးကို လေ့ကျင့်ထားရန် လိုအပ်သည်။
သံမဏိမြို့၏ အလယ်ဗဟိုတွင် ဂန္တဝင်မျိုးဖြင့် တည်ဆောင်ထားသော ပို၍ ကြီးသော အဆောက်အဦးကြီး ရှိသည်။ ထိုအထဲတွင် ဖြောင့်တန်းသော အရပ်အမောင်း၊ တောက်ပသော မျက်ဝန်းဖြင့် ချောမောသော လူငယ်တစ်ယောက်က ပြတင်းပေါက်နားတွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို တိတ်တဆိတ် ဖတ်နေသည်။ ထိုပုံစံကတင် ကျော့ရှင်း ကြည့်ကောင်းပြီး သီးသန့်ဆန်သည့် အရှိန်အဝါမျိုးကို လွှင့်ထုတ်နေသည်။
ဖလပ် ဖလပ်
ခိုတစ်ကောင်က ပြတင်းပေါက်ကို ကျော်ဖြတ်ကာ ဝင်လာပြီး ဝမ်ချောင်၏ စားပွဲပေါ် ဆင်းသက်လာသည်။
“အင်း “
ဝမ်ချောင်က ပင်ကွင်းကို တစ်ချက်ကြည့်သည်။ သူ၏ မျက်လုံးက စူးရှသွားပြီး သတိလက်လွတ် လက်ဆန့်ထုတ်ကာ ငှက်၏ ခြေထောက်မှ စာကို ယူလိုက်သည်။ တစ်ချက်ကြည့်ယုံဖြင့် သူ၏ အမူအယာက ရုတ်တရက် ပြောင်းသွားသည်။ သူ၏ မျက်ဝန်းအတွင်း အပြုံးကလည်း ပေါ်လာ၏။
“နောက်ဆုံးတော့ ရောက်လာပြီ”
ဝမ်ချောင်က စာအုပ်ကို ချသည်။ သူ၏ မျက်ဝန်းမှ အပြုံးက နှုပ်ခမ်းထိတိုင်အောင် ရောက်သွားသည်။ ကြာရှည်စွာ ငြင်းခုံလွန်ဆွဲကြပြီးနောက် တော်ဝင်ခုံရုံးဟာ နောက်ဆုံးတွင် ဆုံးဖြတ်ချက် တစ်ခု ချမှတ်လိုက်လျက် သူ့အား စစ်သည်တော်များကို ဦးဆောင်ခွင့် အမိန့်ထုတ်ပြန်လိုက်သည်။
ထိုအခြေအနေက ဝမ်ချောင် စောင့်ဆိုင်းနေသော အနေအထားမျိုး ဖြစ်နေသည်။
ဝမ်ချောင်ကလည်း တော်ဝင်ခုံရုံးဟာ သူတွေးသလို တွေးပြီး မဟာထန်နအတွက် ထိုစစ်ပွဲက မည်မျှ အရေးကြီးကြောင်း နားလည်မည် မဟုတ်ကြောင်း သိထားပြီးသား ဖြစ်သည်။ သို့သော် သူကသာ စစ်အမိန့်ကို ပိုင်ဆိုင်ထားနိုင်သမျှ အားလုံးက ခြားနားသွားပေလိမ့်မည်။ အနည်းဆုံး ပြန်လည် ငြင်းခုံကာ လျှောက်တင်ရမည့် အခြေအနေမျိုး မရှိပဲ အရာအားလုံးကို လွတ်လပ်စွာ လှုပ်ရှားနိုင်ပေလိမ့်မည်။
“အရှိန်နူန်းက စစ်ပွဲမှာ အရေးကြီးတယ်။ အချိန်က အများကြီး ရှိတာမဟုတ်ဘူး။ ဒါပေမယ့် ငါအနေနဲ့ ငါလုပ်ဖို့လိုတာကို လုပ်ဖို့တော့ လိုလောက်မှာပါ”
ဝမ်ချောင်က ထိုသို့ ရေရွတ်လိုက်ပြီး သူ၏ လက်ထဲမှ စစ်ဘက်ဆိုင်ရာ ဝန်ထမ်းရေးရာဌာန၏ ရုံးတော်မှ ထုတ်ပြန်လိုက်သည့် အမိန့်တော်ကို ကြည့်သည်။
ရုံးတော်မှ သူ့ကို ချီးမြှင့်လိုက်သည့် အာဏာက များပြားကျယ်ပြန့်လွန်းသည်။ ဝမ်ချောင်က လိုအပ်သမျှ အရာအားလုံး…. စစ်သားဖြစ်စေ၊ ပိုက်ဆံဖြစ်စေ၊ အရင်းအမြစ်ဖြစ်စေ တောင်းဆိုနိုင်သည်ဟု ဆိုထားသည်။ မည်သည့် ကာကွယ်ရေး ဗိုလ်ချုပ်ပင်ဖြစ်စေ၊ မဟာဗိုလ်ချုပ်ကြီးများပင် ဖြစ်စေ ထိုသို့သော ပြုမူမှုကို လက်ခံရရှိခြင်း မရှိသေးချေ။ သို့သော် ဝမ်ချောင်ကလည်း ထိုအာဏာကဟာ အကန့်အသတ်ရှိကြောင်း နားလည်ထားသည်။ တော်ဝင်ခုံရုံးက ထိုအာဏာကို ပေးထားသော်လည်း သူတောင်းဆိုသမျှ အမှန်တစ်ကယ် ချီးမြှင့်ပေးလိမ့်မည် မဟုတ်ကြောင်း နားလည်ရဦးမည် ဖြစ်သည်။
တော်ဝင်ခုံရုံးကလည်း သူက ထိုကပ်ဘေးကို ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကိုင်တွယ်ပြီး စစ်သည်အများကြီး မတောင်းဆိုရန် မျှောင်လင့်နေပေလိမ့်မည်။
ဝမ်ချောင်က စုတ်တံတစ်ချောင်းကို ကောက်ယူကိုင်လိုက်ပြီး တော်ဝင်ခုံရုံးထံ ပြန်စာ စရေးသည်။
‘ဒီနိမ့်ကျတဲ့ အရာရှိဝမ်ချောင်က အမိန့်ကို လက်ခံရရှိပါကြောင်း။ ဒါပေမဲ့ ဒီနိမ့်ကျတဲ့လူကလည်း အင်ပါယာ ခုံရုံးက လက်ခံမယ်လို့ ယူဆရတဲ့ တောင်းဆိုမှု အချို့တော့ ရှိနေပါသေးတယ်…’
စာကြောင်း အနည်းငယ် ရေးပြီးနောက် သူက ရပ်တန့်လိုက်တာ စတွေးသည်။ သူက အဖေနှင့် အစ်ကိုကြီး၏ နာမည်ကို ထပ်ဖြည့်လိုက်၏။ ဆက်တိုက် ဖြစ်ပွားခဲ့သော စစ်ပွဲများ ပြီးနောက် မဟာထန်က စစ်သားများ လိုအပ်နေခဲ့သည်။ အချိန်အတန်ကြာအောင်လည်း ပြန်လည်အားဖြည့်ရဦးမည် ဖြစ်သည်။ ထယ်ကျီ၏ မဟာဗိုလ်ချုပ်ပြီးခယ့်ရှုးဟန်ကပင် ဝမ်ချောင်ထံမှ မြင်းများ တောင်းဆိုထားရသေးသည်။ ထို့ကြောင့် အခြားသော နယ်စပ်မှ ကာကွယ်ရေး စစ်တပ်များကလည်း အခြေအနေ မကောင်းနိုင်ကြောင်း အလွယ်တကူ ခန့်မှန်းကြည့်နိုင်နေသည်။
အပိုင်း (၈၆၄)
လီကျန်းယီနှင့် သူ၏ တပ်ကူလေးသောင်းအား တိဘတ်များက ချုံခိုတိုက်ခိုက်ခံခဲ့ရသော ကိစ္စတွင် စစ်သားများကို ဆုံးရှုံးသွားစေသည့် ရလဒ်က မဟာထန်အား အတွင်းပိုင်းမှ အဖွဲ့များနှင့် ပေါင်းကာ လွတ်မြောက်အောင် ကြိုးစားခဲ့ရပြီး ကျော်ဖြတ်နိုင်ရုံသာ လုပ်နိုင်ခဲ့သည့် အနေအထားမျိုး ဖြစ်သွားသည်။ ထိုကြောင့် တော်ဝင်ခုံရုံးက လွတ်ပေးနိုင်သည့် စစ်သည်တော် အရေအတွက်က အကန့်အသတ်နှင့် ဖြစ်နေသည်။
ထိုအချိန်တွင် ဝမ်ချောင်ကလည်း သဘာဝအလျောက်ပင် သူ၏ အဖေနှင့် အစ်ကိုကြီးကို တွေ့လိုက်မိသည်။
အဖေနှင့် အစ်ကိုကြီးတို့ ပေါင်းလိုက်ရင် စစ်သည်နှစ်သောင်း ဝန်းကျင်တော့ ရှိလောက်ပါတယ်။ သူတို့ ကခြေလျင်တပ်တွေနဲ့ ဆိုပေမယ့်လည်း သွေးပင်လယ်နှင့် မီးတောင်ကို ကျော်ဖြတ်ပြီးမှ အတွေ့အကြုံ ရှိလာခဲ့တဲ့ ကျွမ်းကျင်လွန်းတဲ့ လက်ရွေးစင်တွေ ဖြစ်နေတုန်းပဲ။ နောက်ပြီး သူတို့က ခုခံတဲ့ နေရာမှာ ကျွမ်းကျင်ကြတယ်။ အာရပ်နှင့် ရင်ဆိုင်တဲ့ စစ်ပွဲမှာ သူတို့က အရမ်း အသုံးဝင်လောက်တယ်။ ဒါပေမယ့် ဒီလောက်က မလုံလောက်သေးဘူး။ အာဖ်ဆက်ကယ်လီဖိတ်ရဲ့ စစ်သားတွေနဲ့ ရင်ဆိုင်နိုင်လောက်တဲ့ လုံလောက်တဲ့ ပမာဏ မဟုတ်သေးဘူး။
ဝမ်ချောင်က သူတို့ ယခင်ဘဝမှာ တာလှနှင့် တိုက်ပွဲမှ သတင်းအချက်အလက်များကို ပြန်တွေးသည်။ ကောင်းရွှမ်းကျင်းနှင့် အားပုမူဆလင်တို့၏ အကြားက တိုက်ပွဲတွင် အာရပ်များက စစ်သည် အနည်းဆုံး သုံးသိန်း ရှိသည့် စစ်တပ်ကို စုစည်းထားနိုင်ခဲ့သည်။ အာရပ်များက ပို၍ ကြမ်းတမ်းကြသည်။ တိဘတ်များထက်ပင် သိသိသာသာ စွမ်းဆောင်နိုင်စွမ်းရည် ရှိကြ၏။
ချီးရှီမှ စစ်သားများလောက်က သူတို့ကို ကိုင်တွယ်ရန် မလုံလောက်သေးချေ။
အတွင်းပိုင်းက ယူသုံးလို့ ရတဲ့ စစ်သားတွေကလည်း ဒီလို စစ်ပွဲများတွေမှာ အတွေ့အကြုံ မရှိလို့ အများကြီး အသုံးဝင်နိုင်မှာ မဟုတ်ဘူး။ သူတို့လို အသစ် စုဆောင်းထားတဲ့ စစ်သားတွေကို ပို့လိုက်တာက အသေခံခိုင်းသလို ဖြစ်သွားလိမ့်မယ်။ မဟာထန်ရဲ့ စစ်သည်တော်တွေက နယ်စပ်က ကာကွယ်ရေး စစ်တပ်တွေမှာပဲ ရှိနေခဲ့တာ။ ကျန်းရှို့ကွေးနဲ့ ငါက ကတောက်ကဆ ဖြစ်ထားတယ်။ ဒီတော့ သူကလည်း သေချာပေါက် ငါ့ကို ကူညီလိမ့်မှာ မဟုတ်ဘူး။ ဒါ့အပြင် ရို့ကျိုးကလည်း စစ်သားတွေ လှမ်းပို့ ပေးနိုင်လောက်အောင် ဝေးကွာလွန်းနေတယ်။ ပေ့ထင်မှာ… အန်စစ်ရှုံးက ငါ့ကို ကူညီချင်ရင်တောင်မှ သူကလည်း အကြောင်းပြချက် တစ်ခုခုတော့ သေချာပေါက် ရှာလိမ့်ဦးလိမ့်မယ်။ လုံရှီ အတွက်ကတော့ … ခယ့်ရှုးဟန်ကလည်း သူကိုယ်တိုင်အတွက်တောင် စစ်သည်တော် မလုံလောက်တာ၊ ဒီတော့ ငါ့ကို ကူညီဖို့ဆိုတာကလည်း မဖြစ်နိုင်သည့် အရာမျိုးပဲ။
ဒီလိုအချိန်မှာ ငါ စစ်သည်တော်တွေ ရနိုင်တဲ့ တစ်ခုတည်းသောနေရာက အန်းနန် ကာကွယ်ရေး စစ်တပ်ပဲ။ ငါက နာ့ယီတော်ဝင်စစ်တပ်ကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့ပြီးလို့ မန်ချဲ့ကျောင်းကလည်း မဟာထန်ဆီ အညံ့ခံပြီးပြီ။ ဒီတော့ ဒီလို အချိန်မျိုးမှာ အန်းနန်ကာကွယ်ရေး စစ်တပ်ကို ခြိမ်းခြောက်နိုင်တာ ဘာမှ မရှိတော့ဘူး။
ဝမ်ချောင်က တစ်ခဏခန့် တွေးတောပြီးနောက် အန်းနန်ကာကွယ်ရေးစစ်တပ်၏ နာမည်ကိုလည်း ထပ်ဖြည့်လိုက်သည်။ အချိန်ကာလ အတောအတွင်း သူတွေးနိုင်သမျှ အကုန် ချရေးလိုက်သည်။
သူကလည်း သေချာပေါက် စစ်သားများ လိုအပ်သည်။ သို့သော် လက်နက်နှင့် စားစရာများ အတွက်ကမူ သူ့တွင် ချီးရှီ၏ လက်နက်တိုက် ရှိပြီး ကျောင်းကျီးထံမှ ဆန်များ ရှိသည်။ ထိုကြောင့် ထိုကိစ္စများအတွက်ကြောင့်နှင့် တော်ဝင်ခုံရုံးကို အနှောက်အယှက်ပေးရန် မလိုအပ်သေးချေ။ သူ အလိုအပ်ဆုံးအရာက ရွှေဖြစ်သည်။ စစ်ပွဲက ကြွယ်ဝမှု၏ ယှဉ်ပြိုင်ခြင်း ဖြစ်ပြီး ရွှေဟာလည်း အများဆုံး အသုံးပြုရမည့် အရင်းအမြစ် ဖြစ်နေသေးသည်။ ပို၍ ဆိုးသည်မှာ ရွှေများနှင့်သာ ဆိုလျှင် ဝမ်ချောင်က ပို၍များသော ကြေးစား စစ်သားများကို ငှားရမ်းနိုင်ပေလိမ့်မည်။ ယခုလို အခြေအနေမျိုးတွင် ဝမ်ချောင်၏ ပြသနာကို ဖြေရှင်းနိုင်သော လက်တွေ့အကျဆုံး ဖြေရှင်းချက်လည်း ဖြစ်နေသေးသည်။
ဝမ်ချောင်က နာမည်တစ်ခုပြီး တစ်ခု ထပ်ထည့်သည်။ အားလုံးပြီးနောက် မတ်တပ်ထရပ်လိုက်သည်။ သူက ထိုစာကို ဝါးကျုတ်လေးထဲသို့ ထည့်တော့မည့်အချိန်တွင် သံမဏိမြို့ အပြင်ဘက်မျှ မိုးခြိမ်းသံများ ကျယ်လောင်သည့် အောင်ပွဲခံ အသံများကို ကြားလိုက်ရသည်။
“ဝမ်ချောင် မြန်မြန် ထွက်လာခဲ့။ မင်းရဲ့ ဒုတိယအစ်ကို ဝမ်ပေ့ ရောက်လာတယ်”
ဝေးကွာလွန်းလှသော သံမဏိမြို့ရိုးထံမှ လှမ်းအော်လိုက်သည့် ရွှီချီချင်၏ အသံကို ကြားလိုက်ရသည်။
“ဘာ”
ဝမ်ချောင်က ထိုစကားလုံးများကြောင့် တုန်ယင်သွားသည်။ သူက သူ့နားကိုပင် မယုံကြည်တော့ချေ။
ဝှစ်..
သူက စာကို ချက်ချင်း ပစ်ချပြီး ပြတင်းပေါက်ကို ခုန်ကျော်ကာ ထွက်လာသည်။
လှုပ်ရှားမှု အနည်းငယ်နဲ့ပင် သူက အခန်း၏ အပြင်ဘက်သို့ ရောက်သွားသည်။ သူ့ကို စောင့်ကြိုနေသည်မှာ လူပင်လယ်ကြီး ဖြစ်သည်။ ဘိလပ်မြေလမ်းပေါ် ကျော်ဖြတ်ကာ ဝူချန်းထံ လာနေသည့် မရေမတွက်နိုင်အောင် များပြားနေသည့် လူများကို မြင်လိုက်ရသည်။ ထိုလူအားလုံးက ကြမ်းတမ်းခက်ထန်သော မျက်နှာထားမျိုးနှင့် ဖြစ်ကြသည်။ သူတို့က အမျိုးမျိုးသော ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။ သူတို့က စစ်သားများ မဟုတ်ချေ။ သို့သော် ဓားပြများနှင့် ကြဉ်းတပ်များ ဖြစ်နေသည်။ အခြားသူကို မဆိုထားဘိ ဝမ်ချောင်ကိုယ်တိုင်ပင် ထိုမြင်ကွင်းကြောင့် မြင်သက်သွားသည်။
သို့သော် သူက လျင်မြန်စွာဖြင့် ဓားပြများ၏ ရှေ့ဆုံးမှ ပုံရိပ်တစ်ခုကို တွေ့လိုက်သည်။
“အစ်ကိုနှစ်”
ဝမ်ချောင်က ပျော်ရွှင်စွာဖြင့် ရှေ့သို့ ခုန်ထွက်သွားသည်။ ညီအစ်ကိုများက ဖက်လိုက်ကြသည်။
“ညီငယ်လေး ငါရောက်လာပြီ”
ဝမ်ပေ့က ထိုသို့ ပြောသည်။ သူ၏ မျက်နှာထားက အေးစက်ပြီး ခံစားချက်မဲ့သည်။ သို့သော် ထိုသို့ ခံစားချက်မဲ့သော်လည်း သူ၏ မျက်ဝန်းများ အတွင်းတွင် ရှိနေသည့် နွေးထွေးမှုများကို သေချာကြည့်လျှင် မြင်နိုင်ပေလိမ့်မည်။
ဝမ်ချောင်၏ အစ်ကိုနှစ်ဝမ်ပေ့က သူ၏ သတ်ဖြတ်ခြင်း လက္ခဏာများ အားလုံးကို ဖိနှိပ်ထားပြီး တော်ဝင် အကျဉ်းထောင်မှ ထွက်လာနိုင်ခဲ့သည်။ သူက ဓားပြအဖွဲ့ပေါင်း များစွာနှင့် ကြဉ်းတပ်အဖွဲ့ပေါင်း များစွာကို သူ၏ အမိန့်အာဏာအောက်သို့ ရောက်စေလျက် ဝူရှန်းထံ ချီတက်လာခဲ့သည်။ ထိုသို့ဖြင့် ဝမ်ချောင်၏ စစ်တပ်ထဲသို့ စစ်သည် ရှစ်ထောင်မှ ကိုးထောင်အထိ ထပ်ဖြည့်ပေးနိုင်မည် ဖြစ်သည်။ မည်သူကမှလည်း ထိုအခြေအနေကို မမျှော်လင့်ထားကြချေ။ သံမဏိမြို့မှ လူတိုင်းက သည်သတင်းကြောင့် အံ့ဩသွားခဲ့ရသည်။
ဝမ်ပေ့ရောက်လာခြင်းက ရုတ်တရက် ဖြစ်လာခြင်း ဖြစ်သည်။ ထို့နောက် အရပ်မျက်နှာ အနှံ့မှ စစ်သည်တော်ပေါင်းများစွာက စတင်ကာ ဝင်ရောက်လာသည်။ အစ ပထမပိုင်းတွင်မူ လမ်းလွှဲဓားစံအိမ်မှ စုဟန်ရှန်း၊ စွန်းကျစ်မင်၊ ဟန်ရွှမ်းလင်၊ ရွှီကန်း၊ ချန်းပုရန်၊ ကျွမ်းကျန်းဖင့်၊ ချီဝေ့စစ် စသည်ဖြင့် လူတိုင်းထံမှ ရောက်လာခဲ့ကြသည်။
လမ်းလွှဲဓားစံအိမ်၏ အနာဂတ်မှ ကြယ်ပွင့်များဆိုသည့် အနောက်တောင်ပိုင်း၊ ပေ့ထင်နှင့် အခြားသော နေရာများသို့ ဝမ်ချောင်က စေလွတ်ကာ လေ့ကျင့်ပေးခံလိုက်ရသော လူအားလုံးကလည်း ရောက်ရှိလာကြခြင်း ဖြစ်သည်။ သူတို့က တိုက်ပွဲများကို ကျော်ဖြတ်ကာ ကိုယ့်ကိုကိုယ် အတွေ့အကြုံ အပြည့်ယူကာ မွန်းမံပြီးနောက် နောက်ဆုံးတွင် အရွယ်ရောက် သွားကြပြီဟု ဆိုနိုင်သည်။
ထို့နောက် ဝမ်ချောင်၏ တောင်းဆိုမှုများက လျင်မြန်စွာဖြင့် အသိအမှတ် ပြုခံရသည်။ သူ၏ အဖေ ဝမ်ရန်နှင့် သူ၏ အစ်ကို ဝန်ဟူတို့ကလည်း ချီးရှီ ကာကွယ်ရေး စစ်တပ်ထံ ချက်ချင်းဆိုသလို ထွက်ခွာလာခဲ့ကြသည်။ ထိုမတိုင်ခင် ဝမ်ချောင်က သူတို့၏ စစ်သည်နှစ်သောင်း အမြန်ဆုံး ရောက်လာနိုင်ရန် များပြားလှသော စစ်ရထားလုံးများကို ကြိုတင် ပြင်ဆင်ပေးခဲ့ပြီးသား ဖြစ်သည်။
အန်းနန်ကာကွယ်ရေး ဗိုလ်ချုပ်ရှန်ယွီကျုံ့ထုံကလည်း ဝမ်ချောင်၏ တောင်းဆိုမှုကို လက်ခံရရှိသည်။ သူက ဝမ်ချောင်၏ ယခင် လုပ်ဆောင်မှုများတွင် ကျေးဇူးတုံ့ပြန်ရန် အလိုငှာ ဝူရှန်းထံ လက်ရွေးစင် စစ်သည် ရှစ်ထောင်ကို ရွေးချယ်လျက် စေလွှတ်ပေးခဲ့သည်။
လက်ရွေးစင် မြင်းတပ် လေးထောင်လည်း ပါသည်။ ကာကွယ်ရေး စစ်တပ်တစ်ခု၏ ထူးခြားသော စံချိန်မီ လိုအပ်ချက်ကြောင့်သာ မဟုတ်လျှင် ရှန်ယွီကျုံ့ထုံကလည်း ဝမ်ချောင်အတွက် ပို၍ များပြားသော စစ်သည်တော်များကို စေလွှတ်ပေးနိုင်လောက်သည်။
ရှန်ယွီကျုံ့ထုံးနှင့် ဝမ်ချောင်၏ ရင်းနှီးမှုကို သွေးနှင့် မီးများ ကျော်ဖြတ်ပြီး ထုဆစ်ထားခဲ့ခြင်း ဖြစ်သည်။ သူတို့က သေရေးရှင်ရေး ကိစ္စများကို ကျော်ဖြတ်ပြီးမှ ဖြစ်တည်လာခဲ့ခြင်း ဖြစ်သည်။
ထပ်ပေါင်းဆိုရသော် တော်ဝင်ခုံရုံးက တပ်ဖွဲ့များ အသေအကြေ လိုအပ်နေလျှင်ပင် ဝမ်ချောင်၏ အဖေနှင့် အစ်ကိုကြီးဖြစ်သူကို အဖော်ပြုရန် စစ်သည်အပို တစ်သောင်း စုစည်းပေးနိုင်ခဲ့သေးသည်။ အန်းနန် ကာကွယ်ရေး စစ်တပ်မှ စစ်သည်တော်များက ပါဝင်ခဲ့၏။ သို့သော် တော်ဝင်ခုံရုံးက ဝမ်ချောင်ကို အကြီးအမားသော ထုတ်ခဲ့ပေးသည့် အရာကမူ ပိုက်ဆံ ဖြစ်သည်။ ဝမ်ချောင်အတွက် ရွှေထည် ဆယ်သန်းအပြင် ရွှေသား လက်မှတ် ငါးသန်း ထောက်ပံ့ပေးခဲ့သည်။ ထိုပမာဏက ဝမ်ချောင်အား ကြေးစား စစ်သည်တော်ပေါင်းများစွာ ငှားရမ်းရန် လုံလောက်သွားစေခဲ့သည်။
အချိန်က တစ်ဖြည်းဖြည်းချင်း ကုန်လာသည်။ သံမဏိမြို့ထံ ပို၍ များပြားသော စစ်သည်တော်များက တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ဝမ်ချောင်က အချိန်ကို ရင်ဆိုင်ကာ အပြေးပြိုင်ပွဲ ဝင်နေရသကဲ့သို့ ကြိုးစားနေခဲ့ရသည်။ နေ့ရက်တိုင်းလိုလို မရေမတွက်နိုင်သည့် သတင်း ပို့ပေးမှုပေါင်းများစွာ နှင့် ကျောက်တုံးသိမ်းငှက်ပေါင်း များစွာက တာလှသို့ သွားရောက်လျက် အခြေအနေကို စောင့်ကြည့်နေရသည်။ တစ်ချိန်တည်းတွင်ပင် ဝမ်ချောင်ကလည်း သူ့ကို ပေးလာသော ရွှေချန် ဆယ်သန်းကို သုံးပြီး ကြေးစား စစ်သည်တော်များကို အလုံးအရင်းဖြင့် ငှားယမ်းလျက် သူ၏ အင်အားစုကို မြှင့်တင်ခဲ့သည်။
သူက ရွှေထည် အချို့ကို သုံးပြီး အကြီးအသေးပါဒထံမှ သာမာန် စစ်သည်နှစ်သောင်းကို ငှားရမ်းခဲ့သည်။
အခု ငါ့မှာ လိုအပ်တာက ဥက္ကာပျံ သတ္တုပဲ။
ဝမ်ချောင်၏ သံမဏိမြို့အတွင်း နေအိမ်ထဲတွင် ထိုင်နေလျက် ပြတင်းပေါက် အပြင်ဘက်မှ ပွင့်လန်းနေသော ပန်းများကို ကြည့်ပြီး သက်ပြင်းချနေလေသည်။ သူက ချင်းချီ ကာကွယ်ရေး စစ်တပ်ကို ပြင်ဆင်ရန် အရာအားလုံးကို လုပ်ခဲ့ပြီးလေပြီ။ စစ်သားများ၊ ပိုက်ဆံများ၊ ရိက္ခာများ၊ ဝတ်စ် သံမဏိ လက်နက် စသဖြင့် အရာအားလုံးကို သူ၏ အာဏာသုံးကာ လုပ်ဆောင်ခဲသည်။
သို့သော် သူ၏ နှလုံးသား အနက်ရှိုင်းဆုံး အပိုင်းတွင်မူ နောင်တ အကြီးကြီး ရှိနေသည်။
ဥက္ကာပျံ သတ္တုခဲ။
သူ၏ ယခင် ဘဝမှ မှတ်ဉာဏ်ပေါင်းများစွာ ရှိနေသည့် တိုင်အောင် တချို့သော ကိစ္စများက သူ၏ ထိန်းချုပ်မှုမှ လွတ်ကင်းနေသေးသည်။ ဥက္ကာပျံ သတ္တုများကလည်း ထိုအရာများထဲမှ တစ်ခုဖြစ်၏။ သူ၏ ဝမ်းကွဲက ဥက္ကာပျံ သတ္တုကို အချိန်အတန်ကြာအောင် ကျွန်းပေါင်းများစွာတွင် လိုက်လံ ရှာဖွေနေခဲ့သည်။ သူက ပြန်လာသင့်နေလေပြီ။ သို့သော် မည်သည့်သတင်းမှ မကြားရသေးချေ။
သူ အခု ဘာများ လုပ်နေလောက်သလဲ။
ဝမ်ချောင်က ရေရွတ်နေသည်။
သို့သော် ဝမ်ချောင်ကလည်း မဟာထန်၏ ကမ်းစပ်များထဲမှ တစ်ခုဖြစ်သည့် အရှေ့ပိုင်း ပင်လယ်နေရာတွင် ကြီးမားလွန်းလှသည့် အရွယ်အစား ရှိသည့် တပ်ဖွဲ့ ရောက်ရှိလာကြောင်း မသိထားချေ။
“လမ်းဖယ်ကြ လမ်းဖယ်ကြ ဒီတပ်ဖွဲ့က ဆိပ်ကမ်းကို ကပ်တော့မယ်”
“ဘုရားရေ ဒါက ဘယ်မိသားစုအဖွဲ့လဲ။ ဒီသင်္ဘောတွေက ဘာလို့ ရေတွေ ဒီလောက်ထိ နိမ့်ကျနေတာလဲ။ ဘယ်လို ပစ္စည်းတွေကိုများ သယ်ဆောင်လာကြလို့လဲ”
“မင်း မမြင်ဘူးလား။ ဒါက မြို့တော်က ဝမ်ကလန်က အလံ လွှင့်ထူထားတယ်လေ။ မင်းက လူသစ်ပဲ ဖြစ်ရမယ်”
“အာ လူငယ်အမှတ် … “
ဆိပ်ကမ်းမှ အလုပ်သမားတိုင်းက မြင်သက်ကုန်ကြသည်။ သူတို့က ချင်ချင်းဆိုသလို နောက်ဆုတ်ကြလျက် ကြီးမားသည့် သင်္ဘောများကို ကြည့်ကြသည်။
ကလပ်
ထိုအချိန်တွင် ပထမဦးဆုံး သင်္ဘောက ကမ်းသို့ ကပ်လာသည်။ ကြီးမားသော ကြိုးလှေကားကြီးကို သင်္ဘောထဲမှ လှမ်းပစ်လိုက်သည်။ အသားမဲသော သင်္ဘောသား တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြလျက် ဗဟိုပြင်ကျယ်၏ ရင်းနှီးကျွမ်းဝင်သော လောကထဲသို့ ခုန်ဝင်ကာ ရပ်တန့်လျက် ရှုခင်းများကို ကြည့်ရှုရင်း လက်မောင်းကို ဖြန့်ကားပြီး သဘောတကျ အော်ရယ်နေကြသည်။
“ငါ နောက်ဆုံးတော့ ပြန်ရောက်လာပြီ”
သင်္ဘောသားပေါင်း များစွာ ဆင်းသက်ပြီးနောက် စက်ကြီးပေါင်းများစွာကို လှည့်ကာ ကြီးမားသည့် စတီးတုံးကြီးက သင်္ဘောဝမ်းဗိုက် အတွင်းမှ မြှောက်သထက် မြှောက်လာသည်။ ထို့နောက် အောက်သို့ ဒုန်းကနဲ ပြုတ်ကျ၏။ အချိန်တစ်ခုကြာ တိတ်ဆိတ်နေပြီးနောက် အင်အားအပြည့်ဖြင့် တက်ကြွနေသော ပိန်ပါးပါးနှင့် လူတစ်ယောက်က သံမဏိတံတားကြီး၏ အဆုံးတွင် ပေါ်ထွက်လာသည်။
သူက စုတ်ပြဲနေသော ပိုးသားဝတ်စုံကို ဝတ်ဆင်ကာ သူ၏ အရှိန်အဝါကမူ အထက်တန်းလွှာမှ ဆက်ခံသူ ဖြစ်ကြောင်း ပြသနေသေးသည်။ ပင်လယ်ပြင် အကြားတွင် ရွက်လွှင့်နေခြင်းက သူ၏ အသားကို မဲသွားစေသည်။ သူ၏ မျက်နှာကလည်း အခြေအနေ အလှည့်အပြောင်းများနှင့် မုန်တိုင်းများ၊ စမ်းသပ်မှုများကို လက်ခံခဲ့ပြီး ရင်ကျတ်လာသည်။ သို့သော် သူ၏ မျက်ဝန်းမှ တောက်ပမှုကမူ ဖုံးကွယ်ထားရန် ခက်ခဲသည့် ထက်မြက်မှုမျိုး ရှိနေသည်။ ထိုထဲတွင် အားအင်များ ရှိနေသလို အရှိန်အဝါများကလည်း အပြည့်ပါသည်။
“နှစ်ဝက်ကျော် ကြာသွားခဲ့ပြီ။ ငါ ဗဟိုပြင်ကျယ်ကို မရောက်တာ ကြာခဲ့ပြီ”
ဝမ်လျန်က ထိုတံတား အဆုံးနေရာတွင် ရပ်နေသည်။ သူ၏ လက်ကို ကျောနောက်သို့ ပို့ထားသည်။ သူ၏ ဆံပင်က ပင်လယ်လေအောက်တွင် လွှင့်နေသည်။ သူက ရှေ့မှ မြင်ကွင်းကို ကြည့်သည်။ သူက ပင်လယ်ပြင်တွင် ဆယ်စုနှစ်ပေါင်း များစွာ အတွေ့အကြုံ ရှိသော သင်္ဘောသားဟောင်း တစ်ယောက်၏ အရှိန်အဝါမျိုးကို လွှင့်ထုတ်နေသည်။ ထို့ကြောင့် သူဟာ အသက် နှစ်ဆယ့်တစ်နှစ်ခန့်သာ ရှိသော လူငယ်ဖြစ်ကြောင်း ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
“ဝမ်ကလန်က အတွေ့အကြုံရှိ၊ အောင်မြင်မှု၊ ဆုံးရှုံးမှုတွေ အားလုံးက တစ်သားတည်းပဲ။ ဝမ်းကွဲ ငါ အချိန် အရမ်း မဆွဲမိဖို့ မျှော်လင့်ပါတယ်”
အသက်ဘေးကို ရင်ဆိုင်ခဲ့ပြီး သမုဒ္ဒရာ၏ စမ်းသပ်မှုများကို ကျော်ဖြတ်ခဲ့လျက် သေရေးရှင်ရေး အခြေအနေကို ရင်ဆိုင်ပြီးသောအခါ ဝမ်လျန်ဟာ ငယ်ရွယ်ချိန်က နားမလည်ခဲ့သည့် အကြောင်းပေါင်း များစွာကို သိလိုက်သည်။ ဒီနည်း အားဖြင့် ဝမ်ကလန်ကဲ့သို့ အဖွဲ့အစည်းကြီး၏ အစစ်မှန် အနစ်သာရကို ဖမ်းဆုပ်နိုင်သွားသည်။ မဟာကလန်ကြီးများတွင်လည်း မဟာကလန်ကြီးအလျောက် တာဝန်ယူထားရသော ဝတ္တရားများ ရှိသည်။ ကလန်မှ အဖွဲ့ဝင်ချင်းစီတိုင်းတွင်လည်း သေချာပေါက် ကိုယ်စီ တာဝန်များ ရှိသည်။ အားလုံးက အင်တိုက်အားတိုက် ကြိုးစားမှုကို စောင့်ထိန်းထားမှသာ ကလန်၏ အင်အားကို ထိန်းထားနိုင်မည် ဖြစ်သည်။ သို့မဟုတ်ပါက ရှုံးနိမ့်မှုများကို ရင်ဆိုင်နေရင်း လဲပြိုကျကာ နင်းချေခံရနိုင်သည်။
ဝမ်ကလန်ထဲတွင် ထက်ရှသော လှံထိပ်က လက်ရှိ ဝမ်ချောင် ဖြစ်သည်။ သူက ဝမ်ကလန်၏ မျိုးဆက်ထဲတွင် မြင်သက်ဖွယ် တောက်ပလွန်းသော တည်ရှိမှု ဖြစ်ပြီး ဝမ်ကလန်မှ ကျော်ကြားမှု ဂုဏ်ရှိန်တန်းကို ထိန်းထားနိုင်သောသူလည်း ဖြစ်သည်။ မည်သူကမှ သူ့နေရာအစား မဝင်နိုင်ချေ။ ဝမ်လျန်ကိုယ်တိုင်ကပင် လမ်း၏ အဆုံးမှ လက်ကိုင်နေရာတွင်သာ ရှိသည်။ သို့သော် လူတစ်ယောက်ချင်းစီတိုင်းတွင်လည်း မတူသည့် ကိုယ်ပိုင် အသုံးဝင်မှုများ ရှိနေသည်။ ထို့ကြောင့် အားလုံးက ကလန်အတွက် လိုအပ်နေသေးသည်။
ဝမ်လျန်ကလည်း စစ်ရေးဆိုင်ရာ ကိစ္စများကို နားမလည်သလို ဝမ်ချောင်၏ အကြံများ၊ ရည်မှန်းချက်ကိုလည်း နားမလည်နိုင်ချေ။ သို့သော် သူက ဝမ်ချောင်ကို ထောက်ပံရုံသာ တတ်နိုင်သည်။ သူက သူ၏ ဝမ်းကွဲကို ထောက်ပံ့ရမည်။ သူက ဝမ်ကလန်တစ်ခုလုံးကို ထောက်ပံ့ရမည်။ သူ၏ ကိုယ်ပိုင်နည်းလမ်းများကို သုံးကာ ထောက်ပံ့မှု ပြုနေရမည် ဖြစ်သည်။ သို့သော် ဝမ်လျန်၏ စိတ်အတွင်း ထိုအတွေးများက မြန်ဆန်စွာ ဖြတ်သန်းသွားသည်။ သူက ဟန်အမူအယာကို ပြန်ထိန်းလိုက်သည်။ သူက ထိုသို့ဖြင့် သူဟာ ဓားအိမ်ထဲမှ ဆွဲမထုတ်ရသေးသော ဓားတစ်လက်ကဲ့သို့ ထက်ရှကာ ကြမ်းတမ်းသည့် အရှိန်အဝါများကို ထိန်းချုပ်ကာ ကြောက်ရွံ့၊ လေးစားဖွယ်ကောင်းသည့် ခမ်းနား ကြီးမြတ်မှုနှင့်အတူ တောက်ပမှုကို ထိန်းထားရသည်။
သူက နောက်သို့ တစ်ဖက်လှည့်လိုက်သည်။ ထို့နောက် လက်ကို ရမ်းလိုက်ပြီး ထက်ရှစွာ အမိန့်ပေးလိုက်သည်။
“အားလုံးပဲ ပစ္စည်းတွေကို ချကြတော့”
ထို့နောက် တစ်ခဏတွင် သင်္ဘောကြီးက စတင်ကာ တုန်ခါလာပြီး ဥက္ကာပျံ သတ္တုများပါသော သံမဏိ လှည်းငယ်လေးများက ထိုသံမဏိတံတားမှ တစ်ဆင့် ဆိပ်ကမ်းထံသို့ ဆင်းသက်လာသည်။
အပိုင်း (၈၆၅)
ဝမ်ချောင်၏ မြင်နိုင်ဖွယ် စွမ်းအားက အမှန်တကယ်ပင် မြင်သက်ဖွယ် ကောင်းလေသည်။
ဝမ်လျန်ကလည်း အိမ်တော်ထဲမှ ခြေတစ်လှမ်းပင် မထွက်ဖူးသူ၊ ပြည်ပသို့ မထွက်ခွာခဲ့ဖူးသော ဝမ်ချောင်က မည်သို့သော အနေအထားမျိုးနှင့် သမုဒ္ဒရာပြင် လီသောင်းကျော် အကွာမှ ဥက္ကာပျံ သတ္တုများ ပြည့်နှက်နေလောက်မည့် ကျွန်းများ ရှိကြောင်း သိသည့် အခြေအနေကို နားမလည်နိုင်သေးချေ။ ထိုဖြစ်ရပ်က လျို့ဝှက်ဆန်းကြယ် လွန်းသည်။ ထို့အပြင် မင်သက်ဖွယ် ကောင်းသည်အထိ ဖြစ်နေသည်။
သို့သော် ဝမ်လျန်က သေချာနေသည့် အချက်တစ်ခုကပင် ရှိသေးသည်။
ထိုကျွန်းများတွင် ရှိသော ဥက္ကာပျံ သတ္တုများက အဖိုးတန်လွန်းအားကြီးသည်။ အဖိုးတန်လွန်းသဖြင့် ထိုမျှ များပြားသော ရတနာများကို ချန်ထားရစ်ခဲ့ပြီး ပြန်လည် ထွက်ခွာလာရသည့်အတွက် ဝမ်လျန်၏ နှလုံးသားကပင် နာကျင်ရသည်။ ထိုဥက္ကာပျံ သတ္တုများက လောဘကြီးသော မဟာဂလန်ကြီးများ၏ လုယူခြင်းကို အချိန်မရွေးခံရသေးသည်။
ထို့ကြောင့် ဂရုတစိုက် ဆင်ခြင်ပြီးနောက် ဝမ်လျန်က ခံတပ်၏ ရေလမ်းကြောင်းကို ချိန်ညှိခဲ့ကာ သင်္ဘောတစ်စီး စီတွင် သယ်ဆောင်နိုင်သည့် ပမာဏကို မြှင့်တင်ခဲ့သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ခရီးနှစ်ခေါက် သုံးကာ အပြန်အလှန် သယ်ပို့ရမည့် ပမာဏကို တစ်ခေါက်တည်းဖြင့် သယ်လာနိုင်ခဲ့သည်။
ထို့အတွက်ကြောင့်လည်း ထိုအဖွဲ့က ဗဟိုလ်ပြည်နယ်သို့ ပြန်ရောက်ရန် နှောင့်နေးခဲ့ခြင်း ဖြစ်သည်။
“ဟီး ဟိုး”
သင်္ဘောသားများကလည်း စတင်ကာ အချက်ပြကြသည်။ သိပ်မကြာခင် ကျောက်ရိုင်းတုံးများကို စတင်ကာ ချကြလေသည်။
…..
ဘန်း
ဝမ်လျန်က ဥက္ကာပျံ သတ္တုများနှင့် ရောက်လာသည့် ဟူသော သတင်းက ဝူရှန်း၏ သတင်းပို့ငှက်ဖြင့် သံမဏိမြို့သို့ ရောက်လာသောအခါ သံမဏိမြို့ တစ်ခုလုံးက ဝမ်းသာပျော်ရွှင်သွားကြသည်။ ဝမ်ချောင်၏ အကြံမှာ နောက်ဆုံးအဆင့်က ပြီးမြောက်သွားလေပြီ။ ထိုဥက္ကာပျံ သတ္တုနှင့် ဆိုလျှင် ဝမ်ချောင်က ခိုင်မာလွန်းသော သံချပ်ကာ ဝတ်စုံပေါင်းများစွာကို ထုလုပ်နိုင်ပြီး ဝူရှန်းမြင်းတပ်၏ နောက်ဆုံးသော လိုအပ်ချက်ကို ဖြည့်နိုင်ပေလိမ့်မည်။
“ငါ့ရဲ့ အမိန့်ကို ထုတ်လိုက်။ မြို့တော်က မဟာဂလန်ကြီးတိုင်းကို အတူပူးပေါင်းပြီး အဲ့ဒီ ဥက္ကာပျံ သတ္တုတွေကို သံမဏိမြို့ကို တတ်နိုင်သမျှ အမြန်ဆုံးပို့ဖို့ အကြောင်းကြားလိုက်။ အချိန်က တိုလွန်းတယ်။ ဥက္ကာပျံ သတ္တုတွေကို သွန်းလုပ်တဲ့ ကိစ္စကို မြို့တော်မှာတင် လုပ်ဖို့ မလိုတော့ဘူး။ သံမဏိမြို့မှာတင် လုပ်လို့ရတယ်”
ဝမ်ချောင်က ထိုသတင်းကို ပို့လိုက်ပြီးနောက် သိမ်းငှက်တစ်ကောင်က မြှားတစ်စင်းလို ပြတင်းပေါက်မှ ခုန်ထွက်ကာ မြို့တော်သို့ ဦးတည်သွားသည်။ မြို့တော်နှင့် အတူ အထူးတလည် တည်ဆောက်ထားသော မရေမတွက်နိုင်သည့် များပြားသည့် ရထားလုံးပေါင်းများစွာက ဝူရှန်းသို့ လာသည့် ဘိလပ်မြေ လမ်းပေါ်တွင် ပေါ်လာသည်။ အားလုံးက တောင်တန်းငယ်ပမာဏခန့် ရှိမည့် ဥက္ကာပျံ သတ္တုများကို သယ်ဆောင်ထားလျက် သံမဏိမြို့ထံ နေ့ရောညပါ အပြေးနှင်လာသည်။ မရေမတွက်နိုင်အောင် များပြားသည့် မြင်းတပ် တပ်ဖွဲ့များကလည်း သူတို့ကို လိုက်ပါ ပို့ဆောင်ကြသည်။ ပိုးလမ်းမမှ ဓားပြများ၊ ကြဉ်းတပ်များကပင် သူတို့ကို လုယူရန် မကြိုးစားကြချေ။ ထို့အပြင် သူတို့က ဝိုင်းဝန်းကာ ပူးပေါင်းပြီး သတ္တုများကို လိုက်ပါပို့ဆောင် ကြသေးသည်။
ဝမ်ပေ့၏ သံမဏိမြို့တော်သို့ လာသော ခရီးလမ်းတွင် ဓားပြအဖွဲ့ဝင်ပေါင်း များစွာကို သိမ်းသွင်းနိုင်ခဲ့ခြင်းကပင် လုပ်ဆောင်နိုင်ပြီးသား စွမ်းရည်ကို ထုတ်ပြလိုက်ပြီးသား ဖြစ်သည်။ ဝမ်ချောင်၏ အကြံက နောက်ဆုံးတွင် ပြီးမြောက်သွားလေပြီ။ သံမဏိမြို့တွင် မမြင်ရသည့် စုပ်ဝဲအားကြီးတစ်ခု ပေါ်လာသလို ဖြစ်လာပြီး မရေမတွက်နိုင်အောင် များပြားသည့် အရင်းအမြစ်များ၊ သံမဏိများ၊ စစ်သည်တော်ပေါင်း များစွာကို သုံးစွဲနေသည်။
“ဟီးဟီး ဟိုးဟိုး”
စစ်သည်တော်များ၏ လေ့ကျင့်မှုကလည်း နေ့ရောညပါ ဆက်တိုက် ဖြစ်ပေါ်နေသည်။ စစ်သည်တော်များ၏ အော်ဟစ်သံက ကောင်းကင်သို့ တိုင်အောင် ပျံ့နှံ့သည်။ သံမဏိမြို့ကို အလယ်ဗဟို ပြုလျက် တည်ရှိမှုနှင့် အတူ ချီးချီတွင် စုဝေးရောက်ရှိနေသော မြောက်မြားလှစွာသော စစ်သည်တော် ပမာဏ၊ အနောက်ပိုင်း ဒေသမှ ကြေးစားစစ်သည် ခြောက်သောင်း၊ ကန်းခယ်မှ စစ်သည် ရှစ်ထောင်နှင့် အကြီးအသေး ပါလှတို့မှ သာမာန်စစ်သည် နှစ်သောင်းတို့ ရှိနေကြလေသည်။ မဟာထန်၏ ဘက်မှ ဆိုလျှင် ချီးချီ ကာကွယ်ရေး စစ်တပ်၏ စစ်သည် နှစ်သောင်း ရှိသည်။ လက်နက် အပြည့်အဝ တပ်ဆင်ထားပြီးသား ဝူရှန်း၏ မြင်းတပ် ငါးထောင်လည်း ရှိသည်။ ဝမ်ရန်နှင့် ဝမ်ဖူတို့က ဦးဆောင်ကာ ခေါ်လာသော ခြေလျင်တပ်နှင့် မြင်းတပ် ရောနောနေသည့် တပ်ဖွဲ့ဝင် နှစ်သောင်းလည်း ရှိနေသေးသည်။ ထို့အပြင် အန်းနန် ကာကွယ်ရေး စစ်တပ်မှ ပို့ဆောင်လိုက်သော လက်ရွေးစင် စစ်သည် ရှစ်ထောင်အပြင် တော်ဝင်ခုံရုံးမှ ပို့လွှတ်လိုက်သည့် သာမာန် စစ်သည်အပို တစ်သောင်း ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် သံမဏိမြို့ ဝန်းကျင်တွင် ရှိနေသော စစ်သည် အင်အားစုက တစ်သိန်းလေးသောင်းသုံးထောင် ဖြစ်နေသည်။
ထပ်ပေါင်းဆိုရသော် ဝမ်ချောင်က ခုံရုံးက ချီးမြှင့်ထားသော ရွှေထည်များ၏ တစ်စိတ်တစ်ပိုင်းကို အသုံးပြုလျက် သူ၏ ရိက္ခာယာဉ်ကြောထဲ ထပ်ဖြည့်နိုင်ရန် မြင်းသိုး ပမာဏများစွာ ဝယ်ခဲ့သေးသည်။
ထိုအခြေအနေများအပြင် မြောက်မြားလှစွာသော ရိက္ခာ အပြည့်အဝတင်ထားသော အစားအသောက် လှည်းယာဉ်ကြီးများ၊ လက်နက်တင် ယာဉ်ကြီးများနှင့် သံမဏိ မော်ကျုးများ အားလုံးကိုလည်း သံမဏိမြို့အတွင်း ပုံထားသေးသည်။
သံမဏိမြို့ဟာ အမျိုးမျိုးသော ပစ္စည်းများကို ထုတ်လုပ်နေသည့် စစ်စက်ကြီးလား ဖြစ်လာ၏။ ထိုတစ်ခဏတွင် အဝေးမှ တိဘတ်များကပင် သံမဏိမြို့ ဝန်းကျင်တွင် ရင်ဆိုင်နေသည့် သိပ်သည်းလွန်းသော စစ်အရှိန်အဝါကို ခံစားမိကြသည်။
ကြီးမားသော စစ်ကြီးက ဖြစ်ပျက်တော့လေမည်။
စစ်တပ်၏ ထွက်ခွာရမည့် အချိန်ကလည်း နီးသထက် နီးလာသည်။ ထိုအချိန်တွင် ချီးချီမှ အဝေးသို့ လှည့်ပြီး အန်းရှီ တည့်တည့် ကြည့်လျက် ခုံးတောင်တန်းများကို ကျော်လွန်လိုက်လျှင် ထိုနေရာနှင့် လီ ခုနှစ်ရာ၊ ရှစ်ရာခန့် အကွာမှ တာလှ၏ အဝေးဆုံးသော မြို့တစ်မြို့ကို မြင်နိုင်ပေလိမ့်မည်။ ထိုအခါ ခြေလျင်တပ်နှင့် မြင်းတပ် ပေါင်းဆုံထားသည့် ကျယ်ပြောသော စစ်သည် အင်အားစုကြီး ဝိုင်းထားခံရသည့် ပိုးသားလမ်းမှ ကျော်ကြားသည့် ခံတပ်ကြီးကို မြင်နိုင်မည် ဖြစ်သည်။
ထိုခြေလျင်တပ်နှင့် မြင်းတပ်က အဆုံးအစမဲ့အောင် များပြားသော သံမဏိဓားများနှင့် ပေါင်းစပ်လျက် တာလှကို လေပင် တိုးမပေါက်နိုင်အောင် အထပ်ထပ် ပိတ်ဆို့ထားသည်။
ထို စစ်တပ်က ဆူညံသံ တစ်စပင် မပြုချေ။ သို့သော် သတိမထားမိရန် ခက်ခဲလွန်းသည့် ကြမ်းတမ်းလွန်းသည့် အရှိန်အဝါမျိုးကို လွှင့်ထုတ်နေသည်။
“အရှင် အာရပ်တွေက ဒီနေ့ ခုနှစ်ကြိမ်တောင် တိုက်ခိုက်ပြီးပါပြီ။ အချိန်က နှစ်လတောင် ကြာသွားပြီ။ ဒါပေမယ့် စစ်သည်တော်တွေရဲ့ အရေအတွက်က မလျော့သွား သေးတဲ့အပြင် ပိုတောင် များပြားလာပါတယ်။ ကျွန်တော်တို့ သူတို့အားလုံးကို မသတ်နိုင်ဘူး။ ကျွန်တော်တို့ စစ်သားတွေကလည်း အကြာကြီး မတောင့်ခံနိုင်တော့ဘူး”
ခမ်းနားလှသော တာလှ၏ မြို့ရိုးများက အနောက်ပိုင်း ဒေသတွင် အချိန်ကာလ ကြာရှည်စွာ ကျော်ကြားခဲ့သည်။ သို့သော် ထိုတစ်ခဏတွင်မူ စစ်မီးတောက်အောက်တွင် တောက်လောင်နေသည်။ ထိုအချိန်တွင် ကောင်းရှန်းကျစ်၏ အနားတွင် အရပ်ရှည်ပြီး တောင့်တင်းသန်မာသော ဗိုလ်ချုပ်တစ်ယောက်က ရပ်နေသည်။ သူ၏ မျက်မှောင်က စိုးရိမ်ပူပန်မှုများနှင့် မသက်မသာ ဖြစ်သော ခံစားချက်များ ပေါင်းဆုံကာ ကျုံ့သွားသည်။
“ငါ သိတယ်”
ကောင်းရှန်းစစ်က ခံစားချက်မဲ့စွာ ပြောသည်။ သူက ဆံပင်က လေတွင် လွှင့်နေသည်။ သူ၏ အမူယာကလည်း အဓိပ္ပာယ်ဖွင့်ရန် ခက်ခဲနေလျက် အောက်ဘက်ရှိ အာရပ်စစ်သား ပင်လယ်ကို အေးစက်စွာသာ ကြည့်သည်။ တစ်လနီးပါး ကြာပြီးနောက် ကောင်းရှန်းစစ်၏ မျက်နှာက မည်သူမှ မယုံကြည်နိုင်သော ခက်ခဲကြမ်းတမ်းမှုများကို ကြုံဆုံ ခံစားပြီးလေရာ အနောက်ပိုင်း ဒေသမှာ ချောမောသည့် စစ်ဘုရားဟုပင် မယုံကြည်နိုင်လောက်အောင် ရင့်ကျတ်မာကြောသွားသည်။
မဟာထန် အင်ပါယာ၏ အနောက်မြောက် နယ်စပ်မှ အကျော်ကြားဆုံး မဟာဗိုလ်ချုပ်ကြီး ဖြစ်သလို ဗဟိုပြင်ကျယ်မှ အဆင့်မြင့် သူတော်စင်တိုင်း၏ (9:25 )အထွဋ်အထိပ်များထဲမှ တစ်ယောက် ဖြစ်သည့် ကောင်းရှန်းစစ်က မရေမတွက်နိုင်အောင် ကျွမ်းကျင်သည့် ပညာရှင်ပေါင်းများစွာကို သတ်ခဲ့ဖူးသည်။ ကြမ်းတမ်းသော တိုက်ပွဲကို ရင်ဆိုင်ပြီးနောက် ကောင်းရှန်းစစ်က သူ၏ အဝတ်တွင် သွေးတစ်စက်ပင် မစွန်းထင်အောင် လုပ်နိုင်စွမ်းရည် ရှိခဲ့သူ ဖြစ်သည်။
ဒီလောကတွင် ကောင်းရှန်းစစ်ကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးကို ခြိမ်းခြောက်နိုင်သော သူက လက်တစ်ဖက်ပင် မပြည့်ချေ။
သို့သော် ယခုမူ ကောင်းရှန်းစစ်၏ ဆံပင်နှင့် အဝတ်များက သွေးများ စိုရွှဲနေယုံသာ မကသေးပေပဲ ရင်ဘတ်မှ သံချပ်ကာ အစိတ်အပိုင်းပင် ကွဲထွက်နေသည်။
“တိမ်ဝါးမျိုခြင်းနတ်သံချပ်ကာ” ဟု ခေါ်သည့် သူတော်စင်ဧကရာဇ်က သူ့ကို ချီးမြှင့်ထားသော လက်နက်များ ထိုးဖောက်ရန် ခက်ခဲသည် ဆိုသည့် ထိုသံချပ်ကာကပင် ထက်ရှသော လက်နက်များကြောင့် ကွဲအက်ရာများ ပြည့်နှက်နေသည်။ ကွဲအက်ရာများ အကြားမှ အနီရင့်ရောင် သွေးများကပင် စိမ့်ထွက်နေသေး၏။
ကောင်းရှန်းစစ် ကဲ့သို့သော သူတို့၏ ဗိုလ်ချုပ်ကို ထိုသို့ အနေအထားသို့ ရောက်သွားစေခဲ့လေရာ အန်းရှီ ကာကွယ်ရေး စစ်တပ်က ဒီနှစ်လ အတောအတွင်း ရင်ဆိုင် ကြုံတွေ့ ခဲ့ရသည့် စစ်ပွဲ၏ ရက်စက်ကြမ်းတမ်းမှုနှင့် ရက်စက်မှုကို သိနိုင်လေသည်။
သူ၏ ဆယ်နှစ်တာ စစ်သက်တမ်းကာလနှင့် မရေမတွက်နိုင်အောင် လူများစွာကို လဲဖြိုနိုင်ခဲ့မှု အတွင်းတွင်ပင် ကောင်းရှန်းစစ် အနေဖြင့် ဒီလိုနေရာမျိုး ဖြစ်သည့် ခုံးတောင်တန်း အနောက်ပိုင်း နေရာလောက်က သူ့ဘဝအတွက် အလေးစားရဆုံး ပြိုင်ဘက်မျိုးကို မွေးထုတ်ပေးမည်ဟု မထင်ထားမိချေ။ ထိုလူများက အားပု မူဆလင်များနှင့် အာရပ် စစ်တပ် ဖြစ်နေသည်။
“ဒီနေ့ရဲ့ ဆုံးရှုံးမှုက ဘယ်လောက်လဲ”
ကောင်းရှန်းစစ်၏ လေသံက လေထုကို ကျော်ထွက်သွားသည်။ သို့သော် မည်သူမှ ထိုအတွင်းမှ ခံစားချက်များကို မကြားနိုင်ကြချေ။
“ကျွန်တော်တို့ရဲ့ ပစ္စည်းတွေရဲ့ ပမာဏက ဆုံးရှုံးမှုကို လိုက်လံပြီး မပြင်ဆင်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ လက်နက်ကြီးတွေနဲ မြှားတွေ အားလုံးကလည်း ပြတ်လပ်လုနီးပါး ဖြစ်နေပါပြီ။ ဒါ့အပြင် ဖာဟာနားက လူရှစ်ထောင် ဆုံးရှုံးထားပြီး ကာလုက လူခြောက်ထောင်၊ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင်တပ်ဖွဲ့က လူခြောက်ထောင်တောင် ဆုံးရှုံးထားပါတယ်။ အခု ကျွန်တော်တို့ရဲ့ စစ်သည် ခုနှစ်သောင်း နီးပါးထဲက သုံးသောင်း ဝန်းကျင်တောင် မကျန်တော့ပါဘူး။ ဒါ့အပြင် အများစု ဒဏ်ရာတွေ ရရှိထားကြပါတယ် အရှင်။ ကျွန်တော်တို့ အကြာကြီး မတောင့်ခံ နိုင်လောက်တော့ပါဘူး။ ကျွန်တော်တို့ တပ်ကူတွေ လိုအပ်ပါတယ်”
ဗိုလ်ချုပ်က စိုးရိမ်စိတ်ကြီးစွာ ပြောသည်။
“အန်းရှီက ဘာသတင်းမှ မရဘူးလား”
ကောင်းရှန်းစစ်က တည်ငြိမ်စွာ ပြောသည်။
နွမ်းလျနေသော ဗိုလ်ချုပ်က အံကြိတ်သံဖြင့် ပြောသည်။
“ဒီနှစ်လ အတွင်းမှာ ကျွန်တော်တို့က အန်းရှီကို တပ်ကူ တောင်းခံတဲ့စာတွေ မရေမတွက်နိုင်အောင် ပို့ခဲ့ပြီး နှင်းပုံတိုင်းကိုတောင် ပြာကျ စေနိုင်လောက်ပါသေးတယ်။ ဗိုလ်ချုပ်ဖန်းကလည်း တော်ဝင်ခုံရုံးကနေ တပ်ကူတွေ ဆက်တိုက် တောင်းဆိုနေကြောင်း ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် တပ်ကူတွေက မရောက်လာသေးပါဘူး အရှင်။ အရှင့်ရဲ့ လက်အောက်ငယ်သားက တပ်ကူတွေနဲ့ ပက်သက်ပြီး သတင်းရခြင်း ရှိမရှိ သိရဖို့အတွက် ဗိုလ်ချုပ်ဖန်းဆီ စာဆက်ရေးလိုက်ပါ့မယ်”
“မလိုတော့ဘူး”
ဗိုလ်ချုပ်ကို အံ့အားသင့်စေသည်မှာ ကောင်းရှန်းစစ်က လက်ယမ်းပြီး ငြင်းဆန်လိုက်ခြင်း ဖြစ်သည်။
“အရှင် “
ဗိုလ်ချုပ်ကလည်း မြင်သက် ကြောင်အသွားသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးက တောင့်တင်းသွားသည်။
“ငါ့ရဲ့အမိန့်ကို ထုတ်လိုက်။ အခုကစပြီး တပ်ကူတွေ တောင်းစရာ မလိုတော့ဘူး။ ဘာလို့လဲ ဆိုတော့ ဘယ်စစ်သားမှ မရနိုင်လို့ပဲ”
ကောင်းရှန်စစ်က ထိုသို့ ပြောသည်။
အနားရှိ ဗိုလ်ချုပ်က ဆွံ့အသွားသည်။
ကောင်းရှန်းစစ်က ဆက်မပြောတော့ချေ။ သို့သော် သူ၏ မျက်လုံးထဲတွင် ရှုပ်ထွေးနေသော ခံစားချက်များကို မြင်နိုင်သည်။ သူ၏ မျက်လုံးက ရေပြင်ကို ကျော်ဖြတ်ပြီး မိုးကုပ်စက်ဝိုင်းထံ ရောက်သွားသည်။ ကောင်းရှန်းစစ် ကိုယ်တိုင်ကလည်း သူ အမှားလုပ်မိကြောင်း သိလိုက်သည်။ သူက ဒီပွဲတွင် ရှုံးသွားပြီ ဖြစ်သည်။ အန်းရှီ ကာကွယ်ရေး စစ်တပ်အတွက် မျှော်လင့်ချက် ထားရန်လည်း မဖြစ်နိုင်ချေ။
သူ၏ ယခင်ဗျူဟာကမူ တစ်သုတ်ထဲဖြင့် ရှင်းလင်းပြီး ဒီတိုက်ပွဲကို အနိုင်ရန် ဖြစ်ခဲ့သည်။ ဒါကလည်း သူက ချနေကျ ဗျူဟာ ဖြစ်သည်။ သူက ချီတိုင်းပြည်ကို တိုက်ခိုက်ခြင်း ဖြစ်စေ၊ တာလှကို ဝင်စီးခြင်းပင် ဖြစ်စေ ကောင်းရှန်းစစ် အနေဖြင့် သူ၏ ဗျူဟာက မှားမည်ဟု မထင်ခဲ့ဖူးချေ။ သို့သော် သူ၏ တစ်ခုတည်းသော အမှားက ရန်သူကို အထင်သေးမိခြင်း ဖြစ်သည်။
တောင်တန်း တစ်ခုထဲမှာ ကျားနှစ်ကောင် မရှိနိုင်ဘူး။ ဒီလို ကုန်းမြေကြီးမှာ မဟာထန်လောက် အင်အားကြီးမယ့် ရန်သူ ရှိမယ်လို့ မထင်ခဲ့မိဘူး။
ကောင်းရှန်းစစ်၏ စိတ်က မုန်တိုင်း ထန်နေသည်။ မဟာထန်ဟာ လောကတွင် အင်အား အကြီးဆုံး တိုင်းပြည် ဖြစ်သည်။ ဂိုဂူရော၊ တူရကီ၊ ယွီစန်းနှင့် အနောက်ပိုင်းမှ တိုင်းပြည်များထဲမှ မည်သည့် အင်အားစုကမှ သူတို့ကို မယှဉ်နိုင်ချေ။ ဒါက ကောင်းရှန်းစစ်၏ စိတ်ထဲ အနည်းငယ် နက်ရှိုင်းစွာ စွဲနေသော ကိစ္စ ဖြစ်သည်။ ထိုထင်မြင်ချက်ကလည်း သူက အနောက်ပိုင်း ဒေသတွင် နှစ်ပေါင်းများစွာ စခန်းချကာ အုတ်မြစ်ချထားနိုင်ခဲ့သောကြောင့် ပြောင်းလဲရန် မဖြစ်ခဲ့ချေ။ အင်ပါယာ မဟာ ဗိုလ်ချုပ်တစ်ယောက်လည်း ဖြစ်ပြီး အန်းရှီ ကာကွယ်ရေး ဗိုလ်ချုပ်လည်း ဖြစ်သည့် ကောင်းရှန်းစစ်က အာရပ်များ အကြောင်း စုံစမ်းခဲ့ဖူးသည်။ အာရပ်များဟာ အနောက်ပိုင်းဒေသ၏ ဝေးကွာလွန်းသော တစ်နေရာမှ အင်အားစု တစ်ခု ဖြစ်သည်။ သို့သော် အနောက်ပိုင်း ဒေသမှ အခြားသော တိုင်းပြည်များထက် အင်အား နည်းပါးလွန်းခဲ့သည်ဟု ထင်ခဲ့သည်။ သူကလည်း ထိုသို့သာ စုံစမ်းရရှိမိခဲ့သည်။
ကောင်းရှန်းစစ်ကလည်း အာရပ်များကို အထင်သေးခဲ့ခြင်း မဟုတ်ချေ။ ဒီအတိုင်း ထိုအာရပ် စစ်သည်တော်များနှင့် ရင်ဆိုင်ခဲ့ချိန်က သူတို့က သူတို့၏ အင်အားများကို ရည်ရွယ်ချက် ရှိရှိဖြင့် ဖုံးကွယ်ထားကြောင်းကို အစစ်အမှန် ရင်ဆိုင်ရမှသာ နားလည်ခဲ့ရခြင်း ဖြစ်သည်။
အစပိုင်းတွင် စစ်သည်နှစ်သိန်းက သုံးသိန်းထိ မြင့်တက်သွားသော်(15:37)ပမာဏက မြင့်တက်ပြီး မြင့်တက်လျက် အကန့်အသတ် မရှိတော့သည်အထိ ဖြစ်လာသည်။ ရန်သူများက သူ မျှော်လင့်ထားသည့်ထက် ကြောက်မက်ဖွယ်ကောင်းသည့် အင်အားများလွန်းနေခဲ့သည်။ ဒါက အနောက်ပိုင်း ဒေသမှ အခြားသော တိုင်းပြည်များထက် အင်အားအနည်းငယ် ပိုကြီးယုံဟု ဆို၍ မရတော့ချေ။ ယွီစန်းနှင့် ယှဉ်နိုင်သည့် အင်အားစုမျိုးဟုလည်း မဆိုနိုင်ချေ။ ဒါက မဟာထန် နီးပါး ကြောက်မက်ဖွယ် ကောင်းသည့် အင်းအားစုကြီး ဖြစ်နေသည်။
အန်းရှီ ကာကွယ်ရေး စစ်တပ်ကလည်း ထိုသို့သော စစ်တပ်ကို သူ့တို၏ အင်အားလောက်ဖြင့် မရင်ဆိုင်နိုင်ချေ။
စစ်က နှစ်လတိုင်တိုင် ဖြစ်ခဲ့ပြီးလေပြီ။ အစပိုင်းတွင် ကောင်းရှန်းစစ်ကလည်း သူဟာ သူ၏ ပြောက်မြောက်သော လက်နက်များနှင့် တာလှ၏ ခိုင်မာသော ခုခံစွမ်းအားကို မှီခိုပြီး ထိုအာရပ်များကို ခုံရုံးမှ တပ်ကူ မရောက်ခင်ထိ ထိန်းထားနိုင်မည်ဟု ယုံကြည်ထားသည်။ သို့သော် ယခုမှု ကောင်းရှန်းစစ် အနေဖြင့် ထိုအခြေအနေက မဖြစ်နိုင်ကြောင်း နားလည်လာနေပြီ ဖြစ်သည်။
မဟာထန်တွင် ထောက်ပံ့နိုင်သည့် စစ်သည်များ မရှိချေ။
လုံချီ၊ ပေ့ထင်၊ အန်းနန်၊ အန်းရှီ… အန်းရှီမှ ကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက် အနေနှင့် သူတို့ ရင်ဆိုင်နေရသည့် ရန်သူများ အကြောင်းကို ထိုနေရာ လေးနေရာထက်ပင် ပို၍ပင် နားလည်နေသေးသည်။ အာရပ်များက ကံကောင်းလွန်းအားကြီးသည်။ အကြောင်းမူအား သူတို့တွေရဲ့ ရန်သူအားကြီး မရှိချေ။ ထိုအချိန်တွင် မဟာထန်ကမူ ကံဆိုးလွန်းသည်။ ရန်သူ ပတ်ပတ်လည် ဝိုင်းနေခဲ့သည်။
မဟာထန်က စစ်သည်သိန်းကျော် ပိုင်ဆိုင်ထားလျှင် ရန်သူတိုင်းကလည်း စစ်သည်တော်များကို ဟိုဟိုဒီဒီ ရွေ့ပေးရန် ခက်ခဲလောက်အောင် မအားလပ်အောင် လုပ်ထားလေသည်။
ဖန်းချန်းချင်က တော်ဝင်ခုံရုံးဆီ စာတစ်စောင်ပြီး တစ်စောင် ပို့ပြီး စစ်သည်တော်များကို တတ်နိုင်သမျှ အမြန်ဆုံး ပို့ခိုင်းနိုင်ရန် ညှိနိူင်းပေလိမ့်မည်။ ကောင်းရှန်းစစ်ကလည်း ဒါဟာ မဖြစ်လာနိုင်သည့် ကတိပေးမှုသာ ဖြစ်နိုင်ကြောင်း နားလည်သည်။ အကြောင်းမူကား တော်ဝင်ခုံရုံးတွင် ပို့စရာ စစ်သည်တော် မရှိချေ။
အန်းရှီ ကာကွယ်ရေး စစ်တပ်မှ စစ်သည် သုံးသောင်းနှင့် ဖားဟားနန်နှင့် ကာလုတို့၏ စစ်သည်တော် လေးသောင်း၏ ကံကြမ္မာက တာလှသို့ ဝင်ရောက်ပြီးကတည်းက ဆုံးဖြတ်ခံရနေပြီးသား ဖြစ်နေလေသည်။
WC PD 48 (866-880)