← Chapters

လိုက်လံရှာဖွေခြင်း

Vol. 10 Ch. 109

လိုက်လံရှာဖွေခြင်း

Vol. 10 Ch. 109

ဝူမိသားစုအိမ်တော်၏အထက်ရှိ တိမ်မည်းများ တိတ်တဆိတ် ပြိုကွဲသွားသည်။

သို့သော် မိုးသည် တဖြည်းဖြည်း သည်းထန်လာပေ၏။

ဖျောက်...

မိုးရေစက်များသည် အိမ်ခေါင်မိုးစွန်းများပေါ် သစ်ရွက်များပေါ် ကျောက်ခင်းလမ်းပေါ် စေးကပ်နေသော သွေးများပေါ် ကျန်းရုံအပေါ်နှင့် ဝူမိသားစုမျိုးဆက်များ၏ ခန္ဓာကိုယ်များပေါ်သို့ တဖျောက်ဖျောက် ကျဆင်းနေသည်။

ဝူမိသားစုအိမ်တော်တစ်ခုလုံးသည် ဤအခိုက်အတန့်တွင် အလွန်အမင်း တိတ်ဆိတ်နေသည်။

မိုးရေစက်သံများမှလွဲ၍ တခြားမည်သည့်အရာမျှ မရှိတော့ချေ။

"မင်း တကယ်ကို လာရဲတာပဲ"

ဝူဟိုသဲ၏ရုံးခန်းတံခါး ပွင့်သွားချိန်၌ သူသည် ထိုင်ခုံကို မှီလိုက်ပြီး သူ၏မျက်လုံးကို ဖွင့်ကြည့်လိုက်သည်။ သူသည် ယဲ့ပိုင်ကို တန်းတန်းမတ်မတ် ကြည့်လိုက်ရာ သူ၏မျက်လုံးများမှ အေးစက်သော အလင်းတန်းနှစ်တန်း ထွက်ပေါ်လာပြီး မည်သည့်စိတ်ခံစားမှုမျှ မပါရှိပေ။

"ဘိုးဘေး...."

ဝူယွမ်ဒေါင်သည် ဝူဟိုသဲကို မြင်လိုက်ရချိန်၌ သူ၏ပါးစပ်ထောင့်မှ ကြွက်သားများ လှုပ်ခါသွားပြီး မနေနိုင်ဘဲ အော်ခေါ်လိုက်မိသည်။

"အဘိုး...."

ဝူဖန်ရှန်း၏အသံသည် အလွန်တိုးညှင်းနေသော်လည်း သူ၏ရှေ့မှ အဘိုးအိုကို မြင်လိုက်ရပြီးနောက် သူ၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်နေသည်။

"မင်းတို့ ကောင်စုတ်နှစ်ကောင်...ပါးစပ်ပိတ်ထား...ဝူမိသားစုမှာ မင်းတို့လို သစ္စာဖောက်မျိုးတွေ မရှိဘူး...ဒီကနေ ထွက်သွားကြစမ်း"

ဝူဟိုသဲက သူတို့နှစ်ယောက်ကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်သည်။

"အရှင်"

ဝူယွမ်ဒေါင်နှင့်ဝူဖန်ရှန်းတို့ နှစ်ဦးလုံး ဘာလုပ်ရမှန်းမသိ ဖြစ်နေပြီး ယဲ့ပိုင်ကို ကြည့်လိုက်ကြသည်။

"ထွက်သွားလိုက်...."

ယဲ့ပိုင်က သူ၏ခေါင်းကို အနည်းငယ်တိမ်းစောင်းပြီး ပြောဆိုသည်။

"ဟုတ်ကဲ့"

ဝူယွမ်ဒေါင်နှင့် ဝူဖန်ရှန်းတို့ ခေါင်းငုံ့၍ အရိုအသေပေးကာ ရုံးခန်းထဲမှ လေးလေးစားစား ထွက်ခွာသွားကြသည်။

ဝမ်ကူလည်း အရိုအသေပေးကာ ဆုတ်ခွာသွားသည်။ သူ ထွက်ခွာသွားချိန်တွင် တံခါးကို ဂရုတစိုက် ပိတ်ပေးခဲ့လေ၏။

ဤရုံးခန်းထဲတွင် ယဲ့ပိုင်နှင့် ဝူဟိုသဲသာ ကျန်ရစ်တော့သည်။

ယဲ့ပိုင်သည် လက်ပိုက်ထားသော အီဂျစ်ဖာရိုရုပ်တုကို ကြည့်လိုက်သည်။ ကွယ်လွန်သွားပြီးဖြစ်သော စိတ်ဝိညာဥ်တစ်ကောင်သည် ရုပ်တုထဲမှ တိတ်တဆိတ် ထွက်လာပြီး လေးလေးစားစား ရပ်နေသည့်အလား မှုန်ဝါးပြီး ရှေးကျသော ပုံရိပ်များသည် ဤအချိန်အခိုက်အတန့်တွင် သိသာထင်ရှားလာသည်။

သို့သော် ဝူဟိုသဲသည် ယဲ့ပိုင်ကို ယဉ်ကျေးပျူငှာစွာ ဆက်ဆံလိုစိတ် မရှိချေ။ သူနှင့် ယဲ့ပိုင်သာ ကျန်ခဲ့သောအချိန်၌ တိတ်ဆိတ်နေသော အခြေအနေကို ဖြိုခွင်းရန် သူ တွေဝေတုံ့ဆိုင်းမနေတော့ချေ။

"မင်းက ဘယ်သူပဲဖြစ်ဖြစ် ဒီနေ့ သေရလိမ့်မယ်"

သူ၏မျက်လုံးများအတွင်းမှ မီးတောက်များ ပေါက်ကွဲထွက်လာတော့လုမတတ်ပင်။

ယဲ့ပိုင်သည် စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ၏မျက်လုံးအကြည့်သည် ရုပ်ထုပေါ်တွင်သာ ရှိနေပေ၏။

"ငါ ဒီခလုတ်ကို နှိပ်လိုက်တာနဲ့ ဝူမိသားစုအိမ်တော်တစ်ခုလုံး ချက်ချင်း မြေပြင်နဲ့တသားတည်း ဖြစ်သွားလိမ့်မယ်"

ဝူဟိုသဲသည် တုတ်ကောက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူ၏မျက်လုံးထဲတွင် သွေးကြောများ ပို၍ယှက်သန်းလာသည်။

ထိုစကားကိုကြားချိန်၌ ယဲ့ပိုင်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

"နတ်ဘုရားတွေက ဒါကို ဖျက်ဆီးချင်တယ်ဆိုရင် အရင်ဆုံး ရူးသွပ်အောင် လုပ်လိမ့်မယ်..ဒါဆို မင်းကို ဒီလောက်ထိ ရူးသွပ်အောင် လုပ်ခဲ့တဲ့သူအတွက် ပေးဆပ်ဖို တကယ်ကြီး ထိုက်တန်ရဲ့လား"

ဝူဟိုသဲ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"မင်း ဘာတွေပြောနေတာလဲဆိုတာ ငါ နားမလည်ဘူး"

"အီဂျစ်...ဖာရိုနဲ့ စစ်တုရင်ရုပ်တွေ....."

ယဲ့ပိုင်က ရိုးရှင်းသော အရာသုံးခုကို ပြောလိုက်သော်လည်း ဤစကားလုံးများသည် ဝူဟောက်သဲ၏နဖူးမှ ချွေးများကို မရပ်မနား စီးကျလာစေသည်။ သူ ယဲ့ပိုင်ကို ထပ်မံ၍ ကြည့်လိုက်ချိန်၌ အစောပိုင်းက ရှိခဲ့သော သူ၏သတ္တိများ များစွာ လျော့ကျသွားသည်။

"မင်းက ဘယ်သူလဲ"

ဝူဟိုသဲက ဒေါသတကြီး မေးမြန်းလိုက်၏။

ယဲ့ပိုင်သည် မည်သည့်ထွေထွေထူးထူး ကိစ္စကိုမျှ ထုတ်ဖော်မပြောပေ။ ဝူဟိုသဲ၏ ရူးသွပ်မှုသည် သူ့ကို လုံးလုံးလျားလျား မထိခိုက်စေနိုင်ချေ။

"ငါက ဒီရုပ်ထုရဲ့ မိတ်ဆွေဟောင်းတစ်ယောက်ပါ...ငါ ဝူမိသားစုကို လာတာ ပစ္စည်းတစ်ခု လာယူရုံသက်သက်ပါပဲ"

"ငါတို့ ဝူမိသားစုမှာ မင်းပိုင်တဲ့ပစ္စည်း ဘာမှမရှိဘူး...ပြီးတော့ မင်း ဒီနေ့ ဒီကနေ အသက်ရှင်ရက် ထွက်သွားလို့ မရဘူး...တစ်ခုခု ယူသွားဖို့ဆိုတာ ပိုတောင်ဝေးသေးတယ်...."

ဝူဟိုသဲက ပြင်းပြင်းထန်ထန် ခြိမ်းခြောက်လိုက်သည်။

ခရက်...ခရက်...ခရက်....

သို့သော် ဝူဟိုသဲ ခြိမ်းခြောက်ပြီးသည်နှင့် သူ၏ရုံးခန်းထဲတွင် ဆယ်စုနှစ်များစွာ ထားရှိခဲ့သော အီဂျစ်ဖာရိုရုပ်ထုသည် မည်သည့်အရိပ်အယောင်မရှိဘဲ ဦးခေါင်းထိပ်မှ စတင်၍ အက်ကွဲလာသည်။ အက်ကွဲသံများသည် ဆက်တိုက် ထွက်ပေါ်နေပေ၏။

ဝုန်း.....

ထိုအရာကို မြင်တွေ့ချိန်၌ ဝူဟိုသဲသည် ကုလားထိုင်မှ မတ်တတ်ထရပ်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်လာသည်။ ဤအရာကို အီဂျစ်ဖာရိုဘုရင်က သူ့ကို ပေးခဲ့ခြင်းဖြစ်ပြီး သူ၏ဘဝတွင် တန်ဖိုးအထားဆုံး အရာများအနက်မှ တစ်ခုပင်။

သူ၏မျက်လုံးရှေ့တွင် ထိုရုပ်ထုသည် လျှင်မြန်စွာ ပျက်စီးသွားသည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် ထိုအရာသည် အပိုင်းအစများအဖြစ် ကြေမွှပျက်စီးသွားပေ၏။

ဝူဟိုသဲ၏ ဝေဝါးနေသော အကြည့်အောက်တွင် အပိုင်းအစများကြား၌ တောက်ပသော သတ္တုတစ်ခုသည် သိသာထင်ရှားစွာ ပေါ်လွင်နေသည်။

"အဲ့ဒါက..."

ဝူဟိုသဲ အလွန်အံ့အားသင့်သွားသည်။

ယဲ့ပိုင်သည် စကားတစ်ခွန်းမျှ မပြောဘဲ သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ထိုသတ္တုသည် မြေပြင်မှ ဖြည်းညှင်းစွာ မြင့်တက်လာပြီး သူ၏လက်ထဲသို့ ပျံဝဲရောက်ရှိလာသည်။

ဤသည်မှာ ၄၅ဒီဂရီခန့် စောင်းနေသော ပန်းပုထွင်းဓားတစ်ချောင်းပင်။

ထိုဓားသွားသည် အလွန်အမင်း ထက်ရှပြီး ကိုယ်ထည်တစ်ခုလုံးကို ငွေရောင်သတ္တုဖြင့် ပြုလုပ်ထားသည်။

ယဲ့ပိုင်၏လက်ထဲတွင် ထိုပန်းပုထွင်းဓား ထွက်ပေါ်လာချိန်၌ အခန်းတစ်ခန်းလုံးအတွင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အေးစက်မှုများဖြင့် ပြည့်နှက်သွားသည်။

"ဓားတစ်ချောင်းလား...ဘာလို့ ဒီအရာက ရုပ်ထုထဲမှာ ရှိနေရတာလဲ"

ဝူဟိုသဲ မယုံကြည်နိုင် ဖြစ်နေသည်။ ထိုရုပ်ထုကို သူ၏ရုံးခန်းထဲတွင် ထားရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့လေပြီ။ ထိုအရာကို မည်သူမျှ မထိတွေ့ခဲ့ဖူးသော်လည်း အထဲတွင် တောက်ပသော ဓားတစ်ချောင်း ရှိနေခြင်းက အမှန်တကယ်ကို ယုံနိုင်ဖွယ်ရာမရှိပေ။

"ဒါက ရှေးဟောင်းပစ္စည်းဆိုင်မှာ ထားဖို့ မင်းစီစဉ်ပေးခဲ့တဲ့ ရှေးဟောင်းအိုးနဲ့ အတူတူပဲ...ရှေးဟောင်းအိုးထဲမှာ လူပုံစံ သစ်သားရုပ်ထုနှစ်ခု ရှိပြီးတော့ ဒီပန်းပုထွင်းဓားက အဲ့ဒီသစ်သားရုပ်နှစ်ခုကို ထွင်းထုတဲ့နေရာမှာ သုံးခဲ့တဲ့ ကိရိယာပဲ"

ယဲ့ပိုင်သည် ပန်းပုထွင်းဓားကို တစ်ချက်ကြည့်လိုက်ပြီးနောက် ချက်ချင်းသိမ်းဆည်းလိုက်သည်။

ဝူဟိုသဲသည် ထိုစကားများကို နားထောင်ပြီးနောက် သူ့ရှေ့မှ လူငယ်သည် အလွန်နက်နဲလွန်းသည်ဟု ခံစားမိပေ၏။

တူ...တူ...

တင်းမာနေသော အခြေအနေတွင် ဝူဟိုသဲ၏ရှေ့ရှိ သန့်ရှင်းပြောင်လက်အောင် သုတ်ထားသော တယ်လီဖုန်း မြည်ဟီးလာသည်။

ထိုအရာကို မြင်တွေ့ချိန်၌ ဝူဟိုသဲ ကြောင်အမ်းသွားပြီး ယဲ့ပိုင်ကို သတိထား၍ ကြည့်လိုက်၏။

"ကိုင်လိုက်လေ...ငါ ဒီမှာရှိနေတာ သူ သိတယ်"

ယဲ့ပိုင်က တယ်လီဖုန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဝူဟိုသဲသည် တွေဝေတုံ့ဆိုင်းစွာဖြင့် လက်ဆန့်တန်းလိုက်ပြီး ဖုန်းကို ဂရုတစိုက် သူ၏နားနံဘေးသို့ ကပ်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ ရူးသွပ်မှုသည် ဤအချိန်အခိုက်အတန့်တွင် များစွာလျော့ကျသွားပြီး ရိုသေလေးစားသော အမူအယာဖြင့် အစားထိုးလိုက်၏။

"အရှင်...အဲ့ဒီလူက..."

"ခလုတ်ကို နှိပ်လိုက်"

ဖုန်းတစ်ဖက်ခြမ်းမှ လူက ဝူဟိုသဲ၏စကားကို ဆုံးအောင်မစောင့်ဘဲ အေးစက်စက် လေသံဖြင့် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

ဝူဟိုသဲ၏ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်ရှိ အမူအယာသည် ဤအခိုက်အတန့်တွင် တဖန်ပြန်၍ အစွန်းကုန်ရူးသွပ်သွားသည်။

ယဲ့ပိုင် ဤရုံးခန်းထဲသို့ ဝင်လာသည့်အချိန်ကတည်းက သူသည် ဤရလဒ်ကို သိရှိပြီးဖြစ်သည်။

ထိုအမိန့်ကိုကြားလိုက်ချိန်၌ ခလုတ်နှိပ်ရန် ယခင်ကတည်းက ပြင်ဆင်ထားသော တုတ်ကောက်ပေါ်ရှိ သူ၏လက်မကို စတင်၍ အားစိုက်လိုက်၏။

သို့သော် ခလုတ်၏မျက်နှာပြင်ကို ထိလိုက်ချိန်တွင် သူ မည်မျှပင် ကြိုးစားစေကာမူ နှိပ်၍ မရတော့ချေ။ သူ အလွန်အားစိုက်ထုတ်နေသောကြောင့် သူ၏နဖူးမှ ချွေးများ အဆက်မပြတ် ယိုစီးကျလာသည်။

ယဲ့ပိုင်က ဝူဟိုသဲကို ဂရုမစိုက်ချေ။ ဝူဟိုသဲ၏ နဖူးမှချွေးစက်များ ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားကာ ယဲ့ပိုင်က တိုးညှင်းစွာ ပြောဆိုလိုက်သည်။

"ဖာရို..သူ နေကောင်းရဲ့လား"

ဤတိုးညှင်းသော စကားသံသည် တယ်လီဖုန်းလိုင်းမှတစ်ဆင့် တစ်ဖက်ခြမ်းသို့ အလွန် ရှင်းလင်းစွာ ရောက်ရှိသွားသည်။

ဖုန်းခေါ်ဆိုသူသည် နေရာတွင်ပင် ကြောင်အမ်းသွားသည်။

ထို့နောက် အလွန်မောက်မာသော လေသံဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သောအသံကြီး ထွက်ပေါ်လာသည်။

"ဒါပေါ့...ဘိုးဘေးက အရမ်းနေကောင်းပါတယ်...ဒါပေမယ့် မင်းကတော့...အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး...မင်းသာ ထာဝရအသက်ရဲ့လျှို့ဝှက်ချက်ကို လွှဲမပေးရင် ဒီလောကမှာ ဘယ်သူမှ မင်းကို မကယ်နိုင်ဘူး"

"ခြိမ်းခြောက်တာလား"

ယဲ့ပိုင်၏အသံသည် ဂရုမစိုက်သည့်ပုံစံ ဖြစ်နေသော်လည်း သူ၏စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ သူ ပြောနေသော ဖာရိုသည် ထိုလူ၏ပါးစပ်ထဲမှ ဘိုးဘေး မဟုတ်ချေ။

"ဟုတ်တယ်...ငါက ခြိမ်းခြောက်တာပဲ......ဘိုးဘေးက ဆယ်စုနှစ်တွေအများကြီး အကြာကတည်းက စီစဉ်ထားခဲ့တာ...မင်းရဲ့တည်ရှိမှုကို ငါတို့ သိနေတာ ကြာပြီ...မင်းကို အမြစ်ပြတ်သတ်ပစ်နိုင်မယ့် နည်းလမ်းကိုလည်း ငါတို့ ပိုင်ဆိုင်ထားတယ်...လွန်ခဲ့တဲ့ နှစ်တွေတုန်းက မင်းသာ လေထဲမှာ ပျောက်မသွားခဲ့ရင် ငါတို့ ဒီကိစ္စကို လုပ်ခဲ့တာ ကြာလှပြီ"

ဖုန်းထဲမှ အသံသည် မောက်မာမှုကို ဆက်လက် ၍ ထုတ်လွှင့်နေသည်။

ယဲ့ပိုင်သည် တိတ်ဆိတ်နေပြီး အနည်းငယ် စဉ်းစားလိုက်၏။

ဝူဟိုသဲ၏မျက်နှာပေါ်ရှိ ကြွက်သားများ ရှုံ့တွနေပြီး ခလုတ်ကို နှိပ်ရန် အသည်းအသန် ကြိုးစားနေဆဲပင်။ သူသည် အစွန်းကုန် ရူးသွပ်နေကာ သူ၏မျက်နှာထားသည် ဖြူဖပ်ဖြူရော်မှ မည်းနက်သွားပြီး သူ၏ရှပ်အင်္ကျီအဖြူသည် ချွေးများဖြင့် စိုရွှဲနေသည်။

"နှမြောစရာပဲ...ငါလည်း အဖြေကို ရှာနေတာ"

ယဲ့ပိုင်၏မျက်နှာသည် လုံးဝဂရုမစိုက်သည့်ပုံစံဖြစ်ပြီး ဖုန်းထဲမှ မောက်မာသော အသံကြောင့် ဒေါသအနည်းငယ်မျှ မဖြစ်ပေါ်ချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ အလွန်အမင်း တည်ငြိမ်နေသည်။ အချိန်အတော်ကြာပြီးနောက် သူသည် အနည်းငယ် သက်ပြင်းချလိုက်၏။ ခူးဖူသာ သူ၏သားမြေးများ ဤမျှထိ မောက်မာသည်ကို သိရှိသွားလျှင် မည်သို့ တုံ့ပြန်မည်ကို ယဲ့ပိုင် မသိတော့ချေ။

ယဲ့ပိုင် တုံ့ပြန်အဖြေပြီးနောက်...

သူ၏ခန္ဓာကိုယ်သည် ဝူဟိုသဲ၏မျက်နှာရှေ့တည့်တည့်တွင် ညဘက်မှ ပိုးစုန်းကြူးများအလား အလင်းမှုန်များအဖြစ် ပြောင်းလဲသွားသည်။

ဝူဟိုသဲသည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး ဤမယုံနိုင်စရာ မြင်ကွင်းကို ကြည့်နေမိသည်။ သူ အချိန်တခဏကြာမျှ ရပ်တန့်သွားသော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏သန်မာသောလက်ကို ထိန်းချုပ်၍ မရတော့ဘဲ ဖိချလိုက်မိသည်။ သူ၏မျက်နှာပေါ်ရှိ ကြွက်သားများ ရှုံမဲ့သွားပြီး သူ၏မျက်လုံးများတွင် သွေးရောင်သန်းကာ မောပန်းနွမ်းနယ်မှုနှင့် မျှော်လင့်ချက်မဲ့ခြင်းများ ယှက်သန်းနေသည်။

ထို့နောက် ချက်ချင်းဆိုသလိုပင် အလွန်တောက်ပသော မီးတောက်တစ်ခုက မိုးကောင်းကင်ယံသို့ မြင့်တက်သွားသည်။

All Chapters