← Chapters

အခန်း (၉၀၆-၉၁၀)

Vol. 50 Ch. 906-910

အခန်း (၉၀၆-၉၁၀)

Vol. 50 Ch. 906-910

အခန်း(၉၀၆)

“မြန်မြန် လောက်လေးခွတွေကို နောက်ပြန်သိမ်းလိုက်တော့။ သူတို့ကို ဒီနေရာနဲ့ ဝေးဝေးနေခိုင်းလိုက်။ သူတို့အားလုံး ဖျက်ဆီးခံလိုက်ရလို့မဖြစ်ဘူး”

အာရပ်အရာရှိတစ်ယောက်က ခပ်မြန်မြန် တုန့်ပြန်လိုက်နိုင်ပြီး ထိုလောက်လေးခွတိုင်းကို တိုက်ပွဲနယ်မြေဇုံနှင့် ဝေးကွာသော အပြင်ဘက်သို့ ရွှေ့ရန် အမိန့်ထုတ်လိုက်သည်။ လောက်လေးခွတိုင်းက အလွန်ကြီးပြီး လေးလံသော်လည်း တစ်လက်ချင်းစီတိုင်း၏အောက်တွင် ကြီးမားသော ဘီးရှစ်ဘီးက တပ်ဆင်ထားလေရာ ရွှေ့ရလွယ်လေသည်။ သို့သော် ချန်းပုယွမ်ကလည်း သူတို့ကို ယခုလို အနေအထားမျိုးနှင့် နောက်ဆုတ်ခွင့်ပြုလိမ့်မည်မဟုတ်ချေ။

ဘုန်း ဘုန်း ဘုန်း

လှုပ်ရှားမှုအနည်းငယ်တည်းနှင့် လောက်လေးခွများ၏ ရှစ်ဆယ်ရာခိုင်နှုန်းခန့်က ဖျက်ဆီးခံလိုက်ရသည်။ ကြိုတင်ပြင်ဆင်ထားသော သတ္တုလုံးအပုံများက သူတို့၏ အကြီးမားဆုံး အားနည်းချက်ဖြစ်သွားသည်။ ထိုသို့ဖြင့် ထိုနယ်မြေတစ်ခုလုံးက မီးတောက်များအောက် ရောက်သွားသည်။

“သေစမ်း”

မမျှော်လင့်ထားသည့် လုပ်ကြံသတ်ဖြတ်မှုကြောင့် နိုးထသွားသလိုမျိုး သတ္တုဘောလုံးများက ထန်များ၏ ပထမခုခံရေးအားလှိုင်းသို့ ပျံသန်းနေရာက တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။ မီးတောက်များကသာ ထင်ရှားစွာ ကျန်ရစ်တော့သည်။ မီးတောက်များ၊ မီးခိုးလုံးများက များသထက်များပြီး ထိုနေရာတစ်ခုလုံးအနှံ့ လွှမ်းခြုံသွားသည်။ ထိုအခြေအနေကိုမြင်သောအခါ အပုမူစလင်နှင့် ကျစ်ရ၊ အာရပ်စစ်တပ်၏ ခေါင်းဆောင်နှင့် လက်ထောက်ဗိုလ်ချုပ်များ အားလုံး၏ မျက်နှာက ဖြူဖျော့သွားကြသည်။

သူတို့က ဖန်တီးထားသော အားသာချက်က ချက်ချင်းဆိုသလိုပင် ရေငွေ့ပျံသလို ပျံတက်သွားသည်။

အပုမူစလင်၏ မျက်ဝန်းက မည်းမှောင်သွားသည်။ သူက အမိန့်ပေးလိုက်၏။

“ဖားဟ မြို့ရိုးပေါ်က ထန်ဗိုလ်ချုပ်ကို သွားသတ်စမ်း”

ယခင်ကသာဆိုလျှင် အာရပ်များ၏ လေးခွကြီးများက ခက်ခဲကြမ်းတမ်းမာကြောလွန်းသော ခုခံမှုစွမ်းအား မြင့်မားလွန်းသည်။ မြို့ပေါင်းများစွာကို ဖျက်ဆီးခဲ့သည်။ ရန်သူများက ထိုလက်နက်ကြီးများကို ပြန်လည်ဖျက်ဆီးသော မြင်ကွင်းမျိုးကို မကြုံဖူးကြချေ။ ယခုလိုမျိုး သူတို့၏ ကိုယ်ပိုင်ရေနံဆီအောက်တွင် ကိုယ်ပိုင်စစ်တပ်က ပျောက်ကွယ်သွားရသည့် အနေအထားမျိုးကို မြင်ပင် မမြင်ဖူးကြချေ။ အပုမူစလင်ကလည်း ထိုပြဿနာ၏ အရင်းအမြစ်က တာလာ့မြို့ရိုးပေါ်တွင်ရှိသော ထန်အရာရှိဖြစ်ကြောင်း သိနေကြသည်။

“ဟုတ်ကဲ့”

သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသည့် အာရပ်ဗိုလ်ချုပ်က အပုမူစလင်၏ အနောက်ဘက်မှ ရှေ့သို့ လှမ်းထွက်လာသည်။

ခီး...

ထိုအာရပ်ဗိုလ်ချုပ် ဖားဟဆိုသောလူက လူတစ်ရပ်စာထက်ပင် မြင့်သည့် ဆင်စွယ်သားဖြင့် လုပ်ထားသော လေးကြီးကို ဘယ်လက်ဖြင့်ကိုင်သည်။ သူ၏ညာလက်ကမူ ငါးပေကျော်ခန့်ရှည်သည့် မြှားတစ်ချောင်းကို ကိုင်ထားပြီး နီရဲသော ရတနာတုံးတစ်ခုကဲ့သို့ တောက်ပနေသည့် မြှားထိပ်အား ချန်းပုယွမ်ထံချိန်သည်။

သူဟာ လေးကြိုးကို ဆွဲလိုက်သည်နှင့်အမျှ ဆယ်ကျန်းဝန်းကျင်အတွင်းရှိ အလင်းတိုင်းက လိမ်တွန့်သွားပြီး ရတနာကဲ့သို့ မြင်ရသည့် မြှားထိပ်တွင် စုစည်းလာလျှက် အန္တရာယ်များသော အလင်းကို ထုတ်ဖော်သည်။

ဘုန်း

ဖားဟက ထိုမြှားကို မြို့ရိုးထံချိန်ကာ ပစ်လိုက်ချိန်တွင် ကျယ်လောင်သော မိုးခြိမ်းသံအောက် ကောင်းကင်ကပင် ပေါက်ကွဲသွားပြီဟု ထင်ရ၏။ ထိုသို့မြန်ဆန်သော အရှိန်နှုန်းက တခဏချင်း ဆက်တိုက်ဖြစ်သွားသည်။ ဖားဟ၏လက်က လွှတ်လိုက်ပြီး ချက်ချင်းလိုလို ချန်းပုယွမ်နှင့် ကျန်းအနည်းငယ်သာ ဝေးကွာသော နေရာသို့ ရောက်သွားသည်။

ဝုန်း

ချန်းပုယွမ်ကလည်း ရုတ်ချည်းထွက်ပေါ်လာသည့် ထိုမြှားကို တင်းမာသော မျက်နှာထားနှင့် စိုက်ကြည့်လိုက်သည်။ သူ၏နားများထဲမှလည်း ချဉ်းကပ်လာသော မြှားအသံကိုမူ ကြားနေရသည်။ သို့သော် ခန္ဓာကိုယ်ကမူ တုန့်ပြန်ရန် နှေးကွေးလွန်းနေခဲ့သည်။ ရန်သူက သူ့ထက် အများကြီး အင်အားကြီးမားနေခဲ့သည်။

သူတော်စင်သိုင်းနယ်မြေအဆင့် လေးသည်တော်

ချန်းပုယွမ်၏ မျက်နှာက ထိုအတွေးကြောင့် စက္ကူစတစ်ခုကဲ့သို့ ဖြူစုတ်သွားသည့် သူဟာ ခွန်းဝူလေ့ကျင့်ရေးစခန်း၏ လမ်းလွဲဓားစံအိမ်မှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သူဟာ ထူးချွန်သော ဗျူဟာပညာရှင်ဖြစ်သလို လေးသည်တော်လည်းဖြစ်သည်။ အခြားသော ဗိုလ်ချုပ်များထက်ပင် ပို၍ အရှိန်အဝါကြီးမြင့်သော စွမ်းအားကို ထုတ်လွှတ်နိုင်လောက်အောင် လက်နက်ကြီးအဖွဲ့ကို အုပ်ချုပ် အမိန့်ပေးနိုင်သူလည်းဖြစ်သည်။

သို့သော် ချန်းပုယွမ်က ထိုမျှထူးချွန်ပြောင်မြောက်လွန်းသော လုပ်နိုင်စွမ်းရည်ရှိသည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်နေသည့်တိုင်အောင် သူ၏ကျင့်ကြံခြင်းအဆင့်က ထင်သလောက် လေးစားဖွယ် မကောင်းသေးချေ။ အာရပ်များက သူ့ကိုကိုင်တွယ်ရန် သူတော်စင်သိုင်းနယ်မြေအဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက်ကို လွှတ်လိုက်သည်။ ချန်းပုယွမ်၏အဆင့်တွင် သူဟာ သေရမည်မှာ သေချာသည်။

သွားပြီ။

ချန်းပုယွမ်၏ စိတ်အတွင်း ထိုအတွေးကသာရှိသည်။

ဘန်း

ချန်းပုယွမ်ကလည်း မျက်လုံးကိုမှိတ်ပြီး သေဆုံးခြင်းကို စောင့်ဆိုင်းနေသောအချိန်တွင် ရုတ်တရက် သူ၏ခန္ဓာကိုယ်ကို မမြင်ရသော စွမ်းအင်လှိုင်းတစ်ခုက ကာပေးလာသည်။

ဘုန်း

ဖားဟ၏ ဖျက်ဆီးခြင်းစွမ်းအား ပြင်းထန်သည့် မြှားက စွမ်းအင်အကာအကွယ်လွှာကို ဝင်တိုးလာသောအခါ သံမဏိမြို့ရိုးတစ်ခုကို ဝင်တိုးလိုက်ရသလို ဖြစ်သွားသည်။

ချွင်

အံ့အားသင့်ဖွယ် အားလှိုင်းက ဖြာထွက်လာသလို မြှားထိပ်မှ အနီရောင်ရတနာလေးကဲ့သို့ ဖြစ်နေသည့် ထိုအရာလေးကလည်း အကာအကွယ်လွှာကို ထိမိသွားသည့်အချိန်တွင် ထိပ်ပိုင်းလေးတင် ထိုးဖောက်လျှက် တန့်သွားသည်။

“အရှင်ကာကွယ်ရေးဗိုလ်ချုပ်”

အနောက်ဘက်မှ ဆူညံသံကိုကြားသော ချန်းပုယွမ်က မျက်လုံးကိုဖွင့်လျှက် နောက်လှည့်ကြည့်လိုက်သည်။ အန်းရှီကာကွယ်ရေးဗိုလ်ချုပ်က သူ့ထံသို့ ခပ်အေးအေး အမူအရာမျိုးနှင့် အသာအယာ လှမ်းလာနေသည်။ ထိုအခြေအနေမှသာ သူက စိတ်အေးသွားသည်။

“ဆက်ပြီးအမိန့်ပေးနေ ငါဒီမှာရှိရင် ဘာကိုမှ စိုးရိမ်စရာမလိုဘူး”

ကောင်းရှန်းကျစ်က အနားသို့လှမ်းလာပြီး သူ၏အနောက်တွင်ရပ်သည်။ ဖုန်မှုန့်များပါသည့် တိုက်ခတ်နေသော လေထဲတွင် ကောင်းရှန်းကျစ်၏ မျက်ဝန်းက မှင်သက်ဖွယ်ကောင်းသော အလင်းနှင့် တောက်ပလျှက် အဝေးရှိ အပုမူစလင်နှင့် သူ၏အနောက်မှ လေးသည်တော်ဗိုလ်ချုပ်ကိုကြည့်သည်။

အပုမူစလင်က တစ်စုံတစ်ရာကို အာရုံခံမိပုံပေါ်သည်။ သူက အရှေ့သို့ အနည်းငယ် ငုံ့ကိုင်းလိုက်၏။ သူ၏မျက်ဝန်းက ကောင်းရှန်းကျစ်နှင့် ဆုံသွားသည်။ လွန်ခဲ့သော နှစ်လကျော်လုံးလုံး သူတို့နှစ်ယောက်က သေဖော်သေဖက် ရန်သူများဖြစ်ခဲ့သည်။ ထိုသို့ မျက်လုံးချင်းဆုံသွားသည့်နောက်တွင် ထွက်လာသည့် ပြင်းထန်သည့် စိတ်ဆန္ဒအားလှိုင်းက ချက်ချင်း ဓားဆွဲထုတ်ကာ တိုက်ခိုက်လုမတက် ပြင်းထန်သည်။

ကျစ်ရက ရှေ့သို့နှစ်လှမ်းတိုးသည်။ သူက စပြောသည်။

“အရှင် ကျွန်တော်တို့ ဗိုလ်ချုပ်နည်းနည်းလောက် ပိုခေါ်လိုက်ရင် ဘယ်လိုနေလဲ”

“မလိုဘူး ကောင်းရှန်းကျစ် အဲ့ဒီမှာရှိနေသမျှ ငါတို့သူ့ကို သတ်လို့မရနိုင်ဘူး”

အပုမူစလင်က လက်ကိုယမ်းသည်။ ကျစ်ရ၏ အကြံပြုချက်ကို ပယ်ချလိုက်၏။

“လောက်လေးခွအဖွဲ့ကတော့ အဆုံးသတ်သွားပြီ။ ဒီအကြောင်းကို ထပ်ပြီး စိုးရိမ်ဖု့ိမလိုတော့ဘူး။ ရှေ့တန်းက စစ်သည်တော်တွေကိုပဲ လုပ်ကြံသတ်ဖြတ်မှုမှာ အားအင်တိုးမြှင့်ဖို့ အကြောင်းကြားလိုက်။ အနောက်ဘက်ခြမ်းက ထန်ခုခံရေးအားလှိုင်းကို နေမဝင်ခင် ကြေမွသွားတာမျိုး မြင်ချင်တယ်။ သူတို့ လုံးဝ ဖျက်ဆီးခံရမယ်။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ငါဒီမှာ မဟာထန်ကို ပျက်စီးသွားတဲ့ အနေအထားမျိုးနဲ့ပဲ မြင်ချင်တယ်”

“ဟုတ်ကဲ့အရှင်”

ကျစ်ရက အပုမူစလင်၏အမိန့်ကို သတင်းပို့ရန် ချက်ချင်းထွက်သွားသည်။

ထိုတိုက်ပွဲက အလွန်အမင်း အရေးကြီးနေပြီး အာရပ်နှင့် မဟာထန်အကြားမှ အဆုံးအဖြတ် တိုက်ပွဲလည်းဖြစ်သည်။ ရိုးရှင်းသော သတင်းပို့တစ်ယောက်လောက်က အပုမူစလင်၏ ဆန္ဒကို အပြည့်အဝ ထုတ်ပြနိုင်မည်မဟုတ်ချေ။ ထို့ကြောင့် ကျစ်ရက ကိုယ်တိုင်သွားသည်။

.....

ချန်းပုယွမ်နှင့် သံမဏိ လောက်လေးခွကြီးများ၏ ဝင်ခွင့်အဖွင့် တိုက်ပွဲနှင့်အတူ သာ့လွန်ရော့ကျန်းနှင့် အပုမူစလင်တို့၏ ဗျူဟာက လျှင်မြန်စွာဖြင့် ဖြိုချခံရသည်။ ထိုလောက်လေးခွအဖွဲ့ကဲ့သို့ သာ့လွန်ရော့ကျန်းက တောင်ကုန်းနောက်သို့ ပို့ထားပြီး လုံခြုံမည်ဟု ယူဆရသော အဖွဲ့အစည်းနှင့် အပုမူစလင်၏ အာရပ်စစ်တပ် နောက်တန်းမှ လောက်လေးခွအဖွဲ့တိုင်းက သိပ်မကြာခင် အပြည့်အဝ ဖျက်ဆီးခံလိုက်ရသည်။

ထိုအချိန်တွင် ထန်ခုခံရေးအားလှိုင်း အနောက်ဘက်မှ မီးတောက်တိုင်းက ငြိမ်းသွားပြီဖြစ်သည်။ ထန်စစ်တပ်၏ အခြေအနေက ပို၍ပင် ကောင်းမွန်လာသေးသည်။

“ပစ်”

အခွင့်အရေးကို အမိအရ ဆုပ်ကိုင်သည့် ချန်းပင်းက သူ၏လက်နက်ကြီးများအသင်းကို အာရပ်အင်အားစုထံ ပစ်ခတ်ရန် အမိန့်ထုတ်လိုက်သည်။ ပထမခုခံရေးအားလှိုင်းက ချိုးဖောက်ခံခဲ့ရသေးသည်။ ရေနံဆီ လုပ်ကြံသတ်ဖြတ်မှု ကာလအတောအတွင်း ချန်းပင်း၏ လက်နက်ကြီးအဖွဲ့က ပုံမှန်အတိုင်း ကောင်းကောင်း မလုပ်ဆောင်နိုင်ခဲ့ဘဲ အာရပ်မြင်းတပ်ကို မြို့ရိုးပေါ်သို့ ချီတက်ခွင့်ပြုမိသွားသည်။

သံမဏိမြို့ရိုးပေါ်နှင့် ခြေလျှင်တပ်အဖွဲ့ဝင်တိုင်းထံမှ အမျိုးမျိုးသော ဒေါသတကြီးဖြစ်နေသည့် တိုက်ကွက်များကို ခံစားခဲ့ရပြီးနောက် ထွက်လာသော တချွင်ချွင် တဘုန်းဘုန်း အသံများက အခြားသော အသံတိုင်းကိုပင် ဖုံးကွယ်နိုင်နေ၏။ ရှေ့တန်းမှ အာရပ်မြင်းတပ်ဝင်တိုင်းကလည်း အင်အားအမြင့်ဆုံးသုံးကာ ကျော်ဖြတ်နိုင်ရန် ကြိုးစားနေကြသည်။

ထိုအချိန်တွင် ထန်ခြေလျှင်တပ်က အံ့ကြိတ်ပြီး ဆက်တိုက်ခုခံနေရသည်။

“တောင့်ထား သူတို့ကို ကျော်ဖြတ်ခွင့်မပြုနဲ့။ သူတို့ကို တားကြစမ်း။ ဒါက အမိန့်ပဲ”

ခြေလျှင်တပ် အဖွဲ့ဝင်တိုင်း၏ သွေးကြောက တောင့်တင်းနေသည်။ သူတို့၏ နဖူးမှ သွေးကြောများက ဖောင်းတက်နေပြီး မျက်နှာကလည်း အင်အားတိုင်းကို စိုက်ထုတ်ထားရသောကြောင့် နီရဲနေသည်။ ထိုတခဏတွင် ချန်းပင်း၏ လက်နက်ကြီးအသင်းက စတင်ကာ ပစ်ခတ်လိုက်သည်။

ဘုန်း ဘုန်း ဘုန်း

အဝေးသို့လှမ်းကာ ပစ်ခတ်နိုင်သည့် လက်နက်ကြီးများက လေထဲသို့ ရောက်ရှိသွားချိန်တွင် ဟိန်းသံကို ထုတ်လွှတ်လေပြီး သေဆုံးခြင်း မြက်ရိတ်ဓားကဲ့သို့ တိုက်ပွဲနယ်မြေတစ်ခုလုံးပေါ် သူတို့၏ အရှိန်အဝါကို ပို့လွှတ်လျှက် ချိတ်ပိတ်ထားလိုက်သည်။

ဘုန်း

အာရပ်မြင်းတပ်ဝင်တစ်ယောက်က နောက်ထပ် တစ်ကြိမ်ထပ်ပြီး ချီတက်ရန် အသင့်ပြင်ရင်း ခြေလျှင်တပ်၏ ခုခံရေးအားလှိုင်းကို ကျော်ဖြတ်ရန် ကြိုးစားနေသည့်အခိုက် ရုတ်တရက် သူ၏ရင်ဘက်ကို ပိန်းပိတ်အောင် မည်းမှောင်သော တစ်စုံတစ်ရာက ထိမှန်သွားပြီး မြင်းနှင့်သူ့ကို သယ်ဆောင်လျှက် အနောက်ဘက်ရှိ ဒုတိယမြောက်မြင်းသည်တော်၊ တတိယမြောက်၊ စတုတ္ထမြောက်.... လူတိုင်းထံ ပစ်ဝင်သွားစေသည်။

ချွန်ထက်သော လက်နက်ကြီးတစ်ခုတည်းက သံချပ်ကာအပြည့်အဝ ဝတ်ဆင်ထားသော အာရပ်မြင်းတပ် ခုနှစ်ယောက်ကို ဆက်တိုက်ကျော်ဖြတ်ပြီး ရပ်တန့်သွားလေသည်။ ထိုအရာက အစမျှသာရှိသေးသည်။

စွစ် စွစ် စွစ်

မြောက်များလှစွာသော လက်နက်ကြီးတိုင်းက တစ်ကြိမ်ပစ်ခတ်ချိန်တိုင်း အာရပ်မြင်းတပ်ဖွဲ့ဝင် ခြောက်ယောက်ခန့်ကို ခေါ်ဆောင်သွားနိုင်သည်။ ထို့ကြောင့် တစ်သုတ်တည်းနှင့် အာရပ်များက ပထမခုခံရေးအားလှိုင်းမှ မြင်းတပ်ခုနှစ်ထောင်ကျော်ခန့်ကို ဆုံးရှုံးလိုက်ရသည်။ ထို့ပြင် နောက်ထပ် တစ်သုတ်ပြီးတစ်သုတ်ကို ဆုံးရှုံးလိုက်ရသည်အထိ ရှိလာသေးသည်။

အာရပ်များက မှင်သက်ဖွယ်ကောင်းသော နှုန်းနှင့် လူများဆုံးရှုံးနေရသည်။ ခုခံရေးအားလှိုင်း၏ အရှေ့ဘက်ရှိနေရာက သိပ်မကြာခင် မြင်းနှင့်လူအလောင်းများပုံလျှက် ကော်ဇောခင်းထားသကဲ့သို့ ဖြစ်သွားသည်။ သွေးများက မြေကမ္ဘာထဲသို့ လွတ်လပ်စွာ စီးဝင်နေ၏။ အာရပ်များကမူ အေးခဲတောင့်တင်းနေသော အနေအထားမျိုးတွင် ရှိနေသေးသည်။ သို့သော် သူတို့က မည်သည့်ဆုံးရှုံးမှုကိုမျှ ဂရုမစိုက်ဘဲ ဆက်လက်ပြီး ကျော်ဖြတ်နေကြ၏။ အာရပ်များက သူတို့၏ ဒဏ္ဍာရီလာ ကြမ်းတမ်းခက်ထန်မှုကို အမြင့်ဆုံးအနေအထားမျိုးအထိ ဖော်ပြနိုင်သော အခိုက်အတန့်ဟုသာ ဆို၍ရသည်။ သူတို့ကသာ ရန်သူကို သတ်နိုင်သမျှ ကြမ်းတမ်းပြီး ရူးသွပ်သော လုပ်ကြံသတ်ဖြတ်မှုမျိုး ပြုလိုက်နိုင်သမျှ သူတို့ခံစားရသည့် ဆုံးရှုံးမှုကို ဂရုစိုက်ရန် မလိုအပ်ချေ။

ထိုသတ္တိနှင့် အကြောက်အလန့်မဲ့မှုကတင် အာရပ်များအား ခုံးတောင်တန်းမှတဆင့် အနီရောင်ပင်လယ်ဒေသအနှံ့ ပြိုင်ဘက်ကင်းသည်ဆိုသော ဒဏ္ဍာရီမျိုးကို ဖန်တီးပေးနိုင်ခဲ့ခြင်းဖြစ်သည်။

“သတ်”

မြောက်များလှစွာသော ရက်စက်ကြမ်းတမ်းသည့် အာရပ်မြင်းသည်တော်များက ပထမခုခံရေး အားလှိုင်းထံ ဆက်တိုက်ချီတက်လာကြပြန်သည်။

စွစ်

အာရပ်မြင်းသည်တော်တစ်ယောက်က လက်ထဲမှလှံကိုသုံးပြီး သိပ်သည်းသော ထန်အဖွဲ့ဝင်များ၏ ဒိုင်းများကိုကျော်လွန်အောင် မြှောက်ပစ်လိုက်သည်။

ရုတ်တရက်ဖြစ်သွားသောကြောင့် ထန်ခြေလျှင်တပ် အဖွဲ့ဝင်အချို့က ထိုလှံတည့်တည့် ပြေးမိသွားကြပြီး သေဆုံးသည်အထိ မြေပြင်တွင် ထိုးစိုက်ခံလိုက်ရ၏။ ထိုသို့ဖြင့် လှံမိုးက ဆင်းသက်လာပြီး ထန်စစ်သားများထံသို့ ကြီးမားသည့် ဆုံးရှုံးမှုက ရောက်ရှိလာပြန်သည်။ ပို၍ဆိုးသည်မှာ အာရပ်များက ပျားပုံးလက်နက်များ၊ လက်နက်ကြီးများ၏ တိုက်ကွက်များအောက်သို့ ရောက်ရှိနေသည့်တိုင်အောင် သူတို့က ဆက်လက်ပြီး ချီတက်နေကြသေးသည်။ သူတို့က အလောင်းကော်ဇောကို ကျော်ဖြတ်ပြီး ဒိုင်းများထံ ခုန်ကျော်လျှက် တက်နိုင်ရန် ကြိုးစားကြလေ၏။

စွစ် စွစ် စွစ်

ဒိုင်းများ၏အနောက်မှ အကြီးအသေးပါလာ့မှ စစ်သည်တော်များ၏ လှံတိုများက တဖန်ထပ်ပြီး လွင့်ထွက်လာပြန်သည်။ ဖြတ်လတ်သော မြွေများကဲ့သို့ ထိုလှံတိုများက အာရပ်သံချပ်ကာအဟကြားကို ကွက်တိရှာနိုင်လျှက် ထိုးဖောက်သွားလေပြီး အာရပ်စစ်သားများကို သတ်ဖြတ်သည်။

အကြီးအသေးပါလာ့မှ လှံသမားများက သူတို့၏ အင်အားကို အပြည့်အဝ ထုတ်ပြနိုင်ကြသည်။ သံချပ်ကာကို ထိုးဖောက်နိုင်သည့် စွမ်းရည်သီးသန့်ခြင်းယှဉ်သော် အနောက်ပိုင်းနယ်မြေရှိ မည်သူကမှ သူတို့ကို မယှဉ်နိုင်ကြချေ။ သို့သော် ထိုအခြေအနေက အာရပ်များကို ရပ်တန့်အောင် မလုပ်နိုင်ချေ။

“သတ် တိုက်ခိုက် သူတို့အားလုံးကိုသတ်”

အာရပ်စစ်သည်တော်တစ်ယောက်က အလောင်းတစ်ခုကို သုံးပြီး အကာအကွယ်ယူလျှက် သူ၏ ဓားမောက်ရှည်ကို လက်နှစ်ဖက်လုံးဖြင့် ကိုင်ဆွဲလိုက်ကာ ထန်စစ်သည်တော်များထံ ခုန်အုပ်ပြီး ခပ်ကြမ်းကြမ်း ဝင်တိုက်ကာ သတ်ဖြတ်သည်။

တစ်ယောက် နှစ်ယောက် သုံးယောက်...

မရေမတွက်နိုင်သော အာရပ်စစ်သည်တော်များက သေဆုံးရမည့်အရေးကို ဂရုမစိုက်သလိုမျိုး ပထမခုခံရေးအားလှိုင်းထံ အတင်းတိုးဝင်လာကြသည်။

သူတို့ဟာ အဆုံးအစမဲ့အောင် လွှမ်းမိုးလာသော ရေလှိုင်းများကဲ့သို့ ထင်ရသည်။ သူတို့ကို ပျားပုံးလက်နက်များ၊ လက်နက်ကြီးများက မတားနိုင်ကြချေ။

ထိုအခြေအနေက ပထမအဆင့် ခုခံရေးအားလှိုင်းတွင်သာ ဖြစ်နိုင်ခဲ့ခြင်းမဟုတ်ချေ။ တိုက်ပွဲနယ်မြေ၏ အရှေ့ဘက်အခြမ်းဖြစ်သည့် ဒုတိယမြောက် ခုခံရေးအားလှိုင်း အနောက်ဘက်ခြမ်းတွင်လည်း ချီရှီကာကွယ်ရေးစစ်တပ်က ပို၍ဆိုးရွားသော အနေအထားမျိုးကို ရင်ဆိုင်နေရသေးသည်။

အခန်း(၉၀၇)

လမ်းလွှဲဓားစံအိမ်ရဲ့ ကြယ်အဆင့်ဗိုလ်ချုပ်များ... ထက်ရှသောအစွမ်း

“ထုတ်လွှတ်”

ရွှီခဲ့ယွီက ပျားပုံးလက်နက်ပုံးအဖွဲ့နှင့် သူ၏လက်နက်ကြီးအဖွဲ့ကို ပူးပေါင်းထားသည့် အင်အားစုကို ဦးဆောင်နေရင်း ရောက်လာသည့် အဖွဲ့ဝင်တိုင်းကို ခပ်ကြမ်းကြမ်း ပစ်ခတ်ခိုင်းနေသည်။ သူ၏ပစ်မှတ်ကမူ အနောက်ပိုင်းတူရကီနှင့် တိဗက်မြင်းတပ်ဖြစ်သည်။

သာ့လွန်ရော့ကျန်း၏ လောက်လေးခွကြီးများက မျှော်လင့်ထားသည်ထက် သက်ရောက်မှုကြီးမားခဲ့သည်။ အထူးသဖြင့် ရွှီခဲ့ယွီ၏ လက်နက်ကြီးအသင်းကို ရင်ဆိုင်ရာတွင်ဖြစ်သည်။ သူတို့က ယခင်ကတည်းက ချိန်ရွယ်ထားပြီးသားပစ်မှတ် ဖြစ်ခဲ့၏။ ယခုလို ဆက်တိုက် ကျရောက်လာသော ကျောက်တုံးမိုးများအောက်တွင် လက်နက်ကြီး လေးဆယ်မှ ငါးဆယ်ခန့်က ဖျက်ဆီးခံလိုက်ရသည်။ သေးငယ်သော ပမာဏကသာ ပြန်ပြင်နိုင်ကြသည်။ သို့သော် ပြန်ပြင်နေသော အနေအထားမျိုးတွင်သာ ရှိနေသေးလေသည်။

မြို့ရိုးပေါ်မှ သံမဏိ လောက်လေးခွကြီးများက တိုက်ကွက်ကို အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည့်တိုင်အောင် တူရကီနှင့် တိဗက်မြင်းတပ်များကလည်း ဒုတိယမြောက် ခုခံရေးအားလှိုင်းထံ အောင်မြင်စွာ ချီတက်နိုင်ခဲ့ကြသည်။ ရွှီခဲ့ယွီက ရန်သူစစ်သည်တော်များထံတွင်သာ ပစ်ခတ်ရန် အချိန်ယူနိုင်လေသည်။

ဘုန်း ဘုန်း ဘုန်း

လက်နက်ကြီးများက တစ်သုတ်ပြီးတစ်သုတ် ပစ်ခတ်လိုက်ချိန်တိုင်း လေထဲသို့ ဟိန်းဟောက်သော အသံနှင့်အတူ ဝင်ရောက်သွားသည်။ ထို့နောက် ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အရှေ့ဘက်ကို ဝရုန်းသုန်းကား ဖြစ်သွားစေသည်။ တိဗက်နှင့် တူရကီမြင်းတပ်က တစ်သုတ်ပြီးတစ်သုတ် သေဆုံးနေကြရ၏။ သူတို့၏ခန္ဓာကိုယ်က ဖုန်မှုန့်များကို မြောက်တက်လာစေလျှက် သူတို့၏ကိုယ်ကလည်း မြေပြင်တွင် တရွတ်တိုက် ပါသွားကြသည်။ သို့သော် အမှန်တိုင်းဆိုရသော် ရွှီခဲ့ယွီ၏ လုပ်ကြံသတ်ဖြတ်မှုမှာ ခြိမ်းခြောက်နိုင်စွမ်းအားက ထင်သလောက် လေးစားဖွယ်မရှိချေ။

သာ့လွန်ရော့ကျန်းနှင့် တုဝူစစ်လီတို့က သူတို့၏မြင်းတပ်ကို ကြားအဟနေရာမရှိအောင် အပြည့်အဝ ကိုင်ရပ်ထားခိုင်းကြသည်။ သူတို့တွင် လုံးဝိုင်းသော ဒိုင်းများလည်းပါသည်။ အနောက်ဘက်တွင်မှသာ စစ်သည်တော်များက ပုန်းနေကြခြင်းဖြစ်ပြီး သူတို့၏ခန္ဓာကိုယ်ကို မြင်းနှင့်ကပ်ထား၏။ ထို့ကြောင့် တူညီသော လက်နက်ကြီးပစ်ခတ်မှုမျိုး ဖြစ်နေသည့်တိုင်အောင် ယခင်အကြိမ်များလောက် သက်ရောက်မှု မရှိတော့ချေ။

လက်နက်ကြီးတစ်ခုက လူလေးယောက် ငါးယောက်ခန့်ကိုသာ သတ်နိုင်သည်။ အများဆုံးမှ ရှစ်ယောက်ခန့်သာရှိ၏။ လူတစ်သိန်းနှစ်သောင်းခန့်ရှိသော စစ်တပ်တစ်ခုအတွက် ထိုပမာဏက အထိမနာသေးချေ။

“အသင့်ပြင်”

အရှေ့ပိုင်း တိုက်ပွဲနယ်မြေတစ်ခုလုံးကို တည်ငြိမ်ကာ အင်အားအပြည့်ပါသည့် အသံမျိုးက ပေါ်ထွက်လာသည်။ လီစစ်ယဲ့က သူ၏ဖာဟားနား တောင်ပေါ်မြင်းကိုစီးပြီး သူ၏ ကိုယ်စားပြု ဝု့စ်သံမဏိဓားမှ စွမ်းအင်များကို တောက်ပစေလျှက် မြင်းအပြေးနှင်လာသည်။ ကြီးမားသော ဓားကြီးက မြောက်လာသည်နှင့် ဝူရှန်းမြင်းတပ်ငါးထောင်က လျှင်မြန်စွာဖြင့် ကပ်ပါလာသည်။

သူတို့အားလုံးဟာ ဥက္ကာပျံ သတ္တုသံချပ်ကာကို ဝတ်ဆင်ထားကြပြီး ဝု့စ်သံမဏိဓားများ ကိုင်ထားကြသည်။ စိတ်ပိုင်းဆိုင်ရာပင်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အင်အားချင်းပင်ဖြစ်စေ သူတို့က အထွဋ်အထိပ် အနေအထားမျိုးတွင်ရှိပြီး ဗဟိုပြင်ကျယ်သမိုင်းမှ အင်အားအကြီးဆုံး မြင်းတပ်လည်း ဖြစ်လေသည်။ ပို၍အရးကြီးသည်မှာ ထိုမြင်းတပ်ငါးထောင်လုံးက အလွန်အမင်း စည်းကမ်းသေဝပ်စွာ ရှိနေကြသည့်အပြင် အမိန့်တိုင်း တသမတ်တည်း လှုပ်ရှားနိုင်ကြသည်။ ထို့ကြောင့် မည်သည့်မြင်းတပ်ကမှ ထိုအခြေအနေကို မယှဉ်နိုင်ကြချေ။

“စစ်သည်တော်တိုင်း တိုက်ပွဲအတွက် ပြင်ဆင်ကြ”

ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အနောက်ဘက်မှ ဓားများကို ဓားအိမ်ထဲမှ ထုတ်သံများက ကျယ်လောင်စွာ ပေါ်ထွက်လာသည်။ လီစစ်ယဲ့နှင့် သူ၏ဝူရှန်းမြင်းတပ် ငါးထောင်ကသာ တိုက်ပွဲအတွက် အသင့်ပြင်နေခြင်းမဟုတ်ချေ။ စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်နှင့် အခြားသော လမ်းလွှဲဓားစံအိမ်မှ လက်ရွေးစင်တိုင်းက ချီရှီနှင့် အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သား မြင်းတပ်အဖွဲ့ဝင်များနှင့်အတူ စီတန်းလျှက် ရှိနေကြသည်။ ထိုသို့ဖြင့် သေသပ်သော စတုရန်းပုံစံအတန်းလိုက် နေရာယူထားကြပြီး တိုက်ပွဲအတွက် အသင့်ပြင်နေကြ၏။

တာလာ့၏တိုက်ပွဲက လမ်းလွှဲဓားစံအိမ်နှင့် အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများအတွက် ပထမဦးဆုံး တိုက်ခိုက်ဖူးသည့် တိုက်ပွဲလည်းမဟုတ်ချေ။ အထူးသဖြင့် သူတို့က လီစစ်ယဲ့နှင့် ပူးပေါင်းလုပ်ဆောင်ဖူးကြသည်။ ထို့ကြောင့် ယခုလို အဖွဲ့လေးများဖွဲ့ကာ ပူူးပေါင်းသတ်ဖြတ်မှုအတွက် အသင့်ပြင်ဆင်ထားနိုင်ကြသည်။

အာဝူး...

မီးခိုးရောင် ဝံပုလွေသောင်းကျော်က အပြေးလာသည်။ တုဝူစစ်လီက သူနှင့်အတူ ဝံပုလွေမည်မျှ သယ်လာကြောင်း မည်သူမှမသိနိုင်ချေ။ သို့သော် အဆုံးအစမဲ့ပုံပေါ်၏။ ပျားပုံးလက်နက်များက တစ်သုတ်ကို ရှင်းခဲ့သည်။ သို့သော် နောက်တစ်သုတ်က ချက်ချင်းအစားဝင်လာ၏။ ကောင်းကင်တွင်လည်း လင်းတများက သူတို့၏ ထူးဆန်းသော အော်သံများနှင့်အတူ ရှေ့ပြန်နောက်ပြန် လုပ်နေကြသည်။ စိတ်ပူရန် အထိုက်တန်ဆုံး အင်အားစုကြီးကမူ တူရကီနှင့် တိဗက်မြင်းတပ် သောင်းကျော်ဖြစ်သည်။

“သတ်”

ရန်သူမြင်းတပ်က သူတို့၏ မြင့်မားသော အရှိန်နှုန်းကို တဖန်ထပ်မြှင့်လျှက် အော်ဟစ်လိုက်ကြသည်။ ပျားပုံးလက်နက်များပင်ဖြစ်စေ၊ လက်နက်ကြီးများပင်ဖြစ်စေ သူတို့ကို မတားနိုင်ကြချေ။

ကျန်းနှစ်ဆယ်

ဆယ်ကျန်း

“ချီတက်”

အနည်းငယ်မျှပင် တုန့်ဆိုင်းမှုမရှိဘဲ လီစစ်ယဲ့ကလည်း သူ၏ဓားကို ရှေ့သို့ချိန်လိုက်ပြီး လျှပ်စီးလက်သွားသလိုမျိုး သံမဏိမြို့ရိုးမှ စတင်ကာ ထွက်ခွာသည်။

မြေကမ္ဘာက တုန်ဟီးသွားသည်နှင့် ဝူရှန်းမြင်းတပ် ငါးထောင်လုံးက ဓားအိမ်ထဲမှဓားကို ဆွဲထုတ်လိုက်သလိုမျိုး တစ်သုတ်တည်း ချီတက်သွားကြပြီး လီစစ်ယဲ့၏အနောက်မှ လိုက်ပါသွားကြသည်။

ထိုသို့ဖော်ပြရန် ခက်ခဲလွန်းသော သူတို့၏အရှိန်နှုန်းက တစ်သားတည်းဖြစ်နေသည်။

“သတ်”

တစ်ချိန်တည်းတွင်ပင် စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်နှင့် အခြားသော ချီရှီစစ်သည်တော်တိုင်းကလည်း ချီတက်ကြသည်။ သူတို့အားလုံးက အသားကုန် ကျုံးဝါးအော်ဟစ်နေကြ၏။ အနောက်တွင် ကျန်နေရစ်မည့်အရေးကို စိုးရိမ်သည့်အလား တူရကီနှင့် တိဗက်များအတွက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်နှုန်းနှင့်အတူ ချီတက်သွားကြသည်။ ဝမ်ချောင်က ဒုတိယမြောက် ခုခံရေးအားလှိုင်းအတွက် ခြားနားသောဗျူဟာကို ထုတ်ပေးထားသည်။ ထန်မြင်းတပ် လေးသောင်းကျော်က အနောက်ဘက်မြို့ရိုးထဲမှ ထွက်လာပြီး တိဗက်နှင့် တူရကီများကို ရင်ဆိုင်သည်။ သူတို့က နောက်ဆုတ်ရန် မရွေးချယ်ကြဘဲ ရန်သူထံ ချီတက်သွားကြသည်။

ဗဟိုပြင်ကျယ်တွင် မဟာထန်က နောက်ဆုတ်ရန် အကြောင်းပြချက်မရှိချေ။ အနောက်ပိုင်းတူရကီကို ရင်ဆိုင်ရချိန်တွင်ဖြစ်စေ၊ တိဗက်များကို ရင်ဆိုင်ရချိန်တွင်ဖြစ်စေ နောက်ဆုတ်ရန် မလိုအပ်ချေ။

ခြိမ်း

မြင်းတပ်အင်အားစုနှစ်ခုက ရှေးဦးမူလဖြစ်မည်မှု သားရဲကြီးများကဲ့သို့ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်နေကြသည်။ မည်သည့်ဘက်ကမှ နောက်မတွန့်ချင်ကြချေ။

ဘုန်း

ခလွပ်

ဓားအရောင်များက လက်သွားသည်။ မျက်တောင်တစ်ခတ် အချိန်အတွင်း တူရကီနှင့် တိဗက်မြင်းတပ် ထောင်ပေါင်းများစွာက ဝူရှန်းမြင်းတပ်ဝင်များ၏ မြင်းခွာများအောက်တွင် လဲပြိုကျသွားကြ၏။

ဝု့စ်သံမဏိဓားများ၏ အရှေ့တွင် တိဗက်နှင့် တူရကီများ၏ သံချပ်ကာများက စက္ကူသားနှင့်လုပ်ထားသလို ဖြစ်သွားသည်။ သူတို့က ချက်ချင်းလိုလို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်ခံရ၏။ ဝူရှန်းမြင်းတပ် ငါးထောင်က မရပ်တန့်နိုင်သော အရှိန်နှုန်းနှင့် ဆက်တိုက် ခုတ်ပိုင်းနေပြီး တူရကီနှင့် တိဗက်စစ်တပ်ကို ဟင်းရွက်ကန်စွန်းများ ခုတ်သင်နေသလို ဆက်တိုက် ခုတ်ပိုင်းသွားကြသည်။

ဘုန်း

တစ်ကြိမ်ချီတက်ရုံနှင့် တူရကီနှင့် တိဗက်မြင်းတပ် လက်ရွေးစင်များအားလုံးက လဲဖြိုခံရပြီး တစ်စစီဖြစ်သွားကြ၏။ စစ်သည်သောင်းကျော်က ကစဉ့်ကလျားဖြစ်သည့် အနေအထားမျိုးသို့ ဝင်ရောက်သွားသည်။

“ချီတက် ငါ့ရဲ့မဟာထန်ကို ရန်စတဲ့လူတိုင်း အပြစ်ပေးခံရမယ်။ သူတို့ဘယ်လောက်ဝေးဝေး အရေးမကြီးဘူး။ အားလုံးကို သတ်ရမယ်”

လီစစ်ယဲ့နှင့် ဝူရှန်းမြင်းတပ်၏ ဦးဆောင်မှုနောက်တွင် စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်နှင့် အခြားသော လမ်းလွှဲဓားစံအိမ်မှ လက်ရွေးစင်တိုင်း၏ သွေးများက ခေါင်းထဲထိုးတက်သွားသလိုမျိုး ခံစားရသည်။ သူတို့က သူတို့၏ကိုယ်ပိုင် မြင်းတပ်အင်အားစုကို သယ်ဆောင်လျှက် တိုက်ပွဲနယ်မြေထဲသို့ ဝင်ရောက်သည်။

ဘုန်း ဘုန်း ဘုန်း

ခုခံခြင်းချီစက်ကွင်း၊ ချီတက်ခြင်းချီစက်ကွင်း၊ တိုက်ခိုက်ခြင်းချီစက်ကွင်း၊ အင်အားချီစက်ကွင်း... စသဖြင့် မြောက်များလှစွာသော ချီစက်ကွင်းများက သူတို့၏ကိုယ်အတွင်းမှ ဝါးပွင့်များ ပွင့်သလိုမျိုး ပွင့်လန်းထွက်လာပြီး မိုးရွာသလိုမျိုး ထိုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။

ချီစက်ကွင်းက ချီစက်ကွင်းချင်း ထိပ်တိုက်ရင်ဆိုင်သည်။ စစ်မြင်းက စစ်မြင်းချင်း ထိပ်တိုက်ရင်ဆိုင်သည်။ စစ်သည်တော်များက အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရသည်။

စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်းနှင့် ချီဝေ့စစ်တို့က သူတို့၏စစ်သည် သောင်းကျော်ကို ဦးဆောင်လျှက် တိုက်ပွဲနယ်မြေထံ ရဲဝံ့စွာ ချီတက်သွားသည်။ သို့သော် သာမာန်ဗိုလ်ချုပ်များနှင့် မတူသည်မှာ သူတို့ဟာ တိဗက်နှင့် တူရကီများနှင့် တိုက်ရိုက် ထိပ်တိုက်ရင်ဆိုင်ခြင်းမပြုချေ။ သူတို့က လီစစ်ယဲ့နှင့် ပူးပေါင်းလေပြီး ဒီတိုက်ပွဲအတွက် ထန်များကို ပိုပြီးအားသာသော အနေအထားမျိုးသို့ ရောက်အောင် ပြောင်းလဲပေးကြသည်။

ဟီး...

စွန်းကျစ်မင်က သူ၏မြင်းတပ်ကိုဦးဆောင်ပြီး လီစစ်ယဲ့၏အနားတွင် စက်ဝိုင်းခြမ်းပုံသဏ္ဍန် ဝိုင်းပတ်လျှက် တိဗက်ရှစ်ထောင်ထံ ချီတက်သွားသည်။ တိတိကျကျဆိုရသော် စီစဉ်မှုမကျဆုံး ခုခံအားအနည်းဆုံး နေရာသို့ကွက်တိဝင်ရောက်သွားခြင်းဖြစ်သည်။ ဒီတစ်ခေါက် တိုက်ပွဲ၏ အချိန်နှင့်နေရာက ပြီးပြည့်စုံနေသည်။ မြင်းများ၏ ထိပ်တိုက်ရင်ဆိုင်သံ၊ ဆေဘာများ၏ လင်းလက်မှုများအကြားတွင် စွန်းကျစ်မင်၏ အင်အားစုက တိဗက်အဖွဲ့ဝင်များကို ကစဉ့်ကလျားဖြစ်အောင် လုပ်လိုက်နိုင်သည်။ လီစစ်ယဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် နှစ်ခြမ်းအခွဲခံလိုက်ရသော စစ်တပ်က ယခုအခါ ပို၍ပင် ဆိုးရွားသည့် ကစဉ့်ကလျား အနေအထားမျိုးသို့ ရောက်ရှိသွားသည်။

ထိုအချိန်တွင် ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်၊ ကောင်းဖုန်းနှင့် နျဲ့ယန်တို့ကဲ့သို့ လမ်းလွှဲဓားစံအိမ်မှ ကျောင်းသားများကလည်း လီစစ်ယဲ့အတွက် လမ်းကြောင်းဖွင့်ပေးရန် ပူးပေါင်းဆောင်ရွက်ထားကြပြီး ဘယ်နှင့်ညာကို ခွဲကာသတ်ကြသည်။ သူတို့ကို ဝမ်ချောင်က စစ်အနုပညာ သင်ပေးခဲ့သည်။ ထို့ကြောင့် ယခုအခါ ဗျူဟာများကို လက်တွေ့ လေ့ကျင့်ရေးဆင်းသည့် အနေအထားမျိုးနှင့် ထုတ်သုံးရန် အချိန်ကျလာသည်။

ထိုအရာသာမကသေးလေဘဲ ဝမ်ချောင်က မရှိနေသောအခါ သူ၏အကြံပြုချက်အောက်တွင် သူတို့က တစ်ယောက်ထံမှတစ်ယောက် ဆွေးနွေးကာ သင်ယူလေ့လာကြသေးသည်။ စွန်းကျစ်မင်က ဝမ်ချောင်ထံမှ လေ့လာထားခဲ့ရသော အရာအပေါ် သူ၏မြင်းတပ် ဗျူဟာများထံ သူ၏အတွေးအမြင်များကို ထည့်သွင်းပြောပြလေ့ရှိပြီး လမ်းလွှဲဓားစံအိမ်သို့ပြန်လည်ပို့ချပေးသည်။ အနာဂတ်မဟာထန်၏ နံပါတ်တစ် မြင်းတပ် ဗိုလ်ချုပ်ကြီး တစ်ယောက်ဖြစ်သည့် လမ်းညွှန်ပြသမှုနှင့်အတူ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်၊ ကောင်းဖုန်း၊ နျဲ့ယန်နှင့် အခြားသောအဖွဲ့ဝင်တိုင်းက သာမာန်လူများထက် ပို၍ ထူးချွန်သော အနေအထားမျိုးသို့ မြင်းတပ်ဗျူဟာများကို နားလည်သဘောပေါက်လာကြသည်။

သူတို့က ရုပ်ပိုင်းဆိုင်ရာ ခွန်အားဖြင့် အရှိန်အဝါ မကြီးနိုင်သေးချေ။ သို့သော် တိုက်ပွဲအပေါ် အထိမခံဖြစ်မှု၊ ဗျူဟာထုတ်ဖော်မှုနှင့် အချိန်မှီတုန့်ပြန်နိုင်မှုအရာတွင်မူ မှင်သက်ဖွယ်ကောင်းလာသည်။

ဘုန်း ဘုန်း ဘုန်း

လမ်းလွှဲဓားစံအိမ်မှ အဖွဲ့ဝင်များက သူတို့၏မြင်းတပ် အဖွဲ့ဝင်များကို ဦးဆောင်ခေါ်သွားပြီး ရန်သူစစ်တပ် တစ်ခုလုံးကို ကျော်ဖြတ်လွှမ်းမိုးနေသော အချိန်တွင် ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အရှေ့ဘက်ခြမ်းက ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက်ဖြစ်ပေါ်နေသည်။ ထန်မြင်းတပ် လေးသောင်းက တိဗက်နှင့် တူရကီခြောက်သောင်းကို ကစဉ့်ကလျား ဖြစ်သွားစေသည်။

ထိုမြင်ကွင်းကြောင့် တုဝူစစ်လီ၊ သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းနှင့် တုစုန့်မာန်ဖော်ကျဲ့တို့ကပင် အံ့အားတကြီး ကြောင်အသွားကြသည်။

“ဒီလူတွေက တကယ်ပဲ ဘယ်သူလဲ။ မဟာထန်က ဘယ်အချိန်ကများ ဒီလောက်ထိ လေးစားဖို့ကောင်းတဲ့ ပုဂ္ဂိုလ်တွေကို ပိုင်ဆိုင်သွားတာလဲ။ ချီရှီကာကွယ်ရေးစစ်တပ်မှာတောင် ဒီလိုလူမျိုးတွေ ရှိတာမဟုတ်ဘူး”

တုဝူစစ်လီက အလွန်အမင်း အတွေ့အကြုံကြီးသည့် ဗိုလ်ချုပ်တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် တာလာ့သို့လာသော သူ၏ရည်ရွယ်ချက် ကောင်းရှန်းကျစ်၊ ဝမ်ချောင်နှင့် နာမည်ကျော်ကြားသော အန်းရှီကာကွယ်ရေးစစ်တပ်မှ လူအချို့နှင့် ရင်ဆိုင်ရန်သာဖြစ်သည်။ သူဟာလည်း ဝမ်ချောင်ဟာ သူ၏လက်အောက်တွင် ထိုမျှလေးစားဖွယ်ကောင်းသည့် ဗျူဟာဗိုလ်ချုပ်များကို ပိုင်ဆိုင်ထားလိမ့်မည်ဟု မမျှော်လင့်ထားမိချေ။ သူတို့ဟာ အင်အားကြီးပုံမရချေ။ သို့သော် သူတို့၏ တိုက်ပွဲနယ်မြေကို ဖမ်းဆုပ်နိုင်စွမ်းအားကမူ ရိုးရှင်းသော အတိုင်းအတာကို ကျော်လွန်သွားသည်။ သူက တောင်ကုန်းများနောက်မှ ကြည့်နေသည့်တိုင်အောင် တစ်ဖက်ခြိမ်းခြောက်မှုထံမှတဆင့် ထက်ရှမှုကို ခံစားမိသေးသည်။ မဟာထန်၏ ထိုအငယ်တန်းဗိုလ်ချုပ်များ အားလုံးက မြင်းတပ်သောင်းကျော်လောက်ကို ဦးဆောင်ပြီး မရေမတွက်နိုင်အောင် မြောက်များသည့် ဓားများအသွင်ပြောင်းလျှက် တူရကီနှင့် တိဗက်စစ်သည်တော်များအတွင်းသို့ ထိုးသွင်းကာ အတွေ့အကြုံရှိ လက်ရွေးစင်တိုင်းကို လူစုကွဲပြီး ကစဉ့်ကလျား ဖြစ်သွားစေသည်။ ထိုအနေအထားကတင် ထိုဗိုလ်ချုပ်များက ထုတ်နိုင်သည့် ခြိမ်းခြောက်မှုအားက မည်မျှကြီးကြောင်း အလွယ်တကူ မြင်နိုင်သည်။

“ငါမသိဘူး”

သာ့လွန်ရော့ကျန်းက နောက်ဆုံးတွင် ထုတ်ပြောသည်။ သူက မျက်မှောင်ကျုံ့နေ၏။ တုဝူစစ်လီကသာ ထိုရလဒ်ကြောင့် အံ့အားသင့်နေခြင်းမဟုတ်ချေ။ အတိတ်တွင် သာ့လွန်ရော့ကျန်းက ဝမ်ချောင်ဟာ အလွန်အမင်း လေးစားဖွယ်ကောင်းသော ဗျူဟာပညာရှင်နှင့် နည်းပညာရှင်ဖြစ်ကြောင်း သိခဲ့သည်။ သို့သော် ဝမ်ချောင်၏ လက်အောက်ငယ်သားများကလည်း ထိုမျှအထိ ကြောက်မက်ဖွယ်ကောင်းကြောင်း မသိခဲ့ချေ။ ထိုသို့သော လက်အောက်ငယ်သားများက ဝမ်ချောင်ထုတ်နိုင်သည့် ခြိမ်းခြောက်မှုကို မြှင့်တင်ပေးနိုင်သည်။ ဒါက ကျားကို အတောင်ပံတပ်ပေးလိုက်သလို ဖြစ်သွားသည်။

အားနည်းချက်ဖြစ်သည့် သူတို့၏ ရုပ်ပိုင်ဆိုင်ရာ ခန္ဓာကိုယ်အင်အား လိုအပ်ချက်အတွက်ကမူ ထိုမျှအထိ အရေးမကြီးချေ။

“မဟာထန်ရဲ့ သူတော်စင်ဧကရာဇ်က တည်ထောင်ထားတဲ့ စစ်လေ့ကျင့်ရေးစခန်း သုံးခုရှိတယ်လို့ကြားတယ်။ အဲ့ဒါတွေက ခွန်းဝူလေ့ကျင့်ရေးစခန်းဆိုတဲ့ လမ်းလွှဲဓားစံအိမ်ကို လက်ရှိ ချီရှီကာကွယ်ရေးဗိုလ်ချုပ်က တည်ထောင်ထားခဲ့တာ။ အဲ့ဒီလမ်းလွှဲဓားစံအိမ်က ခွန်းဝူလူသစ် လေ့ကျင့်ရေးစခန်းက ကျောင်းသားအချို့ကို ခေါ်သွားတယ်လို့ ကြားတယ်။ သူတို့တွေက ငါတို့အခု တွေ့နေရတဲ့လူတွေ ဖြစ်လောက်တယ်”

သာ့လွန်ရော့ကျန်း၏ ဆံပင်မွှေးများက လေနှင့်အတူ လွင့်သည်။ သူက ခပ်တိုးတိုးပြောသည်။

သူကိုယ်တိုင်ကလည်း ထိုအငယ်တန်းဗိုလ်ချုပ်များအကြောင်း ထင်သလောက် မသိသည့်တိုင်အောင် သာ့လွန်ရော့ကျန်းအနေနှင့် ဝမ်ချောင်ကို သူ၏ရန်သူအဖြစ် သတ်မှတ်ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ဝမ်ချောင်နှင့်ပတ်သတ်လျှင် တုဝူစစ်လီထက် ပို၍နားလည်နေသေးသည်။ ထိုတခဏတွင် သာ့လွန်ရော့ကျန်းက စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်၊ ကောင်းဖုန်းနှင့် နျဲ့ယန်တို့၏ နောက်ခံကို ဖမ်းဆုပ်လိုက်နိုင်သည်။

အခန်း(၉၀၈)

လီစစ်ယဲ့၊ စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချီဝေ့စစ်၊ ကောင်းဖုန်း၊ နျဲ့ယန်... ထိုဗိုလ်ချုပ်တိုင်းက ချီရှီမှ အင်အားစုကို ဦးဆောင်လျှက် ဒုတိယမြောက် ခုခံရေးအားလှိုင်း၏ အရှေ့သို့ ချီတက်သွားကြသည်။ သို့ရာတွင် သူတို့၏ အင်အားစုလေးသောင်းက တစ်သိန်းကျော်သော တူရကီတိဗက် လက်ရွေးစင်များကို မတားနိုင်ကြချေ။ စစ်သည်တော်များအတွက် အရည်အသွေးက အရေအတွက်ထက် အလေးချိန်သာသည်။ ဒီတိုက်ပွဲက တာလာ့တွင် ဖြစ်ပွားလေပြီး ခုံးတောင်တန်း၏ အနောက်ဘက်တွင်ရှိသည်။ တိဗက်နှင့် တူရကီများက ဒီနေရာသို့ လျို့ဝှက်ပြီး ချဉ်းကပ်လာရန် လိုအပ်သေးသည်။ ထိုအတွက်ကြောင့် သူတို့နှင့်အတူ စစ်သည်တော်အများကြီး မခေါ်လာနိုင်ခဲ့ချေ။ ထိုအတွက်ကြောင့်လည်း သာ့လွန်ရော့ကျန်းက စစ်သည်ခုနှစ်သောင်းနှင့် တုဝူစစ်လီက လေးသောင်းတို့ကို ခေါ်လာခဲ့ခြင်းဖြစ်သည်။ သို့သော် အားလုံးက လက်ရွေးစင်များထဲမှ လက်ရွေးစင်များ ဖြစ်နေသည်။

မဟာထန်၏ စစ်သည်လေးသောင်းနှင့် တိုက်ခိုက်ခဲ့သော်လည်း သူတို့က အဆုံးအစမဲ့သည့် အားလှိုင်းများကဲ့သို့ ဆက်လက်ပြီး ဝင်တိုးနိုင်ကြသည်။ လီစစ်ယဲ့နှင့် ဝူရှန်းမြင်းတပ်ကပင် ထိုခုခံရေးအားလှိုင်းကို ကျော်ဖြတ်ပြီး ရပ်တန့်သွားအောင် မလုပ်နိုင်ကြချေ။

အချို့သော တူရကီနှင့် တိဗက်များက လီစစ်ယဲ့နှင့် စွန်းကျစ်မင်တို့၏ တိုက်ကွက်ကို ပတ်သွားပြီး တုဝူစစ်လီ၏ ဝံပုလွေများနှင့် ပူးပေါင်းကာ ရွှီခဲ့ယွီ၏ လက်နက်ကြီးအင်အားစုထံ ဦးတည်ကြသည်။ ထိုအဖွဲ့ကလည်း ယခင်ကတည်းက သူတို့၏ မူရင်းပစ်မှတ်ဖြစ်ခဲ့လေသည်။

ဟီး ဟီး ဟီး....

တူရကီမြင်းတပ် အဖွဲ့ဝင်တစ်ယောက်၏ စစ်မြင်းက ဟီပြီး ဝံပုလွေအလောင်းတောင်ကို ချေးငှားယူလျှက် ခြေလျှင်တပ် အဖွဲ့ဝင်များ၏ ဒိုင်းများကိုခုန်ကျော်ကာ အနောက်ဘက်သို့ ဝင်ရောက်ရန် ကြိုးစားသည်။

စွစ် စွစ် စွစ်

မရေမတွက်နိုင်သော ဆေဘာများ၊ လှံများ၊ ဓားများ၊ ခက်ရင်းခွများအားလုံးက သူ့ထံ အဖက်ဖက်မှ ဝင်ရောက်လာကြသည်။

ထိုတူရကီမြင်းသည်တော်၏ ခန္ဓာကိုယ်၏ နေရာတိုင်းက သွေးများယိုစမ့်ရာ နေရာဖြစ်သွားသည်။ ဒီထက်ပို၍ ဆက်သွယ်၍ပင် မရတော့သော အနေအထားအထိ ရောက်သွားသည့် အလောင်းတစ်လောင်း ဖြစ်သွားသည်။ သို့သော် သူရောက်လာခြင်းက အချက်ပြလိုက်သလိုမျိုး သိပ်မကြာခင် ကျန်သောစစ်တပ်များက ရောက်လာကြသည်။ တူရကီ၊ တိဗက်မြင်းတပ် အဖွဲ့ဝင်များက နှစ်ယောက်၊ သုံးယောက်ပေါင်းကာ ခုန်တက်လာကြပြီး စစ်တပ်၏အလယ်နေရာသို့ ခုန်ချလျှက် ကျရှုံးခြင်း နေရာတစ်ခုကို သတ်မှတ်ရန် ကြိုးစားသည်။

“သတ်”

ထိုအချိန်တွင် အခြားတစ်ဖက်မှ ကောင်းကင်တစ်ခုလုံးကို ကျော်ဖြတ်သွားသည့် အေးစိမ့်နေသော အသံတစ်သံက ပေါ်ထွက်လာသည်။ ထိုဘာသာစကားက ထန်ဘာသာစကားနှင့်မဟုတ်ဘဲ အာရပ်ဘာသာစကားဖြင့် ပြောထားခြင်းဖြစ်သည်။ အသံက ကြမ်းတမ်းပြီး သွေးဆာမှုအပြည့်ပါသည်။ အာရပ်သားရဲဆိုသော ခါလဲ့က သူ၏ သံမဏိသားရဲစစ်တပ်ကို လက်နက်ကြီးအဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် အင်အားနည်းစေခဲ့သည့် ကိစ္စနှင့်ပတ်သတ်ပြီး အလွန်အမင်း ဒေါသထွက်စေခဲ့သည်။

ဝေါင်း

သံမဏိသားရဲစစ်သည်တော် တစ်ယောက်က သူ၏သားရဲပေါ်မှ ခုန်ဆင်းလိုက်ပြီး ကြီးမားသော မြင်းအလောင်းကြီးပေါ် ခုန်တက်လျှက် လက်နက်ကြီးများ ရှိရာဘက်သို့ ခုန်ဝင်သွားသည်။ လက်နက်ကြီးတစ်ခုက သေဆုံးပြီးသော မြင်းအလောင်းတစ်ခုကို ကျော်ဖြတ်သွားပြီး သူ၏သံချပ်ကာထံ ကွက်တိရောက်သည်။ သို့သော် သူ၏ ခုန်ဝင်မှုကို ရပ်တန့်သွားစေလေပြီး ကောင်းကင်သို့ တိုက်ရိုက် မြင့်တက်သွားစေ၏။

အာရပ်အင်ပါယာ၏ စစ်သည်တော်များကဲ့သို့ သေရေး၊ ရှင်ရေး အခြေအနေကို ကျော်ဖြတ်ခဲ့ဖူးသော လူများကသာ လက်နက်ကြီးများကို ခန္ဓာကိုယ်ဖြင့် ဝင်ကာရဲလောက်အောင် ကြမ်းတမ်းကာ အကြောက်အလန့်မဲ့သည့် ပုံစံမျိုးနှင့် ရှေ့တက်ရဲကြသည်။

အကြောက်အလန့်မဲ့သော သံမဏိသားရဲစစ်တပ်ကလည်း အာရပ်စစ်တပ် တစ်ခုလုံးအတွက် အဖိုးတန်လွန်းသော အခွင့်အရေးကို ဖန်တီးပေးလိုက်သည်။ ထောင်ပေါင်းများစွာသော သူတို့၏ လူများက လက်နက်ပုံးများ၊ လက်နက်ကြီးများ၏ အရှေ့သို့ ခုန်ဝင်ကြပြီး သေဆုံးနေကြရ၏။ သို့သော် ထိုအခြေအနေကလည်း သံမဏိမြို့ရိုးပေါ်သို့ ချီတက်ရန် အခွင့်အရေး ထုတ်ပေးကြသလို ဖြစ်နေကြသည်။ သို့သော် စစ်သားများကလည်း ထိုလှံတိုတောအုပ်ကဲ့သို့ ဖြစ်နေသည့် အင်အားစုတစ်ခုကို ထိပ်တိုက်ရင်ဆိုင်ပြီး အလောင်းများကိုသုံးကာ ခုန်ကျော်ရန် ကြိုးစားကြသည်။ သူတို့က အဖက်ဖက်မှ တိုက်ကွက်များအောက်တွင် ထိုးဖောက်ခံရပြီး သေဆုံးရသည့်တိုင်အောင် ဆက်လက်ချီတက်နေကြသည်။ သူတို့က သေဆုံးရမည့်အရေးကို ကြောက်လန့်ပုံမရချေ။ ကြောက်လန့်သည်ဆိုသော ခြိမ်းခြောက်မှုက အာရပ်များ၏ ခေါင်းအတွင်း ရှိမနေခဲ့ချေ။

သူတို့က သေလေလေ ပို၍ပင် အနိုင်လိုချင်လေလေဖြစ်သည်။ ထို့ကြောင့် သူတို့က ပို၍ပင် တိုက်ခိုက်ချင်လာသေး၏။ အကြီးအသေးပါလာ့မှ လှံတိုကြေးစားစစ်သား အဖွဲ့ဝင်များအားလုံးက ထိုသို့ ရက်စက်ကြမ်းတမ်းကာ အော်ဟစ်နေသည့် အာရပ်များကို ရင်ဆိုင်ရချိန်တွင် ကြောက်လန့်မှုကို ပြသလာကြ၏။ ထို့ကြောင့် အချို့သော ကြေးစားစစ်သားများ၏ ခံစားချက်ကို အလွယ်တကူ ခန့်မှန်းကြည့်၍ရသည်။

အနောက်ပိုင်းနယ်မြေ၏ အနောက်ဘက်ခြမ်းသို့သွားသော် တိုက်ပွဲနယ်မြေမှ ဒဏ္ဍာရီလာဖြစ်နေသည့် အာရပ်များက သေဆုံးခြင်းနှင့် ယစ်ပူဇော်ခံလိုက်ရသလို ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်ပေလိမ့်မည်။ မရေမတွက်နိုင်သော အင်အားစုများ အင်ပါယာများကလည်း အာရပ်များကို ကြောက်လန့်ကြ၏။ သူတို့၏ လေးစားဖွယ်ကောင်းသော စိတ်ဆန္ဒက သေဆုံးမှုကို မကြောက်လန့်ကြချေ။ ထိုစစ်တပ်များရှိရာ တိုင်းပြည်ကြီးများကလည်း အာရပ်များ၏ သားရဲများကဲ့သို့ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် ပြိုလဲကြပြီး တစ်စစီဖြစ်ကြရ၏။ ဒီနည်းအားဖြင့် အာရပ်များက ပြိုင်ဘက်ကင်းသည်ဆိုသော ဒဏ္ဍာရီ ပေါ်ထွက်လာခြင်းဖြစ်သည်။

တစ်သုတ် နှစ်သုတ် သုံးသုတ်

....

အာရပ်စစ်သားများက အဆုံးအစမဲ့သော ဒီရေများကဲ့သို့ ဆက်တိုက် လိမ့်တက်လာပြီး အရှေ့ပိုင်း ခုခံရေးအားလှိုင်းကို ဆက်တိုက် ဖြိုလဲနေကြသည်။ ထိုသို့ဖြင့် တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်နေခဲ့သည်။

“တောင့်ထား”

“ဆေဘာနဲ့ ပုဆိန်သမားတွေ အဆင်သင့်ပြင်”

“လေးသည်တော်တွေလည်း အဆင်သင့်ပြင်ကြ”

တိုက်ပွဲနယ်မြေတွင် ဝမ်ရန်နှင့် ဝမ်ဖူတို့ကသာ လိမ့်တက်လာသော မြစ်ကို အံ့တုကာ တည်တံ့နေသည့် ကျောက်တုံးကြီးများကဲ့သို့ နေရာမှမလှုပ်ဘဲ မြဲမြံစွာ ရပ်နေလျှက် ပထမခုခံရေးအားလှိုင်းမှ ခြေလျှင်တပ်ကို အမိန့်ပေးနေကြသည်။ အာရပ်များ၏ လုပ်ကြံသတ်ဖြတ်မှုက မည်မျှကြမ်းတမ်းနေစေကာမူ သူတို့က မည်မျှ အကြောက်အလန့်မဲ့နေပြီး မည်မျှပင် အကြိမ် မရေမတွက်နိုင်အောင် တိုက်ခိုက်လာစေကာမူ ဝမ်ရန်နှင့် ဝမ်ဖူတို့၏ ခြေလျှင်တပ်အားလှိုင်းကို မဖောက်နိုင်ကြချေ။

ပထမခုခံရေးအားလှိုင်းတွင် ဝမ်ရန်နှင့် ဝမ်ဖူတို့၏ ခုခံထားသောနေရာက လုပ်ကြံသတ်ဖြတ်မှု အများဆုံးဖြစ်သည်။ မကြာခဏ လာရောက်တိုက်ခိုက်ခံရသည့် အနေအထားလည်းဖြစ်သည်။ သို့ရာတွင် မည်မှများပြားသော အာရပ်များက သံမဏိမြို့ရိုးကို ကျော်ဖြတ်ရန် ကြိုးစားလာစေကာမူ... ဒိုင်းများ၊ ပျားပုံးလက်နက်များ၊ လက်နက်ကြီးများကို ကျော်ဖြတ်လာစေကာမူ ဝမ်ရန်၏ ခြေလျှင်တပ်ဝင်္ကပါ၏ အရှေ့တွင် အဆုံးသတ်သွားရသည်။

နောက်တန်းတွင် ခြေလျှင်တပ် တစ်သောင်းခန့်က တည်ငြိမ်စွာ အသင့်စောင့်လျှက် နေရာဝင်ယူရန် စောင့်နေလေသည်။

မြင်းတပ်ကသာ ဘုရင်ဖြစ်သော် ဒီလိုခေတ်တွင် အဆင့်မြင့် အရည်အသွေးရှိ စစ်မြင်းများကို မွေးမြူရန် မသင့်တော်သည့် အရာမျိုးကို ပိုင်ဆိုင်ထားသည့် မဟာထန်က မြင်းတပ်ကိုသာ အပြည့်အဝ အားသုံးပြီး အနိုင်ယူနိုင်ခဲ့ခြင်းမရှိချေ။ ခြေလျှင်တပ်အရာတွင် မဟာထန်က ပြိုင်ဘက်ကင်းသည်ဟုပင် ဦးဆောင်မော်ကြွားနိုင်သေး၏။ မဟာထန်က ခြေလျှင်တပ်ကိုသာသုံးပြီး ယွီစန်းအရှေ့ပိုင်း၊ အနောက်ပိုင်းတူရကီ၊ ဂိုဂူလျောနှင့် မာန်ရှဲ့ကျောင်းတို့ကို ချေမှုန်းနိုင်ခဲ့သည်။ အနောက်ပိုင်းနယ်မြေများအထိပင် ဖြန့်ကျက်နိုင်ခဲ့သေး၏။ ထိုအချိန်ကာလက ခြေလျှင်တပ်ခေတ်ဖြစ်ခဲ့သည်။

မဟာထန်က ဗဟိုပြင်ကျယ် ခြေလျှင်တပ်၏အင်အားကို လူတိုင်းအား ခံစားရအောင် တဖန်ပြန်လည် ပြသနေပြီး လွှမ်းမိုးနိုင်သည့် ပုံရိပ်ကို ထုတ်ဖော်သည်။ တစ်လောကလုံးအနှံ့ ကြည့်မည်ဆိုလျှင်ပင် မဟာထန်၏ ခြေလျှင်တပ်ကသာ အမျိုးမျိုးသော မြင်းတပ်တိုင်း၏ တိုက်ကွက်ကို ခုခံနိုင်သောစွမ်းရည်ရှိသည်။

ဝမ်ရန်၏ ခြေလျှင်တပ်က မြင်းတပ်လောက် ချီတက်ခြင်းအား မပြင်းထန်သလို လျှင်မြန်မှုလည်းမရှိချေ။ သို့သော် ခုခံရသော အခြေအနေမျိုးတွင်မူ သူတို့က သံမဏိနံရံ ဖြစ်သွားသည်။ ပို၍ဆိုးသည်မှာ ဝမ်ချောင်၏ သံမဏိမြို့ရိုးများ၏ ထောက်ပံ့မှုကြောင့် သူတို့ဟာ လေးစားဖွယ်ကောင်းသည့် ထောက်ပံ့နိုင်သော စွမ်းရည်ကို ထုတ်ပြနိုင်သွားသည်။

လေး

သူတို့၏ ပတ်ပတ်လည်တွင်လည်း အနက်ရောင်သံချပ်ကာများကို ဝတ်ဆင်ထားသည့် အစောင့်လေးယောက်က ဝိုင်းလျှက်ရပ်နေသည်။ ဝမ်ရန်၏ တည်ကြည်သော မျက်နှာထားနှင့်အတူ ညာလက်ကိုအောက်သို့ လွှဲချလိုက်သံနှင့်အတူ ဝှစ်ကနဲမြည်သံက ပေါ်ထွက်လာ၏။ ထောင်ပေါင်းများစွာသော ဒိုင်းသမားများက ဟနေသော နေရာကြားကို ထုတ်ဖော်လျှက် ချက်ချင်း နောက်ပြန်ဆုတ်ကြပြီး ကျယ်ပြောလွန်းသော လမ်းပေါက်ကြီးကို ချန်ထားပေးကြ၏။ ထိုတခဏတွင် ပြင်းထန်သောတိုက်ပွဲ ဖြစ်ပေါ်နေသည့် ခုခံရေးအားလှိုင်းထဲတွင် ထောင်ပေါင်းများစွာသော လမ်းများက ပေါ်ထွက်လာသည်။

ဘုန်း

အာရပ်များ၏ စိတ်ကလည်း ထိုအဟလမ်းများကြောင့် ဗလာဖြစ်သွားသည်။ သို့သော် သူတို့က အသားကုန် အော်ဟစ်လိုက်ကြပြီး လက်နက်များကို လွှဲယမ်းလိုက်လျှက် လမ်းများထံ ချီတက်လာကြသည်။ သူတို့၏အနောက်မှ အာရပ်မြင်းတပ်ကလည်း ထူးဆန်းမှုကို သတိမထားမိသလိုမျိုး အသားကုန် အော်ဟစ်ပြီး ရဲဘော်များနောက်မှ လိုက်ကြသည်။

“ပစ်”

ဝမ်ရန်က ညာဘက်လက်ကို တဖန်ပြန်ယမ်းသည်။

ချွင် ချွင်

ဒိုင်းသမားများက ပုဆိန်သမားများနှင့် ပူးပေါင်းသည်။ ဆေဘာသမားများက နောက်မှ ကပ်လိုက်ပြီး သူတို့ဖွင့်ထားသောလမ်းထံ ပြန်လည်ဝင်တိုးလာ၏။ ထိုတခဏတွင် ချီတက်လာခဲ့သော အာရပ်တိုင်းက ပိတ်မိသွားသည်။

“သတ်”

မြေကမ္ဘာကို တုန်ခါသွားစေသည့် အော်ဟစ်သံကြီးနှင့်အတူ ထန်စစ်သားတိုင်းက ပိတ်မိနေသော အာရပ်တိုင်းကို အဖက်ဖက်မှဝိုင်းကာ ခုတ်ပိုင်းထိုးသတ်ကြသည်။ အာရပ်မြင်းတပ်က မည်မျှသန်မာပြီး ကြမ်းတမ်းကာ သတ္တိကြီးနေစေကာမူ သူတို့က မည်မျှပင် အကြောက်အလန့် မဲ့နေစေကာမူ ထန်ခြေလျှင်တပ်ကဲ့သို့ အရေအတွက် အပြတ်အသတ် သာနေသော အနေအထားမျိုးတွင် အားအင်မဲ့စွာဖြင့် အသတ်ခံရသေးသည်။ ထိုသို့ဖြင့် သူတို့က ချောမွေ့စွာဖြင့် တစ်သုတ်ပြီးတစ်သုတ် လဲပြိုကျကြသည်။ ထန်ဝင်္ကပါကို လှုပ်ခါသွားအောင်ပင် မလုပ်နိုင်ခဲ့ချေ။

“လေး၊ မီး....”

ဝမ်ရန်က ထိုဗျူဟာကို ထပ်ခါတလဲလဲသုံးပြီး အာရပ်စစ်သားများကို မြှားလျှက် အပြင်ဘက်ရှိ အင်အားစုများနှင့် ဖြတ်တောက်ကာ သတ်ဖြတ်သည်။ ဒိုင်းကာသမားများက အဟကြားနေရာကို ပြန်ပိတ်လိုက်သည့် အချိန်တွင် မည်သည့်အာရပ် မြင်းသမားများကမှ ဝမ်ရန်၏ ခြေလျှင်တပ်ဝင်္ကပါအောက်မှ အသက်ရှင်လျှက် မလွတ်မြောက်နိုင်ကြတော့ချေ။

ဝမ်ရန်၏လက်ထဲတွင် ထိုခြေလျှင်တပ်အင်အားစုက ခုခံရာတွင်သာ အကန့်အသတ်မရှိချေ။ သူတို့က ပြောင်မြောက်သည့် တိုက်ခိုက်ခြင်းလက်နက်များကို ထုတ်သုံးလေပြီး ဆက်တိုက် တိုက်ခိုက်နိုင်သည်။ ခုခံရင်း နောက်သို့ဆုတ်ကာ တိုက်ခိုက်နိုင်သေး၏။ ထိုသို့ဖြင့် ခြေလျှင်တပ်နှစ်သောင်းက အဆင့်မြင့်အဆင့် စက်ကြီးလိုမျိုး ကောင်းမွန်စွာ လည်ပတ်နေပြီး အလွန်အမင်း သက်ရောက်မှုရှိလွန်းသော နှုန်းဖြင့် အာရပ်မြင်းတပ်ကို သတ်ဖြတ်နေခဲ့သည်။

ငါးစာချသည်။ ဝိုင်းသည်။ သတ်သည်...။

သူတို့က ထိုသို့နည်းလမ်းကိုသာ ထပ်ခါတလဲလဲ သုံးနေခဲ့သည်။ အာရပ်မြင်းတပ်ကမူ သိသာထင်ရှားလွန်းသော အနေအထားမျိုးကို စတင်ကာ ခံစားလာရပြီဖြစ်သည်။ ထိုနေရာတွင် ဝမ်ရန်နှင့် ပူးပေါင်းရန် တာဝန်ယူထားရသည့် အနောက်ပိုင်းနယ်မြေမှ ကြေးစားစစ်သားများကမူ သတိလက်လွတ် လွှမ်းမိုးခံရပြီး အင်အားတက်ကြွသွားကာ သူတို့၏ ခုခံမှုကို တိုးမြှင့်ကြ၏။

ထိုသို့ဖြင့် သူတို့က အလွန်အမင်း ခိုင်မာလွန်းသည့် ခုခံရေးအားလှိုင်း နယ်မြေတစ်ခုကို ဖန်တီးလိုက်နိုင်သည်။

......

“အချိန်ကျပြီ”

ခုခံရေးအားလှိုင်းနှစ်ခု၏အလယ် စစ်သည်သောင်းပေါင်းများစွာ၏ အကြားတွင် ဝမ်ချောင်ဟာ ခွာဖြူအရိပ် မြင်းပေါ်တွင်ထိုင်လျှက် ရှိနေသည်။ သူ၏အပေါ်တွင်လည်း မဟာထန်၏အလံက လွင့်ထူနေ၏။ သူဟာ တိုက်ပွဲမှ အခြေအနေကို နားထောင်နေသည်။ သူ၏မျက်ဝန်းအတွင်း ထက်ရှသောအလင်းက လက်သွား၏။ တိုက်ပွဲကပို၍ ပြင်းထန်သထက် ပြင်းထန်လာသည်။ အာရပ်၊ တူရကီ၊ တိဗက်များနှင့် ရင်ဆိုင်နေသော ထိုတိုက်ပွဲကြီးက အင်အားစုတစ်ခုလုံးနီးပါး ပါဝင်မတက် ပြင်းထန်လာ၏။ အရှေ့ပိုင်း၊ အနောက်ပိုင်းမှ အင်အားစုတိုင်းက ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားအောက်သို့ ရောက်နေသည်။

ဝမ်ချောင်ကလည်း သူ၏အကြံတွင် အလွန်အမင်း အရေးပါသော အခိုက်အတန့်တစ်ခုသို့ ရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။

ဝုန်း ဝုန်း ဝုန်း

လေပြင်းက တိုက်ခတ်လာသည့် အချိန်တွင် နေမင်းထက်ပင် ပို၍တောက်ပသော အလင်းက ဝမ်ချောင်၏ မျက်ဝန်းထဲမှ စတင်ကာ ပေါက်ထွက်လာသည်။ သို့ရာတွင် တခဏခန့်သာကြာ၏။ ဖြတ်ကနဲ ပျောက်သွားပြန်သည်။ ထို့နောက် တိုက်ပွဲနယ်မြေတစ်ခုလုံး ... အရှေ့ပိုင်း၊ အနောက်ပိုင်းအပါအဝင် နေရာတိုင်းက စတင်ကာ တုန်ခါလာသည်။ ဝမ်ချောင်ကို ဗဟိုပြုပြီး နို့နှစ်ဖြူရောင် ချီစက်ကွင်းတစ်ခုက စတင်ကာ ပြန့်ကားလျှက် ဟာရီကိန်းမုန်တိုင်းကဲ့သို့ နေရာတစ်ခုလုံးကို လွှမ်းခြုံထား၏။

တိုက်ပွဲနယ်မြေအဆိပ်ချီစက်ကွင်း

ကြမ်းတမ်းစွာ ထိပ်တိုက်ရင်ဆိုင်နေကြသည့် အင်အားစုလေးခုလုံးနှင့်အတူ ဝမ်ချောင်က သူ၏ တိုက်ပွဲနယ်မြေအဆိပ် ချီစက်ကွင်းကို နောက်ဆုံးတွင် ထုတ်လွှတ်လိုက်သည်။

ဝုန်း

တိုက်ပွဲနယ်မြေတစ်ခုလုံးကို အားလှိုင်းတစ်ခုက လွှမ်းခြုံလိုက်သလိုမျိုး တိဗက်၊ တူရကီ၊ အာရပ်များ၏ မျက်စိကြိမ်းမတက် တောက်ပသော ချီစက်ကွင်းများက လေထန်သော နေရာအောက်သို့ ရောက်နေသည့် ဖယောင်းတိုင်များကဲ့သို့ မှိတ်တုပ်မှိတ်တုပ်ဖြစ်လာသည်။

ချွင် ချွင် ချွင်

မည်သူကမှ မတုန့်ပြန်နိုင်သေးခင် ထိုချီစက်ကွင်း သောင်းကျော်က အဆင့်တစ်ဆင့် လျော့ကျပြီး မှေးမှိန်သွားသည်။

သူတို့၏ ချီစက်ကွင်းကလည်း ယခုလို ကြမ်းတမ်းစွာ ထိပ်တိုက်ရင်ဆိုင်နေသည့် အနေအထားမျိုးကို ပြောင်းလဲစေလောက်အောင် တိုက်ရိုက် သက်ရောက်နိုင်လေသည်။

အခန်း(၉၀၉)

“ဘာတွေဖြစ်နေတာလဲ”

နောက်တန်းမှ ထိုက်တောင်ကဲ့သို့ ခိုင်မာသည့် အပုမူစလင်၏ ခန္ဓာကိုယ်ကပင် တုန်ယင်သွားလျှက် သူ၏ကုလားထိုင်မှ ရုတ်ချည်းဆိုသလို ခုန်တက်လာသည်။ သူက တိုင်းပြည်ပေါင်းများစွာကို ရင်ဆိုင်ရန် တိုက်ပွဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ဖူးသည်။ တိုင်းပြည်ပေါင်းများစွာကိုလည်း အုပ်စိုးခဲ့ဖူး၏။ သို့သော် ယခုကဲ့သို့ အနေအထားမျိုးကို တစ်ကြိမ်သော်မျှ မမြင်ဖူးချေ။ လက်ရွေးစင် စစ်သည်တော်များသာ ပြည့်နေသည့် အာရပ်မြင်းတပ် နှစ်သိန်းကျော် အင်အားစုက ရုတ်ချည်းအားနည်းသွားသည်။

ထိုအရာတင် မကသေးချေ။ ရုတ်ချည်းအင်အားထိုးကျမှုက ရှေ့တန်းမှ အာရပ်ဝင်္ကပါကိုလည်း ကစဉ့်ကလျားဖြစ်သွားစေသည်။ မြောက်များလှစွာသော အာရပ်မြင်းတပ်များက တုန့်ပြန်မှု နှေးကွေးသွားသောကြောင့် ရန်သူ၏ လှံတိုများအောက်တွင် ထိုးဖောက်ခံရပြီး သတ်ဖြတ်ခံရသည်။

ဘုန်း

လက်နက်ကြီးများကလည်း ဒိုင်းမြို့ရိုးများအနောက်မှ ကျော်ဖြတ်ကာ ထွက်လာပြီး ကျန်းနှစ်ဆယ်ကျော်ခန့် အကွာတွင် ရှိနေသည့် အာရပ်မြင်းတပ်များထံ ဝင်ရောက်လာသည်။

ဝေါင်း

သံမဏိသားရဲစစ်တပ်မှ စစ်သည်တစ်ယောက်က အော်ဟစ်လိုက်သည်။ သူဟာ စစ်မြင်းအလောင်းတစ်ခုကို လက်တစ်ဖက်ကကိုင်ပြီး ချွန်ထက်လွန်းသော လက်နက်ကြီးတစ်ခုထံ ရူးသွပ်စွာ ခုန်ဝင်လာသည်။ သို့သော် ထိုအချိန်တွင် သွေးနီရောင်ဒိုင်းနှင့် သံမဏိသားရဲ ချည်စက်ကွင်းက သက်ရောက်မှုမရှိတော့ချေ။ သူက မြင်းအလောင်းကို ထိုလက်နက်ကြီးက ကျော်ဖြတ်လာပြီးနောက် ရပ်တန့်သွားခြင်းမရှိဘဲ ထိုစစ်သည်တော်၏ သံချပ်ကာကို အသာအယာထိုးဖောက်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကိုပင်သယ်ပြီး လေထဲသို့ မြောက်တက်သွားသည်။

ထို့နောက် ဒုတိယမြောက်၊ တတိယမြောက်၊ စတုတ္ထမြောက်... အချိန်တိုအတွင်း ထိုလက်နက်ကြီး တစ်ခုတည်းကတင် အာရပ်မြင်းသည်တော် ရှစ်ယောက်ခန့်ကို ထိုးဖောက်သွားပြီးမှသာ မြေပြင်ပေါ်သို့ ထိုးစိုက်လျှက် ရပ်တန့်သွားသည်။

ဝှစ် ဝှစ် ဝှစ်

တိုက်ပွဲနယ်မြေ၏ နေရာတိုင်းတွင်လည်း အလားတူသော မြင်ကွင်းမျိုးက ထပ်ခါတလဲလဲ ပေါ်ထွက်နေသည်။ လက်နက်ကြီး ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာက တိုက်ပွဲနယ်မြေတစ်ခုလုံးကို သိပ်သည်းစွာ ရွာသွန်းသော မိုးကဲ့သို့ လွှမ်းခြုံထားသည်။ သို့သော် သူတို့၏ ဒီတစ်ကြိမ် သက်ရောက်မှုကမူ ခြားနားသွားသည်။

ဘန်း ဘန်း ဘန်း

အလောင်းများက မြေပြင်တွင် ပုံလာသလို ပထမခုခံရေးအားလှိုင်း၏ အရှေ့ဘက် ကွင်းပြင်တစ်ခုလုံးက ချောမွေ့စွာဖြင့် ရှင်းလင်းသွားသည်။

“ပစ်လွှတ်”

“ပစ်လွှတ်”

“ပစ်လွှတ်”

လက်နက်ကြီးစစ်တပ်ထဲမှ ချန်းပင်းက နေရာရွှေ့ ရထားလုံးပေါ်တွင် ရပ်နေခြင်းဖြစ်သည်။ သူက ထိုရထားလုံးပေါ်မှတဆင့် အောက်ဘက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ဓားက အောက်ဘက်သို့ အသာယမ်းကျသွားသည်။ ဝမ်ချောင်ကို အချိန်အတန်ကြာ ခစားလာပြီးနောက် ချန်းပင်းကိုယ်တိုင်ကလည်း အခြေအနေက မည်သို့ဖြစ်လာကြောင်း ရှင်းရှင်းလင်းလင်း နားလည်သည်။ ဒါက ရှားပါးလွန်းသော အခွင့်အရေးဖြစ်သည်။ လက်နက်ကြီးအဖွဲ့က သူတို့၏ အရှိန်အဝါကို အကောင်းဆုံး ထုတ်ပြနိုင်မည့် အခိုက်အတန့်လည်းဖြစ်သည်။

စွစ် စွစ် စွစ်

ကိုးထောင်

တစ်သောင်း

တစ်သောင်းတစ်ထောင်

တစ်သောင်းနှစ်ထောင်

အာရပ်များ၏ ဆုံးရှုံးမှုက ပြင်းထန်စွာ ကျဆင်းလာသော လက်နက်ကြီးများအောက်တွင် ဆက်တိုက် ပေါက်နေသော ပူဖောင်းများကဲ့သို့ ဖြစ်လာသည်။ ထိုအရေအတွက်က ဆက်တိုက် မြင့်တက်လာသည်။ လက်ရှိအချိန်တွင် ချန်းပင်း၏ လက်နက်ကြီးများအောက်တွင် ဆုံးရှုံးသွားသော အာရပ်များက နှစ်သောင်းလေးထောင်ကျော်လာသည်။

.....

အာရပ်များကသာ သက်ရောက်ခံရခြင်း မဟုတ်သေးချေ။ တိဗက်နှင့် တူရကီများကလည်း အလားတူပင် ခံစားရသည်။

တိဗက်များနှင့် အနောက်ပိုင်းတူရကီများက သူတို့၏ အပြတ်အသတ်သာသော အင်အားကိုသုံးကာ လီစစ်ယဲ့၊ စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်း၊ ချည်ဝေ့စစ်နှင့် အခြားသောလူများကို ဖိနှိပ်ခဲ့သည်။ သို့သော် ဝမ်ချောင်က သူ၏တိုက်ပွဲနယ်မြေအဆိပ် ချည်စက်ကွင်းကို ထုတ်လွှတ်လိုက်သည့် တခဏတွင် အခြေအနေတစ်ခုလုံးက ပြောင်းပြန်ဖြစ်သွားသည်။ တူရကီတိဗက် အင်အားစုက ချက်ချင်းဆိုသလိုပင် သူတို့၏ နောက်ခြေပေါ်မှီခိုကာ ရပ်လိုက်ကြရသည်။ အကြောင်းမူကား ဝူရှန်းမြင်းတပ်နှင့် ထန်မြင်းတပ်အောက်တွင် သူတို့၏ ရဲဘော်ရဲဘက်များ၏ သေဆုံးမှုက ဆက်တိုက် များပြားလာနေသည်။

“ဘာဖြစ်တာလဲ။ ဒီကောင်စုတ် ဘာလုပ်လိုက်တာလဲ”

နောက်တန်းမှ တုဝူစစ်လီ၏ မျက်လုံးက မှေးကျဉ်းသွားသည်။ သူ၏မျက်လုံးကို ဆက်တိုက် မှေးကျဉ်းထား၏။ သူ၏အံ့အားသင့်မှုက တိုက်ပွဲနယ်မြေ အခြားတစ်ဖက်ခြမ်းမှ အခြားသူတွေထက် မလျော့ချေ။ မသိစိတ်အရ သူက သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကို လှည့်ကြည့်လိုက်မိသည်။ တုဝူစစ်လီအနေဖြင့် ဝမ်ချောင်ကို ပထမဦးဆုံးအကြိမ် ရင်ဆိုင်ဖူးခြင်းဖြစ်သည်။ သို့သော် သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းကမူ ထိုသို့မဟုတ်ချေ။ အခြေအနေကို အနားလည်ဆုံး လူတစ်ယောက်ကို ပြပါဆိုလျှင် ထိုလူက သာ့လွန်ရော့ကျန်းသာဖြစ်လောက်သည်။

“မဟာဗိုလ်ချုပ် ငါလည်း ဒီကိစ္စအတွက် မရှင်းပြနိုင်ဘူး”

သာ့လွန်ရော့ကျန်းက ခါးသီးစွာပြုံးသည်။ သူဟာလည်း တုဝူစစ်လီ၏ အတွေးကိုသိသည်။ သို့သော် သူကိုယ်တိုင်လည်း မရှင်းပြနိုင်ချေ။ သူ့အနေဖြင့် ဝမ်ချောင်နှင့် ထိပ်တိုက်ရင်ဆိုင်သည်မှာ ပထမဦးဆုံးအကြိမ် မဟုတ်ချေ။ သို့သော် ဝမ်ချောင်က သူကိုယ်တိုင်ပင် နားမလည်နိုင်သော လျို့ဝှက်ဆန်းကြယ်မှုပေါင်းများစွာကို ပိုင်ဆိုင်ထားသည်။ ယခုလေးတင် ဖြစ်ပျက်သွားခဲ့သော အခြေအနေတွင်ဖြစ်သည်။

“အမှန်တိုင်းပြောရရင် အနောက်တောင်ပိုင်းရဲ့ စစ်ပွဲမှာလည်း အလားတူ အခြေအနေမျိုး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီတုန်းက အခုလောက်ထိ အင်အားမကြီးခဲ့ဘူး။ ကြည့်ရတာ သူ့ရဲ့ အဆင့်အတန်းနဲ့ ဗျူဟာကို ဖမ်းဆုပ်နိုင်စွမ်းအားက မမြင့်မားသေးလို့ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့သူ့ရဲ့ အင်အားကတော့ အများကြီး တိုးမြှင့်သွားပြီ”

ဝမ်ချောင်တွင် လျို့ဝှက်ဆန်းကြယ်မှုပေါင်းများစွာရှိသည်။ သူ၏စစ်အနုပညာ၊ သူ၏ သတ္တုမော်ကျူးများကို အသုံးပြုမှု၊ သူက မဟာထန်တောက်လျှောက် ဖောက်ထားသော ဘိလပ်မြေလမ်းနှင့် သူသုံးသော ထူးခြားလွန်းသည့် ချည်စက်ကွင်း... သာ့လွန်ရော့ကျန်းအနေဖြင့် ဝမ်ချောင်ကဲ့သို့သော ရှင်းပြရန် ခက်ခဲသည့် တည်ရှိမှုမျိုးကို တစ်ကြိမ်သော်မျှ မတွေ့ဖူးချေ။

သူ၏နောက်ခံ၊ သူ၏တက်မြောက်ထားသော ပညာရေး အားလုံးကို ခြေရာခံကောက်နိုင်သည်။ သို့သော် မည်သည့်အရာကမှ ဒီလိုထူးဆန်းတဲ့ ကိစ္စများကို မဖြေရှင်းနိုင်ချေ။ သူတို့သိထားသမျှက မတူညီသော လူနှစ်ယောက်ကဲ့သို့ဖြစ်နေသည်။

“မဟာဗိုလ်ချုပ်ကြီးတွေကို သုံးတဲ့နည်းလမ်းကလွဲပြီး ဒီအခြေအနေကို ကိုင်တွယ်ဖို့ နည်းလမ်းမရှိဘူး”

သာ့လွန်ရော့ကျန်းက ပြော၏။ သူ၏အကြည့်က တုဝူစစ်လီနှင့် ဟော်ရှု့ဟွေ့ခမ်းထံရောက်သည်။

သူဟာ ဒီတိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုပေါင်းများစွာကို လုပ်ခဲ့သည့်တိုင်အောင် သာ့လွန်ရော့ကျန်း၏ စွမ်းရည်ထက် ကျော်လွန်နေသော အခြေအနေများရှိသည်။ ယခုကဲ့သို့ သိုင်းပညာရှင်များကြားမှ တိုက်ပွဲမျိုးတွင်ဖြစ်သည်။ သာ့လွန်ရော့ကျန်းက သူ၏ဉာဏ်ပညာ၊ ဗျူဟာ၊ အကြံတို့ကိုမှီခိုပြီး ပညာရှိ အမတ်မင်းဆိုသော ကျော်ကြားမှုကို ရအောင်ယူနိုင်ခဲ့သည်။ သူဟာ ယေဘုယျအခြေအနေများ အကြောင်းကိုသာ ပိုမိုတွေးနိုင်လေပြီး သူ၏ကိုယ်ပိုင်အင်အားအတွက်မူ အာရုံမစိုက်နိုင်ချေ။

ထို့ကြောင့် တုဝူစစ်လီနှင့် ဟော်ရှု့ဟွေ့ခမ်း၊ တုစုန့်မာန်ဖော်ကျဲ့တို့ကဲ့သို့ အင်ပါယာ မဟာဗိုလ်ချုပ်ကြီးများကသာ ထိုအကြောင်းအရာများကို တွေးသင့်သည်။

လက်ရှိမြင်ကွင်းကလည်း ဝမ်ချောင်ဟာ ထိုမဟာဗိုလ်ချုပ်ကြီးများကို စိန်ခေါ်နေခြင်းဖြစ်သည်။

“ဒါပဲငါတို့တက်နိုင်တော့မယ်”

တုဝူစစ်လီကလည်း မျက်မှောင်ကျုံ့လိုက်သည်။ တိုက်ပွဲနယ်မြေ အမြင့်ဆုံး ဗိုလ်ချုပ်များထဲမှ တစ်ယောက်ဖြစ်သည့်အလျောက် သူဟာ တိုက်ပွဲနယ်မြေသို့ လက်လွတ်စပယ် ဝင်ရောက်၍မရချေ။ သူဟာ အရေးကြီးလွန်းသော အနေအထားမျိုး သို့မဟုတ် ရန်သူ၏ မဟာဗိုလ်ချုပ်များက တိုက်ပွဲထဲသို့ ဝင်လာကြောင်း တွေ့ရမှသာ သူက ဝင်ရပေလိမ့်မည်။ ယခုအခြေအနေအရ မဟာထန်ဘက်က မည်သည့် မဟာဗိုလ်ချုပ်ကိုမှ တိုက်ပွဲထဲသို့ မစေလွှတ်သေးချေ။ ချည်စက်ကွင်း တစ်ခုတည်းကတင် သူ့အား စည်းမျဉ်းကိုဖောက်ဖျက်ကာ တိုက်ပွဲနယ်မြေထဲသို့ဝင်ရန် ဖြစ်နေသည်။ ထိုအခြေအနေက တုဝူစစ်လီက မပျော်မရွှင် ဖြစ်လာစေသည်။

ထိုအရာတင် မကသေးချေ။ ချည်စက်ကွင်းတိုင်းက စွမ်းအင်လိုသည်။ အခြားစကားဖြင့်ဆိုရသော် သူတို့၏ ချည်စက်ကွင်းများကို အသုံးပြုခြင်းက တုဝူစစ်လီနှင့် အခြားသော မဟာဗိုလ်ချုပ်များ၏ အင်အားများကို ကုန်ဆုံးစေလေသည်။ တိုက်ပွဲ၏ နှောင်းပိုင်းအနေအထားမျိုးတွင် မဟာဗိုလ်ချုပ်များက မဟာဗိုလ်ချုပ်ချင်း တိုက်ခိုက်သောအခါ စွမ်းအင်လိုအပ်ချက်ကတင် သေစေနိုင်သော အခြေအနေထိ ဖြစ်သွားနိုင်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း စစ်တပ်မှ ဗိုလ်ချုပ်ကြီးများက အချင်းချင်း နားလည်မှုယူပြီး တိုက်ပွဲ၏ အစောပိုင်းအဆင့်များတွင် ဝင်မပါကြခြင်းဖြစ်သည်။

သို့သော် ယခုအခြေအနေအရ ထိုသို့ကန့်သတ်ထားရန် မဖြစ်နိုင်တော့ချေ။

သူကသာ ဆက်လက်ပြီး အချိန်ဆွဲနေလျှင် သူ၏မြင်းတပ်က ထန်မြင်းတပ် လေးသောင်းအောက်တွင် အမြစ်ဖြတ် သုတ်သင်ခံရတော့မည်ဖြစ်သည်။

တုဝူစစ်လီကလည်း ထိုသို့ဖြစ်ခွင့်မပြုနိုင်ချေ။

ဝုန်း

တုဝူစစ်လီက ခေါင်းမော့သည်။ သူ၏ကျောက ဖြောင့်တန်းနေပြီး မျက်ဝန်းက တောက်ပကာ ခက်ထန်ကြမ်းတမ်းသော အလင်းက ဖြာထွက်လာ၏။ သူ၏မျက်ဝန်းတစ်စုံက တောက်လောင်နေသော မီးတောက်နှစ်ခုကဲ့သို့ ထင်ရ၏။

ဘုန်း

တုဝူစစ်လီ၏ ခြေထောာက်အောက်မှ တောင်ကုန်းက တသိမ့်သိမ့်တုန်သွားသည်။ ရွှေရောင်အလင်းက စတင်ကာ ပျံ့နှံ့လာပြီး သိပ်မကြာခင် သူတော်စင်သိုင်းနယ်မြေအဆင့်၏ ကြီးမားကာ တောက်ပလွန်းသော ရွှေရောင်ချည်စက်ကွင်းကြီးတစ်ခုအသွင် ပြောင်းသွားသည်။ ချည်စက်ကွင်းအတွင်းတွင် သရဖူများက တစ်ခုပြီးတစ်ခု ပေါ်လာသည်။ ခြားနားသော သရဖူပုံစံများက ဗဟိုပြင်ကျယ်မှ အမျိုးမျိုးသော ဧကရာဇ်များ ဝတ်ခဲ့ဖူးသော သရဖူများဖြစ်သည်။ သိုးများ၊ ဝံပုလွေများ၏ ပုံရိပ်ပေါင်းများစွာက သရဖူများအတွင်း ထင်ရှားစွာ ထွင်းထုထားသေးသည်။ ထိုအရာများအားလုံးကို အတောင်ပံသိမ်းထားသော ရွှေရောင်သိန်းငှက်တစ်ခုက ဝန်းရံထားပုံဖြစ်သည်။ ထိုသို့ထူးခြားသော သရဖူက အနောက်ပိုင်းတူရကီ ခါကန်းဝတ်ဆင်သည်။

ဝုန်း

တုဝူစစ်လီ၏ ခြေထောက်အောက်တွင် ချည်စက်ကွင်း တစ်ခုပြီးတစ်ခု ပေါ်လာကာ အနောက်ပိုင်းတူရကီ စစ်တပ်တစ်ခုလုံးကို လွှမ်းခြုံထားသည်။ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေအဆိပ် ချည်စက်ကွင်း၏ ကန့်သတ်မှုက တဖြည်းဖြည်းချင်း လျော့ကျလာသည်။

ဘန်း

တချိန်ထဲလိုလို ယွီစန်းမဟာဗိုလ်ချုပ်ကြီး ဟော်ရှု့ဟွေ့ခမ်းကလည်း ရှေ့သို့ ခြေနှစ်လှမ်းတိုးသည်။ သူ၏ ကိုယ်ပိုင်ချည်စက်ကွင်းကလည်း ကိုယ်အတွင်းမှ မှင်သက်ဖွယ်ကောင်းသော ရွှေရောင်အလင်းတန်းနှင့်အတူ ပြန့်ထွက်လာသည်။ မုန်တိုင်းတစ်ခုလိုမျိုး တိဗက်မြင်းတပ် တစ်သောင်းကျော်လုံးကို လွှမ်းခြုံထားကာ ဝမ်ချောင်၏ တိုက်ပွဲနယ်မြေအဆိပ် ချည်စက်ကွင်းကို ခုခံစေသည်။

တိဗက်နှင့် တူရကီများကသာ ထိုဗျူဟာကို ထုတ်သုံးလိုက်ခြင်းမဟုတ်ချေ။ ပထမခုခံရေးအားလှိုင်းတွင် မြေကမ္ဘာက တသိမ့်သိမ့်တုန်သွားလေပြီး ကြောက်မက်ဖွယ်ကောင်းသည့် အင်အားစုတစ်ခု၏ သက်ရောက်ခံရသလို ဖြစ်သွား၏။ အာဘတ်ဆစ်၏ အရှေ့ပိုင်းအစိုးရ အပုမူစလင်ကလည်း တချိန်ထဲလိုလို လှုပ်ရှားလိုက်၏။ သူ၏ ပိန်းပိတ်အောင် မည်းမှောင်သော ချည်စက်ကွင်းက သူ၏စစ်သားများကို ထောက်ပံ့ပေးသည်။

ဝမ်ချောင်၏ ချည်စက်ကွင်းတစ်ခုတည်းက တူရကီ၊ တိဗက်၊ အာရပ်များကို တစ်ပြိုင်တည်း ချုပ်ထိန်းနိုင်သည်။ ထို့ကြောင့် မဟာဗိုလ်ချုပ် သုံးယောက်လုံးကလည်းပေါင်းကာ သူ့ကို ရင်ဆိုင်ရန် လိုအပ်သည်။ ထိုအခြေအနေက သိသာလွန်းသည့် အရှုံးဖြစ်သည်။

“သူတို့ကလှုပ်ရှားလိုက်ပြီး မျှော်လင့်ထားတဲ့အတိုင်းပဲ”

အဝေးမှ ဝမ်ချောင်က ခွာဖြူအရိပ်မြင်းပေါ်တွင် ထိုင်နေသည်။ သူဟာ ချီရှီကာကွယ်ရေးစစ်တပ်၏ အလံအောက်တွင်ရှိနေ၏။ ထိုမြင်ကွင်းက အံ့ဩပုံမရသည့်အပြင် မျှော်လင့်ထားသလိုမျိုး ပြုံးလိုက်သေးသည်။ တိုက်ပွဲနယ်မြေတွင် ပေါ်တင်ရင်ဆိုင်ရသော ဗျူဟာအကြံအစည်များနှင့် လျို့ဝှက်ကာ ထုတ်သုံးရသော ဗျူဟာအကြံအစည်များရှိသည်။ တိုက်ပွဲနယ်မြေတွင် စတင်ကာ တိုက်ခိုက်စေခြင်းက ဝမ်ချောင်၏ ပထမဦးဆုံး ထုတ်သုံးလိုက်သည့် ပေါ်တင်အကြံအစည်တစ်ခုဖြစ်သည်။ ယခုအခြေအနေကမူ ဒုတိယတစ်ခုဖြစ်သည်။

တိုက်ပွဲနယ်မြေ ချည်စက်ကွင်းအဆိပ်၏ သက်ရောက်မှုကိုခုခံရန်အလို့ငှာ ဟော်ရှု့ဟွေ့ခမ်း၊ တုဝူစစ်လီနှင့် အပုမူစလင်တို့က သူတို့၏ အင်အားအကြီးဆုံးသော ချည်စက်ကွင်းများကိုသုံးပြီး ခုခံခိုင်းရမည်ဖြစ်သည်။ တိုက်ပွဲက စတင်ကာစသာဖြစ်သည်။ သို့သော် ရန်သူဘက်မှ မဟာဗိုလ်ချုပ်သုံးယောက်ကမူ စတင်ကာ အားနည်းလာကြ၏။

ချည်စက်ကွင်းများက စွမ်းအင်ကုန်သည်။ ယခုမှစတင်ပြီး တိုက်ပွဲက ကြာလာသည်နှင့်အမျှ ဟော်ရှု့ဟွေ့ခမ်း၊ တုဝူစစ်လီနှင့် အပုမူစလင်တို့က အားနည်းသထက် အားနည်းလာရုံသာ ရှိပေလိမ့်မည်။ တိုက်ပွဲက တစ်နာရီကြာလျှင် သူတို့၏အင်အားက သူတော်စင်သိုင်းနယ်မြေ အထွဋ်အထိပ် အဆင့်မှပင် ကျကောင်းကျနိုင်သည်။ သို့သော် ဝမ်ချောင်အတွက် အရာအားလုံးက ခြားနားနေသည်။

တိုက်ပွဲနယ်မြေအဆိပ်ချည်စက်ကွင်းက စွမ်းအင်ကုန်ရိုးမှန်သည်။ သို့သော် ထိုမျှသေးငယ်လွန်းသော ပမာဏက သူ့အပေါ် မသက်ရောက်သလောက်သာ ဖြစ်သည်။ စုပ်ယူကာ ကုန်ဆုံးသွားသော စွမ်းအင်အများစုက ကောင်းကင်နှင့် မြေပြင်အကြားမှသာလာသည်။

“ခင်ဗျားတို့က စလိုက်ပြီဆိုမှတော့ ငါကလည်း ဆန္ဒဖြည့်ပေးရမှာပေါ့”

ဝမ်ချောင်က ထိုသို့ပြောပြီး သူ၏အခြားသော ချည်စက်ကွင်းတစ်ခုကို ထပ်ထုတ်သည်။

ဘုန်း

ဝမ်ချောင်က တိုက်ပွဲနယ်မြေတစ်ခုလုံးကို ဗိုလ်ချုပ်များ၏ အဆိပ်ချည်စက်ကွင်းဖြင့် လွှမ်းခြုံလိုက်ချိန်တွင် သူ၏ကိုယ်မှ တောက်ပသောအလင်းက ဖြတ်ကနဲ လက်လာသည်။

ဝုန်း

ထိုအခိုက် ဟော်ရှု့ဟွေ့ခမ်း၊ တုဝူစစ်လီနှင့် အပုမူစလင်တို့က ဝင်ပါလာသောကြောင့် ထိန်းချုပ်လိုက်နိုင်သည်ဟု ထင်ရသည့် တိုက်ပွဲနယ်မြေမှာ တဖန်ပြန်ပြောင်းသွားပြန်သည်။ သတိပေးချက် အလျဉ်းမရှိဘဲ ယွီစန်းအနောက်ပိုင်း တူရကီနှင့် အမျိုးမျိုးသော အာရပ်ဗိုလ်ချုပ်များ အားလုံးကလည်း သူတို့၏ ချည်စက်ကွင်းများက မှိတ်တုပ်မှိတ်တုပ်ဖြစ်လာပြီး သူတို့၏စွမ်းအားက တစ်ဆင့်ထိုးကျသွားကြောင်း သိလိုက်ကြသည်။

ထိုအခြေအနေက ခြိမ်းကြိုးတစ်ခုက သွယ်ဆက်ထားသလိုမျိုး ဆက်တိုက် ဖြစ်ပျက်သွားခဲ့သည့် အခြေအနေမျိုးဖြစ်သည်။ ထိုဗိုလ်ချုပ်များက ထောက်ပံ့ထားသည့် ချည်စက်ကွင်းများက ထိုသို့ မှိတ်တုပ်မှိတ်တုပ်ဖြစ်ပြီး စွမ်းအင်လျော့ကျသွားသောအခါ ထိုသို့ထောက်ပံ့ခံထားရသည့် သူတို့၏ တပ်ဖွဲ့များကလည်း ဗိုလ်ချုပ်များ၏ အဆိပ်ချည်စက်ကွင်းအောက်တွင် အားနည်းလာကြသည်။ စစ်တပ်သုံးခုလုံးမှ စစ်သားများ၏ အင်အားက နောက်ထပ် တစ်ဆင့် ထပ်ကျပြန်သည်။

အခန်း(၉၁၀)

“မျိုးမစစ်”

တောင်ကုန်းပေါ်တွင် စောင့်ကြည့်နေသော တိဗက်နှင့် တူရကီ ဗိုလ်ချုပ်တိုင်း၏ မျက်နှာက ဖြူဖျော့သွားသည်။ သူတို့၏မျက်ဝန်းထဲတွင် ဒေါသမီးတောက်က တောက်လောင်လာ၏။ ဝမ်ချောင်က သူ၏ ဒုတိယမြောက်ချည်စက်ကွင်းကို ထုတ်သုံးလိုက်သောအခါ သူတို့အားလုံးဟာလည်း ဝမ်ချောင်၏ လက်ဖဝါးပေါ်မှ ကစားစရာအဖြစ် ပြောင်းသွားသည်ဟုပင် ခံစားလိုက်ကြရသည်။

“သာ့လွန်ရော့ကျန်း မင်းဘာလို့ သူ့ကိုသတ်ချင်လဲဆိုတာကို ငါနားလည်ပြီထင်တယ်”

တဖြတ်ဖြတ်လွင့်နေသော ရွှေရောင်ဝံပုလွေ အလံအောက်တွင် ရှိနေသည့် တုဝူစစ်လီက အထင်သေးသော အကြည့်မျိုးဖြင့်ကြည့်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သတ်ဖြတ်လိုစိတ် ဆန္ဒများဖြင့် ပြည့်နှက်လာပြီး ကောင်းကင်ထိတိုင် ထိုးတက်သွားသေးကာ အနားဝန်းကျင်ရှိ လေထုကိုပင် တွန့်လိမ်ကာ ရှုံ့တွလာစေသည်။ အလွန်ဝေးကွာသော နေရာကိုခြားပြီး တိုက်ကွက်ချင်း ဖလှယ်နေသည့်အတွက် မည်သူကမှ အစစ်အမှန် ထိပ်တိုက်ရင်ဆိုင်နေခြင်း မဟုတ်သေးသည့်တိုင်အောင် ကောင်းကင်ဘုံ ဝံပုလွေ မဟာဗိုလ်ချုပ်ကြီးက ဝမ်ချောင်ကိုသတ်ရန် စိတ်ဆုံးဖြတ်ချက် ချပြီးလေပြီ။

“ဒီလိုလူမျိုးကသာ အသက်ရှင်နေရင် ယွီစန်းနဲ့ တူရကီတွေအတွက် အဆုံးအစမဲ့တဲ့ တိုက်ပွဲတွေဖြစ်လာမှာ”

အလွန်ထူးခြားလွန်းသော လူမျိုးများကသာ တုဝူစစ်လီ၏ အသိအမှတ်ပြုမှုကို ခံရနိုင်သည်။ သူ၏ ဖော်ပြရန် ခက်ခဲလွန်းသော မြင်နိုင်စွမ်းအားကြောင့် သူဟာ အကုတုလန်ကို အလားအလာရှိသော နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီးတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီး ထိုအဆင့်သို့ရောက်အောင်လည်း ကိုယ်တိုင်ကိုယ်ကျ ပျိုးထောင်ပေးခဲ့သည်။ သို့သော် ဝမ်ချောင်ကမူ နောင်ဖြစ်လာမည့် ဗိုလ်ချုပ်ကြီး အဆင့်သို့ပင် မရောက်သေးချေ။ တုဝူစစ်လီကမူ သူ၏စိတ်ထဲတွင် တစ်ဖက်သူကို ထိုအတိုင်းအတာထိ သတ်မှတ်ပြီးလေပြီ။

“ရှားမ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်ကို လက်လွှဲပြီး အမိန့်ပေးလိုက်။ အခုပဲထွက်ဖို့ ပြင်ဆင်ပြီး ထန်ကိုသတ်”

တုဝူစစ်လီက ရုတ်တရက် အမိန့်ပေးသည်။

အချိန်အနည်းငယ်ကြာပြီးနောက် အရာအားလုံးက တိတ်ဆိတ်သွားသည်။ သူ၏အနောက်ဘက်မှ မြင်းတစ်ကောင်နှင့် အေးစက်သော အသံတစ်သံက ထွက်လာသည်။

“ဟုတ်ကဲ့အရှင်”

သာ့လွန်ရော့ကျန်း၊ ဟော်ရှု့ဟွေ့ခမ်းတို့ကလည်း ခေါင်းလှည့်ကာ ကြည့်လိုက်ကြသည်။ ထိုအခါ ကောင်းကင်ဘုံဝံပုလွေမြင်းတပ်၏ ငွေရောင်သံချပ်ကာကို ဝတ်ဆင်ထားသော တူရကီဗိုလ်ချုပ် တစ်ယောက်က တုဝူစစ်လီ၏ အနောက်တွင်ပေါ်လာကြောင်း တွေ့လိုက်ရသည်။ သူကပိန်သည်။ ခန္ဓာကိုယ်က မည်သည့်စွမ်းအင်ကိုမှ လွှတ်ထုတ်ထားခြင်းမရှိချေ။ ထို့ကြောင့် ထိုစစ်တပ်အတွင်းတွင် ရှိနေလျှင်ပင် သူ့ကို သတိထားမိရန်ခက်သည်။ တုဝူစစ်လီကလည်း တစ်စုံတစ်ရာ မပြောခဲ့လျှင် သူ့ကို မည်သူကမှ သတိထားမိမည်မဟုတ်ချေ။

နောင်ဖြစ်လာမဲ့ ဗိုလ်ချုပ်ကြီးအဆင့်ပဲ။

သာ့လွန်ရော့ကျန်းနှင့် ဟော်ရှု့ဟွေ့ခမ်းတို့၏ မျက်ဝန်းအတွင်း တောက်ပသောအလင်းက လက်သွားပြီး ထိုအတွေးကို ရလိုက်ကြသည်။ မဟာဗိုလ်ချုပ်ကြီးများရှိသော အဖွဲ့၏ အရှေ့တွင်ပင် စွမ်းအင်ကို ဖုံးကွယ်ထားခြင်းက လွယ်ကူသောအလုပ် မဟုတ်ချေ။ ထိုအချက်ကတင် တစ်ဖက်သူ၏ လေးစားဖွယ်ကောင်းသည့် စွမ်းရည်ကို မြင်နိုင်သည်။

ထိုအရာသာ မကသေးချေ။ ရှားမဆိုသောလူက အလွန်အမင်း ဆိုးယုတ်သော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ တစ်ချက်ကြည့်ရုံနှင့်တင် သူဟာ အလွန်အမင်း အန္တရာယ်များပြီး ကိုင်တွယ်ရခက်ကြောင်း မြင်နိုင်သည်။

“စစ်သားတိုင်း နားထောင် အရှင်က အမိန့်ပေးပြီးပြီ။ ထွက်ခွာဖို့ပြင်ဆင်”

ရှားမက အကြည့်တိုင်းကို လျစ်လျူရှု့ပြီး တူရကီမြင်းပေါ်သာ ခုန်တက်လိုက်လျှက် တောက်ပလွန်းသော အလင်းတန်းများကို လွှတ်ထုတ်သည်။ သူက မြင်းပေါ်သို့ တက်လိုက်ပြီးသည့် တခဏတွင် တစ်လောကလုံးက ပြောင်းပြန်လှန်သွားသလို ဖြစ်သွားသည်။ သူ၏အရှိန်အဝါ စွမ်းအင်တိုင်းက ချက်ချင်းဆိုသလို ပြောင်းလဲသွားကာ အလွန်အမင်း အင်အားကြီးလာပြီး မုန်တိုင်းတစ်ခုလို ကြမ်းတမ်းလာသည်။

ဟီး ဟီး ဟီး....

ကောင်းကင်ဘုံဝံပုလွေမြင်းတပ် အဖွဲ့ဝင် ထောင်ကျော်က စတင်ကာ လှုပ်ရှားချိန်တွင် ထိုတောင်ကုန်းက တုန်ခါသွားလေပြီး အော်ဟစ်သံများက ပေါ်ထွက်လာသည်။ လက်ရွေးစင်စစ်မြင်းများက သေချာ လေ့ကျင့်ပေးမှုကို ခံထားရပြီး အထူးလေ့ကျင့်နည်းလမ်းကို ကျော်ဖြတ်ကာ ပျိုးထောင်ခံထားရသည်။ သူတို့က သာမာန်စစ်မြင်းများ မဟုတ်တော့ချေ။ သူတို့က အစစ်အမှန် ဝံပုလွေများကဲ့သို့ ဖြစ်နေသည်။

“အသင့်ပြင်”

တစ်ချိန်ထဲတွင်ပင် သာ့လွန်ရော့ကျန်းက ဟော်ရှု့ဟွေ့ခမ်းကို လှည့်ကြည့်သည်။

“ဟော်ပါးစမ်းယဲ့ကိုလည်း သွားခိုင်းလိုက်ပါ”

“မလိုဘူး ငါအသင့်ပြင်ပြီးပြီ”

သာ့လွန်ရော့ကျန်းက ပြောပြီးရုံသာ ရှိသေးသည်။ အနီရင့်ရောင်သံချပ်ကာကို ဝတ်ဆင်ထားသော တောင့်တင်းသန်မာသည့် အမျိုးသားတစ်ယောက်က မြင်းပေါ်ခုန်တက်လိုက်သည်။ သူ၏မျက်လုံးက ကြေးနီရောင် ခေါင်းလောင်ကဲ့သို့ ထင်ရပြီး အသားအရည်ကလည်း အနည်းငယ်မည်းသည်။ သူ၏ ပုခုံးက ရွှေရောင်အလင်းများ တောက်ပနေသည့် အနီရောင်ဖဲကြိုးတစ်ခုကိုလည်း မြင်ရ၏။

ထိုဖဲကြိုးများက မူထရီမဟာမြင်းတပ်၏ အမြင့်ဆုံးဗိုလ်ချုပ်ကို ကိုယ်စားပြုသည်။

သူက ဟော်ပါးစမ်းယဲ့ဆိုသည့် ယွီစန်းအင်ပါယာ တော်ဝင်မြို့တော်၏ အစောင့်ခေါင်းဆောင်ဖြစ်ပြီး မူထရီမဟာမြင်းတပ်၏ ခေါင်းဆောင်လည်းဖြစ်သည်။ သာ့လွန်ရော့ကျန်း၏ အားကိုးရဆုံး အထောက်အပံ့ပေးသူလည်း ဖြစ်သည်။ သူဟာ ရှည်ကြာလွန်းသော အကွာအဝေးကို ကျော်ဖြတ်ပြီး တာလာ့အထိ ရောက်ရှိလာခဲ့သည်။ သူ၏အကူအညီသာ မရှိလျှင် မူထရီမဟာမြင်းတပ် ခုနှစ်ထောင်၏ ကူညီပေးမှုကြောင့်သာမဟုတ်လျှင် သာ့လွန်ရော့ကျန်းကလည်း သူ၏အကြံအစည်ကို အကောင်အထည်ဖော်ရန် အားအင်မဲ့သည်ဟု ခံစားရပေလိမ့်မည်။

တော်ဝင်မြို့တော်၏ အစောင့်ခေါင်းဆောင်ဖြစ်သလို မူထရီမဟာမြင်းတပ်၏ ခေါင်းဆောင်လည်း ဖြစ်သည့်အလျောက် ဟော်ပါးစမ်းယဲ့၏ အရေးကြီးဆုံးတာဝန်က စန်းပေါ်ကို ကာကွယ်ရန်ဖြစ်သည်။ အစောင့်ခေါင်းဆောင် မျိုးဆက် အဆက်ဆက်တိုင်းက အလွန်အမင်း သစ္စာရှိသည်။ စန်းပေါ်၏ အမိန့်သာမရှိလျှင် ဘယ်သောအခါမှ တော်ဝင်မြို့တော်မှ ခွာလေ့မရှိချေ။

သို့သော် ဟော်ပါးစမ်းယဲ့က သူ၏တာဝန်မှ ထွက်ခွာလာခဲ့ပြီး စန်းပေါ်၏ အမိန့်မရှိဘဲ မူထရီ မဟာမြင်းတပ်ကိုပင် ခေါ်ဆောင်လာခဲ့သည်။ ထိုအခြေအနေက ယွီစန်း၏ သမိုင်းတွင် ဘယ်သောအခါကမှ မဖြစ်ပျက်ခဲ့ဖူးချေ။ ဒါက စည်းမျဉ်းကိုလည်း ဖီဆန်နေသည်။ ဖြစ်လေ့ဖြစ်ထရှိသော အနေအထားမျိုးလည်း မဟုတ်ချေ။ သူဟာ သေဒဏ်ပေးရန် ထိုက်တန်နေပြီဖြစ်သည်။

“သာ့လွန်ရော့ကျန်း ဒီတိုက်ပွဲက ဘယ်လိုဖြစ်လာဖြစ်လာ ငါ့မှာ တောင်းဆိုစရာ တစ်ခုပဲရှိတယ်။ ငါဝူရှန်းမြင်းတပ်နဲ့ တိုက်ခိုက်တာကို မတားနဲ့”

ဟော်ပါးစမ်းယဲ့၏ မျက်ဝန်းက တောက်ပသည်။ သူ၏အမူအရာက အေးစက်၏။ သူဟာ တိုက်ပွဲနယ်မြေ တစ်ခုလုံးကို ဂရုမစိုက်ချေ။ သူ၏အကြည့်က လူတစ်ယောက်ထံတွင်သာ ရှိနေသည်။

“ဒါပေါ့”

သာ့လွန်ရော့ကျန်းကလည်း ချက်ချင်းခေါင်းညိမ့်သည်။

“ဒါက အစပိုင်းကတည်းက ငါတို့ရဲ့ သဘောတူညီမှုပဲ”

ဟော်ပါးစမ်းယဲ့က ခပ်တင်းတင်း သတိပေးသည်။ သာ့လွန်ရော့ကျန်းကို မဟာထန်ကို အလဲထိုး အနိုင်ယူရာတွင် ထောက်ပံ့ပေးပြီး ယွီစန်း၏ ကျော်ကြားမှုကို ပြန်လည်မြှင့်တင်သော အခြေအနေအပြင် သူ့တွင် အခြားသော ပို၍အရေးကြီးသည့် အကြောင်းပြချက်တစ်ခု ရှိသေးသည်။ ထိုအခြေအနေကြောင့်လည်း သူဟာ တော်ဝင်မြို့တော်မှ ထွက်လာခဲ့ပြီး မူထရီမြင်းတပ်ကိုပင် သူနှင့်ခေါ်လာခဲ့ကာ တာလာ့သို့ ချီတက်ခဲ့ခြင်းဖြစ်သည်။ ထိုအကြောင်းပြချက်ကြောင့်လည်း သူဟာ သေဒဏ်ခံစားရနိုင်သည့်တိုင်အောင် ရင်းနှီးခဲ့ခြင်းဖြစ်သည်။ သူဟာ ရန်သူတစ်ယောက်ကို အလဲထိုးလိုသည်။ ထိုအဖွဲ့အစည်းက မဟာထန်၏ ဝူရှန်းမြင်းတပ်ဖြစ်သည်။

ယွီစန်းဟာ မြင်းတပ်များ၏ ကျော်ကြားမှုနှင့် တစ်လောကလုံးကို လွှမ်းမိုးနိုင်ခဲ့သည်။ သူတို့၏ ဝင်္ကပါကလည်း နယ်မြေတိုင်းက လက်ခံရလောက်အောင် လူသိများ ထင်ရှား ကျော်ကြားသည်။ တောင်ပေါ်ဒေသဟာ မြင်းတပ်နယ်မြေဖြစ်သည်။ သူတို့မြင်းတပ်၏ ထိပ်ဆုံး အထွဋ်အထိပ်ကာလတွင် မြင်းတပ်ဘုရင် သုံးခုဖြစ်သည့် သတ္တိဖြူ၊ ချင်းဟိုင်နှင့် မူထရီတို့ဖြစ်သည်။ ထိုအင်အားစု သုံးခုလုံးကလည်း ယွီစန်း၏ အင်အားအကြီးဆုံး မြင်းတပ်အဖွဲ့များဖြစ်သည်။

သို့ရာတွင် ကျန်းကျွင်း လူသစ်လေ့ကျင့်ရေးစခန်း၏ တိုက်ပွဲတွင် ချင်းဟိုင်စစ်သည် ရှစ်ထောင်က ဝမ်ချောင်၏ ဝူရှန်းမြင်းတပ်အောက်တွင် သေသွားသည်။ တြိဂံပုံမြေကွက်လပ်မှ တိုက်ပွဲတွင်လည်း သာ့ယန်မာန်ပန့်နှင့် သူ၏သတ္တိဖြူ ငါးထောင်က အရှင်းခံခဲ့ရသည်။ ယွီစန်းမှ အဆင့်လွန် အင်အားစု သုံးခုထဲတွင် မူထရီမဟာမြင်းတပ်ကသာ ကျန်တော့သည်။

ယွီစန်း၏ မည်သည့်သမိုင်းတွင်မျှ ယခုကဲ့သို့ အခြေအနေမျိုး မရှိခဲ့ဖူးချေ။ သူတို့၏ရန်သူက မဟာထန်ဖြစ်သည်။ မြင်းတပ်နှင့် တစ်ကြိမ်သော်မျှ မကျော်ကြားဖူးသော တိုင်းပြည်ပင်ဖြစ်နေ၏။ ထိုအခြေအနေကြောင့် တောင်ပေါ်ဒေသရှိ တိဗက်မြင်းတပ် ခေါင်းဆောင်တိုင်းက အရှက်ခွဲခံရသလို ခံစားရ၏။ မူထရီမဟာမြင်းတပ်ကပင် ချွင်းချက်မရှိချေ။

ထိုအကြောင်းပြချက်ကြောင့်လည်း ဟော်ပါးစမ်းယဲ့က စန်းပေါ်၏အမိန့်ကို ဖီဆန်ပြီး မူထရီမဟာမြင်းတပ် အဖွဲ့ဝင်ခုနှစ်ထောင်ကို ဦးဆောင်ကာ တော်ဝင်မြို့တော်မှထွက်လျှက် အဝေးရှိ တာလာ့နယ်မြေသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

မူထရီမဟာမြင်းတပ်က ရာစုနှစ်သုံးခုကျော် အုပ်စိုးနိုင်ခဲ့ပြီး ယွီစန်းအင်ပါယာ တစ်ခုလုံး၏ သမိုင်းတောက်လျှောက်တွင်ပင် အင်အားအကြီးဆုံး တည်ရှိမှုအဖြစ် သတ်မှတ်ခံခဲ့ရသည်။ တိဗက်မြင်းတပ် အဖွဲ့ဝင်တိုင်း၏ ဂုဏ်ယူရာလည်းဖြစ်သလို အင်ပါယာအတွက်လည်း ဂုဏ်ယူရာဖြစ်သည်။ မူထရီမဟာမြင်းတပ်က ဝူရှန်းမြင်းတပ်ကို အလဲထိုးနိုင်ရန် လိုအပ်သည်။ ထိုအခါ တစ်လောကလုံးကလည်း မြင်နိုင်လေပြီး သူတို့ကလည်း သက်သေပြနိုင်ပေလိမ့်မည်။

ထိုပန်းတိုင်ကို ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ဟော်ပါးစမ်းယဲ့က သာ့လွန်ရော့ကျန်းကို အပြည့်အဝ ထောက်ပံ့ပေးခဲ့သည်။ သူက သူ၏အဆက်အသွယ်များကိုသုံးပြီး အခြားသော တော်ဝင်မျိုးဆက်များမှ စစ်သည်တော်များကို သာ့လွန်ရော့ကျန်းအတွက် ချေးငှားယူပေးခဲ့သည်။

“အသင့်ပြင်”

ဟော်ပါးစမ်းယဲ့က သူ၏ဓားကိုထုတ်သည်။ ငါးဆက်မြောက် စန်းပေါ်က ချီးမြှင့်ထားသော သွေးနီရောင်လက်နက်က တောက်ပလာသည်။ ထိုလက်နက်က တောင်ကုန်းများကို ကျော်လွန်ကာ မနက်ခင်း နေရောင်အောက်တွင် ထိန်လင်းလာလေသည်။

ခြိမ်း

မြေကမ္ဘာက တုန်ဟီးသွားပြီး ဖုန်မှုန့်များက ကပြောင်းကပြန် ဖြစ်လာသည်။ ဟော်ပါးစမ်းယဲ့၏ အမိန့်နှင့်အတူ မူထရီမဟာမြင်းတပ်၏ အဖွဲ့ဝင်တိုင်းက စတင်ကာ လှုပ်ရှားကြသည်။ သူတို့၏ခန္ဓာကိုယ်မှ လွှမ်းမိုးနိုင်စွမ်းအား ပြင်းထန်သည့် အရှိန်အဝါများက ပေါက်ထွက်လာကာ ပူပြင်းလွန်းသော အပူလှိုင်းတစ်ရပ်ကိုပင် ထုတ်ဖော်လျှက် တောင်ကုန်းပေါ်မှ အပင်များအားလုံးကို နွမ်းလျသွားစေသည်။

ဘုန်း

မူထရီမဟာမြင်းတပ် ခုနှစ်ထောင်က ထွက်ပေါ်လာသော နေမင်းအောက်မှ စီးထွက်လာသည်။ သူတို့က တောင်ကုန်းပေါ်မှအောက်သို့ ရေစီးသလိုမျိုး ဆက်တိုက် ထိုးဆင်းလာလေပြီး သူတို့၏ခွာအောက်မှ ပေါ်ထွက်နေသော ခြိမ်းသံများက တိုက်ပွဲနယ်မြေ အရှေ့ဘက်ခြမ်းတစ်ခုလုံးကို ဆူညံသံများအတွင်းသို့ ရောက်ရှိသွားစေသည်။ မူထရီမဟာမြင်းတပ် ခုနှစ်ထောင်ကမြန်သည်။ ရှားမ၏ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ် ရှစ်ထောင်က ပို၍ပင် မြန်သေး၏။ မူထရီမဟာမြင်းတပ်က တောင်ကုန်းပေါ်မှ ထိုးဆင်းလာသည့် အချိန်တွင် ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကမူ တိုက်ပွဲနယ်မြေပေါ်သို့ ဒုန်းစိုင်း အပြေးနှင်သွားပြီး ဖုန်တိမ်စိုင်များကို ချန်ထားရစ်ခဲ့ပြီဖြစ်သည်။

ထိုအခိုက် တစ်လောကလုံးက သူတို့၏ ချဉ်းကပ်လာမှုအောက်တွင် အရောင်အဝါ ပျောက်ဆုံးသွားသည်ဟု ထင်ရသည်။

“အရှင် အဲ့ဒီကိုကြည့်ပါဦး”

ထိုအချိန် ထန်စစ်တပ်ထဲတွင် ခုံးကျစ်အန်းက တစ်စုံတစ်ရာကို အာရုံခံမိပြီး ခေါင်းလှည့်ကြည့်လိုက်သည်။ သူ၏မျက်ဝန်းအတွင်း အံ့အားသင့်မှုက ပေါ်ထွက်လာသည်။ သူဟာ ချဉ်းကပ်လာသော ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်ကို မြင်လိုက်ရလေသည်။ သံချပ်ကာအရှိန်အဝါ အင်အားများက တူရကီမြင်းတပ်က မထုတ်ပြခဲ့ဖူးသော အရှိန်အဝါတိုင်းကို အပြတ်အသတ် သာနေသည်။ ခုံးကျစ်အန်းကပင် အလွန်အမင်း အင်အားကြီးမားသည့် ရန်သူကို ရင်ဆိုင်နေရသလို ခံစားရသည်။

“အဲ့ဒီကိုကြည့်ပါဦး ယွီစန်းကလည်း လှုပ်ရှားပြီ”

ဝူရှန်းအရာရှိများထဲမှ တစ်ယောက်က အော်လိုက်မှုနှင့်အတူ အခြားသော တစ်ဖက်ခြမ်းကိုလည်း လက်ညိုးညွှန်ပြသည်။ လူတိုင်းက ခေါင်းလှည့်ကာ ကြည့်ကြသောအခါ ကောင်းကင်ဘုံ ဝံပုလွေမြင်းတပ်၏ အနောက်မှ ရွှေရောင်နှင့်အနီရောင် ရောယှက်ထားသော သံချပ်ကာကို ဝတ်ဆင်ထားသည့် အဖွဲ့အစည်းတစ်ခုက ချဉ်းကပ်လာကြောင်း မြင်လိုက်ရသည်။ သူတို့၏ ချီတက်လာသော ရှု့ထောင့်ကမူ ကွာခြားသည်။

ထိုသို့ဖြင့် အဆင့်လွန်အင်အားစု မြင်းတပ်အဖွဲ့အစည်းနှစ်ခုက ချီတက်လာကြသည်။ တစ်ဖွဲ့က ရှေ့မှ ချီတက်လာသည်။ အခြားသောတစ်ဖွဲ့က နောက်မှကပ်လိုက်လာ၏။ ထိုသို့ဖြင့် ထန်များကို ကြားတွင်ပိတ်ညှပ်ကာ သတ်တော့မည့်ပုံပေါ်သည်။

အလွန်ပြင်းထန်သော အန္တရာယ်ကလည်း မြို့ရိုးတစ်ခုလုံးကို လွှမ်းခြုံလာသည်။ ကုန်းမြှေ အင်အားအကြီးဆုံး အင်အားစုနှစ်ခုကို ရင်ဆိုင်နေရသည်။ သူတို့က အာဏာ၏ ထိပ်ဆုံး ရပ်တည်နေနိုင်သော အဖွဲ့အစည်းနှစ်ခုလည်းဖြစ်သည်။ အဖွဲ့အစည်းတစ်ခုပင် ကိုင်တွယ်ရခက်နေလျှင် နှစ်ဖွဲ့ဆိုလျှင် ပို၍ဆိုးသည်။

ဖာဟားနား တောင်ပေါ်မြင်းပေါ်မှ လီစစ်ယဲ့က သူ၏ စစ်သည်တော်များအကြားတွင် ရှိနေသည်။ သူ၏ စိတ်အတွင်း မရေမတွက်နိုင်သော အတွေးများ လက်နေသည်။

ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီမဟာမြင်းတပ်တို့က လောက၏ အကောင်းဆုံး မြင်းတပ်များအဖြစ် တည်ရှိနေခဲ့သည်မှာ ကြာလှချေပြီ။ သူတို့၏ တိုက်ခိုက်နိုင်စွမ်းအားက အခြားသော မြင်းတပ်များထက် အပြတ်အသတ်သာသည်။ သူတို့၏ ပူးပေါင်းအင်အားကလည်း ပို၍ပင် သာပေလိမ့်မည်။ ထို့ကြောင့် ဝူရှန်းမြင်းတပ်ထက် ကြီးမားသွားနိုင်သည်။

ချီတက်ရမလား၊ နောက်ဆုတ်ရမလား။

တိုက်ခိုက်ရမလား၊ ခုခံရမလား။

လီစစ်ယဲ့က ခပ်မြန်မြန် ရွေးချယ်နေ၏။

“အရှင် ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ”

ခုံးကျစ်အန်းက စိုးရိမ်တကြီးပြောသည်။

ချဉ်းကပ်လာသော မြင်းတပ်အင်အားစုနှစ်ခုက ဖော်ပြရန်ခက်ခဲသော ဖိအားမျိုးကို လွှတ်ထုတ်နေသည်။ မည်သည့် မြင်းတပ်အဖွဲ့ကမဆို အခြားသောတိုက်ပွဲတိုင်းထက် ပြင်းထန်သော အရှိန်အဝါမျိုးကို ထုတ်လွှတ်နေနိုင်သည်။

လီစစ်ယဲ့က ဘာစကားမှမပြောချေ။ သူက တိုက်ပွဲနယ်မြေကိုသာ ကြည့်နေသည်။ တိုက်ပွဲက ဆက်ဖြစ်နေသေးသည်။ အော်ဟစ်သံများ၊ ထိပ်တိုက်တွေ့ဆုံသံများက သူ၏နားအတွင်း ပြည့်နှက်နေ၏။ သူ၏မျက်ဝန်းထဲ ဝင်လိုက်ပျောက်လိုက်ဖြစ်နေသော သွေးအလင်းတန်းများကိုလည်း မြင်ရသည်။ မြင်းတပ်အင်အားစု နှစ်ခုက အကွာအဝေးတစ်ချို့ လိုနေသေးသည်။ ထို့ကြောင့် နောက်ဆုတ်ရန် အချိန်ရှိသည်။

သို့သော် လီစစ်ယဲ့က စွန်းကျစ်မင်၊ ကျွမ်းကျန်းဖင်၊ ချီဝေ့စစ်နှင့် အခြားသော မြို့များ၏ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသော မြင်ကွင်းကို မြင်လိုက်ရချိန်တွင်မူ စိတ်ဆုံးဖြတ်လိုက်သည်။

“ငါတို့က နောက်ဆုတ်စရာမလိုဘူး။ စစ်သည်တော်တိုင်း တိုက်ပွဲအတွက်ပြင်ကြ”

လီစစ်ယဲ့က သူ၏ကြီးမားသည့် ဝု့စ်သံမဏိဓားကို မြှောက်ကိုင်လိုက်သည်။ ထိုဓား၏အစွန်းက နေရောင်အောက်တွင် တောက်ပလာ၏။ သူ၏တစ်ကိုယ်လုံးကလည်း ပြင်းထန်လွန်းသည့် စွမ်းအင်များနှင့် ပေါက်ထွက်လာလေပြီး တစ်လောကလုံးကိုပင် သူနှင့်အတူ လှုပ်ရှားခိုင်းတော့မည့်ပုံပေါ်သည်။

ဘုန်း

တခဏခန့် တိတ်ဆိတ်နေပြီးနောက် မြေကမ္ဘာတစ်ခုလုံးက တုန်ဟီးသွားသည်။ ဝူရှန်းမြင်းတပ် ငါးထောင်က လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်နှုန်းသို့ ပြောင်းလဲလိုက်သည်။ ဒီတစ်ကြိမ်တွင် သူတို့၏ပစ်မှတ်က ကောင်းကင်ဘုံဝံပုလွေမြင်းတပ်နှင့် မူထရီ မဟာမြင်းတပ်တို့ဖြစ်သည်။

ထိုအခိုက် သူတို့ဟာ ထိုမြင်ကွင်းကို ပြင်ဆင်ထားသည့်တိုင်အောင် ရှားမနှင့် ဟော်ပါးစမ်းယဲ့တို့ကပင် ဝူရှန်းမြင်းတပ်ငါးထောင်က ထုတ်လွှတ်သည့် လေးစားဖွယ်ကောင်းသည့် အရှိန်အဝါကို အသိအမှတ် ပြုမိသွားသည်။

WC PD 51 (911-925)

All Chapters