← Chapters

အခန်း (၃၇၅)

Vol. 38 Ch. 375

အခန်း (၃၇၅)

Vol. 38 Ch. 375

လီတောက်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။ “မင်းရှိနေရင်တောင် ငါကြောက်မယ်များ ထင်နေလား…”

ထို့နောက် သူမက ဓားကို လုံးဝ ဆွဲထုတ်လိုက်သည်။

လင်းအာချန်က လက်ကို ကြမ်းတမ်းစွာ ဝှေ့ယမ်းလိုက်သည်။ ရုတ်တရက် ပထမအဆင့် သိုင်းပညာရှင် ၁၀ ယောက်ကျော် ထွက်ပေါ်လာသည်။ သူတို့အားလုံးသည် ကြာပန်းမိစ္ဆာဂိုဏ်းသားများ ဖြစ်ကြသည်။ ထို့နောက်တွင်မူ နောက်ထပ် မဟာဆရာသခင်အဆင့် တစ်ယောက် ထပ်မံထွက်ပေါ်လာပြန်သည်။

လီတောက်ယွဲ့ လန့်ဖျပ်သွားသည်။ မည်သို့ ဖြစ်နိုင်မည်နည်း။ ဤသည်မှာ ငရဲပြည်သို့ ရောက်ရှိနေခြင်းလော။

ကြာပန်းမိစ္ဆာဂိုဏ်းသည် ကောင်းကင်မိစ္ဆာဂိုဏ်း၏ အကြွင်းအကျန်များ ဖြစ်တာကြောင့် အင်အားကြီးမားကြောင်း လက်ခံပေသည်။ သို့သော် ဤကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင် ဤမျှများပြားသော သိုင်းပညာရှင်များ စုဝေးနေမည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်ပေ။

အထွတ်အထိပ်အဆင့် ရောက်ရှိနေသော လင်းအာချန် တစ်ယောက်တည်းဖြင့်ပင် လီတောက်ယွဲ့နှင့် ယှဉ်ပြိုင်နိုင်နေပြီ ဖြစ်သည်။ ယခု နောက်ထပ် မဟာဆရာသခင်တစ်ယောက် ၊ ပထမအဆင့် သိုင်းသမား ၁၀ ယောက်ကျော် ထပ်မံပါဝင်လာသည်ဆိုလျှင် ယခုမူ ဤနေရာ၌ပင် မြေမြှုပ်သင်္ဂြိုဟ်ခံရတော့မည်လော။

လင်းအာချန်က ပြောလိုက်သည်။ “မြင်ပြီလား နတ်မိမယ်လေး လီတောက်ယွဲ့။ မင်းတို့ ပေမင်ဓားဂိုဏ်းထဲက လူတစ်ယောက်က မင်းကို အရှင်မထားချင်တော့ဘူးလေ။ မင်း တခြားသူ မသိသင့်တဲ့ လျှို့ဝှက်ချက် တစ်ခုခုများ သိထားလို့လား။ မဟုတ်ရင် ငါတို့က ဒီလောက်ကြီးမားတဲ့ ထောင်ချောက်ကို ဆင်ပြီး စောင့်နေစရာ အကြောင်းမရှိဘူး”

“ချစမ်း…”

လင်းအာချန်က ရက်စက်စွာ အမိန့်ပေးလိုက်သည်။ ရုတ်တရက် မိစ္ဆာဂိုဏ်းသား ၁၀ ယောက်ကျော်က လီတောက်ယွဲ့ဆီသို့ ပြေးဝင်တိုက်ခိုက်ကြသည်။

“ရွှပ်… ရွှပ်… ရွှပ်…”

လီတောက်ယွဲ့၏ ဓားသိုင်းသည် ယောက်ျားဆန်ပြီး အာဏာစက် ပြင်းထန်လှသည်။ ဓားတစ်ချက် ဝှေ့လိုက်တိုင်း လူတစ်ယောက် လဲကျသွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ပထမအဆင့် သိုင်းသမား ၇ ယောက်၊ ၈ ယောက်ခန့် ခေါင်းနှင့်ကိုယ် အိုးစားကွဲကုန်ကြသည်။

“အဆိပ်မြှားတွေ ပစ်။ လက်နက်ဝှက်တွေ ပစ်…”

“ရှီးးး ရွှီးးး ရှူးးး”

ချက်ချင်းပင် မိုးရေစက်များပမာ များပြားလှသော အဆိပ်မြှားများနှင့် လက်နက်ဝှက်များက လီတောက်ယွဲ့ဆီသို့ ပျံဝဲလာကြသည်။ လီတောက်ယွဲ့ အံကိုတင်းတင်း ကြိတ်လိုက်သည်။

“ဝုန်းးးး”

သူမ၏ ခန္ဓာကိုယ်အတွင်းမှ ရွှမ်းချီအတွင်းအားများ ဟိန်းထွက်လာပြီး စွမ်းအင်ဒိုင်းတစ်ခုသဖွယ် ကာကွယ်လိုက်သည်။ တစ်ခဏအတွင်းမှာပင် လက်နက်ဝှက်များနှင့် အဆိပ်မြှားများအားလုံး လွင့်ထွက်သွားကြသည်။

“အဆိပ်ငွေ့ လွှတ်လိုက်” လင်းအာချန်က အော်ဟစ်လိုက်သည်။

“ရှူး… ရှူး… ရှူး…”

ရုတ်တရက် ပန်းရောင်အဆိပ်ငွေ့များက အရပ်မျက်နှာ အသီးသီးမှ ထွက်ပေါ်လာပြီး လီတောက်ယွဲ့ကို ဝိုင်းရံလိုက်သည်။ လီတောက်ယွဲ့ အန္တရာယ်နှင့် ရင်ဆိုင်လိုက်ရပြီ ဖြစ်သည်။

သူမ အလျင်အမြန် အသက်အောင့်ထားလိုက်သော်လည်း အသုံးမဝင်ပေ။ လူများသည် အသက်မရှူဘဲ နေနိုင်သော်လည်း ခန္ဓာကိုယ်မှ ချွေးပေါက်များကမူ အသက်ရှူနေဆဲ ဖြစ်သည်။ ထို့ကြောင့် ပန်းရောင်အဆိပ်ငွေ့များက လီတောက်ယွဲ့၏ ခန္ဓာကိုယ်ထဲသို့ တဖြည်းဖြည်း စိမ့်ဝင်သွားသည်။

“ဆက်တိုက်ကွာ… သူ့ကို သတ်။ ငါတို့က ပေမင်ဓားဂိုဏ်းအတွက် အလုပ်လုပ်ပေးနေတာပဲ ဟားဟားဟား…” လင်းအာချန်က ရယ်မောလိုက်သည်။

ကျန်ရှိနေသော ကြာပန်းမိစ္ဆာဂိုဏ်းသားများက ဆက်လက် တိုက်ခိုက်ကြသည်။ အဆိပ်ငွေ့များ ခန္ဓာကိုယ်ထဲ ဝင်လာသည်နှင့် လီတောက်ယွဲ့၏ စိတ်နှလုံးများ လွင့်မျောလာပြီး ခန္ဓာကိုယ်က ပူလောင်လာကာ အမြင်အာရုံများ ဝေဝါးလာသည်။

လင်းအာချန် ခွေးမသားသည် ကာမစိတ်ကြွဆေးများကို သုံးစွဲထားခြင်း ဖြစ်သည်။

လီတောက်ယွဲ့က လျှာကို ကိုက်လိုက်ပြီး သွေးတစ်လုပ် အန်ထုတ်လိုက်သည်။ နာကျင်မှုဖြင့် သတိပြန်ကပ်လိုက်ခြင်း ဖြစ်သည်။ ချက်ချင်းပင် သူမ၏ လှုပ်ရှားမှုက ပိုမိုမြန်ဆန်လာပြီး ဓားချက်များက ပိုမိုပြင်းထန်လာသည်။

“ရွှပ်… ရွှပ်… ရွှပ်…”

ကျန်ရှိနေသေးသော မိစ္ဆာဂိုဏ်းသား ၁၀ ယောက်လည်း အကုန် ပြတ်ကုန်ကြသည်။ လင်းအာချန် မှင်သက်သွားသည်။ ဤအမျိုးသမီးမှာ အတော်ပင် ကြမ်းတမ်းလှချေသည်။ အဆိပ်မိနေသည်တိုင်အောင် ဤမျှလောက် ကြောက်မက်ဖွယ် ကောင်းနေဆဲပင် ဖြစ်သည်။

“ဖတ်…”

ထိုအချိန်မှာပင် ပုန်းအောင်းနေသော မဟာဆရာသခင်အဆင့် သိုင်းသမားက အခွင့်ကောင်းယူပြီး လျှပ်စီးလက်သကဲ့သို့ ဝင်ရောက်တိုက်ခိုက်လိုက်သည်။

“ထောက်…”

သူ့ဓားက လီတောက်ယွဲ့၏ ဝမ်းဗိုက်ကို ထိုးစိုက်သွားသည်။ အဆိပ်မိပြီး မူးဝေနေသော လီတောက်ယွဲ့သည် ဝမ်းဗိုက်ထဲသို့ ဓားတစ်လက်မဝက်ခန့် ဝင်ရောက်သွားသည်ကို ခံစားလိုက်ရပြီး ချက်ချင်း အသိစိတ် ပြန်ဝင်လာသည်။

“အာ…”

သူမက ကျားဟိန်းသံကဲ့သို့ အော်ဟစ်လိုက်ပြီး လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ တိုက်ခိုက်သည့် မဟာဆရာသခင်က အမြန်ပြန်ဆုတ်ရန် ကြိုးစားသော်လည်း လီတောက်ယွဲ့၏ လက်ဝါးစွမ်းအားကြောင့် သွေးအန်ပြီး လွင့်ထွက်သွားကာ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

လင်းအာချန် ကြက်သီးထသွားသည်။ လီတောက်ယွဲ့ တော်မှန်းသိသော်လည်း ဤမျှလောက်ထိ စွမ်းလိမ့်မည်ဟူ၍ ထင်မထားခဲ့ပေ။ အဆိပ်မိနေသည်တိုင် သူမသည် တပည့်များကို အကုန်သတ်ပစ်နိုင်သေးသည်။

“ငါ အဆိပ်မိနေရင်တောင် မင်းကို သတ်နိုင်သေးတယ်…” လီတောက်ယွဲ့က မာန်ပါပါ ပြောလိုက်ပြီး လင်းအာချန်နောက်သို့ ဓားကိုဝှေ့ယမ်းကာ လိုက်တော့သည်။

အမှန်တကယ်ပင် ဇွဲသတ္တိနှင့် ပြည့်စုံလှပေသည်။ ဤအချိန်၌ပင် လင်းအာချန်ကို ပြန်လည်လိုက်လံ သတ်ဖြတ်နေသေးသည်။ သစ္စာဖောက် လင်းအာချန် လန့်ဖျပ်သွားပြီး လီတောက်ယွဲ့ကို ထိပ်တိုက်မရင်ဆိုင်ရဲဘဲ အသည်းအသန် ရှောင်တိမ်းနေရသည်။ သူသည် လီတောက်ယွဲ့ ခန္ဓာကိုယ်ထဲမှ အဆိပ်ငွေ့များ အာနိသင်ပြမည့်အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

လီတောက်ယွဲ့၏ ခန္ဓာကိုယ်ထဲမှ အဆိပ်ငွေ့များက ပိုမိုပြင်းထန်လာပြီး သူမ၏ လှပသော မျက်နှာလေးမှာ နီရဲလာကာ ခြေထောက်များ ပျော့ခွေလာသည်။

“ဘုန်း…”

နောက်ဆုံးတွင် လီတောက်ယွဲ့ လဲကျသွားတော့သည်။

“ဟားဟားဟား…” လင်းအာချန် ရယ်မောလိုက်သည်။ “နောက်ဆုံးတော့ အဆိပ်မိသွားပြီပေါ့။ ငါ့ဆန္ဒတွေ ပြည့်တော့မယ် ဟားဟား…”

သူက လီတောက်ယွဲ့၏ ခန္ဓာကိုယ်ကို လက်ဝါးဖြင့် ရိုက်ထုတ်လိုက်သည်။ လီတောက်ယွဲ့၏ ခန္ဓာကိုယ် လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ အန်ထွက်လာကာ တုပိုင်နှင့် မလှမ်းမကမ်းတွင် ပြုတ်ကျလာသည်။

အရပ်ရှည်ရှည် ဗလတောင့်တောင့် ဘုန်းကြီးအတု လင်းအာချန်က သူ့အင်္ကျီကြယ်သီးများကို ဖြုတ်လိုက်ပြီး ရင်ဘတ်ကို ဖော်ကာ ယုတ်မာသော အပြုံးဖြင့် လီတောက်ယွဲ့ဆီသို့ လျှောက်လာသည်။

“ညီမလေး တောက်ယွဲ့… ကိုကြီး မင်းကို လွမ်းနေတာ ၁၀ နှစ်ကျော်ပြီ။ ဒီနေ့တော့ ကိုကြီးဆန္ဒကို လိုက်လျောလိုက်ပါတော့။ ကိုကြီးနဲ့အတူ ပျော်ရွှင်ခြင်းကျင့်စဉ်ကို အတူတူ ကျင့်ကြံကြတာပေါ့။ မင်းကို သေလောက်အောင် ကောင်းစေရမယ်လို့ ကတိပေးပါတယ်ကွာ”

“ဟားဟား… ငါက လောကကြီးမှာ ရှိသမျှ အလှပဂေးတွေ အကုန်လုံးနဲ့ အိပ်ဖူးပေမဲ့ ပေမင်ဓားဂိုဏ်းက နတ်မိမယ်နဲ့တော့ မအိပ်ဖူးသေးဘူး…”

လီတောက်ယွဲ့က အားနည်းစွာဖြင့် တုပိုင်ကို ကြည့်ပြီး ပြောလိုက်သည်။

“ငါ့ကို သတ်လိုက်… တုပိုင်… ငါ့ကို အမြန်သတ်လိုက်စမ်းပါ”

“တောက်… တောက်…”

လင်းအာချန်က လေထဲမှနေ၍ လက်ညှိုးဖြင့် ထိုးလိုက်ရာ လီတောက်ယွဲ့၏ သွေးကြောများကို ထိမှန်သွားပြီး လှုပ်ရှားမရအောင် ချုပ်တည်းလိုက်သည်။

“မင်းကို သတ်ရမယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လင်းအာချန်က ပြောသည်။

“ဒီမျက်နှာဖြူလေးရဲ့ သိုင်းပညာက စောက်ရမ်းညံ့တာ။ ပြီးတော့ ငါက အထွတ်အထိပ် မဟာဆရာသခင်အဆင့်လေ။ သူ့သွေးကြောတွေကိုလည်း မင်းကိုယ်တိုင် ပိတ်ထားတာ မဟုတ်ဘူးလား။ သူက မင်းကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

ထို့နောက် သူက တုပိုင်ဘက် လှည့်ကြည့်ပြီး ပြောလိုက်သည်။

“ဟေ့ကောင် မျက်နှာဖြူလေး… ဒီဘုန်းကြီးက ယောက်ျား မိန်းမ မရွေးဘူးနော်။ လီတောက်ယွဲ့ရဲ့ ခန္ဓာကိုယ်ကို စိတ်ကြိုက် သုံးဆောင်ပြီးရင် မင်းလို မျက်နှာဖြူလေးကိုလည်း မြည်းစမ်းပေးဦးမယ် ဟားဟားဟား…”

ထို့နောက် လင်းအာချန်က လီတောက်ယွဲ့၏ ဝတ်ရုံကို ဆွဲဆုတ်ပစ်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် စနစ်၏ ထိန်းချုပ်မှုအောက်၌ တုပိုင်သည် ပိတ်ဆို့ထားသော သွေးကြောများကို အတင်း ဖွင့်ထုတ်လိုက်နိုင်ပြီ ဖြစ်သည်။

“နေဦး…” တုပိုင် အော်ပြောလိုက်သည်။

“လင်းအာချန်… မင်းရဲ့ သေကွင်းသေကွက်ပွင့်နေပြီ”

တုပိုင်က လင်းအာချန်၏ ချက်အောက် ၂ လက်မခန့် အကွာအဝေးကို လက်ညှိုးထိုးပြလိုက်သည်။

ဒီစကားကို ကြားလိုက်ရသောအခါ လင်းအာချန်၏ မျက်နှာ ပျက်သွားသည်။ သူ၏ သေကွင်းသေကွက်မှာ ထိပ်တန်းလျှို့ဝှက်ချက် ဖြစ်သည်။ ဤမျက်နှာဖြူလေးက မည်သို့ သိရှိနေပါသနည်း။

ကောင်းကင်မိစ္ဆာဂိုဏ်းသားများသည် မိစ္ဆာသိုင်းများကို ကျင့်ကြံကြသည့်အတွက် ရလဒ်မြန်သော်လည်း သေကွင်းသေကွက် တစ်ခုစီ ရှိတတ်ကြသည်။ ပုံမှန်ဆိုလျှင် ထိုနေရာကို သေချာစွာ ကာကွယ်ထားရသည်။ အကယ်၍ တစ်ယောက်ယောက် သိသွားပြီး ထိုနေရာကို ဓားဖြင့် အသာလေး ထိုးလိုက်ရုံမျှဖြင့်ပင် အသက်ပါ ပါသွားနိုင်သည်။ ကျီယင်ယင်မှာလည်း ထိုကဲ့သို့သော နေရာမျိုး ရှိသည်။ သို့သော် သူမသည် တုပိုင်ကို တစ်ခါမှ မပြောပြဖူးချေ။

လင်းအာချန်သည်လည်း သူ၏ အားနည်းချက်ကို မည်သူ့ကိုမျှ မပြောပြဖူးပေ။ ဤသည်မှာ သူ့အသက်နှင့် ဆိုင်သောကြောင့် ဖြစ်သည်။ သူ လီတောက်ယွဲ့ကို မုဒိန်းကျင့်ဖို့ ပြင်တုန်းကပင် လီတောက်ယွဲ့ ပြန်မတိုက်နိုင်အောင် သွေးကြောများကို အရင်ပိတ်ခဲ့ခြင်း ဖြစ်သည်။ ထိုအချက်ကို ကြည့်လျှင် သူဘယ်လောက် သတိထားကြောင်း သိသာသည်။ သူ့၏ အရင်းနှီးဆုံး မိန်းမများပင် မသိသည့် လျှို့ဝှက်ချက်ကို တုပိုင်လို မျက်နှာဖြူလေးက မည်သို့လုပ်ပြီး သိနေပါသနည်း။

ဤအချက်မှာ ရှင်းလင်းလှပေသည်။ တုပိုင်က စနစ်မျက်လုံးဖြင့် စစ်ဆေးထားသဖြင့် သိရှိနေခြင်း ဖြစ်သည်။ (ကောင်းကင်မျက်လုံးဖြစ်မယ်။ မူရင်းမာက စနစ်မျက်လုံးဆိုပြီးရေးထား၏။)

လင်းအာချန်၏ မျက်နှာက မုန်းတီးရွံရှာဖွယ် ကောင်းလာပြီး ပြောလိုက်သည်။

“ဒီဘုန်းကြီးက လီတောက်ယွဲ့နဲ့ ပျော်ပါးပြီးမှ မင်းကို ဆော့ကစားမလို့ စိတ်ကူးထားတာ။ အခုတော့ မင်း သေပေတော့”

လင်းအာချန်က လက်ဝါးကို မြှောက်လိုက်ပြီး တုပိုင်ကို ရိုက်သတ်ရန် ပြင်လိုက်သည်။

တုပိုင်က ချ​​က်ချင်းပင် လက်ညှိုးကို မြှောက်လိုက်သည်။

သွေးကြောခြောက်သွယ် ဓားသိုင်း ၊ ရှောင်ယန်ဓား။

ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သော ဓားချီအလင်းတန်းတစ်ခုသည် တုပိုင်၏ လက်ညှိုးထိပ်မှ ထွက်ပေါ်လာပြီး လင်းအာချန်၏ သေကွင်းသေကွက်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားလေ၏။

အပိုင်း (၃၇၅) ပြီး၏။

All Chapters