အခန်း (၈၆၆-၈၇၀)
Vol. 48 Ch. 866-870
အခန်း(၈၆၆)
“ဒါပေမဲ့အရှင် ချီရှီရှိသေးတယ်မဟုတ်လား”
ရုတ်တရက် ကောင်းရှန်းကျစ်၏ အော်ဟစ်လိုက်သည့် အသံတစ်သံက ထွက်ပေါ်လာသည်။ ထိုအသံက ရေကန်ထဲသို့ ကျောက်တုံးတစ်တုံး ပြုတ်ကျလာသဖြင့် မရေမတွက်နိုင်အောင် လှိုင်းများ ထလာသလို ထင်ရသည်။ ကောင်းရှန်းကျစ်သည်လည်း အံ့အားသင့်သွားပြီး ခန္ဓာကိုယ်ကပင် ရုတ်ချည်း ယိုင်နဲ့သွား၏။ ထိုအချိန်တွင် သူ၏အပါးတွင်ရှိသော ထိုဗိုလ်ချုပ်က ဆက်လက်ပြောသည်။ သူ၏အသံထဲတွင် မျှော်လင့်ချက်အပြည့်နှင့်ဖြစ်သည်။
“တော်ဝင်ခုံရုံးက အန်းရှီနဲ့ချီရှီက ဆက်လက်ပြီး တည်ရှိသင့်တယ်လို့ အမိန့်ထုတ်ထားပြီးသား။ ဒီလိုနဲ့ တိုက်ခိုက်ရတဲ့အခါ အချင်းချင်း အကူအညီ ပေးနေရမယ်။ ဒါ့အပြင် အန်းရှီက ချီရှီထက် အဆင့်ပိုမြင့်တယ်။ အန်းရှီကသာ အန္တရာယ်ကျနေရင် ချီရှီက သေချာပေါက် အန်းရှီရဲ့နောက်တန်းက အထောက်အပံ့ ဖြစ်လာရမှာပဲ။ သူတို့က အချိန်မရွေး ကျွန်တော်တို့ကို ထောက်ပံ့ဖို့ တပ်ကူတွေ စေလွှတ်ပေးရမှာ။ အခု တော်ဝင်ခုံရုံးကတောင်မှ အနောက်တောင်ပိုင်းက စစ်ပွဲနဲ့တင် ဒီလောက်စစ်သည်တွေ လိုအပ်နေတာ မထောက်ပံ့နိုင်ဘူးဆိုရင်တောင်မှ ချီရှီမှာ စစ်သည်တော်တွေ ရှိနေသေးတယ်မဟုတ်လား”
“တြိဂံပုံမြေကွက်လပ်က တိုက်ပွဲမှာ တုစုန့်မာန်ဖော်ကျဲ့က အကြီးကြီး ရှုံးသွားတယ်။ သာ့ယန်မာန်ပန့်ကလည်း တိုက်ပွဲမှာ အသတ်ခံလိုက်ရတယ်။ ကျွန်တော်တို့က ဒီအကြောင်းအရာကို ကြားထားပြီးသားမဟုတ်လား။ ချီရှီရဲ့လက်နက်တိုက်ကို ခြုံခိုတိုက်ခိုက်ဖို့ ဝင်ရောက်လာခဲ့တဲ့ အကုတုလန်ကိုတောင်မှ ဒီလိုအရှုံးကြီး ရှုံးစေတဲ့လူက ကိုယ်တိုင်ကိုယ်ကျ သတ်ခဲ့တာ။ သူက ဝံပုလွေနက်ရကုကို သတ်လိုက်ပြီး သူ့ရဲ့ လက်ရွေးစင်စစ်သည် ငါးထောင်ကိုလည်း သတ်လိုက်နိုင်ခဲ့တယ်။ ပိုဆိုးတာက သူက အနောက်တောင်ပိုင်းက စစ်ပွဲမှာ အနိုင်ရခဲ့ပြီး မာန်ရှဲ့ယွီစန်းစစ်တပ်ရဲ့ စစ်သည်လေးသိန်းကျော်ကို သတ်ဖြတ်နိုင်ခဲ့တယ်မဟုတ်လား။ သူက မကူညီဘဲ နေပါ့မလား။ သူက တပ်ကူတွေနဲ့အတူ မလာတဲ့အခါ ကျွန်တော်တို့ကသာ တောင့်ခံနိုင်မယ်ဆိုရင် ကျွန်တော်တို့က အခွင့်အရေးရှိပါလိမ့်မယ်”
ထိုဗိုလ်ချုပ်က စိုးရိမ်တကြီးပြောသည်။
အတိတ်တွင်သာဆိုလျှင် သူက ထိုသို့သော စကားလုံးမျိုးကို ဘယ်သောအခါမှ ပြောလိမ့်မည်မဟုတ်ချေ။ သို့သော် အခြေအနေကမူ စိတ်ဓာတ်ကျဖွယ်ရာ ဖြစ်နေသည်။
ကောင်းရှန်းကျစ်က ဘာစကားမှမပြောချေ။ သို့သော် သူ၏မျက်လုံးက ယခင်ကကဲ့သို့ အေးစက်မနေတော့ချေ။ အေးစက်သော ရေကန်ထဲတွင်လည်း အားလှိုင်းများက ပေါ်ထွက်လာလေပြီ။
ဒီကောင်လေးကတော့...
ကောင်းရှန်းကျစ်၏ စိတ်အတွင်း အတွေးများက ဖြတ်ပြေးသွားသည်။ သူကရုတ်တရက် လွန်ခဲ့သော လပေါင်းများစွာအကြာက ကာလကို သတိရသွားသည်။ ဝမ်ချောင်က သူ့အား ချီတိုင်းပြည်ကို မတိုက်ခိုက်ရန် စာပို့ပြီး သတိပေးခဲ့သည်။ ထိုအချိန်က ကောင်းရှန်းကျစ်က ရယ်ခဲ့မိသည်။ ထိုစာက အကြောင်းပြချက် မသင့်သလို အကျိုးအကြောင်းလည်း မသင့်ဟု ယူဆခဲ့သည်။
ယခုမှသာ သူ၏စိတ် ထိပ်ဆုံးပိုင်းအတွင်း ဖိနှိပ်ရန်ခက်ခဲသည့် အတွေးတစ်ခုက ဝင်ရောက်လာသည်။
ဝမ်ကလန်ရဲ့ သူကောင်းမျိုးရိုး ဆက်ခံသူသားက အဲ့ဒီစာပို့ခဲ့တဲ့အချိန်က ဒီလိုအခြေအနေမျိုး ဖြစ်လာနိုင်တာကို ခန့်မှန်းနိုင်ခဲ့ပြီးတာလား။
သို့သော် ကောင်းရှန်းကျစ်က ခေါင်းသာခါလိုက်သည်။ သူ၏အတွေးကိုလည်း ရပ်ရင်း ဘေးဖယ်ထားလိုက်၏။ သူကိုယ်တိုင်ကပင် သူ၏ စစ်သည်သုံးသောင်းကျော်နှင့် တာလာ့တွင် အဝိုင်းခံရရင်းနှင့် အဆုံးသတ်ခံရမည်ဟု မခန့်မှန်းနိုင်ခဲ့ချေ။ ထို့ပြင် သူ၏အခြေအနေက အပြည့်အဝ အရှင်းခံရရန် ဖြစ်နိုင်နေသေးသည်။ သို့သော် (၁၇)နှစ်အရွယ် ကောင်ငယ်လေးတစ်ယောက်က မခန့်မှန်းနိုင်သင့်ချေ။
“ချန်းလီ ဆက်မပြောပါနဲ့တော့”
ကောင်းရှန်းကျစ်က နောက်ဆုံးတွင် ထိုသို့ပြောလိုက်သည်။ ရှင်သန်ရန် အတွေးတိုင်းကို ဘေးဖယ်ထားသော လူတစ်ယောက်လိုမျိုး ခံစားချက်မဲ့ပြီး တည်ငြိမ်သွားလေသည်။
“ဒီနေရာကနေ ချီရှီက ဘယ်လောက်ဝေးလိုက်သလဲ။ ဝမ်ကလန်က အဲ့ဒီကောင်လေးက နတ်ဘုရားလိုမျိုး စွမ်းရည်ရှိနေရင်တောင်မှ သူက ငါတို့ကို ကူညီချင်နေရင်တောင်မှ ... နောက်ကျသွားပြီ။ ငါတို့ အဲ့ဒီလောက်ထိ တောင့်မခံနိုင်တော့ဘူး”
“အရှင်”
ဗိုလ်ချုပ်က မှင်သက်သွားသည်။ သို့သော်သူက ထိုအတိုင်း ထွက်ခွာသွားသည်။
ကောင်းရှန်းကျစ်က လက်ကိုယမ်းလိုက်ပြီး တင်းပြမှုတိုင်းကို ပယ်ချလိုက်သည်။ ဒီတိုက်ပွဲမှတဆင့် သူကိုယ်တိုင်ကလည်း အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့တွင် ရင်ဆိုင်နေရသော ရန်သူဟာ မည်သို့သော အနေအထားမျိုးဖြစ်ကြောင်း အကင်းပါးစွာ နားလည်လာသည်။
အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနှင့် ကောင်းရှန်းကျစ်က တစ်ပွဲပြီးတစ်ပွဲသာ ဆက်တိုက် နိုင်ခဲ့ဖူးသည်။ ထို့အပြင် သူကိုယ်တိုင်ကလည်း မယုံနိုင်စရာကောင်းသည့် ဗျူဟာများနှင့် ဉာဏ်ပညာများကိုသာ မှီခိုအားထားခဲ့ခြင်းမဟုတ်ဘဲ လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည့် စိတ်ဆန္ဒကြောင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ကောင်းရှန်းကျစ်သည် ဘယ်သောအခါကမှ အလွယ်တကူ အရှုံးမပေးတတ်သော ယခုအခြေအနေက ဝန်ခံရန် ငြင်းဆန်ခြင်းဆိုသလောက် မရိုးရှင်းတော့ချေ။ ပြင်းထန်သည့်တိုက်ပွဲကို နှစ်လကြာ တိုက်ခိုက်ခဲ့ပြီးနောက် အန်းရှီကာကွယ်ရေးစစ်တပ်က အဆုံးသတ်သို့ ရောက်ရှိသွားလေပြီး မီးအိမ်ကလည်း ဆီကုန်နေပြီဖြစ်၏။
အန်းရှီကာကွယ်ရေးစစ်တပ်သည် မဟာထန် စစ်သည်တော်များ၏ ခွင်တစ်ခုဖြစ်နေခဲ့ပြီး အကောင်းဆုံးသော လူများကို အန်းရှီသို့သာ ပို့ထားခဲ့ကြ၏။ ထို့ကြောင့် သူတို့က လက်ရွေးစင်များဖြစ်သည်။ အနောက်ပိုင်းနယ်မြေ၏ ရှေ့တန်းတစ်ခုလိုမျိုး ဟိန်းသံတစ်ချက်တည်းဖြင့် ကြောက်ရွံ့ရိုသေစေသည့် အရှိန်အဝါမြင့် ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။ သို့သော် ထိုမျှအရှိန်အဝါကြီးမြတ်သော ခြင်္သေ့များကတင် သူတို့ထက် အရေအတွက် ဆယ်ဆနီးပါးသာသည့် ပြိုင်ဘက်ကို မကိုင်တွယ်နိုင်ချေ။ အမှန်တိုင်းဆိုရသော် အန်းရှီကာကွယ်ရေးစစ်တပ်သည်လည်း နှစ်လလုံးလုံး အာရပ်များ၏ ဒေါသတကြီး လုပ်ကြံသတ်ဖြတ်မှုကို ရင်ဆိုင်ခဲ့ရသည့်တိုင်အောင် သူတို့၏အင်အားကို အပြည့်အဝ သက်သေပြနိုင်ခဲ့သည်။ သူတို့က မဟာထန်ကို အရှက်မရစေခဲ့ချေ။
“ချန်းလီ ကုန်လွန်ခဲ့တဲ့နှစ်တွေ ကြာပြီးတဲ့နောက်မှ တချိန်လုံး ငါမှားခဲ့တဲ့တစ်ချက်ကို သိလိုက်တယ်”
ကောင်းရှန်းကျစ်က ရုတ်တရက်ပြောသည်။
“အနောက်ပိုင်းဒေသတွေမှာ ငါတို့ရဲ့ အကြီးမားဆုံးရန်သူက ယွီစန်းနဲ့ အဲ့ဒီအနောက်ပိုင်းဒေသက မျိုးမစစ် ပြည်နယ်တွေလို့ပဲ ထင်ခဲ့တာ။ သူတို့ကသာ မဟာမိတ်ဖွဲ့လိုက်ရင် မဟာထန်ရဲ့ အနောက်ပိုင်းဒေသမှာ ရာစုနှစ်ကျော် တည်ထောင်ထားခဲ့တဲ့ အုတ်မြစ်ကို ရှင်းလင်းခံရနိုင်တယ်လို့ ထင်ခဲ့တယ်”
လေပြင်းက ဟိန်းဟောက်လျှက် တိုက်ခတ်လာသည်။ သူ၏မျက်ဝန်းက ရှေ့တည့်တည့်သို့သာ ကြည့်နေ၏။ သူ၏အသံကလည်း ဘယ်သောအခါကမှ မကြားရဖူးသော လေသံကဲ့သို့ တည်ငြိမ်နေသည်။ သူသည် ကျော်ကြားမှုနှင့် ကံကောင်းမှုနောက်လိုက်ရန် သူ၏အသက်ကို အချိန်ကာလအကြာကြီး ရင်းနှီးမြုပ်နှံထားခဲ့သည်။ သို့သော် ယခုတခဏလောက် အနောက်ပိုင်းဒေသ၏ အခြေအနေကို ရှင်းရှင်းလင်းလင်း မနားလည်ဖူးချေ။
“ဒါပေမဲ့ ငါတို့အားလုံး မှားခဲ့တယ်။ အနောက်ပိုင်းနယ်မြေတွေမှာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူက အဲ့ဒီ သေးငယ်တဲ့ ပြည်နယ်လေးတွေက ဖွဲ့နိုင်တဲ့ မဟာမိတ်မဟုတ်သလို အနီးအနားက ငါတို့ရဲ့နယ်စပ်ကို ဒုက္ခပေးနေတဲ့ ယွီစန်းလည်းမဟုတ်ဘူး။ အဲ့ဒီရန်သူက ငါတို့အရှေ့မှာ အခုရှိနေတဲ့ အာရပ်တွေပဲ။ သူတို့က တိဗက်တွေထက် အများကြီးအင်အားကြီးတယ်။ အနောက်ပိုင်းဒေသက ဘယ်တိုင်းပြည်ထက်မဆို အင်အားကြီးတယ်။ တူရကီထက်တောင် သာသေးတယ်။ ဒီအာရပ်တွေက ဘယ်တိုင်းပြည်ထက်မဆို ရည်မှန်းချက်ကြီးပြီး ခက်ထန်ကြမ်းတမ်းတယ်။ သူတို့က မဟာထန်ကို ခြိမ်းခြောက်နိုင်တဲ့ အစစ်အမှန် ကပ်ဘေးပဲ”
“ဒီတိုက်ပွဲမှာ ငါတို့အတွက် ဆုတ်လမ်းမရှိတော့ဘူူး။ တော်ဝင်ခုံရုံးက တပ်ကူတွေ မပို့နိုင်ဘူး။ ဒီတော့ ငါတို့ ကိုယ့်ဘာသာကိုပဲ မှီခိုရလိမ့်မယ်။ အန်းရှီက မဟာထန်ရဲ့ အနောက်မြောက်ပိုင်းရဲ့ အကြီးမားဆုံး အကာအကွယ်ကြီးပဲ။ အန်းရှီကသာ ကျသွားရင် အနောက်မြောက်ပိုင်း တစ်ခုလုံးက အာရပ်တွေဆီ ကျသွားလိမ့်မယ်။ ဒီလိုဆိုရင် မဟာထန်က ဒီနယ်မြေအပေါ် ရာစုနှစ်ကျော် ကြိုးစားအားထုတ်ထားသမျှ အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မယ်။ အနောက်ပိုင်းဒေသကိုသာ ဆုံးရှုံးလိုက်ရရင် ချီရှီက ခုခံနိုင်စွမ်း ရှိတော့မှာမဟုတ်ဘူး။ အဆုံးသတ်မှာ လုံရှီကို ခြိမ်းခြောက်လာလိမ့်မယ်။ အဲ့ဒီနောက် တော်ဝင်မြို့တော်ပဲ”
သူ၏ဘေးမှ ဗိုလ်ချုပ်က အလွန်အမင်း အံ့ဩနေသည်။ သူ၏မျက်လုံးတွင် ကြောက်လန့်မှုနှင့် စိုးရိမ်ထိတ်လန့်မှုများ ပေါ်လာသည်။ ဒီတိုက်ပွဲတွင် သူတချိန်လုံး အာရုံစိုက်ထားသမျှက အရှေ့မှ အာရပ်စစ်သား ပင်လယ်ကြီးဖြစ်သည်။ သို့သော် သူက တိုက်ပွဲပြီးနောက် ကိစ္စကို မတွေးခဲ့ဖူးချေ။ သူက အန္တရာယ်ကြီးကို ခံစားမိသည့်တိုင်အောင် ဒီတိုက်ပွဲက နယ်စပ်မှ တိုက်ပွဲဟုသာ သတ်မှတ်ခဲ့ဖူး၏။ သို့သော် အန်းရှီနဲ့ မဟာထန်ကိုပဲ သက်ရောက်စေမည်ဟု ထပ်မတွေးရဲချေ။
တော်ဝင်မြို့တော်လား။
သက်ရောက်မှုက ထိုမျှအထိ ကြီးမားလိမ့်မည်ဟုပင် မမျှော်လင့်ရဲချေ။
အာရပ်တွေကသာ အန်းရှီကို သိမ်းပိုက်ပြီး ချီရှီကနေ လုံရှီတောက်လျှောက် ချိုးဖောက်ဝင်ရောက်လို့ မဟာမြို့တော်ကို ဝင်ရောက်လာခဲ့ရင်... သူတို့တွေက မဟာထန်ကို ကပ်ဘေးစိုက်စေတဲ့ အပြစ်သားတွေ ဖြစ်ကုန်တော့မှာပေါ့။
“ငါ့ရဲ့အမိန့်ကိုထုတ်လိုက် အခုကစပြီး ခုနှစ်ရက်ကြာတဲ့နေ့မှာ ဒီအာရပ်တွေနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်။ ငါ့မှာလည်း နောင်တရစရာမရှိဘူး။ ငါတို့သေရင်တောင်မှ မဟာထန်ရဲ့ ခမ်းနားမြင့်မြတ်မှုကို သူတို့ကို ခံစားခိုင်းလိုက်မယ်”
ကောင်းရှန်းကျစ်က ထိုသို့ တင်းမာစွာပြောသည်။
“ဒီဗိုလ်ချုပ်က နားလည်ပါပြီ...”
အနောက်ပိုင်းနယ်မြေများ... အန်းရှီကာကွယ်ရေးစစ်တပ်
“အရှင် ကျွန်တော်တို့ အားလုံးကို စစ်ဆေးပြီးပါပြီ။ နေ့လည်ခင်းကို ကျော်သွားပြီ။ ဒါပေမဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဆီက စာမရောက်လာသေးပါဘူး”
ကျယ်ပြောသော ကာကွယ်ရေးခန်းမအတွင်းရှိ အန်းရှီကာကွယ်ရေးစစ်တပ်၏ စစ်သည်တော် တစ်ယောက်က ဒူးတစ်ဖက်ထောက်ချလျှက် ခေါင်းငုံ့ကာ တရိုတသေ တင်ပြသည်။
“ဘာ”
ဖန်းချန်းချင်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ထိုင်ခုံပေါ်မှ ထရပ်လိုက်သည်။ သူ၏မျက်နှာတွင် အလွန်အမင်း ပြင်းထန်သည့် မသက်မသာဖြစ်မှုက ထင်ရှားနေသည်။
“မဖြစ်သင့်ဘူး။ မဖြစ်လောက်ပါဘူး”
“အရှင် တိုက်ပွဲက အရမ်းပြင်းထန်လွန်းလို့ သတင်းပို့က နှောင့်နှေးနေတာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ စာမရသေးတာဖြစ်လောက်တယ်”
စစ်သားက သတိအပြည့်ဖြင့် လျှောက်တင်သည်။
“မဟုတ်ဘူး အဲ့ဒီလိုမဖြစ်နိုင်ဘူး။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ အမိန့်က တောင်တန်းတွေလို ခိုင်မာတယ်။ သူက နေ့တိုင်းလိုလို တချိန်ထဲမှာပဲ စားသောက်တတ်တာ။ တပ်ကူတောင်းဆိုတာက ဘယ်လောက်အရေးကြီးတဲ့ ကိစ္စလဲ။ ဒီလိုပြဿနာဖြစ်ဖို့ မဖြစ်သင့်ဘူး”
ဖန်းချန်းချင်က အမည်းရောင်ကို ဝတ်ထားသည်။ သူ၏အမူအရာက နွမ်းလျဟန်ပြနေသည်။ သူ၏မျက်လုံးများက သွေးနီရောင် ရဲတောက်နေ၏။ ဖန်းချန်းချင်ကလည်း ကောင်းရှန်းကျစ်ဟာ တာလာ့တွင် အဝိုင်းခံလိုက်ရသော သတင်းကြားသောအခါ စတင်ကာ အအိပ်အစား နည်းလာသည်။ ထိုသို့ အအိပ်အစား နည်းသောအခါ သူ၏စိတ်က မအေးနိုင်တော့ဘဲ ပို၍ပင် နွမ်းနယ်လာ၏။ သူကပင် အလေးချိန်အများကြီး ကျသွား၏။ ထို့ကြောင့် အခြေအနေက ပြင်းထန်ကြောင်း သိရလေလေ သူက တပ်ကူများတောင်းခံရန် တော်ဝင်ခုံရုံးသို့ အသနားခံစာများ ပို့လေလေဖြစ်သည်။ သို့တိုင်အောင် ရက်ပေါင်းများစွာ ကြာသွားသည်အထိ တပ်ကူမရောက်သေးချေ။ ထို့ကြောင့် သူကိုယ်တိုင်ကလည်း မျက်လုံးမမှိတ်နိုင်ခဲ့ချေ။
တိုတောင်းသော နှစ်လတာ ကာလအတောအတွင်း ဖန်းချန်းချင်က ဆံပင်များပင် ပိုဖြူလာပြီး အရေးအကြောင်းများပင် များလာသည်။ သူ၏ရုပ်ရည်မှတဆင့် သူဟာ အသက်သုံးဆယ်မဟုတ်ဘဲ အသက်ငါးဆယ် ခြောက်ဆယ်ဟုပင် ထင်ရလာသည်။
သူက ထိုသို့ နွမ်းလျပုံပေါ်နေသော်လည်း သူ၏မျက်ဝန်းထဲတွင် နွမ်းနယ်မှုများ ရှိမနေချေ။ သူ၏စိတ်အတွင်းတွင် မသက်မသာဖြစ်လွန်းသည့် ခံစားချက်တစ်ရပ်သာ ရှိနေသည်။
ဒီရက်များအတောအတွင်း ဖန်းချန်းချင်အနေဖြင့် တာလာ့ရှိ အန်းရှီကာကွယ်ရေး စစ်တပ်ထံမှ စာကို စောင့်ယူရင်းနှင့်သာ ကိုယ့်ကိုယ်ကို နှစ်သိမ့်နေရ၏။ စာများက တစ်ရက်မှ မပျက်ကွက်ခဲ့ချေ။ ထိုစာရောက်လာသည်နှင့်အမျှ ဖန်းချန်းချင်အနေဖြင့် တာလာ့က ထန်လက်ထဲတွင် ရှိနေကြောင်း သိနိုင်ပေမည်။ ကာကွယ်ရေးဗိုလ်ချုပ်က လုံခြုံနေပေလိမ့်မည်။ သို့သော် ဒီနေ့တွင် ထိုစာက ရောက်မလာခဲ့ချေ။ နှစ်လလုံးလုံး မပျက်မကွက် ရောက်လာသည့် ထိုစာက ရုတ်တရက် ရပ်တန့်သွား၏။
ဖန်းချန်းချင်ကိုယ်တိုင်ကလည်း အလွန်အမင်း ဆိုးရွားသည့် မကောင်းသော ခံစားချက်ကို ရနေသည်။ ကောင်းရှန်းကျစ်ကို နှစ်ပေါင်းများစွာ ခစားလာပြီးနောက် သူကိုယ်တိုင်ကလည်း သူ၏ဗိုလ်ချုပ်ကြီး၏ အကျင့်စရိုက်ကို သူ၏လက်ခုံလို နားလည်နေပြီးသားဖြစ်သည်။ သူ၏ဗိုလ်ချုပ်ကြီးဟာ ဘယ်သောအခါကမှ အလေ့အကျင့် မပြောင်းတတ်ချေ။ ထိုသို့ပြောင်းခဲ့လျှင်မူ အလွန်အမင်း အရေးကြီးသော ဆုံးဖြတ်ချက်ကို ချလိုက်သောကြောင့်သာ ဖြစ်ရပေမည်။
အရှင် အရှင် မဟုတ် မဟုတ်လောက်ပါဘူး...
ဖန်းချန်းချင်က တစ်စုံတစ်ရာကို တွေးမိသွားပြီး သူ၏နှလုံးသားအတွင်း ဝမ်းနည်းမှုများက ပြည့်နှက်လာသည်။ သူ၏မျက်နှာမှပင် မျက်ရည်များ စီးကျလာသည်။
မဟုတ်ဘူး ငါစိတ်အေးအေးထားရမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို သေခွင့်မပြုဘူး။
ဖန်းချန်းချင်က ရှေ့သို့လှမ်းတက်လိုက်ပြီး ဒူးထောက်နေသည့် အန်းရှီကာကွယ်ရေးစစ်သားကို ဘေးသို့ တွန်းဖယ်လိုက်ကာ အခန်းအပြင်သို့ ပြေးထွက်သွားသည်။ သူ၏ဆံပင်က ပြေလျော့နေပြီး ပုံစံက ဖရိုဖရဲဖြစ်နေသည်။ သူက ရူးနေပြီဟုပင် ထင်ရသည်။
ချီရှီ
ချီရှီက သူ့အရှင်ကို ကယ်နိုင်လောက်တယ်။ နောက်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်က စစ်သည် သုံးသောင်းကို ကယ်နိုင်မှာပါ။
.....
“သတိပေးချက်တာဝန် ‘ကံကြမ္မာရွေးချယ်မှု’က အပြောင်းအလဲ ဖြစ်လာပြီ။ အရံတာဝန် ‘မဟာဗိုလ်ချုပ်တစ်ယောက်ရဲ့ ကျရှုံးမှု’ ”
“စစ်ပွဲတိုင်းက ကြီးလေးတဲ့ စတေးမှု ကပ်ပါတတ်တယ်။ မဟာဗိုလ်ချုပ်ကြီးတွေက အင်ပါယာတစ်ခုလုံးကို ယိမ်းယိုင်သွားစေနိုင်တယ်။ သူတို့က အင်ပါယာတစ်ခုလုံးရဲ့ လိုက်ကာကို အပြီးအပိုင်ကျသွားစေတဲ့အထိ သက်ရောက်မှုရှိစေနိုင်တယ်။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်က တာလာ့ရဲ့ စစ်ပွဲမှာ ပြိုလဲလုနီးပါး ဖြစ်နေပြီ။ အသုံးပြုသူအနေနဲ့ ကောင်းရှန်းကျစ်ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ခုနှစ်ရက်သာ အချိန်ရမယ်။ ဒီတာဝန်ကို အောင်မြင်ရင် ကံကြမ္မာစွမ်းအင်အမှတ် ခြောက်ထောင်ရမယ်။ ရှုံးနိမ့်သွားခဲ့ရင်တော့ ကံကြမ္မာစွမ်းအင်အမှတ် တစ်သောင်းရှစ်ထောင်ကို ပေးဆောင်ရမယ်”
“သတိပေးချက် တာလာ့ရဲ့စစ်ပွဲ ကံကြမ္မာရွေးချယ်မှု အသုံးပြုသူရဲ့တာဝန်က ရှုံးနိမ့်ဖို့ နီးစပ်နေပြီ”
“သတိပေးချက် တာလာ့ကျရှုံးသွားတာနဲ့ အသုံးပြုသူကလည်း အပြီးတိုင် ဖယ်ရှားခံရမယ်”
ဝူရှန်းရှိ သံမဏိမြို့အတွင်းတွင် ဝမ်ချောင်က ခန်းမအတွင်းတွင်ထိုင်လျှက် ပုံစံငယ်ကို လေ့လာနေချိန်တွင် သူ၏စိတ်အတွင်း အမျိုးမျိုးသော သတင်းများ ရောက်လာသည်။ သူ၏မြင်ကွင်းအတွင်းတွင် သွေးအလင်းများ ပြည့်သွားသည်။ သိပ်သည်းလွန်းသဖြင့် သူကပင် အသက်ရှုကြပ်လာ၏။ ဝမ်ချောင်၏လက်က တောင့်တင်းသွားပြီး ကျောက်တုံးဖြစ်သွားပြီဟုပင် ခံစားရသည်။ သူက လက်ထဲမှ သေးငယ်သော အလံနီလေးကို ခပ်တင်းတင်း ဆုပ်ကိုင်ထားလိုက်၏။
မဟာဗိုလ်ချုပ်ကြီးရဲ့ ကျရှုံးမှု ကောင်းရှန်းကျစ်...
ဝမ်ချောင်၏မျက်နှာက ပျက်သွားသည်။ သူက ထိုသတင်းများကို မနည်းမြိုချနေရ၏။ ကောင်းရှန်းကျစ်သည် အန်းရှီကာကွယ်ရေးဌာနချုပ်မှ စစ်သေနာပတိချုပ်ဖြစ်သည်။ ကံကြမ္မာကျောက်တုံးက သူ့ကို ထိုတာဝန်ပေးလာခြင်းဟာလည်း အခြေအနေ၏ အလွန်အမင်း လေးနက်မှုကို ဖော်ပြနေသည်။
“ချောင်အာ ဘာဖြစ်တာလဲ”
သူ၏အနားမှ ရင်းနှီးသောအသံ ထွက်လာသည်။ အသံက လေးနက်ပြီး တည်ကြည်သည်။
ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ သူ၏အဖေ အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့က သူ့ကိုအံ့အားတကြီး ကြည့်နေကြောင်း တွေးလိုက်ရသည်။
“ဘာမှမဟုတ်ပါဘူး”
ဝမ်ချောင်က ခေါင်းခါသည်။ သူက အဖေနှင့် အစ်ကိုကို ကြည့်လိုက်သောအခါ နွေးထွေးသောခံစားချက်ကို ရလိုက်၏။ တာလာ့၏ တိုက်ပွဲအတွက် သူ၏အဖေ အစ်ကိုကြီးနှင့် အစ်ကိုနှစ်တို့အားလုံးက သူ၏အနားတွင် ရှိနေကြသည်။ သူတို့လေးယောက်လုံးက မဟာထန်အတွက် တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြ၏။ သူ၏ယခင်ဘဝတွင် ဝမ်ချောင်အနေဖြင့် ထိုဖြစ်နိုင်ချေကို အိမ်မက်ပင် မမက်ရဲခဲ့ချေ။ သို့သော် ယခုမူ အရာအားလုံးက အမှန်တရားဖြစ်လာသလို သူက မျက်မြင်ကြုံတွေ့နေရသည်။
အခန်း(၈၆၇)
တာလာ့စစ်တပ်က ထွက်ခွာပြီ
“ကျွန်တော်တို့ ဆွေးနွေးဖို့လိုအပ်တဲ့ အရာအားလုံးကို ဆွေးနွေးပြီးသွားပြီ။ အဖေ၊ အစ်ကိုကြီး ကျွန်တော်တို့ အမိန့်အတိုင်း လုပ်ကြရအောင်”
“အွန်း”
ဝမ်ရန်က ချက်ချင်းဆိုသလို ခေါင်းညိမ့်သည်။
“စစ်ပွဲမှာ အရေးအကြီးဆုံးက အချိန်ပဲ။ တာလာ့ရဲ့ကိစ္စကို အချိန်အကြာကြီး ဆွဲလို့မရဘူး။ အရာအားလုံး အဆင်သင့်ဖြစ်နေပြီဆိုကတည်းက ငါတို့ထွက်ခွာဖို့ ကိစ္စတွေကို ကိုင်တွယ်လိုက်တော့”
“ဟုတ်ကဲ့အဖေ”
ဝမ်ဖူက အမိန့်ကိုလုပ်ဆောင်ရန် ခပ်မြန်မြန် ထွက်သွားသည်။
“ချောင်အာ မင်းက ဒီစီမံကိန်းရဲ့ အမိန့်ပေးသူလုပ်ပါ။ ငါရယ် မင်းရဲ့အစ်ကိုကြီးရယ်၊ မင်းရဲ့အစ်ကိုနှစ်ရယ်က မင်းနဲ့ပူူးပေါင်းဆောင်ရွက်ပြီး လုပ်ဆောင်ပေးမယ်။ ဘာကိုမှ တုန့်ဆိုင်းနေစရာမလိုဘူး။ စစ်တပ်ရေးရာ ကိစ္စတွေက တိုင်းပြည်တစ်ခုလုံးအတွက် သေစေနိုင်တဲ့ အသက်သွေးကြောပဲ။ ဒါကြောင့် ပေါ့သေးသေး သဘောထားလို့မရဘူး။ အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ စစ်သည်သုံးသောင်းနဲ့ အနောက်ပိုင်းဒေသ တစ်ခုလုံးရဲ့ တည်ဆောက်မှုကြီးက ဒီစီမံကိန်းနဲ့ ပါဝင်ပတ်သတ်နေတယ်။ ဒီတော့ ငါတို့က နည်းနည်းတောင်မှ သတိပေါ့လျော့လို့မရဘူး။ ငါတို့ မထွက်ခွာခင် နောက်ဆုံးတစ်ကြိမ် ထပ်ပြီးပြင်ဆင်ထားသင့်တယ်”
“ဟုတ်ကဲ့ပါအဖေ”
ဝမ်ချောင်ကလည်း ခေါင်းညိမ့်သည်။ ယခုလို ခေါင်းဆောင်နေရာကို တာဝန်ယူရန်အတွက် အခမ်းအနား ပွဲကြီးများကို ကျင်းပရန်မလိုအပ်ချေ။ သူက ဂရုတစိုက်သာ ရှင်းပြပေးလိုက်၏။ တိုက်ပွဲနယ်မြေတွင် အဖေနှင့်သားဟူ၍ မရှိချေ။ ဒီတိုက်ပွဲက နောက်နှစ်ထောင်ကျော် တည်တံ့မည့် ဗဟိုပြင်ကျယ်ကြီး တစ်ခုလုံးနှင့် သက်ဆိုင်နေသလို စစ်သည်သောင်းကျော်၏ ကံကြမ္မာနှင့်လည်း ပတ်သတ်နေ၏။ အင်ပါယာကြီးက အတွင်းပိုင်း ကစဉ့်ကလျားဖြစ်ပြီး ကျရှုံးသွားနိုင်ခြင်းဖြစ်စေ၊ မဟာထန်ကြီးနှင့် ဟန်မျိုးနွယ်က ကုန်းမြေအင်အားကြီးမားဆုံး လူမျိုးစုအဖြစ် မြင့်မားစွာ ရပ်တည်နေနိုင်သော အကျိုးအမြတ်များကို ခံစားနိုင်ခြင်းဆိုသည့် အခြေအနေအားလုံးက ဒီတိုက်ပွဲနှင့် ပတ်သတ်နေသည်။
.....
တခဏခန့်ကြာပြီးနောက် နောက်ဆုံး ပြန်လည်စေ့စပ် ညှိနှိုင်းမှု ပြီးဆုံးသွားသည့်အခါ ဝမ်ချောင်က ခန်းမထဲမှ လျှောက်ထွက်လိုက်သည်။ လေပြင်းက သူ့ဆံပင်ကို ဖြတ်တိုက်သွားသည်။ သူက အများကြီး တည်ငြိမ်သွား၏။
မဟာဗိုလ်ချုပ်ကြီးရဲ့ ကျရှုံးမှု အဆုံးသတ်ဖို့ ခုနှစ်ရက် အချိန်ရှိသေးတယ်။ ဆိုလိုတာက တာလာ့က ခုနှစ်ရက်နေမှကျမှာ။ ခုနှစ်ရက် လုံလောက်တယ်။
ဝမ်ချောင်၏ မျက်ဝန်းအတွင်း ထက်ရှသောအလင်းက လက်လာသည်။ သူက တံခါးတည့်တည့်တွင်ရပ်၏။ ထို့နောက် စတင်ကာ လှုပ်ရှားသည်။
“ဗုံကိုတီးလိုက်တော့”
ဗုံသံက သံမဏိမြို့တခွင် မိုးခြိမ်းသံလို ဟိန်းထွက်သွားသည်။ ထို့နောက် မြေသားက တုန်ခါလာပြီး ပွက်ပွက်ဆူသံ ထွက်လာပြီး ကြီးမားသော သားရဲကြီးတစ်ကောင် စတင်နိုးထလာသလို ဖြစ်လာသည်။ အမျိုးမျိုးသော ပုံစံမျိုးနှင့် မရေမတွက်နိုင်သည့် စစ်သည်တော်ပေါင်း များစွာက သံမဏိမြို့ကြီး အတွင်းသို့ ဝင်ရောက်လာကြသည်။ ချီရှီကာကွယ်ရေးစစ်တပ်၊ ခြေလျှင်တပ်နှင်ြ့မင်းတပ် ပေါင်းစုတပ်၊ အန်းနန်ကာကွယ်ရေးစစ်တပ်၊ ဝူရှန်းမြင်းတပ်၊ လက်နက်ကြီးအဖွဲ့၊ ကန်းခယ်ကြေးစားစစ်သားများ၊ အနောက်ပိုင်းပြည်နယ်မှ ကြေးစားစစ်သားများ၊ အကြီးအသေး ပါလာ့မှ သာမာန်စစ်သားများ... စစ်သည် တစ်သိန်းကျော်သော စစ်တပ်ကြီးက ထိုနေရာတွင် စုဝေးရောက်ရှိနေသည်။ ထို့ကြောင့် ခမ်းနားသော မြင်ကွင်းကြီးဖြစ်လာသည်။
စစ်သားများ၏ အနီးတွင် သံမဏိ၊ ရိက္ခာနှင့် လက်မှုပညာရှင်များအပြည့် ရှိနေသော ရထားလုံးကြီးများ စီတန်းနေသည့် ကုန်သည်လှည်းတန်းကြီးရှိသည်။ ထိုအရာများကိုလည်း အမျိုးမျိုးသော အဖွဲ့များမှ ထောက်ပံ့ပေးထားသေးသည်။ အမျိုးမျိုးသော အဖွဲ့များမှ လွှတ်လိုက်သည့် သိုးကျောင်းသားများလည်းပါသည်။
စစ်ပွဲရဲ့ရနံ့က မြေကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံနေပြီ။
ဝမ်ချောင်က သံမဏိမြို့ပေါ်သို့တက်ပြီး မရေမတွက်နိုင်တဲ့ စစ်သားသား၏အရှေ့တွင် ပေါ်လာချိန်တွင် တစ်လောကလုံးက တိတ်ဆိတ်နေသည်။ နေရောင်ကပင် ဝမ်ချောင်ကို သေးငယ်သွားစေ၏။ သူ၏ အနက်ရောင်အရိပ်က ကောင်းကင်နှင့်မြေပြင် နှစ်ခုကြားကို ဆက်ပေးထားသော အတောက်ပဆုံး ပုံရိပ်ကြီးဟု ထင်ရသည်။
“ငါမင်းတို့အားလုံးကို ဒီနေရာမှာ စုစည်းထားတဲ့ ရည်ရွယ်ချက်ကို ထပ်ပြောဖို့ မလိုအပ်ဘူးလို့ ယုံကြည်တယ်။ ဒါပေမဲ့ငါက ဒီအခွင့်အရေးကိုသုံးပြီး လူတိုင်းကို မကောင်းတဲ့ဆန္ဒတွေနဲ့ မဟာထန်ရဲ့ ရန်သူမလုပ်ဖို့ သတိထပ်ပေးချင်တယ်။ မဟာထန်ကို ရန်စတဲ့လူတွေကတော့ အပြစ်ပေးခံရမယ်။ အဲ့ဒီကောင်တွေ ဘယ်လောက်ဝေးနေဝေးနေ သေချာပေါက် အပြစ်ပေးခံရမှာပဲ”
ချွင်
ကြည်လင်ပြတ်သားသော ကျုံးဝါးမှုအပြည့်နှင့် ဝမ်ချောင်က သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်ပြီး အနောက်ဘက်သို့ချိန်သည်။
“ထွက်ခွာမယ်”
ဝေါင်း
စစ်တပ်က စတင်ကျုံးဝါးလျှက် ထွက်ခွာချိန်တွင် ကောင်းကင်ကြီးက တုန်ဟီးသွားသည်။ ဟန်နှင့် မျိုးနွယ်ခြားများ ရောနှောနေသော စစ်တပ်က ဝူရှန်း၏ သံမဏိမြို့မှ ထွက်ခွာပုံဟာ မြစ်ရေကြီးလာသလို ထင်ရသည်။ ထိုသို့ဖြင့် ဘိလပ်မြေခင်းထားသော လမ်းမှတဆင့် စတင်ပြီး ဝေးကွာလွန်းလှသော တာလာ့ထံ ထွက်ခွာလေရာ ကြီးမြတ်သော အရှိန်အဝါအပြည့်နှင့် အနောက်ပိုင်းဒေသ တစ်ခုလုံးကို အလန့်တကြား ဖြစ်သွားစေသည်။
မဟာထန်ရဲ့ အနောက်ဘက်ကို ခြေဆန့်မဲ့ အကြီးမားဆုံး ခြေလှမ်းကြီးကစတင်ပြီ။
.......
“ဟန်ရှန်း ငါချီရှီကို မင်းနဲ့ပဲ လွှဲထားခဲ့တော့မယ်”
ဝမ်ချောင်က မြို့ရိုးပေါ်ရှိ ကြီးမားသော မျှော်စင်ကြီးပေါ်တွင်ရပ်ကာ လက်ကိုကျောနောက်ပစ်လျှက် မိုးကုတ်စက်ဝိုင်းတည့်တည့်သို့ ထွက်ခွာသွားသော စစ်တပ်ကို စောင့်ကြည့်နေသည်။
သူ၏ဝန်းကျင်တွင် တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။ ထိုစကားလုံးများကို ပြန်ဖြေသံလည်း ထွက်မလာချေ။ ဝမ်ချောင်က တစ်ယောက်တည်း ပြောနေသည်ဟု ထင်လောက်တော့မည့် အချိန်တွင် အေးစက်ကာ ခံစားချက်မဲ့သော အချက်ပေးသံက ထွက်လာသည်။ သို့သော် တဖန်ထပ်ပြီး တိတ်သွားပြန်သည်။
ဝမ်ချောင်က ထိုအေးစက်သောအသံကို ကြားသောအခါ စိတ်ထဲတွင်ရယ်လိုက်သည်။
သူက တူညီတဲ့ စုဟန်ချန်းဖြစ်နေတုန်းပဲ။
ထွက်ခွာသွားသော သုံးရက်တာ ကာလအတွင်း မျက်ဝန်းသစ်များဖြင့် ကြည့်နိုင်မည်ဟု ထင်ခဲ့သည်။ သို့သော် စုဟန်ချန်းက သူတို့စတင်တွေ့ဆုံချိန်ကအတိုင်း အစစ်အမှန် သိုင်းနယ်မြေအဆင့်သာ ရှိနေမည်ဟု လူတိုင်းက မျှော်လင့်ထားလောက်သည်။ သို့သော် သူကမူ အင်ပါယာ သိုင်းနယ်မြေအဆင့်သို့ ချိုးဖျက်တက်ရောက်သွား၏။ ဆုလဒ်အနေဖြင့် ငါးနှစ်ခြောက်နှစ် အချိန်ပေးလျှင်ပင် မဖြစ်နိုင်သော အတိုင်းအတာတစ်ခုကို ရရှိခဲ့လေသည်။ ကုလွန်ခဲ့သော နှစ်အတွင်း သူ့တွင် ဖြစ်ပွားခဲ့သော အဖြစ်အပျက်များအကြောင်း သို့မဟုတ် သူက ထိုကျင့်ကြံခြင်းအဆင့်ရောက်အောင် မည်သို့ လုပ်ခဲ့ကြောင်းကို မည်သူကမှ မသိနိုင်ချေ။
သို့သော် ဝမ်ချောင်ကမူ အခြားတစ်ယောက်ယောက်တွင်သာ ထိုသို့ဖြစ်လာခဲ့လျှင် အံ့ဩမိလောက်သော်လည်း စုဟန်ချန်းအတွက်ကမူ သာမာန်ဟုသာထင်၏။ ယခင်ဘဝတွင်လည်း စုဟန်ချန်းရှိခဲ့သည်။ သူက မဟာဗိုလ်ချုပ်ကြီးတစ်ယောက်ဖြစ်ရန် အရည်အသွေး ပြည့်မှီမှုနှင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးအဆင့်သို့ပင် ရောက်ရှိခဲ့သေးလေရာ ထိုသု့ိ ခပ်မြန်မြန် တိုးတက်လာနိုင်သည့်အပေါ် ဝမ်ချောင်က အနည်းငယ်သာ အံ့ဩမိလေသည်။
စုဟန်ချန်း၏ အင်အားက ဝမ်ချောင်မှတ်မိသော အဆင့်သို့ မရောက်သေးချေ။ သို့သော် သူ၏ ဉာဏ်ရည်နှင့် ဗျူဟာကို မြင်နိုင်စွမ်းအားက မေးခွန်းထုတ်ရန် မလိုတော့ချေ။ ပို၍ဆိုးသည်မှာ ပေ့ထင်တွင် နှစ်ဝက်ခန့် လေ့ကျင့်ခဲ့ပြီးနောက် စုဟန်ချန်းက ပို၍ပိန်သွားပြီး ထက်မြတ်လာသည်။ သူက မထုတ်ထားသည့် ဓားတစ်လက်ကဲ့သို့ ဖြစ်လာ၏။ သူက ပို၍ပင် အရှိန်အဝါ ကြီးမြတ်လာသောကြောင့် ဝမ်ချောင်က သူ့ကို အကူအညီတောင်းရန် ခေါ်လိုက်ခြင်းဖြစ်သည်။
“တာလာ့ကစစ်ပွဲက အရမ်းအရေးကြီးတဲ့ ကိစ္စကြီးပဲ။ ငါသွားတာနဲ့ ချီရှီက လူလွတ်သွားလိမ့်မယ်။ ဒီတော့ ယွီစန်းနဲ့ အနောက်ပိုင်းတူရကီတွေ တစ်ခုခုတော့ လာလုပ်မှာပဲ။ ငါက ဟူစစ်သည် ရှစ်ထောင်နဲ့ ဟန်စစ်သားတစ်ထောင်ကို မင်းအတွက် ချန်ထားခဲ့မယ်။ ဒါပေမဲ့ ဓားမြရှစ်ထောင် ပမာဏကလည်း ရှိနေဦးမှာပဲ။ ဒါက မင်းကိုပေးနိုင်တဲ့ အတက်နိုင်ဆုံး အကူအညီပဲ။ ဘာတွေပဲ ဖြစ်လာဖြစ်လာ မင်းသေချာပေါက် ထိန်းထားနိုင်ရမယ်။ ချီရှီက လုံရှီကိုသွားတဲ့ဂိတ်ပေါက် ဒီနေရာကျသွားရင် လုံရှီကို သွားတဲ့တံခါးက ပွင့်သွားပြီး အပြစ်ကင်းသူတိုင်းက ရန်သူတွေရဲ့မြင်းခွာအောက် ရောက်သွားလိမ့်မယ်။ အဲ့ဒီအခါ အကျိုးဆက်ကို ဆက်မတွေးနိုင်တော့ဘူး။ ဒါက ရှေ့တန်းကို ခြိမ်းခြောက်နိုင်တာထက်ပိုတယ်”
တိုက်ခိုက်ရန် ထွက်ခွာသွားသောအခါ အိမ်တွင်းမှ အခြေအနေကို တည်ငြိမ်ရန် ပထမဦးဆုံး စဉ်းစားရမည်ဖြစ်သည်။ သူ၏နောက်တန်းက ခြိမ်းခြောက်ခံရလျှင် ဝမ်ချောင်အနေဖြင့် စိုးရိမ်မှုမရှိဘဲ ရှေ့တန်းမှ တိုက်ခိုက်နိုင်ရန် ခက်ခဲသွားပေလိမ့်မည်။ ထို့ကြောင့် နောက်တန်းကို သေချာပေါက် လုံခြုံအောင် ထိန်းရပေမည်။
“စိတ်အေးအေးထားပါ မကျစေရဘူး”
နောက်ဆုံးတွင် စုဟန်ချန်းက ဝမ်ချောင်၏ နောက်ဘက်မှ ထွက်လာပြီး သူ့ဘေးတွင်ရပ်လာသည်။ သူက အနက်ရောင်သံချပ်ကာကို ဝတ်ထားသည်။ ခေါင်းကိုအနည်းငယ် မော့ထား၏။ သူ၏မျက်ဝန်းက ကြယ်စင်လို တောက်ပနေသည်။ သူသည် ဝမ်ချောင်နှင့် စတင်တွေ့ဆုံချိန်ကအတိုင်း မာနကြီးပြီး မောက်မာသေး၏။ သို့သော် သူက ပို၍ပင် အရှိန်အဝါ ကြီးမြတ်လာသလို ထင်ရပြီး ဗိုလ်ချုပ်တစ်ယောက်နှင့် တူလာသည်။
စုဟန်ချန်း၏ စကားလုံးများက အလွန်ရိုးရှင်းသည်။ သို့သော် အင်အား၏ နောက်ခံပါသည်။
“ဒါပေမဲ့ ငါမင်းဆီက အကူအညီနည်းနည်းတော့ ယူရဦးမယ်”
စုဟန်ချန်းက ထပ်ပြောသည်။
“အိုး”
“လက်နက်ကြီး အလက်ငါးဆယ်အဖွဲ့”
စုဟန်ချန်းက ခပ်ပြတ်ပြတ်ပြောသည်။
“ရတယ်”
ဝမ်ချောင်ကလည်း ပြုံးပြီး ချက်ချင်းသဘောတူသည်။ လက်နက်ကြီး အလက်ငါးဆယ်ပါမည့် အဖွဲ့များ တစ်ဖွဲ့လျှင် လူငါးယောက်ရှိပြီး အားလုံး လူအယောက် နှစ်ရာ့ငါးဆယ်ဖြစ်မည်။ သို့သော် ထိုပမာဏက ဝမ်ချောင်၏ အင်အားစုအပေါ် အနည်းငယ်သာ သက်ရောက်နိုင်သည်။
စုဟန်ချန်းနှင့် စကားပြောပြီးနောက် ဝမ်ချောင်က ခပ်မြန်မြန် အောက်သို့ ဆင်းသက်လိုက်သည်။ သံမဏိမြို့၏ မြင့်မားခမ်းနားလွန်းသော ဂိတ်ပေါက်တွင် ရွှီချီချင်၊ ရွှီခဲ့ယွီနှင့် အခြားသူများကသူ့ကို စောင့်နေကြသည်။
“အရှင်”
ဝမ်ချောင်ကို မြင်သောအခါ ရွှီခဲ့ယွီနှင့် အခြားသော အရာရှိတိုင်းက ချက်ချင်းလိုလို ရှေ့တက်လာပြီး ဂါရဝပြုကြသည်။ ထွက်ခွာရမည့်အချိန် ကျလေပြီ။ သူတို့အားလုံးက ဝမ်ချောင်ကိုသာ စောင့်နေကြခြင်းဖြစ်၏။
“အွန်း”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်ဝန်းက သူ၏လက်အောက်ငယ်သားများကို ကြည့်ပြီးနောက် အဖြူရောင်ဝတ်စုံနှင့် နတ်မိမယ်သဖွယ် လှပသော ရွှီချီချင်ထံ ရောက်သွားသည်။
“နင့်ကိုယ်နင်ဂရုစိုက်နော် ငါနင်ပြန်လာတာကို စောင့်နေမယ်”
“အွန်း စိတ်အေးအေးထား ငါသေချာပေါက် အနိုင်နဲ့ ပြန်လာခဲ့မယ်”
ဝမ်ချောင်ကရယ်သည်။ ထို့နောက် ရွှီခဲ့ယွီထံမှ ခွာဖြူအရိပ်မြင်း၏ ကြိုးကိုကိုင်လိုက်သည်။
“သွားမယ်”
ထိုစကားလုံးများနှင့်အတူ သူက မြင်းပေါ်သို့ ခုန်တက်ပြီး အခြားသူများနှင့်အတူ ထွက်ခွာသွားသည်။ အနောက်မှကျန်ခဲ့သည့် ရွှီချီချင်က ဝမ်ချောင်၏ကျောကိုကြည့်သည်။ သူ၏အပြုံးက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး သူမ၏မျက်ဝန်းအတွင်း စိုးရိမ်မှုက ကြီးစိုးသွားသည်။
ရွှီချီချင်အနေနှင့် ဝမ်ချောင်မှ ယခုလိုထွက်သွားခြင်းအား ကြည့်နေရသည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ သူမကလည်း အာရပ်များ၏ အခြေအနေကို နားမလည်သလို တာလာ့အကြောင်းလည်း မသိချင်ချေ။ သို့သော် ရိုးရှင်းသော ယုံကြည်မှုတစ်ခုက ရှိနေသည်။ အင်ပါယာ မဟာဗိုလ်ချုပ်ကြီး ကောင်းရှန်းကျစ်က တာလာ့တွင် အဝိုင်းခံထားရပြီး မဖောက်ထွက်နိုင်သေးချေ။ ထို့ကြောင့် အာရပ်၏ အင်အားကို အလွယ်တကူ ခန့်မှန်းနိုင်သည်။
သို့တိုင်အောင် ရွှီချီချင်က ဝမ်ချောင်ကို ဝန်ထုတ်ဝန်ပိုး မပေးချင်ခဲ့ချေ။ ထို့ကြောင့် သူမက မည်မျှ စိုးရိမ်နေစေကာမူ ဝမ်ချောင်၏အရှေ့တွင် ဖျော့တော့စွာ ပြုံးပြနေခဲ့၏။
ဖျော့တော့သော လေပြေက သဲမှုန်များကို သယ်ဆောင်လျှက် တိုက်ခတ်သွားသည်။ ထိုအခါ ရွှီချီချင်က မျက်မှောင်ကျုံ့လျှက် ခေါင်းသာဆိုးလိုက်သည်။
သူမ၏အနောက်မှ ရွှီချီချင်၏ အနီးကပ် အစေခံငယ်လေး ရှောင်ကျူးက ပေါ်လာသည်။ သူမက စိုးရိမ်သော မျက်နှာထားနှင့်ဖြစ်၏။
“ရပါတယ် ဘယ်သူ့ကိုမှမပြောနဲ့”
ထိုစကားလုံးများနှင့်အတူ ရွှီချီချင်က သံမဏိမြို့ထဲသို့ ပြန်ဝင်သွားသည်။
.....
စစ်သည်တစ်သိန်းကျော်ပါသော အင်အားကြီးမားသည့် စစ်တပ်တစ်တပ်က တာလာ့ထံ ချီတက်နေသည်။ ထိုယာဉ်တန်း၏ အဆုံးတွင် ဝမ်ချောင်က ရွှီခဲ့ယွီကို လှမ်းခေါ်လိုက်သည်။
“ငါတို့ချီတက်တဲ့ အရှိန်က တအားနှေးတယ်။ ရွှီခဲ့ယွီ မင်းက မင်းနဲ့အတူ မြင်းတပ်ဝင်အချို့ကိုခေါ်ပြီး ရှေ့ကသွား။ ငါမင်းကို လုပ်ခိုင်းချင်တာရှိတယ်”
ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်မှတဆင့် အဝေးသို့ လှမ်းကြည့်သည်။
“အရှင်အမတ် ကျေးဇူးပြုပြီး အမိန့်သာပေးပါ”
“ဒီစာကို မင်းနဲ့ယူသွား။ အထဲမှာ တာဝန်ကို ငါရေးထားပြီးသား။ ငါရေးထားတဲ့အတိုင်းသာလုပ်။ ငါမင်းကို နှစ်ရက်ပဲ အချိန်ပေးနိုင်မယ်။ ငါတို့အတွက်တော့ စိုးရိမ်မနေနဲ့။ မင်းဒီကိစ္စကို လုပ်ပြီးသွားတဲ့အခါ မင်းအန်းရှီကာကွယ်ရေးစစ်တပ်ဆီ အရင်သွားပြီး ငါတို့ကို စောင့်နေလိုက်”
“ဒီဗိုလ်ချုပ်က သွားပါတော့မယ်”
ရွှီခဲ့ယွီက စာကိုယူပြီးနောက်သို့လှည့်လိုက်သည်။ သူက တစ်ချက်ပင် လှည့်မကြည့်ခဲ့ချေ။
“မင်း မင်း မင်း... မင်းတို့အားလုံး ငါနဲ့လိုက်ခဲ့ကြ”
စစ်တပ်တစ်တပ်အတွက် အမြန်ဆုံးနှင်ကာ သွားလျှင်ပင် အချိန်ကြာနိုင်သေးသည်။ ရွှီခဲ့ယွီကမူ လက်ရွေးစင်မြင်းတပ် ငါးထောင်ကိုသာ ရွေးချယ်ပြီး အပြေးနှင်ထွက်သွားသည်။ ဒီနည်းအားဖြင့် ကျန်သောစစ်သားတိုင်းကို ချန်ထားရစ်ခဲ့သည်။
ကောင်းရှန်းကျစ် မင်းရဲ့နေရာကို ထိန်းထား။
ဝမ်ချောင်က ထိုသို့တွေးလိုက်သည်။ သူက အနောက်မြောက်ပိုင်းသို့ကြည့်၏။
ငါတိုက်ပွဲနယ်မြေကို မရောက်ခင်အထိ ငါမင်းတို့အတွက် ဒါပဲလုပ်ပေးနိုင်လိမ့်မယ်။ တာလာ့ကိုတော့ ဂရုစိုက်။ မင်းယုံကြည်မှုနဲ့မတန်နဲ့ အခြားလူတွေ ရှိနေသေးတယ်။
တာလာ့မှ အခြေအနေက ဆိုးသထက်ဆိုးကာ လေးနက်သထက် လေးနက်လာသည်။ တာလာ့ကလည်း သစ္စာဖောက်ရန် အခွင့်အရေး များလာသည်။ သမိုင်းက ပြောင်းလဲသွားသည်။ သို့သော် လူအများ၏ အကျင့်စရိုက်က မပြောင်းလဲနိုင်ချေ။ ကောင်းရှန်းကျစ်က သူ၏အင်အားစုကို စီစဉ်ရာတွင် အကြီးမားဆုံး ပြစ်ချက်တစ်ခု ရှိနေသည်။ သူက အန်းရှီကာကွယ်ရေးစစ်တပ်ကို ရှေ့တန်းတင်ပြီး စစ်သည်တော်များ၊ ကြေးစားစစ်သားများကို နောက်တန်းတွင်ထား၏။ တိုက်ပွဲကနိုင်လျှင် ထိုဗျူဟာက ပြဿနာမရှိချေ။ သို့သော် တိုက်ပွဲက စီစဉ်သည့်အတိုင်း မချောမွေ့ခဲ့သော် ကိစ္စများက အခက်အခဲရှိလာသည်။ ဥပမာအားဖြင့် တာလာ့တွင် ဖြစ်နေသော အနေအထားအရ ကောင်းရှန်းကျစ်က သေဆုံးမည်ဆိုလျှင်ပင် ကိုယ့်ကိုယ်ကိုသာ အပြစ်တင်သင့်သည်။
အခန်း(၈၆၈)
ဖလပ် ဖလပ်
ဝမ်ချောင်၏ စစ်သည်တစ်သိန်းပါသော စစ်သားများက ချီရှီမှ ထွက်လာသည့်အချိန်တွင် မရေမတွက်နိုင်သော သတင်းပို့သိန်းငှက်နှင့် အခြားငှက်ပေါင်းများစွာက အရပ်မျက်နှာအနှံ့ ပျံသန်းသွားသည်။ ထိုမျှကြီးမားသော အင်အားစုကြီးက အလုံးအရင်းဖြင့် ထွက်သွားသောအခါ မရေမတွက်နိုင်သော လူပေါင်းများစွာက အာရုံစိုက်လာကြသည်။ ဝေးကွာလွန်းသော တိဗက်ကုန်းမြေမှ တိဗက်ဆယ်ယောက်ခန့်ရှိမည့် မြင်းတပ်က ကြီးမားလွန်းလှသည့် စစ်တပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် နောက်ပြန်လှည့်ကာ အပြေးနှင်သွားသည်။
“နောက်ဆုံးတော့ ထွက်သွားပြီလား”
ယွီစန်း၏ တော်ဝင်မြို့တော် အပြင်ဘက်ရှိ မြေအောက်အကျဉ်းထောင်ထဲတွင် ... အကျဉ်းခန်းတစ်ခု၏ တံခါးကပွင့်နေသည်။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့က ကြည့်နေကြချိန်တွင် ရုတ်တရက် မျက်နှာကိုပင် ဆံပင်များအုပ်နေသော ပုံရိပ်တစ်ခုက ခေါင်းမော့လာရင်း အပြင်သို့ လျှောက်ထွက်လာသည်။
ဝုန်း
အရာအားလုံးက တိတ်ဆိတ်နေသည်။ မည်သည့်အရာကမှ မဖြစ်ပျက်သွားသကဲ့သို့ ထင်ရသည်။ သို့သော် တုစုန့်မာန်ဖော်ကျဲ့နှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ အမြင်တွင်မူ ထိုလူ၏ခြေလှမ်းအတိုင်း တစ်လောကလုံးက တုန်နေသည်ဟု ခံစားရသည်။ အချိန်ကာလများစွာကြာပြီးနောက် ယွီစန်း၊ မဟာထန်နှင့် အနောက်ပိုင်းဒေသများက အပြောင်းအလဲ အသစ်တစ်ခုကို ကြုံတွေ့ရန် ဖြစ်လာလေပြီ။
.....
အာဝူး...
စစ်တပ်က ချီရှီမှ ထွက်သွားသည့် တခဏတွင် ချီရှီနှင့် အနောက်ပိုင်းတူရကီအကြားရှိ စောင့်နေသော ကြီးမားသော ဝံပုလွေတစ်ကောင်က အူသည်။ အော်ဟစ်သံက ဆယ်လီကွာအထိ ရောက်နေနိုင်သည်။ ထို့နောက် တုန့်ပြန်သည့်အနေဖြင့် ဟိန်းသံက ပြန်ထွက်လာပြီး ချီရှီနယ်စပ်မှတဆင့် တူရကီ မြက်ခင်းပြင်ဒေသအထိ ရောက်သွားသည်။
ဒုန်း ဒုန်း ဒုန်း
အချိန်တစ်ခုကြာပြီးနောက် ချီရှီနယ်စပ်နှင့် လီနှစ်ဆယ်မှ သုံးဆယ်ခန့်အထိ ဝေးနိုင်သော နေရာတွင် တူရကီစစ်သည် ငါးယောက်က ခေါင်းလှည့်လာကြပြီး သူတို့၏ဝံပုလွေများကို ပြန်ခေါ်ကာ ဒုန်းစိုင်းထွက်ခွာသွားကြသည်။
နာရီပေါင်းများစွာ ကြာပြီးနောက်...
ဟီး...
စန်းမီတောင်ထိပ်မှ စစ်မြင်းတစ်ကောင်၏ ကျယ်လောင်စွာ အင်အားအပြည့်ဖြင့် ဟီသံက ထွက်လာသည်။ ထိုနေရာက အနောက်ပိုင်းတူရကီခါကန်း၏ ခုံရုံးအိမ်နေရာဖြစ်သည်။ ထိုဟီသံနှင့်အတူ တောင့်တင်းသန်မာသော ပုံရိပ်တစ်ခုက တဖြည်းဖြည်းချင်း လျှောက်ထွက်လာ၏။ သူက စုစည်းနေသော တူရကီများ၏အရှေ့တွင် နတ်ဘုရားတစ်ပါးအလား ထင်ရသည်။
ကောင်းကင်က မှေးမှိန်နေသည်။ နေရောင်တိုင်းက ထိုပုံရိပ်ကြောင့် အပိတ်ခံထားရသည်။
“အာကင်း”
ထိုနေရာတွင်ရှိသော တူရကီမြင်းတပ်ဝင်တိုင်းက ခေါင်းငုံ့လိုက်ကြပြီး လေးစားမှုများကို ပြသကြ၏။ အာကင်းဆိုသည်မှာ တူရကီဘာသာစကားဖြင့် အလွန်အမင်း အဆင့်မြင့်လွန်းသော ပုဂ္ဂိုလ်တစ်ဦးကို ရည်ညွှန်းခြင်းဖြစ်သည်။ အက်ရှာဘာရာခါကန်းဆိုသည့် အနောက်ပိုင်းတူရကီ ဧကရာဇ်အပြင် ထိုကဲ့သို့ လေးစားခံရရန် ထိုက်တန်သောလူက မဟာဗိုလ်ချုပ်ကြီး တု့ဝူစစ်လီသာဖြစ်သည်။
မဟာထန်ကဲ့သို့ တူရကီများက ရဲရင့်ပြတ်သားပြီး ထူးချွန်သော စစ်သည်တော်ပေါင်းများစွာကို ပိုင်ဆိုင်ထားသော်လည်း မဟာဗိုလ်ချုပ်ကြီး အမည်ဘွဲ့ရသောလူက အလွန်နည်းသည်။ တု့ဝူစစ်လီက ထိုလူများထဲမှ တစ်ယောက်ဖြစ်သည်။ ထိုနေရာတွင် အပ်ကျသံပင်မကြားအောင် အရာအားလုံးက တိတ်ဆိတ်လွန်းနေသည်။ တု့ဝူစစ်လီက စန်းမီတောင်ပေါ်တွင် မားမတ်စွာ ရပ်နေသည်။ သူ၏ စူးရှသော အကြည့်က တောက်ပသောနေမင်း၏ အလင်းရောင်ကိုပင် ထုတ်လွှတ်နေသည်။ သူက ဘာစကားမှမပြောဘဲ သူ၏ နတ်နေတောင်ပေါ်မြင်းကြီးပေါ်တွင် ထိုင်ကာ နတ်ဘုရားတစ်ပါးက တိုင်းပြည်ကို စောင့်ကြည့်စစ်ဆေးသလို အကြည့်မျိုးဖြင့် တဖြည်းဖြည်းချင်း လူအုပ်ကိုကြည့်သည်။
ဝှစ်
သူက ညာလက်ကို အနောက်ဘက်သို့ယမ်းသည်။ ထိုအခါ တု့ဝူစစ်လီက ရှေ့သို့ခုန်ထွက်လိုက်ခြင်းအားဖြင့် တစ်ခုန်တည်းနှင့် ကျန်းနှစ်ဆယ်အကွာသို့ ရောက်သွားသည်။
ဘုန်း
စစ်မြင်းက မြေပြင်ပေါ်သို့ ခြေပြန်ကျသောအခါ ဖုန်များကလေထဲသို့ မြောက်တက်လာပြီး စစ်မြင်းသောင်းကျော်က တပြိုင်တည်း ပြန်ဖြေသံဖြင့်ဟီသည်။
ဒုန်း ဒုန်း ဒုန်း
တူရကီမြင်းတပ် ထောင်ကျော်က တု့ဝူစစ်လီ၏နောက်မှ ထွက်လာကြသည်။ ထိုသု့ိဖြင့် ဖုန်တိမ်စိုင်များကိုသာ ချန်ထားရစ်ခဲ့သည်။
တူရကီမြင်းသည်တော် တစ်ယောက်ချင်းစီတိုင်း၏ ပတ်ပတ်လည်တွင် တစ်ယောက်ချင်းစီတိုင်းက ဝိုင်းနေသည်။ အနက်ရောင်ဝံပုလွေရကုက ဦးဆောင်သော ကိုယ်တိုင်ရွေးချယ်ထားသည့် လက်ရွေးစင် ငါးထောင်ကပင် သူတို့ကို မယှဉ်နိုင်ချေ။ ထို့ပြင် ထိုတူရကီမြင်းတပ်များက သားရဲများကို စိတ်လိုလက်ရ ရွေးချယ်ထားသည်။ တစ်ကောင်ချင်းစီတိုင်းက မြင့်မားပြီး ကြွက်သားအပြည့် သန်မာလေရာ သာမာန် တူရကီစစ်သားများထက် သာသည်။ တစ်ကောင်ချင်းစီတိုင်းက သွေးကြောအတွင်း နဂါးသွေးများ စီးဝင်နေသည်။
ဝုန်း
ထိုမြင်းများက အနောက်ပိုင်းသို့ စတင်ကာ ထွက်ခွာသည်။ ချီရှီလက်နက်တိုက်မှ တိုက်ပွဲပြီးနောက် တူရကီမြက်ခင်းပြင်ကျယ်ဒေသ တစ်ခုလုံးက ဆိတ်ငြိမ်နေပြီး ယခုမှသာ အသက်ပြန်ဝင်လာသည်။
.....
ဖလပ် ဖလပ်
ထိုသို့ဖြင့် သတင်းပို့ငှက် တစ်ကောင်ချင်းစီက ပျံသန်းထွက်ခွာသွားသည်။ ယွီစန်းနှင့် အနောက်ပိုင်းတူရကီများကသာ ဝမ်ချောင်၏ ထွက်ခွာမှုကို တုန့်ပြန်ကြခြင်းမဟုတ်ချေ။ စောင့်ကြည့်သူများက များပြားလွန်းနေ၏။ ချီရှီ၏ လေထဲတွင် ပျံသွားကြသော ငှက်များက များလွန်းနေသည်။ သူတို့အားလုံးက အနောက်ပိုင်းဒေသမှ အမျိုးမျိုးသော တိုင်းပြည်များထံ သွားနေသည်။
ကောင်းချန်း၊ လော့လန်၊ ယွဲ့ကျစ်၊ တန်းဟွမ်၊ ကုမော့၊ ဝူစွန်း... အကြီးအသေး ပါလာ့ပင် ပါသေး၏။ အနောက်ပိုင်းဒေသရှိ ထိုပြည်နယ်တိုင်း၊ တိုင်းပြည်ကြီး တိုင်းပြည်ငယ်တိုင်းက ထိုစစ်ပွဲကို အထူးတလည် အာရုံစိုက်နေကြသည်။
မြို့ဂိတ်က မီးတောက်အောက် ရောက်လာသောအခါ ကျုံးထဲမှ ငါးများကပင် မြှားမီး၏ဒဏ်ကို ခံရပေလိမ့်မည်။ ယခုအခြေအနေက မဟာထန်နှင့် အာရပ်၏ ထိပ်တိုက်တွေ့ဆုံခြင်း ဖြစ်နေသော်လည်း အရှေ့အနောက်မှ အင်ပါယာကြီးများအပြင် အနောက်ပိုင်းဒေသရှိ တိုင်းပြည်တိုင်းနှင့် ပတ်သတ်နေသေးသည်။ သူတို့အားလုံးကလည်း ဒီစစ်ပွဲတွင် ရွေးချယ်မှု လုပ်လိုကြသည်။
....
ထိုသို့သော အပြောင်းအလဲများက ခုံးတောင်တန်း၏ အရှေ့ပိုင်းပေါ် သက်ရောက်မှုမရှိချေ။
“မင်းဘာရှာတွေ့ခဲ့လဲ”
အမှောင်ထဲတွင် လူအချို့က အထူးတလည် စောင့်ကြည့်နေကြသည်။ ထိုလူများက ဗဟိုပြင်ကျယ်၏ ဘာသာစကားနှင့် မပြောသလို အာရပ်ဘာသာစကားနှင့် မပြောတတ်ချေ။ သူတို့က ဟူဘာသာစကားဖြင့်သာ ပြောသည်။ လူအနည်းစုသာသိသော ဘာသာစကားကိုသာ သုံးထားကြသည်။
တာလာ့မြို့အတွင်းတွင် ခပ်ဖျော့ဖျော့ ပြန်ဖြေသံက ထွက်လာသည်။
“ကောင်းရှန်းကျစ်က သိုလှောင်အိမ်တွေ အားလုံးကို ခုနှစ်ရက်နေရင် အပြည့်ဖွင့်ပြီး ဝိုင်တွေ၊ အသားတွေနဲ့ စားစရာတွေကို စစ်တပ်သုံးခုလုံးကို ဆုလဒ်အဖြစ် ချီးမြှင့်မယ်ဆိုတဲ့သတင်းကို ငါတို့ရထားပြီးပြီ။ သူက ဒီသတင်းကို တော်တော်လေးကို လျို့ဝှက်ထားတယ်။ ငါတို့ကိုတောင် မပြောဘူး။ ဒါပေမဲ့ သူ့ရဲ့ အနေအထားအရ သူက မီးဖိုတွေကိုချိုးပြီး လှေကိုတောင် မြုပ်စေတော့မှာဆိုတော့ အာရပ်တွေနဲ့ သူသေကိုယ်သေ တိုက်တော့မဲ့ပုံပဲ”
“မျိုးမစစ်”
ပထမပြောသောလူက လက်သီးကို တင်းတင်းကြပ်ကြပ်ဆုပ်သည်။ မှေးမှိန်သော ကြယ်ရောင်အောက်တွင် ထိုပြောသူက နှုတ်ခမ်းအထက်တွင် ခပ်ထူထူမုတ်ဆိတ်ရှိကြောင်း မည်သူမဆို မြင်နိုင်သေးသည်။ ထိုလူဟာ ရည်မှန်းချက်ကြီးသောလူဖြစ်ကြောင်း ရှင်းလင်းသည်။ သူ၏စူးရှကာ ကျဉ်းမြောင်းသော မျက်လုံးများက ပို၍ပင် အံ့ဩစရာကောင်းသေးပြီး အရှိန်အဝါကြီးမြတ်သော အရှင်သခင်တစ်ပါးကဲ့သို့ ခက်ထန်ကြမ်းတမ်းသည့် အရှိန်အဝါကို လွှတ်ထုတ်နေသည်။
တာလာ့အတွင်းတွင် ကောင်းရှန်းကျစ်နှင့် ဟန်ဗိုလ်ချုပ်များအပြင် ထိုမျက်ဝန်းမျိုးကို ပိုင်ဆိုင်သော တစ်ဦးတည်းသောလူက ကာလာ့၏ခေါင်းဆောင် ဝမ်ဟယ်ဖေးလော့ဖြစ်သည်။ ကာလာ့ဘာသာတွင် ထိုနာမည်၏ ဆိုလိုရင်းက ဘုရင်များ၏ ဘုရင်ဟု ဆိုလိုသည်။ ဝမ်ဟယ်ဖေးလော့က ကာလာ့အဖွဲ့သမိုင်းတွင် အင်အားအကြီးဆုံးနှင့် ရည်မှန်းချက်အကြီးဆုံး ခေါင်းဆောင်ဖြစ်သည်။ သူ၏အမိန့်အောက်တွင် ကာလာ့ဟာ မြက်ခင်းလွင်ပြင်ဒေသမှ အင်အားအကြီးဆုံး ကြေးစားအဖွဲ့ကြီး ဖြစ်လာပြီး အနောက်ပိုင်းဒေသတွင် အဆင့်အတန်းအလွန်မြင့်သည့် နေရာကို ပိုင်ဆိုင်ခဲ့သည်။
“ငါတို့တော့ အဆုံးသတ်ပြီ ဒီလောက်နှစ်တွေ ကုန်လွန်ပြီးတဲ့နောက်မှာ ကောင်းရှန်းကျစ်က ရန်သူမှားရွေးမိသွားတယ်။ အန်းရှီအစိုးရစစ်တပ်က အဆုံးသတ်တော့မှာ။ သူက ငါတို့ကိုတောင် သူနဲ့အတူ အုတ်ဂူထဲကို ခေါ်သွားချင်နေတာ။ ဒါပေမဲ့ သူက ဒီအခွင့်အရေး ရမှာမဟုတ်ဘူး”
ဝမ်ဟယ်ဖေးလော့၏ ခက်ထန်ကြမ်းတမ်းသော အသံက လေထဲတွင် ဟိန်းထွက်လာသည်။
“ကုလီ အာရပ်တွေက စာပြန်ပြီလား”
“ပြန်လာပါပြီ သူတို့က ကျွန်တော်တို့ရဲ့ လုံခြုံရေးကို သတိပေးထားတယ်”
ကာလာ့ဗိုလ်ချုပ်တစ်ယောက်က ခပ်တိုးတိုးပြန်ပြောသည်။ သူ၏အသံထဲတွင် နက်နဲသော ခံစားချက်ပါသည်။
“ဒါ့အပြင် ကျွန်တော်တို့ကသာ သူတို့ကို ဂိတ်ဖွင့်ပေးမယ်ဆိုရင် သူတို့က ကျွန်တော်တို့ကို ရွှေထည်ရှစ်သိန်း ဆုလဒ်ချီးမြှင့်မဲ့အပြင် ကောင်းရှန်းကျစ်ရှိ တိုင်းပြည်က ရထားတဲ့ ရွှေထည်တိုင်းကို ပေးမယ်တဲ့။ အာရပ်တွေက အနာဂတ်အတွက်တောင် ကတိပေးထားသေးတယ်။ သူတို့က အခြားအဖွဲ့တွေကို အုပ်စိုးနိုင်အောင် ကူညီထောက်ပံ့ပေးပါလိမ့်မယ်”
“ကောင်းပြီ”
ဝမ်ဟယ်ဖေးလော့က အေးစက်စွာပြုံးသည်။ သူ၏မျက်ဝန်းအတွင်း ခြောက်ခြားဖွယ်ကောင်းသော အလင်းက လက်နေသည်။
“ကောင်းရှန်းကျစ်နဲ့ သူ့ရဲ့အန်းရှီကာကွယ်ရေးစစ်တပ်က ခုနှစ်ရက်နေရင် အာရပ်တွေနဲ့ သူသေ ကိုယ်သေတိုက်ပွဲ တိုက်ခိုက်လိမ့်မယ်။ ဒါပေမဲ့ ငါတို့က မနက်ဖြန်ညမှာ အာရပ်တွေကို မြို့ထဲဝင်စီးခိုင်းလိုက်မယ်။ ကောင်းရှန်းကျစ် ဒီအခွင့်အရေး ရတော့မှာမဟုတ်ဘူး”
“ဟုတ်တယ် အရှင့်ရဲ့ လက်အောက်ငယ်သားက ညီအစ်ကိုတွေကို အဆင်သင့်ပြင်ဖို့ ပြောလိုက်ပါမယ်”
ကုလီက ချက်ချင်းဆိုသလို ပြန်ဖြေသည်။
“မနက်ဖြန်မှာ ကောင်းရှန်းကျစ်နဲ့ အန်းရှီအစိုးရစစ်တပ်က သမိုင်းတစ်ခု ဖြစ်သွားလိမ့်မယ်။ သူက အခွင့်အရေး ထပ်ရတော့မှာမဟုတ်ဘူး။ အနာဂတ်မှာ အနောက်ပိုင်းဒေသက အရှင်နဲ့ ကျွန်တော်တို့ ကာလာ့အဖွဲ့ရဲ့ အပိုင်ပါပဲ”
ဝမ်ဟယ်ဖေးလော့က တဟားဟား အော်ရယ်ပြီး သဘောတကျ ခေါင်းညိမ့်နေ၏။ အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ကောင်းရှန်းကျစ်ဆိုသော နာမည်က တစ်လောကလုံးအနှံ့ သိသော နာမည်ဖြစ်သည်။ သူကသာ အနောက်ပိုင်းဒေသ၏ ထိုခြင်္သေ့နှင့်အတူ မြုပ်နှံရလျှင် ဝမ်ဟယ်ဖေးလော့နှင့် ကာလ့ာများက စစ်မှတ်တမ်း အထူးချွန်ဆုံး လုပ်ခဲ့သူများအဖြစ် အပြောင်မြောက်ဆုံး အကျိုးပြုမှုကို ရရှိမှုနှင့်အတူ မှတ်ကျောက်အတင်ခံရနိုင်သည်။ ကာလာ့များအတွက် အကောင်းဆုံးရနိုင်သည့် လက်ဆောင်က အနောက်ပိုင်းဒေသ၏ အုပ်ချုပ်သူဖြစ်ခြင်းဖြစ်သည်။
“သတင်းပို့”
ဝမ်ဟယ်ဖေးလော့က သဘောတကျ ပြုံးရယ်နေသော အချိန်တွင် ချဉ်းကပ်လာသော ခြေလှမ်းသံများက အမှောင်ထုထဲမှ ထွက်ပေါ်လာသည်။ ဝမ်ဟယ်ဖေးလော့နှင့် လက်အောက်ငယ်သားက ခေါင်းလှည့်ကြည့်လိုက်သောအခါ သူတို့ဆီ အပြေးလာနေသော ကာလာ့စစ်သားတစ်ယောက်ကို တွေ့ရသည်။
“ဘာတွေဖြစ်နေတာလဲ ဘာတွေ ဆူဆူပူပူ လုပ်နေတာလဲ။ စစ်တပ်စည်းမျဉ်းကို လိုက်နာရမယ်ဆိုတာကို နားမလည်ဘူးလား”
ဝမ်ဟယ်ဖေးလော့က အော်သည်။ ကောင်းရှန်းကျစ်က အလွန်အမင်း စည်းကမ်းတင်းကြပ်လွန်းသူဖြစ်သည်။ သူက ပုန်ကန်ရန်ကြံစည်ပြီး ကောင်းရှန်းကျစ်ကို သစ္စာဖောက်ပြီးသည့်တိုင်အောင် အမှန်တကယ် သစ္စာမဖောက်ခင်အထိ ဝမ်ဟယ်ဖေးလော့အနေဖြင့် ကောင်းရှန်းကျစ်က ချမှတ်ထားတဲ့ စည်းမျဉ်းကို လိုက်နာရန် လိုအပ်သည်။
“ရှင် အခြေအနေ မကောင်းတော့ဘူး”
ကာလာ့မှ ကြေးစားစစ်သားက အလောတကြီး လျှောက်တင်သည်။ သူ၏မျက်နှာက အထိတ်တလန့်ဖြစ်နေသည်။
“ကျွန်တော်တို့အဖွဲ့မှာ ချန်ထားရစ်ခဲ့တဲ့ သိန်းငှက်ဆီက အခုလေးတင် စာရလာပါတယ်။ အဖွဲ့ကို ချီရှီကာကွယ်ရေးစစ်တပ်က ဝိုင်းထားပါပြီ။ အဖွဲ့မှာကျန်ခဲ့သမျှ အမျိုးသမီးတွေ၊ အကြီးအကဲတွေ၊ ကလေးတွေအားလုံး အဖမ်းခံလိုက်ရတယ်။ သူတို့အားလုံးအပြင် ကျွဲ၊ နွား၊ သိုး၊ စစ်မြင်းတွေပါ အခေါ်ခံရရင်း သူတို့တွေ ခုံးတောင်တန်းရှိရာဘက်ကို လာနေကြပါပြီ”
“ဘာ”
ဝမ်ဟယ်ဖေးလော့က မျက်လုံးပြူးသွားသည်။ သူက မိုးကြိုးအပစ်ခံရသလိုမျိုး ခန္ဓာကိုယ်က တုန်ယင်သွားသည်။
“မျိုးမစစ် ဒါကဘယ်လိုဖြစ်တာနဲ့ ငါကိုအခုချက်ချင်း စာပေးစမ်း”
ဝမ်ဟယ်ဖေးလော့က ဒေါသထွက်သွားပြီး စစ်သည်တော်၏ လက်ထဲမှစာကို လှမ်းလုသည်။ ကာလာ့အဖွဲ့တွင် လူပေါင်းများစွာရှိသည်။ သို့သော် စစ်ပွဲအတွင်း ကာလာ့များမှ အမျိုးသားများကသာ စစ်ပွဲသို့ လိုက်လာချိန်တွင် အကြီးအကဲများ၊ အမျိုးသမီးနှင့် ကလေးတိုင်းက နောက်တန်းတွင် ကျန်ရစ်ခဲ့သည်။ ဒါက ကာလာ့အဖွဲ့၏ လုံခြုံရေးအတွက်ဖြစ်သည်။
ထို့ကြောင့် တိုက်ပွဲအတောအတွင်း ကာလာ့က မည်မျှဆုံးရှုံးခဲ့စေကာမူ အဖွဲ့အနေနှင့် လူသစ်များကို ပြန်လည်မွေးထုတ်ပေးပြီး တိုက်ပွဲအတွင်းတွင် ဆုံးရှုံးသွားရသည့် လူများအတွက် လျော်ကြေးရနိုင်သေးသည်။
ထပ်ပေါင်းဆိုရသော် နောက်တန်း၏ လုံခြုံမှုအတွက် ဝမ်ဟယ်ဖေးလော့က အထူးသိန်းငှက်ကို ချန်ထားရစ်ခဲ့သည်။ ထိုသားရဲကို ဝမ်ဟယ်ဖေးလော့က အာရပ်ကုန်သည်ထံမှ ဈေးကြီးပေးကာ ဝယ်ထားခဲ့ခြင်းဖြစ်ပြီး အလွန်အမင်း လျှင်မြန်စွာ ပျံသန်းနိုင်သည်။ မတော်တဆမှု ဖြစ်သည်နှင့် ဝမ်ဟယ်ဖေးလော့က သတင်းချက်ချင်းရအောင် ပြင်ဆင်ထားသည်။
ထိုသို့ဆက်သွယ်နိုင်သော လမ်းကြောင်းတစ်ခုကြောင့် နောက်တန်းမှ ခြုံခိုတိုက်ခိုက်မှုများကို ရှောင်နိုင်ခဲ့သည်။ သို့သော် ထိုသို့ လေးစားစရာကောင်းသော ကြိုတင်ပြင်ဆင်မှုကပင် ယခုလို အခြေအနေမျိုးကို မမျှော်လင့်မိချေ။ သူတို့က ကြိုတင်ပြင်ဆင်ခဲ့သော်လည်း အသုံးမဝင် ဖြစ်သွားရသည်။ ဝမ်ဟယ်ဖေးလော့အနေနှင့် သူက ကောင်းရှန်းကျစ်နှင့် အန်းရှီအစိုးရစစ်တပ်နှင့်အတူ တိုက်ခိုက်နေချိန်တွင် တစ်စုံတစ်ယောက်က သူ၏ အခြေစိုက်စခန်းသို့ ဝင်ရောက်တိုက်ခိုက်မည်ဟု မထင်ထားခဲ့ချေ။ အထူးသဖြင့် ထန်စစ်တပ်ဖြစ်သည်။
သူကစာကိုဖွင့်ကြည့်သည်။ အတွင်းတွင် ကာလာ့ဘာသာစကားဖြင့် ရေးသားထားပြီး အမှတ်အသားကလည်း အဖွဲ့မှ ခြေရာလက်ရာဖြစ်နေသည်။
“မျိုးမစစ်”
အော်ဟစ်သံက တိမ်စိုင်အထိ ထိုးခွဲသွားပြီး ကာလာ့၏ ငြိမ်းချမ်းမှုကို ဖျက်ဆီးလိုက်သည်။ ဝမ်ဟယ်ဖေးလော့က စာကိုမြေပြင်ပေါ်သို့ ပစ်ပေါက်လိုက်သည်။ သူ၏ တစ်ကိုယ်လုံးက ဒေါသဖြင့် တသိမ့်သိမ့် တုန်နေသည်။
“ငါ့ကိုကူညီပြီး အဆင်သင့်ပြင်ပေးစမ်း။ ငါကောင်းရှန်းကျစ်ကို သွားတွေ့မယ်”
အခန်း(၈၆၉)
ဝုန်း
အန်းရှီသို့သွားရာလမ်းတွင် မြေကြီးက တုန်ယင်နေပြီး ကြီးမားသော ပစ္စည်းပို့ဆောင်ပေးသည့် ရထားလုံးကြီးများစွာက လမ်းပေါ်တွင် သွားလာနေသည်။ ရထားလုံးတစ်ခုချင်းစီတိုင်းတွင် လူ(၁၈)ယောက် (၁၉)ယောက်ပါပြီး မြင်းလေးကောင်ကဆွဲသည်။ ပုံမှန်ရထားလုံးမျိုးနှင့် မတူသည်မှာ ရထားလုံးတစ်ခုချင်းစီတိုင်းတွင် အဖြူရောင်ရှိသည့် ရွက်ထည်တစ်ခုလို အရာတစ်ခုက ကွက်တိဖုံးအုပ်လျှက် ရှိနေခြင်းဖြစ်သည်။ ထိုရွက်ထည်ကြီးက ငါးပေခန့်မြင့်ပြီး ရှစ်ပေခန့်ကျယ်သည်။ လေက တိုက်ခတ်လာချိန်တွင် ထိုရွက်ထည်ကြီးများက နောက်မှတွန်းပို့ခံရသလိုဖြစ်ပြီး ရထားလုံးများ၏ အရှိန်ကို မြန်စေသည်။
လေ၏တိုက်ခတ်သော ဘက်ကသာ မှားသွားခဲ့လျှင် ရထားလုံးထဲမှ စစ်သည်တော်များက ထိုရွက်ထည်များကို ခပ်မြန်မြန် ချလေ့ရှိသည်။ ကျန်းရှို့ကျစ်က ဝမ်ချောင်ပြောသည့်အတိုင်း ထိုရွက်ထည်များကို ကြိုတင်တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး ချီရှီကာကွယ်ရေးစစ်တပ်ကို တာလာ့သို့ အမြန်ဆုံးရောက်စေရန် မျှော်လင့်ကြလေသည်။
အနောက်ပိုင်းဒေသတောက်လျှောက် ဖြတ်သန်းသွားလာနေရင်း ဝမ်ချောင်က မျက်မှောင်ဆက်တိုက် ကျုံကနေလေသည်။
ထိုစစ်ပွဲက သူမျှော်လင့်ထားသည်ထက် အနောက်ပိုင်းဒေသအပေါ် သက်ရောက်နိုင်သည်။ သူက အနောက်ပိုင်းဒေသသို့လာပြီး ဟူလာယဲ့ကို စတွေ့သောအချိန်က အနောက်ပိုင်းဒေသက တည်ငြိမ်နေသည်။ ကျောင်းဝူအဖွဲ့ကိုးဖွဲ့မှ ကုန်သည်များ၊ အနောက်ပိုင်းဒေသမှ တိုင်းပြည်(၃၆)ခုနှင့် အာဘတ်ဆစ်ကယ်လီဖိတ်အပါအဝင် ချရာဆပ်ဆင်းနုတို့အားလုံးက ထိုနေရာတွင် ရှိနေကြသည်။ ထို့ကြောင့် အမျိုးမျိုးသောပုလဲ၊ မဟူရာ၊ ဟင်းခတ်အမွှေးအကြိုင်ပစ္စည်းနှင့် ပစ္စည်းကောင်းများကို ရနိုင်သည်။ ဒီနေရာတွင်ရှိသော ကုန်သည်တိုင်းက အနောက်ပိုင်းပြည်နယ်ကြီး တစ်ခုလုံးကို ကြီးပွားအောင် စုစည်းရောက်ရှိနေကြသလို ဖြစ်နေသည်။
သို့သော် ဝမ်ချောင်၏စစ်တပ်က အနောက်ပိုင်းဒေသကို ဖြတ်သွားချိန်တွင် နေရာတိုင်းက လူသူရှင်းလင်းပြီး ကန္တာရသဖွယ်ဖြစ်နေ၏။ မြို့တိုင်းက ရှင်းလင်းနေသည်။ လေထဲတွင်ပင် တင်းကြပ်မှုရှိနေသည်။
“ကြည့်ရတာ မဟာထန်နဲ့ အာရပ်ကြားကစစ်ပွဲက အနောက်ပိုင်းဒေသအပေါ် သက်ရောက်တာက ပုံမှန်ထက် ကြီးလေးသွားတဲ့ပုံပဲ။ ဟူကုန်သည်တိုင်းက အန္တရာယ်ကို ခံစားမိသည့်အတွက် နောက်ဆုတ်သွားကြတယ်”
ဝမ်ချောင်က သူ၏ခွာဖြူအရိပ်ပေါ်တွင် စီးနင်းလျှက် ပတ်ဝန်းကျင်ရှိ မြင့်မားလွန်းသော အဆောက်အဦးတိုင်းကို ကြည့်သည်။ မြို့ကကျယ်ပြောလွန်းသည်။ သို့သော် လမ်းက ရှင်းလင်းနေ၏။ ဝမ်ချောင်က လူအနည်းစုကိုသာတွေ့သည်။ ထို့ပြင် ထိုလူများက သူ့ကို အဝေးမှ သတိအပြည့်ဖြင့် ကပ်ကြည့်နေကြသည်။ မည်သူကမှ မချဉ်းကပ်လာရဲချေ။ ကင်းထောက်များက တစ်ချက်ကြည့်ပြီးနောက် အိမ်တံခါးတိုင်းနှင့် ပြတင်းပေါက်များကို ချက်ချင်း ပိတ်လိုက်ကြသည်။
“ကျန်းချွယ် အခြေအနေကဘာလဲ”
ဝမ်ချောင်ကပြောသည်။
ကျန်းချွယ်က အနောက်ဘက်မှ ခပ်မြန်မြန်စီးနင်းလိုက်ပြီး ဝမ်ချောင်၏ဘေးသို့ရောက်လာသည်။
“ဟုတ်ကဲ့အရှင်အမတ် ပတ်ဝန်းကျင် လီငါးဆယ်အကွာကို ငှက်တွေအားလုံးကို လွှတ်ထားပါတယ်။ ပုံမှန်မဟုတ်တဲ့ အခြေအနေလည်း မရှိပါဘူး။ ဒါ့အပြင် ဗိုလ်ချုပ်ရွှီခဲ့ယွီကလည်း စာပို့လာပါတယ်။ သူ့ရဲ့တာဝန်က ပြီးမြောက်သွားပါပြီ။ သူကအခု ကျွန်တော်တို့ရဲ့အရှေ့ လီတစ်ရာအကွာဝန်းကျင်မှာ ရှိနေပါတယ်။ ဗိုလ်ချုပ်ရွှီခဲ့ယွီက ကျွန်တော်တို့ကိုစောင့်ပြီး စစ်တပ်ကို ပူးပေါင်းသင့်လားလို့မေးပါတယ်”
“မလိုဘူး သူ့ကိုအရှိန်နှုန်း မြှင့်ခိုင်းလိုက်။ ကာလာ့တစ်ယောက်မှ မကျန်စေနဲ့”
ဝမ်ချောင်က အမိန့်ပေးသည်။ သူ၏အသံက အေးစိမ့်ပြီး ရက်စက်သည်။
‘ဟူတွေက အာဏာကို ကြောက်တယ် ဒါပေမဲ့ ပြင်းထန်တဲ့ စိတ်ဆန္ဒကိုမလေးစားဘူး’
ကာလာ့သည် ဒီစစ်ပွဲအတွက် အလွန်အရေးကြီးသည်။ သို့သော် ကောင်းရှန်းကျစ်က ထိုအခြေအနေကို မသိသေးချေ။ သူဟာ ထိုကြေးစားစစ်သားများက သူ့ကို ဘယ်သောအခါမှ သစ္စာမဖောက်ဟု ယုံကြည်နေသေးသည်။ ကြေးစားစစ်သား ကြေးစားစစ်သား ဒီလူတွေက ပိုက်ဆံအတွက် တိုက်ခိုက်ကြတာ။ ဒီလူတွေကို နောက်တန်းမှာထားတာက ကောင်းရှန်းကျစ် သူ့အုတ်ဂူသူတူးတာပဲ။
သို့သော် ဝမ်ချောင်ရှိနေသဖြင့် ကိစ္စများက ခြားနားသွားသည်။ ထိုကဲ့သို့သော စစ်သည်တော်များကို အမိန့်ပေးသောကိစ္စ အထူးသဖြင့် စစ်ပွဲကဲ့သို့ အရေးကြီးသောကိစ္စမျိုး... တော်ဝင်ခုံရုံးနှင့် သာမာန်လူများက မည်သို့ တွေးတောနေစေကာမူ နှလုံးသားနူးညံ့သည်ဖြစ်စေ၊ စိတ်အားထက်သန်သည်ဖြစ်စေ အရာအားလုံးက ဗိုလ်ချုပ်တစ်ယောက်၏ အားနည်းချက်များ ဖြစ်သွားနိုင်သည်။ ကာလာ့က မဟာထန်ကို သစ္စာဖောက်လျှင် သူတို့က အလွန်အမင်း ကြီးလေးသည့် တန်ကြေးကို ပေးဆပ်ရန်လိုသည်။
“နောက်ပြီး ငါ့အမိန့်ထုတ်လိုက်။ သယ်ယူပို့ဆောင်ပေးတဲ့ ရထားလုံးတိုင်းကို ဆွဲတဲ့မြင်းတပ်ကို ပြောင်းပြီး စစ်တပ်ကို အရှိန်မြှင့်ခိုင်းလိုက်”
ဝမ်ချောင်ကပြောသည်။
“ဟုတ်ကဲ့အရှင်အမတ်”
ကျန်းချွယ်က ဂါရဝပြုပြီး ချက်ချင်းထွက်သွားသည်။
ကျန်းချွယ်ထွက်သွားသည့် အချိန်တွင် ဝမ်ချောင်၏အကြည့်က အနောက်ဘက်ရှိ ကျယ်ပြောသော စစ်တပ်ထံ ပြန်ရောက်သွားသည်။ သူက အင်အားစုကြီးနှင့် အနောက်တောင်ပိုင်း၏ စစ်ပွဲသို့ ထွက်ခွာခဲ့ချိန်တွင် ထိုစစ်ပွဲအတွက်ကို အပြည့်အဝ ပြင်ဆင်ချိန်ရခဲ့သည်။ အမျိုးမျိုးသော အမျိုးအစားနှင့် တစ်သိန်းကျော်သော စစ်သည်တော်များပါသည့် စစ်တပ်အပြင် လိုအပ်သော ရိက္ခာတိုင်းကို သယ်သွားခဲ့သည်။ ထို့ပြင် အန်းရှီနှင့် ချီရှီကို ဆက်ပေးထားသော ဘိလပ်မြေလမ်းက မြစ်မှာရေစီးမြန်စေသေးသည်။
သို့သော် ချီတက်သည့်အရှိန်က နှေးသေးသည်။ ခြေလျှင်တပ်၊ လက်မှုပညာရှင်များနှင့် ပုဆိန်ပညာရှင်များ၊ လှံပညာရှင်များအားလုံးက မြင်းတပ်ထက် အများကြီးနှေးသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်က သူ၏စစ်တပ်နှင့်အတူ လက်နက်ကြီးပေါင်းများစွာကို သယ်လာသည်။ ထိုအရာများကို ကုတင်လေးများဟုပင် ခေါ်ကြ၏။ တစ်လက်ချင်းစီတိုင်းက အလွန်ကြီးသည်။ အကောင်းဆုံး သံမဏိဖြင့် လုပ်ထားပြီး အလွန်လေးသည်။ ထို့ကြောင့် ရထားလုံး တစ်ခုချင်းစီတိုင်းတွင် ထိုလက်နက် နှစ်လက် သို့မဟုတ် သုံးလက်သာ အများဆုံးသယ်နိုင်လေရာ အရှိန်နှုန်းက ဝမ်ချောင်၏ မြင်းတပ် ချီတက်နိုင်နှုန်းအပေါ် သက်ရောက်သွားသည်။
သို့သော် ဝမ်ချောင်ကလည်း သူ၏စစ်တပ်ကို အရှိန်နှုန်းမြန်နိုင်အောင် အများကြီး ကြိုးစားအားထုတ်ထားပြီးသားဖြစ်သည်။ ရထားလုံးပေါ်တွင် လွင့်ထူထားသည့် သေးငယ်သော ရွက်ထည်ကဲ့သို့ အရာများ၊ မြင်းတပ်၏မြင်းများနှင့် လဲပေးခြင်းတို့က အရှိန်နှုန်းကို မြင့်စေပြီး သူတို့၏ စွမ်းအင်ကို အကောင်းဆုံး ထိန်းထားနိုင်ရန်ဖြစ်သည်။ ဒီနည်းအားဖြင့် တာလာ့သို့ အမြန်ဆုံးရောက်ရန် မျှော်လင့်သည်။
တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးလေလေ ချီတက်နေသော စစ်တပ်က အနောက်မြောက်ဘက်ပိုင်း အတွင်းသို့ ရောက်လေလေဖြစ်ပြီး စစ်၏အရှိန်လေထုက သိပ်သည်းလာလေလေဖြစ်သည်။ ပတ်ဝန်းကျင်ရှိ မြို့တိုင်းက ခြောက်ကပ်သထက် ခြောက်ကပ်လာလေလေ ဖြစ်လာသည်။
သုံးရက်ဝန်းကျင်ကြာပြီးနောက် ဖုန်များနှင့် သဲလေများ တိုက်ခတ်နေသည့် အကြားတွင် ခပ်နိမ့်နိမ့် အုပ်စိုင်းနေသော တိမ်စိုင်များအကြားမှ ခမ်းနားလွန်းသည့် ခံတပ်မြို့တစ်မြို့က စစ်တပ်၏အရှေ့တွင် ပေါ်လာသည်။ ထိုမြို့သည် အခြားသောမြို့များနှင့် မတူချေ။ မြို့ရိုးပေါ်တွင်... ဆယ်ကျန်းတိုင်းလိုလို အချက်ပြသင်္ကေတကြီးကို လွင့်ထူထားသည်။ ထို့ပြင် အမျိုးမျိုးသော စောင့်ကြည့်မျှော်စင်များကလည်း ရှိနေ၏။ စစ်တပ်တွင်သာ ထိုသို့သော အနေအထားမျိုးရှိသည်။
အန်းရှီရဲ့မြို့စောင့်တပ် လေးခုထဲက တစ်ခုလား။
ဝမ်ချောင်က တိတ်တဆိတ် တွေးလိုက်သည်။
အနောက်ပိုင်းတွင် မဟာထန်၏ နာမည်အကြီးဆုံး အင်အားစုများက အန်းရှီ၏ မြို့စောင့်တပ် လေးခုဖြစ်သည်.. စွေ့ယဲ့၊ ကုချောင်၊ ခွန်းထန်နှင့် ရှု့လဲ့တို့ဖြစ်သည်။ ထိုနေရာလေးနေရာလုံးက အန်းရှီကာကွယ်ရေးစစ်တပ်၏ အခြေစိုက်စခန်းများဖြစ်သည်။ ချီရှီမှ ကာလာ့သို့ သွားရာလမ်းတွင် အန်းရှီကို သေချာပေါက် ဖြတ်ရပေမည်။ ဝမ်ချောင်သည်လည်း သူ၏ယခင်ဘဝတွင် မြို့စောင့်တပ် လေးခုအကြောင်း ကြားဖူးသည့်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ လာလည်ရန် အခွင့်အရေး မရခဲ့ဖူးချေ။
“ဟိုက်ရား”
ဝမ်ချောင်က ရုတ်တရက် မြင်းကိုရှေ့သို့ တက်သွားစေလိုက်ပြီး နောက်တန်းမှ ရှေ့တန်းသို့တက်သည်။ သူ၏အနောက်မှ ရွှီခဲ့ယွီနှင့် အခြားသော အရာရှိတိုင်းက သူ့နောက်သို့ အမြန်လိုက်လာကြသည်။
အန်းရှီ၏ အဆောက်အဦးများက ဗဟိုပြင်ကျယ်မှ ခမ်းနားသော အဆောက်အဦးများလောက် သေသပ်ခြင်း မရှိပေ။ ထိုအဆောက်အဦးများကို ကြည့်ရုံဖြင့် ရိုးရှင်းမှုနှင့် အကြမ်းတမ်းဆန်မှုကို မြင်နိုင်သည်။ ဝမ်ချောင်က သူ၏လက်အောက်ငယ်သားများကိုခေါ်ကာ အရှေ့သို့ တက်သွားလိုက်သည်။ သူက နောက်ဆုံးတွင် ထိုမြို့စောင့်တပ်ကြီးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ခမ်းနားသော မြို့ကြီးက အလွန်အမင်း အကြမ်းထည်ဆန်အောင် ဆောက်ထားသည်။ ရှေးဟောင်းမြို့ရိုးကြီးများနှင့် ခိုင်မာကြီးမားလွန်းများသော ကျောက်သားများကိုသုံးကာ ဆောက်ထားသည်။
အန်းရှီကို တည်ထောင်ပြီး နှစ်ပေါင်းများစွာ ကြာသွားသည့်အတွက် ထိုမြို့ရိုးကြီးများပေါ်တွင် မရေမတွက်နိုင်အောင် များပြားသော ခြစ်ရာခုတ်ရာများ ကျန်ရစ်သည်။ အချို့သော နေရာများဆိုလျှင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခံထားရသည်။ ပြောရလျှင် ဒီမြို့မှ ကြုံခဲ့ဖူးသောစစ်ပွဲက ထိုမြို့တစ်ခုလုံး၏ နံရံများကို အနီရင့်ရောင် တောက်ပြောင်နေစေသည်။
စွစ်ယဲ့မြို့
ဝမ်ချောင်က ခေါင်းကိုမော့သည်။ သူက မြို့ဂိတ်တွင်ရေးထားသော အရှိန်အဝါကြီးမြတ်သည့် စကားလုံးများကိုကြည့်၏။ ထိုမြင်ကွင်းက သူ၏စိတ်ကိုပင် ဝေဝါးသွားစေသည်။
ဒီမြို့ဖြစ်နေမယ်လို့ မထင်ထားခဲ့ဘူး။
အန်းရှီ၏ မြို့စောင့်တပ် လေးခုထဲမှ ဝမ်ချောင်အရင်းနှီးဆုံး အမှတ်မိဆုံးမြို့က စွစ်ယဲ့ဆိုသည့် ဒဏ္ဍာရီလာမြို့ဖြစ်သည်။ အကြောင်းအရာက ရိုးရှင်းသည်။ အချိန်ကာလခေတ် မတူသော ကာလတွင် တည်နေရာသည် ကဗျာစာပေပညာရှင် အမရတစ်ပါး၏ မွေးရပ်မြေဖြစ်ခဲ့သည်။ ကျော်ကြားသော မြို့စောင့်တပ် ဗိုလ်ချုပ်ပေါင်းများစွာ၏ အိမ်ဖြစ်ခဲ့သည်။ မဟာထန်၏ အဝေးဆုံးမှ ခံတပ်ကြီးက စွစ်ယဲ့ဖြစ်သည်။
စစ်တပ်က တဖြည်းဖြည်းချင်း စွစ်ယဲ့ထံ ဦးတည်ကြသည်။ ကောင်းရှန်းကျစ်နှင့် သူ၏စစ်သည် သုံးသောင်း ထွက်သွားမှုနှင့်အတူ ဒီခံတပ်ကြီးမှ အတက်စွမ်းအားများနှင့် လေးလံသော အစောင့်အကြပ်များ အားလုံးက ပျောက်ကွယ်သွားပြီး ခုခံမှုမဲ့သောမြို့တစ်မြို့ ဖြစ်သွားစေသည်။ ဂိတ်ပေါက်ကလည်း ပွင့်နေသည်။ မည်သည့် မြို့စောင့်တပ်သားကိုမျှ မမြင်ရချေ။
ဂိတ်ဝမှ ဆယ်ကျန်းကျော်ခန့်အကွာတွင် ကျန်းချွယ်က ရုတ်တရက် လမ်းဘေးသို့ ညွှန်ပြရင်းပြောသည်။
“အရှင်အမတ် ဒီနေရာမှာ ကျောက်တိုင်တစ်တိုင် ရှိနေတယ်”
ဝမ်ချောင်က ရုတ်တရက် ရပ်လိုက်သည်။ ထိုနေရာတွင် ကျောက်တိုင်ကြီးရှိနေပြီး အချိန်နှင့် လေဒဏ် မိုးဒဏ်ကို ခံခဲ့ရပုံပေါ်သည်။ တစ်ချက်ကြည့်ရုံဖြင့်ပင် လမ်းဘေးတွင် ထားထားသည့် လူနှစ်ရပ်ကျော်ခန့်မြင့်သည့် ကျောက်တိုင်ကြီးဟုသာ ထင်ရသည်။ သို့သော် ဝမ်ချောင်က သေချာကြည့်လိုက်သောအခါ မျက်လုံးပြူးကျယ်သွားသည်။
ဧကရာဇ် တိုင်းခန်းလှည့်လည်ခြင်း
ဝမ်ချောင်က ချက်ချင်းဆိုသလို ထိုကျောက်တိုင်ကို သတိထားလိုက်မိသည်။
သူ၏ယခင်ဘဝတွင် သူ၏ကလန်က ဒုက္ခအတွင်း ကျရောက်သွားသည်အထိ ဝမ်ချောင်က မြို့တော်မှ မထွက်ခွာခဲ့ဖူးချေ။ ထို့ကြောင့် အနောက်ပိုင်းဒေသသို့လည်း မရောက်ခဲ့ဖူးချေ။ သူက နောက်ပိုင်းကာလတွင် အနောက်ပိုင်းဒေသသို့ ထွက်ခွာခဲ့သည်။ အနောက်ပိုင်းနယ်မြေကြီးများတွင် အန်းရှီမြို့စောင့်တပ်လေးခု၏ ဂုဏ်သတင်းက ကောင်းကင်ဘုံသို့ တက်မတက်ဖြစ်သည်။ သို့သော် မြို့စောင့်တပ် လေးခုထဲမှ အကျော်ကြားဆုံး နေရာကမူ ဧကရာဇ် တိုင်းခန်းလှည့်လည်ခြင်း ကျောက်တိုင်ဖြစ်သည်။
ဝမ်ချောင်က စာရေးတတ် ဖတ်တတ်ရန် လေ့လာနေသောအချိန်တွင် ထိုကျောက်တိုင်အကြောင်း ကြားခဲ့ဖူးသည်။ အမှန်တိုင်းဆိုရသော် မြို့တော်မှ ထိုကျောက်တိုင်အကြောင်း မသိသူ သိပ်မများလောက်ချေ။ အကြောင်းမူကား အလွန်အမင်း နာမည်ကြီးလွန်းသော ပုဂ္ဂိုလ်တစ်ယောက်က တည်ဆောက်ထားခဲ့ခြင်း ဖြစ်သောကြောင့်ဖြစ်သည်။
ပန်းချောင်
ဗဟိုပြင်ကျယ်ရဲ့ သမိုင်းက ပထမဆုံး အစစ်အမှန် အန်းရှီကာကွယ်ရေးဗိုလ်ချုပ်
သမိုင်းကြောင်းအရပြောရသော် ဗဟိုပြင်ကျယ်တစ်ခုလုံး၏ သမိုင်းတွင် လူတစ်ယောက်တည်းကသာ အနောက်ပိုင်းဒေသသို့ သွားသောလမ်းကို ဖွင့်ခဲ့သည်။ ထိုလူက ကျန်းချန်ဟု ထင်ထားကြသည်။ သို့သော် နောက်ပိုင်း ရာစုနှစ်ပေါင်းများစွာကြာအောင် အစစ်အမှန် အုပ်ချုပ်ပြီး လွှမ်းမိုးနိုင်ခဲ့သူက ပန်းချောင်ဖြစ်သည်။ ဗဟိုပြင်ကျယ်၏ အနောက်ပိုင်းဒေသ မင်းဆက်တိုင်းနှင့် ပတ်သတ်ခဲ့သမျှ သမိုင်းတွင် အကျိုးအမြတ်ရခဲ့သော အခြေအနေများ၊ ဆုံးရှုံးခဲ့ရသည့် အခြေအနေများ ရှိခဲ့သည်။ သမိုင်းမှတ်တမ်း မရှိသည့် ရာစုနှစ်ပေါင်းများစွာပင် ရှိခဲ့ဖူး၏။ မရေမတွက်နိုင်သော အနောက်ပိုင်းဒေသ၏ ကာကွယ်ရေးဗိုလ်ချုပ်ပေါင်းများစွာက ဒီနယ်မြေကို လုယူခဲ့ကာ ကိုင်တွယ်ခဲ့ကြသည်။ သို့သော် သမိုင်းကြောင်း နောက်ပြန်ကြည့်သော် အနောက်ပိုင်းဒေသ၏ ပထမဦးဆုံး ကာကွယ်ရေးဗိုလ်ချုပ်ကြီးက မဟာဟန်မင်းဆက်မှ လွန်ခဲ့သော နှစ်တစ်ထောင်ကျော်ခန့်က ထိုအမျိုးသားဖြစ်သည်။ သူကသူ၏ ပညာသင်သားဘွဲ့ကို စွန့်လျှက် စုတ်တံကိုလွင့်ပစ်ကာ ဓားကိုင်ခဲ့သူ ပန်းချောင်ဖြစ်သည်။
‘အနောက်ပိုင်းဒေသက ဝေးပေမဲ့လည်း ဗဟိုပြင်ကျယ်ရဲ့ ယဉ်ကျေးမှုနဲ့ သက်ဆိုင်နေတုန်းပဲ။ ကောင်းကင်ရဲ့ သားတော်က သွားရောက်ဖို့ ခက်ခဲရင် ကောင်းကင်သားတော်ရဲ့ ဒီအရာရှိက သူ့နေရာကိုယူလို့ တိုင်းခန်းလှည့်လည်ပေးပါ့မယ်။ အင်ပါယာရဲ့ ဂိတ်ပေါက်က အမြဲတစေ အဓွန့်ရှည် တည်တံ့နေရမယ်’
ပန်းချောင်က အနောက်ပိုင်းဒေသသို့ သွားရောက်ခဲ့ချိန် အတောအတွင်း ပြောခဲ့သည့် စကားလုံးများက မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းပေးခဲ့ကြသည်။ ဒီနည်းအားဖြင့် သူတို့အား အနောက်ပိုင်းဒေသ၏ နယ်မြေကိုဖွင့်ရန် တိုက်တွန်းခဲ့သည်။ ရလဒ်အနေဖြင့် မဟာထန်က ဒီနေ့လို လွှမ်းမိုးနိုင်ခဲ့သည်။ ကျန်းချန်ကပင် သူ၏ခရီးတွင် မရောက်နိုင်ခဲ့သည့် ဝေးကွာလွန်းလှသော နေရာတွင် ကျောက်တိုင်ချခဲ့သည်။
ထိုကျောက်တိုင်ကို ကာကွယ်ရေးဗိုလ်ချုပ် မျိုးဆက်အဆက်ဆက်က ကာကွယ်စောင့်ရှောက်ခဲ့ကြသည်။
သို့သော် ကာလာ့နှင့်တိုက်ပွဲတွင် မဟာထန်က ကျရှုံးသွားခဲ့ပြီးနောက် ကောင်းရှန်းကျစ်၏ စစ်သည် သုံးသောင်းက အမြစ်ဖြတ်သုတ်သင်ခံလိုက်ရလုနီးပါး ဖြစ်ခဲ့သည်။ အာရပ်မှစစ်သားများက ရှေ့သို့ တက်လာခဲ့၏။ သူတို့က ခုံတောင်တန်းကို ကျော်ဖြတ်ခဲ့ပြီး အန်းရှီမြို့စောင့်တပ် လေးခုကို ဝင်ရောက်လာသည်။ သူပထမဦးဆုံး လုပ်သောအရာက ဧကရာဇ်တိုင်းခန်းလှည့်လည်ခြင်းဆိုသော ထိုကျောက်တိုင်ကို ဖျက်ဆီးခြင်းဖြစ်သည်။ သူတို့က ကျန်သောအကျွင်းအကျန်ကိုပင် အာရပ်သို့ယူသွားပြီး ပင်လယ်ထဲသို့ ပစ်ချခဲ့၏။
ထိုသတင်းက ဗဟိုပြင်ကျယ်အပေါ် နည်းပါးသော သက်ရောက်မှု မဟုတ်ခဲ့ချေ။ ဝမ်ချောင်ကပင် ထိုဖြစ်ရပ်ကြောင့် တစ်ဘဝလုံး နောင်တအကြီးကြီး ရခဲ့သည်။
ကာလာ့သို့ ထွက်ခွာသည့်လမ်းတွင် ဝမ်ချောင်အနေဖြင့် သူ၏ယခင်ဘဝက မဖြည့်ဆည်းနိုင်ခဲ့သည့် ထိုပန်းတိုင်ကို ဖြည့်ဆည်းနိုင်မည်ဟု မမျှော်လင့်ခဲ့မိချေ။ သူက သူဖြစ်ချင်ခဲ့သည့် ဆန္ဒကို ဖြည့်ဆည်းနိုင်ပြီး သူ၏မျက်စိနှင့် ထိုကျောက်တိုင်ကို မြင်ခွင့်ရလိမ့်မည်ဟု မမျှော်လင့်မိချေ။
သူ၏စိတ်အတွင်းတွင် အတွေးပေါင်းများစွာက ဖြတ်သန်းသွားသည်။ ဝမ်ချောင်က ရုတ်တရက် မြင်းပေါ်မှ ဆင်းလိုက်ခြင်းက စစ်သည်တော်တိုင်းကို မှင်သက်သွားစေခဲ့သည်။
စိတ်အေးအေးထား ဒီတစ်ကြိမ်မှာ အာရပ်တွေက မဟာထန်ရဲ့နယ်စပ်ကိုကျော်ပြီး မလှမ်းနိုင်စေရဘူး။
ဝမ်ချောင်၏နှလုံးသားက တည်ငြိမ်သွားသည်။ သူက ထိုကျောက်တိုင်ရှေ့တွင် ဂါရဝပြုကာ တိတ်တဆိတ် ကျိန်ဆိုလိုက်သည်။ ထိုကျောက်တိုင်က ဗဟိုပြင်ကျယ်၏ မရေမတွက်နိုင်သော သစ္စာရှိ အရာရှိတိုင်း၏ အိမ်မက်ပန်းတိုင်ဖြစ်သည်။ အိမ်မက်ရှိသောလူတိုင်းက ပန်းတိုင်သို့ အရောက်လှမ်းနိုင်ရသည်။ ဝမ်ချောင်ကလည်း သူတို့၏အိမ်မက်ကို ဖျက်ဆီးခွင့် မပြုနိုင်ချေ။
“သွားမယ်”
ဝမ်ချောင်က အသက်ပြင်းပြင်းရှုသည်။ သူက မြင်းပေါ်ပြန်တက်ပြီး အော်ဟစ်သံနှင့်အတူ စွစ်ယဲ့ထံ ဒုန်းစိုင်းစီးနင်းဝင်ရောက်သွားလိုက်သည်။
အခန်း(၈၇၀)
အင်ပါယာရဲ့ အမွှာမြို့ရိုးဖန်ချန်းချင်
စစ်ယဲ့အတွင်းတွင် ခြောက်သွေ့ညိုးနွမ်းနေသည့် သစ်ရွက်ပေါင်းများစွာက မြေပြင်ကို ကောဇောသဖွယ် လွှမ်းခြုံထားသည်။
မြို့က မဟာထန်၏ အတွင်းပိုင်းနှင် ပိုတူသည်။ မြေပြင်တွင် မီးခိုးရောင်အုတ်သားများ ခင်းထားပြီး လေကလည်း လူသားဆန်သည်။ ထပ်ပေါင်းဆိုရသော် အခြားမြို့များထက်ပင် မဟာထန်ပုံစံမျိုးနှင့်တူသည့် လမ်းများ အဆောက်အဦးများကို မြင်ရ၏။ အရေးကြီးဆုံးအချက်ကမူ နောက်ဆုံးတွင် လူများ တွေ့လိုက်ရခြင်းဖြစ်သည်။ မြို့က သရဲမြို့နှင့် မတူတော့ချေ။ ဟူအချို့က ရှိနေ၏။ လူအုပ်အဖြစ်နှင့်ပင် ရှိသေးသည်။
သို့သော် သူတို့ဖြစ်လာခဲ့သည့် လမ်းတောက်လျှောက်တွင် ကြုံတွေ့ခဲ့သော အနေအထားမျိုးထက် ဒီနေရာမှ စစ်ရနံ့က ပိုထူသည်။
ချွင် ချွင် ချွင်
အဝေးမှ သံမဏိချင်း ထိခတ်သံများကို ကြားရပြီး အော်ဟစ်တိုက်ခိုက်သံများ ထွက်လာသည်။
ဝမ်ချောင်က မျက်မှောင်ကျုံ့ပြီး ကျန်းချွယ်ကိုအော်သည်။
“ကျန်းချွယ် ဘာတွေဖြစ်နေတာလဲ။ ဘာလို့ငါက ဒီနေရာမှာ တိုက်ခိုက်သံတွေ ကြားနေရတာလဲ”
အန်းရှီကာကွယ်ရေးစစ်တပ်က ရှေ့တန်းတွင်ရှိနေပြီး အာရပ်နှင့် ပြင်းထန်သည့် တိုက်ပွဲကို ဖြစ်နေချိန်တွင် မြို့အတွင်းတွင် တိုက်ခိုက်နေမှုများ မရှိသင့်ချေ။
“အရှင်အမတ်ကို သတင်းပို့ပါတယ်။ စစ်ယဲ့မှာ ဓားမြတွေရှိပါတယ်။ ကျွန်တော်တို့ သူတို့ကို သတိပြုမိတဲ့အချိန်မှာ သူတို့က မီးတွေကို ပစ်လွှတ်ပြီး မြို့ကိုဝင်စီးထားကြတာပါ။ ကျွန်တော်တို့က လက်ရှိအချိန်မှာ သူတို့နဲ့ တိုက်ခိုက်နေရပြီး သိပ်မကြာခင်မှာ သူတို့ကို အနိုင်ယူနိုင်တော့မှာပါ”
ဝမ်ချောင်က မျက်မှောင်ကျုံ့လျှက် တီးတိုးပြောသည်။
“ဓားပြတွေဟုတ်လား ဒါက အန်းရှီကာကွယ်ရေးစစ်တပ်ရဲ့ နေရာမဟုတ်ဘူးလား။ ဖန်းချန်းချင်က ဒီနေရာမှာ ရှိနေသေးတယ် မဟုတ်ဘူးလား။ ဘာလို့ ဓားပြတွေ ရောက်လာရတာလဲ”
ကောင်းရှန်းကျစ်က အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည် ကိုးဆယ်ရာခိုင်နှုန်းခန့်ကို ခေါ်ကာ ထွက်ခွာသွားသည်။ သို့သော် တစ်ဆယ်ရာခိုင်နှုန်းက ဒီနေရာတွင် ကျန်ရစ်သေးသည်။ ထို့ပြင် အင်ပါယာ၏ အမွှာမြို့ရိုးဟုခေါ်သော နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် အမိန့်ပေးနိုင်သူ ထန်စစ်သည် ဖန်းချန်းချင်က ရှိနေလေရာ ဒီနေရာက ယခုလို မဖြစ်နေသင့်ချေ။
“အခြေအနေက မရှင်းလင်းပါဘူး”
ကျန်းချွယ်က ခေါင်းခါသည်။ သူကလည်း စိတ်ရှုပ်နေသည်။
“ကျွန်တော်တို့ရဲ့ သိန်းငှက်အဖွဲ့က ကောင်းကင်ပေါ်က မြင်ရတဲ့အတိုင်းဆိုရင် စစ်ယဲ့မှာ ဓားပြတစ်ဖွဲ့တည်းရှိတာ မဟုတ်ပါဘူး။ အခြေအနေက ဖြစ်ပွားနေခဲ့တာ ကြာလောက်ပါပြီ။ ဗိုလ်ချုပ် ခုံးကျစ်အန်းက လူတစ်ဖွဲ့ကိုဦးဆောင်ပြီး ဓားပြတွေကို မြို့ထဲက မောင်းထုတ်နေပါတယ်။ သူတို့က သိပ်မကြာခင် မြို့ကိုရှင်းလင်းနိုင်မှာပါ”
ဝမ်ချောင်က ခေါင်းညိမ့်သည်။
“ငါဒီကိစ္စကို ဖန်းချန်းချင်ကိုပဲ မေးရတော့မယ်”
သူကထိုသို့ပြောနေချိန်တွင် သတင်းပို့ငှက်က ရောက်လာသည်။
“အရှင်အမတ် အန်းရှီဒုကာကွယ်ရေးဗိုလ်ချုပ် ဖန်းချန်းချင်က တွေ့ခွင့်တောင်းနေပါတယ်”
“အိုး”
ဝမ်ချောင်၏မျက်ဝန်းက အံ့ဩသွားဟန်ဖြင့် အလင်းရောင် လက်သွားသည်။
ချောင်ချောင်အကြောင်း ပြောနေချိန်တွင် ချောင်ချောင်က ရောက်လာသည်။
ဝမ်ချောင်က သူ၏မြင်းကို အရှေ့သို့သာနှင်လိုက်၏။
လမ်းဘေးတွင်... ကျော့ရှင်းကြည့်ကောင်းသော အစိုးရအရာရှိတစ်ယောက်၏ဘေးတွင် ပုံရိပ်ပေါင်းများစွာက တည်ငြိမ်စွာ ရပ်နေကြသည်။ ခေါင်းဆောင်က အလွန်အမင်း အကျည်းတန်ကာ အသားအရည်မည်းသည်။ သို့သော်သူက ဖြောင့်မတ်စွာရပ်နေပြီး သေသပ်သောပုံစံကို ဝတ်ဆင်ထားလျှက် အလွန်ယုံကြည်မှုရှိဟန်ရသည်။ သူ၏အနောက်တွင် အန်းရှီကာကွယ်ရေးစစ်တပ်မှ တောင့်တင်းသန်မာသော စစ်သည်လေးယောက်ရှိသည်။ အားလုံးက ခါးတွင် ဆေဘာများကို လွယ်ထားကြသည်။
ထိုလေးယောက်က ထိုနေရာတွင် ရပ်နေသည်မှာ ကြာလောက်လေပြီ။ သူတို့၏ မျက်နှာတွင် စိုးရိမ်မှုကိုလည်း မြင်နိုင်သည်။
“သူရောက်လာပြီ”
ဝမ်ချောင်၏မြင်းက ဖန်းချန်းချင်၏ မျက်ဝန်းကို ပျော်ရွှင်မှုကြောင့် တောက်ပသွားစေခဲ့သည်။ သူက သူ၏အန်းရှီလက်ရွေးစင် စစ်သည်လေးယောက်နှင့်အတူ ရှေ့သို့ အလောတကြီး တက်သွားကာ ကယ်တင်ရှင်ကို ကြိုဆိုသလိုမျိုး နှုတ်ဆက်သည်။ နှစ်လနီးပါးကြာပြီးနောက် ဖန်းချန်းချင်၏မျက်ဝန်းက စိုးရိမ်မှုနှင့် ကန်းလုနီးပါးဖြစ်ခဲ့ရသည်။ သူက အိုးပူပေါ်ရောက်နေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အချိန်တိုင်းလိုလို ထွက်ပြေးနေခဲ့ရပြီး နောက်ဆုံးမှ သူမည်မျှ သည်းခံခဲ့ရကြောင်း နားလည်လိုက်သည်။
ယခုအခါ ဝမ်ချောင်က စစ်ယဲ့သို့ စစ်သည်တစ်သိန်းကျော် ပါဝင်သော စစ်တပ်နှင့်အတူ ရောက်လာသည်။ ဖန်းချန်းချင်က နောက်ဆုံးတွင် စိတ်အေးနိုင်ပြီဖြစ်သည်။
အမှန်တိုင်းပြောရသော် ဝမ်ချောင်၏ အချိန်ဆွဲမှုက သူ့ကိုလည်း မေးခွန်းအများကြီးဝင်စေသည်။ ဝမ်ချောင်က ရည်ရွယ်ချက်ရှိရှိဖြင့် အကြောင်းပြချက် ပေးခဲ့သည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် ယခုမှသာ သူ၏သံသယတိုင်းက ရှင်းလင်းသွားသည်။ ဖန်းချန်းချင်အနေနှင့် အခံစားရဆုံးဟာ ဝမ်ချောင်၏ တပ်ကူက သူမျှော်လင့်ထားသည်ထက် ကြီးမားလွန်းနေခြင်းဖြစ်သည်။
သူကိုယ်တိုင်ကပင် ဝမ်ချောင်က အများဆုံးမှ စစ်သည်သုံးသောင်းခန့်သာ ယူလာနိုင်မည်ဟု ယူဆခဲ့သည်။
“အရှင်အမတ် ငါမင်းကိုစောင့်နေတာကြာပြီ”
ဖန်းချန်းချင်က ခပ်မြန်မြန် ရှေ့ထွက်သွားပြီး ဝမ်ချောင်၏ ခွာဖြူအရိပ်အရှေ့တွင် ဂါရဝပြုလိုက်သည်။ သူက လက်နှစ်ဖက်ကိုပင် ပူးကပ်ထားသေး၏။ သူ၏ပါးစပ်မှ ထိုစကားလုံးများ ထွက်လာသောအခါ ဖန်းချန်းချင်၏ မျက်လုံးများက အရည်လဲ့လာသည်။ တာလာ့က အလွန်အမင်း အန္တရာယ်များသော အနေအထားမျိုးတွင်ဖြစ်သည်။ အန္တရာယ်အများဆုံးကာလတွင် ဖြစ်နေ၏။ သူက လွန်ခဲ့သော သုံးနှစ်လုံးလုံး မည်သည့်စာမျှ မရခဲ့ချေ။ သူက စိုးရိမ်ရုံမှတစ်ပါး ဘာမှမလုပ်နိုင်ခဲ့ချေ။ သူက အလွန်အမင်း စိုးရိမ်နေသည့်တိုင်အောင် အများကြီးလည်း ထုတ်မပြနိုင်ချေ။ လူတိုင်းကသူ့ကို ကြည့်နေကြသည်။
သူက ထိတ်လန့်ပြသော် အန်းရှီမှ လူတိုင်းက အဆုံးသတ်သွားရပေလိမ့်မည်။ သို့သော် နောက်ဆုံးတွင် နေ့နှင့်ညပေါင်းများစွာ စောင့်ဆိုင်းပြီးနောက် ဝမ်ချောင်က ရောက်လာလေပြီ။
“အရှင် ဒီလောက်ထိ ရိုကျိုးနေစရာ မလိုပါဘူး”
ဝမ်ချောင်က ချက်ချင်းဆိုသလို မြင်းပေါ်မှဆင်းပြီး ဖန်းချန်းချင်ကို အပြေးအလွှား သွားထူပေးလိုက်သည်။ ဖန်းချန်းချင်က အန်းရှီမှ နာမည်ကြီးဗိုလ်ချုပ်ဖြစ်သည်။ အင်ပါယာ၏ အမွှာမြို့ရိုးနှစ်သွယ်ထဲမှ တစ်ခုဖြစ်၏။ အသက်အရွယ် စီနီယာကျမှုအားဖြင့်ယှဉ်သော် သူကဝမ်ချောင်ထက် အဆပေါင်းများစွာ အဆင့်သာသည်။ သို့ရာတွင် အဆင့်အတန်းအားဖြင့်ယှဉ်သော် ဝမ်ချောင်က သာလေသည်။
ကောင်းရှန်းကျစ်က ထွက်ခွာသွားပြီး ဖန်းချန်းချင်ကသာ နောက်တန်းတွင် ကျန်ရစ်သောအခါ သူ့တွင် ဖန်းချန်းချင်တွင် ဒုကာကွယ်ရေးဗိုလ်ချုပ်ဆိုသော ဂုဏ်အဆင့်အတန်းသာရှိသည်။ သို့သော် ဝမ်ချောင်ကမူ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဖြစ်နေပြီး လူငယ်အရှင်အမတ်လည်း ဖြစ်နေသည်။ ထို့ပြင် သူတော်စင် ဧကရာဇ်ကပင် ဘွဲ့နာမည် ကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ခဲ့သေး၏။ ဖန်းချန်းချင်က ထိုဘွဲ့ထူးများဟာ သူနှင့် လိုက်ဖက်ခြင်းရှိမရှိ မသေချာလျှင်ပင် သူက ဝါနိမ့်နေသည်။ ထို့ကြောင့် ဖန်းချန်းချင်က ဝမ်ချောင်နှင့် တွေ့သောအခါ ထိုသို့ လက်အောက်ငယ်သားက ရာထူးကြီးသူကို ဂါရဝပြုသလို ဂါရဝပြုရန် လိုအပ်သည်။
ဝမ်ချောင်က အကြောင်းအရာကို တည့်တိုးပြောသည်။
“ငါက အတင့်ရဲပြီး မေးပါရစေ။ အနောက်ပိုင်းဒေသရဲ့ အခြေအနေက ဘယ်လိုရှိသလဲ။ အရှင်ကောင်းရှန်းကျစ်က ဘာစာများပို့ထားပါသလဲ။ အခု ငါမြို့ထဲကို ဝင်လာတဲ့အချိန်မှာ ဓားပြတွေနဲ့ တွေ့ခဲ့တယ်။ စစ်ယဲ့မှာ အန်းရှီစစ်သည်တော်တွေ ရှိနေခဲ့တာမဟုတ်လား။ ဘယ်လိုကြောင့်များ အခြေအနေက ဒီလိုဖြစ်လာတာပါလဲ”
ဝမ်ချောင်က ဖန်းချန်းချင်၏ နာမည်ကို ကြားဖူးသည်မှာ ကြာလှချေပြီ။ သူ၏ယခင်ဘဝတွင် အင်ပါယာမှ အမွှာမြို့ရိုးနှစ်သွယ်က အနောက်ပိုင်းဒေသ၏ အတောက်ပဆုံး ကြယ်စင်နှစ်စင်း ဖြစ်ခဲ့သည်။ သို့ရာတွင် ထိုထင်ရှားသော ဗိုလ်ချုပ်ကိုမူ တွေ့ရန် အခွင့်အရေး မရှိခဲ့ချေ။ ဖန်းချန်းချင်က ရုပ်ဆိုးသည်။ သူ၏ အဆင့်အတန်းက သူ့ထက်လည်း နိမ့်ကျသည်။ သို့သော် ဝမ်ချောင်ကမူ အနည်းငယ်မျှပင် မနှစ်မြို့မှုကို မခံစားရချေ။ အနှစ်ချုပ်ဆိုရသော် သူက ထိုအမျိုးသားကို လေးစားမှုကိုသာ ခံစားရသည်။ သူက မြင်းပေါ်မှဆင်းပြီး ဖန်းချန်းချင်ကို ဂါရဝမပြုအောင် တားပေးခဲ့သေးသည်။
ထိုလူက အင်ပါယာ၏ သစ္စာရှိ အရာရှိဖြစ်သည်။ နောက်တန်းကို တာဝန်အပြည့်အဝ အယူနိုင်ဆုံးလူဖြစ်သည်။ ရွှီချီချင်ကဲ့သို့ ထောက်ပံ့ရေးဘုရင်များကပင် သူ့ကို အများကြီး လေးစားခဲ့သည်။ သို့သော် ထိုဂုဏ်သတင်းမျိုးကို ပိုင်ဆိုင်ထားသောလူမျိုးဖြစ်နေသောကြောင့် ယခုလိုမျိုး မြို့ထဲတွင် ဓားပြများနှင့် တွေ့ခဲ့ရသည့် အခြေအနေကို ဝမ်ချောင်က နားမလည်နိုင်ခြင်းဖြစ်သည်။
“အရှင်အမတ်ကတော့ မသိလောက်ဘူး။ အန်းရှီက အတွင်းပိုင်းနှင့် အပြင်ပိုင်း ပြဿနာ အများကြီးကို ကြုံဆုံနေရတာ။ အာရပ်တွေက ရှီတိုင်းပြည်ကို ကိုင်တွယ်ခဲ့ရုံတင်မဟုတ်ဘဲ အန်းရှီထဲက ဟူတွေကို လာဒ်ထိုးပြီး သူလျိုတွေအများကြီးလွှတ်ခဲ့တယ်။ ဒီလိုနဲ့ နောက်တန်းကို မြင်းတွေနဲ့ လက်နက်တွေနဲ့ ပတ်သတ်ပြီး ဒုက္ခပေးခဲ့တာပေါ့။ ဒါ့အပြင် ဒီနှစ်လလုံးလုံး အရှင်ကောင်းရှန်းကျစ်နဲ့ အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့မှာ အာရပ်နဲ့ ရင်ဆိုင်ခဲ့ပြီး ဖောက်ထွက်နိုင်မဲ့အလားအလာ မပြတော့ အနောက်ပိုင်းဒေသက လူတွေက စတင်ကာ ထိတ်လန့်လာကြတယ်။ အဖွဲ့ကြီး အဖွဲ့ငယ် အများစုက ရိက္ခာတွေကို ဝင်စီးဖို့ အခွင့်အရေးတွေ အရယူကြတယ်။ ဒီတော့ အန်းရှီက စစ်သားတွေလည်း သေလောက်အောင် လိုအပ်နေခဲ့တယ်။ နောက်ပြီး ကျန်ခဲ့တဲ့ စစ်သည်တော်တွေ အရေအတွက်က နှစ်ထောင်တောင် မရှိပါဘူး။ ဒီတော့ လုံလောက်တာထက် အများကြီး ဝေးကွာလွန်းနေတယ်”
“နောက်ပြီး အရှင်အမတ် အခုမြင်ခဲ့ရတဲ့ ကိစ္စက ငါအကောင်းဆုံး ကြိုးစားထားတဲ့ ရလဒ်ပါပဲ။ ဒီလိုသာမဟုတ်ရင် စစ်ယဲ့က ပိုပြီးတော့ ပိုဆိုးလာမှာပါ”
ဖန်းချန်းချင်က နွမ်းလျစွာပြောသည်။
အင်ပါယာ၏ မြို့ရိုးနှစ်သွယ်ထဲမှ တစ်ခုဖြစ်သည့် ဖန်းချန်းချင်က ဂုဏ်သတင်းအရာတွင် ကောင်းရှန်းကျစ်ပြီးလျှင် ဒုတိယမြောက်ဖြစ်သည်။ ဖန်းချန်းချင်ကလည်း အန်းရှီ လက်ရှိအခြေအနေအပေါ် သူ့ကိုယ်သူသာ အပြစ်တင်သည်။ သူကလည်း အပြစ်မလွှတ်နိုင်ချေ။ ဖန်းချန်းချင်က ယခုအခြေအနေက မည်မျှစိန်ခေါ်မှု ပြည့်နှက်နေကြောင်းကို နားလည်နေသည်။ တိုင်းပြည်(၃၆)ပြည်နှင့် အခြားသော အနောက်ပိုင်းဒေသရှိ အဖွဲ့တိုင်းက ပြဿနာလာရှာကြသောအခါ စစ်သည်နှစ်ထောင်သာရှိသော မြို့စောင့်တပ်ကမူ မလောက်နိုင်ချေ။
ဖန်းချန်းချင်အနေဖြင့် ကောင်းရှန်းကျစ်နှင့် စစ်သည်သုံးသောင်းကို စိုးရိမ်နေရချိန်တွင် အနောက်ပိုင်းဒေသမှ အဖွဲ့များကို ဆက်လက်ထိန်းထားနိုင်ရန်လည်း စိုးရိမ်နေရသေးသည်။ သူ၏ ကိုယ်နှင့်စိတ်က အလွန်နွမ်းလျနေလေပြီ။
“ဒီလိုဖြစ်ခဲ့တာကိုး”
ဝမ်ချောင်က အလွန်ခံစားသွားရသည်။ ကောင်းရှန်းကျစ်က အနောက်ပိုင်းဒေသတွင် စစ်သည်အများကြီး မထားခဲ့ကြောင်းကိုလည်းသိသည်။ သို့သော် နှစ်ထောင်ခန့်သာ ထားခဲ့မည်ဟု မထင်ထားခဲ့ချေ။ ထိုမျှ နည်းပါးသော မြို့စောင့်တပ်က အနောက်ပိုင်းဒေသ တစ်ခုလုံးကို လုံခြုံအောင် မထိန်းထားနိုင်ချေ။ ထိန်း၍ပင် မဖြစ်နိုင်ချေ။ ပြောရလျှင် ဒီစစ်ယဲ့ကဲ့သို့ တာလာ့နှင့်အနီးဆုံးမြို့က ကုန်သည်ပေါင်းများစွာကို ထိန်းသိမ်းထားနိုင်ရန်အတွက် အပေါ်ယံတွင် ဖန်းချန်းချင်က မည်မျှအံ့အားသင့်ဖွယ်ကောင်းအောင် လုပ်ဆောင်ခဲ့ပြီးကြောင်း မြင်နိုင်ခဲ့သည်။
“ချန်းပင်း လူနှစ်ထောင်ခေါ်ပြီး အရှင်ဖန်းချန်းချင်ကိုပေးလိုက်။ နောက်ပြီး လိုအပ်တဲ့ လေး၊ မြှား၊ ဓားတွေကိုလည်း ပေးလိုက်ပါ။ ဒါ့အပြင် ငါက လက်နက်ကြီးအဖွဲ့ ဆယ်ဖွဲ့ကို ချန်ထားပေးခဲ့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် စစ်ယဲ့က တည်ငြိမ်ရမယ်”
ဝမ်ချောင်က ခေါင်းပြန်လှည့်မကြည့်ဘဲ အမိန့်ထုတ်လိုက်သည်။
စစ်ယဲ့သည် အန်းရှီကာကွယ်ရေးစစ်တပ်ထဲမှ အခြေစိုက်စခန်းတစ်ခုဖြစ်သည်။ တာလာ့နှင့် အနီးဆုံး အနောက်ပိုင်းဒေသ၏ အဓိကဗဟိုလည်းဖြစ်နေ၏။ စစ်ယဲ့ကသာ ကစဉ့်ကလျားဖြစ်သွားခဲ့သော် အနောက်ပိုင်းဒေသ တစ်ခုလုံးက ဖြစ်သွားနိုင်သည်။ ထို့ကြောင့် စစ်ယဲ့က သေချာပေါက် သေရမည်။ ဓားပြိုတိုင်းက သေရမည်ဖြစ်သည်။
“ဟုတ်ကဲ့အရှင်အမတ်”
ချန်းပင်း၏အသံက အနောက်မှထွက်လာသည်။ သူက မြင်းကို ခပ်မြန်မြန် ဒုန်းစိုင်းစီးသွားသည်။
“အရှင်အမတ် ငါအန်းရှိက ကိစ္စတွေကို ကိုင်တွယ်နိုင်ပါသေးတယ်။ အဖွဲ့နည်းနည်းလေးပဲ ထားခဲ့ပါ။ အရှင်ကောင်းရှန်းကျစ်ကတော့ တော်တော်လေးကို အန္တရာယ်များနေတယ်”
ဖန်းချန်းချင်က ရုတ်တရက်ပြောသည်။ သူ၏မျက်လုံးတွင် စိုးရိမ်မှုနှင့် ပူပန်မှုများကို ပြသ၏။
“သူက အကြာကြီး မတောင့်ခံနိုင်လောက်တော့ဘူး။ အရှင်အမတ်အနေနဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ်ကို တပ်ကူအဖြစ် ထောက်ပံ့ပေးဖို့ အမြန်ဆုံးသာ ထွက်ခွာသွားပေးပါ”
“အရှင်ဖုန်း မထိတ်လန့်ပါနဲ့။ တာလာ့ရဲ့ အခြေအနေက ဘယ်လိုဖြစ်နေလို့လဲ”
ဝမ်ချောင်ကမေးသည်။
ယခုအချိန်ထိ တာလာ့နဲ့ပတ်သတ်ပြီး သိထားသမျှက အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ဖန်းချန်းချင်သာဖြစ်သည်။ သို့သော် မည်သူကမှ သူ့ထက်ပို မသိနိုင်ချေ။ ကျန်းချွယ်ပင် ထိုသို့မသိနိုင်ချေ။
“တာလာ့ကအခြေအနေက တော်တော်လေးကို တင်းမာနေတယ်။ အာရပ်က အရင်ဆုံး ရောက်လာတဲ့အချိန်မှာ စစ်သည်တော်တွေအများကြီးမပါဘူး။ သူတို့က ပြင်ဆင်ထားတာ သေချာတယ်။ ဒီတော့ တာလာ့အနီးအနားမှာလည်း သင့်လျော်တဲ့ သစ်ပင်တွေတွေ့တော့ သူတို့က ခုတ်ချလိုက်ကြတယ်။ ဒါပေမဲ့အခု အာရပ်တွေက ပိုပိုပြီးများလာပြီ။ သူတို့ရဲ့ တိုက်ခတ်မှုက ပိုပိုပြီး ပြင်းထန်သထက် ပြင်းထန်လာတယ်။ ဆက်တိုက်ရနေတဲ့ သတင်းတွေအရ အာရပ်တွေက သစ်ပင်တိုင်းကို ခုတ်ချပြီး နောက်တန်းကလူတွေကို ရှေ့တန်းကို ပြောင်းလဲတယ်။ နောက်ပြီး လက်ရှိအချိန်မှာ အဲ့ဒီသစ်ပင်တွေအားလုံးကို ကြီးမားတဲ့ လှေကားကြီးတွေ လက်နက်ကြီးတွေအဖြစ် ပြောင်းလဲနေကြတယ်။ သူတို့က တိုက်ခိုက်ဖို့ အပြည့်အဝ ပြင်ဆင်နေကြတာပဲ။ နောက်ပြီး သူတို့က ဒီလောက်အကြာကြီး အချိန်ရနေခဲ့တာဆိုတော့ ရက်အနည်းငယ်လောက် ပိုကြာတာနဲ့ တာလာ့ကသူတို့ဆီ ကျသွားမှာပဲ”
“အာရပ်တွေက ဒီအချိန်မှာ တာလာ့ကိုပဲ အာရုံစိုက်ထားကြတာ။ ဒါပေမဲ့ တာလာ့ကျသွားတာနဲ့ အန်းရှီက လူတွေအားလုံးကို ဆုံးရှုံးရလိမ့်မယ်။ အနောက်ပိုင်းဒေသကလည်း အာရပ်တွေလက်ထဲကို ရောက်သွားမှာပဲ”
ဖန်းချန်းချင်က အလွန်အမင်း ထိတ်လန့်နေသော မျက်နှာထားမျိုးဖြင့်ပြောသည်။
“အရှင်အမတ် အန်းရှီနဲ့မဟာထန်မှာ စစ်သည်တော်တွေ မရှိတော့ပါဘူး။ ဒါကြောင့် ငါက အရှင့်ကိုပဲ မှီခိုရတော့မယ်။ ချန်းချင်က ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် အရှင်ကာကွယ်ရေးဗိုလ်ချုပ်နဲ့ ငါ့ရဲ့အန်းရှီက ညီအစ်ကိုတွေကို ကယ်ပေးပါလို့ တောင်းဆိုပါတယ်။ ကျေးဇူးပြုလို့”
ချန်းချင်က သူ၏အင်အားတိုင်းကိုသုံးပြီး ကွေးသွားသည်အထိ အသားကုန်ငုံ့ကာ ဂါရဝပြုလိုက်သည်။