အခန်း (၈၇၆-၈၈၀)
Vol. 48 Ch. 876-880
အခန်း(၈၇၆)
တပ်ဖွဲ့(၇)၊ (၈)၊ (၉)၊ (၁၀)... စသော ခြေလျှင်တပ်များအားလုံးက အူမာကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးထားသည့် လက်ရွေးစင် ခြေလျှင်တပ်ဖွဲ့များဖြစ်ပြီး သူ၏ ကိုယ်ပိုင်အစောင့် တပ်ဖွဲ့ကဲ့သို့ဖြစ်သည်။ သူတို့တွင် အခြားသော တာဝန်တစ်ခုလည်းရှိ၏။ တိုက်ပွဲနယ်မြေတွင် ခုခံမှုနယ်မြေကို ဆိုးရွားအောင် လုပ်သောလူများကို သတ်ဖြတ်ရန် တာဝန်ဖြစ်သည်။ အာရပ်များက မြင်းတပ်နှင့် လောကကို အုပ်စိုးသည်။ သို့သော် သူတို့က မြင်းတပ်ကို ကိုင်တွယ်သည့်နည်းလမ်းကိုလည်း လေ့လာရှာဖွေထားခဲ့သည်။
မည်သို့ပင်ဆိုစေ အာရပ်များက မြင်းတပ်ကိုသာ လေ့ကျင့်နိုင်သည့် စွမ်းအားတစ်မျိုးတည်းကို ပိုင်ဆိုင်ထားခြင်းမဟုတ်ချေ။ အူမာကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ထားသောလူတိုင်းက တိုက်ပွဲနယ်မြေပေါ်တွင် မြောက်များလှစွာသော ရန်သူများ၏ လက်ရွေးစင် တပ်ဖွဲ့များကို ကူညီကာ သတ်ပေးခဲ့သည်။ ထို့ကြောင့် ခြေလျှင်တပ်ပင်ဖြစ်စေ၊ မြင်းတပ်ပင်ဖြစ်စေ ကျွမ်းကျင်ကြလေသည်။
စစ်တပ်က လှုပ်ရှားပြီး ပြောင်းသွားသည်နှင့်အမျှ မမြင်ရသော သေဆုံးခြင်းပိုက်ကွန်က တဖြည်းဖြည်း ထွက်ပေါ်လာလျှက် ဝူရှန်းမြင်းတပ် ငါးထောင်ထံ ဝိုင်းလာသည်။ သို့သော် ကိစ္စများက ချောမွေ့သွားရန် လိုအပ်နေသေးသည်။ အူမာကိုယ်တိုင်ကလည်း နာမည်ကြီးဗိုလ်ချုပ်ဖြစ်ပြီး သူ၏ အတွေ့အကြုံက ခုခံမှုတွင်သာ ကန့်သတ်ထားခြင်း မဟုတ်သေးချေ။
“မြင်းတပ်အဖွဲ့(၁၃)၊ အဖွဲ့(၃၃)၊ (၄၀)၊ (၅၀)နဲ့ မြင်းတပ်အဖွဲ့(၈၀)... မင်းတို့ချီတက်လာခဲ့ပြီး ဘယ်ဘက် ညာဘက်ခြမ်းကို အလဲထိုး ဖြိုကြ။ သူတို့ကို နင်းချေလိုက်တော့”
အူမာ၏ မျက်ဝန်းက အေးစက်နေသည်။ သူက ခံစားချက်မဲ့သော မျက်ဝန်းများနှင့်အတူ ချီရှီစစ်တပ်ရှိရာဘက်သို့ ကြည့်လိုက်သည်။
‘မာကြောမှုကိုရှောင်ပြီး အားနည်းသော နေရာကို ရိုက်ချပြီး’ ဆိုသော ဆိုရိုးက မဟာထန်ကသာ နားလည်ထားခြင်းမဟုတ်ပေ။ အာရပ်များကလည်း အမျိုးမျိုးသော ဗျူဟာကျမ်းစာများကို နားမလည်ထားလျှင်ပင် သွေးလွှမ်းသော တိုက်ပွဲများကို တွေ့ကြုံခဲ့သည့်အလျောက် အူမာကိုယ်တိုင်ကလည်း ထိုစည်းမျဉ်းကို အစစ်အမှန် အတွေ့အကြုံနှင့်အတူ နားလည်လာသည်။ ထန်မြင်းတပ်က အစစ်အမှန် အလွန်အင်အားကြီးနေသည်။ သို့သော် ထန်စစ်သားတိုင်းက ထိုသို့လုပ်နိုင်သည်ဟု မဆိုလိုချေ။
သူကသာ ထန်မြင်းတပ်ကိုကျော်ပြီး သူတို့၏ အားနည်းသောနေရာကို ရိုက်ချနိုင်သမျှ နောက်တန်းမှ အဓိကအင်အားစုကို ရှုံးအောင်လုပ်နိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် အဆုံးသတ်သို့ ရောက်သွားသောအခါ ထန်မြင်းတပ်အဖွဲ့က မည်မျှအင်အားကြီးမားနေစေကာမူ အာဘတ်ဆစ်ကယ်လီဖိတ်ထံ အနိုင်ယူနိုင်လိမ့်မည်မဟုတ်ချေ။
ထိုအရာသာမကသေးလေဘဲ ထန်အင်အားစုက နယ်မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းနိုင်နေသည့်တိုင်အောင် အူမာကိုယ်တိုင်ကလည်း သူ၏ဗျူဟာက အချိန်လိုကြောင်း နားလည်နေသည်။ တာလာ့တွင် စုစည်းနေသော အာရပ်များ၏ အရေအတွက်က လက်ရွေးစင်စစ်သည် သုံးသိန်းကျော်သည်။ ထိုသုံးသိန်းလုံးကို အပြည့်အဝ စုစည်းလိုက်မိသည့်အခါ ထန်များကို စောင့်ကြိုနေမည်မှာ သေဆုံးခြင်းဖြစ်သွားပေလိမ့်မည်။
ဘုန်း
မြေကြီးက ယမ်းခါသွားပြီး တုန်ယင်သွား၏။ အူမာက ထိုသို့ပြောပြီးရုံသာ ရှိသေးသည်။ နောက်တန်းမှ အာရပ်မြင်းတပ် တစ်သိန်းငါးသောင်းခန့်ရှိသော အဖွဲ့ကြီးက နှစ်ခြမ်းကွဲသွားလေပြီး ဘယ်နှင့်ညာကို ခွဲထွက်သွားသည်။ အနက်ရောင်လေပြေက ဝေ့တိုက်သွားသလိုမျိုး ဒိုင်းနံရံများကို ကျော်ဖြတ်သွား၏။ အနက်ရောင်ချည်စက်ကွင်းများက ပြောင်းလဲလာပြီးနောက်တွင် အချင်းချင်း ထိပ်တိုက်ဆုံကာ သူတို့၏ ခြေထောက်အောက်သို့ ရောက်သည်။ ထိုသို့ဖြင့် သူတို့၏ အရှိန်နှုန်းကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။
ချက်ချင်းဆိုသလိုပင် သူတို့က ကျန်းသုံးရာကို ကျော်လာသည်။
မြင်းတပ်တစ်သိန်းခွဲက ဝူရှန်းမြင်းတပ်ကို ချောမွေ့စွာ ကျော်ဖြတ်သွားလိုက်ပြီး စွန်းကျစ်မင်၊ ချန်းပုယွမ်နှင့် အခြားသောလူများက ဦးဆောင်သော အင်အားစုများကိုလည်း ကျော်သွားသည်။ ယခုအခါ သူတို့က နောက်တန်းမှ ချီရှီစစ်တပ်ထံသို့ ရှင်းလင်းသော လမ်းကြောင်းနှင့်အတူ ဝင်ရောက်သွားသည်။
ခြေလျှင်တပ်
ချီတက်လာသော မြင်းတပ်ကို ရင်ဆိုင်ရသောအခါ ခြေလျှင်တပ်များကို စောင့်ကြိုနေသည့်အရာက သတ်ဖြတ်ခံရရန် စောင့်ကြိုနေသည့် သိုးများကဲ့သို့ တူညီသောဖြစ်စဉ် ဖြစ်နိုင်သည်။ ခြေလျှင်တပ်နှင့် မြင်းတပ်ယှဉ်သောသမိုင်းတွင် ခြေလျှင်တပ်ဘက်မှ အနိုင်ရခဲ့ဖူးသော အရေအတွက်က အလွန်အမင်း နည်းပါးလေသည်။ သံချပ်ကာအပြည့် ဝတ်ဆင်ထားသော မြင်းတပ်အင်အားစုက အရေအတွက် ဆယ်ဆခန့် များပြားနေသည့် ခြေလျှင်တပ် အင်အားစုမျိုးကိုပင် ဆွဲချနိုင်သည်။ ကြောက်မက်ဖွယ်ကောင်းသော အာရပ်မြင်းတပ်ကဆိုလျှင် သူတို့ထက် အရေအတွက် အပြတ်အသတ်သာသော ခြေလျှင်တပ်မျိုးကို အဖြစ်ဖြတ်သုတ်သင်နိုင်သည်။
“သူတို့ကိုသတ်”
“သူတို့ရဲ့ဝင်္ကပါတွေကို ဖျက်ဆီးလိုက်။ သူတို့ကို ထိုးခွဲလိုက်တော့”
“အာဘတ်ဆစ်ကယ်လီဖိတ်အတွက် ဒီကျူးကျော်သူတွေကို သတ်ဖြတ်ကြ”
မြေပြင်တောက်လျှောက် မြင်းခွာသံများက ဟိန်းထွက်နေပြီး အာရပ်မြင်းတပ် တစ်သိန်းခွဲဟာ သူတို့၏ အနက်ရောင် ချည်စက်ကွင်းများနှင့်အတူ ထန်များထံ ချဉ်းကပ်သွားပုံမှာ ခမ်းနားသော ဟာရီကိန်းမုန်တိုင်း တိုက်ခတ်သွားသလိုထင်ရသည်။ ကျန်းတစ်ရာ့ငါးဆယ်ခန့်အကွာ... ကျန်းတစ်ရာ... ကျန်းငါးဆယ်... ထိုသို့ဖြင့် အကွာအဝေးက တဖြည်းဖြည်းချင်း လျော့လာသည်။ ယခုအခါ သူတို့က သယ်ယူပို့ဆောင်ရေး ရထားလုံးများထဲမှ ဆင်းလာသည့် စစ်သားများက ဝင်္ကပါထဲသို့ ဝင်ရောက်နေသည့် မြင်ကွင်းကိုပင် မြင်လိုက်ရသည်။
သို့သော် အချိန်က နောက်ကျသွားပြီဖြစ်သည်။ ကျွမ်းကျင်ပြီး လျှပ်စီးကဲ့သို့ မြန်ဆန်သည့် အာရပ်မြင်းတပ်၏ အရှေ့တွင် ကြိုးစားအားထုတ်မှု အားလုံးက အသုံးမဝင်နိုင်ချေ။
“သူတို့ကိုသတ်”
မြင်းတပ်တစ်သိန်းခွဲ၏ အော်ဟစ်သံများက လေထဲပြည့်နှက်သွားချိန်တွင် သူတို့က နောက်ဆုံးသော အရန် အတားအဆီးကို ကျော်ဖြတ်လိုက်သည်။
“အသင့်ပြင်”
တချိန်ထဲလိုလို ထန်ဘက်မှ ကျယ်လောင်သော အော်သံက ထွက်လာသည်။ အချင်းချင်းကပ်လျှက် ရပ်နေကြနေသော ခြေလျှင်တပ်သား ထန်ငါးယောက်က ငွေဖြူရောင် တွန်းလှည်းကြီးကို ရှေ့သို့ရုတ်ချည်း တွန်းလိုက်သည်။ ထိုခြေလျှင်တပ်သားများ၏ အရှေ့တွင် ချန်းပင်းက သူ၏ဝု့စ်သံမဏိဓားကို ဓားအိမ်ထဲမှထုတ်ပြီး ရှေ့သို့ညွှန်ထားသည်။
သူ၏အကြည့်က စူးရှကာ ထည်ဝါမှုအပြည့်ပါသည်။ သူ၏ကျောက ဖြောင့်မတ်နေသည်။ ဓားကိုင်ထားသောလက်ကလည်း တစ်နေရာတည်းသို့သာ ချိန်ရွယ်ပြီး မလှုပ်ရှားဘဲရှိနေသည်။
ကျန်းလေးဆယ်
ကျန်းသုံးဆယ်
“ပစ်”
ထိုနောက်ဆုံးတခဏတွင် ချန်းပင်းက ဓားကိုအောက်သို့ချသည်။ သေးငယ်သော တွန်းလှည်းရာကျော်က စတင်ကာလှုပ်သည်။
ဘုန်း
ထိုတခဏတွင် တစ်လောကလုံးက ရုတ်ချည်းတိတ်ဆိတ်သွားသည်။ ကျယ်လောင်လွန်းသော ပေါက်ကွဲသံအောက်တွင် အခြားသော ဆူညံသံတိုင်းက မြုပ်သွား၏။ ထို့နောက် ထိုသံစဉ်က သေဆုံးခြင်းသံစဉ်ကဲ့သို့ ဖြစ်လာသည်။
မရေမတွက်နိုင်သော လက်နက်ကြီးပေါင်းများစွာက ပစ်ခတ်လိုက်သည်။ တစ်ခုချင်းစီတိုင်းက တစ်ကျန်းကျော်ရှည်ပြီး သင်္ကေတအမျိုးမျိုး အပြည့်ဖုံးလွှမ်းနေလေရာ မုန်တိုင်းမိုး ရွာသွန်းသလို ထင်ရသည်။
“သတိထား”
“လက်နက်ကြီးတွေပစ်နေတာ”
အရှေ့ဆုံးပိုင်းမှ အာရပ်မြင်းတပ်ဝင်များ၏ မျက်လုံးက ထိုမြင်ကွင်းကြောင့် ပြူးကျယ်သွားသည်။ သူတို့၏ အဆုတ်များကိုသုံးကာ အပြည့်အဝ လေရှုလိုက်မှုကပင် ခဲသွားသလိုမျိုး ခန္ဓာကိုယ်က တောင့်တင်းသွားကြ၏။ သူတို့က သူတို့၏ မြင်းဇာတ်ကြိုးကို ချက်ချင်းပြန်ဆွဲပြီး နောက်သို့လှည့်ကာပြေးသည်။ သို့သော် နောက်ကျသွားသည်။
ဘန်း
ထူထပ်သိပ်သည်းသော လက်နက်ကြီးဖြင့် အပစ်ခံလိုက်ရသည့် မြင်းတစ်ကောင်က စူးရှစွာ အော်ဟစ်လိုက်သည်။ ထို့နောက် ဒုတိယ၊ တတိယ... ကျော်ကြားပါသော အာရပ်စစ်မြင်းများဟာ ထူထည်းသော သံချပ်ကာများကို အသီးသီး ဝတ်ဆင်ထားကြလေရာ သာမာန်မြှားများ မထိုးဖောက်နိုင်လောက်အောင် ခုခံမှုအပြည့်ရှိသည်။ သူတို့က မဟာထန်၏ အရှိန်အဝါ ပြင်းထန်သည့် ထိုဒူးလေးကြီးများ၏ ပစ်ခတ်မှုကို ရင်ဆိုင်ရရာတွင် စက္ကူလောက်ပင် လုပ်နိုင်စွမ်းအားရှိတော့လေသည်။
ဘုန်း ဘုန်း ဘုန်း
ဒူးလေးလက်နက်ကြီး ရာပေါင်းများစွာထံမှ ပစ်ခတ်မှုများ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ သိန်းပေါင်းများစွာကို လက်ခံရရှိချိန်တွင် တစ်ကြိမ်ပစ်ခတ်လိုက်ချိန်တိုင်း အာရပ် လေးယောက်၊ ငါးယောက်ခန့်ကိုထိပြီး ပို၍အားပြင်းသော လက်နက်ကြီးများဆိုလျှင် ခုနှစ်ယောက်၊ ရှစ်ယောက်ခန့်ကို တိုက်ရိုက် စုတ်ဖြဲသွားနိုင်သည်။ မြင်းများ၏ဟီသံက လေထဲပြည့်နေပြီး တစ်သုတ်တည်းနှင့် အာရပ်စစ်သည် အနည်ဆုံး ငါးထောင် သို့မဟုတ် ခြောက်ထောင်ခန့်အထိ ဆုံးရှုံးလိုက်ရသည်။
အာရပ်မြင်းတပ်ကို ထိုဒူးလေးလက်နက်ကြီးများဖြင့် ပစ်ခတ်ခံနေရသည့်တိုင်အောင် အင်အားကြီးမားသည့် အရှိန်အားက သူတို့ကို အကွာအဝေးတစ်ခုခြားအောင် ခေါ်သွားနိုင်သည်။ ထို့ကြောင့် အရှေ့ဆုံးအပိုင်းတွင် ရှိနေသော ဒူးလေးကြီးများနှင့် နောက်တန်းမှ တိုက်ခိုက်နိုင်သေးသည့် စစ်သည်တော်များ၏ အကြားတွင် အလောင်းများ အတန်းလိုက် ခြားနေသည်။
“ပစ်လွှတ်”
ချန်းပင်း၏ မျက်ဝန်းက အာရပ်မြင်းတပ်ထံတွင်သာ ရှိနေသည်။ သူ၏ဝု့စ်သံမဏိဓားက အောက်သို့တဖန် ခုတ်ချဟန်ဖြင့် ငုံ့ကျသွားသည်။
ဘုန်း
လေထဲတွင် ဒုတိယမြောက် ပစ်ခတ်သံကြီးက ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
“ပစ်”
တတိယတစ်ကြိမ် ပစ်ခတ်လိုက်သံကလည်း ကောင်းကင်တစ်ခုလုံးကို တုန်ခါသွားစေပြန်သည်။ တစ်ကြိမ်ပစ်ခတ်လိုက်ချိန်တိုင်း ထွက်လာသောအသံက သေဆုံးခြင်းနတ်ဘုရားက သူ၏မျက်ရည်ဓားကြီးကို လွှဲယမ်းကာ ခုတ်ပိုင်းနေသလိုမျိုး အာရပ်မြင်းတပ် တစ်ယောက်ချင်းစီတိုင်းကို ချိန်ရွယ်ကာ သတ်ဖြတ်နေခဲ့၏။ သုံးကြိမ်ဆက်တိုက် ပစ်ခတ်ပြီးနောက်တွင် အာရပ်မြင်းတပ် တစ်သိန်းခွဲလုံးက အဆုံးသတ်သွားသည်။ သူတို့၏ ကံကြမ္မာက သတ်မှတ်ထားပြီးသားဖြစ်သည်။ ကျယ်ပြောသော တိုက်ပွဲနယ်မြေဟာ မြင်းနှင့်အာရပ် အလောင်းများဖြင့်သာ ကော်ဇောသဖွယ် ခင်းခံလိုက်ရသည်။
သုံးကြိမ်ပစ်ခတ်ပြီးနောက် မိုးခြိမ်းသံမတက် ကျယ်လောင်သော မြင်းခွာသံများနှင့် စစ်၏ငိုကြွေးသံများ အားလုံးက ပျောက်ကွယ်သွားသည်။ အသစ်ရောက်ရှိနေသည်မှာ သွေးမြစ်များ၏ ဂလူးဂလူး အော်သံများက ကြည်လင်ပြတ်သားနေခြင်းသာဖြစ်သည်။
ထိုနေရာတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည်။
တစ်စက္ကန့်ခန့် ကြာသည်အထိ တိုက်ပွဲနယ်မြေ တစ်ခုလုံးက ကျောချမ်းဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်သွား၏။ တိုက်ခိုက်သံများကပင် ပျောက်ရှသွားသည်။ အဝေးတွင်ရှိနေသော အာရပ်စစ်သားများက အလောင်းများပုံနေသော မြေပြင်ကို အံ့အားတကြီးကြည့်ကြသည်။ သူတို့၏ မျက်ဝန်းအတွင်း ခြောက်ခြားမှုနှင့် ကြောက်လန့်မှုက ထင်ဟပ်လာသည်။ မြင်းတပ်တစ်သိန်းခွဲက တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးမှုတွင် ပါဝင်ခဲ့ကြသည့် လက်ရွေးစင်စစ်သည်တော်များဖြစ်ပြီး အရေအတွက် အပြတ်အသတ် သာနေသည့် ရန်သူပေါင်းများစွာကို အလဲထိုးနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် နယ်မြေပေါင်းများစွာကို သိမ်းယူအောင် လုပ်နိုင်ခဲ့ရင်း ကျူးကျော်သူများ ရန်သူများကို အညံ့ခံအောင် လုပ်နိုင်ခဲ့သည်။ တစ်ယောက်ချင်းစီတိုင်းက မြင်းကို အရှိန်နှုန်းမြှင့်ကာ ပြေးနိုင်စွမ်းအားရှိကြပြီး ခြေလျှင်တပ် ငါးယောက်၊ ခြောက်ယောက်ခန့်ကိုပင် ရင်ဆိုင်နိုင်ကြသည်။
သူတို့က ထွက်ခွာသွားသောအခါ အာရပ်စစ်သားများ တစ်ယောက်ချင်းစီတိုင်းကလည်း သူတို့ထက် အရေအတွက် အပြတ်အသတ်သာသည့် ထန်များကို ပမာဏများစွာ သတ်နိုင်မည်ဟု ယုံကြည်မှုအပြည့် ရှိနေခဲ့ကြသည်။ သူတို့က ထန်၏ဝင်္ကပါထဲကိုပဲ တိုက်ရိုက်ထိုးဖောက်ပြီး သူတို့ကို တကွဲတပြား ထွက်ပြေးအောင် လုပ်နိုင်မည်ဟု ကြွေးကြော်ထားကြ၏။ မည်သူကမှလည်း တစ်ဖက်မျ ဒူးလေးကြီးလို လက်နက်ကြီးကို သုံးကြိမ်ပစ်ခတ်လိုက်ရုံဖြင့် အားလုံးကို မြေကြီးထဲသို့ လှဲအိပ်အောင် လုပ်လိုက်နိုင်မည်ဟု မမျှော်လင့်ထားကြချေ။
သူတို့၏ စစ်သမိုင်းတွင် အာရပ်များအနေဖြင့် ယခုလို အခြေအနေမျိုးကို တစ်ကြိမ်သော်မျှ မတွေ့ဖူးခဲ့ချေ။ သူတို့အားလုံးကလည်း ရုတ်ချည်းဆိုသလိုပင် ဖိနှိပ်ခံရမှုနှင့် ပြင်းထန်လွန်းသည့် ဖိအားကို ခံစားလိုက်ရသည်။ အူမာ၏ မျက်နှာကပင် ဖြူဖျော့လာသည်။
“ချီတက်”
ချန်းပင်း၏ မျက်ဝန်းများက မလှုပ်ရှားချေ။ ထိုလက်နက်ကြီးများကြောင့် ဖြစ်သွားခဲ့သော ကျောချမ်းဖွယ်ကောင်းသည့် ဝမ်းနည်းဖွယ်ရာ မြင်ကွင်းကြောင့်လည်း သူက မတုန်လှုပ်သွားခဲ့ချေ။ သူက ဓားကိုတဖန် အောက်သို့ လွှဲချလိုက်ပြန်သည်။ ဒီတစ်ကြိမ်တွင် ငွေဖြူရောင်တွန်းလှည်း သုံးထောင်တွင် ပါသည့် ကြီးမားသော လက်နက်ကြီး သုံးထောင်ခန့်ကို အာရပ်မြင်းတပ် အလောင်းပေါ်ကျော်ကာ တွန်းကြသည်။
ပတ်ပတ်လည်မှ အခြားသော ချီရှီစစ်သားများကလည်း အာရပ်၏ အလောင်းများကိုနင်းလျှက် ချီတက်လာကြသည်။
“သတ်”
“အသင့်ပြင်”
ထိုအချိန်တွင် အာရပ်စစ်တပ် အနောက်တန်းမှ အူမာက သူ၏ဆေဘာကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်သည်။ မြင်းတပ်နှစ်သုတ်ကို ဆုံးရှုံးခဲ့ရပြီး အရေအတွက် သုံးသောင်းနီးပါး ဆုံးရှုံးထားရလုနီးပါး ဖြစ်နေသည့်တိုင်အောင် အူမာကမူ လက်မလျော့သေးချေ။ သူက သူ၏စစ်သည် သုံးသိန်းအတွက် အချိန်ဝယ်နိုင်ရန် မျှော်လင့်နေသေးသည်။ စစ်ပွဲက ဗျူဟာအပေါ်သာ ကွက်တိ မှီခိုရခြင်းမဟုတ်ချေ။ ဗျူဟာကလည်း အသုံးဝင်သေးသည်။ သို့သော် အရေအတွက်ကလည်း အရေးပါသေး၏။ ဟန်စစ်တပ်က မည်မျှလေးစားစရာ ကောင်းနေစေကာမူ အပြည့်အကြပ် ရှိနေသော အာရပ်စစ်တပ်က နောက်ပြန်လှည့်လိုက်နိုင်သမျှ ထန်များက အဆုံးသတ်ပေလိမ့်မည်။
ဝုန်း
ထန်စစ်တပ်က အရှိန်နှုန်းမြှင့်လိုက်ပြီး အာရပ်များနှင့် အကွာအဝေးကို နီးသထက်နီးအောင် လုပ်လိုက်သည်။
ထိုအချိန်တွင် မည်သည့်အာရပ်မြင်းတပ်ကမှ ထန်တပ်ကူ တစ်သိန်းကျော်ကို မရင်ဆိုင်နိုင်တော့ချေ။ နောက်ဆုံးတွင်
ဘုန်း
မြေကြီးက တုန်ခါသွားသည်။ ကောင်းကင်ဘုံကပင် ယမ်းခါသွားပုံ ဖြစ်သွား၏။ ကောင်းကင်မှသာ ငုံ့ကြည့်လိုက်မည်ဆိုလျှင် ဝင်္ကပါတကျ ပူးကပ်လျှက် ချီတက်နေသော စစ်တပ်တစ်ခုဟာ ရေလှိုင်းနှစ်လှိုင်း လိမ့်တက်လာသလိုမျိုး တစ်ဖက်သူထ ံတိုးကပ်သွားကြောင်း မြင်နေရလေသည်။ တာလာ့က သူတို့၏ ထိပ်တိုက်ရင်ဆိုင်မှုအောက်တွင် တုန်ခါတော့မလိုဖြစ်သွားပြီး မြေကြီးကိုယ်တိုင်ကပင် ကျွံ့ကျသွားပုံ ပေါ်လာသည်။
လက်သီးက လက်သီးချင်းယှဉ်သည်။ အသားက အသားချင်းယှဉ်၏။ စစ်မြင်းများက စစ်မြင်းချင်း ယှဉ်ကြသည်။ လက်နက်ချင်းက လက်နက်ချင်းယှဉ်သည်။ ထိုသို့ဖြင့် တိုက်ပွဲနယ်မြေတွင် အားလုံးက ကြမ်းတမ်းစွာ ထိပ်တိုက်ရင်ဆိုင်ကြသည်။ ယခုလိုတိုက်ပွဲမျိုးတွင် မည်သည့်စွမ်းရည်၊ မည်သည့်လှည့်ကွက်ကိုမျှ ထုတ်သုံးရန် မလိုအပ်ချေ။ စစ်သားသီးသန့်ကလည်း သူတို့၏ အင်အားအပြည့်ကို ထုတ်သုံးနိုင်ကြသည်။ ဒီတိုက်ပွဲကြီးကလည်း အရှေ့နှင့်အနောက်ကြားမှ အပြင်းထန်ဆုံး အကြီးဆုံး တိုက်ပွဲကြီးဖြစ်သည်။
“ထိန်းထားကြ”
“ကယ်လီဖိတ်အတွက် ဒီကျူးကျော်သူတွေကို တားကြစမ်း”
အရှေ့ပိုင်း တိုက်ပွဲနယ်မြေ အရှေ့ဆုံးအပိုင်းမှ အာရပ်ဒိုင်းကာများက သူတို့၏အသက်ကိုရင်းကာ ထန်များ၏ ချီတက်မှုကို တားကြသည်။ သူတို့က အံ့ကိုကြိတ်လျှက် ပုခုံးကိုမြှင့်ပြီး ခုနှစ်ပေခန့်ရှည်သော ဓားကြီးများကိုမြှောက်ကြသည်။
ခွပ် ခွပ် ခွပ်
အခြားတစ်ဖက်မှ တိုက်ခိုက်သံများက မိုးရွာသလို ရွာသွန်းလာသည်။ ဒိုင်းများက တုန်ခါသထက် တုန်ခါပြီး အက်ကွဲကုန်သည်။ သို့သော် အာရပ်များက ထိန်းထားကြသေးသည်။ သူတို့က ယခုလို တိုက်ကွက်မျိုးကို စောင့်ကြပ်ရာတွင် အတွေ့အကြုံ အများကြီးရှိကြသည်။ တစ်ယောက်ချင်းစီတိုင်းက ကြီးမားသော ဒိုင်းကြီးများကိုသုံးပြီး အင်အားတူသော ပြိုင်ဘက်လေးယောက် ငါးယောက်ခန့်ထံမှ တိုက်ကွက်များကို တားနိုင်ကြသည်။ ထိုအတွက်ကြောင့်လည်း အခြားသော ပြည်နယ်များက ခြေလျှင်တပ်နှင့် မြင်းတပ်များကို ရင်ဆိုင်ရာတွင် အာရပ်များက ကြံကြံခံနိုင်ခဲ့ကြခြင်းဖြစ်သည်။
အစစ်အမှန် တိုက်ခိုက်ရာတွင် အာရပ်မြင်းတပ်ကပင် ထိုအကာအကွယ်လွှာကို ကျော်ဖြတ်ရန် ခက်ခဲလေသည်။
“ထိန်းထား ဗိုလ်ချုပ်က အမိန့်တွေဆက်လွှတ်လိမ့်မယ်။ ငါတို့က တခဏလောက် ထိန်းထားနိုင်သမျှ ဗိုလ်ချုပ်က ကျန်တဲ့စစ်တပ်တစ်ခုလုံးကို နောက်ပြန်လှည့်ခိုင်းနိုင်ပြီး ဒီထန်တွေကို ရှင်းနိုင်မှာပဲ”
အာရပ်ဒိုင်းကာသမားများက အော်ဟစ်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကို ရှေ့သို့ကုန်းလိုက်ကြ၏။ ဒီနည်းအားဖြင့် သူတို့၏ ခြေထောက်က မြေကြီးထဲသို့ နစ်ဝင်သွားကြသည့်တိုင်အောင် သူတို့က မယိုင်သွားကြချေ။
သို့သော် ထိုတခဏတွင်...
ဘုန်း
မြေကြီးက တုန်ခါသွားပြီး ထန်စစ်တပ် နောက်တန်းမှ လေပြေတိုက်ခတ်သွားသလို မမြင်ရသော အားလှိုင်းများက ထွက်လာလျှက် အာရပ်စစ်သားများကို လွှမ်းခြုံလိုက်သည်။ အရှေ့ပိုင်းမှ အာရပ်များက မတုန့်ပြန်နိုင်ကြသေးခင် မမြင်ရသော ချိန်းကြိုးများက သူတို့၏ခန္ဓာကိုယ် ပတ်ပတ်လည်မှ ချည်စက်ကွင်းများကို ရစ်ပတ်လာသလိုမျိုး သတ္တူချင်း ထိခတ်သံကို ကြားလိုက်ရသည်။ ထို့နောက် သူတို့၏ အားများက ချက်ချင်းဆိုသလို သုံးဆင့်ခန့် ထိုးကျသွားသည်။
ထန်များနှင့် ကြမ်းတမ်းသည့် ထိပ်တိုက်ရင်ဆိုင်မှုမျိုး ကြုံနေရသည့် အနေအထားမျိုးတွင် ထိုဒိုင်းများအားလုံးက ပြိုလဲကျလွယ်သော နံရံများအဖြစ် ပြောင်းလဲသွားလေသည်။
အခန်း(၈၇၇)
“ဒီမှာဘာတွေဖြစ်နေတာလဲ”
အာရပ်တိုင်းက ကြောက်လန့်တကြား ဖြစ်သွားကြသည်။ သူတို့ထဲက မည်သူကမှလည်း အခြေအနေများက မည်သို့မည်ပုံ ယခုလိုဖြစ်လာကြောင်း နားမလည်နိုင်ကြချေ။ သို့ရာတွင် ထိုအခြေအနေကလည်း တိုက်ပွဲနယ်မြေကို ဆုံးဖြတ်ချက် ချပေးလိုက်သည့် ပြောင်းလဲမှုတစ်ခုဖြစ်သွားသည်။
ဘုန်း ဘုန်း ဘုန်း
ဗုံတစ်လုံးကို ထပ်ခါတလဲလဲ တီးနေသလိုမျိုး တိုက်ပွဲနယ်မြေ၏ အရှေ့ပိုင်းနေရာတစ်ခုလုံးက လျှင်မြန်စွာ ပြိုကျသွားသည်။ တိုက်ပွဲနယ်မြေ၏ အဆိပ်ချီစက်ကွင်း သုံးခုက အာရပ်စစ်သားများ၏ အင်အားကို ပြဇာတ်ဆန်ဆန် ထိုးကျသွားစေခဲ့ပြီး သူတို့အား မဟာထန်၏ စစ်သားများကို မယှဉ်နိုင်အောင် ဖြစ်သွားစေလေသည်။
ဘန်း
မဟာထန် ခြေလျှင်တပ်သား လေးယောက်က သူတို့၏ ကြယ်တာရာစွမ်းအင်များကို အတူပေါင်းလိုက်ပြီး ကြီးမားသော အာရပ်ဒိုင်းများထဲမှ တစ်ခုထံ ခပ်ကြမ်းကြမ်း ရိုက်ချလိုက်ကြသည်။ ယခင်က မရွေ့လျားသော နံရံကြီးတစ်ခုကဲ့သို့ ဖြစ်နေသည့် ထိုဒိုင်းကြီးက ချက်ချင်းဆိုသလိုပင် လွင့်ထွက်သွားပြီး အနောက်ဘက်တွင်ရှိသည့် စစ်သားကိုပင် လဲကျသွားစေသည်။
ဝုန်း
ထိုစစ်သားက မတုန့်ပြန်နိုင်ခင် ဖြတ်လတ်သော မြွေတစ်ကောင်နှင့်တူသည့် လှံက ချက်ချင်းရှေ့သို့ ဇွက်ကနဲ ဝင်ရောက်လာကာ ထိုအာရပ်၏လည်မြိုကို ထိုးခွဲသွားပြီး မြေကြီးတွင် ထိုးစိုက်ထားလိုက်သည်။ ထန်စစ်သားများက သူ၏အလောင်းပေါ် တက်နင်းပြီး ရှေ့သို့ချီတက်သွားကြ၏။
ထိုအချိန်တွင် တိုက်ပွဲနယ်မြေ၏ အခြားတစ်နေရာတွင်လည်း သွေးအလင်းက ဖြတ်ကနဲလက်သွားသည်။ ယခုလေးတင် ဖြတ်လတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော စစ်သွေးကြွ အာရပ်ခေါင်းဆောင် တစ်ယောက်ဟာ ဓားတစ်လက်ကြောင့် အပြေးရပ်သွားလေသည်။ မုတ်ဆိတ်နှင့် အာရပ်ခေါင်းဆောင်ကလည်း သူ၏ရင်ဘက်ထဲမှ ပြန်ထွက်လာသည့် ဓားလက်ကိုင်ရိုးကို မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။ သူ၏မျက်နှာတွင် ကြောက်လန့်မှုက အပြည့်ရှိနေ၏။ သူ၏လက်က ထိုလက်ကိုင်ရိုးကို ဆုပ်ကိုင်ထားရင်း တဖြည်းဖြည်းချင်း သစ်သားတုံးလို မြေပြင်ပေါ်သို့ လဲကျသွားသည်။
သေသွားခဲ့သည့်တိုင်အောင် သူက မည်သည့်အတွက်ကြောင့် သူ၏အင်အားဟာ ထိုသို့ ပြင်းပြင်းထန်ထန် ထိုးကျသွားခဲ့ပြီး ဓားတစ်လက်တည်းနှင့် သေသွားစေလောက်အောင် အားနည်းသွားစေကြောင်း နားမလည်နိုင်သေးချေ။
ထိုသို့ဖြင့် အလားတူသော ဖြစ်ရပ်များက အခြားသောလူတစ်ယောက်... နှစ်ယောက်... သုံးယောက်... စသဖြင့် တစ်ယောက်ပြီးတစ်ယောက်ထံတွင် ဖြစ်လာလေသည်။ အချိန်တိုအတွင်း အာရပ် ထောင်ပေါင်းများစွာက လဲပြိုကျကုန်သည်။
ဘုန်း ဘုန်း ဘုန်း
တချိန်ထဲတွင်ပင် ချန်းပင်းက ဒူးလေးကြီးများသယ်ထားသော စစ်တပ်ကို ဦးဆောင်ခေါ်လာသည်။ ထိုလက်နက်ကြီး ရာပေါင်းများစွာက တစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်နေရင်း အာရပ်စစ်တပ်ကို တစ်သုတ်ပြီးတစ်သုတ် ဆွဲဖြဲနိုင်နေသည်။
ထန်များ၏ လုပ်ကြံသတ်ဖြတ်မှုကို ခုခံရန်အလု့ိငှာ အရှေ့ပိုင်းနယ်မြေတွင် ရှိနေသမျှ အာရပ်တိုင်းက ပြည့်ကြပ်ညှပ်လောက်အောင် ရှိနေကြပြီး သူတို့ဂုဏ်အယူရဆုံး ခုခံခြင်း ဝင်္ကပါများကို သုံးထားကြသည်။ သို့ရာတွင် ထိုအခြေအနေကလည်း ထန်၏ ထိုလက်နက်ကြီးများအတွက် အဆင်ပြေသွားခြင်းဖြစ်သည်။ ဒီနည်းအားဖြင့် မြင်းတပ်ကို ကိုင်တွယ်ချိန်ကထက် ပို၍သက်ရောက်မှု ပြင်းထန်သွားစေသေးသည်။
ခွပ် ခွပ် ခွပ်
ထိုလက်နက်ကြီး တစ်လက်ချင်းစီတိုင်းက အာရပ်စစ်သည် အနည်းဆုံး ဆယ်ယောက်ကျော်ခန့်ကို တောက်လျှောက် ထိုးသွားနိုင်သည်။ အချို့သော လက်နက်များဆိုလျှင် စစ်သည်သုံးဆယ်ကျော်ခန့်ရှိမည့် အတန်းလိုက်ကို တောက်လျှောက် ထိုးဖောက်သွားနိုင်သေး၏။ တခဏသာကြာလိုက်သည်။ လက်နက်သုံးထောင်က ကြောက်မက်ဖွယ်ကောင်းသော ကြီးမားသည့် သတ်ကွင်းကြီးကို ထုတ်ပေးလိုက်နိုင်သည်။ ထိုသတ်ကွင်းထဲတွင် လက်နက်စာမိပြီး သေဆုံးသွားခဲ့သည့် အာရပ်စစ်သည် အနည်းဆုံး တစ်သောင်းခန့်ရှိနိုင်သည်။
ထိုသို့ ကြောက်မက်ဖွယ်ကောင်းသည့် သေဆုံးနှုန်းကို ရင်ဆိုင်ရပြီး သူတို့၏ ရဲဘော်ရဲဘက်များက ဖဲချပ်များကို တစ်သုတ်ပြီးတစ်သုတ် ပြိုလဲကျကုန်ကြောင်း မြင်ရသောအခါ ဆုံးဖြတ်ချက်ပြတ်သားသည့် သဘာဝ တိုက်ခိုက်ရေးသမားများဖြစ်သော အာရပ်များကပင် သေဆုံးသည့်အနံ့ကို ရသွားကြပြီး စတင်ကာ ကြောက်လာကြသည်။ သူတို့က စတင်ပြီး နောက်ဆုတ်ကြသည်။
“သတ်”
“မဟာထန်အတွက်”
အာရပ်စစ်တပ်အတွင်း အနက်ရှိုင်းဆုံးအပိုင်း တစ်နေရာတွင် ဝူရှန်းမြင်းတပ် ငါးထောင်ကို ဦးဆောင်ကာ သွားနေသော လီစစ်ယဲ့က အာရပ်များအကြား သွားလာရင်း ဟိုဝင်ဒီထွက်လုပ်လျှက် ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမည်ဆိုသော ဝင်္ကပါကို အမြင့်ဆုံးအထိရောက်အောင် ထုတ်သုံးနေခဲ့သည်။ ထိုနည်းအားဖြင့် လေတွင်လွင့်သော ပန်းများကဲ့သို့ သူတို့က လှုပ်ရှားနေလေပြီး အချိန်တိုအတွင်း အချို့ကံဆိုးစွာသော သားကောင်များကို သံမဏိလက်သည်းများနှင့် ကုပ်ဆွဲရှင်းလင်းလိုက်သလို ရှင်းလင်းလိုက်နိုင်သည်။ ထိုသို့ တစ်ပတ်ပြီးတစ်ပတ် လှည့်ပတ်သွားပြီးနောက် ပတ်ဝန်းကျင်ရှိ အာရပ်စစ်သားများ အားလုံးက ကစဉ့်ကလျား ဖြစ်သွားကြလေသည်။ ပတ်ပတ်လည်မှ ကြီးမားသော ပုဆိန်ကြီးများက ကြောက်မက်ဖွယ်ကောင်းသည့် အင်အားများနှင့်အတူ ခုတ်ချလာသည့်အခါ သူတို့အားလုံး၏ ပစ်မှတ်က လီစစ်ယဲ့ဖြစ်သွားသည်။ အူမာ၏ လက်ရွေးစင် အဖွဲ့များဖြစ်သည့် နံပါတ်(၇)၊ နံပါတ်(၉)နှင့် နံပါတ်(၁၀) ခြေလျှင်တပ်ဖွဲ့များက လီစစ်ယဲ့ကို သူတို့၏ မူလပစ်မှတ်အဖြစ် သဘောထားကြသည်။ သို့သော် သူတို့၏ တိုက်ကွက်များအားလုံးက ချွင်းချက်မရှိစွာပင် အဖယ်ရှားခံရသည်။
စွစ်
လီစစ်ယဲ့က သူ၏ကြီးမားသောဓားကြီးကိုယမ်းသည်။ ရွှေရောင်ဦးထုပ်များက လေတွင် လွင့်ထွက်သွားပြီး ယခုလေးတင် ခေါင်းကိုဆုံးရှုံးလိုက်ရသည့် အာရပ်လက်ရွေးစင်များက တဆတ်ဆတ် တုန်ယင်သွားလျှက် မြေပြင်ပေါ်သို့ လဲပြိုကျကုန်သည်။
“အားလုံးပဲ ငါ့နောက်လိုက်ပြီး သူတို့အားလုံးကိုသတ်ကြ”
လီစစ်ယဲ့၏ ဒေါသထွက်နေသော အော်သံက ဝူရှန်မြင်းတပ်ဝင်တိုင်း၏ နားထဲသို့ မိုးခြိမ်းလိုက်သလို တိုးဝင်သွားသည်။
ဘန်း ဘန်း ဘန်း
အချိန်အနည်းသာ ချီတက်ရသေးသည်။ အူမာ၏ လက်ရွေးစင် ခြေလျှင်တပ်အဖွဲ့များက ဆောင်းတွင်းလေပြေအောက်တွင် လွင့်ထွက်သွားသော ရွက်ကြွေများကဲ့သို့ သုတ်သင်ရှင်းလင်းခြင်း ခံရသည်။ ဝူရှန်းမြင်းတပ်က ဝမ်ချောင်၏ တိုက်ပွဲဝင်အဆိပ်ချည်စက်ကွင်းနှင့် ပေါင်းစပ်ထားပြီးနောက် လေးစားဖွယ်ကောင်းလွန်းသည့် အင်အားမျိုးကို ထုတ်မပြရသေးခင် အာရပ် ခြေလျှင် တပ်ဖွဲ့တိုင်းက ခုခံနိုင်စွမ်းအားမရှိဘဲ ဝူရှန်းမြင်းတပ်၏ မြင်းခွာများအောက်တွင် နင်းချေခံနေရသည်။
သူတို့က အစပိုင်းတွင် ကြမ်းတမ်းခက်ထန်ခဲ့ချိန်တွင် ဝူရှန်းမြင်းတပ်၏ လွှမ်းမိုးနိုင်သော အင်အားနှင့် အဆုံးအစမဲ့သော လုပ်ကြံသတ်ဖြတ်မှုများက သူတို့၏ စိတ်ဓာတ်အင်အားကို ကွဲကြေအောင် ချေမွပစ်လေသည်။
“ပြေးတော့”
ထိုသို့ဖြင့် အာရပ်စစ်သည် တစ်သုတ်ပြီးတစ်သုတ်က ချီတက်လာခဲ့သော်လည်း စုတ်ဖြဲခံရရင့် ထိုးနင်းခံရရင်း သတ်ဖြတ်ခံရရင်းနှင့်သာ အဆုံးသတ်ကြောင်း သိသွားကြသည်။ အာရပ်များက နောက်ဆုံးတွင် သွေးကြောများစတင်ကာ လျော့ကျလာကြပြီး နောက်လှည့်ကာ ပြေးကြသည်။
လက်နက်ကြီးများနှင့် တိုက်ခိုက်သောစစ်တပ်၊ ဝူရှန်းမြင်းတပ်၊ တိုက်ပွဲဝင်အဆိပ်ချီစက်ကွင်းနှင့် ထန်စစ်သည် တစ်သိန်းကျော်... ထိုပမာဏက ဒီတိုင်း နယ်မြေတစ်ခုမှ ဆူပူအုံကြွမှုခန့်သာ ရှိသည်။ သို့သော် အာရပ်စစ်သည် ထောင်ပေါင်းများစွာကမူ ကြောက်လန့်နေသော မျက်နှာများနှင့် တိုက်ပွဲနယ်မြေပေါ် လဲကျနေကြသည်။ ထို့နောက် ကျန်သောလူများကလည်း အလွန်အမင်း ထိတ်လန့်သော မျက်နှာထားမျိုးနှင့် အာရပ်စစ်သည်တော်များအကြား အတင်းတိုးဝင်ကာ ထွက်ပြေးကြသည်။ အာရပ်များ၏ နယ်မြေများကို သိမ်းပိုက်အုပ်စိုးသည့် သမိုင်းတွင် ပထမဦးဆုံးအနေနှင့် သူတို့က မယှဉ်နိုင်သော အင်အားစုမျိုးကို တွေ့လိုက်ရသည်။
ထိုသို့လွှမ်းမိုးနိုင်စွမ်း ပြင်းထန်သည့် ခွန်အားမျိုးက အာရပ်စစ်သားတိုင်းကို ကြောက်လန့်မှု၊ ခြောက်ခြားမှုများကို ခံစားရစေပြီး သူတို့၏စိတ်ဝိညာဉ် အတွင်းပိုင်းတွင်ပင် ထိုစိတ်ဆန္ဒများက ထင်ရှားစွာ ထွက်ပေါ်လာသည်။ စစ်တပ်တစ်ခုလုံးအနှံ့ ထိတ်လန့်မှု၊ ကစဉ့်ကလျားဖြစ်မှုများက ပျံ့နှံ့လာသည်။ အူမာ၏ နယ်မြေကို ထိန်းချုပ်မှုက ကျန့်ကြာသွားသည်နှင့်အမျှ သူ၏လူများက နောက်တန်းရှိ အာရပ်စစ်သည် သုံးသိန်းထံ ထွက်ပြေးကြပြီဖြစ်သည်။
“မျိုးမစစ်ကောင်တွေ ရပ်ကြစမ်း”
“ထွက်ပြေးတဲ့ကောင်တိုင်း စစ်စည်းမျဉ်းအတိုင်း အရေးယူခံရမယ်”
“မင်းတို့ ငကြောက်ကောင်တွေ။ ကယ်လီဖိတ်ကို အရှက်ခွဲတဲ့ကောင်တွေ”
အူမာ၏မျက်နှာက ဖြူဖျော့သွားသည်။ သူ၏တစ်ကိုယ်လုံးက တုန်ယင်နေသည်။ အကြောင်းမူကား သူက ဒေါသထွက်လွန်းသောကြောင့်ဖြစ်၏။ သူ၏မူလ ရည်ရွယ်ချက်ကမူ ထိုစစ်တပ်ကို စုစည်းပြီး ထန်စစ်တပ်ကို ထိန်းထားရန် အင်အားစုတစ်ခုကို လှုပ်ရှားခိုင်းရမည်ဖြစ်သည်။ ဒီနည်းအားဖြင့် အူမာ၏ အကြံအရ ထိုအခြေအနေက အနည်းငယ်သာ ခံနိုင်မည်ဆိုလျှင် ကျန်သောစစ်တပ် တစ်ခုလုံးက အလျှင်အမြန် ရောက်ရှိလာလေပြီး ထန်စစ်တပ်ကို နင်းချေပေလိမ့်မည်။ သို့ရာတွင် နောက်တန်းမှ စစ်တပ်ကပင် ချိန်ညှိမှုမပြီးသေးခင် ရှေ့တန်းမှ စစ်သည်တော်တိုင်း၏ ခုခံရေးအားလှိုင်းက ပြိုကျသွားပြီး နောက်တန်းထံ အပြေးဝင်လာကြသည်။ ထိုအခြေအနေက အူမာလိုချင်သော အခြေအနေ၏ ဆန့်ကျင်ဘက်ပင် ဖြစ်သွားသည်။
ဘန်း
သူဟာ သူ၏စစ်တပ်ကို ထိန်းချုပ်မှု လွတ်ကင်းသွားကြောင်း မြင်သောအခါ အူမာက အံ့ကိုကြိတ်သည်။ သူကရှေ့သို့ မြင်းကိုဒုန်းစိုင်းစီးသွား၏။ သူ၏ဓားမောက်ရှည်ကို တစ်ချက်ယမ်းလိုက်သောအခါ တောက်ပသည့် အလင်းက လက်လာသည်။ သူက ထွက်ပြေးသွားသော စစ်သည်တော် ဆယ်ယောက်ခန့်ကို နှစ်ချက်ယမ်းကာ ခုတ်သတ်လိုက်သည်။
ဒုန်း ဒုန်း ဒုန်း
အူမာက တစ်ဖက်သို့လှည့်ပြီး တိုက်ပွဲထဲသို့ ချီတက်သွားသည်။ နောက်ထပ် စစ်သည်တော် ဆယ်ယောက်ခန့်က မြက်ပင်၊ ပေါင်းပင်များကဲ့သို့ ခုတ်ပိုင်းခံရသည်။
အကြိမ်အနည်းငယ် ဆက်လက်ပြီး ချီတက်ပြီးနောက် အူမာ၏ တစ်ကိုယ်လုံးက သွေးများစိုရွှဲသွားသည်။ သူက အာရပ်စစ်သည် တစ်ရာကျော်ကို ကွပ်မျက်ပြီးလေပြီ။ သို့သော် ထိုအခြေအနေကလည်း အာရပ်မြှားအဖွဲ့ကို မျက်ခုံးပင် မပင့်စေသေးချေ။ သူ၏မျက်နှာတွင် ရှိသော အသားမာကိုပင်တွန့်အောင် မလုပ်နိုင်သေးချေ။ ထိုရက်စက်သောနည်းလမ်းက နောက်ဆုံးတွင် ကစဉ့်ကလျားဖြစ်နေသော ထိုစစ်တပ်ကို အမိန့်အနည်းငယ် ပေးနိုင်သွားသည်။
သို့သော် အူမာက စစ်တပ်ကို ပြန်လည်ပြီး မစုစည်းနိုင်သေးခင် သူ၏နားထဲတွင် ကျယ်လောင်သည့် မြင်းဟီသံကြီးကို ကြားလိုက်ရသည်။ တချိန်ထဲလိုလို အူမာကလည်း စွမ်းအင်မုန်တိုင်းကို ခံစားလိုက်ရ၏။ ထိုစွမ်းအင်မုန်တိုင်းက သူရှိရာဘက်သို့ အလွန်လျှင်မြန်သည့် အရှိန်နှုန်းဖြင့် ချီတက်လာခြင်းဖြစ်သည်။
“ထန်တွေ”
အူမာ၏စိတ်က ဖာဟားနား တောင်ပေါ်မြင်းကို စီးနင်းလာသူထံ ရောက်သွားသည်။ ထိုလူက အာရပ်များထက်ပင် ထွားကြိုင်းသေးသည့် လူထွားကြီးဖြစ်သည်။ ထိုလူဟာ ထန်မြင်းတပ်၏ ခေါင်းဆောင်ဖြစ်သည်။
ဝုန်း
အူမာ၏မျက်ဝန်းက မျေးကျဉ်းသွားပြီး သူကခေါင်းကိုလှည့်လိုက်သည်။ သူ့ကို ကြိုဆိုနေသူက လီစစ်ယဲ့ဖြစ်သည်။ သူက သူ၏မြင်းကိုဖိလိုက်ပြီး နောက်တွင် အလင်းတန်းကိုသာ ချန်ထားရစ်လျှက် ရှေ့သို့ ခုန်တက်လိုက်ကာ အူမာကို ခုန်အုပ်လိုက်သည်။ သူ၏သန်မာသောလက်များက ကြီးမားသော ဓားကြီးကို ခပ်တင်းတင်းကိုင်ထားပြီး ရှေ့သို့ခုတ်ချလိုက်သည်။
“မျိုးနွယ်ခြားကျူးကျော်တဲ့အကောင် မင်းရဲ့အသက်ကိုပေးစမ်း”
လီစစ်ယဲ့၏မျက်လုံးက ဒေါသကြောင့် ပြူးကျယ်နေသည်။ သူက သူ့တွင်ရှိသမျှ ကြယ်တာရာစွမ်းအင်တိုင်းကို ဓားထံပို့ထားသည်။
ဘုန်း
စက္ကန့်အနည်းငယ်ထဲနှင့် အလင်းက ဖြတ်ကနဲလက်သွားသည်။ ထို့နောက် မှောင်မည်းသော သုန်မှုန်နေသည့် စွမ်းအင်များက အူမာ၏ကိုယ်ထဲမှ ပေါက်ကွဲကာ ထွက်လာသည်။ ထိုကြယ်တာရာ စွမ်းအင်များက သိပ်သည်းသော သွေးနှင့် မီးရနံ့ကို သယ်ဆောင်လာသည်။ ထို့နောက် လီစစ်ယဲ့၏ အင်အားအပြည့်ရိုက်ချက်ကို ကြမ်းတမ်းစွာ ခုခံလိုက်သည်။
“မောက်မာတဲ့ အယူဝါဒ ဆန့်ကျင်တဲ့အကောင်။ ငါကိုယ်တိုင်ကိုယ်ကျ မင်းရဲ့အသက်ကို အဆုံးသတ်ပေးမယ်”
အူမာ၏ မျက်ဝန်းအတွင်း အေးစိမ့်သောအလင်းများ လက်လာသည်။ အရှေ့ပိုင်း အ့ပုမူစလင် အစိုးရလက်အောက် လက်ရွေးစင်များထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် အူမာကလည်း အလွန်အမင်း လေးစားဖွယ်ကောင်းသော စစ်သည်တော်တစ်ယောက်ဖြစ်သည်။ သူ၏အင်အားကလည်း သူ၏ရက်စက်မှု၊ ကြမ်းတမ်းမှုတို့နှင့်အတူ ကျော်ကြားသည်။ စစ်တပ်တစ်ခုလုံး လဲပြိုကျနေသော်လည်း အူမာကမူ ဗိုလ်ချုပ်များကြားမှ ပြိုင်ပွဲလောက်ကို ကြောက်နေလိမ့်မည်မဟုတ်ချေ။
သူက ကြမ်းတမ်းသော တိုက်ပွဲအလယ်တွင် မရေမတွက်နိုင်သော ဗိုလ်ချုပ်ပေါင်းများစွာကို သတ်ခဲ့ဖူးသည်။ သူ၏ အာရပ်မြှားဆိုသော ဂုဏ်သတင်းက သူသတ်ခဲ့သော ဗိုလ်ချုပ်များ၏သွေးဖြင့် သွန်းလုပ်ထားခြင်းဖြစ်သည်။
ထိုသို့ဖြင့် သူတို့၏ခေါင်းပေါ်သို့ ကျော်လွန်ကာ ဖြတ်သန်းရောက်ရှိလာသော အသံတစ်သံကြောင့် လေထုက တုန်ယင်သွားသည်။
“မုတ်ဆိတ်ထူနဲ့ မျိုးမစစ်လူရမ်းကားကောင် မင်းဘာတွေအော်နေတာလဲ။ မအော်နဲ့”
သို့သော် ထိုအသံက ပြော၍မဆုံးသေးခင် အူမာ၏ခေါင်းကို ကျောက်တုံးလက်သီး တစ်လုံးက ထိုးခွဲလာသည်။ ထိုထိုးချက်၏ အနောက်တွင် ကြီးမားသော စွမ်းအင်များက ကပ်ပါလာလေပြီး အူမာ၏ ပတ်ဝန်းကျင်မှ ကြယ်တာရာစွမ်းအင်များကို တုန်ခါကာ အကွင်းလိုက် ဖြစ်သွားစေသည်။ သူ၏အောက်ဘက်မှ အာရပ်တောင်ပေါ်မြင်းကပင် မြေပြင်ထဲသို့ ကျွံကျသွားလေသည်။
လီစစ်ယဲ့နှင့် ဟွမ်ပေါ့ထန်း၏ ကျောက်တုံးဗိုလ်ချုပ်၏ ပူးပေါင်းတိုက်ကွက်က အူမာကဲ့သို့သော လူမျိုးကိုပင် ကြီးမားသည့် ဖိအားကို ခံစားရစေသည်။
“အသုံးမဝင်ဘူး မင်းတို့ထဲက ဘယ်ကောင်မှ ငါ့ကိုမသတ်နိုင်ဘူး”
အူမာက အံ့ကြိတ်သည်။ သူ၏မျက်ဝန်းအတွင်း ကြမ်းတမ်းသောအလင်းက လက်လာသည်။ ယခုအခါ သူဟာ ထန်ဗိုလ်ချုပ် နှစ်ယောက်တစ်ယောက် ရင်ဆိုင်နေရခြင်းဖြစ်သည်။ သူက တိုက်ခိုက်ရမည့် အလှည့်ဖြစ်သည်။ သို့သော် အူမာက သူ၏ကြယ်တာရာစွမ်းအင်များကို စုစည်းလိုက်ပြီး သူ၏ ဓားမောက်ရှည်ကို မြှောက်လိုက်သည့်အချိန်တွင် သူ၏ခြေထောက်အောက်မှ မြေပြင်က ဝုန်းကနဲ မြည်ဟီးသွားပြီး မြေသားကြီးက အသက်ဝင်လာသလို ဖြစ်လာသည်။ အချို့သော ပြင်ပအားတစ်မျိုး၏ လွှမ်းမိုးမှုအောက်တွင် နဂိုက မာတင်းနေခဲ့သော မြေသားက ရုတ်ချည်း ကျွံကျသွားပြီး အက်ကွဲလာ၏။ အူမာ၏စစ်မြင်းက ဟန်ချက်ပျက်သွားသည်။ ထိုအခါ အူမာကိုယ်တိုင်ကလည်း မြေပြင်သို့ ထိုးကျသွားသည်။
မြေပြင်က ဝုန်းကနဲအသံထွက်လာပြီး ကွဲအက်မှုက ဟွမ်ပေါ့ထန်း၏ ကျောက်တုံးဗိုလ်ချုပ် လုပ်နိုင်သော အတိုင်းအတာ အတောအတွင်းတွင် ရှိနေသည်။
“မကောင်းတော့ဘူး”
အရှိန်အဝါအပြည့်နှင့် အူမာက နောက်ဆုံးတွင် ကြောက်လန့်မှုနှင့် အံ့ဩမှုတို့ ပေါင်းဆုံကာ ဖြူဖျော့သွားပြီဖြစ်သည်။ သို့သော်သူ၏ ပြဿနာများက အဆုံးမသတ်သေးချေ။ သို့သော် ထိုတခဏတွင် ထန်စစ်တပ်နောက်တန်းမှ အနီရင့်ရောင် အားလှိုင်းတစ်လှိုင်းက ထွက်ပေါ်လာပြီး တိုက်ပွဲနယ်မြေ တစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။ ထိုအားလှိုင်းက သူ့ကိုကျော်ကာ ဖြတ်သွားသောအခါ အူမာကလည်း သူ၏ကိုယ်အတွင်းမှ သံမဏိကဲ့သို့ ခိုင်မာသည့် စွမ်းအင်များက ရုတ်ချည်း ထိုးကျလာကြောင်း သိလိုက်သည်။
ဗိုလ်ချုပ်များရဲ့ အဆိပ်ချည်စက်ကွင်း
ဝမ်ချောင်က ထိုတခဏတွင် တိုက်ခိုက်လိုက်ပြီဖြစ်သည်။ သူက လက်ရှိအချိန်တွင် သူတော်စင် သိုင်းနယ်မြေ အဆင့်ခြောက်နှင့် ခုနှစ်ကြားတွင် ရှိနေလေရာ မဟာဗိုလ်ချုပ်အဆင့် အဆင့်လွန် ကျွမ်းကျင်ပညာရှင်များထဲမှ မည်သူကမှ သူ၏ ဗိုလ်ချုပ်များ၏အဆိပ် ချည်စက်ကွင်း၏ သက်ရောက်အားကို တွန်းလှန်နိုင်လိမ့်မည် မဟုတ်ချေ။
အခန်း(၈၇၈)
“ပြောင်မြောက်တဲ့ အခွင့်အရေးပဲ”
လီစစ်ယဲ့နှင့် ဟွမ်ပေါ့ထန်းတို့၏ မျက်ဝန်းက တောက်ပသွားပြီး ချက်ချင်းဆိုသလို အခြေအနေကို အာရုံခံမိလိုက်သည်။ အူမာ၏ ယုံကြည်အားနည်းသွားမှုနှင့် သူတို့နှစ်ယောက်၏ တိုက်ခိုက်မှုများက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာသည်။ ထိုအချိန်တွင် အဘက်ဘက်မှ မိုးခြိမ်းသံတမျှ ကျယ်လောင်သော မြင်းခွာသံက ထွက်ပေါ်လာသည်။
ဘန်း ဘန်း ဘန်း
ဝူရှန်းမြင်းတပ်ငါးထောင်ကလည်း ကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းတစ်ခုလို ချီတက်လာပြီး အူမာ၏ ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို အဘက်ဘက်မှ ထိုးခွဲကြသည်။
အူမာ၏စွမ်းအင်က အံ့အားသင့်စရာကောင်းသည့် အရှိန်နှုန်းဖြင့် လျော့ကျလာသည်။ ဒီနည်းအားဖြင့် သူက မယုံနိုင်စရာကောင်းသော အဆင့်ထိရောက်အောင် အားနည်းသွားသည်။
ဆယ်ကြိမ်ချီတက်ရင် ဆယ်ပွဲနိုင်ရမယ်။
ဝူရှန်းမြင်းတပ်ငါးထောင်က ထိုဝင်္ကပါကို သုံးထားသောအခါ မဟာဝင်္ကပါဆယ်မျိုးထဲမှ တစ်မျိုးဖြစ်သည့်အလျောက် အူမာကဲ့သို့ ကျော်ကြားသော အာရပ်ဗိုလ်ချုပ်တစ်ယောက်ကပင် ရှင်သန်ရန် အခွင့်အရေး မရှိနိုင်တော့ချေ။
“မဟုတ်ဘူး”
နှလုံးသားအေးစက်မှုနှင့် ဆုံးဖြတ်ချက်ပြတ်သားကာ ခိုင်မာမှုကြောင့်လည်း နာမည်ကြီးသော အူမာကပင် သရဲတစ်ကောင်လို ဖြူစုတ်နေသည်။ သူ၏နှလုံးသားအတွင်းတွင် ပြင်းထန်သည့် ကြောက်လန့်မှုက ထွက်ပေါ်နေ၏။ သူ၏သိုင်းပညာများက ကြမ်းတမ်းကာ ခမ်းနားသည်။ ဒီနည်းအားဖြင့် လီစစ်ယဲ့နှင့် ဟွမ်ပေါ့ထန်းတို့၏ တိုက်ကွက်ကို တချိန်ထဲလိုလို ခုခံနိုင်သည်။ သို့ရာတွင် ဝူရှန်းမြင်းတပ် ငါးထောင်က သူ့ထံ ချီတက်လာသောအခါ အူမာကပင် ရပ်တည်နေနိုင်သည့် အခွင့်အရေး မရှိတော့ချေ။ သူ၏စစ်တပ်တွင် လုပ်ဆောင်ခဲ့သော သမိုင်းသက်တမ်းတောက်လျှောက်တွင် ယခုအနေနှင့် ပထမဦးဆုံးအကြိမ် မြင်းတပ်တစ်ဖွဲ့လုံးက တစ်ယောက်ထဲကို ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ကြုံဖူးခြင်းဖြစ်နေသည်။
မည်သို့ပင်ဆိုစေ လူတစ်ယောက်က မည်မျှအင်အားကြီးစေကာမူ ဝူရှန်းမြင်းတပ်ငါးထောင်ကို ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ ထိုတခဏတွင် သူက သေဆုံးခြင်းရနံ့ကို ရလိုက်ပြီဖြစ်သည်။ သူက သူ၏မြင်းကိုစီးပြီး ထွက်ပြေးသည်။ သို့သော် ဟွမ်ပေါ့ထန်းက ကျောက်တုံးဗိုလ်ချုပ်ကိုသုံးကာ ထိုမြေပိုင်နက်ကို ထိန်းချုပ်ထားလေရာ မြေကြီးထဲမှ ကျောက်သားများက ထွက်လာလေပြီး သူ၏လမ်းကို ပိတ်သည်။ ဒီနည်းအားဖြင့် သိပ်သည်းစွာရှိနေသော ဝူရှန်းမြင်းတပ်က နောက်ပိုင်းကိစ္စကို ကိုင်တွယ်ပေးတော့သည်။
“အား”
ထို့နောက် ထိုတခဏတွင် အူမာဟာ သူ၏ကိုယ်အတွင်းမှ အင်အားတိုင်းကို စုစည်းလိုက်ပြီး သူ၏ ပုံရိပ်ယောင် အာရပ်ဆေဘာဓားကိုမြှောက်လျှက် ခေါင်းပေါ်သို့ကျော်ကာ ရောက်ရှိလာသော တိုက်ကွက်တိုင်းကို တားဆီးလိုက်သည်။ သို့သော် ပေါက်ကွဲသံက ထွက်လာခဲ့ပြီး ထက်ရှသော ကြီးမားသည့် ဓားတစ်လက်က အောက်သို့ခုတ်ချလာသည်။ ထိုခုတ်ချမှုက တိမ်စိုင်များကိုပင် လှီးပစ်နိုင်ပြီး ကောင်းကင်ဘုံကိုပင် ထိုးခွဲနိုင်ပုံရသည်။ ထိုသို့ဖြင့် အူမာ၏ ပိန်းပိတ်အောင် မည်းမှောင်သော ကြယ်တာရာစွမ်းအင် အကာအကွယ်လွှာကို ခုတ်ပိုင်းလိုက်သည်။ ထိုသို့ဖြင့် အူမာ၏ ဘဝကို အဖော်ပြုခဲ့သော နတ်အာရပ် ဓားမောက်ရှည်က ကွဲထွက်သွားသည်။
ဟီး....
နောက်ဆုံးဟီသံနှင့်အတူ အူမာ၏ အာရပ်မြင်းကလည်း မြင်းစီးသူနှင့်အတူ သွေးပေါက်ကွဲမှုအကြား နှစ်ခြမ်းအခွဲခံလိုက်ရသည်။
“မဟာထန်ရဲ့ရန်သူတွေအားလုံး ဒီလိုပဲအပြစ်ပေးခံရမယ်”
လီစစ်ယဲ့ကဓားကိုမြှောက်ပြီး အူမာ၏အလောင်းကို လေထဲသို့ လွင့်ထွက်သွားအောင် ယမ်းထုတ်လိုက်ချိန်တွင် သူ၏ကိုယ်အတွင်းမှ ကြယ်တာရာစွမ်းအင်များက ထွက်သွားပြီး တောက်လောင်သော မီးတောက်အဖြစ်ပြောင်းလျှက် တိုက်ပွဲနယ်မြေတစ်ခုလုံးကို ဆွဲဆောင်လိုက်သည်။ ထိုတခဏတွင် လီစစ်ယဲ့က ကောင်းကင်အထက်မှ နတ်ဘုရားတစ်ပါးကဲ့သို့ အရှိန်အဝါ ကြီးမြတ်နေသည်။
ဘန်း
လီစစ်ယဲ့က ဘာပြောချင်မှန်း မည်သူကမှ နားမလည်နိုင်သော်လည်း အူမာ၏သေဆုံးမှုကတင် အရှေ့ပိုင်းတွင်ရှိသမျှ အာရပ်အင်အားစုတိုင်း၏နားကို ကွဲကြေသွားစေသည်။
“ဗိုလ်ချုပ်ကသေသွားပြီ”
“ဗိုလ်ချုပ်အူမာကို ထန်တစ်ယောက်က သတ်လိုက်ပြီ။ အားလုံးပဲ ပြေးကြတော့”
ထိုအာရပ်တိုင်းက အလွန်အမင်း ကြောက်လန့်ပြီး ကစဉ့်ကလျား ထွက်ပြေးကြသည်။ ရှုံးသွားသော စစ်တပ်က နောက်တန်းမှ အဓိကစစ်တပ် ရှိရာနေရာသို့ ဒီရေကြီးသလို အတင်းတိုးဝင်သွားသည်။ ထိုသို့ဖြင့် အာရပ်စစ်တပ်က ဝင်္ကပါကို ပြောင်းလဲချိန် ပြီးဆုံးပြီး တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှ ရုတ်ချည်းဆိုသလို ကစဉ့်ကလျား ဖြစ်သွားရပြန်သည်။
“သတ်”
“ထန်တွေကိုရန်စတဲ့ လူတွေအားလုံး ကွပ်မျက်ခံရမယ်။ ဒီကောင်တွေ ဘယ်လောက်ဝေးဝေး ချွင်းချက်မရှိဘူး”
“ဟန်တွေကို ရန်စတဲ့ကောင်တိုင်း ကွပ်မျက်ခံရမယ်။ ဒီကောင်တွေ ဘယ်လောက်ဝေးဝေး ချွင်းချက်မရှိဘူး”
“မဟာထန်အတွက်”
တိုက်ပွဲနယ်မြေတွင် ကျယ်လောင်သော ဟိန်းသံများနှင့်အတူ ချီရှီမှစစ်သည်တစ်သိန်းကျော်က နီရဲသော မျက်လုံးများနှင့်အတူ ထွက်ပြေးကြသော အာရပ်များနောက်သို့ တောင်ပေါ်မှခုန်ချလိုက်သော ကြောက်မက်ဖွယ်ကျားက သားကောင်များကို ခုန်အုပ်သလို ချီတက်လာကြသည်။ ဒီအဆင့်တွင် ဗျူဟာများကို မလိုအပ်တော့ချေ။ အာရပ်ရှေ့တန်း တစ်တန်းလုံးက ပြိုလဲကျသွားသည်။ ထန်စစ်သားများကလည်း အဟကြားထဲ ဝင်ရောက်ကာ ကြီးမားသည့် ခုတ်ရိတ်မှုနှင့်တင် လုံလောက်သွားပြီဖြစ်သည်။
ဝူရှန်းမြင်းတပ် လက်နက်ကြီးတပ်ဖွဲ့၊ ခန်းကယ်ဘုရင်၊ အကြီးအသေး ပါလာ့စစ်သားများ၊ အန်းနန်အစိုးရစစ်တပ်၊ ချီရှီကာကွယ်ရေးစစ်တပ်... ရှိသမျှစစ်သည်တော်တိုင်းက ရေကအမြင့်က တစ်သုတ်တည်း စီးကျကာ ကြီးသလိုမျိုး အာရပ်သုံးသိန်းခန့်ရှိမည့် စစ်တပ်ထဲသို့ ပြုံတိုးကာ ဝင်ရောက်သွားလေသည်။ အာရပ်များက ထန်များထက် အရေအတွက် အပြတ်အသတ် သာနေသော်လည်း နောက်တန်းမှ အာရပ်စစ်သားများက ခုခံမှုအချို့လုပ်ပြီး ရှေ့တန်း၏ တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ချင်ခဲ့သည့်တိုင်အောင် သူတို့၏အရှေ့မှ ထိတ်လန့်တကြား ထွက်ပြေးလာသော စစ်တပ်ကလည်း အခြေအနေကို ပြောင်းပြန်မလှန်နိုင်အောင် ပိတ်ဆို့လိုက်သလို ဖြစ်သွားသည်။
“အရှင် အဲ့ဒီကိုကြည့်”
“အာရပ်တွေရဲ့နောက်ပိုင်းက တိုက်ခိုက်ခံနေရတဲ့ပုံပဲ”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အဝေးရှိ တာလာ့မြို့ရိုးပေါ်မှ မရေမတွက်နိုင်သော မျက်လုံးပေါင်းများစွာက ထွက်ပြေးနေသော အာရပ်များကို မှင်သက်စွာကြည့်သည်။ သူတို့ကလည်း တပ်ကူများရှိလာမှုကို သတိထားမိပြီးလေပြီ။ သို့သော် အရှေ့တွင် ခဲနေသလိုမျိုး လှုပ်မရအောင် ပြည့်ကြပ်နေသည့် အာရပ်များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သူတို့က တစ်ဖက်ကို ဂရုမစိုက်နိုင်ကြခြင်းဖြစ်သည်။ ပို၍ဆိုးသည်မှာ နှစ်လလုံးလုံး အဆုံးမသတ်နိုင်သော တိုက်ပွဲပြီးနောက် အန်းရှီအစိုးရစစ်တပ်ထက် ဘယ်သူကမှ အာဘတ်ဆစ်ကယ်လီဖိတ်မှ စစ်သားများဟာ မည်မျှလေးစားဖွယ်ကောင်းကြောင်း နားမလည်နိုင်ကြလောက်ချေ။
ထိုစစ်သားများဟာလည်း သူတို့ကြုံတွေ့ဖူးသော စစ်သားတိုင်းထက် အင်အားကြီးမားသည်။ တပ်ကူတစ်သိန်းလောက်က အထူးသဖြင့် မြောက်များသော ကြေးစားစစ်သားအပြည့်ပါနေသည့် ထိုအင်အားစုကြီးက မည်သည့်နည်းနှင့်မျှ နတ်သမီးပုံပြင်ထဲတွင်သာ ဖတ်ဖူးလောက်သည့် ပုံပြင်တစ်ပုဒ်လိုမျိုး အင်အားကြီးနေခဲ့သည့် ကြမ်းတမ်းကာ ကြောက်မက်ဖွယ်ကောင်းသော အာရပ်စစ်သားများကို ယှဉ်နိုင်လိမ့်မည်မဟုတ်ချေ။ သို့သော် သူတို့ကို အံ့အားသင့်စေသည်မှာ သူတို့၏ တပ်ကူစစ်တပ်က နိုင်ရုံသာမကသေးလေဘဲ ထိုသို့လွှမ်းမိုးနိုင်စွမ်းအပြည့်ဖြင့် အနိုင်ယူနိုင်ခဲ့သေးသည်။
မြို့ရိုးများက တိတ်ဆိတ်သွားသလို လှေကားများထောင်ကာ ရေကြီးသလို ဆန်တက်ချင်နေကြသည့် အာရပ်များကလည်း တိတ်ဆိတ်သွားသည်။ ထို့နောက် အဝေးမှ အာရပ်များနှင့် တပ်ကူစစ်တပ်က တိုက်ခိုက်နေသည့်အော်သံများ၊ အော်ဟစ်သံများက ထန်စစ်သားများကို အံ့အားသင့်စေသလို ဖော်ပြရန် ခက်ခဲသည့် မျှော်လင့်ချက်မျိုးကိုလည်း ကိုင်ဆွဲမိစေသည်။
ထိုတခဏတွင် သူတို့၏နားအတွင်း နွမ်းနယ်နေသော်လည်း ခမ်းနားထည်ဝါနေသေးသည့် အသံတစ်သံက ထွက်လာသည်။
“ငါ့ရဲ့အမိန့်ကိုထုတ် ဂိတ်ကိုဖွင့်ပြီး ချီရှီကာကွယ်ရေးစစ်တပ်နဲ့ ပူးပေါင်းလို့ အာရပ်တွေကို နှစ်ဖက်ညှပ်ပြီး တိုက်ခိုက်ကြမယ်”
ကောင်းရှန်းကျစ်က မြင့်မားလွန်းသော တောင်တန်းကြီးအလား ဂိတ်မျှော်စင်ပေါ်တွင် ရပ်နေသည်။ သူ၏ လက်က ဓားပေါ်ရောက်နေသည်။ သူ၏သံချပ်ကာက စုတ်ပြဲနေပြီး သွေးအလိမ်းလိမ်းနှင့်ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်တင် နေရာတိုင်းတွင် ဒဏ်ရာအပြည့်ရှိနေသည်။ ဆက်တိုက် ဖြစ်ပျက်ခဲ့သော တိုက်ပွဲများက သူ၏ကြယ်တာရာစွမ်းအင်များနှင့် ရုပ်ပိုင်းဆိုင်ရာအင်အားကို ကုန်ဆုံးလာစေခဲ့သည်။ သို့သော် သူက တည်ငြိမ်ပြီး ဖြောင့်မတ်နေသေးသည်။ သူက ဘယ်သောအခါကမှ ယိုင်နဲ့မည်မဟုတ်သော လူကဲ့သို့ ထင်ရ၏။
“ဟုတ်ကဲ့အရှင်”
ကောင်းရှန်းကျစ်၏အနားမှ သတင်းပို့က အမိန့်နှင့်အတူ ထွက်သွားသည်။ တခဏခန့်ကြာပြီးနောက် ဝုန်း ဝုန်း ဝုန်း အသံများနှင့်အတူ တာလာ့၏ပုံမှန်မပျက်ဖြစ်နေသည့် ဂိတ်ကြီးက တဖြည်းဖြည်းချင်း ပွင့်သွားသည်။ ဒီနည်းအားဖြင့် စိတ်လှုပ်ရှားနေသော အန်းရှီကာကွယ်စောင့်ရှောက်ရေးစစ်တပ်က ချီတက်ကာ ထွက်သွားကြသည်။
အာရပ်စစ်သည် သုံးသိန်းက ချီရှီတပ်ကူများ၏ တိုက်ကွက်များအောက်တွင် ပြိုလဲလုနီးပါး ဖြစ်နေပြီးသားဖြစ်သည်။ ရုတ်တရက် အန်းရှီကာကွယ်ရေး စစ်တပ်ကမူ မြို့ထဲမှထွက်ပြီး တိုက်ခိုက်လိုက်သောအခါ သူတို့က ပို၍ပင် ဆိုးရွားသော အနေအထားသို့ ရောက်ရှိသွားပြီး တစ်သုတ်လို အမြစ်ဖြတ်သုတ်သင်ခံရတော့မတက် ဖြစ်လာသည်။
“ငါလုံးဝမထင်ထားဘူး သူတကယ် ရောက်လာခဲ့တယ်”
မြို့ရိုးပေါ်တွင် မည်သူကမှ မရှိတော့သောအခါ ကောင်းရှန်းကျစ်က နောက်ဆုံးတွင် သက်ပြင်းရှည်ကြီးကို ချလိုက်သည်။ သူ၏အမူအရာက အေးဆေးသွားသည်။ နောက်ဆုံးတွင် တချိန်လုံး မတ်နေခဲ့သော ပုံရိပ်ကလည်း အနည်းငယ် ယိုင်နဲ့သော ပုံသဏ္ဍန်မျိုးကို ပြောင်းလဲနိုင်သွားသည်။
...
တာလာ့၏ အပြင်ဘက်မှ အာရပ်များက အလုံးစုံ အမြစ်ဖြတ်သုတ်သင်ခံနေရသည်။ သူတို့၏ အဖွဲ့ဝင်များအကြားတွင် အထိတ်တလန့် အော်ဟစ်သံများက ပြည့်နှက်နေသည်။ နယ်မြေကြီးက ပြိုကျနေပြီး အားလုံးက ဆက်တိုက်ပြိုလဲကျနေကြသည်။
“မျိုးမစစ်ကောင်တွေ”
“ထိန်းထားကြ သူတို့အားလုံးကိုသတ်”
“ထွက်ပြေးတာကို တားမြစ်တယ်။ အဲ့ဒီကိုပြန်လှည့်ပြီး တိုက်ခိုက်ကြစမ်းပါ”
“ဝင်္ကပါကို ဖြတ်တဲ့လူတိုင်း သေရမယ်”
နောက်တန်းမှ အာရပ်ဗိုလ်ချုပ်များက ဒေါသတကြီးအော်ဟစ်ကြပြီး ဝရုန်းသုန်းကား ဖြစ်ကာ ပွက်လောရိုက်နေမှုကို ထိန်းနိုင်ရန် ကြိုးစားကြသည်။ သို့သော် မျက်တောင်တစ်ခတ် အချိန်အတွင်း အထိတ်တလန့်ဖြစ်ကာ ထွက်ပြေးကြသော စစ်သားများက သူတို့ကိုပါ နောက်တန်းသို့ တရွတ်တိုက်ဆွဲကာ ပါသွားကြသည်။
“နောက်ဆုတ်”
တိုက်ပွဲ၏ အခြေအနေက ပြောင်းလဲရန် မဖြစ်နိုင်တော့သလို ထန်စစ်သားများကလည်း ဆာလောင်နေသော ကျားများ၊ ဝံပုလွေများကဲ့သို့ လိုက်လံလာမှုနှင့်အတူ အာရပ်များက နောက်ဆုံးတွင် နောက်ဆုတ်ရန် အမိန့်ကို ထုတ်လိုက်ရသည်။ စစ်သည်သုံးသိန်းက တိုက်ပွဲနယ်မြေအတွင်း အလောင်းများကိုသာ ချန်ထားရစ်ခဲ့ရင်း အနောက်သို့ ဆုတ်ခွာကြသည်။
“အရှင်အမတ် ကျွန်တော်တို့နိုင်ပြီ”
ထန်စစ်တပ်နောက်တန်းမှ ရွှီခဲ့ယွီက ဝမ်ချောင်ကိုပြောသည်။ သူ၏မျက်နှာတွင် လေးစားမှုအပြည့်ရှိနေသည်။
“နိုင်သွားတာဟုတ်တယ် ဒါပေမဲ့ မပြီးသေးဘူး”
ဝမ်ချောင်က မျက်နှာသေဖြင့်ပြောသည်။
ရွှီခဲ့ယွီက စိတ်ရှုပ်သွားသည်။ သို့သော် ဝမ်ချောင်က ရွှီခဲ့ယွီကို ချန်ထားရစ်ခဲ့ပြီး သူ၏ခွာဖြူအရိပ်မြင်းကိုစီးလျှက် ရှေ့သို့တဖြည်းဖြည်းချင်း နှင်လာသည်။ တိုက်ပွဲနယ်မြေတွင် သတ္တုချင်း ထိခတ်သံများ၊ မြင်းဟီသံများ၊ တိုက်ခိုက်ရန် အော်ဟစ်သံများ၊ သေဆုံးသောကြောင့် အော်ဟစ်သံများ၊ လေးကြိုးဆွဲသံများက ရှုပ်ထွေးနေသည်။ သို့သော် ဝမ်ချောင်ကမူ တည်ငြိမ်နေ၏။ သူက ခပ်အေးအေး လမ်းလျှောက်ထွက်နေသလိုမျိုး အာရပ်များ၏ အလောင်းပေါ် အသာအယာ ကျော်ဖြတ်လျှက် ကွဲကြေသွားသော စွန့်ပစ်ခံလက်နက်များ အားလုံးကို ဖြတ်သန်းလျှက် အရှေ့သို့တက်သွားသည်။
စစ်သားများက နောက်မှ နီးကပ်လျှက် လိုက်ပါလာကြသည်။ ဝမ်ချောင်က တိုက်ပွဲနယ်မြေ အလယ်ဗဟိုဖြစ်သွား၏။ သူဟာ နေတစ်စင်းလိုမျိုး ကမ္ဘာမြေကြီးကို ဝိုင်းကာပတ်နေသလို မှင်သက်ဖွယ်ကောင်းသည့် အလင်းမျိုးကို ထုတ်လွှတ်နေလေရာ မည်သူကမှ လျစ်လျူမရှု့ဝံ့ကြချေ။
အာရပ်များက အထိတ်တလန့် နောက်ဆုတ်ကြသည်။ ထိုသို့ဖြင့် တိုက်ပွဲအတွင်း ကြီးလေးသော ဆုံးရှုံးမှုများကသာ ကျန်ရစ်ခဲ့သည်။ သို့သော် ထိုအချိန်ထိ သူတို့ဟာ သူတို့ရှုံးသွားသည့် အကြောင်းအရာကို အပြည့်အဝ မဖမ်းဆုပ်နိုင်ကြသေးချေ။ သူတို့က သူတို့၏ လက်ရွေးစင်ဗိုလ်ချုပ်ကြီး အူမာနှင့် အာရပ်များကို ဆုံးရှုံးလိုက်ရ၏။ သို့ရာတွင် ဝမ်ချောင်က ထိုအခြေအနေကို မျှော်လင့်ထားပြီးသား ဖြစ်နေသည်။
အာရပ်အမဲလိုက် သိန်းငှက်များကို ဖယ်ရှားသုတ်သင်ပြီး သူတို့၏ ကင်းထောက်များကို အစောပိုင်းတွင် သတ်ဖြတ်ခြင်းပင်ဖြစ်စေ ချောင်းမြောင်းကာ ဝင်ရောက်ပြီး လုပ်ကြံသတ်ဖြတ်မှုနှင့် အူမာ၏ စစ်သည် ခုနှစ်သောင်းကျော်ကို အနိုင်ယူခဲ့ခြင်းပင်ဖြစ်စေ အာရပ်စစ်တပ်၏ အနောက်တန်းကို အားလုံး ကစဉ့်ကလျား ထွက်ပြေးခြင်းဖြင့် အားလုံးကို ဆူပူအုံကြွကာ ပွက်လောရိုက်စေမှုပင်ဖြစ်စေ၊ အရာအားလုံးက သူက ဂရုတစိုက်ဖြင့် အသေးစိတ်ကျကျ တွက်ချက်ကြံစည်မှုအတွင်း ရှိနေခဲ့ပြီးသားဖြစ်သည်။
ဝူရှန်းရှိ သံမဏိမြို့နှင့် ချီရှီကာကွယ်ရေးဌာနချုပ်တွင် ဝမ်ချောင်က တာလာ့၏ အသေးစိတ် ပုံစံငယ်ကိုသုံးပြီး သူ၏အကြံအစည်များကို ထပ်ခါတလဲလဲ ပြန်ပြောခဲ့ပြီးသားဖြစ်သည်။ ယခုအခါ အားလံုံးက ပြီးပြည့်စုံစွာ ဖြစ်လာခဲ့သည်။
“တိုက်ပွဲမထွက်ခင် အဆောင်တော်ထဲမှာ ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တဲ့ ဗိုလ်ချုပ်ကပဲ အနိုင်ရနိုင်တယ်။ ပြင်ဆင်မှုနည်းတဲ့လူက ရှုံးမှာပဲ”
ထိုအခြေအနေက စစ်အနုပညာ၏ အရိုးရှင်းဆုံး စည်းမျဉ်းဖြစ်သည်။ ဒီအနိုင်အတွက် ဝမ်ချောင်က ရက်ပေါင်းများစွာ လပေါင်းများစွာ ကြိုးစားအားထုတ်ထားပြီး ဖြစ်နိုင်ချေတိုင်းကို တွေးခဲ့ရသည်။
အာရပ်များကလည်း ဒီလိုရှုံးသွားခြင်းက တိုက်ဆိုင်လွန်းသည်ဟု ထင်ကောင်းထင်နိုင်သည်။ သို့သော် ဝမ်ချောင်အတွက်မူ သိသာနေပြီးသားဖြစ်သည်။
“သတင်းပို့”
ဝမ်ချောင်က တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်လာချိန်တွင် သတင်းပို့လူတစ်ယောက်က အပြေးနှင်လာပြီး မြင်းပေါ်မှဆင်းကာ ဒူးထောက်သည်။
“အာရပ်တွေက တပ်ဆွဲထားတဲ့နေရာကို ကျော်လွန်ပြီး ဆုတ်သွားပါပြီ။ ကျွန်တော်တို့နောက်က လိုက်သင့်လား”
“မလိုဘူး”
ခွာဖြူအရိပ် မြင်းပေါ်တွင် ထိုင်နေသည့် ဝမ်ချောင်က နောက်ဆုတ်သွားသည့် အာရပ်များကိုကြည့်ပြီး ခေါင်းခါသည်။
“လီစစ်ယဲ့၊ ချန်းပင်းနဲ့ ကန်းခယ်ဘုရင်တွေကို လိုက်ဖမ်းတဲ့အရှိန်ကိုနှေးဖို့ အကြောင်းကြားလိုက်”
“ဒါ့အပြင် ကျန်းရှို့ကျစ်ရဲ့ အဖွဲ့ကိုလည်း စတင်နိုင်ပြီလို့ သတင်းပို့လိုက်ဦး”
“ဟုတ်ကဲ့အရှင်အမတ်”
သတင်းပို့က ခပ်မြန်မြန် မြင်းပေါ်ပြန်ခုန်တက်ပြီး အပြေးနှင်သွားသည်။
ဝုန်း
မြေကြီးက တုန်ဟီးသွားချိန်တွင် သယ်ယူပို့ဆောင်ရေး ရထားလုံးပေါင်း ထောင်ပေါင်းများစွာက တောင်ကုန်းလေးကို ကျော်ဖြတ်လာပြီး မရေမတွက်နိုင်သည့် လက်မှုပညာရှင်များ၊ မီးပြင်းဖိုများကို သယ်ဆောင်လျှက် ရောက်လာကြသည်။ သူတို့၏အနောက်တွင် ပို၍များပြားသည့် ရထားလုံးများပါသည်။ အတွင်းတွင် တောင်ပုံ၊ရာပုံ အပြည့်ရှိနေသည့် သံမဏိမော်ကျူးများ ရှိနေလေသည်။
အခန်း(၈၇၉)
ဝူး
ရထားလုံးများ၏ အနောက်တွင် မြောက်များလှစွာသော ကျွဲ၊ နွားအုပ်လိုက်ကြီးကို မြင်ရသည်။ သူတို့က တောင်ကုန်းလေးများကို ကျော်ဖြတ်ပြီး တိုက်ပွဲနယ်မြေသို့ ရောက်လာသည်။ သက်ရှိရိက္ခာများ ရောက်လာမှုနှင့်အတူ သယ်ဆောင်လာသော ရိက္ခာများ၊ အစာခြောက်ပစ္စည်းများ အားလုံးက ရောက်ရှိလာသည်။ တိုက်ပွဲ၏ ဒီအဆင့်တွင် စီမံခန့်ခွဲရေးဌာနမှ လူများက တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်နိုင်သွားပြီဖြစ်သည်။
အရာအားလုံးကို အခြေချပြီးသောအခါ ဝမ်ချောင်က ခေါင်းကိုလှည့်ပြီး တာလာ့ထံ ခပ်အေးအေး စီးနင်းသွားသည်။ ထိုနေရာတွင် သူ့ထံလျှောက်လာနေသည့် မားမတ်သော ပုံရိပ်ကြီးကို မြင်နိုင်နေပြီဖြစ်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်”
သူတို့ကြားရှိ အကွာအဝေးက ကျဉ်းလာသောအခါ ဝမ်ချောင်က ရပ်လိုက်သည်။ ဝမ်ချောင်က စစ်သူတော်စင်တစ်ယောက် ဖြစ်ခဲ့ဖူးသည့် ပြန်လည်ဝင်စားလာသူ ဖြစ်နေသည့်တိုင်အောင် အနောက်ပိုင်းနယ်မြေတခွင်အနှံ့ လူသိများကျော်ကြားသည့် အင်ပါယာ၏မြို့ရိုးဆိုသော ပုဂ္ဂိုလ်ကြီးကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်နေသေးသည်။ အနောက်ပိုင်းနယ်မြေမှ ကောင်းရှန်းကျစ်က သူ၏ယခင်ဘဝတွင် အလွန်ကျော်ကြားခဲ့သည်။ သူက ထိုအချိန်က မဟာကလန်တစ်ခုမှ ဆက်ခံသူလောက်သာ ဖြစ်ခဲ့သည်။ ဝမ်ချောင်ကမူ ထိုလူကို လက်လှမ်းမမှီနိုင်သော တည်ရှိမှုဟုပင် သတ်မှတ်ခဲ့ဖူးသည်။
နောက်ပိုင်းမှသာ ကပ်ဘေးက ဖြစ်လာခဲ့ပြီး ဝမ်ချောင်၏ ကြယ်က ကောင်းကင်ပေါ်သို့ ထိုးတက်သွားလျှက် ဒီရေကို ပြောင်းပြန်လှန်အောင် လုပ်နိုင်ခဲ့သည်။ ထိုဒဏ္ဍာရီလာ အနောက်ပိုင်းနယ်မြေမှ မဟာဗိုလ်ချုပ်ဆိုသော ကြယ်ပွင့်ကမူ မဟာထန်၏ ကောင်းကင်ထဲမှ ကြွေကျသွားခဲ့ပြီးသည်မှာ ကြာလှခဲ့ချေပြီ။
ထို့ကြောင့် အစမှအဆုံးအထိ ဝမ်ချောင်ဟာ ကျော်ကြားသော အင်ပါယာ၏ မဟာဗိုလ်ချုပ်ကြီးနှင့် တွေ့ဆုံခွင့် မရခဲ့ချေ။
ကောင်းရှန်းကျစ်က သိမ်မွေ့ပြီး ချောမောတယ်။
ဒါက ကောင်းရှန်းကျစ်အပေါ် ဝမ်ချောင်၏ ပထမဦးဆုံးအမြင်ဖြစ်သည်။ သူ၏အသက်ရှုမှုက ပြတ်တောင်း ပြတ်တောင်းဖြစ်နေပြီး ခန္ဓာကိုယ်က ဒဏ်ရာများ ပြည့်နှက်နေသော်လည်း အမူအရာက တိုက်ပွဲ တစ်ပွဲပြီးတစ်ပွဲကို တိုက်ခိုက်ခဲ့ကြောင်း နားလည်နေသည့်တိုင်အောင် သူ၏လှုပ်ရှားမှုတိုင်းက ခမ်းနားထည်ဝါမှုကို လွှတ်ထုတ်နေသေးသည်။ မဟာဗိုလ်ချုပ်များအကြားတွင်ပင် သူက ထင်းထွက်နေလောက်သည်။
ကောလဟာလအရ ကောင်းရှန်းကျစ်က ငယ်ရွယ်စဉ်ကတည်းက မဟာထန်၏ ယဉ်ကျေးမှုကို လေးစားခဲ့သူဟု ဆိုကြသည်။ သူက လေးစားလွန်းသဖြင့် အသက်(၇)နှစ်အရွယ်တွင်ပင် မဟာထန်သို့ လာရောက်ကာ လေ့လာခဲ့သည်။ ထိုကောလဟာက မှန်ကန်ခြင်းရှိမရှိကိုမူ ဝမ်ချောင်က မသေချာခဲ့ချေ။ သို့သော် ကောင်းရှန်းကျစ်က ထုတ်လွှတ်ထားသော အရှိန်အဝါနှင့် ပြုမူပုံများအရ ထိုသတင်း၏ ရှစ်ဆယ်ရာခိုင်နှုန်း၊ ကိုးဆယ်ရာခိုင်နှုန်းခန့်က မှန်နိုင်ကြောင်း ခံစားမိနေသည်။
“ကာကွယ်စောင့်ရှောက်ရေးဝမ် ငါ့ရဲ့ကျေးဇူးတင်စိတ်က စကားလုံးတွေနဲ့တောင် ဖော်ပြဖို့ မဖြစ်နိုင်တော့ပါဘူး။ ဒီကောင်းက အန်းရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးကို ကိုယ်စားပြုပြီး အရှင့်ကို လေးလေးနက်နက် ကျေးဇူးတင်ပါတယ်”
ကောင်းရှန်းကျစ်၏ မျက်ဝန်းတွင် ခံစားချက်များ ရှုပ်ထွေးနေပြီး တခဏခန့်ကြာပြီးနောက် မရေမတွက်နိုင်သော အကြည့်ပေါင်းများစွာ၏အောက်တွင် သူက လေးနက်စွာ ဂါရဝပြုသည်။ တာလာ့၏တိုက်ပွဲတွင် အန်းရှီကာကွယ်ရေးစစ်တပ်က မျှော်လင့်ချက်မဲ့သွားသည်။ ကောင်းရှန်းကျစ်ကပင် စစ်တပ်တစ်ခုလုံး အမြစ်ဖြတ်သုတ်သင်ခံရရန်အတွက် အသင့်ပြင်ဆင်ထားခဲ့ပြီး အင်ပါယာအတွက် နောက်ဆုံးသော စတေးမှုကိုပြုရန် ပြင်ဆင်ခဲ့ပြီးလေပြီ။
ဝမ်ချောင်၏တပ်ကူက အချိန်မှီရောက်လာသောကြောင့်သာ မဟုတ်လျှင် အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း သမိုင်းတစ်ခုသာ ဖြစ်သွားလောက်လေပြီ။
ဝမ်ချောင်က ကောင်းရှန်းကျစ်၏ မျိုးဆက်တစ်ခုလုံးထက်ငယ်သည်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်ဆိုသော သူ၏ထိုင်ခုံကလည်း ယာယီသာဖြစ်နေသေးပြီး အနည်းဆုံး အခြားသော ကာကွယ်စောင့်ရှောက်သူများနှင့် အင်ပါယာ၏ မဟာဗိုလ်ချုပ်များအကြားတွင် သူက ဝါအနိမ့်ဆုံးဖြစ်သည်။ သူ့ကို ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်အဖြစ် ပြောဆိုခြင်းကတင် ကောင်းရှန်းကျစ်ဟာ တစ်ဖက်သူအပေါ် မည်မျှလေးစားပြီး မည်မျှ အသိအမှတ်ပြုကြောင်း ပြသထားရာရောက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဒီလောက်ထိ ရိုကျိုးပြနေစရာမလိုပါဘူး။ ဒါက ဒီဝမ်ချောင်ရဲ့ တာဝန်ပါ။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့ မြို့ထဲက ဆုံးရှုံးမှုတွေကို တွက်ဆပြီးပါပြီလား”
သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ဖြတ်ပြေးသွားသည်။ ကောင်းရှန်းကျစ်က သူ့ကိုသုံးနှုန်းလိုက်သော နာမ်စား၏ အတိုင်းအတာကို သူက ရှင်းရှင်းလင်းလင်း သိလေသည်။
“ငါတို့က ဒီတိုက်ပွဲမှာ ငါတို့ရဲ့လူ တစ်ဝက်ကျော်ကျော်လောက် ဆုံးရှုံးသွားတယ်။ မြို့ထဲမှာလည်း လေးထောင်ကျော်လောက်က ဒဏ်ရာရနေကြသေးတယ်။ ဒါ့အပြင် ငါတို့က ဆေးဝါးတွေ လိုအပ်တယ်။ ငါတို့ရဲ့ရိက္ခာတွေကလည်း ကုန်လုနီးပါးဖြစ်နေပြီ”
ကောင်းရှန်းကျစ်ကပြောသည်။ သူ၏မျက်လုံးက မှေးမှိန်သွားသည်။ အန်းရှီကာကွယ်ရေးစစ်တပ်က နောက်ပိုင်းဒေသတစ်ခုလုံးကို တပ်ဆွဲအုပ်ချုပ်ခဲ့ပြီး အောင်မြင်မှုအနိုင်ပိုင်းနိုင်ခဲ့လေသည်။ သို့သော် ယခုလိုမျိုး တိုင်းတာရန်ပင် ခက်ခဲသည့် ဆုံးရှုံးမှုမျိုး၊ ကြီးမားသောဒဏ်ရာကြီးကို ရထားလေရာ ပြန်လည်ထူမတ်ရန် အချိန်အတန်ကြာလောက်သည်။
“နားလည်ပါတယ်”
ဝမ်ချောင်က ခေါင်းညိမ့်သည်။ သူ၏မျက်ဝန်းအတွင်း စာနာသနားမှုက ပေါ်ထွက်လာသည်။
“ဆေးနဲ့ရိက္ခာအတွက်ကတော့ အရှင်ကာကွယ်ရေးဗိုလ်ချုပ်အနေနဲ့ စိုးရိမ်စရာမလိုပါဘူး။ ငါက ဒါတွေအားလုံးကို ပြန်လည်ထောက်ပံ့ပေးနိုင်ပါတယ်။ ခုံးကျစ်အန်း မြို့ထဲကို ဆေးနဲ့ရိက္ခာတွေ သယ်သွားလိုက်”
“ဟုတ်ကဲ့အရှင်အမတ်”
ခုံးကျစ်အန်းဆိုသူက နောက်မှလက်ယမ်းလိုက်သောအခါ အသင့်စောင့်နေသည့် ရိက္ခာများ သယ်ဆောင်လာသည့် ရထားလုံးများက မြို့ထဲသို့ဝင်သွားသည်။ ဆေးများသယ်ဆောင်လာသည့် ရထားလုံးများကလည်း မြို့ထဲသို့လိုက်ဝင်၏။ နှစ်လတာတိုက်ပွဲ တိုက်ခိုက်ခဲ့ပြီးနောက်တွင် တာလာ့က အရင်းအမြစ်တိုင်းနီးပါး လိုအပ်မှုရှိနေခဲ့ပြီဖြစ်သည်။ ဒီအခြေအနေကို မျှော်လင့်ထားပြီးသားဖြစ်သည့် ဝမ်ချောင်က သဘာဝအလျောက်ပင် မြို့ထဲသို့ ရိက္ခာဖြည့်ပေးရန် ပြင်ဆင်ထားလေသည်။
ဘန်း
ရထားလုံးများက တာလာ့ထံ ဝင်ရောက်သွားနေချိန်တွင် သတ္တုချင်းထိခတ်သံ၊ အော်ဟစ်သံများက ထွက်ပေါ်လာသည်။ ဆူညံသံကိုကြားသည့် ကောင်းရှန်းကျစ်နှင့် အန်းရှီကာကွယ်ရေးဗိုလ်ချုပ်များက သတိလက်လွတ် လှည့်ကြည့်လိုက်ကြသည်။ ထိုအခါ အထူးတလည် ပြုလုပ်ထားသော သယ်ယူပို့ဆောင်ရေး ရထားလုံးကြီးများအနားတွင် ရပ်နေသော လက်မှုပညာရှင် ရာကျော်ခန့်နှင့်အတူ သူတို့၏မီးပြင်းဖိုများထဲမှ ထွက်လာသည့် မီးခိုးများကိုမြင်လိုက်ရသည်။ ထို့နောက် ရထားလုံးများထဲမှ ကြီးမားသော သံမဏိမော်ကျူးများကို မြေကြီးထဲသို့ ထိုးစိုက်နေသောမြင်ကွင်းကို မြင်လိုက်ရလေသည်။
ထိုသတ္တုချင်း ထိခတ်သံဆိုသည်မှာ သူတို့၏တူက ရိုက်ခတ်သံဖြစ်သည်။
လက်မှုပညာရှင်တိုင်းက ထိုဖြစ်စဉ်ကို အလွန်အမင်း ရင်းနှီးကျွမ်းဝင်နေပုံရပြီး သူထုရိုက်ချက်တိုင်းကတင် အစီအစဉ်တကျဖြစ်နေလေရာ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် လုပ်နိုင်စွမ်းအား မြန်ဆန်စေလေသည်။ တခဏခန့်ကြာပြီးနောက် မြင့်မားလွန်းသော ငွေဖြူရောင် မြို့ရိုးကြီးများက တာလာ့၏ အပြင်ဘက်တွင် စတင်ကာ မြင့်တက်လာသည်။
ထိုအရာသာမကသေးလေဘဲ ချီရှီမှတပ်ကူများက အာရပ်များကို လိုက်ဖမ်းနေရာမှ သူတို့၏ လိုက်ဖမ်းသည့်အရှိန်ကို နှေးသထက်နှေးသွားသည်။ အထူးသဖြင့် သံမဏိမြို့ရိုးကို ကျော်သွားချိန်တွင်ဖြစ်သည်။ ထိုသို့ဖြင့် ထိုပြေးသွားသော အာရပ်များနှင့် သူတို့ကြားမှ ကွာခြားချက်က ကြီးသွားသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်...”
ပြောလိုက်သောလူက ကောင်းရှန်းကျစ်၏ နဘေးမှ ဖြောင့်မတ်သောပုံစံနှင့် မုတ်ဆိတ်မွှေးပါသော ဗိုလ်ချုပ်ကြီးဖြစ်သည်။ သူ၏ပတ်ပတ်လည်တွင်လည်း အခြားသော အန်းရှီဗိုလ်ချုပ်များက ကြောင်တောင်တောင် ဖြစ်နေကြသည်။ ဝမ်ချောင်၏စစ်တပ် အရေအတွက် တစ်သိန်းကျော်က အားသာချက် ရှိသွားခဲ့သည်။ ယခုအခါ သူတို့က သံမဏိကို ပူတုန်းထုပြီး စစ်တပ်၏ ဆုံးရှုံးမှုကို ပိုများအောင်လုပ်ရန်လိုအပ်လေသည်။ သို့သော် အချို့သော အကြောင်းပြချက်များကြောင့် ဝမ်ချောင်၏ အင်အားစုကမူ လိုက်ဖမ်းရန် လက်လျော့လိုက်ပြီး ရှုံးသွားသောအာရပ်များကို ထွက်ပြေးခွင့်ပြုလိုက်သည်။
ဝမ်ချောင်၏ ဂုဏ်သတင်းနှင့် ယခုလေးတင် ထုတ်ပြခဲ့သည့် သူ၏စစ်တပ်မှ အင်အားကြောင့် ယခုလို အဆင့်နိမ့်သော အမှားမျိုးက မဖြစ်သင့်ချေ။
ထို့ပြင် အလုပ်များနေကြသော လက်မှုပညာရှင်များနှင့် ထိုသံမဏိမြို့ရိုးများကလည်း ရှိနေသေးသည်။ အန်းရှီဗိုလ်ချုပ်များကလည်း ကြောင်တောင်တောင်ဖြစ်ကာ နားမလည်နိုင်အောင် ဖြစ်နေကြသည့်တိုင်အောင် ချီရှီ၏ စစ်သားများက မည်သို့ဆက်လုပ်ချင်သည့်အတွက် လိုက်ဖမ်းမှုကို လက်လျော့လိုက်ကြောင်း နားမလည်နိုင်ကြချေ။
ကောင်းရှန်းကျစ်က တိတ်ဆိတ်နေသည်။ သူကလည်း သူ၏တွက်ချက်မှုနှင့်သူရှိသည်။ သို့သော် သူကိုယ်တိုင်ကပင် ရှင်းရှင်းလင်းလင်း နားမလည်ပုံရသည်။ ဝမ်ချောင်၏ တိုက်ခိုက်ပုံ နည်းလမ်းက ထုံးတမ်းစဉ်လာပုံစံမျိုးနှင့် ကွာခြားနေသည်။ ပို၍ဆိုးသည်မှာ ဗိုလ်ချုပ်တစ်ယောက်က တိုက်ပွဲနယ်မြေထဲသို့ စစ်သည်တစ်သိန်းကျော် ဝင်ရောက်တိုက်ခိုက်မည့် တိုက်ပွဲနယ်မြေသို့ မီးပြင်းဖိုများနှင့်အတူ လက်မှုပညာရှင်များကို ခေါ်လာခြင်းကတင် ဖြစ်တောင့်ဖြစ်ခဲသော အနေအထားမျိုး ဖြစ်နေလေသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကလည်း တိုက်ခိုက်ခဲ့သည့် သမိုင်းတောက်လျှောက် မဖြစ်ပျက်ခဲ့ဖူးချေ။ ဝမ်ချောင်ကသာ ထိုအတွေးမျိုး တွေးမိလောက်သည်။
ဝမ်ချောင်ကလည်း ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကို လွှတ်ထုတ်နေသည့် ဗိုလ်ချုပ်ကိုမေးသည်။
“ဒါက ဗိုလ်ချုပ်ချန်းချန့်လီမဟုတ်လား”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ငါ့ကိုသိတာလား”
ချန်းချန့်လီက အံ့အားတကြီးပြောသည်။
“ငါနည်းနည်း ကြားဖူးပါတယ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးသည်။ သူ၏နှလုံးသားထဲတွင်လည်း ဖျော့တော့သည့် အားလှိုင်းက ထွက်လာ၏။ ကောင်းရှန်းကျစ်အပြင် အန်းရှီကာကွယ်ရေးစစ်တပ်တွင် ထိပ်တန်းအဆင့် ဗိုလ်ချုပ်နှစ်ယောက် ရှိနေသေးသည်။ တစ်ယောက်က သူ၏လက်အောက်ငယ်သားတစ်ယောက် ဖြစ်အောင်လုပ်ပြီးသော ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့ဖြစ်သည်။ အခြားတစ်ယောက်ကမူ ချန်းချန့်လီဖြစ်သည်။
ချန်းချန့်လီက အဆုံးတွင် လီစစ်ယဲ့ရောက်သော အတိုင်းအတာအထိ မရောက်ရှိနိုင်ခဲ့သော်လည်း စစ်တပ်အတွင်းမှာ သူ၏ကြာရှည်စွာ ဝန်ဆောင်မှုပြုမှုနှင့် သူ၏ကြီးမားသော စီနီယာကျမှုကတင် ကျင့်ကြံခြင်းအဆင့် မြင့်သည်ဆိုသော အားသာချက်ကို အရယူနိုင်ခဲ့သည်။
ချန်းချန့်လီက တောင်ပေါ်ဒေသတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည့်အလျောက် သူ၏စရိုက်ကကို ကြမ်းတမ်းသည်။ ထို့ပြင် တုပရန်ခက်ခဲသော မျက်နှာမျိုးကိုလည်း ပိုင်ဆိုင်၏။ တိုက်ပွဲနယ်မြေတွင် အန်းရှီကာကွယ်ရေးစစ်တပ်၏ နံပါတ်နှစ် အင်အားအကြီးဆုံးသူဖြစ်ပြီး နောင်ဖြစ်လာမည့် ဗိုလ်ချုပ်အဆင့် နေရာကို ပိုင်ဆွဲထားသူဖြစ်သည်။ သူဟာ ယွီစန်းမှ သတ်ဖြတ်ခြင်း စစ်နတ်ဘုရား သာ့ယန်မာန်ပန့်ထက်ပင် အင်အားကြီးလောက်သေးသည်။ ထို့ကြောင့် ဝမ်ချောင်ကသူနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်နေသည့်တိုင်အောင် တစ်ချက်ကြည့်ရုံနှင့် ထိုဗိုလ်ချုပ်ကို မှတ်မိလိုက်ခြင်းဖြစ်သည်။
သူ၏ အန်းရှီကာကွယ်ရေးစစ်တပ် အတွင်းတွင်ရှိသော အဆင့်အတန်းနှင့် လုပ်နိုင်စွမ်းရည်က သံသယဝင်ရန် မလိုလောက်အောင် ကြာရှည်စွာ ပြသခဲ့သည့် လုပ်ဆောင်မှုများကတဆင့် သက်သေထူနိုင်လေသည်။
“ရန်သူတွေကိုလိုက်သတ်ပြီး ရသမျှအာရပ်တွေကို ရသလောက်သတ်တာက ကောင်းတဲ့ကိစ္စပါ။ ဒါပေမဲ့အခု အာရပ်တွေက သူတို့ရဲ့စစ်သားတွေက ထွက်ပြေးသွားတဲ့အတွက်ကြောင့် ကစဉ့်ကလျားပဲ ဖြစ်သွားခဲ့တာ။ သူတို့က သူတို့ရဲ့အင်အားတွေကို ဆုံးရှုံးသွားတာမဟုတ်ဘူး။ နောက်ပြီး သူတို့ကအခု စစ်သည်တွေအများကြီး ဆုံးရှုံးသွားတယ်ဆိုပေမဲ့လည်း သူတို့မှာ နှစ်သိန်းနဲ့ရှစ်သောင်းလောက်အထိ ကျန်နေသေးလို့ ငါတို့ထက်အင်အား နှစ်ဆကျော်လောက် များနေသေးတယ်။ ဒါ့အပြင် သူတို့အားလုံးက ရဲရင့်ပြီးစစ်သွေးကြွတဲ့ လက်ရွေးစင်တွေ။ ဒါ့အပြင် အာရပ်တွေမှာ ပေါ်မလာသေးတဲ့ ထိပ်တန်းအဆင့် ဗိုလ်ချုပ်တွေ အများကြီးရှိနေသေးတယ်။ အဲ့ဒီမှာ သူတို့ရဲ့ စစ်သေနာပတိချုပ် အပုမူစလင်တောင် ရှိနေသေးတယ်။ ငါရထားတဲ့သတင်းသာမှန်ရင် အာဘတ်ဆစ်ကယ်လီဖိတ် အရှေ့ပိုင်းက ဒီအစိုးရက ပြောင်မြောက်တဲ့ ဗျူဟာပညာရှင်ပဲ။ သူက ဒီလိုအသေးစားအရှုံးလောက်နဲ့ ပျောက်ကွယ်သွားမဲ့လူမျိုး မဟုတ်ဘူး”
ဝမ်ချောင်၏မျက်ဝန်းက တောက်ပနေပြီး ဉာဏ်ရှိသော အလင်းကလည်း လက်လာသည်။ အဆင့်လွန် စစ်သူတော်စင်တစ်ယောက် ဖြစ်ခဲ့ဖူးသူအနေနှင့် ဝမ်ချောင်ဟာလည်း ရန်သူများကို ကိုင်တွယ်ရာတွင် အလွန်ယုံကြည်မှုရှိလေသည်။ သို့သော် သူက ဘယ်သောအခါကမှ ထိုရန်သူများကို အထင်မသေးခဲ့ဖူးချေ။ အပုမူစတင်လောက် ခက်ခဲသောသူဆိုလျှင် ပို၍ဆိုးသည်။
ထိုအမျိုးသားဟာ အရှေ့ပိုင်းမှ အစိုးရနေရာကိုရရန် သွေးလမ်းကိုဖောက်ခဲ့သူဖြစ်သည်။ သူက အင်အားကြီးမားပြီး အာရပ်ကဲ့သို့ အင်အားကြီးသူကိုလေးစားပြီး လူတိုင်းက ရဲရင့်တက်ကြွကာ စွမ်းအားကြီးမားသည့် အနေအထားမျိုး ရှိနေသည့်နေရာမျိုးတွင်ပင် သူ၏အင်အားနှင့် လုပ်နိုင်စွမ်းအားကို သက်သေပြခဲ့သူဖြစ်သည်။ ထိုအချက်များအပြင် အကောင်းဆုံးသော မဟာဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်နေမည်ဆိုလျှင်ပင် ကြမ်းတမ်းသောတိုက်ပွဲ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာကို ကျော်ဖြတ်ပြီးသောအခါ သူတု့ိဟာလည်း အတော်ဆုံးလူများ ဖြစ်လာပေလိမ့်မည်။
အပုမူစလင်၏ ဗိုလ်ချုပ်များထဲမှတစ်ယောက်ကို အလဲထိုးနိုင်ရုံနှင့် အပုမူစလင်ကို အလဲထိုးနိုင်မည်ဟု မဆိုလိုနိုင်ချေ။ တစ်ဖက်သူက အာဘတ်ဆစ်ကယ်လီဖိတ်၏ အရှေ့ပိုင်းနယ်မြေမှ စစ်သေနာပတိချုပ် ဖြစ်နေသည်။ သူက သံမဏိသွေး အစိုးရလည်းဖြစ်သည်။ သူ၏ကိုယ်ပိုင်အင်အားက မှင်သက်ဖွယ်ကောင်းရုံသာ မကသေးလေဘဲ သူ၏ဗျူဟာစိတ်ကလည်း အဆင့်အတန်းမြင့်သည်။ ထို့ကြောင့်သူ့ကို သွားစ၍မရချေ။ ဝမ်ချောင်က ထိုလူနှင့် မတွေ့ဖူးသော်လည်း သူတို့က မမြင်ရသည့် တိုက်ခိုက်မှုမျိုးကို ကြုံခဲ့ဖူးသည်။ ထို့ကြောင့် ဝမ်ချောင်က ချီရှီကာကွယ်ရေးဗိုလ်ချုပ်နေရာသို့ ဝင်ရောက်ကာ ယူခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ထိုအခြေအနေက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
သံမဏိအစိုးရက ဝမ်ချောင်က မျှော်လင့်ထားသည်ထက် မဟာထန်ကို လိုချင်စိတ် ကြီးနေလေသည်။ စစ်ပွဲမဖြစ်ခဲ့သည့်တိုင်အောင် သူ၏လက်တံများက ချီရှီကဲ့သို့ ဝေးကွာသောနေရာဆီ ရောက်ခဲ့သည်။
ဝုန်း
ဝမ်ချောင်၏ စကားလုံးများက လူအုပ်ကို တိတ်ဆိတ်သွားစေခဲ့သည်။ အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်တိုင်းက မျက်နှာထားတင်းမာကာ တည်ငြိမ်သွားကြ၏။ အပုမူစလင်ဆိုသော နာမည်က မှော်ဂါထာတစ်ခုလို ဖြစ်နေသည်။ နှစ်လကြာသောတိုက်ပွဲ တိုက်ခိုက်ခဲ့ပြီးနောက် မည်သူကမှလည်း အန်းရှီမှ ဗိုလ်ချုပ်များထက်ပိုပြီး ထိုလူကို နားလည်နိုင်လိမ့်မည်မဟုတ်ချေ။
အင်ပါယာမှ အကောင်းဆုံးသော အင်အားစုဖြစ်သည့် အန်းရှီကာကွယ်ရေးစစ်တပ်က ဂုဏ်ယူဖွယ်ရာ ဖြစ်ခဲ့သည်။ ယုံကြည်မှုလည်း အပြည့်ရှိပြီး အကြောက်အလန့်မဲ့ခဲ့၏။ အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း သူတို့ကိုယ်သူတို့ ရပ်တန့်ရန်ခက်ခဲသည့် တပ်ဖွဲ့ကြီးဟု ယုံကြည်ခဲ့ကြသည်။ သို့သော် တာလာ့သို့ ဝင်ရောက်ပြီးသည့်အထိသာ ထိုသု့ိမော်ကြွားနိုင်ခဲ့သည်။ ဒီနေရာတွင် သူတို့က ပို၍ရဲရင့်ပြတ်သားပြီး စစ်သွေးကြွသည့် အကြောက်အလန့်မဲ့သော အာရပ်စစ်သားများကို ရင်ဆိုင်ရသည်။
တာလာ့မြို့ရိုး၏ မြင့်မားမှု၊ ထူထည်းမှုကြောင့်သာမဟုတ်လျှင် အန်းရှီကာကွယ်ရေးစစ်တပ်ကလည်း အာရပ်စစ်သည် သုံးသိန်း၏ အလုံးအရင်းနှင့် တိုက်ခိုက်မှုအောက်တွင် ဒီလောက်ထိကြာအောင် ခံနိုင်လိမ့်မည်မဟုတ်ချေ။ တစ်ဖက်သူများက မာန်ရှဲ့ကျောင်း ယွီစန်းထက် အများကြီးအင်အားကြီးမားလေသည်။
အန်းရှီကာကွယ်ရေးဗိုလ်ချုပ်များထဲမှ တစ်ယောက်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရဲရင့်စွာပြောသည်။
“ဒါပေမဲ့ အရှင်ကာကွယ်ရေးဗိုလ်ချုပ် အပုမူစလင်က လေးစားစရာကောင်းပေမဲ့လည်း အရှင်ကာကွယ်ရေးဗိုလ်ချုပ် ရောက်ရှိလာပြီး အရှေ့ပိုင်းကို ရှုံးနိမ့်သွားအောင်လုပ်တဲ့ အခြေအနေကိုတော့ မျှော်လင့်ထားမယ်မထင်ဘူး။ သူက ဒီအခြေအနေကိုတောင် မခန့်မှန်းထားနိုင်ရင် ငါတို့ကလည်း ဒီအခွင့်အရေးကို အရယူပြီး အာရပ်ကို နင်းချေနိုင်လောက်တယ်”
အပုမူစလင်က လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်ဖြစ်သည်။ သို့သော် ဒီတိုက်ပွဲတွင် သူတို့က မျှော်လင့်ချက် အရိပ်အယောင်ကို တွေ့လိုက်ရသည်။ အာရပ်ကို အလဲထိုးနိုင်မည့် အခွင့်အရေးဖြစ်သည်။ သူတို့ကသာ အချို့သော တွေးဆမှုလောက်နှင့် လိုက်ဖမ်းမှုကို လက်လျော့လိုက်ပြီး ပြောင်မြောက်သည့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရမည်ဆိုလျှင် စိတ်ဓာတ်ကျဖွယ်ရာ ကောင်းနေပေလိမ့်မည်။
အခန်း(၈၈၀)
ဝမ်ချောင်ကပြုံးပြီး ဘာစကားမှမပြောချေ။ သူ၏အကြည့်က အခြားသော အန်းရှီဗိုလ်ချုပ်များထံတွင်ဖြစ်သည်။
အချိန်အနည်းငယ်ခန့် တွေးတောနေပြီးနောက် ချန်းချန့်လီက ခပ်တင်းတင်းပြန်ပြောသည်။
“ရွီယန် စကားကိုသတိထားပြော။ တိုက်ပွဲနယ်မြေရဲ့ အခြေအနေက ဆက်တိုက်ပြောင်းနေတာ။ စစ်သည် သောင်းကျော်ရဲ့အသက်က အလဟသမဟုတ်ဘူး။ မင်းက သူတို့ကို ဒီလိုလုပ်စေချင်တာနဲ့ပဲ အဲ့လိုဖြစ်လာမယ်လို့ ထင်နေလို့လား။ ကာကွယ်ရေးဗိုလ်ချုပ် ဝမ်ပြောတာမှန်တယ်။ အာရပ်တွေလို လေးစားစရာကောင်းတဲ့ ရန်သူမျိုးကို ရင်ဆိုင်နေရတဲ့အချိန်မှာ ငါတို့က သတိလက်လွတ် လှုပ်ရှားလို့မရဘူး”
သူကလည်း အာရပ်များကို တစ်သုတ်တည်း သတ်လိုက်ချင်သော်လည်း ဝမ်ချောင်၏ ဆုံးဖြတ်မှုက မှန်ကန်ကြောင်း ဝန်ခံရပေလိမ့်မည်။ အာရပ်များဟာ နည်းပါးသော ခက်ခဲမှုကိုသာ ရင်ဆိုင်ရခြင်းသာ ဖြစ်နေသေးသည်။ ဒါကလည်း သူတို့တက်နိုင်သမျှလောက်သာ ဖြစ်လောက်လျှင် အန်းရှီကာကွယ်ရေး စစ်တပ်နှင့် သူ၏ကာကွယ်ရေးဗိုလ်ချုပ်ကို ယခုလောက်ထိ ဆိုးရွားသော အနေအထားသို့ တွန်းပို့နိုင်ခဲ့လိမ့်မည်မဟုတ်ချေ။
ကာကွယ်ရေးဗိုလ်ချုပ်က အန်းရှီကာကွယ်ရေးစစ်တပ်ကိုခေါ်ပြီး အာရပ်များနှင့် နောက်ဆုံးသော တိုက်ပွဲကို ဆင်နွဲရန်ပင် ပြင်ဆင်ထားပြီးသားဖြစ်လေသည်။ သူက အင်ပါယာအတွက် သူ၏အသက်ကိုပင် စတေးရန် ကြံစည်ထားသည်။
မာနကြီးတဲ့စစ်သားတွေက ရှုံးတတ်တယ်။
အန်းရှီကာကွယ်ရေး စစ်တပ်၏ အသက်များက အကန့်အသတ်သို့ ရောက်နေရုံတင် မဟုတ်သေးချေ။ အနောက်ပိုင်းဒေသ၏ ပိုင်ဆိုင်မှု ချီရှီ၊ လုံရှီနှင့် မြို့တော်၏ လုံခြုံမှုကလည်း ရှိနေသေးသည်။ ထို့ကြောင့် ယခုလိုအရေးကြီးသော အရာမျိုးကို ဆုံးဖြတ်သည့်အခါ ခံစားချက်ကို ရှေ့တန်းတင်၍မရချေ။
ဝမ်ချောင်က ချန်းချန့်လီကိုကြည့်ပြီး သူ၏မျက်ဝန်းအတွင်း လေးစားမှုက ထင်ဟပ်သွား၏။ သူက ချန်းချန့်လီနှင့် အပြောအဆိုမလုပ်ဖူးသလို တစ်ဖက်သူကိုလည်း အများကြီး နားမလည်ချေ။ သို့သော် စကားလုံးများမှတဆင့် ထိုသူဟာ မဟာထန်၏ နောင်ဖြစ်လာမည့်ဗိုလ်ချုပ်ဖြစ်နိုင်ရုံသာ မကသေးလေဘဲ ထူးချွန်ပြောင်မြောက်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်နိုင်သလို အတွေးနှင့် တွက်ချက်နိုင်သူတစ်ယောက်ဖြစ်ကြောင်း သိလိုက်သည်။ အနည်းဆုံး သူက ခံစားချက်အတိုင်း အလျင်စလို မဆုံးဖြတ်တတ်ချေ။
“ဟ အမှန်တိုင်းပြောရရင် ငါအခုပြောတာတွေအပြင် ငါ့မှာအကြောင်းပြချက် ရှိနေသေးတယ်။ ဒါက သူတို့ရဲ့အလံနဲ့ တံဆိပ်တွေပဲ”
ဝမ်ချောင်က ထိုသို့ရယ်လိုက်ရင်း တိုက်ပွဲနယ်မြေသို့ ခေါင်းလှည့်ကာ ယုံကြည်မှုအပြည့်နှင့်ကြည့်သည်။
အံ့အားသင့်သွားကြသော အရာရှိတိုင်းက အာရပ်များ ထွက်ပြေးသွားသည့်ဘက်သို့ ကြည့်လိုက်သောအခါ သူတို့စစ်တပ်၏ အလယ်တွင် လွင့်ထူထားသော အနက်ရောင် အာရပ်အလံများကို မြင်လိုက်ရသည်။ သို့သော် သူတို့အားလုံးက စိတ်ရှုပ်ထွေးနေကြပြီး မည်သူကမှ ဝမ်ချောင်၏ ဆိုလိုရင်းကို နားမလည်ကြချေ။
“အပုမူစလင်က ဘယ်လိုအကြံကိုပဲ ကြံထားကြံထား ဒီလိုစစ်တပ်က လဲပြိုကျသွားတဲ့ အနေအထားမှ မဟုတ်တာ။ သူသာတစ်ခုခုလုပ်ချင်ရင် ဒီထက်ပိုပြီး အားစိုက်ထုတ်ဖို့ လိုအပ်သေးတယ်”
ဝမ်ချောင်က အရာအားလုံးကို သိနေသည်ဆိုသော မျက်နှာထားမျိုးဖြစ်နေသည်။ သူ၏မျက်ဝန်းကလည်း အချို့သော ဉာဏ်ပညာရှိသည့် သူတော်စင်တစ်ပါးကဲ့သို့ပင် ထင်ရသည်။
ဝုန်း
ထိုစကားလုံးများက လူအုပ်ကို အားလှိုင်းထသွားစေသလို ချက်ချင်းလိုလို အသိပြန်ဝင်လာကြပြီး အန်းရှီဗိုလ်ချုပ်များပင်ဖြစ်စေ၊ ဝမ်ချောင်၏ ကိုယ်ပိုင်လက်အောက်ငယ်သားများပင်ဖြစ်စေ မှင်သက်သွားကြ၏။ သူတို့ကလည်း ဝမ်ချောင်ဟာ အာရပ်များ၏ နောက်သို့ မလိုက်ခိုင်းခြင်းဟာ အကြောင်းပြချက်မရှိ လုပ်ခဲ့ခြင်းမဟုတ်ဘဲ တစ်စုံတစ်ရာကို နားလည်ထားသောကြောင့်ဖြစ်ကြောင်း သိလိုက်သည်။ သူတို့ကိုယ်တိုင်ကပင် အာရပ်စစ်အလံများ၏ နောက်တွင် ရှိနေသည့် လျို့ဝှက်ဆန်းကြယ်မှုကို နားမလည်နိုင်ကြသေးချေ။
သို့သော် ယခု သူတို့က မြင်လိုက်နိုင်သည်။ ဝမ်ချောင်၏ သတိပေးမှုက ထိုအနက်ရောင်အလံများကို ဂရုတစိုက် ကြည့်မိသွားစေ၏။ ထိုအခိုက် သူတို့အားလုံးကလည်း ထိုအလံများအားလုံးကို လေထဲသို့ တဖြောင့်တည်း ထောင်ထားကြောင်း သတိထားမိလိုက်ကြသည်။ နောက်ဆုတ်နေသည့် အချိန်တွင်ပင် သူတို့က အမိန့်အတိုင်း စည်းကမ်းသေသပ်စွာ လုပ်နိုင်ကြသေးသည်။
အရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင် သူတို့ဟာ အလန့်တကြားဖြစ်ပြီး ထွက်ပြေးသွားသော စစ်တပ်မျိုးနှင့် တူမနေခဲ့ချေ။
ဟစ်
အားလုံးက ထိုမြင်ကွင်းကြောင့် မျက်လုံးပြူးသွားကြသည်။ သူတို့အားလုံးကလည်း လေအေးများကို ရှုရှိုက်ပြီး စကားလုံးများ ထုတ်ပြောနိုင်ရန်ပင် ရုန်းကန်လိုက်ကြရသည်။
“ချန့်လီ ကာကွယ်ရေးဗိုလ်ချုပ် ဝမ်ပြောတာမှန်တယ်။ အပုမူစလင်က ရှုံးအောင်လုပ်ဖို့မလွယ်ဘူး။ သူက ငါတို့အတွက် ထောင်ချောက်ဆင်ထားတာ။ ငါ့ရဲ့အမိန့်ကို ထုတ်လိုက်။ စစ်သားတိုင်းကို နောက်ဆုတ်ခိုင်းလိုက်ပါ”
ကောင်းရှန်းကျစ်၏ ခမ်းနားသောအသံက ထွက်လာသည်။ သူက အဝေးသို့ကြည့်နေသည်။
“ထောင်ချောက်ဟုတ်လား”
သူ၏လက်အောက်ငယ်သားများ အားလုံးက ဖိအားများသွားသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဉာဏ်ရှိပါပေတယ်”
ဝမ်ချောင်က ဖျော့တော့စွာပြုံးပြီး ခေါင်းညိမ့်သည်။ ကောင်းရှန်းကျစ်ကလည်း အနောက်ပိုင်းနယ်မြေ၏ စစ်နတ်ဘုရားဆိုသော အဆင့်အတန်းမျိုးနှင့် ထိုက်တန်နေသည်။ မရေမတွက်နိုင်သော တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသူတစ်ယောက်အနေနှင့် တိုက်ပွဲနယ်မြေမှ အပြောင်းအလဲများကို အလွန်အမင်း အထိမခံဖြစ်သည်။ ရှင်းလင်းစွာဖြင့်ပင် သူက အပုမူစလင်၏ အကြံကို သတိမထားမိပုံပေါ်သည်။
“ရွှီခဲ့ယွီ ငါ့ရဲ့အမိန့်ကိုထုတ်လိုက်။ စစ်သားတိုင်းကို နောက်ဆုတ်ပြီး လိုက်ဖမ်းတာကို လက်လျော့ခိုင်းလိုက်”
ရွှီခဲ့ယွီက ချက်ချင်းလိုလိုထွက်သွားသည်။
အဝေးတွင် ချီရှီနှင့် အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တစ်သိန်းကျော်က တဖြည်းဖြည်းချင်း လိုက်ဖမ်းမှုကို ရပ်တန့်လိုက်ပြီး နောက်ဆုတ်လိုက်ကြသည်။ ထိုသို့ဖြင့် နှစ်ဘက်ခြမ်းက အပြည့်အဝ လူစုကွဲသွားသည်။
.....
ထိုအချိန်တွင် တာလာ့၏ အနောက်ဘက် ဆယ်လီခန့်အကွာတွင်... မည်သူကမှ သတိမထားမိသော တစ်နေရာမျိုးတွင် မညီညာသော မြေပိုင်နက် နယ်မြေအကြား အခြေစိုက်ထားသော အင်အားစုကြီး တစ်ခုရှိသည်။ ထိုထဲတွင် အာရပ်များရှိသည်။ ထိုနေရာမှ အာရပ်စစ်သားများက ရန်သူကို ခြုံခိုတိုက်ခိုက်ရန် အသင့်ပြင်ထားကြ၏။ အာရပ်စစ်သည် တစ်သိန်းကျော်ခန့်ရှိမည့် မြင်းတပ်များဟာလည်း ထောင်ချောက်ထဲသို့ ရန်သူများ ဆင်းသက်လာသည်နှင့်အမျှ ချက်ချင်း ခုန်ထွက်နိုင်ရန် အသင့်ပြင်ထားကြသေးသည်။
ထိုမြင်းတပ်က တိုက်ပွဲနယ်မြေမှ ပထမဦးဆုံး ထွက်ခွာသွားသော အဖွဲ့ဖြစ်သည်။ မြေပိုင်နက် အနေအထားအရ အဝေးမှကြည့်လျှင် သူတို့ကို သတိထားမိလိမ့်မည် မဟုတ်ချေ။
“ဘာလို့သူတို့ မလာသေးတာလဲ”
“မင်းကဘာကိုစိုးရိမ်နေတာလဲ။ အရှင်မြို့စားက အရာအားလုံးကို တွက်ချက်ထားပြီးသား။ ငါတို့ရဲ့ နောက်တန်းကို သူတို့က လိုက်ဖမ်းလာလိမ့်မယ်။ အဲ့ဒီအခါ သူတို့အဆုံးသတ်ရမဲ့အချိန် ရောက်ပြီပဲ”
“ဟား ဟား အရှင်မြို့စားက လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်ကြီးပါ။ ဒီထန်တွေက သေသွားတာတောင်မှ သူတို့ကိုယ်သူတို့ နိုင်နေတယ်လို့ပဲ ထင်နေကြလိမ့်မယ်။ ငါတို့က သူတို့ကို အပြည့်အဝ ရှင်းပစ်လိုက်တာကို သတိထားမိမှာတောင်မဟုတ်ဘူး။ အူမာကတော့ နှမြောစရာပဲ။ ကယ်လီဖိတ်အတွက်ကတော့ သူတစ်ယောက်တည်းကို ရှုံးရတာက တန်ပါတယ်”
“မင်းတို့အားလုံး ပါးစပ်ပိတ်ထားကြစမ်း။ ထန်တွေရောက်လာတော့မယ်။ အသင့်ပြင်ထားကြ”
ခြုံခိုတိုက်ခိုက်မှုနောက်တန်းမှ တောင့်တင်းသော အာရပ်ဗိုလ်ချုပ်များ၏ မျက်ဝန်းက အေးစိမ့်နေသည်။ သူတို့အားလုံး၏ အကြည့်က သိပ်သည်းသော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက်နေ၏။ အာရပ်အင်ပါယာကို တည်ထောင်ပြီးသည်မှာ ရာစုနှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး သူတို့က နယ်မြေကို ဆက်တိုက် ချဲ့ထွင်နေခဲ့ကြသည်။ အာရပ်များက တိုက်ခိုက်သည့် ကိုယ်ပိုင်နည်းလမ်းမျိုးကို ပိုင်ဆိုင်လာခဲ့ကြသည်။
ထိုထန်များက မြို့ထဲတွင်သာ ရှိနေလျှင် အာရပ်များကလည်း သူတို့ကို ကိုင်တွယ်နိုင်သည့် နည်းလမ်း အများကြီးမရှိနိုင်ချေ။ သို့သော် အာဘတ်ဆစ်ကယ်လီဖိတ်မြင်းတပ်ကမူ အဆင့်လွန် အုပ်ချုပ်မှု ရှိနေသည့်တိုင်အောင် စစ်ပွဲကို ဝင်စီးရာတွင် ကျွမ်းကျင်လွန်းသောလူမျိုးများ မဟုတ်ကြသေးချေ။ အခြားသော အဖွဲ့အစည်းများနည်းတူ သူတို့ကလည်း အယောင်ပြတိုက်ခိုက်ပြီး စမ်းသပ်သည့် အနေအထားမျိုးကိုသာ လုပ်နိုင်ကြသေးသည်။
သို့သော် ထန်များနှင့်သာ မြေပြန့်ကွင်းပြင်တွင် ဆုံရမည်ဆိုလျှင် အရာအားလုံးက ခြားနားသွားပေလိမ့်မည်။ အာရပ်များတွင်လည်း ကိုယ်ပိုင်နည်းဗျူဟာများရှိသည်။ ထို့ကြောင့် သူတို့က အာနးည်းသော အနေအထားမျိုးတွင်ဖြစ်စေ၊ အားသာသော အနေအထားမျိုးတွင်ဖြစ်စေ ရအောင် လုပ်ယူနိုင်သည်။
“ဟွန် ဘာတွေဖြစ်တာလဲ။ ထန်တွေနောက်ဆုတ်သွားတာလား”
ရုတ်တရက် အာရပ်ဗိုလ်ချုပ်များ၏ မျက်နှာက ဖြူဖျော့သွားပြီး ရပ်လိုက်ကြသည်။
“ရမ်းကားလိုက်တာ ဘာလို့ ဒီလိုဖြစ်တာလဲ။ ဘာလို့သူတို့က မလိုက်တော့တာလဲ”
“သူတို့သတိထားမိသွားတာလား”
“မဖြစ်နိုင်တာ သူတို့က နိုင်နေတဲ့ အနေအထားမျိုးမှာလေ။ ဘာကြောင့် လက်လျော့ရမှာလဲ”
အာရပ်ဗိုလ်ချုပ်များ၏ မျက်နှာက တင်းသွားသည်။ သူတို့အားလုံးကလည်း ထန်စစ်သည် တစ်သိန်းကျော်က ရှင်းပြရန် ခက်ခဲသည့် နည်းလမ်းမျိုးဖြင့် စတင်ကာ နောက်ဆုတ်နေကြောင်း ရှင်းရှင်းလင်းလင်း မြင်နိုင်ကြသည်။ သူတို့အားလုံးက ရှုပ်ထွေးစွာဖြင့် စိုက်ကြည့်နေနိုင်ကြသည်။ အတိတ်တွင် လေးစားဖွယ်ကောင်းသော ရန်သူမျိုးကို အလားတူသော ဗျူဟာမျိုးသုံးပြီး အလဲထိုးနိုင်ခဲ့သည်။ ဒီနည်းအားဖြင့် သူတို့က ဂုဏ်အယူရဆုံး အပျော်ဆုံးကာလမျိုးတွင် သူတို့က နင်းချေခဲ့၏။
ယခုကဲ့သို့ နိုင်နေသော တိုက်ပွဲအလယ်မှ ရုတ်ချည်း နောက်ဆုတ်သွားခဲ့သော ပြိုင်ဘက်မျိုးကို မတွေ့သေးချေ။
“အဲ့ဒီထန်ဗိုလ်ချုပ်က ဘာဖြစ်နေတာလဲ”
အာရပ်ဗိုလ်ချုပ်များကလည်း ဘာကိုမှ မပြောနိုင်ကြတော့ချေ။
ဝုန်း
တချိန်ထဲတွင်ပင် တောင်တန်းကဲ့သို့ မြင့်မားလွန်းသော လူတစ်ယောက်က အမြင့်ပိုင်းတစ်နေရာမှ ခုန်ဆင်းလာသလိုမျိုး ထိုနေရာသို့ ရောက်လာကာ စတင်ကာ ထရပ်လာသည်။ သူ၏အကြည့်က စူးရှသည်။ သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များကို ထုတ်လွှတ်နေသည်မှာ တောင်များကိုပင် ကွဲအက်စေလောက်၏။ သူက မတ်တပ်ရပ်လိုက်သောအခါ အောက်ဘက်ရှိ မြေပြင်ကပင် သူ၏အလေးချိန်ကို မထိန်းထားနိုင်သလို တုန်ယင်လာသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ”
အပုမူစလင်၏ နက်ရှိုင်းကာ ညိုမှောင်နေသော မျက်ဝန်းက အဝေးသို့ကြည့်သည်။ ထိုမျက်ဝန်းအတွင်း အံ့အားသင့်ဖွယ်ကောင်းသည့် အေးစိမ့်မှုအလင်းက ထွက်နေသည်။ ကြမ်းတမ်းသောလေပြင်းက သူ့ကို ဖြတ်တိုက်သွားချိန်တွင် အပုမူစလင်၏ ဘေးနားမှ စွမ်းအင်များက မုန်တိုင်းထန်လာသည်။ ပြင်းထန်သော ဖိအားအောက်တွင် တောင်တန်းတစ်ခုလုံးက ယမ်းခါကာ ခုန်လှုပ်လာသလိုမျိုး တောင်တန်းကြီးက ကျွတ်ထွက်ကာ အခြားတစ်နေရာသို့ ခုန်ဆင်းတော့မလို ထိုနေရာဝန်းကျင်ရှိ အစောင့်တိုင်းက ခေါင်းကိုငုံ့လိုက်ကြရသည်။ ဒီနည်းအားဖြင့် နတ်ဘုရားတစ်ပါး၏ အရှေ့ရောက်နေသော ကြောက်ရွံ့တုန်လှုပ်နေသည့် ပုရွက်ဆိတ်များသဖွယ် ပြောင်းသွားသည်။
မဟာထန်နှင့် တိုက်ခိုက်ခဲ့သော စစ်ပွဲတွင် ... ချီတိုင်းပြည်၏ ကျရှုံးမှုမှ စတင်ပြီး တာလာ့၏ အရှုံးအထိ သူတို့က ဆက်တိုက် ဝင်စီးနိုင်ခဲ့သည်။ အပုမူစလင်ကလည်း အချိန်တိုင်းလိုလို တည်ငြိမ်နေခဲ့၏။ သို့သော် ထိုတခဏတွင် သူ၏ယုံကြည်မှုရှိပြီး ဆုံးဖြတ်ချက်ပြတ်သားသော မျက်နှာကတင် ခံစားချက်အားလှိုင်းများကို စပြသည်။ သူကလည်း ထိုကိစ္စကို အလေးအနက် စထားမည့် လက္ခဏာများ စပြလာသည်။
“ဒီထန်စစ်တပ်ရဲ့ ခေါင်းဆောင်ကဘယ်သူလဲ”
အချိန်အတန်ကြာမှသာ အပုမူစလင်က ဒီလိုပြိုင်ဘက်မျိုးကို တွေ့ကြုံရခြင်းဖြစ်သည်။ အာရပ်အင်ပါယာတွင် အငယ်တန်းစစ်သားဘဝမှ လက်ရှိ အရှေ့ပိုင်း၏ အုပ်ချုပ်သူဆိုသော နေရာကို ရချိန်အထိ ... ကယ်လီဖိတ်၏ နယ်စပ်မှ တာလာ့နှင့် အနောက်ပိုင်းဒေသအထိ သူ၏ အုပ်စိုးသော စခန်းကို ဖြန့်ကျက်ခဲ့သည့် ကာလတောက်လျှောက် ရန်သူ တစ်သုတ်ပြီးတစ်သုတ်ကို အလဲထိုးခဲ့သည်။ သို့သော် ယခုလိုမျိုး ထူးဆန်းသော ပြိုင်ဘက်မျိုးကမူ နည်းပါးလွန်းသလို မရှိသလောက်လည်းဖြစ်သည်။
သူကိုယ်တိုင်ကလည်း ထန်စစ်တပ်၏ စစ်သေနာပတိချုပ်ကို မမြင်ရသေးသော်လည်း မမြင်ရသော ဓားများက ဖြတ်လာသလို သူတို့က ဓားချင်းယှဉ်မိကြလေပြီ။ အပုမူစလင်ကိုယ်တိုင်ကလည်း အလွန်ဆိုးသော ခံစားချက်ကိုရနေ၏။ ဒီပြိုင်ဘက်က သူမျှော်လင့်ထားသည်ထက် အများကြီး လေးစားစရာ ကောင်းနေပြီး သူရင်ဆိုင်ခဲ့ဖူးသမျှထက် အများကြီး ဒုက္ခပေးနိုင်နေသည်။
သို့သော် ထိုအခြေအနေကသာ သူ့ကို အံ့အားသင့်စေခြင်းမဟုတ်ချေ...
“အရှင်မြို့စား အဲ့ဒီနေရာကို ကြည့်လိုက်ပါဦး”
နှာတံမြင့်မြင့်နှင့် မျက်နှာထား ထူးခြားသော ပိန်ပါးသည့် အာရပ်တစ်ယောက်က ရိုင်းစိုင်းကြမ်းတမ်းသည့် စွမ်းအင်များနှင့်အတူ အဝေးသို့ လက်ညိုးညွှန်လိုက်သည်။ သူ၏လက်ညိုးညွှန်ရာနောက်သို့ ကြည့်သော ထန်ဝင်္ကပါရှေ့ဆုံးအပိုင်းတွင် သာမာန်လူသား လက်မှုပညာရှင်များ၏ အလုပ်များနေပုံကို မြင်လိုက်ကြရသည်။ ထောင်ပေါင်းများစွာသော မီးပြင်းဖိုများမှ မီးလုံးများ၊ မီးတောက်များက လေထဲသို့ မြောက်တက်နေသလို ငွေဖြူရောင်သံမဏိမြို့ရိုးကြီးကလည်း တာလာ့၏အရှေ့တွင် ထင်ရှားစွာ ထွက်ပေါ်လာသည်မှာ ငါးကြေးခွံများအလား တောက်ပြောင်နေသေးသည်။
အာရပ်ဗိုလ်ချုပ်တိုင်းက အလွန်အမင်းထူးဆန်းသော ခံစားချက်မျိုးကို ရလိုက်သည်။
တိုက်ပွဲနယ်မြေဟာ အလွန်အမင်း အန္တရာယ်များသော နေရာဖြစ်ပြီး သေရေးရှင်ရေးက အတွေးတစ်ခုတည်းနှင့် ပြောင်းလဲသွားနိုင်သည်။ မည်သူကမှလည်း ဒီလိုတိုက်ပွဲနယ်မြေထဲသို့ တိုက်ခိုက်နိုင်စွမ်းအားမရှိသော သာမာန်လက်မှုပညာရှင်များကို မခေါ်လာရဲချေ။ ထိုသို့ခေါ်လာခြင်းက သူတို့ကို သေခိုင်းသလိုဖြစ်နေသည်။ သို့တိုင်အောင် ထိုသံမဏိမြို့ရိုးများက... မည်သူမဆို ထန်များက မည်သို့လှုပ်ရှားနေကြောင်း ပြောနိုင်ကြသည်။ တိုက်ပွဲပေါင်းများစွာတွင် တိုက်ခိုက်ခဲ့ပြီးသည့်တိုင်အောင် ရန်သူပေါင်းများစွာကို အလဲထိုးပြီး တိုင်းပြည်ပေါင်းများစွာကို အုပ်စိုးခဲ့သည့်တိုင်အောင် အာရပ်များအနေနှင့် ယခုလို ထူးဆန်းသော တိုက်ခိုက်ပုံကို မမြင်ဖူးကြချေ။
“အာမာကို သူ့ရဲ့ ဘာဂါကာတာဖာရက်တွေကို ဦးဆောင်ပြီး ထန်တွေကို တိုက်ခိုက်ခိုင်းလု့ိပြောလိုက်”
အပုမူစလင်က အမိန့်ပေးသည်။ သူ၏မျက်ဝန်းက အဝေးရှိ ထန်အင်အားစုထံတွင်သာ မြဲမြံနေသည်။
“ဟုတ်ကဲ့အရှင်မြို့စား”
အာရပ်သတင်းပို့က မြင်းပေါ်ခုန်တက်ပြီး အပြေးနှင်သွားသည်။
.....
“အရှင်အမတ် သူတို့ရပ်သွားကြပြီ”
ထိုအချိန်တွင် တာလာ့ဂိတ်နားတွင်ရှိသော ရွှီခဲ့ယွီက တူရကီစစ်မြင်းပေါ်တွင် စီးနင်းလျှက် အဝေးရှိ အာရပ်များကို စောင့်ကြည့်နေသည်။ တိုက်ပွဲ၏အပြင်းထန်ဆုံး ကာလတွင် တစ်ယောက်ချင်းစီတိုင်းက အနီးဆုံးရှိ လူတိုင်းကိုသာ မျက်စိဒေါက်ထောက် ကြည့်နေရသည်။ သူတို့၏ သံချပ်ကာကို ဘေးဖယ်ကာ အလန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။ ထိုအာရပ်များက အခြေအနေကို အာရုံစိုက်အားမည်မဟုတ်ချေ။ သို့သော် ယခုလိုမျိုး အပြည့်အဝ နောက်ဆုတ်ရန် အမိန့်ရပြီးသွားသော အချိန်မှသာ ထိုစစ်သားများက စိတ်ငြိမ်သွားကြပြီး အာရပ်များက အလျှင်အမြန် နောက်ဆုတ်ကြခြင်းမရှိတော့ကြောင်း တွေ့လိုက်ရသည်။ နောက်တန်းမှ အာရပ်စစ်သားများကဆိုလျှင် အလုံးစုံ ရပ်တန့်လိုက်ကြသေးသည်။
ထိုအခြေအနေက တိုက်ခိုက်နိုင်စွမ်းအား ဆုံးရှုံးသွားသည့် လဲပြိုသွားသော စစ်တပ်တစ်ခု၏ အနေအထားမျိုး မဟုတ်သည်မှာ သေချာနေသည်။
WC PD 49 (881-895)