အခန်း (၈၈၆-၈၉၀)
Vol. 49 Ch. 886-890
အခန်း(၈၈၆)
ဘုန်း
ရတနာများအပြည့်ရှိနေသော သေတ္တာ နောက်ထပ် ကိုးလုံးခန့်ရှိကြောင်း ကြားလိုက်ရသော အချိန်တွင် ချန်းချန့်လီကိုယ်တိုင်ပင် မျက်လုံးပြူးကာ အံ့အားတကြီးဖြစ်သွားသည်။ သေတ္တာတစ်ခုက ရှင်းပြနိုင်သည်။ သို့သော် တာလာ့အဖွဲ့က ဆယ်နှစ်ကျော်ကြာ ကြိုးစားစုဆောင်းထားမည်ဆိုလျှင်ပင် ထိုမျှ များပြားသည့် ကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ချေ။
တာလာ့အဖွဲ့တွင် ပေါ်လာသည့် ထိုသေတ္တာများတွင် သံသယဝင်ရန် ပြဿနာမရှိနိုင်ဟု အရူးမှသာ ယုံကြည်ပေလိမ့်မည်။
ထိုသို့ဖြင့် တာလာ့အဖွဲ့ခေါင်းဆောင် ဝမ်ဟယ်ဖေးလော့ထံ သံသယအပြည့်ရှိနေသည့် အကြည့်ပေါင်း များစွာက ရောက်ရှိသွားသည်။
“ဝမ်ချောင် မင်းသူများကို အရမ်းမစွပ်စွဲနဲ့”
ဝမ်ဟယ်ဖေးလော့က ဒေါသတကြီးအော်သည်။
“ငါဒါတွေကို အရင်ကလည်း မမြင်ဖူးသလို ဒီသေတ္တာတွေက ဘယ်လိုရောက်လာမှန်းလည်း ငါမသိဘူး။ ဒါ့အပြင် ငါတို့ရဲ့တာလာ့အဖွဲ့က ကြေးစားစစ်သားအဖွဲ့ ငါတို့က ငါတို့ဘာလုပ်တယ်ဆိုတဲ့ အရာတိုင်းကို မင်းတို့ကို ပြောပြရဦးမှာလား။ အနောက်ပိုင်းနယ်မြေက ရတနာအမျိုးမျိုး ချန်ရစ်ခဲ့တဲ့ ရှေးဟောင်းတိုင်းပြည်ကြီးတွေရဲ့ အပျက်အစီးအိမ် ဖြစ်ခဲ့တာ။ နောက်ပြီး ရတနာမြေပုံတွေနဲ့ ပတ်သတ်တဲ့ ဒဏ္ဍာရီတွေလည်း အများကြီးရှိတာပဲ။ အခုဆိုရင် အချို့အဖွဲ့တွေက ရတနာတွေကို ရှာဖွေဖို့တောင် ကြိုးစားကြသေးတယ်။ ငါကဒီလိုကိစ္စတွေအထိ မင်းကိုတင်ပြရဦးမှာလား”
ဝမ်ဟယ်ဖေးလော့ကလည်း ယခုလို လူတစ်ယောက်ထံမှ ခြိမ်းခြောက်မှုမျိုးကို ဘယ်သောအခါမှ မခံစားဖူးချေ။ ဝမ်ချောင်၏ တစ်ကိုယ်လုံးက ထက်ရှသော ဓားတစ်လက်လို အရှိန်အဝါများ တောက်ပနေလေပြီး ဝမ်ဟယ်ဖေးလော့ကပင် စိတ်ဓာတ်ကျရသော အခြေအနေသို့ရောက်အောင် တွန်းပို့နိုင်သည့် ပြင်းထန်သည့် အရှိန်အဝါကို ထုတ်လွှတ်ထားသည်။ ထို့ကြောင့် သူ၏ဘဝတွင် ဒီလိုပြိုင်ဘက်မျိုးနှင့် ကြုံရမည်ဟုလည်း မတွေးမိခဲ့ချေ။
သေလိုက်စမ်း ဘာတွေဖြစ်ကုန်တာလဲ။ ငါတို့ဒီကိစ္စကို အတက်နိုင်ဆုံး ကြိုးစားပြီး ထိန်းသိမ်းထားခဲ့တာပဲ။ သူကဘယ်လို ရှာတွေ့သွားတာလဲ။
ဝမ်ဟယ်ဖေးလော့က သရဲတစ်ကောင်ကို မြင်ရသလို ခံစားနေရသည်။ ထိုကိစ္စတစ်ခုလုံးကို ချောမွေ့အောင် ထိန်းထားနိုင်ခဲ့သည်။ သေးငယ်သည့် အမှားအယွင်းကပင် မရှိခဲ့ချေ။ တိုက်ပွဲအတောအတွင်း ဝမ်ဟယ်ဖေးလော့က ရန်သူကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရာတွင် ရဲဝံ့စွာ တိုက်ခိုက်ခဲ့သည်။ သူ၏လုပ်ဆောင်မှုတွင် ပြစ်ချက်များပင် မပြသခဲ့ချေ။ မဟာထန်က ရှုံးသွားသည့်အခါ ဝမ်ဟယ်ဖေးလော့က အာရပ်၏အင်အားကို ချေးငှားယူပြီး အနောက်ပိုင်းဒေသကို အုပ်စိုးရန် အသင့်ပြင်ထားသည်။
သို့သော် ဝမ်ဟယ်ဖေးလော့က အကြံအစည်ကို ဖော်ထုတ်ပြီး အာရပ်များအတွက် ဂိတ်ပေါက်ကို မဖွင့်ရသေးခင် ညပိုင်းတွင် ထိုသတင်းက ပေါက်ကြားသွားလျှက် စာတစ်စောင်ကို လက်ခံရရှိမည်ဟု မထင်ထားမိချေ။ သူ၏အကြံတိုင်းက ပျက်ယွင်းသွားသည်။ ယခုအချိန်တွင်ပင် ဝမ်ဟယ်ဖေးလော့ အနေနှင့် သူက မည်သည့်နေရာတွင် အမှားလုပ်ခဲ့မိကြောင်း မသိသေးချေ။ မည်သည့်အတွက်ကြောင့် အဝေးချီရှီမှ ငယ်ရွယ်သော ကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်က အနောက်ပိုင်းဒေသမှ အဖြစ်အပျက်များကို မည်သို့သိရှိနေသည်ဖြစ်ကြောင်း နားမလည်နိုင်ချေ။ ယခုလောက်အထိ လျို့ဝှက်စွာ လုပ်ဆောင်ခဲ့သော ကိစ္စကို တစ်ဖက်သူက သိရှိနေခြင်းအပေါ် သူကိုယ်တိုင် မဝေခွဲနိုင်တော့ချေ။
ဝမ်ဟယ်ဖေးလော့အနေဖြင့် သရဲနှင့်မိစ္ဆာများကသာ ထိုသို့လုပ်နိုင်မည်ဟု တွေးနေသည်။
ဝမ်ဟယ်ဖေးလော့ အကြောင်းပြချက်က သက်ရောက်မှုရှိကြောင်း ပြသသည်။ ရတနာမြေပုံဆိုသော အကြောင်းပြချက်က အနည်းငယ် ကြောင်တောင်တောင်နိုင်သော်လည်း တာလာ့များက မဟာထန်ကို သစ္စာဖောက်ပြီး အာရပ်များနှင့် ပူးပေါင်းသည်ဆိုသော ကိစ္စထက် ပို၍နားထောင်ရ ကောင်းသေးသည်။ ထိုသို့ဖြင့် လေထုအခြေအနေက အနည်းငယ် ပြောင်းလဲလာ၏။ ဝမ်ဟယ်ဖေးလော့ထံ ချိန်ရွယ်ထားသော အကြည့်အများစုက အများကြီး ညင်သာလာသည်။
“ဟား ဟား ဟား ရတနာမြေပုံဟုတ်လား”
ဝမ်ချောင်က လှောင်ရယ်သလို ရယ်သည်။ သူက ထိုသု့ိသော အကြောင်းပြချက်မျိုးကို မျှော်လင့်ထားပုံရသည်။
“ဆိုတော့ မင်းက ဒီအရာတွေကို ရတနာမြေပုံနဲ့ ရှာတွေ့ထားတယ်လို့ ပြောချင်တာပေါ့”
ဝမ်ချောင်က သေတ္တာကို လက်ဝါးတစ်ချက် ရိုက်ချလိုက်ပြီး စွမ်းအင်တစ်လှိုင်းကို ပို့လွှတ်လိုက်သည်။ သေတ္တာထဲတွင်ရှိသည့် ပုလဲ၊ မဟူရာ၊ ကျောက်စိမ်းနှင့် ရတနာတိုင်းက လေပေါ်သို့ မမြင်ရသော စွမ်းအားလှိုင်းကြောင်း မြောက်တက်လာသည်။ လူတိုင်းကလည်း ဝမ်ချောင်၏ အပြုအမူကြောင့် အစပိုင်းတွင် လျို့ဝှက်ဆန်းကြယ်သလို ခံစားလိုက်ကြရသည်။ သို့သော် သေတ္တာအတွင်းမှ ပြောင်လက်နေသည့် ရွှေအလင်းတန်းများကြောင့် သူတို့၏မျက်နှာက ဖြူဖျော့သွားကြသည်။
“အာရပ်နိုင်ငံသုံး ရွှေပြားတွေ”
အဖိုးတန်ပုလဲ၊ ရတနာနှင့် အခြားသောပစ္စည်းတိုင်း၏ အောက်ဆုံးပိုင်းတွင် သိပ်သည်းစွာ ရှိနေသည့် လုံးဝိုင်းသော ရွှေပြားများရှိနေသည်။ မဟာထန်က သုံးသော ငွေကြေး၊ ရွှေပြား၊ ငွေပြားများနှင့် မတူသည်မှာ ထိုရွှေပြားများက အထူးတလည် ဖန်တီးထားခြင်းဖြစ်ပြီး အပေါ်ယံမျက်နှာပြင်ပေါ်တွင် ရေလှိုင်းများကဲ့သို့ ဖြစ်နေသော ဆံပင်နှင့် အမျိုးသားတစ်ယောက်၏ ပုံပါသည်။ ထိုပုံရိပ်က အာရပ်တစ်ယောက် ဖြစ်ပုံပေါ်ပြီး ကျောနောက်ဘက်တွင်မူ...
ချွင်
အန်းရှီအရာရှိတစ်ယောက်၏ ရှေ့သို့ တက်လာမှုနှင့်အတူ သူ၏ကိုယ်မှ သံချပ်ကာက လှုပ်ခတ်သံ ထွက်လာသည်။ သူဟာ သေတ္တာထဲမှ ရွှေတစ်ပြားကို ကောက်ယူလိုက်ပြီး တစ်ချပ်မြှောက်လှန်လိုက်သည်။
“ဒါက အာရပ်ဒင်္ဂါးပြားပဲ”
ထိုဒင်္ဂါးပြား၏ တောက်ပနေသော ကျောပြင်တွင် အာရပ်အလံပုံကို ရေးဆွဲထားသည်။
အရာအားလုံးက သိသာထင်ရှားသွားလေပြီ။ အနောက်ပိုင်းနယ်မြေ၏ အချို့သော တိုင်းပြည်များမှ ကျန်ရစ်ခဲ့သော ရတနာများပင်ဖြစ်စေ၊ ရတနာမြေပုံသုံးကာ ရှာဖွေထားခဲ့ခြင်းဖြစ်စေ စသော အကြောင်းပြချက်များက မလိုအပ်တော့ချေ။ ထိုအရာများကို အာရပ်အင်ပါယာထံမှ ရရှိထားခြင်းဖြစ်ကြောင်း သိသာနေလေသည်။ တာလာ့အဖွဲ့ကို လာဒ်ထိုးနိုင်ရန်အလို့ငှာ အာရပ်များက ကြွယ်ဝသည့် ချမ်းသာမှုမျိုးဖြင့် လက်ဆောင်အပြည့်ပေးထားသည်။
“ဝမ်ဟယ်ဖေးလော့ မင်းမျိုးမစစ်ကောင်”
ဝမ်ဟယ်ဖေးလော့ကိုကြည့်သော မျက်ဝန်းတိုင်းထဲတွင် သတ်ဖြတ်လိုစိတ်များက ပြင်းထန်လာသည်။ အနီးအနားရှိ အန်းရှီကာကွယ်ရေး ဗိုလ်ချုပ်တစ်ယောက်ဆိုလျှင် ကုန်းကာအော်ဟစ်လိုက်ပြီး ဓားကိုဆွဲထုတ်ကာ ဝမ်ဟယ်ဖေးလော့ကို ခုတ်ချသည်။
ဘန်း
အံ့အားသင့်ဖွယ်ကောင်းသော အားလှိုင်းများက အပြင်ဘက်သို့ ထွက်လာသလို ကြယ်တာရာစွမ်းအင်များနှင့် ကြီးမားသည့် နတ်ဘုရားပုဆိန်ကြီးက မြှောက်တက်လာပြီး ဒေါသတကြီး ခုတ်ချက်ကို ခုခံသည်။
“ငါက အစွပ်စွဲခံရတာ။ အစွပ်စွဲခံနေရတာ သေချာပေါက်ပဲ။ အလျင်စလို မဆုံးဖြတ်နဲ့ဦး။ ဒီကောင်စုတ်က မင်းတို့ကို အရူးလုပ်နေတာ”
ဝမ်ဟယ်ဖေးလော့က အထိတ်တလန့်ဖြစ်သောကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေသော အနေအထားနှင့်အတူ ကုန်းကာအော်ဟစ်လိုက်သည်။ သူက နောက်သို့ဆုတ်ပြီး သူ၏လက်နက်ကိုထုတ်ကာ တိုက်ကွက်ပေါင်းများစွာကို တားရသည်။
“မင်းတို့အားလုံး ငါတို့ရဲ့ တာလာ့အဖွဲ့က မင်းတို့နဲ့ ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့တာ ဘယ်လောက်ကြာပြီလဲဆိုတာကို မေ့သွားကြပြီလား။ ကျူရှီတိုင်းပြည်နဲ့ တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲမှာ ငါတို့က မင်းတို့ရဲ့ ဘယ်ဘက်ခြမ်းကို ဖာထေးပြီး ကာကွယ်ပေးခဲ့ရတာမဟုတ်လား။ ထန်းရွှီနဲ့ တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲမှာလည်း ငါတို့က မြို့ထဲကို အတင်းဝင်ရောက်ခဲ့ပြီး မင်းတို့အတွက်ဂိတ်ကို ဖွင့်ပေးခဲ့တာလေ။ ထန်းရွှီနဲ့ တိုက်ခိုက်ခဲ့တဲ့ အချိန်ကဆိုလည်း ငါတို့ကမင်းတို့ရဲ့ အဖွဲ့ဝင်တွေအားလုံးကို ကယ်ခဲ့ဖူးတယ်။ ဒါတွေအားလုံးကို မေ့သွားပြီလား”
“ငါကအမြဲတမ်း မင်းတို့နဲ့အတူ ရှေ့တန်းမှာ ရှိနေခဲ့တယ်။ ငါလည်း မင်းတို့လိုပဲ အာရပ်ရဲ့ ရွှေဒင်္ဂါးပြားတွေ အကြောင်းကို နားလည်ပါတယ်။ တစ်ယောက်က ငါ့ကို သေချာပေါက် စွပ်စွဲတာပဲ။ ဟုတ်တယ် ငါတို့ရဲ့ တာလာ့အဖွဲ့က အနောက်ပိုင်းတွေမှာ ရန်သူတွေအများကြီးပဲ။ သူတို့ကလည်း ငါတို့နဲ့ မဟာထန်ရဲ့ ဆက်ဆံရေးကို သိနေလိမ့်မည်။ ဒီအတွက်ကြောင့် ဒီအကြံကိုသုံးပြီး သူတို့ရဲ့ ကိုယ်ပိုင် အကျိုးအမြတ်အတွက် ငါတို့ကို ဒုက္ခရောက်အောင် ချောက်ချတာပဲ။ အားလုံးပဲ ဘယ်လိုပဲဖြစ်ဖြစ်မင်းတို့ သူတို့ကို အောင်မြင်ခွင့်ပြုလို့မရဘူး”
ဝမ်ဟယ်ဖေးလော့၏ ရင်ကျိုးမရဖြစ်သလို ပြန်လည်ပြောဆို ချေပမှုများနှင့်အတူ သူ၏မျက်နှာ၏ ဒေါသတကြီး ဖြစ်နေမှုများက သူဟာ မမှန်မကန် စွပ်စွဲခံရသလို ပီသလာစေသည်။
ဝမ်ဟယ်ဖေးလော့၏ စကားလုံးများက လူအုပ်အား ခပ်တိုးတိုး ရေရွတ်မိစေပြီး တုန့်ဆိုင်းသွားစေပြန်သည်။ တာလာ့များဟာ အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့သော အရေအတွက်က မနည်းပါးကြောင်း နားလည်သည်။ ထိုအတွက်ကြောင့်လည်း အဖွဲ့အစည်းပေါင်းများစွာကို ရန်စမိခဲ့၏။ ထိုအတွက်ကြောင့် ထိုအဖွဲ့များက တာလာ့ကို ချောက်ချခြင်းကလည်း ဖြစ်နိုင်ချေရှိနေသည်။
ဝမ်ဟယ်ဖေးလော့က ပုံပြင်ဟောင်းများကို ပြန်ပြောလာသည့်အခါ သူတို့က ပို၍ပင် တွန့်ဆုတ်သွားသေး၏။ ဝမ်ဟယ်ဖေးလော့ကို ကြည့်နေသည့် သံသယဝင်သော အကြည့်များက ပြန်လည်ပြီး တည်ငြိမ်သွားကြသည်။ ကောင်းရှန်းကျစ်ကပင် မျက်မှောင်ကို အသာကျုံ့လိုက်၏။ သူ၏မျက်ဝန်းအတွင်း တွန့်ဆုတ်မှုကပေါ်လာသည်။
ဝမ်ချောင်၏ မျက်ဝန်းအတွင်း ခံစားချက်အရောင်က လင်းလက်သွားသည်။ ဝမ်ချောင်ဟာ တာလာ့နှင့် အန်းရှီကာကွယ်ရေးစစ်တပ်ကြားမှ ပုံပြင်အကြောင်း မရှင်းလင်းချေ။ အရာအားလုံးက အတိတ်ကအတိုင်းသာ ဖြစ်ပျက်ခဲ့ရိုးမှန်ကန်လျှင် ထိုအခြေအနေက လှပသော ဒဏ္ဍာရီဖြစ်လာပေလိမ့်မည်။ သို့သော် ဝမ်ချောင်ကမူ ထိုအကြောင်းအရာက စိတ်ကူးယဉ်ကာ အတွေးများမှုနှင့် လွဲမှားသော ဆုံးဖြတ်ချက်ကို ယူဆောင်နေခြင်းဖြစ်ကြောင်း ကောင်းကောင်း နားလည်နေသည်။
တာလာ့များဟာ ကြေးစားစစ်သားများဖြစ်သည်။ သူတို့ဟာ သူတို့၏ အကျိုးအမြတ်အတွက်သာ တိုက်ခိုက်တတ်သည်။ ထိုမှန်ကန်မှုက ဘယ်သောအခါမှ ပြောင်းလဲသွားလိမ့်မည် မဟုတ်ချေ။
ဝမ်ချောင်က အန်းရှီကာကွယ်ရေး စစ်တပ်အတွက်ပင် သနားလာ၏။ သို့သော် တာလာ့များက အာရပ်များနှင့် ပူးပေါင်းခြင်းကမူ သိသာထင်ရှားသော အချက်ဖြစ်သည်။ ထိုပုလဲ၊ မဟူရာ၊ ကျောက်စိမ်းနှင့် ရတနာများအားလုံးက သိသာထင်ရှားသည့် သက်သေဖြစ်သည်။ သူတို့က အောင်မြင်သွားခဲ့လျှင် အကျိုးဆက်က လက်သင့်ခံရန်ပင် ခက်ခဲလွန်းသည်။ အန်းရှီကာကွယ်ရေးစစ်တပ်၏ တွန့်ဆုတ်မှုက စိတ်ကူးယဉ်ဆန်သော ဆက်ဆံရေးတစ်ခုကိုသာ ထူထောင်နိုင်လောက်သည်။
တာလာ့များ၏ လက်ထဲတွင် အန်းရှီကာကွယ်ရေးစစ်တပ်က ချိစ်ပြားတစ်ခုလိုမျိုး အာရပ်များနှင့် သဘောတူညီမှုလုပ်ရန် အလဲအလှယ် ပစ္စည်းသပ်သပ်သာဖြစ်သည်။ သူတို့နှင့် ဘေးချင်းယှဉ်လျှက် တိုက်ခိုက်ခဲ့ပါသည်ဆိုသော တာလာ့များက အန်းရှီကာကွယ်ရေးစစ်တပ်နှင့် သေတူရှင်မကွာ ရှိသင့်သည့် အဖွဲ့အစည်းဟာ အန်းရှီက ရှုံးသွားချိန်တွင် အနည်းငယ်သော တွန့်ဆုတ်မှုကိုမျှ မပြသသလို သူတို့၏ ခံစားချက်ဟောင်းများကိုလည်း သယ်ဆောင်ထားလေ့ မရှိချေ။ အာရပ်များထံတွင်မဟုတ်ဘဲ တာလာ့ထံတွင် သေဆုံးသွားသည့် အန်းရှီစစ်သား မည်မျှများကြောင်း မည်သူမျှ မသိနိုင်ချေ။ တာလာ့များ၏ ရိုက်ချက် တစ်ချက်က ဘက်ပြောင်းခိုလုံခြင်းဆိုသော ကိစ္စတစ်ခုကြောင့်နှင့် အားလုံးကို သတိလက်လွတ် ဖြစ်သွားစေပြီး အရှုံးကြီး ရှုံးစေခဲ့လေသည်။ တိကျစွာဆိုရသော် တာလာ့များကြောင့်သာ အန်းရှီကာကွယ်ရေးစစ်တပ်မှ စစ်သည်တစ်ထောင်ပင် မလွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်နေသည်။
ဝမ်ဟယ်ဖေးလော့က အန်းရှီကာကွယ်ရေးစစ်တပ်၏ ခံစားချက်များကို အသုံးပြုပြီး အန္တရာယ်ထဲမှ လွတ်မြောက်ရန် အကွက်ချနေကြောင်း တွေးမိသောအခါ ပို၍ပင် ရွံ့ရှာလာပြီး ရွံ့မုန်းလာမိ၏။ သူ၏ တာလာ့အပေါ် အမုန်းက ပို၍သာ တိုးလာသည်။ ကောင်းရှန်းကျစ်က အရူးလုပ်ခံရကောင်း ခံရနိုင်သည်။ ဝမ်ချောင်ကမူ ထိုသို့မဖြစ်နိုင်ချေ။
“ဝမ်ဟယ်ဖေးလော့ မင်းဒီလှည့်ကွက်တွေကို ဆက်သုံးနေစရာ မလိုတော့ဘူး။ အာရပ်ဒင်္ဂါးပြားတွေကို တစ်ယောက်ယောက်ကသုံးပြီး မင်းကိုချောက်ချချင်တယ်လို့ မင်းကပြောနိုင်တယ်။ ဒါဆိုရင် မင်းနဲ့ အဆက်အသွယ်လုပ်တဲ့ အာရပ်သူလျိုက ဘယ်လိုလဲ။ မမေ့နဲ့ သူကမင်းနဲ့တကယ် တွေ့ခဲ့တဲ့လူ။ မင်းကတော့ မင်းရဲ့ အကြံအစည်တစ်ခုလုံးက ပြစ်ချက်ကင်းနေတယ်လို့ ထင်လိမ့်မယ်။ ဒါပေမဲ့ ငါတို့က အဲ့ဒီလူကို ဖမ်းမိထားတာကိုတော့ မင်းသိမှာမဟုတ်ဘူး။ မင်းက ငါတို့ိကို ဆက်လက်ပြီး လှည့်ဖျားဖို့ ကြိုးစားနေကတည်းက သူ့ကိုပဲ ခေါ်ထုတ်ပြီး သက်သေခံအဖြစ် လုပ်ဆောင်ခိုင်းရတော့မယ်။ ရွှယ်ချန်းကျွင်း အာရပ်ရဲ့သူလျိုကို ခေါ်လာခဲ့။ ဘာသာပြန်ကိုလည်း ခေါ်လာခဲ့စမ်းပါ။ လူတိုင်းက အမှန်တရားကို ကြားရဖို့လိုတယ်”
ဝမ်ချောင်က ကျယ်လောင်စွာ အမိန့်ပေးလိုက်ပြီး သူ၏အနောက်ဘက်မှ ရွှယ်ချန်းကျွင်းအား အေးစက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
“ဟုတ်ကဲ့အရှင်”
ရွှယ်ချန်းကျွင်းက ချက်ချင်းဆိုသလို ခြေလှမ်းကျဲကြီးများဖြင့် ထွက်သွားသည်။ သူ၏မျက်နှာတွင် တုန့်ဆိုင်းမှုများမရှိချေ။ ကြိုတင်ပြင်ဆင်မှုများက လုပ်ဆောင်ပြီးကြောင်း သိသာနေသည်။
ဝုန်း
ထိုမြင်ကွင်းက ယခုလေးတင် အပြစ်ကင်းမှုကြောင့် အသနားခံနေသည့် ဝမ်ဟယ်ဖေးလော့၏ မျက်နှာကို တင်းမာသွားစေသည်။ သူဟာ အာရပ်ဒင်္ဂါးပြားများကို ငြင်းနိုင်သည်။ သူ၏ နှစ်ပေါင်းများစွာ ကြာရှည်စွာ အတူရှိလာခဲ့သည့် ရင်းနှီးမှုနှင့် ရဲဘော်ရဲဘက်ဆိုသော အခြေအနေကို မှီခိုလျှက် အန်းရှီကာကွယ်ရေး စစ်တပ်ကို အယုံသွင်းနိုင်သည်။ သို့သော် အာရပ်သူလျိုကိုသာ ခေါ်ထုတ်လာခဲ့လျှင် ဝမ်ဟယ်ဖေးလော့၏ ငြင်းခုံမှုများအားလုံးက အဓိပ္ပာယ်မဲ့သွားရပေလိမ့်မည်။
မဖြစ်နိုင်ဘူး သူကဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။
ဝမ်ဟယ်ဖေးလော့၏စိတ်က အံ့အားသင့်မှုများအတွင်းသို့ ဝင်ရောက်သွားသည်။ သူကလည်း ငယ်ရွယ်သော ကာကွယ်ရေးဗိုလ်ချုပ် တစ်ယောက်က အပြင်ကိုပင် ခြေလှမ်းမလှမ်းဖူးဘဲ အန်းရှီမှ သတင်းအချက်အလက်များကို ထိုမျှအတိုင်းအတာအထိ ရရှိအောင် စုစည်းနိုင်တဲ့ အကြောင်းအရာအပေါ် နားမလည်နိုင်တော့ချေ။
နောက်ပြီး တာလာ့အဖွဲ့ထဲကို ရုပ်ဖျက်ပြီး ဝင်လာခဲ့တဲ့ အာရပ်သူလျိုက ဘယ်လိုများ ဝမ်ချောင်ရဲ့လက်ထဲကို ရောက်သွားတာလဲ။
ထပ်ပေါင်းဆိုရသော် ထိုသူလျိုက အာရပ်အင်ပါယာသို့ ပြန်သွားခဲ့ကြောင်း သူရှင်းရှင်းလင်းလင်း မှတ်မိနေပါသေးသည်။
ကိစ္စတစ်ခုခုဖြစ်သွားလို့ သူက ပြန်လာပြီး ဆက်သွယ်တဲ့အချိန်မှာ ဒီငယ်ရွယ်တဲ့ ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်က မိသွားတာလား။
ဝမ်ဟယ်ဖေးလော့၏ စိတ်အတွင်း မရေမတွက်နိုင်သည့် အတွေးပေါင်းများစွာက ပေါ်ထွက်လာသည်။ ထိုသို့ဖြင့် ပြင်းထန်သည့် အားလှိုင်းကြီးများဖြင့် ထိုးမွှေလာ၏။ ဝမ်ဟယ်ဖေးလော့ကို အထိတ်လန့်စေဆုံး အရာကမူ ဝမ်ချောင်၏ လက်အောက်ငယ်သားတစ်ယောက်က လက်ကိုချည်၊ ခေါင်းကို အဝတ်အိတ်စွပ်ပြီး ခေါ်လာခြင်းခံရသည့် အာရပ်တစ်ယောက်ကို မြင်လိုက်ချိန်တွင် မှင်သက်မှုအဖြစ် ပြောင်းလဲသွားသည်။ ထိုလူ၏ ခန္ဓာကတဆင့် ထိုလူဟာ တစ်ဖက်သူဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။
ဝေါင်း
ဝမ်ဟယ်ဖေးလော့က ဒေါသတကြီးအော်သည်။ သူ၏ဆံပင်မွှေးများက လေတွင် ထောင်တက်သွား၏။ လူတိုင်း၏အာရုံက ရွှယ်ချန်းကျွင်းက ခေါ်လာသော လူတစ်ယောက်ထံတွင် ရှိနေချိန်တွင် နောက်ဆုံးတွင် တာလာ့ခေါင်းဆောင်က စတင်ကာ ရိုက်ချလိုက်သည်။
“ကောင်စုတ် မင်းရမ်းကားလွန်းတယ်”
“ကုလီ အာရပ်တွေဆီ အချက်ပြပို့လိုက်။ နောက်ပြီး ငါတို့ရဲ့အဖွဲ့သားတွေကိုလည်း ပုန်ကန်ဖို့ ပြင်ဆင်ခိုင်းလိုက်။ အားလုံးပဲ ငါနဲ့အတူပေါင်းပြီး ဒီကောင့်ကိုသတ်ရမယ်”
ပထမစကားများကို မဟာထန်၏ ဘာသာစကားများဖြင့် ပြောဆိုခဲ့ခြင်းဖြစ်ပြီး ဒုတိယတစ်ပိုင်းကိုမူ တာလာ့စကားဖြင့် ပြောလိုက်ခြင်းဖြစ်၏။ စကားရှည်ရှည်ဝေးဝေး ဆက်ပြောနေလျှင်လည်း အဓိပ္ပာယ်မဲ့ပေလိမ့်မည်။ သူ၏ တစ်ခုတည်းသော ရွေးချယ်စရာကိစ္စကမူ စောစောပုန်ကန်ပြီး အခွင့်အရေးကို အရယူခြင်းဖြစ်သည်။ သူက မြို့အတွင်းတွင် အန်းရှီကာကွယ်ရေးစစ်တပ်ကို အထိနာအောင် လုပ်နိုင်ရင်းနှင့် တာလာ့၏ အမျိုးသမီးများ၊ ကလေးများ၊ အကြီးအကဲများ၏ လွတ်မြောက်မှုကို ပြန်လည်ရရှိရန် အသုံးချနိုင်လောက်သည်။ ဒီနည်းအားဖြင့် တာလာ့ကို နောက်ဆုတ်ရန် နည်းလမ်းတစ်လမ်း ရရှိစေလောက်သည်။ သို့မဟုတ်လျှင် တာလာ့များက အစစ်အမှန် အဆုံးသတ်ရပေလိမ့်မည်။
အခန်း(၈၈၇)
“ဟွန်း အဆုံးထိခေါင်းမာနေတယ်”
ဝမ်ချောင်က အေးစက်စွာ နှာခေါင်းရှုံ့သည်။ သူ၏မျက်ဝန်းအတွင်း အေးစက်ကာ ထက်ရှသော အလင်းက လက်လာပြီး ဝမ်ဟယ်ဖေးလော့၏ ပေါက်ကွဲကာ အော်ဟစ်လိုက်မှုက ရုတ်ချည်းဆန်သော်လည်း ဝမ်ချောင်ကမူ ထိုအခြေအနေကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်သည်။
ဝုန်း
ဝမ်ဟယ်ဖေးလော့က သူ၏အဖွဲ့သားများကို ရှေ့သို့ ဦးဆောင်လာချိန်တွင် ဝမ်ချောင်က ဟွက်တစ်ကောင်ကဲ့သို့ လေထဲသို့ ခုန်တက်ကာ စွမ်းအင်များနှင့် ပေါက်ကွဲသွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်မှ သံချပ်ကာက တချွင်ချွင်အသံနှင့် ထွက်ပေါ်လာလေပြီး မရေမတွက်နိုင်သော လူပေါင်းများစွာ၏ အကြည့်အောက်တွင် သူကသူ၏ ဝု့စ်သံမဏိဓားကို ဆွဲထုတ်လိုက်လျှက် ညင်သာသော ညဉ်းသံကိုထုတ်သည်။ ဒီနည်းအားဖြင့် ဓားချည်ဖြင့် တောက်လောင်လာစေကာ လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းကဲ့သို့ ဝမ်ဟယ်ဖေးလော့ကို ခုတ်ချလိုက်သည်။
သို့သော် ဝမ်ချောင်က မြန်သည့်တိုင်အောင် တစ်စုံတစ်ယောက်က သူ့ထက်ပိုမြန်နေသည်။
“ဝမ်ဟယ်ဖေးလော့ မင်းက တကယ်ကို ငါ့ကိုစိတ်ပျက်စေတယ်”
လူတိုင်း၏နားအတွင်း ကျယ်လောင်သော ခြိမ်းသံက ထွက်လာသည်။ ထိုအသံအတွင်းထဲတွင် ပြင်းထန်လွန်းသည့် စိတ်ပျက်မှုများက ထင်ဟပ်နေသည်။
အသံကို နားထောင်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းကာ ရုတ်ရင့်ကြမ်းတမ်းသည့် တာလာ့၏ခေါင်းဆောင်ကလည်း ဓားဖြင့်အထိုးခံရသလို တည်ငြိမ်သွားသည်။ သူ၏ ကြီးမားသော ပုဆိန်ကိုကိုင်ထားသည့် လက်ကပင် တုန်ယင်လာပြီး သူက အော်ဟစ်လိုက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်”
ဝမ်ဟယ်ဖေးလော့ဟာ သူ၏ကြမ်းတမ်းပြီး ဖြောင့်မတ်သော သဘာဝကြောင့် ထင်ရှားသည်။ ဝမ်ချောင်ကလည်း သူ့အား အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဆိုသော စကားမျိုး အော်ထွက်အောင် လုပ်နိုင်ခွင့် ရှိချင်မှ ရှိပေလိမ့်မည်။ စစ်တပ်တစ်ခုလုံးတွင် အန်းရှီစစ်နတ်ဘုရား ကောင်းရှန်းကျစ်ကသာ ထိုအခွင့်ကို ပိုင်ဆိုင်ထားသည်။
ဝုန်း
ဝမ်ဟယ်ဖေးလော့က စကားကိုဆုံးအောင် မပြောနိုင်သေးခင် ဖျက်ဆီးခြင်း စွမ်းအင်မုန်တိုင်းတရပ်က ထွက်ပေါ်လာလေပြီး ဝမ်ဟယ်ဖေးလော့ထံ မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်သည့် အရှိန်နှုန်းနှင့်အတူ တိုးဝင်သွားသည်။
ဖြတ်ကနဲဆိုသလို ဝမ်ဟယ်ဖေးလော့၏ မျက်နှာက စက္ကူစလို ဖြူစုတ်သွားသည်။
ဘုန်း
မြေကမ္ဘာကြီး တုန်ဟီးကာ ပေါက်ကွဲမှုနှင့်အတူ စွမ်းအင်ပေါင်းများစွာက လိမ့်တက်လာပြီး ပုံရိပ်သုံးခုက တာလာ့၏ဂိတ်သို့ ထိပ်တိုက်ရင်ဆိုင်ကြသည်။ ပြိုင်ပွဲက ကြမ်းတမ်းလွန်းသဖြင့် ကြယ်တာရာစွမ်းအင်များ အားလုံးက ဆယ်ကျန်းအတွင်းရှိ လူတိုင်းကို လွင့်ထွက်သွားစေသည်။ မည်သူကမှ ထိုနေရာထဲတွင် မရပ်နိုင်ကြချေ။
“မကောင်းတော့ဘူး”
“သတိထားကြ”
“သူတို့ရဲ့ စွမ်းအင်လှိုင်းတွေက ပြင်းထန်လွန်းတယ်။ မြန်မြန်လေး နောက်ဆုတ်ကြ”
ပတ်ဝန်းကျင်ကမူ ကစဉ့်ကလျား ဖြစ်သွားသည်။ ဝမ်ချောင်၊ ကောင်းရှန်းကျစ်နှင့် ဝမ်ဟယ်ဖေးလော့တို့က စစ်တပ်မှ အင်အားအကြီးဆုံး ပုဂ္ဂိုလ်သုံးယောက်ဖြစ်သည်။ ထိုကဲ့သို့ အဆင့်တွင်ရှိသော ကျွမ်းကျင်ပညာရှင်များအကြားမှ တိုက်ပွဲက အခြားသောလူများ မချဉ်းကပ်နိုင်သော အတိုင်းအတာမျိုးတွင် ရှိလေရာ ဝင်ပါရန် ခက်ခဲလေသည်။ ထိုဝရုန်းသုန်းကား အခြေအနေများက အမြန်ဆုံး ထွက်ပေါ်လာပြီး အမြန်ဆုံး ငြိမ်သက်သွားပြန်သည်။ အင်အားကြီးမားသော ကြယ်တာရာစွမ်းအင်လှိုင်းများ အားလုံးကလည်း သဲလွန်စပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့၏။
“အရှင်”
ရွှယ်ချန်းကျွင်းက မြေပြင်ပေါ်သို့ ယိုင်ကျနေသည်။ သူက တိုက်ပွဲတွင် ဝင်ပါလို၏။ သို့သော် သူက ခေါင်းကိုမော့ပြီး အခြေအနေကို မြင်လိုက်ရသောအခါ နေရာတွင်ပင် အေးခဲသွား၏။ ဂိတ်၏အရှေ့တွင် ဝမ်ချောင်က ရွှယ်ချန်းကျွင်းကို ကျောပေးထားသည်။ သူ၏ လက်တစ်ဖက်က ဝု့စ်သံမဏိဓားကို ဆွဲကိုင်ထားပြီး အခြားလက်တစ်ဖက်ကမူ ဝမ်ဟယ်ဖေးလော့၏ လည်ပင်းကို တင်းတင်းဆုပ်ထားသည်။ ထို့နောက် ဝမ်ဟယ်ဖေးလော့ကို လေထဲတွင်မြောက်အောင် မြှောက်ထားလျှက် တွဲလောင်းဖြစ်နေစေသည်။
ဝမ်ဟယ်ဖေးလော့က ရုန်းကန်နေသည်။ ထို့နောက် သူက လွတ်မြောက်အောင် မရုန်းနိုင်ချေ။ ဝမ်ချောင်၏လက်က သံမဏိဓားဖြင့် လုပ်ထားသလိုမျိုး သူ၏လည်တိုင်ကို မြဲမြံစွာ ချိတ်ပိတ်ထားသည်။ ဘေးဘက်တွင်မူ ကောင်းရှန်းကျစ်က တောင်တန်းကြီးတစ်လုံးလိုမျိုး မရွေ့လျားသလို စကားလည်းမပြောချေ။ အရာအားလုံးက ထိုအတိုင်း ဆက်ဖြစ်နေလေပြီး အချိန်ကပင် တန့်သွားပုံပေါ်သည်။
မည်သူကမှလည်း မည်သို့ဖြစ်ပျက်သွားကြောင်း မသိကြချေ။ သို့သော် သံသယဝင်ရန် မလိုလောက်အောင် တိုက်ပွဲက ပြီးဆုံးသွားပြီဖြစ်သည်။
ဝမ်ဟယ်ဖေးလော့က မည်မျှပင် လေးစားစရာ ကောင်းနေစေကာမူ သူဟာ မဟာထန်၏ ကာကွယ်ရေးဗိုလ်ချုပ်ကြီးနှစ်ယောက် ပူးပေါင်းလုပ်ဆောင်မှုကို မယှဉ်နိုင်ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် အရှင်ကာကွယ်ရေးဗိုလ်ချုပ်... ငါ ငါမှားပါတယ်။ ကျေးဇူးပြုပြီး ငါရှင်းပြတာကိုတော့ နားထောင်ပေးပါဦး”
ဝမ်ဟယ်ဖေးလော့၏ မျက်နှာက ဖြူဖျော့ပြီး အထိတ်တလန့် ဖြစ်နေသည်။ သူ၏ခန္ဓာကိုယ်က ဆက်တိုက် ရုန်းကန်နေသည်။ ဝမ်ချောင်၏လက်က သူ၏လည်ပင်းတွင် ရှိနေသော်လည်း သူ့ကို သေစေနိုင်သော တိုက်ခိုက်နိုင်သူဟာ အန်းရှီကာကွယ်ရေးဗိုလ်ချုပ် ကောင်းရှန်းကျစ်သာဖြစ်သည်။ တိုက်ပွဲပေါင်းများစွာကို အတူတိုက်ခိုက်ခဲ့ပြီးနောက် အထွတ်အထိပ် သိုင်းသူတော်စင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်က ဝမ်ဟယ်ဖေးလော့ ယှဉ်နိုင်သောအဆင့် မဟုတ်သေးချေ။
ကောင်းရှန်းကျစ်က သူ့ကိုမသတ်ချေ။ သို့သော် သူ၏ကိုယ်အတွင်းမှ စွမ်းအင်ချိတ်ဆက်မှုတိုင်းကို ပိတ်ထားသည်။ ဝမ်ဟယ်ဖေးလော့ကလည်း သူ၏ကိုယ်အတွင်းမှ စွမ်းအင်တစ်စက်ကိုပင် မသုံးနိုင်ချေ။
“ဝမ်ဟယ်ဖေးလော့ မင်းကငါ့ကို တကယ်ကို စိတ်ပျက်စေတယ်”
ကောင်းရှန်းကျစ်က နောက်ဆုံးတွင် စကားပြောလာသည်။ သူ၏အသံတွင် ဖော်ပြရန်ခက်ခဲသည့် နွမ်းနယ်မှုများက ပါလာသည်။ နှစ်လကြာအောင် တိုက်ခိုက်သော တိုက်ပွဲကပင် သူ့ကို ယိုင်နဲ့အောင် မလုပ်နိုင်ခဲ့ချေ။ သို့သော် တာလာ့၏ သစ္စာဖောက်မှုက ရည်မှန်းချက်ကြီးမားသော အောင်ပွဲအမြဲ ဆင်နွဲနိုင်ခဲ့သည့် အန်းရှီစစ်နတ်ဘုရားကို စွမ်းအင်များအားလုံး ခြောက်ကပ်အောင် လုပ်နိုင်ခဲ့သည်။
“မင်းအာရပ်ရွှေတွေယူတာကို ငါစိတ်ထဲမထားဘူး။ ဘာပဲဖြစ်ဖြစ် တာလာ့က ကြေးစားစစ်သားအဖွဲ့ပဲ။ ပြိုင်ဘက်က မင်းကိုရွှေထည်ပေးရင် မင်းငြင်းနိုင်တယ်။ မင်းလက်ခံရင်တောင်မှ မင်း သူတို့အတွက် အလုပ် လုပ်ပေးတယ်လို့ မဆိုလိုနိုင်သေးဘူး။ ဒါပေမဲ့ ဒီသေတ္တာဆယ်လုံးအတွက်နဲ့ မင်းကမဟာထန်ကို သစ္စာဖောက်ခဲ့တယ်။ အာရပ်တွေနဲ့ပေါင်းပြီး မြို့ထဲကို ဝင်ခွင့်ပြုချင်ခဲ့တယ်။ မင်းငါ့ကို တကယ်ကို စိတ်ပျက်စေခဲ့တယ်။ လက်စသတ်တော့ ငါတို့ ဆယ်နှစ်အတူ တိုက်ခိုက်ခဲ့တာက သေတ္တာဆယ်လုံးလောက်တောင် တန်ကြေးမရှိဘူးပဲ”
“အရှင် အဲ့ဒီလိုမဟုတ်ပါဘူး အဲ့ဒီလိုမဟုတ်ပါဘူး”
ဝမ်ဟယ်ဖေးလော့၏ မျက်နှာက ခြောက်ခြားဖွယ် ဖြူဖျော့နေသည်။ သူ၏ခန္ဓာကိုယ်က လေထဲတွင် ယမ်းခါနေသည်။ သူ၏လက်က ဝမ်ချောင်၏ကိုင်ဆွဲမှုကို လွတ်မြောက်နိုင်ရန် ဖြုတ်ပစ်လိုသည်။ သို့သော် သူ၏ ကြိုးစားအားထုတ်မှုများက အားနည်းလွန်းနေသည်။
“အဲ့ဒီလိုမဟုတ်ဘူး... မင်းရဲ့ဒီစကားကတော့မှန်တယ်”
ဝမ်ချောင်ကဝင်ပြောသည်။ သူ၏နှုတ်ခမ်းတွင် လှောင်ပြုံးက ရှိနေသည်။
“အာရပ်တွေက မင်းကို သေတ္တာဆယ်လုံးတင် ပေးတာမှမဟုတ်ဘဲ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် အာရပ်တွေက အန်းရှီကာကွယ်ရေးစစ်တပ်ကိုသာ မင်းက ရှင်းနိုင်ခဲ့ရင် တာလာ့က အနောက်ပိုင်းဒေသကို အုပ်စိုးနိုင်အောင် ထောက်ပံ့ပေးမယ်လို့ ပြောခဲ့လောက်တယ်မဟုတ်လား”
သူ၏စကားလုံးက ဝမ်ဟယ်ဖေးလော့၏ နှလုံးသားအတွင်း တိုက်ရိုက်ထိုးဖောက်လိုက်သည်။
ဝုန်း
ထိုစကားလုံးများက ဝမ်ဟယ်ဖေးလော့ကို ပြင်းထန်သည့် ထိုးနှက်ချက်တစ်ခု ပေးလိုက်ပုံရသည်။ သူက ရုန်းကန်မှုကိုပင် ရပ်တန့်လိုက်မိပြီး လက်မောင်းများက အားအင်မဲ့စွာဖြင့် ဘေးဘက်သို့ ပြုတ်ကျသွားသည်။
ဝမ်ချောင်ဟာ ဝမ်ဟယ်ဖေးလော့ကို မုန်းတီးသော မျက်ဝန်းများဖြင့်ကြည့်သည်။ ကြေးစားစစ်သားများက ကိုယ်ပိုင်ဖြောင့်မတ်မှု၊ ရင်းနှီးမှုများကို ပြောရန် အခွင့်မရှိဟုမြင်သည်။ သူတို့၏အမြင်တွင် အရာအားလုံးက တန်ကြေးရှိသည်။ မည်သူကပိုပေးသည်ဆိုသော အချက်ကသာ သိသာလောက်၏။ ဝမ်ဟယ်ဖေးလော့နှင့် သူ၏တာလာ့က လျို့ဝှက်လုပ်ဆောင်နေသည်ဟု ထင်လောက်သည်။ သို့သော် ထိုအရာများကို သူ၏အမြင်မှ ဖုံးကွယ်ရန်ခက်ခဲသည်။ တာလာ့၏တိုက်ပွဲတွင် ဝမ်ချောင်ကသာ မပေါ်လာခဲ့လျှင် အန်းရှီကာကွယ်ရေးစစ်တပ်က အရှင်းခံရပြီး မဟာထန်က တပ်ကူပေးရန် စစ်သည် မလုံလောက် လောက်ချေ။ ထိုအခြေအနေက အန်းရှီ၊ ချီရှီနှင့် အနောက်ပိုင်းဒေသ တစ်ခုလုံးကို လျှင်မြန်စွာ ကျရှုံးစေလိမ့်မည်။
ထိုအချိန်တွင် အန်းရှီကာကွယ်ရေးစစ်တပ်ကို သုတ်သင်ရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သည့် တာလာ့များကမူ သဘာဝအလျောက်ပင် အကြီးမားဆုံး ဆလာဒ်များကို ရရှိလောက်သည်။ အနောက်ပိုင်းဒေသတွင် မဟာထန်မရှိလျှင် သူတို့ကသာ အင်အားအကြီးဆုံးအဖွဲ့ကြီး ဖြစ်သွားသည်။ သို့သော် ဒီတစ်ကြိမ်တွင် လူသားများ၏ အကြံအစည်က ကောင်းကင်ဘုံ၏ တွက်ချက်မှုကို မယှဉ်နိုင်ခဲ့ချေ။ တာလာ့၏တိုက်ပွဲ၏ အာဘတ်ဆစ်ကယ်လီဖိတ်က အနောက်ပိုင်းဒေသကို စုစည်းရန် ကြံစည်ခဲ့ပြီး မဟာထန်၊ တူရကီ၊ ယွီစန်းနှင့် အခြားသော နယ်မြေတိုင်းကို သိမ်းယူချင်ခဲ့၏။
အာရပ်များက ဗျူဟာအမှား လုပ်မိသွားပုံပေါ်သည်။ မဟာထန်ကို အနိုင်ယူပြီးနောက် သူတို့က တောင်ပေါ်သို့ချီတက်ခဲ့ပြီး အနီးအနားရှိ ယွီစန်းအင်ပါယာကိုပင် လမ်းကြုံသိမ်းသွားလိုခဲ့၏။ သို့သော် သူတို့၏ ထိုအပြုအမူ မှားယွင်းမှုကတင် အထိနာသွားခဲ့ရပြီး သူတို့၏ နယ်မြေချဲ့ထွင်မှုကို ရပ်တန့်ခဲ့ရသည်။
ထိုသို့ဖြင့် တာလာ့များ၏ အာဘတ်ဆစ်ကယ်လီဖိတ်ကို ကိုယ်စားပြုပြီး အနောက်ပိုင်းဒေသ တစ်ခုလုံးကို သိမ်းရမည်ဆိုသော အကြံအစည်က ရပ်တန့်သွားခဲ့ရသည်။ သို့တိုင်အောင် တာလာ့များက တာလာ့၏ တိုက်ပွဲပြီးနောက် အများဆုံး အကျိုးအမြတ်ရရှိခဲ့သည့်အဖွဲ့ ဖြစ်နေလေပြီး တိုက်ပွဲပြီးနောက် အကြွယ်ဝဆုံး အဖွဲ့အစည်းတစ်ခုဖြစ်လာသည်။
သူတို့၏တိုင်းပြည်ကိုသာ သစ္စာရှိမည်ဟု ကတိပေးထားသော သူများကမူ ဆိုးရွားသော အဆုံးသတ်ကို တွေ့ကြုံလိုက်ရပြီး တိုင်းတစ်ပါးနယ်မြေတွင် သူတို့၏အရိုးကို မြုပ်နှံခဲ့ရသည်။ ထိုအချိန်တွင် သူတို့၏နောက်ကျောကို ဓားနဲ့ထိုးခဲ့သော စကားလုံးများကို သုံးခဲ့သူများကမူ ကောင်းကင်ဘုံအောက်တွင် ပြိုင်ဘက်ကင်းသောလူများ ဖြစ်ခဲ့လေသည်။
အတိတ်တွင် ဝမ်ချောင်က တာလာ့မှအရှုံးနှင့် တာလာ့များ၏ အောင်မြင်မှုများကို ကြားသိခဲ့ချိန်က ကူကယ်ရာမဲ့စွာဖြင့် အံ့တကြိတ်ကြိတ် လက်သီးတဆုပ်ဆုပ် ဖြစ်ခဲ့ရသည်။ ယခုအခါ သူက ပြန်လည်မွေးဖွားလာခဲ့သည်။ တာလာ့များက မဟာထန်ကို ရောင်းထုတ်ချင်သေးလျှင် အန်းရှီကာကွယ်ရေးစစ်တပ်ကို ကြွယ်ဝမှုနှင့် အောင်မြင်မှုများနှင့်အတူ ရောင်းထုတ်ချင်ခဲ့လျှင် သူတို့ဟာ စိတ်ကူးယဉ်လွန်းအားကြီးသွားပေလိမ့်မည်။
“ဟား”
ဘေးဘက်မှ သက်ပြင်းရှည်ကြီးချသံ ထွက်လာသည်။ ကောင်းရှန်းကျစ်က ဝမ်ဟယ်ဖေးလော့ကို တစ်ချက်ကြည့်ပြီး ခေါင်းကိုအသာခါသည်။ သူ၏မျက်ဝန်းအတွင်း စိတ်ပျက်မှုများကသာ ပြည့်နှက်နေသည်။
“ဝမ်ဟယ်ဖေးလော့ မင်းဒီကိစ္စတွေကို ငါ့ဆီကနေ တကယ်ဖုံးကွယ်နိုင်ခဲ့တယ်လို့ ထင်ခဲ့တာလား”
ဝုန်း
ယခုလေးတင် ရုန်းကန်နေသေးသည့် ဝမ်ဟယ်ဖေးလော့က ရုတ်ချည်းခေါင်းကိုမော့လာသည်။ သူ၏မျက်လုံးက ပွင့်နေ၏။
“ငါခံစားမိခဲ့တယ်။ ခန့်မှန်းမိတာတွေလည်း ရှိခဲ့တယ်။ ဒါပေမဲ့ ငါတို့က နှစ်တွေအကြာကြီး တူတူ တိုက်ခိုက်ခဲ့ကြတာ။ ငါ့ရဲ့နှလုံးသားထဲမှာ မင်းကငါ့ကို ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တယ်။ ငါတို့တွေရှီတိုင်းပြည်ကို တိုက်ခိုက်ပြီးနောက်မှာ တာလာ့ကို လာတိုက်ခိုက်တော့မဲ့ အချိန်မှာ တစ်စုံတစ်ယောက်က ငါ့ဆီစာပို့ပြီး မင်းကအာရပ်တွေနဲ့ ပူူးပေါင်းနေတယ် မဟာထန်ကို သစ္စာဖောက်ဖို့ ပြင်ဆင်နေတယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က ငါမယုံခဲ့ဘူး။ ငါဒီသတင်းကိုတောင် ဖိနှိပ်ခဲ့သေးတာ”
“တာလာ့တွေက တိုက်ပွဲတိုက်ခိုက်ဖို့ငြင်းရင်း ပြဿနာရှာကတည်းက ငါလည်းသိခဲ့ပါတယ်။ ဒါပေမဲ့ ငါမသိချင်ဟန်ဆောင်ခဲ့တယ်။ ညလယ်ခေါင်မှာ မြို့ရိုးပေါ်ဖြတ်ပျံသန်းသွားတဲ့ ထူူးဆန်းတဲ့ ငှက်တွေက တာလာ့ရဲ့စခန်းမှာ နားသွားတဲ့အကြောင်းကိုလည်း ငါမစစ်ဆေးခဲ့ဘူး။ ဝမ်ဟယ်ဖေးလော့ ဘာလို့လည်းသိလား”
ကောင်းရှန်းကျစ်ကမေးသည်။ သူက ဝမ်ဟယ်ဖေးလော့ကို စိုက်ကြည့်နေသည်။
အားလုံးက တိတ်ဆိတ်နေသည်။ ဝမ်ဟယ်ဖေးလော့ကလည်း ဘာစကားမှမပြောချေ။ သူ၏ မျက်ဝန်းထဲရှိ အလင်းကမူ တဖြည်းဖြည်းချင်း ငြိမ်းသက်လာသည်။ ထိုအချိန်တွင် သူက လျို့ဝှက်စွာ လုပ်ဆောင်ခဲ့သည်ဟု ယုံကြည်ခဲ့ပြီး နတ်ဘုရားများတောင် မသိလောက်ဆိုသော ကိစ္စများက ကောင်းရှန်းကျစ်က သိနေခဲ့မည်ဟု မထင်ခဲ့မိချေ။
ဝမ်ချောင်က နောက်ဆုံးတွင် ဝင်ပြောလိုက်သည်။
“မတူတဲ့လမ်းကို လျှောက်တဲ့လူတွေက အတူပေါင်းပြီး ကြံစည်လို့မရဘူး။ ကြေးစားစစ်သားတွေက ပိုက်ဆံအတွက်ပဲ တိုက်ခိုက်တာ။ သူတို့က သဘောထားကြီးမြတ်မှု၊ ဖြောင့်မတ်မှန်ကန်မှုတွေအကြောင်း မသင်ဖူးခဲ့သလို အဆုံးသတ်မှာတော့ သူတို့က ငါတို့နဲ့ တူညီတဲ့လမ်းကြောင်းကို မမျှဝေနိုင်ကြဘူး”
ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က ကိစ္စတစ်ခုလုံးတွင် တည်ငြိမ်လွန်းနေခဲ့သည်။ သူတို့က ဝမ်ဟယ်ဖေးလော့အတွက် အကြောင်းပြချက်ပင် ပေးခဲ့သောအခါ အထူးတလည် ဝင်မပြောခဲ့ကြချေ။ အကြောင်းမူကား သူက ဒီအခြေအနေကို မျှော်လင့်ထားခဲ့ပြီးပုံရသည်။ ဝမ်ချောင်ကလည်း ထိုအချိန်တွင် ထူးဆန်းသည်ဟု ခံစားခဲ့ရ၏။ သူတို့က ထိုသို့ သိထားခဲ့ရိုးမှန်ကန်လျှင် သူ၏ယခင်ဘဝကကဲ့သို့ အားလုံးသေဆုံးရသည့် အခြေအနေမျိုး မည်သို့ဖြစ်ခဲ့ကြောင်း နားမလည်နိုင်ခဲ့ချေ။
သို့သော် ယခုမှသာ ဝမ်ချောင်က နားလည်လိုက်သည်။
သူတို့က နှလုံးသား နူးညံ့လွန်းတာပဲ။
ကောင်းရှန်းကျစ်က အေးစက်ပြီး ကြမ်းတမ်းသော အပြင်ပန်းသွင်ပြင်ကို ပိုင်ဆိုင်ထားသော်လည်း ထိုအခြေအနေက သူ၏ရန်သူကိုသာ ပြသသည့် ပုံစံဖြစ်သည်။ သူနှင့်နီးကပ်သူများအတွက်ကမူ သူက အယုံကြည်ရဆုံးသော သူများအတွက်ကမူ သူ၏အခြားမျက်နှာဖြစ်သည့် နွေးထွေးပြီး ညင်သာသော ဘက်ခြမ်းကိုသာ ပြသ၏။
ကောင်းရှန်းကျစ်က ဟူဖြစ်သည်။
သို့သော် သူက မဟာထန်၏ပုံစံကို လေးစားသောဟူဖြစ်သည်။ ဗဟိုပြင်ကျယ်၏ ယဉ်ကျေးမှုကို သူကလေးစား၏။ သူဟာ ကွန်ဖြူးရှပ် သင်ရိုးထုံးတမ်းများကို အနားလည်ဆုံး အသင်ခဲ့ရဆုံး ဟူတစ်ယောက် ဖြစ်နေသေးသည်။ ဒီနယ်ပယ်တွင် သူဟာ အပေါ်ယံ ဟူတစ်ယောက်ဖြစ်နေသော်လည်း သူ၏အတွင်းပိုင်းတွင်မူ သူက စစ်မှန်သည့် ဟန်တစ်ယောက်ဖြစ်သည်။ ဒီနည်းအားဖြင့် ဝမ်ဟယ်ဖေးလော့အတွက်ပင်ဖြစ်စေ၊ အခြားသော ဟူများနှင့်ပင်ဖြစ်စေ ခြားနားသွားသည်။
ကောင်းရှန်းကျစ်နှင့် အဆက်အသွယ် များခဲ့ဖူးသော မည်သူမဆို သူ၏အပြုအမူများကို လေ့လာခဲ့ဖူးသော မည်သူမဆို သူ၏ အမူအကျင့်၊ သူ၏လုပ်ဆောင်မှုတိုင်းကို ကြည့်ရုံနှင့် သူ၏အစစ်အမှန် နောက်ခံကို အလွယ်တကူ မေ့လောက်သည်။ သူ့ကို ဟန်တစ်ယောက်ဟုသာ အားလုံးက ယုံကြည်လောက်၏။
သို့သော် ထိုသို့သော ကြင်နာမှုမျိုးက စစ်သည်များကို အမိန့်ပေးရာတွင် မသင့်တော်ချေ။ ကောင်းရှန်းကျစ်၏ နူးညံ့သော အခြေအနေက သူ၏အတိတ်ဘဝကကဲ့သို့ အန်းရှီကာကွယ်ရေးစစ်တပ် တစ်ခုလုံးကို သေဆုံးစေခဲ့ပြီး အနောက်ပိုင်းနယ်မြေ တစ်ခုလုံးကို ဆုံးရှုံးရစေခဲ့သည်။ သူ၏ ကိုယ်ပိုင်အနာဂတ် လမ်းကြောင်းကပင် သေဆုံးခဲ့ရ၏။
ဗိုလ်ချုပ်တစ်ယောက်က ဘယ်သောအခါမှ နှလုံးသားနူးညံ့၍ မရသလို လက်များကလည်း ညင်သာပေး၍ မရချေ။ နူးညံ့လိုက်သည့် တခဏတွင် မယုံနိုင်စရာကောင်းသည့် ကပ်ဆိုးစိုက်နိုင်သော ဖြစ်နိုင်ချေများထံ ဦးတည်သွားနိုင်၏။ မတွေးတောနိုင်လောက်သော တန်ကြေးနှင့် လက်သင့်မခံနိုင်လောက်သည့် သေဆုံးမှုများက ကပ်ပါနေလောက်သည်။
ထိုနယ်ပယ်တွင် ကောင်းရှန်းကျစ်က အနောက်ပိုင်းနယ်မြေမှ စစ်နတ်ဘုရားဘွဲ့ကို ပိုင်ဆိုင်ထားသင့်လောက်သော်လည်း သူကမူ စစ်သေနာပတိချုပ် တစ်ယောက်ဖြစ်ရန် မသင့်တော်ချေ။ ထိုဘက်တွင်မူ သူနှင့်ဝမ်ချောင်က ဆန့်ကျင်ဘက်ဖြစ်သည်။
အခန်း(၈၈၈)
“ဝမ်ဟယ်ဖေးလော့ ငါမင်းကို အခွင့်အရေးတစ်ခု ပေးပြီးပြီ။ အရာအားလုံးက မင်းရဲ့ကိုယ်ပိုင် ရွေးချယ်မှုပဲ။ အခု ငါ့မှာပြောစရာမရှိတော့ဘူး။ ကာကွယ်စောင့်ရှောက်ရေးဗိုလ်ချုပ်ဝမ် ငါဒီကိစ္စမှာ ဝင်ပါဖို့ မသင့်တော်တော့ပါဘူး။ ကျန်တဲ့ကိစ္စအားလုံးကို မင်းကိုပဲ လွှဲထားလိုက်တော့မယ်”
ကောင်းရှန်းကျစ်က ခေါင်းကိုလှည့်သည်။ သူဟာ ဝမ်ဟယ်ဖေးလော့ကို ကျောပေးလိုက်ပြီး မျက်လုံးကိုမှိတ်သည်။ သူ၏မျက်နှာတွင် ဝမ်းနည်းမှုများက ထင်ဟပ်နေသည်။
လောကတွင် လက်သင့်မခံနိုင်သောကိစ္စက ခက်ခဲကြမ်းတမ်းလွန်းသော ရန်သူများနှင့် စစ်ပွဲတစ်ခု ဖြစ်ပွားရခြင်းမဟုတ်ဘဲ ကိုယ်ပိုင်ဘက်မှလူ၏ သစ္စာဖောက်မှုကို ခံရခြင်းဖြစ်သည်။ ဖြစ်နိုင်လျှင် ကောင်းရှန်းကျစ်က အခြေအနေများကို ဒီအခြေအနေထိ မဖြစ်စေချင်ခဲ့ချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် စိတ်အေးအေးထားပါ။ ငါကဘာလုပ်ရမယ်ဆိုတာကို နားလည်ပါတယ်။ သူမနာကျင်စေရပါဘူး”
ဝမ်ချောင်က တခဏခန့် အေးခဲသွားပြီးနောက် အံ့အားသင့်မှုအပြည့်နှင့် ပြန်ဖြေလိုက်သည်။
ကောင်းရှန်းကျစ်ဟာ ဒီမျိုးဆက်မှ ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည်မှာ အံ့ဩစရာမရှိချေ။ သူဟာ အန်းရှီ၏ စစ်နတ်ဘုရားဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ကောင်းရှန်းကျစ်က ဝမ်ဟယ်ဖေးလော့နှင့် သူ၏ ရင်းနှီးမှုဟောင်းအတွက် သနားညှာတာမှု တောင်းခံလိမ့်မည်ဟု ယုံကြည်ခဲ့မိသည်။ အခြားတစ်ဖက်တွင်မူ သူက ယခုလိုချောမွေ့စွာ လက်ခံခဲ့သည့်အတွက် ဝမ်ချောင်ကိုယ်တိုင်ကပင် မေးရိုးအဟောင်းသားဖြစ်ပြီး မျက်လုံးပြူးရသေးသည်။
ဝမ်ချောင်က ခေါင်းကိုမော့သည်။ သူက ခံစားချက်မဲ့စွာပြောသည်။
“ဝမ်ဟယ်ဖေးလော့ မင်းကဒီလမ်းကိုရွေးလိုက်တယ်။ မင်းရှုံးသွားကတည်းက တန်ကြေးကို ခံရမယ်။ မင်းရဲ့နောက်ဘဝမှာတော့ မဟာထန်ရဲ့ရန်သူမဖြစ်ဖို့ မှတ်ထား။ မင်းလိုတာလာ့တစ်ယောက်က ငါတို့ရဲ့ အင်ပါယာကို ဖီဆန်နိုင်တာမဟုတ်ဘူး”
ဝမ်ဟယ်ဖေးလော့က သူ၏မော်ကြွားသောခေါင်းကို ငုံ့လိုက်သည်။ သူက ဘာစကားမှ မပြောတော့ချေ။ အရှုံးကဓားမြဖြစ်ပြီး အနိုင်ရသူကသာ ဘုရင်ဖြစ်သည်။ ထိုမျှသာဖြစ်သည်။
ဝုန်း
အနည်းငယ်သော သတိပေးချက် အလျဉ်းမျှပင်မရှိဘဲ ဝမ်ချောင်က သူ၏လက်ကို အားစိုက်ထုတ်လိုက်ပြီး မဟာရင်ယန် ကောင်းကင်ဖန်တီးခြင်းသိုင်းကို ထုတ်သုံးလိုက်သည်။ ဝမ်ဟယ်ဖေးလော့၏ ခမ်းနားသော စွမ်းအင်များက ထိုးတက်လာပြီး ဝမ်ချောင်၏ကိုယ်အတွင်းသို့ တိုးဝင်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဝမ်ချောင်၏ကိုယ်မှ လေးစားဖွယ်ကောင်းသော အရှိန်အဝါများနှင့်အတူ ဖောင်းကြွလာသည်။
တိုက်ပွဲဟာ ရှေ့တွင် ဆက်လက် ဖြစ်ပွားနေဦးမည်ဖြစ်သည်။ အာရပ်များဟာလည်း နယ်စပ်တွင် ရှိနေကြသေး၏။ သူတို့က အရှိန်အဝါကြီးမြတ်ပြီး ခန့်မှန်းရခက်ခဲသည့် ရန်သူများဖြစ်နေသေးသည်။ လူတိုင်းကို စောင့်ကြိုနေသည်မှာ မမျှော်လင့်ထားလောက်အောင် ပြင်းထန် ခက်ခဲလွန်းသည့် တိုက်ပွဲကြီးဖြစ်သည်။ ဝမ်ချောင်ကိုယ်တိုင်ကလည်း ဒီလိုတိုက်ပွဲမျိုးကို ကြိုးကိုင်နိုင်ရန် ပို၍များပြားသည့် စွမ်းအားများကို လိုအပ်သည်။
ဝမ်ဟယ်ဖေးလော့ဟာ တာလာ့၏ခေါင်းဆောင်ဖြစ်သည်။ သူ့ထံတွင် ကြီးမားလွန်းသော စွမ်းအင်များရှိနေသည်။ ဝမ်ချောင်ကလည်း အဆင့်မြင့် အရည်အသွေးရှိသော စွမ်းအင်အရင်းအမြစ်ကြီးကို မလွင့်ပစ်နိုင်ချေ။
အချိန်က ဖြတ်ကနဲ ကုန်လွန်သွားသည်။ တခဏခန့်ကြာပြီးနောက် ဝမ်ချောင်က ဝမ်ဟယ်ဖေးလော့၏ ခွန်အားများကို စုပ်ယူနေခြင်းအား ရပ်တန့်လိုက်သည်။ သူ၏ကျင့်ကြံခြင်း အဆင့်ကလည်း သူတော်စင် သိုင်းနယ်မြေ အဆင့်ခုနှစ်သို့ပင် ရောက်ရှိသွားသေးသည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးက စွမ်းအင်များဖြင့် ပြည့်နှက်နေလေပြီး မျက်ဝန်းများကပင် ကြယ်စင်များလို တောက်ပလာသည်။
ခလွက်
ဝမ်ဟယ်ဖေးလော့၏ ကိုယ်ထဲမှ စွမ်းအင်များအားလုံး စုပ်ယူလုနီးပါးအချိန်တွင် ဝမ်ချောင်၏ ကြယ်တာရာစွမ်းအင်များက ထိုးထွက်လာလေပြီး ဝမ်ဟယ်ဖေးလော့၏ ကြားခံနယ်မြေတိုင်းကို အက်ကွဲသွားစေလျှက် လည်တိုင်ကိုချိုးလိုက်သည်။
“သူ့ကိုယူသွားတော့ သူ့ကို သင့်တင့်တဲ့ မြုပ်နှံမှုလုပ်ပေးလိုက်ပါ။ နောက်ပြီး အထိမ်းအမှတ် ကျောက်စာတိုင် ရေးပေးလိုက်ဦး။ သူ့ရဲ့လုပ်ဆောင်မှုတွေအပြင် မဟာထန်ကို သစ္စာဖောက်လို့ သေရတယ်ဆိုတဲ့အကြောင်းကို အဓိကထား ထည့်ရေးလိုက်”
ဝမ်ချောင်က ဝမ်ဟယ်ဖေးလော့၏ အလောင်းကို တဖြည်းဖြည်းချင်း ပစ်ချပေးလိုက်ပြီး အနောက်ဘက်သို့ လက်ယမ်းပြသည်။
မည်သို့ပင်ဆိုစေ ဝမ်ဟယ်ဖေးလော့ဟာ နှစ်ပေါင်းများစွာကြာအောင် အန်းရှီကာကွယ်ရေးစစ်တပ်နှင့် ပူးတွဲလုပ်ဆောင်ခဲ့သည်။ ကောင်းရှန်းကျစ်နှင့် အခြားသောသူများကလည်း သူ၏သေဆုံးမှုကို အလွန်အကျူး မဆိုးရွားစေချင်လောက်ချေ။ အဆုံးသတ်တွင်မူ ဝမ်ချောင်က ကိစ္စများကို ဖာထေးပေးရသူဖြစ်သွားသည်။
“ဟုတ်ကဲ့အရှင်အမတ် အရှင့်ရဲ့ လက်အောက်ငယ်သားက အခုပဲ လုပ်လိုက်ပါ့မယ်”
ရွှယ်ချန်းကျွင်းက အမိန့်ကိုလက်ခံပြီး ဝမ်ဟယ်ဖေးလော့၏ အလောင်းကို ခပ်မြန်မြန် သယ်သွားသည်။
ရွှယ်ချန်းကျွင်း ထွက်သွားသည်နှင့် ကောင်းရှန်းကျစ်က ခေါင်းပြန်လှည့်လာပြီး ရိုးသားစွာပြောသည်။
“ကျေးဇူးတင်ပါတယ်”
သစ္စာဖောက်တစ်ယောက်ကို သင့်တော်သော မြုပ်နှံမှုမျိုးနှင့် မထိုက်တန်ချေ။ သို့သော် ဝမ်ချောင်ကမူ သူ၏ကြိုးစားအားထုတ်မှုများကိုပင် ထုံးကျောက်တင် ရေးထိုးစေခဲ့သည်မှာ အန်းရှီကာကွယ်ရေး စစ်တပ်အတွက်ဖြစ်ကြောင်း ရှင်းလင်းနေသည်။
ဝမ်ချောင်က ခေါင်းသာညိမ့်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် ဝမ်ဟယ်ဖေးလော့က သေသွားပြီ။ ဒါပေမဲ့ ဒီလူတွေကို ဘယ်လိုလုပ်ရမလဲ”
အန်းရှီကာကွယ်ရေးစစ်တပ်မှ ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီက မေးခွန်းမေးသံထုတ်သည်။ ချက်ချင်းဆိုသလိုပင် လူတိုင်းကသူ့ကို အာရုံစိုက်မိသွားသည်။ ဝမ်ချောင်က ခေါင်းလှည့်ကာ ကြည့်လိုက်သောအခါ ချန်းချန့်လီဟာ တာလာ့၏ဂိတ်တွင် သံမဏိသားဖြင့် လုပ်ထားသော စစ်သည်တော်တစ်ယောက်လို ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူ၏လက်ကမူ တာလာ့မှ ခေါင်းဆောင်တစ်ယောက်ဖြစ်သည့် တုရီဆိုသောလူ၏ ကိုယ်ကို ဖမ်းကိုင်ထားပြီး ပတ်ပတ်လည်တွင်လည်း တာလာ့မှ အခြားသော အရာရှိများက အဖမ်းခံရလျှက်သားနှင့်ရှိနေသည်။
ဝမ်ချောင်နှင့် ကောင်းရှန်းကျစ်က ဝမ်ဟယ်ဖေးလော့ကို ကိုင်တွယ်နေချိန်တွင် ချန်းချန့်လီက သူ၏ကိုယ်ပိုင် အဖွဲ့များကိုဦးဆောင်လျှက် ဝမ်ဟယ်ဖေးလော့၏ လက်အောက်ငယ်သားများကို ဖမ်းဆီးခဲ့သည်။ ချန်းချန့်လီက အထွတ်အထိပ်အဆင့် နောင်ဖြစ်လာမည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်လေရာ တာလာ့၏ လက်အောက်ငယ်သားများကို အလွယ်တကူ ဖမ်းနိုင်လေသည်။ ကုရီနှင့် အခြားသောလူများက မြို့တော်သို့ သတင်းပို့ရန်ပင် အခွင့်မရှိခဲ့ချေ။
ချန်းချန့်လီက ဖမ်းဆီးခံလိုက်ရသော တာလာ့များအကြားတွင် ရပ်နေသည်။ အားလုံးက တိတ်ဆိတ်နေပြီး လူတိုင်းက ကုရီနှင့် အခြားသော တာလာ့မှ အရာရှိများကို ကြည့်လိုက်သည်။
ဝမ်ဟယ်ဖေးလော့က သေသွားသည်။ သူ၏လက်အောက်ငယ်သားများက ကျန်ရစ်ခဲ့သည်။ သတင်းမပို့ရသေး ထိုတာလာ့များကို မည်သို့ကိုင်တွယ်မည်ဆိုသော ကိစ္စက ပြဿနာကြီးဖြစ်သည်။
ကံကောင်းစွာဖြင့် ချန်းချန့်လီက လျှင်မြန်စွာ တုန့်ပြန်နိုင်ခဲ့သည်။ ဒီနည်းအားဖြင့် တာလာ့၏ အရာရှိများကို အချိန်မှီ သတင်းမပို့နိုင်အောင် တားမြစ်ခဲ့သည်။ သို့မဟုတ်လျှင် မြို့တစ်ခုလုံးက ဆိုးရွားသော အနေအထားသို့ ရောက်ရှိသွားလောက်သည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ် မြို့ထဲမှာ တာလာ့တွေ ဘယ်လောက်များများရှိပါသလဲ”
ဝမ်ချောင်က ရုတ်တရက်မေးသည်။
“မြို့ထဲမှာရှိတဲ့ တာလာ့တွေအရေအတွက်က တစ်သောင်းခွဲဝန်းကျင်ပဲ”
ကောင်းရှန်းကျစ်က ထိုသို့ပြောသည်။
“သူတို့က အန်းရှီကာကွယ်ရေးစစ်တပ်ထက် အရေအတွက် အပြတ်အသတ် သာမနေဘူးလား”
ဝမ်ချောင်က မျက်မှောင်ကျုံ့သည်။ ကောင်းရှန်းကျစ်၏ ဗျူဟာက မှားသည်ဟုတော့ အပြည့်အဝ ပြော၍မရချေ။ သူဟာ သူ၏လက်ရွေးစင် အန်းရှီကာကွယ်ရေးစစ်တပ်ကို ရှေ့ပြေးတပ်အဖြစ်သုံးပြီး ခုခံမှုတိုင်းကို ချိုးဖျက်ချိန်တွင် တာလာ့ကမူ အခြားသော ကြေးစားစစ်သားများနှင့်အတူ နောက်တန်းမှ လိုက်ပါပေလိမ့်မည်။ အားသာသော အခြေအနေမျိုးတွင် ထိုဗျူဟာက ပြဿနာမရှိချေ။ သို့သော် အင်အားကြီးသော ရန်သူကို ရင်ဆိုင်ရသော အချိန်တွင်မူ ပြဿနာများက သိသာထင်ရှားလာသည်။
တာလာ့ကြေးစားစစ်သား တစ်သောင်းခွဲက အန်းရှီကာကွယ်ရေးစစ်တပ်မှ အဖွဲ့ဝင်များထက် ပိုများနေသည်။ ပုန်ကန်မှုသာ ဖြစ်လာခဲ့လျှင် အကျိုးဆက်က မျှော်လင့်နိုင်စွမ်းမရှိလောက်အောင် ဝမ်းနည်းဖွယ်ကောင်းသွားလောက်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်တစ်ခုလုံးက တစ်ဖက်လူများကို မဖိနှိပ်နိုင်သည့် အနေအထားတွင်ဖြစ်လာနိုင်၏။
“ဒါကပဲ ငါတို့စိုးရိမ်ရမဲ့ အရာမဟုတ်ဘူး။ အန်းရှီကာကွယ်ရေးစစ်တပ်က ထွက်ခွာလာတဲ့အချိန်မှာ တာလာ့ကိုပဲ ငှားရမ်းခဲ့တာမဟုတ်ဘူး။ ငါတို့က ဖာဟားနားက ကြေးစားစစ်သားတွေကိုလည်း ငှားရမ်းခဲ့သေးတယ်။ အာရပ်တွေက တာလာ့နဲ့ ဝမ်ဟယ်ဖေးလော့ကို လာဒ်ထိုးနိုင်ရင် သူတို့က အခြားသော အဖွဲ့တွေကိုလည်း လာဒ်ထိုးနိုင်လောက်တယ်။ ဖာဟားနားတောင် ပါလောက်တယ်”
ချန်းချန့်လီကပြောသည်။
အန်းရှီကာကွယ်ရေးစစ်တပ်တွင် ကြေးစားစစ်သား မဟာမိတ်အဖွဲ့ နှစ်ဖွဲ့ရှိသည်။ တာလာ့နှင့် ဖာဟားနားတို့ဖြစ်၏။ တာလာ့က သစ္စာဖောက်ဖြစ်နေလျှင် ဖာဟားနားကလည်း သစ္စာဖောက်ဖြစ်နိုင်သည်။ အန်းရှီကာကွယ်ရေးစစ်တပ်ကမူ တာလာ့ကို ကိုင်တွယ်နိုင်ရုံသာ လုပ်နိုင်သေးသည်။ အကယ်၍ ဖာဟားနားကသာ လာဒ်ထိုးခံထားရလျှင် သူတို့က ဒုက္ခရောက်နိုင်သည်။
ကောင်းရှန်းကျစ်က ဘာစကားမှမပြောချေ။ သူ၏မျက်မှောင်ကလည်း ကျုံ့နေသည်။ ရှင်းလင်းစွာဖြင့်ပင် သူကလည်း ထိုပြဿနာကို စိုးရိမ်နေသည်။
ဆိုးရိုးစကားအတိုင်း တစ်ကြိမ်အကိုက်ခံရလျှင် အထိနာနိုင်သည်။ နှစ်ကြိမ်ဆိုလျှင်မူ အရှက်ရဖွယ်ဖြစ်သည်။ မြို့ဂိတ်အနီးအနားရှိ လူတိုင်းက တည်ငြိမ်နေကြသော်လည်း တာလာ့၏ သစ္စာဖောက်မှုကလည်း သူ့တို့ကို လက်သင့်မခံနိုင်သည့် ထိုးနှက်ချက်ကြီး ဖြစ်စေခဲ့ပြီးသားဖြစ်သည်။ ယခုအခါ သူတို့၏ ယုံကြည်မှုများက လဲဖြိုခံနေရလေပြီး ဆက်လက်ပြီး သံသယဝင်နေမိပြန်၏။
“ဟား ဟား ခင်ဗျားတို့က ဒီကိစ္စကို စိုးရိမ်နေတာဆိုရင်တော့ အဲ့ဒီလောက်ထိ စိုးရိမ်နေဖို့ မလိုအပ်ဘူး။”
ဝမ်ချောင်က ပေါ့ပါးစွာရယ်လိုက်သည်။ သူက အန်းရှီကာကွယ်ရေးစစ်တပ်၏ စိတ်အခြေအနေကို နားလည်လာသည်။ ဖာဟားနားထံမှ သစ္စာဖောက်မှုကလည်း တွေးကြည့်လျှင် ကြောက်စရာကောင်းသော ကိစ္စဖြစ်၏။ ဝမ်ချောင်ကိုယ်တိုင်က အခြားသော အဖွဲ့များအတွက် ထိုသို့ခိုင်မာသည့် ထောက်ခံမှုမျိုး မပြုနိုင်လောက်သော်လည်း ဖာဟားနားကမူ မဟာထန်၏ ယုံကြည်ရသောမဟာမိတ် ဖြစ်လာလေသည်။ အကြောင်းမူကား ဝမ်ချောင်က ရှင်းရှင်းလင်းလင်း မှတ်မိနေသည်မှာ ကောင်းရှန်းကျစ်၏ အဖွဲ့က တာလာ့ထံမှ ထွက်ခွာလာခဲ့သောအခါ ဖာဟားနားက သူတု့ိနှင့်အတူ တိုက်ပွဲနယ်မြေမှ ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။
ပို၍ဆိုးသည်မှာ မျှော်မှန်းလာသော ဖာဟားနားများက ပိုင်ရှီတောင်တန်းသို့ ကျော်ဖြတ်ရာလမ်းတွင် လမ်းကြောင်းကိုပိတ်ဆို့လျှက် ပြိုင်ဘက်ကင်း မဟာဗိုလ်ချုပ် လီစစ်ယဲ့ကို ဦးဆောင်ပေးကာ တစ်ဖက်သူပေါင်း များစွာကို သတ်ဖြတ်ပေးခဲ့သည်။ ထိုလူများ၏ အရေအတွက်က မနည်းပါးချေ။ ဒီနည်းအားဖြင့် နှစ်ဖက်ပေါင်းကာ သူတို့၏မြင်းများ အတူစီးလျှက် အားလုံးကို ခုတ်ထင်ရှင်းလင်းခဲ့၏။ ထိုအချိန်တွင် တာလာ့များ၏ ရုတ်တရက် ပုန်ကန်မှုက ထန်ကို ကြီးလေးသည့် အံ့အားသင့်မှုကြီး ပေးစွမ်းလိုက်လေရာ အခြားသောဟူများကလည်း သံသယအဝင်ခံခဲ့ရသည်။
တိုက်ပွဲနယ်မြေတွင် တာလာ့များကသာ ထွက်မပြေးဘဲ ကျန်ခဲ့ခြင်းဖြစ်သည်။ ဖာဟားနားများက ထန်များနှင့် ထွက်ပြေးသွားကတည်းက သိသာစွာပင် သူတို့က သစ္စာဖောက်ရန်မဟုတ်သလို အာရပ်နှင့် မပူးပေါင်းကြောင်း သိသာသည်။ နောက်ပိုင်းတွင်လည်း ဖာဟားနားများက အပြစ်ကင်းစင်ကြောင်း သက်သေပြခဲ့၏။ သူတို့ကို တာလာ့၏ တိုက်ပွဲတွင် အာရပ်များက ဆက်တိုက်ဖိနှိပ်ခဲ့သည်။
တာလာ့များက သူတို့ကို မနာလိုကြီးခဲ့ပြီး သူတို့၏အင်အားကိုသုံးကာ တစ်ဖက်သူများကို ဒုက္ခပေးရန် ကြိုးစားခဲ့သည်။ သို့သော် ဖာဟားနားများက သည်းခံနိုင်ခဲ့သည်။ မင်းသားငါးလီဟန်က ပုလ္လင်ကို ဆက်ခံပြီးနောက် သူဟာ ဆက်ဆံရေးကို ပြန်လည်ထူထောင်နေပြီး ထန်နှင့်ဖာဟားနားများကို ဘေးချင်းယှဉ်လျှက် တိုက်ခိုက်စေပြန်ခဲ့သည်။
တာလာ့များက အန်းရှီကာကွယ်ရေးစစ်တပ်ကို လူတိုင်းအား သံသယဝင်အောင် လုပ်ခဲ့သည်။ သို့သော် ဝမ်ချောင်၏ အမြင်တွင်မူ ထိုအခြေအနေက မလိုအပ်ပါချေ။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ်”
ချန်းချန့်လီနှင့် အခြားသော အန်းရှီအရာရှိများက ဝမ်ချောင်ကို အံ့အားတကြီး လှည့်ကြည့်ကြသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်က ဘယ်လိုအကြောင်းကြောင့်များ ဒီလောက်ထိ သေချာနေရတာပါလဲ”
ဖာဟားနားများနှင့် အခြားသော ကြေးစားစစ်သား အဖွဲ့များနှင့် ပတ်သတ်သည့် သံသယများကို ဖယ်ရှားခြင်းက အန်းရှီကာကွယ်ရေး စစ်တပ်အတွက် အလွန်အရေးကြီးလေသည်။ ယခုလို တိုင်းတစ်ပါး နယ်မြေသို့ လာရောက်ပြီး တိုက်ခိုက်နေချိန်တွင် အတွင်းရေးပြဿနာများက ပြင်းထန်ဆိုးရွားလွန်းသည်။
အခန်း(၈၈၉)
အာရပ်များတွင် စစ်သည် နှစ်သိန်းလေးသောင်းဝန်းကျင် ရှိနေသေးသည်။ ထိုကြေးစားစစ်သားများ၏ အခြေအနေကို မရှင်းလင်းလျှင် ထန်စစ်တပ်တစ်ခုလုံးက ကြီးလေးသည့် အန္တရာယ်အတွင်းတွင် ကျရောက်သွားပေလိမ့်မည်။ အချိန်မရွေး သစ္စာဖောက်ခံရသည့် အနေအထားမျိုးက သူတို့၏ ခေါင်းပေါ်တွင် ကြီးမားသည့် ခြိမ်းခြောက်မှုကြီးကို ဆွဲထားသလို ဖြစ်နေပေလိမ့်မည်။
ကောင်းရှန်းကျစ်နှင့် ချန်းချန့်လီတို့က အန်းရှီကာကွယ်ရေးစစ်တပ်မှ ဗိုလ်ချုပ်များဖြစ်သည်။ သူတို့က ထိုကြေးစားစစ်သားများနှင့် အချိန်အတန်ကြာ အတူရှိခဲ့သူများဖြစ်သည့်အတွက် တစ်ဖက်သူများကို ယုံသင့် မယုံသင့် ဆုံးဖြတ်ရန် မသင့်တော်တော့ချေ။ ဝမ်ချောင်ကမူ အပြင်လူဖြစ်သည်။ သူက ဖာဟားနားအတွက် ဝင်ရောက်ပြောဆိုပေးခြင်းက အဆင်ပြေသည်။ သို့သော် သူ၏ယုံကြည်မှုက အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်။
“ဟ”
သူတို့၏အတွေးကို သိသည့်အလား ဝမ်ချောင်က ဖျော့တော့စွာ အသာရယ်မောလိုက်ပြီး ရှေ့သို့ တက်လှမ်းလာသည်။ သူ၏နှုတ်ခမ်းပါးတွင် ယုံကြည်မှုရှိသော အပြုံးက ရှိနေသည်။
“ဒါကခန့်မှန်းရ မခက်ပါဘူး။ အာရပ်တွေကသာ လာဒ်ထိုးပြီး အတွင်းရေးကိစ္စ ဖောက်တာမျိုးကို လိုချင်တယ်ဆိုရင် ကြေးစားစစ်သား အဖွဲ့တွေထဲက အင်အားအကြီးဆုံးအဖွဲ့ကိုပဲ လိုအပ်တယ်။ အခြားအဖွဲ့တွေကို လာဒ်ထိုးတာက ပိုပြီးလုံခြုံတယ်လို့ ခံစားရလောက်ပေမဲ့ သူတို့က လာဒ်ထိုးထားတဲ့အဖွဲ့တွေ များလေလေ ကိစ္စတစ်ခုလုံး ပေါ်သွားနိုင်တဲ့ ရင်းနှီးမှုကြီးက ထင်ရှားလေလေပဲ။ အာရပ်တွေက ဒီလိုအရူးလို အလုပ်မျိုးကို လုပ်လိမ့်မယ်လို့တော့ မထင်ဘူး။ ဒါ့အပြင် တာလာ့ကို လာဒ်ထိုးတာကတင် အဖိုးတန်ပစ္စည်းတွေဖြစ်တဲ့ ပုလဲ၊ မဟူရာ၊ ကျောက်စိမ်းနဲ့ ရတနာအပြည့်ပါတဲ့ သေတ္တာဆယ်လုံးတောင် ပေးထားရတယ်။ အကယ်၍ အာရပ်အင်ပါယာက လောကမှာ အကြွယ်ဝဆုံး အင်ပါယာကြီးဖြစ်နေရင်တောင်မှ ဒီလောက်များပြားတဲ့ ပိုက်ဆံတွေကို လျှောက်သုံးဖို့လောက်ဖို့အထိ မရှိနိုင်ဘူးလို့ထင်တယ်”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ပြောတာက အကျိုးအကြောင်း သင့်လျော်ပါတယ်။ အာရပ်တွေက အဖွဲ့တွေ အများကြီးကိုသာ လာဒ်ထိုးထားရင် ငါတို့က ဒီအကြောင်းကိုသိပြီး သတင်းရထားပြီးလောက်ပြီ။ တာလာ့တွေတောင်မှ အခုလောက်ထိ ဂရုတစိုက် လျို့ဝှက်ဖုံးကွယ်ထားနိုင်မှာမဟုတ်ဘူး”
အန်းရှီအရာရှိများကလည်း ဝမ်ချောင်၏ ရှင်းပြမှုကို သဘာဝအလျောက်ပင် ခေါင်းညိမ့်ပြီး တုန့်ပြန်ကြသည်။ သူတို့၏ မျက်နှာအမူအရာများက အေးအေးသက်သာ ဖြစ်သွားကြ၏။ ဝမ်ချောင်က အပြင်လူဖြစ်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်အတွင်းမှ အခြေအနေကို နားမလည်ချေ။ သူ၏ ခွဲခြမ်းစိတ်ဖြာပြမှုကလည်း အကျိုးအကြောင်း သင့်တော်သည့် အတိုင်းအတာ အတောအတွင်းတွင် ရှိနေသည်။
“အမှန်တိုင်းပြောရရင် နောက်ထပ် အကြောင်းပြချက်တစ်ခုတော့ ရှိသေးတယ်”
ဝမ်ချောင်က တခဏခန့် ရပ်တန့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း တောက်ပသော အလင်းက လက်လာသည်။
“တာလာ့ရဲ့တိုက်ပွဲမှာ ငါက တာလာ့အဖွဲ့ကလူတွေကိုပဲ ဖမ်းလာခဲ့တာ။ တိုက်ပွဲက ဒီလောက်ပြင်းထန်နေတဲ့အချိန်မှာ အာရပ်တွေကသာ အခြားကြေးစားအဖွဲ့တွေကို လာဒ်ထိုးထားခဲ့ရင် တာလာ့က ကျသွားပြီးလောက်ပြီ။ အခြားလာဒ်ထိုးခံထားရတဲ့ အဖွဲ့တွေကလည်း ဒီလောက်ကြာတဲ့အထိ ဆက်ပြီး ငြိမ်နေခဲ့မှာမဟုတ်ဘူး။ ပိုဆိုးတာက ဝမ်ဟယ်ဖေးလော့နဲ့ ပတ်သတ်တဲ့ ပြဿနာက ဒီလောက် ကြာရှည်နေခဲ့တာ။ ဖာဟားနားနဲ့ အခြားအဖွဲ့တွေက ဘာတုန့်ပြန်မှုမှ မပြလာခဲ့ဘူးမဟုတ်လား။ ဒီအချက်ကတင် ဘာမှဖြစ်မနေဘူးဆိုတာ သိသာနေပြီ”
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ်ရဲ့ စကားတွေက အကျိုးအကြောင်း သင့်လျော်ပါတယ်။ ချန့်လီ သွားပြီး ကိုင်တွယ်လိုက်ပါ။ ပုံပြင်တစ်ပုဒ်လုံးကို ရှင်းပြပြီး စစ်သည်တော်တွေ အားလုံးကို နှစ်သိမ့်ပေးလိုက်ပါ”
ကောင်းရှန်းကျစ်က နောက်ဆုံးတွင် အမိန့်ပေးလိုက်သည်။
“ဒါ့အပြင် အရှင်ကာကွယ်ရေးဗိုလ်ချုပ်ဝမ် ဒီတာလာ့စစ်သည်တော်တွေကို ဘယ်လိုကိုင်တွယ်သင့်တယ်လို့ ထင်ပါလဲ”
ကောင်းရှန်းကျစ်က ကိုယ်ပိုင်အတွေးမရှိသော လူမဟုတ်ချေ။ ဒီတိုင်း ဝမ်ချောင်၏ ထင်မြင်ချက်ကို မေးလိုက်ခြင်းကတင် ဝမ်ချောင်၏ လုပ်ဆောင်မှုများက သူ့အပေါ် ဖော်ပြရန် ခက်ခဲလောက်အောင် လေးနက်သည့် ထင်မြင်ချက်တစ်ခု ကျန်ရစ်စေခဲ့ကြောင်း သိသာထင်ရှားနေသည်။ အနည်းဆုံး ဝမ်ချောင်၏ စကားလုံးများက ကောင်းရှန်းကျစ်အပေါ် အလေးချိန်အချို့ရှိလာသည်။ မှတ်ထားရမည်မှာ သိပ်မကြာသော အချိန်ကလေးတင် ကောင်းရှန်းကျစ်က ဝမ်ချောင်တွင် မည်မျှ လေးစားဖွယ်ကောင်းသော စွမ်းအင်များရှိကြောင်း သိချင်သည့်စိတ်အခြေအနေကို ဖော်ထုတ်ပြသပြီး နှာခေါင်းရှုံ့ခဲ့သေးသည်။
“လူတစ်သောင်းခွဲဟုတ်လား ဟွန် သူတို့အားလုံးကို သတ်ဖို့ကတော့ နည်းနည်း အားစိုက်ထုတ်ရလောက်တယ်”
ဝမ်ချောင်က ခံစားချက်မဲ့စွာပြောသည်။
ထိုစကားလုံးများနှင့်အတူ ဝမ်ဟယ်ဖေးလော့၏ နောက်လိုက်များအားလုံး၏ နှလုံးသားက လည်ချောင်းအထိ ဆန်တက်လာကြပြီး သူတို့၏ မျက်နှာက ခြောက်ခြားဖွယ်ကောင်းလောက်အောင် ဖြူဖျော့သွားသည်။
“ဒါပေမဲ့ သူတို့ကလည်း လေးစားဖို့ကောင်းတဲ့ အင်အားစု ဖြစ်နေသေးတာပဲ။ ဒီလူတွေကသာ ကောင်းကောင်း ပြုမူတတ်ပြီး ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင် သူတို့ရဲ့အသက်ကိုတော့ ချန်ရစ်ထားပေးနိုင်လောက်ပါတယ်”
ဝမ်ချောင်က လက်နောက်ပစ်လျှက် တာလာ့များကို အလွန်အမင်း လေးနက်သော အဓိပ္ပာယ်များပါသည့် အကြည့်မျိုးနှင့် ကြည့်လိုက်လေသည်။
“ခဏလေးနေပါဦး အရှင် မဟာထန်ကို သစ္စာဖောက်တာက ဝမ်ဟယ်ဖေးလော့ရဲ့ ဆန္ဒပါ။ သူ့ရဲ့ အာဏာနဲ့ ကြွယ်ဝမှုကို လောဘကြီးမှုကြောင့် အခုလိုဖြစ်လာတာပါ။ ဒါတွေက အခြားသူတွေနဲ့ မပတ်သတ်ပါဘူး။ ကျေးဇူးပြုပြီးအရှင် ငါတို့ကို အခွင့်အရေးပေးပါ။ ငါတို့ရဲ့ တာလာ့အဖွဲ့ကလည်း မဟာထန်အတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ ဆန္ဒရှိပါတယ်။ အာရပ်တွေနဲ့ အဆုံးသတ်အထိ တိုက်ပွဲဝင်ချင်ပါတယ်”
တာလာ့ခေါင်းဆောင် ကုရီက ဒူးထောက်လျှက် ပြောလိုက်သည်။ သူ၏မျက်နှာက အလွန်အမင်း ဖြူဖျော့နေသည်။ ထိုစကားလုံးများက ထိုနေရာတစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
ကောင်းရှန်းကျစ်က လက်ကိုကျောနောက်ပစ်ထားပြီး မျက်လုံးကို မှိတ်ထားလေရာ သူ၏အတွေးကို ပြောရန်ခက်ခဲသည်။ ထိုအချိန်တွင် ချန်းချန့်လီနှင့် အခြားသော အန်းရှီကာကွယ်ရေးစစ်တပ်မှ အရာရှိများကမူ ဝမ်ချောင်ကိုသာ လှည့်ကြည့်ကြသည်။ ဝမ်ချောင်ကသာ တာလာ့၏အကြံကို ရှာတွေ့ခဲ့သောလူဖြစ်သည်။ မျက်လုံးမှိတ်ထားသော ကောင်းရှန်းကျစ်ကလည်း ကိစ္စတစ်ခုကို အလုံးစုံ ဆုံးဖြတ်ရမည့်အာဏာကို ဝမ်ချောင်အား ပေးထားကြောင်း ပြသသည်။
ထပ်ပေါင်းဆိုရသော် အန်းရှီကာကွယ်ရေးစစ်တပ်က တာလာ့များနှင့် အလွန်အမင်း ရင်းနှီးသည်။ ထို့ကြောင့် သူတို့က ဒီကိစ္စကို ကိုင်တွယ်ရန် အလွန်အမင်း မသင့်လျော်ချေ။ အနှစ်ချုပ်ဆိုရသော် ဝမ်ချောင်က တာလာ့များနှင့် မည်သည့်ဆက်ဆံရေးမျှမရှိချေ။ ထို့ကြောင့် သူက အားသာချက်၊ အားနည်းချက်များကို မှီခိုကာ ရပ်တည်ပေးရန် မလိုအပ်သောကြောင့် မှန်ကန်သည့် ဆုံးဖြတ်ချက်ကို ချနိုင်ပေလိမ့်မည်။
“ဟွန်း ငါကမင်းကို ယုံလို့ရမှာတဲ့လား”
“ဒီလိုတွေလုပ်ပြီးတဲ့နောက်မှာတောင် တာလာ့တွေက ယုံကြည်ဖို့ တန်သေးရဲ့လား”
ကုရီက ခေါင်းကိုငုံ့လိုက်သည်။ သူက အံ့ကြိတ်သံနှင့်ပြောသည်။
“အရှင် ကျေးဇူးပြုပြီး ငါတို့ကို နောက်ထပ် အခွင့်အရေးတစ်ခုပေးပါ။ အရှင့်အနေနဲ့ ငါတို့ကို ယုံကြည်ဖို့ အရမ်းကိုခက်ခဲမယ်မှန်း ငါသိပါတယ်။ ဒါပေမဲ့ ငါကလည်း ကောင်းကင်ဘုံ ကိုးဆင့်အထက်က အဖွဲ့ရဲ့နတ်ဘုရားကို တိုင်တည်ပြီး ကျိန်ဆိုပါတယ်။ ငါတို့ရဲ့ တာလာ့အဖွဲ့က မဟာထန်ကို ဘယ်တော့မှ သစ္စာမဖောက်တော့ပါဘူး။ ဒါ့အပြင် အရှင့်ရဲ့ လက်ထဲမှာလည်း အဖွဲ့ရဲ့ မိသားစုဝင်တွေ ရှိနေသေးတယ်မဟုတ်လား။ ငါတို့ရဲ့တာလာ့တွေကသာ သစ္စာဖောက်တဲ့ သဲလွန်စအနည်းငယ်ကို ပြသခဲ့ရင် အရှင့်အနေနဲ့ ညှာတာပေးစရာမလိုဘဲ ဒီလူတွေအားလုံးကို သတ်နိုင်ပါတယ်။ ငါတို့ရဲ့ ဇနီးမယားတွေ ကလေးတွေအားလုံးက အရှင့်ရဲ့လက်ထဲမှာပါ။ အရှင့်အနေနဲ့ ငါတို့က အလောတကြီး မလုပ်ရဲဘူးဆိုတာကို သေချာစေမယ်လို့ ယုံကြည်ပါတယ်”
ဝမ်ဟယ်ဖေးလော့က သေသွားသည်။ အခြေအနေက ပြောင်းလဲသွားလေပြီး ကုရီကလည်း အနိုင်ရသူက အားလုံးယူနိုင်သည့် အနေအထားကို နားလည်သည်။ သူ၏အဖွဲ့မှ လူတိုင်း၏အသက်နှင့် မြို့အတွင်းတွင် ရှိသော စစ်သည်တစ်သောင်းခွဲ၏အသက်က ငယ်ရွယ်သော ကာကွယ်စောင့်ရှောက်ရေး ဗိုလ်ချုပ်အပေါ်တွင် မူတည်သလို သူ၏စကားလုံးများကလည်း သက်သေပြရန်လိုအပ်သည်။
အမိန့်တစ်ခုတည်းနှင့် ထိုလူငယ်က တာလာ့အဖွဲ့ကို အဆုံးထိဆွဲချသွားနိုင်ပြီး အနောက်ပိုင်းနယ်မြေတွင် နှစ်တစ်ထောင်ကျော် ရပ်တည်နိုင်ခဲ့သည့် သူတို့၏အဖွဲ့အစည်းကြီးကို ရှင်းပစ်နိုင်လေသည်။
ဝမ်ချောင်က ဘာစကားမှ မပြောသလို မည်သူကမှလည်း မည်သည့်စကားမျှ မပြောချေ။ ထိုနေရာက တိတ်ဆိတ်နေလွန်းသဖြင့် အပ်ကျသံကိုပင် ကြားနိုင်လာသည်။
ကုရီ၊ ကုတောင့်နှင့် အခြားသော တာလာ့မှ အရာရှိတိုင်းက တိတ်ဆိတ်စွာသာ ဒူးထောက်နေကြသည်။ သူတို့၏ လေထဲတွင် တင်းကြပ်လွန်းသည့် ထိတ်လန့်ဖွယ်အခြေအနေက သူတို့၏နဖူးမှ ချွေးစေးများကို အောက်သို့ဆက်တိုက် စီးကျနေစေလေသည်။ သေရေး၊ ရှင်ရေး အခြေအနေက တခဏတည်းနှင့် ဆုံးဖြတ်နိုင်သည်။ ချီရှီကာကွယ်ရေးဗိုလ်ချုပ်၏ ခေါင်းအသာခါယမ်းမှုနှင့်အတူ သူတု့ိ၏ ခေါင်းကလည်း မြေပြင်သို့ ပြုတ်ကျနိုင်လေသည်။
တာလာ့အဖွဲ့က အမြဲတစေ ကြမ်းတမ်းခဲ့သည်။ သို့မဟုတ်လျှင် သူတို့က အန်းရှီကာကွယ်ရေးစစ်တပ်၏ မဟာမိတ်ကြီး ဖြစ်လာလိမ့်မည်မဟုတ်ချေ။ သို့သော် တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သော ထိုအဖွဲ့ကြီးကပင် အလွန်အမင်း မသက်မသာဖြစ်သည့် ခံစားချက်များနှင့်အတူ တုန်ယင်နေလေသည်။
“ဟမ့်”
ဝမ်ချောင်က သူတို့၏ တုန့်ပြန်မှုကို လေ့လာနေပြီး အေးစက်စွာရယ်သည်။ သူက ဒုကာကွယ်ရေးဗိုလ်ချုပ် ချန်းချန့်လီကို ကြည့်ပြီး တခဏခန့် တုန့်ဆိုင်းပြီးမှသာ ခေါင်းညိမ့်လိုက်သည်။ ဝမ်ချောင်က အနီးအနားရှိ ကောင်းရှန်းကျစ်ကို ပြန်ကြည့်သည်။ ကောင်းရှန်းကျစ်က ခေါင်းလည်းမခါသလို ခေါင်းလည်းမညိမ့်ချေ။ သို့သော် သူ၏ မျက်လုံးဖွင့်ထားသော အမူအရာကတင် အဖြေကို ပြသလိုက်သည်။
“မင်းတို့ကံကောင်းသွားတယ်မှတ်လိုက်”
ဝမ်ချောင်က အေးခဲနေသော အပြုံးမျိုးဖြင့်ပြောသည်။
ဝှစ်
တာလာ့မှ အရာရှိများက လေအေးများကို ရှိုက်ထုတ်လိုက်ကြပြီး ကြီးလေးသော ဝန်ထုတ်မှ လွတ်မြောက်သွားသည့်အတွက်ကြောင့် စိတ်အေးသွားသည်။ ထိုတခဏတွင် တာလာ့မှ စစ်သည် တစ်သောင်းကျော်က သေဘေးမှ လွတ်မြောက်သွားကြသည်။ သူတို့က တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတိုင်းကပင် ဒီလိုအန္တရာယ်မျိုးကို မပေးနိုင်ခဲ့ချေ။
ဓားချင်း၊ ဆေဘာချင်း ထိပ်တိုက်ရင်ဆိုင်ရခြင်းမျိုး မရှိဘဲ မည်သည့်သတ်ဖြတ်ခြင်း စိတ်ဆန္ဒ မည်သည့် ရန်ငြိုးစွမ်းအင်မှ မရှိသည့်တိုင်အောင် အန္တရာယ်အများဆုံးအခိုက်အတန့် ဖြစ်ခဲ့လေသည်။
“ကုရီ အပျော်မစောနဲ့ သစ္စာဖောက်ထားတဲ့ အပြစ်ဒဏ်ကိုတော့ ဘယ်သူမှ မလွတ်နိုင်ဘူး”
ချန်းချန့်လီက ကုရီကို ချည်ထားသည့်ကြိုးကို ဖြေလျော့ပေးလိုက်ရင်း ခပ်တင်းတင်း သတိပေးသည်။
“ဒီကိစ္စကို ယာယီလွှတ်ထားပေးပြီး စောင့်ကြည့်မယ်ဆိုတဲ့ အခြေအနေက မင်းတို့ကို ခွင့်လွှတ်ပေးလိုက်တယ်လို့ မဆိုလိုဘူး။ တာလာ့အဖွဲ့... မင်းတို့က တစ်ကြိမ်သစ္စာဖောက်ထားတယ်ဆိုတဲ့ အခြေအနေကို ငါလုံးဝမေ့မှာမဟုတ်ဘူး”
ကုရီက ပြန်မငြင်းနိုင်ချေ။ သူ၏ခေါင်းက အရှက်တရားများနှင့်အတူ ဆက်တိုက်ငုံ့ထားသည်။
“ဗိုလ်ချုပ် စိတ်အေးအေးထားပါ။ နောက်တစ်ကြိမ် မဖြစ်စေရပါဘူး။ တိုက်ပွဲနယ်မြေမှာ ငါတို့က တာလာ့အဖွဲ့တွေကို ယုံကြည်ဖို့ ထိုက်တန်တဲ့အကြောင်း သက်သေပြသွားမှာပါ”
“အဲ့ဒီလိုဖြစ်ဖို့မျှော်လင့်တယ်”
.....
ချန်းချန့်လီ၊ ကုရီနှင့် အခြားသော တာလာ့မှ အရာရှိတိုင်းက ခပ်မြန်မြန် ထွက်ခွာသွားကြသည်။ ဝမ်ဟယ်ဖေးလော့က သေသွားသည်။ တာလာ့စစ်သည် တစ်သောင်းခွဲက မြို့ထဲတွင် ရှိနေသေးသဖြင့် သူတို့ကို ကိုင်တွယ်ရန် လိုအပ်သေးသည်။ ဝမ်ချောင်က ချီရှီလက်ရွေးစင် စစ်သည်ရှစ်ထောင်ကို မြို့ထဲသို့ပို့ပေးလိုက်ပြီး စီစဉ်တကျဖြစ်အောင် ထိန်းသိမ်းခိုင်းလိုက်သည်။
ထပ်ပေါင်းဆိုရသော် ချန်းပင်းနှင့် သူ၏ လက်ရွေးစင်လက်နက်ကြီး အဖွဲ့ဝင် သုံးထောင်ကလည်း မြို့ထဲသို့ ဝင်သွားသည်။ ထိုလက်နက်ကြီးများအဖွဲ့၏ အင်အားက တာလာ့ကို စက္ကန့်ပိုင်းအတွင်း ရှင်းပစ်ရန် လုံလောက်သည်။ ကုရီကသာ အခြားသောအကြံများ တွေးရဲလျှင် သူ၏သေလမ်းက ရှေ့တွင် ဖြောင့်ဖြူးနေပေလိမ့်မည်။
ထွက်သွားသော ချန်းချန့်လီကို ကြည့်ပြီးနောက် ဝမ်ချောင်က ကောင်းရှန်းကျစ်ကို လှည့်ကြည့်ကာ စိုးရိမ်တကြီးမေးသည်။
“အရှင်ကာကွယ်ရေးဗိုလ်ချုပ်ရဲ့ ဒဏ်ရာတွေက ဘယ်လိုပါလဲ”
ကောင်းရှန်းကျစ်က ကြောက်ရွံ့ရိုသေဖွယ်ကောင်းသော အနေအထားမျိုးတွင် ရှိသည်။ သို့သော် နှစ်လကြာအောင် ခါးသီးသော တိုက်ပွဲကို ဆင်နွဲခဲ့ပြီး သူ၏ သံချပ်ကာတွင်လည်း ကွဲအက်ရာများ ပြည့်နှက်နေသည်။ တစ်ကိုယ်လုံးတွင်လည်း ဒဏ်ရာများ ပြည့်နေ၏။ သူ၏အင်အားကပင် အများကြီး ကုန်ဆုံးနေသည်။ ဝမ်ဟယ်ဖေးလော့နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲတွင် ဝမ်ချောင်ကလည်း ကောင်းရှန်းကျစ်က အင်အားကြီးမားနေသည့်တိုင်အောင် သူ၏အင်အား ခြောက်ဆယ်ရာခိုင်နှုန်းခန့်ကိုသာ ထုတ်သုံးထားကြောင်း သိနေသည်။
တာလာ့၏ တိုက်ပွဲက သေးငယ်သောကိစ္စ မဟုတ်ချေ။ မဟာဗိုလ်ချုပ်အဆင့်များကသာ မဟာထန်မှ စစ်သည်တစ်သိန်းကျော်ထက် ပို၍ အရေးကြီးလေသည်။ ထိုလူကလည်း ကောင်းရှန်းကျစ်ဖြစ်၏။ ဝမ်ချောင်ကိုပင် ထည့်မတွက်သင့်ချေ။ ကောင်းရှန်းကျစ်၏ အဆင့်အတန်းက တိုက်ပွဲတစ်ခုလုံး၏ ရလဒ်ကိုပင် တိုက်ရိုက် ချိတ်ဆက်နေသည်ဟု ဆို၍ရသည်။
“အဆင်ပြေတယ် ငါထိန်းထားနိုင်သေးတယ်။ အပုမူစလင်ကလည်း အများကြီး အခြေအနေ မကောင်းပါဘူး”
ကောင်းရှန်းကျစ်ကလည်း ဝမ်ချောင်က စိုးရိမ်နေသည့် အနေအထားကို နားလည်ပုံရသည်။
ကောင်းရှန်းကျစ်က အင်ပါယာ မဟာဗိုလ်ချုပ်ဖြစ်သည်။ လောကရှိ အဆင့်လွန်ပုဂ္ဂိုလ်များထဲမှ တစ်ယောက်ဖြစ်သည်။ သူကဲ့သောသူ၏ သံချပ်ကာကို အက်ကွဲအောင်လုပ်ပြီး ဒီလိုအခြေအနေရောက်အောင် အလဲထိုးနိုင်သောလူကလည်း အရှေ့ပိုင်းမှ အာဘတ်ဆစ်၏ အစိုးရ အပုမူစလင်ဖြစ်လေသည်။
ဝမ်ချောင်က အသာရယ်လိုက်ပြီးနောက် သေတ္တာတစ်လုံးကိုထုတ်ကာပေးသည်။
ကောင်းရှန်းကျစ်က မျက်မှောင်ကျုံ့ကာမေးသည်။
“ဒါကဘာလဲ”
“အထဲမှာ ငါမြို့တော်ကယူလာတဲ့ ဆေးအချို့ပါတယ်။ အရှင်ကာကွယ်ရေးဗိုလ်ချုပ်က စွမ်းအင် ပြန်ဖြည့်နိုင်ပြီး ဒဏ်ရာတွေကို ကုသပေးဖို့ လုံလောက်မှာပါ။ အရှင် ကျေးဇူးပြုပြီး ဒါကိုယူလိုက်ပါ”
ဝမ်ချောင်ကပြုံးလျှက်ပြောသည်။
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို အံ့အားတကြီး ကြည့်လိုက်သည်။ ဝမ်ချောင်၏ ပြင်ဆင်မှုက အသေးစိတ်ကျလွန်းသဖြင့် သူမျှော်လင့်ထားသမျှကိုပင် ကျော်လွန်သွားသည်။ ယခုလောက်အထိ အသေးစိတ်ကျလိမ့်မည်ဟု မထင်ထားမိချေ။
“ကျေးဇူးတင်ပါတယ်”
ကောင်းရှန်းကျစ်က တုန့်ဆိုင်းမနေဘဲ သေတ္တာကိုယူသည်။ သူက အကြီးဆုံး ငွေဖြူရောင် ဆေးတစ်လုံးကို ထုတ်ပြီးနောက် တစ်လုပ်တည်းမြိုချလိုက်သည်။ ဝမ်ချောင်ကပင် အသိအမှတ်ပြုကြောင်း ခေါင်းညိမ့်လိုက်မိသည်။ ယခုလို ကြီးမားသည့် တိုက်ပွဲမျိုးတွင် ကောင်းရှန်းကျစ်၏ သက်သာမှုက အရေးကြီးဆုံးကိစ္စဖြစ်သည်။ ကောင်းရှန်းကျစ်ကိုယ်တိုင်ကလည်း ထိုအခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။ ထို့ကြောင့်သူက မငြင်းဆန်ခဲ့ချေ။
“အရှင်က နှစ်လလောက်ကြာအောင် အပုမူစလင်နဲ့ တိုက်ခိုက်ခဲ့တာဆိုတော့ အရှင့်ကို ဒီအာရပ်ရဲ့ စစ်သေနာပတိချုပ်က ဘယ်လိုထင်မြင်ချက်မျိုး ပေးထားနိုင်ပါသလဲ”
ဝမ်ချောင်ကမေးလိုက်သည်။
“ကောက်ကျစ်တယ်၊ သတိကြီးတယ်၊ အညံ့မခံဘူး၊ ရဲရင့်တယ်”
ကောင်းရှန်းကျစ်က စကားလုံးလေးလုံးကို ချက်ချင်းဆိုသလို ထုတ်ပြောလိုက်သည်။
ဝုန်း
ထိုအနှစ်ချုပ်မှုကတင် ဝမ်ချောင်ကို မျက်မှောင်ကျုံ့စေသည်။ ကောင်းရှန်းကျစ်က အပုမူစလင်ကို ဖော်ပြမှုက မြင့်မားလွန်းကြောင်းသိသည်။ သို့သော် ထိုမျှအထိ မမြင့်သင့်ချေ။ ကောင်းရှန်းကျစ်က ထိုစကားလုံးကို တွေးတောခြင်းမရှိဘဲ ချက်ချင်းဆိုသလို ထုတ်ပြောလာခဲ့သည်။
ထိုအခြေအနေကတင် အာရပ်၏ စစ်သေနာပတိချုပ်က ကောင်းရှန်းကျစ်အပေါ် နှစ်လအတောအတွင်း နက်ရှိုင်းလွန်းသည့် ထင်မြင်ချက်တစ်ခု ချန်ရစ်နိုင်ခဲ့ကြောင်း သိသာလေသည်။ နက်ရှိုင်းလွန်းသဖြင့် ကောင်းရှန်းကျစ်ကပင် စကားလေးလုံးကို ချက်ချင်းထုတ်ပြောနိုင်ခဲ့၏။ ထိုစကားလေးလုံးက သာမာန်လူများကို ဖော်ပြလျှင် မကောင်းသော သက်ရောက်မှု ဖြစ်နိုင်သည်။ သို့သော် ရန်သူကို ဖော်ပြသော အချိန်တွင်မူ အထင်ကြီးလွန်းခြင်းဖြစ်သွားသည်။
သံသယဝင်ရန် မလိုလောက်အောင် အပုမူစလင်ကလည်း အလွန်အမင်း လေးစားဖွယ်ကောင်းပြီး ခက်ခဲသော ပြိုင်ဘက်ဖြစ်လေသည်။
ကောင်းရှန်းကျစ်က ဝမ်ချောင်ကို လှည့်ကြည့်ပြီး ခပ်တင်းတင်းပြောသည်။
“ဝမ်ချောင် အပုမူစလင်နဲ့ ရင်ဆိုင်ရတဲ့အခါ မင်းသတိလက်လွတ် နေလို့မရဘူး။ မဟုတ်ရင် သေးငယ်တဲ့ အမှားကတင် ပိုပြီး ကြီးလေးတဲ့ကိစ္စ ဖြစ်သွားနိုင်တယ်။ နောက်ဆုံးရလဒ်ကို မင်းတောင် နားမလည်နိုင်လောက်ဘူး”
ဝမ်ချောင်အနေဖြင့် ကောင်းရှန်းကျစ်၏ မျက်နှာမှ လေးနက်မှုကို ပထမဦးဆုံးအကြိမ် ခံစားမိခြင်းဖြစ်သည်။
“နားလည်ပါပြီ”
ဝမ်ချောင်က ခပ်တင်းတင်း ခေါင်းညိမ့်သည်။ သို့သော်သူက ခပ်မြန်မြန် ပြန်ပြောသည်။
“ဒါပေမဲ့ သူကဘယ်လောက်ပဲ ဉာဏ်များဉာဏ်များ၊ ဘယ်လောက်ပဲ ကောက်ကျစ်ကောက်ကျစ် ငါဒီမှာရှိနေမှတော့ သူ့မှာအခွင့်အရေး မရှိနိုင်တော့ဘူး။ အာရပ်တွေက အရမ်းကို အင်အားကြီးပါတယ်။ ကံဆိုးစွာနဲ့ သူတို့က မဟာထန်ရဲ့ပြိုင်ဘက် မလုပ်ခဲ့သင့်ဘူး”
ဝမ်ချောင်က ထိုစကားလုံးများကို ခပ်အေးအေးဖြစ်နေသော လေသံမျိုးနှင့် ပြောလိုက်ခြင်းဖြစ်သည်။
ဝမ်ချောင်က ကောင်းရှန်းကျစ်မဟုတ်ချေ။ သူဟာ ဖုမာန်လင်းချာလည်းမဟုတ်ချေ။ သူက ဗဟိုပြင်ကျယ်၏သမိုင်းတွင် အင်အားအကြီးဆုံး စစ်သူတော်စင်ဖြစ်ခဲ့သည်။ အပုမူစလင်က မည်မျှ အင်အားကြီးနေစေကာမူ မဟာထန်ကိုလာရန်မစသင့်ချေ။ ဝမ်ချောင်ကိုဆိုလျှင် ပို၍ဆိုးသည်။ ဝမ်ချောင်၏အမြင်တွင် အပုမူစလင်၏ လှည့်ကွက်တိုင်းက အောင်မြင်ရန် အခွင့်အရေး သုံညသာရှိသည့် ကလေးအကွက်များသာဖြစ်သည်။
ကောင်းရှန်းကျစ်ကလည်း ထိုသို့အခိုင်အမာ ကျုံ့ဝါးမှုကြောင့် အစပိုင်းတွင် ကြောင်သွားသည်။ သု့ိသော် ခပ်မြန်မြန်ပင် ပြုံးလိုက်လေသည်။
“မင်းပြောတာမှန်တယ်။ သူက မဟာထန်ရဲ့ရန်သူ မလုပ်ခဲ့သင့်ဘူး”
ကောင်းရှန်းကျစ်က တာလာ့တွင် နှစ်လခန့်ကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့ပြီး အာရပ်စစ်သည် သိန်းကျော်ကို ရင်ဆိုင်နိုင်ခဲ့သည်။ ယခုအခါ ဝမ်ချောင်၏ စစ်သည်တစ်သိန်းကျော်ကို ထပ်ဖြည့်လိုက်ပြီး ခုခံခဲ့သော အပုမူစလင်၏ အနိုင်ရနိုင်ချေက နိမ့်သွားသည်။
ကောင်းရှန်းကျစ်က သူ၏တာဝန်များအားလုံးကို လုပ်ရန် ထွက်ခွာသွားသည်။ တာလာ့တွင်လည်း ဒဏ်ရာရနေသော အန်းရှီကာကွယ်ရေးစစ်တပ်အဖွဲ့ဝင် ထောင်ပေါင်းများစွာ ရှိနေသေးသည်။ သူကလည်း တာလာ့၏ ကိစ္စများကို ကိုင်တွယ်ပြီး အန်းရှီကာကွယ်ရေးစစ်တပ်မှ အခြေအနေများကို ဖျက်ဆီးရန် လိုအပ်နေသေးသည်။ ဝမ်ချောင်က သူ၏စစ်တပ်ကို မြို့ထဲသို့ မသွင်းထားသော်လည်း အခြားသော သက်ရှိရိက္ခာများ၊ အစားအသောက်များ၊ လက်နက်များကိုမူ မြို့ရိုးနောက်သို့ ပို့ထားသည်။
တာလာ့များကသာ မြို့အပြင်တွင် ကျန်ရစ်ခဲ့ပြီး စစ်တပ်ကို စောင့်ကြပ်ပေးရမည်ဖြစ်သည်။
“အရှင်အမတ်”
ကောင်းရှန်းကျစ်က မြို့ထဲသို့ဝင်သွားပြီး အခြားသော အန်းရှီအရာရှိများက ထွက်ခွာသွားပြီးမှသာ ရွှယ်ချန်းကျွင်းက ဝမ်ချောင်၏အနားသို့ လျှောက်လာလျှက် ခပ်တိုးတိုးပြောသည်။
“ဝမ်ဟယ်ဖေးလော့က အာရပ်သံတမန်ကို မြင်လိုက်ရတဲ့အချိန်မှာ တုန့်ပြန်တယ်လို့ အရှင့်အနေနဲ့ ဘာကြောင့်များ သေချာခဲ့တာပါလဲ။ ဝမ်ဟယ်ဖေးလော့နဲ့ အရှင်ကောင်းရှန်းကျစ်ကသာ ဒီအာရပ်က အတုမှန်း သိသွားခဲ့ရင် ကိစ္စတစ်ခုလုံး မပေါ်သွားနိုင်ပါဘူးလား”
ရွှယ်ချန်းကျွင်း၏အသံက အလွန်တိုးသည်။ သို့သော် သူ၏စကားထဲတွင် သယ်ဆောင်ထားသော သတင်းအချက်အလက်ကမူ ကြီးမားလွန်းပြီး မေးရိုးအဟောင်းသား ဖြစ်စေလောက်သည်။ မျက်နှာကိုအုပ်ထားသော အာရပ်က... ဝမ်ဟယ်ဖေးလော့၏စိတ်ကို ဝရုန်းသုန်းကားဖြစ်စေခဲ့ပြီး စောစောပုန်ကန်ရန် ကြံစည်စေခဲ့သည့် အာရပ်က အတုအယောင်ဖြစ်သည်။ ဝမ်ဟယ်ဖေးလော့ကသာ အမှန်တရားကို သိခဲ့လျှင် ဒေါသထွက်ပြီးပြန်ရှင်လာလောက်သည်။
ရွှယ်ချန်းကျွင်းကလည်း အာရပ်သံတမန်ကို ခေါ်လာသည့်တောက်လျှောက် မျက်နှာအမူအရာကို ထိန်းသိမ်းခဲ့သည်။ သို့သော် သူ၏စိတ်ထဲတွင်မူ အလွန်အမင်း တုန်လှုပ်ခြောက်ခြားနေခဲ့ရသည်။ ထိုအာရပ်သံတမန်၏ ရုပ်ရည်ကို မည်သူကမှမသိချေ။ သို့သော် ဝမ်ဟယ်ဖေးလော့ကမူ အနည်းငယ်သာ စိတ်ရှည်ပြီး ထိုအာရပ်၏ခေါင်းကို စွပ်ထားသည့်အဝတ်ကို ဖယ်သည်အထိသာ စောင့်နေခဲ့မည်ဆိုလျှင် အခြေအနေ တစ်ခုလုံးက ကို့ယို့ကားယား ဖြစ်သွားနိုင်သည်။
ထိုအခါ ဝမ်ချောင်က ကြိုးစားအားထုတ်ထားသမျှ အရာအားလုံးကလည်း အလဟသ ဖြစ်သွားနိုင်လေသည်။
အခန်း(၈၉၀)
“ဟား ဟား အမှန်ကလည်း အမှားနဲ့ရောနေသလို အမှားကလည်း အမှန်နဲ့ရောနေတာပဲ။ သက်သေဆယ်ခုမှာ ကိုးခုကမှန်သမျှ နောက်ဆုံးတစ်ခုက မှန်မှန်မှားမှား ဘယ်သူကမှ ဂရုမစိုက်တော့ဘူး။ ဝမ်ဟယ်ဖေးလော့ရဲ့ အပြစ်မကင်းမှုကတင် သူ့ရဲ့ပြစ်မှုတွေအားလုံးကို ဝန်ခံသွားခဲ့တာ။ အဲ့ဒီအာရပ် သံတမန်က အစစ်ဟုတ်မဟုတ် ဘယ်သူကမှ ဂရုမစိုက်တော့ဘူးလေ”
“ဒါပေမဲ့ တကယ်လို့ ပေါ်သွားခဲ့ရင် ဘယ်လိုလုပ်မလဲ”
သူကလည်း ထိုမေးခွန်းက မသင့်တော်ကြောင်းသိသည်။ ရွှယ်ချန်ကျွင်းအနေဖြင့် မနေနိုင်ဘဲ မေးလိုက်မိသည်။ သူက ထိုမေးခွန်းကို မမေးမိအောင် အချိန်အတန်ကြာ ထိန်းသိမ်းထားခဲ့ရ၏။ သူ၏စိတ်ထဲတွင်ပင် ဆက်တိုက် ကုပ်ခြစ်နေခဲ့သည့်တိုင်အောင် သူ့ကိုယ်သူ စိတ်ကျေနပ်ရန်အလို့ငှာ ထိုသို့မေးထုတ်လိုက်သည်။ စစ်တပ်စည်းမျဉ်းဖြင့် အပြစ်ပေးခံရမည်ဆိုလျှင်ပင် သူက လက်ခံရန် အသင့်ပြင်ထားသည်။
“ဒီလိုဆိုရင် ငါတို့ကသူ့ကို မတရားဆက်ဆံမိသလို ဖြစ်သွားမှာပေါ့”
ဝမ်ချောင်က ပြောသည်။
“အာ”
ရွှယ်ချန်ကျွင်းက ကြောင်တောင်တောင်ဖြစ်နေပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ဝမ်ချောင်ကရယ်သည်။ ရွှယ်ချန်ကျွင်းကို တစ်ချက်ကြည့်ပြီးနောက် အင်္ကျီလက်ကိုခါယမ်းလျှက် ထွက်သွားသည်။
ရွှယ်ချန်းကျွင်းက ထိုနေရာတွင် တခဏခန့်ကြာအောင် မတ်တပ်ရပ်လျှက် ကြောင်အနေခဲ့သည်။ ထို့နောက်မှသာ သဘောတရားကို နားလည်လိုက်ပြီး ရယ်သည်။ မမျှမတသလို ဆက်ဆံတယ်ဟုတ်လား။
အရှင်အမတ်က သူ့ကို နောက်နေတာပဲ။
အရှင်အမတ်ရဲ့အတွေးတွေက တိုင်းတာဖို့ ခက်ခဲလွန်းပါတယ်။
ထိုအတွေးနဲ့အတူ ရွှယ်ချန်ကျွင်းက ခပ်မြန်မြန်နောက်မှ အပြေးလိုက်သွားသည်။
.....
အမှောင်ထုက ဆင်းသက်လာသည်။ အရာအားလုံးကလည်း စီစဉ်တကျဖြစ်လာသည်။
“ချောင်အာ ဒီကိစ္စနဲ့ပတ်သတ်ပြီး တစ်ခုခုတော့ မှားနေတယ်”
ဝမ်ချောင်က ထိုနေရာကို ကင်းလှည့်နေချိန်တွင် သူ၏အဖေဝမ်ရန်နှင့် အကြီးဆုံးအစ်ကို ဝမ်ဖူတို့က စစ်တပ်ထဲမှ ရုတ်တရက် ထွက်လျှောက်လာသည်။ ဝမ်ရန်က မျက်မှောင်ကိုကျုံ့လျှက် စိုးရိမ်တကြီးဖြစ်နေသည်။
“အာရပ်တွေက ဘာလှုပ်ရှားမှုမှ မပြသေးဘူး။ ဒါက ပုံမှန်မဟုတ်ဘူး”
“နောက်ဆုံးတိုက်ပွဲမှာ သူတို့က စစ်သည်ရှစ်သောင်း၊ ကိုးသောင်းလောက်ပဲ ဆုံးရှုံးသွားတာ။ အဓိကလူတွေက ခြေလျှင်တပ်တွေပဲ။ မြင်းတပ်ရဲ့ပမာဏက နှစ်ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတာ။ သူတို့ရဲ့ အဓိကအင်အားစုရဲ့ နှစ်သိန်းလောက်က မြင်းတပ်တွေပဲ။ ဒီမြင်းတပ်တွေက သက်ရောက်မခံရသေးဘူး။ နောက်ပြီး သူတို့ကသာ အလုံးအရင်းနဲ့ တိုက်ခိုက်တာမျိုး လုပ်မယ်ဆိုရင်တောင် လုပ်လို့ရနေတဲ့ အခြေအနေမျိုးမှာ ဒီလောက်ထိ ငြိမ်နေတာက ပုံမှန်မဟုတ်ဘူး”
ဝမ်ဖူက သဘောတူသည်။
ဝမ်ဖူက အနက်ရောင်သံချပ်ကာကို ဝတ်ထားသည်။ သူ၏သံချပ်ကာက ဖြောင့်မတ်ပြီး အရှိန်အဝါက လွှမ်းမိုးနိုင်စွမ်းပြင်းထန်သည်။ သူ၏ငယ်ရွယ်မှုနှင့်ယှဉ်သော် သူဟာ တိုက်ပွဲနယ်မြေတွင် ကျင်လည်ခဲ့သည့် လူဟောင်းတစ်ယောက်ဖြစ်သည့်အလျောက် အခြေအနေကို အလွန်အမင်း အထိမခံဖြစ်လေသည်။
ဝမ်ချောင်က ဘာစကားမှမပြောဘဲ ခေါင်းသာလှည့်ပြီး ထန်စစ်တပ်ကို ကျော်လွန်လျှက် လှည့်ကြည့်လိုက်သည်။ ထိုနေရာတွင် အာရပ်မြင်းတပ် ပင်လယ်ကြီးရှိသည်။ ထန်အင်အားစုလှိုင်းနှင့် သိပ်မဝေးလွန်းသော နေရာမျိုးတွင်ရှိနေလေပြီး ထိပ်တိုက်ရင်ဆိုင်တော့မည့် အနေအထားမျိုးနှင့် ရပ်တန့်နေ၏။ ဝမ်ချောင်က ဝမ်ဟယ်ဖေးလော့ကို ဖမ်းခဲ့သည်။ ကောင်းရှန်းကျစ်အား တာလာ့များကို ကိုင်တွယ်ခိုင်းရန် ထောက်ပံ့ပေး၏။ ထို့နောက် ရထားလုံးများကို မြို့ထဲသို့သွင်းသည်။ ထိုဖြစ်စဉ်တောက်လျှောက် အာရပ်များက ပုံမှန်မဟုတ်လောက်အောင် ငြိမ်နေပြီး တိုက်ခိုက်မည့် လက္ခဏာမပြချေ။
“ဟွန်း ကိစ္စတွေက ပုံမှန်မဟုတ်တော့တဲ့အခါ ဆိုးရွားတဲ့ကိစ္စတွေက သေချာပေါက် ဖြစ်လာတော့မှာပေါ့။ အာရပ်တွေက ပုံမှန်အားဖြင့် ကြမ်းတမ်းတယ်။ တိုက်ခိုက်လိုစိတ် ပြင်းထန်တယ်။ သေးငယ်တဲ့ အမှားကိုတောင် ကလဲ့စားချေလိုစိတ် ပြင်းထန်ကြတာ။ ဒီလိုစိတ်ရှည်လွန်းတာက သူတို့မဟုတ်တော့ဘူး။ ငါခန့်မှန်းတာ မှန်မယ်ဆိုရင် သူတို့က တစ်ယောက်ယောက်ကို စောင့်နေတာပဲ”
ဝမ်ချောင်ကရယ်သည်။ သူက အခြေအနေအားလုံးကို နားလည်သွားပုံပေါ်၏။
“တစ်ယောက်ယောက်ကို စောင့်နေတယ်ဟုတ်လား ဘယ်သူလဲ”
ဝမ်ရန်နှင့် ဝမ်ဖူတို့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်ကလည်း အာရပ်များ၏ အပြုအမူက ထူူးဆန်းသည်ဟုသာ တွေးမိကြသည်။ သို့သော် ဝမ်ချောင်က ထိုသို့ယုံကြည်မှုအပြည့်နှင့် တစ်စုံတစ်ယောက်ကို စောင့်နေသည်ဟု ကျုံးဝါးလိမ့်မည်ဟု မထင်ထားမိချေ။
“ငါမသိဘူး ဒါပေမဲ့ သိပ်မကြာခင် သိရမှာပါ”
ဝမ်ချောင်က ခေါင်းကိုအသာခါပြီး အနောက်ဘက်သို့ လက်ယမ်းသည်။
“ကျန်းချွယ် ကင်းလှည့်တဲ့ဝန်းကျင်ကိုမြှင့်လိုက်။ ဘာတွေပဲဖြစ်လာဖြစ်လာ တက်နိုင်သမျှ ငါ့ဆီအမြန်ဆုံး အကြောင်းကြားရမယ်”
“ဟုတ်ကဲ့ အရှင့်ရဲ့ လက်အောက်ငယ်သားက နားလည်ပါပြီ”
အနောက်တန်းမှ ကျန်းချွယ်၏အသံထွက်လာပြီး အဝေးသို့ထွက်သွားသံကို ကြားလိုက်ရသည်။
.....
ဝမ်ချောင်က ချီရှီကာကွယ်ရေးစစ်တပ်ကို ဦးဆောင်ပြီး တာလာ့ဝန်းကျင်တွင် ခုခံမှု နေရာချထားနေချိန်တွင် ခုံးတောင်တန်းအရှေ့ပိုင်း၏ အနောက်ပိုင်းဒေသသို့ တောက်လျှောက်သွားကြည့်သော် အန်းရှီ၏ စခန်းလေးခုထဲမှ တစ်ခုဖြစ်သည့် ရှုလဲ့ဝန်းကျင်တွင် ပုံမှန်မဟုတ်သည့် တစ်စုံတစ်ရာဖြစ်နေကြောင်း သိရပေလိမ့်မည်။
မိသားစုတစ်ခုက အိမ်ထဲတွင်အိပ်နေသည်။ အိမ်မှအမျိုးသားက အိပ်ယာအပြင်ဘက်စွန်း အပိုင်းတွင် အိပ်ပြီး ဇနီးဖြစ်သူကမူ အတွင်းပိုင်းတွင်အိပ်သည်။ သုံးနှစ်၊ လေးနှစ် အရွယ်ခန့်ရှိမည့် ကလေးကမူ အလယ်တွင်အိပ်သည်။
တာလာ့၏တိုက်ပွဲက အင်ပါယာ၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းမှ စစ်သည်သိန်းပေါင်းများစွာနှင့် ပတ်သတ်နေသည်။ ထို့ကြောင့် လေထုက တင်းကြပ်နေပြီး အန္တရာယ်၏အရှိန်က မြင့်တက်နေလေသည်။ ထိုနည်းအားဖြင့် အန်းရှီ၏ မြို့စောင့်တပ်လေးခုလုံးက ကန္တာရသဖွယ် ရှင်းလင်းသွားသည်။ ကျန်ရစ်သောလူများက အလွန်အမင်းနည်းပါးပြီး အပြင်သို့ပင် မထွက်နိုင်လုနီးပါး ဖြစ်နေသည်။
ဝုန်း
ရုတ်တရက် ကုတင်က နှစ်ကြိမ်ခန့်တုန်သွားသည်။ ခင်ပွန်းဖြစ်သူက မျက်မှောင်ကျုံ့လိုက်ပြီး အော်သည်။
“စုဟယ် လှုပ်မနေနဲ့”
ကလေးကလည်း လေကိုလှမ်းဆုပ်ပြီး ငိုက်မြည်းနေသည့် ဇနီးဖြစ်သူပေါ်သို့ ကုန်းတက်လိုက်လျှက် ခပ်တိုးတိုးပြောသည်။
“အာ အာ အာမာ ငါမလှုပ်ပါဘူး”
အခန်းက တိတ်ဆိတ်သွားသည်။ သို့သော် နောက်ထပ်တစ်ကြိမ် ထပ်လှုပ်ပြန်၏။ ယခင်တစ်ခေါက်ထက်ပင် ပြင်းသေးသည်။ ဒီတစ်ကြိမ်တွင် ဇနီးဖြစ်သူကပင် အနည်းငယ် ဒေါသထွက်လာသည်။
“စုဟယ် မဆိုးနဲ့တော့ အိပ်နေတဲ့အချိန်မှာ လျှောက်မလုပ်ရဘူးလေ”
“အာမာ တကယ်ငါမဟုတ်ပါဘူး”
ကလေးကငိုသည်။
ကလေးက ပြောလိုက်ပြီးပြီးချင်း ကုတင်က ထပ်လှုပ်သွားသည်။ သို့သော် ကြမ်းတမ်းလွန်းသဖြင့် ခင်ပွန်းဖြစ်သူနှင့် ဇနီးဖြစ်သူတို့ကပင် တစ်စုံတစ်ရာမှားယွင်းကြောင်း သိလိုက်၏။ ကလေးတစ်ယောက်က ထိုမျှအထိ မလှုပ်နိုင်ချေ။
“ဘာဖြစ်တာလဲ ငလျှင်လှုပ်တာလား”
ဇနီးဖြစ်သူက ကြောက်သွားသည်။ ထိုတခဏတွင် ညအမှောင်ထဲမှ မြင်းဟီသံထွက်လာ၏။ ခင်ပွန်းဖြစ်သူ၏ မျက်နှာက ဖြူဖျော့သွားပြီး သူ၏မိသားစုကို ချက်ချင်းခေါ်ကာ အိပ်နေဟန် အချက်ပြပြီး တစ်ခန်းလုံးက တိတ်ဆိတ်သွား၏။ ဇနီးဖြစ်သူကလည်း ပုံမှန်မဟုတ်မှုကို ခံစားမိသည်။ သူမက ကလေးကို ပွေ့ပိုက်လိုက်ပြီး အခန်းထောင့်နားနေရာသို့ ပုန်းသည်။ သူတို့၏ခန္ဓာကိုယ်က ကြောက်လန့်မှုကြောင့် တဆတ်ဆတ်တုန်နေသည်။
ဝုန်း
မြေကြီး၏တုန်ယင်မှုက ပို၍သာ ပြင်းထန်လာပြီး တစ်အိမ်လုံးကပင် ယမ်းခါလာသည်။ တုန်ယင်မှုနှင့်အတူ မြင်းခွာသံများက ထွက်လာ၏။ ကျယ်လောင်လွန်းသဖြင့် ညကောင်းကင်ကိုပင် လွှမ်းမိုးလိုက်သည်။ ခင်ပွန်းဖြစ်သူကလည်း တုန်ယင်နေပြီး တခဏခန့် တုန့်ဆိုင်းလျှက် ပြတင်းပေါက်နားသို့သွားကာ ကွဲအက်ရာလေးတစ်ခုခန့် ဟပြီးကြည့်သည်။ အပြင်သု့ိ တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏မျက်နှာက ဖြူဖျော့သွားပြီး ထောင့်နေရာသို့ ပြန်ဆုတ်လိုက်မိသည်။
ဟီး....
ပြတင်းပေါက်အပြင်ဘက်မှ မြင်းဟီသံ ထွက်လာသည်။ ဖျော့တော့သော အလင်းက ဖောက်ဝင်လာ၏။ တခဏခန့်ကြာပြီးနောက် ကြီးမားသော မြင်းကြီးတစ်ကောင်၏အရိပ်က ပြတင်းပေါက်တွင် လာရောက်ထင်ဟပ်သည်။ မိသားစုဝင်သုံးယောက်ကလည်း ထိုပုံရိပ်ကို ကြောက်လန့်တကြား ကြည့်နေကြ၏။ အပြင်ဘက်တွင် အနည်းငယ် ဩရှသည့်အသံထွက်လာသည်။
“ငါတို့ရဲ့အရှေ့မှာ စွစ်ယဲ့ပဲ။ ဒါက အန်းရှီကာကွယ်ရေးစစ်တပ် ဌာနချုပ် လက်ရှိအခြေစိုက်နေရာလည်း ဖြစ်တယ်။ ကောင်းရှန်းကျစ်က စစ်သည် ကိုးဆယ်ရာခိုင်နှုန်းလောက်ကိုခေါ်ပြီး တာလာ့ကို သွားတာဆိုတော့ နောက်မှာ ဖန်းချန်းချင်နဲ့ စစ်သည်ထောင်ဂဏန်းလောက်ပဲ ကျန်ခဲ့မှာ။ ငါတို့တွေ လမ်းကြုံမကွပ်မျက်လိုက်သင့်ဘူးလား”
မြင်းစီးသမား၏ ဩရှသောအသံက အလင်းနှင့်အတူထွက်လာသည်။
တခဏခန့် တိတ်ဆိတ်နေပြီးနောက် အခြားသော အသံတစ်သံက တုန့်ပြန်သည်။
ထိုအသံကမူ ပညာတတ်တစ်ယောက်၏ လေဟန်မျိုးဖြစ်ပြီး နားထောင်၍ကောင်းသည်။
“မလိုဘူး တုဝူစစ်လီက အရှေ့ပိုင်းကလာမှာ။ တုရကီစစ်တပ်က ကုချာကနေ ဦးဆောင်လာလို့ အဲ့ဒီဘက်နဲ့ ပိုနီးတယ်။ ဖန်းချန်းချင်နဲ့ ကျန်တဲ့အန်းရှီစစ်တပ်ရဲ့ အင်အားစုကို သူ့ကိုပဲ လွှဲပေးလိုက်ရအောင်”
“ငါစိုးရိမ်နေတာက အာရပ်ပဲ”
ထိုအခိုက် အခြားသော အသံကျယ်ကျယ်က ထွက်လာသည်။ အသံနှင့်အတူ ကြွက်သားအပြည့်နှင့် တောင့်တင်းသန်မာသော မြင်းတစ်ကောင်၏အရိပ်၏ ပြတင်းပေါက်တွင် လာရောက်ထင်ဟပ်ပြန်သည်။
“တာလာ့ရဲ့အပြင်ဘက်မှာ စစ်သည်သုံးသိန်းကျော် ရှိနေတယ်။ အာရပ်တွေက စစ်သွေးကြွလွန်းတဲ့လူတွေ။ သူတို့တွေက ငါတို့ထက်ပိုပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်တယ်။ အာရပ်တွေက သူတို့ရဲ့ ပြင်းထန်တဲ့ အင်အားအရေအတွက်ကို အကာအကွယ်ယူပြီး မျိုးနွယ်ခြားတွေနဲ့ ပူးပေါင်းလို့ ဟန်တစ်သိန်းကျော်ကို ရှင်းပစ်နိုင်မယ်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ မမျှော်လင့်ထားဘဲ ချီရှီက နိုင်သွားတယ်”
အခန်းထဲမှ မိသားစုဝင်သုံးယောက်က အသက်ရှုရပ်မတက် ဖြစ်နေသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ဖက်ထားကြပြီး စကားပြောရန်ပင် ကြောက်လန့်နေကြသည်။
“ဟာ စိတ်အေးအေးထားပါ အပုမူစလင်က ဒီလောက်လွယ်လွယ်ကူကူ မရှုံးပါဘူး။ မဟုတ်ရင် အာရပ်အင်ပါယာရဲ့ အရှေ့ပိုင်းအစိုးရက ဒီလောက်မြန်မြန် ရှုံးတယ်ဆိုတာ ဖြစ်သင့်ပါ့မလား။ ဒါ့အပြင် အာရပ်တွေမှာ အဓိကအင်အားစုရှိသေးတယ်။ တိုက်ပွဲက ပြီးဖို့အဝေးကြီးလိုသေးတယ်”
စိတ်အေးအောင် နှစ်သိမ့်ပေးသော လေသံနှင့် အသံတစ်သံထွက်လာသည်။
“ဒါ့အပြင် ငါအပုမူစလင်ဆီက ပြန်စာရပြီးသား။ သူက ငါတို့ရောက်လာတဲ့အထိ စောင့်ပြီးမှ အင်အားစုသုံးခုပေါင်းလို့ ထန်စစ်တပ်ကိုရှင်းလိမ့်မယ်”
“တာလာ့က အနောက်တောင်ပိုင်းမဟုတ်ဘူး။ အပုမူစလင်ကလည်း ခဲ့လော့ဖုန်းမဟုတ်ဘူး။ ဒီတိုက်ပွဲမှာ အန်းရှီကာကွယ်ရေးစစ်တပ်နဲ့ ချီရှီကာကွယ်ရေးစစ်တပ်က ရှင်သန်ဖို့ အခွင့်အရေးကိုမရှိဘူး။ ထန်တွေကသာ ဒီအခြေအနေကနေ ရှင်သန်နိုင်ရင် အဲ့ဒီတစ်ယောက်ကို စစ်သူတော်စင်လို့တောင် ပြောင်းခေါ်သင့်နေပြီ”
စကားပြောခန်းက ရုတ်ချည်းရပ်တန့်သွားသည်။ ပုံရိပ်နှစ်ခုက ဘာစကားမှ ဆက်မပြောတော့ချေ။ သို့သော် ခေါင်းညိမ့်နေကြ၏။
ဩရှသောအသံက ထပ်ထွက်လာသည်။ သူ၏အသံထဲတွင် မျှော်လင့်ချက်များပါသည်။
“အရှိန်နှုန်းက စစ်အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိတယ်။ ငါတို့ရဲ့ အခုအကြီးမားဆုံး အားသာချက်က သူပဲဖြစ်ဖြစ် ချီရှီစစ်တပ်ကပဲဖြစ်ဖြစ် ငါတို့ထွက်လာကြောင်း မသိသေးတာပဲ။ သူတို့ကအခု အာရပ်ကိုပဲ အာရုံစိုက်နေလောက်တယ်။ ဒီတော့ ငါတို့ကသာ သူတို့ရဲ့ကင်းထောက်တွေမမြင်အောင် ဝင်သွားနိုင်သမျှ ချောင်းတိုက်လို့ရပြီ”
“အွန်း သတိလက်လွတ်မလုပ်နဲ့”
တတိယ အသံကျယ်ကျယ်ကပြောသည်။
“ချီရှီကာကွယ်ရေးစစ်တပ်မှာ သိန်းငှက်အဖွဲ့ရှိတယ်။ ဒီတော့ အစွန်ပိုင်းက စောင့်ကြည့်အဖွဲ့ရဲ့ ငှက်တွေကို အမြဲတမ်း ဖမ်းဆီးနိုင်နေခဲ့တယ်။ အချိန်ကာလအတောအတွင်း ငါတို့က ညအမှောင်ကို မှီခိုပြီး သွားမယ်ဆိုရင်တောင်မှ ဒီငှက်တွေက တွေ့သွားတာနဲ့ ချောင်းတိုက်လို့ ရနိုင်တော့မှာမဟုတ်ဘူး”
“ဟား ဟား ငှက်တွေလောက်များ အဲ့လောက်ထိ စိုးရိမ်နေစရာမလိုပါဘူး။ ငါအားလုံးကို ကိုင်တွယ်လိုက်မယ်။ သူငါတို့ကို သတိမထားမိစေရဘူး”
နားထောင်ကောင်းသော အသံတစ်သံက အခိုင်အမာကျုံးဝါးသည်။
“ဟိုက်ရား”
နောက်ဆုံးစကားနှင့်အတူ ထိုအမျိုးသားသုံးယောက်က မြင်းကိုအပြေးနှင်ကာ ထွက်ခွာသွားသည်။
အိမ်အတွင်းမှ မိသားစုဝင်သုံးယောက်ကမူ သေဘေးမှ လွတ်မြောက်သွားသလို အသက်ပြင်းပြင်း ရှုနိုင်ကြလေသည်။
...
လူတိုင်း၏အာရုံက တာလာ့တွင်ရှိနေချိန်တွင် ရှုလဲ့နှင့် ကုချာတို့ထံမှ စစ်မြင်းထောင်ပေါင်းများစွာ ပါဝင်သည့် အင်အားစုက ကျော်ဖြတ်သွားသည်။ အင်အားစုထဲမှ တစ်ခုက စွပ်ယဲ့သို့ဝင်ပြီး အခြားတစ်ခုကမူ ကျော်ဖြတ်သွားသည်။ ခုံးတောင်တန်းတလျှောက်ဖြတ်လျှက် အံ့အားသင့်စရာကောင်းသည့် အရှိန်နှုန်းနှင့်အတူ တာလာ့ထံ ခရီးဆက်သွားသည်။
ခြိမ်း
မြေကမ္ဘာက လှုပ်ခါပြီး ကောင်းကင်ထံ ဖုန်လုံးများက မြောက်တက်သွားသည်။ စစ်မြင်းထောင်ကျော်က အပြေးနှင်နေ၏။
ကောင်းကင်က မည်းမှောင်နေသေးသော်လည်း အာရုံတက်ရန် နီးသထက် နီးလာပြီဖြစ်သည်။
“မဟာအမတ် ငါတို့ရဲ့အရှေ့မှာ ပိုင်ရှီတောင်ပါ။ တာလာ့နဲ့ လီငါးဆယ် ခြောက်ဆယ်လောက်ပဲ ဝေးပါတော့တယ်”
မြင်းစီးသမားတစ်ယောက်က စစ်တပ်၏ နောက်တန်းသို့ အပြေးလာပြီး အရပ်မြင့်မြင့်၊ ပိန်ပိန်သွယ်သွယ်နှင့် လူတစ်ယောက်ကိုပြောသည်။
မြင်းစီးသမား၏အရှေ့တွင် ပုံရိပ်သုံးခုရှိသည်။ ပိန်ပါးကာ သေးသွယ်သောလူက အလယ်တွင်ရှိပြီး ပညာတတ်တစ်ယောက်ကို ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏အရှိန်အဝါက ကျော့ရှင်းကြည့်ကောင်းသည်။ အသိသာဆုံး အချက်ကမူ သူ၏မှေးကျဉ်းသော မျက်ဝန်းများအတွင်းမှ ထက်ရှသောအလင်းက လောက၏ လျို့ဝှက်ချက်တိုင်းကို ဖောက်မြင်နိုင်သလိုဖြစ်နေခြင်းဖြစ်သည်။ သူက ယွီစန်း၏ တော်ဝင်မြို့တော် အကျဉ်းထောင်ထဲမှ အချုပ်အနှောင်တိုင်းကို ဆေးကြောသန့်စင်နိုင်ခဲ့ပြီး လွတ်လာနိုင်ခဲ့သော သာ့လွန်ရော့ကျန်းဖြစ်သည်။
ထိုသာ့လွန်ရော့ကျန်းက အကျဉ်းထောင်ထဲမှ ထွက်လာပြီးနောက် ပညာတတ်တစ်ယောက်၏ ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။ သို့သော် အနောက်တောင်ပိုင်းတွင် ရှိချိန်က ပိုင်ဆိုင်ခဲ့သည့် ယုံကြည်မှုမျိုးနှင့် ကျော့ရှင်းကြည့်ကောင်းမှုမျိုးက လွတ်လပ်သွားပြီး မုန်တိုင်းကို အတွေ့အကြုံရခဲ့ပြီးသည့် ထက်ရှမှုက အစားထိုးထားသည်။ သူ၏မြင်းကုန်နှီးတွင်လည်း အဖြူရောင်အိတ်တစ်အိတ် ရှိနေသည်။ အတွင်းမှ ယပ်တောင်တစ်ခု၏ လက်ကိုင်က ထိုးထွက်နေသည်။ ထိုယပ်တောင်ဟာ အနည်းငယ်ဟောင်းနေပုံပေါ်သည်။ သို့သော် ပုံံစံကိုကြည့်ရုံနှင့်တင် သူ၏နဘေးမှ တဖဝါးမှ မခွာခဲ့သော ယပ်တောင်ဖြစ်ကြောင်း မြင်နိုင်သည်။
သူက အကျဉ်းထောင်ထဲမှ ထွက်လာပြီးကတည်းက ယပ်တောင်ကိုသိမ်းပြီး ဓားကိုပြောင်းကိုင်ခဲ့သည်။
သာ့လွန်ရော့ကျန်းက လက်ဖြင့်အမူအရာပြလိုက်သည်။ စစ်တပ်က ချက်ချင်းဆိုသလို ရပ်သွား၏။ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကသူ့ကို လှည့်ကြည့်ကြသည်။
“မြေပုံကိုယူလာခဲ့”
သာ့ယန်မာန်ပန့်က ချက်ချင်းလိုလို အမိန့်ပေးသည်။
ဝုန်း
အနီရောင်သံချပ်ကာကို ဝတ်ဆင်ထားသည့် တိဗက်တစ်ယောက်က အပြေးရောက်လာသည်။ သူ၏ အနောက်တွင်လည်း ရိုးရှင်းသော်လည်း ကျော့ရှင်းကြည့်ကောင်းစွာ ပုံစံဆွဲထားသည့် သတ္တုကျု့လေးများဖြင့် အလှဆင်ထားသော တစ်စုံတစ်ရာရှိနေသည်။ ထိုအရာကိုသူက ဆွဲထုတ်လိုက်၏။ ထိုအတွင်းတွင်မှ အဝတ်သားဖြင့်လုပ်ထားသော အဝါရောင်မြေပုံရှိနေသည်။ သူက ထိုမြေပုံအား သာ့လွန်ရော့ကျန်းထံ ကမ်းပေးလာသည်။