ဘဝတံခါး
Vol. 44 Ch. 600
ဘီး
ကျောက်စိမ်းဖြူ ရင်ပြင်ထဲတွင်ရှိသော အလယ်ရှိ ပို့ဆောင်ရေး အစီအရင်က အဖြူရောင် ရောင်ခြည်ဖြင့် ရုတ်တရက် လင်းလာတော့သည်။ မရေမတွက်နိုင်သည့် လူများစွာက တအံ့တသြဖြင့် ထရပ်ကြတော့၏။ မျက်ဝန်းအစုံတစ်ရာခန့်က လက်နေပြီး လေဟာနယ် နယ်မြေကို ကြည့်နေကြတော့သည်။
ဧရာမ ကျောက်တံခါးက ဖြည်းဖြည်းချင်း ပွင့်လာပြီး ဝတ်ရုံနီ ဝတ်ထားသော သခင်လေးတစ်ဦးက ထိုနေရာတွင် ဂုဏ်ယူဝံ့ကြွားစွာ ရပ်နေလေ၏။ တံခါးပွင့်လာချိန်၌ သူကချက်ချင်း မဝင်သွားပေ။ ထိုအစား လှည့်ပတ်ကြည့်ပြီး သူ၏ချောမောခံ့ညားသော မျက်နှာထက်တွင် မိစ္ဆာအပြုံးတို့ဖြင့် ပြည့်နေလေသည်။
ဝှစ်
မိစ္ဆာအရှိန်အဝါဖြင့် သခင်လေး ဝင်သွားသည့် အချိန်တွင် တံခါးက ဖြည်းဖြည်းချင်း ပိတ်သွားပြီး လေထဲရှိ မြင်ကွင်းက ဖြည်းဖြည်းချင်း မှိန်ဖျော့သွားတော့၏။
ထျန်း
ရင်ပြင်က ဆူညံပွက်လော ရိုက်သွားသည်။ တတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်နိုင်တဲ့လူက ရီချန်းမဟုတ်ဘဲ သခင်လေးရှီးဖေးလား။
ရီချန်းသည် တတိယအဆင့်သို့ နာရီပေါင်းများစွာ စောပြီးဝင်သွားတာ လူတိုင်းသိထားပြီး သူမက လွှမ်းမိုးနိုင်စွမ်း ရှိသူဖြစ်ကာ အဆင့်အားလုံးကို သူမဦးဆောင် ကျော်ဖြတ်နိုင်မည်ဟု လူတိုင်းက ထင်ခဲ့ကြသည်။
ရှီးဖေးသည် တတိယအဆင့်ကို ပထမဆုံး ကျော်ဖြတ်သွားလေရာ သူက စုစုပေါင်း အမှတ်ခြောက်မှတ် ရရှိပြီးဖြစ်ကာ ရတနာနှစ်ခု ရနိုင်ပြီဟု ဆိုလိုတာပဲဖြစ်သည်။ ပထမဆုံးက မှန်ရသည့်သူက သတ္တမမြောက်ရတာကို ရနိုင်ပြီး ပထမဆုံး ခြောက်မှတ်ရသည့်သူက ဆဋ္ဌမမြောက် ရတနာကို ရမှာပဲဖြစ်သည်။ ရှီးဖေးသည် သုံးဆင့်သာ ကျော်ဖြတ်ရသေးသော်ငြား သူသည် ရတနာနှစ်မျိုး ရသွားပြီဖြစ်သည်။
ဆဋ္ဌမနှင့် သတ္တမ ရတနာများက သာလွန်သူတော်စင် လက်နက်များ ဖြစ်ကြသည်။ သူတို့က အလွန်တန်ဖိုး မကြီးသော်ငြား သာလွန်သူတော်စင် လက်နက်များ ဖြစ်သေး၏။ ရင်ပြင်အတွင်းရှိ သခင်လေးများနှင့် သခင်မလေးများစွာ၌ တစ်ခုတောင်မရှိပေ။ ဖေးချီ၏ အဆင့်အတန်းဖြင့်သာလျှင် တစ်ခုပိုင်ဆိုင်ကောင်း ပိုင်ဆိုင်ထားနိုင်ချိန် ရှီးဖေးကမူ နှစ်ခုရသွားပြီဖြစ်သည်။ သူတို့မည်ကဲ့သို့ အားမကျဘဲ နေမည်နည်း။ ရီချန်းသည် တတိယအဆင့်သို့ ဝင်ရောက်ပြီး နာရီပေါင်းများစွာ ကြာသည်အထိ သူမသတင်း မကြားရသည်က လူတိုင်းကို စိုးရိမ်ပူပန်စေတော့သည်။ ထိုကဲ့သို့ ကျက်သရေရှိပြီး လှပသော မိန်းမပျိုလေးတစ်ဦးက တတိယအဆင့်တွင် သေဆုံးသွားမည်ဆိုလျှင် မရေမတွက်နိုင်သော သခင်လေးများ၏ နှလုံးသားများ ကွဲကြေကုန်မည်။
တစ်နာရီကြာသွား၏။ လူတိုင်းက သူတို့သတိအနေအထား ပြန်ရလာသည့် အချိန်တွင် အလယ်ရှိ ပို့ဆောင်ရေး အစီအရင်က ထပ်မံလင်းလာပြန်၏။ ယခုအခေါက်တွင် လူတိုင်းက ပိုတောင် ဇဝေဇဝါ ဖြစ်သွားကြသည်။ တတိယအဆင့်ကို ကျော်ဖြတ်နိုင်သည့် ဒုတိယမြောက်လူက ယဉ်ရို့ပင်းပင်ဖြစ်၏။ ရီချန်းက ဤအဆင့်ကိုတောင် မဖြတ်ကျော်ရသေးပေ။
နှစ်နာရီကြာပြီးနောက် ပို့ဆောင်ရေး အစီအရင်က နှစ်ကြိမ်လင်းလာသည်။ ဝူနီက အစေခံမလေး နှစ်ဦးနှင့်အတူ ကျော်ဖြတ်သွားပြီး ဓားဧကရာဇ်၏မြေးကလည်း နောက်မှလိုက်ပါလာသည်။
ဝူနီသည် သူနှင့်အတူ ကောင်းကင်ဧကရာဇ် အစေခံလေးဦး ခေါ်ဆောင်လာခဲ့သည်။ လေးဦးလုံးက တာအိုအက်ကွဲမှုပုံစံကို သန့်စင်ထားတာပဲဖြစ်ပြီး ဖြုံလောက်သည်ဟု သတ်မှတ်၍မရပေ။ သူတို့ထဲမှ နှစ်ဦး တတိယအဆင့်တွင် ပျောက်ကွယ်သွားခြင်းက တတိယအဆင့် မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း မှန်းဆနိုင်ပေ၏။
လူတိုင်း၏ရင်ထဲ သံသယတို့ တိုးလာသည်။ သူတို့က ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးကို စိုးရိမ်ပူပန် နေကြတော့၏။ ရီမျိုးနွယ်စုနှင့် သက်ဆိုင်သည့် မျိုးဆက်သား အချို့လည်းရှိကာ သူတို့က ရီချန်းကံကောင်းရန်အတွက် ဒူးထောက်ပြီး ဆုတောင်းနေကြတော့သည်။
နေ့ဝက်ခန့် ကြာညောင်းပြီးနောက် ပို့ဆောင်ရေး အစီအရင်က အဖြူရောင်အလင်းတန်း ဖြာထွက်လာပြီး ခရမ်းရောင်ဆံနွယ်ဖြင့် မိန်းမပျိုလေးက နောက်ဆုံး၌ အားလုံး၏ အမြင်အာရုံရှေ့၌ ပေါ်လာတော့သည်။ ရီချန်း၏ ဝတ်ရုံဖြူ၌ သွေများပြည့်နေပြီး စုတ်ပြဲနေရာ သူမ၏ ဖြူဖွေးသော အသားအရေတို့ ပေါ်နေစေသည်က သခင်လေးများစွာကို တအံ့တသြ ဖြစ်သွားစေတော့သည်။ သူမ၏ ခန္ဓာကိုယ်ပေါ်၌ အမာရွတ်များစွာ ရှိနေပြီး လမ်းလျှောက်သည့်အခါ ယိမ်းယိုင်နေလေရာ လူတိုင်း၏ နှလုံးကို နာကျင်စေ၏။
ရီမျိုးနွယ်စုနှင့် သက်ဆိုင်လျက်ရှိသည့် သခင်လေးအချို့နှင့် သခင်မလေးများက မျက်ရည်ကျမိကုန်၏။ ရီချန်းသာ တတိယအဆင့်တွင် ရှင်သန်နိုင်သ၍ သူမက မည်သည့်အသက် အန္တရာယ်မှ ရှိတော့မှာမဟုတ်ဟု ဆိုလိုတာပဲဖြစ်သည်။ လူတစ်ယောက်သည် တတိယအဆင့်ကို ကျော်ဖြတ်နိုင်သ၍ သူတို့ရတနာ ရသည့်အချိန်၌ လုံလုံခြုံခြုံ ထွက်နိုင်မှာပဲဖြစ်သည်။
ရီချန်းက ဒဏ်ရာရထားပြီး ဤရတနာရှာဖွေမှုက မမှန်းဆနိုင်စရာ ဖြစ်လာတော့မည်။ နောက်ဆုံးတွင် ကျန်ရီသည့် ရတနာများကို မည်သူတို့ ရနိုင်မည်ဆိုတာ ကောင်းကင်ဘုံမှလွဲပြီး တစ်ခြားလူများ မသိနိုင်ပေ။
“ဆဋ္ဌမနဲ့ သတ္တမရတနာတွေ ယူသွားခံရပြီလား”
ရှီးဖေးသည် တတိယအဆင့်ကို ကျော်ဖြတ်ပြီးနောက် ကျန်းရီ၏စိတ်ထဲတွင် ကောင်းကင်ထဲရှိ အက်ကွဲကြောင်းမှ ရတနာနှစ်ခု သက်ဆင်းလာသည့် မြင်ကွင်းက ပေါ်လာတော့သည်။ သူက အနည်းငယ် ထိတ်လန့်သွားလေရာ မိုးနှင့်မြေ တစ်သားတည်း အခြေအနေမှ ထွက်မိသွားတော့၏။
“သေစမ်း”
တုန်လှုပ်ခြောက်ခြားသွားချိန်၌ အရပ်မျက်နှာ အနှံ့ရှိ လေဟာနယ် လှိုင်းဂယက်ရှစ်ခုကို တွေ့လိုက်ရသည်။ ရွေးချယ်စရာမရှိဘဲ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် တစ္ဆေမီးလျှံအားလုံးကို ထုတ်ဖော်ပြီး မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ လျင်မြန်စွာ ဝင်ရောက်လိုက်သည်။ ထိုသို့မပြုလုပ်ခဲ့လျှင် နေရာတွင်ပင် ချက်ချင်းသေမှာဖြစ်သည်။
ထိုရတနာများ ယူသွားခံရသည်က သူ့အတွက် အရေးမကြီးပေ။ သူသေတော့မည့် အချိန်၌ ရတနာများအကြောင်း မည်ကဲ့သို့ တွေးနိုင်မည်နည်း။ ရတနာများက သိုင်းပညာရှင်များအတွက် မက်မောစရာကောင်းကြောင်းတော့ သူဝန်ခံရမှာပဲဖြစ်သည်။
“ကျီ ကျီ”
ဝိညာဉ်ဝါးမျို မိချောင်းများက တစ္ဆေမီးလျှံများကို ဖြတ်သွားသည်နှင့် သူတို့က ကျန်းရီ၏စိတ်ထဲ မဝင်နိုင်ဘဲ လောင်မျိုက်ကုန်၏။ ကျန်းရီသည် တစ္ဆေမီးလျှံအချို့ကို သုံးလိုက်ရာ အစုလေးဆယ်အောက်သာ ကျန်တော့သည်။
ကျန်းရီက နေရာတွင်ပင် ရပ်နေပြီး မလှုပ်ခဲ့ပေ။ စိတ်လွတ်နေပြီဖြစ်၏။ သူမည်သို့ ပြုလုပ်ရတော့မည်မှန်း မသိတော့ပေ။
ချီ ချီ ကျန်းရီက မလှုပ်ရှားသည့်တိုင် ပတ်ဝန်းကျင် လေဟာနယ် နယ်မြေကလည်း အချိန်ကာလ အတန်ကြာပြီးနောက် လှိုင်းဂယက်ငယ် ရှိနေသေး၏။ ဝိညာဉ်ဝါးမျို မိချောင်းရှစ်ကောင်က သေခြင်းတရား အရှိန်အဝါတို့ဖြင့် ပျံသန်းလာလေသည်။ ကျန်းရီက တိုက်ခိုက်ရန် စိတ်အနှောင့်အယှက် ဖြစ်ခံမနေတော့ဘဲ သူ့ကိုယ်ကို လွှမ်းခြုံရန်အတွက် တစ္ဆေမီးလျှံများကိုသုံးပြီး သူ့ကိုဝိညာဉ်ဝါးမျို မိချောင်းများ တိုက်ခိုက်ခွင့် ပေးလိုက်တော့၏။
အချိန်ကုန်ဆုံးပြီး တိုက်ခိုက်မှုလှိုင်းများ ကုန်ပြီးနောက် ကျန်းရီ၏တစ္ဆေမီးလျှံတို့ လျော့နည်းသည်ထက် လျော့နည်းလာလေသည်။ သူ့တွင် တစ္ဆေမီးလျှံ နှစ်ဆယ်အောက်သာ ကျန်တော့သည့်အချိန်၌ ထိုဝိညာဉ်ဝါးမျို မိချောင်းများက နောက်ဆုံးတွင် တစ္ဆေမီးလျှံ ကာကွယ်မှုကို ဖြတ်ကျော်ပြီး ကျန်းရီ၏စိတ်ထဲသို့ ဝင်ရောက်ကာ စိတ်ဝိညာဉ်ကို တိုက်ခိုက်တော့သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က တိုက်ခိုက်မှုကြောင့် ပြိုလဲသည့်အချိန်ရောက်လျှင် သူတို့က သူ၏စိတ်ဝိညာဉ်ကို ဝါးမျိုသွားမှာပဲဖြစ်သည်။
ဘီး
မီးဝိညာဉ်ပုလဲသည် စွမ်းအင်တို့ ကူးပြောင်းပေးလာရာ ကျန်းရီ၏ စိတ်ဝိညာဉ်ကို ရွှေရောင်အလင်းဖြင့် အားဖြည့်ပေးနေတော့သည်။ ဝိညာဉ်ဝါးမျို မိချောင်းရှစ်ကောင်သည် သူ၏စိတ်ဝိညာဉ်ထဲ ဝင်ရောက်ကောင်း ဝင်ရောက်နိုင်သော်ငြား သူတို့အားလုံးက တစ္ဆေမီးလျှံ အလွှာတစ်ထပ်ကြောင့် လောင်ကျွမ်းခံလိုက်ရပြီး မူလအရွယ်အစား၏ သုံးပုံတစ်ပုံခန့်သာ ကျန်ရှိတော့သည်။ ထို့ကြောင့် သူတို့တိုက်ခိုက်မှုက သိပ်အားမပြင်းပေ။ ကျန်းရီ၏ စိတ်ဝိညာဉ်က ထပ်ခါထပ်ခါ တိုက်ခိုက်မှုကို ရရှိနေပြီး သူ၏ခေါင်းကို ဆုပ်ကိုင်သကဲ့သို့ဖြစ်ကာ နာကျင်ပြင်းပြစွာ အော်စေတော့၏။ နောက်ဆုံးတွင် သူ၏စိတ်ဝိညာဉ် မပြိုလဲသွားပေ။
ရွှီ ရွှီ
ကျန်းရီက မြေပြင်ပေါ် ဒူးတစ်ဖက်ထောက်လျက် ကြမ်းတမ်းခက်ထန်သော အမူအရာမျိုး ရှိနေသည်။ သူသည် လွန်ခဲ့သည့် သုံးရက်ခန့်က သွင်ပြင်ပြောင်းလဲခြင်း ဆေးလုံးကို သောက်ခဲ့ပြီးဖြစ်ရာ မူလသွင်ပြင်အဖြစ် ပြန်ရောက်လာပြီဖြစ်သည်။ သူ၏နုနယ်သော မျက်နှာက ဖြူဖျော့နေပြီး သုန်မှုန်သော ကောင်းကင်ဆီသို့ မကျေမချမ်း ကြည့်လိုက်တော့သည်။ သူကတိတ်တဆိတ် ကျိန်ဆဲလိုက်၏။
“ဆန်းကြယ်ဧကရာဇ်ရယ် ဒီလိုမုန်းတီး ရွံ့စရာကောင်းတဲ့ ကိစ္စတွေကို ဘာကြောင့်များ ခင်ဗျား လုပ်ရတာလဲ။ သူတို့ရတနာ လာရှာတဲ့အတွက်ကြောင့် လူငယ်မျိုးဆက်တွေ အားလုံးကိုသတ်ဖို့ မလိုဘူးမလား။ ခင်ဗျား ကောင်းကင်ဘုံကို တက်သွားပြီမဟုတ်ဘူးလား။ ဒါဆို ခင်ဗျားနဲ့အတူ လူတွေအများကြီး ခေါ်သွားတာ ဘာများအသုံးဝင်မှာလဲ”
ကျန်းရီက ခေါင်းမာမာဖြင့် ဇောတကတက်နေသည်မှာ သူ့ကိုယ်သူတောင် မှင်သက်သွားစေမိသည်။ သူက ရေရွတ်ပြောလိုက်၏။
“သတ်... သတ် ဟုတ်ပြီလား။ ဆန်းကြယ်ဧကရာဇ်က ဒီနန်းတော်နောက်ကနေ မထွက်သွားဘဲ သတ်ဖြတ်ဖို့အတွက် ဆန်းကြယ်တဲ့ အရန်အတားတွေ ချမှတ်ခဲ့တာ။ ဒါကပါရမီရှင်တွေကို ပျိုးထောင်ဖို့ပဲ။ ကောင်းကင်ကိုဖီဆန်တဲ့ သိုင်းပညာရှင်တစ်ယောက် မွေးထုတ်ဖို့အတွက်ဆို လူသားမျိုးနွယ်စုက မျိုးဆက်တွေအတွက် အောင်မြင်ဖြစ်ထွန်းအောင် စွမ်းဆောင်ရွက်ပြီး ဒါမှသာ လူသားမျိုးနွယ်စုက မျိုးဆက်အလိုက် အောင်မြင်ဖြစ်ထွန်းအောင် ဆောက်ရွက်နိုင်ပြီး နတ်ဆိုးမျိုးနွယ်စုကို ဖိနှိပ်နိုင်မယ်”
“ဒီလိုဆိုမှတော့ ဒီနေရာက အဆင့်အားလုံးကို ဖြိုခွဲလို့ မရသင့်ဘူး။ အသက်တံခါးကို ရှာတွေ့နိုင်သ၍ အဆင့်ကို ကျော်ဖြတ်နိုင်မှာပဲ။ ဟုတ်တယ် ဒီလိုပဲဖြစ်ရမယ်။ ငါသာ အဆင့်ကို ကျော်ဖြတ်နိုင်ဖို့ အဓိကအချက်ကို ရှာတွေ့နိုင်မယ်ဆိုရင် ငါအသက်ရှင်လောက်ပြီ”
ကျန်းရီ၏ မျက်လုံးက လက်သွားပြီး အသက်ရှင်လိုစိတ်တို့ ပြင်းပြလာကာ သူ့တစ်ကိုယ်လုံးကို တုန်ယင်သွားစေ၏။ သူကကောင်းကင်ကို မော့ကြည့်လိုက်တော့သည်။ စိတ်တည်ကြည်မှုတို့ ပြန်ရရှိလာပြီး ဘာကိုမှ စိတ်အနှောင့်အယှက် ဖြစ်ခံမနေတော့ချေ။ သူက တင်ပျဉ်ခွေချိတ် ထိုင်လိုက်ပြီးနောက် မိုးနှင့်မြေ တစ်သားတည်း အခြေအနေထဲသို့ ဝင်ရောက်နေသည်။
မူလက သူသည် မိုးနှင့်မြေ တစ်သားတည်း အခြေအနေသို့ ဝင်ရောက်ရန် ခက်ခဲခဲ့သော်ငြား ကူကယ်ရာမဲ့တံတားတွင် သူက ပထမအဆင့်ကို ကံကြမ္မာတိုက်ဆိုင်စွာ ရောက်ခဲ့လေ၏။ ယခု ဤအဆင့်ကို ပိုနက်ရှိုင်းစွာ နားလည်လာပြီး သူ့ရင်ထဲ၌ ငြိမ်းချမ်းနေသ၍ မည်သည့် အတွေးမှ ရှိမနေသ၍ ချက်ချင်းဝင်ရောက်နိုင်သည်။
သူ့ကိုယ်သူ ဤနေရာနှင့် ပေါင်းစည်းခွင့်ပြုလိုက်ပြီး အရာအားလုံးကို အသေးစိတ် ခံစားလိုက်၏။ သူအားလုံးကို မေ့လျော့သွားသည်။ သေခြင်းတရား၏ ခြိမ်းခြောက်မှုအကြောင်း မေ့လျော့သွားလေ၏။ အချိန်တစ်ခု ကြာပြီးနောက် လေထဲမှ ဝိညာဉ်ဝါးမျို မိချောင်းကိုးကောင်က ပေါ်ထွက်လာသည်။ သူ့ကိုယ်သူ ကာကွယ်ရန် တစ္ဆေမီးလျှံကိုတောင် မထုတ်ဖော်ခဲ့ပေ။ သူက ထိုဝိညာဉ်ဝါးမျို မိချောင်းများဆီသာ အာရုံပြုထားလျက် ငြိမ်ငြိမ်စိမ်စိမ် အာရုံခံနေတော့သည်။ ဘဝတံခါးကို ရှာဖွေနေပြီး ဒုတိယအဆင့်၏ ဘဝတံခါးကို ကြည့်နေတာဖြစ်သည်။
ဝိညာဉ်ဝါးမျို မိချောင်းကိုးကောင်သည် မိစ္ဆာလေတို့နှင့်အတူ စူးရှသော လေသံများ ထုတ်လာလေ၏။ ကျန်းရီက သူတို့၏ချွန်ထက်သော သွားများနှင့် ရက်စက်ကြမ်းကြုတ်သော အနီရောင် မျက်လုံးများကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူ့ကို လွှမ်းခြုံနေသော သေခြင်းတရား အရှိန်အဝါ တည်ရှိမှုကိုလည်း ရှင်းရှင်းလင်းလင်း ခံစားမိ၏။
ချီ ချီ
အစကနေ အဆုံးအထိ သူသည် တစ္ဆေမီးလျှံ အနည်းငယ်မျှ မထုတ်ဖော်ခဲ့ဘဲ ထိုဝိညာဉ်ဝါးမျို မိချောင်းကိုးကောင်ကို သူ၏မျက်ခုံးနှစ်ဖက်ကြား ဝင်ရောက်ခွင့် ပေးလိုက်ပြီးနောက် စိတ်ဝိညာဉ်ထဲ ဝင်ရောက်ခွင့် ပေးလိုက်သည်။ ထိုမျှများပြားသည့် ဝိညာဉ်ဝါးမျို မိချောင်းများဖြင့် သူဘာမှမလုပ်ဘဲ နေနေလျှင် သူ၏စိတ်ဝိညာဉ်က သေချာပေါက် ပြိုလဲသွားပေမည်။ ယခုအချိန်တွင်သူက လှုပ်ရှားခဲ့သည်။ သူ၏စိတ်က မလှုပ်ရှားဘဲ နှုတ်ခမ်းထောင့်က ကွေးတက်သွားတာပဲဖြစ်သည်။
သူပြုံးလိုက်၏။
***