အခန်း (၃၇၃)
Vol. 38 Ch. 373
တုပိုင်နှင့် ကျီပြောင်ပြောင်တို့ နှစ်ယောက်သား တောင်ဘက်သို့ တရွေ့ရွေ့ ဆင်းလာကြပြီး ကွမ်ရှီးပြည်နယ်၊ ပိုင်ဆယ်စီရင်စုသို့ ပြန်ရောက်လာခဲ့ကြသည်။
ဤတစ်ခေါက်ခရီးသည် ယခင်တစ်ခေါက်ကကဲ့သို့ အသည်းအသန် ပြေးလွှားစရာ မလိုတော့ပေ။ လီရာချီ ခရီးနှင်ပြီးလျှင် မြင်းလဲစရာ မလိုသကဲ့သို့ အိပ်ရေးပျက်ခံ၍ သွားစရာလည်း မလိုအပ်တော့ချေ။
တုပိုင်နှင့် ကျီပြောင်ပြောင်တို့သည် ရုပ်ဖျက်ထားကြပြီး လင်မယားဟန်ဆောင်ကာ ခရီးသွားကြခြင်း ဖြစ်သည်။ ညနေစောင်းလျှင် တည်းခိုခန်းတွင် ဝင်နားကြပြီး မိုးလင်းမှ ခရီးဆက်ကြသည်။
သူတို့နှစ်ယောက်၏ ရုပ်ဖျက်ထားပုံမှာ သာမန်လွန်းလှပြီး တုပိုင်သည်လည်း အရေးကြီးပုဂ္ဂိုလ် မဟုတ်သေးသည့်အတွက် လမ်းတစ်လျှောက်တွင် မည်သည့် မျက်စိဒေါက်ထောက် ကြည့်ရှုသူနှင့်မျှ မကြုံတွေ့ခဲ့ရပေ။
၁၀ ရက်ကြာ လမ်းလျှောက်၍ လီထောင်ချီ ခရီးနှင်ပြီးနောက် ယခုနေ့တွင်မူ သူတို့သည် ဟူပေပြည်နယ်သို့ ရောက်ရှိလာခဲ့ကြလေ၏။
အစ်မကြီး ကျီပြောင်ပြောင်တစ်ယောက် ရေချိုးရန်နေရာ ထပ်မံရှာဖွေပြန်လေသည်။ ဤအမျိုးသမီးသည် သန့်ရှင်းရေးကို အလွန်နှစ်သက်ပြီး အခွင့်အရေးရသည်နှင့် တုပိုင်ကိုပါ အတင်းဆွဲခေါ်၍ ရေချိုးခိုင်းတတ်သည်။ ရေမချိုးပါက ညအချိန်တွင် အထိမခံဟု ဆိုတတ်သည်။
တုပိုင်သည် မိန်းမစိုးတစ်ယောက် ဖြစ်လေရာ အထွေအထူး လိုအပ်ချက်မရှိဘဲ အစ်မကြီး ကျီပြောင်ပြောင်ကိုသာ လိုအပ်ခြင်း ဖြစ်သည်။ သို့ဖြစ်၍ အစ်မကြီး စိတ်တိုင်းကျသာ မောင်လေးက ဖြည့်ဆည်းပေးရလေတော့သည်။
နှစ်ယောက်သားသည် လင်မယားပုံစံ ဟန်ဆောင်ထားခြင်း ဖြစ်သဖြင့် အခန်းနှစ်ခန်း ခွဲ၍ မငှားကြပေ။ ရေတွင်းနှင့် မြစ်ရေ မရောစေရဟု ဆိုကာ အခန်းလယ်ကောင်တွင် ရေဇလုံချပြီး စည်းတားထားခြင်းမျိုးလည်း မလုပ်ကြချေ။
ပြောင်းပြန်အားဖြင့် အစ်မကြီး ကျီပြောင်ပြောင်က ငါ အဲ့ဒီနေ့ကလိုမျိုး ထပ်လိုချင်တယ်ဟု ဆိုကာ တက်တက်ကြွကြွပင် တောင်းဆိုတတ်သေးသည်။ ကံကောင်းသည်မှာ ကျီပြောင်ပြောင်သည် ခဏခဏ မတောင်းဆိုခြင်းပင်။ သို့မဟုတ်ပါက မိန်းမစိုးလေး တုပိုင်တစ်ယောက် အတော်လေး ဒုက္ခရောက်ရပေလိမ့်မည်။
လပြက္ခဒိန်အရ ၁၀ လပိုင်း ကုန်ခါနီးပြီဖြစ်သဖြင့် ဟူပေပြည်နယ်၏ ရာသီဥတုမှာ အတော်လေး အေးစက်နေပြီ ဖြစ်သည်။ ကျီပြောင်ပြောင်သည် အမျိုးသမီး သီးသန့်ရေချိုးဆောင်သို့ သွားပြီး တုပိုင်သည် အမျိုးသားဆောင်သို့ သွားလိုက်သည်။ မည်သို့ပင်ဆိုစေ သူသည် လုံချည်ပတ်ထားသည် ဖြစ်ရာ မိန်းမစိုးမှန်း မည်သူမျှ သိနိုင်မည်မဟုတ်ပေ။
ရေချိုး အဝတ်အစားလဲပြီးနောက် တုပိုင်တစ်ယောက် လန်းဆန်းသွားပြီး အတွင်းစိတ်များ ယားယံလာသည်။
ယခင် လမ်းခရီးတွင် အစ်မကြီး ကျီပြောင်ပြောင်သည် မျက်လုံးများဖြင့် မကြာခဏ မြူဆွယ်ပြီး အချက်ပြနေခဲ့သည် မဟုတ်ပါလော။ ယခုညမူ အချစ်ခံရတော့မည် ဖြစ်သည်။ တည်းခိုခန်း အပေါ်ထပ်ရှိ အခန်းသို့ တုပိုင် ပြန်လာခဲ့လိုက်သည်။
ထိုစဉ် တုပိုင် အနံ့တစ်မျိုးကို ရလိုက်သည်။
‘ဟမ်… မွှေးလိုက်တာ’
အစ်မကြီး ကျီပြောင်ပြောင်သည် ရေမွှေးပြောင်းသုံးလိုက်ခြင်းလား။ သို့သော် စွမ်းအင်အငွေ့အသက်မှာမူ အတူတူပင် ဖြစ်သည်။ ခိုင်မာပြီး ရဲရင့်သည့် အတွင်းအား အရှိန်အဝါမျိုးပင်။
အခန်းထဲတွင် မီးထွန်းမထားပေ။ အစ်မကြီး ကျီပြောင်ပြောင်သည် ကျားသစ်မတစ်ကောင်ကဲ့သို့ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လျက် ခါးကို ကော့ကာ တစ်ဖက်သို့ ဦးညွှတ်နေသည်။
သူမ၏ ကိုယ်လုံးမှာ မူလကတည်းက ဆွဲဆောင်မှုရှိပြီး ဖြစ်သော်လည်း ယခုကဲ့သို့ ကုန်းလိုက်သည့်အခါ ခါးနှင့် တင်ပါးအချိုးအစားက ပို၍ပင် ကြည့်ကောင်းနေသေးသည်။
တုပိုင်သည် ရှေ့သို့ တိုးသွားပြီး ထိုအမျိုးသမီးကို လက်တစ်ဖက်ဖြင့် သိုင်းဖက်လိုက်ကာ ကျန်လက်တစ်ဖက်က ခါးအောက်ပိုင်းကို ဆွဲကိုင်လိုက်ပြီး ရယ်မောလျက် ပြောလိုက်သည်။
“အစ်မကြီးကလည်း ဘုရားတရား အရမ်းကိုင်းရှိုင်းတာပဲ။ ဒီလိုကိစ္စ မလုပ်ခင်တောင် ဦးချကန်တော့နေရသေးတာလား…” လက်ဖြင့် ကိုင်လိုက်ပြီးနောက် တုပိုင်၏ နှလုံးသားသည် ဒိန်းခနဲ ဖြစ်သွားသည်။
အဘယ်ကြောင့်ဆိုသော် အထိအတွေ့က မှားယွင်းနေသောကြောင့် ဖြစ်သည်။ အစ်မကြီး ကျီပြောင်ပြောင်လောက် ကြွက်သားမကျစ်ဘဲ အနည်းငယ် ပို၍ နူးညံ့နေသကဲ့သို့ပင်။
သို့သော် အဘယ်ကြောင့် ဤတစ်ယောက်၏ စွမ်းအင်အငွေ့အသက်သည် ကျီပြောင်ပြောင်နှင့် တစ်ထပ်တည်း နီးပါး တူနေရသနည်း။ နှစ်ယောက်လုံးသည် ပေမင်ဓားဂိုဏ်း၏ သိုင်းပညာကို လေ့ကျင့်ထားသူများ ဖြစ်ကြရာ စွမ်းအင်သဘောသဘာဝ တူညီနေခြင်း ဖြစ်သည်။ သို့သော် တုပိုင်သည် စိတ်လောနေသဖြင့် သေချာ မခွဲခြားလိုက်နိုင်ခြင်း ဖြစ်သည်။ အမှန်တကယ်တွင်မူ လီတောက်ယွဲ့၏ အရှိန်အဝါက ကျီပြောင်ပြောင်ထက် များစွာ ပိုမိုအားကောင်းပေသည်။
ထိုအချိန်တွင် ထိုအမျိုးသမီးက လှည့်ကြည့်လာသည်။ ရင့်ကျက်တည်ငြိမ်ပြီး လှပသော မျက်နှာထက်တွင် လူသတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေ၏။
ပေမင်ဓားဂိုဏ်းမှ လီတောက်ယွဲ့ ပါလား။ နင်ဇောင်ဝူနှင့် ၁၀ နှစ်ကြာ ယှဉ်ပြိုင်ခဲ့ဖူးသည့် ထိပ်သီး သိုင်းပညာရှင်ကြီး၊ လီချန်ချန်၏ ဆရာ၊ လီတောက်အန်း၏ အစ်မ။
သူမသည် ယခုနှစ် ၃၉ နှစ် ရှိပြီလား။ သို့မဟုတ် ၄၀ ကျော်နေပြီလား။ ရုတ်တရက် တုပိုင်တစ်ကိုယ်လုံး မတ်တပ်ရပ်မတတ် ဖြစ်သွားရသည်။
ကံတရား… ဤသည်မှာ ကံတရားပင်။ ကျားပါးစပ်ထဲ ခေါင်းဝင်မိပြီ ဟူသော စကားပုံရှိသော်လည်း လီတောက်ယွဲ့သည် ကျားထက် ၁၀ ဆခန့် ပိုကြောက်စရာကောင်းပြီး အဆ ၁၀၀ ခန့် ပိုသန်မာသည် မဟုတ်ပါလော။
သူသည် လီတောက်ယွဲ့ကဲ့သို့သော ကျားမကြီးကို သွားစမိလိုက်လေသည်လော။ အဓိကအချက်မှာ စနစ်က မည်သည့် သတိပေးချက်မျှ မပြခြင်းပင် ဖြစ်သည်။ တုပိုင်သည် ချက်ချင်းပင် လက်ကို လွှတ်လိုက်ပြီး တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။
“နေကောင်းလား မဟာဆရာသခင်လီ။ တောင်းပန်ပါတယ်ဗျာ။ ကျွန်တော် အခန်းမှားဝင်မိလို့ပါ။ အခုပဲ ပြန်ထွက်သွားပါတော့မယ်”
လီတောက်ယွဲ့က ခေါင်းခါပြီး ပြောလိုက်သည်။
“မဟုတ်ဘူး တုပိုင်။ မင်း အခန်းမမှားဘူး။ ငါက မင်းကို သက်သက်မဲ့ လာရှာတာ”
တုပိုင်က လေးနက်စွာ ပြောလိုက်သည်။ “ဆရာသခင်လီရာ… ကိစ္စရှိရင် လူလွှတ်ပြီး ပြောခိုင်းလိုက်ရောပေါ့။ ဂျူနီယာက သေချာပေါက် လုပ်ပေးမှာပါ။ အခုလို ကိုယ်တိုင်ကိုယ်ကျ လာစရာ လိုလို့လား”
လီတောက်ယွဲ့က ပြောသည်။ “ငါက မင်းကို သတ်ချင်တာလေ။ မင်းကိုယ့်ဘာသာ သတ်သေပါလို့ လှမ်းပြောခိုင်းရမှာလား”
တုပိုင် ကြောင်သွားသည်။ “အဲ့တုန်းက ကျွန်တော်နဲ့ လီချန်ချန်က သေရေးရှင်ရေး စာချုပ်ချုပ်ပြီး အသက်လုတိုက်ခိုက်ခဲ့ကြတာလေ။ မဟာဆရာသခင် နင်ဇောင်ဝူတောင် ကျွန်တော့်အတွက် လက်စားမချေဘူး။ ခင်ဗျားက လီချန်ချန်အတွက် လက်စားချေမလို့လား”
လီတောက်ယွဲ့က ပြောသည်။
“လီချန်ချန် တစ်ယောက်တည်းအတွက်တော့ မဟုတ်ဘူး။ မင်း လီချန်ချန်ကို သတ်လိုက်တုန်းက ပေမင်ဓားဂိုဏ်းက မင်းကို မျက်စိဒေါက်ထောက် ကြည့်ရုံပဲ ရှိသေးတယ်။ ဒါပေမဲ့ နောက်ပိုင်း မင်းက ယန်ရှောင်ရဲ့ စစ်သည် ၅၀၀၀ ကို သတ်လိုက်တယ်။ ပြီးတော့ ကျီချင်းကျူကို ဧကရာဇ်အပေါ် သစ္စာရှိအောင် စည်းရုံးလိုက်တယ်။ ဒါက ငါတို့ ပေမင်ဓားဂိုဏ်းရဲ့ တားမြစ်ချက်ကို ချိုးဖောက်လိုက်တာပဲ။ ဒါကြောင့် အထက်လူကြီးတွေက မင်းကို သတ်ဖို့ ငါ့ကို လွှတ်လိုက်တာ”
ဤကမ္ဘာတွင် ပေမင်ဓားဂိုဏ်းသည် တွင်းနက်ကြီးတစ်ခုနှင့် တူသည်။ မည်သည်ကိုပင်လုပ်လုပ် ပေမင်ဓားဂိုဏ်းနှင့် လွတ်ကင်းနိုင်ရန်မှာ မဖြစ်နိုင်ချေ။
“သွားစို့။ မင်းကို ခရီးပို့ပေးမယ်” လီတောက်ယွဲ့က ပြောလိုက်သည်။
ထို့နောက် သူမသည် တုပိုင်၏ လည်ပင်းကို လှမ်းဆွဲလိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် တုပိုင်သည် ဝိညာဉ်အရိပ်ပညာရပ်ကို ထုတ်သုံးပြီး ရုန်းကန်ချင်သွားသည်။ နှစ်ယောက်ကြား သိုင်းပညာကွာခြားချက်မှာ မိုးနှင့်မြေကဲ့သို့ ဖြစ်နေသော်လည်း တုပိုင်သည် လက်ပိုက်ပြီး အဖမ်းမခံချင်ပေ။
ရုတ်တရက် ဆန်းကြယ်သော အလင်းရောင်နှင့် အရိပ် ပေါ်လာသည်။
“မခုခံနဲ့။ သူ့ခေါ်ရာ နောက်ကို လိုက်သွားလိုက်”
‘လခွမ်း… မင်းက အခုမှ ပေါ်လာတာလား’
“ဆရာသခင်လီ… ခဏလေး။ ကျီပြောင်ပြောင်အတွက် ကျွန်တော် စာတစ်စောင်လောက် ရေးခဲ့ပါရစေ” တုပိုင် ပြောလိုက်သည်။
ထို့နောက် တုပိုင်သည် စာတစ်စောင် ရေးခဲ့လိုက်သည်။
‘ကိုယ့်မှာ အရေးကြီးကိစ္စ ပေါ်လာလို့ ခဏလောက် ခွဲခွာရတော့မယ်။ မင်းတစ်ယောက်တည်း အိမ်ပြန်လိုက်တော့။ လိုက်မရှာနဲ့’
“သွားမယ်” လီတောက်ယွဲ့က တုပိုင်၏ ခေါင်းကို ဖွဖွလေး ရိုက်လိုက်ရာ တုပိုင်တစ်ယောက် ချက်ချင်း သတိလစ်သွားတော့သည်။
တုပိုင်၏ ဦးနှောက်အသိစိတ်ထဲတွင် တုပိုင်က မေးလိုက်သည်။ “စနစ်… မင်း ဘယ်လိုထင်လဲ”
စနစ်က ပြန်ဖြေသည်။ “မင်းက ပေမင်ဓားဂိုဏ်းရဲ့ အစီအစဉ်တော်တော်များများကို ဖျက်ဆီးခဲ့တယ်။ မင်းကို ရန်သူအဖြစ် သတ်မှတ်ထားပြီးပြီ။ ဒီနေ့ သူတို့ လူလွှတ်ပြီး မသတ်ရင်တောင် မနက်ဖြန် လွှတ်ပြီး သတ်မှာပဲ။ မင်း ဘယ်လို ကာကွယ်မလဲ”
တုပိုင် တွေးလိုက်မိသည်။ ဟုတ်ပေသည်။
ပေမင်ဓားဂိုဏ်းသည် ဤကမ္ဘာ၏ တွင်းနက်ကြီး ဖြစ်သည်။ မည်သည့်မစ်ရှင်မျှ ပေမင်ဓားဂိုဏ်းကို ရှောင်ကွင်း၍ လုပ်ဆောင်မရနိုင်။ တုပိုင်၏ ယောက္ခမ ၊ မင်းသမီးနင်းရွှဲ့၏ မိခင် တောင်မှ ပေမင်ဓားဂိုဏ်း၏ တပည့်ဖြစ်နေသည် မဟုတ်ပါလော။
စနစ်က ဆက်ပြောသည်။ “လီတောက်ယွဲ့ ရောက်လာတာက မတော်တဆလည်း ဟုတ်တယ် ၊ ဖြစ်ကိုဖြစ်လာမဲ့ ကိစ္စလည်း ဟုတ်တယ်။ သူက မင်းကို မတော်တဆ တွေ့သွားလို့ မင်းအခန်းထဲမှာ စောင့်နေခဲ့တာ။ ငါ မင်းကို ကြိုမပြောတာက မင်းကို လွတ်လွတ်လပ်လပ် သရုပ်ဆောင်စေချင်လို့ပဲ”
တုပိုင်က ပြောသည်။ “လွတ်လွတ်လပ်လပ် သရုပ်ဆောင်စေချင်တာက သူ့ကို သွားကိုင်ခိုင်းတာလား”
“ဟုတ်တယ်။ မင်း လုပ်တာ ကောင်းတယ်” စနစ်က ဖြေသည်။
တုပိုင် စိတ်ပျက်သွားသည်။ “ငါ့လီးပဲ… မင်းလောက် နှာဘူးထတဲ့ စနစ်မျိုး ငါတစ်ခါမှ မမြင်ဖူးဘူး။ လီတောက်ယွဲ့က နောက်ဆက်တွဲ ဘာလုပ်ဖို့ စီစဉ်ထားလဲ”
စနစ်က ပြောသည်။ “မင်းကို ပေမင်ဓားဂိုဏ်းရဲ့ အန်ချိုကျွန်းကို ခေါ်သွားပြီး အကြီးအကဲတွေရှေ့မှာ သတ်ပြလိမ့်မယ်။ ဒါမှ သူ့မစ်ရှင် ပြီးမြောက်မှာလေ။ မင်းကို သတ်ရမဲ့ မစ်ရှင်ကို ပေမင်ဓားဂိုဏ်းရဲ့ အန်ချိုကျွန်းက ထုတ်ပြန်ထားတာကိုး”
တုပိုင်က မေးသည်။ “ငါ သေလမ်းကနေ ဘယ်လိုရုန်းထွက်ရမလဲ”
စနစ်က ဖြေသည်။ “လီတောက်ယွဲ့ကို သိမ်းပိုက်လိုက်”
“ဘာ” တုပိုင် အော်လိုက်မိသည်။ “သူက ဆွဲဆောင်မှုရှိပြီး လှပနေတုန်း ဆိုပေမဲ့ အသက် ၄၀ နား ကပ်နေပြီလေ”
စနစ်က အေးဆေးစွာပင် ပြောသည်။
“သခင်… မင်းရဲ့ အတွေးတွေက အရမ်းအန္တရာယ်များတယ်။ ငါပြောတဲ့ သိမ်းပိုက်ဆိုတာက သူ့ကို ဆရာတင်ပြီး တပည့်ခံလိုက်ဖို့ ပြောတာ။ ဒါဆိုရင် မင်းက ပေမင်ဓားဂိုဏ်းရဲ့ တပည့်ဖြစ်သွားပြီး သူတို့က မင်းကို လိုက်သတ်စရာ မလိုတော့ဘူး။ ဒါပေမဲ့ ဆရာနဲ့ တပည့်ကြားမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာတော့ ငါ ဝင်မစွက်ဖက်နိုင်ဘူးနော်”
“ထွီ… ထွီ” တုပိုင် တံတွေးထွေးလိုက်သည်။
အစ်မကြီး ကျီပြောင်ပြောင်သည် ၂၉ နှစ် ရှိပြီဖြစ်သည်။ တုပိုင်အတွက်မူ မောင်လေးနှင့် အစ်မကြီး ဆက်ဆံရေးသည် လက်ခံနိုင်ဖွယ် ကောင်းသည်။
သို့သော် လီတောက်ယွဲ့သည် ၃၉ နှစ် ရှိနေပြီ မဟုတ်ပါလော။ ဤသည်မှာ သိုင်းလောက၏ လင်းယုန်သူရဲကောင်း ဇာတ်လမ်းထဲမှ လီမိုချို၏ အသက်အရွယ်ခန့် ရှိနေခြင်း ဖြစ်သည်။
တုပိုင်က ပြောလိုက်သည်။
“လီတောက်ယွဲ့ကို ဆရာတင်လိုက်တာက ပေမင်ဓားဂိုဏ်းရဲ့ အကာအကွယ် ရတာကလွဲပြီး ဘာမှ အသုံးမဝင်တော့ဘူး မဟုတ်လား။ ပြီးတော့ ငါက အနာဂတ်မှာ ပေမင်ဓားဂိုဏ်းကို ဖျက်ဆီးချင်တာ။ ပြီးတော့ ငါ့ဆရာ နင်ဇောင်ဝူက လီတောက်ယွဲ့ထက် ပိုတော်တယ်လေ။ သိုင်းပညာလည်း ပိုနက်ရှိုင်းတယ်”
စနစ်က ရှင်းပြသည်။
“ပေမင်ဓားဂိုဏ်းက အရှေ့အာရှမှာ အစွမ်းအထက်ဆုံး သိုင်းပညာအင်အားစုတွေထဲက တစ်ခုပဲ။ တခြားကမ္ဘာနဲ့ ဒီကမ္ဘာကြားက အကြီးမားဆုံး လျှို့ဝှက်ချက်တွေ အဲဒီမှာ ရှိတယ်။ ပြီးတော့ ပေမင်ဓားဂိုဏ်းရဲ့ ကောင်းချီးမြေမှာ ရတနာတွေ အများဆုံးရှိပြီး တခြားကမ္ဘာက စွမ်းအင်တွေ အကြွယ်ဝဆုံးပဲ။ သိုင်းပညာ လေ့ကျင့်ဖို့ အကောင်းဆုံးနေရာပေါ့။ အရှေ့အာရှက နိုင်ငံတိုင်းက အရေးကြီး ပုဂ္ဂိုလ်တွေအကုန်လုံး ပေမင်ဓားဂိုဏ်းကို သွားပြီး လေ့ကျင့်ဖူးကြတယ် ၊ ဒါမှမဟုတ် သွယ်ဝိုက်ပြီးတော့ ပေမင်ဓားဂိုဏ်းရဲ့ တပည့်တွေ ဖြစ်ကြတယ်”
အပိုင်း (၃၇၃) ပြီး၏။