← Chapters

ရန်သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ရချိန်တွင် အနိုင်ရသူ ပေါ်ပေါက်သင့်

Vol. 44 Ch. 601

ရန်သူနှင့် မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့ရချိန်တွင် အနိုင်ရသူ ပေါ်ပေါက်သင့်

Vol. 44 Ch. 601

မှန်ပေသည်။ သူပြုံးလိုက်လေ၏။ သူသည် ဒုတိယအဆင့်အတွက် ဘဝတံခါးကို ဝေဝါးဝါး ရှာတွေ့ခဲ့သည်။ သို့သော် အတိအကျက မည်သို့နည်း။ သူ ယင်းကို စစ်ဆေးရပေမည်။ သူ၏ ဆုံးဖြတ်ချက် မှားယွင်းသွားခဲ့လျှင် ထာဝရ ငရဲသစ်ငုတ်ဘဝသို့ ရောက်သွားပေလိမ့်မည်။ သို့သော် သူမှန်ကန်ခဲ့လျှင် ဒုတိယအဆင့်က သူ့ဘာသာသူ ပြိုလဲသွားမှာပဲဖြစ်၏။

သူသည် အစကတည်းက သဘာဝဆန်ဆန် တုန့်ပြန်မှုထဲ ဝင်ရောက်ခဲ့၏။ သို့သော် ယင်းက လူတိုင်းကျူးလွန်မိသည့် သာမာန်ပြဿနာတစ်ခု ဖြစ်လောက်သည်။ ဝိညာဉ်ဝါးမျို မိချောင်းများက ကြောက်မက်ဖွယ် ကောင်းလွန်းလေရာ တစ်ချက်ကြည့်ရုံဖြင့် ကျောစိမ့်ပြီး ကြောက်မက်သွားစေသည်အထိ လုံလောက်သည်။ သူတို့စိတ်ဝိညာဉ်က ဝိညာဉ်ဝါးမျို မိချောင်းများ၏ ကိုက်ဖဲ့စားသောက်ခြင်း ခံရလိမ့်မည်ဟု လူတိုင်းက ယုံကြည်နေကြသည်။

လူသားများသည် ထိုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည့် အရုပ်ဆိုးဆိုး အန္တရာယ်များသော သတ္တဝါများနှင့် ရင်ဆိုင်တွေ့ရသည့် အချိန်တွင် အကြောက်တရားကို ခံစားချင်ပြီး ခုခံကာ ထွက်ပြေးချင်မှာပဲဖြစ်သည်။ စိတ်ဝိညာဉ်သည် အရေးကြီးသည့်အရာ ဖြစ်နေလေရာ လူတိုင်းက စိတ်ဝိညာဉ် ဘယ်သောအခါမှ ထိခိုက်မခံနိုင်ဟူ၍ ယူဆထားကြသည်။ မဟုတ်လျှင် သူတို့၏ အနာဂတ် ပြီးဆုံးသွားမှာပဲဖြစ်သည်။

ထို့ကြောင့် တစ်ဖက်လူသည် သူ၏စိတ်ဝိညာဉ်ကို ခုခံရန် ရွေးချယ်ပြီး ဝိညာဉ်ဝါးမျို မိချောင်းများကို သူတို့စိတ်ဝိညာဉ်အတွင်း ဝင်ရောက်ခွင့် မပေးပေ။ ကျန်းရီသည် ဝိညာဉ်ဝါးမျို မိချောင်းများကို အာရုံခံနေသည့်အချိန်၌ နောက်ဆုံးတွင် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဝိညာဉ်ဝါးမျို မိချောင်းသည် ရက်စက်ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းပုံ ပေါ်သော်ငြား ယင်းက စိတ်ဝိညာဉ်တိုက်ကွက် တစ်ခုသာဖြစ်သည်။ မကောင်းကြံသော နည်းလမ်းတစ်ခုထဲ တွန်းပို့ခံလိုက်ရတာပဲဖြစ်၏။

ထိုဝိညာဉ်ဝါးမျို မိချောင်းများ၌ အသက်ဓာတ်မရှိပေ။ သူတို့က တစ္ဆေမီးလျှံများဖြင့် မီးမျိုက်ခံလိုက်ရသည့် အချိန်တွင် သူတို့စွမ်းအင်ကို ကုန်ခမ်းသွားစေတာပဲ ဖြစ်သည်။ စိတ်ဝိညာဉ်ကို အကြိမ်ရေ အတိအကျ တိုက်ခိုက်ပြီးနောက် သူတို့ပျောက်ကွယ်သွားမှာပဲဖြစ်သည်။ ယင်းက မည်သည်ကို ဆိုလိုသနည်း။ ဆိုလိုသည်က ဝိညာဉ်ဝါးမျို မိချောင်းများသည် သတ္တဝါမဟုတ် နတ်ဆိုးသားရဲ တစ်ကောင်းလည်းမဟုတ်ပေ။ ယင်းက စွမ်းအင်ပုံစံ တစ်မျိုးဖြစ်ပြီး ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှု ပုံစံတစ်မျိုးဖြစ်၏။ ထိုသို့ဆိုလျှင် ၎င်းကိုသတ္တဝါတစ်ကောင်အဖြစ် ဆက်ဆံရန် မလိုလေဘဲ သာမာန် စိတ်ဝိညာဉ် တိုက်ကွက်တစ်ကွက်ဖြင့်သာ မှတ်ယူရမှာပဲဖြစ်သည်။ သူ့အပေါ် ဖုန်းလန် အသုံးပြုခဲ့သော စိတ်ဝိညာဉ်တိုက်ကွက်မျိုးသာ ဖြစ်သည်။

အစောပိုင်းက ခွဲထွက်ပြီးနောက် ကျန်းရီသည် ရူးသွပ်သည့် နည်းလမ်းတစ်ခုကို တွေးခဲ့သည်။ ခုခံမည့်အစား သူကတိုက်ခိုက်မှာပဲ ဖြစ်သည်။

တိုက်ခိုက်ခြင်းက အမြဲတမ်း အကောင်းဆုံး ခုခံမှုဖြစ်၏။ ဝိညာဉ်ဝါးမျို မိချောင်းက သူ၏စိတ်ဝိညာဉ်ကို ဝါးမျိုချင်သောကြောင့် သူကလည်း တန်ပြန်သည့် အနေဖြင့် သူတို့ကို အဘယ့်ကြောင့် မဝါးမျိုရမည်နည်း။ ဝိညာဉ်ဝါးမျို မိချောင်းက စိတ်ဝိညာဉ်စွမ်းအင် အမျိုးအစားတစ်မျိုး ဖြစ်လောက်သည်။ မဟုတ်လျှင် သူ၏ခေါင်းထဲသို့ ထိုးဖောက်ဝင်ရောက်ပြီး သူ၏စိတ်ဝိညာဉ်ပင်လယ်ထဲသို့ အလွယ်တကူ ဝင်နိုင်မှာမဟုတ်ပေ။

“ဟား ဟား လာလေ ဘယ်သူပိုသန်မာလဲ ကြည့်ကြတာပေါ့”

ကျန်းရီက ရင်ထဲ၌ ရှတတရယ်မောလိုက်ပြီး သူ၏အသိစိတ် တစ်ခုလုံးက ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ဆီသို့သာ နစ်ဝင်နေတော့သည်။ ပြီးနောက် ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကို ရွှေ့ပြောင်းပြီး ဝိညာဉ်ဝါးမျို မိချောင်းတစ်ကောင်ကို ချေမှုန်းလိုက်တော့၏။

ရန်သူတစ်ယောက်နှင့် ရင်ဆိုင်တွေ့ရချိန်၌ အနိုင်ရသူက ပေါ်ထွက်လာသင့်သည်။

ကျန်းရီက အရာအားလုံးကို စွန့်စားခဲ့သည်။ သူရှုံးနိမ့်သွားခဲ့လျှင် စိတ်ဝိညာဉ်က ဝါးမျိုခံရပြီး သူပျောက်ကွယ်သွားမှာပဲဖြစ်သည်။ သူ့တွင်ရှိသည့် အရာအားလုံးကို အဘယ့်ကြောင့် မစွန့်စားဘဲ နေရမည်နည်း။

သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲတွင် ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က မရပ်မနားနိုင်သော လက်နက် ဓားတစ်ခုသဖွယ် အဆတစ်ထောင် လျင်မြန်စွာ လှုပ်ရှားနေပြီး ဝင်ရောက်လာသော ဝိညာဉ်ဝါးမျို မိချောင်းတစ်ကောင်ကို ပိုင်းဖြတ်လိုက်တော့သည်။

စိတ်ဝိညာဉ် ဖွဲ့တည်မှုသည် စိတ်ဝိညာဉ် ပင်လယ်အတွင်း၌ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ပြီး သူ့ကို ထိန်းချုပ်ထားနိုင်၏။ သာမာန်လူတစ်ဦးက အရေးကြီးဆုံး အခိုက်အတန့် ရောက်သည့်အချိန်တွင် စိတ်ဝိညာဉ်ကို မည်ကဲ့သို့ အဆင်အခြင်မဲ့စွာ ထိန်းချုပ်ရဲမည်နည်း။ တစ်စုံတစ်ခု မှားယွင်းသွားလျှင် မည်သို့ဖြစ်မည်နည်း။ ကျန်းရီက သူ့စိတ်ဝိညာဉ်ကို လှည့်ပတ်နိုင်မှန်း သိပြီးဖြစ်သော်ငြား အဆင်အခြင်မဲ့စွာ မလှုပ်ရှားရဲပေ။ ယခုအချိန်၌ သူက အရာအားလုံးကို စွန့်စားရဲရမည်ဖြစ်သောကြောင့် အကြောက်အလန့် ကင်းမဲ့နေတာ သဘာဝကျသည်။

ဖုန်း

အသံတိတ် ပိုင်းဖြတ်မှုသည် ကျန်းရီ၏ ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကို ကြမ်းတမ်းစွာ လှုပ်ခါသွားစေပြီး ဝိညာဉ်ဝါးမျို မိချောင်းကမူ လွင့်ထွက်သွားကာ မူလအရွယ်အစား တစ်ဝက်ထက် ပိုကျုံ့သွားတော့သည်။ ကျန်းရီ၏ စိတ်ဝိညာဉ်က နာကျင်မှုကို ခံစားလိုက်ရသော်ငြား ကံကောင်းသည်မှာ မီးဝိညာဉ်ပုလဲက အမည်မသိ စွမ်းအင်များ ကူးပြောင်းပေးပြီး သူ၏စိတ်ဝိညာဉ်ကို ရွှေရောင်အလင်းဖြင့် ပြန့်ကားလာစေပြီး နာကျင်မှုကို လျော့နည်းသွားစေတော့သည်။

သူသည် ဝိညာဉ်ဝါးမျို မိချောင်းကို ထပ်မံချေမှုန်းရန်အတွက် ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကို ထိန်းချုပ်လိုက်ပြန်၏။ ထိုချေမှုန်းမှုက ဝိညာဉ်ဝါးမျိုမိချောင်းကို အပိုင်းပိုင်းအစစ ကြေမွသွားစေပြီး စိတ်ဝိညာဉ် ပင်လယ်အတွင်း ပျော်ဝင်သွားစေတော့သည်။

ချီ ချီ

ကျန်းရီက အနားယူရန် အချိန်မရှိပေ။ နောက်ထပ် ဝိညာဉ်ဝါးမျို မိချောင်းက သူ၏စိတ်ဝိညာဉ် ပင်လယ်ထဲသို့ တစ်ဟုန်ထိုး ဝင်ရောက်လာလေရာ ကျန်းရီက အနားယူရန် အချိန်မရှိပေ။ သူ၏စိတ်ဝိညာဉ်ထဲ၌ ဟိန်းဟောက်လျက်

“လာလေ လာလိုက် ဒီသခင်လေးက မင်းတို့ဒီနေရာမှာ မင်းတို့အားလုံး ကွယ်ပျောက်သွားရအောင် လုပ်ပေးမယ်”

ဖုန်း ဖုန်း ဖုန်း ဖုန်း

တိတ်တဆိတ် ပိုင်းဖြတ်မှုတို့က ကျန်းရီ၏ စိတ်ဝိညာဉ် ပင်လယ်ထဲ၌ ဆက်တိုက် ပေါ်ထွက်နေပြီး မီးနဂါးဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က ထပ်ခါထပ်ခါ ပိုင်းဖြတ်နေပြီး ဝိညာဉ်ဝါးမျို မိချောင်းအားလုံးကို ချေမွပစ်နေတော့သည်။ စိတ်ဝိညာဉ်မှ ပြင်းထန်သော နာကျင်မှုကြောင့် ကျန်းရီ၏ တစ်ကိုယ်လုံးက တုန်ယင်လာပြီး သူ၏မျက်နှာက ရှုံ့မဲ့နေလေ၏။ ယခုအချိန်တွင်သူက ရူးသွပ်နေသော မိစ္ဆာတစ်ကောင်သဖွယ် ဘာဆိုဘာမှ ဂရုမစိုက်နိုင်ဘဲ ဝိညာဉ်ဝါးမျို မိချောင်းများကို တိုက်ခိုက်ရန်အတွက် သူ၏ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကိုသာ အသုံးပြုနေ၏။

မျက်တောင်တစ်ခတ်အတွင်း ကျန်းရီ၏ ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က ၁၈ကြိမ်ခန့် ပိုင်းဖြတ်ပြီးဖြစ်ကာ ဝိညာဉ်ဝါးမျို မိချောင်းကိုးကောင်ကလည်း အပိုင်းပိုင်းအစစ ဖြစ်သွားပြီး မီးခိုးများကဲ့သို့ ပျောက်ကွယ်သွားတော့သည်။

ကျန်းရီက စိတ်ဝိညာဉ်ကလည်း ဆက်တိုက် လှုပ်ခါခံနေရပြီး ဆုတ်ဖြဲခံရသည့် နာကျင်မှုကို ကြုံတွေ့နေရသောကြောင့် ကျန်းရီသည်လည်း ခံစားရ အဆင်မပြေပေ။ သူသည် ကိုယ်ကျိုးမငဲ့သော အခြေအနေထဲတွင် ရှိနေပြီး ၎င်းကိုမခံစားမိသော်ငြား ခန္ဓာကိုယ်ကမူ ညင်းပန်းနေသော နာကျင်မှုအတွင်းသို့ အလိုလို ကျရောက်နေတာပဲဖြစ်သည်။ ပိုအရေးကြီးသည်က သူ၏စိတ်ဝိညာဉ်က လှုပ်ခါသွားပြီး အက်ကွဲကြောင်းများ ရှိနေလေ၏။ အချိန်မရွေး ပြိုလဲသွားမည့်ပမာ ခံစားနေရသည်။ နောက်တစ်လှည့်တွင် ဝိညာဉ်ဝါးမျို မိချောင်းများ ပိုမိုတိုက်ခိုက်လာလျှင် သူ၏စိတ်ဝိညာဉ်က ပြိုလဲသွားလောက်ပေ၏။

ဝှစ်

ယခုအချိန်တွင် ကျန်းရီက စိတ်ဝိညာဉ် ပင်လယ်နားတစ်ဝိုက်တွင် ပျံသန်းရန် ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကို ထိန်းချုပ်နေလျက် ရူးသွပ်နေသော မိစ္ဆာနတ်ဆိုး အခြေအနေကို အပြည့်အဝ ထိန်းချုပ်ထား၏။ သူက သားရဲဘုရင်တစ်ကောင်သည် အရိုင်းစိတ် ဝင်သွားသည့်ပမာ ဝိညာဉ်ဝါးမျို မိချောင်းများအားလုံးကို ရှာဖွေပြီး တိုက်ခိုက်နေတော့သည်။ သူ၏ဒေါသကို ဖောက်ခွဲပစ်ရန်အတွက် သက်ရှိသတ္တဝါများ အားလုံးကို ရှာဖွေကာ အရှင်လတ်လတ် စုတ်ဖြဲပစ်ချင်သည်။ အဆန်းကြယ်ဆုံး ကိစ္စရပ်က ဖြစ်လာတော့၏။

ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်က အနားတစ်ဝိုက်တွင် ပျံသန်းနေစဉ် စိတ်ဝိညာဉ် ပင်လယ်အတွင်းရှိ ဖြူလျော်သော စွမ်းအင်တို့က သူ၏စိတ်ဝိညာဉ် ဖွဲ့တည်မှုထဲ၌ အလိုလို ကပ်တွယ်လာကြတော့သည်။ စွမ်းအင်များအားလုံး ဖယ်ရှားခံလိုက်ရပြီးနောက် ဝိညာဉ်ဝါးမျို မိချောင်းတို့ကလည်း ကြေမွကုန်သည်။ သူတို့အားလုံးက သူ၏စိတ်ဝိညာဉ်ဆီသို့ ကပ်တွယ်လာကြပြီး လျင်မြန်စွာ စုပ်ယူခံနေရ၏။

ကျန်းရီ၏ တွေးဆချက်က မှန်ကန်နေပေသည်။ သူ၏စိတ်ဝိညာဉ်က စိတ်ဝိညာဉ် ပင်လယ်အတွင်းရှိ စွမ်းအင်များလှိုင်းများစွာကို စုပ်ယူနေချိန် သူ၏စိတ်ဝိညာဉ်ပုံစံ ဖွဲ့တည်မှုကို ပြန်ကောင်းစေရုံသာမက ပိုလည်းသန်မာလာစေပုံရသည်။

ချီ ချီ

နောက်ထပ် ဝိညာဉ်ဝါးမျို မိချောင်းက သူ၏စိတ်ဝိညာဉ် ပင်လယ်အတွင်းသို့ တစ်ဟုန်ထိုး ဝင်ရောက်လာစဉ် ကျန်းရီက တောင့်ခဲသည့် အခြေအနေတွင် ရှိနေသေးသည်။ သူက ဘာကိုမှ တွေးမနေတော့ဘဲ ဓားပုံသဏ္ဌာန် စိတ်ဝိညာဉ်ကို ထိန်းချုပ်ပြီးနောက် နောက်တစ်လှည့် စတင်သတ်ဖြတ်တော့သည်။ ယခုအခေါက်တွင် စုစုပေါင်း ဝိညာဉ်ဝါးမျို မိချောင်းရှစ်ကောင် ရှိသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့အားလုံးက ကျန်းရီ၏ စိတ်ဝိညာဉ်ကြောင့် အပိုင်းအစလေးများအဖြစ် ချေမွခံလိုက်ရသည်။ ပြီးနောက်သူက ထိုစွမ်းအင် အကြွင်းအကျန်များကို လျင်မြန်စွာ စုပ်ယူပြီး သူ၏စိတ်ဝိညာဉ် ဖွဲ့တည်မှုအပေါ်ရှိ အက်ကွဲမှုများကို လျင်မြန်စွာ ကုသလျက် နည်းနည်းစီလည်း ပြန့်ကားစေတော့သည်။

ဖုန်း ဖုန်း ဖုန်း ဖုန်း

တစ်လှည့်ပြီးတစ်လှည့် တစ်နာရီကျော် ကြာပြီးနောက် ကျန်းရီသည် အနည်းဆုံး တစ်ဒါဇင်ကျော်ခန့် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။ မည်သည့်ချွင်းချက်မှမရှိဘဲ သူသည် ဝိညာဉ်ဝါးမျို မိချောင်းများအားလုံးကို အောင်မြင်စွာ ချေမှုန်းနိုင်ခဲ့ပြီး သူ၏စိတ်ဝိညာဉ်သည် ယခင်ကထက် တစ်ဆယ်ရာခိုင်နှုန်း ပိုကြီးလာခဲ့ပြီဖြစ်သည်။

“အမ်”

ယခုအချိန်တွင် သူ၏ တောင့်ခဲနေသော အခြေအနေမှ နောက်ဆုံး၌ လွတ်မြောက်လာပြီး သူ၏စိတ်ဝိညာဉ်အထဲရှိ နာကျင်မှုက သူ၏ခန္ဓာကိုယ်ကို တုန်လှုပ်နေသေးဆဲဖြစ်သည်။ သူ၏စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ်က လှုပ်ခါနေစဉ် ရှုံ့မဲ့နေသော မျက်နှာထက်၌ သူငိုနေစဉ်ကထက် ပိုတောင်အရုပ်ဆိုးသည့် အပြုံးတစ်ပွင့် ပေါ်လာတော့သည်။

သူအသက်ရှင်သွားပြီ ဖြစ်သည်။ သူအသက်ရှင်ရုံသာမက ဒုတိယအဆင့်သို့ ကျော်ဖြတ်နိုင်ရန် နည်းလမ်းတစ်ခုလည်း ရှိလာသည်။ သူက မဟာကံကောင်းမှု အခွင့်အရေး ထူးကြီးတစ်ခုကို ရခဲ့တာပဲဖြစ်သည်။ သူ၏စိတ်ဝိညာဉ်ကိုလည်း ခွန်အားကို မြင့်တင်နိုင်ခဲ့၏။

“ဆန်းကြယ်ဧကရာဇ် ဧကရာဇ်က တကယ်နတ်ဘုရား တစ်ပါးပဲ။ ဆန်းကြယ်နတ်ဘုရား နန်းတော်ထဲက ရတနာတွေက ဘာမှမဟုတ်ဘူးပဲ။ အဲဒီအစား အဆင့်တွေကမှ စစ်မှန်တဲ့ ရတနာတွေ တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ”

ကျန်းရီက ဒူးထောက်ပြီးနောက် လေးစားမှုဖြင့် သုံးကြိမ်သုံးခါတိုင်တိုင် အရိုအသေ ပေးခဲ့သည်။ ဆန်းကြယ်ဧကရာဇ်ကို လက်ခံယုံကြည်လာပြီး ဆန်းကြယ်ဧကရာဇ်၏ စိတ်အားအထက်သန်ဆုံး ရည်ရွယ်ချက်များကြောင့် သူအံ့သြနေမိသည်။

ဒုတိယအဆင့်တွင်ရှိသော ကြောက်မက်ဖွယ်ကောင်းသည့် စိတ်ဝိညာဉ်ဝါးမျို မိချောင်းများက ဤနေရာသို့ လာရောက်ကြသော သိုင်းပညာရှင်များအတွက် စိတ်ဝိညာဉ်စွမ်းအင် လက်ဆောင်တစ်ပါးဆိုတာ မည်သူက တွေးမိမည်နည်း။ ဆန်းကြယ်ဧကရာဇ်၏ ရည်ရွယ်ချက်ကို နားမလည်နိုင်လျှင် သူတို့အတွက် သေခြင်းတရားသာ စောင့်ဆိုင်းနေမှာပဲဖြစ်သည်။

“သွားကြမယ်”

ကျန်းရီက ထရပ်လိုက်၏။ သူ၏မျက်နှာက ရှုံ့မဲ့နေသေးသော်ငြား မျက်လုံး၌ အပျော်များ ပြည့်နေသည်။ သူက ရက်စက်ကြမ်းကြုတ်ပုံပေါ်သော တောအုပ်ကို လှည့်ကြည့်ပြီး ရွှေတောင်ကြီးတစ်တောင်ကို ကြည့်နေသည့်ပမာ ခံစားနေရတော့သည်။

***

All Chapters